အမေရိကန် အရေးယူ သက်တမ်းတိုးမှု မြန်မာတုန့်ပြန်

အမေရိကန်သမ္မတ အိုဘားမားနဲ့ မြန်မာသမ္မတ အိမ်ဖြူတော်တွင် တွေ့ဆုံ။

အမေရိကန်အစိုးရက မြန်မာအပေါ် စီးပွားရေးဒဏ်ခတ်ထားမှုသက်တမ်း တနှစ်တိုး လိုက်တာဟာ အမေရိကန်နဲ့ မြန်မာ ဆက်ဆံရေး မှာ နောက်ကြောင်းပြန် လှည့် သွားတာမျိုး ဖြစ်နေတယ် လို့ မြန်မာ အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ်က ဗွီအိုအေကိုပြောပါတယ်။ တဖက်မှာလည်း မြန်မာ အစိုးရရဲ့ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ချက်တွေဟာ မရေရာ မသေချာဖြစ်နေသေး တာကြောင့် အမေရိကန်ဘက်က ဖိအားပေး တာဖြစ်တယ်လို့လည်း မြန်မာတချို့က သုံးသပ်ပါတယ်။ မနေ့က အမေရိကန် သမ္မတ အိုဘားမားကနေ အမေရိကန်ကုမ္ပဏီတွေ အနေနဲ့ မြန်မာစစ်တပ်နဲ့ တွဲပြီး စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေမလုပ်ဖို့ ပိတ်ပင်တားမြစ်တဲ့ အမိန့် နောက်ထပ် သက်တမ်းတိုးလိုက်တာပါ။ မအင်ကြင်းနိုင်က အကြောင်းစုံပြောပြမှာပါ။

ဒီလိုစီးပွားရေးပိတ်ဆို့ မှု  သက်တမ်းတနှစ်တိုးလိုက်တဲ့ အကြောင်းရင်းထဲမှာ ရခိုင်ပြည်နယ် အရေးကိစ္စဟာ အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားလုံခြုံရေးနဲ့ အမျိုးသား အကျိုးစီးပွားကို ဆက်လက်ခြိမ်းခြောက်နေတာ၊ နောက် မြန်မာ စစ်တပ်အနေနဲ့ နိုင်ငံရေးနဲ့ စီးပွားရေးမှာ ဆက်လက်ပါဝင်နေတာ စတဲ့ အချက်တွေ အဓိကဖြစ်တယ်လို့ သမ္မတ အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက် မှာဖေါ်ပြထားပါတယ်။ နောက်ပြီး အမေရိကန် အမျိုးသား လုံခြုံရေးကောင်စီ ပြောခွင့်ရ ပုဂ္ဂိုလ်ရဲ့ပြောဆိုချက်ထဲမှာလည်း  မြန်မာနိုင်ငံ ရဲ့ ပြုပြင်ပြောင်းလဲရေး ဟာ နောက်ကြောင်းပြန် လှည့်သွားမယ်ဆိုရင် အရေးယူနိုင်အောင် အခုလို သက်တမ်းတိုးလိုက် တာဖြစ်တယ်လို့လည်း ပြော သွားတာပါ။

ဒါပေမယ်လို့ မြန်မာအစိုးရဘက် ကတော့ ဒါဟာ ကျိုးကြောင်းစီလျော်မှုမရှိပဲ အမေရိကန်နဲ့ မြန်မာ ဆက်ဆံရေးကို နောက်ကြောင်းပြန်လှည့် သွားတာမျိုး ဖြစ်နေတယ်လို့ နိုင်ငံတော်သမ္မတရုံးရဲ့ အမည်မဖေါ်လိုတဲ့ အကြီးတန်း အရာရှိတဦးက ဗွီအိုအေကိုပြောပါတယ်။

" မြန်မာနိုင်ငံကို Engagement လုပ်တဲ့ အမေရိကန်ပေါ်လစီက အာရှနဲ့ ပြန်လည်ပေါင်းစည်းရေးပေါ့။ အထူးသဖြင့် အရှေ့တောင်အာရှ အာဆီယံနဲ့ ပြန်လည် ပေါင်းစည်းရေးဆိုတဲ့ အမေရိကန်ရဲ့ မူဝါဒမှာ ဒါက နောက်ပြန်ဆုတ်သွားတဲ့ သဘောလို့ ကျနော်တို့က စဉ်းစားစရာဖြစ် တယ်ပေါ့နော်။ ဒီ Sanction ချမှတ်လိုက်ခြင်းဟာ ကျနော်တို့ နိုင်ငံ ကို နောက်ကြောင်းပြန်လှန်သွားမှာ စိုးရိမ်တယ် ဆိုသော်လည်းပဲ အမေရိကန်နိုင်ငံ နိုင်ငံခြားရေးမူဝါဒ ချမှတ်ထားတဲ့ အပေါ်မှာ နောက်ကြောင်းပြန် လှည့်သွားတာလား ဆိုတာ ကျနော်တို့ အနေနဲ့ စဉ်းစားစရာဖြစ်တယ်။ ဒါပေမဲ့ ကျနော်တို့ ကတော့ နောက်ကြောင်းပြန် မလှည့်ဘူးပေါ့နော်။"

လက်ရှိမှာလည်း အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုဟာ ၂၀၁၃ ခုနှစ်ကိန်းဂဏန်းတွေအရ ၁ ရာခိုင်နှုန်းလောက်ပဲရှိတယ်လို့လည်း သူကဆိုပါတယ်။   ဒါ့အပြင် သမ္မတဦးသိန်းစိန် အစိုးရအနေနဲ့ ဒီမိုကရေစီနည်း အတိုင်း ပြုပြင်ပြောင်းလဲရေးတွေဆောင်ရွက်နိုင်ဖို့ကြိုးပမ်းဆောင်ရွက်နေချိန်မှာ
ရခိုင်အရေး ကိစ္စဟာ မမျှော်လင့်ပဲကြုံတွေခဲ့ရတဲ့ အခက်အခဲ စိန်ခေါ်မှုတခုဖြစ်တယ်လို့လည်း အကြီးတန်းအရာရှိက ဆိုပါတယ်။

" ဒီရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းပြီးတော့ အားလုံးကောင်းပါပြီဆိုတဲ့ အနေအထားကို ရောက်ဖို့က ကျနော်တို့က ရှုပ်ထွေးနက်နဲတဲ့ နောက်ကွယ်က အကြောင်းတရားတွေကြောင့် ချက်ခြင်း လက်ငင်းဖြစ်လာဖို့ဆိုတာ အများကြီး အခက်အခဲရှိတယ်။ ဒါအတွက်လည်း ကျနော်တို့က နိုင်ငံတကာရော၊ မိတ်ဖက်နိုင်ငံတွေရော အားလုံးရဲ့ အကြံဉာဏ်တွေ၊ အကူအညီထောက်ပံ့မှုတွေ နဲ့ ပြေလည်အောင် ကျနော်တို့ ဆောင်ရွက်နေတယ်။ ကြိုးစားနေတယ်။ ကြိုးစားနေတဲ့ဟာက အမေရိကန်အစိုးရရဲ့ အခု ပြစ်ချက်တစ်ခု ဆိုပြီးတော့ ပြောတဲ့ အတွက် ဒါကတော့ မကောင်းစရာ အကြောင်းတရား တခုလို့ပြောရမှာပါ။"

အသွင်ကူးပြောင်းရေး ကာလကိုဖြတ်သန်းနေရချိန်မှာ တပ်မတော်ရဲ့အခန်းကဏ္ဍ ပါဝင်နေတာကို အမေရိကန်ပြည်ထောင်စုက ထောက်ပြဝေဖန်နေပေမယ့် ဒီအတွက် အချိန်အတိုင်းအတာ ယူရမယ်ဆိုတာကို သက်ဆိုင် ရာခေါင်းဆောင်တွေကပြောထားပြီးသာဖြစ်တယ်လို့လည်း သူကပြောပါတယ်။

ဒါပေမယ့် လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းကတော့ မြန်မာစစ်တပ် ရဲ့ ဆောင်ရွက်ချက်တွေကို ၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်းအထိ အမေရိကန်ဘက်က စောင့်ကြည့်ဖို့ရည်ရွယ်ထားတာကြောင့် အခုလို စီးပွားရေးပိတ်ဆို့မှု သက်တမ်းကို ထပ်တိုးလိုက်တာဖြစ်တယ်လို့မြင်ပါတယ်။

" ကျနော်မြင်တာကတော့ စီးပွားရေးလုပ်ငန်းရပ်တွေနဲ့ပတ်သက်ပြီးတော့ အရပ်ဖက်တွေ ပုံသဏ္ဍာန်တွေ ပေါ်မှာ အမေရိကန်အစိုးရက အလျှော့ပေးခဲ့ တာတွေ၊ တော်တော်များများရှိတယ်။ အရင်က အရေးယူ ပိတ်ဆို့ထား တာတွေ တော်တော်များများ ရှိတာတွေကို ကျနော်တို့ တွေ့ရပါတယ်။ ဒီအကြမ်းဖက် တိုက်ဖျက်မှု၊ ဥပဒေနဲ့ ငွေကြေးခဝါချမှု ဥပဒေတွေ ကို မြန်မာနိုင်ငံမှာ မှန်မှန်ကန်ကန်ပြဋ္ဌာန်းနိုင်မယ်ဆိုရင် ပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ် ဆိုတဲ့ သတင်းတွေအထိ ကျနော်တို့ ကြားသိရပါတယ်။

ဒါကြောင့်မို့ အမေရိကန်နိုင်ငံဘက်ကနေ မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့ အရေးယူမှုတွေ တဖြေးဖြေး အလျှော့ပေးလာတယ်။ တဖြေးဖြေး ပြုပြင်ပြောင်းလဲမှုတွေကို ပိုမိုဆောင်ရွက်နိုင်အောင် အပြု သဘောဆန်တဲ့ ဆောင်ရွက်မှုတွေရှိမယ်လို့ ကျနော်မြင်ပါတယ်။ အဲ့ ဒါပေမဲ့ စစ်တပ်နဲ့ပတ်သက်တဲ့ အပိုင်းအပေါ်မှာတော့ အမေရိကန်ဟာ ၂၀၁၅ အလွန် ဒီမိုကရေစီခေတ် ကို စောင့်ကြည့် သွားလိမ့်မယ်လို့ ကျနော် ဒီလိုယူဆမိပါတယ်။ "
အခုလို သက်တမ်းတိုးလိုက်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အရေးယူ ဒဏ်ခတ်မှု ဟာ ၁၉၉၇ခုနှစ်ကတည်းက မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတာတွေမလုပ်ဖို့ သမ္မတ အမိန့်အာဏာနဲ့ တားမြစ်ခဲ့တာဖြစ်ပြီး  ၂၀၁၃ခုနှစ်မှာတော့ ပြင်ဆင်ချက်နဲ့အတူ သက်တမ်းထပ်ပြီးတော့ တိုးခဲ့တာဖြစ်ပါတယ်။

voa burmese

တရုတ် ဆန့်ကျင်ရေး ဖိလစ်ပိုင်-ဗီယက်နမ် ပူးတွဲဆန္ဒပြ

ဖိလစ်ပိုင်နိုင်ငံက တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲ၊ (မေ ၁၆၊ ၂၀၁၄)

တောင်တရုတ် ပင်လယ်ပြင်တွင်း ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေကြတဲ့ နယ်မြေမှာ တရုတ်နိုင်ငံရဲ့ သြဇာချဲ့ထွင်မှုကို ဆန့်ကျင်တဲ့ အနေနဲ့ ဖိလစ်ပိုင်ရောက် ဗီယက်နမ်လူမျိုးတွေနဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေ ပူးပေါင်းပြီး မနီလာမြို့မှာ ဒီကနေ့ ဆန္ဒပြကြပါတယ်။

ဗီယက်နမ် နိုင်ငံကလည်း ပိုင်ဆိုင်ကြောင်း ပြောဆိုထားတဲ့ ရေပိုင်နက်မှာ တရုတ်နိုင်ငံက ရေနံတူးဖော်နေတာတွေ ရပ်ဆိုင်းဖို့ မနီလာမြို့က တရုတ်ကောင်စစ်ဝန်ရုံး အပြင်မှာ ဆန္ဒပြသူ ၁၀၀ ကျော်က တောင်းဆို ခဲ့ကြတာပါ။ ဖိလစ်ပိုင်နိုင်ငံကလည်း တောင်တရုတ်ပင်လယ်ပြင်တွင်းက ကျွန်းတွေ ပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံကို ဆန့်ကျင် ကန့်ကွက်နေ တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ တောင်တရုတ် ပင်လယ်ပြင် တွင်းက လုပ်ရပ်တွေဟာ အန္တာရာယ်များလွန်းပြီး၊ ရန်လိုရာ ကျတဲ့အကြောင်း အမေရိကန် ဒုသမ္မတ Joe Biden က ၀ါရှင်တန်မှာ ရောက်နေတဲ့ တရုတ်ထိပ်တန်း စစ်ခေါင်းဆောင်ကို ပြောဆိုခဲ့ပြီး နောက်တနေ့မှာပဲ ဖိလစ်ပိုင်မှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့တာပါ။ တရုတ်စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ်ကြီး Fang Fenghui ကတော့ တရုတ်နိုင်ငံက ပိုင်ဆိုင်တဲ့ နယ်မြေမှာ ဆောင်ရွက်မှုတွေဟာ လုပ်ရိုးလုပ်စဉ် သာ ဖြစ်တဲ့ အကြောင်းနဲ့ ဗီယက်နမ်နိုင်ငံရဲ့ လုပ်ရပ်ဟာ လက်မခံနိုင် စရာ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့တာပါ။

ဗီယက်နမ်နိုင်ငံက ထိုင်ဝမ် သံမဏိစက်ရုံက တရုတ်အလုပ်သမား တဦး သေဆုံးပြီး လူပေါင်း ၁၅၀ နီးပါး ထိခိုက်ဒဏ်ရာရခဲ့တဲ့ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီးနောက် အမေရိကန်နဲ့ တရုတ်ထိပ်တန်း တာဝန်ရှိသူတွေရဲ့ တုန့်ပြန်ချက်တွေ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

voa burmese

လားရှိုး ဗုံးပေါက်ကွဲမှု ဓာတ်ပုံများ


ဗိုလ်ချုပ် စောလားဘွယ် ကွယ်လွန်ပြီဆိုသော သတင်းမဟုတ်၊ မေ ၁၉ရက် ဆေးရုံကဆင်းနိုင်မည်


ဟင်္သာနီ (မွန်မြေ)

စံခလပူရီ၊ မဇ္ဈိမ။ ။ စင်ကာပူ၌ ဆေးကုသမှု ခံယူနေသည့် ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောလားဘွယ်သည် မေလ ၁၉ ရက်၌ ဆေးရုံကဆင်းကာ မြန်မာနိုင်ငံသို့ ပြန်လာမည်ဟု DKBA အဖွဲ့၏ မြဝတီ ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်ကြီး စိုးမြင့်က မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့ကို အကြောင်းကြားထားတဲ့ သတင်းအရတော့ ဗိုလ်ချုပ်က ကျန်းမာစွာနဲ့ ဒီလ ၁၉ ရက်နေ့ ပြန်လာတော့မယ်၊ ဆေးဝါးကုသမှု၊ ဆေးစစ်ချက်အရ အခြေအနေ
အားလုံး ကောင်းမွန်တယ်လို့ ပြောတယ်ခင်ဗျ၊ အဲဒါကြောင့်လည်း ပြန်လာဖို့ ဆုံးဖြတ်တာပါ” ဟု ဗိုလ်ကြီး စိုးမြင့်က ပြောသည်။

ထိုသို့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောလားဖွယ် စင်ကာပူ၌ ဆေးကုသမှု ခံယူနေစဉ် အတွင်း၌ ပြီးခဲ့သည့် ဧပြီလ ၁၆ ရက်က တစ်ကြိမ်၊ ယခု မေလ ၉ရက်တွင် တစ်ကြိမ် ဗိုလ်ချုပ်စောလားဘွယ် ဆုံးသွားပြီဟု ကောလဟသ သတင်းများ ထွက်ပေါ်လာခဲ့ပြီး ယင်းတို့မှာ ဟုတ်မှန်ခြင်းမရှိဘဲ ဗိုလ်ချုပ် စောလားဘွယ်မှာ မေလ ၁၉ရက်တွင် စင်္ကာပူမှ ရန်ကုန်သို့ ရောက်ရှိကာ ထိုမှတဆင့် ဌာနချုပ်ရှိရာ ဆုံဆည်းမြိုင်သို့ ပြန်လည်မည်ဟု ဗိုလ်ကြီး စိုးမြင့်က အတည်ပြု ပြောကြားသည်။

DKBA စစ်ဦးစီးချုပ်ရုံးကလည်း ဗိုလ်ချုပ် စောလားဖွယ်အား ကြိုဆိုရန်အတွက် သက်ဆိုင်ရာ ရုံးများကို ညွှန်ကြားထားပြီး ဖြစ်ကြောင်း DKBA အဖွဲ့မှ ဗိုလ်ကြီး ရဲထက်က မဇ္ဈိမကို ပြောသည်။

“အဖိုး (ဗိုလ်ချုပ် စောလားဖွယ်) ဆုံးပြီ ဆိုတဲ့ သတင်းက ပျံ့နေတာကြာပြီ၊ အဲဒါ မဟုတ်ပါဘူး၊ အခု အဖိုး ပြန်လာတော့မယ်၊ လူကြီးတွေ ကြိုမယ့် အစီအစဉ်တွေတောင် လုပ်နေကြပြီ” ဟု ဗိုလ်ကြီးရဲထက်က ပြောသည်။

စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောလားဘွယ်သည် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ နှောင်းပိုင်း၌ ရန်ကုန်မြို့ ဒဂုံ မြို့သစ်ရှိ ပင်လုံဆေးရုံတွင် အရေးပေါ် တက်ရောက်၍ စစ်ဆေးခဲ့ရာ ကင်ဆာရောဂါ လက္ခဏာ တွေ့ရှိခဲ့ရသည်။

ထို့ကြောင့် ၂၀၁၄ ခုနှစ် ဇန်နဝါရီလဆန်းပိုင်း၌ ၎င်း၏ လည်ချောင်း ကင်ဆာ အကြိတ်အား စင်ကာပူတွင် သွားရောက် ဆေးကုသမှု ခံယူခဲ့သည်။ ယခု ရောဂါသက်သာသွားပြီ ဖြစ်၍ ဌာနချုပ်သို့ ပြန်လာရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ထိုလည်ချောင်း အကြိတ်ကင်ဆာ ရောဂါမှာ စတင်ဖြစ်ပွား နေသည့် အဆင့်၌ပင် ရှိ၍ အမြစ်တွယ်ခြင်း မရှိသေးသဖြင့် ဓါတ်ကင် ကုသမှုဖြင့် ကုလလျှင် ပျောက်ကင်း နိုင်ဖွယ်ရှိပြီး သုံးလခန့် အချိန်ယူ ကုသရမည်ဟု ဆရာဝန်ကြီးများက ပြောကြောင်း ဗိုလ်ချုပ် စောလားဘွယ်အား စင်ကာပူ ဆေးရုံသို့ လိုက်ပါ ပို့ဆောင်ခဲ့သည့် ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောမိုရှေးက ဇန်နဝါရီလက မဇ္ဈိမကို ပြောခဲ့ဖူးသည်။

မြဝတီမြို့ ဆက်ဆံရေး ရုံးတာဝန်ခံ ဗိုလ်ကြီး စိုးမြင့်နှင့် ဗိုလ်ချုပ် စောလားဖွယ်တို့သည် ပြီးခဲ့သည် ဧပြီလ၌ တယ်လီဖုန်း ဆက်သွယ်မှုမှ တဆင့် မကြာမီ ပြန်လာမည် ဖြစ်ကြောင်း
ဗိုလ်ချုပ် စောလားဖွယ်က ပြောကြားခဲ့ပြီး လာမည့် ဇွန်လ (၁၈)ရက်တွင် ကျရောက်မည့် ဗိုလ်ချုပ်စောလားဘွယ်၏ (၅၂) နှစ်မြောက် မွေးနေ့ အခမ်းအနားကို ဌာနချုပ် စခန်း၌ ကျင်းပ နိုင်ရေးအတွက် အစီအစဉ်များ ပြုလုပ်နေပြီ ဖြစ်ကြောင်းလည်း ဗိုလ်ကြီး စိုးမြင့်က ပြောသည်။

ဗိုလ်နှုတ်ခမ်းမွှေးဟု လူသိများသည့် ဗိုလ်ချုပ် စောလားဖွယ်သည် ယခင်က ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၆) တပ်ရင်း (၁၆) ရုံး၏ တပ်ခွဲမှူး ဖြစ်ခဲ့သည်။

၂ဝဝ၅ ခုနှစ်တွင် ဒီကေဘီအေ တပ်ဖွဲ့မှ KNU တပ်မဟာ (၆) တပ်ဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးရန် ကမ်းလှမ်းခဲ့ကာ သွားရောက် ဆွေးနွေးရန် စေလွှတ်သည့် အဖွဲ့ထဲတွင် ဗိုလ်ကြီး စောလားဘွယ် တစ်ဦးတည်း လိုက်ပါသွားခဲ့ရာမှ ဖမ်းဆီးခြင်း ခံခဲ့ရသည်။ ထိုအချိန်မှစပြီး စောလားဖွယ်သည် မိခင် KNU တပ်ဖွဲ့သို့ မပြန်တော့ဘဲ DKBA တပ်ဖွဲ့ ထဲတွင် တာဝန် ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။

Mizzima Burmese

စာရိုက် မတ်ဆေ့ပို့နိင်လာတဲ့ US 911


စပြီး အသုံးပြုခွင့်ကို ချပေးခဲ့တာကတော့ မေလ ၁၅ရက်နေ့ကပဲ ဖြစ်ပါတယ်။ ၁၉၉ ဟာ ကျတော်တို့ ပြည်တွင်း Local အရေးပေါ် ဆက်သွယ်မူလို့ဆိုတဲ့ အတိုင်း အမေရိကမှာ ကျတော့ ၉၁၁ ဟာ သူတို့ရဲ့ အရေးပေါ် ခေါ်ဆိုမူ နံပါတ်တစ်ခုဆိုတာ သိကြပြီး ဖြစ်ပါလိမ့်မယ်။ အခုများတော့ အရေးပေါ်ခေါ်ဆိုမူတွေအပြင် အမေရိက မှာ မတ်ဆေ့ပေးခြင်းတွေပါ ရရှိနေပြီးလို့ သိရပါတယ်။ နေရာတိုင်းတော့ မဟုတ်သေးပါဘူး။
အမေရိကရဲ့ ပြည်နယ်တွေဖြစ်တဲ့ ကော်လိုရာဒို၊ အိလနွိုလ်၊ မွန်းတနား၊ နယူးယောက၊ အိုဟိုင်းအို နဲ့အခြား ပြည်နယ် ၁၂ ခုလောက်မှာ ရရှိနေတာကို သိရပါတယ်။ Service carrier အများစုကတော့ Verizo များပါတယ်။ AT & T အပြင် T-mobile လည်း ရှိတာကိုတွေ့၇ပါတယ်။

