” မစွပ်စွဲပါဘူး..” (ဟာသ)



ကိုမိုးကြီးက ဆောက်လုပ်ရေးအင်ဂျင်နီယာ၊ နယ်ဘက်မှာ တံတားဆောက်ဖို့ တာဝန်ကျတယ်။

သူ့မိန်းမက ကျောင်းဆရာမ၊ မြို့ပေါ်မှာ တာဝန်ကျတယ်။
ဒီတော့ မိန်းမလုပ်သူက ယောက်ျားတာဝန်ကျရာကို လိုက်နေလို့ မရဘူး။
သီတင်းကျွတ်မှာ ကျောင်းက တပတ်ပိတ်တော့ ကိုမိုးကြီးရှိရာကို သူ့မိန်းမ လိုက်လာတယ်။

ကျန်တာက ပြသနာမရှိပေမယ့် အိမ်ဖော်ကောင်မလေး ခေါ်ထားတာက ပြသနာဖြစ်နေတယ်။

‘ရှင့် အိမ်ဖော်ကလဲ ချောလှချည်လား ကိုမိုးကြီးရဲ့’

‘ချောလား မချောလား မသိပါဘူးကွာ၊ အဝတ်လျှော် ထမင်းချက်တတ်ရင် ပြီးတာဘဲ ဆိုပြီး ခေါ်ထားလိုက်တာပါ’

‘ရှင်နဲ့ရော ကင်းရှင်းရဲ့လား’

‘ရှင်းပါ့’

‘တအိမ်လုံးမှာ ရှင်တို့နှစ်ယောက်ထဲ ဆိုတော့’

‘ဘာဆိုင်လဲကွာ၊ ညမိုးချုပ်တာနဲ့ သူ့အခန်းသူအိပ်၊ ငါ့အခန်းငါအိပ် သီးခြားဆီပါ’

‘ပြီးတာပါပဲ’

ဒီလိုနဲ့ ကျောင်း ပြန်ဖွင့်တော့ သူ့မိန်းမလည်း ပြန်သွားတယ်။
နှစ်ရက်၊ သုံးရက်နေတော့ အိမ်ဖော်လေးက သတင်းပို့တယ်။
ဟင်းချက်တဲ့ ဒယ်အိုးကြီး ပျောက်နေတယ်တဲ့။
ဆရာမ ပြန်သွားကတည်းက ပျောက်တာ၊ မှားများပါသွားလေသလား မေးကြည့်ပါအုံး ဆိုတော့….
ကိုမိုးကြီးလည်း သူ့မိန်းမဆီ စာရေးပြီး မေးရတာပေါ့… …

‘မိန်းမရေ…
မင်းယူတယ်လို့ မစွပ်စွဲပါဘူး
မင်းပြန်သွားကတည်းက ဒယ်အိုးကြီး ပျောက်နေလို့’

သူ့မိန်းမဆီက စာပြန်လာတယ်… …

‘ယောက်ျားရေ…
ရှင်တို့ အတူအိပ်တယ်လို့ မစွပ်စွဲပါဘူး
သူသာ သူ့အိပ်ယာမှာ သူအိပ်ရင် ဒယ်အိုးကို ပြန်တွေ့တာ ကြာပြီ၊
ဒယ်အိုးက သူ့ခေါင်းအုံးအောက်မှာ’

အွန်

credit > မောင်ကောင်းထိုက်

အထီးကျန်တဲ့အခါ သင့်ဘေးမှာဘယ်သူရှိမလဲ…



လူကြီးသူမသက်ကြီးရွယ်အိုတွေ အသက်အတော်လေးအိုမင်းသွားပြီဆိုရင်လေ အရပ် သုံးစကားတွေအရတော့ ငယ်မူပြန်သွားတယ်လို့ ခေါ်မလား ကလေးငယ်လေးတွေပြုမူ နေထိုင်သလိုနေထိုင်တတ်ကြတယ်လို့ ဆိုရမလားပါပဲ။ ဒါကို အသက်ကြီးရောဂါ၊ သူငယ်ပြန်ရောဂါလို့လည်း အလွယ်ခေါ်တတ်ကြပါတယ်။ သူတို့အတွက် အနားမှာ အဖော်နေပေးမယ့် သူတိုင်းကို မှီတွယ်ချင်ကြတယ်လေ။

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်းမှာ အသေအကြေတိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်ကြီး ကင်မ်ဒန် ဟာလေ အခုဆိုရင် အသက် အနှစ်ကိုးဆယ်အရွယ်ကိုတောင်ရောက်လို့နေခဲ့ပါပြီတဲ့။ အသက်ကြီး အထီးကျန်ရောဂါကလွဲလို့ ကျန်းကျန်းမာမာနေထိုင်လျှက်နဲ့လေ။ သူ့ရဲ့ ဒီလိုကျန်းမာသန်စွမ်းဖျက်လတ်နေရတဲ့ လျို့ဝှက်ချက်ကလည်း သူ့ရဲ့ ပေါင်းသင်း ဆက်ဆံရေးကောင်းလို့ပဲဖြစ်ပါတယ်လို့ ဖွင့်ဟလာပါတယ်။

သူ့ပြောတဲ့ သူ့ရဲ့ အကောင်းဆုံး အဖော်မွန်ကတော့ အသက် သုံးနှစ်အရွယ်ရှိ ကလေးငယ်လေး အန်းမက်ရခ်ျနာ ပဲဖြစ်ပါတယ်။ သူရဲ့ ဒီလိုရောဂါမျိုးကိုခံစားရတဲ့ ဆယ်နှစ်ကျော်ကြာကာလအတွင်းမှာတော့ ဒီကလေးငယ် အန်းမက်ကလေးက သူ့ အတွက် အလင်းတံခါးဖြစ်စေခဲ့ပါတယ်။

လွန်ခဲ့တဲ့တစ်နှစ်ကျော်အချိန်က အိမ်ချင်း ကပ်ရပ်အိမ်ကို ပြောင်းလာခဲ့တဲ့ အချိန်ကစလို့ပေါ့။ ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာ ခံစားမှု တွေ အားလုံးကို ကုသပေးခဲ့တယ်လို့ ဆိုတယ်။ နေ့တစ်နေ့တာရဲ့ အားလပ် ချိန်အားလုံး မှာ သူတို့နှစ်ယောက်အတူအမြဲရှိနေခဲ့ကြတယ်။
အေးစက်လွန်းတဲ့ ဆောင်းရာသီနံနက်ခင်းတွေဆို သူတို့အတူရှိနေကာ ခြေခင်းလက် ခင်းအတူ ဆော့ကစားကြတယ်။ မြက်ခင်းပြင်ပေါ်မှာ ကားမောင်းတမ်း၊ တူတူပုန်းတမ်း၊ ပြေးလိုက်တမ်းတို့ကို အတူကစားဖူးကြတယ်။ သက်တူရွယ်တူအမှီအခိုတစ်ခုလိုပါပဲ။

ကင်မ်ဒန်က ကလေးငယ် အန်းမက်ကို ဆော့ကစားတဲ့ နည်းလမ်းတွေသင်ပေးပါတယ်။ အန်းမက်ရဲ့ ရှေ့ဆောင်လမ်းပြရဲဘော်ကြီးလည်းသူလုပ်ပါတယ်။ ဆရာတစ်ဆူလည်း လုပ်ပါတယ်။ သူငယ်ချင်း အဖော်တစ်ယောက်လည်း သူကလုပ်ပါတယ်။ သူတို့နှစ်ဦး စလုံးရဲ့ဘာကိုမှ ဂရုမစိုက်ပဲ ဒီလိုမျိုးလွတ်လွတ်လပ်လပ်ဆော့ကစားတဲ့ အချိန်တွေမှာ ဆိုရင် ကင်မ်ဒန်ရဲ့ ရောဂါအခြေအနေက အားလုံးအကောင်းအတိုင်းပါပဲ။ ကင်မ်ဒန်လေး ကသူ့အတွက်တော့ တကယ့်ကိုအဖော်မွန်ကောင်းလေးတစ်ယောက်ပါပဲ။ ကင်မ်ဒန် လေးကို အတော်လေးမှီတွယ် သံယောဇဉ်ကြီးနေပြီပေါ့။

ခရစ်နှစ်တစ်ခုကို ဖြတ်သန်းပြီးတဲ့အချိန်မှာတော့ အန်းမက်အတွက် အပြောင်းအလဲ ကြမ္မာတစ်ခုရိုက်ခတ်လာတယ်လို့ဆိုရမလားပဲ။ ဘေးအိမ်က အဖော်မွန် ကင်မ်ဒန် တို့မိသားစု အခြားတစ်နေရာကို အိမ်ပြောင်းသွားပါတော့တယ်။ သူ့အတွက် အတော်လေး အထီးကျန်သွားပါပြီ။ ကင်မ်ဒန်လေးမရှိတော့ရင် သူ့ရဲ့ နေ့ရက်တိုင်း အချိန်တိုင်းကို ဘယ်သူနဲ့ အတူဖြတ်သန်းကုန်ဆုံးရပါတော့မလဲ။

အတူနေတာကြာရင် သံယောဇဉ်တွယ် သွားကြတယ်ဆိုတာ တကယ့်ကိုမှန်ပါတယ်။ ဒါကြောင့်မို့လို့ စာဖတ်သူပရိသတ်ကြီးလည်း မိမိတို့ရဲ့သက်ကြီးရွယ်အို မိခင်ဖခင်တွေ ဒီလိုမျိုးအဖော်မွန်တွေလိုအပ်လာတဲ့အချိန်ရောက်ရင် အထီးမကျန်ကြရအောင်လို့ အနားမှာနေပေးပြီး ပြုစုယူယစောင့်ရှောက်ပေးကာ ကျန်ရှိနေတဲ့ ဘ၀အချိန်တွေမှာ အကောင်းဆုံးနေ့ရက်တွေအဖြစ် ဖန်တီးပေးပြီး အကောင်းဆုံးဖြတ်သန်းပေးကြလို့ တိုက်တွန်းရင်း………………………..။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။

ညအမှောင်ကို ပြည်သူ့ရဲတို့ ဘာကြောင့်ကြိုက်


မဟာသန္တိသုခကျောင်းတော်ကြီးကို ညဘက်ဝင်စီးပြီးနောက်တွေ့ရစဉ် [ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)]

