ဗုံးပေါက်ကွဲမှု ဖော်ထုတ်ရန် အမေရိကန် ကူညီဟုဆို


ရန်ကုန်၊ အောက်တိုဘာ၂၃။

အမေရိကန်နိင်ငံသူတစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည့်ကုန်သည်ကြီးများ ဟိုတယ် ဗုံးပေါက်ကွဲမှုကို ဖော်ထုတ်နိင်ရန် အမေရိကန် ပြည်ထောင်စုက နည်းပညာများပံ့ပိုးကူညီခဲ့ကြောင်း သမ္မတရုံးမှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောကြားသည်။

ကုန်သည်ကြီးများဟိုတယ်တွင် ထိခိုက်ဒဏ်ရာရရှိသူအမျိုးသမီးသည် အမေရိကုန်နိင်ငံတွင် ကျင်းပမည့် သမ္မတ ရွေးကောက်ပွဲဝင်ပြိုင်မည့် သမ္မတလောင်း တစ်ဦး၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ဖြစ်သည်ဟု ၎င်းက
ဆိုသည်။

“ဗုံးကို အသက်သွင်း ထောင်ဖို့နေရာကို ဖုန်းဆက်ပြီး ညွန်ကြားချက်တောင်း ခံတာကို ဖော်ထုတ်ဖို့ အမေရိကန်ကအချိန်နဲ့ တပြေးညီ ကူညီ ပေးတယ်”ဟု ၎င်းက ဆိုသည်။

ဟိုတယ်တွင် ဗုံးထောင်ရန်လာရောက်တည်းခိုသူသည်ဓါတ်လှေကားကိုပင် အသုံးမပြုတတ်၍ ဟိုတယ်ဝန်ထမ်းကလိုက်ပို့ပေးခဲ့ရသည်ဟု ဆိုသည်။

အမေရိကန်အမျိုးသမီး၏ အခြေအနေမှာ အရေးပေါ်စိုးရိမ်ရသည့် အခြေအနေတွင် မရှိတော့ကြောင်း၊ခြေထောက်နှစ်ဖက်စလုံးမှာ ဗုံးစများ မှန်ထားသောကြောင့် မတ်တပ်မရပ်နိုင်သေးကြောင်း၊ ကျောက်ကပ်ကို အနည်းငယ်ထိခိုက် သွားသည်ဟု ယူဆရကြောင်းဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးအောက်တိုဘာလ ၁၅ရက်နေ့ ညနေတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ရှင်းပြပြောဆိုသည်။

ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူ အမေရိကန် အမျိုးသမီးကိုထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဆေးရုံတွင် ဆေးကုသမှုခံယူရန်အတွက် အခင်းဖြစ်ပွားသည့်နေ့၌ပင်တွင် လေယာဉ်ဖြင့် ပို့ဆောင်လိုက်ပြီး လေဆိပ်သို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာ တင်ရွှေ၊ အမေရိကန်သံရုံးမှ တာဝန်ရှိသူများ လိုက်ပါပို့ဆောင်ခဲ့ကြသည်။

ယခုလ ၁၅ရက်နေ့ ည ၁၁နာရီ ကျော်ခန့်တွင် ကုန်သည်ကြီးများဟိုတယ်၊ အခန်းနံပါတ် ၉၂၁ ၌ အမေရိကန်နိုင်ငံသူ ရေအိမ်တက်စဉ် ဗုံး ပေါက်ကွဲမှု ဖြစ်ပွားကာ အဆိုပါအခန်းအတွင်း အမေရိကန်နိုင်ငံသား အမျိုးသားတစ်ဦး၊ ကလေးငယ်နှင့်အတူ တည်းခိုနေထိုင်ကြောင်း သိရသည်။

People power

အလိုကြီး၍- အရနည်းသော ပြည်တွင်းရေကြောင်းပို့ဆောင်ရေး


မော်လမြိုင်ကျွန်းမြို့မှ ဘိုကလေး-မြင်းကကုန်းရန်ကုန် သို့တစ်နေ့လျှင် ရန်ကုန်သို့အ၀င် ၃စီး ရန်ကုန်မှအထွက်-၃စီး ပုဂ္ဂလိကသင်္ဘောများပြေးဆွဲလျက် ရှိပြီး၊ ပြည်တွင်းရေကြောင်းပို့ ဆောင်ရေးမှလည်း၂-ထပ်ခွဲ သင်္ဘောတစ်စီးပြေးဆွဲလျက်ရှိ ကြောင်းသိရသည်။

ပုဂ္ဂလိကသင်္ဘောများဖြစ် သော-ပုသိမ်သူနှင့်ရွှေစင်ကြယ် သင်္ဘောများဘိုကလေးဆိပ်ခံ ဘောတွင်ယခင်ကတစ်ကြိမ်ကပ် လျှင်-၈၀၀၀ိ/ပေးရသလို ရွှေ ပြည်တန်သင်္ဘောတစ်ကြိမ်ကပ် လျှင် ၃၀၀၀ိ/ပေးရကြောင်းပြည် တွင်းရေးကြောင်းပို့ဆောင်ရေးရုံး မှထုတ်ပြန်သောစာအရသိရသည်။

အောက်တိုဘာ ၁၁ ရက် နေ့ရက်စွဲဖြင့်ဘိုကလေးဆိပ်ခံ ဘောသို့ပုသိမ်သူနှင့်ရွှေစင်ကြယ် သင်္ဘောများတစ်ကြိမ်ကပ်လျှင်- ၂၅၀၀၀ိ/ မြင်းကကုန်းဆိပ်ခံ ဘောသို့ပုသိမ်သူနှင့်ရွှေစင်ကြယ် သင်္ဘောတစ်ကြိမ်ကပ်လျှင် ၂၀၀၀၀ိ/ ရွှေပြည်တန်ရှပ်ပြေး သင်္ဘောသည်-ဘိုကလေးနှင့်မြင်း ကကုန်းဆိပ်ခံဘောသို့တစ်ကြိမ် ကပ်လျှင်-၇၀၀၀ိ/ဟုတိုးမြှင့် သတ်မှတ်လိုက်သောကြောင်ပြင် ဆင်တိုးကောက်သောငွေအားမ ပေးနိုင်၍မကပ်ရကြောင်းရှပ်ပြေး သင်္ဘောတာဝန်ရှိသူတစ်ဦးမှပြော ပြပါသည်။

ဘိုကလေးရေကြောင်းပို့ ဆောင်ရေးရုံးမှတာဝန်ရှိသူတစ်ဦး ကရန်ကုန်ရုံးမှဆိပ်ခံဘောကပ်ခ တိုးကောက်သောငွေများသော ကြောင့်မကပ်ခြင်းသာဖြစ်ပြီး၎င်းင်း တို့ကဆိပ်ခံဘောမကပ်နဲ့ဟုမပြော ကြောင်းပြောပြပါသည်။ ရှပ်ပြေး သင်္ဘောစီးသောခရီးသည်များမှာ  ယခုလိုဖြစ်ရသည့်အတွက်သင်္ဘော အတက်အဆင်းဒုက္ခရောက်ရ ကြောင်းသင့်တင့်သောငွေကြေး သာကောက်သင့်ကြောင်းဘိုကလေး မြို့မှခရီးသည်တစ်ဦးမှပြောပါ သည်။

မြင်းကကုန်းဆိပ်ခံဘောကပ် ခတိုးကောက်ခြင်းကြောင့်မြင်းက ကုန်းအုပ်ချုပ်ရေးမှူးနှင့်ဆိပ်ကမ်း ကော်မတီအတွင်းရေးမှူးတို့လက် မှတ်ထိုးပြီးရေကြောင်းပို့ဆောင် ရေး-ရန်ကုန်ရုံးသို့လိပ်မှု၍ဆိပ်ခံ ဘောကပ်ခတိုးကောက်ခြင်းအား မပြုလုပ်သင့်ကြောင်းယခင် ကောက်ခံသည့်နှုံးထားသာ ကောက်ခံရန်စာအား အောက်တို ဘာ ၁၅ ရက်စွဲဖြင့်ပေးပို့လိုက် ကြောင်းသိရသည်။

မြင်းကကုန်းစတိုးဆိုင်ပိုင်ရှင် တစ်ဦးက၎င်းင်းသင်္ဘောဆိပ်သည် လွန်ခဲ့သောနှစ် ၇၀ခန့်ကပုဂ္ဂလိက သင်္ဘောဆိပ်ဖြစ်ကြောင်း၊ ရေ ကြောင်းပို့ဆောင်ရေးဆိပ်သည် ဈေးပိုင်းတွင်ရှိကြောင်း၊ပို့ဆောင် ရေးဆိပ်နှင့်ပုဂ်္ဂလိကသင်္ဘောဆိပ် ၂ခု ခွဲသင့်ကြောင်း၊ ယခုလိုဖြစ်ရ ခြင်းကြောင့်ရေကြောင်းပို့ဆောင် ရေးအနေနှင့်ဝင်ငွေမရရှိဘဲ အလို ကြီး၍အရနည်းခြင်းသာခံစားရ ကြောင်း၊၎င်းင်းတို့နှစ်ဦးနှစ်ဖက် အဆင်မပြေမှုကြောင့်ပြည်သူအများ သွားရေးလာရေးဒုက်္ခမရောက်စေ ခြင်းကြောင်း Hot News  သို့ပြော ပါသည်။

အရိန္ဒမာ(ဘိုကလေး)
Hot News Journal

ရှမ်းပြည်နယ်ဝန်ကြီးချုပ် မြေသိမ်းဆည်းမှု (ရုပ်/သံ)


ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်အတွင်းက စိုက်ပျိုးမြေတွေကို ပြည်နယ်ဝန်ကြီးချုပ်က သိမ်းယူခဲ့တဲ့အပေါ် မကျေနပ်တဲ့ မူလပိုင်ရှင်တောင်သူတွေက သမ္မတကို တိုင်ကြားထားပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး RFA ဝိုင်းတော်သား ကိုကျော်ကျော်အောင်က တင်ပြထားပါတယ်။


ဒဂုံမြို့သစ်က မြေသိမ်းဆည်းမှုများ (ရုပ်/သံ)


ဒဂုံမြို့သစ်အရှေ့ပိုင်းက မြေအသိမ်းခံထားရတဲ့ လယ်သမားတွေဟာ ကုမ္ပဏီတွေဘက်က လယ်ယာမြေမှတ်ပုံတင် လျှောက်ထားမှုနဲ့ ပတ်သက်ပြီး မြို့နယ် မြေစာရင်းဦးစီးဌာနရုံးမှာ ဒီနေ့ ကန့်ကွက်ခဲ့ကြပါတယ်။ အပြည့်အစုံကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က တင်ပြထားပါတယ်။


လူနာတင်ယာဉ်စောင့်နေရသည့် ယာဉ်တိုက်မှုကြောင့် လူတစ်ယောက် အသက်ဆုံးရှုံး


ကြည့်မြင်တိုင်မြို့နယ်၊ ကမ်း နားလမ်း၊ စာတိုက်မှတ်တိုက်အနီး တွင် အောက်တိုဘာလ (၇) ရက် နံနက် ၄ နာရီ ၃၀ မိနစ်အချိန်ခန့် က အရှေ့မှအနောက်သို့ မောင်း နှင်လာသော  Super Custom  အိမ်စီးကားတစ်စီးသည် လမ်းဖြတ် ကူးသူကို တိုက်မိသည့်ဖြစ်ရပ်တစ် ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်ရပ်တွင်  Super Custom ကိုယ်ပိုင်ယာဉ်ကိုမောင်း နှင်လာသူမှာ Duty  ထွက်လာ သည့်ဆရာဝန်တစ်ဦးဖြစ်ကြောင်း၊ လမ်းဖြတ်ကူးသူမှာ အမှတ်မထင် ကူး၍ တိုက်မိခြင်းဖြစ်ကြောင်း၊ သိရသည်။

မျက်မြင်သက်သေများ၏ ပြောကြားချက်အရ ကားမောင်း သူမှာလမ်းကြောင်းမှန်သော်လည်း လမ်းဖြတ်ကူးသူမှာ မှောင်ရိပ်ကျ သောနေရာမှ ကူးခြင်းကြောင့်ဖြစ် ကြောင်း၊ ယာဉ်မောင်းဆရာဝန်မှ  ကားတိုက်ခံရသူနှင့် ပတ်သက်ပြီး မိမိမှာတာဝန်ရှိ၍ လူနာအသက် ရှင်ရေးအတွက် ဆေးရုံသို့ အမြန် သယ်သွားလိုကြောင်း၊ လူနာကို ဆေးရုံပို့ပြီးမှဆက်လက်အရေးယူ ဆောင်ရွက်ပါရန် သက်ဆိုင်ရာ နယ်မြေရဲကိုပြောရာ နယ်မြေရဲမှ   လူနာတင်ယာဉ်ခေါ်ထား၍ လာ မှတင်မည်ဟုပြောသဖြင့် ဘေးမှ ရပ်ကြည့်သူများမှ သွေးလွန်ပြီး အသက်အန္တရာယ်စိုးရိမ်ရ၍အမြန် သယ်ရန်ဝိုင်းပြောကြကြောင်း၊ လူနာတင်ယာဉ်မှာ နံနက် ၆ နာရီ မှ ရောက်လာကြောင်း၊ လူနာမှာ ဆေးရုံရောက်ပြီး နံနက် ၈ နာရီ ၃၀မိနစ်တွင်ကွန်လွန်သွားကြောင်း သိရသည်။          

သီတလူ

Hot News Journal 

မြန်မာ့လူ့အခွင့်အရေး အစီရင်ခံစာ ကုလထုတ်ပြန်


ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို ကုလသမဂ္ဂ အထွေထွေညီလာခံကို တင်သွင်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေက လူ့အခွင့်အရေး အခြေအနေတွေ သိသိသာသာ တိုးတက်မယ့် အလားအလာကို ဖန်တီးပေးခဲ့တယ်လို့ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomas Ojea Quintana ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာအစိုးရအနေနဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးခဲ့တာ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုအပေါ် ပိုပြီးလေးစားမှု ရှိလာတာ၊ တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲမှု ရရှိအောင် လုပ်နေတဲ့အပိုင်းမှာ တိုးတက်မှုတွေ ရှိနေတာတွေကို အစီရင်ခံစာထဲမှာ ထည့်သွင်းထားပါတယ်။

တချိန်တည်းမှာပဲ လက်ရှိဖြစ်နေတဲ့ လူ့အခွင့်အရေး အခြေအနေကို ထိခိုက်စေမဲ့ ပြဿနာတွေကိုလည်း မဖြစ်မနေ ဖြေရှင်းဖို့ လိုတယ်ဆိုတာကို Mr. Quintana က အစီရင်ခံစာမှာ မီးမောင်းထိုးပြထားပါတယ်။

