လွှတ်တော်မှာရှိတဲ့ တပ်မတော် ကိုယ်စားလှယ်တွေကို ဖြုတ်ကို ဖြုတ်ရမှာပါ
ကြံ့ခိုင်ရေး လွှတ်တော်အမတ် ဦးမောင်တိုး (ဓာတ်ပုံ – ကြေးမုံ)
လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း ပြဋ္ဌာန်းရေးနှင့်ပတ်သက်ပြီး အစိုးရနှင့် လွှတ်တော် အကြား ထိပ်တိုက် ရင်ဆိုင်မှုများ ပေါ်ပေါက်လျက်ရှိရာ သြဂုတ်လ ၂၃ ရက်နေ့ ပြည်သူ့ လွှတ်တော် အစည်း အဝေး တွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်က ဥပဒေကြမ်း ပြဋ္ဌာန်းရေး အဆိုပြုသကဲ့သို့ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေး ပါတီမှ လွှတ်တော် ကိုယ်စားလှယ်များက ဥပဒေကြမ်း ဆိုင်းငံ့ရေး အပြန်အလှန် ထိုးနှက် ဝေဖန် ကြသည် အထိ ဆွေးနွေးငြင်းခုံမှု ပြင်းထန်ခဲ့သည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မင်းလှ မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမောင်တိုးက တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍကို မေးခွန်း ထုတ်ခဲ့ပြီး ယင်းသို့ အချေတင်ဆွေးနွေးခဲ့သော ဦးမောင်တိုးကို ဧရာဝတီ အယ်ဒီတာအဖွဲ့ဝင် သာလွန်ဇောင်းထက်က ဆက်သွယ် မေးမြန်းထားပါသည်။
မေး။     ။ လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ရုပ်သိမ်းခြင်းဥပဒေကြမ်းကို တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တွေနဲ့ ဆန့်ကျင်ဘက် ဆွေးနွေးရတဲ့အထိ ဘာကြောင့် အငြင်းအခုံဖြစ်ခဲ့ရတာလဲ။ ဘာကြောင့် ဥပဒေကြမ်းကို ဆိုင်းငံ့ဖို့ အဆိုပြုခဲ့ တာလဲ။
ဖြေ။     ။ လွှတ်တော် ကိုယ်စားလှယ် တယောက်ကို ကြိုက်တဲ့သူလည်း ရှိတယ်၊ မကြိုက်တဲ့သူလည်းရှိတယ်။ ရွေးကောက်ပွဲမှာ ဆန္ဒမဲ ၄၀ ရာခိုင်နှုန်းကျော်လောက်နဲ့ နိုင်တဲ့သူတွေရှိတယ်လေ။ အဲဒီလိုရှိတဲ့အခါကျတော့ တယောက်က ဖြစ်စေ၊ အခြား ဆန့်ကျင်ဘက် ပါတီတခုကဖြစ်စေ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်ကို ၁ ရာခိုင်နှုန်း မဲဆန္ဒရှင်တွေရဲ့ လက်မှတ်ကို ရအောင် ထိုးပြီး ဖြုတ်ချဖို့ တင်မယ် ဆိုလို့ရှိရင် မှန်တာ၊ မမှန်တာက နောက်။ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ကို ခုံရုံးဖွဲ့ စစ်ဆေး မယ်ဆိုရင် အစစ်ဆေးခံရတဲ့ လွှတ်တော် ကိုယ်စားလှယ်လည်း သိက္ခာ ကျတယ်၊ အားလုံး လည်း အလုပ်ရှုပ်မယ်။ ၁ ရာခိုင်နှုန်းဆိုတာက နည်းလွန်းအားကြီးတယ်။ ကမ္ဘာမှာလည်း မဲဆန္ဒရှင် ၁ ရာခိုင်နှုန်းနဲ့ လွှတ်တော် ကိုယ်စားလှယ် ကို ပြန်ခေါ်တယ်ဆိုတာ မရှိဘူးလေ။ ကျနော် မဲဆန္ဒနယ် ဆိုလို့ရှိရင် မဲပေးနိုင်တဲ့သူ ၈၀၀၀၀ လောက်ရှိတယ်။ ၁ ရာခိုင်နှုန်း ဆိုရင် မဲဆန္ဒရှင် ၈၀၀ ပဲရှိတယ်။ ကျနော်ရဲ့ မြို့က အလယ်အလတ် အဆင့်မှာပါတယ်။ အချို့မြို့တွေဆိုရင် အဲလောက်တောင် ရှိတာမဟုတ်ဘူး။ လူ ရာဂဏန်း လောက် လက်မှတ်ရဖို့ဆိုတာ လွယ်တယ်လေ။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါတယ်ဆိုပေမယ့် လက်တွေ့လုပ်ဖို့ မရနိုင်တဲ့ဟာတွေ ပြင်ဖို့လုပ်နေတယ်။ ဒါကြောင့် ဆိုင်းငံ့ထားဖို့ လုပ်တာ။ ဥပဒေကြမ်း ကော်မတီရဲ့ အစီရင်ခံစာမှာလည်း ပါတယ်။ ရွေးကောက်ခံထားတဲ့ လွှတ်တော် ကိုယ်စားလှယ်ကို မလိုတဲ့သူတွေရှိနိုင်တာပဲ။ ဘယ်သူမှ စိတ်တိုင်းကျမှာ မဟုတ်ဘူး။ အဓိက က မဲဆန္ဒရှင် ၁ ရာခိုင်နှုန်း ဆိုတာ နည်းလွန်းအားကြီးလို့ အဆင်မပြေတာတွေနဲ့ အလုပ်တွေရှုပ်ကုန်မယ်။ Right to Recall ဆိုတာက ရှိရမှာပါ။
မေး။     ။ လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ရုပ်သိမ်းခြင်းဥပဒေကြမ်း ဆွေးနွေးအတည်ပြု ပြဋ္ဌာန်းဖို့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေက တိုက်တွန်းဆွေးနွေးတာ တွေ့ရပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ အမြင်သိချင်ပါတယ်။
ဖြေ။     ။ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်ဆိုတာ ရွေးကောက်ခံ မဟုတ်ဘူး။ သူတို့က ခန့်အပ်ခံရတဲ့ ကိုယ်စားလှယ်တွေ။ ဒီဥပဒေက သူတို့နဲ့မဆိုင်ဘူး။ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေက ဒီဥပဒေကြမ်းကို ပြဋ္ဌာန်းဖို့ ဘာကြောင့် တိုက်တွန်းနေသလဲဆိုတာက တိုက်တွန်းမယ့်သူက သူတို့ပဲရှိတယ်လေ။ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်တွေ၊ ရွေးကောက်ပွဲဝင်ဖူးတဲ့ ကိုယ်စားလှယ်တွေက ဒါတွေကို သိတယ်လေ။ အခြေအနေ တွေကို သိတယ်လေ။ ရွေးကောက်ပွဲမ၀င်ဖူးတဲ့ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေက ဒါတွေကို ဘယ်လိုလုပ် သိမလဲ။ သူတို့ ဘယ်လို သဘောနဲ့ ဘာကြောင့် တိုက်တွန်းလဲဆိုတာ ကျနော်တို့လည်း ပြောဖို့ခက်တယ်။ တချို့ဟာ တွေက ပြောလို့မကောင်းဘူး။
မေး။     ။ လွှတ်တော်မှာ အန်ကယ်ပြောသွားတဲ့”လွှတ်တော်ဆိုတာ တပ်မတော် မဟုတ်ဘူး” ဆိုတဲ့ စကားက ဘာကို ဆိုလိုတာပါလဲ။
ဖြေ။     ။ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေက ဆွေးနွေးတဲ့နေရာမှာ လွှတ်တော် ကိုယ်စားလှယ်တွေက စည်းကမ်းမရှိဘူး။ ကွမ်းတံတွေး ထွေးတယ်တို့။ လွှတ်တော်ကိုလာတာ နောက်ကျ တယ်တို့ ဘာတို့၊ ညာတို့ ပြောတယ်။ အဓိက ပြောချင်တာက လွှတ်တော်ကိုယ်စားလှယ်တွေက စည်းကမ်းမရှိဘူးလို့ပြောချင်တာပေါ့။ စည်းကမ်းဆိုတာက တပ်မတော်လို လေ့ကျင့်ထားတာသူ တွေနဲ့ ကွာချင် ကွာမှာပေါ့။ လွှတ်တော် ကိုယ်စားလှယ်တွေ ဆိုတာ အရပ်သား တွေက လာတာ။ တချို့နေရာတွေမှာ တပ်မတော်ပုံစံလုပ်လို့မရဘူး။ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ စစ်သင်တန်း တက်ထားတဲ့ သူတွေ မဟုတ်ဘူး။ လေ့ကျင့်ထားတဲ့ စစ်သင်တန်းတက်ထားတဲ့ဆိုရင်တော့ အချိန်တိကျတာတို့ စည်းကမ်း တိကျတာတွေ ရှိမှာပေါ့။ စည်းကမ်းလိုက်နာမှု ပိုကောင်းမှာပေါ့။ အဲဒီတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်သူလူထုကို ကိုယ်စားပြုတဲ့သူတွေဖြစ်တဲ့အတွက် ဒီလောက် အသေးအမွှားလေးကို ခွင့်လွှတ်ရမယ်လို့ ပြောချင်တာပါ။
မေး။     ။ တပ်တော်သား ၂၅ ရာခိုင်နှုန်း လွှတ်တော်ထဲမှာ ရှိနေတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။
ဖြေ။     ။ ကျနော့် အမြင်ကတော့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက လွှတ်တော်ထဲမှာ အတိုင်း အတာ တခုထိတော့ ရှိသင့်ပါတယ်။ ဒါလည်း ကျနော်တို့ နိုင်ငံရဲ့ အရင်အတွေ့အကြုံတွေအရ ထည့်ထားတာပေါ။ လွှတ်လပ်ရေး ရပြီးတဲ့နောက် ပါလီမန် ဒီမိုကရေစီစနစ်မှာ အားနည်းခဲ့တာတွေ ရှိခဲ့လို့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေကို ထည့်ထားတာလို့ မြင်ပါတယ်။ အင်ဒိုနီးရှားမှာလည်း လုပ်ခဲ့တဲ့ သာဓကတွေရှိတော့၊ အတိုင်းအတာ တခုထိတော့ လိုပါတယ်။ အမြဲတမ်းတော့ မလိုပါဘူး။ အချိန် တခုရောက်ရင်တော့ လွှတ်တော်မှာရှိတဲ့ တပ်မတော် ကိုယ်စားလှယ်တွေကို ဖြုတ်ကို ဖြုတ်ရမှာပါ။ အမြဲတမ်းမလိုဘူး။ ဘယ်လောက်ကြာမလဲဆိုတာတော့ ပြောရခက် ပါတယ်။ တပ်မတော်ဆိုတာ ဘယ်လိုဖွဲ့စည်းထားတယ်ဆိုတာ ခင်ဗျားတို့လည်း သိနေတာပဲ။ တပ်မတော်ဆိုတာ အမိန့် နာခံတဲ့ အဖွဲ့အစည်းပဲ။ သူတို့ကတော့ သူတို့တာဝန် သူတို့လုပ်မှာပဲလေ။
မေး။     ။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကြံ့ခိုင်ရေး လွှတ်တော်ကိုယ်စားလှယ်တွေကြားမှာ အကွဲအပြဲတွေ ဖြစ်နေပြီဆိုပြီး နိုင်ငံရေးအသိုင်းအ၀ိုင်းက သုံးသပ်နေကြပါတယ်။ အဲဒါနဲ့ပတ်သက်လို့ အမြင် သိချင် ပါတယ်။
ဖြေ။     ။ တပ်မတော်က တပ်မတော်ပဲ။ ပြည်ခိုင်ဖြိုးက ပြည်ခိုင်ဖြိုးပဲ။ ကွဲတယ်လို့ ပြောလို့မရဘူး။ တပ်မတော်က နိုင်ငံ့ ၀န်ထမ်း အဖွဲ့အစည်းဖြစ်ပြီးတော့ ပြည်ခိုင်ဖြိုးက နိုင်ငံရေးပါတီလေ။ ကွဲတယ်၊ ပြဲတယ်ဆိုတာ မဟုတ် ပါဘူး။ သြဂုတ်လ ၂၃ ရက်နေ့ ဆွေးနွေးမှုက ပြည်ခိုင်ဖြိုးနဲ့ တပ်မတော် ပြဿနာမဟုတ်ပါဘူး။ တပ်မတော်သား ၂ ယောက်၊ ၃ ယောက်က ဆွေးနွေးတယ်။ ပါတီက ကျနော်ရယ်၊ ရခိုင်ပါတီက တယောက်ရယ်ဆွေးနွေးတယ်။ တပ်မတော်နဲ့ ပြည်ခိုင်ဖြိုး ကွဲတယ် လို့တော့ ပြောလို့မရဘူး။
မေး။     ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဖို့ အခု ဘာတွေပြင်ဆင်နေပြီလဲ။
ဖြေ။     ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဖို့က ပြင်စရာရှိတာတော့ ပြင်ရမှာပဲ။ ပါတီတခုနဲ့ ပါတီတခု အမြင်မတူဘူး။ သို့သော်လည်း ပြင်သင့်တာတွေ ရှိတယ်ဆိုတာ ကျနော်တို့ပါတီတွေကရော၊ ကျန်တဲ့ပါတီတွေကရော လက်ခံ ပါတယ်။ ဘာတွေ ပြင်ရမှာလဲဆိုတာတော့ ရှိကြမှာပဲ။ ပြင်တော့ ပြင်ရမှာပေါ့။
ကိုရီးယားနဲ့ ဂျပန်ကို တရုတ် နှာတစ်ဖျား သာတော့မလား
LG Samsung နဲ့ Sony တို့ကို စိန်ခေါ်ဝင့်သူ
လောလောလတ်လတ် ယခု လပိုင်းအတွင်းမှာကို မိုဘိုင်းဖုန်း တိုက်ပွဲတွေထဲမှာ ကိုရီးယားက Samsung နဲ့ LG... ဂျပန်က Sony တို့ အပြိုင်ကြဲပြီး သူတပြန်ကိုယ်တစ်ပြန် အသာမပေးရအောင် ဟဲဘီးဝိတ် ဖုန်းတွေ ထုတ်လို့ ပွဲကြမ်းနေကြတာ တွေ့နေရမှာ ဖြစ်ပါတယ်။
ပထမဆုံး LG က G2 ကို ထုတ်ပြီး စိန်ခေါ်ပွဲစခဲ့တဲ့ အချိန်မှာ Sony က Xperia Z1 ကို ထုတ်ပြီး တုန့်ုပြန်လိုက်ပါတယ်။ အချိန်ပိုင်းလေး အတွင်းမှာတင် Mobile Giant ကြီး ဖြစ်တဲ့ Samsung ကလည်း အကောင်းစား လက်နက် အဖြစ် Note 3 ကို ထုတ်လို့ Power ပြပြန်ပါတယ်။
လက်ရှိ LG Sony နဲ့ Samsung တို့ Premium Phone တိုက်ပွဲထဲ ၀င်ခဲ့ကြပြီး၊ မကြာခင် ရက်ပိုင်းမှာလဲ ထပ်မံ ထွက်ပေါ်လာဦးမဲ့ အမေရိကန်ရဲ့ iPhone 5S ကြီးကလည်း ဘာတွေ ဖြစ်လာမလဲ လို့ တစ်ကမ္ဘာလုံးက စောင့်ကြည့်နေကြတဲ့ အချိန်.. ရုတ်တရက် ဆိုသလိုပဲ တရုတ်ကြီးဆီက လူသစ်တန်းဖြစ်ပေမဲ့ ခပ်စွာစွာရှိလှတဲ့ Xiaomi က သူ့ရဲ့ အကောင်းစား လက်နက်အသစ်ကို ထုတ်လို့ မိုဘိုင်းတိုက်ပွဲ ကြိုးဝိုင်းထဲကို ၀င်လာပြန်ပါတယ်။
သူဘယ်သူလဲ Xiaomi?
( FYI: တရုတ်နိုင်ငံ Mobile လောကမှာ Xiaomi က အဆင့် ၆ဖြစ်ပြီး Apple က အဆင့် ၇ဖြစ်ပါသတဲ့.. )
မနစ်က မိုဘိုင်းလောကမှာ အကောင်းစား Specification နဲ့ ထုတ်လုပ်ခဲ့တဲ့ သူ့ရဲ့ Mi2 Smart Phone ဟာ Top Smart Phone စာရင်းဝင်ပါတယ်။ ဒိတ်ဒိတ်ကြဲ ပြိုင်ဘက်တွေတောင် သူ့လောက် ကောင်းအောင် Spec တွေ မထည့်နိုင်ခဲ့တဲ့ အချိန်မှာ Mi2 ဟာ အလန်းစား Hardware နဲ့ အသက်သာဆုံး ဈေးနှုန်းကို ချပြလိုက်ပြီး ပြိုင်ဘက်အားလုံးရဲ့ စိတ်ဝင်စားမှုကို အရယူခဲ့ပါတယ်။
အခု နှစ်မှာလည်း မကြာသေးခင်ကမှ Google က ထိပ်တန်း အရာရှိတစ်ယောက်ကို Xiaomi က ခေါ်ယူထားခဲ့လို့ အားလုံးက စိတ်ဝင်စားနေတဲ့အချိန် အခု သူ့ရဲ့ တတိယ မျိုးဆက်သစ် Mi3 ကို ထုတ်ဖော်ပြသကာ 2013 Smart Phone စစ်ပွဲကို ၀င်ရောက်လို့ လာခဲ့ပြန်ပါပြီ။
Specification
ဘာမှ မပြောခင် ဈေးနှုန်းအရ USD400 လောက်နဲ့ အောက်ပါ Spec တွေထပ်ဆင်ထားတဲ့ Phone တစ်လုံး ရမယ်ဆိုရင် ဒါဟာ ယုံတမ်းစကား လာပြောနေတယ်လို့ ထင်စရာပါ။
1. 2.3GHz quad-core Qualcomm Snapdragon 800 latest version 8974AB and Adreno330 (သို့မဟုတ်)
1. 1.8GHz quad-core NVIDIA Tegra 4 and NVIDIA GeForce
(Tegra 4 Processor ကို အသုံးပြုထားတဲ့ ပထမဦးဆုံးသော Smart phone)
2. 13MP Rare Camera and 2MP Front
3. 3050mA Battery
4. 2GB Ram
5. 64GB Storage
6. 5 Inch 441 PPi Display
ဒီပမာဏလောက် Hardware ပိုင်းမှာ ထည့်သွင်းထားပြီဆိုရင် LG G2 နဲ့ Xperia Z1 တို့ကို အသာလေး ယှဉ်နိုင်ပြီပေါ့။ ဈေးနှုန်းကရော USD 400 လောက်ဆိုတော့ ဘယ်လိုဆုံးဖြတ်ကြပါမလဲ.. (Mi2 တုန်းကလည်း ထုတ်ပြီးပြီးချင်း ချက်ခြင်း Stock အကုန်ကုန်အောင် ရောင်းလိုက်ရလို့ ထပ်တောင်စောင့်ပြီး ၀ယ်ကြရတယ်လို့ ဆိုပါတယ်။)
သေချာပါတယ် တရုတ်နိုင်ငံက Xiamoi ကလည်း ဒိတ်ဒိတ်ကြဲဆိုတဲ့ ပြိုင်ဘက်တွေထဲမှာ ထည့်တွက်ရဖို့ မဖြစ်မနေ လိုအပ်နေပါပြီ။ လူဦးရေ အများဆုံးရှိတဲ့ တရုတ်နိုင်ငံမှာထုတ်တာဆိုတော့ ဈေးကလည်း အသက်သာဆုံးနဲ့ ထုတ်နိုင်ခဲ့တာဆိုတော့ ဒါဟာ ပြိုင်ဘက်တွေထပ် နှာတစ်ဖျားမက သာနေတာတော့ အမှန်ပါပဲ..
Update( မြန်မာမိုဘိုင်းဈေးကွက်မှာ Mi Phone တွေ ရောင်းတာ တွေ့ဖူးပါတယ်။ သို့ပေမဲ့ အဲ့ဒါတွေက အတုတွေပါ။ တရုတ်ဖုန်းကိုတောင် တရုတ်က ပြန်ပြီး အတုလုပ်ရလောက်အောင် တရုတ်နိုင်ငံမှာ တကယ်ပဲ Mi Phone တွေက နာမည်ကြီးပါတယ်။ အသုံးပြုသူတွေရဲ့ Comment တွေကို နားထောင်နိုင်ပါတယ်။)
ဟဲဘီးဝိတ် စမတ်မိုဘိုင်းဖုန်းပြိုင်ပွဲကတော့ ပိုပြီး ကြည့်ကောင်းလာတော့မှာ အမှန်ပါပဲ..
နောက်တစ်ပါတ်မှာရော ဘာတွေ ထွက်ပေါ်လာဦးမလဲ iPhone 5S, Google Nexus 5 နဲ့ တစ်ခြား ဘာတွေကများ မိုဘိုင်း အသုံးပြုသူတွေကို အံ့အားသင့်စေနိုင်ဦးမလဲ..
သေချာပါတယ်.. အခု အကောင်းဆုံးဆိုတာတွေထပ် ပိုကောင်းတဲ့ အသစ်တွေ ထပ်ကာထပ်ကာ ထွက်လာနေဦးမှာဆိုတော့ အတောမသတ်နိုင်တဲ့ လိုချင်မှုတွေကြား လက်ထဲရှိတဲ့ လက်ရှိအသုံးပြုနေတဲ့ ဟာကို အကောင်းဆုံးသာမှတ်ပြီး မျက်စိမှိတ်နေလိုက်တာကပဲ အကောင်းဆုံးဖြစ်တော့မယ် ထင်ပါတယ်။ သို့မဟုတ်လို့ကတော့ ရင်မောရင်း ရင်မောရင်း.. မချိတင်ကဲတွေ အမြဲပဲ ဖြစ်နေရလိမ့်ဦးမယ် မဟုတ်ပါလား..
