ငှက်ဖျားနှင့် တီဘီဝေဒနာရှင် အမျိုးသားတစ်ဦး ဆေးဖိုးမတတ်နိုင်၍ ကြိုးဆွဲချသေဆုံး


ဒိုက်ဦး၊ သြဂုတ် ၁၀

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် အမှတ် (၄) ကျောင်းစုရပ်ကွက် မာလာလမ်းရှိ နေအိမ်တစ်လုံးတွင် သြဂုတ်လ ၈ ရက် နံနက် ၃ နာရီခွဲက အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့ကြောင်း ရပ်ကွက်နေထိုင်သူများထံမှ သိရှိရသည်။

အဆိုပါအမျိုးသားသည် ၎င်းနေအိမ်၏ ဝရန်တာသစ်သားတန်းတွင် ခရီးဆောင်အိတ်ကြိုးကို အသုံးပြုကာ အဆုံးစီရင်ခဲ့ကြောင်း ရပ်ကွက်နေထိုင်သူများထံမှ သိရသည်။

“တစောင်းလေးပဲ တုံးလုံးလဲနေတာ။ ကြိုးကလည်း တိုတိုလေး။ ချည်တဲ့နေရာကလည်း နိမ့်နိမ့်လေး” ဟု အမှတ် (၄) ကျောင်းစုရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်က ပြောကြားသည်။

သေဆုံးသူသည် ငှက်ဖျားရောဂါနှင့် တီဘီရောဂါဝေဒနာ ခံစားနေရပြီး အိမ်ထောင်ကွဲနေသူလည်း ဖြစ်ကြောင်း၊ ဆင်းရဲနွမ်းပါး၍ ဆေးကုသရန် ဆေးဖိုးမတတ်နိုင်သဖြင့် ကိုယ်တိုင်အဆုံးစီရင်ခြင်း ဖြစ်နိုင်ကြောင်း ၎င်းကမှတ်ချက်ပြု ပြောကြားသည်။

အဆိုပါ သေဆုံးမှုကို သေမှုသေခင်း အမှတ် ၆/၁၃ ဖြင့် ဖွင့်လှစ်ကာ စစ်ဆေးလျက်ရှိကြောင်း ဒိုက်ဦးမြို့နယ် ရဲစခန်းထံမှ သိရှိရသည်။

ဒိုက်ဦးမြို့နယ် သရက်တော်ကျေးရွာတွင် မေလက အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးဖူးခဲ့ကြောင်း ယင်းမြို့နယ်ရဲစခန်းထံမှ သိရှိရသည်။

မိုးနေ
The Voice Weekly

မြန်မာတက္ကသိုလ်များကို အဆင့်ခွဲခြားခြင်း၊ အကဲဖြတ်ပြီး ဇယားစီခြင်း


ဒီနှစ်တွေမှာ တက္ကသိုလ်တွေကို ဘယ်ဟာကပိုကောင်းတယ်၊ ဘယ်နေရာမှာ ပိုကောင်းတယ် ဆိုတာ အဆင့်ဆင့်ခွဲပြီး စီပြတာ ခေတ်စားလာပါတယ်။ တက္ကသိုလ် တစ်ခုနဲ့တစ်ခု၊ စီးပွားရေးကျောင်း တစ်ခုနဲ့တစ်ခုကို သူတို့ဆီလျှောက်တဲ့၊ သူတို့လက်ခံတဲ့ ကျောင်းသားတွေ အရည်အချင်း၊ ဆရာတွေရဲ့ သုတေသန စွမ်းဆောင်ရည်၊ သူတို့ထုတ်ပြန်တာကို ထုတ်ဝေတဲ့ ဘယ် အဆင့်မြင့်ဂျာနယ်တွေမှာ ပါတယ် ဆိုတာတွေ၊ စာသင်ပြကောင်းတာ၊ အဆောက်အအုံ (စာကြည့်တိုက်၊ လက်တွေ့ခန်း၊ အဆောက်အအုံ) အဆင့်မီတာ၊ ဟိုတုန်းက ဆိုရင် အင်တာနက် ဘယ်လောက်မြန်တယ် ဆိုတာလည်းပါသေး။ ဒါ့အပြင် တက္ကသိုလ်ရဲ့ အစဉ်အလာ အဆင့်အတန်းရှိမှု၊ လူလေးစားခံရမှု၊ သူ့ဘွဲ့ရတွေ အပေါ်မှာ လူအထင်အမြင်ကြီးခံရမှု တွေကိုကြည့်ပြီး ဒီကျောင်းကတော့ဖြင့် ဟိုကျောင်းထက် ပိုကောင်းတယ်၊ ဟိုနိုင်ငံက ဒီကျောင်းကဒီနိုင်ငံက ကျောင်းနှစ်ခုနဲ့ယှဉ်ရင် တစ်ခုထက်မြင့်ပေမယ့် နောက်တစ်ခုထက် နိမ့်တယ်လို့ ပြောတာကို Ranking လုပ်တယ် ခေါ်ပါတယ်။

ကမ္ဘာပေါ်မှာ ဒီလို Rank လုပ်တဲ့ အဖွဲ့အစည်းတွေ ရှိပါတယ်။ တစ်ခုနဲ့တစ်ခု လုပ်ပုံလုပ်နည်း ကွဲကြတယ်။ အကဲဖြတ် အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ ရှန်ဟိုင်းယောင်တုန်း (Shanghai Jiao Tong) ရဲ့ ကမ္ဘာ့တက္ကသိုလ် အကဲဖြတ်စာရင်း Academic Ranking of World Universities (ARWU) မှာက တက္ကသိုလ်တွေကို စီတဲ့အခါမှာ နိုဘယ်လ်ဆုရှင်၊ အေဘယ်လ်ဆုရှင်၊ ဖီးလ် ဆုတံဆိပ်ရှင်တွေ ဒီကျောင်းက ဘယ်လောက်ထွက်တယ်၊ ဆရာထဲမှာ အဲလိုလူတွေ ရှိတယ်ဆိုတာနဲ့ တိုင်းပါတယ်။ ဂျာနယ်ဆိုရင်လည်း အရမ်းပါဖို့ခက်တဲ့ Nature, Science, Cell, Neuron တို့ကိုပဲ လူရာသွင်းတော့ ရှေးဟောင်းတက္ကသိုလ် တွေက ပိုပြီးနေရာရပါတယ်။ အင်္ဂလန်က ဆန်းဒေးတိုင်းမ်ရဲ့ အဆင့်မြင့်ပညာရေး အချပ်ပို Ranking (Time Higher Education Supplementary - THES) ကတော့ Nobel/Abel/Medals တွေအစား အရမ်းကို အညွှန်းခံရတဲ့ သုတေသန ပညာရှင် ပါမောက္ခတွေ (Highly Cited Researchers) တွေ၊ ကျောင်းရဲ့ အရှိန်အဝါ၊ ကျောင်းသားတွေ အလုပ်ရမရ၊ အလုပ်ရှင်တွေရဲ့အမြင်၊ တခြားကျောင်းက ဆရာတွေ၊ နိုင်ငံတကာက ပါမောက္ခတွေရဲ့ ကျောင်းနဲ့ သူ့ဆရာမတွေရဲ့ အမြင်တွေကိုပါ ထည့်စဉ်းစားပြီး ဘယ်ကျောင်းက ဘယ် ကျောင်းရဲ့အထက်မှာ ရှိမဟဲ့ ဆိုပြီး စီပါတယ်။ တချို့ကျတော့လည်း ကျောင်းကပြီးတဲ့ ထဲမှာ အောင်မြင်တဲ့လူ ဘယ်လောက်ရှိလဲ၊ ဘယ်နှစ်ယောက်က နိုင်ငံစုံ ကော်ပိုရေးရှင်း ကြီးတွေ အဖွဲ့အစည်းတွေကို အုပ်ချုပ်တဲ့သူ၊ ဦးဆောင်တဲ့သူ၊ တည်ထောင်တဲ့သူ ဘယ်လောက်ရှိလဲ စစ်ဗိုလ်ချုပ်၊ ရဲချုပ်၊ အမတ် (အထက်လွှတ်တော်)၊ ပါမောက္ခ၊ နိုင်ငံသိ၊ ကမ္ဘာကျော် အနုပညာရှင်၊ စာနယ်ဇင်းသမား ဘယ်လောက်ထွက်လဲ သူ့ဆရာတွေ က အပြင်ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို ကြေးကြီးကြီးယူပြီး အကြံဉာဏ်ပေးနိုင်တဲ့ လူ၊ လုပ်ငန်းရှင်တွေက ဆရာတင်ရတဲ့ လူတွေ ဆရာထဲမှာ ရှိတာတွေလည်း Ranking မှာ ပါပါတယ်။ နိုင်ငံခြားက လာတက်တဲ့လူတွေလည်း ထည့်ပြီး အမှတ်ပေးကြတယ်။

အဲဒီတော့ ကျောင်းတစ်ခုက ဒီစာရင်းမှာတော့ အဆင့်မြင့်ပြီး နောက်တစ်ခုမှာက နိမ့်နေနိုင်တယ်။ နည်းနည်းသိတဲ့ လူတွေက ဒီကျောင်းက ဟိုဟာကြောင့် ဒီမှာ အမှတ်တက်သွားတာ၊ ဒါပေမဲ့ဘယ်လိုမှ ဟိုကျောင်းထက် ပိုမသာနိုင်ဘူးလို့ ဟားကြတယ်။ နိုဘယ်လ်ဆုရတာနဲ့ တွက်မယ်ဆိုရင် သူက ဒီကကျောင်းပြီးသွားတာ ဟုတ်ပေမယ့် သူ ဆုရတဲ့အဆင့်ရှိအောင် လုပ်ခဲ့တာ ဟိုကျောင်းလေ ဆိုပြီး ထောက်ပြကြပါတယ်။ နိုင်ငံခြားသားကျောင်းသား ဆိုရင်လည်း ဈေးပေါလို့၊ ဝင်ရလွယ်လို့၊ ဘွဲ့ရဖို့ချောင်လို့၊ ပညာတော်သင် အလကားရလို့ လာတက်ကြတာ ရှိသလို တစ်ကမ္ဘာလုံးမှာ အကောင်းဆုံးမို့လို့ လာတက်ကြတဲ့ နိုင်ငံခြားသားချင်း အတူတူလို့ ပြောလို့မရဘူးလေ။ ဘာပြောပြော တက္ကသိုလ်ကျောင်းတွေကို အမှတ်ပေး၊ အကဲဖြတ်၊ အဆင့်ခွဲစီပြီး လူသိအောင် ကြော်ငြာတာ ကောင်းတဲ့ရလဒ်တွေ ရစေတယ်။ အနည်းဆုံးတော့ လူတွေ အဆင့်မြင့် ပညာရေးကို ပိုပြီး စိတ်ဝင်စားလာတာပေါ့။

ဒီဇယားတွေကြည့်ပြီး ၁၉ နှစ်သားက တက္ကသိုလ်ရွေးနိုင်သလို မန်နေဂျာ ပေါက်စကလည်း ဘယ်စီးပွားရေးကျောင်း၊ စီမံခန့်ခွဲရေးကျောင်း သွားပြီး အမ်ဘီအေ (MBA) ယူရမလဲ တွက်လို့ရတယ်။ ဦးဆောင်တဲ့လူတွေ၊ ပေါ်လစီချတဲ့လူတွေ ကလည်း သူတို့လုပ်တာ မှားသွားလား၊ မှန်ခဲ့လား ဆိုတာ ဒီဇယားမှာ သူ့ကျောင်း၊ သူ့နိုင်ငံက ကျောင်းတွေတက်လာလား၊ ထိုးဆင်းသွားလား ဆိုတာကို ကြည့်ပြီး မှန်းနိုင်သလို စီးပွားရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှုဘုတ်အဖွဲ့လို ဟာက လူတွေလည်း ဒီဇယားကို သုံးပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ပိုဝင်လာအောင် လုပ်လို့ရနိုင်တယ်။ ဥပမာ - ရန်ကုန် စက်မှုတက္ကသိုလ်က ကမ္ဘာမှာ အဆင့် ၄၉၉ မှာ ချိတ်ရင် ကမ္ဘာမှာရှိတဲ့ တက္ကသိုလ်ပေါင်း ငါးသောင်းမှာ ပါတယ်လို့ ပြောနိုင်ပါတယ်။ ပတ္တမြားဆောင်က အမ်ဘီအေဟာ ကမ္ဘာပေါ်မှာ အဆင့် ၃၉၉ မှာစွဲရင် ရှိသမျှ အမ်ဘီအေ ကျောင်းတွေထဲမှာ အပေါ်ဆုံး ၁ ရာခိုင်နှုန်း မှာပါတယ်လို့ ကြေညာလို့ ရပါတယ်။ လူဦးရေ သန်း ၆၀၀၀-၇၀၀၀ ရှိတဲ့ ကမ္ဘာပေါ်မှာ တက္ကသိုလ်တွေ သီးခြားရပ်တည်တဲ့ စီးပွားရေးကျောင်းတွေ သောင်းပေါင်းများစွာ ရှိတာမို့ ထိပ်ပိုင်း ၅၀၀ မှာဝင်ဖို့ တောင် တော်တော်လုပ်ရမှာပါ။ တစ်ချိန်မှာတော့ မြန်မာတက္ကသိုလ်တွေ ထိပ်ပိုင်း ၃၀၀ ကို မမှန်းနိုင်သေးရင်တောင် ထိပ်ပိုင်း ၅၀၀ မှာဝင်ဖို့ စိတ်ကူးယဉ်သင့်ပါပြီ။

ဒီဇယားတွေရဲ့ အဆင့်မြင့်မြင့်မှာ ပါဖို့က ကျောင်းတွေအဖို့ အရေးကြီးသလို ကိုယ့်ကို သူများနဲ့ယှဉ်ပြီး ဘယ်သူထက်တော့ သာတယ်။ ဘယ်သူ့လောက်တော့ မမီသေးဘူး ဆိုတာ ကိုယ့်ဘာသာတောင် မှန်းရခက်ပါတယ်။ ဥပမာ ရန်ကုန်နည်းပညာ တက္ကသိုလ်ကို စင်ကာပူက နန့်ယန်းနဲ့ ယှဉ်ရင်တောင် မတူတာတွေ ရှိပါတယ်။ ရန်ကုန်ကျောင်းက အင်ဂျင်နီယာနဲ့ ဗိသုကာဘွဲ့ပဲ ပေးပြီး နန့်ယန်းကျောင်းက စာရင်းကိုင်ဆရာဖြစ်သင် ကျောင်းလက်မှတ်၊ အမ်ဘီအေ၊ ကွန်ပျူတာပညာအပြင် အခု ဆေးကျောင်းပါ ဖွင့်လာပါပြီ။ မြန်မာနိုင်ငံမှ မဟုတ်ပါဘူး။ လန်ဒန်က ကျောင်းတွေတောင် တစ်ခုနဲ့တစ်ခု ယှဉ်ဖို့ဆိုတာ တော်တော်ခက်ပါတယ်။

နည်းပညာနဲ့ ဆေးကျောင်းကောင်းတဲ့ Imperial College နဲ့ အရှေ့တိုင်းကျောင်း SOAS (ဒေါက်တာသန်းထွန်း သုတေသန လုပ်ခဲ့တဲ့ကျောင်း) ကို ယှဉ်ရင် ရန်ကုန်နည်းပညာ တက္ကသိုလ်နဲ့ ရန်ကုန်တက္ကသိုလ် သမိုင်းနဲ့ စိတ်ပညာဌာနတွေကို ယှဉ်ရသလို ဖြစ်မှာပါ။ အလုပ်တစ်ဖက်နဲ့ တက်ကြတဲ့ ဗစ်ဗက်ကောလိပ် (နိုဘယ်လ်ဆု ရတဲ့လူတွေ သုတေသနလုပ်တဲ့ ညကျောင်း) နဲ့ နေ့ကျောင်းသားများတဲ့ ယူနီဗာစတီကောလိပ် လန်ဒန်ဟာ လန်ဒန်တက္ကသိုလ် အောက်ကချင်း တူပေမယ့် ယှဉ်ဖို့ခက်ပါတယ်။

