ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ထွန်းလာရေး ပူပန်ရန်မလိုဟု ဦးအောင်မင်း ပြော


နန်းလွင်နှင်းပွင့်| တနင်္ဂနွေနေ့၊ နိုဝင်ဘာလ ၁၀ ရက် ၂၀၁၃ ခုနှစ်

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တို့ကြား ဆွေးနွေးလျက်ရှိသည့် တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရန်ပြင်ဆင်နေခြင်းသည် ဖက်ဒရယ်ပြည်ထောင်စုစနစ်အဖြစ် တည်ထောင်ရန်ဖြစ်သည့်အတွက် ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ပြည်ထောင်စု တပ်မတော်ဖြစ်ရေးတို့အတွက် စိုးရိမ်ရန်မလိုဟု သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြောဆိုလိုက်သည်။

"ကျွန်တော်တို့ အခုလက်ရှိ ဦးတည်ဆွေးနွေးနေတဲ့အထဲမှာ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်လာရေးဆိုတာ ပါပြီးသားပါ ဖက်ဒရယ်ပြည်ထောင်စုဆိုမှတော့ သူနဲ့ ညီညွတ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတို့ ပြည်ထောင်စုနဲ့ ညီညွတ်တဲ့တပ်မတော်တို့ ဆိုတာတွေက ဖြစ်လာမှာပါ၊ အဓိကက ဖက်ရယ်ကို ရည်ညွှန်းတာဖြစ်လို့ ဘာမှအခက်အခဲ မဖြစ်ပါဘူး ဘာမှစိုးရိမ်စရာမဖြစ်ပါဘူး" ဟု ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးဂေဟာတွင် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံစဉ် နိုဝင်ဘာ ၁၀ ရက် ပြောကြားသွားသည်။

ဦးအောင်မင်းက တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဆွေးနွေးပွဲများကို အောင်မြင်သည်ဟု ရှုမြင်ပြီး နိုင်ငံရေး ဆွေးနွေးပွဲများ ပေါ်ပေါက်သည်အထိ ဆက်လက်ကြိုးပမ်းသွားမည်ဟုလည်း ဆိုသည်။ ထို့ပြင် နိုင်ငံရေးပါတီအချို့မှ ခေါင်းဆောင်များနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ခေါင်းဆောင်များကိုလည်း တွေ့ဆုံပေးရန် စီစဉ်နေသည်ဟုဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကလည်း ပြီးခဲ့သည့် လကုန်ပိုင်းက ကချင်ပြည်နယ် လိုင်ဇာမြို့တွင် တွေ့ဆုံကာ အစိုးရကမ်းလှမ်းထားသည့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရန်အပြင် ဖက်ဒရယ် ပြည်ထောင်စုနှင့်
တပ်မတော်ကိစ္စများ ဆွေးနွေးခဲ့သေးသည်။

ထို့နောက် အစိုးရနှင့် မြစ်ကြီးနားမြို့တွင် ယခုလဆန်းပိုင်း၌ ဆွေးနွေးခဲ့သော်လည်း တိကျသည့် သဘောတူညီမှု တစ်စုံတစ်ရာမရရှိခဲ့ဘဲ ပြီးဆုံးခဲ့သည်။ ဒီဇင်ဘာလတွင်လည်း ဘားအံမြို့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထပ်မံတွေ့ဆုံရန် စီစဉ်ထားပြီး ထိုအစည်းအဝေးတွင် ဖက်ဒရယ် တပ်မတော် ဖြစ်ပေါ်လာရေး အဓိက ထားဆွေးနွေးမည်ဟု ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA ကလို့ထူးဘော စစ်ဌာနချုပ်အခြေစိုက် စစ်ဗျူဟာမှူးကြီး ဗိုလ်မှူးကြီး စောဆန်းအောင်က မဇ္စျိမသို့ ပြောဆိုထားသည်။

အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေး နည်းပညာအထောက်အကူပြုအဖွဲ့ခေါင်းဆောင် ဦးလှမောင်ရွှေကမူ လတ်တလောအခြေအနေတွင် အဆင့်ဆင့်သော ဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်ရန်ရှိနေသေးသည်ဟု သုံးသပ်သည်။

"ကျွန်တော် နားလည်တာကတော့ လက်ရှိပြောင်းလဲနေတဲ့စနစ်မှာ တစ်ခါတည်း အကုန်လုံးကိုပြောင်းလိုက်မယ်ဆိုတာကတော့ မရဘူးလို့မြင်တယ် အခုက အစိုးရနဲ့ လက်နက်ကိုင်နှစ်ဖွဲ့တည်းပဲ ဆွေးနွေးနေသေးတာလေ၊ အပစ်ရပ်ဖို့ ဆွေးနွေးနေတယ်ဆိုတာလည်း မှန်တယ်၊ ဒါပေမယ့် နိုင်ငံရေး ဖြေရှင်းရမယ့် ကိစ္စတွေကို နိုင်ငံရေး ဆွေးနွေးပွဲမှာ ဆွေးနွေးရမယ်လို့ ကျွန်တော်တော့ မြင်တယ်" ဟု ပြောသည်။

ဖက်ဒရယ် တပ်မတော်ကိစ္စတည်ထောင်ရေးသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ တပ်မတော်နှင့်သာ သက်ဆိုင်သည်မဟုတ်ဘဲ အခြားသောအင်အားစုများ၊ နိုင်ငံရေး ပါတီများ၏ အကြံဥာဏ်များကိုလည်း ရယူသင့်သဖြင့် နိုင်ငံရေးဆွေးနွေးပွဲများသည်သာ အဖြေဖြစ်မည်ဟု ရှုမြင်သည်။

လက်ရှိအချိန်တွင် သမ္မတဦးသိန်းစိန်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ဆွေးနွေးမှုများအပေါ် ခွဲမထွက်ရန်နှင့် နိုင်ငံ၏အချုပ်အခြာအာဏာကို ထိပါးခြင်းမပြုလျှင် လွတ်လပ်စွာပြုလုပ်နိုင်သည်ဟု မှတ်ချက်ပြုထားသည်။ ထို့ပြင် အခြေခံဥပဒေပြင်ဆင်ရေး လှုပ်ရှားမှုများကိုလည်း အသိအမှတ်ပြုပြောဆိုထားပြီး အစွန်းမရောက်ရန်လိုသည်ဟု ဦးသိန်းစိန်က သတိပေးထားသည်။

(မဇ္ဈိမသတင်းဌာန)
Mizzima - News in Burmese

စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးရင့်ကျက်မှုနှင့် အဆောင်နေ ကျောင်းသားဘဝ


ရန်ကုန် နည်းပညာတက္ကသိုလ် (YTU) နှင့် မန္တလေး နည်းပညာတက္ကသိုလ် (MTU) တို့တွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှ စတင် တက်ရောက်ကြမည့် ကျောင်းသား ကျောင်းသူများ အဆောင်နေထိုင်ခွင့် ရရှိရေးအတွက် အဆင့်မြင့် နည်းပညာ တက္ကသိုလ်များ ဦးစီးကော်မတီမှ သက်ဆိုင်ရာသို့ တင်ပြထားကြောင်း သိရသည်။

ယခင် မြန်မာနိုင်ငံ ပညာရေး ကော်မတီဥက္ကဋ္ဌအဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီးခင်ညွန့် တာဝန်ယူခဲ့ချိန်မှစ၍ တက္ကသိုလ် အဆောင်များကို ပိတ်ပစ်ခဲ့သည်။ နည်းပညာတက္ကသိုလ် အပါအ၀င် ၁၉၉၀ ပြည့်လွန်နှစ်များ နောက်ပိုင်း အသစ်ဖွင့်လှစ်ခဲ့သည့် တက္ကသိုလ်ကျောင်းများကိုလည်း မြို့နှင့် လွန်စွာဝေးကွာသော နေရာများ၌ ဆောက်လုပ်ခဲ့သည်။ နိုင်ငံရေး လှုပ်ရှားမှုများတွင် ကျောင်းသားများ၏ အဓိကစုရပ်သည် တက္ကသိုလ်အဆောင်များ ဖြစ်သည်ဟု ယူဆကာ တက္ကသိုလ်အဆောင်များကို ပိတ်ပစ်ခဲ့သည်ဟု ဝေဖန်မှုများ ရှိခဲ့သည်။ ကျောင်းသားများ ဆူပူဆန္ဒပြမှုများ ပြုလုပ်ပါက အလွယ်တကူ နှိမ်နင်း ဖြိုခွဲမှုများ ပြုလုပ်နိုင်ရန်အတွက်လည်း တက္ကသိုလ်ကျောင်းများကို သီးခြားဆန်သည့် နေရာများ၌ ထားရှိခဲ့ခြင်း ဖြစ်သည်ဟု ယူဆကြသည်။

ထို့ကြောင့် အိမ်မှ ကျောင်းတက်ရသည့် ကျောင်းသားများ အနေဖြင့် ငွေကုန် ကြေးကျများခြင်း၊ အသွားအပြန်ခရီး၌ ပင်ပန်းကာ အိမ်တွင်စာကြည့်ရန် စိတ်မ၀င်စားခြင်း၊ ကျောင်းပြေးခြင်း၊ စည်းကမ်းပျက်ခြင်း အစရှိသော ဆိုးကျိုးများ ဖြစ်ကြရသည်။ နယ်မှလာသော ကျောင်းသားများ အနေဖြင့်လည်း ကျောင်းပရိဝုဏ် ပြင်ပရှိနေရာများတွင် ဖြစ်သလို အိမ်ခန်းများ ငှားရမ်းနေထိုင်ရသောကြောင့် ဘ၀နေထိုင်မှု မလုံခြုံခြင်းနှင့် မလိုလားအပ်သော ပြဿနာများ ဖြစ်ပေါ်ခြင်းတို့နှင့် ကြုံတွေ့ရသည်။

အမှန်တကယ်၌ အဆောင်နေ ကျောင်းသားဘ၀သည် ရင့်ကျက်မှုနှင့်အတူ တာဝန်ယူတတ်မှုကို တည်ဆောက်ပေးသည်။ အရွယ်ရောက်ပြီးသော လူကြီးတစ်ဦးအဖြစ် ရင့်ကျက်လာသည့် ဆင့်ကဲဖြစ်စဉ်တွင် လူတစ်ဦးနှင့် တစ်ဦး မတူညီသော်လည်း အဆောင်နေ ကျောင်းသားဘ၀က ရင့်ကျက်မှုနှင့် တာဝန်ယူတတ်မှုတို့အတွက် များစွာ အထောက်အကူပြုသည်။ အဆောင်နေ ကျောင်းသားအဖြစ် နေထိုင်ဖူးသူသည် ကိုယ်ပိုင် ဆုံးဖြတ်ချက်များ ချမှတ်ပုံ၊ ကိုယ်ပိုင်ဘ၀ကို စီမံခန့်ခွဲပုံ၊ မိမိ၌ ရှိသည့်ငွေကို ထိန်းသိမ်းသုံးစွဲပုံတို့ကို လေ့လာသင်ယူခွင့် ရရှိသည်။ ဘ၀နောက်ခံ အမျိုးမျိုးမှ လာကြသူများ အဆောင်တစ်ခုတည်း၌ ဆုံစည်းကာ လက်ပွန်းတတီး နေထိုင်ရင်း မိမိတို့ကိုယ် မိမိတို့ စိတ်ပိုင်းဆိုင်ရာအရ ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ယူလျှက် လွတ်လပ်မှုနှင့် တာဝန်ယူမှုအကြောင်း သင်ကြားခွင့် ရရှိနိုင်သည်။

လူ့အဖွဲ့အစည်းတစ်ရပ်ကို မြှင့်တင်ရန်အတွက် ပျမ်းမျှပြည်သူများဟု ခေါ်ဆိုရမည့် အရပ်ထဲမှ လူအများစုထက် ဥာဏ်ပညာအပြင် စိတ်ဓာတ်ရေးရာအရ ပိုမိုမြင့်မားအောင် တက္ကသိုလ် ကျောင်းသားများကို ပြုစုပျိုးထောင်ပေးရာတွင် တက္ကသိုလ် အဆောင်များသည် တက္ကသိုလ် ကျောင်းသားများကို အရပ်သားများမှ ခွဲထုတ်လျှက် စခန်းသွင်း လေ့ကျင့်ပေးရာ နေရာများလည်း ဖြစ်သည်။ အဆောင်နေ ကျောင်းသားအချင်းချင်း အသိပညာ၊ အတတ်ပညာများ အနီးကပ် ဖလှယ်နိုင်သည့်အပြင် တစ်ကိုယ်ကောင်း စိတ်ဓာတ်များ ပပျောက်ကာ မိဝေးဖဝေး အချင်းချင်း ကူညီရိုင်းပင်းလျှက် ပရဟိတ စိတ်ထားများလည်း တိုးပွားလာစေနိုင်သည်။ ထို့ကြောင့် တက္ကသိုလ် အဆောင်များ ထားရှိရေးသည် နိုင်ငံနှင့် လူ့အဖွဲ့အစည်းအတွက် လွန်စွာ အရေးကြီးပါကြောင်း The Daily Eleven က ရေးသားအပ်ပါသည်။
နိုဝင်ဘာလ ၁၀ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်
Eleven Media Group

နိုင်ငံရေးအကျဉ်းသားစာရင်း ဒီဇင်ဘာလကုန် အမီပေးရန် အစိုးရပြောဆို


နန်းလွင်နှင်းပွင့်| တနင်္ဂနွေနေ့၊ နိုဝင်ဘာလ ၁၀ ရက် ၂၀၁၃ ခုနှစ်

သမ္မတဦးသိန်းစိန် ကတိပေးထားသည့်အတိုင်း ယခုနှစ်ကုန်တွင် နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးနိုင်ရန် လက်ကျန်နိုင်/ကျဉ်း စိစစ်ရေးကော်မတီအနေဖြင့် ဒီဇင်ဘာလ ၃၁ ရက်အမီ စာရင်းပေးအကြောင်းကြားရန် လိုအပ်သည်ဟု သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက နိုဝင်ဘာလ ၁၀ရက်တွင် ပြောသည်။

မြန်မာငြိမ်းချမ်းရေးစင်တာတွင် နိုဝင်ဘာလ ၁၀ရက်က ပြည်ထောင်စုဝန်ကြီးများနှင့် ပါတီများ၊ နိုင်ငံရေးအင်အားစုများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

"ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အစီအစဉ်တစ်ခုဖြစ်တဲ့ နိုင်ငံတော်သမ္မတကြီးကလည်း ကတိပေးထားတဲ့ နှစ်ကုန်မှာ နိုင်ငံရေးအကျဉ်းသားတွေအကုန်လုံးကို လွှတ်ပေးဖို့ အတွက်ကိုလည်း အခုရက်ပိုင်းတွေမှာပိုမို လုပ်ဆောင်နေပါတယ်၊ အဲ့တော့ နှစ်ကုန်မှာ အကုန်လွှတ်နိုင်ဖို့ အတွက်လည်း စာရင်းတွေကို မကျန်အောင် အမှီပေးဖို့လိုပါတယ်၊ အဲ့ဒါကြောင့် ဒီဇင်ဘာ ၃၁ရက်နေ့ကို အမှီပေးဖို့ ပြောချင်ပါတယ်"ဟု ဦးအောင်မင်းက ဆိုသည်။

အစိုးရအနေဖြင့် နိုင်/ကျဉ်းများကို လွှတ်ပေးရာတွင် နိုင်ငံရေးအကျဉ်းသားမှန်သော်လည်း နိုင်ငံရေးပုဒ်မများဖြင့် အပြစ်ပေးခံရခြင်း မဟုတ်သူများကို လွှတ်ပေးရန် ကျန်ရစ်ခဲ့မည်ကို စိုးရိမ်ကြောင်း လက်ကျန်နိုင်/ကျဉ်း စိစစ်ရေးကော်မတီဝင် နိုင်ငံရေးအကျဉ်းသား ဟောင်းအဖွဲ့ချုပ်မှ ဦးရဲအောင်က ပြောသည်။

"လက်ရှိ ကျွန်တော်တို့ဆီမှာ စာရင်းရှိနေတာက ၁၄၇ ဦးပါ။ ကျန်တာတွေလည်း ကျန်ဦးမယ်လို့ ထင်တယ်၊ အရင်က နိုင်ငံရေး အကျဉ်းသားတွေက နိုင်ငံရေး အမှုတွေနဲ့မကျတဲ့ သူတွေရှိတယ်။ အဲ့သူတွေ ကျန်ခဲ့မှာကို ကျွန်တော်တို့ စိုးရိမ်နေတယ်”ဟု ၄င်းက ရှင်းပြသည်။

အစိုးရကဖွဲ့စည်းထားသည့် အဆိုပါ ကော်မတီတွင် နိုင်ငံရေးအကျဉ်းသားဟောင်းအဖွဲ့ချုပ် ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအဖွဲ့(AAPP) ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ အခြားနိုင်ငံရေးအင်အားစုများကလည်း နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကို ပူးပေါင်း ဆောင်ရွက်နေပြီး နှစ်ပတ်လျှင်တစ်ကြိမ် ဆွေးနွေးစိစစ်နေသည်ဟု ဦးအောင်မင်း ကဆိုသည်။

အစိုးရသစ်တက်ပြီးနောက်ပိုင်းတွင် နိုင်ငံရေးအကျဉ်းသားများကို ၁၂ကြိမ်တိုင်တိုင် လွှတ်ပေးခဲ့ပြီး ဖြစ်သည်။

(မဇ္ဈိမသတင်းဌာန)
Mizzima - News in Burmese

ငါးရက်အတွင်း မီတာခနှုန်းထားမလျော့ချပါက ထပ်မံဆန္ဒပြမည်


ကေဇင်ဦး| တနင်္ဂနွေနေ့၊ နိုဝင်ဘာလ ၁၀ ရက် ၂၀၁၃ ခုနှစ်

လျှပ်စစ်မီတာခလျော့ချရေးအတွက် ရန်ကုန်တွင် ဆန္ဒပြသူများထဲမှ ရှစ်ဦးကို ခွင့်ပြုချက်မရဘဲ စီတန်းလှည့်လည်သဖြင့် ဆန္ဒပြသောကြောင့် ပုဒ်မ ၁၈ဖြင့် အရေးယူထားသော်လည်း ငါးရက်အတွင်း မီတာခနှုန်းထားများ ပြန်လည်လျော့ချခြင်း မရှိပါက ထပ်မံဆန္ဒထုတ်ဖော်မည်ဟု ပုဒ်မ၁၈ဖြင့် တရားစွဲဆိုခံရသူ ဒီမိုကရေစီအင်အားစုမှ ဦးသိန်းဆွေက မဇ္ဈိမကို ပြောသည်။

လျှပ်စစ်မီတာခများကို နိုဝင်ဘာလမှစတင်ကာ တိုးမြှင့်ကောက်ခံမည်ဟု အောက်တိုဘာလ ၂၅ရက်က ကြေငြာပြီးနောက်တွင် ရန်ကုန်မြို့၌ နိုဝင်ဘာလ ၆ရက်မှစတင်ကာ ကျောက်တံတား၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ အလုံ၊ တာမွေ၊ မင်္ဂလာတောင်ညွှန့်မြို့နယ်များတွင် သုံးရက်ဆက်တိုက်ဆန္ဒပြခဲ့သည်။ ထိုသို့ ဆန္ဒပြရာတွင် ခွင့်ပြုမိန့်မတင်သဖြင့် မြို့နယ်ခြောက်ခုမှ ရဲစခန်းများက ဆန္ဒပြသူများထဲမှ ဦးသိန်းဆွေအပါအဝင် ဦးသိန်းအောင်မြင့်၊ ကိုဇေယျာ၊ ကိုစည်သူ၊ ကိုတင်ထွဋ်ပိုင်၊ ကိုကျော်နေဝင်း၊ ဦးဘမြင့်နှင့် အခြားတစ်ဦးကို ပုဒ်မ ၁၈ဖြင့် တရားစွဲဆိုထားသည်ဟု ကာယကံရှင်များက ပြောသည်။

