တန်ဖိုးမျှတ အိမ်ရာတိုက်ခန်းများ ပြန်လည်ရောင်းချမှုများရှိနေ


တည်ဆောက်ဆဲဖြစ်သော ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဗိုလ်ဗထူးလမ်းမပေါ်တွင်တည်ရှိသော တန်ဖိုးမျှတအိမ်ရာစီမံကိန်းကို ဇူလိုင်လ ၂၉ ရက်နေ့က မြင်တွေ့ရစဉ်။ ဓာတ်ပုံ - အောင်ဌေးလှိုင်တည်ဆောက်ဆဲဖြစ်သော ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဗိုလ်ဗထူးလမ်းမပေါ်တွင်တည်ရှိသော တန်ဖိုးမျှတအိမ်ရာစီမံကိန်းကို ဇူလိုင်လ ၂၉ ရက်နေ့က မြင်တွေ့ရစဉ်။ ဓာတ်ပုံ – အောင်ဌေးလှိုင်

အခြေခံလူတန်းစားများနှင့် လူလတ်တန်းစား များ တိုက်ခန်းပိုင်ဆိုင်နိုင်ရန်ရည်ရွယ်ကာ ဆောက်
လုပ်လာခဲ့သော တန်ဖိုးမျှတအိမ်ရာ တိုက်ခန်းများမှာ ဈေးကွက်အတွင်း ပြန်လည် ရောင်းချမှုများ
ရှိနေကြောင်း အိမ်ခြံမြေ လုပ်ငန်းရှင်များကပြောသည်။

“တန်ဖိုးမျှတတိုက်ခန်းတွေကို ဈေးကွက်ထဲမှာ ပြန်ရောင်းချလာတာ တွေ့လာရပါ တယ်။ ဥပမာ
- မုဒိတာတန်ဖိုးနည်းအိမ်ရာတွေဆောက်တုန်းက တိုက်ခန်းတစ်ခန်းကို ကျပ် သိန်း ၂၀၀ နဲ့ ဈေး
စဖွင့်လိုက်တယ်။ တစ်နှစ်အတွင်းမှာ ၃၀၀ ကနေ ၃၅၀၊ နောက်ပိုင်း ၅၀၀ အထိ ဈေးတွေဖြစ်ကုန်
တယ်”ဟု ရွှေကံမြေ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း မှ ဦးခင်မောင်အေးက မြန်မာတိုင်း(မ်)ကို
ပြောသည်။

“တင်းတင်းကျပ်ကျပ် မထိန်းချုပ်ရင် မဆလခေတ်က ဆန်တို့၊ နို့ဆီတို့ ဝေသလိုပုံစံ မျိုး ပြန်ဖြစ်
သွားမှာပါပဲ။ တကယ်လိုအပ်နေတဲ့လူတွေ အများကြီးရှိတဲ့အတွက် လိုအပ်နေတဲ့ လူတွေ လက်
ထဲရောက်အောင် လက်ရောက် ပေးပြီး ဥပဒေနဲ့ တင်းတင်းကျပ်ကျပ် ထိန်းချုပ် မှ အဆင်ပြေမှာပါ”
ဟု ၎င်းကပြောသည်။

တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းများ ထပ်ဆင့်ပြန်လည်ရောင်းချမှုများသည် အဆို ပါ အိမ်ရာများ၏
မူလရည်ရွယ်ချက် ကို ပျက်ပြားစေသကဲ့သို့ မလိုလားအပ် သည့် ဈေးနှုန်းမတည်ငြိမ်မှုများလည်း
ဖြစ်ပွားစေနိုင်ကြောင်း ၎င်းကသုံးသပ်သည်။

မြောက်ဒဂုံမြို့နယ်အခြေစိုက် ဂလက်ဆီ အိမ်ခြံမြေအကျိုးဆောင် တာဝန်ရှိသူတစ်ဦး က အဆိုပါ
မြို့နယ်အတွင်းရှိ တန်ဖိုးမျှတ အိမ်ရာများဖြစ်ကြသော ဗိုလ်မင်းရောင်နှင့် ဗိုလ်ဗထူးအိမ်ရာများရှိ
တိုက်ခန်းများကို ၀ယ်လိုသူ အများအပြားရှိနေသော်လည်း ရောင်းသူနည်းပါးနေကြောင်း ပြော
သည်။

“တန်ဖိုးမျှတအိမ်ရာက ၀ယ်ချင်သူက များနေပေမယ့် ရောင်းသူက ရာခိုင်နှုန်းနည်း တယ်။
အရောင်းအ၀ယ် မရှိတာတော့ မဟုတ် ဘူး။ ရှိနေပါတယ်။ ဗိုလ်မင်းရောင်အိမ်ရာ ကိုတော့
လူကြိုက်ပိုများတယ်”ဟု ၎င်းက ပြောသည်။ ဗိုလ်မင်းရောင်အိမ်ရာသည် စင်ကာပူရှိအိမ်ရာများ
ပုံစံအတိုင်း ဆောက်လုပ်မည် ဖြစ်သဖြင့် အခြေခံအဆောက်အအုံ နည်း စနစ်များ ကောင်းမွန်နိုင်
သောကြောင့် လူကြိုက်များခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“မဲပေါက်ထားတဲ့လူတွေ ပြန်ရောင်းကြတယ်ဆိုတာက အကြောင်းရင်း အမျိုးမျိုးနဲ့ ပါ။ မဲပေါက်ပြီး
မှ မလိုချင်တော့တာ၊ ငွေကြေး မတတ်နိုင်တော့တာ၊ အစရှိသဖြင့် အကြောင်းရင်းအမျိုးမျိုးကြောင့်
ပါ။ လက်ရှိအချိန် အထိ စီးပွားဖြစ်ရောင်းနေတာမျိုးမဟုတ်ဘဲ ကိုယ်ရေးကိုယ်တာအခက်အခဲရှိလို့
ခင်မင်သူ အချင်းချင်း ပြန်ရောင်းချနေကြတဲ့ အနေ အထားမျိုးပဲ ရှိပါသေးတယ်” ဟု ၎င်းက
ပြောသည်။

“လောလောဆယ် အပြင်မှာကတော့ မူလ ပေါက်ဈေးထက် အနည်းဆုံး သိန်း ၅၀ အလိုက် ပေးပြီး
ဝယ်နေကြတယ်” ဟု ၎င်းကပြောသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက တိုက်ခန်းလျှောက်လွှာများ ခေါ်ယူရာတွင် လျှောက်ထားသူနှင့် လျှောက်လွှာတွင် ဖော်ပြထားသော
ပိုင်ဆိုင်ခွင့်ရှိသူ သို့မဟုတ် ၎င်း၏ မိသားစုဝင်များသည် အခြား အိမ်ခန်း၊ မြေနှင့် အရစ်ကျ ၀ယ်ယူ
မှုများကို လျှောက်လွှာမတင်မီ လ ၃၀ အတွင်းသော်လည်းကောင်း၊ လျှောက်လွှာတင်ပြီး ၀ယ်ယူ
ခွင့်ရရှိပြီးချိန်နှင့် အခန်းတန်ဖိုး အကျေအလည် ပေးဆောင်ပြီးချိန်တွင် သော်လည်းကောင်း ၀ယ်
ယူခြင်း၊ ပိုင်ဆိုင်ခြင်း မပြုလုပ် ရန် တားမြစ်ထားသည်။ ၎င်းပြင် အိမ်ခန်းကို ငါးနှစ်အတွင်း လွှဲပြောင်း
ရောင်းချ ခြင်း မပြုလုပ်ရန်နှင့် သတ်မှတ်ချိန် ကျော်လွန်၍ ပြုလုပ်လိုပါက ရန်ကုန် မြို့တော်စည်
ပင်သာယာရေး ကော်မတီသို့ တင်ပြလျှောက်ထားပြီး ခွင့်ပြုချက်ရရှိမှသာ လွှဲပြောင်းရောင်းချခွင့်
ရှိကြောင်း သတ်မှတ်ထားပြီးဖြစ်သည်။

ထိုသို့ သတ်မှတ်ရခြင်းမှာ ဈေးကစားရန် ၀ယ်ယူမှုများကြောင့် အိမ်ရာဈေးနှုန်းများ မြင့်မားလာခြင်း
မှ ကာကွယ်ရန်ဖြစ်ကြောင်း ရေးသားဖော်ပြခဲ့သည်။ ထို့ပြင် အိမ်ခန်းလျှောက်ထားမည့်သူနှင့်
မိသားစုတွင် အဓိကပါဝင်သူများသာ အမှန်တကယ်နေထိုင်ရမည်ဖြစ်ပြီး အငှားချထား ခြင်းမပြု
လုပ်ရဟုလည်း စည်းကမ်း သတ် မှတ်ချက်တွင် ဖော်ပြပါရှိပြီးဖြစ်သည်။

သို့သော် စည်းကမ်းချက်နှင့် သွေဖည်ကာ ရောင်းချနေမှုများအတွက် ထိရောက်သည့် အရေးယူ
မှုမျိုးကို မတွေ့ရှိရပေ။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံဌာန
တာဝန်ရှိသူတစ်ဦးက အဆိုပါ လွှဲပြောင်းရောင်းဝယ် မှုများကို အရေးယူသွားမည်မဟုတ်သော်
လည်း မိမိတို့သဘောအလျောက် လွှဲပြောင်းရောင်းချမှုများတွင် ပိုင်ရှင်အမည်ပေါက်လွှဲပြောင်း
ပေးမည်မဟုတ်ကြောင်း ပြောသည်။

“အဲဒီလိုမျိုးတွေ ဖြစ်မှာစိုးလို့ အစ ကတည်းက စည်းကမ်းချက်မှာ ငါးနှစ်အတွင်း လွှဲပြောင်းရောင်း
ချခြင်း မပြုရဘူးလို့ ထည့် ထားတာ။ ရောင်းတာ မရောင်းတာက သူတို့ သဘောပါပဲ။ ဒါကို စည်
ပင်က ကြားဝင် ကြပ်မတ်စရာမလိုပါဘူး။ စည်းကမ်းချက်မှာ တော့ အကုန်ပြောထားပြီးသားဖြစ်
တဲ့ အတွက် ကျွန်တော်တို့ကတော့ နာမည် ပြောင်းပေးမှာမဟုတ်ပါဘူး”ဟု အဆိုပါ တာဝန်ရှိသူ
က ပြောသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူ အမျိုးသားတစ်ဦးကမူ တန်ဖိုးမျှတအိမ်ရာ တိုက်ခန်းတစ်ခန်း
မဲပေါက်ထားသော်လည်း မိသားစုအခြေအနေအရ အရစ်ကျ ပေးသွင်း နိုင်ခြေမရှိသောကြောင့်
ပြန်လည်ရောင်းလိုခြင်းဖြစ်ကြောင်း ပြောသည်။ “ပထမအရစ်တင် သိန်း ၇၀ ကျော်လောက် သွင်း
ရမယ်။ အစကတော့ ကိုယ်ပိုင်တိုက်ခန်း လေး တစ်ခန်းပိုင်ချင်တဲ့ရည်မှန်းချက်နဲ့ လျှောက်လိုက်တာ။

တကယ်လည်း ရပြီး အရစ် ကျနဲ့သွင်းရတော့မယ်ဆိုတော့ ကိုယ့်ဝင်ငွေနဲ့ တစ်လကို သိန်း ၇၀
ရေရှည်မသွင်းနိုင် လောက်ဘူးဆိုတာ သဘောပေါက်လာတယ်။ အဲဒါကြောင့် ပြန်ရောင်းဖို့စဉ်းစား
ရတာ” ဟု ၎င်းကပြောသည်။ လက်ရှိ ဗိုလ်ဗထူးနှင့် ဗိုလ်မင်းရောင်အိမ်ရာများ၏ အခန်းဈေးနှုန်းများ
မှာ အနည်းဆုံး ၅၆၅ စတုရန်းပေ တစ်ခန်းအတွက် ကျပ်သိန်း ၂၃၀ ၀န်းကျင်ဖြစ်ပြီး အများဆုံး
၉၂၇ စတုရန်းပေတစ်ခန်းအတွက် ကျပ် ၃၄၇ သိန်းဝန်းကျင် ရှိသည်။ အခန်းများကို အရစ်ကျ
ဝယ်ယူမှု နှင့် ဘဏ်ချေးငွေဖြင့်ဝယ်ယူမှု နည်းလမ်း နှစ်မျိုးမှ တစ်မျိုးမျိုးဖြင့် ၀ယ်ယူခွင့်ရှိသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက တည်ဆောက်လျက်ရှိသော တန်ဖိုးမျှတအိမ်
ရာစီမံကိန်းလေးခုရှိပြီး ဗိုလ်ဗထူးအိမ်ရာမှာ အရင်ပြီးစီးမည်ဖြစ်ကာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်
က ဗိုလ်မင်းရောင်အိမ်ရာ၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်က ဧရာဝဏ်အိမ်ရာနှင့် ဒဂုံမြို့သစ်
(အရှေ့ပိုင်း) က မင်းရဲကျော်စွာအိမ်ရာတို့မှာ ၂၀၁၅ ခုနှစ်တွင် ပြီးစီးမည်ဖြစ်သည်။

mmtimes

သံဓာတ်ချို့တဲ့သည့် လက္ခဏာများ



အောက်ဖော်ပြပါရောဂါလက္ခဏာများကို သတိပြုမိပါက ဒေါက်ခွရွက် (Spinach)နှင့် အမဲသားသုပ်စတင်စားသုံးပေးပါ။
အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးဌာန CDCP ၏ လက်ရှိ စာရင်းဇယားများအရ အမျိုးသမီးများ၏ ၉ ရာခိုင်နှုန်းမှာ သံဓာတ်ချို့တဲ့မှုကြောင့် ဆိုးကျိုးများခံစားနေရကြောင်း သိရသည်။ သို့သော် သံဓာတ်ချို့တဲ့နေသည့် ရုပ်ပိုင်းဆိုင်ရာတက်တက်ကြွကြွရှိသော အမျိုးသမီးများအရေအတွက်မှာ ပို၍ပင်မြင့်မားကြောင်း ကျွမ်းကျင်ပညာရှင်များက ပြောသည်။ သံဓာတ်ချို့တဲ့မှုကို အောက်ပါလက္ခဏာရပ်များကို ကြည့်၍ သိရှိနိုင်သည်။

ပင်ပန်းနွမ်းနယ်ခြင်း

အောက်စီဂျင်သယ်ဆောင်သည့်သွေးနီဆဲလ်များအတွင်းပါဝင်သော ဟေမိုဂလိုဘင်ကိုထုတ်လုပ်ရန် ခန္ဓာကိုယ်က သံဓာတ်(Iron)ကို အသုံးပြုသည်။ ကျန်းမာသန်စွမ်းသည့် သွေးဆဲလ်များလုံလောက် သော ပမာဏမရှိပါက မောပန်းနွမ်းနယ်မှုကို စတင်ခံစားလာရမည်ဖြစ်သည်။

အာရုံစိုက်ရန်ခက်ခဲခြင်း

သံဓာတ်ချို့တဲ့မှုနှင့်အတူ လူများတွင် အာရုံကြောများကြားဆက်သွယ်ဆောင်ရွက်ပေးသော ဓာတုဒြပ်ပေါင်းမှာလည်း အပြောင်းအလဲရှိမည်ဖြစ်သည်။ သံဓာတ်ချို့တဲ့မှုကြောင့် ယင်းဒြပ်ပေါင်းလုပ်ဆောင်ချက်မှာ သာမန်ထက်လျော့ကျသွားနိုင်သည်။

စိတ်ပါဝင်စားမှုမရှိခြင်း

အာရုံကြောများကြား ဆက်သွယ်ဆောင်ရွက်ပေးသော ဓာတုဒြပ်ပေါင်းပြောင်းလဲမှု၏ နောက်ထပ်ဆိုးကျိုးတစ်ခုမှာ မည်သည့်ကိစ္စကိုမဆို စိတ်ပါဝင်စားမှုမရှိဖြစ်ခြင်းပင်ဖြစ်သည်။

အသက်ပုံမှန်ရှူ၍မရခြင်း

သွေးထဲတွင် လုံလောက်သောသံဓာတ်မရှိခြင်းကြောင့် ခန္ဓာကိုယ်တွင် အောက်စီဂျင်ဓာတ်များစွာလိုအပ်လာ၍ အသက်ပုံမှန်ရှူမရခြင်းကို ဖြစ်စေသည်။

ပုံမှန်မဟုတ်ဘဲ အသားအရေဖျော့တော့ခြင်း

သွေးလည်ပတ်စီးဆင်းမှုနှုန်းလျော့ကျခြင်းနှင့် သွေးနီဆဲလ်အရေအတွက်လျော့ကျသွားပါက အသားအရေဖျော့တော့လာနိုင်သည်။

ပုံမှန်ကိုယ်လက်လေ့ကျင့်ခန်းလုပ်ရန်ခက်ခဲခြင်း

သံဓာတ်ချို့တဲ့ပါက ယခင်က ပုံမှန်လုပ်ဆောင်နေကျဖြစ်သော ကိုယ်လက်လေ့ကျင့်ခန်းများကို လုပ်ဆောင်နိုင်တော့မည်မဟုတ်ပေ။

ကြွက်သားများအလွန်နာကျင်ခြင်း

လေ့ကျင့်ခန်းလုပ်ပြီးနောက် သာမန်ထက်ပိုမိုကြာရှည်စွာပင်ပန်းနွမ်းနယ်ပြီး ကြွက်သားများနာကျင်နေပါက သံဓာတ်မလုံလောက်ခြင်းကြောင့် ကြွက်သားများအသေအချာပြန်လည်ကျန်းမာရန် စွမ်းရည်နည်းပါးပြီး နာကျင်ကိုက်ခဲနိုင်သည်။

ခြေသည်းလက်သည်းများ ကြွပ်ဆတ်မာကျောခြင်း

ခြေသည်းလက်သည်းများ ကြွပ်ဆတ်မာကျောပြီး အလွယ်တကူ ကျိုးပဲ့ခြင်းမှာလည်း သံဓာတ်ချို့တဲ့မှုလက္ခဏာတစ်ခုဖြစ်သည်။

မကြာခဏနာမကျန်းဖြစ်ခြင်း

အထူးသဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာနှင့် မကြာခဏနာ မကျန်းဖြစ်ခြင်းမှာ သံဓာတ်ချို့တဲ့မှုကြောင့်ဖြစ်သည်။

ဆီးပန်းရောင် (သို့မဟုတ်)အနီရောင်သွားခြင်း

သံဓာတ်ချို့တဲ့မှုကြောင့် အူသိမ်အူမများက အရောင်ပါဝင်သော ပစ္စည်းများကို ပိုမိုစုပ်ယူသဖြင့် ဆီးသွားသည့်အခါ ပန်းရောင် (သို့မဟုတ်) အနီရောင်ဆီးများသွားလေ့ရှိကြောင်း သိရသည်။

—Ref: Time
7day daily

Viber က မြန်မာ့ရေခံမြေခံနှင့် ကိုက်ညီသော စတစ်ကာရုပ်ပုံများကို အခမဲ့ဖြန့်မည်ဟုဆို


Viber ကုမ္ပဏီမှ မြန်မာ့ ရေခံမြေခံနှင့် ကိုက်ညီသော စတစ်ကာ ရုပ်ပုံလေးများကို အခမဲ့ အသုံးပြုနိုင်ရန် စီစဉ်လျက်ရှိကြောင်း ဗိုလ်တထောင် မြို့နယ် 50 Street Bar ၌ မီဒီယာများနှင့် တွေ့ဆုံစဉ် Viber ကုမ္ပဏီ၏ ဖိလစ်ပိုင်နိုင်ငံ ဆိုင်ရာ မန်နေဂျာ Crystal Lee ကပြောသည်။

စတစ်ကာတွေကို မြန်မာ့ရေခံမြေခံ ယဉ်ကျေးမှုကို အခြေခံပြီးတော့ လုပ်မှာဖြစ်ပါတယ်။ ဒီစတစ်ကာတွေကို အခု စတင် လုပ်ဆောင်နေပါပြီ။ ကျွန်မတို့ ကြိုးစားနေပါ တယ်။ လအနည်းငယ်အတွင်း ရနိုင်အောင် စီစဉ်ပါမယ်။ အဲဒီစတစ်ကာတွေဟာ မြန်မာပြည် တစ်ပြည်လုံး ယဉ်ကျေးမှုအရလည်း အသုံးပြုလို့ရတဲ့ ရုပ်ပုံလေးတွေဖြစ်ဖို့ ကြိုးစားနေပါတယ် ဟု ၎င်းက ဆက်ပြောသည်။

၎င်းစတစ်ကာ၏ နမူနာရုပ်ပုံတွင် I Love Myanmar ဟူသော စာသားများနှင့် မြန်မာ အပျိုလေးတစ်ဦး ဆံထုံးတွင် ပန်းပန်ကာ ပါးပြင်တွင် သနားခါးလူးထားသော ပုံ၊ နောက်ခံတွင် ဆုလစ်မွန်းချွန်နှင့် ထန်းပင် ထန်းလက်များ ရေးဆွဲထားကြောင်း သိရသည်။ ယခုကဲ့သို့ ဒေသခံတိုင်းပြည်၏ ရေခံ မြေခံနှင့် ကိုက်ညီအောင် အိနိ္ဒယနိုင်ငံနှင့် ဘရာဇီးနိုင်ငံများတွင်လည်း Viber က ပြုလုပ်ခဲ့ကာ အောင်မြင်မှုလည်း ရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

Viber စတစ်ကာကို ပထမ အခမဲ့ပေးပါမယ်။ နောက်တစ်ဆင့်မှာတော့ အခမဲ့နဲ့ ၀ယ်ယူခြင်းတွဲပြီး ထွက်လာမယ်ဟု Crystal Lee က ပြော သည်။ Viberသည် နိုင်ငံပေါင်း (၁၉၃) နိုင်ငံတွင် သုံးစွဲသူ သန်းပေါင်း (၃၇၀) ကျော်ရှိပြီး ယူကေ၊ ဗီယက်နမ်၊ ရုရှား၊ ဖိလစ်ပိုင်၊ ဂျပန်၊ အစ္စရေး၊ အိနိ္ဒယ၊ ဆိုက်ပရပ်စ်၊ ဘရာဇီးနှင့် ဘီလာရုစ် နိုင်ငံများတွင် ရုံးခွဲများ ဖွင့်လှစ်ထားသည်။ မြန်မာနိုင်ငံတွင် ဇူလိုင်လ (၃၀) ရက်နေ့၌ Viber သုံးစွဲသူပေါင်း ငါးသန်းရှိ နေပြီ ဖြစ်ကြောင်း Viber က ကြေညာခဲ့သည်။
See More: http://messengernewsjournal.com/News/Local/detail.php?id=19888

Messenger News Journal

အပူ သောက ငြိမ်းစေရန် နည်းလမ်း



မနက်ရုံးသွားဖို့ ပြင် ဘတ်စ်ကား အလာ နောက်ကျတဲ့ အခါ

၁။ ဒီကားကတော့ အမြဲ ဒီလိုဖြစ်နေတယ်။ ပြဿနာပဲ၊ ရုံးတော့ နောက်ကျပါပြီ။ စိတ်ညစ်ပါတယ်။

(သို့မဟုတ်)

၂။ ‘တစ်ခါ တစ်လေ ကျတော့လည်း ဖြစ်တတ် တာပဲလေ။

(အကယ်၍ ခဏခဏ ဖြစ်ပါက)

၃။ အော် ဒီလို ဖြစ်နေတော့ ငါ ဘယ်တတ်နိုင်ပါ့မလဲ။ နောက်တစ်နည်း စဉ်းစားပြီး သွားရတာပေါ့။ လခ အဖြတ်ခံရလည်း တစ်နာရီ စာပါပဲလေ။ တစ်လစာမှ မဟုတ်တာ’

ယင်း သုံးမျိုးထဲမှာ မိမိရဲ့ စိတ်ထဲ ဘယ်လို အတွေးဝင်မိ ပါသလဲ။ ပထမ တစ်မျိုး ဖြစ်နေပြီ ဆိုပါက မသင့်လျော်ပါ။

(ရှောင်လွဲ မရတဲ့) ပြဿနာ အခက်အခဲ တစ်ခု ကြုံတဲ့အခါ ယင်း အခက်အခဲ နဲ့ ဖြစ်ရပ် အပေါ် အခြေခံပြီး လူတိုင်းမှာ အကောင်းလဲ မြင်နိုင် ခံစား နိုင်သလို၊ အဆိုးလည်း မြင်နိုင် ခံစား နိုင်ပါတယ်။ အားလုံး သိထားကြတဲ့ ဒဿန တစ်ခုလိုပါပဲ ရေတစ်ဝက် ထဲပဲ ကျန်တော့တယ်နဲ့ ရေတစ်ဝက်ကြီးတောင် ကျန်သေးတယ် ဆိုတဲ့ သိမြင်မှု နှစ်ခုထဲမှာ မိမိ စိတ်ကြိုက် ရွေးချယ် ပိုင်ခွင့် ရှိပါတယ်။

