အလုပ်မှာ ပျော်စေရန် နည်းလမ်း


ယခု ဒီစာကို လာဖတ်နေသူ အများစုဟာ အလုပ်မှာ ပျော်ရွှင်မှုများ ပျောက် ဆုံး နေတယ်ဆိုတာ ဖြစ်နိုင်ချေအများဆုံး အဖြေတစ်ခု ဖြစ်ပါတယ်။ အလုပ်မှာ ပျော်မှာ လူဆိုတာကလည်း ပျော်တာ ဖြစ်ပါတယ်။ အလုပ်မှာမပျော်ပဲ အမြဲ စိတ်ညစ်နေသူ တစ်ဦးဟာ သူကိုယ်တိုင်ကလည်း မတိုးတက်သလို၊ သူ့အလုပ်လုပ်တဲ့ လုပ်ငန်း၊ ကုမ္မဏီကလည်း တိုးတက်လာမှာ မဟုတ်ပါဘူး။

1. Surround yourself with people who love their work

တံငါနားနီးတံငါ၊ မုဆိုးနားနီး မုဆိုးရယ်လို့လည်း မဟုတ်ပါဘူး။ သို့ပေမယ့် အလုပ်အကြောင်း အမြဲ ငြီးငြူပြီး မကောင်းပြောနေသူတွေနဲ့ အတူ နေဖြစ်တာများရင် သင်ကိုယ်တိုင် ကိုယ့်အလုပ်မှာ ချို့ ယွင်းချက်၊ အားနည်းချက်တွေ မသိမသာ ရှာနေမိမှာ အမှန်ပါပဲ။ ဒီတော့ မိမိလုပ်တဲ့အလုပ်ကို ချစ်မြတ်နှိုးသူများနဲ့ မိတ်ဆွေဖြစ်ခြင်း၊ ပြောဆို ဆက်ဆံခြင်း၊ သွားလာခြင်းဖြင့်လည်း မိမိကိုယ်တိုင် လုပ်နေတဲ့ အလုပ်ကို ချစ်မြတ်နိုးလာစေမှာ ဖြစ်ပါတယ်။

2. Work to improve your strengths and talents

Personal Development ကိုပြောတာပါ။ တစ်ကိုယ်ရည် စိတ်စွမ်း၊ ဥာဏ်စွမ်း၊ ကိုယ်စွမ်း ဖွံ့ဖြိုးတိုးတက်နေရင် လူက စိတ်ဓာတ်မကျပါဘူး။ အမြဲတမ်း Update ဖြစ်နေတယ်ဆိုတဲ့ ခံစားချက်ကြောင့် အလုပ်မှာ ပျော်တတ်ပါတယ်။ ဒါကြောင့် မိမိအလုပ်ကနေပဲ လုပ်ပိုင်ခွင့် တာဝန်ကနေ သင်ယူနိုင်တာ သင်ယူပြီး အချိန်တွေ ပိုနေရင်၊ အခွင့်အရေးတွေ ရနေရင် ပိုမြင့်တဲ့ ပညာရပ်တွေကို အလုပ်ထဲကနေပဲ တစ်ဆင့် လေ့လာ နိုင်ပါတယ်။

3. Identify the impact you want to have on the world

အချို့  က ငါလုပ်နေရတဲ့ အလုပ်က ဒီလောက်လေး။ င့ါတာဝန်က ဒီလောက်လေး။ အကျိုးကျေးဇူးအနေနဲ့ ဒီလူတွေကိုပဲ Effect ဖြစ်မှာ အစရှိသဖြင့် ခံယူချက် ထားရှိမှုတွေ မှားယွင်းသွား ပါတယ်။ မိမိရဲ့  Action တိုင်းအတွက် ကိုယ့်ကိုပဲ Reaction ရုံမကပဲ Effect က တစ်ဆင့်ပြီးတစ်ဆင့် လူအရေအတွက် ဘယ်လောက်ထိ များများသို့ ထိရောက်တယ်ဆိုတာ ကျယ်ကျယ်ပြန့်ပြန့်တွေးဖို့လိုပါမယ်။ ဒါမှ မိမိကိုယ့်ကို တန်ဖိုးထားမှု ဖြစ်လာပြီး အလုပ်မှာလည်း ပျော်လာ ပါမယ်။

4. Learn as much as you can about the life you want

ဘဝ အကြောင်းလေ့လာဖို့ပါ။ အလုပ်ဟာ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပါ။ အလုပ်ကိုပဲ ဘဝလို့ထင်နေသူဟာ အလုပ်မှာ ပြဿနာ တစ်ခုကြုံရင်တောင် မခံနိုင်လောက်အောင် စိတ်သောက ရောက်ပါတယ်။ ဒီတော့ ယင်း အနိမ့်အမြင့် လောကဓံကို ခံနိုင်ရည်ရှိဖို့အတွက် ဘဝ အကြောင်း ကောင်းကောင်း လေ့လာဖို့လိုအပ် ပါတယ်။ ဘဝ အကြောင်းကို ဒဿန စာပေအပြင် ဘာသာရေး စာပေတွေထဲမှာလည်း အလွယ်တကူ ရှာတွေ့ နိုင်ပါတယ်။

5. Try, and try again

ဘယ် အလုပ်မဆို ကိုယ်နဲ့ လုံးဝ perfect ဖြစ်အောင် အဆင်ပြေ တယ်လို့တော့ ဘယ်ရှိနိုင်မလဲ။ အားလုံးက သူ့ အားနည်းချက်၊ အားသာ ချက်တွေချည်းပဲ ဖြစ်ပါတယ်။ အရမ်းကြီးဆိုးရွားတဲ့ အခြေအနေ တစ်ခု ခံနေရင်တော့ Career ကိုပြောင်းသင့်ရင် ပြောင်းရမှာပေါ့။ အခြေအနေ အားလုံးကို လက်ခံသိရှိထားရပါမယ်။ အခက်အခဲတွေ့တိုင်း လည်း စိတ်ညစ်နေဖို့မဟုတ်ပါဘူး။ ဖြေရှင်းစေဖို့ ဖြစ်ပါတယ်။ ဒီမှာ ကြိုးစားဖို့ လိုအပ်ပါတယ်။ အခက်ကြုံတိုင်း လက်မြောက်အရှံးပေးနေရင် အလုပ်မှာ မပျော်တော့ပါဘူး။ Try, and try again ပြုလုပ်ရမှာ ဖြစ်ပါတယ်။

လူတိုင်း အလုပ်မှာ ပျော်ရွှင်ဖို့အတွက် ရေးသား မျှဝေ ပေးလိုက် ရပါတယ်။
.
Ref:entrepruner.com
အောင်ခမ်း (International news for myammar)

International news for myanmar

ကွန်ပြူတာ ပိတ်ထားလဲ အချိန်က ဘာကြောင့် မှန်နေလဲ



ဘယ်သူတွေများ စဉ်းစားမိကြလဲ မသိဘူး။ ကွန်ပြူတာ၊ လပ်တော့တွေကို Power off လုပ်လိုက်ပေ မယ့် ပြန်ဖွင့်လိုက်တဲ့အခါတိုင်း အချိန်နဲ့ နေ့ စွဲတွေ၊ နှစ်တွေက သူ့အချိန်နဲ့ သူ မှန်နေတာကို မြင်တွေ့ ရမှာ ဖြစ်ပါတယ်။

အကြောင်းအရင်းကတော့ CMOS ကြောင့်ပေါ့။ အရှည်အားဖြင့် Complementary metal oxide semiconductor လို့ ခေါ်ပါတယ်။ သူက Microprocessor, microcontroller, Static RAM တို့အပြင် အခြားသော ဆားကစ်တွေအတွက်လည်း အသုံးပြုပါတယ်။ ရှင်းရင်နဲ့ မရှုပ်စေချင်လို့ လိုရင်းပဲ ပြောပါမယ်။ CMOS မှာ Energy store လုပ်နိုင်တဲ့ Battery ပါဝင်ပါတယ်။ CMOS Baterry လို့ ခေါ်ပါတယ်။ CMOS ဘက်ထရီက ဘာလုပ်သလဲဆို အထက်က ပြောခဲ့တဲ့ အချိန်၊နေ့စွဲ၊ နှစ်သက္ကရာဇ် တို့ကို မပြောင်းလဲအောင် ထိန်းသိမ်းပေးပြီး အခြားသော ကွန်ပြူတာကို ပိတ်လိုက်ပေမယ့် ဆက်တိုက် Run ဖို့လိုအပ်နေတဲ့ Program and Chip တွေကို ဆက်မောင်းပေးပါတယ်။

CMOS ဘက်ထရီ ကို စက်ရုံက ထုတ်ကတည်းက သွင်းပြီးသားပါ။ စွမ်းအင် အသုံးပြုမှုကလည်း မထင်ရ လောက်အောင် အင်မတန် နည်းပါးပါတယ်။ ဒါကြောင့် နှစ်လရှည်ကြာ အတော်ခံပါတယ်။ အချို့  ဆို ကွန်ပြူတာ ပျက်တဲ့အထိ Life Time တောင် အာမခံတာ ရှိပါတ်။ အကယ်၍ ကွန်ပြူတာရဲ့  Time and Date က မှားနေပြီဆိုရင် CMOS ဘက်ထရီ ပျက်နေပြီ သို့မဟုတ် အားကုန်နေပြီဆိုတာကို သိနိုင်ပါတယ်။ သူပျက်တယ်ဆိုရင် ကွန်ပြူတာ ဖွင့်တိုင်း CMOS မှာ အချိန်၊နေ့စွဲကို setup လုပ်ပေးနေရမှာ ဖြစ်ပါတ်။ ဒီတော့ CMOS ဘက်ထရီကို ပြန်လှဲရမှာပါ။

အများအားဖြင့် ကွန်ပြူတာ စဖွင့်ပြီး Boot တက်ချိန်မှာ Delet ကီးနှိပ်ပြီး CMOS ကို စိတ်ကြိုက် ဝင်ရောက် Option ပေး၊ Edit လုပ်နိုင်ပါတယ်။

Ref: hardwarelearning, wiki

Special Trick –

ကွန်ပြူတာ Time and Date ကို အမှားပေးပြီး Location ကိုပါ အမှာပေးထားရင် Log in လုပ်ရတဲ့ ဆိုဒ်အတော်များများ ဝင်လို့ မရပါဘူး။ ဥပမာ - Facebook, Google Mail တို့ကို ဝင်လို့ရမရ ကိုယ်တိုင် စမ်းသပ်ကြည့်နိုင်ပါတယ်။ ယင်း ဆိုဒ် Server များက Client ရဲ့  ကွန်ပြူတာ ဟာ ဘယ်ဒေကလာတယ်။ ဘယ် OS သုံးတယ်၊ ဘယ်အချိန် အစရှိသဖြင့် အခြေခံအချက်အလက်ကို ယူသုံးပါတယ်။ ဒါကြောင့် အဲဒါတွေ အမှာပေးထားရင် DNS တောင် Response မပေးပါဘူး။ Security ထိခိုက်နိုင်လို့ Log in ဆိုဒ် အများစုက set up လုပ်ထားတဲ့ Policy ဖြစ်ပါတယ်။

အားလုံး ဗဟုသုတ တိုးပွားစေဖို့ မျှဝေ ပေးလိုက် ရပါတယ်။

အောင်ခမ်း (TSJ team)
Myanmar Online News

အိမ်ထောင်သည်မိန်းမများ မိမိယောင်္ကျားကို ဒါတွေကျွေးပါ


အမျိုးသား အများစုက အစာကို စနစ်တကျ ရွေးချယ်ပြီး စားလေ့ မရှိကြပါဘူး။ ဒါ့အပြင် ကျန်းမာရေးကိုလည်း ဂရုမစိုက်ဘဲ လျစ်လျူရှုထားလေ့ ရှိကြပါတယ်။ ဒီအချက်ဟာ အမျိုး သားတွေ ရဲ့ သက်ရှည် ကျန်းမာရေးကို အဟန့် အတား ဖြစ်စေတဲ့ အချက်တစ်ခု ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဇနီးမယားတွေကပဲ သင့်အမျိုးသား အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေ ပါဝင်အောင် ပြင်ဆင်ပေးသင့်ပါတယ်။

(၁)ဂျုံမှုန့်အကြမ်း

အမျိုးသားတွေအတွက် အကောင်းဆုံးနံနက်စာမှာ ဂျုံမှုန့်အကြမ်း ပါဝင်သင့်ပါတယ်။ ဒါမှ သာ နှလုံးရော ဂါ ဖြစ်နှုန်း လျော့ကျမှု ရှိမှာပါ။ ချက်ပြီးသား ဂျုံမှုန့်အကြမ်း တစ်ခွက်မှာ ပျော်ဝင်တဲ့ အမျှင်ဓာတ် သုံးဂရမ် ပါဝင်တာကြောင့် ကြာကြာ ဗိုက်ပြည့်စေပြီး သွေးတွင်း သကြားဓာတ် တည်ငြိမ်ကာ သွေးတွင်းကို လက်စထရောအဆင့် လျော့ကျမှု ရှိစေပါတယ်။ ဂျုံမှုန့်အကြမ်းမှာ ကိုယ်ခံစွမ်းအား ကောင်းစေတဲ့ သွပ်ဓာတ်၊ စိတ်ဖိစီးမှု တွန်းလှန်ပေးတဲ့ ဗီတာမင်ဘီနဲ့ အင်တီအောက်ဆီးဒင့် အစွမ်းရှိတဲ့ တခြား ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။

(၂)ငှက်ပျောသီး

ငှက်ပျောသီးမှာ ပိုတက်စီယမ် အများအပြား ပါဝင်တဲ့အတွက် အမျိုးသားတွေရဲ့ သွေးဖိအားကို ထိန်းညှိပေးနိုင်သလို ကြွက်တက်တာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ငှက်ပျောသီး မှာ ရောင် ရမ်း မှု လျော့ကျစေတဲ့ အစွမ်းရှိတာကြောင့် အဆစ်နဲ့ ကြွက်သားတွေကို တစ်နေ့လုံး နာကျင်ကိုက်ခဲမှု ကင်းဝေးစေပါတယ်။ အမျှင်ဓာတ်ပါဝင်မှု မြင့်မားတာကြောင့် ငှက်ပျောသီးကို စားပေးရင်ကို လက်စ ထရော လျော့ကျစေပြီး အူမကြီးကင်ဆာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ မဂ္ဂနီဆီယမ် ပါဝင် တာကြောင့် လေဖြတ်တဲ့ အန္တရာယ်ကိုလည်း လျော့ကျစေပါတယ်။

(၃)ခရမ်းချဉ်သီး

ခရမ်းချဉ်သီးမှာ လိုင်ကိုပင်း ပါဝင်ပြီး ဆီးကျိတ်ကျန်းမာရေး ကောင်းမွန်စေတဲ့အတွက် အမျိုးသားတွေ အတွက် စံပြ အစာပါ။ အစွမ်းထက် ကာရိုတီးနွိုက် ဖြစ်တာကြောင့် ခရမ်းချဉ်သီးကို အနီရောင် ဖြစ်စေ တဲ့အပြင် ဆီးကျိတ်ကင်ဆာ ဖြစ်နှုန်းကိုပါ လျော့ကျစေပါတယ်။ ခရမ်းချဉ်သီးကို မစားခင် အရင်ချက်ပါ။ အပူပေးလိုက်တဲ့အခါ လိုင်ကိုပင်းကို စုပ်ယူအား ပိုကောင်းစေလို့ပါ။

(၄)ဘလူးဘယ်ရီသီး

ဘလူးဘယ်ရီသီး တစ်အောင်စမှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ် များများ ပါဝင်ပါတယ်။ ဘလူးဘယ်ရီသီးကို အပြာရောင် ဖြစ်စေတဲ့ အစွမ်းထက် အင်တီအောက်ဆီးဒင့်ဟာ အန်သိုဆိုင်ယာနင် ခန္ဓာကိုယ်ထဲက အစွမ်းထက် ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်ပေးနိုင်ပါတယ်။

(၅)သံလွင်ဆီ

တစ်နေ့ သံလွင်ဆီ ထမင်းစားဇွန်း နှစ်ဇွန်းစားရုံနဲ့ ကိုယ်အလေးချိန် လျော့ကျစေပြီး စိတ်ခံစားမှု ကောင်းမွန်စေကာ ရောဂါဝေဒနာကို တွန်းလှန်ပေးနိုင်ပါတယ်။ သံလွင်ဆီမှာ မပြည့်ဝဆီအပြင် ဗီတာမင်အီးနဲ့ ကာရို တီးနွိုက်တွေလို အစွမ်းထက် အင်တီအောက်ဆီးဒင့်တွေလည်း ပါဝင် တာကြောင့် သွေး တိုး ကျစေပြီး ကင်ဆာရောဂါ ကြီးထွားနှုန်းကို ချိုးနှိမ်ပေးကာ ပန်းနာရင်ကျပ် ရောဂါနဲ့ အဆစ်ရောင် နာ ဖြစ်နှုန်းကို လျော့ကျစေပါတယ်။ သံလွင်ဆီမှာ ရောင်ရမ်းမှုကျစေတဲ့ အာနိသင်ရှိပြီး နာကျင်ကိုက်ခဲ မှုနဲ့ရောင်ရမ်းမှုကိုလျော့ကျစေပါတယ်။

(၆)သစ်ကြားသီး

သစ်ကြားသီးမှာပါတဲ့ ပရိုတင်းဓာတ်၊ အမျှင်ဓာတ်၊ ဆီလီနီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဗီတာမင်အီးတို့ဟာ ဆီးကျိတ်ကို အကာအကွယ် ပေးနိုင်ပါတယ်။ သစ်ကြားသီးကို ပုံမှန်စားသူတွေဟာ သွေးတွင်းစုစုပေါင်း ကိုလက်စထရောအဆင့် ၅ ဒသမ ၄ ရာခိုင်နှုန်း၊ မကောင်းတဲ့ ကိုလက်စရော ၉ ဒသမ ၈ ရာခိုင်နှုန်း လျော့ကျမှု ရှိကြောင်း အမေရိကန် အာဟာရ ဂျာနယ်ရဲ့ လေ့လာမှုအရ သိရပါတယ်။

(၇)ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းမှာ ကိုယ်ခံစွမ်းအား ကောင်းစေတဲ့ ဗီတာမင်အေ၊ စီနဲ့ အီးတို့အပြင် မဂ္ဂနီဆီယမ်နဲ့ ပိုတက်စီယမ်စတဲ့ သတ္တုဓာတ်တွေလည်း ပါဝင်တာကြောင့် သွေးဖိအားကို ထိန်းနိုင်တဲ့ အပြင် နှလုံးရော ဂါနဲ့ ကင်ဆာဖြစ်နှုန်းကိုလျော့ကျစေပါတယ်။

(၈)အဆီများသောငါး

အဆီများတဲ့ ငါးမှာ အိုမီဂါ ၃ ဖက်တီးအက်စစ် ပါဝင်တာကြောင့် နှလုံးရော ဂါ ဖြစ်နှုန်း ကို လျော့ ကျစေပါတယ်။ ထရစ်ပတိုဖန် အာဟာရဓာတ်လည်း ပါဝင်တဲ့အတွက် တစ်နေ့လုံး စိတ်တည်ငြိမ် လန်းဆန်းစေပြီး အိပ်ရေးဝဝအိပ်ပျော်စေပါတယ်။

(၉)ပဲမည်း

ဆိုဒီယမ်၊ အဆီနဲ့ ကိုလက်စထရော ပါဝင်မှု နည်းပြီး အမျှင်ဓာတ်များတဲ့ ပဲမည်းကို စားတာကြောင့် တစ်နေ့လုံး စွမ်းအင် ပြည့်ဝစေပါတယ်။ ပဲက အရောင်ပိုရင့် လေလေ၊ အင်တီအောက်ဆီးဒင့် ပမာဏ ပိုများလေလေ ဖြစ်ပါတယ်။ အင်တီအောက်ဆီးဒင့် ပါဝင်မှုများတဲ့ အစာတွေကို စားတာကြောင့် ကင်ဆာနဲ့နှလုံးရောဂါဖြစ်နှုန်းကိုလျော့ကျစေပါတယ်။

(၁၀)လက်ဖက်စိမ်းလက်ဖက်ရည်

လက်ဖက်စိမ်း လက်ဖက်ရည် သောက်တာကြောင့် ကက်တီချင်လို အင်တီအောက်ဆီးဒင့် ရရှိစေပြီး ကင်ဆာဆဲလ်တွေကို ဟန့်တားပေးနိုင်ကာ ကိုယ်ခံစွမ်း အားကောင်းစေတဲ့ အင်ဇိုင်းထုတ်လုပ်မှုကို အားပေးပါတယ်။

ကေအမ်

By Good Health


မဒေးကျွန်းတွင် တရုတ်နိုင်ငံသားတစ်ဦး ပြတ်ရှဒဏ်ရာဖြင့် သေဆုံး


ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း၌ လုပ်ကိုင်နေသည်ဆိုသည့် တရုတ်နိုင်ငံသားတစ်ဦး လည်ပင်းတွင် ပြတ်ရှဒဏ်ရာဖြင့် သေဆုံးခဲ့သည့် အလောင်းကို စက်တင်ဘာလ ၅ ရက်နေ့တွင် ပင်လယ်အတွင်းမှ ပြန်တွေ့ရှိရကြောင်း ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့စခန်းနှင့် ဒေသခံများအား မေးမြန်းချက်အရ သိရှိရသည်။

အဆိုပါ တရုတ်နိုင်ငံသားသည် စက်တင်ဘာလ ၃ ရက်နေ့က ပျောက်ဆုံးသွားခြင်းဖြစ်ပြီး နှစ်ရက်ခန့် အကြာတွင် အလောင်းကို ပင်လယ်အတွင်းမှ ရရှိခြင်း ဖြစ်ကြောင်း ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့ စခန်းထံမှ သိရှိရသည်။

အဆိုပါတရုတ်နိုင်ငံသား အလောင်း၌ လည်ပင်းအောက်တွင် ပြတ်ရှဒဏ်ရာ အချို့ကို တွေ့ရှိရကြောင်း ကျောက်ဖြူ ဒေသခံတစ်ဦးဖြစ်သည့် ဦးထွန်းကြည်က ပြောကြားသည်။