တရားစွဲဆိုခံထားရသူတစ်ဦးဖြစ်သည့် ကိုတင်ထွဋ်ပိုင်က “ တရားစွဲဆိုထားပြီ ဆိုတဲ့ ရဲစခန်းတွေက ဖုန်းနဲ့လှမ်းပြီး အကြောင်းကြား လို့ သိရ တာပါ၊ အခြား အမှုနဲ့ပတ်သက်ပြီး ဘာမှထပ်ပြောတာမရှိသေးပါဘူး”ဟု မဇ္ဈိမကို ပြောသည်။

ကျောက်တံတားမြို့နယ် ရဲစခန်းမှူး ရဲမှုး မျိုးမြင့်ကြိုင်ကမူ ဖမ်းဆီးထားခြင်းမျိုးမဟုတ်ဘဲ ဥပဒေအရ ဆောင်ရွက်ရန်ရှိသည်များကို လုပ်ဆောင်ခြင်းဟုဆိုသည်။

၎င်းက “တရားဥပဒေအရ လုပ်စရာ ရှိတာလုပ်မှာပါ၊ သူတို့ကိုစခန်းမှာ လည်း ဖမ်းဆီးမထားပါဘူး၊ စစ်ဆေးမှုတွေလည်း မလုပ်ရသေးပါဘူး”ဟု ပြောသည်။

ထို့အပြင် မန္တလေးမြို့တွင်လည်း မီတာခနှုန်းထားများ လျော့ချရန် နိုဝင်ဘာလ ၈ရက်နှင့် ၉ရက်တို့တွင် ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့မှ ဦးဆောင်ကာ ဆန္ဒပြမှုများ ပြုလုပ်ခဲ့ပြီး အာဏာပိုင်များက တားဆီးမှုများပြုလုပ်ခဲ့သော်လည်း ဥပဒေကြောင်းအရ ရင်ဆိုင်ရမည့် အခြေအနေတွင် မရှိသေးကြောင်း မန္တလေးတွင် ဆန္ဒထုတ်ဖော်သူများထံမှ သိရသည်။

လျှပ်စစ်မီတာခ တိုးမြှင့်ခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်တွင် နိုဝင်ဘာ ၈ရက်က အစိုးရအဖွဲ့ကို မေးခွန်းထုတ်ခဲ့ပြီး လျှပ်စစ်စွမ်းအား ၀န်ကြီး ဌာန ဒု-ဝန်ကြီး ဦးအောင်သန်းဦးက အများပြည်သူလက်ခံနိုင်သည့် နှုန်းထားသို့ ပြန်ပြင်ပေးမည်ဟုလည်း ကတိပြုခဲ့သည်။

(မဇ္ဈိမသတင်းဌာန)
Mizzima - News in Burmese

ရွှေပေါက္ကံ ၁၅ရပ်ကွက် နေအိမ်တစ်လုံးမီးလောင် ကျပ်သုံးသိန်းကျော် ဆုံးရှုံး


နန်းမြင့်| တနင်္ဂနွေနေ့၊ နိုဝင်ဘာလ ၁၀ ရက် ၂၀၁၃ ခုနှစ်

ရန်ကုန်တိုင်း၊ မြောက်ဥကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ် ၁၅ရပ်ကွက်၊ န၀ရက်လမ်း၊ အမှတ် ၇၉၁ ရှိ
သွပ်မိုး၊ ပျဉ်ထောင် အိမ်တစ်လုံး နိုဝင်ဘာလ ၁၀ရက်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ ကျပ် သုံးသိန်းကျော်ဖိုး ဆုံးရှုံးခဲ့သည်ဟု ရန်ကုန်တိုင်းမီးသတ်ဦးဌာန ထုတ်ပြန်ချက်အရ သိရသည်။

ယင်းမီးလောင်မူသည် နေ့လည် ၃နာရီ ၁၅မိနစ်အချိန်တွင် ဖြစ်ပွာခဲ့ပြီး အိမ်တွင်းရှိ ရေခဲသေတ္တာမော်တာ အပူလွန်ကဲရာမှ စတင်ဖြစ်ပွားခဲ့သဖြင့် ၁၅ပေ ၃၀ပေရှိ အိမ်အမိုး၊အကာနှင့် အိမ်တွင်းပစည်းများ မီးလောင်ကျွမ်းခဲ့ကာ ဆုံးရှုံးမှုတန်ဖိုးကျပ်သိန်း ၃၈,၇၅၀၀ ဆုံးရှုံးခဲ့သည်ဟု မီးသတ်ဦးစီးဌာနမှ သိရသည်။

မီးလောင်ရာသို့ မီးသတ်ယာဉ် ၁၃စီး၊ ကွက်ကဲမှုအုပ်ချုပ်မှုယာဉ် ၃စီး၊ သန္ဓေမီးသတ် ၇၂ဦး၊ အရန်မီးသတ် ၅၉ဦး၊ ဖြင့်သွားရောက်မီးငြှိမ်းသတ်ရာ နေ့လည် ၃နာရီ ၅၀မိနစ်တွင် မီးငြိမ်းသွားသည်။

ယင်းမီးလောင်မှုကြောင့် အိမ်ပိုင်ရှင်အား ရွှေပေါက်ကံရဲစခန်းမှ ပ-၂၀၄/ ၂၀၁၃၊ ပုဒ်မ-၂၈၅ဖြင့် အရေးယူထားကြောင်းသိရသည်။

(မဇ္ဈိမသတင်းဌာန)
Mizzima - News in Burmese

ကြိုက်နှစ်သက်ရာသတင်းကို မိမိ facebook တွင်ရှယ်နည်း

ဥပမာ ကျွန်တော်တို့ ထားထက်ထက်ရဲ့ bikini (ရေကူးဝတ်စုံ) အလှ ဆိုတာကို ဖတ်နေတယ်ဆိုပါစို့။ သတင်းလေးကိုကြိုက်လို့ ကိုယ့်ရဲ့ facebook မှာ ရှဲချင်တဲ့အခါ အောက်က အဆင့်နှစ်ဆင့်ကို လိုက်လုပ်ပါ။ ဒါဆို အဲဒီသတင်းက facebook မှာ ရှဲပြီးသားဖြစ်သွားပါလိမ့်မယ်။

အဆင့် ၁။
သတင်းဖတ်လို့ပြီးတဲ့အခါ သတင်းရဲ့ အဆုံးနားမှာ facebook icon လေး တစ်ခုရှိပါတယ် (အောက်ကပုံမှာ ပြထားပါတယ်)။ အဲဒါကိုနှိပ်ပါ။


အဆင့် ၂။
facebook icon လေးကိုနှိပ်လိုက်မယ်ဆိုရင် box တစ်ခုထွက်လာပါမယ်။ အဲဒီ box ထဲကမှ Share Link ဆိုတာကိုနှိပ်လိုက်ပါ (ပုံမှာ ပြထားပါတယ်)။ အဲလိုနှိပ်လိုက်ရင် ဒီသတင်းက သူငယ်ချင်းရဲ့ facebook ပေါ်ကို ရောက်သွားပါပြီ။


iBlogger
Myanmar CNN

ထားထက်ထက်ရဲ့ bikini (ရေကူးဝတ်စုံ) အလှ

ပုံအကြီးကြည့်ရန် ကလစ်နှိပ်ပါ။




ထိုင်းမှာယှဉ်ပြိုင်နေဆဲMiss Grand Myanmar
မြန်မာအလှမယ် ထားထက်ထက်ရဲ့ အလှ

--------------------------------------------------------------
Official swimsuit photo of Miss Grand Myanmar - Htar Htet Htet

credit-Miss Supranational Myanmar

ထားထက်ထက် ရေကူးဝတ်စုံဆုနဲ့ ဝေးပြီ


SUNDAY, NOVEMBER 10, 2013

ထိုင်းမှာပြုလုပ်နေတဲ့ နိုင်ငံတကာမယ်ပြိုင်ပွဲအတွင်း ရေကူးဝတ်စုံ အလှဆုံး ၀တ်ဆင်ပြသနိုင်သူ အယောက် ၂၀ စာရင်း ထွက်လာပါပြီ။ စာရင်းမှာ မြန်မာအမည်ကို မတွေ့ရပါ။

ဒီကနေ့ အဲဒီထဲက ၁၀ ယောက်ကို ထပ်ရွေးပါမယ် တဲ့။

ပြိုင်ပွဲ အမည်က Miss Grand International 2013 ဖြစ်ပါတယ်။ မြန်မာပြည်ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်သူက မထားထက်ထက် ဖြစ်ပါတယ်။မထားထက်ထက်က  ရေကူးဝတ်စုံ အလှဆုံး ၀တ်ဆင်ပြသနိုင်သူ အယောက် ၂၀ စာရင်းထဲ မပါပေမယ့် ဟိုတနေ့က ပြိုင်ပွဲအတွင်း ရိုးရာဝတ်စုံကို အကောင်းဆုံး ဆင်ယင်ပြသနိုင်သူထဲမှာတော့ ပါဝင်ခဲ့သူပါ။

ရေကူးဝတ်စုံနဲ့ လှပဖို့အခြေအနေ မပေးခဲ့ပေမယ့်လည်း တခြားဆုတွေ နဲ့ သရဖူကို ဆက်လက် မျှော်မှန်းနိုင်ပါသေးတယ်။

မယ်စကြာဝဠာပွဲတက်ခဲ့တဲ့ မိုးစက်ဝိုင်က ပရိသတ်အာရုံစိုက်မှု အများအပြား ရနေပေမယ့် ပြိုင်ပွဲငယ်ဖြစ်တဲ့ ထိုင်းနိုင်ငံကပွဲကို ၀င်ရောက် ယှဉ်ပြိုင်နေတဲ့ မထားထက်ထက်ကိုတော့ ပရိသတ်အာရုံစိုက်မှု နည်းနေသေးတယ်လို့ ဆိုနိုင်ပါတယ်။

Irrawaddy

ဆေးစာပါလာတာကိုး ....


ဆေးဆိုင်တစ်ဆိုင် အတွင်းသို့ အမျိုးသမီး တစ်ယောက် ၀င်လာပြီး..

"အာဆင်းနစ် အဆိပ်ဝယ်ချင်လို့ပါ..."

ှဆေးဆိုင်ပိုင်ရှင်ကမေးသည်...

'ဒီလောက် အပြင်းဆုံးအဆိပ်ကို ဘာများလုပ်မလို့ပါလဲခင်ဗျာ..'

"ကျွန်မယောက်ျားကို အဲဒီအဆိပ်ခတ်ပြီးသတ်မလို့ပါ"

'လူသတ်ဖို့အတွက်ဆို အဲဒီအဆိပ်ကို ကျွန်တော် မရောင်းပေးနိုင်ပါဘူး'

အမျိုးသမီးက အရောင်းဘီရိုပေါ်တွင် စုံတွဲပုံ ဓါတ်ပုံတစ်ခုတင်လိုက်သည်...

အမျိုးသမီး၏ ယောင်္ကျားနှင့် ဆိုင်ရှင်၏ မိန်းမပုံဖြစ်သည်....

ဆိုင်ရှင်က ဓါတ်ပုံကို ယူကြည့် ကာခေါင်းတငြိမ့်ငြိမ့်လုပ်ပြီး.....

'ဆရာဝန်ဆေးစာပါလာတာ စောစောက ကျွန်တော်သတိမထားမိလိုက်ဘူး'

Credit - Original Writer

မြေးဖြစ်သူကြောင့် ဒေါ်လာ ၂ သိန်းရရှိခဲ့တဲ့အမျိုးသား


ပီတာအက်ဒ၀ပ်ဟာ၂၀၀၀ပြည့်နှစ်ဇန်န၀ါရီလတုန်းကအသက်၁၈လသားအရွယ်သာရှိသေးတဲ့
 မြေးဖြစ်သူဟယ်ရီဝီလဆင်ဟာ နိုင်ငံ့လက်ရွေးစင်ဘောလုံးသမားတစ်ယောက် ဖြစ်လာမယ်ဆိုတာနဲ့ ပတ်သတ်ပြီးလန်ဒန်မြို့ရှိအလောင်းအစားကုမ္ပဏီဝီလီယံဟေးလ်မှာဒေါ်လာ၈၀နဲ့အလောင်းအစား လုပ်ခဲ့ပါတယ်အသက်၆၂နှစ်ရှိပီတာကဝေးလ်စ်မြောက်ပိုင်းခရိုဝင်မှာရှိတဲ့မိသားစုအိမ်ရဲ့ ဧည့်ခန်းထဲမှာလေးဘက်တွားပြီးဘောလုံးကိုလိုက်နေတဲ့ကလေးကိုမြင်ပြီးနောင် တစ်ချိန်မှာဝေလ်စ်းကိုယ်စားပြုလက်ရွေးစင်ဘောလုံးကစား သမားတစ်ယောက်ဖြစ်လာမယ်ဆိုတဲ့အချက်ကိုအလောင်းအစားလုပ်ခဲ့တာပါ။ သူ့မြေးဝီလ်ဆင်ဟာအခုဆိုရင် အသက်၁၆နှစ်ရှိပြီဖြစ်ပြီးဘယ်လ်ဂျီယံနဲ့ ယှဉ်ပြိုင်တဲ့ပွဲစဉ် ဒုတိယပိုင်းကစားပွဲမှာ ပါဝင်ခဲ့တာကြောင့် ပီတာဟာ အင်္ဂါနေ့မှာအလောင်းအစားမှဆုငွေဒေါ်လာ၂သိန်းရရှခဲ့ပါတယ်။

ဝီလ်လ်ဆင်ဟာဝေးလ်စ်ပြည်နယ်ကိုယ်စားပြုအသက်အငယ်ဆုံးကစားသမားဖြစ်လာရုံသာမက ပရီးမီးယာလိဂ်ဘောလုံးအသင်းကြီးဖြစ်တဲ့ လီဗာပူးအက်ဖ်စီ မှာလည်းကစားလျက်ရှိကြောင်းသိရပါတယ်။ လောင်းကစားဆုငွေ ထုတ်ပေးတဲ့ ၀ီလီယံဟေးလ်
ကုမ္ပဏီရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးကတော့ မစ္စတာအက်ဒ်ဝပ်ဟာကုမ္ပဏီမှာတစ်ခါမှမရရှိဘူးတဲ့အလောင်း အစားမျိုးကိုပညာသားပါပါလောင်းနိုင်ခဲ့တာကြောင့်ကုမ္ပဏီက ဆုကြေးငွေကိုကျေကျေနပ်နပ်ပေးအပ်ခဲ့ကြောင်းပြောကြား ခဲ့ကြောင်းသိရပါတယ်။

MRTV-4

အိမ်စောင့်မကျန်ဘဲ ထမင်းပေါင်းအိုး တည်ထားရာမှ မီးလောင်မှု ဖြစ်ပွား


မြစ်ကြီးနား ၊ ၁၀-၁၁-၂၀၁၃

နိုဝင်ဘာ ၉ ရက်နေ့က မြစ်ကြီးနားမြို့ မြို့ပေါ် ရပ်ကွက်အတွင်း နေအိမ် အစောင့် မကျန်ဘဲ ထမင်းပေါင်းအိုး တည်ထားရာမှ မီးလောင်မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၉ ရက် မွန်းတည့် ၁၂ နာရီအချိန် တပ်ကုန်း ရပ်ကွက် နယ်မြေ(၄) အမှတ်(၄၉) နေ ဒေါ်ခေါင်းယန် ၃၉ နှစ်သည် မင်္ဂလာ ဆောင်ပွဲသို့ သွားရောက်စဉ် နေအိမ် အောက်ထပ် (မြေစိုက်) လျှပ်စစ်မီးဖို ရှိ မီးဖိုတွင် လျှပ်စစ် ထမင်းပေါင်းအိုး အား လျှပ်စစ်မီး သွယ်တန်းထားပြီး အိမ်တံခါး သော့ပိတ် ထွက်ခွာသွားစဉ် လျှပ်စစ်ဝါယာ ကြိုးများ အပူရှိန် လွန်ကဲ၍ မီးစတင် လောင်ကျွမ်း ခဲ့ရာ အိမ်နီးချင်း များက မီးမိန်းချ၍ ဝိုင်းဝန်း ငြိမ်းသတ်ခြင်း ကြောင့် ၁၂ နာရီ ၁ဝ မိနစ် တွင် မီးငြိမ်း သွားပြီး အဆိုပါ နေအိမ်၏ မီးဖိုနံရံ (ထရံကာ) အကျယ် ၅ ပေနှင့် အမြင့် ၁ဝ ပေခန့် မီးလောင် ဆုံးရှုံးခဲ့ ရကာ မီးလောင် ရာသို့ ပြည်နယ် မီးသတ် ဦးစီးဌာနမှူး ဦးစောထွန်း နှင့် သန္ဓေ မီးသတ် တပ်ဖွဲ့ဝင်များ ၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးခေါင်လန်ဒီး နှင့် တာဝန်ရှိ သူများ ၊ (ခေတ္တ) မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်စိုးနှင့် ရဲတပ်ဖွဲ့ဝင် များက မီးသတ်ယာဉ် (၃)စီး ၊ ရေသယ်ယာဉ် (၁ စီးတို့ ရောက်ရှိကာ လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေး ခဲ့သည်။

ဖြစ်စဉ်ကြောင့် မီးပေါ့ဆစွာ သုံးစွဲသူ ဒေါ်ဒေါန်းယန်း (၃၉)နှစ် (ဘ) ဦးလွမ်းဒေါင်း အား မြစ်ကြီးနားမြို့ မြို့မ ရဲတပ်ဖွဲ့ စခန်းမှ (ပ) ၂၁၆/၂ဝ၁၃ ၊ ပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူ ထားကြောင်း သိရှိရသည်။

The Myawady Daily

အမျိုးသမီးအချို့ ခန္ဓာကိုယ်သွယ်လျစေရန် စိတ်ကြွဆေးသုံးစွဲမှုများရှိလာ


အမျိုးသမီးငယ်အချို့ ခန္ဓာကိုယ်သွယ်လျစေရေးအတွက် စိတ်ကြွရူးသွပ်ဆေးဝါးများကို တလွဲအသုံးပြုမှုများရှိလာနေပြီး မည်သည့် အကြောင်းပြချက်ဖြင့်ဖြစ်စေ မူးယစ်ဆေးဝါးသုံးစွဲသည်ဟု စစ်ဆေးတွေ့ရှိပါက ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း မူးယစ်ဗဟိုမှ ဒုရဲမှူးကြီးဇော်လင်းထွန်းကပြောကြားသည်။

““အတွင်းသတင်းတွေအရတော့ စိတ်ကြွမူးယစ်ဆေးတွေကို အမျိုးသမီးလေးတွေ ပိန်အောင်လို့သုံးတယ်လို့ သတင်းတွေရထားပါတယ်။ ဒီဆေးတွေက သုံးရင်တက်ကြွနေတယ်။ အလုပ်လည်း များများလုပ်နိုင်တယ်။ လေ့ကျင့်ခန်းလည်း လုပ်စရာမလိုဘဲ အလိုအလျောက်ပိန်လာစေတယ်ဆိုတော့ သုံးကြတယ်။ ဘယ်လိုပဲသုံးသုံး ကျွန်တော်တို့ ရည်ရွယ်ချက်ကတော့ မူးယစ်ဆေးဝါးသုံးတာမိရင် ဖမ်းမှာပဲ”” ဟု နေပြည်တော်မူးယစ်ဗဟိုမှ ဒုတိယရဲမှူးကြီးဇော်လင်းထွန်းကပြောကြားသည်။