ဒီချို့ယွင်းအားနည်းချက်တွေကို နိုင်ငံတကာ လူ့အခွင့်အရေး စံချိန် စံနှုန်းတွေနဲ့အညီ အခုအချိန်မှာ မကိုင်တွယ် မဖြေရှင်းဘူးဆိုရင် လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပိုင်းကို ထိခိုက်စေနိုင်တဲ့အပြင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကိုပါ တဖြည်းဖြည်း အနှောင့်အယှက် ဖြစ်စေလိမ့်မယ်လို့ ကုလသမဂ္ဂ အထွေထွေညီလာခံကို တင်ပြတဲ့ အစီရင်ခံစာမှာ သတိပေးထားပါတယ်။

မြန်မာအစိုးရထဲမှာ လွှမ်းမိုးနေတဲ့ စစ်အတွေး၊ စစ်အမြင်ကနေ လူ့အခွင့်အရေးကို လေးစားတဲ့ ဒီမိုကရေစီ အတွေးအခေါ်အဖြစ်  ပြောင်းလဲနိုင်ဖို့ဟာ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ စတင်ကတည်းက ရှိနေတဲ့ စိန်ခေါ်မှု ဖြစ်တယ်လို့ Mr. Quintana အထွေထွေညီလာခံကို တင်သွင်းတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီအစီရင်ခံစာအပေါ်မှာ အခြေခံပြီး အောက်တိုဘာ ၂၄ ရက်နေ့ ကြာသပတေးနေ့ကျရင် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

ရုပ်ရှင်ရုံများ လုံခြုံရေး တိုးမြှင့်


ရန်ကုန်၊ မန္တလေးနဲ့ အခြားမြို့ကြီးတချို့မှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် အများပြည်သူ သွားရောက် အပန်းဖြေကြတဲ့ ရုပ်ရှင်ရုံတွေကိုလည်း လုံခြုံရေး တိုးမြှင့်ထားကြောင်း မင်္ဂလာကုမ္ပဏီအုပ်စုဝင် ရှေ့ဆောင်ရုပ်ရှင်ရုံ တာဝန်ရှိသူတဦးက ပြောပါတယ်။

ရုပ်ရှင်လာကြည့်တဲ့ ပရိသတ်တွေဟာ ရုပ်ရှင်ကို ပြီးဆုံးအောင် ကြည့်ရမှာဖြစ်ပြီး ပုံမှန်အားဖြင့် ဇာတ်ကားမပြီးခင် ထွက်ခွာခွင့် မပြုပါဘူးလို့ ဆိုပါတယ်။

ဇာတ်ကားမပြီးခင် အရေးပေါ် အခြေအနေ တခုခုကြောင့် ရုံကနေ ထွက်ခွာမယ်ဆိုရင် မန်နေဂျာဆီမှာ မှတ်ပုံတင်၊ နေရပ်လိပ်စာ အတိအကျပေးရမယ့်အပြင် ဓာတ်ပုံလည်း ရိုက်ယူထားမယ်လို့ သူက ရှင်းပြပါတယ်။

ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ခြင်း၊ အခြားသော ပွဲလမ်းသဘင်များ ရှိနေခြင်း စတဲ့ အချက်တွေကြောင့် ရန်ကုန်မြို့လယ် ရုပ်ရှင်ရုံတွေမှာ လူဝင်နည်းသွားတာ တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

by ဒီဗွီဘီ 

မြန်မာဖွံ့ဖြိုးရေးကူညီဖို့ ဥရောပကို ဒေါ်စုပန်ကြား


မြန်မာနိုင်ငံတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအဆောက်အဦးတွေ တိုးတက်ကောင်းမွန်လာရေး အကူအညီပေးကြဖို့ ဥရောပနိုင်ငံတွေကို ရောက် နေတဲ့ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာကို ဖိတ်ခေါ်ခဲ့ပါတယ်။ တချိန်တည်းမှာတော့ EU ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲတွေကို ထဲထဲဝင်ဝင် လေ့လာစောင့်ကြည့်ပြီး အကူအညီပေးဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦး တင်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုတွေ ထင်သလောက် ၀င်မလာသေးတာဟာ မြန်မာနိုင်ငံ နိုင်ငံရေးအခြေအနေအပေါ် ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိုးရိမ်ချက်ကြောင့် ဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မနေ့က ဥရောပ ပါလီမန်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ဒီအတွက် နိုင်ငံရေးအခြေအနေ တိုးတက်ကောင်းမွန်လာဖို့ လိုသလို၊ စီးပွားရေး အခြေခံအဆောက်အဦးတွေ ကောင်းမွန် တိုးတက်လာဖို့အတွက် နိုင်ငံတကာ အကူအညီတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည် က ဖိတ်ခေါ်ခဲ့ပါတယ်။

“တကယ်တမ်းပြောရရင် အစိုးရက မျှော်လင့်ထားသလောက် ရင်းနှီးမြှုပ်နှံမှုတွေ ၀င်မလာသေးပါဘူး။ ရင်းနှီးမြှုပ်နှံဖို့ သင့် မသင့် ချိန်ဆနေသူတွေဟာ စနစ်ရဲ့ အားနည်းချက်တွေကို မြင်ကြလို့ပါ။ ဥပမာဆိုရရင် တရားဥပဒေစိုးမိုးရေး အာမခံချက် မရှိပါဘူး။ ရင်းနှီးမြှုပ်နှံဖို့အတွက် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေနဲ့ ဥပဒေတွေအပေါ်မှာ သူတို့အနေနဲ့ လုံလုံလောက်လောက် ယုံကြည်မှု မရှိကြသေးပါဘူး။ နောက်ပြီးတော့ စီးပွားရေးအတွက် အခြေခံ အဆောက်အဦးတွေလည်း မရှိသေးပါဘူး။ ဒါဟာ ကျမတို့လူထုအတွက် တကယ့်ကို လိုအပ်ချက်ပါ။ ဒါကြောင့် ကျမတို့နိုင်ငံရဲ့ အခြေခံ အဆောက်အဦးတွေ တိုးတက် ကောင်းမွန်လာဖို့ အကူအညီမျိုးတွေကို ကြိုဆိုပါတယ်။”

သူ့အနေနဲ့တော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို တာဝန်သိ ရင်းနှီးမြှုပ်နှံမှု ဖြစ်စေဖို့ လိုလားတယ်လို့လည်း ပြောခဲ့ပါတယ်။ တချိန်တည်းမှာ မြန်မာပြည်သူတွေရဲ့ လိုအပ်ချက် အထူးသဖြင့် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ နိမ့်ပါးနေတဲ့ အခြေအနေကိုလည်း ပြောခဲ့ပြီး၊ လတ်တလော မြန်မာလူထုအတွက် အရေးအကြီးဆုံးကတော့ အလုပ်အကိုင်သစ်တွေ ဖန်တီးနိုင်ရေး ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ကျမတို့ နိုင်ငံမှာ အလုပ်လက်မဲ့နှုန်းကလည်း အင်မတန် ကြီးပါတယ်။ အထူးသဖြင့်တော့ လူငယ်တွေ အလုပ်လက်မဲ့ ဖြစ်ကြတဲ့ကိစ္စပါ။ အခုလို လူငယ်တွေ အလုပ်လက်မဲ့ ဖြစ်ကြတာဟာ ပေါက်ကွဲနိုင်တဲ့ ချိန်ကိုက်ဗုံး တလုံးလိုပါပဲ။ အလုပ်မရှိတဲ့ လူငယ်တွေအဖို့ အနာဂတ်အတွက် မျှော်လင့်ချက် ကင်းမဲ့နေပါတယ်။ ဒါဟာ ပြဿနာရပ် အတော်များများကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အလုပ်အကိုင်တွေ ဖန်တီးပေးဖို့ လိုပါတယ်။ ဒီဥရောပက လူငယ်တွေအတွက်ဆိုရင် ရေကောင်းရတယ်၊ လမ်းတွေရှိတယ်၊ လျှပ်စစ်မီးရတယ်၊ ကောင်းမွန်တဲ့ ပညာရေးစနစ်ရှိတယ်။ ကျမတို့ လူထုက ဒါတွေလိုချင်တာပါ။ သူတို့အားလုံး တညီတည်းပြောတာတခုကတော့ အရင်ဆုံး အလုပ်အကိုင် လိုချင်တာပါ။ ဒါဟာ အရေးကြီးဆုံးပါ။ အလုပ်အကိုင် ရှိခြင်းဟာ ကိုယ် ရပ်တည်နေထိုင်ဖို့တင် မဟုတ်ပါဘူး၊ ကိုယ့်ကိုယ်ကို တန်ဖိုးထား လေးစားမှုလည်း ဖြစ်စေပါတယ်။”

နိုင်ငံရေးနဲ့ ပတ်သက်လို့ကတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးဟာ အရေးကြီးပြီး၊ ဒီအတွက် နိုင်ငံတကာ အနေနဲ့လည်း တတ်နိုင်သလောက် ကူညီကြဖို့ ဖိတ်ခေါ်ပါတယ်။ ငြိမ်းချမ်းမှု မရှိဘဲနဲ့ ကောင်းမွန်တဲ့ စီးပွားဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်မလာနိုင်ဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

EU ဥရောပသမဂ္ဂအနေနဲ့လည်း မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေကို အပေါ်ယံမဟုတ်ဘဲ ထဲထဲဝင်ဝင်ကြည့်ပြီး အကူအညီ ပေးစေချင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံခဲ့ပါတယ်။

“EU ဥရောပသမဂ္ဂအနေနဲ့ သူမှာရှိတဲ့ သြဇာ သူ့ရဲ့အာဏာတွေကို မြန်မာ့ဒီမိုကရေစီရေးအတွက် အကူအညီပေး အသုံးချစေလိုပါတယ်။ ကျမ တလျှောက်လုံး ပြောလာတာကတော့ အခြေအနေတွေကို အပေါ်ယံမဟုတ်ဘဲ ထဲထဲဝင်ဝင် ကြည့်စေချင်ပါတယ်။ အပေါ်ယံ အပြောင်းအလဲမျိုးတွေနဲ့ မလုံလောက်ပါဘူး။ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ခိုင်ခိုင်မတ်မတ် ရပ်တည်နိုင်မယ့် စစ်မှန်တဲ့ ပြောင်းလဲမှုမျိုးတွေလိုချင်ပါတယ်။”

လက်ရှိ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ပြောင်းလဲမှုတွေအတွက် ဖွဲ့စည်းပုံပြင်ဆင်ရေး အရေးကြီးတဲ့အကြောင်းကိုလည်း ထပ်ပြောခဲ့သလို၊ သူ့အနေနဲ့ကတော့ ဒီမိုကရေစီလမ်းကြောင်းကို ထိခိုက်စေတဲ့ ဖွဲ့စည်းပုံပါ အားနည်းချက်တွေကိုမပြင်ဘဲ၊ အပေါ်ယံ အပြောင်းအလဲ လုပ်ပြတာမျိုးတွေကိုတော့ မလိုလားဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။ နိုင်ငံတကာနဲ့ ဆက်ဆံရေးပိုင်းမှာတော့ အိမ်နီးချင်း နိုင်ငံတွေကိုရော အနောက်နိုင်ငံတွေကိုပါ မိတ်ဆွေကောင်းအဖြစ် ဆက်ဆံခဲ့တဲ့ မြန်မာနိုင်ငံရဲ့ အစဉ်အလာ နိုင်ငံခြားရေးမူဝါဒကို အနာဂတ်မှာလည်း ဆက်သွားလိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ကျမတို့ဟာ ၁၉၅၀ ကာလလောက်ကတည်းက တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကောင်းတွေ ရှိခဲ့ပါတယ်။ အဲဒီအချိန်က မြန်မာနိုင်ငံဟာ ဒီမိုကရေစီ တိုင်းပြည်ဖြစ်ပေမဲ့၊ ကွန်မြူနစ်တရုတ်အစိုးရကို ပထမဆုံး အသိအမှတ် ပြုခဲ့တဲ့နိုင်ငံပါ။ အဲဒီအချိန်ကတည်းက မြန်မာနိုင်ငံဟာ တကယ့်ကို တောင့်တင်းခိုင်မာတဲ့ နိုင်ငံခြားရေး မူဝါဒရှိခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ အဲဒီအချိန်ကာလမှာ တရုတ်ကွန်မြူနစ်အစိုးရကို အသိအမှတ်ပြုသလိုပဲ၊ အမေရိကန် ဗြိတိန်စတဲ့ အနောက်နိုင်ငံတွေနဲ့လည်း မိတ်ဆွေကောင်း ဖြစ်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံနဲ့လည်း မိတ်ဆွေနိုင်ငံ ဖြစ်ခဲ့ပါတယ်။ တချိန်တည်းမှာ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကောင်းကိုလည်း ထိန်းထားနိုင်ခဲ့ပါတယ်။ ဒီ မူဝါဒမျိုးကိုနဲ့ ရှေ့အနာဂတ် ဆက်သွားလိုပါတယ်။ တရုတ်နိုင်ငံအပြင် အခြားအိမ်နီးချင်းနိုင်ငံတွေနဲ့လည်း မိတ်ဆွေကောင်းဆက်ဆံရေးထားလိုပါတယ်။ ဒါ့အပြင် မြန်မာ့ဒီမိုကရေစီရေးကို အားပေးထောက်ခံတဲ့ အနောက်မိတ်ဆွေ နိုင်ငံတွေနဲ့လည်း ဆက်ဆံရေးကောင်း ထားလိုပါတယ်။”

မနေ့တုန်းကလုပ်တဲ့ အဲဒီသတင်းစာရှင်းလင်းပွဲမှာတော့ ဥရောပပါလီမန်ရဲ့ ၁၉၉၀ Sakharov ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဥရောပပါလီမန် ဥက္ကဌ Martin Schulz လည်း အတူ ပါဝင်ပေမဲ့၊ သတင်းထောက်တွေ ဒေါ်အောင်ဆန်းစုကြည်ကိုပဲ ဦးတည်မေးခဲ့တာမို့ ဒေါ်အောင်ဆန်းစုကြည်ကပဲ အဓိက ဖြေကြားသွားပါတယ်။

ဥရောပပါလီမန်အနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးကို အပြည့်အ၀ ထောက်ခံခဲ့သလို၊ ဆက်ပြီး ထောက်ခံသွားမှာဖြစ်တယ်။ ဒါပေမဲ့ အခြေအနေ တိုးတက်မှုတွေကိုတော့ သတိထားပြီး စောင့်ကြည့်သွားမှာ ဖြစ်တယ်လို့ ဥရောပပါလီမန်ဥက္ကဌ Martin Schulz က အဲဒီ သတင်းစာရှင်းလင်းပွဲမှာပဲ ပြောခဲ့ပါတယ်။

ကိုသားညွန့်ဦး (ဗွီအိုအေ)

