အိမ်၊ခြံ၊မြေ ငှားရမ်းခွန် ပေးဆောင်ခြင်းရှိမရှိ ဩဂုတ်လအတွင်းစစ်ဆေးမည်


ရန်ကုန်၊ ဇွန် ၂၂- သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်အုပ်ချုပ် ရေးမှူးများ ထံသို့ ဆက်သွယ်ကာ အိမ်၊ ခြံ၊ မြေ ငှားရမ်းခြင်း ဆိုင်ရာ အခွန်ပေးဆောင်ခြင်း ရှိမရှိနှင့်ပတ် သက်၍ ဩဂုတ်လမှ စတင်ကာပြည် တွင်း အခွန်များဦးစီးဌာနမှ တာဝန် ရှိသူများအနေဖြင့် ကွင်းဆင်းစစ်ဆေး သွားမည် ဖြစ်ကြောင်း အဆိုပါဦး စီးဌာနမှ သိရှိရသည်။

အိမ်၊ ခြံ၊ မြေ၊ ဆိုင်၊ ဂိုဒေါင်၊ စက် ရုံ၊ အဆောက်အအုံ၊ ငှားရမ်းခြင်းဖြင့် ဝင်ငွေရရှိမှု ကို စိစစ်နိုင်ရန် ခရိုင်၊ မြို့နယ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးထံ စာရင်းကောက်ခံ သွားမည်ဖြစ်သော ကြောင့် အခွန်ရုံးသို့ ဆက်သွယ်ခြင်း မရှိသူများအနေဖြင့် အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း သိရသည်။

အိမ်၊ ဆိုင်၊ မြေ၊ ဂိုဒေါင်၊ စက်ရုံ ၊ အဆောက်အအုံငှားရမ်းခြင်း ဖြင့် ရရှိလာသည့် ဝင်ငွေများမှာ အခွန်ဥပဒေအရ အခွန်စည်းကြပ် မည့် ဝင်ငွေအမျိုးအစားဖြစ်သည့် အတွက် အဆိုပါလုပ်ငန်းများဖြင့် ဝင်ငွေရရှိသူများသည် ငှားရမ်းသည့် အဆောက်အအုံ ၊ မြေတည်ရှိရာ လိပ်စာ ၊ ပိုင်ရှင်၊ တယ်လီဖုန်း၊ ငှားရမ်း သူအမည်၊ ကာလစသည့် အချက် အလက်များကို သက်ဆိုင်ရာ မြို့နယ် အခွန်ဦးစီးဌာနများသို့ ပေးပို့ထား ရန် ထုတ်ပြန် ကြေညာထားခြင်းဖြစ် သည်။

''ကိုယ့်ဝင်ငွေက သိန်း၂ဝမကျော် လဲ အခွန်ရုံးကို ဆက်သွယ်ရမယ်။ မကျော်ဘူးဆိုပြီး မဆက်သွယ်လို့ တော့ မရဘူး။ အဓိက အခွန်ရုံးကို ဆက်သွယ်သတင်း ပို့ရမှာပါ။ သိန်း ၂၀ မကျော်ရင် သုညရာခိုင်နှုန်းသက် သာခွင့် ပေးထားတာပဲ၊ စာရင်းမပေး တဲ့သူတွေကို ကွင်းဆင်းစစ်ဆေးသွား မှာပါ'' ဟု ပြည်တွင်းအခွန်များဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

၂၀၁၄ ခုနှစ်တွင် မြန်မာနိုင် ငံ၌ ပထမဆုံးပြဋ္ဌာန်းထားသည့် ပြည်ထောင်စုအခွန် အကောက် ဆိုင်ရာ ဥပဒေတွင် ဝင်ငွေခွန်ကို သတ်မှတ်ထားသော ခံစားခွင့်များ ခုနှိမ်ပြီးနောက် ကျန်ဝင်ငွေအပေါ် တွင် တစ်ကျပ်မှ သိန်း၂ဝအထိကို သုည ရာခိုင်နှုန်း၊ ကျပ်သိန်း ၂၀ မှ သိန်း ၅ဝအထိကို ၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၅ဝမှ သိန်း ၁၀ဝအထိကို ၁ဝရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀ဝမှ သိန်း ၂၀ဝအထိကို ၁၅ရာခိုင်နှုန်း၊ ကျပ်သိန်း ၂၀ဝမှ သိန်း ၃၀ဝအထိ ကို ၂၀ ရာခိုင်နှုန်း၊ ကျပ်သိန်း၃၀၀ အထက်ကို ၂၅ရာခိုင်နှုန်း ပေး ဆောင်ရမည်ဟု ပြဋ္ဌာန်းထားသည်။

ရန်ကုန်မြို့တွင်း အိမ်ခြံမြေ ဈေးကွက်သည် အငှားဘက်တွင် အလုပ်ဖြစ်လျက်ရှိပြီး အိမ်ခြံမြေ ငှားရမ်းမှု ၈၀ ရာခိုင်နှုန်းသည် အခွန်ထမ်းဆောင်မှု နည်းပါးလျက်ရှိ ကြောင်း၊ အခွန်စည်းကြပ်ရန် သက် ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံး၊ ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေး အဖွဲ့နှင့် အခွန် ရုံးတို့က ပူးပေါင်းစစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

''အခုလို လုပ်လိုက်ရင်ကောင်း တာကတော့ လက်ရှိ မြင့်နေတဲ့ အငှားဈေးနှုန်းတွေ ကို အများကြီး မဟုတ်ရင်တောင် အနည်း ငယ်တော့ ထိန်းချုပ်နိုင်သွား တာပေါ့၊ ဘာကြောင့် လဲဆို အိမ်ငှားခ ဈေးတက် တိုင်း ဆောင်ရ တဲ့ အခွန်အခက တက်လာ မှာလေ၊ အထူး သဖြင့် ရွှေတောင် ကြား လမ်း လိုမျိုး၊ အင်းလျားလမ်းမှာမျိုး ကုမ္ပဏီတွေ အတွက် ငှားတဲ့ အိမ်တွေ ပေါ့ ၊ အောက်ခြေမှာတော့ သိပ် သိသာဦးမှာ မဟုတ်သေး ဘူး''ဟု ရွှေမင်္ဂလာ အိမ်ခြံမြေ အကျိုးဆောင် မှ ဦးထွန်းမြိုင်က ပြောသည်။

လက်ရှိ အခွန်ကောက်ခံမှု သည် ရန်ကုန်မြို့၏ နိုင်ငံခြားငွေဖြင့် ငှားရမ်းထားသည့် အိမ်၊ ဆိုင်၊ မြေ၊ ဂိုဒေါင်၊ စက်ရုံ၊ အဆောက်အုံများကို လည်း ဗဟိုဘဏ်၏ နိုင်ငံခြားငွေလဲနှုန်းဖြင့်တွက်ချက်၍ အခွန်ကောက် ယူသွားမည် ဖြစ်သည်။

[--Democracy today Daily Newspaper--]

Yangon Media Group

ခန္ဓာကိုယ်တစ်ခုလုံးလှူတော့မည့် လေးစားဖွယ် မြန်မာအလှမယ်လေး


အလှမယ် ထားထက်ထက်သည် ၎င်း၏မျက်ကြည်လွှာ လှူဒါန်းပြီး ခန္ဓာကိုယ် အစိတ်အပိုင်းများကို ထပ်မံပေးအပ် လှူဒါန်းနိုင်ရန် စီစဉ်နေသည်ဟု မဇ္ဈိမကိုပြော သည်။

၎င်း၏ ခန္ဓာကိုယ် အစိတ်အပိုင်းများ ပေးအပ် လှူ ဒါန်းနိုင်ရန် အလှူ ခံမည့် ရန်ကုန်ဆေးရုံကြီးမှ လိုအပ်သည့် အချက်အလက်များနှင့် မည်သို့လှူဒါန်း ရမည် ကို သေချာစွာ မေးမြန်း ထားသည်ဟု ပြောသည်။

" ပရ ဟိတအနေနဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လှုဒါန်းချင်လို့ပါ။ ပထမတစ်ခါ မျက်ကြည်လွှာ သွားလှူတော့ ထားထက်နဲ့ အတူ မျက်ကြည်လွှာ လှူတဲ့သူတွေက သူတို့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လှူ ချင်တယ်ဆိုလို့ ထားထက်က စုံစမ်းပေးထားတာပါ။ ထားထက် ကိုယ်တိုင်လည်း ထားထက်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အခြား လူတစ်ယောက်ကို ပေးနိုင်အောင် ဆေးရုံကို အကြံဥာဏ်တောင်းထားပါတယ်" ဟု ထားထက်ထက်ကပြောသည်။

အလှမယ်ထားထက်ထက်သည် ဇွန်လ ၁၉ ရက်က ကိုရီးယားနိုင်ငံမှ နည်းပညာများ၊ ဆေးပညာများနှင့် ကိုရီယားရိုးရာ အလှအပ များကို သွားရောက် ရိုက်ကူးရာ မှ ပြန်ရောက် လာခဲ့ခြင်းဖြစ်ပြီး ကိုရီးယားနိုင်ငံတွင် Mom's Choice ခေါက်ဆွဲကြော်ငြာကို Sky Net မှ ရိုက်ကူးရေးသမားများနှင့် ရိုက်ကူးခဲ့ကာ မြန်မာနိုင်ငံတွင် လည်း Mom's Choice ဆီကြော်ငြာကို ထပ်မံ ရိုက်ကူးရန် စီစဉ်နေသည်။

၎င်းသည် ဇွန်လ ၂၈ ရက်နှင့် ၂၉ ရက် တို့တွင် အမျိုးသမီးရေးရာမှ စီစဉ် တင်ဆက်သည့် ယဉ်ကျေး စုံစွာ မျိုးမြန်မာ၊ ရိုးရာခြယ်သ တိုင်းရင်း ညီအစ်မ ဝတ်စား ဆင်ယင် ထုံးဖွဲ့မှုပြပွဲတွင် ပိုးထည်အင်္ကျီဖြင့် မြန်မာဝတ်စုံ ကဏ္ဍတွင် ပါဝင်ဖျော်ဖြေ တင်ဆက်မည်ဖြစ်သည်။
Mizzima

ကမ္ဘာ့ဖလား ဘောလုံးပွဲကြောင့် တရုတ်နိုင်ငံမှာ လူသေ




ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကောင်းတဲ့ ၂၀၁၄ ကမ္ဘာ့ဖလား ဘောလုံးပွဲကြောင့် လူသေဆုံးမှုတွေ တရုတ်နိုင်ငံမှာ ဖြစ်ပေါ်ခဲ့ပါတယ်။

ပထမဦးဆုံး သေဆုံးရသူကတော့ အသက် ၅၁ နှစ်အရွယ် လီမင်ကျင်းဆိုသူ ဖြစ်ပါတယ်။ စပိန်နဲ့ နယ်သာလင် ကန်နေတဲ့ ပွဲကိုကြည့်ရင်း သူလဲကျသွားပါတယ်။ မိတ်ဆွေတွေက သူ့ကို အရေးပေါ်ကားနဲ့ ဆေးရုံခေါ်သွားပေမယ့် လမ်းမှာတင် သေဆုံးသွားခဲ့ရပါတယ်။ စိတ်လှုပ်ရှားလွန်းလို့ နှလုံးရပ်ပြီး သေသွားရတာလို့ ဆရာဝန်က ပြောပါတယ်။

မကြာသေးမအီကပဲ ကျင်စုနယ် စုဇိုအရပ်မှာ အသက် ၂၅ နှစ်အရွယ် လူငယ်တစ်ယောက် သေနေတာကို တွေ့ကြရပြန်ပါတယ်။ အဲဒါကတော့ ပြီးခဲ့တဲ့ စနေနေ့ (၂၁ ရက်နေ့) ကပါ။ သူ့ကိုလည်း ဆေးရုံပို့တော့ သေနေပြီလို့ ဆရာဝန်တွေက ပြောကြတယ်။ အဲ့ဒီနေ့က ဂျာမနီ နဲ့ဂါနာ၊ နိုက်ဂျီးရီးယားနဲ့ ဘောစနီးယား၊ အာဂျင်တီးနားနဲ့ အီရန် တို့ယှဉ်ပြိုင်ခဲ့ကြတာပါ။ သူရှေ့မှာ ဖွင့်ထားတဲ့ ကွန်ပျူတာက ကမ္ဘာ့ဖလားပွဲ ထုတ်လွှင့်နေဆဲ ဖြစ်တာကြောင့် သူလည်း ဘောလုံးပွဲကြည့်ရင်းက ရှော့ခ်ရပြီး သေဆုံးသွားပုံရတယ်လို့ ရဲတွေက ကြေညာပါတယ်။

တနင်္ဂနွေနေ့ (၂၂ ရက်နေ့) ကလည်း ရှန်ဟိုင်းမှာ ဘောလုံးပွဲစောင့်ကြည့်နေတဲ့ အသက် ၂၉ နှစ်အရွယ် ဇိုဆိုသူဟာ ဦနှောက်သွေးကြောပြတ်ပြီး သေရပြန်ပါတယ်။ မနေ့ညကတော့ ဘယ်ဂျီယံနဲ့ ရုရှား၊ အယ်ဂျီးရီးယားနဲ့ တောင်ကိုရီးယား၊ ပေါ်တူဂီနဲ့ အမေရိကန်တို့ ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ သူလည်း ဘောလုံးပွဲကို သုံးညလုံးလုံး မနာတမ်းစောင့်ကြည့်ခဲ့တဲ့ ရလဒ်ကြောင့်လို့ ဆရာဝန်တွေက ဆိုပါတယ်။

ခုဆိုရင် တရုတ်နိုင်ငံမှာ ဘောလုံးပွဲကို မအိပ်မနေ စောင့်ကြည့်ခြင်းမပြုဖို့၊ တစ်ယောက်တည်း မကြည့်ဖို့ ဆရာဝန်တွေက တိုက်တွန်းနှိုးဆော်ထားပါတယ်။ အချိန်ကွာခြားချက်ကြောင့် ညဥ့်နက်မှဘောလုံးပွဲ ထကြည့်နေရတဲ့ တရုတ်တွေ နောက်ထပ် ဘယ်နှစ်ယောက် ထပ်သေမယ် ဆိုတာကိုတော့ ကမ္ဘာ့ဖလားဘောလုံးပွဲပြီးမှ စာရင်းအတိအကျ ကောက်နိုင်မယ်လို့ GB Times သတင်းက ဆိုထားပါတယ်။

The Voice Weekly

ဇင်ဝိုင်း ရုပ်ရှင်ရိုက်ရင်း ကြုံခဲ့ရတဲ့ မေမြို့ အခန်း ၁ က အမျိုးသမီးကိုယ်လုံးတီးသရဲ(ဖြစ်ရပ်မှန်)


တစ်ချိန်လုံးစိတ်ပျက်စရာတွေချည်းရေးနေရလို့ မိတ်ဆွေများကို အပြောင်းအလဲလေး ဖြစ်အောင်ပေါ့ပေါ့ပါးပါး အကြောင်းအရာလေး တစ်ခုပြောပြချင်ပါတယ်။ ဒီဇာတ် လမ်းက လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝ ကျော် ၁၉၈ဝ တစ်ဝိုက်ဆီကပါ။ အဲဒီအချိန်တုန်းက ပြင်ဦးလွင်(ခေါ်)မေမြို့မှာ ယနေ့ခေတ်လိုဟိုတယ်၊ တည်းခို ခန်းတွေအခုလို များစွာ မရှိကြသေးပါဘူး။ရှားရှားပါးပါး နန်းမြိုင်တစ်ခုလောက်ပဲရှိပါသေးတယ်။အဲဒီတော့ ကျွန်တော်တို့ရုပ်ရှင်သမားတွေ မေမြို့ တက်ပြီးကားရိုက်ကြပြီဆိုရင် ဘုန်းကြီးေ ကျာင်ြး ဖစ်ဖြစ်၊လုံးချင်းအိမ်ပဲဖြစ်ဖြစ်ငှားရမ်းတည်းခိုကြရတာပေါ့။ အခုပြောမယ့် ဧည့်ဂေဟာ(၃) လည်း အပါအဝင်ပေါ့ခင်ဗျာ။

ဒီနေရာမှာ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ ဧည့်ဂေဟာ(၃)နဲ့ ပရိသတ်ကြီးကို မိတ်ဆက်ပေးပါရစေ။ အင်္ဂလိပ်ကိုလိုနီခေတ်ရဲ့ လက်ကျန်အ ဆောက် အအုံဖြစ် သလို ဗိသုကာလက်ရာကလည်းအထူးခံ့ညားထည်ဝါပါတယ်။ သူ့ရဲ့အထူးခြားဆုံးအချက်ကတော့၊ သရဲအလွန်ခြောက်တယ်လို့ နာမည်ကြီး ခြင်းပါပဲ။ အပေါ်ထပ် တက်တဲ့ လှေကားလက်ရန်းတစ်လျှောက် အရင်ဒရဝမ် ဂေါ်ရခါးလူမျိုးက သရဲအခြောက်ခံရလို့ဓားနဲ့လိုက် ခုတ်ထားတဲ့ဓားရာတွေ၊ အပေါ် ထပ်လှေကား ထိပ် အခန်း(၁) တံခါးမှာလည်း တပ်မတော်အရာရှိကြီးတစ်ဦးတည်းခိုစဉ် တံခါးလာခေါက်လို့ဖွင့်အကြည့် ကိုယ့် ဦးခေါင်းကို လက်ထဲကိုင်ထားတဲ့ သရဲနဲ့တွေ့လို့သေနတ်နဲ့ ပစ်ထားတဲ့ ကျည်ဆန်ရာတွေကလည်း အထင်အရှားပါပဲ။

မေမြို့က လူတွေကလည်း သရဲအကြောင်းဆိုအတော့်ကို မြိန်ရေရှက်ရေပြောတတ်ကြပါတယ်။ ကျွန်တော်ငယ်စဉ်ဘဝ မေမြို့ရောက်ပြီဆိုရင် ညဘက် မီးလင်း ဖို ရှေ့၊ နေကြာစေ့ထိုင်ဝါးရင်း၊ အစ်မဖြစ်သူတွေက သရဲပုံပြင်တွေကိုတစ်ညတစ် မျိုးပြောပြတတ်ပါတယ်။ အခုပြောတဲ့ဧည့်ဂေဟာ (၃) အပါအ ဝင်ပေါ့ခင်ဗျာ။ ” ငွေစန္ဒာက စားသမား” ဆိုတဲ့ဇာတ်ကားကို ကျွန်တော့် ဆရာဦးတင်ဦးမေမြို့တက်ရိုက်တော့ အဲဒီနာမည်ကြီး ဧည့် ဂေဟာ(၃) မှာ ကျွန်တော်တို့ ရုပ်ရှင်အဖွဲ့တည်းခိုရပါတယ်။ ပါ ဝင်ကြတဲ့သရုပ်ဆောင်တွေက နေအောင်၊ စောမြသန္တာ၊ ဟန်တင်နဲ့ —တို့ပါ။ ကျွန်တော်ကတော့ကင်မရာ နောက်ကွယ်မှာကလက်ရိုက်၊ မှတ်တမ်းရေး၊ ဇာတ်ညွှန်း၊ လက်ေ ထာက် ဒါရိုက်တာစသဖြင့် အလုပ်စုံတဲ့ အသုပ်စုံဘဝနဲ့ ကင်မရာရှေ့ကို ရောက်အောင် ကြိုးစားနေဆဲအချိန်ပေါ့ခင်ဗျာ။

ကျွန်တော်တို့ ဒါရိုက်တာအဖွဲ့က အပေါ်ထပ်နာမည်ကြီး အခန်း(၁) မှာ အိပ်ကြပါတယ်။ ပုံထဲကစုလစ်မွမ်းချွန်အောက် တည့်တည့်ကအခန်းပေါ့။ ဆရာ မောင်တင်ဦးကို အဲ ဒီစုလစ်မွမ်း ချွန်အောက်တည့်တည့်မှာ ခုတင်နဲ့ပြင်ဆင်ပေးပြီး ကျန်တဲ့သူတွေကကြမ်းပေါ်မှာပဲ အိပ်ရာလိပ်ကိုယ်စီနဲ့ တန်းစီအိပ်ကြပါတယ်။ ကျွန်တော်မှတ်မိသမျှ၊ ဦး တင်ဦး၊ အကယ်ဒမီချစ်မင်း လူ၊ဟန်တင်၊ စတေကင်မရာမင်းန်ကိုမြသန်းထွန်း၊ ကိုကြည်လှိုင်၊ ကိုမြတ်ထွန်း၊ ကိုဆန်းတင့် ပြီးတော့ကျွန်တော်ရယ်၊ ကျွန် တော်နဲ့ အတူပါ လာတဲ့ နောင် တစ်ချိန် ဒါရိုက်တာဖြစ်လာတဲ့ ကဗျာဆရာပိုင်သတို့ပါ။ တလောကကွယ်လွန်သွားတဲ့ ရှုတင်ထမင်းကျွေးတဲ့ ကိုသိန်း ဝင်းက အဲဒီတုန်းက ညစောင့် ဘဝပဲ ရှိ ပါသေးတယ်။

မေမြို့မိုးကလည်း တဖွဲဖွဲနဲ့ မို့ out door ခေါ်တဲ့ အပြင်အခန်းတွေက ရိုက်မရ၊ အိမ်ကြီးထဲ ပဲ လှည့်ပတ်ရိုက်၊ တွက်ခြေက မကိုက်၊ ကံကောင်းတာတစ်ခုက ဒီလောက် ရက်ကြာလာပေမယ့် နာမည်သိပ်ကြီးတဲ့သရဲက မခြောက်တာပါပဲ။ တစ်ခုတော့ ရှိပါတယ်။ မရိုသေ့စကား ကျွန် တော်ရေအိမ်မှာဆီးသွားတဲ့အခါများမှာပါပဲ။ ရေချိုးခန်းရဲ့ မျက်နှာကြက်ကနေ ကြိုးတန်းလန်း နဲ့ (၆ဝ)ဝပ်မီးတစ်လုံးက တွဲလောင်း ရှိနေပါတယ်။ ကျွန် တော် မတ်တတ်ရပ်ဆီးသွားရင် မီးလုံးကိုကျောပေးလျက်ဆိုပါ တော့ ဒီအခါ မျိုးမှာ ကျွန်တော့် ရှေ့နံရံမှာပေါ်နေတဲ့ ကျွန်တော့် အရိပ်ကဘယ်ညာလွဲ နေပါတယ်။ နောက်ကမီးလုံးကို လှည့် ကြည့်တော့လည်းသူကခပ်တည်တည်ငြိမ်လို့၊ ရုပ်ရှင် သမားပီပီ အသောက်အစားလေးဖက်လာပြီဖြစ်တဲ့ ကျွန်တော်ကလည်း ငါများ ရေချိန်လွန်လို့ ယိမ်းနေသလားလို့ သတိထား ပြန်တော့လည်း မဟုတ်ပြန်၊ ဒီတော့ မီးလုံး က လည်း မလွဲ၊ ကျွန်တော်ကလည်း မတ်မတ် ရပ်နေပါလျက်နဲ့ နံရံပေါ်က အရိပ်ကတော့ဘယ်ညာဟန် ချက်ညီညီကြီးကိုယိမ်းလို့။ ဒါကျွန်တော်ညဘက်ဆီးသွား တိုင်းဖြစ်နေ ကျပါပဲ။ တခြားလူတွေကို ပြောပြတော့လည်း မင်းဟာ မင်းမူးနေတာ ငါတို့ကို လာခြောက်မနေနဲ့တဲ့။

ဒီလိုနဲ့ဆိုပါစို့ရဲ့။ ရန်ကုန်က —ရောက်လာတဲ့နေ့၊ မိုးကလည်း တိတ်ပြီး နေလေးကသာလို့၊ ဒီလိုနဲ့အဲဒီနေ့က BT. Brother ရေကူးကန်မှာ စရိုက်ကြပါတယ်။ အဲဒီအချိန်က —ကလည်း အလှဆုံးအချိန်၊ ရုပ်ရည်၊ အသားအရေ၊ ကိုယ်လုံးကိုယ်ပေါက်တစ်ခုမှ ပြောစရာမရှိ စင်းလုံးချော။ အဲ..ရေကူးဝတ်စုံနဲ့ဆိုတော့ ပို၍ ပို၍ပေါ့ခင်ဗျာ။ အဲလို ရေကူးဝတ်စုံနဲ့ —ကို ကျွန်တော်တို့ခေါ်တော့ တစ်ထောင်အားနဲ့ဝိုင်းအားပေးလိုက်ကြတာ ခမျာမှာပတ်ထားတဲ့ တဘက်တောင် မချွတ်ရဲအောင်ပါပဲ။ ဒါတော့ စတေ ကင်မရာမင်းန် ကိုမြသန်းထွန်းက ပိုစတာအတွက်ဆိုပြီး ရေကူးဝတ်စုံနဲ့ ပို့စ်မျိုးစုံလုပ်ခိုင်းပြီး ကင်မရာတစ်ချိန်ချိန်နဲ့ပေါ့။