ဒီလို စာရိုက်ခြင်း အရေးပေါ်ဝန်ဆောင်မူကို သတ်မှတ်ပေးထားခြင်းဖြင့် နားမကြားတဲ့သူတွေ၊ ဖုန်းနဲ့ စကားပြောပြီး အကူအညီတောင်းလို့မရတဲ့ အခြေအနေမှာ ရှိနေတဲ့ သူများအတွက် အရမ်းကို အဆင်ပြေစေခဲ့တာပဲ ဖြစ်ပါတယ်။ ဥပမာ- ဘဏ်တွေမှာ ဓားပြတိုက်ခြင်းခံနေရစဉ် ကိုယ်ကဒီဘဏ်ထဲရောက်နေတဲ့အခါလိုမျိုးမှာပေါ့ ။ ပို့တဲ့အခါ သင့်ရဲ့ နာမည်အပြည့်အစုံ၊နေရပ်၊ တို့ကိုတော့ ဖော်ပြပေးပို့ရမှာ ဖြစ်ပါတယ်။ ယခုနှစ်ကုန်ပိုင်းလောက်မှာ US တွင် အဆိုပါ Service ကို အပြည့်အ၀ ပေးစေမှာ ဖြစ်ပါတယ်။

Aung Heine ..
Smart Pro Journal 

မိဘများ သိထားသင့်သည့် ဆေးဆိုင်တွင် အလွယ်တကူ ၀ယ်ရသော မူးယစ်စေသည် ဒက်စတို ဆေး


ယနေ့ မန်း ၁၈ နှစ်အောက်လူငယ်များ ယနေ့ မန်းလေးလူငယ် ကျောင်းသား အများစုမှာ ဒက်စတိုးလို့ ခေါ်တဲ့ ဆေးပြား ၁၅လုံး သို့မဟုတ် မိုင်းလို့ ခေါ်တဲ့ ဆေးပြား ၃ လုံးကို ဘလူးမောင်တိန် အချိုရည်နဲ့ တွဲပြီး မူးယစ်ဆေးဝါးအဖြစ် သုံးစွဲ နေကြပါတယ်။
ဆေးရှိန်တက်ချိန်မှာ စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ အားလုံးကို စိတ် ထင်ရာစိုင်း ပြုလုပ်လာနေကြတယ် ဥပမာ အနေနဲ့ ပိုက်ဆံအိတ် လုပြေးခြင်း အုပ်စုဖွဲ့ ရိုက်နှက်ခြင်း လူသတ်ခြင်း နေရာတွေမှာ ၄င်းဆေးပြားများ သုံးစွဲ၍ ကျူးလွန်ကြ ကြောင်း။

၎င်းဆေးပြားများကို မန်းလေးမြို့ရှိ ဆေးဆိုင်တိုင်းမှာ ဒက်စတို အလုံး ၃၀ ပါ တစ်ထုပ် ၁၀၀၀ ကျပ် မိုင်း ဆေးကဒ်တစ်ကဒ် ၄၀၀ ကျပ်နှုန်းနဲ့ အချိန်မရွေး ဝယ်ယူနိုင်ပါသဖြင့် မိမိတို့၏ သားသမီးများကို မလိုလားအပ်သော ပြသာနာများ မဖြစ်ပွားစေရန် အတွက် သတိပေးအပ်ပါသည်။

Mg Mg Kyaw

လားရှိုး KBZ နှင့် CB ဘဏ်တို့တွင် ဗုံးပေါက်ကွဲမှု (ရုပ်သံ)

ဆက်စပ် - kbz နှင့် cb bank ဗုံးပေါက်ကွဲမှု သတင်းများ


လားရှိုး မြို့လယ်ခေါင်က ဘဏ်၂ခုနားမှာ မေလ ၁၆ ရက် မနက် ၃ နာရီခွဲက အသေးစားပေါက်ကွဲမှု ၂ခု ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။ ခွန်ဇော်ဦးက သတင်း ပေးပို့ထားပါတယ်။



DVB TV News 

စားကျက်တွင် လွှတ်ထားသည့်နွားအား သတ်ဖြတ်သူများကိုအရေးယူ


နေပြည်တော်၊ မေ ၁၆
၂၀၁၄ ခုနှစ်၊ မေလ ၁၀ ရက်နေ့ နံနက် ၈ နာရီအချိန် မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ကင်ပွန်းခြုံကျေးရွာနေ ဦးသောင်း(၄၀)နှစ်သည် ၎င်းပိုင် နွားမ(၄)ကောင်၊ နွားထီး(၃) ကောင်အား လယ်ကွင်းစားကျက်သို့လွှတ်ထားရာ ပြန်လည်ရောက်ရှိလာခြင်းမရှိသောကြောင့် လိုက်လံ ရှာဖွေရာ ၁၁-၅-၂၀၁၄ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်တွင် လဲဝါရွာအရှေ့ဘက်(၃)ဖာလုံခန့်အကွာ ဦးသိန်းဝင်း၏ယာထဲတွင် နွားမခြေ(၄)ချောင်း၊ နွားသားရေအနီတစ်ချပ်၊ နွားအမြီးတစ်ချောင်းတို့အား တွေ့ရှိရ၍ကြည့်ရာ ၎င်း၏နွားမအား သတ်၍ဖြတ်ထားသောပစ္စည်းများဖြစ်ကြောင်းသိရသည်။ ထို့နောက် ကျန်နွားများအား ဆက်လက်ရှာဖွေရာ လဲဝါရွာမြောက်ဘက် လယ်ကွင်းအတွင်း၌ ကျန်နွား(၆) ကောင်အားတွေ့ရပြီး နွားမသတ်ဖြတ်သူကိုစုံးစမ်းရာ လဲဝါကျေးရွာနေ အောင်ဌေးဝင်း(ခ)အာစိုး (၂၃)နှစ်၊ တမာကျေးရွာနေသူများ ဖြစ်သည့် မျိုးကျော်(၃၂)နှစ်နှင့် မောင်တင်(ခ)ငတင်(၃၀)နှစ် တို့ဖြစ်ကြောင်းသိရ၍ အရေးယူပေးရန် တိုင်တန်းရာ အောင်ဌေးဝင်း(ခ)အာစိုးပါ(၃)ဦးအား မင်းလှမြို့မ ရဲစခန်း(ပ)၇၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၄၂၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည် 

လားရှိုးမြို့တွင် ဗုံးပေါက်ကွဲမှု ၂နေရာ ဆက်တိုက် ဖြစ်ပွားခဲ့ခြင်း


မေ၁၆ လားရှိုးမြို့
        ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့ရှိ ကမ္ဘောဇ ဘဏ် ကပ်လျှက်
ရေမြောင်းအတွင်းနှင့် CB ဘဏ်ပိုင် ထရန်စဖော်မာ အောက်ပိုင်းတို့တွင် မေ

လားရှိုးမှာ ပေါက်ကွဲမှု နှစ်ခုဖြစ်


လားရှိုးက ပုဂ္ဂလိက ဘဏ်နှစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ခဲ့

ရှမ်းပြည်နယ် လားရှိုးမြို့က ကမ္ဘောဇဘဏ်နဲ့ စီဘီ ဘဏ်တို့ အနီးမှာ မေလ ၁၆ ရက် မနက် စောစော ၃ နာရီခွဲလောက်က စက္ကန့်ပိုင်းသာ ခြားပြီး ဗုံးပေါက်ကွဲမှု ၂ကြိမ် ဖြစ်ခဲ့ပါတယ်။

အနည်းငယ် ပျက်စီးမှု ရှိခဲ့ပေမဲ့ လူတွေ ထိခိုက်ဒဏ်ရာရတာ သေဆုံးတာ မရှိဘူးလို့ လားရှိုးမြို့မ ရဲစခန်းက တာဝန်မှူး ဒုရဲအုပ်တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ဆက်စပ် - kbz နှင့် cb bank ဆက်စပ်သတင်းများ

လားရှိုးမြို့ ရပ်ကွက်(၃)မှာ ရှိတဲ့ ဗိုလ်ချုပ်လမ်းနဲ့ သဇင်လမ်းထောင့်က ကမ္ဘောဇဘဏ်(၁)အဆောက် အဦရဲ့ ၀င်ပေါက်နားမှာ ပေါက်ကွဲမှု တစ်ခုဖြစ်ခဲ့ပြီး ရှေ့ဆင့်နောက်ဆင့် ဆိုသလို ရပ်ကွက်(၂) အတွင်းက စံကောင်းလမ်းနဲ့ သိန္နီလမ်းထောင့်မှာ ရှိတဲ့ CB Bank အနောက်ဘက် ထရန်စဖော်မာ အောက်မှာ ဗုံးပေါက်ကွဲခဲ့ တာပါ။

ဒီပေါက်ကွဲမှုနဲ့ ပတ်သက်တဲ့ အသေးစိတ်ကို စုံစမ်း နေတယ်လို့ ရဲစခန်းက ပြောပါတယ်။

ပေါက်ကွဲတဲ့ နေရာကို ကိုယ်တိုင် သွားကြည့်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီရဲ့ အမျိုးသား လွှတ်တော်အမတ် စိုင်းစံမင်းကတော့ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ချိန်က မီးပျက်နေခဲ့ပြီး ဗုံးတွေကို ကားနဲ့ လာချထားသွားတာလို့ ပြောနေကြကြောင်း ပြောပါတယ်။

ကမ္ဘာဇဘဏ် နံဘေးမှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုက မြောင်းထဲကို ကားပေါ်ကနေ ကမန်း ကတန်း ဗုံးပစ်ချသွားခဲ့ပုံ တွေ့ရတဲ့ အတွက် ဘဏ်ကို ထိခိုက်စေချင်လို့ တိုကိခိုက်တာ မဟုတ်ဘဲ လူတွေ လန့်သွားအောင်နဲ့ ရုန်းရင်း ဆန်ခတ် ဖြစ်ရုံလောက် သာ ရည်ရွယ် လုပ်ဆောင်တဲ့ သဘော တွေ့ရတယ်လို့ လည်း သူက ပြောပါတယ်။

ဒီပေါက်ကွဲမှု ဖြစ်အပြီးမှာ အလုပ်အကိုင် အသွားအလာတွေ မပျက်ဘဲ ဘဏ်တွေလည်း ဖွင့်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လောလောဆယ် မြို့အ၀င်အထွက် ဂိတ်တွေမှာတော့ လုံခြုံရေးတွေကို တင်းတင်း ကြပ်ကြပ် စစ်ဆေး နေတယ်လို့လည်း သိရပါတယ်။

bbc burmese

စိုက်ပျိုးစရိတ်ချေးငွေ ကျပ် ဘီလီယံ ၁,၀၀၀ ကျော် အချိန်စော၍ ထုတ်ချေးမည်


၂၀၁၄ – ၂၀၁၅ ဘဏ္ဍာနှစ်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တစ်နိုင်ငံလုံးရှိ လယ်သမားများအတွက် မိုးစပါးစိုက်ပျိုးချိန်တွင် စိုက်ပျိုးစရိတ်ချေးငွေကျပ် ဘီလီယံတစ်ထောင်ကျော်အား ယမန်နှစ်ထက်စော၍ ထုတ်ချေးပေးသွားမည်ဖြစ်သည်ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ရန်ကုန်ရုံးချုပ်မှ တာဝန်ရှိသူတစ်ဦးက မေလ ၁၅ ရက်တွင် မဇ်္ဈိမကို ပြောသည်။

ထုတ်ချေး ပေးမည့် ရက်အတိအကျကိုမူ ပြောဆိုနိုင် ခြင်းမရှိသေးပါဟုလည်းအထက်ပါ တာဝန်ရှိသူက ပြောသည်။

“ ကျွန်မတို့ဘဏ်က မနှစ်တုန်းကဆို ဇွန်လလယ်လောက်မှ ထုတ်ချေးပေးနိုင်ခဲ့တာပါ။ အရမ်းနောက်ကျသွားတယ်။ ဒီနှစ်တော့စောပြီးထုတ်ပေးသွားမှာပါ။ လယ်သမားတွေက ချေးငွေကို လယ်ဧကများများအတွက် တိုးချေးပေးပါလို့ တင်ပြလာလို့ ဒီနှစ်ချေးငွေကို တိုးပြီးချေးပေးမှာပါ။ မကြာခင်မှာပဲ ထုတ်ချေးပေးတော့မှာပါ ”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တစ်နိုင်ငံလုံးရှိလယ်သမားများထံသို့ ယခင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် စိုက်ပျိုးစရိတ်ချေးငွေ ၉၃၃ ဘီလီယံကျော်အထိ ထုတ်ချေးပေးခဲ့ပြီး၊ လက်ရှိအချိန်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ချေးငွေ၏ ၈၇ ရာခိုင်နှုန်း ပြန်လည်ကောက်ခံရရှိထားပြီး ဖြစ်သည်ဟုလည်း အထက်ပါ အရာရှိက ပြောသည်။

ကျောက်ပန်းတောင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဦးမောင်မောင်ရင်က “ဗဟိုဘဏ်ရဲ့ခွင့်ပြုမိန့်စောင့်နေတယ်လို့ သိရပါတယ်။ ဗဟိုဘဏ်က ခွင့်ပြုတာနဲ့ ထုတ်ချေးပေးသွားမှာပါ”ဟု မဇ်္ဈိမကို ပြောသည်။

“ကျွန်တော်တို့မြို့နယ်မှာဆိုရင် တစ်နှစ်ကို ဆောင်းချေးငွနဲ့ မိုးစပါးအတွက်ကို နှစ်ခါချေးပေးတယ်။ ပြီးခဲ့တဲ့နှစ်က မိုးစပါးအတွက် ချေးခဲ့တဲ့ငွေတွေ အကုန်အကျေရပြီးပါပြီ။ ဆောင်းချေးငွေအတွက်လည်း အကုန် အကျေရတော့ မှာပါ” ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၁၃ -၂၀၁၄ ဘဏ္ဍာရေးနှစ်၌ ကျေးရွာအုပ်စု ပေါင်း ၁၁၀ အုပ်စုမှ ကျေးရွာအုပ်စုပေါင်း ၉၄အုပ်စုကို မိုးစပါးအတွက် စိုက်ပျိုးစရိတ် ချေးငွေ ၂၅၆၁၅ သိန်းနှင့် ဆောင်းသီးနှံအတွက် သိန်း ၂,၅၀၀ ကို ချေးပေးခဲ့သည်ဟု ၎င်းက ဆက်လက်ပြောသည်။

ကျောက်ပန်းတောင်းမြို့နယ်၊ စမ်းကုန်းကျေးရွာမှ တောင်သူတစ်ဦးက “စိုက်စရိတ်ချေးငွေ တစ်သိန်းဆိုတာ လုံလောက်မှု မရှိပါဘူး။ စပါးစိုက်ရင် တစ်ဧကကို ကျပ်နှစ်သိန်းအထက် ကုန်ကျပါတယ်။ နောက်ပြီး အစိုးရချေးငွေ က ၁၀ ဧကရှိရင်လည်း
ကျပ် ၁၀ သိန်းမရပါဘူး။ အများဆုံး သုံးသိန်းလောက်ပဲရတယ်။ စိုက်စရိတ်ချေးငွေထုတ်ပေးတာလည်း နှစ်တိုင်းနောက်ကျနေပါတယ် ”ဟု ပြောသည်။

မိုး၊ ဆောင်းချေးငွေ၊ မိုးကြိုချေးငွေများ ထုတ်ချေးရာတွင် စပါးတစ်ဧကအတွက် ကျပ်တစ်သိန်းနှင့် အခြားသီးနှံ တစ်ဧကအတွက် ငွေကျပ် နှစ်သောင်းနှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိပြီး အတိုးနှုန်းမှာ ၈ ဒသမ ၅ ရာခိုင်နှုန်းဖြစ်သည်ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရန်ကုန်ရုံးချုပ်) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် မြန်မာတစ်နိုင်ငံလုံးတွင် စပါးစိုက်ဧကသန်း၂၀ အထိရှိကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

Mizzima Burmese

ပြိုင်ပွဲမှ နှုတ်ထွက်ခဲ့ဖူးသည့် ပိုးအိဖြူစင် Miss Universe Myanmar 2014 ထပ်မံဝင်ရောက်ယှဉ်ပြိုင်မည်


Miss Universe Myanmar 2013 အလှမယ်ပြိုင်ပွဲတွင် လေ့ကျင့်သင်ကြားချိန်၌ ပြိုင်ပွဲမှ နှုတ်ထွက်ခဲ့သည့် မော်ဒယ်ပိုးအိဖြူစင်သည် ၂ဝ၁၄ခုနှစ်တွင် ကျင်းပမည့် Miss Universe Myanmar 2014 ပြိုင်ပွဲတွင် ထပ်မံယှဉ်ပြိုင်မည်ဖြစ်သည်။

“ညီမ ပြီးခဲ့တဲ့နှစ်က ကိုယ့်စိတ်ဆန္ဒကြောင့် နှုတ်ထွက်ခဲ့တာပါ”ဟု၎င်းကပြောသည်။

မော်ဒယ်ပိုးအိဖြူစင် သည် Miss Universe Myanmar 2014 ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် စည်းကမ်းချက်များအရ ရေကူးဝတ်စုံ ဝတ်ဆင်၍ ယှဉ်ပြိုင်ရမည် ဖြစ်သည့်အတွက် လွန်ခဲ့သည့် နှစ်လမှ စတင်ကာ တစ်ပတ်ကို သုံး ရက် GYM ပုံမှန် ကစားဖြစ်နေပြီး ခန္ဓာကိုယ်အချိုးအစား မျှတရန်အတွက် အစားအသောက်များကို ဂရုတစိုက် နေထိုင်စားသောက်နေကြောင်း ပြောသည်။

ယင်းအပြင် Miss Universe ပြိုင်ပွဲများတွင် မေးလေ့ မေးထ ရှိသည့် မေးခွန်းများနှင့် Website များကို လေ့လာ ဖြစ်နေပြီး မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ယဉ်ကျေးမှုအမွေအနှစ် လက်ရာများကိုလည်း ထုတ်ဖော် ပြောပြရန် လေ့လာလျက်ရှိသည်။

၎င်းသည် လက်ရှိတွင် 5 Plus ရုပ်သံလိုင်းမှ ရိုက်ကူးနေသည့် ‘ ကမ္ဘာတည်သရွေ့သာမည့်လ’ ဇာတ်လမ်းတွဲတွင် ပါဝင် သရုပ်ဆောင်နေပြီး အဆိုတော် မြတ်သူအောင်၏ ဒုတိယ အယ်ဘမ် အမ်တီဗီ နှင့် Snare အဖွဲ့၏ အမ်တီဗီများတွင် ပါဝင် သရုပ်ဆောင်လျက်ရှိသည်။

ပိုးအိဖြူစင်သည် Miss Universe Myanmar 2013 ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့စဉ်က အလှမယ် ၂ဝ ကို Camp သွင်းချိန်၌ မိမိသဘော ဆန္ဒအလျောက် ပြိုင်ပွဲမှ ရုတ်တရက် နှုတ်ထွက်ခဲ့ခြင်းဖြစ်သည်။ ယင်းကဲ့ သို့ နှုတ်ထွက် ခဲ့ခြင်းသည် ပြိုင်ပွဲဝင် စည်ကမ်းချက်များနှင့်မကိုက်ညီ၍ ပွဲကျင်းပသူများမှ ထုတ်ခဲ့သည် မဟုတ်ပဲ ၎င်း၏ပညာရေးအတွက် စာမေးပွဲနှင့်ရုပ်ရှင်အစည်းအရုံး၏ သရုပ်ဆောင် သင်တန်းတွင် တက်ရောက်နေခြင်းကြောင့်ဟု ပြောသည်။

၎င်းသည် Miss Universe Myanmar 2013 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့စဉ်က ပြိုင်ပွဲဝင် စည်းမျဉ်း စည်းကမ်းများနှင့် မကိုက်ညီသည့် အချက်တစ်ချို့ကို ဒိုင်လူကြီးများက တွေ့ရှိခဲ့ခြင်းကြောင့် ပြိုင်ပွဲမှ နှုတ်ထွက်စေခဲ့သူတစ်ဦးဟု ကောလဟလများ ထွက်ရှိခဲ့သူတစ်ဦးဖြစ်သည်။

Mizzima Burmese

မင်္ဂလာနှစ်ပတ်လည်….