အကျင့်ပျက်သည်ဟု စွပ်စွဲခံထားရသည့် ရခိုင်ပြည်နယ် တရားသူကြီးကို နုတ်ထွက်ခွင့်ပြု


ရန်ကုန်၊ အောက်တိုဘာ ၂၂

ငွေကြေး လိမ်လည်သူများကို ဥပဒေဖြင့် အကာအကွယ် ပေးထားသည်ဟု စွပ်စွဲခံထားရသည့် ရခိုင်ပြည်နယ် တရားလွှတ်တော် တရားသူကြီး ဒေါ်စီစီကို ၎င်း၏သဘော ဆန္ဒအရ နိုင်ငံတော်သမ္မတက တာဝန်မှ နုတ်ထွက်ခွင့်ပြု လိုက်ကြောင်း နိုင်ငံတော်သမ္မတရုံး က အောက်တိုဘာလ ၂၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာလိုက်သည်။

ကျပ်သိန်းပေါင်း ၄၃၀၀ ကျော် လိမ်လည်မှုတွင် တရားစွဲဆိုခြင်း မပြုလုပ်နိုင်ရန် ဒေါ်စီစီသည် လာဘ်ငွေများယူ၍ တရားဥပဒေကြောင်းအရ အကာအကွယ် ပေးထားသည်ဟု ဆိုကာ ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် လေးပုံတစ်ပုံကျော် (ကိုယ်စားလှယ် ၁၄ဦး)က လက်မှတ် ရေးထိုးပြီး ဒေါ်စီစီကို သြဂုတ်လ ၁၄ ရက်နေ့က ကျင်းပသည့် ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် စွပ်စွဲ ပြစ်တင်ခဲ့သည်။

ယင်းစွပ်စွဲ ပြစ်တင်မှုကို စုံစမ်းစစ်ဆေးရန် လွှတ်တော် ကိုယ်စားလှယ် လေးဦးနှင့် အခြားလူပုဂ္ဂိုလ် တစ်ဦး ပါဝင်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး စက်တင်ဘာ လဆန်းပိုင်းမှ စတင်ကာ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ယင်းကော်မရှင်တွင် ပါဝင်သည့် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော် က ပြောကြားသည်။

မြောက်ဦးမြို့၌ ဆန်စပါး ရောင်းဝယ်မှု များနှင့် ပတ်သက်၍ ဒေသခံများထံမှ ကျပ်သိန်းပေါင်း ၄၃၀၀ ကျော် လိမ်လည်ထားသည့် ဆန်စက်ပိုင်ရှင် ထံမှ ဒေါ်စီစီက လာဘ်ငွေများယူ၍ အကာအကွယ် ပေးထားသည် ဟုဆိုကာ စွပ်စွဲပြစ်တင်ခဲ့ခြင်း ဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရာတွင်လည်း စွပ်စွဲ ပြစ်တင်ထားသည့်အတိုင်း မှန်ကန်ကြောင်းကို စစ်ဆေး တွေ့ရှိရကြောင်း ၎င်းက ဆိုသည်။

“သမ္မတက နုတ်ထွက်ခွင့် ပြုလိုက်ပြီ ဆိုတော့ လွှတ်တော်မှာ စွပ်စွဲ ပြစ်တင်ဖို့ မလိုတော့ဘူး” ဟု ဦးအောင်မြကျော်က ထပ်မံ ပြောကြားသည်။

လယ်သမားများ၊ ဆန်ကုန်သည် များနှင့် ဒေသခံများထံမှ ဆန်စပါး အကြွေး ဝယ်ယူမှု၊ ကုန်သည်များနှင့် NGO များထံမှ ဆန်စပါး ဝယ်ပေးမည်ဆိုကာ ပိုက်ဆံ ယူထားပြီး ကတိအတိုင်း ပြန်လည် လုပ်ဆောင်ပေးခြင်း မရှိကြောင်း၊ ယင်းကိစ္စကို တရားစွဲဆိုရာတွင် မြို့နယ်၊ ခရိုင်အဆင့်တွင် တရားစွဲဆို၍ ရသော်လည်း ပြည်နယ် အဆင့်တွင် တရားသူကြီးက ပယ်ချသဖြင့် အဆိုပါ နစ်နာသူများက လွှတ်တော် ကိုယ်စားလှယ်များကို တိုင်ကြားခဲ့ကြောင်း စွပ်စွဲ ပြစ်တင်ထားသည့် လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရှိရသည်။

တရားလွှတ်တော် တရားသူကြီးကို နုတ်ထွက်ခွင့်ပြုသည့် ကိစ္စနှင့် ပတ်သက်၍ ဒေါ်စီစီကို ဆက်သွယ် မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။
ဒေါ်စီစီသည် ရခိုင်ပြည်နယ်၌ ၂၀၁၁ ခုနှစ်တွင် တရားလွှတ်တော် တရားသူကြီး တာဝန်ကို စတင်ထမ်းဆောင် ခဲ့သည်။

The Voice Weekly

အရပ်သားလုံခြုံရေး များကို နေအိမ်များက ပိုမိုခေါ်ယူလာ


ရန်ကုန် ၊ အောက်တိုဘာ ၂၂ ။ ။ ဗုံး ပေါက်ကွဲမှုများနှင့် ဗုံးလန့်မှု များ ဖြစ်ပေါ်ပြီးနောက် အရပ်သားလုံ ခြုံရေး များ ကို နေအိမ်များက ပိုမို ခေါ်ယူလာကြကြောင်း လုံခြုံရေး ဝန်ထမ်းဝန်ဆောင်မှု ကုမ္ပဏီများ ၏ ပြောပြချက်အရ သိရသည်။ ယခုနှစ် တွင် အဆိုပါအရပ် သားလုံခြုံရေး ဝန်ဆောင်မှုကဏ္ဍ လိုအပ်ချက်သည် ယခင်နှစ်များ ထက် ပိုမိုမြင့်မားလျက် ရှိနေပြီး ယခင်က ခေါ်ယူမှုနည်းခဲ့သည့် ကိုယ်ပိုင်အိမ်များကပင် ယင်းကဲ့ သို့ ခေါ်ယူမှုများပြားလာကြောင်း သိရသည်။

''ယခင်ကတော့ သံရုံးတွေ၊ ရှော့ပင်မောလ်တွေ၊ ကုမ္ပဏီတွေမှာ လုံခြုံရေးဝန်ဆောင်မှုဝန်ထမ်း တွေကို အဓိကခေါ်ယူခန့်ထားခဲ့ တာတွေ့ရပါတယ်။ တချို့အိမ်တွေ ကလဲ ခေါ်တာတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အရေအတွက် အရမ်း နည်းပါတယ်။ အခုတစ်လော ဖြစ် ပေါ်ခဲ့တဲ့ ဗုံးသတင်းတွေကြောင့် လားတော့ မသိပါဘူး။ အိမ်တွေ ကတော့ အရင်ထက်ခေါ်ယူမှုတွေ များလာတာတော့ သေချာပါတယ်'' ဟု အိတ်ဇယ်လ်လုံခြုံရေးဝန် ဆောင်မှုကုမ္ပဏီမှ Deputy General Manager ဦးကျော်စိုးက ရန်ကုန်တိုင်းမ်နေ့စဉ် သတင်းစာ သို့ ပြောကြားသည်။

ယခုအခါ ယင်းကဲ့သို့ဖြစ် ပေါ်လာခြင်းကြောင့် လက်ရှိဝန် ထမ်းအင် အားနှင့် ခေါ်ယူမှုမလုံ လောက်မှုများဖြစ်နေသဖြင့် လုံ ခြုံရေးဝန်ဆောင်မှု ကုမ္ပဏီများ အနေဖြင့် ဝန်ထမ်းအသစ်များကို ထပ်မံခေါ်ယူမှုများ တိုးမြှင့်ပြုလုပ် လာရကြောင်း သိရသည်။ အိတ်ဇယ်လ်လုံခြုံရေး ဝန် ဆောင်မှုကုမ္ပဏီမှ Deputy General Manager ဦးကျော်စိုးက ''ခေါ်တာတွေများလွန်းလို့ ဝန် ထမ်းမလုံလောက် တာမျိုး ကြုံရ ပါတယ်။ အသစ်ထပ်ခန့်ဖို့ ခေါ် ထားရတာတွေရှိတယ်။ ဝန်ထမ်း ခေါ်တာ လိုအပ်ချက်တွေများနေ လို့ လက်ရှိလုံခြုံရေးဝန်ထမ်းတွေ ကိုလဲ လုံခြုံရေးလုပ်မယ့်သူတစ် ယောက်ခေါ်လာနိုင်ရင် ကုမ္ပဏီ က ကျပ်၅ဝဝဝပေးပြီး ခေါ်နေရ ပါတယ်''ဟုပြောသည်။

ယခုအခါ လုံခြုံရေးဝန် ဆောင်မှုကဏ္ဍသည် တစ်နှစ်ထက် တစ်နှစ် လိုအပ် ချက်မြင့်မားလျက် ရှိနေပြီး တချို့ကုမ္ပဏီများမှာ ခေါ် ယူမှုမြင့်မားလာမှုအရ ဝန်ထမ်း ဦးရေခြောက်ရာကျော်ထိ ခန့်ထား ကာ ယင်းလုပ်ငန်းများကို လုပ် ကိုင်လျက်ရှိနေကြောင်း သိရသည်။

စိုင်းဟန် -  Yangon Media Group

ခရီးသည်တင်နေစဉ် နောက်ကားဝင်တိုက်မှု ၁ ဦးသေ ၅ ဦး ဒဏ်ရာရ


ပဲခူးမြို့၊ ရန်ကုန်-မန္တလေး ကားလမ်း၊ မိုင်တိုင်အမှတ်(၄၃/၁)၊ မြန်စတား အတည်ချုပ်စက်ရုံအ၀င်လမ်း အနီးတွင်(၂၂.၁၀.၂၀၁၃)နေ့ နံနက်(၃း၀၀)အချိန်ခန့်က ယာဉ်တိုက်မှု တစ်ခုဖြစ်ပွားခဲ့ (၁)ဦး သေဆုံးခဲ့ပြီး ၊ (၅)ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါသည်။

ဖြစ်စဉ်မှာ ပဲခူးမှ ရန်ကုန်ဘက်သို့ဘက်သို့ ယာဉ်မောင်း မျိုးမြင့်(စုံစမ်းဆဲ) မောင်းနှင်လာသည့် န/xxxx
အမှတ်(၆)လိုင်း ကျိုက်ထို-ရန်ကုန်ဟိုင်းလတ်(အဖြူရောင်) ခရီးသည် ယာဉ်မှ ခရီးသည် တင်နေစဉ်နောက်မှ ယာဉ်မောင်းအောင်မျိုးဦး(၃၇)နှစ်(ဘ) ဦးသန်းမြင့် ၂က/xxxx ၊အမှတ်(၅)လိုင်း၊ညောင်လေးပင်-ရန်ကုန်မောင်းနှင် လာသည့် ဟိုင်းလတ်(အပြာရောင်ယာဉ်)မှ ၀င်ရောက်တိုက်မိ ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ခရီးသည် တင်နေသည့် န/xxxxယာဉ်တွင် စီးနှင်းလိုက်ပါလာသည့် ခရီးသည် ခင်မောင်လတ်(၄၄)နှစ်၊(ဘ)ဦးတင်ငွေ၊ ပိတောက်(၇)လမ်း၊ မြောက် ဥက္ကလာပမြို့နယ်နေသူမှာ အခင်းဖြစ် နေရာတွင် သေဆုံးသွားပြီး ယာဉ်ပေါ်တွင်ပါလာသည့် ခရီးသည်ကျား(၃)ဦး၊ မ(၂)ဦးမှာ ဒဏ်ရာရရှိသွားသဖြင် ပဲခူးပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာ (မစိုးရိမ်းရ)ဖြင့် ဆေးကုသမှု ခံယူလျှက်ရှိကြောင်း သိရပါသည်း။

အဆိုပါ ယာဉ်တိုက်မှုအား ပဲခူးမြို့အမှတ်(၃)ရဲစခန်းမှ ယာဉ်(ပ)၄၅/၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄(က)/၃၃ရ/၃၃၈/၂၀၂ အရအမှုဖွင့် အရေးယူထားပြီး ၂က/xxxxယာဉ်မောင်းမှာ ထွက်ပြေးထိမ်းရှောင်နေသဖြင့် အပူတပြင်း လိုက်လံဖမ်းဆီး လျှက်ရှိကြောင်း သတင်းရရှိပါသည်။

ကိုသန့် ဇင်

by သစ်ထူးလွင် News

ငါးလောင်းပြိုင် လူသတ်မှု စစ်ဆေးမှုအခြေအနေ တိုးတက်လာဟုဆို


ရန်ကုန် ၊ အောက်တိုဘာ ၂၂ ။ ။ ငါး နှစ်နီးပါးတိုင်အောင် တရားခံဖမ်း ဆီးရမိခြင်း မရှိသေးသည့် ငါး လောင်းပြိုင်လူသတ်မှု၏ စစ်ဆေး နေသည့် အခြေအနေမှာ တိုးတက် လာပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲချုပ်ဇော် ဝင်း က ရန်ကုန်တိုင်းမ် နေ့စဉ်သ တင်းစာ၏ သီးသန့်မေးမြန်းမှု ကို ဖြေကြားခဲ့သည်။အောက်တိုဘာ၁၈ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးတွင်ပြုလုပ်ခဲ့သော ရန်ကုန် နှင့်နယ်မြို့တချို့တွင် ဗုံးဖောက် ခွဲမှု တရားခံများ နှင့်ပတ်သက် သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြော ကြားခဲ့ခြင်းဖြစ်သည်။

ရဲချုပ်ဇော်ဝင်းက ''ငါး လောင်းပြိုင် လူသတ်မှုကို ဆက် လက်စစ်ဆေးနေ တယ်။ အမှုရဲ့ အခြေအနေက တိုးတက်မှုရှိလာ ပါပြီ''ဟု ပြောသည်။ အဆိုပါ ငါးလောင်းပြိုင် လူသတ်မှုကို ယခုအခါ စီအိုင်ဒီ မှစစ်ဆေးလျက် ရှိကြောင်း သိရ သည်။ စီအိုင်ဒီ မှ ဒုရဲမှူးကြီးတစ် ဦးက ငါးလောင်းပြိုင် လူသတ်မှု နှင့် ပတ်သက်ပြီး ''ကျွန်တော်တို့ အနေနဲ့ကတော့ ငါးလောင်းပြိုင် လူသတ်မှုကို ကြိုးစားပြီးစစ်ဆေး နေဆဲပါ။ လက်ရှိလုပ်ဆောင်နေ ပါတယ်။ အမှုမပိတ်ပါဘူး ။ အမှု တွေရဲ့သဘောက တစ်ခါ တလေ ကြာတတ်တာတွေ ရှိတယ်လေ။ တချို့နိုင်ငံက မှုခင်းတွေဆိုရင် ၁ဝနှစ်၊ ၁၅နှစ်ကြာမှ မိတာတွေ လဲရှိတာပဲ''ဟုပြောသည်။

