Facebook look back video ကို သိမ်းထားဖို့ အလွယ်တကူ download လုပ်နည်း



android ဖုန်းတစ်လုံးရှိရပါမယ်။

၁။ Browser ဖွင့်လိုက်ပါ
၂။ https://m.facebook.com/lookback ကို နှိပ်လိုက်ပါ
၃။ video ကို play လုပ်လိုက်ပါ
၎။ video ကို လက်နဲ့ နည်းနည်းကြာအောင်ဖိထားလိုက်ပါ save video ဆိုတာ ပေါ်လာပါလိမ့်မယ်။ နှိပ်လိုက်ပါ။

ဒါဆိုရင် download ချနေပါပြီ။ download ပြည့်သွားရင် ဖုန်းထဲမှာရောက်နေမှာဖြစ်ပြီးတော့ ပြန်ပဲဖွင့်ကြည့်ကြည့်၊ facebook မှာပဲ ပြန်တင်ပြီးရှဲရှဲ ကြိုက်တာလုပ်လို့ရပါပြီ။

Myanmar CNN မှ တင်ဆက်သည်။

ဖမ်းဆီးထားသူ သတင်းသမားတွေ ပြန်လွှတ်ဖို့ CPJ တောင်းဆို


Unity သတင်းဂျာနယ် အယ်ဒီတာချုပ်နဲ့ သတင်းထောက်လေးဦးကို ပြီးခဲ့တဲ့ စနေနေ့က မြန်မာအာဏာပိုင်တွေက ဖမ်းဆီးခဲ့တာနဲ့ ပတ်သက်လို့ ကမ္ဘာတ၀န်း သတင်းထောက်များ ကာကွယ်ရေးကော်မတီ CPJ က ဝေဖန်ရှုတ်ချလိုက်ပြီး ဒီလူတွေကို ချက်ချင်း ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ငြိစွန်းလို့ဆိုပြီး ခုလို သတင်းထောက်တွေကို ဖမ်းဆီးတာဟာ မြန်မာအစိုးရအနေနဲ့ အရင်အာဏာရှင်ခေတ်က လုပ်ခဲ့တာနဲ့ မခြား ပြုမူ လုပ်ဆောင်နေတာ ဖြစ်တယ်လို့လည်း CPJ က ဝေဖန်လိုက်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

မကွေးတိုင်း၊ ပေါက်မြို့နယ်က စစ်လက်နက်ပစ္စည်းစက်ရုံကို လျှို့ဝှက် ဓာတု လက်နက် စက်ရုံဆိုပြီး Unity သတင်းဂျာနယ်က ဖော်ပြခဲ့ပြီးတဲ့နောက် မကြာခင်မှာပဲ ပြီးခဲ့တဲ့ စနေနေ့တုန်းက ဒီဂျာနယ်ရဲ့ အမှုဆောင်အယ်ဒီတာချုပ် ဦးတင့်ဆွေနဲ့ သတင်းထောက် ၄ ဦးကို အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်း ခဲ့တာပါ။ ဒီအဖြစ်အပျက်ကို ကြည့်ရင် မြန်မာအစိုးရဟာ အရင် စစ်အစိုးရလိုပဲ အာဏာရှင်ဆန်ဆန် ပြုမူနေဆဲ ဆိုတာကို ပြနေတယ်လို့ ကမ္ဘာတ၀န်း သတင်းထောက်များ ကာကွယ်ရေးကော်မတီ CPJ ရဲ့ အာရှရေးရာ တာဝန်ခံတဦး ဖြစ်တဲ့ Bob Dietz က ဗွီအိုအေကို ပြောပါတယ်။

“သတင်းထောက်တွေ ဖမ်းဆီးခံနေရတာကို ကျနော်တို့ ခုထိ တွေ့နေရတုန်းပဲ။ ဒီလို အခြေအနေမျိုးက လက်ရှိအစိုးရ မတိုင်ခင်ကရှိခဲ့တဲ့ အာဏာရှင် စစ်အစိုးရပုံစံမျိုးကို ပြန်ရောက်နေတာပါ။ ကျနော်တို့ကတော့ မြန်မာအစိုးရဟာ တကယ်တမ်း သိပ် ပြောင်းလဲမှု မရှိသေးဘူးလို့ ထင်ပါတယ်။ ယုံကြည်စိတ်ချရတဲ့ သတင်းတွေကို ထုတ်ဖော်ရေးသားနေကြတဲ့ သတင်းထောက်တွေ သူတို့ရဲ့ တင်ပြမှုကြောင့် ဖမ်းဆီး ထိန်းသိမ်းခံရမှာကို စိုးရိမ်နေရတာမျိုး မဖြစ်သင့်တော့ ပါဘူး။ မြန်မာအစိုးရဟာ အခြေအနေ အတော်များများမှာ သူတို့ရဲ့အာဏာကို တော်တော်ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ် ထားတုန်းပဲ ဆိုတာကို တွေ့နိုင်ပါတယ်။”

တိုင်းပြည်အတွက်၊ ကမ္ဘာအတွက် အရေးကြီးတဲ့သတင်းတွေကို ရေးသား ဖော်ပြကြတဲ့ သတင်းထောက်တွေကို တရားလက်လွတ် ဖမ်းဆီးမှုတွေ ဆက်ရှိနေသရွေ့ ဒီမိုကရေစီနိုင်ငံတခုအဖြစ် သတ်မှတ်ခံရဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ဆိုပြီး အခု ဖမ်းဆီးခံရတဲ့ သတင်းထောက်တွေကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ကိုလည်း CPJ အဖွဲ့က တောင်းဆိုပါတယ်။

“အခုဖမ်းဆီးခံရတဲ့ သတင်းထောက်တွေ အားလုံး ချက်ချင်း ပြန်လွတ်လာတာကို ကျနော်တို့ မြင်ချင်ပါတယ်။ ပြန်လွတ်လာရုံတင် မကပါဘူး။ သူတို့အပေါ် စွဲထားတဲ့ စွဲချက်တွေကိုလည်း ပြန်ရုပ်သိမ်းပေး စေချင်ပါတယ်။ ဒါ့အပြင် အစိုးရအနေနဲ့ မဖြစ်မနေ လုပ်သင့်တာက ဒီအခြေအနေ ဘာကြောင့် ရောက်ခဲ့ရတာလည်း ဆိုတာကို သေချာ စမ်းစစ်ရပါမယ်။ ဒီမိုကရေစီနိုင်ငံ ဖြစ်နေပါပြီလို့ ပြောချင်ရင်တော့ ခုလို ဖမ်းဆီးတဲ့ လုပ်ရပ်မျိုးတွေ၊ အပြုအမူတွေနဲ့တော့ ဆက်သွားလို့ မဖြစ်နိုင်ဘူးဆိုတာကိုလည်း အစိုးရအနေနဲ့ နားလည် ရပါလိမ့်မယ်။”

အခုဖမ်းဆီးမှုနဲ့ ပတ်သက်လို့ မြန်မာအာဏာပိုင်တွေဘက်ကတော့ သတင်းထောက်တွေကို ဥပဒေလမ်းကြောင်းအတိုင်း စစ်ဆေးမေးမြန်း နေတာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

ပေါက်မြို့က စစ်လက်နက်စက်ရုံကို လျှို့ဝှက် ဓာတုလက်နက်စက်ရုံဆိုပြီး Unity ဂျာနယ်က ရေးသားဖော်ပြခဲ့တာနဲ့ဆက်နွယ်ပြီး နယ်သတင်းထောက် ကိုလူမော်နိုင်ကို ဇန်န၀ါရီလ ၃၁ ရက်နေ့မှာ အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပြီး အခု ပခုက္ကူထောင်မှာ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ တရားစွဲဆိုထားသလို ဂျယ်နယ်ရဲ့ အမှုဆောင်အယ်ဒီတာချုပ် ဦးတင့်ဆန်းနဲ့ ကျန်တဲ့ သတင်းထောက် သုံးဦးကိုတော့ ဘယ်လို အကြောင်းပြချက်၊ စွဲချက်တွေနဲ့ ဖမ်းဆီးထားတယ် ဆိုတာတော့ မသိရသေးပါဘူး။

ခုလို Unity သတင်းဂျာနယ်က သတင်းထောက်တွေ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာနဲ့ ပတ်သက်လို့ ပြည်တွင်းသတင်းမီဒီယာ အဖွဲ့အစည်းတွေကလည်း စိုးရိမ် ပူပင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပြီး ဒီဖြစ်ရပ်ဟာ လုပ်ထုံးလုပ်နည်းနဲ့ မညီညွတ်ဘူးလို့လည်း ဝေဖန် ပြောဆိုနေကြပါတယ်။

VOA Burmese News

ခေါက်ဆွဲခြောက် ထုတ်များအား ဟင်းသီးဟင်းရွက်၊ အသား၊ ငါး တစ်ခုခုနဲ့ ရောနှော စားသုံးသင့်


အသင့်စား ခေါက်ဆွဲခြောက် ထုတ်များတွင် လူ့ကျန်းမာရေး အတွက် အကျိုးရှိသည့် အမျှင်ဓါတ်၊
ဗီတာမင်ဓါတ်နှင့် သတ္တုဓါတ်များ မပါဝင် သလောက် နည်းပါးပြီး အန္တရာယ် ပေးနိုင်သော သကြားဓါတ်၊ အချိုမှုန့်ဓါတ်နှင့် ဆိုဒီယမ် ဓါတ်များ ပါဝင်မှုနှုန်း မြင့်မားသည့်အတွက် ရေရှည် စားသုံးပါက အ၀လွန်ရောဂါ ရရှိနိုင်သည့် အပြင် ကျန်းမာရေးအား အလွန် ထိခိုက်နိုင်သည်ဟု အထွေထွေ ရောဂါကု ဆရာဝန် ဒေါက်တာ မြင့်ဦးက ဆိုသည်။

"လူတစ်ယောက် အတွက် နေ့စဉ်ပုံမှန်စားသုံးတဲ့ အစားစာထဲမှာ ပရိုတိန်း(၂၃)၊အဆီ(၂၈) ၊ ကာဗိုဟိုက်ဒြိတ်(၅၅) ရာခိုင်နှုန်း ပါဝင်နေဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ခေါက်ဆွဲ ခြောက်မှာ ၉။ ၃၆။ ၅၅ ဖြစ်နေတဲ့အတွက် ပရိုတိန်းဓါတ်က နည်းပြီး ကာဗိုဟိုက်ဒြိတ်နဲ့ အဆီတွေ များလွန်း နေပါတယ်။ ခေါက်ဆွဲခြောက်ဟာ Junk Food လို့ ခေါ်တဲ့ အစားအစာ အမျိုးအစားထဲမှာ ပါဝင်နေတဲ့ အတွက် ကျန်းမာရေးနဲ့မညီညွတ်ပါဘူး အချိန်မရလို့ ခေါက်ဆွဲခြောက်ကို ရေနွေးထဲမှာ ၃ မိနစ်စိမ်ပြိး စားသုံး ရတော့မယ့် ဆိုရင် ဟင်းသီးဟင်းရွက်၊ အသား၊ ငါး တစ်ခုခုနဲ့ ရောနှော စားသုံးဖို့ အကြံပြုလိုပါတယ် "ဟု အထွေထွေ ရောဂါကု ဆရာဝန် ဒေါက်တာ မြင့်ဦးက ပြောသည်။

လူတစ်ယောက် အတွက် ဆိုဒီယမ်ဓါတ် တစ်နေ့တာ လိုအပ်ချက်မှာ ၁၅၀၀ မီလီဂရမ်သာ ရှိကြောင်းနှင့် ခေါက်ဆွဲခြောက် တစ်ထုတ်တွင် ဆိုဒီယမ်ဓါတ် ၂၇၀၀ အထိ ပါဝင် နေသောကြောင့် ရေရှည် စားသုံးပါက အ၀လွန် ရောဂါ စွဲကပ်နိုင်သည့် အပြင် သွေးတိုးရောဂါ၊ နှလုံးရောဂါနှင့် ကျောက်ကပ် ဝေဒနာရှင်များ စားသုံးရန် မသင့်လျော်ဟု ၎င်းက ဆက်ပြောသည်။

"အသင့်စား အစားအစာတွေက ကြာရှည်ခံအောင် ဓာတု ပစ္စည်းတွေနဲ့ လုပ်ထားတဲ့အတွက် ကျန်းမာရေး အတွက် မကောင်းဘူး ဆိုတာတော့ သိတယ် ဒါပေမယ့် ခေါက်ဆွဲပြုတ် စားရတာက အချိန်ကုန်လည်း သက်သာတယ် ငွေကုန်လည်း သက်သာတယ် ညဘက် အိမ်ပြန်ရောက်ရင် လွယ်လွယ်ကူကူ ခေါက်ဆွဲပဲ ပြုတ်စားလိုက်တာ များတယ် ခေါက်ဆွဲပြုတ် စားတာများရင် ဆံပင် ကျွတ်တယ်လို့တော့ ကြားဘူးတယ်" ဟု စမ်းချောင်း မြို့နယ်နေ လူငယ် တစ်ဦးက ပြောသည်။

အသင့်စား ခေါက်ဆွဲခြောက် များကို ဂျပန်နိုင်ငံတွင် အဓိက ခေါက်ဆွဲခြောက် ထုတ်လုပ်သည့် Nissin Foods ကုမ္ပဏီ တည်ထောင်သူ မိုမိုဖူကူအန်တိုက ၁၉၅၈ ခုနှစ်တွင် တီထွင်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၂ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း ခေါက်ဆွဲခြောက်ထုတ် ရောင်းအားမှာ ၁၀၁ ဒသမ ၄ ဘီလျံရှိကြောင်း ဂျပန် အခြေစိုက် ကမ္ဘာ့ခေါက်ဆွဲခြောက် အသင်း World Instant Noodles က ထုတ်ပြန် ထားသည်။

credit to နှင်းဆီဖူးလေးများ-Love BUDS

အချစ်ကို နားမလည်သေးပါဘူးလို့ ဆိုလိုက်တဲ့ ဆောင်းယွန်းစံ


အနုပညာလှုပ်ရှားမှုများနဲ့ အနည်းငယ်အလှမ်းဝေးနေသလို ထင်ရတဲ့ ဆောင်းယွန်းစံက အခုနောက်ပိုင်းမှာ ကြော်ငြာတွေအပြင် ဇာတ်လမ်းတွဲတွေပါ ရိုက်လာတာကြောင့် သူမနဲ့ တွေ့ဆုံခိုက် သိချင်တာလေးတွေ မေးမြန်းကြည့်လိုက်တဲ့အခါ သူမက ‘အခုကြော်ငြာတွေ ရိုက်ဖြစ်တယ်။ ဇာတ်လမ်းတွဲတွေ ရိုက်ဖြစ်နေပါတယ်။ ကြော်ငြာက ငွေဆောင်မှာ ACE ကြော်ငြာ ရိုက်ထားပါတယ်။ ပြီးတော့ ဆိုင်ကယ်ကြော်ငြာ ရိုက်ထားတယ်။ ဆီဆိုင်ကြော်ငြာ ရိုက်ထားပါတယ်။ ဇာတ်လမ်းတွဲက အပိုင်းဖြတ်ပြီး ရိုက်မဲ့ဇာတ်လမ်းတွဲပါ’တဲ့။

လာမဲ့ချစ်သူများနေ့ကို သူမဖြတ်သန်းဖြစ်မဲ့အကြောင်းကိုတော့ ‘တောင်ငူမှာ ပွဲနဲ့ရှိနေမှာပါ။ ချစ်သူများနေ့ကို အလုပ်နဲ့ပဲဖြတ်သန်းဖြစ်မှာပါ။ ချစ်သူများနေ့မှာလဲ လက်ဆောင်တစ်ခါမှ မရဖူးဘူး။ ဒီနှစ်လဲ မရှိသေးပါဘူး။ အချစ်ဆိုတာ ၅၂၈ ကအေးမြတယ်။ ၁၅၀၀က ပူလောင်တယ်။ ဒီလောက်ပဲသိပါတယ။် အချစ်ကိုနားမလည်သေးပါဘူး။ လောလောဆယ်တော့ အနုပညာအလုပ်တွေနဲ့ပဲဆက်လုပ်နေမှာပါ။ နောက်ပိုင်းမှပဲ အချစ်ရေးကို စဉ်းစားဖြစ်ပါမယ်။ ညီမ၂၆လောက်မှ အိမ်ထောင်ရေးဖက်ကို စဉ်းစားဖြစ်မှာပါ။ ဒီ၂၀၁၄ ထဲမှာ အနုပညာအစ်မတွေ မင်္ဂလာဆောင်ကြတဲ့အတွက် အရမ်းကို ၀မ်းသာပါတယ်။ အိမ်ထောင်ဖက်ကိုတော့ ညီမအပေါ် စိတ်ထားကောင်းရင် ရပါပြီ။ အပြင်လောကကလူပဲ ရွေးချယ်ဖြစ်မယ်ထင်ပါတယ်’လို့ သူမက ပြောပါတယ်။

Trend Myanmar

Thinzar Nwe Win - တင်ဇာနွယ်ဝင်း ရဲ့ ရေကူးဝတ်စုံ ဖက်ရှင်






Myanmar Attractive Actress- Thinzar Nwe Win
Professional: Actress
Name: Thinzar Nwe Win
Birthday: 06 April 1991
Home Town: Taung Gyi
Nationality: Myanmar
Activities: Model
Email: [email protected]

ဒေါ်လာ ၄ သန်းကျော်ချန်ခဲ့တဲ့ မန်ဒဲလား သေတမ်းစာ

ဒုတိယ တရားသူကြီးချုပ် Dikgang Moseneke က ကွယ်လွန်သူ မစ္စတာမဲန်ဒဲလားရဲ့ သေတမ်းစာကို ဖတ်ပြစဉ်။ (ဖေဖော်ဝါရီ ၄၊ ၂၀၁၄)

ကွယ်လွန်သူ တောင်အာဖရိက ခေါင်းဆောင်ဟောင်း Nelson Mandela ဟာ ဒေါ်လာ ၄ သန်း၊ ၁ သိန်း တန်ဖိုးရှိတဲ့ အိမ်ခြံမြေကို မိသားစုဝင်တွေ၊ သူ့ရဲ့ဝန်ထမ်းတွေ၊ ပညာသင်ယူခဲ့တဲ့ ကျောင်းတွေနဲ့ အာဏာရပါတီအတွက် ချန်ထားခဲ့တဲ့အကြောင်း သေတမ်းစာ အတည်ပြု ထုတ်ပြန်သူတွေက ပြောပါတယ်။

တောင်အာဖရိ သမ္မတဟောင်းရဲ့သေတမ်းစာကို အတည်ပြုပေးခဲ့သူ တစ်ဦးဖြစ်တဲ့ ဒုတိယ တရားသူကြီးချုပ် Dikgang Moseneke က မိသားစုကို သေတမ်းစာ အရင်ဖတ်ပြခဲ့ပြီးနောက် တနင်္လာနေ့မှာပဲ သတင်းထောက်တွေကိုလည်း အကျဉ်းရုံးရှင်းပြခဲ့တာပါ။

ငွေကြေးအများစုကိုတော့ သူ့ရဲ့အိမ်ထောင် ၃ ခုက သားသမီးတွေ၊ မြေးတွေနဲ့ ဆွေမျိုးတွေအတွက် ချန်ခဲ့သလို ဒေါ်လာ ၄,၅၀၀ ကိုတော့ သူ့ရဲ့အတွင်းရေးမှူး အပါအ၀င် ၀န်ထမ်းတချို့ကို ပေးအပ်ခဲ့ပါတယ်။

သူပညာသင်ယူခဲ့တဲ့ ကျောင်းတစ်ကျောင်းချင်းစီနဲ့ သူနေထိုင်ရာ အရပ်က ကျောင်း ၂ ကျောင်းအတွက်လည်း ဒေါ်လာ ၉ ထောင်စီ ချန်ရစ်ခဲ့တာပါ။

ဒီဇင်ဘာလ ၅ ရက်နေ့က ကွယ်လွန်ခဲ့တဲ့ အသက် ၉၅ နှစ်အရွယ် အသားအရောင်ခွဲခြားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုကို ဦးဆောင်ခဲ့သူ မန်ဒဲလားအနေနဲ့ သူ့ရဲ့သေတမ်းစာကို ကန့်ကွက်မှာ မဟုတ်ဘူးဆိုတာ ကြိုတင် နားလည်ထားတဲ့အကြောင်းလည်း ဒုတိယ တရားသူကြီးချုပ်ဖြစ်သူက ပြောဆိုခဲ့ပါတယ်။

