ရှောက်ရည် သောက်ခြင်း၏ အကျိုးကျေးဇူးများ
ရှောက်ရည်မှာ ဓာတ်တိုး ဆန့်ကျင် ပစ္စည်းတွေ ပါဝင်ပြီး ကင်ဆာကို တွန်းလှန်နိုင်တဲ့ ဂုဏ်သတ္တိကြောင့် နှစ်ပေါင်းများစွာ ကတည်းကပင် အသုံးပြု ခဲ့ကြပါတယ်။
ရှောက်ရည်ရဲ့ ကျန်းမာရေး အကျိုးကျေးဇူး တွေကို အောက်မှာ ဖော်ပြ ပေးလိုက်ပါတယ်။
(၁)ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်ခြင်း
(၂)အစာခြေရန် ကူညီနိုင်ခြင်း
(၃)အာရုံစူးစိုက်မှု ကောင်းမွန်နိုင်ခြင်း
(၄)အသည်းနှင့် ကျောက်ကပ်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ခြင်း
(၅)အစာစားချင်စိတ်ကို ချိုးနှိမ်ပေးခြင်း
(၆)နှလုံးအလုပ်မလုပ်နိုင် မဖြစ်အောင် ကာကွယ်ပေးခြင်း
(၇)အနာကျက်မြန်စေခြင်း
(၈)ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ခြင်း
(၉)ရောဂါပိုးကို တွန်းလှန်နိုင်ခြင်း
(၁၀)အအေးမိနှင့် ချောင်းဆိုးဝေဒနာ သက်သာစေခြင်း
(၁၁)ရင်ကျပ်ပန်းနာ သက်သာစေခြင်း
(၁၂)ပျို့ခြင်း၊ အန်ခြင်းနှင့် ကားမူးခြင်းကို ကာကွယ်ပေးခြင်း
(၁၃)အရိုးနှင့်သက်ဆိုင်သော ရောဂါများကို ကာကွယ်ပေးနိုင်ခြင်း
(၁၄)ဝက်ခြံ၊ မှည့်ခြောက်နှင့် အမည်းစက်များကို ဖယ်ရှားပေးနိုင်ခြင်း
(၁၅)ဆံပင်သန်မာစေခြင်း
ဒေါက်တာ ခင်မိုးမိုး
credit to Health Articles
ရွှေပြည်သာမြို့နယ်တွင် ဖြစ်ပွားသော ခိုးမှုမှတရားခံအား ဖော်ထုတ်ဖမ်းဆီးရမိ
ရန်ကုန်၊ ဒီဇင်ဘာ ၁၅
၈.၁၂.၂၀၁၃ ရက်နေ့ တွင် ရွှေပြည်သာမြို့နယ်၊ သာဓုကန်ရွာဦးပရိယတ္တိ စာသင်တိုက်ဆရာတော် သည် ပုသိမ်မြို့သို့တရားဟောသွားရောက်ခဲ့ရာ ၁၀.၁၂.၂၀၁၃ ရက်နေ့၁၇၀၀ အချိန်တွင်ပြန်လည်ရောက်ရှိ ခဲ့ပြီး
၁၁.၁၂.၂၀၁၃ ရက်နေ့ ၁၀၀၀ အချိန်တွင် ၎င်း၏အခန်းအတွင်းရှိ မီးခံသေတ္တာသော့ပျက်ဆီးနေသည်ကိုတွေ့ရှိ၍စစ်ဆေးရာ မီးခံသေတ္တာအတွင်းမှ ငွေကျပ်(၂၃)သိန်းနှင့်ကုတင်ပေါ်တွင် ထားရှိသော ငွေကျပ်(၂)သိန်း၊ စုစုပေါင်း(၂၅)သိန်းတို့ ပျောက်ဆုံးနေသောကြောင့် ခိုးယူသူအားအရေးယူပေးရန် စာသင်တိုက်၏
ပစ္စည်း(၄)ပါးဒါယိကာ ဦးသောင်းကြိုင်မှ တရားလိုပြုလုပ်တိုင်တန်း မှုအား လှော်ကားနယ်မြေရဲစခန်း(ပ)၃၆၆/၂၀၁၃၊ပြစ်မှုပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်၍ တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ပါသည်။
မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊အထူးမှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များနှင့်လှော်ကားနယ်မြေ ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် အမှုမှတရားခံဖမ်းဆီးရမိရေးအတွက် စုံစမ်းဆောင်ရွက်ခဲ့ရာ လွန်ခဲ့သော (၁)နှစ်ခန့်က အဆိုပါစာသင်တိုက်တွင် ကိုရင်ဝတ်၍လူထွက်သွားပြီး စာသင်တိုက်သို့ဝင်ထွက် သွားလာလေ့ရှိသူ တင်မျိုးထွန်း(ခ)ကြီးကြီး (ခ)ခတော့ (ဘ)ဦးလှဝင်း၊ သာဓုကန်စက်မှုဇုန်၊ ရွှေပြည်သာမြို့နယ် နေသူအား မသင်္ကာဖမ်းဆီးစစ်ဆေးရာ ဆရာတော်၏အခန်းအတွင်းမှ ငွေများ ခိုးယူခဲ့ကြောင်းပေါ်ပေါက်ပြီး ခိုးယူရရှိသောငွေအချို့ဖြင့် ၀ယ်ယူထားသော ဆိုင်ကယ်နှင့်သက်သေခံ ပစ္စည်းများအား သိမ်းဆည်းကာ အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
အင်းစိန်နှင့် လှိုင်သာယာမြို့နယ်များအတွင်းမှ ခါးပိုက်နှိုက်များဖမ်းဆီးရမိ
ရန်ကုန်၊ ဒီဇင်ဘာ ၁၆
ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည်၁၅.၁၂.၂၀၁၃ရက်နေ့ ၀၇၅၀အချိန်ခန့်တွင်ကားမှတ်တိုင်များ၌ ခါးပိုက်နှိုက်ဖမ်းဆီးရေး အတွက်အသွင်ယူ ဆောင်ရွက်စဉ် ပေါက်တောဝ မှတ်တိုင်အရောက် ယာဉ်လိုင်းအမှတ်(၇၉)ယာဉ်ပေါ်မှ ဆင်းလာသော ခါးပိုက်နှိုက်ပြစ်ချက်ဟောင်း ရှိသူများဖြစ်သည့် အောင်အောင်(ခ)ကတုံး (ဘ) ဦးအောင်တင်၊ (၂၀)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်နေသူနှင့် ကျော်ကျော်ဦး(ခ)အညာသား (ဘ)ဦးစိန်မြင့်၊ (၅)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်နေသူတို့(၂)ဦးအား ရှာဖွေရာ အောင်အောင်(ခ) ကတုံးထံမှ ငွေကျပ်(၁၂၀၀၀)အားတွေ့ရှိရသဖြင့် စစ်မေးရာ ယာဉ်လိုင်းပေါ်ပါ အသက်(၄၀)နှစ်ခန့် အမျိုးသားတစ်ဦးထံမှ ကျော်ကျော်ဦး (ခ)အညာသားမှ လူကာပေးပြီး ၎င်းမှနှိုက်ယူရရှိခဲ့သော ငွေများဖြစ်ကြောင်း သိရှိရသဖြင့် အင်းစိန်မြို့မရဲစခန်း(ပ)၁၂၉၈/၂၀၁၃၊ ပုဒ်မ ၃၇၉(နှိုက်)/၅၄ဖြင့် လည်းကောင်း၊၎င်းနေ့ ၁၂၃၀အချိန်ခန့်တွင် ရန်ကုန်-ပုသိမ်လမ်း၊ အဆင့်မြင့်မှတ်တိုင်တွင်စောင့်ဆိုင်၍ ခါးပိုက်နှိုက် ဖမ်းဆီးရေး ဆောင်ရွက်စဉ် အမှတ်(၈၁)ယာဉ်လိုင်းပေါ်မှဆင်းလာသည့် ခါးပိုက်နှိုက် ပြစ်ချက်ဟောင်းရှိသူ လှိုင်သာယာမြို့နယ်နေသူများ ဖြစ်သည့် အောင်မင်းထွန်း(ခ)အောင်ချမ်း(ခ) တရုတ်ကြီး (ဘ)ဦးစိုးတင့်၊ ဌေးမောင်မောင် (ဘ)ဦးမောင်အေးနှင့် မင်းသူရ(ခ)ဗိုက်ကလေး (ဘ)ဦးစောပန်းအေးတို့(၃)ဦးအားတွေ့ရှိရှာဖွေရာ အောင်မင်းထွန်း (ခ)အောင်ချမ်း(ခ)တရုတ်ကြီးထံမှ ငွေကျပ်(၂၀၀၀၀)တွေ့ရှိရသဖြင့် စစ်မေးရာ ယာဉ်လိုင်းပေါ်ပါ အသက်(၄၅)နှစ်ခန့်အမျိုးသမီး တစ်ဦးထံမှ ဌေးမောင်မောင်နှင့် မင်းသူရတို့မှ လူကာပေးပြီး ၎င်းမှနှိုက်ယူခဲ့သောငွေများဖြစ်ကြောင်း သိရှိရသဖြင့် လှိုင်သာယာမြို့မရဲစခန်း(ပ)၁၄၃၈/၂၀၁၃၊ ပုဒ်မ ၃၇၉(နှိုက်)/၅၄ဖြင့် အသီးသီးအရေးယူ အမှုဖွင့်ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
ဖိလစ်ပိုင်တွင် ခရီးသည်ယာဉ် မိုးပျံဟိုင်းဝေးပေါ်က ပြုတ်ကျ၊ ၂၁ ဦး သေဆုံး
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရဲ့ ဆင်ခြေဖုံးနားမှာ ခရီးသည်တင် လိုင်းကားတစီး မိုးပျံ ဟိုင်းဝေးလမ်းမပေါ်ကနေ ပြုတ်ကျတဲ့ မတော်တဆမှုအတွင်း လူအနည်းဆုံး ၂၁ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီပြီး ဒဏ်ရာရသွားတယ်လို့ အရာရှိတွေက ပြောပါတယ်။
မနက်စောစောပိုင်းမှာ ဘက်စ်ကားဟာ မိုးပျံ ဟိုင်းဝေးလမ်းမပေါ်ကနေ လမ်းချော် ပြုတ်ကျတဲ့အချိန်မှာ အလုံပိတ် ဘန်းကားတစီးပေါ်ကို ပြုတ်ကျခဲ့ပြီး ဘန်းကားရဲ့ ယာဉ်မောင်းလည်း ပွဲချင်းပြီး သေဆုံးသွားပါတယ်။
ဖိလစ်ပိုင် ကြက်ခြေနီအဖွဲ့ကတော့ လိုင်းကားမောင်းတဲ့ ဒရိုင်ဘာအပါအ၀င် အနည်းဆုံး လူ အနည်းဆုံး ၈ ယောက် သေဆုံးသွားတယ်လို့ ဆိုပါတယ်။
မနက်စောစောပိုင်းမှာ ဗုံးကွဲတဲ့ အသံလို အလွန် ကျယ်လောင်တဲ့အသံကို ကြားခဲ့ရပြီးနောက် အခင်းဖြစ်တဲ့နေရာကို သွားကြည့်ခဲ့ပြီး ကားထဲမှာ ပိတ်မိနေတဲ့ လူတွေကို ကယ်ထုတ်ဖို့ ကြိုးစားခဲ့တယ်လို့ မျက်မြင်တယောက်က ပြောပြပါတယ်။
မတော်တဆဖြစ်ရတဲ့ အကြောင်းရင်းကို အာဏာပိုင်တွေက ဆက်စုံစမ်းနေပါတယ်။ လမ်းပေါ်မှာ ရေစိုနေတာက အကြောင်းရင်း ဖြစ်နိုင်တယ်လို့လည်း ခန့်မှန်းနေကြပါတယ်။
ဖိလစ်ပိုင်မှာ ၂၀၁၁ ခုနှစ်ကလည်း ဒီလို ပုံစံ လိုင်းကားမတော်တဆမှု ဖြစ်ခဲ့ပြီး လူ ၃ ယောက် သေဆုံးခဲ့ပါတယ်။
DVB Burmese
ဓာတုဆေး ပီပါခွံများကို စားသုံးဆီထည့်၍ အသုံးပြုနေမှု ထိရောက်စွာဖြေရှင်းရန် ပြည်ထောင်စုဝန်ကြီးဆို
ရန်ကုန်၊ ဒီဇင်ဘာ ၁၄
လူကို အန္တရာယ်ဖြစ်စေသည့် ဓာတုဆေးများ ထည့်သွင်းအသုံးပြုသော ပီပါခွံ များထဲသို့ စားသုံးဆီထည့်၍ သုံးစွဲမှုများ ရှိနေသဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များအသင်းချုပ် (UMFCCI) အနေနှင့် ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် က (UMFCCI) တွင် ဒီဇင်ဘာ ၁၄ ရက်နေ့က ပြုလုပ်သည့် (၂၁) ကြိမ်မြောက် ဆီလုပ်ငန်းရှင်များ နှစ်ပတ်လည် အသင်းသား စုံညီအစည်းအဝေးတွင် ပြောကြားသည်။
အဆိုပါ ဓာတုဆေးသုံး ပီပါခွံများကို စားသုံးဆီ ထည့်၍ သုံးစွဲခြင်းသည် အန္တရာယ် ကြီးကြောင်း၊ ဓာတုဆေးဝါး ထည့်သွင်း အသုံးပြုထားသည့် ပီပါခွံ များကို ပြည်တွင်း၌ စားသုံးဆီ ထည့်ရန် သုံးစွဲမှုကို ကြပ်မတ် ရန် UMFCCI သို့ တိုက်တွန်းထားကြောင်း ဝန်ကြီးက The Voice သို့ ပြောကြားသည်။
