အိမ်ထောင်သက်ကိုးလပြည့်မှာ ဆိုတေး ဇနီးဝင့်ကုဋေသူ၏ ကြေကွဲဖွယ်ဈာပန
အဆိုတော်ဆိုတေး ၏ ဇနီးဖြစ်သူ မ၀င့်ကုဋေသူ (ခေါ်) မချောချော ၏ ကျန်ရစ်သောရုပ်ကပ်လ်အား ၁၆ရက် ဇူလိုင်လ ၂၀၁၃ခုနှစ် နေ့လည် ၁း၀၀ အချိန်တွင် ရေးဝေးသုဿန်သို့ ပို့ဆောင်မီးသဂြိုလ်မည်ဖြစ်ပါသည်။
မန္တလေးပြည်သူ့ဆေးရုံ ကြီးမှာဆေးကုသမှုခံယူနေတဲ့ ဆိုတေးကိုခင်မင်ရင်းနှီးတဲ့ အနုပညာရှင်တွေက ကျန်းမာရေး ပြန်လည်ကောင်းမွန်လာဖို့ ဆုတောင်းစကားများ ဆိုကြ သလို၊ ကိုယ်တိုင်သွားရောက်သတင်းမေးမြန်းကြသူတွေလဲရှိကြပါတယ်။
 ဒီလိုကိုယ်တိုင်သွားရောက်သတင်းမေးမြန်းသူတစ်ဦးဖြစ်တဲ့သရုပ်ဆောင်နန္ဒက ဆိုတေးရဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး... “ကျွန်တော်မနေ့ကနေ့လည်၁နာရီခွဲလောက်က ဆိုတေးကို သတင်း သွားမေးဖြစ် ပါတယ်။ သူက ဦးခေါင်းကိုထိသွားတယ်။ ဦးခေါင်းချုပ်တာ အားလုံး ၄၁ချက်ချုပ်ရတယ်။ အဲ့ဒီရဲ့မေ့ဆေးအရှိန်နဲ့ နောက်ထပ်၁ရက် ၂ရက်လောက်တော့ သတိရဖို့ ကြာဦးမယ်။ သူ့မှာ အသိလေးတော့ ရှိပါတယ်။ သူ့ကိုအနီးကပ်ကြည့်ခဲ့တယ် ။အောက်ဆီဂျင်ပေးထား တာတွေရှိ တယ်။ ဝမ်းသာစရာကောင်းတဲ့ တိုးတက်မှုကတော့ လူတစ်ယောက်မှာ ဦးနှောက် အသိဥာဏ် က ၁၅ ရှိတယ်။ အခုသူက ဆေးရုံစရောက်လာ တဲ့အချိန်မှာ ၃.၅ပဲရှိတယ်။ မနေ့က ကျွန်တော်ရောက်တုန်းက ၄ ရှိတယ်။ ဒီနေ့မနက်မှာ ၅ ရှိလာပြီ။ ၇ ရောက်လာပြီဆိုရင်တော့ သူသတိရလာလိမ့်မယ် လို့ ပြောတယ်” လို့ ပြောပါတယ်။
ဆိုတေးနဲ့အတူ ကားအက်ဆီးဒင့်ဖြစ်စဉ်က ကွယ်လွန်သွားတဲ့ ဆို တေးရေးရဲ့ဇနီး ဝင့်ကုဋေသူ(ခ)မချောချောဈာပနကို ယနေ့ ဇူလိုင်လ ၁၆ရက် နေ့ လည်တစ်နာရီတွင် ရေဝေးသုသာန်သို့ ပို့ဆောင်မီးသဂြိုဟ်မည်ဖြစ်ကြောင်း သိရပါတယ်။
ကွယ်လွန်သွားတဲ့ ဝင့်ကုဋေသူ(ခ)မချောချာက ဆိုတေးရဲ့ ဇနီး လား၊ ချစ်သူလားဆိုပြီး ဝိဝါဒကွဲပြားတာတွေ ရှိနေပေမဲ့ဆိုတေးရဲ့ အစ်ကိုဖြစ်သူ ကိုဇာနည်ရဲ့ ပြောပြချက်နဲ့အတူ ဆိုတေးရဲ့ တရားဝင်ဇနီးဖြစ် ကြောင်းကို သရုပ်ဆောင် နန္ဒက“အပြင်က သတင်းတွေက ဒီကောင်မလေးက ဆိုတေးနဲ့ တရားဝင် မယူရသေးဘူးလို့ ကြားတာတွေနဲ့ ပြောကြတဲ့ အပေါ်မှာ ကောင်မလေးရဲ့ မိဘတွေက ပြန်ကြားတော့ သူတို့သမီးလေးရဲ့ ဆုံးသွားတဲ့အတိုင်းအတာမှာ သူ့နောက်ဆုံးခရီးတောင် ဖြောင့်ဖြောင့်သွားစေချင်တယ်။ ဆိုတေးတို့ဘက်က လည်း ဆိုတေးတို့ အသိုင်းအဝိုင်း ဆိုတေးတို့ အစ်ကိုတွေ၊မိဘတွေက ဒီကိစ္စ ကို ပြောတာမဟုတ်ဘူး။ ဆိုတေးအစ်ကို ဇာနည်ကိုယ်တိုင်က ကျွန်တော့်ကို ပြောပြီး အကူအညီတောင်းတယ်။ သူလည်း ဆေးရုံထဲမှာရောက်နေတဲ့ အတွက် ဒါလေးတော့ အားလုံးသိအောင် ကြေညာပေးပါ။ သူကိုယ်တိုင်ပြော တာပါ။ အခု သေဆုံးသွား တဲ့ကောင်မလေးက ဆိုတေးရဲ့ တရားဝင်ဇနီးဖြစ် ပါတယ်ဆိုတာကို အားလုံး သိအောင် ပြောပေးစေချင်တာပါ”လို့ ပြောပါ တယ်။
ဆိုတေးနဲ့ ဝင့်ကုဋေသူ (ခ)ချောချောတို့က ၂ဝ၁၂ခုနှစ်၊ အောက်တို ဘာ ၁၆ရက်နေ့၊ ညနေ၄နာရီတွင် သထုံမြို့ အမှတ်(၁)၊ သီဟဓန လျှပ်စစ် ပစ္စည်းဆိုင်နေအိမ်မှာ ဘားအံမြို့က တရား သူကြီးရှေ့မှောက်တွင် နှစ်ဖက် မိဘအစုံနဲ့ တရားဝင်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။
ခိုင်ဝေလွင် - Popular Journal
လူမည်း လူငယ်အား သတ်ခဲ့သူကို လွှတ်ပေး၍ အမေရိကတွင် ဆန္ဒပြပွဲများဖြစ်၊ စိတ်အေးအေး ထားရန် သမ္မတ တိုက်တွန်း
ဆန်ဖို့ဒ်၊ ဇူလိုင် ၁၅
လက်နက် ကိုင်ဆောင်ထားခြင်း မရှိသော လူမည်း သွေးနှောသည့် ထရေဗန်မာတင်ကို သတ်ခဲ့သည့် ဂျော့ခ်ျဇင်မာမန်းကို အပြစ်မရှိကြောင်း အမေရိကန် တရားသူကြီးက ဆုံးဖြတ်ခဲ့သည့်အတွက် တစ်တိုင်းပြည်လုံး အံ့အားသင့် စိတ်ဆိုးသွားခဲ့ပြီး လူမျိုးရေး မကျေနပ်မှုများကြောင့် ဆန္ဒပြပွဲ များ ဖြစ်ခဲ့ရာ သမ္မတ ဘားရက် အိုဘားမားက စိတ်အေးအေး ထားကြရန် တိုက်တွန်းသွားခဲ့ကြောင်း AFP သတင်း တစ်ရပ်က ဖော်ပြထားသည်။
စေတနာ့ ဝန်ထမ်း ညကင်းစောင့်ပေးသူ ဇင်မာမန်းသည် လူဖြူ-ပီရူး ဗီးယန်း သွေးနှောသူ တစ်ဦးဖြစ်ပြီး မာတင်ကို ရန်မူ သတ်ဖြတ်ခဲ့ခြင်းသည် လူမျိုးရေးအရ ဖြစ်ကြောင်း၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရင်း သတ်မိပါသည် ဟု ဂျော့ခ်ျဇင်မာမန်းက ယင်းသို့ ဆိုသည်။
ထောက်ခံသူများသည်လည်း လူမျိုးရေး ခွဲခြားသူများ ဖြစ်သည်ဟု ယူဆသူများက တရားခွင်ကို ကန့်ကွက် ဆန္ဒပြကြခြင်း ဖြစ်သည်။
အမေရိကန် မြို့တော်ကြီးများ ဖြစ်သည့် ဆန်ဖရန်စစ္စကို၊ ဖီလာဒယ်ဖီးယား၊ ချီကာဂို၊ ဝါရှင်တန်နှင့် အတ္တလန္တာတို့တွင် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ် သည်။
ကယ်လီဖိုးနီးယား အော့ကလန်တွင် ဆန္ဒပြသူများက ပြတင်းပေါက်များကို ရိုက်ခွဲခြင်း၊ ကားများကို ဓာတ်ငွေ့ဘူးများဖြင့် ပက်ဖျန်းခြင်း ပြုလုပ်ကြသည် များ ရှိခဲ့သော်လည်း ဆန္ဒပြသူ အများစုမှာ ငြိမ်းချမ်းစွာ ပြုကြခြင်းဖြစ်ပြီး ရဲကလည်း စောင့်ကြည့်လျက်ရှိသည်။
ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညပိုင်း မိုးသည်းထန်နေစဉ်က ခြံဝင်း ကာထားသော ဖလော်ရီဒါ ဆန်ဖို့ဒ် လူနေ ရပ်ကွက်တွင် လုံခြုံရေး လုပ်ပေးနေသည့် အသက် ၂၉ နှစ် အရွယ် ဇင်မာမန်းက အသက် ၁၇ နှစ်အရွယ် လူမည်း လူငယ် မာတင်နှင့် စကားများ ရန်ဖြစ်ကြပြီး သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။
ပထမပိုင်းက ဖလော်ရီဒါ ရဲသည် ဇင်မာမန်းကို အရေးယူရန် ငြင်းဆန် ခဲ့သည့်အတွက် ဆန္ဒပြပွဲကြီးများ အမေရိကန် မြို့ကြီးများတွင် ဖြစ်ခဲ့ပြီးမှ ၂၀၁၂ ဧပြီလတွင် ဂျော့ဇင်မာမန်း အဖမ်းခံခဲ့ရပြီး လူသတ်မှုဖြင့် တရားစွဲဆို ခံရခြင်း ဖြစ်သည်။
၁၉၉၂ ခုနှစ်ကလည်း အလားတူ လူမျိုးရေးနွယ်သည်ဟု ယူဆကြသော လူသတ်မှု တစ်ခုကြောင့် လော့အိန်ဂျလိစ်တွင် အဓိကရုဏ်း တစ်ရပ် ဖြစ်ခဲ့ဖူးသောကြောင့် တရားဥပဒေ စိုးမိုးရေး ဝန်ထမ်းများက ယင်းသို့ ဖြစ်ပွားမည်ကို စိုးရိမ်ကြခြင်း ဖြစ်ပေသည်။
အမေရိကန်သမ္မတ ဘားရက် အိုဘားမားက ပြည်သူများအနေနှင့် တည်ငြိမ်စွာ တုံ့ပြန်ကြပါရန် တိုက်တွန်းခဲ့ပြီး မာတင် သေဆုံးရခြင်းသည် အမေရိကအတွက် ဝမ်းနည်းဖွယ်ဖြစ်ရပ် ဖြစ်ကြောင်း၊ သို့သော် အမေရိကန်ပြည်ထောင်စုသည် တရားဥပဒေ စိုးမိုးသည့် နိုင်ငံဖြစ်ကာ တရားသူကြီး တစ်ဦးက ဆုံးဖြတ်ပေးပြီးသားဖြစ်ကြောင်း သမ္မတက ဆိုသည်။
တရားစီရင်ချက် အမိန့်ထွက်လာပြီးနောက် အကြမ်းဖက်မှုများ ဖြစ်လာမည် ကို စိုးရိမ်သောကြောင့် တက်ကြွ လှုပ်ရှားသူများနှင့် ဒေသ ဆိုင်ရာ ခေါင်းဆောင်များကလည်း တည်ငြိမ်စွာ တုံ့ပြန်ကြပါရန် တိုက်တွန်း ထားကြသည်။
အခင်းဖြစ်ပွားရာ ဆန်ဖို့ဒ်တွင် တရားရုံးရှေ့၌ ရာပေါင်းများစွာသော လူအုပ်က ဆူညံစွာ ဆန္ဒပြနေကြပြီး အကြမ်းဖက်မှု မရှိပေ။
“ထွက်လာတဲ့ စီရင်ချက်ကို ကျွန်တော်တို့ လက်ခံပါတယ်။ ဂျော့ဇင်မာမန်း ဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာ ဖြစ်တဲ့အတွက် အပြစ် မရှိပါဘူး” ဟု ၎င်း၏ ရှေ့နေ မာ့ခ်အိုမာရာက ဆိုသည်။
“သေသွားတဲ့သူက လူဖြူဖြစ်ပြီးတော့၊ သတ်လိုက်တဲ့လူက လူမည်းဆိုရင် သူတို့ ဒီလို တရားသေ လွှတ်ပေးပါ့မလား” ဟု ဆန္ဒပြသူ တစ်ဦးက မေးခွန်း ထုတ်သည်။
The Voice Weekly
၁၀ တန်းကျောင်းသူ အား လူကုန်ကူးရန် ကြိုးပမ်းသူ ဘော်ဒါဆောင်မှ ဆရာ /ဆရာမ အား ဖမ်းဆီးမိ
ရွှေကူမြို့၊ အမှတ်(၄) ရေပြန်ကြီး ရပ်ကွက်တွင် ဖွင့်လှစ် ထားရှိသည့် ပန်းပျိုးလက် ပုဂ္ဂလိက ဘော်ဒါ ဆောင်မှ နည်းပြ ဆရာမ ဒေါ်ခိုင်ဇာနှင်း (အဖ ဦးမောင်ချို)၊ ဘော်ဒါဆောင် ပိုင်ရှင် ဦးအောင်ဇော်မိုး နှင့် နည်းပြ ဦးအောင်ဇော်ထက်တို့သည် ၄င်းတို့ ဘော်ဒါ ဆောင်တွင် ညအိပ် စာသင်နေသည့် ရွှေကူမြို့ ရေပြန်ကြီး ရပ်ကွက်နေ မယဉ်ကလျာဖြိုး(ခ) မရေနဒီဖြိုး (အဖ ဦးကျော်ဝင်း) (၁၀ တန်း သူ) အား ဇူလိုင်လ ၆ ရက်နေ့ တွင် မိဘ အုပ်ထိန်း သူအား အသိ မပေးဘဲ ရွှေကူမြို့မှ မန္တလေး မြို့သို့ စည်းရုံး ခေါ် ဆောင်သွားပြီး မန္တလေးမှတဆင့် ဇူလိုင်လ ၈ ရက်နေ့ တွင် တောင် ကြီး မြို့ သိင်္ဂီ တည်းခိုခန်းသို့ ရောက်ရှိ တည်းခို ခဲ့ကြောင်း ကြားသိရ ပါတယ်။
ဇူလိုင်လ ၉ ရက်နေ့ နံနက် ၁၀း၃၀ နာရီတွင် တာချီလိတ် မြို့ဘက်သို့ ဘင်ကား တစ်စီးဖြင့် စင်းလုံးငှား ထွက်ခွာ သွားကြောင်း စုံစမ်းသိရှိရသဖြင့် ရွှေကူမြို့ မြို့မိ မြို့ဖများ၏ အကူ အညီဖြင့် တောင်ကြီး မြို့ရှိ မိတ်ဆွေများ ထံအကူ အညီ တောင်းခံ၍ တောင်ကြီးမြို့ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ရုံးသို့ သတင်း ပို့ပြီး ဆက်လက် ဆောင်ရွက် ခဲ့ရာ ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၈ နာရီတွင် တောင်ကြီး- တာချီလိတ် ကားလမ်း ပေါ်တွင် တာလေ ရဲကင်း စခန်းမှ တားဆီး ဆောင် ရွက် နိုင်ခဲ့ ကြောင်း၊
ယင်းဖြစ်စဉ်တွင် ဦးအောင်ဇော်မိုး၊ ဦးအောင်ဇော်ထက် နှင့် ဆရာမ ဒေါ်ခိုင်ဇာနှင်း တို့သည် မယဉ်ကလျာဖြိုးအား လူကုန်ကူးမှု ဆောင်ရွက်ရန် ကြိုးပမ်း အားထုတ်ခဲ့သဖြင့် ဖမ်းဆီးအရေးယူ ထားပါ တယ်။
ဦးအောင်ဇော်ဦး နှင့် ဦးအောင်ဇော်ထက် တို့သည် ရွှေကူမြို့နယ် ပညာရေးမှူး ရုံးမှ လွန်ခဲ့သော (၁၀)ရက် ခန့်တွင် ပျောက်ဆုံး ခဲ့သည့် ငွေကျပ် (၂၁)သိန်း အား ဖေါက်ထွင်း ခိုးယူသူ များဟု သံသယဖြင့် ရွှေကူ မြို့နယ်ရဲ စခန်းတွင် အမှုဖွင့် ခံထားရ သူများ ဖြစ်ကြောင်း ကြားသိရပါတယ်။
မြ၀တီ
ရှေးဟောင်း ကြေးဖိနပ် တွေ့ရှိ
ထားဝယ် ၊ ဇူလိုင် - ၁၅ ။           ။ မြိတ်ခရိုင် ကျွန်းစုမြို့နယ်ပိုင် ကွမ်းထောင်ကျွန်းအနောက်ဘက် ရေအောက်မြေအနက် ခုနစ်လံခန့်ရှိသည့်နေရာတွင် ရှေးဟောင်းပစ္စည်းဟုယူဆ ရသည့် ကြေးဖိနပ်ကြီးတစ်ရံ ရခဲ့ကြောင်း မြိတ်မြို့ အလယ် ကျွန်းနယ်မြေ ပန်းယာလမ်းဝပ် ရှော့ခ်နေ ဦးငွေစိုးထံမှသိရသည်။
အဆိုပါကျွန်းအနီးတွင် ၎င်း တို့စက်လှေသည် ငါးမျှားချိတ်၊ မြိတ်အခေါ်(မျှားစကြာ)ဖြင့် ငါး များဖမ်းဆီးနေစဉ် ငါးမျှားချိတ် တွင် ချိတ်ပါလာကြောင်းဦးငွေစိုး ကပြောသည်။ ထိုကြေးဖိနပ်ကြီးမှာ အ လေးချိန် ၄ ပိဿာနှင့်၂၀ ကျပ် သား၊ အရှည် ၁၃လက်မနှင့် အ ကျယ် ငါးလက်မရှိပြီး ဖိနပ်ပတ် လည်တွင် ဘဲဥပုံအပေါက် ၁၆ ပေါက်နှင့် ဘေးတစ်ဖက်တစ်ချက် စီတွင် အပေါက်ကြီးနှစ်ပေါက်ပါ ရှိသည်။ ဖိနပ်၏ ဘေးတစ်ဖက်တွင် C, F, HEINKE, S  စာတန်း နှင့် အခြားတစ်ဖက်တွင် PATENT ဟူသည့် စာတန်းများပါရှိသည်။
''PATENT ဆိုတဲ့ စကား လုံးက ဗိုက်ကင်းပင်လယ်ဓားပြအုပ်စုတွေနဲ့နွှယ်တဲ့ နာမည်တစ် မျိုးဖြစ်တယ်။ ဒီအုပ်စုတွေ ဒီ လာတယ်လို့ မှတ်တမ်းမရှိဘူး။ ဒါပေမဲ့ သူတို့အုပ်စုအနွယ်တွေ ဖြစ်နိုင်တယ်''ဟု ထားဝယ်သုတေ သနအဖွဲ့မှ ဦးဇော်သူရက မှတ် ချက်ပြုသည်။ လွန်ခဲ့သည့် ၁ရ ရာစုဝန်း ကျင်က ပင်လယ်ဓားပြအုပ်စုများ တွင် နာမည်ကြီးသည့် ယိုးဒယား ဝှိုက်ပင်လယ်ဓားပြများ တနင်္သာရီ တွင် ကြီးစိုးခဲ့ဖူးပြီး ယင်းအုပ်စုများ အထဲမှ ဖြစ်နိုင်ကြောင်း ဦးဇော် သူရက ပြောသည်။ မြိတ်ဒေသတွင် လွန်ခဲ့သည့် ခုနစ်နှစ်ခန့်က ကုန်းပေါ်တွင် ရွှေ အိုးတစ်လုံးတူးဖော်ရရှိဖူးပြီး ရေ ထဲတွင် ယင်းကဲ့သို့ကြေးဖိနပ်မျိုး တွေ့ရှိခြင်းသည် ပထမဦးဆုံးဖြစ် ကြောင်း ဒေသခံရှေးဟောင်းပစ္စည်း စိတ်ဝင်စား သူများ က ပြောသည်။
Dawei Watch
ဦးလေးဖြစ်သူကို ဓားဖြင့်ခုတ်၍ ကိုယ့်လည်ပင်းကိုယ် ဓားဖြင့်လှီး
တာချီလိတ်၊ ဇူလိုင် ၁၅