THA: TSJ Tech Team
ထိုင်ဝမ် မုဆိုးမတစ်ဦးအိမ်ထောင်ရေး ဖောက်ပြန်မှုကြောင့် ထောင်ဒဏ် ၂၉၈ နှစ် ကျခံဖွယ်ရာရှိနေ
အိမ်ထောင်ရှိ အမျိုးသား တစ်ဦးနှင့် ဖောက်ပြန်မှုကြောင့် ထိုင်ဝမ် မုဆိုးမတစ်ဦး သည် သီအိုရီ အရထောင်ဒဏ် ၂၉၈ နှစ် ကျခံရမည့် အခြေအနေ ဖြစ်ခဲ့ကာ ထိုအငြင်း ပွား ဖွယ်ရာ အိမ်ထောင်ရေး ဖောက်ပြန်မှု ဥပဒေကို ပြန်လည် သုံးသပ်ရန် ကြိုးစား နေကြကြောင်း သိရှိရသည်။
 အသက် ၅၆ နှစ် အရွယ် အိမ် ထောင်မရှိ အမျိုးသမီး တစ်ဦးသည် အိမ်ထောင်ရှိ အိမ်နီးချင်း တစ်ဦးနှင့် ၅ နှစ် တာမျှ ဖောက်ပြန်ခဲ့ကြပြီး ယခုအချိန် တွင် ထောင်ဒဏ် ၂ နှစ် သို့မဟုတ် ဒဏ်ငွေကန်ဒေါ်လာ ၂၄၃ဝဝ (ထိုင်ဝမ် ဒေါ်လာ ၇၃ဝဝဝဝ) ပေး ဆောင်ရမည်ဟု တရားရုံး တစ်ရုံးက အမိန့် ချမှတ်ခဲ့သည်ဟု သိရသည်။
 အသက် ၅ဝ အရွယ် ဖောက်ပြန်သူ အမျိုးသားကိုမူ ၄င်း၏ ဇနီးသည် ကခွင့်လွှတ် ပေးရန် စဉ်းစားခဲ့ပြီး တရား စွဲဆိုမှုကို ရုပ်သိမ်း ခဲ့သောကြောင့် ပြစ်ဒဏ်မှ လွတ်ကင်း သက်သာမှု ရရှိခဲ့သည်။
 ယင်းဖြစ်စဉ်က အိမ်ထောင်ရေး ဖောက်ပြန်မှုကို ရာဇဝတ်မှုဟု သတ်မှတ်ခြင်း မှ ပယ်ဖျက်ပေးရန် တောင်းဆိုမှု များကို ဖြစ်စေခဲ့သည်။
 အိမ်ထောင်ရေး ဖောက်ပြန်မှုကို ရာဇဝတ်မှုဟု သတ်မှတ်သည့် အာရှနိုင်ငံ အချို့တွင် ထိုင်ဝမ် ပါရှိပြီး ယခုကဲ့သို့ ကိစ္စတွင် အမျိုးသမီး ကသာ ပြစ်ဒဏ် ချမှတ်ခြင်း ခံရ သည့် အကြောင်းရင်း ကို မေးခွန်းထုတ်မှုများ ရှိလာသည်။
 အိမ်ထောင်ရေး ဖောက်ပြန်မှုကို ရာဇဝတ်မှုဟု သတ်မှတ်ခြင်းမှ ပယ်ဖျက်ရန် လူထု စစ်တမ်း ကောက်ခံမှု တစ်ခု အား ထိုင်ဝမ် တရားရေး ဌာနက ကျင်းပ ခဲ့ရာ ၇၇ ဒသမ ၃ ရာခိုင်နှုန်းက ”မပယ်ဖျက်ရန်” ဆန္ဒပြုခဲ့ကြသည်။
Ref: Oneline news:Asia
 Popular Myanmar News Journal 
ခင်ဝင့်ဝါက မစ်အင်တာနက်ဆုရရင်ရတာအားလုံး ပရဟိတလုပ်ပြီးလှူမည်
မစ်စူပရာနေရှင်နယ်ပြိုင်ပွဲ ၀င်နေတဲ့ ခင်ဝင့်ဝါက
“Miss Internet ဆုရခဲ့ရင် ဆုရတဲ့ငွေအားလုံးကို ပရဟိတလုပ်ပြီး လှူပါမယ်ရှင့်။ ညီမကို မျှော်လင့်ချက် အားမာန်တွေယုံကြည်မှုတွေ ပျော်ရွှင်မှုတွေ အမြဲပေးနေတဲ့ပရိသတ်ကြီးရဲ့ ကျေးဇူးကို ညီမမမေ့ပါဘူး။ နိုင်ငံနဲ့ လူမျိုးအတွက် တာဝန်ကျေပွန်တဲ့ Miss Myanmar တစ်ယောက်ဖြစ်စေရမယ်လို့ ကတိပေးပါတယ်ရှင်။ ပရိသတ်ကြီးကို အရမ်းချစ်ပါတယ်ရှင့်.” လို့ သူမရဲ့ ဖေ့ဘွတ်မှာမှာဖေါ်ပြထားပါတယ်။
Photo: ခင်ဝင့်ဝါက မစ်အင်တာနက်ဆုရရင်ရတာအားလုံး ပရဟိတလုပ်ပြီးလှူမည် မစ်စူပရာနေရှင်နယ်ပြိုင်ပွဲ ၀င်နေတဲ့ ခင်ဝင့်ဝါက “Miss Internet ဆုရခဲ့ရင် ဆုရတဲ့ငွေအားလုံးကို ပရဟိတလုပ်ပြီး လှူပါမယ်ရှင့်။ ညီမကို မျှော်လင့်ချက် အားမာန်တွေယုံကြည်မှုတွေ ပျော်ရွှင်မှုတွေ အမြဲပေးနေတဲ့ပရိသတ်ကြီးရဲ့ ကျေးဇူးကို ညီမမမေ့ပါဘူး။ နိုင်ငံနဲ့ လူမျိုးအတွက် တာဝန်ကျေပွန်တဲ့ Miss Myanmar တစ်ယောက်ဖြစ်စေရမယ်လို့ ကတိပေးပါတယ်ရှင်။ ပရိသတ်ကြီးကို အရမ်းချစ်ပါတယ်ရှင့်.” လို့ သူမရဲ့ ဖေ့ဘွတ်မှာမှာဖေါ်ပြထားပါတယ်
ဆီးဂိမ်းပြိုင်ပွဲကျင်းပသည့် မြို့ကြီးလေးမြို့အတွက် တပ်ဆင်မည့် 4G စနစ်ဆီးဂိမ်းကာလအတွင်းသာ အသုံးပြုနိုင်မည်
ချိုကို | ကြာသပတေးနေ့၊ စက်တင်ဘာလ ၀၅ ရက် ၂၀၁၃ ခုနှစ် ၁၃ နာရီ ၀၉ မိနစ်
ဆီးဂိမ်း(အရှေ့တောင်အာရှအားကစား) ပြိုင်ပွဲကျင်းပမည့် ရန်ကုန်၊ မန္တလေး နေပြည်တော်နှင့် ငွေဆောင် ကမ်းခြေတို့တွင် မိုဘိုင်းဖုန်းများကို 4G စနစ်အသုံးပြုနိုင်ရန် တပ်ဆင်ဆောင်ရွက်နေပြီဖြစ်ရာ ယင်းစနစ်ကို ဆီးဂိမ်းကာလအတွင်းသာ အသုံးပြု၍ရနိုင်မည်ဖြစ်သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အထွေထွေ မန်နေဂျာ ဦးကျော်စိုးဝင်းက စက်တင်ဘာ ၄ ရက်တွင် ပြောသည်။
ယင်းသို့ မိုဘိုင်းနက်ခ်ဝပ်များတွင် 4G စနစ် အသုံးပြုနိုင်မည့်စီမံကိန်းကို ဂျပန်နိုင်ငံတကာပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီ JICA (Japan International Cooperation Agency) ၏ ထောက်ပံ့ကူညီမှုဖြင့် တပ်ဆင်မည်ဖြစ်ပြီး လာရောက်တပ်ဆင်မည့်နည်း ပညာကုမ္ပဏီများကို ဂျပန်နိုင်ငံတွင် တင်ဒါခေါ်ယူခဲ့ခြင်းဖြစ်သည်ဟု ဦးကျော်စိုးဝင်းက မဇ္ဈိမကို ပြောသည်။
အဆိုပါ 4G အင်တာနက်စနစ်များကို ဆီးဂိမ်းကာလအတွင်းသာ အသုံးပြုနိုင်မည်ဖြစ်ပြီး ဆီးဂိမ်းပြီးပါက မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းတွင် ဆက်လက်အသုံးပြုနိုင်ဦးမည်မဟုတ်ကြောင်းလည်း ဦးကျော်စိုးဝင်းက ပြောသည်။
၎င်းက “ဂျပန်ကတော့ မြန်မာနိုင်ငံကို ဆီးဂိမ်းပြီးသွားလည်း အသုံးပြုနိုင်ဖို့ ထောက်ပံ့ပြီး လှူဒါန်းလိုက်တာပါ။ ဒါပေမဲ့ ဆီးဂိမ်းပြီးသွားရင် မြန်မာ့ဆက်သွယ်ရေးအနေနဲ့ 4G (LTE) ကို တရားဝင်အသုံးပြုနိုင်ဖို့ Commercial Allow မရသေးဘူး”ဟု ပြောသည်။
“ဂျပန်အစိုးရနဲ့ မြန်မာအစိုးရစကားပြောပြီးတော့ JICA ဆိုတဲ့အဖွဲ့အစည်းက ဒီ 4G စနစ်ကို လှူဒါန်းပါမယ် ဆိုပြီး ထောက်ပံ့ပေးတာပါ။ အဲဒီ 4G တပ်ဆင်မယ့်ကုမ္ပဏီတွေကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနဲ့ ဂျပန် ပူးပေါင်းပြီးတော့ ဂျပန်မှာတင်ဒါခေါ်တာလုပ်တယ်။ တင်ဒါကို တရားဝင်ရွေးချယ်ပြီးတော့ မြန်မာနိုင်ငံမှာ 4G စနစ်လာတပ်မှာပါ ”ဟုလည်း ၎င်းက ဆက်ပြောသည်။
လက်ရှိပြည်တွင်းတွင် အသုံးပြုနေသော မိုဘိုင်းဖုန်းစနစ်များတွင် 3G စနစ်သည် အမြင့်ဆုံးအသုံးပြုသည့် စနစ်ဖြစ်သည်။ 4G စနစ် အသုံးပြုရန် ရေဒီယိုစခန်းများတပ်ဆင်ခြင်း လုပ်ငန်းကို စတင်ဆောင်ရွက်နေပြီ ဖြစ်ပြီး မကြာမီစမ်းသပ်အသုံးပြုမည်ဖြစ်သည်ဟုလည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
အဆိုပါစီမံကိန်းနှင့်ပတ်သက်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးခင်မောင်ထွန်းကလည်း “အဆောက်အအုံပြင်ဆင်ခြင်း၊ ဓာတ်အားရရှိရေးတို့ကို ဆောင်ရွက်နေပြီး မကြာခင် စက်ပစ္စည်းတွေကို တပ်ဆင်စမ်းသပ်ဆောင်ရွက်မှာဖြစ်ပါတယ်”ဟု စက်တင်ဘာ ၄ ရက်ထုတ် နိုင်ငံပိုင် သတင်းစာတွင် ပြောထားသည်။
ယင်းစနစ်အတွက် ရေဒီယိုစခန်းများ တည်ဆောက်ရာတွင် ရန်ကုန်မြို့အတွက် ၁၇ ခု၊ ငွေဆောင်တွင် တစ်ခု၊ နေပြည်တော် တွင် ၂၈ ခုနှင့် မန္တလေးတွင် လေးခုတပ်ဆင်ရန် စီစဉ်ဆောင်ရွက်နေသည်။
Mizzima - News in Burmese
ယာဉ်၏နောက်မှတွယ်စီးလိုက်ပါလာသူ ရွာအ၀င်ရှိ သတိပေးသစ်သားတန်းနှင့် တိုက်မိသဖြင့် ပြုတ်ကျသေဆုံး
ရန်ကုန်၊ စက်တင်ဘာ ၅
၎.၉.၂၀၁၃ ရက်နေ့ ၀၆၃၀ အချိန် ကော့မှူးမြို့နယ်၊ ကော့မှူး-ဒလ ကားလမ်းအတိုင်း ကော့မှူးဘက်မှ ဒလဘက်သို့ ယာဉ်မောင်း မြင့်ဇော် (ဘ)ဦးအောင်မြင့်၊ ကွမ်းခြံကုန်းမြို့နယ်နေသူ မောင်းနှင်လာသော
၅က/---- ဟိုင်းလတ်အငှားယာဉ်သည် ကျူတောချောင်ကျေးရွာ အရောက်တွင် ယာဉ်၏နောက်မှ တွယ်စီးလိုက်ပါလာသူ ဦးစံသိန်း (ဘ)ဦးညွန့်တင်၊ ကွမ်းခြံကုန်းမြို့နယ်နေသူမှာ ရွာအ၀င်ရှိ
(၃)တန်အထက်ယာဉ်မ၀င်ရဟုရေးသားထားသည့်သစ်သားတန်းနှင့် တိုက်မိပြီးယာဉ်ပေါ်မှပြုတ်ကျခဲ့ရာ ဦးစံသိန်းတွင် ဦးခေါင်းနောက်စေ့၌
ပေါက်ပြဲဒဏ်ရာရရှိခဲ့သဖြင့် အင်းစိန်ဆေးရုံသို့ပို့ဆောင်စဉ် လမ်းခရီးတွင် သေဆုံးသွားသောကြောင့် ယာဉ်မောင်းမြင့်ဇော်အား
ကော့မှူးမြို့မရဲစခန်း ယာဉ်(ပ) ၁၃/၂၀၁၃၊ ပုဒ်မ ၃၀၄-က ဖြင့် အရေးယူဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်းသတင်းရရှိပါသည်။
Yangon Police
အရက်သောက်ဖို့ ငါးမီးဖုတ်မပေး၍ ပြဿနာရှာသော ရေကြည်မြို့က ပြည်သူ့ရဲ
( 3.9.2013 )ရက် (အင်္ဂါနေ့ )ည ဂနာရီ၁၅မိနစ်အချိန်ခန့် တွင် ရေကြည်မြို့  ဒီပါရုံဘုရားဝန်းအတွင်း ရဲနှင့်ပြည်သူအချို့ ပဋိပက္ခဖြစ်ပွားခဲ့ခြင်း ဖြစ်စဉ်မှာ ၂.၉.၂၀၁၃ နေ့ လည် ၂နာရီ၃၅မိနစ်အချိန်ခန့် တွင် ဘုန်းကြီးတစ်ပါးမှ ဖုန်းဆက်ပြီး ဘုရားတန်စောင်းကြီးထဲတွင် ယောင်္ကျားတစ်ဦးနှင့်မိန်းမတစ်ဦး မဖွယ်မရာပြုမူနေသည်ကိုအကြောင်းကြားသဖြင့် ဘုရားကြီးကုန်းပိုင်းမှ လူငယ်သုံးလေးဦးခန့် မှသွားရောက်ကြည့်ရှုခဲ့ရာ ဘုရာဝန်းလုံခြုံရေးအတွက် တာဝန်ချထားသော ရဲဝန်ထမ်းတစ်ဦးနှင့် မိန်းမတစ်ဦးအား တွေ့ ရှိခဲ့ပါသဖြင့် ယခုကဲ့သို့ ဘုရားဝန်းအတွင်းမဖွယ်မရာပြုမူနေသည်မှာမသင့်တော်ပါကြောင်း ပြောဆိုတားမြစ်ခဲ့ရပါသည် ။ နောက်တစ်နေ့  (၃.၉.၂၀၁၃) အင်္ဂါနေ့ ညတွင် ဥပုတ်နေ့ မနက် သီလယူသည့်ဥပုတ်သည်များအား ကျွေးမွေးလှူဒါန်းရန်အတွက် ဘုရားကြီးကုန်းပိုင်းလူငယ်များအဖွဲ့ မုန့် ဟင်းခါးချက်ရန်ဝိုင်းဝန်းလုပ်ကိုင်နေစဉ် ၄င်းရဲဝန်ထမ်းနှင့် အပေါင်းအပါ ၅ဦး (ရဲဝန်ထမ်း ၂ဦး /အရပ်သား၃ဦး) တို့ မှ သူတို့ စားသောက်ရန် ထမင်း၅ပွဲ ပို့ ပေးရန်နှင့် အရက်နှင့်မြည်းရန် ငါးရံ့ အရှင်တစ်ကောင်အားမီးဖုတ်ပေးရန် အလှူအတွက်ချက်ပြုတ်နေသော အမျိုးသမီးများအားခိုင်းစေခဲ့ပါသည်။ခဏအကြာတွင် အလှူအတွက်ထင်းများသယ်ယူနေကြသော ကလေးငယ်များနောက်ပြောင်ဆော့ကစားသံကိုကြားပြီး ၄င်းရဲနှစ်ဦးမှ ကလေးငယ်တစ်ယောက်ကို နားညည်းသည်ဆိုပြီး ဆံပင်ဆွဲ ခြေထောက်ဖြင့်ဆောင့်ကန်ခဲ့ပါသည် ။ ချက်ပြုတ်နေကြသောအမျိုးသမီးများမှ မပြုလုပ်ပါရန်တောင်းပန်သောအခါ အဆိုပါရဲဝန်ထမ်းများမှ (ဖာသည်မတွေ နင်တို့ ပါးစပ်တွေပိတ်ထား စောက်စကားမများနဲ့ )ဟု ရိုင်းပြစွာဆဲဆိုခဲ့ပါသည်။ အဆိုပါရဲဝန်ထမ်းနှစ်ဦးမှဖုန်းဆက်ခေါ်ယူသဖြင့်နောက်ထပ်ရဲဝန်ထမ်း၇ဦး၈ဥိးခန့် ထပ်ရောက်လာပါသည် ။ ထိုသို့ ဖြစ်ပွားနေသည်ကိုကြားသိသော အနီးအနားမှ ဘုရားဂေါပကလူကြီးတစ်ဦးရောက်ရှိလာပြီး အဆိုပါရဲဝန်ထမ်းများအား တောင်းပန်ရာတွင် ၄င်းရဲများမှ ဂေါပကလူကြီးလည်းလာစရာစောက်ကြောင်းမရှိဘူးဟု ရိုင်းပြစွာပြောဆိုခဲ့ပါသည်။ ဂေါပကလူကြီးက ငါလည်းတာဝန်ရှိသူပါဆိုပြီးဝင်ရောက်ခဲ့ရပါသည်၊ အနီးအနားမှမခံမရပ်နိုင်ဖြစ်နေသော ယောင်္ကျားမိန်းမ လူ၇၀ခန့် လည်းစုဝေရောက်ရှိလာပြီး အခြေအနေတင်းမာခဲ့ရပါသည်။ ထို့ နောက် ဘုရာဂေါပကလူကြီးများ ၊ အောင်ဆန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ၊ ရေကြည်မြို့ နယ်လွှတ်တော်ကိုယ်စားလှယ် ၊ ရပ်မိရပ်ဖများ ၊ မီးသတ်ဦးစီး ၊ကျန်းမာရေးဌာနမှ)န်ထမ်းများ ၊ရဲအရာရှိများ ရောက်ရှိလာပြီး တင်းမာနေသောအခြေအနေကိုထိန်းသိမ်းခဲ့ရပါသည်။ ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ဥပဒေကိုတကယ်လေးစားလိုက်နာ၊အများပြည်သူ၏ယုံကြည်လေးစားမှုကိုခံယူလိုသော ရဲဝန်ထမ်းကောင်းများ၏ ဂုဏ်သိက္ခာကိုထိခိုက်စေခြင်း ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဟူသော အဖွဲ့ အစည်း၏ ဂုဏ်သိက္ခာကို ဆိုးဝါးစွာထိခိုက်စေနိုင်ပါသဖြင့် ဘုရားဝန်းအတွင်း အရက်သေစာသောက်စား ၊ မိန်းမများခေါ်ယူပျော်ပါး ၊ ပြည်သူအပေါ်အနိုင်အထက်ပြု ၊ရိုင်းပြခဲ့သောရဲဝန်ထမ်းများအား တပ်ဖွဲ့မှ ထိရောက်စွာအရေးယူပေးသင့်ပါကြောင်း တင်ပြလိုက်ရပါသည် ။
Myanmar News Update
မိမိ page ကို like လုပ်ဖို့ အချိန်တိုအတွင်းမှာ သူငယ်ချင်းတွေအများကြီးကို invite လုပ်နည်း
ကိုယ့်ရဲ့ page ကို like လုပ်ဖို့ invitation ပို့ရတာ ဘယ်လောက်ပျင်းဖို့ ကောင်းလဲဆိုတာ Facebook page ထောင်ထားတဲ့လူတွေ သိပါတယ်။ အခုတော့ အဲဒီဒုက္ခတွေကို သက်သာစေမယ့် အလွယ်နည်းလေးကို ဖော်ပြလိုက်ပါတယ်။