ဓာတုဗေဒပစ္စည်းများ ထည့်သော ပီပါခွံများကို ဆေးကြောသည့် ပုံစံနှင့် နည်းစနစ်ကို ပြသပေးရန် အပါအဝင် စားအုန်းဆီ ထည့်သွင်းအသုံးပြုသည့် ပီပါခွံများ သန့်ရှင်းမှုရှိ၊ မရှိ စစ်ဆေးပေးရန် တို့ကို ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးသိန်းဟန်အား ပြောဆိုဆွေးနွေး ခဲ့ကြောင်း ဝန်ကြီးက ရှင်းပြသည်။
"ဒီပီပါခွံ (ဓာတုပစ္စည်းများ ထည့်သွင်း အသုံးပြုထားသော ပီပါခွံ) တွေက အင်မတန် အန္တရာယ်ကြီးတယ်။ နောင်တစ်ချိန်မှာ ကျွန်တော်တို့ တရားခံ ဖြစ်သွားနိုင်တယ်။ ဒါကို ကျွန်တော် ပြောနေတာကြာပြီ။ အစည်းအဝေးမှာ မှတ်တမ်းတင်ပေးပါ။ ကျွန်တော်တို့ ဘက်ကရော ဘာလုပ်ပေးရ
မလဲ။ လုပ်ပေးရမယ့် ကိစ္စကို မြန်မြန်ဆန်ဆန် လုပ်ပေးမယ်" ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ဆီထည့်သည့် ပီပါခွံများကို သန့်ရှင်းမှု ရှိစေရန် စားအုန်းဆီကန် များနှင့် စားအုန်းဆီ လာထုတ်သည့် လုပ်ငန်းရှင်များကို ညွှန်ကြားထားပြီး ဖြစ်ကြောင်း၊ ဓာတုဆေးဝါး ထည့်သည့် ပီပါ များသည် အဖုံး ဖွင့်လိုက်ပါက အနံ့ထွက်၍ သိသာကြောင်း မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း တွဲဖက် အတွင်းရေးမှူး ဦးဆန်းလင်းက ပြောကြားသည်။
"အရိုးခေါင်းတံဆိပ် နဲ့ ဓာတုဆေးဝါး ထည့်တဲ့ ပီပါတွေဆို လက်မခံဖို့။ ဆီကန်မှာ စားအုန်းဆီ လာထုတ်တဲ့ လူတွေက ကိုယ်လာထုတ်တဲ့ ဆီပီပါရဲ့ သန့်ရှင်းမှုကို တာဝန်ယူရမယ် လို့ ပြောထားတယ်" ဟု ၄င်းက ရှင်းပြသည်။
မြန်မာနိုင်ငံ၏ ဆီစားသုံးမှုသည် တစ်နှစ်လျှင် ပျမ်းမျှ တန်ချိန် ၈ ဒသမ ၅ သိန်း ဝန်းကျင်ရှိကြောင်း၊ ပြည်တွင်းထုတ်လုပ်မှု တန်ချိန် ငါးသိန်း ဝန်းကျင်နှင့် ပြည်ပမှ တင်သွင်းမှုသည် တစ်နှစ်လျှင် ပျမ်းမျှတန်ချိန် ၃ ဒသမ ၅ သိန်းဝန်းကျင် ရှိသည်ဟု မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း ထံမှ သိရသည်။
ပြည်ပမှ စားသုံးရန်မသင့်သည့် မြောင်းဆီများ ဝင်ရောက်မလာရန် အတွက်လည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဌာန၊ ဗဟိုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာန (FDA)၊ မြန်မာနိုင်ငံ ဆီလုပ်ငန်းရှင် အသင်းနှင့် လုပ်ငန်းရှင်များတွင် တာဝန်ရှိသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆက်လက် ပြောကြားသည်။
The Voice Weekly Myanmar
ပြေးခုန်ပစ် ရွှေရရင် ဦးတေဇ သိန်း ၃၀၀ ဆုချမည်
![]() |
အမျိုးသမီး ကီလိုမီတာ ၂၀ လမ်းလျှောက်ပြိုင်ပွဲ ကျင်းပခဲ့ရာ မြန်မာအသင်းမှ မစောမာလာနွယ် |
လက်ရှိ ကျင်းပနေတဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း)မှာ ပြေးခုန်ပစ် အားကစား ပြိုင်ပွဲတွေအတွက် ရွှေတံဆိပ် ၁ ခု ဆွတ်ခူးရင် ကျပ်ငွေ သိန်း ၃၀၀ ချီးမြှင့်မယ်လို့ ထူးကုမ္ပဏီပိုင်ရှင် သူဌေးကြီး ဦးတေဇက ကြေညာပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်း နေပြည်တော်မှာ လုပ်တဲ့ ပြေးခုန်ပစ် အဖွဲ့ချုပ် အစည်းအဝေးမှာ ဦးတေဇ ကိုယ်စား ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက အားကစားသမားတွေကို ကတိပေးခဲ့တာ ဖြစ်ပါတယ်။
မနေ့က ပြေးခုန်ပစ်အားကစားပြိုင်ပွဲကို နေပြည်တော် ၀ဏ္ဏသိဒ္ဓိ အားကစားကွင်းကြီးမှာ စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံက ပြေးခုန်ပစ်အားကစားမယ် စောမာလာနွယ်က အမြန်လမ်းလျှောက်အားကစားနည်းမှာ ပွဲဦးထွက် ရွှေတံဆိပ် ရရှိခဲ့ပါတယ်။
လက်ရှိ ဆီးဂိမ်းမှာ ရွှေရရင် ကျပ်ငွေ သိန်း ဘယ်လောက်ပေးမယ် ဆိုပြီး လုပ်ငန်းရှင် သူဌေးကြီးတွေ အပြိုင်အဆိုင် ကြေညာနေကြရာမှာ ဦးတေဇ ပေးမယ့် ဆုကြေးငွေက အများဆုံး ဖြစ်ပါတယ်။
အလားတူ စက်ဘီးဆိုရင် အဖွဲ့လိုက် ရွှေရရင် ကျပ် သိန်း ၁၀၀၊ တဦးချင်း ရွှေရရင် ကျပ် သိန်း ၅၀၊ ဘိလိယက်နဲ့ စနူကာ အဖွဲ့ချုပ်က ရွှေရရင် ကျပ် သိန်း ၅၀၊ ပန်ကြပ်ဆီလတ် အဖွဲ့ချုပ်က ရွှေရရင် ကျပ် သိန်း ၁၀၀၊ ဘောလုံးအသင်း ရွှေရရင် ၁ ယောက် သိန်း ၁၀၀ နဲ့ တသင်းလုံးအတွက် ကျပ် သိန်း ၂၃၀၀ စသဖြင့် ချီးမြှင့်မယ်လို့ ရွှေတောင်ကုမ္ပဏီ၊ ကမ္ဘောဇ ဘဏ်နဲ့ လုပ်ငန်းရှင် သူဌေးကြီးတွေက သီးခြားစီ ကြေညာထားကြပါတယ်။
DVB Burmese
ကျနော်တို့ ရာဇ၀တ်သားတွေ ပြန်ဖြစ်ရပြီ – မိန်းမလျာလိင်
![]() |
နယူးဒေလီ ဂျန်တာမန်တာရင်ပြင်မှာ တရားရုံးချုပ်က စီရင်ဆုံးဖြတ် ပြီးပြီးချင်း ဆန္ဒပြနေစဉ် |
အိန္ဒိယက လိင်တူဆက်ဆံသူ၊ မိန်းမလျာ၊ လိင်နှစ်မျိုးဆက်ဆံသူနဲ့ လိင်ပြောင်းသူတွေရဲ့ လူ့အဖွဲ့အစည်းမှာတော့ အဓိက နောက်ပြန်ဆွဲမှုနဲ့ ကြုံနေရပါတယ်။ တရားရုံးချုပ်က မိန်းမလျာလိင်ကို တရားဝင်အဖြစ် သတ်မှတ်ပေးလိုက်တဲ့ အောက်တရားရုံးရဲ့ စီရင်ဆုံးဖြတ်မှုကို ပြောင်းလဲဆုံးဖြတ်လိုက်တာပါ။ တရားရုံးရဲ့ အဆိုအရ မိန်းမလျာလိင်ဟာ တရားမ၀င်ပြစ်မှု ဖြစ်နေပါသေးတယ်။
မိန်းမလျာလိင်ကို တရားမ၀င်အဖြစ် တရားရုံးချုပ်က စီရင်ဆုံးဖြတ် ပြီးပြီးချင်းပဲ နယူးဒေလီ ဂျန်တာမန်တာရင်ပြင်မှာ ဆန္ဒပြကြပါတယ်။
လိင်တူဆက်ဆံသူ၊ မိန်းမလျာ၊ လိင်နှစ်မျိုးဆက်ဆံသူ နဲ့ လိင်ပြောင်းသူတွေရဲ့ လူ့အဖွဲ့အစည်းက ရာနဲ့ချီတဲ့ အဖွဲ့ဝင်တွေနဲ့ သူတို့ကို ထောက်ခံသူတွေက အနက်ရောင် နဖူးစည်းတွေ ၀တ်ဆင်ပြီး “ဒါ အိန္ဒိယမှာ လူ့အခွင့်အရေးအတွက် ၀မ်းနည်းစရာနေ့တနေ့” လို့ ရေးထားတဲ့ လက်ကိုင်ပိုစတာတွေနဲ့ “မိန်းမလျာတယောက် ဖြစ်ရတာ ဂုဏ်ယူတယ်”ဆိုတဲ့ ပိုစတာတွေကို ကိုင်ဆောင်ကြပါတယ်။”
.
ကန့်ကွက်ဆန္ဒပြတဲ့အထဲမှာ ပါဝင်ပြီး အနက်ရောင် အ၀တ်စနဲ့ ပိတ်စည်းထားတဲ့ ရှီဘူက “ဥပဒေက ကန်းနေပြီး အဲဒီလိုပဲ အမြဲ ဆက်ကန်း နေဦးမှာပဲဗျ။ သူက ဘာမှ မမြင်ဘူးလေ၊ ဘယ်သူကိုမှလည်း မမြင်ဘူး။ အခုတော့ ကျနော်တို့ ဘာမှမမြင်ရဖို့အတွက် ကျနော်တို့လည်း ကန်းပစ်ချင်နေပြီ” လို့ ပြောပါတယ်။
တရားရုံးချုပ်က ကိုလိုနီခေတ်က ဥပဒေကို ကိုင်စွဲထားတဲ့အတွက် အဲဒီ ဥပဒေအရ မိန်းမလျာလိင်ကို ထောင်ဒဏ် ၁၀ နှစ်ထိ အပြစ်ပေးလို့ရတဲ့ အရေးကြီးတဲ့ ရာဇ၀တ်မှုတခုအဖြစ် သဘောထားတာပါ။
၂၀၀၉ ခုနှစ်မှာ ဒေလီတရားရုံးက အဲဒီ ဥပဒေကို ဖွဲ့စည်းပုံ အခြေခံဥပဒေက အာမခံထားတဲ့ တန်းတူညီမျှမှု၊ တကိုယ်ရေ သီးသန့်နေထိုင်မှု ဂုဏ်သိက္ခာ စတာတွေကို ချိုးဖောက်တာလို့ စီရင်ပြီး ဆန့်ကျင် ပယ်ဖျက်ပစ်ခဲ့ပါတယ်။
အဲဒီ ၂၀၀၉ ခုနှစ် စီရင်ဆုံးဖြတ်မှုက လူတွေကို မိန်းမလျာဘ၀ ချီတက် လမ်းလျှောက်ပွဲ မျိုးတွေကို ပိုပြီး ပွင့်ပွင့်လင်းလင်း စည်းရုံးဆောင်ရွက်နိုင်ခွင့် ပြုခဲ့ပါတယ်။
သူတို့ရဲ့လိင်တိမ်းညွှတ်မှုအရ မိန်းမလျာတွေကို အလုပ်က ထုတ်ပစ်တာမျိုးကို အကာအကွယ်ပေးဖို့ အထောက်အကူ ဖြစ်စေခဲ့ပြီး ဆရာဝန်တွေကိုလည်း လိင်တူဆက်ဆံသူတွေကို ပြုစုကုသပေးဖို့ ငြင်းပယ်တာမျိုး ဆက်မလုပ်နိုင်အောင် တားဆီးနိုင်ခဲ့ပါတယ်။
“ကျနော်တို့ဟာ ပုန်းရှောင်စရာမလိုဘဲ ပုံမှန်ဘ၀ကို ရှေးရှုနိုင်တဲ့ လွတ်လပ်တဲ့ နိုင်ငံသားတွေ ဖြစ်လာခဲ့ကြပါတယ်။ ဒါပေမယ့် ဒီနေ့က စပြီးတော့ ကျနော်တို့ဟာ ရာဇ၀တ်မှု ကျူးလွန်သူတွေ ပြန်ဖြစ်ရပြီး စိတ်အနှောင့်အယှက်ပေးတာ၊ အခွင့်အရေး ချိုးဖောက်ခံရတာတွေ တခါပြန်ပြီး အလုပ်ခံရနိုင်ပါတယ်။”
တနိုင်ငံလုံးမှာ အများစုကြီးက ရှေးရိုးစွဲတွေအဖြစ် ရှိနေဆဲဖြစ်ပြီး လက်မထပ်ဘဲ လိင်ဆက်ဆံတာမျိုးကို လိင်ကွဲ၊ လိင်ဆက်ဆံသူ စုံတွဲတွေ ဖြစ်ရင်တောင်မှ မှားယွင်းတဲ့ လုပ်ရပ်လို့ သဘောထားခံကြရပါတယ်။
အစိုးရက ဒီကိစ္စကို ရေတိုမှာတော့ လူထုကို တိတိလင်းလင်း ချပြဖို့ အရဲကိုးလောက်စရာ အလားအလာ မရှိဘူးလို့ ထင်ရပါတယ်။