ထို့အပြင် ညပိုင်းတွင် အချိန်ပိုင်းအလုပ်လုပ်ကိုင်ကြသည့် အမျိုးသမီးငယ်များလည်း စိတ်ကြွရူးသွပ်ဆေးအပြင် တန်ဖိုးနည်းသော အိပ်ဆေးကဲ့သို့ လုပ်ငန်းခွင်ပင်ပန်းနွမ်းနယ်မှုဒဏ်ကို ခံနိုင်ရည်ရှိစေသည့် ဆေးဝါးများ သုံးစွဲလာကြကြောင်း စိတ်ရောဂါအထူးကုဆရာဝန်ကြီးတစ်ဦးကပြောကြားသည်။
မက်သာအက်ဖီတမင်း ဓာတုပစ္စည်းပါဝင်သည့် စိတ်ကြွရူးသွပ်ဆေးဝါး (ATS) များကို သုံးစွဲကြခြင်းဖြစ်ကြောင်း အဆိုပါဆရာဝန်ကြီးကပြောသည်။

““ဆေးလာဖြတ်တဲ့သူတွေထဲက မိန်းကလေးတွေကို ဘာလို့သုံးလည်းမေးကြည့်တော့ အများစုက ပိန်ချင်လို့သုံးပါတယ်လို့ ပြောကြတယ်။ ပြီးခဲ့တဲ့ ၂နှစ်လောက်ကစပြီး ဒီလိုလူနာတွေကိုတွေ့လာတာ။ တော်တော်လေးကြောက်ဖို့ ကောင်းတယ်။ ဆေးကိုတလွဲသုံးကြတာ””ဟု ရန်ကုန်တိုင်းဒေသကြီး မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးစီမံကိန်းတွင် တာဝန်ထမ်းဆောင်ခဲ့သော  အဆိုပါဆရာဝန်ကြီးက  ပြောကြားသည်။
““ကျွန်တော့် တက္ကစီငှားစီးတဲ့ အမျိုးသမီးတစ်ယောက်ဆို ကားစီးလာရင်း တအောင့်ကြာတော့ ကျွန်တော့်ကို ဆေးဘယ်မှာဝယ်လို့ရမလဲလို့မေးတယ်။ ကျွန်တော် တော်တော်အံ့သြတယ်။ ရုတ်တရက်လန့်သွားတယ်။ အရင်က ကျွန်တော်အရောင်းအ၀ယ်လုပ် ခဲ့ဖူးတာသိလို့ ရဲကလာအစ်တာထင်တာ။ သူ့ပုံစံကြည့်တော့မှ ဆေးတကယ်လိုနေမှန်း သိသွားတယ်။ ဒါပေမဲ့ ကျွန်တော် ဒါတွေမလုပ်တာ ကြာပြီဆိုတော့ သေချာနားလည်အောင်ရှင်းပြတော့ သူက ကားပစ္စည်းဆိုင်တစ်ခုရှေ့မှာ ရပ်ခိုင်းပြီး ခဏစောင့် ခိုင်းတယ်။ တအောင့်ကြာတော့ စက်ဘီးကျွတ်ဖာတဲ့ကော်ဘူးတွေ အများကြီးဝယ်ထွက်လာတယ်။ ကော်ရှုတာပေါ့ဗျာ””ဟု အငှားယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

စိတ်ကြွရူးသွပ်ဆေးဝါး ပြဿနာကို မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် ခြောက်နှစ်ခန့်မှစတင်၍ ရင်ဆိုင်လာရပြီး အရှေ့တောင်အာရှ ဒေသတွင်းထုတ်လုပ်မှုအမြင့်မားဆုံးနိုင်ငံဟု သတ်မှတ်ခံထားရသည်။ ထို့အပြင် ဆေးဝါးသုံးစွဲသူများမှာ ဆေးဖိုးစရိတ် ပြန်လည်ကာမိစေရန်အတွက် သုံးစွဲသူမှတစ်ဆင့် ရောင်းဝယ်ဖောက်ကားသူများဖြစ်သွားကြပြီး တစ်စထက်တစ်စ ဈေးကွက်ကျယ်ပြန့်လာသော စိတ်ကြွရူးသွပ်ဆေး ပြဿနာကို ဖြေရှင်းရန် ခက်ခဲနေသေးကြောင်း မူးယစ်ဗဟို တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

7DAY DAILY

မွေးနေ့ လက်ဆောင်


ကောင်လေးတစ်ယောက်မှာ ချစ်စ၊ ခင်စ၊ ကြင်နာစ ရည်းစားအသစ်စက်စက် တစ်ဦးရှိတယ်။ သူ့အသဲလေးမွေးနေ့အတွက် အမှတ်တရဖြစ်အောင် ဘာလက်ဆောင် ပေးရင်ကောင်းမလဲလို့ အသဲအသန် စဉ်းစားပါတော့တယ်။

@ သူ့အချစ်လည်းပေါ်လွင်ရမယ်။
@ သူမအတွက်လည်း အသုံးဝင်ရမယ်။
@ အမှတ်တရနဲ့ ဂန္ထ၀င်မြောက်ရမယ်ပေါ့။
@ ဈေကြီးတာလည်း မတတ်နိုင်ဘူးပေါ့။

နောက်ဆုံး အကောင်းစားလက်အိပ်ဖြူဖြူလေး တစ်စုံဝယ်ဖို့ ကြည်နူးစွာဆုံးဖြတ်လိုက်ပါတယ်။ မိန်းမအသုံးဆောင်ပစ္စည်းဆိုင် ကိုသွားမှာမို့ ချစ်သူရဲ့ ညီမလေးလည်းပါလာတယ်။ ဆယ်ကျော်သက်လှလှလေးပေါ့။ ဆိုင်ရောက်တော့ သူကလက်အိပ်ဖြူဖြူလေးတစ်စုံ ၀ယ်တယ်။ ချစ်သူ့ညီမလေးက အောက်ခံဘောင်းဘီ(ပင်တီ) တစ်ထည်ဝယ်တယ်။ ဖြစ်ချင်တော့ ထုပ်ပိုးတဲ့ အရောင်းစာရေးမအမှားကြောင့် ချစ်သူ့ညီမလေးက လက်အိပ်ရသွားတယ်။ သူလည်းစစ်ဆေးမနေဘဲ (ပင်တီ) ပါဆယ်ထုပ်နဲ့ စာတစ်စောင်ရေးပြီး စာတိုက်ကပို့လိုက်တယ်။ စာကတော့...

အသဲလေး...
ကို ဘာလို့ဒီလက်ဆောင်ကို ရွေးချယ်ရသလဲဆိုတော့ မင်းနဲ့ ကိုယ် ညနေခင်းတွေ လမ်းလျှောက်ထွက်တဲ့ အခါမင်းဝတ်လေ့ဝတ်ထမရှိဘူးဆိုတာ ကိုယ်သတိပြုမိလို့ပဲ။ ကိုယ်ကနှိပ် ကြယ်သီးပါတာ ၀ယ်ဦးမလို့ပဲ။ မင်းညီမက ချွတ်လို့ စွတ်လို့ လွယ်အောင် အဲဒါ
ကိုပဲဝတ်ဖို့ တိုက်တွန်းတယ်။ ဟုတ်တယ်....။ သူစွတ်ပြ ချွတ်ပြတယ်။ လှလိုက်တာလေ။စွတ်ရချွတ်ရတာလဲလွယ်တယ်။အရောင်စာရေးမလေးကတောင် သူမလည်းဒါပဲဝတ်ကြောင်းနဲ့ သူကတောင် ၀တ်ပြ ချွတ်ပြသေးတယ်။ အတော်လေးကြည့်ကောင်းပါတယ်။သူမက အပေ အစွန်းလည်း ရေဆေး ရုံနဲ့ပြောင်စင်ကြောင်း အာမခံတယ်လေ။ ဒီတစ်ခါ ကိုယ်လာရင် မင်းဝတ်ထားတာမြင်ချင်တယ်။ တွေ့ရရင်တော့လေ........အထပ်ထပ်အခါခါ နမ်းပစ်မိမှာပဲ။ သောကြာနေ့မှာ ကိုယ်နမ်းဖို့ ဆက်ဆက်ဝတ်ထားနော်။ နော်......နော်.....နော် ။

အသဲလေးရဲ့

ကို..

cr >> original writer

ကဲပြတ်ကရော ..


၂၁ ရာစုအစမှာပဲ စက်ရုပ်တွေဟာလူတစ်ယောက်လိမ်တယ်မလိမ်ဘူး ဆိုတာကိုမျက်နာကြည့်ပြီးသိနိုင်
အောင် တီထွင်နိုင်ခဲ့ပါပြီ။ ထူးခြားချက်အနေနဲ့ အဲဒီစက်ရုပ်ဟာလိမ်တဲ့သူကိုချက်ချင်းပါးထရိုက်တာပါပဲ။ မယုံဘူးလား… အောက်ကအဖြစ်အပျက်ကိုဖတ်ကြည့်ပါ။
ကိုဇော်ဂျီနဲ့ပွင့်တို့ရဲ့သားလေး မောင်မောရစ်တစ်ယောက်အိမ်ကိုနောက်ကျပြီးမှပြန်ရောက်လာသည်။
ကိုဇော်ဂျီ ။ ။ သားမင်းဘာလို့ကျောင်းနောက်ကျတာလဲ။
မောင်မောရစ် ။ ။ ဒီနေ့ကျောင်းကအချိန်ပိုရှိလို့နောက်ကျတာအဖေရဲ့။
ဖြန်း…………………………………..
အံ့သြစရာကောင်းလောက်အောင်ပဲ ဘေးမှာရှိနေတဲ့စက်ရုပ်က မောင်မောရစ်ပါးကိုရိုက်ထည့်လိုက်သည်။
ကိုဇော်ဂျီ ။ ။ ဒီစက်ရုပ်က လိမ်ပြောတာကိုအာရုံခံစားနိုင်တဲ့စက်ရုပ်ကွ။ မှန်မှန်ပြောစမ်း။ လိမ်ပြောရင်မင်းကိုပါးထပ်ရိုက်လိမ့်မယ်။
မောင်မောရစ် ။ ။ ဟုတ်ကဲ့. .. ကျနော်ရုပ်ရှင်သွားကြည့်နေတာပါ။
ကိုဇော်ဂျီ ။ ။ ဘာရုပ်ရှင်လဲ။
မောင်မောရစ် ။ ။ “The Ten Commandments” ဇာတ်ကားပါ။
ဖြန်း……………………………………….
စက်ရုပ်ကရိုက်ထည့်လိုက်ပြန်သည်။ မောင်မောရစ်တစ်ယောက်မလိမ်ရဲတော့ပေ။
မောင်မောရစ် ။ ။ ဟုတ်…ဟုတ်.. Sex Queen ဇာတ်ကားပါ။
ကိုဇော်ဂျီအတော်ပေါက်ကွဲသွားသည်။
ကိုဇော်ဂျီ ။ ။ မင်းမရှက်ဘူးလားကွ ဒါမျိုးဇာတ်ကားကြည့်တာ။ မင်းအသက်အရွယ်လောက်တုန်းက ငါဒါမျိုးရှက်စရာဘယ်တုန်းကမှ မလုပ်ခဲ့ဘူး။
ဖြန်း……………………………………………………
တော်တော်လေးကိုအသံကျယ်ပါဧ။်။ ကိုဇော်ဂျီကိုစက်ရုပ်ကပါးချလိုက်ခြင်းပင်ဖြစ်ချေသည်။
ဆူညံဆူညံအသံများကြောင့်မိခင်ဖြစ်သူ ပွင့်မီးဖိုချောင်မှထွက်လာပြီးပြောလိုက်သည်။
ပွင့် ။ ။ ရှင်လည်းလိမ်တာပါပဲလား။ အင်းလေ.. ရှင်နဲ့တူမှာပေါ့ အဲဒါရှင့်သားပဲလေ ။
ဖြန်း……………………………………………………………
ဒီတစ်ခါစက်ရုပ်ဧ။် ပွင့်ကိုပါးရိုက်ချက်ကား အသံအကျယ်ဆုံးဖြစ်တော့သည်။

Credit - Original Writer

အစိုးရ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် ချပြဆွေးနွေး


အစိုးရအဖွဲ့ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ပြည်သူတွေဆီ တိုက်ရိုက်မဟုတ်ဘဲ နိုင်ငံရေးပါတီတွေနဲ့ လူမှုအဖွဲ့အစည်းတွေကတဆင့် ပြန်လည်ချပြတဲ့ ဆွေးနွေးပွဲတခုကို ဒီနေ့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ပြုလုပ်ခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ လက်ရှိအစိုးရက လုပ်ဆောင်နေတဲ့ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးခဲ့တဲ့ရလဒ်၊ လက်ကျန်နိုင်ငံရေးအကျဉ်းသားစေလွှတ်ရေးနဲ့ လျှပ်စစ်မီတာခ ထပ်တိုးကောက်ခံရတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး အစိုးရ တာဝန်ရှိသူတွေက ချပြခဲ့ပါတယ်။

ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက “အဓိက ဒီမိုကရေစီအပြောင်းအလဲကို ရွေ့တော့ရွေ့နေတယ်။ လုံးဝကြီး မရောက်သေးပေမယ့် သူတို့အနေနဲ့ အဲလို ကျင့်စဉ်တွေကိုတော့ စပြီး အကောင်အထည်ဖော်တယ်ပေါ့ဗျာ။ သူတို့အစိုးရက အကျပ်အတည်းထဲမှာ ဖြတ်သန်းပြီး သွားရတာပေါ့။ နောင်အစိုးရတွေအတွက် လမ်းခင်းပေးတဲ့သဘောပေါ့” လို့ ပြောပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသိမ်းနဲ့ လျှပ်စစ်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ နိုင်ငံရေးပါတီတွေ၊ အေဘီအက်စ်ဒီအက်ဖ်နဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ တက်ရောက်ခဲ့ကြပြီး အပြန်အလှန် ပြောဆို ဆွေးနွေးခဲ့ကြပါတယ်။

လျှပ်စစ်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက မီးတာခတက်တာနဲ့ ပတ်သက်ပြီး ပြည်သူတွေကို တောင်းပန်ကြောင်းနဲ့ မီတာခကို အရင်နှုန်းထားအတိုင်း ဆက်လက်ကောက်ခံသွားမယ်လို့ ပြောပါတယ်။

“မီတာခနဲ့ ပတ်သက်လို့ ၀င်ငွေအပေါ်မှာ မူတည်ပြီး ဆောင်ရွက်ခဲ့တဲ့ ကျနော့်အားနည်းချက်ကြောင့် ကသိကအောက်ဖြစ်ခဲ့တာကိုလည်း တောင်းပန်ပါတယ်။ ကျနော့်အနေနဲ့ ပြည်သူတွေရဲ့ အသံကို ပြန်နားထောင်ပြီး၊ ပြည်ထောင်စုလွှတ်တော်ရဲ့ ပြောကြားချက်အပေါ် မူတည်ပြီး ကျနော်တို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေကို တင်ပြချင်တာကတော့ ကျနော်တို့ဝန်ကြီးဌာနက လုပ်တဲ့ အားနည်းချက်တွေကိုလည်း ပြောပါ။ လုပ်ဆောင်သင့်တာတွေကိုလည်းပြောပါ၊ မှားနေတာတာတွေကိုလည်း ထောက်ပြပါ။ ကျနော်တို့အနေနဲ့ ဒါတွေအားလုံးကို ခံယူပြီးတော့မှ ဆောင်ရွက်သွားပါမယ်။”

အခုလိုပြောသွားတဲ့အပေါ် ဦးခင်မောင်ဆွေက “ပြီးခဲ့တဲ့ကိစ္စမှာ သူတို့ တဖက်သတ်လုပ်တယ်လို့ ထင်မြင်ယူဆခံရတဲ့အခါမှာ လုပ်ငန်းကိုင်ငန်း အခက်အခဲ ဖြစ်သွားပုံပေါ်ပါတယ်။ အစိုးရအဖွဲ့ထဲမှာလည်း ပြန်လည်စဉ်းစားရပုံ ပေါ်တယ်။ ပြည်သူတွေကို တနည်းနည်းနဲ့ အသိပေးဖို့ လိုတယ်ဆိုတာ သူတို့ နားလည်သဘောပေါက်သွားပါပြီ” လို့ ပြောပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ ပိုပြီး ထင်သာမြင်သာရှိအောင် ပြောပေးဖို့ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဘက်အဖွဲ့တွေက တောင်းဆိုခဲ့ကြတာကိုလည်း တာဝန်ရှိသူတွေက ပိုပြီးထင်သာမြင်သာရှိအောင် နောက်ပိုင်းမှာ channel တခု ထားပြီး လုပ်ဆောင်သွားမယ့်သဘောမျိုး ပြောဆိုသွားလို့ ဦးခင်မောင်ဆွေက ပြောပါတယ်။

လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသိမ်းကလည်း ဒီဇင်ဘာ ၃၁ ရက် မကုန်ခင် အကျဉ်းထောင်တွေမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးစေလွှတ်နိုင်အောင် နိုင်ငံရေး ပါတီတွေအနေနဲ့ စာရင်းပြုစုတင်ပြပေးပါလို့  ပြောကြားခဲ့ပါတယ်။

လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီဝင် ဦးဘိုကြည်ကတော့ ပုဒ်မ ၁၈ နဲ့ တရားဆွဲဆိုတာတွေ ရှိနေပါက နိုင်ငံရေးအကျဉ်းသားတွေ ဆက်ရှိနေမှာဖြစ်တာကြောင့် ပုဒ် ၁၈ ပြင်နိုင်ရေးကို ဆွေးနွေးနေတယ်လို့ ပြောပါတယ်။

“ငြိမ်းချမ်းစွာ ဆန္ဒပြတာကို မပြနိုင်အောင်လို့ ပိတ်ပင်ထားသလိုဖြစ်နေတယ်။ အဲတော့ ပုဒ်မ ၁၈ ကို ပြုပြင်ပြောင်းလဲသင့်တယ်။ အဓိက ပြောင်းလဲသင့်တာက ခွင့်ပြုမိန့်တောင်းခံခြင်းဆိုတာကို အသိပေးခြင်းဆိုတဲ့ စကားရပ်နဲ့ အစားထိုးဖို့လိုတယ်။”

by ဒီဗွီဘီ

ဧရာဝတီမြစ်ကမ်းပြိုကျမှု ရှေးဟောင်းသမိုင်းဝင်နေရာများကိုပါခြိမ်းခြောက်လာ


အင်းဝမြို့ဟောင်းတွင် ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ရှေးဟောင်းဇုန်ကန့်သတ်တိုင်များ ပြိုကျသွားခဲ့ပြီဖြစ်ပြီး မြစ်ကမ်းပြိုမှုသည် မြောက်ဘက်မြို့ရိုးနှင့် မယ်နုအုတ်ကျောင်း အစရှိသည့် ရှေးဟောင်းသမိုင်းဝင်နေရာများနှင့်လည်း ပိုမိုနီးစပ်လာကြောင်း သတင်းရရှိသည်။

