ဘေးဆိုးကြုံရတဲ့ Danwon စာသင်ကျောင်း ပြန်ဖွင့်


Danwon အထက်တန်းကျောင်းရှေ့ ဝင်ပေါက်အနီးမှာ အောက်မေ့ဖွယ် နေရာ ပြုလုပ်ထားစဉ်။
ခရီးသည်တင် သင်္ဘောမှောက်မှုမှာ ကျောင်းသား အယောက် ၂၅၀ လောက် သေဆုံးခဲ့ရတဲ့ တောင်ကိုရီးယား စာသင်ကျောင်းဟာ ဒီနေ့ ကြာသပတေးနေ့မှာ ပြန်လည် ဖွင့်လှစ်လိုက်ပါတယ်။

အဲဒီ ကျောင်းဟာ ဆိုးလ်မြို့ တောင်ဘက်က အန်ဆန် အရပ်မှာရှိတဲ့ ဒန်ဝန် အထက်တန်းကျောင်း ဖြစ်ပြီး အဲဒီ ကျောင်းမှာ အခုလောလောဆယ် သင်ကြားနေတာတွေ ကတော့ ကျောင်းသားတွေရဲ့ ဆုံးရှုံးမှုနဲ့ စိတ်ဒဏ်ရာတွေကို ကုစားပေးတဲ့ သင်ခန်းစာတွေပဲ ဖြစ်ပါတယ်။

ဘေးဆိုးကနေ လွတ်မြောက် အသက်ရှင်ခဲ့တဲ့ ကျောင်းသား ၇၅ ယောက် ကတော့ ကျောင်းပြန် မတက်သေးပါဘူး။

ပင်လယ်မှာ နစ်မြှုပ်နေဆဲ ဖြစ်တဲ့ သင်္ဘောကနေ အလောင်းတွေကို ပြန်ရအောင် ရေငုပ်သမားတွေက ကြိုးစား နေကြဆဲ ဖြစ်ပါတယ်။

BBC Burmese

ကစားသမား များကို ကျေးဇူး တင်ရှိကြောင်း မပါဝင်ခဲ့သည့် မိုယက်စ်၏ နှုတ်ဆက်စကား


မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဘဝကို ပိုင်ဆိုင် ခဲ့ဖူးသည့် အတွက် အမြဲတမ်း ဂုဏ်ယူနေမည် ဖြစ်ကြောင်းနှင့် ပရိသတ်များကို ကျေးဇူး တင်နေမည်ဖြစ်ကြောင်း ဒေးဗစ်မိုယက်စ်က ဖွင့်ဟ ပြောကြားခဲ့သည်။

လိဂ်မန်နေဂျာ အစည်းအရုံးမှ တစ်ဆင့် ထုတ်ပြန်ခဲ့သော မိုယက်စ်၏ ကြေညာချက်တွင် ကစားသမား များနှင့် ပတ်သက်ပြီး စိမ်းကားသော အရိပ်အယောင်များ ရှိနေခြင်းက ၎င်းနှင့် ယူနိုက်တက် ကြယ်ပွင့်များကြား ပြဿနာများ ပေါ်ပေါက်ခဲ့သည် ဆိုသော ခန့်မှန်းချက်များကို ပိုမို အားကောင်း လာစေခဲ့သည်။ အဲဗာတန်နှင့် ပွဲစဉ်တွင် ယခုရာသီ ပရီးမီးယားလိဂ် (၁၁)ပွဲမြောက် အရေးနိမ့်မှုကို ကြုံတွေ့ခဲ့ရပြီးနောက် ထုတ်ပယ် ခံရသည့် စကော့သား မန်နေဂျာက မိမိအတွက် ယူနိုက်တက်၏ မန်နေဂျာ အလုပ်သည် ကြီးမား ခမ်းနားလွန်းနေကြောင်းလည်း ဝန်ခံ သွားခဲ့သည်။

ပရီးမီးယားလိဂ် ပြိုင်ပွဲ သမိုင်းတစ်လျှောက် ယူနိုက်တက်၏ ရမှတ် အနည်းဆုံး ဘောလုံးရာသီကို ဖြတ်သန်း ခဲ့ရပြီးနောက် ရာထူးမှ ဖယ်ရှားခံရသည့် မိုယက်စ်က “မန်ချက်စတာ ယူနိုက်တက်လို ကမ္ဘာ့အကြီးမားဆုံး ကလပ် အသင်းကြီး တစ်ခုမှာ မန်နေဂျာ ရာထူးမှာ ခန့်အပ်ခြင်း ခံရတာဟာ ကျွန်တော့်အတွက် ဘယ်တော့မှ မေ့ပျောက်လို့ မရနိုင်တဲ့ ဂုဏ်ယူစရာ ကိစ္စပါပဲ။ ကာလရှည်ကြာ အောင်မြင်နေပြီး တည်ငြိမ်နေတဲ့ အသင်းကြီး တစ်ခုကို လွှဲပြောင်း တာဝန် ယူရတာဟာ ထင်သာမြင်သာ ရှိလွန်းတဲ့ စိန်ခေါ်မှု တစ်ခုပါ။ ယူနိုက်တက်ရဲ့ မန်နေဂျာ ရာထူးဟာ အတိုင်းအတာအားဖြင့် ဧရာမကြီး ဖြစ်နေပါတယ်။ ဒါပေမဲ့ ကျွန်တော်ဟာ ဒီအလုပ် တာဝန်မှာ ဘယ်တုန်းကမှ ရေသာ ခိုနေတာမျိုး မရှိခဲ့ပါဘူး။ ကျွန်တော့် နည်းပြ အဖွဲ့လည်း တူတူပါပဲ။ သူတို့ရဲ့ သစ္စာရှိမှုနဲ့ စူးစိုက်မှုတွေ အတွက် ကျေးဇူး တင်ပါတယ်။ ကျွန်တော်တို့ဟာ စီနီယာအသင်း လူစာရင်းရဲ့ လိုအပ်ချက်တွေကို အခြေခံကျကျ တည်ဆောက်ဖြည့်တင်းဖို့ အပြည့်အဝ အာရုံစိုက် ချဉ်းကပ်ခဲ့ကြပါတယ်” ဟု အဆိုပါ ကြေညာချက်တွင် ပြောကြားထားသည်။

၎င်းက ဆက်လက်၍ “ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်မှာ ရလဒ်ကောင်းတွေ ဆောင်ယူလာပေးဖို့ အတွက် အရေးပါခဲ့ပါတယ်။ ဒါပေမဲ့လည်း အသွင်ကူးပြောင်းဆဲ စပ်ကူးမတ်ကူး ကာလမျိုးမှာ စွမ်းဆောင်ရည်ပိုင်းနဲ့ ရလဒ်ပိုင်းတွေက ယူနိုက်တက်ရဲ့ လမ်းကြောင်းမျိုး မဟုတ်ခဲ့သလို အသင်းပရိသတ်တွေ မျှော်မှန်းသလိုလည်း ဖြစ်မနေပါဘူး။ ပရိသတ်တွေရဲ့ စိတ်ပျက်မှုတွေကို ကျွန်တော် နားလည်သလို ဝေမျှခံစားနိုင်ပါတယ်။ ယူနိုက်တက်မှာ ကာလတိုပဲ နေဖြစ်ခဲ့ပေမယ့် အိုးလ်ထရက်ဖို့ဒ်နဲ့ ကာရင်တန်တို့ဟာ တကယ့်ကို ထူးခြားတဲ့ နေရာတွေဆိုတာ ကျွန်တော် သဘောပေါက်လာခဲ့တယ်။ ယူနိုက်တက်ရဲ့ ဝန်ထမ်းအားလုံးကို ကျေးဇူးတင်ပါတယ်။ အသင်းရဲ့ မိသားစုမှာ ကျွန်တော်ဟာ ပထမဆုံး နေ့ကတည်းက နွေးနွေးထွေးထွေး ကြိုဆိုခံရတယ်လို့ ခံစားမိတယ်။ ပြီးတော့ ပရိသတ်တွေပေါ့။ တစ်ရာသီလုံး ကျွန်တော့်ကို ထောက်ခံ အားပေးခဲ့တဲ့အတွက် ကျေးဇူး အရမ်းတင်ပါတယ်။ ပရိသတ်တွေရော၊ အသင်းအတွက်ပါ အနာဂတ်မှာ အကောင်းဆုံး ဖြစ်ပါစေလို့ ကျွန်တော် ဆန္ဒပြုခဲ့ပါတယ်”ဟုလည်း ဆိုသည်။

၎င်းက “မန်နေဂျာ တစ်ယောက်ရဲ့ ဘဝမှာ သင်ယူမှုတွေက ဘယ်တော့မှ ဆုံးခန်းမတိုင်သွားဘူးဆိုတာ ကျွန်တော် အမြဲတမ်း ယုံကြည်ခဲ့တဲ့ အရာပါ။ ယူနိုက်တက် မန်နေဂျာ ဘဝမှာတော့ ကျွန်တော့်အတွက် အကောင်းဆုံး မဟုတ်တဲ့ အတွေ့အကြုံတွေနဲ့ ဖြတ်သန်းခဲ့ရမှန်း ကောင်းကောင်း နားလည်ခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် အသင်းကို ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ထိ ရောက်လာအောင် ဦးဆောင်နိုင်ခဲ့တာကို ကျွန်တော် ဂုဏ်ယူနေမှာပါ။ ပြီးတော့ ဆာအဲလက်စ် ဖာဂူဆန်ကို ကျေးဇူးတင်ရပါမယ်။ ကျွန်တော့် အရည်အသွေးတွေကို ယုံကြည်ပြီး မန်ချက်စတာ ယူနိုက်တက်ကို ကိုင်တွယ်ဖို့ အခွင့်အရေး ပေးခဲ့တဲ့ အတွက်ပါပဲ”ဟုလည်း ကြေညာချက်အတွင်း ဖွင့်ဟဖော်ပြသွားသည်။

soccermyanmar

မြန်မာတွင် GSP ရရှိမှသာ ရင်းနှီးမြှုပ်နှံသင့်ဟု ထိုင်းလုပ်ငန်းရှင်များ ဆို


ဥရောပသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စုတို့က မြန်မာနိုင်ငံကို အထူးအခွန်ကင်းလွတ်ခွင့် GSP ပေးမှ သာ ထိုင်းစီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံသင့်သည်ဟု ထိုင်းစီးပွားရေးပညာရှင် များက ပြောကြောင်း သည်နေရှင်းသတင်းစာက ဧပြီလ ၂၃ ရက်တွင် ရေးသားဖော်ပြသည်။

ဥရောပသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စုတို့က မြန်မာနိုင်ငံကို အထူးအခွန်ကင်းလွတ်ခွင့် GSP ပေးမှ သာ မြန်မာနိုင်ငံတွင် စားသောက်ကုန်ပစ္စည်း၊ အထည်အလိပ်၊ အစားအစာနှင့် ခရီးသွားလုပ်ငန်းကဲ့သို့ သော အလားအလာကောင်းသည့် လုပ်ငန်းများစွာတွင် ရင်းနှီးမြှုပ်နှံသင့်ကြောင်း ပညာရှင်များက ယမန် နေ့ကကျင်းပသည့် နှီးနှောဖလှယ်ပွဲတွင် ပြောကြားခဲ့သည်ဟု သည်နေးရှင်းသတင်းက ရေးသားသည်။

ထိုင်းကုန်သွယ်ရေးဘဏ်က ကြီးမှူးကျင်းပသည့် SCB First Open AEC: Penetrating Myanmar Ground 360 နှီးနှောဖလှယ်ပွဲကို ဘန်ကောက်မြို့ရှိ Siam Kempensk ဟိုတယ်တွင် ယမန်နေ့ကကျင်းပခဲ့ ရာ၊ အဆိုပါပွဲသို့ တက်ရောက်ဆွေးနွေးသူများက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုင်းရင်းနှီးမြှုပ်နှံသူများနှင့် ကုန်သည်များအနေဖြင့် မြန်မာနိုင်ငံတွင် ဈေးကွက်ခြေချနိုင်ရန် အခွင့်အရေး များစွာ လမ်းပွင့်နေပြီဖြစ်သော်လည်း ဈေးကွက်မထိုးဖောက်ခင် တွေ့ကြုံရမည့် စိန်ခေါ်မှုအချို့အတွက် ကြိုတင်ပြင်ဆင်ထားသင့်သည်ဟု ၎င်းတို့က ပြောခဲ့သည်။

EU ၏ GSP စနစ် ပြန်လည်သတ်မှတ်ပေးခဲ့လျှင် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည့် စက်မှုလုပ်ငန်းများ အခွန်အထူးအခွင့်အရေး ရရှိလိမ့်မည်ဖြစ်ကြောင်း UMFCCI ဥက္ကဋ္ဌဦးဝင်းအောင်က ပြောသည်။

“လက်နက်ထုတ်လုပ်မှုကလွဲလို့ အားလုံးလိုလို အခွန်အထူးအခွင့်အရေးရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ တွင်းက ကုန်ထုတ်လုပ်ငန်းရှင်အများစုဟာ သွင်းကုန်စည်းကြပ်ခွန် အထူးအခွင့်အရေးများ ရရှိနိုင်ပါ တယ်”ဟု ဦးဝင်းအောင်က ပြောသည်။

အမေရိကန်သည်လည်း မြန်မာနိုင်ငံကို မကြာမီအချိန်အတွင်း GSP ပြန်လည်ချထားပေးလိမ့်မည် ယုံ ကြည်သည်ဟုလည်း ၎င်းက ဖြည့်စွက်ပြောသည်။

မြန်မာနိုင်ငံသည် အခြားအာဆီယံနိုင်ငံများနှင့်စာလျှင် လုပ်အားခနည်းပါးပြီး ကုန်ကြမ်းအရင်းအမြစ်ကြွယ် ၀သည့် နိုင်ငံတစ်ခုဖြစ်သည်ဟုလည်း သည်နေရှင်းသတင်းက ဆိုသည်။

Mizzima Burmese
Image: online

ရေဝေးသုဿ န်သမိုင်ကို ရိုက်ချိုးခဲ့သော ပြည်သူ့ဈာပနပွဲ-ကျော်သူ


၂၁.၄.၂ဝ၁၄ ရက်နေ့ နံနက် (၆း၃ဝ) နာရီအချိန်တွင် သံမဏိစိတ်ဓါတ်နှင့်လူသား ဟု တင်စား ခေါ်ဝေါ်နေကြသော ဟံသာဝတီ ဘဘ ဦးဝင်းတင် ၏ ဈာပနအခမ်းအနား အစီအစဉ်ပြုလုပ်ရန် ရန်ကုန်ဆေးရုံကြီး အဆောင် ၅/၆ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဘဘဦးတင်ဦးမှ ဦး ဆောင်၍ အစည်းအဝေးတစ်ရပ် ပြုလုပ်ပြီးနောက် ဘဘဦးဝင်းတင်၏ ရုပ်ခန္ဓာအား ရေဝေးသုသာန်သို့ သယ်ဆောင်ခဲ့ရာတွင် ကျွန်တော်သည် ရွှေတိဂုံစေတီတော်မြက်ကြီးအား ဦးခိုက်ပြီး ရွှေဂုံတိုင်ရှိ အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးရှေ့တွင် စက္ကန့်ပိုင်းမျှ ရပ်နား၍ ရေဝေးသုသာန် အအေးခန်းသို့ နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ နိဗ္ဗာန်ယာဉ်ကြီးဖြင့် ပို့ဆောင်ပေးခဲ့သည်။ ရေဝေးသုသာန်တွင် သင်္ဂြိုဟ်မည့် အစီအစဉ်နှင့် ဂူသွင်းမည့်နေရာအား ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်၊ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်တို့နှင့် ကာယကံရှင် မိသားစုတို့မှ ညှိနှိုင်းဆောင်ရွက်ပြီး နာရေးကူညီမှုအသင်း (ရန်ကုန်)မှ အသင်းသား/သူများတို့သည် အသင်းရုံးချုပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။ အသင်းရုံး ချုပ်သို့ရောက်သည်နှင့် တပြိုင်နက်တည်း ဘဘ ဦးဝင်းတင် ၏ ဈာပနတွင် နာရေးကူညီမှုအသင်း (ရန်ကုန်)မှ တာဝန်ယူဆောင်ရွက်မည့် နိဗ္ဗာန်ယာဉ်၊ Cool Box ၊ အုတ်ဂူမြေနေရာကိစ္စရပ်များအား ညှိနှိုင်းဆောင်ရွက်ပြီး ဘဘ၏ ရုပ်ခန္ဓာအား ထည့်သွင်းနိုင်ရန် အခေါင်းသေတ္တာများအား မိသားစုဝင် များတို့မှ ရွေးချယ်မှုပြုလုပ်ရာတွင် ဘဘ၏ ခန္ဓာကိုယ် အချိုးအစား၊ အတိုင်းအထွာအရ ကျွန်တော် ကိုယ်တိုင် ဝင်ရောက်စေကာ တိုင်းထွာပြခဲ့ပြီး ရိုးရှင်းမှုသာနှစ်သက်သည့် ဘဘအတွက် သာမန်ကျွန်း အခေါင်းသာ ရွေးချယ်အသုံးပြုခဲ့သည်။

ယနေ့ ၂၃.၄.၂ဝ၁၄ ရက်နေ့ နံနက် (၇းဝဝ) နာရီအချိန်မှစ၍ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ စီစဉ်ထားသော ဘဘ ဦးဝင်းတင် အား လွမ်းဆွတ်အောင့်မေ့ခြင်း၊ လွမ်းသူ့ပန်းခြင်းများအား ပြည်လမ်းရှိ ယုဒသာန်ခန်းမသို့ ပို့ဆောင်ပေးခြင်း၊ ဂရပ်ဖတီ အာကာကျော် တစ်ညအတွင်းအပြီး ရေးဆွဲထားသော ဘဘဦးဝင်းတင်၏ ပန်းချီကားအား ယုဒသာန်ခန်းမသို့ ပို့ ဆောင်ခြင်း၊ ဘဘ၏ ရုပ်ခန္ဓာအားသယ်ဆောင်မည့် နိဗ္ဗာန်ယာဉ်တွင်လည်း ဘဘ၏ ပန်းချီကားချိတ် ဆွဲခြင်း၊ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့ဝင် များမှ ဈာပနအခမ်း အနားသို့ တက်ရောက်လာမည့် ကျောင်းသားလူငယ်၊ ပြည်သူလူထုတို့အတွက် အရေးပေါ် ကျန်းမာ ရေးစောင့်ရှောက်မှုပေးရန် လူနာတင်ယာဉ်နှစ်စီးဖြင့် ရေဝေးသုသာန်တွင် တာဝန်ချစေလွှတ်ထားခြင်း၊ ရွှေစင်စကြာင်္ ခရီးသွားမော်တော်ယာဉ်လိုင်းမိသားစုမှ ထုတ်လုပ်ဖြန့်ချီ လှူဒါန်းသော 600 ML ကျော် လွှားသောက်ရေသန့်ဘူး (၃ဝဝဝ) အား ဘဘ ဦးဝင်းတင် ၏ ဈာပနသို့ လိုက်ပါပို့ဆောင်သူများအား ဝေငှပေးနိုင်ရန် ဆောင်ရွက်ခဲ့သည်။ ထို့နောက် နေ့လည် (၂းဝဝ) နာရီအချိန်တွင် နာရေးကူညီမှု အသင်း(ရန်ကုန်) ရုံးချုပ်မှ ရေဝေးသုသာန်သို့ နိဗ္ဗာန်ယာဉ်ကြီး မောင်းနှင်ခဲ့တော့သည်။