အဆိုပါ တရုတ်နိုင်ငံသား ပျောက်ဆုံးစဉ်က ၎င်းနေထိုင်ခဲ့သည့ှ် SEAGP၊ SEAOP ကုမ္ပဏီဝန်ထမ်း လိုင်းခန်းကို သွားရောက်စစ်ဆေးစဉ် အခန်းအတွင်းတွင် သွေးများတွေ့ရှိရကြောင်း မဒေးကျွန်း ရဲတပ်ဖွဲ့စခန်းနှင့် နီးစပ်သူများက ပြောဆိုသည်။

“သေဆုံးသွားတဲ့ တရုတ်နိုင်ငံသားက CNPC ကပါ” ဟု ကျောက်ဖြူရဲစခန်းမှ တာဝန်မှူးက အတည်ပြု ပြောဆိုသည်။

သို့သော်လည်း သေဆုံးသည့် တရုတ်နိုင်ငံသားသည် ရေနံနှင့်သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း (CNPC) ကို လုပ်ကိုင်ခွင့် ရရှိထားသည့် SEAGP၊ SEAOP ကုမ္ပဏီတို့မှ ဝန်ထမ်း မဟုတ်သည့်အပြင် ကုမ္ပဏီနှင့် ပတ်သက်မှု တစ်စုံတစ်ရာ မရှိကြောင်း ယင်းကုမ္ပဏီ၏ ပြန်ကြားရေး တာဝန်ခံ ဒေါ်ခင်စန္ဒီက ငြင်းဆိုသည်။

The Voice Weekly

Nok Air ခရီးသည်တဦး ဗီဇာမပါဘဲ ရောက်ရှိလာ


၇-၉-၂၀၁၃နေ့  ယနေ့ နံနက်၀၉၀၀နာရီ အချိန်တွင် မော်လမြိုင် လေယာဉ်ကွင်းသို့  မဲဆောက်လေဆိပ်မှ Nok Air လေကြောင်းလိုင်းဖြင့် လိုက်ပါ စီးနင်းလာသည့် ခရီးသည်(၉)ဦး ဆင်းသက်ရာတွင် လေကြောင်း ဗီဇာမပါတဲ့ ခရီးသည်တဦးကို စစ်ဆေးတွေ့ ရရှိကြောင်း Myanmar News Now မှ သတင်းရရှိပါသည်။

အဆိုပါ လေယာဉ် ဆင်းသက်ရာတွင်  လေယာဉ် ရဲတပ်ဖွဲ့စုမှူး ရဲမှူးအောင်ဘုန်းကျော်၊ မော်လမြိုင်မြို့နယ်ရဲတပ်ဖွဲ့မှ ဒုမြို့နယ်မှူး ဒုရဲမှူးအေးမင်း ဦးစီး ရဲတပ်ဖွဲ့ဝင်များ၊ အထူးစုံစမ်းရေး ဦးစီးဌာနမှ စုံစမ်းရေးမှူး မျိုမင်းစိန်၊ မူးယစ်အထူးတပ်ဖွဲ့မှ ရဲအုပ်ချစ်ကိုမြင့်နှင့် တပ်ဖွဲ့ဝင်များ မော်လမြိုင် လူကုန်ကူးမှုအဖွဲ့မှ ရဲအုပ်အောင်ဝင်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ ဒုလ၀ကမှူး ထိန်းလင်းနှင့်အဖွဲ့များ၊ အကောက်ခွန်မှ ဒုအကခမှူးကျော်ကိုဝင်းတို့မှ လုံခြုံရေး ဆောင်ရွက်ပြီး ခရီးသည်များအားစစ်ဆေးရာတွင် ဂျာမဏီနိုင်ငံသား တစ်ဦးအား ဗီဇာမပါရှိကြောင်း စစ်ဆေးတွေ့ ရှိရခြင်း ဖြစ်သည်။

ဗီဇာမပါတဲ့ ဂျာမဏီနိုင်ငံသား အား  မော်လမြိုင်လေယာဉ်ကွင်းတွင် ဆင်းခွင့် မရှိသဖြင့် အဆိုပါလေယာဉ်ဖြင့် မဲဆောက်သို့ ပြန်လည်ထွက်ခွာ သွားစေကြောင်း သိရပါသည်။

by Myanmar News Now

စပါးအုံးမြွေ အိမ်ပေါ်တက် လူမျိုရန် ကြိုပမ်း


 အိမ် တွင် တက်ရောက်ခိုအောင်းနေ သည့် ကြီးမားသည့်စပါးအုံးမြွေ တစ်ကောင်က အိမ်ရှင်အမျိုးသား တစ်ဦးကို ဖျစ်ညှစ်သတ်ပြီး ဝါးမျို ရန်ကြိုးပမ်းမှုတစ်ခု ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်၌ စက်တင်ဘာ ၅ရက်က ဖြစ်ပေါ်ခဲ့ကြောင်း စုံစမ်း သိရသည်။ သို့သော် အဆိုပါမြွေကို အိမ် ရှင်အမျိုးသားက ပြန်လည်သတ် ဖြတ်နိုင်ခဲ့ကြောင်း သိရသည်။ ဒဂုံမြို့သစ်တောင်ပိုင်းမြို့ နယ်ရှိ လူနေထူထပ်သောရပ်ကွက် ဖြစ်သည့် အမှတ်(၇၀)ရပ်ကွက်၊ စိတ္တကျော်သူ လမ်း၊ အိမ်အမှတ် ၁၅၉၆ တွင် စက်တင်ဘာ၅ရက် မွန်းလွဲ၂နာရီခွဲဝန်းကျင်က ဖြစ် ပွားခဲ့ခြင်းဖြစ်ပြီး အိမ်ခန်းအတွင်း ဝင်အိပ်သည့် အိမ်ရှင်အမျိုးသား ကို နေအိမ်တွင် တက်ရောက်ခို အောင်းနေသည့် လုံးပတ်တစ်ပေ၊ အရှည် ကိုးပေသုံးလက်မအရွယ် ရှိစပါးအုံးမြွေက တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း မြွေတိုက်ခိုက်ခြင်းခံ ခဲ့ရသည့် မိသားစုဝင်များနှင့်အိမ် နီးနားချင်းများ၏ ပြောကြားမှု အရ သိရသည်။

''သူက အိပ်မယ်ဆိုပြီး အိမ် ထဲကို ဝင်သွားတဲ့အချိန်မှာ မြွေက သူ့ကိုလက်ကနေစပြီး ခန္ဒာကိုယ်၊ လည်ပင်းတွေကို ပတ်ထားလိုက် တာ။ သူက မြွေခေါင်းကိုမိအောင် ညှစ်ပြီး ထရံမှာထိုးထားတဲ့ ကြက် သွန်လှီးဓားနဲ့ ထိုးသတ်လိုက်တာ။ အချက်ပေါင်းများစွာ ထိုးထား တာ''ဟု မြွေဝါးမျိုရန်ကြိုးပမ်းမှုဖြစ် ခဲ့ပုံကို ဇနီးဖြစ်သူက ပြောသည်။  အဆိုပါနေအိမ်၏ အလုပ် အကိုင်သည် အငှားကားမောင်း ခြင်းဖြစ်ပြီး လေးနှစ်အရွယ်ကလေး ငယ်တစ်ဦးအပါအဝင် ကိုသန့်ဇော် ဦးနှင့် မစမ်းစမ်းသူတို့ မိသားစု သုံးဦး နေထိုင်ကာ အခင်းဖြစ်သည့် အချိန်တွင် ကလေးအား မူကြို ကျောင်းကို ပို့ထားချိန်ဖြစ်ပြီး လူနှင့်မြွေတို့ ၁၅မိနစ်ခန့် တိုက် ခိုက်ခဲ့ရကြောင်း သိရသည်။ မြွေတိုက်ခိုက်မှုခံခဲ့ရသည့် အမျိုးသား၏ဇနီး မစမ်းစမ်းသူ က ''အမျိုးသားက ကားခဏနား ပြီးပြန်လာတာ။ သူက အိပ်ချင်လို့ အရင်ဝင်သွားပြီး အစ်မက ဈေး ဝယ်ဖို့ကျန်ခဲ့တာ။ ပြန်လာတော့ သူနဲ့ မြွေနဲ့ နပန်းလုံးနေတာပဲ''ဟု ဖြစ်ပျက်ပုံကိုပြောသည်။

မစမ်းစမ်းသူက ''အစ်မနဲ့ ကလေးပဲ ရှိချိန်မှာဖြစ်ရင်မလွယ် ဘူး။ အခု မြွေခွေတဲ့နေရာမှာ ကလေးက အမြဲဆော့နေကြ။ အ ရုပ်ပုံးက အဲဒီမှာထားတာ။ အခု ချက်ချင်း အိမ်ပြောင်းတော့မှာ မနေရဲတော့ဘူး''ဟု စက်တင်ဘာ ၆ရက် နေ့လယ် ပိုင်းက ပြောသည်။ ပုံမှန်အားဖြင့် နေအိမ်၏ နောက်ဖေးအပေါက်ကို ပိတ်ထား သော်လည်း ယင်းနေ့တွင်ရာသီ ဥတုသာယာသည့်အတွက် ဖွင့် ထားချိန်တွင် တက်ရောက်လာ ခြင်းဖြစ်ကြောင်း အိမ်ရှင်မိသားစု က ပြောသည်။

ဘေးချင်း ကပ်နေအိမ်မှ အိမ် နီးချင်းဒေါ်မူက ''အစ်မက အိပ် နေတာ။ သူက မမူရေ၊ မမူရေနဲ့ လှမ်းအော်တယ်။ ထွက်ကြည့်တော့ မြွေနဲ့ သူနဲ့လုံးနေတာ။ ပြီးတော့ မြွေက အပုံလိုက်ကြီး။ ဟဲ့ ဘယ် က ဖမ်းလာတာလဲလို့ သူ့ကိုမေး တော့ မောနေ တဲ့ အတွက် ချက် ချင်းမဖြေနိုင်ဘူး။ မေးကြည့်တော့ သူအိပ်နေတာ လည်ပင်းကို မြွေ ကလာရစ်တာ။ သူနဲ့မြွေ သတ် နေတဲ့အချိန်မှာ လှမ်းခေါ်နေတာ လို့ပြောတယ်။ အစ်မက ချက်ချင်း ထွက်မကြည့်မိဘူး''ဟု ဖြစ်ပျက် ခဲ့ပုံကို ပြောသည်။

အဆိုပါမြွေသေကို (၇၀) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ လာ ရောက်ယူငင်သွားကြောင်း၊ နောက် ထပ်မြွေနှင့်ပတ်သက်ပြီး မည်သည့် အကြောင်းမှ မကြားရတော့ကြောင်း မြွေနှင့်တိုက်ခိုက်ခဲ့သည့် မိသားစု များက ပြောသည်။ မျက်နှာချင်းဆိုင်နေအိမ်မှ ရပ်ကွက်သားတစ်ဦးက ''ဒီမြွေတွေ က မွေးမြူထားတာဖြစ်မယ်။ အဲဒီ ကနေ လွတ်ပြီးထွက်လာတာလဲ ဖြစ်နိုင်တယ်။ အဲဒီမြွေက နည်း နည်းနောနော အကောင်ကြီးမ ဟုတ်ဘူး။ သူ့ရဲ့သည်းခြေအိတ်၊ ညှို့အိတ်၊ အရေခွံတွေက တန်ဖိုး ရှိတယ်။ အသေကို ရောင်းရင် တောင် သိန်းချီရနိုင်တယ်''ဟု သုံး သပ်ပြောသည်။

ယခုအဖြစ်အပျက်နှင့်ပတ် သက်ပြီး မြွေအသေကောင်ကိုယူ သွားသည့် (၇၀)ရပ်ကွက်အုပ်ချုပ် ရေးမှူး ဦးမောင်သန့်က ''ရပ်ကွက် အထောက်အကူပြုအဖွဲ့တွေရဲ့ အရှေ့မှာပဲ ပီနံအိတ်နဲ့ထည့်ပြီး မြေမြှုပ်လိုက်တယ်။ အထက်အဖွဲ့ အစည်း အဆင့်ဆင့် ကိုလဲ ပြောပြ ထားပြီးပါပြီ''ဟု ပြောသည်။

ကျော်ဇေယျ

Yangon Media Group

အမေရိကန်ဒေါ်လာ 185,000$+15, 000$ တန် ဆေးပြင်းလိပ်ကြီး


ကမ္ဘာပေါ်မှာထွက်ရှိသမျှဆေးပြင်းလိပ်တွေထဲမှာတော့အကြီးဆုံးဖြစ်ပါတယ်
တန်ဖိုးကတော့အမရေိကန်ဒေါ်လာ 185,000$ ရှိပြီး
အလေးချိန်ကတော့ ပေါင်ချိန် 1,600 ရှိပါတယ်။

ပုံမှန်ဆေးပြင်းလိပ် အလိပ် 25,000စာဖြင့်ညီမျှတဲ့ဒီဆေးလိပ်ကြီးကို
သယ်ယူဖို့ အတွက်သယ်ယူစရိတ်ကတော့ဒေါ်လာ 15,000$ ရှိပါတယ်။

ZK(ကနောင်)
Scientist Myanmar

မြေနီကုန်းဈေး မြေနေရာ ပြန်လည်ရရှိရေး ဆန္ဒထုတ်ဖော်








ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်က မြေနီကုန်းဈေးဟောင်း နေရာကို ရွှေပြည်နန်း ကုမ္ပဏီက အဆောက်အအုံ အသစ်ဆောက်လုပ်နေမှု အပေါ် ဈေးသူဈေးသားတွေက စက်တင်ဘာ ၆ရက်နေ့မှာ မြေနေရာ ပြန်လည် ရရှိရေး ဆန္ဒထုတ်ဖော်။

DVB

ကျောင်းသူများကို စကတ်လှန်ခိုင်းသည့် ဆရာအား ဖမ်းဆီး အရေးယူ


ကျောင်းသူများကို ဝတ်ဆင်ထားသည့် စကတ်အားလှန်ခိုင်းပြီး ဓာတ်ပုံရိုက်ယူကာ အင်တာနက်ပေါ်တွင် တင်ထားသည့် ဆရာအား ဖမ်းဆီးအရေးယူသည့်ပြစ်မှုတစ်ခု အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည် နယ် ကိုဝက်တာကောင်တီမြို့တွင် ဖြစ်ပွားခဲ့သည်။

ထိုဆွဲခန့်ကျောင်းဆရာသည် ကျောင်းသူများကို မဖွယ်မရာလုပ်ခိုင်းပြီး ဓာတ်ပုံများကို သူပိုင်ဝက်ဘ် ဆိုက် ပေါ်တွင် တင်ထားခဲ့သည်။ ကျောင်းသူလေးများမှာ အိစ် ကိုဝက်တာအထက်တန်းကျောင်းမှဖြစ်ပြီး မဖွယ် မရာ ပုံစံအမျိုးမျိုးဖြင့် ဓာတ်ပုံအရိုက်ခံထားကြောင်းတွေ့ရသည်။ အမေရိကန်ပြည်ထောင်စုတွင် အသက် ၁၈ နှစ် မပြည့်သေးသည့်သူများ၏ မဖွယ်မရာ ကိုယ်ဟန်ပြနေသည့်ပုံများကို အများပြည်သူသို့ ဖော်ထုပ်ပြ ရန် ဥပဒေ အရ တားမြစ်ပိတ်ပင်ထားသည်။

ထိုကျောင်းသူများသည် မည်သူတို့ဖြစ်ကြကြောင်းကို အတန်းဖော်များက ကောင်းစွာသိကြပြီး ဆရာအား ကန့် ကွက်သည့် အီးမေးလ်များ ကျောင်းသို့အဆက်မပြတ်ရောက်လာကာ ဆရာကို အရေးယူပေးရန် တောင်း ဆိုကြ သည်။

ကျောင်းအုပ်ကြီးကလည်း ယခုဖြစ်ပျက်မှုသည် ကျောင်းအတွက်ပြန်လည်သုံးသပ်ရမည့် ကိစ္စဖြစ်ပြီး အမြန် ဆုံး အရေးယူပေးပါမည်ဟု မီဒီယာသို့ ပြောကြားခဲ့သည်။




ကျောင်းအုပ်ကြီးသည် အဖြစ်အပျက်ကို သိသိချင်း ရဲစခန်းသို့ အကြောင်းကြားခဲ့သည်။ ထိုဆရာကိုလည်း ကျောင်းမှထုတ်လိုက်ပြီး၊ ကျောင်းအတွင်းသို့ လုံးဝမလာရောက်ရန် အမိန့်ထုတ်လိုက်သည်။

ကျောင်းသူများ၏ ဓာတ်ပုံတွင် “ကျွန်တော့်အတန်းမှ ခပ်ဟော့ဟော့ ကောင်မလေးများ” ဟု စာတန်းရေးထိုး ထားသည့်အပြင် “စကတ်လန် ကောင်မလေးများ” ဟု ဖော်ပြထားချက်များ အပေါ် မိဘများက အပြင်း အထန် ကန့်ကွက်ခဲ့ကြသည်။

မိဘတစ်ဦးက “ကျွန်မတို့အနေနဲ့ ကျောင်းကို ယုံကြည်ပြီး သားသမီးတွေကို အပ်နှံထားခဲ့တာ။ ဒီလိုအဖြစ်မျိုး ရောက်အောင် ဆရာကလုပ်တယ်ဆိုတာ အံ့သြလို့မဆုံးဘူး” ဟုပြောကြားခဲ့သည်။

ကျောင်းမှတာဝန်ရှိသူများက ဆရာ၏အမည်ကို ဖော်ထုတ်ခြင်းမရှိပေ။ ရဲစခန်းမှ ထိုဆရာအားဖမ်းဆီးထား ကြောင်းသိရသည်။

မောင်ကျော်သီဟ blog

အင်္ဂလန်တွင် တင့်ကားအမောင်းသင်နေသည့် ဘရတ်ပစ်တ်


အသက်(၄၉)နှစ်ရှိ ဟောလီးဝုဒ် မင်းသားသည် အင်္ဂလန်သို့ ရောက်ရှိနေပြီး တင့်ကားအမောင်း သင်နေရာ သံချိန်းကြိုးသံ တညံညံ ဖြစ်နေခြင်းဟု သတင်းများက ဆိုသည်။
ဘရတ်ပစ်တ်တစ်ယောက် ငြိမ်းချမ်းသာယာသည့် အင်္ဂလိပ် ကျေးလက်ဒေသလေး တစ်ခုတွင် ဆူဆူညံညံဖြစ်အောင် လုပ်ဆောင်နေကြောင်း သိရသည်။ အသက်(၄၉)နှစ်ရှိ ဟောလီးဝုဒ် မင်းသားသည် အင်္ဂလန်သို့ ရောက်ရှိနေပြီး တင့်ကားအမောင်း သင်နေရာ သံချိန်းကြိုးသံ တညံညံ ဖြစ်နေခြင်းဟု သတင်းများက ဆိုသည်။

ဂရိဒဏ္ဍာရီလာ စစ်သူရဲကောင်း Archillesအဖြစ် Troyဇာတ်ကားတွင် သရုပ်ဆောင်ဖူးသော ပစ်တ်အနေဖြင့် ယခုတစ်ကြိမ်တွင် ပုံစံကွဲပြားသော အခြားစစ်ပွဲ တစ်ခုအတွက် သရုပ်ဆောင်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။ Fury ဇာတ်ကားတွင် ပစ်တ်သည် ကိုယ်တိုင် တင့်ကားမောင်းနှင်ရန် စီစဉ်ထားရာ ဝစ်ရှိုင်းယား ဒေသတွင် ဒုတိယ ကမ္ဘာစစ်အတွင်း အမေရိကန်တပ်ဖွဲ့များ အသုံးပြုခဲ့သည့် တင့်ကားတစ်စင်းကို အမောင်းသင်ခဲ့ခြင်း ဖြစ်သည်။

(၂၀၁၄)ခုနှစ်၊ နိုဝင်ဘာလတွင် ရုံတင်ရန် စီစဉ်ထားသည့် Fury ဇာတ်ကားသည် ဒုတိယ ကမ္ဘာစစ် ပြီးဆုံးခါနီးက အမှုထမ်းခဲ့သည့် ရှားမန်းတင့်ကား တပ်ဖွဲ့ဝင် အချို့၏ အထုပ္ပတ္တိကို ပုံဖော်ထားခြင်း ဖြစ်သည်။ ပစ်တ်သည် ယင်းဇာတ်ကားတွင် ရှားလီဘော့ဖ်၊ မိုက်ကယ်ပီနာ၊ လိုဂန်လာမန်၊ ဂျွန်ဘရန်သယ်လ် အစရှိသည့် သရုပ်ဆောင်များနှင့် တွဲဖက်ရမည် ဖြစ်သည်။ ထိုဇာတ်ကားကို ယခုဆောင်းဦးပေါက်တွင် စတင်ရိုက်ကူးမည်ဖြစ်ပြီး ဥရောပ နိုင်ငံ အချို့သို့ လှည့်လည် ရိုက်ကွင်းဆင်မည်ဟု သတင်းများလည်း ထွက်ပေါ်လျှက်ရှိသည်။