ရှမ်းပြည်နယ်( အရှေ့ပိုင်း) ရွှေတြိဂံဒေသ တာချီလိတ်မြို့နယ်နှင့် ၁၀ မိုင်ကျော် ကွာဝေးသည့် မုန်းဖုန်း (ခ) အုပ်စု၊ ပါကောင်ရွာတွင် ဇူလိုင်လ ၁၂ ရက်နေ့နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က အသက် ၄၄ နှစ် အရွယ် တူဖြစ်သူ ဦးအိုက်ကွမ်းရှဲန်က ဦးလေးဖြစ်သူ အသက် ၅၂ နှစ်အရွယ် ဦးလုံးဆိုင်ကို ဓားဖြင့်ခုတ်ကာ သူ၏လည်ပင်းကို ဓားဖြင့်လှီးခဲ့ကြောင်း အဆိုပါကျေးရွာ နေထိုင်သူများက ပြောကြားသည်။
ဦးလေးဖြစ်သူကို ဓားဖြင့်ခုတ်သူသည် ဇနီးနှင့်ကွဲကွာနေပြီး အရက်အလွန် သောက်သဖြင့် အရက်ကြောင်ကြောင်နေသူ ဖြစ်ကြောင်း၊ ၎င်း၏ဦးလေးသည် ဓားဖြင့်ခုတ်သည့်ဒဏ်ရာဖြင့် အခုတ်ခံရသော နေရာတွင် သေဆုံးခဲ့ကြောင်း အဆိုပါ ဓားခုတ်မှုကို သွားရောက်စစ်ဆေးသည့် ဒုတပ်ကြပ်ကျော်ခိုင်ထံမှ သိရှိရသည်။
“ဖြစ်တဲ့နေရာမှာ သွေးတွေကို ရဲနေတာ၊ ခုတ်တဲ့သူ ကိုယ်တိုင်လည်း သွေးအိုင်ထဲ လဲကျနေတယ်” ဟု မျက်မြင်တွေ့ရှိသူ ပါကောင်ရွာမှ အသက် ၅၂ နှစ်အရွယ် အမျိုးသားကြီးတစ်ဦးက ဆိုသည်။
ပြစ်မှုကျုးလွန်သူကို တာချီလိတ် ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူလျက်ရှိရာ လူနာ၏ အခြေအနေမှာ စိုးရိမ်ရကြောင်း တာချီလိတ်မြို့နယ်တွင် နေထိုင်သူ ဦးကျော်မြင့်က ပြောကြားသည်။
အဆိုပါအမှုနှင့် ပတ်သက်၍ အိုက်ကွမ်းရှဲန်ကို ဝမ်ပုံနယ်မြေရဲစခန်း (ပ) ၉/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂/၃၀၉ ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
The Voice Weekly
ဆေးရွက်ကြီးစိုက် တောင်သူများ ခေါက်ချိုးမြတ်
မန္တလေး၊ ဇူလိုင် ၁၅
ဆေးရွက်ကြီး ဈေးကွက် ပေါက်ဈေး မြင့်တက်နေသဖြင့် မန္တလေး တိုင်းဒေသကြီး မြင်းခြံမြို့နယ်မှ ဆေးရွက်ကြီး စိုက်ပျိုးသူ ဒေသခံ တောင်သူ များသည် စိုက်စရိတ်၏ ထက်ဝက်ခန့် အကျိုးအမြတ် ရရှိကြောင်း ယင်းဒေသခံ ဆေးရွက်ကြီး စိုက်ပျိုးသူများ က ပြောကြားသည်။
“ဆေးရွက်ကြီးက စိုက်ပျိုးစရိတ်ထက်ကို ထက်ဝက် မြတ်တယ်” ဟု ယင်းဒေသ ဆေးရွက်ကြီးစိုက် တောင်သူတစ်ဦးဖြစ်သူ ဦးသိန်းထွန်းနိုင်က ဆိုသည်။
အဆိုပါဒေသထွက် ဆေးရွက်ကြီးများကို မန္တလေးနှင့် မြင်းခြံရှိ ဆေးလိပ်ခုံ များသို့ တိုက်ရိုက် တင်ပို့သည့် ဈေးကွက် အနည်းငယ်ခန့်သာ ရှိကြောင်း၊ ယင်းဆေးရွက်ကြီး ဝယ်ရောင်း လုပ်ကိုင်သူများမှ တစ်ဆင့် ရောင်းချမှု များကြောင်း ငါန်းဇွန်မြို့နယ် ငါးမြာကြီး ကျေးရွာမှ ဆေးရွက်ကြီး စိုက် တောင်သူ ဦးမျိုးထက်က ပြောကြားသည်။
“မနှစ်က ဒီလိုအချိန်မှာ အချိန် ၁၀၀ ပိဿာကို ၁၁၀,၀၀၀ ကျပ် ပေါက်ဈေး ရှိတယ်။ ဒီနှစ်တော့ ၁၀၀,၀၀၀ ဝန်းကျင်ပဲ ပေါက်တယ်” ဟု မြင်းခြံမြို့နယ် ညောင်ပင်သာကျေးရွာ ဒေသခံ ဦးသိန်းထွန်းနိုင်က ဆိုသည်။
မြင်းခြံနှင့် ငါန်းဇွန်မြို့နယ်တို့ရှိ ကျေးလက် ဒေသများတွင် ဆေးရွက်ကြီး စိုက်ပျိုးမှု များပြားပြီး နှစ်စဉ် အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် စတင် စိုက်ပျိုးကြောင်း၊ အပင်ပေါက်မှာ ခြောက်လခန့် အကြာတွင် ရောင်းချသည့် အဆင့်သို့ ရောက်ရှိပြီး တစ်ဧကလျှင် အပင် ၆၀၀၀ ခန့်အထိ စိုက်ပျိုးနိုင်ကြောင်း၊ တစ်ဧက ထွက်နှုန်းမှာ ပိဿာချိန် ၅၀၀ ခန့် ရှိကြောင်း ဆေးရွက်ကြီးစိုက် တောင်သူများထံမှ စုံစမ်း သိရှိရသည်။
The Voice Weekly
မျိုးစောင့်ဥပဒေပါ အကြောင်းချင်းရာကို မသိဘဲ သွား/ဆေးကျောင်းသား ၁၀၀ ကျော် လက်မှတ်ထိုးလိုက်ရဟုဆို
ရန်ကုန် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ကျောင်းသားတစ်ရာကျော်သည် မျိုးစောင့်ဥပဒေပါ အကြောင်းချင်းရာများကို မသိရှိဘဲ လက်မှတ်ထိုးလိုက် ရသည်ဟု ကျောင်းသားများက မဇ္ဈိမကို ပြောကြားလိုက်သည်။
“ဘာမှန်းတော့ မသိဘူး၊ လက်မှတ်ထိုးတဲ့၊ မထိုးရင် သူကစိတ်ကောက်သေး တယ်၊ ပြီးတော့ ကျွန် တော်တို့ကို မရောင်းတော့မှာလည်း ကြောက်ရသေး တယ်၊ ဒါနဲ့ လက်မှတ်ထိုးလိုက်တယ်” ဟု ကိုယ်တိုင်လက်မှတ်ထိုးခဲ့သူနောက် ဆုံးနှစ်ကျောင်းသားတစ်ဦးက ပြောသည်။
သင်္ဃန်းကျွန်းမြို့နယ်ရှိ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်ဝင်းအ တွင်း ကျောင်း သား၊ ကျောင်းသူများ ထိုင်လေ့ရှိသည့် ကျောင်းကင် တင်း(စားသောက် ဆိုင်တန်း) ပိုင်ရှင်က လက်မှတ်ထိုးရန် အတင်းတိုက် တွန်းသည့် အတွက်ကျောင်းသားများက လက်မှတ်ထိုးလိုက်ရခြင်းဖြစ်ကြောင်း ကျောင်း သားများက ဆိုသည်။
အဆိုပါ ကင်တင်းသည် ဖွင့်လှစ်သည်မှာ ကြာမြင့်ပြီဖြစ်ပြီး ကျောင်းသားများနှင့် လည်း ရင်းနှီးကာ ကျောင်းသားများမှာလည်း ယင်းကင်တင်းကို အားကိုးနေရသည်။
“ကျွန်တော်တို့က အဲ့ဒီမျိုးစောင့်ဆိုတာလည်း မဖတ်ဖူးဘူး၊ ဘာမှန်းလည်း မသိဘူး၊ ထိုးမယ်သာထိုး လိုက်တာ၊ များတယ်ဗျ၊ ကျောင်းသားတွေ အများကြီးပဲ လက်မှတ်ထိုးကြတာ”ဟု ကျောင်းသားတစ်ဦးက ဆိုသည်။
“ဆိုင်ပိုင်ရှင်က မော်လမြိုင်က ဘုန်းကြီးတစ်ပါးနဲ့ တော်တော်ရင်းနှီးတယ် ပြော တာပဲ၊ သူ့ဆီကတစ်ဆင့် ဒီလက်မှတ်တွေ ယူတာဖြစ်နိုင်တယ်” ဟု နောက်ဆုံးနှစ်တက် ရောက်နေသူကျောင်းသားတစ်ဦးက ပြောသည်။
မဇ္ဈိမ၏ မေးမြန်းချက် ယင်းကျောင်းသားများ အနေနှင့် နာမည်ဖော်၍ မဖြေကြားလိုဘဲ ကျောင်းတွင် မျက်နှာပျက်မည်ကို စိုးရိမ်သောကြောင့်ဟု ကျောင်းသားများက ဆိုကြသည်။အဆိုပါကိစ္စ ကို ကျောင်း အာဏာပိုင်များ၊ကျောင်းအကျိုးတောင်ဆောင်များ အနေနှင့် တစ်စုံတစ်ရာ တုန့်ပြန်ခြင်းမရှိဟုလည်း ကျောင်းသားများက ပြောသည်။
မျိုးစောင့်ဥပဒေ ထောက်ခံလက်မှတ်များကို ရန်ကုန်နှင့် မန္တလေးမြို့များတွင် အဓိက ဖြန့်ဝေလျှက်ရှိပြီး သဘောတူသူများ ရှိသကဲ့သို့ သဘောမတူ သည့် ဝေဖန် သံများလည်း ထွက်ပေါ်လျှက် ရှိနေသည်။ မျိုးစောင့်ဥပဒေကို အဓိက ဦးဆောင်ကောက်ခံသူ ဦးဝီရသူ၏ (Facebook) လူမှုကွန်ရက် စာမျက်နှာတွင် ဇူလိုင် ၁၃၊ စနေနေ့ထိ အထက်မြန်မာပြည်မှ ထောက်ခံ လက်မှတ်ပေါင်း ခုနစ်သိန်းခွဲ ကောက်ခံရရှိထားကြောင်းရေးသားထားပြီး ရန်ကုန်၊ မြောက်ဥက္ကလာတွင် ဇူလိုင် ၂ ရက်ထိ လက်မှတ်ပေါင်း နှစ် သိန်းနှစ်သောင်း ရရှိထား ပြီဟု ဗုဒ္ဓဘာသာ လူငယ်များ စုစည်းမှု နာရေးအသင်းကပြောကြားထား သည်။
Mizzima
အန္တရာယ်ကင်းအောင် စားသောက်နည်းများ
၁။ အဆီအအိမ့် များလွန်းသော ဒံပေါက်ထမင်း ကြိုက်သူများ ဒံပေါက်မစားမီ ရှေ့တွင်ရှိသော ပန်းကန်ထဲမှ ပူဒီနာ (ပုစီနံ) ရွက်များကို အရင် ဝါးစားပြီးမှ ထမင်းစားပါ။
အဆိပ်အတောက် ကင်းပါသည်။
၂။ အုန်းနို့၊ ငံပြာရည်၊ ကြက်ဥ အနှစ်တို့ပါသော မုန်းဟင်းခါး၊ အုန်းနို့ ခေါက်ဆွဲ ကြိုက်သူများ ရှေးဦးစွာ မုန်းမစားမီ သံပုရာသီးစိတ် များကို ယူ၍ ဇွန်းထဲတွင် အရည်ညှစ်ချပါ။ ရလာသော ဇွန်းဝက်ခန့် သံပုရာရည်များကို အရင်သောက်ချပြီးမှ မုန့်များကို စားပါ။ အန္တရာယ်ကင်းသော မုန့်စားနည်း ဖြစ်ပါသည်။
၃။အဆိပ်အတောက် များသော မျှစ်ချဉ်၊ အသည်းပျက်တတ်သော မျှစ်ချဉ်ကို လုံးဝ မစားဘဲနေက အန္တရာယ် ကင်းပါသည်။ စိတ်မခိုင်၍ စားလိုပါက မျှစ်ချဉ်ထဲသို့ သံပုရာရည် အနှံ့ညှစ်ချပြီး နာနာနယ်၍ ရေဆေးပြီး စစ်ထားပါ။ ပြီးမှ မိမိစတ်ကြိုက် ချက်စားပါ။
သို့မဟုတ်- မျှစ်ချဉ်ချက်ထဲသို့ သံပုရာရည် ညှစ်ချပြီ မွှေနှောက်ကာ ဟင်းအိုးကို မီးဖိုမှချ၍ သုံးဆောင်ပါ။ အဆိပ်အတောက် နည်းသွားပါသည်။
၎။ရိုးရာအစားအစာ ဖြစ်သောလည်း ဥပဒ်ဖြစ်စေနိုင်သည့် လက်ဖက်ကို လက်ဖက် ကြိုက်သူများ ပြုပြင်၍ စားနိုင်ပါသည်။
ပထမဦးစွာ လက်ဖက်ကို ဆား၊ သံပုရာရည် တို့ဖြင့် နာနာပွတ်နယ်၍ ရေဆေးပါ။ ၂-ကြိမ်ခန့် ထိုသို့ ပြုလုပ်ပြီးမှ ကြိုက်နှစ်သက်သလို သုပ်စားပါ။
၅။အထက်အညာဒေသ အိမ်ရှင်မများသည် မန်းကျည်းသီးစိမ်းကို အပေါ်မှ အပွေးခွံ ဖြစ်မပစ်ဘဲ ချက်စားလေ့ရှိပါသည်။
မန်းကျည်းသီးပွေး ညိုညစ်ညစ်များကို ဓားနှင့် ခြစ်ချပြီး အတွင်းမှ စိမ်းဖန့်ဖန့် မန်းကျည်းသီးသား ပေါ်လာမှ ထောင်း၍ ချက်စားပါ။ ရင်ကျပ်ရောဂါ မဖြစ်နိုင်ပါ။
၆။ လူတိုင်းလိုလို ကြိုက်နှစ်သက်သော ဒညင်းသီးကို စား၍ဖြစ်သော ရောဂါမှာ ဆေးကုသ၍ မရပါ-ဟုပင် တချို့သော ဆရာဝန်များ ပြောကြားကြပါသည်။
မသင့်တာကိုမှ စားလိုသော လူတို့ ဗီဇအရ ဒညင်းသီး စားလိုပါက ပထမ တစ်ရေ ပြုတ်ပါ။ အခွံပွလာလျှင် မီးဖိုမှချ၍ အခွံသင်၊ ထန်းလျက် အသေးစား ၂-လုံးခန့် ထည့်ပြီး နောက်တစ်ကြိမ် ပြန်ပြုတ်ပါ။ ရေခန်းမှ ချ၍ သုံးဆောင်ပါ။
အန္တရာယ်ကင်း၍ ခံတွင်းနံ့လည်း ရှင်းပါသည်။
တနည်းမှာ---ဒညင်းသီးပြုတ်မှ အညှောက် ကလေးများကို ဖယ်စားပါက သွေးတက်မှု ကင်းပါသည်။
အသက်ကို ဉာဏ်စောင့်၍ ကျန်းမာရွှင်လန်းစွာ နေထိုင်နိုင်ကြပါစေ
credit to မင်္ဂလာသတင်းစဉ်
ဝမ်းဗိုက် အဆီ လျော့ကျစေပြီး လှပစေရန်
( ပိုက်ဆံလည်းမကုန် အဆီလည်းကျ လှလှပပ ) ဝမ်းဗိုက်မှာ အဆီတွေစုပြီး ဗိုက်ပူနေလို့ စိတ်ညစ် နေသူတွေ အတွက်
ဗိုက်ပူတာ လျော့ကျအောင် လုပ်နိုင်မယ့် အလွယ်နည်းတွေကို ဖော်ပြ လိုက်ပါတယ်။
(၁) လေ့ကျင့်ခန်း လုပ်ပါ
လေ့ကျင့်ခန်း အားလုံးဟာ ကိုယ်အလေးချိန် လျော့ကျ စေပါတယ်။ လေ့ကျင့်ခန်း လုပ်တဲ့အခါ ဝမ်းဗိုက် အဆီကျအောင် စွမ်းအားမြင့် လေ့ကျင့်ခန်းကို လုပ်ဖို့ လိုအပ်ပါတယ်။ လေ့လာမှုအရ အမျိုးသမီး အုပ်စု သုံးခုကို တစ်ပတ်မှာ ငါးကြိမ်ခန့် မတူညီတဲ့ လေ့ကျင့်ခန်းတွေကို လုပ်စေခဲ့ရာ ကယ်လိုရီ လောင်ကျွမ်းပုံချင်း တူပေမယ့် စွမ်းအားမြင့် လေ့ကျင့်ခန်းကို လုပ်ဆောင်တဲ့ အုပ်စုတစ်ခုရှိ အမျိုးသမီးတွေ ကသာ ဝမ်းဗိုက်အဆီ လျော့ကျမှု ရှိခဲ့တာကို တွေ့ရပါတယ်။ စွမ်းအားမြှင့် လေ့ကျင့်ခန်းတွေမှာ အိပ်ထမတင် လေ့ကျင့်ခန်း၊ ခါးလှည့် လေ့ကျင့်ခန်းစတဲ့ လေ့ကျင့်ခန်း အမျိုးအစားတွေ ပါဝင်နေပါတယ်။
(၂) ဗိုက်ကို တုန်ခါအောင် လုပ်ပါ
ဗိုက်ကို တုန်ခါစေတဲ့စက်နဲ့ အဆီချပေးတာက ထိုင်-ထ လေ့ကျင့်ခန်း လုပ်သလို ခြောက်လ အတွင်းမှာ ဝမ်းဗိုက်အဆီကို သိသိသာသာ လျော့ကျစေတာကိုတွေ့ရပါတယ်။
(၃) ညနေခင်းတွင် အလင်းရောင်ကို လျှော့ချပါ
စိတ်ဖိစီးမှု ဟော်မုန်း ကော်တီဆော အဆင့်မြင့်တက်မှု ရှိတာက ဝမ်းဗိုက် အဆီတိုးတာနဲ့ ဆက်စပ်မှု ရှိပါတယ်။ ညဘက်မှာ ကော်တီဆော ဟော်မုန်းအဆင့် လျော့ကျအောင် အိပ်ရာ မဝင်ခင် တစ်နာရီအလိုမှာ လျှပ်စစ်ပစ္စည်းတွေကို ပိတ်ပြီး အနားယူပေးဖို့ လိုပါတယ်။
ကွန်ပျူတာကို ညဉ့်နက်တဲ့ အထိ အသုံးပြုတာကို ရှောင်သင့်ပါတယ်။ ဒါဆိုရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မော ကျပါလိမ့်မယ်။
(၄) စောစော အိပ်ရာဝင်ပါ
တစ်ညမှာ ၅-၆ နာရီခန့်ပဲ အိပ်တဲ့သူတွေက တစ်ညမှာ ၇-၈ နာရီလောက် အိပ်တဲ့သူတွေထက် ခါးနဲ့ ဗိုက်နေရာတစ်ဝိုက်မှာ အဆီတက်ပြီး ဝနိုင်ခြေ ၆၀ ရာခိုင်နှုန်း ပိုများကြောင်း လေ့လာ တွေ့ရှိရပါတယ်။ “အိပ်ရေး ပျက်တာက ဆာလောင်မှု တိုးစေတဲ့ Ghrelin ဟော်မုန်းကို အထွက်တိုးစေပြီး ဆာလောင်မှုကို ဟန့်တားပေးတဲ့ Leptin ဟော်မုန်းကို လျော့ကျစေလို့ ဖြစ်တယ်” လို့ အိပ်စက်မှု ဆိုင်ရာ ပညာရှင် ဒေါက်တာ စတန်လေက ဆိုပါတယ်။ လူတွေက ပင်ပန်းနွမ်းနယ်တဲ့ အခါ သကြားပါတဲ့ ကာဗိုဟိုက်ဒရိတ်အစာကို များများ စားမိတာကြောင့် ဗိုက်ပူလာရတာ ဖြစ်ပါတယ်။
(၅) ရှာလကာရည် သောက်ပါ