ကဲ..စာလည်း ရှည်လှပေါ့။ အဓိကဇာတ်လမ်းက အခု မှစပါတော့မယ်။ အဲဒီနေ့ရိုက် ကွင်းသိမ်းလို့အိမ်ရှေ့က ပန်းခြံထဲလမ်းလျှောက် နေတဲ့—ကို ဒါရိုက်တာ ဆရာ ဦးတင်ဦးက ညည်းအဲဒီအလံတိုင်ကို သုံးခေါက်ပတ်ပြီး “ငါဘယ်သူ့မှ မကြောက်ဘူးဟေ့” လို့ အော်ရဲရင် ညကျ စတော် ယ်ရီဖျော်ရည်တိုက်မယ်လို့ လှမ်းစပါရော။ အံမယ် —ကလည်း အာဂဗျို့ အလံတိုင်တင်မက အိမ်ကိုပါသုံးပတ်ပတ်ပြီး “ငါဘယ်သူမှ မကြောက်ဘူးဟေ့” လို့ ဆိုပြီး အော်လေသဗျ။

ဒီလိုနဲ့ ညဘက်ရောက်လို့ ဆရာဦးတင်ဦးနဲ့ ကျွန်တော်တို့ နောက်နေ့ ရိုက်ကူးရေးအတွက် ဆွေးနွေးနေကြတုန်း မိန်းမတွေနေကြတဲ့အခန်းက အော်သံ ဟစ် သံတွေ ဝုန်း ဒိုင်းကြဲပေါ် ထွက်လာပါတယ်။ ကျွန်တော်တို့ လည်း ပထမတော့ ကြောင်နေ ကြတာပေါ့။ နောက်မှ ဦးတင်ဦးက ” ဟေ့ကောင် မောင်ဌေး ဘယ် သူတွေ ရန်ဖြစ်နေကြ တာ လဲသွားကြည့်စမ်းလို့” အငယ်ဆုံးဖြစ်တဲ့ ကျွန်တော့်ကို ခိုင်းပါတော့တယ်။ ကျွန်တော်လည်း အပေါ်ထပ်မှာပဲရှိတဲ့ မိန်းမများနေတဲ့ အခန်းကိုပြေး တံခါးကို တွန်း ဖွင့်ကြည့် လိုက် တော့..လား..လား၊ —တစ်ယောက်တစ်ကိုယ်လုံး အဝတ်တစ်စမကပ်ဘဲ ခုန်ပေါက်ရင်း ပါးစပ်ကလည်း ငါ့ကိုစမ်းကြတယ်။ ငါ့ကို စမ်းကြတယ်နဲ့ အော်နေပါတယ်။ ဒါ ကိုအထက် ဂိုဏ်းလိုက်တဲ့ အမေ ဒေါ်မေနွဲ့က—ဆံပင်ကိုဘယ်လက်နဲ့ဆွဲ၊ ညာလက်ကပါးကို ဖြန်းခနဲရိုက်ပြီး ” နင်ဘယ်သူလဲ ခုထွက်စမ်း ခုထွက်စမ်း” နဲ့အော်နေ တာ ကို တွေ့ရပါတယ်။

ကျွန်တော်လည်း အခန်းကို အမြန်ပြန်ပြေးရင်း တံခါးဝကရပ်ပြီး ” ဟိုမှာ —ကိုယ်လုံးတီးကြီးနဲ့ တစ္ဆေ” လို့ပြောတာ ကျွန်တော့်စကားတောင် မဆုံးလိုက်ရ ပါဘူး။ ကျွန်တော့် ကိုပါတွန်းထိုးလို့အလုအယက် တိုးဝှေ့ထွက်သွားတာကျွန်တော်မှာဖင်ထိုင် လဲကျန်ခဲ့ပါတော့တယ်။ သူတို့တွေ မိန်းမတွေအခန်း ဝကနေစုပြုံတိုးဝှေ့ကြည့် နေလေတော့ အမေဒေါ်မေနွဲ့ က ” သရဲကတစ်မှောင့်၊ဒီနှာဘူးတွေက တစ်မှောင့် နင်တို့ကိုပါပါးချလိုက်ရမလား” ဆိုပြီးအခန်း တံခါးကိုပိတ်လိုက်ပါတော့ တယ်။

ဇာတ်ပေါင်းတော့ —တစ်ယောက်ညတွင်းချင်းပဲ မြို့ထဲက သူ့မိတ်ဆွေအိမ်ကိုပြောင်း သွားပါတော့တယ်။ မနက်ထမင်းကြော်စားရင်း ကွယ်လွန်သွားပြီ ဖြစ်တဲ့ ဓာတ်ပုံမြ သန်းထွန်းက တမ်းတမ်းတတလွမ်းလွမ်းဆွေးဆွေးကြီးကို ပြောရှာပါရဲ့။ ” —ပြောင်းသွားတာ မှားတယ်ကွ။ မင်းတို့ဝိုင်းတားရမှာ။ အမှန်ဆိုသူဒီမှာပဲနေပြီး ညတိုင်း သရဲ ပူးနေရမှာကွ၊ နာတယ် ကွာတောက်” တဲ့ ခင်ဗျာ။

(စာကြွင်း) ဒီအိမ်ကြီးကို နောက်ပိုင်းမှာ သဇင်မြိုင်ဟိုတယ်ဆိုပြီး ဖွင့်ပါတယ်။ သိပ်မကြာခင်ပဲ ပြန်ပိတ်သွားပါတယ်။

ဇင်ဝိုင်း
Popular Myanmar

ဗူးဒူးမှော်ပညာအစီအရင်များတွင် အသုံးချရန်အာဖရိကကလေးများ ပြန်ပေးဆွဲခံနေကြရ



အာဖရိက ကလေးသူငယ်ရာပေါင်းများစွာတို့သည် ဗြိတိန်နိုင်ငံအတွင်းသို့ပြန်
ပေးဆွဲခေါ်ဆောင်ခံခဲ့ကြရပြီး ရက်စက်ကြမ်းကြုတ်သော ဗူးဒူးမှော်ပညာအစီ
အရင်များအတွက် အသုံးချခံဘ၀ရောက်ခဲ့ကြရဖွယ်ရှိကြောင်း ကုလသမဂ္ဂက
လေးများအခွင့်အရေးကော်မတီက ဇွန် ၂၀ တွင် သတိပေးလိုက်သည်။အာဖရိ
ကကလေးသူငယ်များကို ဗြိတိန်နိုင်ငံသို့ ပြန်ပေးဆွဲခေါ်ဆောင်ကာဗူးဒူး လော
ကီပညာ အစီအရင်များအတွက် အသုံးချနေသည်ဟူသော သတင်းများထွက်
ပေါ်နေမှုကြောင့် မိမိတို့စိုးရိမ်မကင်းဖြစ်ရကြောင်း ကုလကလေးများအခွင့်
အရေးကော်မတီအကြီးအကဲ ခရစ္စတန်ဆင်းဘက်ဂ်က ပြောကြားသည်။

ပြန်ပေးဆွဲခံခဲ့ရသော အာဖရိက ကလေးသူငယ်များမှာ အာဖရိကတိုက်၏ဗူးဒူး
လောကီပညာအစီအရင်များ၌ အသုံးချခံရရုံသာမက လိင်ပိုင်းဆိုင်ရာ အနိုင်
အထက်ပြုကျင့်မှုများဖြင့်လည်း ရင်ဆိုင်နေကြရသော်လည်း ယင်းဖြစ်စဉ်များနှင့်
ပတ်သက်၍ ဥပဒေကြောင်းအရဖြေရှင်းနိုင်မှုမှာ အရေအတွက် နည်းပါးလွန်းလှ
ကြောင်း ခရစ္စတန်ဆင်းဘက်ဂ်က ဝေဖန်ခဲ့သည်။

လိင်ပိုင်းဆိုင်ရာအရ၊ လုပ်အားအရ အမြတ်ထုတ်ခေါင်းပုံဖြတ်၍ အရွယ်မရောက်
သူထောင်ပေါင်းများစွာတို့မှာ ဗြိတိန်နိုင်ငံအတွင်းသို့ တရားမ၀င်နည်းလမ်းများဖြင့်
ခေါ်သွင်းခံနေရသည်ဖြစ်ရာ ဗူးဒူးလောကီပညာ အစီအရင်များအတွက်အာဖရိက
ကလေးများ လူကုန်ကူးခံရမှုမှာ ပြဿနာတစ်ရပ်လုံး၏ အစိတ်အပိုင်းတစ်ရပ်သာ
ဖြစ်ကြောင်း သိရသည်။ကုလသမဂ္ဂကလေးများအခွင့်အရေးကော်မတီ
(စီအာရ်စီ)သည် ကလေးများအခွင့်အရေးဆိုင်ရာ သဘောတူညီချက်များအား ကမ္ဘာ့နိုင်ငံများက အကောင်အထည်ဖော်နေသည့် ခြေအနေစောင့်ကြည့်နေ
သောအဖွဲ့ဖြစ်ပြီးလွတ်လပ်သည့် ကျွမ်းကျင်သူ ၁၈ ဦးဖြင့်ဖွဲ့စည်းထားသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

မိုးကြိုးအပစ်ခံရသော်လည်း သေဘေးကလွတ်



အတ္တလန္တာက ရှောင်အိုကော်နာ ဆိုသူကတော့ ထူးထူးခြားခြား မိုးကြိုးအပစ်ခံရပြီးတော့ သေဘေးက လွတ်ခဲ့ပါတယ်။ ရှောင်ဟာ သူ့ခြံထဲမှာ အလုပ်လုပ်နေတုန်း ရာသီဥတုက ချက်ချင်းကြီး ပြောင်းလဲသွားတာကို သတိထားလိုက်မိတယ်။

သူက “ကျွန်တော် ထွန်ခြစ်ကို ကောက်ကိုင်လိုက်ချိန်မှာ ကျယ်လောင်တဲ့ အသံကြီးတစ်သံကို ကြားလိုက်ရတယ်။ ခဏကြာတော့ ကျွန်တော်လည်း ပြန်ထလိုက်ချိန်မှာ ကျွန်တော့်ပါးစပ်ထဲက သွေးတွေ ထွက်လာသလို ခံစားလိုက်ရတယ်။ ခြေထောက်မှာလည်း မီးလောင်နေသလို ပူနေတယ်” လို့ သူက WSB Channel 2 ရုပ်သံလိုင်းကို ပြောပြပါတယ်။

အဲဒါနဲ့ ခြေထောက်ကို ငုံ့ကြည့်လိုက်တော့ သူစီးထားတဲ့ ဘွတ်ဖိနပ်မှာ မီးခိုးတွေ ထွက်နေတာကြောင့် သူလည်း ကြောက်လန့်ပြီး ဖိနပ်တွေကို ချွတ်ပစ်လိုက်ပါတယ်။ မိုကြိုးက သူ့ခြေထောက်ကို ထိသွားခဲ့တာ ဖြစ်ပါတယ်။

သူ့ဘယ်ဘက် ခြေထောက်နဲ့ ကိုယ်တစ်ခြမ်းလုံးမှာ ဝေဒနာ ခံစားနေရပေမယ့် ညာဘက်အခြမ်းကတော့ ကောင်းနေသေးတာ တွေ့လိုက်ရတယ်။ ဒါနဲ့ သူလည်း ဇနီးထံကို သူရင်ဆိုင်နေရတဲ့ ဒုက္ခတွေကို ဖုန်းနဲ့ ဗီဒီယိုရိုက်ပြီး ပို့လိုက်ပါတယ်။ အခြေအနေက ထိတ်လန့်စရာ ကောင်းပေမယ့် သူ့ဇနီးကိုလည်း ငါတော့ ကောင်းတယ် ထင်တာပါပဲလို့လည်း သတင်းပို့လိုက်ပါတယ်။

သူ့ဇနီးလည်း အိမ်က အမြန်ထွက်လာပြီး ရှောင်ကို ဆေးရုံ အရေးပေါ်ဌာနကို တင်ခဲ့ပါတယ်။ ပထမတော့ ဆရာဝန်တွေက သူတို့ကို လာနောက်နေတယ် ထင်ကြတယ်။ နောက်မှ ရှောင်ရဲ့ နှလုံးခုန်နှုန်းဟာ တစ်မိနစ်ကို အကြိမ် ၄၀ အောက် လျော့နည်းသွားလို့ ဆရာဝန်တွေလည်း သူ့ကို တစ်ညလုံး ကြည့်ရှု စောင့်ရှောက်ပေးခဲ့ရပါတယ်။

ရှောင်ကို မိုကြိုးပစ်ခဲ့တာ တနင်္ဂနွေနေ့က ဖြစ်ပါတယ်။ မိုးကြိုးအပစ်ခံရတဲ့ လူ ၇ သိန်းမှာ တစ်ဦးပဲ အသက်ရှင်တတ်တာကြောင့် ရှောင်ဟာ ထူးဆန်းတဲ့ လူတစ်ယောက် ဖြစ်ခဲ့ရတယ်။ သူ့ကို မိတ်ဆွေတွေက ဒီညပဲ ထီထိုးဖို့ ပြောကြတယ်။ သူကလည်း မိုးကြိုးအပစ်ခံရပြီး စိတ်တွေပြောင်းကာ ဇွန်းကို စိတ်နဲ့များ ညွှတ်ကွေးသွားအောင် လုပ်နိုင်မလား ဆိုပြီး နောက်ပြောင်ကာ စမ်းသပ်ခဲ့ပါတယ်။ ဒါပေမဲ့ မရခဲ့ကြောင်း ပြောပါတယ်။


The Voice Weekly

ဇွန်လအတွင်း ဓာတ်လိုက်ခံရ၍ သေဆုံးသူ ၁၀ ဦးထက်မနည်းရှိခဲ့ပြီး လေးဦးဒဏ်ရာရရှိ


ဖြိုးဝေလင်း| အင်္ဂါနေ့၊ ဇွန် ၂၄ ရက်၊ ၂၀၁၄ ခုနှစ်။

ရန်ကုန်တိုင်းအတွင်း ဇွန်လ ၁ ရက်မှ ၂၂ ရက်အထိ ဓာတ်လိုက်ခံရမှုကြောင့် သေဆုံးသူ ၁၀ ဦးထက် မနည်းရှိခဲ့ပြီး ဒဏ်ရာရရှိသူ လေးဦးခန့်ရှိခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးရှိ မှုခင်းမှတ်တမ်းများတွင် တွေ့ရသည်။

ယင်းသို့ လျှပ်စစ်ဓာတ်လိုက်သေဆုံးမှုများ ဖြစ်ပေါ်ရခြင်းမှာ သုံးစွဲသူပြည်သူများအနေဖြင့် လျှပ်စစ်နှင့် ပက် သက်ပြီးအသုံးပြုသည့်အခါ ပေါ့ဆစွာလုပ်ကိုင်နေခြင်းကြောင့် သေဆုံးခဲ့သူမှာ အများစုဖြစ်သဖြင့် လျှပ်စစ် အသုံးပြုသူများအနေဖြင့် လျှပ်စစ်ရုံးမှ ညွှန်ကြားချက်အတိုင်းလုပ်ဆောင်ရန်လိုအပ်ပြီး နေအိမ်အတွင်းရှိ လျှပ်စစ်ကြိုး အဟောင်းများလဲလှယ်ပါကလည်း ကျွမ်းကျင်သူများကိုခေါ်၍သာ ပြုလုပ်ရန်လိုအပ်သည်ဟု ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဒု-ဥက္ကဋ္ဌဦးမောင်မောင်လတ်က ပြောသည်။

“ပြီးခဲ့တဲ့လကလည်း အိမ်ရှေ့မှာဆိုင်ခန်းလုပ်ဖို့ လက်သမားခေါ်ပြီးလုပ်ရာကနေ လာလုပ်တဲ့လက်သမား နှစ်ယောက်လုံးဓာတ်လိုက်ပြီး သေသွားတာတွေဖြစ်ဖူးတယ်။ အဲဒီတုန်းက လက်သမားတွေက သံဆန် ခါတပ်ဖို့ လျှပ်စစ်ကြိုးနဲ့မလွတ်တော့ သူတို့သဘောနဲ့ သူတို့ ဖြုတ်လိုက်တဲ့ခါမှာ ၀ါယာကြိုးက သံဆန်ခါကို ထိပြီးဓာတ်လိုက်သေတာ။ နောက်ပြီး သစ်ပင်ပေါ်တက်ရင်း ဓာတ်လိုက်သေတာတွေလည်းရှိတယ်”ဟု ၎င်းက ဆိုသည်။

ယခုမိုးရာသီကာလအတွင်းသို့ရောက် ရှိနေသဖြင့် လျှပ်စစ်နှင့်ပတ်သက်ပြီး ပိုမိုသတိထားရန်လိုအပ်ပြီး ဇွန်လ ၂၁ ရက် ညနေ ၅ နာရီဝန်းကျင်ကလည်း လူစည်ကားသည့်ဈေးလမ်းမပေါ်သို့ ဗို့အား(၄၀၀) ခန့်ရှိ သည့် ဓာတ်ကြိုးပြတ်ကျရာမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ပြီး နှစ်ဦးဒဏ် ရာရရှိခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သေးသည်။

အဆိုပါဖြစ်စဉ်နှင့်ပက်သက်ပြီး သက်ဆိုင်ရာမြို့နယ်လျှပ်စစ်ဌာနကို ပြည်သူလူထုက ဝေဖန်မှုများရှိနေပြီး ယင်းဓာတ်ကြိုးပြတ်ကျရခြင်းမှာ မီးအသုံးပြုသူများပြားပြီး ရာသီဥတုဒဏ်ကြောင့် အထက်ပါဖြစ်စဉ် ဖြစ်ပွား ရခြင်းဖြစ်သည်ဟု လျှပ်စစ်ရုံးက ပြန်လည်ပြောဆိုထားသည်။

မြို့တွင်းဖြန့်ဝေနေသည့် လျှပ်စစ်ဓာတ်အားပေး ထရန်စဖော်မာများနှင့် ပတ်သက်ပြီး လှိုင်မြို့နယ်၊ သုခ လမ်းအတွင်း နေထိုင်သူတစ်ဦးက“ကျွန်တော်တို့လမ်းထိပ်က ထရမ်စဖော်မာဆို ခဏခဏ ထထပါက် တယ်။ မီးတွေလည်းပွင့်ပြီး အသံကလည်း တော်တော်ကျယ်တယ်။ အခုလိုမိုးတွင်းကြီးမှာ ဒီလို ခဏခဏ ဖြစ်နေတာ လမ်းသွားလမ်းလာတွေအတွက် အရမ်းအန္တရာယ်များတယ်”ဟု ပြောသည်။

ရန်ကုန်တိုင်းအတွင်း ဓာတ်လိုက်ခံရမှုကြောင့် အမျိုးသားခုနစ်ဦးနှင့် အမျိုးသမီးသုံးဦးသေဆုံးခဲ့ပြီး အမျိုးသား နှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးဒဏ်ရာရရှိကာ ဇွန်လ ၉ ရက်နှင့် ၁၁ ရက်တွင်တစ်ရက်အတွင်း သေဆုံးသူနှစ်ဦး အထိ ရှိခဲ့သည်။

Mizzima Burmese

အမျိုးသမီးချင်း ချစ်ကြိုက်သည့် “ပျော်အောင်နေလိုက်တော့” သီချင်းရိုက်ကူးမှုကို စမိုင်းလ်က ပွင့်လင်းစွာပြော


မြင့်မြင့်စိုး

သရုပ်ဆောင်စမိုင်းလ်၏ "New Me" အယ်လ်ဘမ်မှ “ပျော်အောင်နေလိုက်တော့” သီချင်းအမ်တီဗီ ရိုက်ကူးမှုတွင် သင်ဇာဝင့်ကျော်နှင့်အတူ အမျိုးသမီးအချင်းချင်း ချစ်ကြိုက်နေသည့် ပုံစံဇာတ်ဝင်ခန်း ရိုက်ကူးမှုနှင့်ပတ်သက်ပြီး ပရိသတ်များ၏ ဝေဖန်မှုများစွာ ထွက်ပေါ်လျက်ရှိသည်။

“ဒီသီချင်းက နေရာတိုင်းမှာ တန်းတူအခွင့်အရေးရှိသင့်တယ်ဆိုတာကို ပြောချင်တာ။ စမိုင်းလ်က နဂိုကတည်းက မိန်းကလေးကျောင်းမှာ နေခဲ့တာ။ အဲဒီတော့ အချစ်တော်ထားတာတို့ကို နဂိုကတည်းက ၀ါသနာ ပါတယ်။ ဒီသီချင်းလေးရိုက်မယ်ဆိုတော့ အဲဒီအိုင်ဒီယာလေးကိုရပြီး စမိုင်းလ် သြဇီက ဒါရိုက်တာတစ်ယောက်ကို ရိုက်ခိုင်းခဲ့တာ။ စာသားလေးက ချစ်တဲ့သူက ထားသွားရင်လည်း ပျော်အောင်နေတတ်ဖို့ ကြိုးစားပါဆိုတဲ့ စာသားလေးပါ”ဟု ၎င်းက ပြောသည်။

"New Me"အယ်လ်ဘမ်သည် ၂၀၁၃ ခုနှစ် အောက်တိုဘာလအတွင်းက ထွက်ရှိခဲ့ခြင်းဖြစ်ပြီး ယင်းအယ်လ်ဘမ်အတွက် အမ်တီဗီရိုက်ကူးရာတွင် “ပျော်အောင်နေလိုက်တော့” သီချင်း၌ ပရိသတ်များအမြင်ဆန်းစေရန် ပုံစံပြောင်းလဲ ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ယင်းအယ်လ်ဘမ်ကို မိုးရာသီအကုန် ပွင့်လင်းရာသီ၌ ထွက်ရှိနိုင်ရန် ကြိုးစားနေသည်။

ယင်းအယ်လ်ဘမ်တွင် မြန်မာဒါရိုက်တာများဖြစ်သည့် သုံးပေါင်၊ ၀င်းလွင်ထက်နှင့် အင်္ဂလန်မှ ဒါရိုက်တာ တစ်ဦး၊ သြစတြေးလျမှ ဒါရိုက်တာ တစ်ဦး၊ နယူးဇီလန်မှ ဒါရိုက်တာ တစ်ဦးတို့က ရိုက်ကူးထားခြင်းဖြစ်သည်။

"New Me" အယ်လ်ဘမ်ကို အင်္ဂလန်၊ ဟောင်ကောင်နှင့် စပိန်နိုင်ငံတို့တွင် မော်ဒယ်များဖြင့် ရိုက်ကူးထားကာ ရိုက်ကူးမှု ၉၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။

ဓာတ်ပုံအညွှန်း - "New Me" အယ်လ်ဘမ်မှ 'ပျော်အောင်နေလိုက်တော့' သီချင်း ဇာတ်ဝင်ခန်းမှ စမိုင်းလ်နှင့် သင်ဇာဝင့်ကျော်။

Mizzima Burmese

လျှို့ဝှက်မှုများဖြင့် ပြည့်နှက်နေသော ခြင်တို့၏ အံ့ဖွယ်


ကမ္ဘာပေါ်တွင် ခြင်မျိုးစိတ်ပေါင်း ၃၅၀၀ နီးပါးရှိသည်။ ခြင်တစ်ကောင်သည် တစ်နာရီလျှင် ၁ မိုင်နှုန်းဖြင့် ၁ နာရီမှ ၄ နာရီထိ မနားတမ်း ပျံသန်းနိုင်သကဲ့သို့ ညဘက်တွင် ၆ မိုင်ထိ ခရီးဆန့်နိုင်သည်။ ခြင်များကို သွေးကိုသာမှီဝဲ စားသုံးသည့် အင်းဆက်မျိုးဟု လူအများက ထင်မှတ်ထားကြသော် လည်း ခြင်အားလုံးမှာ သွေးစုပ်ကြသည် မဟုတ်ချေ။ ခြင်မ (Female mosquitoes)ကသာ သွေးစုပ်ကြပြီး ရောဂါများကိုလည်း သယ်ဆောင် ကူးစက်စေကြသည်။ ခြင်မတို့သည် ၄င်းတို့ သွေးစုပ်မည့် သတ္တဝါ၏ ခန္ဓာကိုယ်မှ ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) and 1-Octen-3-ol ခေါ် ဓါတ်ပစ္စည်းများကို ခပ်လှမ်းလှမ်း တစ်နေရာမှ ဦးစွာထောက်လှမ်းကြသည်။

တိရိစ္ဆာန်များနှင့် လူတို့တွင် သွေးလည်ပတ်ခြင်းက ကိုယ်အပူချိန် ကို ဖြာထွက်စေလေ့ရှိရာ ထိုအပူကို ခြင်တို့က ထောက်လှမ်းနိုင်ကြသဖြင့် ပစ်မှတ်များဆီသို့ ပျံသန်းနိုင်ကြခြင်း ဖြစ်သည်။