ပိုရှုပ်တာက တချို့ကျောင်းတွေက ကျောင်းဝင်းမရှိပါဘူး။ ဥပမာ - အောက်စဖို့ဒ် (Oxford)၊ ကိန်းဗရစ် (Cambridge)၊ ဒါဟမ်း (Durham) တို့က မြို့နဲ့ကျောင်းနဲ့ တွဲနေတဲ့ တက္ကသိုလ်မြို့လေးတွေမှာ ရှိပြီး Campus မရှိပါဘူး။ ကျောင်းသစ်တွေဖြစ်တဲ့ ဝေါရစ် (Warwick) တို့ကျတော့ မြန်မာနိုင်ငံက၊ စင်ကာပူက၊ အမေရိကက ကျောင်းတွေလို ကျောင်းပရဝုဏ် (Campus) ရှိပြီး သူတို့တွေကို ယှဉ်ရခက်ပါတယ်။ အောက်စဖို့ဒ်တက္ကသိုလ်မှာ ကောလိပ်သုံးဆယ်ရယ် လူနေဆောင် ခုနစ်ခုရှိပြီး တချို့ကောလိပ်တွေက ဝင်ဖို့ ပိုခက်ပါတယ်။ အကြမ်းဖျင်း ပြောရရင် အောက်စဖို့ဒ်က လူမှုသိပ္ပံနဲ့ ဆေးပညာ၊ ကိန်းဘရစ်က သဘာဝသိပ္ပံနဲ့ အင်ဂျင်နီယာ ဘာသာရပ်တွေ ကောင်းတယ်ပြောရင် ရပေမယ့် တချို့ဘာသာရပ် တွေမှာ အောက်စဖို့ဒ်နဲ့ ကိန်းဘရစ်လောက် ဂုဏ်ရှိန် ဂုဏ်ဝါ မကျော်စောသေးတဲ့ ကျောင်းတွေက ပိုမသာရင်တောင် တန်းတူရည်တူ ဖြစ်နေနိုင်ပါတယ်။

သင်္ချာမှာဆိုရင် အောက်စဖို့ဒ်ထက် ကိန်းဘရစ် (Cambridge) နဲ့ ဝေါရစ် (Warwick) တို့က ပိုပြီးကောင်းတယ်လို့ သိတဲ့လူတွေက လက်ခံကြပါတယ်။ ဘောဂဗေဒမှာ ဆိုရင် သွားလေသူ အမေရိကန်သမ္မတဟောင်း ကနေဒီ (John F. Kennedy) လာတက်ခဲ့တဲ့ လန်ဒန်စီးပွားရေးနဲ့ နိုင်ငံရေး သိပ္ပံကျောင်း (London School of Economics and Political Science) က အောက်စ်ဘရစ် (Oxbridge) လို ကောင်းပါတယ်။ စီးပွားရေးစီမံခန့်ခွဲမှုဘွဲ့ ကျတော့ ဝေါရစ်က မဆိုးလှဘူးလို့ ဘိလပ်သားတွေက မြင်ကြပါတယ်။ ဘိလပ်မှာက စီးပွားရေးကျောင်း (School of Economics), စီးပွားရေး စီမံခန့်ခွဲမှုကျောင်း (Business Schools) နဲ့ အုပ်ချုပ်မှု ပညာရပ်ကျောင်း (Management School) ဆိုပြီး ခွဲခြား သတ်မှတ်ကြပါတယ်။

ဒါကြောင့် ကိုယ်တို့အနေနဲ့ ကိုယ့်ကျောင်းတွေကို ယှဉ်တိုင်းပြီး တန်းရဲ့ ခွဲဇယား ထိုးရင် စဉ်းစားစရာတွေက ဘာတွေကို ကြည့်ပြီး ခွဲခြားမယ်။ ဘယ်ကျောင်းနဲ့ ဘယ်ကျောင်းကို ယှဉ်ကြည့်လို့ ရတယ် ဆိုတာတွေ ပြိုင်စဉ်းစားရပါမယ်။ ပန်းသီးနဲ့ ပန်းသီးယှဉ်ရမှာဖြစ်သလို အရည်ရွှမ်းတာ ကြိုက်လား၊ ချဉ်တာ ပိုကျန်းမာစေလား၊ ကျွတ်ကျွတ်လေးကြိုက်တာလား တွေနဲ့ ဘယ်ပန်းသီးက ပိုကောင်းတယ် ပြောရမှာ ဖြစ်ပါတယ်။ မင်းကွတ်သီးနဲ့ ပန်းသီး ဘယ်ဟာ ပိုကောင်းတယ် ပြောရခက်သလိုပေါ့။

(ဆက်လက်ဖော်ပြပါမည်။)

အောင်ကျော်စိုး
(စာရေးသူသည် ယခုအခါ သြစတြေးလျ နိုင်ငံတွင် သိပ္ပံဘာသာရပ်ဆိုင်ရာ ပါရဂူဘွဲ့ အတွက် ပညာဆည်းပူးလျက်ရှိပြီး နိုင်ငံတကာ ပညာရေးစနစ်များနှင့် ပတ်သက်၍ သုတေသန ပြုလျက်ရှိသည်မှာ ဆယ်နှစ်နီးပါးခန့် ရှိပြီဖြစ်သည်။ မြန်မာ့ပညာရေးနှင့် ပတ်သက်၍ လိုအပ်ချက်များစွာ ရှိနေရာတွင် နိုင်ငံတကာတွင် လုပ်ဆောင်လေ့ ရှိသော နည်းစနစ်နှင့် အံဝင်ရေးအတွက် မြန်မာ့ပညာရေး တွင်လည်း တက္ကသိုလ် များတွင် လုပ်ဆောင်နိုင်သည်များ ရေးသားထားသည် များကို ဖော်ပြလိုက်ပါသည်။)
The Voice Weekly

ဇနီးကိုသတ်သူ အင်းတကော်ရဲက ဖမ်းလိုက်ပြီ


ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့နယ်၊ အင်းတကော်ကျေးရွာ ရဲစခန်း အပိုင်၊ သပြေကုန်းကျေးရွာတွင်
(၉.၈.၂၀၁၃)နေ့ ည(၇း၀၀)အချိန်ခန့်က အမျိုးသမီးတစ်ဦး ဦးခေါင်းတွင် ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရသည်။

သတင်းအရ အင်းတကော် ရဲစခန်းမှူး ရဲအုပ်ကျော်တင်ဦးနှင့်အဖွဲ့မှ သွားရောက် စစ်ဆေးရာ ထိုကျေးရွာနေ ဒေါ်သန်းသန်းမြင့်၊ အသက်(၅၅)နှစ်မှာ ၄င်းနေအိမ်ဘေးရှိ လူမနေသော အိမ်ခြံထဲတွင် နောက်စေ့ ဒါဏ်ရာဖြင့် သေဆုံးနေကြောင်း တွေ့ရှိရသည်။

စခန်းမှူးနှင့် အဖွဲ့ မှ ဆက်လက် စစ်ဆေးဖော်ထုတ်ရာ တရားခံ ဒေါ်သန်းသန်းမြင့်၏ ခင်ပွန်းချိုကြီး၊
အသက်(၃၇)နှစ်အား လှည်းကူးမြို့နယ်၊ အလံတပိုကျေးရွာတွင် ဖမ်းဆီးရမိခဲ့သည်။

အမှုဖြစ်စဉ်မှာ ထိုနေ့ညက ဒေါ်သန်းသန်းမြင့်၏ ဒုတိယအိမ်ထောင် ချိုကြီးမှ နင့်သမီးကို ငါယူမယ်ဟု ပြောသဖြင့် ဒေါ်သန်းသန်းမြင့်မှ တွန်းလိုက်ရာ ချိုကြီးက စိတ်ဆိုးပြီး နှစ်တောင်ခန့်ရှိသော ဒုတ်ဖြင့် နောက်မှ နောက်စေ့အားရိုက်ရာ ဒေါ်သန်းသန်းမြင့်မှာ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

အင်းတကော် ရဲစခန်းမှ တရားခံချိုကြီးအား ဥပဒေအရ အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

KoThant Zin
by Myanmar News Now

ကိုလံဘိုနား ဘာသာရေး တင်းမာ


သီရိလင်္ကာ နိုင်ငံ ကိုလံဘို မြို့တော် နားက ဗလီ တခု ထဲကို ဗုဒ္ဒဘာသာ ဝင် အုပ်စုက ဝင်ရောက် ဖျက်ဆီးပြီး ဝတ်ပြုနေသူ တွေကို တိုက်ခိုက်မှု ကြောင့် အဲဒိ နယ်မြေမှာ နေဝင် မီးငြိမ်း အမိန့် ထုတ်ခဲ့ပါတယ်။

မွတ်ဆလင် ဥပုသ်လ ကုန်ဆုံးတဲ့ အိဒ် ပွဲတော် အပြီး နောက်တရက်မှာ ဒီ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ပြီး အနည်းဆုံး လူ ၅ ယောက် ထိခိုက် ဒဏ်ရာ ရခဲ့ ပါတယ်။

မွတ်ဆလင် တွေကို ဥပုသ်လ ကုန်တဲ့အထိ ဗလီမှာ ဝတ်ပြုခွင့် ပေးဖို့ အနားက ဘုန်းကြီးတွေက သဘောတူ ခဲ့တယ် လို့လည်း ကိုလံဘို သတင်းတွေက သိရ ပါတယ်။

သူတို့ကို သီရိလင်္ကာ သာသနာရေးက ဆက်လက် ဝတ်ပြုခွင့် ပေးထားတယ် လို့ အဲဒိက မွတ်ဆလင် တွေက ဆိုပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)


အိဒ် ပွဲတော် အပြီး နောက်တရက်မှာ တိုက်ခိုက်

ရေကြောင်းသွားလာ မီးကျောင်းကြီး အန္တရာယ်သတိပြုပါ


ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် တွင် ရေလမ်းခရီးဖြင့် သွားလာကြသော ဒေသခံပြည်သူများအနေဖြင့် ယခုရက်ပိုင်း အတွင်း ကြားသိနေရ သော မိကျောင်း အန္တရာယ်ကို သတိပြု သင့်ပါသည်။

ယခုရက်ပိုင်းအတွင်း ဘိုကလေးမြို့နယ် ရေဝင်ကျေးရွာနှင့် ဆတ်ကျွန်းကျေးရွာများတွင် မိကျောင်း အဝါကြီးတစ်ကောင် မကြာခဏ သွားလာနေသည်ကို ဒေသခံများ တွေ့ရှိခဲ့ရသည်။

ငယ်သူကျေးရွာမှ ဘိုကလေးမြို့သို့ နေ့ချင်းပြန် ပြေးဆွဲနေသော အောင်ထိန်လင်း ရေယာဉ်မှ ပြောကြားရာတွင် ရေယာဉ် ညအိပ်ဂိတ်ထိုးသည့် ရေဝင်ကျေးရွာ နေရာတွင် သိန်းသန်းပိုရေယာဉ် ဘေး၌ မိကျောင်းအဝါကျားကြီး ပေါ်လာရာ အလွန်ကြီးမားကြောင်း ပြောပြသည်။

သြဂုတ် ၄ ရက်က ဆတ်ကျွန်း ရန်မခကျေးရွာ ဘုန်းတော်ကြီးကျောင်း တံတားဆိပ်တွင် ကိုရင်ကလေးရေချိုး နေစဉ် မိကျောင်း ကိုက် ချီပြီး ရေပေါ်တွင်ကူးနေ၍ ရွာလေးရွာမှ ရွာသားများ ဝိုင်းဝန်းဖမ်းဆီးရာ မိကျောင်းမှာ သေပြီးမြုပ်သွားသဖြင့် ရွာသားများက ဝိုင်းဝန်းဆွဲတင် ကြပြီး ဗိုက်ခွဲကြည့်ရာ အလောင်း မတွေ့ရကြောင်း၊ သြဂုတ် ၅ ရက် ညနေပိုင်းတွင် ဆတ်ကျွန်းတစ်ဖက်ကမ်း သင်ပေါင်းချောင်းကျေးရွာ လတာပြင်တွင် အလောင်းရရှိ ကြောင်း၊ ကိုရင်ကလေး အလောင်း တွင် ခြေသလုံး၊ ခါးတို့တွင် မိကျောင်းကိုက် ရာများ တွေ့ရကြောင်း၊ ဦးခေါင်းတွင် လည်း အမြီးနှင့်ရိုက်ထားသည့် ဒဏ် ရာများတွေ့ရကြောင်း ရွာသားများက ပြောပြသည်။

ယမန်နှစ်ကလည်း သင်ပေါင်းချောင်းကျေးရွာတွင် တတိယတန်း ကျောင်းသားကလေး မိကျောင်းကိုက် ခံရဖူးသဖြင့် ရေကြောင်းသွားလာခြင်း၊ ရေနားနီးစပ်ရာနေထိုင်ခြင်းများ ယခုရက်ပိုင်းတွင် သတိပြုသင့် သည်။ ယခု ရန်မခကျေးရွာ ဘုန်းတော်ကြီးကျောင်း တံတားထိပ်တွင် ထပ်မံ၍ပေါ်လာသည့် မိကျောင်း မှာ အဝါကျားကြီးဖြစ်သည်။ ယခင် သေသွားသည့် မိကျောင်းမှာ ၁၈ ပေရှိပြီး ယခုတွေ့ရသည့် မိကျောင်း အဝါကျားကြီးမှာ ထိုမိကျောင်းထက် ပိုကြီးကြောင်း ဒေသခံများက ပြောပြ သည်။

ဌေးနိုင် (ဘိုကလေး)

The Mirror Daily

ခေါက်ဆွဲခြောက်သုံးထုပ် ပျောက်၍ စွပ်စွဲခံရသူ အိမ်အကူမိန်းကလေး ငါးလွှာပေါ်မှ ခုန်ချရန်ကြံစည်


ရန်ကုန် ၊ သြဂုတ် ၁၀

ယမ်ယမ်ခေါက်ဆွဲခြောက်သုံးထုပ် ပျောက်ဆုံးသည့်အတွက် အသက် ၁၉ နှစ်အရွယ် အိမ်အကူ အမျိုးသမီးကို အိမ်ရှင်က လူအများရှေ့၌ သူခိုးဟု စွပ်စွဲခဲ့သဖြင့် ရှက်၍ သြဂုတ်လ ၁၀ ရက်နေ့ ညနေ ၂ နာရီ မိနစ် ၅၀ ခန့်တွင် ငါးလွှာ (ညာဘက်) ဝရန်တာ အပြင်နေကာ ကွန်ကရစ်ပြားပေါ်မှ ခုန်ချရန် ကြံစည်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် (၈) ရပ်ကွက် လှည်းတန်းလမ်း၊ အမှတ်(၂၃၊ E) ခြောက်ထပ်တိုက် ငါးလွှာ (ဘယ်) အိမ်ခန်းတွင် အိမ်အကူအလုပ် လုပ်သူ မလွင်မာလာဝင်း ဖြစ်ပြီး မအူပင်မြို့နယ် ရွာသစ်ကျေးရွာ ဇာတိဖြစ်ကာ ငါးလွှာတွင် ဖွင့်လှစ်ထားသည့် Smile အင်တာနက် ဆိုင်ပိုင်ရှင်ထံ၌ အိမ်အကူအဖြစ် လုပ်ကိုင်နေသူ ဖြစ်ကြောင်း၊ ယင်းနေ့ နံနက် ၇ နာရီတွင် အိမ်ရှင်နှစ်ဦး စကားများခဲ့ပြီး ယမ်ယမ် ခေါက်ဆွဲခြောက်ထုပ်များ ပျောက်ဆုံးမှုကြောင့် အိမ်အကူကို သူခိုးမဟု ပြောဆိုသဖြင့် ၎င်းအနေနှင့် အရှက်ရခဲ့ပြီး ယင်းတိုက်တွင်းနေသူ ရတနာထွန်း သင်္ကန်းတိုက် ပိုင်ရှင်ကို ညနေ ၃ နာရီတွင် ခြောက်လွှာပေါ်မှ ခုန်ချမည်ဟု ပြောဆိုခဲ့ကာ လူမနေသည့် ငါးလွှာ ညာဘက်ခန်းပေါ်မှ ခုန်ချရန် ကြိုးစားစဉ် မီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