ဘယ်ဖြစ်ရပ်ပဲ ကြုံကြုံ ဒေါသလျော့၊ သောကလျော့ ဖြည့်တွေးမယ် မရှိပဲ ငါသေပြီ ငါသေပြီ လို့သာ ငြီးငြူ နေတတ်မယ် ဆိုရင်၊ တစ်ဖက်ကို ဒေါသ နဲ့ ပြန်တုန့်ပြန်နေ ရင် တော့ ဒါဟာ အဆိုးမြင့်တဲ့ ဝါဒ ဖြစ်ပါတယ်။ အကောင်းဘက်ကနေ တွေးပြီး ဥပေက္ခာ ပြုသင့်တဲ့ အမုန်း၊ အာကာသ များကိုလည်း ဥပေက္ခာ ပြုပေး နိုင်မှသာ ဒါဟာ မှန်ကန်တဲ့ နှလုံးသွင်း လက်ခံမှု (ယောနိသော မနသိကာရ) ဖြစ်ပါတယ်။ ပုထုဇဉ် လူသားမှန်ရင် အားလုံးကို အကောင်းမြင်ပေး နိုင်ဖို့ ဆိုတာ ကတော့ အင်မတန် ခက်ခဲ ပါတယ်။ သို့ပေမယ့် ကြိုးစားရမှာပဲ ဖြစ်ပါတယ်။ မဟုတ်ရင် နှိုင်းယှဉ်လို့ မရအောင် ပူလောင်တဲ့ ဒေါသ၊ သောက မီးတွေထဲမှာ နေ ရရ တယ် ဆိုတာကို ကြုံတွေ့ဖူးသူများ ခံစား သိရှိမှာပါ။ ဒါကြေင့်မို့ အပူသောက ငြိမ်းပြီး ဘဝကို အေးချမ်းစေတဲ့ နည်းလမ်းက အရာရာကို အကောင်းဆုံး ရှုမြင်ပေးနိုင်တဲ့ စိတ်ထား ရှိအောင် မွေးမြူခြင်း ဖြစ်ပါတယ်။

Yoyarlay

Photoshop နဲ့ပြုပြင်ထားတဲ့ သူမရဲ့ကိုယ်တုံးလုံးပုံတွေကို ဖျက်ပစ်ဖို့ နှောင့်နှေးခဲ့တဲ့အတွက် Facebook ကိုတရားစွဲတဲ့ အမျိုးသမီး



Meryem Ali ဆိုတဲ့အမျိုးသမီးဟာ သူမရဲ့မိတ်ဆွေဟောင်းကတင်ခဲ့တဲ့ Photoshop နဲ့ပြုပြင်ခံထားရတဲ့ သူမရဲ့ဝတ်လစ်စလစ်ပုံကို ဖျက်ပစ်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် Facebook ဆီကနေ လျော်ကြေး အမေရိကန်ဒေါ်လာ ၁၂၃ သန်းရရှိဖို့ တရားစွဲနေပါပြီ။ အဲဒီ့တရားစွဲဆိုမှုမှာ အဲဒီ့မိတ်ဆွေဖြစ်သူ Adeel Shah Khan က Ali ရဲ့ နာမည်ကိုသုံးကာ account အတူတစ်ခုဖွင့်ခဲ့ပြီး ဝတ်လစ်စလစ်ပုံ အတုဖြစ်အောင် photoshop နဲ့ပြုပြင်ထားတဲ့ သူမရဲ့ ဓာတ်ပုံတွေကို တင်ခဲ့တယ်လို့ဆိုပါတယ်။

Ali က facebook ဟာသူမရဲ့ပုံတွေအတွက် အကြိမ်းပေါင်းများစွာ အကြောင်းကြားခဲ့ပေမယ့်လည်း မြန်သင့်သလောက် မြန်မြန်မဖျက်ခဲ့ဘူးလို့ ခံစားရတာဖြစ်ပါတယ်။ ပြီးတော့သူမ တရားစွဲဆိုရတဲ့ ဒေါ်လာ ၁၂၃ သန်းဆိုတာ ဂဏန်းအစဉ်အတိုင်း ရေးထားလို့ဆိုတဲ့ အကြောင်းပြချက် မဟုတ်ပါဘူး။ ဒါဟာ ဒီပုံတွေကို တွေ့သွားနိုင်ခဲ့တဲ့ Facebook အသုံးပြုသူပေါင်း ၁.၂၃ ဘီလီယံ တစ်ယောက်ချင်းစီရဲ့ ၁၀ ရာခိုင်နှုန်း ဖြစ်တာကြောင့်ပါ။ အထူးသဖြင့် Ali ရဲ့ကိုယ်ရေးကိုယ်တာကို ထိခိုက်ခံနေရချိန်းမှာ Facebook က သူမရဲ့စောဒကတက်မှုတွေကို အရေးတယူမလုပ်ခဲ့တာကြောင့် ဒီကိစ္စက အလွန်အရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်တယ်လို့ Ali ရဲ့ရှေ့နေကယုံကြည်နေပါတယ်။

Ref:cosmopolitan.com

 Trend Myanmar

ဈေးနှုန်းကမောက်ကမများဖြင့် အူရီးဒူးဖုန်းများ ဈေးကွက်အတွင်း ပျံ့နှံ့



ဓာတ်ပုံ- နိုင်လင်းအောင်
ရန်ကုန်− အူရီးဒူးဆင်းမ်ကတ်များ ယခုရက်အတွင်း စတင်ဖြန့်ချိသည့်အချိန်တွင် သုံးစွဲသူလက်သို့ တရားဝင်ဖြန့်ချိမည့်ရက်မရောက် မီမှာပင် ဈေးကွက်အတွင်း ၁၅၀၀ တန်ဆင်းမ်ကတ်များမှာ ပုံမှန်ဈေးထက်အဆမတန်ဖြစ်ပေါ်နေသည်။

‘‘မနေ့က သူငယ်ချင်းတစ်ယောက် ၇၈ လမ်းပေါ်ကဆိုင်မှာသွားဝယ်တာ တစ်ကတ်ကို တစ်သောင်းခွဲအထိရောင်းနေလို့ မဝယ်ခဲ့လိုက်ဘူး’’ဟု မန္တလေးမြို့တွင် နေထိုင်သူကို အောင်ပိုင်ဟိန်းကပြောသည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ မန္တလေးမြို့ပေါ်ရှိ ဖုန်းဆိုင်တစ်ခုအား ဆက်သွယ်မေးမြန်းကြည့်ရာတွင် ဟန်းဆက်တစ်လုံး ဝယ်ပါက ဆင်းမ်ကတ်တစ်ကတ် အခမဲ့ပေးပြီး ဆင်းမ်ကတ်သီးသန့် ဝယ်လိုပါက နံပါတ်အလှပေါ်မူတည်၍ ကျပ် ၃,၀၀၀၊ ၅,၀၀၀၊၈,၀၀၀ နှင့် ကျပ်တစ်သောင်းကျော်အထိ ရောင်းချနေကြောင်း သတင်းရရှိသည်။

လက်ရှိတွင် ဆင်းမ်ကတ်များကို နေပြည်တော်၊ မန္တလေးနှင့် ရန်ကုန်မြို့ရှိ ဖုန်းဆိုင်အချို့တွင် စတင်ရောင်းချနေသော်လည်း အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ အူရီးဒူးကုမ္ပဏီက ကြိုတင်ကြေညာခဲ့ခြင်းမရှိပေ။

အူရီးဒူးကုမ္ပဏီအား ဆက်သွယ်မေးမြန်းကြည့်ရာတွင် ‘‘Distributor (ဖြန့်ချိသူ)တွေက တကယ်စရောင်းမယ့်နေ့အတွက် သူတို့လုပ်စရာရှိတာတွေလုပ်နေတာပါ။ အူရီးဒူးအနေနဲ့ကတော့ တကယ်ရောင်းချမယ့် Date ကို အခုထိမကြေညာသေးပါဘူး’’ဟု လူမှုဆက်ဆံရေးနှင့်ပြန်ကြားရေး မန်နေဂျာဒေါ်သီရိကြာညိုကပြောသည်။

ယင်းသို့ဆင်းမ်ကတ်များ အဆမတန်ဈေးကြီးနေမှုနှင့်ပတ်သက်ပြီး အူရီးဒူးကုမ္ပဏီအား ဆက်သွယ်မေးမြန်းရာ သြဂုတ် ၂ ရက်၌ပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲတွင်သာ အကြောင်းစုံကိုဖြေကြားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ သည်။

အူရီးဒူး၏ မိုဘိုင်းဆင်းမ် ကတ်များကို ဇူလိုင် ၂၉ ရက်တွင် မန္တလေးနှင့်နေပြည်တော်တို့၌ စတင်ရောင်းချပေးခဲ့ပြီး ၃၀ ရက်တွင် ရန်ကုန်မြို့ရှိမိုဘိုင်းဖုန်း အရောင်းဆိုင်အချို့တွင် စတင်ရောင်းချကာ ငွေကျပ် ၂,၀၀၀ မှ ၅,၀၀၀ အထိရောင်းချလျက်ရှိကြောင်း မိုဘိုင်းဖုန်းအရောင်းဆိုင်အချို့ထံမှသတင်းရရှိသည်။

‘‘တစ်ကတ်ကိုငါးထောင်နဲ့ တစ်ယောက်ကို ငါးကတ်လောက်ထိ ရောင်းပေးပါတယ်။ လိုသလောက်တော့ မရနိုင်သေးဘူး’’ဟု တာမွေမြို့နယ်အတွင်းရှိ မိုဘိုင်းဖုန်းအရောင်းဆိုင်တစ်ခုမှ ပြန်လည်ဖြေကြားခဲ့သည်။ အူရီးဒူးဆင်းမ်ကတ်များကို ရန်ကုန်မြို့ရှိ ဖုန်းဆိုင်များကို ဇူလိုင် ၃၁ ရက်မှသာ စတင်ဖြန့်ချိမည်ဖြစ်သော်လည်း လက်ရှိတွင် မန္တလေးနှင့် နေပြည်တော်တို့ရှိ ဖုန်းဆိုင်များမှ ရယူ၍ ရန်ကုန်တွင် မူလပေါက် ဈေးကျပ် ၁၅၀၀ ထက်ပို၍ရောင်းချနေကြောင်း မိုဘိုင်းဖုန်းအရောင်း ဆိုင်အချို့မှသတင်းရရှိသည်။

အူရီးဒူးအနေဖြင့် လက်ရှိတွင် ၎င်းတို့နှင့်ချုပ်ဆိုထားသော စာချုပ်အရ ဆင်းမ်ကတ်များကို ခွဲတမ်းဖြင့်ချထားပေးခြင်းဖြစ်ပြီး ရွှေအဆင့်တွင် ဆင်းမ်ကတ် ၈၀၀၊ ငွေအဆင့်တွင်ဆင်းမ်ကတ် ၄၀၀ နှင့် ကြေးအဆင့်တွင် ဆင်းမ်ကတ် ၂၀၀ အထိသာချထားပေးကြောင်း မိုဘိုင်းဖုန်းအရောင်းဆိုင်များထံမှသတင်းရရှိသည်။

အူရီးဒူးကုမ္ပဏီမှ လတ်တလောသတ်မှတ်ထားသည့်နှုန်းထားများမှာ ၎င်းတို့၏ဆင်းမ်ကတ် အချင်းချင်း ဖုန်းခေါ်ဆိုမည်ဆိုပါက တစ်မိနစ်လျှင် ၂၅ ကျပ်ပေးရမည်ဖြစ်ပြီး အခြားအော်ပရေတာ (MPT, Telenor, Mectel)သို့ ဖုန်း ခေါ်မည်ဆိုပါက တစ်မိနစ်လျှင် ၃၅ ကျပ်ပေးရမည်ဖြစ်ကာ SMS ပေးပို့ပါက တစ်စောင်လျှင် ၂၅ ကျပ်နှင့် အင်တာနက်အသုံးပြု မည်ဆိုပါက 1MB လျှင် ၂၅ ကျပ် ပေးရမည်ဖြစ်ကြောင်း မိုဘိုင်းဖုန်းဆိုင်အချို့မှသတင်းရရှိသည်။

အူရီးဒူးအနေဖြင့် အင်တာ နက်အသုံးပြုခများ Rate တစ်ခု သတ်မှတ်၍ ကောက်ယူသွားမည် ဟုမူလကကြေညာခဲ့သော်လည်း လက်ရှိတွင် တစ် 1MB လျှင် ၂၅ ကျပ်ဖြင့်ကောက်ယူမည်မှာ အနည်းငယ်များနေကြောင်း အသုံးပြုသူများကသုံးသပ်သည်။

‘‘1MB ၂၅ ကျပ်ကများပါ တယ်။ တစ်လ 2GB သုံးရင် ၅၀,၀၀၀တောင်ကျမယ်။ 4GB Speed ဆိုရင်တော့ နည်းနည်း လေးခံသာမယ်။ ဒါတောင် စင်ကာပူထက်သုံးဆလောက်များ တုန်း။ 4G Speed 6GB ကို တစ်လ ၅၀,၀၀၀ လောက်က voice call မိနစ် ၃၀၀ ပါသေး တယ်’’ဟု အူရီးဒူး၏ အင်တာနက် အသုံးပြုခနှင့်ပတ်သက်ပြီး ကိုသန့်ဇင်ဦးက ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင်မှတ်ချက်ရေးသားခဲ့သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ လက်ရှိတစ်မိနစ်လျှင် အင် တာနက်အသုံးပြုခမှာ GSM ဖုန်းများတွင် နှစ်ကျပ်နှင့် WCDMA ဖုန်းများတွင်တစ်မိနစ်လျှင် လေးကျပ်နှုန်းသာကျသင့်မည်ဖြစ်သော်လည်း ယခုကောက်ယူမှုမှာ မိမိအသုံးပြုမှုပေါ်တွင်မူတည်၍ ကုန်ကျမည်ဖြစ်သောကြောင့် မသုံးလျှင် မကုန်နိုင်သော်လည်း တစ်မိနစ်အတွင်း ကျပ်နှစ်ထောင် ခန့်လည်းကျသွားနိုင်ကြောင်း မိုဘိုင်းဖုန်းအရောင်းဆိုင်တစ်ခုမှ တာဝန်ခံတစ်ဦးကရှင်းပြသည်။

7day daily

၃၅ နှစ်အရွယ် ယောက်ျားတစ်ယောက်နဲ့ပေးစားလို့ မီးရှို့သတ်သေခဲ့တဲ့ ၁၁ အရွယ် ကလေးမလေးတစ်ယောက်ရဲ့ဘဝ


အီရန်နိုင်ငံမြောက်ပိုင်းက Mashid Rezai ဆိုတဲ့ ကလေးမလေးရဲ့ဘဝဟာ ခက်ခဲလွန်းပါတယ်။ သူမအကြောင်း ပြောရတာက ပိုခက်ခဲသလိုပါပဲ။

အသက် ၁၁ နှစ်အရွယ်မှာ သူမထက် အသက် ၂၀ ကြီးတဲ့ ယောကျာ်းတစ်ယောက်နဲ့ပေးစားတဲ့အတွက် ကိုယ့်ကိုကိုယ် ဓာတ်ဆီလောင်းပြီး မီးရှို့ဖို့ကြိုးစားခဲ့ပါတယ်။
ဒီ့အတွက် သူမဟာဆေးရုံတင်ခဲ့ရပြီး သူမအဖေက ဆေးရုံကိုလိုက်လာကာ ဒဏ်ရာတွေနဲ့သူမကို ရိုက်ပြီး ဆုံးမခဲ့ပါတယ်။

သူမမှာ ဘာအကွယ်မှမရှိခဲ့ရတဲ့အကြောင်းကို မီးလောင်အနာရွတ်တွေနဲ့ Mashid က

“ ဟုတ်တယ် ကျွန်မကို မကူညီခဲ့တဲ့လူတွေကို ကျွန်မ မကျေမနပ်ဖြစ်တယ်။ ကျွန်မကိုချစ်ခဲ့သင့်တဲ့လူတွေက ကျွန်မကို ကာကွယ်မှု မပေးခဲ့ဘူး။ သူတို့ကြောင့် တစ်ဘဝလုံး ကျွန်မ နာကျင်နေတယ်”

ဝေးလံခေါင်ဖျားတဲ့ ရွာလေးတစ်ရွာမှာ သူမဟာ အစ်ကိုသုံးယောက်နဲ့ ကြီးပြင်းလာခဲ့တာ ဖြစ်ပါတယ်။ ဖအေကို အဓိကထားကြောက်ရတဲ့ မိသားစုပုံစံမျိုးပါ။

“ကျွန်မအမေက ကျွန်မအဖေရဲ့ လေးယောက်မြောက်မိန်းမပါ။ တခြားမိန်းမတွေနဲ့ ကလေးမရဘူး။ ကျွန်မအမေက ကျွန်မကိုပြောတယ်၊ အဖေရိုက်လိုက်လို့ သူ့အရင်မိန်းမတွေ အားလုံး ထွက်ပြေးသွားတာတဲ့
ကျွန်မမှတ်မိသေးတယ်၊ တစ်ခါတုန်းက သူက ကျွန်မလက်နဲ့ ခြေထောက်တွေကို သစ်သားချောင်းတစ်ခုမှာ ချည်တယ်။ နောက်တော့ အမေနဲ့သူက အခြားသစ်သားချောင်းနဲ့ ကျွန်မကိုရိုက်ကြတယ်” လို့ Mashid Rezai က သူမ မှတ်မိတာတွေကို ပြန်လည်ပြောပြခဲ့ပါတယ်။

ဒီလို ကိစ္စတွေရှိပေမဲ့ သူကတော့ ပျော်တတ်တဲ့ ကလေးတစ်ယောက်လို့ ဆိုပါတယ်။ ရွာကျောင်းမှာ စာသင်ရတာ၊ အစ်ကိုတွေနဲ့ဆော့ရတာကို သဘောကျတယ်လို့ ဆိုပါတယ်။
ကလေးဘဝရဲ့ ပျော်ရွှင်မှုတွေဟာ သူ့သူငယ်ချင်း Zainab ကို အသက်အရမ်းကြီးတဲ့ ယောကျာ်းကြီးတစ်ယောက်နဲ့ ပေးစားဖို့ လုပ်လာချိန်မှာ ရပ်တန့်သွားခဲ့ပါတယ်။

အဲ့အချိန်တုန်းက Zainab ဟာ ၉ နှစ် သမီးပဲ ရှိပါသေးတယ်။ သူ့ သူငယ်ချင်းအကြောင်းကို
“သူက အရမ်းလှတယ်။ အရပ်လည်း ရှည်တယ်။ လူတွေက သူ့ကို သတိထားမိကြတာပေါ့”
ပြောရင်းနဲ့ အသံတွေတုန်လာတဲ့ Mashid Rezai က တိုးတိုးလေးဆက်ပြောပါတယ်။

“သူ့ကိုယ်သူ မီးရှို့လိုက်တယ်။ ပြီးတော့ သူသေသွားတယ်”
Zainab ရဲ့ ကိုယ့်ကိုကိုယ် သတ်သေမှုဟာ သူငယ်ချင်းတွေ အပေါ် ကြီးမားတဲ့သက်ရောက်မှုတွေ ရှိခဲ့ပါတယ်။

သူမသူငယ်ချင်းသေပြီး တစ်နှစ်မပြည့်ခင်မှာပဲ Mashid အဖေဟာ သူ့သမီးအတွက် ခင်ပွန်းတွေ့ခဲ့ပြီဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။ ဒီအချိန်မှာ Mashid ဟာ ၁၁ နှစ်သမီးပါ။
လက်ထပ်ဖို့ကိစ္စနဲ့ပက်သက်ပြီး အမေဖြစ်သူကို သူမက မေးခဲ့ပါတယ်။

“အဲ့လူက ဘယ်သူလဲလို့ သူ့ကို ကျွန်မမေးတယ်။ သူပြောတာက ကျွန်မတို့ရွာထဲကလူတစ်ယောက်ရဲ့ နာမည်ပဲ။ သူက လက်ထပ်ဖူးတယ်။ ကလေးနှစ်ယောက်လည်း ရှိတယ်။ ကျွန်မက ၁၁နှစ် ၊သူက ၃၅ နှစ်”
ကျွန်မ ၁၁ နှစ်ပဲရှိသေးတယ်လို့ ကျွန်မပြောတယ်။ ကျွန်မဆရာမကို သဘောကျလို့ ဆရာမဖြစ်ချင်တယ်လို့ ပြောတယ်”

ဒါကြောင့် Mashid ဟာ သူမပြောတာ မအောင်မြင်တဲ့အခါ သူမရဲ့ဆရာမဆီကို ပြေးခဲ့တာဖြစ်ပါတယ်။ အကူအညီ တစ်ခုခုရမယ်လို့ မျှော်လင့်ခဲ့ပေမဲ့ ဆရာမကလည်း ဘာမှမလုပ်ပေးနိုင်ဘူးလို့ ပြောခဲ့ပါတယ်။
နောက်ဆုံးမှာတော့ တောင်တွေပေါ်တက်ပုန်းနေတဲ့ သူမကို သူမမိဘတွေ တွေ့သွားခဲ့ပါတယ်။
သူမအတွက်ရွေးစရာလမ်းက သူငယ်ချင်း Zainab ရဲ့ လမ်းပါပဲ။

ဒါပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ဆေးရုံမှာ သုံးလလောက် သတိမေ့နေခဲ့ပါတယ်။
သူမ ပတ်တီးဖြေတဲ့အချိန်မှာတော့ အရေပြားတွေ တွန့်လိမ်ရှုံ့တွ ပျက်ဆီးသွားခဲ့ပါပြီ။
“ဒီ့အပြင် ကျွန်မအဖေက ကျွန်မလုပ်ခဲ့တာတွေအတွက် ဆေးရုံမှာ ရိုက်တယ်” လို့ Mashid က ပြောကြားခဲ့ပါတယ်။

ဆေးရုံက ဆင်းတဲ့အခါမှာတော့ သူမကိုလက်ထပ်မယ့်သူဟာ မီးလောင်ဒဏ်ရာတွေနဲ့ရုပ်ရည်ကြောင့် ငြင်းဆိုသွားခဲ့ပါတယ်။ သူမအဖေဟာ သူမတို့အိမ်လေးထဲမှာ ဒေါသတွေ ပိုထွက်နေခဲ့ပါတယ်။

အသက် ၁၃နှစ်မှာတော့ အိမ်က ပိုက်ဆံတွေကိုယူပြီး မြို့တော် Tehran ကို တက်ပြေးခဲ့ပါတယ်။
မြို့ကိုရောက်ရောက်ချင်း ဆေးရုံကို သူမဟာ တန်းသွားခဲ့ပါတယ်။
ကလေးအရွယ်သူမကို သနားသွားတဲ့ ပလတ်စတစ်ဆာဂျရီ ဆရာဝန်တစ်ဦးဟာ သူမကိုကယ်ဆယ်ခဲ့ပြီး အီရန်နိုင်ငံက ထွက်သွားနိုင်အောင် ကူညီခဲ့ပါတယ်။

ယခု Mashid ဟာ ၃၁ နှစ်အရွယ်ရှိနေပြီး လန်ဒန်မှာ နေထိုင်လျက်ရှိပါတယ်။ အနာရွတ်တွေနဲ့ပဲရှိသေးတယ့် သူမခန္ဓာကိုယ်ကို ဓာတ်ပုံအရိုက်ခံရမှာ ရှက်နေတဲ့ Mashid က သူမမိသားစုနဲ့ပက်သက်ပြီး
“ ကျွန်မ ဘယ်တော့မှပြန်မှာ မဟုတ်တော့ဘူး…”   လို့ပြောကြားခဲ့ပါတယ်။



credit: phothutaw

ဖတ်မိတာလေး ..



မနေ့က စပြီး အဲ့ စတေးတပ်တစ်ခု ကျွန်တော်စတွေ့ တယ် ဗျ နောက်တော့ သတိထားမိသွား တာ ဖဘ ကမိန်းကလေး တော်တော်များများ ရှဲ ကြတာနဲ့ သတိထားမိနေတာ ဗျာ အဲ့ စတေးတပ် ကဘာတဲ့

“ထမင်းချက်ကောင်းတဲ့ လူကိုသဘောကျရင် အန်တီ့သားကို အိမ်ဖော်နဲ့ပဲ ပေးစားလိုက်ပါတဲ့ ”

သိပ်နည်းလမ်းမကျ သလိုပဲဗျ ကျွန်တော်မှားတယ် မှန်တယ်မပြောဘူးနော် နည်းလမ်းမကျဖူးလို့ပဲပြောချင်တာ ဒီစတေးတပ် ကို ဘယ်သူက စရေးသလဲ ဆရာမဂျူးတော့ဟုတ်ဟန်မတူဘူး အမေရိက က သမီးတော်ကြီးပဲလား ဟိုမိန်းမဝါဒီ ပေ့ခ်ျ ကပဲလား ခပ်ပေါပေါမြန်မာကားတကားကပဲလား
တင်စီးတဲ့ ယောက္ခမလောင်းကို ကြည့်မရတာနဲ့ ခပ်ရွဲ့ ရွဲ့  ပြောလိုက်တင်လိုက်တာ နေမှာပါ ကြီးကြီးမားမား တွေးထား ရည်ရွယ်ထားဟန်မတူာဘူး ကျွန်တော်မသိပါဘူး ။

ကျွန်တော် သည် လည်း မဟာပုရိသ ယောကျာင်္း ဝါဒီ မဟုတ်သလို
ယောကျာင်္းမုန်းဝါဒ မဟာ ကုတ္တိယ ဝါဒကိုလည်း အားမပေးပါဘူး ။ ယောကျာင်္း မကောင်းဘူးတွင်တွင်ရေးပြီး ယောကျာင်္းနဲ့ မကင်းနိုင် ပရိုဖိုင်ထဲတောင် ယောကျာင်္း ပုံကြီးတကားကား နဲ့ အကိုးကွယ်ခံ U S မျေက်မောင်းမ အခွက်နဲ့ မယ်တော်ကြီးတွေကလည်း ရှိသကိုး။ ကိုယ်ကမကင်းနိုင်ဘူးလေ မကောင်းမပြောဘူးပေါ့ခိခိ ..