ခြင်တို့သည် ၄င်းတို့၏ သားကောင်(prey)အပေါ် နားချင်သည့် အခါတွင် သွေးအများဆုံးရနိုင်မည့် အရည်ပြား၏ ပါးလွှာသောနေရာ ကိုသာ ရွေးချယ်နားလေ့ရှိသည်။ သွေးစုပ်ယူနေစဉ်အတွင်း သားကောင်မှ သတိထားတုံ့ပြန်မှုမရှိနိုင်ရန် သွေးစုပ်ယူရမည့် ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ရပ်ကို ၄င်းကိုယ်မှ မေ့ဆေးတစ်မျိုး(local anesthetic) ဖျန်းပေးလိုက်သည်။

အရေပြား အက်ကွဲကြောင်းမှ တဆင့် သွေးများစီးဆင်းလာသောအခါ သားကောင်၏အင်ဇိုင်းကြောင့် သွေးများသည် လျှင်မြန်စွာ ခဲသွားလေ့ရှိသည်။ ဤတွင် ခြင်သည် မှန်းဆရခက်သော ယန္တရား (elusive mechanism) ကို အသုံးပြုလိုက်သည်။ ခြင်ခန္ဓာကိုယ်မှ စစ်ထုတ်လိုက်သည့် တံတွေးတွင် ပါရှိသော ပရိုတိန်း အရောအနှောက စုပ်ယူသောသွေးကို ခဲမသွားအောင်လုပ်ပေးနိုင် သည်။ ခြင်၏တံတွေးတွင် ပရိုတိန်း အမျိုးအစားပေါင်း နှစ်ဆယ်ခန့် ပါဝင်သည်။

ဤနည်းဖြင့် ခြင်များသည် သွေးခဲမှုလည်းမရှိ၊ သားကောင်၏အနှောက်အယှက် ကင်းစွာဖြင့် သွေးစုပ်ယူ နိုင်ကြလေသည်။ ခြင်တို့တွင် အင်တင်နာသဖွယ်ရှိသော ဦးမှင်များ(antennae) ပါရှိသောကြောင့် ဦးနှောက်သို့ အာရုံနှင့်ပတ်သက်သည့် အချက်အလက်များ ပေးပို့နိုင်သဖြင့် အာရုံခံနိုင်စွမ်းလည်း ကောင်းခြင်းဖြစ်သည်။

ခြင်တို့သည် ဗိုင်းရပ်စ်များနှင့် ဘက်တီးရီးယားများကို ပျံ့ပွားစေနိုင်သော ရောဂါ အမျိုးမျိုးကို သယ်ဆောင်တတ်ကြသည်။ ခြင်ကြောင့် ဖြစ်ရသော ပင်မရောဂါများ မှာ ဗိုင်းရပ်စ်ဝင်ရောဂါများ ဖြစ်သည်။ ငန်းဝါ အဖျားရောဂါ၊ တုတ်ကွေးရောဂါ များနှင့် ငှက်ဖျားရောဂါတို့ ဖြစ်ပါသည်။ သို့သော် ယင်းတို့ ကိုယ်တိုင်မူ ထိုရောဂါ မဖြစ်ပွားကြချေ။ ခြင်တို့ကြောင့် အာဖရိက၊ တောင်အမေရိက၊ အမေရိက အလယ်ပိုင်း၊ မက္ကဆီကိုနှင့် အာရှဒေသအများအပြားတွင် နှစ်စဉ် လူသန်းပေါင်း ၇၀၀ ကျော်မှာ ရောဂါကူးစက် ခံနေရသည်ဟု ခန့်မှန်းထားသည်။ ဤရောဂါများကြောင့် နှစ်စဉ် လူနှစ်သန်းနီးပါး သေဆုံးကြရသည်။

မှတ်ချက်။ ၂၀၁၄ခုနှစ်၊ မေ-ဇွန် လ ထုတ် အလင်းဥယျာဉ် မဂ္ဂဇင်း စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။


MOI Webportal Myanmar

တောင်ယာတဲတွင် တစ်ယောက်တည်းနေသူအား ဓားဖြင့်အခုတ်ခံရပြီးသေဆုံး


ရေတာရှည် ဇွန် ၂၃

ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ သစ်တောကြိုးဝိုင်း နယ်မြေတောင်ယာတဲတွင် တစ်ဦးတည်း နေသူသည် ဇွန်လ (၁၇) ရက်၊ နံနက် (၇) နာရီ အချိန်ခန့်က ဓားဒဏ်ရာများဖြင့် သေဆုံး နေကြောင်း သိရှိရသည်။ အဆိုပါ အခင်းဖြစ်နေရာသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဥာဏ်ဝင်း၊ ဆွာနယ်မြေ ရဲစခန်းမှ စခန်းမှူး ရဲအုပ်သောင်းစံနှင့် ရဲတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အုတ်ဖိုကျေးရွာ မြောက်ဘက် (၂) မိုင်ခန့် အကွာရှိ တောင်ယာတွင် တဲစောင့်အဖြစ် နေထိုင်သော ကိုချစ်လွင် (၄၀) နှစ်၊ အုတ်ဖို ကျေးရွာနေသူသည် တဲအတွင်း၌ ယာဘက်လည်ပင်း ပြတ်ရှ ဓားဒဏ်ရာ (၃) ချက်ဖြင့် သေဆုံးနေ သည်ကို တွေရှိခဲ့သည်။

အခင်းဖြစ်နေရာတွင် သေဆုံးသူ ကိုချစ်လွင် ကိုင်ဆောင်သည့် ဓား အား သွေးများ ပေကျံလျှက် တွေ့ရှိခဲ့၍ ရဲတပ်ဖွဲ့က သက်သေခံအဖြစ် သိမ်းဆည်းခဲ့ပြီး အမှု စစ်ဆေးချက် များနှင့်အညီ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိ နိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar

မြေအလျော်မယူသည့် ထားဝယ်လယ်သမား ၁၉ယောက် ပုဒ်မ၅ခုဖြင့် အမှုဖွင့်ခံရ


ခင်မြတ်မြတ်ဝေ

ရန်ကုန်၊ မဇ္ဈိမ။ ။ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် မြေယာအလျော်မယူသည့် တောင်သူလယ်သမား ၁၉ဦးကို ဇွန် ၂၃ရက်တွင် ထားဝယ်ခရိုင် ဒု-ဦးစီးမှုး ဦးမျိုးနိုင်က တရားလိုပြု၍ ပုဒ်မ၅ခုဖြင့် အမှုဖွင့်လိုက်သည်ဟု လယ်သမားများနှင့် အခြားမြေယာအလုပ်သမား သမဂ္ဂအဖွဲ့ဝင် ဦးထွန်းထွန်းဝင်းက မဇ္ဈိမကို ပြာသည်။

"ကျွန်တော်တို့ကို ပုဒ်မ ၅ခုနဲ့ တရားစွဲထားတယ်၊ ကျွန်တော်တို့ရှေ့နေတွေနဲ့ တိုင်ပင်ထားတယ်၊ ရုံးချိန်ကို ၂၆ရက်နေ့ ပြန်ချိန်းထားတယ်၊ ကျွန်တော်တို့ကို ပေးတဲ့ သုံးဧကကို တစ်ကွက်နှုန်းကတော့ လုံးဝလက်မခံဘူး၊ ကျွန်တော်တို့ တစ်ဧကကို တစ်ကွက်နှုန်းရအောင် တောင်းဆိုသွားမယ်" ဟု ၎င်းကပြောသည်။

ထားဝယ်မြို့နယ်၊ ဆန်ချီရပ်ကွက်ရှိ လယ်သိမ်းဆည်းခံ လယ်သမား အယောက် ၂၀ကို မြေစာရင်းဦးစီးဌာနက ၃ဧကလျင် ပေ၄၀×၆၀တစ်ကွက်နှုန်းဖြင့် ဇွန်လ
၃ရက်က ပြန်ပေးရာ တစ်ဦးသာ လက်ခံခဲ့ပြီး ၁၉ဦးက လက်မခံဘဲ မြေစာရင်းဦးစီးက ဝန်ထမ်းများ၊ ရဲအာဏာပိုင်များနှင့် အငြင်းပွားခဲ့သည့်အတွက် ထိုနေ့က လယ်သမားများကို ခေတ္တထိန်းသိမ်းခဲ့ပြီး ယခုအခါ အမှုဖွင့်လိုက်ခြင်း ဖြစ်သည်။

အမှုဖွင့်ခံရသည့် လယ်သမားများက ဇွန် ၂၃ရက်တွင် ထားဝယ်တရားရုံး၌ ကိုယ်တိုင် အမခံလက်မှတ်ရေးထိုး၍ ဇွန်၂၆ရက်သို့ ရုံးချိန်း ထပ်မံချိန်းဆိုခဲ့သည်။
လယ်သမားများကို သက်သေခံ ပစ္စည်း ဖျောက်ဖျက်မှု၊ တာဝန်ဝတ္တရား နှောက်ယှက်မှု၊ ဆဲဆိုမှု၊ နာကျင်စေမှု၊ ပူးပေါင်းပါဝင်မှု စသည့် ပုဒ်မ ၃၃၂၊ ပုဒ်မ ၃၅၃၊ ပုဒ်မ ၂၉၄၊ ပုဒ်မ ၂၀၁၊ ပုဒ်မ ၁၁၄တို့ဖြင့် ထားဝယ်ခရိုင် ရဲစခန်းတွင် အမှုဖွင့်ထားသည်ဟု အမှုဖွင့်ခံရသူ တစ်ဦးဖြစ်သည့် ဒေါ်ရီရီထွေးက ပြောသည်။

" ဒီပုဒ်မတွေက ကျွန်မတို့ တစ်ခုမှ မကျူးလွန်းဘူး လယ်ထဲမှာ ကွက်ရိုက်တုန်းက ကျွန်မတို့တွေက တားတယ်၊ သဘောတူထားတဲ့ လယ်ကွက်တွေကို
ကွက်ရိုက်တာက ကိစ္စမရှိဘူး ကျွန်မတို့ သဘောမတူ ထားတဲ့ မြေကွက်တွေအပေါ်မှာ ကွက်ရိုက်လို့တားတယ်၊ အဲဒီ့အချိန်တုန်းက လူတွ အများကြီးရှိတယ် လုံးဝလုပ်ကြံပြီး အမှုဖွင့်တယ်" ဟုပြောသည်။

လယ်သမားများက ၎င်းတို့၏ လယ်ယာမြေများကို သိမ်းဆည်းကာ ထိုလယ်ယာမြေကို အကွက်များရိုက်၍ သုံးဧကလျင် တစ်ကွက် ပြန်ပေးသဖြင့် လက်မခံကြခြင်းဖြစ်ပြီး တစ်ဧကလျင် တစ်ကွက်နှုန်း ပေးမည်ဆိုပါကမူ ညှိနှိုင်းပေးမည်ဟုလည်း ဆိုသည်။

ထားဝယ်မြို့ ဆန်ချီရပ်ကွက်က လယ်သမားများသည် ယင်းမြေကွက်များပေါ်တွင် လယ်ခွန်ပြေစာများဖြင့် နှစ်စဉ် အခွန်ဆောင်၍ လုပ်ကိုင်နေကြပြီး၊
၂၀၁၃ခုနှစ်တွင် လယ်ယာမှတ်ပုံအသစ် တင်မည်ဟု မြေစာရင်းဌာနသို့ သွားရောက်မှတ်ပုံတင်မှသာ မိမိတို့လယ်မြေများကို ၁၉၉၀ခုနှစ်က ကတည်းက
သိမ်းဆည်းထားကို သိရှိခဲ့ရသည်ဟု လယ်သမားများက ဆိုသည်။

Mizzima Burmese

မြန်မာမှ စင်္ကာပူ၊ မလေးကို ဆက်သွယ်သည့် ကေဘယ်လ်လိုင်း ပြတ်တောက်နေမှု ပြင်ဆင်ပြီးစီး


မောင်မန်း

ရန်ကုန်၊ မဇ္ဈိမ။ ။ အရှေ့တောင်အာရှ ၊ အရှေ့အလယ်ပိုင်းနှင့် ဥရောပ အနောက်ပိုင်းသို့ သွယ်တန်းထားသည့် ဆက်ကြောင်း Sea-Me-We 3 ရေအောက် ကေဘယ်လ်သည် စင်္ကာပူနှင့် မလေးရှားနိုင်ငံအကြား ရေပိုင်နက်တွင် ဇွန်လ ၂၀ ရက်မှ စတင်ပြတ်တောက်နေပြီး ဇွန် ၂၄ ရက်တွင် ပြန်လည်ပြင်ဆင်ပြီးဖြစ်သည်ဟု
ပြည်ပဆက်သွယ်ရေး ဌာန (အဝေးဆက်) က အင်ဂျင်နီယာချုပ် ဦးစိုင်းစောလင်းထွန်းက မဇ္ဈိမကိုပြောသည်။

ဦးစိုင်းစောလင်းထွန်းက “ ဇွန်လ ၂၀ ရက်က စတင်ပြတ်တောက်နေပြီး ဒီနေ့ ၂၄ ရက်မှာ ပြန်လည်ပြင်ဆင်ပြီးပြီလို့ မက်ဆေ့ခ်ျဝင်လာပါတယ်” ဟု ဆိုသည်။

ယင်းသို့ ပြတ်တောက်မှုကို ဇွန်လ ၂၅ ရက်တွင် ပြန်လည်ပြင်ဆင်ပြီးစီးမည်ဟု ခန့်မှန်းထားသော်လည်း ခန့်မှန်းထားသည့် ကာလ ထက်စောပြီး ပြန်လည် ပြင်ဆင် နိုင်ခဲ့ခြင်းဖြစ်သည်။ ပြတ်တောက်နေသည့် ကာလအတွင်း စင်္ကာပူနှင့် မလေးရှားနိုင်ငံများသို့ မြန်မာနိုင်ငံမှ ဆက်သွယ်မှု ပြတ်တောက်မည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ကြေညာထားသည်။

လက်ရှိ အချိန်တွင် မြန်မာနိုင်ငံနှင့် စင်္ကာပူ၊ မလေးရှားနိုင်ငံတို့အကြား ပြတ်တောက်နေသည့် ဆက်သွယ်မှုလိုင်းများ ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်နေပြီဟုလည်း ဦးစိုင်းစောလင်းထွန်းက ဆိုသည်။

မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင်အာရှနိုင်ငံများမှ ဥရောပ အနောက်ဘက်ပိုင်းသို့ ထပ်မံသွယ်တန်း နေသည့် Sea-Me-We 5 ကေဘယ်လ်သွယ်တန်းမှုကို ၂၀၁၆ နှစ်ကုန်ပိုင်းတွင် အပြီးသတ်ဆောင်ရွက်ရန် ခန့်မှန်းထားပြီး အဆိုပါသွယ်တန်းမှုပြီးစီးပါက ယခုကဲ့သို့ပြတ်တောက်ချိန်တွင် အရံလိုင်းအဖြစ်အသုံးပြုနိုင်မည် ဖြစ်သည်။

Mizzima Burmese

တင်ပါး၊ ရင်သားနဲ့ သုတ်ပိုး စသည်တို့ကို အာမခံထားတဲ့ နာမည်ကျော်များ



ဘဲလေးကချေသည် Tamara Rojo တစ်ယောက် သူမရဲ့ ခြေထောက်တွေကို အာမခံထားဖို့ ကြိုးပမ်းရာမှာ အာမခံကုမ္ပဏီက တစ်ပတ်ကို ပေါင် သုံးသောင်းတောင်းပြီး ပြန်တုံ့ ပြန်လိုက်ပါတယ်။ ဘဲလေးကချေသည် တွေဟာ ခြေထောက်ဒဏ်ရာရဖို့ များတာကြောင့် အခုလိုများပြားတဲ့ ပမာဏတောင်းလိုက်ရတယ်လို့  ဆိုပါတယ်။

တခြားနာမည်ကျော်တွေရဲ့ ထူးထူးဆန်းဆန်းအာမခံထားရှိမှုတွေကို ကြည့်ကြည့်ရအောင်။

၁။ Tina Turner

Tina Turner ကတော့ သူမရဲ့ ခြေထောက်တွေကို ပေါင် ၂ သန်းနဲ့ အာမခံထားခဲ့ပါတယ်။ သူမရဲ့ Golden Eye သီချင်းနာမည်ကို Golden Legs လို့ ပေးတာက ပိုကောင်းမယ်ထင်တယ်။



၂။ Rihanna

၂၀၀၇ ခုနှစ်မှာ Rihanna ကလည်း သူမရဲ့ Sexy ကျတဲ့ ခြေထောက်တွေကို ဒေါ်လာ တစ်သန်းနဲ့  အာမခံထားခဲ့ပါတယ်။



၃။ Ronaldo

ရီးယဲလ်မက်ဒရစ်နဲ့ ပေါ်တူဂီအသင်းရဲ့ တိုက်စစ်မှူး ရော်နယ်ဒိုကလည်း ၂၀၀၉ ခုနှစ်မှာ သူ့ ရဲ့ အဖိုးတန်ဆုံး ခြေထောက်တွေကို ပေါင် သန်း ၈၀ နဲ့ အာမခံထားခဲ့ပါတယ်။



၎။ Mariah Carey

Gillette က ကျင်းပတဲ့ “ နတ်ဘုရားမတစ်ပါးရဲ့ ခြေချောင်းအလှ” အစီအစဉ်ရဲ့ ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီးနောက် ၂၀၀၆ ခုနှစ်မှာ Mariah Carey ဟာ သူမရဲ့ ခြေချောင်းတွေကို ဒေါ်လာ ၁ ဘီလီယံနဲ့  အာမခံထားခဲ့လို့  ခြေထောက်အလှပိုင်ရှင်အားလုံးထဲမှာ တန်ဖိုးအကြီးမားဆုံး ခြေထောက်ဖြစ်ခဲ့ပါတယ်။



၅။ Keith Richards

The Rolling Stones အဖွဲ့ ရဲ့ ဂီတာသမား Keith Richards ကတော့ သူ့ ရဲ့ မှော်ဆန်လက်တွေတန်ဖိုးကို ပေါင် ၁ သန်းလို့ သတ်မှတ်ထားပါတယ်။



၆။ Madonna

ပေါ့ပ်ဘုရင်မ Madonna ကတော့ ယောင်္ကျားသားတွေကို ရင်ဖိုစေတဲ့ သူမရဲ့ ရင်သားနှစ်ဖက်ကို အာမခံထားခဲ့ပါတယ်။ ပေါင် ၁.၂ သန်းနဲ့ ပါ။



၇။ Julia Roberts

Julia Roberts ကတော့ သူမရဲ့ နာမည်ကျော်အပြုံးလေးကို ပေါင် ၁၈ သန်းနဲ့ အာမခံထားတယ်တဲ့ဗျာ။



၈။ Tom Jones

အဆိုတော် Tom Jones ကတော့ အထူးဆန်းဆုံးပဲလို့ ဆိုရမှာပဲ။ ရင်အုပ်ကအမွှေးတွေကို ပေါင် ၃.၅ သန်းနဲ့  အာမခံထားရှိပါတယ်တဲ့။ တစ်ချို့ က ပေါင် ၇ သန်းနဲ့  အာမခံထားထားတယ်လို့ တောင် ဆိုကြပါတယ်။ Samson လိုပဲ သူ့ ရဲ့ စွမ်းအင်တွေကို ရင်အုပ်အမွှေးတွေမှာ ကိန်းအောင်းနေလို့ ထင်တယ်။



၉။ Kylie Minogue

Kylie ကတော့ သူမရဲ့ အထင်ကရ တင်ပါးကို ပေါင် ၃ သန်းနဲ့ အာမခံထားပါတယ်။ အာမခံထားဖို့ စစ်ဆေးတဲ့ လူတွေတော့ ရင်ဖိုစရာပဲ။



၁၀။ David Lee Roth

Eddie Van Halen နဲ့ အတူ ကမ္ဘာကျော်ခဲ့တဲ့ ရော့ခ်တီးဝိုင်း Van Halen ရဲ့ အဆိုတော် David Lee Roth အာမခံထားတာကတော့ သိပ်မထူးဆန်းပါဘူး။ သူ့ ရဲ့ သုတ်ပိုးတွေကို ပေါင် ခြောက်သိန်းထဲနဲ့ ပါ။ ကလေးတွေ အများကြီး မတော်တဆရသွားရင် ဖခင်စရိတ်ကာမိအောင်လို့ ပါတဲ့ ။



ကဲ သင်ကော သင့်ရဲ့ ဘယ်ခန္ဓာကိုယ် အစိတ်အပိုင်းက တန်ဖိုးအရှိဆုံးလို့ ထင်လဲ။ အာမခံထားဖို့ ကော စိတ်ကူးမိရဲ့လား။

Ref: Mirror.co.uk
Trend Myanmar

နျူးကလီးယားပညာကို မြန်မာနိုင်ငံတွင် ယခုထက်ပိုမို အလေးထား ဆောင် ရွက်ပေးရန်အဆို အမျိုးသားလွှတ်တော် အတည်ပြု


နျူကလီးယား ပညာရပ်ကို မြန်မာနိုင်ငံ၌ ယခုထက် ပိုမိုအလေး ထားဆောင်ရွက်ပေး ရန် အဆိုကိုလျှို့ဝှက်မဲပေး စနစ်ဖြင့် အမျိုးသား လွှတ်တော်မှ အတည်ပြု လိုက်ကြောင်း သိရသည်။

ယနေ့ကျင်းပသည့် အမျိုးသား လွှတ်တော် အစည်းအဝေး ၁၇ ရက် မြောက်နေ့ တွင် ယင်းအဆိုနဲ့ပတ် သက်၍ဆွေးနွေးရာ၌ အဆိုကို လွှတ် တော်ကိုယ်စား လှယ်ငါးဦးမှ ထောက် ခံဆွေးနွေးခဲ့ကြပြီး သိပံ္ပနှင့်နည်းပညာ ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီးမှ ယခုထက်ပို၍ အလေးထားဆောင် ရွက်သွားမည် ဟု ဖြေကြားခဲ့သော် လည်း နျူကလီးယား ပညာရပ်မှာ နောက် မျိုးဆက်အထိ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရန်လိုအပ်နေသည့်အတွက် အဆိုအပေါ် အစိုးရပိုမို ထိရောက် သော ဆောင်ရွက်မှုပြုလုပ်နိုင်ရန် လွှတ်တော်၏အဆုံးအဖြတ်ရယူ ခဲ့ခြင်းဖြစ်သည်။

ယင်းအဆိုကို လွှတ်တော်၌ လျှို့ဝှက်မဲပေးစနစ်ဖြင့် စက်ခလုတ် နှိပ် ဆန္ဒပြုခဲ့ကြ ကာ ထောက်ခံမဲ ၁၂၈ မဲ၊ ကန့်ကွက် ၅ မဲဖြစ်သဖြင့် ထောက် ခံသူများပြား၍ အနိုင်ရခဲ့ခြင်းဖြစ် သည်။ ရန်ကုန်တိုင်းဒေသကြီးမဲ ဆန္ဒနယ် အမှတ်(၈)အမျိုး သား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြင့်ကြည် က ''နျူးကလီးယားနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှကျွမ်းကျင်တဲ့ပုဂ္ဂိုလ် အလွန်နည်းပါးပါတယ်။

ပညာသင် ကြားရေး အပိုင်းတွေမှာလဲ အ ထောက်အကူပြုပစ္စည်းတွေအရမ်း နည်းပါတယ်''ဟု လွှတ်တော်တွင်ပြော ကြားခဲ့သည်။

သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကို ကိုဦးမှ လွှတ်တော်၌ဖြေကြားရာတွင် နျူကလီးယားစနစ်အား စနစ်တကျ လုပ်ဆောင်နိုင် ရန် အဖွဲ့စည်းများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း နျူကလီးယားစွမ်းအင်အား ယခင် လထက်ပိုမို၍ ကျန်းမားရေး၊

စိုက်ပျိုး ရေး၊ မြေအောက်ရေရှာဖွေရေးစသည့် လုပ်ငန်းများတွင် အသုံးပြုနေကာ နျူကလီးယားပညာရပ် အား ကျောက် ဆည်မြို့ရှိ နည်းပညာတက္ကသိုလ် မန္တလေးနည်းပညာတက္ကသိုလ်များ ၌ သင်ကြားပေး လျက်ရှိပြီး အသုံးချ ရေး တွင်လည်း လွှတ်တော်ကိုယ်စား လှယ်များတင်ပြ သည့်အတိုင်း ဆောင် ရွက်လျက်ရှိကြောင်း နျူကလီးယား လက်နက် မပြန့်ပွားရေး ကာကွယ်ရေး များမှာ အလွန်အရေးကြီးသည့်အ တွက် လက်ရှိတွင်လည်း နျူကလီး ယားကိုစနစ်တကျဆောင် ရွက်နိုင်ရန် အတွက် နျူကလီးယားဘေး အန္တရာယ် ကင်းရှင်းရေးဥပဒေအား ရေးဆွဲလျက် ရှိကြောင်း လွှတ်တော်၌ပြန် လည်ရှင်း လင်းဖြေကြားခဲ့သည်။


သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကိုကိုဦးက ''နျုကလီးယားဘေး အန္တရာယ်ကင်းရှင်းရေး ဥပဒေအပြင် နျူကလီးယားအသုံး ချရေးဆိုင်ရာ ဥပဒေကိုလဲရေးဆွဲနေပြီး ယင်းဥပဒေ မူကြမ်းတွေကို သက်ဆိုင်ရာဌာန အသီးသီးကိုပို့ပြီး အကြံပြုချက်ရယူ နိုင်ဖို့တောင်းခံ ထားပါတယ်''ဟု ဖြေ ကြားခဲ့သည်။


လက်ရှိတွင် နျူကလီးယားစွမ်း အင်အသုံးပြုခြင်းဖြင့် မြန်မာနိုင်ငံ အတွက် အကျိုးဖြစ် ထွန်းစေမည့် နယ်ပယ်များစွာရှိသေးပြီးနောင် အချိန်တွင် မျိုးဆက်သစ် များနျူးက လီးယားနည်းပညာများကို ရရှိအသုံးပြု နိုင်ရန်လိုအပ်သည့် ပံပိုးမှုများကိုနိုင်ငံ တော်မှ လက်ရှိအချိန်ထက်ပံ့ပိုးနိုင် ရန်လိုအပ်ကြောင်း ပြည် သူများအ နေဖြင့် နျူကလီးယားဆိုသည့် စကားလုံး အသုံးနှုန်းအားကြား သည် နှင့် လူကိုအန္တာရယ်ဖြစ်စေမည့် အရာအဖြစ်သာမြင်နေကြပြီး နျူက လီးယားနည်း ပညာကြောင့် ဖွံ့ဖြိုးတိုး တက်သည့် အခြေအနေများဖြစ် ထွန်းလာနိုင်သည်ကို အစိုးအနေဖြင့် ယခုထက်ပိုမိုအသိ ပညာပေးလုပ် ငန်းများနှင့်အတူ နျူးကလီးယား နည်းပညာကိုပြည်သူများကြားကျယ် ပြန့်စွာလုပ်ဆောင်ရန်လိုအပ်ကြောင်း တပ်မတော်သားကိုယ်စားလှယ်များ မှ ဆွေးနွေးခဲ့ကြသည်။


တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးဝင်းမြင့်ထွန်းက ''ကျွန်တော် တို့နိုင်ငံအနေနဲ့ နျူကလီး ယားပညာရပ်တွေ နည်းပညာတွေကို ငြိမ်းချမ်းစွာ အသုံးချမှု အတွက် အ တည်ပြုနိုင်ခွင့်အပြည့်အဝရရှိရန် ရည်ရွယ်ပြီးတော့ နျူကလီးယားလက် နက်မပြန့်ပွားရေးစာချုပ်ကို ၁၉၉၂ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှာ IAEA နဲ့ စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။

ဒီစာချုပ် အရ ကျွန်တော်တို့နိုင်ငံ ဟာနျူကလီး ယားလုပ်ငန်းတွေပစ္စည်းတွေ IAEA ရဲ့စောင့်ကြည့်မှုအောက်မှာ သဘော တူစာချုပ်တစ်ခုဖြစ်တဲ့ CSA နဲ့ သူရဲ့ နောက်ဆက်တွဲဖြစ်တဲ့ small quality protocol SMP စတဲ့ သဘောတူညီ ချက်စာချုပ်တွေကို IAEA နဲ့ ၁၉၉၅ ခုနှစ် ဧပြီ ၂ဝရက်မှာ လက်မှတ်ရေး ထိုးခဲ့ပါတယ်။

ဒါ့အပြင် နျူကလီးယား လက်နက် မပြန့်ပွားရေး စာချုပ် ရဲ့ နောက်ဆက်တွဲ သဘောတူညီမှုတွေ ကိုလည်း ၂၀၁၃ ခုနှစ် စက်တင်ဘာ မှာ လုပ်နိုင်ခဲ့တာလဲလေ့လာတွေ့ ရှိရပါတယ်။ ဒီအချက် အလက်တွေ အရအထူးသဖြင့် နျူကလီးယားပစ္စည်း တွေ အချက်အလက်တွေကို IAEA နဲ့ အသိပေးအကြောင်းကြား ဆောင် ရွက်ရပါတယ်။ နျူကလီးယားစွမ်း အင် တွေကိုအသုံးပြုခြင်းအားဖြင့် များစွာ အကျိုးရှိမယ့် နယ်ပယ်ကဏ္ဍများစွာ ရှိပါတယ်။


လက်ရှိနိုင်ငံအခြေအနေ အရ နည်းပညာနဲ့အရင်းအနှီးအခက် အခဲ သဘာဝပတ် ဝန်း ကျင် ဆိုင်ရာ စိန်ခေါ်မှုတွေကြောင့် နျူကလီးယား နည်းပညာတွေ နျူကလီးယားစွမ်းအင် တွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုနိုင်သေး ရင်တောင် နောင် အနာဂတ် မှာ နျူကလီးယားနည်းပညာနဲ့ပတ် သက်ပြီး စွမ်းအင် လိုအပ်ချက်အရ မသုံးမဖြစ်သုံးကောင်းသုံးလာနိုင်ရပါ တယ်။


ဒီလိုအခြေအနေမျိုးကြုံကြိုက် ရင် အောင်အောင်မြင်မြင်နဲ့ဆောင် ရွက်နိုင်အောင် မျိုးဆက်သစ်လူငယ် တွေ ကို ခေတ်မီနည်း ပညာတွေ ရရှိဖို့ မျိုးဆက်သစ် လူ့စွမ်း အား အရင်းအမြစ် တွေ၊ ပညာရှင်တွေစဉ်ဆက်မပြတ် လေ့ကျင့်ပြုစု ပျိုးထောင် သွား ဖို့လို အပ်ပါတယ်။

 လိုအပ်တာတွေကို နိုင်ငံတော်က ယခုထက်ပံ့ ပိုးကူ ညီ ဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်'' ဟု အဆိုအပေါ်ထောက်ခံဆွေးနွေး ခဲ့သည်။


Democracy today Daily Newspaper

ဟောင်းနွမ်းငွေစက္ကူများ တစ်ဝက်ဈေးဖြင့် လဲလှယ်သူများကို အရေးယူမည်


မုံရွာ၊ ဇွန် ၂၃

စစ်ကိုင်းတိုင်းဒေသကြီး မြို့တော် မုံရွာမြို့တွင် ဟောင်းနွမ်း ငွေစက္ကူများကို တစ်ဝက်ဈေးဖြင့် လိုက်လံ လဲလှယ်ယူနေသူများကို တွေ့ရှိပါက အရေးယူရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို မုံရွာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ညွှန်ကြားထားကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောကြားသည်။

“မြို့ထဲမှာလိုက်ပြီး ငွေရောင်းငွေဝယ် လုပ်တဲ့အတွက် ဒီလထဲမှာပဲ အရေးယူဖို့ ညွှန်ကြားထားတာပါ။ ညွှန်ကြားစာလဲ ထုတ်ပါတယ်၊ ပထမတစ်ကြိမ် တွေ့ရင်တော့ သတိပေးမယ်၊ ထပ်ပြီးတွေ့ရင်တော့ အရေးယူဖို့ ညွှန်ကြားထားပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

“မင်္ဂလာရှိသောနေ့၊ မင်္ဂလာရှိသောအချိန် လူကြီးမင်းတို့၏ ငါးထောင်တန် အစုတ်တွေ၊ တစ်ထောင်တန် အစုတ်တွေ၊ ငါးရာတန် အစုတ်တွေကို တစ်ဝက်ဈေးနဲ့ လဲလှယ်ပေးနေပါတယ်” ဟူသည့် အသံကို စပီကာဖြင့် ဖွင့်ပြီး ငွေလဲသူများက မုံရွာမြို့ပေါ် နေရာအနှံမှာ လိုက်လံ လဲလှယ်ပေးကြောင်း မုံရွာမြို့ခံတစ်ဦးက ပြောကြားသည်။

“သူတို့ ဘယ်မှာ ဘယ်လိုပြန်လဲတယ်တော့ မသိဘူး၊ တော်တော် စုတ်ပြဲနေရင်တောင် နံပါတ်ပါရင် တစ်ဝက်ဈေးနဲ့ပြန်ပြီး လဲပေးတယ်။ လူတချို့ကတော့ ဘဏ်တွေမှာ ငွေသွင်း၊ ငွေလွှဲလုပ်လို့ အစုတ်အပြဲ ပါရင်တောင် လက်မခံတော့ အခုလိုရတဲ့ တစ်ဝက်ဈေးနဲ့ ပြန်လဲတာတွေ ရှိတယ်” ဟု ကွမ်းယာဆိုင် ဖွင့်လှစ်ရောင်းချသူ တစ်ဦးကဆိုသည်။

The Voice

အမျိုးသမီးတစ်ဦး ခေါင်းဆောင်တဲ့ ဆိုင်ကယ်စီး လုယက်ဂိုဏ်း စစ်တွေတွင် ဖမ်းမိ


အမျိုးသမီး တစ်ဦး ဦးဆောင်သော ဆိုင်ကယ် စီးပြီး လုယက်မူများ ကျူးလွန်နေသော ဂိုဏ်းတစ်ခုကို စစ်တွေတွင် ယမန်နေ့က ဖမ်းဆီးမိခဲ့သည်ဟု သက်ဆိုင်ရာ ရဲတာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူ အမျိုးသမီး ဂိုဏ်းခေါင်းဆောင်မှာ မမိုးစန္ဒာ ဖြစ်ပြီး သူမမှာ GE ( ဆောက်လုပ်ရေးတပ်)မှ စာရေးမ တစ်ဦးဖြစ်ပြီး လက်ရှိတွင် စာကြည့်တိုက်မှူးဖြစ်ကြောင်း သိရသည်။

သူနှင့်အတူ ဖမ်းဆီးခံရသူများမှာ မင်းဂံရပ်ကွက်၊ ထွန်းသစ်လွှင် စားသောက်ဆိုင်မှ ကိုတိုး (ခ) ဟိန်းအောင်ခန့်၊ အမက (၈၀) စစ်တပ်ကျောင်းမှ ညစောင့် စိုးမိုးဌေးနှင့် သုံးဘီးဆိုင်ကယ်မောင်းသူ ကိုစောဝင်းနိုင်တို့ ဖြစ်ကြောင်း သိရသည်။

သူတို့အား စစ်တွေ အမှတ် (၁) ရဲစခန်းမှ ဒုရဲမှူး ဦးသန်းလိုင်နှင့် နယ်ထိန်း တပ်ကြပ်ကြီး မောင်မောင်သန်းတို့ ဦးဆောင်သော ရဲတပ်ဖွဲ့မှ ဖေါ်ထုတ် ဖမ်းဆီးနိုင်ခဲ့သည်ဟု ဆိုသည်။

ဖမ်းဆီးရမိပုံနှင့် ပတ်သက်ပြီး သိရသည်မှာ ကိုတိုး (ခ) ဟိန်းအောင်ခန့်နှင့် စိုးမိုးဌေးတို့သည် စစ်တွေမြို့၊ အိုးတန်းရပ်ကွက်၊ သာဇံလှလမ်းရှိ ဦးလှအောင်ထွန်းပိုင်ဆိုင်သော ရွှေပန်းထိမ်ဆိုင်နှင့် အိုးတန်းရပ်ကွက်၊ ထီးတန်းလမ်း၊ အိမ်အမှတ် (၂၇) လဘက်ရည် ရောင်းသူ ဒေါ်ဦးမြသိန်းထံတွင် ရွှေထည်ပျက်များ လာရောက် ရောင်းချရာမှ ဖမ်းဆီးမိခြင်း ဖြစ်သည်ဟု ဆိုသည်။

သူတို့ထံမှ အလေးချိန် (၄ပဲး) ရှိ ရွှေထည်တစ်ခု၊ ၁၂ ပဲး အရည် ကျောက် (၉) လုံးပါ လက်စွပ်တစ်ကွင်း၊ ရွှေချိန်အတုံး (၄ ပဲး) အထည်ပျက် တစ်ခုတို့အား ဖမ်းဆီးမိသည်ဟု ဆိုသည်။

၎င်းနောက်ပိုင်းတွင် ရန်ကုန်မြို့သို့ အားကစားကိစ္စဖြင့် သွားရောက်ပြီး  စစ်တွေသို့ ပြန်လာသူ မမိုးစန္ဒာအား စစ်တွေ လေဆိပ်အထွက်တွင် ရဲက ယမန်နေ့က ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

၎င်းအဖွဲ့သည်စစ်တွေမြို့တွင် လုယက်မူအများအပြားကို ဆိုင်ကယ်စီးပြီး ကျူးလွန်ထားသည်ဟု သိရသည်။

“ သူတို့က ဆိုင်ကယ်နဲ့ လိုက်တိုက်တယ်။ လဲကျသွားတဲ့ အချိန်မှာ ပါလာတဲ့ ရွှေကြိုးတွေကို ဖြတ်ယူတယ်။ ပိုက်ဆံအိတ်တွေကို လုယူတယ်။ ဖုံးတွေကအစ လုတယ်။ ဒီလို ကျူးလွန်နေတာ ကြာပါပြီ” ဟု စစ်တွေ အိုးတန်းရပ်ကွက်မှ မြို့ခံ တစ်ဦးက ပြောသည်။

များမကြာမီကလည်း စစ်တွေ တက္ကသိုလ်သို့ အသစ်ပြောင်းရွှေ့လာသူ ကျူတာအဆင့် ဆရာမ တစ်ဦးအား ဆိုင်ကယ်ဖြင့် လိုက်တိုက်ပြီး သူမထံမှ ပိုက်ဆံ (၇) သိန်းနှင့် ဖုံးအား လုယက်သွားခဲ့သည်ဟု ဆိုသည်။

ယခင်က လုယက်ပြီးနောက် ဖုန်းဆင်းကဒ်များကို လွှင့်ပစ်လေ့ရှိသော်လည်း ကျူတာ ဆရာမထံမှ လုယက်သွားသော ဆင်းကဒ်ကို မူ လွှင့်မပစ်ဘဲ ရံဖန်ရံခါ အသုံးပြုရာမှ ရဲတပ်ဖွဲ့ဝင်များက ဆက်သွယ်ရေးဌာနနှင့် ပူးပေါင်းကာ ခြေရာကောက် ဖမ်းမိနိုင်ခဲ့သည်ဟု သိရသည်။

“ အခုတော့ စစ်တွေ အမှတ် (၁) ရဲစခန်းမှာ စစ်ဆေးနေပါတယ်။ အမူ ၆ မူ၊ ၇မူလောက်ကိုတော့ ဖေါ်ထုတ်နိုင်မယ် ထင်တယ်။ စစ်ဆေးနေတုန်း ဖြစ်တဲ့ အတွက် အသေးစိတ်တော့ မပြောနိုင်သေးဘူး” ဟု ရဲတာဝန်ရှိသူ က ပြောသည်။

နိရဉ္စရာသတင်းဌာန

ရေကူးကန်ပါတီကြော်ငြာတွင် ခွင့်ပြုချက်မရှိဘဲ ဓာတ်ပုံအသုံးပြုခြင်းကို နန်းသီရိမောင်ကန့်ကွက်

ဓာတ်ပုံ−လမင်းနိုင်



 ရေကူးကန်ပါတီပွဲ (Pool Party) တစ်ခုတွင် ဓာတ်ပုံနှင့်အမည်ကို ခွင့်ပြုချက်မယူဘဲ  အသုံးပြုခဲ့သောကြောင့် ကန့်ကွက်ခဲ့ကြောင်း နန်းသီရိမောင်က ပြောသည်။

ရန်ကုန်မင်္ဂလာဒုံတွင် ပြုလုပ်မည့် ထိုရေကူးကန်ပါတီတွင် အွန်လိုင်းမှတစ်ဆင့် အဖော်အချွတ် များဖြင့် နာမည်ကြီးလာသော ဇွန်သဉ္ဇာ၊ ဇာဇာထက်တို့ ပါဝင်မည်ဖြစ်ပြီး နန်းသီရိမောင်၏ အမည်ကိုလည်း ခွင့်ပြုချက် မရဘဲ ထည့်သွင်းထားခြင်းဖြစ်သည်ဟု ဆိုသည်။

‘‘ညီမရဲ့နာမည်နဲ့ ဓာတ်ပုံကို ဒီအတိုင်းကြီး ယူသုံးလိုက်တာ။ ကြားထဲကလူတွေကြောင့်လည်း ရှုပ်သွားတာ။ အဲဒါကြောင့် သူတို့ကို ပြန်ဖျက်ခိုင်းထားတယ်။ မလုပ်ရင် တရားစွဲမယ်လို့။ အခုတော့ သူတို့ဘက်ကလည်း တောင်းပန်တယ်။ အကုန်လုံးလည်း ပြန်ဖြုတ်ချပေးပါတယ်’’ ဟု နန်းသီရိမောင်က ပြောသည်။

ယခုကဲ့သို့ ခွင့်ပြုချက်မယူဘဲသုံးစွဲခြင်းသည် ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်းဖြစ်ပြီး ပွဲစီစဉ်သူ များဘက်မှလည်း တောင်းပန်နေသောကြောင့် ယင်းကိစ္စနှင့်ပတ်သက်၍ ဆက်လက်လုပ်ဆောင်ရန် အစီအစဉ်မရှိကြောင်း ၎င်းကဆိုသည်။

7day

စမောလင်းနှင့် အိုဘားမားတို့၏ ပုံကို မှားယွင်းရိုက်နှိပ်မိခဲ့သည့် ကမ္ဘာ့ဖလား အမှတ်တရ မတ်ခွက်များ



ကမ္ဘာ့ဖလား အမှတ်တရပစ္စည်းများ ရောင်းချသည့် ကုမ္ပဏီတစ်ခုက အမေရိကန်သမ္မတ ဘာရတ်အိုဘားမားကို အင်္ဂလန်အသင်း လူစာရင်း၌ မှားယွင်း ထည့်သွင်းမိခဲ့ကြောင်း သိရှိရသည်။

သတင်းများက အမည်ဖော်ပြခြင်း မရှိသည့် ဗြိတိန် ကုမ္ပဏီတစ်ခုသည် ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အင်္ဂလန်အသင်းမှ ကစားသမား တစ်ဦးချင်းစီ၏ ရုပ်ပုံများကို ပုံနှိပ်ထားသည့် မတ်ခွက်များကို ရောင်းချခဲ့သည်။ သို့သော်လည်း နောက်ခံလူ ခရစ်စမောလင်း၏ ဓာတ်ပုံနေရာတွင် အိုဘားမား၏ ဓာတ်ပုံကို ပုံနှိပ်ခဲ့မိခြင်း ဖြစ်သည်။

Sunday Express သတင်းစာက အဆိုပါ ရယ်ရွှင်ဖွယ် လွဲချော်မှုကို စတင်ဖော်ပြခဲ့ပြီး ယခုအခါ ဒေါဆက်တွင် အခြေစိုက်သည့် ယင်းကုမ္ပဏီသည် အိုဘားမားပုံနှင့် စမောလင်းအမည် တွဲဖက်ထားသည့် မတ်ခွက်များကို ဈေးကွက်အတွင်းမှ လိုက်လံသိမ်းဆည်းနေကြောင်းလည်း သိရှိရသည်။

Sunday Express က အမေရိကန်သမ္မတ အိုဘားမားသည် အင်္ဂလန်အသင်းနှင့် မန်ချက်စတာယူနိုက်တက်တို့တွင် ခံစစ်မှူးနေရာမှ မကစားဖူးကြောင်းလည်း အရွှန်းဖောက် ရေးသားခဲ့သေးသည်။ ကြီးကြီးကျယ်ကျယ် လွဲချော်မှုကို သတိပြုမိပြီးနောက် မတ်ခွက်များကို လက္ကားဖြန့်ဖြူး ရောင်းချပေးနေသည့် Wholesale Clearance UK ကုမ္ပဏီကလည်း အရောင်းရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်။

အဆိုပါ မှားယွင်းမှုသည် ကုမ္ပဏီမှ အငယ်တန်း ဝန်ထမ်းတစ်ဦး၏ ဓာတ်ပုံအသုံးပြုမှု အလွဲအချော်မှ စတင်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုအရ အဆုံးအရှုံး ကြီးမားသွားခဲ့ကြောင်းလည်း သိရှိရသည်

7day

သိကြားမင်း ဝရဇိန်က လက်ထဲမှာချိန်တုန်း



ဒီရက်ပိုင်း မဟာသန္တိသုခကျောင်းကို ညအမှောင်မှာ ဗြောင် လာပြီး အင်အားသုံးချိပ်ပိတ်ခဲ့တဲ့ အမှုရဲ့နောက်ဆက်တွဲသတင်း တွေက ဖတ်ရတာ တရုတ်သိုင်း ကားကြည့်ရသလိုပါပဲဗျာ။ တစ် ယောက်နဲ့တစ်ယောက် တိုက် ခိုက်တာ၊ တစ်ယောက်တိုက် ကွက်ကို တစ်ယောက်က လက်မတင်လေးပွတ်ရှောင်ထွက်သွား တာတွေဟာ မြန်လွန်းတော့ ကြည့်ကောင်းပေတဲ့ မျက်စိလည်ရသဗျ။ ဒီကြားထဲမှာ လက်နက်ပုန်းထုတ်သုံးတာတွေကလည်း ပါသေးကိုး။
‘‘ဆန်စဉ်ရာကျည်ပွေ့လိုက်’ သလိုလို့ပဲပြောရလေမလား။ အနှီ မဟာသန္တိသုခအဖြစ်အပျက်နဲ့ ဆက်စပ်ပြီးဖြစ်လာတာတွေက အခုထိ အတောမသတ်သေးဘူး ခင်ဗျ။ ပထမကျောင်းတိုက်ချိပ် ပိတ်တဲ့ကိစ္စနဲ့ သာသနာရေးဘက် က သတင်းစာရှင်းပွဲလုပ်တော့မကျေနပ်ရင်ကြိုက်တဲ့ တရားရုံးသွားဆိုပြီး ခပ်မိုက်မိုက်ကြွေးကြော်ခဲ့တဲ့ လူကြီးကနေစတာပဲ။ သူက သမ္မတအကြံပေးလား၊ သမ္မတရုံးအကြံပေးလားတောင်မှ ပဟေဠိဖြစ်လိုက်သေးတာ ကိုယ့်လူတို့မှတ်မိမှာပေါ့။

နောက် သိပ်မကြာပါဘူး။ မဟာသန္တိသုခကျောင်းတိုက်မှာ တည်းခိုနေတဲ့သံဃာတော်ငါးပါး ကို အတင်းလူဝတ်လဲပြီး အင်းစိန် ထောင်ကို  ပို့လိုက်တယ်ဖြစ်က ရော။ ကျုပ်တို့တွေကလည်း အမျိုးဘာသာ သာသနာဆိုတဲ့ခေါင်းစဉ် အောက်မှာ တစ်ဖက်သတ်တက် ထောင်မောင်းနင်း ပြောနေတဲ့ ပုဂ္ဂိုလ်အချို့ကိုသာကြည့်မရတာ။ ကန့်ကွက်တာပါ။ အခုလိုသံဃာ အစစ်အမှန်တွေမတရားခံရတဲ့ ကိစ္စမျိုးကျ ရင်ထုမနာဖြစ်ရတယ် ဗျ။ ခံလည်းမခံစားနိုင်ဘူး။ ဒါကြောင့်ပဲ ဒီရက်ပိုင်းမှာ တစ်တိုင်းပြည်လုံးဟာ  မဟာသန္တိသုခနောက်ဆက်တွဲဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီးယူကျုံးမရအပူလုံးကြွကာ စိတ်ဝင်စားမှုမြင့်တက်နေရတာပဲဖြစ်ပါသဗျာ။

ပိုပြီးရုပ်ဆိုးအကျည်းတန် သွားတာက ဗုဒ္ဓဘာသာတိုင်းပြည် လည်းဖြစ်တယ်။ ပြီးတော့ အခု ကာလအမျိုးကိုစောင့်မယ်၊ ဘာသာကိုစောင့်ပါမယ်တကဲကဲ နဲ့ ရွာလွန်ရွက်တိုက်လုပ်နေကြတဲ့ အခါသမယမျိုးကြီးမှာ ဘုန်းကြီး တွေကိုအစစ်အမေးသိပ်မရှိဘဲ ထောင်ထဲထည့်လိုက်တဲ့ကိစ္စပဲ။ ဘုန်းကြီးကိုထောင်ထဲထည့်တာထက် ပိုဆိုးသွားတာက အတင်းအဓမ္မလူဝတ်လဲလိုက်တာပဲဗျ။ အဲဒါကတော့ အရုပ်ဆိုးတယ်။ ခွင့်လွှတ်စရာလည်းမရှိတဲ့ အမည်းစက်ပဲ။ အဲဒီအကျည်းတန် တဲ့အမည်းစက်ကို အခုအရေးမှာ တာဝန်ရှိသူတွေအနေနဲ့ ဘယ်လို ချေဖျက်မလဲဆိုတာ ကျုပ်တို့ စောင့်ကြည့်နေတယ်ဗျာ။