တစ်နေ့မှာ ရှာလကာရည် ထမင်းစားဇွန်း နှစ်ဇွန်းသောက်တဲ့ အဝလွန်သူတွေက အချဉ်ရှောင်တဲ့ တခြားသူတွေထက် ဗိုက်ပူတာ ငါးရာခိုင်နှုန်း လျော့ကျမှု ရှိစေတယ်လို့ ဂျပန် သုတေသီတွေက လေ့လာ တွေ့ရှိခဲ့ပါတယ်။ ရှာလကာရည်မှာ အဓိက ပါဝင်တဲ့ Acetic Acid ဟာ ခန္ဓာကိုယ်အဆီတွေ လောင်ကျွမ်းအောင် လှုံ့ဆော်မှုပေးတာကြောင့် ဖြစ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ပြုလုပ်ရမယ့် နည်းကတော့ အစာမစားခင်မှာ ရေနွေး တစ်ဖန်ခွက်ထဲကို ရှလကာရည် ထမင်းစားဇွန်း တစ်ဇွန်း ထည့်ပြီး သောက်သုံးရမှာ ဖြစ်ပါတယ်။
(၆) ဒိန်ချဉ်စားပါ
နေ့စဉ် ကယ်လိုရီကို ထိန်းချုပ်ပြီး စားနေတဲ့သူတွေဟာ ဒိန်ချဉ်မှ ကယ်လ်စီယမ် ၁၁၀၀ မီလီဂရမ်လောက် ရနေရင် ဝမ်းဗိုက်အဆီ ၈၁ ရာခိုင်နှုန်း လျော့ကျမှု ရှိတာကို တင်နက်ဆီး တက္ကသိုလ်မှ လေ့လာ တွေ့ရှိရပါတယ်။ ကယ်လ်စီယမ်ဟာ အဆီကို လောင်ကျွမ်းစေလို့ ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ တခြားအစာတွေ အနေနဲ့ အခွံချွတ်မထားတဲ့ ကောက်နှံစာ (ဥပမာ- ဆန်လုံးညို၊ ခေါက်ဆွဲညို) နဲ့ မပြည့်ဝဆီ(အခွံမာတဲ့ အစေ့အဆန်၊ ထောပတ်သီး၊ ငါး) စတာတွေကိုလည်း စားပေးရမှာ ဖြစ်ပါတယ်။
(၇) စိတ်ဖိစီးမှုကို အနိုင်ယူပါ
စိတ်ဖိစီးမှုဟာ ဝမ်းဗိုက်မှာ အဆီပိုတွေ စုနေတာနဲ့ အကြီးအကျယ် ဆက်စပ်မှု ရှိပါတယ်။ အကြောင်းကတော့ စိတ်ဖိစီးမှု များနေချိန်မှာ အဒရီနယ်ဂလင်းမှ ကော်တီဆော အလွန်အမင်း ထွက်လာလို့ပါ။ ကော်တီဆော အထွက်များတာက အင်ဆူလင် ထွက်နှုန်းတိုးစေပြီး အဆီတွေ စုနေစေပါတယ်။
(၈) ဗီတာမင်ဒီကို ရယူပါ
နေ့စဉ် နံနက်တိုင်း အိမ်အပြင်မှာ ၁၅ မိနစ်လောက်နေပြီး နေခြည်နုနုမှ ဗီတာမင်ဒီရအောင် ယူပါ။ ဗီတာမင်ဒီဟာ အဆီတွေကို ချေဖျက်ပေးနိုင်တဲ့ အရာဖြစ်ပါတယ်။ ဗီတာမင်ဒီ မလုံလောက်တာကြောင့် အဝလွန်တာကို ဖြစ်စေနိုင်ပါတယ်။
(၉) ဆေးလိပ်သောက်တတ်လျှင် ဆေးလိပ်ဖြတ်ပါ
ဆေးလိပ် သောက်တာဟာ ဗိုက်ပူစေတယ်လို့ နယ်သာလန် ဆေးစင်တာမှ သုတေသီတွေက ဆိုပါတယ်။ အကြောင်းရင်းကို တိတိကျကျ မသိကြသေးပေမယ့် ဆေးလိပ်သောက်တာဟာ ခန္ဓာကိုယ်ထဲမှာ အီစထရိုဂျင် ဟော်မုန်းရဲ့ လုပ်ဆောင်မှုကို လျော့ကျစေပြီး ကျားဟော်မုန်းရဲ့ လွှမ်းမိုးမှုကို တိုးစေတာကြောင့် ဗိုက်ပူတာ ဖြစ်နိုင်တယ်လို့ သုတေသီတွေက ယူဆ ထားပါတယ်။
credit to ;Mg Mandalay
အင်တာနက် သုံးသူများ၏ ကိုယ်ရေးအချက်များ ကာကွယ်ရေး ဥရောပ ဥပဒေတစ်ရပ် ကြိုးပမ်းမည်ဟု ဆို
မြူးနစ်၊ ဇူလိုင် ၁၅
အမေရိကန် ထောက်လှမ်းရေးက အင်တာနက် အသုံးပြုသူများ၏ သတင်း အချက်အလက်များကို လျှို့ဝှက် ထောက်လှမ်းခဲ့သည့်ကိစ္စ ပေါ်ပေါက်လာပြီးနောက် အင်တာနက် သုံးသူများ၏ ကိုယ်ရေး ကိုယ်တာ အချက်အလက်များကို အကာအကွယ်ပေးမည့် တင်းကျပ်သော ဥရောပ ဥပဒေ တစ်ရပ် ပေါ်ပေါက် လာရန် လုပ်ဆောင်သွားမည်ဟု ဂျာမနီ အဓိပတိ အင်ဂျလာမာကယ် က ပြောကြားလိုက်ကြောင်း ဘီဘီစီ သတင်းတွင် ဖော်ပြထားသည်။
ARD ရုပ်သံနှင့် အင်တာဗျူး ပြုလုပ်ရာတွင် အင်တာနက် ကုမ္ပဏီများသည် ၎င်းတို့၏ သတင်း အချက် အလက်များကို မည်သူ့ကို ပေးအပ်ရသည် ဆိုသည့်ကိစ္စနှင့် ပတ်သက်၍ ဂျာမနီ အစိုးရအနေနှင့် သိလိုကြောင်း ဂျာမနီ အဓိပတိ အင်ဂျလာမာကယ်က ပြောကြားသည်။
အမေရိကန် အစိုးရ ထောက်လှမ်းရေး အဖွဲအစည်းများသည် အင်တာနက် ကုမ္ပဏီကြီးများထံမှ အင်တာနက် သုံးစွဲသူ မှတ်တမ်းများကို ရယူလျက် ရှိသည်ဟု သတင်း ပေါက်ကြားခဲ့ခြင်းကြောင့် ဂျာမနီ အဓိပတိ အင်ဂျလာမာကယ်က အထက်ပါအတိုင်း မေးခွန်းထုတ်လိုက်ခြင်း ဖြစ်သည်။
ထို့ပြင် အမေရိကန် အစိုးရက အင်တာနက် သတင်း အချက်အလက်များကို လျှို့ဝှက် ရယူရာတွင် ဂျာမနီနှင့် ဥရောပသမဂ္ဂမှ ခေါင်းဆောင်များ၏ အင်တာနက် သတင်း အချက်အလက်များကိုလည်း ရယူလျက်ရှိကြောင်း သိခဲ့ရပြီးနောက် အမေရိကန်-ဂျာမနီ ဆက်ဆံရေးမှာ တင်းမာလျက် ရှိသည်။
“အနာဂတ်မှာ ဂျာမနီရဲ့ ဥပဒေကို လေးစားလိုက်နာမယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ ရှင်းရှင်းလင်းလင်း ဆုံးဖြတ်ချက်ကို မျှော်လင့် တယ်”ဟု ဂျာမနီ အဓိပတိ အင်ဂျလာမာကယ်က ပြောကြားသည်။
ဂျာမနီ အစိုးရသည် ဥရောပသမဂ္ဂ အဆင့်ထိ ကျယ်ပြန့်သော ဥပဒေ တစ်ရပ် ချမှတ်နိုင်ရန် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
အမေရိကန် အစိုးရ၏ အင်တာနက် သုံးစွဲသူများအပေါ် လျှို့ဝှက် ထောက်လှမ်းနေသည့် ကိစ္စနှင့် ပတ်သက်၍ မည်သည့် အတိုင်းအတာထိ ထောက်လှမ်းလျက် ရှိသည်၊ မည်သူများကို ထောက်လှမ်း လျက် ရှိသည်ဆိုသည့် ကိစ္စနှင့် ပတ်သက်၍ သိရှိနိုင်ရန် ဂျာမနီ အဓိပတိ အင်ဂျလာမာကယ်သည် လွန်ခဲ့သော သီတင်းပတ်က အမေရိကန် ဒုတိယ သမ္မတ ဂျိုးဘိုင်ဒင်နှင့် အမေရိကန် ရှေ့နေချုပ် အဲရစ်ဟိုလ်ဒါ တို့နှင့် တွေ့ဆုံ ဆွေးနွေးရန် ဂျာမနီ ပြည်ထဲရေး ဝန်ကြီးကို အမေရိကန် သို့ စေလွှတ်ခဲ့သည်။
သတင်း အချက်အလက်များ လျှို့ဝှက် ရယူနေသည့်ကိစ္စနှင့် ပတ်သက်၍ ဂျာမနီ၏ မဟာမိတ် အမေရိကန်ထံမှ အဖြေ တစ်စုံတစ်ရာ ရရှိအောင် ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း ဂျာမနီ အတိုက်အခံများက အင်ဂျလာ မာကယ်ကို စွပ်စွဲလျက် ရှိသည်။
The Voice Weekly
စားအုန်းဆီ အကြွင်းအကျန် စုပ်ယူသူများ (ရုပ်/သံ)
The Irrawaddy (Burmese Version)
ကြည့်မြင်တိုင်မြို့နယ်က ဦးပိုင်လီမိတက် မှာ လာရောက်ပြီး စားအုန်းဆီ ထုတ်ယူတဲ့ ကားတွေပေါ်ရှိ စားအုန်းဆီထည့်တဲ့ ပေပါအထဲကနေ အကြွင်းကျန် စားအုံးဆီတွေကို စုတ်ယူပြီး ပြန်လည်ရောင်းချကာ အသက်မွေးဝမ်းကျောင်းပြုနေကြတဲ့ မိသားစုတွေအကြောင်း ဧရာဝတီက ရုပ်သံ ရိုက်ကူးတက်ဆက်ထားပါတယ်။
သမီးအတွက် တောင်းဆို လှုပ်ရှားသော အမျိုးသမီးကို ဖမ်းဆီးမှု တရုတ်အာဏာပိုင် နစ်နာကြေး ပြန်ပေး
ဘေဂျင်း၊ ဇူလိုင် ၁၅
သမီးဖြစ်သူကို အနိုင်ကျင့် စော်ကားသူများအား သေဒဏ်ပေးရန် တောင်းဆို လှုပ်ရှားသည့် အမျိုးသမီးကြီးအား တရုတ် အာဏာပိုင်အဖွဲ့က ဖမ်းဆီးပြီး အလုပ်စခန်းသို့ ပို့မိသည့်အတွက် တရားရုံးက အမေရိကန် ဒေါ်လာ ၅၀၀ နီးပါးနှင့် ညီမျှသည့် တရုတ်ယွမ်ငွေ နစ်နာကြေး ပြန်ပေးခဲ့ ကြောင်း BBC သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။
Tang Hui ဟု အမည်ရသည့် အဆိုပါ အမျိုးသမီးကြီး၏ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို ချိုးဖောက်မိခြင်း နှင့် စိတ်ပိုင်းဆိုင်ရာ နာကျင်အောင် ပြုလုပ် မိခြင်းအတွက် နစ်နာကြေးအဖြစ် ထိုသို့ ပေးရခြင်း ဖြစ်ကြောင်း Xinhua သတင်းက ဖော်ပြထားသည်။
၂၀၀၆ ခုနှစ်က အဆိုပါ အမျိုးသမီးကြီး၏ သမီးဖြစ်သူကို ပြန်ပေးဆွဲသွားပြီး မုဒိမ်းကျင့်ကာ အတင်း အဓမ္မ ပြည့်တန်ဆာ လုပ်ခိုင်းသူများ အား နှစ်ဦးကို သေဒဏ်၊ လေးဦးကို ထောင်ဒဏ် တစ်သက် တစ်ကျွန်း၊ တစ်ဦးကို ထောင်ဒဏ် ၁၅ နှစ်အဖြစ် တရုတ်အာဏာပိုင်က ချမှတ်ခဲ့ပြီး ယခု အမျိုးသမီးကြီးက အားလုံးကို သေဒဏ် ပေးသင့်ကြောင်း အစိုးရကို တောင်းဆိုကာ လှုပ်ရှားမှုများ ပြုလုပ်ရာမှ အလုပ်စခန်းသို့ အပို့ခံရပြီး ယင်းနေရာတွင် တစ်ပတ်ခန့် နေလိုက်ရခြင်း ဖြစ်ပေသည်။
၎င်းကို အလုပ်စခန်းတွင် နေခိုင်းစဉ် ကာလများအတွင်း ပြည်သူများ က ဒေါသတကြီး ကန့်ကွက်မှုများ ပြုလုပ်ခဲ့ပြီးနောက် ယခုလို ပြန်လွတ်လာ ပြီး လျော်ကြေးလည်းရခြင်း ဖြစ်သည်။
အမျိုးသမီးကြီး Tang Hui က သူ့ကို အလုပ်ကြမ်းစခန်းသို့ ပို့သော ရဲများ အနေနှင့် တရားဝင် တောင်းပန်စာ ရေးပေးပါရန် ထပ်မံ တောင်းဆို ထားသော်လည်း ယင်းတောင်းဆိုချက်ကိုမူ မလိုက်လျောကြောင်း အမှုဖြစ်ပွားရာ ဟူနန်ပြည်နယ်၏ မြို့တော် ချန်ရှာရှိ တရားရုံး ပြောရေး ဆိုခွင့်ရ အရာရှိက AFP ကို ပြောကြားခဲ့သည်။
“တာဝန်ရှိသူတွေက တရားရုံးမှာ သူ့ကို တောင်းပန်ပြီး ဖြစ်ပါတယ်” ဟု ပြောရေးဆိုခွင့်ရ အရာရှိက ဆိုသည်။
ယခင်က Tang Hui ကို လူမှုရေး မငြိမ်သက်မှု ဖြစ်စေရန် ပြုလုပ်မှုနှင့် လူ့အဖွဲ့အစည်းကို မကောင်းသော သက်ရောက်မှု ဖြစ်စေရန် အားထုတ်မှု တို့ဖြင့် အလုပ်ကြမ်း စခန်းတွင် ၁၈ လ သွားနေရန် အမိန့်ချခြင်း ခံခဲ့ရကြောင်း Xinhua သတင်းဌာနက ဖော်ပြထားသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် လူများကို အလုပ်စခန်းသို့ ဥပဒေအရ စီရင်ခြင်းမဟုတ်ဘဲ ပို့နိုင်ခွင့် ရှိပေသည်။
ယခုအခါ တရုတ် ခေါင်းဆောင်သစ်များသည် အဆိုပါ စနစ်ကို အများ လက်မခံတော့သည်ကို နားလည်လာပြီး ပြုပြင်ပြောင်းလဲမှုများ လုပ်ရန် စဉ်းစားလာကြသည်ဟု BBC က သုံးသပ် ရေးသားထားသည်။
ယခုအခါ သမီးအတွက် တိုက်ပွဲဝင်သူ အမျိုးသမီးကြီးကို တရုတ် လူမှုကွန်ရက် မီဒီယာများတွင် ထောက်ခံမှု အလွန် များပြားနေပြီး နစ်နာကြေး အလွန်နည်းခြင်းနှင့် စာထုတ်ပြီး လူသိရှင်ကြား မတောင်းပန်ခြင်း ကို ဆက်လက် ဝေဖန် ရေးသားနေကြသည်။
The Voice Weekly
အစားထိုးခန့်မည့် အခွန်အရာရှိများကို နောက်ကြောင်းလိုက်မည်
ရန်ကုန် ၊ ဇူလိုင် - ၁၅ ။                 ။လာဘ်စား မှုကြောင့် ရာထူးမှ ဖယ်ရှားခံရ သော ပြည်တွင်းအခွန်များဦးစီးဌာန ရန်ကုန်နှင့် မန္တလေးမှ အကြီး တန်းအရာရှိများနှင့် တခြားဝန် ထမ်းများနေရာတွင် အစားထိုးခန့် အပ်မှုများကို ရက်ပိုင်းအတွင်းပြု လုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ပြောဆိုချက် အရ သိရသည်။ ယင်းနေရာတွင် အစားထိုး ခန့်အပ်မှုများပြုလုပ်ရာတွင် စစ် မှန်ပြီး အရည်အချင်း ရှိသည့်ဝန် ထမ်းများကို ခန့်အပ်သွားမည်ဖြစ် ပြီး ခန့်အပ်မည့်သူများ၏ နောက် ကြောင်းရာဇဝင်များနှင့် အလုပ် လုပ်ဆောင်မှုအပိုင်းကိုပါ အလေး ထားကြည့်ရှုသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်၍ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာ ဝန်ရှိသူက ''ဘယ်သူတွေခန့်အပ် မယ်ဆိုတာကတော့ နိုင်ငံတော် သမ္မတရုံးနဲ့ တခြားသက်ဆိုင်ရာ ဌာနလူကြီးတွေပဲ အဆုံးအဖြတ် ပေးသွားပါလိမ့်မယ်။ အတိအကျ မသိပါဘူး''ဟု ပြောသည်။ ယင်းသို့ ရာထူးမှ ဖယ်ရှားခံ ရခြင်းမှာ ပြည်တွင်းအခွန်များဦး စီးဌာနမှ အောက်ခြေဝန်ထမ်းများ ကတိုင်ကြား၍ဖြစ်ကြောင်း သိရ သည်။  တရားလွှတ်တော်ရှေ့နေ တစ်ဦးက ''အောက်ခြေဝန်ထမ်းတခိျု့က စားစရာ မရှိ အောင်ဖြစ်နေပြီဆို တော့ မခံနိုင်တော့ဘူးလေ။ သူ တို့သိထားတာတွေ၊ အနိုင်ကျင့် ခံရတာတွေ ပြောပြီပေါ့''ဟု ပြော သည်။ ရာထူးမှဖယ်ရှားခံရသည့် အထဲတွင် ရန်ကုန်နှင့် မန္တလေးမှ ဦးစီးမှူးများနှင့် မြို့နယ်လက် ထောက်ညွှန် ကြားရေး မှူးအဆင့် များပါဝင်ကြောင်း သိရသည်။
အစိုးရသစ်တက်လာပြီး နောက်ပိုင်းတွင် ကလေးနှင့် တမူး ရဲစခန်းမှ ရဲအရာရှိကြီးများကိုလည်း လာဘ်ပေးလာဘ်ယူမှုများနှင့် တ ခြားမသမာမှုများတွင် ပါဝင်ပတ် သက်သဖြင့် ရဲချုပ်ရုံးမှ အထူးအ ဖွဲ့က အရေးယူဆောင်ရွက်ခဲ့ သေး ကြောင်း သိရသည်။
ကျော်မြတ်ဇံ - ရန်ကုန်တိုင်း(မ်)
တွံတေးမြို့နယ် ကြည်တန်းကျေးရွာတွင် ခေါင်းဖြတ် လူသတ်မှုဖြစ်ပွါး
ရန်ကုန်၊ ဇူလိုင် ၁၆
၁၅.၇.၂၀၁၃ ရက်နေ့ ၁၉၀၀ အချိန် ရန်ကုန်တိုင်း ဒေသကြီး တွံတေးမြို့နယ်၊ ကြည်တန်းကျေးရွာနေ ဦးကြီးမောင်သည် ရန်ကုန်မှ ဆေးဝယ်ပြီး နေအိမ်သို့ ပြန်ရောက်စဉ် ဇနီးဖြစ်သူ ဒေါ်စိန်သန်း(ခ)ဒေါ်သန်းမြင့် မှာ ခေါင်းဖြတ် အသတ်ခံရကြောင်း သားဖြစ်သူ ဦးဇင်းဦးဇာနေရမှ ပြောပြချက် အရသိရသည်။