ဧရာဝတီမြစ်နှင့် ဒုဌ၀တီမြစ်ဆုံရာ အင်းဝမြို့ဟောင်းအရှေ့ မြောက်ဘက်မှ တောင်တော်ဆိပ်အထိ အရှည်တစ်မိုင်ခွဲခန့်ရှိသော ကမ်းနားတွင် မြစ်ကမ်းပါးပြိုကျမှုများ ဖြစ်ပေါ်နေကြောင်း၊ ရှေးaဟာင်းဇုန်အဖြစ် စိုက်ထူထားသည့် တိုင်အချို့ ကမ်းပါးပြိုသည့်အထဲ ပါသွားပြီဖြစ်ပြီး မြောက်ဘက်မြို့ရိုးနှင့် ပေ ၅၀ ၀န်းကျင်ခန့်သာ ကွာတော့ကြောင်း အင်းဝဒေသခံအချို့က ပြောကြားသည်။ ““သရက်ခြံတွေလည်း ပါသွားလို့ ကမ်းပါးမြေပြိုမှာကြောက်ပြီး ဘယ်သူမှ မစိုက်ရဲကြတော့ဘူး””ဟု တောင်တော်ရပ်ကွက်တွင် နေထိုင်သူ ဦးညွှန့်မောင်ကပြောသည်။ ကမ်းပါးပြိုကျမှုများ ဖြစ်ပွားလာသည်မှာ ငါးနှစ်ကျော်ရှိပြီဖြစ်ကြောင်း၊ နှစ်စဉ် ရေကြီးကာလ တော်သလင်း၊ သီတင်းကျွတ်လများတွင် ပိုမိုအဖြစ်များတတ်ကြောင်း၊ ယခုရက်ပိုင်းတွင်လည်း ကမ်းပါးမြေမှာ တဖြည်းဖြည်းနိမ့်ဆင်းလာကြောင်း တောင်တော်ဆိပ်ကမ်းတွင် နေထိုင်သူများကပြောသည်။ ““ဧရာဝတီမြစ်ထဲမှာ သောင်တွေထွန်းနေတော့ သင်္ဘောကြီးတွေက အင်းဝဘက်ကမ်းကနေ ကပ်လာရတယ်။ အဲဒီတော့ ကမ်းပါးတွေပိုပြိုလာတယ်။ အင်းဝမြို့ရိုးတင်မကဘူး။ မယ်နုအုတ်ကျောင်းနဲ့ပါ နီးလာပြီ””ဟု ဒေသခံဦးတင်စိုးက ပြောကြားသည်။ ကမ်းပါးမြေ၀ယ်ယူထားသူအချို့ မှ မြေပြိုကျမှုကာကွယ်ရန် မျောတိုင်များဖြင့် ကာရံကြသော်လည်း ထိရောက်ခြင်းမရှိကြောင်း ဒေသခံများကပြောသည်။ အင်းဝမြို့ဟောင်းသည် မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့၏ မြောက်ဘက် နှစ်မိုင်လေးဖာလုံ၊ မန္တလေးမြို့၏ အနောက်တောင်ဘက် မိုင် ၂၀ ခန့်အကွာ ဧရာဝတီမြစ်နှင့် ဒုဌ၀တီမြစ်(မြစ်ငယ်မြစ်)တို့ဆုံရာတွင် တည်ရှိသည်။ အင်းဝမြို့ကို သက္ကရာဇ် (၇၂၆ ခုနှစ်)တွင် သတိုးမင်းဖျား (အေဒီ ၁၃၆၄-၁၃၆၈)က စတင်တည်ထောင်ခဲ့ပြီး ကုန်းဘောင်ခေတ် ဘကြီးတော်(အေဒီ ၁၈၁၉-၁၈၃၇)အထိ ထီးနန်းစိုက်ခဲ့သဖြင့် နှစ်ပေါင်း ၄၀၀ ကြာ တည်ရှိခဲ့သော မြို့ဟောင်းတစ်ခု ဖြစ်သည်။ အင်းဝ မြို့ဟောင်းတွင် ရှေးဟောင်းအဆောက်အအုံ စုစုပေါင်း ၆၂၄ ခု ရှိသည်။

7DAY DAILY

လျှို့ဝှတ်ချက်...


ဇနီးသည်မှာ မထင်မှတ်ဘဲ ကိုယ်ဝန်ရှိလာတာ သိရတဲ့ အမျိုးသားတစ်ယောက်ဟာ သူ့ရဲ့ ဒီမင်္ဂလာရှိတဲ့ သတင်းကို လူတိုင်းကို အသိပေးချင်လာတယ်..။ အဲဒါနဲ့ ဇနီးသည်ရဲ့ ဟန်းဖုန်းကို ယူပြီး သူမဖုန်းထဲမှာရှိတဲ့ အဆက်အဆံရှိတဲ့သူတွေကို

“ငါ့မှာ ကိုယ်ဝန်ရှိနေပြီ”လို့ message တွေ ပို့လိုက်သတဲ့..။သိပ်မကြာပါဘူး ဇနီးရဲ့ အမေက စာပြန်တယ်…
“နင့်ယောက်ျားက မြ…ုံနေတာဆို..။ နင့်အရင်ဘဲနဲ့ ပြန်ဆက်သွယ်နေပြန်တာလား။”ခဏနေတော့ ခဲအိုကစာပြန်တယ်..
“မင်းဘယ်လို ဖြေရှင်းမယ်စိတ်ကူးလဲ”ကျောင်းနေဘက် သူငယ်ချင်းတစ်ယောက်က
“ငါတို့တွေ မတွေ့တော့တာ ၆လကျော်ပြီနော် ငါ့ခေါင်းပေါ်ပုံဖို့တော့ စိတ်မကူးနဲ့”လုပ်ဖော်ကိုင်ဖက်က “ဟုတ်ပမလားကွာ.၂ရက်ပဲရှိသေးတာကို”… သူဌေးက
“ငါမင်းကို သိန်း၁၀၀ပေးမယ်… မင်း ခဏလောက်နားနေလိုက်ကွာ”ဖောက်သည်က
“အေးပါကွာ..။ မင်းငါ့ကိုမခြောက်ပါနဲ့တော့..။ မနက်ဖြန် ငါ့အိမ် တစ်ခေါက်ထပ်လာခဲ့…ငါ စာချုပ်မှာ လက်မှတ်ထိုးပေးပါ့မယ်..။”သူစိမ်းတစ်ယောက်က “မင်းကွာရှင်းလိုက်ပါ..။ ငါတို့ ဒီကလေးကို မွေးကြမယ်..”နောက်သူစိမ်းတစ်ယောက်က
“အဲဒီနေ့က မစ္စတာ Z လည်း ပါတာပဲ..။ ငါလို့တော့ မင်းမပြောပါနဲ့…”နောက်ထပ် သူစိမ်းတစ်ယောက်က
“မနောက်ပါနဲ့ကွာငါသားကြောဖြတ်ထားတာ ကြာပြီကွ…။

”ကြည့်ရတာ ဇနီးသည်မှာ လျှို့ဝှက်ချက်တွေ တော်တော်များပုံရတယ်..။

သဘောထားကြီးသားပဲ


ချစ်သူနှစ်ယောက် အလွန်သာယာသော လယ်ကွင်းပြင်သို့ လက်တွဲ၍ လမ်းလျှောက်လာကြသည်။
လမ်းတွင် နွားမကြီးက နွားကလေးလေးအား နမ်းနေသည်ကို တွေ့ကြသောအခါ ကောင်လေးက ကောင်မလေးအား ပြောလိုက်သည်
“အချစ်ရယ် ကြည့်စမ်း ဟိုမှာ နွားမကြီးက နွားကလေးကို နမ်းနေတာ ဘယ်လောက် အားကျစရာကောင်းလဲ ကိုယ်လဲ အဲ့လိုနမ်းချင်လိုက်တာ”
ကောင်မလေးပြန်ပြောလိုက်သည်မှာ “မောင် နမ်းချင် သွားနမ်းလေ ချစ် ဒီကစောင့်နေမယ်” ဟုသတည်း။

cr >> original writer

အတိုဆုံးဝတ္တုတိုပြိုင်ပွဲ


ဌာနတွင်း ၀တ္တုတိုပြိုင်ပွဲတစ်ခု ကျင်းပသည် ။
ဝတ္တုတို တွင် ဤ အချက်များ ပါဝင်ရမည် ၊ ထိထိမိမိနှင့်
အတိုဆုံးသီကုံးနိုင်သူဖြစ်ရမည် ဟုပါရှိသည် ။
- ဘာသာတရား ကိုင်းရှိုင်း မှုရှိ ရမည် ။
- တော်ဝင်ဆန်ရမည် ။
- လိင် သဘောသဘာဝ ပါရှိရမည်
- လျို့ဝှက်ဆန်းကြယ်ရမည် ။

ဆုရသွားသော ၀တ္တုတိုမှာ အောက်ပါအတိုင်းဖြစ်သည် ။

*“ဆုရသွားသောဝတ္တုတို”

“အို ဘုရားရေ” ဟု ဘုရင်မက ပြောသည် ။ “ငါ ကိုယ်ဝန်
ရှိနေပြီ” ၊ “ဘယ်သူနဲ့
ရတာပါလိမ့်” ဟု ငြီးတွားသည် ။

Credit - Original Writer

ငါ့ဟာကွ


ဟိုတယ်တစ်ခုတွင် နှစ်ယောက်အိပ်ခန်းကိုငှားရမ်းပြီးမှ တစ်ယောက်အိပ်ခန်းသို့ပြောင်းပေးပါရန် ဟော်တယ်မန်နေဂျာက တောင်းပန်သဖြင့် ကိုမြငွေတစ်ယောက် တစ်ယောက်အိပ်ခန်းသို့ပြောင်းပေးရလေသည်။ ကိုမြငွေ ဧ။် နှစ်ယောက်ခန်းအား သမီးရည်းစားစုံတွဲအား ငှားရမ်းလိုက်လေ သည်။
ကိုမြငွေတစ်ယောက် မိမိအခန်းရောက်မှ ဟိုဘက်ခန်းတွင်မိမိ ဧ။် ထီးကောက်မေ့ကျန်နေခဲ့ကြောင်း သတိရလေဧ။် ။ ထိုအခါမှ ဟိုဘက်ခန်းသို့ ထီးပြန်ယူ ရန်သွားလေသည်။ အခန်းရှေ့ရောက်သောအခါ အခန်းတွင်းမှ သမီးရည်းစား တို့ဧ။် စကားပြောသံများကြားသဖြင် ခဏနားစွင့်ကြည့်မိလေသည်။
`ခင်ရေ... ဟောဒီ့ ရွှေရောက်မျက်လုံးလေးက ဘယ်သူ့ဟာလေးလဲ ဟင်´ ၊ အော် .... မောင့်ရယ် .. မောင့်ဟာပဲပေါ့ကွယ်´
`ခင်ရယ် .. ဟောဒီ့ သမင်မျက်လုံးလေးက ကော´ ´အော်... မောင့်ဟာပဲပေါ့´
`ဒီ နှင်းဆီဖူးလေးလို နှုတ်ခမ်းလေးကကော.. ` .. `အို... မောင့်ဟာ ... မောင့်ဟာ´
`ဒီ ဆင်စွယ်ရောင် လက်မောင်းလေးကကော.. ´အို.... မောင့်ဟာပါဆို ´
ထိုသို့မေးလာရာ အားလုံးကုန်သလောက်ရှိသွားပြီ ဖြစ်ရာ ကိုမြငွေစိုးရိမ် စိတ်ဝင်လာလေသည်။ ထို့ကြောင့်အချိန်မနှောင်းခင် ကြိုတင် အော်ပြောလိုက်ပုံက
`အထဲ ကကျေးဇူးရှင်လေးရေ .... ကုတင်ခြေရင်းမှာ ချိတ်ထားတဲ့ထီးကောက်ကြီးကတော့ မင်းဟာမဟုတ်ဘူးကွ .. အဲဒါငါ့ဟာ... ငါ့ဟာကွ... ´

cr >> original writer

Cartoon of the week - the voice weekly journal myanmar













လွှတ်တော်အမတ်များ တင်ပြသည့် အဆိုကို ပါတီစွဲမထားဘဲ နိုင်ငံအကျိုးကို ကြည့်၍ ဆောင်ရွက်နေဟု သူရဦးရွှေမန်း ပြောကြား


လွှတ်တော်တွင် အမတ်များက တင်ပြလာသည့် အဆိုများကို ပါတီစွဲမထားဘဲ နိုင်ငံ့အကျိုးအတွက်သာ ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းသည် မန္တလေးမြို့ရှိ နိုင်ငံရေးအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအသင်းအဖွဲ့များနှင့် နိုဝင်ဘာလ ၉ရက်က မန္တလေးမြို့ အစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံစဉ်  ပြောကြားခဲ့သည်။

"လွှတ်တော်အနေနဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားဖြစ်ထွန်းစေမယ့် ဥပဒေတွေ ပြဋ္ဌာန်းနိုင်အောင် ဆောင်ရွက်နေပါတယ်။ ပါတီစွဲ ဝါဒစွဲ လူမျိုးစွဲ ဒေသစွဲတွေ ကင်းရှင်းပြီး ပြည်သူ့အကျိုးအတွက် ဘယ်ပါတီကမဆို တင်ပြလာတဲ့ အဆိုတွေကိုလည်း နိုင်ငံအကျိုး ပြည်သူ့အကျိုး တွက်တင်ပြတယ်လို့ယုံကြည်ပြီး ဆောင်ရွက်နေပါတယ်။"ဟု သူရဦးရွှေမန်းက ပြောသည်။

လွှတ်တော်အတွင်း၌ အမတ်များသည် ပါတီ ၁၇ ခုကို ကိုယ်စားပြုကာ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားအား လက်တွဲဖော်ဆောင်ပြီး ပါတီအကျိုးနှင့်ယှဉ်လျှင် နိုင်ငံတော်နှင့်ပြည်သူ အကျိုးကို ရှေးရှုကာ အကောင်ထည်ဖော်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

"အတိတ်ကာလက ခါးသီးတဲ့ အတွေ့အကြုံတွေကို သင်ခန်းစာယူပြီး ယနေ့ခေတ်ကာလမှာ အားလုံးအတူတကွ လက်တွဲပူးပေါင်းပြီး အကောင်ထည်ဖေါ်ဆောင်ရွက်သွားမယ်။ ပါတီတိုင်းမှန်ကန်တဲ့ အတွေးအခေါ် မှန်ကန်တဲ့ လုပ်ရပ်တွေကို လက်တွေ့အကောင်အထည်ဖော်နိုင်မှ နိုင်ငံတော် တိုးတက်ဖွံ့ဖြိုးမယ်"ဟု ၎င်းက ပြောသည်။

ထို့အပြင် ၎င်းက ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ်ရန်အတွက် လွှတ်တော်တွင် အခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းကာ လေ့လာဆန်းစစ်မှုများ ပြုလုပ်နေပြီး ပါတီကိုယ်စားလှယ်များကလည်း ဝိုင်းဝန်းအကြံပြုရန် ပြောကြားခဲ့သေးသည်။

ထိုသို့ သူရဦးရွှေမန်းနှင့် မန္တလေးမြို့ရှိ တိုင်းလွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ အသင်းအဖွဲ့များ တွေ့ဆုံပွဲကို နိုဝင်ဘာလ၉ရက် မွန်းလွဲ ၁နာရီခန့်မှစတင်ကာ ညနေ ၄နာရီအထိ တွေ့ဆုံခဲ့သည်။

Written by  အောင်ကိုဦး

Mizzima - News in Burmese

မန္တလေးတိုင်းတွင် လျှပ်စစ်ဓာတ်အားပေး စက်ရုံနှစ်ရုံ နွေရာသီအမီ တည်ဆောက်မည်ဟုဆို


မန္တလေး၊ နိုဝင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး မြင်းခြံနှင့် မိတ္ထီလာခရိုင်တို့အတွင်း နေရောင်ခြည် စွမ်းအင်သုံးနှင့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အား ထုတ်သည့် စက်ရုံနှစ်ရုံ လာမည့် နွေရာသီအမီ အပြီးတည်ဆောက် မည် ဖြစ်ကြောင်း မြန်မာ့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း တိုင်းလျှပ်စစ် အင်ဂျီနီယာဌာနထံမှ သိရသည်။

မဂ္ဂါဝပ် ၂၅၀ စီ ထုတ်လုပ်နိုင်မည့် အဆိုပါ စက်ရုံနှစ်ရုံကို မြင်းခြံခရိုင် နဗူးအိုင်ရွာတွင် ဆိုလာမှ ထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အားပေး စက်ရုံကို လည်းကောင်း၊ မိတ္ထီလာခရိုင် အတွင်းရှိ ဝမ်းတွင်းမြို့နယ်နှင့် သာစည်မြို့နယ်ကြားတွင် သဘာဝဓာတ်ငွေ့မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် စက်ရုံကို လည်းကောင်း တည်ဆောက်မည် ဖြစ်ကြောင်း အဆိုပါ ဌာနထံမှ စုံစမ်းသိရှိရသည်။

ဆိုလာ လျှပ်စစ်ဓာတ်အား စက်ရုံမှ ထွက်ရှိသော လျှပ်စစ်ဓာတ်အားကို မြင်းခြံခရိုင်ရှိ သပြေဝခွဲရုံသို့ ပို့လွှတ်မည် ဖြစ်ပြီး သဘာဝဓာတ်ငွေ့သုံး စက်ရုံမှ ထွက်ရှိသော လျှပ်စစ်ဓာတ်အားကို မိတ္ထီလာခရိုင် ဘဲလင်းခွဲရုံသို့ ပို့လွှတ်မည် ဖြစ်ကြောင်း အဆိုပါဌာနထံမှ ထပ်မံသိရှိရသည်။
“လုပ်ချင်တာကတော့ ဒီနှစ်နွေရာသီ အမီပဲ။ ဒါပေမဲ့ ဘတ်ဂျက် အခြေအနေပေါ်မှာ ကြည့်ပြီး ဆောင်ရွက်ရမှာပါ” ဟု တိုင်းလျှပ်စစ် အင်ဂျီနီယာဌာနမှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးတွင် နွေရာသီကာလတွင် လျှပ်စစ်ဓာတ်အား သုံးစွဲမှုပမာဏမှာ မဂ္ဂါဝပ် ၄၀၀ ကျော် ရှိကြောင်း တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ စာရင်းများအရ သိရသည်။
The Voice Weekly

အသေးစား၊ အလတ်စား လုပ်ငန်းများ ချေးငွေမရရှိမှု ပြန်စိစစ်မည်

မန္တလေး၊ နိုဝင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ အသေးစား၊ အလတ်စား လုပ်ငန်းများအတွက် အသေးစား၊ အလတ်စား လုပ်ငန်းများ စက်မှုလက်မှု ဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေ မရရှိခြင်းအပေါ် ပြန်လည် စိစစ်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးရဲမြင့်က ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရုံးဟောင်းတွင် နိုဝင်ဘာလ ၉ ရက် မွန်းလွဲ ၁ နာရီတွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းနှင့် မန္တလေးမြို့ပေါ်မှ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများ၊ မြို့မိမြို့ဖများ တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ် ဦးရဲမြင့်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