ငါးလောင်းပြိုင်လူသတ်မှု သည် ၂၀၀၈ခုနှစ်တွင် ဖြစ်ပွားခဲ့ ပြီး မိုးကုတ်သူဌေးကြီး ဦးမြမောင် ၏ သမီး၊ မြေးနှစ်ဦးနှင့် အိမ်ဖော် မှာ စိမ်းလဲ့ကန်သာလမ်းရှိ နေအိမ် တွင် သေဆုံးခဲ့သည်။ ယင်းငါးလောင်းပြိုင် လူ သတ်မှုနှင့်ပတ်သက်၍ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့မှ ငါးလောင်းပြိုင်လူသတ် မှုကို စုံစမ်းထောက်လှမ်းနေသော် လည်း အထောက်အထားမရသေး သဖြင့် ဖော်ထုတ်နိုင်ခြင်းမရှိသေး ကြောင်း၊ စုံစမ်းဖော်ထုတ်ပြီးပါ က ပြည်သူများထံ တရားဝင်ကြေညာ ပေးသွား မည် ဖြစ်သည် ဟု ပြည် ထဲရေး ဒုတိယဝန်ကြီး ဗိုလ်မှူး ချုပ်ကျော်ကျော်ထွန်းက လွန်ခဲ့ သည့်ရက်ပိုင်းက နေပြည်တော်ရှိ လွှတ်တော်ရုံးတွင် မီဒီယာများကို ပြောကြားခဲ့ကြောင်း သိရသည်။


ကျော်မြတ်ဇံ - Yangon Media Group

အီလက်ထရောနစ် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ကန့်ကွက်သူမရှိ အတည်ပြု


နေပြည်တော်၊ အောက်တိုဘာ ၂၂

တပ်မတော်အစိုးရ လက်ထက်က နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများကို လက်နက် တစ်ခုသဖွယ် အသုံးပြုကာ ဖမ်းဆီး ထောင်ချခဲ့သည့် အီလက်ထရောနစ် ဥပဒေကို ပြန်လည်ပြင်ဆင်သည့် ဥပဒေကြမ်းအား ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် အားလုံးက ကန့်ကွက်သူမရှိ အတည်ပြုခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

တပ်မတော် အစိုးရက ၂၀၀၄ ခုနှစ်တွင် ရေးဆွဲထားသည့် အီလက်ထရောနစ် ဥပဒေတွင် ထောင်ဒဏ် ခုနစ်နှစ်မှ အများဆုံး ထောင်ဒဏ် ၁၅ နှစ် ချမှတ်နိုင်သည်ဟု ရေးဆွဲ ထားသော်လည်း ပြန်လည် ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ထောင်ဒဏ် ငါးနှစ်မှ ခုနစ်နှစ် အထိသာ ချမှတ်နိုင်မည်ဖြစ်ပြီး ထောင်ဒဏ်အစား ငွေဒဏ် ကျခံနိုင်သည့် ပုဒ်မများ အသစ် ထပ်ဖြည့်ထားကြောင်း ယင်းဥပဒေကြမ်းကို တင်သွင်းသူ သင်္ဃန်းကျွန်း မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ဆိုသည်။

အဆိုပါ ဥပဒေပုဒ်မ ၃၃ တွင် ပြစ်မှု ကျူးလွန်ပါက ငါးနှစ်မှ ခုနစ်နှစ်အထိ သို့မဟုတ် ငွေဒဏ် ကျပ်သိန်းငါးဆယ်မှ ကျပ်သိန်းတစ်ရာအထိ ချမှတ်နိုင်ကြောင်း ဖော်ပြထားပြီး ထောင်ဒဏ်နှင့် ငွေဒဏ် နှစ်ရပ်စလုံး ချမှတ်နိုင်ကြောင်း ပြင်ဆင်ထားသည်ဟု ဦးသိန်းညွန့်က ဆိုသည်။

ယခင် ဥပဒေပါ ပူးပေါင်းကြံစည်ခြင်း၊ အားပေး ကူညီခြင်းများအတွက် ပြစ်ဒဏ် များကိုလည်း ပြောင်းလဲထားပြီး ယခုကဲ့သို့ ပြင်ဆင်နိုင်ခဲ့ခြင်းကြောင့် ငွေဒဏ် ဆောင်နိုင်ပါက ထောင်ဒဏ် ကျခံရမည် မဟုတ်ကြောင်း ဦးသိန်းညွန့်က ထပ်လောင်း ရှင်းပြသည်။

“အရင်တုန်းက ဥပဒေ တော်တော်များများက ဖိနှိပ်ဖို့၊ နိုင်ငံရေး အမြင်မတူ သူတွေကို နှိပ်ကွပ်ဖို့ ရေးဆွဲထားတာ များတယ်။ ဒီနေ့တော့ ခေတ်နဲ့ညီတဲ့၊ နိုင်ငံတကာ လက်ခံနိုင်ပြီး လူ့အခွင့်အရေး စံချိန် စံညွန်းနဲ့ ညီတဲ့၊ ကိုယ့်ဘက်က ဂုဏ်ယူနိုင်တဲ့ အချက်တွေပါတဲ့ ဒီဥပဒေကို ပြည်သူ့လွှတ်တော် မှာတော့ ချောချောမောမော အောင်မြင်သွားပါပြီ” ဟု ၎င်းကဆိုသည်။

အဆိုပါ အီလက်ထရောနစ် ဥပဒေကြမ်း၏ ပြစ်မှုပြစ်ဒဏ်ဆိုင်ရာ အခန်းတွင် ထောင်ဒဏ် လျှော့ပေါ့ခြင်းနှင့် ငွေဒဏ် ချမှတ်နိုင်သော ပုဒ်မ ထပ်ဖြည့်ပေးရုံဖြင့် မလုံလောက်ကြောင်း၊ အဆိုပါ ဥပဒေသည် နိုင်ငံတကာ စံနှုန်းများဖြင့် ယှဉ်ရမည် ဖြစ်သောကြောင့် လူ့အခွင့်အရေးနှင့် မကိုက်ညီသည့် အချက်များကို ပိုမိုထည့်သွင်း ပြင်ဆင်စေလိုကြောင်း အဆိုပါ ဥပဒေဖြင့် ထောင်ဒဏ် ကျခံခဲ့ဖူးသူ ဦးဇော်သက်ထွေး က The Voice သို့ ပြောကြားသည်။

အဆိုပါ ဥပဒေကို ပြင်ဆင်ရန် ဥပဒေ ကြမ်းကို ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က သြဂုတ်လ ၁၂ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်း အဝေးသို့ တင်သွင်းခဲ့ပြီး ယင်းဥပဒေကို ပြင်ဆင်ရန် လွှတ်တော်က ကန့်ကွက်သူမရှိ ထောက်ခံခဲ့ကြသည်။

တပ်မတော်အစိုးရ လက်ထက်တွင် နိုင်ငံရေးသမားများ၊ သတင်းစာဆရာများ နှင့် အင်တာနက် ဝက်ဘ်ဆိုက်များတွင် အစိုးရကို ဝေဖန် ပြောဆိုသူများကို အီလက်ထရောနစ် ဆက်သွယ်ရေး အက်ဥပဒေဖြင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့သည်။
ယင်းဥပဒေကို အင်တာနက် အသုံးပြုမှု စတင်ကျယ်ပြန့်လာသော ၂၀၀၄ ခုနှစ်တွင် တပ်မတော်အစိုးရက ရေးဆွဲပြဋ္ဌာန်း ခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

ဆွဲကြိုးချ သေဆုံးသွားသော်လည်း ပုဒ်မ ၄၂၀ ဖြင့် တရားစွဲဦးမည်


ရန်ကုန်၊ အောက်တိုဘာ ၂၃။

မန္တလေး ကားလောကတွင် ကျပ်သိန်းပေါင်း ၄ သောင်းကျော် လိမ်လည်သူ ကိုကျော်ခိုင်စိုး (ခေါ်) နားကွင်းကျော်ကြီးအား မိမိကိုယ်ကိုယ် အဆုံးစီရင်သွားသော်လည်း ပုဒ်မ ၄၂၀ ဖြင့် တရားစွဲဦး မည်ဖြစ်ကြောင်း ချမ်းအေးသာစံမြို့နယ်၊ အမှတ် (၆) ရဲစခန်းမှ ဒုရဲအုပ် ဦးသန်းဝင်းက ပြောကြားသည်။

“ကျွန်တော်တို့ကတော့ သူ့ကို တရားစွဲကို စွဲမှာပါ၊ လက်ရှိ သူသေသွားပေမယ့် သူ့ကို ဖွင့်ထားတဲ့ အမှုနဲ့ တရားစွဲဦး မှာပါ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

နားကွင်းကျော်ကြီးမှာ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ချမ်းအေးသာစံမြို့နယ်၊ အမှတ် (၆) ရဲစခန်းမှာ လာရောက် ၀န်ခံခဲ့ပြီး နားကွင်းကျော် ကြီးအား စစ်ဆေးမှုများ ပြုလုပ်ပြီး နောက် နာရီပိုင်း အကြာတွင် အာမခံဖြင့် ပြန်လည်လွှတ်ပေး လိုက်ကြောင်း ချမ်းအေးသာစံမြို့နယ်၊ အမှတ် (၆) ရဲစခန်းမှ
သိရသည်။

“အခုလို တရားစွဲမယ်ဆိုရင်တော့ သူ့မိသားစုတွေကိုတော့ စွဲလို့မရပါဘူး၊ တရားစွဲမယ်ဆိုရင်တော့ သူ့ကိုပဲ တရားစွဲလို့ ရမှာပါ၊ တရားဥပဒေ အရလည်း သူ့ကိုပဲ တရားစွဲခွင့်ရှိပါ တယ်”ဟု ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရှေ့နေ ဒေါ်သန်းသန်းအေးက ပြောကြားသည်။

ကိုကျော်ခိုင်စိုး(ခေါ်) နားကွင်းကျော်ကြီး အသက် ၄၃ နှစ် အဘ ဦးထွန်းမြင့်၏သားသည် အောက်တိုဘာလ ၂၁ ရက် နေ့ နံနက် ၅ နာရီခန့် တွင် ချမ်းအေးသာစံမြို့နယ်၊ ဒေးဝန်း အနောက် ရပ်ကွက် ၃၂၃ ၎င်း၏ နေအိမ် အတွင်းရှိ ဧည့်ခန်း မျက်နှာကြက်ပေါ်တွင် ပန်ကာတပ်ဆင်ရန် ပြုလုပ်ထားသည့်
သံချိတ်တွင် ပလက်စတစ်ကြိုးကို ကျစ်ကာ ချိတ်ဆွဲထားသည့် ယင်းကြိုးကို အသုံးပြုကာ မိမိကိုယ်ကိုယ် ဆွဲကြိုးချ သေဆုံး သွားကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲစခန်းထံမှ သိရသည်။

အပြင်ဒဏ်ရာ မတွေ့ရှိရကြောင်း လက်ရှိအချိန်တွင် သေမှု သေခင်းဆိုင်ရာ အမှတ်စဉ် ၁၅/၂၀၁၃ ဖြင့် အမှုဖွင့်ထားပြီး မန္တလေး ပြည်သူ့ဆေး ရုံသို့ ပီအာရ် ၀၈ ဖြင့် ပို့ဆောင်အပ်နှံ ထားကြောင်းနှင့် ဆေးစစ်ချက်အဖြေ ရရှိပါက ၎င်းအား ဖွင့်ထားသော အမှုဖြင့် ဆက်လက် တရားစွဲဆိုသွားဦးမည် ဖြစ်ကြောင်း မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ အမှတ် (၆) ရဲစခန်းမှ သိရသည်။

ရေးသားသူ- ဇော်မျိုး
တည်းဖြတ်သူ- နီတိုး

People power

မူဆယ်မြို့နယ်တွင် ဗုံးတစ်လုံး သယ်ဆောင်လာသူကို ဖမ်းဆီးအရေးယူ


မူဆယ်-လားရှိုး ကားလမ်းပေါ်ရှိ နမ့်ပေါ်တံတားအနီးတွင် ဆိုင်ကယ်မောင်းနှင်လာသူတစ်ဦးထံမှ ဗုံးတစ်လုံး ရှာဖွေထိန်းသိမ်းနိုင်ခဲ့ပြီး ၎င်းကို အမှုဖွင့် စစ်ဆေးနေကြောင်း မူဆယ်မြို့မရဲ စခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

““လုံခြုံရေးအတွက် နမ့်ပေါ်တံတားအနားမှာ စစ်ဆေးရေးလုပ်နေတုန်း ဖမ်းဆီးနိုင်ခဲ့တာပါ။ နောက်ဆက်တွဲ ပါဝင်ပတ်သက်တဲ့သူတွေကို သိနိုင်အောင် စစ်ဆေးနေပါတယ်”” ဟု အဆိုပါရဲအရာရှိကပြောသည်။အဆိုပါဗုံးသယ်ဆောင်လာသူကို  မူဆယ်မြို့နယ်  နမ့်ဖက်ကာကျေးရွာရှိ နမ့်ပေါ်တံတားအနီးတွင် အောက်တိုဘာ ၂၀ ရက် က ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပြီး ခရိုင်တွင်း မြို့နယ်ဖြစ်သော နမ့်ခမ်းမြို့ နယ်တွင် အောက်တိုဘာ ၁၆ ရက်နှင့်  ၁၇  ရက်များက ဗုံးသုံးလုံးပေါက်ကွဲမှုဖြစ်ပေါ်ပြီးနောက် ဒေသတွင်းလုံခြုံရေး တိုးမြှင့်စစ်ဆေးနေစဉ် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ဖမ်းဆီးထားသူမှာ  SSA မြောက်ပိုင်း ပြည်သူ့စစ်အဖွဲ့မှ ၂၀၁၂ ခုနှစ်တွင် ထွက်ပြေးလာခဲ့သူတစ်ဦးဖြစ်ပြီး ဖြစ်စဉ်အမှန်ကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဖမ်းဆီးထိန်းသိမ်းထားသူ၏အမည်ကို ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောကြားခြင်းမပြုဘဲ မူဆယ်မြို့မရဲစခန်းတွင် ထိန်းသိမ်းထားကာ ၎င်းကို ရှမ်းလက်နက်ဥပဒေဖြင့် အမှုဖွင့်စစ်ဆေးနေဆဲ ဖြစ်ကြောင်း သတင်းရရှိသည်။

ဒေသတွင်းလုံခြုံရေး တိုးမြှင့်ဆောင်ရွက်နေစဉ် အောက်တိုဘာ ၂၂ ရက် နံနက်က မူဆယ်မြို့ဈေးကြီး၌ ဗုံးလန့်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ မူဆယ်မြို့ဈေးကြီးရှေ့တွင် ရပ်တန့်ထားသည့်  ကားတစ်စီးပေါ်မှ ခရီးဆောင်အိတ်အသေး(အနက်ရောင်)တစ်လုံးတွေ့ပြီး ဗုံးတွေ့သည်ဟု ကောလာဟလထွက်ကာ ရဲတပ်ဖွဲ့ဝင်များ လာရောက်ရှင်းလင်းပေးခဲ့ရသည်။ အဆိုပါအိတ်အတွင်းမှ အ၀တ်အစားများသာ တွေ့ခဲ့ရကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိကပြောသည်။