၁။ အရင်ဆုံး plugin တစ်ခုတင်ရပါမယ်၊ Mozilla အသုံးပြုတဲ့သူဆိုရင်တော့ (https://addons.mozilla.org/en-us/firefox/addon/facebook-select-all/) ကို သွားပြီးတော့ plugin ကို တင်လိုက်ပါ။ (firefox သုံးတဲ့လူဆိုရင်တော့ firefox ကို ပိတ်ပြီး ပြန်ဖွင့်ပေးရပါမယ်။)
Google Chrome browser ကို အသုံးပြုတဲ့သူဆိုရင်တော့
အခုအချိန်မှာ ဘာမှတင်စရာ မလိုသေးပါဘူး၊ ဒီအတိုင်း လုပ်သွားပါ။ အဆင့် ၅ ရောက်မှ လုပ်ပုံလုပ်နည်း ကွာသွားပါမယ်။
၂။ https://www.facebook.com/myanmarcnn ကို သွားလိုက်ပါ။ ပုံမှာပြထားတဲ့အတိုင်း See all ဆိုတာလေးကို နှိပ်ပေးပါ။
၃။ ပေါ်လာတဲ့ box ထဲကတစ်ဆင့် drop down list ကို နှိပ်ပြီးတော့ Search All Friends ကို ရွေးပေးပါ၊ ပုံမှာ ကြည့်နိုင်ပါတယ်။
၎။ search all friends ကို နှိပ်ပြီးပြီဆိုရင်၊ ဘေးဘက်က scroll bar ကို အောက်ဆုံးအထိရောက်အောင် ဆွဲချဖို့ လိုပါမယ်။ ပုံမှာ အနီနဲ့ ဝိုင်းထားတဲ့ နေရာက အောက်ဘက်ညွှန်နေတဲ့ မြှားလေးကို scroll bar အောက်ဆုံးရောက်တဲ့အထိ ဖိထားလိုက်ပါ။ (မြှားကို ဖိထားတဲ့အချိန်မှာ scroll bar အောက်ကိုရောက်တိုင်း သူငယ်ချင်းတွေ ထပ်ထွက်လာလို့ scroll bar က အပေါ်ကို ပြန်ရောက်သွားပါလိမ့်မယ်၊ ပြန်ရောက်သွားတိုင်း မြှားလေးကို ပြန်ပြန်ဖိထားပေးပါ၊ နောက်ဆုံး scroll bar က အပေါ်ပြန်မတက်တော့ဘဲ မြှားလေးရဲ့ အပေါ်မှာ ကပ်သွားပါလိမ့်မယ်။)
၅။ အခုအဆင့်ကတော့ automatic check လုပ်မယ့်အဆင့်ပဲဖြစ်ပါတယ်။
Firefox မှာဆိုရင် အောက်ကပုံမှာပြထားတဲ့ ကွန်ပျူတာရဲ့ ညာဘက်အောက် ထောင့်က အစိမ်းရောင် အမှန်ခြစ်ကလေးကို နှိပ်ပေးပါ။
Google Chrome မှာဆိုရင်တော့ keyboard ကနေ control ရယ် shift ရယ် j ရယ် (ctrl+sh+j) ကို တစ်ပြိုင်တည်း နှိပ်လိုက်ပါ။ ပေါ်လာတဲ့ box မှာ console ဆိုတာကို နှိပ်လိုက်ပါ။ ပြီးရင်တော့ အောက်က ကုဒ်ကို ကူးထည့်ပြီး Enter နှိပ်လိုက်ပါ။
javascript:elms=document.getElementsByName("checkableitems[]");for (i=0; i<elms.length;i++){if (elms[i].type="checkbox" )elms[i].click()};
၆။ ဒါဆိုရင်တော့ သူငယ်ချင်းတွေကို auto လိုက် check ပေးနေပါပြီ။ ကိုယ့်အကောင့်ထဲမှာ သူငယ်ချင်းများရင် များသလို စောင့်ရပါမယ်၊ တစ်ခြားဟာ တစ်ခုခုလုပ်နေရင်းနဲ့ စောင့်ပေါ့ဗျာ၊ တစ်အောင့်လောက်ကြာတော့မှာ ပြန်လာပြီးတော့ Submit ကိုနှိပ်လိုက်ပါ။ ဒါဆိုရင်တော့ မိတ်ဆွေရဲ့ သူငယ်ချင်းတွေအားလုံးကို page ကို လာ like လုပ်ဖို့ မပင်ပန်းဘဲ invite လုပ်ပြီးပါပြီ။
မလေးရှားတွင် ဓားဒဏ်ရာများနှင့် ခေါင်းပြတ်နေသော မြန်မာအမျိုးသားအလောင်းတွေ့
အမ်ဖန် ၊ စက်တင်ဘာ ၄ ။        ။မလေးရှားနိုင်ငံ ပန်ဒန် မီဝါရှိရေမြောင်းတစ်ခုအတွင်း ဓားဒဏ်ရာ များနှင့် ဆိုးဆိုး ရွားရွားခေါင်းဖြတ်ထားသော မြန်မာအမျိုးသားတစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ရသည် ဟု သိရသည်။ မြန်မာအမျိုးသား တစ်ဦး ၏ အလောင်းကို တွေ့ရှိရသည့် နေရာမှာ ဈေးဆိုင်တန်းတစ်ခု အနီးရှိ ရေမြောင်းတစ်ခုအတွင်း ဖြစ်ပြီး ဖြတ်သွားဖြတ်လာတို့ က တွေ့ရှိခဲ့ကြပြီးနောက် ရဲ တပ်ဖွဲ့ထံ အကြောင်းကြားခဲ့ ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့မှုခင်း ဆေးပညာ အဖွဲ့၏အဆိုအရ တွေ့ရှိရ သော မြန်မာအမျိုးသားအ လောင်း၏ ခန္ဓာကိုယ်နှင့်လက် များတွင် ဓားဒဏ်ရာအများ အပြားတွေ့ရှိခဲ့ရသည်ဟု ခရိုင် ရဲတပ်ဖွဲ့ အကြီးအကဲလက် ထောက်ကော်မရှင်နာ အမီရူဒင် ဂျာမာလူဒင် က ပြောကြား ခဲ့ သည်ဟု သိရသည်။
အလောင်း မှာ ပုပ်ပွလျက် ရှိရာ အနည်းဆုံးလွန်ခဲ့သည့် လေးရက်လောက်က အသတ် ခံရခြင်းဖြစ်ပြီး ဦးခေါင်းကို တိတိ ရိရိဖြတ်တောက်ထားခဲ့ကြောင်း၊ ကနဦးစစ်ဆေးမှုတွင် တွေ့ရှိ ချက်အရ အလောင်းကို အနီး အနားရှိ တစ်နေရာရာတွင် သတ် ဖြတ်ခဲ့ ခြင်း ဖြစ်ကြောင်း၊ သေဆုံး သူမြန်မာအမျိုးသားသည် အ သက် ၃ဝအရွယ်ခန့်ရှိပြီး အ လောင်းအား ခွဲစိတ်စစ်ဆေး မှုပြု၍ မည်သူမည်ဝါဖြစ်သည် ကို စစ်ဆေးဖော်ထုတ်သွားမည် ဖြစ်ကြောင်း မစ္စတာ အမီရူဒင် က ပြောကြားခဲ့သည်။
Ref: AFP
မိန်းကလေးတွေကို ပြန်ပေးဆွဲ သားမယား ပြုကျင့်ခဲ့သူ အဆုံးစီရင်သွား
လွန်ခဲ့တဲ့ ဆယ်နှစ်လောက်တုန်းက အမျိုးသမီးငယ် သုံးယောက်ကို ပြန်ပေးဆွဲခဲ့ပြီး ဆယ်စုနှစ် တခုနီးပါး သားမယား ပြုကျင့်ခဲ့တဲ့ အမေရိကန် ပြည်ထောင်စု အိုဟိုင်းရိုး ပြည်နယ်က Ariel Castro အေရီရယ် ကတ်စရို ဆိုသူဟာ ထောင်ထဲမှာ အိပ်ရာခင်းစကို သုံးပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတယ်လို့ သေမှုသေခင်း အရာရှိတယောက်က အတည်ပြု ပြောကြားလိုက်ပါတယ်။
သူ့ဟာ လွန်ခဲ့တဲ့ တလတုန်းကမှ သေဒဏ် ချမှတ်ခံထားရတာ ဖြစ်ပါတယ်။
မစ္စတာ ကတ်စရိုကို ထောင်ထဲမှာ အစောင့်အရှောက်နဲ့ ထားတာ ဖြစ်ပြီး နာရီဝက် တခါ စစ်ဆေးနေတာ ဖြစ်ပေမယ့် အမြဲမပြတ် ကြည့်ရှု နေတာတော့ မဟုတ်ဘူးလို့ သိရပါတယ်။
သူ့ကို စိတ်ရောဂါ ဆရာဝန်နဲ့ ကုသခွင့် ပေးဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမယ့် ထောင်အာဏာပိုင်တွေက ငြင်းပယ်ခဲ့တယ်လို့ သူ့ရှေ့နေတွေက ပြောပါတယ်။
သူဖမ်းဆီး ပြန်ပေးဆွဲထားတဲ့ အမျိုးသမီးတွေထဲက တယောက်က ထွက်ပြေးလွတ်မြောက်သွားပြီး အိမ်နားက လူတွေကို အကူအညီတောင်းမှုကြောင့် သူ့ကို ပြီးခဲ့တဲ့ မေလတုန်းက ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။
BBC
ခင်ဝင့်ဝါအနိုင်ရဖို့ မဲတွေ ဘယ်လို ဝယ်ထည့်မလဲ
ဘယ်လာရုစ်မှာ မယ်ပြိုင်ပွဲဝင်နေတဲ့ ခင်ဝင့်ဝါကို အင်တာနက်မှာ မဲထည့်လို့ရပါပြီ။
Miss Internet ဆု အတွက် ဖြစ်ပါတယ်။
တခါထည့်ရင် ၁ဝ မဲ ပေးနိုင်တဲ့အစီအစဉ်ပါ။
သို့သော်လည်း မဲထည့်တာ အခမဲ့တော့ မဟုတ်ပါဘူး။ အဲဒီ ၁ဝ မဲ အတွက် ၅ ဒေါ်လာ ကုန်ပါမယ်။
ဒီတော့ ခရက်ဒစ်ကတ်/ဘဏ်ကတ် သုံးရပါလိမ့်မယ်။
http://www.misssupranational.com/VotingPage.html ကို သွားရင် အထက်ပါအတိုင်း လျှောက်လွှာဖြည့်ရမှာပါ။
လိုအပ်တာတွေ ဖြည့်ပြီးရင် Vote ဆိုတာကို ကလစ်လိုက်ပါ။
ကိုယ့်အီးမေးကို အောက်ကစာ ရောက်လာတာ သိပ်မကြာခင်မှာ တွေ့ရပါလိမ့်မယ်။
Welcome!
Current status of the transaction ( OrderID: frtruf9 ) amounting to 5.00 U.S.$, made at "misssupranational.com" Payment Point is: start.
If you have any questions or problems regarding the transaction,
please contact us via e-mail: [email protected]
or phone: +48 32 7641832
This message is generated automatically.
Please do not reply.
Vote ကလစ်ပြီးရင် ချက်ချင်း ပေါ်လာမှာကတော့ အထက်က ပုံမှာ ပြထားတဲ့အကွက်တွေပါပဲ။
အဲဒီမှာ လိုအပ်တာတွေကို ရိုက်ထည့်ပါ။ ခရေပွင့်ပြထားတာတွေက မဖြစ်မနေ ဖြည့်ရမယ့်အကွက်တွေပါ။
ဆိုခဲ့သလိုပဲ .... ၁ဝ မဲ အတွက် ၅ ဒေါ်လာ ကုန်မယ်၊ များများထည့်ရင် များများ ကုန်ပါမယ်။
ဒီငွေတွေ ဘယ်ကို ရောက်မှာလဲ။
Miss Supranational ပြိုင်ပွဲကို စီစဉ်တဲ့သူထဲမှာ ပါဝင်တဲ့ Nowa Scena ဆိုတဲ့သူဆီကို ရောက်မယ်လို့ ယူဆပါတယ်။ Payment to Nowa Scena sp. z o.o. လို့ ဆိုထားပါတယ်။
ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်အပြည့်အစုံ၊ ဘဏ်ကတ် အကြွေးကတ် အချက်အလက်များ သူတို့ကို ပေးရမှာ ဆိုတော့ ဒီအချက်အလက်တွေ လုံခြုံရေးက စိတ်ချရပါ့မလား။ အင်း... ဒါကတော့ အဲဒီ မဲ စပြီး ထည့်တဲ့ စာမျက်နှာမှာ ပါတဲ့ စည်းကမ်းချက်များကို ဖတ်ပြီး ဆုံးဖြတ်ပါ။
Changes to this privacy policy Nowa Scena sp. z o.o. has the discretion to update this privacy policy at any time. When we do, we will revise the updated date at the bottom of this page. We encourage Users to frequently check this page for any changes to stay informed about how we are helping to protect the personal information we collect. You acknowledge and agree that it is your responsibility to review this privacy policy periodically and become aware of modifications. လို့လည်း ရေးထားပါတယ်။
ပြီးခဲ့တဲ့ မိနစ်ပိုင်းအထိတော့ မြန်မာပြည်သားတွေက မဲအများဆုံးပေးနေတာ တွေ့ရပါတယ်။
Myanmar        2180
Honduras    80
Macau        200
Thailand        730
Togo        10
Philippines    50
Poland        20
Puerto Rico    50
အခုချိန်အထိတော့ Miss Internet ဆု အတွက် မဲရောင်းချမှုမှာ ခင်ဝင့်ဝါကို အားပေးသူတွေ အများဆုံး ၀ယ်ယူနေတာ တွေ့ရမှာပါ။
ဆိုခဲ့သလိုပဲ ... လွန်ခဲ့တဲ့ ၁၅ မိနစ်က သူ ရရှိထားတဲ့ မဲအရေအတွက် 2,180 ရှိပါတယ်။
အခု ဒီပို့စ်ကို အင်တာနက် တင်မယ့်အချိန် ကြည့်လိုက်တော့ 2240 ရှိနေတာ တွေ့ရပါတယ်။
ခင်ဝင့်ဝါကို အားပေးသူတွေ ဘဏ်ကတ်၊ အကြွေးဝယ်ကတ်တွေသုံးပြီး မဲထည့်မှုဟာ ဒီထက်ပိုပြီး များလာဖွယ် ရှိပါတယ်။
မဲဝယ်နိုင်တာ နက်ဖန် နောက်ဆုံးပါပဲ။
နက်ဖန် ဗိုလ်လုပွဲရက် ကျော်ရင် မဲဝယ်လို့ ရကောင်း ရနိုင်ပါတယ်။
သို့သော်လည်း ပွဲက ပြီးသွားပြီဆိုတော့ မဲတော့ မရနိုင်တော့ပါဘူး။
မဲမရပေမယ့် ကိုယ့်ပိုက်ဆံကတော့ ပွဲစီစဉ်သူများ ယူသွားမှာ သေချာသလောက် ရှိပါတယ်။
သူတို့ ရမယ့် ငွေတွေကလည်း ပြိုင်ပွဲကုန်ကျစရိတ်အတွက် သုံးမယ်လို့ ယူဆရပါတယ်။
ဧရာဝတီ
ခင်ဝင့်ဝါ Miss Internet ဆုရခဲ့ရင် ..
Miss Supranational ပြိုင်ပွဲကို စီစဉ်သူတွေက သူတို့ဝက်ဆိုက်ကနေ တရားဝင် မဲပေးနိုင်တဲ့နည်းလမ်းကို ပြီးခဲ့တဲ့နာရီပိုင်းလေးတင် အောင်မြင်စွာ အကောင်အထည်ဖော်လိုက်ပါတယ်။
ပြိုင်ပွဲက ဗိုလ်လုပွဲနားကပ်နေပြီ၊ အခုမှ ဒီလို စီစဉ်တယ်ဆိုတော့ သူတို့ဆီမှာ နည်းပညာအခက်အခဲ ဖြစ်နေတာများလား။
(ခင်ဝင့်ဝါနဲ့ သူ့ပြိုင်ဘက်များ)
မဲထည့်နိုင်မယ့် နေရာက http://www.misssupranational.com/VotingPage.html ဖြစ်ပါတယ်။
မဲထည့်နိုင်တဲ့ နည်းလမ်းကို ဒီ ဧရာဝတီဘလော့ http://blog.irrawaddy.org/ မှာ လာမယ့်မိနစ်ပိုင်းအတွင်း  ဖော်ပြပေးပါမယ်။
အခုတော့ မြန်မာပြည်က သွားပြိုင်တဲ့ ခင်ဝင့်ဝါကတော့ ဖေ့စ်ဘုတ်ကနေ ပရိသတ်ကြီးကို အခုလို ပြောပြထားပါတယ် …
ညီမ အစက official voting မှာ မဲရဖို့ မမျှော်လင့်ခဲ့မိပါဘူး။
အဲဒါကလည်း ညီမကိုချစိတဲ့ပရိသတ်ကြီးကို စော်ကားတဲ့စိတ်နဲ့တွေးမိတာ မဟုတ်ပါဘူးနော်။ မြန်မာနိုင်ငံမှာ Credit/Debit Card အွန်လိုင်းငွေချေစနစ်ဆိုတာ မတွင်ကျယ်သလို ပရိသတ်ကြီး ပိုက်ဆံကုန်မှာစိုးလို့ ပါ။
နောက်ပြီး နိုင်ငံတကာက နိုင်ငံသားတိုင်းမှာက credit/debit card အားလုံးမှာရှိကြတယ်လေ။ အဲဒါကြောင့် မမျှော်မှန်းရဲခဲ့တာပါ။
အခု ညီမကို ချစ်တဲ့ ပြည်ပက မြန်မာမျိုးချစ်ပရိသတ်ကြီးတွေက ညီမအတွက် ပိုက်ဆံတွေအကုန်ခံပြီး မဲပေးကြတဲ့အတွက် ညီမ အတိုင်းမသိ ဝမ်းသာပျော်ရွှင်ရပါတယ်ရှင့်။
ပရိသတ်ကြီးတို့ ကုန်သွားတဲ့ပိုက်ဆံတွေ အလကား မဖြစ်ရအောင် ညီမ Miss Internet ဆုရခဲ့ရင် ဆုရတဲ့ငွေ အားလုံးကို ပရဟိတလုပ်ပြီး လှူပါမယ်ရှင့်။
ညီမကို မျှော်လင့်ချက် အားမာန်တွေယုံကြည်မှုတွေ ပျော်ရွှင်မှုတွေ အမြဲပေးနေတဲ့ပရိသတ်ကြီးရဲ့ ကျေးဇူးကို ညီမမမေ့ပါဘူး။
နိုင်ငံနဲ့ လူမျိုးအတွက် တာဝန်ကျေပွန်တဲ့ Miss Myanmar တစ်ယောက်ဖြစ်စေရမယ်လို့ ကတိပေးပါတယ်ရှင်။ ပရိသတ်ကြီးကို အရမ်းချစ်ပါတယ်ရှင့်…..