VOA Burmese News

အချစ်မှာ အသက်ကွာဟမှု မရှိဘူး

 ဓာတ်ပုံ- dailymail.co.uk

အချစ်မှာ အသက်ကွာဟချက် မရှိဘူးဆိုတာ သက်သေပြတဲ့ စုံတွဲ ၂ စုံတွဲပါ။ အခု ဓာတ်ပုံပါ စုံတွဲ ၂ ခုမှာ ဘယ်ဖက်က Weston-super-Mare အရပ်က အသက် ၇၈ နှစ်ရှိ Edna Martin နဲ့ North Wales နယ် Abergele က အသက် ၆၈ နှစ် ရှိတဲ့ Joan Lloyd ဆိုတဲ့ အမျိုးသမီးကြီး ၂ ဦးရဲ့ ခင်ပွန်းတွေဟာ သူတို့ ထက် အသက် ၃၉ နှစ်လောက် ငယ်ကြပါတယ်။

အခု သူတို့ စုံတွဲဟာ ဗြိတိန်က တီဗီလိုင်းသစ် Channel 5 မှာ မှတ်တမ်း ရုပ်/သံတခုအဖြစ် သူတို့ရဲ့ အသက် အရွယ် ကွာ ဟတဲ့ လင်မယား ဆက်ဆံရေး  ဇာတ်လမ်းတွေကို ကမ္ဘာက သိအောင် မျှဝေ သွားဖို့ ရှိပါတယ်။

“ကျမက အသက် ၇၈ နှစ်၊ သူက ၃၉ နှစ်ပါ။ ဒါပေမယ့် အသက်ကွာဟမှုက အိပ်ခန်းထဲမှာ ဘယ်လိုမှ သက်ရောက်မှု မရှိ ပါဘူး” လို့ Edna Martin က ဘဝ အစစ်မှာ သူ့ထက် အသက် ထက်ဝက်ငယ်တဲ့ အမျိုးသားတဦးနဲ့ ဆက်ဆံရေးအကြောင်း ပွင့်ပွင့် လင်းလင်း ပြောသွားတာကို ဗြိတိန် ဒေးလီးမေးလ် သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။



အိမ့်သံစဉ် ~
Irrawaddy

ဘီယာကို အရသာခံမယ့် စက်ရုပ်တွေ ပေါ်ပြီ


စပိန်နိုင်ငံသုတေသီတွေရဲ့ ကျေးဇူးနဲ့ ဘီယာမြည်းတဲ့ စက်ရုပ်ခေတ် ရောက်လာပါပြီ။ ဘာစီလိုးနား Autonomous တက္ကသိုလ်က သိပ္ပံပညာရှင်တွေဟာ ဘီယာတွေကြားက ကွဲပြားချက်နဲ့ အရက်ပါဝင်မှု ပမာဏကို ၈၂ရာခိုင်နှုန်းထိ(လက်ရှိ) တိုင်းတာဆုံးဖြတ်နိုင်တဲ့ စက်ရုပ်တွေကို တီထွင်ခဲ့ကြပါတယ်။
လူ့ ရသအာရုံပေါ် အခြေခံထားတဲ့ အီလက်ထရောနစ်လျှာလို့ ခေါ်ရမယ့် စက်ရုပ်နဲ့ ဘီယာအမှတ်တံဆိပ် ပေါင်းစုံကို လေ့လာစမ်းသပ်မှုတစ်ရပ် လုပ်ခဲ့ကြောင်း “Food Chemisty” ဂျာနယ်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
“ဓာတု ကွန်ပေါင်းအမျိုးအစားတွေကို တုံ့ပြန်မယ့် အာရုံခံကိရိယာတွေ နဲ့ အချက်အလက်တွေရရှိပါတယ်။ လုပ်ငန်းစဉ် အဆင့်ဆင့်၊ မူကွဲသုံးသပ်မှု နဲ့ လူလို အာရုံခံတာတွေတောင် ပါသေးတယ်။” လို့ သုတေသနရပ်ရဲ့ အဓိကစာရေးသူ Manel del Valle က ပြောသွားခဲ့ပါတယ်။
အိုင်ယွန်တွေကို ခွဲခြားပေးမယ့် လျှပ်ခေါင်း ၂၁ခုတပ်ဆင်ထားပြီး အဲ့ဒီ့ လျှပ်ခေါင်းတွေဟာ စားသုံးကုန်ထဲမှာပါတဲ့ ဒြပ်မှုန်တွေကို အာရုံခံဖို့နဲ့ တုံ့ပြန်ဖို့အတွက် ဒီဇိုင်းရေးဆွဲထားတာဖြစ်ပါတယ်။
Ref:latinpost.com
Trend Myanmar

သင့်အတွက် facebook က တစ်မိနစ်စာ video လုပ်ပေးမယ်



Facebook ကနေ သင်တင်သမျှတွေကို သင်ကိုယ်တိုင် ဘာမှလုပ်စရာမလိုဘဲနဲ့ တစ်မိနစ်နဲ့ နှစ်စက္ကန့်စာ video လေးကို အလိုလျှောက်လုပ်ပေးမှာဖြစ်ပါတယ်။

ဒီ video မှာ facebook ကို ဘယ်အချိန်မှာ စအသုံးပြုခဲ့တာကစလို့။ သင်တင်တဲ့ပုံတွေရယ် အဲဒီပုံတွေထဲကမှ အများဆုံး like ခံရတဲ့ ပုံတွေကို အမှတ်ရစရာဖြစ်အောင် နောက်ခံတီးလုံးလှလှလေးနဲ့ facebook က video လေးတစ်ခု လုပ်ပေးမှာပါ။

သင့်ဘက်က လင့်လေးတစ်ခုကို နှိပ်လိုက်ရုံပါပဲ။ နှိပ်ရမယ်လင့်ကတော့


https://www.facebook.com/lookback

Myanmar CNN မှ တင်ဆက်သည်

သမီးသေဆုံးမှုအတွက် မြေးဖြစ်သူ ဗိုလ်ကြီးကို အဖွားက အမှုဖွင့်


မင်္ဂလာဒုံမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် သမီးဖြစ်သူ သေဆုံးမှုတွင် မြေးတော်စပ်သူဗိုလ်ကြီးကို မသင်္ကာဟု အဖွားဖြစ်သူက သတင်းပေးတိုင်ကြားမှုကြောင့် မင်္ဂလာဒုံရဲစခန်းက ရေဝေးသို့ ရောက်ရှိနေသည့် လူသေ အလောင်းကို ပြန်လည်စစ်ဆေးပြီး အမှုဖွင့် ဆောင်ရွက်နေသည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ် ပြန်သည်။

အမှုမှာ မင်္ဂလာဒုံမြို့နယ်နေ ဗိုလ်ကြီးဝင်းလှိုင်၊ ဇနီး မငယ်ငယ်(ခ)မမြတ်စံ ပယ်ထွန်းတို့ နေအိမ်တွင် ဗိုလ်ကြီးဝင်းလှိုင်၏ မိခင်ဖြစ်သူ ဒေါ်မြတ်မြတ်ကြူမှာ ဖေဖော်ဝါရီ ၂ ရက် နံနက် ၄ နာရီခွဲအချိန်တွင် သေဆုံးခဲ့ပြီး အလောင်းကို ရေဝေးသုဿန်သို့ ပို့ဆောင်ထားခဲ့သည်။

ထိုဖြစ်စဉ်တွင် သေဆုံးသူ၏ မိခင်ဖြစ်သူ ဒေါ်စန်းစန်းမြင့်က သမီးဖြစ်သူသေဆုံးခဲ့ရမှုတွင် သေဆုံးရသည့် အကြောင်းရင်းကို မသိရှိရဘဲ ရေဝေးသုဿန်သို့ ပို့ဆောင်ထားသည်ကို သံသယရှိကြောင်း ဖေဖော်ဝါရီ ၃ ရက် နံနက် ၁ နာရီခွဲအချိန် တွင် မင်္ဂလာဒုံရဲစခန်းသို့ သတင်းပေးတိုင်တန်းခဲ့ခြင်း ဖြစ်သည်။

“သေဆုံးသူက မြောက်ဥက္ကလာပကနေ ကျွန်တော့်ရပ်ကွက်ထဲက သူ့သားနဲ့ ချွေးမဆီမှာ လာနေရင်း ဆေးကုနေတာပါ။ သူ သေဆုံးကြောင်း ထောက်ခံချက်ကို သူ့ဆရာဝန်ကိုယ်တိုင် လက်မှတ်ထိုးထောက်ခံ လို့ ကျွန်တော်တို့ကလည်း ရပ်ကွက်အတွင်း သေဆုံးကြောင်း ထောက်ခံချက်လက်မှတ် ထုတ်ပေးထားပါ တယ်” ဟု အမှတ် (၃/ခ) ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစိန်ဝင်းက မဇ္ဈိမ၏ မေးမြန်းချက်ကို ပြန် လည်ဖြေ ကြားခဲ့သည်။

ထို့ကြောင့် မြို့မရဲစခန်းမှူး ဒု-ရဲမှူးဝင်းမြင့်၊ တာဝန်မှူး ဒု-ရဲအုပ် မြင့်အောင်တို့က အခင်းဖြစ်နေအိမ်သို့ သွားရောက်စစ်ဆေးချက်အရ သေဆုံးသူဒေါ်မြတ်မြတ်ကြူသည် ခုခံအားတိုက်ခိုက်ခံရသည့် ရောဂါ Systemic Lupus Erythematosus (SLE) ဖြစ်ပွားသဖြင့် ရွှေဂုံတိုင်ဆေးရုံတွင် ၂၀၁၃ ခုနှစ်ဒီဇင်ဘာ ၅ ရက်မှ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၆ ရက်ထိ ဆေးကုသမှုခံယူပြီး နေအိမ်သို့ ခေါ်ဆောင်ပြုစုထားသည်ဟု သားဖြစ်သူ ဗိုလ်ကြီးဝင်းလှိုင်က ထွက်ဆိုထားသည်ဟု ဆိုသည်။

ယင်းသို့ ပြုစုနေစဉ် သေဆုံးသွားသဖြင့် အလောင်းအား သင်္ဂြိုဟ်ရန် ရေဝေးသုဿန်သို့ ပို့ဆောင်ခြင်းဖြစ် သည်။ ယင်းနောက် မြို့နယ်ရဲတပ်ဖွဲ့ဝင်များသည် ရေဝေးရှိ ဒေါ်မြတ်မြတ်ကြူ၏ အလောင်းအား သွား ရောက်စစ်ဆေးရာ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရသော်လည်း ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေးရန် ဒု-ရဲအုပ် မြင့်အောင်က တရားလိုပြုလုပ်တိုင်တန်းလိုက်သည်။

ထိုတိုင်တန်းမှုကြောင့် မင်္ဂလာဒုံရဲ စခန်းက သေမှုသေခင်းအမှတ်စဉ် ၃/ ၂၀၁၄ ဖြင့် အမှုဖွင့်ပြီး စခန်းမှူး ကိုယ်တိုင် ဆက်လက်စစ်ဆေးနေသည်ဟု သတင်းထုတ်ပြန်ထားသည်။

ဇော်ဇော်ထွေး
Mizzima Burmese

နယ်လှည့်ပါးရိုက်စို့ - ကာတွန်း


credit : Irrawaddy

အဖမ်းခံ Unity သတင်းထောက်ကို ထောင်ဝင်စာ သွားတွေ့သူတို့ ထိန်းသိမ်းခံရ


ရန်ကုန်၊ ဖေဖော်ဝါရီ ၄။

ကာကွယ်ရေးပစ္စည်း စက်ရုံ သတင်း ရေးသားမူကြောင့် Unity ဂျာနယ်မှ သတင်းထောက်များကို နိုင်ငံတော် လုံခြုံရေး ချိုးဖောက်မှု ပုဒ်မဖြင့် အရေးယူ ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့ပြီး နယ်သတင်းထောက် ကိုလူမော်နိုင်ကို ထောင်ဝင်စာ သွားရောက် တွေ့ဆုံခဲ့သူ အချို့မှာလည်း ထိန်းသိမ်းခံ ခဲ့ရကြောင်း ၎င်းတို့၏ မိသားစုဝင်များက ပြောကြားသည်။

မကွေးတိုင်း ဒေသကြီး ပခုက္ကူ အကျဉ်းထောင်တွင် ထိမ်းသိန်း ခံနေရသော ကိုလူမော်နိုင်ကို ဖေဖော်ဝါရီ ၃ ရက် မွန်းလွဲ၁၂နာရီ ခန့်က ၎င်း၏ ဇနီးဖြစ်သူ မလွင်လွင်မြင့်နှင့် အဖော်၂ဦးက သွားရောက်တွေ့ဆုံခဲ့ရာ ထိမ်းသိန်းခံခဲ့ရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“သွားတွေ့တဲ့ သုံးယောက်စလုံးကို တစ်ညလုံး ခေါ်ထားတယ်”ဟု မလွင်လွင်မြင့်၏ အကိုအကြီးဆုံး ကိုအောင်ကျော်ကျော်က ပြောကြားသည်။

မလွင်လွင်မြင့်ကိုမူ ယခုအချိန်ထိ ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်ပြီး အဖော်လိုက်ပါသွားသည့် အလှသစ္စာပညာရေးမိဘမဲ့ ဂေဟာ၏ ဆရာ၊ ဆရာမများဖြစ်သော ကိုဝင်းမင်းအောင်နှင့် မဖူးဖူးပွင့်တို့ကို ယနေ့မနက်တွင် အာဏာပိုင်တို့က ပြန်လည် လွတ်ပေးခဲ့သည်ဟု မွန်းလွဲ ၁နာရီခွဲ အချိန်တွင် ၎င်းကို ဆက်သွယ် မေးမြန်းချက်အရ သိရသည်။

ထောင်ဝင်စာ သွားတွေ့သူတို့ကို ထိန်သိမ်းချိန်နှင့် အချိန်ကိုက်ပင် ကိုလူမော်နိုင်တို့၏ အိမ်ကိုလည်း ပေါက်မြို့နယ်မှ ၁၅ဦးပါသော အာဏာပိုင် အဖွဲ့က လာရောက်ရှာဖွေကာ Laptopကွန်ပြူတာကို သိမ်းဆည်းသွားကြောင်း မျက်မြင် တွေ့ရှိသူများက ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ် ပြောရေးဆိုခွင့် တစ်ဦးဖြစ်သူ ဒုတိယရဲမှူးကြီးမင်းအောင်ကို ဆက်သွယ် အတည်ပြု မေးမြန်ရာ “ဖမ်းထားလား မထားလား ဆိုတာ အခုထိ ကျွန်တော့်ဆီ သတင်းမရောက်သေးပါဘူး”ဟုဆိုသည်။

ယူနတီဂျာနယ် အတွဲအမှတ် ၃၊တွင်ဖော်ပြပါရှိသည့် “ဗိုလ်ချုပ် မှူးကြီးဟောင်း၊ တရုတ်ပညာရှင်၊ လက်ရှိ ကာချုပ် တို့၏ ပေါက်မြို့နယ်မှ လျှို့ ၀ှက် ဓာတုလက်စက်ရုံ” သတင်းဖော်ပြပြီး တစ်ပတ်ခန့် အကြာ အတွဲအမှတ် ၄တွင် ပေါက်မြို့ ဓါတုတ်စက်ရုံ သတင်းနှင့် ပတ်သက်၍ တာဝန် ရှိသူ များအား စုံစမ်းနေ ဆိုသည့် သတင်းကို ဖော်ပြပြီး ၂ ရက်ခန့် အကြာ ဂျာနယ် CEO နှင့်သတင်းထောက်များကို ဖမ်းဆီးပြီးနောက်၎င်းတို့နှင့် ဆက်ဆပ်သူများကို ထပ်မံ စစ်ဆေးခြင်း ဖြစ်သည်။

People power - Myanmar

အရေးကြောင်းထင်ခြင်း ကင်းဝေးဖို့ အတွက် အလွယ်နည်းများ


အရေးကြောင်းတွေ ထင်လာတာကြောင့် စိတ်ညစ်နေသူတွေ အတွက် မီးဖိုချောင်သုံး ပစ္စည်းတွေနဲ့ မိမိဘာသာ အိမ်တွင်း ပြုပြင်နိုင်မယ့် အလွယ်နည်းတွေကို ဖော်ပြလိုက်ပါတယ်။

ကြက်ဥအကာ၊ ဘဲဥအကာ

ကြက်ဥအကာ၊ ဘဲဥအကာမှာ ဗီတာမင်ဘီအုပ်စု ပါဝင်တာကြောင့် အရေပြားကို တင်းရင်းစေပြီး အရေးကြောင်းကို လျော့ကျစေပါတယ်။ ကြက်ဥ၊ ဘဲဥအကာ နှစ်လုံးကို မွှေပြီး မျက်နှာပြင်ပေါ် လိမ်းကာ မိနစ် ၃၀ လောက် ထားပေးပါ။ ပြီးရင် မျက်နှာကို ရေအေးနဲ့ ဆေးကြောပေးပြီး ခြောက်အောင် သုတ်လိုက်ပါ။

အုန်းဆီ

အုန်းဆီဟာ အင်တီအောက်ဆီးဒင့်အဆီ ဖြစ်တာကြောင့် မျက်နှာကို တင်းရင်း နုပျိုစေပါတယ်။ အုန်းဆီ စစ်စစ်ကို ဗီတာမင်အီး အဆီအစက် အနည်းငယ်နဲ့ ရောပြီး အိပ်ရာမဝင်ခင် မျက်နှာပြင်ပေါ် လိမ်းပါ။ နံနက်ခင်း ရောက်မှ ရေနဲ့ မျက်နှာသစ်ပေးပါ။

နာနတ်သီး

ရေခဲသေတ္တာထဲမှာ နာနတ်သီးစိတ်ကို ထည့်ထားပြီး မျက်နှာပေါ်ကို လိမ်းပေးပါ။ နာနတ်သီးစိတ်မှာပါတဲ့ အစွမ်းထက် အင်ဇိုင်းတွေက အရေပြားကို စိုပြည်စေပြီး ဆဲလ်သေတွေကို ကင်းစင်စေပါတယ်။ နာနတ်သီးစိတ် နှစ်စိတ်ကို အရည်ညှစ်ပြီး မျက်နှာပြင်ပေါ် လိမ်းကာ အချိန် ၁၅ မိနစ်ကြာမှ ရေနဲ့ ဆေးလိုက်ပါ။

သံပရာရည်၊ ရှောက်ရည်

သံပရာရည်၊ ရှောက်ရည်မှာပါတဲ့ အစွမ်းထက် ကြေးချွတ်အာနိသင်ကြောင့် အရေးကြောင်းတွေကို လျော့ပါးစေပါတယ်။ သံပရာရည်၊ ရှောက်ရည် အစက် အနည်းငယ်ကို အရေပြားပေါ် လိမ်းပေးပါ။ ဝက်ခြံဖုတွေကိုလည်း ပျောက်စေပါတယ်။

ရွှေဖရုံစေ့

ရွှေဖရုံစေ့မှာပါတဲ့ ဗီတာမင်အီးဟာ မျက်နှာအရေပြား တင်းရင်းစေတဲ့ ကော်လာဂျင်ကို ဖြစ်ပေါ်အောင် အားပေးကာ အရေပြားဆဲလ်တွေကို ကျန်းမာလှပစေပါတယ်။ ရွှေဖရုံစေ့ လက်တစ်ဆုပ်စာကို ကြိတ်ချေပြီး သံလွင်ဆီ လက်ဖက်စားဇွန်း တစ်ဇွန်းနဲ့ ရောမွှေကာ အသားအရေပေါ်မှာ လိမ်းပေးပါ။

Credit  : မြ၀တီ

ရတနာပုံ တယ်လီပို့စ်က ဆင်းကတ် ရောင်းမည်


ရတနာပုံ တယ်လီပို့စ် အများပိုင်ကုမ္ပဏီဟာ လာမယ့် သြဂုတ်လက စပြီး မိုဘိုင်းဖုန်း ဆင်းကတ်တွေကို ချပေးသွားမယ်လို့ Call Center တာဝန်ရှိသူတဦးက ဒီဗွီဘီကို အတည်ပြု ပြောဆိုပါတယ်။

လက်ရှိအချိန်မှာ ကွန်ရက်တည်ဆောက်ရေးအတွက် တင်ဒါခေါ်ထားတဲ့ နိုင်ငံခြား ကုမ္ပဏီတွေကို ရွေးချယ်နေတယ်လို့ ဒါရိုက်တာ အဖွဲ့ဝင် ဦးရှိန်းသူအောင် ပြောတာကို ကိုးကားပြီး ဒီကနေ့ထုတ် စစ်တပ်ပိုင် မြ၀တီ သတင်းစာကလည်း ဖော်ပြပါတယ်။

မိုဘိုင်းဖုန်း ဆင်းကတ်တွေ ရောင်းချတဲ့အခါ ကျပ် ၁၅၀၀ နဲ့ ရောင်းပေးတာအပြင် ဖုန်းခေါ်ဆိုခနဲ့ SMS ပေးပို့တာတွေကို အကန့်အသတ်နဲ့ အခမဲ့ ပေးတာ၊ နောက်ပိုင်း ဆင်းကတ်တွေကို အလကား ဝေတာအထိ ၀န်ဆောင်မှု အမျိုးမျိုး လုပ်ပေးသွားမယ်လို့ သူက ဆိုပါတယ်။