အဆိုပါ အမျိုးသမီး ခုန်ချရန် ကြံစည်မှုကို အိမ်ရှင်တိုက်ခန်းသို့ သွားရောက် မေးမြန်းသော်လည်း မပြောကြားလိုကြောင်း အဆိုပါ မိသားစုဝင်တစ်ဦးက ပြောကြားသည်။

အဆိုပါ အမျိုးသမီးငယ်ကို ကယ်ဆယ်ပြီးနောက် ရန်ကုန်ဆေးရုံကြီးတွင် ခဏတာ ပို့ဆောင်ခဲ့ပြီး ကမာရွတ်မြို့နယ် ရဲစခန်းသို့ ပြန်လည် ခေါ်ဆောင်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

တိုက်ပေါ်မှ ခုန်ချရန် ကြံစည်သူ အမျိုးသမီးငယ်ကို ကမာရွတ်မြို့နယ် မြို့မရဲစခန်းက အသေးစိတ် စုံစမ်းစစ်ဆေးလျက် ရှိကြောင်း အဆိုပါရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
The Voice Weekly

အမြန်လမ်း၌ ယာဉ်တိမ်းမှောက်၍ နှစ်ဦးသေ


နေပြည်တော် သြဂုတ် ၁ဝ

ယနေ့ညနေ ၆ နာရီ ၁၅ မိနစ်တွင် ရန်ကုန်-မန္တလး အမြန်လမ်း မိုင်တိုင် အမှတ် ၃၉ (၂/၃)တွင် မန္တလေးမှ မောင်းနှင်လာသည့် ပါဂျဲရိုး ခဲရောင် ၉ဂ/၇၃၄၆ သည် ရှေ့ညာဘီးပေါက်၍ တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ် မောင်း ကျော်စွာချင် (၄၃)နှစ်နှင့် ယာဉ်ပေါ်ပါလာသူ မလှလှသိန်း(၂၁) နှစ်တို့ ပွဲချင်းပြီး သေဆုံးခဲ့သည်။ ယာဉ် ပေါ်ပါသူ ကိုအောင်လင်း (၃၈)နှစ်မှာ ပဲခူးဆေးရုံသို့ အတွင်းလူနာအဖြစ် တင်ပို့ထားကြောင်း သိရသည်။

အခင်းဖြစ်ရာသို့ အမြန်လမ်း ရဲတပ်ဖွဲ့နှင့် အမြန်လမ်း ပြင်ထိန်းအဖွဲ့တို့က လာရောက်ကူညီပေးခဲ့ပြီး အမှုကို ဘောနက်ကြီးရဲစခန်းက အမှုဖွင့် အရေးယူထားသည်။

(ခရမ်းစိုးမြင့်)

The Mirror Daily

အစိုးရ၏ စီမံခန့်ခွဲမှု အားနည်းချက်များ သမ္မတ ထုတ်ဖေါ်ပြောဆို၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ကိုယ်တိုင်ဦးစီးမည်


မဇ္ဈိမသတင်းဌာန | တနင်္ဂနွေနေ့၊ သြဂုတ်လ ၁၁ ရက် ၂၀၁၃ ခုနှစ် ၁၂ နာရီ ၅၁ မိနစ်

သမ္မတ ဦးသိန်းစိန်က သူဦးဆောင်သည့် အစိုးရ သက်တမ်း လပေါင်း ၃၀ အတွင်း အစိုးရအဖွဲ့ဝင်များ၏ စီမံခန့်ခွဲမှု အားနည်းချက်များကို ထောက်ပြပြောဆိုလိုက်ပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအတွက် သူကိုယ်တိုင် ဦးဆောင်လုပ်ဆောင်သွားတော့မည်ဟု ပြောဆိုလိုက်သည်။

"အစိုးရဌာန အချို့နဲ့ ဒေသအုပ်ချုပ်ရေး အဖွဲ့အစည်းဝင်အချို့ရဲ့ ပြုပြင်ပြောင်းလဲ အုပ်ချုပ်မှု စွမ်းဆောင်ရည် အားနည်းခြင်း၊ ပွင့်လင်းမြင်သာ မရှိခြင်း၊ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ လိုအပ်ချက်များကို တာဝန်သိမှု တာဝန်ယူမှုဖြင့် လုပ်ဆောင်ပေးမှု အားနည်းခြင်း၊ ဥပဒေ လုပ်ထုံးလုပ်နည်း စည်းမျဉ်းနှင့်အညီ လုပ်ဆောင်ရန် အားနည်းခြင်း၊ အဂတိလိုက်စားခြင်းတို့ကြောင့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ အပါအဝင် ဌာနဆိုင်ရာ အရာရှိအချို့ကို တာဝန်မှ အနားပေးခြင်း၊ ပြောင်းရွှေ့ခြင်း၊ အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရပါတယ်" ဟု သမ္မတက အစိုးရအဖွဲ့ဝင်များ၏ အားနည်းချက်မျာကို ထုတ်ဖေါ်ပြောဆိုသည်။

သြဂုတ်လ ၉ ရက်က ပြုလုပ်သည့် ဝန်ကြီးများ တိုင်းနှင့် ပြည်နယ်မှ ဝန်ကြီးချုပ်များ ဒုတိယဝန်ကြီးများနှင့် နေပြည်တော်တွင် သမ္မတအိမ်တော်တွင် တွေ့ဆုံမှုအတွင်း ပြောကြားလိုက်ခြင်းဖြစ်သည်။

ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင်လည်း ယခင်က စီမံကိန်းကော်မရှင်ကသာ ဆွေးနွေးညှိနှိုင်း လင်းညွှန်ဆောင်ရွက်ခဲ့သော်လည်း ယခုမူ ဦးဆောင်ကော်မတီဖွဲ့စည်းကာ သူကိုယ်တိုင် ဦးဆောင်၍ လုပ်ဆောင်မည်ဟုလည်းဆိုသည်။

"ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ယခင်က စီမံကိန်းကော်မရှင်ကသာ ဆွေးနွေးညှိနှိုင်း ဆုံးဖြတ် လမ်းညွှန်ဆောင်ရွက်ခဲ့ရာမှ ဒီနေ့ကစပြီး နိုင်ငံတော်အဆင့် ပြုပြင် ပြောင်းလဲရေး ဦးဆောင်ကော်မတီကို သီးခြားဖွဲ့စည်းပြီး ကျွန်တော်ကိုယ်တိုင် ဦးဆောင်အာရုံစိုက် လမ်းညွှန် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု သမ္မတက ပြောသည်။

အလားတူ ဌာနဆိုင်ရာ ပုဂ္ဂိုလ်များသည် ဗဟိုမှ တိုက်ရိုက်ကွပ်ကဲသည့် စနစ်ကိုသာ ကျင့်သုံးနေပြီး လုပ်ပိုင်ခွင့်ဏာဏာ ဖြန့်ခွဲမှု မရှိဟု ဝေဖန်လိုက်ပြီး အဆိုပါ စိတ်ဓာတ်မျိုးကို ပြုပြင်ပြောင်းလဲရန်လည်း တိုက်တွန်းလိုက်သည်။

"အချို့သော ဌာနဆိုင်ရာ ပုဂ္ဂိုလ်များဟာ မိမိတို့ တာဝန်ယူရတဲ့ ဝန်ကြီးဌာန လုပ်ပိုင်ခွင့်ကို ဆုပ်ကိုင်ထားပြီး အခြားဝန်ကြီးဌာနများနဲ့ ပေါင်းစပ် ညှိနှိုင်းမှု အားနည်းခြင်း၊ တိုင်းဒေသကြီး ပြည်နယ်များသို့ လုပ်ပိုင်ခွင့် ခွဲဝေပေးမှုမရှိဘဲ ဗဟိုမှ တိုက်ရိုက် အမိန့်ပေးကွပ်ကဲသည့်စနစ် ကျင့်သုံးနေခြင်း၊ လက်အောက်သို့ လုပ်ပိုင်ခွင့်အာဏာ ဖြန့်ခွဲမှု မရှိခြင်းစတဲ့ အားနည်းချက်တွေ ရှိနေဆဲဖြစ်တာကို တွေ့ရှိရတဲ့အတွက် မိမိတို့ရဲ့ စိတ်ဓာတ် (Mind-set) ပြင်ပြီး ဌာနက တာဝန်ယူရတဲ့ လုပ်ငန်းကဏ္ဍများ အဆင်ပြေချောမွေ့တိုးတက်အောင် ပြုပြင် ပြောင်းလဲ ဆောင်ရွက်ကြပါ" ဟု သမ္မတက တိုက်တွန်းလိုက်သည်။

အလားတူ တိုင်းနှင့် ပြည်နယ်အစိုးရများကိုလည်း ပြည်ထောင်စု ဝန်ကြီးဌာနများက တိုက်ရိုက်ကွပ်ကဲခြင်းမပြုဘဲ တိုင်းနှင့် ပြည်နယ်အစိုးရများကိုယ်တိုင် စီမံခန့်ခွဲ၊ လမ်းညွှန်၊ စစ်ဆေးသွားရန် မူဝါဒ ချမှတ်ပေးလိုက်သည်။

သမ္မတက ဆက်လက်ပြောဆိုရာတွင် တိုင်းပြည်အတွင်း လျှပ်စစ်မီးရရှိရန်၊ ထုတ်ကုန်တိုမြှင့်ထုတ်လုပ်နိုင်ရန်၊ တောင်သူလယ်သမားများကဲ့သို့သော ဆင်းရဲနွမ်းပါးသူများ၏ လိုအပ်ချက် အလုပ်အကိုင်တို့ကို ဖြည့်စည်းပေးရန် လမ်းညွှန်ခဲ့သည်။
Mizzima - News in Burmese

အဂတိလိုက်စားမှုဖြင့် ဝန်ထမ်း ၄၅၀ ကို သမ္မတအရေးယူ


ရန်ကုန်၊ သြဂုတ် ၉

ကောင်းမွန်သော အုပ်ချုပ်မှုစနစ်နှင့် သန့်ရှင်းသောအစိုးရကို ဖော်ဆောင်မည် ဟု ပြောဆိုထားသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အဂတိလိုက်စားမှုဖြင့် အစိုးရဝန်ထမ်း ၄၅၀ ကျော်ကို အရေးယူထားပြီး ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ယနေ့သတင်းထုတ်ပြန်သည်။

နိုင်ငံတော်သမ္မတရုံးသို့ ပေးပို့ တိုင်ကြားလာသည့် တိုင်ကြားစာ ၁၉၉ စောင်ကို စစ်ဆေးကာ ယင်းဝန်ထမ်း ၄၅၀ သည် အဂတိလိုက်စားကြောင်း တွေ့ရှိသဖြင့် အရေးယူခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါဝန်ထမ်း ၄၅၀ တွင် ၃၆၂ ဦးကို နိုင်ငံ့ဝန်ထမ်း ဥပဒေပုဒ်မ ၅၃ ဖြင့် အရေးယူခြင်း၊ ၆၉ ဦးကို ဌာနပြောင်းရွှေ့စေခြင်း၊ ဝန်ထမ်း ၁၈ ဦးကို အလုပ်ထုတ်ပယ်ခြင်း၊ တစ်ဦးကို ထောင်ဒဏ်ချမှတ်ခြင်းတို့ဖြင့် အရေးယူထားကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ဒီနေ့သမ္မတကြီးနဲ့ အစိုးရအဖွဲ့ဝင်တွေအားလုံး တွေ့ဆုံတဲ့အခါမှာလည်း အကျင့်ပျက် ခြစားမှုတွေနဲ့ အဂတိ လိုက်စားမှုတွေကို ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ ညွှန်ကြားခဲ့ပါသေးတယ်” ဟု နိုင်ငံတော် သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်က ဆိုသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဧပြီလအတွင်းကလည်း သမ္မတရုံးသို့ ရောက်ရှိလာသော ပြည်သူ့တိုင်စာများအရ အဂတိလိုက်စားမှုကြောင့် နိုင်ငံ့ဝန်ထမ်း ၇၂ ဦးကို ရာထူးချခြင်း၊ ဌာနပြောင်းရွှေ့ခြင်း ပြုလုပ်ခဲ့ပြီး ငါးဦးကို တာဝန်မှ အနားယူစေခဲ့သည်။
The Voice Weekly

ဘီဘီစီ သတင်းတွေကို ပြည်တွင်း မိုဘိုင်းဖုန်းက နားဆင်နိုင်ပြီ


ဘီဘီစီ ရဲ့ နောက်ဆုံးရ သတင်းတွေကို ပြည်တွင်း မိုဘိုင်းဖုန်း ကနေ နားဆင် နိုင်တဲ့ အစီ အစဉ်ကို ဇွန်လ ၃ ရက်နေ့ကနေ စတင် နေပြီ ဖြစ်ပါတယ်။

စက္ကန့် ၉၀ စာ သတင်း တွေကို တနေ့ကို ၂ ကြိမ် မနက် ၈ နာရီ နဲ့ ညနေ ၆ နာရီ ခွဲ က စလို့ ကိုယ့်ဆီ အလို အလျောက် ဖုန်းခေါ်ပြီး၊ သတင်းတွေ ပြောပြ မယ့် အစီ အစဉ် ဖြစ်ပါတယ်။

ဒီအစီ အစဉ်ကို ဘီဘီစီနဲ့ မြန်မာ ပြည်တွင်းမှာ ဖုန်း ဝန်ဆောင်မှု ပေးတဲ့ Blue Ocean Operating Management ကုမ္ပဏီ တို့ ပူးတွဲ တင်ဆက် တာ ဖြစ်ပါ တယ်။

ရန်ကုန်က ဖုန်း နံပါတ် ဝ၁ ၂၃ ၉၉ ၆၀ဝ ကို ဆက်သွယ်ပြီး အသေးစိတ် စုံစမ်းနိုင် ပါတယ်။

ပြုံးရယ်ခြင်း၏ ကျန်းမာရေး အကျိုး ကျေးဇူးများ


 ပြုံးရယ်ခြင်း၏ ကျန်းမာရေး အကျိုး ကျေးဇူးများ
စိတ်ဖိစီးမှုကို ပြေလျော့ စေတဲ့ပြုံးရယ်ခြင်း၏ ကျန်းမာရေး အကျိုးကျေးဇူးများ-
ကဗျာ များတဲ့ ဘဝက စိတ်ဖိ စီးမှု တစ်ပုံကြီး ပေးပါတယ်။
စိတ်ဖိ စီးမှု အားလုံးကို ပြေလျော့ စေတဲ့ ရိုးရှင်းတဲ့ နည်းတစ် နည်းကတော့ ပြုံးရယ် ခြင်းသာ ဖြစ်တယ်။ ပြုံးရယ် ခြင်းက သင့်ကို စိတ်ပျော်ရွှင် စေရုံမက စိတ်ဖိ စီးမှု ကိုလည်း အမြန် ဖြေလျှော့ ပေးတယ်။

သွေးဖိအား

(Blood Pressure)ကို ကျစေ သင့်မှာ သွေးတိုး ပြဿနာ ရှိနေ ရင် ဆေးစား၊ ဆေးသောက် အပြင် တစ်နေ့တာ အချိန်ကို ပြုံးရယ် ခြင်းနှင့် ကုန်လွန် ပါစေ။ တစ်ကြိမ် ပြုံးရယ်တိုင်း သွေးပေါင် ချိန်ပမာဏ အတော် အတန် ကျဆင်းကြောင်း သိရတယ်။