တစ်ခါတုန်းက အသက် ၆၀ ကျော်အရွယ်ရှိတဲ့ စုံတွဲ တစ်တွဲဟာ သူတို့ ရဲ့  အနှစ် ၄၀ မြောက် မင်္ဂလာနှစ်ပတ်လည် အခမ်းအနားကို တိတ်ဆိတ်ပြီး ကဗျာဆန်တဲ့ စားသောက်ဆိုင်သေးသေးလေးတစ်ခုထဲမှာ ကျင်းပနေကြတယ်။ အဲဒီအချိန်မှာပဲ နတ်သမီးတစ်ပါးက သူတို့ ရဲ့  စားပွဲနားမှာ ရုတ်တရက်ပေါ်လာတယ်။

နတ်သမီး။           ။ မင်းတို့ တွေဟာ စံပြစုံတွဲဖြစ်ပြီး တစ်ယောက်နဲ့ တစ်ယောက် ဒီလောက်အကြာကြီးချစ်ခဲ့ကြတဲ့အတွက် ဒီနေ့ မင်းတို့ ရဲ့ ဆန္ဒ တစ်ခုကို ငါဖြည့်ဆည်းပေးမယ်။

ဇနီး။      ။ အိုး ကျွန်မသိပ်ချစ်ရတဲ့ ခင်ပွန်းနဲ့ ကမ္ဘာပတ်ပြီး ခရီးထွက်ချင်တယ်။

နတ်သမီးလေးက မှော်ကြိမ်လုံးကို ဝေ့ယမ်းလိုက်တဲ့အခါမှာတော့ ဇနီးဖြစ်သူရဲ့ လက်ထဲမှာ Queen Mary II ကို သွားရောက်လည်ပတ်ဖို့  လက်မှတ် ၂ စောင်ပေါ်လာတယ်။

ခင်ပွန်း။              ။ (ခဏ စဉ်းစားပြီးမှ) အင်း ခုချိန်က အရမ်းကို ကဗျာဆန်ပြီး ပျော်စရာကောင်းပေမယ့် ဒီလို အခွင့်အရေးကို နောက်ထပ် ရနိုင်တော့မှာမဟုတ်ဘူး။ အချစ်ရယ်.. ကိုယ့်ကိုခွင့်လွှတ်ပါနော်။ ကိုယ့်ရဲ့ ဆန္ဒကတော့ ကိုယ့်ထက် အသက် ၃၀ ငယ်တဲ့ ဇနီးတစ်ယောက်ကို ပိုင်ဆိုင်ဖို့ ပါပဲ။

အဲဒီတော့ ဇနီးသည်နဲ့  နတ်သမီးက အရမ်းကို စိတ်ပျက်သွားတာပေါ့။ ဒါပေမယ့် ဆန္ဒကတော့ ဆန္ဒပဲပေါ့။ ဒါနဲ့ နတ်သမီးက မှော်ကြိမ်လုံးကို ဝေ့ယမ်းလိုက်တဲ့အခါမှာတော့………

ခင်ပွန်းဖြစ်သူက အသက် ၉၂ နှစ် အရွယ်ကို ရောက်သွားပါလေရောတဲ့။

 ပုံပြင်လေးကတော့ ရယ်စရာသက်သက်ပါပဲ။ မူရင်းပုံပြင်မှာပါတဲ့ သင်ခန်းစာကတော့ ယောက်ျားလေးများ သတိပြုရန်မှာ နတ်သမီးများသည် မိန်းမများဖြစ်သည် ဆိုတာကိုပါပဲ။

နောက်တစ်ခုအနေနဲ့ ကတော့ ကိုယ့်ရဲ့  ဇနီး၊ ကိုယ့်ရဲ့ ခင်ပွန်းကို တန်ဖိုးထားတတ်ဖို့ လိုအပ်သလို ပြုမူပြောဆိုတဲ့ အခါမှာ အချိန်အခါ၊ အခြေအနေရယ်ဘယ်သူနဲ့  ပြောနေတယ် ဆိုတာရယ်ကို သတိပြုပြီး ဘယ်လိုစကားများကို ပြောအပ်သလဲ၊ ဘယ်လိုစကားမျိုးကိုတော့ မပြောအပ်ဘူးလဲဆိုတာကို ဆင်ခြင်သုံးသပ်ဖို့ လည်း လိုအပ်ကြောင်းကိုလည်း ဒီပုံပြင်လေးက ထင်ဟပ်ပြသနေတယ်နော်။

အင်တာနက်မှ ဖတ်ရတဲ့ပုံပြင်လေးကို ဘာသာပြန်ဆိုခြင်းသာဖြစ်ပါတယ်။ မူရင်း အင်္ဂလိပ်လည်းထည့်ပေးထားပါတယ်။

စနိုး

တိုကျို ယူ၁၂လက်ရွေးစင်အသင်းမှာ ဂိုးသမားအဖြစ် အရွေးခံရတဲ့ မြန်မာလူငယ် ကောင်းဇံမြ (Kaung Zan Mra) - ရုပ်သံ


ရိုက်ကူး - ဇော်ဇော်လှိုင်
DVB TV News



တစ်မူထူးတဲ့ အမေရိကန်သမ္မတကတော်


ဇနီးကောင်း၊ မိခင်ကောင်း

၁၉၆၄ခုနှစ် ဇန်နဝါရီလ ၁၇ရက်နေ့ အမေရိကန်ချီကာဂိုမြို့တောင်ပိုင်းက ဆင်းရဲသားရပ်ကွက်တစ်ခုမှာ မီရှဲလ်ကို မွေးဖွားခဲ့ပါတယ်။ သူတို့အိမ်မှာ အိပ်ခန်းတစ်ခန်းပဲရှိခဲ့ပါတယ်— တကယ်တမ်းမှာ ဧည့်ခန်းကိုတစ်ဝက်ခြမ်းပြီး ကာထားတာပါ။ မီရှဲလ်နဲ့သူ့အစ်ကိုက ထပ်ခိုးမှာအိပ်ပါတယ်။ မီရှဲလ်ရဲ့ဖခင်က မကြာခဏဖြစ်ပွားတဲ့အကြောမာရောဂါကို ခံစားနေရသူဖြစ်ပြီး ၁၉၉ဝခုနှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ မိခင်က ဖခင်ခေါင်းချသွားတဲ့ အဲဒီအိမ်အိုမှာပဲ နှစ်တော်တော်ကြာ နေထိုင်ခဲ့ပါတယ်။

ဆင်းရဲနွမ်းပါးခြင်းက မီရှဲလ်ကိုရုန်းကန်လှုပ်ရှားလိုတဲ့စိတ်ဓာတ် မွေးမြူပေးခဲ့ပါတယ်။ မီရှဲလ်ဟာ ငယ်ငယ်လေးကတည်းက အတန်းပညာမှာ ထူးချွန်ထက်မြက်သူဖြစ်ခဲ့တယ်။ ၁၉၈၁ခုနှစ်မှာ Princeton တက္ကသိုလ်ကို မီရှဲလ်တက်ရောက်ခွင့်ရပြီး Sociologyကို အထူးပြုဘာသာရပ်အဖြစ်၊ အာဖရိကဖွား အမေရိကန်နိုင်ငံသားသမိုင်း (African-American History) ကို တွဲဖက်ဘာသာရပ်အဖြစ် သူသင်ယူလေ့လာခဲ့ပါတယ်။ ၄နှစ်တာကာလပြီးဆုံးသွားတဲ့အခါ မီရှဲလ်ဟာ ထူးကဲတဲ့အမှတ်နဲ့ ကျောင်းပြီးသွားခဲ့ပြီး ဟားဗတ်ဥပဒေတက္ကသိုလ်ကို ဝင်ရောက်ဖြေဆိုခဲ့ပါတယ်။ ၁၉၈၈ခုနှစ်မှာ ဟားဗတ်ဥပဒေတက္ကသိုလ်ကနေ Ph.Dဘွဲ့ကို ရရှိခဲ့ပါတယ်။

၁၉၈၉ခုနှစ်မှာ Barack Obamaလို့ခေါ်တဲ့ ဟားဗတ်ဥပေဒေကျောင်းသားလူရွယ်တစ်ဦးဟာ မီရှဲလ်ရှိနေတဲ့ ရှေ့နေရုံးမှာ နွေကျောင်းပိတ်ရက်လေ့လာသင်ယူသူအဖြစ်နဲ့ လာရောက်ခဲ့ပါတယ်။ သူ့ကို မီရှဲလ်ကတာဝန်ယူ ကြီးကြပ်သင်ကြားပေးရပါတယ်။ အဲဒီရှေ့နေရုံးမှာ သူတို့နှစ်ယောက်ပဲလူမည်းဖြစ်တာကြောင့် အလုပ်ထဲမှာ သူတို့ဟာစရိုက်တူ၊ အကြိုက်တူတွေဖြစ်ခဲ့ကြတယ်။ အိုးဘားမားက အလုပ်မှာ အရမ်းထူးချွန်ထက်မြက်သူမဟုတ်ခဲ့ပေမယ့် တစ်နေ့မှာ လုပ်ဖော်ကိုင်ဖက်တွေကို အံ့သြမှုတစ်ခု သူပေးခဲ့ပါတယ်။ အဲဒီအံ့သြမှုက မီရှဲလ်ကို သူချစ်ခွင့်ပန်နိုင်ခဲ့လို့ပဲဖြစ်ပါတယ်။

နှစ်အတော်ကြာပြီးတဲ့နောက်မှာ အိုးဘားမားက သူရဲ့အမှတ်တရကိုယ်တွေ့မှတ်တမ်းထဲမှာ သူရဲ့ချစ်ခြင်းအကြောင်းကို ဒီလိုရိုးရိုးရှင်းရှင်းဖွင့်ဆိုခဲ့ပါတယ်။ “နောက်ဆုံးမှာ သူ့ကို ကျွန်တော်အလဲဖြိုနိုင်ခဲ့ပါတယ်”။ ၁၉၉၂ခုနှစ် အောက်တိုဘာလ ၁၈ရက်နေ့မှာ သူတို့မင်္ဂလာဆောင်ခဲ့ကြပါတယ်။

အမေရိကန် Newsweek သတင်းစာရဲ့ ထုတ်ပြန်ချက်အရ မီရှဲလ်ဟာ မင်္ဂလာဆောင်ပြီးလည်း ညတိုင်း ၉နာရီခွဲမှာ ပုံမှန်အိပ်ရာဝင်ပြီး မနက် ၄နာရီခွဲမှာအိပ်ရာထတယ်လို့ ဆိုပါတယ်။ ပြေးစက်ပေါ်မှာ ခဏလောက်ပြေးပြီး ခြင်းထဲပစ်ထည့်ထားတဲ့ လင်ယောက်ျားရဲ့ဝတ်ပြီးသားအဝတ်တွေကို သိမ်းဆည်းတယ်၊ သန့်ရှင်းရေးလုပ်တယ်၊ အဲဒီနောက် မနက်စာပြင်ဆင်ပြီး သမီးကို အချိန်ကိုက်အိပ်ရာနှိုးတယ်။ အိုးဘားမားက အမြဲတမ်း ဇနီးဖြစ်သူကို ချီးမွမ်းထောပနာပြုပါတယ်။ မီရှဲလ်ဟာ အရာရာကို လိုလေသေးမရှိအောင် ပြင်ဆင်နိုင်တယ်လို့ အိုးဘားမားကဆိုပါတယ်။ “သူဟာ အိမ်ထောင့်တာဝန်ကို ကျွမ်းကျွမ်းကျင်ကျင်ထိန်းသိမ်းနိုင်သူပါ။ သူ့အဆင့်ကို ကျွန်တော်ဘယ်တော့မှ မီနိုင်မှာ မဟုတ်ပါဘူး”လို့ အိုဘားမားကဆိုခဲ့ပါတယ်။

အိုဘားမား အိမ်ဖြူတော်ရောက်ပြီးနောက် မီရှဲလ်ကို အမေရိကန်လူမျိုးတွေနှစ်သက်စေခဲ့တဲ့ လုပ်ရပ်တစ်ခုက သူဟာ မိခင်ကောင်း၊ ဇနီးကောင်းတစ်ဦးအဖြစ် သရုပ်ဆောင်နိုင်ခဲ့လို့ဖြစ်တယ်။ လူအများက ဒါဟာ သူရဲ့တကယ့်စစ်မှန်တဲ့ သရုပ်ဆောင်ချက်မဟုတ်ဘူးလို့ ထင်ခဲ့ကြတယ်။ မီရှဲလ်ရဲ့ဟောပြောမှုတွေကလည်း လင်ယောက်ျားဖြစ်သူလောက် မညံ့တာကိုလည်း တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ဟောပြောတိုင်း သူဟာ သူ့သမီးအကြောင်းနဲ့ သာမန်မိန်းကလေးတွေရဲ့အတွေ့အကြုံကိုပဲ ပြောခဲ့ပါတယ်။ လင်ယောက်ျားနဲ့ မိသားစုအကြောင်းကိုလည်း ထပ်တလဲလဲပြောဆိုတတ်ခဲ့ပါတယ်။ သူ့ကိုယ်သူမိတ်ဆက်ပေးပါလို့ မီရှဲလ်ကို လူတွေတောင်းဆိုတဲ့အခါ သူက များသောအားဖြင့် “ပထမဆုံး ပြောချင်တဲ့အရေးပါတဲ့ စကားတစ်ခွန်းက ကျွန်မဟာ ကလေးနှစ်ယောက်မိခင်ဖြစ်ပါတယ်”ဆိုတာပဲဖြစ်တယ်။

သမီးနှစ်ယောက်အပေါ် မီရှဲလ်စည်းကမ်းတင်းကြပ်လွန်းခဲ့ပါတယ်။ “အပြင်ကို ပျော်ပွဲစားထွက်၊ ခရီးထွက်တဲ့အခါ ကျောင်းက အိမ်စာလုပ်ပါလို့ မတောင်းဆိုပေမယ့် သူတို့တွေ့ခဲ့တာ ကြားခဲ့တာတွေကို ရေးမှတ်ရပါတယ်”၊ “စနေ၊ တနင်္ဂနွေနေ့မဟုတ်ရင် ရုပ်ရှင်တီဗီမကြည့်ရပါဘူး”၊ “ကွန်ပျူတာဆိုတာ အိမ်စာလုပ်ဖို့အတွက်ပါ”…. စတာတွေဖြစ်တယ်။ အမေရိကန်နိုင်ငံရေးသမား တော်တော်များများက သူတို့ကလေးကို မီရှဲလ်လက်ထဲအပ်ချင်ပါတယ်လို့ ရယ်စရာအဖြစ် ပြောခဲ့ကြပါတယ်။

၂ဝ၁၂ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ်ဟောပြောရတော့ အိုဘားမားဟာ ဟောပြောစင်မြင့်ထက်တက်ပြီး တီဗီကြည့်ပရိသတ်ထောင်ပေါင်းများစွာကို “ဒီကနေ့ညမှာ ကျွန်တော်ပြောစရာတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံးအချက်က လွန်ခဲ့တဲ့အနှစ်၂ဝမှာ ကျွန်တော်ဟာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးယောက်ျားဖြစ်ခဲ့ပါတယ်။ အကြောင်းက ကျွန်တော်နဲ့လက်ထပ်ဖို့ မီရှဲလ်သဘောတူခဲ့လို့ပါ” လို့ပြောခဲ့ပါတယ်။

မီရှဲလ်ကလည်း ပရိသတ်သန်းပေါင်းများစွာရှိတဲ့ သူ့ Twitterမှာ “နှစ် ၂ဝမြောက် လက်ထပ်မင်္ဂလာရက်မြတ်ပါ.. Barack ။ နေ့စဉ်နေ့တိုင်း အဖော်ကောင်း၊ သူငယ်ချင်းကောင်း၊ ဖခင်ကောင်းတစ်ဦးအဖြစ် ရှင်လုပ်ဆောင်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ I love you” ဆိုပြီး ရေးသားခဲ့ပါတယ်။

ဆက်ပါဦးမယ်… နောက်နှစ်ပိုဒ်ကျန်ပါသေးတယ်…

ဆက်စပ် - တမူထူးတဲ့ အမေရိကန်သမ္မတကတော် - ၂

99Sanay

FAဖလား ချန်ပီယံဆုအတွက် လှည့်လည်အောင်ပွဲခံရန် ကြိုတင်ပြင်ဆင်နေသည့် အာဆင်နယ်


ဝင်ဘလေတွင် FAဖလား ဗိုလ်လုပွဲ မကစားရသေးသည့်တိုင် ဆုဖလားနှင့်အတူ လှည့်ပတ်အောင်ပွဲခံရန်အတွက် အာဆင်နယ် အသင်း အနေဖြင့် ကြိုတင်ပြင်ဆင်နေပြီဟု ယူဆရသည်။

ဟူးလ်စီးတီး အသင်းကို အနိုင်ရရှိခဲ့ပါက အာဆင်နယ် အနေဖြင့် (၉)နှစ်ကြာ ဆုဖလား လက်မဲ့ ကာလများ ဖြတ်သန်းခဲ့ရခြင်းကို ချိုမြိန်စွာ အဆုံးသတ်နိုင်တော့မည် ဖြစ်သည်။ စနေနေ့တွင် ကစားမည့် FAဖလား ဗိုလ်လုပွဲ မတိုင်မီ အာဆင်နယ် အသင်း၏ အမ်းမရိတ်စ် ကွင်းအနီးတွင် အသင်းအမှတ်တံဆိပ်ပုံ ကြီးမားစွာ ခြယ်သထားသည့် ဘတ်စ်ကားကြီးတစ်စင်း ရပ်နေသည်ကို တွေ့ရသလို ကားပေါ်တွင်လည်း (၂၀၁၄) FAဖလား အောင်နိုင်သူများဟူသော စာတန်းကိုလည်း ရေးထိုးထားကြောင်း တွေ့ရသည်။

အာဆင်နယ် အနေဖြင့် အမိုးဖွင့် ဘတ်စ်ကားကြီး တစ်စင်းဖြင့် လန်ဒန်မြို့ထဲတွင် လှည့်ပတ် အောင်ပွဲခံရန် ကြိုတင်ပြင်ဆင်ထားခြင်း ဖြစ်နိုင်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ အာဆင်နယ်သည် (၂၀၀၆)ခုနှစ်ကလည်း ပဲရစ်တွင် ကစားမည့် ချန်ပီယံလိဂ် ဗိုလ်လုပွဲအကြိုတွင် အလားတူ ပြင်ဆင်ဖူးသော်လည်း ဘာစီလိုနာကို (၂-၁)ဖြင့် အရေးနိမ့်သဖြင့် လက်တွေ့ အောင်ပွဲမခံခဲ့ရချေ။ အာဆင်နယ် အနေဖြင့် နောက်ဆုံးအကြိမ် ဆုဖလားနှင့် လှည့်လည် အောင်ပွဲခံဖူးသည်မှာ (၂၀၀၄)ခုနှစ်ကဖြစ်ပြီး ထိုစဉ်က ရှုံးပွဲမရှိ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့သည်။ နောက်တစ်နှစ်တွင် FAဖလားကို ဆွတ်ခူးနိုင်ခဲ့သော်လည်း အောင်ပွဲခံမှု မရှိခဲ့ချေ။

ယခုနှစ် FAဖလား ဗိုလ်လုပွဲတွင် အာဆင်နယ်အသင်း ဗိုလ်စွဲပါက လှည့်လည်အောင်ပွဲခံမည့် လမ်းကြောင်းအတွက်လည်း ကြိုတင်ပြင်ဆင်ထားပြီး ထိုလမ်းများပေါ်တွင် ယာဉ်များရပ်တန့် နားနေခွင့်ကို ခေတ္တတားဆီး ပိတ်ပင်ထားဖွယ် ရှိနေကြောင်း သိရှိရသည်။
Ref: dailymail

soccermyanmar

ညီမဖြစ်သူနဲ့ Jay-Z တို့ရဲ့ဓာတ်လှေခါးထဲက ပြသနာအကြောင်းထုတ်ဖေါ်ပြောကြားလိုက်တဲ့ Beyonce


ပြီးခဲ့တဲ့ တနင်္လာနေ့က နယူယောက်မြို့မှာကျင်းပတဲ့ Met Ball ကပွဲသဘင်ကအပြန်ဓာတ်လှေခါးထဲမှာ ညီမဖြစ်သူ Solange Knowles နဲ့ ခင်ပွန်းဖြစ်သူတို့ Jay-Z တို့ကိုယ်ထိလက်ရောက် ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ပြသနာ အကြောင်းကို Beyonce တစ်ယောက်ဖွင့်ဟပြောဆိုပါတယ်။

အဲဒီ့ Standard Hotel မှာကျင်းပတဲ့ပွဲအတွက် သူတို့သုံးယောက်သား သက်တော်စောင့်တွေနဲ့အတူ ဓာတ်လှေခါးထဲဝင်ရောက်ခဲ့ပြီး Solange က Jay ကို ထပ်ကာထပ်ကာ ကန်ကျောက်ထိုးနှက်ခဲ့ပါတယ်။

ဒီဖြစ်ရပ်ကို ဟိုတယ်ရဲ့ထောက်လှမ်းရေးစနစ်တွေကသိရှိသွားပြီးတော့ လုံခြုံရေးအစောင့်တစ်ဦးရဲ့ ဗီဒီယို မော်နီတာဖန်သားပြင်ပေါ်မှာ ရုပ်သံဖမ်းယူနိုင်ခဲ့ပါတယ်။ အဲဒီ့နောက်မှာတော့ အဲဒီ့လုံခြုံရေးဝန်ထမ်းက အဲဒီ့ရုပ်သံဖိုင်ကို TMZ.com ကိုသွားပြီးရောင်းချခဲ့ပါတယ်။ အဲဒီ့နောက်မှာ လုံခြုံရေးလဲ အလုပ်က ထုတ်ပါယ်ခံခဲ့ရပြီး ဒေါ်လာတစ်သန်းရဲ့လေးပုံတစ်ပုံချမ်းသာသွားတယ်လို့လည်းဆိုကြပါတယ်။

Beyonce ကဒီအကြောင်းတွေကိုရှင်းလင်းဖို့အတွက် the Associated Press မှာ အင်္ဂါနေ့ကကြေငြာချက်တစ်ခုထုတ်ပြန်ခဲ့ပါတယ်။ ဒီပြသနာရဲ့အကြောင်းအရင်းကို ရှင်းပြမသွားပေမယ့် သူ့ညီမနဲ့သူ့ခင်ပွန်းကြား ဆက်ဆံရေးလုံးဝပြန်ကောင်းလာတဲ့အကြောင်းကိုတော့ ပြောသွားပါတယ်။

‘မေလ ၅ ရက်၊ တနင်္လာနေ့က ဒီဓာတ်လှေခါးလုံခြုံရေး ဗီဒီယိုကိုလူသိရှင်ကြားထုတ်ခဲ့တဲ့ ရလဒ်အနေနဲ့ ဒီကံမကောင်းတဲ့အဖြစ်ကို ဖြစ်ပေါ်စေခဲ့တဲ့အကြောင်းအရင်းနဲ့ပါတ်သတ်ပြီး အထင်အမြင်တွေအမြောက်အများထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံးအရာကတော့ ကျွန်မတို့မိသားစု ဒီကိစ္စကိုဖြေရှင်းပြီးပါပြီ’

‘Jay နဲ့ Solange တို့က ဖြစ်ခဲ့တဲ့ကိစ္စနဲ့ပါတ်သတ်ပြီး အညီအမျှတာဝန်ယူဖို့ လက်ခံခဲ့ပြီးပါပြီ။ လူသိရှင်ကြားဖြစ်သွားတဲ့ သူတို့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စမှာ သူတို့ဘယ်နေရာမှာပါဝင်တယ်ဆိုတာ သူတို့နှစ်ဦးလုံး သိရှိနားလည်ပါတယ်။ သူတို့တစ်ယောက်ကို တစ်ယောက်တောင်းပန်ခဲ့ပြီး စည်းလုံးညီညွတ်တဲ့ မိသားစုတစ်ခုအဖြစ် ကျွန်မတို့ ရှေ့ကိုချီတက်ခဲ့ကြပါတယ်’ လို့ Beyonce ကပြောပါတယ်။

