Booster နဲ့ဆို အမြဲပေါ့ပါးလန်းဆန်းနေတာပါပဲခင်ညာ



ဖုန်းကို ပေါ့ပါးလန်းဆန်းသွားစေမယ့် App တစ်ခုတွေ့ထားတယ်။
နာမည်က ရိုးရိုးရှင်းရှင်းနဲ့ Booster လို့ခေါ်ပါတယ်။ Booster ဆိုတဲ့အတိုင်း
Phone memory ကို မောပန်းမှု လျော့ကျစေမယ့် Memory Optimizer ..
ပါရှိပါတယ်။ တစ်ချက်နှိပ်ရုံနဲ့ memory လုပ်ဆောင်မှုတွေ လျော့နိုင်တယ်။
မလိုအပ်ပဲ အလုပ်လုပ်နေတဲ့ app တွေကို ပိတ်ပစ်ဖို့ Task Killer လဲပါတယ်။
SD Card ထဲသို့ ရွေ့ပြောင်းနိုင်မယ့်App တွေကို ဖော်ပြပေးပြီး ရွေ့နိုင်တယ်။
install လုပ် မထားရသေးတဲ့ app တွေကို ရှာဖွေပြီး ရှင်းလင်းနိုင်တယ်။
install လုပ်ပြီးသား app တွေကိုလဲ ရှင်းလင်းရေး လုပ်နိုင်တယ်။
Cache , History တွေကိုလဲ ရှင်းလင်းနိုင်ပါသေးတယ်။ စုံသွားပါပြီ။
ဒီလောက်ဆို ဖုန်းတစ်လုံး ပြန်လည်ပေါ့ပါးလန်းဆန်းဖို့ အိုကေပါပြီ။
Auto Optimize ပါဝင်လို့ ဖုန်းလေးလာရင် အလိုလို ရှင်းပေးမှာပါ။
Noti Bar မှာ အဲဗားရှိနေလို့ အလွယ်တကူ ဖွင့်ကာ အသုံးပြုနိုင်ပါတယ်။
app တစ်ခုခုကို install လုပ်လိုက်တာနဲ့ ထို app သည် SD Card ထဲသို့
ရွေ့နိုင်ပါက တစ်ခါတည်း သတိပေးမှာဖြစ်ပါတယ်။ အသုံးဝင်ချက်က 9
ကျွန်တော်တော့ အရမ်းသဘောကျတယ်။ အသုံးပြုရတာ ပေါ့ပါးပြီး UI လည်း လန်းပါတယ်။ Android 2.2 နှင့်အထက်တွင် သုံးနိုင်တယ်။

download>>>http://bluenavyblog.blogspot.com/2013/09/booster.html
Myawady News

တကယ်ကောင်းတဲ့ အစိုးရမျိုးဆိုတာ ရှိမှန်းတောင် မသိရဘူး

ချက်သမ္မတနိုင်ငံ ပရက်မြို့မှာ ကျင်းပနေတဲ့ ဖိုရမ် ၂၀၀၀ ညီလာခံ မှာ စက်တင်ဘာလ ၁၆ ရက်နေ့ က ဒေါ်အောင်ဆန်စုကြည်က The Road to Good Governance ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးချက်ပါ

ဒေါ်အောင်ဆန်းစုကြည်က Government နဲ့ Governance ကွာခြားမှုကစပြီး ဆွေးနွေးပါတယ်။ ပြီးတော့ အစိုးရဆိုတာနဲ့ပတ်သက်ပြီး ၄ မျိုးခွဲခြားပြပါတယ်။ နိုင်ငံသားတွေက မုန်းတဲ့ အစိုးရမျိုးကို အောက်ဆုံး အဆင့်မှာ ရှိတယ်လို့ ပြောဆိုပြီး နိုင်ငံသားတွေ ကြောက်တဲ့ အစိုးရ၊ နိုင်ငံသားတွေချစ်ကြ ချီးကျူးကြတဲ့ အစိုးရမျိုးနဲ့ အစိုးရ ရှိမှန်းတောင် မသိရတဲ့ အစိုးရ မျိုး ဆိုပြီး ပြောပါတယ်။ အကောင်းဆုံးကတော့ အစိုးရ  ရှိလို့ ရှိမှန်း မသိတဲ့ အစိုးရမျိုးပါတဲ့။


“ကျမတို့ မြန်မာနိုင်ငံမှာ တကယ်ကောင်းတယ်ဆိုတဲ့ အစိုးရကောင်း အတွေ့အကြုံ မရှိပေမယ့် မကောင်းတဲ့ အုပ်ချုပ်ရေးမျိုးတော့ ကြုံခဲ့ရပါတယ်။ ကောင်းမွန်တဲ့ အစိုးရလက်အောက်မှာ နိုင်ငံသားတွေမျှော်မှန်း ချင် တဲ့ ပန်းတိုင်ကို အစိုးရနဲ့အတူ လျှောက်လှမ်းသွားကြရမှာပါ။ ကောင်းမွန်တဲ့ အစိုးရဆိုတာ  ပြည်သူလူထုနဲ့ ကင်းကွာတဲ့ အစိုးရမျိုး မဟုတ်ပါဘူး။ ပြည်သူတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးတဲ့ အစိုးရမျိုးဖြစ်ပါတယ်။ ပြည် သူတွေရဲ့ဆန္ဒ ဘယ်လိုရှိတယ်ဆိုတာလည်း အစိုးရက နားထောင်ဖို့ လိုတယ်" လို့ ဒေါ်အောင်ဆန်းစုကြည်  က ပြောသွားတာပါ။

ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးပြောဆိုသွားတဲ့ အပြည့်အစုံကို အောက်က ဗီဒီယိုမှာ နားဆင်ကြည့်ပါ။


အိမ့်သံစဉ် ~

ထိန်းချုပ်နယ်မြေတွင် သန်းခေါင်စာရင်း ကောက်ရန် ကေအိုင်အို လက်မခံ

မြန်မာနိုင်ငံ နယ်စပ်ဒေသ အသီးသီးရှိ တိုင်းရင်းသား လက်နက်ကိုင်များ၏ ထိန်းချုပ် နယ်မြေများတွင် သန်းခေါင်စာရင်း ကောက်ရန် လက်နက်ကိုင် အဖွဲ့အစည်း အားလုံးနှင့် ညှိနှိုင်းသဘော တူညီမှုရပြီ ဖြစ်သော်လည်း ကေအိုင်အို အဖွဲ့ကမူ လက်မခံသေးကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။

သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ကချင်ပြည်နယ်ရှိ ပဋိပက္ခ ဖြစ်လျက်ရှိသော ဒေသများမှအပ ကျန်ဒေသ အားလုံးတွင် သီးသန့်လုံခြုံရေး မလိုအပ်ကြောင်း၊ အထူးသဖြင့် ကရင်ပြည်နယ်တွင် မည်သည့် လုံခြုံရေးမျှ ထားရှိရန် မလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ရှင်းပြသည်။

“ဒါက စစ်ရေး၊ နိုင်ငံရေးနဲ့ ဘာမှမဆိုင်ဘူး။ ကောက်လို့ မရရင် အကောက်မခံသူတွေပဲ နစ်နာမယ်” ဟု ၎င်းကဆိုသည်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေးအတွက် မြန်မာနိုင်ငံ အတွင်းရှိ နယ်မြေဒေသအားလုံး မကျန်ရှိစေရန် ၂၀၁၄ မတ်လမတိုင်မီ ပဋိပက္ခ ကျန်ရှိနေသည့် ဒေသများရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။

“နောက်ဆုံး မရခဲ့ဘူး ဆိုရင်တောင် ကျန်နေမှာ တိုင်းပြည် လူဦးရေနဲ့ယှဉ်ရင် မပြောပလောက်တော့ ပင်မစီမံကိန်းကို မထိခိုက်နိုင်ပါဘူး” ဟု ၎င်းကသုံးသပ်သည်။

ယင်းသို့ သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ အပါအဝင် နယ်စပ်ဒေသ အသီးသီးသို့ အသေးစိတ် သွားရောက် ရှင်းပြမည် ဖြစ်ပြီး မိုင်းလားဒေသသို့ ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင် မကြာမီ သွားရောက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနထံမှ သိရသည်။
The Voice Weekly

ယခုနှစ်အတွင်း မြေအောက် ဖိုက်ဘာဆက်ကြောင်းအား ကီလိုမီတာ ၇၀၀၀ နီးပါးအထိ တိုးချဲ့မည်

ယခုနှစ်အတွင်း မြေအောက်ဖိုက်ဘာဆက်ကြောင်းအား ကီလိုမီတာ ၇၀၀၀ နီးပါးအထိ တိုးချဲ့မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မော်က Myanmar Connect 2013 တွင် ပြောကြားသည်။ လက်ရှိတွင် မြေအောက်ဖိုက်ဘာဆက်ကြောင်းမှာ ၃၇၄၁ ကီလိုမီတာရှိပြီး ၎င်းကို ထပ်မံတိုးချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။ “ယခုနှစ်အတွင်း ၇၀၀၀ နီးပါးလောက်အထိ တိုးချဲ့သွားမှာဖြစ်ပါတယ်” ဟု ဦးအောင်မော်က ပြောသည်။ ပြည်တွင်း၌ လက်ရှိအသုံးပြုလျက်ရှိသော Internet Bandwidth မှာ 30.33 gbps ရှိကြောင်း၊ နိုင်ငံတကာ Channel ၁၀၀၉၈ ရှိပြီး၊ ဒီဂျစ်တယ် မိုက်ခရိုဝေ့ ရေဒီယိုစခန်းပေါင်း ၃၄၁ ခု ရှိကြောင်း ဦးအောင်မော်က ပြောကြားသည်။ ပင်လယ်ရေအောက် ဖိုက်ဘာဆက်ကြောင်းကိုလည်း အစားထိုးရန် စီစဉ်လျက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
Internet Journal

မိသားစုဂုဏ်သိက္ခာ ကျဆင်းမှုကြောင့် အမျိုးသမီးသုံးဦးကို သေနတ်ဖြင့်ပစ်သတ်

ပါကစ္စတန်နိုင်ငံအနောက် မြောက်ဘက်ရှိ ဒါရာအဒမ်ကယ်လ် ခရိုင်မှ ဂျာဝါကီရွာတွင် အမျိုး သမီးသုံးဦးကို ဆွေမျိုးများက သေ နတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း အရာ ရှိများက စက်တင်ဘာ၁၆ရက်တွင် ပြောသည်။ အသက်၂၂နှစ်အရွယ် အ မျိုးသမီးသည် လွန်ခဲ့သောနှစ် နှစ်ခန့်က ဈေးဆိုင်ပိုင်ရှင်တစ်ဦး နှင့်လက်ထပ်ခဲ့ပြီး သူမခင်ပွန်း အိမ်မှထွက်ပြေးခဲ့ကာ အနောက် မြောက်ဘက်မှ အမျိုးသားတစ်ဦး ကို အဒေါ်၏အကူအညီဖြင့် လက်ထပ်ခဲ့ကြောင်း စွပ်စွဲခံခဲ့ရ သည်ဟု ပြည်တွင်းစီမံခန့်ခွဲရေး အရာရှိက AFP သို့ ပြောခဲ့သည်။

အဆိုပါပြဿနာကို လူမျိုး စုကောင်စီမှ ကြားဝင်ဖြေရှင်းပြီး ထိုအမျိုးသမီးများကို သတ်သင့် ကြောင်း စက်တင်ဘာ၁၅ရက်က ဆုံးဖြတ်ခဲ့သည်။ အမျိုးသမီးသုံး ဦးကို ဆွေမျိုးများက အိမ်တွင် သေနတ်ဖြင့်ပစ်သတ်ခဲ့ပြီး စက် တင်ဘာ ၁၆ရက်နံနက်တွင် မြှုပ် နှံခဲ့ကြောင်း သိရသည်။