အနှာတင်မက အခုလိုလူ ဝတ်လဲရခြင်းဟာ ဝိနည်းတော်နဲ့ အညီ မကျင့်ကြံလို့ဆိုပြီးလည်း ပြောတယ်။ လူဝတ်အလဲခံလိုက် ရတဲ့ သံဃာငါးပါးစလုံးဟာ ‘ငယ် ဖြူ’ကိုယ်တော်တွေပါ။ ပြီးတော့ ဆိုင်ရာပရိယတ္တိစာပေမှာလည်း နှံ့စပ်ကြတဲ့  ဆရာတော်တွေဖြစ် တယ်။ ဒါကို အတင်းအဓမ္မစွပ်စွဲ အပြစ်တင်လူဝတ်လဲပြီး ထောင် ထဲထည့်လိုက်ခြင်းဟာ သံသရာ မှာဘယ်လောက်အပြစ်ကြီးတယ်။ အကုသိုလ်များတယ်ဆိုတာ ကျူး လွန်လိုက်ကြတဲ့သူတွေမသိဘဲ နေမှာမဟုတ်ပါဘူး။  သိပေတဲ့ လောဘ၊  ဒေါသ၊  မောဟတရား ကကြီးမားရင်လည်း သတိချွတ် ယွင်း၊ အသိလစ်ဟင်းပြီး အလွဲအမှား လုပ်မိမှားတတ်တာလည်း ရှိသားကလား။ ခံရတဲ့ကာယကံရှင်တွေက ဘယ်သူ့ကိုမှ ဗွေမယူအမျက်မထားဘဲ သစ္စာတရားလက်ကိုင်ထားပြီး  ခွင့်လွှတ်ပေသိ အပြစ်ရှိရင်တော့ ပြုလုပ်သူဟာ ခံရမှာမလွဲဧကန်ပါပဲဗျ။

‘ကာလဝိပါက်နောက်ပိုး တက်’လို့အဆိုရှိသလိုပါပဲ။ ဝဋ်ဆို တာလည်စမြဲပဲဟာ။ အခုလို အကျင့်စရဏမှာ  ဘာမှဖောက် ဖောက်ပြားပြားမရှိတဲ့သံဃာတွေ ကို အတင်းလူဝတ်လဲထောင်ထဲ ထည့်ပြီးတဲ့နောက် ဆိုင်ရာသံဃ မဟာနာယကအဖွဲ့၊ သာသနာ ရေးဦးစီးဌာန၊ ပြည်ထဲရေးနဲ့သမ္မတအမှူးပြုတဲ့ အစိုးရတစ်ဖွဲ့လုံးဟာ လူထုရဲ့မေတ္တာတုံးတွေဖြစ်ကုန် တာ ကိုယ့်လူများတွေ့မှာပဲ။ ပြုပြင်ပြောင်းလဲရေးတွေလုပ်ပြီး အများက သဘောကောင်းသူ အဖြစ်မှတ်ထင်ခြင်းခံရတဲ့သမ္မတလည်းဒီအရေးမှာ စက်ကွင်းမလွတ်ခဲ့ပါဘူး။

သို့ပေတဲ့ လုပ်ရပ်တစ်ခုက လူပြောစရာဖြစ်လာပြီဆိုရင် အာဏာရှင်တွေလုပ်လေ့ရှိတဲ့ ထုံးဟောင်းတစ်ခုက  ပြန်ပေါ်လာ တယ်။ အဲဒါကတော့ အစိုးရအဖွဲ့ ထဲက တစ်ယောက်ယောက်ကို ‘ထိုးကျွေး’တာပဲခင်ဗျာ။   အခု မဟာသန္တိသုခကျောင်းတိုက်ကို လူခြေတိတ်မှာဝင်ကာ ချိပ်ပိတ် တဲ့ကိစ္စ၊ သံဃာငါးပါးကိုမတရား စွပ်စွဲ လူဝတ်လဲပြီး ထောင်ထဲ ထည့်တဲ့ကိစ္စတွေနဲ့ပတ်သက်လို့ ပြည်သူတွေကြားမှာ အစိုးရအပေါ်ဝေဖန်စောကြောပြောဆိုလာတော့ ခမျာတို့မှာ ‘ကံဆိုးသူ မောင်ရှင်’ကို ရှာပုံတော်ဖွင့်ပုံပဲဗျ။ အနှီကံဆိုးသူမောင်ရှင်ဟာ ‘ကြားထဲကငဝက်ကကျခံ’ရမယ့်သူပေါ့ ခင်ဗျာ။

သိပ်မကြာပါဘူး။ သာသနာ ရေးဝန်ကြီးဟာ ဘုရားတည်ရာ မှာ နိုင်ငံတော်ငွေကို အလွဲသုံးစား လုပ်တယ်ဆိုကာ တရားစွဲတာခံရပါတော့တယ်။ အနှီဝန်ကြီးဟာ နေပြည်တော်လယ်ဝေးမြို့နယ်ထဲက ယက္ကန်းတောင်ရွာမှ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲမှာ မိသားစုအလှူဒါနပြုစဉ်အခါတုန်းက ဝန်ကြီးဌာနပိုင်ငွေအချို့ကို အလွဲသုံးခဲ့တယ်ဆိုပဲ။ ငွေပမာဏကတော့ သိပ်မများပါဘူး။ မြန်မာငွေကျပ်သိန်းတစ်ရာတည်းပါရယ်။ နို့ပေတဲ့  ‘ဝိပါက်ကြမ္မာ’ငင်ပြီဆိုမှတော့ တစ်ကျပ်တစ်ပြားလည်း ခိုးရာပါဖြစ်တော့တာ ဘာဆန်းတာမှတ်လို့။

ဒါနဲ့ပတ်သက်ပြီး ကျုပ်တို့ အရပ်ထဲမှာဆွေးနွေးပြောဆိုနေ တာကတော့ ဒါဟာ မဟာသန္တိ သုခအရေးနဲ့ပတ်သက်ပြီး အစိုးရ အဖွဲ့ဟာ တမင်သက်သက် ထမင်းရည်ပူလာ လျှာလွှဲလုပ်တာပါတဲ့။ ဟုတ်၊ မဟုတ်တော့ကျုပ်လည်း မသိဘူးဗျို့။ လူထုထဲကထွက်လာ တဲ့စကားကတော့ အဲဒီအတိုင်းပဲ။ အရပ်ကထင်လည်းထင်စရာကိုး ခင်ဗျ။ ဒီလိုအကွက်တွေက အာဏာရှင်လက်ထက်တော် အခါတုန်းက အသုံးပြုခဲ့တဲ့ လှည့်ကွက်ကလေးတွေပဲဟာ။ လက်ရှိ အစိုးရကလည်း အနှီအာဏာရှင် လက်ထွက်တွေဆိုတော့ကာ ရိုးရာမပျက်ဆက်ခံတာနေမှာပေါ့ဗျာ။

ဘာပဲဖြစ်ဖြစ် သာသနာရေး ဝန်ကြီးခမျာ အစားမတော်တော့ တစ်လုတ်ဆိုတာလို ကျပ်သိန်း တစ်ရာလောက်နဲ့ ထောင်ချောက် ထဲရောက်တော့တာပဲ။ တကယ် တော့ သာသနာရေးဝန်ကြီးမှရယ် မဟုတ်ပါဘူး။ အခုလက်ရှိဝန်ကြီး အများစုဟာ ငွေကြေးအရှုပ်တော် ပုံတွေနဲ့မကင်းရာမကင်းကြောင်း တွေဖြစ်တယ်ဆိုတာ တစ်တိုင်း ပြည်လုံးသိထားကြပြီးသားပါ။ ဒါ ကြောင့်ပဲ အစိုးရဝန်ကြီးများပိုင် ဆိုင်ခွင့်ကို လူသိရှင်ကြားမပြရဲ ကြတာပေါ့။ အခု သာသနာရေး ဝန်ကြီး‘ဂိ’သွားတဲ့သိန်းတစ်ရာဆို တာ ကလေးမုန့်ဖိုး တစ်ခါပေး သလောက်တောင်မှမရှိပါဘူး။

ပြီးတော့ တစ်ခါရှိပါသေးရဲ့။ သာသနာရေးဝန်ကြီးဟာ ဘုရား ဆီလှူတဲ့မိသားစု အလှူထဲမှာ ဌာနငွေကိုအလွဲသုံးလိုက်လို့တဲ့။ ပြောကြကြေးဆိုရင် အစိုးရအဖွဲ့ ဝင်ဝန်ကြီး၊ ဝန်ကလေးများရဲ့ အလှူဒါနပြုသမျှအစုစုဟာ မိမိ တို့ရဲ့ချွေးနှဲစာတွေမှဟုတ်ပါရဲ့ လားဗျာ။ ‘သူကြီးဘုရား ရွာသား ကောင်းမှု’ဆိုတဲ့စကားရှိသား မဟုတ်လား။ အာဏာရှင်တွေ အုပ်စိုးစဉ်အခါက သာသနာပြု ထီးဆောင်းမင်းတွေရယ်လို့ လူတကာအမှတ်သညာပြုတာခံချင်တဲ့ရောဂါနဲ့ ဘုရားတွေတည်၊ကျောင်းတွေဆောက်ပြီး အလှူဒါယကာ၊ ဒါယိကာမအမည်ခံခဲ့ကြတာကို ကျုပ်တို့မမေ့သေးပါဘူးခင်ဗျ။ ဆိုချင်တာက အဲဒီ ကျောင်းတွေဆောက်ခဲ့၊ ဘုရား တွေတည်ခဲ့စဉ်က အသုံးပြုခဲ့တဲ့ ငွေအသပြာဟာ ပြည်သူ့ဘဏ္ဍာတွေပဲဥစ္စာ။ အခုထိမြန်မာပြည် အနှံ့ဘုရားဖူးထွက်တဲ့အခါ ဗိုလ်ချုပ်မှူးကြီးဘယ်သူဘယ်ဝါနဲ့ မိသားစုတို့ရဲ့ကောင်းမှူအလှူဆိုတာ ဆိုင်းဘုတ်တွေနဲ့အထင်အရှားရှိနေတုန်းပါ။ အဲဒီလိုလှူဖို့ရာငွေတွေဘယ်ကရပါသလဲဗျာ။  အစိုးရအမှုထမ်းတစ်ယောက်ရဲ့ လစာဟာ ဘုရားတည်နိုင်လောက်တဲ့အထိမှ ကျုပ်တို့တိုင်းပြည်မှာ မများတာလူတကာသိပြီးသားပဲဟာ။

အနှီလိုနောက်ကြောင်း ရာဇဝင်တွေရှိပေသိ အခုတော့ သာသနာရေးဝန်ကြီးဟာ သံကန့်လန့်ကာနောက်မှာ ရောက်နေပါပြီ။ ကျုပ်တို့ဖြင့် မနက်မိုးလင်း သတင်းစာဖတ်တဲ့အခါ  တရားသံဝေဂလည်းရမိပါတယ်။  ဘာဖြစ်လို့ဆို သတင်းထူးနှစ်ပုဒ်မှာ မျက်နှာဖုံးမှာယှဉ်တွဲပြီးပါလာလို့ ခင်ဗျ။ တစ်ပုဒ်ကလည်း ဝိနည်းနဲ့ မညီလို့ဆိုပြီး မတရားစွပ်စွဲလူဝတ်လဲပြီးထောင်ထဲအပို့ခံရတဲ့ သံဃာငါးပါးဟာ အာမခံနဲ့ပြန်လွတ်လာတယ်။ အဲ. . .သာသနာရေးဝန်ကြီး ခမျာတော့ ငွေကြေးအလွဲသုံးစားမှုနဲ့ရမည်းသင်းထောင်ထဲမှာ ရောက်ပြီး မိသားစုဟာလည်း နေအိမ်အကျယ်ချုပ်နဲ့ ဖြစ်နေပါသတဲ့။ ဒါကြောင့်ပြောတာ ‘ကာလဝိပါက်နောက်ပိုးတက်’တယ်ဆိုတာ။

ဒါပေသိ ဇာတ်လမ်းကတော့အရှင်းကြီးပါ။ မဟာသန္တိသုခ အဖြစ်အပျက်နဲ့ဆက်စပ်ပြီး အာဏာပိုင်တွေအပေါ် လူထုရဲ့ အမြင်ဟာ သိပ်မကောင်းချိန်မှာ စာရေးဆရာတင့်တယ်ရဲ့စကား လုံးငှားပြောရရင်တော့ ‘ဖြေလျှော့ ခွေ’လုပ်လိုက်တာပေါ့ခင်ဗျာ။ လူထုရဲ့မကျေနပ်မှုကို တစ်စုံတစ် ရာဖြေလျှော့နိုင်ဖို့ရာ ကိုယ့်ဘက် ကတစ်စုံတစ်ယောက်ကို  ‘ခွေ’ လိုက်ပုံပါပဲ။ ဆိုင်ရာသာသနာရေးဌာနမှာ အလုပ်လုပ်ကြတဲ့ အောက်ခြေဝန်ထမ်းတွေကတော့ သူတို့ရဲ့ဝန်ကြီးဟာ လူရိုးတစ်ဦးပါ။ အခုဟာက အမှုဆင်ခံရတာပါဆိုပြီးသတင်းထောက်တွေကို ပြောတာလည်း သတင်းစာထဲမှာ ဖတ်လိုက်ရပါသဗျ။

သမ္မတရဲ့ပြောရေးဆိုခွင့်ရ သူကြီးကတော့ သူတို့ဟာ သာသ နာရေးဝန်ကြီးကို မလွှဲမရှောင်သာ အရေးယူဆောင်ရွက်လိုက်ရတာ ပါခင်ဗျ။ သူဟာ သမ္မတရဲ့အကြိမ် ကြိမ်ဆိုဆုံးမပြုပြင်ပေးမှုတွေကို မနာခံတာကြောင်မို့ လုပ်လိုက်ရ တာပါတဲ့။ အခု ကျုပ်တို့ကြားနေ ရတဲ့ငွေကြေးအရှုပ်တော်ပုံကိစ္စ ဟာ ဝန်ကြီးကိုဖြုတ်ပစ်ရတဲ့ အကြောင်းခြင်းရာများစွာထဲက တစ်ခုမျှသာဖြစ်ပါသတဲ့။ ခက် တာက ကျုပ်တို့မှာလည်း တစ်ဖက်သားထောင်ထဲရောက်သွားမှ ဖြေရှင်းလာတဲ့ စကားတွေဟာ တစ်ဖက်သတ်လား၊ ဘယ်လောက်မျှတမှုရှိသလဲဆိုတာ ဝေခွဲလို့မရ ဘူးခင်ဗျ။ ကာယကံရှင်ဘက်က ဖြေရှင်းမှုကိုလည်း ကြားလိုလှပါ သေးတယ်။

‘ယိုသမျှအဝှာဟာ ပုစွန် ဆိတ်ရဲ့ခေါင်းမှာသွားစု’ဆိုတဲ့ စကားပမာလိုပါပဲ။  မဟာသန္တိ သုခကိစ္စနဲ့ သံဃာအချို့အဖမ်း ခံခဲ့ရတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး သံဃာနဲ့လူထုအင်အားစုတွေ အကြားမှာမကျေမနပ်ဖြစ်နေတာကိုအခုအဖြုတ်ခံလိုက်ရတဲ့ သာသနာရေးဝန်ကြီးမှာပဲ တာဝန်ရှိတယ်ဆိုပြီး အထုပ်လိုက်ပစ်တင်ပေးလိုက်တဲ့ လုပ်ပုံလုပ်နည်းကတော့ ဖြေရှင်းပုံစံမမှန်သေးဘူးလို့သာ ကျုပ်တို့သတ်မှတ်ရမှာပဲဗျာ။ အခုဖြစ်သွားတဲ့ကိစ္စတွေမှာ အစိုးရဟာ တာဝန်မကင်းပါဘူး။ အလားတူ သံဃမဟာနာယက အဖွဲ့ကတာဝန်ရှိသူများအနေနဲ့လည်း တိုင်းပြည်က ဒါယကာ၊ ဒါယိကာမအပေါင်းကို ကောင်းစွာရှင်းပြရဦးမယ့်တာဝန်ကလည်း ရှိပါသေးတယ်။

နောက်ပြီးတော့ အစိုးရအဖွဲ့ အတွင်းမှာ အချင်းချင်းဦးရာလူက လက်ညှိုးထိုးပြီး စွပ်စွဲပြစ်တင်နေ တာတွေကလည်း ရပ်တန်းကရပ် သင့်ပြီခင်ဗျ။ ဆိုချင်တာက အစိုး ရအဖွဲ့အနေနဲ့ အခုမဟာသန္တိသုခ နဲ့ သံဃာပါးငါးထောင်ချခဲ့တဲ့ကိစ္စ တင်မကပါဘူး။ ပြည်သူ့ရေးရာ အမှုအခင်းကိစ္စတွေမှာ ပြောစရာ ဖြစ်လာရင် ရဲရဲကြီးတာဝန်ခံပြီး ဖြေရှင်းသင့်တယ်ဗျ။ ဒီမိုကရေ စီအစိုးရ  အမည်ခံထားပြီးကာမှမိဘပြည်သူများခင်ဗျာလို့ အခါခါရေရွတ်နေပြီးမှတော့ဖြင့် ကိစ္စကြီးငယ်ဝေဖန်စောကြောစရာ တိုင်းပြည်မှာဖြစ်လာတဲ့ အခါ တစ်ယောက်ကိုတစ်ယောက်၊ တစ်ဌာနကိုတစ်ဌာနဦးရာလူက စွပ်စွဲလွှဲချနေတာကြီးကတော့ လုံးဝမလှပဘူးဗျ။

ဘာပဲဖြစ်ဖြစ်ပါဗျာ။ သံဃာ အများစုဝေးရာ ကျောင်းတိုက် တွေနဲ့ သံဃာတွေကိုမဟားတရား အကြမ်းဖက်အမှုဆင်ထားတဲ့ဖြစ် စဉ်အပါဝင် မသမာမှုအစုစုဟာ တစ်နေ့မှာ ဘူးပေါ်သလို ပေါ်လာ မှာပဲဆိုတာ အရပ်ထဲက ပြည်သူ တွေဟာ လွှတ်ပြီးယုံကြည်တယ် ဗျာ။ တရားကိုနတ်စောင့်တယ်ဆို သမို့လား။ မြတ်စွာဘုရားမရှိတော့ တဲ့နောက် သာသနာဖျက်ဆီးသူ ကို သိကြားမင်းကကြီးမှူးပြီး နှိမ် နင်းမယ်လို့လည်း အဌာကထာဆရာများရဲ့  စာထဲမှာတွေ့ရ တယ်။နို့ပေတဲ့ သိကြားမင်းက  သာသနာမှာ ဖျက်လိုဖျက်ဆီး လုပ်သူများကို နှိမ်နင်းချိန်မှာ မနှိမ်နင်းလေတော့ ခွကျတယ်။ ဒါနဲ့ ပတ်သက်ပြီး စလေဦးပုညက သကြားမင်းကို လှောင်ပြောင်ပြီး အခုလိုစာချိုးခဲ့ ဖူးတယ်။

နန်းမေရု ပြာသာဒ်
လမ်းဖြတ်တဲ့ ဣန္ဒာ
ကမ်းသတ်လို့ နှိမ်ရှာတယ်။
အလိမ္မာ လွန်သား။
ထောက်လှမ်းချက် သုဓမ္မာဝယ်
ခုအခါ လစ်ကြသလား။
ဘုရားက သိကြားကိုမှာတယ်။
ဌကထာ ရှိသား
သာသနာ ငါထားခဲ့
မမှားအောင်စေ့ဆော်
မကောင်းသူ ကောင်းသူတို့ကို
ကြောင်းယူလို့ ဆန်းစစ်ကာမျှော်
ဝိမလ နန်းသစ်ပေါ်မှာ
သန်းရှစ်ဖော်ရွေများနှင့်
ဘုရားကို နှစ်ရစ်လိမ်
ညစ်တဲ့ မာဃိန်
ပစ်ရှာမည့် ဝရဇိန်ငယ်
ပန်းထိမ်မှာပြင်တုန်းထင့်လေး။  …. ပါတဲ့ခင်ဗျာ။

ဘစီတို့ ထင်တာကတော့  ခုအချိန်လောက်ဆိုရင် သိကြား မင်းလည်း သာသနာမှာမှားယွင်း ကြသူ ရှင်လူတွေကို နှိမ်နင်းဖို့ပန်း ထိမ်မှာ   ဝရဇိန်ပြင်နေတာပြီး လောက်ပြီဗျ။ အဲ… ဝရဇိန်နဲ့ မပစ် သေးပုံထောက်တာတော့ ဒီနေ့ လူ့ရပ်ရွာသာသနာမှာ မကောင်းသူရှင်လူပရိသတ်တွေဟာ များပြားနေတော့ကာ ဘယ်သူ့ကိုအရင်ဦး အောင်ဆော်ရမယ်ဆို တာ ချိန်နေထင်ပါရဲ့။‘‘ပစ်ရှာမည့် ဝရဇိန်ငယ်လက်ထဲမှာ ချိန်တုန်းထင့်လေး’’ ဆိုရမှာပလေ။ နို့ပေ တဲ့ သိကြားကိုကျုပ်တို့ တောင်း ပန်ချင်ပါတယ်။ ဒီ့ထက်ဒီအခြေ အနေတွေမဆိုးခင်မှာ ပစ်စရာရှိ တာပစ်သာပစ်လိုက်ပါ။ အရေးကြီးတာက ပစ်ရင်မိုး ပေါ်ထောင်မပစ်နဲ့။ အသူရာတို့ခေါင်းပေါ်ကျ သွားလို့ သိကြားနဲ့သူရာစစ်ခင်း ကြရင် ငြိမ်းချမ်းရေးပွဲစားတွေ အလုပ်ဖြစ်နေဦးမယ်။ ပစ်ရင် လူ့ပြည်က‘အလဇ္ဇီ’တွေကို  မှန် အောင်ပစ်ပါ။ သိကြားမင်းကြီးရာ။

(ဖော်ပြပါ သရော်စာသည် စာရေးသူ ဘစီ၏ အာဘော်သာဖြစ်သည်)

7day


ဒေါ်ခင်ဝိုင်းကြည် ဘယ်လို ခြိမ်းခြောက်ခံနေရလဲ


လာမည့်ရွေးကောက်ပွဲမှာ အချိုးကျကိုယ်စားပြု (PR) စနစ်ကျင့်သုံးဖို့ အမျိုးသားလွှတ်တော်မှာ အဆိုတင်သွင်းခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည် ခြိမ်းခြောက်ခံနေရပါတယ်။

ဒေါ်ခင်ဝိုင်းကြည်ကို တယ်လီဖုန်းနဲ ဆက်သွယ်ခြိမ်းခြောက်တာ၊ လွှတ်တော်အတွင်းမှာ စောင်းမြောင်း ပြောဆိုတာ၊ မီဒီယာတွေမှာလဲ သမိုင်းတရားခံအဖြစ် ရေးသားဖော်ပြမှုတွေ ကြုံတွေ့နေရတယ်လို့ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီက ဇွန်လ ၂၃ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

NDF ပါတီဝင် တစ်ဦးဖြစ်တဲ့ ဒေါ်ခင်ဝိုင်းကြည်က ခြိမ်းခြောက်ခံနေရတဲ့အတွက် စိုးရိမ်တဲ့အကြောင်း အခုလို ရင်ဖွင့်လာပါတယ်။ “ဖုန်းကနေတစ်ဆင့် ကိုယ်ရေးကိုယ်တာတွေ မိသားစု အရေးကိစ္စတွေအထိ မေးမြန်းနှောက်ယှက်တာတွေ ကြုံရတယ်။ အန်တီက နေပြည်တော်မှာ ရှိနေပေမဲ့ ရန်ကုန်က မိသားစုကို စောင့်ကြည့်နေတဲ့ပုံစံမျိုးအထိ ဖြစ်လာတော့ နည်းနည်းတော့ စိုးရိမ်တာပေါ့”