Planet Myanmar Network

ငါးဖယ်ချဉ် (ခ) ပုစွန်ချဉ် လုပ်နည်း


အိသက်သားအကြီးက ပုစွန်ချဉ်အရမ်းကြိုက်ပါတယ်။
ပုံမှန်ပုစွန်ချဉ် လန်ဒန်အိမ်မှာ လုပ်စားဖြစ်တယ်။
ဒါကို လန်ဒန်လာလည်သွားတဲ့ သူ့အဘွား ဒေါ်သဲသဲလှုပ်များက
ပုစွန်ချဉ်ပါပို့တဲ့ ဇာတ်လမ်းစပါတယ်။ ကိုထက်မေမေက ၀ါးခယ်မကပါ။
ပုစွန်ချဉ် နာမည်ကြီးသောဒေသပေါ့။ ကိုထက်မေမေက
ဝါးခယ်မက ပုစွန်ချဉ်ဒိုင်ကို ရှယ်အော်ဒါမှာ ချဉ်ပြီးပြီးခြင်း
ရန်ကုန်ကိုပို့ခိုင်းပါတယ်။ ကျွန်မတို့ ဓနုဖြူဆိုင်(လှည်းတန်း - အင်းစိန်)
ဆိုင်မှာလည်း အဲဒီပုစွန်ချဉ်ပဲသုံးတာပါ။ (ဒါကကြော်ငြာ)
တနင်္လာမနက်စောစော ကားဂိတ်ကသွားယူ ကျွန်မမေမေက ကျန်တဲ့
သူပို့ချင်သောပစ္စည်းများနဲ့ မနက် ၁၂ နာရီမကျော်ခင် နြှ က ပို့ရင် ဒီကို
ဗုဒ္ဓဟူးမနက်ရောက်ပါတယ်။တစ်ခါပို့ရင် ၈ ပိဿာပို့ပါတယ်။

လမ်းမှာ ချဉ်ခိုင်းလိုက်တာပေါ့။ တစ်ခါတစ်ရံ မချဉ်သေးဘဲ
ရောက်လာတတ်ပါတယ်။ ဒါမျိုးဆို ရောက်ပြီး ၂ ရက်လောက်မှ
ပြန်ဖြေကြည့်ရပါတယ်။ သား စားပုံကို သိတဲ့ အိသက်မိတ်ဆွေများကဆို
တော်တော်အံ့သြပါတယ်။ ပုစွန်ချဉ်အစိမ်းအတုံးလေးများ၊
သရက်သီးစိမ်းအတုံးလေးများကို ချဉ်ရည်ဟင်း ဒါမှမဟုတ် ဟင်းချိုနဲ့
နယ်ပေးလိုက်ရင် တော်တော်စားပါတယ်။ အိသက်ကိုယ်တိုင်ကလည်း
အချဉ်ကြိုက်လို့ ကလေး ၂ ယောက်လုံး သရက်သီးစိမ်းကြိုက်ပါတယ်။
အငယ်မလေးကတော့ ပုစွန်ချဉ်မစားပါ။ (အသားမစားပါ)။ ခုအိမ်မှာ
ပုစွန်ချဉ်ပြတ်သွားလို့ ရန်ကုန်မှာလည်း ကိုထက်မေမေမအားလို့
ကျွန်မသားရဲ့ပြဿနာကို ကိုယ်တိုင်ဖြေရှင်းရပါတယ်။
ကျွန်မ ငါးဖယ်ချဉ်ပါမယ်နော်။ လုပ်နည်းတူတူပါပဲနော်။

ပါဝင်ပစ္စည်းများ
.....................
• ငါးဖယ် - ၅၀၀ ဂရမ် (ပုစွန်ဆိုရင် နုပ်နုပ်စဉ်း(သို့)အကောင်လိုက်
ချဉ်နိုင်ပါတယ်။)
• ဆား - ၁၅၀ ဂရမ်
(ဆားများမှ ချဉ်ပါမယ်။ ချဉ်သွားရင် မငန်ပါဘူးနော်)
nam ပေါင်ဒါကို ဆားအစားသုံးရင်၂ ရက်အတွင်းချဉ်ပါမယ်။
(ပေါင်ဒါကို အသားချဉ်ချဉ်ရာမှာလည်း သုံးနိုင်ပါတယ်နော်)
ကျွန်မက သားအစိမ်းအတိုင်းစားမှာမို့ ယမ်းမသုံးချဉ်လို့ပါ။
• ထမင်းကြမ်း - လက်၂ဆုပ်စာ(ထမင်းရိုးရိုးလည်းရပါတယ်)

ပြုလုပ်နည်း
................
၁။ ထမင်းကြမ်း လက်တစ်ဆုပ်ခွဲစာကို ပြဲနေအောင်ချေလိုက်ပါ။
ပြီးရင် ငါးဖယ်ထဲကို ဆားထည့်ချေထားသော ထမင်းကြမ်းထည့်ပြီးနယ်ပါ။
ရိုးရိုး ငါးဖယ်စီးအောင် ပေါက်သလိုပေါက်ပါ (သို့) စီးသည်အထိနယ်ပါ။

၂။ ငါးဖယ်စီးလာရင် အိတ်ထဲထည့်ပြီး ကျစ်နေအောင်စည်းပါ။
ပြီးရင် အောက်ကဗန်းခံ အပေါ်က ပန်းကန်မှောက်ပြီး
ငါးဖယ်ချဉ်လောင်းထုပ်လေးကို တင်ပြီး အလေးတစ်ခုနဲ့ ဖိထားလိုက်ပါ။
မီးဖိုထဲက အပူချိန်အများဆုံးနေရာလေးမှာထားပါ။ ၃ ရက်လောက်ဆိုရင်
အိတ်ထဲမှာ အရည်လေးများထွက်နေပါမယ်။ အဲဒီအခါမှ အပေါက်လေးများ
ဖောက်ပေးပါ။ အရည်လေးများ ဗန်းထဲသို့ကျနေတာ တွေ့ရပါမယ်။

၃။ ပန်းကန်မပါလည်း အဲလို သံဇကာနဲ့ အောက်က ဗန်းခံလို့ရပါတယ်။

၎။ အရည်ကျပြီးနောက် ၂ ရက်လောက်ဆို ချဉ်ပါပြီ။ အရောင်လေးလည်း
ပန်းရောင်ဖျော့ဖျော့ ဖြစ်နေပါပြီ။ အထုပ်လေးကိုတို့ကြည့်ပါ။
ထုတ်ထုတ်လေးဖြစ်ပြီဆိုရင် အသားမြည်းကြည့်ပါ။

၅။ အချဉ်အနေအထား စိတ်ကြိုက်ဖြစ်ရင် အဆင်သင့်ဖြစ်ပါပြီ။
ရာသီဥတု အပူအအေး ပေါ်မူတည်ပြီး ၅ ရက်ကနေ ၇ ရက်ကြာတတ်ပါတယ်။

အဆင်ပြေကြပါစေရှင်။
ချဉ်သွားရင် ဘူးတစ်ဘူးထဲထည့်ပြီး ဆီမြုပ်အောင်ထည့်ထားလိုက်ပါ။ အကြာကြီးခံပါတယ်။

Htet Family's Creation
FOOD Magazine

ရင်နင့်စရာ အဖြစ်လေးတစ်ခု


နေအတော်လေးပူတဲ့ တစ်နေ့က ကိစ္စတစ်ခုနဲ့ စမ်းချောင်းမကြီးကြီးလမ်းထဲရောက်တယ်။
ပြန်တော့မလို့ ကားစက်နှိုးနေစဉ် အတူပါလာတဲ့ ညီလေးတို့ လင်မယားက
“ဟင်....ဟိုမှာ........လဲတော့မယ်....”
ဆိုပြီး ရုတ်တရက်အော်သံ ကြားလိုက်တယ်။
ကျွန်တော်တို့ကားရဲ့ အနောက်ဖက် ပေ(၂၀)လောက်အကွာမှာ လမ်းလျှောက်ရင်း ဒယီးဒယိုင်ဖြစ်နေတဲ့ အသက် (၃၀)ခန့် အမျိုးသားတစ်ယောက်ကို လှမ်းတွေ့လိုက်ရတယ်။
သူ့ဂုတ်ပိုးပေါ်မှာ ၄နှစ်လောက် သားလေးတစ်ယောက် ခွစီးပြီး လိုက်ပါလာတယ်။
နောက်ပြီး ပုခုံးပေါ်မှာလည်း တံပိုးနဲ့ ဈေးရောင်းစရာလေးတွေ ထမ်းလာတယ်။
“ဟာ..ဟာ.......လဲကျတော့မယ်...”
ဒယီးဒယိုင်ဖြစ်နေတဲ့ အမျိုးသား အခြေအနေပိုဆိုးလာတယ်။ မကြာခင် လုံးဝ ပုံလဲကျသွားတော့မယ်။
ဂုတ်ပေါ်က ကလေးငယ်က ကြောက်လို့ စပြီး ငိုနေပြီ။

ကျွန်တော်တို့ (၃)ဦးစလုံး မတိုင်ပင်ပဲ ကားပေါ်က ရုတ်တရက်ခုန်ဆင်းလိုက်ကြတယ်။
ဂုတ်ပိုးပေါ်က ကလေးကို အောက်ကို အမြန်ပွေ့ချလိုက်ပြီး အမျိုးသားကိုလည်း တွဲထူပေးလိုက်တယ်။
လမ်းနံဘေး အရိပ်ကောင်းတဲ့ သစ်ပင်အောက်မှာ အနားယူစေတယ်။

အမျိုးသားက အရမ်း ခေါင်းမူးနေပြီး စကားတွေ ဗလုံးဗထွေးဖြစ်နေတယ်။
အရက်များမူးတာလားလို့ ထင်လိုက်ပေမယ့် အရက်နံ့လုံးဝမရဘူး။
တစ်ကိုယ်လုံး ချွေးတွေအရမ်းထွက်နေတယ်။
လက်ကောက်ဝတ်သွေးခုန်နှုန်း (Pulse) အရမ်းမြန်နေပြီး ခုန်နှုန်းကလည်း အရမ်းအားနည်း (Faint) နေတယ်။ သတိလက်လွတ်တော့မလိုဖြစ်နေပြီ။
လက္ခဏာတွေကတော့ သွေးတွင်းသကြားဓာတ်လျော့နည်းခြင်း (Hypoglycemia) ကြောင့် မူးလဲခြင်းနဲ့ တူတယ်။

ဒါနဲ့ သူ့ကို သကြားလုံးကျွေးတယ်။ အချိုရည်ဝယ်တိုက်၊ မုန့်ဝယ်ကျွေးတယ်။
သူက မူးဝေနေတဲ့ကြားထဲ နံဘေးက သူ့သားလေးကိုပဲ ကြည့်ကြည့်နေတယ်။
ပထမ သဘောမပေါက်ဘူး။ သူ့သားကို တိုက်ပေးပါလို့ ပြောနေတာကိုး။
သူ့သားလေး သောက်ပြီးမှပဲ သူပါ သောက်ရှာတယ်။
သူ့ခမျာ အချိုရည်တောင် မနည်းကြီး ကြိုးစားသောက်နေရရှာပုံ။
၁၀မိနစ်လောက်ကြာမှ နည်းနည်းလေး လန်းလာလို့ မေးကြည့်တော့ ထမင်းမစားရတာ ၂ရက်ရှိပြီလို့ ပြောပါတယ်။
ဒါနဲ့ နံဘေးအိမ်တစ်အိမ်က အဘိုးတစ်ယောက်ကလည်း သူ့အိမ်က မုန့်တွေ ထုတ်ကျွေးတယ်။
မုန့်ကျွေးတော့လည်း သူ့ခမျာ စကားဗလုံးဗထွေးနဲ့ သူ့သားကိုအရင်ကျွေးဖို့ချည်း ပြောနေတယ်။

စကားနည်းနည်းချင်း ပြောနိုင်လာမှ သိရတာတွေကတော့ -
သူက ညောင်တုန်းကားလမ်းမကြီးနံဘေး ရွာတစ်ရွာက လယ်သမားတစ်ဦးပါ။
မိုးရာသီဝင်စက မိုး၊လေကြီးပြီး သူ့အိမ်အမိုး ပျက်စီးသွားပါသတဲ့။
ဒါနဲ့ သူလည်းမရှိမဲ့ရှိမဲ့ ငွေလေးထုတ်ပြီး အမိုး ပြန်မိုးလိုက်တော့ စပါးစိုက်ဖို့ အရင်းပြုတ်သွားပါသတဲ့။
ကံဆိုးခြင်းတွေဆက်တိုက်လာတယ်ပဲ ပြောရမလား၊ သူ့အမျိုးသမီးက လယ်ထဲသွားရင်း ပိုးထိပြီး ဆုံးသွားပါတယ်။
ဒီတော့စိတ်ဓာတ်ကျပြီး အလုပ်လည်း သိပ်မလုပ်နိုင်တော့ဘူးဖြစ်လာတယ်။
ဒီလိုနဲ့ တဖြည်းဖြည်း စားသောက်ဖို့ ငွေကြေးတောင် ပြတ်လပ်လာလို့ ကြံရာမရဖြစ်ပြီး ရန်ကုန်က အမျိုးတစ်ယောက်အိမ်ဆီ အကူအညီတောင်းမလို့ လိုက်လာတယ်။ ဖြစ်ချင်တော့ အဲဒီအမျိုးကလည်း အိမ်ပြောင်းသွားလို့ မတွေ့နိုင်တော့ဘူး။
ဆိုတော့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ခဏခိုကပ်ပြီးနေတယ်။
ရက်ကြာလာတော့ ဘုန်းကြီးကျောင်းမှာလည်း နေဖို့ သိပ်အဆင်မပြေတော့ဘူး။
ဒါနဲ့ ပြန်ဖို့ လမ်းစရိတ်လေးရလိုရငြား အထမ်းနဲ့ ဈေးလိုက်ရောင်းတာပါတဲ့။
လက်ကျန်ငွေက အရမ်းကို နည်းလာလို့ သူက ထမင်းကို လုံးဝမစားတော့ပဲ သူ့ကလေးကိုတော့ ကြိုးစားပြီး ၀ယ်ကျွေးပါသတဲ့။ သူကတော့ ထမင်းလုံးဝမစားရတာ (၂)ရက်ရှိနေပါပြီတဲ့။

နောက်ဆုံးမှာတော့ ကျွန်တော်တို့ အနေနဲ့ အပေါ်ကပြောခဲ့သလိုပဲ အစားအသောက်၊ အချိုရည်လေးတွေ ကျွေးမွေးပေးပြီး သက်သာလာအောင် ပြုစုပေးပြီးတော့ အပြန်လမ်းစရိတ်နဲ့ စားစရိတ် ၄-၅ ရက်စာလောက် တွက်ချက်ပြီး ပေးအပ်ခဲ့ပါတယ်။

နံဘေးကလူတစ်ချို့က လိမ်စားတဲ့သူဖြစ်နေဦးမယ်၊ ဘာညာနဲ့ သတိထားဖို့ ပြောကြသူတွေလည်း ရှိပါတယ်။
ဒါပေမယ့် အဲဒီ အမျိုးသားဟာ အလိမ်အညာပဲဖြစ်နေစေပါဦးတော့ စမ်းသပ်ချက်အရ အဲဒီအချိန်မှာ Hypoglycemia တကယ်ကို ဖြစ်နေတာပါ။ ဒီတိုင်းသွားရင် မူးလဲကျပြီး လူကြီးရော၊ ကလေးပါ ဒုက္ခရောက်တော့မှာပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့အနေနဲ့ တတ်နိုင်သလောက် ကူညီပေးခဲ့တာ အလဟဿတော့ မဖြစ်ခဲ့ဘူးလို့ ယုံကြည်ပါတယ်။

နောက်တစ်ချက် တွေးမိတာက သူပြောခဲ့တာတွေဟာ တကယ့်အမှန်တရားဆိုရင် တကယ် ၀မ်းနည်းစရာပါဗျာ။ ဖြစ်ချင်လည်း ဖြစ်နိုင်ပါတယ်။
ဒီတိုင်းသာဆိုရင် တကယ်ဆင်းရဲတဲ့လယ်သမားတစ်ချို့တွေရဲ့ ဘ၀ဟာ တကယ်သနားစရာပါ။ မြန်မာပြည်က ဆင်းရဲချမ်းသာ လူတန်းစား ကွာဟမှုကိုလည်း တစေ့တစောင်း မီးမောင်းထိုးပြနေသလိုပဲ။

နောက်ဆုံးတစ်ချက် လေးစားမိတာက သူ့ရဲ့ မိဘမေတ္တာကိုပါ။
ကိုယ်တိုင် ထမင်း ၂ရက်အငတ်ခံပြီး ကလေးကိုချည်းပဲ ကျွေးမွေးနေတာ၊ မူးလဲနေချိန်မှာတောင် ကိုယ့်အတွက် အချိုရည်ကို မသောက်သေးပဲ ကလေးကို စိတ်ပူနေတာတွေဟာ စံပြုလောက်စရာ မိဘမေတ္တာတွေပါ။

ညီလေးတို့လင်မယားနဲ့ ပြုလုပ်ဖြစ်ခဲ့တဲ့ ခရီးသွားဟန်လွှဲ အမှတ်တရ လူသားချင်းစာနာမှုအကူအညီလေးတစ်ခုပါ။
ကိစ္စသေးသေးလေးဆိုပေမယ့် ၀မ်းသာကြည်နူးမိလို့ပါ။


Credit > Kyaw Hlaing Win

နောက်ဆုံးထွက် Honda Fit ဂျပန်မှာ ကြေညာပြီ


Honda Fit လို့အမည်ရတဲ့ Sub-compact ကားကို တော်တော်များများ သိကြမှာပါ။ မြန်မာပြည်ကို အရောက်များတဲ့ ကားစာရင်းထဲမှာလည်း ပါဝင်ပါတယ်။ အများစုက ဂျပန်လေလံဈေးကွက်က ရောက်ရှိတာပါ။ ယခု မြင်တွေ့ရတဲ့ ကားကတော့ ၂၀၁၅ မော်ဒယ် Honda Fit ပဲ ဖြစ်ပါတယ်။

၂၀၀၁ ခုနှစ်ကတည်းက ထုတ်လုပ်တဲ့ကား ဖြစ်ပြီး ၂၀၁၅ မော်ဒယ်ကိုတော့ တတိယမျိုးဆက်လို့ သတ်မှတ်လိုက်ပါတယ်။ ထူးခြားလာမှု တစ်ခုက ဟိုင်းဘရစ်ဗားရှင်းပါ ပူးတွဲ ထုတ်လုပ်လာမှာ ဖြစ်ပါတယ်။ ဟိုင်းဘရစ် ဖစ်တ် က ဆီတစ်ဂါလံကို ၈၆ မိုင်အထိ မောင်းနှင်နိုင်မယ့်ကားပါ။ အံ့မခန်း ဆီစားသက်သာတဲ့ကား ဖြစ်ပါတယ်။ ဒါကြောင့်လည်း အမေရိကနဲ့ ဥရောပ ဈေးကွက်ကပါ Honda Fit အသစ်ကို မျော်နေကြပါပြီ။

ပုံစံအားဖြင့် ထူးထူးခြားခြားပြောင်းလဲသွားမှု မရှိသလို အင်ဂျင်အရွယ်လည်း သိပ်မပြောင်းသွားပါဘူး။ ၁.၄ လီတာ ဆလင်ဒါလေးလုံး ဗားရှင်းဖြစ်ပြီး စွမ်းဆောင်ရည်နဲ့ Fuel Economy အပိုင်းမှာကျ သိသိသာသာ မြင့်တက် သွားမှု ဖြစ်ပါတယ်။ အရွယ်အစားကတော့ အရင်အတိုင်းပါပဲ။ မိသားစုစီး ကားငယ်ေးလ တစ်စီး အဖြစ် ရှိနေအုံးမှာပါ။

ဂျပန်နိုင်ငံမှာပဲ ယခုရက်ပိုင်းအတွက် Honda က မိတ်ဆက်ပြသသွားခြင်း ဖြစ်ပါတယ်။ ၂၀၁၅ မော်ဒယ် Honda Fit ကို ၂၀၁၄ နှစ်ဆန်းမှာ ရောင်းချမှာ ဖြစ်ကြောင်း သိရပါတယ်။

Ref: autoblog
ColayAutomobile

ဆီးရီးယားသူပုန်တို့၏ ရက်စက်ကြမ်းကြုတ်မှု ဗီဒီယိုမှတ်တမ်းတစ်ခု ထွက်ပေါ်လာ


New York Times သတင်းဌာနက ဖော်ပြခဲ့သော ဗီဒီယို မှတ်တမ်း တစ်ခုတွင် သမ္မတ ဘာရှာ အာဆက်ဒ်၏ သစ္စာတော်ခံ တပ်သား (၇)ဦးကို ဆီးရီးယား သူပုန်များက သတ်ဖြတ်နေပုံကို တုန်လှုပ် ခြောက်ခြားဖွယ် တွေ့ ရှိရဆီးရီးယား အစိုးရ အနေဖြင့် သူပုန်တပ်များကို ဓာတုလက်နက်များ အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲမှုများ အားကောင်းနေချိန်တွင် သူပုန်တပ်များဘက်မှလည်း ရက်စက်လွန်းသည့် လုပ်ရပ်များ ကျူးလွန်နေကြောင်း မှတ်တမ်း အထောက်အထားများ ထွက်ပေါ်လာခဲ့သည်။ New York Times သတင်းဌာနက ဖော်ပြခဲ့သော ဗီဒီယို မှတ်တမ်း တစ်ခုတွင် သမ္မတ ဘာရှာ အာဆက်ဒ်၏ သစ္စာတော်ခံ တပ်သား (၇)ဦးကို ဆီးရီးယား သူပုန်များက သတ်ဖြတ်နေပုံကို တုန်လှုပ် ခြောက်ခြားဖွယ် တွေ့ရှိရသည်။ ဆီးရီးယား စစ်သားများကို အဝတ်အစားများချွတ်ကာ မြေကြီးပေါ် တွန်းလှဲပြီး သူပုန်တပ်ဖွဲ့ဝင် အများအပြားက ၎င်းတို့ကို ကန်ကျောက် နှိပ်စက်မှုများ ပြုလုပ်ခဲ့သည်။ ယင်းစစ်သားများအနက် အချို့သည် ကျောဘက်နှင့် လက်မောင်းတို့တွင် ဆိုးဆိုးရွားရွား ဒဏ်ရာများ ရရှိထားသည်ကို တွေ့ရသည်။