မှုခင်းဖြစ်စဉ်များတွင်သာမဟုတ် နိုင်ငံအနှံ့ဖြစ်ပွားနေသည့် ပြဿနာများ၌ ရဲတပ်ဖွဲ့ဝင်များ ၀င်ရောက်ပြီးဖြေရှင်းရာတွင် ညအမှောင်ကို ရွေးချယ်ဆောင်ရွက်ခြင်းသည် မေးခွန်းထုတ်စရာ ဖြစ်လာသည်။ မည်သည့်အတွက်ကြောင့် ညအချိန်ကို ရွေးချယ်အသုံးပြုကြသနည်း။ သံသယရှိသူ လွတ်မြောက်သွားမည် စိုးရိမ်သောကြောင့်လား (သို့မဟုတ်) ပြန်လည်ရန်ပြုတိုက်ခိုက်မည် စိုးသောကြောင့်လား။ မည်သည့်အကြောင်းပြချက်ရှိပါစေ ရဲတပ်ဖွဲ့က အလိုရှိနေသော သံသယရှိသူနေထိုင်သည့် ပတ်ဝန်းကျင်ကို ညအချိန်ဝင်ရောက်စီးနင်းသောကြောင့် အချို့ပြဿနာများမှာ မလိုအပ်ဘဲ ပို၍ကြီးသွားရသည်။

မှုခင်းဖြစ်စဉ်နှင့် လားလားမျှ မသက်ဆိုင်သည့် ပြည်သူအချို့မှာ ကျီးလန့်စာစား ဖြစ်ကြရသည်။ ပို၍ဆိုးသည်မှာ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးရန် တာဝန်ယူထားသည့် ရဲတပ်ဖွဲ့၏ စီမံခန့်ခွဲမှု လိုအပ်ချက် အချို့ကြောင့် ပြည်သူလူထုကိုယ်တိုင် အယုံအကြည်ကင်းမဲ့သွားခြင်းဖြစ်ပါသည်။

အနီးစပ်ဆုံးဖြစ်စဉ်အနေဖြင့် မန္တလေးပဋိပက္ခ တည်ငြိမ်စပြုနေပြီဖြစ်သည့် အခြေအနေတွင် နောက်ဆက်တွဲ သံသယရှိသူအချို့ကို အရပ်ဝတ်ရဲများက ညအချိန် ဝင်ဖမ်းသောကြောင့် ဒေသခံများနှင့် ရဲများကြား ရုန်းရင်းဆန်ခတ်ဖြစ်ကာ မြို့ခံများမှာ စိုးထိတ်မှုများဖြင့် လှုပ်လှုပ်ရှားရှား ပြန်ဖြစ်ခဲ့ရသည်။ ဇူလိုင် ၁၂ ရက် ညဦးပိုင်းက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယင်းဖြစ်စဉ်၌ လူနှစ်ဦး သေဆုံးခဲ့ရသည့် ပဋိပက္ခကြောင့် ညမထွက်ရအမိန့်နှင့်အတူ စစ်တပ်ကပါ လုံခြုံရေးစောင့်နေသောကြောင့်သာ ရုန်းရင်းဆန်ခတ်ဖြစ်စဉ်ကို အချိန်မီထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

ချမ်းအေးသာစံဖြစ်စဉ်ကဲ့သို့ပင် စီမံခန့်ခွဲမှုအလွဲများကြောင့် ပြည်သူများ အထိတ်တလန့်ဖြစ်ခဲ့ရသည့်အပြင် ရဲတပ်ဖွဲ့၏ ပုံရိပ်ကျဆင်းရသော ဖြစ်စဉ်များ အစိုးရသစ်လက်ထက်တွင် မကြာခဏဆိုသလို ဖြစ်ပွားခဲ့သည်။

ယခင် စစ်အစိုးရလက်ထက် စစ်ထောက်လှမ်းရေး အပါအဝင် ရဲတပ်ဖွဲ့များ နှစ်ခြိုက်စွဲလမ်းခဲ့သည့် ဗျူဟာတစ်ခုလည်း ဖြစ်သည်။ ရဲတပ်ဖွဲ့ဝင်များ ကြိုးတုပ်အရိုက်ခံခဲ့ရသည့် နေပြည်တော် ဝဲကြီးဖြစ်စဉ်သည် နိုင်ငံအတွင်း ဂယက်ရိုက်မှုကြီးခဲ့သည်။ မဟာသန္တိသုခဖြစ်စဉ်သည် ပြဿနာတစ်ခုကို အရင်းခံ၍ အလိုရှိနေသည့် သံဃာများကို ဖမ်းဆီးသည်ထက် လက်နက်မဲ့သူကို တရားဝင်လက်နက်ကိုင်ဆောင်ခွင့်ရထားသူက ညအချိန်မတော် ဝင်ရောက် အင်အားသုံးပြီး အကြမ်းဖက်သည်နှင့် ဆင်တူနေသည်။

‘‘ကျုပ်တို့အာဏာပိုင်များဟာ အတော်လေး အမှောင်ကြိုက်ပုံရပါတယ်။ တစ်ခုခုမဟုတ်တာ လုပ်မယ်ဆိုရင် သူတို့ ဗျူဟာမြောက်ရွေးတဲ့အချိန်ဟာ  ညအခါပါ။ ဟိုတစ်နှစ်က လက်ပံတောင်းသပိတ်စခန်းကို ၀င်စီးပြီး သံဃာအချို့ကို မီးလောင်ဗုံးစာကျွေးတဲ့ အချိန်ဟာလည်း သန်းခေါင်ကျော် လေးချက်တီးတဲ့ အရုဏ်တက်ချိန်ကြီးမှာ မဟုတ်လားဗျာ’’ဟု သရော်စာရေးသားသူ ဘစီက သူ့ဆောင်းပါးတစ်ပုဒ်တွင် သရော်ထားသည်။ ရဲတပ်ဖွဲ့ဝင်များဘက်ကတော့ သံသယရှိသူများကို ညအချိန် ဝင်ရောက်ဖမ်းဆီးသည့် ဖြစ်စဉ်များပေါ် မူတည်၍ ရင်ဆိုင်လာရသည့် ပြဿနာများကို ဖြေရှင်းနိုင်ရန် ခိုင်လုံသော အကြောင်းပြချက်မျိုးစုံ အဆင်သင့်ရှိနေပါသည်။

‘‘အော်ပရေးရှင်းမလုပ်ဖူးတဲ့သူတွေ မသိနိုင်တဲ့ အချက်တွေရှိတယ်။ ညကြီးဝင်ဖမ်းတော့ ကာယကံရှင်မိသားစုရဲ့ ဂုဏ်သိက္ခာအရလည်း ကောင်းတယ်။ လူမသိလိုက်ဖူးပေါ့။ တို့ရဲ့တပ်ဖွဲ့ဝင်တွေက လိုအပ်တယ်ဆိုရင် တရားခံတစ်ယောက်ကို ဘယ်အချိန်မဆို ဝင်ဖမ်းနိုင်တယ်။ ဖမ်းဝရမ်းနဲ့ လိုအပ်တဲ့ အထောက်အထားတွေတော့ ပါရမှာပေါ့’’ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် မှုခင်းအထူးတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

သို့သော် ယခုလတ်တလော နမူနာများက လူပုဂ္ဂိုလ်တစ်ဦးဦး ဂုဏ်သိက္ခာအတွက် ညအမှောင်တွင် စောင့်ဖမ်းရမည့် ပြဿနာများ မဟုတ်ပါ။

‘‘သေနတ်တွေနဲ့ လမ်းထဲကို ရုတ်တရက်ဝင်လာတာ။ မြင်မြင်ချင်း ကြောက်လန့်သွားပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘူး။ တကယ်ဆိုရင် ပဋိပက္ခဖြစ်နေဆဲအချိန်မို့လို့ ထိန်းထိန်းသိမ်းသိမ်း လုပ်သင့်တယ်။ အခုတော့ ကလေးတွေရော လူကြီးတွေပါ နေစရာမရှိတော့အောင် လန့်ဖျပ်ကုန်တာ’’ဟု ချမ်းအေးသာစံမြို့နယ်တွင် ဇူလိုင် ၁၂ ရက်ညက ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည့် နေရာအနီးမှ ဒေသခံအမျိုးသားတစ်ဦးက ရင်ဆိုင်ခဲ့ရသည့်အခြေအနေကို ပြောပြသည်။

မိမိကိုယ်တိုင်လည်း ပြစ်မှုကျူးလွန်သူမဟုတ်ပါဘဲ ယခုကဲ့သို့ ရုန်းရင်းဆန်ခတ်မှုများ ရင်ဆိုင်ရခြင်းမှာ လူ့အခွင့်အရေးပေတံနှင့် တိုင်းတာပါက ဒေသဆိုင်ရာအစိုးရ၏ တာဝန်မဲ့မှုဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးက သုံးသပ်ပြောကြားသည်။

‘‘ဒီဖြစ်စဉ်တွေက စစ်အုပ်ချုပ်ရေးကာလတုန်းက ပုံစံတွေလိုပဲ။ အရေးတကြီးတရားခံဆိုရင် မပြောလိုပါဘူး။ အခုက အမှုသေးသေးလေးတွေဆိုရင် ညဘက်ဝင်ဖမ်း၊ ဘာမဟုတ်တဲ့ အမှုလေးတွေကိုလည်း အချိန်မတော် ရဲက ၀င်ဖမ်းတော့ ဘေးကလူတွေကိုပါ လှန့်လိုက်သလို ဖြစ်နေတာပေါ့။ လူ့အခွင့်အရေးနဲ့တိုင်းတာရင် အရမ်းနစ်နာပါတယ်’’ဟု ဦးမြင့်အေးကဆိုသည်။

စစ်အစိုးရလက်ထက် နိုင်ငံရေးသမားများနှင့် တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးခဲ့ချိန်ကလည်း ထိုကဲ့သို့ ညအမှောင် လူခြေတိတ်ချိန်တွင် ဖြစ်သည်။

အရပ်သားအစိုးရလက်ထက် ကျူးကျော်ဝင်စီးသည့်အခါတွင်လည်း လူခြေတိတ်ချိန်ရွေးချယ်ကာ အပြန်အလှန်ရိုက်ကြ၊ နှက်ကြနှင့် ဇာတ်သိမ်းမကောင်းဖြစ်ကြရသည်။