''ဒီအမှုဟာ ဂုဏ်သိက္ခာ ကြောင့် လူသတ်မှုကျူးလွန်ခဲ့တဲ့ အမှုပါ။ ကြားရတဲ့သတင်းတွေ အရတော့ ဒီမိန်းကလေးက သူ့ ယောက်ျားနဲ့နေရတာ မပျော်ခဲ့ ဘူးလို့သိရတယ်''ဟု အရာရှိတစ်ဦး က AFP သို့ ပြောခဲ့သည်။မိသားစု၏ ဂုဏ်သိက္ခာကျ ဆင်းစေမှုဖြင့် ၂၀၁၁ခုနှစ်တွင် အသတ်ခံခဲ့ရသော အမျိုးသမီး ၉၄၃ဦးရှိကြောင်း ပါကစ္စတန်ဆိုင် ရာ လူ့အခွင့်အရေးကော်မရှင် က ပြောသည်။
Yangon Media Group

ပေါင်ခြံဖြူစေရန်


နေ့စဉ်ရေ(၁၂)ခွက်ရအောင် သောက် ပါ။

မုန်လာဥအဖြူဖျော်ရည်ကို သောက် ပါ။

သခွားသီးအခြမ်း (သို့မဟုတ်) သခွား ရည်ပွတ်လိမ်းပေးပါ။ (၁) ညထား၍ နံနက်ရောက်မှ ဆေးပစ်ပါ။

သစ်ကြံပိုးခေါက်အမှုန့် အနည်းငယ် နှင့်ပျားရည်လက်ဖက်ရည်ဇွန်း တစ် ဝက်နှင့် ရော၍လိမ်းပါ။

မင်သော်ရွက်ကို အနှစ်လုပ်၍ လိမ်း ပါ။ မိနစ် (၂၀-၃၀)ခန့်ထားပြီး ရေ ဆေးပါ။

သံပရာရည်၊ နနွင်း၊ ပျားရည်စသည့် သဘာဝချွတ်ဆေးကို ပေါင်ခြံရှိအ မည်းကွက်နှင့်အနီကွက်နေရာကို လိမ်းပေးပါ။

ဂျုံ၊နို့၊လက်ဖက်ရည် (၂)ဇွန်း၊ ရှောက် ရည်(၃-၄)စက်ကို ရော၍လိမ်းပြီး (၁၅)မိနစ်ခန့်ထားပါ။ ပြီးမှ ရေ ဆေးချပါ။ (၁၅)ရက် ရက်(၂၀)ခန့်ကြာလျှင် အမည်းကွက်၊ အနီကွက် များ သိသာစွာ လျော့ပါးလာသည်ကို တွေ့ရမည်။
လိမ္မော်ခွံကို ကြိတ်ပါ။ သံပရာရည် နှင့်ရော၍ အဖတ်ပြုလုပ်ပြီး လိမ်း ပါ။

ကြပ်သောအတွင်းခံများကို မ ဝတ်ပါ နှင့်။
နေ့စဉ် နို့နွေးနွေး(၁)ခွက်ကို နနွင်း လက်ဖက်ရည်(၁)ဇွန်း ထည့်၍ သောက်ပါ။

HT
Health Updates Journal

အစိုးရနှင့် ကေအိုင်အို အောက်တိုဘာတွင် ပြည်ထောင်စုအဆင့် ထပ်မံဆွေးနွေးမည်



နိုင်ငံလုံးအဆင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရန် ကြိုးပမ်းနေသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO/KIA အဖွဲ့တို့သည် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရေး အောက်တိုဘာလတွင် ထပ်မံဆွေးနွေးမှုများ ပြုလုပ်သွားရန် သဘောတူညီမှု ရရှိထားကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာမှ အကြီးတန်း အကြံပေးတစ်ဦးက ပြောကြားသည်။

ယင်းဆွေးနွေးပွဲကို အောက်တိုဘာလ ပထမပတ်တွင် မြစ်ကြီးနားမြို့နယ် မဂျွယ်ခန်းမ၌ ကျင်းပသွားရန် စီစဉ်ထားကြောင်း ၎င်းကရှင်းပြသည်။

အစိုးရ ငြိမ်းချမ်းရေးအဖွဲ့နှင့် ကေအိုင်အို အလုပ်အဖွဲ့တို့ မြစ်ကြီးနားမြို့၌ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ပြုလုပ်သည့် ဆွေးနွေးပွဲ ပထမနေ့တွင် ယင်းသို့ တွေ့ဆုံရန် သဘောတူခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“အောက်တိုဘာမှာ ပြည်ထောင်စု အဆင့်တွေ့ပြီး နိုင်ငံလုံးအဆင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးဖို့ ဆွေးနွေးမယ်” ဟု ၎င်းကဆိုသည်။

မြစ်ကြီးနားမြို့တွင် စက်တင်ဘာလ ၁၆ ရက်နေ့က စတင်ပြုလုပ်သည့် အဆိုပါ နှစ်ဖက် အလုပ်အဖွဲ့များ တွေ့ဆုံပွဲသို့ ကချင်ပြည်နယ် နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး အောင်နိုင်တို့ ပါဝင်တက်ရောက်ပြီး ကေအိုင်အိုဘက်မှ ဒုတိယဗိုလ်မှူးကြီးအဆင့် နှစ်ဦးပါ ကိုယ်စားလှယ်ရှစ်ဦး၊ လေ့လာသူနှစ်ဦး ပါဝင်ကြောင်း၊ ယင်းမှာ မြစ်ကြီးနားမြို့တွင် ဇူလိုင်လအတွင်း ကေအိုင်အေ အလုပ်အဖွဲ့၏ တရားဝင်ရုံး ဖွင့်လှစ်ခဲ့ပြီးနောက် ပထမဆုံးနှစ်ဖက် အလုပ်အဖွဲ့ တွေ့ဆုံပွဲဖြစ်ကာ စက်တင်ဘာလ ၁၆ ရက်နှင့် ၁၇ ရက် နှစ်ရက်တာ ကျင်းပမည် ဖြစ်ကြောင်း ဆွေးနွေးပွဲ တက်ရောက် သူများထံမှ သိရသည်။

၂၀၁၃ ခုနှစ်အတွင်း နိုင်ငံလုံးအဆင့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ရန် ကြိုးပမ်းနေသည့် အစိုးရနှင့် ကေအိုင်အို။ ကေအိုင်အေ လက်နက်ကိုင်အဖွဲ့အကြား လတ်တလော ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက်မည် မဟုတ်ကြောင်း နှစ်ဖက်ခေါင်းဆောင်များက ထုတ်ပြန် ပြောကြားထားသည်။
The Voice Weekly

လူတစ်ဦး မဟာဗန္ဓူလ လမ်းထောင့် ရှိ ၄လွှာအဆောက်အအုံမှ ပြုတ်ကျသေးဆုံး

ယနေ့ ၉ နာရီကျော်က ပန်းဆိုးတန်းလမ်းနှင့် မဟာဗန္ဓူလ လမ်းထောင့် ရှိ ၄လွှာအဆောက်အအုံမှ အမျိုးသားတစ်ဦး ပြုတ်ကျခဲ့ကြောင်း သိရသည်။ ၎င်း၏ကိုယ်အပေါ်ပိုင်း အကျီ င်္ဗလာ၊ အောက်ပိုင်း ဂျင်းဘောင်းဘီအပြာရောင် ၀တ်ဆင်ထားပြီး မြောင်းထဲသို့ လက်တစ်ဖက်ကျလျက်ပုံစံဖြင့် သေဆုံးနေသည်ဟုလာရောက်ကြည့်ရှုသူများက ဆိုသည်။ ၎င်းအား ၁၀နာရီ ၄၅မိနစ်အချိန်အထိ သက်ဆိုင် ရာမှလာရောက် အရေးယူဆောင်ရွက်ခြင်း မရှိသေးပေ

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

Note 3 ပြိုင်ဘက် Nokia Lumia 1520 ထွက်တော့မည်



Phonearena မှ ရေးသားဖော်ပြသတဲ့ သတင်း ဖြစ်ပါတယ်။ လက်ရှိ Samsung Galaxy Note 3 နဲ့ LG Optimus G Pro တို့ရဲ့  ပြိုင်ဘက် ဖြစ် လာမယ့် စမတ်ဖုန်း ဖြစ်ကြောင်း ဆိုပါတယ်။

၆ လက်မ ကျယ်တဲ့ မျက်နှာပြင်က 1080x1920 resolution ပေးနိုင်မှာပါ။ Snapdragon 800 quad core processor ကိုပဲ အသုံးပြုထားပါတယ်။ RAM 2GB ပါ။ သူ့မှာ ပိုထူးခြားသွားတဲ့ အပိုင်း တစ်ခု အနေနဲ့ ကင်မရာ MP မြင့်ခြင်းပါ။ 20 Megapixel အရည်အသွေးရှိတဲ့ high resolution ကင်မရာ ပါရှိပြီး 16 MP, 5 MP ၂ ပုံစလုံးကို တစ်ခါတည်း ရိုက်နိုင်တဲ့ Feature လည်းပါဝင်ကြောင်း ဆိုပါတယ်။ Sharing လုပ်တာ မြန်ဖို့ အတွက် ပါ။

Note 3 က RAM 3 GB မို့ Processing Performance အရကြည့်ရင် Note 3 က သာပေမယ့် ကင်မရာမှာကျ Nokia သာသွား ပါတယ်။ နောက် ထပ် နှိင်းယှဉ်စရာ LG Optimus G Pro လည်း ရှိနေပါသေးတယ်။ အားလုံးနဲ့ ယှဉ်လိုက်ရင်တော့ Lumia 1520 က ဘက်ထရီ ပိုအားကြီးပါတယ်။ 3400 mAh တောင်ပါ။ Note 3 က 3100 mAh, Optimus G Pro က 3140 mAh အသီးသီး ရှိနေပြီး ရာဂဏန်းလောက် ပိုသာနေခြင်း ဖြစ်ပါတယ်။

Windows Phone 8.1 OS နဲ့ မြင်တွေ့နိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားကြ ပါတယ်။ စက်တင်ဘာ ၂၆ နောက်ပိုင်း မှာ မိတ်ဆက်ပြသလို့ ယခုနှစ် နိုဝင်ဘာလ အတွင်း ဈေးကွက် ထုတ်ဖော်ပြသနိုင်ချေ ရှိတဲ့ Phablet စမတ်ဖုန်းဖြစ်ကြောင်း သိရပါတယ်။
.
Ref: pocketlint
အောင်ခမ်း (TSJ team)
TechSpace Journal


ပြည်သူအချင်းချင်း အဘိဇ္ဈာ မပွားချင်




တည်ဆဲဥပဒေ အချို့ဟာ ပြည်သူတွေ လိုက်နာဖို့ ခက်ခဲတာကြောင့် အလိုအလျောက် ဥပဒေ ချိုးဖောက်သလိုမျိုး ဖြစ်နေကြောင်း တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြားလိုက်တာကို Daily Eleven သတင်းစာမှာ ဖတ်လိုက်ရတယ်ခင်ဗျ။

သတင်းဖတ်ပြီးတဲ့ အခါမှာတော့ ကျွန်တော်တို့ မြို့လေးက မကြားချင်မှအဆုံး ကြားနေရတဲ့ အကြောင်းအရာ တချို့ကို ဆပွားတွေးလို့ ဖောက်သည်ချချင်တယ်။

အကြောင်းအရာ တွေထဲမှာ တစ်ချက်က ကျွန်တော်တို့ မြို့လေးမှာ ခရီးသွားလုပ်ငန်း မျှော်လင့်ချက် ကောင်းလာတာနဲ့အမျှ တိုးချဲ့ဆောင်ရွက်ဖို့ လိုအပ်လာတဲ့ ဟိုတယ်၊ တည်းခိုခန်းနဲ့ တိုးပွားလာတဲ့ လူဦးရေနဲ့အညီ လိုအပ်လာတဲ့ နေရာ၊ အဆောက်အအုံ တိုးချဲ့မှုတွေနဲ့ သက်ဆိုင်ပါတယ်။