တကယ်တော့ ယောကျာင်္းမှကောင်းတယ် မိန်းမမကောင်းဘူး ဘာညာ မရှိပါဘူး ကောင်းတယ်ဆိုးတယ်ဆိုတာလည်း လူတွေပါပဲ လိင် နဲ့မဆိုင်ပါဘူး ကျွန်တော်တို့တောင် အမေနဲ့ အဖေ ၂ယောက်ပေါင်းပြီး မှလူဖြစ်လာရတာ မလား ?

ထားတော့ ခုနစတေးတပ်စ် ကိုပြန်ကြည့်ရအောင် ရေးတဲ့သူကို ထားလိုက် သောင်းသောင်းဖြဖြ Like ကြတဲ့ မမများကို ကျွန်တော်မေးချင်တာ က ….

မြန်မာပေါပေါကားတွေ ကိုယီးယား အိမ်ထောင်ရေးကားတွေကြည့်ပြီ ချွေးမဟူသည် ယောက္ခမ နဲ့ ever ရန်သတ်ရမယ် ဆိုတဲ့ idea သူတို့ သစ်ကြားသီးသာသာ ဥနှောက်ကလေးထဲ build in များပါနေသလား ?

ထမင်းဟင်းအချက်အပြုတ်ကောင်းတဲ့အမျိုးသမီးတိုင်းသည် အိမ်ဖော်လား ?

အလှအပမကြိုက် big eyeမ တပ် တကိုယ်လုံးဘရန်းဆင် သူဌေးသားဘဲကိုထား ကလပ်ကိုသွား လှလှပပ ကြွကြွ ရွရွ မနေပဲ မီးဖို ချောင်ထဲ ဆီးဂျီးပေ မီးသွေးပေ တကုပ်ကုပ်နဲ့နေနေရင်ပဲ တောကျနေ date out နေပြီလား ခေတ်မမှီတောဘူးလား အိမ်ဖော်ဆန်နေပြီလား?

်ထမင်းဟင်းချက်ကောင်းတဲ့ နင်တို့အမေ အဘွား ကကော အိမ်ဖော်မ ကြီးတွေ ဟုတ်ခဲ့လို့လား လို့ ငပေါက်တို့ မေးလိုက်ချင်တာ နှုတ်ခမ်းပေါ် ခူယားနဲ့ ဘောက်ဖတ် discoတွဲကနေ သလိုပဲ ပါးစပ်ကိုယားလို့ …

ထားလိုက်ပါ တခါကဟာသ လေးတောင်ကြားဖူးပါတယ် “ကျွန်မ လက်ရာက ရှင့်အမေ တဝက်တောင်မကောင်းဖူး ဆိုရအောင်ရှင့်ဝင်ငွေ ကကောကျမအဖေ လေးပုံတပုံတောင်ရှိလို့လား ဆိုတဲ့စကားလေးပါ ” ဟုတ်ပါတယ် အခုခေတ် က အိမ်ထောင်ဦးစီး တယောက်အလုပ် လုပ်ရင် တမိသားစုလုံးစားလို့ရတဲ့ခေတ်မဟုတ်တော့ပါဘူး လင်ရောမယားရောယဉ်ဘောင်တန်း အလုပ်သွား ရှိတာ ဝယ်စား ချိုင့်ဆွဲစား နေရတဲ့ ခေတ် အဲလိုမျိုး မအားလို့ ရုန်းကန်ရလို့ ဆိုရင်တမျိုးလေ

အခုဟာက ” ဟင်နင်ယောကျာင်္း ယူတော့မလို့လား ထမင်းရောဘယ်လို လုပ်မလဲ ဘယ်သူချက်မလဲ ?”ဆိုရင် “သိပုလေ သာမီးက ထမင်းချက် အိမ်ဖော် အဒေါ်ကြီးတယောက်လောက်ခေါ်ထားမပေါ့ ” ဆိုတဲ့ ခပ်တိမ်တိမ် အတွေးနဲ့ ဘော်ကြော့ ကလေးမတွေများလာတဲ့ခေတ် တကယ့်လွယ်ကြောခေတ် ထမင်းဟင်းချက်တတ်ရင်ကို အောက်တန်းကျတယ် သေးနှပ်တယ်လို ထင်နေတဲ့သူဌေးသမီးဘော်ကြော့မမတွေ ရဲ့ခေတ်ဗျ။

ဘာပဲပြောပြော ယောကျာင်္း ဆိုရင်တော့ ကိုယ့်အိမ်သူသက်ထား လက်ရာလေး စားဖူးကြ ချင် ကောင်းတယ်ကြွားဖူးချင် သူငယ်ချင်းတွေအိမ်ခေါ် ကြွေးဖူးချင် ကြတာချည့်းပဲ မယုံရင် ကြိုက်တဲ့ယောကျာင်္း ဘီယာတိုက်ပြီးမေးကြည့် ဗျာ ။

ကိုယ်တိုင်ချက်တတ် ပြုတ်တတ်ထားတော့ ဟော ဟိုဟင်းကဘယ်လို လူဘယ်ရောက်စာ ဘယ်နှစ်နပ်ဆို ဆန်က နို့ဆီဘူး ဘယ်လောက်ကုန်မယ် ကြက်သွန် အာလူး ကဘယ်ဈေး ဘာကြော်ရင်ဘာဆီ ဘယ်လောက်ကုန်မယ် ပုဇွန်ခြောက်က ဘယ်လို ကိုက အသေးစိတ်သိထား တတ်ထား ချက်တတ်ထားတော့ အိမ်ဖော် ဘတ်တာ အလုပ်သမား ချိုတာ ခိုးတာ မခံရတော့ဘူးပေါ့ ။ မဟုတ်ဖူးလား
ကျွန်တော့အမေအပါ အဝင် သူငယ်ချင်းအမေတော်တော်များများဆိုရင် အိမ်မှူကိစ္စ အတော်နိုင်နင်းတယ် အဝတ်လျှော် မီးပူတိုက် အိမ်သန့်ရှင်းရေး မှန်တိုက်တာ ကြမ်းတိုက်တာ ကအစ အိမ်ဖော်အသစ်တွေလာရင် သူတို့က အရင်သင်ပေး လုပ်ပြပေး ခဲ့တာ ချည်းပဲ ကျွန်တော်သိရသလောက် တော့ ။ အဲ့တော့ အိမ်ဖော်ကလဲရှိန်တယ် ခိုင်းရင်မကပ်ရဲတော့ဘူး မခိုးရဲဘူး ။

အခုခေတ် မိန်ကလေးများကတော့ မဟုတ်ဖူး ဘာတွေ သွေးကြီးနေကြလည်းမသိဘူး မီးဖိုချောင် ကိစ္စ ကို အိမ်ဖော်ကိစ္စ လို့ တရားသေတံဆိပ်ကပ် ကုန်ကြပြီ ။ ကြည့်နေ ပါ သူတို့ ကသာ မိန်းမတို့ တပ်အပ်သော အိမ်ထောင် ထိမ်းသိမ်းမှူအတတ် မသင်ချင်ကြတာ အောက်ကျတယ် ထင်ချင်ကြတာ လိုချင်လိုက်ရင် ဖြင့် ငွေရှာတော် ချစ်ခင်ယုယ တတ် ကြင်နာတတ် ဘာသာရေးကိုင်းရှိုင်း ယောကျာင်္းပီပီသသ တာဝန်ယူတတ် စောင့်ရှောက်တတ် တဲ့ အားလုံးပါဖက် ဖြစ်တဲ့ ၃၆ ပစ်ကင်း အပွန်းအခြစ်ရာ မပါတဲ့ လူမျိုး လိုချင်ပြပါလိမ်မယ်ဗျား ။

သူတို့ကသာ ထမင်း မချက်ချင်ကြတာ ယောကျာင်္းလေးကြ ရည်းစားဘဝ ကထဲ က “ယောကျာင်္းဖြစ်ပြီး ငါ့ဖုန်းလေးတောင် မပြင်တတ်ဖူးလား”တို “အိမ်ကကွန်ပျူတာ ပြတင်းပါက်ကျကွဲ သွားလို့ လာပြန်တင်ပေးပါဦး” “ဖောမက်ရိုက်ပါဦး ပါတေးရှင်းလုပ်ပါဦး
ဖုန်း ကို Factory restart လုပ်ပေးပါဦး” “တို့ ဘယ်လမ်းမှာ ကားပျက်နေတယ်လာနှိုက်ပေးဦး ကားစက်ဖူံး ဖွင့်ပြီးတော့ ”
“ခေါင်မိုးပေါ်က ကြောင်လေး ပြန်ဖမ်းပေးပါဦးတို့ ” ခိုင်းပြပါလိမ့်မယ်
” မလုပ်တတ်ဖူး “တခွန်း ပြောကြည့်ပါ့လား ယောကျာင်္းဂျီး ဖြစ်နေပြီး ဒီစက်ကလေးတောင်မလုပ်တတ်ဖူးလား အားမကိုးရဘူး ဘာညာ ဘော်လီစက်စမိုင်နာ အဲလေ ဘော်ဘီဆော့ဆာ ရှူံးအောင် ပတောက်ပတောက်ပြောပြပါ လိမ့်မယ် ကြည့်နေ ။

ရှေးရှေးကြမ်းတွေမှာ မိန်းမတယောက်ရဲ့ ကောင်းခြင်း အင်္ဂါရပ်တွေထဲမှာ ဆံပင်ရဲ့ကောင်းချင်း အသားအရေ အပြောအဆိုအနေအထိုင် မျက်လုံးမျက်ခုံး ဘာညာ အစ အစချီပြီး အိမ်ထောင်နိုင်နင်းမှုနဲ့ အရေးတကြီး အဆုံးသတ် ပါ တယ် ။ ကိုယ့်ဖက် က ပြည့်အောင်မဖြည့်ဘဲနဲ့ တော့ ပြည့်စုံ တဲ့ အိမ်ထောင်ဖက်ရဖို့ မလွယ်ပါဘူး ။ ကိုယ့်ဖက်က ကိုယ့်လက်တွဲဖော်ကို ဘာလေးလုပ်ပေးလိုက်မယ် ဆိုတဲ့ စိတ်မရှိဘဲ ဘာအခွင့်အရေးပဲ သူဆီက ယူလိုက်မယ် ဆိုတာပဲတွေးနေရင်တော့ ကိုယ့်လို လက်တွဲဖော်နဲ့ပဲတွေ့ မှာပါပဲ ။

ခုဏ က “အန်တီသားကို အိမ်ဖော်နဲ့ ပဲ့ ပေးစားလိုက်ပါ “လို့ ပြောတဲ့ မမ များလဲ ထမင်းမချက်ခိုင်းပဲ ထမင်းဖိုးဈေးဖိုး ပေး အိမ်တလုံးဝယ်ပေး အိမ်ဖော်တွေထားထားကလေးဖိုးပေးပြီး ပြီး ကိုယ့်ကို မချစ်တတ် မယုယတတ် ပွဲထုတ် မပြတတ်တဲ့ လက်ပါတတ် တဲ့ ငွေဝယ်အရုပ်လို ယောကျာင်္း နဲ့ညားရင်ရော ဘယ်လိုလုပ်မလဲ

“ချစ်ကလေး ထမင်းမချက်နဲ့  မောင့်ကိုထိုင်ကြည့် ထမင်းဝတယ် မောင်ချစ်ပြ ယုယပြ မယ် ကိုယီးယားမင်းသား လို နုရွ အုကြွ ဖုထ (ကြွက်သားတွေပြောပါတယ် ) လုပ်တတ် တယ် ပိုက်ဆံတော့ မရှာတတ်ဖူး အိမ်ထောင်မထိမ်းသိမ်း တတ်ဖူး ချစ်မှန်တင်ခုံပဲ လုတတ်တယ် ကိုယ့်ကိုလှအောင်ပဲ လုပ်တတ်တယ် ” ဆိုတဲ့ ယောကျာင်္း မျိုးရော လိုချင့်ပါ့ မလား စဉ်းစားရင် မေးရင် အများကြီးပါ ….

ဟုတ်ကဲ့ အထက် ကstatus ကို like ကြ share ကြတဲ့ မမ များထမင်းမချက်တတ်ပဲ အိမ်ထောင်မထိမ်းသိမ်း တတ်ပဲ ယောကျာင်္း အကောင်းစား လိုချင်ရင်တော့ သူဌေးမယားငယ်ပဲ လုပ်လိုက်ပါ လို့ မရေးချင် ပေမဲ့ မိုက်မိုက် ရိုင်းရိုင်း ပြန်ရေးပါရစေ ခင်ဗျာ ။

ဘဝ မှာ လူရယ်လို့ဖြစ်လာရင် ကိုယ်စိုက်ပျိုးတာ ပဲ ကိုယ် ရိတ်သိမ်း ရတာပါ။ချစ်မှုကြိုက်မှု အိမ်ထောင် ပြု တဲ့အမှုမှ မဟုတ်ပါဘူး ဘယ်အလုပ်မဆို ကိုယ့်ဖက်ကအရင်ပြည့်စုံအောင်ကြိုးစားမှ ပြီးပြည့်စုံချင်းကကိုယ့် ကိုလက်ကမ်း မှာပါ ဒါတောင်မှာ အခြေအနေ အချိန်အခါပေါ်မူတည်ပြီး လူ့ဘဝ ရလာဒ် ကအမျိုးမျိုး ပြောင်းလဲ နိုင်ပါသေးတယ် ။မသေချာပါဘူး …

မရင့်ကျတ်သေးတဲ့ ဖဘပေါ်က မမများ ကလေးမများ သမီးပျို အပေါင်းကိုပြောချင်တာ ကိုယီးယားကား မြန်မာကား များ နတ်တမျှဗြမ္မာတမျှ လှပကျော့ရှင်း စိတ်ကူးရင် ဝထ္တု များ အိပ်ယာဝင် နတ်သမီး ပုံပြင်များ ကနေ နိုးထပြီး တကယ့်လောကကြီးကို တချက်လောက် မျက်စောင်းထိုးကြည့်ပေးကြပါဦးလို့ ။

မောင်ပေါက်
( အမျိုးသမီး ထုကို လေးစား သမှု စေတနာအစု ဖြင့် အမုန်းခံကာတင်သည် ကလော် တုပ်လိုက စလာတုပ်နိုင်ပါပြီ )


သင်မွေးမယ့်ကလေးရဲ့ လိင်ဟာ သင့်ရဲ့အစားအသောက်အပေါ်မှာလည်း မူတည်ရခြင်းအကြောင်းရင်း



ကလေးရဖို့အလားအလာရှိတဲ့ နောက်ဆုံးရက်မှာဆိုရင် ကလေးဟာ မိန်းကလေးလား ယောင်္ကျားလေးဖြစ်မလားဆိုတာ ၅၀% စီပဲရှိပါသေးတယ်။ ဒါပေမယ့် သင့်အနေနဲ့ ပိုလိုချင်တဲ့လိင်ဖြစ်လာအောင် လုပ်ဆောင်နိုင်တဲ့နည်းလမ်းတွေတော့ ရှိပါတယ်။

သင်မွေးမယ့်ကလေးဟာ မိန်းကလေး ဒါမှမဟုတ် ယောင်္ကျားလေးလား ဆိုတဲ့နေရာမှာ သင့်စားသောက်တဲ့အစားအစာပေါ်မှာ အများကြီးမူတည်ပါတယ်။ ဒီနည်းစနစ်ဟာ ၁၀၀%တော့ မှန်ကန်မှုမရှိပေမယ့် မိမိနှစ်သက်တဲ့ကလေးရနိုင်ဖို့အတွက် ဇနီးမောင်နှံတွေ အသုံးများတဲ့နည်းစနစ်ဖြစ်ပါတယ်။

ယောင်္ကျားလေးဖြစ်စေနိုင်တဲ့ Y chromosomeကို သယ်ဆောင်တဲ့ sperm ဟာသေးငယ်ပြီးတော့ ပေါ့ပါးသွက်လက်တဲ့အတွက် သက်တမ်းမကုန်ဆုံးခင်မှာ မဥကြွေတဲ့နေရာကို အမြန်ဆုံးရောက်နိုင်ပါတယ်။ ဒီလိုနဲ့အမြန်ဆုံးရောက်နိုင်ဖို့အတွက် သူ့ရဲ့ပတ်ဝန်းကျင်မှာAlkaline တွေ ရှိနေဖို့လိုအပ်ပါတယ်။

မိန်းကလေးဖြစ်စေနိုင်တဲ့ X chromosomeကို သယ်ဆောင်တဲ့ spermတွေကျတော့ အရွယ်အစားပိုကြီးပြီး နှေးကွေးပါတယ်။ အဲဒါကြောင့်လည်း ပန်းတိုင်ကိုရောက်ဖို့ အချိန်ပိုကြာစေပါတယ်။ ဒါပေမယ့် သက်တမ်းပိုရှည်နေတာကို တွေ့ရှိရပြန်ပါတယ်။ မဥကြွေတဲ့နေရာရောက်ဖို့အတွက် သူတို့ရဲ့ ပတ်ဝန်းကျင်မှာ Acid တွေ လိုအပ်ပါတယ်။

ဒါဆိုရင်တော့ သင့်အနေနဲ့ ကလေးရဲ့လိင်ကိုရွေးချယ်ဖို့ အစားအသောက်နဲ့ အားထုတ်လို့ရပြီပေါ့။

ယောင်္ကျားလေးမွေးနိုင်ဖို့အတွက် စားသင့်တဲ့အစားအစာ

Potassium နဲ့ sodium ပါတဲ့အစားအစာတွေကို ရွေးချယ်သင့်ပါတယ်။ အက်စစ်ပါဝင်နှုန်းတဲ့အတွက် Alkaline များလာဖို့ အားပေးပါတယ်။ အဲဒါကြောင့် ငှက်ပျော်သီး၊ ပြောင်းဖူး၊ အနီရောင်အသား၊ နဲ့ အူအစာသွပ်ထားတဲ့ အစားအစာတွေကို များများစားသုံးဖို့ပဲဖြစ်ပါတယ်။

မိန်းကလေးမွေးနိုင်ဖို့အတွက် စားသင့်တဲ့အစားအစာ

ရွေးချယ်ရမှာကတော့ အက်စစ်ဓါတ်များတဲ့အစားအစာတွေပဲဖြစ်ပါတယ်။ ပန်းမုံလာဟာ အသင့်တော်ဆုံး ဥပမာပဲဖြစ်ပါတယ်။ ပြီးတော့ စပျစ်သီး၊ ပန်းသီး၊ နို့ထွက်ပစ္စည်းများ၊ ငါး၊ နဲ့ ဟင်းသီးဟင်းရွက်တွေကို ပိုပြီးတော့ စားသုံးနိုင်ပါတယ်။

Ref: onlinehealth.com
credit – trend myanma

ဝန်ကြီးလောင်း ဦးရဲထွဋ် လွှတ်တော် အဆုံးအဖြတ် စောင့်ဆိုင်း



မဆုမွန်

ပြန်ကြားရေးဝန်ကြီးအဖြစ် သမ္မတက ရွေးချယ်အဆိုပြုခံရတဲ့ ဦးရဲထွဋ်ဟာ ပြည်ထောင်စု လွှတ်တော်ရဲ့ အတည်ပြုချက်ကို စောင့်ဆိုင်းနေတယ်လို့ ဗွီအိုအေမြန်မာပိုင်းကိုပြောကြားလိုက်ပါတယ်။ ဇူလိုင်လ ၂၉ရက်နေ့က နှုတ်ထွက်ခွင့် ပြုလိုက်တဲ့ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည် ရဲ့ရာထူး နေရာမှာ ပြန်ကြားရေး ဝန်ကြီးသစ်အဖြစ် ခန့်အပ်ပေးဖို့ လက်ရှိ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်ကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်ကို ဒီကနေ့ ဇူလိုင်လ ၃၀ရက်နေ့မှာ တင်သွင်း လိုက်တာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မကြာသေးခင်ကမှ အမေရိကန်ပြည်ထောင်စု က ပြန်လည်ရောက်ရှိလာတဲ့ ပြန်ကြားရေး ဒုဝန်ကြီးဦးရဲထွဋ်ရဲ့ သဘောထားကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ သူက အခုလိုစဖြေပါတယ်။

“ လွှတ်တော်က သဝဏ်လွှာ ပို့ထားတယ်လို့ပဲ ကျနော် သိပါတယ်။ လွှတ်တော်က ဘယ်နေ့မှာ စဉ်းစားမယ်။ ဘာဆက်လုပ်မယ်ဆိုတာတော့ ကျနော်လည်း မသိသေးပါဘူး။

VOA။ ။ ဟုတ်ကဲ့။ အန်ကယ်လ်ပြန်ရောက်လာတဲ့ အခါမှာ ပြန်ကြားရေးဝန်ကြီး အပြောင်းအလဲဖြစ်တဲ့ကိစ္စ ဘယ်လိုများ ရှိပါသလဲ။

“တကယ်ကတော့ဗျာ။ ကျနော်တို့က သမ္မတကြီးရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် တတိယအဆင့်ကို ဝင်လာတဲ့အခါမှာ လက်ကျန်သက်တမ်း ကာလအတွင်းမှာ ကျနော်တို့ သိသာထင်ရှားတဲ့ ရလာဒ်တွေလုပ်ဖို့ ပိုပြီးတော့မှ အားသွန်ခွန်စိုက် လုပ်ဖို့ လိုပါတယ်။ ရလာဒ်ကောင်းတွေ ဖော်ထုတ်နိုင်ဖို့လည်း ကျနော်တို့ လိုပါတယ်။ အဲ့သလိုအခြေအမျိုးမှာ ပြည်ထောင်စုဝန်ကြီးဦးအောင်ကြည်နဲ့ ဒေါက်တာဖေသက်ခင်တို့က သူတို့အနေနဲ့ အဲ့လိုတာဝန်တွေ၊ ရလာဒ်ကောင်းတွေ ဖော်ဆောင်နိုင်ဖို့ အတွက် လုပ်ကိုင်ဆောင်ရွက်တဲ့နေရာမှာ ကန့်သတ်ချက်တွေရှိနိုင်တယ်လို့ သူတို့ယူဆတဲ့အတွက်ကြောင့်မို့လို့ သူတို့ရဲ့ဆန္ဒအရ တင်ပြလာတဲ့ အတွက်ကြောင့်မို့လို့ သမ္မတကြီးက သူတို့ကို အနားယူခွင့်ပြုလိုက်တာပါ။ အဲ့တော့ သမ္မတကြီး အနေနဲ့က သူတို့နှစ်ယောက်က ကျန်ခဲ့တဲ့ ပြီးခဲ့တဲ့ ကာလတွေအတွင်းမှာ နိုင်ငံနဲ့လူမျိုးအတွက် အတတ်နိုင်ဆုံးဆောင်ရွက်ခဲ့တယ် ဆိုတာ အသိအမှတ်ပြုပါတယ်။”

တဖက်ကလည်း တတိယအဆင့်ကာလအတွင်းမှာ ရလာဒ်ကောင်းတွေ ရလာနိုင်ဖို့အတွက် လိုအပ်တဲ့ပြောင်းလဲမှုလုပ်ရမယ်ဆိုတာကိုလည်း သူလက်ခံပါတယ်။ ဒါကြောင့်မို့ ဒီနှစ်ချက်ကြောင့် သူတို့နှစ်ယောက်ရဲ့ တာဝန်က အနားယူခွင့် တင်ပြခွင့်ကို လက်ခံပြီး သမ္မတကြီးက အပြောင်းအလဲ လုပ်တာဖြစ်ပါတယ်။”

VOA။ ဟုတ်ကဲ့။ အခုပြန်ကြားရေးဝန်ကြီးကို အန်ကယ်လ် ဦးရဲထွဋ်၊ နောက် ဒေါက်တာ သန်းအောင်ကိုလည်း သမ္မတကြီးကနေပြီးတော့ ဝန်ကြီးတွေအဖြစ် အဆိုတင်သွင်းတာရှိပါတယ်။ အဲ့ဒီ့အပေါ်မှာရော အန်ကယ်လ်ဦးရဲထွဋ်က ကိုယ်တိုင် နာမည်တင်သွင်းခြင်း ခံရတဲ့အခါကျတော့ အဲ့ဒီ့အပေါ်မှာ ဘယ်လိုသဘောထားရှိပါသလဲ။

“ကျနော်ကို ယုံယုံကြည်ကြည် တာဝန်ပေးအပ်ဖို့အတွက် အဆိုတင်သွင်းခြင်း ခံရတဲ့အတွက်ကြောင့်မို့လို့ ကျနော် ဂုဏ်ယူပါတယ်။ ပြည်ထောင်စုလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို ကျနော်စောင့်ဆိုင်းနေပါတယ်လို့ပဲ ပြောချင်ပါတယ်။”

VOA။ ။ ပြန်ကြားရေးဝန်ကြီးအဖြစ် တရားဝင် ခန့်အပ်ခံလိုက်ရတဲ့အခါဆိုရင် အခုလက်ရှိမီဒီယာနဲ့ပတ်သက်ပြီးတော့ ပြန်ကြားရေးဝန်ကြီး တစ်ယောက်အနေနဲ့ ဘာတွေဆက်ပြီးတော့ လုပ်ဆောင်သွားဖို့ စီစဉ်နေတာရှိပါသလဲ။