‘‘ရပ်ကွက်တစ်ခုမှာ သင်္ကာမကင်းကိစ္စနဲ့ ၀င်ဖမ်းမယ်ဆိုရင် ရပ်ကွက်တာဝန်ရှိသူတွေပါမယ်။ ရပ်ကွက်တာဝန်ရှိသူတွေနဲ့ ညှိညှိနှိုင်းနှိုင်းလုပ်မှ ရပ်ကွက်ရဲ့ အေးချမ်းသာယာရေးကို လုပ်ဆောင်ရာကျတယ်လို့ ယူဆတယ်။ ရဲတပ်ဖွဲ့အပေါ်လည်း သံသယမဝင်တော့ဘူးပေါ့’’ဟု ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းမှ အဖွဲ့ဝင် ကိုဖြိုးမြင့်သိန်းကပြောသည်။

ပြည်သူတစ်ယောက်အနေဖြင့် ကိုယ်တိုင်က နိုင်ငံသားတစ်ယောက်အနေဖြင့် ရနိုင်မည့် အခွင့်အရေးကို လုံးစေ့ပတ်စေ့ မသိနိုင်သေးမီ နိုင်ငံတော်ကာကွယ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် စနစ်တကျသင်ယူခွင့်ရသူတို့က ဥပဒေကို တလွဲအသုံးချသောအခါ (သို့မဟုတ်) စီမံခန့်ခွဲမှု လွဲချော်သွား၍ နောက်ဆုံးနစ်နာသူမှာ ပြည်သူထဲမှ ပြည်သူသာ ဖြစ်ပါသည်။

အထက်ပါအကြောင်းအရာများသည် ပွင့်လင်းမြင်သာမှု ‘Transpancy’ဆိုသည့် အသုံးအနှုန်းကို တွင်တွင်သုံးနေသည့် သမ္မတဦးသိန်းစိန်လက်ထက်တွင် ဖြစ်ပွားနေခြင်းဖြစ်သည်။         ။



7Day Daily

သရဲ တကယ် ရှိသလား


သင်ဟာ သရဲတွေတကယ်ရှိတယ်လို့ ယုံကြည်သူဆိုရင် သင်တစ်ဦးထဲသာ ယုံကြည်သူမဟုတ်ပါဘူး။ ၂၀၀၅ ခုနှစ်က လုပ်ဆောင်ခဲ့တဲ့ လူထု အမြင်စစ်တမ်းကောက်ယူမှုအရ ၃၇ ရာခိုင်နှုန်းသော အမေရိကန်လူမျိုးများက သရဲခြောက်တဲ့အိမ်တွေနဲ့ ပတ်သက်ပြီး အယုံအကြည်ရှိကြပြီး လူဦးရေရဲ့ ၃ ပုံ ၁ ပုံကတော့ သရဲတကယ်ရှိတယ်လို့  ယုံကြည်ကြပါတယ်။ကမ္ဘာမအနှ့ံလူသောင်းပေါင်းများစွာက မိမိတို့ ဝါသနာအရ သရဲကို တက်တက်ကြွကြွ လိုက်လံရှာဖွေကြပါတယ်။ Doubtful Newsblog မှ သုတေသန ပညာရှင် Sharon Hill ဟာ အမေရိကန်မှာ သရဲကို လိုက်လံရှာဖွေနေသူ ၀ါသနာရှင်များ ၂၀၀၀ကျော်ရှိတယ်လို့  ရေတွက်ပြောဆိုခဲ့ပါတယ်။



သရဲတွေဟာ နှစ်ထောင်ပေါင်းများစွာကြာအောင် ၀ီလျှံ ရှိတ်စပီးယားရေးသားခဲ့တဲ့ နာမည်ကြီး Macbeth ၀ထ္ထုကနေပြီး သမ္မာကျမ်းစာအထိ မရေတွက်နိုင်အောင်များပြားလှတဲ့ စာအုပ်ပေါင်းများစွာမှာ ပါဝင်ခဲ့ပြီး အလွန်လူပြောများတဲ့ အကြောင်းအရာတစ်ခု ဖြစ်လာခဲ့သလို အမျိုးမျိုးသော သရဲနဲ့ သက်ဆိုင်တဲ့ ပါးစပ်ရာဇ၀င်တွေကို ပေါ်ပေါက်လာစေပါတယ်။ သရဲတွေဟာ ကမ္ဘာပေါ်မှာ မြင်တွေ့ ကြားသိရဆုံး သဘာဝလွန် ယုံကြည်မှုတစ်ရပ်ပဲဖြစ်ပါတယ်။ သရဲတွေ တကယ်ရှိတယ်လို့  ယုံကြည်တာဟာ သေခါနီး တွေ့ ကြုံခံစားရတာတွေ၊ သေပြီးနောက် ဘ၀တွေကို ယုံကြည်တာ နဲ့ နာနာဘာဝ ၀ိညာဉ်တွေနဲ့  ဆယ်သွယ်တာကို ယုံကြည်တာ စတာတွေ အပါအ၀င် ယင်းနဲ့ဆက်စပ်ရာ သဘာဝလွန် ယုံကြည်မှုတွေ စုဆုံရာ ကွန်ယက်ရဲ့ တစ်စိတ်တစ်ပိုင်း  ဖြစ်တယ်ဆိုတဲ့ အချက်ဟာ ယင်းအကြောင်းရင်းရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။

သေပြီးသားလူဟာ ၀ိညာဉ်အဖြစ်နဲ့ ကျွန်တော်တို့ နဲ့ အတူရှိနေသေးတယ်ဆိုတဲ့ အယူအဆဟာ ရှေးကျတဲ့ အယူအဆဖြစ်ပြီး မိမိချစ်ခင်တဲ့သူတွေ သေဆုံးသွားပြီးတဲ့အခါ မိမိတို့ အနားမှာမရှိတော့ဘူးဆိုတာကို မယုံကြည်ချင်တဲ့သူတွေ အဖို့  ဒါမှမဟုတ် ကျွန်တ်ာတို့ လိုအပ်တဲ့အချိန်မှာ ရှိနေစေဖို့ မျှော်လင့်နေတဲ့အခါ ကျေနပ်နှစ်သိမ့်မှုကို ပေးတဲ့ အယူအဆမျိုးပါပဲ။ကိုယ်ပိုင် အတွေ့ အကြုံကြောင့် သရဲတကယ်ရှိတယ်လို့ ယုံကြည်ကြပါတယ်။သူတို့ မရှင်းပြနိုင်တဲ့ တည်ရှိမှုတစ်ခုခုကို တွေ့ မြင်ခဲ့တာမျိုး အာရုံခံစားမိတာမျိုး ဖြစ်ပါတယ်။

သရဲများရဲ့ သိပ္ပံနည်းကျ နဲ့ ယုတ္တိတန်မှု

ကိုယ်တွေ့  အတွေ့ အကြုံဟာ အကြောင်းအရာ တစ်ရပ်ဖြစ်သလို သိပ္ပံပညာအရ သက်သေအထောက်အထားကလည်း အရေးကြီးတဲ့ အကြောင်းရပ်တစ်ခုပါပဲ။ သရဲတကယ်ရှိသလားဆိုတာကို ရှာဖွေထောက်လှမ်းမှုမှာ တွေ့ ရတဲ့ အခက်အခဲ တစ်စိတ်တစ်ပိုင်းကတော့ သူရဲ ဟာ ဘယ်လိုမျိုးဆိုတာကို အားလုံးက သဘောတူညီလက်ခံထားတဲ့ အဓိပ္ပါယ် ဖွင့်ဆိုမှုမျိုး မရှိတာပဲဖြစ်ပါတယ်။တစ်ချို့ကတော့ သူရဲဆိုတာဟာ တစ်ဖက်ကမ္ဘာကိုကူးတဲ့ လမ်းမှာ အကြောင်းကြောင်းကြောင့် လမ်းပျောက်နေတဲ့ သေသူတွေရဲ့ ဝိညာဉ်လို့ ယုံကြည်ကြပါတယ်။ တစ်ချို့ ကလည်း သူရဲဆိုတာဟာ ကျွန်တော်တို့ ရဲ့ စိတ်တွေကနေ ဒီကမ္ဘာကြီးဆီကို ထိုးဖောက်ဝင်ရောက်လာတဲ့ စိတ်ခံစားဆက်သွယ်မှု သီးခြားဖြစ်တည်မှုတစ်ရပ်လို့ ယုံကြည်ကြပါတယ်။

တစ်ချို့ ကလည်း သူတို့ ဘာသာသူတို့ သူရဲအမျိုးမျိုးရဲ့  အမျိုးအစားတွေကို ခွဲခြားသတ်မှတ်ကြပါတယ်။ ပုဏ္ဏကတိုက်တဲ့သူရဲ၊ အိမ်တွေမှာ ကပ်ပြီး ခြောက်လှန့် နေတဲ့သူရဲ၊ စွမ်းအား အနည်းငယ်ရှိတဲ့သူရဲ ၊ ဖုတ် စတာတွေပဲဖြစ်ပါတယ်။ အမှန်တကယ်တော့ ဒါတွေဟာ နတ်သမီးပုံပြင် ၊ နဂါးပုံပြင်အမျိုးမျိုးလိုမျိုး ဟာတွေလို တွေးတောပြီးလုပ်ကြံဖန်တီး ထားတာပဲဖြစ်ပါတယ်ဝ�တဲ့ ဦးထုပ်တွေ၊ တုတ်ကောက်တွေ၊ အခြားဝတ်ရုံတွေ ၀တ်လျှက်သား ပေါ်လာရတာလဲ။သူတို့ တွေက ကိုတွယ်မရတဲ့ စိတ်ဝိညာဉ် သာသာမဟုတ်ဘူးလား။

သရဲတွေဟာ လူဘ၀က လက်စားချေခွင့်မရပဲ မတရားသေဆုံးခဲ့ရသူတွေရဲ့ ဝိညာဉ်တွေသာဆိုရင် ဘာလို့ ဖြေရှင်းလို့ မရတဲ့ လူသတ်မှုတွေ ရှိနေရသေးတာလဲ။တစ်ချို့ သော ၀ိညာဉ်တွေဟာ နတ်ဝင်သည်တွေနဲ့ ဆက်သွယ်ပြောဆိုနိုင်တယ်လို့ အဆိုတွေရှိတဲ့အတွက် သူတို့ တွေဟာ ဘာလို့ ရဲတွေကို သူတို့ ကို သတ်သွားတဲ့ လူသတ်သမားတွေအကြောင်း မပြောပြရတာလဲ။ ဒါကြောင့် သရဲ တကယ်ရှိသလားဆိုတာ နဲ့  ပတ်သပ်ပြီး သံသယဖြစ်ဖို့ ယုတ္တိတန်တဲ့ အကြောင်းရင်းတွေ ရှိလာရပါတယ်။

