ကျိုက်ထီးရိုးဘုရား ထီးတော် အသစ်တင်ရန် လျှောက်ထားမှု ဆရာတော်အချို့ကန့်ကွက်ထား




ကျိုက်ထီးရိုး ဘုရားကြီး၏ ထီးတော်အား အသစ်တင် လှူရန် အတွက် ဇေကမ္ဘာ ဦးခင်ရွှေ၏ လျှောက်ထားမှုကို ကျိုက်ထီးရိုး ဆရာတော်များမှ ကန့်ကွက်ထားကြောင်း သိရသည်။

ဇေကမ္ဘာဦးခင်ရွှေသည် ကျိုက်ထီးရိုး ဘုရား ဂေါပကအဖွဲ့ထံသို့ ၂၀၁၄ခုနှစ် တပေါင်း လပြည့်နေ့ (မတ်လ၁၅ရက်)တွင် ကျိုက်ထီးရိုး ဘုရားအား ထီးတော်အသစ် လှူချင်ပါ ကြောင်း ဖေဖော်ဝါရီ ဒုတိယအပါတ်တွင် အကြောင်းကြား ခဲ့သည့်အပြင် ကျိုက်ထီးရိုး ဘုရား သြ၀ါဒစရိယ ဆရာတော် တစ်ပါး ဖြစ်သည့် လေသာ ဆရာတော်ကိုလည်း ဦးခင်ရွှေမှ သွားရောက် လျှောက်ထား ခဲ့ကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပါတ်သတ်၍ လေသာ ဆရာတော်မှ ၂၀၁၄ ခုနှစ်
ဖေဖော်ဝါရီလ (၂၅)ရက်တွင် လေသာ ကျောင်းတိုက် ဩသ၀ါဒ စရိယ ဆရာတော် ၁၁ပါးစုံညီ အစည်းအဝေး ကျင်းပီး ထီးတော် အသစ် တင်မည့် အစီအစဉ်ကို လက်မခံကြောင်း ဦးခင်ရွှေအား ပြန်ကြားခဲ့သည် ဟုလည်း သိရသည်။

ထိုကိစ္စနှင့် ပတ်သက်၍ Tomorrow ဂျာနယ်မှ ကျိုက်ထီးရိုး ဂေါပက
အဖွဲ့၊ ကျိုက်ထီးရိုး ဘုရား သြ၀ါဒစရိယ၊ မြို့နယ် သံဃနာယက ဥက္က
ကော့ ဘိန်းဆရာတော်နှင့် အတွင်းရေးမှူးမြို့မမူချောင် ကျောင်းဆရာတော်
တို့ထံ ဖုန်းဆက် လျှောက်ထား မေးမြန်း ခဲ့ရာ ဂေါပယအဖွဲ့ ဥက္ကမှ “ဦးခင်ရွှေရဲ့ လျှောက်ထားစာကို သြ၀ါဒစရိယ ဆရာတော်ကြီးများထံ ဆက်ကပ် ထားပါတယ်။ ထီးတော်တင်ဖို့ ခွင့်ပြုခြင်း၊ မပြုခြင်းကတော့
ဂေါပကအဖွဲ့က ဆုံးဖြတ်လို့ မရပါဘူး” ဟု ပြန်လည် ဖြေကြားခဲ့သည်။

ကော့ဘိန်း ဆရာတော်ကမူ သြ၀ါဒစရိယ ဆရာတော်များ စုံညီ အစည်းအဝေးတွင် လက်ရှိ ထီးတော် မှာ ၂၀၀၁ခုနှစ်ကမှ တင်လှူထား သဖြင့် ပျက်စီးမှု နည်းပါးခြင်း၊ အကောင်းပကတိ နီးပါးရှိနေ သေးခြင်း တို့ကြောင့် ထီးတော်အသစ် တင်လှူရန် မလိုအပ်သေးကြောင်း ဦးခင်ရွှေ ထံ ပြန်ကြား လိုက်သည်ဟု မိန့်ကြား ခဲ့ကြောင်းလည်း သိရသည်။