အလားတူ အော်ပရေတာ လုပ်ကိုင်မယ့် မြန်မာ့ဆက်သွယ်ရေးကလည်း လာမယ့် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်အတွင်း ဆင်းကတ် ၅ သန်းလောက် ရောင်းချသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

DVB Burmese

ထိုင်း-မြန်မာနယ်စပ်တွင် ရာဘ ၁ သန်းကျော် သယ်ဆောင်သူကို အသေပစ်ခတ် ဖမ်းမိ


ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ခရိုင်ကနေ ရာဘ ခေါ် မြင်းဆေး အလုံးရေ ၁ သန်းနဲ့ ၂ သိန်းကို သယ်ဆောင်လာတဲ့ လူရွယ်တဦးကို အသေပစ်ခတ်ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းမူးယစ် ရဲတပ်ဖွဲ့ရဲ့ အပြောကို ကိုးကားပြီး ထိုင်းရတ်သတင်းမှာ ဖော်ပြသွားပါတယ်။

အဲဒီ မူးယစ်ဆေးတွေကို ဖေဖော်ဝါရီ ၃ ရက် ည ၁၁ နာရီအချိန်က ထိုင်းနိုင်ငံ မြောက်ပိုင်း လမ်ပွန်းခရိုင် မဲ့ထားမြို့နယ် ထာ့ဆုပ်ဆောက် စစ်ဆေးရေးဂိတ်အလွန်မှာ ဖမ်းမိခဲ့တာလို့ အမှတ် ၅ ခရိုင် မူးယစ်ရဲတပ်ဖွဲ့က ဒု ရဲမှူးကြီး ချမ်းနန်လုတ်လျိုးက ထိုင်းသတင်း ထောက်တွေကို ပြောပါတယ်။

ဒီမတိုင်ခင်က ထိုင်း-မြန်မာ နယ်စပ် တာ့ခ်ရိုင် ဖုတ်ဖရမြို့နယ်မှာ နေထိုင်သူ အသက် ၂၆ နှစ်ရှိ ထိုင်းနိုင်ငံသား နိုင်းနုတ်ဖွန်း ဖစ်ခ်ျခီရိဆိုသူဟာ မူးယစ်ဆေးဝါးနဲ့ ဆက်နွယ်တယ်လို့ ကြိုတင် သတင်းရထားတဲ့အတွက် ထိုင်းရဲတွေက သူနောက်ကို ခြေရာခံလိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အခင်းဖြစ်တဲ့နေ့က ချင်းရိုင်းခရိုင်ကနေ ထွက်ခွာလာတဲ့ အဲဒီ ငွေရောင်တိုယိုတာ ကားနောက်ကို မလှမ်းမကမ်းကနေ လိုက်လာခဲ့ရာမှာ စစ်ဆေးရေးဂိတ်မှာ ရဲတွေက တားဆီးတာကို ဖြတ်ပြေးခဲ့တယ်လို့ ပြောပါတယ်။

ရဲတပ်ဖွဲ့က လိုက်လံ ဖမ်းဆီးတဲ့အတွက် ၁ ကီလိုမီတာအကွာမှာ သူက ကားကို ရပ်ပြီး ထွက်ပြေးသလို သေနတ် ၁ ချက် ခုခံ ပစ်ခတ်တဲ့အတွက် ရဲဘက်ကလည်း ပြန်ပစ်ခဲ့ကြောင်း၊ ရဲဘက်က ထိခိုက်ဒဏ်ရာရသူ မရှိဘဲ ကားမောင်းသူကတော့ နောက်ကျောကနေ ရှေ့ရင်ဘတ်ထိ ကျည်ဖောက်ထွက်ပြီး နေရမှာတင် သေဆုံးသွားတယ်လို့ အမှတ် ၅ ခရိုင် ဒုရဲမှူးကြီးက ပြောပါတယ်။

ကားကို စစ်ဆေးရာမှာ ပလစ်စတစ်အိတ်ခြင်းထဲ ထည့်ထားတဲ့ အိတ်ပေါင်း ၁၂ လုံးကို တွေ့ရှိရပြီး အိတ် ၁ လုံးစီမှာ ရာဘအလုံးရေ ၁ သိန်းစီ ရှိကြောင်း၊ ကာလတန်ဖိုး ဘတ်သန်းပေါင်း ၁၀၀ ခန့်ရှိကြောင်း၊ ရာဘရဲ့ အမှတ်တံဆိပ်ကို ကြည့်ခြင်း အားဖြင့် ထိုင်းဘက်က အလိုရှိနေတဲ့ တဘက်နိုင်ငံက ပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်မှူး ယီ့ဆေးအဖွဲ့က လာတာ ဖြစ်နိုင်ကြောင်း ရဲမှူးကြီးက ခန့်မှန်း ပြောဆိုပြီး နောက်ထပ် ကွင်းဆက်တွေ ဖမ်းမိအောင် ကြိုးစားသွားမယ်လို့ သတင်းထောက်တွေကို ပြောသွားပါတယ်။

DVB Burmese

တရုတ် နှစ်သစ်ကူးကာလ လားရှိုးမြို့၌ လောင်းကစား ဝိုင်းများ ပြိုင်ဖွင့်

လားရှိုးမြို့လောင်းကစားဝိုင်း

တရုတ်နှစ်သစ်ကူးအား အကြောင်းပြကာ သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့၌ တရုတ် လုပ်ငန်းရှင်များက အာဏာပိုင်များထံ ကျပ်သိန်းချီ အခွန် ပေးဆောင်ကာ လောင်းစကားရုံ သုံးနေရာထက် မနည်း ဖွင့်သည် ဟု လားရှိုးမြို့ ပြည်သူ့စစ် အသိုင်းအဝိုင်းက ပြောသည်။

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ဆင်ခြေဖုံး ဟူးမွန်ရွာ၊ ဝမ့်နား၊ ဟိုပိတ် ကျေးရွာ၌ ဂျန္နဝါရီ ၃၁ ရက်နေ့ မှ စ၍ လောင်းကစားဝိုင်း ဖွင့်လာကြောင်း၊ လောင်းကစားဖွင့်လှစ်နိုင်ရန် ဒေါ်ရန်ကျောင်းမြေကွက်၌ ၅ ရက်အတွက်ကျပ် ၂၅ သိန်းပေးဆောင်ငှားရမ်း ရကြောင်း၊ လောင်း ကစားရန်အတွက် ဆိုင်ကယ် အပေါင်ရှုံးသည့် သားသည်မိခင်ဒေါ် အားဖန်ကပြောသည်။

“ရပ်ကွက် ၄ က တရုတ်သူဌေးတဦးက ဒေါ်ရန်ကျောင်း မြေကွက်ကို လာငါးတာ။ ၂၅ သိန်းပေးရတယ်။ လောင်းကစားဝိုင်းက ၅ ရက်တည်းဖွင့်မှာ။ အများဆုံးလာလောင်းတာ တရုတ်၊ ဒုတိယ အများဆုံးက ဗမာ၊ တတိယ ကတော့ သျှမ်းလူမျိုးတွေပေါ့” - ဟုပြောသည်။

လောင်းကစားရှုံးသူများမှာ ကျပ်နှစ်သိန်းခန့်ပေးဝယ်ရသည့် ဆင်းမ်ဖုန်းကဒ်အား ၅ သောင်းဖြင့် လည်း ကောင်း၊ ကျပ် ၄ သိန်း အထိ ပေးဝယ်ရသည့် တရုတ်ဆိုင်ကယ်များအား ကျပ်တသိန်းခန့်ဖြင့် လည်း ကောင်း ပေါင်နှံ၍လောင်းကစားကြောင်း ဒေသခံများကပြောသည်။

“ဘာ့ကြောင့် သျှမ်းရွာတွေမှာ လာရွေးလုပ်တာလဲမသိဘူး။ ဟူးမွန်မှာ တရုတ်နှစ်သစ်ကူးတိုင်း လောင်း ကစားဝိုင်းလုပ်လာတာ သုံးနှစ်ရှိပြီ။ တခြားလူမျိုး ရိုးရာယဉ်ကျေးမှု ပွဲတွေတော့ လောင်းကစားဝိုင်း တွဲဖွင့်ဖို့ ခွင့်တောင်းရင်ဘယ်တော့မှ မရဘူး။ တရုတ်တွေကတော့ တောင်းတိုင်း ရတယ်” ဟု မန်ဆူရပ်မိ ဒေါ်နန်းစိန် ပြောသည်။

၂၀၁၁ သမ္မတရာထူးအား ဦးသိန်းစိန် စတင်လက်ခံစဉ် ဆင်းရဲမွဲတေမှု ပပျောက်ရေးဟုဆိုကာ လောင်း ကစားဝိုင်းများ ပိတ်ရန် အမိန့်ထုတ်ခဲ့ဖူးသည်။ ဌာနဆိုင်ရာများကလည်း လောင်းကစား မလုပ်ရန် နံရံကပ်စာစောင်များကပ်၍ တားမြစ်ခဲ့သည်။ သို့သော် လောင်းကစားဝိုင်းများ ပပျောက်သွား ခြင်း မရှိပေ။

သျှမ်းသံတောင်ဆင့်

အညာမြေရောက်ပေါ်တူဂီ မျိုးဆက်များ

အသက် ၈၉နှစ် အရွယ်ရှိ ဦးဘဌေး (ဓာတ်ပုံ- တေဇလှိုင်/ဧရာဝတီ)

ဤအရပ်ဒေသသို့ သူတို့ ရောက်ရှိအခြေချခဲ့ကြသည်မှာ ယခုနှစ် ဖေဖော်ဝါရီလ ဆိုလျှင် နှစ်ပေါင်း ၄၀ဝ တင်းတင်း ပြည့်တော့မည်ဖြစ်သည်။ သူတို့၏ ဘိုးဘွား များသည် ၁၆ ရာစုခန့်ကတည်းက အိန္ဒိယသမုဒ္ဒရာအတွင်း စွန့်စားသွားလာကာ ကူးသန်း ရောင်းဝယ်နေသည့် ဥရောပတောင်ပိုင်းသားများဖြစ်ကြပြီး မြန်မာ့သမိုင်း၏ အစောပိုင်း ကာလများက အရေးပါသောဇာတ်ကောင်များ ဖြစ်ခဲ့ကြသော်လည်း ယခုအခါ မေ့လျော့ ခံများသဖွယ် ဖြစ်သွားခဲ့လေပြီ။ ဒေသခံများက သူတို့ကို ဘရင်ဂျီ (ဖာရင်ဂီ) များဟု ခေါ်ဝေါ်ကြသော်လည်း အမှန်တကယ် သူတို့သည် ပေါ်တူဂီအနွယ်များမှ ဆင်းသက် လာသူများသာ ဖြစ်သည်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ အနောက်ဘက် ၁၄ မိုင်ခန့် အကွာရှိ မုံလှရွာလေးသည် ပူပြင်းသည့်  နေရောင်အောက်တွင် ငြိမ်သက်လျက်ရှိသည်။ ရံဖန် ရံခါ ကွင်းပြင်များကို ဖြတ်သန်းတိုက်ခတ်လာသည့် လေသည် မူးမြောင်းရေနှင့် ထိတွေ့သည့်အခါ လေ အေးအဖြစ် ပြောင်းလဲသွားသည်မှအပ ထူးခြားမှု  မရှိပေ။

လွန်ခဲ့သည် ၁၂ ရာစုခန့်က ဥရောပ၌ ခေတ်စား ခဲ့သော ဂိုသစ် လက်ရာဟန် တည်ဆောက်ထားသော “စိန့်မိုက်ကယ်” ကက်သလစ် ဘုရားကျောင်းကြီးက တိတ်ဆိတ်လှသည့် မုံလှရွာလယ်၌ ထီးထီး။ ကျောင်း ပရိဝုဏ်အတွင်း၌မူ သာသနာပြုရန် ဥရောပမှ လာ ရောက်နေထိုင်ရင်း ပျံလွန်တော်မူသွားသည့် အီတလီ အခြေစိုက် ဘားရ်နားဘိုက် (barnabite) သာ သနာပြု ခရစ်ယာန်ဘုန်းတော်ကြီးများ၏ ဂူသင်္ချိုင်း များက  အစီအရီ။  “မြန်မာပုံနှိပ်စာ  တီထွင်သူ” အီတလီ ဘုန်းတော်ကြီး မွန်ဆာဂျွန်မာရီပဲရ်ကော်တို (Monsor John Mary Precoto) ဆိုသည့် နာမည် ကိုလည်း သင်္ချိုင်းဂူတခု၏ စကျင်ကျောက်ပြားပေါ် တွင် ကမ္ပည်းထိုးထားသည်။

ဤသင်္ချိုင်းကား အညာဒေသသို့ သုံ့ပန်းအဖြစ် ပို့ဆောင်ခြင်းခံရသည့် ပေါ်တူဂီများကို ဘာသာရေး အရ ထိန်းကျောင်းပေးရန် ရောမသာသနာမှ စေ လွှတ်လိုက်သည့် ရိုမန်ကက်သလစ် ဘုန်းတော်ကြီး များ၏ အုတ်ဂူများဟု မုံလှရွာခံများက ဆို၏။ ရွာခံ များထဲ၌ အသက် ၈၉နှစ် အရွယ်ရှိ ဦးဘဌေး ဆိုသူ ကိုယ်တိုင်ပင် ပေါ်တူဂီအနွယ်မှ ဆင်းသက်လာသူ တဦးဖြစ်ပြီး အရပ်ရှည်ရှည်၊ နှာတံပေါ်ပေါ်၊ ထူထဲ သည့် မျက်ခုံးနှင့် ပြာလဲ့သည့်မျက်လုံးတစုံကို ကြည့် ခြင်းဖြင့် ရုပ်ရည် ရူပကာယမှာ ပီဘိ ပေါ်တူဂီပင်။

“မိဘကပြောလို့သာ ပေါ်တူဂီမျိုးနွယ်က ဆင်း သက်လာတယ်လို့ သိရပေမယ့် ဖဲထုပ်များလိုသာပ၊ ကုလားဖန်ထိုးလွန်းလို့ အထက်ဟာ အောက်ရောက်၊ အောက်ဟာ အထက်ရောက်၊ အရောရောအနှောနှော ဖြစ်ကုန်ပြီ” ဟု ဦးဘဌေးက သူ၏ မျိုးရိုးဇာတိနှင့် ပတ်သက်၍ စကားဆို၏။

ပေါ်တူဂီအနွယ်မှ ဆင်းသက်လာသူဖြစ်ကြောင်း ရုပ်ရည်အရ သက်သေခံနေသော်ငြားလည်း စကား ပြောသည့်  အခါတွင်မူ  အညာလေဖြင့်  ဥပမာ ဥပမေယျ ကြွယ်ကြွယ်၊ ဇဝဉာဏ်ရွှင်ရွှင် ပြောတတ်ကာ ပြောင်းဖူးဖက် ဆေးလိပ်ကို ခဲထားသည့် သူ၏ ဟန်ပန်က အညာသားတဦးကဲ့သို့ပင်။ ဦးဘဌေး သာမက သားသမီး၊ မြေးများ၏ ရုပ်ဆင်းအင်္ဂါများ ကလည်း မျက်လုံးပြာပြာ၊ နှာတံပေါ်ပေါ်များပင် ဖြစ်ပြီး မျိုးရိုးဗီဇအရ တိမ်မြုပ်နေသည့် ပေါ်တူဂီသွေး ပြန်လည်ပေါ်ထွက်လာပုံရသည်။

မုံလှရွာတွင် ပေါ်တူဂီအနွယ်ဝင် ဘရင်ဂျီအိမ်ခြေ ပေါင်း ၁၇၀ ခန့်ရှိပြီး လယ်ယာကိုင်းကျွန်း၊ အမဲ လိုင်စင်လုပ်ငန်း၊ ဈေးရောင်းခြင်းတို့ဖြင့် အသက်မွေး ကြပြီး ဘေးပတ်ဝန်းကျင်ရှိ ဗုဒ္ဓဘာသာဝင်များနှင့် လည်း လူမှုရေးအရ သင့်တင့်ညီညွတ်စွာ နေထိုင်ကြ သည်ဟု သိရသည်။

အလားတူ ရေဦးမြို့နယ်အတွင်းရှိ ချမ်းသာရွာ ၌လည်း ပေါ်တူဂီ အနွယ်ဝင် ဘရင်ဂျီ ၁၁၀ဝ ကျော် နေထိုင်လျက်ရှိပြီး ရွာလယ်ရှိ မယ်တော်ဘုရား ကျောင်း၌ စာသင်နေသည့် ကလေးအများစု၏ ရုပ် ဆင်းအင်္ဂါမှာ နိုင်ငံတကာ ဘောလုံးပွဲများတွင် မြင် တွေ့နေကျ ပေါ်တူဂီ ဘောလုံးသမားများဖြစ်သည့် ကွန်ဆီကာအို၊ ရူဒီကော်စတာ၊ ပေါ်လိုဆိုဆာ၊ လူးဝစ်ဖီဂို၊ စီရော်နယ်ဒို၊ နာနီတို့ကဲ့သို့ ရုပ်ချင်း ခပ် ဆင်ဆင်။

ပေါ်တူဂီအနွယ် ဘုန်တော်ကြီး ဖာသာ ပေါလ် သက်ခိုင် (Fr.Paul Thet Khaing) ကမူ “မျိုးဆက်အနေနဲ့ သုံးဆက်လောက်ခြားခဲ့ပြီ ဆိုပေမယ့် ကိုယ့် ကိုယ်ကိုယ် ပေါ်တူဂီမျိုးနွယ်လို့ စိတ်ထဲက ခံစားမိ တော့၊ ဘောလုံးပွဲ အားပေးရင်တောင် ဒိုလေး (စီ ရိုနယ်ဒို) တို့၊ နာနီတို့ပါတဲ့ ပေါ်တူဂီအသင်းကိုပဲ ကိုယ့်အမျိုးအသင်းလိုမှတ်ပြီး အားပေးတယ်၊ ဝေး တော့ ဝေးခဲ့ကြပါပြီ” ဆိုသည်။

ဥရောပ တောင်ပိုင်းသား ပေါ်တူဂီများ အညာ ဒေသသို့  ရောက်ရှိလာပုံကို  လေ့လာကြည့်ပါက ၁၄၉၈ ခုနှစ် ဗာစကိုဒဂါးမားက အိန္ဒိယတိုက်ငယ်ကို ရှာဖွေတွေ့ရှိခြင်းက စတင်ရပေမည်။ အိန္ဒိယတိုက် ငယ်ကို ရှာဖွေတွေ့ရှိခဲ့ခြင်းကြောင့် ပုပ်ရဟန်းမင်းကြီး ဆဋ္ဌမမြောက် အလက်ဇန္ဒားက သူတို့၏ ဘိုးဘွား ပေါ်တူဂီများကို  ကမ္ဘာ့အရှေ့ခြမ်းအား အပိုင်စား ပေးခဲ့၏။ ဤကား သူတို့၏ ဘဝတဆစ်ချိုး ပြောင်း စေမည့် အစဟုပင် ဆိုရပေမည်။


မုံလှရွာတွင် ပေါ်တူဂီအနွယ်ဝင် ဘရင်ဂျီအိမ်ခြေ ပေါင်း ၁၇၀ ခန့်ရှိသည် (ဓာတ်ပုံ- တေဇလှိုင်/ဧရာဝတီ)

အိန္ဒိယသမုဒ္ဒရာ ရေပြင်ထက်တွင် ကျက်စားရင်း ပါရှန်ပင်လယ်ကွေ့မှသည် မလက္ကာအထိ ရေလမ်း ကြောင်းကို ထိန်းချုပ်ကာ မြန်မာအပါအဝင် ဂိုအာ၊ သီဟိုဠ်၊ ထိုင်း၊ မလက္ကာ၊ မကာအို စသည့် အာရှ နိုင်ငံများနှင့် ရင်းနှီးကျွမ်းဝင်ခဲ့ကြသည်။ စွန့်စား သွားလာကာ နယ်သစ်ရှာဖွေသူများပီပီ တိုက်ခိုက် ရေးနှင့် စစ်ရေးစစ်ရာအတတ်တွင် ဝါသနာထုံသည့် အလျောက် ဒေသတွင်းမြို့ပြနိုင်ငံများ၏ ပဒေသရာဇ် စစ်ပွဲများတွင် ကြေးစားစစ်သားများအဖြစ် ပါဝင် တိုက်ခိုက်ခဲ့ကြ၏။

၁၅၀၅ ခုနှစ်က ပဲခူးရောက် အီတလီကုန်သည် တဦးက ပဲခူးဘုရင်ထံတွင် ပေါ်တူဂီစစ်သား ၁၀ဝ၀ ခန့် လစာရိက္ခာနှင့် အမှုထမ်းနေကြောင်း မှတ်တမ်း တင်ခဲ့ဖူးသည်။ တချိန်တည်းမှာပင် သံလွင်မြစ်ဝှမ်းရှိ မုတ္တမ (Mataban)၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်ရှိ ပုသိမ် (Cosmin) နှင့် ရခိုင်ပြည်နယ် မြောက်ဦး စသည့် ခေတ်ပြိုင် မြို့ပြနိုင်ငံများသို့ ဝင်ထွက်ကာ ကူးသန်းရောင်းဝယ်ရင်း အမှုထမ်း အခြေချနေထိုင် ခဲ့ကြ၏။