အဆိုပါ စစ်သည်များ၏ ဦးခေါင်းကို သေနတ်ဖြင့် တေ့ကာ ပစ်မသတ်မီတွင် ဦးလေးကြီးဟု အများက ခေါ်ဝေါ်သည့် သူပုန်အဖွဲ့ခေါင်းဆောင် အက်ဘ်ဒူလ်ဆာမက်ဒ် အစ်ဆာက ရိုးရာ ကဗျာတစ်ပုဒ်ကို ရွတ်ဖတ်ခဲ့သည်။ ထို့နောက် ပထမဆုံး ကျည်ဆန်ကို ၎င်းကိုယ်တိုင် ပစ်ခတ်ခဲ့သည်။ "နှစ်ပေါင်း(၅၀)လောက် ကြာညောင်းအောင် သူတို့တွေဟာ အကျင့်ပျက် ခြစားမှုရဲ့ နောက်လိုက်တွေ ဖြစ်ခဲ့ကြတယ်။ ကျုပ်တို့ဟာ ဘုရားသခင်ကို တိုင်တည်တယ်။ ကျမ်းကျိန်တယ်။ ကျုပ်တို့ လက်စားချေမယ်"ဟုလည်း ၎င်းက ပြောကြားခဲ့သေးသည်။

အဆိုပါ ခြောက်ခြားစရာ ဖြစ်ရပ်သည် (၂၀၁၂)ခုနှစ်၊ ဧပြီလက ရိုက်ကူးထားသည့် မှတ်တမ်း ဗီဒီယိုထဲမှ ပုံရိပ်လည်း ဖြစ်သည်။ ယခုဗီဒီယိုကို သူပုန်တပ်ဖွဲ့ဝင်ဟောင်း တစ်ဦးကိုယ်တိုင်က မိမိအနေဖြင့် ယင်းရက်စက် ကြမ်းကြုတ်မှုများကို စိတ်ပျက်ကြောင်း ဝန်ခံပြီး New York Timesသို့ လက်လွှဲပေးခဲ့ခြင်း ဖြစ်သည်။ ပစ်သတ်ခံရသော ဆီးရီးယား စစ်သားများ၏ အလောင်းများကိုမူ ရေတွင်းဟောင်း တစ်ခုထဲတွင် စွန့်ပစ်ခဲ့ကြသည်။ အစ်ဆာသည် ယခုသုတ်သင်မှုကို ဗီဒီယို ရိုက်ကူးထားရန် ကိုယ်တိုင် ညွှန်ကြားခဲ့ပြီး ထိုဗီဒီယိုကို ပြသကာ တော်လှန်ရေးအတွက် ရန်ပုံငွေ ရှာဖွေရန် ရည်ရွယ်ခဲ့ကြောင်း သိရသည်။

ဆီးရီးယား အစိုးရသည် မိမိတို့၏ စစ်သားများကို သူပုန်များက ရက်စက်စွာ သတ်ဖြတ်နေခြင်းကို နိုင်ငံတကာက သိရှိနိုင်မည် မဟုတ်ဟု ဝေဖန်ခဲ့ဖူးသလို ဆီးရီးယား ကာကွယ်ရေး ဝန်ကြီးက မိမိတို့၏ လေတပ်ပိုင်းလော့ တစ်ဦးကို ခေါင်းဖြတ်ကာ ဆီပူအိုးထဲ ထည့်ကြော်သည့် ဗီဒီယိုမျိုးကို ကြည့်ရှုဖူးကြောင်း ပြောကြားခဲ့ဖူးသည်။ ယခင်ကလည်း ဆီးရီးယား သူပုန်တပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးသည် စစ်သားတစ်ဦး၏ အလောင်းကို ဓားတစ်ချောင်းဖြင့် လှီးဖြတ်ကာ အသည်းနှလုံးထုတ်ပြီး တစ်ဖဲ့ယူစားပြဖူးသည့် စက်ဆုပ်ဖွယ်ရာ ဗီဒီယို မှတ်တမ်းမျိုး ထွက်ပေါ်ခဲ့ဖူးသည်။

Planet Myanmar Network

Android နောက်ထပ်မျိုးဆက်သစ် သို့မဟုတ် KitKat


Google ရဲ့  နောက်ဆုံးထွက် Android ကိုပေးထားတဲ့ အမည်က KitKat ပါ။ ထွက်တော့ မထွက်သေးပါဘူး။ ကြိုတင် ကြေညာထားခြင်းသာ ရှိပါသေး တယ်။

ဒီအတွက် Marketing ကိုတော့ စတင်လုပ်ဆောင်နေပါပြီ။ KitKat ချော ကလပ် ဘီစကစ် ချောင်းများကို လိုက်လံ ဝေမျှကျွေးမွေးခြင်း ဖြစ်ပါတယ်။ ဒီတော့ Jelly Bean မျိုးဆက် ကုန်ဆုံးတော့မှာပါ။ 4.3 API level 18 ပြီးတော့ ဆက်ထွက်ဖို့ မရှိတော့ပါဘူး။ KitKat မျိုးဆက် စတင်တော့ မှာ ဖြစ်ပါတယ်။ Honey Comb, Ice Cream Sandwich, Jelly Bean အစရှိသဖြင့် စားစရာမုန့်တွေနဲ့ပဲ အမည်ပေးသွားတာပါ။ ဒီတစ် ခါ ပေးလိုက် တဲ့ KitKat က လည်း စားစရာပါပဲ။ Nexus စမတ်ဖုန်းနဲ့ Tablet တွေမှာ ပထမဆုံး မြင်တွေ့ရမယ်လို့ ဆိုပါတယ်။

ယင်းအတွက် Kit Kat မိတ်ဆက်ပွဲကို Google ရဲ့  Android Division က သီးသန့် ပြုလုပ်အုံးမှာပါ။ ကမ္ဘာ့ လူသုံး အများဆုံး မိုဘိုင်းဖုန်း OS အဖြစ် စံချိန်တင်ထားတဲ့ Android ဟာ Kit Kat ကို အကောင်းဆုံး စမတ်ဖုန်း OS အဖြစ် မြင်တွေ့စေရမယ်လို့ ပြောဆိုထားကြောင်း သိရပါတယ်။

Ref: pocketlint
Aung Kham (ရိုးရာလေး)

ရေပုပ်နံ့ထွက်သော ပန်းအိုးကို ဘယ်လိုဆေးမလဲ


(၁)ဗနီကာနှင့်ဆား
ဆားစားပွဲဇွန်းတစ်ဝက်ကို ဗနီကာနှင့် ပျစ်အောင် ရောပါ။ (၁၀)မိနစ်ခန့်ထားပြီး ရေမြုပ်သို့ ပုလင်း ဆေးသည့် Brush နှင့်ဆေးချလိုက် ပါ။
(၂)အက်စ်ပရင်ဆေးပြား
ပထမဆုံးလက်ဝင်ဆန့် သောအိုးဖြစ်ပါက လက်နှင့်လည်း ကောင်း၊ ရေမြုပ်နှင့်လည်းကောင်း၊ ရေနွေးပူပူနှင့်ဆေးကြောပါ။ ထို့ နောက် ရေနွေးထဲသို့ အက်စ်ပရင် ဆေး ပြား(၂-၃)ပြားထည့်ပြီး ခေတ္တထား၍ ဆေးကြောလိုက်လျှင် အနံ့ကင်း၍ သန့်ရှင်းသွားပါမည်။
(၃)မုန့်ဖုတ်ဆိုဒါနှင့်ဗနီကာ
ပန်းအိုးထဲသို့ ရေနွေး ထည့်ပါ။ ထို့နောက် မုန်ဖုတ်ဆိုဒါ နှင့် ဗနီကာကို ထည့်လိုက်ပါ။ အမြုပ် တစီစီထွက်လာသည်ကို တွေ့ရပါ မည်။ ပြီးနောက်မှ ဆေးကြောလိုက် ပါ။ ပြောင်လက်အနံ့ကင်းသောပန်းအိုး ကို တွေ့ရှိရပါမည်။

ဒေါန facebook
Health Updates Journal

လေ့ကျင့်ခန်းလုပ်ပြီး ရေချိုးခြင်း၏ အစွမ်း


လေ့ကျင့်ခန်းလုပ်ပြီး ရေချိုးခြင်း၏ အစွမ်းလေ့ကျင့်ခန်းတွေ လုပ်ပြီးတိုင်း ရေ ချိုးတာဟာ ခန္ဓာကိုယ်ကို သန့်ရှင်းစေရုံ သာမက ကိုယ်အလေးချိန် ကိုပါ ကျစေ ပါတယ်။ စိတ်ဖိစီးမှုကို လျော့ကျတဲ့ အ ပြင် ကိုယ်ခံအား ကောင်းစေတာကြောင့် အားကစား လုပ်သူတွေ အတွက် ရေချိုး တာရဲ့ အကျိုးကို ဖော်ပြလိုက် ရပါတယ်။

(၁) တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် ကောင်းခြင်း

ကိုယ်လက်လေ့ကျင့် လုပ်ပြီးတဲ့ အ ခါ ချွေးတွေထွက်တာမျိုး၊ အားကစား လုပ်တဲ့အခါ တခြားသူတွေနဲ့ ထိတွေ့ရ တာမျိုးတို့မှာ ရေချိုးပေးတာဟာလည်း တွေမှာလည်း ရေကူးပြီးတိုင်း ရေ ပြန်ချိုး ဖို့ မမေ့သင့်ပါဘူး။ ဘာလို့လဲဆိုတော့ ရေကူးကန်တွေဟာ ရေသန့်စင်ဖို့အတွက် ကလိုရင်းဒြပ်စင်တွေ ထည့်ထားတာ ကြောင့် အသားအရေနဲ့ ဆံပင်တွေကို ပျက်စီးစေလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရေကူးကန်က ထွက်လာတိုင်းတဘက်နဲ့ ရေသုတ်ရုံ ပြီးစလွယ် အကျင့်ကိုတော့ တစ်ကိုယ်ရေ သန့်ရှင်းရေး အတွက် ရှောင် သင့်ပါတယ်။

(၂) နာကျင်မှုကို သက်သာစေခြင်း

အားကစား အပြင်းအထန်လုပ်ပြီး တဲ့အခါ ကြွင်းသားတွေ နာကျင် ကိုက်ခဲ ပြီးကျန်ခဲ့တတ်ပါတယ်။ ဒါတွေကို သက် သာဖို့ ရေခဲရေနဲ့ နာနေတဲ့နေရာ တွေကို လောင်းချိုးပေးလို့ ရပါတယ်။ မနက်ပိုင်း အိပ်ရာထလို့ ကိုယ်လက်တွေ တင်းတင်း ကြီးဖြစ်နေတယ် လို့ ခံစားနေရရင်လည်း ရေနွေးနွေး လေးနဲ့ ချိုးပေးတာဟာ သွေး လည်ပတ်မှုကောင်းစေတဲ့ အပြင် ကြွက်သားနာကျင် တာလည်း လျော့နည်းစေ မှာပါ။

(၃) ကိုယ်အလေးချိန် ကျစေခြင်း

လေ့ကျင့်ခန်းတွေ လုပ်ပြီးလို့ ရေ အေးအေးနဲ့ ရေချိုးလိုက်တာဟာ ကယ် လိုရီတွေကို လောင်ကျွမ်းစေပါတယ်။ ဘာလို့လဲဆိုတော့ ရေအေးနဲ့ ရေချိုးတဲ့ အခါ ခန္ဓာကိုယ်ကအအေးဓာတ် ခံနိုင် မယ့်အပူတွေကို ထုတ်ပေးနေရတဲ့အ တွက် ဇီဝရုပ် ဖြစ်ပျက်မှု ( Metabolism) က ၅၅၀ ရာခိုင်နှုန်းအထိ အသုံး ပြုရပါတယ်။ ဒါကြောင့် ကယ်လိုရီတွေ အများအပြားလောင်ကျွမ်းသွားတာကြောင့် ကိုယ်အလေးချိန် ကျနိုင်ပါတယ်။

(၄) ကျန်းမာပြီး စိတ်ကြည်လင်နေခြင်း

လေ့ကျင့်ခန်း လုပ်တဲ့ နေရာတချို့ မှာဆို ရေချိုးတာကို လေ့ကျင့်ခန်းရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ အားပေးထားပါ တယ်။ ဘာကြောင့်လဲဆိုတော့ ရေအေးနဲ့ ရေချိုးတဲ့အခါ ကိုယ်ခံစွမ်းအားကို မြှင့်တင် ပေးနိုင်တဲ့ ဂလူတာသိုင်အုန်း (Glutathione) ဟော်မုန်းထွက် လာပြီး ခန္ဓာ ကိုယ်ကို ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိ တွေ ပေးနိုင်တာကြောင့် ဖြစ်ပါတယ်။

အိဖြူ (ဆေးဝါးတက္ကသိုလ်)