အထွေထွေရွေးကောက်ပွဲတွေကို နောက်နှစ် မေလမှာ ကျင်းပမှာ ဖြစ်ပြီး ရှေးရိုးစွဲတွေ ဖြစ်တဲ့ ဟိန္ဒူ အမျိုးသားရေးဝါဒီ အတိုက်အခံကတော့ အရှိန်ရ အားကောင်းနေပါတယ်။
ယောဂဆရာဖြစ်တဲ့ ဘာဘာရမ်ဒက်ဗ်လို ဟိန္ဒူဘာသာရေးခေါင်းဆောင်တွေကတော့ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံကြိုဆိုကြပါတယ်။
“လိင်တူဆက်ဆံတာကို တရားမ၀င် ကြေညာလိုက်ပြီး ရာဇ၀တ်မှုအဖြစ် သတ်မှတ် လိုက်တဲ့အတွက် တရားရုံးချုပ်က ဟိန္ဒူ၊ အစ္စလာမ်၊ ခရစ်ယာန်၊ ဆစ်ခ်တွေနဲ့ ကိုယ်ကျင့်တရားကို ယုံကြည်ကြတဲ့ သန်းပေါင်းများစွာရှိတဲ့ အိန္ဒိယတွေရဲ့ ခံစားမှုကို လေးစားတယ်ဆိုတာ ပြသ လိုက်တာပါပဲ။ လိင်တူ ဆက်ဆံတာဟာ လူ့အခွင့်အရေး ချိုးဖောက်တာပဲဗျ။ ကိုယ်ကျင့်တရား ပျက်တာ၊ ကြောင်းကျိုးတကျ မရှိ၊ သိပ္ပံနည်းမကျ သဘာဝလည်း မကျပါဘူးဗျာ။”
မိန်းမလျာ အခွင့်အရေးအုပ်စုတွေကတော့ တရားရုံးချုပ်ရဲ့ စီရင်ဆုံးဖြတ်မှုကို ပြန်ပြောင်းလဲဖို့ ပြန်လည်သုံးသပ်ဖို့ အခု ကြိုးစားနေကြပါတယ်။ ဒါပေမယ့် ဒီလို ရွေးချယ်မှုတွေကတော့ အောင်မြင်မှု ရခဲပါတယ်။
ဂေါတမ်ဘန်းလို တက်ကြွလှုပ်ရှားသူတွေကတော့ မီဒီယာတွေ နဲ့ ဒီလို ကန့်ကွက် ဆန့်ကျင်ပွဲတွေကို သုံးပြီး ပြည်သူလူထုရဲ့ ဖိအားနဲ့ တရားရုံးရဲ့ဆုံးဖြတ်ချက် ကို ပြောင်းပြန်လှန်ပစ်ဖို့ ပိုပြီး အောင်မြင်မှု ရလာနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။
ဂေါတမ်ဘန်းက “ကျနော်တို့က ကျနော်တို့ရဲ့နှလုံးသားထဲမှာ ရှိနေတဲ့သူတွေ လက်ခံဖို့ ကျန်ာတို့ဘ၀ရဲ့ အခက်အခဲဆုံး တိုက်ပွဲကို တိုက်ခဲ့ကြတာပါ။ ဒီ တရားရုံးက အကြောက်တရားဆိုတာ ဘာဆိုတာ သူတို့ သိတယ်လို့ ထင်တယ်ဆိုရင် ဒီတိုင်းပြည်မှာ ရှိတဲ့ မိန်းမလျာတိုင်း နေထိုင်နေကြတဲ့ အခြေအနေကို နားလည်နိုင်ပါတယ်။ ကျနော်တို့က ကျနော်တို့ရဲ့ ဒီ မကောင်းဆိုးဝါး ၀ိညာဉ်နဲ့ ရှင်သန်နေထိုင်နိုင်ရင် ဒီ အလေ့အထကိုလည်း ရှင်သန်အောင် လုပ်နိုင်မယ်ဆိုတာကိုလည်း သူတို့ နားလည်လာကြပါလိမ့်မယ်” လို့ ပြောပါတယ်။
ဘစ်စ်မီလာ ဂီလာနီက အာရှဒေသ သတင်းဆောင်းပါးကဏ္ဍအတွက် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်ကနေ သတင်းပေးပို့ ထားပါတယ်။
DVB Burmese
အပြင်ပေါက်ဈေးတွေ ကျဆင်းလာတဲ့ (၁၅၀၀)တန် ဆင်းကဒ်များ
နေပြည်တော်ဒေသတွင် (၁၅၀၀)တန် ဆင်းကဒ်များ ဈေးကျဆင်းလာတယ်လို့ သိရပါတယ်။
GSM ဆင်းကဒ်များမှာ ကနဦးပြင်ပတွင် ကျပ်တစ်သိန်းနှစ်သာင်းမှ တစ်သိန်းသုံးသောင်းအထိရှိခဲ့သော်လည်း မကြာသေးမီက ခုနှစ်သောင်းခွဲကျပ်အထိကျဆင်းပြီး ယခု ကိုးသောင်းခန့်လောက်အထိဈေးပြန်လည်းမြင့်တက်လာတယ်လို့ သိရပါတယ်။
အ၀ယ်လိုက်မျက်နှာပန်းလှနေသည့်မှာ ယခု ထပ်မချပေးတော့သည့် CDMA 800 Mhz ကဒ်တွေဖြစ်ပါတယ်။
အကြောင်းမှာ မြန်မာနိင်ငံရဲ့အင်တာနက်အသုံးပြုသူအရေအတွက်များပြားလာတဲ့ အတွက်ဖြစ်ပါတယ်။ ဒီCDMA 800 Mhz ဆင်းကဒ်ဟာ လိုင်းဆွဲအားပိုကောင်းလို့ပါပဲ။
ဈေးနှုန်းကတော့ တစ်သိန်းကျပ်ခန့်ပေါက်ဈေးရှိတယ်လို့
သိရပါတယ်။
Smart Pro Journal
အလုပ်ခွင်မှာ ဇာတ်လမ်းရှိနေရင် မလုပ်သင့်တဲ့ အချက်(၅)ချက်
ဘ၀တစ်ခုတည်ဆောက်ရာမှာ အဖက်ဖက်ကို သတိထားပြီး စနစ်တကျစဉ်းစားနိုင်မှ စိတ်ချမ်းသာပြည့်စုံတဲ့ ဘ၀ကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ တစ်ခါတစ်ရံ တစ်ချို့သူတွေဟာ သူတို့နဲ့ကိုက်ညီတဲ့ အချစ် ကိုတွေ့ ရချိန်မှာ အဲဒီအချစ်အတွက် ပေးဆပ်ရမယ့် အရင်းအနှီးက ကြီးလွန်းနေတာမျိုးလည်း ရှိနေပါတယ်။ ဒီတော့ အလုပ်ခွင်မှာ မရှိသင့်တဲ့ ပတ်သက်ဆက်ဆံမှု အကြောင်းအနည်းငယ် ပြောပြချင်ပါတယ်။
(၁) အိမ်ထောင်ရှိထားသူမျိုးကို ရှောင်ကျဉ်ပါ ။
အလုပ်ခွင်ထဲမှာ အိမ်ထောင်ရှိထားတဲ့ အမျိုးသမီးတစ်ယောကို ချဉ်းကပ်ဖို့ကြိုးစားတာမျိုး ကတော့ လုံးဝ (လုံးဝ) “NO” ပါ။ သူမကသင့်ရဲ့ အဆိုးအကောင်း မှန်သမျှကို အားတက်သရော ဂရုစိုက်ပေးတတ်ရုံနဲ့ သူမဟာသင့်ကို စိတ်ဝင်စားနေပြီလို့ မထင်မိလိုက်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ ဒီလိုဂရုစိုက်နေတာဟာ အလုပ်ခွင်မှာ သင့်ကို သူငယ်ချင်းကောင်းတစ်ယောက်အနေနဲ့ လိုအပ်လို့ပါပဲ။ ဒါကြောင့် သင့်ရဲ့ခံစားချက်ကို ပြန်လည်မြိုသိပ်ထားပြီး အပြီးတိုင်စွန့်ပစ်လိုက်တာက အကောင်းဆုံးဖြေရှင်း နည်းပါပဲ။
(၂) ကုမ္ပဏီရဲ့ account ထဲကနေ မေးလ်တွေကို အပေးအယူလုပ်တာမျိုး ရှောင်ကျဉ်ပါ။
အရေးကြီးသတင်းများကို email account ဒါမှမဟုတ် social media accounts တွေကနေ မျှဝေမယ့်အစား စိတ်ထဲမှာပဲ မြိုသိပ်ထားလိုက်တာက ပိုကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ သင့်ရဲ့ ကုမ္ပဏီပိုင် account ကို သင့်ရဲ့သူဌေးက ၀င်ရောက်ခွင့်ရှိချင်ရှိနေတတ်ပါတယ်။ တကယ်လို့များ အလုပ် ထဲမှာ ချစ်သူ ရည်းစားရှိထားတယ်ဆိုရင်တော့ ပြောခဲ့သလိုမျိုး ကုမ္ပဏီ account ကနေ အပြန်အလှန် မေးလ်ပို့တာမျိုးကို ရှောင်ကျဉ်ပါ။
(၃) ရုံးထဲမှာ ပြဇာတ်ခင်းမနေမိပါစေနဲ့။
တစ်ရုံးထဲ အတူတူလုပ်နေချိန်မျိုးမှာ လိုအပ်တာထက်ပိုတဲ့ ဆက်ဆံရေးမျိုး အများရှေ့မှာ မလုပ်ပြမိရင် ပိုကောင်းပါတယ်။ ရုံးတွင်းပြောနေကျ အတင်းအဖျင်း အမျိုးမျိုးတွေက သင်တို့နှစ်ဦးရဲ့ ဆက်ဆံရေး (ဒါမှမဟုတ်) တက်လမ်းကို ပိတ်သွားစေနိုင်တဲ့ အရာပါ။ ဒီတော့ ကိုယ့်ရဲ့ပြိုင်ဘက် ရှိထားခဲ့ရင် ကိုယ့်ဘက်က ပြစ်ချက်တစ်ခု ထောက်ပြစရာမဖြစ်အောင် ပိပိရိရိနေထိုင်ကြဖို့ လိုအပ်ပါတယ်။
(၄) ရာထူးပြိုင်လုနေသူမျိုးနဲ့ မအိပ်မိပါစေနဲ့။
သူမဟာ အချစ်အကြောင်းနောကျေနေတဲ့ ခပ်လည်လည်ကောင်မလေး တစ်ယောက် ဆိုရင်တော့ သင်နဲ့ ပရိုမိုးရှင်းအပြိုင်အဆိုင် ဖြစ်နေတဲ့ကာလမျိုးမှာ သွားမပတ်သက်မိပါစေနဲ့။ ဘာကြောင့်လဲဆိုတော့ သင့်ကို သဘောရိုးနဲ့ချဉ်းကပ်တာမျိုး မဟုတ်ခဲ့ရင် သင့်ရဲ့ အားနည်းချက်တွေကို သူမသိသွားနိုင်ပါတယ်။ ဒါကြောင့် စွမ်းရည်တူ ၊ အလုပ်အရည်အချင်းတူနေသူ မျိုးကို တတ်နိုင်သမျှ မပတ်သက်ဖို့ ရှောင်သင့် ပါတယ်။
(၅) သိုသိပ်မှုရှိပါ ။
ပြောခဲ့တဲ့ အချက်တွေအားလုံးနဲ့ ကင်းရှင်းပြီး တကယ်စစ်မှန်တဲ့ အချစ်မျိုးကို အလုပ်ခွင်မှာ ရှာတွေခဲ့တယ်ဆိုတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါဆိုရင်တော့ ကံကောင်းပါစေလို့ ဆုတောင်းပေးရ မှာပေါ့။ ဒါပေမယ့် အကောင်းဆုံးကတော့ သင်တို့ရဲ့ ချစ်ခင်ပတ်သက်နေမှုကို ဖုံးကွယ်ထားတာပါပဲ။ အကြာကြီး စကားပြောနေခြင်း ၊ ကိုယ်ထိလက်ရောက် ပြုမူပြောဆိုနေခြင်း နဲ့ အလွန်နီးနီးကပ်ကပ် ရှိနေခြင်းမျိုးက သင်တို့ကို သတိထားမိစေသွားနိုင်ပြီး ကောလဟာလအမျိုးမျိုးကြောင့် စိတ်ရှုပ်ရတာမျိုး ရှိနိုင်တာမို့ ဒါလေးကိုတော့ သတိထားပြီး ရှောင်ကြဉ်သင့်ပါတယ်။
Ref:mensxp
Trend Myanmar
တစ်အိမ်ထောင် ကလေးနှစ်ယောက် စည်းမျဉ်း လာမည့်နှစ် တရုတ်၌ စတင်ကျင့်သုံးဖွယ်ရှိ
လာမည့်နှစ် အစောပိုင်းတွင် တစ်အိမ်ထောင် ကလေးတစ်ယောက် မိသားစုမှ ပေါက်ဖွားလာသည့် မိခင်၊ ဖခင်များ အနေဖြင့် ၄င်းတို့မိသားစု အတွက် ဒုတိ ယမြောက် ရင်သွေး ကို ရယူခွင့်ရှိလာနိုင် ဖွယ်ရှိကြောင်း မိသားစု စီမံကိန်း ဆိုင်ရာ အကြီးတန်း အရာရှိ တစ်ဦးက စနေနေ့ တွင် ထုတ်ဖော် ပြောကြားလိုက်သည်။
၎င်း အရာရှိသည် အမျိုးသား ကျန်းမာရေးနှင့် မိသားစု စီမံကိန်းကော်မရှင်မှ မိသားစု စီမံကိန်း ညွှန်ကြားမှု ဌာန၏ ဒါရိုက်တာ ရန် ဝန်ဇူရန် ဖြစ်ပြီး နိုင်ငံပိုင် CCTV သတင်း ဌာနနှင့် တွေ့ဆုံမေး မြန်းခန်းတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ နိုင်ငံ၏ မိသားစု စီမံကိန်း မူဝါဒဖြေလျှော့ပေးမှု ကို လာမည့်နှစ် အစောပိုင်းတွင် စတင်နိုင်ဖွယ် ရှိပြီး သက် ဆိုင်ရာအာဏာပိုင် များ၏ ခွင့်ပြုချက်ရ လျှင် အမိန့် ထုတ်ပြန်နိုင်ပြီဟု ထပ် လောင်းပြောကြားသည်။