“အော် ဒါတော့ အခုအချိန်မှာတော့ ကျနော်မပြောချင်သေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားဝင်ခန့်အပ်ခြင်း ခံရတာ မဟုတ်သေးတဲ့အတွက် ကြောင့်မို့လို့ ကျနော် ဘာမှ ထုတ်ဖော်မပြောနိုင်သေးပါဘူး။

VOA။ ။ ဟုတ်ကဲ့။ အခု ဒုတိယဝန်ကြီးတစ်ယောက်အနေနဲ့ရော၊ သမ္မတရဲ့ပြောခွင့်ရအနေနဲ့ရော အန်ကယ်လ်အခု တာဝန်ထမ်းဆောင်နေတာဆိုတော့ ပြန်ကြားရေးဝန်ကြီးဖြစ်သွားရင်ရော သမ္မတပြောခွင့်ရ ရဲ့တာဝန် အန်ကယ်လ်ဆက်ပြီးတော့ ထမ်းဆောင်ဖို့ရှိပါသလားရှင့်။

“ဒါကတော့ သမ္မတကြီးရဲ့ အဆုံးအဖြတ်ပေါ်မူတည်ပါတယ်။”

ကျေးဇူးအများကြီးတင်ပါတယ်။ အန်ကယ်လ်ဦးရဲထွဋ်။

ဒါကတော့ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်ကို မဆုမွန်က ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

သူတို့ရဲ့ သဘောဆန္ဒအလျောက် ရာထူးကနေ နှုတ်ထွက်ခွင့်ပြုလိုက်တယ်လို့ ဆိုတဲ့ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည် နေရာ မှာ လက်ရှိပြန်ကြားရေး ဒုဝန်ကြီးလည်းဖြစ် သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ လည်းဖြစ်တဲ့ ဦးရဲထွဋ်၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင်နေရာမှာ လက်ရှိ ကျန်းမာရေး ဒုဝန်ကြီး ဒေါက်တာသန်းအောင်တို့ကို အစားထိုးခန့်အပ်ဖို့ ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအတွင်း သမ္မတဦးသိန်းစိန်က သ၀ဏ်လွှာပို့ပြီး အမည်စာရင်းတင်သွင်းခဲ့တာဖြစ်ပါတယ်။

မြန်မာအစိုးရအဖွဲ့မှာ ၀န်ကြီးတွေကို အပြောင်းအလဲလုပ်တဲ့ အကြိမ်အများစုမှာ ရာထူးကနှုတ်ထွက်ခွင့်ပြုတယ်၊ ရာထူးက အနား ယူခွင့်ပြုတယ် စသည်အားဖြင့် သုံးစွဲလေ့ရှိပါတယ်။

VOA Burmese

တေးရေးတွေ ရပိုင်ခွင့်အတွက် တောင်းဆိုမှုနဲ့ ပတ်သက်ပြီး ဖျက်သိမ်းဖို့ပြန်လည်ပြင်ဆင်ချက်ထုတ်တာ မှန်ပါတယ်လို့ ထောက်ခံလိုက်တဲ့ နိုင်းဝမ်း


ခင်ဆွေသက်

တေးရေးတွေ ရပိုင်ခွင့်နဲ့ပတ်သတ်ပြီးလုပ်တဲ့ စုပေါင်းဆွေးနွေးပွဲ အခမ်းအနားကို ၂၉.၇.၁၄ ရက်နေ့က ဂီတအစည်းအရုံးမှာ ကျင်းပခဲ့ပါတယ်။ အဆိုပါပွဲမှာ တေးရေးတစ်ဦးလဲဖြစ်သလို တေးဆိုတစ်ယောက်လဲဖြစ်တဲ့ နိုင်းဝမ်းနဲ့ တွေ့ဆုံခိုက်ပြောဖြစ်သမျှကတော့ “အဓိကကတော့ ပြီးခဲ့တဲ့ သတင်းစာမှာ ကြေညာခဲ့သလို စတိတ်ရှိုးတွေ၊ ဇာတ်တွေ၊ သဘင်တွေ၊ စင်တင်တွေမှာအစ ဆိုတဲ့ သီချင်းတွေနဲ့ပတ်သတ်ပြီး တေးရေးက ခံစားခွင့်ရှိတယ်ဆိုပြီး ကြေညာထားတာကို အားလုံးက ကန့်ကွက်ကြတာကို ပြင်ဆင်ချက်ပြန်ထုတ်လိုက်တဲ့ သဘောပေါ့နော်။ ပြန်ဖျက်လိုက်ကြတယ်ပေါ့နော်။ အဲ့ဒါလဲ မှန်ပါတယ်။ သဘာဝလဲကျပါတယ်။ ဖြစ်လဲဖြစ်သင့်ပါတယ်။ တေးရေးသမားတွေကတော့ လိုချင်လို့ဝင်ပြီးတောင်းတဲ့ သဘောပေါ့နော်။ ဒါကို ကျွန်တော်လဲ ကိုယ်ချင်းစာပါတယ်။ ခုချိန် နီနီခင်ဇော်နဲ့ ကျွန်တော်နဲ့ဆိုထားတဲ့သီချင်းကို ကျွန်တော်မပါပဲ ရှိုးတွေမှာလိုက်ဆိုရင် သွားပြီးတော့ ပိုက်ဆံတောင်းဆို ကျွန်တော်တောင်းမှာ မဟုတ်ပါဘူး။ ကျွန်တော်က တစ်ခါပဲ ရေးရတာလေ။ ဒါပေမဲ့ စတိတ်ရှိုးတစ်ခါဆိုရင် အဆိုတော်တွေက ဒီအသံထွက်ဖို့ကို တစ်ခါထပ်အော်ရတယ်။ အတီးသမားတွေလဲ စီဒီနဲ့မို့ မသိသာတာပေါ့။ အိုင်စီရှိုးတွေမှာဆို သူတို့ကို တီးပေးတဲ့အတီးသမားတွေလဲ နောက်တစ်ခေါက် ထပ်တီးရတာပေါ့။ အဲ့တော့ အရေးသမားက နောက်တစ်ခေါက် ထပ်မရေးရဘူး။ ဒါပေမဲ့ တချို့ကြော်ငြာတွေ၊ ရုပ်ရှင်တွေမှာပါရင် အရေးသမားပဲ အများဆုံးယူဖြစ်တာများတယ်။ ဘာလို့လဲဆိုတော့ ဘယ်သူပဲဆိုဆို နားလည်မှုနဲ့လိုက်မတောင်းကြပါဘူး။ ဒါကြောင့် ဒီနေ့ အဲ့ကြေညာချက်ကို ပြန်ဖျက်လိုက်တာပါ။ အဲ့ဒါမှန်ပါတယ်။” လို့ နိုင်းဝမ်းက ပြောပါတယ်။

Trend Myanmar


Miss Supranational Myanmar ဆုရမယ့်သူကို သရဖူလွှဲခွင့်မရှိတော့တဲ့ ခင်ဝင့်ဝါရဲ့ ရင်ဖွင့်သံ



စန္ဒီ

ပြည်သူတွေချစ်တဲ့ Miss ခင်ဝင့်ဝါနဲ့ တွေ့ဆုံခိုက် Miss GoldenLand Myanmar Organization ကနေ Miss Supranational Myanmar ရဲ့Crown ကိုလွှဲပြောင်းခွင့် မပေးတဲ့ အပေါ် သူမရဲ့သဘောထားကိုမေးဖြစ်ခဲ့တဲ့အခါ သူမက “ သူတို့ဘက်က ဘယ်လို အကြောင်းကြောင်း တွေကြောင့် ပြောခဲ့တယ်ဆိုတာတော့ ညီမမသိဘူး။ ညီမဘက်ကတော့ သူတို့နဲ့ချုပ်ထားတဲ့ စာချုပ်သက်တမ်း တစ်နှစ်အတွင်းမှာ လုံးဝစည်းကမ်း မဖောက်ဖျက်ခဲ့ဘူး။ သူတို့နဲ့ သဘောတူထားတဲ့ အတိုင်း ညီမရဲ့အနုပညာကြေးထဲက ၃၀ရာခိုင်နှုန်းကိုလည်း ပုံမှန်ပေးခဲ့ပါတယ်။ ဒီလိုမျိုး အဆင်ပြေအောင် နေနေတဲ့ ကြားထဲက အခုလိုမျိုးဖြစ်လာတယ်ဆိုတော့ ညီမကို အပြစ်ပေးတဲ့ သူတွေအပေါ်မှာပဲ မူတည်တယ်လို့ ထင်ပါတယ်။ တစ်ချို့သတင်းတွေမှာ ပါသလို သရဖူ အသိမ်းခံရတယ် ဆိုတာကတော့ မဟုတ်ပါဘူး။ ညီမကို ဒီနှစ် Miss Supranational Myanmar ဆုရမယ့်သူကို သရဖူလွှဲခွင့် မပေးတော့တာပေါ့။ သူတို့ဘက်ကတော့ မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ် တစ်ယောက်ရဲ့ကျင့်ဝတ်နဲ့အညီ မနေထိုင်ဘူးလို့ ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ညီမဘက်ကတော့ စိတ်မကောင်းရုံကလွဲပြီး ဘာမှမတတ်နိုင်ပါဘူး”တဲ့။

ညီမဘက်ကရော မြန်မာ့ဂုဏ်ဆောင်အလှမယ် တစ်ယောက်အဖြစ် ပီသစွာ နေထိုင်ခဲ့သလားဆိုတာ မေးမြန်းကြည့်လိုက်တဲ့အခါ “ညီမရဲ့ ကိုယ်ကျင့်တရားကိုရော၊ အပြောအဆို၊ အနေအထိုင်ကအစ ညီမနဲ့ အရင်တုန်းက လက်တွဲလုပ်ဖူးခဲ့တဲ့ လူတွေ၊ အနုပညာ ညီအစ်ကိုမောင်နှမတွေ၊ ပရိသတ်တွေ၊ မီဒီယာတွေ အကုန်လုံး သိကြတယ်။ ညီမကိုMiss Myanmar တစ်ယောက်ရဲ့ ဝတ္တရားနဲ့ အညီ မနေထိုင်ခဲ့ဘူးလို့ သူတို့ဘက်က ဘာကြောင့်ပြောခဲ့တာလဲ ဆိုတာ သိချင်ပါတယ်။ ညီမအနေနဲ့ အချိန်အားရင် အားသလို ရတာနဲ့ ဘယ်အဖွဲ့အစည်းနဲ့မဆို ပရဟိတအလုပ်တွေ လက်တွဲပြီး လုပ်ခဲ့ပါတယ်။ ဒီကြားထဲမှာ ပရဟိတ မလုပ်ဘူးဆိုတဲ့ အချက်ရယ်၊အနုပညာအလုပ်တွေ လက်ခံတဲ့အခါမှာ သူတို့ကို အကြောင်းမကြားဘူးဆိုပြီး ညီမကို စွပ်စွဲထားတာတွေ ဂျာနယ် စာစောင်တွေမှာ တွေ့ရတယ်။ ညီမလည်း ဖတ်ရပါတယ်။ ညီမဘက်က မှန်တယ်၊မှားတယ် ဆိုတာ ပရိသတ်ကြီးသိမှာပါ။ လူတွေအကုန်လုံးလည်း သိကြမယ်လို့ မျှော်လင့်ပါတယ်။ သူတို့ဘက်က ဘယ်လိုရည်ရွယ်ချက်နဲ့ ဒီလိုတွေ ပြောခဲ့လဲဆိုတာ ညီမမသိဘူး။ ဒါပေမယ့် စိတ်မကောင်းဖြစ်မိတာတော့ အမှန်ပဲ။ ကိုယ်က ကောင်းအောင်နေနေတဲ့ ကြားထဲက စာချုပ်တစ်နှစ်ပြည့်ခါနီး တစ်လအလိုမှာ အခုလိုမျိုးဖြစ်ရတဲ့အတွက် စိတ်မကောင်းပါဘူး”လို့ သူမက ပြောပါတယ်။

ခင်ဝင့်ဝါဟာ လတ်တလော မှာ စိုင်းစိုင်းခမ်းလှိုင်၊ စုမြတ်နိုးဦး၊ သူရိယတို့နဲ့ အတူ တကယ်လိုအပ်တဲ့အရာဆိုတဲ့ ဗီဒီယိုဇာတ်ကား ရိုက်ကူးနေတယ်လို့ သိရပြီး ဒီကား ရိုက်ပြီးသွားရင်လည်း စိုင်းစိုင်းခမ်းလှိုင်နဲ့ပဲ နောက်ထပ်တစ်ကားရိုက်ဖို့ရှိနေတယ်လို့ သိရပါတယ်။

Trend Myanmar

မပြောင်းလဲသော အကျိုးတရားများ


တစ်လောက ဂျာနယ်တစ်စောင် လက်ဆောင်ရလို့ ဖတ်ကြည့်တော့ တစ်နေရာမှာ တွေ့လိုက်ရတာက ဘယ်မင်းသမီးလေးရဲ့ ဘယ်ပွဲတက်တဲ့ဝတ်စုံက သိန်း ဘယ်နှစ်ဆယ်၊ ဘယ် မင်းသမီးရဲ့ ပွဲတက်ဝတ်စုံက ဘယ်နှစ်သိန်းဆိုတာ ဖတ်လိုက်ရတော့။ သြော် သူတို့ တွေ ရုပ်ရည်ကလည်းလှ၊ စည်းစိမ်ဥစ္စာကလည်း ပေါ ကြွယ်ဝလို့ ရောက်လေရာနေရာမှာ အခြံအရံကလည်း ပေါများ လှပါလားဆိုတာလေး တွေးမိလိုက်ပါတယ်။

သူတို့ရဲ့ဘဝပြည့်စုံကြွယ်ဝမှာပေါ့၊ ဒီလိုပြည့်စုံ ကြွယ်ဝစေတဲ့ အကျိုးတွေကို ခံစားရဖို့ အကြောင်း တွေက ပါလာတာကိုး။ သူတို့ရဲ့ ရေတွက်လို့ရနေသေး တဲ့ ပြည့်စုံချမ်းသာမှုလေးကို ခဏထားလိုက်ပါဦး။

ဘုရားလက်ထက်တော် တစ်ချိန်တုန်းက သာဝတ္တိ မြို့မှာ ထီးနန်းအုပ်စိုးတဲ့ ကောသလမင်းကြီးရဲ့ မိဖုရားကြီး မလ္လိကာဆိုရင် အင်မတန်မှ ချမ်းသာကြွယ်ဝပြီး ဘုန်းကံကလည်း အလွန်ကြီးမားသလို အခြံအရံလည်း ပေါများလှပါတယ်။ မိဖုရားကြီးဟာ အသဒိသဒါနရှင် ကြီးတစ်ယောက်လည်း ဖြစ်ပါတယ်။

အသဒိသ ဒါနရှင်ဆိုတာကလည်း ဘုရားတစ်ဆူ ပွင့်မှ တစ်ယောက်သာပေါ်တာပါ။ တစ်တိုင်းပြည်လုံး မှာရှိတဲ့ တိုင်းသူပြည်သားတွေနဲ့ ပြိုင်လှူတာ မိဖုရား ကြီးက နိုင်ပါသတဲ့။ ကောသလဘုရင်ကြီးရဲ့ မိဖုရား ခေါင်ကြီးလည်း ဖြစ်ပြန်တော့ အစစအရာရာ ပြည့်စုံကြွယ်ဝလှပါတယ်။ သူ့ရဲ့ အတိတ်ကံ၊ ပစ္စုပ္ပန်ကံ တွေက အကျိုးပေးလို့ ချမ်းသာပြည့်စုံပေမယ့် မိဖုရားကြီးဟာ ခန္ဓာကိုယ်အချိုးအစားက သိပ်မလှ တဲ့အပြင် မျက်နှာကလည်း ကြည့်ပျော်ရှုပျော်လောက် ပဲရှိပါတယ်။

အဲဒါကို သူက စိတ်ထဲမှာ မတင်မကျဖြစ်နေတာ ပါ။ သူဒီလောက်ပြည့်စုံကြွယ်ဝချမ်းသာနေပြီးမှ ရုပ်ရည်ကျတော့ဘာကြောင့် လှပချောမောမှု မရှိတာ လဲဆိုတဲ့ အကြောင်းကို သူသိပ်သိချင်နေပါတယ်။ တစ်နေ့မှာတော့ သူ့စိတ်ထဲမှာ သိပ်သိချင်နေတဲ့ အကြောင်းအရာတွေကို မြတ်စွာဘုရားကို မေး လျှောက်ဖို့အတွက် မြတ်စွာဘုရား သီတင်းသုံးနေတဲ့ ဇေတဝန်ကျောင်းတော်ကို ရောက်လာပါတယ်။  ေ

ဇတဝန်ကျောင်းတော်ကို ရောက်တော့ မြတ်စွာဘုရား ဆီချဉ်းကပ်လို့ အလွန်ရိုသေအလေးအမြတ်ပြု တဲ့ အမူအရာနဲ့ ရှိခိုးကန်တော့ပါတယ်။ နောက်ပြီး သင့်တော်တဲ့ တစ်နေရာမှာထိုင်လို့ သူသိချင်တာလေး ကို မေးမြန်းခွင့်ပြုဖို့ မြတ်စွာဘုရားဆီမှာ ခွင့်တောင်း ပြီး သူ့စိတ်ထဲမှာ သိပ်သိချင်နေတာတွေကို မေးပါ တော့တယ်။

သူမေးတဲ့မေးခွန်းက လေးခုပါ။ မိဖုရားကြီးက ”အရှင်ဘုရား လောကမှာ တချို့အမျိုးသမီးတွေဟာ ရုပ်ဆင်းကလည်းမလှ ပစ္စည်းဥစ္စာကလည်း ဆင်းရဲ နွမ်းပါးပါတယ်။ အခြံအရံတန်ခိုးအရှိန်အဝါကလည်း နည်းပါးလှပါတယ်ဘုရား။ တချို့အမျိုးသမီးတွေက အဆင်းမလှပေမယ့် ချမ်းသာကြွယ်ဝပါတယ်။ အခြံ အရံပေါများပြီး တန်ခိုးရှိန်ဝါလည်း ကြီးမားလှပါတယ်။

တချို့အမျိုးသမီးတွေမှာတော့ ရုပ်ဆင်းလှပေမယ့် ဆင်းရဲနွမ်းပါပြီး အခြံအရံလည်းမရှိ၊ တန်ခိုးအရှိန် အဝါလည်း နည်းလှပါတယ်ဘုရား။ တချို့အမျိုးသမီး တွေ ကျပြန်တော့ ရုပ်ဆင်းလည်း လှပချောမောလို့ ချမ်းသာကြွယ်ဝသလို အခြံအရံတွေပေါများပြီး တန်ခိုး အရှိန်အဝါကလည်း ကြီးမားလှပါတယ်ဘုရား။ ဒီလိုမျိုး အကျိုးပေးတွေ မတူညီတာဘယ်လို အကြောင်း ကြောင့်ပါလဲဘုရား” လို့ မေးလျှောက် ပါတယ်။

အဲ ဒီအခါ မြတ်စွာဘုရားက ”ချစ်သမီး မလ္လိကာ တချို့အမျိုးသမီးတွေဟာ အမျက်ဒေါသကြီးမားလှပါ တယ်။ ရဟန်း သံဃာတို့ကို ပေးကမ်းလှူဒါန်းခြင်းဆို တဲ့ ဒါနကိုလည်း မပြုပါဘူး။ သူတစ်ပါးတွေရဲ့ ပြည့်စုံ ကြွယ်ဝမှုတွေ၊ လာဘ်လာဘရရှိမှုတွေ အပေါ်မှာ လည်း မနာလိုဝန်တို ငြူစူ စောင်းမြောင်းမှုတွေ ဖြစ်ပေါ် ပါတယ်။ အဲဒီလို အမျိုးသမီးမျိုးဟာ ဒီဘဝကနေ နောင်တစ်ချိန် လူပြန်ဖြစ်ခဲ့မယ်ဆိုရင်တော့ ရုပ်ဆင်း ကလည်းမလှ၊ ခန္ဓာကိုယ် ပုံသဏ္ဍာန်အချိုးအစား လည်းမကျ ဆင်းရဲနွမ်းပါးပြီး အခြံအရံ တန်ခိုးအရှိန် အဝါ နည်းပါးပါလိမ့်မယ်။”

”ချစ်သမီး မလ္လိကာ တချို့အမျိုးသမီးတွေက အမျက်ဒေါသကြီးပါတယ်။ ဒါပေမယ့် ပေးကမ်း လှူဒါန်းခြင်းဆိုတဲ့ ဒါနမှူကို ပြုလုပ်ပါတယ်။ သူတစ်ပါး တွေရဲ့ ပြည့်စုံမှုအပေါ်မှာလည်း မနာလိုဝန်တိုမှု စတာ တွေလည်း မဖြစ်ပါဘူး။ အဲဒီလိုအမျိုးသမီးမျိုးက ဖြစ်လေရာဘဝမှာ အဆင်းမလှပေမယ့် ချမ်းသာ ကြွယ်ဝပြီး အခြံအရံပေါ များလို့ တန်ခိုးရှိန်ဝါလည်း ကြီးမားပါလိမ့်မယ်။”

”ချစ်သမီး မလ္လိကာ တချို့အမျိုးသမီးတွေက အမျက်ဒေါသနည်းပါတယ်။ ဒါပေမယ့် ရဟန်းသံဃာ တို့ကို ပေးကမ်းလှူဒါန်းခြင်းဆိုတဲ့ ဒါနမှုလည်းမရှိ သူတစ်ပါးတွေရဲ့ အပေါ်မှာလည်း မနာလို ဝန်တိုမှု တွေ ဖြစ်ပေါ်ပါတယ်။ အဲဒီလို အမျိုးသမီးက ဖြစ်လေ ရာဘဝမှာ အဆင်းလှပေမယ့် ဆင်းရဲနွမ်းပါးပြီး အခြံအရံလည်းမရှိဘဲ တန်ခိုးရှိန်ဝါ နည်းသူဖြစ်ရပါ လိမ့်မယ်။”

”ချစ်သမီး မလ္လိကာ တချို့အမျိုးသမီးတွေကျတော့ အမျက်ဒေါသနည်းပါတယ်။ ရဟန်း၊ သံဃာစတဲ့ အလှူခံပုဂ္ဂိုလ်တို့ကိုလည်း ပေးကမ်းလှူဒါန်းမှုဆိုတဲ့ ဒါနတွေကို ပြုလုပ်ပါတယ်။ သူတစ်ပါးတွေရဲ့ ပြည့်စုံ ကြွယ်ဝမှု လာဘ်လာဘရရှိမှုတွေအပေါ်မှာလည်း မနာလိုဝန်တိုငြူစူစောင်းမြောင်း တဲ့စိတ်လည်း မရှိပါ ဘူး။ ဒီလို အမျိုးသမီးကျတော့ ဖြစ်လေရာဘဝတိုင်း မှာ ရုပ်ဆင်းလှပ ခန္ဓာကိုယ်အချိုးအစား ပြေပြစ်ပြီး တန်ခိုးရှိန်ဝါကြီးမားလို့ အခြံအရံတွေ ပေါများပါ လိမ့်မယ်”

”ချစ်သမီးမလ္လိကာ အမျိုးသမီးတွေ ရုပ်ဆင်းလှသူ မလှသူ စတာတွေ ဖြစ်ပေါ်လာရတာ ဒီအကြောင်းတွေ ကြောင့်ပါပဲ” လို့ မြတ်စွာဘုရားက ဖြေကြားပေးတော် မူခဲ့ပါတယ်။ မြတ်စွာဘုရားရဲ့ အဖြေစကားကို ကြား လိုက်ရတော့ မိလ္လိကာ မိဖုရားကြီးရဲ့ အသိညာဏ်မှာ ကိုယ်ပြုလုပ်ခဲ့တဲ့ ခိုင်မာတဲ့ ကံအကြောင်းတရားတွေ ကြောင့် မပြောင်းလဲတဲ့ ကံကံရဲ့အကျိုးတွေကို ပြန်ပြီး သိနားလည်လိုက်ပါပြီ။

ဒါကြောင့် မိဖုရားကြီးက မြတ်စွာဘုရားကို ”အရှင်ဘုရား တပည့်တော်ဒီနေ့ကစပြီး အမျက် ဒေါသမကြီးသူ ဖြစ်စေရပါမယ်ဘုရား။ ရဟန်းသံဃာ စသော အလှူခံပုဂ္ဂိုလ်တို့ကို ပေးလှူသူဖြစ်စေရပါ မယ်ဘုရား။ သူတစ်ပါးတွေရဲ့ ပြည့်စုံကြွယ်ဝမှုတွေ အပေါ်မှာလည်း မနာလိုဝန်တိုစိတ်မရှိသူ ဖြစ်စေရ ပါမယ်ဘုရား”လို့ မြတ်စွာဘုရားကို ကတိပေး လျှောက် ထားလိုက်ပါတော့တယ်။