တောင်ငူဘုရင် တပင်ရွှေထီး လက်ထက်နှင့် ဘုရင့်နောင် မင်းတြားကြီး၏ ပဲခူး၊ အင်းဝ၊ မိုးညှင်း၊ မဏိပူရ၊ မုတ္တမ၊ ရှမ်းကုန်းမြင့်၊ ဇင်းမယ်၊ အယုဒ္ဓယ၊ လင်းဇင်း စသည့် မြို့ပြနိုင်ငံများကို တိုက်ခိုက်သိမ်း ပိုက်ကာ ဟံသာဝတီ အင်ပါယာ ထူထောင်ရာ၌ ပေါ်တူဂီတို့သည် အရေးပါသည့် ကြေးစားစစ်သား များ ဖြစ်လာကြသည်။

ဘုရင့်နောင် နတ်ရွာစံပြီး နောက်ပိုင်း ဟံသာဝတီ  အင်ပါယာ  ပြိုကွဲသွားရာ  မြို့ပြနိုင်ငံများ ပြန်လည် ခေါင်းထောင်လာခဲ့၏ ၁၅၅၉-၆၀ ခုနှစ် အနောက်ဘက်ရှိ ရခိုင်ဘုရင် မင်းရာဇာကြီးသည် တောင်ငူမင်းနှင့် ပူးပေါင်းကာ ဟံသာဝတီ နန္ဒဘုရင် ကို  တိုက်ခိုက်အောင်မြင်သဖြင့် ၄င်း၏ ပေါ်တူဂီ ကြေးစားစစ်သား “ဖီလစ် ဒီဗရစ်တို နီကိုတီ” ကို သန်လျင်ဆိပ်ကမ်း ဘုရင်ခံအဖြစ် အပိုင်စားပေးပြီး အုပ်ချုပ်စေခဲ့သည်။

ဒီဗရစ်တို ကဲ့သို့သော ကြေးစားစစ်သားတဦး၏ လက်သို့ ရေကြောင်းအချက်အချာကျသော သန်လျင် အား ပေးအပ်လိုက်ခြင်းသည် မြန်မာမြေရောက် ကျန်ပေါ်တူဂီများအဖို့ မကြာမီ အပြောင်းအလဲ ဖြစ် လာမည့် နိမိတ်ဆိုးကြီးတခုပင် ဖြစ်၏။ ငဇင်ကာ အမည်ရ ဖိလစ်ဒီဗရစ်တို သည် ပေါ်တူဂီ စစ်ဗိုလ် ဆာလ်ဗာဒေါ ရီဘေ အီရိုဒေ ဆိုဆာ နှင့်အတူ သန် လျင်ကို အခိုင်အမာပြုပြီးလျှင် ဗုဒ္ဓဘာသာ ကျောင်း ကန် ပုထိုးမှ ကြေးခေါင်းလောင်းများကို အရည်ကျို ကာ အမြောက်လက်နက်သွန်းလုပ် စစ်ရေးပြင်သည်။

မိမိကိုယ်မိမိ  “ဘုရင် ဒီဗရစ်တို”  အဖြစ် ကြေညာအုပ်စိုးပြီး တခြားသော ဆိပ်ကမ်းမြို့များ ဖြစ်သည့် ပုသိမ်နှင့် ဒလကိုပါ ဆက်လက် သိမ်းပိုက် ကာ ပင်လယ်ရေကြောင်းကုန်သွယ်ရေးကို ထိန်းချုပ် သည်။ အခွန်ကင်းလွတ်ခွင့်ပြုသည့်အတွက် ကူးသန်း ရောင်းဝယ်ရေး  လုပ်ကိုင်ရန်  ပေါ်တူဂီလူမျိုး အမြောက်အမြား သန်လျင်တွင် လာရောက်နေထိုင် ကြရာ ဘာသာရေးအရ ကြည့်ရှုစောင့်ရှောက်မည့် ရိုမန်ကက်သလစ် ဘုန်းတော်ကြီးများလည်း တပါ တည်း ပါလာသည့်အတွက် ဒီဗရစ်တိုက သန်လျင် တွင် ဘုရင်ဂျီ ဘုရားရှိခိုးကျောင်းကြီး ဆောက်လုပ် ကာ လှူဒါန်း၏။

ဒီဗရစ်တိုသည် တောင်ငူကိုသိမ်းယူကာ မိတ်ဆွေ ဖြစ်သူ နတ်သျှင်နောင်ကို သန်လျင်သို့ တပါတည်း ခေါ်ဆောင်ပြီး ဗရင်ဂျီ ဘာသာသို့ ကူးပြောင်းစေ သည်။ ၄င်းတို့ မိတ်ဆွေနှစ်ဦးသည် နောက်ဆုံး အချိန်အထိ သေသည့်တိုင် အတူတကွ နေထိုင်ခဲ့ကြ သည်။ အင်းဝ၌ အုပ်စိုးနေသည့် ဘုရင့်နောင်၏မြေး အနောက်ဘက်လွန်မင်းသည် တန်ခိုးထွားလာသည့် ငဇင်ကာ (ခ) ဒီဗရစ်တို ၏ ဩဇာကို အပြီးတိုင် အဆုံးသတ်ရန် စီစဉ်တော့သည်။

၁၆၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် လက်ဦးမှုယူပြီး သန်လျင်ကိုလုပ်ကြံရာ အောင်မြင် သဖြင့် ငဇင်ကာ (ခ) ဒီဗရစ်တို နှင့် သူ၏ မိတ်ဆွေ တောင်ငူဘုရင် နတ်သျှင်နောင် အပါအဝင် တခြား သော ပေါ်တူဂီခေါင်းဆောင်တို့ ကွပ်မျက်ခံရ၏။ ရှုံးနိမ့်မှု၏ နောက်ဆက်တွဲ အကျိုးဆက်ကား ကျန် ပေါ်တူဂီ ခရစ်ယာန် ၅ ထောင်ကျော် သုံ့ပန်းများ အဖြစ် ဖမ်းဆီးခံရကာ အင်းဝနေပြည်တော် အပါ အဝင် ဝေးလံပြီး ပူပြင်းခြောက်သွေ့သည့်  မူးမြစ်နှင့် ချင်းတွင်းမြစ်အကြား ကျေးရွာများသို့ ပို့ဆောင်ခံရ ခြင်း ဖြစ်လေသည်။

ပေါ်တူဂီများအား  သုံ့ပန်းအဖြစ်  အင်းဝသို့ ဖမ်းဆီးခေါ်ဆောင်ရာတွင် အလွန်ဆိုးရွား နိမ့်ကျလှ သည့် အခြေအနေကို ဘုန်းတော်ကြီး မာနြူရယ် ဒီဖုန်း ဆေးကာ (Fr.Manuel De Fonseca) က အိန္ဒိယနိုင်ငံ ဂိုအာမြို့ရှိ ပေါ်တူဂီဘုရင်ခံချုပ်ထံသို့ ဤသို့ စာရေးခဲ့၏။

ရွာလယ်ရှိ မယ်တော်ဘုရား ကျောင်း (ဓာတ်ပုံ- တေဇလှိုင်/ဧရာဝတီ)

“ပေါ်တူဂီ ခရစ်ယာန်အားလုံး ကျေးကျွန်အဖြစ် သတ်မှတ်ခံရကာ၊ ကျွန်ုပ်နှင့် ဘုန်းတော်ကြီး ဒီအာ ဂူးနစ်တို့လည်း သံခြေချင်း အခတ်ခံရ၏။ အဆိုးရွား ဆုံး ရက်စက်ကြမ်းကြုတ်သည့် ညှဉ်းပန်းနှိပ်စက်မှုကို ခံရသည်။ မဟာ ပထဝီမြေကြီးသည် ကျွန်ုပ်တို့၏ မွေ့ရာ ခုတင်များဖြစ်ပြီး အစားအစာအတွက် တနေ့ လျှင် ဆန်ပြုတ်တခွက်သာ ရရှိပြီး မြန်မာစစ်သား များက လက်နက်ချ အညံ့ခံရန် ငြင်းဆန်သူများဟု စွပ်စွဲကာ မကြာခဏရိုက်နှက်၏။ အင်းဝသို့ ရောက် လျှင် မင်းစိုးရာဇာအမျိုးသမီးများနှင့် သာမန် အမျိုး သမီးများသည် ငတ်လွန်းလှသဖြင့် တအိမ်တက် ဆင်း တောင်းရမ်းစားသောက်ကြရပြီး မိသားစုများ မှာ မယားတကွဲ သားတကွဲ ဖြစ်နေကြရသည်အထိ ဘဝများ ကြမ်းတမ်းလှသည်” ဟု မှတ်တမ်းတင်ခဲ့ သည်။

ညှဉ်းပမ်းနှိပ်စက်မှုကြောင့် ဘုန်းတော်ကြီး ဒေ အေဂို နူနစ် (Fr.Diego Nunes) သည် လမ်းခရီးတွင်  ပျံလွန်တော်မူသည့်အတွက်  ဖာသာ  ဒီဖုန်း ဆေးကား တဦးတည်း အင်းဝတွင် စစ်အကျဉ်းသားအဖြစ် နေထိုင်ကာ ပေါ်တူဂီ ၅ ထောင်ကျော်ကို စောင့်ရှောက်ရ၏။

အင်းဝဘုရင်က အမြောက်လက်နက်ကျွမ်းကျင် သည့် ပေါ်တူဂီတို့ကို ဘုရင်၏ တော်ဝင်အမြောက် တပ်တွင် တာဝန်ထမ်းဆောင်စေသည်။ ၁၆၃၅ ခုနှစ် သာလွန်မင်းလက်ထက် အင်းဝတွင် ပေါ်တူဂီလူဦးရေ တိုးလာရာ ပုန်ကန်မှု ဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် စစ်မှုထမ်းနှင့် အကြီးအကဲတချို့မှလွဲ၍ ကျန်သူများ ကို ချင်းတွင်းမြစ်နှင့် မူးမြစ်ကြားရှိ မုံလှ၊ ချမ်းသာ၊ မေဂွန်၊ ချောင်းရိုး၊ နဘက်၊ လက်တော်ရာ၊ ချောင်းဦး၊ မုဆိုးဘို၊ ဟံလင်း၊ ရွာတော် စသည့် ၁၃ ရွာသို့ ပို့ကာ လွတ်လပ်စွာ ကိုးကွယ်စေသည်။

အသားအရောင်ကို လိုက်၍ အသားဖြူများကို မုံလှနှင့် ချမ်းသာရွာ၊ ဂိုအာမှပါလာသည့် အိန္ဒိယ အနွယ်ဝင်များကို ချောင်းရိုးရွာ၊ ဒီဗရစ်တို၏ ဆွေမျိုး များကို တပရင်းကျွန်းတောသို့ပို့ဆောင်သည်။ သူတို့ ကဲ့သို့ ပင်လယ်ပျော်များကို ကုန်းခေါင်ခေါင် အရပ် သို့ ပို့ဆောင်ထားခြင်းကား ရေနေ ငါးသတ္တဝါကို ကုန်းပေါ်သို့ ပစ်တင်လိုက်သကဲ့သို့ပင် ဘဝမှာ ခက်ခဲ ကြမ်းတမ်းလှပေ၏။

စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကျောင်း ပြုရ သကဲ့သို့ တခါတရံ ဖြစ်ပေါ်လာသည့် ပဒေသရာဇ် စစ်ပွဲများတွင်  ကျွမ်းကျင်ရာလိမ္မာ  ဆိုသကဲ့သို့ အမြာက်တပ်သားများအဖြစ် အမှုထမ်းရသည်။ ၁၇၅၆ ခုနှစ် အလောင်းမင်းတရားကြီး ရန်ကုန်၊ သန်လျင်၊ ပဲခူး စသည့် တိုက်ပွဲများနှင့် ယိုးဒယားတို့ နှင့် တိုက်သည့် စစ်ပွဲတွင် ဖမ်းဆီးရမိသည့် ပြင်သစ် စစ်သုံ့ပန်း ၂၀ဝ ကို ပေါ်တူဂီများရှိရာ အဆိုပါရွာ များသို့ ထပ်မံပို့ဆောင်ခဲ့ပြန်၏။

ဆင်ဖြူရှင်မင်း လက်ထက် တရုတ် – မြန်မာ စစ်ဖြစ်ပွားရာ ကုလားဗိုလ်ဘွဲ့ခံ ပြင်သစ်ရေတပ်ဗိုလ် ပေတလု မိလဒ် (Petrus Millard) ခေါင်းဆောင် သည့် ပေါ်တူဂီ အမြောက်တပ်ဖွဲ့က မြန်မာတို့နှင့် အတူ ရဲဝံ့ကျွမ်းကျင်စွာ တိုက်ခိုက်ခဲ့ကြ၏။

ဘကြီးတော်ဘုရား လက်ထက် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ၌မူ ဗရင်ဂျီတပ်သားများ အများ အပြား ကျဆုံးခဲ့သည့်အတွက် ပေါ်တူဂီများအဖို့  ဒုတိယအကြိမ် လောကဓံတရားကို ဝမ်းနည်းဖွယ် ရာဖြင့် ကြုံရပြန်လေသည်။

ဤသို့ဖြင့်ပင် အသက်ရှင် ရပ်တည်မှုအတွက် ရှင်သန်ထမြောက်ရန် ကြိုးစားဖြတ်သန်းခဲ့သည်မှာ မျိုးဆက် ၄ ဆက်တိုင်တိုင် ရှိခဲ့လေပြီ။ မျိုးဆက် ၄ ဆက်အတွင်း ကိုးကွယ်ရာ ရိုမန်ကက်သလစ်ဘာသာ ကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ကြသော်လည်း ယဉ်ကျေးမှုကိုမူ ထိန်းသိမ်းနိုင်ခြင်းမရှိသည့်အတွက် ယခုတိုင် ပေါ်တူဂီယဉ်ကျေးမှုဟူ၍ သူတို့ထံ၌ ဘာမျှ မတွေ့ရတော့ချေ။

“နှစ် ၄၀ဝ မှာ သွေးရောနှောမှု အရမ်းများသွား တော့ ပေါ်တူဂီဆိုတဲ့ အစွမ်းအစကို မရှိဘူး။ ဆင်း သက်လာတယ် ဆိုရုံလောက်ပဲ ပြောနိုင်တော့တယ်။ လူမှုရေး၊ ယဉ်ကျေးမှုက ဘာမှမရှိတော့ဘူး။ ဘာ သာရေးဘက်မှာသာ ထိန်းသိမ်းထားနိုင်တော့တယ်” ဟု ပေါ်တူဂီနွယ်ဖွား ဘုန်းတော်ကြီး ဖာသာ အာလ်ဖွန်း ဦးကိုလေး (Fr.Alphonse U Ko Lay) က ဆိုသည်။

အညာရောက် ပေါ်တူဂီများအနေဖြင့် ဒေသခံ မြန်မာများနှင့် သွေးနှောကာ မြန်မာ – ပေါ်တူဂီ ကပြားများ ထွက်ပေါ်ခဲ့သော်လည်း ယဉ်ကျေးမှုနှင့် ပတ်သက်၍မူ ကပြား ယဉ်ကျေးမှုအသစ်တခု ပေါ် ထွန်းလာခြင်းလည်း မရှိ။ တခြားသော မြန်မာမြေ ရောက် တရုတ်၊ ဟိန္ဒူ၊ မွတ်ဆလင်တို့ကဲ့သို့ ပေါ်တူဂီ များအနေဖြင့် မိမိတို့၏ယဉ်ကျေးမှုကို ထိန်းသိမ်းနိုင် ခြင်း မရှိပေ။ ရှေးဟောင်း ရိုမန်ကက်သလစ် ဘုရား ကျောင်းများသာ ပေါ်တူဂီတို့၏ အငွေ့အသက် အဖြစ် ကျန်ရစ်ခဲ့သည်။

ပေါ်တူဂီတို့ ပထမဆုံးအခြေချခဲ့သည့် သန်လျင် (Syriam) သည်ပင်လျှင် တခြားသော မလက္ကာ၊ ပီနန်၊ မကာအို၊ ဂိုအာ တို့ကဲ့သို့ ပေါ်တူဂီယဉ်ကျေးမှု ဘာသာစကား၊ ရပ်ကွက်များ၊ လမ်းများ အဆောက် အဦများ၊ စားသောက်ဆိုင်များပင် မကျန်ရစ်ခဲ့ကြပေ။

“ဒီဗရစ်တို” လှူဒါန်းခဲ့သည့်  မယ်တော်သခင်မ ဘုရားရှိခိုးကျောင်းကြီးသည် စစ်အတွင်း ပျက်စီးခဲ့ သည့်အတွက် ၁၇၅၀ ခုနှစ်တွင် အီတလီ ဘုန်းတော် ကြီး ပါအိုလို မာရီး နယ်ရီးနီး (Rev.Fr.Paolo Marie Nerini) က ပြန်လည်ပြင်ဆင်ခဲ့သည်။ စစ်၏ဒဏ်ကို အကြိမ်ကြိမ်ခံခဲ့ရသည့် ပျက်စီးနေ သော အဆိုပါ ဘုရားကျောင်းကြီးတခုသာ သမိုင်း အမွေအနှစ်အဖြစ် သန်လျင်တွင် ကျန်ရစ်ခဲ့၏။ ထို ကျောင်းတော်ကြီးပင်လျှင် အစိုးရက သိမ်းထား သည့်အတွက် မူလ ပေါ်တူဂီအနွယ်ဝင် ဘရင်ဂျီ ရိုမန်ကက်သလစ် ခရစ်ယာန်များအနေဖြင့် စီမံခန့်ခွဲ ခွင့် မရရှိပေ။

မြန်မာဘုရင်များ လက်ထက်နှင့် အင်္ဂလိပ် အစိုးရ လက်ထက်တိုင် တိုင်းပြည်ကာကွယ်ရေးတွင် ပါဝင်ခဲ့သည့် ပေါ်တူဂီအနွယ် ဘရင်ဂျီများဟု အသိ အမှတ်  ပြုခံခဲ့ရသော်လည်း  မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်  အစိုးရလက်ထက်နှင့် စစ်အစိုးရ လက် ထက်တွင် အသိအမှတ်ပြုခြင်းပင် မခံရတော့ဘဲ သက်သေခံကတ်တွင် မြန်မာအဖြစ်သာ ထည့်သွင်း ခွင့် ရှိတော့သည်။

လူမျိုးဇာတိသာမက ဘာသာတရား ကိုးကွယ် ယုံကြည်မှုနှင့် ပတ်သက်၍လည်း ဖိနှိပ်ချုပ်ချယ်မှု များနှင့်ပင်  ကြုံခဲ့ရသည်ဟု  ဖာသာ  အာလ်ဖွန်း ဦးကိုလေးက ဆိုသည်။

“သမိုင်းကို သမိုင်းလိုပဲ ပြောချင်တယ်။ အဘိုး တွေ အဖေတွေအကြောင်းပြောရင် ဒါတွေက ပါလာ မှာပဲ။ ဖျောက်ဖျက်လို့လည်း ရတာမဟုတ်ဘူး။ တချို့က အမြင်စောင်းပြီး သံသယဖြစ်တယ်။ အမေ ကျော် ထွေးတော်လွမ်းတယ် ဆိုပြီး ဖြစ်လာတယ်။ ဘာသာရေးမှာလည်း လွတ်လပ်စွာဝတ်ပြုဆုတောင်း ခွင့်ပဲ ရှိတယ်။ ဘာသာရေးအရတော့ လွတ်လပ်ခွင့် မရှိဘူးလို့  ဆိုရမှာပါ”  ဟု  ဖာသာ အာလ်ဖွန်း ဦးကိုလေးက ထောက်ပြသည်။

ကိုးကား

၁။        “အင်းဝရောက် ခြေရာများ” – ဖာသာ အေ ကိုလေး
၂။        “မန်းလေး ကက်သလစ် သာသနာနှင့် ဘရင်ဂျီရွာကြီးများ ” – ဆရာအောင်ညွန့်
၃။        ချမ်းသာရွာသမိုင်း

Irrawaddy

ဒီနေ့ခေတ်မျိုးမှာ မရှိနိုင်တဲ့ သူဌေးကြီး

ကော့နှက်ရွာမှာ ဆောက်လုပ်ထားတဲ့ ဦးနာအောက် ရုပ်တု (ဓာတ်ပုံ- ဧရာဝတီ)

မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ငန်းရှင်ပေါင်း များစွာ ပေါ်ထွက်ခဲ့သော်လည်း သူဌေးကြီး ဦးနာအောက်က အများနှင့် ကွဲပြားသူဖြစ်ခဲ့သည်။