ခန္ဓာကိုယ်ခုခံ အားစနစ် ခန္ဓာကိုယ် ခုခံ အားစနစ်(Immune System) တိုးတက် ကောင်းမွန် စေတယ်။

သင့်ခန္ဓာကိုယ်ခုခံအား စနစ်ကို တိုးမြှင့် စေဖို့ ပြုံးရယ်ပါ။ ပြုံးရယ် ခြင်းက ခန္ဓာကိုယ်ကို ကိုယ်စိတ် ပြေလျော့ စေ တဲ့အသွင် ရောက်စေပြီး ရောဂါများ (အထူး သဖြင့် အအေးမိ နှာစေးနှင့် တုပ်ကွေး) တိုက်ဖျက်နိုင်စွမ်းကို မြင့်တက် စေပါတယ်။ ရုပ်ကို နုပျိုစေ ပါးရေ တွန့်ခြင်း ကင်းပြီး လှပ တင်းရင်းတဲ့ မျက်နှာ ပိုင်ရှင် ဖြစ်ဖို့ မကြာ ခဏ ပြုံးရယ်ပါ။ ပြုံးရယ် ခြင်းက သင့်မျက်နှာကို တင်းရင်း စေတဲ့ သဘာဝ နည်းတစ်ခု ဖြစ်ပြီး ရေရှည်မှာ ရုပ်ကို နုပျိုစေပါတယ်။

အနာသက်သာ စေတဲ့ဆေးတစ်လက်

Endorphins ဓာတ်ပစ္စည်းများက သင့်ခန္ဓာကိုယ်မှ နာကျင်ကိုက်ခဲမှု ကို သက်သာ စေတယ်လို့ သိရတယ်။ ပြုံးရယ်ခြင်းက ယင်းဓာတ် ပစ္စည်းတွေကို ထုတ်လွှတ် ပေးပါတယ်။ ဒါကြောင့် သဘာဝ အကိုက်အခဲ ပျောက်ဆေး သို့မဟုတ် နာကျင်မှု သက်သာဆေး တစ်ခု အနေနှင့် ပြုမူပါ။

Myawady News

ဗုံးဖောက်ခွဲရန် ကြံစည်ခဲ့သူ ဘင်္ဂလာဒေ့ရှ် နိုင်ငံသား နာဖစ်အား ထောင်ဒဏ် အနှစ် (၃၀) ချမှတ်ခဲ့



အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ အစိုးရဘဏ်အား ဗုံးဖောက်ခွဲရန် ကြံစည်ခဲ့သူ ဘင်္ဂလာဒေ့ရှ် နိုင်ငံသား နာဖစ်အား ထောင်ဒဏ် အနှစ် (၃၀) ချမှတ်ခဲ့ကြောင်း သြဂုတ်လ (၉) ရက်နေ့က သိရှိရသည်။ ၎င်းဟာ အပြစ်ရှိကြောင်း ၀န်ခံခဲ့ကာ အမေရိကန်နိုင်ငံ နယူးယောက် ပြည်သူများကို တောင်းပန်ခဲ့သည်။



MRTV

ထမင်းဆိုင်တွင် အလုပ်ရမည်ဟုပြောဆိုခေါ်ဆောင်သွားပြီး တရုတ်နိုင်ငံတွင် ရောင်းစားခဲ့သူ

ထမင်းဆိုင်တွင် အလုပ်ရမည်ဟုပြောဆိုခေါ်ဆောင်သွားပြီး
တရုတ်နိုင်ငံတွင် ရောင်းစားခဲ့သူများအား လူကုန်ကူးမှု
တားဆီးကာကွယ်ရေးဥပဒေအရ အရေးယူ

ရန်ကုန်၊ သြဂုတ် ၁၀

ဒဂုံမြောက်မြို့နယ်နေ ဒေါ်အေးအေးဝင်းမှ ၎င်း၏ ချွေးမတော်စပ်သူ
မ------ သည် ၁၃.၂.၂၀၁၃ ရက်နေ့ ညနေပိုင်းတွင် တိုးကြောင်လေးဘူတာသို့ ဈေးရောင်းထွက်သွားစဉ် ယခင်က တိုးကြောင်လေး မီးရထား ဘူတာဝင်း၌ နေထိုင်ခဲ့သူ
ဒေါ်ချို(ခ)ဒေါ်တင်ရွှေ(စိစစ်ဆဲ)က ချွေးမဖြစ်သူအား ထမင်းဆိုင် တွင်အလုပ်ရမည်ဖြစ်ကြောင်း ၊တစ်လလျှင်ငွေကျပ် (၅၀၀၀၀)ရရှိမည်
ဟုယုံကြည်အောင် ပြောဆိုခေါ်ဆောင်ကာ သင်္ဃန်းကျွန်းမြို့နယ်တွင်
ရောက်ရှိနေသောမူဆယ်မြို့မှအမည်မသိအမျိုးသမီး ထံသို့
ထည့်ပေးလိုက်ကြောင်း၊ ၎င်းအမျိုးသမီးသည် မူဆယ်မြို့မှတစ်ဆင့် တရုတ်နိုင်ငံ၊ ကျောက်ဆိုး မြို့ရှိ တရုတ်အမျိုးသားတစ်ဦးထံ ဆက်လက်ရောင်းစားလိုက်ကြောင်း၊ ချွေးမဖြစ်သူသည်
၂၇.၈.၂၀၁၃ ရက်နေ့တွင် တရုတ်နိုင်ငံမှထွက်ပြေးခဲ့ကာ ၎င်းထံပြန်လာရောက်ရှိခဲ့ကြောင်း၊ ထိုသို့ရောင်းစား ခံရမှုအား
ချွေးမဖြစ်သူမှပြောပြသိရှိခဲ့ရကြောင်းနှင့် ချွေးမဖြစ်သူမ-----အား တရုတ်နိုင်ငံသို့ ရောင်းစား ခဲ့ကြသော ဒေါ်ချို(ခ)ဒေါ်တင်ရွှေနှင့် အမည်မသိအမျိုးသမီးတို့အား အရေးယူပေးပါရန်
ဒဂုံမြောက်မြို့မရဲစခန်းသို့ ၉.၈.၂၀၁၃ ရက်နေ့တွင်လာရောက်
တိုင်တန်းခဲ့သဖြင့် (ပ) ၄၃၃/၂၀၁၃၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး
ဥပဒေပုဒ်မ၂၄ ဖြင့်အမှုဖွင့်အရေးယူစုံစမ်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

သစ်ခုတ်တာ ရပ်တန့်ပါ၊ ရာသီဥတုဖောက်ပြန်မှု ကာကွယ်ပါ


သို့

အယ်ဒီတာခင်ဗျား

ကျွန်တော်တို့ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်နှင့် ဆိပ်ဖြူမြို့နယ်တို့သည် မိုးနည်းရေရှားဒေသဖြစ်တာနဲ့အညီ သစ်ပင်တစ်ပင်ရဲ့ တန်ဖိုးကလည်း ကြီးမားလှပါသည်။

အဲဒီသစ်ပင်တွေကို မီးသွေးဖုတ်ရန်အတွက် ခုတ်လှဲနေကြသည့်အပြင် မြို့နယ်အတွင်းတွင်လည်းသစ်လုံးကားကြီးများ နေ့စဉ်များပြားစွာ ပြေးဆွဲနေသည်ကို ဒေသခံများ မြင်တွေ့နေရ ပါသည်။

ဒီလို သစ်ပင်တွေကို အထိန်းသိမ်းမဲ့ ခုတ်လှဲနေကြသဖြင့် သစ်တောများ ပြုန်းတီးလာပြီးရာသီဥတု ဖောက်ပြန်ပြောင်းလဲလာ
သောကြောင့် မိုးခေါင်ရေရှားမှုဒဏ်ကို ပခုက္ကူ မြို့နယ်နှင့် ဆိပ်ဖြူမြို့နယ်တို့လို မြန်မာနိုင်ငံ မိုးနည်းဒေသတစ်ခုလုံး ကြုံတွေ့နေရပါသည်။ ယခုနှစ်မှာ မိုးအနည်းငယ်သာ ရွာသွန်းပြီး နွေရာသီကနေ အခုအချိန်အထိ သောက်သုံး ရေရှားပါးမှု
ဒုက္ခတွေကို ရင်ဆိုင်နေရပါပြီ။

တချို့ ဝေးလံတဲ့နေရာတွေအထိ သောက်သုံး ရေကိုသွားရောက် ဝယ်သုံးနေရတဲ့ ရွာတွေ လည်း များစွာရှိနေပါပြီ။ ဒီလို မိုးခေါင်လို့ သောက်ရေရှားပါးပြီး ဒုက္ခရောက်နေချိန်မှာပဲ ဒေသအတွင်းမှာ သစ်လုံးကားကြီးများကို မြင်ရတိုင်း ပိုပြီး မိုးခေါင်လာသည်ဟု ခံစားရ ပါသည်။ ဒါ့ကြောင့် ရာသီဥတုတွေ ဒီ့ထက် ပိုဖောက်ပြန်လာစေတဲ့
သစ်ပင်ခုတ်လှဲမှုတွေ ကို သက်ဆိုင်ရာမှ အမြန်ဆုံးလျှော့ချပြီး ရာသီဥတုဖောက်ပြန်မှုကို ကာကွယ်ပေးပါရန် အယ်ဒီတာ့ထံပေးစာကဏ္ဍမှတစ်ဆင့် တင်ပြလိုက်ပါတယ်ခင်ဗျား။

မောင်ကိုကိုမင်း
Popular Myanmar News Journal

Nexus 7 လည်း Laptop လိုသုံးနိုင်ပြီ


အနာဂတ်မှာ Tablet တွေရဲ့ စွှမ်းဆောင်မှုတွေက Laptop တစ်လုံး
ကဲ့သို့ပြုလုပ်လာနိုင်မယ်ဆိုရင်တော့ Tablet တွေရဲ့ ပြိုင်ဆိုင်မှုတွေက တစ်မျိုး
ပြောင်းသွားနိုင်သလို ငွေးကြေးမြင့်မားတဲ့ Laptop တွေအတွက်တော့ ယခုလို
ဖန်တီးထားနိုင်မှုက မျက်ခုံးလုပ်စရာပါပဲ။

QQ-Tech နည်းပညာကုမ္ပဏီရဲ့ ဖန်တီးပေးထားမှုပါ။Second Generation ဆိုပြီး ထုတ်ထားတဲ့ New Nexus 7 tablet အတွက်သီးသန့် ပြုလုပ်ပေးထား တာပါ။

ပုံမှာမြင်တွေ့ရတဲ့ အတိုင်း သားရေအံခွက်နဲ့ သေချာအောင်အကျအနဖန်တီး
ပေးထားတာကိုမြင်တွေ့ရမှာဖြစ်ပြီး အမှတ်မထင်ကြည့်လိုက်ရင် Laptop
တစ်လုံးလို့ထင်မှတ်လို့ရလောက်အောင် ပြင်ဆင်ပေးထားပါတယ်။

Tablet နဲ့အဆိုပါ ကီးဘုတ်တို့နှစ်ခုကို Bluetooth နဲ့ချိတ်ဆက်အသုံးပြုပေး
ရမှာဖြစ်ပြီးအင်တာနက်အသုံးပြုတဲ့ အခါ typing ရိုက်ရလွယ်ကူစေအောင်
ကီးဘုတ်တစ်ခုကဲ့သို့ စွမ်းဆောင်ရည်မျိုးရအောင်ပြုလုပ်ပေးထားတယ်
လို့ဆိုပါတယ်။

ဖြန့်ချိဈေးနှုန်းက ဒေါ်လာ ၇၀ ဝန်းကျင်လောကျသင့်မယ်လို့သိရပါတယ်။ သို့ပေမယ့် အမေဇုန် အွန်လိုင်းဝန်ဆောင်မှုမှာတော့ မှုရင်းဈေးနှုန်းထက် သက်သာတဲ့ဈေးနဲ့ အကန့်အသတ်ထား ရောင်းချပေးနေတယ်လို့သိရပါတယ်။

Ref:techblog
Khun Nay(August Myanmar Media Group)

နာရေးဖဲဝိုင်း ရန်ဖြစ်ရာမှ သိန်းနှစ်ရာကျော်တန်ဖိုးရှိ ရွှေထည်များခိုးယူသူ ဖမ်းမိ


မိတ္ထီလာ၊ သြဂုတ် ၉

နာရေးအိမ်တွင် ဖဲကစားစဉ် ရန်ဖြစ်ရာမှ ကျပ်သိန်းနှစ်ရာ တန်ဖိုးရှိ ရွှေထည်များ ခိုးယူသူဟု ယူဆရသူကို ဖမ်းမိခဲ့ကြောင်း မိတ္ထီလာခရိုင် အထူးမှုခင်းနှိမ်နင်းရေး အဖွဲ့ထံမှ သိရသည်။

မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့ အမှတ် (၂) ရပ်ကွက် မေခလာရပ်တွင် နေထိုင်သူ မြတ်သင်း ၂၈ နှစ်သည် အလုပ်အကိုင် အတည်တကျမရှိဘဲ သောက်စားမူးယစ်၍ လောင်းကစားမှုများ ပြုလုပ်ကာ ငွေများ သုံးစွဲနေသည့် သတင်းအရ ၎င်းကို စောင့်ကြည့်ခဲ့ကြောင်း အဆိုပါရွှေထည် ခိုးယူသူဟု ယူဆရသူကို ဖမ်းဆီးရာတွင် လိုက်ပါဆောင်ရွက်ခဲ့သော မိတ္ထီလာခရိုင် အထူးမှုခင်းနှိမ်နင်းရေး အဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းသို့ စောင့်ကြည့်နေစဉ် သြဂုတ် လ ၃ ရက်နေ့ညက ၎င်းသည် ရပ်ကွက်တွင်းရှိ နာရေးအိမ်၌ ဖဲကစားစဉ် ရန်ဖြစ်ပြီး ၎င်း၏ အင်္ကျီအိတ်အတွင်းမှ ရွှေဆွဲကြိုးတစ်ကုံး ပြုတ်ကျခဲ့သည့် သတင်းကို အခြေပြု၍ စစ်ဆေးခဲ့ရာမှ ယင်းသို့ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းဆွဲကြိုးသည် ရွှေထည် ပျောက်ဆုံးမှုဖြင့် အမှုဖွင့်ထားသော ဝမ်းတွင်းမြို့ အမှတ် (၂) ရပ်ကွက် တံတားဦးရပ်နေ ကုန်သည်ဒေါ်မာဦး (ခ) မဦးအိမ်မှ ခိုးယူခဲ့သည့် အလေးချိန် လေးကျပ် ရှစ်ပဲ ခြောက်ရွေးရှိ ဘတ်ကြိုးဖြစ်ပြီး ရွှေထည်ပစ္စည်းများထည့်သော သေတ္တာခွံကို အဆိုပါ ရပ်ကွက်တွင်းရှိ မယ်သီလ ရေကန်အတွင်းသို့ ပစ်ချခဲ့သည်ဟု ၎င်းကထွက်ဆိုထားကြောင်း မိတ္ထီလာခရိုင် အထူးမှုခင်းနှိမ်နင်းရေး အဖွဲ့၏ ရဲမှတ်တမ်းများအရ သိရသည်။

ဝမ်းတွင်းမြို့အမှတ် (၂) ရပ်ကွက် တံတားဦးရပ်နေ ကုန်သည်ဒေါ်မာဦး (ခ) မဦးသည် ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်ညက နှစ်ထပ်အိမ် အောက်ထပ် တံခါးများဖွင့်၍ အိပ်ခန်းတံခါးစေ့ပြီး မိသားစုနှင့်အတူ အိပ်ရာဝင်ခဲ့ရာ အိပ်ခန်းအတွင်းမှ ငွေသားတစ်သိန်းနှင့် ကျပ်သိန်းနှစ်ရာကျော် တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ ထည့်ထားသော သံသေတ္တာ အသေးတစ်လုံး ပျောက်ဆုံးခဲ့ခြင်းကြောင့် သက်ဆိုင်ရာ ဝမ်းတွင်းရဲစခန်းတွင် (ပ) ၈၀/၂၀၁၃ ပုဒ်မ ၈၀/၂၀၁၃ ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ထားကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။