ဧရာဝတီ
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ရောင်းချမည့် တန်ဖိုးမျှတအိမ်ရာ အခန်းတစ်ခန်းလျှင် အနည်းဆုံး ကျပ်သိန်း ၂၀၀ ကျော် ပေးရမည်
ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်း ၄၂ ရပ်ကွက်တွင် တည်ဆောက်နေသည့် ဗိုလ်မင်းရောင် တန်ဖိုးမျှအိမ်ရာ စီမံကိန်းနေရာ
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဒဂုံမြို့သစ်မြောက်ပိုင်း ၄၈ ရပ်ကွက်၊ ဗိုလ်ဗထူးလမ်းတွင် Myanmar V Pile ကုမ္ပဏီလီမိတက်နှင့် ပူးပေါင်းဆောက်လုပ်နေသော ဗိုလ်ဗထူး တန်ဖိုးမျှတအိမ်ရာ စီမံကိန်းနှင့် ဒဂုံမြို့သစ်မြောက်ပိုင်း ၄၂ ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းတွင် အောင်မြင်တိုးတက် ဆောက်လုပ်ရေးနှင့် ပူးပေါင်းဆောက်လုပ်နေသော ဗိုလ်မင်းရောင် တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများမှ အခန်းများအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ရောင်းချပေးမည်ဖြစ်ရာ ၀ယ်ယူခွင့် လျှောက်လွှာများ စတင်လက်ခံနေပြီ ဖြစ်ကြောင်းနှင့် အဆိုပါစီမံကိန်း နှစ်ခုတွင် အခန်းပေါင်း ၈၀၀ ကျော် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
"အဲဒီစီမံကိန်းနှစ်ခုက ဆောက်လုပ်တုန်း ဆိုပေမယ့် အမြန်ဆုံး အကောင်အထည် ဖော်မှာဖြစ်တဲ့အတွက် လျှောက်လွှာတွေ စတင်လို့ ရနေပါပြီ၊ အခန်းဈေးနှုန်း တန်ဖိုးတွေ အနေနဲ့ကတော့ ကျပ်သိန်း ၂၀၀ ကျော်လောက်ကနေ စမယ်" ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
အခန်းများကို အရစ်ကျစနစ်ဖြင့် ဘဏ်များနှင့် ချိတ်ဆက်ရောင်းချ ပေးမည်ဖြစ်ပြီး အရစ်ကျ ပေးသွင်းရမည့် နှစ်ကာလကိုလည်း သင့်လျော်သော နှစ်ကာလဖြစ်အောင် စီစဉ်ပေးသွားမည် ဖြစ်ကြောင်းလည်း အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။
ရန်ကုန်မြို့၌ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ပုဂ္ဂလိက ကုမ္ပဏီများနှင့် ပူးပေါင်း၍ တန်ဖိုးမျှတအိမ်ရာ စီမံကိန်း စုစုပေါင်းလေးခု အကောင်အထည်ဖော်ရန် စီစဉ်ထားပြီး ဗိုလ်ဗထူး စီမံကိန်း၊ ဗိုလ်မင်းရောင် စီမံကိန်းအပြင် ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ၆၂ ရပ်ကွက် ဧရာဝဏ်လမ်းနှင့် ပြည်ထောင်စုလမ်းထောင့်တွင် ဧရာဝဏ် တန်ဖိုးမျှတ အိမ်ရာစီမံကိန်းနှင့် ဒဂုံမြို့သစ် အရှေ့ပိုင်း ၁၃၀ ရပ်ကွက်တွင် မင်းရဲကျော်စွာ တန်ဖိုးမျှတ အိမ်ရာစီမံကိန်းတို့ ဖြစ်ကြောင်းနှင့် ယင်းစီမံကိန်းများမှ အခန်းများအား မြေဖိုးမပါဘဲ တည်ဆောက်မှု ကုန်ကျစရိတ်များအတိုင်း ရောင်းချပေးမည် ဖြစ်ကြောင်းလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ထားသည်။
သို့သော် တန်ဖိုးမျှတ အိမ်ရာစီမံကိန်း တည်ဆောက်ထားသည့် နေရာမှာ မြို့စွန်နေရာဖြစ်ပြီး ရောင်းချပေးမည့် ဈေးနှုန်းအနေဖြင့် ကျပ်သိန်း ၂၀၀ ကျော်မှ စတင်မည် ဖြစ်သောကြောင့် သင့်လျော်မှု မရှိကြောင်းလည်း ဝေဖန်မှုများ ရှိနေသည်။
"၄၈ ရပ်ကွက်က ဗိုလ်ဗထူးအိမ်ရာ စီမံကိန်းက မြောက်ဥက္ကလာတို့ ဘာတို့နဲ့ နည်းနည်းနီးတဲ့လမ်းပေါ် ဖြစ်ပေမယ့် ၄၂ ရပ်ကွက်က ဗိုလ်မင်းရောင်အိမ်ရာ စီမံကိန်းကတော့ ဟိုးအတွင်းပိုင်း ချောင်ထဲကို ရောက်နေတယ်။ ဆောက်ထားတဲ့ နေရာတွေက ကျောင်း၊ ဈေး၊ ဘတ်စ်ကားရော အဆင်ပြေမလား ထည့်စဉ်းစားရမယ်။ ပေးရမယ့်ဈေးက ကျပ်သိန်း ၂၀၀ ကျော် အနည်းဆုံးဆိုတော့ ၀ယ်နိုင်မယ့် အခြေအနေ မရှိဘူး" ဟု လက်ရှိအိမ်ငှားရမ်း နေထိုင်သူ ကုမ္ပဏီဝန်ထမ်း တစ်ဦးက ဆိုပါသည်။
ရန်ကုန်မြို့တော်တွင် အိမ်ရာလိုအပ်ချက် မြင့်မားလာပြီး အိမ်ထောင်စု တိုးပွားလာမှုမှာ အိမ်ရာဆောက်လုပ်ပေးနိုင်မှု၏ သုံးဆခန့်ဖြစ်နေပြီး တိုက်ခန်းဈေးနှုန်းများလည်း မြင့်တက်လာကြောင်း၊ ထို့အတွက် အိမ်ရာစီမံကိန်းများ အကောင်အထည် ဖော်နေရာ မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးမှုဦးစီးဌာနမှ တည်ဆောက်နေသည့် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်ရှိ ရတနာနှင့် ဧရာဝဏ် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများတွင်လည်း အခန်းဈေးနှုန်းများမှာ ကျပ်သိန်း ၂၀၀ ခန့်အထိ ပါဝင်၍ သာမန်အခြေခံ လူတန်းစားများ လက်လှမ်းမမှီသည့် ဈေးနှုန်းများ ဖြစ်နေကြောင်း သိရသည်။
News Eleven
မဈေးသတ်မှတ်မည့်သတင်းကြောင့် ရန်ကုန်မြေဈေးထိုးကျ မန္တလေးတွင် တက်မြဲတက်နေ
မြေဈေးသတ်မှတ်မည့်သတင်းကြောင့် ရန်ကုန်မြေဈေးထိုးကျ မန္တလေးတွင် တက်မြဲတက်နေ
အစိုးရ က မြေဈေးသတ်မှတ်တော့မည် ဟူသောသတင်းကြောင့် ရန်ကုန် မြေဈေးနှုန်းများ ကျဆင်းသွား သော်လည်း မန္တလေးအိမ်ခြံမြေ ဈေးနှုန်းများအပေါ်တွင် သက် ရောက်မှုမရှိသည့်အပြင် အတက် ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေ ကြောင်း မန္တလေးအခြေစိုက် အိမ် ခြံမြေလုပ်ငန်းရှင်အသိုင်းအဝိုင်း ထံမှ သိရသည်။
နိုင်ငံတော်သမ္မတရုံး ဝန် ကြီးဦးစိုးသိန်းက မြေဈေးနှုန်းများ ကို အစိုးရကသတ်မှတ်တော့မည် ဟု နေပြည်တော်တွင် မီဒီယာတွေ့ ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ် သည်။
ယင်း ပြောဆိုချက်ကြောင့် ရန်ကုန် အိမ်ခြံမြေလုပ်ငန်းများ အကြား ဈေးနှုန်းအပြောင်းအလဲ များ ဖြစ်ပေါ်ခဲ့သော်လည်း မန္တလေး အိမ်ခြံဈေးကွက်တွင် လှုပ်ခတ်မှု မရှိဘဲ အတက်ဈေးများဖြင့်သာ အရောင်းအဝယ်ဖြစ်နေဆဲဟု မန္တလေးအခြေစိုက် အိမ်ခြံမြေ လုပ်ငန်းရှင် ဦးကျော်ဝင်းထံမှသိ ရသည်။
ဦးကျော်ဝင်းက ''အစိုးရ ပိုင်းက သူ့ရဲ့လုပ်ပိုင်ခွင့်နဲ့သူလုပ် တာဆိုပေမယ့် လက်ရှိဖြစ်နေတာ က ဒီမှာ အရောင်းအဝယ်တွေ ကောင်းနေဆဲပါပဲ။ ဈေးလဲသိပ် ကျတယ်ဆိုတာမတွေ့ရပါဘူး။ အခု တရုတ်ကုန်သည်တွေဆိုရင် လယ်မြေတွေကို အနည်းဆုံးဧက ၂၀ဝလောက်ကနေ ၁၀၀ဝလောက် ကိုဝယ်နေတာ ဈေးကလဲ အကျ ဘက်မှာမတွေ့ရဘူး။ ဂရန်မြေ တွေဆိုရင် နေရာအနှံ့အရောင်း အဝယ်တွေရှိနေဆဲပါ''ဟု ထပ် မံပြောသည်။
ယင်းက ဆက်လက်ပြောဆို ရာတွင် မန္တလေးအိမ်ခြံမြေဈေး ကွက်အတွင်း အရောင်းအဝယ် ဖြစ်နေသော ဂရန်မြေကွက်များ တွင် နေရာအကွက်အကွင်းနှင့် ကျုံးပတ်ဝန်းကျင်ဒေသ၊ ကျွဲဆည် ကန်၊ ရဲမွန်တောင်နှင့် ထန်းကိုးပင် ဒေသတစ်ဝိုက် မြေကွက်များမှာ ကျပ်သိန်း ၁၀၀ဝမှစတင်ကာ သိန်း ၂၅၀၀ အကြားအထိဈေး ကောင်းရနေဆဲဖြစ်ကြောင်း သိ ရသည်။
မန္တလေး အိမ်ခြံမြေလုပ်ငန်း များမှာ ကျောက်ကုန်သည်ပွဲစား များ၊ ကောက်ပဲသီးနှံအရောင်း အဝယ်ဖြစ်မှုတို့အပေါ်မူတည်ကာ အိမ်အရောင်းအဝယ်ဖြစ်ထွန်း ကြောင်း၊ လက်ရှိအချိန်ထိ ယင်း အိမ်ခြံမြေလုပ်ငန်းများမှ ဆက် လက်အားကောင်းနေရာ မြို့ကွက် ကျဉ်းမြောင်းမှုကြောင့် ဝယ်လို အားကောင်းနေ၍ ဈေးမကျခြင်း ဖြစ်သည်ဟု လုပ်ငန်းရှင်များထံ မှ သိရသည်။
အိမ်ခြံမြေလုပ်ငန်းရှင် ဦး တင်ဦးက ''အစိုးရက မြေဈေးသတ် မှတ်တယ်လို့ ပြောနေတယ်ဆိုပေ မယ့် တချို့လုပ်ငန်းရှင်တွေက သူ တို့နဲ့နီးစပ်တဲ့လုပ်ငန်းရှင်တွေရှိ နေတော့ ဒါကိုအောင်မြင်အောင် အကောင်အထည်ဖော်ဖို့ကျတော့ အတော်လေးလုပ်ယူရဦးမယ်။ အစိုးရက မြေဈေးသတ်မှတ်တာ ထက်ကို တန်ဖိုးနည်းအိမ်ရာတွေ ဆောက်ပေးတာနဲ့ မြို့ကွက်ချဲ့ ထွင်တာတွေကပဲ အိမ်ခြံမြေဈေး ကြီးမြင့်မှုကို ပိုပြီးထိန်းကျောင်း နိုင်မယ်''ဟု ပြောသည်။
အစိုးရ၏ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ ပိုမိုဝင်ရောက်နိုင်ရန် အတွက် အိမ်ခြံမြေဈေးအား ထိန်း ကျောင်းလုပ်ဆောင်သည်ဟုဆို စေကာမူ အိမ်နီးချင်းတရုတ်နိုင် ငံတွင်လည်း ထိုကဲ့သို့ထိန်းကျောင်း လုပ်ဆောင်သည့်မူဝါဒကို အ ကောင်အထည်ဖော်သော်လည်း အောင်မြင်မှုမရဘဲ အိမ်ခြံမြေ ဈေးများမှာ ယခုအချိန်အထိ ခိုင် မာနေဆဲဖြစ်သည်ဟု ဆိုသည်။
Ref : Yangon Media Group
ဆီးရီးယားကို တိုက်ခိုက်မယ့်အစီအစဉ် အမေရိကန်လူထုသဘောမတူ
ဓာတုလက်နက်တွေ အသုံးပြုခဲ့တယ်ဆိုပြီး ဆီးရီးယားအပေါ် စစ်ရေးအရ အရေးယူဖို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barak Obama) နဲ့ ထိပ်တန်းလွှတ်တော် အမတ်တချို့က အခိုင်အမာ ထောက်ခံနေကြပေမဲ့ အမေရိကန် လူထုက လက်ခံအောင် လုပ်ဖို့တော့ လိုအပ်နေဆဲ ဖြစ်ပါတယ်။
Washington Post သတင်းစာနဲ့ ABC News ရုပ်သံဌာနတို့ရဲ့ လူထုစစ်တမ်း မှာတော့ ဆီးရီးယား အစိုးရကို မစ်ဇိုင်းဒုံးပျံတွေနဲ့ တိုက်ခိုက်မယ့် အစီအစဉ်ကို ဆန့်ကျင်သူ ၅၉ ရာခိုင်နှုန်းနဲ့ ထောက်ခံသူက ၃၆ ရာခိုင်နှုန်းသာ ရှိနေတာကို
တွေ့ခဲ့ရတာပါ။
ဗြိတိန်နဲ့ ပြင်သစ်တို့လို တခြားမဟာမိတ် နိုင်ငံတွေနဲ့အတူ လေကြောင်း ထိုးစစ်ဆင်မယ် ဆိုရင်တော့ ထောက်ခံသူက ၄၆ ရာခိုင်နှုန်း ရှိပါတယ်။ ထင်ရှားတဲ့ Pew သုတေသနဌာနရဲ့ စစ်တမ်းမှာတော့ လေကြောင်းက တိုက်ခိုက်မှုကို ကန့်ကွက်သူ ၄၈ ရာခိုင်နှုန်းနဲ့ ထောက်ခံသူ ၂၉ ရာခိုင်နှုန်းသာ ရှိနေတာပါ။
စစ်တမ်းကောက်ခံမှုရဲ့ ၇၄ ရာခိုင်နှုန်းကတော့ လေကြောင်း ထိုးစစ်တွေကြောင့် အမေရိကန် ဆန့်ကျင်တဲ့အမြင်တွေ ပေါ်ပေါက်နိုင်တယ်လို့ မြင်ကြသလို၊ ၆၁ ရာခိုင်နှုန်းကတော့ အမေရိကန်အနေနဲ့ စစ်ပွဲမှာ ရေရှည်ပါဝင်သွားရမယ့် အခြေအနေမျိုး ဖြစ်လာနိုင်တယ်လို့ ယူဆကြပါတယ်။
စစ်တမ်း ၂ ခုစလုံးကိုတော့ စစ်ရေးအရ အရေးယူမယ့် အစီအစဉ်တွေကို ထောက်ခံမှုရအောင် သမ္မတ အိုဘားမားနဲ့ ထိပ်တန်း အစိုးရအရာရှိတွေ နောက်ဆုံးအကြိမ် ကြိုးပမ်းခဲ့တဲ့ အချိန်မတိုင်မီ သြဂုတ်လ ၂၉ ရက်နေ့ကနေ စက်တင်ဘာလ ၁ ရက်နေ့အတွင်း လူပေါင်း ၁ ထောင်ကျော်ရဲ့ သဘောထားတွေကို အခြေခံစစ်တမ်း ကောက်ယူထားတာ ဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
ရန်ကုန်မြို့ ပြဖွံ့ ဖြိုးမှုစီမံကိန်းတွင် အဓိကပါဝင်သော မင်းဓမ္မလမ်း ဒုတိယဗဟိုစီးပွားရေးဇုန်ပုံစံ ရေးဆွဲပြီးဖြစ်
ရန်ကုန်မြို့ ပြဖွံ့ ဖြိုးမှုစီမံကိန်းတွင် အဓိကပါဝင်သော မင်းဓမ္မလမ်း ဒုတိယဗဟိုစီးပွားရေးဇုန်ပုံစံ ရေးဆွဲပြီးဖြစ်
ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ မင်းဓမ္မ လမ်းတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ဒုတိယဗဟိုစီးပွားရေးဇုန်စီမံကိန်းပုံစံ (Plan) အား ရေးဆွဲပြီးဖြစ်ကြောင်း ယင်းစီမံ ကိန်းရေးဆွဲသူ ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ(YCDC)၊ အကြံပေး၊ မြို့ပြ စီမံကိန်းပညာရှင် ဒေါက်တာကျော်လတ်က မဇ္ဈိမသို့ ပြောသည်။
ယင်းစီမံကိန်းအတွက် ဂျပန်နိုင်ငံမှ နည်းပညာရပ်ဆိုင်ရာအကူအညီပေးခြင်းများ ရပ် ဆိုင်းလိုက်သော်လည်း လက်ရှိအချိန်တွင် အဆိုပါစီမံကိန်းအား ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ(YCDC)က ရပ်ဆိုင်း ထားခြင်းမရှိဘဲ ဆက်လက်အကောင်အထည် ဖောေ် ဆာင်ရွက်လျက်ရှိကြောင်း ဆိုသည်။
ဒေါက်တာကျော်လတ်က ''မင်းဓမ္မလမ်း ဒုတိယစီးပွားရေးဇုန်ကို ဆက်လုပ်နေတယ်။ ပုံ လည်း ဆွဲပြီးသွားပါပြီ။ ဂျပန်က မကူညီဘူး ဆိုပေမယ့်လည်း ကျွန်တော်တို့ ဆက်လက် ဆောင်ရွက်နေပါတယ်''ဟု ပြောသည်။
ဂျပန်နိုင်ငံမှ မူလက အကူအညီပေးမည် ဆိုသည်မှာ ရေပေးရေးစီမံကိန်း၊ လမ်းဖောက် လုပ်ခြင်းဆိုင်ရာနည်းပညာရပ်များ ကူညီပေး မည်ဟု ဆိုထားခြင်းသာဖြစ်ပြီး လက်ရှိတွင်မူ မကူညီတော့ဟု ဆိုခြင်းသာဖြစ်ကြောင်း ဒေါက် တာကျော်လတ်က ဆက်လက်ပြောသည်။
စီမံကိန်းကို ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ(့ဃီဃ)ပိုင်မြေများနှင့် အခြားဝန်ကြီးဌာနပိုင် မြေဧရိယာများတွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ် ပြီး အခြားဝန်ကြီးဌာနပိုင် မြေဧရိယာများနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းလျက်ရှိကြောင်း ဆိုသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ(YCDC) ပိုင် မြေ ဧက ၅ဝ-၆ဝ ဝန်း ကျင်ရှိပြီး အခြားဝန်ကြီးဌာနပိုင် မြေဧက ၂ဝဝ ဝန်းကျင်ခန့်ရှိသည်။ အဆိုပါဒုတိယစီးပွားရေး ဇုန်စီမံကိန်းတွင် ဟိုတယ်များ၊ ရှော့ပင်းမော များနှင့် အိမ်ရာများ ပါဝင်မည်ဖြစ်သည်။
စီမံကိန်းအတွက် ပါဝင်လျက်ရှိသော ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) မှ ငှားရမ်း ထားသည့ှ်ိ မင်းဓမ္မ လမ်းရှိ ပန်းဆိုင်များအား သာကေတမြို့နယ်ရှိ ယမုံနာ လမ်းသို့ ပြောင်းရွှေ့ရန် ၂ဝ၁၂ ခုနှစ်အတွင်း တွင် ညွှန်ကြားထားသော်လည်း အချို့ပန်းဆိုင် များမှာ လက်ရှိအချိန်အထိ ပြောင်းရွှေ့ရခြင်း မရှိသေးကြောင်း ပန်းဆိုင်များမှ သိရှိရသည်။
မင်းဓမ္မ ဒုတိယဗဟိုစီးပွားရေးဇုန်သည် ရန်ကုန်မြို့ပြဖွံ့ဖြိုးမှုမဟာဗျူဟာစီမံကိန်းတွင် ပါဝင်သည့် ၂ဝ၁၈ မဟာရန်ကုန်ဖွံ့ဖြိုးတိုးတက် ရန် ဦးစားပေးအစီအစဉ်များအနက် မြို့ပြဖွံ့ ဖြိုးတိုးတက်ရေးကဏ္ဍတွင် အဓိကပါဝင်သော စီမံကိန်းတစ်ခုဖြစ်ပြီး ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ(YCDC)မှ အကောင် အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်သည်။
Mizzima
ကျွန်တော့်ပိုက်ဆံ သိန်း ၃၀ ပြန်ရဖို့ ဦးလေးတို့ ကူညီကြပါ
တောင်ငူ ၊ စက်တင်ဘာ ၄ ။      ။ ပဲခူး တိုင်းဒေသကြီး တောင်ငူမြို့နယ် သောက်ရေခပ်ဆည် စီမံကိန်းနယ် မြေမှ ဖယ်ရှားခံခဲ့ရသော ထုံးဘို ကျေးရွာ အိမ်ခြေ ၉၃အိမ်အတွက် သက်ဆိုင်ရာကုမ္ပဏီမှ နစ်နာကြေး အဖြစ် တစ်အိမ်ထောင်လျှင် ကျပ် သိန်း၃ဝ နှုန်းဖြင့် ကာယကံရှင်များ လက်ဝယ်သို့ အတိအကျပေးအပ် ခဲ့ပြီးဖြစ်သော်လည်း အသက်၁၃ နှစ်အရွယ်ရှိ မောင်ဇော်ဝင်းမောင် ဆိုသူမှာ ၄င်းတို့အိမ်အတွက်ရရှိ ခဲ့သောကျပ်သိန်း၃ဝအား သက် ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး က ပြန်လည် တောင်းယူသွားခြင်း ကို ခံလိုက်ရကြောင်း သိရသည်။
''ကုမ္ပဏီက လူကြီးတွေက ကျွန်တော့်ကို တခြားလူတွေလိုပဲ သိန်း၃ဝပေးခဲ့တာပါ။ ကျွန်တော် ကိုယ်တိုင် ကျွန်တော့်လက်နဲ့သွား ယူခဲ့ရတာပါ။ ရွာလူကြီး ဦးအောင် ထွန်းဝင်းက အဲဒီငွေတွေ မင်းနဲ့ မဆိုင်ဘူး။ လာပြန်ပေးလို့တောင်း တာနဲ့ သိန်း ၃ဝလုံး သွားပေးလိုက် ရတယ်။ သုံးသိန်းကျွန်တော့်ကိုပြန်ပေး တယ်။ ကျွန်တော်မကျေနပ်ဘူး။ ကျွန်တော့်အဖေက တခြားမှာအ လုပ်သွားလုပ်ရင်း နောက်အိမ် ထောင်ပြုသွားပြီ။ ရွာကို ပြန်မလာ တော့ဘူး။ အမေကလဲဆုံးသွားပြီ။ ကျွန်တော့် မှာ အသက် ၁၀ နှစ်အ ရွယ် ညီမလေးတစ်ဦးရှိတယ်။ ကျွန် တော်တို့ မောင်နှမနှစ်ဦး အဒေါ့် အိမ်မှာကပ်နေရတယ်။ စီးပွားရေး က အဆင်မပြေဘူး။ ကျွန်တော့် ငွေ သိန်း ၃ဝကိုပြန်လိုချင်တယ်။ ဦးလေးတို့ ကျွန်တော့်ကို ကူညီပေး ကြပါ''ဟု  မောင်ဇော်ဝင်းမောင် က ပြောသည်။
မြန်မာနိုင်ငံ တောင်သူလယ် သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌဦးကျော်စွာစိုးက ''ကျွန်တော် တို့ ဒီကိစ္စကိုအမှန်တိုင်းဖြစ်ဖို့အ တွက် မြို့နယ်ပါတီရုံးအဖွဲ့ကနေ ရဲစခန်းမှာ အမှုဖွင့်ဖို့လုပ်နေတယ်။ ဥပဒေနှင့်အညီဖြစ်ဖို့အတွက် လုပ် တာပါ။ အုပ်ချုပ်ရေးမှူး ဆိုတာက ပြည်သူတွေကို ကာကွယ်စောင့် ရှောက်ဖို့အာဏာကိုသုံးပြီး ပြည် သူကို အသုံးမချရဘူးဆိုတာသိရ မယ်။ ဒီလိုမျိုးတွေလုပ်နေမယ်ဆို ရင် နိုင်ငံတော်အစိုးရပါ ထိခိုက် လာနိုင်တယ်။ အခုဖြစ်တဲ့ကလေး က ၁၃နှစ်ပဲရှိ သေးတယ်။ အခုက လေးကကြောက်တော့ ရပ်/ကျေး ပါတီအတွင်းရေးမှူးအိမ်မှာ ထား ရတယ်''ဟုပြောသည်။