ဖြစ်စဉ်မှာ ဦးကြီးမောင်၏ ဇနီးဖြစ်သူ ဒေါ်စိန်သန်း(ခ)ဒေါ်သန်းမြင့်မှာ ၁၄၀၀ အချိန်ခန့်တွင် နေအိမ်အနီး ကွမ်ခြံထဲသို့ အလုပ်သွားရောက် လုပ်ကိုင်နေစဉ် အိမ်နီးချင်းဖြစ်သူ မတင်တင်မိုး ရောက်ရှိလာပြီး ဒေါ်စိန်သန်း(ခ)ဒေါ်သန်းမြင့်အား မေးသဖြင့် သားဖြစ်သူမှ ကွမ်းခြံအတွင်း သွားကြောင်းပြောခဲ့၍ မတင်တင်မိုးမှ ကွမ်းခြံအတွင်း သွားရောက်ကြည့်ရာ ဒေါ်စိန်သန်း (ခ)ဒေါ်သန်းမြင့်မှာ ဦးခေါင်းပြတ်လျက် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း ပြောပြသဖြင့် သားဖြစ်သူ ဦးဇင်း ဦးဇာနေရမှ သိရှိခဲ့ခြင်းဖြစ်သည်။
ထိုသို့   ဇနီးဖြစ်သူကို သတ်သွားသူအား အရေးယူပေးပါရန် ဦးကြီးမောင်မှ  တိုင်တန်းခဲ့၍ ခလောက်ချိုက် နယ်မြေရဲစခန်း(ပ)၆၃/၂၀၁၃ ၊ ပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်ပြီး တရားခံ အမြန်စုံစမ်းဖော်ထုတ်
ဖမ်းဆီးနိုင်ရေး တိုင်း/ခရိုင် အထူးအဖွဲများဖြင့် ပူးပေါင်းဆောင် ရွက်လျက်ရှိပါကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန် ထားပါသည်။
The Voice Weekly
ပြည်သူတွေ ဘယ်သူ့ကို အားကိုးနေကြပြီလဲ
အကယ်ဒမီ မေဝင်းမောင် ပါဝင် သရုပ်ဆောင် သွားမည့် ဗီဒီယို ဇာတ်ကား
"လရောင် ကင်းမဲ့သော နေ့ရက် များ Part- 2 (သို့) နာရှီယာ" လို့ အမည် ပေး ထားတဲ့ ဗီဒီယိုဇာတ်ကား ကို ဒါရိုက်တာ Mနိုး က ရိုက်ကူး သွားမှာ ဖြစ်ပြီး ဒီဇာတ်ကား မှာတော့ ဘုဏ်းသိုက်၊ မေ၊ မော်ဒယ် များနဲ့ အတူ အမေရိက က ပြန်လည်ရောက်ရှိ လာမယ့် အကယ်ဒမီ မေဝင်းမောင် လည်း ပါဝင် သရုပ်သွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။
ဒီဇာတ်ကားကို ဇူလိုင် ၁၉ ရက်နေ့မှာ စတင် ရိုက်ကူး သွားမှာ ဖြစ် ပြီး မေဝင်းမောင် ပါဝင် ရိုက်ကူးဖြစ်ပုံ ကိုတော့ ဘုဏ်းသိုက် က
"ဒါရိုက်တာ ကလည်း အမေရိက မှာ ရုပ်ရှင်နဲ့ ပတ်သက်တဲ့ ကျောင်း တက်တဲ့ အချိန်မှာ သူတို့ချင်း သိတာပါ။ ကျွန်တော်နဲ့တော့ မသိပါဘူး။ အန်တီ့ကို ဒီကနေ ဇာတ်ညွှန်းပေးတဲ့ အချိန်မှာ သူ လည်း စိတ်ဝင်စားတယ်၊ ရိုက်ချင်တယ်၊ ရိုက်ဖြစ်တယ် လို့ပြောပါတယ်။ ၁၉ ရက်နေ့ စရိုက်တော့မှပဲ အန်တီနဲ့ ဆုံမှာပါ" လို့ ပြောပါတယ်။
ဒီဇာတ်ကား ထဲက သူ့ရဲ့ဇာတ် ရုပ် က တော့ "ဇာတ်လမ်း စဖွင့်ဖွင့်ချင်းမှာ အဲဒီမြို့မှာရှိတဲ့ ပြည့်တန်ဆာမလေး တွေ တစ်ယောက်ပြီး တစ်ယောက် အသတ်ခံ ရတယ်။ အဲဒါကို လိုက် သတ်တဲ့ လူကို ဖော်ထုတ် ကြတယ်။ စိတ်ကျရောဂါ ဖြစ်နေတဲ့ ဆရာဝန် တစ်ယောက်ပေါ့။ နောက်ဆုံး ကျ တော့ ဒီပြည့်တန်ဆာမလေး တွေကို လိုက်သတ်တဲ့လူက ကျွန်တော် ကိုယ် တိုင်ဖြစ်နေတယ်။ ဘာကြောင့်လိုက် သတ်ရလဲ ဆိုတော့ သူ့မှာ မသတ် မဖြစ်သတ်ရတဲ့၊ သူ့ကို နောက်ကနေ Control လုပ်ထားတဲ့ ဇာတ်ကောင် တစ်ကောင် ရှိတယ်။ သူ ဘယ်လိုမှ သည်းညည်းခံလို့ မရတဲ့ဟာ တစ်ခုကို ထိန်းချုပ်ပြီး ခိုင်းနေတာတွေ၊ မသတ်ချင်လည်း သတ်နေရတယ်။ တစ်ယောက် သတ်ပြီး တိုင်းစိတ် မကောင်း ဖြစ်ရတယ်။ ခံစားရတယ်။ ဒါပေမဲ့ နောက် တစ်ယောက်ကို ထပ်သတ် ခိုင်းတော့လည်း မသတ်ချင်ဘဲ တစ်ယောက်ပြီး တစ်ယောက်သတ် နေရတဲ့ ဆရာဝန် တစ်ယောက်ပေါ့" လို့ ပြောပါတယ်။
မေဝင်းမောင် ပါဝင်တဲ့ အခန်းကိုတော့ ဒါရိုက်တာက မြှုပ်ထား မှာ ဖြစ် ပြီး နောက်ပိုင်း ကျမှ ပေးသိ မှာ ဖြစ်ကြောင်းပြောပါတယ်။
ခိုင်ဝေလွင်
Popular Journal
သီတဂူဆရာတော် မြစ်ကြီးနားမှာ မျက်စိဝေဒနာရှင်တွေကို အခမဲ့ကုသပေး
သီတဂူဆရာတော် အရှင်ဥာဏိဿရဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက် တောင်တန်းသာသနာပြုကျောင်း သီတဂူစက္ခုဒါနဆေးရုံမှာ မျက်စိဝေဒနာရှင်တွေကို အခမဲ့ခွဲစိတ်ကုသမှုတွေ ပြုလုပ်နေပါတယ်။
ဝေဒနာရှင်တွေကို ကုသပေးနေပုံနဲ့ ပတ်သက်ပြီး သီတဂူဆရာတော် အရှင်ဥာဏိဿရက RFA ကို အခုလိုမိန့်ပါတယ်။
"တချို့ ၁ဝ မိုင်လောက်ကို လမ်းလျှောက်လာရတယ်၊ ဒီနေ့မြစ်ကြီးနားမှာ ခန့်မှန်းခြေ ၂ ထောင်လောက်လာခဲ့မယ်ထင်တယ်၊ အဲထဲက ၃ ရာလောက်ခွဲပေးမယ်လို့ ခန့်မှန်းထားတယ်"
ဒီကနေ့မှာ မျက်စိဝေဒနာရှင်အယောက် နှစ်ရာကျော်ကို စမ်းသပ်ပေးနေတာဖြစ်ပြီး ညနေပိုင်းမှာ ဝေဒနာရှင် ငါးဆယ့်ခြောက်ယောက်ကို ခွဲစိတ်ကုသပေးမှာဖြစ်တယ်လို့ သီတဂူသာသနာပြု အထောက်အကူပြုအဖွဲ့ရဲ့ အတွင်းရေးမှူး ဦးမြင့်ဝေက အခုလိုရှင်းပြပါတယ်။
"ခွဲစိတ်မယ့်လူနာကတော့ ပထမဆုံးတင်ပြထားတာကတော့ ရွှေပါရမီဖောင်ဒေးရှင်းက ပထမဆုံးဖြည့်ထားတဲ့ဟာတွေက ၂ဝ၁ ယောက်ရှိတယ်၊ အခုကျနော်တို့ဆီလာပြတာ ၁ဝ၂ ယောက်ပဲရှိသေးတယ်၊ အဲဒီထဲကမှ ပြန်စစ်တဲ့အခါ clear ဖြစ်တဲ့လူနာက ၅၆ ယောက်ဖြစ်တယ်၊ ကျန်တဲ့လူနာတွေကတော့ နောက်ဆုံးရက် ၂ဝ ရက်နေ့မှာခွဲပေးဖို့ စီစဉ်ထားပါတယ်၊ ခုညနေပိုင်းကို ၅၆ ယောက်ခွဲပါပြီ၊ ရက်ကွက်ကျေးရွာတွေကိုလည်း ကျနော်တို့ဒီကနေ အဖွဲ့တွေလွှတ်ပြီးတော့မှ အသံချဲု့စက်နဲ့လိုက်ပြီး ကြော်ငြာခိုင်းထားပါတယ်"
ဒီလိုအခမဲ့လာရောက်ကုသနေကြတဲ့ မျက်စိဝေဒနာရှင်တွေနဲ့ လူနာစောင့်ရှောက် အကူအညီပေးနေသူတွေအားလုံးအတွက် အစောပိုင်းရက်တွေက ရွှေပါရမီဖောင်ဒေးရှင်းက လှူဒါန်းပေးခဲ့ပြီး ဇူလိုင်လ ၁၆ ရက်မနက်ဖြန်ကစပြီး ၂၁ ရက်နေ့အထိ ထူးဖောင်ဒေးရှင်က လှူဒါန်းပေးတာလို့ ဦးမြင့်ဝေက ပြောပါတယ်။
မြစ်ကြီးနားမြို့မှာ အခုလိုလာရောက်ကုသပေးတာဟာ လေးကြိမ်မြောက်ဖြစ်ပြီး မျက်စိဝေဒါနာရှင် ၆ဝဝဝ ကျော်ကို စမ်းသပ်ပေးခဲ့ပြီးတော့ ၇ဝဝ ကျော်ကို ခွဲစိတ်ကုသပေးနိုင်ခဲ့တယ်လို့သိရပါတယ်။
မြန်မာပြည်မြောက်ဖျား ပူတာအိုမြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁ဝ ရက်ကနေ ၁၄ ရက်နေ့အထိ မျက်စိဝေဒနာရှင်ဒေသခံ အယောက်တစ်ထောင်ကျော်ကို စမ်းသပ်ပေးခဲ့ပြီး တစ်ရာ့ငါးဆယ်ကို ခွဲစိတ်ကုသပေးနိုင်ခဲ့ပါတယ်။
RFA Burmese
တေးသံရှင် ဆိုတေး အခြေအနေ ပြန်လည် ကောင်းမွန်
မန္တလေး၊ ဇူလိုင် ၁၅
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယာဉ်တိမ်းမှောက်မှုကြောင့် မန္တလေး ဆေးရုံကြီးရှိ အထူးကြပ်မတ် ကုသဆောင်တွင် ဆေးကုသမှု ခံယူနေသည့် တေးသံရှင် ဆိုတေး၏ ယမန်နေ့ညက အရေးပေါ် ကုသမှု ခံယူပြီး အခြေအနေ ပြန်လည် ကောင်းမွန်လာပြီဟု ဆိုတေး၏ ဦးလေး တော်စပ်သူ ဦးရဲမြင့်အောင်က The Voice သို့ ပြောကြားသည်။
ဇူလိုင်လ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲ အချိန်က ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် အမှတ် ၂၉၁/၃နှင့် ၂၉၁/၄ ကြားတွင် ယာဉ် တိမ်းမှောက်ခဲ့သော တေးသံရှင် ဆိုတေးမှာ ဦးခေါင်းပိုင်းတွင် အပြင်းအထန် ဒဏ်ရာ ရရှိထားသောကြောင့် သတိမရသေးဘဲ ဦးခေါင်းတွင် ထိခိုက် ထားသောကြောင့် ဆေးရုံမှ ဆရာဝန်ကြီးများက အထူး စောင့်ကြည့်လျက် ရှိကြောင်း မန္တလေး ဆေးရုံကြီးမှ ဆေးနှင့် လူမှုဆက်ဆံရေး အရာရှိ ဦးမင်းလွင်က ပြောကြားသည်။
“အခြေအနေကတော့ ကောင်းလာပါပြီ။ သတိတော့ ဝင်နေပါတယ်။ ဆရာဝန်ရဲ့ မှတ်ချက်အရကတော့ မနက်ဖြန်၊ သန်ဘက်ခါဆိုရင် သတိရ မယ်၊ အခြေအနေကတော့ တော်တော်လေး ကောင်းလာပါပြီ” ဟု ဦးရဲမြင့်အောင်က ထပ်မံ ပြောကြားသည်။
အဆိုပါ ယာဉ် တိမ်းမှောက်ရာတွင် ဆိုတေးနှင့် ယာဉ်မောင်းတစ်ဦး အပါအဝင် အမျိုးသမီး နှစ်ဦး စီးနင်း လိုက်ပါလာပြီး ၎င်းတို့ထဲမှ မချောချော ကို မိတ္ထီလာမြို့နယ် ပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့ရာ ဆေးရုံတွင် သေဆုံးသွား ခဲ့ပြီး မစံပယ်မွန် အသက်(၁၈) နှစ်သည် မန္တလေးဆေးရုံကြီး အရိုး ကုသဆောင်မှ ဇူလိုင်လ ၁၄ ရက်နေ့ ညနေပိုင်းက ဆင်းသွားခဲ့ကြောင်း မန္တလေး ဆေးရုံကြီးမှ ဆေးနှင့် လူမှုဆက်ဆံရေး အရာရှိ ဦးမင်းလွင်က ဆိုသည်။
ယာဉ်တိုက်မှုများ မကြာခဏ ဖြစ်ပွားနေသော ရန်ကုန်-မန္တလေး အမြန်လမ်း ကို ၂၀၀၉ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့ပြီး လမ်းမကြီး တစ်ဖက်လျှင် အကျယ်၂၅ ပေ ရှိသည့် ယာဉ်သွားလမ်း နှစ်လမ်း ပါရှိကြောင်း၊ အဆိုပါ လမ်းမကြီးသည် တစ်နိုင်ငံလုံးတွင်ရှိသည့် လမ်းအရှည်ပေါင်း ၁၅၀,၂၂၁ ကီလိုမီတာ၏ ၁ ဒသမ ၅ ရာခိုင်နှုန်း အရှည်ရှိပြီး ကာကွယ်ရေး ဝန်ကြီးဌာန စစ်အင်ဂျင်နီယာ ညွန်ကြားရေးမှူးရုံးနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းတို့က တာဝန်ယူ ဖောက်လုပ် ခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။
၂၀၀၉ ခုနှစ် မေလမှ ၂၀၁၃ ခုနှစ် ဧပြီလအထိ အဆိုပါ အမြန်လမ်းပေါ်တွင် ယာဉ် မတော်တဆမှု ၄၃၂ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၁၆ ဦး၊ ဒဏ်ရာရသူ ၆၇၈ ဦးခန့်ရှိကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
The Voice Weekly
သွေးစုပ်ဖုတ်ကောင် သင်္ချိုင်းနေရာဟောင်း မနုဿဗေဒပညာရှင်များ ရှာဖွေတွေ့ရှိ
အလယ်ခေတ်က သွေးစုပ်ဖုတ်ကောင် ယုံကြည်မှု ကျယ်ပြန့်ချိန်တွင် သုတ်သင်ခံရသော ဖုတ်ကောင်စာရင်းဝင်များကို ယခုသင်္ချိုင်း၌ စုရုံး မြှုပ်နှံခဲ့ကြောင်း သုတေသီများက ကောက်ချက်ချခဲ့သည်။ အလောင်းများတွင် ဦးခေါင်းကို ဖြတ်တောက်ကာ ခြေထောက်များကြား ထည့်သွင်း၍ မြေမြှုပ်ခဲ့ခြင်း ဖြစ်သည်။
မနုဿဗေဒ ပညာရှင်များသည် ပိုလန်နိုင်ငံတွင် သွေးစုပ်ဖုတ်ကောင်များ မြှုပ်နှံထားသည်ဟု ယူဆရသော သင်္ချိုင်းနေရာဟောင်း တစ်ခုကို ဖော်ထုတ်နိုင်ခဲ့သည်။ အလယ်ခေတ်က သွေးစုပ်ဖုတ်ကောင် ယုံကြည်မှု ကျယ်ပြန့်ချိန်တွင် သုတ်သင်ခံရသော ဖုတ်ကောင်စာရင်းဝင်များကို ယခုသင်္ချိုင်း၌ စုရုံး မြှုပ်နှံခဲ့ကြောင်း သုတေသီများက ကောက်ချက်ချခဲ့သည်။ အလောင်းများတွင် ဦးခေါင်းကို ဖြတ်တောက်ကာ ခြေထောက်များကြား ထည့်သွင်း၍ မြေမြှုပ်ခဲ့ခြင်း ဖြစ်သည်။ (၁၆)ရာစုနှင့် (၁၇)ရာစုများက အသုံးပြုခဲ့သည်ဟု ယူဆရသော သင်္ချိုင်းမြေနေရာဟောင်းတွင် အခြားသော သင်္ချိုင်းဟောင်းများကဲ့သို့ အဖိုးတန် လူ့အသုံးအဆောင်များကို ထည့်သွင်းမြှုပ်နှံထားမှုလည်း မရှိဟု ဆိုသည်။
ထိုခေတ်က သွေးစုပ်ဖုတ်ကောင်များကို သတ်ဖြတ်ပြီးပါက ပြန်လည် ရှင်သန်လာလေ့ ရှိသောကြောင့် ခေါင်းဖြတ်ကာ ခန္ဓာကိုယ်နှင့် ကင်းကွာအောင် ပြုလုပ်ရသည်ဟု ယုံကြည်မှုမျိုး ပေါ်ပေါက်ခဲ့သည်။ အလယ်ခေတ်က သွေးစုပ်ဖုတ်ကောင်ဟု စွပ်စွဲခံရသူ များစွာတို့ကို သတ်ဖြတ်မှုများ ရှိခဲ့သည်။ ဂီးလ်ဝစ်မြို့အနီးတွင် သုတေသီများသည် ခေါင်းဖြတ်ကာ ခြေထောက်များကြား၌ နေရာချ မြှုပ်နှံခြင်း ခံရသည့် ရုပ်ကြွင်း(၄)ခုကို ရှာဖွေ တွေ့ရှိခဲ့သည်။ သမိုင်းပညာရှင်များက ယင်းသည် သွေးစုပ်ဖုတ်ကောင် ယုံကြည်မှု၌ အပြီးသတ် သုတ်သင်မှုအတွက် သေချာစေရန် လုပ်ဆောင်ရသည့် ဓလေ့ထုံးစံ တစ်ခုဟု ပြောကြားခဲ့သည်။
ယခုတွေ့ရှိသော အရိုးစု ရုပ်ကြွင်းများ ကြုံတွေ့ခဲ့ရသော ကံကြမ္မာကို တိတိကျကျ မသိရသေးသော်လည်း သွေးစုပ်ဖုတ်ကောင် စွပ်စွဲချက်များနှင့် ဆက်နွယ်နေမည်ဟု သမိုင်းသုတေသီများက ယုံကြည်နေသည်။ "ဒီသင်္ချိုင်းရဲ့ ထူးခြားတဲ့ အခြေအနေတွေအတွက် အဖြေထုတ် ပြောနိုင်ဖို့ကတော့ ခက်ခဲနေတုန်းပါ"ဟု သုတေသီ တစ်ဦးဖြစ်သော ဒေါက်တာ ဂျာဆက်ပီရာဇက်ခ်က မှတ်ချက်ပြုခဲ့သည်။ "တခြား သင်္ချိုင်းဟောင်းတွေမှာ သေသူတွေအတွက် အနာဂတ် ဘဝမှာ အသုံးပြုဖို့ အဖိုးတန် ပစ္စည်းတွေ ထည့်မြှုပ်တာမျိုး ရှိတတ်တယ်။ ဒီမှာ ဘာမှ မတွေ့ရဘူး"ဟုလည်း ၎င်းက ဆိုသည်။