မြတ်သင်း၏ ထွက်ဆိုချက်များအရ ဆက်လက်စစ်ဆေးရာ ၎င်း၏နေအိမ် ခြံဝင်းအတွင်းရှိ အိမ်သာကျင်းဟောင်းအတွင်း မြှုပ်နှံထားသော ရွှေအလေးချိန် သုံးကျပ်သားရှိ တာယာပုံ လက်ကောက် ၈ ကွင်း၊ အလေးချိန်ငါးပဲရှိ မြနှင်းဆီ ရွှေကြယ်သီး ငါးလုံး၊ အလေးချိန်သုံးပဲ ခြောက်ရွေးရှိ မောင်းကွင်းရွှေလက်စွပ် နှစ်ကွင်း၊ အလေးချိန် တစ်မတ်တစ်ခြမ်းရှိ နီ/ဖြူ ကျောက်တန်းကွင်း ရွှေလက်စွပ် တစ်ကွင်း၊ အလေးချိန်လေးပဲရှိ နီလာ ရွှေဆွဲသီးတစ်ခု၊ အလေးချိန် လေးရွေးရှိ စိန်ငါးလုံးပါ စိန်နားကပ်တစ်ဖက်တို့ကို သိမ်းဆည်းရမိသည်။

ကျန်ရှိသည့် အလေးချိန် ရှစ်ကျပ်ခြောက်ပဲရှိ ဘတ်ကြိုး ရွှေဆွဲကြိုး တစ်ကုံး၊ အလေးချိန် ၁၅ပဲ လေးရွေး ငါးခြမ်းရှိ တာယာပုံ လက်ကောက် နှစ်ကွင်း၊ E-7235 နှင့် E-7221 နံပါတ်ပါ ကိုနိုင်ဝင်း+မခင်ညို အမည်ပါ ရွှေဆွဲကြိုး တစ်ကုံး၊ လက်ကောက် နှစ်ကွင်းတို့ကို ပြီးခဲ့သည့် သြဂုတ်လ ၅ ရက်နေ့က သာစည်မြို့ အမှတ် (၄) ရပ်ကွက်ရှိ စိန်ရွှေရတနာ ရောင်းဝယ်ရေး လုပ်ကိုင်သည့် ဒေါ်စန္ဒာညို၏ နေအိမ်တွင် သွားရောက် သိမ်းဆည်းခဲ့ကြောင်း ရဲတပ်ဖွဲ့ မှတ်တမ်းများအရ သိရသည်။

The Voice Weekly

ကျောက်ဖရုံသီး ( BENINCASA CERIFERA ) ဂုဏ်သတ္တိ

များသော အားဖြင့် အသီးကို သုံးရသည်။ ချို၏။ အမှည့် အနည်းငယ် ဖန်၏။ အေး၏။ (အစိမ်း) အနည်းငယ် အေး၏။ ၀ိပါက ချို၏ ။
အားကို တိုးပွားစေ၏။ သုတ်ကို တိုးပွားစေ၏။ ကြေကျက်ခဲ၏။ မှည့်သော အသီးသည် ၀မ်းမီးကို တောက်စေ၏။ ကြေကျက် လွယ်၏။



ဆီးအိမ်ကို သုတ်သင်တက်၏။ သည်းခြေကို နိုင်၏။ အသုံးပြုပုံ -ကျောက်ဖရုံ သီး၏ သတ္တုရည်ကို သွေးအန်သွေးဝမ်း၊ သွေးယိုစီးသော ရောဂါများကို တိုက် ကျွေးလျှင် ပျောက်ကင်း စေသည်။

ကျောက်ဖရုံသီးကို ဆီးနည်း၊ ဆီးအောင့်၊ ဆီးချုပ်၊ ဆီးကျောက်တည် ရောဂါ များ၌ အသီး သတ္တုရည် ၃ ကျပ်သားတွင် ရှိန်းခိုနှင့် ဂျုံပင်ပြာ ဆားအနည်းငယ် ရောထည့်၍ တိုက်ကျွေး ခြင်းဖြင့် ပျောက်ကင်း စေနိုင်သည်။

အဆုတ်နှင့် ပတ်သက်၍ မြစ်ခြောက်နာ၊ အဆုတ်ရောဂါ၌ အားအင် ကုန်းခမ်းခြင်းတို့ အတွက် အသီးကို ငရုတ်ကောင်း၊ ပိတ်ချင်း၊ ဂျင်း၊ ပျားရည်၊ ထောပတ်၊ သကြားတို့နှင့် ရောစပ်၍ (ကုမ္ဘဏ္ဍ ချက်ဆေး) အဖြစ် အသုံးများ ကြသည်။

ကျောက်ဖရုံစေ့ ငါးမတ်သားကို ကြိတ်၍ နှမ်းဆီတို့နှင့် ဖျော်ပြီး တိုက်ကျွေးပြီးနောက် နူးညံ့သော ၀မ်းနှုတ်ဆေး တိုက်ကျွေးလျှင် သန်၊ တုတ် ပိုးမွှားကို ကျဆင်း စေသည်။

ကျောက်ဖရုံစေ့မှ အဆီထုတ်၍ တိုက်ကျွေးလျှင် သန်၊ တုတ်များကို ကျဆင်း စေပါသည်။ ကျောက်ကပ် ဖောရောင်ခြင်းနှင့် အသည်းရောင် အသားဝါ ရောဂါ များ၌ အသီး၊ သတ္တုရည်ကို သကြား၊ ကလူးကို့စ် တို့နှင့် တိုက်ကျွေး ခြင်းဖြင့် ပျောက်ကင်း စေပါသည်။

Mg Mandalay 

ပြန်လည်ထူထောင်ရေးစခန်းတွင် အချစ်သစ်တွေ့လာသည့် လင်ဆေးလိုဟန်


Canyonsစတား မင်းသမီးသည် (၂၀၁၂)ခုနှစ်က ဖြစ်ပွားသော ယာဉ်မတော်တဆမှု တစ်ခုအတွက် ပြန်လည်ထူထောင်ရေး စခန်းတစ်ခုတွင် နေထိုင်ရန် တရားရုံး ဆုံးဖြတ်ချက် ကြုံတွေ့ခဲ့ရသည့်နောက် ကယ်လီဖိုးနီးယားရှိ ကလစ်ဖ်ဆိုက်ဒ် စခန်းတွင် ရက်ပေါင်း(၉၀)ကြာ ဖြတ်သန်းခဲ့ရ

ပြန်လည်ထူထောင်ရေးစခန်းတွင် အချစ်သစ်တွေ့လာသည့် လင်ဆေးလိုဟန်
လင်းဆေးလိုဟန်တစ်ယောက် သူမနေထိုင်ခဲ့သည့် ပြန်လည်ထူထောင်ရေး စခန်းအတွင်း အချစ်သစ် တွေ့လာကြောင်း သတင်းများက ဖော်ပြခဲ့သည်။ Canyonsစတား မင်းသမီးသည် (၂၀၁၂)ခုနှစ်က ဖြစ်ပွားသော ယာဉ်မတော်တဆမှု တစ်ခုအတွက် ပြန်လည်ထူထောင်ရေး စခန်းတစ်ခုတွင် နေထိုင်ရန် တရားရုံး ဆုံးဖြတ်ချက် ကြုံတွေ့ခဲ့ရသည့်နောက် ကယ်လီဖိုးနီးယားရှိ ကလစ်ဖ်ဆိုက်ဒ် စခန်းတွင် ရက်ပေါင်း(၉၀)ကြာ ဖြတ်သန်းခဲ့ရသည်။ စိတ်ဓာတ်ရေးရာ မွမ်းမံသင်တန်းပေးသည့် အဆိုပါ စခန်းတွင် လင်းဆေးသည် အသက်(၂၃)နှစ်ရှိ အမျိုးသား သင်တန်းသား တစ်ဦးနှင့် တွေ့ဆုံ ချစ်ကျွမ်းဝင်လာခြင်းဟု သတင်းများက ဆိုသည်။



အဆိုပါ အမျိုးသား၏ အမည်ကိုမူ တိတိကျကျ မသိရသေးချေ။ အဆိုပါ စခန်းတွင် လင်းဆေးနှင့်အတူ ရှိခဲ့ဖူးသူ တစ်ဦးက "လင်းဆေး စခန်းကို ရောက်လာချိန်မှာ သူနဲ့ချစ်သူဖြစ်လာမယ့် တစ်ယောက်နဲ့ ကျွန်တော်က အခန်းဖော်ပါ။ နောက်တော့ သူတို့ချင်း ချိတ်မိသွားတယ်။ သူတို့ နမ်းနေတာကိုလည်း ကျွန်တော်မြင်တယ်"ဟု Radar Onlineသို့ ပြောကြားခဲ့သည်။

ယင်းတို့နှစ်ဦးသည် ၎င်းတို့၏ အချစ်ရေးကို ပေါ်ပေါ်ထင်ထင်ပင် ရှိနေစေရာ အခြားသူများအတွက် အနှောင့်အယှက် ဖြစ်စေသဖြင့် လင်းဆေးနှင့် ဇာတ်လမ်းဖြစ်ခဲ့သော အမျိုးသားကို စခန်းမှ ပြန်လည်ထွက်ခွာရန် စခန်းအာဏာပိုင်များက ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ "စခန်းမှာက သီးခြားစည်းမျဉ်းတွေ ရှိတယ်။ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ပတ်ဝန်းကျင်အတွက် အနှောင့်အယှက်လို ဖြစ်လာတော့ တဝန်ရှိသူတွေက အဆင်ပြေမယ့် အခြေအနေ တစ်ခုကို ရွေးခဲ့တာပါ"ဟုလည်း ကိုယ်တွေ့ကြုံခဲ့သူက ဆိုသည်။ လင်းဆေးသည် ယခုအခါ ကလစ်ဖ်ဆိုက်ဒ်မှ ပြန်လည် ထွက်ခွာလာပြီ ဖြစ်သည့်အတွက် အမည်မသိ ချစ်သူနှင့် ပြန်လည် လက်တွဲဖွယ် ရှိနေကြောင်း သိရသည်။ လင်းဆေး၏ ချစ်သူနှင့် တစ်ခန်းတည်း အတူနေခဲ့သူက "သူတို့ချင်း အပြင်မှာ တွေ့ကြဖို့ အချိန်းအချက် လုပ်ပြီးသားပါ။ လင်းဆေးကလည်း သေချာပေါက် သူနဲ့ ပြန်ဆုံပါလိမ့်မယ်"ဟုလည်း မှတ်ချက်ပြုသွားသည်။

Planet Myanmar

ဘီလျံနာ ဒေါနယ်ထရမ့်၏ မှတ်သားဖွယ်ရာ စာစုလေး


၁။ ကျွန်တော်က အိမ်ငှားခအတွက် လစာရဲ့ 25% ထက် ဘယ်တော့မှ ပိုမသုံးခဲ့ဘူး။

၂။ ထူးဆန်းတဲ့ လုပ်ငန်းသစ်တွေအတွက် ငွေမြှုပ်တာဟာ ဘယ်တော့မှပြန်မဆပ်မယ့်လူကို ငွေချေးလိုက်တာနဲ့ တူတူပဲ။ ကိုယ် ကိုယ်တိုင်ကစွန့်ဦးတီထွင်သူမဖြစ်နိုင်ရင် လုပ်ငန်းတစ်ခုကို ဦးဆောင်ရှေ့ရွက်မလုပ်နိုင်ရင် သေချတဲ့ရှိပြီးသား လုပ်ငန်းတစ်မျိုးမျိုးမှာပဲ ငွေထည့်သင့်ပါတယ်။ ကိုယ်နဲ့စိမ်းတဲ့လုပ်ငန်းမျိုးမှာ ဘယ်တော့မှ ငွေမထည့်ပါနဲ့။

၃။ ဘိုင်ပွတ် ပွတ်တယ်ဆိုတာ အလေလွင့်များတာရဲ့ဆန့်ကျင်ဘက်ပဲ။ ကျွန်တော်က အချိန်၊ ငွေနဲ့လုပ်အားကို ဘယ်တော့မှ အလေ့လွင့်မခံနိုင်ဘူး။

၎။ လူအမှား(သို့) ကွန်ပျူတာ အမှားဆိုတာ အမြဲရှိတယ်။ စားသောက်ဆိုင်ပဲဖြစ်ဖြစ် ဟိုတယ်ဖြစ်ဖြစ် ကုန်စုံဆိုင်ပဲဖြစ်ဖြစ် ပေးရမဲ့ငွေ တောင်းခံလွှာကို မျက်စိမှိတ်ပြီး မပေးချေသင့်ဘူး.။

၅။ ပစ္စည်းဝယ်တဲ့နေရာမှာဖြစ်ဖြစ်၊ အလုပ်ကိစ္စအပေးအယူဖြစ်ဖြစ် တတ်နိုင်သမျှ ဈေးဆစ်ပါ။ အကုန်အကျသက်သာဖို့ ဈေးမဆစ်ရဲဘဲဟိတ်ဟန်တစ်ခွဲသားကြီးလုပ်နေတာဟာ သူငယ်နာမစင်တဲ့သဘောပဲ။

၆။ ငွေရေးကြေးရေးနဲ့ ပတ်သက်လာရင် ဂဏန်းသေးသေးကလေးကို ဂရုစိုက်ပါ.။ ရာခိုင်နှုန်းနဲ့တွက်ရင် ဒဿမမကအစ ဂရုစိုက်ပါ ။ ငွေဆိုရင် တစ်ကျပ် နှစ်ကျပ်က စတွက်ပါ။မပြောပလောက်ဘူးထင်တဲ့ အဲ့ဒီအသေးအဖွဲ့လေးတွေစုလိုက်ရင် ဧရာမငွေပမာဏဖြစ်လာနိုင်ပါတယ်။

၇။ ကလေးတွေအတွက် ကျောင်းစရိတ်ကတော့ သူတို့မွေးတဲ့နေ့မှာ စလုပ်တာအကောင်းဆုံးပါပဲ. မမွေးခင်လုပ်နိုင်ရင် ပိုတောင်ကောင်းပါသေးတယ်။ ပညာကောင်းကောင်းပေးမယ်ဆိုရ် ငွေနည်းနည်းနဲ့ မရပါဘူး။ သူတို့ရဲ့
ကျောင်းစရိတ်ကို အမြန်ဆုံးစပြီးစာရင်းဖွင့်ပါ။

၈ ။ အ၀တ်စားဝတ်တဲ့နေရာမှာ လက်ရှိရာထူးအတွက် မ၀တ်ပါနဲ့။ ကိုယ်လိုချင်တဲ့ရာထူးအတွက် ၀တ်ပါ။

၉။ ကျွန်တော်အချိန်ယူလေ့လာထားတဲ့ငွေရအောင် လုပ်နည်းနဲ့ လူရိုသေ ရှင်ရိုသေဖြစ်အောင်လုပ်နည်းတစ်ချို့ကတော့-

(က) အချိန်မှီရောက်ပါစေ အချိန်မှန်ဖို့ သိပ်အရေးကြိးပါတယ်။ နောက်ကျတဲ့လူတွေကိုသည်းမခံပါနဲ့။ သတ်မှတ်ရက်ကျော်လွန်သွားတဲ့ လူတွေကိုလည်း သည်းမခံပါနဲ့။ကိုယ်ကိုယ်တိုင်နောက်ကျရင်လည်း အလားတူသဘောထားပါ။

(ခ) ကလေးတွေကျောင်းကပေးလိုက်တဲ့အိမ်စာလုပ်သလို၊ အိမ်မှာလုပ်စရာရှိတာလုပ်ပါ။ ကိုယ်ညံ့လို့ သူများတွေ ကိုယ့်အတွက် အချိန်ကုန်ရင် ဘယ်တော့မှ လူတွေလေးစားမှာမဟုတ်ဘူး။