''အဲဒီ ရပ်/ကျေးအုပ်ချုပ် ရေးမှူးက အေးရှားဝေါကုမ္ပဏီ လျော်ကြေးငွေတွေ ပေးတဲ့နေ့မှာ ပဲ  အခုလိုလျော်ကြေးငွေရအောင် ဝိုင်းကူညီခဲ့တဲ့ KNU အဖွဲ့တွေ၊NGO အဖွဲ့တွေ၊ အကျိုးဆောင် ပေးသူတွေအတွက် တစ်အိမ်ထောင် ကို ကျပ် ၅၀၀၀၀၀ စီ ပြန်ပေးရမယ်။ မပေးရင်နောင် ပြဿနာတစ်စုံ တစ်ခုဖြစ်လာရင် လိုက်ရှင်းမပေး ဘူးဆိုပြီး တောင်းပါတယ်။ ကျွန်တော် တို့လဲ ကြောက်ပြီး ပေးကြရပါတယ်။ အိမ် ၉၂အိမ်အတွက် ကျပ်သိန်း ၄၆ဝနဲ့ မောင်ဇော်ဝင်းမောင်က ကျပ် သိန်း ၃၀ အားလုံး ငွေကျပ်သိန်း ပေါင်း ၄၉၀ ကို ကျေးရွာအုပ်ချုပ် ရေးမှူးနှင့်အဖွဲ့က အဲဒီနေ့ကပဲ ယူသွားကြပါတယ်။ ဒီကနေ့အထိ ဘာစာရင်းဇယားမှ မရှင်းပြပါဘူး။ ဒီကိစ္စကို နိုင်ငံတော်အကြီးအကဲ တွေသိအောင် ဆက်ပြီး တင်ပြအ ကူအညီ တောင်းခံသွားမှာပါ'' ဟု ထုံးဘိုကျေးရွာနေ စောအယ်မှူး ကလည်း တောင်သူလယ်သ မားပါတီတာဝန်ရှိသူများနှင့်တွေ့ ဆုံစဉ်ရင်ဖွင့်ပြောကြားခဲ့ကြောင်း သိရသည်။
ကိုဆွေ
Yangon Media Group 
ယာဉ်မောင်းအိပ်ငိုက်၍ ၁၂ ဘီးကုန်တင်ယာဉ် ဇေယျဝတီနတ်စင်ချောင်း အတွင်း ထိုးကျ
ပဲခူးတိုင်း ဒေသကြီး ဖြူးမြို့နယ် ၊ ရန်ကုန် - မန္တလေး ကားလမ်း မိုင်တိုင် အမှတ် (၁၄၅/၁) ကြား နတ်စင်ချောင်း တံတားအနီး တောင်ဘက် ကပ်လျက်တွင် ရန်ကုန်မှ မွေးမြူရေး ကြက်စာများ တင်ဆောင်၍ မန္တလေး ဘက်သို့ မောင်းနှင် လာသော နစ်ဆန်းထရပ် ၁၂ ဘီးယာဉ် သည်
ယမန်နေ့ နံနက် ၄ နာရီ ခန့်တွင် ယာဉ်မောင်း အိပ်ငိုက်၍ နတ်စင် တံတား ၀ဲဘက်ချောင်း ထဲသို့ ထိုးကျ ခဲ့သဖြင့် ယာဉ်၏ ရှေ့ဘီးများ ပြုတ် ထွက်ပြီး ရှေ့ပိုင်း ပျက်စီးသွား ခဲ့ကြောင်း သိရသည်။
ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက် မှာ မော်တော်ယာဉ်အား အခင်းဖြစ် သည့် နေရာတွင် ထားခဲ့ပြီး ထွက်ပြေး တိမ်းရှောင် သွားသဖြင့် အမှုကို ဇေယျဝတီ ရဲစခန်း မှ ယာဉ် (ပ) ၁၁/ ၂၀၁၃ ပြစ်မှု ဥပဒေ ပုဒ်မ ၂၇၉ အရ အမှုဖွင့်လှစ်၍ စုံစမ်း စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
The Myawady Daily
ငုံးဥရဲ့ ကျန်းမာရေး အစွမ်း
ငုံးဥကိုတော့ မသိတဲ့ လူဆိုတာ ရှားပါတယ်။
ဒါပေမယ့် ငုံးဥထဲမှာ ဆိုရင် ဘယ်လို အာဟာရများစွာ ပါဝင်တာကိုတော့ သိတဲ့သူ ရှားပါးပါလိမ့်မယ်။ ငုံးဥထဲမှာ ပါတဲ့ အာဟာရ တန်းဖိုးဟာ ဆိုရင် ကြက်ဥ နှစ်လုံးစာနဲ့ ညီမျှတယ် ဆိုတာကော သိကြ ပါသလား။ ငုံးဥဟာ လူ့ရဲ့ အဆုတ်နဲ့ သရက်ရွက်ကို အားကောင်း စေပါတယ်။ ငုံးဥကို စားသုံးသင့်တဲ့ သူတွေကတော့ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ သွေးအားနည်းတဲ့ သူတွေ၊ ချူချာတဲ့သူနဲ့ မီးဖွားပြီး ခါစ မိခင်လောင်းတို့ပဲ ဖြစ်ပါတယ်။ ဦးနှောက် သွေးကြော ရှိတဲ့ သူတွေကတော့ ငုံးဥကို ပမာဏများစွာ မစားသင့်ပါဘူး။ ငုံးဥမှာ ပရိုတင်း၊အဆီ၊သံဓာတ် လက်စီသင် (Lecithin)၊ vitamin-A ၊ vitamin-B1 ၊ B2 calcium ၊ မီးစုန်းဓာတ်၊ ဆိုဒီယမ်၊ မဂ္ဂနီဆီယမ်၊ ခယ်လီယမ်၊ ကန့်ညို (ဆီလီနီယမ်)၊ သတ္တုဓာတ်နဲ့ ကိုလက်စထရောတွေ လုံလောက်စွာ ပါဝင်ပါတယ်။ ငုံးဥ၀ယ်ရာမှ လတ်ဆတ်ဖို့က အရေးကြီး ပါတယ်။ အက်နေတဲ့၊ အချိန်ကြာနေတဲ့ ငုံးဥကို မ၀ယ်ဖို့ သတိထား ရပါမယ်။ ငုံးဥကို ၀ယ်ပြီးနောက် ရေခဲသေတ္တာထဲ သိမ်းထားပါ။ ၀ယ်တဲ့နေ့က စပြီး လ၀က်စာ အချိန်ထက် ကျော်ရင် အဲဒီငုံးဥကို လွင့်ပစ် လိုက်ပါ။
ငုံးဥကို စားမယ်ဆိုရင် တစ်နေ့မှာ ၃လုံးကနေ ၅လုံးထိ စားသုံးဖို့ သင့်လျော် ပါတယ်။ ငုံးဥမှာပါတဲ့ vitamin-B ဟာ ဆီးချိုရောဂါကို ကူညီ ကုသပေးပါတယ်။ အဲဒါအပြင် ဖောရောင်ခြင်းနဲ့ အူလမ်းကြောင်း နာခြင်းကိုပါ ကုသ ပေးနိုင်တယ်။ ငုံးဥမှာ အဆီနဲ့ ကိုလက်စထရောတွေ ပါဝင် တာကြောင့် ၀နေတဲ့ ကိုယ်အလေးချိန်ကို ထိန်းပေး နိုင်ပါတယ်။ပါဝင်တဲ့ ဓာတ်တွေကြောင့် သွေးကျစေပြီး သွေးကြော ကောင်းမွန်အောင် ကာကွယ် ထိန်းပေးတယ်။ သွေးကြောမှာ သွေးခဲခြင်း၊ သွေးခဲတာကြောင့် သွေးဖတ်ပိတ်ခြင်း တွေကို ကာကွယ်ပေး ပါတယ်။ နှလုံးသွေးကြော ရောဂါ သည် တွေရဲ့ အားဖြည့် အစာလည်း ဖြစ်ပါတယ်။ ပါဝင်တဲ့ လက်စီသင်ဟာ ကြက်ဥထဲမှာ ပါဝင်တာထက် ၃၊၄ ဆ ပိုပါတယ်။ ငုံးဥဟာ သန္ဓေသားနဲ့ ကလေးငယ်တွေ အတွက် အားကောင်းစေတာ မို့လို့ ကိုယ်ဝန်ဆောင် မိခင်တွေ ငုံးဥကို များများ စားပေး သင့်ပါတယ်။
၁။ ငုံးဥနဲ့ နွားနို့ကို တွဲစားမယ်ဆိုရင် သွေးအားနည်းသူ၊ ကိုယ်ခန္ဓာ အင်အား ချည့်နဲ့နေသူ၊ အစာအိမ် အားနည်းနေသူ အတွက် အကျိုး ရှိပါတယ်။
၂။ ငုံးဥဆန်ပြုတ် စားမယ်ဆိုရင် သွေးတိုး သမားကို သွေးကျ စေပါမယ်။ ပြီးရင် အသည်းနဲ့ ကျောက်ကပ်ကို အားဖြည့် ပေးပါတယ်။
၃။ ငုံးဥနဲ့ တရုတ် ကြက်သွန်မြိတ်ကြော် တွဲစားရင် ကျောက်ကပ် အားနည်းခြင်း၊ ခါးနာခြင်း၊ ပန်းသေ ပန်းညိုးခြင်းကို ပြန်လှည် ကောင်း မွန်စေဖို့ ပြုပြင်ပေးပါတယ်။ တီဘီရောဂါ၊ အဆုတ် အားနည်းပြီး ချောင်းအကြာကြီး ဆိုးနေ သူတွေကို ကောင်းမွန်အောင် တဖြည်းဖြည်း ရှင်းပေ နိုင်ပါတယ်။
ဒါပေမယ့် ငုံးဥကို လိမ္မော်င်္သီးနဲ့ တွဲမစား သင့်ပါဘူး။ တွဲစားမိရင်တော့ ၀မ်းပျက်ခြင်း၊ ၀မ်းဖော ရောင်ခြင်းနဲ့ အစာမကြေခြင်းကို ဖြစ်ပေါ် စေပါတယ်။ ပြီးဒါနဲ့ ငုံးဥကို ၀က်အသည်းနဲ့ တွဲမစားမိဖို့ လိုအပ်ပါတယ်။ စားမိရင်တော့ လိပ်ခေါင်းရောဂါ ဖြစ်ပွားတတ်ပြီး အမည်း စက်တွေ ထွက်ပေါ် လာနိုင်ပါတယ်။
ငုံးဥအကြောင်းကို စုံသလောက်တော့ ပြောပြီးပါပြီ။ ရှည်သွားရင်တော့ ခွင့်လွှတ်ပါ။
ဗဟုသုတ စွယ်စုံကျမ်း
Credit to ;ကျန်းမာရေးစာတိုများစုစည်းမှု
အွန်လိုင်းမှာ ဓာတ်ပုံပြင်ရန် အကောင်းဆုံး ဝဘ်ဆိုဒ် ၅ ခု
Photoshop Skill မရှိလို့ ဓာတ်ပုံမပြင်ရတော့ဘူးဆိုတာမျိုး မရှိပါဘူး။ Third Party App ကောင်းကောင်းလေးတွေ ရှိပါတယ်။ ဖုန်းမှာလည်း ဖုန်း အလျောက်၊ ကွန်ပြူတာမှာလည်း ကွန်ပြူတာ အလျောက် ပုံပြင်လို့ ကောင်းတဲ့ ဆိုဒ်တွေ အများကြီးပါ။
သုံးရလည်း လွယ်သလို၊ ဓာတ်ပုံကို လွယ်လွယ်ကူကူနဲ့ ခပ်ကောင်းကောင်း ပြင်လို့ ရပါတယ်။ ဒီတော့ အွန်လိုင်း ဝဘ်ဆိုဒ်ကနေ ဓာတ်ပုံ ပြင်ဖို့အတွက် ခေါင်းစားနေသူများအတွက် လူသုံးများတဲ့ ဆိုဒ် များကို မျှဝေ ပေးလိုက် ရပါတယ်။
http://pixenate.com/
http://ipiccy.com/
http://pixlr.com/
http://fotoflexer.com/
www.picmonkey.com
Aung Kham (TSJ team)
BlackBerry ကုမ္မဏီကိုလည်း ရောင်းတော့မည်
တကယ်ရောင်းတော့မှာပါ။ သို့ပေမယ့် ကုမ္မဏီတစ်ခုလုံးကို လုပ်ငန်း တစ်စိတ်တစ်ပိုင်းကိုပဲလား ဆိုတာတော့ သေချာ မသိသေးပါဘူး။ အများစုခန့်မှန်းချက်အရ ကတော့ Blackberry ဟာ မိုဘိုင်းဖုန်း Division ကို ရောင်းပြီး Blackberry Messaging Service လောက်ကိုပဲ BBM ကုမ္မဏီအမည်နဲ့ ဆက်လုပ်သွားနိုင်ချေ ရှိကြောင်း သိရပါတယ်။
Nokia ကို Microsoft အား ဝယ်ယူလိုက်ခြင်းနဲ့အတူ Blackberry ရဲ့  ရောင်းထုတ်မယ့် သတင်း ကလည်း ပြန့်နှံ့ နေပါပြီ။ Blackberrry ဘုတ်အဖွဲ့ဝင်များမှ ထွက်ရှိလာတဲ့ သတင်း ဖြစ်ပါ တယ်။ နိုဝင်ဘာလ ကို နောက်ဆုံး ထားလို့ ကုမ္မဏီကို ရောင်းချဖို့တောင် စီစဉ်ထားကြောင်း ဆိုပါတယ်။ Blackberry ဟာလည်း စမတ်ဖုန်း ဈေးကွက် မှာ နေရာတစ်ခုရဖို့အတွက် ကြိုးစားပန်းစားအားထုတ်နေတဲ့ ကုမ္မဏီတစ်ခုပါပဲ။ Apple, Samsung, HTC, Sony နဲ့ Huawei တို့ရဲ့  ကြီးစိုးမှုဒဏ်မှ လွတ်ရုန်းဖို့ မလွယ်လောက်ပါဘူး။ နည်းပညာ အသစ်များ တစ်နေ့ထက် တစ်နေ့ မရိုးနိုင်အောင် ကြိုးစားပေမယ့် Blackberry OS ဟာ လူသုံးနည်းတဲ့ မိုဘိုင်း OS တစ်ခု အဖြစ် ရှိနေပါသေးတယ်။
Android , iOS တို့ရဲ့  ကြီးမားတဲ့ ဈေးကွက်ကို တဖြည်းဖြည်း ယှဉ်ပြိုင် လာတာက Windows Phone OS ပါ။ Blackberry OS လည်း ပါဝင်ပါတယ်။ သို့ပေမယ့် ဝမ်းနည်းစရာပါပဲ။ နှစ်မကုန်ခင် ကုမ္မဏီကို ရောင်းထုတ် ဖို့က သေချာနေပြီ ဖြစ်ပါတယ်။ Blackberry စမတ်ဖုန်း ကုမ္မဏီကိုလည်း အခြား နာမည်ကြီး နည်းပညာ ကုမ္မဏီတစ်ခုသို့သာ ရောင်းချမှာ ဖြစ် တယ်လို့လည်း ကြားသိ ရပါတယ်။
.
Ref: pocketlint
Aung Kham (TSJ team)
နောက်ဆုံးထွက် Samsung Glaxy Note 3ကို Note 2 နဲ့ ယှဉ်ကြည့်မယ်
Generally ပဲ ယှဉ်လို့ရအုံးမှာပါ။ အသေးစိတ် နှိုင်းယှဉ်ကျတော့ မျက်စိရှေ့ ရောက်လာမှ စမ်းသပ်လို့ ရမှာမို့ပါ။ မနေ့ညမှ ဘာလင်မှာ မိတ်ဆက်သွား ပုံအရ အသစ်ပါလာတဲ့ Specification များကိုပဲ ၂၀၁၂ ခုနှစ်က Samsung Galaxy Note 2 နဲ့ ဘာတွေများ ကွာသွားလဲ ဆိုတာကိုသာ လေ့လာကြည့်ရမှာပါ။
မျက်နှာပြင် (Display)
၅.၇ လက်မ အရွယ်ဖြစ်သွားပါတယ်။ အရင်က ၅.၅ လက်မ ဖြစ်ပြီး ၀.၂ လက်မ တိုးသွားပါတယ်။ မျက်နှာ ပြင် ကြီးသွားလို့ Resolution က နည်းမသွားပဲ သိသိသာသာတောင် တိုးလာပါတယ်။ Full HD မှာကိုမှ 386 ppi အရည်အသွေး ရှိပြီး ယခင် Note 2 တုန်းက 267 ppi ပဲ ရှိခဲ့တာပါ။ ဒါကြောင့် ပိုပြီး Sharp ဖြစ်တဲ့ ပုံရိပ်တွေကို မြင်တွေ့ရဖို့ သံသယ ဝင်စရာ မရှိ ပါဘူး။
Processing Power
Processor မှာလည်း သိသိသာသာကြီးကို မြင့်တက်သွား ပါတယ်။ မြင့်တက်ဆိုလို့ လေပေါ်ပစ်လိုက်တာကို ပြောတာ မဟုတ်ဘူးနော်။ Speed မြန်သွားတာပါ။ 2.3 GHz quad core Qualcomm Snapdragon 800 processor ကို အသုံးပြု ထားပါတယ်။ S4 တုန်းကတော့ 1.6 နဲ့ 1.9 GHz ပဲရှိခဲ့တာ Note 3 Speed အမြန်ဆုံး စမတ်ဖုန်း ဖြစ်လာမယ် ထင်ပါတယ်။ သူတို့အခေါ်တော့ Phablet ပေါ့။ ဖုန်း+တက်ဘလတ် = ဖတ်ဘလတ် မျိုးနွယ်မှာ အကောင်းဆုံး ပါလို့တောင် ကြွေးကျော် နေပါပြီ။
သူ့ကိုယှဉ်မယ့် Phablet တွေကို လည်း မြင်ယောင် နေမိ ပါသေးတယ်။ RAM က 2GB မဟုတ်တာ့ဘူး။ 3GB လေ။ လက်ရှိ သုံးနေတဲ့ ကွန်ပြူတာ အများစုတောင် RAM က 2GB ပဲ ရှိတာ 3GB RAM ဆိုတော့ တော်တော် Performance ကောင်းမယ့် အမျိုးပါ။ Data များများယူပြီး အလုပ်လုပ်ရတဲ့ Application တွေလောက်ကတော့ သူက အေးဆေး နိုင်မှာပါ။ Note 2 တုန်းက 1.6 GHz ပဲ ရှိခဲ့တာ ဖြစ်ပါတယ်။ Processor က ၂ မျိုးပါ။ တစ်ချို့နိုင်ငံအတွက်က 2.3GHz quad-core (LTE) နှင့် တစ်ခြားနိုင်ငံတွေအတွက်က 1.9 GHz octa-core (3G) [S4 processor နဲ့ တူတာကို တွေ့ရမှာ ဖြစ်ပါတယ်]
Memory and Battery
Note 2 မှာတုန်းက 16 GB ဗားရှင်းထွက်တယ်။ ယခု Note 3 မှာ 32 နဲ့ 64 ပဲ ရေးသား ထားတာ တွေ့ရပါတယ်။ SD ကဒ်ကတော့ ထုံးစံအတိုင်း 64GB အထိ တိုးနိုင်တာပါပဲ။ ဘက်ထရီ ကတော့ သိပ်ထူးခြား မသွားဘူး။ အရင်က 3100 mAh, ယခု Note 3 အသစ်က 3200 mAh ဆိုတော့ တစ်ရာလောက်ပဲ တိုးပါတယ်။ တစ်ရာပဲ တိုးဆို Power usage plan က အရင်ကထပ် သက်သာပါကြောင်း ဘာလင်မှာ တရားဝင် ပြောဆို သွားလို့ ဖြစ်ပါတယ်။
ကင်မရာ
ကင်မရာ လည်း အားလုံး ခန့်မှန်းထားတဲ့အတိုင်း မှန်ပါတယ်။ 13 Megapixel အရည်အသွေးရှိတဲ့ ကင်မရာ ဖြစ်ပါတယ်။ Note 2 မှာတုန်းက 8 Megapixel ပဲရှိခဲ့တာ။ ရိုးရိုးလေး တွေးရင်တောင် Note 3 က ပိုကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ရနိုင်ပါတယ်။ low light performance, stablilisation, powerful flash, Ultra HD video Capture အစရှိသဖြင့် ဘာလင်က မိတ်ဆွဲပွဲမှာ ထည့်ကြွား သွားပါတယ်။ ရှေ့ ကင်မရာ ကလည်း 2 megapixel တောင် အရည်အသွေး ရှိပါတယ်။
ဒီဇိုင်း
ဒီဇိုင်းလည်း သိသိသာသာကြီးကို ပြောင်းသွားပါတယ်။ ဒါကလည်း ထုံးစံပဲလေ။ Note 1 နဲ့ Note 2 တောင် ဒီဇိုင်း သိသိသာသာ ကွဲသွားတာပဲ။ Note 1 က Note 2 ထက် အရပ်ပုပြီး ပိုဝတယ်။ Note 2 က ရှည်မျောမျော ဘဝကို ရောက်သွားရော။ ယခုလည်း Note 3 ကလည်း ရှည်မျော်မျော် ပါပဲ။ သို့ပေမယ့် ထောင့်စွန်းက အရင်လောက် လုံးမနေတော့ပဲ လေးထာင့် နည်းနည်း ဆံလာပါတယ်။ ဒီတော့ Samsung Galaxy S2 ရဲ့  အကိုကြီး လားလို့တောင် မြင်မိသယောင် ရှိပါတယ်။ (ပုံသဏ္ဍာန်အရ ပြောတာနော်) technical အရ တိတိကျကျ ပြောရရင် Note 3 က 151.2 x 79.2 x 8.3mm, အရင် Note 2 က 151.1 x 80.5 x 9.4mm . ဘာမှတော့ သိပ်အကွာကြီးမဟုတ်ပါဘူး။ အဓိက ကွာသွားမှာ အရည်အသွေးပါ။ ဝိတ်လည်း ကျသွား ပါတယ်။ လောလောဆယ် အဖြူ၊ အနက်၊ အပန်း အရောင် ၃ ရောင်နဲ့ အရင်ထွက်မယ်လို့ ဆိုပါတယ်။
Software and Feature
Samsung Galaxy Note စီးရီးရဲ့  အခြား ဖတ်ဘလတ်များထက် ထူးခြားတဲ့ အချက်တစ်ခုက S Pen ပါဝင်မှုပါ။ သို့ပေမယ့် ဝန်ခံပါတယ်။ ကျနော်တို့တောင် S pen ကို တစ်လလုံးနေမှ တစ်ခေါက်တောင် ထုတ်သုံး ဖြစ်တာ မဟုတ်ပါဘူး။ သူငယ်ချင်းတွေ ရှေ့  ရောက်မှ S pen ပါတယ်ကွလို့ ပြပြီး ကြွားလေ့ ရှိပေမယ့် သူ့ရဲ့  အသုံးဝင်မှုက တော်တော်များများ လစ်လျူရှုမိနေကြပါတယ်။ ဒါကလည်း ကျနော်တို့မို့လို့ နေလိမ့်မယ်။ တစ်လောက နိုင်ငံခြားသားတွေနဲ့အတူထိုင်တဲ့အစည်းအဝေးမှာ Note 2 pen နဲ့ သေချာ Record လုပ်နေတဲ့ တိုးရစ်စ်တွေ တွေ့လိုက်တယ်။ ပြီးတေ့ သူတို့ စက်ရုံက ဒီဇိုင်းအချက်အလက်ကို Note book ထဲ သေချာ ထည့်ထားပြီး တစ်ခုချင်းကို အသေးစိတ် ပြသပါတယ်။ ကိုယ်တွေက Pen ကို သေချာတောင် ထုတ်ကြည့် ဖူးတာ မဟုတ်တော့ Note 2 ကို သနားတော့ သနားမိသား။
ယခု Note 3 မှာလည်း S Pen အတွက် ထူးခြားတဲ့ Feature အသစ်များစွာ ထည့်သွင်း ပေးထားပြန် ပါတယ်လို့ ဆိုပါတယ်။ Air Command တောင် ပါအုံးမတဲ့။ S pen အသစ်နဲ့ Task တွေ ပိုမို မြန်ဆန်စွာပြုလုပ်နိုင် မှာ ဖြစ်ပါကြောင်း ပေါ့။ Android ကလည်း မြင့်သွားပါပြီ။ Android 4.3 Jelly Bean ဖြစ်ပါတယ်။ နောက် အသစ်အသစ်တွေကို Upgrade ဖို့လည်း Samsung က မခက်ခဲပါဘူး။
Upgrade လုပ်မလား၊ ဝယ်မလား
အခြားဖုန်းတွေဆိုရင် အသစ်မဝယ်ပဲ ရှိရင်ဖုန်းကို ဆော့ဖ်ဝဲလေးတွေ Upgrade လုပ်ရုံနဲ့ မော်ဒယ်မြင့် ဖုန်း တစ်လုံးနဲ့ ယှဉ်လို့ရတယ်။ ကျနော်တောင် အဲ့လိုပဲ စဉ်းစားနေတာ။ Samsung Galaxy Note 3 က အဲ့လို မရတော့ဘူး။ Note 1 နဲ့ Note 2 တုန်းကဆို သိပ်မကွာဘူးလေ။ ယခု Note 3 က သိသိသာသာကို ကွာသွားပြီ။ အဓိက ကွာခြားမှုက RAM ။ ပြီးတော့ ကင်မရာ။ ပြီးတော့ Processor။ ပြောမယ်ဆို Hardware အရ အရမ်းမြင့်သွားတဲ့ အစိတ်အပိုင်းတွေ အင်မတန် များတယ်။ ဒီတော့ Note 3 ဟာ Note 3 ပါပဲ။ Upgrade လုပ်တာထက် ဝယ်တာပဲ ကောင်းမယ် ထင်ပါတယ်။
မြန်မာပြည်မှာဆိုရင်
လက်ရှိ မြန်မာပြည်မှာ တရားဝင်ဖြန့်ချိတဲ့ Samsung ကိုယ်စားလှယ်ကုမ္မဏီ ရှိနေပြီလေ။ Note 3 မိတ်ဆက် ပွဲကို တစ်ခမ်းတနား ကျင်းပအုံးမှာပါ။ Samsung Galaxy S4 တုန်းကလိုပေါ့။ Note 3 အတွက်လည်း ပွဲလုပ်အုံး မယ်လို့ သတင်းကြားသိ ရပါတယ်။ မျက်နှာပြင်လွဲရိုက်ပါတို့၊ အဆင့်မြင့်သော နေထိုင်မှုပုံစံတို့၊ ဖွံ့ဖြိုးတိုးတက်စေသူတို့လို Built in မြန်မာစာလည်း ပါဝင်အုံးမယ် ထင်ပါတယ်။
ဈေးနှုန်း
ဈေးနှုန်းကလည်း စိတ်ဝင်စားစရာ ပေါ့။ နိုင်ငံတကာရဲ့ ခန့်မှန်းချက် အရတော့ အမေရိကန်ဒေါ်လာ ၆၀၀ အောက်ထစ်ပါတဲ့။ ကျနော်ကတော့ ငွေ ၆ သိန်းခွဲထပ် ဈေးမကြီးပါစေနဲ့လို့ပဲ ဆုတောင်းနေမိပါတယ်။ အရင် Note 2 က မြန်မာပြည်မှာ ၅ သိန်းဝန်းကျင်လောက် ပေါက်ဈေး ရှိနေသေးတယ်။ အချို့ ဆိုင်တွေဆို ၅သိန်း ၃ သောင်းကနေတောင် မချသေးတာ တွေ့ခဲ့သေးပါတယ်။ Note 3 ဈေး တကယ်လည်း မကြီးလောက် ပါဘူး။ ၆သိန်း ဝန်းကျင်တော့ ရှိမှာပါ။ Note 3 အပေါ် စာဖတ်သူတို့ အမြင်လေးလည်း သိချင်ပါသေးတယ်။
.