ဈာပနပို့ဆောင်လာကြသော ကြက်ပျံမကျများပြားလှသည့် မိဘပြည်သူလူထုနှင့် မော်တော် ယာဉ်များပိတ်ဆို့နေသည့် လမ်းကြောင်းအတွင်းသို့ ဖြည်းညှင်းစွာ မောင်းနှင်လာခဲ့ရာ ရေဝေးသုသာန် ခန်းမ (၁/က) အရောက်တွင် နိဗ္ဗာန်ယာဉ်ကြီးသည် စက်သေ၍ ထိုးရပ်သွားခဲ့ပြီး ဆက်လက်မောင်း နှင်၍ မရချေ။ စက်ပြင်များခေါ်ယူ၍ ပြင်ဆင်သော်လည်း မော်တော်ယာဉ်ကြီးမှာ မည်သို့မျှ ပြန်လည် စက်နှိုး၍ မရချေ။ ထိုအချိန်သည်ကား နေ့လည် (၃းဝဝ) နာရီအချိန်ဖြစ်နေပေပြီ။ ဘဘ၏ ရုပ်ခန္ဓာအား ဂူသွင်းမည့် အုပ်ဂူသို့ ပို့ဆောင်ရမည့်အချိန်မှာ ညနေ (၅းဝဝ) နာရီဖြစ်သည်။ ထို့ကြောင့် ချက်ချင်းပင် နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ နိဗ္ဗာန်ယာဉ်တစီးအား ထပ်မံစေလွှတ်၍ ဘဘဦးဝင်းတင်၏ ရုပ် ခန္ဓာအား အချိန်မှီမော်တော်ယာဉ်၍ ဂူသွင်းမည့်နေရာသို့ ပို့ဆောင်ပေးခဲ့သည်။ ရေဝေးသုသာန်၌ ပူပြင်းလှသော ရာသီဥတုကြောင့် မူးမေ့သွားသော အမျိုးသမီးလူနာနှစ်ဦးအား အရေးပေါ်လူနာတင် ယာဉ်ဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့မှ ဈာပနအခမ်းအနားသို့ တက်ရောက်ဂါရဝပြုကြသည့် ကျောင်းသား လူငယ်၊ ပြည်သူလူထု၊ နိုင်ငံရေးနှင့် လူမှုရေးအဖွဲ့များအား ဓါတ်ဆားဖျော်ရေများ ဖျော်၍ဝေငှပေးခဲ့ သည်။ ထို့အပြင် မြန်မာနိုင်ငံတွင်ပြုလုပ်သော သာရေး/နာရေး အခမ်းအနားများ၊ တွေ့ဆုံပွဲများ၊ လူထု အစည်းအဝေးပွဲများတွင် မြန်မာပြည်သူလူထု အများစု သတိမထားမိသော အကျင့်ပါနေသော စွန့်ပစ် အမှိုက်များကိုလည်း နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက် မှဦးဆောင်၍ အမှိုက်များအား လိုက်လံကောက် သိမ်းပေးခြင်းတို့လည်း ပြုလုပ်ခဲ့သည်။ ထိုမျှစည်ကားလှသော တစ် ကြိမ်တစ်ခါမှ မတွေ့မကြုံဖူးသော၊ နိုင်ငံ့အကျိုးသယ်ပိုးသော၊ နိုင်ငံအပေါ်သစ္စာရှိရှိ ပြည်သူအကျိုးလို လားသော၊ အမှန်တရားဘက်က ရပ်တည်သော၊ အကြောက်တရားမရှိသော သံမဏိစိတ်ဓါတ်လူသား ဟံသာဝတီ ဘဘ ဦးဝင်းတင်၏ နောက်ဆုံးဈာပန အခမ်းအနားကြီးတွင် နိုင်ငံတော်တာဝန်ရှိသူများ၊ လူကြီးများအား လုံးဝ(လုံးဝ) မတွေ့ရှိရခြင်းမှာ အင်မတန်မှ ထူးခြားနေလေသည်။ ထိုလူကြီးများ အမှန် တရားအား မချစ်မြတ်နိုး၍လား..?၊ အမှန်တရားချစ်မြတ်နိုးသူ၏ မျက်နှာအားမကြည့်ဝံ့၊ မမြင်ဝံ့၊ ရင် မဆိုင်ဝံ့၍လေလား..? တော့မသိပေ။ မော်တော်ယာဉ်တန်းများ၊ လူစုလူဝေးများအား စနစ်တကျ လိုက် ပါပို့ဆောင်နိုင်ကြရန် နှိုးဆော်ခြင်းအား ပြည်သူလူထုနှင့် ကျောင်းသားလူငယ်၊ နိုင်ငံရေးအဖွဲ့အစည်း၊ လူမှုရေးအဖွဲ့အစည်းတို့မှ မိမိတို့၏ ကိုယ်ပိုင် အသိစိတ်ဓါတ်တို့ဖြင့် ဦးဆောင်ပြုလုပ်သော အောင်မြင် စွာပြီးဆုံးခဲ့သော ဈာပနပွဲကြီးဖြစ်သည်။ ထိုဈာပနပွဲကြီးအပြီးတွင် ကျွန်တော် အတွေးတစ်ခုရလိုက် သည်။

သံမဏိစိတ်ဓါတ်သူသားကြီး ဟံသာဝတီ ဘဘဦးဝင်းတင် တစ်ယောက် ကျွန်တော်တို့ ပြည်သူ လူထု၊ ကျောင်းသားလူငယ်၊ နိုင်ငံရေးအဖွဲ့အစည်းများအား စိတ်မချ၍များ ကျွန်တော်တို့၏ နိဗ္ဗာန် ယာဉ်ကြီး ရေဝေးသုသာန်မှ ဂူသွင်းရာနေရာသို့ မောင်းနှင်၍ မရခြင်းများလား၍ပင်ဖြစ်သည်။ ကျွန် တော်သည် ဘဘ ဦးဝင်တင် အား တိုင်တည်ကတိပေးလိုက်မိသည်။ “ဘဘ၏ ခိုင်မာပြတ်သားသော စိတ်ဓါတ်၊ တည်ကြည် သန့်ရှင်းသော ရဲသွေး၊ အမှန်တရားအား အကြောက်တရားမရှိ ရင်ဆိုင်နိုင်သော စိတ်ဓါတ်၊ အများအကျိုးအတွက် စည်းလုံးညီညွတ်စွာ ဦးဆောင်နိုင်သော ခွန်အားတို့သည် ကျွန်တော် တို့နှင့်အတူ ကျောင်းသားလူငယ်၊ ပြည်သူလူထုတို့၏ အသွေးထဲအသားထဲစီးဝင် ရှင်သန်နေသည်ကို ဘဘ၏ ဈာပန အခမ်းအနား၍ သက်သေပြုသွားနိုင်သည်ဟုပင် ဖြစ်တော့သည်။

ရေဝေးသုဿန်သမိုင်းတွင် တစ်ကြိမ်တစ်ခါမျှ ဤမျှလောက်စည်ကားမှုကိုကား မမြင်မတွေ့မိ ချေ။ ထို့ကြောင့် ရေဝေးသုဿန်သမိုင်းအား ရိုက်ချိုးခဲ့သော ပြည်သူများ၏ ကြေကွဲစွာဖြင့် သူရဲကောင်း ၊ ပြည်သူများ၏ စံပြအာဇာနည်ကြီး၏ ပြည်သူ့ဈာပနပွဲဟူ၍ ဂုဏ်ပြုဦးညွှတ်လိုက်ရပါတော့သည်။
ကျော်သူ
Dawnmanhon( ဒေါင်းမာန်ဟုန်)

ကြောက်စရာကောင်းအောင် ခြောက်တဲ့ ပြင်ဦးလွင်က ဟိုတယ် အခန်းအမှတ် ၁၀၁


ပြင်ဦးလွင်မှာ ဟိုတယ်တစ်ခုရှိတယ်ဗျ..။ နာမည်တော့ ထည့်မရေးတော့ပါဘူး..။ အင်္ဂလိပ်လက်ထက် ကတည်းက ရှိခဲ့တဲ့ဟိုတယ်တစ်ခုပေါ့ဗျာ.. ဒီလောက်ဆို သိမယ်ပါတယ်..။ တစ်ခေါက်က မိသားစုလိုက် ခရီးထွက်ရင်းနဲ့ အဲ့ဒီဟိုတယ်မှာ ၀င်တည်းခဲ့ဖြစ်ကြတယ်..။
ဟိုတယ်ဝန်းထဲ ၀င်ဝင်ချင်းပဲ ကျွန်တော့် ကိုယ်ပေါ်က ထူးဆန်းစွာ ကြက်သီးမွေးညှင်းတွေ ထလာတာကို သိလိုက်ရတယ်..။ ကျွန်တော် သိလိုက်ပြီ..။ ဒီဟိုတယ်မှာ တစ်ခုခုတော့ ရှိနေပြီ…။ ပြီးတော့ ကျွန်တော့် စိတ်ထင်နေလို့လား မသိဘူး…။ ဟိုတယ်က လူသူကင်းမဲ့ပြီး ခြောက်ကပ်နေတယ်လို့ ခံစားမိတယ်..။ ဒါနဲ့ပဲ Reception မှာ Check-In ၀င်တော့ မနေနိုင်ပဲ မေးမိသေးတယ်…။
"ခရီးသွားရာသီ မဟုတ်တော့ လူပါးနေတာပါ…" တဲ့..။
အဖြေက လက်ခံနိုင်စရာရှိတာကြောင့် ကျွန်တော်လည်း ငါကိုက အတွေးလွန်နေတာ ပါလေလို့ ဖြေသိမ့်လိုက်တယ်…။ ဒါနဲ့ပဲ အခန်းတွေ လိုက်ပြပေးဖို့ဆိုပြီး အဆောင် တစ်ခုကို ခေါ်သွားတယ်..။ ကျွန်တော် သိသလောက်တော့ အဲ့ဒီအဆောင်က ၀န်းကြီးကျင် ညာဘက်ထောင့်ဆုံး မှာ ရှိတယ်ဗျ..။ သီးသန့်ကြီး ရှိနေတဲ့ အဆောင်ကြီးပေါ့..။ သွားရင်းနဲ့ ကျွန်တော်လေ့လာကြည့်မိသလောက် ဒီအဆောင်ကြီးကို အင်္ဂလိပ်ခေတ်ထဲက တည်ဆောက်ထားပုံရတယ်..။ သစ်သားတွေကိုပဲ အများဆုံး အသုံးပြုထားပြီး ဒီဘက်ခေတ်မှာ အနည်းငယ်သာ ပြန်မွန်းမံထားတယ်လို့ ယူဆရတယ်..။
အဲ့ဒီအဆောင်ထဲ ၀င်လိုက်ချင်းပဲ ကျွန်တော် ကြက်သီးတွေ ထလာပြန်တယ်..။ အဆောင်စောင့်တဲ့ ကောင်လေး တစ်ယောက် ပြေးလာပြီး ဟိုတယ်ဝန်ထမ်းနဲ့ စကားတွေ ပြောကြတယ်..။ ပြီးတော့ ကျွန်တော်တို့ကို အပေါ် ထပ်ကို ခေါ်သွားတယ်..။ အဆောင်တစ်ခုလည်း တိတ်ဆိတ်ငြိမ်သက်နေပြီး ကြမ်းခင်းပေါ်မှာ ကျွန်တော်တို့ရဲ့ လမ်းလျှောက်တဲ့ခြေသံ "တကျွီကျွီ" က ကျယ်လှောင်စွာ ထွက်နေတယ်..။ ဒီလိုနဲ့ အဖေနဲ့အမေက တစ်ခန်း ကျွန်တော်က တစ်ခန်း ကပ်လျက် အခန်း ၂ ခန်းကို ယူလိုက်ကြတယ်..။
"အစ်ကို ဒီအခန်းမှာ နေမလို့လား.."
"ဟုတ်တယ်လေ… ဘာလို့လဲ.."
"သြော်..ဘာမှမဟုတ်ပါဘူး..ဒီအခန်းထဲမှာ အခန်းတစ်ခန်း အပိုရှိတယ်..အဲ့ဒါကို မဖွင့်ပါနဲ့လို့ ပြောမလို့ပါ.."
"ဟင် …. အခန်းအပို ဟုတ်လား… ဘယ်မှာလဲ…? "
ဟိုတယ်ဝန်ထမ်းက အိမ်သာအခန်းလောက်ပဲ ကျယ်တဲ့ အခန်းတစ်ခန်းကို လိုက်ပြတယ်..။ ကျွန်တော့်ရဲ့ ကုတင် ခြေရင်းလောက်မှာ ရှိတာပါ…။ သံကြိုးနဲ့ သော့တစ်လုံးနဲ့လည်း အခန်းကို အကျအန ခတ်ထားပါသေးတယ်..။
"မင်းဟာက သော့ခတ်ထားတာပဲ..ဖွင့်ချင်ရင်တော့ ဖွင့်လို့မရပါဘူး.."
"အရင်က သော့မခတ်ထားပါဘူး… ခုမှ ဘာလို့ခတ်လိုက်လဲ မသိဘူး…"
ပြောပြောဆိုဆို ကျွန်တော်တို့ကို နှုတ်ဆက်ပြီး ဟိုတယ်ဝန်ထမ်းက အလောတကြီး ပြန်သွားခဲ့သည်။ အချိန်က နေ့လည် ၂း၀၀ နာရီလောက်ပဲ ရှိသေးပေမယ့် ခရီးကလည်း ပန်းလာတာကြောင့် တစ်ရေးတစ်မော အိပ်စက်ချင်တာကြောင့် အမေတို့ကို ပြောပြီး အိပ်စက်လိုက်သည်။
ရုတ်တရက် နိုးလာတော့ ညနေ (၅း၀၀) နာရီထိုးနေပြီ..။ အဖေနဲ့အမေ အခန်းကို သွားကြည့်တော့ မရှိ.. ။ အပြင်ထွက်သွားပြီ ထင်သည်။ ဖုန်းဆက်ကြည့်လိုက်တော့…
"သားရေ… အမေတို့ ဒီက အသိတစ်ယောက်အိမ်မှာ .. သားအိပ်နေတာနဲ့ မနှိုးတော့တာ..သား လိုက်ချင်လိုက်ခဲ့လေ.. အမေတို့တော့ ဒီည ပြန်လာချင်မှ ပြန်လာဖြစ်မယ်.. ညတစ်အားနက်သွားရင် ဒီမှာပဲ အိပ်လိုက်တော့မယ်… သားတစ်ယောက်တည်း နေရဲလား..အဲ့ဒီမှာ…"
"ဟုတ်…မလိုက်လာတော့ဘူး…သားနေရဲပါတယ်….."
ဗိုက်ကဆာလာတာကြောင့် အစောင့်ကောင်လေးကို လိုက်ရှာလိုက်သည်။
"ညီလေး..ဒီနားမှာ ဘာစားစရာရှိလဲ.."
"ဟိုးဘက်နားမှာ ထမင်းဆိုင်ရှိတယ်… ကျွန်တော် ပြန်တော့မှာ..ကျွန်တော်နဲ့ လိုက်ခဲ့လေ.. လိုက်ပြပေးမယ်.."
"ဟင်.. မင်းက ပြန်တော့မှာလား.. ဒီမှာစောင့်ရတာ မဟုတ်ဘူးလား.."
"ကျွန်တော်က နေ့ပဲ စောင့်တာ.. ညစောင့်တော့ မထားတာကြာပြီလေ…"
"သြော်…" ကျွန်တော် ဆက်မေးချင်ပေမယ့်လည်း မမေးဖြစ်ခဲ့..။ တော်ကြာ ကြောက်တတ်လှချေလားလို့ အထင်မခံနိုင်…။
ဒီလိုနဲ့ ထမင်းစားပြီး ဟိုတယ်ပြန်ရောက်တော့ ည၈း၀၀ နာရီထိုးပြီ..။ ဘာမှလုပ်စရာမရှိတာနဲ့ Laptop ဖွင့်ပြီး တွေ့ရာ ဗွီဒီယိုတစ်ဖိုင်ကို ဖွင့်လိုက်သည်။ Evil Dead …။ မဖြစ်သေးပါဘူး… ကိုယ်က တစ်ယောက်တည်းပါဆိုမှ သရဲကားနဲ့ လာတိုးနေတယ်..။ နောက်တစ်ဖိုင်ဖွင့်လိုက်သည်။ Walking Dead ..။ ဖွင့်သမျှ သရဲကားတွေချည်းဖြစ်နေတော့သည်။ ကိုယ့် laptop ထဲလည်း သရဲကားတွေပဲ စုထည့်ထားမိသည်ကိုး..။ နောက်ဆုံးတော့ ဘာမှမကြည့်တော့ပဲ laptop ပိတ်ပြီး အိပ်ဖို့ ဆုံးဖြတ်လိုက်သည်။
အိပ်ခါနီး ဘုရားရှိခိုးပြီး မေတ္တာပို့အမျှဝေတော့ ကြက်သီးတစ်ကြိမ် ထလိုက်သေးသည်..။ ဘာမှ ထွေထွေထူးထူး မစဉ်းစားပဲ အိပ်ယာဝင်လိုက်သည်။ ဒီလိုနဲ့ ဘယ်လောက်ကြာကြာ အိပ်ပျော်သွားသည် မသိ…. နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေချိန်မှာ
"အဟစ်…အဟစ်…အဟစ်…."
"ဟိ…ဟိ…ဟိ…ဟိ…"
ဟင်…. ကလေးနှစ်ယောက်ရဲ့ ရီသံ..။ တိတိကျကျပြောရရင်.. ကောင်မလေးတစ်ယောက်နဲ့ ကောင်လေး တစ်ယောက်ရဲ့ ရီသံ…။ ကျွန်တော် မျက်လုံးမဖွင့်…။ ဒါပေမယ့် အိပ်ပျော်နေသည် မဟုတ်…။ ကျွန်တော် ကြားနေတာ ကျွန်တော်သိသည်။ ဒီရီသံတွေကို ကျွန်တော်ကုတင်ခြေရင်းကနေ ကြားနေရခြင်းဖြစ်သည်။ တိတိကျကျဆိုရရင် ဟိုအခန်းထဲကနေ ထွက်လာခြင်း..။
"ဟိ..ဟိ..ဟိ…ဟိ… အဟစ်…ဟစ်…ဟစ်…"
ကျွန်တော် စိတ်မထိန်းနိုင်တော့ပဲ အိပ်နေရင်းကနေ မျက်လုံးလေး အသာဖွင့်ပြီး ခြေရင်းက အခန်းကို ကြည့်လိုက် မိသည်။
ဟင်…။ သော့…သံကြိုး…။ တစ်ခုမှ မရှိတော့ပါလား…။ နေ့ခင်းက တွေ့ခဲ့သည့် သော့နဲ့သံကြိုး မရှိတော့..။ တံခါးမှ စေ့သာထားသည့် ပုံစံဖြစ်နေသလို အခန်းထဲမှ အလင်းရောင်အနည်းငယ်က အပြင်သို့ ဖြာထွက်နေသည်။ ကျွန်တော် ကုတင်ပေါ်က အသာထလိုက်သည်။ ပြီးတော့ အသံမထွက်အောင် ခြေဖျားထောက်ပြီး ဟနေတဲ့တံခါးကနေ အခန်းတွင်းကို ချောင်းကြည့်လိုက်သည်။ အခန်းအတွင်းမှာက….
အသက် ၅ နှစ်နဲ့ ၆ နှစ်ကြားမှာ ရှိတဲ့ အင်္ဂလိပ်လူမျိုး ကောင်ေ လးနဲ့ ကောင်မလေး နှစ်ယောက် ဆော့ကစားနေကြသည်။ ကျွန်တော် မယုံ…။ မျက်လုံးကို သေချာပွတ်ပြီး ပြန်ကြည့်ကြည့်သည်။ ကောင်လေးနဲ့ ကောင်မလေးကိုတွေ့ဆဲပင်… ကျွန်တော် အံ့အားသင့်စွာ ကြောင်ပြီး ငေးကြည့်နေမိသည်။ သူတို့ဆော့ကစားနေ ရင်းမှ ကောင်လေးက ကောင်မလေးလက်ကို ဆွဲလိုက်သည်။ ဒါပေမယ့် လူမပါလာပဲ ကောင်မလေး လက်ချည်းသက်သက်သာ ကောင်လေးဆီပါလာသည်။
"အောင်မလေးဗျ…."
ကျွန်တော်လန့်ပြီး အော်လိုက်မိသည်။ ကောင်လေးနဲ့ ကောင်မလေးတို့ရဲ့ မျက်လုံးအစုံက ကျွန်တော်ချောင်း ကြည့်နေတဲ့ တံခါးကြားသို့ ရောက်လာသည်။ သူတို့ရဲ့မျက်လုံးတွေက အသက်မပါတဲ့ အရုပ်မျက်လုံးတွေလို တံခါးကြားက ကျွန်တော့်မျက်လုံးနဲ့ ဆုံမိကြသည်။
"အားးးးးး…"
ကျွန်တော် ဘာမှ မစဉ်းစားတော့ပဲ… အခန်းပြင် ကိုထွက်ပြေး သည်။ အောက်ထပ်ကို ပြေးဆင်းသည်။ အောက်ထပ်ရောက်တော့ အပေါ်ထပ်က "တကျွီကျွီ" နဲ့ ခြေသံများကို ထပ်မံကြားရသည်။ သေချာပြီ..။ ကျွန်တော့် နောက်ကို တစ်စုံတစ်ခု လိုက်နေပြီ..။ အပြင်ထွက်ဖို့ တံခါးဆီကို ကျွန်တော်ပြေးသည်။ ကျွန်တော် တံခါးဖွင့်ဖို့ လုပ်နေတုန်း. အပေါ်က ခြေသံတွေက အောက်ကို ရောက်လာပြီ..။ ကျွန်တော် လှည့်ကြည့်လိုက် တော့ ဟို ကလေး နှစ်ယောက်….။ အရေးထဲ အဆောင်တံခါးက ဖွင့်လို့မရ ကြပ်နေသည်။ နောက်ဆုံး တံခါး ဖွင့်လို့ရတော့ အပြင်ကိုပြေးထွက်သည်။ အပြင်မှာလည်း မှောင်မည်းနေပြီး ဘာကိုမှ သည်းသည်းကွဲကွဲမမြင်ရ..။ နောက်ကိုလှည့်ကြည့်တော့ ဟိုကလေးနှစ်ယောက် လိုက်လာသေးသည်။ ဒါနဲ့ ခြံဝန်းတံခါးဆီကိုကျွန်တော် ပြေးသည်။ ကံဆိုးစွာ ခြံဝန်းတံခါးက သော့ခတ်ထားသည်။ မတတ်နိုင်..။ ခြံဝန်းကို ကျွန်တော် ခုန်ကျော်လိုက်သည်။ လမ်းမကြီးပေါ်ကို ရောက်တော့ လမ်းမီးတွေ ထိန်ထိန်သာနေတာကြောင့် အနည်းငယ်အားရှိသွားသည်။ ကလေးနှစ်ယောက်ကတော့ ဆက်မလိုက်လာတော့ပဲ ခြံဝန်းတစ်ခါးကို ကိုင်ပြီး ကျွန်တော့်ကို မျက်လုံး သေတွေနဲ့ ကြည့်နေကြသည်။
ကျွန်တော် ထိုနေရာက အမြန်ပြေးထွက်ခဲ့ပြီး…. ပြင်ဦးလွင် ဗိုလ်သင်တန်းကျောင်းရဲ့အရှေ့က ရုပ်ထုကြီးတွေ အောက်မှာ ထိုင်ပြီး မိုးအလင်းကို စောင့်နေခဲ့ရသည်။ နောက်နေ့ မနက်လင်းလင်းချင်းပဲ P.C.O ကနေ အမေတို့ဆီကို ဖုန်းဆက် အထုတ်အပိုးတွေ ပြန်ယူပြီး အဆိုပါ ဟိုတယ်ကနေ အပြီးပြောင်းခဲ့လေတော့သည်။
သြော်…မေ့လို့… ကျွန်တော် တည်းခဲ့ရတဲ့ အခန်း နံပါတ်က….101…ပါ…။ အခန်းအပိုရှိတဲ့ အခန်းဆိုရင် အဲ့ဒီ ဟိုတယ်က ၀န်ထမ်းတွေ အကုန်သိပါတယ်..။ မယုံရင်တော့ သွားပြီး တည်းကြည့်စေချင်ပါတယ်ဗျာ..။
အောင်ထွန်းဦး