ယခင်က သတ်မှတ်ထားသည့် စည်းမျဉ်း အရ မြို့ပြဒေသများတွင် တစ်ကောင်ကြွက် မိခင်နှင့် ဖခင် တို့သာလျှင် ၄င်းတို့နှစ်ဦး လက်ထပ် ပြီးနောက် က လေးနှစ်ယောက် ယူပိုင်ခွင့် ရှိခဲ့သည်။
နိုဝင်ဘာလ ၁၂ ရက်နေ့က ပြီး ဆုံးခဲ့သည့် ၁၈ ကြိမ်မြောက် တရုတ်ကွန် မြူနစ်ပါတီ၏ ဗဟိုကော်မတီ များ မျက် နှာစုံညီ စည်းဝေးပွဲတွင် တစ်အိမ်ထောင် ကလေး တစ်ယောက် မူဝါဒကို ဖြေလျှော့ ပေးရန် ဆုံးဖြတ်ခဲ့ပြီး မိခင်ဖြစ်စေ ဖခင် ဖြစ်စေ တစ်ကောင်ကြွက် အဖြစ် မွေးဖွားလာပြီး အိမ်ထောင်ကျထား သူများကို ကလေး နောက် တစ်ယောက် ထပ်မံယူ ခွင့်ပြုရန် ဆုံးဖြတ် ခဲ့ခြင်းဖြစ်သည်။
ဒါရိုက်တာ ရန်ဝန်ဇူရန်က တိုးပွား လာမည့် ကလေး မွေးဖွားမှုနှုန်းနှင့် လိုက် လျော ညီထွေဖြစ်မည့် ပညာရေးနှင့် ကျန်းမာရေး အဖွဲ့အစည်း များကို အသင့် ပြင် ထား ရန်နှင့် ထပ်မံ မွေးဖွားလာမည့် ကလေးများနှင့် ၄င်းတို့၏ မိခင်များ အရည်အသွေး ပြည့်မီသည့် ဝန်ဆောင်မှု ရရှိနိုင်ရန် လုပ်ဆောင် ပေးနိုင်ဖို့ လိုအပ်ကြောင်း တိုက်တွန်း ထား သည်။
ဖြေလျှော့ပေး လိုက်မည့် စည်းမျဉ်း အသက်ဝင်မှုသည် သက်ဆိုင်ရာ ဒေသ၏ လတ်တလော အခြေအနေပေါ် မူတည် ပြီး အချိန် ကွာခြားမှု ရှိနိုင်သော်လည်း များစွာ ကွာခြားမှု မရှိသင့်ကြောင်း၊ ရေရှည် တည်တံ့မည့် စည်းမျဉ်းတစ်ရပ် ဖြစ်သောကြောင့် မိဘများ အနေဖြင့် လည်း မူဝါဒ ထွက်လာပြီးနောက် ကလေး ထပ်ယူမည့် အစီ စဉ် ကိုအလောတကြီး လုပ်ဆောင်ရန် မလိုအပ်ကြောင်း ရန် ဝန်ဇူရန်က ပြောသည်။
အမျိုးသား ကျန်းမာရေးနှင့် မိသားစု စီမံကိန်းကော်မရှင် ၏ ပြီးခဲ့သည့် စစ်တမ်းကောက်ယူ ထားမှုများအရ ရင်သွေး ရယူမှု ဥပဒေ ဖြေလျှော့မှုကြောင့် ဒုတိယမြောက် ရင်သွေး ရယူနိုင်သည့် မိသားစု ၁၅ သန်းမှ သန်း ၂ဝ အထိရှိနိုင် ပြီး ၄င်းတို့ထဲမှ ၅ဝ (သို့) ၆ဝ ရာခိုင်နှုန်း ခန့်က ဒုတိယမြောက် ရင်သွေးကို ရယူ လိုသည့်ဆန္ဒ ရှိနေ သည်ဟု သိရသည်။
ရန်ဝန်ဇူရန် က နှစ်စဉ်နှစ်တိုင်း ကလေး ၂ သန်းဝန်းကျင် ထပ်မံမွေးဖွား လာနိုင်သော်လည်း ၄င်းပမာဏသည် နိုင်ငံ အတွင်းရှိ ကျန်းမာရေး၊ ပညာရေး ဝန်ဆောင်မှု ကဏ္ဍ များကို ပြဿနာကြီး ကြီးမားမား မသက်ရောက် စေနိုင် ကြောင်း ပြောသည်။
ကျွမ်းကျင် သူများက ယခုလိုပြုပြင် ပြောင်းလဲမှုသည် အချိန်ကိုက် လုပ်ဆောင် နိုင်ခြင်းဖြစ်ပြီး နိုင်ငံ အတွင်း ကျား/မ အချိုးအစား မညီမျှမှုကို ဟန်ချက်ညီ သွားစေနိုင် သည် ဟု သုံးသပ်ကြသည်။
၂ဝ၁၂ ခုနှစ် နှစ်ကုန်ပိုင်းက ကောက်ယူ ထားသည့် စာရင်းဇယား အရ တရုတ်နိုင်ငံတွင် အသက် ၆ဝ နှင့် အထက် လူဦးရေ ၁၉၄ သန်းဖြင့် ကမ္ဘာပေါ်တွင် သက်ကြီး ရွယ်အို အများဆုံး နိုင်ငံအဖြစ် ရပ်တည်နေပြီး ယခုလို ပြောင်းလဲမည့် အစီအစဉ်သည် ပြည်သူ များ၏ လိုလားချက်နှင့် နိုင်ငံ အတွက် ပြောင်းလဲ ရတော့မည့် အချိန်တွင် လုပ် ဆောင်သည့် ပြောင်းလဲမှု တစ်ခုဖြစ် သည်ဟု ရန်ဝန်ဇူရန် က ထပ်လောင်း ပြောကြားခဲ့သည်။
Ref : Xinhua
Popular Myanmar News Journal
ဂျန်နူဇက်ကို ဒိုင်တွေမကာကွယ်ပေးလို့ဆိုပြီး ပြင်းပြင်းထန်ထန်ဝေဖန် လိုက်တဲ့ ဒေးဗစ်မိုရက်စ်
ပရီးမီးယားလိဂ်မှာ နိုင်ပွဲပျောက်နေခဲ့တာ (၄)ပွဲဆက်လာခဲ့ပြီး (၅)ပွဲမြောက်အဖြစ် အက်စတွန်ဗီလာအသင်းကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ခဲ့ရာမှာတော့ မန်ယူအတွက် အနိုင်(၃)မှတ်ပြန်လည်ရရှိလာခဲ့ပြီဖြစ်ပါတယ်။ ပွဲချိန်(၁၅၊ ၁၈)မိနစ်တွေမှာ ဒန်နီဝဲလ်ဘတ်က (၂)ဂိုးသွင်းပေးခဲ့ပြီး ဒုတိယပိုင်း(၅၂)မိနစ်မှာ ၀ိန်းရူနီရဲ့ ဖန်တီး ပေးမှုကနေ တွမ်ကလီဘာလေက တတိယဂိုးသွင်းကာ (၃)ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပါတယ်။
ဒီပွဲမှာ တောင်ပံက နေခြေစွမ်းပြသွားခဲ့တဲ့ လူငယ်ပါရမီရှင်လေး ဂျန်နူဇက်ဟာ ပွဲချိန်တစ်လျှောက် အက်စတွန်ဗီလာကစားသမားများ ရဲ့ ကြမ်းတမ်းစွာဖျက်ထုတ်မှုတွေကို ခံနေခဲ့ရတဲ့အတွက် ဒေးဗစ်မိုရက်စ်ကနေ ဒိုင်များဟာ သူ့ကစားသမားအပေါ် မှာ လိုအပ်တဲ့အကာအကွယ်မပေးနိုင်ခဲ့ကြဘူးလို့ ဝေဖန်ပြစ်တင်လာခဲ့ပါပြီ။
“ ပြီးခဲ့တဲ့ပွဲအတော်များများမှာ ဂျန်နူဇက်လေး ဘယ်လောက်ထိခံနေခဲ့ရသလဲဆိုတာ မမှတ်မိလောက်အောင်များ ပြားခဲ့တယ်။ ဒါကို ကျွန်တော်မကျေနပ်တာ။ အကူဒိုင်တွေလည်းပါတယ်။ ဒီလိုနဲ့ ချာတိတ်လေး ဒဏ်ရာတွေရနေ တော့မှာပဲ။ ဒိုင်တွေကမှ မကာကွယ်ကြတာ။ ဒါကိုခွင့်ပြုထားတာ မယုံနိုင်စရာပဲ။ တစ်ဦးတည်းကလုပ်နေတာမ ဟုတ်ဘူး။ တစ်ယောက်ပြီး တစ်ယောက်ကို ခပ်ကြမ်းကြမ်းကစားနေခဲ့တာ။ ဒိုင်တွေ စဉ်းစားကြရမယ့်အချိန်ဖြစ် နေပြီ။ သူတို့ကို ဒီအလုပ်ပေးထားတာ ကစားသမားတွေကို ကာကွယ်ဖို့။ ဒိုင်အလုပ်ကနေ ပိုက်ဆံရနေကြတာ။ သူတို့စိတ်ထဲမှာ ဒီကောင်လေးက ပြန်ထလာမှာပဲကွာ။ ရှောင်ထွက်သွားပါလိမ့်မယ်လို့ ထင်နေသလားမပြော တတ်ပါဘူး”လို့ မိုရက်စ်က ပြောခဲ့ပါတယ်။
Trend Myanmar
မြန်မာတွင် စားအုန်းဆီ စားသုံးမှု နှစ်စဉ် မြင့်တက်နေ
ရန်ကုန် ၊ ဒီဇင်ဘာ ၁၅။ ။ ကမ္ဘာ့ စားအုန်းဆီစားသုံးမှု များ လျှော့ ချ နေသော် လည်း မြန်မာနိုင်ငံတွင် စားအုန်းဆီ စားသုံးမှုမှာ ပိုမိုမြင့် တက် လာနေကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်း ရှင်များ အသင်း ဒု-ဥက္ကဋ္ဌ ဦးဇော် မင်းဝင်းက ဒီဇင်ဘာ ၁၄ရက် ကုန်သည်စက်မှု အသင်းရုံးချုပ်၌ ပြုလုပ်သော (၂၁)ကြိမ်မြောက် မြန်မာနိုင်ငံဆီ ကုန်သည်နှင့် လုပ် ငန်းရှင်များအသင်းသားစုံညီအ စည်းအဝေးတွင် ပြောကြားခဲ့ သည်။
မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များအသင်း ဒု-ဥက္ကဋ္ဌဦးဇော်မင်းဝင်းက ''ကျွန် တော်တို့နိုင်ငံရဲ့ စားအုန်းဆီစား သုံးမှုက တစ်နှစ်ထက်တစ်နှစ် မြင့်တက်နေပေမယ့် နိုင်ငံတကာ မှာက ကျန်းမာရေးအရ တဖြည်း ဖြည်းလျှော့ ချဖို့ လုပ်နေ တယ်။ မြန်မာနိုင်ငံသားတစ်ဦးရဲ့ ဆီစား သုံးမှုက တစ်နှစ်ကို ခြောက်ပိဿာ လောက်ကို စားသုံးနေတယ်။ ဒါကို တဖြည်းဖြည်းလျှော့ချနိုင် ဖို့လိုတယ်''ဟု ဆိုသည်။
လက်ရှိမြန်မာနိုင်ငံ၏ စား အုန်းဆီသုံးစွဲမှုမှာ တစ်နှစ်လျှင် ကိုးသိန်းနီးပါးအထိ ရှိနေရာ ပြည် တွင်းထုတ်လုပ်မှုအနေဖြင့် ခြောက် သိန်းဝန်းကျင်သာ ရှိနေခြင်း ကြောင့် မလေးရှား၊ အင်ဒိုနီးရှား မှ တင်သွင်းသည့်အပြင် ထိုင်းနယ် စပ်မှလည်း တစ်နှစ်တန်ချိန် ၅၀၀၀ ကျော် တင်ပို့နေရကြောင်း၊ ယခု နှစ် ဆီထွက်တင်သွင်းမှုမှာ ယခင် နှစ်ထက် တန်ချိန်နှစ်သောင်းနီး ပါး ပိုမိုနေကြောင်း စီးပွားကူးသန်း စာရင်းများအရ သိရသည်။
ယင်းနှင့်ပတ်သက်၍ပြည် ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ''ပြည်တွင်းစားဆီ လိုအပ်ချက် ကို ပြည်မီဖို့ဆိုရင် နှမ်းတို့၊ မြေပဲ တို့ကို ပိုစိုက်ဖို့လိုတယ်။ စိုက်ဧက နည်းလို့ စားသုံးဖို့ မလုံလောက် ရင် ပြည်ပကသွင်းရမှာပဲ။ စားဆီ ဆိုတာက မြေပဲတို့၊ နှမ်းတို့ လောက် ကျန်းမာရေးနဲ့မညီတာ တော့ အမှန်ပဲ။ ပြည်တွင်းမှာ ဆီ ထွက်သီးနှံကို တန်ချိန်သုံးသိန်း လောက်ထုတ်နိုင်အောင်ကို တိုး ချဲ့စိုက်ပျိုးဖို့ လိုတယ်''ဟုဆိုသည်။ ပြည်တွင်း၌ နှမ်းဆီ၊ မြေပဲဆီ များထွက်ရှိသော်လည်း ယင်း၏ ဈေးနှုန်း မှာ စားအုန်ဆီ ဈေးထက် ထက်ဝက်ကျော် ကွာဟချက်ရှိနေ ခြင်းကြောင့် စားဆီစားသုံးမှုမြင့် တက်နေခြင်းဖြစ်ပြီး ယင်းအား လျှော့ချရန်အတွက် လူတစ်ဦး ချင်း၏ စီးပွားရေးအခြေအနေ ပေါ်တွင် မူတည်မည်ဖြစ်ကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။