ဗြိတိသျှ ကိုလိုနီခေတ်အတွင်း သာမန် နွားကျောင်းသား ဘဝမှ စီးပွားရေး လုပ်ငန်းရှင်ကြီး ဖြစ်လာပြီး သူ၏ စည်းစိမ်ဥစ္စာကို အင်အားကြီးမားသော အင်္ဂလိပ်ပိုင် Irrawaddy Foltilla ကုမ္ပဏီကို ယှဉ်ပြိုင် အန်တုရန်နှင့် အင်္ဂလိပ်နှင့် အိန္ဒိယ စီးပွားရေး သမားများ၏ ခေါင်းပုံဖြတ် အမြတ်ထုတ်မှုကြောင့် ဆင်းရဲတွင်းထဲ ကျရောက်နေသည့် မြန်မာ တိုင်းရင်း သားများကို ကူညီရန်အတွက် အသုံးပြုခဲ့သူ ဖြစ် သည်။ နိုင်ငံခြားကုမ္ပဏီများ၏ အမြတ်အစွန်းကို သူ့ဆီရောက်အောင် ခွဲယူနိုင်သူဖြစ်သည့်အတွက် ကိုလိုနီခေတ်တွင် မြန်မာပြည်သူတို့၏ သူရဲကောင်း ဖြစ်ခဲ့သည်။ သူနှင့်ခေတ်ပြိုင် စီးပွားရေးသမားများ ပြုလုပ်နိုင်ခြင်းမရှိသည့်အလုပ်ကို လုပ်ပြနိုင်ခဲ့သည်။

၁၈၃၂ ခုနှစ်တွင် မွန်တိုင်းရင်းသား တောင်သူ လယ်သမား မိဘများမှ မွေးဖွားခဲ့သော ဦးနာအောက်သည် စီးပွားရေးသမား ဘဝကို သစ်လုပ်ငန်းဖြင့် စတင်ခဲ့ပြီး ဒေသခံ သူဌေးတယောက်က သူ့ကို ကူညီပေးခဲ့သည်။ နောက်ပိုင်းတွင် ဆန်စပါးရောင်းဝယ် ရေး၊ မီးသင်္ဘော ပြေးဆွဲခြင်းလုပ်ငန်းနှင့် ငွေချေး ငှားခြင်းလုပ်ငန်းများကို တိုးချဲ့နိုင်လာသည်။

မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ၁၀ မိုင်ခန့် ဝေးသော ခရဲ ရွာတွင်မွေးဖွားခဲ့သော လူငယ်ကလေး ကို တနေ့တွင် အမျိုးသားရေးစိတ် ပြည့်ဝသော မျိုးချစ်သူဌေးကြီးတဦး ဖြစ်လာမည်ဟု မည်သူမျှ တွေးထင်မိခဲ့ကြမည် မဟုတ်ပါ။ သို့သော်လည်း လျင်မြန်စွာပင် သူတိုးတက်ကြီးပွားလာပြီး အင်အားကြီး ဗြိတိသျှ ကုမ္ပဏီများကို အန်တု ယှဉ်ပြိုင်ခဲ့သည့် အတွက် အစိုးရ မူလတန်းကျောင်းများ၏ သမိုင်းစာအုပ်တွင် သူ့အကြောင်းကို ထည့်သွင်း သင်ကြားပေးရသည် အထိ ချီးကျူးဂုဏ်ပြုခံရသည်။

၂၀၁၃ နှစ်တွင် ဦးနာအောက် ကွယ်လွန်ခြင်း နှစ် ၁၀ဝ ပြည့်ခဲ့ပြီဖြစ်သည်။ သို့သော် သူဆောက်လုပ် လှူဒါန်းခဲ့သော ကော့နှက်ရွာမှ ကျောင်းကြီးက ထည်ဝါခမ်းနားနေဆဲဖြစ်ပြီး လူတွေက သူလုပ် ဆောင်ခဲ့သည် များအတွက် ချီးကျူးဂုဏ်ပြုနေကြဆဲ ဖြစ်သည်။

“ဦးနာအောက် ရည်ရွယ်ချက်က ဗြိတိသျှနဲ့ အိန္ဒိယ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ ခေါင်းပုံဖြတ် မှုကနေ ဆင်းရဲတဲ့ပြည်သူတွေ လွတ်မြောက်နိုင်ဖို့ပါ” ဟု ကျောင်းကြီးကို ထိန်းသိမ်းစောင့်ရှောက်နေသူ ဦးအေးချိုက ပြောသည်။

ဦးနာအောက်သည် မွေးဖွားရာ မွန်ပြည်နယ်မှ ကျေးရွာလေးအတွက်သာမက တနိုင်ငံလုံး ကိုယ်စားပြုသော မြန်မာ စွန့်ဦးတီထွင် လုပ်ငန်းရှင်ကြီး တဦး၊ မျိုးချစ်ပုဂ္ဂိုလ် တဦး ဖြစ်သည်ဟု သူက ဆက်ပြောသည်။

မြန်မာပြည်နှင့် ထိုင်းနိုင်ငံတွင် သစ်လုပ်ငန်း လုပ်ရင်း ချမ်းသာကြွယ်ဝ လာပြီးသည့်နောက် ငွေချေး လုပ်ငန်းနှင့် ဆန်စပါးရောင်းဝယ်ရေး လုပ်ငန်းများသို့ ဦးနာအောက် လုပ်ငန်းချဲ့ထွင်ခဲ့သည်။ နိုင်ငံခြားသား စီးပွားရေးသမားများက အတိုးနှုန်း မြင့်မားစွာဖြင့် ဒေသခံပြည်သူများသို့ ငွေထုတ်ချေးပြီး လယ်ယာ မြေများကို ဈေးနှုန်းနှိမ်ပြီး ဝယ်ယူကြောင်း သူသိခဲ့ သည်။

ထို့ကြောင့် သူက ကွဲပြားသော နည်းလမ်းဖြင့် လုပ်ချင်သည်။ အတိုးနှုန်းသက်သာစွာဖြင့် ငွေထုတ် ချေးပြီး လယ်မြေများကို ဈေးပိုပေးကာ ဝယ်ယူသည့်အတွက် တရုတ်နှင့် အိန္ဒိယ စီးပွားရေးသမားများထံမှ ဖောက်သည်များကို သူ့ထံသို့ ရောက်လာအောင် ဦးနာအောက် ဆွဲဆောင်နိုင်ခဲ့သည်။ ငွေချေးလုပ်ငန်းက ဦးနာအောက်အတွက် အကျိုးအမြတ်များစွာ ရရှိစေနိုင်ခြင်း မရှိသော်လည်း ဆင်းရဲသား တောင်သူ လယ်သမားများ၏ ဘဝကို စာနာနားလည်ပြီး ဆင်းရဲခြင်း သံသရာမှ ရုန်းထွက်နိုင်အောင် ကူညီပေးလို ခြင်းသာ။

၁၉၁၀ ခုနှစ်တွင် လုပ်ငန်းအသစ် ဖြစ်သော Burmese Steam Navigation and Trading Company ကို စွန့်စား တည်ထောင်လိုက်သည်။ သူ၏ အစုရှယ်ယာရှင် ပညာတတ် တဦးဖြစ်သော ဦးရွှေလှေးကို စကော့တလန်သို့ စေလွှတ်ပြီး ဂလပ် စကိုမြို့ရှိ Mc Kie & Baxter Company မှ ၂ ထပ် သင်္ဘော ၈ စီးနှင့် ၁ ထပ်သင်္ဘော ၁ စီး၊ စုစု ပေါင်း သင်္ဘော ၉ စီး ဝယ်ယူလိုက်သည်။ ထို့နောက် မော်လမြိုင် တဖက်ကမ်းရှိ မုတ္တမမြို့တွင် သင်္ဘော ကျင်းတခုလည်း တည်ဆောက်ခဲ့သည်။

ဦးနာအောက်၏သင်္ဘောကုမ္ပဏီသည် ဗြိတိသျှ ပိုင် Irrawaddy Foltilla ကုမ္ပဏီက ကုန်စည်နှင့် ခရီးသည် ပို့ဆောင်ရေးလုပ်ငန်းများ လုပ်ကိုင်နေ သည့် သံလွင်မြစ်အောက်ပိုင်း၊ အတ္ထရံမြစ်နှင့် ဂျိုင်း မြစ်တို့တွင် ခရီးစဉ်များ စတင်ပြေးဆွဲခဲ့သည်။

ထိုအခါတွင် ဦးနာအောက်၏ ကုမ္ပဏီသစ်က Irrawaddy Foltilla အတွက် ခြိမ်းခြောက်မှု ဖြစ်လာသည်။ ဦးနာအောက်က သင်္ဘောခကို Irrawaddy Foltilla နှင့် ဈေးတူ ကောက်ခံသော်လည်း ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ သက်ကြီး ရွယ်အိုများနှင့် ကလေးများကို အခကြေးငွေ မယူဘဲ စီးနင်းခွင့်ပြုခဲ့သည်။

ဘာသာတရားကို ရိုသေကိုင်းရှိုင်းသည့် ဗုဒ္ဓ ဘာသာဝင် တယောက်အနေဖြင့် ကုသိုလ်ပြုခြင်း လည်း ဖြစ်သည်။ သို့သော် ဗြိတိသျှကုမ္ပဏီအတွက်မူ ခရီးသည် အမြောက်အမြားဆုံးရှုံးခဲ့ရ၏။ နောက်ပိုင်း တွင် သင်္ဘောခ ယှဉ်ပြိုင်သည့် တိုက်ပွဲဖြစ်လာပြီး ခရီး သည်များကို ပြန်လည်ဆွဲဆောင်နိုင်ရေးအတွက် Irrawaddy Foltilla က သင်္ဘောခကို တဝက် လျှော့ချပေးလိုက်သည်။ ဦးနာအောက်ကလည်း တုံ့ပြန်သည့် အနေဖြင့် သင်္ဘောခကို ဗြိတိသျှ ကုမ္ပဏီထက် ပိုလျှော့ချပေးလိုက် သဖြင့် Irrawaddy Foltilla လည်း သင်္ဘော ခကို ထပ်မံလျှော့ချဖို့ဖြစ် လာရသည်။ ထိုသို့ အပြိုင် အဆိုင် လျှော့ချကြရင်း နောက်ဆုံးတွင် ကို သင်္ဘော အလကား စီးခွင့်ပြုဖို့ နှစ်ဖက်လုံးက ဆုံးဖြတ်လိုက်ရသည်အထိ ဖြစ်လာရတော့သည်။

ထို့နောက် တဖန် သည်များကို အလကား စီးခွင့်ပြုရုံသာမက ဆောင်ပစ္စည်းပါ ပေးကြပြန်သည်။ ကုမ္ပဏီနှစ်ခု ပြိုင်ဆိုင်မှုက လုပ်ငန်းနှင့် ဆက်စပ်နေသော အခြားနေရာ များအထိပါ ရောက်ရှိသွားပြီး ပင်မဆိပ်ကမ်း များတွင် ဆိုက်ကပ်၊ ထွက်ခွာခွင့် ရရှိရေးအတွက် နှစ်ဖက်ကုမ္ပဏီများ တရားရုံးတွင် ရင်ဆိုင်ကြရသည်အထိ

သို့သော်လည်း နောက်ဆုံးတွင် အင်အားကြီးသော ဗြိတိသျှ ကုမ္ပဏီကို ဦးနာအောက်ဟာ ဆက်လက် ယှဉ်ပြိုင်နိုင်စွမ်း မရှိတော့ပါ။ နှစ်ပေါင်းများစွာ ပြိုင်ဆိုင်ခဲ့ပြီးနောက်တွင် ဆက်မလုပ်နိုင်တော့ဘဲ သူပိုင်ဆိုင်သော သင်္ဘောများကို Irrawaddy Foltilla သို့ မရောင်းချင်ဘဲ ရောင်းချပြီး အရှုံးပေး လိုက်ရသည်။

ဦးနာအောက်၏ အတ္ထုပ္ပတ္တိကို ရေးသားသူ Kalyana က “ရင်းနှီးမြှုပ်နှံမှု စတာလင်ပေါင် သန်း ၂၀ဝ အထိရှိသည့် Irrawaddy Foltilla ကုမ္ပဏီက အိန္ဒိယ ရူပီး ၁ သန်းသာ ရင်းနှီးထားနိုင်သော ဦးနာအောက်၏ ကုမ္ပဏီကို ကြီးမားသော ဖိအားများ ဆက်တိုက်ပေးနိုင်ခဲ့သည်” ဟု ရေးသားခဲ့ပါသည်။

ဦးနာအောက်၏ ရည်မှန်းချက်များက ရှင်းပါ သည်။ ၁၉၁၀ ခုနှစ်က သူ၏ကုမ္ပဏီကို ကြေညာရန် အတွက် ထုတ်ပြန်ခဲ့သော နှိုးဆော်ချက် တစောင်တွင် ဦးနာအောက်က “ကုမ္ပဏီ၏ ရည်ရွယ်ချက်မှာ မြန်မာ တိုင်းရင်းသားများသည်လည်း ကိုယ်ပိုင်လုပ်ငန်းများ တည်ထောင် လုပ်ကိုင်နိုင်စွမ်း ရှိကြောင်း ကမ္ဘာက သိအောင် ထင်ရှားစွာ ပြသနိုင်ရန်ဖြစ်သည်” ဟု ရေးသားခဲ့၏။

Kalyana က အတ္ထုပ္ပတ္တိ စာအုပ်တွင် မြန်မာ စီးပွားရေးလုပ်ငန်းရှင် ဦးနာအောက် ထင်ရှားကျော် ကြားရခြင်းမှာ ချမ်းသာကြွယ်ဝမှုကြောင့်သာ မဟုတ်ဘဲ သူ၏ စေတနာ သဒ္ဓါတရား ထက်သန်မှုနှင့် မျိုးချစ်စိတ်ဓာတ်ကြောင့် ဖြစ်သည်ဟု ရေးသားခဲ့သည်။

ယနေ့အချိန်တွင် သူ၏ ဂုဏ်သတင်းသည် မြန်မာများအတွင်း သာမက နိုင်ငံရပ်ခြား အထိ ပျံ့နှံ့ ရောက်ရှိနေပြီဖြစ်သည်။ သူ၏ အတ္ထုပ္ပတ္တိကို ယမန် နှစ်က အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထုတ်ဝေခဲ့သည်။

ဦးနာအောက် လှူဒါန်းခဲ့သည့် ကျောင်းကြီး အတွင်းဘက်တွင် ထိုင်ရင်း နိုင်ငံခြားသား ကမ္ဘာ လှည့်ခရီးသည်များ ပိုမိုရောက်ရှိလာသည်ဟု ပြောပြ သည်။ ခရီးသွားလမ်းညွှန်စာအုပ်များတွင် ပါဝင်ခြင်း မရှိသော်လည်း ဒေသခံ ဧည့်လမ်းညွှန်များက စီစဉ် ထားပြီးဖြစ်သည့် ခရီးစဉ်များအတွင်းတွင် အပိုလက်ဆောင် ပေးသည့်အနေဖြင့် ဦးနာအောက်၏ ကျောင်းသို့ လိုက်ပို့ပေးတတ်ကြသည် ဟုလည်း သူကဆိုသည်။

ကျောင်းကြီး၏ ဧည့်သည်မှတ်တမ်း စာအုပ်ကို ကြည့်ရင်း မွန်အမျိုးသား ဦးအေးချိုက ဇန်နဝါရီလ တလတည်း အတွင်းမှာပင် ဂျာမနီ၊ ဆွစ်ဇာလန်၊ ပြင်သစ်နှင့် အခြားနိုင်ငံများမှ ကမ္ဘာလှည့်ခရီးသည် ၄၀ဝ ခန့် လာရောက်ခဲ့ကြကြောင်း ပြောပြသည်။အများစုက အလွန်သဘောကျ နှစ်ခြိုက်ခဲ့ကြပြီး “တချို့ဆိုရင် ဒီကို နှစ်ကြိမ်တောင် လာတယ်” ဟု သူကဆိုသည်။

ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ Kyaw Zwa Moe ၏ A Burmese Tycon You Can’t Find Today ကို ဘာသာပြန်ဆိုသည်။

Irrawaddy

ဟစ်တလာ အသက် ၉၅ နှစ် အထိ နေသွားကြောင်း ယူဆရသည့် ဓာတ်ပုံတွေ့ရှိ


အာဏာရှင် ဟစ်တလာသည် ကတုတ်ကျင်းအတွင်း၌ မသေဆုံးခဲ့ဘဲ ဘရာဇီးသို့ ထွက်ပြေးလွတ်မြောက်ခဲ့ကာ အသက် ၉၅ နှစ်အရွယ် အထိ နေသွားခဲ့ကြောင်းကို ဓာတ်ပုံက သက်သေပြနိုင်ကြောင်း Hitler in Brazil-His life and His Death စာအုပ် ရေးသားသူ စာရေးဆရာ ဆိုင်မွန်နီက ဆိုသည်။

ဟစ်တလာသည် ဘရာဇီးနိုင်ငံ မာကိုဂရိုဆို ပြည်နယ်ရှိ မြို့ငယ်လေး၌ အခြေချ မနေထိုင်ခင် အာဂျင်တီးနားမှ တစ်ဆင့် ပါရာဂွေးသို့ ထွက်ပြေးခဲ့ကြောင်း ၄င်းစာအုပ်ထဲ၌ ရေးသားထားသည်။

၎င်းသည် အဆိုပါ မြို့ငယ်လေး၌ နေထိုင်စဉ် Adolf Leipzig ဟူသော အမည်ကို အသုံးပြုခဲ့ဖွယ်ရှိပြီး ဂျာမန် အဖိုးအို တစ်ဦးအဖြစ် နေထိုင်ခဲ့သည်ဟု ယူဆရသည်။

အဆိုပါ ဓာတ်ပုံသည်မသေဆုံးခင် နှစ်နှစ်အလို ၁၉၈၄ ခုနှစ်က ရိုက်ကူးခဲ့ခြင်း ဖြစ်ပြီး နံဘေးတွင်ရပ်နေသူမှာ ၄င်း၏ ချစ်သူလူမည်း အမျိုးသမီး ကတ်တင်ဂါ ဖြစ်သည်။

ဟစ်တလာသည် မိတ်ဆွေများ ပေးသည့် မြေပုံကို အသုံးပြု၍ မြှုပ်နှံထားသော ရတနာများအား ရှာဖွေရန် ယင်းဒေသ၌ လာရောက် နေထိုင်ခြင်း ဖြစ်ကာ ဘဝမှန်အား ဖုံးကွယ်ထားနိုင်ရန် ချစ်သူ ကတ်တင်ဂါအား အသုံးချခြင်းဖြစ်ကြောင်း စာရေးဆရာ ဆိုင်မွန်နီက အခိုင်အမာ ပြောကြားခဲ့သည်။

၎င်းသည် ၁၉၄၅ ခုနှစ် ဧပြီ ၃ဝ ရက်တွင် ဘာလင်ကတုတ်ကျင်း၌ ဟစ်တလာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့သည်ကို လက်မခံဘဲ Leipzig (ဟစ်တလာဟု ယူဆရသူ)နှင့် အသက်ရှင်လျက်ရှိသော ဟစ်တလာ၏ မျိုးနွယ်များ၏ DNA ကို စစ်ဆေးသင့်ကြောင်း ဆိုသည်။

TW
Ref: EXPRESS
Popular Myanmar News Journal

မိုးကုတ်ရွှေဆိုင် ဓားပြမှု မသင်္ကာသူနှစ်ဦးကို ဖမ်းဆီးစစ်ဆေးနေပြီး အမှုဖော်ထုတ်နိုင်ရန် နီးစပ်နေပြီဟုဆို

ဓားပြတိုက်ခံခဲ့ရသော မိုးကုတ်မြို့ရှိ နဂါးရွှေဆိုင်ကိုတွေ့ရစဉ် ဓာတ်ပုံ - မောင်တာ

မိုးကုတ်ရွှေဆိုင် ဓားပြမှုနှင့်ပတ်သက်၍ မသင်္ကာသူနှစ်ဦးကို ဖမ်းဆီးစစ်ဆေးနေပြီး အမှုဖော်ထုတ်နိုင်ရန် နီးစပ်နေပြီဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ ဒုတိယရဲမှူးကြီး ဇော်မင်းဦးက ပြောသည်။

““မသင်္ကာသူ နှစ်ယောက်ကို စစ်ဆေးနေပါတယ်။ သက်သေခံ တွေတော့ မရသေးပါဘူး။ တစ် ယောက်က ၀န်ခံတယ်။ တစ် ယောက်ငြင်းနေပါတယ်”” ဟု ဒုတိယရဲမှူးကြီး ဇော်မင်းဦးက ပြောသည်။

မသင်္ကာသူနှစ်ဦးကို ဖေဖော်ဝါရီ ၂ ရက်မှ စတင်ကာ မိုးကုတ်ရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်ပြီး တိုင်းရင်းသားများမဟုတ်ဘဲ ဗမာလူမျိုးများဖြစ်ကြောင်း၊ တစ်ဦးကို တစ်နိုင်းရွှေမှော်ဘက်မှ ဖမ်းမိခြင်းဖြစ်ပြီး ကျန်တစ်ဦးမှာ မိုးကုတ်ဒေသခံဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်သည်။