ဒီဇာတ်ကြောင်းထဲက မလ္လိကာ မိဖုရားကြီးရဲ့ စိတ်ဓာတ်ကို အခုခေတ်အမျိုးသမီးတွေ အတုယူ သင့်ပါတယ်။ အမျိုးသမီးတွေဆိုပေမယ့် အမျိုးသားတွေ ကလည်း လှချင်ပချင် ကြွယ်ဝချင်တာပဲဆိုတော့ အမျိုးသားတွေနဲ့လည်း သက်ဆိုင်တာပါပဲ။ ဒီဘဝမှာ သာမက ဘဝဆက်တိုင်း အစစအရာရာ ပြည့်စုံလှပ ကြွယ်ဝချမ်းသာ ချင်တယ်ဆိုရင်တော့ ဘဝဆက်တိုင်း မပြောင်းလဲတဲ့ ကောင်းမှုကံ အကျိုးတရားတွေ ပြည့်စုံ ခိုင်ခန့်အောင် ဒီဘဝမှာ ပြည့်စုံခိုင်ခန့်တဲ့ ကောင်းမှုကံ အကြောင်းတရားတွေကို ထူထောင်သွားရမှာပါ။

ဒီဘဝမှာ ရတနာသုံးပါး၊ မိဘ ဆရာသမားတွေနဲ့ ပူဇော်သင့် ပူဇော်ထိုက်သူတွေ အပေါ်မှာ လှူဒါန်းပူ ဇော်မှုတွေ ပြုလုပ်လို့ ဒေါသတွေ နည်းနိုင်သမျှ နည်း အောင်ထိန်းလို့ မနာလိုဝန်တို ငြူစူစောင်းမြောင်း အတင်း ပြောမှုတွေကို ရှောင်ရှားလို့ သွားမယ်ဆိုရင်တော့ ဖြစ် လေရာ ဘဝမှာခိုင်ခန့်တဲ့၊ မပြောင်းလဲတဲ့ပြည့်စုံ ကြွယ်ဝချမ်းသာမှု အကျိုးတရားတွေကို ရရှိခံစားသွား ရမှာ မလွဲဧကန်ပဲဖြစ်ပါတယ်။ အဂ္ဂပတ္တော ပမောဒတိ။

Credit: သာသနာနွယ် (ရွှေမြန်မာဂျာနယ်)

Selena Gomez နဲ့ Cara Delevingne တို့နှစ်ယောက် မိတ်ဆွေဖြစ်တာမကြိုက်တဲ့ Justin Bieber



Justin Bieber ဟာ သူရဲ့ရည်းစားဟောင်း Selena Gomez နဲ့ မော်ဒယ်လ် Cara Delevingne တို့ တပူးတတွဲဖြစ်နေတာကို မနာလိုလိုဝန်တိုဖြစ်နေတယ်လို့ ခုတလော အသံတွေကြားနေရပါတယ်။ အကောင်းဆုံး မိတ်ဆွေသစ်တွေကတော့ ဒီအတောအတွင်း holidays တွေ အတူသွား ၊ shopping တွေအတူထွက်၊ ရေချိုးတာတောင် နှစ်ယောက်အတူယှဉ်တွဲသွားနေပြီဆိုတော့ ခုတလော အတော်လေးကို အတွဲညီ နေကြတယ်လို့ ပြောရမှာပေါ့။ သူတို့တွေ ရိုးရိုးသားသား လက်တွဲဖြစ်နေတဲ့အချိန်မှာ Justin ကို စိတ်အနှောင့်အယှက်ဖြစ်တယ်လို့ ပြောလိုက်သူက Cara ပဲ ဖြစ်ပါတယ်။ အသက် (၂၀) အသက် ပေါ့ပ်အဆိုတော်လေးက သူမဆီကို မနက်စောစော ဖုန်းခေါ်ခဲ့တယ်လို့ ဆိုပါတယ်။ ဖြစ်ပျက်နေတဲ့ အခြေအနေကို သိချင်လို့ Justin က Cara ကို တစ်ကြိမ်ထက်မက ဖုန်းခေါ်ဆိုခဲ့တယ်လို့ သတင်းအရင်းအမြစ်တစ်ခုက Daily Mirror ကို ပြောပြခဲ့ပါတယ်။

Justin Bieber ကတော့ အရက်သောက်ထားတယ်ဆိုတာတော့ သေချာသွားပြီ။ Cara ရဲ့ သရုပ်ဆောင်အလုပ် အောင်မြင်နေတဲ့အချက်ကြောင့် လက်ရှိအခြေအနေက ရှင်းသွားမှာတော့ မဟုတ်ပါဘူး။  မကြာသေးမီအချိန်က အသက်(၂၁) အရွယ် Cara ဟာ မင်းသမီး Michelle Rodriguez နဲ့ အဆက်အသွယ်ပြတ်တောက်ဖြစ်နေတဲ့အချိန်မှာပဲ Selena တစ်ယောက်ကတော့ အီတလီ စီးပွားရေးလုပ်ငန်းရှင် Tommy Choiabra နဲ့ အချိတ်အဆက်တွေရထားပါတယ်။ ရှုပ်ယှက်ခတ်နေတာပဲ။

Ref:ok.co.uk

မသန်စွမ်း ညီငယ်အတွက် (၈)နှစ်သား အစ်ကို ပြသခဲ့သည့် ထူးထူးခြားခြား ချစ်မေတ္တာ သက်သေ


အမေရိကန်မှ အသက်(၈)နှစ်အရွယ် ကလေးငယ်တစ်ဦးသည် လမ်းမလျှောက်နိုင်ရှာသည့် အာရုံကြော ဝေဒနာသည် ညီငယ်ကို အတူခေါ်ဆောင်ရင်း Triathlon ခေါ် အားကစား(၃)မျိုး ပြိုင်ပွဲကို အောင်မြင်ပြီးမြောက်အောင် ယှဉ်ပြိုင်ပြခဲ့ကြောင်း သိရှိရသည်။

အင်ဒီယာနာရှိ ဘွိုင်စီတွင် နေထိုင်သည့် အသက်(၆)နှစ်အရွယ် ကလေးငယ် လူးကက်စ် အဲလ်ဒရစ်ခ်ျလေးသည် ရှားပါးသည့် အာရုံကြောဆိုင်ရာ ရောဂါတစ်ရပ်ကို ခံစားနေရသူ ဖြစ်သည်။ Lissencephaly ခေါ် မူမမှန်သည့် အာရုံကြော အခြေအနေတစ်ရပ်ကြောင့် လူးကက်စ်ခမျာ စကားမပြောနိုင်၊ လမ်းမလျှောက်နိုင်သည့်အပြင် သာမန်ထက် သက်တမ်းတိုတို နေထိုင်ရလိမ့်မည်ဟု ဆရာဝန်များက ကောက်ချက်ချထားသည်။

သနားစရာ ကောင်းလှသည့် လူးကက်စ်လေး၏ ဘဝတွင် အကောင်းဆုံး မိတ်ဆွေမှာ အသက်(၂)နှစ် ပိုကြီးသည့် အစ်ကိုဖြစ်သူ နိုအာအဲလ်ဒရစ်ခ်ျ ဖြစ်သည်။ နိုအာသည် ညီငယ်ကို ပျော်ရွှင်အောင် အတတ်နိုင်ဆုံး ကြိုးစားပေးလေ့ရှိပြီး လူးကက်စ်အနားတွင် အမြဲလိုလို အချိန်ပေး နေထိုင်လေ့ ရှိသည်။ တစ်နေ့တွင်မူ နိုအာသည် ၎င်းချစ်မြတ်နိုးသည့် ညီငယ် လူးကက်စ်ကို စိတ်ဓာတ် မြှင့်တင်ပေးနိုင်မည့် နည်းလမ်းတစ်ခုကို ကြံဆမိပြီး လက်တွေ့လည်း အကောင်အထည် ဖော်ခဲ့သည်။



အဆိုပါ အစီအစဉ်မှာ Triathlon ခေါ် (၃)မျိုးပေါင်းစပ် အားကစားပြိုင်ပွဲတွင် လူးကက်စ်နှင့်အတူ ပါဝင်ယှဉ်ပြိုင်ခြင်း ဖြစ်သည်။ “သူတို့နှစ်ယောက်မှာ အရမ်းထူးခြားတဲ့ တွယ်တာမှုမျိုး ရှိနေသလိုပဲ။ လူးကက်စ်က အခန်းထဲ နိုအာဝင်လာရင် သိသိသာသာ ရွှင်လန်းသွားတတ်တယ်။ ဒီကလေး နှစ်ယောက်ရဲ့ ချစ်ခင်မှုကို တွေ့မြင်ရသူတိုင်း မပြုံးဘဲ မနေနိုင်ဘူးလေ”ဟု ကလေးနှစ်ဦး၏ ဖခင်ဖြစ်သူ ဘရိုင်ယန်က ဆိုသည်။ နိုအာသည် ညီငယ်ဖြစ်သူနှင့် TV အတူကြည့်ခြင်း၊ လူးကက်စ်ကို တွန်းလှည်းပေါ်တင်ပြီး ခြံထဲတွင် လှည့်လည်ပြသခြင်းတို့ကိုလည်း ပြုလုပ်လေ့ ရှိသည်။

နိုအာတို့ မိသားစုသည် ဘဝတွင် ရှင်သန်နေထိုင်ရသည့် အခိုက်အတန့်လေးအတွင်း လူးကက်စ်ကို အတတ်နိုင်ဆုံး ပျော်ရွှင်အောင် ထားရှိရန် ဆုံးဖြတ်ထားကြသည်။ တစ်နေ့တွင် YMCA Kids Club က စီစဉ်သည့် ကလေးများအတွက် Triathlon ပြိုင်ပွဲအကြောင်း နိုအာ သတင်းကြားလာခဲ့သည်။ “မေမေ၊ အဲဒီပွဲမှာ ကျွန်တော့်ညီလေးနဲ့တူတူ သွားပြိုင်ချင်တယ်”ဟု ၎င်းက မိခင်ဖြစ်သူ အေလစ်ဆာကို ပူဆာခဲ့သည်။ “သားက ကျွန်မကို ခွင့်တောင်းပြီး နောက်တစ်နေ့မှာပဲ ကျွန်မတို့ရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေကို စတင်ခဲ့ပါတယ်”ဟု အေလစ်ဆာက ပြောကြားခဲ့သည်။

(၃)လတာ အတောအတွင်း နိုအာသည် လူးကက်စ်လေးကို လှည်းပေါ်တင် တွန်းပြီး မိဘများနှင့်အတူ အပြေးလေ့ကျင့်သည်။ ရော်ဘာလှေ တစ်စီးပေါ်တွင် လူးကက်စ်ကို တင်ပြီး လှေကို လက်တွင် သံကြိုးဖြင့် ချိတ်ဆွဲကာ ရေကူးလေ့ကျင့်သည်။ ထို့အပြင် လူးကက်စ်ကို နောက်ခုံပေါ်တင်ပြီး စက်ဘီးစီးနိုင်အောင်လည်း နိုအာက ပြင်းပြင်းထန်ထန် ကြိုးစားပြင်ဆင်ထားခဲ့သည်။ Triathlon ပြိုင်ပွဲတွင် မီတာ(၂၀၀) ရေကူးခြင်း၊ (၃)မိုင် စက်ဘီးစီးခြင်းနှင့် (၁)မိုင် အပြေးပြိုင်ခြင်းတို့ ပါဝင်သည်။

ယခုလလယ်က ကျင်းပခဲ့သည့် ပြိုင်ပွဲနေ့တွင် စိတ်လှုပ်ရှားနေကြောင်း နိုအာက ဝန်ခံခဲ့သည်။ သို့သော်လည်း ပြိုင်ပွဲစတင်သည်နှင့် ကျန်သော အရာများကို မေ့ထားပြီး ညီငယ်ကို တစ်ပါတည်း ဆောင်ယူကာ ကြိုးကြိုးစားစားနှင့် အပင်ပန်းခံ ပြိုင်ပွဲဝင်ခဲ့သည်။ စိန်ခေါ်မှု အားလုံးကို ကျော်ဖြတ်ပြီးနောက် နိုအာနှင့် လူးကက်စ်တို့သည် ပန်းတိုင် သတ်မှတ်စည်းကို အောင်မြင်စွာ ကျော်ဖြတ် ပန်းဝင်လာချိန်တွင် မိဘနှစ်ပါးနှင့် ပရိသတ်များက သောင်းသောင်းဖြဖြ အားပေးခဲ့ကြသည်။ နိုအာသည် လူးကက်စ်နှင့်အတူ Triathlon ပြိုင်ပွဲ အစအဆုံးကို (၅၄)မိနစ်ကျော်မျှဖြင့် ပန်းဝင်အောင် ယှဉ်ပြိုင်နိုင်ခဲ့သည်။



“မိဘတွေ အနေနဲ့တော့ ကျွန်မတို့ဟာ သူတို့ပြိုင်ပွဲဝင်တာကို ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ခဲ့ရပါတယ်။ ဒါပေမဲ့ သူတို့တွေ အကောင်းဆုံး လုပ်ပြနိုင်ခဲ့တယ်။ ကျွန်မရဲ့ သားတွေအတွက် အရမ်းဂုဏ်ယူမိပါတယ်”ဟု အေလစ်ဆာက သတင်းထောက်များအား ပြောကြားခဲ့သည်။

လူးကက်စ်သည် ပျမ်းမျှအားဖြင့် ကလေးငယ် (၈၅၄၇၀)ဦးတွင် တစ်ဦးမျှသာ ဖြစ်နိုင်သည့် ရှားရှားပါးပါး ဝေဒနာမျိုးကို ခံစားနေရခြင်း ဖြစ်သည်။ အေလစ်ဆာက သူမ၏ ကိုယ်ဝန်ဆောင် အတွေ့အကြုံသည် သာမန်အတိုင်းသာဖြစ်ပြီး ထူးခြားမှု မရှိခဲ့ဟု ဆိုသည်။ လူးကက်စ် (၃)လသား အရွယ်တွင် အငိုမတိတ်နိုင် ဖြစ်နေသည့်နောက် စစ်ဆေးမှုများ ခံယူရာမှ Lissencephaly ဝေဒနာ ခံစားနေကြောင်း သိရှိရလာရသည်။

“လူးကက်စ်က လမ်းလည်း မလျှောက်နိုင်ဘူး။ စကားလည်း မပြောနိုင်ဘူး။ ဒါပေမဲ့ လူးကက်စ်လေးက သူ့ကို အချစ်ခင်ဆုံး လူတွေ ရှိနေတဲ့အတွက် ကမ္ဘာပေါ်မှာ အပျော်ဆုံး လူတစ်ယောက် ဖြစ်နေမယ်လို့ ကျွန်မ ယုံတယ်”ဟု အေလစ်ဆာက ပြောကြားခဲ့သည်။

_Ref: Dailymail
7day

ဆံပင်ပျော့ဆေး (conditioner) နဲ့ပတ်သက်လို့ သင်လုံးဝ မသိသေးတဲ့ အရာများ



   
ခေါင်းလျှော်တဲ့အခါ ဆံပင်ပျော့ဆေး (conditioner) သုံးကိုသုံးပေးသင့်တယ်ဆိုတာ အလကားပြောနေတာ မဟုတ်ပါဘူး။ အဲ့ဒီဆံပင်ပျော့ဆေးကနေ ကိုယ့်ဆံသားအတွက် ကောင်းကျိုးပြုတဲ့အရာတွေ အများကြီးပါ။ သင်လည်း သိပြီးဖြစ်မှာပါ။ ဒါပေမယ့် သင်လုံးဝမသိသေးတဲ့ ဆံပင်ပျော့ဆေးအကြောင်း နည်းနည်းပြောပြပေးချင်ပါတယ်။

၁။ပုံသွင်းဖို့ လွယ်ကူပါတယ်။

ခေါင်းလျှော်တဲ့အခါ ဆံပင်ပျော့ဆေးက ဆံပင်သားထဲ ရောက်သွားတာပဲဖြစ်ဖြစ်၊ ကုန်စင်အောင် မလျှော်နိုင်ခဲ့ရင်တောင် သင့်ဆံပင်သားကို ခပ်ထူထူနဲ့လှိုင်းတွန်းပုံစံမျိုးလိုချင်သူတွေအတွက်တော့ အိုကေပါပဲ။ အခြောက်ခံပြီး ဆံပင်အုံကို ပိုထူအောင် ခေါင်းဖြီးချလိုက်ရုံနဲ့ အထာကျတဲ့ ဆံပင်ပုံစံကို ရနိုင်ပါတယ်။

၂။ခေါင်းမလျှော်ခင် ဆံပင်ပျော့ဆေးကို အရင်သုံးပါ။

ဒီလိုပြောလိုက်လို့ ဟင်ခနဲ ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် ဆံသားကျွမ်းကျင်ပညာရှင်တွေကတော့ ခေါင်းလျှော်ပြီး ဆံပင်ပျော့ဆေးသုံးတဲ့အခါ ရေနဲ့စင်အောင် ပြန်လျှော်နိုင်ဖို့ ခက်ခဲတာကြောင့် ဆံပင်သား ပိုမိုလှပစေဖို့ ပိုမိုကျန်းမာစေဖို့ ဆံပင်ပျော့ဆေးသုံးပြီးမှ ခေါင်းလျှော်ဖို့ လိုပါတယ်တဲ့။

၃။ဆံပင်ပျော့ဆေးအမျိုးစားကို မသုံးခင် ကိုယ့်ဆံပင်နဲ့ အဆင်ပြေမပြေ သေချာလေ့လာပါ။

တွေ့ရာ ဆံပင်ပျော့ဆေးကို ကောက်သုံးလိုက်မယ်ဆိုရင် သင့်ဆံပင်သားကျန်းမာရေးအတွက် ရှော့ခ်နည်းနည်းရှိပါတယ်။ သင့်ဆံပင်က ပါးတယ်ဆိုရင် အုံထူသလိုဖြစ်စေတဲ့ ဆံပင်ပျော့ဆေးရှိပါတယ်။ ဒီလိုပဲ ဆံပင်က အုံထူတယ်ဆို၇င် ဖြောင့်စင်းသွားစေမယ့် ဆံပင်ပျော့ဆေးမျိုး သုံးသင့်ပါတယ်။ အဆီနည်းတဲ့ များတဲ့ စသဖြင့် အမျိုးမျိုး ဆံပင်ပျော့ဆေးမှာ ရှိတာကြောင့် သေချာရွေးချယ်သင့်ပါတယ်။

၎။ဆံပင်အရင်းကို ပျော့ဆေးမသုံးသင့်ပါ။

ခေါင်းလျှော်တဲ့အခါ ဆံပင်အရင်းကို ရှန်ပူထည့်ပြီး သေချာသုံးသင့်ပေမယ့် ပျော့ဆေးသုံးမယ်ဆိုရင်တော့ ဆံပင်အဖျားပိုင်းကို ပိုအားဖြည့်ပေးသင့်ပါတယ်။

၅။ခေါင်းလျှော်တဲ့အခါတိုင်း ဆံပင်ပျော့ဆေး ထည့်သုံးပါ။

ခေါင်းနေ့တိုင်းလျှော်ရင် ဆံပင်သားတွေခြောက်သွေ့စေတာမှန်ပေမယ့် တကယ်လို့ လျှော်ခဲ့မယ်ဆိုရင်တော့ ဆံပင်ပျော့ဆေး မသုံးမဖြစ်သုံးပါ။ ခေါင်းလျှော်တိုင်း ပျော့ဆေးသုံးပေးဖို့ လိုပါတယ်။

၆။ဆံပင်ပျက်စီးစေတဲ့ ဆံပင်ပျော့ဆေး အမျိုးအစားတွေ ရှောင်ပါ။

ဆံပင်ပျော့ဆေးတိုင်းဟာ ဆံပင်သားကို အားဖြည့်ပေးရုံသာမက ပိုမိုပြောင်လက်စေတယ်ဆိုပေမယ့် ဆီလီကွန်ပါတဲ့ ဆံပင်ပျော့ဆေးတွေ ရှိနေတာကြောင့် ၀ယ်ခါနီးရွေးချယ်တဲ့အခါ ဆီလီကွန်မပါတဲ့ ပျော့ဆေးမျိုးကို ရှာဝယ်ပါ။

၇။ကိုယ်နဲ့တည့်တဲ့၊ အဆင်ပြေတဲ့ ဆံပင်ပျော့ဆေးကို တစ်သက်လုံး သုံးနိုင်ပါတယ်။

ကိုယ်နဲ့အဆင်ပြေပြီးသား ဆံပင်ပျော့ဆေးအမျိုးအစားကို ခဏခဏပြောင်းလဲနေဖို့ မလိုပါဘူး။ တစ်သက်လုံးသုံးသွားလို့ရပါတယ်။ ဒါပေမယ့် ရှန်ပူကိုသာ သေချာဂရုစိုက်ရွေးချယ်ရမှာပါ။

Ref:womenshealthmag.com
trend myanmar

မိန်းကလေးတွေ သူ့ချစ်သူကို လမ်းခွဲဖို့ ဆုံးဖြတ်ချက်ချတာ ဒီလိုအချက်တွေကြောင့်ပါ

 
အသည်းကွဲနေတဲ့ ကောင်လေးတွေ ၁၀ယောက်မှာ ၈ယောက်ဟာ ခုဖော်ပြပေမယ့် အချက်တွေကြောင့် ချစ်သူကောင်မလေးရဲ့ စွန့်ခွာခြင်း ခံခဲ့ကြရတာပါ။ ဒါဟာ ဘာမှမဟုတ်ပါဘူး။ ဒါပေမယ့် အမှန်တရားတစ်ခုပါ။ မိန်းကလေးတွေဟာ သူ့ချစ်သူကို လမ်းခွဲဖို့ဆုံးဖြတ်တဲ့အခါ ဒီလိုအချက်တွေကို စဉ်းစားပြီးမှ ဆုံးဖြတ်ချက် ချတတ်တာပါ။

၁။သင်ဟာ သူနဲ့သူ့သူငယ်ချင်းတွေကို တစ်ဖြည်းဖြည်း ဝေးကွာသွားအောင် ဖိအားတွေပေးနေခဲ့တာဆိုရင်

သင့်ချစ်သူကောင်မလေး သင်နဲ့လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တာဟာ သင်က သူ့အသိတွေ၊ သူငယ်ချင်းတွေနဲ့ သူမကို ဝေးကွာအောင် တွန်းအားပေးခဲ့တာကြောင့်လို့ ပြောရင် သင်ယုံကြည်ပါ့မလား။ ဒါတကယ်ပါပဲ။ မိန်းကလေးတွေဟာ သူတို့ဘေးမှာ သူချစ်တဲ့ သူငယ်ချင်းတွေ၊ အပေါင်းအသင်းတွေ ရှိနေတာမျိုးကို နှစ်ခြိုက်ကြပါတယ်။ သူပေါင်းနေတဲ့ သူငယ်ချင်းတွေနဲ့ မပေါင်းဖို့၊ သူ့အသိတွေနဲ့ မသွားလာဖို့၊ အဆက်အသွယ် မလုပ်ဖို့ သင်က ဖိအားပေးမယ်ဆိုရင် သင့်ကို သူတို့စွန့်လွှတ်သွားပါလိမ့်မယ်။

၂။သင်ဟာ အမေချစ်တဲ့ သားတစ်ယောက်ဖြစ်နေမယ်ဆိုရင်

အမေတွေဟာ သားတွေကို သဲသဲလှုပ်ချစ်တာ မထူးဆန်းပါဘူး။ ဒါပေမယ့် သင့်ရဲ့လှုပ်ရှားမှုတိုင်းမှာ သင့်အမေက ပါဝင်ပတ်သက်နေမယ်ဆိုရင်တော့ သူတို့စိတ်အနှောင့်အယှက် ဖြစ်ရပြီပေါ့။ သင့်ဘ၀ကို သင်ထိန်းကျောင်းရတော့မယ့်အရွယ်မှာ သင့်အမေပြောစကားအတိုင်း တသွေမတိမ်း သင်ပြုမူလှုပ်ရှားနေရပြီဆိုရင်တော့ သူမက တတိယနေရာကနေပြီး သင်နဲ့အတူ လက်တွဲသွားဖို့ စဉ်းစားတော့မှာ မဟုတ်ဘူးနော်။

၃။ သူမကို ဂရုမစိုက်တော့ဘူးဆိုရင်

ရည်းစားဖြစ်ခါစအချိန်တွေတုန်းကတော့ သင်ဟာ သူမရဲ့အကြိုက်တွေ၊ အလုပ်အကြောင်းတွေ၊ သူငယ်ချင်းတွေအကြောင်း၊ မိသားစုအကြောင်း အားလုံးကို လိုက်မေးမြန်းတတ်သူတစ်ယောက် ဖြစ်ကောင်းဖြစ်ခဲ့ပါလိမ့်မယ်။ နောက်ပိုင်းမှာ သင်က ဒီလိုလုပ်စရာ မလိုတော့ဘူးဆိုပြီး သူမကို ဘာဆိုဘာမှ မမေးတော့တာမျိုးတွေ ဖြစ်လာတဲ့အခါ သူမစိတ်ထဲမှာ ငါလည်း သူမမေးတဲ့အတွက် ဘာမှမပြောတော့ဘူးလို့ အရာရောက်သွားပါလိမ့်မယ်။ ပြသနာကတော့ အဲ့ဒါပါပဲ။ အစပိုင်းက စိတ်ဝင်းစားမှုကြီးမားသလို နေပြခဲ့ပြီး နောက်ပိုင်း ဒီလိုအရာတွေ ဆက်လက်မလုပ်ဆောင်တော့တဲ့အခါ သူမကို စိတ်မ၀င်စားတော့သလိုလို ပုံစံမျိုး ဖြစ်သွားတဲ့ သဘောပါ။ ဒါ့ကြောင့် သူမကလည်း ငါ့ကိုဂရုမှမစိုက်တော့တာ။ ငါလည်း ငါ့ဘာသာငါ နေနိုင်အောင် လုပ်ရမှာပေါ့ ဆိုတဲ့ စိတ်ဝင်သွားမှာ စိုးရပါတယ်။