ဆီကုန်သည်အသင်းအ တွင်းရေးမှူး ဦးဆန်းလင်းက ''စား ဆီထက် မြေပဲဆီက ကျန်းမာရေး အရ ကောင်းပေမယ့် ဈေးကွာဟ ချက်ကမြင့်နေတော့ လူတွေက စားသောက်ဖို့ အခက်အခဲဖြစ်နေ ပါတယ်။ အဲဒီအတွက် ဆီအသင်း အနေနဲ့ သွင်းနေတဲ့ စားဆီတွေ ကို ကျန်းမာရေးနဲ့ကိုက်ညီဖို့ စည်း ကမ်းတွေချမှတ်ပြီး အဖွဲ့အ စည်းအသီးသီးနဲ့ ဆောက်ရွက်နေ ပါတယ်။ စားရန်မသင့်တဲ့ဆီတွေ ကို ချက်ချင်းသိမ်းဆည်းပြီး အ ရေးယူဆောင်ရွက်တာတွေ လုပ် ပါတယ်''ဟု ဆိုသည်။ ဒေါက်တာ ဦးမျိုးမြင့်က ''စားဆီတို့၊ အချိုမှုန့်တိုက လူတွေ အတွက် ကျန်းမာရေးနဲ့မညီတာ ကို လူတွေလဲသိတယ်။ ကျွန်တော် တို့လဲ ပြောနေတယ်ဆိုပေမယ့် ပြည်သူတွေ ပဲဆီ၊ နှမ်းဆီ ပြောင်း စားဖို့ ဝင်ငွေတွေလဲ မူတည် တယ်။ အခုနောက်ပိုင်း လူတွေ ရဲ့ စားသောက်မှုပုံစံမှာ ကျန်းမာ ရေးရှုထောင့်က ထည့်သွင်းစဉ်း စားလာကြတဲ့အတွက် တဖြည်း ဖြည်းနဲ့ သူတို့ဘာသာလျှော့ချ လာမှာပါ''ဟု ဆိုသည်။
Yangon Media Group
ဥပဒေ ချိုးဖောက်လျှင် ဥပဒေအပြစ်ဒဏ် ပေးခံရမည်
(၇.၁၂.၂၀၁၃)နေ့ည (၁၀း၀၀)အချိန်ခန့်က စစ်တောင်း-ဒိုက်ဦးလမ်းဆုံရှိ Mobile Team(2)တွင် ကျိုက်ထိုဘက်မှ မောင်းနှင်လာသောSuper Custom (ဇီးရောင်)နှစ်စီးယာဉ်အမှတ် ၅ဂ/xxxxနှင့်၈ခ/xxxx တို့အားရပ်တန့်ရှာဖွေရာ စင်းဂါးဘီယာ (၅၀၀)ကျော်အားတရားမ၀င် သယ်ဆောင်လာသည်ကိုတွေ့ရှိရသဖြင့် ၅ဂ/xxxx ယာဉ်မောင်း ကျော်ကြူး (၂၈)နှစ်(ဘ)ဦးတင်မောင်ငြိမ်း၊အောင်ချမ်းသာလမ်း၊ဝေါမြို့၊ယာဉ်နောက်လိုက်အောင်အောင်(၂၃)နှစ်၊(ဘ)ဦးဝင်းအောင်၊အလင်းရောင်(၂)လမ်း၊ဝေါမြို့နေသူနှင့် ၈ခ/xxxxယာဉ်မောင်း မျိုးထွေး(၂၉)နှစ်(ဘ)ဦးတင်ငွေ၊ ရွှေဟင်္သာလမ်း၊ ကျိုက်ကော်ရွာ၊ သထုံမြို့၊ ယာဉ်နောက်လိုက် ထွန်းထွန်းဝင်း(၃၄)နှစ်(ဘ)ဦးသန်းငွေ၊ ရွှေဟင်္သာလမ်း၊ကျိုက်ကော်ရွာ၊သထုံမြို့နေသူတို့အား စစ်ဆေးရေးဂိတ်တွင် ယာယီထိန်းသိမ်း ထားခဲ့ပါသည်။
(၉.၁၂.၂၀၁၃)နေ့ နံနက်(၁၁း၀၀)အချိန်ခန့်တွင် Mobile Team(2) သို့ KEAP ကရင် လက်နက်နှင့်ငြိမ်းချမ်းရေး လဲလှယ်သည့်တပ်ဖွဲ့(နောင်ရိုးအထူးဒေသ)မှ ဗိုလ်မှူးအဆင့်ရှိ စောမြွေဟောက်(၃၄)နှစ်(ဘ)ဦးစောမောင်အေး နှင့် လူအင်အား(၁၀)ဦးသည် မော်တော်ယာဉ်(၂)စီးဖြင့် လက်နက်ခဲယမ်း
များဖြင့် ရောက်ရှိလာကြပြီး Mobile Team(2) မှတာဝန်ကျသူများအား လက်နက်ခဲယမ်းကိုင်ဆောင်ကာ ခြောက်လှန့်ပြီး ထိန်းသိမ်းထားသော ယာဉ်(၂)စီးနှင့် ယာဉ်မောင်း၊ယာဉ်နောက်လိုက်တို့အား အဓမ္မခေါ်ဆောင် သွားခဲ့ပါသည်။
၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ ဗိုလ်မှူးစောမြွေဟောက်အား Mobile Team(2)တွင်တာဝန်ကျနေသည့် ဒုရဲမှူးဝင်းအေးမှ တရားလိုပြုလုပ်၍ ပဲခူးမြို့မရဲစခန်းသို့တိုင်ကြားရာ စခန်းမှ(ပ)၇၀၅/၂၀၁၃ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈၆ (ခြောက်လှန့် ပစ္စည်းတောင်းယူမှု)အရအမှု ဖွင့်အရေးယူထားပြီး (နောင်ရိုးအထူးဒေသ)ဥက္ကဌ ဗိုလ်မှူးကြီး စောအယ်စေးမှ တာဝန်ရှိသူများနှင့်တွေ့ဆုံရာတွင် ယခုကိစ္စကိုကျေနပ်လက်ခံပါကြောင်း၊နောင်အလားတူ ဖြစ်စဉ်မျိုး မဖြစ်ပွားစေရေးအတွက် တပ်ဖွဲ့ဝင်များအပေါ် ကြပ်မတ်ဆောင်ရွက်
သွားမည်ဖြစ်ကြောင်းနှင့်မည်သူမဆို ဥပဒေချိုးဖောက်ပါက အရေးယူခံရမည်ဖြစ်ကြောင်းရေးသားတင်ပြလိုက်ရပါသည်။
ကိုသန့် ဇင်
thithtoolwin
ပင်းတယတွင် လေပြင်းကြောင့် ၁ ဦး သေဆုံး၊ အိမ်ခြေ ၄၆ လုံး ပျက်စီး
ရှမ်းပြည်တောင်ပိုင်း ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက ပင်းတယမြို့နယ် ၀ါးပြားနဲ့ ကူးကော်ကျေးရွာမှာ ဒီဇင်ဘာ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက ရုတ်တရက် တိုက်ခိုက်ခဲ့တဲ့ လေပြင်း ကြောင့် အထက်တန်းကျောင်းသား ၁ ဦး သေဆုံးခဲ့ပါတယ်။
ဝါးပြားနဲ့ ကူးကော်ကျေးရွာမှာ တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် စံသီးကုန်း ဘုန်းတော်ကြီးကျောင်းနဲ့ လူနေအိမ်ခြေ ၄၆ လုံးနဲ့ ကျပ်ငွေ သိန်း ၁၀၀ နီးပါး ဆုံးရှုံးသွားခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ - ဓနုတိုင်းရင်းသားများ ဆုံဆည်းရာ ဖေ့ဘွတ်ခ်
ဓာတ်ပုံ – ဓနုတိုင်းရင်းသားများ ဆုံဆည်းရာ ဖေ့ဘွတ်ခ်
ဒီလေပြင်းကြောင့် ရွာငံမြို့နယ် ပွေးပြတ်ကျေးရွာကနေ အမျိုးတွေ ရှိတဲ့ ဒီရွာမှာ ကျောင်း လာတက်နေတဲ့ န၀မတန်း ကျောင်းသား အသက် ၁၅ နှစ်အရွယ် မောင်ဇော်မင်းထက် ဦးခေါင်းမှာ ဒဏ်ရာရရှိခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက်နေ့က ပင်းတယဆေးရုံမှာ ကွယ်လွန်သွားတယ်လို့ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ လူမှုရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ ပင်းတယမြို့ခံ ဦးနေသူယုနိုင်က ပြောပါတယ်။
“ပထမဆုံး ပင်းတယဘက်မှာ မိုးသီးတွေ အများကြီးကျတယ်။ ကိုးတန်းကျောင်းသား ၁၅ နှစ် ခေါင်းမှာ ဒဏ်ရာရပြီး မနေ့ ညနေမှာ ဆုံးသွားတယ်။ ဒီနေ့ သင်္ဂြိုဟ်တယ်။”
ဒီလေပြင်းတိုက်ခတ်ခဲ့တဲ့နေ့က ပင်းတယမြို့ပေါ်မှာလည်း မိုးသီးတွေ ကျခဲ့တယ်လို့ ကိုနေသူယုနိုင်က ပြောပါတယ်။
ဒီ ကျေးရွာတွေကို ဓနုစာပေနဲ့ ယဉ်ကျေးမှုအသင်း၊ ပင်းတယမြို့ပေါ်က စေတနာရှင်၊ လူမှုရေး အဖွဲ့အစည်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် နိုင်ငံရေးပါတီတွေနဲ့ ကျန်းမာရေး ဌာနက တာဝန်ရှိသူတွေနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတို့က သွားရောက် အကူအညီပေးခဲ့ ကြပါတယ်။
DVB Burmese
လယ်သမားအရေးလှုပ်ရှားသူများ ထောင်တွင်း အစာငတ်ခံ ဆန္ဒပြ
ပေါင်းတည်ထောင်မှာ ထိန်းသိမ်းခံနေရတဲ့ မိတ္ထီလာပြည်သူ့အကျိုးဆောင် ကွန်ရက်က ဒေါ်မြင့်မြင့်အေး အပါအ၀င် လယ်သမားအရေး တက်ကြွလှုပ်ရှားသူတွေ ထောင်တွင်းမှာ အစာငတ်ခံ ဆန္ဒပြနေကြပါတယ်။
ဒေါ်မြင့်မြင့်အေး၊ ဝိမုတ္ထိ လူမှုကူညီရေးအဖွဲ့က ဒေါ်ခင်မိမိခိုင်နဲ့ နတ္တလင်းပြည်သူ့ အကျိုးဆောင်ကွန်ရက်က ကိုသန့်ဇင်ထက်တို့ သုံးဦးဟာ ဒီဇင်ဘာ ၁၃ ရက်နေ့က တည်းကစပြီး အစာငတ်ခံဆန္ဒပြကြတာပါ။
အစာငတ်ခံဆန္ဒပြနေသူတွေဟာ ပဲခူးတိုင်း၊ နတ္တလင်းမြို့နယ်ထဲ လယ်သိမ်းခံတောင်သူတွေဘက်က လိုက်ပါရပ်တည်ပေးရင်း ပြီးခဲ့တဲ့ ဇွန်လကကည်းက ပေါင်းတည်ထောင်ထဲ ဖမ်းဆီးချုပ်နှောင်ခံထားရတာ ၆ လကျော်ရှိနေပြီ ဖြစ်ပါတယ်။
သူတို့ကို ပြန်လွှတ်ပေးခြင်းမရှိသလို စွပ်စွဲထားတဲ့အမှုတွေအတွက်လည်း အမိန့်မချဘဲ ကာလရှည်ကြာ ထိန်းသိမ်းထားတဲ့အတွက် ထောင်တွင်းဆန္ဒပြတာလို့ ဒေါ်မြင့်မြင့်အေးရဲ့ မောင်ဖြစ်သူ ဦးတိုးလေးက ပြောပါတယ်။
“သူတို့ကို ပုဒ်မ ၆ နဲ့ တရားစွဲတာကို ပဲခူးတိုင်း တရားရုံးကို လျှောက်လဲချက်တင်ထားတာ ၂၁ ရက်ကြာတဲ့အထိ လျှောက်လဲချက်က အမိန့် ပြန်ချမပေးလို့ ဆန္ဒပြတာ။ ၇ ရက်နဲ့ ၁၀ ရက်အတွင်း လျှောက်လဲချက် အမိန့် ပြန်ချပေးရမှာ။ အခု ၂၁ ရက်ရှိနေပြီ၊ အမိန့်ချမပေးအတွက် ဆန္ဒပြတာ။”
ဒေါ်မြင့်မြင့်အေးတို့ ပါဝင်တဲ့ ပြည်သူ့အကျိုးဆောင် ကွန်ရက်အဖွဲ့ဟာ တရားဝင် အဖွဲ့အစည်း မဟုတ်ဘူးဆိုပြီး နတ္တလင်းရဲစခန်းက သူတို့ကို သင်းပင်းဥပဒေ ပုဒ်မ ၆/၈၈ နဲ့ စွဲချက်တင်အရေး ယူထားတာဖြစ်ပြီး တရားရုံးတွေမှာ ရုံးချိန်းပေးနေတာလည်း အကြိမ် ၂၀ လောက်ရှိနေပြီဖြစ်ပါတယ်။
ပုဒ်မ ၆ နဲ့ စွဲချက်မတင်ဖို့ ပဲခူးတိုင်း အနောက်ပိုင်းခရိုင် တရားရုံးကို လျှောက်လဲချက် တင်ခဲ့ပေမယ့် ခရိုင်တရားရုံးက ပယ်ချခဲ့ပါတယ်။ ဒါပေမယ့် ပဲခူးတိုင်းဒေသကြီး တရားရုံးကို ထပ်မံ လျှောက်လဲချက်ပေးတဲ့အခါ အမှုလက်ခံထားပေမယ့် တစုံတရာ အမိန့် ချမှတ်တာ မရှိတဲ့အတွက် ဒီပြဿနာဖြစ်လာတာလို့ အမှုကို ကူညီဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးအောင်သိန်းက ပြောပါတယ်။