Standard ဟိုတယ်က စီမံအုပ်ချုပ်သူတွေကတော့ ဒီလုံခြုံရေးဗီဒီယိုကို ဖြန့်ချီခဲ့တဲ့ အလုပ်သမားကို တရားဥပဒေအရအရေးယူဖို့ ကြံရွယ်နေပါတယ်။

Ref:starpulse.com
Trend Myanmar

မေလ ၂၄ရက်မှာ ပရိသတ်လက်ထဲအရောက်ပို့မယ့် သားသားရဲ့ မောင့်ချစ်သူ return


ခင်ဆွေသက်

အဆိုတော်သားသားရဲ့ မောင့်ချစ်သူ return တေးစီးရီး မိတ်ဆက်ပွဲကို ၁၅.၅.၁၄ ရက်နေ့က စီးတီးစတားဟိုတယ်မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ အဆိုပါအခွေနဲ့ပတ်သတ်ပြီး သားသားက “ အရင်ရေးထားကို သိပ်မကြိုက်လို့ အသစ်ပြန်ရေးထားတာပါ။ ပရိသတ်လဲ ကျွန်တော့ကို မှတ်မိအောင်လို့မောင့်ချစ်သူဆိုတဲ့ နာမည်လေးကို ပြန်ထည့်ထားတာပါ။ ပထမမောင့်ချစ်သူနဲ့က တော်တ်ာလေးကွာတယ်။ ကျွန်တော်က အရင်မောင့်ချစ်သူတုန်းက ပရိသတ်သိတဲ့ ဟာလေးကို chorus လုပ်ပြီး အကုန် အသစ်ရေးလိုက်တယ်။ ဒီအခွေအတွက် ကျွန်တော် ၁နှစ်နီးပါးတော့ အချိန်ယူခဲ့ရတယ်။ မေ ၂၄ ဆို ဒီခွေထွက်ပြီပေါ့နော်။ ဒီအခွေစလုပ်မယ်ဆိုတုန်းကတော့ ပရိသတ်တွေက စိတ်ဝင်စားတယ်ပေါ့နော်။ မောင့်ချစ်သူလဲပါတယ်။ returnလဲဖြစ်တော့ ကျွန်တော်ကလဲ အခွေထွက်ရင် နားထောင်ကြည့်လို့ပဲ ပြောချင်ပါတယ်။ အရင်မောင့်ချစ်သူက ကိုယ့်ဟာကို စိတ်ကူးယဉ်ပြီး ရေးထားတာပါ။ အခုဟာက သေချာ ပြန်ခံစားပြီးရေးဖြစ်ခဲ့တာပါ။ ပါဝင်တဲ့ တေးရေးတွေက နိုင်းဝမ်း၊ မိစန္ဒီ ၊ ရဲရင့်အောင်၊ ကျွန်တော်ကိုယ်တိုင်ရယ်ပေါ့။ သီချင်းအားလုံးပေါင်း ၁၃ပုဒ်ပါတယ်။ bonus track က ၂ပုဒ်ပါ။ ဆိုတော့ bonus မပါရင် ၁၁ပုဒ်ပေါ့။ သီချင်းအမျိုးအစားက pop ရယ်၊ slow rock ရယ်၊ R&B ရယ်၊ သီချင်းအမျိုးအစားကတော့ အစုံပါတယ်။ ကျွန်တော်ကိုယ်တိုင်ပဲ တီးတာပါ။ ဧည့်သည် တီးပေးတာက ၂ယောက်ပါမယ်။ featuring တွေက မိစန္ဒီ၊ နိုင်းဝမ်း၊ ရဲရင့်အောင်၊ ခေမာရယ်ပေါ့။ အခွေနဲ့ပတ်သတ်ပြီး မထွက်ရသေးတော့ သိပ်အခက်အခဲမရှိသေးဘူး”လို့ ပြောပါတယ်။

Trend Myanmar

အလုပ်အကိုင်ပြပွဲများ ပြုလုပ်သော်လည်း အခြေခံ အလုပ်သမားများ ခန့်ထားနိုင်ခြင်းမရှိဟု ဝေဖန်


အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ ပြပွဲများ ကျင်းပသော်လည်း အခြေခံအလုပ်သမားများအတွက် ခန့်အပ်ပေးနိုင်သော စက်ရုံအလုပ်ရုံများနှင့် ကုမ္ပဏီ အလုပ်ခန့်ထားမှုများ မရှိသလောက်အားနည်းသည်ဟု အလုပ်သမားဆိုင်ရာ အဖွဲ့အစည်းများက ဝေဖန်ပြောဆိုလိုက်သည်။

“အခြေခံလုပ်သားတွေအတွက်တော့ လုပ်ကိုင်ရရှိမှုက အရမ်းအားနည်းနေပါတယ်။ သူတို့တွေအတွက် ဦးစားပေးစဉ်းစားပေးမှုလည်း မရှိဘူး။ အဆိုးရွားဆုံး အချက်ကတော့ ပြပွဲလုပ်ပြီးသွားရင် အလုပ်အကိုင် ဘယ်လောက်ခန့်အပ်ခဲ့သလဲဆိုတဲ့ ထုတ်ပြန်ပေးမှု မရှိတာပါဘဲ”ဟု မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (ယာယီ)ဥက္ကဋ္ဌ ဦးအောင်လင်းက မဇ္ဈိမကို ပြောသည်။

အဆိုပါပြပွဲများကို ကျပ်ငွေသိန်းချီ အကုန်အကျခံကာ ပြုလုပ်ရသည့်အတွက် အလုပ်အကိုင်အမျိုးအစား ဘယ်လောက်မှာ အလုပ်သမားမည်မျှခန့်အပ်သွားမည်ကို ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်သည်ဟု အဖွဲ့အစည်းများက အကြံပြုပြောသည်။

အထက်ပါပြပွဲများတွင် ဘွဲ့ရအလုပ်အကိုင်များအပြင် အခြေခံလုပ်သားများ လုပ်ကိုင်နိုင်သော အမျိုးအစားများကို ပြုလုပ်ပေးရန် လိုအပ်သည်။ စက်ရုံအလုပ်ရုံများအတွက် ကျွမ်းကျင်ဝန်ထမ်းမဟုတ်သည့် အလုပ်သမားများကို ပြပွဲများတွင် ခေါ်ယူကာ သင်တန်းပေးဆောင်ရွက်သည်အထိ ပြပွဲများတွင် ခေါ်ယူပြုလုပ်စေလိုကြသည်။

သီရိမင်္ဂလာဈေး အခြေခံအလုပ်သမားအဖွဲ့ဝင် ဦးလှမျိုးဦးက “လှိုင်သာယာစက်မှုဇုန်မှာ လုပ်ခဲ့တဲ့ အလုပ်အကိုင်ပြပွဲကို သွားပြီး အလုပ်လျှောက်ထားခဲ့ပါတယ်။ အလုပ်မရှိလို့သာ လျှောက်ခဲ့တာပါ။ ကိုယ်လုပ်ချင်တဲ့ ပုံစံမျိုးမဟုတ်ပါဘူး။ အခြေခံလုပ်သား အများဆုံးလျှောက်ထားနိုင်မယ့် အမျိုးအစားများ ပါဝင်တာမျိုးဖြစ်စေချင်တယ်” ဟု ပြောသည်။

အခြေခံအလုပ်သမားအများဆုံး လုပ်ကိုင်လျက်ရှိသည့်စိုက်ပျိုးရေးလုပ်ငန်းများ၊ သစ်ထုတ်လုပ်ရေးလုပ်ငန်းများ၊ ရေလုပ်ငန်းများ၊ အထည်ချုပ်လုပ်ငန်းများ၊ ဓာတုပစ္စည်းလုပ်ငန်းများနှင့် သံရည်ကျိုလုပ်ငန်းများတွင် လုပ်ကိုင် လျက်ရှိသည်။

စက်ရုံအလုပ်ရုံများနှင့် ကုမ္ပဏီများက အလုပ်သမားဦးရေ များများရရှိရန် ရည်ရွယ်ပြီး ပြုလုပ်သော်လည်း ကျွမ်းကျင်လုပ်သားရှားပါးမှုများနှင့် တွေ့ကြုံရသည်ဟု လှိုင်သာယာ စက်မှုဇုန်ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြောသည်။

“လာလျှောက်တဲ့သူ သိန်းချီရှိသော်လည်း တကယ်လက်တွေ့ ခန့်နိုင်တာ ထောင်ဂဏန်းပင် မပြည့်ဘူး”ဟု ဦးမြတ်သင်းအောင်က ပြောသည်။

Mizzima Burmese

ကလေးဝ ကျောက်မီးသွေးထုတ်လုပ်ငန်းမှ တရုတ်နိုင်ငံသားများကို နေရပ်ပြန်ပို


ကလေးဝမြို့နယ်အတွင်း ကျောက်မီးသွေးစမ်းသပ်တူးဖော်နေသည့် တရုတ်နိုင်ငံသား၂၀ဦးကို မေလ ၁၄ရက် နောက်ဆုံးထားကာ နေရပ်ပြန်သွားရန် မြို့နယ် အုပ်ချုပ်ရေးမှူးအဖွဲ့က အကြောင်းကြားထားရာ ယင်းနေ့မှာပင် အဆိုပါဒေသမှ ထွက်ခွာသွားပြီဖြစ်ကြောင်း ကိုးကန့်ရွှေနဂါးသတ်္တုစမ်းသပ်တူးဖော်ရေးကုမ္ပဏီ၏ တရုတ်စကားပြန် ကျန်တာချန်း(ခ)ကိုကျော်ထွေးက ပြောသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်း ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ ပလူစ၀ကျေးရွာ၊ ပလူစ၀ချောင်းဆုံအနီးရှိ ကျောက်မီးသွေးလုပ်ကွက်များအတွင်း ရောက်ရှိနေသည့် ကိုးကန့်နဂါးကုမ္ပဏီဝန်ထမ်း တရုတ်နိုင်ငံသား ၂၀ဦး၊ စကားပြန် သုံးဦးနှင့် မြန်မာအမျိုးသမီးတစ်ဦးကို မုံရွာ-ယာကြီး-ကလေးဝ ကားလမ်းအတိုင်း ကားလေးစီးဖြင့် နေရပ်များသို့ ပြန်ရန် မန္တလေးမြို့သို့ ပို့ဆောင်လိုက်သည်ဟု ၎င်းက ဆိုသည်။

“ဒီလ၁၂ရက်မှာ အကြောင်းကြားခဲ့တာပါ။ နိုင်ငံခြားသား အလုပ်သမားခေါ်ယူလုပ်ကိုင်ခွင့် ပါမစ်ခွင့်ပြုမိန့်မရခင် ကြားကာလမှာ နေရပ်ကို ခေတ္တပြန်နေပေးဖို့ ဖြစ်ပါတယ်”ဟု ကျန်တာချန်း (ခ) ကိုကျော်ထွေးက ဆက်ပြောသည်။

အဆိုပါ တရုတ်လူမျိုးများသည် မေလ ၁၄ရက် ည ၈ နာရီခန့်တွင် ချင်းတွင်းမြစ်ကူးတံတား(မုံရွာ)အတိုင်း ကားလေးစီးဖြင့် ဖြတ်သန်းသွားပြီးဖြစ်ကြောင်းလည်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြူအင်းက မဇ္ဈိမကို အတည်ပြု ပြောကြားသည်။

ပြီးခဲ့သည့် ဧပြီလ ၂၅ ရက် ညနေ ၆နာရီခွဲအချိန်က စစ်ကိုင်းတိုင်း တမူးမြို့(၃)မိုင်၊ မြို့အ၀င်စစ်ဆေးရေးဂိတ်တွင် တရားမ၀င် ၀င်ရောက်လာသည့် တရုတ်နိုင်ငံသား ရှစ်ဦးထံမှ M-21 သေနတ်တစ်လက်၊ M-81.1 စာတန်းပါ သေနတ်လက်၊ (၇ဒသမ၆၂) ကျည်အိမ် ၃၈ ခု၊ ကျည်အိမ်များအတွင်းမှ ကျည်ဆန် အတောင့် ၉၂၀၊ ကျောပိုးအိတ်ဖြင့် ထည့်ထားသည့် ၇ ဒသမ ၆၂ ကျည် ၉၄၀ တောင့်၊ တရုတ်နိုင်ငံလုပ် လက်ပစ်ဗုံး ၃၁လုံး၊ ဆက်သွယ်ရေးစကားပြောစက် ငါးလုံး၊ အားသွင်းခုံ ရှစ်ခု၊ တရုတ်ဘာသာဖြင့် ရေးသားထားသော မြန်မာနိုင်ငံ မြေပုံတစ်ခု၊ ဦးသိန်းအောင် အမည်ပါယာဉ်မောင်း လိုင်စင်တစ်ခု၊ စစ်သုံးအဝေးကြည့်မှန်ပြောင်း တစ်ခု၊ ဓားမြှောင် သုံးချောင်း၊ အီကွန်းမင့်ရှစ်ခု၊ လက်ကိုင်ဖုန်းလေးလုံးနှင့် အပိုဘတ္ထရီ ခုနစ်ခုတို့အား သက်ဆိုင်ရာမှ ဖော်ထုတ်ဖမ်းဆီးခဲ့ကြောင်း မုံရွာခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ မှတ်တမ်းများတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

Mizzima Burmese

အိုင်တီပညာရှင်များ စီးပွားရေးလုပ်ငန်းလုပ်ကိုင်နိုင်ရန် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်နှင့် ဂျပန်တို့ ပူးပေါင်းကူညီမည်


အိုင်တီပညာရှင်များအတွက် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် အထောက်အကူဖြစ်စေရန်နှင့် စွန့်ဦးတီထွင်သူ လူငယ်များအတွက် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံသူများပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်နှင့် ဂျပန်နိုင်ငံ CIESF အဖွဲ့တို့ပူးပေါင်းပြီး IT Business Plan ပြိုင်ပွဲများ ကျင်းပပြီး ဆုရရှိသူများကို ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများနှင့် ချိတ်ဆက်လုပ်ကိုင်နိုင်ရန် အကူအညီများပေးသွားမည်ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းတင့်က မဇ္ဈိမကို ပြောသည်။

ဒေါ်သန်းသန်းတင့်က“အိုင်တီပညာရှင်တွေအနေနဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အတွေ့အကြုံတွေရလာအောင် IT Business Plan ပြိုင်ပွဲတွေ ကျင်းပပေးတာပါ။ ပြည်တွင်းပြည်ပက ရင်းနှီးမြှုပ်နှံသူတွေနဲ့ ချိတ်ဆက်လုပ်ကိုင်နိုင်အောင်ပါ”ဟု ဆိုသည်။

ပြိုင်ပွဲဝင်များ တင်သွင်းယှဉ်ပြိုင်သည့် Project အများအနက်မှ အကဲဖြတ်အဖွဲ့မှ ရွေးချယ်သည့် Project များကို ပြင်ဆင်နိုင်ရန်အတွက် သင်တန်းပေးသွားမည်ဖြစ်ပြီး နောက်ဆုံးအဆင့်ပြိုင်ပွဲမှ ဆုရရှိသူများကို ပထမဆု ဒေါ်လာ ၃၀၀၀၊ ဒုတိယဆု ဒေါ်လာ ၂၀၀၀ နှင့် တတိယဆု ဒေါ်လာ ၁၀၀၀ ချီးမြှင့်သွားမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

၎င်းက“တင်သွင်းလာတဲ့ Project တွေထဲက ရွေးချယ်ခံရတဲ့ Project တွေကို သင်တန်းပေးပြီး ပြင်ဆင်နိုင်အောင် လုပ်ပေးမှာပါ။ ဒါတွေပြီးမှ ဒီ Project တွေထဲက အကောင်းဆုံးတွေကို ရွေးပြီးဆုပေးသွားမှာပါ”ဟုဆိုသည်။

ပြိုင်ပွဲဝင်များ ပါဝင်ယှဉ်ပြိုင်သည့် Project များကို အကဲဖြတ်အဖွဲ့မှအပ မည်သည့်နေရာသို့မှ အသိပေးခြင်း၊ ပေါက်ကြားခြင်းမရှိစေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်ဟု မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ် ပြိုင်ပွဲကျင်းပရေး ကော်မတီအဖွဲဝင် ဦးနေလင်းသန်းက မဇ္ဈိမကို ပြောသည်။

ဦးနေလင်းသန်းက “Project တွေကို အကဲဖြတ်တာ၊ ရွေးချယ်တာတွေကို အကဲဖြတ်အဖွဲ့ကပဲ လုပ်ပါတယ်။ အပြင်ဘက်ကို မပေါက်ကြားဖို့ကို တာဝန်ယူထားပါတယ်။ ပြိုင်ပွဲဝင်တွေရဲ့ Idea ကို ကာကွယ်ပေးထားပါတယ်”ဟု ဆိုသည်။

ပြည်တွင်း အိုင်တီပညာရှင်များအနေဖြင့် နည်းပညာရပ်များတွင် ကျွမ်းကျင်သော်လည်း စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန်အတွက် အခက်အခဲများ လိုအပ်ချက်များရှိနေသဖြင့် ယခုကဲ့သို့ပြိုင်ပွဲများကျင်းပပေးခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။

၎င်းက“ပညာရှင်တွေက Programmar ဆိုရင် Program တွေပဲရေးတယ်။ ဒါဆိုရင် Coder တွေပဲ ဖြစ်လာမယ်။ သူတို့ရဲ့ ထုတ်ကုန်တွေကို ဈေးကွက်ဝင်အောင်ဘယ်လို လုပ်မယ်ဆိုတာမျိုးတွေ ပိုပြီးသိလာဖို့အတွက် ဒီပြိုင်ပွဲတွေလုပ်တာပါ”ဟုပြောသည်။

ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် အိုင်တီနည်းပညာရပ်များအပေါ် အခြေခံသည့် Project များကို Business Plan များ ပေးပို့ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ပြိုင်ပွဲဝင်မည့် Project များကို ဇွန်လ ၁၅ ရက် နောက်ဆုံးထားပြီး မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ရုံးသို့ ပေးပို့ရမည်ဖြစ်သည်။

ပြိုင်ပွဲစည်းကမ်းများ၊ ပါဝင်ယှဉ်ပြိုင်ရာတွင် လိုအပ်မည့် အချက်အလက်များကို www.mcfmyanmar.org တွင် ရယူလေ့လာနိုင်မည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်ရုံး ဖုန်း ၀၁ ၆၅၂၃၀၇၊ ၀၉၇၃၂၅၇၃၇၇ သို့ ဆက်သွယ်မေးမြန်းနိုင်မည်ဖြစ်သည်။

Mizzima Burmese

သတိပေးရာမှသည် အချက်ပေးသကဲ့သို့ဖြစ်မှာကို စိုးရိမ်လှပါသည်..ထင် လင်း ဦး


မေ (၁၅) ရက်နေ့က မန္တလေးမြို့ ၊ မြို့တော်ခန်းမမှာ ကျင်းပခဲ့တဲ့ စာတတ်မြောက်ရေး လှုပ်ရှားမှု ဂုဏ်ပြုအခမ်းအနားမှာ နိုင်ငံတော်သမ္မတကြီးက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကြောင့် တိုင်းပြည်ဆူပူမည် ကို ပြည်သူပြည်သား များက မလိုလားကြဘူး လို့ ထည့်သွင်းပြောကြားခဲ့ပါတယ် ။

ဒီစကားဟာ အမှန်ပါ ။ ပြည်သူတွေက တိုင်းပြည်မှာ ဆူပူမှုတွေဖြစ်မှာကို မလိုလားသလို ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေသူတွေ ကလည်းမလိုလားကြပါဘူး ။ ဒါပေမဲ့ စကားအဖြစ်နဲ့တင် စိုးရိမ်ကြောင်း ပြောမနေဘဲ ဒီပြဿနာတွေမဖြစ်လာ အောင် လုပ်ဆောင်ပေးရမဲ့တာဝန်က ဘယ်သူတွေမှာ တာဝန်ရှိပါသလဲ ။ ဒီဖွဲ့စည်းပုံဟာ ပြင်ဆင်ဖို့ မလိုလောက်အောင်ကို ပြီးပြည့်စုံနေပါသလား ၊ ဒီမိုကရေစီစနစ်ကို တကယ်ပဲ တည်ဆောက်နိုင်မဲ့ ဥပဒေလား ၊ ပြည်ထောင်စုစနစ်ကို အမှန်တကယ် ဖော်ဆောင်နိုင်ပြီး ပြည်တွင်းငြိမ်းချမ်းရေး ကို တကယ်ဖော်ဆောင်နိုင်မဲ့ ဥပဒေလား ၊ နိုင်ငံသားတို့ရဲ့ အခွင့်အရေးတွေကို တကယ်ပဲ ဖော်ဆောင်ပေး ၊ အကာအကွယ်ပေး နိုင်မဲ့ဥပဒေလား ဆိုတာကို အနီးမှာ အကြံပေးမဲ့ ထောက်ပြမဲ့သူတွေ ၀န်းရံနေတဲ့သမ္မတကြီး တစ်ယောက် အနေနဲ့ မသိစရာမရှိလောက်ဘူးထင်ပါတယ် ။ ဟိုကသည်က ကူးရေး ပြီး ကိုယ့်အလိုကျ ဖြည့်စွက်ထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးဟာ ခေတ်စနစ်နဲ့လည်း မကိုက်ညီ ၊ ဒီမိုကရေစီ စနစ်နဲ့လည်း မကိုက်ညီတဲ့ ဥပဒေကြီးကို ပြင်ဆင်ဖို့ လိုတယ်ဆိုတာလည်း အားလုံးအသိပါ ။