““မြို့ခံသက်သေတွေပါ ခေါ်ယူစစ်ဆေးနေပါတယ်။ ခိုင်မာသေချာအောင် လုပ်နေပါတယ်။ အမှုကို ဖော်ထုတ်နိုင်ဖို့တော့ နီးစပ်လာပါပြီ”” ဟု မိုးကုတ်မြို့မ ရဲစခန်းမှ ဒု-ရဲအုပ် မင်းအားမာန်စိုးက ပြောသည်။

လက်ရှိအချိန်တွင် သက်သေတစ်စုံတစ်ရာ မတွေ့ရှိရသေးသည့်အတွက် လွဲချော်မှုများမဖြစ်စေရန် ကိုင်တွယ်စစ်ဆေးနေသည်ဟု ဒုတိယရဲမှူးကြီး ဇော်မင်းဦးကလည်း ပြောသည်။

ဇန်န၀ါရီ ၂၁ ရက် နေ့လယ်ပိုင်းက မိုးကုတ်မြို့ အောင်ချမ်းသာဈေးအတွင်းရှိ မီလျံရွှေဆိုင်နှင့် နဂါးရွှေဆိုင် နှစ်ဆိုင်အား နေ့ လယ် ၂ နာရီက ဆိုင်ကယ်စီးလာသူခြောက်ဦးမှ လက်လုပ် ပစ္စတိုသေနတ်များဖြင့် ၀င်ရောက်ဓားပြတိုက်ခဲ့ခြင်းဖြစ်သည်။ ၎င်းရွှေဆိုင်နှစ်ဆိုင်မှ ရွှေနှင့် လက်ဝတ်ရတနာပစ္စည်း စုစုပေါင်း ခြောက်ပိဿာခန့် ပါသွားပြီး ဓားပြတိုက်သူများ၏ ပစ်ခတ်မှုကြောင့် လူတစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် တရားခံများ ဖော်ထုတ်နိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်သည်။

Author:  မောင်တာ
7 Day Daily

သမ္မတက ၀န်ကြီးဦးအုန်းမြင့်ကို ခေါ်တွေ့

ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့်ကို တွေ့ရစဉ် ဓာတ်ပုံ - အောင်သူရ

မွေးမြူရေး ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအုန်းမြင့်အား မကွေးတိုင်း ဒေသကြီး သစ်ရာကောက်ကျေးရွာ ခရီးစဉ်မှ ပြန်ရောက်လျှင် ရောက်ချင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဖေဖော်ဝါရီ ၃ ရက်တွင် ခေါ်ယူတွေ့ဆုံ ခဲ့ကြောင်း သတင်းရရှိသည်။

““ဘာအကြောင်း ခေါ်တွေ့လဲတော့ မသိရသေးဘူး။ ဒီမနက် (ဖေဖော်ဝါရီ ၃ ရက်) တော့ သမ္မတကြီးက သူ့ကိုခေါ်တွေ့တာပဲ သိတယ်”” ဟု နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောသည်။

မွေးရေ/ကျေးလက်ဝန်ကြီးသည် မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးများသို့ သွားရောက်နေပြီး နေပြည်တော်သို့ ပြန်ရောက်လျှင်ရောက်ချင်း နိုင်ငံတော်သမ္မတက ခေါ်ယူတွေ့ဆုံခြင်းဖြစ်ကြောင်း ဦးရဲထွဋ်ကပြောသည်။

““သမ္မတကြီးက ၀န်ကြီးဦးအုန်းမြင့်ပြောတဲ့စကားတွေနဲ့ ပတ်သက်ပြီး တော်တော်စိတ်ဆိုးနေတယ်လို့ ကြားတယ်”” ဟု နိုင်ငံတော်သမ္မတ၏ လူမှုစီးပွားအကြံပေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

မွေးရေ/ကျေးလက် ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့်သည် မကြာသေးမီရက်ပိုင်းက မကွေးတိုင်းဒေသကြီး သစ်ရာကောက် ကျေးရွာရှိ ဒေသခံများနှင့် တွေ့ ဆုံစဉ် ဒေသခံများနှင့် နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများနှင့် ပြည်သူများကို ရိုင်းစိုင်းကြမ်းတမ်းသောစကားများ ပြောဆိုခဲ့သဖြင့် နယ်ပယ်အသီးသီးမှ ပြင်းထန်စွာ ရှုတ်ချခဲ့ကြသည်။ ဖေဖော်ဝါရီ ၃ ရက်တွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူအချို့က အဆိုပါဝန်ကြီးအား ရာထူးမှနုတ်ထွက်ပေးရန် ရန်ကုန်မြို့ ဆူးလေစေတီအနီးတွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

Author: အောင်သူရ
7day Daily

သမုဒ္ဒရာအတွင်း တစ်နှစ်ကျော်ကြာ မျောပါခဲ့သူ လူ့ရပ်ရွာသို့ ပြန်ရောက်


မာဂျူရို၊ ဖေဖော်ဝါရီ-၃

ပစိဖိတ်သမုဒ္ဒရာ ရေပြင်အတွင်း တစ်နှစ်ကျော်ကြာ မျောပါခဲ့သည်ဆိုသော မက္ကဆီကိုနိုင်ငံသား ရေမျောဒုက္ခသည် အယ်လ်ဘာရင်ဂိုသည် မာရှယ်ကျွန်းစု မြို့တော် မာဂျူရိုသို့ ဖေဖော်ဝါရီ ၃ ရက်တွင် ရောက်ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။

မာရှယ်ကျွန်းစု အာဏာပိုင်များ၏ အဆိုအရ ၎င်းရေမျောဒုက္ခသည် အမျိုးသားမှာ မက္ကဆီကိုနှင့် ဂွာတီမာလာနယ်စပ် မြို့တစ်မြို့၌ နေထိုင်သူဖြစ်ပြီး အသက် (၁၅) နှစ်နှင့် (၁၈) နှစ်အကြား လူငယ်အဖော်တစ်ဦးနှင့် အတူ ငါးမန်းဖမ်းထွက်စဉ် လေတိုက်နှုန်း အလွန်ပြင်း ထန်မှုကြောင့် ပင်လယ်တွင်း မျောပါလမ်း ပျောက်ခဲ့သူ ဖြစ်ကြောင်း သိရသည်။

ငါးမန်းဖမ်း ခရီးစဉ်အတွင်း လိုက်ပါလာသော အဖော်လူငယ်မှာ သားစိမ်းငါးစိမ်း မစားနိုင်ခြင်းကြောင့် သီတင်းပတ် အနည်းငယ်အကြာတွင် သေဆုံးခဲ့ရကြောင်း အသက်(၃၇) နှစ်အရွယ် ရေမျောဒုက္ခသည်က ပြောကြားခဲ့သည်။

ငါးမန်းဖမ်းသမား အယ်လ်ဘာရင်ဂိုသည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၄ ရက်မှစ၍ သမုဒ္ဒရာရေပြင်အတွင်း ၁၆ လ ကြာမျှ မျောပါခဲ့ရပြီး မိုင် ၈၀၀၀ ရေပြင်ခရီးကို ကျော်ဖြတ်ကာ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃၀ ရက်တွင် မာရှယ်ကျွန်းစုဒေသ သန္တာကျွန်း တစ်ကျွန်းပေါ်တွင် ကမ်းတင်ခဲ့ရသည်။

ကိုယ်ထည် အလျား ၂၄ ပေ ရှိ လှေတစ်စင်းနှင့် အတူ သမုဒ္ဒရာအတွင်း မျောပါနေစဉ် အယ်လ်ဘာရင်ဂို သည် သားစိမ်းငါးစိမ်းစား၍ လိပ်သွေးသောက်ကာ အသက်ဆက်ခဲ့ရကြောင်း သိရသည်။

စံတော်ချိန် သတင်းစာ

ပုဇွန်တောင်မြို့နယ် လူသတ်မှုမှတရားခံအား စစ်ဆေးဖော်ထုတ်အရေးယူ


ရန်ကုန်၊ ဖေဖော်ဝါရီ ၃

၃၁.၁.၂၀၁၄ရက်နေ့ ၁၁၀၀အချိန် ပုဇွန်တောင်မြို့နယ်၊ (၂)ရပ်ကွက်နေ ကိုဇေယျာလင်းသည်နေအိမ်တွင်၎င်း၏ဇနီးဖြစ်သူမမေသီရိဖြူ၊သမီးဖြစ်သူ မပိုးအိန္ဒြာဖြူနှင့် ညီဖြစ်သူ ကိုစိုးသူရလင်း တို့အားထားခဲ့ပြီး အလုပ်သွား
နေခဲ့ရာ ၁၂၀၀အချိန်ခန့်တွင် ဈေးမှနေအိမ်သို့ ပြန်လည်ရောက်ရှိလာ သောမိခင်ဖြစ်သူမှ ၎င်းထံသို့ဖုန်းဆက်သွယ်လာကာ နေအိမ်တံခါးအား အထဲမှ ဖွင့်မပေးကြောင်း၊ ကလေးငိုသံလည်းကြားရကြောင်းပြောပြသိရ သဖြင့်နေအိမ်သို့ ပြန်လာခဲ့ပြီး သော့အပိုဖြင့်ဖွင့်ကာ ၀င်ရောက်ကြည့်ရှုရာ နေအိမ်အတွင်းတွင် ဇနီးဖြစ်သူမှာ ဦးခေါင်း၌ထုရိုက်ခံထားရသည့် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရသဖြင့် အရေးယူပေးပါရန်တိုင်တန်းခဲ့၍ ပုဇွန်တောင်မြို့မရဲစခန်း(ပ) ၂၃/၂၀၁၄၊ ပုဒ်မ၃၀၂ ဖြင့်အမှုဖွင့် စုံစမ်းစစ်ဆေးခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်ဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှတပ်ဖွဲ့ဝင်များ၊ မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များ၊ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊အထူးမှုခင်းနှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင်များ၊ ပုဇွန်တောင်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များပူးပေါင်းကာ အခင်းဖြစ်ချိန် ကတည်းက ပျောက်ဆုံးနေသည့် ကိုဇေယျာလင်း၏ညီဖြစ်သူ စိုးသူရလင်းအား စုံစမ်းရှာဖွေလျက်ရှိစဉ် ၎င်းတို့နှင့်ဆွေမျိုးတော်စပ်သူ တစ်ဦးမှ ယင်းနေ့ ၁၉၀၀အချိန်တွင် ရဲစခန်းသို့လာရောက်ပို့အပ်ပေး ခဲ့ပါသည်။

စိုးသူရလင်းအား အမှုနှင့်ပတ်သက်၍ စစ်ဆေးဆောင်ရွက်ခဲ့ရာ သေဆုံးသူ မမေသီရိဖြူသည် အစ်ကိုဖြစ်သူနှင့်အိမ်ထောင်ကျကာ နေအိမ်သို့ရောက်ရှိ လာသည့်နောက်ပိုင်း မိသားစုများအကြားတွင် မကြာခဏစကားများလေ့
ရှိပြီး ၎င်းအပေါ်လည်းမကောင်းသောအတတ်ပညာများနှင့် လုပ်ကိုင်သည် ဟုထင်ကာ ဒေါသမထိန်းဘဲ သံတုတ်ဖြင့်ရိုက်နှက်ခဲ့၍ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် အမှုဖြင့် ဆက်လက်အရေးယူဆောင်ရွက်
လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ပြည့်တန် ဆာအဖြစ်စေခိုင်းသည့် အမျိုးသမီးကို ထောင် ၁၀ နှစ်ချ


အလှပြင်ဆိုင်တွင် တစ်လလျင်ကျပ် သုံးသိန်းမှလေးသိန်းအတွင်းရရှိမည်ဟု ယုံကြည် အောင်
ပြောဆိုကာ ပြည့်တန် ဆာအဖြစ်စေခိုင်းခဲ့သည်ဆိုသူကို ရန်ကုန်မြောက်ပိုင်း ခရိုင်တရားကြီး
ရုံးက လူကုန်ကူးမှုကာကွယ် တားဆီးရေးဥပဒေပုဒ်မ ၂၄ အရ ထောင်ဒဏ် ၁၀ နှစ်ကျခံစေရန်
ဇန်န၀ါရီလ ၁၀ ရက်နေ့က အမိန့်ချ မှတ်ခဲ့ကြောင်းသိရသည်။

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့်တွင် မင်္ဂလာဒုံမြို့နယ် နေ
အမျိုးသားတစ်ဦးသည် နေအိမ်တွင်ရှိနေစဉ် သမီးဖြစ်သူမှာ မုန့်ဝယ်သွားခဲ့ရာ ကပြန်ရောက်
မလာသဖြင့် မင်္ဂလာဒုံမြို့နယ်ရဲစခန်းသို့လူပျောက်တိုင်ကြားခဲ့သည်။

ရဲစခန်းက လူပျောက်အမှတ်စဉ် ၁၂/၁၂ ဖွင့်စုံစမ်းခဲ့သည်။ ဆက်လက်စုံစမ်းခဲ့ရာ ၂၀၁၃ ခုနှစ်
မတ်လ ၄ ရက်နေ့ တွင် သမီးဖြစ်သူအား တာမွေမြို့နယ် ပုသိမ်ညွန့်ရပ်ကွက်ရှိ မမော်ကြီး(ခ)
ဝါ၀ါခိုင်(ခ)ရီရီမော် နေထိုင်သည့် တိုက်ခန်းတွင် တွေ့ရှိခဲ့သဖြင့် သမီးဖြစ်သူ ကို ပြန်ခေါ်ဆောင်
ခဲ့သည်။

စုံစမ်းချက်များအရ မုန့်သွားရန် ထွက်သွားခဲ့သည်နေ့က တစ်ရပ်ကွက်တည်းနေ မသီင်္ဂိ(ခ)
မသူဇာဝင်းနှင့်တွေ့ရှိပြီး ၎င်းက အလှပြင်ဆိုင်တွင် အလုပ်လုပ်ကိုင်မည်ဆိုပါ တစ်လလျင် ကျပ်
သုံးသိန်းမှ ကျပ် လေးသိန်းခန့်ရရှိ မည်ဖြစ်ကြောင်းပြောဆိုကာပို့ဆောင်ပေးခဲ့သည်။

မမော်ကြီး(ခ)၀ါဝါခိုင်(ခ)ရီရီမော် မ၏နေအိမ်တွင် နေထိုင်စဉ်အတွင်း အနှိပ်စေခိုင်းခြင်း၊ပြည်တန်
ဆာကိစ္စများစေခိုင်းခဲ့ခြင်း တို့ကိုပြုလုပ်ခဲ့ခိုင်းခဲ့ကြောင်းပြောပြသိရသဖြင့်အရေးယူပေးရန်တိုင်ကြား
ခဲ့သည်။

မင်္ဂလာဒုံမြို့မရဲစခန်းက(ပ)၁၄၃/၁၃ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အမှု
ဖွင့်အရေးယူခဲ့သည်။ အဆိုပါအမှုနှင့်ပတ်သတ်၍ မမော်ကြီး(ခ)၀ါဝါခိုင်(ခ)ရီရီမော် ကိုစုံစမ်းခဲ့ရာ
၂၀၀၈ ခုနှစ်အတွင်းက အလှပြင်ဆိုင်နှင့်အနှိပ်ခန်းဖွင့်လှစ်လုပ်ကိုင်မှု ပြစ်မှုပုဒ်မ ၁၈၈ အရ ထောင်
ဒဏ်တစ်လကျခံခဲ့ရကြောင်း၊ထောင်မှလွတ်မြောက်လာစဉ် အဆိုပါအလုပ်များကို ဆက်လက်လုပ်
ကိုင်ခြင်းမပြုသေးကြောင်း၊ ၂၀၁၂ ခုနှစ်တွင် သမီးဖြစ်သူမှ အမျိုးသမီး တစ်ဦးကိုပို့ပေးခဲ့သဖြင့်အဆို
ပါအမျိုးသမီးငယ်ကို သမ္မရုံတွင်သွား ရောက်ခေါ်ဆောင် ခဲ့ကြောင်း အနှိပ်ပညာကိုသင်ကြားပေးခဲ့ပြီး
ဧည့်သည်အမျိုးသားများက အဆိုပါ အမျိုးသမီးငယ်ကိုခေါ်ဆောင်လိုကြောင်းပြောသဖြင့်ဧည့်သည်
အမျိုးသားများနှင့်အတူ ပြည်တန်ဆာကိစ္စစေခိုင်းခဲ့ကြောင်း၊ ၎င်းရရှိသည့်ငွေများကိုယူခဲ့ပြီး အိမ်ပြန်
မည် ပြောဆိုပါကလည်းပိတ်ပင်ခဲ့ကြောင်းဆိုသည်။

စစ်ဆေးပေါ်ပေါက်ချက်များအရ ဥပဒေအကြံပြုချက်တောင်းခံကာ လူကုန်ကူးမှုတားဆိးကာကွယ်
ရေးဗဟိုအဖွဲ့သို့ ကြိုတင်တရားစွဲဆိုရန် ဒုရဲအုပ်ဌေးဝင်းမှ တောင်းခံခဲ့သည်။ ဧပြီလ ၁၁ ရက်နေ့တွင်
ခွင့်ပြုချက်အရ မင်္ဂလာဒုံရဲစခန်းစွဲချက်အမှတ် ၁၆၅/၁၃ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ
ပုဒ်မ ၂၄ အရ မြောက်ပိုင်း ခရိုင်တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့ရာ ဒုခရိုင်တရားသူကြီးက ပြစ်မှုကြီး
အမှတ် ၅၃/၁၃ ဖြင့် လက်ခံစစ်ဆေးခဲ့ပြီး အထက်ပါကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

တိုးဝေအောင် / မြန်မာတိုင်း(မ်)

ဝန်ကြီး ဦးအုန်းမြင့်၏ ပြောစကားနှင့် ပါတ်သက်၍ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးမှ အရေးကြီး အဆိုတင်သွင်း


ဥက္ကဋ္ဌကြီး ခင်ဗျား
ကျွန်တော် အခု တင်ပြမဲ့ အရေးတကြီး အဆိုကတော့ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဒေသ၀န်ကြီးမှ ပြည်ထောင်စု ၀န်ကြီး ဦးအုန်းမြင့်၏ ကိစ္စပဲ ဖြစ်ပါတယ်။ ဥက္ကကြီးနှင့် လွှတ်တော်ကိုယ်စား လှယ်များလည်း ကြားသိပြီး ဖြစ်ပါလိမ့်မယ်။ ကျွန်တော် တင်ပြ ချင်တာကတော့- တနင်္သာရီ တိုင်းဒေသ ကြီး၊ ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံးကျေးရွာ ပြည်သူလူထုနှင့် တွေ့ဆုံစဉ်က လည်းကောင်း၊ မကွေး တိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ သစ်ရာကောက်ကျေးရွာမှ ဒေသခံများနှင့် တွေ့ဆုံစဉ် ကလည်း ကောင်း ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ ပြောကြားချက်များနှင့် စပ်လျဉ်း၍ အမြန်ဆုံးတာဝန်ယူ ဖြေရှင်း ဆောင်ရွက်ပေးရန် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း အဆိုပဲ ဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား
မွေးမြူရေး၊ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် သည် အောက်တိုဘာလ ၂၅ ရက် ၂၀၁၃ ခုနှစ်မှာ" တနင်္သာရီတိုင်း ဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံးကျေးရွာပြည်သူလူထုနှင့်တွေ့ဆုံစဉ် ကျေးလက်ကျောက်ခင်း လမ်းပြုပြင်ရေး နှင့်ပါတ်သက်၍ ကျောက်ခင်း လမ်းခင်းပေးဖို့ ၀န်ကြီးကပြောကြားရာ ဒေသခံပြည်သူ တစ်ဦးက ကျောက်ခင်းလမ်းအစား ကွန်ကရစ်လမ်း ခင်းပေးဖို့ တောင်းဆိုရာမှာ- ပြည်ထောင်စုဝန်ကြီး ကယခင်အစိုးရမှာလည်း ငါပါတယ်၊ ဒီအစိုးရမှာလည်း ငါပါတယ်၊ ဘာမှထော်လော် ကန့်လန့် မလုပ်နဲ့ ပါးရိုက် ခံရမယ်၊ မကျေနပ်ရင်တောခို- ဟုပြောကြားခဲ့သည်။ ထို့အတူ ၂၀၁၄ ခုနှစ်ဇန်န၀ါရီ ၂၈ ရက်ကလည်း မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် သစ်ရာကောက် ကျေးရွာမှ ဒေသခံများနှင့် တွေ့ဆုံစဉ် အောက်ပါစကားများကိုလည်း ပြောကြားခဲ့သည်ဟုသိရှိရသည်။ ၀န်ကြီး ပြောစကားများကို ကောက်နုတ်ဖေါ်ပြရပါလျှင်-
" ဘာနိုင်ငံရေးသမားကိုမှ ဂရုမစိုက်ဘူး၊ ဗိုလ်ချုပ်အုန်းမြင့်ဆိုပြီး နယ်တကာလှည့်ပြီး ပါးရိုက်ရဲတယ်ကွ ဆိုပြီး မိန့်ခွန်းပြောလာတာ၊ ကျွှန်တော်ပြောတာ၊ ဘယ်နိုင်ငံရေးပါတီမှလည်း မကြောက်ဘူး"ဟုလည်းကောင်း၊
" နိုင်ငံရေး စကားဆိုတာ တက်နေတဲ့အစိုးရပေါ်မှာ စော်ကားတဲ့ကောင် တွယ်မှာဘဲ၊ ပါးစပ်နဲ့တွယ်လို့မရရင် အချုပ်ထဲထည့်မှာဘဲ၊ နိုင်ငံတကာမှာ ဒီလိုဘဲကျင့်သုံးနေတယ်၊ အစိုးရကို ဆန့်ကျင်တဲ့ကောင်ဆိုရင် မင်းအချုပ်ထဲသွားနေ၊ ငါတို့အစိုးရထွက်ရင်မင်းထွက် ဒါဘဲ၊ အဲ့တာ မင်းတို့ တရားဝင်ဘောင်ထဲက ပြောနိုင်တဲ့ ကောင်တွေ ပြော၊ ပြောခွင့်ရှိတဲ့အတွက်ကျွန်တော်ပြောတယ်"
" ကျွန်တော်တို့ခါးကြားမှာ သေနတ်ထိုးပြီးတော၊့ ပုခုံးပေါ်မှာသေနတ်လွယ်ပြီး အုပ်ချုပ်ခဲ့တာ ဘဲဟာ၊ ဘာမှ မတိုးတက်ဘူးပြော၊ သောက်ရူးတွေပြောနေတာ၊ သောက်ရူးတွေပြောနေတာ မယုံနဲ့" - လည်းကောင်း ဆိုပြီးဖြစ်ပါတယ်။
ပြည်ထောင်စုဝန်ကြိးက ဆက်လက်ပြီး လက်ရှိအစိုးရအပေါ် စေတနာပျက်အောင်မလုပ်ရန်နှင့် ဘုဂ လန့်မလုပ်ရန် ဒေသခံရွာသားများကို မှာကြားသွားပြီး၊ ယင်းသို့လုပ်ဆောင်ပါက ငွေကြေး အထောက်အပံ့ လုံးဝပေးမည်မဟုတ်ကြောင်း ပြောသွားခဲ့သည်။