ပန်းဘဲတန်းမြို့နယ်တွင် ၀ါယာရှော့ဖြစ်ကာ မီးလောင်မှုဖြစ်


ရန်ကုန်၊ ဧပြီ ၂၄

၂၄.၄.၂၀၁၄ ရက်နေ့ ၁၃၃၅ အချိန်တွင် ပန်းဘဲတန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ပန်းဘဲတန်း မြို့နယ်၊ (၁)ရပ်ကွက်၊(၂၆)လမ်း၊
(၇)လွှာ ၀ဲဘက်ခြမ်းတွင် မီးလောင်နေကြောင်းသတင်းအရ သွားရောက် စစ်ဆေးခဲ့ပါသည်။

ထိုသို့သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေအိမ်မှအိမ်ရှင်ဖြစ်သူ
မမိုးသီရိဆွေ၊ (၃၂)နှစ်၊ (ဘ)ဦးမြင့်ဆွေသည် ၁၀၀၀ အချိန်ခန့်တွင်
နေအိမ်ရှိရေခဲသေတ္တာကို မီးပိတ်မထားခဲ့ဘဲ အပြင်သို့ သွားရောက်
နေစဉ် ရေခဲသေတ္တာတွင်အသုံးပြုသော safe guard မှ အပူလွန်ကဲကာ ၀ါယာရှော့ဖြစ်ပြီး ၁၃၂၂အချိန် မီးစတင်လောင်ကျွမ်းခဲ့ရာ မီးသတ်ယာဉ်
(၂)စီးရောက်ရှိငြှိမ်းသတ်၍ ၁၃၃၂အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။

မီးလောင်မှုကြောင့် safe guard (၂)လုံး၊ စာကြည့်မီးတိုင်(၁)ခုတို့ မီးလောင်ကျွမ်းခဲ့ပြီး တန်ဖိုးငွေကျပ် (၁၁၅၀၀)ခန့် ဆုံးရှုံးခဲ့ကြောင်း သိရှိရပါသည်။

ယင်းကဲ့သို့ မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် မမိုးသီရိဆွေအား ပန်းဘဲတန်းမြို့မရဲစခန်း(ပ) ၁၃၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

MOI Webportal Myanmar

DVB အင်တာနက်စာမျက်နှာ အစီအစဉ် (ရုပ်/သံ)






ဆရာကြီး ဟံသာဝတီဦးဝင်းတင်ရဲ့ နောက်ဆုံးနေထိုင်ခဲ့တဲ့ နေအိမ်နဲ့ ကျန်ရစ်တဲ့ ပစ္စည်းတွေကို ပြတိုက်အဖြစ် ဖွင့်လှစ် ထိန်းသိမ်းမယ်



ကွယ်လွန်သွားပြီဖြစ်တဲ့ သတင်းစာ ဆရာကြီး ဟံသာဝတီဦးဝင်းတင်ရဲ့ နောက်ဆုံးနေထိုင်ခဲ့တဲ့ နေအိမ်နဲ့ ကျန်ရစ်တဲ့ ပစ္စည်းတွေကို ပြတိုက်အဖြစ် ဖွင့်လှစ် ထိန်းသိမ်းမှာ ဖြစ်ပါတယ်။ ခွန်ဘသာ တင်ဆက်။ ရိုက်ကူး တာရာ၊ စိုးသီဟ

DVB TV News


လင်မယားစကားများရန်ဖြစ်ရာမှ နေအိမ်အားမီးရှို့ခဲ့သည့်ခင်ပွန်းဖြစ်သူကို အရေးယူပေးရန် ဇနီးဖြစ်သူမှတိုင်တန်း


ရန်ကုန်၊ ဧပြီ ၂၄

၂၃.၄.၂၀၁၄ ရက်နေ့ ၁၄၀၀ အချိန်တွင် တွံတေးမြို့နယ်၊ ရေတွင်းကုန်း
ကျေးရွာနေ မသီသီဆွေမှ ၎င်းသည်နေအိမ်၌ ခင်ပွန်းဖြစ်သူ စိုးနိုင်၊(၃၈)နှစ်
နှင့် စကားများရန်ဖြစ်ခဲ့ပြီး စိုးနိုင်မှာ နေအိမ်မှထွက်သွားခဲ့ကြောင်း၊ ၂၀၀၀ အချိန်တွင် ၎င်းနှင့်သမီးဖြစ်သူ မဟေမာန်ဦးတို့(၂)ဦး နေအိမ်၌ အိပ်နေစဉ် စိုးနိုင်ရောက်ရှိလာပြီး (၁၀)ပေပတ်လည် ဓနိမိုး၊ ထရံကာနေအိမ်၏နောက်
ဘက် မီးဖိုခန်းတွင်ကာရံထားသော ဓနိပျစ်များအားမီးရှို့ခဲ့ရာ ပတ်ဝန်းကျင်မှ
ဝိုင်းဝန်းငြှိမ်းသတ်ခဲ့၍ ၂၀၀၁ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း၊ မီးလောင်မှု
ကြောင့် ဓနိပျစ်(၉၀)ခန့်လောင်ကျွမ်းကာ တန်ဖိုးငွေကျပ်(၅၀၀၀) ခန့်ဆုံးရှုံး
သွားခဲ့ကြောင်းနှင့် စိုးနိုင်အားအရေးယူပေးရန်တိုင်တန်းလာခဲ့ပါသည်။

ယင်းကဲ့သို နေအိမ်အားမီးရှို့သူ စိုးနိုင်အား တွံတေးမြို့နယ်၊ ခလောက်ချိုက်
နယ်မြေရဲစခန်း (ပ)၄၃/၂၀၁၄၊ ပြစ်မှုပုဒ်မ-၄၃၆ ဖြင့် အမှုဖွင့်ကာ အရေးယူ
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

MOI Webportal Myanmar

ပုဆိုးလှန်ပြသောဦးလေးကို တူဖြစ်သူက ရဲတင်းဖြင့်ခုတ်


အရက်မူးပြီး ပုဆိုးလှန် ပြသည့် ဦးလေးကို တူဖြစ်သူက ရဲတင်းဖြင့် ခုတ်လိုက်သောကြောင့် သေဆုံးသွားကြောင်း သတင်းရရှိသည်။

ဧပြီ ၂၀ ရက် ညနေ ၃ နာရီက မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ အုတ်ရှစ်ကုန်း ကျေးရွာနေဇော်ထွန်းဆိုသူ၏အိမ်အောက်တွင် ၎င်း၏ဦးလေးဖြစ်သူ ဦးသိန်းရွှေမှာ ရင်ညွန့်အောက်၌ အရှည်ငါးလက်မခန့်ရှိသည့် ဒဏ်ရာတစ်ချက်ရကာ လဲကျသေဆုံးနေသည်ကို အိမ်နီးချင်းအမျိုးသားတစ်ဦးကတွေ့ရှိခဲ့သည်။

 ထိုသို့တွေ့သဖြင့် မေးမြန်းရာ ထွန်သွားချွန်နေသည့် ဇော်ထွန်းရှိရာသို့ အသက် (၆၅) နှစ် အရွယ် ဦးလေးတော်စပ်သူ ဦးသိန်းရွှေက အရက်မူး၍ ရောက်လာပြီး ပုဆိုးလှန်ပြရာမှ တူအရီးနှစ်ယောက် စတင်စကားများကာ ရန်ဖြစ်ခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

 ထိုအခါဒေါသထွက်လာသော ဇော်ထွန်းက လက်ထဲရှိ ထွန်သွားချွန်သည့် ရဲတင်းဖြင့် ဦးလေး၏ ရင်ညွန့်ကို ခုတ်လိုက်သောကြောင့် ဒဏ်ရာရရှိကာ သေဆုံးခြင်းဖြစ်ကြောင်း ရဲစခန်းမှ တာဝန်ရှိသူကပြောသည်။

ထို့ကြောင့် ဇော်ထွန်းအား ရွှေပန်းတောနယ်မြေရဲစခန်းကပြစ်မှုဆိုင်ရာ ပုဒ်မ-၃၀၂ လူသတ်မှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

7day daily

ဖြိုးငွေစိုး၏ ဇနီး မော်ဒယ်ဇင်ဇင် သားဦးရတနာလွယ်


ပန်းမြတ်ဇော်

ရန်ကုန်၊ မဇ္ဈိမ။ ။ သရုပ်ဆောင် ဖြိုးငွေစိုးနှင့် မော်ဒယ်ဇင်ဇင်တို့ သားယောင်္ကျားလေး ကိုယ်ဝန်လွယ်ထား ရပြီဟု သရုပ်ဆောင် ဖြိုးငွေစိုးက ဧပြီ၂၄ရက်က ၎င်း၏ ဖေ့ဘုတ် စာမျက်နှာတွင် ရေးသားထားသည်။

"ဒီနေ့ ကျွန်တော်အရမ်းပျော်နေပါတယ်။ ဘဝမှာ တစ်ခါမှမဖြစ်ဖူးတဲ့ ပျော်ရွှင်ခြင်းမျိုးပါ၊ မနက်က ဇင်ဇင့်ကို
ဆေးခန်းသွားပြတယ်၊ ဆရာဝန်ကပြောတယ်ဗျာ၊ ယောင်္ကျားလေးတဲ့၊ တီဗီကနေလဲမြင်ခဲ့ရတယ်၊ အသည်းယားလိုက်တာဗျာ၊ ပြီးတော့ အဖေနဲ့အမေ့ကို ချက်ခြင်းသတိရမိတယ်၊ ဖုန်းဆက်ပြီးပြောပြတော့ သူတို့လည်း ပျော်နေကြတယ်ဗျာ၊ မိဘမေတ္တာဆိုတာ ဘာလဲ အခုမှသိတယ်ဗျာ၊ ကဲအဲဒါမိသားစုပဲ၊ ဘာမှမလိုတော့ဘူး သူတို့ရှိရင်ရပြီ"ဟု သရုပ်ဆောင်ဖြိုးငွေစိုးက ရေးသား ထားခြင်းဖြစ်သည်။

သရုပ်ဆောင် ဖြိုးငွေစိုး နှင့် မော်ဒယ်ဇင်ဇင် တို့သည် ၂၀၁၄ခုနှစ် ဧပြီ ၁ရက်က မြရိပ်ညို ဟိုတယ်တွင် မင်္ဂလာပွဲ ကျင်းပခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် ချစ်သူ သက်တမ်း ၆နှစ်ကြာခဲ့ပြီးမှ မင်္ဂလာပွဲ ဆင်နွှဲခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင်သရုပ်ဆောင် ဖြိုးငွေစိုးသည် ၎င်း၏ သားဦးအတွက် ဖေ့ဘွတ်က သူငယ်ချင်းများကို နာမည် ဝိုင်းစဉ်းစားပေးရန်လည်း ရေးသားထားသည်။

Mizzima Burmese

ရေကျော်ဗလီ မီးလောင်မှု၊ ဗလီဆရာ ၂ ဦးကို ထောင်ဒဏ် ၈ နှစ်စီချမှတ်


မီးလောင်မှု ဖြစ်ပွားစဉ်က

ပြီးခဲ့တဲ့နှစ်၊ ဧပြီ ၂ ရက်နေ့ မနက်အစောပိုင်းက  ရန်ကုန်မြို့၊ ဗိုလ်တစ်ထောင်မြို့နယ်  (၄၈) လမ်းမှာရှိတဲ့ ရေကျော်ဗလီ မီးလောင်မှုကြောင့် ကလေးငယ် ၁၃ ဦး သေဆုံးခဲ့ရမှုအတွက်  အပြစ်ရှိတယ်ဆိုပြီး တာဝန်ခံဗလီ ဆရာ နှစ်ယောက်ကို ထောင်ဒဏ် ၈ နှစ်စီ ကျခံစေဖို့ ဗိုလ်တထောင်တရားရုံးက ဒီနေ့ အမိန့်ချလိုက်ပါတယ်။

ဗလီဆရာတွေဖြစ်တဲ့  ဦးဇေယျာဖြိုးနဲ့ ဦးခင်မောင်အေးကို မီးလောင်မှု နဲ့ လူသေမှုတွေ အတွက် အမှုဖွင့်အရေးယူခဲ့ တာဖြစ်ပြီး ပြစ်ဒဏ် ၈ နှစ်စီ ချမှတ်ခဲ့တယ်လို့ တရားခံရှေ့နေဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးအောင်မြင့် က ပြောပါတယ်။

မီးလောင်မှုဖြစ်စဉ်ဟာ မကြံစည်ပဲ ဖြစ်ခဲ့တာဖြစ်ပြီး ဒီလိုပြစ်ဒဏ်ချမှတ်လိုက်တဲ့အပေါ်မှာ အယူခံ ဆက်ဝင်သွားမယ်လို့လည်း တရားလွှတ်တော်ရှေ့နေ ဦးအောင်မြင့်က ပြောပါတယ်။

ဆော်ဒီတီးရား ရေကျော်ဗလီ ဘာသာရေးစာသင်ကျောင်းမှာ မီးလောင်ခဲ့မှုကြောင့် ဗလီမှာ ညအိပ် စာသင်နေတဲ့ ကျောင်းသား လူငယ်  ၁၃ ယောက်သေဆုံးခဲ့တဲ့အတွက် အဲဒီနေ့မှာပဲ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ချက်ချင်းဖွဲ့စည်းပြီး အရေးယူဆောင်ရွက်ခဲ့ပါတယ်။

အဲဒီနောက် မီးအားမြှင့်စက်အပူရှိန် လွန်ကဲရာက  မီးစလောင်တယ်လို့ စစ်ဆေးတွေ့ရှိခဲ့ပြီး   တစ်နှစ်ကျော်လောက် အကြာမှာ တာဝန်ခံဗလီ ဆရာ နှစ်ဦးကို ပြစ်ဒဏ်အမိန့် ချမှတ်နိုင်ခဲ့တာဖြစ်ပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်


စစ်မှန်သည့်ဖက်ဒရယ် မရမချင်း လက်နက်ကိုင်မည်ဟု ရှမ်းပြည်တပ်မတော်ပြော


ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအနေနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု မရမချင်း လက်နက်စွဲကိုင်သွားမယ်လို့ ပါတီခေါင်းဆောင်တွေက ပြောပါတယ်။

ဓာတ်ပုံ - Kor Kham

ဒီကနေ့မနက်က ဌာနချုပ် ၀မ်ဟိုင်းမှာ ကျင်းပခဲ့တဲ့ ရှမ်းပြည်တပ်မတော် နှစ် ၅၀ ပြည့် ရွှေရတုအခမ်း အနားအဖွင့်မိန့်ခွန်းမှာ ရှမ်းပြည်တပ်မတော် နယကကြီး ဗိုလ်ချုပ်ဆေးထင်က ခုလိုပြောကြားခဲ့တာလို့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း အဖွဲ့ ပြောခွင့်ရ ဒုဗိုလ်မှူးကြီး စိုင်းလက ဒီဗွီဘီကို ပြောပါတယ်။

“နာယကကြီး ဗိုလ်ချုပ်ဆေးထင်က ရှမ်းပြည်တပ်မတော်သမိုင်းအကျဉ်းကိုပြောပြီးတော့ အခမ်းအနားကိုဖွင့်ပေးတာပါ။ ရှမ်းပြည်တပ်မတော် ဘာကြောင့်ပေါ်ပေါက်ခဲ့သလဲဆိုတော့ တန်းတူအခွင့်အရေးတွေ မရလို့၊ ပင်လုံစာချုပ်အတိုင်း မကျင့်သုံးလို့ လက်နက်ကိုင်ပြီး တော်လှန်ခဲ့ရတာပေါ့နော်။ ကျနော်တို့ တောင်းဆိုထားတဲ့ တန်းတူညီမျှမှု မရမချင်း ကြိုးစားဖို့။ အရာရှိအရာခံစစ်သည်တွေ အဲဒီသမိုင်းကြောင်းကို မမေ့ဖို့ သမိုင်းပေးတာဝန်ကျေပွန်ဖို့ ပြောသွားပါတယ်။”

ဗိုလ်ချုပ်ဆေးထင်ဟာ ရှမ်းပြည်လွတ်လပ်ရေးအတွက် ဆောင်ရွက်ရင်း လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်က န၀တအစိုးရရဲ့ ထောင်ဒဏ် ၁၀၅ နှစ်ထိ ပြစ်ဒဏ်ချခြင်းကို ခံခဲ့ရပြီး သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတာ ဖြစ်ပါတယ်။

ရွှေရတုသဘင်ဖွင့်ပွဲ အခမ်းအနားမှာ ပါတီဥက္ကဋ္ဌ ဗိုလ်ချုပ်ပန်ဖကလည်း ရှမ်းပြည် တပ်မတော်အနေနဲ့ အခက်အခဲအမျိုးမျိုးကြားက မိဘပြည်သူတွေရဲ့ အားပေးထောက်ခံ မှုတွေကြောင့် တော်လှန်ရေးခရီးစဉ် နှစ် ၅၀ တိုင် လျှောက်လှမ်း လာနိုင်တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အခမ်းအနားကို ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ ရှမ်းနီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ ရှမ်းလူမှုအဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်တွေ ၃ ထောင်ကျော် တက်ရောက်ခဲ့ပြီး မနက်ဖြန်မှာ လူထုဆွေးနွေးပွဲကျင်းပဖို့ ရှိနေပါတယ်။

အရင်စစ်အစိုးရလက်ထက်တွေမှာ လက်နက်ကိုင်အဖွဲ့တွေ ကျင်းပတဲ့ အခမ်းအနားကို ခုလိုလူသိရှင်ကြားတက်ရောက်ရဖို့ နေနေသာသာ ဆက်သွယ်တယ်လို့ သံသယရှိမှုနဲ့ ဖမ်းဆီးအရေးယူတာ၊ ထောင်ချတာတွေ ခံရတယ်လို့ အခမ်းအနား တက်ရောက်သူ ပြည်သူတဦးက ပြောပါတယ်။

ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့ဟာ လွန်ခဲ့တဲ့ ၁၉၈၉ ခုနှစ်က န၀တအစိုးရနဲ့ ငြိမ်းချမ်းရေးယူပြီး ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်ထဲမှာ အထူးဒေသ ၁ အနေနဲ့ လှုပ်ရှားခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာ အစိုးရက လိုလားတဲ့ ဌာနေပြည်သူ့စစ်အသွင်ပြောင်းဖို့ ငြင်းပယ်ခဲ့တဲ့အတွက် တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ပါတယ်။

ဦးသိန်းစိန်သမ္မတဖြစ်လာပြီးတဲ့နောက် ၂၀၁၂ ခုနှစ်မှာ အစိုးရနဲ့ ပြည်နယ် အဆင့်ရော ပြည်ထောင်စုအဆင့်အနေနဲ့ပါ ပဏာမ အပစ်ခတ်ရပ်လက်မှတ်ရေးထိုးခဲ့ပေမယ့် တိုက်ပွဲတွေ အကြိမ် ၁၀၀ ကျော် ပြန်လည်ဖြစ်ပွားခဲ့ပါတယ်။