ကျွန်တော်တို့ ဒေသက အင်မတန် ထူးခြားပါတယ်။ စိုက်ရေးပျိုးရေးနဲ့ အခြားကုန်သွယ်လုပ်ငန်း မထွန်းပေါက်တဲ့ မြို့လေးမှာ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်တွေ ပေါကြွယ်တာကြောင့် ခရီးသွား လုပ်ငန်းက ဖြစ်ထွန်းလာပါတယ်။ ခက်နေတာက ခရီးသွားလုပ်ငန်း ကောင်းလာလို့ လုပ်ငန်းတိုးချဲ့ ဆောင်ရွက်ပါမယ် ဆိုတော့ မြို့ဧရိယာ အများစုဟာ ရှေးဟောင်း အမွေအနှစ်နယ်မြေ ဖြစ်နေတာမို့ တိုးချဲ့ချင်တိုင်း တိုးချဲ့လို့ မရပြန်ဘူး။ မြန်မာတင်မက ကမ္ဘာကပါ တန်ဖိုးထားတဲ့ ရှေးဟောင်းနယ်မြေ ဆိုတော့လည်း လုပ်ချင်သလို လုပ်ပစ်လို့က ဘယ်ရမလဲ။ ရေရှည်တည်တံ့အောင် ဆိုတာ ဥပဒေ၊ စည်းမျဉ်း ၊ စည်းကမ်းတွေ၊ ဒေသန္တရ ဥပဒေတွေနဲ့ ကာကွယ်ထိန်းသိမ်း ကြရတာပေါ့။

ပြောချင်တာက ကျွန်တော်တို့ မြို့လေးမှာ နားနဲ့မဆံ့အောင် ကြားနေရတဲ့ အသံတွေပါပဲ။

ကျွန်တော်တို့ကျတော့ ရှေးဟောင်းမြေနဲ့ မလွတ်လို့တဲ့ဗျာ။ ဟိုလူတွေကျတော့ ဆိုတာမျိုး။ ကိုယ်ကျိုးအတွက်ပဲဖြစ်ဖြစ် အများအကျိုး အတွက်ပဲဖြစ်ဖြစ် အဆောက်အအုံနေရာ တိုးချဲ့ဆောင်ရွက် လိုတဲ့အခါ ကြားရတဲ့ အသံတွေဟာ ဟိုလူကျတော့၊ ဟိုအဖွဲ့ကျတော့ ဘုရားနားမှာ၊ ဘုရားရှေ့မှာ ဘယ်လို အဆောက်အအုံတွေ ဘယ်လို ဆောက်ခွင့်ရတယ်။ တိုးချဲ့ခွင့်ရတယ်။ တို့ကတော့ ဒါလေးတောင် သူတို့က ခွင့်မပြုနိုင်ဘူး စသဖြင့်ပေါ့။ နောက်အကြောင်းအရာ တစ်ခုက ကျွန်တော့် အသိတစ်ယောက် ညောင်ဦးမြို့ထဲမှာ စားသောက်ဆိုင်လေး တစ်ဆိုင်ဖွင့်ထားတယ်။ ဆိုင်လေးက ရောင်းအား ကောင်းပါတယ်။ အဓိက စားသုံးသူ နိုင်ငံခြားသား တွေပါပဲ။ တစ်နေ့က သူ့ကို တရားရုံးက ထောင်ဒဏ်နှစ်ပတ် ချမှတ်လိုက်တယ်။ သူနဲ့အတူ ကျွန်တော်တို့မြို့က စားသောက်ဆိုင် နှစ်ဆိုင်က အမျိုးသမီး တစ်ဦး၊ အမျိုးသားတစ်ဦး စုစုပေါင်းသုံးဦး အလားတူ ပြစ်ဒဏ်တွေ ကျခံခဲ့ရတယ်။ အပြစ်က သူတို့ဆိုင်တွေမှာ ဘီယာတင် ရောင်းတဲ့အမှု။

နိုင်ငံခြားသား ခရီးသွားတွေ အများဆုံးလာတဲ့ ဒေသမှာ ဘီယာရောင်းချခွင့်ကို လေလံစနစ်နဲ့ ဒီနှစ်လုပ်လိုက်တဲ့အခါ နိုင်ငံခြားသား အများဆုံး နေထိုင်လည်ပတ်တဲ့ ညောင်ဦး တစ်ဝိုက်မှာ ဘီယာရောင်းချခွင့်ဟာ တစ်ဆိုင်ပဲ ရှိတော့တယ်။ (ပုဂံမြို့သစ်ဘက်မှာ ရောင်းချခွင့် သုံးဆိုင်ရပေမယ့် နိုင်ငံခြားသား အများစုက ပုဂံမြို့ဟောင်းနဲ့ ညောင်ဦးဘက် နေထိုင်လည်ပတ် စားသောက်တာများတယ်) ခရီးသွားရာသီမှာ နိုင်ငံခြားသားဧည့်သည် တစ်နေ့လေးငါးရာမက ကျွန်တော်တို့ ဒေသမှာ ရောက်ရှိနေမြဲ။ နိုင်ငံခြားသား ဆိုတာကလည်း သွားရင်းလာရင်း ဆိုင်တစ်ဆိုင်ဆိုင်မှာ နေ့လယ်စာ ဒါမှမဟုတ် ညစာဝင်စားပြီဆိုရင် ဘီယာဆိုတာ အနည်းနဲ့အများ ပါစမြဲဆိုတော့ ဆိုင်တိုင်းလို ဘီယာတင် ရောင်းချလာခဲ့ကြတာ ခုချိန်ထိပေါ့။ ဆိုင်အရေအတွက်က တစ်ရာမကပေမယ့် ရောင်းချခွင့်က စုစုပေါင်းမှ သုံးဆိုင်ပဲဆိုတော့ ဧည့်သည်လည်း အခက်တွေ့သလို ဧည့်လမ်းညွှန်တွေလည်း ဒုက္ခရောက်ရ၊ ဆိုင်တွေလည်း ကြံရာမရ ဖြစ်တာပေါ့။ ဒီဒေသက ဆိုင်တွေမှာလည်း နိုင်ငံခြားသား အဓိက အားထားရောင်းကြ ရတာဆိုတော့ နောက်ဆုံး ဖမ်းကာမှဖမ်းရော ရောင်းကြတာပေါ့။

တချို့က ဝေဖန်ထောက်ပြ ကြပါတယ်။ ယဉ်ကျေးမှု နယ်မြေဖြစ်လို့ ဘီယာရောင်းချခွင့်ကို ကန့်သတ်ချင်တာ မပြစ်မဆိုပါဘူးတဲ့။ ဒါပေမဲ့ ဒီနယ်မြေက နိုင်ငံခြားသား ခရီးသွားတွေအပေါ် အဓိကအားထား ရပ်တည်နေရတဲ့ နယ်မြေတဲ့။ ဘီယာကို တရားဝင်လည်း မရောင်းရ၊ ဧည့်သည်ကလည်း ဒါမပါရင် မပြီးဆိုတဲ့အခါ ဆိုင်တွေက နောင်ခါလာ နောင်ခါဈေး ရောင်းကြတယ်။ နိုင်ငံတော်မှာလည်း ရသင့်ရထိုက်တဲ့ အခွန်အခ မရရှိရုံကလွဲလို့ ဘာများအကျိုး ထူးလာလို့လဲတဲ့။ မြို့တွင်း စားသောက်ဆိုင် အများစုမှာတော့ ရောင်းတဲ့လူက ရောင်းမြဲရောင်းနေ ကြတာပါပဲ။ ကြားလာရတဲ့ အသံတွေကို ဒီမှာအဓိကထား ပြောချင်တာပါ။

''သူတို့ကျတော့ မဖမ်းဘူး။ ငါတို့ကျတော့၊ ကျုပ်တို့ကိုတော့ ထောင်နှစ်ပတ် ချလိုက်တယ်။ သူတို့ကျရင်ကော'' ဆိုသော အသံလေးတွေ ကြားလာရတယ်ဗျ။

အကြောင်းအရာတွေ များပေမယ့် လတ်တလော ကြားနေရတဲ့ အကြောင်းလေးပဲ နောက်ဆုံးထားပြီး ဆက်ပြောချင် ပါသေးတယ်။ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်တွေကို သက်ဆိုင်ရာက စနစ်တကျ ထိန်းသိမ်းဆောင်ရွက်နေတာကြောင့် ဘုရားတချို့မှာ တံတိုင်းအတွင်းက ဈေးသည်တွေကို အပြင်ထုတ်တယ်။ ရှေးဟောင်းဘုရားတွေရဲ့ ခံ့ညားထည်ဝါမှု၊ သန့်ရှင်းမှုတွေကို အထောက်အကူ ဖြစ်အောင်လို့ ရည်ရွယ်တာပါ။ ဒါဟာ ကောင်းတဲ့ ရည်ရွယ်ချက်ပါ။

ဒါပေမဲ့ နှစ်ပေါင်းများစွာ ဒီဘုရားအရိပ် အာဝါသအောက် မိုးလင်းမိုးချုပ် ဈေးရောင်း စားလာကြတဲ့ သူတွေဆိုတော့ ခုမှနေရာရွှေ့ ခံရမယ့်အရေး ငါ့ဒိန်ခဲ ဘယ်သူရွှေ့လဲ။ ဘာကြောင့် အရွှေ့ခံရသလဲ။ စောဒကတက်ပြီပေါ့။ အပြောင်းအလဲ ဆိုတာကြီးကို ကျွန်တော်တို့ ယုံကြည်အားကိုးစွာ လက်ခံတတ်ကြတဲ့ စိတ်ခွန်အား အလေ့အကျင့်တွေ အဆင်သင့် မရှိကြသေးဘူးမို့လား။ ကိုယ်ကျိုးစီးပွားနဲ့ ယှဉ်လာတော့လည်း တခြားအရေးတွေထက် ကိုယ့်အရေးကို ရှေ့တန်းထား ဦးစားပေးချင်တဲ့ လူ့သဘာဝ တရားလည်း ပါမှာပေါ့။ ဒါနဲ့ဆက်နွှယ်ပြီးတော့ ကြားလာရတဲ့ အသံတွေကလည်း-

''တို့ဆိုင်တွေကျတော့ ဇွတ်အတင်း ရွှေ့ရမယ် ပြောနေတယ်။ ဟိုဘုရားက ဆိုင်တွေကျတော့ ''၊ ''ငါတို့မှ တံတိုင်းအပြင် ထွက်ရရင် ဟိုဘုရား တန်ဆောင်းထဲက ဆိုင်တွေလည်း ရွှေ့ခိုင်းပေါ့'' စသဖြင့် မကြားချင်အဆုံး ကြားလာရပြန်တယ်။

ကြားလာရတဲ့ အသံတွေကို လေ့လာသုံးသပ် ကြည့်တဲ့အခါ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောသလို လိုက်နာဖို့ ခက်ခဲတဲ့ ဥပဒေအချို့ကြောင့် ပြည်သူတွေ အလိုအလျောက် ဥပဒေ ချိုးဖောက်သလိုမျိုး ဖြစ်ရတာ ရှိသလို ဥပဒေအချို့ကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ လိုအပ်ချက် အားနည်းချက်တွေ ရှိနေရင် အောက်ခြေက ပြည်သူလူထုမှာလည်း အိမ်ကြက် အချင်းချင်း အိုးမဲသုတ်တာ ခံထားရသလိုမျိုး ပြည်သူအချင်းချင်း အဘိဇ္ဈာ ပွားမှုတွေ ဖြစ်တတ်ကြောင်းပါ ခင်ဗျာ။

ကိုနော် (ပုဂံ)