အသေးစား၊ အလတ်စားများအတွက် ချေးငွေ ရယူလိုသူများ အနေနှင့် အသေးစားလုပ်ငန်း သို့မဟုတ် အလတ်စား လုပ်ငန်းလိုင်စင် ရှိရမည် ဖြစ်ပြီး အဆိုပါ လုပ်ငန်းရှင်၏ အိမ်၊ ခြံ၊ မြေစသည့် ပိုင်ဆိုင်မှု တို့ကို မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ပြီး ဘဏ်က သတ်မှတ်ထားသော ငွေပမာဏ ပြည့်မီပါက အသေးစား၊ အလတ်စား လုပ်ငန်းများအတွက် ငွေချေး ယူနိုင်ကြောင်း မန္တလေးမြို့ရှိ အသေးစား၊ အလတ်စား လုပ်ငန်းရှင်များထံမှ သိရသည်။
“ကျွန်တော်တို့မှာ လုပ်ငန်းတော့ရှိတယ်။ ပိုင်ဆိုင်မှု မရှိတော့ ပိုင်ဆိုင်မှု မှတ်ပုံတင်စရာ မရှိဘူး။ ငွေချေးယူလို့ မရဘူး ဖြစ်နေတယ်။ စက်မှုဘဏ်က ငွေချေးလို့ရတာ ပိုင်ဆိုင်မှုရှိတဲ့ သူဌေးတွေသာ ချေးရတာပါ” ဟု အောင်မြေသာစံ မြို့နယ်အတွင်းရှိ လဲ့ရည်ဝင်း စတိန်းလတ်စတီး လုပ်ငန်းရှင်က ဆိုသည်။
“မရှိလို့ ချေးပါတယ်ဆိုဗျာ၊ ပိုင်ဆိုင်မှု လာတောင်းနေတော့ ဘယ်လိုလုပ် ချေးဖြစ်တော့မတုံးဗျ၊ ကျွန်တော်တို့မှာ လုပ်ငန်းရှိတယ်။ ပိုင်ဆိုင်မှု မရှိတော့ ချေးမရဘူး။ တစ်နိုင်ငံလုံးမှ ၇၃ ယောက်လား ချေးနိုင်တာပါဗျာ။ ၆၀ ဘီလီယံကျော်လေး ပြန်လည် စိစစ်မယ် ဆိုရင်လည်း ပိုင်ဆိုင်မှု ပြစရာ မလိုဘဲ ပိုင်ဆိုင်မှုအစား လုပ်ငန်းပြပြီး ချေးလို့ရရင် အဆင်ပြေတာပေါ့” ဟု ချမ်းမြသာစည် မြို့နယ်ရှိ အသေးစား စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးအောင်စိုးက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ အသေးစား၊ အလတ်စား လုပ်ငန်းရှင်များ အနေနှင့် အတိုးနှုန်း သက်သာစွာဖြင့် လုပ်ငန်းအတွက် ငွေချေးယူ လိုသော်လည်း အများစုမှာ လုပ်ငန်းသာရှိပြီး ပိုင်ဆိုင်မှု မရှိသောကြောင့် စက်မှုလက်မှု ဖွံ့ဖြိုးရေးဘဏ်တွင် ငွေကြေး တစ်စုံတစ်ရာ ချေးယူ မရရှိကြကြောင်း အသေးစား၊ အလတ်စား လုပ်ငန်းရှင်များထံမှ သိရသည်။
The Voice Weekly

မန္တလေးတိုင်းဒေသကြီး အိမ်၊ ခြံ၊ မြေစံနှုန်း သတ်မှတ်ချက် နိုဝင်ဘာလအတွင်း ထွက်ရှိမည်


မန္တလေး၊ နိုဝင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ အိမ်၊ ခြံ၊ မြေများ၏ ကာလပေါက်ဈေးအလိုက် စံနှုန်းများကို မန္တလေးတိုင်းဒေသကြီး အစိုးရက သတ်မှတ် အတည်ပြုပြီးပါက ပြည်ထောင်စုအစိုး၏ အတည်ပြုချက်ဖြင့် နိုဝင်ဘာလ အတွင်း ထွက်ရှိလာမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနဝန်ကြီး ဒေါက်တာမြင့်ကြူက နိုဝင်ဘာလ ၇ ရက်နေ့တွင် ပြုလုပ်သော ရှေးဟောင်းနှင့် အခွန်ဆိုင်ရာ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။
“တိုင်းဒေသကြီးအဆင့် အတည်ပြုပြီးရင် ပြည်ထောင်စုအဆင့်ကို အတည်ပြုချက် ရယူရမှာပါ။ တိုင်းဒေသကြီး အစိုးရက အတည်ပြုပြီးရင် ပြည်ထောင်စုအဆင့်က အတည်ပြုတာ များပါတယ်” ဟု ဒေါက်တာမြင့်ကြူက အဆိုပါ ရှင်းလင်းပွဲ၌ ဆိုသည်။

မန္တလေးတိုင်းဒေသကြီး အိမ်၊ ခြံ၊ မြေ စံနှုန်း ထွက်ရှိပြီးပါက မန္တလေးခရိုင်မြို့နယ်များရှိ အခွန်ရုံး အသီးသီးသို့ သွားရောက် ကြည့်ရှုနိုင်ကြောင်း ဒေါက်တာမြင့်ကြူက ပြောကြားသည်။

အိမ်၊ ခြံ၊ မြေ အရောင်းအဝယ် ပြုလုပ်မည် ဆိုပါက မန္တလေးတိုင်းဒေသကြီး တန်ဖိုး စိစစ်ဆေးရေး အဖွဲ့က အဆိုပါ အိမ်၊ ခြံ၊ မြေအတွက် ပေးဆောင်ရမည့် အခွန်တံဆိပ်ခေါင်း ၇ ရာခိုင်နှုန်းနှင့် ဝင်ငွေခွန် ၃၀ ရာခိုင်နှုန်းတို့ကို သတ်မှတ်ပြီး စာအိတ်ဖြင့် ချိပ်ပိတ်ကာ မြို့နယ် တံဆိပ်ခေါင်းရုံးနှင့် မြို့နယ် စာချုပ်စာတမ်း ရုံးသို့ ပေးပို့သွားမည် ဖြစ်ကြောင်း အဆိုပါ မြို့နယ် တံဆိပ်ခေါင်းရုံးနှင့် မြို့နယ် စာချုပ်စာတမ်းရုံးက အဆိုပါ အိမ်၊ ခြံ၊ မြေ၏ ကာလပေါက်ဈေးမှ ၃၇ ရာခိုင်နှုန်းကို အခွန်ပေးဆောင်စေ၍ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၌ မြေပိုင်ဆိုင်မှု ဂရန် လျှောက်ထားနိုင်ကြောင်း၊ မြေပိုင်ဆိုင်မှု ဂရန် မလျှောက်ထား လိုသူများက စာချုပ်စာတမ်းရုံးတွင် အရောင်းအဝယ် စာချုပ် (ပတ်ကားစာချုပ်) ချုပ်ဆိုနိုင်ကြောင်း ဒေါက်တာမြင့်ကြူက ရှင်းပြသည်။

“အရင်က စာချုပ်စာတမ်း ယာယီ မှတ်ပုံတင်ထားတာတွေကို တိုင်းအခွန်ဦးစီးကို ပို့ခိုင်းထားတယ်။ လျှော့ချုပ်ထားတဲ့ စာချုပ်စာတမ်း ယာယီ မှတ်ပုံ တင်ထားတာတွေကို တွက်ချက်ပြီး ကျသင့်တဲ့ တံဆိပ်ခေါင်းခွန်နဲ့ ဝင်ငွေခွန် ငွေပြန်လည် ကောက်ခံ သွားမှာပါ” ဟု ဒေါက်တာမြင့်ကြူက အဆိုပါ ရှင်းလင်းပွဲ၌ ဆိုသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း မြင့်တက်လျက်ရှိသော အိမ်၊ ခြံ၊ မြေ ပေါက်ဈေးများကို အဆိုပါ အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများက လျှော့ချနိုင်မည် မဟုတ်ကြောင်း၊ အဓိက ဝယ်လိုအားနှင့် ရောင်းလိုအား မမျှ၍ ဖြစ်ကြောင်း မန္တလေးမြို့ မန်းမြေရာဇာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်ကုမ္ပဏီမှ လုပ်သက်ရင့် အိမ်၊ ခြံ၊ မြေ အကျိုးဆောင် ဦးကျော်ဝင်းက ဆိုသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း အိမ်၊ ခြံ၊ မြေ ရောင်းဝယ်ရာတွင် စာချုပ်စာတမ်း ယာယီမှတ်ပုံတင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်း မပြုရန် နိုဝင်ဘာလ ၁ ရက်နေ့တွင် သက်ဆိုင်ရာ မြို့နယ်မြေစာရင်းရုံး များသို့ ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်၊ ခြံ၊ မြေများ၏ ကာလပေါက်ဈေး အလိုက် စံနှုန်း သတ်မှတ်ချက်များကို စက်တင်ဘာလ ၂၁ ရက်နေ့တွင် အစိုးရက ထုတ်ပြန် ကြေညာခဲ့သည်။
The Voice Myanmar

အလုပ်သမားသမဂ္ဂ ညီလာခံရလဒ် ပြည်သူ့လွှတ်တော်သို့ တင်မည်


ရန်ကုန်၊ နိုဝင်ဘာ ၉

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ နာရေးကူညီမှု အသင်းပိုင် သုခခန်းမတွင် ကျင်းပမည့် အလုပ်သမားသမဂ္ဂ ညီလာခံမှ ဆွေးနွေး၍ ရရှိလာသော အချက်အလက်များကို ပြည်သူ့လွှတ်တော်သို့ တင်သွင်းသွားမည် ဖြစ်ကြောင်း ရုပ်ပြ ပန်းချီဆရာ သမဂ္ဂမှ ဥက္ကဋ္ဌ ဦးအောင်လင်းက ပြောကြားသည်။

အဆိုပါ ညီလာခံကို အောက်တိုဘာလ ၁၀ ရက် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပမည်ဖြစ်ကာ တစ်နိုင်ငံလုံးရှိ အလုပ်သမား သမဂ္ဂပေါင်း ၄၀၀ ကျော်နှင့် တောင်သူလယ်သမား သမဂ္ဂ ၃၀၀ ကျော် တက်ရောက်ကြမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

တက်ရောက်လာမည့် အလုပ်သမားနှင့် တောင်သူလယ်သမား သမဂ္ဂ ကိုယ်စားလှယ်များမှ ၂၀၁၂ ခုနှစ် အလုပ်သမား ဥပဒေ၊ အစိုးရနှင့် အလုပ်သမား အခန်းကဏ္ဍ၊ အနိမ့်ဆုံး လုပ်ခလစာ၊ နိုင်ငံတကာ အလုပ်သမား အဖွဲ့အစည်းများ အကြောင်း စသည်တို့ကို တစ်ခုလျှင် တစ်နာရီခွဲကြာ အုပ်စုချင်းလိုက်ဖွဲ့ကာ ဆွေးနွေးကြမည် ဖြစ်ပြီး ရရှိလာသော အချက်အလက်များကို စုပေါင်းကာ ထပ်မံဆွေးနွေးမည် ဖြစ်ကြောင်း ဦးအောင်လင်းက ဆိုသည်။
“ကျွန်တော်တို့ လုပ်ရတဲ့ အဓိက အကြောင်းက အလုပ်သမားတွေက အခက်အခဲတွေ ရှိတုန်းပဲ။ အလုပ်သမားတွေ သပိတ်မှောက်ရတဲ့ ကိစ္စပဲ ကြည့်လေ။ ဒီအခြေအနေမှာ စုပေါင်းပြီး လုပ်တာပါ။ ရလဒ်ကိုတော့ ပြည်သူလွှတ်တော် တင်ဖို့ရှိတယ်။ ရက်တော့ အတိအကျ မရှိသေးပါဘူး” ဟု ထပ်မံပြောကြားသည်။

အဆိုပါ ညီလာခံမျိုး ပြုလုပ်ခြင်းသည် အလုပ်သမားအတွက် အဖြေတစ်ခု ထွက်ပေါ်လာဖွယ်ရှိပြီး လုပ်သားများအတွက် ယခုကဲ့သို့ ပြုလုပ်ခြင်းကို မိမိတို့ ကြိုဆိုကြောင်း စက်ရုံ လုပ်သားတစ်ဦးက ပြောကြားသည်။
The Voice Weekly

မုန်တိုင်းကြောင့် ဖိလစ်ပိုင်တွင် သေဆုံးသူ ၁ သောင်းခန့် ရှိပြီ


ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းမှာ နိုဝင်ဘာ ၈ ရက်နေ့က တိုက်ခတ်သွားတဲ့ စူပါတိုက်ဖွန် မုန်တိုင်းကြောင့် အနည်းဆုံး လူ ၁ သောင်းလောက် သေဆုံးသွားတယ်လို့ အဆင့်မြင့် အရာရှိတယောက်က ဒီနေ့ အတည်ပြုပါတယ်။

မုန်တိုင်းဖြတ်သန်းရာ လမ်းကြောင်းပေါ်မှာရှိတဲ့ လေ့ဒ်ခရိုင်မှာ ၇၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိ ပျက်စီးသွားပြီး ပင်လယ်ကမ်းရိုးတန်းက မြို့တွေနဲ့ ခရိုင်ရဲ့ မြို့တော် တက္ကလိုဘန်မြို့မှာ ရေကြီးပြီး ကျန်ရစ်ခဲ့ပါတယ်။

မုန်တိုင်းကြောင့် ဆူနာမီနဲ့ တူတဲ့ ပင်လယ်ရေလှိုင်းတွေ မြင့်တက်ခဲ့ပြီး အိမ်တွေနဲ့ လူရာပေါင်းများစွာ နစ်မြှုပ်သေဆုံးကုန်ပါတယ်။

နိုဝင်ဘာ ၉ ရက်နေ့ အစောပိုင်းအထိ သေဆုံးသူ လူ ၁ ထောင်လာက်ပဲ ရှိမယ်လို့ ခန့်မှန်းရာကနေ အခုနောက်ဆုံး လူ ၁ သောင်းအထိ ရှိမယ်ဆိုတဲ့ ခန့်မှန်းချက်အပေါ် အစိုးရနဲ့ သဘာဝဘေးဆိုင်ရာ အဖွဲ့အစည်းတွေက အတည်မပြုသေးပါဘူး။

ထွက်လာတဲ့ ဗွီဒီယိုတွေမှာ လူသေအလောင်းတွေ လမ်းတလျှောက်နဲ့ အပျက်အစီးတွေ အောက်မှာ ပြန့်ကျဲနေတာ တွေ့ရပါတယ်။

ဒီနေ့အထိ ဈေးဆိုင်တွေ၊ ဈေးတွေ၊ ဟင်းသီးဟင်းရွက် ဆိုင်တွေ ပိတ်ထားဆဲဖြစ်ပြီး ရွာသားတွေက ရိက္ခာနဲ့ ရေတွေ ပြတ်လပ်နေပါတယ်။

မြို့တော် အာဏာပိုင်တွေကလည်း အလောင်းတွေကို သိမ်းဖို့နဲ့ ကယ်ဆယ်ရေး အထောက်အပံ့တွေ ပို့ဖို့ အခက်ကြုံနေရတယ်လို့ ပြောပါတယ်။ တရားဥပဒေ စိုးမိုးမှုမရှိတဲ့ အခြေအနေ၊ ဆက်သွယ်ရေးစနစ်တွေ ပျက်ယွင်းနေဆဲ အခြေအနေမှာ လုယက်မှုတွေ ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ဟိုင်ယန် တိုက်ဖွန် မုန်တိုင်းဟာ ဒီနှစ် ဖိလစ်ပိုင်ကို ၀င်တဲ့ မုန်တိုင်းတွေထဲက အဆင့် ၅ သတ်မှတ်ထားတဲ့ ဒုတိယမြောက် မုန်တိုင်းဖြစ်ပြီး တနာရီကို ၁၉၅ မုန် နှုန်းနဲ့ တိုက်ခတ်ခဲ့တာပါ။

အစိုးရရဲ့ ကိန်းဂဏန်းအရ မုန်းတိုင်း ဒဏ်ခံရသူ လေးသန်းလောက် လောက်အထိ ရှိမယ်လို့ ဆိုပါတယ်။

ဖိလစ်ပိုင်ဟာ နှစ်စဉ် တိုက်ဖွန် မုန်တိုင်း အကြိမ် ၂၀ လောက်နဲ့ ရင်ဆိုင်ရလေ့ ရှိတာပါ။ မနှစ်တုန်းက တိုက်ခတ်သွားခဲ့တဲ့ ဘိုဖာ မုန်တိုင်းကြောင့် မန်ဒါနာအို ပြည်နယ်မှာ လူ ၁၁၀၀ လောက် သေဆုံးပြီး အပျက်အစီး တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ လောက် ရှိခဲ့ပါတယ်။

by ဒီဗွီဘီ

NLD ပါတီ ကိုယ်စားလှယ် ၁၀ ဦး တရုတ်သွားမည်


ရန်ကုန်၊ နိုဝင်ဘာ ၉

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီကိုယ်စားလှယ် ၁၀ ဦးသည် ဒီဇင်ဘာလအတွင်း တရုတ်နိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း NLD လူငယ် ညီလာခံ ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်ဦးက ပြောကြားသည်။

အဆိုပါ တရုတ်နိုင်ငံ ခရီးစဉ်ကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဖိတ်ကြားထားခြင်း ဖြစ်ပြီး NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လိုက်ပါမည် မဟုတ်ကြောင်း ၎င်းကရှင်းပြသည်။
“အစီအစဉ် အသေးစိတ်ကိုတော့ ပြောလို့ မရသေးပါဘူး သွားမှာကတော့ သေချာပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့တွင် နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေ ပညာရှင်များ ပါဝင်မည် ဖြစ်ပြီး လူငယ်များကို ဦးစားပေး ရွေးချယ်ထားကြောင်း NLD ပါတီမှ သိရသည်။

အစိုးရသစ် လက်ထက်တွင် တရုတ်နိုင်ငံသည် နှစ်ဖက်အစိုးရ ဆက်ဆံရေး သာမက နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများနှင့် ဆက်ဆံရေးများ တိုးမြှင့်ခဲ့ပြီး အောက်တိုဘာ နောက်ဆုံးပတ်အတွင်း တရုတ်နိုင်ငံတကာ ချစ်ကြည်ရင်းနှီးရေး အသင်း၏ ဖိတ်ကြားချက်အရ မြန်မာ့ လွှတ်တော် ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ပြီး နောက်ပိုင်း NLD ပါတီသည် ဥရောပနိုင်ငံများ အပါအဝင် ဂျပန်၊ ကိုရီးယား၊ မွန်ဂိုလီးယား နိုင်ငံတို့သို့ သွားရောက် ခဲ့သော်လည်း တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ခြင်း မရှိပေ။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် ကုလသမဂ္ဂ HIV/AIDS ပပျောက်ရေး ညီလာခံသို့ တက်ရောက်ရန်အတွက် ယခုလအတွင်း သြစတြေးလျနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း NLD ပါတီမှ သိရသည်။
The Voice Weekly

ဗြိတိန် နာမည်ကျော် Black Voices အဖွဲ့ မြန်မာနိုင်ငံတွင် ပထမဦးဆုံး ဖျော်ဖြေမည်


ရန်ကုန်၊ နိုဝင်ဘာ ၉

ဗြိတိန်နိုင်ငံ၌ အောင်မြင် ကျော်ကြားသည့် a cappella အဆိုရှင် အဖွဲ့ဖြစ်သည့် Black Voices အဖွဲ့သည် မြန်မာနိုင်ငံမှ ပရိသတ်များကို နိုဝင်ဘာလ ၂၀ ရက် ညနေ ၆ နာရီခွဲတွင် ရန်ကုန်မြို့ ကမ်းနားဟိုတယ်၌ ပထမဦးဆုံး အကြိမ်အဖြစ် ဖျော်ဖြေတင် ဆက်သွားမည် ဖြစ်ကြောင်း အဆိုပါ တေးဂီတ ဖျော်ဖြေပွဲကို စီစဉ်သည့် ဗြိတိသျှကောင်စီက သတင်းထုတ်ပြန်သည်။