ရှမ်းပြည်တပ်မတော်ကို စဝ်ကွဏ်းဇိဏ်း ဦးဆောင်တဲ့ Shan National United Front (SNUF) နဲ့ ခွန်မဟာ ဦးဆောင်တဲ့ Shan State Independence Army (SSIA) တို့ ပူးပေါင်းပြီး လွန်ခဲ့တဲ့ ၁၉၆၄ ဧပြီလ ၂၄ ရက်က ထိုင်းနယ်စပ် တနေရာမှာ စတင်ထူထောင်ခဲ့တာပါ။

နန်းမြနဒီ
DVB Burmese

လူသုံးဦးကို ကြိတ်မိသည့် မီးသတ်ယာဉ်ကို ဆက်အသုံးမပြုတော့


ရေခဲ(ပြည်)

ပြည်၊ မဇ္ဈိမ။ ။ သင်္ကြန်ကာလအတွင်းက ကလေးတစ်ဦးအပါအဝင် လူသုံးဦးကို ကြိတ်မိခဲ့သည့် မီးသတ်ယာဉ်ကို မီးသတ်ဦးစီးဌာနက ဆက်လက်အသုံးမပြုတော့ဘဲ အသစ်တစ်စီး
လဲလှယ်လိုက်သည်ဟု ပြည်မြို့ ခေတ္တရာမြို့သစ် ရပ်ကွက်အုပ်ချုပ်ရေမှူး ဦးဇော်လွင်က ပြောသည်။

ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ခေတ္တရာမြို့သစ်တွင် ၂၀၁၂ခုနှစ် သင်္ကြန်အတွင်းက ယာဉ်တိုက်မှုဖြစ်ကာ လူသေမှု ဖြစ်ခဲ့သော မီးသတ်ယာဉ်ကို လဲလှယ်ပေးရန် ၂၀၁၃ခုနှစ်က တောင်းခံခဲ့ရာ
၂၀၁၄ခုနှစ် ဧပြီလ ၂၄ ရက်တွင် မီးသတ်ယာဉ်သစ်တစ်စီး လဲလှယ်လိုက်ခြင်းသည်ဟု ဆိုသည်။

၂၀၁၂ သင်္ကြန်အတက်နေ့တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ ခေတ္တရာမြို့သစ် မီးသတ်ဌာနယာဉ်သည် အဝေးပြေး ကားဂိတ်ဝင်းအနီးရှိ မဏ္ဍပ်မှ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးနှင့် ကလေးငယ် တစ်ဦးကို တက်ကြိတ်မိခဲ့သည်။ မီးသတ်ကား ကြိတ်မှုကြောင့် (၈)နှစ်အရွယ် ကလေး(မိန်းကလေး) တစ်ဦး သေဆုံးခဲ့ရပြီး မီးသတ် ယာဉ်မောင်းသူကို ထောင်သုံးနှစ် ချမှတ်ခဲ့သည်။

“တိုက်မှုဖြစ်ပြီး ကတည်းက မသုံးတော့တာ။ သုံးလို့တော့ရသေးတယ်။ အသုံးပြုဖို့မသင့်တော့တာပေါ့” ဟုဦးဇော်လွင် ကဆိုသည်။

အစားထိုးလဲလှယ်သည့် တီအီး အမျိုးအစား မီးသတ်ယာဉ်ကို ပြည်ခရိုင်မီးသတ်ဌာနက ခေတ္တရာမြို့သစ် အုပ်ချုပ်ရေးမှူးဦးဇော်လွင်၊ ရပ်ကွက် အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ဦးစိုင်းအိုစောနှင့် ရပ်ကွက် အထောက်အကူပြု ကော်မတီအဖွဲ့ဝင် ဦးနိုင်တို့ကို လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။

Mizzima Burmese

ကောင်းစွာအိပ်စက်နိုင်ခြင်းအကြောင်း


       အလွန်အေးလှတဲ့ ဆောင်းတွင်းတစ်နေ့ ရှင်တော်ဘုရား အာဠ၀ီမှာ သီတင်းသုံးနေချိန်ပေါ့။ မောင်ဟတ္ထကတစ်ယောက် မနက်စောစော ကျန်းမာရေးအတွက် လမ်းလျှောက်ရင်း ရှင်တော်ဘုရားထံခဏ၀င် ပြီး ဖူးမြော်ပါတယ်။
       "ရှင်တော်ဘုရား၊ ညက ကောင်းကောင်းကျိန်းရပါသလားဘုရား"
       "ကျိန်းရပါတယ် ဟတ္ထက၊ လောကမှာ ချမ်းချမ်းသာသာအိပ်တဲ့သူတွေထဲမှာ ငါလည်း ပါတယ် ဟတ္ထက။"
       "ရှင်တော်ဘုရား၊ ဆောင်းညတွေဟာ အရမ်းအေးလှပါတယ်။ နှင်းခဲတွေလည်း မပြတ်ကျနေပါတယ်ဘုရား။ နွားခြေရာတွေ ထပ်နေတဲ့ မြေတွေကလည်း ကြမ်းတမ်းလှတယ်။ သစ်ရွက်ပမာဏကလည်း သေးတယ်။ သစ်ပင်ပေါ်က သစ်ရွက်တွေကလည်း ကျဲတယ်။ ရှင်တော်ဘုရား သင်္ကန်းသုံးထည်ကလည်း ဒီရာသီမှာ အအေးဒဏ်ကို မခံနိုင်ပါဘူးဘုရား။ ဒါတောင် ရှင်တော်ဘုရား က ကောင်းကောင်းအိပ်စက်နိုင်တယ်လို့ ပြောတယ်။ အိပ်စက်နိုင်ရခြင်းအကြောင်းလေး ဟောတော်မူပါဦးဘုရား"
       "ဟတ္ထက ဇိမ်ခံမွေ့ယာပေါ်မှာ၊ ဂွမ်းကပ်ဆောင်တွေခြုံပြီး မယားလေးယောက်တို့ရဲ့ အပြုအစုကို ခံကာ အိပ်စက်သော် လည်း လောဘ၊ ဒေါသ၊ မောဟများနေရင် အဲလူဟာ ကောင်းကောင်းအိပ်ပျော်နိုင်ပါ့မလား"
       "ငါဘုရားဟာ လောဘ၊ ဒေါသ၊ မောဟတွေကို အကြွင်းမဲ့ ပယ်သတ်ပြီးလို့ အမြဲတမ်းချမ်းချမ်းသာသာနဲ့ အိပ်ရတယ်။ ဒါကြောင့် လောကမှာ ချမ်းချမ်းသာအိပ်ရတဲ့ သူတွေထဲမှာ ငါဘုရားဟာ တစ်ယောက်အပါအ၀င်ပါပဲလို့ ပြောတာပါ။”
       ဒီတော့မှ မောင်ဟတ္ထကလည်း နားလည်းသဘောပေါက်ပြီး အားရမ်းဝမ်းသာ သာဓုခေါ်ကာ မိမိအိမ်သို့ ပြန်လှည့်လာ ခဲ့ပါတော့တယ်။
ဒါကြောင့် အားလုံးသောစာချစ်ပရိသတ်များ ကောင်းကောင်းအိပ်ပျော်ချင်ရင် လောဘ၊ ဒေါသ၊ မောဟ နည်းအောင်လုပ်ပါ။ ဘယ်ချိန်အိပ်အိပ် ချမ်းသာပါလိမ့်မယ်။ လုံးဝကင်းရင်တော့ အချမ်းသာဆုံးပါပဲ။ ကောင်းစွာအိပ်စက်နိုင်ကြပါစေ။

ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ 

ဒေါ်အောင်ဆန်းစုကြည်ကို လယ်ယာမြေ သိမ်းဆည်းခံရတဲ့ ဒေသခံပြည်သူများ ဧပြီလ ၂၃ ရက်နေ့က လာရောက် အကူအညီ တောင်းခံ (ရုပ်/သံ)


တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို လယ်ယာမြေ သိမ်းဆည်းခံရတဲ့ ဒေသခံပြည်သူများ ဧပြီလ ၂၃ ရက်နေ့က လာရောက် အကူအညီ တောင်းခံခဲ့ပါတယ်။ ဦးကျော်ဇေယျာဝင်း သတင်းပေးပို့ထားပါတယ်။

DVB TV News



ဘုတလင်မြို့နယ်က တွင်းတောင်မှာ စိမ်းပြာရေညှိနဲ့ တွင်းပိုးတွေ မထွက်တော့ (ရုပ်/သံ)


ဘုတလင်မြို့နယ်က တွင်းတောင်မှာ စိမ်းပြာရေညှိနဲ့ တွင်းပိုးတွေ မထွက်တော့ဘူးလို့ စိမ်းပြာရေညှိထုတ်လုပ်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။ ဒေါ်ခင်မင်းဇော် သတင်းပေးပို့ ထားပါတယ်။ ရိုက်ကူး မတင်မာဆွေ



DVB TV News

နောက် ၅ နှစ်အတွင်း သေနိုင် မသေနိုင်ကို သွေးစစ်ပြီး သိနိုင်ပြီ


သွေးစစ်ဆေးမှုတစ်မျိုးဟာ အနာဂတ်(၅)နှစ်အတွင်း သေဆုံးနိုင်ချေရှိမရှိကို ခန့်မှန်းတွက်ချက်ပေး နိုင်မှာဖြစ်ကြောင်း သိရှိရပါတယ်။ ဒီစစ်ဆေးမှုကို နျူကလီးယားသံလိုက် စက်ကွင်းကို အသုံးပြုထားတဲ့ spectroscopy နဲ့ ဇီဝအမှတ်အသား (၂၀၀၀)ကျော်ကို တိုင်းတာခန့်မှန်း ဖော်ထုတ်နိုင်ခြင်း ဖြစ်ပါတယ် ။

လေ့လာမှုခေါင်းဆောင် ဖင်လန် နိုင်ငံ၊ Olulu၊ တက္ကသိုလ်မှ ပါမောက္ခ Mika Korpela က “ဇီဝ အမှတ်အသားတွေအရ သေဆုံးနိုင်ချေများတဲ့ ပုဂ္ဂိုလ်တစ်ဦးဟာဆိုရင် ဒီစစ်ဆေးမှုကို ပြုလုပ်ပြီးသေဆုံးနိုင်ချေကို သိရှိနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဘ၀နေထိုင်မှုနဲ့ ကုသမှုတွေကို ပြင်ဆင်ပြီး အသက်ပိုရှည်ရှည် နေနိုင်မှာ ဖြစ်ပါတယ်” လို့ ရှင်းပြထားပါတယ်။ ဒီလေ့လာမှုဟာ ဖင်လန်နိုင်ငံသား (၁၇၀၀၀)ကျော်ရဲ့ သွေးနမူနာတွေကို အခြေခံပြီး ဖော်ထုတ်ထားတာ ဖြစ်ပါတယ်။

ဒီစစ်ဆေးမှုဟာ အဓိကသွေးတွင်းဇီဝအမှတ်အသား (၄)မျိုးဖြစ်တဲ့ ပရိုတင်းနှစ်မျိုး (အယ်ဗျူမင်နဲ့ အာလဖာ၊ အက်ဆစ် glyeoproter )၊ အဆီဓာတ်နဲ့ citric acid တွေကို အခြေခံ တွက်ချက်တာဖြစ်ပါတယ်။ ဒီအမှတ်အသားတွေဟာ လူတိုင်းမှာရှိနေတာဖြစ်ပြီး ပမာဏကတော့ မတူ ကြပါဘူး။ ပုံပန်းသဏ္ဌာန်အရ ကျန်းမာတဲ့သူတွေ ဖြစ်ပါစေ အဲဒီသွေးတွင်း ဇီဝအမှတ်အသားတွေ မူမမှန် ဖြစ်နေရင်တော့ သေဆုံးနိုင်ချေမြင့်တက် နိုင်ပါတယ်။ ဒီသွေးစစ်ဆေးမှုကို Nuclear Magnetic Resonance Spectroscopy ရှိမှသာ စစ်ဆေးနိုင်မှာဖြစ်ကြောင်း Mika Korpelam က ပြောကြားထားပါတယ်။
ဒီသုတေသနကို Journal Plos mediaire မှာဖော်ပြထားတာ ဖြစ်ပါတယ်။
သက်နှင်း
ref: IANS
Health Updates Journal 

ကေအိုင်အေထိန်းချုပ်နယ်မြေအတွင်း သန်းခေါင်စာရင်း ကောက်ယူရန် ကမ်းလှမ်းထားမှု တိုက်ပွဲများကြောင့် အကြောင်းပြန် ရန် နှောင့်နှေး ခဲ့ခြင်းဖြစ်ဟုဆို


သင်္ကြန်ကာလတွင်းဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် ကေအိုင်အေ
ထိန်းချုပ်နယ်မြေအတွင်း သန်းခေါင်စာရင်း ကောက်ယူရန် ကမ်းလှမ်းထားမှုအား အကြောင်းပြန်ရန် နှောင့်နှေးနေရခြင်းဖြစ်
သည်ဟု ကချင်လွတ်မြောက်ရေး တပ်မတော်မှသိရသည်။

ဧပြီလ ၄ ရက်နေ့မှ စတင်ကာ ကချင်ပြည်နယ်မံစီ၊ မန့်ဝိန်းကြီးနှင့် မိုး မောက်ဒေသများတွင် ကေအိုင်အေနှင့် အစိုးရတို့ ထိပ်တိုက်တွေ့ဆုံခဲ့ကြပြီး မိုင်းဆွဲတိုက်ခိုက်မှုများ သုံးကြိမ်ခန့် ဖြစ် ပွားခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန က ထုတ်ပြန်ကြေညာသည်။

၎င်းအခြေအနေများကြောင့် လက် ရှိတွင် ကေအိုင်အေအနေဖြင့်
အစိုးရက သန်းခေါင်စာရင်းကောက်ယူရန် ပေးပို့လာသည့် ကမ်းလှမ်း
ချက် အပေါ်တုံ့ပြန်မှု တစ်စုံတစ်ရာပေးနိုင်ခြင်းမရှိသေးခြင်း ဖြစ်နို င်ကြောင်း၊ ကေအိုင်အေ၏ အ လုပ်အဖွဲ့ ကိုယ်တိုင်ပင် တိကျ
သည့် ထုတ်ပြန်ချက် မသိရှိရသေးကြောင်း ကေအိုင်အေ အလုပ် အဖွဲ့ပြောရေးဆိုခွင့် ရှိသူ ဦးဒေါင်ခါးက ဆိုသည်။

''ဖြစ်နေတဲ့တိုက်ပွဲတွေကအပစ်အခတ်ရပ်စဲရေးအတွက်တောင် ထိခိုက် လာနိုင်နေတဲ့အချိန်ဆိုတော့ ဒီသန်း ခေါင်စာရင်းကိစ္စဆိုတာ အသေးအဖွဲဖြစ် နေတယ်''ဟု ၎င်းကဆက်ပြောသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် ကေအိုင် အေထိန်း ချုပ်ထားသည့် ရွာများသို့ သန်းခေါင်စာရင်း ကောက်ယူနိုင်ရန်အ
တွက် ကေအိုင်အေသို့ တရားဝင်စာ ပေးပို့ ကမ်းလှမ်းထားပြီး ကေအိုင်အေ ထိန်းချုပ်နယ်မြေရှိ ကျေးရွာပေါင်းကိုးဆယ်ကိုသန်းခေါင်စာရင်းကောက်
ယူရမည်ဖြစ်သော် လည်း လက်ရှိတွင် ရွာပေါင်း ၁၁ ရွာခန့်သာ ကောက်ယူမှု ပြီးစီးထားကြောင်း လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က ပြောသည်။

လက်ရှိအခြေအနေနှင့် ပတ်သက် ၍ ဦးဒေါင်ခါးက တိုက်ပွဲများမှာ ဧပြီလ ၁၈ ရက်နေ့မှ စတင်၍ ပြန်လည်ငြိမ်သက်လာပြီဖြစ်သော်လည်း ကေ အိုင် အေထိန်း ချုပ် နယ်မြေအားလုံးနီးပါးတွင် သန်းခေါင်စာရင်း ဝင်ရောက်ကောက်ယူ နိုင် ရန် အခြေအနေမှာ ဖြစ်နိုင်ခြေ အ လွန်နည်းပါးကြောင်း ပြောသည်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနအနေနှင့်မူ ကေအိုင် အေထိန်းချုပ်ဒေသများအတွင်း သန်း ခေါင်စာရင်းကောက်ယူမှုကို အချိန်ရှစ်ပတ်ကြာ တိုးမြှင့်လုပ်ဆောင်သွားမည်ဟု သိရသည်။

မေဇင်ဝင်း၊ သုတလင်း
Popular Myanmar News Journal 

စတုတ္ထအကြိမ် နျူကလီးယား စမ်းသပ်ဖောက်ခွဲရန် မြောက်ကိုရီးယား ပြင်ဆင်လျက်ရှိ


နျူကလီးယား စမ်းသပ်ဖောက်ခွဲမှု သုံးကြိမ်တိုင် ပြုလုပ်ခဲ့ဖူးသော မြောက်ကိုရီးယားသည် နောက်ထပ် နျူကလီးယား စမ်းသပ်ဖောက်ခွဲရန် ပြင်ဆင်လျက် ရှိကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန၏ ပြောကြားချက်ကို BBC သတင်းတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယား နျူကလီးယား စမ်းသပ်ဖောက်ခွဲရေး နေရာတွင် လှုပ်ရှားမှုများ တိုး၍ ပြုလုပ်နေသည်ကို တွေ့ရခြင်းကြောင့် မြောက်ကိုရီးယား အနေနှင့် စတုတ္ထအကြိမ်မြောက် နျူကလီးယား စမ်းသပ်ဖောက်ခွဲရန် ပြင်ဆင်နေခြင်း ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ကင်မင်ဆုတ်က ပြောကြားသည်။

မြောက်ကိုရီးယား နျူကလီးယား စမ်းသပ်ဖောက်ခွဲရန် ပြင်ဆင်နေခြင်းသည် အမေရိကန်သမ္မတ အိုဘားမား တောင်ကိုရီးယားသို့ အလည်အပတ် မလာမီ ရက်ပိုင်းအလိုတွင် ပြုလုပ်နေခြင်းလည်း ဖြစ်သည်။
“မြောက်ကိုရီးယား နျူကလီးယား စမ်းသပ်ဖောက်ခွဲရေး Punggye-ri မှာ လှုပ်ရှားမှုတွေ တိုးလုပ်နေတာကို ကျွန်တော်တို့ စစ်တပ်က ထောက်လှမ်း သိရှိရပါတယ်” ဟု တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ကင်မင်ဆုတ်က ပြောကြားသည်။

မြောက်ကိုရီးယားသည် ၂၀၀၆၊ ၂၀၀၉ နှင့်၂၀၁၃ ခုနှစ်များက နျူကလီးယား စမ်းသပ်ဖောက်ခွဲမှုများ ပြုလုပ်ခဲ့ဖူးပြီး ယင်းစမ်းသပ် ဖောက်ခွဲမှုများကို မြောက်ကိုရီးယား အရှေ့မြောက်အရပ်တွင် ရှိသော အထက်ပါ Punggye-ri နျူကလီးယား စမ်းသပ်ဖောက်ခွဲရေး ဧရိယာတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

မြောက်ကိုရီးယား နျူကလီးယား စမ်းသပ်ဖောက်ခွဲမည့် သတင်းနှင့် ပတ်သက်၍ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က အသေးစိတ် ပြောကြားရန် ငြင်းဆိုခဲ့ပြီး ယခု စမ်းသပ်ဖောက်ခွဲမှုသည် အမေရိကန်သမ္မတ အိုဘားမား လာရောက် လည်ပတ်မည့် သောကြာနေ့ မတိုင်မီ တင်းမာမှု မြှင့်တင်ရန် ရည်ရွယ်သော လှည့်ဖြားသည့် နည်းဗျူဟာသာ ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အမေရိကန်သမ္မတ အိုဘားမားသည် အာရှ အလည်အပတ် ခရီးစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် တောင်ကိုရီးယား နိုင်ငံသို့ လာရောက်မည် ဖြစ်ပြီး၊ ယင်းခရီးစဉ်နှင့် တိုက်ဆိုင်၍ မြောက်ကိုရီးယားက ရန်စမှုများ ပြုလုပ်ဖွယ် ရှိသည်ဟု ခန့်မှန်းချက်များလည်း ထွက်ပေါ်လျက် ရှိသည်။

အမေရိကန်သမ္မတ အိုဘားမား တောင်ကိုရီးယားသို့ အလည်အပတ် လာရောက်ခြင်းကို စစ်ရေးတင်းမာမှု ဖြစ်စေမည့် အန္တရာယ်ရှိ လုပ်ရပ်၊ ကိုရီးယား ကျွန်းဆွယ်တွင် နျူကလီးယား လက်နက်ပြိုင်ပွဲ ဖြစ်စေမည့် တိမ်ညိုတိမ်မည်းများ သယ်ဆောင်လာသော ခရီးစဉ်ဟု မြောက်ကိုရီးယားက ပြစ်တင်ခဲ့သည်။