“စွဲချက်တင်တဲ့အခါမှာ ပုဒ်မ ၆ နဲ့ စွဲချက်တာနဲ့ ပုဒ်မ ၁၈ နဲ့ သန့်ဇင်ထွေးကို စွဲချက်တင်ရမှာ မတင်ထားလို့ ကျနော်တို့က ခရိုင်တက်တယ်။ ပြီးတော့ ပဲခူးတိုင်း ဒေသကြီး တရားလွှတ်တော်မှာ ခရိုင်ဆက်တက်တယ်။ ပဲခူးတိုင်း ဒေသကြီး တရားလွှတ်တော်က အမှုလက်ခံတယ်။ လက်ခံပြီးတော့ အပြီးသတ်လျှောက်လဲချက် ကြားနာတဲ့ ရက်ကို ၂၀ ရက် ၁၁ လမှာ ချိန်းတယ်။ ကျနော်တို့က အပြီးသတ်လျှောက်လဲချက် ပေးပြီးသွားပြီ။ အဲဒါကို ဒီနေ့အထိ အမိန့်မချသေးတဲ့အတွက် အမှုသည်တွေက ရုံးလာထွက်ပြီး အမှု ၁ ပတ်ချိန်းကနေ ၂ ပတ် ချိန်းတယ်ဗျာ။ အဲဒီဟာအပေါ်မှာ အမှုကြန့်ကြာတာကို မကျေနပ်တဲ့အတွက် အခု အဲဒီ ပြဿနာ ပေါ်တာ။”
ဒေါ်မြင့်မြင့်အေးတို့ ၃ ဦးဟာ ထောင်တွင်း အစာငတ်ခံဆန္ဒပြနေတာ ဒီကနေ့ဆို ၄ ရက်မြောက်ဖြစ်ပြီး ကျန်းမာရေးချွတ်ယွင်းလာတဲ့အတွက် ထောင်အာဏာပိုင်တွေက ပိုက်နဲ့ ဆေးသွင်းဖို့ ကြိုးစားရာမှာ ဆန္ဒပြသူ တယောက်သာ လက်ခံပြီး ကျန်နှစ်ယောက်က လက်မခံပဲ ငြင်းဆန်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
ဒါပေမယ့် အစာငတ်ခံ ဆန္ဒပြနေသူတွေရဲ့ ထောင်တွင်း အခြေအနေ အတိအကျကိုတော့ ဒီဗွီဘီက သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
DVB Burmese
ကွာရှင်းထားသော လင်မယားနှစ်ဦး နှင့်အတူ သုံးလအရွယ် သမီးကလေးတို့အား သုံးလောင်ပြိုင်သတ်မှု
ကွာရှင်း ပြတ်စဲထားသော လင်မယားနှင့် သုံးလသမီးတို့၏ သုံးလောင်းပြိုင် ဓားဒဏ် ရာများဖြင့်သေဆုံးနေ သည့်ဖြစ်ရပ်တစ်ခု ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ လွယ် လုံကျေးရွာအုပ်စု ဟွေလုံကျေး ရွာ အရှေ့မြောက်ဘက် တစ်မိုင် ကွာ လယ်တောစပ်တွင်ဖြစ်ပွားခဲ့ ကြောင်း သိရသည်။
ဟွေလုံကျေးရွာ၏ အရှေ့ မြောက်ဘက်ရှိ ဟွေလုံကျေးရွာ ပိုင် ရိတ်သိမ်းပြီးလယ်ကွက်အနီး တောစပ်တွင် ကျိုင်းတုံမြို့နယ် လွယ်လုံကျေးရွာအုပ်စု ကတ်ရိုး ကျေးရွာနေ ၂၁နှစ်အရွယ် မောင် အားကျဲမှာ ဝမ်းဗိုက်အတွင်းမှ အူ များထွက်၊ လည်ပင်း တွင် တစ်လက်မခွဲခန့် ထိုးသွင်းဒဏ်ရာနှစ် ချက်၊ ယာဘက်နားအောက်ဘက် တွင် တစ်လက်မခန့်ပြတ်ရှဒဏ်ရာ နှစ်ချက်တို့ရရှိကာ သေဆုံးလျက်ရှိ နေသည်ကို ပထမစစ်ဆေးတွေ့ရှိ ရသည်။
မောင်အားကျဲအလောင်း ၏ အနောက်မြောက်ဘက်ကိုက် ၁ဝဝခန့်အကွာတွင် ၁၈နှစ်အရွယ် မဘူးချွန်အား လည်ပင်းတွင် ပြတ် ရှဒဏ်ရာတစ်ချက်၊ ယာဘက်နို့ အုံအောက်ဘက်တွင် ထိုးသွင်း ဒဏ်ရာနှစ်ချက်တို့ဖြင့် သေဆုံး နေပြီး မဘူးချွန်၏ အလောင်း နှင့် အတူ စောင်နှင့်ပတ်၍ပွေ့ချီထား သော သုံးလသားအရွယ် မ.. .ကိုလည်း လည်ပင်းတွင်ပြတ် ရှဒဏ်ရာသုံးချက်ရရှိကာ သေ ဆုံးလျက်ရှိနေသည်ကို စစ်ဆေး တွေ့ရှိခဲ့ကြကြောင်း သိရသည်။
မောင်အားကျဲနှင့် မဘူးချွန် တို့မှာ စိတ်သဘောထားချင်း မ တိုက်ဆိုင်၍ လွန်ခဲ့သောတစ်လ ခန့်က လူကြီးများရှေ့တွင် ကွာ ရှင်းထားသော ဇနီးမောင်နှံဖြစ် ပြီး မ....မှာ ယင်းတို့၏ရင် သွေးငယ်ဖြစ်ကြောင်း သိရသည်။ ဟွေလုံကျေးရွာပိုင် လယ် မြေအနီး တောစပ်တွင် ဒီဇင်ဘာ ၁၂ရက် နံနက် ၁၁နာရီခွဲခန့်က အမျိုးသားတစ်ဦး၏ အလောင်း တစ်လောင်းအားတွေ့ရှိရကြောင်း လွယ်လုံကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်ခမ်း၏ ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားချက် အရ ကျိုင်းတုံ ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးကျော်ဝင်း၊ ကျိုင်း တုံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင် မောင်သိန်း၊ ကျိုင်းတုံမြို့ မြို့မရဲ စခန်းမှ တပ်ဖွဲ့ဝင်များ၊ ကတ် တောင်ကျေးရွာ ရဲကင်းစခန်းမှူး ဒုတိယရဲအုပ်ကျော်မိုး၊ လွယ်လုံ ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူး ၊ ဟွေလုံရွာသူကြီးတို့သည် အခင်း ဖြစ်နေရာသို့ သွားရောက်ကြည့် ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါ အမှုဖြစ်စဉ်နှင့်ပတ် သက်၍ ပြစ်မှုကျူးလွန်သူအား အမြန်ဆုံး စုံစမ်းဖော်ထုတ်ဖမ်း ဆီးအရေးယူနိုင်ရန် ကျိုင်းတုံမြို့ မြို့မရဲစခန်းမှ စခန်းမှူး ဒုတိယ ရဲမှူး ရဲကြည်က (ပ)၁၄၀/၂၀၁၃ ပြစ်မှုဆိုင်ရာပုဒ်မ-၃၀၂အရ အ မှုဖွင့် အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
Yangon Media Group
မုံရွာကြက်မွေးမြူရေးဇုန်တွင် မီးလောင်မှုကြီးဖြစ်ပွားခဲ့
ယနေ့ (16-12-2013)တနင်္လာနေ့ နံနက်(၉)နာရီ၊မိနစ်(၃၀)အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊မုံရွာမြို့၏ အရှေ့မြောက်ဘက်အရပ်တွင် တည်ရှိသော မုံရွာကြက်မွေးမြူရေးဇုန်ကြီးတွင် မီးလောင်မှုကြီးတစ်ခုဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် ကြက်ခြံ နှင့် ငုံးခြံ စုစုပေါင်း(၃၀)နီးပါး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သတင်းများရရှိပါသည်။
"စဖြစ်တာကတော့ ငုံးမွေးမြူရေးခြံဘက်က စပြီးဖြစ်တာပါ လေတိုက်ခတ်မှုကြောင့် ကြက်ခြံ တွေဘက်ကို မီးကူးစက်ပြီး လောင်ကျွမ်းသွားခဲ့ရပါတယ်။" လို့ မုံရွာကြက်မွေးမြူရေး ဇုန်မှ လုပ်ငန်းရှင်တစ်ဦးက သလ္လာဝတီတိုင်းမ် ကို ပြောပါတယ်။
" ကျွန်တော်တို့ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဌာနက တိုင်းအတွင်းရေးမှူး ဦးစိုးစိုးဇော် ကိုယ်တိုင် မီးလောင်မှုဖြစ်ပွားရာကို အခုဘဲသွားနေပါတယ်။ ပျက်စီးဆုံးရှုံးမှုကတော့ ဘယ် လောက်ဆိုတာ အတည်ပြုပြောကြားပေးလို့ မရသေးပါဘူး။ မီးလောင်မှုကတော့ လောလောဆယ်မှာ များတယ်လို့ဘဲ ကနဦးသိထားရပါတယ်" ဟု တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းတစ်ဦးက ပြောပါတယ်။
အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ မုံရွာမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်များ၊ ရေသယ်ယာဉ်များ၊ မုံရွာမြို့ပေါ်ရှိ ရပ်ကွက်အသီးသီးမှ မီးသတ်ကားများ မီးသတ်ရဲဘော်များ၊ ချောင်းဦး၊ခင်မွန်၊ဘုတလင် မြို့များမှ မီးသတ်ကားများဖြင့် ၀ိုင်းဝန်း၍ မီးငြိမ်းသတ်လျှက်ရှိကြောင်း သတင်းများရရှိထားပါသည်။
ThanLarWaddy Times
အနုပညာရှင်များ ထိန်းသိမ်းနေထိုင် ပြောဆိုကြရန် ရုပ်ရှင် အစည်းအရုံး ကြေညာချက်ထုတ်
အနုပညာရှင်များ အနေနှင့် ရုပ်ရှင် ရိုက်ကွင်းများ၊ ဖျော်ဖြေပွဲများ၊ လူအများ သွားလာ အပန်းဖြေရာ နေရာများသို့ အလုပ်ဖြင့် လည်းကောင်း၊ အပေါင်းအသင်းများနှင့် အပျော်တမ်းသွားလာ စားသောက်ရာတွင် လည်းကောင်း မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သည့် ဝတ်စားဆင်ယင်မှု၊ အနေ အထိုင် အပြောအဆို အပြုအမူများမှအစ ကိုယ်ကျင့်တရားနှင့် မိမိတို့၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းကြရန် ရုပ်ရှင်အစည်းအရုံး နာယကကြီးများက မေတ္တာရပ်ခံကြောင်း ကြေညာချက် တစ်စောင်ကို ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
“ဒီကြေညာချက်ကတော့ အနုပညာရှင်တွေ အနေနဲ့ ဝတ်စားဆင်ယင်တဲ့ နေရာမှာပဲ ဖြစ်ဖြစ်၊ နယ်ရိုက်ကွင်းတွေ သွားတဲ့အခါပဲ ဖြစ်ဖြစ် သတိလေးထားပြီး နေထိုင်သွားလာ ဝတ်ဆင်ကြဖို့ ကြေညာချက် ထုတ်တာပါ။ ကိုယ်ကတော့ ကိုယ်လုပ်တာ ဘယ်သူမှ မသိဘူးလို့ ထင်ချင် ထင်လိမ့်မယ်။ နောက်ပြီး အခုခေတ်က IT ခေတ် ဖြစ်တဲ့အတွက် ကိုယ့်သတင်းတွေက ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် ထွက်လာနိုင်တယ်။ အဲဒီအတွက် သတိလေးထားပြီး နေကြဖို့ ပြောချင်တာ ပါ” ဟု ယင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ ရုပ်ရှင်အစည်းအရုံး နာယက အဖွဲ့ဝင်တစ်ဦး ဖြစ်သူ ဒါရိုက်တာ ဦးနှင်းမိုးက ပြောကြားသည်။
ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူ လူကြီးများ၏ မေတ္တာ ရပ်ခံချက် ဖြစ်သည့်အတွက် လိုက်နာရမည်ပင် ဖြစ်ကြောင်း၊ ဒီမိုကရေစီခေတ်တွင် လွတ်လပ်စွာ နေထိုင် နိုင်ကြသော်လည်း လူတိုင်းသည် ကိုယ့်စည်း၊ ကိုယ့်ဘောင်နှင့် နေထိုင်နိုင်ကြပါက အကောင်းဆုံး ဖြစ်ကြောင်း၊ ယခုကတည်းက ကိုယ့်အသိစိတ်ဓာတ်နှင့်ကိုယ် ထိန်းထိန်း သိမ်းသိမ်း နေထိုင်ကြရမည် ဖြစ်ပြီး ယခုကဲ့သို့ ကြေညာချက် ထုတ်ပြန်လာသည်မှာ သိက္ခာကျကြောင်း သရုပ်ဆောင် အေးမြတ်သူက ဆိုသည်။