ဆယ်စုနှစ်နှစ်ခုကြာ အောင်မြင်စွာ ရပ်တည်လာခဲ့သည့် Black Voices အဖွဲ့သည် Ray Charles၊ Nina Simone၊ Wynton Marsalis နှင့် Take 6 တို့ ကဲ့သို့သော ဂီတထိပ်သီးတို့နှင့် တွဲဖက်ဖျော်ဖြေခဲ့ ဖူးပြီး သမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလားနှင့် ဗြိတိန် တော်ဝင်မိသားစု အစရှိသည့် ထင်ရှားသူတို့ကို ဖျော်ဖြေခဲ့ဖူးသည်။

၎င်းတို့၏ စွဲမက်ဖွယ် တင်ဆက်မှုနှင့် သူမတူသည့် တူရိယာမပါဘဲ ‘အသံအား’ သက်သက်သာသုံး၍ သီဆိုဖျော်ဖြေသည့် a cappella ပုံစံ သီဆိုဟန်တို့သည် အာဖရိကန် ကာရစ်ဘီယန်ရိုးရာ၊ အင်္ဂလိပ်ကျေးလက် ဂီတ၊ jazz၊ gospel၊ pop၊ reggae သီချင်းပုံစံ များစွာအား အာဖရိက၊ ကာရစ်ဘီယန်၊ ဗြိတိသျှ အမွေအနှစ်တို့ ပါဝင်ကာ ကျားမ၊ လူမျိုး၊ အသက်အရွယ်၊ ဘာသာအယူ မရွေး နှစ်သက်ကြကြောင်း၊ ၎င်းတို့၏ လူထုဖျော်ဖြေပွဲကို မြန်မာနိုင်ငံရှိ ဂီတမြတ်နိုး သူပရိသတ်အတွက် အခမဲ့ တင်ဆက်မည် ဖြစ်ပြီး အဆိုပါပွဲတွင် ရန်ကုန်မြို့ရှိ ‘ဂီတမိတ်’ ဂီတကျောင်းကလည်း ပါဝင်တွဲဖက် တင်ဆက်မည် ဖြစ်ကြောင်း ဗြိတိသျှ ကောင်စီထံမှ စုံစမ်းသိရှိရသည်။
“ဂီတမိတ်မှ မိတ်ဆွေများနှင့် ပူးပေါင်းပြီး ကျွန်တော်တို့ Black Vocies ကို မြန်မာနိုင်ငံမှ ပထမဆုံး ဖျော်ဖြေခွင့်ရခဲ့တာ အရမ်းကျေနပ်မိပါတယ်။ Black Vocies ဆိုတာ အမျိုးသမီးချည်းပါတဲ့ ဥရောပထိပ် တန်း a cappella အဖွဲ့တစ်ခု ဖြစ်ပါတယ်။ သူတို့ဟာ လူမည်းတွေရဲ့ ထူးခြားတဲ့ သီဆိုပုံ ရိုးရာဟန်ကို ကမ္ဘာ့ စင်မြင့်ပေါ် ယူဆောင်လာတဲ့ ကမ္ဘာအနှံ့မှာပါ အောင်မြင်တဲ့သူတွေ ဖြစ်ပါတယ်” ဟု ဗြိတိသျှကောင်စီ၏ မြန်မာနိုင်ငံ ညွှန်ကြားရေးမှူး Kevin Mackenzie က ပြောကြားသည်။

ဖျော်ဖြေပွဲအပြင် မြန်မာနိုင်ငံဂီတ အစည်းအရုံးမှ ပုဂ္ဂိုလ်များ၊ ယဉ်ကျေးမှု တက္ကသိုလ်မှ ကျောင်းသားများ၊ ဂီတမိတ်၊ Legacy Music Academy၊ Institute of Theology Music Department မှ ဂီတ ကျောင်းသားများ၊ ရန်ကုန်အခြေစိုက် ဓမ္မသံစုံအဖွဲ့များ၊ စိတ်ဝင်စားသူ လူငယ်များ ပါဝင်တက်ရောက်မည် ဖြစ်သည့် ဂီတအလုပ်ရုံ ဆွေးနွေးပွဲ တစ်ခုကို နိုဝင်ဘာလ ၁၉ ရက် နေ့တွင် ရန်ကုန်မြို့ Legacy Music Academy ၌ ပြုလုပ်သွားမည် ဖြစ်သည်။

Black Vocies ဖျော်ဖြေပွဲနှင့် ပတ်သက်၍ သိလိုသည်များ စုံစမ်းလိုပါက ဒေါ်ကြည်ကြည်ပြုံး၊ Programme Manager, British Council [email protected] သို့ ဆက်သွယ်နိုင်သည်။

ရင်သား ကင်ဆာ ဘယ်လိုကာကွယ် မလဲ


ရင်သား ကင်ဆာဟာ အမျိုးသမီးတိုင်း ဖြစ်ပွားတတ်တဲ့ အဖြစ်အများဆုံး ကင်ဆာဖြစ်ပြီး သေဆုံးမှု အမြင့်ဆုံး အမျိုးသမီး ကင်ဆာပဲ ဖြစ်ပါတယ်။

ရင်သားကင်ဆာကို ဗြိတိန်မှာတစ်နှစ်လျှင် ဝေဒနာရှင် ၃၅ဝဝဝ ခန့် ဖြစ်လေ့ရှိပြီး အမျိုးသမီး ၁ဝ ဦးမှာ တစ်ဦး ဖြစ်လေ့ရှိပါတယ်။ ယနေ့ ခေတ်ကာလ ရင်သားကင်ဆာ ကြိုတင်ကာကွယ်ရေး နည်းလမ်းကောင်းနဲ့ ဖြစ်ပွားမှုအပေါ် လုံးဝပျောက်ကင်း သို့မဟုတ် သက်တမ်းစေ့ နေနိုင် ရေး နည်းလမ်းကောင်းတွေ ရှိလာပါပြီ။ အမျိုးသမီးတွေက ရင်သားကင်ဆာနဲ့ ပတ်သက်လို့ စိုးရိမ်စိတ်လွန်ကဲ နေကြ တယ်။ ကြိုတင် ကာကွယ်တဲ့ အနေနဲ့ ရင်သားတွေ လှီးဖြတ်ထုတ်လေ့ ရှိတယ်။ အမှန်မှာ မျိုးရိုးဗီဇ လိုက်တယ်ထားဦး။

 ကျန်းမာတဲ့ နေထိုင်မှု ပတ်ဝန်းကျင်နဲ့ စိတ်ဓာတ်ကို ပြုပြင်ရင် မျိုးဗီဇ အပြောင်းအလဲ သို့မဟုတ် ပြင်ဆင်ချက်များ ဖြစ်လာနိုင်တယ်။ ရင်သား ကင်ဆာ ဖြစ်ပွားမှု မြင့်မားရခြင်းနဲ့ ဟော်မုန်း အစားထိုး ကုသမှု ကြာမြင့်ခြင်း၊ ကိုယ်ဝန်တားဆေး သုံးခြင်း၊ ပြည့်ဝဆီ၊ ဝက်ဆီနဲ့ စားအုန်းဆီ စားသုံးမှု လွန်ကဲခြင်း၊ နို့ထွက်ပစ္စည်းများ၊ အရက်၊ ဘီယာ၊ ပိုးသတ်ဆေး၊ ဓာတုမြေသြဇာများ၊ ပေါင်းသတ်ဆေးများဖြင့် စိုက်ပျိုးသော ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ စားသုံးမှု များခြင်းတို့ဟာ ရင်သား ကင်ဆာနဲ့ ဆက်နွှယ် နေတတ်တယ်။ အမျိုးသမီး အများစုမှာ အီစတြိုဂျင် ဟော်မုန်း လွန်ကဲစွာ ပါနေလို့ ရာသီမလာခင် ခံစားရတဲ့ လက္ခဏာ စုတွေဖြစ်လာနိုင်တယ်။ တကယ်လို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ စားသုံးရင် ယင်း ဟော်မုန်းကို အသည်းကတစ်ဆင့် စွန့်ထုတ် နိုင်တယ်။ အကယ်၍ ပြည့်ဝဆီများ၊ တိရစ္ဆာန်အဆီနဲ့ အရက် သောက်သုံးတာ များနေရင် အီစတြိုဂျင် ဟော်မုန်းကို စွန့်ထုတ်ဖို့ မစွမ်းနိုင်တော့ဘူး။ အဲဒီ ဟော်မုန်းကို ပြန်လည်အသုံးပြုရာက တစ်သျှူးများ ထိခိုက်မှု ဖြစ်စေနိုင်တယ်။

ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး အကြွင်းအကျန်များ ပါရှိသော သောက်သုံးရေနဲ့ အစားအသောက်များဟာ ကင်ဆာဖြစ်နိုင်ဖို့ ပိုများသလို အဲဒီပစ္စည်း မပါဖို့ အထူးဂရုစိုက်သင့်တယ်။ ရှောင်နိုင်တဲ့ အစာမှာ သွေးလည်ပတ်မှု ထိခိုက်စေတယ်။ အထူးသဖြင့် တိရစ္ဆာန်က ရတဲ့အဆီ၊ မလိုင်အပြည့်ပါတဲ့ နို့နဲ့ နို့ထွက်ပစ္စည်း၊ အမျှင်ဓာတ် နည်းတဲ့ အစားအစာ၊ ရေခဲရေ၊ ရေခဲမုန့်၊ ဂျယ်လီ၊ ပူတင်းနဲ့ ကိတ်မုန့်များ ရှောင်သင့်တယ်။ အဆီဓာတ် အနည်းဆုံး အစားအစာ ဖြစ်သင့် တယ်။ ဆေးလိပ်၊ အရက်နဲ့ ဘီယာ ရှောင်ရမယ်။
သင့် ကျန်းမာရေး (ရင်သား ကင်ဆာ)
 စားသုံးသင့်တာက အဆီဖြိုးတဲ့ငါး၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်ဖြူ၊ ချင်း၊ ကြက်သွန်နီ၊ ပျော်ဝင်စေသော အမျှင်များ ပါတဲ့ နှမ်း၊ ဂျုံ နဲ့ ဆန်လုံးညိုတို့ စားနိုင်တယ်။ အဲဒီ အစားအသောက်တွေ ဟာ သွေးလည်ပတ်တာ ကောင်းစေတဲ့ အပြင် သွေးတွင်းရှိ သိပ်သည်းဆ နည်းတဲ့ မကောင်းတဲ့ ကိုလက်စထရော များကို လျော့နည်းစေတဲ့ အပြင် သွေးတွင်း သိပ်သည်းဆနည်းတဲ့ အတွက် ဂင်ဂိုဘာလိုဘာ (၁၂ဝ) မီလီဂရမ် တစ်နေ့ နှစ်ကြိမ် သို့မဟုတ် တစ်မီလီလီတာ အရည်ကို တစ်နေ့ နှစ်ကြိမ် သောက်ရင် သွေးလည်ပတ်မှု ကောင်းစေတယ်။ အိုမီဂါ(၃) နဲ့ (၆)၊ ဖက်တီးအက်စစ် ပါတဲ့ ယုဒိုချွိုင်း ဟာလည်း သွေး လည်ပတ်မှု ကောင်းစေတယ်။ ဗီတာမင်အီး ၄ဝဝ အိုင်ယူ စားသုံးရင်လည်း သွေးကြောပိတ်ဆို့မှု ကာကွယ်နိုင်တယ်။  ဗီတာမင်ဘီ (၃) (၃ဝ-၁ဝဝ) မီလီဂရမ်ကို ဖြည့်စွက် စားသုံးရင် သွေးကြောငယ် အတွင်း သွေးလည်ပတ်မှု ကောင်းစေတယ်။ ပထမဆုံး နိုင်ယာစင် သောက် ရင် အနည်းဆုံး ၃ဝ မီလီဂရမ်က တဖြည်းဖြည်း တိုးသွားသင့်တယ်။ နိုင်ယာစင်ဟာ အရေပြား နီမြန်းစေတယ်။ အခြား ဗီတာမင်စီ အုပ်စုဝင်များ တွဲဖက် စားသုံးနိုင်တယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်များပါတဲ့ အားဆေး မှာ ဗီတာမင်စီ (၁ဝဝ) မီလီဂရမ်နဲ့ ဘိုင်အိုလေ ဗင်နွိုက်တို့ဟာ ဆံခြည်မျှင် သွေးကြောငယ်များကို ပိုမို ကြံ့ခိုင်စေတယ်။

ရင်သားကင်ဆာ ဖြစ်နေသူများ အတွက် တစ်နေ့ကို အင်ဇိုင်း  (၁ဝ-၃ဝ) မီလီဂရမ် နှစ်ကြိမ် စားပါ။ ယင်းဟာ ကင်ဆာဆဲလ် ပွားမှုကို ကာကွယ် ပေးတယ်။ တစ်နေ့ (၁ဝဝ) မီလီဂရမ် ကာကွယ်ဖို့ မှီဝဲသင့်တယ်။ လင်ဇင်း၊ ဝှိုက်ထိတ်နဲ့ ဝှိုက်တက်မှိုများ အရည် သို့မဟုတ် ဆေးတောင့် တစ်နေ့ သုံးကြိမ် မှီဝဲပါ။ ဖိုင်ဘာကာသနောကို  နေ့စဉ် တစ်ခါသောက် တစ်ပြားနဲ့ တစ်နေ့ သုံးကြိမ်သောက်ပါ။ ပန်းမုန်လာ၊ ဟင်းသီးဟင်းရွက်၊ ကိုက်လန် နဲ့ မုန်ညင်းစားပါ။ မိမိ ရင်သားမှာ မူမမှန်ရင်၊ အဖုအကျိတ် စမ်းမိရင် ဆရာဝန်နဲ့ ပြပါ။ နေ့စဉ်လေ့ ကျင့်ခန်းလုပ်ပါ။      ။
ဒေါက်တာလွင်သန့်(ဆေး-၂)
မြဝတီ


အပြာရုပ်ရှင်တွေကို သာမာန်လိုပဲ သဘောထားတယ် ဆိုတဲ့


ညစ်ညမ်းရုပ်ရှင်များ ရိုက်ကူးနေမှုကို ထောက်ခံခဲ့သည့် စကားလက်ဂျိုဟန်ဆန် ဟောလီးဝုဒ်တွင် ညစ်ညမ်း အပြာဇာတ်ကားများနှင့် ပတ်သက်၍ ကန့်သတ်ချက်များအပေါ် အခြေအတင် အငြင်းပွားမှုများ ရှိနေခဲ့ရာ စကားလက်က ထောက်ခံသည့်ဘက်မှ ပါဝင်ရပ်တည်ခဲ့ခြင်း ဖြစ်သည်

သူမအနေဖြင့် ညစ်ညမ်းရုပ်ရှင် ဇာတ်ကားများသည် ရှိသင့်ရှိထိုက်သည့် အခြေအနေဟု ကြည်ကြည်သာသာပင် လက်ခံယူဆကြောင်း စကားလက် ဂျိုဟန်ဆန်က ပြောကြားလိုက်သည်။ ဟောလီးဝုဒ်တွင် ညစ်ညမ်း အပြာဇာတ်ကားများနှင့် ပတ်သက်၍ ကန့်သတ်ချက်များအပေါ် အခြေအတင် အငြင်းပွားမှုများ ရှိနေခဲ့ရာ စကားလက်က ထောက်ခံသည့်ဘက်မှ ပါဝင်ရပ်တည်ခဲ့ခြင်း ဖြစ်သည်။ သူမက ယင်းဇာတ်ကားများသည် အမျိုးသား တစ်ဦးအတွက်ဖြစ်စေ၊ အမျိုးသမီး တစ်ဦးအတွက်ဖြစ်စေ စိတ်လိုလက်ရ ကြည့်ရှုနိုင်သည့် ဖျော်ဖြေမှု ပုံစံတစ်မျိုးအနေဖြင့်သာ ယူဆကြောင်း စကားလက်က မှတ်ချက်ပြုခဲ့သည်။ "ဒီလိုဇာတ်ကားတွေကို ကြည့်ချင်သူ၊ မကြည့်ချင်သူ စိတ်ကြိုက်ရွေးနိုင်တယ်။ ဒါက ကိုယ့်သဘောပဲလေ"ဟု အသက်(၂၈)နှစ်ရှိ မင်းသမီးက ဆိုသည်။

Avengers: Age of Ultron မင်းသမီးက "ကျွန်မကတော့ အပြာရုပ်ရှင် ဆိုတာကို သာမန်လို့ပဲ သဘောထားတယ်။ တခြား ပုံစံကွဲ ရုပ်ရှင်တွေလိုပဲပေါ့လေ။ နှစ်လိုစရာ ဖျော်ဖြေရေး ပုံစံတစ်ခုအဖြစ် ကျွန်မသဘောထားတယ်။ ဒါဟာ အမျိုးသားတွေအတွက်၊ အမျိုးသမီးတွေအတွက် အကျိုးပြုတဲ့ အခြေအနေ တစ်ခုခုလည်း ဖြစ်နိုင်တာပဲ မဟုတ်လား"ဟု ဗြိတိန်ထုတ် Marie Claire မဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။ သူမက အရေးကြီးသော အချက်တစ်ခုမှာ အတိုင်းအဆ ရှိသင့်သည့် ပမာဏကို မျက်ကွယ်မပြုရန်ဟုလည်း ဆိုသည်။ Don Jon ဇာတ်ဆောင် မင်းသမီးက "တကယ်လို့ ကျွန်မရဲ့ ရည်းစားက အပြာကားတွေကို အလွန်အကျွံ စွဲစွဲလမ်းလမ်း ကြည့်နေတယ်ဆိုတာ သိရရင်တော့ ကျွန်မ မျက်လုံးပြူးသွားမှာပေါ့။ ဘာမဆို အတိုင်းအတာနဲ့တော့ ရှိသင့်ပါတယ်"ဟု မှတ်ချက်ပြုသွားသည်။

Planet Myanmar Network

လမ်းဖြတ်ကူးစဉ် ယာဉ်တိုက်ခံရသဖြင့် သေဆုံး


ရန်ကုန်၊ နိုဝင်ဘာ ၈

၇.၁၁.၂၀၁၃ရက်နေ့ ၂၃၅၀အချိန် တောင်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်းအတိုင်း တောင်မှမြောက်သို့ ယာဉ်မောင်း ကျော်ထက်ဇင် (ဘ)ဦးစိန်ဝင်း၊ (၁၀)ရပ်ကွက် ၊တောင်ဥက္ကလာပမြို့နယ်နေသူ
မောင်းနှင်လာသော ၇င/--- တိုယိုတာစပရင်တာ ဘင်အဖြူရောင် (ကိုယ်ပိုင်)ယာဉ်သည် မိတ်ဆွေများဆောက်လုပ်ရေးပစ္စည်းဆိုင်ရှေ့ အရောက် လမ်းဖြတ်ကူးသူ သူရဇော်(ဈေးရောင်း)၊ (ဘ)ဦးသန့်ဇင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေသူအား တိုက်မိသဖြင့် သူရဇော်တွင် ဒဏ်ရာများရရှိကာ သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့သဖြင့် ယာဉ်ထိန်းတပ်ဖွဲ့စု (၄၃)မှ ယာဉ်မောင်း ကျော်ထက်ဇင်အားတရားလိုပြုလုပ်တိုင်တန်းသဖြင့် တောင်ဥက္ကလာမြို့မ
ရဲစခန်းယာဉ်(ပ)၄၈/၂၀၁၃၊ ပုဒ်မ ၃၀၄-ကဖြင့် အမှုဖွင့်ဖမ်းဆီးအရေးယူ ထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

Chlorine ကြောင့် ပျက်စီးသွားတဲ့ ဆံကေသာတွေအတွက်


ပျိုမေတို့ရဲ့ ဆံနွယ်တွေကို ဓာတုဗေဒပါတဲ့ ရေကန်ထဲက ရေတွေနဲ့ လွတ်ကင်းစေဖို့ နည်းလမ်းလေးတွေ ရှိတယ်ဆိုတာ မမေ့ပါနဲ့နော်.. အကြောင်းအရာလေးတွေကတော့........