မြောက်ကိုရီးယားသည် လွန်ခဲ့သောလက တာလတ်ပစ် တိုက်ချင်းပစ် ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်ခဲ့ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ပြစ်တင်ခြင်း ခံခဲ့ရခြင်းကို တုံ့ပြန် ပြောကြားရာတွင် နျူကလီးယား စမ်းသပ်ဖောက်ခွဲမှု ပုံစံအသစ်များကို ထည့်သွင်း စဉ်းစားထားကြောင်း မြောက်ကိုရီးယားက သတိပေး ပြောကြားခဲ့သည်။

Voice

၄၈ လမ်းဗလီမီးလောင်မှု တရားခံ(၂)ဦးအား ထောင်ဒဏ် ၈ နှစ်စီချမှတ်


ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ ၄၈ လမ်း အပေါ်ဘလောက် ရှိ ဆော်ဒီကီးယားအမည်ရှိ ဘာသာရေးစာသင်ကျောင်း မီးလောင်မှု ၌ တရားစွဲခံထားရသော ဗလီတာဝန်ခံ ၂ ဦးဖြစ်သည့် ဦးခင်မောင်ရီနှင့် ဦးဇေယျာဖြိုးအား ဗိုလ်တထောင်တရားရုံးမှ ဧပြီလ ၂၄ ရက်နေ့တွင် ထောင်ဒဏ် ၈ နှစ်စီ ချမှတ်ခဲ့သည်။

ဆော်ဒီကီးယားအမည်ရှိ ဘာသာရေးစာသင်ကျောင်းသည် ၂၀၁၃ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့၊ နံနက် ၃ နာရီ အချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကလေးငယ် ၁၃ ဦးသေဆုံးကာ တန်ဖိုးငွေ ၈ သိန်း ၅ သောင်းခန့် ဆုံးရှုံးခဲ့သည်။

အဆိုပါ ပြစ်ဒဏ်ချမှတ်ခံရသော ဦးခင်မောင်ရီနှင့် ဦးဇေယျာဖြိုးတို့၏ ရှေ့နေဖြစ်သူက ယခုကိစ္စအား ထပ်မံ၍ ခရိုင်အဆင့် အယူခံဝင်သွားမည်ဖြစ်ကြောင်း ပြောသည်။

ဝိုင်းမော်
myanmartandawsint

မန္တလေးဘူတာကြီးအား တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ လေးသိန်းလေးသောင်းကျော်ဖြင့် နှစ် ၃၀ ငှားရမ်းလုပ်ကိုင်ခွင့်ပြုလိုက်ပြီ


ခြောက်ထပ်အမြင့်ရှိ မန်္တ လေးဘူတာကြီးအား ဟိုတယ်လုပ် ငန်း ငှားရမ်းလုပ်ကိုင်ရန်အတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ လေးသိန်းလေးသောင်းကျော်ဖြင့် နှစ် ၃၀ ငှားရမ်းလုပ်ကိုင်ခွင့်ပြု လိုက်ပြီဟု မြန်မာ့မီးရထားမှ သိရှိ ရသည်။

“မန်္တလေးဘူတာကြီး အပေါ်ဆုံးထပ်ဖြစ်တဲ့ ၄၊၅၊၆ အထပ်တွေမှာ ဟိုတယ်လုပ်ငန်း လုပ်ကိုင်နိုင်ဖို့ တင်ဒါစနစ်ဖြင့် ရွေး ချယ်ခဲ့တာပါ။တင်ဒါတင်သွင်းတဲ့ ကုမ်္ပဏီတွေထဲက Adventure Myanmar ကုမ်္ပဏီက တင်ဒါ အောင်မြင်ခဲ့ပါတယ်”ဟု မြန်မာ့မီး ရထားမှတာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

မြန်မာ့မီးရထားပိုင် ဘူတာကြီးများကို ဟိုတယ်များ၊ လူနေအိမ်ခန်းများဖွဲ့စည်းပြီး လူ အများနေထိုင်ရာ အဆောက်အအုံ ဖြစ်လာရန်နှင့် ထိုအဆောက်အအုံ များမှ လူများက ဘူတာကြီးရှိ မီး ရထားများကို စီးနင်းသွားလာနိုင် တဲ့အထိ အဆင့်မြှင့်တင်ရန်ရည်ရွယ် ထားခဲ့ကြောင်း မြန်မာ့မီးရထားမှ
ပြည်ထောင်စုဝန်ကြီး ဦးသိန်းဌေး က ရန်ကုန်ဘူတာကြီး စခန်းသာ ဧည့်ဂေဟာ၌ ပြောကြားခဲ့သည်။

“အထပ် ၄၊၅၊၆ ထပ် အပြင် ခေါင်မိုးထပ်ကိုပါ လုပ်ကိုင် ခွင့်ပြုထားပါတယ်။ နှစ် ၃၀ အပြင် ငါးနှစ်ကို သုံးကြိမ်ထပ်တိုးပြီး ငှား ရမ်းလုပ်ကိုင်ခွင့်ထပ်ရ၊ထပ်တင်။ဒါ့ အတွက်ယူအက်စ်ဒေါ်လာ ၄၄၈၂၈၄ နဲ့ခွင့်ပြုထားတာပါ။

မကြာမီလုပ်ငန်း စတင်မှာပါ” ဟု တာဝန်ရှိသူတစ်ဦး က ဆိုသည်။ မန်္တလေးဘူတာကြီး ရှိ မြေညီထပ်၊ ပထမထပ်၊ ဒုတိယ ထပ်နှင့် တတိယထပ်အထိ မီးရ ထားဝန်ကြီးဌာန၏ ရုံးခန်းများနှင့် ဘူတာကြီးအဖြစ် အသုံးပြုသွားမည် ဖြစ်သည်။ မြန်မာ့မီးရထားအနေ ဖြင့် ရထားပို့ဆောင်ရေးကဏ္ဍတွင် ပြည်သူများအတွက် ငွေကြေးများ အရှုံးခံပြီးပြေးဆွဲနေခြင်းအတွက်၊ အရှုံးများ ကာမိစေရန် မီးရထားပိုင် မြေနေရာများနှင့် အဆောက်အအုံ များကို ပုဂ်္ဂလိက ကုမ္ပဏီများသို့ ငှားရမ်းလုပ်ကိုင်စေမှုများ နှစ်စဉ်ရှိ နေကြောင်း သိရသည်။

24-4-2014 နေ့ထုတ် The First Weekly News Journal မှ

ရထားစီးခရီးသည်အမျိုးသမီးကို ရထားဝန်ထမ်းမှ သားမယားအဖြစ်အဓမ်္မပြုကျင့်


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၌ ဧပြီလ ၁၇ ရက် နေ့ညပိုင်းက မီးရထားဝန်ထမ်းတစ်ဦးမှ မြန်အောင်မြို့နယ်၊ ရိုးဖျား ကျေးရွာမှ ကြံခင်းမှ ဟင်္သာတသို့ထွက်လာသော လော်ကယ်ရထား ဖြင့် စီးနင်းလိုက်ပါလာသည့် အမျိုးသမီးတစ်ဦးကို သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ ဟင်္သာတရထားရဲစခန်းသို့ လာရောက်တိုင်ကြားထားကြောင်း အဆိုပါစခန်းမှစုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ တရားလိုအဖြစ်တိုင်ကြားသူ အမျိုးသမီးသည် ဟင်္သာတမြို့ မြ၀တီရပ်ကွက်အတွင်းရှိ ဆွေမျိုးများထံသို့ အလည် အပတ်သွားရောက်ရန် ကြံခင်းမှ ဟင်္သာတဘက်သို့ ထွက်လာသော လော်ကယ်ရထားဖြင့် စီးနင်းလိုက်ပါခဲ့ပြီး ရထားဆိုက်ပြီး ည ၈း၁၀ နာရီအချိန်တွင် ဘူတာသံလမ်းဘေးတွင် ဆိုက်ကားထိုင်စောင့်နေစဉ် မီးရထားဝန်ထမ်းတစ်ဦးမှဆိုင်ကယ်ဖြင့် ခေါ်ဆောင်သွား၍ မိမိအား သားမယားအဖြင့် အဓမ်္မပြုကျင်ခဲ့သည်ဆို၍ ဧပြီလ ၁၈ ရက်နေ့တွင် လာရောက်အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း ဟင်္သာတရထားရဲစခန်းမှ သိရ သည်။

“တရားလို အမျိုးသမီးက မြ၀တီရပ်ကွက်က အမျိုးတွေ အိမ်ကိုသွားဖို့အတွက် ဆိုက်ကားစောင့်နေစဉ်မှ မီးရထားဂိတ်စောင့် ၀န်ထမ်းတစ်ဦးကနေပြီး ဆိုင်ကယ်နဲ့လာခေါ်တယ်။ မီးရထားလမ်းခွဲ ရုံတွင်သားမယားအဖြစ်
ပြုကျင့်ခဲ့တယ်ဆိုပြီး လာရောက်တိုင်ကြားခဲ့ ပါတယ်”ဟု ရထားရဲစခန်းတာဝန်ရှိသူတစ်ဦးကဆိုသည်။

လက်ရှိကာလတွင် အပိုင်ရဲစခန်းမှ (ပ) ၄/၂၀၁၄ ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိ ကြောင်း အမှုမှန်ပေါ်ပေါက်ရေးနှင့် အမှုခိုင်မာအောင်တည်ဆောက်ပြီး တရားစွဲတင်နိုင်ရေးအတွက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ရဲအရာရှိ တစ်ဦး၏ ပြောပြချက်အရသိရသည်။

24-4-2014 နေ့ထုတ် The First Weekly News Journal မှ

အူရီးဒူး အော်ပရေတာက မြန်မာဝန်ထမ်း ၅၀၀ ကျော်ခန့်ထားပြီးဖြစ်


စ ချိုကို

ရန်ကုန်၊ မဇ္ဈိမ။ ။ ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိထားသော မိုဘိုင်းအော်ပရေတာတစ်ခုဖြစ်သည့် အူရီးဒူးက မြန်မာဝန်ထမ်းဦးရေ ၅၀၀ ကျော် ခန့်အပ်ထားပြီးဖြစ်သည်ဟု ကုမ္ပဏီက ဧပြီ ၂၃ ရက်တွင် သတင်း ထုတ်ပြန် လိုက်သည်။

အူရီးဒူးမြန်မာ၏ အမှုဆောင် အရာရှိချုပ် Ross Cormack က “ ကျွန်တော်တို့ ခန့်အပ်ပြီးသွားတဲ့ မြန်မာဝန်ထမ်း ဦးရေက အခုဆို ၅၀၀ ကျော်သွားပါပြီ၊ ကုမ္ပဏီ အောင်မြင်စွာ ဖြစ်ထွန်းရေးအတွက် အလုပ်ကြိုးစားနေကြပါတယ်” ဟု ပြောသည်။

အူရီးဒူးက မိုဘိုင်းအော်ပရေတာ လုပ်ကိုင်ခွင့်လိုင်စင်ကို ၂၀၁၄ ဖေဖော်ဝါရီ ၅ ရက်က ရရှိခဲ့ပြီး ဇူလိုင်လအတွင်း မိုဘိုင်းဆင်းမ်ကတ်များ စတင်ရောင်းချသွားမည်ဟု ဆိုသည်။ ထို့ပြင် လာမည့်ငါးနှစ်အတွင်း မြန်မာဝန်ထမ်း ၅၀၀၀ ခန့်အပ်သွားရန် ပြင်ဆင်နေပြီး ၀န်ထမ်း၏ ၉၉ ရာ ခိုင်နှုန်းအထိ မြန်မာဝန်ထမ်းထားရှိသွားမည်ဟုလည်း အူရီးဒူးက ပြောကြားထားပြီးဖြစ်သည်။

မိုဘိုင်းဖုန်းများ အသုံးပြုရာတွင်လည်း Frequency 900 MHz နှင့် 1200 MHz ဆက်သွယ်ရေး လိုင်းများဖြင့် 3G ကွန်ယက်ကို စတင် ၀န်ဆောင်မှုပေးသွားမည်ဖြစ်သည်။

တယ်လီနော၊ အူရီဒူး နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့က ဆက်သွယ်ရေးလိုင်စင်များ ရရှိထားပြီး လုပ်ငန်းများ လုပ်ကိုင် လျက်ရှိသည်။ ရတနာပုံတယ်လီပို့အများပိုင် ကုမ္ပဏီကလည်း မကြာမီတွင် လုပ်ငန်းလိုင်စင် လုပ်ကိုင်ရဖွယ်ရှိနေသည်။

ပြည်ပအော်ပရေတာနှစ်ခုက အလုပ်အကိုင်များခန့်အပ်ရာတွင် မြန်မာလုပ်သား တစ်ထောင်ခန့်အထိ ခန့်အားထားနိုင်ခဲ့ပြီး လာမည့် ငါးနှစ်အတွင်း ကုမ္ပဏီ တည်မြဲဝန်ထမ်း ၈၀၀၀ ကျော်နှင့် ဆက်စပ်လုပ် ငန်းများမှ အလုပ်အကိုင် သောင်းနှင့်ချီ၍ ခန့်အပ်သွားနိုင်မည်ဖြစ်သည်။

Mizzima Burmese

ယာဉ်ထိန်းရဲများ နေကာမျက်မှန်တပ်ရန် ညွှန်ကြား


ကိုတိုးကြီး

မုံရွာ၊ မဇ္ဈိမ။ ။ ယာဉ်စည်းကမ်းထိန်းသိမ်းရေး ဆောင်ရွက်နေသည့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ နေကာမျက်မှန်တပ် တာဝန်ထမ်းဆောင်ရန် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးက ညွှန်ကြားချက် ထုတ်ပြန်လိုက်သည်ဟု အမှတ်(၁၄) ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မုံရွာ ဒုတပ်ဖွဲ့ခွဲရုံးက ယာဉ်ထိန်းရဲ တစ်ဦးကပြောသည်။

ရာသီဥတု အပူလွန်ကဲမှုကြောင့် တာဝန်ထန်းဆောင်လျက်ရှိသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ မျက်စိရောဂါ ကျရောက်ခြင်းမရှိစေရေးအတွက် နေကာမျက်မှန်များ တပ်ဆင်ခိုင်းခြင်းဖြစ်သည်ဟု လည်း ၎င်းကပြောသည်။

“ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်တွေ ခရမ်းလွန်ရောင်ခြည် ကာကွယ်နိုင်ဖို့ နေကာမျက်မှန်တပ်ဆင်ပြီးမှ တာဝန်ထမ်းဆောင်ကြရန် အမိန့်ထုတ်ပြန်လိုက်တာပါ ” ဟု မုံရွာတပ်ဖွဲ့ခွဲမှူး ရဲမှူး ခင်ဇော်မြင့်က ပြောသည်။

နေကာမျက်မှန်တပ်ဆင်၍ တာဝန်ထမ်းဆောင်သည့်အခါ တပ်ဆင်အသုံးပြုသော နေကာမျက်မှန်သည် မြင်ကွင်း ရှင်းလင်းကြည်လင်စေပြီး ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် အနှောင့်အယှက်မဖြစ်စေသည့် မျက်မှန်အမျိုးအစား ဖြစ်ရန်နှင့် ပြည်သူလူထု အမြင်သင့်တော်မှုရှိသည့် မျက်မှန် အမျိုးအစားများ အသုံးပြုသွားကြရန်လည်း တစ်ပါးတည်း အမိန့်ထုတ်ပြန်ထားသည်ဟု ဆိုသည်။

Mizzima Burmese 

ရန်ကုန် ၂၆ လမ်းတွင် ယနေ့ နေ့လည်ပိုင်းက မီးလောင်မှုဖြစ်ပွား


ရန်ကုန် ဧပြီ ၂၄

ရန်ကုန်မြို့ ၂၆ လမ်း(အောက်ဘလောက်)တွင်ယနေ့ နေ့ လည် ပိုင်းကမီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်းပန်းဘဲတန်းရဲစခန်းမှသိရသည်။

ယနေ့ နေ့ လည် ၁ နာရီ ၂၂ မိနစ်အချိန်တွင် ပန်းဘဲတန်းမြို့ နယ်၊ အမှတ်(၁)ရပ်ကွက်၊ ၂၆ လမ်း(အောက်ဘလောက်) အိမ်အမှတ် ၃၂ ၊၇လွှာ ၀ဲဘက်အခြမ်း ရှိ နေအိမ်ရှိနံရံကပ်ထားရှိသော SafeGuard မှအပူလွန်ကဲပြီး မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပြီး နေ့ လည် ၁နာရီ ၃၂ မိနစ်တွင် မီးငြှိမ်းနိုင်ခဲ့ကြောင်းပန်းဘဲတန်းရဲစခန်းမှသိရသည်။

အဆိုပါမီးလောင်မှုတွင် ကျောက်တံတားမှမီးသတ်ယာဉ်တစ်စီးနှင့်ပန်းဘဲတန်းမှမီးသတ်ယာဉ်တို့ ဖြင့်မီးငြှိမ်းသတ်ခဲ့ပြီးမီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုး ၁၁၅၀၀ ကျပ်ဖြစ်ကြောင်း၎င်းထံမှထပ်မံသိရှိရသည်။

မီးလောင်မှုကြောင့် အိမ်ထောင်ဦးစီးဖြစ်သူ ဒေါ်မိုးသီရိဆွေအား ပန်းဘဲ တန်းရဲစခန်းမှ (ပ)၁၃၃/၁၄ ပုဒ်မ ၂၈၅ ဖြင့်အရေးယူထားကြောင်း ပန်းဘဲတန်းရဲစခန်းမှသိရသည်။

ဇေဝေယံ
Popular Myanmar News

ကေအိုင်အေ၏ နှိပ်စက်ဒဏ်မခံနိုင်၍ ပြည်သူတွေမှ ကြီး ၄ ကြီးသို့ အိတ်ဖွင့်စာပေးစာ


သမ္မတကြီးနဲ့တကွ ကာချုပ်ကြီး လွှတ်တော်နာယကကြီး လူထုခေါင်းဆောင်ကြီး မီဒီယာကြီးများနဲ့ ပြည်သူလူထုကြီး ခင်ဗျား။

ကျွန်တော်ကတော့ လားရှိုးမှာ ပြောင်းရွှေ့နေထိုင်နေတဲ့ လီဆူးတိုင်းရင်းသားတစ်ဦးပါ။ လွန်ခဲ့တဲ့ ၂ ရက် ၃ ရက် ကစပြီး ဒီနေ့အထိ ကျွန်တော့်ဇာတိ တာလတ်ကျေးရွာက ကျန်ရစ်တဲ့ ကျွန်တော့်အမျိုးတွေနဲ့ အခြားကျေးရွာသားတွေ လာရှိုးဘက်ကို တဖွဲဖွဲထွက်ပြေးလာခဲ့ကြပါတယ်။ ဖြစ်ပုံကတော့ကျွန်တော်တို့ ပလောင်ဒေသမှာ တအောင်းဝ် လက်နက်ကိုင်အဖွဲ့က တစ်အိမ်ထောင် လူတစ်ယောက်နှုန်းနဲ့ အတင်းအဓမ္မ လူသစ် စုဆောင်းနေကြလို့ပါ။ ဒါတင်မက စစ်မှုထမ်းဆောင်ခွင့်က ကင်းလွတ်ခွင့်ပြုဖို့ သွားတောင်းပန်တဲ့ ကျေးရွာလူကြီးနဲ့ သူ့တူလေးကို ရက်ရက်စက်စက် သတ်ပစ်လိုက်ပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ဒေသမှာ ခုလိုမျိုး လက်နက်အားကိုးနဲ့ အနိုင်ကျင့်သတ်ဖြတ်တာ လွန်လွန်းပါတယ်။

ကျွန်တော်တို့လီဆူးတွေဟာ ကိုယ့်ဝမ်းစာကို အေးအေးချမ်းချမ်း ရှာစားချင်ကြသူတွေပါ။ လက်နက်ကိုင်ရမှာ ကိုလည်း မလိုလားပါဘူး။ ရိုးရိုးသားသားပဲနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လီဆူးတွေကို ကချင်တွေ ကလည်း အရမ်းနှိမ်ပါတယ်။ ကချင်ပြည်နယ်သားပေမယ့် ကချင်လူမျိုးစုစာရင်းလည်း မသွင်းပါဘူး။ ဂျိမ်းဖောယောက်ျား တစ်ယောက်က ကျွန်တော်တို့ လီဆူးမတစ်ဦးကို ယူမိရင်တောင် ၇ နှစ်လောက် ဘုန်းနိမ့်တယ်လို့တောင် နှိမ့်ချ ဆက်ဆံခဲ့တဲ့ကောင်တွေပါ။ ကေအိုင်အေနဲ့ အစိုးရတပ်တွေ တိုက်တုန်းကလည်း ကျွန်တော်တို့ကို ရှေ့ဆုံးကနေ အသေခံခိုင်းဖို့ ကေအိုင်အေက ခုလိုမျိုး အတင်းလူသစ်စုပါတယ်။ ကျွန်တော်တောင် အရှောင်ကောင်းလို့ လွတ်ခဲ့တာပါ။ အဲဒီတိုက်ပွဲတွေမှာ ကျွန်တော်တို့အမျိုးတွေ အများကြီးသေပါတယ်။ စစ်ပညာလည်း မကျွမ်းကျင် စစ်တိုက်ဖို့လည်း စိတ်မပါတော့ တိုက်ပွဲဖြစ်တိုင်းမှာ ကျွန်တော်တို့လီဆူးတွေ အထိနာပါတယ်။