7Day Daily

ထိုင်းလှေများကို ငါးဖမ်းခွင့် မပေးတော့ဟုဆို


လာမယ့် ဘဏ္ဍာရေးနှစ်ကစပြီး Fishing Rights အစီအစဉ်နဲ့ မြန်မာ့ပင်လယ်ပြင်ထဲမှာ ၀င်ရောက် ငါးဖမ်းဆီးနေတဲ့ ထိုင်းအပါအ၀င် နိုင်ငံခြား ငါးဖမ်းလှေ အားလုံး ခွင့်ပြုတော့မှာ မဟုတ်ဘူးလို့ မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီးဌာနက ဆုံးဖြတ်လိုက်ကြောင်း ငါးလုပ်ငန်း တာဝန်ရှိသူ ဦးနှင်းဦးက ဒီဗွီဘီ ကို ပြောပါတယ်။

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က တာဝန်ရှိသူတွေ၊ ပညာရှင်တွေနဲ့ ၀န်ကြီးအပါအ၀င် ၀န်ကြီးဌာန တာဝန်ရှိသူတွေ တက်ရောက်တဲ့ အစည်းအဝေးကနေ အဲလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

လက်ရှိ အချိန်ထိ ထိုင်းငါးဖမ်းလှေတွေဟာ မြန်မာ့ရေပိုင်နက်ထဲမှာ Fishing Rights အစီအစဉ်နဲ့ အခွန်ဆောင်ပြီး ၀င်ရောက် ငါးဖမ်းနေကြပါတယ်။

အဲဒီ အစီအစဉ်အရ အစိုးရအနေနဲ့ ၁ နှစ် ဒေါ်လာ ၁၂ သန်းလောက် အခွန်ငွေ ရတယ်ဆိုပေမယ့် မြန်မာ လုပ်ငန်းရှင်တွေကို ဖမ်းခွင့်ပေးရင်လည်း အဲဒီလောက် အခွန်ငွေ ရနိုင်ကြောင်း၊ ငါးသယံဇာတပြုန်းတီးမှုကိုလည်း ကာကွယ်ရာရောက်မယ့်အပြင် တိုင်းပြည်ရဲ့ ဂျီဒီပီ လည်းတိုးတက်လာနိုင်ကြောင်း ဦးနှင်းဦးက သုံးသပ်ပါတယ်။

ထိုင်းငါးဖမ်းလှေတွေရဲ့ လုပ်ပိုင်ခွင့် သက်တမ်းဟာ လာမယ့် ၂၀၁၄ မတ်လ မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။

by ဒီဗွီဘီ 

KNPP နှင့်အစိုးရ ဆွေးနွေးပွဲ တပ်ကိစ္စမပြီးသေး


ယမန်နေ့ တတိယအကြိမ် ပြည်ထောင်စု အဆင့် ဆွေးနွေး ပွဲ ကျင်းပရာတွင် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP နှင့် ပြည်ထောင်စု အစိုးရတို့ တပ်ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးမှု မပြီးပြတ်နိုင်သေးပဲ ယနေ့ ထပ်မံဆွေးနွေး သွားကြမည်ဟု KNPP မှ အတွင်းရေှးမှူး ရွှေမျိုးသန့်က ပြောသည်။

KNPP နှင့် အစိုးရပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီအဖွဲ့တို့သည် ဆွေးနွေးပွဲကို ယမန်နေ့က ကယားပြည်နယ် အစိုးရရုံး၌ ပထမနေ့ရက်အဖြစ် တံခါးပိတ်ဆွေးနွေးခဲ့ကြပြီးနောက် တပ်ကိစ္စမပြီးသေးကြောင်း သိရသည်။

ယမန်နေ့ ဆွေးနွေးခဲ့ကြသည့် အချက်များမှာ ပြည်ထောင်စုအဆင့်ပထမအကြိမ်နှင့် ဒုတိယအကြိမ် ဆွေးနွေးပြီးခဲ့သည့် အချက်များမှ သဘောတူညီချက်မရရှိသေးသည့် အချက်များကို ဆက်လက်ဆွေးနွေးခဲ့ကြသည်ဟု KNPP အတွင်းရေးမှူး ၂ ရွှေမျိုးသန့်က ပြောသည်။

“ဒီတခါ ပြည်ထောင်စုအဆင့်တွေမှာ အချက် ၂၀ ထဲက သဘောတူညီချက်တွေ ကျန်နေသေးတဲ့ဟာတွေ အဓိက ဆက်လက်လုပ်ဆောင်နိုင်ဖို့ ဖြစ်ပါတယ်”

လက်တွေ့အကောင်အထည်ဖော်နိုင်မည့် ပူးတွဲစောင့်ကြည့်ကြီးကြပ်ရေးကော်တီ (Joint Monitoring Committee) ကိုဖွဲ့စည်းပြီး Local Monitoring ဒေသစောင့်ကြည့်ရေးအဖွဲ့များကို အသိအမှတ်ပြုကာ ချိတ်ဆက်ဆောင်ရွက်နိုင်ရန်၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရန် အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်နိုင်ရန်၊ KNPP အဖွဲ့ဝင်များနှင့် အိမ်ထောင်သည်များ ရပ်တည်နိုင်ရေးအတွက် လက်တွေ့ကျသည့်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်၊ နှင့် ဘော်လခဲမြို့နယ်ဘက်တွင် IDP များအတွက် ရေပေးနိုင်ရေး၊ လျှပ်စစ်မီးပေးနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

တပ်ကိစ္စနှင့်ပတ်သက်၍ ဆက်လက်ဆွေးနွေးရန် ကျန်ရှိနေသေးသည့်အတွက် ဒုတိယနေ့အဖြစ် ထပ်မံ ဆွေးနွေးသွားမှာ ဖြစ်သည်။

KNPP ဘက်မှ ဒုဥက္ကဌ ခူဦးရယ်၊ ဗိုလ်ချူပ်ဘီထူး၊ အတွင်းရေးမှူး ၂ရွှေမျိုးသန့်၊ ခူဒယ်နီယာ၊ ခူညေးရယ်၊ ဗိုလ်မှူးကြီးဘုန်းနိုင်၊ ဦးကြည်စိန် နှင့် အစိုးရဘက်မှ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီအဖွဲ့မှ ဦးအောင်မင်း၊ တိုင်းမှူး(ရပဖ)၊ ဦးခင်မောင်စိုး၊ ဦးသန်းဌေး၊ ဒကစမှူး(လွိုင်ကော်)၊ ဗိုလ်မှူးကြီးဇော်မျိုးတင်၊ ဗိုလ်ချူပ်မောင်မောင်အုန်း၊ ဗိုလ်မှူးကြီးကျော်စိုးဝင်း၊ ဦးလှမောင်ရွှေ၊ ဦးမောင်မောင်ဌေး၊ ဦးထွန်းထွန်းဦး၊ ဥပဒေချူပ်၊ ဦးစိန်ဦးတို့ တက်ရောက်ကြသည်။

Written by ကန္တာရဝတီတိုင်း(မ်)

သီလ၀ါစီးပွားရေးဇုန်အတွက် ဖယ်ပေးခဲ့ရသူများကို မြေနေရာ အစားပြန်ပေး


ဂျပန်-မြန်မာ ပူးတွဲအကောင်အထည်ဖော်မယ့် သီလ၀ါအထူးစီးပွားရေးဇုန်အတွက် ဖယ်ပေးလိုက်ရသူတွေကို အစားထိုးမြေနေရာ ပေးအပ်ပွဲကို ရန်ကုန်မြို့ သံလျင်မြို့နယ်မှာ မနေ့က စတင်အကောင်အထည်ဖော်ခဲ့ပါတယ်။

ရန်ကုန်တိုင်း သီလ၀ါအထူးစီးပွားရေးဇုန်ကို ဒီနှစ်ကုန် ဒါမှမဟုတ် လာမယ့်နှစ်ဆန်းပိုင်းမှာ စတင်မှာ ဖြစ်ပြီး ၂၀၁၅ မှာ အပြီးသတ်ဆောင်ရွက်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

စီမံကိန်းပထမအသုတ်အဖြစ် သတ်မှတ်သိမ်းယူထားတဲ့ ဧရိယာ ဟက်တာ ၂၀၀၀ ကျာ်ထဲက ဟက်တာ ၄၀၀ အတွက် အိမ်မြေနေရာ အစားပြန်ပေးတာပါ။

ဒီမြေနေရာပေးတဲ့အစီအစဉ်ကို သံလျင်မြို့နယ် အိုးအိမ်ဦးစီးဌာနရုံးမှာ ကျင်းပတာ ဖြစ်ပါတယ်။
ဒီပွဲကို သီလ၀ါ စီမံခန့်ခွဲရေး ကော်မတီရဲ့ တွဲဖက်အတွင်းရေးမှူးလည်းဖြစ် အိုးအိမ် ဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူးလည်း ဖြစ်တဲ့ ဒေါ်သန်းသန်းသွယ်အပါအ၀င် တာဝန်ရှိသူတွေနဲ့ အစားထိုးမြေနေရာ ပြန်ရယူကြမယ့် ရွာသားအိမ်ထောင်စု ၆၈ ဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီနောက် အများရှေ့မှာပဲ ရွာသားတွေက ကိုယ်နေထိုင်ခွင့်ရမယ့်မြေနေရာကို ပွင့်လင်းမြင်သာမှုရှိရှိ ကိုယ်တိုင်မဲနှိုက်စနစ်နဲ့ ရယူခဲ့ကြပါတယ်။

ဒေါ်သန်းသန်းသွယ်က ဒီအစီအစဉ်ကို ကမ္ဘာ့ဘဏ်ရဲ့ စံချိန်စံညွှန်းနဲ့အညီ ဆောင်ရွက်တာလို့ ပြောပါတယ်။
“အဓိက အားဖြင့် ၃ ခုပေါ့။ အိမ်တွေရဲ့ ပိုင်ဆိုင်မှု အမှုအနေအထားအရ ပေးတဲ့ဟာရှိသလို။ အသက်မွေးကြောင်းအရပေးတာရှိတယ်။ လူမှုရေးအရပေးတာရှိတယ်။ တအိမ်လုံးပေါင်းလိုက်ရင် ဆင်းရဲနွမ်းပါးမှု အောက်ရောက်တယ်ဆိုရင် အဲဒီဟာကို တအိမ်လုံးကို ဆန်အိတ်တွေပေးပါတယ်။ အဲဒါက လူမှုရေးအရ။ နောက်တခု အဲဒီလို ပြောင်းရွှေ့တဲ့အခါမှာဆိုလို့ရှိရင် တပတ်လောက် အလုပ်မလုပ်နိုင်ဘူးပေါ့နော်။ တပတ်စာ အလုပ်ပျက်ကွက်ခ ပေးပါတယ်။ သူဟာ နွားမွေးမြူရေး လုပ်ရင် သူ့အမြတ်ရဲ့ သုံးနှစ်စာကို ပေးပါတယ်။ နောက်ပြီးတော့ ဒီနွားတွေကို ဈေးလျော့ ရောင်းလိုက်ရင် နစ်နာမှာ စိုးတဲ့အတွက် အဲဒါအတွက်ကိုလည်း ပေးပါတယ်။ စပါးနဲ့ ပတ်သက်ပြီးတော့ ၆ နှစ်စာ ပေးပါတယ်။ သီးနှံကျတော့ ၄ နှစ်စာ ပေးပါတယ်။”

မြေနေရာ အစားထိုးပေးတဲ့နေရာမှာလည်း ပေ ၂၅ နဲ့ ပေ ၅၀ အကျယ်အ၀န်းရှိတဲ့ မြေကွက် အပေါ်မှာ ၁၂ ပေနဲ့ ၁၆ ပေ ရှိတဲ့ သွပ်မိုး၊ ပျဉ်ခင်း၊ ထရံကာအိမ်အမျိုးအစားကို အပြီးအစီး ဆောက်လုပ်ပေးမှာဖြစ်ကြောင်းနဲ့ ဒီအတွက် မြေနေရာကိုလည်း သန်လျင်-ကျောက်တန်း လမ်းမကြီးဘေးရှိ မြိုင်သာယာရပ်ကွက်အတွင်းမှာ နေရာချပေးထားပြီး လျှပ်စစ်မီးနဲ့ ရေရရှိရေး အတွက်လည်း လုပ်ဆောင်ထားပြီး ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒီအပြင် အိမ်ပြောင်းရွှေ့မှုအတွက် ပြောင်းရွှေ့စရိတ် ကျပ် ၁ သိန်းခွဲ အပါအ၀င် အသက်မွေးဝမ်းကျောင်းနဲ့ လူမှုရေးဆိုင်ရာကိစ္စတွေအပေါ် ဆုံးရှုံးမှုအတွက် ပေးအပ်မယ့် နစ်နာကြေးတွေကိုလည်း အိမ်သစ်ပြောင်းရွှေ့ပြီးနောက် တဆင့်ချင်း ပေးသွားမှာ ဖြစ်တဲ့ အကြောင်း ဒေါ်သန်းသန်းသွယ်က ဆက်လက် ပြောပါတယ်။

ယခု မြေနေရာ အစားထိုးပေးခဲ့တဲ့ ဧရိယာဟက်တာ ၄၀၀ ရှိတဲ့မြေတွေကလည်း ၁၉၉၇ ခုနှစ်ကတည်းက အိုးအိမ်ဌာနကနေ လျော်ကြေးပေးထားခဲ့ပြီးဖြစ်လို့ ပိုင်ဆိုင်မှုအရလည်း အိုးအိမ်ဌာနက ပိုင်ဆိုင်တဲ့မြေတွေဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒီ ဟက်တာ ၄၀၀ အတွင်းမှာ နေထိုင်နေကြတဲ့လူတွေက အခြားနေရာဒေသတွေကနေ လာရောက်ကြတာဖြစ်ပြီးတော့ အချို့သူတွေဆိုရင် နှစ်ကာလအားဖြင့် ၁၀ နှစ်ကျော်ရှိပြီဖြစ်တဲ့အကြောင်းနဲ့ ပိုင်ဆိုင်မှုအရလည်း အိုးအိမ်ဌာနကပိုင်တဲ့ မြေအပေါ် မှာ နေထိုင်နေကြတာ ဖြစ်တယ်လို့ အလွမ်းဆွတ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထိန်လင်းက ပြောပါတယ်။