အမျိုးသား ပြန်လည်သင့်မြတ်ရေးကို တကယ်စိတ်လိုလက်ရ လိုလားသူတစ်ယောက်အနေနဲ့ဆိုရင် ဒီလိုအခြေအနေမျိုးမှာ အားလုံးပါဝင်နိုင်တဲ့ ဆွေးနွေးညှိနှိုင်းမှုကို ဖိတ်ခေါ်သင့် ၊ ခေါ်ယူဆွေးနွေးသင့်တယ်လို့ ထင်မြင်ယူဆပါတယ် ။ ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အေးအေး ချမ်းချမ်း ပြင်ဆင်နိုင်ဖို့ အတွက် ညှိနှိုင်းဆွေးနွေးပွဲတွေကနေ သွားနိုင်ပါလျက်နဲ့ ၊ တိုင်းရင်းသားတွေပါ ပါဝင်ပြီး တစ်ဆင့်ပြီးတစ်ဆင့် ငြိမ်းချမ်းစွာ ပြင်ဆင်သွားဖို့ကို ကတိက၀တ်ပြု ဦးဆောင်ဦးရွက်ပြုသင့်တဲ့ သူတစ်ယောက်အနေအထားကို လျစ်လျှူရှု ခဲ့တဲ့ အတွက် ခုလို အခြေအနေတစ်ခု ဆိုက်ရောက်လာရတာပါ လို့ ဆိုရင် ဘယ်လိုများ ငြင်းချက် ထုတ်ဦးမလဲ ဆိုတာ သိချင်ပါသေးတယ် ။

ခုလို နိုင်ငံတော် အကြီးအကဲတစ်ယောက်က တိုင်းပြည်ဆူပူမှုဖြစ်မှာကို စိုးရိမ်တယ် ဆိုတဲ့ စကားကို အချိန်ကိုက် ထုတ်ပြောတာဟာ ဘယ်လိုများပါလိမ့်လို့ သံသယဖြစ်မိပါတယ် ။ တကယ်စိုးရိမ်တာဆိုရင်တော့ အဲဒီလိုအခြေအနေမျိုး တွေမဖြစ်ရလေအောင်
ဆန္ဒဖော်ထုတ်ပွဲတွေကို တစ်ရက်တည်း ၊ တစ်နေရာတည်းမှာ ခွင့်ပြုချက်ပေးတာမျိုးတွေ မဖြစ်ဖို့
ဒေသန္တရအုပ်ချုပ်ရေးအာဏာပိုင်တွေက ထိမ်းညှိပေး တာမျိုး ၊ လုံခြုံရေးထိမ်း အကွပ် ပေးတာမျိုးတွေကို အလေးထားလုပ်ဆောင်သွားရမယ် လို့ အကြံပြု ချင်ပါတယ် ၊ အဲဒီလိုမှ မဟုတ်ရင်တော့ မျှော်လင့်ထားတဲ့ ပြဿနာတွေထဲကို တည့်တည့်ဝင်မှာပါပဲ ။ အဲဒါဆိုရင်တော့ အခုပြောခဲ့တဲ့ ဆူပူမှုတွေဖြစ် မှာကို စိုးရိမ်မိတယ်ဆိုတဲ့ သမ္မတကြီးရဲ့ စကားဟာ ဖြစ်လာမှာကို စိုးရိမ်တာ မဟုတ်ဘဲ ဖြစ်လာဖို့အတွက် မီးစိမ်းပြလိုက်တဲ့သဘောမျိုးလို့ သတ်မှတ်ရပါတော့မယ် ။
ဒါကြောင့် ဒီစိုးရိမ်စကားဟာ အခြေခံဥပဒေ ပြင်ဆင်ရေး အေးချမ်းစွာ ဆန္ဒဖော်ထုတ်မှုများကနေ ပဋိပက္ခအသွင်ဆောင် မလာအောင် သတိပေးတာပဲလား ၊ ပဋိပက္ခများ ၊ ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်လာအောင် တန်ပြန်ဆန္ဒ ဖော်ထုတ်ကြတာမျိုးတွေ ၊ အခြေအနေ တွေကို ရှုပ်ထွေးအောင်လုပ်မဲ့ လုပ်ဆောင်မှု တွေရဲ့ နောက်ကွယ် က လက်မဲကြီးတွေကို စကားလမ်းကြောင်း ပေးလိုက်သလို ဖြစ်လေမလား ဆိုတာကိုတော့ ပြန်လည် စိုးရိမ်မိကြောင်းပါဗျာ ။

Dawnmanhon( ဒေါင်းမာန်ဟုန်) 

ဘင်္ဂလားဒေ့ရှ်တွင် ဖယ်ရီ သင်္ဘောတစ်စင်း နစ်မြုပ်၊


 ယခုအချိန် အထိ လူ(၉)ဦး သေဆုံးခဲ့ပြီး၊ (၁၀၀) ကျော် ပျောက်ဆုံး နေဆဲဖြစ်
ဘင်္ဂလားဒေ့ရှ် နိုင်ငံ အလယ်ပိုင်းတွင် ခရီးသည် အဆမတန် တင်ဆောင် လာသည့် ဖယ်ရီ သင်္ဘောတစ်စင်း မုန်တိုင်းနှင့် ကြုံတွေ့ ခဲ့ပြီး နစ်မြုပ် ခဲ့ခြင်းကြောင့် ယခုအချိန် အထိ လူကိုးဦး သေဆုံး ခဲ့ပြီးဖြစ်ကာ လူရာပေါင်း များစွာမှာ ပျောက်ဆုံး နေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် အစိုးရ အရာရှိများက ပြောဆိုခဲ့ သည်။

မနစ်မြုပ်မီ တွင် ခရီးသည် မည်မျှ တင်ဆောင် လာသည် နှင့် ပတ်သက်ပြီး ကွဲပြား သော သတင်းအချက် အလက်များ ကို ရရှိနေဆဲဖြစ်ပြီး၊ ခရီးသည် (၂၀၀) မှ (၃၅၀) ဦးအထိ လိုက်ပါ လာနိုင်ကြောင်း ခရိုင် အုပ်ချုပ်ရေးမှူး ဆိုင်ဖူဟာဆင်က အေအက်ဖ်ပီ သတင်းဌာနသို့ ပြောဆိုခဲ့သည်။ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမှ (၅၀) ကီလိုမီတာ( မိုင် ၃၀) အကွာ မန်ရီဂန်ဇခရိုင်ရှိ မဂ္ဂနမြစ်ထဲတွင် သင်္ဘော နစ်မြုပ် ခဲ့ခြင်းဖြစ်ပြီး၊ ယခုအချိန် အထိရုပ် အလောင်းကိုးခု ကို ဆယ်ယူ ရရှိခဲ့ပြီးဖြစ် ကြောင်း ၎င်းက ထပ်မံပြောဆို ခဲ့သည်။

သေဆုံးသူများ အနက် (အနည်းဆုံး) နှစ်ဦးမှာ အမျိုးသမီးများ ဖြစ်ကြောင်း ဒေသဆိုင်ရာ ရဲချုပ် ဖာဒိုးအာမတ် က ပြောဆို ခဲ့သည်။ သင်္ဘောသည် ဒါကာ မှ တောင်ဘက် ရှာရီယာပူရခရိုင် သို့ ဦးတည် ထွက်ခွာလာ ခြင်းဖြစ်ပြီး ကြာသပတေးနေ့ နေ့လယ်ပိုင်း တွင် မုန်တိုင်း တိုက်ခတ်မှု နှင့်ကြုံတွေ့ပြီး နစ်မြုပ် ခဲ့ခြင်းဖြစ် ကြောင်း ရဲတပ်ဖွဲ့က ပြောဆိုခဲ့ သည်။

သင်္ဘောသည် ရေအောက်တွင် လုံးဝနစ်မြုပ်နေ ပြီဖြစ်သော ကြောင့် သင်္ဘောတည် ရှိရာ နေရာကို ဦးစားပေး ရှာဖွေ နေရကြောင်း၊ စိုးရိမ်ပူပန်နေ သည့် မိဘ ဆွေမျိုးများသည် မြစ်ကမ်းနံဘေး တွင် စောင့် ဆိုင်းနေကာ ရုပ်အလောင်းများ အား မည်သူမည်ဝါ ခွဲခြား နိုင်ရန် စီတန်းပြီးချထား ပေးခဲ့ကြောင်း အာမတ် က ပြောဆိုခဲ့သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် မြစ် ၂၃၀ စင်း ကျော်ရှိ နေပြီး ထိန်းသိမ်း စောင့်ရှောက်မှု အားနည်းခြင်း၊ သင်္ဘောပုံစံ ထုတ်လုပ်မှု ညံ့ဖျင်းခြင်းနှင့် ခရီးသည် များကို သတ်မှတ် ထားသည်ထက် ပိုမိုတင်ဆောင် ခြင်းတို့ ကြောင့် ဖယ်ရီသင်္ဘော နစ်မြုပ်မှုများလည်း မကြာခဏ ဖြစ်ပွားလေ့ ရှိသည်။

Messenger News Journal

ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ ရွှေမော်ဓောဘုရားရင်ပြင် ကော်ဇောနီပေါ်အထိ ကားပတ်စီးမှု ပဲခူးတွင် ငလျင်ကြီးလှုပ်မည်ကို ဒေသခံများ စိုးရိမ်နေ


ပဲခူးတိုင်းေ}သကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးညာဏ်ဝင်းနှင့် အစိုးရအဖွဲ့ ဝန်ကြီးများသည် ၁၃၇၆ ခုနှစ် ကဆုန် လပြည့်နေ့ နံနက် ၉ နာရီအချိန်တွင် ရှေးဟောင်းယဉ်ကျေးမှုနç်မြေ သမိုင်းဝင် ဆုတောင်းပြည့် ဆံတော်ရှင်ရွှေမော်ဓော စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်သို့ ကားများနှင့်တက်ရောက်ပြီး ကော်ဇောနီ ခင်းထားသည့်အပေါ်၌ ကားမောင်းကြောင်း ၁၂-၅-၂၀၁၄ နေ့ ဖေ့(စ်)ဘုတ်စာမျက် နှာများပေါ်တွင် ဖတ်ရှုရသည်။
စေတီတော်မြတ်ကြီး ရင်ပြင်ပေါ်သို့ တက်ရောက်နိုင်သည့် ကားလမ်းသည် မြောက်ဘက်မုခ် စကြာတန်စောင်းနှင့် ကပ်လျက် အရှေ့ဘက်တွင် ရှိသည်ယင်း ကားလမ်းမှတက်ပြီးသည့်အခါ ကျောက် ပန်းတောင်း ဓမ္မာရုံဘေးတွင် ကားများရပ် ထားရန် နေရာရှိသည်/ ရင်ပြင်တော်ပေါ် သို့တက်ရန် ကားလမ်းသည် ယခင် ကတည်းက ရှိပြီးသားနေရာဖြစ်သည်။
သို့သော် ယခုကဲ့သို့ ရင်ပြင်တော် ပေါ် ကော်ဇောနီခင်းထားသည့်နေရာများ သို့ ကားမောင်းသည်ကိုတော့ တစ်ခါဖူးမှ မမြင်ဖူး မကြားဖူးသည်မှာ အမှန်ပင် ဖြစ်သည်။
ကဆုန်လပြည့်နေ့သည် ဗု}္ဓဘုရား ရှင် ဖွားတော်မူသည့်နေ့ ပွင့်တော်မူသည့် ပရိနိဗ္ဗာန်စံတော်မူသည့်နေ့ဖြစ်၍ ဗု}္ဓဘာ သာဝင်များအတွက် အမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်သည်ယင်းနေ့တွင် ညောင် ရေသွန်းပွဲတော်နေ့အဖြစ် ဂေဇက်ဝင်နိုင်ငံ တော်မှ သတ်မှတ်ထားသည့်နေ့လည်း ဖြစ် သည်။
ထိုနေ့တွင် ဝန်ကြီးချုပ် ဦးညာဏ်ဝင်း သည် ရင်ပြင်တော် အင်္ဂါထောင့်ရှိ ဝန်ကြီး ချုပ်ဟောင်း ဦးနုစိုက်ပျိုးခဲ့သော ဗောဓိ ညောင်ပင်အား ညောင်ရေသွန်းတက် ရောက်ပူဇော်ကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ တန်ခိုးကြီးဘုရား ဖြစ်စေ သာသနာနç်မြေအတွင်း၌ ဖိနပ် မစီးရ çဉ်ကျေးမှုနှင့် မကိုက်ညီသော ဝတ်စားဆင်çင်မှုများဖြင့် ရင်ပြင်တော် ပေါ်မတက်ရ ဆိုင်းဘုတ်များဖြင့် သတိပေး တားမြစ်သည်ကို တွေ့မြင်ကြရမည်ဖြစ်ပါ သည်။
ယခုကဲ့သို့ မြန်မာသိ ကမ္ဘာသိ မြင် မကောင်း ရှုမကောင်း အဂါရဝဖြစ်စေသည့် (မရိုမသေပြုမှု) မြင်ကွင်းများကို ပဲခူးသား/ ပဲခူးသူတို့ ဖေ့(စ်)ဘုတ်စာမျက်နှာများပေါ် တွင် မြင်တွေ့ရသောအခါ များစွာစိတ် မကောင်းဖြစ်ကြရသည်/
တချို့သော လူကြီးသူမများကဆို လျှင် ယခုလို ရွှေမော်ဓောစေတီတော် ရင် ပြင်တော်ကော်ဇောနီခင်း၍ ကားပတ်သည် ကို မြင်ရသည့်အခါ ခရစ်နှစ် ၁၉၃၀ ခုနှစ် တွင် ပဲခူးမြို့တွင် လှုပ်ခတ်ခဲ့သော ငလျင် ကြီးကဲ့သို့ လှုပ်ခတ်မှာကို စိုးရိမ်မိကြောင်း ပြောဆိုသံများကိုလည်း ကြားရပါသည်။
ပဲခူးမြို့နç် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ဝင် ချမ်း မြေ့ဇေçျာသာမဏေကျော် တက္ကသိုလ် ကျောင်းတိုက် နာယကဆရာတော် ဦးဥက္ကံသ (သာမဏေကျော်) ဆရာတော် အားမေးမြန်းလျှောက်ထားရာတွင် ဆရာ တော်မှ စေတီçင်္ဂဏကျမ်းအလိုအရ ပြောရ လျှင် ယခုလို စေတီတော်ရင်ပြင်၌ ဖိနပ်စီး ဖို့မပြောနဲ့ လက်နဲ့ကိုင်ပြီးတော့တောင်မှ မတက်ကောင်းဘူး အခုလို ကားနဲ့တက် တာဆိုတော့ ကားတာယာဆိုတာလည်း ဖိနပ်နဲ့ အတူတူပဲ မတက်ကောင်းဘူး/ ဒါပေမဲ့ ဘုရားဂေါပက ဘယ်လို လူတန်း စားတော့ ကားနဲ့တက်ရမသင့်/ ဘယ်လို လူတန်းစားတော့ ကားနဲ့ မတက်ရ/ မူဝါဒ တွေရှိရင်တော့ မပြောတတ်ဘူးဟု မိန့် ကြားသည်။

မိုးမြင့်လွင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

မိမိကံကို ပြုပြင်စီရင်နည်း



မိမိ ကံကို ပြုပြင်စီရင်၍ မရနိုင်ဟု အကြမ်းဖျင်းအားဖြင့် သိထားကြ သည်။ ပြုပြင်စီရင်၍ မရသဖြင့် မြတ်စွာဘုရားရှင် ကိုယ်တိုင် ဝဋ်ကြွေးဆပ် ပရိတ်နိဗ္ဗာန်စံ ပျံလွန်တော်မူရသည်။ ရဟန္တာများ ပျံလွန်တော်မူခါနီး သည့်တိုင် အသေဆိုးနှင့် ပြီး ဝဋ်ကြွေးဆပ်ရသည့် သာဓကများလည်းရှိသည်။

သေမည့်ကံသို့ရောက်သဖြင် တားဆီးမရပဲ သေရသည်။ အိုမည့်ကံ၊ မွေးမည့် ကံ၊ ထီပေါက်မည့် ကံ၊ ကားတိုက်မိရန် ကံ စသည်ဖြင့် ကံကံကံ၊ ကံကသာ စီရင်နေသည်ဟု အများက သိထားကြသည်။ ထို့ကြောင့်ပင် ဗုဒ္ဓဘာသာဝင် အချို့က အမှုကိစ္စတစ်ခုခုကို ဆောင်ရွက်၍ မအောင်မြင်သည့် အခါ၊ ကျရှံးသည့်အခါ၊ တစ်ခုခု ဖြစ်လာသည့်အခါ “ကံကြောင့်ပါကွာ၊ ကံစီမံရာ ဖြစ်တာပါလေ၊ ကံတရားက မျက်နှာသာမပေးတာပါလေ” ဟူ၍ ငြီးငြူ ဖြေသိမ့်တတ်ကြသည်။ ထိုအခါ မိမိတို့ လောကီ၊ လောကုတ် လိုရာပန်းတိုင်ကို ရောက်ရန် တုံ့ဆိုင်းရသည်။ ပျက်ဆီးရသည်။ ထို့ကြောင့် ကံကို ပြုပြင်စီရင်လို့ရသည့် အခြေအနေတစ်ခုရှိသည်ကို သိရှိရန် လိုအပ်လာပါသည်။

ကံကို ပြုပြင်စီရင်၍ ရပါသည်။ မည်သို့နည်း------

သေမည့်ကံ ကြုံလျှင်၊သေရမည်ဖြစ်သည်။ နာရမည့်ကံကြုံလျှင် နာရမည်ဖြစ်သည်။ ထိုအခါ ကာယကံ ရှင်က ကြိုတင်ပြင်ဆင်စရာ ရှိလာပါသည်။ မကောင်းသည့်ကံက မကောင်းသည် ကို ဖြစ်စေပြီး၊ ကောင်းသည့် ကုသိုလ်အမှု (ကံ) က ကောင်းသည့် ကုသိုလ်အကျိုး (ကံ) ကို ဖြစ်ပေါ်စေသည်ဟု အများသိ သိရှိပြီး ဖြစ်သည်။ ထို့ကြောင့် သိရှိပြီးအတိုင်း ကောင်းသည့်အမှုများ ပုညကြိယာ ၁၀ ပါးအခြေခံ ဒါန၊သီလ၊ဘာဝန အစရှိသော ကုသိုလ်တရားများကို မဟာကုသိုလ်မြောက်အောင် ပြုထားရမည်။

မဟာကုသိုလ်မြောက်ရန်ဆိုခြင်းက မပြုခင်၊ ပြုစဉ်၊ ပြုပြီး ကုသိုလ်အမှုကိစ္စ၏ အကြောင်း၊အကျိုးကိုကောင်းကောင်းသိမြင်၊ နှလုံးသွင်း ကြည်ညိုသဒ္ဓါ ဖြင့် ပြုရမည် ဖြစ်သည်။

ကံဆိုးတစ်ခုခုကြုံလာသည့်အခါ-----------

ကံဆိုးတစ်ခုခု ကြုံလာတိုင်း၊ တားဆီးမရသည့် မဆီမဆိုင် ကြရှုံးမှု တစ်ခုခုကြုံလာတိုင်း နှလုံးသွင်းဖြေ သိမ့်ရန်ဖြစ်သည်။ မဖြေသိမ့်က ကျရှုံးမိသည့်အတွက် သောကမီးလောင်မည်၊ မောဟဖုံးမည်၊ ဒေါသစိတ် ဖြစ်ပေါ်လာမည်။ မပြုအပ်သည့် အကုသိုလ်အမှုကိုပြုမိသည်။ ဘာမှမပြုပဲ တိတ်ဆိတ်နေသူကလည်း သောကမီးလောင်မြိုက်ခြင်းကို ခံရသည်။
၎င်းတို့ကို ဖြေသိမ့်နိုင်ပါသည်။ ဥပမာ- ကားတိုက်၍ ခြေကျိုးသွားပါက နဂို သေမည့်ကံရှိနေသော မိမိက ခြေကျိုးရုံနှင့် ဝဋ်ကြွေးဆပ်လိုက်ရသည်ဟု မနသိကာရ နှလုံးသွားရမည်။ ငွေ တစ်သိန်းဆုံးရှုံးသည့်အခါ စီးပွားပျက်ကိန်းမှ လွတ်မြောက်ရသည်ဟု နှလုံးသွင်းအပ်သည်။

ကံကြွေးတစ်ခုခုဆပ်ရန် အခါကြုံသည့်အခါ ကူညီဖေးမသူ ပေါ်အပ်ပါသည်။ ဥပမာ- မဟာကုသိုလ်ပြုပြီး အမျှအတမ်းနေ့စဉ် မျှဝေသူတစ်ဦးကို နတ်ကောင်းနတ်မြတ်များက ဘေးမသီရန်မခရန် ကယ်ဆယ်ပေးသည့် အခါ ရှိသကဲ့သို့ ဖြစ်သည်။ ထိုနတ်များကလည်း အကြောင်းသက်သက် မဟာကုသိုလ်ပြုသူအား လာရောက်ကူညီခြင်းမျိုးမဟုတ်ပဲ ထိုသို့ ကူညီခြင်းကို လက်ခံနိုင်ရန် ကံပါသည့်သူသာ အကူညီခံရပါသည်။ ၄င်းက ကံအကြွေးတစ်လှည့်ဆီ ဆပ်ခြင်းမျိုးလည်း ဖြစ်သည်။ နေ့စဉ် အမျှအတန်းဝေ ကုသိုလ်ပြုသော သူတစ်ဦး၊ မေတ္တသုတ်အား ရတနားသုံးပါးသိမြင် ရှိခိုးပူဇော်ခြင်း စသည်များက ကံဆိုးတစ်ခုခု ကြုံလာသည့်အခါ ပြန် လည် ထောက်ပံ့ကူညီသည်။ အမြဲတမ်း နေ့စဉ် မပျက် ပြုသော ကုသိုလ်မျိုးကလည်း နောင်ဘဝကူးချိန်မဟုတ်ပဲ လက်ရှိဘဝတွင်ပင် အကျိုးပြုသည်။