(ဂ) လူတစ်ယောက်ချင်းအတွက် ခေါင်းထဲမှာ ကိုယ်ရေးဖိုင်တွဲတစ်ခုစီဖွင့်ထားပါ။ တွေ့ရမယ့်လူတွေကို မတွေ့ဘူးခင် သူတို့အကြောင်း သုတေသနလုပ်ထားပါ။သူတို့အလှူဒါနပြုခဲ့ကြတာကို ခင်ဗျားသိထား တယ်ဆိုရင် သူတို့ဝမ်းသာကြမှာပေါ့။ သူတို့လုပ်ခဲ့တဲ့လုပ်ငန်းအကြောင်း ခင်ဗျားသိနေတယ်ဆိုရင် သူတို့ခင်ဗျားကို ဖြုံကြမှာပါ။

(ဃ) လူတွေရဲ့နာမည်ကို မေ့တာဟာ အဆိုးဆုံးပဲ ဘယ်တော့မှ မမေ့ပါနဲ့.။သူတို့အကြောင်း အသေးစိတ်ကလေးကိုလည်း မမေ့ပါနဲ့။ စကားပြောရင်ဒါလေးတွေ လိုသလိုညှပ်ပြောပါ။ လူဆိုတာ သူတို့နာမည်ကို သူများခေါ်တာကြားချင်ကြပါတယ်။ သူတို့အကြောင်းပြောတာနားထောင်ချင်ကြပါတယ်။

(င) ရိုးသားပါ။ လူတော်တော်များများဟာ လိမ်ပြောရင်ချက်ချင်းမုသာဝါဒအနံ့ရတယ်။ ရိုးသားခြင်းကိုလူတိုင်း လေးစားတယ်။ သူတို့ကြားချင်တာနဲ့ထပ်တူမညီတောင် ရိုးသားရင် လေးစားမှာ အသေချာပါပဲ။

(စ) လူတွေစကားပြောပါစေ။ နားထောင်ပါ။ အလုပ်အကြောင်း ဆွေးနွေးတဲ့နေရာမှာမြေထိုးစက် ဂေါ်ပြားချပြီး မောင်းသွင်းတာမျိုး ဘယ်တော့မှမလုပ်ပါနဲ့.နဂါးမှန်းသိအောင် အမောက်ထောင်ပြဖို့ မလိုမချင်း အတွင်းအားတွေ ကိုသိမ်းထားပါ။

၁၀။ ဘယ်သူတွေ ခင်ဗျားအပေါ်ဘယ်လောက်သစ္စာရှိသလဲဆိုတာ စမ်းသပ်ချင်ရင် ခင်ဗျား မရှုနိုင်မကယ်နိုင်ဖြစ်နေတဲ့အချိန်ဟာ အကောင်းဆုံးပဲ။

၁၁။ လူတွေကို ဝေဖန်တာတော့ ရှောင်ရပါမယ်။ ချီးကျူးတာက ပိုကောင်းပါတယ်။ ရံခါမှာ ဝေဖန်တာထက် ဆိတ်ဆိတ်နေခြင်းက ပိုတန်ဖိုးရှိပါတယ်။

၁၂။ လက်ဆောင်ပေးရာမှာ လူတစ်ကာသုံးနေတဲ့ပစ္စည်းမျိုးကို အလွယ်တကူ ၀ယ်မပေးပါနဲ့။ ထူးထူးဆန်းဆန်းလေးတွေ စိတ်ကူးပြီးပေးရတဲ့လူနဲ့လိုက်ဖက်တာမျိုးဆိုရင် သူအမြတ်တနိုးရှိနေပါ လိမ့်မယ်။

၁၃။ အောင်မြင်တဲ့လူဖြစ်ချင်ရင် အောင်မြင်တဲ့လူ စဉ်းစားသလို စဉ်းစားရပါလိမ့်မယ်. ကြိုးစားကြည့်ပါ။ အံသြစရာတွေ့ရပါလိမ့်မယ်။

၁။ ကြီးကြီးကျယ်ကျယ်စဉ်းစားပါ။
၂။ အမြင်ကြည်လင်အောင်လုပ်ပါ။
၃။ ရူးသွပ်ပါ။
၎။ စွဲလန်းပါ။
၅။ ဘယ်တော့မှ အလျော့မပေးပါနဲ့။
၆။ ကိုယ်လုပ်တဲ့အလုပ်ကို ချစ်ပါ။

Credit - Original up-loader

အမျိုးသမီးများကို ဝမ်းဗိုက် နာကျင်စေခြင်း အကြောင်းရင်း ( ၅ ) ချက်


အမျိုးသမီး အများစုဟာ ဗိုက်အောင့်ခြင်း အဖြစ် များပါတယ်။ အမျိုးသမီး တွေမှာဖြစ် တတ်တဲ့ ဗိုက်အောင့် ဗိုက်နာ ခြင်းဟာ အောက်ပါ အကြောင်းရင်း ငါးရပ်ကြောင့် အဖြစ် များပါတယ်။
၁။ သားအိမ်အတွင်းလွှာ နေရာလွှဲခြင်း

ဖြစ်ပွားနှုန်း - အမျိုးသမီး ငါးသန်းနီးပါး

ရောဂါအကြောင်း ....

သားအိမ်တစ်သျှူး တွေနဲ့တူတဲ့ ဆဲလ်တွေဟာ နေရာလွဲမှား တည်ရှိပြီး ရာသီ သွေးဆင်းတိုင်း လိုက်လံ ကွာကျ နေတာမျိုးပါ။

ခံစားရတတ်သော လက္ခဏာများ - ရာသီလာချိန်မှာ ရောပြီး ဗိုက်အောင့်ခြင်းကို ဆိုးဆိုးရွားရွားခံစားရခြင်း၊ ခါးနဲ့ခြေထောက် အထိနာကျင်ခြင်း

စမ်းသပ်စစ်ဆေးခြင်း - တစ်သျှူးအသားစယူ စစ်ဆေးခြင်း

ဆေးကုသမှု - Ibuprofen, Naproxen sodium စတဲ့ အကိုက်အခဲပျောက်ဆေးတွေနဲ့ ဟော်မုန်းပါ သန္ဓေ တားဆေးတွေ သုံးပြီး ကုသလေ့ရှိပါတယ်။ ဆိုးရွားတဲ့ အခြေအနေတွေမှာ သားအိမ်အ တွင်း လွှာကြီးထွားမှုကို ဖယ်ရှားဖို့ ခွဲစိတ်ကုသတဲ့နည်းကို သုံးလေ့ရှိပါတယ်။

၂။ ဆီးအိတ်တာရှည်ရောင်ရမ်းခြင်း

ဖြစ်ပွားနှုန်း - အမျိုးသမီး သုံးသန်းနီးပါး

ရောဂါအကြောင်း -ဆီးအိတ်ထဲမှာ မကြာခဏ မသက်မသာဖြစ်ရတဲ့ ခံစားချက်မျိုးပါ။ ဘက်တီးရီးယားပိုးကြောင့် မဟုတ်ဘဲ ဆီးအိတ်တာရှည် ရောင်ရမ်းတာပါ။

ခံစားရတတ်သော လက္ခဏာများ - ဆီး မကြာခဏ သွားချင်တာနဲ့ ဆီးသွားတဲ့အခါ နာကျင်တာတွေကို ခံစား ရတတ်ပါတယ်။

စမ်းသပ်စစ်ဆေးခြင်း - ဆီးလမ်းကြောင်း ပိုးဝင်ခြင်းဟုတ်၊ မဟုတ် သေချာအောင် ဆီးထဲမှာ ဘက်တီးရီးယားပိုး ရှိ၊ မရှိ စစ်ဆေးခြင်းနဲ့ ဆီးအိတ်ကို Cytoscope သုံးပြီး ကြည့်ရှုခြင်း။

၃။ ဝမ်းဗိုက်အောက်ပိုင်းရှိ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း

ဖြစ်ပွားနှုန်း - အဖြစ်များပေမယ့် လူဦးရေ ဘယ်လောက်မှာ ခံစားနေရမှန်း အတိအကျမသိပါ

ရောဂါအကြောင်း - ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေနှစ်ရပ်စလုံးဟာ တင်ပါးဆုံအင်္ဂါတွေကို ထောက်ပံ့ ပေးထားတဲ့ တင်ပါးဆုံကြွက်သားတွေအပေါ် နာတာရှည် ဖိအားသက်ရောက်စေနို င်ပါတယ်။

ခံစားရတတ်သော လက္ခဏာများ - ဝမ်းဗိုက်အောက်ပိုင်းနာကျင်ခြင်း၊ မိန်းမကိုယ်နာကျင်ခြင်း၊ ပူစပ်ပူလောင် ဖြစ်ခြင်းနဲ့ ဆီးပြွန်နာကျင်ခြင်း

စမ်းသပ်စစ်ဆေးခြင်း - ခန္ဓာကိုယ်ကို စစ်ဆေးမှု ပြုလုပ်ခြင်း (Physical Examination)

၎။ ဝမ်းဗိုက်တွင်း သွေးကြောထုံးခြင်း

ဖြစ်ပွားနှုန်း - အမျိုးသမီး ခုနစ်သန်းနီးပါး

ရောဂါအကြောင်း - ဝမ်းဗိုက်ထဲက သွေးကြောတွေ ထုံးတာကြောင့် နာကျင်မှု ဖြစ်စေနိုင်ပါတယ်။ ခြေထောက် သွေးကြော ထုံးခြင်းလိုပဲ သွေးပြန်ကြောထဲက အဆို့ရှင်တွေဟာ အားနည်းပြီး သွေးစီး ဆင်းအားနည်း တာ ကြောင့် နာကျင်တဲ့ ဖိအားကို ဖြစ်စေပါတယ်။

ခံစားရတတ်သော လက္ခဏာများ - ဝမ်းဗိုက်အောက်ပိုင်းမှာ စူးစူးရှရှအောင့်ခြင်း၊ နံနက်ခင်းမှာ သိပ်မနာဘဲ တဖြည်းဖြည်း ပိုမိုနာကျင်လာခြင်း (လဲလျောင်းလိုက်တဲ့အခါ ဒါမှမဟုတ် အပူကပ်တဲ့ အခါမှာ နာကျင်မှု ပိုဆိုး တတ်ပါတယ်)

စမ်းသပ်စစ်ဆေးခြင်း - Transcervical venogram လို့ခေါ်တဲ့ အထူးစစ်ဆေးနည်းသုံးပြီး ပုံမမှန်သွေးပြန်ကြော အရွယ် အစားနဲ့ သွေးစီးဆင်းနှုန်းကို တိုင်းတာနိုင်ပါတယ်။

၅။ တာရှည် မိန်းမကိုယ်နာခြင်း

ဖြစ်ပွားနှုန်း - အမျိုးသမီး ခြောက်သန်းနီးပါး

ရောဂါအကြောင်း - တာရှည်မိန်းမကိုယ်နာတာဟာ ဘာကြောင့် ဖြစ်ရသလဲဆိုတာ သေချာမသိသေးပါ။ မှိုကူး စက်ပိုးဝင်ခြင်းကြောင့် ဖြစ်နိုင်သလို မြင်းစီးခြင်းနဲ့ ကလေးမွေးဖွားရာမှ နာ့ဗ်ကြော ထိခိုက်သွားတာကြောင့် ဖြစ်တတ်ပါတယ်။

ခံစားရတတ်သော လက္ခဏာများ - မိန်းမကိုယ်မှာ တာရှည်နာကျင်မှု ဒါမှမဟုတ် သက်သာလိုက် ပြန်ဖြစ်လိုက် နာကျင်မှုဟာ တင်ပါးနဲ့ ပေါင်ရင်းနေရာအထိ ပျံ့နှံ့သွားတတ်ခြင်း၊ ရာသီသွေး ထိန်းတောင့် ထည့်ခြင်း၊ ကျပ်တဲ့ ဂျင်း ဘောင်းဘီဝတ်ခြင်းနဲ့ အထိုင်များခြင်းတွေကြောင့်လည်း မိန်းမကိုယ် နာကျင်တတ်ပါတယ်။

စမ်းသပ်စစ်ဆေးခြင်း - နာကျင်မှုကို စစ်ဆေးနိုင်ဖို့ မိန်းမကိုယ်ဝကို စစ်ဆေးတဲ့ Cotton Swab test နဲ့ စစ်ဆေး လေ့ရှိပါတယ်။

Health

အစွန်းရောက်ဝါဒ နှိမ်နင်းရေး အမေရိကန်ဒေါ်လာ သန်းတစ်ရာ လှူမည်ဟု ဆော်ဒီဘုရင် ကတိပြု


ရီယဒ်၊ သြဂုတ် ၉

ကုလသမဂ္ဂ၏ အကြမ်းဖက်မှု တန်ပြန်ရေးဌာနသို့ အမေရိကန်ဒေါ်လာ သန်းတစ်ရာ အကူအညီ ပေးခြင်းဖြင့် အစွန်းရောက်ဝါဒီများကို နှိမ်နင်းရာတွင် ကူညီမည်ဟု ဆော်ဒီအာရေးဗီးယားဘုရင် အဗ္ဗဒူလာက ကတိကဝတ် ပြုခဲ့ကြောင်း Wall Street ဂျာနယ်က ရေးသားဖော်ပြထားသည်။


အာရပ်နွေဦး လှုပ်ရှားမှုများနောက်တွင် ပေါ်ပေါက်လာသော ဘာသာရေးအရ အယူသီး အစွန်းရောက်မှုများသည် အာရပ် လူ့အသိုင်းအဝိုင်းကို မြင်သာသော လက်နက်ကိုင် ရန်သူများထက် ပိုမိုကြီးမားသော အန္တရာယ် ကျရောက်စေမည်ဟုလည်း ဆော်ဒီဘုရင် အဗ္ဗဒူလာက ပြောဆိုသည်။

အစ္စလာမ်ဘာသာဝင်တို့၏ ဥပုသ်လ ပြီးဆုံးခြင်း အစ်ပွဲတော်ညတွင် ဆော်ဒီဘုရင်က ထိုသို့ပြောဆို သတိပေးလိုက်ခြင်းသည် ၂၀၁၀ တွင်စခဲ့သော အာရပ်တော်လှန်ရေးများအပြီး ကမ္ဘာ့ရေနံ ထုတ်လုပ်မှု အမြင့်ဆုံးနိုင်ငံ ဆော်ဒီအာရေးဗီးယား၌ လုံခြုံရေးကဏ္ဍကို စိုးရိမ်မှုများ ရှိနေကြောင်း သိသာစွာ ပြောဆိုလိုက်ခြင်းဟု Wall Street သတင်းက သုံးသပ်သည်။

“အကြမ်းဖက်သမားတွေ လက်မဦးခင် ကျွန်တော်တို့က ခိုင်မာစွာ ကာကွယ်ထားနိုင်စေဖို့အတွက် လုံခြုံရေး လိုအပ်ချက်ဟာ ယခင့်ယခင်တွေကထက် ပိုမိုမြင့်တက်လာပါတယ်” ဟု ဘုရင်အဗ္ဗဒူလာက ပြောကြားခဲ့သည်။

အာရပ်နိုင်ငံအချို့၏ ပြည်တွင်း ပဋိပက္ခများသည် ပြည်ပသို့ပါ ကူးစက်လာပြီး အစ္စလာမ္မစ် စစ်သည်များ ပိုမိုများပြားလာကာ ၎င်းတို့က အနောက်တိုင်းကိုသာမက ဆော်ဒီအာရေးဗီးယား ကဲ့သို့သော အနောက်အုပ်စု၏ မဟာမိတ်များကိုပါ ရန်ဘက်ပြုလာကြောင်း ဘုရင်က ပြောဆိုခဲ့သည်။