ယမန်နှစ်က ဘူလ်ဂေးရီးယားတွင် မနုဿဗေဒ ပညာရှင်များက သွေးစုပ်ဖုတ်ကောင် ရုပ်အလောင်းနှစ်ခုကို ဖော်ထုတ် တွေ့ရှိကြောင်း ကြေညာခဲ့သေးသည်။ ပင်လယ်နက် ဆိပ်ကမ်းမြို့ တစ်ခုဖြစ်သည့် ဆိုဇိုပိုးလ်ရှိ ဘုရားကျောင်းဟောင်း တစ်ခုအနီး တူးဖော်ရာတွင် သက်တမ်း နှစ်ပေါင်း(၈၀၀)ကျော်ပြီဖြစ်သော ရုပ်ကြွင်းများကို တွေ့ရှိခဲ့သည်။ ၎င်းတို့၏ ရင်ဘတ်တွင် ကြီးမားလေးလံသည့် သံချောင်းကြီးများ စိုက်ထားသည်ကို တွေ့ရသည်။ ယင်းသည် သွေးစုပ်ဖုတ်ကောင်များကို ပြန်လည်နိုးထခြင်း မရှိအောင် တားဆီးနိုင်သည့် နည်းလမ်းဟု ရှေးက ယုံကြည်မှုများ ရှိခဲ့သည်။
ဥရောပ အလယ်ခေတ် သင်္ချိုင်းဟောင်းများတွင် သွေးစုပ်ဖုတ်ကောင် ယုံကြည်မှုနှင့် ဆက်နွယ်သော ရုပ်ကြွင်းများ တွေ့ရှိရမှုမှာ အဆန်းမဟုတ်တော့ချေ။ ချက်နိုင်ငံတွင် သင်္ချိုင်းဟောင်း နေရာအချို့၌ ပါးစပ်ကိုဖြဲကာ ကျောက်တုံးကြီးများ ဆို့လျှက်သား ထည့်သွင်းခံထားရသည့် သွေးစုပ်ဖုတ်ကောင်ဟု စွပ်စွဲသတ်ဖြတ်ခံရသော အရိုးစုများကိုလည်း တွေ့ရှိခဲ့ဖူးကြောင်း သိရှိရသည်။
Planet Myanmar Network
မလေးရှားရောက်မြန်မာနိုင်ငံသားတွေပြန်ခေါ်ဖို့ ဒေါ်လာနှစ်သိန်းလိုအပ်နေ
RFA Burmese
မလေးရှားနိုင်ငံ အကျဉ်းထောင်တွေထဲမှာ လူဝင်မှုကြီးကြပ်ရေး အမှုတွေနဲ့ အဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသား လေးထောင်ကျော်ကို သီတဂူ ဆရာတော် အရှင်ဥာဏိဿရ ရဲ့ အစီအစဉ်နဲ့ ဇူလိုင်လ ၁၆ ရက် ဒီကနေ့ကစပြီး မြန်မာပြည်ကို ပြန်လည်ခေါ်ယူနေပြီဖြစ်ပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက် တောင်တန်းသာသနာပြု (အံတော်ရှင်)ကျောင်းဝင်း အတွင်း သီတဂူ စက္ခုဒါနဆေးရုံမှာ မျက်စိဝေဒနာရှင်တွေကို လာရောက် ကုသပေးနေချိန် RFA က လျှောက်ထားရာမှာ ဆရာတော်က အခုလို မိန့်ကြားခဲ့ပါတယ်။
"တစ်ချို့က ပတ်စပို့ဗီဇာမရှိပေမယ့် တိတ်တိတ်ပုန်းလမ်းကသွားတယ်။တစ်ချို့က ပတ်စပို့ ဗီဇာရှိတယ်။အဲဒါအတွက် ပိုက်ဆံတွေစုတယ်။ပိုက်ဆံ ဒေါ်လာသုံးသိန်းလောက်ရတယ်။အဲလိုရတော့ ငါ့အဖွဲ့ကသူတွေ မလေးရှားသွားတယ်။ထောင်ထဲက ကလေးတွေဆွဲထုတ်၊Immigration ပြတ်အောင်လုပ်၊ပတ်စပို့ မရှိဘူးလား သံရုံးက Passport ထုတ်ပေး"
တိုင်းပြည်ကို ပြန်လာမယ့် မြန်မာနိုင်ငံသား လေးထောင်ကျော်ထဲက ပထမဆုံး အသုတ်အဖြစ် မြန်မာနိုင်ငံသား (၁၇၀)ဟာ ကမ္ဘောဇ လေကြောင်း နဲ့ ရန်ကုန်မြို့ကို ဒီကနေ့ ရောက်ရှိမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံသားတွေ ပြန်ခေါ်နိုင်ဖို့အတွက် လှူဒါန်းငွေ အမေရိကန်ဒေါ်လာ (၃) သိန်း ရရှိထားတယ်လို့သိရ ပါတယ်။
အားလုံး လေးထောင်ကျော်လုံးကို ပြန်ခေါ်နိုင်ဖို့ ဆိုရင် နောက်ထပ် အလှူငွေ ဒေါ်လာနှစ်သိန်း လောက် လိုသေးတယ်လို့ ဆရာတော် အရှင် ဥာဏိဿရက မိန့်ပါတယ်။
လားရှိုးမြို့တွင် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ် အသတ်ခံရမှု စီစီတီဗွီ ကင်မရာမှ တစ်ဆင့် ကျူးလွန်သူကို ဖမ်းဆီး
ကျူးလွန်သူ မစန္ဒာဝင်းနှင့် သေဆုံးသူတို့အား အခင်းဖြစ်သည့်နေ့က မြို့မဈေးအတွင်း အတူတူ သွားလာနေသည်ကို ဈေးရှိလုံခြုံရေး ကင်မရာမှတစ်ဆင့် ရယူထားပုံ
ရှမ်းပြည်နယ်၊ လားရှိုးမြို့ရှိ နန်းဟေ၀န် ပန်းခြံတွင် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ ကျူးလွန်သူကို စီစီတီဗွီ ကင်မရာမှတစ်ဆင့် ဖမ်းဆီးနိုင်ခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် ဇူလိုင် ၄ ရက် နံနက် ၁၁ နာရီခွဲခန့်က လားရှိုးမြို့ နန်းဟေ၀န်ပန်းခြံတွင် အလောင်းတစ်လောင်း တွေ့ရှိသဖြင့် သက်ဆိုင်ရာက သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ မ--အသက် ၁၇ နှစ်၊ ရပ်ကွက် ၁၀ လားရှိုးမြို့ နေသူဖြစ်ပြီး လည်ပင်း၊ ရင်အုံနှင့် နောက်ကျောတို့တွင် ထိုးသွင်းဒဏ်ရာ တစ်ချက်စီ၊ ရင်ဘတ်တွင် ပေါက်ပြဲဒဏ်ရာ တစ်ချက်တို့ဖြင့် ပက်လက် အနေအထား သေဆုံးနေကြောင်း တွေ့ရသည်။
အလောင်းကို မှုခင်းဆရာဝန်ကြီးက ဆေးစစ်ခဲ့ရာတွင် မ---မှာ ဇူလိုင် ၂ ရက် တွင် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အထူးအမှုစစ် အဖွဲ့မှ စုံစမ်းခဲ့ရာ ဇူလိုင် ၂ ရက် မွန်းတည့် ၁၂ နာရီခန့်က လားရှိုး မြို့မဈေးအနီး သုံးဘီးဆိုင်ကယ် ဂိတ်တွင် သေဆုံးသူနှင့် အသားညိုညို အမျိုးသမီး တစ်ဦးတို့ အတူသွားလာ နေသည်ကို တွေ့ရကြောင်း သတင်းရရှိခဲ့သဖြင့် လားရှိုးမြို့မဈေး ဈေးခေါင်းရုံးမှ စီစီတီဗွီ မှတ်တမ်းအား ကြည့်ခဲ့ရာ ဇူလိုင် ၂ ရက် နံနက် ၉ နာရီ ၃၆ မိနစ်တွင် သေဆုံးသူနှင့် မစန္ဒာဝင်း ၂၄ နှစ် လားရှိုးမြို့ နေသူကို မြို့ဈေးအတွင်း သွားလာခဲ့ကြောင်း သတင်းရရှိသည်။
ဇူလိုင် ၂ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၂၀ မိနစ်ခန့်တွင် သေဆုံးသူနှင့်အတူ ခပ်၀၀ အမျိုးသမီးတစ်ဦး လားရှိုးမြို့ နန်းဟေ၀န် ပန်းခြံအတွင်း ၀င်လာသည့် မြင်ကွင်းနှင့် မွန်းလွဲ ၃ နာရီ ၂၂ မိနစ်တွင် ခပ်၀၀ အမျိုးသမီး တစ်ဦးတည်း ပြန်ထွက်သွားသည့် မြင်ကွင်းကို ပန်းခြံအတွင်းရှိ ကာရာအိုကေဆိုင်မှ စီစီတီဗွီ၏ မှတ်တမ်းအရ မြင်တွေ့ခဲ့ရသဖြင့် ဇူလိုင် ၉ ရက် ညပိုင်းတွင် မစန္ဒာဝင်းနှင့် ဆက်စပ် မသင်္ကာသူ သုံးဦးကို ခေါ်ယူ စစ်ဆေးခဲ့ကြောင်း၊ မစန္ဒာဝင်း ကိုယ်တိုင် သတ်ခဲ့ကြောင်း၊ ငွေအခက်အခဲ ဖြစ်နေခြင်း၊ သေဆုံးသူနှင့် စကားများနေခြင်း တို့ကြောင့် သတ်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ ၀တ်ဆင်ထားသော ရွှေနားကပ်၊ လက်စွပ်နှစ်ကွင်းကို ဖြုတ်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
ကျူးလွန်သူကို ရဲတပ်ဖွဲ့မှ စစ်ဆေးခဲ့ရာတွင် ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။
Eleven Media Group
ယာဉ်ထိန်းရဲ တပ်ဖွဲ့၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေရန် မရည်ရွယ်ခဲ့ဟု ဒါရိုက်တာ ဇော်ကိုကို ဆို
The Voice Weekly
ရန်ကုန်၊ ဇူလိုင် ၁၅
ရန်ကုန်မြို့လယ်ကောင် ဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်းထောင့်ရှိ ဆူးလေ မီးပွိုင့်တွင် ယာဉ်ထိန်းရဲ ဝတ်စုံဖြင့် ViCee ကြော်ငြာ ရိုက်ကူးရာတွင် ယာဉ်ထိန်း တပ်ဖွဲ့၏ ဂုဏ်သိက္ခာ ညှိုးနွမ်းစေရန် မရည်ရွယ်ခဲ့ကြောင်း ဒါရိုက်တာ ဦးဇော်ကိုကိုနှင့် သရုပ်ဆောင် မင်းမင်းထွဏ်းက The Voice သို့ ပြောကြားသည်။
“တစ်ပိုင်းတစ်စ ဖြစ်နေတဲ့ Movie ကြောင့် အခုလို ထင်စရာတွေ ဖြစ်ကုန် တာပါ၊ ယူနီဖောင်းဝတ် ဆိုပေမယ့် အများပြည်သူရှေ့မှာ ဗီဒီယို ကင်မရာနဲ့ ရိုက်ကူးနေတာဖြစ်လို့ အယောင်ဆောင်လို့ ထင်စရာအကြောင်း မရှိတဲ့ အတွက် အရေးယူလို့ မရဘူး ထင်လို့ပါ၊ ဥပဒေ ရှိတာကို မသိပါဘူး၊ ရိုက်ပြီးရင် ရုပ်ရှင် အစည်းအရုံးကို တင်မယ် သူတို့က ယာဉ်ထိန်းရဲ ပြကွက် ပါတဲ့အတွက် ယာဉ်ထိန်း တာဝန်ရှိသူတွေကို တင်ပြမယ် မသုံးစေချင်ရင် ဆင်ဆာဖျက်မယ် ဒီလောက်ပဲ သိခဲ့တာပါ”ဟု ၎င်းက ထပ်မံ ပြောကြားသည်။
ယာဉ်ထိန်းရဲ တပ်ဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေလိုသည့် ရည်ရွယ်ချက် လုံးဝ မရှိခဲ့ဘဲ ဓမ္မစေတီ မီးပွိုင့်တွင် အမြဲ တက်ကြွ လန်းဆန်း ကာ ပြည်သူ့ဝန်ကို ထမ်းဆောင်နေသည့် ယာဉ်ထိန်းရဲကို ကြည့်၍ စိတ်အားထက်သန်မှုများကြောင့် ယခုကဲ့သို့ ကြော်ငြာရိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဝတ်စုံကို ငှားရမ်း ဝတ်၍ ရနိုင်သော်လည်း နိုင်ငံတကာအနေနှင့် ကြည့်လျှင် ကြီးနေ ပွနေပြီး စမတ်မကျမည် စိုးသောကြောင့် မိမိ၏ ကိုယ်အတိုင်းဖြင့် ချုပ်လုပ်ခဲ့ကြောင်း၊ ယာဉ်ထိန်း တပ်ဖွဲ့ဝင်က ViCee ဆေးပြား သောက်ပြီး တက်ကြွ လန်းဆန်းစွာ တာဝန် ထမ်းဆောင်နေစဉ် အဆိုပါ ဆေးပြား သောက်ထားသည့် မော်ဒယ် လေးဦးက ကားလမ်း ဖြတ် ကူးပြီး ယာဉ်ထိန်းရဲနှင့် တစ်သားတည်းဖြစ်ကာ ရွှင်လန်းစွာဖြင့် အတူ ကခုန်ခဲ့သည့် ကြော်ငြာဖြစ်ကြောင်း အဆိုပါ ကြော်ငြာတွင် ယာဉ်ထိန်းရဲ အဖြစ် သရုပ်ဆောင်ခဲ့သူ Life & Dance အကအဖွဲ့မှ ခေါင်းဆောင်ဖြစ်သူ မင်းမင်းထွဏ်းက The Voice သို့ ပြောကြားသည်။
“အဲဒီလို သရုပ်ဆောင်ခဲ့လို့ ကားပေါ်က ခရီးသွား ပြည်သူတွေ က လှောင်ပြောင် စော်ကားခြင်း မရှိခဲ့ပါဘူး၊ ကားကျပ်ချိန်လို မွန်းကျပ်တဲ့ အချိန်တွေမှာ ကျွန်တော်ကို တွေ့လို့ ခဏတာ ပျော်ရွှင်မှု ရခဲ့တာ ကို တွေ့မြင်ခဲ့ပါတယ်၊ မမျှော်လင့်ဘဲ ကျွန်တော်တို့ကြောင့် ဌာနဆိုင်ရာ အကြီးအကဲတွေကို စော်ကားသလို ဖြစ်သွားခဲ့ရင် ကျွန်တော်ကပဲ ဂျာနယ် စာမျက်နှာပေါ်က တောင်းပန်ပါရစေ” ဟု ၎င်းက ထပ်မံ ပြောကြားသည်။
ဇူလိုင်လ ၁၃ ရက်နေ့ နံနက်က ရန်ကုန်မြို့ အနော်ရထာလမ်းနှင့် ဆူးလေ ဘုရားလမ်း မီးပွိုင့်လမ်းဆုံ တွင် အဆိုပါ ကြော်ငြာ ရိုက်ကူးရန် အစမ်း လေ့ကျင့်နေချိန်၌ ခရီးသွား ပြည်သူ တစ်ဦးက ဖုန်းဖြင့် ဗီဒီယို ရိုက်ကူးကာ ‘ယာဉ်ထိန်းရဲ၏ ကကွက်ဆန်း’ ခေါင်းစဉ်နှင့်အတူ ယာဉ်ထိန်းရဲ ဝတ်စုံဖြင့် လမ်းလယ်တွင် အကဖြင့် သရုပ်ပျက် ကခုန် လမ်းရှင်း အချက်ပြနေသည့် ဗီဒီယိုဖိုင်ကို အင်တာနက် စာမျက်ပေါ်တွင် ပျံ့နှံ့စေ ခဲ့သဖြင့် ခွင့်ပြုချက်မရှိဘဲ ယာဉ်ထိန်းရဲ တပ်ဖွဲ့၏ ဂုဏ်သိက္ခာ ညှိုးနွမ်း ကျဆင်းအောင် ရည်ရွယ်ကာ ပူးပေါင်း ပြုမူ ဆောင်ရွက်ခဲ့သည့် Mango ကြော်ငြာ ကုမ္ပဏီ၊ ဒါရိုက်တာ ဇော်ကိုကိုနှင့် သရုပ်ဆောင် မင်းမင်းထွဏ်းကို ရန်ကုန်တိုင်းဒေသကြီး၊ အမှတ် ( ၆ ) ဒု-တပ်ခွဲမှူး ရဲမှူး သာဌေးက တရားလို ပြုလုပ် တိုင်တန်းမှုကို ကျောက်တံတားရဲစခန်းမှ ( ပ ) ၂၄၄/၁၃၊ ပုဒ်မ-၁၇၁/၅၀၀/၁၁၄ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံး၏ ထုတ်ပြန်ချက် များအရ သိရသည်။
ဦးဝီရသူထံ-စကော့တလန်မှ သတင်းဋ္ဌာန လာရောက် အင်တာဗျူး
4.7.2013-ရက်နေ့ မွန်းလွဲ (2:30)နာရီ ဓမ္မသဟာယကျောင်းမှာ လက်ခံတွေ့ဆုံ ပြောကြားခဲ့သည်။
စကော့တလန်နိုင်ငံ ဆန်းဒေးတယ်လီဂရပ်ဖ် သတင်းစာ (Sunday Telegraph Newypaper ) ဋ္ဌာနမှ Ms. Fione Margaret-က လာရောက်ခြင်းဖြစ်သည်။
TIME-မဂ္ဂဇင်းကိစ္စနှင့် အမျိုးသားရေးကိစ္စများ မေးမြန်းလျှောက်ထားပြီး ဦးဝီရသူက မောင်တော အကြမ်းဖက်မှု ဗီဒီယိုဖိုင်လ်ကို နမူနာပြသပြီး လက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။
5/နှုံးသော လူဆလင်လောက်ကို အမျိုးသားရေး အန္တရာယ်အဖြစ် ရှုမြင်သုံးသပ်နေကြပုံကို မေးမြန်းရာတွင် “ဘယ်နေရာမှာပဲရောက်ရောက် တစ်ကောင်တည်းပဲဖြစ်ဖြစ်၊ မြွေဟာမြွေပဲ၊ အန္တရာယ်ပြုတတ်တယ်။
တစ်ရွာလုံးမှာ မူဆလင် တစ်ယောက်ပဲရှိရင်တောင်၊ တစ်ယောက်တည်းသော မူဆလင်ပေးတဲ့ ဒုက္ခကို တစ်ရွာလုံးက စုခံကြရတာ။ တစ်လုံးက လူတွေက တစ်ယောက်တည်းသမားကို ဒုက္ခပေးတယ်လို့ တစ်ခါမျှ မကြားဖူးဘူး” ဟု ပြောကြားခဲ့ကြောင်း သိရသည်။
Arakan Thein
သရက်သီးစားသင့်သည့် အကြောင်း ၁၆ ချက်
၁။ ကင်ဆာရောဂါ တိုက်ဖျက်ပေးခြင်း
၂။ ကိုလက်စထရော ထိန်းညှိပေးခြင်း
၃။ အရည်အပြား လှပစေခြင်း
၎။ အယ်ကာလီဓာတ် မျှတစေခြင်း
၅။ ဘော်ဒီ ဝိတ်ချပေးခြင်း
၆။ သွေးချို၊မဖြစ်အောင် ထိန်းညှိပေးခြင်း
၇။ မျက်လုံး ကျန်းမာရေး ကောင်းစေခြင်း
၈။ အစာချေလွယ်စေခြင်း
၉။ နှလုံးသွေးလည်ပတ်မှု ကောင်းစေခြင်း
၁၀။ ကိုယ်ခံအား ကောင်းစေခြင်း
၁၁။ အာရုံစူးစိုက်မှုကောင်းစေခြင်းနှင့် မှတ်ဥာဏ်ကောင်းစေခြင်း
၁၂။ အမျိုးသမီးများအတွက် သံဓာတ် များများ ပေးနိုင်ခြင်း
၁၃။ ကျောက်ကပ်တွင် ကျောက်တည်နေမှုကို ကြေစေခြင်း
၁၄။ ဝမ်းအားဆေးကဲ့သို့ သုံးဆောင်နိုင်ခြင်း
၁၅။ အမျိုးသား၊အမျိုးသမီး အားတိုးစေခြင်း
၁၆။ ကိုယ်တွင်း သန့်စင်ပေးသော သဘာဝအစားအစာတစ်မျိုး
.