ပုဂံဒေသရှိ ထီးလိုမင်းလိုဘုရားအနီးမြင်ကွင်း
Eleven Media Group

ခြေလေးချောင်းပါသည့် မိန်းကလေးမွေးဖွား



စက်တင်ဘာ ၁၄ ရက် ညနေ ၂ နာရီခွဲက ဒိုက်ဦးမြို့နယ် သပြေတန်းကျေးရွာအုပ်စု ရောင်နီဦး ကျေးရွာအင်ကြင်းစုပိုင်းနေ အဖ ဦးမောင်လွင်၊ အမိ ဒေါ်ဌေးတို့မှ သတ္တမမြောက်မွေးဖွားသော မိန်းကလေး ကိုယ်အလေးချိန် ၆ ဒသမ ၅ ပေါင်ရှိ မွေးကတည်း က ခြေလေးချောင်း ပါဝင်သော ကလေးငယ်တစ်ဦးကို အရပ်သားဖွားဖြင့်နေအိမ်တွင် မွေးဖွား ခဲ့ပြီး ဒိုက်ဦးဆေးရုံသို့ ညနေ ၅ နာရီ ၁၅ မိနစ်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါကလေးသည် ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး ခွဲစိတ်မှုပြုနိုင်ရေးအတွက် တိုင်းဒေသကြီး အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့က အလှူငွေကျပ် တစ်သိန်း၊ ခရိုင်အမျိုးသမီးရေးရာနှင့် မိခင်နှင့် ကလေးစောင့်ရှောက် မှုကြီးကြပ်ရေးအဖွဲ့က အလှူငွေကျပ်ငါးသောင်း၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့်ဌာနဆိုင်ရာများက အလှူငွေကျပ် တစ်သိန်း၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းက အလှူငွေကျပ် ငါးသောင်း၊ စေတနာရှင်ပြည်သူများက အလှူငွေကျပ် ၇၆ဝဝဝ စုစုပေါင်းငွေကျပ် ၃၇၆ဝဝဝ တို့ကို ထောက်ပံ့လှူဒါန်းခဲ့ပြီး ဒိုက်ဦးပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းနှစ်ဦးလိုက်ပါလျက် ရန်ကုန်မြို့ ကလေးဆေးရုံကြီးသို့ ည ၇ နာရီ မိနစ် ၂ဝ တွင် သုခကာရီကရုဏာ လက်များအသင်း(ဒိုက်ဦး)၏ လူနာတင်ယာဉ်ဖြင့် လိုက်ပါပို့ဆောင်ပေး ခဲ့ကြောင်း သိရသည်။



သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

မြန်မာ့နိုင်ငံရေးအတွက် စိန်ခေါ်မှု ဒေါ်စုသတိပေး


အပြောင်းအလဲတွေ ဖြစ်နေပြီလို့ ပြောနေကြတဲ့ မြန်မာနိုင်ငံဟာ အခုအခါမှာ အသွင်ကူးပြောင်းတဲ့ ကာလလို့ခေါ်တဲ့ အကြီးမားဆုံး စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အချိန်ကို ရောက်နေတယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ၁၇ ကြိမ်မြောက် Forum 2000 ညီလာခံအဖွင့်မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲအတွက် အကောင်းဘက်ကချည်းပဲ လွန်လွန်ကဲကဲ ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်း ပျောက်သွားနိုင်တယ်လို့လည်း သတိပေးလိုက်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ချက်သမ္မတနိုင်ငံမှာ ကျင်းပတဲ့ Forum 2000 အဖွဲ့ရဲ့ နှစ်ပတ်လည်ညီလာခံကို ဒီနှစ်မှာ ပထမဆုံးအကြိမ်အဖြစ်နဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားနိုင်ခဲ့ပါတယ်။ တိဘက်ဘုန်းတော်ကြီး ဒလိုင်လားမားနဲ့တကွ နိုင်ငံ့ခေါင်းဆောင် အများအပြား သာမက ထင်ရှားတဲ့ပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းအများအပြားတက်ရောက်တဲ့ ဒီညီလာခံအဖွင့်မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရဲ့ အပြောင်းအလဲကို အကောင်းဘက်ကနေပဲ ဇောင်းပေးပြီး မကြည့်ကြဖို့ ပန်ကြားခဲ့ပါတယ်။

“အကောင်းဘက်ကချည်းပဲ လွန်လွန်ကဲကဲ မကြည့်ကြဖို့ ကျမ ခဏခဏပြောခဲ့ပါတယ်။ ဒါဟာကျမတို့အတွက် မကောင်းပါဘူး။ ကျမတို့ လျှောက်နေတဲ့ လမ်းကြောင်း ပျောက်သွားတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ အခက်အခဲတွေ ရှိနေတာကို သိရက်သားနဲ့ မျက်စိပိတ်ထားတဲ့ အနေထားမျိုးပါ။ ဇွတ်ကြီး အကောင်းပြောတာမျိုးမို့ ဒါမျိုးကို ကွယ်လွန်သူ Vaclav Havel လည်း ကြိုက်မယ်လို့လည်း မထင်ပါဘူး။ ကျမတို့မှာရှိနေတဲ့ အခက်အခဲတွေကို လက်တွေ့ကျကျ ရင်ဆိုင်ဖို့၊ ဒီအခက်အခဲတွေကို ရင်ဆိုင်မယ့်သတ္တိမွေးပြီး ကျော်လွှားကြဖို့နဲ့ ပြဿနာတွေကို အောင်အောင်မြင်မြင် ဖြေရှင်းကြဖို့ သူက လိုလားမှာပါ။”

Forum 2000 အဖွဲ့ကို တည်ထောင်သူတဦးဖြစ်တဲ့ ကွယ်လွန်သူ ချက်သမ္မတဟောင်း Vaclav Havel ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေး အတွက်သာမက ကမ္ဘာ့နိုင်ငံတွေကြား လွတ်လပ်မှုနဲ့ ဒီမိုကရေစီထွန်းကားဖို့ ကြိုးစားခဲ့သူတဦးဖြစ်ပြီး ၁၉၉၁ ခုနှစ်အတွက် ဒေါ်အောင်ဆန်း စုကြည်ကို နိုဗယ်လ်ငြိမ်းချမ်းရေးဆုရဖို့ အမည်စာရင်းတင်သွင်းခဲ့သူလည်း ဖြစ်ပါတယ်။ လွတ်လပ်မှုကို မြတ်နိုးသူဖြစ်သလို မြန်မာ နိုင်ငံသားတွေ လွတ်လပ်ဖို့၊ မြန်မာနိုင်ငံ ဒီမိုကရေစီထွန်းကားလာစေဖို့ ကြိုးစားခဲ့တဲ့ မစ္စတာဟာဗဲလ်နဲ့တကွ ချက်ပြည်သူအားလုံးကို မြန်မာနိုင်ငံကိုယ်စား ကျေးဇူးတင်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

“အခု ကျမ Prague ကိုရောက်နေချိန်မှာ သမ္မတ Vaclav Havel နဲ့ ချက်နိုင်ငံသူ နိုင်ငံသား အားလုံးကို ကျေးဇူးတင်စကား ပြောပါရစေ။ ရှင်တို့တွေဟာ ကျမတို့ အရင်တုန်းက အခက်အခဲတွေနဲ့ ကြုံခဲ့ရချိန်မှာရော၊ အခုလို စိန်ခေါ်မှုမျိုးစုံနဲ့ အထူးသတိထားနေရမယ့် အချိန်မျိုးမှာပါ ကျမတို့နဲ့ အတူရှိနေတာမို့ ကျေးဇူးတင်ပါတယ်။”

လွတ်လပ်မှုကို အပြည့်အဝရစေဖို့အတွက် လိုလားသူတွေအနေနဲ့ လွတ်လပ်မှု အနည်းအကျဉ်းရရုံနဲ့ ကျေနပ်မနေကြဖို့ ဆန္ဒရှိမယ်လို့ ယုံကြည်တဲ့အတွက် မြန်မာနိုင်ငံရဲ့အနေအထားကို လက်တွေ့ကျကျမြင်အောင်လည်း ချပြခဲ့ပါတယ်။

“အခုအချိန်ဟာ ကျမတို့နိုင်ငံမှာ အကြီးမားဆုံး စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရတဲ့အချိန်ဖြစ်ပါတယ်။ ကျမ နေအိမ်အကျယ်ချုပ်နဲ့ နေရတဲ့အချိန်မျိုး မဟုတ်သလို မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ ဒီမိုကရေစီရေး ကြိုးပမ်းသူတွေနဲ့ ပြည့်နေတဲ့ အချိန်မျိုးလည်း မဟုတ်ပါဘူး။ အခုအချိန်ဟာ အခက်ခဲဆုံးနဲ့ စိန်ခေါ်မှု အကြီးဆုံးအချိန်ပါ။ ဘာလို့လဲဆိုတော့ အခု ရလာတဲ့အချိန်ကို ကောင်းကောင်း အသုံးမချရင် ဒါမျိုးပြန်ရဖို့ နောက်ထပ် နှစ်တွေ အကြာကြီး ပြန်စောင့်ရနိုင်တဲ့ အနေအထားမို့ပါ။ လုပ်သင့်တာကို အမှန်ကန်ဆုံးဖြစ်အောင် ဆုံးဖြတ်လုပ်ကိုင်ရမယ့် အသွင်ကူးပြောင်းတဲ့ကာလကို ရောက်နေတာမို့ပါ။”

မြန်မာနိုင်ငံဟာ သယံဇာတကြွယ်ဝတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်သလို မြန်မာနိုင်ငံသားတွေအားလုံး ဘက်စုံကြွယ်ဝလာအောင် တခြားနိုင်ငံတွေရဲ့ လိုအပ်မှုတွေအတွက် ရက်ရက်ရောရော ပေးကမ်းလှူဒါန်းနိုင်တဲ့အထိ ဖြစ်လာအောင် မစ္စတာ Havel မျှော်လင့်ထားတဲ့ တကယ့်လွတ်လပ်မှုတွေ ရလာတဲ့နိုင်ငံဖြစ်စေဖို့အတွက် အားလုံးက ဝိုင်းဝန်းပြီး ကူညီကြဖို့လည်း ပန်ကြားခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံသားအားလုံး ကြောက်ရွံ့ခြင်းကင်းပြီး လွတ်လပ်မှုအပြည့်နဲ့ ကောင်းမွန်တဲ့အသွင်ကူးပြောင်းမှုတွေ ရလာတဲ့တနေ့မှာ မြန်မာနိုင်ငံကို အားလုံးလာလည်ကြဖို့ပါ ဖိတ်ခေါ်ခဲ့ပါတယ်။
================

ချက်သမ္မတနိုင်ငံက Fourm 2000 မှာ မိန့်ခွန်းပြောကြားနေတဲ့ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်။ (စက်တင်ဘာ ၁၅၊ ၂၀၁၃၊ ဓာတ်ပုံ/ဦးထွန်းဝေ-ဂျပန်-facebook မှ ကူးယူဖော်ပြပါသည်။)

ဒေါ်ခင်မျိုးသက်

16.09.2013
မူရင်း လင့် http://burmese.voanews.com/content/daw-aung-san-suu-kyi-speech-in-forum-2000-/1750338.html

၂၀၁၃ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတွင် ပရိသတ်ထက် လုံခြုံရေးဝန်ထမ်းအရေအတွက် ပိုများ


ရန် ကုန်မြို့တွင် အိမ်ရှင်အဖြစ်လက် ခံကျင်းပလျက်ရှိသည့် အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတွင် ကွင်းအတွင်း ဝင်ရောက်အားပေး သည့် ပရိသတ်အရေအတွက် နည်း ပါးပြီး အချို့ပွဲစဉ်များတွင်မူ ပရိ သတ်အရေအတွက်ထက် လုံခြုံ ရေးဝန်ထမ်းများ၏ အရေအတွက် က ပိုမိုများပြားနေကြောင်း သိရ သည်။