အောင်ခမ်း (TSJ team)
စင်္ကာပူတွင် ရေကြီးမှုများ ဖြစ်ပေါ်
စင်္ကာပူနိုင်ငံတွင် ယနေ့နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေရာအများအပြားတွင် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သည်။ Commonwealth Drive နှင့် Commonwealth Avenue၊ Alexandra Road, Lorong Kismis, South Bridge လမ်းနှင့် Maxwell လမ်းဆုံ၊ Cuscaden လမ်းနှင့် Tomlinson လမ်းဆုံ၊ Ayer Rajah Expressway အမြန်လမ်းမ တစ်လျှောက်တို့တွင် ရေကြီးမှုများ ဖြစ်ပေါ်နေကြောင်း Channel NewsAsia
သတင်းက ပြောကြားသည်။ ရေကြီးမှုကြောင့် ယာဉ်အသွားအလာ ပိတ်ဆို့ကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
Planet Myanmar Network
ညောင်ရွက်ဖြင့် ဖုန်းဘတ်ထရီကို အားသွင်းနိုင်
သိပ္ပံပညာရှင်တွေရဲ့ လေ့လာမှုတွေ အရ ဖုန်းဘတ်ထရီများကို
ညောင်ရွက်ဖြင့် အားသွင်းနိုင်တယ်လို့ ဆိုပါတယ်။
သို့သော်လည်းပဲ ယုံကြည်တဲ့သူတွေဟာ အလွန်နည်းပါတယ်။
ဒါကြောင့် လူတွေ အမှန်တကယ် အသုံးပြုနိုင်အောင်
အောက်ပါ အတိုင်း ညွှန်ပြထား ပါတယ်။
၁။ ဖုန်းကာဗာကို ဖွင့်လိုက်ပါ။
၂။ ဖုန်းဘတ်ထရီကို ယူပါ။
၃။ စိမ်းစိုနေသော ညောင်ရွက်နှစ်ရွက်ကို ယူလိုက်ပါ။
၎။ ညောင်ရွက်၏ အရိုးကို ဘတ်ထရီ၏ ထိပ်သို့ ပုံမှာ ပြထားသည့် အတိုင်း
မီးနစ် အနည်းငယ် ထိုးလိုက်ပါ။
၅။ အဝတ်သန့်သန့်ဖြင့် ဘတ်ထရီကို သန့်ရှင်းရေး လုပ်ပါ။
၆။ ဘတ်ထရီကို ဖုန်းထဲသို့ ပြန်ထည့်လိုက်ပါ။
၇။ ထို့နောက် ဖုန်းကို ဖွင့်ပါ။
၈။ ထိုအခါ ဖုန်းအားများ ရရှိလာပါလိမ့်မယ်။
ဖုန်းအားသွင်းဖို့ အခက်အခဲ ဖြစ်သော တောတောင်ထဲမှာ
ဖုန်းဘတ္ထရီ မရှိပါက အထက်ပါ ဖော်ပြပါ အတိုင်း ပြုလုပ်ပါက
မိမိ၏ ဖုန်းအားကို ပြည့်လာစေပါလိမ့်မယ်။ သို့သော် ညောင်ရွက်ကလွဲပြီး
အခြားအရွက်များဖြင့် အသုံးပြုလို့ မရနိုင်ပါဘူး။
ရုက္ခဗေဒ ပညာရှင်တွေရဲ့ အဆိုအရ သစ်ပင်တွေမှာ ရှိတဲ့ စွမ်းအင်တွေနဲ့
လျှပ်စစ် စွမ်းအင်တွေဟာ တစ်ခုနှင့် တစ်ခု ပြန်အလှန် ဆက်စပ်နေတယ်လို့
ဆိုပါတယ်။
ကျော်လင်းနိုင် (ရိုးရာလေး)
ခင်ဝင့်ဝါ ကို စက်တင်ဘာ၆ရက်နေ့ နေ့လည်၁၂နာရီ မပိတ်ခင် Vote ပေးလို့ရနိုင်
“ပရိသတ်ပိုက်ဆံကုန်မှာစိုးရိမ်သူခင်ဝင့်ဝါofficialvotingမှာထိပ်ဆုံးရောက်နေ၊
2310ကျော်မဲရနေလို့ votingဇယားတောင်ဆန့် ပါဦးမလား၊ဒါပေမဲ့ (မနက်ဖြန်
စက်တင်ဘာ၆ရက်နေ့နေ့လည်၁၂နာရီအထိ)Voteပေးလို့ရနိုင်သေးသည်။”
-------------------------------------------------------------------------
“ညီမ အစက official voting မှာ မဲရဖို့ မမျှော်လင့်ခဲ့မိပါဘူး။
အဲဒါကလည်းညီမကိုချစိတဲ့ပရိသတ်ကြီးကို စော်ကားတဲ့စိတ်
နဲ့တွေးမိတာမဟုတ်ပါဘူးနော်။ မြန်မာနိုင်ငံမှာ Credit/Debit
Card အွန်လိုင်းငွေချေစနစ်ဆိုတာ မတွင်ကျယ်သလို ပရိသတ်ကြီးပိုက်ဆံကုန်မှာစိုးလို့ ပါ။ နောက်ပြီး
နိုင်ငံတကာက နိုင်ငံသားတိုင်းမှာက credit/debit card အားလုံးမှာရှိကြတယ်လေ။ အဲဒါကြောင့် မမျှော်မှန်းရဲခဲ့တာပါ။
အခု ညီမကို ချစ်တဲ့ ပြည်ပက မြန်မာမျိုးချစ်ပရိသတ်ကြီးတွေက
ညီမအတွက် ပိုက်ဆံတွေအကုန်ခံပြီး မဲပေးကြတဲ့အတွက်
ညီမ အတိုင်းမသိ ဝမ်းသာပျော်ရွှင်ရပါတယ်ရှင့်။ ပရိသတ်ကြီးတို့ ကုန်သွားတဲ့ပိုက်ဆံတွေ အလကား
မဖြစ်ရအောင် ညီမ Miss Internet ဆုရခဲ့ရင် ဆုရတဲ့
ငွေအားလုံးကို ပရဟိတလုပ်ပြီး လှူပါမယ်ရှင့်။ ညီမကို
မျှော်လင့်ချက် အားမာန်တွေယုံကြည်မှုတွေ ပျော်ရွှင်မှုတွေ အမြဲပေးနေတဲ့ပရိသတ်ကြီးရဲ့ ကျေးဇူးကို ညီမမမေ့ပါဘူး။
နိုင်ငံနဲ့ လူမျိုးအတွက် တာဝန်ကျေပွန်တဲ့ Miss Myanmar တစ်ယောက်ဖြစ်စေရမယ်လို့ ကတိပေးပါတယ်ရှင်။
ပရိသတ်ကြီးကို အရမ်းချစ်ပါတယ်ရှင့်....”လို့ 
သူ့ ရဲ့ ဖေ့ဘုတ်စာမျက်နှာKhin Wint Wahမှဆိုပါတယ်။
စက်တင်ဘာ၆ရက်နေ့နေ့လည်၁၂နာရီမှာပိတ်မယ့်အဆိုပါ
official votingကိုမပိတ်ခင်ထိVoteပေးလို့ရနိုင်သေးတယ်လို့ 
လည်းဆိုပါတယ်။
Popular Journal
ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးလုပ်ငန်းတွေအတွက် ဆွစ်ဇာလန်အစိုးရက နှစ်စဉ် အမေရိကန်ဒေါ်လာ ၃၅ သန်း ကူညီမယ် (video)
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး နဲ့ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးလုပ်ငန်းတွေအတွက် ဆွစ်ဇာလန်အစိုးရက နှစ်စဉ် အမေရိကန်ဒေါ်လာ ၃၅ သန်းအကူအညီပေးသွားမယ်ဖြစ်ပါတယ်။
DVB TV News
ဆီးရီးယား စစ်အရေး ဆွေးနွေးတုံး ဂျွန်မက်ကိန်း ပိုကာဂိမ်းဆော့နေ
အမေရိကန်ရဲ့  ဒုတိယက သမ္မတ ဖြစ်ခဲ့ဖူးပြီး လက်ရှိ အရီဇိုးနားပြည်နယ်ရဲ့  အထက်လွတ်တော်အမတ် ဂျွန်မက်ကိန်း တစ်ယောက် ဒီလိုလုပ်လိမ့်မယ်လို့ ထင်မထားကြပါဘူး။ ဆီးရီးယားကို ဗုံးကြဲသင့်မကြဲသင့် အရေး တကြီး ဆွေးနွေးနေချိန်မှာ ပိုကာဂိမ်းဆော့နေတော့ ကမ္ဘာကျော်တဲ့ သတင်းတစ်ပုဒ် ဖြစ်လာပါတယ်။
စက်တင်ဘာလ ၃ ရက်နေ့တုန်းက အမေရိကန် လွတ်တော်အစည်းအဝေး တစ်ခုမှာ ဖြစ်ပါတယ်။ သမ္မတ အိုဘားမားနဲ့ အထက်လွတ်တော် အမတ်များ အကြိတ်အနှယ် ဆွေးနွေးတိုင်ပွဲတဲ့ အစည်း အဝေး တစ်ခုမှာ ဖြစ်ပါတယ်။ ဆီးရီးယားရဲ့  ဓာတု ဗေဒ စစ်လက်နက် အသုံးပြုမှုကို ရပ်တန့်ဖို့အတွက် အမေရိကန်က ဆီးရီးယားကို စစ်တိုက်တော့မယ့် အခြေအနေ တစ်ခု ဖြစ် ပါတယ်။ သမ္မတ အိုဘားမားသာ Yes လို့တစ်ခွန်း ပြောလိုက်တာနဲ့ တား မယ့် နိုင်ငံလည်း ရှိမှာ မဟုတ်ပါဘူး။ အမေရိကန် ကာကွယ်ရေး ဦးစီးချုပ် ကလည်း အိုဘားမားရဲ့ အမိန့်ကို စောင့်ဆိုင်း၍ အသင့်အနေ အထားမှာ ရှိနေပါတယ်။
ဒီတော့ အိုဘားမားဟာ သူ့အနေနဲ့ တစ်ယောက်တည်း ဆုံးဖြတ်ချက် မပြုပဲ လွတ်တော်အမတ်များရဲ့  အကြံ ပြုချက်ကို လိုချင်လို့ အစည်းအဝေး တစ်ခု ပြုလုပ်ခြင်း ဖြစ်ပါတယ်။ ယင်းအစည်းအဝေးမှာ အရေးကြီး ပုဂ္ဂိုလ် ဖြစ်တဲ့ ဂျွန်မက်ကိန်းဟာ သူ့ iPhone နဲ့ VIP Poker အမည်ရတဲ့ ဖဲဂိမ်း တစ်ခုကို ဆော့နေပါတယ်။ ဒါကိုလည်း မြင်တဲ့ သတင်းထောက် က မြင်ပြီး ဝဘ်ဆိုဒ်မှ တစ်ဆင့် တင်လိုက်တဲ့ ပုံကြောင့် ပိုပိုလို့ နာမည်ကြီး သွား ပါတယ်။ ဂျွန်မက်ကိန်းအနေနဲ့ ယင်းအတွက် အရှက်ပြေ ဖြေရှင်းချက် Status တစ်ခုကို သူ့ Twitter အကောင့်ကနေ တင်ပြီး ပြောပေမယ့် ဘယ်သူမှ လက်မခံပါဘူး။ ၃ နာရီပဲ ကြာမြင့်တဲ့ အစည်းအဝေးမှာ အရေးကြီး စကားများ ကြားနာခြင်း မပြုပဲ ပိုကာ အိုင်ဖုန်း အွန်လိုင်းဂိမ်း ဆော့နေမှုအပေါ် အားလုံး ရယ်စရာလို ပြန်ပြောနေကြပါပြီ။ ဒီအတွက် အိမ်ဖြူတော် မှ ဂျွန်မက်ကိန်းအပေါ် မည်သို့ တုန့်ပြန်မည်ကို မသိရသေးကြောင်း သိရပါတယ်။
.