ဒါကြောင့် အစိုးရက အခုလို ပေးတဲ့အပေါ် ဒေသခံတွေဘက်က ကျေနပ်တယ်လို့ သူက ပြောပါတယ်။
ပထမအဆင့် စီမံကိန်းဧရိယာအတွင်းမှာ ၁၀ နှစ်ကျော် နေထိုင်ခဲ့တဲ့ ဒေသခံအမျိုးသမီး ဒေါ်သန်းသန်းဦးက မြေနေရာအစားထိုးပေးတဲ့နေရာမှာ သက်ဆိုင်ရာဌာနတွေဘက်က ပထမအကြိမ် ပြောဆိုတုန်းက ပေ ၂၀ နဲ့ ပေ ၄၀ အကျယ်အ၀န်းပေးမယ်လို့ ပြောတဲ့အပေါ် ဒေသခံတွေဘက်က ပြန်ညှိနှိုင်းခဲ့လို့ အခုတော့ ပေ ၂၅ နဲ့ ပေ ၅၀ အထိ ထပ်တိုးပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် အစိုးရဘက်က ညိနှိုင်းဆောင်ရွက်ခဲ့တဲ့အပေါ် ဘာမှပြောစရာမရှိတော့ဘူးလို့ ပြောပါတယ်။
“ကျမတို့ မြေမရှိဘူး။ ကျူးကျော်မြေပေါ့နော်။ ကျေနပ်မှုရှိပါတယ်။ ဘာမှ မပြောတော့ပါဘူး။”
သီလ၀ါအထူးစီးပွားရေးဇုန် စီမံကိန်းပထမအဆင့်ကို ၂၀၁၂ ခှုနှစ် မေလမှာ လက်မှတ်ထိုးခဲ့ တာဖြစ်ပြီး ဒုတိယအဆင့်ကို ဒီလကုန်ပိုင်းမှာ လက်မှတ်ထိုးဖို့ ပြင်ဆင်နေကြပါတယ်။

ဒီအထူးစီးပွားရေးဇုန်စီမံကိန်းကို မြန်မာဘက်က ၅၁ ရာခိုင်နှုန်း ဂျပန်ဘက်က ၄၉ ရာခိုင်နှုန်း ရှယ်ယာထည့်ဝင် ဖော်ဆောင်တာ ဖြစ်ပါတယ်။

by သိုက်ဇင် (ဒီဗွီဘီ)

စစ်တပ်၏အထူးကဏ္ဍကို အဆုံးသတ်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ဥရောပတွင် ပြောကြား


မြန်မာ့နိုင်ငံရေးတွင် ဒီမိုကရေစီစနစ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စစ်တပ်၏ အထူးအခန်းကဏ္ဍကို အဆုံးသတ်သည့် အခြေခံဥပဒေဆိုင်ရာ အပြောင်းအလဲများ လိုအပ်နေကြောင်း ပြင်သစ်နိုင်ငံ စထရာဘိုးစ်မြို့၌ ဥရောပပါလီမန် ကော် တီနှစ်ရပ်နှင့် ပူးတွဲတွေ့ဆုံရာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

““(မြန်မာရဲ့) ဒီအခြေခံဥပဒေက စစ်တပ်ကိုသာ အထူးအခွင့်အရေးပေးထားရုံမကဘဲ အရင်စစ်အစိုးရနဲ့ ဆက်နွှယ်နေတဲ့သူတွေ အကုန်လုံးကိုပါ အခွင့်အရေးပေးထားပါတယ်။ ကျွန်မတို့မှာ စစ်မှန်တဲ့ ဒီမိုကရေစီကို ရောက်ရှိဖို့ ခရီးအရှည်ကြီးသွားရဦးမှာဖြစ်ပြီး တစ်ခုလုံးအနေနဲ့ ဒီမိုကရေစီနည်းမကျတဲ့ ဒီအခြေခံဥပဒေကြီးကို ပြင်ဆင်နိုင်ဖို့ စတင်ရပါမယ်”” ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာသည် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ အခြေခံဥပဒေကို ပြောင်းလဲပစ်ရမည်ဟုလည်း ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ဇွန်လကလည်း သမ္မတရာထူးအတွက် ၀င်ရောက်ယှဉ်ပြိုင်လိုကြောင်း ပြောထားပြီးဖြစ်သည်။

ဥရောပ ပါလီမန်နှစ်ခုနှင့် တွေ့ဆုံမှုတွင်  အခြေခံဥပဒေအပြောင်းအလဲသည် မြန်မာနိုင်ငံတွင် အဓိကအကျဆုံး တာဝန်ဖြစ်ကြောင်း၊ စစ်တပ်၏ သဘောတူညီမှုရရန် လိုနေကြောင်း ၎င်းကဆိုသည်။  လက်ရှိ အခြေခံဥပဒေ၏ အဓိကရည်ရွယ်ချက်များထဲမှ တစ်ခုမှာ နိုင်ငံရေးတွင် စစ်တပ်၏အထူးကဏ္ဍကို ထိန်းသိမ်းပေးထားရန်ဖြစ်ကြောင်း ဆိုသည်။

အဆိုပါ တွေ့ဆုံမှုတွင် ““ကျွန်မတို့ရဲ့ အကြီးမားဆုံးလိုအပ်ချက်ကတော့ အခြေခံဥပဒေပြင်နိုင်ဖို့ပါ။ ဒါမှသာ ဒီမိုကရေစီခရီးလမ်းဆီ ခိုင်မာစွာသွားနိုင်မယ့် ကျွန်မတို့နိုင်ငံအတွက် အခြေခံကျတဲ့ ဥပဒေမူဘောင်တစ်ခုကို ရရှိနိုင်ပါလိမ့်မယ်။ အခြေခံဥပဒေမပြင်ဆင်ရင်၂၀၁၅ ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိနိုင်မှာ မဟုတ်ပါဘူး””  ဟု ၎င်းက ဆိုသည်။

—Ref: Bloomberg

7Day Daily

အလုပ်လက်မဲ့ဖြစ်မှုနှုန်း ချိန်ကိုက်ဗုံး တလုံးလိုပဲဟု ဒေါ်အောင်ဆန်းစုကြည် ပြော


မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့တွေ များနေပြီး လူငယ်တွေ အလုပ်လက်မဲ့ ဖြစ်နေတာဟာ ချိန်ကိုက်ဗုံးတလုံးလို ဖြစ်နေတယ်လို ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည့်ရဲ့ ဥရောပ နိုင်ငံခရီးစဉ်အတွင်း ပြင်သစ်နိုင်ငံမှာ ကျင်ပတဲ့ ဆက်ခါရော့(Sakharov) ဆုချီးမြင့်ပွဲ အခမ်းအနား အပြီး အောက်တိုဘာလ ၂၂ ရက်နေ့က ဥရောပ ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌနဲ့ အတူ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က “တနိုင်ငံလုံးမှာ အလုပ်လက်မဲ့နှုန်း အရမ်းမြင့်မားနေပါတယ်။ အထူးသဖြင့် လူငယ်တွေက အလုပ်လက်မဲ့ ဖြစ်နေကြပါတယ်။ လူငယ်တွေ အလုပ်လက်မဲ့ ဖြစ်ရတဲ့ကိစ္စဟာ ချိန်ကိုက်ဗုံး ၁ လုံးလိုပါ။ အလုပ်လက်မဲ့ဖြစ်နေရတဲ့ လူငယ်တွေအတွက် အနာဂတ် မျှော်လင့်ချက်တွေ ပျောက်ကွယ်နေပါတယ်။ ဒါကြောင့်လည်း ကျန် နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်ပေါ်စေပါတယ်” လို့ ပြောပါတယ်။

ရေဆိုရင်လည်း နိုင်ငံအတွင်းက ရေရရှိ လူ ၅၀ ရာခိုင်နှုန်းထက် နည်းနေပါတယ်။ လမ်းအခြေအနေဆုရင်လည်း မကောင်းပါဘူး။ လမ်းပန်းဆက်သွယ်ရေးကောင်းမှ သူတို့တွေလည်း အလုပ်သွားနိုင်မှာပါ။ ကလေးတွေလည်း ကျောင်းသွားနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူတို့တွေအတွက် လမ်းလိုတယ်။ လျှပ်စစ်မီး၊ ကျန်းမာရေးနဲ့ ပညာရေးတွေလည်း လိုအပ်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က “အကယ်လို့ ဥရောပနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံကို ကူညီ ပေးသင့်တဲ့ အရေးကြီးဆုံးကိစ္စတခုကို ပြောပါဆိုရင် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် ကူညီပေးပါလို့ ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိ လုပ်ဆောင်ဖို့ လိုအပ်နေတဲ့ မတူကွဲပြားမှုတွေ အားလုံးပေါင်းစည်းမှု တည်ဆောက်ရေးတွေကို အထောက်အပံ့ ပေးနိုင်မှာ ဖြစ်ပါတယ်။ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးဟာ မြန်မာနိုင်ငံအတွက် အရမ်း အရေးကြီးပါတယ်။ ငြိမ်းချမ်းရေးမရှိဘူးဆိုရင်လည်း ခိုင်မြဲတဲ့ ဖွံ့ဖြိုးတိုးတက်မှု လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပသမဂ္ဂမှာ ဆွေးနွေးပွဲတွေ တက်ရောက်ဖို့နဲ့ ဆာခါရော့ဖ် လူ့အခွင့်အရေးဆု လက်ခံရယူဖို့ ၁၅ ရက်ကြာ ဥရောပခရီးစဉ်ကို အောက်တိုဘာ ၁၈ ရက်နေ့ကတည်း စတင်ခဲ့တာဖြစ်ပါတယ်။

သူ့ခရီးစဉ်အတွင်းမှာ ဘယ်ဂျီယံ၊ လူဇင်ဘတ်၊ ပြင်သစ်၊ ဗြိတိန်နဲ့ အီတလီစတဲ့ ဥရောပ ၅ နိုင်ငံကို သွားရောက်နေတာ ဖြစ်ပါတယ်။

by ခွန်ဘသာ   (ဒီဗွီဘီ)

မူဆယ်မြို့ မှာ ဓါးနှင့် ခုတ် လိုက်လံ လုယက်သူကို ဖမ်းမိ


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ပြည်သူလူထုအား ဓါးဖြင့်ခုတ် နာကျင်အောင် ရန်ပြုပြီး လိုက်လံ လုယက်ခဲ့သော  တရားခံ လူငယ်တစ်ဦးအား ရဲတပ်ဖွဲ့မှ စုံစမ်း ဖေါ်ထုတ် ဖမ်းဆီး ရမိခဲ့ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်မှာ ၂၃.၉.၂၀၁၃ ရက်နေ့ ၁၉၀၀ အချိန် မူဆယ်မြို့၊ ခိုင်သစ္စာ ကားပစ္စည်း အရောင်းဆိုင် လမ်းကြားတွင် ဈေးဝယ် ပြန်လာသော အမျိုးသမီး တစ်ဦးအား အမည်မသိ လူငယ်တစ်ဦးမှ ဓါးဖြင့် ခုတ်သဖြင့် ၀ဲ/ယာပါးနှင့် နှာခေါင်းတို့တွင် ပြတ်ရှဒဏ်ရာရရှိခဲ့ပြီး လူငယ်မှာ ဆိုင်ကယ်အား လုယူမောင်းနှင်ထွက်ပြေးသွားခဲ့ သဖြင့် မူဆယ်မြို့မ ရဲစခန်း မှာ (ပ)၂၁၈/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့် ထားသည်။

အလာတူ ၂၄.၉.၂၀၁၃ ရက်နေ့ ၀၇၀၅ အချိန် မူဆယ်မြို့၊ သင်္ချိုင်းသွားလမ်း လူပြတ်သည့်နေရာတွင် ဆိုင်ကယ်စီးလာသော အမျိုးသမီးနှင့် သမီး ဖြစ်သူအား အမည် မသိလူငယ်တစ်ဦးမှ ဓါးဖြင့်ခုတ်သဖြင့် သမီးဖြစ်သူ၏ မျက်နှာတွင် ပြတ်ရှဒဏ်ရာ တစ်ချက်ရရှိ၍ ဆိုင်ကယ် တိမ်းမှောက်သွားပြီး ပတ်ဝန်းကျင်အား အော်ဟစ် အကူအညီတောင်းခံရာ အမည်မသိ လူငယ်မှာ ဆိုင်ကယ်အား ရယူနိုင်ခြင်း မရှိဘဲ ထွက်ပြေး တိမ်းရှောင်သွား ခဲ့သဖြင့် မူဆယ်မြို့မ ရဲစခန်းမှာ (ပ)၂၁၉/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၂၆/၃၈၆ ဖြင့်လည်းကောင်း အမှုများ ဖွင့်လှစ်ထား ရှိကြောင်း သိရပါသည်။

အဆိုပါ အမှုများကို တရားခံ ဖေါ်ထုတ်ရရှိရေး အတွက် ခရိုင်ရဲတပ်ဖွဲ့မှူး၏ အနီးကပ် ကြီးကြပ်မှုဖြင့် အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်းကာ နေ့/ည မပြတ် အလေးထား စုံစမ်းဆောင်ရွက်ခဲ့ရာ မူဆယ်မြို့၊ ကောင်းမှုလွယ်ရပ်ကွက်နေ ဦးအောင်ရွှေ၏သားဖြစ်သူ အိုက်ထွန်း(ခ)၀င်းထွဋ်(ခ)ထွန်းထွန်းသည် ဆိုးသွမ်းသဖြင့် နေအိမ်သို့ပြန်လာမခံကြောင်း၊ အခင်းဖြစ်ပြီး တရုတ်ပြည်ကျယ်ဂေါင်မြို့သို့ တိမ်းရှောင်နေကြောင်း၊ ယခင်ကလည်း လားရှိုးမြို့တွင် အမျိုးသမီးတစ်ဦးအား ပါးရိုက်သည့်ကိစ္စဖြင့် ထောင် ၆ လ ကျခံခဲ့ပြီး ထောင်မှလွတ်သောအခါ တာချီလိတ်မြို့နေ ဦးလေးဖြစ်သူထံ သွားရောက်နေထိုင်ခဲ့ရာမှ ယိုးဒယားပိုင်နယ်မြေအတွင်း ပြဿနာဖြစ်ပြီးပြန်လာခဲ့ကြောင်း၊ မူဆယ်မြို့သို့ အခင်းမဖြစ်မီ ၅ ရက်ခန့်က ပြန်လည်ရောက်ရှိကြောင်း သတင်းများရရှိခဲ့သဖြင့် သတင်းများအတည်ပြု တင်ပြကာ တစ်ဖက်နိုင်ငံ ကျယ်ဂေါင်မြို့သို့ (ပ)၂၁၉/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၂၆/၃၈၆ အမှုမှ မျက်မြင်သက်သေ  တစ်ဦးအား ခေါ်ယူ၍သွားရောက်စုံစမ်းခဲ့ရာ ပြစ်မှုကျူးလွန်သူဟု သံသယရှိသူ အိုက်ထွန်း ကျက်စားရာ နန်းတော်ပေါက်အနီး ဈေးဆိုင်ဝန်းကျင်တွင် တွေ့ရှိရ၍ မျက်မြင်သက်သေအား မနီးမဝေးမှ ပြသခဲ့ရာ အခင်းဖြစ်နေရာတွင် ပြစ်မှုမကျူးလွန်မီတွေ့ရှိခဲ့သော လူနှင့်တူညီကြောင်း ပြောပြသိရှိရ၍ အိုက်ထွန်းအား မိမိ အမာခံသတင်းပေး၏ အကူအညီဖြင့် မူဆယ်မြို့သို့ပြန်လည်ရောက်ရှိအောင် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

၁၉.၁၀.၂၀၁၃ ရက်နေ့ ၁၉၃၀ အချိန်တွင် မသင်္ကာတရားခံ အိုက်ထွန်းမှာ မူဆယ်မြို့၊ ကောင်းမူး လွယ်ရပ်ကွက်၊ ဖူလီလိုက်တည်းခိုခန်းလမ်းကြားတွင် ရောက်ရှိနေကြောင်း အမာခံသတင်းပေးချက်အရ သွားရောက်ဖမ်းဆီးခဲ့ပြီး အမှုစစ်အဖွဲ့မှအသေးစိတ်စစ်ဆေးခဲ့ရာ ဖြစ်စဉ်နှစ်ခုလုံးအား ၄င်းကိုယ်တိုင် ကျူးလွန် ခဲ့ကြောင်း ၀န်ခံထွက်ဆိုပြီး သက်သေခံပစ္စည်းများအား လိုက်လံပြသ သဖြင့် သက်သေများရှေ့တွင် သိမ်းဆည်းခြင်း၊ အမှုအား ခိုင်မာစွာတည်ဆောက်၍ တရားစွဲတင်နိုင်ရေး ဆောင်ရွက်လျက် ရှိပါကြောင်း သတင်းရရှိပါသည်။

yapaya media

by Myanmar News Now 

မိုးစက်ဝိုင် အပါအဝင် Miss Universe တို့ရဲ့ ရေးကူးဝတ်စုံ Sexy ဓာတ်ပုံများ

ပုံအကြီးကြည့်ချင်ရင် ပုံကို နှိပ်လိုက်ပါ။



















Popular Journal

နန်းခင်ဇေယျာ၊ ခင်ဝင့်ဝါ၊ မိုးစက်ဝိုင် Sexy ရေးကူးဝတ်စုံ ပုံများ





ဘယ်တစ်ယောက်ကို အကြိုက်ဆုံးလဲ???