ယခုကဲ့သို့ ထုတ်ပြန်ချက်မျိုးကို အစိုးရ အဆက်ဆက်ကလည်း ထုတ်ခဲ့ဖူးပြီး အရေးကြီးသည်မှာ မိမိ၏ ပင်ကို အသိစိတ်ဓာတ်နှင့် ထိန်းသိမ်းသည်ကသာ အကောင်းဆုံး ဖြစ်ကြောင်း၊ ကြေညာချက် ထုတ်ပြန်ရုံနှင့်လည်း လိုက်နာကြမည်ဟု မထင်ကြောင်း၊ လတ်တလောတွင်လည်း မလုပ်သင့်သည်ကို လုပ်သည့် အနုပညာရှင်များကို ပရိသတ်များက ဒဏ်ခတ်နေပြီး ထိုသို့ မလုပ်ပါက အပြောခံရမည် မဟုတ်ကြောင်း ဒါရိုက်တာဝိုင်းက ပြောကြားသည်။
The Voice Weekly Myanmar
တပ်သိမ်းလယ်မြေ ဧက ၅၀၀ အနက် ဧက ၈၀ သာ ပြန်ပေးသေးဟု ဆို
မောင်သင်တုန်း၊ December 16, 2013
ဧရာဝတီတိုင်း မြောင်းမြမြို့နယ်အတွင်း စစ်တပ်မှသိမ်းယူခဲ့သည့် လယ်မြေနှင့် ဥယျာဉ်ခြံမြေ ဧက ၅၀၀ ရှိသည့်အနက် ဧက ၈၀ သာ ပြန်ပေးခြင်းကြောင့် တပ်နှင့်လယ်သမားတို့ကြား တင်းမာမှုဖြစ်ပေါ်နေသည် ဟု မြောင်းမြမြို့နယ် လယ်သမားသမဂ္ဂအတွင်းရေးမှူး ဦးသန်းဇော်ဦးက ပြောသည်။
“ဥယျာဉ်ခြံမြေဧက ၈၀ ကို စစ်တပ်က လက်မှတ်ထိုးပြီး လက်ခံယူဖို့အတွက် ပြန်ပေးတယ်။ လယ်သမား တွေက လက်မခံဘူး”ဟု ဦးသန်းဇော်ဦးက ဒီဇင်ဘာ ၁၅ ရက်တွင် မဇ္ဈိမကို ပြောသည်။
မြေများ ပြန်ရယူလိုသူများသည် အသိမ်းခံရမြေ မည်မျှ၊ လယ်သမားပိုင်ရှင် အမည်၊ အသိမ်းခံရသည့်ကာ လ၊ ပိုင်ဆိုင်ခဲ့သည့် အထောက်အထားများဖြင့် မြို့နယ်အထွေထွေအုပ်ချူပ်ရေးရုံးသို့ ပြန်လည် စာတင် လျှောက်ထားရမည် ဖြစ်သည်။ မြို့နယ် မြေယာစီမံခန့်ခွဲရေးကော်မတီက လယ်သမားများ တင်ပြလာ သည့် ဥယျာဉ်ခြံမြေပိုင်ဆိုင်မှု အထောက်အထားများကို စိစစ်ပြီး ပြန်လည်စီမံ ဆောင်ရွက်ပေးရန် စီစဉ် လျက်ရှိသည်။
လယ်သမားတို့က တင်ပြပြီး မြေများ ပြန်လည်ချထားပေးရာတွင် မှားယွင်းမှုများ ဖြစ်ပေါ်နေသည်ဟု လည်း ဦးသန်းဇော်ဦးက ပြောသည်။
“ပြန်ပေးတဲ့ လယ်သမားတွေရဲ့ စာရင်းကလဲ မှားနေတယ်။ တချို့အသိမ်းခံရတဲ့ ဥယျာဉ်ခြံပိုင်ရှင် လယ် သမားတချို့က စာရင်းထဲမှာ မပါဘူး။ တချို့ကျတော့ ပိုပြီးတော့ များနေတယ်။ ဥပမာ အသိမ်းခံရတဲ့အ ချိန်တုန်းက ၁၀ ဧက ရှိတယ်။ အခုပြန်ပေးတော့ ၁၅ ဧက ဖြစ်နေတယ်”ဟု ပြောသည်။
အဆိုပါ ဥယျာဉ်ခြံမြေများနှင့် ပတ်သက်ပြီး လယ်သမား ၁၃ ဦးကို ကျူးကျော်ဝင်ရောက် စိုက်ပျိုးသည်ဆို ကာ တပ်ရင်း ၉၈ နှင့် တပ်ရင်း၂၇ မှ မြောင်းမြတရားရုံးတွင် တရားစွဲဆိုခဲ့သည်။
၃၄ ဧက အသိမ်းခံရသည့် လယ်သမားဦးအောင်မြင့်က “တရားရုံးက ဘယ်သူမှမပိုင်ဆိုင်တဲ့အတွက် လယ်သမား ၁၃ ဦးကို ပုဒ်မ ၄၄၇ မမြောက်ဘူးဆိုပြီး တရားသေလွှတ်လိုက်တယ်။ ပြီးတော့ ပိုင်ဆိုင်မှု အထောက်အထားနဲ့ မြေစာရင်းရုံးကို သွားတင်ရမယ်ဆိုလို့ မှတ်ပုံတင်ဖို့လုပ်တော့ မြေစာရင်းရုံးက နေပါ ဦး၊ မြို့နယ်မှူးကို တင်ပြဦးမယ် ခဏစောင့်ခိုင်းထားလို့ စောင့်နေတယ်”ဟု ပြောသည်။
မြောင်းမြမြို့နယ်နှင့် ဖျာပုံမြို့နယ်တွင် တပ်ရင်းငါးခုက တပ်ရင်းတစ်ခုလျှင် ဥယျာဉ်ခြံမြေဧက ၁၀၀ ကို ၂၀၀၅ ခုနှစ်က သိမ်းယူခဲ့ခြင်းဖြစ်သည်။ စုစုပေါင်း လယ်သမား ၃၀ ဦးကျော်အသိမ်းခံခဲ့ရပြီး အဆိုပါဧက ၅၀၀ မှာ အခုအချိန်ထိ ရော်ဘာအနည်းငယ်သာ စိုက်ပျိုးထားသည်ဟု လယ်သမားများက ဆိုသည်။
Mizzima Burmese
နေပြည်တော် ဆီးဂိမ်းတွင် အား/ကာ ညွှန်မှူး ကားမှန်ရိုက်ခွဲ
ဆီးဂိမ်းပြိုင်ပွဲများကျင်းပနေသည့် နေပြည်တော် ၀ဏ္ဍသိဒ္ဓိအားကစားကွင်းရှိ ကမ္ဘောဇဘဏ်ရှေ့တွင် ရပ်ထားသော လိုက်ထရပ် အဖြူရောင်ကားတစီးကို အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးဝင်းဆိုသူက ကား၏ရှေ့မှန်ကို ရိုက်ခွဲခဲ့သည်။
“ ဒီကဆိုင်တွေ အကုန်လုံးကို ကားမရပ်ရဘူးလို့ ပြောထားပြီးသား။ ကျနော် ဒီကားကို တွေ့တာ ၄ ရက်လောက်ရှိပြီ။ ဘယ်သူကားလဲဆိုတာ သိအောင်ခေါ်သေးတယ်။ ပိုင်ရှင်ထွက်မလာလို့ တရားခံပေါ်လာအောင် ကားမှန်ရိုက်ခွဲလိုက်တာ” ဟု အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးဝင်း ကပြောသည်။
ကားပိုင်ရှင်မှာ ကိုဗညားဆိုသူဖြစ်ပြီး ဆီးဂိမ်းပြိုင်ပွဲတွင် ဆီးဂိမ်းအမှတ်တရ ပစ္စည်းအရောင်းဆိုင်ကို ၄င်းကားရပ်နားထားရာ Social Zone အတွင်း ဖွင့်ထားသူတဦးဖြစ်သည်။ ယနေ့ နံနက် ၁၀ နာ၇ီခန့်တွင် ကမ္ဘောဇဘဏ်သို့ လာရောက်စဉ် ကားရှေ့ ညာဘက်နှင့် ဘယ်ဘက် မှန်နှစ်ချပ်စလုံး ရိုက်ခွဲခံလိုက်ရခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ဒီနေရာမှာ ကားမရပ်ရဘူးဆိုပြီးတော့ ရေးမထားဘူး။ ဒီနေရာမှာ ကားမရပ်ရဘူးဆိုတာ မသိဘူးလားဆိုပြီး ကျနော် ကားကို တုတ်နဲ့ရိုက်ခွဲသွားတာ။ ကျနော် သမ္မတရုံး ပြည်သူ့ဝန်ဆောင်မှု ရုံးကို ဖုန်းဆက်ထားတယ်။ ဒီနေ့ဖြေရှင်းပေး မယ်လို့ ပြောတယ်။ နေပြည်တော် အမှတ်(၅) ၇ဲစခန်းကို လှမ်းပြောတော့ အမှုလာဖွင့်ပါလို့ ပြောတယ်”ဟု ကိုဗညားက ဆိုသည်။
“ ဗိုလ်မှူးကျော်မိုးဝင်းရဲ့ လူတွေက တွေ့လား ငါတို့ညွှန်မှူး ရိုက်ခွဲလိုက်တာ ဆိုပြီး ဂုဏ်ယူပြီးတော့ ဒီနားက လူတွေကို ကြွားသွားသေးတယ်တဲ့။ ကားမှန်ရိုက်ခွဲခံရတာကိုတွေ့တဲ့ မျက်မြင် သက်သေတွေရှိတယ်”ဟုလည်း ကိုဗညား ပြောသည်။
နောက်ရက်များတွင် Social Zone အတွင်းသို့ ကားဝင်ရောက်ခွင့်ကို ကန့်သတ်သွားမည်ဟု အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးဝင်းက ဆိုသည်။
ဧရာဝတီ သတင်း
ကိုးဘွဲ့ရဆရာတော်မှ ဦးသန်းရွှေကို တည့်တည့်ပြောပြီ
သေ သေ ချာ ချာ ဆုံး အောင် ဖတ် ကြည့်ပါ အလွန် အင် မတန် ကြောက် ဖို့  ကောင်းတဲ့လုပ် ရပ် ပါ
သန်းရွှေတို့  နအဖတွေရဲ့  ဘုရား တရား သံဃာ စော်ကားမှုများ။ နအဖ သန်းရွှေနဲ့  မိသားစုတွေ၊ နအဖဗိုလ်ချူပ်ကြီးတွေဟာ သူတို့  ရာထူးအာဏာတည်မြဲရေးအတွက်ကို ရူးနေကြတာမို့  အာဏာတည်မြဲရရင် ပြီးရော သံဃာတော်တွေကို ရိုက်ပုတ်သတ်ဖြတ်တာ
မပြောနဲ့  ဘုရားတောင် မချန် သင့်တော်တာတွေ မသင့်တော်တာတွေ မဆုံးဖြတ်နိုင်ဘဲ လုပ်ချင်ရာ စွတ်လုပ်နေကြပါတယ်။
တန်ခိုးကြီးဘုရားတွေကို ပုံစံတူ စေတီတွေ လိုက်တည်တယ်။
ဘုရားဆင်းတုတော်တွေကို အကျဉ်းချထားသလို လုပ်ပြီး ယတြာချေတယ်။
တန်ခိုးကြီးဘုရားစေတီပုထိုးတွေက မူလ ဌာပနာတွေကို ယူဆောင်ပြောင်းရွှေ့ တယ်၊
ဘုရားစေတီပုထိုးတွေ ထီးတင်ပွဲတွေမှာနအဖကတော် အမျိုးသမီးတွေက နေရာတကာမှာ လုပ်ဆောင်တယ်၊
သန်းရွှေမျက်နှာပုံနဲ့  တူအောင် ဘုရားဆင်းတုတော် တည်တယ်။
သန်းရွှေနဲ့  သူ့ မိသားစုတွေကို လက်အုပ်ချီ ကန်တော့ခိုင်းတယ်။
သွားလေရာ အဖြူရောင် ရာဇမတ်ကွက်တွေ ကာရံထားပြီး အပူဇော်ခံကြတယ်။
ဘုရားစေတီဝန်း ဘုန်းကြီးကျောင်းဝန်းတွေအတွင်းမှာလည်း လူသတ်လက်နက် သေနတ်တွေတကားကားနဲ့  ၀င်ရောက်ကြတာတွေ လုပ်ကြတယ်။
၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးအတွင်းကဆိုရင် ဘုန်းကြီးကျောင်းတွေထဲမှာ ပူဇော်ထားတဲ့ ဗုဒ္ဓဆင်းတုတော်တွေကို ရိုက်ဖျက် ပျက်စီးစေတယ်။
ဘုရားကို ခုတုံးလုပ်ပြီး ယတြာချေတယ်။
ဒီလို ယတြာချေတဲ့အထဲမှာ အဆိုးရွားဆုံးကတော့ သန်းရွှေမျက်နှာနဲ့ ကျောက်ဆင်းတု တည်ပြီး ရွှေတိဂုံဘုရားမှာ ထားတာဘဲ ဖြစ်ပါတယ်။
ဒီအပြင့် ရွှေတိဂုံဘုရားရဲ့  ငှက်မြတ်တော်အောက်နားမှာလည်း “ဗိုလ်ချူပ်မှူးကြီး သန်းရွှေမိသားစုကောင်းမှု” ဆိုပြီး စာတမ်းထိုးခဲ့တာဘဲ ဖြစ်ပါတယ်။
ဒီတော့ကာ ရွှေတိဂုံဘုရားရောက်ရှိကြတဲ့ ဘုရားဖူးပြည်သူတွေ ရွှေတိဂုံဘုရားကို ဦးချကန်တော့တိုင်း သန်းရွှေ စာတန်းကိုပါ ကန်တော့နေရတဲ့အဖြစ်မျိုး ဖန်တီးတာ ဖြစ်ပါတယ်။
နောက်တည်တဲ့ဘုရားစေတီပုထိုးတွေမှာလည်း စေတီရဲ့  အမြင့်ပိုင်းမှာ ဒီလိုစာတမ်းထိုးတာတွေ ကမ္ဗည်းထိုးတာတွေ အလားတူ ပုံသဏ္ဍန်တွေ လုပ်ထားနိုင်ခြေ ရှိပါတယ်။