Ref: medicfacts
International news for myanmar
ဆိုတေး ၏ဇနီး မချောချော ၏ ကျန်ရစ်သောရုပ်ကလ်အား ရေးဝေးသုဿန်တွင် ပို့ဆောင်မီးသဂြိုလ်မည်
ဆိုတေး၏ဇနီးဖြစ်သူ မ၀င့်ကဋေသူ (ခေါ်) မချောချော ၏ ကျန်ရစ်သောရုပ်ကလ်အား
16.7.2013 နေ့လည် ၁း၀၀ အချိန်တွင် ရေးဝေးသုဿန်တွင် ပို့ဆောင်မီးသဂြိုလ်မည်ဖြစ်ပါကြောင်း ၄င်း ၏ မိသားစုဝင်များ ၏ ပြောကြားချက် အရ Myanmar News International မှ သတင်းရရှိသည်။
ဆိုတေး နှင့်ပတ်သတ်သော အခြား သတင်းများ
ဆိုတေးရဲ့ လျှို့ဝှက်မိန်းမ ပေါ်လာပြီ
ဆိုတေး ရဲ့အဖေ ဖြစ်သူရဲ့ ရှင်းလင်းချက်
ဆိုတေး သွေးပေါင်ချိန် ပြန်တက်လာပြီ၊
ကားမှောက်ခဲ့သော အဆိုတော် ဆိုတေး ယနေ့ညနေ ၄နာရီခွဲအထိ သတိမရသေး
အိမ်ထောင်သက်ကိုးလပြည့်မှာ ဆိုတေး ဇနီးဝင့်ကုဋေသူ၏ ကြေကွဲဖွယ်ဈာပန
ခရီးလမ်းမပေါ်မှာကြွေလွင့်ခဲ့ရသော အနုပညာကြယ်ပွင့်များ
မြန်မာစစ်တပ်အတွက် သင်တန်းများ ဗြိတိန် စစ်တပ်ကူမည်
 မြန်မာ နိုင်ငံ၏ ပြည်တွင်းပဋိပက္ခများ ဖြေရှင်းရာတွင် အထောက်အကူ ဖြစ်စေရန်အတွက် ဗြိတိန်နိုင်ငံက မြန်မာနိုင်ငံသို့ စစ်သင်တန်းများ နှင့် တရားဝင်အကူအညီများပေး မည်ဟု ဗြိတိန်ဝန်ကြီး ချုပ် ဒေးဗစ် ကင်မရွန်းက လန်ဒန်သို့ရောက် ရှိနေသော မြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန်အား ကတိပေး ပြောကြားလိုက်သည်။ ထို့အပြင် မြန်မာနိုင်ငံ၏ ဒီမို ကရေစီစနစ်တည်ဆောက်ရန်နှင့် တိုင်းရင်းသားအရေးကိစ္စများဖြေ ရှင်းရေး တွင် ဗြိတိန်က ဦးဆောင် ကူညီမည့် နိုင်ငံတစ်နိုင်ငံအဖြစ် ပါဝင်မည်ဟုလည်း ကင်မရွန်း က ဆက်လက်ပြောကြားသည်။
ဗြိတိန်ဝန်ကြီးချုပ်၏ ဖိတ် ကြားချက်အရ ဗြိတိန်နိုင်ငံသို့ နှစ် ရက်ကြာတရားဝင်ခရီးလာရောက် နေသည့် မြန်မာနိုင်ငံတော် သမ္မ တဦးသိန်းစိန်နှင့် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းတို့ ဇူလိုင် ၁၅ ရက် နံနက်က အမှတ် ၁၀၊ ဒေါင်းနင်းလမ်း၊ လန်ဒန်မြို့ရှိ ဗြိ တိန်ဝန်ကြီးချုပ်ရုံးတွင် တွေ့ဆုံ ဆွေးနွေးကြစဉ် အိမ်ရှင်ဝန်ကြီးချုပ်က ယင်းကဲ့သို့ ကတိပေးပြော ကြားမည်ဖြစ်ကြောင်း ဗြိတိန်ဝန် ကြီးချုပ်ရုံးဝန်ကြီးHugo Swire  ၏ပြောကြားချက်ကို ကိုးကား၍ လန်ဒန် မှလာသည့် သတင်း အေ ဂျင်စီများတွင် ဖော်ပြထားသည်။ မြန်မာ့တပ်မတော်မှ တပ် မတော်သားများအား ဗြိတိန်စစ် တပ်က လူ့အခွင့်အရေးနှင့် လက် နက်ကိုင် ပဋိပက္ခဆိုင်ရာ ဥပဒေ များကို သင်တန်းများ ပို့ချပေးသွား ရန်အစီ အစဉ်ရှိကြောင်းလည်း သတင်းများက ရေးသားသည်။ ထို့အပြင် ဗြိတိန်နိုင်ငံသည် မြန်မာနိုင်ငံတွင် ယင်း၏ကာကွယ် ရေးကောင်စစ်ဝန် Defence Attache ကို မကြာမီ ခန့်အပ်သွား ရန်ရှိကြောင်း သိရသည်။
''မြန်မာနိုင်ငံရဲ့ လွန်ခဲ့တဲ့ ၁၈ လတာကာလ ထင်ရှားတဲ့ပြု ပြင်ပြောင်းလဲရေး ကြိုးပမ်းမှုတွေ ကို ကျွန်တော်တို့ အသိအမှတ်ပြု လိုပါတယ်။ တစ်ဆက်တည်းမှာပဲ လူမျိုးရေးပဋိပက္ခတွေနဲ့ မူဆ လင်ဆန့်ကျင်ရေး အကြမ်းဖက် မှုတွေအပေါ် မှာလဲ ကျွန်တော်တို့ အလွန်ပဲ စိုးရိမ်ပူပန်နေပါတယ်''ဟု ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရသူက ဘီဘီ စီကို ပြောကြားသည်။ လန်ဒန်အခြေစိုက်  Burma Campaign(UK) အဖွဲ့ကမူ သမ္မတ ဦးသိန်းစိန်၏ ဗြိတိန်ခရီး ကို ဆန့် ကျင်ခဲ့သည်။
ဦးသိန်းစိန်သည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု ကိုဦးဆောင်သင့်သူမဟုတ်ကြောင်း ပြောဆိုပြီး ဗြိတိန်အစိုးရသည် လူ့ အခွင့်အရေးထက် ကုန်သွယ်မှုကို ဦးစားပေးနေကြောင်းဖြင့် ဗြိတိန် အစိုးရကိုပါ ဝေဖန်ခဲ့သည်။ ဗြိတိန် ဝန်ကြီးချုပ်က သမိုင်း ဝင် ခရီးလာရောက်သည့်အတွက် အထူးဝမ်းမြောက် ဝမ်းသာဖြစ်ရ ကြောင်း ပြောဆိုပြီး လူ့အခွင့်အ ရေးကိစ္စများကိုလည်း ထိန်းသိမ်း ကာကွယ်ပေးပါရန် မြန်မာနိုင်ငံ တွင်ဖြစ်ပွားခဲ့သော လူမျိုးရေး ပဋိပက္ခများ ကို ရည်ညွှန်း၍ မြန် မာသမ္မတကို တိုက်တွန်းခဲ့သည်။ သမ္မတဦးသိန်းစိန်သည် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလျံ ဟိတ်နှင့် စီးပွားရေးနှင့် ကုန်သွယ် ရေးဆိုင်ရာဝန်ကြီးများနှင့်လည်း တွေ့ဆုံကြောင်း ဒီပီအေသတင်း အရ သိရသည်။ သမ္မတဦးသိန်းစိန်သည် ၁၉၈၆ ခုနှစ်တွင် ထိုစဉ်က မြန်မာ ခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်း ဗြိတိန်သို့လာရောက်ပြီးနောက် နှစ်ပေါင်း ၂ရနှစ်အတွင်း ဗြိတိန် သို့ ပထမဆုံးတရားဝင်သွားရောက် သည့် မြန်မာ ခေါင်းဆောင် လည်း ဖြစ်သည်။
ညီလတ်
Yangon Media
ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ကြီးများ၏ မှန်ခေါင်းတလားများဖြင့် ရှေးဘုန်းကြီးကျောင်းဘုရားခန်းကို အမှတ်တရပြုလုပ်ထား
၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ရက်တွင်ကျဆုံးခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာ နည်ပုဂ္ဂိုလ်ကြီးများ၏ နိုင်ငံတော် အခမ်းအနားတွင် ရုပ်ကလာပ်များ ထည့်သွင်းထားခဲ့သော ခေါင်းတ လားများ မှ မှန်ချပ်များကို ရှေး ဟောင်းဘုန်းကြီးကျောင်းတစ် ကျောင်း၏ ဘုရားခန်းပြုလုပ်ရာ တွင် ထည့်သွင်းအသုံးပြုထား ကြောင်း ရန်ကုန်တိုင်းမ်နေ့စဉ်မှ စုံစမ်းသိရသည်။ ရန်ကုန်တိုင်းဒေသကြီး တွံ တေးမြို့နယ် မငေး အလယ်ကျေး ရွာတွင် နှစ်ပေါင်း ၁ရဝနီးပါးသက် တမ်းရှိ မငေးအလယ်ရွာကျောင်းတိုက်ရှိ ရှေးဟောင်းဘုရားပစ္စည်း များထားရှိသည့် ဘုရားခန်း၏ရှေ့မျက်နှာစာ အကာအရံနေရာ တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာ ဇာနည် ပုဂ္ဂိုလ်များ ၏ ဈာပနအ ခမ်းအနားတွင်အသုံးပြုခဲ့သော ရုပ်ကလာပ်များ ထည့်သွင်းခဲ့သည့် မှန်ခေါင်းတလားများမှ မှန်ချပ် များကို ဒေါင်လိုက်အနေအထား ဖြင့် ကာရံအသုံးပြုထားခြင်းဖြစ်ကြောင်း တွေ့ရသည်။
''ဈာပနအခမ်းအနားပြီးတာနဲ့ လာလှူဒါန်း သွားတာ။ အခေါင်းခုနစ်လုံးစာပဲလို့ပြောခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းအလောင်းတင်တဲ့ ခုတင် တစ်လုံးလဲ လှူသွားတယ်။ ဘုန်းကြီးရဲ့ အရင်က ကျောင်းထိုင်ဆရာတော်ကြီးလက်ထက်မှာ လာလှူ ဒါန်းသွားတာပါ။ အဲဒီတုန်းက ဘုန်းကြီးက ဦးပဉ္ဇင်း ပေါ့''ဟု သက်တော် ၈၃နှစ်ရှိပြီဖြစ်သည့် မငေး အလယ်ရွာကျောင်းတိုက်ဆရာတော်ကြီးဦးသုန္ဒရ ကမိန့်သည်။ အဆိုပါ ခေါင်းတလားမှန်ချပ်များကို လှူဒါန်း ခဲ့သူ သည် ဗိုလ်ချုပ်အောင်ဆန်းတို့၏ နိုင်ငံတော် ဈာပနအခမ်းအနားကျင်းပရေးကော်မတီဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ခဲ့သူဖြစ်ပြီး ထိုအချိန်က အရိုး ကုန်း(ယခုအခေါ်မလွှကုန်း)တွင်နေခဲ့သည့် အတွင်း ဝန်ဦးသန်းစိန်ဆိုသည့် ဒကာဖြစ် ပြီး ယင်းအတွင်း ဝန်၏ဇနီးမှာ မငေးရွာသူဖြစ်သည့်အတွက် ယခု ကဲ့သို့ရရှိခဲ့ခြင်းဖြစ်ကြောင်း ကျောင်းထိုင်ဆရာ တော်ကြီး၏မိန့်ကြားမှုများအရ သိရသည်။
''ဗိုလ်ချုပ်အောင်ဆန်းတို့အလောင်းတွေကို အာဇာနည်ကုန်းမှာမြှုပ်နှံတော့ ဒီမှန်ခေါင်းတွေက ထည့်မပေးလိုက်ရဘူးလို့ သိရတယ်။ အာဇာနည် ကုန်းမှာက အဆင်သင့်ပြင်ဆင်ပြီးသားလို့ သိရ တယ်။ အဲဒါကြောင့် ဒီရွာသူဖြစ်တဲ့ဒကာမက မှန် ရှားနေတဲ့အတွက်လဲ ပါပါလိမ့်မယ်။ ကျောင်းထိုင် ဘုန်းကြီးကိုလှူဒါန်းတော့ ဘုန်းကြီးက မငြင်းဘဲ လက်ခံလိုက်တယ်။ ကျောင်းထိုင်ဘုန်းကြီးကလဲ ဘုရားခန်းပြုပြင်နေချိန်၊ အာဇာနည်ပုဂ္ဂိုလ်တွေရဲ့ အလောင်း ထည့်တဲ့အခေါင်းတွေလဲဖြစ်တဲ့အတွက် အမှတ်တရအနေနဲ့ ဘုရားခန်းမှာအသုံးပြုဖို့ လက်ခံခဲ့တယ်။ မှန်ခေါင်းတွေကို အချပ်လိုက်ခွာ ပြီး လှေနဲ့ယူလာတာ'' ဟုကျောင်းထိုင်ဆရာတော် ကြီးက မိန့်သည်။ အဆိုပါဘုရား ခန်းတွင် မှန်ချပ် ၂၆ချပ်ကို အသုံးပြုကာရံထားသည်ကိုတွေ့ရပြီး ဗိုလ်ချုပ်အောင် ဆန်း၏အခေါင်းကိုတင်သည့် အလောင်းတင်ခု တင်ဆိုသည့် ၆ပေ ၃ပေအကျယ်ရှိ ကျွန်းခုတင်တစ် လုံးကိုမူ သီးသန့်အခန်းတစ်ခုတွင် သီးခြား သိမ်း ဆည်းထားသည်ကို တွေ့ရသည်။ ''အခေါင်းထိပ်ပိတ်တွေကို ဘုရားခန်းမှာ ထည့် မကပ်ခဲ့ဘူး။ ခြောက်ပေအရှည်ရှိတဲ့မှန်တွေကိုပဲ သုံးထားတာ။ လိုတဲ့နေရာမှာတော့ အခြားမှန်တွေ ကိုထပ်ဖြည့် ခဲ့ရတယ်''ဟု ဆရာ တော်က မိန့်သည်။
ယင်းတွံတေးမြို့နယ် မငေးအလယ်ရွာကျောင်း တိုက်မှလှမ်းကြည့်ပါက ရန်ကုန်ရှိ ရွှေတိဂုံစေတီကို မြင်နေရသော်လည်း ယင်းကျေးရွာကိုသွားလာရန် အတွက် အခက်အခဲများရှိနေပြီး မြစ်ရေတက်ချိန် ကို စောင့်ဆိုင်း သွားရကြောင်းနှင့် မိုးအခါတွင် ကုန်း လမ်းများသည်အသုံးပြု၍မရကြောင်း ရွာသားများ ထံမှ သိရသည်။ ယင်းကျောင်းတိုက်တွင် လက်ရှိအချိန်အထိ ကျောင်းထိုင်ဆရာတော်ငါးပါး ဆက် ကျောင်းထိုင် ခဲ့ပြီး ယခုကျောင်း ထိုင်ဆရာတော်ကြီး၏ရှေ့မှ ဆရာတော်ကြီးသည် သူ့ခေတ်သူ့အခါက သုံးဘဝ ဆရာတော်အဖြစ် ယင်းနယ်တွင် နာမည်ထင်ရှား သူဖြစ်ကြောင်း သိရသည်။ ယင်းကျောင်းတိုက်အတွင်း ဗိုလ်ချုပ်အောင် ဆန်းခေါင်းပုံပါကြေးဝါပြား၊ မင်းတုန်းမင်း ဘုရင် ၏သာသနာတော်ဆိုင်ရာချီးမြှင့်သည့် ပေစာဘွဲ့ လက်မှတ်များ၊ နှစ်ပေါင်း ၃ဝဝကျော်ရှိဘုရားများ၊ အခြားရှေးပေစာရွက်များ၊ ဂျပန်ခေတ်ကထွင်းခုတ် ခဲ့သည့် ရိုးရာလောင်းလှေများနှင့် ရှေးနာရီအချို့ ကိုကျောင်းကြီး အတွင်း ထိန်းသိမ်းထားကြောင်း တွေ့ ရသည်။
၁၉၄ရခုနှစ် ဇူလိုင် ၁၉ရက် နံနက် ၁ဝနာရီခွဲ ဝန်းကျင်တွင် အတွင်းဝန်ရုံးအတွင်း လုပ်ကြံမှုတွင် ကျဆုံးခဲ့သည့်အာဇာနည်များသည် ဗိုလ်ချုပ်အောင် ဆန်းအပါအဝင်ကိုးဦးဖြစ်သော်လည်း အခေါင်းခုနစ် လုံးဖြစ်နေရခြင်းမှာ ထိုအချိန်က ကျင်းပသည့် နိုင်ငံ တော်ဈာပနတွင် အစ္စလာမ်လူမျိုးများဖြစ်သည့် ဦး အဗ္ဗဒူရာဇတ်(ပညာရေးနှင့် အမျိုးသားစီမံကိန်းဝန် ကြီး)နှင့် ယင်း၏သက်တော်စောင့် ရဲဘော်မောင်ထွေး တို့က ယင်းတို့၏ ဘာသာရေး ဓလေ့ထုံး တမ်းအရ ဇူလိုင် ၂၁ရက်၌ပင် တာမွေရှိမူဆလင်သချØုင်းတွင် မြေမြှုပ်ခဲ့သည့်အတွက်ကြောင့် ဂျုဗလီဟော (ယခု တပ်မတော်ပြတိုက်)တွင် ကိုးလကျော်ကျင်းပခဲ့သည့် နိုင်ငံတော်ဈာပနတွင် အလောင်း ခုနစ်ခုဖြစ် နေ ခြင်းဖြစ်ကြောင်း ဘုန်းတော်ကြီးပြောကြားမှုများနှင့် ဗိုလ်ချုပ်အတ္ထုပ္ပတ္တိစာအုပ်များ၏ဖော်ပြမှုများအရသိရသည်။ အဆိုပါခုနစ်ဦးကို အာဇာနည်ကုန်းတွင် ဂူသွင်း မြှုပ်နှံခဲ့ရာတွင် မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းဂူ တွင် ရုပ်အလောင်း မရှိဘဲ ပြာအိုးသာရှိကြောင်း သိရသည်။ အဘယ့်ကြောင့်ဆိုသော် ၁၉၄၈ခုနှစ် မတ် ၄ရက်ကတည်းက ယင်းစော်ဘွားကြီး၏သားဖြစ် သူက သူ၏ဇာတိမြို့သို့သယ်ယူ မီးသင်္ဂြိုဟ်ခဲ့ပြီး မိုင်းပွန်မြို့တွင် အာဇာနည်ပြ တိုက်ပြုလုပ်ခဲ့ကာ ၁၉၄၈ခုနှစ် ဧပြီ ၈ရက် အာဇာနည်များကို မြေမမြှုပ် မီသုံးရက်အလိုကျမှ အရိုးပြာတစ်ဝက်ကို ရန်ကုန်သို့ ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှတ် တမ်းများအရ သိရသည်။
ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည် ကြီးများ၏ရုပ်ကလာပ်များကို အာဇာနည်ဗိမာန်တွင် ၁၉၄၈ခုနှစ် ဧပြီ ၁၁ရက်နေ့က ဂူသွင်းမြှုပ်နှံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ''အခုဆိုရင် ဒီကျောင်းကို ဒီမှန်တွေရောက်နေ ခဲ့တာ အာဇာနည်နေ့ သက်တမ်း ၆၆နှစ်နဲ့ အတူတူ ပါပဲ''ဟု ဆရာတော်က မိန့်ကြားခဲ့သည်။
ကျော်ဇေယျ
Yangon media
မြောက်ကိုရီးယား နဲ့  သံယောဇဉ် မပြတ် သည့် မြန်မာ ဗိုလ်ချုပ်ကြီး ကို ဒဏ်ခတ် အရေးယူ
မြန်မာ စစ်တပ် ရဲ့ ဒုံးလက်နက် ထုတ် လုပ် ရေး ဌာန အကြီး အကဲ ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေး
ကို မြောက်ကိုရီးယား  နဲ့  မြန်မာ ကြား  လက်နက် ရောင်းဝယ် မှု တွေ မှာ အဓိက ကျ စွာ ဆက်လက် ပါ
ဝင် ပတ် သက် နေ တဲ့ အတွက် အမေရိကန် အစိုးရ  က ဒဏ် ခတ် အရေး ယူ လိုက် တာ ဖြစ် ပါတယ်။
ဒီ ဒဏ် ခတ် အရေးယူ မှု မှာ ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေး နဲ့  ငွေ ကြေး လွှဲ ပြောင်း ရ ယူ မှု ပြု တဲ့ သူ
တွေ ၊ အမေရိကန် မှာရှိ ကောင်း ရှိ နိုင် တဲ့ သူ့  ရဲ့  ပိုင် ဆိုင် မှု တွေ ကို ထိမ်းချုပ် မှာ ဖြစ် ပါတယ်။
မြန်မာ အစိုးရ က ၊ ကွန်မြူနစ် မြောက်ကိုရီးယား နဲ့  စစ်ရေး ဆက် ဆံ မှု တွေ ရပ် ဆိုင်း လိုက် ပြီ လို့ 
နိုင်ငံ ခြား ရေး ၀န် ကြီး ဟီလာရီ ကလင် တန် ၂၀၁၁ ခုနှစ် နိုဝင် ဘာလ ၁၉ ရက်နေ့   က မြန်မာ နိုင်ငံ
ကို လာရောက် ခဲ့ စဉ် က တည်း က သမ္မတ ဦးသိန်းစိန် က မြောက် ကိုရီးယား နဲ့  စစ်ရေး ဆက် ဆံ မှု
တွေ မရှိ တော့ ပါ ဘူး လို့  တရားဝင် ပြောကြား ခဲ့ ပြီး  ၊ မေ လ အတွင်း က ဦးသိန်းစိန် ရဲ့ အမေရိကန်
ခရီး စဉ် သမ္မတ အိုဘားမား နဲ့  တွေ့  ဆုံ မှု မှာ လည်း ပဉ္စမ အကြိမ် မြောက် ထပ် လောင်း ပြော