BY GOOD HEALTH

ရွှေရောင်လွှမ်းသည့် အပြန်လမ်း


မြစ်ကမ်းနံဘေး မြက်ခင်းပြင်က ကြယ်စင် အိမ်ရာ စီမံကိန်း ခေါ် (Star City) အရောင်း ပြခန်း ကို ရောက်ဖို့ ခပ်စုတ်စုတ် ရန်ကုန် ဇနပုဒ်ကို ဖြတ်ပြီး ၁ နာရီ ကျော်ကျော်လောက် သွားရပါသည်။ မုတ်သုံ မိုးတွင်းမှာ ခလုတ် ကန်သင်းတွေကို ကျော်နင်းပြီးမှ ရောက်သွားရသည့် ပြယုဂ် ကောင်းကောင်း အိမ်ရာ အရောင်း ပြ ခန်းသည် အမော ကိုလည်း ပြေစေပြီး နားလည် ရလည်း ခက်စေပါ သည်။ အရောင်း သမား တစ်ယောက်က ကွန်ပျူတာ ဖန်သားပြင်ပေါ်မှာ ကွန်ဒိုမီနီယံ ဒီဇိုင်းတွေနှင့် အိမ်ခန်း ပုံစံတွေကို ပြသောကြောင့် ဘယ်လို လူမျိုးတွေများ ဒီလို ခပ်ခေါင်ခေါင် အရပ်မှာ လာနေကြ ပါလိမ့်မလဲဟု ကျွန်တော် သိချင်လာ သည်။
မိုးတိတ် သွားသည့် အခါမှာ အပြင်ကို ထွက်ပြီး မြစ် အထက်ဘက်ကို ကြည့်လိုက်စဉ် ရွှေတိဂုံ စေတီတော်ကြီး ကို အတိုင်းသား ဖူးမြင်ရပါသည်။ ဒီအခါ မှာပဲ စတားစီးတီး အိမ်ရာ စီမံကိန်းက အိမ်ခန်းတွေကို ဝင်ငွေ အလတ်တန်း မိသားစုဝင်တွေ အတွက် ဒေသခံတွေက ပေါပေါ မြန်မြန် ဝယ်ယူနေရသည့် အကြောင်းရင်းကို သဘောပေါက် လိုက်မိသည်။ ဧက ၄ဝဝ ရှိသည့် သည် အိမ်ရာသည် ရန်ကုန်မြို့ထဲသို့ ဖယ်ရီလိုင်းနှင့် ဆက်သွယ် ထားမည်ဖြစ်ပြီး မြစ်အောက်ဘက် က ဂျပန် အကူအညီ ဆိပ်ကမ်းနှင့် လည်း လမ်းဖောက် ထားမည် ဖြစ်သည်။ လူနှစ် သောင်း ငါးထောင် လောက်နေရန် စီစဉ် ထား သည့်သည် လူ့အသိုက်အမြုံသည် လူဦးရေ ငါးသန်းကျော် ရှိသည့် ရန်ကုန် နှင့် အသွားအပြန် လုပ်ရန် ကိုယ်ပိုင်ယာဉ် လိုင်း ထူထောင် ထားဦးမည် ဖြစ်သည်။ ငြိမ်းချမ်း ကြွယ်ဝမှု၏ အလားအလာပင်။
စတားစီးတီး၏ နောက်ကွယ်တွင် ၁၉၉ဝ ခုနှစ်များက မြန်မာပြည် သို့ ဆောက်လုပ်ရေးနှင့် ဘဏ် လုပ်ငန်း အင်ပါယာ ထူထောင်ဖို့ကို ပြန်ရောက်လာ သည့် ပြည်ပြေးဟောင်း မစ္စတာ ဆာ့ဂ်ျပန်း ဖြစ်ပါသည်။ ထို့နောက် ဆယ်စုနှစ် တစ်ခုလောက် အကြာမှာ သူ့ ဘဏ်လုပ်ငန်း  ပြိုကျလု နီးပါး ဖြစ်ခဲ့ရသေးသည်။ စစ် အာဏာရှင် စနစ် အောက်မှာတုန်းက သည် စတား အိမ်ရာ စီမံကိန်းသည် အနာ ဂတ်အကျိုး အတွက် အိပ် ထားရသည့် မိုးနှောင်း ခံမြေ ဖြစ်ပါသည်။
ခရိုနီ အရင်းရှင် စနစ်ကို ပြောင်းလဲ နေသည့် အပိတ် စီးပွားရေး စနစ်မှာတရုတ် နွယ်ဖွား မစ္စတာ ‘ဆာ့ဂ်ျပန်း’ သည် တစ်ချိန်တည်း မှာ အတွင်း လူတစ်ယောက် လည်းဖြစ် သလို စူးစမ်းချင်စိတ် အပြည့် နှင့် အပြင်လူ တစ်ယောက်လည်း ဖြစ်သည်။ သူသည် လူမုန်းများမှာ မကြောက်သလို ခြစားမှုတွေကို အားပေးအား မြှောက် မလုပ်သည့် စည်းကမ်းမူ ဘောင်ရှိ စီးပွားရေးသမား တစ်ယောက်၏ စတိုင် ကို ဖမ်းယူထားသူ ပင်ဖြစ်သည်။ မြို့ပတ် လည် ဇနပုဒ်တွင် ယခုလို မြို့ဝင်တံခါး တပ် အိမ်ရာ စီမံကိန်းတွေ ကို စွဲစွဲမက် မက်ဆောက်နေ ရသည့် အကြောင်း အရင်း ကိုက သူ၏ အတွင်းလူ အပြင်လူ သဘာဝ နှစ်ခုစလုံး  ပါသည့် ဒွိသဘောကို ပြနေသည်။ သူ၏ နောက်ထပ် စီမံ ကိန်းကြီး တစ်ခု ကတော့ စတားစီးတီး အိမ်ရာ စီမံကိန်းနဲ့ အပြိုင် ဆယ်စုနှစ် နှစ်ခုလောက် ချောင်ထိုး ထားပြီး သန်းတစ်ရာလောက် တန်ဖိုး ရှိသည့် ၉ ဒသမ ၆ ဧက အကျယ် စွယ်စုံသုံး မြို့လယ်ခေါင် စီမံကိန်းတစ်ခု ပင် ဖြစ်သည်။
သူ့ရည်မှန်းချက် တွေက သည် ဆောက်လုပ်ရေး လုပ်ငန်းတွင်ပင် အတော မသတ်ခဲ့ပေ။ ပင်မ လုပ်ငန်းကြီး တစ်ခုဖြစ်သည့် (FMI) သည် စိုက်ပျိုး ရေး လုပ်ငန်း ၊ မော်တော်ယာဉ် ဖြန့်ချိရေး လုပ်ငန်း၊ ခရီးသွား လုပ်ငန်း၊ ပြည်တွင်း လေကြောင်း လုပ်ငန်းနှင့် လက်လီဆိုင် လုပ်ငန်း များကိုလည်း လုပ်ပါသေးသည်။ လုပ်ငန်း အသစ်၊ စီးပွားရေး စွန့်စားမှု အသစ် မလုပ် ဖြစ်သည့် ‘လ’ ဟူ၍ မရှိ သလောက်ဖြစ်သည်။ မြန်မာပြည်မှာ စီးပွားဘက် ရှာဖို့ ဆိုရင် အနောက်နိုင်ငံ နှင့် အာရှ လုပ်ငန်းရှင်များ အ တွက်  နိုင်ငံ ခြား အတွေ့အကြုံ ရှိပြီး ဥပဓိ ရုပ်ကောင်း သည့် ပန်းသည် မဖြစ်မနေ တွေ့ရမည့် လူတစ်ယောက် ဖြစ်သည်။ ကမ္ဘာနှစ်ခု ကြားက တံခါး တစ်ခု ဖြစ်သည်။
ဟောင်ကောင်တွင် သူ၏ ပထမဆုံး ကုမ္ပဏီကို တည်ထောင်ခဲ့သည်။ စင်ကာပူတွင် သူ၏ ရိုးမဗျူဟာ ဦးပိုင် ခေါ် Yoma Strategic Holdings ကို မှတ် ပုံတင်ထား၏။ ယင်းနှစ်မြို့ စလုံးတွင် အမြဲ နေထိုင်ခွင့် ရထားသူလည်း ဖြစ်သည်။ နိုင်ငံတကာ ကုမ္ပဏီ များက သူ့အား နိုင်ငံခြားသား ဟု မှတ်ယူကြပြီး မြန်မာ အစိုးရက မူ သူ့အား မြန်မာ ကုမ္ပဏီဟု ထင်မှတ်ကြောင်း ကျွန်တော့် ကို သူက ပြောသည်။
ကြယ်စင် အိမ်ရာ စီမံကိန်းသို့ ကျွန် တော်သွားစဉ်က သူ့အား မတွေ့ရှိခဲ့ရဘဲ ပေကျင်းမြို့ ဟိုတယ် တစ်ခုတွင် သာ တွေ့ဆုံခဲ့ ရသည်။ ငွေရောင် ဆံပင်ထူထူ၊ အစင်း အကြောင်း မဲ့ နဖူးပြင်နှင့် ဘောင် ပျောက် မျက်မှန်ကိုင်း တပ်ကာ၊ အရင်းအချာ ဦးလေး တစ်ဦးလို နှစ်လိုဖွယ် စကား ပြောဆိုတတ်သည့် အသက် ၆ဝ အရွယ် လူကြီး တစ်ဦး ဖြစ်သည်။ ဇွဲကြီးကာ လိမ္မာ ပါးနပ်သည့် အရောင်းအဝယ် သမား တစ်ဦးအဖြစ် ဂုဏ်သတင်း ကြီးသော်လည်း စားသောက်ပွဲ ကျသင့်ငွေရှင်းသည့် အခါ တရုတ် အမျိုးသမီး စားပွဲထိုးကို ၃၄ ဒေါ်လာ  ပိုတောင်းသည်ဟု ဆိုကာ ဆူပူလေတော့သည်။ ယင်းမှာ ကျွန်တော့် အား သူ၏ စေ့စပ်သေချာမှုကို ပြသခြင်း လား သို့မဟုတ် အမှန် တကယ်ပင် ဆူပူ ကြိမ်း မောင်းခြင်းလား ဆိုသည်ကိုမူ ကျွန်တော် မကျိန်းသေပေ။ သူ၏ သြရသ သားကြီး FMI အရာရှိချုပ် မယ်လဗင်ပန်းက သူ၏ ဖခင်မှာ ဖော်ရွေပြီး အလုပ် စွဲနေသူ တစ်ဦးဖြစ်ကာ ပုဂ္ဂလိက ဘဝနှင့် လုပ်ငန်းခွင် ဘဝမှာ တစ်ထပ်တည်း ဖြစ် နေသူ ဖြစ်ကြောင်း ပြောပြသည်။
သူ၏ မြန်မာ အမည်မှာ ဦးသိမ်း ဝေဖြစ်ပြီး သူ့အား Burma’s Mr. Clean ဟုခေါ်ဆိုမှုကို လွန်စွာ ဂုဏ်ယူ တတ်သူဖြစ်သည်။ အလို ရမ္မက်ကြီးသည့် ဗိုလ်ချုပ်ကြီးများကို ”No” ဟု ငြင်းဆို ရဲသူဖြစ်သည်။ သို့သော် နိုင်ငံခြားသား အကြံပေး တစ်ဦး ကမူ အုပ်ချုပ်ရေး ပိုင်းမှာ အဆက် အသွယ် မရှိဘဲ ဒီနေ့ ဆာ့ဂ်ျပန်း ရောက်နေတဲ့ နေရာမျိုး သင် မရောက်နိုင်ပါဟု ပြောခဲ့ပါသည်။ မြန်မာနိုင်ငံတွင် လာဘ်ပေးလာဘ်ယူ အများဆုံး ဖြစ်သည့် ၁၉၉ဝ ကာလများတွင် ဘဏ် လုပ်ငန်းလိုင်စင်နှင့် အလွန် ကျယ် ပြန့်လှ သည့် မြေယာ ပိုင်ဆိုင်ခွင့် ကို ပန်း ကရရှိခဲ့သည်။ အစိုးရ အတွင်းမှ လက် တွေ့ အလုပ်လုပ် သူများနှင့်သာ လုပ် ကိုင်ခဲ့ပြီး သူရရှိခဲ့သည့် လုပ်ပိုင်ခွင့် နှင့် မြေယာ များမှာ လုပ်ရည် ကိုင်ရည် ကြောင့် ရထားခြင်း သာဖြစ်ပြီး မျက်နှာ သာပေးခံ ရမှုကြောင့် မဟုတ်ကြောင်း ပန်းက အခိုင်အမာ ပြောဆိုခဲ့၏။
ဆိုရှယ်လစ် ထိန်းချုပ်မှုများကို စတင် လျှော့ပေးနေသည့် ၁၉၈၉ ခုနှစ် တွင် နိုင်ငံခြား၌ ၂၄ နှစ်နေပြီး ပထမဆုံး အကြိမ် မြန်မာပြည်သို့ ပြန်လာခဲ့သည်။ အခွင့် အရေး များကို စနည်းနာ ရင်း စစ်တပ်အရာရှိ တစ်ဦး၏ မိတ်ဆက်ပေးမှုဖြင့် ထိုအချိန်က ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေး ဝန်ကြီး ဗိုလ်မှူးချုပ် ဒေးဗစ်အေဘယ် ကို တွေ့ဆုံခွင့် ရခဲ့သည်။ ထို့နောက် အစိုးရပိုင် ဟိုတယ် တစ်ခုကို လုပ်ကိုင်ခွင့် ရရန် ကြိုးစား ခဲ့သော်လည်း ဝန်ကြီး အသစ်က သူ၏ ပြိုင်ဘက် တစ်ဦး အား လုပ်ပိုင်ခွင့် ပေးခဲ့၍ ယင်းဟို တယ် ရှေ့မှ နောင်နှစ် အနည်းငယ်ကြာသည့် တိုင်အောင်ပင် ကား ဖြတ်မမောင်းနိုင် လောက်အောင် စိတ်နာခဲ့ ရသည်ဟု ‘ပန်း’ က ပြောခဲ့သည်။
၁၉၉၄ ခုနှစ်တွင် ရန်ကုန် အနောက် ဘက်ကမ်း စက်မှုဇုန် အနီး ဧက ၅ဝဝ အကျယ်ဝင်း တံခါးတပ် FMI မြို့တော် ကို တည်ထောင်နိုင်ခဲ့ကာ မြေပိုင်ဆိုင် ခွင့် ကို ရောင်းချ ခဲ့ပြီး စီမံခန့်ခွဲ အခငွေ ကြေးကောက်ယူခဲ့သည်။ ထို့နောက် သူ၏ အကောင်းမြင် ဝါဒကို မိသားစုဝင် တွေအကြား ဝေမျှခဲ့ကာ (ဖခင်ကြီးကွယ် လွန်ပြီး) မိခင်ကြီးနှင့် သူ ၏ မွေးချင်းများ ကို ဆယ်စုနှစ် များစွာ ကွဲကွာပြီးနောက် မြန်မာပြည် တွင် ပြန်လည် စုစည်းခဲ့သည်။
ပန်းသည် ချမ်းသာကြွယ်ဝမှု ဆီသို့ ခလုတ် ကန်သင်းများနှင့် စခဲ့ရသူ ဖြစ် သည်။ ၁၉၆၂ မျက်ကန်းမျိုးချစ် ဗိုလ်ချုပ် နေဝင်း အာဏာ မသိမ်းခင် အချိန်ထိ ပန်း၏ ငယ်ဘဝ သည် တရုတ်နွယ်ဖွား ဘဏ် လုပ်ငန်းရှင် တစ်ဦး၏ သားဖြစ်သည့် အားလျော်စွာ သက်သောင့်သက်သာ ရှိခဲ့ပါသည်။ ၁၉၆၅ ခုနှစ်တွင် တရုတ် ဆက်သွယ်ရေး ဘဏ်တွင် အလုပ် လုပ်သည့် လက်ဝဲ ဝါဒီ ဖခင်ဖြစ်သူက မိသားစု တစ်ခုလုံးအား ပေကျင်းသို့ ပြောင်းရွှေ့ အခြေချခဲ့သည်။ ပန်းနှင့် သူ၏ အစ်ကို တို့သည် ဝှာချောင်ခေါ် နိုင်ငံ ရပ် ခြားမွေး တရုတ်များ အတွက် ဖွင့်လှစ် သည့် ကျောင်းကို တက်ခဲ့ရသည်။
တရုတ်ပြည် ရောက်ပြီး ၉ လခန့် အကြာတွင် ယဉ်ကျေးမှု တော်လှန်ရေး စတင်ဖြစ်ပွားခဲ့သည်။ တင်းကျပ်သည့် ကျောင်း စည်းကမ်းများမှ လွတ်မြောက် ပြီး ”ပန်း” လည်း တပ်နီ လူငယ် ဖြစ်ခဲ့ လေ၏။ တော်လှန်သော တပ်နီလူငယ် တို့၏ အလေ့အထ အတိုင်း စာလုံးကြီး များနှင့် ပိုစတာများ ကိုရေးဆွဲ၊ စက်ဘီး ဖြင့် တစ်နိုင်ငံလုံး ကို ခြေဆန့်ခဲ့သည်။ နောင်လေးနှစ် အကြာတွင် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၏ အစောင့် အရှောက်ခံ လယ်သမား များနှင့်အတူ နေရန် နယ်စပ် ဒေသသို့ ‘ပန်း’ သည် အပို့ခံ ခဲ့ရဖူးသည်။
၁၉၇၃ ခုနှစ်တွင် တရုတ် နယ်ခြား ထိန်းချုပ်မှုများ ဖြေလျှော့ခဲ့ သည့် အတွက် မိသားစု နောက်လိုက်ရန် ဗြိတိသျှ အအုပ်ချုပ်ခံ ဟောင်ကောင်သို့ ဟောင်ကောင် ၅ ဒေါ်လာ အိတ် ထဲ ထည့်ပြီး ကူးလာခဲ့သည်။ ”တစ်နေရာက တစ်နေရာကို မိုင်နဲ့ ချီလမ်းလျှောက်ရ ပြီး အင်မတန် ဝေးလံသီ ခေါင်တဲ့ အရပ် ကနေ ဟောင်ကောင် ကို ရောက်လာတဲ့ ကျွန်တော်ဟာ ရထားပေါ်ကို တက် လိုက်ရုံနဲ့ အခြားကမ္ဘာ တစ်ခုကို ရောက် သွားသလိုပါပဲ”ဟု ပန်းက ပြန်ပြောပြခဲ့ သည်။
 လေဆိုးထုတ် ပန်ကာ အရောင်း သမားဘဝ မရောက်မီ ခဏတာမျှ ဆိပ်ကမ်း အလုပ်သမား ဘဝတွင် ပန်းလုပ်ခဲ့ရ သေးသည်။ တစ်နေ့တွင် လေဆိုးထုတ် စက် အိမ်ပေါက်စေ့ လိုက်ရောင်းရင်း အိမ်၊ ခြံ၊မြေ အကျိုးဆောင် ဂျာမန် လူမျိုး အယ်မာဘုရှ်ခ်ျနှင့် တွေ့လေ၏။  ဘုရှ်ခ်ျ က ပန်း၏ ခပ်ထောက်ထောက် အင်္ဂလိပ် စ ကားနှင့် မောင်းနှင်အား ကို သတိထား မိခဲ့ပြီး နောက် စနေနေ့ တွင် သူ့ထံ ထပ် လာရောက်ရန် မှာကြားသည်။ ထိုနေ့ တွင်ပင် ဘုရှ်ခ်ျက ပန်းကို အလုပ်ပေး ခဲ့ပြီး ပန်းက လည်း သူ့ လေဆိုးထုတ် စက်ဝယ်မှသာ အလုပ်ကို လက်ခံမည်ဟု ပြောသောကြောင့် ၄င်း လေဆိုးထုတ် စက်သည် ပန်း ဘဝတွင် နောက်ဆုံး ရောင်းခဲ့ ရသည့် စက်ပင် ဖြစ်သည်။ သူ့ ဆရာထံမှ စီးပွားရေး လုပ်ငန်း အကြောင်း ကို အိတ်သွန်ဖာမှောက် လေ့လာခဲ့ ရပြီး ဥရောပနှင့် ကနေဒါနိုင်ငံ များသို့ပင် ပန်း ရောက်ခဲ့ ရသေးသည်။ ယခုအခါတွင် တိုရန်တို တွင်နေသော ဆရာဖြစ်သူ ဘုရှ်ခ်ျ ကို Yoma Strategic ၏ အိမ်ရာ လုပ်ငန်းကို စီမံ ခန့်ခွဲရန် ”ပန်း” က ပြန် ငှားထားသည်။
မြန်မာပြည်မှ ဗိုလ်ချုပ်များ ထဲတွင် ပန်းနှင့် အလွမ်းသင့်ခဲ့သူ တစ်ဦးမှာ ဝန်ကြီးချုပ် တာဝန်ကို ခေတ္တယူခဲ့ဖူးသူ ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ် ခင်ညွန့် ဖြစ်ခဲ့ သည်။ (ဗိုလ်ချုပ်ဟောင်း) ဦးခင်ညွန့်ကို အကြောင်းသင့် အကျိုးသင့် ပြောဆိုနိုင်ပြီး ပွင့်လင်း စိတ်ထား ရှိသူဟု ပန်းက ပြောဆိုခဲ့သည်။ ၂ဝဝဝ ခုနှစ် ပန်းလှိုင် ဂေါက်ကွင်း ဖွင့်စဉ်က ဧည့် မှတ်တမ်းတွင် ဗိုလ်ချုပ် ခင်ညွန့်ကိုယ် တိုင် ”တိုင်းပြည် အတွက် စွန့်စားခဲ့သူ (မစ္စတာ ဆာ့ဂ်ျပန်း) သင့်အား ကျေးဇူး တင်ပါသည်”ဟု ရေးပေးခဲ့ကြောင်း ပန်း ထံ မှ သိရသည်။
နောင်လေးနှစ်ခန့် အကြာတွင် ဗိုလ်ချုပ် ခင်ညွန့်နှင့် ထောက်လှမ်းရေး အုပ်စု အရေးယူ ခံခဲ့ရသည်။ မရှေးမ နှောင်း ဆိုသလို ပန်း အင်ပါယာ လည်း ဒုက္ခ ရောက်ခဲ့လေ သည်။ ၂ဝဝ၃ ခုနှစ် ဖေဖော်ဝါရီလတွင် တရားမဝင် ချေးငွေ များ ထုတ်ပေးသည် ဆိုသည့် ကောလာ ဟလများကြောင့် ငွေအပ်နှံ သူများက ပုဂ္ဂလိက ဘဏ် များအပေါ် ယုံကြည်မှု ကင်းမဲ့ကာ ငွေပြန် ထုတ်ယူ ကြသဖြင့် ပြို ကျလုနီး ရိုးမဘဏ်ကို ”ပန်း” က ကယ် တင်ရန် ကြိုးစားရ၏။
ထို့နောက် ယင်း အကျပ်အတည်း ကိုတာဝန်ယူ ဖြေရှင်းသည့် စစ်ဗိုလ်ချုပ် တစ်ဦးနှင့် ဓမ္မာသောက ဖြစ်ခဲ့ရသည်။ ယင်းတာဝန် ရှိသူက ဗဟိုဘဏ်မှ ငွေ ထောက်ပံ့မှု များ ကို ရပ်ဆိုင်းစေခဲ့ပြီး ဘဏ် လုပ်ငန်းရှင် များအား ချေးငွေများကို ချက်ချင်း ပြန်ဆပ်ရန် အမိန့်ပေးခဲ့ကြောင်း ”ပန်း”က ပြောဆိုခဲ့သည်။ ထိုအချိန်မှ စ၍ ခရိုနီစီးပွားရေး လုပ်ငန်း များ စတင် ခဲ့လေသည်။
အကြီးဆုံး ပုဂ္ဂလိက ဘဏ် ၂ ခု ပိတ်ခဲ့ရပြီး ”ပန်း”၏ ဘဏ် လုပ်ပိုင်ခွင့် လိုင်စင် ကိုလည်း ချေးငှားခွင့် တားမြစ် ထားခဲ့သည်။ လုပ်ပိုင်ခွင့် အပြည့်အဝ ရရန် ပြီးခဲ့သည့် စက်တင်ဘာလ အထိ စောင့်ဆိုင်းခဲ့ရသည်။ ၂ဝ၁၁ ခုနှစ် ဦးသိန်းစိန် အစိုးရ တက်လာသည့်အချိန် တွင် လုပ်ပိုင်ခွင့် ပြန်ရရန် မျှော်လင့်ခဲ့ပြီး သမ္မတက သူ၏ နစ်နာမှု များကို အသိ အမှတ် ပြုခဲ့သော်လည်း ထိုစဉ်က ဒု-သမ္မတ ၏ ရုံးခန်းတွင် ပန်း၏ ပြန်လည် လုပ်ပိုင် ခွင့်သည် သောင်တင် နေခဲ့ရသည်။
ဒုသမ္မတ အပြောင်းအလဲကို နောက်ထပ် တစ်နှစ်မျှ စောင့်ဆိုင်းခဲ့ ရပြီး နောက် ရိုးမသည် လုပ်ပိုင်ခွင့် ပြန်ရခဲ့ လေသည်။ သူသည် စစ် အာဏာရှင် ခေတ်ကာလ တစ်လျှောက်လုံး တိုင်းပြည် ဘဏ္ဍာငွေကို အလွဲသုံးစား ပြုခဲ့ သူတို့ အား အောက်ကျို့ ခယမှု မလုပ်ခဲ့သူဟု ပန်းက ပြောဆိုခဲ့သည်။ ထို့ကြောင့်ပင် သူသည် ပီတိဖြစ်နေ ပုံရ၏။ လူအများ က သူ့ကို ”ကျဆုံး” သွားမည်ဟု ထင်ခဲ့ကြောင်း သူ၏ သားကြီး မယ်လဗင်ပန်း က ပြောခဲ့သည်။ ”ပန်း” အတွက် ယင်း အခိုက်အတန့် ကား ”တရား နတ်စောင့် ချိန်” ပင်။
မှတ်ချက် – စက်တင်ဘာ ၂ ရက်နေ့ ထုတ် Forbes မဂ္ဂဇင်းမှ ‘Golden Return: Serge Pun Constructs A Real-Estate Empire In Myanmar’ဆောင်းပါးကို ဆီလျော်အောင်ပြန်ဆိုပါ သည်။
လက်ျာထွန်း

ကျန်းမာရေးနှင့် ပတ်သက်ပြီး ဆီးသွားခြင်း၏ အံ့သြဖွယ်ရာ အချက်များ


မကြာခဏ ဆီးမသွားပါနှင့်

မကြာခဏ ဆီးသွားလွန်း တာကြောင့် ဆီးအိမ်ကြွက်သားတွေ ပင်ပန်းပြီး ဆီးအိမ် အားနည်း တတ်ပါတယ်။ ဆီး မကြာခဏ သွားတတ်တဲ့ အမျိုးသမီးတွေဟာ ဆီး ကုန် စင်အောင် မစွန့်ထုတ်နိုင် တာကြောင့် ရောဂါပိုး ဝင်ရောက်နိုင်ခြေ မြင့်မားပါတယ်။

လက်ဖျက်ရည်ကြမ်း သောက်ပါ

ဘရက်ဘယ်ရီ အရွက်နဲ့ ပြုလုပ်ထားတဲ့ လက်ဖက်ရည်ကြမ်းကို သောက်သုံးရင် ဆီးလမ်းကြောင်း ရောဂါပိုးဝင်တာကြောင့် ဖြစ်ပေါ်တဲ့ နာကျင်မှုနဲ့ ဝေဒနာကြာချိန်ကို လျော့ကျသွားနိုင် ပါတယ်။ ပြဿနာ စဖြစ်ဖြစ်ချင်း ပုံမှန်သောက်သွားရင် အကျိုးသက် ရောက်မှု ကောင်းမွန် တယ်လို့ ဆိုပါတယ်။

အတင်းမညှစ်ပါနှင့်

ဆီးသွားချင်စိတ် ပေါက်လာလို့ အိမ်သာသွားပေမယ့် အိမ်သာရောက်မှ ဆီးမထွက် ရင် ဆီးလမ်းကြောင်း ပိုးဝင်တဲ့ပြဿနာဖြစ်နိုင်ပါတယ်။ ဆီးအိမ်နဲ့ ကျောက်ကပ်တွင်း သို့ ရောဂါပိုး ပျံ့နှံ့ရင် ရောဂါပိုဆိုးနိုင်တာကြောင့် ဆရာဝန်နဲ့ ပြသသင့်တဲ့ အခြေအနေပါ။

ဆေးလိပ်ဖြတ်ပါ

ဆေးလိပ်သောက်တာကြောင့် ဆီးလမ်းကြောင်းတွင်း ပိုးဝင်နိုင်ခြေ မြင့်မားသလို သွေးဖိအားလည်း မြင့်တက်နိုင်ပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်တာကြောင့် ချောင်း ဆိုးနိုင်ပြီး ချောင်းဆိုး တာကြောင့် ဆီးထိန်း ရခက်ခဲတဲ့ ပြဿနာဖြစ်တတ် ပါတယ်။ ဆေး လိပ်သောက်တာကြောင့် ဆီးအိမ်ကင်ဆာဖြစ်နိုင်ခြေလည်း မြင့်မားပြီး ဒီဖြစ်နိုင်ခြေ ဟာ ဆေးလိပ်ဖြတ်ပြီး နှစ်ပေါင်းများစွာကြာတဲ့ အထိ ဆက်လက်တည်ရှိ နေပါတယ်။

ဆီအရောင် ကြည်လင်ပါစေ

သင့်ဆီးအရောင် ကြည်လင်ပြီး အရောင်ဖျော့တော့ဖို့အတွက် ရေများများ သောက်ဖို့ လိုအပ်ပါတယ်။ ဆီးအရောင်ရင့်နေတာ၊ ဒါမှမဟုတ် ဆီးအနည်ထိုင်တာဟာ ရေဓာတ် မလုံလောက်တဲ့လက္ခဏာဖြစ်တာမို့ ရေများများသောက်ပေးပါ။

အောက်ပါ အစာများကို ရှောင်ပါ

ကော်ဖီ၊ အရက်၊ အစပ်စာ၊ အချဉ်အရသာရှိတဲ့အသီးနဲ့ ချောကလက်တွေဟာ ဆီးအိမ်ပြဿနာဖြစ်ဖို့ လှုံ့ဆော်နိုင်ပြီး ဆီးအနည်ထိုင်စေနိုင်ပါတယ်။

Sex လုပ်ပြီးမှာ ဆီးသွားပါ

လိင်ဆက်ဆံမှု ပြုလုပ်စဉ်မှာ ဘက်တီးရီးယား ပိုးတွေဟာ ဆီးထွက်ပြွန်အတွင်း ဝင်ရောက်နိုင်ပါတယ်။ လိင်ဆက်ဆံ အပြီးမှာ ဆီးသွားလိုက် တာကြောင့် ရောဂါပိုးတွေ ကို သန့်စင်လိုက် သလိုဖြစ်သွားပြီး ရောဂါပိုးမဝင်ရောက် နိုင်အောင် ကာကွယ်နိုင်ပါတယ်။

သန့်ရှင်းရေးလုပ်ပါ

မိန်းမကိုယ်နေရာကို သန့်ရှင်းရေးလုပ်ရင် အရှေ့မှအနောက်သို့ ပြုလုပ်သွားရပါ မယ်။ ဒါမှ စအိုမှ ဘက်တီးရီးယားပိုးတွေ ပျံ့နှံ့မှုမရှိအောင် ကာကွယ်နိုင်မှာပါ။