ဥက္ကဋ္ဌကြီးခင်ဗျား
ဒါတွေဟာ ပြည်ထောင်စုဝန်ကြီးပြောသွားတာတွေထဲကတစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ အပြည့်အစုံ မှာ Unity အပတ်စဉ်ထုတ် ဂျာနယ်မှာ ပါပါတယ်၊ ပြောစကားတွေကိုခြုံငုံ၍ ကောက်ချက်ဆွဲလိုက်လျှင်
၁။ နိုင်ငံရေးပါတီနဲ့ နိုင်ငံရေးသမားတွေကို စော်ကားတဲ့အချက်။
၂။ ပြည်သူလူထုကိုခြိမ်းခြောက်တဲ့အချက်- စတဲ့
အချက်နှစ်ချက်ကိုတွေ့ရပါတယ်။ ဒီပြောကြားချက်ဟာ အုပ်ချုပ်ရေးတာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြား ချက်ဖြစ်တဲ့အတွက် အံ့ဩတုန်လှုပ်ရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး တောင်အံ့ဩတုန် လှုပ်ရရင် တောသူတောင်သား ရိုးသားတဲ့ပြည်သူလူထုဆိုရင် ဘယ်လောက် ကြောက်လိုက်မလဲ တွေးမိပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား
၃-နှစ်သားပြည့်ကာစလွှတ်တော်ကြီးဟာ ပြည်သူတွေရဲ့အသံ၊ ပြည်သူတွေရဲ့ဆန္ဒကို အကောင်ထည် ဖေါ်ဆောင်ရွက်နေတာ အတော်အသင့်လုပ်နိုင်ခဲ့ပြီး ဆက်လုပ်စရာတွေ ကျန်သေး တယ် ဆိုတာ ဥက္ကဌကြီးဘဲ မိန့်ကြားခဲ့ပါတယ် ။ ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ ၀ါဒစွဲ မထားပဲပြည်သူ့အကျိုးကို ဆောင်ရွက်နေတဲ့ လွှတ်တော်ကြီး မှာ တက်ရောက်နေကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များဟာ ပါတီကို ကိုယ်စားပြုပြီး တက်ရောက် နေကြတဲ့ နိုင်ငံရေးသမားများ ဖြစ်ကြပါတယ်၊ တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် ဆိုတာ အနည်း ငယ်မျှသာပါရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ကြိးများဟာ ကောင်းမွန်သော၊တရားမျှတသော ဥပဒေများကိုပြဌာန်းနိုင်ဖို့ကြိုးစားနေကြသလို မတရားတဲ့၊အကျိုးမပြုတဲ့၊ ဖိနှိပ်တဲ့ ဥပဒေတွေ ပယ် ဖျက်တဲ့လုပ်ငန်းကို အစွမ်းကုန်လုပ်ဆောင်နေလို့ နိုင်ငံတကာကချီးကျူးနေကြတာဖြစ်ပါတယ်၊ ဒီလို အချိန်မျိုးမှာ အစိုးရကိုဆန့်ကျင်ရင် အချုပ်ထဲ ထည့်မှာဘဲ၊ နိုင်ငံတကာမှာလည်း ဒီလိုပဲ ကျင့်သုံး နေတယ် ဆိုပြီးပြောဆိုခဲ့တဲ့အတွက် နိုင်ငံတကာ အစိုးရများကိုပါ စော်ကားသလို ဖြစ်သွားပါတယ်။ အာဏာ(၃)ရပ် အပြန်အလှန်ထိန်းကျောင်းရမယ့် မူအရလည်း လွှတ်တော်များက အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ တရားရေးမဏ္ဍိုင် တို့ကို စောင့်ကြည့်တဲ့လုပ်ငန်း များကိုလည်း ကော်မတီများဖွဲ့စည်းပြီးဆောင်ရွက်နေကြတာပါ။

ဥက္ကဋ္ဌကြီးခင်ဗျား
လွှတ်တော်ကိုယ်စားလှယ်များဟာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ မူဘောင်တွင်းကလုပ်ဆောင်ပြီး အပြုသဘောနဲ့ဝေဖန်ထောက်ပြရင်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက် အောင် နိုင်ငံရေးအရ ဆောင်ရွက်နေချိန်မှာ ဘယ်နိုင်ငံရေးသမားကိုမှဂရုမစိုက်ဘူး၊ ဘယ်နိုင်ငံရေး ပါတီမှလည်းမကြောက်ဘူးဆို တဲ့ စကားရပ်ဟာ နိုင်ငံရေးပါတီတွေကို ကိုယ်စားပြုတက်ရောက် နေကြတဲ့ လွှတ်တော်ကြီးကို စော်ကားလိုက်တာပါပဲ၊ ဒီလိုစော်ကားခံရတာ၊လွှတ်တော်ဂုဏ်သိက္ခာကို ထိပါးခံရတာဟာ တတိယအကြိမ်ရှိသွားပါပြီ၊ လွှတ်တော်ကိုစော်ကားထိပါးတာဟာ ပြည်သူတွေကို စော်ကားထိပါးသလိုပါပဲ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့တွေဟာ ပြည်သူကိုကိုယ်စားပြုပြီး လွှတ်တော်ထဲရောက်လာကြလို့ပါ။

ဥက္ကဋ္ဌကြီးခင်ဗျား
ပြည်ထောင်စုဝန်ကြီးရဲ့ပြောစကားတွေဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကိုငြိမ်းချမ်းစွာ လုပ်ဆောင်နေမှုကို ကပျက်ကရက် လုပ်ဆောင်နေသလိုဖြစ်နေပါတယ်၊ ဘာကြောင့်လည်းဆိုတော့ အဆိုပါပြောစကားများ ကြောင့် မတည်မငြိမ်မှုတွေဖြစ်လာနိုင်ပါတယ်၊ ဆန္ဒဖေါ်ထုတ်မှုတွေဖြစ်လာ နိုင်ပါတယ်၊ အသွင်ကူးပြောင်းရေးကာလမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးစားပေးလုပ်ငန်း အဖြစ် လုပ်ဆောင်နေချိန်မှာ တစ်ဦးပေါ်တစ်ဦး အထင်မြင်လွဲမှားမှုတွေဖြစ်ပြီး အမျိုးသားပြန်လည် သင့်မြတ်ရေးကို အနှောက်အယှက်ဖြစ်စေပါတယ်။
ပြည်သူလူထုအနေနဲ့လည်း မတရားမှုတွေကို ခေါင်းငုံခံ ၊အစိုးရလုပ်သမျှ ဘာမှမဆန့်ကျင်နဲ့၊ ခေါ်ရင် လာ၊ခိုင်းတာလုပ်၊ ခံမပြောနဲ့ဆိုတဲ့ အာဏာရှင် စနစ်ပုံစံကို ပြန်ဖေါ်ထုတ်နေသလို ခံစား ရပါ လိမ့်မယ်၊ ဒီမိုကရေစီနဲ့လည်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင် နေပါတယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ နိုင်ငံသား တစ်ဦးရဲ့ လွတ်လပ်စွာ ဖေါ်ထုတ်မှုတွေကို ချိုးဖောက်နေသလိုဖြစ်နေပါတယ်။
သို့ပါ၍ ပြည်ထောင်စု ၀န်ကြီးရဲ့ပြောကြားချက်များနှင့် စပ်လျဉ်း၍ အမြန်ဆုံးတာဝန်ယူဖြေရှင်း ဆောင်ရွက်ပေးပါရန်ပြည်ထောင်စုအစိုးရသို့တိုက်တွန်းကြောင်း ပြည်သူ့ လွှတ်တော်မှတဆင့် အရေးတကြီး အဆိုတင်သွင်းအပ်ပါတယ်။

National League for Democracy

ဝန်ကြီး ဦးအုန်းမြင့်ရဲ့စကား အစိုးရ ရှင်းပြီ

ပြီးခဲ့တဲ့လက တွေ့ရတဲ့ ဝန်ကြီးဦးအုန်းမြင့် (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

ပြောရဲဆိုရဲရှိတဲ့ ဝန်ကြီးဦးအုန်းမြင့်ရဲ့ စကားနဲ့ ပတ်သက်ပြီး အစိုးရက ပြန်ရှင်းပါပြီ။
NLD အမတ်တဦး ဖြစ်တဲ့ ဦးအောင်စိုးက ဒီကနေ့ လွှတ်တော်မှာ အရေးတကြီး အဆိုတင်သွင်းရာမှာ ပြန်ကြားရေးဝန်ကြီးက လာရောက် ဖြေရှင်းခြင်း ဖြစ်တယ်လို့ သိရပါတယ်။

ဖြေရှင်းချက်ကို NLD အွန်လိုင်းကနေ မူရင်းအတိုင်း ကူးယူ ဖော်ပြလိုက်ပါတယ်။

"မပြောသင့်စားလုံးတွေ လွန်လွန်ကျုးကျုးပါတာ မှန်ပါတယ်  ဒါပေမယ့်လည်း သူရဲ့ရည်ရွယ်ချက် ကျေးရွာလူထု လိုအပ်ချက်အတွက် အကူညီပေးဖို့ဖြစ်တယ်" လို့ ဦးအောင်ကြည်က ရှင်းပါတယ်။ပွဲဆူနေတဲ့ ဒီကိစ္စအတွက်
" ပြည့်ပြည့်စုံစုံ လေ့လာသုံးသပ်ဖို့လိုအပ်ပါတယ်
ဒါကြောင့်မိုလို့ ဒီအတွက် ကျွန်တော်တို့ လုံလောက်တဲ့အချိန်ပေးပါ" လို့ ဦးအောင်ကြည်က ပြောပါတယ်။

ဗိုလ်ချုပ်ကြီးတွေပြောတဲ့ လုံလောက်တဲ့အချိန်ဆိုတာက ဆယ့်လေးငါးလ ဖြစ်နိုင်သလို ဆယ့်လေးငါးနှစ်လည်း ဖြစ်နိုင်ပါတယ်။ ကမ္ဘာလဆန်းတရက်နေ့ဟာ ဘယ်နေ့ဖြစ်မယ် ဆိုတာတော့ သူတို့ပဲ သိနိုင်ပါလိမ့်မယ်။

ဝန်ကြီးဦးအုန်းမြင့်ရဲ့ အင်မတန် ရိုင်းစိုင်းနဲ့ စကားနဲ့ ပတ်သက်ပြီး ချက်ချင်း ဖြေရှင်းပေးတာကတော့ ချီးကျူးဖို့ကောင်းပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးရဲ့အဆိုကိုပြန်လည် ဖေကြား-------

ကျွန်တော်ကတော့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်ဖြစ်ပါတယ် မကွေးမြို့နယ် သစ်ရာကောက်ကျေးရွာမှာ ရွာသူ၊ ရွာသားအချို့နှင့် ကြိုတင်စီစဉ်ထားခြင်းမရှိပဲနှင့်ရှောင်တခင် တွေ့ဆုံခဲ့တဲ့နေရာမှာ ပြောကြားခဲ့တယ့် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ပြောစကားနှင့်ပါတ်သက်ပြီး ဝေဖန်မှုတွေထွက်ပေါ်နေတာ ကျွန်တော်တို့အားလုံး သိကြောင်း မပြောသင့်စားလုံးတွေ လွန်လွန်ကျုးကျုးပါတာ မှန်ပါတယ်

 ဒါပေမယ့်လည်း သူရဲ့ရည်ရွယ်ချက် ကျေးရွာလူထု လိုအပ်ချက်အတွက် အကူညီပေးဖို့ဖြစ်တယ်လို့ ယူဆနိုင်ကြောင်း ဘာဖြစ်လို့လည်းဆိုရင် လမ်းဘေးလက်ဘက်ရည်ဆိုင်တစ်ဆိုင်ကလူ ၁၅ ယောက်လောက်က ထွက်ပြီးတော့ ပြည်ထောင်စုဝန်ကြိးရဲ့ကားကိုတာဖြစ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီးကျေနပ်စွာရပ်ပေးပြီး ဘယ်ကလည်း ဘာလိုလည်း ဘာလုပ်ပေးရမလည်းမေးကြောင်း စတဲ့စကားများကိုလည်း ကြားကြမှာဖြစ်ပါတယ်

အကူအညီ မပေးခခြင်လို့ရှိရင် ကားတောင် ရပ်ပေးစရာမလိုပါဘူး စကားပြောဆိုကြတော့လည်း ရင်းရင်းနှီးနှီးပြောဆိုကြတာဖြစ်ကြောင်း ဒီဒေသမှာ ၅ နှစ်လောက် တာဝန်အမျိုးမျိုး ထမ်းဆောင်ခဲ့တဲ့ လူတစ်ယောက်ရဲ့ စိတ်ခံစားဖြစ်ကြောင်း ၅ နှစ်လောက်တာဝန်ထမ်းခဲ့တဲ့အတွက်ရွှေမျိုးအရင်းခြာလို သဘောထားတာဖြစ်ကြောင်း ပြောဆိုတဲ့အခါမှာလည်း ပွင့်ပွင့်လင်းလင်း ပြောဆိုကြောင်း ပြောရင်းဆိုရင်း သူရဲ့ကိုယ်ပိုင်ခံစားချက်ကို လွပ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်အရ ထုတ်ဖော်ပြောဆို မိခဲ့တယ်လို့ဒီလို.ူဆမယ် ဆိုရင် ယူဆလို့ ရနိုင်တဲ့ အနေအထားရှိပါတယ်။

ညွန်ချုပ်တစ်ယောက်ကို ကျနော် တို့ထားခဲ့တယ်။ ပြီးတဲ့အခါကျတော့ ကျေးရွာနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ ဆက်လက် လုပ်ကိုင်ဖို့အတွက် ကျောင်းသားတွေအတွက် စားပွဲ ကလားထိုင် အစုံ ၃၀ လုပ်ပေးခဲ့တယ်။
ဒီအချက်တွေကို ကျနော်တို့ ထည့်သွင်းစဉ်းစားသင့်တယ်လို့ကျနော်အနေနဲ့ တင်ပြလိုပါတယ်။

ပလုံးတုံတုန်း ရွာသားတွေနဲ့ တွေ့တဲ့ အခါမှာလည်း ရွှာသားတွေက ၀န်ကြီးနဲ့ တွေ့ဖို့လာခေါ်ကြပါတယ် အဲလိုတွေ့ဆုံတဲ့ အခါမှာလည်း စကားအသုံးအနှုန်းလွှဲမှာမှုတွေ ပါသွားခဲ့ပါတယ်။ ပါသွားနိုင်ပါတယ်။
ကျနော်တို့ကတော့ သေသေချာချာ မသိရပါဘူး။
အဲဒီရွာမှာ သူဟာ လွန်ခဲ့တဲ့ ၁၀ နှစ်တာကာလတုန်း က နယ်မြေခံအရာရှိကြီးတစ်ယောက်အနေနဲ့ ရွာသားတွေနဲ့ အတူ လက်တွဲပြီးတော့သဲသောင်တွေနဲ့ ပင်လယ်ဝကို ဖြတ်ပြီးတော့ ဒီပုလုံးတုန်းနဲ့ ကော့သောင်းဆက်သွယ်တဲ့ တံတားကိုထိုးဖို့စွန့်စွန့်စားစား လုပ်ခဲ့တာဖြစ်ပါတယ်
အဲ့တာကိုယ်ထူကိုယ်ထ တံတားဖြစ်ပါတယ် အဲ့လိုမိုင်နဲ့ချည်ပြီးရှည်တဲ့ ဒီလိုလုပ်ငန်းတစ်ခုကို ကျေးရွာလူထုနှင့်အချိန်ယူပြီးတော့ ဒီလိုရင်းရင်းနှီးနှီးလက်တွဲပြီးတော့လုပ်လာခဲ့တဲ့လူတစ်ယောက်ဖြစ်တယ်

ဒါတွေရဲ့အကျိုးဆက်ကိုကြည့်မယ်ဆိုလို့ရှိရင် အဲ့ဒီရွာရဲ့ဆိမ်ကမ်းဟာသာတောင့်သာယာဖြစ်နေတဲ့အပြင် ဦးအုန်းမြင့်တာဝန်ယူတဲ့ ၀န်ကြီးဌာနဟာလည်း ဒီပုလုံးတုံတုန်းကျေးရွာ တံတားချင်းကပ်လမ်းတွက် ဒီလိုအပ်တဲ့ လမ်းခင်းပေးဖို့ ဒီဘပ်ချက်ကို ဒီလွှတ်တော်မှာ တင်ပြထားပြိးဖြစ်တာလည်း ထည့်သွင်းစဉ်းစားရပါမယ်
ဒီတံတားတွင်မကပါဘူးကျေးရွာ မီးလင်းရေးအတွက် ဆိုလာမီးတွေတပ်ဆင်ပေးဖို့အတွက်ပါ တင်ပြခဲ့တာဖြစ်ပါတယ်

အဲ့တော့ရွာသူ၊ ရွာသားတွေအပေါ်မှာ ဦးအုန်းမြင့်ထားရှိတဲ့စေတနာကိုလည်းလွှတ်တော်ကိုယ်စားလှယ်ကြီးများအနေနဲ့ မှန်းစကြည်လို့တွေနိုင်ကြောင်း တင်ပြလိုပါတယ်
ဥက္ကဌကြီးနှင့်လွှတ်တော်ကိုယ်စားလှယ်ကြီးများခင်ဗျား
 ဖြစ်စဉ်နှစ်ရပ်စလုံးမှာ ဦးအုန်းမြင့်ဟာ သဘောရိုးနဲ့ပြောခဲ့တာလား
 ဒါမှမဟုတ် ကောက်ကျစ်သောအကြံနဲ့စေတနာမသန့်ဘဲနဲ့ ပြောတယ်ဆိုတဲ့အချက်ဟာ ဒီကိစ္စမှာ အရေးတကြီးထည့်သွင်းစဉ်းစာရမယ့်အချက်ဖြစ်ပါတယ်

အဲ့တော့ ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ ဒီကိစ္စကိုလေ့လာသုံးသပ်တဲ့နေရာမှာ ဖြစ်နိုင်သမျှတရားမျှတမှုရှိနိုင်ဖို့ အတွက် ကျွန်တော်တို့က အပေါ်ယံကလေးလေ့လာသုံးသပ်မလုပ်ချင်ပါဘူး
နောက်ခံအကြောင်း တရားတွေနောက်ဖြစ်စဉ်ပေါ်ပေါက်တဲ့ ပတ်ဝန်းကျင် အခြေအနေတွေ နောက်ဖြစ်စေဉ်ကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးသက်ရောက်မှုတွေ နောက်နယ်မြေခံလူထပင်းရင်း စိတ်နေသဘောထားတွေ ဒါတွေကိုပါထည့်သွင်းစဉ်းစားပြီးတော့ ပြည့်ပြည့်စုံစုံ လေ့လာသုံးသပ်ဖို့လိုအပ်ပါတယ်
ဒါကြောင့်မိုလို့ ဒီအတွက် ကျွန်တော်တို့ လုံလောက်တဲ့အချိန်ပေးပါလို့ ဥက္ကဌကြီးအားတင်ပြလိုပါတယ် ကျေးဇူးတင်ပါတယ်ခင်ဗျာ
ထပ်ဆင့်ရှင်းလင်းရာတွင် ----