၎။သင်ဟာ ရစ်နိုင်လွန်းသူ၊ ဘာမှမဟုတ်တဲ့အရာကို ပြသနာလုပ်တတ်သူဆို၇င်

အတွဲတိုင်းဟာ ရန်တော့ ဖြစ်ဖူးကြတာချည်းပါပဲ။ ဒါပေမယ့် နှစ်ယောက်သား ပြဿနာတက်တဲ့ကိစ္စတွေဟာ ဘာမဟုတ်တဲ့ အကြောင်းအရာတွေချည်းပဲ ဖြစ်နေမယ်။ ပြဿနာတိုင်းကလည်း သင်ကချည်း ဖန်တီးနေမယ်၊ ရစ်နေတာမျိုးဆိုရင် ဘယ်သူကမှ ကြာရှည်သည်းခံနိုင်မှာ မဟုတ်ပါဘူး။ ရေရှည်ကို တွေးတတ်တဲ့သူဆို ပိုပြီးတော့တောင် သင့်ကို စိတ်ကုန်သွားဖွယ်ရာ ရှိပါသေးတယ်။

၅။သင့်မှာ ဘ၀အတွက် ရည်မှန်းချက်၊ ရည်ရွယ်ချက်တွေ ဘာတစ်ခုမှ မရှိဘူးဆိုရင်

ဘ၀ကို ဖြတ်သလိုပဲ ဖြတ်သန်းမယ်လို့ သင် စိတ်ကူးထားတာကို သူမကို ပြောပြလိုက်မယ်ဆိုရင် သူမက ကောင်းတယ်၊ အရမ်းမိုက်တယ်လို့တော့ ဘယ်ပြောမှာလဲ။ စိတ်ကုန်သွားမှာပဲလေ။  ဘယ်မိန်းကလေးမဆို ကိုယ့်ချစ်သူ ကောင်လေးက ဘယ်လိုတော်တယ်၊ မိုက်တယ်၊ ဘာတွေလုပ်တယ်ဆိုတာမျိုး ဂုဏ်ယူချင်ကြတာချည်းပါပဲ။ ကိုယ်ကအဲ့ဒီလို ဂုဏ်ယူစရာ မကောင်းရင်တောင် ကြိုးစားရပ်တည်နေသူတစ်ဦး ဖြစ်ရင်တော်သေး။ အဲ့ဒီလို မဟုတ်ဘဲ ဘာမှလည်း မလုပ်ချင်တော့ဘူး။ အားလုံးကို စိတ်ကုန်သွားပြီဆိုတဲ့ လူစားမျိုးဆိုရင်တော့ သူလည်း သင့်ကို စိတ်ကုန်သွားမှာ အသေအချာပဲနော်။

Ref:mensxp.com
Trend Myanmar

ဦးအောင်ကြည်မရှိတဲ့နောက် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် ဖြစ်လာနိုင်သလား



မြန်မာသတင်းမီဒီယာတွေ ဖိအားပေးခြိမ်းခြောက်ခံနေရတာ ဖမ်းဆီးထိန်းသိမ်းခံနေရတာတွေ ရင်ဆိုင်နေရချိန် ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်ကို သူ့ရဲ့သဘောဆန္ဒအလျောက် နှုတ်ထွက်ခွင့်ပြုတယ်လို့ သမ္မတက ဇူလိုင် ၂၉ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

ဆက်ဆံရေးဝန်ကြီး၊ အလုပ်သမားဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီး စတဲ့တာဝန်တွေယူခဲ့တဲ့ ဦးအောင်ကြည်ကို တာဝန်ကအနားပေးလိုက်ပြီး လစ်လပ်သွားတဲ့ ပြန်ကြားရေးဝန်ကြီးနေရာမှာ သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်အဖြစ်ရော ဒုတိယဝန်ကြီးပါ တာဝန်ယူနေတဲ့ ဦးရဲထွဋ်ကို ခန့်အပ်နိုင်ခြေရှိပေမယ့် တရားဝင် ကြေညာချက် ထုတ်ပြန်တာ မရှိသေးပါဘူး။

ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင်ကိုလည်း ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်နဲ့ အတူ ရာထူးကနေ အနားပေးလိုက်သလို နယ်စပ်ရေးရာ ဒုတိယဝန်ကြီးအဖြစ် ကကကြည်းက ဗိုလ်ချုပ်တင်အောင်ချစ်ကို ခန့်အပ်ကြောင်းကိုလည်း တစ်ရက်တည်းမှာ ကြေညာခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်လက်ထက် ဝန်ကြီးနဲ့ ဒုတိယဝန်ကြီးတွေ အများဆုံးအပြောင်းအလဲလုပ်ခဲ့ပြီး သာသာနာရေးဝန်ကြီး ဦးဆန်းဆင့်ကိုတော့ အမိန့်မနာခံမှုနဲ့ အရေးယူခဲ့ပြီး ဖမ်းဆီးခဲ့ပါတယ်။ ကျန်တဲ့ ဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေကိုတော့ ဌာနအပြောင်းအရွှေ့တွေ အများဆုံးလုပ်ခဲ့ပြီး ဒုတိယဝန်ကြီးတွေဟာ ဝန်ကြီးအဖြစ် အများဆုံး ရာထူးတိုးခံခဲ့ရတာများပါတယ်။

ဦးရဲထွဋ်ဟာ မြန်မာသတင်းမီဒီယာသမားတွေကြားမှာ Facebook ဝန်ကြီးလို့ ခေါ်ဝေါ်သမုတ်ခံရသူဖြစ်ပြီး ၂ဝဝ၅ခုနှစ်က စစ်တပ်ကနေ ပြန်ကြားရေးဝန်ကြီးဌာနမှာ အရာရှိအဖြစ် စတင်တာဝန်ယူခဲ့ပြီးနောက်ပိုင်း ပြန်ကြားရေးရဲ့ အဓိက မူဝါဒတွေကို ချုပ်ကိုင်ခဲ့သူအဖြစ် ထင်ရှားပါတယ်။

အခုနောက်ပိုင်း ပြန်ကြားရေးပိုင် သတင်းစာ၊ ရေဒီယိုနဲ့ ရုပ်မြင်သံကြားတွေကို အများပြည်သူဝန်ဆောင်မှုမီဒီယာ PSM အဖြစ် အသွင်ကူးပြောင်းဖို့ အဓိကဆောင်ရွက်နေသူဖြစ်ပြီး မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)က ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပါတယ်။



Kamayut Media

သုံးထပ်တိုက်တစ်လုံး ဆန်းရှိတ်ပြိုကျ



ပြိုကျသွားသော ဆန်းရှိတ်မှ အပျက်အစီးများကို ကြည့်နေစဉ် (ဓာတ်ပုံ – ဇော်ရန်း)
တည်ဆောက်ပြီးစီးသည်မှာ ခြောက်နှစ်သာရှိသေးသော သုံးထပ်တိုက်တစ်လုံး၏ မြေညီထပ်အပေါ်မှ ကွန်ကရစ်ဆန်းရှိတ် ပြိုကျခဲ့ကြောင်း  သတင်းရရှိသည်။
ဗဟန်းမြို့နယ် ကျိုက္ကစံရပ် ကွက် စိန်ခြယ်လမ်းရှိ သုံးထပ် တိုက်၏ အောက်ထပ်အရှေ့ပိုင်း ရှိ ပေ ၂၀ ရှည်ပြီး လေးပေကျယ် သော ကွန်ကရစ်ဆန်းရှိတ်မှာ ဇူ လိုင် ၂၈ ရက် ညနေ ၃ နာရီ အ ချိန်က ပြိုကျခဲ့ကြောင်း မြို့ပြ အင် ဂျင်နီယာတစ်ဦးက ပြောသည်။
‘‘သုံးထပ်တိုက်မြေညီရဲ့ ၁၄ ပေအမြင့် ဆန်းရှိတ်က အကုန် လုံးပြိုကျတာ။ ပထမထပ်ဝရန်တာ အောက်ဘက်က ပေ ၂၀ ရှည်ပြီး လေးပေကျယ်တဲ့ ကွန်ကရစ်တစ်တန်းလုံး အကုန်ကျိုးကျသွားတာ။ မီးသတ်တွေတော့ရောက်နေတယ်’’ ဟု ယင်းရပ်ကွက် အနီးနေမြို့ပြအင်ဂျင်နီယာ ဦးညိုဝင်းက ပြောသည်။

အဓိကကွန်ကရစ်တိုင်နှင့် ကွန်ကရစ်ဆန်းရှိတ်ကို သံချောင်း ဖြင့် တွဲဆက်ရန် လိုအပ်သော် လည်း  သံချောင်းမပါဘဲ ဆန်းရှိတ်ကိုဘေးမှ ဆက်လိုက်သောကြောင့်အဆိုပါ ဆန်းရှိတ်၏ အလေးချိန် ကို မခံနိုင်ဖြစ်ပြီး ပြိုကျသွားခြင်း ဖြစ်ကြောင်း မြို့ပြအင်ဂျင်နီယာ  ဦးညိုဝင်းက သုံးသပ်ပြောကြား သည်။

‘‘အခုအထိတော့ ဖယ်နေကြတုန်းပဲ ရှိသေးတယ်။ တိုက်ကပေနှစ်ဆယ်၊ ပေ လေးဆယ်အပြည့်ဆောက်ထားတာ နေထိုင်ခွင့်ကျတာမှ ခြောက်နှစ်ပဲရှိသေးတယ်တဲ့’’ ဟု ဆန်းရှိတ်ပြိုကျသည့်နေရာသို့ရောက်ရှိနေသော အမျိုးသားတစ်ဦးကလည်းပြောသည်။

အဆိုပါ ဆန်းရှိတ် ကွန်ကရစ်တန်းပြိုကျသော်လည်း လူထိခိုက် မှုမရှိကြောင်း  အဆိုပါ အမျိုးသားက ပြောသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဗဟန်းမြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ ‘‘ကျွန်တော်တို့တွေ မသိသေးပါဘူး’’ ဟု တာဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်။

7day daily

အိမ်ဖြူတော်အား နျူကလီးယား တိုက်ခိုက်မှု ပြုလုပ်နိုင်ကြောင်း မြောက်ကိုရီးယား စစ်အရာရှိ ခြိမ်းခြောက်


ကိုရီးယား ကျွန်းဆွယ်တွင် စစ်ရေး တင်းမာမှုများ မြင့်တက်လာအောင် အမေရိကန်က ပြုလုပ် နေကြောင်း မြောက်ကိုရီးယား ထိပ်တန်း စစ်အရာရှိ တစ်ဦးက စွပ်စွဲခဲ့ကာ အိမ်ဖြူတော်နှင့် ပင်တဂွန် စစ်ဌာနချုပ် တို့အား နျူကလီးယား တိုက်ခိုက်မှု တစ်ရပ် ပြုလုပ် နိုင်ကြောင်း ထို မြောက်ကိုရီးယား စစ်အရာရှိက ခြိမ်းခြောက် ခဲ့သည်။


၁၉၅ဝ-၅၃ ခုနှစ် ကိုရီးယား စစ်ပွဲ အဆုံးသတ် သွားစေသည့် စစ်ပြေငြိမ်းရေး သဘောတူညီမှု နှစ်ပတ်လည် အထိမ်းအမှတ် အဖြစ် ပြုံးယမ်း (Pyongyang) တွင် တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သော စစ်ဘက် စုံညီ စည်းဝေးပွဲ တစ်ခုတွင် မြောက်ကိုရီးယား စစ်တပ်၏ အထွေထွေ နိုင်ငံရေးဌာနမှ ညွှန်ကြားရေးမှူး ဟွမ်ပျောင်ဆို (Hwang Pyong-So) က မိန့်ခွန်း ပြောကြား ခဲ့ရာတွင် ထိုကဲ့သို့ ခြိမ်းခြောက် လိုက်ခြင်း ဖြစ်သည်။

မကြာသေးမီက ဆက်တိုက် ပြုလုပ်ခဲ့ကြသော တောင်ကိုရီးယား-အမေရိကန် စစ်ရေး လေ့ကျင့်မှုများမှာ တင်းမာမှုများကို မြင့်တက်စေကြောင်း မြောက်ကိုရီးယား ပြည်သူ့ တပ်မတော်တွင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူးကို ရယူထားသူ ဟွမ် က ဆိုခဲ့သည်။ ထို တောင်ကိုရီးယား- အမေရိကန် စစ်ရေး လေ့ကျင့်မှုများ အနက် တစ်ခုတွင် နျူကလီးယား စွမ်းအင်သုံး အမေရိကန် လေယာဉ်တင် သင်္ဘော တစ်စီးလည်း ပါဝင်ခဲ့သည်။

“တကယ်လို့ အမေရိကန် ကျူးကျော်ရေး သမားတွေဟာ ကျွန်တော်တို့ရဲ့ အချုပ်အခြာ အာဏာနဲ့ ရှင်သန်မှုကို ခြိမ်းခြောက်မယ် ဆိုရင်၊ ဒုစရိုက် အားလုံးရဲ့ အရင်းအမြစ်တွေ ဖြစ်ကြတဲ့ အိမ်ဖြူတော်နဲ့ ပင်တဂွန်ကို ကျွန်တော်တို့ရဲ့ တပ်ဖွဲ့တွေက နျူကလီးယား ဒုံးကျည်တွေနဲ့ ပစ်ခတ် မှာပါ” ဟု နိုင်ငံတော်ပိုင် ရုပ်သံဌာနက တနင်္လာ နေ့က ထုတ်လွှင့်ခဲ့သော မိန့်ခွန်း ထဲတွင် ဟွမ်က ပြောခဲ့သည်။

မြောက်ကိုရီးယား နိုင်ငံ၏ ရန်လိုသော ပြောကြားချက် များထဲတွင်၊ အမေရိကန် ပြည်ထောင်စု နှင့် ပစိဖိတ်ရှိ အမေရိကန် စစ်စခန်း များအား နျူကလီးယား တိုက်ခိုက်မှုများ ပြုလုပ် နိုင်ကြောင်း ခြိမ်းခြောက်မှုများ ပါရှိသည်မှာ ယခု အကြိမ်သည် ပထမဆုံး အကြိမ် မဟုတ်ပေ။

သို့ရာတွင် လိုအပ်သော အကွာအဝေး အထိ ပစ်ခတ်နိုင်ကာ တကယ် အသုံးပြု နိုင်မည့် တိုက်ချင်းပစ် ပဲ့ထိန်း ဒုံးကျည်မျိုး ထုတ်လုပ် နိုင်စွမ်းနှင့် မြောက်ကိုရီးယား အလှမ်းဝေး နေဆဲ ဖြစ်ကြောင်း ကျွမ်းကျင်သူ အများစုက ယုံကြည်ထား ကြသည်။

မြောက်ကိုရီးယားသည် နျူကလီးယား စမ်းသပ်မှု သုံးခု ပြုလုပ်ခဲ့ သော်လည်း၊ ဒုံးကျည် တစ်ခုပေါ်တွင် ထိပ်ဖူးတစ်ခု တပ်ဆင်ရေး အတွက် လိုအပ်သော အနုစိတ် နည်းပညာ မျိုးတွင် ကျွမ်းကျင်မှု မရှိသေးကြောင်း ယူဆရသည်။

Ref: AFP

Mizzima Burmese

မြန်မာကိုယ်စားပြု အဖြစ်မှ ရပ်စဲခံရတဲ့ အပေါ် အလှမယ် ဂျူးစံသာရဲ့ စာနယ်ဇင်း ရှင်းလင်းပွဲ



မလှနုထွန်း၏ သတင်း ထုတ်ပြန် ချက်နဲ့ ပတ်သက်ပြီး ဂျူးစံသာက ဇူလိုင် ၂၆ ရက်နေ့၊ ညနေ ၄နာရီက Park Royal ဟိုတယ်မှာ စာနယ် ဇင်းရှင်းလင်းပွဲ ပြု လုပ်ခဲ့ ပါတယ်။ အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး ဂျူးစံသာ က “ဆရာမ လှနုထွန်းက သမီးကို Crown သိမ်းတာက အချက် ၃ချက် နဲ့ သိမ်းတယ် လို့ ပြောခဲ့ပါတယ်။ ဆရာမ နဲ့ ဆရာနဲ့ မမမြတ်နိုး အတွက် ကိုရီးယားကို သွားတဲ့အချိန်မှာ တစ်လ နီးပါး သင်ကြားပေးခဲ့တဲ့ ဖိလစ်ပိုင်က သမီးတို့ ထရိန်နင် ကိုသာ ဦးစားပေး ပြီး လေ့ကျင့်ဖို့ပြောခဲ့ တယ် ဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ သမီး တခြား Organization နဲ့ မဆက်သွယ်ဖို့ ဆိုတာ မပြောခဲ့ပါဘူး။ အကူအညီ တောင်းခြင်း၊ ဖုန်းလက်ခံ ပြောဆို ခြင်း မပြုလုပ်ဖို့ မှာ ကြားခဲ့တယ်ဆို တာ မဟုတ်ပါဘူး။ ပွဲလည်း တအား ကပ်နေပြီး ဖြစ်တဲ့အတွက် သိတဲ့တတ် တဲ့သူတွေ ဆီမှာ အကူအညီတောင်းပါ လို့ ပြောပါတယ်။ သမီး ဘယ်လိုမှ အကူ အညီတောင်းလို့မရတဲ့အဆုံး ဆရာမ တို့နဲ့ လည်း မိသားစု လိုဖြစ်နေတဲ့ ဆရာ ဟန်ဇော်လတ်တို့၊ ဆရာဝေယံ အောင် တို့ကို သတိရခဲ့ပါတယ်။ ဆရာ တို့က သမီးကို ဂျူးစံသာ တစ်ယောက် အနေနဲ့ မမြင်ဘဲနဲ့ Miss Globe Myanmar တစ်ယောက်၊ မြန်မာ နိုင်ငံရဲ့ Crown ဆောင်းထားတဲ့ မြန်မာ့ ဂုဏ်ဆောင် တစ်ယောက် အနေ နဲ့ ကူညီပေးပါမယ် ဆိုပြီး ကူညီ ပေးပါတယ်။ သမီးက Organization နှစ်ခု အချင်းချင်း ကြားမှာ ခလောက် စံတာ၊ သွေးထိုး စကားတွေလည်း မပြောခဲ့ပါဘူး။ ပြိုကွဲအောင် လည်း မလုပ်ခဲ့ပါဘူး။ သမီးက တီချယ်လှနုထွန်း Crown ဆောင်းပေးထားတဲ့ Miss Myanmar တစ်ယောက်ပါ။ ဒါပေမဲ့ သမီးကို မလို အပ်တော့ပါဘူး။ ကိုဟန်ဇော် လတ် တို့၊ ကိုဝေယံအောင် တို့က ပိုအရေးကြီး ပါတယ်တဲ့။ သမီး ဘာဆက်လုပ်ရမှန်း မသိတော့ ပါဘူး။ သမီးက ဆရာသမားကို တအား ချစ်ပါတယ်။ လေးလည်းလေး စားပါတယ်။ အခုလိုပြောတော့ သမီး ရင်ထဲမှာ တအား ပူလောင်ပြီး ၃ ရက်လောက် အိပ်ရာထဲ လဲခဲ့ပါတယ်။ စိတ်ထဲမှာ တအား ဝမ်းနည်းစွာနဲ့ တီချယ့်ကို စာလေး တစ်စောင် ပို့ခဲ့မိ ပါတယ်။ တီချယ် သမီးကို ပြောရက် တယ်။ သမီးကို ဘာမှ မလုပ်ပေးဘဲနဲ့ လုပ်ရက်လိုက်တာလို့ ပြောမိခဲ့ပါ တယ်။ အဲဒီ အတွက်လည်း တီချယ် လှနု ရှေ့မှာရော၊ ဆရာ ဟန်ဇော်လတ် ရှေ့မှာရော အနူးအညွတ် တောင်းပန်ခဲ့ပါတယ်။ သမီး မပို့ခဲ့သင့်ပါဘူး။ မှားသွားပါတယ် လို့ တောင်းပန်ခဲ့ပါ တယ်။ နောက် တစ်ချက် က စာချုပ် ချုပ်ဖို့ အတွက် သူ့ Organization ကို မလာဘဲ တခြား Organization ကို သွားတယ် လို့ ပြောပါတယ်။ သမီးက Miss Golden Land Myanmar Organization မှာ Volunteer အနေနဲ့ သွားလုပ်ပေးတာပါ။ တီချယ် ဆီက ခွင့်ပြုချက် ယူပြီးမှ သွားလုပ် ပေးတာပါ။ သမီး လက်ထဲ စာချုပ် ရောက်တာ ၂၄ နာရီ မပြည့်သေးပါ ဘူး။ အိမ်မှာ သမီးအဖေက တကယ် နေမကောင်းပါဘူး။ အိပ်ရာထဲ လဲ နေပါတယ်။ အမေက အဖေ့ကိုဆေး ခန်း ပြပေးနေပါတယ်။ သမီးတို့ အိမ် မှာ အားလုံး အဖေ့ အတွက် စိတ်ပူ ပန်နေ ကြရပါတယ်။ သမီး ရှင်းပြခဲ့ပါ တယ်။ သမီး အသက် ၁၇နှစ်ပဲ ရှိပါ သေးတယ်။ ၁၈နှစ် မပြည့်သေးတဲ့ အချိန်မှာ ကိုယ်တိုင် ဆုံးဖြတ်ခွင့် မရှိ သေးပါဘူး။ သမီးကိုယ်တိုင် စာချုပ်ကိစ္စ မပြောပါဘူး။ သမီးအမေ နဲ့ သမီး အစ်မနဲ့က စာချုပ် ကိစ္စ ဆက် လက် ဆွေးနွေးပါမယ် လို့ ပြောပါ တယ်။ ဒါပေမဲ့ အခုလို ဖေ့စ်ဘုတ်ပေါ် ကြေညာ လိုက်တယ်။ တအားလည်း ဝမ်းနည်းတယ်။ ပြိုင်ပွဲက ရက်လည်း တအား ကပ်နေပြီး။ အားလုံးလည်း ပြင်ဆင်ပြီးနေမှ အခုလို လုပ်တာ သမီး ဘာဆက်လုပ် ရမှန်းမသိတော့ ပါဘူး”လို့ ပြောပါတယ်။ Miss Golden Land Myanmar Organization က ကိုဟန်ဇော်လတ် က နှစ်ဦးနှစ်ဖက် ညှိနှိုင်း ဖြေ ရှင်းသင့် ကြောင်းလည်း ပြောကြား ခဲ့ပါတယ်။

Popular Myanmar

ပရလောကသားများ၏ အကူအညီဖြင့် ဆယ်ယူတော့မည့် ဓမ္မစေတီ ခေါင်းလောင်းတော်ကြီး




နှစ်ပေါင်းများစွာ ကတည်းက ရေအောက်တွင် နစ်မြုပ်နေခဲ့သော ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးအား လာမည့် မြန်မာသက္ကရာဇ် ၁၃၇၆ခုနှစ် ၀ါဆိုလဆန်း ၁၄ ရက်( သြဂုတ်လ ၈ရက်)တွင် ရေထဲမှ ကုန်းပေါ်သို့ နှစ်ပတ်အတွင်း ဆယ်ယူသွားမည် ဖြစ်ကြောင်း ခေါင်းလောင်းတော်ကြီးအား ဦးဆောင်ဆယ်ယူမည့်သူ ဦးစံလင်း(ကော့သောင်း)၏ ပြောကြားချက်အရ သိရသည်။

ယင်းနှင့်ပတ်သတ်သည့် သတင်းစာ ရှင်းလင်းပွဲအား ဇူလိုင်လ၂၅ရက်က ရန်ကုန်မြို့ Orchid Hotelတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ပရလောကသား အကူညီများဖြင့် ဆယ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။

“ခေါင်းလောင်းဆယ်ယူတဲ့ နေရာမှာ မြင်အပ်မမြင်အပ် ပုဂ္ဂိုလ်တွေ ဖြစ်တဲ့ ပရလောကသားတွေရဲ့ အကူအညီနဲ့ ဆယ်ယူသွားမှာပါ။ သိပံ္ပခေတ်ကြီး ရောက်နေတဲ့ အတွက် ပရလောက အကူအညီနဲ့ ဆယ်တယ်ဆိုတာ ယုံချင်မှယုံမှာပါ။ ဒါပေမဲ့ မယုံလို့တော့ မရပါဘူး” ဟု ခေါင်းလောင်းတော်ကြီး ဆယ်ယူမည့် ဦးစံလင်းက ပြောကြားသည်။

ခေါင်းလောင်းတော်ကြီးသည် ရေအောက်၌ နစ်မြုပ်တည်ရှိနေသည်ကို ဒဏ္ဍာရီပုံပြင်ဆန်ဆန် မှတ်ယူနေကြသော်လည်း ယခုကဲ့သို့ ဆယ်ယူမည်ဟု ဆိုခြင်းကို မဖြစ်နိုင်ဟု ထင်မြင်ယူဆနေကြ သော်လည်း ၄င်းခေါင်းလောင်းတော်ကြီးကို ယခုအခါ ရှိ/မရှိ ရှာဖွေခြင်း မဟုတ်ဘဲ မြန်မာ့နည်း၊ မြန်မာ့ဟန် အဆင့်မြင့် နည်းပညာများအပြင် သီလ၊သမာဓိ၊ပညာ ကတိသစ္စာများနှင့် ၁၂နှစ်တိတိ ကြိုးစားအားထုတ်ပြီးမှ ယခုကဲ့သို့ တူးဖော်ဆယ်ယူခြင်း လုပ်ငန်းကို ဆောင်ရွက်မှာဖြစ်ပြီး ရှာဖွေခြင်း လုပ်ငန်းကို လုပ်ဆောင်ခဲ့သည့်အပြင် ၁၁-၈-၁၉၉၈ ခုနှစ် မြန်မာ သက္ကရာဇ် (၁၃၆၀ပြည့်နှစ် ၀ါခေါင် လပြည့်ကျော်၎ရက်)တွင် ရေအောက်သို့ ကိုယ်တိုင်ရေငုတ် ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း ၄င်းက ဆိုသည်။

ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးသည် ရေအောက် ၂၇ပေ၊ မြေကြီးအောက် ၂၅ပေ၊ စုစုပေါင်း ၅၂ ပေတွင် တည်ရှိနေသည်ကို တွေ့ရှိရပြီး နစ်မြုပ်လျက်ရှိသော ခေါင်းလောင်းတော်ကြီး အပေါ်တွင် ပေ၁၀၀ အရှည်ရှိသော ဂျပန်ခေတ်က နစ်မြုပ်ခဲ့သည့် သံသင်္ဘောကြီးရှိနေပြီး ၎င်းကို ဖယ်ရှားပြီးမှသာလျှင် ၄င်းဓမ္မစေတီ ခေါင်းလောင်းတော်ကြီးကို ဆယ်ယူရရှိမည်ဖြစ်ကြောင်း၊ ဆယ်ယူရာ၌ ၀ါခေါင်လအပြီး ရေစီးအသန်ဆုံးနှင့် အကြမ်းဆုံးအချိန်ကို ရွေးချယ်ထားကြောင်း ဓမ္မစေတီခေါင်း လောင်းတော်ကြီးသည် လွန်ခဲ့သော နှစ်ပေါင်း ၅၀၀ကျော် ကမ္ဘာပေါ်တွင် “သံ” မပေါ်ခင် အချိန်က ရွှေ၊ ငွေ၊ ကြေး၊ ဘော်၊ သတ္တု လေးမျိုးဖြင့် သွန်းလောင်းထားပြီး သံပါဝင်ခြင်း မရှိသည့်အတွက် ယခုအခါ ခေါင်းလောင်းတော်ကြီး၏ (ပုဇွန်တုပ်ကွေး) ကွင်းသည် မရှိတော့ပဲ ခေါင်းလောာင်းတော်ကြီးမှာ အောက်သို့ ၄၅ ဒီဂရီ စောင်းနေပြီး အ၀မှာ အပေါ်တွင် ရှိနေသောကြောင့် ခေါင်းလောင်းတော်ကြီးကို Buffer စနစ်ဖြင့် Bouyancy ပြုလုပ်ကာ ကုန်းပေါ်သို့အရောက် ဆယ်ယူ သွားမည်ဖြစ်ကြောင်း ဦးစံလင်းက ဆိုသည်။

“ဆယ်ယူမည့်အချိန်က အကြာဆုံး ၃ရက်၊ အခက်အခဲရှိရင် ၁၀ရက်လောက် ကြာသွားနိုင်ပါတယ်” ဟု ဦးစံလင်းက ခေါင်းလောင်းတော်ကြီးအား ဆယ်ယူမည့် ကြာချိန်ကို ပြောကြားခဲ့သည်။

အဆိုပါ ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးကို သယ်ယူရန် သြဂုတ်လ ၈ရက်နေ့တွင် စတင် အချိန်ယူကာ သြဂုတ်လ ၉ ရက်နေ့မှ သြဂုတ်လ ၂၆ရက်နေ့အထိ နောက်ဆုံးထားကာ ဆယ်ယူသွားမည် ဖြစ်ပြီး ယင်းသို့ဆယ်ယူရန် အတွက်ကိုလည်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရထံမှ ဇူလိုင်လ ၁၄ရက်က ခွင့်ပြုချက်ရရှိခဲ့ပြီးဖြစ်ကာ ဆယ်ယူရန် ခန့်မှန်း ကုန်ကျငွေ (၁၈၆၄၀၀၀၀၀) သိန်းခန့် ကုန်ကျနိုင်မည် ဖြစ်ကြောင်းနှင့် ဆယ်ယူပြီးစီးပါကလည်း ၄င်းဓမ္မစေတီ ခေါင်းလောင်းတော်ကြီးကို တပ်မတော်(ရေ)တပ်၊ ဧရာဝတီရေတပ် စခန်း ဌာနချုပ်၊ အမြောက်ကြီး နေရာတွင် တင်ပြီး စစ်ရေးပြအဆောင်တွင် ၃လခန့်အချိန်ယူကာ သတ္တုလေးမျိုး ဓာတ်ပြုမှုကြောင့် ခေါင်းလောင်းတော်ကြီး၌ တွယ်ကပ်နေသော ချေးများကို အနုစိတ် ရှင်းလင်း ဆောင်ရွက်ပြီး ရွှေတိဂုံ စေတီတော်ကြီး၌ အပူဇော်ခံ ထားသွားမည်ဖြစ်ကြောင်း ဦးစံလင်းက ပြောကြားခဲ့သည်။

Tomorrow News

၁ မိနစ် ၂၅ ကျပ်ဖြင့် ဖုန်းပြောနိုင်မည့် မြန်မာ့ဆက်သွယ်ရေး ၀န်ဆောင်မှု


၁ လအတွင်း ဖုန်းနံပါတ် ၃ ခု ကို ဖုန်းပြောခ ၁ မိနစ် ၂၅ ကျပ်နဲ့ ဆက်သွယ်နိုင်မယ့် ပရိုမိုးရှင်း ၀န်ဆောင်မှုတခုကို မြန်မာ့ဆက်သွယ်ရေးက ဒီကနေ့ ကြေညာပါတယ်။

ADSLဒီ ပရိုမိုးရှင်း ၀န်ဆောင်မှု လိုချင်သူတွေဟာ ပုံမှန် ကိုယ်ဆက်သွယ်ပြော ဆိုလိုတဲ့ ဖုန်းနံပါတ် ၃ ခု မြန်မာ့ဆက် သွယ်ရေးက သတ်မှတ်တဲ့ နံပါတ်ဆီ မက်ဆေ့ခ်ျ ကြိုတင် ပေးပို့ ထားရမှာ ဖြစ်ပါတယ်။

မက်ဆေ့ပေးပို့ပြီးတာနဲ့ ၁ လအတွင်း အဲဒီနံပါတ် ၃ ခုဆီ ၁ မိနစ် ၂၅ ကျပ်နှုန်းနဲ့ ကြိုက်သလောက် ဖုန်းခေါ်ဆို ဆက်သွယ်နိုင်ပြီ ဖြစ်ပါတယ်။

ဒါပေမယ့် ၀န်ဆောင်ခ ကျပ် ၂၅၀၀ သတ်မှတ်ထားတာကြောင့် ကိုယ်ပေးထားတဲ့ နံပါတ်တွေဆီ ၁ လအတွင်း မိနစ် ၁၀၀ အထက် ခေါ်ဆိုသူတွေမှသာလျင် ဈေးနှုန်းသက်သာတဲ့ အကျိုးအမြတ် ခံစားရမှာ ဖြစ်ပါတယ်။

ဒီဝန်ဆောင်မှုကို ဂျီအက်စ်အမ် အမျိုးအစား ဖုန်းသုံးသူတွေကပဲ ရယူနိုင်ပြီး စီဒီအမ်အေ ၈၀၀ နဲ့ ၄၅၀ ဖုန်းကိုင်ဆောင်သူတွေအတွက် အကျုံးမ၀င်ဘူးလို့ ဖော်ပြထားပါတယ်။

DVB Burmese

ဒီမိုကရေစီ ပုံရိပ်သစ်



မကြာသေးမီ ရက်များအတွင်းကမ္ဘာ့ဖလားဘောလုံးပွဲနှင့် အပြိုင် ကျွန်တော်တို့၏အာရုံကို ဖမ်းစားလှုပ်ခတ်စေသော ပွဲတစ်ခုရှိခဲ့ပါသည်။ အခြားမဟုတ်ပါ။ အင်ဒိုနီးရှားနိုင်ငံ၏ ရွေးကောက်ပွဲ ဖြစ်ပါသည်။ ကမ္ဘာ့ဖလားဘောလုံးပွဲမှာ ကျွန်တော်တို့ အားပေးသည့် အသင်းတွေက မှန်းသည့်အတိုင်းဖြစ်မလာသဖြင့် စိတ်ပျက်ရသည့်တိုင် အဆိုပါ ရွေးကောက်ပွဲတွင် လူထုခေါင်းဆောင်တစ်ဦး အနိုင်ရရှိခဲ့သည့်အတွက်မူ အားတက်ပျော်ရွှင်ရပါသည်။

အာဏာရှင် ဆူဟာတို ပြုတ်ကျအပြီး ၁၆ နှစ်အကြာမှာ ကျင်းပသည့် အဆိုပါ သမ္မတရွေး ကောက်ပွဲကလည်း ကမ္ဘာ့ဖလား ဘောလုံးပွဲလိုပင် ပြိုင်ဆိုင်မှု ပြင်း ထန်ခဲ့သည်။ သို့သော် ဒီမိုကရေစီ စံနှုန်းတွေအောက်မှာ ပြိုင်ဆိုင်မှု၊ ငြင်းခုံမှုတွေက ငြိမ်းချမ်းစွာ ဖြစ် ပေါ်နေခြင်းမျှသာ။ ယခုနှစ် ရွေး ကောက်ပွဲတွင် သမ္မတလောင်း များအဖြစ် ဂျကာတာမြို့တော်ဝန် ဂျူကိုဝီဒိုဒိုနှင့် အာဏာရှင် ဆူဟာတို၏ သားမက်၊ ဗိုလ်ချုပ်ကြီး ဟောင်း ပရာဘိုဝို ဆူဘီယန်တိုတို့အပြိုင် အရွေးခံကြခြင်း ဖြစ်သည်။

ဂျကာတာမြို့တော်ဝန် ၀ီဒိုဒိုသည် သူ၏ရိုးရှင်းသော နေမှု ထိုင်မှုဘ၀၊ ပြည်သူ၏ အကျိုးအ တွက် စွမ်းစွမ်းတမံ ဆောင်ရွက် တတ်မှု၊ လာဘ်ပေးလာဘ်ယူ ကင်းမှုစသော ပုဂ္ဂိုလ်ရေးသန့်စင် မှုများကြောင့် လွန်ခဲ့သည့် နှစ်အ နည်းငယ်မှစ၍ စာနယ်ဇင်းများ တွင် ထင်ရှားခဲ့သည်။ လူချစ်လူ ခင်လည်း များသည်။ ထို့ကြောင့် ရွေးကောက်ပွဲတွင် လူထုက သူ့ အား အသည်းကြားက မဲတစ်ပြား ဖြင့် အနာဂတ်အင်ဒိုနီးရှား၏ သမ္မတအဖြစ် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။ ရွေးကောက်ပွဲ ကော်မ ရှင်ကလည်း ၀ီဒိုဒိုအနိုင်ရကြောင်း အတည်ပြုကြေညာသည်။

သို့သော် ပြိုင်ဘက် ဗိုလ်ချုပ် ကြီးဟောင်း ပရာဘိုဝီက ၀ီဒိုဒို၏ လူများက ရွေးကောက်ပွဲတွင် မသမာမှုများ ပြုလုပ်ခဲ့သည်ဟူ သော စွပ်စွဲချက်ပေါ်လာသည်။ ထိုသို့သော ဗိုလ်ချုပ်ကြီးဟောင်း ၏ စွပ်စွဲမှုများကြောင့် အင်ဒိုနီးရှား ရွေးကောက်ပွဲမှာ လှုပ်ခတ်သွားရ ခြင်း ဖြစ်သည်။ လက်ရှိသမ္မတ ယူရိုယူနိုကမူ သမ္မတလောင်းနှစ် ဦးအနေဖြင့် ရွေးကောက်ပွဲ ကော် မရှင်၏ တရားဝင် မဲရလဒ်ကို အ သိအမှတ်ပြုလက်ခံရန် ကြေညာ ထားသော်လည်း ဖွဲ့စည်းပုံတရား ရုံးတွင် အမှုရင်ဆိုင်ခဲ့ရသေးသည်။ သို့သော် အဖြေမှာ ထင်ရှားပြီး ဖြစ်ပါသည်။ ပရိဘောဂလုပ်ငန်းရှင်တစ်ဦး ဖြစ်ခဲ့ဖူးသော ၀ီဒိုဒိုသည် အင်ဒိုနီးရှား၏ ပထမဆုံးအရပ်သားစစ်စစ် သမ္မတဖြစ်လာမည်။

ပြည်သူသန်းပေါင်း ၁၃၀ က မဲပေးခဲ့ကြသော အင်ဒိုနီးရှား၏ ရွေးကောက်ပွဲမြင်ကွင်းနှင့် အရပ် သားစစ်စစ်တစ်ယောက် သမ္မတ အဖြစ် တင်မြှောက်ခံရခြင်းက ဖိနှိပ်ချုပ်ချယ်မှုနှင့် နိုင်ငံရေး ရှေ့ မတိုး နောက်မဆုတ် ဖြစ်နေသည့် ကမ္ဘာ့နိုင်ငံအချို့မှ ပြည်သူများ အတွက် အားတက်စေသည့် ပုံရိပ်တစ်ခု ဖြစ်နိုင်ပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက်ကကော ဘယ်လိုလဲ။

နိုင်ငံရေးလေ့လာသူ အများ အပြားကပင် မြန်မာ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုမှာ အင်ဒိုနီးရှား ပုံစံကို နမူနာယူထားသည်ဟု ကောက်ချက်ချလေ့ရှိသည်။ အမှန်လည်း မြန်မာနှင့် အင်ဒိုနီး ရှားတို့မှာ သမိုင်းကံကြမ္မာချင်း ဆင်တူကြသည်။ နှစ်နိုင်ငံလုံးက ကိုလိုနီဖြစ်ဖူးသည်။ မြန်မာက အင်္ဂလိပ်ကိုလိုနီ၊ အင်ဒိုနီးရှားက ဒတ်ခ်ျ(နယ်သာလန်)၏ ကိုလိုနီ၊ ပြီးတော့ နိုင်ငံတွင်း တိုင်းရင်းသား လူမျိုးစုတွေ များပြားတာချင်းမှာ လည်း တူသည်။ အင်ဒိုနီးရှားတွင် တိုင်းရင်းသား လူမျိုးပေါင်း ၃၀၀ နီးပါးရှိသည်။ ကိုလိုနီ လက် အောက်ခံဘ၀မှ လွတ်လပ်ရေးရ သည့် နှစ်ချင်းကလည်း သိပ်မကွာ၊ မြန်မာက ၁၉၄၈၊ အင်ဒိုနီးရှားက ၁၉၄၉ တွင် လွတ်လပ်သော အ ချုပ်အခြာ အာဏာပိုင်နိုင်ငံ ဖြစ် လာသည်။ ဒုတိယကမ္ဘာစစ်အ တွင်း မြန်မာ၏ လွတ်လပ်ရေးအ တွက် သခင်အောင်ဆန်းက ဂျပန် နှင့် ပူးပေါင်းခဲ့ဖူးသလို လွတ်လပ် သော အင်ဒိုနီးရှားနိုင်ငံ၏ ပထမ ဆုံးသမ္မတဖြစ်လာမည့် ဆူကာနို ကလည်း သူ၏အမိနိုင်ငံလွတ် လပ်ရေးအတွက် ဂျပန်နှင့်လက် တွဲခဲ့သော ဖြစ်ရပ်တွင်လည်း ဆင် တူသည်။

အင်ဒိုနီးရှားနှင့် မြန်မာတို့၏ သမိုင်းဖြတ်သန်းမှု တူညီခြင်းမှာသည်လောက်နှင့် မရပ်တန့်သေး ပါ။ လွတ်လပ်ပြီးစ ပြည်တွင်းရေးရှုပ်ထွေးမှုများကို ရင်ဆိုင်ရပုံချင်း မှာလည်း တူကြသည်။ အဆိုပါ ပြည်တွင်းရေးအရှုပ်အရှင်းများကို အကြောင်းပြ၍ အရပ်သား အစိုးရ ထံမှ စစ်တပ်က အာဏာသိမ်းယူ ပုံချင်းမှာလည်း သိပ်မကွာ။ မြန်မာပြည်မှာ ဗိုလ်ချုပ်ကြီး နေ၀င်းခေါင်းဆောင်သည့် စစ်တပ်က ၂ မတ် ၁၉၆၂ မှာ အာဏာသိမ်းသလို အင်ဒိုနီးရှားတွင် တပ်မတော်အရာရှိအချို့က အာဏာကို သိမ်းယူပြီး ဗိုလ်ချုပ်ကြီးဆူဟာတိုက သမ္မတဆူကာနို၏ လက်ထဲမှ အာဏာကိုရယူဆုပ်ကိုင်ခဲ့သည်။

မြန်မာနိုင်ငံမှာတော့ ၁၉၈၈ ခုနှစ်တွင် အာဏာရှင်ဗိုလ်ချုပ် ကြီးများ အစိုးရကို ဆန့်ကျင်သည့် လူထု အရေးတော်ပုံ ဖြစ်ပွား သည်။ သို့သော် အာဏာရှင်စနစ် ၏ အပေါ်ယံအဆောက်အအုံဖြစ် သည့် အစိုးရအဖွဲ့ကိုသာ ဖြုတ်ချ နိုင်ခဲ့ပြီး မျိုးဆက်သစ် စစ်အာဏာရှင်စနစ်၏ ခါးသီးမှုကို ဆက် လက်ခံစားခဲ့ရသည်။ အင်ဒိုနီးရှား မှာ အာဏာရှင်ကို ဆန့်ကျင်သည့် လူထုအုံကြွမှုက မြန်မာထက် ဆယ်နှစ်တိတိ နောက်ကျပြီး ၁၉၉၈ ခုတွင်မှ ပေါ်ပေါက်သည်။ သို့သော် မြန်မာနှင့် ခြားနားသည် မှာ အင်ဒိုနီးရှားက ဆူဟာတိုကို ဖြုတ်ချအပြီး ဒီမိုကရေစီသို့ စော စီးစွာ တစ်ရစ်ချင်းပြန်လည်လှမ်း တက်နိုင်ခြင်း ဖြစ်သည်။

သို့ဖြင့် အာဏာရှင် ဆူဟာ တိုပြုတ်ကျအပြီး ၁၃ နှစ်နီးပါး အ ကြာမှာ အင်ဒိုနီးရှားတွင် စစ်တပ် ထဲကလည်း မဟုတ်၊ နိုင်ငံရေးမျိုးရိုး အဆက်အနွှယ်ထဲကလည်း မဟုတ်သည့် သာမန်အရပ်သား တစ်ယောက်ကို လူထုက ရွေးချယ်တင်မြှောက်နိုင်သွားပြီ။ မြန်မာကတော့ ဒီနေရာမှာ အင်ဒိုနီးရှားထက် ဆယ်နှစ်ကျော်ကြာ နောက် ကျနေပြီး အခုမှ ဒီမိုကရေစီသို့ သွားမည်ဟု ပြောနေတုန်း။ ထိုသို့သွားရာတွင် လွန်ခဲ့သည့် ၁၃ နှစ်၊ ဆူဟာတိုအလွန် အင်ဒိုနီးရှားမှာ ကျင့်သုံးခဲ့ဖူးသည့် လွှတ်တော်တွင်း တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို အလိုအလျောက် ပါဝင်နိုင်ခွင့် နမူနာယူကာ ၂၀၀၈ ဖွဲ့စည်းပုံထဲမှာ ထည့်ထားသည်။

ပြီးတော့ အင်ဒိုနီးရှား၏ ဒီမို ကရေစီသို့ ချီတက်စ ကနဦးနှစ် များကအတိုင်း အာဏာရှင်စနစ် ၏ လောင်းရိပ်များကိုလည်း သိ သိသာသာ ဖန်တီးထားသည်။ ထို့ ကြောင့် လက်ရှိမြန်မာ့နိုင်ငံရေး၏ ဒီမိုကရေစီအသွင်ပြောင်းလဲရေး ဖြစ်စဉ်အတွင်း တပ်မတော်နှင့် တပ်မတော်သားဟောင်းများ၏ စွက်ဖက်ဖန်တီးမှုများနှင့် လုံးလား ထွေးလားဖြစ်နေခြင်း ဖြစ်သည်။ ဤသည်မှာ လွန်ခဲ့သည့် ၁၃ နှစ် က အင်ဒိုနီးရှား၏ ဒီမိုကရေစီပြု ပြင်ရေးနေ့ရက်များနှင့် သိပ်မကွာ ပေ။ သို့သော် အင်ဒိုနီးရှားက အဆိုပါ နိုင်ငံရေး ရှုပ်ထွေးမှု၊ စနစ် ဟောင်းနှင့် စနစ်သစ်အားပြိုင်မှု ကို ရည်ရွယ်ချက်ရှိရှိဖြင့် တရွေ့ ရွေ့ ကျော်လွှားသွားနိုင်ခြင်းဖြစ် ပြီး လက်ရှိမြန်မာနိုင်ငံရေးက တော့ ၀င်္ကပါထဲမှာ တ၀ဲလည် လည် ဖြစ်နေဆဲ။

ဆူဟာတိုအလွန် အင်ဒိုနီး ရှား၏ သမ္မတအဖြစ် နှစ်များစွာ ထမ်းဆောင်ခဲ့သူ ဆူစီလိုဘန် ဘန်း ယူရိုယူနိုမှာလည်း ဗိုလ်ချုပ် ကြီးဟောင်း တစ်ယောက်ဖြစ်ပါ သည်။ သို့သော် လက်ရှိမြန်မာ၏ ဒီမိုကရေစီအစိုးရနှင့် ကွာခြား ချက်မှာ ယူရိုယူနိုက အမှန်တ ကယ် ဒီမိုကရေစီသို့ အင်ဒိုနီးရှား ကို ချီတက်စေခဲ့တာဖြစ်ပြီး ယခင် စစ်အာဏာရှင် အမူအကျင့်များ နှင့် လမ်းခွဲထွက်နိုင်ခြင်း ဖြစ် သည်။ ပြီးတော့ လွှတ်တော်ထဲမှာ ထည့်ထားသည့် တပ်မတော်သား ၂၅ ရာခိုင်နှုန်း၏ အခန်းကဏ္ဍကို လည်း တဖြည်းဖြည်းနှင့် သိသိ သာသာ လျှော့ပေါ့ဖယ်ရှားပစ်နိုင် ခဲ့သည်။ အင်ဒိုနီးရှားဖွဲ့စည်းအုပ် ချုပ်ပုံမှာ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က နိုင်ငံတော်အာ ဏာကို အချိန်မရွေး သိမ်းယူနိုင် ခြင်းလည်း မပါပါ။ အရပ်သား တစ်ယောက်ကို သမ္မတမဖြစ်စေ နိုင်ရန် ရည်ရွယ်ကန့်သတ်ချက် မျိုးလည်း မရှိ။ သမ္မတက စစ်ရေး အမြင်ရှိစရာလည်း မလို။

ဒီနေ့ မြန်မာကို ဒီမိုကရေစီ အသွင်ပြောင်းနေသည့် ဗိုလ်ချုပ် ကြီးဟောင်းများ၏ အစိုးရအဖွဲ့က ကော ထိုသို့ ဟုတ်ပါရဲ့လား။ ဖွဲ့ စည်းပုံအခြေခံဥပဒေကို သူတို့ စိတ်ကြိုက်ရေးဆွဲ ပြဋ္ဌာန်းခဲ့သည်။

နိုင်ငံရေးစင်မြင့်တွင် ယခင်ကလို စစ်ယူနီဖောင်းဝတ်များ မမြင်ရ တော့သော်လည်း အရပ်သား တစ်ဖြစ်လဲ ဗိုလ်ချုပ်ကြီးများက မြန်မာနိုင်ငံရေးတွင် လွှမ်းမိုးနေဆဲ ရှိသေးသည်။ ပြီးတော့ လွတ်လပ် စွာ ပြောဆိုရေးသားခွင့်၊ စီတန်း လှည့်လည်ခွင့်စသော အခြေခံလူ့အခွင့်အရေးများကို ကန့်သတ်ထားပြီး အတိုက်အခံ၏ နိုင်ငံရေးတွင် ပါဝင်ခွင့်ဘောင်ကိုလည်း ချုပ်ကိုင်ထားသည်။ ဒီမိုကရေစီသို့ရွေ့လျားစေရန် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဥပဒေအချို့ကို ပြင်
ဆင်နိုင်ရေးအတွက် လူထုနှင့်အတိုက်အခံက အင်တိုက်အားတိုက် တောင်းဆိုနေသည့်တိုင် အစိုးရဘက်က လိုလားသည့် စိတ်ဆန္ဒ မပြသေးပါ။