လေ့ကျင့်ပါ

ဆီးသွားစဉ်မှာ ဆီးသွားလိုက်၊ ရပ်လိုက် လေ့ကျင့်ခန်းပြုလုပ်တာကြောင့် သားအိမ် ကွင်းကြွက်သားတွေ တင်းရင်းပြီး သန်မာလာနိုင်ပါတယ်။ အလွန်အကျွံမပြု လုပ်ပါနဲ့။ ကြွက်သားသန်မာဖို့ တစ်နေ့ သုံးကြိမ်ပြုလုပ်ရင် လုံလောက်ပါတယ်။

အမြှပ်ထသော အရည်များကို ရှောင်ပါ

အမြှုပ်ထတဲ့ အရည်တွေဟာ ဆီးလမ်းကြောင်း ပိုးဝင်တဲ့ပြဿနာ ဖြစ်အောင် လှုံ့ ဆော်နိုင်ပါတယ်။ ဆီးလမ်းကြောင်း ပြဿနာမဖြစ်အောင် ရိုးရိုးရေသာ သောက်သုံးပါ။
ဆီအိမ်ရောင်ရမ်းခြင်းအတွက် ခရင်မ်ဘယ်ရီ ဖျော်ရည်သောက်ပါ
ခရင်မ်ဘယ်ရီ ဖျော်ရည်ကို ပုံမှန်သောက်သူတွေဟာ ဆီးအိမ်ရောင်ရမ်းတာကြောင့် ဖြစ်တဲ့ဝေဒနာတွေကို သက်သာနိုင်ပါတယ်။ ဆီးထဲမှာ ပါဝင်တဲ့ အက်စစ်ပမာဏကို ပြောင်းလဲမှုဖြစ်ပေါ်စေနိုင်တာကြောင့်ပါ။

ဘလူးဘယ်ရီသီးစားပါ

ကျန်းမာရေး ကောင်းမွန်စေနိုင်တဲ့ ဘလူးဘယ်ရီမှာ ဘက်တီးရီးယား တွေကို သေ စေနိုင်တဲ့ အန်သိုစိုင်ယာနိုက်တွေ များစွာပါဝင်ပါတယ်။ ဆီးလမ်းကြောင်းတွင်း ဝင် ရောက်နိုင်တဲ့ အီးကိုလိုင်ရောဂါပိုး ကိုလည်း သေစေနိုင်တာမို့ ဆီးလမ်းကြောင်း ရောဂါ ပိုး ဝင်ရောက်တာအတွက် အလွန်ထိရောက်မှုရှိပါတယ်။

ဒေါက်တာခင်မိုးမိုး

BY GOOD HEALTH

ဆရာတော်ဝီရသူအား ခေါင်းဖြတ်သတ်မည်ဟု နေ့စဉ် ဖုန်းဖြင့်ဆက်၍ ချိန်းချောက်ခံနေရ


မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း၊ နာယကဆရာတော် ဦးဝိစိတ္တာဘိဝံသ(ဆရာတော် ၀ီရသူ) အား ဖုန်းဖြင့်ဆက် ၍ ခေါင်းဖြတ်မည်ဟု ချိန်းချောက်မှုများ နေ့စဉ်ဖြစ်ပေါ်နေသောကြောင့် ဆရာတော်မှ သက်ဆိုင်ရာသို့ အကြောင်းကြားထား ကြောင်း ပြည်သူ့ဆန္ဒသို့မိန့်သည်။ ထိုသို့ချိန်းချောက်မှုများ နေ့စဉ်ဖြစ်ပေါ်နေသောကြောင့် မန္တလေးမြို့ခံများနှင့် ဒကာ၊ ဒကာမ များမှ ဆရာတော်၏အသက်အန္တရာယ်ကို စိုးရိမ်ကြသောကြောင့် ဆရာတော်၏တရားပွဲများ လုံခြုံရေးလိုက်ပါဆောင်ရွက်နေကြ ကြောင်းသိရသည်။


“အမြဲတမ်းချိန်းချောက်ခံနေရတယ်၊ ချိန်းချောက်တဲ့သူကို ပြန်မေးတိုင်း မကြားဝံ့မနာသာတွေ ဆဲဆိုပြီးတော့ ဖုန်းကို ချ- ချပစ်တယ်၊ ပြီးရင် ပြန်ခေါ်တယ်၊ ဘုန်းကြီးအနေနဲ့ကတော့ ချိန်းချောက်သူတွေကို ရပ်တန်းကရပ်ဖို့ မေတ္တာရပ်ခံချင်တယ်၊ ဘုန်းကြီးနဲ့ပတ်သက်တဲ့လူတွေကိုလည်း ဆဲတာဆိုတာတွေရှိတယ်၊ ဆဲတာ ဆိုတာလောက်ဆိုရင်တော့ သက်ဆိုင်ရာကို အကြောင်းမကြားပါဘူး၊ ခေါင်းဖြတ်မယ်လို့ ချိန်းချောက်နေတော့ သက်ဆိုင်ရာကို အကြောင်းကြားရတယ်၊ ကြောက်လို့တော့ မဟုတ်ဘူး၊ မလိုလားအပ်တဲ့ပြဿနာတွေ ရှုပ်ထွေးကုန်မှာကို ဘုန်းကြီးအနေနဲ့စိုးရိမ်တယ်၊ ဘာသာရေးခေါင်းဆောင်တွေကို လည်း ဆရာတော့်အနေနဲ့ မေတ္တာရပ်ခံချင်တယ်၊ စံနစ်တကျ ထိန်းသိမ်းကြဖို့လိုတယ်၊ အခုဟာက တစ်ဖက်သတ် ချိန်းချောက် တိုက်ခိုက်မှုတွေဖြစ်နေတယ်၊ ဆရာတော့်အနေနဲ့ ဘာသာရေးဝါဒ လုံးဝမဖြန့်ဘူး၊ တကယ်ဖြစ်ပျက်နေတာတွေကိုပဲ ဒကာ ဒကာမတွေသိအောင် ဟောပြောပေးနေတယ်၊ ဒီလိုတွေကြောင့် ချိန်းချောက်ခံနေရတယ်လို့ ဘုန်းကြီးအနေနဲ့ မြင်တယ်၊ အခု နောက်ဆုံးချိန်းချောက်တဲ့ ဖုန်းနံပါတ်တွေကတော့ ၀၉-၄၀၂၆၉၀၉၈၃ နဲ့ +၆၁၄၃၀၄၅၇၁၉ တို့ ဖြစ်တယ်၊ နံပါတ်မပေါ်တဲ့ဖုန်းတွေ နဲ့လည်း ချိန်းချောက်မှုတွေရှိတယ်၊ အသံကတော့ အသက်၅၀ကျော် လူကြီးတစ်ယောက်ရဲ့အသံပဲ၊ ဘေးနားမှာ တီးတိုး တီးတိုး နဲ့ ပြောဆိုသင်ပေးနေတဲ့အသံတွေလည်း ကြားရတယ်၊ Viber ဖုန်းနံပါတ်တွေနဲ့လည်း ၀င်တယ်၊ Viber ဖုန်းနဲ့ကျတော့ လိင်အင်္ဂါ တွေနဲ့ခိုင်းနှိုင်းပြီး ဘာ…ဂတုံး၊ ညာ…ဂတုံး၊ ထမင်းဝအောင်စားထားလို့ ကျိန်းမောင်းတယ်” ဟု ဆရာတော်မှ ပြည်သူ့ဆန္ဒကို မိန့်ကြားခဲ့သည်။

ယခုအခါတွင် ထိုဖုန်းများအား ပြန်လည်ခေါ်ဆိုရာတွင် ဖုန်းများပိတ်ထားကြောင်း သိရသည်။ ပြည်သူ့ဆန္ဒမှ ၄င်းဖုန်း နံပါတ်များအား ဆက်သွယ်ခေါ်ယူရာတွင် စက်ပိတ်ထားသည်ဟုသာ ပြန်လည်ဖြေကြားခဲ့သည်။

မျိုးစောင့်ဥပဒေနှင့်ပတ်သက်၍ ဆောင်ရွက်နေသူများကိုလည်း ဖုန်းဖြင့်ချိန်းချောက်နှောက်ယှက်မှုများရှိနေကြောင်း သိ ရသည်။

ပေးပို့သူ- ကိုကြီးသူရ(မန်း)
by Myanmar News Now

NLDနှင့်တိုင်းရင်းသားပါတီ ၆ ပါတီတွေ့ဆုံဆွေးနွေး


ရန်ကုန်-စက်တင်ဘာ၇

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စတင်တည်ထောင်စဉ်ကတည်းကပင်
အမျိုးသားရင်ကြားစေ့ရေးသည် အဖွဲ့ချုပ်၏
အဓိကလုပ်ငန်းစဉ်ဖြစ်သည့်အလျောက် တိုင်းရင်းသားအားလုံးနှင့်
အမြင်သဘောထားများဖလှယ်နိုင်ရေးကို ယနေ့
နံနက် (၉)နာရီတွင် NLD အဖွဲ့ချုပ်ရုံး၌ တိုင်းရင်းသားပါတီ (၆) ပါတီနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ဆွေးနွေးပွဲသို့ တိုင်းရင်းသားပါတီများဖြစ်ကြသော မွန်ဒီမိုကရေစီပါတီ ၊ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ၊ကမန်အမျိုးသားတိုးတက်ရေးပါတီ၊ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ၊ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် နှင့် ချင်းအမျိုးသားတိုးတက်ရေးပါတီ တို့မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြ သည်။ အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်မှ
ဦးတင်ဦး၊ ဦးဝင်းတင်နှင့် ဒေါ်အောင်ဆန်းစုကြည်၊ဦးဝင်းမြင့် ၊ဒေါက်တာဇော်မြင့်မောင် နှင့် ဦးဇေယျာသော် တို့ 
မှ လက်ခံတွေ့ဆုံ ခဲ့ကြောင်းသိရသည်။
Popular Myanmar News Journal

ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဒီချုပ်နှင့် တိုင်းရင်းသားပါတီများ အပတ်စဉ် စနေနေ့တိုင်း တွေ့ဆုံဆွေးနွေးမည်


ရန်ကုန် -စက်တင်ဘာ ၇
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့်
တိုင်းရင်းသားပါတီများ အပတ်စဉ် စနေနေ့တိုင်း ဒီချုပ်ရုံးတွင်
တွေ့ဆုံဆွေးနွေးကြရန် သဘောတူခဲ့ကြသည်ဟု
ပြန်ကြားရေးတာဝန်ခံ ဦးဥာဏ်ဝင်းက ပြောသည်။
" အဖွဲ့ဝင် ၇ ဦးပါတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကော်မတီကို ကျနော်တို့ မနေ့ကပဲ ဖွဲ့တယ် အဲ့ဒီကော်မတီနဲ့
တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ် ၂ ဦးစီ တွေ့ကြမယ် အပတ်စဉ် စနေနေ့တိုင်း
မနက် ၁၀ နာရီမှာ ပုံမှန်တွေ့ပါမယ် " ဟု ဦးဥာဏ်ဝင်းကပြောသည်။
ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်ရ် ဆွေးနွေးကြရန်အတွက် တိုင်းရင်းသားပါတီ ၁၃ ခုကို
ဖိတ်ကြားခဲ့သော်လည်း အချိန်အခက်အခဲကြောင့်
ယနေ့ဆွေးနွေးပွဲသို့ တိုင်းရင်းသားပါတီ ၆ ခုသာ
တက်ရောက်နိုင်ခဲ့ကြသည် ။
" ဒီနေ့တက်ရောက်လာတဲ့ပါတီတွေကတော့ အပတ်စဉ်ဆွေးနွေးပွဲ
တက်ဖို့ သဘောတူကြပါတယ်" ဟု ၄င်းကပြောသည်။
ယနေ့ှေဆွးနွေးပွဲသို့ တိုင်းရင်းသားပါတီများဖြစ်ကြသော မွန်ဒီမိုကရေစီပါတီ ၊ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ၊
ကမန်အမျိုးသားတိုးတက်ရေးပါတီ၊ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ၊ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် နှင့်
ချင်းအမျိုးသားတိုးတက်ရေးပါတီ တို့မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည်။
ဘာမှ မဆွေးနွေးရသေးပါဘူး လာမဲ့ စနေနေ့မှာတော့ ဖွဲ့စည်းပုံကို ပြင်ဆင်မှာလား
အသစ်ပြန်လည်ရေးဆွဲမှာလားဆိုတာ ဆွေးနွေးကြမယ်
ဟု ၄င်းက ပြောသည်။KYL
Popular Myanmar News Journal

Miss Supranational Myanmar 2013တွင် ဆု၎ဆု ဆွတ်ခူးနိင်ခဲ့သူ ခင်ဝင့်ဝါ မနက်ဖြန် ရန်ကုန်လေဆိပ်သို့ ပြန်လည်ရောက်ရှိမည်


ဘယ်လာရုစ်-စက်တင်ဘာ၇

Miss Supranational Myanmar 2013ယှဉ်ပြိုင်ခဲ့သူ ခင်ဝင့်ဝါ သည်
ယနေ့ စက်တင်ဘာလ (၇)ရက် ဘီလာရုပ်စ်စံတော်ချိန် (၂)နာရီခွဲမှာ Minsk မြို့ တော်မှ ပြန်လည်ထွက်ခွာလာမည်ဖြစ်ပြီး မနက်ဖြန်
စက်တင်ဘာလ(၈)ရက် နေ့ လည် (၁၁း၄၅)နာရီ အချိန်တွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိမည်ဟုသိရသည်။
Miss Supranational Myanmar 2013 - မခင်ဝင့်ဝါ သည် နိုင်ငံတကာအလှမယ်ပြိုင်ပွဲကြီး စကာတင်လက်ရွေးစင်
Finalist စာရင်းဝင် မြန်မာနိုင်ငံ၏ ပထမဆုံးအလှမယ် ဖြစ်လာခဲ့သည့်အပြင် Miss Internet, Most Beautiful Girl in the World,
People Choice Award နှင့် Face of Miss Supranational ဆု(၄)ဆုတို့ ကိုဆွတ်ခူးနိင်ခဲ့သည်။
Popular Myanmar News Journal

အမျိုးသား တစ်သိန်းနဲ့ အိပ်မယ်ဆိုတဲ့ အမျိုးသမီး



မြန်မာ့အလှမယ် ခင်ဝင့်ဝါ ဆုလေးဆုနဲ့အတူ အပြန်ခရီးကို လာရောက်ကြိုဆိုနိုင်


မစ္စစူပရာနေရှင်နယ်ပြိုင်ပွဲကို ၀င်ရောက်ရှင်ပြိုင်ခဲ့တဲ့ မြန်မာ့အလှမယ် ခင်ဝင့်ဝါအနေနဲ့ သူမရရှိထားတဲ့ ဆုလေးဆုနဲ့အတူ စက်တင်ဘာလ ၈ ရက် နံနက် ၁၁း၄၅နာရီမှာ ရန်ကုန်လေဆိပ်ကိုပြန်လည်ရောက်ရှိမှာဖြစ်ပြီး သူမကိုလာရောက် ကြိုဆိုနိုင်တယ်လို့ သိရတယ်။

မစ္စစူပရာနေရင်နယ်ပြိုင်ပွဲကို ၀င်ရောက်ခဲ့တဲ့ ခင်ဝင့်ဝါက မစ်အင်တာနက်ဆု အပါအ၀င် ဆုပေါင်းလေးဆုကို ရရှိခဲ့ပြီး ရတဲ့ ဆုငွေအားလုံးကို ပရဟိတဒါန ပြုသွားမှာဖြစ်ပြီး Miss Supranational Myanmar Organization နဲ့ လက်တွဲပြီး အနုပညာအလုပ်တွေ ဆက်လုပ်သွားမယ်လို့ သိရတယ်။

“ညီမ စကာတင်(၂၀)ထဲမှာပါဝင်ခဲ့ပြီး Miss Internet ဆုရတဲ့အတွက် ၀မ်းသာပျော်ရွှင် ဂုဏ်ယူမိပါတယ်... ဒီဆုတွေက ပရိသတ်ကြီး ပေးခဲ့တဲ့ဆုပါ... ညီမ အနေနဲ့ ဆုငွေအားလုံးကို ပရဟိတ အလှူဒါနပြုသွားမှာဖြစ်ပါတယ်။ညီမ မြန်မာပြည်ကို ရောက်တဲ့အခါ ညီမကို မိသားစုလို ချစ်ခင်ပြီး အကောင်းဆုံးပံ့ပိုးပေးခဲ့တဲ့ Miss Supranational Myanmar Organization နဲ့ လက်တွဲပြီး အနုပညာအလုပ်တွေလုပ်သွားမှာပါ။အဲဒီက ရရှိလာတဲ့ဝင်ငွေရဲ့ ၃၀ရာခိုင်နှုန်းကို လူမှုအကျိုးပြု ပရဟိတအလုပ်တွေ အတွက်လှူဒါန်းသွားမှာဖြစ်ပါတယ်... ညီမ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ မြန်မာတစ်မျိုးသားလုံးအတွက် အကျိုးပြုသွားပါမယ်ရှင့်... ပရိသတ်ကြီးကို အရမ်းချစ်ပါတယ်ရှင့်” လို့ သူမရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ တင်ထားပါတယ်။

ခင်ဝင့်ဝါရရှိခဲ့တဲ့ ဆုတွေက Miss Internet ,Most Beautiful Girl in the World, People Choice Award နဲ့Face of Miss Supranational ဆုတို့ဖြစ်ပါတယ်။ မြန်မာ အလှမယ်ခင်ဝင့်ဝါ
ကစကာတင်လက်ရွေးစင်ဖိုင်နနယ်လစ်စာရင်းဝင်ခဲ့ပါတယ်။
Miss Supranational ဆုကို ဖိလစ်ပိုင်အလှမယ်က ရရှိခဲ့ပါတယ်။

The Modern News Journal

ထိုင်းမှာ တရားမဝင် နေထိုင်သူတွေအတွက် လူမှုစောင့်ရှောက်ရေး အစီအစဉ်သစ်

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ

ထိုင်းနိုင်ငံအတွင်းကို နည်းမျိုးစုံနဲ့ ရောက်နေပြီး မရားမဝင် နေထိုင်နေကြတဲ့ မြန်မာ၊ လောနဲ့ ကမ္ဘောဒီးယား နိုင်ငံသားတွေကို တရားဝင် နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့်နဲ့ ကျန်မာရေး ပညာရေး စောင့်ရှောက်မှု အစီအစဉ်အသစ် တစ်ခုကို ဆောင်ရွက်ဖို့ ထိုင်းဝန်ကြီးချုပ် ယင်လတ်ခ် ချင်နဝပ် ဦးဆောင်တဲ့ အစည်း အဝေးက အတည်ပြုလိုက်ပါတယ်။

အစီအစဉ်အသစ်က အရင်နဲ့မတူတာက တရားဝင် မှတ်ပုံတင်ရာမှာ အလုပ်ရှင်မလို၊ အာမခံတဲ့ ထိုင်းလူမျိုး မလိုတော့ဘဲ ကုန်ကျစရိတ် နည်းနည်းနဲ့ ကိုယ့်ဖာသာကိုယ် မှတ်ပုံတင်နိုင်မှာဖြစ်ပါတယ်။ နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့်နဲ့အတူ ကျန်းမာရေး အစီအစဉ်လည်း ပါဝင်မယ်လို့ ထိုင်း ကျန်မာရေးဝန်ကြီး ဒေါက်တာ ပဒစ်စင်ထဝါ့နရုံးက ဘီဘီစီကို ပြောပါတယ်။

အဲ့ဒီလို တရားဝင် မှတ်ပုံတင်ပြီးရင်တော့ နေရာသတ်သတ်မှတ်မှတ်နဲ့ အဆောက်အဦးတွေလည်း စီစဉ်ဆောင်ရွက်ပေးမယ်၊ ကလေးတွေကတော့ လက်ရှိအတိုင်း အခမဲ့ ကျောင်းနေခွင့်ရမယ်လို့ ဆိုပါတယ်။

ကျန်းမာရေးအတွက် အခမဲ့ ဆေးကုသနိုင်ဖို့အတွက်ကတော့ ကျန်းမာရေး အာခံထားရန်လိုအပ်ပြီး အာမခံငွေက ကလေးတစ်ဦး၊ မိခင်နဲ့ ဖခင် အပါအဝင် ၃ ဦး အတွက် တစ်ရက်ကို ၁၅ ဘတ်လောက် ကုန်ကျနိုင်တယ်။ လုပ်အားခက တစ်ရက်ကို ဘတ် ၃ဝဝ ဖြစ်လို့ လုပ်အားခရဲ့ ၅ ရာခိုင်နှုန်းက ကျန်မာရေးစရိတ် ကုန်ကျမှာဖြစ်တယ်လို့ သိရပါတယ်။

အလုပ်သမားတွေကိုယ်တိုင် မှတ်ပုံတင်မယ့် အစီအစဉ်ကို လာမယ့် လအနည်းငယ် အတွင်းမှာ စတင်နိုင်မှာ ဖြစ်တယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီး ဒေါက်တာပဒစ် စင်ထဝါ့နရုံးက ဘီဘီစီကို ပြောပါတယ်။

ထိုင်းနိုင်ငံအတွင်းမှာ တရားဝင် နိုင်ငံကူးလက်မှတ်နဲ့ အလုပ်လုပ်နေတဲ့သူတွေ မပါဘဲ တရားမဝင် အလုပ်လုပ်နေတဲ့သူက ၃ သန်းလောက်ရှိမယ်လို့ ခန့်မှန်းပြောဆိုမှုတွေ ရှိပါတယ်။

BBC

နိုင်ငံတကာ ဓါတ်ပုံပြိုင်ပွဲ မြန်မာ ဆုရ

Garuda လေကြောင်း ဆုရ ဓါတ်ပုံဆရာ ကိုနေဦး

အင်ဒိုနီးရှား လေကြောင်းလိုင်း Garuda Indonesia က နိုင်ငံတကာ ဓါတ်ပုံ ပြိုင်ပွဲ ကျင်းပရာမှာ ၂၀၁၃ ခု နှစ် အတွက် ပေးတဲ့ ဆု ၅ ဆု ထဲမှာ မြန်မာ နိုင်ငံ ဓါတ်ပုံဆရာ ၃ ယောက် ဆု တွေ အသီးသီး ဆွတ်ခူးခဲ့ပါတယ်။

နိုင်ငံပေါင်း ၉၄ နိုင်ငံ က ဓါတ်ပုံပေါင်း ၆ သောင်း ကျော် ထဲက ဆန်ကာတင် ဓါတ်ပုံသမား ၁၅ ယောက် ကို ရွေးချယ်ပြီး အင်ဒိုနီးရှား နိုင်ငံ ကို ဖိတ်ခေါ်ယင်း သူတို့ နိုင်ငံ ထဲမှာ ဓါတ်ပုံတွေ ရိုက်ဖို့ ကျင်းပ သူတွေ က သြဂုတ်လ နောက်ဆုံးပတ်မှာ စီစဉ်ခဲ့တာပါ။

Nature သဘာဝ၊ People လူတွေ၊ Culture ယဉ်ကျေးမှု စတဲ့ ကဏ္ဍ ၃ ခု အရ ဓါတ်ပုံတွေ ရိုက်စေတဲ့ အခါမှာ မြန်မာဓါတ်ပုံဆရာ ကိုနီဦး က Over All Best အားလုံးအကောင်းဆုံး ဓါတ်ပုံတွေ ထွက်လာတဲ့ အတွက် ဆုကြေး အရ လည်း အမေရိကန် ဒေါ်လာ ၃ ထောင်ကျော် ရခဲ့ပါတယ်။

စိန်ခေါ်မှု တွေ့ရတဲ့ အပိုင်းမှာ တော့ ကိုယ်နဲ့ မကျွမ်းတဲ့ ဒေသ မှာ သူတို့ ယဉ်ကျေးမှု နဲ့ သဘာဝ ကို ထင်ဟပ်နိုင်အောင် အချိန်တို အတွင်း အကောင်းဆုံး ရိုက်ချက် ရအောင် ရိုက်ရတဲ့ အပိုင်းနဲ့ ရာသီဥတု အဆင်မပြေတာ ကို တွေ့ရတဲ့ အပိုင်း၊ ကိုယ်သွားရမယ့် နေရာ ကို website မှာ ကြိုပြီး လေ့လာရတဲ့ အကြောင်း ကိုနီဦး က ဘီဘီစီ ကို ပြောပြပါတယ်။

bbc

Miss Supranational-2013 အစအဆုံး video ကြည့်ရန်

Miss Supranational-2013 အစအဆုံး ကို အပိုင်း (၆) ပိုင်းခွဲတင်ထားတာကို Youtube ကနေ ကြည့်လို သူများ ဒီမှာ ဒေါင်းနိုင်ပါတယ် ... ရှယ်လည်း ရှယ်သွား ကြဦးနော်....