ဆိုလိုရင်းက မဟာကုသိုလ်ထူး ပြုထားသူက အကုသိုလ်ကံဆိုး များကြုံလာတိုင်း ပြုသော ကုသိုလ်ကြောင့် ဆပ်ရမည့် ဝဋ်ကြွေး လျော့ပါးသွားသည်။ ပျောက်ပျက်သွားသည်မဆိုလို။ ကျယ်ပြောလှသော ဘဝဆက်တိုင်း ကုသိုလ် ပဲ့တင်ထပ်သကဲ့သို့ အကုသိုလ်လဲ ပဲ့တင်ထပ်သည်။ ယနေ့မဆပ်ရလည်း နက်ဖန်၊ ယခုဘဝမဟုတ်လည်း နောက်ဘဝ စသည်ဖြင့် ကုသိုလ်ကံ၊ အကုသိုလ်ကံများက ကာယကံရှင်၏ အမှုကိစ္စ အလျောက် များသည့်အခါများလိုက်၊ နည်းသည့်အခါနည်းလိုက်ဖြစ်ရသည်။ အကုသိုလ်ကြီးပြုသူက သေမည့် ကံထက် စော၍သေရသည်။ ၄င်းကို အဘိဓမ္မာတွင် ရုပ်သက်ကုန်၍ သေရခြင်း၊ နာမ်သက်ကုန်၍ သေရခြင်း၊ ရုပ်နာမ်သက် နှစ်ပါးလုံး ချုပ်၍ သေရခြင်းဟု ဖွင့်ဆိုဟောကြားထားသည်။ ဤသည်ကို မသိသူတို့က “သေချိန်တန်မှ သေရမှာ လုပ်သာလုပ်၊ ပြုသာပြု” ဟူသော အစွဲဖြင့် အကုသိုလ်အမှုပြုကြသည်။

ထို့ကြောင့် ဘုရားဟောတရားများ သိမြင်သော စာဖတ်သူ ဓမ္မမိတ်ဆွေများနှင့် မိမိတို့က မည်သို့ပြုရမည်နည်း။ ကံကို အတတ်နိုင်ဆုံး ပြုပြင်စီ ရင်ရမည်ဖြစ်သည်။ မဟာကုသိုလ်ကြီး များပြုလုပ်ရမည်ဖြစ်သည်။ ဒါန၊သီလ၊ ဘာဝနာ သုံးပါးလုံး ဥာဏ်ပညာရှင်လျက်ပြုထားရမည်။

ထိုကြောင့် ကံဆိုးတစ်ခုခုကြုံလာသည့်အခါ “ငါ ဒီကုသိုလ်ပြုထားလို့ ဒီလောက်ပဲ ခံရတာ” ဟူ၍ဖြေသိမ့်အပ်သည်။ ထို့နောက် နိဗ္ဗာန် မျက်မှောက်ပြုအပ်သော တရားများကို ပွားများကျင့်ကြံအပ်သည်။ နိဗ္ဗာန် ဝင်ခါးနီးတွင်ပင် ရဟန္တာရှင်မြတ်တို့ ဝဋ်ကြွေးဆပ်ရသည်။ သို့သော် ဤဝတ်ကြွေးကနောက်ဆုံးဖြစ်ပြီး ကံကြောင်းကျိုးတို့အပြီးတိုင် ချုပ်ငြိမ်းပြီး ဘုံဘဝ လွတ်ကင်းရသည်။

ထို့ကြောင့်ဘဝတွင် နေရသည့် အကျိုးအကြောင်းကိုသိမြင်ပြီး အမှုကိစ္စတိုင်း ကို အလေးထားပြုလုပ်တတ်လာမည်။ မကောင်းအမှု အကုသိုလ် များကို ရှောင်ရှားတတ်လာသည်။ ကြုံလာလျှင်လည်း ကြံ့ကြံ့ခံနိုင်သွားသည်။ ရတနာသုံးပါးကို သံသယကင်းကင်း ဆည်းကပ်လာသည်။ မဂ်ဖိုလ်ရရန် ကျင့်ကြံနိုင်သွားသည်။

ဤသည်ကို သိမြင်သော မြတ်စွာဘုရားက ယခုကဲ့သို့ တိတိကျကျ ဟောကြားမိန့်ဆိုခဲ့ခြင်းဖြစ်သည်။

စာဖတ်သူအပေါင်းတို့ မိမိကံမိမိ ပြုပြင်စီရင် ဖန်တီးနိုင်ကြပါစေ။

အောင်ခမ်း (ရိုးရာလေး)



ရှမ်းအရှေ့ပိုင်းတွင် မူးယစ်ဆေး၊ လယ်ယာမြေနှင့် သတ္တုလုပ်ငန်းများ အဓိက ပြဿ နာဖြစ်နေ


ရှမ်းပြည်နယ် အရှေ့ပိုင်းက မူးယစ်ဆေးဝါး၊ လယ်ယာမြေနဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းတွေဟာ ဒေသတွင်းမှာ အဓိက  ပြဿ     နာဖြစ်နေပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်းရဲ့ ဒေသန္တရ စီမံခန့်ခွဲမှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲမှာ မူးယစ်ဆေးဝါး၊ လယ်ယာမြေနဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းတွေကို အဓိက ကြုံတွေ့နေရတဲ့  ပြဿ     နာတွေအဖြစ် ဆွေးနွေးခဲ့ကြတာပါ။

တာချီလိတ်မြို့မှာ မေ ၁၂ ရက်ကနေ ၁၅ ရက်နေ့အထိ ပြုလုပ်တဲ့ အဲဒီဆွေးနွေးပွဲကို ရှမ်းပြည်နယ် အရှေ့ပိုင်း ၉ မြို့နယ်က ဒေသခံတွေနဲ့ နိုင်ငံရေးပါတီက တာဝန်ရှိသူတွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

ကျိုင်းတုံမြို့နယ်မှာ ထိုင်းကုမ္ပဏီတခုက ကျောက်မီးသွေး စမ်းသပ်တူးဖော်နေတာနဲ့ ပတ်သက်ပြီး ဒေသခံ ဒေါ်နန်းလိတ်က အခုလို ပြောပါတယ်။

“ကျောက်မီးသွေး တူးခြင်းအားဖြင့် ကျမတို့ လယ်ကွက်တွေ ဆိုးကျိုးတွေ ရှိတယ်။ ဒေသခံ သဘောထားလည်း လုံးဝ သဘောမယူဘူး။ အဲဒါကြောင့် မရပ်လို့ရှိရင် ဆန္ဒပြ လမ်းလျှောက်မယ်။ သူတို့က လုပ်လည်း မလုပ်စေချင်ဘူး။ လုပ်မယ့်နေရာတွေ လယ်ကွက်ထဲမှာ ဖြစ်နေတယ်။ သူတို့ တူးမယ်ဆိုရင် လယ်ကွက်တွေ အကုန်ပျက်စီးပြီ။ လယ်တွေ ရွာတွေ  လူနေအိမ်တွေ အကုန် ပြောင်းရွေ့ပေးရတော့မှာလေ။ အုပ်ချုပ်ရေးမှူးလည်း သူတာဝန်မယူဘူး။ သူ့ရွာတွေလည်း ပါတယ်။”

ဒီလို ဆွေးနွေးပွဲတွေ လုပ်တာနဲ့ပတ်သက်ပြီး ရှမ်းတိုင်းရင်သားများတိုးတက်ရေးပါတီက ပြည်သူ့လွှတ်တော်အမတ် ဦးစိုင်းသိန်းအောင်က ဒီဗွီဘီကို အခုလို ပြောပါတယ်။

“ကျနော်က ဒီလိုမျိုး အမြဲတမ်းပဲ ဆောင်ရွက်ပေးစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ လမ်းဘေးထွက်ဆန္ဒပြမယ့်အစား အလုပ်ရုံဆွေးနွေးပွဲလုပ်ပြီးတော့ ရလဒ်အားလုံးကို လွှတ်တော်ကိုယ်စားလှယ်တွေကနေ တဆင့်ပဲဖြစ်ဖြစ် သွားလို့ရတယ်။ ကျနော်တို့ ဆွေးနွေးတယ်ဆိုတာက တဦးနဲ့ တဦး အမြင်ဖလှယ်တဲ့နေရာမှာ လွယ်ကူစွာ အဖြေရနိုင်တယ်။ အဲဒါကြောင့်မို့လို့ အမြဲတမ်းဆောင်ရွက်နိုင်အောင် ပါတီထိပ်ပိုင်းက လူကြီးတွေရော အန်ဂျီအို အဖွဲ့အစည်းက ခေါင်းဆောင်တွေအားလုံးရော တိုက်တွန်းပါတယ်။ အခုအချိန်မှာ လာရောက် ဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”

သူ့အနေနဲ့ လယ်ယာမြေ ပြဿသ နာတွေကို အများဆုံးကြုံတွေ့ရတယ်လို့လည်း ဦးစိုင်းသိန်းအောင်က ပြောပါတယ်။

ရှမ်းအရှေ့ပိုင်းမှာ ကြုံတွေ့နေရတဲ့ မြေယာ၊ သတ္တုတွင်း၊ မူးယစ်ဆေးပြဿ    နာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲကို ဦးဆောင်ပြုလုပ်တဲ့ မျိုးဆက်သစ် (ရှမ်းပြည်) အဖွဲ့ဝင် ကိုမိုးက ပြောပါတယ်။

“ဥပဒေနဲ့အညီ လုပ်ဆောင်ခြင်းမရှိရင် နောက်ထပ် မြေသိမ်း ယာသိမ်းတွေ မြေယာနဲ့ ပတ်သက်တဲ့ အငြင်းပွားမှုတွေ ဒါတွေဟာ ကြုံတွေနေရဦးမှာပဲ။ ဒီသတ္တုတွင်းတွေနဲ့ မြေယာချိတ်ဆက်နေတယ်။ သတ္တုတွင်းတူးမယ်။ ကိုယ့်ရဲ့လယ်ကွက်တွေထဲမှာ လာတူးမယ်။ ကိုယ့်လယ်မှာ ကိုယ်ပိုင်ဆိုင်ထားတဲ့ဟာ မပြနိုင်ဘူးဆိုရင် သူက မြေလွတ်မြေရိုင်း စာရင်းတွေ ထဲမှာ အကျုံးဝင်နေမယ်။ အဲဒီအတွက် ဒီဆိုးကျိုးတွေက ဆက်စပ်နေတယ်။ ဒီနေ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဆွေးနွေးသွားတဲ့ လောင်းကစားတွေနဲ့ မူးယစ်ဆေးဝါးတွေနဲ့ ဆက်နွှယ်မှုတွေ ရှိနေတယ်။ ဒါပေမယ့် ရှမ်းပြည်နယ် အစိုးရရုံးစိုက်ရာဖြစ်တဲ့ တောင်ကြီးမြို့ပေါ်မှာတောင် လောင်းကစားဆိုင်တွေ မှိုလို ပေါက်လာတယ်။ ဒါတွေကို ဘယ်လို ထိန်းကျောင်းမှာလဲ။ ဒါကတော့ သက်ဆိုင်ရာ ပြည်ထဲရေးတို့၊ ပြည်နယ်အစိုးရတို့ ပြည်ထောင်စုအစိုးရတို့ကို မေးရမယ့် မေးခွန်းတွေ ဖြစ်လာတယ်။”

ဆွေးနွေးပွဲကို မေလ ပထမပတ်က လာရှိုးမြို့မှာ ပြုလုပ်ခဲ့ပြီး ရှမ်းပြည်နယ်တခုလုံး အတွက်ကိုတော့ မေလ နောက်ဆုံးပတ်က တောင်ကြီးမြို့မှာ ပြုလုပ်မှာပါ။

DVB Burmese

ပုဂ္ဂလိကဘဏ်များ နိုင်ငံခြားငွေစာရင်းနှင့် ပတ်သက်၍ ဗဟိုဘဏ် ထပ်မံဖြေလျှော့



ဟွန်ဒီစနစ်ဖြင့် ငွေလဲလှယ် ရောင်းချသည့်စနစ် ပပျောက်ရန်နှင့် နိုင်ငံခြားဘဏ်ခွဲများ ဖွင့်လှစ်နိုင်ရန် ပထမခြေလှမ်းဖြစ်စေမည့် ခွင့်ပြုချက်တစ်ခုကို မေလ ၁၉ ရက်တွင် စတင်ခွင့်ပြုတော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်သော ညွှန်ကြားချက်တွင် ဖော်ပြပါရှိသည်။

နိုင်ငံခြားငွေ လဲလှယ်ရောင်းချခွင့်လိုင်စင် ရရှိထားသော လိုင်စင်ရဘဏ်များကို နိုင်ငံခြားငွေ ဈေးပြိုင်လေလံပွဲတွင် ၀ယ်ယူရောင်းချရသည့် ငွေများအား ချိတ်ဆက်ထားသော ပြည်ပဘဏ်များတွင် စာရင်းဖွင့်လှစ်ထားသည့် နိုင်ငံခြားငွေစာရင်း (Nostro A/C) များ၌ စာရင်းရှင်းလင်းခွင့်ကို ၂၀၁၄ ခုနှစ် မေလ ၁၉ ရက်မှ စတင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ဒီစနစ်က အရမ်းကောင်းတယ်။ အဝေး(ဟွန်ဒီ)တွေ ပျောက်သွားလိမ့်မယ်’’ဟု မြန်မာ့ရှေ့ ဆောင်ဘဏ် ဒုတိယအုပ်ချုပ်မှု ဒါရိုက်တာ ဦးကျော်စိုးမင်းက သုံးသပ်သည်။

ယခင်က ငွေကြေးလဲလှယ်ခွင့်ရရှိထားသော ဘဏ်များအနေဖြင့် နိုင်ငံခြားငွေလိုသည့်အခါ (သို့မဟုတ်) မြန်မာငွေ လိုအပ်သည့်အခါတွင် ပြည်ပနိုင်ငံများတွင် ဖွင့်လှစ်ထားသော ဘဏ်စာရင်းမှနေ၍ ဗဟိုဘဏ်နှင့် တိုက်ရိုက်ရှင်းလင်းခွင့်မရဘဲ တစ်ဆင့်ပြန်လည်ဝယ်ယူရောင်းချပြီးမှ စာရင်းရှင်းလင်းကြသည်။

‘‘နိုင်ငံခြားဘဏ်တွေမှာ ဖွင့်ထားတဲ့ အကောင့်ထဲက ငွေတွေကို ဗဟိုဘဏ်နဲ့ ရောင်းလို့ရတယ်။ ဖြည့်လို့ရတယ်ဆိုတဲ့ သဘောပါ။ ဒါ ကောင်းမွန်တဲ့ လုပ်ဆောင်ချက်ပါ’’ဟု ဦးကျော်စိုးမင်းက ပြောကြားသည်။

ထို့အပြင် ယခုကဲ့သို့ ခွင့်ပြုလိုက်ခြင်းသည့် နိုင်ငံခြားဘဏ်ခွဲများ ဖွင့်လှစ်ရန်အတွက် ပထမခြေလှမ်းတစ်ခုဖြစ်ကြောင်း ဦးမျိုးဦးက သုံးသပ်သည်။

‘‘အခုခွင့်ပြုချက်က ဗဟိုဘဏ်တင်မဟုတ်တော့ဘဲ နိုင်ငံခြားဘဏ်တွေက နိုင်ငံခြားငွေ ဈေးပြိုင်လေလံပွဲတွေမှာ လေလံဆွဲခွင့်ပြုလာခြင်းဖြစ်လို့ တိုးတက်မှုတစ်ရပ်လို့ ဆိုနိုင်ပါတယ်’’ ဟု ဘဏ်ပညာရှင်တစ်ဦးဖြစ်သူ ဦးမျိုးဦးကဆိုသည်။

နိုင်ငံခြားငွေများကို စာရင်း ရှင်းလင်းရာတွင် စင်ကာပူနိုင်ငံရှိ UOB ဘဏ်နှင့် Oversea- Chinese Banking Coporation (OCBC) ဘဏ်များရှိ မိမိဘဏ်၏ အမေရိကန်ဒေါ်လာ စာရင်းရှင်တစ်ခုစီအား FOREX Settlement A/C အဖြစ် သတ်မှတ်ပေးရမည့်အချက် ပါဝင်သည့် ညွှန်ကြားချက်တွင်ဖော်ပြထားသည်။

7day daily

ကျွန်းသစ်လုံး တန်ချိန် ၆ သောင်း ရောင်းမည်


 မြန်မာ့သစ်လုပ်ငန်းဟာ ကျွန်းသစ်လုံးတန်ချိန် ၆ သောင်း တင်ဒါခေါ်ယူ ရောင်းချမှာဖြစ်ပြီး ခွဲသားနဲ့ အချောထည် ပြုလုပ်ပြီး နိုင်ငံခြားတင်ပို့မယ့် ကုမ္ပဏီတွေအနေနဲ့ ယှဉ်ပြိုင်ဝယ်ယူနိုင်တယ်လို့ ဇေယျသီရိကုမ္ပဏီဒါရိုက်တာ ဦးထင်ကျော်က ဒီဗွီဘီကို ပြောပါတယ်။

အစိုးရဟာ နိုင်ငံခြားကို သစ်အလုံးလိုက် တင်ပို့မှုကို ပြီးခဲ့တဲ့ မတ်လကုန်က ပိတ်ပင်လိုက်ပေမယ့် ခွဲသားနဲ့ အချောထည် တင်ပို့မှုကိုတော့ ခွင့်ပြုပေးထားပါတယ်။

မြန်မာ့သစ်လုပ်ငန်းဟာ နှစ်စဉ် ကျွန်းသစ်လုံးတွေ တင်ဒါခေါ်ယူ ရောင်းချခဲ့ပြီး အခုနှစ် ရောင်းချမှာကတော့ တန်ချိန် ပမာဏ အများဆုံး ဖြစ်ပါတယ်။

မြန်မာ့သစ်လုပ်ငန်းက ရောင်းချတဲ့ ကျွန်းသစ်လုံးတွေကို တင်ဒါယှဉ်ပြိုင် ၀ယ်ယူခွင့်ရတဲ့အခါ ကုမ္ပဏီဘက်က အခွန် ၅၀ ရာခိုင်နှုန်း ပေးဆောင်ရမှာ ဖြစ်ပါတယ်။

လက်ရှိ ကျွန်းသစ်ခွဲသား၏ တတန်ကို ကျပ် ၁၀ သိန်းအထက် ဈေးပေါက်နေတယ်လို့ စုံစမ်းသိရပါတယ်။

DVB Burmese

ရန်ကုန်တွင် ငါးရက်အတွင်း ယာဉ်မတော်တဆ ၁၈ မှု ဖြစ်ပွား ၁၂ ဦး သေ၊ ၁၅ ဦး ဒဏ်ရာရ


ရန်ကုန်၊ မေ ၁၅

ရန်ကုန်တိုင်းဒေသကြီးအတွင်း မေလ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ ငါးရက်အတွင်း ယာဉ်မတော်တဆ ဖြစ်ပွားမှု ၁၈ မှု ဖြစ်ပွားခဲ့ရာမှ ၁၂ ဦး သေဆုံးပြီး ၁၅ ဒဏ်ရာ ရရှိခဲ့ရာတွင် သေဆုံးသူ အများစုမှာ လမ်းဖြတ်ကူးစဉ်နှင့် လမ်းဘေးရပ်နေစဉ် ယာဉ်တိုက်ခံရမှုကြောင့် အသက်ဆုံးရှုံးခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှူးရုံး၏ မှုခင်းမှတ်တမ်းများထံမှ သိရှိရသည်။

အဆိုပါ ယာဉ်မတော်တဆ ဖြစ်ပွားရာမှ သေဆုံးသူ ၁၂ ဦးတွင် ခရီးသည် တင်ယာဉ်နှင့် အငှားယာဉ်တို့မှ ယာဉ်အရှိန် မထိန်းနိုင် ဖြစ်ပြီး လမ်းဖြတ်ကူးသူနှင့် လမ်းဘေး ရပ်နေသူများကို ဝင်တိုက်မိခဲ့သောကြောင့် ရှစ်ဦး သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ သိရှိရသည်။

“ရန်ကုန်မှာက ကားလမ်းကို အသက်စွန့်ပြီး ဖြတ်ကူးနေရတာ။ ကားသမားကလည်း လမ်းဖြတ်ကူးသူကို မညှာတာကြောင့် ယာဉ်တိုက်မှုတွေ မကြာခဏ ဖြစ်နေရတာ ရန်ကုန်မြို့သူ မြို့သားအတွက် မထူးဆန်းသလိုတောင် ဖြစ်နေပြီ။ အဆိုးဆုံးက လိုင်းကားနဲ့ တက္ကစီတွေက ခရီးသည်ရဖို့ အလုအယက် မောင်းရာက ယာဉ်တိုက်မှုတွေ အများဆုံး ဖြစ်တာကို တွေ့နေရတယ်” ဟု ဗဟန်းမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

လှိုင်သာယာမြို့နယ်ရှိ ၅ ထိပ် မှတ်တိုင်တွင် မေလ ၁၄ ရက် မွန်းလွဲ ၃ နာရီခွဲက အနောက်ပိုင်းခရိုင် ၃၃၃ ယာဉ်လိုင်းမှ ခရီးသည်တင်ယာဉ် အရှိန်မထိန်းနိုင် ဖြစ်ပြီး လမ်းဘေးရပ်နေသူ အမျိုးသမီး နှစ်ဦးကို တိုက်မိကာ လမ်းဘေးသစ်ပင်နှင့် ထပ်မံတိုက်မိခဲ့သောကြောင့် ယင်းယာဉ်တိုက်ခံရသူ အမျိုးသမီးနှစ်ဦးမှာ သစ်ပင်နှင့် ယာဉ်ကြားညပ်ကာ သေဆုံးခဲ့ကြောင်း၊ ယင်းနေ့က လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းနှင့် တာမွေမြို့နယ်ရှိ အရှေ့မြင်းပြိုင်ကွင်း လမ်းတို့တွင် လမ်းဖြတ်ကူးသူ နှစ်ဦး ယာဉ်တိုက်ခံရပြီး သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ သိရှိရသည်။

“ယာဉ်မတော်တဆ ဖြစ်ပွားမှုတွေ များလာတာကြောင့် လမ်းပြောင်းပြန်နဲ့ မီးနီဖြတ်မောင်းတဲ့ ယာဉ်မောင်းတွေကို ဒဏ်ကြေးအပြင် လိုင်စင်ကို တစ်နှစ်ကနေ လေးနှစ်အထိ ပိတ်သိမ်းဖို့ လတ်တလော ညှိနှိုင်းနေတယ်။ ယာဉ်ထိန်းအင်အား နည်းပါးမှုကြောင့် လမ်းစည်းကမ်း ယာဉ်စည်းကမ်း ချိုးဖောက်မှုတွေ ပိုများလာတာကို အမြန်ဆုံး ပြေလည်အောင် ဖြေရှင်းသွားနိုင်ဖို့ လတ်တလော စီစဉ်ဆောင်ရွက်နေပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းအတွင်း ပြီးခဲ့သော တစ်ပတ်ခန့်က (မေလ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ) ယာဉ်မတော်တဆ ဖြစ်ပွားမှု ၅၅ မှု ဖြစ်ပွားခဲ့ရာတွင် ၁၁ ဦး သေဆုံးခဲ့ပြီး ၇၀ ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။