သရဲရှာဖွေ ထောက်လှမ်းသူတွေဟာ ၀ိညာဉ်ဖြစ်တည်မှုကို ထောက်လှမ်းမှုဖို့  ရူပဗေဒ နညးလမ်းတွေအပါအ၀င် တီထွင်ဖန်တီးထားတဲ့              ( သံသယရှိဖွယ်ရာ)နည်းလမ်းမျိုးစုံကို အသုံးပြုကြပါတယ်။ သရဲကို စုံစမ်း ထောက်လှမ်းသူတွေဟာ သူတို့ သိပ္ပံနည်းကျ လုပ်ဆောင်တယ်ဆိုတာကို လည်း အခိုင်အမာပြောကြပါတယ်။ သူတို့ ဒီလို အခိုင်အမာပြောနေကြတာဟာ ရေဒီယိုသတ္တိကြွ တာကို တိုင်းတာတဲ့ ကိရိယာ၊ လျှပ်စစ်သံလိုက်စက်ကွင်းကို တိုင်းတာတဲ့ ကိရိယာတွေ၊ အိုင်ယွန်း လို့ခေါ်တဲ့ လျှပ်စစ် အဖိုဓာတ်၊အမဓာတ်သီးသန့်  ဆောင်တဲ့ အမှုန်လေးတွေကို ထောက်လှမ်းတဲ့ ကိရိယာတွေ၊ အမှောင်ထဲမှာ မြင်နိုင်တဲ့ အနီအောက်ရောင်ခြည်ကင်မရာတွေ နဲ့  အသံဖမ်းအားကောင်းလွန်းတဲ့ မိုက်ခရိုဖုန်း စတဲ့ နည်းပညာမြင့် သိပ္ပံကိရိယာများကို အသုံးပြုတဲ့အတွက်ကြောင့်ပါ။ ဒါပေမယ့်လည်း ယင်း ကိရိယာတွေဟာ သရဲတွေကို အမှန်တကယ် ထောက်လှမ်းမိကြောင်းကိုတော့ သက်သေ အထောက်အထား လုံးဝမတွေ့ ရှိရသေးပါ။

သရဲ တကယ်ရှိကြောင်း သက်သေအထောက်အထားတွေဟာ လွန်ခဲ့တဲ့ ၁ နှစ်ကရော၊ ဆယ်စုနှစ် တစ်စုကရော၊ ရာစုနှစ်တစ်စုကရော ပိုမိုကောင်းမွန်စွာ ရှာဖွေမတွေ့ ရှိရသေးပါ။သရဲ ရှာဖွေထောက်လှမ်းသူတွေ သရဲတကယ်ရှိကြောင်း ရှာဖွေတွေ့ ရှိကြောင်း သက်သေအထောက်အထားတွေကို မရှာတွေ့ နိုင်ရသလဲဆိုတဲ့ ဖြစ်နိုင်တဲ့ အကြောင်းရင်း ၂ ရပ်ရှိပါတယ်။ တစ်ချက်ကတော့ သရဲဆိုတာ တကယ်မရှိပါဘူး။သရဲ အကြောင်းမှတ်တမ်းတင်ထားတာတွေအားလုံးဟာလည်း စိတ်ပိုင်းဆိုင်ရာ ဖြစ်စဉ်အရ ၊ အမှားတွေ၊ လုပ်ကြံဖန်တီးချက်တွေ၊ တလွဲ ထင်ယောင်မြင်မှားမှုတွေနဲ့ ရှင်းချက်ထုတ်ထားတာပါ။ဒုတိယ အကြောင်းရင်းကတော့ သရဲ တကယ်ရှိနေတယ် ဆိုရင်လည်း သရဲ ရှာဖွေသူတွေက အရည်အချင်း မပြည့်မီမှု မရှိတာပါပဲ။ နောက်ဆုံးအနေနဲ့ ပြောရရင်တော့ သရဲ ရှာဖွေတာဟာ သက်သေအထောက်အထား ရှာဖွေတာနဲ့ မဆိုင်ပါဘူး(သက်သေရှာဖွေတာ သက်သေရှာတွေ့ တာဟုတ်တယ်ဆိုရင် သရဲရှာဖွေတဲ့ လုပ်ရပ်ကို ဟိုးအရင်ကတည်းက စွန့်ပစ်ပြီးလောက်ပါပြီ)။ အဲ့ဒီအစား သရဲ ရှာတယ်ဆိုတာဟာ ၄င်းတို့ မသိတာကို ရှာဖွေ နေသယောင်ပြုရင်း မိတ်ဆွေသူငယ်ချင်းတွေကို ပုံပြင်တွေပြောရင်း အပျော်ရှာတဲ့သဘော ဒါမှမဟုတ် ခြောက်လှန့်တဲ့ သဘောသာသာဖြစ်ပါတယ်။ ဘာပဲ ဖြစ်ဖြစ်ပေါ့ဗျာ လူတိုင်းက သရဲပုံပြင်ကောင်းတစ်ပုဒ်ကိုတော့ ကြိုက်နှစ်သက်ကြတာချည်းပဲလေ။

Ref:livescience.com

BB

Trend Myanmar

ကိုယ့်အင်္ဂါစပ်ကို ဓာတ်ပုံရိုက် ဒီဇိုင်းထုတ် ဖန်တီးပြီး အဲ့ဒီ အင်္ဂါစပ်ပုံစံကို ကယပ်လှေကို ပြုလုပ်ခဲ့တဲ့ ဂျပန်အမျိုးသမီးအနုပညာရှင် ဖမ်းဆီးခံရ

   
ဂျပန်လူမျိုး အမျိုးသမီး အနုပညာရှင်တစ်ယောက်ဟာ သူမရဲ့  အင်္ဂါစပ်ကို ဓာတ်ပုံရိုက်ကူးခဲ့ပြီးနောက် အဖမ်းဆီးခံခဲ့ရပါတယ်။ Megumi Igarashi ဆိုသူ အမျိုးသမီးဟာ သူမရဲ့ အင်္ဂါစပ်ဓာတ်ပုံတွေကို သုံးဖက်မြင် ပုံရိပ်ဖော်စက်မှာ ဒီဇိုင်းလုပ်ပြီး သူမရဲ့  အင်္ဂါစပ်ပုံစံတူ “ အင်္ဂါစပ်လှေလို့ ” နာမည်ပေးထားတဲ့ ကယပ်လှေငယ်ကို ဖန်တီးပြုလုပ်ဖို့ ငွေကြေးထောက်ပံ့ကူညီရန် ကမ်းလှမ်းလာတဲ့ လူ အယောက်၃၀ ဆီကို အဲ့ဒါနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ပေးပို့ ပေးခဲ့ပါတယ်။

သူမဟာ မသင့်တော်တဲ့ လိင်မှုကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ချမှတ်ထားတဲ့ ဥပဒေတွေကို  ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲခံထားရပြီး အဲ့ဒီ ဓာတ်ပုံတွေကို ရောင်းချကာ ပေါင်ငွေ ၆၀၀၀ ကျော် ရရှိထားတယ်လို့ လည်း ရဲဌာနကဆိုပါတယ်။

ဒါပေမယ့်  Rokudenashiko ဆိုတဲ့ (အသုံးမကျသူလို့ အဓိပ္ပါယ်ရတဲ့) အနုပညာနာမည်ကို အသုံးပြုထားတဲ့ Igarashi ဟာ သူမရဲ့  သုံးဖက်မြင် ဒီဇိုင်း အင်္ဂါစပ်ဓာတ်ပုံ သတင်းအချက်အလက်တွေဟာ အော့နှလုံးနာစရာ လိင်မှုကိစ္စတွေကို တားမြစ်ထားတဲ့ ဥပဒေတွေကို ချိုးဖောက်ခဲတယ်လို့  မထင်ဘူးလို့ ဆိုပါတယ်။ ပြီးတော့ သူမက အခကြေးငွေ ယူပြီး ဓာတ်ပုံတွေကို ရောင်းချခဲ့တာမျိုးလည်း မဟုတ်ပါဘူးတဲ့။



သူမရဲ့ ကိုယ်ပိုင် ဘလော့စာမျက်နှာမှာ “ ကျွန်မက ကျွန်မရဲ့ အနုပညာအစိတ်အပိုင်းတွေကို ကျွန်မရဲ့ အင်္ဂါစပ်နဲ့ ဖန်တီးတာပါ။ ကျွန်မကတော့ အဲဒါကို Manko(ဂျပန်ဘာသာ ဖြင့် မိန်းမ အင်္ဂါရပ်လို့  အဓိပ္ပါယ်ရတဲ့ဗန်းစကား) လို့ ပဲ အမည်ပေးချင်ပါတယ်။ ကျွန်မကတော့ ကျွန်မရဲ့ အင်္ဂါစပ်ကို တန်ဆာဆင်ပြီး ကိုယ်ခန္ဓာအစိတ်အပိုင်းတွေနဲ့ ဖန်တီးပြုလုပ်တဲ့ ပုံဖော်အနုပညာတစ်ရပ် အဖြစ် ဖန်တီးရတာကို ပျော်စရာလို့ ပဲ ထင်ပါတယ်။ဒါပေမယ့် ကျွန်မဖန်တီးတဲ့ အရာကို လူတွေမြင်ပြီး ၊ လူတွေ အရမ်းကို စိတ်အနှောက်အယှက်ဖြစ်သွားကြတာ ၊ ကျွန်မပါးစပ်က Manko ဆိုတဲ့ စကားလုံးလေးကို ပြောလိုက်ရင်တောင် သူတို့ တွေ အထိတ်တလန့်  ဖြစ်သွားတာတွေကို ကျွန်မ အရမ်း အံ့သြမိပါတယ်။” လို့ ရေးသားထားပါတယ်။