မြန်မာအမျိုးသမီးအသင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိသော ယင်း ပြိုင်ပွဲတွင် ဒေသတွင်းနိုင်ငံများ အပါအဝင် အာရှဘောလုံးအင် အားကြီးနိုင်ငံများဖြစ်သော ဂျ ပန်၊ ဂျော်ဒန်နှင့် ဩစတြေးလျ အသင်းတို့ ပါဝင်ယှဉ်ပြိုင်လျက် ရှိသော်လည်း ပရိသတ်ဝင်ရောက် မှု နည်းပါးမှုရှိနေပြီး အချို့ပွဲစဉ် များတွင်မူ ပရိသတ်အရေအတွက် ထက် လုံခြုံရေးဝန်ထမ်းများ၏ အရေအတွက်က ပိုမိုများပြားနေ သည်ကို တွေ့ရသည်။

မြန်မာနိုင်ငံ ဘောလုံးအ ဖွဲ့ချုပ်၏ မားကက်တင်းဒါရိုက် တာဦးဆူးအောင်က ''အရင် အ မျိုးသား ပြိုင်ပွဲတွေမတိုင်မီမှာ လက်ကမ်းစာစောင်တွေ ဝေပြီး ပရိသတ်ကို စည်းရုံးခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာတော့ ဒီလိုမလုပ်ခဲ့ပါ ဘူး။ ဒါပေမဲ့ လက်ကမ်းစာစောင် မဝေခဲ့တာနဲ့တော့ ဆိုင်မယ်မထင် ပါဘူး။ အခုအချိန်က မိုးတွင်း ဖြစ်နေတာရယ်၊ တစ်ရက်ကို နှစ် ပွဲကစားတာရယ်၊ ပထမပွဲနဲ့ ဒု တိယပွဲကြားမှာ အချိန်အများ ကြီး ကွာဟနေတာရယ်ကြောင့် လဲပါမှာပါ။ ပထမပွဲက မွန်းလွဲ ၃နာရီခွဲဆိုတော့ အလုပ်ဆင်းချိန် မဟုတ်သလို ည ရနာရီခွဲပွဲကလဲ ပွဲပြီးတဲ့အချိန်မှာ အိမ်ပြန်ဖို့ ခက်ခဲပါတယ်။ ဒါတွေဟာ ဒီပြိုင် ပွဲမှာ ပရိသတ်တွေ နည်းရတဲ့ အချက်လို့ မြင်မိပါတယ်''ဟု ပြောသည်။

မြန်မာ အမျိုးသမီးအသင်း ၏ လက်ထောက်နည်းပြဒေါ်သက် သက်ဝင်းက ''ဖိလစ်ပိုင်နဲ့ ပွဲ တုန်းက အမျိုးသားပွဲနဲ့တိုက် ဆိုင်နေလို့ ပရိသတ်နည်းသွား တာလို့ပဲ ထင်ပါတယ်။ ကျွန်မ တို့ အသင်းဟာ ဒီပြိုင်ပွဲမှာ ချန် ပီယံဖြစ်ဖို့အထိ ရည်မှန်းထားတဲ့ အသင်းဖြစ်တာကြောင့် ပရိ သတ်တွေ များများလာကြည့်ရင် ကျွန်မတို့အတွက် ပိုပြီးအားရှိပါ တယ်။ နောက်ပွဲတွေမှာတော့ ပရိသတ်တွေ ကွင်းထဲရောက်ရှိ လာမယ်လို့ မျှော်လင့်ထားပါ တယ်''ဟု ဖွင့်ဟခဲ့သည်။
အာဆီယံအမျိုးသမီး ချန် ပီယံရှစ်ပြိုင်ပွဲ၏ ပွဲချိန်နှင့်ပွဲစဉ် ဇယားများအား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ရေးဆွဲ သည်မဟုတ်ဘဲ အာဆီယံဘော လုံးအဖွဲ့ချုပ်မှ ရေးဆွဲခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
Yangon Media Group

သင်မယုံကြည်သင့်တော့သော ခေါင်းဆောင်တို့ စကား



စွန့်ဦးတီထွင်မှု ( Entrepreneu ) လောကမှာ စာဖတ်သူ ကိုယ်တိုင် သို့မဟုတ် အခြား တစ်ဦးတစ်ယောက်က ဦးစီးဦးဆောင်ပြီး လုပ်ကောင်း လုပ်ရပါလိမ့်မယ်။ ဒီလိုဆိုရင် သူက ခေါင်းဆောင်ပါ။ စာရေးဆရာ Mark Sanborn ဟာ မိမိတို့ ဆက် အယုံအကြည်မထားသင့်တော့ တဲ့ ခေါင်းဆောင် များရဲ့  ပြောတတ်တဲ့ စကားများကို ရေးသားဖြော်ပထားပါတယ်။ ဒါကြောင့် မြန်မာပြည်မှ Entrepreneur များအတွက်လည်း လေ့လာ၊ မှတ်သားစရာလေးတွေ ပါတာမို့ ဆီလျော်သလို ဘာသာပြန်ပေး လိုက်ရ ပါတယ်။


မန်နေဂျာ တိုင်းဟာ ခေါင်းဆောင် ဖြစ်တယ်

ခေါင်းဆောင်တစ်ယောက်က အဲ့လို စကားသံ ထွက်လာပြီဆိုရင် ဆက်မယုံးသင့်တော့ပါဘူး။ ဒါဟာ သူက ဆက်လက်ပြီး ခေါင်းဆောင်နေ ရာမှာ တာဝန်မယူနိုင်တော့ဘူးဆိုတာကို ပြောလိုက်တာနဲ့ အတူတူ ပါပဲ။ မန်နေဂျာရဲ့  တာဝန်က Monitoring, Maintaining, Process တွေအတွက် ပဲ ယေဘုယျအားဖြင့် မှတ်သားနိုင် ပါတယ်။ ခေါင်းဆောင်တစ်ယောက်မှာကျ အဲဒါတွေအပြင် ပြုပြင်ပြောင်းလဲမှု၊ ဖွံ့ဖြိုးတိုးတက်မှု နဲ့ ချဲ့ ထွင်မှု တို့အတွက် လည်း တာဝန်ရှိလာရမယ့်သူ ဖြစ်ပါတယ်။ ဒါကြောင့် မန်နေဂျာအဆင့်တွေ ကို ခေါင်းဆောင်တွေပါလို့ ပြောလိုက်ခြင်းက သူဟာ ခေါင်းဆောင်တာဝန် မလုပ်နိုင်ပါဘူးလို့ပြောလိုက်တာနဲ့ အတူတူပါပဲ။


လူအချို့  ပဲခေါင်းဆောင်ဖြစ်နိုင်တယ်

အဲဒါမှားပါတယ်။ အဲ့လိုစကားထွက်တဲ့သူကလည်း ခေါင်းဆောင်ထားသင့်သူ မဟုတ်ပါဘူး။ လူတိုင်း ထမင်းစားတာချင်းအတူတူ ခေါင်းဆောင်ဖြစ်ဖို့ လူအချို့ ပဲဖြစ်နိုင်တယ်ဆိုတာ တစ်ယူသန်၊ အတ္တဆန်တဲ့ ခံယူချက် ဖြစ် ပါတယ်။ မဖြစ်နိုင်ဘူးဆိတာမရှိ၊ မဖြစ်သေးတာပဲ ရှိတယ်ဆိုတာ ဘယ်နယ် ပယ်မှာမဆို အမြဲမှန်တဲ့ စကား ဖြစ်ပါတယ်။ ယနေ့ ရိုးရိုးဝန်ထမ်းဖြစ်နေသူ တစ်ဦးကလည်း အရည်အချင်းပြည့်ဝလာတဲ့ အခါ ခေါင်းဆောင် ဖြစ်ကိုဖြစ် လာနိုင်ပါတယ်။

ခေါင်းဆောင်မှာ အဖြေမှန် ရှိတယ်

အဲ့ဒါလည်း တစ်ယူသန်တဲ့ ခေါင်းဆောင်တို့ရဲ့  မှားယွင်းတဲ့ခံယူ ချက် ဖြစ် ပါတယ်။ လူတိုင်း မမှန်နိုင်ပါဘူး။ နောက်လိုက်တွေမှာ Complaint ပေါင်းစုံ ရှိနိုင်ပြီး ကိုယ့်ဆီမှာမှ ဖြေရှင်းစရာ အဖြေက စုံစုံလင်လင် မရှိရင် ခေါင်းဆောင်ကောင်း မမည်ပါဘူး။ တစ်ယောက်က ဒီမေးခွန်း လာမေး တယ်။ ကိုယ်က ဒီအဖြေဖြေတယ်။ တူညီတဲ့ မေးခွန်းကို ပဲ နောက် တစ်ယောက်က လာမေးတယ်။ ဒီအဖြေပဲထပ်ဖြေတယ်။ ဒီလိုပဲ တူညီ တဲ့ မေးခွန်းကို လူတိုင်းက ဆက်တိုက်မေးလာရင် ကိုယ့်အဖြေကို မကျေနပ် ဘူးဆိုတာကို သိရပါမယ်။ ဒီတော့ နောက်လိုက်တွေ စိတ်ကျေနပ်လောက်အောင် ဖြေရှင်းချက် စုံစုံလင်လင် ထုတ်မပေးနိုင်ရင် ကိုယ့်ဆီမှာ Innovative skill လိုအပ်နေသေးတယ်ဆိုတာကို သိမြင်ရမှာ ဖြစ် ပါတယ်။


ခေါင်းဆောင်မှာ ကဏ္ဍခွဲရှိတယ်

ဝန်ထမ်းတစ်ယောက်ပေါ့နော်။ သူ့အလုပ်က ဖုန်းလာသမျှ ဖြေဖို့ပဲ။ သူ့အနေ နဲ့ သတင်းအချက်အလက် စုံလင်စွာ မပေးနိုင်တဲ့အခါ အဲဒါ အထပ်က ပြော တဲ့အတိုင်းပါပဲ။ သိချင်ရင် အထပ်ကို ဆက်သွယ်နိုင်ပါတယ်။ ဘယ်လိပ်စာကို အီးမေးလ်ပို့နိုင်ပါတယ် ဘာညာနဲ့ လွဲချတတ်တဲ့သူဟာ လည်း ခေါင်းဆောင်ဖြစ်မလာ နိုင်ပါဘူး။ တာဝန်ကျေရုံလုပ် တတ်သူ ဟာ ခေါင်းဆောင်ဖြစ်မလာနိုင်သလို ဒါကိုလည်း မှန်တယ်လို့ ထောက်ခံ သူဟာလည်း ခေါင်းဆောင်ကောင်း မမည်ပါဘူး။ နောက်လိုက်တွေကို ဘယ်အရာဖြစ်ဖြစ် ဦးဆောင်ချင်စိတ် သွင်းပေးရမှာဟာ လည်း ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့  အရည်အချင်းပဲ ဖြစ်ပါတယ်။


ခေါင်းဆောင် အလုပ်မအားဘူး

အလုပ်ကိစ္စ တစ်ခုအတွက် ခေါင်းရှုပ်ပြီး ဖြေရှင်းနေရခက်ချိန် အခြား focus ဆိုက်စရာ ပေါ်လာတဲ့ အခါ မအားလို့ ခဏနေအုံး၊ အဆင်ပြေသလို ကြည့်ရှင်းလိုက်၊ ဆုံးဖြတ်လိုက်ဆိုပြီးတော့ လွဲချရင် ခေါင်းဆောင် မဟုတ်တော့ပါဘူး။ ခေါင်းဆောင်တစ်ယောက်ဟာ သူ့အနေနဲ့ focus လုပ်ရမယ့် Task က တစ်ခုတည်း မှာ ရှိမနေရပါဘူး။ ခွဲခြမ်းမျှဝေ (Shared) လုပ်ထား ရပါမယ်။ အဲ့လိုမဟုတ်ပဲ တစ်ခုတည်းကိုပဲ အာရုံစူးစိုက်၊ အချိန် စူးစိုက် လုပ်နေရင် သူဟာ ယုံကြည်သင့်တဲ့ ခေါင်းဆောင်တစ်ယောက် မဟုတ်တော့ပါဘူး