အတွင်းရေးမှူး မြို့မမူချောင် ကျောင်းဆရာတော် ဥက္ကမှလည်း “ပြုပြင်မယ် ဆိုရင် ငြမ်းဆင်ပြီး ပြုပြင်ရုံနဲ့ လုံလောက်ပါတယ်။ ထီးတော် အသစ်တင်ဖို့ အထိ မလိုပါဘူး၊ ဒါ့အပြင် ဦးခင်ရွှေ ထီးတော် အသစ်တင်လိုတဲ့ ရက်က အလွန်နီးကပ်နေ အတွက် စီစဉ်ဖို့ အချိန် မလုံလောက်တော့လို့ပါ”ဟု မိန့်ကြားခဲ့သည်။

ဇေကမ္ဘာဦးခင်ရွှေ၏ မိသားစုကမူ ကျိုက်ထီးရိုး ဘုရားသို့ ထီးတော် အသစ် တင်လှူရန် အတွက် ကျိုက်ထီးဆောင်း ဆရာတော်ထံ ဖေဖော်ဝါရီ (၂၇)ရက်နေ့တွင် ရွှေသုံးပိသာ၊ ငွေကျပ်သိန်း ၅၀၀ နှင့် စတီးသံပိုက်(၂၀၀) လှူဒါန်းခဲ့ကြောင်း သိရသည်။

ဦးခင်ရွှေ မိသားစု အနေဖြင့် စိန်ဖူးတော်ကိုမူ အသစ်လဲမည် မဟုတ်ပဲ ထီးတော်နှင့် ငှက်မြတ်နား တော်ကိုမူ အသစ်တင် လှူမည်ဟု သိရသည်။

ဆရာတော်များက ခွင့်မပြုထားဘဲ ဦးခင်ရွှေက ထီးတော် အသစ်ကို ရ သည့်နည်းဖြင့် တင်လှူခဲ့ပါက မည်သို့ ဆောင်ရွက်မည်နည်းဟု Tomorrow သတင်း ဂျာနယ်မှ အတွင်းရေးမှုး ဆရာတော်အား ဆက်လက်၍ မေးမြန်းခဲ့ရာ ဆရာတော်က “ဒါဆိုရင်တော့ သံဃာတွေ အစည်းအဝေး ထပ်ခေါ်၊ ပြည်သူတွေကိုပါ တက်ခိုင်းပြီး ဆုံးဖြတ်
ရလိမ့်မယ်”ဟု ပြန်လည် မိန့်ကြားခဲ့သည်။ယင်းကိစ္စနှင့် ပါတ်သတ်၍
ဇေကမ္ဘာဦးခင်ရွှေအား မေးမြန်းရန် ဆက်သွယ်ခဲ့ သော်လည်း အဆက်သွယ် မရခဲ့ပေ။

ကျိုက်ထီးရိုး ဘုရား ထီးတော်သစ် တင်လှူရန် ကိစ္စသည် မလိုအပ်သေးသည့် အတွက် တားမြစ်ခြင်း ဖြစ်ပြီး ပြုပြင်မည် ဆိုပါက ခွင့်ပြုပေးမည် ဖြစ်ကြောင်း မြို့နယ် ဥက္ကဋ္ဌ ဆရာတော်ကြီးက မိန့်ကြားခဲ့သည်။

အတည်မပြုနိုင်သော သတင်းများ အရ အဆိုပါ ထီးတော် အသစ် တင်လှူမည့် ကိစ္စသည် ရန်ကုန်တွင် ပုန်းခိုနေသော ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က သူ၏ ညီမ ဖြစ်သူ လက်ရှိ ထိုင်းဝန်ကြီးချုပ် ယင်းလတ် အတွက် ယတြာချေပေးခြင်း ဖြစ်သည်ဟု စီးပွားရေး အသိုင်းအ၀ိုင်းက ပြောဆိုလျက် ရှိနေသည်။

( ယနေ.ထုတ် Tomorrow သတင်းဂျာနယ်မှ )