ပဲခူးမှာ တောဆင်ရိုင်းများ အသတ်ခံနေရ


ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်မလမ်းမကြီးရဲ့ မိုင်တိုင် ၆၂ အကျော်လေးကနေ ရာဘာစိုက်ခင်းတွေကို ဖြတ်ပြီး ပဲခူးရိုးမတောထဲကို တိုးဝင်၊ ဘောနီဆည်ကြီးဘေးကနေ ပတ်ပြီး လမ်းလျှောက်ခဲ့ကြတယ်။ လျှိုမြောင်တွေကို ဖြတ်၊ အပင်ကြီးတွေ မရှိတော့တဲ့ တောင်တွေကိုကျော်လို့ ၂ နာရီလောက် လမ်းလျှောက်သွားလိုက်တဲ့အခါမှာ ဟိုးယခင် ကွန်မြူနစ်ပါတီ ပဲခူးရိုးမကို စိုးမိုးထားတဲ့ခေတ်က ရှိခဲ့တဲ့ အင်တိုင်းရွာဟောင်း နေရာလေးကို ရောက်တယ်။

အင်တိုင်းရွာဟောင်းရဲ့ အစွန်ဘက်မှာတော့ ဂုံညှင်းတန်းချောင်းကလေးက ကွေ့ပတ်စီးဆင်းနေခဲ့ပါတယ်။ အဲဒီချောင်းကလေးထဲကို လူကိုယ်တိုင်ဆင်းပြီး ၂ မိနစ်လောက် လမ်းလျှောက်လိုက်တဲ့အခါကြတော့မှ ရေထဲမှာ တောဆင်ရိုင်းကြီးရဲ့ ခေါင်းအရိုးစုကြီးကို မြင်လိုက်ရတယ်။ အဲဒီနဲ့ မလှမ်းမကမ်းမှာ အမြီးပိုင်းက တင်ပါးဆုံရိုးကြီးက ရေထဲမှာပဲ ထိုးထိုးထောင်ထောင်နဲ့။ ရေထဲကို စမ်းကြည့်လိုက်တဲ့အခါကြတော့ ခါးအဆစ် အရိုးစုကြီးတွေကို ရေထဲကနေ နှိုက်ယူလိုက်တယ်။

“ဒါက အမြန်ကားလမ်းမနဲ့ဆို ၄ မိုင်လောက်တောင် မဝေးတဲ့နေရာ။ သတ်တဲ့သူတွေကြောင့် သေခဲ့ရတဲ့ တောဆင်ရိုင်းတွေမှာ ကားလမ်းနဲ့ အနီးဆုံးပဲ။ သူ့အရိုးတွေကို ကြည့်မယ်ဆိုရင် ဒီဆင်ကို မိုးဦးကျလောက်က သတ်ထားတာလို့ ကောက်ချက်ချလို့ ရမယ်။ ဒီကနေ ပဲခူးရိုးမထဲကို ၅ မိုင်လောက် ထပ်သွားရင် ဆင်ရိုင်းအသေတွေ အများကြီးရှိသေးတယ်။ အခု လောလောလတ်လတ် အရိုးမကျသေးတဲ့ ဆင်ရိုင်းပေါက်လေး သေနေတဲ့နေရာက ပဲခူးရိုးမထဲကို ၂၅ မိုင်လောက်သွားရင် တွေ့ရလိမ့်မယ်” လို့ ဒိုက်ဦးမြို့နယ် ဘာနီရွာက ဒေသခံ စစ်သားဟောင်းကြီး ဦးမြင့်ဝေက ဧရာဝတီကို ပြောပြတယ်။

တောဆင်ရိုင်းများကို လွန်ခဲ့သော ၂၀၁၀ ခုနှစ်ပိုင်းလောက်ကတည်းက သေနတ်ကိုင်မုဆိုးများ သတ်ဖြတ်မှု ဖြစ်ပေါ်ခဲ့ ကြပြီး ယခုနှစ် ဧပြီလတွင် နောက်ဆုံးတခေါက် အုပ်စုလိုက် လာရောက်ပစ်ခတ်ခဲ့ကြရာ ၎င်းတွင် ဒေသခံများ၏ ပြောပြချက်နှင့် ၎င်းကိုယ်တိုင် နေရာတချို့ သွားရောက်ကြည့်ရှုခဲ့မှုကြောင့် ဆင်အကောင် ၂၀ သေဆုံးခဲ့ရသည်ကို စာရင်းပြုစု နိုင်ခဲ့ကြောင်း၊ ပဲခူးရိုးမ အတွင်း ဆင်ရိုင်းများကို လိုက်လံပစ်ခတ်မှုက နေရာအနှံ့ဖြစ်နေသည်ကို ကြားရသောကြောင့် ၃ နှစ် အတွင်း ဆင်အကောင် ၁၀၀ နီးပါးမျှ သေဆုံးမည်ဟု ခန့်မှန်းကြောင်း ဦးမြင့်ဝေက ဆိုပါတယ်။

ရှိနေတဲ့ စာရင်းများအရ ဘောနီဆည်ရဲ့ မြောက်ဘက်နဲ့ အနောက်ဘက်တွေမှာ လှေကားထောင်၊ ဖောင်းတော၊ တစ်သုံးလုံး၊ အင်တိုင်းရွာ စသော ဒေသများနှင့် ဘောနီချောင်းဖျားအထိ ဆင်ပစ်မုဆိုးများက ပစ်ခတ်ခဲ့ကြတယ်လို့ သူက ဆက်ရှင်းပြတယ်။

“ဒီနှစ်အတွင်းမှာ ပစ်တာ ပိုများလာတယ်။ အရင်နှစ်တွေတုံးက အဲဒီလို ပစ်ခတ်တဲ့အသံ ကြိုကြားပဲကြားရပေမယ့် ဒီနှစ် မတ်လလောက်ထဲက အဖွဲ့လိုက် ဘောနီဆည်ကြီးကို ဗဟိုပြုပြီး တောထဲက တဲလေးတွေမှာ စခန်းချကြတယ်။ အစွယ်ရှိတဲ့ ဆင်ဆိုရင် အစွယ်ရော၊ သားရေရောယူတယ်။ အစွယ်မရှိရင် သားရေယူတယ်။ သယ်တော့ တောင်ပေါ်ကနေ ဘောနီ ဆည်ထဲကို လှေနဲ့သွားပြီးသယ်ကြတယ်။ ဟိုတလောလေးက တောဆင်ရိုင်းတွေကို သတ်တာ ဒီအဝေးပြေး အမြန်လမ်းမကြီးပေါ်ကတောင် ကြားရတယ်” လို့ ဦးမြင့်ဝေက ပြောပါတယ်။

ဆင်ပစ်ကြတဲ့သူတွေကို တောထဲ ထင်းခုတ်၊ မီးသွေးဖုတ် သွားကြတဲ့သူတွေနဲ့လည်း ဆုံခဲ့ကြဖူးသလို ဒီလိုပစ်ခတ်တာကို သက်ဆိုင်ရာကို အသိပေးတိုင်ကြားတဲ့သူတွေ ရှိရင်လည်း ရန်ရှာမယ်ဆိုတဲ့ စကားမျိုး သူတို့က ပြန်ချိန်းခြောက်လိုက်ကြတယ်လို့ တောထဲမှာ ဆုံခဲ့ကြဖူးတဲ့ ဘောနီရွာခံတွေက သူ့ကို ပြန်ပြောပြကြတယ်လို့ ဦးမြင့်ဝေက ဆိုတယ်။ မိမိအနေနဲ့ ဆင်တွေကို ပစ်ခတ်တဲ့သတင်းကြားရလို့ သက်ဆိုင်ရာ ရဲနဲ့ အုပ်ချုပ်ရေးတွေဘက်ကို အကြောင်းကြားပေမယ့် အခုချိန်ထိ ထိရောက်တဲ့ အရေးယူမှုတွေလုပ်တာ မတွေ့ရသေးဘူးလို့လည်း ပြောပြတယ်။

စက်တင်ဘာလဆန်းပိုင်းက တောဆင်ရိုင်းများကို ပဲခူးရိုးမထဲတွင် သတ်ဖြတ်နေတာကြောင့် ဆင်ရိုင်းများ ကြောက်လန့်တ ကြားဖြစ်ကာ ဘောနီကျေးရွာထဲကို ဖြတ်ပြီး အရှေ့ဘက်တောအုပ်ထဲကို ဖြတ်ပြေးသွားတဲ့ ဖြစ်ရပ်တခု ဖြစ်ခဲ့ရသေးတယ်။

လက်ရှိ ပဲခူးရိုးမတခွင်မှာ ကျက်စားနေကြတဲ့ တောဆင်ရိုင်းများဟာ အကောင်ရေ ၁၅၀ ကျော်လောက်အထိ ရှိမယ်လို့ ခန့် မှန်းရပါတယ်။ တောဆင်ရိုင်းတွေက မတ်လပိုင်းနဲ့ ဒီဇင်ဘာလပိုင်းတွေမှာ ဘောနီဆည်နားမှာရှိတဲ့ ဆားကျက်မြေကွင်းကို လာရောက်လေ့ရှိပြီး တခါတရံ အကောင် ၃၀ နီးပါးမျှ ရောက်လာတတ်တယ်။

အခုဆိုရင်သူက ဒိုက်ဦးမြို့နယ်က ရဲတပ်ဖွဲ့၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးတွေဆီ ဆင်တွေကို လာသတ်နေတဲ့အကြောင်း သတင်းပို့ထားတဲ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်း ဒီသတင်းပို့ထားတယ်လို့ ဦးမြင့်ဝေက ပြောပါတယ်။

ဆင်ရိုင်းထိန်းသိမ်းရေးနှင့်ပက်သက်ပြီး ယခုနှစ်တွင်မှ စီမံကိန်းစတင်နေပြီဖြစ်ကြောင်း သားရိုင်းတိရိစ္ဆာန် များ ထိန်းသိမ်းရေးအဖွဲ့ မြန်မာနိုင်ငံဌာနခွဲမှ .ဦးစောထူးသာဖိုးက ဧရာဝတီကို ပြောပါတယ်။ လက်ရှိအချိန်တွင် ဆင် အကောင်ရေမည်မျှရှိနေသည်ကို အတိအကျ စာရင်းမကောက်ရသေးသော်လည်း နိုဝင်ဘာလအတွင်း အလောင်းတော်ကဿပ ဆင်စခန်းတခွင် တောဆင်ရိုင်းစာရင်းကောက်ယူဖို့ စီမံဆောင်ရွက်လျှက်ရှိကြောင်းလည်း ပြောတယ်။

“အဲဒီ ပဲခူးရိုးမဘက်ကို ကျနော်တို့ ဘာစီမံချက်မှ မလုပ်ရသေးဘူး။ ဆင်ရိုင်း ဘယ်လောက်ရှိတယ်၊ ဘယ်လိုအခြေအနေ တွေရှိတယ်ဆိုတာ အတိအကျ ကျနော်မပြောနိုင်ဘူး။ ဒါပေမယ့် အခုလို ဆင်ရိုင်းတွေကို သတ်ကြတဲ့သူတွေက ဆင်သားရေကို အဓိကလိုချင်နေကြတာပဲ။ ကျနော်တို့ ကျားရိုင်းထိန်းသိမ်းရေး လုပ်နေတုန်းကလည်း အဲဒီလို ဆင်ရိုင်းတွေကို သတ် တဲ့သူတွေကို မမိလိုက်ပေမယ့် ဆင်ရိုင်းသားရေတွေကိုတော့ မိခဲ့ဖူးတယ်” လို့ သူက ဆိုပါတယ်။

ဦးမြင့်ဝေရဲ့အဆို လက်ရှိ ပဲခူးရိုးမအတွင်းပိုင်းတွင် တောဆင်ရိုင်းများကို သတ်ဖြတ်မှုက နှစ်တိုင်းကြားနေရကာ ဘောနီချောင်းဖျားတွင် သာမက ပဲခူးရိုးမတလျှောက် အုပ်စုလိုက်ဖြင့် သတ်ဖြတ်နေကြကြောင်း၊ ထိုလူများသည် ဒေသခံမုဆိုးများအသုံးပြုသော သေနတ်များမဟုတ်ပဲ ခေတ်မီသေနတ်များဖြင့် လာရောက်သတ်ဖြတ်နေခြင်းဖြစ်ကြောင်း သိရပါတယ်။

ဒီလိုပဲ ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ဆင်မ၊ မြစ်တရာနဲ့ ဆင်မှုံကြိုးဝိုင်းများအတွင်းရှိ တောကြီး၊ စမ်းကြီး၊ တောင်ချောင်း၊ ပိုးလောင်းရွာများအနီးမှာလည်း ၂၀၁၂ ခုနှစ် သြဂုတ်လက ယခုနှစ်ဆန်းအထိ ၆ လအတွင်း တောဆင်ရိုင်း ၆ ကောင်ကို သတ်ဖြတ်ပြီး အစွယ်တွေ ယူသွားတဲ့ ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ပါတယ်။