ခေါင်းဆောင် ဆိုတာ ပန်းတိုင် တစ်ခု

ခေါင်းဆောင်ဆိုတာ ပန်းတိုင်တစ်ခုလို့ ပြောတတ်သူ၊ သိစေတတ်သူ ဟာလည်း ဆက်မယုံကြည်သင့်တော့ ပါဘူး။ ခေါင်းဆောင် ဆိုတဲ့ အဆင့်အတန်း တစ်ခုဟာ ပိုမိုကောင်းမွန်တဲ့ ကုန်ပစ္စည်း တစ်ခုလို့ပဲ ဥပမာ ပေးထားပါတယ်။ တာဝန်ယူရမှိုပုများတဲ့ အလုပ်တစ်ခု သက်သက် သာ ဖြစ်ပြီး ခေါင်းဆောင်ဆိုတာ ပန်းတိုင်တစ်ခု၊ ရည်မှန်းချက်တစ်ခု ပမာ ပြောဆိုတတ်၊ သိစေသူဟာလည်း ဆက်ယုံကြည်သ့င်တဲ့ ခေါင်းဆောင် မဟုတ်ပါဘူး။


လူတိုင်း ခေါင်းဆောင်နိုင်တယ်

ဒါလည်းမှားပါတယ်။ လူအချို့ သာ ခေါင်းဆောင်ဖြစ်နိုင်တယ် လို့ ပြောတာ ကိုလည်း မှားတယ်။ ခုကျတော့ လူတိုင်း ခေါင်းဆောင်နိုင်တယ် ဆိုတာကလည်း မခေါင်းဆောင်နိုင်တဲ့ သူတို့ရဲ့  စကားသံ ဖြစ်ကြောင်း ဆိုပါတယ်။ ဦးစီးဦးဆောင်လုပ်ဖို့အတွက် စိတ်ဆန္ဒ မရှိသူ တစ်ဦးကို ဘယ်ဟာကိုမှ သွားဦးဆောင်ခိုင်းလို့ မရပါဘူး။ နောက်ထပ်ပြောစရာအနေနဲ့ အရည်အချင်းကလည်း ပါဝင်ပါအုံးမယ်။ ဒါကိုလည်း သိရက်နဲ့ သို့မဟုတ် မသိပဲနဲ့ လူတိုင်း ခေါင်းဆောင်နိုင်တယ်လို့ ပြောနေရင် သူကိုယ်တိုင် က ပြောထွက်နေပြီဆိုရင် ဆက် မယုံသင့်တော့ ပါဘူး။
.
Ref: entrepreneur.com
TechSpace Journal
အောင်ခမ်း (TSJ team)

နိုင်ငံသားစိစစ်ရေးကဒ်ပြားကို Smart Card နှင့် အစားထိုးမည်




မြန်မာနိုင်ငံမှာ လက်ရှိကိုင်ဆောင်နေတဲ့ နိုင်ငံသားစိစစ်ရေးကဒ်ပြား (မှတ်ပုံတင်တွေကဒ်)တွေနေရာမှာ Smart Card တွေနဲ့ အစားထိုးပြောင်းလဲပေးဖို့ အစိုးရမှာ အစီစဉ်ရှိတယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ တိုင်းဒေသကြီး လွှတ်တော်အဆောက်ဦးထဲမှာ မနေ့ကပြုလုပ်တဲ့ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲအပြီးမှာ ဝန်ကြီး ဦးခင်ရီကို RFA က မေးမြန်းရာမှာ အခုလိုပြောခဲ့တာပါ။

“ဒါတွေက ငွေကြေးရင်းနှီးပြီးတော့ နိုင်ငံတကာ ပညာရှင်တွေက လုပ်ရတာဖြစ်တယ်၊ ကျနော်တို့ဆီကို တင်ပြတဲ့ဟာတွေ တစ်ယောက်ချင်းဆီကို ခေါ်နားထောင်တယ်၊ သူကဘယ်အဆင့်လုပ်၊ သူကဘယ်လိုလုပ်တယ်၊ အဲဒီအပေါ်မူတည်ပြီးတော့ တကယ်လုပ်မယ်ဆိုရင်တော့ တင်ဒါစနစ်နဲ့ ခေါ်ရွေးရမယ်၊ အနည်းဆုံးပေးနိုင်တဲ့သူနဲ့ အကောင်းဆုံးလုပ်ပေးနိုင်တဲ့သူကို ရွေးမှာပါ၊ ဒီစနစ်က မလုပ်လို့မရဘူးလေ”

နှစ်ပေါင်းများစွာ စက္ကူကတ်ပြားတွေနဲ့ အသုံးပြုလာခဲ့တဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားတွေနေရာမှာ smart card တွေနဲ့ ပြောင်းလဲအစားထိုးသွားမှာဖြစ်ပေမဲ့ ထုတ်ပေးမယ့်အချိန်ကာလ အတိကျကိုတော့ မပြောနိုင်သေးဘူးလို့ ဝန်ကြီးကဆိုပါတယ်။

လက်ရှိအချိန်ထိ အစိုးရအနေနဲ့ မိုးပွင့်စီမံကိန်းဆိုပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားတွေကို ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။
RFA Burmese

ဝိုင်တစ်ခွက်နဲ့ Intel Processor ကို အားသွင်းနိုင်


ဝိုက်တစ်ခွက်နဲ့ Intel Processor အားသွင်းနိုင်တယ်ဆိုတာ တကယ်ပါ။ အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကို မှာ ပြုလုပ်တဲ့ Intel Developer Fourm မှာ မိတ်ဆက်ပြသ သွားတဲ့ Intel ရဲ့  Processor အသစ် တစ်ခု ဖြစ် ပါတယ်။

အီလက်ထရုတ် ၂ ချောင်းကို ဝိုင်ခွက်ထဲ ထည့်ပြီး Processor ကို တိုက်ရိုက်အားသွင်းပြခဲ့ပါတယ်။ Low Powered processor ဖြစ်ပြီး စပျစ်ဝိုင်တစ်ခွက်နဲ့တင် အားဖြည့်လို့ရတယ်ဆိုတာကို သက်သေ ပြ ခဲ့ခြင်း ဖြစ်ပါတယ်။ အရင်က အာလူး တစ်လုံးနဲ့တင် ဖုန်းအားသွင်းလို့ ရတယ်ဆိုတာကို သက်သေပြ သလိုမျိုးပါပဲ။ ယခု စပျစ်နဲ့ အားသွင်းတဲ့ Processor ဟာ အားအစား သက်သာသလို စွမ်းဆောင်ရည်ပါ ပိုမြင့်တယ်လို့ ဆိုပါတယ်။

အလားတူပဲ Chip အသစ်များ မိတ်ဆက်ပြသခဲ့ပြီး CPU, GPU ပိုမြန်တဲ့ အပိုင်းတွေကို ပြသသွားခဲ့ ပါတယ်။ နောက်ဆိုရင် အရေအပြား အပူချိန်ကို အာရုံခံရုံနဲ့ အားသွင်းနိုင်မယ့် Processor နဲ့ Chip များကို ထုတ်လုပ်သွားဖို့ရှိတယ်လို့တောင် ကြေညာသွားခဲ့ ပါတယ်။
.
Ref: pocketlint
Aung Kham (TSJ team)

Belstaff အတွက် ကိုယ်ဟန်ပြခဲ့သည့် ဘက်ဟမ်း


ဘောလုံးကန် ဖိနပ်များကို အပြီးတိုင် သိမ်းဆည်းလိုက်ပြီးနောက် ဒေးဗစ်ဘက်ဟမ်းတစ်ယောက် ဖက်ရှင်နယ်ပယ်ဘက် ပိုမို၍ ထဲထဲဝင်ဝင် ခြေလှမ်းလာပြီ ဖြစ်သည်။ အင်္ဂလန် လက်ရွေးစင် ဘောလုံးအသင်း၏ အသင်းခေါင်းဆောင်ဟောင်းသည် ပြီးခဲ့သည့် ဘောလုံးရာသီကုန်၌ အားကစားသမား ဘဝကို အပြီးတိုင် စွန့်ခွာပြီဟု ကြေညာခဲ့သည်။ မန်ချက်စတာ ယူနိုက်တက်၊ ရီးယဲလ်မက်ဒရစ်၊ လော့စ်အန်ဂျလိစ် ဂလက်စီနှင့် ပဲရစ်စိန့်ဂျာမိန်း အသင်းများတွင် ကစားခဲ့ဖူးသည့် ဘက်ဟမ်းသည် လန်ဒန်ရှိ ဘွန်းလမ်းမှ ဖက်ရှင်ဆိုင်တစ်ခု ဖွင့်လှစ်မှုတွင် ပါဝင်ခဲ့သည်။ ဆိုင်ကယ်စီး ဖက်ရှင်အဝတ်အထည်များ ရောင်းချမည့် Belstaff အမှတ်တံဆိပ် ဆိုင်ဖွင့်ပွဲတွင် ဘက်ဟမ်းက ကိုယ်ဟန်ပြ ဓာတ်ပုံများ အရိုက်ခံခဲ့ခြင်း ဖြစ်သည်။
၎င်းသည် သားရေကျပ် ဂျာကင်အင်္ကျီ၊ ဘောင်းဘီအကျပ်တို့ကို ကျကျနန ဝတ်ဆင်ထားပြီး လိမ္မော်ရောင် BMW ဆိုင်ကယ် တစ်စင်းနှင့် သားနားနေသည်ကို တွေ့ရသည်။ ဘက်ဟမ်းသည် Belstaff၏ (၂၀၁၄)ခုနှစ် နွေရာသီ အရောင်းမြှင့်တင်မှု အစီအစဉ်တွင် ကြော်ငြာမော်ဒယ်လ်အဖြစ် ကိုယ်စားပြုပေးရန်လည်း စာချုပ်ထားသည်။ ယခုအစီအစဉ်တွင် ဘက်ဟမ်းနှင့်အတူ မော်ဒယ်လ် အမျိုးသား၊ အမျိုးသမီး အချို့လည်း ဖက်ရှင် ဒီဇိုင်းသစ်များကို ကိုယ်ဟန်ပြ ဝတ်ဆင်ပြသွားခဲ့ကြသည်။ ဘက်ဟမ်းသည် ဇနီးဖြစ်သူ ဖက်ရှင်ဒီဇိုင်နာ ဗစ်တိုးရီးယား ဘက်ဟမ်းကို အားပေးရန် လန်ဒန်ဖက်ရှင် သီတင်းပတ် အစီအစဉ်သို့လည်း စနေနေ့က တက်ရောက်ခဲ့သေးကြောင်း သိရှိရသည်။

Planet

ဆယ်တန်း ဆက်မတက်နိုင်၍ ဒဏ်ငွေ ခြောက်သိန်း မပေးဆောင်နိုင်သော မိသားစုအား PNA(အသွင်ပြောင်း ပြည်သူ့စစ်)မှ ခြိမ်းခြောက် ရိုက်နက် ၍ ငွေတောင်း



ရှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် (ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ) ၊ စငေါကျေးရွာ အထက်တန်းကျောင်းခွဲမှ မည်သည့် ကျောင်းသားမဆို ဆက်လက်ပညာ သင်ကြားလိုခြင်း မရှိလျှင် ဒဏ်ငွေ (၆၀၀၀၀၀) ခြောက် သိန်းကျပ်တိတိ ပေးဆောင် ပြီးမှ ကျောင်းထွက်ရကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ဟိုပုံးမြို့၊ စငေါကျေးရွာအုပ်စု၊ ဒုံကောင်ကျေးရွာနေ ဦးအောင်သန်းနှင့် ဒေါ်မွိုးဒွန်း တို့၏ သား ခွန်ဝင်းလှိုင် (၂၆)နှစ်အား ၁၃.၉.၂၀၁၃ ရက်နေ့ ည (၈)နာရီ အချိန်တွင် ကျေးရွာ ပြည်သူ့စစ် ဗိုလ်လေးတုတ် ၏ ရဲဘော် ကျော်စိုးခိုင် မှ လက်ထိပ်ခတ်၍ ကိုယ်ထိလက်ရောက် ရိုက်နက်ရာ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။