* ရေကူးကန်ထဲမဆင်းခင်မှာ ဆံပင်ကို Silicone များစွာပါဝင်တဲ့ ပစ္စည်းတစ်မျိုးမျိုးနဲ့ Treatment လုပ်ရပါမယ်.. ဒါမှသာ ဆံကေသာတွေက Chlorine စုပ်ယူမှုတွေကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်..

* နောက်ထပ်အကြံပြုချင်တာကတော့ ရေမကူးခင်မှာ Chlorine မပါတဲ့ ရေထဲမှာ ဆံပင်ကိုစိမ်ထားပါ.. အဲဒီလိုပြုလုပ်ခြင်းက ဆံသားတွေထဲကို ရေကူးကန်ထဲက Chlorine ပါတဲ့ ရေပမာဏ စိမ့်ဝင်မှုကို လျှော့ချပေးပါလိမ့်မယ်..

* ဒီထက်ပိုပြီး ကာကွယ်ချင်တယ်ဆိုရင်တော့ ဆံပင်ကို ရေကူးသမားတွေ လျှော်တဲ့ Shampoo မျိုးနဲ့ ခေါင်းလျှော်ရပါမယ်..

* Chlorine ကြောင့် ပျက်စီးနေတဲ့ ဆံကေသာတွေကို အိမ်မှာပဲ ကုသနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်.. ရေကူးပြီးတဲ့ အခါမှာတော့ ကာဗွန်ဒိုင်အောက်ဆိုဒ် ပျော်ဝင်နေတဲ့ ရေနဲ့ ဆေးကြောခြင်းက Chlorine ကြောင့် ဆံပင်ပျက်စီးမှုတွေကို ရပ်တန့်ပေးစေနိုင်ပါတယ်.. ခရမ်းချဉ်သီးရည်.. ရှောက်ရည်.. ဆိုဒီယမ်ဘိုင်ကာဗွန်နိတ် တို့က Chlorine ကြောင့် ဆံပင်တွေ အစိမ်းရောင်သန်းပြီး ကျန်ခဲ့တာမျိုးမဖြစ်အောင် ကူညီပေးနိုင်ပါတယ်..။

ဝင်းရံထက် (အင်တာနက်)
M Plaza Shopping Journal

နှလုံးကျန်းမာရေး (သတိပြုဖွယ်)


ဒီဆောင်းပါးလေးဟာ အလွန်ကောင်းမွန်တဲ့ ကျန်းမာရေးနဲ့  ပက်သက်တဲ့ ဆောင်းပါး လေးပါ။

ထမင်းစားပြီးတိုင်း ရေနွေးသောက်ဖို့ သတိပေးတာ တခုတည်း မဟုတ်ပဲ နှလုံးခုန် ရုတ်တရက် ရပ်တန့် စေတဲ့  ရောဂါကိုလဲ သတိပေးရာ ရောက်ပါတယ်။

တရုတ်လူမျိုးနဲ့ ဂျပန်လူမျိုး တွေဟာ ထမင်းစား နေစဉ်မှာ ရေနွေး သောက်သုံးတဲ့ အလေ့ ရှိကြပါတယ်။ ရေအေး ( ရေခဲ ရေ သောက်သုံးလေ့ ) မရှိကြပါဘူး။ ခုချိန်မှာတော့ သူတို့ ဆီက ထမင်းစားစဉ် ရေနွေးသောက်သုံးတဲ့ အလေ့အထကို ကျွန်တော်တို့ တွေပြောင်းလဲ ကျင့်သုံး သင့်ပါတယ်။

ခုဆောင်းပါးလေး ကတော့ ထမင်းစား ပြီးတော့ ရေခဲရေ သောက်သုံး သူတွေ အတွက်တော့ သက်ရောက်မှု့  ရှိပါတယ်။ (ကျွန်တော် ပေါ့ဗျာ။) တကယ်တော့ ထမင်းစားပြီးတော့ ရေခဲရေ ဒါမှမဟုတ် အအေး တခုခု သောက်သုံး လိုက်ခြင်းဟာ အတော်လေး အရသာ ရှိပါတယ်။

ဒါပေမယ့်လည်း ရေခဲရေက နေပြီးတော့ မကြာခင်ကမှ စားသုံးထားတဲ့ အစာတွေကို ဆီခဲတွေ လို အစိုင်အခဲ အဖြစ်ကို ရောက်စေ ပါတယ်။ ပြီးတော့ အဖတ်တွေကလဲ အက်စစ် အဖြစ် တုန့်ပြန်ပြီးတော့ အဲတာတွေကို ဖြိုခွဲပြီးတော့ အူနံရံ တွေက နေပြီး အခဲ အစာတွေထက် ပိုမို လျှင်မြန်စွာ စုပ်ယူ ပါလိမ့်မယ်။ အဲတာတွေဟာ အူထဲ မှာသွားပြီးတော့ စီတန်းနေပါပြီ။ မကြာခင်ပဲ အဲတာတွေဟာ အဆီခဲ အဖြစ် ပြောင်းလဲ သွားပြီးတော့ ကင်ဆာ ရောဂါကို ဖြစ်စေဖို့ ဦးတည်နိုင်ပါတယ်။ အကောင်းဆုံးကတော့ အစာ စားပြီးတိုင်းမှာ စွပ်ပြုပ် ပူပူလေး ဖြစ်ဖြစ် ရေနွေး ကြမ်းဖြစ်ဖြစ် သောက်သုံးတာ ဖြစ်ပါတယ်။

(အရေးကြီးတဲ့  နှလုံးခုန် ရုတ်တရက် ရပ်တာမျိုး- သင်သိသင့်တာ ကတော့ နှလုံးခုန် ရုတ်တရက် ရပ်တန့်တဲ့ လက္ခာတွေ အားလုံးမှာ ဘယ်ဖက် လက်မောင်း ကိုက်ခြင်းမျိုး မဟုတ်ပါ။ မေးရိုး တလျှောက် နာကျင် လာခြင်းဟာလဲ သတိထား သင့်ပါတယ်။)

(နှလုံးခုန် ရုတ်တရက် ရပ်တန့် စဉ်အတွင်းမှာတော့ သင်ဟာ ဘယ်တော့မှ ပထမ ရင်ဘတ်နာခြင်း ကိုခံစားရမယ် မဟုတ်ပါ။ ဖျားနာခြင်းနဲ့ ချွေးထွက် လွန်ခြင်း တွေဟာလည်း အများဆုံးလက္ခဏာတွေ ပါပဲ။ ၆၀ ရာနှုန်းသော နှလုံးခုန်ရုတ်တရက် ရပ်တန့်ကြတဲ့ သူတွေ ဟာ အိပ်ပျော်နေ ယင်းကနေပြီး ပြန်လည် နိုးထလာခြင်း မရှိတော့ ပါဘူး။ မေးရိုးနာကျင်မှု့က သင့်ကို နိုးထအောင် လုပ်နိုင်ပါတယ်။ ကျွန်တော်တို့ တစ်တွေ ဂရုပြုပြီးတော့ သတိထား ရမှာပါ။ အဲတာက ကျွန်တော်တို့ ဆက်လက် အသက်ရှင် ရပ်တည်ဖို့ အခွင့်အရေးကောင်း ဖြစ်ပါတယ်။

(နှလုံးရောဂါ အထူးကု တစ်ယောက်က ပြောတာက ဒီစာကို ဖတ်မိသူ တစ်ယောက်ကနေ ပြီးတော့ နောက်ထပ် ၁၀ ယောက် ကို ဆက်ပေးပို့ မယ်ဆိုယင် သင်နဲ့  ကျွန်ုပ်တို့ ဟာ အနဲ ဆုံး အသက်တစ်ချောင်းကို ကယ်ဆယ်နိုင်မယ် ဖြစ်ပါတယ်။ ဒီဆောင်းပါးလေး ကိုဖတ်ပါ။ ပြီးတော့ မိတ်ဆွေ တစ်ယောက်ဆီကို ပို့ ပေးလိုက်ပါ။ ဒီလုပ်လုပ်ခြင်းဟာ အသက် တစ်ချောင်း ကို ကယ်ဆယ်ခြင်းမျိုးဖြစ်ပါတယ်။ ဒါကြောင့် မိတ်ဆွေ ကောင်း အဖြစ်နဲ့ သင့်သူငယ်ချင်းများ၊ မိတ်ဆွေများကို ဒီဆောင်းပါးလေးနဲ့ အတူ ဂရုတစိုက်ရှိဖို့  ပေးပို့ ဖြစ်အောင် ပို့ပေး လိုက်ပါဗျာ။

မြ၀တီ

မွေးစဉ်အလိုက်နှင့် ဆီချိုရောဂါ ဆက်စပ်မှုရှိ


မွေးစဉ်အလိုက်နှင့် ဆီချိုရောဂါ ဆက်စပ်မှုရှိမွေးစဉ်အလိုက်ပေါ် မူတည်ပြီး သားဦးကလေးတွေဟာ ဆီးချိုရောဂါ ဒါမှမဟုတ် သွေးတိုးရောဂါ ဖြစ်နိုင်ခြေ များကြောင်း လေ့လာမှုအရ တွေ့ရှိ ထားတာကို ဇီဝရုပ်ဖြစ်ပျက်မှု ဆိုင်ရာ ဂျာ နယ်မှာ ဖော်ပြထား ပါတယ်။ သားဦးကလေးတွေမှာ ခန္ဓာကိုယ်မှ သကြားဓာတ်စုပ်ယူမှု အတွက် အခက်အခဲအများဆုံးဖြစ်ပြီး နေ့ ခင်းပိုင်းမှာ တိုင်းတာတဲ့ သွေးဖိအားဟာလည်း တခြားကလေးတွေ ထက် ပိုမြင့်မားကြောင်း နယူးဇီလန်မှ လေ့လာမှု အရ သိရပါတယ်။

သားဦး ကလေးတွေမှာ အင်ဆူလင်ကို Sensitive ဖြစ်အား ဟာ ၂၁ ရာခိုင်နှုန်း ကျဆင်းတယ်လို့ သိရပါတယ်။ လေ့လာမှုမှာ အသက်လေးနှစ်နဲ့ ၁၁ နှစ် ကြား ကျန်းမာတဲ့ ကလေးငယ်ပေါင်း ၈၅ ယောက်ကို အဆီနဲ့ ဟော်မုန်း စစ်ဆေးတာ၊ ခန္ဓာကိုယ်အရပ်နဲ့ အလေးချိန် တိုင်းတာတာတို့ကို ပြုလုပ်ပြီး စစ်ဆေးခဲ့ရာ အဲဒီ အထဲမှ သားဦးကလေး ၃၂ ယောက်မှာ အင်ဆူလင် Sensitive ဖြစ်တာ ၃၁ ရာခိုင်နှုန်း လျော့ကျပြီး သွေးဖိအား အတိုင်း အတာ ၄ မှတ် တက်လာတာကို တွေ့ရှိခဲ့ရ ပါတယ်။

သားဦးကလေးတွေမှာ ကောင်းတဲ့အချက်က တခြားကလေး တွေ ထက်ပိုပြီး အရပ်ရှည်ကာ ခန္ဓာကိုယ် သေးသွယ်ကြောင်း၊ မိဘရဲ့ အရပ်နဲ့ ခန္ဓာကိုယ် အလေးချိန် အချိုးအစားပေါ်မှာ မူတည် ရင်တောင် ဒီသားဦးကလေးတွေက တခြားကလေးတွေထက် အရပ်ပိုရှည်ကြောင်း သိရပါတယ်။

အငယ်ကလေးတွေမှာ ဇီဝရုပ်ဖြစ် ပျက်မှု ခြားနားရတာဟာ သားဦးကလေး မွေးစဉ်အခါမှာ မိခင်ရဲ့ သားအိမ်အတွင်း ပြောင်း လဲမှုကြောင့် ဖြစ်ပါတယ်။ ဒီပြောင်းလဲမှုကြောင့် နောက်ပိုင်းကိုယ် ဝန်တွေမှာ သန္ဓေသားကို အာဟာရရရှိမှုလည်း ပိုများသွားပါ တယ်။ ဒီလေ့လာမှုအရ သုတေသီတွေက ကလေးတွေပေါ်မှာ အထူးအာရုံစိုက်ပြီး လေ့လာမှုတွေ ထပ်မံပြုလုပ်ရမယ်လို့ ဆိုပါ တယ်။ ဘာကြောင့်လဲဆိုတော့ အပျိုဖော်ဝင်စနဲ့ အသက်ကြီးလာ ရင် ဖြစ်ပေါ်လာမယ့် ဘဝနေထိုင်မှုပုံစံဟာ အင်ဆူလင် Sensitive ပေါ်မှာ အကျိုးသက်ရောက်မှုရှိလို့ပါ။

By Good Health 

နယူးဇီလန်တွင် လူငယ် မုဒိမ်းသမားအဖွဲ့ကို ရဲတပ်ဖွဲ့ ရှာဖွေနေ


နယူးဇီလန်တွင် လူငယ် မုဒိမ်းသမားအဖွဲ့ကို ရဲတပ်ဖွဲ့ ရှာဖွေနေ ဆယ်ကျော်သက် လူငယ်များ ဖွဲ့စည်းထားသည့် ယင်းရာဇဝတ်ဂိုဏ်းသည် Roast Busters ဟု မိမိတို့ကိုယ်ကိုယ် အမည်ပေးထားပြီး မိန်းကလေးငယ်များကို အရက်သောက်ရန် ဖြားယောင်းကာ အသိမဲ့နေချိန်တွင် အဖွဲ့လိုက် မုဒိမ်းကျင့်လေ့ရှိကြောင်း ရဲများက ပြောကြား

နယူးဇီလန် ရဲတပ်ဖွဲ့သည် အသက်မပြည့်သေးသည့် မိန်းကလေးများကို ပစ်မှတ်ထားနေသည့် လူငယ် မုဒိမ်းသမား အဖွဲ့တစ်ခုကို လိုက်လံရှာဖွေနေကြောင်း သိရှိရသည်။ ဆယ်ကျော်သက် လူငယ်များ ဖွဲ့စည်းထားသည့် ယင်းရာဇဝတ်ဂိုဏ်းသည် Roast Bustersဟု မိမိတို့ကိုယ်ကိုယ် အမည်ပေးထားပြီး မိန်းကလေးငယ်များကို အရက်သောက်ရန် ဖြားယောင်းကာ အသိမဲ့နေချိန်တွင် အဖွဲ့လိုက် မုဒိမ်းကျင့်လေ့ရှိကြောင်း ရဲများက ပြောကြားခဲ့သည်။ အဆိုပါ အဖွဲ့အကြောင်းကို ရဲများက သိရှိထားသည်မှာ (၂)နှစ်မျှ ရှိနေပြီဟု စွပ်စွဲမှုများလည်း ထွက်ပေါ်နေပြီး လက်ရှိအချိန်ထိ တစ်စုံတစ်ရာ အရေးယူမှု၊ တရားစွဲဆိုမှုမျိုး မပြုလုပ်နိုင်သေးချေ။ ယင်းအဖွဲ့သည် မိမိတို့ မုဒိမ်းမှု ကျူးလွန်သည့် ဗီဒီယိုများကိုလည်း အင်တာနက်တွင် လွှင့်တင်လေ့ရှိသည်။

(၂၀၁၁)ခုနှစ်က နယူးဇီလန် ရဲတပ်ဖွဲ့သည် ပထမဆုံးအကြိမ်အဖြစ် မိန်းကလေးငယ် တစ်ဦး၏ တိုင်ကြားမှုကို လက်ခံရရှိခဲ့သည်။ ယင်းနောက်ပိုင်းတွင် အနည်းဆုံး မိန်းကလေး(၃)ဦးမျှက ယင်းအဖွဲ့အကြောင်း ရဲများထံ အသိပေးခဲ့ကြောင်းလည်း သတင်းများက ဆိုသည်။ ယခုအခါ ဝန်ကြီးချုပ် ဂျွန်ကီး ကိုယ်တိုင်က ရဲတပ်ဖွဲ့အနေဖြင့် အဆိုပါ မုဒိမ်းမှုကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း မရှိဟု ဝေဖန်လာခဲ့ကြောင်း သိရသည်။ "ရဲတွေ အလုပ်မလုပ်ဘူးလို့ ကျွန်တော် မပြောလိုဘူး။ ဒါပေမဲ့ လက်ရှိအခြေအနေရဲ့ တိုးတက်မှု အားနည်းပုံတွေကတော့ စိတ်ပျက်စရာပဲ"ဟု ဝန်ကြီးချုပ်က မှတ်ချက်ပြုခဲ့သည်။ နယူးဇီလန် ရဲမင်းကြီး အန်နီတိုလီသည် ယခုအခါ ရဲတပ်ဖွဲ့၏ လုပ်ဆောင်ချက်များအပေါ် ပွင့်လင်းစွာ မှတ်ချက်ပေးရန်လည်း တောင်းဆိုထားသည်။ သတင်းများအရ (၂၀၁၁)ခုနှစ်က ပထမဆုံး တိုင်ကြားခဲ့သည့် သားကောင် မိန်းကလေးသည် ယခုအခါ အသက်(၁၅)နှစ်သာ ရှိသေးကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

လက်နက်မပါဘဲ နှုတ်စကားဖြင့် ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးပေးသူ


လက်နက် တစ်စုံတစ်ရာမပါ နှုတ်စကားဖြင့် ထိန်းကျောင်း၍ လူသတ်မှု ကျူးလွန်သူ တစ်ဦးအား ရဲစခန်းသို့ ပို့ဆောင် ပေးခဲ့ရသည်ဟု ဒလမြို့နယ်၊ခက်ပြေရပ်ကွက် ဥက္ကဋ္ဌ ဦးစိုးအောင်က မြန်မာ့သံတော် ဆင့်သို့ ယနေ့ ပြောကြားသည်။

၎င်းက ““သေဆုံးသူ မလုံးတုံး က ၅၁ နှစ်၊ နောက်အိမ်ထောင် ၀င်းထွဋ်(ခ) ရဲအောင်နဲ့ ပေါင်းသင်း နေတာ ငါးနှစ်ခန့် ရှိပြီ။ သူတို့က အရင်က ရွှေယမုံဦး သံထည် သင်္ဘောကြီးမှာ အစောင့် လုပ်ခဲ့တာ။ နောက်တော့ ဗိုလ်တထောင် ဘက်က အုတ်ခဲကြိုးတွေကို လက်ခတ်လှေနဲ့ ဒလဘက် ကမ်းကိုသယ်ပြီး အရောင်းအ၀ယ် လုပ်ကြတယ်။ သူတို့ လင်မယားက မကြာခဏ စကားများ ရန်ဖြစ်သလို၊ ယောက်ျားရဲ့ အထုအထောင်းလည်း အတော်ခံရတဲ့ မိန်းမပါ။ ၀င်းထွဋ်က အသက် ၃၅ နှစ်လောက် ရှိတယ်။ သူ့သမီးက သူ့အမေလည်း ပျောက်နေ တယ်။ သူ့ပထွေးလည်း ပျောက်နေတယ်လို့ ရုံးကို လာတိုင်ထား ပါတယ်။ နောက် အောက်တိုဘာ ၂ ရက်နေ့ ကတော့ သမီးဖြစ်သူ မရွှေသိန်းသူနဲ့ အတူ ၀င်းထွဋ်ယောက်ဖ ကိုနေလင်းနဲ့ ဇနီး မကြည်ကြည်ထွေးတို့ ရုံးရောက်လာပြီး လွန်ခဲ့တဲ့ ၁၅ ရက်လောက်က ၀င်းထွဋ်တို့ လင်မယား၊ ဆိပ်ကမ်းမြို့နယ် ဗိုလ်တထောင် အမှတ် ၆ ဘောတံတား ကမ်းစပ်လှေပေါ်မှာ အရက်သောက်ရင်း စကားများ ရန်ဖြစ်ရာမှ ၀င်းထွဋ်က ဒေါ်လုံးတုံး ဦးခေါင်းကို လှေပေါင်နဲ့ ဆောင့်ရာကနေ သေဆုံးသွားလို့ သန်လျင် ရေနံချက် စက်ရုံအနီး ရန်ကုန်မြစ်ထဲမှာ ဒေါ် လုံးတုံး အလောင်းကို ရေထဲ မျှောချ ပစ်လိုက်တယ်လို့ ၀င်းထွဋ်က ယောက်ဖဖြစ်သူ နေလင်းနဲ့ နှမ မကြည်ကြည်ထွေးတို့ လာရောက် ပြောသွားတယ်””ဟု ပြောသည်။ …