Share သွားပေးလိုက်ကြပါဦး မကြည့်ရတဲ့သူတွေအတွက်ပါခင်ဗျာ..

Kachin Daily News

Facebook ကြောင့် အိမ်ထောင်ကွဲမှု များလာ



အမေရိကန်နိုင်ငံမှာ ၂၀၁၁ ခုနှစ်ရဲ့ စစ်တမ်းအရ အိမ်ထောင်ကွဲရခြင်းရဲ့  ၃ ပုံပုံ ၁ ပုံသော အကြောင်းအရင်းဟာ Facebook ကြောင့် ဖြစ်ကြောင်း သိရပါတယ်။

အဲဒါ ၂၀၁၁ ခုနှစ်တုန်းကပါ။ ၂၀၁၂ နဲ့ ၂၀၁၃ မှာ ပိုလို့တောင် တိုးပွားလာ ကြောင်း သိရပါတယ်။ ပတ်ဝန်းကျင်မှာလည်း ကိုယ်တွေ့ တွေ့မြင် ရပါတယ်။ မြန်မာပြည်မှာလည်း Facebook ကြောင့် ကွဲသွားတဲ့ အိမ်ထောင်ရှင်တွေကို တပ်အပ်မြင်ခဲ့ ရပါတယ်။ အမျိုးသမီး ဖြစ် သူဟာ နိုင်ငံခြားမှာ ရှိနေတဲ့ ငယ်ချစ်ဦးကို Facebook မှာ ပြန်တွေ့ရင်း အလွမ်းသည် ပြောဆိုနေမှုကို အမျိုးသားဖြစ်သူက တွေ့ ရှိခဲ့ပြီး ပြဿ နာ ရှာရာမှ တကယ်ကွဲသွားတဲ့ အတွဲ ရှိပါတယ်။ အိမ်ထောင်ကွဲသူ အမျိုးသားက တက္ကဆီဒရိုင်ဘာဖြစ်ပြီး သားသမီး ၂ ဦးနဲ့ ကျန်ခဲ့ပါတယ်။

ယင်းကဲ့သို့ အလားတူပဲ အခြားဖြစ်ရပ်တစ်ခုမှာ အမျိုးသားရဲ့  Facebook မှ တစ်ဆင့် အခြားအမျိုးသမီးတစ်ဦးနဲ့ ချစ်ခင်စုံမက်မှုကြောင့် အိမ်ထောင်ကွဲ တဲ့ ဖြစ်ရပ်လည်း ရှိခဲ့ပါတယ်။ ယင်းဖြစ်ရပ်မှာတော့ အမျိုးသမီးက နစ်နာပြီး သားသမီးနဲ့ ကျန်ခဲ့ပါတယ်။ ဒီလိုပါပဲ Facebook, G Talk တို့ကြောင့် ကွဲ သွားရတဲ့ အိမ်ထောင်တွေ အများကြီးပါတယ်။ ဒါဟာ မြန်မာပြည် မှာ ဖြစ်နေ တာတင် မဟုတ်ပဲ ကမ္ဘာမှာပါ အရေအတွက် အလုံးလိုက် အရင်းလိုက်ကို ဖြစ်နေခြင်း ဖြစ်ပါတယ်။

ဒါကြောင့် ၂၁ ရာစုမှာ Facebook , Twitter အသုံးပြုမှုဟာ အိမ်ထောင်ရှင်အကြားမှာ အိမ်ထောင်ကွဲ စေရန် အကြောင်းပြချက် တစ်ခုပါ ဖြစ်လာကြောင်း သိရပါတယ်။

Aung Kham (International news for myanmar)
International news for myamamr

သစ်သားနှင့် သံချောင်း


စာရေးတယ်ဆိုတာ ခက်တော့အခက်သား။ ရေးဦးမှပဲလို့ တွေးနေပေမယ့် ရေးစရာအကြောင်းက မည်မည်ရရ ရှိချင်မှရှိတတ်တာကိုး။ မအားလို့ မရေးတော့ဘူး ဆိုခါမှ ရေးစရာကုန်ကြမ်းလေးက ရလာရင်တော့လည်း အချိန်မရတဲ့ကြားထဲကပဲ ရေးဖြစ်သွားတတ်တာမျိုး ဖြစ်သည်။ ဒီရက်ပိုင်းတွေ အချိန်ရလှသည် မဟုတ်ပါ။ သို့သော်လည်း ရေးစရာ အတွေးလေးက ရလာပြန်တော့လည်း ရေးဖြစ်သွားသည် ဆိုပါတော့။
per_tthtc_PLOခေတ်ပြောင်းစနစ်ပြောင်းဆိုတော့ အရပ်ဘက်လှုပ်ရှားမှုတွေက ပေါမှပေါဖြစ်သည်။ ဟိုအခမ်းအနား၊ ဒီအခမ်းအနားတွေ ပေါလှသည်။ ကောင်းပါသည်။ ဒီလိုဖြစ်သင့်တာ ကြာပါပြီ။ တစ်နေ့ကလည်း အခမ်းအနားတစ်ခုကို ရောက်ဖြစ်သည်။ ဟောပြောပွဲဆိုဆို၊ တွေ့ဆုံပွဲဆိုဆို သက်ကြီးစကား သက်ငယ်ကြားတော့ ဖြစ်သည်ပေါ့။ အနည်းဆုံးတော့ စင်ပေါ်တက်သူတွေက ကိုယ့်အထုပ်ကို ဖြေပြတတ်ကြသည်ဖြစ်ရာ သူတို့အထုပ်ကို ကြည့်ခွင့်ရသည်ဟု အောက်မေ့ပါသည်။ အခုနောက်ပိုင်း ဘယ်သူဘာပြောပြော ကျွန်တော်ကတော့ အဲသလိုသဘောမျိုးနှင့် ကြည့်ဖြစ်သည်။ ကုန်ကုန်ပြောရလျှင် တရားပွဲပင်ဖြစ်စေ အကုန်လုံးကို မှန်လှပါဟု လုပ်ချင်မှလုပ်တော့သည်။ မရှင်းတာကို မရှင်းသလို ထားမိလာသည်။ မကြိုက်သည်ကို မကြိုက်ပါဟု ကိုယ့်ကိုယ်ကိုယ် ပြောဖြစ်လာသည်။ တစ်ခုတော့ရှိသည်။ ‘ကိုယ့်စိတ်အခံကြောင့် မကြိုက်သည်’ နှင့် ‘ကိုယ်က ဉာဏ်မမီ၍ လိုက်မမီနိုင်သည်’ ကတော့ ကွဲပြားမှဖြစ်မည်။ မည်သူဖြစ်စေ စင်ပေါ်ရောက်တော့ အထုပ်ဖြေ ပြတတ်ကြသည်။အချို့က အထုပ်ထဲမှ အမှိုက်တွေ ထုတ်ပြတတ်သည်။ အချို့က အဖိုးတန်သည့် အရာတွေ ထုတ်ပြတတ်သည်။ ထိုင်နေအကောင်းသား၊ ထသွားမှ ကျိုးမှန်းသိ ဆိုသလိုမျိုး ဖြစ်သည်။
ယခုလည်း စတိတ်ပေါ်တွင် သြဝါဒပေးသူက လူငယ်တွေနှင့် ပတ်သက်ပြီး ပြောသည်။ ထုံးစံအတိုင်း ဒီနေ့ခေတ်လူငယ်တွေကို အားမရပါပေါ့။ ကြိုးစားစေချင်သည်ပေါ့။ ခံယူချက် မှန်စေချင်သည်ပေါ့။ အပြောကောင်းပါသည်။ ဆွဲဆောင်မှု ရှိပါသည်။ ထိထိမိမိ ရှိပါသည်။ စေတနာပါမှန်း သိသာပါသည်။ ကျွန်တော်ကတော့ သဘောကျပါသည်။ ဥပမာ ဥပမေယျတွေနှင့်ပါ ပြောသည်။ သစ်သားထဲကို သံနဲ့ ရိုက်လိုက်တဲ့အခါ သံဝင်သွားပါသည်တဲ့။ တစ်နည်းအားဖြင့် ဒါဟာ သစ်သားက သူ့နေရာကို ဖယ်ပေးလိုက်ရခြင်း ဖြစ်သည်ဟု ဆိုသည်။ ဒီလို ဖယ်ပေးလိုက်ရတာဟာ သံဟာ သစ်သားထက်မာတဲ့ အတွက်ကြောင့်ပါတဲ့။ မှန်ပါသည်။ လောကတွင် ငါ့အတွက်နေရာ မရှိတော့ပါဘူးဆိုတာ မရှိပါဘူးတဲ့။ ငါဝင်တိုးလို့ ရပါ့မလားဆိုတာကို မစိုးရိမ်ပါနဲ့တဲ့။ ပိုမာတဲ့သူအတွက် ပျော့တဲ့သူက နေရာ ဖယ်ပေးရသည်ချည်း ဖြစ်သည်တဲ့။ သို့ကြောင့် နေရာတစ်ခုရဖို့ မိမိကိုယ်ကိုယ် ပိုမာအောင် တည်ဆောက်နိုင်ရန် တော့လိုမည် ဖြစ်သည်ဟု ဆိုသည်။ အောက်မှ နားထောင်သူများက လူငယ် အများစုဖြစ်သည်။ သြဝါဒပေးသူ၏ ဥပမာကို သဘောကျကြသည်။ ဟုတ်သည်ပေါ့။ မှန်သည်ပေါ့။ ကောင်းလိုက်တဲ့ ဥပမာပေါ့။
ပြောပြောဆိုဆိုနှင့် သူ့ဟောပြောမှုက ပြီးသွားပြီ ဖြစ်သည်။ ထိုစဉ် ကျွန်တော့် မိတ်ဆွေတစ်ဦးက စကားစသည်။ စောစောကပြောတဲ့ ဥပမာ မှားနေပါသည်တဲ့။ သစ်သားထဲကို သံရိုက်လို့ ဝင်သွားတာဟာ သံကမာနေလို့ ဆိုတာ မဟုတ်ပါဘူးတဲ့။ ပြဿနာက အဲဒီမှာ စပြီဖြစ်သည်။ အခမ်းအနား ပြီးသွားသော်လည်း ကျွန်တော်တို့အတွက်က မပြီးနိုင်သေး။ ဒီလိုဝင်သွားတာဟာ သံချောင်းရဲ့ အောက်ခြေဧရိယာကြောင့် ဖြစ်သည်ဟုဆိုသည်။ ပြောပြောဆိုဆိုနှင့် F=P⁄A ကို အစချီကာ စီကာပတ်ကုန်း ရှင်းပြတော့သည်။ နောက်ဆုံးတော့ သူကပြောသည်။ သံကို ပက်လက်လှန်ပြီး ဒီအားနဲ့ပဲ ရိုက်ကြည့်ပါတဲ့။ (different area, same hardness)။ သူပြောသလို အောက်ခြေဧရိယာကို ပြောင်းပြီး ရိုက်ခြင်းဖြစ်သည်။ အဲဒီအခါ ဝင်ဦးမှာလားတဲ့။ မဝင်နိုင်တော့ပါ။ ပက်လက်လှန်ရိုက်ရင်တော့ ဘယ်ဝင်တော့မလဲပေါ့။ သို့ကြောင့် စောစောကပြောသော ဥပမာသည် သံမာ၍ သစ်သားထဲကို ဝင်ရသည် ဆိုသည်မှာ မဟုတ်ပါဟုဆိုခြင်း ဖြစ်ပါသည်တဲ့။
“ထည့်သွင်းစဉ်းစားသင့်သော အချက်အလက်တို့ မစုံလင်လျှင် အမှန်တရားကို မှားယွင်း နားလည်မိ…”
ခေါင်းစားချင်စရာတော့ ဖြစ်သည်။ ကိုယ်လည်း ပြန်စဉ်းစားရသည်ပေါ့။ ဟုတ်များ ဟုတ်နေသလားပေါ့။ သူ့ငြင်းချက်က ခိုင်မာသယောင်ယောင် ဖြစ်သည်။
တစ်အောင့်လောက်ကြာတော့မှ ကျွန်တော်လည်း ပြန်ပြောဖြစ်သည်။ ကတ်သီးကတ်သတ် သူ့အမြင်ကို ကိုယ်ကလည်း ကြံကြံဖန်ဖန်ပြန်ပြောမှ ဖြစ်ချေတော့မည်။ သံသည်မာ၍ ဝင်ခြင်းမဟုတ် ဆိုသည့် အဆိုအပေါ် ကိုယ့်အမြင်ပြန်ပြောမှ ဖြစ်တော့မည်။ သံ၏ အမာဂုဏ်သတ္တိကြောင့် မဟုတ်ဟုဆိုလျှင် ‘ဖယောင်းတိုင်တစ်တိုင်ကို ယင်းသံနှင့် တစ်ထေရာတည်းတူအောင် ပြုလုပ်ကာ ရိုက်မည်ဆိုရင်ရော’ ဖြစ်သည်။ စောစောက သံချောင်းနှင့် အောက်ခြေဧရိယာချင်း အတူတူပင် ဖြစ်သည်။ ဒီလိုဆိုရင်ရော ဝင်ဦးမည်လား။ (different area, same hardness)။ မဝင်နိုင်တော့ပါ။ ချွန်မြနေသည့် ဖယောင်းဖြစ်သည့်တိုင် သစ်သားထဲကို ဝင်သွားနိုင်စရာ အကြောင်းတော့ မရှိပါ။ သူပြောသလို အောက်ခြေဧရိယာ တစ်ခုတည်းကြောင့် ဖြစ်ရိုးမှန်လျှင် အခုလည်း ဝင်ရမည်ပေါ့။
ဤနေရာတွင် ကျွန်တော့်အတွက် တွေးစရာတစ်ခု ရပါတော့သည်။ အမှား၊ အမှန် ချဉ်းကပ်ရာတွင် ဖြစ်လေ့ဖြစ်ထရှိသော ကျွန်တော်တို့၏ သဘောသဘာဝဖြစ်သည်။ မိမိအားသန်သည့် ရှုထောင့်တစ်ခုတည်းမှ ကြည့်ကာ ကောက်ချက်ချတတ်သည့် ကျွန်တော်တို့၏ သဘာဝဖြစ်သည်။ ရှုထောင့်ပေါင်းစုံကို ခြုံငုံကြည့်ခြင်းမပြုဘဲ မိမိသန်ရာသန်ရာ တစ်ခုခုကို ဆွဲကိုင်ကာ မိမိနှင့် မတိုက်ဆိုင်တိုင်း မှားသည်၊ မှန်သည်ဟု ပြောလေ့ပြောထ ရှိသည့်အကျင့်သည် ကိစ္စအသေးအမွှား များတွင် ပြဿနာ မရှိလှသော်လည်း ကိစ္စကြီးလျှင် ကြီးသလောက် အန္တရာယ်ရှိလှသည် ဟုတော့ ပြောနိုင်သည်ဖြစ်သည်။ နိုင်ငံနှင့်ချီလာလျှင် ပိုဆိုးပြီပေါ့။ ထိုကဲ့သို့အပြုအမူမျိုး မိမိတွင်လည်း မရှိနိုင်၊ မရှိခဲ့နိုင်၊ ရှိမလာနိုင်ဟု မပြောနိုင်ပေ။ ထိုမိတ်ဆွေကို အပြစ်မပြောလိုပေ။ ထိုသို့သော အမူအကျင့် ခင်ဗျားမှာလည်း ရှိနိုင်သလို၊ ကျွန်တော့်မှာလည်း ရှိနိုင်သည် ဖြစ်သည်။ မိမိအမြင်နှင့် မတိုက်ဆိုင်လျှင် မှားသည်ဟု လွှတ်ခနဲ ပြောလေ့ပြောထရှိသည့် ကျွန်တော်တို့၏ အကျင့်ကို သတိပြုမိခြင်းသာ ဖြစ်သည်။
ထိုကိစ္စကို ကျွန်တော်ဆက်လက် ဆွေးနွေးလိုပါသည်။ သစ်သားထဲကို သံဝင်သွားခြင်းမှာ အမှန်တော့ ထိုမိတ်ဆွေပြောသလို အောက်ခြေဧရိယာကြောင့် ပါသလို၊ သံ၏ အမာဂုဏ်သတ္တိ ကြောင့်လည်း ပါသည်ဖြစ်သည်။ တစ်ခုတည်းကြောင့်ဟု မပြောနိုင်ပါ။ အမှန်တော့ အချက်အားလုံး (ရှုထောင့် အားလုံးဘက်မှ) မကြည့်ဖြစ်သောကြောင့် သူမှားသည်၊ ကိုယ်မှန်သည်ဟု အငြင်းပွားနေခြင်း ဖြစ်သည်။
အမှန်အားဖြင့် လောကတွင် အမှားနှင့် အမှန်နှစ်မျိုးတည်း ရှိသည်မဟုတ်။ အဖြူနှင့်အမည်း နှစ်မျိုးတည်း ရှိသည်မဟုတ်။ ရှည်သူနှင့်ပုသူ နှစ်မျိုးတည်း ရှိသည်မဟုတ်။ မှားသည်နှင့် မှန်သည်ကြားတွင် အခြားသော အခြေအနေများ ရှိသေးသည်။ ဖြူသည်နှင့်မည်းသည် အကြားတွင် အခြားသော အခြေအနေများ များပြားစွာ ရှိသေးသည်။ ဖန်ခွက်ထဲတွင် ရေတစ်ဝက်ရှိခြင်းကို ‘အရှိ’ ရှုထောင့်မှကြည့်လျှင် တစ်ဝက်ရှိသည် ဖြစ်သည်။ ‘မရှိ’ ရှုထောင့်မှကြည့်လျှင် ရေတစ်ဝက်မရှိ၊ လိုနေသည်ဟု ဆိုနိုင်မည်ဖြစ်သည်။ ထိုအဆိုနှစ်ခုစလုံး မမှားပါ။ အဖြေမတူလို့ မငြင်းခုံစကောင်းပါ။ အဖြေမတူပေမယ့်၊ အမြင်မတူပေမယ့် အရှိတရားကတော့ အတူတူပင်ဖြစ်သည်။
‘ပူလိုက်တာပဲ’ ဟုဆိုခြင်းအပေါ် ‘လုံးဝမအေးဘူး’ ဟုလည်း ဆိုနိုင်သေးသည်။ ဤသည်ကိုပင် သင်္ချာသဘောအရ Fuzzy Logic ဟုခေါ်ခြင်း ဖြစ်သည်။ ယင်းလောဂျစ် ဆိုသည်ကား လုံးလုံးအမှန်နှင့် လုံးလုံးအမှားကြားရှိ တစ်စိတ်တစ်ပိုင်းအမှန်၊ တစ်စိတ်တစ်ပိုင်း အမှားအကြောင်းကို အခြေပြုခြင်း ဖြစ်သည်။
နောက်သူငယ်ချင်းတစ်ဦးလည်း ရှိသေးသည်။ သူသည် ငယ်စဉ်ကတည်းက ပညာတော်သူ၊ စာကြိုးစားသူ ဖြစ်သည်။ ဆယ်တန်းအောင်တော့ အမှတ်ကောင်းကောင်းဖြင့် အောင်သည်။ တက္ကသိုလ် ဆက်တက်တော့ ထိုခေတ်ကာလ မြန်မာနိုင်ငံမှာ အကောင်းဆုံး ကျောင်းတွေထဲက တစ်ခုကိုတက်သည်။ တက္ကသိုလ်တွင်လည်း ဆက်လက်ကြိုးစားသည်။ အတန်းတိုင်း ထိပ်ဆုံးမှဖြစ်သည်။ ပညာရေးကောင်းသူမို့ ပညာရေး အားနည်းသူများထက် သူက ဘဝမှာသာလိမ့်မည်ဟုသာ ငယ်စဉ်ကတည်းက တွေးထင်ခဲ့သည်။ ယုံကြည်ခဲ့သည်။ သို့သော်ယခု အသက်အရွယ်တွင် ထိုအမြင်မှာလုံးလုံး ပြောင်းသွားသည်ဟု ဆိုသည်။ သူ့လောက် ပညာရေးမကောင်းသူများက ယနေ့ သူ့ထက်အောင်မြင်နေသည်။ အဆင်ပြေနေသည်။ သူငယ်ငယ် ကတည်းက တစိုက်မတ်မတ် ယုံကြည်ခဲ့သောအရာသည် အခုမှ မှားနေမှန်း သိသည်ဟုဆိုသည်။ ငယ်စဉ်က သူသိထားသော ဘဝအောင်မြင်ရေးအတွက် အချက်အလက်များမှာ မစုံလင်ခဲ့ပါလား ပြန်တမ်းတသည့် လေသံဖြင့်ပြောသည်။
ထိုအတွေးသည် ကျွန်တော်တို့ လူ့အဖွဲ့အစည်းတွင် အခြေတော်တော် ခိုင်ခဲ့သော အတွေးဖြစ်သည်။ အမှန်မှာ ဘဝအောင်မြင်ရေးဟူသည် ပညာရေး (ကျောင်းစာ) တစ်ခုတည်းအပေါ်တွင် မူတည်နေသည် မဟုတ် ဆိုသည်ကို ကျွန်တော်တို့ ဖြတ်သန်းခဲ့သော ပညာရေးစနစ်က ကောင်းကောင်း လမ်းညွှန်မပေးနိုင်ခဲ့ပါ။ ဤသို့ဆိုခြင်းမှာ ပညာရေး၏ ဂုဏ်သိက္ခာကို မှေးမှိန်စေရန် မရည်ရွယ်ပါ။ ဘဝအောင်မြင်ရေးအတွက် လိုအပ်သော အချက်အလက် အားလုံးကို ကျွန်တော်တို့ ဖြတ်သန်းခဲ့သော ပညာရေးစနစ်က မိတ်မဆက်ပေးနိုင်ခဲ့ဟု ဆိုလိုခြင်းသာ ဖြစ်ပါသည်။ ဘဝတစ်ခုလုံး အတွက်မှာတော့ အခြားအခြားသော အရည်အသွေးများကို ထည့်သွင်းစဉ်းစားရန်၊ ပြုစုပျိုးထောင် ရန်လိုသည်ဟု ရည်ရွယ်လိုခြင်းသာ ဖြစ်သည်။ စာပြီးရင်း ‘စာ’ ဖြစ်နေသည့် သဘောကို ဟန်မကျပါလားဟု မြင်မိခြင်းသာ ဖြစ်ပါသည်။ ယနေ့ ကြားနေရသော ဘက်စုံပညာရေးဟုဆိုဆို၊ ကင်းထောက်လူငယ်ဟု ပြောပြော ယင်းတို့မှာ အဆိုပါ အားနည်းချက်တို့ကို ဖာထေးခြင်း ဖြစ်မည်တော့ ထင်ပါသည်။
သို့ဖြစ်ရာ မည်သည့်ကိစ္စတွင်ဖြစ်စေ ထည့်သွင်းစဉ်းစားသင့်သော အချက်အလက်တို့ မစုံလင်လျှင် အမှန်တရားကို မှားယွင်း နားလည်မိတတ်သည့် သဘောရှိပါသည်။ ယနေ့ ကျွန်တော်တို့ အသိုင်းအဝိုင်းတွင် အမှားအမှန် ငြင်းခုံမှုများ အတော်များသည်။ ဒါလည်း သဘာဝတရားဖြစ်သည်။ အခု ငြင်းခုံသလို နောင်လည်း ငြင်းခုံရဦးမည် ဖြစ်သည်။ သို့ဖြစ်ရာ ယင်းသို့ ငြင်းခုံစရာ ရှိလာတိုင်း တစ်ဖက်နှင့်တစ်ဖက် ရှုထောင့်ချင်း အပြန်အလှန် မြင်ပေးနိုင်ရန် လိုသလို၊ အချက်အလက်အားလုံး စုံစုံလင်လင် ထည့်သွင်း စဉ်းစားရန် လိုလေမလားလို့ အတွေးဝင်မိခြင်းသာ ဖြစ်သည်။ ဤသည်မှာ ယနေ့ လူပြောများနေသည့် Blame Society အတွက် ဖြေဆေးတစ်ရပ်များ ဖြစ်လေမလား ထင်မိပါသည်။