ခွန်ဝင်းလှိုင် ၏ ညီမဖြစ်သူ နန်းခင်ကြည် သည် ဟိုပုံးမြို့နယ်၊ စငေါကျေးရွာအုပ်စု၊ စငေါ အခြေခံပညာ အထက်တန်းကျောင်းခွဲ (၂၀၁၁-၂၀၁၂) ပညာသင်နှစ်တွင် ပညာသင်ကြားခဲ့သည့် ကျောင်းသူ တစ်ဦး ဖြစ်ကြောင်း၊ (၂၀၁၂-၂၀၁၃) ပညာသင်နှစ်တွင် ဆယ်တန်းနှစ်ကျ ကျောင်းသူတစ်ဦးဖြစ်ပြီး ငွေကြေးအခက်အခဲကြောင့် ဆက်လက် ပညာသင်ကြားနိုင်ခြင်း မရှိတော့ကြောင်း၊ ကျောင်း ဆက်မတက်နိုင်၍ မိခင်ဖြစ်သူ ဒေါ်မွိုးဒွန်းအား နေ့လည် (၁၂)နာရီအချိန်တွင် စငေါကျေးရွာအုပ်စု၊ ခိုခြဲကျေးရွာသို့ ပြည် သူ့စစ်အဖွဲ့မှ ငွေ ခြောက်သိန်းဖြင့် ပြန်လည်ရွေးယူရန် ခေါ်ဆောင်သွားကြောင်း သိရှိခဲ့ရသည်။

နန်းခင်ကြည်၏ အစ်ကိုဖြစ်သူ ခွန်ဝင်းလှိုင် မှ ည (၁၂)နာရီ အချိန်တွင် မိခင်ဖြစ်သူအား လွှတ်ပေးရန် ငွေကျပ် သုံးသိန်းခွဲဖြင့် သွားရောက်တောင်းပန် ရွေးယူခဲ့ရာ ခွန်ဝင်းလှိုင် အား လက်ထိပ်ခတ် ဖမ်းဆီးချုပ်နှောင် ပြီး မူးယစ်သောက်စားထားသည့် ပြည်သူ့စစ် ကျော်စိုးခိုင် မှ ရိုက်နက်ခဲ့ပြီး (၁၈.၉.၂၀၁၃) တွင် ကျန်ငွေ ကျပ်နှစ်သိန်းခွဲ အပြီး ပေးဆောင်ရန်၊ ပျက်ကွက်ပါက နေအိမ်ကို မီးရှို့ပစ်မည် ဟု ခြိမ်းခြောက်ပြောဆို ခဲ့ကြောင်း သိရှိရပါသည်။

ယခုအခါ ခွန်ဝင်းလှိုင် သည် ဟိုပုံးမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေရကြောင်း၊ မိခင်ဖြစ်သူမှာ ရွာသို့မပြန်ရဲ၍ ဟိုပုံးမြို့တွင် ခေတ္တနေထိုင်နေရကြောင်း၊ ၎င်း ကိစ္စနှင့်ပါတ်သက်၍ ဟိုပုံးမြို့နယ် ရဲတပ်ဖွဲ့ထံ အမှုဖွင့်တိုင်ကြားထားကြောင်း ဒေသ ခံတစ်ဦး မှ ပြောကြားခဲ့ပါသည်။

by Myanmar News Now

စာရေးဆရာကျော်ဝင်းကို နိုင်ငံအကျိုးပြု စာပေရေးသားမှု ဂုဏ်ပြုဆု လွှတ်တော်ပေးအပ်



ကမ္ဘာ့နိုင်ငံ အသီးသီး၏ သမိုင်း အတွေ့အကြုံများနှင့် ယှဉ်၍ မြန်မာနိုင်ငံကို အာဏာရှင်စနစ်မှ ဒီမိုကရေစီ စနစ်သို့ ချောမွေ့စွာ ကူးပြောင်းနိုင်ရေး အတွက် အစဉ်တစိုက် ရေးသားခဲ့သူ စာရေးဆရာ ကျော်ဝင်းကို နိုင်ငံအကျိုးပြု စာပေရေးသားမှု ဂုဏ်ပြုဆုကို ပြည်ထောင်စုလွှတ်တော်က အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် ပေးအပ်လိုက်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

နေပြည်တော် လွှတ်တော် အဆောက်အအုံတွင် စက်တင်ဘာလ ၁၅ ရက်နေ့က ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် ယင်းသို့ ဂုဏ်ပြုဆု ချီးမြှင့်ခြင်း ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။

“ဦးကျော်ဝင်းက ဒီမိုကရေစီစနစ်ကို သွားတဲ့နေရာမှာ ရန်/ငါ သဘော မချဉ်းကပ်ဘဲ နှစ်ဖက်နားလည်မှုယူပြီး အေးအေးချမ်းချမ်း သွားစေချင်လို့ ကမ္ဘာ့ အတွေ့အကြုံတွေနဲ့ ယှဉ်ပြီး ပြည့်ပြည့်စုံစုံ အများကြီး ရေးထားလို့ ဂုဏ်ပြုတဲ့ သဘောပေါ့” ဟု သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက သုံးသပ်ပြောကြားသည်။

စာရေးဆရာကျော်ဝင်းသည် အမျိုးသားလွှတ်တော် နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာ ကော်မရှင် အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်များကို အရည်အသွေး ဖြည့်တင်းမှု (Capacity Building) လုပ်ငန်းများတွင် ပါဝင်ကူညီနေသူ ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောဆိုသည်။

ထို့ပြင် လက်နက်ကိုင် တော်လှန်ရေးတွင် နှစ်ပေါင်းများစွာ ပါဝင်ဖူးသူဖြစ်၍ မအောင်မြင်သည့် ယင်းတော်လှန်ရေးမှ သင်ခန်းစာများနှင့် ယှဉ်တွဲ၍ နိုင်ငံ၏ ရှေ့ရေးအတွက် ချဉ်းကပ် သုံးသပ်ချက်များကို လွှတ်တော်ကိုယ်စားလှယ် အများစုက လက်ခံ သဘောကျကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

စာရေးဆရာ ကျော်ဝင်းနှင့်အတူ ၂၀၁၂ ခုနှစ် နိုင်ငံရေးစာပေ အမျိုးသား စာပေဆုရ စာရေးဆရာ ဦးကိုကိုမောင်ကြီး၊ လွှတ်တော် အစီအစဉ်ကို ထုတ်လွှင့်နေသည့် SKY Net နှင့် လွှတ်တော်သတင်းများ စဉ်ဆက်မပြတ် ရေးသားနေသည့် ပြည်တွင်း ပြည်ပ သတင်းမီဒီယာများကို ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြောင်း လွှတ်တော်ရုံးထံမှ သိရှိရသည်။
The Voice Weekly

နစ်ဆန်းကားများ မြန်မာနိုင်ငံမှာ ထုတ်မည်ဟု သတင်းထွက်




ဂျပန်နိုင်ငံက ကမ္ဘာကျော် Nissan မော်တော်ကား ကုမ္ပဏီကြီးက သူရဲ့အကျိုးတူလုပ်ဖက် Malaysia Tan Chong ကုမ္ပဏီနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ အသေးစား လူစီးကားတွေနဲ့ ထရပ်ကားတွေ ထုတ်လုပ်သွားဖို့ အစီအစဉ် ရေးဆွဲနေကြောင်း ဂျပန်နိုင်ငံထုတ် နစ်ကေ စီးပွားရေးသတင်းစာကြီးက ဒီနေ့ ဖေါ်ပြလိုက်ပါတယ်။

Tan Chong ကုမ္ပဏီက မြန်မာပြည်တွင်းမှာ စက်ရုံဖွင့်ပြီး နစ်ဆန်း မော်တော်ယာဉ် ထောင်ပေါင်းများစွာ နှစ်စဉ်တပ်ဆင် ထုတ်လုပ်သွားဖို့ စီစဉ်နေတာဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ သွင်းကုန်အခွန်နှုန်းထား မြင့်မားတဲ့အတွက် ကားဈေးတွေ ကြီးမြင့်နေကြောင်း၊ ဒါကြောင့် တခြားအရှေ့တောင်အာရှနိုင်ငံတွေက ထုတ်လုပ်တဲ့ မော်တော်ယာဉ် အစိတ်အပိုင်းတွေတင်သွင်းပြီး မြန်မာနိုင်ငံတွင်းမှာ တပ်ဆင်ထုတ်လုပ်ရောင်းချသွားမှာဖြစ်ကြောင်း နစ်ကေ စီးပွားရေးသတင်းစာက ရေးသားထားပါတယ်။

ဂျပန်နိုင်ငံမှာ ရုံးပိတ်ရက် ဖြစ်နေတဲ့အတွက် နစ်ဆန်းကုမ္ပဏီကို အတည်ပြုမေးမြန်းလို့တော့ မရသေးဘူးလို့လည်း ဆိုပါတယ်။

ဂျပန်နိုင်ငံရှိ Suzuki မော်တော်ကားကုမ္ပဏီက မြန်မာနိုင်ငံတွင်းမှာ မော်တော်ယာဉ်ထုတ်လုပ်မှု ပြန်လည်စတင်မယ်လို့ အခုနှစ်ဆန်းပိုင်းက ကြေညာထားခဲ့ပြီး၊ အမေရိကန် ပြည်ထောင်စုအခြေစိုက် Ford ကုမ္ပဏီကလည်း မော်တော်ယာဉ်ပြခန်းတစ်ခု လာရောက်ဖွင့်လှစ်မယ်လို့ မကြာသေးခင်က ကြေညာခဲ့ပါတယ်။
RFA Burmese

သင့်လက်ကိုင် ဖုန်းနဲ့ ဓာတ်မတည့်ဖြစ် နေသလား



သင့်လက်ကိုင် ဖုန်းနဲ့ ဓာတ်မတည့်ဖြစ် နေသလား လက်ကိုင်ဖုန်း အများစုမှာ နီကယ်လ် သတ္တုဓာတ်တွေ ပါဝင်တာကြောင့် ဓာတ်မတည့်တဲ့ သူတွေမှာ ဖုန်းနဲ့ ထိတွေတဲ့ ပါးပြင် နေရာနဲ့ နားရွက်မှာ ယားယံတဲ့ အနီပြင်နဲ့ အဖုတွေ ဖြစ်တတ် ပါတယ်။

“အမျိုးသမီး တွေက အမျိုးသား တွေထက် ဖုန်းနဲ့ ဓာတ်မတည့်မှု ပိုလွယ်စေနိုင်ပါတယ်။ အကြောင်းကတော့ သူတို့က နားပေါက် ဖောက်ထားတဲ့ အတွက် သွေးကြောထဲ နီကယ်လ် ဝင်ရောကဖို့ အလားအလာ များလို့ပါ”လို့ နယူးယောက်တက္ကသိုလ်မှ ဓာတ်မတည့်မှုဆိုင်ရာဌာနရှိ ဖိုနက်စီ ယာက ဆိုပါတယ်။

လေ့လာသူ ဖိုနက်စီယာက လက် ကိုင်ဖုန်းထဲက ရေပန်း အစားဆုံး အမျိုးအ စားတွေကို ဆန်းစစ်လေ့လာခဲ့ရာ ခေါက် ဖုန်းအများစုနဲ့ BlackBerry သုံးပုံ တစ် ပုံမှာ နီကယ်လ် ပါဝင်ကြောင်း တွေ့ရှိခဲ့ ရပါတယ်။ iPhoneနဲ့ Droid မိုဒယ်လ် အမျိုးအစား ဖုန်းတွေမှာ နီကယ်လ် လုံးဝ မပါဝင်တာကို တွေ့ခဲ့ရပါတယ်။