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ သမီးဖြစ်သူ မရွှေသိန်းသူက““ကျွန်မ အမေကို သတ်ပြီး အလောင်းဖျောက် ထားမှုနဲ့ ပတ်သက်ပြီး ၀င်းထွဋ်ကို အမှုဖွင့် ထားတယ်။ အမေ့ကို ပစ်ပယ်လို့ မရဘူး၊ ပထွေးကိုတော့ အိမ် ပေါ်တက် မခံဘူး။ အမေ့ရဲ့လိုအပ် ချက်မှန်သမျှ ကျွန်မတို့ ညီအစ်မ သုံးယောက်က ဖြည့်စွက်ပေးတယ်။ တစ်လကို လေးငါးရက်တော့ အမေက အိမ်ကို အမြဲတမ်း အ၀င်အထွက် ရှိတယ်။ မလာတာကြာတော့ စိတ် ပူတာပေါ့။ ဒါနဲ့ကြိတ် စုံစမ်းရင်း ခုလို သိတာနဲ့ တစ်ပြိုင်နက် လာပြီး အကြောင်းကြားတာပါ””ဟုပြောသည်။

ယင်းအမှုအား ဒလမြို့မ ရဲစခန်းက (ပ)၄၄၅/၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂/၅၀၁ ဖြင့် အမှု ဖွင့်ပြီး အမှုစစ် အရာရှိအဖြစ် ဒုရဲမှူး ခင်မောင်လွင် (စခန်းမှူး)ကဆောင် ရွက်သည်။

ဒုရဲမှူး ခင်မောင်လွင်က ““သူ့ သမီးက အမေပျောက်တာကို ကြိတ်စုံစမ်းတယ်။ နောက်လူပျောက်အမှု ဖွင့်ထားတယ်။ ခုတော့ ၀င်းထွဋ်ကို တွေ့တာနဲ့ ရဲလုပ်ငန်းစဉ် အတိုင်း ဥပဒေရုံး အကြံပြုချက် အတိုင်း ဆက် ပြီးဆောင်ရွက်မှာပါ။ အရက်သောက်တဲ့ အခါမှာ အသိစိတ်တွေ ပျောက်ပြီး မသိစိတ်က ဆောင်ရွက် တတ်ကြတယ်။ ခုလည်း ၀င်းထွဋ်က သူမဟုတ် သလိုပါဘဲ။ အရင်းအတိုင်း ပြောပြတယ်။ ကြိုတင် ဖြောင့်ချက် ကတော့ ကာယကံရှင် ရဲ့ဆန္ဒပေါ့လေ။ ကျွန်တော်တို့ ကတော့ ရဲလုပ်ငန်း ပြီးစီးအောင် ဆောင်ရွက်ရမှာ ပေါ့လေ””ဟု ပြောသည်။        

 စိန်မျက်ခုံး

 မြန်မာ့သံတော် ဆင့်

သင် စိတ်ဖိစီးမှု များနေကြောင်း ပြသသည့် လက္ခဏာ ငါးမျိုး


(၁) ရုံးပိတ်ရက်တွင် ခေါင်းကိုက်ခြင်း

အလုပ်လုပ်ရတဲ့ တစ်ပတ်လုံး စိတ်ဖိစီးမှု များခဲ့ တာကြောင့် လူအများစုဟာ ရုံးပိတ်ရက်မှာ ခေါင်း ကိုက်ကာ ပင်ပန်းနွမ်းနယ်တတ်ကြပါတယ်။ စိတ်ဖိစီး မှုကြောင့် ခေါင်းကိုက်တာနဲ့ ခေါင်းတစ်ခြမ်းကိုက် တာတွေလည်း ဖြစ်တတ်တဲ့အတွက် တစ်ပတ်လုံး စိတ်အေးချမ်းတည်ငြိမ်မှုရှိအောင် ကြိုးစားနေထိုင် ရင်း ရုံးပိတ်ရက်ကို ကျန်းမာလန်းဆန်းစွာ ဖြတ်သန်းပါ။

(၂) ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်း

စိတ်ဖိစီးမှုကြောင့် ဟော်မုန်းတွေကို ဟန်ချက် မညီမျှမှု ဖြစ်စေတဲ့အတွက် ရာသီလာစဉ်မှာ ကိုက်ခဲ နာကျင်မှု အဖြစ်များကြောင်း လေ့လာသူတွေက ဆို ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်တာက စိတ် ဖိစီးမှုနဲ့ ရာသီလာစဉ် ကိုက်ခဲနာကျင်တဲ့ ဝေဒနာတွေ ကို လျော့ပါးသက်သာစေပါတယ်။

(၃) ပါးစပ် နာနေခြင်း

စိတ်ဖိစီးမှုများရင် ညဘက်မှာ သွားကြိတ်တတ် ပါတယ်။ အဲဒီအခါ မေးရိုးနာကျင်မှု ဖြစ်တတ်ပါ တယ်။ မနက်အိပ်ရာထချိန် ပါးစပ်နာနေရင် သွား ကြိတ်တာကြောင့် ဖြစ်တတ်တဲ့အတွက် သွားစွပ် (Mouth Guard) တပ်ဆင်ပြီး အိပ်ရာဝင်ပါ။

(၄) အိပ်မက်ဆိုးများ မက်ခြင်း

စိတ်ဖိစီးမှုများနေရင် အိပ်မက်ဆိုး မက်နိုင်ခြေ များပါတယ်။ စိတ်ဖိစီးမှုကြောင့် အိပ်စက်မှုစက်ဝန်း ကို အဟန့်အတားဖြစ်စေတဲ့အတွက် အိပ်မပျော်နိုင် လည်း ဖြစ်ရတတ်ပါတယ်။ ဒါကြောင့် ကဖင်းဓာတ် နဲ့ အယ်လ်ကိုဟောကို အိပ်ချိန်နဲ့ ကပ်ပြီး မသောက် သုံးပါနဲ့။ အိပ်ရာမဝင်ခင် တရားထိုင်တာ၊ သီချင်း အေး အေးနားဆင်တာနဲ့ စာဖတ်တာတို့ ပြုလုပ်ရင်း စိတ်ဖိ စီးမှုကို ဖြေလျှော့ပေးပါ။

(၅) သွားဖုံးသွေးယိုခြင်း

စိတ်ဖိစီးမှု ဟော်မုန်း ကော်တီစောမြင့် တက်တာ က ကိုယ်ခံစွမ်းအား စနစ်ကို ထိခိုက်စေပြီး သွားဖုံးထဲ ကို ဘက်တီးရီးယားတွေ ကျူးကျော်ဝင် ရောက်ဖို့ ခွင့်ပြုသလို ဖြစ်သွား ပါတယ်။ သွားနဲ့ သွားဖုံး ကျန်းမာ ရေးကောင်းအောင် သွားတိုက်တံနဲ့ တစ်နေ့ နှစ်ကြိမ် တိုက်ပါ။ စိတ်ဖိစီးမှု လျော့ကျစေဖို့ လေ့ကျင့်ခန်းလုပ် ပြီး အိပ်ရေးဝဝ အိပ်စက်အနားယူ ပေးရပါမယ်။

ကြယ်စင်
By Good Health 

ထိုင်းဘုရင့်မြေးတော် ဆီးဂိမ်းတွင် ၀င်ရောက်ယှဉ်ပြိုင်မည်


မြန်မာနိုင်ငံ၌ ကျင်းပပြုလုပ်မည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်း အားကစားပြိုင်ပွဲတွင် ထိုင်းဘုရင့် မြေးတော် Sirivannavari  မင်းသမီးသည် မြင်းစီး အားကစားပြိုင်ပွဲ၌ လာရောက် ယှဉ်ပြိုင်မည် ဖြစ်သည်ဟု အောက်တိုဘာ ၄ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ထိုင်းသံရုံးမှ  ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက မြန်မာသံတော်ဆင့်သို့ အတည်ပြု ပြောကြားခဲ့သည်။ ““မင်းသမီး ဆီးဂိမ်းမြင်းစီး ပြိုင်ပွဲတွင် လာရောက် ယှဉ်ပြိုင်မှာ ဟုတ်တယ်။ နောက်ထပ်ကတော့ သူတို့ လာကာနီးကျမှ သတင်းဆက်လက် ထုတ်ပြန်သွားမယ်”” ဟု ၎င်းက ထပ်မံပြောကြားသည်။

ထိုင်းဘုရင့်မြေးတော် Sirivannavari မင်းသမီးသည် Chitralada ကျောင်းတွင် မူလတန်းနှင့် အလယ်တန်းကို တက်ရောက်ခဲ့ပြီး အထက်တန်းတွင် အနုပညာကို စိတ်ဝင်စားကာ အ၀တ်အစားဖက်ရှင်နှင့် အထည်ချုပ် ပညာတို့ကို ချူလာလောင်ကွန် တက္ကသိုလ်တွင် သင်ကြားကာ အားကစားကိုလည်း များစွာ စိတ်ဝင်စားသည်။ ထိုင်းနိုင်ငံ ကိုယ်စားပြု ကြက်တောင်အားကစားကို ၂၀၀၇ ခုနှစ် ထိုင်းနိုင်ငံ၌ ကျင်းပသော ၂၄ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည်။ …

ထိုင်းအိမ်ရှေ့မင်းသား Maha Vajiralongleorn ၏ သမီးတော်သည် ၁၉၈၇ ခုနှစ်၊ ဇန်န၀ါရီ ၈ ရက်နေ့တွင် မွေးဖွားပြီး ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်သည်။ မိဘများ ကွဲကွာသည့် နောက်ပိုင်းတွင် အမေ၊ အစ်ကို တို့နှင့်အတူ အင်္ဂလန် နိုင်ငံသို့ ပြောင်းရွှေ့ခဲ့ပြီး အဘိုးဘုရင် Bhumibol Adulyadej ၏ ရွေးချယ် တင်မြှောက်မှုဖြင့် ၂၀၀၅ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင် တော်ဝင် မင်းသမီးအဖြစ် တင်မြှောက် ခံခဲ့ရသည်။ ၂၀၀၈ ခုနှစ်တွင် Forbes မဂ္ဂဇင်းက ထုတ်ပြန်ခဲ့သည့် 20 Hottest Young Royals စာရင်းတွင်  အဆင့် ၁၆ နေရာတွင် ပါဝင်ခဲ့သည်။

အေမီ
Myanmartandawsint Newspaper

မိုးစက်ဝိုင် မနက်ဖြန် မြန်မာပြည်ပြန်လာမယ်


ဒီနှစ်အတွက် မယ်စကြာဝဠာ သရဖူကို ဗင်နီဇွဲလား အလှမယ် ရရှိသွားပါပြီ။
ပြိုင်ဘက် အယောက် ၈၀ ကျော်ကို ကျော်ဖြတ် ရရှိသွားတာပါ။ သူ့ပြိုင်ဘက်များထဲမှာ မြန်မာပြည်ကိုယ်စားပြုအလှမယ် မိုးစက်ဝိုင်လည်း ပါဝင်ပါတယ်။

ပြိုင်ပွဲကာလတလျှောက် အစီအစဉ်များစွာအတွက် မော်စကိုမှာ နေထိုင်လှုပ်ရှားရတာ အင်မတန် ပင်ပန်းပါတယ် လို့ မိုးစက်ဝိုင်က ဆိုပါတယ်။ မနက်ဖြန် မြန်မာပြည် ပြန်လာပါမယ် တဲ့။

ဒီအကြောင်း ... လွန်ခဲ့တဲ့ ၅ နာရီခန့်က မိုးစက်ဝိုင်ရဲ့ဖေ့စ်ဘုတ်မှာ တင်လိုက်တာပါ။
အပြည့်အစုံကို ကူးယူ ဖော်ပြပေးလိုက်ပါတယ် -

မိုးစက်ချစ်သော ပရိတ်သတ်ကြီး... မင်္ဂလာပါရှင်...
ဒီနေ့ မိုးစက် လူရော စိတ်ပါ အရမ်းပင်ပန်းနေပေမယ့်... မနက်ဖြန်ညနေလေယာဉ်နဲ့ မြန်မာပြည်ကိုပြန်ရမှာမို့.. ပစ္စည်းတွေသိမ်းနေတုန်းပါ... ခု ရုရှားမှာ မနက် ၆ နာရီရှိပါပြီ..

မိုးစက် အနေနဲ့လည်း အမိနိုင်ငံတော်ကြီးအတွက် ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် ကြိုးစားခဲ့ပေမယ့် ... မျှော်လင့်ခဲ့တဲ့ ဆုများ မိုးစက်နဲ့အတူ ပြန်သယ်မလာခဲ့နိုင်တဲ့ အတွက် မိုးစက်အထူးပဲ စိတ်မကောင်းဖြစ်မိပါတယ်... နောက်ရက်တွေမှာ ပရိတ်သတ်ကြီး ဆန္ဒရှိမယ်ဆို.. ပြိုင်ပွဲပုံများကိုတင်ပေးပါ့မယ်နော်...

မြန်မာပြန်ရောက်ရင် Miss Universe Myanmar အနေနဲ့ ပရဟိတလုပ်ငန်းတွေမှာ ပါဝင်ရင်း ပရိတ်သတ်ကြီး မိုးစက်အပေါ်ပင်ပင်ပန်းပန်းနဲ့ ကူညီပေးခဲ့တာတွေအပေါ်ပြန်လည်ပေးဆပ်သွားပါ့မယ်..

ချစ်တဲ့ Moe Z

မူဆယ်တွင် လူသုံးဦး မီးလောင်ဒဏ်ရာများဖြင့်သေဆုံး


ဒေသခံအချို့က အဆိုပါဖြစ်စဉ်မှာ လူသတ်မီးရှို့ခံရသည်ဟု ယူဆနေပြီး လူသတ်မှုများ မကြာခဏဖြစ်ပွားနေ၍ ထိတ်လန့်နေ

အောက်တိုဘာ ၆ ရက် ညက မူဆယ်မြို့နယ် ဆယ်လန့် ကျေးရွာရှိ လက်ဖက်စိုက်ခင်းတွင် နေထိုင်သည့် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး မီးလောင်ဒဏ်ရာများဖြင့် သေဆုံးနေပြီး ဖြစ်စဉ်မှန်ကို စုံစမ်းစစ်ဆေးနေကြောင်း မူဆယ်မြို့မရဲစခန်းမှ သတင်းရရှိသည်။

မူဆယ်မြို့နှင့် ခုနစ်မိုင်ခန့် ကွာဝေးသော ဆယ်လန့်ကျေးရွာရှိ လက်ဖက်စိုက်ခင်းတွင် နေထိုင်သည့် လီဆူးအမျိုးသား စိုင်းအိုက်ပေါင်းဆိုသူနှင့် လီဆူးလူမျိုး အမျိုးသမီးတစ်ဦး၊ အမျိုးသားတစ်ဦးတို့ ခန္ဓာကိုယ်မီးလောင်ကျွမ်းသောဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း မူဆယ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။
““ဖြစ်စဉ်ကိုတော့ မြို့နယ်နဲ့ ခရိုင်အဆင့် ရဲအရာရှိတွေ စစ်ဆေးနေတုန်းပါ။ အသေးစိတ်အချက်အလက်ကိုတော့ ပြောခွင့်မရှိပါဘူး”” ဟု အဆိုပါ ရဲအရာရှိက ပြောသည်။
မီးလောင်ဒဏ်ရာများဖြင့် သေဆုံးနေသော လီဆူးလူမျိုးသုံးဦးမှာ မိသားစုလိုက်နေထိုင်ကြသူများဖြစ်ပြီး အနေအထိုင်ရိုးအေးကာ ၎င်းတို့သေဆုံးခဲ့သည့် ဖြစ်စဉ်ကြောင့် မြို့နယ်တွင် သွားလာနေထိုင်ရသည်ကို စိုးရိမ်ထိတ်လန့်နေကြောင်း ဒေသခံများက ပြောသည်။
““ရဲတပ်ဖွဲ့က တိတိကျကျ မပြောဘူး။ သုံးယောက်စလုံးမှာ မီးလောင်ဒဏ်ရာအပြင် ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေပါ ရထားတာ။ အဲဒီထဲက တစ်ယောက်ဆိုရင် မီးလောင်ဒဏ်ရာကြောင့် ရုပ်တောင်ပျက်နေပြီ””ဟု ဆယ်လန့် ကျေးရွာသားတစ်ဦးကပြောသည်။ ထို့အပြင် ဖြစ်စဉ်အမှန်ကို ဆယ်လန့်ရွာသားများက အမြန်ဆုံးသိရှိလိုကြောင်း ၎င်းကပြောသည်။
အဆိုပါလီဆူးလူမျိုးသုံးဦး မီးလောင်ဒဏ်ရာများဖြင့် သေဆုံးသည့်အမှုကို မူဆယ်မြို့မရဲစခန်းတွင် သေမှုသေခင်းဖွင့်လှစ်ထားပြီး စစ်ဆေးနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။
မူဆယ်မြို့ပေါ်တွင် ဒုစရိုက်မှုများ မကြာခဏဖြစ်ပွားနေပြီး ပြီးခဲ့သည့်လက လေးရက်အတွင်း လုယက်မှု ငါးကြိမ်ဖြစ်ပွားခဲ့သည်။ နေ့လယ်ခင်းပိုင်းလုယက်မှုတစ်ခုတွင် အမျိုးသမီးတစ်ဦးမှာ ဓားဖြင့် မျက်နှာကို လှီးဖြတ်ခံခဲ့ရပြီး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။
ထို့အပြင် မူဆယ်မြို့ပေါ်တွင် ဖွင့်လှစ်ထားသည့် ဆေးခန်းအား နေ့လယ်ခင်းပိုင်း ၀င်ရောက်လုယက်မှု ဖြစ်ပွားခဲ့ပြီး အဆိုပါဆရာဝန်လည်း ဒဏ်ရာရရှိခဲ့သည်။
 နိုဝင်ဘာ ၅ ရက်ညကလည်း မူဆယ်မြို့အေးရှားဝေါလ်တိုးဂိတ်အနီးတွင် ကားစီးလာသည့် အမျိုးသားငါးဦးအား နယ်မြေလုံခြုံရေးတာဝန်ယူထားသည့် တပ်မတော်သားများက သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရရှိခဲ့သည်။

တရုတ်နိုင်ငံနှင့် နယ်ချင်းစပ်နေပြီး လက်နက်ကိုင်အဖွဲ့အစည်းများလည်းရှိနေသည့် မူဆယ်မြို့တွင် ယခုကဲ့သို့ ဖြစ်စဉ်များ မကြာခဏဖြစ်ပွားနေမှုမှာ ဒေသခံများအတွက် အလွန်စိုးရိမ်စရာကောင်းကြောင်း မူဆယ်မြို့မှ ဥပဒေပညာရှင်တစ်ဦးကပြောကြားသည်။

7DAY DAILY