သူတို့တွေက အခိုင်အမာ ကွန်ဂရစ် လှိုဏ်တွေထဲမှာနေပြီး ကျွန်တော်တို့ကိုတော့ စခန်းတွေပေါ်ကနေ ထွက်ပြေးမရအောင် ဘိန်းကျွေး၊ သံကြိုးခတ်ပြီး စတေးခဲ့တာပါ။ မတိုက်ချင်တော့လို့ ထွက်ပြေးရင်လည်း မိတဲ့အခါ ရက်ရက်စက်စက် သတ်ပါတယ်။ ဒီဖြစ်စဉ်မှာ နောက်ကွယ်က ကေအိုင်အေရှိနိုင်တယ်လို့ ကျွန်တော်တို့တစ်တွေ ယူဆနေပါတယ်။ လူသစ်တွေအဓမ္မစုလို့ သိက္ခာကျ အရှက်ရနေတဲ့ ကေအိုင်အေက သူ့လက်ဝေခံ တအောင်းဝ်တပ်ကို တစ်ဘက်လှည်နဲ့ လူသစ်စုခိုင်းတယ်လို့လည်း သုံးသပ်နေကြပါတယ်။ ကျွန်တော်တို့မှာ ကေအိုင်အေလည်းကြောက်ရ ကေအိုင်အေ တပည့်ခံထားတဲ့ တအောင်းဝ် တပ်ကလည်း ခုလိုလုပ်လာတာမို့ ဆူးကြားကဘူးခါးဖြစ်နေပြီး ပြေးစရာ မြေမရှိ၊ လုပ်စရာ လယ်မရှိနဲ့ ကျီးလန့်စာစား နေထိုင်သွားလာနေရတော့မယ့် ဘ၀မျိုးရောက်နေပါပြီင်္။ ခုကျွန်တော်တို့ ရွာက အဖွဲ့တွေ လားရှိုးနားက အီနိုင်း ကျေးရွာမှာ ရောက်ရှိနေပါတယ်။

ကျွန်တော်မနေ့က ဆိုင်ကယ်နဲ့သွားကြည့်တော့ ရွာလုံးကျွတ်နီးပါး လူ ၂၀၀ ကျော်လောက် ထွက်ပြေး လာတာတွေ့ရပါတယ်။ အ၀တ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာကြရတော့ စားစရာသောက်စရာနဲ့ နေစရာ ထိုင်စရာတွေ အခက်အခဲဖြစ်နေကြပါတယ်။ အဲဒီထဲမှာ ကျောင်းနေအရွယ် ကလေးငယ်တွေပါပါတယ်။ မကြာခင် ကျောင်းတွေပြန်ဖွင့်တော့မှာမို့ ခုလိုမျိုးအခြေနေဆိုးကြောင့် ကလေးတွေအနာဂတ်ရေးဟာလည်း ရင်လေးစရာ ကောင်းနေပါတယ်။ လူကြီးတွေကလည်း ကိုယ့်ရပ်ကိုယ့်ရွာကို မစွန့်ခွာချင်ပေမယ့် ဘယ်ချိန် အသတ်ခံရမယ်မှန်း မသိတဲ့နေရာကို ပြန်မသွားရဲကြတော့ဘူးလို့ ကျွန်တော့်ကို ရင်ဖွင့်ကြပါတယ်။

ကျွန်တော်တို့ ရွာသားတွေရဲ့ဒုက္ခကို လျစ်လျုရှုမထားကြပါနဲ့ခင်ဗျား။ လက်နက်ကိုင် လူမျိုးစုကြီးတွေက လက်နက်မဲ့ လူမျိုးစုငယ်တွေအပေါ် ခုလိုမျိုး ဆိုးဆိုးဝါးဝါး အနိုင်ကျင့်နေတာတွေကို ကာကွယ်ပေးပါခင်ဗျာ။ အဖြစ်မှန်ကို ဖော်ထုတ်ပြီး ဥပဒေအရဆောင်ရွက်ပေးပါ။ ကျွန်တော်တို့ကြားက အကြောက်တရားတွေကို ပြေပျောက်ဖို့ ဖြစ်နိုင်ရင် ပြတ်ပြတ်သားသားဆုံးမပြီး ထိထိရောက်ရောက်အရေးယူပေးပါ။ လတ်တလော ကြုံတွေ့နေရတဲ့ အခက်အခဲ တွေကိုလည်း နိုင်ငံတော်နဲ့ လူကြီးမင်းတို့အပိုင်းက ၀ိုင်းဝန်းဖြေရှင်းပေးပါခင်ဗျား။ ခုလိုမျိုး ကြီးနိုင်ငယ်ညှင်းမှုတွေ ထာဝရ ပပျောက်အောင် နည်းလမ်းမျိုးစုံသုံးပြီး စောင့်ရှောက်ပေးကြပါ ခင်ဗျား။ လွှတ်တော်မှာလည်း အဆိုတင်သွင်းပြီး ရှုတ်ချ ပေးကြပါခင်ဗျား။

အမျိုးသားရင်ကြားစေ့ရေးကို ဦးစားမပေးဘဲ ဖျက်လိုဖျက်ဆီးနဲ့ တစ်ဘက်စောင်းနင်းလုပ်နေတဲ့ လက်နက်ကိုင် အဖွဲ့တွေကို မီဒီယာတွေပိုင်းကလည်း လျစ်လျုရှုမထားကြပါနဲ့ ခင်ဗျား။ ဖြောင့်ဖြောင့်မှန်မှန် ရပ်တည်ပြီး အားလုံး သိအောင် ဖော်ထုတ်ပေးကြပါခင်ဗျား။ DVB ကတော့ ဧပြီ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ ပြည်သူ့ဘက်ကရပ်တည်ပြီး တင်ပြသွားပြီလို့ ကြားသိရပါတယ်။ လူကြီးမင်းတို့လည်း အဖိနှိပ်ခံရသူတွေဘက်က ကလောင်တာဝန်ကျေပေးကြပါလို့ အားကိုးတိုက်တွန်းရင်း….။

မုရှောက်ပို့( လားရှိုး )

အုပ်ချုပ်ရေး အဖွဲ့အစည်းများကို တိုင်ကြားစာ သုံးလအတွင်း၂၀၀ ကျော်ရှိဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဆို


ရန်ကုန်၊ ဧပြီ ၂၃

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ပတ်သက်ပြီး ပြည်သူလူထုက သုံးလအတွင်း တိုင်ကြားစာပေါင်း ၂၀၀ ကျော်ကို ပေးပို့ တိုင်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက ပြောကြားသည်။

ဧပြီလ ၂၃ ရက်နေ့တွင် ပြုလုပ်သော ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပြည်သူများက လွှတ်တော်ရုံးသို့ ပေးပို့လာသော တိုင်ကြားစာများနှင့် ပတ်သက်ပြီး ရှင်းလင်းစဉ် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းတိုင်ကြားစာများသည် ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ တိုင်စာပေါင်း၂၁၀ ရှိကြောင်း ဦးစိန်တင်ဝင်းက ပြောကြားသည်။

သို့သော်လည်း တိုင်ကြားစာများကို မည်သို့ ဖြေရှင်းကြောင်းနှင့် တိုင်ကြားစာများသည် မည်သည့် အုပ်ချုပ်ရေး အဖွဲ့အစည်းများကို ရည်ညွန် တိုင်ကြားထားသည်ကိုမူ ထည့်သွင်း ပြောဆိုသွားခြင်း မရှိပေ။

ယင်းသို့ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌထံသို့ တိုင်ကြားစာများ ပေးပို့သော်လည်း တာဝန်ယူ ကိုင်တွယ် ဖြေရှင်းမည့် ကော်မတီ မရှိသောကြောင့် ထိရောက်မှု နည်းပါးကြောင်း ဗဟန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

“လွှတ်တော်ဥက္ကဋ္ဌကနေ တစ်ဆင့် အုပ်ချုပ်ရေး အဖွဲ့အစည်းတွေကို တာဝန်ယူ ဖြေရှင်းဖို့ စာပို့တာ ရှိတယ်၊ ဒါပေမဲ့ ပြည်ထောင်စုလွှတ်တော်လိုမျိုး ဖြေရှင်းမှုတွေကို စောင့်ကြည့်မယ့် ကော်မတီ မရှိလို့ ပွင့်လင်းမြင်သာမှု မရှိ ဖြစ်နေတယ်” ဟု ၎င်းကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးသို့ ပြည်သူများမှ ပေးပို့လာသော တိုင်ကြားစာများမှာ ၂၀၁၁ ခုနှစ်တွင် ၈၃ စောင်၊ ၂၀၁၂ ခုနှစ်တွင် ၁၄၃ စောင်၊ ၂၀၁၃ ခုနှစ်တွင် ၅၈၂ စောင် ရှိကြောင်း ၎င်းကဆိုသည်။

ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းထားသော ပြည်သူတို့၏ တိုင်ကြားစာ ကော်မတီက ၂၀၁၃ ခုနှစ်အတွင်း ပြည်သူများမှ အစိုးရ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ပတ်သက်သော တိုင်ကြားစာ ၅၃၅ မှုတွင် တိုင်ကြားစာ ၁၂၃ မှုကိုသာ ပြည်ထောင်စု အစိုးရအဖွဲ့က ဖြေရှင်းကြောင်း အဆိုပါ ကော်မတီက ဖေဖော်ဝါရီလ နောက်ဆုံးပတ်အတွင်း ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရှင်းလင်း ပြောဆိုထားသည်။

The Voice Weekly 

ထောင်ထဲမှာ အနှစ်နှစ်ဆယ်လောက် ဦးဝင်းတင် ဘယ်လိုရပ်တည်ခဲ့သလဲ


ထားထားမြင့်

ထောင်ထဲမှာ အနှစ်နှစ်ဆယ် လောက် တိုက်ပိတ်အကျဉ်းချခံ ထားရသူတစ်ဦးဟာ ဘယ်လိုများ ရပ်တည်ရှင်သန်နိုင်မလဲ။ ရူးများ သွားမလား။

မည်သို့ပင်ဖြစ်စေ သတင်း စာဆရာကြီး ဦးဝင်းတင်ကတော့ သည်အခြေအနေကို ကောင်း ကောင်းခံနိုင်ရည်ရှိသူတစ်ဦးဖြစ် သည်။ အသက်(၈၅)နှစ်အရွယ် ရောက်ရှိနေသဖြင့် ခန္ဓာကိုယ်က နှလုံးအားနည်းပြီး ကျန်းမာရေး ချို့တဲ့နေရှာသည့်တိုင်အောင် စစ် အစိုးရ၏ နှိပ်စက်ညှဉ်းပန်းမှုများ က သူ၏စိတ်အားထက်သန်မှုများကို ဆုံးရှုံးသွားအောင် မလုပ်နိုင် ခဲ့ပါ။ ပြီးခဲ့သည့်လက တွေ့ဆုံခဲ့ သည့် နှစ်နာရီကြာတွေ့ဆုံမှုတွင် ၎င်း၏ ထောင်တွင်းအတွေ့အ ကြုံများကို ဟာသနှောပြီးပြောပြခဲ့သလို လက်ရှိ မြန်မာနိုင်ငံ ဦးတည်သွားနေသည့် လမ်းကြောင်း အပေါ်မှာလည်း ၎င်း၏အမြင်ကို ပြောပြခဲ့သည်။

ဦးဝင်းတင်သည် သတင်းစာ ဆရာ၊ စာရေးဆရာဘဝဖြင့် အသက်မွေးဝမ်းကျောင်းခဲ့သူဖြစ် ၏။ မြန်မာနိုင်ငံက ထိပ်တန်း သတင်းစာဆရာတစ်ဦးဖြစ်သလို စာရေးဆရာနှင့် ကဗျာဆရာလည်း ဖြစ်သည်။ ၁၉၈၈ ခုနှစ် အရေး တော်ပုံကြီးကို စစ်အစိုးရက ရက် ရက်စက်စက်နှိမ်နင်းခဲ့အပြီးတွင် ၎င်းက ဒေါ်အောင်ဆန်းစုကြည် အား အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို တည်ထောင်ရန် ကူညီခဲ့ သည်။ ၁၉၈၉ ခုနှစ်တွင်မူ ဖမ်းဆီးအကျဉ်းချခံခဲ့ရသည်။

စစ်အာဏာရှင်များက ၎င်း ၏စွမ်းရည်ကိုကြောက်ရွံ့ကြ သဖြင့် တစ်ယောက်တည်းတိုက် ပိတ်အကျဉ်းချခဲ့သည်။ ၎င်းအား စာရေးသည့်ဘောပင်၊ စာရွက် မပေးသလို စာဖတ်ခွင့်လည်းမပေး ခဲ့ပေ။ အကျဉ်းကျနေသူအချင်း ချင်းပင် စကားမပြောနိုင်အောင် တစ်ခါတစ်ရံ သူ၏ဘေးခန်းတွင် တောင် လူမရှိစေရဘဲ အခန်းလွတ် သာထားခဲ့သည်။

၎င်းကို စစ်ဆေးနေစဉ်အတွင်း နေ့နှင့်ညမသိဘဲ အိပ်ရေးပျက် အောင် စစ်ဆေးကာညှဉ်းပန်းနှိပ် စက်ခဲ့သည်။ အကျဉ်းချသည့်အခါ တွင်လည်း စစ်တပ်ကခွေးများ အတွက်ထားသည့် စစ်ခွေးတိုက် တွင် နေရသည်။ ထို့နောက် တိုက် ပိတ်အကျဉ်းခန်းသို့ ရွှေ့ပြောင်းခဲ့ ပြီး သမံတလင်းပေါ်တွင် ဖျာတစ် ချပ်နှင့် အိပ်ခဲ့ရ၏။ စာရေးဘော ပင်နှင့် စာရွက်အစား တိုက်ခန်း တွင်းမှ အုတ်ကျိုးအုတ်ပဲ့များကို ခွာချကာ အမှုန့်လုပ်ပြီး တိုက်ခန်း နံရံမှာ စာရေးခဲ့ရသည်။

၂၀၀၅ ခုနှစ်တွင် ဒီမိုကရေစီ ရေးလှုပ်ရှားသူများက နိုင်ငံရေး အကျဉ်းသားများကို ထောက်ခံ သည့်အနေဖြင့် အကျဉ်းသားတို့၏ ဝတ်စုံဖြစ်သော အဖြူရောင်ဝတ်စုံ ဝတ်ဆင်ရေးလှုပ်ရှားမှုပေါ်ပေါက် ခဲ့သည်။ ထိုအခါ အဖြူရောင်ဝတ် သော လူများအားလုံးကို ဖမ်းဆီး ရန် မဖြစ်နိုင်သောအခါ စစ်အာ ဏာပိုင်တွေက ထိုဖြစ်ရပ်ကိုနည်း လမ်းတစ်ခုဖြင့် ဖြေရှင်းခဲ့သည်။ ယင်းနည်းလမ်းမှာ ထောင်အကျဉ်း သားဝတ်စုံများကို အပြာရောင်သို့ ပြောင်းလဲလိုက်ခြင်းဖြစ်သည်။

အကျဉ်းထောင်အတွင်းမှာ နှစ်ကြာလေလေ တင်းကျပ်သည့် အနေအထားများက တဖြည်းဖြည်း လျော့လာလေဖြစ်သည်။ ၎င်းကိုလည်း နောက်ဆုံးအိပ်စရာခုတင် တစ်ခုပေးခဲ့သည်ဟု ဦးဝင်းတင်က ပြောပြသည်။ ၎င်းက ခုတင်စွန်းပေါ်တက်ပြီး လှေကားထစ် လိုအသုံးချကာ တိုက်ခန်း၏ အမြင့်ဆုံးနေရာဖြစ်သော သံတိုင် ကာထားသည့် ပြတင်းပေါက်ဆီ သို့တက်၏။ ထိုနေရာမှနေပြီး ဘေးတိုက်ခန်းများက အကျဉ်းသား များကို တစ်ခါတလေ လှမ်းခေါ် သည်။ အခြားအချိန်များတွင် တော့ နံရံကိုခေါက်ပြီးဆက်သွယ် ကြရသည်။

နောက်ပိုင်းနှစ်များမှာတော့ တိုက်ပိတ်အကျဉ်းကျခြင်းမှ လွှတ် ပေးခဲ့ပြီး အခြားအကျဉ်းကျသူများ နှင့် အဆက်အသွယ်လုပ်ခွင့်ပေးခဲ့ သည်ဟု ဦးဝင်းတင်က ဆိုသည်။ ထောင်ကြပ်တွေက ၎င်းအား နိုင်ငံ ရေးစကားပြောခွင့်မပေးခဲ့သော် လည်း သီတင်းပတ်နှစ်ပတ်လျှင် ၁၅ မိနစ်ခန့် ဧည့်သည်နှင့် စကား ပြောခွင့်ရ၏။ ထိုအခြေအနေတွင် အခြားအကျဉ်းကျနေသူတို့က ထောင်ထဲကို ရေဒီယိုတစ်လုံးခိုး သွင်းလာပြီး အကျဉ်းထောင်ထဲ တွင် သတင်းစာတစ်စောင်ထုတ် ဝေခဲ့သည်။

၂၀၀၅ ခုနှစ်က မကြာမီ လွှတ်ပေးတော့မည်ဟုပြောကြား ခြင်းခံရသည့် အခြားအကျဉ်း သားတွေနှင့်အတူ ဦးဝင်းတင်ကို ပါ အာဏာပိုင်တွေက ခေါ်ထား သည်။ ထောင်တံခါးဝနောက်တွင် ၎င်းနှင့်အတူ မိတ်ဆွေအကျဉ်း သာများကို ပြည်ထဲရေးဝန်ကြီး နှင့်တွေ့ဆုံရန် စောင့်ခိုင်းထား၏။ အခန်းကျဉ်းလေးထဲတွင် စောင့် စားခြင်းဖြစ်သည်။ သို့သော် ပြည် ထဲရေးဝန်ကြီးက ရောက်မလာ ခဲ့ပေ။ ၎င်းတို့လည်း အခန်းထဲကို ပင် ပြန်ပို့ခြင်းခံရသည်။

နောက်ထပ်သုံးနှစ်ကြာပြီးမှ ဦးဝင်းတင်တကယ်လွတ်မြောက် လာခဲ့သည်။ လွတ်မြောက်ချိန်တွင် ထောင်ဝတ်စုံမချွတ်သဖြင့် နောက် ဆုံးအချိန်ထိ ထောင်ဝတ်စုံချွတ် ပေးရန် ဝိုင်းဝန်းဖျောင်းဖျသည်။ ထိုအခါ ၎င်းက အကယ်၍ ထောင် ဝတ်စုံချွတ်ရပါကလည်း အရပ် ဝတ်လဲမည်မဟုတ်ဘဲကိုယ်တုံး လုံးပဲသွားမည်ဟုသာ ပြောခဲ့ သည်။ နောက်ဆုံးတော့ အာဏာ ပိုင်တွေ အလျှော့ပေးလိုက်ရ သည်။ ထိုထောင်ဝတ်စုံကို ယခု အခါ သူ့အမျိုးများအိမ်ကသေတ္တာ ထဲတွင် သိမ်းဆည်းထားသည်။

အကျဉ်းထောင်ကလွတ် မြောက်ပြီး လေးနှစ်ကြာသည့်တိုင် အောင် ဦးဝင်းတင်က ထောင် ဝတ်စုံအရောင်ဖြစ်သည့် အပြာ ရောင်ရှပ် အင်္ကျီကိုဝတ်ဆင်ထား ဆဲဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်းက အခြားနိုင်ငံရေးအကျဉ်းသားများ မလွတ်မြောက်မချင်း အခြား အရောင်ကို ဝတ်ဆင်မည့်သူ မဟုတ်ပေ။

(ဝါရှင်တန်ပို့စ်သတင်းစာတွင် ဖော်ပြခဲ့ဖူးသော ဆောင်းပါးရှင် Simon Denyer ၏ How former Burmese political prisoner Win Tin survived 20 years in jail ဆောင်းပါးကို ထားထားမြင့် ဘာသာပြန်ဆိုသည်။)

7daynews

ဟံသာဝတီဦးဝင်းတင်နှင့် ထောင်ထဲတွင်အတူနေခဲ့သည့် အေးနေ၀င်း၏အမှတ်တရစကား


ချစ်စရာကောင်းသော အဘိုးကြီးတစ်ယောက် ထောင်ထဲတွင် ကျွန်တော်နှင့် ညီအလတ်ကိုကျော်တို့ တည်းခိုခဲ့စဉ် ညီအငယ်ဆုံး ကိုဇွဲထံ သို့ စာအုပ်တစ်အုပ် လက်ဆောင်ရောက်လာသည်။
ညီအစ်ကိုသုံးယောက်စလုံးအတွက် လက်ဆောင်ပေးလာသော စာအုပ်ဖြစ်၏။