၎င်းသည် မည်သည့်နိုင်ငံဟု နာမည်တပ်ပြီး မပြောဆိုခဲ့သော်လည်း အခြေအနေအရ ဆီးရီးယားကို ဦးတည်ပြောဆိုကြောင်း သိသာထင်ရှားသည်။

“အယ်ကေဒါကို ချေမှုန်းလိုက်နိုင်ပြီလို့ တချို့က ခန့်မှန်းပြောဆိုနေကြပါတယ်။ အယ်ကေဒါလို အဖွဲ့အစည်းတွေဟာ အလွန်ကို ဗဟိုထိန်းချုပ်မှုမဲ့ပြီး လွယ်လွယ်လေးနဲ့ ပြန်စုဖွဲ့စည်းလို့ရပါတယ်” ဟု ဆော်ဒီအာရေးဗီးယားမှ ဘုရင်ဆော့ဒ်တက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာနမှ လက်ထောက်ပါမောက္ခ အယ်လ်တာမာမီက သုံးသပ်ပြောကြားသည်။

ဆော်ဒီအာရေးဗီးယား ပြည်ထဲရေးဝန်ကြီးဌာနသည် အယ်ကေဒါနှိမ်နင်းရေး စစ်ဆင်မှုများကို ဦးဆောင်လျက်ရှိပြီး ဘာသာရေး အစွန်းရောက်သည်ဟု ယူဆသူများ၊ အချို့စစ်သွေးကြွများအတွက် ပြန်လည် တည်ထောင်ပေးရေး ဂေဟာများ ဖွင့်ပေးမည်ဟု ထုတ်ပြန်ထားသည်။

အာရပ်စော်ဘွားများနိုင်ငံ UAE တွင်လည်း အစိုးရက အကြမ်းဖက်မှု တန်ပြန်တိုက်ခိုက်ရေး သုတေသနစင်တာများ ဖွင့်လှစ်ခဲ့ပြီး ယခုနှစ်အစောပိုင်းကတည်းက သင်တန်းများ တောက်လျှောက်ပေးလျက် ရှိသည်။
The Voice Weekly

မဝင်းမော်ဦး၏မိခင် ဒေါ်ခင်ဌေးဝင်းနှင့်တွေ့ဆုံခြင်း


ရှစ်လေးလုံး အရေးတော်ပုံတွင် သေဆုံးခဲ့သူများ၌ ကမ္ဘာကျော်ဓာတ်ပုံ ဖြစ်သည့် မျက်မှန် (နိုင်ငံကျော်အဆိုတော် ထူးအိမ်သင်နှင့် တူသည်ဟုဆိုသည်) လူငယ်ဆရာဝန်နှစ်ဦး သယ်ဆောင်လာသည့် အသက် ၁၆ နှစ်အရွယ် အဋ္ဌမတန်းကျောင်းသူ မဝင်းမော်ဦး၏ မိခင် ဒေါ်ခင်ဌေးဝင်းနှင့် ရှစ်လေးလုံး ငွေရတုအခမ်းအနားတွင် တွေ့ဆုံမေးမြန် ခဲ့သည်များကို ကောက်နုတ် ဖော်ပြအပ်ပါသည်။

Voice ။ ။ ရှစ်တန်းကျောင်းသူ တစ်ယောက်က ရှစ်လေးလုံးအရေးတော်ပုံမှာ ဘယ်လို အကြောင်းနဲ့ ပါဝင်ဖြစ်သွားသလဲ ဆိုတာ မှတ်မိသလောက် ပြောပြပါဦး။

DKHW ။ ။ မဝင်းမော်ဦးက အန်တီနဲ့ ဈေးကူရောင်းပေးတယ်။ ၈၈အရေးအခင်း ကာလတစ်လျှောက်မှာ ဈေးဆိုင်ရှေ့ကနေ လူအုပ်စုလိုက် ချီတက်ပြီးတော့ ဆန္ဒပြနေ တာကို မြင်ကတည်းက သမီးက စိတ်ပါနေတာ ဘယ်လိုပဲတားတား သမီးကမရဘူး။ နောက်ပိုင်းစစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း ဆန္ဒပြတဲ့သူတွေကို ပစ်နေတဲ့အကြောင်း ပြောပေမယ့် သမီးကတားလို့ မရတော့ဘူး။ သူ့သူငယ်ချင်းတွေနောက် လိုက်လိုက်သွားတာ။ နောက်ပိုင်း သမီးက အသေခံ တိုက်ပွဲဝင်မယ်လို့ ပြောလာတယ်။

Voice ။ ။ မဝင်းမော်ဦး သေဆုံးသွားတာကို အန်တီတို့ ဘယ်လိုသိလဲ ဘယ်သူ တွေလာပြောတာလဲ။

DKHW ။ ။ စက်တင်ဘာ ၁၉ ရက်နေ့က ည ၁၀ နာရီထိ အိမ်ကိုပြန်မလာတာနဲ့ ကျောင်းကို သွားစုံစမ်းတော့ မနက်က ဆန္ဒပြတဲ့အဖွဲ့ နဲ့အတူ ဗိုလ်ချုပ်ဓာတ်ပုံ ကိုင်ပြီးပါသွားတယ်လို့ ကျောင်းနားမှာနေတဲ့ လူတွေပြောမှ သိရတာ။ နောက်သူ့ကို ကယ်လိုက်တဲ့ ဆရာဝန်က အိမ်ကို ဖုန်းဆက်ပြီး အကြောင်းကြားလို့ ဝင်းမော်ဦး ဆေးရုံတင်ထားရမှန်း သိရတယ်။ ကုန်သည်လမ်း ထောင့်မှာ အပစ်ခံရတာ။ ညာဘက်ဒူး၊ ဘယ်ဘက်ပေါင်နဲ့ ဘယ်ဘက်လက်မောင်း ကိုဖောက်ပြီး အဆုတ်ကို ထိသွားတာ။ အဲဒီ ဒဏ်ရာကြောင့်ပဲ ဆုံးသွားရတာ။

Voice ။ ။ လူထုခံစားချက်တွေ ရေးခွင့်ပြုထားတဲ့ နေရာမှာ ဒီမိုကရေစီအစစ် ရမှ မဝင်းမော်ကို အမျှဝေမယ်လို့ လူအတော်များများ ရေးထားတာ တွေ့ရပါတယ်။ အန်တီတို့ရော သမီးအတွက် အမျှဝေပြီးပလား။

DKHW : ။ ။ မသေခင်မှာ သမီးက မှာသွားတယ်။ စစ်မှန်တဲ့ဒီမိုကရေစီ မရသေးသရွေ့ သမီးအတွက် အမျှမဝေပါနဲ့တဲ့။ သမီး သေဆုံးသွားခဲ့တာ ၂၅နှစ် ကြာသွားပေမယ့် ယနေ့အချိန်ထိ သမီးအတွက် ဘာလို့ အမျှမဝေလဲဆိုတော့ လက်ရှိနိုင်ငံရေးအပေါ် ယုံကြည်မှု မရသေးလို့ပါ။ ထောင်တွင်း နိုင်ငံရေးအကျဉ်းသားတွေ ကျန်ရှိနေသေး တာရယ်၊ နယ်စပ်တွေမှာ စစ်ပွဲများ ဆက်လက် ဖြစ်ပွားနေတာရယ်ကို ကြည့်တာနဲ့ အန်တီ့သမီး မျှော်လင့်ခဲ့သော စစ်မှန်သော ဒီမိုကရေစီ မရရှိသေးဘူးလို့ ယူဆလို့ အမျှ မပေးသေးတာပါ။

Voice ။ ။ ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ ရှစ်တန်းကျောင်းသူ အဖြူအစိမ်းဝတ် ကျောင်းသူတစ်ဦး သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ရတာနဲ့ ပတ်သက်လို့ တော်တော်များများ စိတ်မကောင်းဖြစ်ရတယ် စိတ်ထိခိုက်ကြတယ်။ အဲဒါနဲ့ ပတ်သက်လို့ နည်းနည်းပြောပေးပါ။

DKHW : ။ ။ ဘောပင်ပဲ ကိုင်တတ်တဲ့ ကျောင်းသူလေးက ရှစ်လေးလုံး အရေးတော်ပုံ မှာ အသက်ပေးပြီး တိုက်ပွဲဝင်ခဲ့တာ ၂၅နှစ်ကြာပြီ။ ဒါပေမဲ့ ၂၅ နှစ်ကြာပေမယ့် သမီး မျှော်လင့်ခဲ့သော ဒီမိုကရေစီအစစ် ယနေ့ထိ မရသေးတာကြောင့် မဝင်းမော်ဦး အသက်ပေးပြီး တိုက်ပွဲဝင်ခဲ့တာ ထိုက်တန်တယ်လို့ မယူဆနိုင်သေးပါဘူး။ အန်တီ ခံစားခဲ့ရသလိုမျိုး ကျန်အမေတွေ ဒီခံစားမှုမျိုး ထပ်မရှိ ကြပါစေနဲ့လို့ အမြဲ ဆုတောင်းနေပါတယ်။
(စကားပြောနေရင်း မျက်ရည်များ သိသိသာသာ ရစ်ဝဲလာသည်။)

(ခိုင်စိုးလင်း)
The Voice Weekly

နယူးယော့ခ် မြေအောက်ရထားပေါ် ရောက်နေသည့် ငါးမန်း

လူအများ ရုတ်တရက် ထိတ်လန့်သွားစေသည့် သတ္တဝါသည် အသေကောင် တစ်ကောင်သာ ဖြစ်နေကြောင်း နောက်ပိုင်းတွင် သယ်ယူပို့ဆောင်ရေးဌာန တာဝန်ရှိသူများက ပြောကြားခဲ့သည်။


နယူးယော့ခ် မြေအောက်ရထားပေါ် ရောက်နေသည့် ငါးမန်း

အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့ရှိ မြေအောက်ရထား တစ်စင်းပေါ်၌ ငါးမန်းတစ်ကောင် ရောက်ရှိနေသဖြင့် တာဝန်ရှိသူများ အလုပ်များသွားခဲ့သည်။ လူအများ ရုတ်တရက် ထိတ်လန့်သွားစေသည့် သတ္တဝါသည် အသေကောင် တစ်ကောင်သာ ဖြစ်နေကြောင်း နောက်ပိုင်းတွင် သယ်ယူပို့ဆောင်ရေးဌာန တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ရထားအတွင်း သမားရိုးကျ မဟုတ်သော ခရီးသည်ကို ခုံတန်းရှည်များပေါ်တွင် စတင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ငါးမန်းသည် အရှည်(၄)ပေမျှရှိပြီး ကွင်းစ်သို့ ဦးတည်ထွက်ခွာသော ရထားပေါ် ပါလာခြင်း ဖြစ်သည်။ ငါးမန်းသည် ကိုယ်အင်္ဂါ စုံစုံလင်လင် ရှိနေပြီး တွေ့ရှိချိန် ကတည်းက သေဆုံးနေခဲ့ကြောင်း သိရှိရသည်။

ယခင်က ခိုများနှင့် အော့ပိုဆမ်ခေါ် သားပိုက်ကောင် တစ်ကောင်သည် ယင်းကဲ့သို့ ရထားပေါ်တွင် ပါလာဖူးသော်လည်း ပင်လယ် သမုဒ္ဒရာထဲတွင် နေထိုင်ကျက်စားသည့် ငါးမန်းတစ်ကောင် ကုန်းခေါင်ခေါင် ရထားပေါ် ရောက်နေခြင်းမှာ အံ့ဩစရာ ဖြစ်ခဲ့သည်။ အဆိုပါငါးမန်း ရထားပေါ် မည်သို့မည်ပုံ ပါလာသည် ဆိုခြင်းမှာ ယခုအချိန်ထိ အဖြေမသိရသေးချေ။ နယူးယော့ခ်ရှိ ဘရွတ်ကလင်းတွင် နေထိုင်သော အစ်ဗတ်ဗာဒါက အဆိုပါ ငါးမန်းကို ဓာတ်ပုံရိုက်ကူးခဲ့သည်။ ရထားပေါ်တွင် ညှီနံ့ပြင်းပြင်း ရနေသည်ကို သတိပြုမိ၍ သူမက လိုက်လံရှာဖွေရင်း အဆိုပါ ငါးမန်းကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ "ဒီမြို့ကတော့ အံ့ဩစရာတွေ၊ ထူးထူးဆန်းဆန်းတွေ ဖြစ်နေကျပါ။ ဒါပေမဲ့ ဒါကတော့ နည်းနည်းလွန်သွားပြီ"ဟု သူမက BBCသို့ မှတ်ချက်ပြု ပြောဆိုသွားသည်။

Apple ကြောင့် Samsung တို့ အမေရိကန်တွင် ဖုန်းရောင်းခွင့် အပိတ်ခံ ရမည်


Apple နဲ့ Samsung တို့ရဲ့  မူပိုင်ခွင့်တိုက်ပွဲက မပြီးဆုံးနိုင်သေး ပါဘူး။ ပြီး ခဲ့တဲ့ သောကြာနေ့က အမေရိကန် နိုင်ငံ တရားရုံး တစ်ခုမှာ ထိပ်တိုက် ရင်ဆိုင်ခဲ့ကြပြီး Samsung ကရှုံး နိမ့် သွားပါတယ်။

ယင်းရှုံးနိမ့်မှုကြောင့် Samsung ရဲ့  စမတ်ဖုန်းနဲ့ Tablet အချို့  အမေရိကန် မှာ ရောင်းချခွင်အပိတ်ပင်ခံရတော့မှာ ဖြစ်ကြောင်း သိရပါတယ်။ အပိတ်ပင် ခံရမယ့် ပစ္စည်း စာရင်းကိုတော့ အသေအချာ မသိရသေးပါဘူး။ သို့ပေမယ့် Samsung Galaxy S4 နဲ့ Samsung Galaxy Note စီးရီးထဲက တစ်ခုခု ဖြစ်ဖို့ သေချာကြောင်း ဆိုပါတယ်။ Samsung Galaxy S4 သာ ရောင်းချခွင့် အပိတ်ပင် ခံရရင် ကြီးမားသော ဆုံးရှုံးမှုကြီး တစ်ခုပါ။

လက်ရှိ အမေရိကန်မှာလည်း Samsung Galaxy S4 ရဲ့  ရောင်း အား မြင့်တက် နေပါတယ်။ ယခုလို မြင့်တက်ချိန်မှာ ရောင်းချခွင့် စတင် အပိတ်ခံရမယ်ဆိုရင် ဈေးကွက်ရရှိမှုအထိ နာသွား နိုင် ပါတယ်။ သို့ပေမယ့် ယမန်နှစ်တုန်းကလည်း ယင်းကဲ့သို့ ပိတ်ဆို့မှုများ ခံခဲ့ရပေမယ့် Samsung ရဲ့  စမတ်ဖုန်း ရောင်းအားက တစ်နှစ်တာ ပေါင်းလိုက်ရင် အများဆုံးစာရင်းထဲတွေထဲမှာ ပါဝင်နေပါသေးတယ်။

Apple ရဲ့  iPhone နဲ့ Samsung ရဲ့  Galaxy ဖုန်းများကို နှိုင်းယှဉ်ပြီး အပြန်အလှန် စစ်ဆေးရာမှာ Apple က အနိုင်ရရှိခဲ့ခြင်း ဖြစ်ပါတယ်။ စစ်ဆေးမှုကို အမေရိကန်အခြေဆိုက် International Trade Commission (ITC) က ပြုလုပ်တာပါ။ ဒါကြောင့် တောင်ကိုရီးယားမှာလည်း iPhone နဲ့ ပက်သက်လို့ ပိတ်ပင်မှုများ ပြန်လည်ပြုလုပ်လာနိုင်ကြောင်း သိရ ပါတယ်။
.
Ref: masable
Aung Kham (TSJ team)