The Voice Weekly

"နိုင်ငံတကာစံချိန်စံညွှန်းမီအမြန်လမ်းမကြီးဆိုသည်မှာ



"နိုင်ငံတကာစံချိန်စံညွှန်းမီအမြန်လမ်းမကြီးဆိုသည်မှာ" နိုင်ငံတကာစံချိန်စံညွှန်းဆိုတာကတော့ စာမျက်နှာ ၅၀၀လောက်ရှိပြီးအားလုံးကလည်း Engineer terms တွေဖြစ်လို့ Facebook မှာရှင်းပြဖို့မလွယ်ပါ။

 အဓိကအချက်ကတော့ အမြန်လမ်းမကြီးအပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းမှီဖို့က "Fully Access Control" ဖြစ်ရပါမယ်။ Fully Access Control ဖြစ်ဖို့ အဓိကအချက် (၃)ချက် ပြည့်စုံရပါမယ်
 1. Fast (မြန်မြန်မောင်းနိုင်ရမယ်)
2. Comfortable (သက်တောင့်သက်သာရှိရမယ်)
3. Safety (လုံခြုံစိတ်ချမှုရှိရမယ်) ဒီ (၃) ချက်နှင့်ပြည့်စုံရင်တော့ နိုင်ငံတကာအဆင့်မှီအမြန်လမ်း(ပူးတွဲပုံ-၁) လို့ခေါ်နိုင်ပါပြီ။ ဒါကိုပြန်ရှင်းရအောင်ဆိုရင် ……

1. Fast(မြန်မြန်မောင်းနိုင်မှု) မြန်မြန်မောင်းနိုင်ဘို့ဆိုရင် ဒီလမ်းတစ်လျှောက် အတားအဆီးလုံးဝမရှိရဘူး။ မီးပွိုင့်တွေ၊ လမ်းဆုံ၊လမ်းခွတွေ၊ အ၀ိုင်းတွေ မရှိရဘူး ၊လမ်းဘေးမှာလူနေအိမ်တွေ၊ ရုံးတွေ၊ စားသောက်ဆိုင်တွေ ၊ စတိုးဆိုင်တွေမရှိရပါဘူး။ လက်ရှိရန်ကုန်-မန္တလေးအမြန်လမ်းကမီးပွိုင့်တွေ၊ လမ်းဆုံလမ်းခွတွေမရှိပါဘူး။ ဖြတ်သွားတဲ့လမ်းအားလုံးUnder Pass ကနေ ဖြတ်သွားပါတယ်။
လမ်းဘေးမှာလူနေအိမ်၊ ရုံး၊ စားသောက်ဆိုင်တွေမရှိပါဘူး။ ဒါကြောင့်မို့ ဒီခေါင်းစဉ်ကလက်ရှိ ရန်ကုန်-မန္တလေးအမြန်လမ်းအတွက် စံချိန်စံညွှန်းမှီတယ်လို့ ပြောရင်ရပါတယ်။

2. Comfortable (သက်တောင့်သက်သာရှိမှု) ယာဉ်မောင်းနှင့်ခရီးသည်များသက်တောင့်သက်သာရှိဖို့ Flexible Pavement ဖြစ်ရပါမယ်။ လမ်းညွှန်ဆိုင်းဘုတ်ကြီးများ၊ လမ်းသတိပေးအမှတ်အသားဆိုင်းဘုတ်များ (Road Furniture) ပြည့်စုံရပါမယ်။ (၁)နာရီလျှင် (၁)ကြိမ် ရပ်နား၍ရမည့် Rest Camp များရှိရမည် ဖြစ်ပြီးစားသောက်ဆိုင်များ Toilet များ၊ လေထိုးကျွတ်ဖာကားWorkshopများ၊ ဓါတ်ဆီဆိုင်များအပြည့်အစုံပါရှိရပါမည်။ (လမ်းဘေးဆိုင်များမဟုတ်ရပါ ။ Group of the Restaurants , Rest room, Fuel station and workshop ဖြစ်ရပါမည်) လက်ရှိ ရန်ကုန်-မန္တလေးလမ်းမှာ Master Plan အရ Rest Camp (၁၀)နေရာဖွင့်ဖို့ရှိပေမယ့် အခုက(၄)နေရာဘဲဖွင့်နိုင်သေးပါတယ်။

(၃)နေရာကဖွင့်ဖို့ ပြင်ဆင်နေပြီးကျန်(၃)နေရာကတော့ မြေနေရာအတွက် လယ်သမားတွေနဲ့ ညှိနှိုင်းနေဆဲအဆင့်ပဲရှိပါသေးတယ်။ လမ်းညွှန်ဆိုင်းဘုတ်တွေ တပ်ထားပေမယ့် Gantry မလုပ်နိုင်သေးဘူး၊ လမ်းက Flexible Pavement (A.C) မခင်းနိုင်သေးဘူး။ ဒါကြောင့် ဒီအပိုင်းကတော့ နိုင်ငံတကာအဆင့်မမှီသေးပါဘူး။ 3. Safety (လုံခြုံစိတ်ချရမှု) ယာဉ်မောင်းရော၊ ခရီးသည်တွေရောလုံခြုံစိတ်ချရမှု ရှိရပါမယ် ။ ဒီ့အတွက် ဒီလမ်းဟာယာဉ်စီးရေနှင့်မျှတတဲ့ Road Lanesရှိရပါမယ်။ လမ်းဘေးမှာ Concrete Barriersများ၊ Guardrails များအပြည့်အစုံတပ်ဆင်ထားပြီးဒီလမ်းပေါ်ကိုလူ၊ကျွဲ၊နွား၊ ဆိုင်ကယ်၊ ထော်လာဂျီတွေ ဖြတ်သွားလို့မရအောင် ခြံစည်းရိုးခတ်ထားရမယ်။ Highway Polices တွေရှိရမယ် ။ အများသုံးတယ်လီဖုန်းတွေ သုံးလို့ရရမယ်။

CCTV Camera တပ်ထားပြီး Control Station ကနေ Monitorလုပ်နေရမယ်။ ဒီအပိုင်းကတော့ ရန်ကုန်-မန္တလေးလမ်းမှာ Highway Police (၁)ခုဘဲ နိုင်ငံတကာစံချိန်မှီရှိပါတယ်။ ကျန်တဲ့ barrier တွေ Guardrails တွေ Fencing တွေ CCTV Camera တွေ မရှိသေးဘူး။ အဆင့်မမှီသေးပါဘူး။ ဒါကြောင့် အများကြီးလုပ်ရအုံးမယ်။ Road Safety နှင့် ပတ်သက်လို့ 5.E, 7.S and 5key bodies တို့ရှိပြီးနောင်တွင် အသေးစိတ်ရှင်းပြပါမယ်။ ဒီ Fast, Comfortable, Safety ၃ ချက်ကိုမပြည့်စုံရင် နိုင်ငံတကာအဆင့်မှီအမြန်လမ်းမဟုတ်သေးဘူးလို့ ပြောလို့ရပါတယ်။ ရန်ကုန်-မန္တလေးအမြန်လမ်းရဲ့ Master Plan က ပူးတွဲပုံ (၂)ပါ အတိုင်းဖြစ်ပါတယ်။ ရန်ကုန်-မန္တလေးအမြန်လမ်းရဲ့ Rest Camp နှင့် Police Station များရဲ့ Master Plan က ပူးတွဲပုံ (၃)ပါ အတိုင်းဖြစ်ပါတယ်။ ဒီ Master Plan အတိုင်းဖြစ်အောင်လို့ US Aid, JICA, KOICA, China Eximbankတို့ကကူညီမှာ ဖြစ်သလို၊ မိမိနိုင်ငံတော်ရန်ပုံငွေနဲ့လည်းရနိုင်သလောက် အကောင်းဆုံးဆောင်ရွက်သွားမှာပါ ။

 [ MLIT နဲ့ US Aid က Pre F.S လုပ်ပေးထားတဲ့ dataတွေကိုဆက်လက် ဖော်ပြပေးပါ့မယ်

Yangon-Mandalay Expressway

နာမည်လေးလုံးပိုင်ရှင် မင်းသမီးနဲ့ သတင်းကို ငြင်းလည်းမငြင်း၊ ၀န်လည်း ၀န်မခံသေးတဲ့ ရဲရင့်အောင်




ခင်ဆွေသက် on 2014-05-16 15:12  
လွမ်းလွန်းလို့ သီချင်းနဲ့ ပရိသတ်ရင်ထဲ ရောက်ရှိလာခဲ့တဲ့ ရဲရင့်အောင်ကို ခုလတ်တလော နာမည်လေးလုံးပိုင်ရှင် မင်းသမီးလေးနဲ့ ချစ်နေကြတယ်ဆိုပြီး အသံတွေ ထွက်နေတာမို့ အဲ့ဒီအကြောင်း သူ့ကို မေးကြည့်ဖြစ်တဲ့အခါ “အချစ်ရေးကတော့ လျှို့ဝှက်ရတဲ့ အကြောင်းအရာ တစ်ချို့ကြောင့် လျှို့ဝှက်ထားရတာမျိုးတော့ ရှိတယ်။ ခုလောလောဆယ်ကတော့ ဘယ်အခြေအနေမှ မရောက်ပါဘူး။ အေးအေးဆေးဆေးပါပဲ။ ကျွန်တော်က အချစ်ကြီးတဲ့သူထဲမှာ ပါတယ်။ ဖေ့စ်ဘွတ်ခ်မှာ တင်ထားတဲ့ နွယ်နဲ့ပတ်သက်တဲ့ စတေးတပ်စ်က ကျွန်တော်အဲ့ဒီသီချင်းလေးကို ကြိုက်လို့၊ ရင်ထဲမှာစွဲနေလို့ တင်လိုက်တာပါ။ ကျွန်တော် ရွေးချယ်မယ့်သူက အဓိက သစ္စာရှိရမယ်။ နားလည်မှုရှိရမယ်။ ဘယ်လောက်ပဲဆိုးဆိုး သစ္စာရှိရင် အဆင်ပြေပါတယ်။ အရင် အချစ်ရေးနဲ့ ပတ်သတ်ပြီးတော့လဲ အားလုံး နေသားတကျနဲ့ အေးအေးဆေးဆေး ဖြစ်သွားပါပြီ။ ရွေးချယ်ဖြစ်မယ်ဆိုရင်တော့ ဒီလောကထဲကပဲ ဖြစ်ဖြစ်၊ အပြင်ကပဲဖြစ်ဖြစ် ကံပါတဲ့သူဖြစ်မှာပါ”လို့ သူက ဖွင့်ဟခဲ့တာမို့ လက်ရှိ လှုပ်ခတ်နေတဲ့ အချစ်ရေးသတင်းနဲ့ပတ်သတ်ပြီး ရဲရင့်အောင်ဟာ ၀န်လည်းဝန်မခံသလို ငြင်းဆိုခြင်းလဲ မရှိတာကို တွေ့ရပါတယ်။

Trend Myanmar

စတာလင်ပေါင် ၂၅သန်းကို သဲ့ယူသလိုရတော့မယ့် Eurovision အဆိုကျော်မလေး





သီဟနိုင် on 2014-05-16 12:04  


အမျိုးသားအဆိုတော် ဘ၀ကနေ မုတ်ဆိတ်မွှေးတွေနဲ့ အဆိုကျော်မလေး အဖြစ်ကိုပြောင်းပြီး Eurovision ဆုကို ရသွားခဲ့သူ Conchita Wurst ဟာ ကမ္ဘာကျော်စူပါစတား ဖြစ်လာပါတယ်။ Eurovision ဆိုတာကတော့ နှစ်စဉ်ကျင်းပတဲ့ ဥရောပသီချင်းဆိုပြိုင်ပွဲပါ။

ကမ္ဘာအနှံ့က ပရိသတ်ပေါင်း သန်း ၁၇၀ခန့်ဟာ သြစတြေးလျသူလေး Conchita Wurstရဲ့ အောင်ပန်းဆွတ်ခူးမှုကို စောင့်ကြည့်နေခဲ့ကြပါတယ်။ Copenhagen မြို့မှာ Rise Like a Phoenix ကို သူမရဲ့ ဖျော်ဖြေတင်ဆက်မှုအတွက် မယုံနိုင်လောက်တဲ့ ရမှတ် ၂၉၀ ချီးမြှင့်ခဲ့ပါတယ်။ မီးခိုးတွေထူထပ်နေတဲ့ Conchita Wurstဟာ သီချင်းကို အင်တိုက်အားတိုက် မဖျော်ဖြေခင် မီးခိုးတွေပြည့်နှက်နေတဲ့ နောက်ခံပေါ်မှာ သူမရဲ့ မုတ်ဆိတ်အပြည့်၊ ရွှေရောင်အဆင်းနဲ့ ရွှေငါးလေးကို ကူးလူးဖျော်ဖြေနေခဲ့ပုံကို တွေ့မြင်ခဲ့ကြရပါတယ်။

Conchita Wurstဟာ အရင်က ‘Jetzt Anders’ အမျိုးသားတေးဂီတအဖွဲ့က မုတ်ဆိတ်မရှိတဲ့ အဆိုတော် တစ်ယောက်ပါ။

သူဟာ မိသားစုနေအိမ်က ကလေးတုန်းက အမျိုးသမီးဝတ်စုံတွေကို တိတ်တဆိတ်ဝတ် လေ့ရှိခဲ့ပါတယ်။

Starmania ရုပ်မြင်သံကြားအစီအစဉ်နဲ့ ကျော်ကြားလာသူ တစ်ယောက်ပါ။ ဒါပေမဲ့ မုတ်ဆိတ်တွေနဲ့မိန်းမလှလေး အဖြစ် နေထိုင်မှုကိုတော့ တရစပ်ထိုးနှက်တိုက်ခိုက် ခံခဲ့ရပါတယ်။ Eurovision ဂုဏ်ကျက်သရေ လွှမ်းမိုးခံရသူ အမျိုးသမီးဖြစ်တဲ့ သူမ အမေရင်းဖြစ်သူရဲ့ ပုံကိုတောင် အခု တက်တူးထိုးထားပါတယ်။

သူမရဲ့ အောင်မြင်မှုဟာ Twitter ပေါ်မှာ ၅၃၈၄၆၇၈ ကြိမ် tweet လုပ်ခံရပြီး ရုတ်ရုတ်သဲသဲဖြစ်သွားပါသေးတယ်။

ရုရှားနိုင်ငံသား အမျိုးသားတွေဟာ ကန့်ကွက်တဲ့အနေနဲ့ သူတို့ရဲ့ မုတ်ဆိတ်တွေကိုရိတ်၊ ဓာတ်ပုံရိုက်ပြီး ပို့စ် တင်ခဲ့ကြတယ်လို့ သိရပါတယ်။

Trend Myanmar

ချစ်သူမှအဆက်ဖြတ်၍သေနတ်ဖြင့် ဖြေရှင်းရန်ကြိုးပမ်းသူ အထိန်းသိမ်းခံရ


ဟန်ဆောင်ချစ်ကြိုက် ခံရ၍ဒေါသထွက်နေသောဘန်ဒါဘာရူးဘန်ဂီ(Bandar Baru Bangi)မှ အရံရဲတပ်သားဟောင်းသည် ရည်းစားဟောင်းကိုရင်ဆိုင်ရန် ပစ္စတိုသေနတ်တစ်လက်နှင့်ထွက်သွားခဲ့သည်။
ဆွန်ဂိုင်းဂျီလုတ်(Sungai Jelok)ရှိတမန်မီဂါ့ (Taman Megah)နေအိမ်တွင် ရည်းစားဟောင်းကိုမတွေ့ရ၍ ၄င်းသည် ရည်း
စားဟောင်း၏မောင်ငယ်ဖြစ်သူ၏ ပခုံးကိုသေနတ်နှင့်ပစ်ခတ်ပြီး ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားသည်။
မိသားစုက သဘောမတူ၍ အ သက် ၂၆ နှစ်အရွယ်ဂျိုစဖင်းသိုလီလာလီသိုလန်(Josephine Tholilali Tholan)သည် ရည်းစားဖြစ် သူအရံရဲတပ်သားကိုအဆက်ဖြတ်လိုက်ရာမှအမှုစတင်ခဲ့သည်။
‘ကျွန် မတို့ တစ်ယောက်နဲ့တစ်ယောက်သိတာ တစ်နှစ်ကျော်ပြီ။ စေ့စပ်ဖို့တောင်လုပ်နေတယ်။ ဒါပေမဲ့ ကျွန်မ အိမ်က သူ့ကိုဖြတ်ဖို့ပြော
တယ်။ သူက အရက်အရမ်းသောက်တယ်။ ဒေါသလည်း ကြီးတယ်။ အဲဒီ နောက်ပိုင်း သူနဲ့သွားမတွေ့တော့ဘူး။ သူကတော့ အိမ်ကိုနေ့တိုင်း
လာတယ်။ တနင်္ဂနွေည ၁၀ နာရီ လောက်မှာ သူက ဖုန်းခေါ်ပြီး ကျွန်မကိုသတ်မယ်လို့ခြိမ်းခြောက်တယ်။ တနင်္လာနေ့ နံနက် ၈ နာ
ရီခွဲ လောက်မှာ ကျွန်မအိမ်ကိုရောက်လာခဲ့တယ်’ဟု သူမက ပြောသည်။

ရည်းစားဟောင်းက သေနတ် ၃ ချက်ပစ်ဖောက်ကာ အိမ်ဝင်းအတွင်းသို့ပေးဝင်ရန် တောင်းဆိုခဲ့သည် ဟု ဂျိုစဖင်းက ပြောသည်။
သူမသည် ၁၆ လသားအရွယ်တူကလေးနှင့်အိမ်အပေါ်ထပ်တွင် ရှိနေကာ ကျန်မိ သားစုဝင် ၆ ဦးသည် အောက်ထပ်တွင် ရှိနေခဲ့ကြသည်။
ရည်းစား ဟောင်းသည် အိမ်ရှေ့ဝင်ပေါက်ပေါ်သို့ ကျော်တက်ပြီး၊ သေနတ်ဖြင့် ပြတင်းပေါက်မှန်ကိုပစ်ဖောက်ခဲ့ သည်။ ရည်းစားဟောင်းသည် ပြတင်းပေါက်မှန်လည်မှဖောက်ဝင်ရန် ကြိုးပမ်းသော် လည်း အပေါက်ငယ်လွန်းသောကြောင့် အိမ်အတွင်းသို့မ၀င်နိုင်ခဲ့ဟု ဂျိုစဖင်းက ဆက်
ပြောသည်။ ရည်းစားဟောင်းသည် ပြတင်းပေါက်အပြင်မှ သေနတ် ၂ ချက်ထပ်မံပစ်ဖောက်ခဲ့သည်။ ဒုတိယကျည်ဆံသည် အသက် ၂၅ နှစ်အရွယ်မောင်ဖြစ်သူဆော်လမွန်(Solomon)၏ဘယ်ဘက်ပခုံးကိုထိမှန်ခဲ့သည်။ ရည်းစားဟောင်းသည် ဆိုင်ကယ်ကိုအရှိန်ဖြင့် မောင်းမထွက်မီတွင် ဆော်လမွန်၏အဖြူရောင် MyVi ကားကို သေနတ်ဖြင့် တစ်ချက်ပစ်ခတ်ခဲ့သေးသည်။ ဆ်ာလမွန်ကို ကဂျန်းဆေးရုံသို့
ပို့ဆောင်ခဲ့ပြီး အတွင်းလူနာအဖြစ် ကုသမှုခံယူစေခဲ့သည်။ အခြေအနေမှာ စိုးရိမ်ရန်မရှိတော့ကြောင်း သိရသည်။
‘ကျွန်မသာ အိမ်အောက်ထပ်မှာရှိမယ်ဆိုရင် တစ်ချက်လောက် အပစ်ခံရနိုင်တယ်’ဟု ဂျိုစ ဖင်းက ထိတ်လန့်လျက်ပြောခဲ့သည်။
အခင်းဖြစ်ပွားပြီးနောက် ၃ နာရီအကြာတွင် သေနတ်ပစ်ခတ်သူအသက် ၂၇ နှစ်အရွယ်အရံ ရဲတပ်သားဟောင်းကိုထိန်းသိမ်းခဲ့သည်ဟု ဘက်စုံထောက်လှမ်းရေးရဲအရာရှိတန်စရီ ခါလစ်အဘူဘာ ကာ(Tan Sri Khalid Abu Bakar)က ပြောသည်။ Cempaka Putih)တွင် တပ်သားဟောင်းကိုမော်တော်ဆိုင် ကယ်စီးနေစဉ် ထိန်းသိမ်းခဲ့သည်ဟု အရာရှိက ဆက်ပြောသည်။