ကိုဇွဲနှင့် ညီအစ်ကိုများ-သို့ စာရေးသူထံမှ ဟံသာဝတီဦးဝင်းတင် ၂၆-၃-၂ဝ၁၃ ဟူ၍ ရေးထိုးထားသည်။
အဘဦးဝင်းတင်က ကျွန်တော်တို့ မတိုင်ခင် လွတ်နှင့်နေပြီမို့ ထောင် အကြောင်းရေးထားသော စာအုပ်ထွက်လာရာ သူနှင့် ကျွန်တော်တို့ အကြောင်းရေးထားသော စာအုပ်ထွက်လာရာ သူနှင့် ကျွန်တော်တို့ အကြောင်း အမှတ်တရ တွေ့ခဲ့ပုံလေးများ ထည့်ရေးထားသဖြင့် ဖတ်စေ ချင်လို့ဟု ဆိုသည်။
မနေ့က အလွမ်းပြေပြန်ဖတ်မိလိုက်တော့ ဆို့နင့်မှုတစ်ခုကို ခံစား လိုက်ရသည်။

ဦးဝင်းတင်ပြန်ကြားရေးဌာနတွင် အရာရှိကြီးတစ်ဦးအဖြစ် မန္တလေး ၌ တာဝန်ကျစဉ်က ကျွန်တော်တို့အဘိုးက နန်းတော်ထဲသို့ဖိတ်ကာ ထမင်း ကျွေးရင်း စကားစမြည်ပြောကြကြောင်းကို လူတော်တော်များများ သိသည်။

လူသိနည်းသည်မှာ တစ်ခါက ဦးဝင်းတင်သည် အစိုးရတာဝန်တစ်ခု ဖြင့် လန်ဒန်မြို့သို့ ရောက်နေတုန်း ကျွန်တော်တို့ မိသားစုကလည်း ခရီးစဉ်တစ်ခုနှင့် ရောက်သွားသည်။ လန်ဒန်တွင် မြန်မာအရာရှိများ ခရီး ထွက်လာသည့်အခါတွင် ဈေးချိုချိုနှင့် အိမ်အပြန်လက်ဆောင်များဝယ်လေ့ ရှိသော Sheppard's Bush ဆိုသောဈေးရှိသည်။

ထိုဈေးသို့ ဦးဝင်းတင်နှင့် ဆရာကြီးတက်တိုးတို့ ရောက်နေကြချိန် သူတို့ကို လိုက်ပို့သော မြန်မာသံရုံးက အရာရှိက အဘိုးကခေါ်၍ သံရုံး ဧည့်ဂေဟာကို မြန်မြန်ပြန်လာကြဖို့ ဖုန်းဆက်လာကြောင်း ပြောသည်။ ဦးဝင်းတင်က ဖုန်းပြန်ဆက်ကာ ဟိုတယ်ပြန်ပြီး အဝတ်အစားလဲပါရစေဆို သည်ကို ကျွန်တော်တို့အဘိုးက နေပစေဟုဆို၏။
ဆရာကြီးများရောက်လာပြီးနောက် အဘိုးနှင့် မိုးလင်းခါနီးအထိ စကားပြောကြသည်။

ထူးသည်က ထိုနေ့ ဆရာတက်တိုး (ဦးအုန်းဖေ)ဝတ်လာသည့် ဝတ်စုံမှာ လေဟာပြင်ဈေးက ပြန်လာတာဖြစ်သောကြောင့် ခပ်နွမ်းနွမ်းဖြစ် နေသည်။

ထိုအချက်ကို မြင်သောအဘိုးက ''ကိုအုန်းဖေရယ်၊ ခင်ဗျားမလဲ အဝတ်ဝတ်တာ ပေစုတ်စုတ်ဖြစ်နေလိုက်တာ၊ နောက်ကို မဖြစ်တော့ဘူး၊ ကျွန်တော်တို့ဆီကလူတွေ နိုင်ငံခြားလာရင် သူများ အထင်မသေးရအောင် ဝတ်စုံကောင်းကောင်းချုပ်ပေးလိုက်မှ ဖြစ်မယ်''ဟုဆိုကာ လောလော ဆယ် ဆရာတက်တိုးအတွက် ဘိလပ်မှာ အင်္ကျီချုပ်ပေးသည်။

သို့သော် လူသားတစ်ဦးအဖြစ် ချစ်စရာကောင်းသော ဦးဝင်းတင်ကို ကား အမှန်တကယ်တွေ့ဖူးသူများကသာ သိနိုင်သည်။ ဟယ်ရီပေါ်တာ ပုံပြင်စာအုပ်များ၊Peopleကဲ့သို့သော အပျော်ဖတ်စာစောင်များကို ဖတ် တတ်သော နူးညံ့သည့်ဦးဝင်းတင်၊ သီချင်းဆိုတတ်သော ဦးဝင်းတင်ကို တွေ့ဖူးကြပါက လေးစားကြည်ညိုသည့်အပြင် ပိုချစ်ကြလိမ့်မည် ထင် သည်။

ထောင်ထဲတွင် သူနှင့် ကျွန်တော်တို့ ညီအစ်ကိုများ တစ်ဦးနှင့်တစ်ဦး စိတ်သက်သာရာရအောင် စာအကြောင်း ပေအကြောင်း ပြောခဲ့တာမျိုးများ ရှိသလို နိုင်ငံရေးအကြောင်းများကိုလည်း ဆွေးနွေးဖြစ်သည်။

သို့သော် ကျွန်တော်တင်ပြလိုသည်မှာ အဘဦးဝင်းတင်ရေးသည့် ဘာလဲဟဲ့လူ့ငရဲ စာအုပ်ထွက်လာသောအခါ ထောင်ထဲတွင် ကျန်နေသူများ အား ငဲ့ညှာစိတ်ဖြင့် သူလွတ်သည့်နေ့က မပြန်ဘူးလုပ်နေခဲ့သည်။ နံနက် ပိုင်းစောစောလွတ်ဖို့ရှိသည်ကို ညနေအထိ ပေကပ်ကာနေသွားသည့် အာဂအဘိုးကြီးပင်တည်း။ သူမသွားလိုသည့်အကြောင်းမှာ သူ့ကိုအိုနာကျိုး ကန်းအဖြစ်တော့ လွှတ်မှာကိုလက်မခံဟု ဆိုသည်။ ပြောလိုသည်မှာ အသက်ကြီးလို့ သနားစရာအဖြစ် လွှတ်ပေးတာ လက်မခံလိုသည့်သဘော ဖြစ်၏။ နိုင်ငံရေးသမားကို နိုင်ငံရေးလုပ်ဖို့ လွှတ်သင့်သူအဖြစ် သတ်မှတ် လွှတ်မှ သွားမည်ဟုဆိုခဲ့ခြင်းဖြစ်သည်။

ညနေပိုင်း ဒုညွှန်ချုပ်လာတော့ ကျွန်တော်တို့နှင့် လာထိုင်နေသည်။ နှစ်ယောက်တည်း အတွေ့မခံ။ ဦးဝင်းတင်က သူ့ကိုနိုင်ငံရေးလုပ်ဖို့ လွှတ်ပါသည်ဆိုပါမှ ပြန်သွားသည်။ ကျွန်တော်တို့ သားအဖလေးယောက်ကို သက်သေထားကာ ပြောသွားမှ သူပြန်ခဲ့သည်။ နောက်ကို အကျဉ်းဦးစီး ဒုညွှန်ချုပ်က သူ့ကို မပြောပါ ဘူးဆိုလို့ မရအောင် သက်သေခံခိုင်းထားသည်မို့ အခုလို သူဆုံးချိန်တွင် ဖော်ကောင်လုပ်ကာ သက်သေလိုက်ပေးရခြင်းဖြစ်သည်။
နောက်နောင်လာ သော လွတ်ငြိမ်းချမ်းသာခွင့်အမိန့်တို့တွင် နိုင်ငံတော်အတွက် တစ်ဖက် တစ်လမ်းမှ ပါဝင်ဆောင်ရွက်ရန်ဟု ဖော်ပြလာခြင်းမှာ ထိုအတွက်ကြောင့် ဖြစ်သည်။ အဘဦးဝင်းတင် မရစ်ခင်ကဆိုလျှင် သနားငဲ့ညှာသဖြင့်တို့ ဘာတို့လောက်သာ ကြေညာတာ ဖြစ်သည်။ ထောင်ကထွက်ပြီး အပြင် ရောက်လို့ မကြာမီ နေအိမ်အကျယ်ချုပ်ကျနေသော ကျွန်တော်တို့မိခင်ကို သူဆက်သွယ်သည်။ ဆက်သားမှတစ်ဆင့် သားအဖများ ကျန်းမာကြောင်း သတင်းပေးသည်။

အပြင်ရောက်ပြီးနောက်ပိုင်းတွင်လည်း ကျွန်တော်တို့ တွေ ထောင်ဝ်စာတွေ့ခွင့်လုံးဝမရသည့်ကိစ္စကို မကျေနပ်ကြောင်းပြောကာ အရေးဆိုရှာသည်။ သူ့စာအုပ်တွင် အမေ့ထံဆက်သွယ်ပုံကိုလည်း ကြား လူတွေ ပြဿနာမဖြစ်ရလေအောင် ဖုံးဖုံးဖိဖိ ရေးသွားရှာသည်မှာ ချစ်စရာ ကောင်းလှသည်။
အဘဦးဝင်းတင်က . . .
ယနေ့တော့ ဦးဝင်းတင်မရှိတော့ပြီ၊
သူကြိုက်သော မုန့်လေးများ ကို ကျွန်တော်သွားကန်တော့လည်း သူမစားနိုင်တော့ပြီ၊ ကျွန်တော်က တော့ အခုတိုင် သူသေသည်ဆိုသည့်အကြောင်းကို လက်မခံနိုင်သေး။
ဘောက်ထော်ဘက်ရောက်လို့ သူ့အိမ်ဝင်ဖြစ်လျှင် ပြုံးရွှင်သော မျက်နှာနှင့် ဆီးကြိုနေဦးမည်ဟု မဟုတ်မှန်းသိသော်လည်း မှတ်ထင်နေတော့သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်) 

ဆီးရီးယားတွင် အကူအညီပေးမှုများကို အဖွဲ့အစည်းအားလုံးမှ ပိတ်ပင်နေကြောင်း ဘန်ကီမွန်း ပြော


ဧပြီ ၂၄။

ဆီးရီးယား ပြည်တွင်းစစ်အတွင်းရှိ အဖွဲ့အစည်းအားလုံးသည် လူသားချင်းစာနာ ထောက်ထားကူညီသော ပစ္စည်းများအပေါ်တွင် ပိတ်ပင်ထားကြပြီး နိုင်ငံတကာ ဥပဒေကို ချိုးဖျက်နေကြကြောင်း ကုလအထွေထွေ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းက စွပ်စွဲပြောဆိုခဲ့သည်။

ပိုမိုပြီး ထောက်ပံ့ကူညီမှုများ ပြုလုပ်ရန်အတွက် မစ္စတာ ဘန်ကီမွန်းမှ လုံခြုံရေးကောင်စီအား ဖေဖော်ဝါရီလတွင် ချမှတ်ခဲ့သော ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် တောင်းဆိုထားခဲ့သည်။

ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး လုံခြုံရေးကောင်စီအား ဒုတိယအကြိမ် အစီရင်ခံမှုတွင် မစ္စတာ ဘန်ကီမွန်းမှ ပြည်တွင်းစစ်အတွင်းတွင် လူပေါင်း ၃၅ သန်းခန့်မှာ ဆေးဝါးပစ္စည်းများနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ အပါအဝင် အရေးတကြီး လိုအပ်သော အထောက်အကူ ပစ္စည်းများကို ရရှိမှု ငြင်းပယ်ခံနေရကြောင်း ပြောဆိုသွားခဲ့သည်။

ဆီးရီးယား ပြည်တွင်းစစ်အတွင်းတွင် လူပေါင်း တစ်သိန်းခွဲခန့် သေဆုံးခဲ့ကြကြောင်း တက်ကြွလှုပ်ရှားသူများမှ ပြောဆိုကြသည်။ စစ်ပွဲ အခြေအနေ ပိုမိုဆိုးရွားလာသည့်အတွက် လူသန်းပေါင်းများစွာမှာလည်း အိမ်ယာများကို စွန့်ခွာထွက်ပြေးခဲ့ကြရသည်။

လုံခြုံရေး ကောင်စီအနေဖြင့် မည်ကဲ့သို့ ဆောင်၇ွက်မှုများကို ပြုလုပ်ရမည် ဖြစ်ကြောင်း မစ္စတာ ဘန်ကီမွန်း၏ အစီရင်ခံမှုတွင် ရှင်းလင်းထားခြင်း မရှိပေ။

သို့ရာတွင် လုပ်ငန်းလုပ်ဆောင်မှုများအတွက် ဆီးရီးယားသည် အလွန်အမင်း စိန်ခေါ်မှုများ တည်ရှိနေကြောင်းကိုလည်း မစ္စတာ ဘန်ကီမွန်းမှ ပြောဆိုခဲ့သည်။ အခြေအနေများမှာ ပိုမိုဆိုးရွားလာနေကြောင်း၊ လူထောင်ပေါင်းများစွာမှာ လိုအပ်သည့် အသက်ကယ် ဆေးဝါးများ အပါအဝင် ဆေးဝါးထောက်ပံ့မှုများ၊ အထောက်အကူပစ္စည်းများကို ရရှိခြင်း မရှိကြောင်း ပြောကြားခဲ့သည်။

ဆီးရီးယားစစ်ပွဲကို နိုင်ငံရေးအရ ဖြေရှင်းရန် မျှော်လင့်ချက်မှာ မှိန်ဝါးခဲ့ပြီ ဖြစ်ကြောင်းနှင့် တိုက်ပွဲများကြား ပိတ်ဆို့မိနေသော အရပ်သူအရပ်သားများအတွက် ထောက်ပံ့ကူညီရေး ပစ္စည်းများ ပို့ဆောင်မှုမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာကြောင်း ကုလသမဂ္ဂ၏ လူသားချင်း စာနာထောက်ထားမှု အဖွဲ့ အကြီးအကဲ ဗလာရီ အေးမို့စ်မှ  ဗုဒ္ဓဟူးနေ့  အစောပိုင်းတွင် ပြောကြားခဲ့သည်။

ဆီးရီးယား သမ္မတ ဘာရှားအယ်လ်အာဆတ်ကို ပြစ်ဒဏ်ခတ်ရန်အတွက် ဗြိတိန်၊ အမေရိကနှင့် ပြင်သစ်တို့မှ လုပ်ဆောင်ရန် ဆန္ဒရှိသော်လည်း ရုရှားမှ ဟန့်တားဆောင်ရွက်သွားလိမ့်မည် ဖြစ်ကြောင်း ဘီဘီစီ သတင်းထောက်မှ ပြောကြားခဲ့သည်။

ဆီးရီးယားရှိ တော်လှန်ပုန်ကန်မှုများမှာ မတ်လ ၂၀၁၁ ခုနှစ်တွငှ် ဆန္ဒပြသူများအပေါ်တွင် လုံခြုံရေးတပ်ဖွဲ့များ၏ ပစ်ခတ်ခဲ့မှုမှ စတင်ခဲ့ခြင်း ဖြစ်သည်။

ဆီးရီးယားနိုင်ငံတွင် ၎င်းကာလကတည်းက စတင်ခဲ့သော ပြည်တွင်းစစ်သည် အစ္စလာမ်မစ်နှင့် အယ်ကိုင်ဒါ အဆက်အသွယ်ရှိ ဂျီဟတ် အဖွဲ့များ အပါအဝင် သောင်းကျန်သူအဖွဲ့များမှ မြို့များနှင့် နိုင်ငံ့ဒေသများကို ထိန်းချုပ်နိုင်ရန် အစိုးရနှင့် ရင်ဆိုင်တိုက်ခိုက်ကြသော တိုက်ပွဲများအဖြစ် ပြောင်းလဲသွားခဲ့သည်။

Ref: BBC
The Myanma Age

မကြာခင်ထွက်ရှိတော့မယ့် နေနေရဲ့ နည်းနည်းလေးမှမဝေးချင်ဘူး


စန္ဒီ

နေနေ့ရဲ့ ဒုတိယ တစ်ကိုယ်တော်အခွေကို ဒီနှစ်ထဲမှာ ထွက်နိုင်အောင်လို့ ကြိုးစားနေပါတယ်လို့ သိရတာကြောင့် အခွေအကြောင်း သိလိုတာတွေကို သူမကို မေးမြန်းကြည့်လိုက်တဲ့အခါ ‘ဒီအခွေမှာက ရှေ့က ထွက်ခဲ့တဲ့ ဆူးစူးသူ အခွေထဲက မြူးဇစ်ပုံစံမျိုးချည်းပဲမဟုတ်ပဲ အပြောင်းအလဲ လေး လုပ်ထားပါတယ်။ ပရိသတ် စိတ်ဝင်စားအောင်လို့ ဟစ်ဟော့ပ်သီချင်းပုံစံတွေ ပါတယ်။ Jazz ပုံစံပါတယ်။ အစုံပါပဲ။ မတူညီတဲ့ပုံစံလေးတွေ လုပ်ထားပါတယ်။ သီချင်းအေးအေးလေးတွေလည်း ပါပါမယ်။ အခွေနာမည်ကို နည်းနည်းလေးမှမဝေးချင်ဘူး လို့ပေးထားပါတယ်။ ဒီအခွေထဲမှာ မင်းမရှိတဲ့နေ့ ဆိုတဲ့ အစ်မကိုယ်တိုင်ရေးထားတဲ့ သီချင်းတစ်ပုဒ် ပါမယ်။ မင်းမရှိတဲ့နေ့သီချင်းလေးကို ကိုဥက္ကာက သူကိုယ်တိုင် Programming နဲ့ တီးပေးထားတာ။ Only Piano ပေါ့နော်။ Only Piano ကိုမှ Effect တွေထည့်ထားတာ တော်တော်ကောင်းတယ်။ အစ်မကတော့ အဲဒီ့သီချင်းကို စိတ်တိုင်းကျ ပါတယ်။ ပရိသတ်ကြီး သီချင်းကောင်းလေးတွေ နားထောင်ရမယ်လို့ မျှော်လင့်ပါတယ်။ ပရိသတ်ကို နေနေ အမြဲတမ်း လေးစားပါတယ်။ နေနေ အနုပညာအလုပ်တွေ အပေါ်မှာ အကောင်းဆုံးဖြစ်ဖို့ ကြိုးစားသွားမှာပါ။ အဲဒီ့အတွက်အားပေးပါ’လို့ သူမက ဆိုပါတယ်။

Trend Myanmar

တောင်ကိုးရီးယားမှာ မျက်နှာခွဲစိတ်ပြုပြင်ခဲ့တဲ့ နိုင်ငံခြားသားတွေ ပတ်စ်ပို့ စစ်ဆေးရာမှာ ရုပ်မတူတဲ့အတွက် ဒုက္ခရောက်နေ


Angel

တောင်ကိုရီးယားနိုင်ငံဟာ အခုဆိုရင် ကမ္ဘာ့ ပလတ်စတစ်ဆာဂျရီ မြို့ တော်လို့ တောင် သတ်မှတ်ခံထားရပါတယ်။ တောင်ကိုရီးယားရဲ့ ပလတ်စတစ်ဆာဂျရီ အရည်အသွေးဟာ မြင့်မားလွန်းတဲ့ အတွက် တခြားနိုင်ငံက လာရောက်ခွဲစိတ်ပြုပြင်တဲ့ ဧည့်သည်တွေ ဒုက္ခတွေ့ နေရတယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယားဆေးရုံတွေမှာ မျက်နှာခွဲစိတ်ပြုပြင်ပြီး မိခင်နိုင်ငံကို ပြန်မယ့်လူတွေဟာ လေဆိပ်မှာ ဒုက္ခရောက်လေ့ရှိပါတယ်။ ပတ်စ်ပို့ က ဓာတ်ပုံနဲ့ အပြင်က ရုပ်နဲ့ က မယုံနိုင်စရာဖြစ်သွားခဲ့တဲ့အတွက်ပါ။



ဒါကြောင့် တောင်ကိုးရီးယားဆေးရုံတွေဟာ ရပ်ဝေးနိုင်ငံခြားက လာရောက်ခွဲစိတ်ပြုပြင်သူတွေကို မျက်နှာခွဲစိတ်ပြုပြင်ခဲ့ကြောင်း ထောက်ခံချက်လက်မှတ်ကို ထုတ်ပေးနေရပါတယ်။ ဒီထောက်ခံချက်လက်မှတ်မှာ ခွဲစိတ်ပြုပြင်သူရဲ့ ပတ်စ်ပို့ နံပါတ်၊ ဆေးရုံနာမည် နဲ့ တောင်ကိုးရီးယားမှာလည်ပတ်ခဲ့တဲ့ အချိန်ကာလကို ဖော်ပြထားဖို့ သတ်မှတ်ထားပါတယ်။