ကြား ခဲ့ ပါတယ်။
ခုလို ဒဏ်ခတ် အရေးယူ မှု ဟာ မြန်မာ အစိုး ရ ကို ပစ် မှတ် ထား တာ မဟုတ် ပဲ မြောက် ကိုရီးယား
ဆီ က လက်နက် ၀ယ်ယူ မှု ဆက် လုပ် နေ တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေး ကို ပဲ အဓိက အရေး
ယူတာ လို့  ကြေငြာ ချက် ထဲ မှာ ဖော် ပြထား ပါတယ်။
အမေရိကန် က ဒဏ်ခတ် အရေးယူ ခဲ့ တဲ့ အသက် ၅၇ နှစ် အရွယ် ရှိ ပြီ ဖြစ် တဲ့ ကာ ကွယ်ရေး ၀န်ကြီးဌာန
စစ်လက် နက် ထုတ် လုပ် ရေး ရုံးက အရာ ရှိ ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေး ဟာ ၂၀၀၁ ခုနှစ် သြဂုတ်
လ ၂၀ ရက် နေ့  ဒေါ်အောင်ဆန်းစုကြည် ရဲ့  ပထမ အကြိမ် နေ ပြည် တော် ခရီး စဉ် နဲ့ သမ္မတ  ဦးသိန်းစိန် နဲ့ 
တွေ့ ဆုံ မှု မှာ သွား လမ်းသာ လို့  လာလမ်း ဖြောင့် အောင် ဒေါ်အောင်ဆန်းစုကြည် ကို ဦးဆုံး ကူညီ မှု ပေး
ခဲ့ တဲ့ မြန်မာ စစ် တပ် အရာ ရှိ ကြီး တစ်ဦး လည်း  ဖြစ် ပါ တယ်။
အမေရိကန် နဲ့  ကုလ သမဂ္ဂ က ပါ ပိတ် ဆို့  အရေးယူ မှု လုပ် ထား တဲ့ မြောက် ကိုရီးယား နဲ့  ဆက်ပြီး
ဆက်ဆံ နေ ဆဲ ဟုတ် မဟုတ် ဆို တာ ပွင့်ပွင့် လင်းလင်း ပြော ဆို ဖို့  လဲ အမေရိကန် အစိုးရ ကြေငြာ
ချက် ထဲ မှာ ဖော် ပြထား ပါတယ်။
ယခု ပြည်ထောင်စု လွှတ်တော် ဥက္ကဌ ဖြစ် နေတဲ့ မြန်မာ စစ်အစိုးရ ရဲ့  ထိပ်တန်း ဗိုလ်ချုပ်ကြီး
သူရရွှေမန်း ရဲ့  ၂၀၀၈ ခုနှစ် မြောက်ကိုရီးယား ခရီး စဉ် မှာ အဲဒီတုန်း က ဗိုလ်မှုးချုပ် တာဝန် ထမ်း
ဆောင် နေတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေး လည်း လိုက် ပါ သွား ခဲ့ ပါတယ်။
ဝါတော် ၃၈ ၀ါရှိ ကန်ချနာဘူရီ က ထင်ရှား တဲ့ ထိုင်း ဘုန်း ကြီး မင်္ဂလာ ဆောင် ပြီ
ဘ၀ တစ်သက် တာ လက် တွဲ ဖော် ကို တွေ့  ပြီး တဲ့ နောက် ၀ါတော် ၃၈ ၀ါရှိ ပြီး
လူ ပုဂ္ဂိုလ် ၈၀၀ ကျော် လောက် ကို သာသနာ့ ဘောင်ကို သွတ် သွင်း ပေးခဲ့ တဲ့
ကန်ချာ နာ ဘူရီ က ကျောင်းထိုင် ဆရာ တော် ကြီး Mitsuo Shibahashi ဟာ
အသက် ၅၂ နှစ် အရွယ် ဂျပန်မှာ နေ တဲ့ ထိုင်း စီးပွားရေး လုပ်ငန်းရှင်
Suttirat Muttamara နဲ့  လက် ထပ် ထိမ်းမြား လိုက် ပြီ ဖြစ်ပါတယ်။
ဇွန် လ ၈ ရက်နေ့ မှာ ရဟန်း ဘောင် ကို စွန့်  ပြီး နောက် သူ့  ရဲ့  ချစ်သူ
နဲ့ ဇွန် လ ၂၈ ရက် နေ့  မှာ လက် ထပ် လိုက် တာ ဖြစ် ပါတယ်။
ဆရာတော် ကြီး မင်္ဂလာ ဆောင် တဲ့ သတင်း ကြောင့် ဒါယိကာ တွေ
နဲ့  စာသင် သား တွေ ဟာ အလွန် ကို ပဲ ထိတ် လန့်  တုန် လှုပ် မိ တယ်
လို့  Bangkok Post သတင်းစာ မှာ ရေးသား ထား ပါတယ်။
သက်တော် ကျောင်း ၆၁ နှစ် ရှိ ဆရာတော် မစ်ဆူအို ဟာ ဂျပန် နိုင် ငံ မှာ
မွေးဖွား ခဲ့ ပြီး ထေရ၀ါဒ ရဟန်း အဖြစ် ခံ ယူ ကာ ထိုင်း နိုင်ငံ မှာ သာသနာ
ပြု ခဲ့ တဲ့ ဆယ်စု နှစ် လေးစု နီးပါး ရှိ ပြီ ဖြစ် ပါတယ်။
ဘုန်းတော် ကြီး ဟောင်း နဲ့  သူ့  အချစ် သစ် တို့ ဟာ ဖိလစ် ပိုင် နိုင်ငံ မှာ
ပျားရည် ဆမ်း ခရီး ထွက် နေ ကြ ပါတယ်။
ငယ်ပါ ကို သူခိုး က ဖြတ်ယူသွား
တရုတ် ပြည် ဇီကျန်း ပြည်နယ် ၀န်လင်း မြို့  အနီး ရှိ နိုင်ကွေယို ရွာကလေး မှ အသက် ၄၁ နှစ်
အရွယ် ရှိ ဖိလင် အမည်ရှိ အမျိုး သား တစ်ဦး သည် ၎င်း အိပ် ပျော်နေ စဉ် အတွင်း သူ၏
ဦးခေါင်း ကို အိတ်ဖြင့် စွပ် ပြီး နောက် ၊ ငယ်ပါ ကို ဖြုတ် ခိုး သွား ကြောင်း ဒေသဆိုင်ရာ ရဲ
တပ် ဖွဲ့  သို့  တိုင်ကြား မှု ကို ဗြိတိသျှ သတင်းစာ တစ်စောင်ဖြစ်သည့်
Daily Star  သတင်းစာ တွင် ဖော်ပြထား သည်။
” သူတို့  ကျွန်တော် အိပ်နေစဉ် မှာ အိမ်ထဲ ကို ရောက်လာ တယ် ၊ ကျွန်တော့် ဦးခေါင်း ကို
ဂုံနီ အိတ်လို ဟာ နဲ့  စွပ် လိုက် ပြီး ၊ ကျွန်တော့် ဘောင်းဘီ ကို ဆွဲ ချွတ်လိုက်တယ်။ နောက်
တော့ ဖြတ်တော့ တာ ပဲ ဗျာ ၊ ပြီး တော့ သူ တို့  ထွက် ပြေး သွား တယ် ၊ ကျွန်တော့် ငယ်ပါ
မရှိ တော့ ပါ ဘူး ဟု ဖိလင် က ငိုကြီးချက် မ ဖြင့် CEN သတင်း သို့  ပြောသည်။
အတိတ် ကာလ က  ဖိလင် ချစ်ထွဋ်တင် ခဲ့ ဖူးသည့် အမျိုးသမီး တစ်ဦးဦးက  ပြန်လည် လက်
စာချေခြင်း ဟု ၀န်လင်း ရဲ့  အဖွဲ့  က ယုံကြည် သောလည်း သူက ” မဟုတ် ရပါဗျာ ” ဟု
တွင်တွင် ငြင်းသည် ဟု Austrian Times သတင်းစာ တွင် ဖော်ပြထား သည်။
အိမ်ထောင်ရှိ သော ဖိလင် ကို အချစ် ဟောင်း က ရက် စက် ပြ ခြင်း ဖြစ်သည် ဟု လည်း
သူ ၏ အိမ်နီးချင်း တို့  က ယုံကြည် ကြ သည်။
နံနက် ၄ နာရီ တွင် ငယ်ပါ ဖြုတ် ခိုး ခံရ ပြီး နောက် ၊ ဖိလင် က ရဲ အဖွဲ့  သို့  တိုင်ကြားမှု
ပြု ခဲ့ သည်။ ရဲ နှင့် ဆေးဝန်ထမ်းများ သည် ဖိလင် ၏ အိမ် အနီး တစ်ဝိုက် ဉ် ငယ် ပါ
တွေ့ လို တွေ့ ငြား ပြန်ရှာ ကြ သော်လည်း လုံးဝ ရှာမတွေ့  တော့ ဟု သိရသည်။
ဖိလင် က ဆေးရုံ ဉ် တရုတ် သတင်းစာ များ ကို ” သွား ပြီ မရှိတော့ ဘူး ” ဟု ပြောသည်။
သူ့ ကို အများ စု က ဂရုဏာ သက်ကြ သော်လည်း မည် သို့  ကူညီရမှန်း မသိ ဖြစ် နေ ကြ
ပြီ မည် သူမှ လည်း စွန့် စား ပြီး မကူညီလို ဟု တရုတ် သတင်း စာ များ က ရေးသား ထား
သည်။
တရုတ် ပြည် တွင် ထို ကဲ့ သို့  သော အဖြစ် အပျက် များ သည် ယခင် က ရှိ ခဲ့ ဖူးပြီး လွန်
ခဲ့ သည့် တစ်နှစ် ကျော် က ကုန်တွင်း ပိုင်း ဇင်းကျန်း  ပြည်နယ် တွင် အမျိုးသမီး တစ်ဦး
၏ အရှက် ကို  မီးပူပေး ထား သည့် သံပြား ဖြင့် ကပ် ကာ လက်စား ချေခဲ့ မှု လည်း ရှိ
ခဲ့သည်။
Freedom News Group
ဘင်္ဂလားဒေရှ် ပါတီ ခေါင်းဆောင် ဟောင်း ကို ထောင်ဒဏ် နှစ် ၉၀ ချမှတ်
၁၉၇၁ ခုနှစ် ပါကစ္စတန် နိုင်ငံ လက် အောက် က လွတ် မြောက် ဖို့  တိုက် ပွဲ ၀င် ခဲ့ တဲ့
ဘင်္ဂလားဒေရှ် လွတ်လပ်ရေး တိုက်ပွဲ ကာလ မှာ လူသတ် မှု ၊ နှိပ်စက် ညှင်း ပန်းမှု
တွေ ကျုးလွန် ခဲ့သူ အသက် ၉၁ နှစ် အရွယ် ဂူလမ် အာဇမ် ကို ဒါကာ တရား ရုံး က
ထောင်ဒဏ် နှစ် ၉၀ ချမှတ် လိုက် ပါတယ်။
Jamaat-e-Islami ပါတီ ခေါင်းဆောင် ဟောင်း ဖြစ် တဲ့ ဂူလမ် အာဇမ် နဲ့  သူ့  နောက်
လိုက် တွေ ဟာ ဘင်္ဂလားဒေရှ် လွတ် လပ် ရေး တိုက် ပွဲ ကာ လ မှ ပါကစ္စတန် ဘက် က
နေ ရပ် တည် ဟော ပြော ခဲ့ တာ တွေ ပြု တဲ့ အပြင် ပါကစ္စတန် စစ်တပ် ရဲ့  သတ် ဖြတ်
မှု ၊ မုဒိမ်း ကျင့် မှု တွေ ကို ရေ ငုံ နှုတ် ပိတ် နေ ခဲ့ ပါတယ်။
ဘင်္ဂလားဒေရှ် လွတ် လပ် ရေး ကာလ မှာ ပါကစ္စတန် စစ်တပ် က လူ သုံးသန်း ကျော်
ကို သတ် ဖြတ် ခဲ့ ပြီး အမျိုးသမီး နှစ် သိန်း ကျော် ကို မုဒိမ်း ကျင့် ခဲ့ ပါတယ်။
သူ့  ကို နာဇီ ခေါင်းဆောင် အဒေါဖ် ဟစ်တလာ နဲ့  ခိုင်း နှိုင်း ကြ ပါတယ်။
အာဇမ် ကို ထောက် ခံ သူ တွေ က အကြမ်းဖက် ဆန္ဒ ပြ မှု တွေ ပြု လုပ် ခဲ့ ပြီး ရဲ
တွေ ကို လက် လုပ် ဗုံး တွေ နဲ့  ပစ် ပေါက် ခဲ့ ပါတယ်။
ဂူလမ် အာဇမ် ကို အမှု ပေါင်း ၆၁ နှစ် မှု နဲ့  မနှစ် က တရား စွဲ ဆို ခဲ့ ပါတယ်။
အသက် အရွယ် ကြီးရင့်  ပြီ ဖြစ် တဲ့ အာဇမ် ဟာ ထောင်ဒဏ် အစား ၊ အခြား ပြစ်ဒဏ်
တစ်ခုခု နဲ့  အစား ထိုး ကျ ခံ ရ မှာ ဖြစ်ပါတယ်။
ခင်ပွန်း ရဲ့  ငယ်ပါ ဖြတ် တဲ့ အမျိုးသမီး ထောင်ဒဏ် တစ်သက် အပြစ် ပေး
ခင်ပွန်း ဖြစ်သူ အိပ်ပျော် နေ စဉ် မှာ ငယ်ပါ ကို ဓား နဲ့  ဖြတ် ပြီး အမှိုက် ပုံး ထဲ လွှတ် ပစ်
ခဲ့ တဲ့ အသက် ၅၀ နှစ် အရွယ် ကတ်သရင်း ကူရ် ကို ကာလီဖိုးနီးယား ခရိုင် Orange County
တရား ရုံး က ထောင် ဒဏ် တစ်သက် ချ မှတ် လိုက် ပါတယ်။
၂၀၀၉ ခုနှစ် ဒီဇင် ဘာလ မှ လက် ထပ် ခဲ့ ပြီး ၂၀၁၁ ခုနှစ် ဇွန် လ မှာ ခင် ပွန်း ဖြစ်သူ အိပ် ပျော်
နေ ခိုက် ခြေ တွေ ၊ လက် တွေ ကို ကုတင် တိုင် နဲ့  တုပ် ချီ နိုး လာ တဲ့ အချိန် ကျ တော့
ဘောင်းဘီကို ဆွဲ ချွတ် ပြီး ငယ်ပါ ကို ဓား နဲ့  ဖြတ် ခဲ့ တာ ဖြစ် ပါတယ်။ ခင် ပွန်း က နိုးလာ ပြီး
က အမှိုက် ပုံး ထဲ သွား လွှတ် ပစ် ပြီး ဖြစ် နေ ပါ ပြီ။
ငယ်ပါ ကို မဖြတ် ခင် မှာ ကတ်သရင်း နဲ့  သူ့  ခင် ပွန်း ဟာ သူငယ်ချင်း ဖြစ် သူ အိမ် မှာ ခေတ္တ လာ
တည်း မယ့် အရေး အတွက် အခြေ အတင် စကား များ ခဲ့ ကြ ပါတယ်။ နောက် တော့ သူ့  ခင် ပွန်း
က အိပ်ယာ အရင် ၀င် သွား ခဲ့ ပါတယ်။
ငယ်ပါ ကို သူခိုး က ဖြတ်ယူ
ကတ်သရင်း က ပဲ ဆေးရုံ ကို ဖုန်းဆက် ပြီး ငယ်ပါ အဖြတ် ခံ ရ လို့  သွေး ထွက် နေ တဲ့ သူ့  ယောင်္ကျား
ကို အရေး ပေါ် ယာဉ် နဲ့  ဆေးရုံ ကို ပို့  ခဲ့ ပါတယ်။
နောက် တစ်လ အကြာ မှာ တော့  အသက် ၆၀ အရွယ် ခင် ပွန်း က တရား စွဲ ဆို ပြီး သူ တို့  နှစ် ဦး
ကွာ ရှင်း ခဲ့ ပါတယ်။
ဗီယက်နမ် မှာ မွေးဖွား ခဲ့ တဲ့ ကတ်သရင်း ကို ထောင် တွင်း နေ ထိုင် မှု ခုနှစ် နှစ် ပြည့် မှ ခံဝန် ကတိ
နဲ့  လွှတ် ပေး ရ မယ် လို့  လဲ တစ် ပါ တည်း အမိန့်  ချ မှတ် ခဲ့ ပါတယ်။
မွေးရာ ပါ ဆုံး ရှုံး ခဲ့ တဲ့ ခင် ပွန်း ရဲ့  နာမည် ကို တော့ တရား ရုံး က ထုတ် ဖော် ပြော ဆို ခြင်း မရှိ ပါဘူး။
ဒီအဖြစ် အပျက် ဟာ ၁၉၉၃ ခုနှစ် က John Wayne Bobbitt ကို သူ့  မိန်းမ က ရှစ် လက်မ ရှည်တဲ့
ဓား နဲ့  ငယ် ပါ ကို ဖြတ် ပြီး ကား ပြတင်း ပေါက် က နေ လွှတ် ပစ် ခဲ့ တဲ့ အဖြစ် အပျက် နဲ့  တူ တယ်
လို့  ဆို ကြ ပါတယ်။ အဲဒီ တုန်း က တော့ တရား သူ ကြီး က ဘောဘစ် ကို မူမမှန် ရူး သွပ် မှု နဲ့  ပြစ်
ဒဏ် က ကွင်း လုံး ကျွတ် လွတ် စေခဲ့ ပါတယ်။ ငယ်ပါ ကို လည်း ကား လမ်း ဘေး မှာ ပြန် တွေ ခဲ့
ပြီး ခွဲ စိတ် ကုသ ကာ ပြန် ဆက် နိုင်ခဲ့ ပါတယ်။
Freedom News Group
မုဒိမ်းပြုကျင့်ခံခဲ့ရသူ တောင်ကုတ်မှ အမျိုးသမီးငယ် တရားရုံမှ အထွက် သတိလစ်သွား၍ ဆေးရုံတင်ရ
15.7.13.Mon. နေ့လည် (1) နာရီ ယနေ့ နံနက် (10)နာရီခွဲခန့်တွင် သံတွဲမြို့ နယ် တရားရုံး၌ မစုစုမွန်အမှုအား တံခါးပိတ်၍ စတင်စစ်ဆေး ခဲ့ပါသည်။ အမှုစစ်ဆေးရာသို့ တောင်ကုတ်မှ လူမှုအဖွဲ့ အစည်းများ နှင့်အတူ လူထု(40)ခန့်၊ သံတွဲမြို့ နှင့် အနီးတစ်ဝိုက်မှ လူထုများနှင့် သံတွဲကမ်းခြေမှ လူထုပရိသတ် (50) ကျော်ခန့် လာရောက်နားထောင်ခဲ့ ပါသည်။  ဓါတ်ပုံ - ရခိုင်လူမှုကွန်ရက် သံတွဲကမ်းခြေ
ရခိုင်ပြည်နယ် သံတွဲမြို့နယ် တရားရုံးတွင် တောင်ကုတ်မှ အမျိုးသမီးငယ် အပေါ် မတရားပြုကျင့်မူကို  ယနေ့ စတင်ကြားနာ စစ်ဆေးရာ အမျိုးသမီးငယ်မှာ တရားရုံးမှ အထွက်  သတိလစ် မူးမေ့သွားသဖြင့် ဆေးရုံတင်လိုက်ရသည်ဟု ရခိုင်လူကွန်ယက် (သံတွဲ) မှ တာဝန်ရှိသူ တစ်ဦး ကပြောသည်။
“ အဲဒီကလေးမလေးက တရားရုံး အထွက်မှာ သတိလစ်သွားတဲ့ အတွက် ဆေးရုံ တင်လိုက်ရပါတယ်။ အခု အောက်စီဂျင် သွင်းထားရပါတယ်။ သတိမေ့နေတုန်းဘဲ ဖြစ်ပါတယ်” ဟု ယနေ့ ညနေ ၄ နာရီခန့်တွင် ဖုံးမှ တဆင့် မေးမြန်းစဉ် ရခိုင်လူမူ ကွန်ယက်မှ ကိုစိန်ချစ်က ထိုသို့ ပြောကြားသည်။
ယနေ့ သံတွဲမြို့နယ် တရားရုံးတွင် တောင်ကုတ်မြို့မှ မစုစုမွန် (၁၅)  နှစ် (ဘ) ဦးသန်းကြည်အား မုဒိမ်းကျင့်ခံရသော အမူအား စတင်ကြားနာ စစ်ဆေးခဲ့သည်။
လူပေါင်း (၂၀၀) ခန့်က  တရားရုံးသို့ အမူ စစ်ဆေးသည်ကို လာရောက် နားထောင် သော်လည်း  အာဏာပိုင်များက တရားရုံး တံခါးကို ပိတ်ထားပြီး အပြင်လူများ တက်ရောက်  နားထောင်ခွင့်ကို ပိတ်ပင် ထားခဲ့သည်ဟု ဆိုသည်။
“ အပြင်လူတွေကို ၀င်ခွင့်မပေးပါဘူး။ တံခါးပိတ်ထားပါတယ်။ တရားလိုဘက်က မစုစုမွန်နဲ့ တရားလို သက်သေ ကိုမိုးဝေတို့ကို စစ်ဆေးပါတယ်။ တရားခံတွေ ဖြစ်ကြတဲ့ ဗေလုဝ (ခ) ငပြူးနဲ့ နောက်တစ်ဦးကိုလည်း စစ်ပါတယ်။ ဘယ်လို ထွက်ဆိုတယ်ဆိုတာကိုတော့ အပြင်က မကြားရတဲ့ အတွက် မပြောနိုင်သေးပါ” ဟု သူက ဆိုသည်။
တရားခံများ ဖြစ်ကြသည့် ကမန် လူမျိုး (အစ္စလာမ်ဘာသာဝင်) ကိုနိုင်သူ (ဘ)  ဦးမောင်မောင်နှင့် ကိုမင်းနိုင် (ခ) ဗေလုဝ (ခ) ငပြူး (ဘ) ဦးငလုံးတို့ အား  ၃၆၆ ပုဒ်မ တပ်ပြီး ၃၆၇ အရ တရားစွဲကြောင်း တရားရုံးတွင် စာကပ်ထားသည်ဟု ဆိုသည်။
၃၆၆ နှင့် ၃၇၆ မှာ မုဒိမ်းမူ ဖြစ်ကြောင်း သူက ဆက်ဆိုသည်။
သံတွဲရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ ယနေ့တွင် တရားခံ နှစ်ဦးကို ရုံးထုတ်သည်မှာ မှန်ကန်ကြောင်း အတည်ပြုကြားသော်လည်း စွဲဆိုသည့် ပုဒ်မနှင့် တရားရုံး အခြေအနေများကို မူ အထက် အရာရှိများ မရောက်သေးသဖြင့် မပြောဆိုနိုင်ကြောင်း ပြောသည်။
“ အထက်က လူကြီးတွေကို မေးမှ သိနိုင်ပါလိမ့်မယ်။ အခုသူတို့ မရောက်သေးဘူး” ဟု သံတွဲ ရဲစခန်းမှ တာဝန်ကျနေသူ တစ်ဦးက ဆိုသည်။
အမူကို နောက်လာမည့် ဇူလိုင်လ ၁၈ ရက်နေ့တွင် ထပ်မံ စစ်ဆေးမည်ဟု သိရသည်။
ယခု(1)နာရီကျော် လာသည်အထိ အမှုစစ်ဆေးနေဆဲ ဖြစ်သည်။ ရောက်ရှိလာသော လူထုပရိသတ် အချို့ ဖြစ်ပါသည်။ ဓါတ်ပုံ - ရခိုင်လူမှုကွန်ရက် သံတွဲကမ်းခြေ
အမှုမှာစစ်နေဆဲ။ တံခါးပိတ်စစ်ဆေးသည်ဖြစ်၍ လူထုမှ ပွင့်လင်းမြင်သာမရှိမှုအား စိုးရိမ်စိတ်ဝင်နေကြသည်။ နေ့လည် 1:50  ဓါတ်ပုံ - ရခိုင်လူမှုကွန်ရက် သံတွဲကမ်းခြေ