PR စနစ် အဆိုတင်တဲ့ အချိန်က ပြည်နယ်တွေမှာ မကျင့်သုံးဘဲ တိုင်းဒေသကြီးတွေမှာပဲ ကျင့်သုံးဖို့ တင်ပြခဲ့ပေမယ့် တိုင်းရင်းသားပါတီ အများစုက ပြင်းပြင်းထန်ထန် ကန့်ကွက်နေတာ နားမလည်နိုင်ဘူးလို့ သူကဆိုပါတယ်။ ညီနောင်တိုင်းရင်းသားများပါတီ ဖက်ဒရေးရှင်းအဖွဲ့ဝင် တိုင်းရင်းသားပါတီတွေက PR စနစ်ကို အပြင်းအထန် ကန့်ကွက်ထားပါတယ်။ တိုင်းရင်းသား ပြည်နယ်တချို့မှာတော့ ဆန္ဒပြကန့်ကွက်မယ်လို့ ကြေညာထားပါတယ်။

The Voice

ကမ္ဘာ့မြန်နှုန်းအမြင့်ဆုံး စူပါကွန်ပျူတာအဖြစ် တရုတ်နိုင်ငံမှ Tianhe-2 ရပ်တည်နေ


ကမ္ဘာပေါ်တွင် တွက်ချက်မှု စွမ်းရည် အမြင့်မားဆုံး စူပါကွန်ပျူတာများအနက် တရုတ်နိုင်ငံမှ Tianhe-2သည် ထိပ်ဆုံးနေရာမှ ဦးဆောင်ရပ်တည်နေကြောင်း သိရှိရသည်။

ကမ္ဘာ့မြန်နှုန်းအမြင့်ဆုံး စူပါကွန်ပျူတာ (၅၀၀)အနက် (၂၀)ရာခိုင်နှုန်းသည် တရုတ်နိုင်ငံမှဖြစ်ပြီး စူပါကွန်ပျူတာ နည်းပညာ နယ်ပယ်တွင် တရုတ်၏ ခြေလှမ်းကျဲကျဲ ဝင်ရောက်လာမှုကို ထင်ဟပ်စေသည်။ သို့သော်လည်း ကမ္ဘာ့မြန်နှုန်း အမြင့်ဆုံး စူပါကွန်ပျူတာများ စာရင်းကို အမေရိကန်က အဓိက လွှမ်းမိုးထားဆဲဖြစ်ပြီး အဆိုပါ (၅၀၀)စာရင်းတွင် အမေရိကန်မှ စူပါကွန်ပျူတာ (၂၃၃)လုံးထိ ပါဝင်နေသည်။

အဆင့်မြှင့် မွမ်းမံမှုများ ဆက်တိုက်ပြုလုပ်နေသည့်နောက် Tianhe-2သည် တစ်နှစ်တာအတွင်း အမြန်ဆုံး စူပါကွန်ပျူတာများ စာရင်းတွင် ဒုတိယအကြိမ်မြောက်အဖြစ် ထိပ်ဆုံးမှ ရပ်တည်ခဲ့ခြင်း ဖြစ်သည်။ Tianhe-2 ကွန်ပျူတာ၏ တွက်ချက်မှု စွမ်းရည်သည် 33.86 petaflop/s (quadrillions of calculations per second)ထိ ရှိနေကြောင်းလည်း သိရသည်။

Tianhe-2ကို တရုတ်အစိုးရက ပိုင်ဆိုင်ပြီး အမျိုးသား ကာကွယ်ရေး နည်းပညာ တက္ကသိုလ်တွင် သုတေသနနှင့် ပညာရေးဆိုင်ရာ ရည်ရွယ်ချက်များဖြင့် တပ်ဆင်ထားရှိသည်။ လွန်ခဲ့သည့် (၅)နှစ်က IBM၏ Roadrunner စူပါကွန်ပျူတာက တွက်ချက်မှုစွမ်းရည် 1 petaflop/sထိ ရောက်ရှိခဲ့ပြီးနောက်ပိုင်း စူပါကွန်ပျူတာများ၏ မြန်နှုန်းသည် အလွန်လျင်မြန်စွာ တိုးတက်လာခဲ့ခြင်း ဖြစ်သည်။ Roadrunnerသည် စွမ်းအင်သုံးစွဲမှု များပြားလွန်းသဖြင့် (၂၀၁၃)ခုနှစ်တွင် ရပ်နားသွားခဲ့ပြီ ဖြစ်သည်။

ကမ္ဘာ့ထိပ်တန်း စွမ်းဆောင်ရည် အမြင့်ဆုံး စူပါကွန်ပျူတာ (၅၀၀)တို့၏ စုစုပေါင်း တွက်ချက်နိုင်သည့် စွမ်းရည်မှာ 274 petaflop/sထိ ရှိနိုင်မည် ဖြစ်သည်။ ယင်းစာရင်းတွင် တရုတ်နိုင်ငံမှ စူပါကွန်ပျူတာ (၇၆)လုံး၊ ဗြိတိန်မှ အလုံး(၃၀)၊ ပြင်သစ်မှ (၂၇)လုံးနှင့် ဂျာမနီမှ (၂၃)လုံးတို့လည်း ပါဝင်ကြောင်း သိရှိရသည်။

7daydaily

အင်န်အယ်လ်ဒီ ရပ်ကျေးဒု-ဥက္ကဋ္ဌ အသတ်ခံရမှု အစိုးရအဖွဲ့ အကြောင်းမပြန်သေး


ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုန်းမြို့နယ်၊  မိုင်းကျဉ်းကျေးရွာရှိ အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် အလုပ်အမှုဆောင် ဒု-ဥက္ကဋ္ဌ ဦစိုင်းစံထွန်း အသတ်ခံရမှုနှင့် ပတ်သက်၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် ရဲတပ်ဖွဲ့ရုံးသို့ ဇွန်လ ၁၁ ရက်က စာတင်ခဲ့သော်လည်း အကြောင်းပြန်မှုမရှိဘဲ ကျူးလွန်သူကိုလည်း ဖမ်းဆီးရမိခြင်း မရှိသေးဟု ဟိုပုန်းမြို့နယ်၊ အင်န်အယ်လ်ဒီအမှုဆောင်ဥက္ကဋ္ဌ ဦးတင်မောင်တိုးက မဇ္ဈိမကို ပြောသည်။

“ဒေသခံတွေ အသက်အန္တရာယ် လုံခြုံရေးအတွက် တရားခံကို အမြန်ဆုံးဖမ်းမိဖို့ လိုအပ်ပါတယ်။ ဒီရက်ပိုင်းအတွင်းမှာပဲ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးကို သွားတွေ့ပြီး စုံစမ်းမေးမြန်းပါဦးမယ်”ဟု ၎င်းက ဆိုသည်။

ဦးစိုင်းစံထွန်းသည် ဇွန်လ ၄ ရက်၊ ည ၁၂ နာရီဝန်းကျင်တွင် လူနှစ်ဦးမှလာရောက် ခေါ်ဆောင်သွားခဲ့ပြီး ဇွန်လ ၅ ရက်၊ နံနက် ပိုင်းတွင် အိမ်နှင့် သုံးမိုင်ခန့်အကွာ လယ်ကွင်းပြင်၌ ဦးခေါင်းနောက်စေ့တွင် သေနတ် ဒဏ်ရာသုံးချက်ဖြင့် သေဆုံးနေခြင်း ဖြစ်သည်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားသည်မှာ နှစ်ပတ်ကျော် ကြာနေပြီဖြစ်သော်လည်း ကျူးလွန်သူကို ဖမ်းဆီးရမိခြင်း မရှိသေးဘဲ ဟိုပုန်းရဲစခန်းမှလည်း စိတ်ရှည်ရှည်ထားရန် နှင့် သဲလွန်စရနေပြီဟုသာ အကြောင်းပြန်ထားသည်ဟု ဦးတင်မောင်တိုးက ဆိုသည်။

ဟိုပုန်းမြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက “ကျူးလွန်သူကို အမြန်ဆုံးဖမ်းမိအောင် ဆောင်ရွက်နေပါတယ်၊ တိုးတက်မှုအချို့ ရှိနေပါတယ်။ အသေးစိတ်အချက်အလက်ကိုတော့ ပြောလို့ မရသေးပါဘူး”ဟု မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

အခင်းဖြစ်ပွားရာနေရာသည် RCSS ၏ ထိန်းချုပ်နယ်မြေဖြစ်ပြီး၊ ခလရ ၂၄၉ တပ်ဧရိယာနှင့် သုံးမိုင်ခန့်အကွာ၊ ပအိုဝ်းပြည်သူ့စစ် (KNO)) နှင့် ခုနစ်မိုင်ခန့်အကွာတွင် တည်ရှိသည်ဟု မိုင်းကျဉ်းဒေသ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်ဥက္ကဋ္ဌ ဦးစိုင်းနိုင်ဦးက ဆိုသည်။

အဆိုပါအမှုကို ဟိုပုန်းမြို့မရဲစခန်းမှ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် ဇွန်လ ၅ ရက်က အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

Mizzima News Daily


ဘင်္ဂလားဒေ့ရှ်တရားရုံးမှ အစ္စလမ္မစ် ၈ ယောက်အား ၂၀၀၁ ခုနှစ်က ကျူးလွန်ခဲ့သော အကြမ်းဖက်မှုများအတွက် သေဒဏ်ချမှတ်


ဇွန် ၂၃၊ ၂၀၁၄
ဘင်္ဂလားဒေ့ရှ်တရားရုံးတစ်ခုမှ လွန်ခဲ့သော ၁၃ နှစ် က လူ ၁၀ ဦး သေစေခဲ့သော  ဗုံးခွဲတိုက်ခိုက်မှုများနှင့် ပတ်သက်နေသော အစ္စလမ္မစ် စစ်သွေးကြွ ၈ ယောက်အား ဇွန် ၂၃၊ တနင်္လာနေ့က သေဒဏ်ချမှတ်လိုက်သည်။

စစ်သွေးကြွအုပ်စု ဟာကတ် အယ်လ် ဂျီဟဒ် အစ္စလမ္မီ အဖွဲ့ခေါင်းဆောင် အပါအဝင် ၎င်းအစ္စလမ္မစ်များသည် ၂၀၀၁ ခုနှစ်၊ ဧပြီ ၁၄ နေ့က မြို့တော်ဒါကာ၌ ရိုးရာ ဘင်္ဂါလီ နှစ်သစ်ကူးပွဲတော် ကျင်းပနေစဉ် အကြမ်းဖက်တိုက်ခိုက်ခဲ့မှုဖြင့် အပြစ်ရှိကြောင်း တွေ့ရှိခဲ့သည်။

အခြား ၆ ဦး မှာမူ ထောင်ဒဏ်တစ်သက် ချမှတ်ခံရသည်။

၎င်းစစ်သွေးကြွအုပ်စုကို အခြားသော တိုက်ခိုက်မှုများအတွက်လည်း အပြစ်တင်ထားသည်။ ထိုအထဲတွင် ၂၀၀၄ ခုနှစ်၊ သြဂုတ်လတွင်းက ဝန်ကြီးချုပ် ရှိတ် ဟာစီနား (ထိုစဉ်က အတိုက်အခံ ပါတီခေါင်းဆောင်) ပါဝင်သော စီတန်းလှည့်လည်နေသောလူတန်းကို တိုက်ခိုက်ခဲ့မှုလည်း ပါဝင်သည်။ ထိုတိုက်ခိုက်မှု၌ လူ ၂၃ ယောက် သေဆုံးခဲ့ပြီး ၁၅၀ ဒဏ်ရာရခဲ့ကာ ဟာစီနားသည်လည်း နားတစ်ဖက် လေးသွားခဲ့သည်။

HUJI ခေါင်းဆောင် မုဖ်သီ အဗ္ဗဒူလ် ဟန်နန်ကို ၂၀၀၅ ခုနှစ်၊ မေလအတွင်းက ဗြိတိသျှ မဟာမင်းကြီး အန်နဝါ ချောင်ဒရီအား မအောင်မြင်ခဲ့သော လုပ်ကြံမှုဖြင့် သေဒဏ်ချမှတ်ခံခဲ့ရသည်။ ထိုလုပ်ကြံမှု၌ ချောင်ဒရီမှာ ဒဏ်ရာရရုံသာ ဖြစ်ခဲ့သော်လည်း ၎င်း၏ သက်တော်စောင့်အပါအဝင် လူ ၃ ဦး သေဆုံးခဲ့သည်။

မျိုးမင်းသက် ဘာသာပြန်ဆိုသည်။

စစ်သည်(၅)ဦးကို ပစ်သတ်သွားသည့် တပ်ကြပ်ကြီးကို တောင်ကိုရီးယားစစ်တပ် ဖမ်းဆီးရမိ


တောင်ကိုရီးယား စစ်တပ်သည် လုပ်ဖော် ကိုင်ဖက် စစ်မှုထမ်း (၅)ဦးကို ပစ်သတ်သွား သည့် တပ်ကြပ်ကြီး တစ်ဦးကို အင်အား အလုံးအရင်း အသုံးပြုပြီး လိုက်လံဖမ်းဆီး နိုင်ခဲ့ကြောင်း သိရှိရသည်။

မြောက်ကိုရီးယားနှင့် နယ်နိမိတ် အနီးတွင် တာဝန်ကျနေသည့် တပ်ကြပ်ကြီး တစ်ဦးသည် အခြားစစ်မှုထမ်း (၇)ဦးကိုလည်း ဒဏ်ရာများ ရရှိအောင် ပစ်ခတ်ပြီး ထွက်ပြေးသွားခဲ့သည်။ ၎င်းသည် သစ်တောထူထပ်သည့် ဒေသတွင် ခိုအောင်းနေခဲ့ပြီး ယခုအခါ မိမိကိုယ်ကိုယ် သတ်သေရန် ကြိုးစားရာမှ စစ်ဘက်က လက်ရဖမ်းမိခဲ့ခြင်း ဖြစ်သည်။

ဇွန် ၂၃ ရက်နေ့တွင် ထောင်နှင့်ချီသော စစ်သားများသည် အထူးတပ်ဖွဲ့များ၊ စစ်သုံးရဟတ်ယာဉ်များ၏ အကူအညီဖြင့် သတ်မှတ်ဧရိယာကို တဖြည်းဖြည်းချင်း နယ်ကျဉ်းလာအောင် ဝန်းရံချဉ်းကပ်ပြီး အဆိုပါ တရားခံပြေးကို ပိတ်ဆို့နိုင်ခဲ့သည်။

“သူက ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ ပစ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ သူ့ကို ဝင်ဖမ်းခဲ့တာပါ”ဟု စစ်ဘက် ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ဆိုသည်။ လင်မ်ဟုသာ အမည်ဖော်ပြထားသည့် အသက်(၂၂)နှစ်အရွယ် တပ်ကြပ်ကြီးကို ယခုအခါ ဆေးရုံသို့ တင်ပို့ထားကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

လင်မ်သည် K-2 ချေမှုန်းရေး ရိုင်ဖယ်တစ်လက်နှင့် အပိုကျည်ကပ်များကို ကိုင်ဆောင်ထားခဲ့သည်။ ၎င်းသည် ဇွန် ၂၁ ရက်နေ့ ညပိုင်းက မြောက်ကိုရီးယားနှင့် နယ်ခြားဒေသရှိ ကင်းစခန်းတွင် အခြားစစ်သားများကို ပစ်ခတ်ပြီး ထွက်ပြေးသွားခြင်း ဖြစ်သည်။ ဇွန် ၂၂ ရက်နေ့ ညပိုင်းက လင်မ်သည် ၎င်းကို လိုက်လံဖမ်းဆီးသူများနှင့် အပြန်အလှန် ပစ်ခတ်ခဲ့ပြီး ထို့နောက်ပိုင်းတွင်မူ ရွာငယ်လေးတစ်ခု၏ အပြင်ဘက်ရှိ တောအုပ်အတွင်း ခိုအောင်းနေခြင်း ဖြစ်သည်။

လင်မ်ကို စစ်တပ်ထံ လာရောက်အဖမ်းခံရန် ဖခင်ဖြစ်သူ ကိုယ်တိုင်က လိုက်လံ နားချစည်းရုံးခဲ့သည်။ လင်မ်သည် သေနတ်ဖြင့် ဝှေ့ယမ်းပစ်ခတ်ခဲ့သလို လက်ပစ်ဗုံး တစ်လုံးကိုလည်း စနက်တံဖြုတ် ဖောက်ခွဲခဲ့သေးသည်။ ၎င်းသည် စစ်မှုမထမ်းမနေရ ဥပဒေအရ စစ်တပ်တွင် တာဝန်ထမ်းဆောင်နေခြင်းဖြစ်ပြီး လာမည့် လအနည်းငယ်အတွင်း ၎င်း၏ စစ်မှုထမ်းကာလ ပြီးဆုံးမည် ဖြစ်သည်။

လင်မ်၏ အပြုအမူနှင့် ပတ်သက်ပြီး အကြောင်းရင်းကို မသိရသေးသော်လည်း ၎င်းသည် စစ်တပ်နှင့် အံဝင်မှု မရှိဘဲ စိတ်ပိုင်းဆိုင်ရာ ပြဿနာအချို့ ရှိနေသည်ဟု ယူဆရပြီး အထက်အရာရှိများ အနေဖြင့် မိမိကို ပိုမိုဂရုစိုက်ရန် တောင်းဆိုခဲ့ဖူးကြောင်းလည်း စစ်ဘက်နှင့် နီးစပ်သူများက ပြောကြားခဲ့သည်။ လင်မ်ကို ဂမ်ဝမ်ဒေသ အရှေ့ပိုင်းရှိ မြောင်ဂါပါ ကျေးရွာလေး အနီးတွင် ဝန်းရံဖမ်းဆီးခဲ့ပြီး ဒေသခံ (၅၀၀)ကျော်ကို အရေးပေါ် အခြေအနေဖြင့် ရွှေ့ပြောင်းပေးခဲ့ရကြောင်းလည်း သိရှိရသည်။

_Channelnewsasia
7Day News Daily

လှည်းတန်းဈေးတွင် ဓာတ်ကြိုး ပြတ်ကျရာမှ ဓာတ်လိုက်သေဆုံးမှု သက်ဆိုင်ရာမြို့နယ် လျှပ်စစ်ဌာနတွင် များစွာတာဝန်ရှိ ဟု ပြည်သူများဝေဖန်


ဇွန် ၂၂- ဇွန်၂၁ရက် ည နေက လှည်းတန်း  ဈေးလမ်းတွင် ဓာတ် ကြိုးပြတ်ကျရာမှဓာတ် လိုက်ပြီး လူနှစ် ဦးသေဆုံး ခဲ့မှုနှင့် နှစ်ဦးဒဏ် ရာရရှိမှု တို့တွင် သက်ဆိုင်ရာ မြို့နယ်လျှပ်စစ် ဌာနတွင် များစွာတာဝန်ရှိကြောင်း ပြည်သူ များက ဝေဖန် လိုက်ကြသည်။

ပွင့်လင်းမြင်သာသော ဖြေရှင်းမှုဖြစ်ရန်လိုယခုကဲ့သို့သောဖြစ်ရပ်များမှာ မကြာခဏဖြစ် ပွားနေလေ့ ရှိပြီး ပြည် သူများ အသက်ဆုံးရှုံးရမှုများရှိခဲ့သော် လည်း မည်သူ့တွင်တာဝန်ရှိသည်ဟူ သည်ကို တိတိကျကျမ သိရှိရဘဲ ပြီး ပြီးရောသဘောမျိုးဖြင့် သာ အဆုံးသတ် သွားတတ်ကြရာ ယနေ့ခေတ်လို ပွင့် လင်းမြင်သာမှုရှိလာသောခေတ်တွင် ပွင့်လင်းမြင်သာသော အရေးယူ မှုများ ပြုလုပ်ပေးရန်လိုအပ်သကဲ့သို့ သေဆုံး ရသူတို့အတွက်လည်း နစ်နာသည့် အလျောက် ထိုက်သင့်သောဖြေရှင်းမှု ပုံစံများရှိသင့်သည် ဟု ပြည်သူ များ က ဝေဖန်အကြံပြု ပြောကြားလိုက် သည်။

ကမာရွတ်မြို့နယ်လျှပ်စစ်ရုံး မှ တာဝန်ရှိသူတစ်ဦးက ''မနေ့ကဖြစ်စဉ် မှာက ၄ဝဝဗို့အား ဓာတ်ကြိုးလေးပင် ထဲက တစ်ပင်ပြတ် ကျသွားတာ။ ပြတ် ကျရတာက မီးအသုံး များတာလဲ ပါ တယ်။ နောက်ပြီး ရာသီဥတုဒဏ်တွေ ကြောင့်လဲပါတယ်။ ခုတော့ ကျွန်တော် တို့ အဲဒီပြတ်ကျတဲ့ဓာတ်ကြိုးကို အ သစ်လဲထားပါပြီ။ ဟောင်းနွမ်းနေတဲ့ ဓာတ်ကြိုး တွေကိုတော့ အမြဲတမ်းလဲ လှယ်ပေးနေပါတယ်။

 အခုဒီကြိုးလဲ လဲထားတာသိပ်မကြာသေးဘူး၊ သုံး နှစ်လောက်ပဲရှိသေးတယ်။ ဘယ် လောက် အာမခံ ချက် ရှိလဲဆိုတော့သုံးစွဲတဲ့အပေါ်မှာပဲမူတည်ပါတယ်'' ဟု ဇွန် ၂၁ရက်က ကမာရွတ်မြို့နယ် တွင် လူနှစ်ဦးသေဆုံးမှုဖြစ်ပေါ်စေခဲ့ သည့် လျှပ်စစ် ဓာတ်ကြိုး ပြတ်ကျမှုနှင့် ပတ်သက်ပြီး ပြောကြားခဲ့ခြင်းဖြစ် သည်။

ကြိုတင်ပြင်ဆင်ထားမှုမရှိခြင်းနှင့် ပြုပြင်ရန်အတွက် စစ်ဆေး တိုင်းတာမှုမရှိခြင်းကြောင့်ဖြစ်
လျှပ်စစ် မီးကြိုးများ မကြာခဏ ပြတ်ကျနေခြင်းမှာ လက်ရှိသွယ်တန်း ထားသည့် လျှပ်စစ်ဓာတ်အားလိုင်း များမှာ သက်တမ်းကာလကျော်လွန် သည့်အတွက် လျှပ် စစ် အားနည်းသည့် အခါ သုံးစွဲသည့်ဝန်အားမနိုင်ခြင်း၊

ဓာတ်အားများခြင်းများကြောင့် လျှပ် စစ်ဓာတ်အားလိုင်းမခံနိုင်၍ ပြတ် တောက်ရခြင်းဖြစ်ပြီး ယင်းလျှပ်စစ် ဓာတ်အား လိုင်းများအား ပြုပြင်ရန်အ တွက် ကြိုတင်ပြင်ဆင်ထားမှုမရှိခြင်း နှင့် ပြုပြင်ရန်အတွက် စစ်ဆေးတိုင်း တာခြင်း မပြုလုပ်နိုင်ခြင်းတို့ကြောင့် ဖြစ်သည်။

အင်းစိန်မြို့နယ်မှ ဦးစောမိုးမြင့် က ''သက်တမ်းလွန် လျှပ်စစ်မီးကြိုး တွေ၊ ခံနိုင်ဝန်မမျှတဲ့လျှပ်စစ်ကြိုးတွေ ကို မပြင်နိုင်သေးသရွေ့တော့ လျှပ်စစ် မီးကြောင့် ဖြစ်တဲ့ ဝိုင်ယာ ရှော့တွေ၊ လျှပ်စစ်မီးကြိုးပြတ်ကျတာတွေ စတဲ့ ဒီလိုအန္တရာယ်တွေ ကြုံတွေ့နေရမှာ ဖြစ်တယ်။ သစ်ကိုင်းတွေကို မေလက ခုတ်ရမှာ အခုချိန် ကျမှ ခုတ်နေတာ တွေ့ရတယ်''ဟု ပြောသည်။