နေပြည်တော်မှ ဥပ္ပါတသန္တိဘုရားစေတီတည်တဲ့အချိန်မှာ ရွှေတိဂုံဘုရားက မူလဌာပနာတွေကို ပြောင်းရွှေ့ ကြောင်းနဲ့  ရွှေတိဂုံ ဘုရားကုန်းတော် မှာရှိတဲ့ န၀င်းရုပ်ပွားတော် ကိုးဆူထဲက ဘုရားတစ်ဆူဖြစ်တဲ့ အထက်ပစ္စယံ မှာရှိတဲ့ ”ပတ္တမြားမျက်ရှင်ဘုရား” အစစ်
ပျောက်ဆုံးနေတာကို ပြည်သူတွေထဲက သတိပြုမိသူတွေ ရှိကြပါတယ်။
ဆုတောင်းသိပ်ပြည့်တဲ့ဘုရားလို့  ထင်ပေါ်ကျော်ကြားပါတယ်။
ရွှေတိဂုံဘုရားကို ဘုရားဖူးလာကြတဲ့သူတွေဟာ ပတ္တမြားမျက်ရှင်တန်ဆောင်းတွင်ဖြစ်စေ၊ ပတ္တမြားမျက်ရှင် ရုပ်ပွားတော် ရှေ့မှောက်တွင်ဖြစ်စေ (မေတ္တာသုတ်) ကို ကိုးခေါက်ရွတ်ဆိုလေ့ ရှိပြီးဆုတောင်းမှု ပြုလေ့ရှိပါတယ်။
ဒီဟာကို သိတဲ့ သန်းရွှေဟာ သူ့ ရဲ့  အာဏာတည်မြဲဖို့ ၊ မိသားစု ချမ်းသာကြွယ်ဝဖို့ ၊ အာဏာရှင်စနစ်တည်တံ့ဖို့ အတွက် ဆုတောင်းဖို့  အတွက်သာမက၊ ပြည်သူတွေ တောင်းဆဲ့ဆုတွေ ပြည့်မှာ ကြောက်ပြီး မရိုးသားသော လုပ်ရပ်ကြောင့် ယခုဆိုရင်
”ပတ္တမြားမျက်ရှင်ဘုရား” ဟာ ယတြာချေဖို့ အတွက်ဘဲ အကျဉ်းချထားသလား၊ နေပြည်တော်က နောက်တည်တဲ့ ဥပ္ပါတသန္တိဘုရားစေတီတော်မှာဘဲလား၊ သန်းရွှေမိသားစုသာ သီးသန့်  အပိုင်စီးထားသလား ဆိုတာ သံသယ ဖြစ်ဖွယ်ပါဘဲ။
သန်းရွှေဟာ မိမိကိုယ်ကို ဘုရင်ရူး ရူးနေတာကြောင့် ရှေးခေတ်ကလို ဘုရားတည် နန်းတည် ဘုရားဒကာ ကျောင်းဒကာ ရေမြေ့ ရှင် ဘုန်းတန်ခိုးကြီးလှပေသော ဘုရင်မင်းမြတ်တွေလို အောင်းမေ့ ပြီး ထင်ရာလုပ်နေတာက လူသတ်သမားက သွေးစွန်းနေတဲ့လက်နဲ့ 
ဘုရားတည်နေတာဖြစ်နေတာကြောင့် ဘုရားကို ညာနေ ခုတုံးလုပ်နေတဲ့အတွက် အခုဆိုရင် မြန်မာပြည်မှာ ဘယ်တုန်းကမှ မကြုံခဲ့ဖူးတဲ့ မုန်တိုင်းတိုက်တာတွေ၊ ဘုရားစေတီပြိုကျတာတွေ ဖြစ်လာရတာပါ။
****အမှန်တရားအတွက် မည် သူ့ ကို မှ စိုးရီမ်စရာမလို *****
(ကိုးဘွဲ့ရဆရာတော်၏ ဖေ့ဘုတ်စာမျက်နှာမှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်)
ကညွတ်ကွင်း၌ ၁၂ ဘီးကားက ဘုရားဖူးယာဉ်နှင့် သစ်ပင်ကိုဝင်တိုက် နေပြည်တော်ဘုရားဖူးလာသူ နှစ်ဦး သေဆုံး၊ ရှစ်ဦးဒဏ်ရာရရှိ
ကညွတ်ကွင်း၊ ဒီဇင်ဘာ-၁၅
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်ဖြူးမြို့နယ် ကညွတ်ကွင်းမြို့တွင် ဒီဇင်ဘာ ၁၅ ရက် နံနက် ၄ နာရီခွဲက ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့သည်။
ကညွတ်ကွင်းမြို့ ရန်ကုန်မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် ၁၀၃/၀ နှင့် ၁၀၃/၁ အကြားတောင်ကုန်းတဲရွာအနီးတွင် ယာဉ်မောင်း ပြည့်ဖြိုးကိုကို(၃၁)နှစ် စာတိုက်ရပ်ကွက် ကျောက်တံခါးမြို့နေသူ တောင်မှ မြောက်သို့ မောင်းနှင်လာသော ယာဉ်အမှတ် 8F/7939 တိုယိုတာတောင်းအေ့(စ်)အမျိုးအစား အဖြူရောင်ယာဉ်သည်နေပြည်တော်သို့ ဘုရားဖူးရန် ဘုရားဖူးခရီးသည်များ တင်ဆောင်မောင်းနှင်လာ
စဉ် အခင်းဖြစ်ပွားသော နေရာ အရောက် မြောက်ဘက် မုံရွာမြို့မှ ခရမ်းချဉ်သီးများ တင်ဆောင်လာသည့် ယာဉ်မောင်းကိုဇော်(ခ)ဇော်လင်းဦး (၃၇)နှစ် စစ်ကုန်းရပ်ကွက် ဟင်္သာတမြို့နေသူ မောင်းနှင်လာသည့်
ယာဉ်အမှတ် ၅င/ ၆၉၇၃ နစ်ဆန်းအမျိုးအစားအဖြူရောင် ၁၂ ဘီး ကားအားတွေ့သဖြင့်အရှိန်လျှော့၍ လမ်းဘေးသို့ချပေးစဉ် ၁၂ဘီးကားမှ ဘုရားဖူးယာဉ် ၀ဲဘက် ဘေးသို့ဝင်တိုက်ကာ အရှိန်လွန်၍ လမ်းဘေးရှိ
သစ်ပင်အားထပ်မံတိုက်ပြီး တိမ်းမှောက်ခဲ့သည်။
ထိုသို့ ယာဉ်တိုက်မှု ဖြစ်ပွားသဖြင့် ဘုရားဖူးယာဉ် တိုယိုတာ တောင်းအေ့(စ်) ပေါ်တွင် လိုက်ပါလာသော ဘုရားဖူးများထဲမှ ဒေါ်စိန်ကြည် အသက်(၅၀) ကျန်းမာရေးဆရာမ(ငြိမ်း) မြတ်လေးလမ်းကျောက်တံခါးမြို့နေသူသည် ယာပါးနှင့် လက်ဖမိုးတို့တွင် ပေါက်ပြဲဒဏ်ရာနှင့်နောက်ကျော ညိုမည်းဒဏ်ရာများရရှိပြီးအခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားကာ အခြားဒဏ်ရာ ရရှိသူများအားကညွတ်ကွင်းမြို့ တိုက်နယ်ဆေးရုံသို့
တင်ပို့ရာ မောင်ဇေယျာလတ်(၂၇)နှစ်တပင်ရွှေထီးလမ်း ကျောက်တံခါးမြို့ နေသူမှာလည်း ဆေးရုံသို့ရောက်ရှိပြီး ဒဏ်ရာပြင်းထန်သဖြင့် ထပ်မံသေဆုံးသွားခဲ့သည်။
ထို့နောက် ဒဏ်ရာရရှိသူများဖြစ်သော ကိုဟိန်း၊ ဦးစိုး၊ မသန္တာလွင်၊ ဦးချစ်မြ တို့မှာ အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ်လည်းကောင်း၊ မသွင်သွယ်သွယ်မိုး၊ မမွန်၊ဒေါ်အင်ကြူ၊ ကိုဇော်(ခ)ဇော်လင်းဦးတို့မှာ ပြင်ပလူနာအဖြစ် လည်းကောင်း ဆေးကုသမှုခံယူလျက် ရှိသည်။
ယာဉ်တိုက်မှုအား တာဝန်မှူးရဲအုပ်အောင်မင်းထိုက်က အရေးယူပေး ပါရန်တိုင်တန်းသဖြင့် (ပ)၁၆/၂၀၁၃ပြစ်မှုပုဒ်မ ၃၀၄(က)/ ၃၃၇/၃၃၈ အရ ယာဉ်အား ပေါ့လျော့စွာမောင်းနှင်သူကိုဇော်(ခ)ဇော်လင်းဦးအား အမှုဖွင့် စစ်ဆေးလျက်ရှိသည်။
ဒီမိုမင်း
စံတော်ချိန် သတင်းစာ
ပင်းတယလေပြင်း အိမ် ၃၆ လုံး ပျက်စီး၊ ကလေးနှစ်ဦး ဒဏ်ရာရ
ရန်ကုန်၊ ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်းတယမြို့နယ်တွင် ဒီဇင်ဘာလ ၁၄ ရက် နေ့လယ် ၁၂ နာရီ မိနစ် ၃၀ ခန့်က လေပြင်းတိုက်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျေးရွာလေးရွာမှ လူနေအိမ် ၃၆ လုံး ပျက်စီးခဲ့ပြီး အသက် ၁၆ နှစ်အောက် ကလေးနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း လေဘေးသင့်သူ များကို သွားရောက် ကူညီပေးသည့်အဖွဲ့မှ ကိုတိုးက ပြောကြားသည်။
မိုးရွာသွန်းချိန် လေပြင်း တိုက်ခတ်မှုကြောင့် ကူးကော်၊ ဝါးပြား၊ ဒရယ်အင်းနှင့် စံသီကုန်း ကျေးရွာတို့မှ လူနေအိမ်များ ပျက်စီးခဲ့ပြီး ဝါးပြားရွာတွင် နေထိုင်သူ အသက် ၁၄ နှစ်အရွယ် မောင်ဇော်မင်းထွန်းမှာ နေအိမ်ထုပ်တန်း ဦးခေါင်းပေါ် ပြုတ်ကျသဖြင့် ဒဏ်ရာရရှိခဲ့ကြောင်း၊ အသက် ၁၅ နှစ် မစိုးစန္ဒာထွန်းမှာ အိမ်ခေါင်မိုးပေါ်မှ အုတ်ခဲပြုတ်ကျ ထိမှန်သဖြင့် နဖူးတွင် ပေါက်ပြဲဒဏ်ရာ ရရှိခဲ့သောကြောင့် ပင်းတယမြို့နယ် ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသထားကြောင်း အဆိုပါအဖွဲ့ထံမှ သိရှိရသည်။
“ခေါင်းပေါ် ထုပ်တန်းပြုတ်ကျတဲ့ ဒဏ်ကြောင့် ဖြစ်ဖြစ်ချင်း ကောင်လေးက သတိမေ့သွားတာ။ ဒီနေ့ နံနက် ၁၀ နာရီအထိ သတိမရသေးဘူး” ဟု လေဘေးဒဏ်သင့်သူများကို သွားရောက် ကူညီ ထောက်ပံ့ပေးသောအဖွဲ့မှ ကိုတိုးက ရှင်းပြသည်။
လေပြင်း တိုက်ခတ်မှုကြောင့် ကူးကော်ကျေးရွာမှ လူနေအိမ် ၂၃ လုံးနှင့် အခြေခံပညာ အထက်တန်း ကျောင်းတစ်ကျောင်း၊ ဝါးပြားကျေးရွာမှ လူနေအိမ် ၁၁ လုံး၊ ဒရယ်အင်းကျေးရွာမှ လူနေအိမ် နှစ်လုံး၊ စံသီးကုန်းကျေးရွာမှ ဘုန်းကြီးကျောင်း တစ်ကျောင်း၊ ဓမ္မာရုံတစ်ရုံနှင့် မီးစက် အဆောက်အအုံ တစ်လုံးတို့ အမိုးလန် ပျက်စီးခဲ့ကြောင်း၊ ကူးကော်ကျေးရွာရှိ နေအိမ်နှစ်လုံးနှင့် ဝါးပြားကျေးရွာမှ နေအိမ်နှစ်လုံးတို့ ပြိုလဲပျက်စီးခဲ့ပြီး မွန်းလွဲ ၁ နာရီခွဲခန့်တွင် လေပြင်းတိုက်ခတ်မှု ရပ်တန့်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
“မိုးရွာပြီး ၁၅ မိနစ်လောက်အကြာမှာ လေပြင်းတွေ ကျလာတာ။ ပင်းတယမှာ ဒီလိုရာသီမျိုးမှာ လေပြင်းတိုက်တာ တစ်ခါမှ မဖြစ်ဖူးဘူး။ ဒီနေ့လည်း မိုးတစ်နေကုန် ရွာပေမယ့် လေမတိုက် တော့ဘူး” ဟု လေဘေးသင့်သူများကို သွားရောက် ကူညီပေးသည့်အဖွဲ့မှ ကိုတိုးက ပြောကြားသည်။
လေပြင်းတိုက်ခတ်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လေဘေးသင့် ဒေသခံ ၅၀ ကျော် ကို ပင်းတယမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စီမံခန့်ခွဲမှု အဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနတို့မှ သွားရောက်ကာ ကူညီ ထောက်ပံ့ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
The Voice Weekly Myanmar
Subscribe to:
Posts
(
Atom
)