“ ကျွန်မကို ရုပ်မြင်သံကြား ချယ်နယ်တစ်ခုကနေ သူတို့ အစီအစဉ်မှာ ပါဝင်တင်ဆက်ဖို့  တောင်းဆိုတုန်းကတောင် ကျွန်မပါးစပ်က Deco-Man ဆိုတဲ့ စကားလုံးကိုတောင်ပြောဖို့ ခွင့်မပြုရဲ ကြပါဘူး။ Man ဆိုတဲ့ စကားလုံးက မကြားဝံ့ မနာသာ လို့  သူတို့ ထင်တဲ့ Manko က Man နဲ့  အသံထွက်ချင်း သွားဆင်နေလို့ လေ။ ကျွန်မက ဘာလို့  ဒီလို မျိုး အနုပညာ အစိတ်အပိုင်းတွေကို စပြီးတော့ ဖန်တီးရသလဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်မက အခြားအမျိုးသမီးတွေရဲ့  အင်္ဂါစပ်တွေကို တစ်ခါမှ မမြင်ဖူးတာကြောင့် ရယ် ၊ ကျွန်မပုံပန်းသဏ္ဍန်ကို ကျွန်မ အမြဲ သတိထားလွန်းမိနေတာကြောင့်ရယ်ပါပဲ။ တစ်ချိန်တည်းမှာပဲ မိန်းမအင်္ဂါစပ်ဆိုတာ ဘယ်လို ပုံပန်းသဏ္ဍန်ရှိမှန်း ကျွန်မလုံးဝ မသိခဲ့ပါဘူး။ ဒါကြောင့် ကျွန်မရဲ့  အင်္ဂါစပ်ဟာလည်း ပုံမှန်မဟုတ်ဘူးလို့ ထင်မိခဲ့ပါတယ်” လို့ သူမက ဆိုပါတယ်။

“Manko နဲ့ Vagina (မိန်းမအင်္ဂါစပ်) ဆိုတဲ့ စကားလုံးတွေဟာ ဂျပန် လူ့ အဖွဲ့ အစည်းမှာ မကြားဝံ့မနာသာ စကားလုံးတွေအဖြစ် သတ်မှတ်ထားခဲ့တာကြာပါပြိ။ Penis လို့ ခေါ်တဲ့ ယောကျာင်္းလိင်အင်္ဂါကျတော့ ပုံဆွဲရေးသားဖော်ပြကြပြီး ၄င်းဟာ လူငယ်တွေကြား ခေတ်စားနေတဲ့  ယဉ်ကျေးမှုတစ်ရပ် ဖြစ်နေပါပြီ။ ဒါပေမယ့် မိန်းမ အင်္ဂါစပ်ကျတော့ ဘယ်တော့ မှ သင့်တော် နှစ်လိုဖွယ်အရာအဖြစ် မမြင်ကြပါဘူး။ လူတွေက ဒါကို မကြားဝံ့မနာသာ လို့ မြင်ကြတယ်လေ။ဘာလို့ လဲဆိုတော့ အဲဒါဟာ အမျိုးသမီး တွေရဲ့ သာမာန် ကိုယ်ခန္ဓာ အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပေမယ့်လည်း အလွန်အကျွံဖုံးကွယ်ထားခံရတာကြောင့်ပါ” လို့ သူမက ဆိုပါတယ်။

Ref:mirror.co.uk
Trend Myanmar

ဘဝမျိုးစုံကျင်လည်ခဲ့ဖူးတဲ့ လင်းလင်းရဲ့ အနုပညာကောက်ကြောင်း(၂)


ဘဝမျိုးစုံကို ဖြတ်သန်းခဲ့ဖူးတဲ့ လင်းလင်းရဲ့ အနုပညာကောက် ကြောင်းကိုပြီးခဲ့တဲ့အပတ်ထုတ် ပေါ်ပြူလာဂျာနယ်မှာ အပိုင်း(၁) အနေနဲ့ ဖော်ပြခဲ့ပါတယ်။ ဒီအပတ် မှာတော့   တေးရေး၊တေးဆို လင်း လင်းဆိုပြီး ဖြစ်လာဖို့ ဒီလောက ထဲကိုဝင်လာခဲ့တဲ့ပထမခြေလှမ်းနဲ့ သူ့ရဲ့ ဖြတ်သန်းမှုတွေကို ဆက်လက် ဖော်ပြသွားမှာဖြစ်ပါတယ်။
ကားစပယ်ယာဘဝရော၊ ဈေး သည်ဘဝကိုပါ ဖြတ်သန်းခဲ့ဖူးတဲ့ လင်းလင်းက သူ့ရဲ့ဈေးသည်ဘဝ အတွေ့အကြုံကိုလည်း အခုလိုပဲ ပြောပြပါသေးတယ်။
“ဆူးလေရဲ့ဟိုဘက်ခြမ်း၊ ဖရေ ဇာဘက်ခြမ်းပေါ့။အဲ့ဒီမှာအဆောင် က သူငယ်ချင်းတစ်ယောက်နဲ့မိုး ကာ စတွေခင်းပြီး တရားခွေတွေ၊ ဖန်စီ ပစ္စည်းတွေစည်ပင်ကြေးေ ပးပြီး ရောင်းတယ်။လိုက်ဖမ်းတဲ့လူနဲ့တွေ့ တော့လည်းပြေးရတာပေါ့။မိုးကာစကိုခင်းတာကစည်ပင်ကြေးပေး ထားပေမယ့်လည်း ဖမ်းတဲ့အုပ်စုတွေ လာပြီဆိုရင်ကျွန်တော် တို့က မိုးကာ စရဲ့ အခင်းနှစ်စကို ဟိုဘက်၊ဒီဘက် ကောက်ချည်ပြီးပုခုံးပေါ်တင်ပြေး တာပဲ။အဲ့ဒီအချိန်ကတော့ တော် တော်လည်း ပျော်စရာကောင်းသလို၊ အခက်အခဲတွေ လည်း ရှိတာပေါ့။ ဘဝကိုအကူအညီမပါဘဲနဲ့ တစ် ယောက်တည်း လက်တွေ့ရင်ဆိုင်ရ တဲ့ အချိန်ကာလပေါ့။ အကူအညီမပါ ဘဲနဲ့ဆိုတဲ့စကားသုံးရတာကအဲ့ဒီ တုန်းက ဒီမှာ ကျောထောက်နောက် ခံလည်းမရှိ။ နေဖို့ ထိုင်ဖို့ အိပ်ဖို့၊စားဖို့ ဘာမှမရှိဘဲအစိမ်းသက်သက်ကြီး ရောက်လာပြီးလက်တွေ့ကျကျ ရင် ဆိုင်ရတဲ့အချိန် ဆိုတော့ ဒုက္ခ လည်း များသလိုပျော်စရာတွေလည်း အ များ ကြီးရှိခဲ့တယ်” လို့ ပြောပြခဲ့တယ်။ လင်းလင်းကမုန်တိုင်းထန်ကာလတွေ ကို ဖြတ်သန်းနေရပေမယ့်လည်း သူ့ရဲ့ ဂီတအပေါ် ရူးသွပ်မှုကတော့ အရှိန် အဟုန်ကောင်းဆဲပဲဖြစ်ပါတယ်။
“အဆောင်ကို ဂစ်တာယူလာ တော့ သီချင်းကိုတော့ ရေးဖြစ်တယ်။ အခန်းဖော်တွေကလည်းသဘော ကောင်းတော့နားလည်ပေးကြတယ်။ အဲဒီကာလက ၂ဝဝ၂ ဝန်း ကျင်မှာ ကိုအယ်ဖြူ မဆုံးခင်ပေါ့။ ကိုအယ်ဖြူ နဲ့အတူ သူခေါ်ခေါ်သွားလို့ စတူဒီယို တွေကို လိုက်လိုက်သွားတယ်။သူတို့ သီချင်းသွင်းတာတွေကို လိုက်ကြည့် တယ်။ ၂ဝဝ၃မှာ ကိုအယ်ဖြူက ဆုံး သွား တယ်။အဲ့ဒီမှာနည်းနည်းအဆက် ပြတ်သွားပြီးစားဝတ်နေရေး အတွက် အလုပ်တွေ လုပ်ရတယ်။ ကိုလေးတို့နဲ့ မတွေ့ခင်ပေါ့။ ရန်ကုန်ရဲ့ လူနေမှု စရိုက်မှာစီးမျောတဲ့ အချိန်တွေပေါ့။ အဲ့ဒီကြားမှာ ဆေးကုမ္ပဏီတွေမှာ လည်း ဝင်လုပ်တော့ ကျောက်မြောင်း ဘက်ရောက်ရင်ကိုဇော်လတ်တို့ဆီ ဝင်ပြီးအဲ့ဒီမှာမသိ တာတွေကို ကိုဇော် လတ်ကိုမေး တယ်။ အဲ့လိုနဲ့ နေလာခဲ့ တာ ၂ဝဝ၄ ရောက်တော့ တစ်ခုစဉ်း စားမိတယ်။ကိုယ်လုပ်ချင်တဲ့ ဝါသနာ နဲ့ပတ်သက်ပြီး တစ်ခုခုအစပြုမှ ရမယ် ဆိုပြီးကျွန်တော့်မှာရှိတဲ့သီချင်း လေးတွေကို ကက်ဆက်နဲ့အသံဖမ်းပြီး ဂစ်တာနဲ့တီးဆိုပြီး ကက်ဆက်အခွေ အကြမ်း လေးလုပ်ထားတယ်။ အဲ့ဒါနဲ့PTL ဖုန်းနံပါတ်ကို စုံစမ်းပြီး ဖုန်း ဆက်တယ်။ အဲ့ဒီ ဖုန်းနံပါတ်လေးအခု ထိမှတ်မိတယ်။အဲ့ဒီအချိန်မှာ အဲ့ဒီဖုန်း နံပါတ်က မေ့လို့မဖြစ်ဘူး။အဲ့ဒါနဲ့ ဖုန်းဆက်ပြီး သီချင်းလေးတွေ ပြချင် လို့ပါဆိုေ တာ့ဆက်တဲ့အချိန်မှာပဲ ကိုလေး(လေးဖြူ)တို့ကလည်း သီချင်း သွင်းဖို့ရောက်နေတယ်ဆိုတော့ အဲ့ဒီအခွေကိုင်ပြီးတစ်ခါတည်းသွား တယ်။ကိုလေးနဲ့တွေ့တော့ ကိုလေး ကျွန်တော်လင်းလင်းပါပေါ့။ ကိုယ်ပိုင် သံစဉ်သီချင်းလေးတွေ ပြချင်လို့ပါ ဆိုတော့ ကိုလေးကထားခဲ့ပါ။ မင်းကို ပြန်ဆက်ရမယ့် ဖုန်းနံပါတ်ရေးပေး ခဲ့ပါဆိုတော့ကျွန်တော် ကအဆောင် ဖုန်းနံပါတ်ကိုရေးပေးခဲ့တယ်။သူနဲ့ အဆင်ပြေမယ်ဆိုရင်ဆက်လိုက် မယ် ပေါ့နော်။ အဲ့ဒါနဲ့ ကျွန်တော် နေ့တိုင်း ဖုန်းထိုင်စောင့်တယ်။အလုပ်လည်း မ သွားဖြစ် ဘူး။ ဖုန်းလာခဲ့ရင်လွတ် သွားမှာစိုးလို့ သီချင်း ပြပြီးကတည်းက အဆောင်မှာပဲစောင့်နေခဲ့တယ်”။မိမိကိုယ်ကိုယ်ယုံကြည်မှုအ ပြည့်နဲ့မြန်မာပြည်ရဲ့နာမည်ကျော်အဆိုတော် ကြီးတစ်ဦးဆီမှာ သီချင်းတွေ ပြသခဲ့တဲ့ လင်းလင်းရဲ့လမ်းကြောင်း ကသူပြခဲ့တဲ့ကက်ဆက်ခွေလေးက တစ်ဆင့်ပွင့်သွားခဲ့ပြီဖြစ်ပါတယ်။ ဖုန်း ရှေ့မှာတစ်ချိန်လုံး ထိုင်စောင့် ခဲ့တဲ့ လင်းလင်းဆီကိုတစ်ရက်မှာတော့ ဖုန်းဝင်လာခဲ့ပါတယ်။
“ကိုလေး(လေးဖြူ)ဆီကဆက် တာ။သီချင်းတွေ စိတ်ဝင်စားတယ်။ တွေ့ ချင်တယ်ဆိုပြီးပြောတယ်။ အဲ့ဒီ အချိန်မှာ လိပ်ပြာကလည်း ထွက်ပြီး စဆိုတော့ နောက်တစ်ခွေ ကိုလည်းOwn Tune တည်ဖို့ ကိုလေးတို့က စီစဉ်နေတယ်။ အဲ့ဒီမှာစပြီးကိုလေး တို့နဲ့ ခဏလေးများမှာ ပါဝင်ဖြစ်ခဲ့ တယ်။ ဒါပေမဲ့ ထူးဆန်းတာက အဲ့ဒီ အချိန်တုန်းက ကက်ဆက်ခွေလေးနဲ့ ပြခဲ့တဲ့ကိုလေးကြိုက်တဲ့သီချင်းတွေ က ခုထိမထွက်ဖြစ်သေးဘူး။ ကိုလေး က စိတ်ဝင်စားတယ်ဆိုတဲ့အချိန်မှာပျော်ပြီးတော့ထပ်ရေးတဲ့သီချင်းတွေ က ‘ခဏလေးများ’မှာပါသွားတယ်။
ဆက်လက်ဖော်ပြပါမည်
ရဲရဲ
Popular Myanmar