တရားမ၀င်သစ်များသယ်ဆောင်လာသည့် ယာဉ်အားဖမ်းဆီး


ရန်ကုန်၊ သြဂုတ် ၁၀

၉.၈.၂၀၁၃ ရက်နေ့ ၁၅၃၀ အချိန် တိုက်ကြီးမြို့နယ်၊
သစ်တောဦးစီးဌာနမှတောအုပ် ဦးအောင်မြနှင့်အဖွဲ့သည် တရားမ၀င်
သစ်များအားကားများဖြင့်ဖြတ်သန်းသယ်ဆောင်နေကြောင်းသတင်းအရ တိုက်ကြီးမြို့နယ်၊ ရန်ကုန် - ပြည် လမ်းမိုင်တိုင်အမှတ် (၄၆/၄)အနီးတွင် စစ်ဆေးရေးတာဝန်ဆောင်ရွက်နေစဉ် သာယာဝတီဘက်မှ တိုက်ကြီးဘက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ) မောင်းနှင်လာသော ၁ခ/---- မတ်တူးအဖြူရောင်ယာဉ်အား ရပ်တန့်စစ်ဆေးစဉ် ယာဉ်မောင်းနှင့် ယာဉ်ပေါ်အတူပါလာသူ(၁)ဦးတို့မှာယာဉ်အားထားကာထွက်ပြေး
တိမ်းရှောင်သွားခဲ့ကြပါသည်။

ယာဉ်အတွင်းသို့ ကြည့်ရှုစစ်ဆေးရာ ကျွန်းသစ်ခွဲသားတံခါးဆံ
(၈၀၆)ချောင်း၊ အလေးချိန် (၀.၉၅၀၆) တန်၊ တန်ဘိုးငွေကျပ် (၅၇၀၃၆၀)တို့အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် တရားမ၀င်ကျွန်းသစ်ခွဲသားများ အားသယ်ဆောင်လာသူ (၂)ဦးအပေါ် အရေးယူပေးရန် တောအုပ် ဦးအောင်မြမှတိုင်တန်းခဲ့၍ တိုက်ကြီးမြို့မ ရဲစခန်း(ပ)၂၂၃/၂၀၁၃၊ သစ်တောဥပဒေပုဒ်မ ၄၃(က)ဖြင့်အမှုဖွင့်ပြီး တရားခံဖမ်းဆီးရမိရေးစုံစမ်း ဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိပါသည်။
Yangon Police

ပုဂံ သရပါတံခါး အကြောင်း


ပုဂံအင်ပါယာရယ်လို့ ဖြစ်အောင် စတင် တည်ထောင်သူက သမုဒ္ဒရာဇ်ဘုရင်၊ ယုန်လွှတ်ကျွန်းမှာ ၁၉ ရွာတွေကို စုပြီး မြို့ပြ အဖြစ် ထောင်ပြီး ဘုရင်လုပ် အုပ်ချုပ်တယ်။ သူ့နောက် ခုနစ်ဆက်မင်းဖြစ်တဲ့
သေဉ်လည်ကြောင်မင်းက လောကနန္ဒအရပ်မှာ ယခု ပုဂံမြို့ တောင်ဘက် အဲဘက်လေးမှာ မြို့အသစ်သွားတည်တယ်။ ဒီ မင်းပါပဲ ပုဂံပြည်မှာ နတ်ကိုးကွယ် မူတွေကို ထွန်းကားအောင် အားပေးခဲ့တယ်။

ပုဂံမင်းဆက် ၁၂ ဆက်မြောက်ဖြစ်တဲ့ သိုက်တိုင်မင်းက သူ့လက်ထက် မှာ မြို့အသစ် ထပ်ထောင်ပြန်တယ်။ ယခု ဖွားစောရွာနေရာမှာပေါ့။ ၃၄ မင်းဆက် ဖြစ်တဲ့ ပျဉ်ပြားမင်းကတော့ မြို့ရိုးနဲ့ ယခု ပုဂံ လက်ရှိနေရာမှာ မြို့အသစ် ထောင်တယ်။ သူ့လက်ထက်ကျမှ မြို့တော်ကို အုတ်ရိုးနဲ့ မြို့ကို ကာတယ်။ မြို့ရိုးမှာ တံခါး ၁၂ ပေါက်ထားတယ်။ ယခု ကျန်နေတဲ့ သရပါတံခါးက တခုအပါအ၀င်ဖြစ်ပါတယ်။

(ကိုးကား- ဒေါက်တာတိုးလှရဲ့ မြေပေါ်မြေအောက်ကျောက်စာမှတ်တမ်းများက ပြောသော ရှေးဟောင်းမြန်မာနိုင်ငံသမိုင်း စာအုပ်)

News of Myanmar

လှည်းတန်းမှာ မိန်းကလေးတစ်ယောက် ခြောက်လွှာတိုက်ခန်းပေါ်က ခုန်ချဖို့ကြံစည်

ဒီနေ့ နေ့လည်က လှည်းတန်းမှာ မိန်းကလေးတစ်ယောက် ခြောက်လွှာတိုက်ခန်းပေါ်က
ခုန်ချဖို့ကြံစည်နေပုံ။ နောက်ဆက်တွဲသတင်းများအရ ၀ိုင်းဝန်းဖျောင်းဖျနိုင်ခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များကလုံခြုံစွာ ခေါ်ဆောင်သွားခဲ့သည်ဟု သိရပါသည်။



(ဓာတ်ပုံ- Chit Nay Mrell)

Shwemyanmar media group


အရက်နဲ့ တွဲဖက် မစားသင့်တဲ့ စားစရာများ


မုန်လာဥနီ
======
မုန်လာဥနီထဲမှာ ပါတဲ့ မုန်လာဥနီ ဓါတ်က အရက်ထဲမှာ ပါတဲ့ အရက်ပြန်နဲ့ ဓါတ်ပေါင်းရင် အဆိပ်ပါတဲ့ ဓါတ်ပစ္စည်းတွေ ထွက်တတ်တယ်။

ပဲတီစိမ်းအဖတ်
===========
ပဲတီစိမ်း အဖတ် ချက်လုပ်တဲ့အခါ ကျောက်ချဉ် အသင့်အတင့် ထည့်ရပါတယ်။ ဒါကြောင့် ပဲတီစိမ်း အဖတ်နဲ့ အရက်ကို တွဲစားမိရင်၊ အရက်ပြန်က သွေးထဲမှာ နေတဲ့အချိန် ကြာရှည် လာစေပြီး အရက်ပိုမူး စေတယ်လို့ ဆိုတယ်။

ဝက်အူချောင်း
======
ဝတ်အူချောင်းထဲမှာ nitrosoamines ဓါတ်ပါလို့ အရက်နဲ့ တွဲပြီး စားသောက်ရင် အသည်းကို ထိခိုက်နိုင်တဲ့ အပြင် အစာအိမ်နဲ့ အူကင်ဆာ တွေကိုလည်း ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။

အသားကင်
==========
အသားကင်တဲ့အခါ benzpyrene လို့ခေါ်တဲ့ ကင်ဆာရောဂါ ဖြစ်စေနိုင်တဲ့ ဓါတ်ပစ္စည်း တစ်မျိုး ပေါ်ထွက် တတ်တယ်။ အရက်ထဲမှာ အရက်ပြန်ဟာ အစာအိမ်နဲ့ အူရဲ့ သွေးကြောတွေ ကျယ်လာစေပြီး ကင်ဆာ ဖြစ်စေနိုင်တဲ့ ဓါတ်ပစ္စည်းတွေ သွေးကြောထဲကို အလွယ်တကူ ဝင်လာ စေနိုင်ပါတယ်။

Myawady

စစ်တွေ ဘောဒူဘဒုက္ခသည်စခန်း ပဋိပက္ခအတွင်း ပစ်ခတ်မှု မွတ်စလင် အမျိုးသားတစ်ဦး သေဆုံး


ရခိုင်ပြည်နယ် စစ်တွေမြို့အနောက်ဘက် ဘောဒူဘ ဒုက္ခသည်စခန်းမှာ ရဲဝန်ထမ်းတွေနဲ့ ဒုက္ခသည်တွေအကြား မနေ့က ညနေ ၆ နာရီကျော်အချိန်မှာ ပဋိပက္ခတွေ ဖြစ်ပွားခဲ့တာကြောင့် မွတ်စလင် ၄ ဦး သေနတ်ဒဏ်ရာရရှိတဲ့အထဲက ၁ ဦး သေဆုံးသွားတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က RFA ကိုပြောပါတယ်။

ဒဏ်ရာရရှိတဲ့ မွတ်စလင်အမျိုးသား ၄ ဦးကို အာဏာပိုင်တွေက အနီးမှာရှိတဲ့ ဓားပိုင်ဆေးရုံကို ဆေးကုသဖို့ သယ်ယူလာစဉ် သေဆုံးသွားတာဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနဲ့ မှတ်တမ်းပြုစုရေး ဆပ်ကော်မတီအတွင်းရေးမှူး ဦးဝင်းမြိုင်က RFA ကို အခုလိုပြောပါတယ်။

“၆ နာရီကျော် ၇ နာရီလောက်မှာ ဖြစ်တဲ့ဟာမှာတော့ နောက်ထပ် ၄ ယောက် ဒဏ်ရာရတာပေါ့၊ အဲဒီအထဲမှာ ၁ ဦး ဆုံးသွားတယ်ပြောတယ်၊ အခုဟာက သူတို့ကိုပြဿနာရှာတာလည်း မဟုတ်ဘူး၊ အပြစ်ရှာတာလည်း မဟုတ်ဘူး၊ သေဆုံးတဲ့လူကိုသွားစစ်တယ်၊ စစ်တဲ့ဟာကို သူတို့ကလူကိုရန်ရှာတယ်ဆိုတော့လည်း သိပ်တော့မကောင်းဘူးပေါ့”

မနေ့ညနေပိုင်းက ဘောဒူဘ ဒုက္ခသည်စခန်းမှာ ထပ်မံဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ ရဲဝန်ထမ်း ၂ ဦး ဒဏ်ရာရရှိသွားတယ်လို့လည်းဆိုပါတယ်။

မနေ့မနက်ပိုင်းကလည်း အုန်းတောကြီးချောင်းဝမှာ ရေနစ်သေဆုံးသူလို့ ယူဆရသူ မွတ်စလင်တစ်ဦးကို အကြောင်းပြုပြီး မွတ်စလင် ဒုက္ခသည်တွေနဲ့ လုံခြုံရေးဝန်ထမ်းတွေအကြား ပဋိပက္ခတွေဖြစ်ပွားခဲ့ရာမှာ မွတ်စလင်ဒုက္ခသည် စုစုပေါင်း ၇ ဦး သေနတ်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့သိရပါတယ်။ အဲဒီသေနတ်ဒဏ်ရာ ရရှိသွားတဲ့သူတွေကို ဓားပိုင်ဆေးရုံမှာ ဆေးကုသမှုပေးနေပြီး ဘောဒူဘ ဒုက္ခသည်စခန်းမှာ စစ်တပ်လုံခြုံရေး အင်အားကိုလည်း တိုးမြှင့်ချထားတယ်လို့ သိရပါတယ်။
RFA Burmese

3D printed မျက်မှန် ရနိုင်ပြီ


3D printed မျက်မှန်ဆိုလို့ အခြားမဟုတ်ပါဘူး။ လူတစ်ဦးတစ်ယောက်ချင်း စီရဲ့  ခေါင်း၊မျက်နှာ အရွယ်အစားအတိုင်း တိတိကျကျ မျက်မှန်တီထွင် ဖန်တီးထားခြင်းမို့ 3D Printed Glass လို့ခေါ်ဆိုခြင်း ဖြစ်ပါတယ်။

Protos Eyewear မှ ဒီဇိုင်နာနဲ့ နည်းပညာသမားများက ကြိုးစားဖန်တီး ထားကြခြင်းပါ။ မျက်မှန်ဖန်တီးဖို့အတွက် အော်ဒါမှာသူရဲ့  ခေါင်းဆိုဒ်ကို သိဖို့ လိုအပ်ပါတယ်။ ယင်းနောက် ဆိုဒ်အရွယ်အစားအတိုင်း ကွန်ပြူတာ Software ထဲမှာ Process လုပ်ပြီး သူနဲ့အသင့်တော်ဆုံးဖြစ်မယ့် မျက်မှန်အရွယ်အစားကို တိတိကျကျ တီထွင်ဖန်တီးပေးမှာ ဖြစ်ပါတယ်။

ဒါကြောင့် တစ်ယောက် တပ်တဲ့မျက်မှန်နဲ့ အခြားတစ်ယောက် တပ်တဲ့ မျက်မှန် အရွယ်အစားက တူညီမှာမဟုတ်ပါဘူး။ လိုအပ်ရင် မှန်ဘီလူး ၊ အလင်းအမုန်ကအစ တိတိကျကျ မှာယူဖန်တီးလို့ရမှာ ဖြစ်ပါတယ်။

Basic Price အနေနဲ့ မျက်မှန်တစ်လက်ရဲ့  တန်ဖိုးကို အမေရိကန်ဒေါ်လာ ၂၀၀ ဝန်းကျင်သတ်မှတ်ထားပြီး ကမ္ဘာတစ်လွှားမှာ မှာယူသူများအတွက် အဆင်ပြေမယ့် နည်းပညာကို ဖန်တီးသွားမှာ ဖြစ်ပါတယ်။ ဥပမာ ခေါင်း အရွယ်အစားကို ဓာတ်ပုံရိုက် Scan ဖတ်ပြီး အင်တာနက်မှတစ်ဆင့် ပို့ရုံနဲ့တင် ဖန်တီးပေးမယ့် စနစ်အထိကို ဖန်တီးမှာပါ။

ဒါကြောင့် Protos Eyewear မှ ဖန်တီးတဲ့ မျက်မှန်ဟာ ကမ္ဘာ့ပထမဆုံး 3D Printed Glass ဖြစ်လာမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: mashable

Aung Kham (Guide Magazine)

လန်ခရူဆာယာဉ် ရေမြောင်းထဲပြုတ်ကျ၊ သုံးဦးရေနစ်သေဆုံး

ရန်ကုန်၊ သြဂုတ် ၉

ရခိုင်ပြည်နယ် မင်းပြား-ပေါက်တော လမ်းမကြီးပေါ်တွင် သြဂုတ်လ ၈ ရက်နေ့က တိုယိုတာလန်ခရူဆာ အမျိုးအစား ယာဉ်တစ်စီးသည် အရှိန်လွန်ကာ လမ်းဘေးရှိ ရေမြောင်းကြီးထဲ ပြုတ်ကျခဲ့ရာ ယာဉ်ပေါ်တွင် ပါလာသော လူသုံးဦး ရေနစ်သေဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

မင်းပြား-ပေါက်တော လမ်းဖောက်လုပ်စဉ်က တူးထားသော အကျယ် ပေ ၂၀ ခန့်၊ အနက် ၁၅ ပေ ခန့်ရှိသည့် ရေမြောင်းထဲကို ပြုတ်ကျခဲ့သည့် အဆိုပါယာဉ်တွင် လူခုနစ်ဦး လိုက်ပါခဲ့ရာ ယာဉ်မောင်း အပါအဝင် သုံးဦး ရေနစ်သေဆုံးခဲ့ကြောင်း မင်းပြားမြို့နယ် တွင် နေထိုင်သူ ဦးစိုးမင်းက ပြောကြားသည်။

အဆိုပါ သေဆုံးသွားသူများသည် မင်းပြားမြို့နယ် မော်ကျေးရွာမှ ဒေသခံများဖြစ်ပြီး ချောင်းချေကျေးရွာသို့ သွားသည့် ခရီးတွင် ယင်းသို့ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

သေဆုံးသွားသော ယာဉ်မောင်းဖြစ်သူ ဦးကိုကိုသိန်းကို မင်းပြားမြို့နယ် ရဲစခန်းက ယာဉ်(ပ)၇/၂၀၀၃၊ ပြစ်မှုပုဒ်မ ၃၀၄(က) ၃၀၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ထုတ်ပြန်ချက်အရ သိရှိရသည်။

(ကောင်းဆက်နိုင်)
The Voice Weekly