ဒီကိစ္စနဲ့ပါတ်သက်ပြီး ကျွန်တော်တို့ အစိုးရအနေနဲ့ အထူးအလေးထား ပြီးတာ့မှစဉ်းစားဆောင်ရွက်နတာဖြစ်ပါတယ် ကျွန်တော်တို့စောစောတုန်းက တင်ပြခဲ့သလိုပဲ ဒီကိစ္စဟာ အပေါ်ရံကြော စဉ်းစားရမယ့် ကိစ္စမဟုတ်ပဲနဲ့ သူ့ရဲ့နောက်ခံအကြောင်းတရားတွေ ဖြစ်စဉ်ဖြစ်ရပ်တွေနဲ့ ထို့အတူဒေသမှာပြောခဲ့တဲ့သူတွေရဲ့ စိတ်နေသဘောထားတွေ ဒါတွေကိုပါ ကျွန်တော်တို့လေ့လာသုံးသပ်ဖို့လိုအပ်ပါတယ်
ဒါမှလည်းပဲကျွန်တော်တို့ အဖြေမှန်နဲ့ နည်းစပ်မှာဖြစ်ပါတယ်

ဒါမှလည်းပဲ ကျွန်တော်တို့ဟာပိုပြီးတော့အမျှော်အမြင်ရှိရာ ကြမှာဖြစ်ပါတယ် ရုတ်တရက်ဖြစ်ပေါ်လာတဲ့ စိတ်ခံစားမှုကို မူတည်ပြီးတော့ ကျွန်တော်တို့ ဆုံးဖြတ်ကြမယ်ဆိုရင် အဆုံးဖြတ်တွေဟာမှန်မယ်လို့ ကျွန်တော်တို့ မပြောနိုင်ပါဘူး ဒါကြောင့်မိုလို့ ကျွန်တော်တို့ ဒီကိစ္စနဲ့ပါတ်သက်ပြီး အချိန်အနည်းငယ်လိုခြင်ပါတယ်လို့ တင်ပြခြင်းဖြစ်ပါတယ် လေးစားပါတယ်။

Irrawaddy

စင်ကာပူ မြန်မာသံရုံးတွင် ပတ်စ်ပို့စာအုပ် တန်ဖိုး နှုန်းထားအသစ်သတ်မှတ်


စင်ကာပူနိုင်ငံမှာ တရားဝင် လာရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံ သားတွေ အတွက် ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ပြီး ပတ်စ်ပို့စာအုပ် တန်ဖိုးကို နှုန်းထား အသစ်နဲ့ ကောက်ခံ သွားမယ်လို့ စင်ကာပူ မြန်မာသံရုံးက သတင်း ထုတ် ပြန်ပါတယ်။

ပတ်စ်ပို့စာအုပ်အသစ် ပြုလုပ်ရာမှာ စင်ကာပူဒေါ်လာ ၃၅ ဒေါ်လာနဲ့ ပြုလုပ်နိုင်ပြီး ပတ်စ်ပို့စာအုပ် ပျောက်ဆုံးပြီး အသစ် ပြန်လည် ပြုလုပ်ရာမှာ ဒဏ်ကြေးငွေ စင်ကာပူဒေါ်လာ ၁၀၅ ဒေါ်လာနဲ့ စာအုပ်အသစ် ပြုလုပ်ခ စင်ကာပူဒေါ်လာ ၃၅ ဒေါ်လာ စုစုပေါင်း စင်ကာပူ ဒေါ်လာ ၁၄၀ ဒေါ်လာ ကောက်ခံမယ်လို့ စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားပါသည်။

မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စင်ကာပူနိုင်ငံမှာ အလုပ်လုပ်ကိုင်နေသူတဦးက ဒီနှုန်းထားဟာ အရင်ကထက် အများကြီး သက်သာသွားလို့ အောက်ခြေလုပ်သားတွေအတွက် အဆင်ပြေတယ်လို့ ပြောပါတယ်။

“ဒီ ထုတ်ပြန်ချက်ကို ကျနော်တို့ ကြိုဆိုပါတယ်။ အောက်ခြေအလုပ်သမားတွေအတွက် အတော်အဆင်ပြေတယ်။ Work Permit နဲ့ လုပ်တဲ့ အလုပ်သမားတွေက လစာနည်းတယ်။ အရင်က စာအုပ်လုပ်ရင် ၁၅၀ ပေးရတယ်။ ရက်လွန်ကြေးတို့ ဘာတို့ ပါမယ်ဆိုရင် လစာရဲ့ တ၀က်လောက် ကုန်တယ်။ အခွန်တွေ ဘာတွေပါ သွင်းရတာ။ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် အခွန်မကောက်တော့ မလိုတော့ဘူး။ အခုလို နှုန်းထားနဲ့ သတ်မှတ် ပြင်ဆင်လိုက်တော့ အရမ်းကောင်းတယ်။”

စင်ကာပူနိုင်ငံမှာ မြန်မာနိုင်ငံသား အလုပ်သမား ၃ သိန်းကျော်လောက် ရှိပြီး အင်ဂျင်နီယာတွေ၊ ဆရာဝန်တွေ၊ ဘူမိတွေ၊ စာရင်းကိုင်သမားတွေ၊ အိုင်တီတွေ၊ အောက်ခြေအလုပ်သမားတွေ ဖြစ်တဲ့ သင်္ဘောကျင်း အလုပ်သမားတွေ၊ အိမ်ဖော် စတဲ့အလုပ်တွေ လုပ်ကိုင်နေကြပါတယ်။

By ဒီဗွီဘီ

Tech Space - Vol 2 Issue 45

အကျယ်ချဲ့ကြည့်ရန်





HR Journal အမှတ်စဉ် (230) (31.1.2014)

အကျယ်ချဲ့ကြည့်ရန်





Facebook တို့ ၁၀ နှစ်ကျော် သက်တမ်းရှည်ရသည့် အကြောင်းအရင်း


Facebook လို့ခေါ်တဲ့ ဆိုရှယ်မီဒီယာကြီးက ယနေ့တိုင် ၁၀ နှစ်ကြာ ရပ်တည်ရတဲ့ အကြောင်းကို နိုင်ငံတကာ ပညာရှင်များက သုံးသပ်ထားပြီး အကျဉ်းချုပ်ဘာသာပြန် ဖော်ပြ ပေးလိုက် ရပါတယ်။

လွယ်မှုမှုရှိခြင်း

အမှန်ပါပဲ။ အောင်မြင်ပါတယ်ဆိုတဲ့ Twitter ထက်စာရင် Facebook က ပိုမို အသုံးပြုရလွယ်ကူကြောင်း စစ်တမ်း အရ သိရ ပါတယ်။ ဥပမာ Twitter မှာဆိုရင် တစ်ယောက်ယောက်ကို Tag လို့ဖို့အတွက် hashtag လို့ခေါ်တဲ့ # တို့ @ တို့ကို အသုံးပြုရပြီး Facebook မှာကျတော့ ကိုယ်တစ်ခုခု ရေးလိုက် တာနဲ့ ရေးလိုက်တဲ့ ဟာ ဘာလဲဆိုတာကို မှတ်သားပြီး သူ့ဘာသူ ဘာသာပြန်ပေး၊ Tag ပေးပါတယ်။ @ တို့ # တို့ကိုလည်း သုံးချင်သပ ဆို သုံးလို့ရအောင်ပါ ဖန်တီးပေးထားခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် အခြားသော လွယ်ကူ Feature တွေ အများကြီးပါ။

ရိုးရှင်းသော ဒီဇိုင်း

Facebook ရဲ့  UI ဟာ အင်မတန် ရိုးရှင်းတယ်ဆိုတာကိုရော အများစု လက်ခံ ထားကြ ပါတယ်။ ဒီအတွက် ရှင်းပြစရာ မလိုလောက်အောင် အားလုံးသိရှိမယ်လို့ ထင်ပါတယ်။ သူက အပြာရောင်၊ အဖြူရောင် ကိုပဲ အဓိက အခြေခံထားတာပါ။

Product Upgrades

ကုန်ပစ္စည်းတစ်ခုကို လူတစ်ယောက်က ကြာကြာ သုံးဖို့ဆိုတာ Upgrade လုပ်ရမယ်လို့ စီးပွားရေး လုပ်ငန်းရှင်တိုင်း သိကြပါတယ်။ အလားတူပဲ Facebook က ဒါကို သိရှိပြီး Facebook ကို အမြဲတမ်း Upgrade လုပ်လာတာပါ။ ယခု လက်ရှိ သုံးနေတာနဲ့ အရင် ၂ နှစ်လောက်က သုံးတာနဲ့ မတူတာကိုလည်း အားလုံး သိမှာပဲ ဖြစ်ပါတယ်။

Engaging Features

Engaging ဆိုတာ Customer, Product နဲ့ Manufacture ကြား ဆက်ဆံရေး ပျက်ပြဲမသွားအောင် အမြဲ ဆက်သွယ်ပေးတဲ့ လုပ်ဆောင်ချက် တစ်ခု ဖြစ်ပါတယ်။ Enagage သာ လုပ်မထားရင် Facebook ဆိုတာကို လူတိုင်း သုံးတော့မှာ မဟုတ်ပါဘူး။ အားလုံးတစ်နေ့ကျ ငြီးငွေ့ပြီးတော့ စွန့်လွတ်ကြမှာပါ။ ယခုတော့ Facebook က အသုံးပြုတိုင်း ပျင်းမသွားအောင် ဂိမ်းတွေ၊ Engaging app တွေ များစွာ ထုတ်လုပ်တာမို့ sign out လုပ်ပြီး sign in ပြန်ဝင်ချင်လောက်အောင်ကို ဖြစ်သွားကြပါပြီ။ ဒီတော့ နောင် ၁၀ နှစ်မှာ Facebook ပျက်မယ်ဆိုတဲ့ ကောလ ဟာလ များက ရယ်ချင်စရာ ဖြစ်နေပါတယ်။ အကြောင်းက Facebook က User တွေကို ဘယ်လို ဆက် ကိုင်တွယ်ရမယ်ဆိုတာကို သိနေလို့ ဖြစ်ပါတယ်။

Strong Mobile Presence

ကမ္ဘာမှာ အင်တာနက်ကို မိုဘိုင်းဖုန်းနဲ့ အသုံးပြုသူ ဦးရေ သိသိသာသာတိုးတက်လာတာကို အားလုံး အသိပါပဲ။ မြန်မာပြည်မှာတောင် ဖုန်းဝယ်ရင် အင်တာနက်ဆိုတာကို မသိပဲ Facebook ပါလားလို့ မေးယူတဲ့ အထိ ဗဟုသုတ နည်းတဲ့ လူတွေဆီမှာတောင် စွဲမြဲနေပါတယ်။ ဒါဟာ Facebook က မိုဘိုင်း ပလက်ဖောင်း ပေါ်မှာ လည်း နေရာ တစ်ခု သေချာ ယူထားကြောင်းကို သက်သေပြနေခြင်း ဖြစ်ပါတယ်။ မိုဘိုင်းဖုန်၊ ကျောက် သင်ပုန်း ကွန်ပြူတာ အပြင် အခြား သေးငယ်သော ဘယ်လို ပလက်ဖောင်းမျိုးမှာမဆို Facebook ကို ချပြဖို့ အဆင်သင့် ရှိနေပါတယ်။

Instagram

အင်စတီဂရမ်ဆိုတာ ပေါ်လာချိန်မှာ Facebook အဓိက ပြိုင်ဘက်က သူဖြစ်လာမယ်လို့ အားလုံး ကြိုတင် ခန့်မှန်းတွက်ချက်ပြီးသားပါ။ ဒါကိုသိလို့ Facebook က လက်အနှေးမခံပဲ Instagram ဆိုတာကြီးကို ဝယ်လိုက်ပါ တယ်။ ကဲ…။ ဘာပြောမလဲ။ Facebook သုံးမလား၊ Instagram သုံးမလား။ ၁ ခုထဲ သုံးတာထက် ၂ ခု ပေါင်းသုံးမှ ပိုကောင်းတဲ့ Feature ရမယ်ဆိုတဲ့ မြူစွယ်မှုနဲ့ Instagram ပရိတ်သတ်တွေကို Facebook ခြံဝိုင်းထဲ သိမ်းသွင်းခဲ့ ပါတယ်။

Wide-ranging users

Facebook ကို ဘာဖြစ်တယ် ဘာဖြစ်တယ်လို့ ဘယ်လိုပဲ ပြောပြီး မသုံးဖို့ ငြင်းငြင်း ကိုယ့်ပတ်ဝန်းကျင် သူငယ်ချင်း အများစု Facebook သုံးနေတာတော့ အမှန်ပါပဲ။ ဒီတော့ သူ့ကိုရှာဖို့။ သူနဲ့ ဆက်သွယ်ဖို့ဆိုတာ Facebook သုံးကိုသုံးမှရမယ့် အနေအထား ဖြစ်ပါတယ်။ Facebook မှ မသုံးရင် လူမှုဘဝ ပတ်ဝန်းကျင်မှ အပယ်ခံထားရတဲ့ အလား လူငယ်တွေရဲ့ အီမိုးရှင်းကို သိမ်းပိုက်ထားလိုက်ပါတယ်။ အမေရိကန်နဲ့ ကနေဒါ ပြင်ပမှာ Facebook အသုံးပြုသူ ၈၁ ရာခိုင်နှုန်းရှိပြီး ကမ္ဘာမှာ Facebook အသုံးပြုသူဟာ အင်တာနက် အသုံးပြုသူတိုင်းဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်က ပြည့်ခါနီးပြီ ဖြစ်ပါတယ်။

Online identity

Facebook ဟာ လမ်းညွန်စာအုပ်တစ်ခုအလား တင်စားလို့ရပါတယ်။ လမ်းညွန်စာအုပ်ဆိုတာထက်တောင် ပိုပြီး ID အချက်အလက်များ သိမ်းဆည်းထားတဲ့ ဘဏ်တစ်ခုအလား အောက်မေ့ရပါတယ်။ Facebook မှာ အသုံးပြုသူတို့ အချက်အလက်ကို ဖြည့်တဲ့အခါ၊ အသုံးပြုတဲ့အခါ တကယ်အမှန် ဟုတ်မဟုတ် သေချာ စစ်ဆေးပြီး အကောင့်အစစ်မဟုတ်ရင် ပိတ်လိုက်တာတို့ spam အဖြစ်သတ်မှတ်လိုက်တာတို့ ရှိပါတယ်။ ဒီတော့ Facebook က သုံးရတာ အမြဲလော့ကျတယ်လို့ပဲ ပြောပြော ဒီအချိန် ကျောင်းတုန်းက ငယ်သူငယ်ချင်း တစ်ယောက်ကို ရှာမယ်ဆိုရင် Facebook က ရှာပုံတော်မင်းသားကြီး တစ်ပါးလည်း ဖြစ်နေတတ်ပါတယ်။

Facebook Connect

အရင်တုန်းကဆိုရင် ဝဘ်ဆိုဒ်တွေကို ဝင်တဲ့အခါ Sign up လုပ်ဖို့အတွက် အဆင့်တွေ အများကြီးသွားရ၊ ဖြည့်ရ ပါတယ်။ ယခုတော့ Sign up with Facebook, Log in with Facebook, Comment with Facebook, Like with Facebook အစရှိသဖြင့် Facebook နဲ့ Integrated လုပ်တဲ့ Feature များကြောင့် လွယ်ကူလာတာ အမှန်ပဲ ဖြစ်ပါတယ်။ ကမ္ဘာ့အင်တာနက် အသုံးပြုများကလည်း ဘယ်ဆိုဒ်ပဲ ဝင်ဝင် Facebook ကိုသာအသုံးပြု မှု များလာနေပါတယ်။

Facebook IPO

Initial Public Offering လို့ခေါ်တဲ့ IPO ကို Facebook တို့ဖွင့်ပေး ခဲ့ပါတယ်။ ပြည်သူပိုင်၊ အများပိုင် ကုမ္မဏီ ရှယ်ယာတွေ ဖွင့်ပေးခဲ့ခြင်း ဖြစ်ပြီး Facebook ဟာ စီးပွားရေးအရရော နံပါတ် ၁ ဖြစ်လာတဲ့ Social Network ကုမ္မဏီတစ်ခု ဖြစ်လာ ပါတယ်။

.
အောင်ခမ်း
Smart Pro Journal

လူမပါ စစ်သုံးကားများ စစ်မြေပြင်သို့လွတ်ပြီ


အမေရိကန်က စစ်လက်နက်ထုတ် ပုဂ္ဂလိ ကုမ္မဏီဖြစ်တဲ့ Lockheed Martin ဟာ လူမပါတဲ့ စစ်သုံး မော်တော်ယာဉ်များကို စစ်မြေပြင် သို့ အောင်အောင်မြင်မြင် ပို့နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အနာဂတ်မှာ လူမောင်းစရာမလိုတဲ့ စစ်သုံး မော်တော်ယာဉ်များကို အသုံးပြုနိုင်တော့ မှာ ဖြစ်ကြောင်း သိရ ပါတယ်။

အဓိကအားဖြင့် ရှေ့တန်းတိုက်ပွဲဝင်နေတဲ့ စစ်တပ်များကို ရိက္ခာနဲ့ လက်နက်ဖြည့်တင်းဖို့အတွက် အဓိက အသုံးပြုစေနိုင်မှာ ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အတိုက်ခိုက်ခံရရင်အောင် သေစရာ လူမပါဘူး။ ကားပေးမှာလည်း ပြန်လည်ခုခံစနစ်တွေကို ပါဝင်ထည့်သွင်းထားပြီး သား ဖြစ်ပါတယ်။ ရည်ရွယ်ချက် ကတော့ စစ်သား အသေ အပျောက် လျော့ နည်းစေရန် ဖြစ်ပါတယ်။ ကားကို အဝေးကနေ လှမ်းထိန်းချုပ်မှာ ဖြစ် ပါတယ်။ ဒီအတွက် Google နဲ့လည်း ပူးပေါင်းထားပါတယ်။ GPS စနစ်၊ လမ်းက အတားအဆီး၊ ခြောက်များ တိမ်းရှောင် စနစ် အားလုံး ထည့်သွင်းထားပြီး အာရုံခံ စနစ်များစွာကြောင့် အခက်အခဲ မရှိ လိုရာ ခရီးကို သွားနိုင်မှာ ဖြစ်ပါတယ်။

အမေရိကန်ကုမ္မဏီဖြစ်တဲ့အတွက် အမေရိကန် စစ်တပ်မှာပဲ စတင် အသုံးပြုမယ့် စစ်တပ်ယာဉ် ဖြစ်ပါတယ်။ သူ့လိုပဲ ဗြိတိန်နဲ့ ရုရှားတို့ကလည်း လူမောင်းစရာမလိုတဲ့ စစ်သုံးယာဉ်များကို ကြိုးစားဖန်တီးလျက် ရှိကြောင်း သိရ ပါတယ်။
.
Ref: pocketlint
အောင်ခမ်း
Smart Pro Journal

ယနေ့ဟာ ဖေ့ဖွတ် မွေးနေ့ပါ


ဒီနေ့ဖေဖော်ဝါရီလ ၄ ရက်နေ့ဟာ ဖေ့ဖွတ်၏ ၁၀ နှစ်မြောက် နေ့ဖြစ်ကြောင်း
သိရပါတယ်။ ကမ္ဘာတစ်ဝန် ဖေ့ဖွတ်သုံးစွဲသူပေါင်း 1.2 ဘီလီယန် ရှိတယ်
လို့လည်း သိရပါတယ်။ ကမ္ဘာပေါ်မှာ လူသုံးများသော ဝက်ဆိုဒ်တစ်ခု
ဆိုလည်း မမှားပါဘူး။

ဒါကြောင့် ဖေ့ဖွတ်ကို သုံးစွဲသူများ အတွက် ဗဟုသုတ အနေဖြင့် ရေးသား
လိုက်ရခြင်းပဲ ဖြစ်ပါတယ်။ Mark Zuckerberg ဟာ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရိမှာ ဖေ့ဖွတ်ကို စတင်တည် ထောင်ခဲ့ဖြင်း ဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် ဖေ့ဖွတ် အတွက် ဆုမွန်ကောင်းများ တောင်းပေးနိုင် ပါတယ်။

ကျော်လင်းနိုင်
Smart Pro Journal

Mobile Guide Issue 140


အကျယ်ချဲ့ကြည့်ရန်