၂၀၀၉ ခုနှစ်အတွင်းမှာ တရုတ်အမျိုးသမီး ၂၃ ဦးဟာ တောင်ကိုရီးယားမှာ ပလတ်စတစ်ဆာဂျရီ ကုသမှု ခံယူပြီး တရုတ်နိုင်ငံကို အပြန်ခရီးမှာ ရုပ်ရည်အကြီးအကျယ်ပြောင်းလဲနေတဲ့အတွက် အခက်အခဲများစွာ ကြုံတွေ့ ခဲ့ရတယ်လို့ ဆိုပါတယ်။



တောင်ကိုရီးယားနိုင်ငံက လူ ၇၇ ယောက်မှာ ၁ ယောက်ဟာ သူ့ ရဲ့ရုပ်ရည်ကို ပိုမိုကြည့်ကောင်းစေဖို့ အတွက် ခွဲစိတ်ပြုပြင်ထားတယ်လို့ ဆိုပါတယ်။ အသက် ၁၉ နှစ်ကနေ ၄၉ နှစ်အရွယ် အမျိုးသမီး ၂၀ ရာခိုင်နှုန်းခန့် ဟာ လည်း ခွဲစိတ်ဓားအောက်ကို ၀င်ပြီး လှပဖို့ အတွက် မျက်နှာခွဲစိတ်ကုသမှု ခံယူကြတယ်လို့ အချက်အလက်တွေ အရ သိရပါတယ်။

တောင်ကိုရီးယားနိုင်ငံရဲ့ K-Pop ဂီတ ကမ္ဘာတစ်လွှားအောင်မြင်လာမှုနဲ့ အတူ နိုင်ငံရပ်ခြားကလာရောက်ကုသမှု ခံယူသူတွေနဲ့ တောင်ကိုရီးယားနိုင်ငံသားတွေဟာ နာမည်ကြီးအနုပညာရှင်တွေရဲ့ ဓာတ်ပုံကိုပြပြီး ခွဲစိတ်မှု ခံယူကြသလို အမေရိကန်ဆန်တဲ့ နှာခေါင်းနဲ့ မျက်လုံး ပုံစံမျိုး ခွဲစိတ်မှုက အများဆုံးဖြစ်တယ်လို့ သိရပါတယ်။



Ref: Dailymail.co.uk
Trend Myanmar

အရက်သေစာသောက်စားမူးယစ်ပြီး မောင်းသော ယာဉ်မောင်းကြောင့် ကားမှောက်၍ လူ ၃ ဦးအသက်ဆုံးရှုံး


ယင်းမာပင် ၊ ၂၄-၄-၂၀၁၄

စစ်ကိုင်းတိုင်း ဒေသကြီး ၊ ယင်းမာပင် မြို့နယ် ၊ မုံရွာ - ယာကြီး - ကလေးဝ အဝေးပြေး ကားလမ်းမကြီး ပေါ်ရှိ ချင်းတွင်းမြစ်ကူးတံတား အနောက်ဘက်ချဉ်းကပ်တံတား ပေါ်၌ ယမန်နေ့ ညနေ ၅ နာရီခွဲက ဒိုင်နာယာဉ် တစ်စီး တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါ ခရီးသည် ၃ ဦး သေဆုံးခဲ့ပြီး ၁၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း အမှတ်(၁၄) ယာဉ်ထိန်း ရဲတပ်ဖွဲ့ ၊ မုံရွာ ဒုတိယ တပ်ဖွဲ့ခွဲရုံး တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
" တိမ်းမှောက် ဒိုင်နာယာဉ် က လက်ဝဲဘက်မှာ ရှိတဲ့ ချဉ်းကပ် တံတားပေါင်ကို ၀င်တိုက်မိပြီး ယာဉ်ပေါ်ပါ ခရီးသည် တွေက တံတား အောက်ဘက်ကို ပြုတ်ကျ သေဆုံး ခဲ့ရတာ ဖြစ်ပါတယ် ... " ဟု ယာဉ်တိမ်းမှောက် ရာအရပ်သို့ ရောက်ရှိပြီး ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင် ပေးနေသူ ယာဉ်ထိန်း ရဲအရာရှိ ဒုတိယ ရဲအုပ် ကျော်သူ က ပြောပြသည်။

အဆိုပါ တိမ်းမှောက် ဒိုင်နာယာဉ် သည် မုံရွာမြို့ မှ ကုန်စည် နှင့် ခရီးသည်များကို တင်ဆောင်ပြီး ပုလဲမြို့နယ် ၊ ကြို့ပင် ကျေးရွာသို့ ယာဉ်မောင်း ကိုမြင့်ကို ၃၅ နှစ် သည် အရက်သေစာ သောက်စားပြီး မောင်းနှင် လာခဲ့ရာ လက်ဝဲဘက် ယာဉ်ကြောရှိ မြစ်ကူးတံတား ၏ ချဉ်းကပ်တံတား ပေါင်လက်ရန်း ကို ယာဉ်၏ ရှေ့ပိုင်းဖြင့် ၀င်တိုက်မိ၍ တိမ်းမှောက် ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ယာဉ်တိမ်းမှောက်စဉ် ယာဉ်ပေါ်ပါ ခရီးသည်များ အနက် ဦးဇော်လင်း ၄၅ နှစ် ၊ ကိုဆန်းနိုင် ၃၅ နှစ် နှင့် ဦးလင်း ၅၀ နှစ် တို့သည် ချဉ်းကပ်တံတား ၏ အောက်ဘက် ပေ ၄၀ ခန့်နေရာသို့ ယာဉ်ပေါ်မှ ပြုတ်ကျခဲ့ရာ ထိုနေရာတွင်ပင် သေဆုံး ခဲ့ပြီး ကျန် ခရီးသည် ၁၁ ဦးမှာ ဒဏ်ရာများ ရရှိသဖြင့် မုံရွာမြို့ပေါ် ရှိ လူမှု ကူညီရေး အသင်းပိုင် လူနာယာဉ်များမှ မုံရွာ ပြည်သူ့ ဆေးရုံကြီး သို့ ပို့ဆောင် ပေးခဲ့ကြောင်း သိရှိရသည်။ (၄၅၀)
Myawady Daily

ချာလီချက်ပလင် ပြောတဲ့ စကားသုံးခွန်း


(၁) လောကမှာ ဘယ်အရာမှ မမြဲဘူး တစ်ချိန်ကျရင် ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာကြီးလည်း ပျက်စီးမှာပါပဲ။

(၂) မျက်နှာပေါ်က အပြုံးကို အလွယ်တကူ မြင်နိုင်ပေမယ့် ရင်ထဲက ပူဆွေးသောက တွေကို ဘယ်သူမှ မမြင်နိုင်ဘူး။

(၃) ဘဝရဲ့ နေဝင်ချိန်ကို ပျော်ရွှင်မူတွေနဲ့ပဲ ဖြတ်ကျော်နိုင်အောင် ကြိုးစားပါ။

ကျော်လင်းနိုင် (ရိုးရာလေး) —

ရန်ကုန်မြို့လယ်မှနှစ်ပေါင်းရာချီနေသည့်တိုက်ဟောင်းအန္တရာယ် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ထံတင်ပြ


ရန်ကုန်တိုင်းဒေသကြီးပန်းပဲ တန်းမြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊  မဟာဗန်္ဓုလလမ်းနှင့် လမ်း ၃၀ ထိပ်ရှိအမှတ် ၄၈၂/၄၈၄ သုံးထပ်  တိုက်မှာ နှစ်ပေါင်းတစ်ရာကျော် သည်အထိအိုမင်းရင့်ရော်နေပြီး မကြာမီပြိုကျနိုင်သဖြင့် တိုင်းဒေသ   ကြီးအစိုးရအဖွဲ့ကထိန်းသိမ်းပေး နိုင်ရန် ဒေသခံပြည်သူတစ်ဦးက တိုင်းဒေသကြီးဝန်ကြီးချုပ်ထံတင် ပြထားကြောင်း သိရသည်။

၎င်းတိုက်တွင် ပထမထပ်နှင့် ဒုတိယထပ် ၈ ခန်းရှိပြီး နေထိုင် သူ ၅၀ ဦးခန့်ရှိကြောင်း၊ လမ်း မပေါ်မှကြည့်ပါက ရှေ့သို့ငိုက်နေ  ပြီး တိုက်နောက်ဘက်မှလည်း အုတ်များ အင်္ဂတေများ မကြာခဏ ကွာကျလျက်ရှိကြောင်း၊ ဧပြီ ၅ ရက်နေ့က နောက်ဖေးမီးဖိုခန်း မျက်နှာကြက်တစ်ခုလုံးပြိုကျခဲ့ပြီး ဖြစ်ကြောင်း တာဝန်သိပြည်သူ တစ်ဦးဖြစ်သည့်ဦးသန်းဆွေကပြော  ကြားသည်။

“ပြီးခဲ့တဲ့နှစ်ကလည်း ဂလိုဘယ်  ဂျာနယ်မှာပါပြီးပြီဗျ၊ သက်ဆိုင် ရာကဘာမှတော့လာလုပ်တာမတွေ့  သေးဘူး။ အဲဒီတိုက်မှာ ကျွန်တော့်  အမျိုးတစ်ယောက်မှ မနေဘူး။ ကျွန်တော်ပိုင်တဲ့ အခန်းလည်း တစ်ခန်းမှမရှိဘူး။ အများအတွက် လမ်းသွားလမ်းလာတွေအတွက် ပြောရတာပါ”ဟု ၎င်းကဆိုသည်။  အဆိုပါတိုက်အောက်တွင် ဆိုင်ခန်းများ၊ လမ်းဘေးဈေးသည် များလမ်းသွားလမ်းလာများနေ့စဉ် ထောင်သောင်းချီကာသွားလာနေ  ကြပြီး တိုက်နံရံဘေးမှ ညောင်ပင်  ကြီးများတိုက်တွင်းဝင်ရောက်နေ သလိုမျက်နှာစာတွင်လည်း ဧရာမ  ပိတောက်ပင်အမြစ်များက တိုက်အောက်သို့ဝင်ရောက်နေပြီ ဖြစ်ကြောင်း သိရသည်။

မမျှော်မှန်းနိုင်သည့်အန်္တရာယ် များအချိန်မရွေးကျရောက်နိုင်သဖြင့်  တာဝန်ရှိသူများ ကိုယ်တိုင်ကွင်း ဆင်းစစ်ဆေးပြီးလိုအပ်သလိုဆောင် ရွက်ပေးနိုင်ရန် တင်ပြရခြင်းဖြစ် ကြောင်း ဦးသန်းဆွေကပြောကြား သည်။



ဇော်မြင့်
The Hot News

Bangkok Airways ၏ သံတမန်အဖြစ် မိုးစက်ဝိုင်ကို ခန့်အပ်


ပြည်ပလေကြောင်းလိုင်း တစ်ခုဖြစ်သည့် Bangkok Airways ၏ မြန်မာနိုင်ငံ ကိုယ်စားပြု သံတမန်အဖြစ် Miss Myanmar Universe အလှမယ် မိုးစက်ဝိုင်ကို ခန့်အပ်လိုက်ကြောင်း ယင်းလေကြောင်းလိုင်းအတွက် မီဒီယာနှင့် သတင်း ပြန်ကြားရေး ကဏ္ဍများကို ဆောင်ရွက်ပေးနေသည့် Wired Media Myanmar မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဒေါ်ဝင်ဒီက The Voice သို့ ပြောကြားသည်။

မြန်မာအလှမယ် မိုးစက်ဝိုင်သည် Miss Universe ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်နိုင်ခဲ့ခြင်း၊ ကိုယ်ရေး အချက်အလက်များ ကောင်းမွန်ခြင်း တို့ကြောင့် Bangkok Airways ၏ မြန်မာနိုင်ငံ ကိုယ်စားပြု သံတမန်အဖြစ် တစ်နှစ်စာချုပ် ချုပ်ကာ ခန့်အပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းကာလအတွင်း Bangkok Airways မှ ပြုလုပ်သည့် ခရီးစဉ် အသစ်များကို မိတ်ဆက်ခြင်း၊  အရောင်းမြှင့်တင်ရေး အစီအစဉ်နှင့် တီဗီကြော်ငြာများတွင် မိုးစက်ဝိုင် ပါဝင်လှုပ်ရှား ပေးရမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

“ပြည်ပလေကြောင်းလိုင်း တစ်ခုရဲ့ သံတမန်အဖြစ် ခန့်အပ်ခံရတဲ့အပေါ် မိုးစက် အရမ်းဝမ်းသာပါတယ်။ မိုးစက် သံတမန်အဖြစ် လက်ခံ ဆောင်ရွက်ပေးတဲ့ Brand တွေအကုန်လုံးက ကိုယ်တိုင် ယုံကြည်ရတဲ့ Brand တွေမို့လို့ပါ။ Bangkok Airways ကလည်း ကိုယ်တိုင် ယုံကြည်ရတဲ့ Brand မို့လို့ ကိုယ်စားပြုချင်တာပါ။ သူတို့ လေကြောင်းလိုင်းရဲ့ ရည်ရွယ်ချက်ကလည်း မြန်မာနိုင်ငံက ခရီးသည်တွေကို ဝန်ဆောင်မှု ကောင်းကောင်း၊ ကုန်ကျစရိတ် သက်သက်သာသာနဲ့ ဆောင်ရွက် ပေးချင်တာဆိုတော့ မိုးစက်က သူတို့ရဲ့ ရည်ရွယ်ချက်ကို ပြည်သူတွေသိအောင် လုပ်ဆောင် ပေးရမှာပါ” ဟု သံတမန်အဖြစ် ခန့်အပ်ခံရသည့် Miss Myanmar Universe အလှမယ် မိုးစက်ဝိုင်က ပြောကြားသည်။  

The Voice Weekly 

ဖာချယ် ကျေးရွာအုပ်ချုပ်ရေးမှူးကို RCSS/SSA က ဖမ်းဆီးခြင်း မဟုတ်ကြောင်း တရားဝင်ငြင်း


မိုင်းတုံ၊ ဧပြီ ၂၃

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ် ဖာချယ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်အောင်ကို ဧပြီလ ၁၉ ရက် ည ၈ နာရီခွဲခန့်က အမည်မသိ လက်နက်ကိုင် လူအင်အား ငါးယောက်က နေအိမ်တွင် လာရောက် ခေါ်ဆောင်သွားမှုတွင် RCSS/SSA အနေနှင့် လုံးဝပတ်သက်ခြင်း မရှိသည်ကို ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ ဗိုလ်မှူးချုပ်စိုင်းလူးက ရှမ်းပြည်နယ်အစိုးရထံ တရားဝင်စာပို့ ငြင်းဆိုလိုက်ကြောင်း RCSS/SSA မိုင်းတုံ ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်ကြီးစိုင်းလွန့်ဆန်က ပြောကြားသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ ဆက်ဆံရေးရုံးများ ကွပ်ကဲရေးဌာန ဆက်ဆံရေးမှူးချုပ် ဗိုလ်မှူးချုပ် စိုင်းလူးက ဧပြီ ၂၂ ရက်နေ့စွဲဖြင့် ရှမ်းပြည်နယ်အစိုးရ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီး အောင်သူထံသို့ တရားဝင် အကြောင်းပြန်ကြားစာ ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ကျေးရွာအုပ်ချုပ်ရေးမှုးကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းနှင့် ပတ်သက်၍ တာချီလိတ် ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်စွာလင်း၏ ပြောပြချက်အရသာ သိရပြီး SSA တပ်ဖွဲ့ဝင်များ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ပါက အမြန်ဆုံး လွှတ်ပေးရန် တောင်းဆိုသဖြင့် ယင်းသို့ တရားဝင် အကြောင်းပြန်ကြားရခြင်း ဖြစ်ကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ထံ ပေးပို့သည့် စာအရ သိရသည်။

RCSS/SSA အနေနှင့် နိုင်ငံတော်အစိုးရနှင့် မိမိတို့အကြား ငြိမ်းချမ်းရေး ဖော်ဆောင်နေချိန်တွင် မိမိတို့ အောက်ခြေတပ်များကို ဥပဒေမဲ့ လုပ်ရပ်များ မကျူးလွန်မိစေရန် တင်းတင်းကျပ်ကျပ် တားမြစ်ထားပါကြောင်း သို့ဖြစ်ပါ၍ ယခုဖြစ်ရပ်တွင် မိမိတို့ အဖွဲ့အစည်းနှင့် လုံးဝပတ်သက်မှု မရှိကြောင်းနှင့် အဖြစ်မှန် ပေါ်ပေါက်ရေးအတွက် အစိုးရနှင့် လက်တွဲ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖော်ပြပါရှိပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်းနှင့် အဖွဲ့ဝင် ဦးခင်မောင်စိုး၊ RCSS/SSA ဆက်ဆံရေးရုံးများ၊ မြန်မာ့ငြိမ်းချမ်းရေးစင်တာ (Myanmar Peace Center) တို့သို့ မိတ္တူပေးထားကြောင်း အဆိုပါစာတွင် ဖော်ပြထားသည်။

“မိုင်းတုံဗျူဟာနဲ့လဲ အဖြစ်မှန် ပေါ်ပေါက်ရေး လက်တွဲ ဆောင်ရွက်နေပါတယ်။ အရပ်ဝတ်တွေ၊ မျက်နှာဖုံးတွေနဲ့ ရုပ်ဖျက်ထားတယ် ဆိုတော့ SSA လို့ ပြောမရပါဘူး။ ကျွန်တော်တို့ လှုပ်ရှားတပ်ဖွဲ့တွေက ယူနီဖောင်း အပြည့်အစုံနဲ့သာ လုပ်ငန်းတာဝန် ဆောင်ရွက်နေကြပါ” ဟု မိုင်းတုံ-မိုင်းဆတ် ဆက်ဆံရေး တာဝန်ခံက ဆိုသည်။

ဖမ်းဆီးခေါ်ဆောင်သွားသည့် အဖွဲ့နှင့် မည်သည့် အကြောင်းကြောင့် ဖမ်းဆီး ခေါ်ဆောင်သွားသည်ကို ယခုအချိန်အထိ မသိရကြောင်း၊ မည်သည့် ဆက်သွယ်လာမှုမှလည်း မရှိကြောင်း ဖမ်းဆီး ခေါ်ဆောင်သွားခံရသူ ဦးတင်အောင်၏ မိသားစုက ဆိုသည်။

“ရှေ့မှာ ဆန် ၂ ပုံးတောင်းတာလဲ ပေးပြီးပါပြီ။ သစ်ခုတ်ချိန်းဆောဖိုးတွေ ကောက်ပေးဖို့ လာပြောတာတော့ သူက ငြင်းလိုက်တယ်။ တရားမဝင် သစ်ခုတ်တာလဲ အားမပေးဘူး။ တရားမဝင် ဆက်ကြေးတောင်းတာလဲ ကောက်မပေးဘူးနိုင်ဘူး။ ငြင်းလိုက်တယ်လို့ ကိုတင်အောင် အဖမ်းမခံရခင်က ကျွန်တော့်ကို ပြောဖူးတယ်” ဟု ဦးတင်အောင်နှင့် ဆွေမျိုးတော်စပ်သူ တစ်ဦးက ဆိုသည်။

SSA လက်နက်ကိုင် အဖွဲ့များက တရားမဝင် သစ်ခုတ်သူများထံမှ ချိန်းဆောတစ်လုံးလျှင် ထိုင်းဘတ်ငွေ နှစ်သောင်းမှ သုံးသောင်းအထိ တစ်နှစ်စာအတွက် တောင်းခံနေကြောင်း၊ ပေးပြီးသူများကို ဖြတ်ပိုင်းများ ပြန်လည်ပေးအပ်ပြီး ၎င်းတို့ စစ်ဆေးပါက ပြသရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ယခုနှစ်ဆန်းပိုင်းကပင် ဆက်ကြေး ကောက်ခံမှုနှင့် ပတ်သက်၍ ရှမ်းပြည်နယ် အတွင်း စီးပွားရေး လုပ်ကိုင်သည့် ကုမ္ပဏီများနှင့် လုပ်ငန်းရှင်များထံကသာ အကူအညီ ရယူမည် ဖြစ်ပြီး လူထုထံက ကောက်ယူမှုမည် မဟုတ်ဟု RCSS/SSA မှ လူထုထံ သတင်းတစ်ရပ် ထုတ်ပြန်ထားကြောင်း ဒေသခံများက ဆိုသည်။

“သစ်ခုတ်တာကလဲ တရားမဝင်၊ ဆက်ကြေး တောင်းတာလဲ တရားမဝင်၊ ပြီးတော့ အရေးယူ ဆောင်ရွက်ဖို့ကလဲ လက်နက်ကိုင် အဖွဲ့အစည်းကြီး ဆိုတော့ တပ်မတော်နဲ့ နိုင်ငံတော်အဆင့်ကပဲ ဆောင်ရွက်နိုင်စွမ်း ရှိမှာ ဖြစ်ပါတယ်” ဟု သစ်တောဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များက ဆိုသည်။

RCSS သည် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးအား အစိုးရနှင့် လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်သည်။

The Voice Weekly