မလေးရှားရောက် မြန်မာအမျိုးသားတစ်ဦး လိင်အင်္ဂါ အဖြတ်ခံရ



မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား တစ်ဦး၏ လိင်အင်္ဂါ ကို ဇနီးဖြစ်သူက ဖြတ်ပစ်လိုက်သည့် မှုခင်းတစ်ခု ဇူလိုင် ၁၅ ရက်နေ့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာလင်မယားစုံတွဲသည် မလေးရှားနိုင်ငံတွင် UNHCR(ဒုက္ခ သည်ကဒ်ပြား) ကိုင်ဆောင်ထားကြသူများဖြစ်ပြီး အမျိုးသမီးမှာ အသက် ၄၀ နှစ်ခန့်ရှိကြောင်းနှင့် လင်ဖြစ်သူ ရှောင်ဖယ် ရှောင်ဖယ်လုပ်နေသည်ကို မကျေနပ်သည့်အတွက် ယခုကဲ့သို့ ပြစ်မှုကျူးလွန်ခဲ့ခြင်း ဖြစ်ဟန်ရှိကြောင်း မလေးရှားရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။



#YangonMediaGroup ™

Yangon Media Group

The Lady အာဇာနည်နှင့် လွဲချက်ကယ်နာ



တော်လှန်ရေးကောင်စီခေတ်မှာ မွေးလို့ မဆလခေတ်မှာ ကြီးပြင်း လာရပြီး ငယ်ငယ်ကတည်းက စာဖတ်ဝါသနာထုံလှတဲ့ နတ် တော်လဖွားမောင်မြတ်အတွက် အာဇာနည်နေ့နဲ့ပတ်သက်လာရင် စာအုပ်အနေနဲ့ ပထမဆုံးဖတ်ဖူး ခဲ့တာကတော့ လူထုဦးလှရေးတဲ့ ‘‘ထောင်နှင့်လူသား’’   ဆိုတဲ့ စာအုပ်ဖြစ်ပါတယ်။ မိဘများရဲ့ စာအုပ်စင်မှာရှိတဲ့ အဲဒီစာအုပ်ပါ အကြောင်းအရာတွေဟာ ဘယ် နှကြိမ် ပြန်ဖတ်ဖတ်မရိုးနိုင်တဲ့ စိတ်ဝင်စားစရာလူသားအချို့ရဲ့ အဖြစ်မှန်ဇာတ်လမ်းတွေပါ။

အထူးသဖြင့် အဲဒီစာအုပ်ထဲ မှာ ဗိုလ်ချုပ်အောင်ဆန်းတို့ကို လုပ်ကြံတုန်းက ယာဉ်မောင်းသူ အဖြစ် ပါဝင်ခဲ့တဲ့ ‘သုခ’ရဲ့ အတွေ့ အကြုံလည်း     ပါဝင်ပြီး    အဲဒီ အကြောင်းအရာဟာ စိတ်ဝင်စား စရာအကောင်းဆုံးဖြစ်ခဲ့ပါတယ်။ အဲဒီနောက် မောင်မြတ်အရွယ် ရောက်လာချိန်မှာ လုပ်ကြံမှုကြီးနဲ့ ပတ်သက်လို့ တရားသူကြီးချုပ် ဒေါက်တာမောင်မောင်ရေးတဲ့ စာ အုပ်ကြီးကို ဖတ်ရပြန်ပါတယ်။ လုပ်ကြံမှုကြီးကို ရုံးတင်စစ်ဆေး ခဲ့တုန်းက ပါဝင်ခဲ့သူအားလုံးနဲ့ တရားခံတွေကို ဖမ်းဆီးခဲ့သူတွေ ရဲ့ ထွက်ဆိုချက်တွေ၊ တရားလို/ တရားခံလျှောက်လှဲချက်တွေနဲ့ ရုံးတော်ကသုံးသပ်ပြီး အပြစ်ပေး ခဲ့ပုံ စတာတွေအကုန်အစင် ပြည့် ပြည့်စုံစုံပါဝင်တဲ့သမိုင်းမှတ်တမ်း တစ်စုံပါပဲ။

အဲဒီစာအုပ်နှစ်အုပ် ကြေ ကြေညက်ညက်ဖတ်ဖူးရုံနဲ့တင် ၁၉၄၇ ဇူလိုင် ၁၉ မနက်ကဖြစ်ရပ် ကို ကောင်းကောင်းကြီးမျက်စိထဲ မြင်ယောင်နေခဲ့ပါတယ်။ ပြီး တော့ မဆလခေတ်တစ်လျှောက် လုံးမှာလည်း ဒီနေ့နဲ့ပတ်သက်လာ ရင် ဇူလိုင်လရောက်လာတာနဲ့ အစိုးရသတင်းစာ၊ မဂ္ဂဇင်းတွေ ထဲမှာပါ ပါဝင်ပတ်သက်ခဲ့သူ ပေါင်းစုံက ပြောကြရေးကြတာ တွေလည်း အများကြီးဖတ်ခဲ့ဖူးပါ တယ်။ အခုခေတ်လို ပုဂ္ဂလိက သတင်းစာ၊ ဂျာနယ်တွေမရှိပေ မယ့် ရှိသမျှမဂ္ဂဇင်းတွေထဲမှာ လည်း အာဇာနည်နေ့အကြောင်း အတော်များများ  ဖော်ပြခဲ့ကြပါ တယ်။

ဒါပေမဲ့ အာဇာနည်နေ့ဖြစ် ရပ်ကို ရုပ်ရှင်အသွင်နဲ့ ပြည့်ပြည့် စုံစုံပြန်လည်ဖန်တီးရိုက်ကူးပြတာ မျိုးတော့ ပြည်တွင်း၊ ပြည်ပ ဘယ်သူ့လက်ရာမှ မကြည့်ဖူးခဲ့ပါ ဘူး။ ဘယ်သူကမှလည်း ဒီအဖြစ် ဆိုးကြီးကို     ပြန်ရိုက်ပြပါလို့ မတောင်းဆိုခဲ့ပါဘူး။    တစ်ခါ တလေတော့ မြန်မာရုပ်ရှင်ကား တချို့မှာဖြစ်ဖြစ်၊ မှတ်တမ်းရုပ် ရှင်မှာဖြစ်ဖြစ် ဒီအကြောင်းကို သဘောလောက်ထည့်ရိုက်ပြတာ ပဲ  ကြည့်ဖူးပါတယ်။   ဥပမာ အတွင်းဝန်ကြီးကိုပြမယ်၊ ဂျစ်ကား တစ်စီးရပ်လာတာပြမယ်၊ ပြေး ဆင်းလာတဲ့ စစ်ဖိနပ်တွေပြမယ်၊ လှေကားထစ်တွေပေါ်တက်တာ ပြမယ်၊ သူသတ်တွေကိုင်တဲ့လက် နက်တော်မီဂန်းနဲ့ စတင်းဂန်းရယ် လို့ သိသာရုံလေးပြမယ်၊ နောက် တော့ သေနတ်သံတွေထွက်လာ ပုံ၊ ကျီးကန်းတွေ၊ ခိုတွေ လန့်ပျံ သွားပုံလောက်ပြမယ် ဒီလောက် ပါပဲ။ မြန်မာမှန်ရင် ဒီလောက်ဆို သဘောပေါက်သွားပါပြီ။