ပေါ်လင်းဦး
thevoicemyanmar

ဒုတိယအကြိမ်ကျင်းပမည့် MTV Exit ဖျော်ဖြေပွဲကို မြို့သုံးမြို့တွင် ကျင်းပမည်


MTV Exit Road Show 2013 ဖျော်ဖြေပွဲကို မြို့သုံးမြို့၌ အောက်တိုဘာလတွင် ကျင်းပသွားမည်ဖြစ်ပြီး နာမည်ကျော် အနုပညာရှင်များလည်း ပါဝင်မည်ဖြစ်သည်။ ယင်းပွဲအား လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး
ဖျော်ဖြေရေး အနေဖြင့် ကျင်းပသည့်ဖျော်ဖြေပွဲဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ဒုတိယအကြိမ် ကျင်းပသည့်ပွဲလည်း
ဖြစ်သည်။

ယင်းသို့ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးခြင်းအား ဖျော်ဖြေပွဲအနေဖြင့် တင်ဆက်ရခြင်းကို လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးတပ်ဖွဲ့မှ ဒု-ရဲမှူးဦးမင်းနိုင်က “ကျွန်တော်တို့ အခုလိုဖျော်ဖြေရေးလုပ် တာက
ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ပိုမိုသိရှိနားလည် စေဖို့အတွက်ပါ။ တစ်မြို့ပြီးတစ်မြို့ အခုလို ဖျော်ဖြေတာဟာ အနုပညာရှင်တွေကို ပြည်သူတွေက စိတ်ဝင်စားတာကြောင့်သူတို့ အကူအညီတွေနဲ့ အတူ အခုလိုပွဲတွေလုပ်ပြီး အသိပညာပေးခြင်းပါ။ အခုအချိန်ထိတော့ R ဇာနည်၊ ဖြိုးကြီး၊ ဖြူဖြူကျော် သိန်းတို့နဲ့ အခြားနာမည်ကြီးတွေတော့ ဖိတ်ခေါ်ထားပါတယ်။ တိုက်ရိုက်ထုတ်လွှင့်မှုကို အခုအချိန်မှာ ဆွေးနွေးနေဆဲဖြစ်ပါတယ်။ ဖျော်ဖြေမှုမှာ အဆိုတော်တွေ အနေနဲ့ မဖျော်ဖြေခင် ပညာပေးအစီအစဉ်တွေ၊ ဟောပြောမှုတွေ လုပ်မှာပါ။ သီချင်းကို ကန့်သတ်မှုမရှိပါဘူး”ဟု ဆိုသည်။

ယင်းဖျော်ဖြေပွဲကိုအောက်တိုဘာ ၁၈ ရက်တွင်မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ခန်းမတွင် လည်းကောင်း၊
အောက်တိုဘာ ၂၀ ရက်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့တွင် လည်းကောင်း၊ အောက်တိုဘာ ၂၅ ရက် တွင် ပုသိမ်မြို့ ကိုးသိန်းမိုးလုံလေလုံအားကစားကွင်းတွင်လည်းကောင်း ကျင်းပမည်ဖြစ်သည်။

အဆိုပါဖျော်ဖြေပွဲများကို ကျင်းပသည့် မြို့တိုင်းတွင် ည ၇ နာရီ၌ စတင်မည်ဖြစ်ပြီး မည်သူမဆိုအခမဲ့ ကြည့်ရှုနိုင်မည်
ဖြစ်သည်။ “ဖြူတို့ ဖျော်ဖြေမှုနဲ့ ပညာပေးအစီအစဉ်တွေ ပြောပြပေးရမယ်။ ဟောပြောပေးရတာတွေ ရှိပါတယ်။ ဖြူ ကတော့ အဓိကအနေနဲ့ ဖျော်ဖြေပေးရမှာပါ”ဟု လူကုန်ကူးမှုတားဆီးရေး သံတမန်ဖြစ်သူ အဆိုတော်
ဖြူဖြူကျော်သိန်းက ဆိုသည်။

၎င်းဖျော်ဖြေပွဲ၏ ပထမအကြိမ်ဖျော်ဖြေမှုကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်က ပြည်သူ့ဥယျာဉ်တွင် အမေရိကန် အဆိုတော် ဂျေဆင်မရတ်၊ ထိုင်းအဆိုတော် ဆလော့မစ်ရှင်းတို့နှင့်အတူ မြန်မာနိုင်ငံမှ R ဇာနည်၊ လင်းလင်း၊
ဖြူဖြူကျော်သိန်း၊ ချမ်းချမ်းတို့ဖြင့် အခမဲ့ကျင်းပခဲ့သည်။
mizzimaburmese

ဆွမ်းခံကြွလာသော သံဃာများနှင့် ဘုန်းကြီးကျောင်းသားများ ကားတိုက်ခံရ


အရုဏ်ဆွမ်းခံကြွသော သံဃာများနှင့် ဘုန်းကြီးကျောင်သားများကို အရှိန်လွန်လာသော ကားတစ်စီးက ၀င်တိုက်ခဲ့မှု တစ်ခု စက်တင်ဘာ ၄ ရက် နံနက်က ဗဟန်းမြို့နယ်တွင်ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်း ထုတ်ပြန်သည်။

အဆိုပါယာဉ်တိုက်မှုမှာ ရွှေဂုံတိုင်လမ်းမကြီးပေါ်ရှိ ဗန်ဒါပင်မှတ်တိုင်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုသို့ ၀င်တိုက် လိုက်သောကားမှာ တိုရိုတာဘက်ဒါ အမျိုးအစား ကိုယ်ပိုင်ကားဖြစ်ကြောင်း ရဲမှတ်တမ်းတွင်တွေ့ ရသည်။

ထိုကားတိုက်မှုကြောင့် သံဃာတော် ငါးပါးမှာထိခိုက်ဒဏ်ရာရရှိခဲ့ကြပြီး ကိုရင်တစ်ပါးမှာစိုးရိမ်ရသည့် အခြေအနေရှိကြောင်း၊ ဘုန်းကြီးကျောင်းသားနှစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည့်အနက် တစ်ဦးမှာ စိုးရိမ်ရကြောင်း ရဲဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

လက်ရှိတွင် ၎င်းတို့ကို ရန်ကုန်ဆေးရုံကြီး၌ ပို့ဆောင်ကုသထားသလို ကားမောင်းသူကိုလည်း ရဲများက ဖမ်းထားလိုက်ပြီဖြစ်သည်ဟု ရဲဌာနကဆိုသည်။

အဆိုပါအမှုကို ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲအုပ်တစ်ဦးက တရားလိုပြုလုပ် တိုင်တန်းထားသလို ဗဟန်းရဲစခန်းက အမှုဖွင့်ထားပြီး၊ ယာဉ်မဆင်မခြင်မောင်းနှင်သည်ဟု စွပ်စွဲခံရသည့် ကားမောင်းသူကိုလည်း တရားစွဲရန် ဆောင်ရွက်နေသည်။

ဇော်ဇော်ထွေး
မဇ္ဈိမ

ရည်းစားဟောင်းက အဓမ္မကျင့်ရန်ကြံသည်ဟု ရဲစခန်းတွင်တိုင်တန်း


ရည်းစားဟောင်းက အဓမ္မကျင့်ရန် ကြံစည်သည်ဟုဆိုကာ အမျိုးသမီးတစ်ဦးက တိုင်ကြားမှုတစ်ခုကို စက်တင်ဘာ ၄ ရက်က သာကေတမြို့နယ်ရဲစခန်းက အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ထိုဖြစ်စဉ်မှာ သာကေတမြို့နယ်မှ ရပ်ကွက်တစ်ခုတွင် ယင်းနေ့မွန်းလွဲ ၄ နာ ရီခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တစ်ဦးတည်း အိပ်နေသည့် အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်ကို အဓမ္မကျင့်ရန် ကြံစည်ခံရခြင်းဖြစ်သည်ဟု မှုခင်းမှတ်တမ်းတွင် တွေ့ရသည်။

သူမ၏ ရည်းစားဟောင်းဖြစ်သည့် အသက် ၃၂ နှစ်အရွယ်ရှိ အမျိုးသားက အိမ်သို့ရောက်လာပြီး ပွေ့ဖက် နမ်းရှုပ်ပြီး အဓမ္မကျင့်ရန်ကြံစည်သည်ဟု ကာယကံရှင် အမျိုးသမီးက စွပ်စွဲတိုင်တန်းထားသည်။

အဆိုပါအမျိုးသားမှာ အရက်မူးနေကြောင်း၊ သူမကလည်း ရုန်းကန်ပြီး ပတ်ဝန်းကျင်ကို အကူအညီတောင်းခံသဖြင့် ထိုသူမှာ အိမ်ပေါ်မှ ဆင်းပြေးသွားခဲ့ကြောင်း ရဲကိုကာယကံရှင်က ထွက်ဆိုသည်။

ယင်းအမှုကို သာကေတမြို့နယ် ရဲစခန်းကအမှုအမှတ်(ပ) ၆၂၅/၂၀၁၃ဖြင့် အမှုဖွင့်ထားပြီး စွပ်စွဲတိုင်တန်းခံရသည့် အမျိုးသားကို ရဲကဖမ်းဆီးစစ်ဆေးနေပြီဖြစ်ရာ ထိုသူသည် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇၆/၅၁၁ တို့ဖြင့်တရားစွဲခံရနိုင်ချေရှိသည်ဟု ရဲများကသုံးသပ်ကြောင်း တိုင်းရဲတပ်ဖွဲ့ကထုတ်ပြန်သည်။

ဇော်ဇော်ထွေး
မဇ္ဈိမ

မလေးရှားရောက် အိုဗာစတေးများအတွက် ၀မ်းမြောက်ဖွယ် အထူးသတင်း


မလေးရှားရောက် အိုဗာစတေးများ အော်ပရာစီ စစ်ဆင်ရေးကြောင့် ကြောက်လန့် ထွက်ပြေးနေရပြီး နေရပ်သို့ ပြန်သူများလည်း အတော်များသွားပါပြီ ကောင်းကောင်းမအိပ်ရ ကောင်းကောင်းမစားရဖြင့် ထွက်ပြေးတိမ်းရှောင်နေရသော ၀ဋ်ဒုက္ခမှ ကင်းလွင်ခွင့်သတင်းတခုကို ယနေ့ ကြားသိလိုက်ရတဲ့ အတွက် အတိုင်းမသိ ၀မ်းသာမိပါတယ်
ယနေ့ ၆ - ၉ - ၂၀၁၃ ထုတ် မလေးရှားနိုင်ငံ တရုတ်သတင်းစာတွင် ဖော်ပြပါရှိတိုင်း အိုဗာစတေးများအတွက် ယခင် 6P ပုံစံကဲ့ သို့  ပြန်လည် ထုပ်ပြန်ပေးပြီး တရားဝင် ပါမစ်များရရှိရေး ပြန်လည်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အော်ပရာစီစစ်ဆင်ရေးကိုလည်း ပြန်လည်ရုပ်သိမ်းမည်ဖြစ်သည့်အတွက် စိုးရိမ်ထိတ်လန့်သည့် ရန်မှ ကင်းဝေးပြီး အထူးပင် ၀မ်းမြောက်စေလိုကြောင်း သတင်းကောင်းပါးအပ်ပါသည်

မူရင်း မင်မင်း

Miss Supranational 2013 ဆုကို ဖိလစ်ပိုင် အလှမယ်မှ ရရှိခဲ့ပြီး မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် ခင်ဝင့်ဝါ Miss Internet ဆု အပါအ၀င် ဆုလေးခု ဆွတ်ခူးရရှိ




Miss Supranational 2013 ပြိုင်ပွဲဝင်ရန်အတွက် ရွေးချယ်အပြီး ခင်ဝင့်ဝါအား တွေ့ရစဉ် (Photo:Miss Supranational Myanmar facebook)

မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်သည့် Miss Supranational 2013 နောက်ဆုံးအဆင့် ပြိုင်ပွဲကြီးကို Belarus နိုင်ငံ၊ Minsk မြို့၌ စက်တင်ဘာ ၆ ရက် (ယမန်နေ့) မြန်မာစံတော်ချိန် ည ၁၀ နာရီ ၃၀ မိနစ်က စတင်ကျင်းပခဲ့ရာ စက်တင်ဘာ ၇ ရက်နံနက် ၁ နာရီခန့်တွင် ပြီးဆုံးခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် ဖိလစ်ပိုင်နိုင်ငံကိုယ်စားပြု အလှမယ် Miss Personality ဆု ရရှိထားသူ Mutya Datul က Miss Supranational 2013 ဆုကို ရရှိသွားခဲ့ပြီး မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ် ခင်ဝင့်ဝါမှာ Miss Internet ဆု အပါအ၀င် ဆုလေးခု ဆွတ်ခူးရရှိခဲ့သည်။

အဆိုပါပြိုင်ပွဲကို မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံတကာမှ အလှမယ် ၉၄ ဦး ပါဝင်ယှဉ်ပြိုင် ခဲ့ကြခြင်းဖြစ်ပြီး ၎င်းပြိုင်ပွဲတွင် ပထမဆုံး ယှဉ်ပြိုင်မှုအနေဖြင့် မြန်မာ့ရိုးရာ ၀တ်စုံဖြင့် ယှဉ်ပြိုင်ခဲ့ပြီး Swim Suit နှင့် ညနေခင်းဝတ်စုံတို့ဖြင့် အဆင့်ဆင့် ယှဉ်ပြိုင်ကြရခြင်း ဖြစ်သည်။

နောက်ဆုံးပြိုင်ပွဲ မစတင်မီ မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ် ခင်ဝင့်ဝါသည် Miss Supranational ပြိုင်ပွဲမှ ပေးအပ်သည့် Miss Internet ဆုကို ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းဆုအတွက် အွန်လိုင်းမှတစ်ဆင့် တရားဝင် မဲပေးနိုင်ခြင်းကို စက်တင်ဘာ ၂ ရက်မှစတင်ခဲ့ပြီး စက်တင်ဘာ ၆ ရက် မွန်းတည့် ၁၂ နာရီအထိ မဲပေးခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ မဲပေးရာတွင် အခမဲ့စနစ် မဟုတ်ဘဲ ၁၀ မဲလျှင် ငါးဒေါ်လာနှုန်းဖြင့် ၀ယ်ယူမဲပေးရခြင်း ဖြစ်သည်။

''ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ အွန်လိုင်းက ငွေပေးချေတဲ့ စနစ်ခေတ်မစားတော့ ဒီလောက်ထိ အားပေးလိမ့်မယ်လို့ မထင်ထားဘူး။ ဒါပေမဲ့ အခုလို နံပါတ် (၁) မဲအများဆုံးရပြီး မြန်မာကိုယ်စားပြု ဆုရတဲ့အတွက် ခင်ဝင့်ဝါနဲ့ထပ်တူ ၀မ်းသာပါတယ်'' ဟု Miss Supranational Myanmar Organization မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ Miss Internet ဆုကို မြန်မာအလှမယ်သည် အွန်လိုင်းမှ မဲအရေအတွက် ၃၆၀၀ ဖြင့်ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်ပြီး ဒုတိယမဲအများဆုံး ရရှိနေသည့် ထိုင်းအလှမယ်နှင့် မဲအရေအတွက် အပြတ်အသတ်ဖြင့် အနိုင်ရခဲ့ခြင်းလည်း ဖြစ်သည်။

နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်တွင် မြန်မာအလှမယ် ခင်ဝင့်ဝါသည် ရိုးရာဝတ်စုံ အနေဖြင့် ပျူခေတ်အ၀တ်အစားဖြင့် ယှဉ်ပြိုင်ခဲ့ပြီး ၎င်းနောက်တွင် ရေကူးဝတ်စုံ၊ ညနေခင်း ၀တ်စုံတို့ဖြင့် အဆင့်ဆင့်ယှဉ်ပြိုင် ခဲ့ခြင်းဖြစ်ပြီး စတင်ယှဉ်ပြိုင်ခဲ့သည့် နှစ်တွင်ပင် မြန်မာအလှမယ်သည် နောက်ဆုံးဆန်ခါတင် ၂၀ ဦးအဆင့်အထိ ရောက်ရှိခဲ့သည်။

မြန်မာအလှမယ် ခင်ဝင့်ဝါသည် Miss Supranational ပြိုင်ပွဲမှ ပေးအပ်သော Miss Internet ဆုအပြင် အွန်လိုင်းမှမဲပေးပြီး ပေးအပ်သည့် ဘီလာရုစ် ၀က်ဘ်ဆိုက်မှ ချီးမြှင့်သော Most Beautiful Girl in the World ဆု၊ Missosology မှ ချီးမြှင့်သော People Choice Award နှင့် Face of Miss Supranational 2013 ဆုများကိုပါ ဆွတ်ခူးနိုင်ခဲ့သည်။

မြန်မာကိုယ်စားပြု အလှမယ် ခင်ဝင့်ဝါမှာ စက်တင်ဘာ ၈ ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည် ဖြစ်သည်။

အဆိုပါ Miss Supranational ပြိုင်ပွဲမှာ Miss Universe နှင့် Miss World ပြိုင်ပွဲတို့ပြီးလျှင် ကမ္ဘာ့တတိယ အကြီးဆုံး Miss ပြိုင်ပွဲကြီးဖြစ်ပြီး မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်သည့် ပွဲဖြစ်ကြောင်း သိရသည်။

Eleven