သင့်အနေနဲ့ သင့်ဖုန်းနဲ့ ဓာတ်မ တည့်မှုဖြစ်နေပြီလို့ သံသယရှိရင် ဖုန်းကို စပီကာဖွင့်ပြီး ပြောတာ၊ နားကြပ်တပ်ပြီး ပြောတာ၊ ဖုန်းကာဗာတပ်ပြီး ပြောတာ ဒါမှမဟုတ် ဖုန်းမျက်နှာပြင်ကို သန့်စင် ပြီးမှ ပြောတာတို့ လုပ်သင့်ပါတယ်။

Credit: Good Health

မိုင်းဖြတ်မြို့နယ် တွင် ယာဉ်တိမ်းမှောက် ရာမှ ခရီးသည် ၉ ဦးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိ




ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် ၊ ဆွပ်ပလောင်း ကျေးရွာအနီး ၊ ကျိုင်းတုံ - တာချီလိတ် ကားလမ်း မိုင်တိုင်အမှတ် ၅၅ ကီလိုမီတာနှင့် ၅၆ ကီလိုမီတာ အကြားတွင် စက်တင်ဘာ ၁၄ ရက်နံနက် ၁ဝ နာရီခွဲ အချိန်ခန့်က ကျိုင်းတုံမှ တာချီလိတ်သို့ ယာဉ်အမှတ် ၇က/၄၃၇၈ Light Turck အမျိုးအစား ယာဉ်သည် အရှိန်လွန်ကာ လမ်း၏ လက်ယာဘက် ပေ ၅ဝ ခန့် အနက်ရှိ နမ့်လုံချောင်း အတွင်းသို့ ထိုးကျ တိမ်းမှောက် ခဲ့သဖြင့် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၇ ဦး၊ စုစုပေါင်း ၉ ဦးသေဆုံပြီး ၁၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မလှိုင်မြို့နယ်ရှိ ကျေးရွာများမှ ခရီးသည် ၂၁ ဦးနှင့် ယာဉ်မောင်း ဦးကြည်ဝင်း ၊ ယာဉ်နောက်လိုက် မိုးသက်တင် စုစုပေါင်း ၂၃ ဦးဖြင့် တာချီလိတ်မြို့ သို့ အလုပ်လုပ်ရန် ထွက်ခွာ လာခဲ့ရာ အဆိုပါ နေရာတွင် အရှိန်လွန်၍ လမ်းဘေးချောင်း အတွင်းထိုးကျ တိမ်းမှောက် ခဲ့ခြင်း ဖြစ်သည်။

အခင်း ဖြစ်ပွားရာ နေရာသို့ နယ်မြေခံ တပ်ရင်းမှ တပ်မတော်သားများ ၊ နယ်မြေခံ တပ်မတော် ဆေးရုံမှ ဆေးကုသရေး အဖွဲ့ဝင်များ ၊ မိုင်းဖြတ်ခရိုင် ရဲတပ်ဖွဲ့ဝင်များ ၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များ ၊ နယ်မြေခံ ပြည်သူ့စစ်များ ၊ လူမှုကူညီရေး အဖွဲ့ဝင်များ က သွားရောက် ကယ်ဆယ်၍ ရှေးဦးသူနာပြု လုပ်ငန်းများ ဆောင်ရွက် ပေးပြီး နံနက် ၁၁ နာရီခွဲ အချိန်ခန့်တွင် မိုင်းဖြတ် ပြည်သူ့ဆေးရုံ သို့ ပို့ဆောင် ပေးခဲ့သည်။

အဆိုပါ နေရာတွင် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၆ ဦး၊ စုစုပေါင်း ၈ ဦး သေဆုံးပြီး မိုင်းဖြတ် ပြည်သူ့ဆေးရုံ တွင် ဆေးကုသမှုများ ဆောင်ရွက် ပေးနေစဉ် အမျိုးသမီး တစ် ဦး ထပ်မံ သေဆုံး ခဲ့သည်။ဆေးရုံ တက်ရောက် ကုသနေသော လူနာများ အနက်မှ အမျိုးသား တစ် ဦးနှင့် အမျိုးသမီး တစ် ဦးတို့မှာ ဦးခေါင်းဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့ပြီး ကျန်လူနာ များမှာ ထိခိုက် ပွန်းပဲ့ဒဏ်ရာ (မစိုးရိမ်ရ) များ အသီးသီး ရရှိခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်အား မဆင်မခြင် မောင်းနှင်ကာ ခရီးသည်အား သေဆုံး/ ဒဏ်ရာရာ ရှိစေသူ ယာဉ်မောင်း ဦးကြည်ဝင်း ၅၄ နှစ် (ဘ) ဦးဒွေး ၊ ကသစ်ပင်ရပ်ကွက် ၊ ဆည်တိုရွာ ၊ မလှိုင်မြို့နယ် နေသူအား မိုင်းဖြတ်မြို့မ ရဲစခန်းမှ ယာဉ်(ပ) ၁၁/၂ဝ၁၃ ၊ ပြစ်မှုပုဒ်မ ၃ဝ၄(က) ၊ ၃၃၇ ၊ ၃၃၈ ဖြင့် ရဲအုပ် ကိုကိုအောင် က အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

Myawady Daily Myawady

မိမိအား မုဒိမ်းကျင့်သူကို ၁၃ နှစ်သမီးက လက်ထပ်ရန် သဘောတူ


အသက် ၄၀ နှစ်အရွယ် စားသောက်ဆိုင်မန်နေဂျာတစ်ဦးသည် ၄င်းမိုဒိမ်းကျင့်ခဲ့သည်ဟု စွပ်စွဲထားသည့်
တရားလို အသက် ၁၃ နှစ်အရွယ် မိန်းကလေးကို လက်ထပ်ရန် ဆုံးဖြတ်ခဲ့ကာ မိန်းကလေးဘက်ကလည်း သ ဘောတူညီရန် ကမ်းလှမ်းထားသည်။ ဧပြီလ ၁၈ ရက် ရက်စွဲဖြင့် ရဲထံ တိုင်ချက်ဖွင့်စွပ်စွဲမှုကို မိန်း ကလေးက ဖျက်သိမ်းလိုက်သည်ဟု လက်ထောက် လူထု အကျိုးဆောင် အာမတ်နာဇ်မင်းဇူလ်ကီဖလီ က တရားရုံး တွင် ပြောခဲ့သည်




အိပ်ချိန် ပေးတဲ့ ကျောင်း




တရုတ်ပြည်က မူလတန်းကျောင်း တစ်ခုမှာပါ။ အိပ်ရေးမဝတဲ့ ကလေးအရေ အတွက် များနေတာကြောင့် အားလုံးကို အိပ်ချိန် မိနစ် ၂၀ ပေးပြီး အိပ်စေတာ ဖြစ်ပါတယ်။

တရုတ်ပြည်မှာမှ မဟုတ်ပါဘူး။ မြန်မာပြည်က မူလတန်း ဆရာမတွေမှာ လည်း ယခုလိုမျိုး ရှိပါတယ်။ အိပ်ရေးမဝလို့ အိပ်နေတဲ့ ကလေး တွေကို မနိုးပဲ ပေးအိပ်တာမျိုးတွေ ရှိပါတယ်။ ကိုယ်တိုင်လည်း အိပ်ခဲ့ဖူးပါတယ်။

ပညာသင်ကြားရုံသာမက၊ သားသမီးလို နွေးထွေးမှု ပေးနိုင်တဲ့ ဆရာများဟာ နိုင်ငံ တိုင်း၊ နေရာတိုင်းမှာ ရှိနေဆဲ ဖြစ်ပါတယ်။

.
Aung Kham ( International news for myanmar )

KIA တို့ရဲ့ ဖမ်းဆီး ခေါ်ဆောင် သတ်ဖြတ်ခြင်း ခံခဲ့ရသည့်... ဗိုလ်ဇော်မျိုးထက်၏ မိဘ နှစ်ပါးနှင့်.. သွားရောက်တွေ့ ဆုံစဉ်.

myawady

Software Park တစ်ခုပေါ်ပေါက်လာရန် တောင်းဆိုမည်

နည်းပညာနယ်ပယ်မှ Software သမားများကို စုစည်းနိုင်ရန်နှင့် ကွန်ပျူတာတက္ကသိုလ်ကျောင်းဆင်းများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် သီးသန့် ICT Park တစ်ခု သို့မဟုတ် သီးသန့် Software Park တစ်ခုကို တောင်းဆိုသွားမည်ဟု မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ် အတွင်းရေးမှူး ဦးဇော်မင်းဦးက ပြောသည်။


လေလ့ာတွေ့ရှိချက်အရ တက္ကသိုလ်ကျောင်းများမှ တစ်နှစ်လျှင် နည်းပညာလုပ်သား ၆ ထောင်မှ ၈ ထောင်အကြား ဆင်းသက်လာသော်လည်း အဆိုပါ ကျောင်းဆင်းလုပ်သားများအတွက် လုပ်ငန်းခွင်နယ်ပယ်၌ အလုပ်အကိုင်နှင့် အခွင့်အလမ်း မရှိကြောင်း သိရသည်။


“စုစည်းထားတဲ့အသံတွေ လိုချင်တယ်။ ဒါတွေသာ အသင်းချုပ်ကိုရောက်ရင် ဒါကိုင်ပြီး တောင်းဆိုသွားမယ်။ ဖြစ်ချင်တာတော့ အိုင်တီသီးသန့်ဖြစ်ချင်တယ်။ ဒီနယ်ပယ်က ရှေ့လျှောက်ပြီး အလားအလာတွေ အများကြီးရှိတာတွေ့ရတယ်။ ပုံမှန် SME နဲ့တောင် မရောစေချင်ဘဲနဲ့ လုံးဝအထူးသီးသန့် Sector တစ်ခုအနေနဲ့ ဖြစ်ချင်တယ်” ဟု ဦးဇော်မင်းဦးကပြောသည်။


ထူးချွန်သည့် လူတော်များကို Industry အတွင်း မည်သို့ထိန်းသိမ်းရမည်ကို စဉ်းစားရမည့်အချိန်ဖြစ်ကြောင်း၊ Industry အတွင်း၌ စုပေါင်းရေးဆွဲထားသည့် Frame Work မရှိကြောင်းနှင့် အိုင်တီနယ်ပယ်အတွင်းသို့ ဝင်ရောက်လုပ်ကိုင်လာသည့် ပြည်ပကုမ္ပဏီများကလည်း ပြည်တွင်းလုပ်သားများကို ခေါ်ဆောင်သွားကြကြောင်း မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်း နာယက ဦးရဲမြတ်သူက ဆိုသည်။


“ Potential တွေ အများကြီးရှိနေမှန်းသိတယ်။ ကွန်ပျူတာကျောင်းတွေက ထွက်လာတဲ့ Potential ကိုလည်းမသုံးနိုင်သေးဘူး။ ဘာဖြစ်နေတာလဲဆိုတာ ကျွန်တော်တို့စဉ်းစားရမယ်” ဟု ဦးဇော်မင်းဦးက ပြောသည်။ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ တောင်းဆိုရန်ပြင်ဆင်နေသော သီးသန့် ICT Park အတွက် ဝန်ကြီးဌာနအများအပြားနှင့် ညှိနှိုင်းရမည်ဖြစ်ကြောင်း ၎င်းကထပ်မံပြောသည်။


မြင့်ကျော်လှိုင်၊ ဝေဝေ


ယုဇနပလာဇာမှာပဌာန်းရွတ်နေစဉ်ဝင်ပူးသောသရဲ


ယုဇနပလာဇာမှာ ပဌာန်းရွတ်နေစဉ် သရဲဝင်ပူးပုံကို အမိအရရိုက်ထားတာ ဖြစ်ပါတယ်။ အောက်က video မှာ ကြည့်ပါ။