Ref: mashable
Aung Kham (TSJ team)
ဘာကြောင့် ၀မ်းနိုင်းနိုင်း အလုပ်မဖြစ်သလဲ
ရေးသားသူ- အောင်ခိုင်၊ရဲနောင်
“လိုအပ်တဲ့အကူအညီအတွက် အကောင်းဆုံးကူညီနေပါတယ်။ မင်းအနေနဲ့ တိကျတဲ့ညွှန်ကြားချက်တွေ လိုက်နာဖို့လိုတယ်နော်။ ရဲတပ်ဖွဲ့က ငါးမိနစ်အတွင်း မင်းဆီရောက်လာလိမ့်မယ်”
လူသတ်သမားတစ်ယောက်၏ ပစ်မှတ်ထားခံနေရသူက သွေးပျက်ချောက်ချားစွာဖြင့် ၉၁၁ အရေးပေါ်ဌာနသို့ ဖုန်းဖြင့် အကူအညီတောင်းခံနေမှုကို တာဝန်ကျရဲအရာရှိက ဂရုတစိုက် လက်ခံဖြေရှင်းနေသည်။ The Call ရုပ်ရှင်ဇာတ်လမ်းတွင် နာမည်ကျော်သရုပ်ဆောင်မင်းသမီး ဟယ်လီဘယ်ရီက အရေးပေါ်ဌာန တာဝန်ကျရဲဝန်ထမ်းအဖြစ် ဖုန်းလက်ခံဖြေနေသော ဇာတ်ဝင်ခန်းသာဖြစ်သည်။
နိုင်ငံသားများတွင် အသက်အိုးအိမ်စည်းစိမ်တို့ နှောင့်ယှက်ဖျက်ဆီးခံရမှုအခြေအနေများ ကြုံတွေ့လာလျှင် ပြည်သူ့ဝန်ထမ်းဖြစ်သော ရဲဌာနများအနေဖြင့် လိုအပ်သောအကူအညီများ ပေးနိုင်ရန်အတွက် ဂဏန်းသုံးလုံးထက်မပို၍ အရေးပေါ်ခေါ်ဆိုနိုင်သည့် ဖုန်းနံပါတ်တစ်ခု ပုံသေထားလေ့ရှိသည်။ မြန်မာနိုင်ငံတွင်မူ ၁၉၉ (၀မ်းနိုင်းနိုင်း)ဟု ခေါ်ပါသည်။
သို့သော်လည်း မြန်မာနိုင်ငံတွင် အရေးပေါ်အကူအညီလိုအပ်နေသော ပြည်သူများက ၁၉၉ သို့ခေါ်ဆိုရာ၌ ဆက်သွယ်၍မရခြင်း၊ ဖုန်းမကိုင်ခြင်းတို့နှင့်သာ အများစုကြုံတွေ့နေရပါသည်။ ထို့ကြောင့်ပင် အရေးပေါ်နံပါတ် ၁၉၉ အပေါ် ပြည်သူများ အားထားယုံကြည်ရမှုကို မေးခွန်းထုတ်ရန်အခြေအနေ ဖြစ်လာသည်။
“ပြီးခဲ့တဲ့တစ်လကျော်လောက်က ပုဇွန်တောင်ဘက်မှာ ညဘက်အိမ်ပြန်ရင်း နောက်မှာ လူနှစ်ယောက်လိုက်လာတာ တွေ့တယ်။ လူကလည်း အရမ်းရှင်းနေတယ်။ ဒါနဲ့ ၀မ်းနိုင်းနိုင်းကိုဖုန်းဆက်တာ လုံးဝမ၀င်ဘူး။ ကြောက်ကြောက်နဲ့ ကားဂိတ်ရောက်အောင် အမြန်သွားလိုက်ရတယ်”ဟု အသက် ၃၂ နှစ်အရွယ် အိမ်တွင်းအလှပြင်ဆင်သူ ကိုကျော်သူက အရေးပေါ်ဖုန်းခေါ်ဆိုရာတွင် ကြုံတွေ့ရမှုကို ပြန်ပြောင်းပြောပြသည်။
“သင့်ပတ်ဝန်းကျင်ထူးခြားမှုရှိပါက ဖုန်းအမှတ် ၁၉၉ သို့ဆက်သွယ်ပါ”
အရေးပေါ်အခြေအနေနှင့် မသင်္ကာစရာများ ရင်ဆိုင်ကြုံတွေ့လျှင် ဆက်သွယ်သတင်းပေးပို့၍ အကူအညီတောင်းခံနိုင်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းမီဒီယာများတွင် ထည့်သွင်းဖော်ပြထားသော နံပါတ်ဖြစ်သည်။
သို့သော် မန္တလေးမြို့နေ ကိုအောင်(အမည်လွှဲ)က လွန်ခဲ့သောရက်ပိုင်းအတွင်း သူ၏အိမ်ရှေ့၌ လူငယ်တစ်စုက အခြားသူတစ်ဦးကို အုပ်စုဖွဲ့အနိုင်ကျင့် ရိုက်နှက်နေသည်ကို တွေ့ရှိသောကြောင့် အရေးပေါ်ဖုန်းနံပါတ် ၀မ်းနိုင်းနိုင်း (၁၉၉)သို့ ခေါ်ဆိုသောအခါ ဆက်သွယ်၍မရခဲ့ပါ။
ကမ္ဘာ့နိုင်ငံအများစုတွင် ပြည်သူများအနေဖြင့် အသက်အိုးအိမ်စည်းစိမ်များ ခြိမ်းခြောက်ဖျက်ဆီးခံရမှုများ (သို့မဟုတ်) ပတ်ဝန်းကျင်၌ ထူးခြားမှုများရှိပါက ကွန်ပျူတာမြေပုံစနစ်ဖြင့် ထိန်းချုပ်ထားသော အရေးပေါ်ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်ဌာနမှ အထူးလေ့ကျင့်ထားသော ဆက်သွယ်ရေးအရာရှိများက ဆက်သွယ်သူများ၏ ပြဿနာများကို ညွှန်ကြားဖြေရှင်းကြပြီး လိုအပ်ပါက အနီးဆုံးတွင် တာဝန်ထမ်းဆောင်နေသော ရဲဝန်ထမ်းများနှင့်ချိတ်ဆက်၍ အကူအညီပေးလေ့ရှိသည်။ အကယ်၍ အမှုအခင်းဖြစ်ပွားပါက အဆိုပါနေရာသို့ ရဲတပ်ဖွဲ့ဝင်များ အမြန်ဆုံးရောက်ရှိလာမည်ဖြစ်သည်။ အမေရိကန်နိုင်ငံတွင် ၉၁၁၊ ဥရောပနိုင်ငံအများစုတွင် ၁၁၂ နှင့် အခြားနိုင်ငံများတွင်လည်း ၉၉၉၊ ၁၁၉ အစရှိသော အရေးပေါ်ဖုန်းနံပါတ်များကို အသုံးပြုကြသည်။
မြန်မာနိုင်ငံတွင်မူ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ရဲတပ်ဖွဲ့ရုံး၊ ခရိုင်ရဲတပ်ဖွဲ့ရုံးများတွင် ၁၉၉ နံပါတ်များကို တပ်ဆင်ပေးထားသော်လည်း နည်းပညာနှင့် အခြားအခက်အခဲ လိုအပ်ချက်များစွာရှိနေသည်။
“နိုင်ငံတကာမှာက ဘယ်နေရာမှာ ဘာဖြစ်တယ်။ ဖုန်းဆက်အကြောင်းကြားရင် ဒီဖုန်း ဘယ်ကလာတာလဲ မြေပုံ(GPS)စနစ်နဲ့ သွားတာ။ ဒီမှာက အဲဒီလိုမရှိသေးဘူး။ အရေးကြီးမှ ဆက်သွယ်ရေးကတစ်ဆင့်သွားတာ။ လုပ်ပေးနေပေမယ့် အားနည်းချက်က အများကြီးရှိတယ်။ ပြည်သူတွေ မကျေနပ်ဖြစ်တာတွေကတော့ ဖြစ်နေဦးမှာပဲ။ အဓိကက Facility နဲ့ ရန်ပုံငွေအားနည်းမှုပါ”ဟု နေပြည်တော်မှုခင်းရဲတပ်ဖွဲ့မှ အဆင့်မြင့်အရာရှိတစ်ဦးက ကြုံရသည့်အခက်အခဲများကို ရှင်းလင်းပြောဆိုသည်။
၁၉၉ သို့ ခေါ်ဆိုရာတွင်လည်း အချို့သောသူများမှာ အမှန်တကယ် အကူအညီလိုအပ်ခြင်းမရှိဘဲ တမင်အနှောင့်အယှက်ပေးလိုသော ရည်ရွယ်ချက်ဖြင့် ခေါ်ဆိုခြင်းမျိုးကို ကြုံတွေ့နေရသည်ဟု တာဝန်ရှိသူများက ၎င်းတို့၏အခက်အခဲများကို ရှင်းပြ၏။
“ဥပမာ ဘယ်နားမှာ လူစုလူဝေးရှိတယ်။ ဘာဖြစ်တယ်ဆိုပြီးတော့သွားရင် ဘာမှမတွေ့ရဘူး”ဟု အထက်ပါ နေပြည်တော်မှုခင်းရဲတပ်ဖွဲ့အရာရှိက သူ၏အတွေ့အကြုံကို ပြောပြသည်။
ဥပဒေပညာရှင်အချို့ကမူ ရဲတပ်ဖွဲ့သည် တရားဥပဒေစိုးမိုးရေးအတွက် အဓိကတာဝန်ယူဆောင်ရွက်ရသည့် အဖွဲ့ဖြစ်သည်။
ယင်းအတွက်ကြောင့် အမှန်တကယ် အကူအညီလိုအပ်၍ အရေးပေါ်တယ်လီဖုန်းများသို့ ခေါ်ဆိုကြသောပြည်သူများ အားကိုးယုံကြည်အောင် ဆောင်ရွက်သင့်သည်ဟု ထောက်ပြပြောဆိုသည်။
“ကျွန်တော်တစ်ခါမေးဖူးတယ်။ ဖုန်းသရဲတွေကြောင့် မကိုင်တာလို့ပြောတယ်။ ခေတ်မီနေတဲ့ ခေတ်ကြီးမှာ ဒီလိုအနှောင့်အယှက်ပေးသူရှိရင် စုံစမ်းအရေးယူပေါ့။ ဒါကြောင့် မကိုင်တာဆိုရင် တကယ်လိုတဲ့ ပြည်သူဆက်တာဆို ဘယ်လိုလုပ်မလဲ”ဟု ရှေ့နေဦးခင်ဇော်(မရမ်းကုန်း)ကဆိုသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် အရေးပေါ်ဖုန်းခေါ်ဆိုမှုများအတွက် ၂၄ နာရီအချိန်ပြည့် ဂျူတီချထား၍ မှတ်တမ်းတင်မှုများ ပြုလုပ်ထားသည်။ ဆက်သွယ်၍မရခြင်းမှာ ခေါ်ဆိုသောအရေအတွက်များ၍ ဖုန်းလိုင်းမအားမှုကြောင့်ဖြစ်သည်ဟုဆိုသည်။ အရေးပေါ် ၁၉၉ ဖုန်းသို့ခေါ်ဆိုလျှင် အနီးဆုံးရဲစခန်းရှိ ဖုန်းနှင့်ချိတ်ဆက်ရန် ဆက်သွယ်ထားသောကြောင့် အဆိုပါဖုန်းမအားပါက ခေါ်ဆို၍မရတော့ဟုလည်း တာဝန်ရှိသူများက ရှင်းလင်းပြောဆိုသည်။ ရဲတပ်ဖွဲ့က ဦးစီးထုတ်ဝေသော သတင်းမီဒီယာများအရ လူဦးရေခြောက်သန်းခန့်ရှိသော ရန်ကုန်မြို့တွင် တစ်ပတ်လျှင် အရေးပေါ် ၁၉၉ ဖုန်းသို့ ပြည်သူများက မှုခင်းသတင်းပေးပို့မှုမှာ ၁၀ ကြိမ်ခန့်သာရှိသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် အချို့ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ၁၉၉ အရေးပေါ်ဖုန်းကို ဂျီအက်စ်အမ်၊ စီဒီအမ်အေဖုန်းများဖြင့် ခေါ်ဆို၍မရသောကြောင့် အခြားအရေးပေါ်သုံး Hot-Line များ ထားပေးသည်ဟုဆိုသည်။
“၁၉၉ ကို တကယ်လို့ခေါ်မရရင် ပြည်သူတွေ စိတ်ငြိုငြင်မှု မယုံကြည်မှုဖြစ်လာမယ်။ ဒီတော့ ဖုန်းအားလုံးခေါ်နိုင်မယ့် ဂျီအက်စ်အမ်တစ်လုံးထိုင်ဖို့ ဆက်သွယ်ရေးနဲ့ ညှိနှိုင်းထားတယ်”ဟု မုံရွာခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးတင်ထွန်းကပြောသည်။
သတင်းနည်းပညာ ကျွမ်းကျင်သူပညာရှင်တစ်ဦးကမူ ယနေ့နည်းပညာနှင့် သီအိုရီများအရ ယင်းအခက်အခဲမှာ ဖြေရှင်းနိုင်သည်ဟု သုံးသပ်ပြောဆိုသည်။
“သီအိုရီအရ ရနိုင်ပါတယ်။ ဘာမှမခက်ပါဘူး။ တစ်ကမ္ဘာလုံးမှာလည်း အရေးပေါ်ဖုန်းကို အားလုံးကခေါ်လို့ရတယ်။ ဆက်သွယ်ရေးမိုဘိုင်းဌာနကိုတော့ တင်ပြဖို့လိုတယ်”ဟု ဖြေရှင်းနိုင်မည့်နည်းလမ်းကို ရှင်းပြသည်။
“ကူညီပါရစေ၊ ပြည်သူ့လုံခြုံမှုအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အစွမ်းကုန်ဆောင်ရွက်ပါမည်၊ ပြည်သူလူထုမှ ပူးပေါင်းပါဝင်ကူညီကြပါ”။
တရားဥပဒေစိုးမိုးရေး လက်တွဲဆောင်ရွက်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပြည်သူများသို့ အသိပေးဖော်ပြထားသည့် ဆောင်ပုဒ်များပင်ဖြစ်သည်။ ယင်းဆောင်ပုဒ်များအတိုင်း ရဲနှင့်ပြည်သူလက်တွဲ၍ ရပ်ရွာတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နိုင်ရန် ၂၄ နာရီ ဆက်သွယ်ရနိုင်သည့် အရေးပေါ်တယ်လီဖုန်းလိုင်းများ လိုအပ်ပါသည်။
“အရေးပေါ်ဆိုရင် ဘယ်ကိုဆက်နိုင်မလဲ။ ရေဒီယို၊ မီဒီယာတွေကတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် အသိပေးဖို့လိုနေပြီ”ဟု ဦးခင်ဇော်(မရမ်းကုန်း)ကပြောပါသည်။7Day News Journal
ဦးဥတ္တမ ပန်းခြံအဖြစ် ကန်တော်မင်ပန်းခြံကို ပြန်လည် နာမည်ပြောင်းရေး သဘောထားများ (video)
အိပ်မက်ဆုံရာ(၆)တွင်ယှဉ်ပြိုင်ခဲ့သည့် သီချင်းတစ်ပုဒ်ကို မူရင်းတေးရေးဆရာက တရားဝင်ကန့်ကွက်မည်ဟုဆို
နွေးနွေး၊စက်တင်ဘာ(၄)၊ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ
အိပ် မက်ဆုံရာအမှတ်စဉ်(၆) သီချင်း ဆိုပြိုင်ပွဲတွင် သီဆိုယှဉ်ပြိုင်ခဲ့ သည့် တေးသီချင်းတစ်ပုဒ်နှင့်ပတ် သက်ပြီး မူရင်းတေးရေးဆရာက တရားဝင်ကန့်ကွက်မှုများပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
စက်တင်ဘာ၁ရက်နေ့တွင် ထုတ်လွှင့် တင်ဆက်သွားသော အိပ်မက်ဆုံရာအမှတ်စဉ်(၆)၏ Own Tune Week တွင် ဒိုင်များ ရွေးချယ်ပေးသောတေးသီချင်း ဖြစ်သည့် ''အတားအဆီးမရှိ''ဟူသော တေးသီချင်းနှင့်ပတ် သက်၍မူရင်းတေးရေးဆရာများ ဖြစ်သော အယ်သာနှင့်လူမွန်တို့ ကယင်းတို့၏ တေးသီချင်းများကို ခွင့်တောင်းခံခြင်းမရှိဘဲအသုံး ပြုသွားခြင်းအပေါ် ဂီတအစည်း အရုံးမှတစ်ဆင့်ကန့်ကွက်သွား မည်ဖြစ်ကြောင်း သိရသည်။
တေးရေးအယ်သာက ''ကျွန် တော်တို့ဆီကို ဒီသီချင်းအသုံး ပြုမယ်ဆိုပြီး အကြောင်းကြား တာမျိုးလဲမရှိဘူး။ မနေ့ကမှ ကျွန်တော်တို့ ကြည့်လိုက်တော့ အိပ်မက်ဆုံရာမှာ ဆိုနေတာကို တွေ့လိုက်တာ။ တအားကိုစိတ် ပူခဲ့ရတယ်။ စိတ်ပူတယ်ဆိုတာ ကလဲ ကျွန်တော်တို့ရေးထားတဲ့ သီချင်းကို အခုသူတို့ဆိုတော့မယ်။ ပြီးရင် သူတို့ရှိုးပွဲတွေမှာဆိုမယ်။ ဒီဘက်မှာလဲ ကျွန်တော်တို့က အခွေထွက်ဖို့လုပ်ထားကြတော့ သူတို့အဲဒီလိုလုပ်တာက ကျွန် တော်တို့ကို သိပ်ကိုထိခိုက်တယ်။ အဲဒါကြောင့် ကျွန်တော်တို့က မနက်ဖြန်ဂီတအစည်းအရုံးကို သွားပြီးတော့ တရားဝင်ကန့်ကွက် မယ်။ ကန့်ကွက်တယ်ဆိုတာက လဲပိုက်ဆံလိုချင်လို့ ကန့်ကွက်တာ မျိုးမဟုတ်ဘူး။ အခုအသုံးပြု သွားပြီးတာကတော့ ပြောလို့မရ တော့ဘူး။ နောက်နောင်ကျွန်တော် တို့သီချင်းကို အသုံးမပြုဖို့ဘဲ လုပ်သွားမှာပါ''ဟု ပြောသည်။
တေးရေးအယ်သာနှင့်လူ မွန်တို့သည် လွန်ခဲ့သောနှစ်နှစ် ခန့်က MRTV-4\ For Tune Channel တွင် စီစဉ်တင်ဆက် သည့် 'ကိုယ်ပိုင်တေးသီချင်းများ ပြိုင်ပွဲ'တွင်အဆိုပါတေးသီချင်း ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကာ ဆန်ခါတင်အဆင့်တွင် ပြုတ်ခဲ့ပြီးရွေးချယ်ခြင်းမခံခဲ့ရကြောင်း သိရ သည်။
''ဒီသီချင်းက အရွေးချယ် ခံရင်တော့ သူတို့အသုံးပြုခွင့်မရှိ ဘူး။ ကျွန်တော်တို့က စီးရီးခွေ ထုတ်ဖို့ရှိတယ်။ ဒီသီချင်းလဲပါ တယ်။ အခုပြိုင်ပွဲမှာ ဒီလိုဆို လိုက်တော့ နောက်ပိုင်းရှိုးပွဲတွေ မှာလဲဆိုမှာကို စိုးရိမ်တယ်။ ဒါက ကျွန်တော်တို့ သူငယ်ချင်းနှစ် ယောက်ရဲ့ မူပိုင်သီချင်းပါ''ဟု တေးရေးအယ်သာက ထပ်မံ ပြောသည်။
ပြိုင်ပွဲတွင် ရွေးချယ်ခြင်း မခံခဲ့ရသော တေးသီချင်းအား ယခုအခါတွင် Channel-7 ၌ ပြု လုပ်နေသော အိပ်မက်ဆုံရာ အစီ အစဉ်တွင် ဒိုင်များကရွေးချယ် ပေးခဲ့ပြီး ပြိုင်ပွဲဝင် 'ရပ်ဆဲလ်'က သီဆိုခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
တေးရေးကိုနိုင်ဇော်က ''သီချင်းဆိုပြိုင်ပွဲတွေက သူတို့ ဒီလတစ်လအတွက် သီချင်းတွေ သုံးမယ်။ အဲဒီအတွက်အစည်း အရုံးကတာဝန်ရှိသူတွေကို ဆက် သွယ်ပြီး ပိုက်ဆံဘယ်လောက်ဆို ပြီးပေးတယ်။ အဲဒီတော့အစည်း အရုံးက တေးရေးတွေကို ဆက် သွယ်ပြီးကျသင့်ငွေကို ရှင်းပေး ရတယ်။ အဲဒီစနစ်က နာမည်ရပြီး သားသူတွေအတွက် အဆင်ပြေ ပေမယ့်လဲ နာမည်မရှိသေးတဲ့ ကလေးတွေအတွက်ကျတော့ သူ တို့က ဘယ်ကိုဆက်သွယ်ရမလဲ မသိတာတွေဖြစ်တတ်ကြတယ်။ အခွေဖြန့်ထားတာကိုယူသုံးရင် ဂီတအစည်းအရုံးကနေတစ်ဆင့် ရှင်းလို့ရပေမဲ့ မဖြန့်ရသေးတဲ့ သီချင်းကို အသုံးပြုရင်တော့ အဲဒီ သီချင်းက ဘယ်ကပေါက်တာလဲ ဆိုတာ စုံစမ်းသင့်တယ်။ ပြီးမှ လုပ်စရာရှိတာကို ဆက်လုပ်သင့် တယ်။ သူတို့ကခွင့်ပြုချက်မရဘဲ တရားမဝင်သုံးတာဆိုရင်တော့ ခိုးယူသုံးစွဲတာအဲဒီအမှုက ပိုကြီး တယ်''ဟု ရှင်းပြသည်။
Yangon Media Group
ရဲဘော်သုံးကျိပ်ကို ထိန်ပင်သုသာန်က လှိုင်သာယာ အမှိုက်ပုံဘေးမှာ ပြန်လည်တွေ့ရှိခြင်း
သတင်းခေါင်းစဉ်လို့ ပြောရမလား။
ဒါမှမဟုတ် အိပ်မက်လား။
ထိန်ပင်။
အိပ်မက်မဟုတ်ပါဘူး။ ထိန်ပင်ဆိုတာ ရန်ကုန်ကလူတွေ သိတယ်။ အသုဘဆိုရင်
ရေဝေးပို့ မယ်။ ထိန်ပင်ဆိုရင် “အင်” ချင်နေပြီ။ လမ်းကလည်း ကြမ်းသကိုး။
သွားလမ်းလာလမ်းကလည်း မဖြောင့်သကိုး။ ခလုတ်ကန်သင်း တောနဲ့ ဗွက်။
သိပ်ရင်းမှ.. အင်း..။
မနေ့ ကတော့ ထိန်ပင်ရောက်တယ်။ အသုဘသွားပို့ တာ မဟုတ်။ ပြီးခဲ့တဲ့အပတ်က
အဘဗိုလ်ဇင်ယော်ရဲ့ အိမ်ရောက်တော့ သူ့ အိမ်မှာ စကားပြောဖြစ်တယ်။
သမီးလတ် ရီရီဇင်ရယ်၊ အငယ်မ ၀ါဝါဇင်ရယ်။ အဘ ဟိုင်နန်ကျွန်းမှာ
သင်တန်းတက်တုန်းက ဓာတ်ပုံတွေ တွေ့ ရတယ်။ ကောင်းပေါ့။ ဘီအိုင်အေ၊
ဘီဒီအေ၊ ပီဘီအက်စ် (ဖ်) က လှုပ်ရှားခဲ့တဲ့ ဓာတ်ပုံတွေ တွေ့ တယ်။
ပြီး အသက်ကြီးတော့ အဘဗိုလ်ဇင်ယော် ဆုံးတယ်။ သုံးရောင်ခြယ် နောက်ခံနဲ့ 
ဗိုလ်ဇင်ယော် (ရဲဘော်သုံးကျိပ်)၊ သခင်သန်းညွန့် ဆိုပြီး ကြံတောမှာ
အုတ်ဂူ သားသားနားနားနဲ့  မြှုပ်ခဲ့တဲ့ ဓာတ်ပုံလေးလည်း တွေ့ ခဲ့ရပါတယ်။
အခု ကြံတောမှ မရှိတော့ဘဲ။ ဘယ်မှာလဲဆိုတော့ သမီးငယ် ၀ါဝါက ပြောတယ်။
ထိန်ပင်မှာ တဲ့။
ထိန်ပင်ဆိုတာ လှည်းတန်းကနေ တက္ကစီငှားရင်တောင် လိုက်ချင်တဲ့ကား
ခပ်ရှားရှားရယ်။ လမ်းက ဝေးလည်းဝေး၊ ဆိုးလည်းဆိုးသကိုး။ ဈေးမပြောဘူး၊
မအားဘူးနဲ့  မလိုက်ဘူးက အရင်ကြားရတာ။ အဆင်ပြေလို့ မောင်းပေးရင်
တစ်နာရီကျော် ကြာပါတယ်။ အဲဒီအရပ်ကို မနေ့  ကျွန်တော်ရောက်တာပါ။
ဟိုရောက်တော့ မီးသဂြို င်္လ်စက်၊ အဲဒီကနေ လှမ်းပြီးတော့ လမ်းသိတဲ့
ကလေးတစ်ယောက်ကို မေးရတယ်။ ရဲဘော်သုံးကျိပ် အုတ်ဂူတွေ ဘယ်နားမှာ
ရှိလဲလို့ ။ မီးသဂြို င်္လ်စက်ကနေ တောင်ဘက်ကို မီတာနှစ်ရာလောက်သွားရင်
အဲဒီမှာ အမှိုက်လာပစ်တဲ့ ကားတွေကို မှတ်တဲ့ ကားမှတ်စခန်းရုံး အသေးလေး
ရှိတယ်။ မျက်နှာချင်းဆိုင်မှာ အမှိုက်ပုံ အကြီးကြီးရှိတယ်။ ရုံးဘေးမှာ
လူသွားလမ်းလေးရှိတယ်။ ရုံးနောက်ကို ဆယ်မီတာလောက် လမ်းလျှောက်လိုက်။
ပြီးရင် ရပ်။ ဗွက်မနစ်အောင် ဖိနပ်ချွတ်၊ ပုဆိုးတိုတိုဝတ်၊ ဖိနပ်ကို ခါးကြားထိုး၊
ဘောင်းဘီရှည်နဲ့ ဆိုရင် ဒူးအထိလိပ်တင်၊ ရပြီ။ ညာကွေ့ ၊ တစ်ပေခွဲ နှစ်ပေ
အုတ်ဂူလေးတွေ စတွေ့ ရပြီ။ ဗွက်တော မြက်တောမှာ။
ဦးဆုံး စတွေ့ တာ ဗိုလ်လင်းယုန် (ရဲဘော်သုံးကျိပ်)၊ အသက် ၅၄ နှစ် တဲ့။
အလျားနှစ်ပေ၊ အနံတစ်ပေခွဲ၊ အမြင့်တော့ ကိုးလက်မလောက် ရှိမပေါ့။
ဆက်လျှောက်ကြည့်မိတယ်။ ဗိုလ်စောနောင် (သိတာပေါ့၊ ရွှေတောင်တိုက်ပွဲမှာ
ကျဆုံးသွားတဲ့ ဗိုလ်စောအောင်ရဲ့  ညီအစ်ကို၊ ရှမ်းအမျိုးသားတွေ)၊
နောက် ဗိုလ်မင်းခေါင်။ ပြီးတော့ ဗိုလ်တာရာ (ရဲဘ်ာသုံးကျိပ်ထဲက နာမည်ကြီး
မုဆိုးဝတ္ထု စာရေးဆရာပေါ့) နောက် ဗိုလ်မြင့်ဆွေ။ တစ်ခါ ရဲဘော်သုံးကျိပ်ထဲမှာ
ဗိုလ်နာမည် မခံယူတဲ့ သခင်ထွန်းအုပ်။ ပြီးတော့ ဗိုလ်ဇင်ယော် (သခင်သန်းညွန့် )
ဆိုတာ ဖတ်လို့ ရတယ်။
နာမည်သိမထားတဲ့သူဆိုရင် ဖတ်လို့ ရမယ် မထင်ဘူး။ ၀မ်းနည်းစရာတော့
အကောင်းသား။ ကြံတောမှာတုန်းက အုတ်ဂူက နောက်ခံ သုံးရောင်ခြယ်နဲ့ ။
ခုတော့ ဘာအရောင်မှ မရှိတော့ပါ။ အမြင်မတော်လို့ ပါ။ တာဝန်ရှိတယ်ထင်ရင်၊
တာဝန်သိသူများ သွားကြည့်စေချင်ပါတယ်။
ရဲဘော်သုံးကျိပ် အထိမ်းအမှတ်အနေနဲ့ ကျောက်တိုင်လေးတစ်ခု၊ နေရာလေးတစ်ခု၊
ကမ္ပည်းလေးတစ်ချပ်လောက်များ ရှိလေမလားလို့ ။
ရဲဘော်သုံးကျိပ်နဲ့ ပက်သက်တဲ့ အမှတ်အသားလို့ ဘဲဆိုမလား။ ဟိုးအဝေးကြီးက
ဂျပန်ပြည်မှာတော့ ရဲဘော်သုံးကျိပ်ကို အဓိက ဦးဆောင်ပြီး စစ်ပညာသင်ပေးခဲ့တဲ့
ဗိုလ်မှူးကြီး ဆူဇူကီး (ဗိုလ်မိုးကြိုး)နေတဲ့ ရွာမှာ အထိမ်းအမှတ် အောင့်မေ့ဖွယ်
ကျောက်စာတိုင်လေး ရှိတယ်။ ရွာနာမည်က ဟာမမတ်စု (Hamamatsu) တဲ့၊
ရှီဇူအိုကနယ် (Shizuoka Prefecture) ကပါ။
ဗိုလ်မိုးကြိုးရဲ့ အုတ်ဂူလည်း အဲဒီမှာရှိတယ်။ သူ့ ဇာတိရပ်တဲ့။ နောက် ဂျပန်-မြန်မာ
ချစ်ကြည်ရေးကျောက်စာတိုင်တစ်ခုရှိတယ်။ အပေါ်ခေါင်းစဉ်က
ဗမာလို ရေးထားတယ်။ “ဂျပန်-မြန်မာ ချစ်ကြည်ရေး တည်မြဲပါစေ” တဲ့။
အောက်မှာတော့ ဂျပန်လို အများကြီးပေါ့။ ဒုတိယ ကမ္ဘာစစ်တုန်းက မြန်မာပြည်
စစ်မြေပြင်မှာ ဂျပန်စစ်သည် တစ်သိန်းခြောက်သောင်းခုနစ်ထောင်ကျော်
ကျဆုံးကြောင်း၊ အဲဒီထဲမှာ သူတို့ နယ်က စစ်သည် နှစ်ထောင့်ခုနစ်ရာကျော်
ပါဝင်ကြောင်း လှလှပပ သပ်သပ်ရပ်ရပ်လေးပါ။ တဆက်တည်း ရေးသားထာတာက
ဒီအထိမ်းအမှတ်လေးဟာ ဗမာပြည်စစ်မြေပြင်မှာ အသက်ပေးသွားတဲ့
ဂျပန်စစ်သည်တွေရဲ့ ဝိညာဉ်တွေကို ဖြေသိမ့်ပေးနိုင်ဖို့ နဲ့  ဗိုလ်ချုပ်အောင်ဆန်းရဲ့ 
သမိုင်းအချက်အလက်တွေ ရေရှည်တည်တံ့စေဖို့ မှတ်တမ်းတင်ခြင်း ဖြစ်ပါတယ်တဲ့။
ဂျပန်-မြန်မာ ချစ်ကြည်ရေးကိုလည်း ထာဝရ တည်တံ့စေရန် ရည်ရွယ်တယ်လို့ 
အဆုံးသတ်ထားတယ်။ အဲဒီနေရာမှာ ၁၉၄၀ ပြည့်နှစ်က ဗိုလ်ချုပ်အောင်ဆန်းဟာ
ဗိုလ်မှူးကြီး ဆူဇူကီးနဲ့  လွတ်လပ်ရေးလှုပ်ရှားမှုအတွက် လျှို့ ဝှက်အစီအစဉ်
ချခဲ့ပါတယ် (ရဲဘော်သုံးကျိပ်သမိုင်းရဲ့  နိဒါန်းပေါ့)။ အားတော့နာတယ်။ အဲဒီတုန်းက
သူတို့ က ဖက်ဆစ်နော်၊ ကျဆုံးသွားတဲ့ သူတို့ ရဲ့ စစ်သည်တွေကို ဂုဏ်ပြုတယ်။
ဇင်ယော်တို့ ၊ လင်းယုန်တို့  လေထဲမှာ ပျံဝဲခဲ့တာ လူထုအတွက်။ ခုတော့..