အပေါ်ယံအားဖြင့် မြန်မာ နှင့် အင်ဒိုနီးရှားမှာ စစ်တပ်က နိုင်ငံရေးမှာ လွှမ်းမိုးပုံချင်း၊ ဒီမိုက ရေစီသို့ သွားပုံချင်းမှာ ကျွမ်းကျင် သူများ အကဲဖြတ်သလို တူညီမှု ရှိသယောင် ထင်ရသော်လည်း နိုင်ငံရေးတွင် ပါဝင်ဦးဆောင်သူ များ စေတနာနှင့် ပန်းတိုင်သို့ ချီ တက်ပုံခြင်းမှာ ကွဲပြားပါသည်။ ဆိုခဲ့သည့်အတိုင်း အင်ဒိုနီးရှား က ဒီမိုကရေစီကို တစ်နေ့တခြား ရင့်ကျက်အောင် စွမ်းဆောင်နိုင် ခဲ့သော်လည်း မြန်မာက ဒီမိုက ရေစီ ပြုပြင်ပြောင်းလဲရေးလုပ် မည်ဟု ကြွေးကြော်အပြီး ငါးနှစ် နီးပါး ကြာလာသည့် ယခုအခါမှာ သိပ်ပြီး မရေရာပါ။ အများစိုးရိမ် သလို နောက်ကြောင်းမပြန်သော် လည်း ရှေ့သို့ တိုးတက်ခြင်း မရှိ ပါချေ။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ရေး ပြောင်းလဲမှုဖြစ်စဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ သော အရပ်သားတစ်ယောက် ကို သမ္မတမဖြစ်နိုင်အောင် ကန့် သတ်ထားခြင်း၊ စစ်တပ်က နိုင်ငံ ရေးတွင် နက်ရှိုင်းစွာ ပါဝင်ပတ် သက်နေဦးမည့် လက္ခဏာရှိခြင်း၊ ရွေးကောက်ပွဲမဲပေးစနစ်ကို နိုင် သူအကုန်ယူစနစ်မှ အချိုးကျ ကိုယ်စားပြုစနစ်သို့ ပြောင်းလဲရန် စိုင်းပြင်းနေခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်း ရေးရရှိရန် မရေရာသေးခြင်း၊ လူထု၏ လွတ်လပ်စွာ ဆန္ဒထုတ် ဖော်ခွင့်အပါအ၀င် စာနယ်ဇင်း များ၏ လွတ်လပ်သော အရေး အသားများအပေါ် တည်ဆဲဥပဒေ တွေနှင့် ခြိမ်းခြောက်ခံနေရခြင်း စသည်တို့ရှိနေပါသည်။

မည်သို့ဖြစ်စေ ‘‘ဒီမိုကရေစီ ဘာမှားနေသလဲ’’ဟု အီကော် နောမစ် မဂ္ဂဇင်းက မေးခွန်းထုတ် ရေးသားရသည်အထိ အာရပ်နွေ ဦးနိုင်ငံများတွင် ဒီမိုကရေစီထူ ထောင်ရေး မအောင်မမြင်ဖြစ်နေ ချိန်၊ အချို့တိုင်းပြည်များတွင် စစ်
တပ်က အာဏာသိမ်းမှု လှိုင်း ဂယက်များ ရှိနေချိန်မျိုးတွင် အင် ဒိုနီးရှားရွေးကောက်ပွဲရလဒ်က ကမ္ဘာကြီးအတွက် အားတက်စ ရာ ဖြစ်ရသည်။ ဒီမိုကရေစီစနစ် အောက်တွင် ပြည်သူလူထုအနေ ဖြင့် သူတို့ကို အုပ်ချုပ်မည့် ခေါင်း ဆောင်အား သူတို့ကိုယ်ပိုင်ဆန္ဒ ဖြင့် လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိ ကြောင်း၊ လူထုထောက်ခံပါက နိုင်ငံသားတစ်ဦးအနေဖြင့် မည် သူမဆို သမ္မတဖြစ်နိုင်ကြောင်း အာဏာနှင့် ကိုယ်ကျိုးစီးပွားအ တွက် ဒီမိုကရေစီ ပုံဖျက်နေကြ သူများရှိနေသော ကမ္ဘာကြီးကို အင်ဒိုနီးရှားက သက်သေပြလိုက် ခြင်း ဖြစ်ပါသည်။

7daydaily

+959 ဖုန်းနံပါတ်များသို့ ခေါ်ဆိုမှုတစ်မိနစ် တစ်ထောင်ကျပ်ဖြတ်နေခြင်းမဟုတ်ဟုဆို


ရန်ကုန်− မိုဘိုင်းဖုန်းများသို့ ဖုန်း ခေါ်ဆိုမှုများတွင် +959 ဖြင့် ဝင်ရောက်နေမှုများရှိပြီး ယင်းနံပါတ်အား ပြန်လည်ခေါ်ဆိုပါက နိုင်ငံခြားသို့ ခေါ်ဆိုခနှုန်းထားကဲ့သို့ တစ်မိနစ်လျှင်ကျပ် ၁,၀၀၀ ဝန်းကျင်ကောက်ခံခြင်းမှာ မဟုတ်ကြောင်း သတင်းရရှိသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ နိုင်ငံတကာကဲ့သို့ ဖုန်းခေါ်ဆိုသည့်စနစ်ဆောင်ရွက်ရန် စမ်းသပ်ရန်အတွက် ပြောင်းလဲမှုများ ပြုလုပ်နေခြင်းများကြောင့် ဖုန်းခေါ်ဆိုမှုများနှင့် SMS များဝင်ရာတွင် +959 နံပါတ်များဖြင့် ဝင်ရောက်မှုများရှိနေခြင်းဖြစ်သည်။

လက်ရှိတွင်မူ အွန်လိုင်းပေါ်တွင် ယင်းကိစ္စနှင့်ပတ်သက်၍ ခေါ်ဆိုသူအချို့က ငွေကျပ်တစ်ထောင်ဖြတ်တောက်ခံရသည်ဟု ရေးသားမှုများ ပျံ့နှံ့နေပြီး သတိပေးမှုများပြုလုပ်ကြသည်။

‘‘Internation ပုံစံလုပ်မလို့ စမ်းသပ်နေတာပါ။ +959 နဲ့ ပြန်ခေါ်ခေါ် အရင်ဖုန်းနံပါတ် 09 ဆိုပြီးပဲပြန်ခေါ်ခေါ် အရင်နှုန်း တစ်မိနစ် ၅၀ ပဲဖြစ်တာပါ’’ဟု 1876 Call Center မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မိုဘိုင်းဖုန်းအဝင်ခေါ်ဆိုမှုများနှင့် SMS အဝင်များတွင် +959 နံပါတ်ဖြင့် မိုဘိုင်းဖုန်းအားလုံးတွင် ဝင်ရောက်ခြင်းမဟုတ်ဘဲ ပြန်လည်ခေါ်ဆိုခြင်းနှင့် SMS ပြန်လည်ပေးပို့ခြင်းများကို ယခင် မြန်မာ့ဆက်သွယ်ရေး၏ နှုန်းထားဖြင့်သာ အသုံးပြုနိုင်ခြင်းဖြစ် ကြောင်းသိရသည်။

လက်ရှိတွင် ဖုန်းနံပါတ် အချို့အား 09 အစား +959 ဖြင့် စမ်းသပ်ခေါ်ခေါ်ဆိုကြည့်နိုင်ပြီး လက်ရှိခေါ်ဆိုထားသူအချို့ ယင်း သို့ဖြတ်တောက်ခံရမှုမရှိကြောင်း စုံစမ်းသိရှိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းများမှ နိုင်ငံတကာသို့ ယူဆောင်သွားသည့် မိုဘိုင်းဖုန်းများတွင် SMS စနစ်အသုံးမပြုနိုင် သေးကြောင်း လက်ရှိ +959 များဖြင့် စမ်းသပ်နေခြင်းသာဖြစ်ပြီး လက်ရှိပြည်တွင်းရှိ ပြည်ပအော် ပရေတာများမှလည်း စမ်းသပ်မှု များဆောင်ရွက်နေခြင်းကြောင့် SMS အများစုတွင် +959 ဖြင့် ရောက်ရှိနေခြင်းဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။

7daydaily

ဆံညှပ်အခုတစ်ရာ



ဟိုးရှေးရှေးတုန်းက ဘုရင်တစ်ပါးမှာ သမီးတော် (၇)ယောက်ရှိတယ်။ သမီးတော်တွေဟာ ချောမောလှပကြပြီး ရှည်လျားနက်မှောင်တဲ့ဆံပင်ကိုယ်စီ ပိုင်ဆိုင်ထားကြတယ်။ ဒါကြောင့် ဘုရင်က သမီးတော်တိုင်းကို လှပတဲ့ဆံညှပ်အခု(၁ဝဝ)ဆီ လက်ဆောင်ပေးခဲ့တယ်။

တစ်နေ့မနက်မှာ ပထမသမီးတော်ဟာ အိပ်ရာကထပြီး ခါတိုင်းလိုပဲ ဆံပင်တွေကို ဖြီးသင်နေခဲ့တယ်။ အဲဒီလိုဖြီးသင်နေတုန်း သူ့ရဲ့ဆံညှပ်တစ်ချောင်း ပျောက်နေတာကို သူသတိထားမိလိုက်တယ်။ ဒါနဲ့ ဒုတိယသမီးတော်ဆီကနေ ဆံညှပ်တစ်ချောင်း သူတိတ်တိတ်လေးခိုးယူလိုက်တယ်။

ဒုတိယသမီးတော်ကလည်း သူ့ဆံညှပ်တစ်ချောင်းပျောက်နေတာကို သတိထားမိတော့ တတိယသမီးတော်ရဲ့ ဆံညှပ်တစ်ချောင်းကို ခိုးယူလိုက်တယ်။ တတိယသမီးတော်ကလည်း သူ့ဆံညှပ်တစ်ချောင်းပျောက်နေတာကို သတိထားမိတော့ စတုတ္ထသမီးတော်ရဲ့ဆံညှပ်တစ်ချောင်းကို ခိုးယူလိုက်တယ်။ စတုတ္ထသမီးတော်က ပဉ္စမသမီးတော်ရဲ့ဆံညှပ်ကိုခိုးယူတယ်။ ပဉ္စမသမီးတော်က ဆဠမသမီးတော်ရဲ့ဆံညှပ်ကိုခိုးယူတယ်။ ဆဠမသမီးတော်က သတ္တမသမီးတော်ရဲ့ဆံညှပ်ကို ခိုးယူတယ်။ အဲဒီလိုနဲ့ သမီးတော်အငယ်ဆုံးရဲ့ဆံညှပ်က ၉၉ခုပဲရှိတော့တယ်။

နောက်တစ်နေ့မှာ အိမ်နီးချင်းနိုင်ငံက မင်းသားတစ်ပါးဟာ ဘုရင်ကြီးဆီ ရုတ်တရက် အလည်ရောက်လာခဲ့တယ်။ မင်းသားက “မနေ့က ကျွန်တော်မျိုးမွေးထားတဲ့ ခိုတစ်ကောင်ဟာ ဆံညှပ်တစ်ခုကို ကိုက်ချီလာခဲ့တယ်။ အရှင်မင်းကြီးရဲ့ သမီးတော်တွေရဲ့ဆံညှပ်ဖြစ်မယ်ထင်လို့ ကျွန်တော်မျိုးလာရောက်ရခြင်းဖြစ်ပါတယ်။ ဘယ်သမီးတော်ရဲ့ ဆံညှပ်ပျောက်သွားသလဲ ဘုရား” လို့ ဘုရင်ကြီးကို လျှောက်တင်တယ်။

သမီးတော်တွေက မင်းသားရဲ့စကားကိုကြားတော့ သူပျောက်ပါတယ်၊ ငါပျောက်ပါတယ်လို့ ပြောချင်ပေမယ့် သူတို့ဆီမှာက ဆံညှပ်အခုတစ်ရာဆီရှိနေတော့ မပြောနိုင်ခဲ့ကြဘူး။ အဲဒီမှာ သမီးတော်လေးက “သမီးတော်ရဲ့ ဆံညှပ်တစ်ချောင်း ပျောက်သွားပါတယ်”လို့ ပြောလိုက်တယ်။ စကားပြောပြောပြီးချင်း ဆံညှပ်တစ်ချောင်းလျော့နေတဲ့ သမီးတော်ရဲ့ဆံနွယ်တွေဟာ ဖြည်လျောကျလာခဲ့တယ်။ ဆံနွယ်တွေနဲ့ လှပနေတဲ့ သမီးတော်ရဲ့အလှကို မင်းသားရင်သပ်ရှုမောသွားခဲ့ပါတယ်။ နောက်ဆုံးတော့ ပုံပြင်ရဲ့အဆုံးက မင်းသားနဲ့မင်းသမီး ပျော်ပျော်ရွှင်ရွှင် ညားကြလေသတည်းပေါ့…..

ဆံညှပ်အခုတစ်ရာဟာ လုံးဝပြီးပြည့်စုံတဲ့ လူ့ဘဝလို့ဆိုရင် ဆံညှပ်တစ်ခုလျော့နေတဲ့ ဘဝက မပြီးပြည့်စုံတဲ့ဘဝလို့ ဆိုရပါမယ်။ မပြီးပြည့်စုံတဲ့ဘဝဟာ နောင်တစ်ချိန်မှာ ပြောင်းလဲခွင့်ရှိတဲ့ အခွင့်အရေးကို ရပါလိမ့်မယ်။ အဆုံးမရှိတဲ့ ပြောင်းလဲခွင့်နဲ့ကြုံနိုင်ပါတယ်။
ချွတ်ယွင်းချက်ရှိတာနဲ့ စိတ်ညစ်မှိုင်တွေနေတော့မလား…
လူ့ဘဝရဲ့ မပြည့်စုံခြင်းကို ဘယ်လိုရင်ဆိုင်မလဲ….

မျက်ကွယ်ပြုတယ်ဆိုတိုင်း ပြီးဆုံးသွားမှာမဟုတ်ပါဘူး။
ရင်ဆိုင်ရတယ်ဆိုတိုင်း ခက်ခဲတာမဟုတ်ပါဘူး။
အထီးကျန်တယ်ဆိုတိုင်း မပျော်ရွှင်တာမဟုတ်ပါဘူး။
ရယူပိုင်ဆိုင်ပြီဆိုတိုင်း ထာဝရတည်မြဲတာမဟုတ်ပါဘူး။
ရှုံးဆုံးပြီဆိုတိုင်း နောက်တစ်ဖန်မပိုင်ရတော့တာ မဟုတ်ပါဘူး။
လှည့်ထွက်ခဲ့တယ်ဆိုတိုင်း စိတ်ဓာတ်ပျော့လို့ မဟုတ်ပါဘူး။

ရွေးချယ်စရာလမ်းမရှိတော့ဘူးလို့ အလျင်စလို မပြောလိုက်ပါနဲ့။
လောကမှာ အမှားနဲ့အမှန်ပဲရှိတယ်လို့ မထင်လိုက်ပါနဲ့။
ကိစ္စတော်တော်များများရဲ့အဖြေဟာ တစ်ခုတည်းရှိတာ မဟုတ်ပါဘူး။
ကျွန်မတို့မှာလျှောက်ဖို့လမ်းတွေ အမြဲရှိနေပါသေးတယ်။
လက်လွှတ်တတ်ဖို့ သိနားလည်သူဟာ ပေါ့ပါးတယ်။
မေ့တတ်ဖို့ သိနားလည်သူဟာ လွတ်လပ်တယ်။
စိတ်ညစ်ဖို့ သင်ဆင်ခြင်ပေးနိုင်ရင် ပျော်ရွှင်ဖို့အတွက်ကိုလည်း သင်ဆင်ခြင်ရှာနိုင်ပါတယ်။

မူရင်းလင့် – http://www.christianstudy.com/data/illu/sic0104.html

နိုင်းနိုင်းစနေ (Monday, December 12, 2011)

တည်းခိုခန်းတွင် အချင်းများပြီး ဓားဖြင့်ထိုးကာ အင်းလျားကန်အတွင်း ပစ်ချခဲ့


ကြည့်မြင်တိုင်မြို့နယ်ရှိ စိတ်ကူးသစ်တည်းခိုခန်းမှ ပျောက်ဆုံးသွားပြီး နှစ်ရက်အကြာတွင် အင်းလျားကန်အတွင်း အလောင်းပြန်လည်တွေ့ရှိရသူကို သတ်ခဲ့သူမှာ တည်းခိုခန်း မန်နေဂျာဖြစ်သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ လှိုင်မြို့နယ် (၂)ရပ်ကွက်၊ (၈)လမ်းတွင် နေထိုင်သည့် အသက် ၂၆ နှစ်အရွယ် ကိုကျော်မျိုးထွန်းသည် ဇူလိုင် ၂၀ ရက်၊ ည ၁၀ နာရီအချိန်တွင် အပြင်ခဏသွားမည်ဟုဆိုကာ နေအိမ်မှ ထွက်သွားခဲ့ပြီး ဇူလိုင်လ ၂၂ရက်၊ နံနက် ၁၁ နာရီအချိန်တွင် ကြည့်မြင်တိုင် မြို့မရဲစခန်းက အစ်ကိုဖြစ်သူ ဦးရန်နောင်ကျော်၏ဖုန်းကို ဆက်သွယ်ကာ စိတ်ကူးသစ် တည်းခိုခန်းသို့ လာရန် အကြောင်းကြားခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ဦးရန်နောင်ကျော် ရောက်ရှိသွားစဉ်တွင် ညီဖြစ်သူ ကိုကျော်မျိုးထွန်းကို မတွေ့ဘဲ ၎င်း၏ဖုန်းကိုသာ တွေ့ရှိခဲ့ပြီး အခန်းအတွင်းရှိ ခေါင်းအုံးနှင့် အခင်းတို့တွင် သွေးများ ပေကျံနေကာ တည်းခိုခန်းမှ တာဝန်ရှိသူများက ကိုကျော်မျိုးထွန်းမှာ ဇူလိုင်လ ၂၀ ရက်တွင် လာရောက်တည်းခိုခဲ့ပြီး ဇူလိုင်လ ၂၁ ရက်၊ ညပိုင်းတွင် အပြင်သွားမည်ဟုဆိုကာ ထွက်သွားခဲ့သည်ဟု ပြောသဖြင့် ပိတောက်ချောင်း နယ်မြေရဲစခန်းတွင် လူပျောက်အမှု ဖွင့်ခဲ့သည်။

ထိုသို့ အမှုဖွင့်ပြီးနောက် ဇူလိုင် ၂၃ ရက်၊ ည ၆ နာရီခွဲ အချိန်ခန့်တွင် မရမ်းကုန်းမြို့နယ်၊ (၁၀) ရပ်ကွက်ရှိ အင်းလျားကန်အတွင်း အမျိုးသားတစ်ဦးမှာ ၀မ်းဗိုက်နှင့် လည်ပင်းတွင် ထိုးသွင်းဒဏ်ရာများနှင့် သေဆုံးနေသည်ကို တွေ့ခဲ့ရသဖြင့် ဆက်စပ်စုံစမ်းရာတွင် ကိုကျော်မျိုးထွန်း၏ အလောင်းဖြစ်နေ၍ အစ်ကိုဖြစ်သူက တရားလိုပြုတိုင်တန်းကာ ကြည့်မြင်တိုင်မြို့မ ရဲစခန်းတွင် (ပ) ၅၀၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့သည်။

ထို့နောက် တည်းခိုခန်းမန်နေဂျာ ဦးမောင်မောင်နှင့် ၀န်ထမ်းအချို့ကို မသင်္ကာသဖြင့် စစ်ဆေးမေးမြန်းရာတွင် ၎င်းတို့၏ ထွက်ဆိုချက်အရ ကိုကျော်မျိုးထွန်းသည် ဇူလိုင်လ ၂၁ ရက်၊ ည ၁၀ နာရီခန့်တွင် အခန်းတံခါးထုကာ အော်ဟစ်ဆူညံနေသဖြင့် မန်နေဂျာမှ ၀င်ရောက်တားဆီးရာမှ ရန်ဖြစ်ခဲ့ပြီး ဦးမောင်မောင်မှ စတီးဓားဖြင့် ကိုကျော်မျိုးထွန်း၏ ၀မ်းဗိုက်နှင့် လည်ပင်းကို ထိုးခဲ့ရာမှ သေဆုံးသွားခဲ့ပြီး အလောင်းကို အင်းလျားကန်အတွင်းသို့ ပစ်ချခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ထို့ကြောင့် လူသတ်ပြီး အလောင်းဖျောက်ဖျက်ခဲ့သည် ဦးမောင်မောင်အပါအ၀င် ငါးဦးကို စစ်ဆေးလျက်ရှိသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

mizzima

Myths about menstrual cycle ရာသီလာခြင်း အရိုးစွဲအယူအဆများ



နိုင်ငံတိုင်း၊ ယဉ်ကျေးမှုတိုင်းမှာရှိတယ်။ မရိုးနိုင်အောင်ဆန်းပြားတာတွေလဲ ကြာရတယ်။ စိတ်ကူးယဉ်ပုံပြင်တွေထက် ထူးခြားတာတွေလဲပါတယ်။ အရိုးစွဲအယူအဆများစာအုပ်က အဲလိုအယူမှားတွေကို Absurdities အဓိပ္ပါယ်မရှိတာတွေလို့ ဆိုလိုက်ပါတယ်။ မိခင်တွေကနေ သမီးတွေကို မှန်တာတွေကိုသာ သင်ပေးပါလို့ အကြံပြုလိုက်ပါတယ်။

မှားတဲ့အယူအဆ နမူနာတွေ -
• You can’t go swimming during your period ရေမကူးရ။
• It’s unhealthy to have sex during your period ခင်ပွန်းနဲ့အတူမနေရ။
• Don’t wash your hair when you’re menstruating ခေါင်းမလျှော်ရ။
• Girls shouldn’t use tampons during their first periods ရာသီစလာတဲ့မိန်းကလေး စုပ်ယူတဲ့ပစ္စည်းမသုံးရ။
• You shouldn’t exercise အားကစားမလုပ်ရ။
• You won’t get pregnant if you have sex during menstruation ရာသီလာနေစဉ်ဆက်ဆံရင် ကိုယ်ဝန် သေချာပေါက်မရဘူးဆိုတာလဲ % ပြည့်မမှန်ပါ။ မျိုးဥထွက်တာ မတူကြပါ။
• Only mothers have heavy bleeding ကလေးမွေးဘူးမှသာ ရာသီအဆင်းများတယ်။
• Menstruating women are prone to cold so do not take shower အအေးမိတတ်လို့ရေမချိုးနဲ့။

တချို့ဟာတွေကို မမှန်ပါဘူးလို့ အသားလွတ်ငြင်းရတာခက်လို့ နည်းနည်းပါးပါး မှန်တယ်ဘဲထားပါအုံး ကောင်းတဲ့ အကြံဥာဏ်ကိုတော့ လက်မလွတ်ပါနဲ့။ အစားအသောက် ကောင်းကောင်းစားတာ၊ ကိုယ်လက် လှုပ်ရှားမှုလုပ်တာ၊ စိတ်ကို အပြုသဘောဆောင်တာတွေက မလွဲမသွေလိုပါတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၇-၂ဝ၁၄

မလေးရှား ပျက်ကျလေယာဉ် ဒုံးကျည်စထိမှန်ကြောင်း Black Box မှတ်တမ်းတွေ ပြသ



ယူကရိန်းနိုင်ငံအရှေ့ပိုင်းက မလေးရှားလေယာဉ်ပျက်ကျသွားတဲ့နေရာနားတ၀ိုက်က တချို့နယ်မြေတွေကို ရုရှားလိုလားတဲ့ သူပုန်တွေဆီကနေ တနင်္လာနေ့မှာ ပြန်ပြီးတော့ သိမ်းယူနိုင်လိုက်တယ်လို့ ယူကရိန်းစစ်တပ်က ပြောလိုက်ပါတယ်။

ဒါ့အပြင် မလေးရှားလေယာဉ်မှတ်တမ်းတွေအရ လေယာဉ်ဟာ Shrapnel ဒုံးကျည်နဲ့ တိုက်ခိုက်ခံလိုက်ရတာဖြစ်တယ်လို့ ယူကရိန်းက ပြောလိုက်ပါတယ်။

ယူကရိန်းတပ်တွေဟာ ရုရှားနယ်စပ်နားမှာ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေကို ထိုးစစ်တွေဆင်နေတဲ့တချိန်တည်းမှာပဲ ယူကရိန်းစစ်တပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Andriy Lysenko က ကိယဗ်မြို့တော်မှာ တနင်္လာနေ့က ပြောကြားလိုက်တာဖြစ်ပါတယ်။

လေယာဉ်ပျက်ကျသွားတဲ့နားမှာ တိုက်ပွဲတွေဖြစ်ခဲ့တာကြောင့် နိုင်ငံတကာစုံစမ်းစစ်ဆေးသူတွေဟာ အဲဒီနားတ၀ိုက်မှာ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ သူတို့ရဲ့ အစီအစဉ်တွေကို ၂ ရက်ဆက်တိုက်ဖျက်ခဲ့ရပါတယ်။

လေယာဉ်ရဲ့ ပျံသန်းမှုမှတ်တမ်းကို လေ့လာသုံးသပ်နေတဲ့ ဗြိတိန်နိုင်ငံက စုံစမ်းစစ်ဆေးသူတွေကတော့ Shrapnel ဒုံးကျည်ထိခဲ့တာလို့ Lysenko ပြောတာနဲ့ ပတ်သက်ပြီး တစုံတရာ မှတ်ချက်ပေးပြောကြားခဲ့ခြင်းမရှိဘဲ ဒီစုံစမ်းစစ်ဆေးမှုကို ဦးဆောင်နေတဲ့ ဒတ်ခ်ျ စုံစမ်းစစ်ဆေးသူတွေကလည်း ဒါကို အတည်ပြုဖို့ ငြင်းဆန်ခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)