ဒီလိုနဲ့ ဒီဘက်ခေတ်မှာတော့ အာဇာနည်နေ့ဖြစ်ရပ်ကို ပထမ ဆုံးအကြိမ် ကွက်ကွက်ကွင်းကွင်း ထည့်ရိုက်ထားတဲ့ နိုင်ငံခြားရုပ်ရှင် တစ်ကား  ထွက်ပေါ်လာခဲ့ပါ တယ်။ ဒီလောက်ဆိုအားလုံးသိ လောက်ပါပြီ။ အဲဒါကတော့ မြန်မာပြည်ကို တရားဝင်တင် သွင်းပြသခြင်းမရှိခဲ့ပေမယ့် ကော် ပီချပ်တွေကျေးဇူးနဲ့ အတော်များ များ ကြည့်ဖူးခဲ့လောက်ပြီဖြစ်တဲ့ The Lady ရုပ်ရှင်ကားဖြစ်ပါ တယ်။ ပြင်သစ်ဒါရိုက်တာ Luc Besson ရိုက်တဲ့ဒီရုပ်ရှင်ကားဟာ ကမ္ဘာကျော် မလေး-တရုတ်မင်း သမီး မီရှဲလ်ယိုကို ဒေါ်အောင် ဆန်းစုကြည်အဖြစ် သရုပ်ဆောင် စေခဲ့သလို ပေါင်စတာလင် ၂၂ သန်း (ဒေါ်လာ ၃၇ သန်း) အကုန် အကျခံပြီး ပြင်သစ်-အင်္ဂလိပ်နှစ် နိုင်ငံပူးတွဲထုတ်လုပ်ခဲ့တာမို့ အင် အားမသေးလှတဲ့ ဖန်တီးမှုပါ။ နှိုင်းပြရရင် ကိုးရီးယားနာမည်ကြီး မင်းသားရိန်းခေါင်းဆောင်ပါဝင် တဲ့သူတို့လေတပ်စွန့်စားခန်းရုပ် ရှင် R2B ဆိုတာကို F-15 တိုက် လေယာဉ်အစစ်တွေ၊ ဘာတွေ သုံးပြီး ရိုက်တာတောင် ဒေါ်လာ ရှစ်သန်းပဲကုန်ပါတယ်။

ဒါပေမဲ့ ငွေအတော်အကုန် ခံထားတဲ့ Luc Besson ရဲ့ ရုပ် ရှင်ကားဟာ စစချင်းမှာပဲပါတဲ့ ၁၉ ဇူလိုင်လုပ်ကြံမှုဇာတ်ကွက်နဲ့ တင် မောင်မြတ်တို့လို စာဖတ် ထားတဲ့ မြန်မာတွေအတွက်တော့ စိတ်ပျက်စရာကောင်းလှပါတယ်။ ဖတ်ဖူးသမျှ အဲဒီလိုကြမ္မာငင်တဲ့ နေ့မှာ ဗိုလ်ချုပ်ဝတ်ခဲ့တာက မြန်မာဝတ်စုံပါ။ ရွှေဖလားရောင် ဘန်ကောက်ပုဆိုးနဲ့ မန္တလေးပိုး တိုက်ပုံအကျအနဝတ်ထားခဲ့တာ။ Luc Besson ကတော့ သူ့သရုပ် ဆောင်ဗိုလ်ချုပ်ကို စစ်ဝတ်စုံဝတ် ပြီးအတွင်းဝန်ရုံးထဲ ထည့်ထား ပါတယ်။ အဲဒီနောက် လူသတ် သမားတွေလာတယ်။ ဂျစ်ကား နံပါတ် RC-1814 ကတော့ မှန် တယ်။ ဆိုးတာက အတွင်းဝန်ရုံး  ရောက်တော့ စစ်ဌာနချုပ်တစ်ခု လို လက်နက်ကိုင်စစ်သားတွေ အများကြီးရှိနေတော့တာပါပဲ။ ပိုဆိုးတဲ့ကိစ္စက အတွင်းဝန်ရုံး စောင့် အဲဒီစစ်သားတွေဟာ AK အုပ်စုလက်နက်ငယ်တွေကို ကိုင် ထားလေရဲ့။

တကယ်တော့ ဆိုဗီယက်ရုရှ က ကလာနီကော့ရှ်ဗ်ဆိုသူ ဒီဇိုင်း ထုတ်တဲ့ AK-47 ဆိုတဲ့ မောင်း ပြန်သေနတ်ဟာ ၁၉၄၈-၄၉ လောက်ကမှ စထွင်ခဲ့ပြီး ကမ္ဘာကို ပျံ့နှံ့နာမည်ကြီးလာခဲ့တာတော့ ၁၉၆၀ အလွန် ဗီယက်နမ်စစ်ပွဲ ကာလလောက်ကမှပါ။ ၁၉၄၇ ဆိုရင် ဆိုဗီယက်မှာတောင်နမူနာ မထုတ်နိုင်သေးတဲ့ အဲဒီ AK သေ နတ်တွေ မြန်မာနိုင်ငံရန်ကုန်မြို့ အတွင်းဝန်ရုံးဆီ ဘယ်လိုရောက် နေသလဲဆိုတာ Luc Besson အဖြေပေးသင့်ပါတယ်။ မြန်မာ နိုင်ငံရဲ့ စစ်တပ်နဲ့ရဲတပ်ဖွဲ့များမှာ ရော တခြားလက်နက်ကိုင်များ မှာပါ အဲဒီကာလနဲ့ နောက်ပိုင်း တော်တော်ကြာတဲ့အထိ ဒုတိယ ကမ္ဘာစစ် လက်ကျန်လက်နက် ငယ်များသာ သုံးစွဲခဲ့ကြတာဖြစ် ပြီး ၁၉၆၀ နောက်ပိုင်းမှသာ AK-47, M-16, G-3 စတဲ့ခေတ်မီ မောင်းပြန်ရိုင်ဖယ်များ တဖြည်း ဖြည်းရောက်ရှိသုံးစွဲလာတာဖြစ် ပါတယ်။ ၁၉၄၇ အချိန်က မဟာ မိတ်သုံးမောင်းပြန်လက်နက်ငယ် ထဲမှာ အမေရိကန်လုပ်တော်မီ ဂန်းနဲ့ အင်္ဂလိပ်လုပ်စတင်းဂန်းတို့ နာမည်ကြီးပြီး ဗိုလ်ချုပ်တို့ကို လုပ်ကြံခဲ့တာလည်း အဲဒီလက် နက်မျိုးတွေနဲ့ပဲ ဖြစ်ပါတယ်။

လုပ်ကြံသူအဖွဲ့မှာ စုစု ပေါင်းငါးယောက်ပါပြီး ကားပေါ် မှာ စတင်းဂန်းနှစ်လက်နဲ့ တော်မီ ဂန်းသုံးလက်ပါပါတယ်။ ကားရပ် တော့ ယာဉ်မောင်း(သုခ)က ကား ထဲနေရစ်တာမို့ လေးယောက် အပေါ် တက်သွားပါတယ်။ တော် မီဂန်းသုံးလက်နဲ့ စတင်းဂန်းတစ် လက်ကိုင်သွားပြီး ကားထဲစတင်း တစ်လက်ထားခဲ့ပါတယ်။ Luc Besson ရဲ့ ရုပ်ရှင်ထဲမှာတော့ လုပ်ကြံသူက သုံးယောက်တည်း ပါ။ အစည်းအဝေးခန်းဝမှာလည်း လက်နက်ကိုင်နှစ်ယောက်စောင့် နေပြန်ပါသေးတယ်။ AK-47 ကြီးတွေပဲ ထင်ထင်ရှားရှားလွယ် လို့ အလွန်အရုပ်ဆိုးလှတဲ့ လွဲ ချော်မှုပါ။ လုပ်ကြံသူတွေ တက် လာတော့ အချိန်းအချက်နဲ့မို့ အစောင့်နှစ်ယောက်က ရှောင် ထွက်သွားပေးတာကို ထားလိုက် ပါတော့ ဒါမျိုးက Dramatic License သဘောအရ နားလည် နိုင်ပါတယ်။

အစည်းအဝေးခန်းထဲ ဝင်သွားပါပြီ။ လုပ်ကြံသူတစ် ယောက်က ဗိုလ်ချုပ်နဖူးကို ပစ္စတိုတစ်လက်နဲ့ ချိန်လိုက်ပါ သတဲ့။ ဒါလည်း လွဲချော်မှုပါ။ တကယ့်ဖြစ်စဉ်မှာ လုပ်ကြံသူတွေ ပစ္စတိုတစ်လက်မှမကိုင်ခဲ့ပါ။ အလွတ်ရနေတဲ့ဖြစ်စဉ်ထဲမှာ သူ တို့ဝင်လာတော့ ဗိုလ်ချုပ်ထိုင်နေ လျက်ဖြစ်ပြီး ထရပ်လို့တစ်ခုခု ပြောဖို့ကြိုးစားတာနဲ့ စပစ်တာပါ။ Luc Besson ရဲ့ ရုပ်ရှင်မှာတော့ သူ့ဗိုလ်ချုပ်က အခန်းဝကျောပေး ရပ်နေပြီး လှည့်ကြည့်လို့လုပ်ကြံ သူတွေမှန်းလည်းသိရော မျက်စိ မှိတ်ပေးလိုက်ပြီး နဖူးကိုပစ္စတိုနဲ့ တေ့ပစ်ခံလိုက်ရပါတယ်။ ခပ်ညံ့ ညံ့အက်ရှင်ကားတစ်ကားလိုလုပ် ချသွားတာ ဘယ်လိုမှခံစားမရဘဲ ကြည့်ရင်းနဲ့ဒေါသတောင်ထွက်မိ ပါတယ်။

လွဲချက်တွေကတော့ အာ ဇာနည်နေ့တင်မဟုတ်။ ၈၈ အရေးတော်ပုံဖြစ်နေတုံး ဗျာများ နေတဲ့ အာဏာပိုင်ဘဘကြီးကိုပြ တော့လည်း ဗိုလ်ချုပ်မှူးကြီးအပွင့် တပ်ယူနီဖောင်းကြီးဝတ်လိုဝတ်၊ သူတို့ကြံစည် စည်းဝေးပုံတွေပြ တော့လည်း ဖဲသုံးချပ်သမား လောက်တောင် အဆင့်မရှိတဲ့ ပုံမျိုးပြလေတော့ သူတို့လက်က လွတ်အောင်မလုပ်နိုင်ခဲ့တဲ့ တက် ကြွလှုပ်ရှားသူတွေကိုပါ အရည် အချင်းနည်းပါးရာရောက်စေပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ကိုထောက်ခံအားပေးသူတွေ ကြိုးစားရုန်းကန်ရတာတွေ၊ ဖိနှိပ် ခံရတာတွေ အတန်အသင့်ပေါ် လွင်ပေမယ့် ဖိနှိပ်သူအာဏာရှင် အုပ်စုဘက်ကို သရုပ်ဖော်တဲ့နေ ရာမှာတော့ ကလေးကလားဆန် ဆန်     ပေါ့တီးပေါ့ပျက်နိုင်လွန်း တယ်။   မီရှဲလ်ယိုကြောင့်သာ ဒေါ်အောင်ဆန်းစုကြည်ရဲ့နေရာ က အထိုက်အလျောက်ဝင်ခံစား စာနာနိုင်တာကလွဲလို့   Luc Besson နဲ့ ထုတ်လုပ်သူတွေကို တော့ အင်မတန်အထင်သေးမိပါ တယ်။