ဓာတ်ကြိုးပြတ်ကျရခြင်းအမျိုးမျိုးလျှပ်စစ်ဓာတ်အားများ လျော့ နည်းစွာရသည့်အပေါ် ပြည်သူများ က အိမ်အတွင်းဝင်ရမည့်ဓာတ်အား 220V  ပြည့်မီစွာရရှိရေး အတွက် တ ရားမဝင်အိမ်တွင်းသုံး မီးအား မြှင့်စက် (Transformer) များအား အသုံးပြု မှုများသည့်အတွက် ဝိုင်ယာရှော့ဖြစ် ခြင်း၊ မီးအားမြှင့်စက်အပူလွန်ကဲ သဖြင့် မီးလောင်မှု ဖြစ်ပွား ခြင်းနှင့် လျှပ်စစ်ဝိုင်ယာရှော့ကြောင့် ဓာတ် တိုင်ရှိ သက်တမ်းလွန် မီးကြိုးများပြတ် ကျခြင်းများဖြစ်ပေါ်ရကြောင်း ပညာ ရှင်များက ပြောသည်။
ele-acc
ဇွန်၂၁ရက် ည နေက လှည်းတန်းဈေးလမ်းတွင် ဓာတ် ကြိုးပြတ်ကျ မှု မြင်ကွင်း။ တာဝန်ရှိသူများ ပြန်လည်ပြင်ဆင်နေကြစဉ်။ဓာတ်ပုံ - ဒီမိုကရေစီတူဒေး
မြန်မာနိုင်ငံ ပြန်ပြည့်မြဲစွမ်းအ သင်းမှ အထွေထွေအတွင်းရေးမှူး ဦးအောင်မြင့်က ''လျှပ်စစ်မီးအား မပြည့်လို့မီးမလာတာ၊ မီးအားနည်း တာ၊ မီးအားများလို့ မီးကြိုး ပြတ်ကျ တာ တွေက မကြာခဏဖြစ်နေကြတာ ဖြစ်တယ်။ နှစ်စဉ်နှစ်တိုင်း လျှပ်စစ် ဓာတ်အားလိုင်းမပြင်နိုင်လို့ ဓာတ်အား ပျောက်ဆုံးတာတွေဖြစ်ရတယ်။ ဒါက လျှ ပ်စစ် ကို စီမံခန့်ခွဲတဲ့ နည်းပညာ မပြည့်စုံလို့ မလုပ်နိုင်သေးတာ ဖြစ် တယ်။ ဒီကိစ္စကိုပညာရှင်တွေက ခဏ ခဏဆွေးနွေးပြောကြားတယ်။

 နောက် တစ်နိုင်ငံ လုံး က ဓာတ်အား လိုင်းတွေ ကို ပြုပြင်ဖို့ အာရှဖွံ့ဖြိုးတိုးတက်ရေး ဘဏ်ကနေ ငွေချေးဖို့ကိုလဲ လွှတ် တော်မှာ အတည်ပြုထားတယ်လို့သိ ရတယ်။ ဒါပေမဲ့ ဘာသံ မှ အ ခုထိမ ကြား ရသေးဘူး''ဟု ပြောသည်။

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်း နှင့်ပတ်သက်ပြီး မဟာဓာတ်အားလိုင်း မှလာသည့် လျှပ်စစ်ဓာတ်အားများ ကွန်ပျူတာစနစ်ဖြင့် ထိန်းညှိပေး သည့် ဗဟိုထိန်း ချုပ် ပေးလွှ တ်သည့် စခန်းများမရှိခြင်း၊

တစ်နိုင်ငံလုံးတွင် မဟာဓာတ်အားလိုင်းများအပါအဝင် ၂၃ရာခိုင်နှုန်းမှ ၃ဝရာခိုင်နှုန်းကြား သာရှိသည့် လျှပ်စစ်မီး လိုင်းများအား စံချိန်မီလျှပ်စစ်ဖြန့်ဖြူးမှုစနစ် (Smart Grid) မရှိခြင်းကြောင့် လျှပ်စစ်မီးရ ရှိမှုမညီမျှမှုများကြောင့် လျှပ်စစ် ဓာတ်အား နှင့်ပတ် သက်ပြီး မတော် တဆမှုများ မကြာခဏပေါ်ပေါက် ခြင်းဖြစ်ကြောင်း လျှပ်စစ်ဓာတ်အား ပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ က ပြောသည်။

ထိုကဲ့သို့ပင် ကမာရွတ်မြို့နယ် မှ လျှပ်စစ်ကျွမ်းကျင်လုပ်သားကြီးတစ်ဦးက လှည်းတန်းဈေးလမ်းတွင် ဓာတ်လိုက်သေဆုံးမှုနှင့် ပတ်သက် ၍ ''နောက်လဲ ဒီလို တွေထပ် ဖြစ်နေဦး မှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ အခု ဓာတ်တိုင်တွေမှာ မြေစိုက်ကြိုးကြေး ကွင်းတွေ မရှိတော့ဘူး။ အရင်ခေတ် ကရှိခဲ့တယ်။

ဒီမြေစိုက်ကြိုး ကြေးကွင်း တွေကို လျှပ်စီးလမ်းကြောင်းနဲ့ဆန့် ကျင်ဘက်ကနေ ထားရတယ်။ ဒါမှ ဓာတ်ကြိုးပြတ်ကျရင် အဲဒီမြေစိုက် ကြိုးကြေးကွင်းတွေနဲ့ထိတွေ့ပြီး ရှော့ ဖြစ်သွား တယ်။ အဲဒီလိုဖြစ်တော့မှ မိန်းဆာဘာက ဘရိတ်ကာက ဒိုင်းဆို ပြုတ်ကျသွားပြီး လူကိုအန္တရာယ် မ ဖြစ်တော့ဘူး။ အခုအဲဒီကြေးကွင်း တွေမရှိတော့ဘူး။ ဒါ့ကြောင့် လူထိ တာ ၊ နောက်လဲ ထပ်ဖြစ်နေဦးမှာပဲ''ဟု သူ၏အတွေ့အကြုံနှင့်ယှဉ်၍ ပြော ပြသည်။

ယခုကဲ့သို့ ဓာတ်ကြိုးပြတ်ကျမှု များ မှာ ရန်ကုန်မြို့နယ်အနှံ့တွင် မကြာ ခဏဖြစ်ပွားနေကြောင်း သိရသည်။
''တစ်လောလေး ကပဲ သတင်း တစ်ပုဒ်တွေ့လိုက်ရသေးတယ်။ အင်း စိန်ဘက်က ဆိုက်ကားဆရာတွေလား၊ အလုပ်သမားတွေ လား တစ်ခုခုပေါ့။ သူတို့ ဝိုင်းဖွဲ့ ခြင်း ခတ်နေကြ ရင်းနဲ့ ခြင်းလုံးက ဝိုင်းထဲကအပြင်ထွက်သွား လို့ လိုက်ကောက်တာ မှာ ခြင်းလုံးကျ သွားတဲ့နေရာမှာ ဓာတ်ကြိုးပြတ်ကျ ပြီး လျှပ်စီးဝင်နေတာကို မသိတော့ အဲဒီ မှာ ဓာတ်လိုက်ပြီး သေသွားတဲ့ သတင်းတစ်ပုဒ် တွေ့လိုက်ရတယ်။ မကြာသေးဘူး''ဟု သတင်းအယ်ဒီ တာတစ်ဦးက ပြောပြသည်။

ပြီးခဲ့သည့် ဇွန် ၁၉ရက် ညနေ ပိုင်းကလည်း လှိုင်မြို့နယ် ဓမ္မာရုံလမ်း နှင့် ရွှေဟင်္သ࿿ာလမ်းထောင့်တွင် ဓာတ် တိုင်မှ လျှပ်စစ်ကြိုးပြတ် ကျကာ အောက် မှဖြတ် လာသည့် ဆိုက်ကား အနှေးယာဉ်ပေါ်ပြုတ်ကျခဲ့ကြောင်း မျက်မြင်များ က ပြောကြားသည်။

''ဓာတ်ကြိုးကပြတ်ကျပြီး ဆိုက် ကားကိုပတ်သွားတယ်။ ကံကောင်း လို့ ဆိုက်ကားနင်းတဲ့သူ မသေတာ။မီးကြိုးတန်းလန်းနဲ့ ဆိုတော့ ဘယ်သူ မှမကိုင်ရဲဘူး။ လျှပ်စစ် မီးပြင် တဲ့သူ တွေ မီးဖြတ်ပြီးမှ ဆိုက်ကားကိုပြန်ဆွဲ ထုတ်ယူလို့ရတယ်''ဟု ယင်းအဖြစ် အပျက်ကိုမြင်တွေ့လိုက်သည့် ဓမ္မာရုံ လမ်းထိပ်တွင် ဆိုက်ကားနင်း နေသူ က ဆိုသည်။

''ပြည်သူတွေ အသက်အန္တရာယ် မဖြစ်အောင် ကြိုတင်ပြင်ဆင်ထား သင့်တယ်။ ဓာတ်အားကြိုးတွေ ကြံ့ ခိုင်မှုရှိမရှိ၊ စိတ်ချရမှု၊ အာမခံနိုင်မှု ရှိမရှိဆို တာတွေ ကိုပေါ့။ အခုတော့ ဖြစ်မှထလုပ်တာက မြန်မာတွေရဲ့ဓ လေ့တစ်ခုလိုတောင်ဖြစ်နေပြီ''ဟု ကမာ ရွတ်မြို့နယ်တွင်နေထိုင်သူ ကိုမျိုး ဆန်းက လျှပ်စစ်ဌာန၏ အားနည်း ချက် အပေါ် ဝေဖန်ပြောကြားလိုက်သည်။

dailydemocracytoday

ရွှေည၀ါ တရားပွဲ စီစဉ်သူကို ထောင်ဒဏ် တစ်လ ချမှတ်


ရွှေပြည်သာမြို့နယ်တွင် ရွှေည၀ါဆရာတော် ဦးပညာသီဟ၏ တရားပွဲစီစဉ်သူ ဦးကျော် ဟိန်းကို မြို့နယ်တရားရုံးက ဒဏ်ငွေတစ်သောင်း (သို့မဟုတ်) ထောင်ဒဏ်တစ်လ ချမှတ်ခဲ့သည်။

၂၀၁၄ ဖေဖော်ဝါရီလတွင် ကျင်းပသည့် တရားပွဲကို စီစဉ်သူက ဒဏ်ငွေပေးဆောင်ခြင်းမပြုဘဲ ထောင်ဒဏ် တစ်လသာ ကျခံလိုက်သည်ဟု ရွှေည၀ါဆရာတော်၏ လက်ထောက်ဆရာတော် ဦးဣန္ဒက က ဇွန် ၂၃ ရက်တွင် မဇ္ဈိမသတင်းစာကို မိန့်ကြားခဲ့သည်။

ခွင့်ပြုချက်မယူဘဲ စီစဉ်ခဲ့သည်ဟုဆိုကာ ရွှေပြည်သာမြို့နယ် အမှတ်(၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးက ရာဇသတ်ကြီးပုဒ်မ ၂၁ ဖြင့် တရားစွဲဆိုခဲ့သည်။

ထိုသို့ အမိန့်ချမှတ်ခဲ့သည့်အပေါ် ရွှေည၀ါဆရာတော် ဦးပညာသီဟက“တရားပွဲကို ဖယ်လိုက်ပြီး ဒဏ်ငွေ ၁၀,၀၀၀ ဆောင်ရမယ်၊ မဆောင်ရင် ထောင်ဒဏ်တစ်လ ကျခံရမယ်ပြောတယ်။ ဘာသာရေးကို လုပ်ချင်သလို လုပ်နေတယ်။ အဓိကကတော့ တို့ကို ပစ်မှတ်ထားနေတယ်။ နောက်ကို တရားပွဲ မကျင်းပရဲအောင်လို့ပေါ့”ဟု မိန့်ကြားခဲ့သည်။

ထိုသို့ အမိန့်ချမှတ်ပြီးသည့်နောက် ရွှေပြည်သာမြို့နယ်နေ ပြည်သူများက“တရားပွဲမလာတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး အလိုမရှိ”ဟု ရပ်ကွက်နေပြည်သူ ၁၅၀ ကျော်က ဆန္ဒပြ ကြွေးကြော်ခဲ့ကြသည်ဟု ဦးနေလင်းအောင်က ပြောသည်။ ယင်းသည် ရွှေည၀ါတရားပွဲများ နောင်တွင် မကျင်းပနိုင်ရေး ရည်ရွယ်သည်ဟု ပြောသည်။

Mizzima News Daily

အစိုးရတပ်သား တစ်ဦးမှ အမျိုးသမီးတဦးအား အဓ္ဓမပြုကျင့်ရန်ကြံစည်မှုအတွက် မတူပီအမျိုးသမီးထု ဆန္ဒပြမည်


ပြီးခဲ့တဲ့ ဇွန် ၁၀ ရက် နေ့က ချင်းပြည်နယ် မတူပီမြို့နယ်၊ ရေဇွာမြို့ အခြေစိုက် ခလရ (၂၆၉) မှ ကိုယ်ပှိုင် အမှတ် တသ – ၃၇၁၈၅၀၊ တပ်သား မျိုးသူရကျော်က အသက် ၄၀ အရွယ်  အိမ်ထောင်ရှင် အမျိုးသမီး တဦးအား အဓမ္မ ပြုကျင့် ရန်ကြံ စည်ခဲ့မှု နှင့်ပါတ်သက်ပြီး မတူပီအမျိုးသမီးအသင်း (MWO) ဦးဆောင်မှုဖြင့် ဆန္ဒပြမည်ဟု သိရသည်။

မတူပီ အမျိုးသမီးအသင်းသည်  ဇွန်လ ၂၄ ရက်နေ့တွင် မတူပီမြို့လယ် ရှစ်လမ်း ဆုံတွင် ဆန္ဒပြရန် အာဏာပိုင် ထံ တင်ပြသည်ကို  မြို့နယ်အုပ်ချုပ်ရေးမှူးက ခွင့် မပြုသော် လည်း  ပြုလုပ်မည်ဟု ပြင်ဆင်ထားကြောင်း MWO ဥက္ကဌ Pi Hluai Par က ပြောသည်။


” ဒီကိစ္စနှင့် ပါတ်သက်ပြီး အာဏာပိုင်တွေက ခဏခဏခေါ်တယ်၊ ဒါနဲ့ ကျမတို့ ဒီနေ့ အုပ်ချုပ်ရေးရုံးကို ပြန် သွား တယ်၊ သူတို့က ဆန္ဒပြတာ မလုပ်ဖို့ ပြန်ပြောတယ်၊  ဒါပေမဲ့ ကျမတို့က အမျိုးသမီးအခွင့်အရေး၊ အမျိုးသမီးတွေ နစ်နာမှု တားဆီး ကာကွယ်ပေးရေး အတွက် အစိုး ရနဲ့ ပြည် သူကို ဘာ အနှောင့် အယှက်မှ မပေးပဲ ငြိမ်းချမ်းစွာ ကျမတို့ ဆန္ဒကို ဖော်ထုတ်သွားမယ် ” ဟု ပြောသည်။

ဆန္ဒပြ စုဝေးမှုကို နံနက် ၁၀ နာရီမှ ညနေ ၁ နာရီအကြား ရှစ်လမ်းဆုံတွင် ပြုလုပ်ဖို့ ပြင်ဆင် နေပြီး ဆန္ဒပြပွဲတွင် အမျိုးသမီးဥက္ကဌ နှင့် လူငယ်ခေါင်းဆောင်ဖက်မှ Pu Maung Han တို့ အမှာစကား ပြောကြမည်ဟု သိရသည်။

”အုပ်ချုပ်ရေးဖက်က ခွင့်မပြုပေမဲ့ အမျိုးသမီးအဖွဲ့တင်မဟုတ်ပဲ အမျိုသမီးထုအားလုံး ပါဝင်ဖွယ်ရှိတယ်၊ အဓိက က ဇွန်လ ၁၀ ရက်နေ့က ရေဇွာမြို့ပေါ်မှာ အမျိုးသမီးတဦး အဓမ္မပြု ကျင့်ဖို့ ကြံစည်မှုအတွက်ပေါ့၊ ဘယ်လို ဆက်ဖြစ်မ လဲတော့ မသိဘူး ” ဟု ဆန္ဒပြမှုတွင်ပါဝင်မည့် James Roland က ပြောသည်။

အခြေစိုက် ခလရ (၂၆၉) မှ ကိုယ်ပှိုင် အမှတ် တသ – ၃၇၁၈၅၀၊ တပ်သား မျိုးသူရကျော် သည် တောင်ယာ သို့သွားသည့် အဆိုပါ အမျိုးသမီးအား အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့သော် လည်း ရွာသားတွေက အမျိုးသမီးကို အချိန်မှီ ကယ်တင်ခဲ့ကြောင်း သို့သော် တရားခံသည် အမျိုးသမီးကို အနာတရဖြစ်အောင် နှိပ်စက်ခဲ့ကြောင်း သိရသည်။

တပ်သားမျိုးသူရကျော်ကို နယ်မြေခံရဲများက ထိန်းသိမ်းထားခဲ့ရာမှ နယ်မြေခံ တပ်ရင်းမှူးက တရားခံအား  မတူပီသို့ ပို့ထားပြီး  ယနေ့ထိ မတူပီမြို့တွင် ချုပ်ထားဆဲဖြစ်ကြောင်း သိရ သည်။

လေ့လာချက်များအရ အစိုးရတပ်မတော်သားများ နှင့် အရပ်သားအကြား ပြသနာဖြစ်ပါက တပ်မတော်သားများကို အရပ်ဖက် တရားခုံရုံးတွင် မစစ်ဆေးပဲ စစ်ခုံရုံးက ကိုင်တွယ်ပြီး အရေးယူမှုမရှိပဲ တခြားနေရာသို့ တပ်ပြောင်း လေ့ရှိ ကြောင်းသိရသည်။

ယခင် စစ်အစိုးရအုပ်ချုပ်ရေးကာလတွင် ရေဇွာမြို့ပေါ်၌ ယခုလို အဖြစ်မျိုး အများအပြား ရှိခဲ့ဖူးသော်လည်း ပြည်သူများက စစ်သားများကို ကြောက်လန့်နေခြင်း၊ အမှုလုပ်ရန်ငွေကြေး မတတ်နိုင်ခြင်း၊ နစ်နာသူများဖက်က ရှက်ကြောက် စိုးရိမ်နေခြင်း တို့ကြောင့် တရားစွဲဆို အမှုရင်ဆိုင်ခြင်းများမရှခဲ့ကြောင်း သိရသည်။

လက်ရှိ အစိုးရလက်ထက် ၂၀၀၁၄-၁၅ ခုနှစ်အတွင်း  ၁၄ နှစ်အရွယ် မိန်းကလေးငယ်အား စစ်သားတစ်ဦးမှ  အဓမ္မပြု ကျင့်ရန်ကြိုးစားမှု၊ ရဲစခန်းအတွင်းရဲဝန်ထမ်းတဦးက ရွားသား တစ်ဦး အား သေနတ်ဖြင့် ပစ်သတ်ခဲ့မှုများရှိခဲ့သော်လည်း အရေးယူဆောင် ရွက်မှုမရှိကြောင်း သိရသည်။

 ခိုနူမ်းထုန် သတင်းဌာန

ပြည်တွင်းရွှေဈေးနှုန်း ပြန်လည်မြင့်တက်


ယခုနှစ် မတ်လမှ ဇွန်လလဆန်းပိုင်းထိ တဖြည်းဖြည်း ကျဆင်းလာခဲ့သော ရွှေဈေးနှုန်းသည် ဇွန်လ လလယ်မှ ပြန်လည်မြင့်တက်ခဲ့ပြီး ၁၅ ပဲရည် ရွှေတစ်ကျပ်သားလျှင် ကျပ် ၆၃၃,၀၀၀ ကျပ် ဈေးပေါက်ခဲ့သည်။

ပြည်တွင်း အခေါက်ရွှေဈေးမှာ မေလ လကုန်ပိုင်း အတွင်း ၁၅ ပဲရည်လျှင် ကျပ် ၆၂၀,၀၀၀၊ ၁၆ ပဲရည်လျှင် ၆၆၅,၀၀၀ ကျပ်ဖြင့် အရောင်းအ၀ယ်ပြုလုပ်ခဲ့ပြီး ဇွန်လ ၁ရက်တွင် နိုင်ငံတကာရွှေဈေးနှုန်းများ ဒေါ်လာ ၁,၃၀၀မှ ၁,၂၆၄ ဒေါ်လာ ထိကျဆင်းမူကြောင့် ရွှေဈေးများ ကျဆင်းခဲ့ကြောင်း ပြည်တွင်းရွှေဆိုင်များထံမှ သိရသည်။

“ ဒီရက်ပိုင်းအတွင်း ဈေးတွေပြန်တက်လာတယ်။ ဘာလို့ပြန်တက်တာလဲဆိုတော့ အီရတ်မှာ ပြည်တွင်း စစ်ဖြစ်တော့ ရေနံစက်ရုံတွေ အသိမ်းခံရတဲ့အတွက် ရေနံဈေး တွေ အရမ်းတက်သွားတယ်။ ရေနံဈေး တက်တာနဲ့အပြိုင် ရွှေဈေးပါလိုက်တက်တာပါ။ ရွေဈေးပြန်တက်တော့ ၀ယ်လိုအားကျသွားတယ် ”ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းမှ အလုပ်အမှုဆောင် ဦးအုန်းမြိုင်က မဇ်္ဈိမကိုပြောသည်။

နိုင်ငံတကာ ရွှေဈေးအတက်အကျ ပေါ်တွင် မူတည်သည့် ပြည်တွင်းရွှေဈေးမှာ နိုင်ငံတကာ ရွှေဈေးတက် ချိန်တွင် လိုက်ပါဈေးတက်တက်သည်။ ဈေးကွက်အတွင်း ရောင်းလိုအားဝယ်လိုအား အနည်းအများ အခြေ အနေပေါ်တွင်လည်း ဈေးနှုန်းအတက်အကျဖြစ်ပေါ်လေ့ရှိကြောင်း တိတ်စိန်ရွေဆိုင်မှဆိုင်ရှင် ကိုဇော် အောင်က မဇ်္ဈိမကိုပြောသည်။

“ အခု ရွေဈေးတွေ ပြန်တက်လာတော့ ၀ယ်လိုအားနည်းတယ်။ ဒီလထဲမှာတော့ ရွှေဈေးထပ်တက်ဦးမယ် မထင်ဘူး ” ဟု ကိုဇော်အောင်က ဆက်လက်ပြောကြားသည်။

ပြည်တွင်းရှိ အခေါက်ရွှေများ မိုးရာသီအတွင်း အရောင်းအ၀ယ်ပါးနေကြောင်း ရွှေဆိုင်များထံမှ သိရသည်။ ပြည်တွင်း ရွှေဈေးနှုန်းများမှာ မေလအတွင်း ဈေးနှုန်းပြောင်းလဲမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး ဇွန်လလယ် တွင် ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျှင် ဒေါ်လာ ၁,၃၁၄ ထိ တိုးမြင့်သွားကြောင်း ရွှေဆိုင်များထံမှ သိရသည်။

လက်ရှိပြည်တွင်း ရွှေဈေးနှုန်းမှာ ၁၅ ပဲရည်ကို ကျပ် ၆၃၃,၀၀၀ နှင့် ၁၆ ပဲရည်ကို ကျပ် ၆၇၂,၅၀၀ ဖြင့် အရောင်းအ၀ယ်လုပ်လျက်ရှိကြောင်း တိတ်စိန်ရွှေဆိုင်က မဇ်္ဈိမကို ပြောသည်။

ပြည်တွင်းရွှေဈေး အနည်းငယ်ပြန်တက်လာသည့်နည်းတူ ယခုရက်ပိုင်းအတွင်း နိုင်ငံခြားငွေလဲနှုန်းလည်း ယခင်တစ်ပတ်ထက် ၁၀ကျပ်ခန့်မြင့်တက်လာပြီး ပြင်ပဈေးကွက်တွင် ကန်တစ်ဒေါ်လာလျှင် ၀ယ်ဈေး ၉၇၈ ကျပ် ရောင်းဈေး ၉၈၀ကျပ်ဖြင့် အရောင်းအ၀ယ်ပြုလုပ်လျက်ရှိသည်။

Mizzima Burmese

မြောက်ကိုရီးယား ခေါင်းဆောင်က သြစီနိုင်ငံခြားရေး ၀န်ကြီးကို ခြိမ်းခြောက်


မြောက်ကို ရီးယားနိုင်ငံ ခေါင်းဆောင် ကင်မ်ဂျွန်အန် ကို ဝေဖန်တဲ့အတွက် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘိရှော့ပ်ကို ပြစ်ဒဏ်ပေးမယ်လို့ မြောက်ကို ရီးယားက ခြိမ်းခြောက်လိုက်ပါတယ်။

အဲဒီဝေဖန်မှု အပေါ် မြောက်ကို ရီးယားက အမျက်ဒေါသ ထွက်နေတာဖြစ်ပြီး သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးဟာ အမေရိကန်ရဲ့ မြောက်ကို ရီးယား အပေါ်ထားတဲ့ ပေါ်လစီကို အကောင် အထည်ဖော် ပေးတဲ့ အမေရိကန်ရဲ့ လက်ကိုင် တုတ်ဖြစ် တယ်လို့လည်း တုန့်ပြန် လိုက်ပါတယ်။

သူတို့ ခေါင်းဆောင်ရဲ့ ဂုဏ်သိက္ခာ ညိုးနွမ်းအောင် လုပ်တဲ့ အတွက် အပြစ်ပေး သွားမယ်လို့ မြောက်ကိုးရီးယား သတင်းမှာ ဖော်ပြထားပေမယ့် ဘယ်လို အပြစ်ပေးသွားမလဲ ဆိုတာကိုတော့ ပြောသွားတာ မရှိပါဘူး။