မြောင်းထဲမှာ။ ဗွက်တော မြက်တော အမှိုက်တောမှာ။ ကျွန်တော် ကားဆီပြန်တော့
လိုက်ပို့ တဲ့ညီငယ်က “အစ်ကို ခြေထောက်ဆေးဦးလေ” တဲ့။ ဟုတ်သားဘဲ။
ထိန်ပင်က ပြန်ထွက်လာတော့ ရန်ကုန်ပြန်မယ့်ဘက်က “ဆံပင်ဝယ်သည်” လို့ 
ဆိုင်းဘုတ်အကြီးကြီး ရေးထားတဲ့ဆိုင်က ခပ်ကျယ်ကျယ် သိချင်းဖွင့်သံလေး
ကြားလိုက်ရတယ်။
“ဗမာ့လွတ်လပ်ရေးအတွက်... တပ်မတော်ဖွဲ့ ဖို့  ဂျပန်ပြည်မှာကွယ်...
တကယ်ဘဲ အသက်နဲ့ လဲလို့ ... ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်...
သူရဲကောင်းတဲ့... ဗိုလ်အောင်ဆန်းနဲ့  အာဇာနည်တွေရယ်...” တဲ့.....။
ကျော်ကျော်
(ပြည်သူ့ ခေတ်ဂျာနယ် အတွဲ ၄၊ အမှတ် ၁၆၁ မှ ကျော်ကျော် ၏
“ရဲဘော်သုံးကျိပ်ကို ထိန်ပင်သုသာန်က လှိုင်သာယာ အမှိုက်ပုံဘေးမှာ
ပြန်လည်တွေ့ ရှိခြင်း” မှ ကူးယူပါသည်)
Classic Burma News
အတိတ်မှာနေကြသူများ
ရေးသားသူ- ငြိမ်းချမ်း
အသက်(၅၇)နှစ်အရွယ် ဒေါ်သန်းမြင့်တစ်ယောက် တောင်းရမ်း၍ရလာသော ပိုက်ဆံခပ်နွမ်းနွမ်းများကို ရေတွက်နေသည်။ ၎င်း၏ဘေးနားတွင် အသက်(၇)နှစ်အရွယ် မြေးယောက်ျားလေးတစ်ဦးကတော့ မုန့်ဆီကြော်ကို အားရပါးရစားနေသည်။ ရရှိလာသောပိုက်ဆံများနှင့် မုန့်ဆီကြော်များကတော့ ဂန့်ဂါရွာဘုရားပွဲတွင် တောင်းရမ်းရာမှ ရရှိခဲ့ခြင်းဖြစ်သည်။
သမိုင်းဆရာတို့က သူတို့ကို ဘုရားကျွန်ဟုဆိုကြပြီး သူဖုန်းစားများကတော့ သူတို့မှာ မာတင်္ဂမျိုးနွယ်စုမှ ဆင်းသက်လာသူများဟု ယုံကြည်နေကြပြီး သူတို့ထဲမှအချို့မှာ လက်ရှိအချိန်ထိ တောင်းရမ်းသူများလည်း ရှိနေသေးပါသည်။ ၀ါခေါင်လပြည့်ကျော် ၃ ရက်တွင်ကျရောက်သော ပုဂံမြို့တောင်ဘက် ညောင်ဦးမြို့နှင့် ဆယ်မိုင်ခန့်ဝေးသော ဂန့်ဂါရွာဘုရားပွဲတော်တွင် သူတောင်းစားများ နှစ်စဉ်လာရောက်တောင်းခံနေမြဲ။
“အဆင်ပြေလာရင်တော့ ဒီအလုပ်ကို မလုပ်ချင်တော့ပါဘူး”ဟု ယခုနှစ် ၀ါခေါင်လပြည့်ကျော် ၃ ရက်တွင် ကျရောက်သည့် ပုဂံညောင်ဦးမြို့နယ်၊ ဂန့်ဂါရွာဘုရားပွဲတော်တွင် ငယ်စဉ်ကတည်းက လာရောက်တောင်းရမ်းနေသော မင်္ဂလာသာစည်ရပ်ကွက်မှ သူဖုန်းစားတစ်ဦးဖြစ်သော အသက်(၅၇)နှစ်အရွယ် ဒေါ်သန်းမြင့်ကပြောသည်။ သူဖုန်းစားများအစု နေထိုင်သော ရပ်ကွက်မှာ ညောင်ဦးမြို့ ရွှေစည်းခုံဘုရားအနောက်ဘက်ရှိ မင်္ဂလာသာစည်ရပ်ကွက်ဖြစ်သည်။ လက်ရှိအချိန်တွင်မူ သာမန်လူတန်းစားများလည်း လာရောက်နေထိုင်လျက်ရှိပါသည်။ ထိုရပ်ကွက်တွင်နေထိုင်သော သူဖုန်းစားများမှ ခေတ်ရေစီးကြောင်းအရ ပြောင်းလဲသူများလည်းရှိနေပြီး အချို့မှာ ဘ၀ပေးအခြေအနေအရ ပြောင်းလဲမှုမရှိသေးဘဲ တောင်းရမ်းမှု ပြုလုပ်နေဆဲဖြစ်သည်။
အိမ်ထောင်စု ၁၆၂ အိမ်ရှိသော မင်္ဂလာသာစည်ရပ်ကွက်တွင် အိမ်ထောင်စုအများစုသည် တောင်းရမ်းမှုမလုပ်တော့ဘဲ အိမ်ထောင်စု ၃၀ ၀န်းကျင်သာ တောင်းရမ်းမှုများ ပြုလုပ်နေသည်။ ရွာများတွင် တစ်နှစ်တစ်ခါပြုလုပ်သည့် ဘုရားပွဲများ၌သာ တောင်းရမ်းကြလေ့ရှိပါသည်။
ရှေးယခင်ကတည်းက တောင်းရမ်းလာမှုကြောင့် ၎င်းတို့သွားနေကျ ဘုရားပွဲများသို့ မသွားရောက်ဖြစ်ခဲ့ပါက စိတ်ဝေဒနာရောဂါဖြစ်ခြင်း၊ ကိုယ်လက်အင်္ဂါများမကောင်းခြင်း၊ ခန္ဓာကိုယ်ယားခြင်း စသည်တို့ဖြစ်တတ်သည်ဟု ယခင်ကယုံကြည်ခဲ့ကြသော်လည်း ယခုအချိန်တွင်မူ ထိုအရာများအားလုံးကို လက်ရှိတောင်းရမ်းနေသူများကပင် အယုံကြည်မရှိတော့ပါ။
“သူတောင်းစားမှန်ရင် တိုက်ပုံအင်္ကျီပါရတယ်။ တကယ်လို့မပါရင်လည်း အပေါ်ယံအင်္ကျီလက်ရှည်တော့ ၀တ်ရတယ်။ တောင်းတာက ခုဆိုရှက်စရာလို့ မထင်တော့ပါဘူး”ဟု ဆယ်နှစ်ကျော် တောင်းရမ်းလာခဲ့သူ အသက် ၁၉ နှစ်အရွယ် ကိုဇာနည်မောင်ကပြောသည်။
ယခုလို တောင်းလာခဲ့မှုများကြောင့် တောင်းနေကျ ဘုရားပွဲများရောက်၍ မတောင်းရလျှင် စိတ်ကမနေနိုင်ကြောင်း ကိုဇာနည်မောင်ကဆက်လက်ပြောသည်။ သူဖုန်းစားများသည် တောင်းရန်အတွက် ရောက်ရှိသောရွာ၏ ဘုရားတွင်တည်းခိုပြီး ယင်းဘုရားပရိဝုဏ်ကို ဦးစွာသန့်ရှင်းရေးပြုလုပ်ပေးလေ့ရှိသည်။ ထို့နောက်မှ တောင်းရန်အတွက် ရွာထဲသို့သွားကြသည်။ ရရှိလာသည့်မုန့်များ၊ ထမင်းများကို ဘုရားမှာ ဦးစွာကပ်လေ့ရှိသည်။
မြန်မာနိုင်ငံတွင် မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီးများရှိ ဒေသအချို့တွင် သူဖုန်းစားများရှိသော်လည်း မင်္ဂလာသာစည်ရပ်ကွက်ထဲမှ သူဖုန်းစားများနှင့် ကွာခြားမှုရှိသည်။ မင်္ဂလာသာစည်ရပ်ကွက်မှ သူဖုန်းစားများက ၎င်းတို့တွင် ရှည်လျားသောသမိုင်းကြောင်းရှိပြီး၊ ၎င်းတို့မှာ အစဉ်အလာနှင့်ရိုးရာကို ဆက်လက်ထိန်းသိမ်းသူများဟု ယုံကြည်နေကြသည်။
ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းကြီး ထီးနန်းစိုးစံစဉ် မြို့ပြင်ဘက်မှ ဒွန်းစဏ္ဍား(သူတောင်းစား)ရွာတွင် ဘုရားလောင်းမာတင်္ဂ (တောင်းရမ်းသောသူ)ကို မွေးဖွားခဲ့သည်ဟု ဗုဒ္ဓ၀င်ကျမ်းစာများတွင် ဖော်ပြထားသော ပုံတော်စုံနိပါတ်တော်လာ ဇာတ်တော်ငါးရာ့ငါးဆယ်အနှစ်ချုပ်တွင် ရေးသားဖော်ပြထားသည်။ သူတို့က ထိုဘုရားလောင်းမျိုးနွယ်စုမှ ဆင်းသက်လာသည်ဟု မင်္ဂလာသာစည်ရပ်ကွက်နေသူများ ယုံကြည်ခဲ့ခြင်းကြောင့် ယခင်ကတည်းက တောင်းရမ်းလာခဲ့ခြင်းဖြစ်ကြောင်း ယင်းရပ်ကွက်ရှိ ဒေသခံများကဆိုကြသည်။
၁၉၄၈ ခုနှစ် ဇန်န၀ါရီ ၄ ရက်တွင် လွတ်လပ်သောမြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတ စပ်ရွှေသိုက်က “ရာဇ၀င်တွင် ရှေးရှေးသောအခါမှစ၍ ရှေးမင်းများအာဏာစက်ကြောင့် ဒွန်းစဏ္ဍား၊ သူတောင်းစား၊ ဘုရားကျွန်၊ ကျောင်းကျွန်၊ ကယ်ပါ၊ သင်္ဂျီ စသည့်လူတန်းစား အနှိမ်ခံရသူတို့လည်း ရှိနေကြသည်။ ဤကဲ့သို့ အနှိမ်ခံရသော လူတန်းစားများကို ယနေ့မှစ၍ ရှေးမင်းအာဏာစက်များကို ကျွန်ုပ်ပယ်ဖျက်၍ ထိုလူတို့၏သဘောအတိုင်း လုပ်လိုသောအလုပ်မျိုးစုံတို့ကို လွတ်လပ်စွာလုပ်ကိုင်ကြပါစေ။ ကျွန်ုပ်အမိန့်ချမှတ်သည်”ဟု လူမှုဝန်ထမ်းဦးစီးဌာနမှထုတ်ဝေသည့် မြန်မာနိုင်ငံလူမှုဝန်ထမ်းသမိုင်းစာအုပ်တွင် ဖော်ပြထားသည်။
“သူတောင်းစားဆိုတာ ပုဂံခေတ်တုန်းက မပေါ်သေးပါဘူး။ ကုန်းဘောင်ခေတ်ကြမှ ပေါ်လာတာပါ။ သူတို့က ဘုရားကျွန်တွေပါ”ဟု သမိုင်းပါမောက္ခအငြိမ်းစား၊ မြန်မာ့သမိုင်းအဖွဲ့ဝင်၊ သမိုင်းပညာရပ်ကို နှစ်ခြောက်ဆယ်ဝန်းကျင်လေ့လာခဲ့သူ ဒေါက်တာတိုးလှကဆိုပါသည်။
ရှေးမင်းများသည် ဘုရားတွင် ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ဘုရားကျွန်များအဖြစ်ထားရှိပြီး ထိုဘုရားကျွန်များသည်လည်း တောင်းရမ်းခြင်းမရှိကြောင်း၊ မင်းကပေးသော လယ်ယာမြေများကိုသာ လုပ်ကိုင်ကြောင်း၊ နောက်ပိုင်းတွင် ၎င်းဘုရားကျွန်နေရာများသို့ ထောင်များမှထွက်လာသော လူဆိုးများကို ဘုရားကျွန်နေရာများတွင် မင်းများကထားရှိသောကြောင့် အဆိုပါဘုရားကျွန်များသည် အပြင်ထွက်၍တောင်းရာမှ သူတောင်းစားဘ၀သို့ ရောက်ရှိသွားကြောင်း ဒေါက်တာတိုးလှကဆိုသည်။
ပါလီမန်ခေတ် ၁၉၅၆ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်မှ ၃၁ ရက်အထိ ပုဂံမြို့တွင် ဘုရားကျွန်၊ သူတောင်းစားများ ပပျောက်ရန်အတွက် လူထုပညာရေးကောင်စီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်းဝန်ကြီးဦးဘစောက ပုဂံမြို့သရပါတံခါးအနီး သဗ္ဗညုစေတီတော်ရှေ့တွင် ကယ်ပါလွတ်မြောက်ရေး ဘ၀စီမံကိန်းတစ်ခုပြုလုပ်ခဲ့သည်။ သို့သော် လက်တွေ့တွင် သူတောင်းစားများမှာ ပျောက်ကွယ်သွားခြင်းမရှိခဲ့ပေ။
ညောင်ဦးမြို့ ရွှေစည်းခုံဘုရားအနောက်ရှိ မင်္ဂလာသာစည်ရပ်ကွက်သို့ ၀င်လိုက်လျှင် သန့်ရှင်းသပ်ရပ်သောလမ်းမနှင့် သန့်ရှင်းစွာထားရှိသောလူနေအိမ်များ တွေ့မြင်ရသည်။ လမ်းမကြီးတစ်လျှောက်နှင့် လူနေအိမ်များအတွင်းတွင် အမှိုက်များမတွေ့ရပေ။ ထိုရပ်ကွက်ရှိ လူနေအိမ်အများစုကတော့ ထရံကာသွပ်မိုးအိမ်များသာဖြစ်သည်။
ကမ္ဘာလှည့်ခရီးသွားများ လာရောက်မှုများလာပြီး၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာသဖြင့် သူတောင်းစားအဖြစ်မှ အများစုမှာ ဟိုတယ်ဝန်ထမ်း၊ ပန်းရံလုပ်ငန်း၊ ဈေးအရောင်းအ၀ယ်လုပ်ငန်းများ
စသည်တို့ လုပ်ကိုင်နေကြပါပြီ။ တိုးတက်ပြောင်းလဲလာသော ခေတ်ရေစီးအရ မင်္ဂလာသာစည်ရပ်ကွက်မှ ၂၀၁၃ ခုနှစ်တွင် တက္ကသိုလ်များ၌ ပညာသင်ကြားနေသော တက္ကသိုလ်ကျောင်းသား
ဆယ်ဦးကျော်ရှိနေပါပြီ။
“အကုန်လုံးပြောင်းလဲနိုင်အောင် ကြိုးစားရမယ်။ ပညာတတ်တွေ များများပေါ်ထွက်အောင် လုပ်ရမယ်။ တချို့လူငယ်တွေဆို ဟိုတယ်တွေမှာ ၀င်လုပ်နေကြပါပြီ”ဟု မင်္ဂလာသာစည်ရပ်ကွက်
အုပ်ချုပ်ရေးမှူးကိုအောင်ကိုမင်းက ပြောသည်။
ညောင်ဦးမြို့ဒေသခံများသည်ပင် မင်္ဂလာသာစည်ရပ်ကွက်သည် သူဖုန်းစားများနေထိုင်သောရပ်ကွက်ဟု သတ်မှတ်ထားပြီး မည်သို့ပင်လုပ်ကိုင်စားကြသည်ကို တိတိကျကျမသိကြောင်း ကိုအောင်ကိုမင်းကဆက်ပြောသည်။
“ဒီရပ်ကွက်ကို ညောင်ဦးကလူတွေတောင် မလာကြဖူးတဲ့သူတွေရှိပါတယ်။ လူ့ဘ၀မှာ ဒါ့ထက်နိမ့်ကျတာတော့ မရှိပါဘူး။ သူတို့လည်း မလုပ်ချင်တော့ပါဘူး”ဟု ကိုအောင်ကိုမင်းက ခပ်တိုးတိုးပြောသည်။ သူကတော့ တောင်းရမ်းနေကြခြင်းကို နှစ်မြို့ခြင်းမရှိပေ။ စီးပွားရေးအခြေအနေ၊ ဘ၀ပေးကုသိုလ်ကံကြောင့် လက်ရှိအချိန်ထိ တောင်းရမ်းနေသူများကတော့ မြို့နှင့်အနည်းငယ်ဝေးသော ကျေးရွာများ၏ ဘုရားပွဲများဆီသို့ သွားနေကြမြဲပါ။ “တောင်းတာကို ရပ်လိုက်လို့မရသေးဘူး။ တောင်းချင်နေတာလည်း မဟုတ်ပါဘူး။ အဘွားတို့ကတော့ သွားနေကျဘုရားပွဲတွေကို ဆက်သွားနေရအုံးမှာပဲ”ဟု ဒေါ်သန်းမြင့်ကပြောသည်။
ဓာတ်ပုံ- ငြိမ်းချမ်း
7Day News Journal