နိရဉ္စရာ- ၁၅ ဇူလိုင် ၂၀၁၃
ဆိုတေး သွေးပေါင်ချိန် ပြန်တက်လာပြီ၊
The Voice Weekly
တေးသံရှင်ဆိုတေး ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယာဉ်တိမ်းမှောက်
ရန်ကုန်၊ ဇူလိုင် ၁၄
မီးအိမ်ရှင် တေးသီချင်းဖြင့် နာမည်ကျော်ကြားခဲ့သော တေးသံရှင်ဆိုတေး စီးနင်းလာသော ကိုယ်ပိုင်ယာဉ်သည် ဇူလိုင်လ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲက ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် အမှတ် ၂၉၁/၃ နှင့် ၄ ကြားတွင် တိမ်းမှောက်ခဲ့ရာ တေးသံရှင်ဆိုတေး ဒဏ်ရာရရှိခဲ့ပြီး ၎င်းနှင့်အတူ အဖော်အဖြစ် လိုက်ပါလာသော အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေဝင်းက The Voice သို့ပြောကြားသည်။
တေးသံရှင် ဆိုတေးသည် မန္တလေးတိုင်းဒေသကြီး တောင်သာ မြို့နယ်၌ ပြုလုပ်မည့် ဖိုးချစ်ဇာတ်ပွဲတွင် သီချင်းသီဆိုရန် အသွားတွင် ယင်းကဲ့သို့ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း တေးသံရှင် ဆိုတေး၏ ဦးလေးတော်စပ်သူ ဦးရဲမြင့်အောင်က The Voice သို့ ပြောကြားသည်။
“သူ့ ( ဆိုတေး ) ကို အောက်ဆီဂျင် ပေးထားတယ်၊ CT Screen လည်း ရိုက်ထားတယ်၊ သွေးပေါင်ချိန်လည်း ပြန်တက်လာပြီ၊ အခြေအနေ ပြန်ကောင်းလာပါပြီ” ဟု မန္တလေးတွင် နေထိုင်သူ တေးသံရှင်ဆိုတေး၏ ဦးလေးတော်စပ်သူ ဦးရဲမြင့်အောင်က The Voice သို့ ပြောကြားသည်။
ယနေ့ည ၁၁နာရီအထိရရှိသော သတင်းများအရ တေးသံရှင်ဆိုတေးသည် ခွဲစိတ်ကုသမှု ပြီးစီး၍ အထူးကြပ်မတ် ကုသဆောင်တွင် ဆေးကုသမှု ခံယူနေကြောင်း သတိအပြည့်အဝ မရသေးသော်လည်း ပြန်ကောင်း လာနိုင်သည့် အခြေအနေတွင် ရှိနေပြီ ဖြစ်ကြောင်း ခွဲစိတ်ခန်းမှ ပြန်ထွက်လာစဉ် ညီဖြစ်သူက လက်စွပ်ကို ချွတ်ယူချိန်၌ ပြန်ရုန်းကြောင်း ဆိုတေး၏ ဦးလေးဖြစ်သူက ပြောကြားသည်။
လူမှုကွန်ရက် Facebook စာမျက်နှာတွင် တေးသံရှင် ဆိုတေး သေဆုံးသည်ဟုဆိုကာ သတင်းများ ထွက်ပေါ်ခဲ့သည်။
ဆိုတေး စီးနင်းလိုက်ပါလာသော KIA အမျိုးအစားယာဉ်သည် ရှေ့ညာဘက် ဘီးပေါက်ပြီး အရှိန်လွန်ကာလမ်း၏ ညာဘက်သို့ ထိုးကျတိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးကြီး နေဝင်းက ဆက်လက်ပြောကြားသည်။
ယာဉ်ပေါ်တွင် တေးသံရှင်ဆိုတေးနှင့် ယာဉ်မောင်းတစ်ဦး အပါအဝင် အမျိုးသမီးနှစ်ဦး စီးနင်းလိုက်ပါလာပြီး ၎င်းတို့ထဲမှ မချောချောကို မိတ္ထီလာမြို့နယ် ပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့ရာ ဆေးရုံတွင် သေဆုံးခဲ့ကြောင်း တေးသံရှင် ဆိုတေးမှာလည်း စိုးရိမ်ရသည့် အခြေအနေ ရှိသဖြင့် မန္တလေး ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသလျက် ရှိကြောင်း၊ ရန်ကုန် - မန္တလေး အမြန်လမ်း ပြုပြင်ထိန်းသိမ်းရေးမှ အင်ဂျင်နီယာမှူး ကြီးဦးမျိုးမြင့်က ပြောကြားသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းသူ ဦးသန်းဝင်းလှိုင်ကို ပုဒ်မ ၃၀၄ (က) ဖြင့် အမှုဖွင့်ထားကြောင်း မိတ္ထီလာမြို့နယ် သီးကုန်းအမြန်လမ်း ရဲစခန်းထံမှ သိရှိရသည်။
တေးသံရှင် ဆိုတေးသည် မီးအိမ်ရှင်အမည်ဖြင့် တစ်ကိုယ်တော်တေးစီးရီး ထွက်ရှိထားသူဖြစ်ပြီး အခြားသော တေးသံရှင်များနှင့်လည်း တေးစီးရီးများ ထွက်ရှိထားသူ ဖြစ်သည်။
ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၂၆၂/၃ နှင့် ၂၆၂/၄ အကြားတွင် ဇူလိုင်လ ၇ ရက်နေ့တွင် ဟိုင်းလပ် ဆာ့ဖ်ယာဉ်သည် ကျော်တက်သည့် ခရီးသည်တင်ယာဉ်ကို ရှောင်ရာမှ တိမ်းမှောက်ခဲ့ရာ လူလေးဦးသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း၊ ဇူလိုင်လ ၈ ရက်နေ့တွင်လည်း မိုင်တိုင် အမှတ် ၁/၇ နှင့် မိုင်တိုင်အမှတ် ၂ ကြား ဆီဖြည့်နေသည့် နစ်ဆန်း ကိုရိုလာယာဉ်ကို Toyota Belta ယာဉ်က ဝင်ရောက်တိုက်မိရာ နစ်ဆန်းယာဉ်ပေါ်မှလူနှစ်ဦး သေဆုံးမှု ဖြစ်ပွား ခဲ့ကြောင်း၊ ဇူလိုင်လ ၁၁ ရက်နေ့ နေ့လယ်ပိုင်းက မိုင်တိုင် ၁၄/၃ နှင့် ၁၄/၅ ကြားတွင် တောင်ငူ-ရန်ကုန် ပြေးဆွဲသည့် စေတမန် ခရီးသည်တင်ယာဉ် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန် -မန္တလေး အမြန်လမ်း ပြုပြင်ထိန်းသိမ်းရေးထံမှ သိရှိရသည်။
မိုးတွင်းကာလ၌ အမြန်လမ်းတွင် မောင်းနှင်သည့် ယာဉ်များအနေနှင့် ယာဉ်ကျော်တက်ရာတွင် သတိထားသင့်ကြောင်း အမြန်လမ်းတွင် ဖြတ်သန်းသွားလာသည့် ယာဉ်ကြီးများ၏ လေအရှိန်ကြောင့် ယာဉ်ငယ်များ လွန့်လူးကာ အရှိန်မထိန်းနိုင်ခြင်းကြောင့် လည်းကောင်း၊ ယာဉ်မောင်းနှင်သူများက အရက်သောက်သုံးခြင်း သတ်မှတ်မိုင်နှုန်းထက် ကျော်လွန် မောင်းနှင်ခြင်း တို့ကြောင့် ယာဉ်တိမ်းမှောက်မှု ဖြစ်ပေါ်လေ့ရှိကြောင်း ရန်ကုန် -မန္တလေး အမြန်လမ်းပြုပြင် ထိန်းသိမ်းရေးမှ အင်ဂျင်နီယာမှူးကြီး ဦးမျိုးမြင့်က သုံးသပ်ပြောကြားသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းကို ၂၀၀၉ ခုနှစ်တွင် စတင်ဖွင်လှစ်ခဲ့ပြီး လမ်းမကြီး တစ်ဖက်လျှင် အကျယ်၂၅ ပေရှိသည့် ယာဉ်သွားလမ်းနှစ်လမ်း ပါရှိသည်။ အဆိုပါ လမ်းမကြီးသည် တစ်နိုင်ငံလုံးတွင်ရှိသည့် လမ်းအရှည်ပေါင်း ၁၅၀,၂၂၁ ကီလိုမီတာ၏ ၁ဒသမ ၅ ရာခိုင်နှုန်း အရှည်ရှိသည်။
ယင်းလမ်းမ စတင်အသုံးပြုသည့် ၂၀၀၉ ခုနှစ်မေလမှ ယခုနှစ်ဧပြီလအထိ လေးနှစ်အတွင်း အမြန်လမ်းပေါ်တွင် ယာဉ်မတော်တဆမှု ၄၃၂ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၁၆ ဦး၊ ဒဏ်ရာရသူ ၆၇၈ ဦးခန့် ရှိကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ပဟေဠိဆန်ဆန် သေဆုံးခဲ့သည့် ကျူရှင်ဆရာမအမှု ထပ်မံရုံးချိန်း
ရန်ကုန် ၊ ဇူလိုင် ၁၄
မှုခင်းတပ်ဖွဲ့မှ လာရောက်စုံစမ်း အမှုဖွင့်ပေးခဲ့ရသည့် ယောက္ခမနေအိမ် တွင် ပဟေဠိဆန်ဆန် သေဆုံးခဲ့သော ကျူရှင်ဆရာမ၏ အမှုအတွက် နောက်ဆုံးစီရင်ချက် ချမည့်ရက်ကို ဇူလိုင်လ ၁၂ ရက် အစား ၁၇ ရက်သို့ ပြောင်းလဲချိန်းဆိုခဲ့ကြောင်း သေဆုံးသူ၏ ဦးလေးဖြစ်သူ ဦးစိန်ဝင်းက ပြောကြားသည်။
အမိန့်ပြင်ဆင်ချက် မပြီးသေးသည့်အတွက် ရုံးချိန်းကို ပြောင်းလဲချိန်းခြင်း ဖြစ်သည်ဟု အရှေ့ပိုင်းခရိုင် တရားသူကြီးက ပြောကြားကြောင်း တရားလိုရှေ့နေက ဆိုသည်။
၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ် အာသာဝတီလမ်းမကြီး၊ အမှတ် (၂) ရပ်ကွက်၊ အိမ်အမှတ် (၅၁၇) တွင်နေထိုင်သည့် ယောက္ခမဖြစ်သူ ကျူရှင်ဆရာ၏ အိမ်တွင် သေဆုံးခဲ့သော မထက်ထက်အေးကျော်၏ အမှုကို ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးကြားနားလျက်ရှိပြီး ဇူလိုင်လ ၁၇ ရက်နေ့တွင် နောက်ဆုံ စီရင်ချက် ချမည်ဟု တရားလိုမိသားစု၏ ပြောကြားချက်အရ သိရသည်။
“အန်တီက ကွမ်းယာရောင်းတာပါ။ ဒီလိုမကြာခဏ ရုံးချိန်းတွေ ချိန်းနေတော့ အန်တီအတွက် ခရီးစရိတ်တွေ အခက်အခဲ ရှိပါတယ်။ ဒီနေ့ကို အများကြီးမျှော်လင့်ထားတာ လူတွေလည်း အများကြီး လိုက်လာကြတယ်။ အချိန်ကုန်လူပန်း ဖြစ်သွားတယ်” ဟု သေဆုံးသူ၏ မိခင် ဒေါ်အေးမြင့်က ပြောကြားသည်။
မြောက်ဥက္ကလာပမြို့နယ် အမှတ် (၂) ရပ်ကွက်၊ အမှတ်(၅၁၇)၊ အာသာဝတီ လမ်းမကြီးရှိ ၎င်းယောက္ခမတော်စပ်သူ၏အိမ်တွင် မထက်ထက်အေးကျော်သည် ထိုးသွင်းဒဏ်ရာ တစ်ခုအပါအဝင် ဖူးရောင်ဒဏ်ရာ၊ ပေါက်ပြဲဒဏ်ရာ စုစုပေါင်း ၁၈ ချက်ဖြင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး အမှုဖြစ်ပွားစတွင် မြောက်ဥက္ကလာ ရဲစခန်းက သေမှုသေခင်းဖြင့်သာ အမှုဖွင့် စုံစမ်းပေးခဲ့ခြင်းအပေါ် ရပ်ကွက်အတွင်းမှ လူများက မကျေနပ်ကြသဖြင့် လူပေါင်း ၁၈၂ ဦး လက်မှတ်ထိုး လက်ဗွေနှိပ်ကာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်တွင် နိုင်ငံတော်သမ္မတရုံးထံ စာတင်တိုင်ကြားခဲ့ပြီး နောက်ပိုင်း မှုခင်းတပ်ဖွဲ့က လာရောက်စုံစမ်း အမှုဖွင့်ပေးခဲ့ကြောင်း ဒေသခံ များက ပြောကြားသည်။
တစ်နှစ်နှင့်ခုနှစ်လ ကြာမြင့်သည့်တိုင်အောင် တရားခံအား မသိရှိသေးသောအမှုကို ရပ်ကွက်အတွင်း နေထိုင်သူများက အထူးစိတ်ပါဝင်စားလျက်ရှိပြီး အမိန့်ချမည်ဆိုသော ဇူလိုင် ၁၂ ရက်နေ့က တရားရုံးသို့ စိတ်ဝင်စားသူ ၄၀ နီးပါး လာရောက် ကြားနာခဲ့ကြသည်။
“အန်တီက နှစ်ယောက်လုံးနဲ့ မရင်းနှီးပါဘူး။ ပြောင်းလာတာလည်း မကြာသေးဘူး။ စိတ်ဝင်စားလို့ လိုက်ပါလာတာပါ။အမှုမှန်ကို တရားနည်းလမ်းကျကျ ဖော်ထုတ်ပေးဖို့ တောင်းဆိုပါတယ်” ဟု NLD ပါတီဝင်တစ်ဦးဖြစ်သူ ဒေါ်တင်တင်နွယ်က ပြောကြားခဲ့သည်။
ယခုအခါ ပြစ်မှုကျူးလွန်သူဟု ယူဆရသူ၊ သေဆုံးသူ၏ ခင်ပွန်းဖြစ်သူ ဦးရဲမာန်ပြည့်ကို ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးတွင် ပုဒ်မ ၃၀၂/၂ ဖြင့် စစ်ဆေးလျက် ရှိကြောင်း သိရှိရသည်။
ယင်းနေ့က တရားစွဲဆိုခံရသူဘက်မှ လိုက်ပါလာသူများကိုမူ မေးမြန်းသော် လည်း ဖြေဆိုခြင်း မရှိပေ။
အောင်သော်ဖြိုး
Credit: The Voice Weekly
ဇာနည်နဲ့ဥူးဝီရသူအပြန်အလှန်စိန်ခေါ်
ညဆိုင်းအလုပ်ကာလရှည်ကြာလုပ်ဆောင်ခြင်းက ရင်သားကင်ဆာဖြစ်ပွားမှု ၂ ဆ မြင့်တက်စေ
ယခုလက်ရှိကမ္ဘာတွင် အဖြစ် အများဆုံးကင်ဆာများအား စာရင်း ကောက်လိုက်ပါက ရင်သားကင် ဆာမှာ ထိပ်တန်းမှ ပါဝင်လျက်ရှိပေ သည်။ ထို့ကြောင့် ရင်သားကင်ဆာ နှင့်ပတ်သက်သည့် လေ့လာမှုများ ပြုလုပ်ခဲ့ရာ လေ့လာမှုတစ်ခုအရ အမျိုးသမီးများတွင် ညဆိုင်း အလုပ် အား နှစ် ၃၀နှင့်အထက် လုပ်ခဲ့သော သူများ၌ ရင်သားကင် ဆာဖြစ်နိုင်ချေ နှစ်ဆခန့် ပိုများကြောင်း သိရသည်။ ယခုလေ့လာမှု၌ ရင်သားကင်ဆာ ဖြစ်ပွားလျက်ရှိသော ဝေဒနာရှင် ၁၁၃၄ဦးနှင့် ရောဂါမဖြစ်သော သက် တူရွယ်တူအမျိုးသမီး ၁၁၇၉ ဦးတို့ ပါဝင်ခဲ့သည်။ ယင်းအမျိုးသမီးများ အား ၄င်းတို့၏အလုပ်အကိုင် အလုပ် ဆင်းရသောအချိန်ဇယား၊ ဆေးရုံ တက်ရမှု၊ ရင်သား ကင်ဆာအမျိုး အစားစသည်တို့ကို အသေးစိတ်စစ် ဆေးခဲ့ရာ အဖွဲ့နှစ်ဖွဲ့လုံးမှ အမျိုး သမီးသုံးပုံတစ်ပုံစီခန့်မှာ ညဆိုင်း ဆင်းရသူများ ဖြစ်ကြသည်။ သို့သော် ညဆိုင်း ဆင်းရသူများထဲတွင်မှ ညဆိုင်းဆင်းချိန် နှစ် ၃၀ မကျော်မီ အထိ ရင်သားကင်ဆာပိုမို ဖြစ်ပွား သည်ဟူသည့်အချက်ကို မတွေ့ရပေ။ နှစ် ၃၀နောက်ပိုင်းတွင်တော့ ရင်သား ကင်ဆာဖြစ်ပွားမှုနှုန်း နှစ်ဆခန့်များ လာကြောင်း တွေ့ရသည်။ ယင်းကဲ့ သို့ ညဆိုင်းဆင်းရသူများတွင် ရင် သားကင်ဆာ ပိုမိုဖြစ်ပွားရမှုမှာ မယ်လတိုနင် ထုတ်လုပ်မှုနည်းလာ ခြင်း၊ အိပ်စက်ချိန်လွဲမှားခြင်း၊ ခန္ဓာ ကိုယ်၏ နရီလွဲမှားလာခြင်း၊ ဗီတာ မင်နည်းလာခြင်းနှင့် ဘဝနေထိုင်မှုပုံစံပြောင်းလဲလာခြင်း တို့ကြောင့် ဖြစ်ကြောင်း သိရသည်။
အပိန်လေး
ref:ANI
Health Updates Journal
မပေါ့ဆသင့်သော အသေးအဖွဲပြဿနာများ
(၁) နှာခေါင်းသွေးလျှံခြင်း
ပူပြင်းခြောက်သွေ့သော ရာသီ ဥတု၊ မကြာခဏနှပ်ချေးညှစ်ထုတ် ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းတို့ကြောင့် နှာခေါင်းသွေးယိုတတ်ပြီး အရေးကြီး သည့်အကြောင်းရင်းမှာ သွေးတိုးခြင်း ကြောင့်လည်းဖြစ်တတ်သည်။ မိမိ သွေးပေါင်ချိန် ၁၂၀/၇၀ mmHg မှ ၁၃၉/၈၉ mmHg အတွင်းရှိနေ လျှင် သွေးတိုးစပြုသည်ဟုယူဆနိုင် ပြီး ၁၄၀/၉၀ နှင့်အထက်ဆိုပါက သွေးပေါင်ထိန်းဆေးများဖြင့် ကုသမှု ခံယူပါ။
(၂) ဒူးကိုက်ခြင်း
ဒူးဆစ်များနာကျင်ကိုက်ခဲနေပါ က လှုပ်ရှားမှုပြင်းထန်ခြင်းကြောင့် ဖြစ်နိုင်သည်။ အကိုက်အခဲပျောက် ဆေးလိမ်းခြင်း၊ ရေခဲကပ်ခြင်းများဖြင့် မသက်သာဘဲ သုံးလကျော်သည်အထိ ကိုက်နေသေးပါက အရိုးဆစ်ရောင်ခြင်း (osteoarthritis) ဖြစ်နိုင်သည်။
(၃) လည်ချောင်းနာခြင်း
သုံးရက်ကျော်သည်အထိ လည် ချောင်းနာမပျောက်သေးဘဲ စကား သံပါ ပျက်လာပါက Streptococcus ပိုးကြောင့်ဖြစ်နိုင်ပြီး မကုဘဲထားပါက သငန်ရည်ကျိတ်များရောင်ခြင်း၊ ပြည် ထွက်ခြင်းနှင့် အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်းတို့ ဖြစ်နိုင်သည်။
(၄) အရည်ကြည်ဖု
အပူလောင်ခြင်း၊ ဖိနပ်ပေါက် ခြင်းကြောင့် အရည်ကြည်ဖုထတတ် သည်။ သို့သော် ခြေချောင်းများကြား၌ အရည်ကြည်ဖုပေါက်လျှင် သန့်ရှင်း အောင်ဂရုစိုက်ပါ။ ဘက်တီးရီးယား၊ မှိုနှင့် ကပ်ပါးကောင်များဝင်ရောက် နိုင်သည်။ ခြေဖဝါးတစ်ခုလုံးပိုးပျံ့ပြီး ရောင်ကိုင်းလာတတ်သည်။
(၅) ဝက်ခြံ
ဝက်ခြံပေါက်တာတော်တော် နှင့်မပျောက်လျှင် ဂရုစိုက်ပါ။ လနှင့် ချီပြီးကြာနေတဲ့ဝက်ခြံကို မညှစ်ပါ နှင့်။ basal cell carcinoma လို့ ခေါ်တဲ့ အရေပြားကင်ဆာဟာ ဖြစ် ဖြစ်ချင်းကာလမှာ ဝက်ခြံနှင့်ဆင် တူပါတယ်။ အရေပြားဆရာဝန်နှင့် ပြပြီး စောစောကုလျှင် basal cell carcinoma ဟာ ရောဂါပျောက်ကင်း နိုင်ချေ (၉၅) ရာနှုန်းရှိပါတယ်။
သီဟ
Source:Men'shealth
Health Updates Journal