ABC Radio Australia

ခရမ်းကြွတ်သီး ရခိုင်ချက်စပ်စပ်လေး


ဒီနေ့ချက်ဖြစ်တဲ့ ခရမ်းကြွတ်သီးရခိုင်ချက်လေးပါ အရင်တုံးကတော့ အစိမ်းလိုက်ကြွတ်ကြွတ်လေးတို့တတ် သလိုအချိုနှပ်ပြီးတော့ချက်စားဖြစ်ပါတယ် မနေ့ကတော့ တူမလေးတယောက်က ရခိုင်ချက်လေးချက် စားကြည့်ပါလားဆိုပြီး ချက်နည်းလေးပေးလာတာနဲ့ဒီနေ့မနက် အကောင်အထည်ဖော်ပြီး ချက်ကြည့်လိုက် တာပါ။


တူမလေးကတော့ပြောပါတယ် တီတီရေ ချက်စားကြည့်တဲ့ စားပြီးရင်ခနခနချက်စားချင်နေလိမ့်မယ်တဲ့ တကယ်လဲ သူပြောသလိုပါဘဲနော် ချက်နေထဲကမွှေးလာလိုက်တဲ့အနံ့အရသာက တကယ်ကိုဘဲ ထမင်းမိန်စေခဲ့ပါတယ် ဒါကြောင့်မို့ ထမင်းမိန်စေမဲ့ ချက်နည်းလေးအတွက် ကျမမျှဝေပေးချင်ပါတယ်။

ခရမ်းကြွတ်သီးကို နည်းမျိုးစုံနဲ့ချက်စားဖို့ ပြင်ဆင်ပုံ ချက်ပုံချက်နည်း အားလုံကိုအကြံပေးတဲ့ သူငယ်ချင်း ခင်ခင်မင်းထွန်း မိတ်ဆွေဦးအေးဝင်းနဲ့ တူမလေး ဗစ်စတာအောင်တို့ကို ဒီနေရာကနေကျေးဇူးတင်ကြောင်း ပြောလိုက်ပါတယ်နော်။

ပြင်ဆင်ကြရအောင်


အလုံးလိုက်ရေစင်အောင်ဆေးထားသောခရမ်းကြွတ်သီး -  ၁၅လုံးခန့်
ခရမ်းသီးကိုအစေးများထွက်အောင် ထက်ခြမ်းခွဲပြီးရေစိမ်ထားပေးပါ
ပုဇွန်ခြောက် - ထမင်းစားဇွန်းမောက်မောက် တစ်ဇွန်း
ကြက်သွန်နီအနော်တော် - တစ်ခြမ်း
ကြက်သွန်ဖြူ -  အမွှာကြီးကြီး ၂မွှာ
ငရုတ်သီးစိမ်း - ခပ်သေးသေးအတောင့် ၁၀တောင့်  ( အစပ်စားလျှင်ပိုပြီးထဲ့ပေးပါ )
ပုဇွန်ငပိ - ကွမ်းသီးဆံလောက်
နံနံပင် - အနည်းငယ်
ဆီ - ထမင်းစားဇွန်း ၂ဇွန်း
ပုဇွန်ခြောက် ကြက်သွန်ဖြူနီ ငရုတ်သီးစိမ်းတို့ကို ရောပြီးထောင်းပေးထားပါ။
အားလုံးအဆင်သင့်ဖြစ်ရင် ချက်ကြရအောင်
ရေစိမ်ထားတဲ့ ခရမ်းကြွတ်သီးကို ချက်မည့်အိုးထဲသို့ရေစစ်ပြီးထဲ့ပေးပါ
ထောင်းထားသော ကြက်သွန်ဖြူနီ ပုဇွန်ခြောက် ပုဇွန်ငပိတို့ကိုခရမ်းသီးအိုးထဲသို့ထဲ့ပေးပါ
ဆီနှင့်ရေအနည်းငယ်ထဲ့ပြီး အိုးအဖုံးအုပ်ကာတည်ပေးပါ
ခရမ်းသီးနဲနဲနွမ်းလာပါက ရေခရမ်းသီးမမြုပ်တမြုပ်ထဲ့ပြီး ဆက်တည်ပေးပါ
ရေမခမ်းခင်အချိန်လေးမှာ အရသာမြည်းပြီးနံနံပင်အုပ်ပေးပါ
အရသာအနေတော်ဆိုရင် ရခိုင်ချက်လေးရပါပြီ
အရည်နှင့်ကြိုက်လျှင် ရေမခမ်းခင်မီးပိတ်ပေးပါ။
ရှူးရှူးရှဲရှဲလေးနဲ့ထမင်းမိန်ကြပါစေရှင်။

Credit: mmlazp.blogspot.com

Apple ရဲ့ ဈေးချိုတယ် ဆိုထားတဲ့ iMac


လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းက Apple ဟာ သူရဲ့ iMac အသစ်ကို ထုတ်လုပ်ခဲ့ပါတယ်။ အရင် မော်ဒယ်လ်ထက် ဈေးလျော့ထားတယ်လို့ သိရပြီး
၂၁.၅ လက်မအတွက် ယူရို ၈၉၉($1,099) ဖြစ်ကာ အဆိုပါ ဈေးနှုန်းမှာ အရင် ထက် ယူရို ၂၅၀ ခန့်သက်သာခဲ့တာ ဖြစ်ပါတယ်။

ထုံးစံအတိုင်း တစ်ခုခု အသစ်တင်တော့မယ်ဆိုရင် ဆိုဒ်ကို အနည်းငယ်ခဏပိတ်ထားတတ်တဲ့ Appleဟာ တစ်မနက်ခင်းမှာ အချိန်အနည်းငယ်လောက် ပိတ်သွားပြီး ပြန်တက်လာတဲ့အခါမှာတော့ ဈေးလျော့ထားတဲ့ iMac ဟာ ကျတော်တို့ကို အဆင့်သင့် စောင့်ကြိုနေခဲ့ပါတယ်။

အသစ်ထွက်ရှိလာတဲ့ Apple ရဲ့ iMac ဟာ အခြားအရင်ထွက်ရှိခဲ့တဲ့ မော်ဒယ်တွေထက်လည်း ဈေးလျော့ထားပြီး ၁၃လက်မရှိတဲ့ MacBook Air နဲ့ဈေးတူလျက်ရှိတာကို တွေ့ရပါတယ်။

သူရဲ့ အရင်မော်ဒယ်တွေကို ယှဉ်နိင်အောင် ဈေးလျော့ထားပေမဲ့လို့ Spec ပိုင်းမှာ သိပ်အထင်ကြီးစရာမရှိခဲ့ပါဘူး။ 1.4GHz dual-core Intel Core i5 processorနဲ့ အတူ Intel HD 5000 graphics ပါဝင်ကာ 500 GB့  Hard drive တွေကို ရရှိမှာ ဖြစ်ပါတယ်။ အဓိက အကြောင်းကတော့ ယူရို ၁၅၀လောက်သက်သာရတဲ့ အကြောင်းက Processor Quad-core နေရာတွင် Dual core ကိုသုံးထားကာ သိုလှောင်မူ၊ ရုပ်ထွက်နဲ့စတာတွေမှာ လျော့နည်းကာ သုံးပေးထားလို့ ဖြစ်ပါတယ်။ သို့ပေမဲ့ Hard drive အတွက်ကတော့ 1TB ကို ယူရို ၄၀ လောက်သုံးကာ တိုးမြင့်နိင်မှာ ဖြစ်ပါတယ်။

Aung Heine .
Smart Pro Journal

မနက်တိုင်း အလုပ်သွားခါနီး ဇနီးသည်ကို နမ်းတဲ့ အမျိုးသားက ပိုမို ဝင်ငွေကောင်း



အမေရိကန်က လေ့လာရေး သုတေ သနတို့ တွေရှိထားတဲ့ အချက် ဖြစ်ပါတယ်။ ယင်း အချက်အရ မနက်တိုင်း အလုပ်သွားခါနီး၊ ရုံးသွားခါနီး ဇနီးကို နမ်းတဲ့ အမျိုးသား များက ဇနီးကို မနမ်းတဲ့ အမျိုးသား များထက် ပိုမို ဝင်ငွေများကြောင်း သိရ ပါတယ်။

ဒီ အတွက် အိမ်ထောင်ပြုပြီး အမျိုးသား တစ်ထောင်ကျော် မှာ စစ်တမ်းကောက် လေ့လာ ခဲ့ခြင်း ဖြစ်ပါတယ်။ ပထမ လေ့လာ စမ်းသပ် တုန်းက မနက်တိုင်း ဇနီးသည်ကို နမ်းတဲ့ အမျိုးသားက သာမန် အမျိုးသားများထက် အသက် ငါးနှစ် ခန့် ပိုရှည်တာကို တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဒီတစ်ခါ တွေ့ရှိချက် ကတော့ ဇနီးသည်ကို မနက်တိုင်း နှုတ်ဆက် အနမ်း တဲ့ အမျိုးသားများက ပိုမို ဝင်ငွေ များခြင်း ဖြစ်ပါတယ်။

ယင်းဟာ သာယာတဲ့ အိမ်ထောင်ရေး အခြေအနေကို ဖော်ပြပြီး လုပ်ငန်းခွင်မှာ ပျော်ရွှင်စေတဲ့ အဓိက သော့ချက် ဖြစ်ကြောင်း ဆိုထား ပါတယ်။

Ref: dyknow
အောင်ခမ်း (ရိုးရာလေး)

Huawei ဖုန်းအတုအစစ် ဘယ်လိုခွဲမလဲ



ပြည်တွင်းဈေးကွက်၌ လက်ရှိ Huawei ကုမ္ပဏီက ရောင်းချပေးနေသည့် Honor 3Cမှာ အတုများထွက်ပေါ်နေ ခြင်းကြောင့် ၀ယ်ယူလိုသူများအတွက် အစစ်နှင့်အတုခွဲခြားချက်များကို တင်ပြလိုက်ပါသည်။

အစစ်နှင့်အတုကို အပြင်ပုံပန်းသဏ္ဌာန်နှင့် အသုံးပြုမှု အပေါ်မူတည်၍ ခွဲခြားနိုင်ပြီး Honor 3C အစစ်တွင် အလေးချိန် 140G ရှိပြီး ဖုန်းဆင်းမ်ကတ်ထည့်သွင်းသည့်နေရာနှင့် Micro SD ကတ်ထည့်သွင်းသည့်နေရာမှာ တစ်တန်းတည်းရှိသည်။

တရုတ်မှ တရားမ၀င်တင်သွင်းရောင်းချနေသည့် Honor 3C အတုတွင် အလေးချိန် 220G ရှိရာအစစ်နှင့် နှိုင်းယှဉ်ပါက သုံးပုံတစ်ပုံပိုမို လေးလံခြင်းရှိပြီး ကတ်ထည့်သွင်းသည့်နေရာနှင့် Micro SD ကတ်ထည့်သွင်းသည့်နေရာမှာ တစ်တန်းတည်းမရှိဘဲ တစ်စောင်းအနေအထားရှိခြင်း၊ အစစ်နှင့် နှိုင်းယှဉ်ပါက ကင်မရာအရွယ်အစားအနည်းငယ် သေးငယ်မှုရှိခြင်းဖြင့် နှိုင်းယှဉ်နိုင်ကြောင်း သိရသည်။

အစစ်နှင့်အတုကို နှိုင်းယှဉ်ခွဲခြားရန်မလိုဘဲ သုံးစွဲမှုအပေါ် မူတည်၍လည်း သိရှိနိုင်ပြီး Honor 3C အစစ်တွင် Free Phone Storage မှာ 5GB ခန့်ရှိပြီး အတုတွင် 2GB သာရှိကြောင်း၊အစစ်တွင် ထည့်သွင်းနိုင်သည့် Sim Card Slot နေရာများတွင် 3G နှင့် 2G ကွန်ရက်များကို ကွဲပြားစွာဖော်ပြနိုင်သော်လည်း အတုတွင် 3G ကွန်ရက်တစ်ခုတည်းကိုသာဖော်ပြခြင်းဖြစ်ကြောင်းHuawei ပြည်တွင်းရုံးချုပ်က ထုတ်ပြန်သည်။

အခြားသော Huawei မှထွက်ရှိပြီး ရောင်းချနေသည့် P6 နှင့် P7 ဖုန်းများလည်း အတုများထွက်ပေါ်နေကြောင်း သိရှိထားသော်လည်း လိုက်လံစစ်ဆေးနေဆဲဖြစ်ရာ အဆိုပါ ဟန်းဆက်များအတွက်ခွဲခြားနိုင်မည့်အချက်များ ထပ်မံထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

7Day Daily


နာမည်ကြီးနေတဲ့ ကဗျာဆရာ စာရေးဆရာ အောင်ရင်ငြိမ်း ရဲ့ စာအုပ်အကြောင်း တစေ့တစောင်း


ရှေ့ရက် အနည်းငယ်လောက်က မီဒီယာမှာ နာမည်ကြီးခဲ့တဲ့ ညစ်ညမ်းစာပေနဲ့ ပတ်သက်ပြီး အများပြောဆိုဝေဖန် နေကြတဲ့ ကဗျာဆရာ စာရေးဆရာ အောင်ရင်ငြိမ်းရဲ့ ရိုမန်းဘော့ထ်တွေရဲ့ ကမ္ဘာ နဲ့ ယခင် ထွက်ခဲ့တဲ့ စာအုပ်တွေ နဲ့ ပတ်သက်ပြီး ဖေ့စ်ဘုတ်ခ် လူမှုကွန်ယက်မှာ ပြောဆိုနေကြသူ တစ်ချို့ရဲ့ အရေးအသားတွေကို ယှဉ်ပြ တင်ဆက်လိုက်ပါတယ်။

” ကဗျာဆရာ စာရေးဆရာ အောင်ရင်ငြိမ်း ရေးသားထားတဲ့ ရိုမန်းဘော့ထ်တွေရဲ့ကမ္ဘာ စာအုပ် ကို ညစ်ညမ်းစာပေလို့ သတ်မှတ် ဝေဖန်ခဲ့ကြပါတယ်၊ ကဗျာဆရာ စာရေးဆရာ အောင်ရင်ငြိမ်း၏ ယခင် ထွက်ထားခဲ့တဲ့ စာအုပ် နာမည်လေးကလည်း သင်းပါတယ်၊ဘာတဲ့ ..တစ်ကိုယ်ရေ အာသာဖြေခြင်း တဲ့ဗျာ..။(ဟာဂျူလီ-ကသာ) ” ဒါကတော့ သတင်းတွေနဲ့ ကာတွန်းတွေ တင်ဆက်ရေးသားနေတဲ့ ဆရာ ဟာဂျူလီရဲ့ ပြောဆိုချက်ပါ။

နောက်တစ်ခုကတော့ မင်းသုဇင် ရဲ့ အမေး အဖြေ ဆန်ဆန် ရေးသားချက် ဖြစ်ပါတယ်။ နှိုင်းယှဉ် ဖတ်ရှုကြပါ။

မေး။ အောင်ရင်ငြိမ်းရဲ့ ၀တ္တုကိုခင်ဗျားဘယ်လိုမြင်လဲ၊

ဖြေ။ အေးဗျ အဲ့ဒီ ၀တ္တုကို ကျွန်တော်တော့ မဖတ်ရသေးဘူး ဒီလောက်ဟော့နေတာနဲ့ စာအုပ်စုတတ်တဲ့ ကျွန်တော် ၀ယ်မယ်ဆိုပြီး ဆိုင်သွားဝယ်တာ ကုန်ပြီတဲ့။ အတော်ပဲ ကောင်းလို့လား အတော်ပဲ ကြမ်းလို့လားတော့ မသိဘူး။ အတော်ကောင်းတဲ့ စာအုပ်တွေ ကျမ်းတွေကတော့ စာအုပ်ဆိုင်ကကိုမဆင်းတဲ့ ဒီခေတ်မှာအရောင်းသွက်စာအုပ်စရင်းဝင်တဲ့ ရှားပါးစာအုပ်စရင်းဝင်သွားတာပေါ့ဗျာ။

မေး။ အဲ့သည့်စာအုပ်ထဲမှာ အပြာဆန်ဆန် အခန်းတွေကိုကွက်ကွက် ကွင်းကွင်းရေးထားတယ်ဆိုလားပဲ

ဖြေ။ ဖေ့စ်ဘုတ်မှာတော့ ကာတွန်းဆရာတယောက်က ဝေဖန်ရင်း ဖော်ပြတာတော့ ဖတ်လိုက်ရပါတယ်။ အဲ့သည့် အခန်းတွေ အဲ့သည်လောက်လေးပါတာကိုလူတွေက အတော်အရူးအမူးနဲ့ အသည်းအသန် ၀ယ်ဖတ်နေသေးတယ်ဗျာ။ onlineပေါ်မှာ သည့်ထက်ကြမ်း သည်ထက်ကောင်းတဲ့ စာအုပ်တွေ အလားကားdownလို့ရနေတဲ့ ခေတ်ကြီးမှာ ရေးတဲ့သူနဲ့ ဖတ်သူ အတော်ကို အသံတူနေကြတာ အံသြကုန်နိုင်ဖွယ်ပဲ။

မေး။တချို့ကတော့ ဒါကိုစာပေလွတ်လပ်ခွင့်အတွက် စံပြလို သူရဲကောင်းလို ချီးမွန်းကြ တာကလည်းအတော်များ ဆိုလား။ခင်ဗျားကရောဘယ်လိုထင်လဲ?

ဖြေ။ စာပေလွတ်လပ်ခွင့်နဲ့ စာပေ ရောနှောခြင်းကို လေနဲ့ ၀မ်းနဲ့ မကွဲဘူးထင်ပါရဲ့ဗျာ၊ ကျွန်တော့ သဘောထားကို ဥပမာပေးရရင် အခုကိစ္စက ဗိုလ်ချုပ်တို့ခေတ်က ဟင်္သာတမှာ ဆေးရိုး လှမ်းသလိုများဖြစ်နေသလားလို့၊ စာပေစိစစ်ရေးတွေ ဘာတွေ မရှိတော့တာကို အခွင့်ကောင်းယူပြီး အခွင့်အရေးနဲ့ နာမည်ကြီးမှုကို အပြစ်အခတ် ရပ်တာကို လက်နကိနဲ့ ငြိမ်းချမ်းရေး လဲသလို နှစ်ပေါက်တပေါက်ရိုက်သွားတာပဲဗျ။ တော်ကြာ သူတို့လုပ်တာနဲ့ စာပေစိစစ်ရေးတွေ ဘာတွေပေါ်လာဖို့ရှိ ရင်ဖြင့် စစ်ဗိုလ်တွေ ကနေရာလေးဘာလေးများရမလားဆိုပြီး အဘတွေနား သွားကပ်နေတဲ့ လူမသိဇတ်လမ်းတွေ ဖြစ်နေပါအုံးမယ်။

မေး။ ခင်ဗျားက အဲ့သည်စာအုပ်ကိုလည်းသေချာမဖတ်ဖူး မြင်တောင်မမြင်ဘူးပဲနဲ့ ဘလိုင်းကြီး အပုတ်ချနေပါလား လူကြီးရ

ဖြေ။ ဒီမယ် ကိုယ့်လူ ကျုပ်က မဖတ်ဖူးဘဲနဲ့ ဖတ်ဖူးပါတယ်ဆိုပြီး ခင်ဗျားကို မလိမ်ခဲ့ဘူး။ ကိုယ့်ရဲ့ အယူအဆတွေကိုလည်း ဘီယာတိုက်ပြီး မပြောဘူး။ကျုပ်ပြောချင်တာက စာပေဖတ်ရှုမှုနည်းနေတဲ့ ဒီလိုခေတ်ကြီးမှာ ကိုယ်စာအုပ်လူသိရေး ရောင်းအားကောင်းရေအတွက် လိင်ပိုင်းဆိုင်ရာ ပုံနဲ့ ဆွဲဆောင်ပြီး လိင်ပိုင်းဆိုင်ရာကိစ္စတွေကို ကွက်ကွက်ကွင်းကွင်းရေးပြတာကိုဆိုလိုတာဗျ၊ sexကိစ္စကိုကျုးလွန်ကြတယ်၊အလွန်ခံစားခဲ့ကြတယ်ဆိုရင် ကိုယ့်ကလောင်ကိုယ်ယုံရင်ဖြင့် အစွမ်းပြစရာတွေအများကြီးရှိပါတယ်၊ကိုယ့်ဆရာရဲ့
မေး။ ဒါဆိုဗျာ အနောက်တိုင်း စာပေလွတ်လက်ခွင့်နဲ့ တိုင်းတာရင်ရော ခင်ဗျား ဘယ်လိုပြောအုံးမလဲ။
ဖြေ။ဒီနေရာမှာ ကျုပ်ခင်ဗျားကိုဝန်ခံစရာ ရှိတယ်။ တခြားတော့မဟုတ်ဖူး၊ ကျုပ်အနောက်တိုင်းခေတ်ပေါ်နဲ့ ခေတ်ပြိုင် စာပေတွေကို မလေ့လာဖြစ်ဘူး။ စိတ်မ၀င်စားတာလည်းပါသလို ကိုယ်နားလည်တဲ့ subjectလည်းမဟုတ်လို့ပါ၊ ဒါပေသည့် အနောက်တိုင်း နဲ့ပတ်သတ်တဲ့ ယဉ်ကျေးမှုတခုနဲ့ ကျွန်တော်နှိုင်းယှဉ်ပြမယ်။ တခြားတော့မဟုတ်ဘူး ရုပ်ရှင်ကားတွေပဲဗျ။ဟောလိဝုဒ် ရုပ်ရှင်ကားတွေတွေရဲ့ ပြောင်းလဲမှုအကြောင်းပဲ။ လွန်ခဲ့တဲ့အနှစ်နှစ်ကျော်နဲ့ သူနောက်ပိုင်းကရုပ်ရှင်ကားအတော်များများမှာ (အထူးသဖြင့်ကတော့ သရဲကားနဲ့စစ်ကား)တွေမှာ မင်းသမီး မင်းသားချစ်ကြိုက်ခန်း(လိင်ဆက်ဆံခန်း)တွေကို အနည်းဆုံး တခန်းတော့ ထည့်တက်ကြတယ်။ ဒါကိုကျွန်တော်က ဘွန်းဉ်ကျေးမှုလို့နာမည်ပေးထားတယ်။ အသေးစိတ်ရှင်းပြချင်ပေမယ့် ခေါင်းစဉ်လွဲသွားမှာစိုးလို့နောက်ကြမှ ဆွေးနွေးမယ်ဗျာ။ဒါပေမယ့် ၂၀၀၀ခုနှစ်နောက်ပိုင်းမှာ အဲ့သည့် အခန်းတွေထည့်ပြီး ပရိတ်သတ်ကိုမဆွဲဆောင်တော့ဘူး။ ကင်မရာအထူးပြုလုပ်ချက်တွေ နဲ့အခြားအရာတွေကို ဦးစားပေးဆွဲဆောင်လာတာကို ခင်ဗျားသတိထားမိမယ်ထင်တယ်။ လိင်ခန်းတွေကိုလုံးဝမတွေရတော့တာတော့မဟုတ်ပဲ လိုအပ်မှထည်သုံးတာတွေတော့အတန်အသင့်ရှိနေတာတွေနိုင်ပါတယ်။ အဲဒါကဘာကြောင့်ပြောင်းလဲသွားလဲဆိုတော့ မီဒီယာတွေများပြားလာမှုကနေ လိင်ကိစ္စတွေကို အင်တာနက်အပါအ၀င် အခြားနည်းလမ်းပေါင်းဆုံကနေ ရနိုင်လို့ပါပဲ။ဒါကဘာကိုမီးမောင်းထိုးပြသလဲဆိုရင်ခေတ်သစ်မှာ movie အမျိုးအစားတွေကွဲပြားသွားလို့(သို့)ခွဲခြားလိုက်လို့ပါပဲ။ခေတ်သစ်စာပေမှာ စာရေးဆရာအောင်ရင်ငြိမ်းရဲ့ဝတ္တုလိုမျိုး တွေက စာပေနဲ့ လိင်ကိစ္စတွေကို ပေါင်းစည်းဦးမယ်ဆိုရင်ခေတ်နောက်ပြန်ဆွဲတဲ့ အယူအဆ အနေနဲ့ကျွန်တော်ကတော့ သတ်မှတ်ရလိမ့်မယ်။နောက်ဆုံးပိတ်အနေနဲ့ မကြာခင်ကမှဖြစ်သွားတဲ့ကမ္ဘာ့ ဂီတလောကက မိုင်းလေဆိုင်းရပ်စ်ကိုမှတ်ချက်ပေးခဲ့တဲ့စကားလုံးလေးကိုပဲပြောပါရစေ။
`ကျွန်တော်က မိုင်လေရဲ့အနုပညာနဲ့ ဖျော်ဖျေမှုကိုမြတ်နိုးတာပါ။ အဖော်အချွတ်တွေကြည့်ချင်ရင် porn movieတွေပဲကြည့်တော့မှာပေါ့…………’



World Myanmar News မှ စုစည်းတင်ပြသည်။