myet shin
World Myanmar News


ဖခင်နှင့်ကာမယှက်ရင်း ဖခင်အပေါ် အချစ်စိတ်ဝင်သည်ဟု သမီးက ပြော



ဇနီးသည်မရှိခိုက်တွင် အသက် ၄၆ နှစ်အရွယ်ခင်ပွန်းဖြစ်သူသည် သမီးဖြစ်သူနှင့် ကဂျန်းရှိနေ အိမ်တွင် ၃ နှစ်ခန့်လိင်ဆက်ဆံခဲ့သည်။
အသက် ၂၁ နှစ်အရွယ်အမျိုးသမီးသည် SPM အထိတက်ပြီးနောက် ဦးလေး၏ဆံသဆိုင်တွင် ၀င်လုပ်ခဲ့သည်။ ဦးလေးမှသတိမပြုခဲ့လျှင် သားအဖကာမယှက်ယက်မှုမှာ ဆက်ကောင်းဆက်ဦးမည်ဖြစ်သည်။
ဆွမျိုးတစ်ဦးသည် နိုဝင်ဘာလ ၉ ရက်တွင် အမျိုးသမီးငယ်၏မိုဘိုင်းဖုန်းကိုငှားရမ်းခဲ့ပြီး ဖအေမှသမီးထံသို့အပြာဆန်ဆန် မက်ဆေ့ခ်ျ ပို့ထားသည်ကိုတွေ့မိသည်ဟု ရဲများက ပြောသည်။ ‘ဦးလေးဖုန်းက ဘက်ထရီကုန်သွားလို့ တူမဖုန်းကိုခဏငှားသုံးတယ်။ ဖအေလုပ်တဲ့လူဆီက ညစ်ညမ်း တဲ့စာတွေတွေ့တော့ တူမဖြစ်တဲ့သူကို ချက်ချင်းမေးခွန်းတွေထုတ်တယ်။ မရမကမေးတော့ နောက်ဆုံး တူမလုပ်တဲ့သူက ၀န်ခံတယ်။ အသက် ၁၈ နှစ်ကတည်းက ဖအေနဲ့ကာမဆက်ဆံတယ်လို့တူမက ပြောတယ်။ တူမက လိုလိုလား
လားဖြစ်တဲ့အပြင် အဖေနဲ့ချစ်ကြိုက်တယ်လို့ဖွင့်ပြောတယ်’ဟု သတင်း ရထားသည်။
ဦးလေးသည် တူမကို အိမ်သို့ခေါ်သွားကာ မိခင်ရှေ့တွင် ဖခင်နှင့်ဖြစ်ပျက်ခဲ့သည်များကို ဖွင့် ပြောစေခဲ့သည်။ သမီးဖြစ်သူ၏ ဖွင့်ဟချက်များကို ကြားပြီးနောက် မိခင်ဖြစ်သူမှာ စိတ်ကယောက်ကယက်ဖြစ်နေခဲ့ပြီး ဖခင်သည်မူ နှုတ်ဆိတ်နေခဲ့သည်။
‘သမီးက ဖခင်နဲ့နောက်ဆုံးကာမယှက်ခဲ့တာ အောက်တိုဘာလလို့ပြောတယ်။ ကဂျန်းမှာစားစရာ ဆိုင်ဖွင့်လှစ်တဲ့အဖေက သမီး
နဲ့ကာမယှက်ပြီးတိုင်း သမီးကိုပိုက်ဆံပေးတယ်’ဟု ရဲဌာနက ပြောသည်။
အစတွင် သမီးဖြစ်သူသည် ရဲထံအဖွင့်ရန် တွန့်ဆုတ်နေခဲ့သည်။ သို့သော် ဦးလေးဖြစ်သူက အသက် ၉ နှစ်သာရှိနေသည့် တူမငယ်မှ ယင်းအဖြစ်မျိုးကြုံမည်စိုး၍ ဖခင်နှင့်ကာမယှက်သူတူမကိုကဂျန်းရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ သွးသားရင်း လိင်ရောယှက်ခြင်း ဆိုင်ရာပြစ်မှုပုဒ်မ ၃၇၆ အေဖြင့် အမှုကို စစ် ဆေးရန် ဖခင်ကို နိုဝင်ဘာလ ၂၆ ရက်ရမန်တင်ထားသည်။
အပြစ်ရှိကြောင်းထင်ရှားလျှင် ဖခင်သည် ကြိမ်ဒဏ်နှင့် ထောင်ဒဏ် ၆-၂၀ နှစ်ကြားကျခံရမည်ဖြစ် သည်။ သမီးဖြစ်သူကို ကျန်းမာရေး စစ်ဆေးမှုခံယူရန် ကဂျန်းဆေးရုံသို့ပို့ထားသည်။ ဖခင်ဖြစ်သူပြစ်ဒဏ်ချမှတ်ခံရလျှင် သမီးဖြစ်သူလည်း ပုဒ်မ ၃၇၆ အေဖြင့် ဥပဒေရင် ဆိုင်ရနိုင်ကြောင်း ဥပဒေဆိုင်ရာဌာနမှပြောသည်။ ‘ဥပဒေအရဆိုရင် ၂ ယောက်စလုံးက ပြစ်မှုကျူးလွန်လျှင် ၂ ယောက်
စလုံးကို ပြစ်ဒဏ်ပေးနိုင်တယ်။ ဒါ ပေမဲ့ အမှုအသွားအလာပေါ်မူတည်တယ်။ အကျိုးဆောင်ကိုယ်စားလှယ်ရှေ့နေများအဖွဲ့(Attorney
- General’s Chambers)က သမီးဖြစ်တဲ့သူဟာ ဓါးစာခံလား၊ ဖခင်လိုပဲအပြစ်ရှိခဲ့ရင် ပြစ်ဒဏ်ပေးမလား ဆိုတာဆုံးဖြတ်လိမ့်မယ်’ဟု သက်ဆိုင်ရာက ပြောသည်။
ဥပဒေ၊ ဘာသာရေး၊ ထုံးတမ်းအစဉ်အလာအရ တစ်စုံတစ်ဦးသည် လက် ထပ်ခွင့်မရှိသည့်အခြားတစ်ဦးနှင့်လိင်ဆက်ဆံ(ကာမယှက်)ခဲ့လျှင် ပုဒ်မ ၃၇၆ အေဖြင့် အရေးယူခံရ မည်ဖြစ်သည်။

myet shin

အလှအပ လျှို့ဝှက်ချက် (For girl )


(၁) နံပါတ်တစ် အသားအရေ ထိန်းသိမ်းရေး လျှို့ဝှက်ချက်

ဒီနည်းလမ်းက မျက်လုံးကို ပြင်ဆင်ခြယ်သတဲ့ အမျိုးသမီးတိုင်း သုံးသင့်တဲ့ နည်းလမ်းတစ်ခုပါ။ ညနေဘက် အပြင်ကနေ အိမ်ကို ပြန်ရောက်လာပြီဆိုရင် ဗက်ဆလင်း အလှဆီ (Vaseline) ကိုသုံးပြီး မျက်လုံးပေါ်က မိတ်ကပ်တွေကို ဖျက်သင့်ပါတယ်။ ဒီအလှဆီက မျက်လုံးကို ထိခိုက်မှုမဖြစ်စေဘဲ မျက်လုံးတစ်ဝိုက်က နူးညံ့တဲ့အရေပြားကို အကာအကွယ်တောင် ပေးနိုင်ပါသေးတယ်။ နှုတ်ခမ်းသားတွေ ကွဲအက်နေရင် ဗက်ဆလင်း အလှဆီကို လိမ်းပါ။ ပြီးရင် သွားတိုက်တံ အဟောင်းတစ်ခုနဲ့ နှုတ်ခမ်းသားတွေကို နှိပ်နယ် ပွတ်တိုက် ပေးရပါမယ်။ တစ်နေ့ကို နှစ်ကြိမ်လောက် လုပ်ပေးလိုက်ရင် နှုတ်ခမ်းသားတွေက ပိုးသားလို နူးညံ့ချောမွေ့သွားမှာပါ။

(၂) အလွယ်ကူဆုံး မျက်လုံးပြင်နည်း

လွယ်ကူမြန်ဆန်တဲ့ မျက်လုံးပြုပြင်နည်းမှာ အဆင့်လေးဆင့် ပါဝင်ပါတယ်။

အဆင့်(က) မျက်ဝန်းတစ်ဝိုက်ကို ကွန်ဆဲလာလိမ်းပါ။ ဒါက မျက်ကွင်းညိုတာကို သက်သာစေပါတယ်။

အဆင့်(ခ) မျက်ခွံပေါ်က အရေပြားကို သဘာဝအတိုင်း ကြည့်ကောင်းအောင်အိုင်းရှဲဒ
ိုး ခပ်ပါးပါး ခြယ်ပါ။

အဆင့်(ဂ) ဈေးပေါတဲ့ ခဲတံအမျိုးအစား အိုင်းလိုင်နာကို မသုံးပါနဲ့။ အိုင်းလိုင်နာဘရပ်ရှ်ကို သုံးပါ။ အရောင်ရင့်တဲ့ အိုင်းရှဲဒိုးကို လိမ်းထားရင် အနက်ရောင် အိုင်းလိုင်နာကို သုံးပြီး ခြယ်ပါ။ မျက်ခွံအတွင်းထဲကို အိုင်းလိုင်နာခြယ်ရင် မျက်ဝန်းကို သေးသယောင် ဖြစ်သွားစေပါတယ်။ ဒါကြောင့် မျက်တောင်ကြားမှာပဲ အိုင်းလိုင်နာကို ဆိုးပေးပါ။

အဆင့်(ဃ) မက်စ်ကာရာနဲ့ မျက်တောင်ကော့ပေးတာက မျက်လုံးကို ပိုကြီးပြီး ပိုတောက်ပစေပါတယ်။ သင့်မျက်တောင်တွေက တိုပြီးဖြောင့်နေရင် မက်စ်ကာရာမသုံးခင် မျက်တောင်ကော့စက်နဲ့ အရင်ကော့ပေးပါ။

(၃) ဆံပင်ကြည့်ကောင်းအောင် ပြုပြင်နည်း

ဆံပင်ပုံက ကြည့်မကောင်းဘူးထင်ရင် ရှုပ်ပွနေတဲ့ ပုံစံမျိုးဖြစ်အောင် ဖွလိုက်ပါ။ ကပိုကယိုနဲ့ ရှုပ်ပွနေတဲ့ ဆံပင်တွေက ဆွဲဆောင်မှု အရှိဆုံးပါပဲ။ ဆံပင်ကို ရှည်လွန်း၊ တိုလွန်းတဲ့ ပုံစံတော့ မထားပါနဲ့။

(၄) လက်ကိုင်အိတ်ထဲတွင် မဖြစ်မနေ ဆောင်ထားသင့်သော အလှကုန်ပစ္စည်း

နှုတ်ခမ်းဆိုးဆေးတောင့် ဒါမှမဟုတ် နှုတ်ခမ်းဆိုးဆေး အဆီ (Lip Gloss) ဖြစ်ပါတယ်။ အမျိုးသမီး တစ်ယောက်က အသားအရေလည်း လှတယ်ဆိုရင်၊ မနက်ကတည်းက မျက်လုံးကို မက်စ်ကာရာလည်း ဆိုးထားတယ်ဆိုရင် လက်ကိုင်အိတ်ထဲမှာ ဘာမှမပါချင်နေပါစေ၊ နှုတ်ခမ်းဆိုးဆေးတောင့်နဲ့ နှုတ်ခမ်းဆိုးဆေး အဆီကိုတော့ ထည့်ထားသင့်ပါတယ်။ အစာစားလို့ နှုတ်ခမ်းနီ ပျက်သွားရင် နှုတ်ခမ်းဆိုးဆေး ပြန်ဆိုးလိုက်ရုံနဲ့ အလှပြင်ပြီးစ ပုံစံလို ဖြစ်သွားမှာပါ။

(၅) မျက်နှာပေါ်က အပြစ်အနာအဆာ ဖုံးကွယ်နည်း

ကွန်ဆဲလ်လာကို သုံးရမယ်ဆိုတာတော့ သိပြီးဖြစ်မှာပါ။ အသုံးပြုနည်းကတော့ လက်ခလယ်မှာ ဂွမ်းစတစ်စစွပ်ပြီး ကွန်ဆဲလ်လာတို့ကာ ဖုံးချင်တဲ့ အရေပြားပေါ်မှာ ထိတွေ့ပေးပါ။ နေရောင်ကာခရင်မ် လိမ်းသလို၊ ဖောင်ဒေးရှင်း မိတ်ကပ် လိမ်းသလို ပွတ်ပြီးလိမ်းရမှာ မဟုတ်ပါဘူး။

(၆) အံ့အားသင့်စရာ အကောင်းဆုံး အလှအပ လျှို့ဝှက်ချက် နှစ်ရပ်

ပထမ တစ်ချက်က အမျိုးသမီး တစ်ဦးဟာ မိတ်ကပ်လိမ်းတာ နည်းလေလေ၊ ငယ်တယ်လို့ ထင်ရလေလေပါပဲ။ ဒုတိယ တစ်ချက်ကတော့ အသားအရေကို ကောင်းကောင်းထိန်းသိမ်းတဲ့ အလေ့အထဟာ သင့်မျက်နှာကို တကယ်နုပျိုစေပါတယ်။ အသားအရေ ထိန်းသိမ်းရာမှာ နေ့စဉ် နေရောင်ကာ ခရင်မ်လိမ်းတာ၊ အင်တီအောက်ဆီးဒင့်ပါတဲ့ အစိုဓာတ်ထိန်း ခရင်မ်လိမ်းတာ၊ ညမအိပ်ခင် မိတ်ကပ်တွေကို သေချာဖျက်တာနဲ့ အရေပြား ထိခိုက်ပျက်စီးမှုကို သေချာ ကုသမှုခံယူတာတွေပဲ ဖြစ်ပါတယ်။

knowledge and sharing
World Myanmar


အချစ်ကံမကောင်းခြင်း အချစ်ကံခေခြင်းဆိုတာရဲ့အကြောင်းတရား


★ အချစ်ရေး အိမ်ထောင်ရေးမှာ အကျိုးပေးမကောင်းတာဟာ
အချစ်ရေး အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့ မကောင်းကံတွေ
အတိတ်ကပြုခဲ့ဖူးလို့ပါ။ သူတစ်ပါးရဲ့ ချစ်ခြင်းကိုခွဲတဲ့သူ
သူတစ်ပါးအိမ်ထောင်ကို ပြိုကွဲစေခဲ့တဲ့သူဟာ အချစ်ရေး
အိမ်ထောင်ရေးမှာ ဘယ်လိုနည်းနဲ့မှ အကျိုးပေးမကောင်းနိုင်ဘူး။

★ သမီးရည်စားချစ် လင်မယားချစ်တွေကို ဖြိုခွဲမှ အချစ်ကမကောင်းတာ မဟုတ်ပါဘူး။
မေတ္တာချစ် သံယောဇဉ် ချစ်တဲ့ မည်သူကိုမဆို တကွဲတပြားစီ
ဝေးလွင့်သွားအောင်လုပ်ရင် ဖြစ်ရာဘ၀တိုင်း ကိုယ့်ချစ်တဲ့သူတွေနဲ့
ဆုံနိုင်ခွင့် မှေးမှိန်ပျောက်ကွယ်ပြီး လွမ်းဆွတ်ခွင့် တမ်းတခွင့် တွေသာ
ရှင်သန်ကြီးထွားလာနိုင်ပါတယ်။

★ အောက်ထစ်ဆုံး ငှက်ကလေး ငါးကလေးတွေ
ကြောင်ကလေးတွေ ခွေးကလေးတွေကို
သူတို့မိသားစု သူတို့အသိုက်အမြုံကနေ ခွဲခွာနှုတ်ယူပြီး မွေးမြူသိမ်းပိုက်ထားခဲ့ရင်တောင်
အဲ့ဒီအကုသိုလ်က အကျိုးပေတဲ့ဘ၀မှာ ကာယကံရှင်ကို
အချစ်ကံခေသူ အလွမ်းကဝေသူဖြစ်အောင်
စွမ်းဆောင်ဖန်တီးနိုင်ပါတယ်။

★ အချစ်ရေး အိမ်ထောင်ရေးကို အရုပ်ဆိုး အကျည်းတန် ကြောက်စရာအကောင်းဆုံးကတော့
ကာမေသုမိစ္ဆာစာရကပါပဲ။ ကာမဂုဏ်ကိစ္စမှာ မှားမှားယွင်းယွင်း ပြုကျင့်ခဲ့တဲ့က လို့ အဓိပ္ပာယ်
ရပါတယ်။ကိုယ့်ရဲ့ ကာမပိုင်မဟုတ်သူတွေနဲ့
ကာမကိစ္စဖောက်ပြန်ရင် ကာမေသုမိစ္ဆာစာရကံ
ထိုက်ပါတယ်။ သူတစ်ပါးသားမယားနဲ့ဖောက်ပြန်ရင်တော့
“ပရဒါရကံ” ထိုက်တယ်လို့လည်းခေါ်ပါတယ်။

အတိတ်ဘ၀တွေက ကာမကိစ္စ ဖောက်ပြန်ခဲ့တဲ့ သူဟာ ကာမကိစ္စတစ်စိတ်တစ်ပိုင်းပါဝင်တဲ့
အချစ်ရေး အိမ်ထောင်ရေးတွေမှာ ကံဆိုးတတ်ပါတယ်။ကိုယ့်ရဲ့အိမ်ထောင်ဘက်က
ကိုယ့်အပေါ် သစ္စာမဲ့တာဟာ ကိုယ့်ရဲ့အတိတ်က သစ္စာမဲ့ကံ
ကကိုယ့်ကို အကျိုးပေးတာပါပဲ။

★ ကိုယ့်ရဲ့နှလုံးသားလမ်းကြောင်းမှာ ခံနေတဲ့ကျွန်းဟာ ကိုယ်ကိုယ်တိုင်ဖွဲ့စည်းတည်ဆောက်တည်ခဲ့တဲ့ကျွန်းပါ။
ဘယ်သူမပြုမိမိမှုပေါ့နော်။ “နှလုံးသားလမ်းကြောင်းမှာကျွန်းခံနေတယ်”လို့
ဟစ်အော်ကြွေးကြော်တာဟာ “အတိတ်ဘ၀က အချစ်ရေး အိမ်ထောင်ရေးတွေမှာသစ္စာယွင်းပျက်ခဲ့ပါတယ်
ကိုယ်ကျင့်ဖောက်ပြန်ခဲ့ပါတယ်လို့” ထုတ်ဖော်ဝန်ခံနေတာပဲ။

{အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)}

သင့်အသားအရေအတွက် မဖြစ်မနေ ရှောင်ကြဉ်ရမယ့် အချက်များ



မေသော် on 2014-05-14 17:44    
ပျိုမေတို့ရဲ့ မျက်နှာအသားအရေ ကောင်းမွန်စေဖို့အတွက် မိတ်ကပ်ကို မဖျက်ဘဲ အိပ်တာမျိုး၊ ဆေးလိပ်သောက်တာမျိုး စတာတွေက အများကြီး အနှောင့်အယှက်ဖြစ်စေတယ်ဆိုတာ သိပြီးဖြစ်မှာပါ။ အဲ့ဒီလို အသားအရေကို ပျက်စီးစေတဲ့ အရာတွေထဲမှာ ကိုယ်မသိလိုက် မသိဖာသာ လုပ်လိုက်မိတဲ့ အချို့အချက်ကလေးတွေကလည်း ပါဝင်နေပါသေးတယ်။ အဲ့ဒါတွေကတော့

၁။မျက်နှာကို လက်နဲ့ထိတွေ့ပြီး ညှစ်တာ ဖြစ်တာမျိုးတွေ မပြုလုပ်မိပါစေနဲ့။

တစ်ခါတစ်လေ ၀က်ခြံထွက်လို့ အဲ့ဒီဝက်ခြံကို လက်နဲ့ညှစ်ထုတ်လိုက်မယ်ဆိုရင် ၀က်ခြံပျောက်သွားရင်တောင် အမာရွတ်ကျန်ခဲ့တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါဟာ မျက်နှာအသားအရေအတွက် တော်တော်ကို ဆိုးဝါးလွန်းပါတယ်။ ဒါ့အပြင် အားနေရင် မျက်နှာကို ဟိုကိုင်ဒီကိုင်လုပ်နေတာကလည်း မျက်နှာအသားအရေအတွက် မကောင်းတဲ့အချက်ပါပဲ။ ကိုယ့်ရဲ့လက်က သန့်ရှင်းနေတယ်ဆိုရင်တောင် အသားအရေအတွက် မကောင်းတာ၊ ကိုယ့်လက်မှာ ဘက်တီးရီးယားပိုးတွေ ကပ်နေတယ်ဆိုရင်တော့ ဘယ်လိုမှတွေးလို့တောင် မရပါဘူး။

၂။နေလောင်ဒဏ်ခံတဲ့ ကရင်မ်ဆိုတာ ကမ်းခြေသွားတဲ့အခါမှ လိမ်းရတဲ့အရာ မဟုတ်ပါ။

ခရီးသွားရတော့မယ်ဆို နေလောင်ခံကရင်မ်တွေ ရှာဝယ်တတ်ပြီး ခရီးက ပြန်လာပြီဆိုတာနဲ့ သာမာန်လိမ်းနေကျ လိုးရှင်းကိုသာ ရွေးချယ်တတ်တဲ့ ပျိုမေတွေအတွက် နေလောင်ဒဏ်ခံတဲ့ sun block ဆိုတာ ထသွားထလာအတွက်လည်း သင့်တော်တဲ့အရာ၊ လိမ်းပေးသင့်တဲ့အရာဆိုတာ သိစေချင်ပါတယ်။

၃။အသားအရေအတွက် ပြဿနာရှိတယ်လို့ ယူဆတဲ့နေရာလေးတစ်ခုတည်းကို ကွက်ပြီး မကာကွယ်ပါနဲ့။

တစ်ခါတစ်လေ မျက်နှာပေါ် အဖုလေးထွက်လာပြီ၊ ၀က်ခြံလေးထွက်လာပြီဆိုရင် အဲ့ဒီနေရာလေးတစ်ခုတည်းကို ကွက်ပြီး ၀က်ခြံပျောက်ဆေးလိမ်းတာ၊ လိမ်းနေကျ ခရင်မ်တစ်ခုခုလိမ်းပေးတာမျိုးတွေ ရှိတတ်ကြပါတယ်။ သိထားရမှာက မျက်နှာပေါ် ၀က်ခြံထွက်လာပြီဆိုရင် အဲ့ဒီထွက်လာတဲ့ တ၀ိုက်မှာလည်း နောက်ထပ်ထွက်လာဦးမယ့် အဖုတွေ ရှိနေတတ်တာမို့ ကွက်ပြီး ကာကွယ်တာမျိုးကို ရှောင်ပါ။ နဖူးမှာ အဖုထွက်ရင် နဖူးတစ်ခုလုံးကို လိမ်းနေကျ ခရင်မ်၊ ဆေး ၊ စတာတွေကို လိမ်းပေးဖို့ လိုပါတယ်။

၎။ကိုယ်သုံးနေကျ  အလှကုန်တွေမှာပါတဲ့ တို့ပတ်တွေ၊ ဘရက်ရှ် စတာတွေကိုလည်း သန့်ရှင်းအောင်ထားပေးပါ။

ကိုယ်ကတော့ နေ့စဉ်သုံေးနကျအရာတွေမို့ သတိမထားမိပေမယ့် အဲ့ဒီကိုယ်သုံးနေတဲ့ အလှကန်ုပစ္စည်းတွေထဲက တို့ပတ်တွေ၊ ဘရက်ရှ်တွေဟာ သန့်ရှင်းရေးမလုပ်ပေးနိုင်ရင် ကိုယ့်မျက်နှာအတွက် အန္တရာယ်ရှိတယ်ဆိုတာပါပဲ။ ဒါ့ကြောင့် တတ်နိုင်သလောက် သန့်ရှင်းရေးလုပ်ပေးဖို့ လိုအပ်ပါတယ်။



Ref:womenshealthmag.com
Trend Myanmar