လွဲချော်မှုကြီးကြီးတွေရော သေးသေးတွေပါ အများကြီးရှိတဲ့ အထဲက ခပ်သေးသေးတစ်ချက် လောက် ထပ်ပြောရရင် နဝတ အစိုးရခေတ် ဧရာဝတီတိုင်းဖြစ် စဉ်မှာလည်း စစ်သည်တစ်စုနဲ့ ဒေါ်အောင်ဆန်းစုကြည်ထိပ် တိုက်တွေ့တဲ့အခန်းမှာ စစ်သား တွေက HK-33 နဲ့ AK-47 သေ နတ်တွေကိုင်စွဲထားပြန်ပါတယ်။ မြန်မာစစ်တပ်သုံးပြည်တွင်းဖြစ် G-3 သေနတ်အစစ်မရနိုင်ရင် တောင်မှ ပုံစံတူ သေနတ်တုလုပ် ဖို့ ထည့်ရိုက်သင့်ပေမယ့် ဒီဇိုင်း ဆင်တူတဲ့ HK-33 သေနတ်တွေ ပဲထည့်သုံးသွားတာ ပထမတန်း စားဒါရိုက်တာတို့ရဲ့ လုပ်ရပ် မဟုတ်ပါ။ ကမ္ဘာကျော်ဇာတ် ကားတွေမှာဆိုရင် ဘယ်ခေတ် ဘယ်ကာလလက်နက်ဖြစ်ဖြစ် ပုံစံတူအတိအကျလုပ်ဖန်တီးပြီး ထည့်သွင်းရိုက်ကူးတတ်ကြပါ တယ်။ Luc Besson ကတော့ ဒေါ်အောင်ဆန်းစုကြည်အိမ်ကို တောင် အရောက်လာခဲ့ပြီး ခြံ နံပါတ်  ၅၄ ကိုသာ အသွင်တူ လုပ်ပြဖို့ အာရုံစိုက်ခဲ့ပုံပေါ်ပါ တယ်။

တကယ်တော့ Luc Besson ဟာ Leon: The Professional (1994), The Fifth Element (1997), The Messenger: The Story of Joan of Arc (1999) တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ဖြစ်ပြီး Epic ခေါ် မော်ကွန်းရုပ်ရှင် မျိုးနဲ့ Biopic genre ခေါ် အထ္ထုပ္ပတ္တိနောက်ခံရုပ်ရှင်ကားမျိုးတော့ ရိုက်ကူးဖူးတဲ့အတွေ့ အကြုံမရှိပါဘူး။ စစ်သမိုင်း နောက်ခံရုပ်ရှင်ကားမျိုးတောင် မရိုက်ဖူးဘဲ Fiction Movie တွေ သာဖန်တီးခဲ့ဖူးသူတစ်ယောက်ကို The Lady ရိုက်ဖို့တာဝန်ပေးခဲ့ မိတာကိုက အမှားတော်ပုံတစ် ရပ်ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ အင် မတန်အားနာတတ်တဲ့ ကိုရွှေ မြန်မာတွေက ဒီရုပ်ရှင်ကြည့်ကြ ပြီး အချိန်တော်တော်ကြာခဲ့တာ တောင်မှ အားမရတာ၊ သဘော မတူတာတွေ တရားဝင်ပြောသံ မကြားရဘဲ မဆိုးပါဘူးလို့ ဖော်လို လိုက်တတ်ကြတာမို့ မောင်မြတ် ကတော့ မြင်တဲ့အတိုင်းတင်ပြ လိုက်တာဖြစ်ပါတယ်။

ဇူလိုင်လရောက်လေတိုင်း တော့ အာဇာနည်နေ့ဖြစ်ရပ်တွေ ပြန်ပြောင်းရေးကြပြောကြတာ တွေ ဖတ်ရကြားရမှာ ထုံးစံပါပဲ။ အခုအချိန်ထိ အာဇာနည်နေ့ဖြစ် စဉ်ကို ထည့်သွင်းရိုက်ကူးထားတဲ့ တစ်ခုတည်းသော ရုပ်ရှင်ကားဖြစ် ပါလျက်နဲ့ The Lady ဟာ ပြန် ကြည့်မိတိုင်း နိဒါန်းမှာပဲ စိတ် အနှောင့်အယှက်ပေးပါတယ်။

ဖန်တီးမှုအနုပညာအား ကောင်းပြီး သမိုင်းနောက်ခံ အချက်အလက်တွေလည်း မှန် ကန်တဲ့ရုပ်ရှင်ကားမျိုးတွေဆိုရင် တော့ နှစ်ဘယ်လောက်ကြာမြင့်  သည်ဖြစ်စေ ပြန်ကြည့်ပြီး မရိုး နိုင်အောင် ခံစားရပါလိမ့်မယ်။ အဲဒီလို ပြန်ကြည့်ပြီး တသသဖြစ် နေရမယ့်အထဲ The Lady ရုပ်ရှင် ကားမပါနိုင်တာကတော့ စိတ် မကောင်းစရာပါပဲ။ နောင်ဆိုရင် လည်း မြန်မာတို့နဲ့ပတ်သက်လို့ နိုင်ငံတကာက သရုပ်ဖော်တဲ့ အနု ပညာဖန်တီးမှုတွေမှာ အနည်းဆုံး အားဖြင့် သမိုင်းကြောင်းအချက် အလက်ရေးရာတွေ လွဲချော်မှု မဖြစ်ရလေအောင် ဘယ်လိုများ ကြံဆောင်နိုင်မှာပါလိမ့်လို့ (၆၇) နှစ်မြောက်အာဇာနည်နေ့အကြို ရက်များမှာ တွေးတောနေမိပါ တော့တယ်။။

7day daily


ဂိမ်းဆော့ဖို့ ကလေးကိုရောင်းစားခဲ့တဲ့ မိဘတွေ



တရုတ်နိုင်ငံက အွန်လိုင်းဂိမ်းစွဲနေသူ ဇနီးမောင်နှံနှစ်ဦးဟာ ဂိမ်းအတွက် သူတို့ရင်သွေးကို ရောင်စားခဲ့ပါတယ်။

တရုတ်နိုင်ငံ Guangdong ပြည်နယ်က လူငယ်ဇနီးမောင်နှံ နှစ်ဦးဟာ ဂိမ်းဖိုးကုန်ကျစရိတ်အတွက် ၄င်းတို့ရဲ့ကလေးကို လူမှောင်ခိုသမားများထံရောင်းချခဲ့တာကြောင့် ရဲများက မကြာသေးခင်က ဖမ်းဆီးခဲ့ပါတယ်။

A-hui နဲ့ ၄င်းရဲ့လက်မထပ်ရသေးတဲ့ ဇနီး A-mie တို့ဟာ Fujian  ပြည်နယ်က လူမှောင်ခိုသမားများထံ သူတို့ရဲ့ကလေးကို နှစ်ကြိမ်တိတိ ရောင်းချခဲ့တာဖြစ်ပါတယ်။
တရုတ်ဝက်ဘ်ဆိုက်ဒ် Sina ရဲ့ဖော်ပြချက်အရ ဒီစုံတွဲဟာ ကလေးကို မမျှော်လင့်ဘဲရခဲ့ကြတာဖြစ်ပါတယ်။
ယခုနှစ် ဇန်နဝါရီလမှာမွေးဖွားခဲ့ပြီး မွေးပြီး လေးရက်အကြာမှာပဲ တရုတ်ငွေ ယွန်၂၀၀၀၀ လောက်နဲ့ မှောင်ခိုသမားတွေကို ရောင်းချခဲ့တာဖြစ်ပါတယ်။

A-hui ရဲ့အဖေ(ကလေးရဲ့အဘိုး) ဟာ ဒါကိုသိသွားပြီး သူ့မြေးကို ယွန် ၃၀၀၀၀ ပေးကာ မှောင်ခိုသမားတွေလက်ထဲကနေ အချိန်မီလေး ပြန်ဝယ်လိုက်နိုင်ပါတယ်။
ဒီနှစ်မေလမှာတော့ ဒီစုံတွဲဟာ Dongshan မြို့ကို ရွှေ့လာကြပါတယ်။ A-hui ဟာ စားသောက်ဆိုင်တစ်ခုမှာ အလုပ်တစ်ခုရခဲ့ပြီး ဒီကရတဲ့လခနဲ့ ရပ်တည်ကြတယ်လို့ဆိုပါတယ်။

ပထမတော့ အဆင်ပြေပေမဲ့ A-hui ရဲ့ အွန်လိုင်းဂိမ်းစွဲလန်းမှုကြောင့် မိသားစု မလုံမလောက် ဖြစ်လာပါတယ်။ A-hui ဟာ အိမ်ပြန်မအိပ်ဘဲ ညတော်တော်များများကို ဂိမ်းဆိုင်မှာပဲနေနေတယ်လို့ဆိုပါတယ်။

သူတို့သားကို နည်းနည်းလေးတောင် ဂရုမစိုက်ဘူးလို့ပြောပြီး မိန်းမဖြစ်သူက ငိုပါတယ်။ ကလေးကို ရောင်းစား ပစ်လိုက်တော့မယ်လို့ ပြောတဲ့အခါ ကလေးကိုကြိုက်တာလုပ် တာဝန်မယူဘူးလို့ A-hui က ပြောပါတယ်။ သူဂရုစိုက်တာက ဂိမ်းထဲမှာပါတဲ့ သူရဲ့လက်နက်ကိရိယာတွေပဲလို့ ဆိုပါတယ်။

ဇွန်လရောက်လို့ သူတို့အိမ်ရဲ့ ငွေကြေးပြဿနာ တော်တော်ဆိုးလာတဲ့အခါ  ဒီစုံတွဲဟာ Fujian  ပြည်နယ်မှာရှိတဲ့ ယခင်မှောင်ခိုဂိုဏ်းကိုပဲ ဆက်သွယ်ပြီး ကလေးကို ယွန်ငွေ ၁၆၀၀၀ နဲ့ရောင်းချခဲ့ပါတယ်။

ဒီသတင်းကိုကြားသွားတဲ့ သူ့အဖေဟာ ဒီတစ်ခါမှာတော့ ရဲကို သာ အကြောင်းကြားခဲ့ပါတယ်။
ယခု ရဲတွေက ဒီစုံတွဲကို ဖမ်းဆီးထားပြီး ကလေးကိစ္စကိုတော့ ဆက်လက်စုံစမ်းနေတယ် လို့ ဆိုပါတယ်။

Credit:phothutaw