ပဲခူးရိုးမပေါ်မှာနဲ့မတူ ငပုတောမှာ နောက်ဆုံးသတ်ဖြတ်ခဲ့တဲ့ တောဆင်ရိုင်းက အဆိပ်လူးမြှားနဲ့ သတ်ဖြတ်တာလို့ ယူဆရကြောင်း၊ အသက် ၄၀ အ ရွယ်လောက်ရှိတဲ့ နို့တိုက်အရွယ်ဆင်ကလေးမွေးထားတဲ့ ဆင်မဖြစ်နိုင်တယ်လို့ ယူဆရကြောင်း ငပုတောမြို့နယ်၊ တိရိစ္ဆာန် မွေးမြူရေးနှင့် ကုသရေး ဌာနက ဦးစီးမှူး ဒေါက်တာ မြင့်သန်းက ဧရာဝတီသို့ ပြောဆိုခဲ့ဖူးပါတယ်။

“ကျနော်ကိုယ်တိုင် တွေ့တာတော့မဟုတ်ဘူး။ တောထဲမှာ ၀ဥသွားတူးကြတဲ့သူတွေက တောဆင်ရိုင်းတွေကို လာသတ် ကြတဲ့သူတွေနဲ့ ကြုံခဲ့ကြရတယ်လို့ ကျနော့်ကို လာပြောတာဖူးပါတယ်။ သူတို့က တနေရာထဲမှာ ကျက်စားပြီး သတ်ဖြတ်ကြ တာမဟုတ်ဘူး။ တောထဲတိုးပြီး နေရာစုံလိုက် သတ်နေကြတာ။ ကောလိယချောင်းဖျား၊ ဘောနက်ချောင်းဖျားတွေ၊ ဖဒို ဘက်တွေအထိ သူတို့က သွားကြတာလို့ကြားတာပဲ” လို့ ဒိုက်ဦး မြို့နယ်တွင် စီးပွားရေးလုပ်ကိုင်နေသော ဒေသခံတဦးဖြစ် တဲ့ ကိုဖြိုးကလည်း ဧရာဝတီကို ပြောပြတယ်။

တောဆင်ရိုင်းတွေ သေဆုံးခဲ့မှုကို သစ်တောဦးစီးဌာနမှ လာရောက်ကြည့်ရှုသွားကြောင်း၊ မကြာခင် တိရိစ္ဆာန်ဆရာဝန်များနဲ့ ဘာ့ကြောင့် တောဆင်ရိုင်းများ သေဆုံးခဲ့တာလဲဆိုတာကို လာရောက်လေ့လာမယ်လို့ ကြားရကြောင်း ဦးမြင့်ဝေက ဆိုပါတယ်။ တောဆင်ရိုင်းများ ယခုလို သတ်ဖြတ်နေတာကြောင့် တောဆင်ရိုင်းများကို ကာကွယ်ဖို့ ဆုံးဖြတ်ထားတယ် လို့လည်း ပြောပါတယ်။

“ကျနော်ကတော့ တောဆင်ရိုင်းတွေကို အရမ်းသနားတယ်။ သူတို့တွေက ဒေသခံရွာသူရွာသားတွေကို ဘာမှဒုက္ခလည်း ပေးတာမဟုတ်ဘူး။ သူတို့ကို ကာကွယ်ဖို့ ဘယ်အဖွဲ့အစည်းကပဲလုပ်လုပ် ကျနော့်ဘက်က ကူညီဖို့အသင့်ပဲ။ ဆင်သတ်တဲ့ မုဆိုးတွေကို ထိထိရောက်ရောက် အရေးယူနိုင်ဖို့ ကျနော်ဘက်က ပူးပေါင်းသွားမယ်” တဲ့။

irrawaddy

အရှေ့တောင်အာရှတွင် မြန်မာနိုင်ငံသည် သဘာဝ ဘေးအန္တရာယ် ခံစားရမှု ဒုတိယနေရာ၌ရှိ




အရှေ့တောင်အာရှတွင် မြန်မာနိုင်ငံမှာ သဘာဝ ဘေးအန္တရာယ် ခံစားရမှု ဒုတိယနေရာတွင် ရှိနေကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ သိရသည်။

သဘာဝ ဘေးအန္တရာယ်ဟု သတ်မှတ်ထားချက်တွင် ရေကြီးမှုများ၊ မုန်တိုင်းဝင်ရောက်မှုများ၊ မီးလောင်မှု ဖြစ်စဉ်များနှင့် ငလျင်ဒဏ် ခံစားရမှုများ အဓိကပါဝင်ပြီး ယင်းအခြေအနေတွင် အရှေ့တောင်အာရှ နိုင်ငံများထဲမှ အင်ဒိုနီးရှားနိုင်ငံမှာ ပထမနေရာတွင် ရှိနေပြီး မြန်မာနိုင်ငံမှာ ဒုတိယနေရာသို့ ရောက်ရှိနေသည်။

"သဘာဝ ဘေးအန္တရာယ် ကျရောက်မှုကို ကမ္ဘာနဲ့ ချီပြီးတော့ စာရင်းပြုစု ထားတာတော့ မရှိသေးဘူး။ ဒါပေမဲ့ အရှေ့တောင်အာရှမှာတော့ မြန်မာနိုင်ငံ အင်ဒိုနီးရှားနောက်မှာ ဒုတိယနေရာ ရောက်ရှိနေပါတယ်"ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွဋ်ဆွေက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ၂၀၀၄ ခုနှစ်မှ ၂၀၁၂ ခုနှစ် ကိုးနှစ်တာ ကာလအတွင်း သဘာဝ ဘေးအန္တရာယ်များကြောင့် သေဆုံးသူ ၁၄၀၀၀၀ နီးပါးထိ ရှိခဲ့ကြောင်း၊ ၂၀၁၂- ၂၀၁၃ ခုနှစ်တွင်လည်း သဘာဝ ဘေးအန္တရာယ် ၄၁၈ ကြိမ် ဖြစ်ပွားခဲ့ပြီး ဘေးသင့်သူ ၂၃၁၄၅၈၄ ဦး ရှိခဲ့သည်။

ယင်းအတွက် မြန်မာနိုင်ငံမှာ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေကို ၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်း ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေတွင် ပါရှိချက်အရ ဘေးအန္တရာယ် အများဆုံး ခံစားရသည့် ကလေးသူငယ်၊ သက်ကြီးရွယ်အို၊ မသန်စွမ်းသူနှင့် အမျိုးသမီးများကို ဦးစားပေး ကူညီစောင့်ရှောက်သွားရမည်ဟု ထည့်သွင်းထားကြောင်း သိရသည်။ ယင်းအပြင် ကြိုတင်ခန့်မှန်းနိုင်သော သဘာဝ ဘေးအန္တရာယ်များတွင် ဒေသခံအစိုးရမှာ စီမံတုံ့ပြန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကြီးမားသော သဘာဝ ဘေးအန္တရာယ်များအတွက် နိုင်ငံတော်အဆင့်မှ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးဌာနမှ သိရသည်။

"အဓိကဖြစ်လာတဲ့ သဘာဝဘေး အန္တရာယ်ပေါ်မှာ မူတည်ပြီး ဒေသခံအစိုးရနဲ့ နိုင်ငံတော်အဆင့်က လုပ်ဆောင်မှုတွေ ပြုလုပ်သွားမှာပါ။ ရခိုင်မှာဖြစ်မယ့် အနေအထား သဘာဝ ဘေးအန္တရာယ်ဆိုရင် နိုင်ငံတော်အဆင့်ခေါ်ပြီး ဆွေးနွေးတယ်။ ပြီးတော့ ဒုတိယသမ္မတက သွားပြီး ဆောင်ရွက်တယ်။ ဒါပေမဲ့ အသေးအဖွဲ့ ဖြစ်စဉ်တွေဆိုရင် ဒေသခံ အစိုးရက ၀င်ဆောင်ရွက်တယ်" ဟု ဦးသန်းထွဋ်ဆွေက ဆိုသည်။

ယင်းအပြင် သဘာဝ ဘေးအန္တရာယ် ကျရောက်မှုကို ချက်ချင်း ဖြေရှင်းနိုင်ရန်အတွက် မြန်မာနိုင်ငံ အစိုးရအနေဖြင့် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများနှင့် လေ့ကျင့်မှု အစီအစဉ်များ၊ သင်တန်းများ ပြုလုပ် ပူးပေါင်းလုပ်ဆောင်သွားရန် လိုအပ်မည်ဖြစ်ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်၌ ယခုနှစ် မိုးရာသီကာလ၌ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရစဉ် (ဓာတ်ပုံ-မင်းသိန်းနိုင်)

Eleven Media Group

Mac သုံးစွဲသူများအတွက် နောက်ဆုံးပေါ် Mac operating system ဖြစ်သည့် OS X Mavericks ကို Apple က အခမဲ့ ဖြန့်ချိ ပေးလိုက်သည်။




အဆိုပါ Mac OS X Mavericks သည် ဘက်ထရီ သက်တမ်းကို ပိုမို ကောင်းမွန်စေပြီး tab များ၊ tag များနှင့် အသုံးပြုနိုင်စေမည်ဟု Apple က ပြောကြားခဲ့သည်။ ထို့အပြင် Safari, Maps နှင့် iBooks တို့ရှိ feature သစ်များကိုလည်း Apple က လက်တွေ့သရုပ်ပြသခဲ့သည်။

၎င်း Mac OS X Mavericks ကို Mac App Store မှ အခမဲ့ upgrade ပြုလုပ်နိုင်သည်။

Ref: CNET

Mac App Store ====> https://itunes.apple.com/us/app/os-x-mavericks/id675248567?mt=12

Internet Journal

အခြေခံပညာ ဆရာ၊ ဆရာမအသင်း ပထမဆုံး ဖွဲ့စည်းရန် ပြည်ပ အဖွဲ့အစည်းများ ကူညီမည်


ပထမဆုံးအကြိမ်အဖြစ် အခြေခံပညာ ကျောင်းဆရာ၊ ဆရာမများအသင်း ဖွဲ့စည်းရန် ပြည်ပ အဖွဲ့အစည်းများဖြစ်သော EI (Education International) နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း (ILO) တို့က ကူညီပံ့ပိုးပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရှိ အခြေခံပညာဆရာ၊ ဆရာမများ အသိုင်းအဝိုင်းထံမှ သိရသည်။

ယင်းအဖွဲ့အစည်းများက အသင်းမှတ်ပုံတင်ခွင့်၊ ဥပဒေပိုင်း ဆိုင်ရာများ၊ အသင်းဖွဲ့စည်းရာတွင် တွေ့ကြုံရမည့် အခက်အခဲများ၊ ဆရာဆရာများ၏ အခွင့်အရေးများကို သိရှိစေရန် အသိပညာပေးကာ၊ စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည့် နည်းလမ်းများကို ကူညီပေးမည် ဖြစ်ကြောင်း ပညာရေး အသိုင်းအဝိုင်းက ဆိုသည်။

မြန်မာနိုင်ငံရှိ အခြေခံပညာဆရာ၊ ဆရာမများအသင်းကို ၂၀၁၃ ခုနှစ် မကုန်မီ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနသို့ တရားဝင် မှတ်ပုံတင်မည် ဖြစ်ပြီး ရန်ကုန်အတွင်းရှိ မြို့နယ်ပေါင်း ၃၀ ကျော်က ဆရာ၊ ဆရာမ ၅၀ ဦး နီးပါး ပါဝင်မည် ဖြစ်ကြောင်း အဆိုပါအသင်း ဖြစ်မြောက်ရေးတွင် ပါဝင်သည့် ပညာရေး သုတေသနပညာရှင် ဦးသိန်းနိုင်က The Voice သို့ ပြောကြားသည်။
“ကျွန်မတို့မှာ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒတွေ ဖြစ်လာတော့မှာ မဟုတ်ဘူးလို့ ထင်ထားခဲ့တာ။ အခုတော့ ဒီလိုအဖွဲ့အစည်းတွေက ဆရာ၊ ဆရာမတွေ အသင်းဖွဲ့ပြီး ပြောချင်တာတွေကို ပြောခွင့်ရတော့မယ်ဆိုတာ ပြောပြတော့ အားတက်မိတယ်” ဟု အခြေခံပညာ မူလတန်း ကျောင်းဆရာမတစ်ဦးက ဆိုသည်။

ပညာရေးကဏ္ဍကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရာ၌ ဆရာဆရာမများ ကိုယ်တိုင်ပါဝင်ရန်နှင့် ၎င်းတို့၏ ဆန္ဒကို စဉ်ဆက်မပြတ် လွတ်လွတ်လပ်လပ် တင်ပြနိုင်ခွင့်ရှိရန် လိုအပ်ကြောင်း၊ ထို့ပြင် ဆရာ၊ ဆရာမတို့တွင် အသင်းဖွဲ့စည်းပိုင်ခွင့် ရှိသည်ကို သိရှိရန် လိုအပ်ကြောင်း ဦးသိန်းနိုင်က ၎င်း၏အမြင်ကို ပြောကြားသည်။
“ပြင်ပ အဖွဲ့အစည်းတွေက ပညာရေးစနစ် ပြုပြင်ပြောင်းလဲဖို့ ဝင်လုပ်ပေးလို့ မရပါဘူး။ ဆရာ၊ ဆရာမတွေ လုပ်ရမှာ ဖြစ်တယ်။ ဘယ်အပြောင်းအလဲမဆို အချိန်တော့ယူရမယ်” ဟု EI က ပညာရှင်တစ်ဦးက ဆိုသည်။

EI သည် ဘယ်လ်ဂျီယံနိုင်ငံ အခြေစိုက်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ ဆရာ၊ ဆရာမများ၏ အသံကို လွှင့်ထုတ်ပေးသော အဖွဲ့အစည်းဖြစ်ကာ နိုင်ငံပေါင်း ၁၇၀ က အဖွဲ့ဝင်သန်းပေါင်း ၃၀ ဦး ပါဝင်ကြောင်း၊ ပညာရေးစနစ် ဖွံ့ဖြိုးရေးနှင့် သင်ကြားရေး တိုးတက်လာစေရန် ကမ္ဘာ့ကုလသမဂ္ဂ၊ UNICEF၊ ILO၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၊ UNDP စသည့် အဖွဲ့အစည်းများနှင့် ချိတ်ဆက် လုပ်ဆောင်လျက် ရှိသည်။

The Voice Weekly

မိုးစက်ဝိုင်ရဲ့ မော်စကို ပုံရိပ်များ

မယ်စင်္ကြ၀ဠာ ၂၀၁၃ ခုနှစ် ပြိုင်ပွဲအတွက် ရုရှားနိုင်ငံမှာ ရောက်နေတဲ့ မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်မယ့် မိုးစက်ဝိုင်ရဲ့ လတ်တလော မော်စကို က ပုံရိပ်များဖြစ်ပါတယ်။






 ဒီအဖြူအမည်းကတော့ ပရိသတ်တွေကို တမူထူးထူးခြားခြား ခံစားမှုတမျိုး ရစေဖို့အတွက် မိုးစက်ဝိုင်ရဲ့ Official Facebook Page ရဲ့ Admin Team က တင်ထားတာပါ တဲ့။ 







ဓာတ်ပုံများ- Miss Myanmar Universe

ဧရာဝတီ