ဖားကန့်ဒေသတွင် ရေအရင်းအမြစ်များ ပျက်စီးပြီး ရေပိုမိုခက်ခဲလာ

ဖားကန့်ဒေသအတွင်းရှိ ရေကန်တစ်ခု ဓာတ်ပုံ− မရန်

ဖားကန့်မြို့တွင် ရေထွက်သည့် တောင်များအား တူးဖောက်လိုက်သည့်အတွက် တစ်နှစ်ထက် တစ်နှစ် ရေအရင်းအမြစ် ရှားပါးလာပြီး ယခုအချိန်တွင် သောက်သုံးရေအခက်အခဲဖြစ်နေကြောင်း သတင်းရရှိသည်။

 ‘‘ရေအရမ်းခက်တယ်။ တစ်ပုံးရဖို့ အကြာကြီးစောင့်ရတယ်။ ပိုက်ဆံရှိတဲ့သူတွေတော့ ၀ယ်သုံးကြတယ်။ တစ်ပီပါကို ၃၀၀၀ ပေးပြီး ၀ယ်ရတယ်။ ဖားကန့်မြို့ဆို အပြင်ထွက်တာနဲ့ ဖုံတွေချည်းပဲ။ အိမ်ပြန်လာပြီး ရေချိုးမယ်လုပ်လည်း ရေမရှိဘူး။ အရမ်းစိတ်ညစ်ဖို့ကောင်းတယ်’’ဟု ဖားကန့်မြို့ဒေသခံ ကိုဆိုင်းအောင်က ဆိုသည်။
         
ဖားကန့်ဒေသခံများသည် သောက်ရေအဖြစ် ရေသန့်ဝယ်ယူသုံးစွဲကာ သုံးရေများကို တစ်ပီပါလျှင် ကျပ် ၃၀၀၀ ပေး၍ ၀ယ်ယူသုံးစွဲနေကြရသည်။
         
ယခုကဲ့သို့ ဖားကန့်မြို့ ရေရှားပါးလာသည်မှာ ၁၀ နှစ်ခန့် ရှိပြီဖြစ်ကြောင်း ဖားကန့်မြို့ ကချင် နှစ်ခြင်းသင်းအုပ်ဆရာတစ်ဦးကဆိုသည်။ ယခင်က တောင်ကျရေများကျသည့် တောင်များကို အကုန် တူးလိုက်သည့်အတွက် ယခုကဲ့သို့ ရေရှားပါးလာခြင်းဖြစ်ကြောင်း သင်းအုပ်ဆရာက ဆက်လက်ပြောကြားသည်။
         
ဖားကန့်မြို့နယ်ရှိ ဒေသခံများသည် ယခင်က ဥရုချောင်းရေကို အသုံးပြုလျက်ရှိသော်လည်း ယခုအချိန်တွင် ထိုချောင်းရေမှာ ညစ်ပတ်နေသည့်အတွက် အသုံးပြု၍မရတော့ဘဲရှိသည်။
         
ဖားကန့်မြို့တွင် ဒေသခံပြည်သူများနှင့် မြန်မာနိုင်ငံအနှံ့မှ ကျောက်တူးသမားများ လူဦးရေ စုစုပေါင်း (၂) သိန်းခန့် နေထိုင်လျက်ရှိသည်။

Author: အောင်ခိုင် / မရန်
7day Daily

အိန္ဒိယ လုပ်ငန်းရှင်ကို လိမ်လည်မှုနဲ့ ရုံးတင်

တရားရုံး လာရောက်ချိန် မှင်နဲ့ အပက်ခံရ

အိန္ဒိယ နိုင်ငံရဲ့ ထင်ရှားပြီး လူသူ အပြောများ ကြတဲ့ စီးပွားရေး လုပ်ငန်းရှင် Subrata Roy ဟာ သူ့အပေါ် စွဲဆိုထားတဲ့ ငွေကြေး လိမ်လည် ရယူမှု စွဲချက်တွေနဲ့ တရားရုံးချုပ် ရှေ့မှောက် လာရောက်ခဲ့ရပါတယ်။

သူပိုင်တဲ့ Sahara Group ကုမ္မဏီကြီးဟာ အသေးစားရင်းနှီး မြှုပ်နှံသူတွေဆီက ဒေါ်လာ သန်းပေါင်း ထောင်နဲ့ချီပြီး ဥပဒေနဲ့ မညီဘဲ ရယူခဲ့တယ်လို့ အစွပ်စွဲ ခံနေရတာ ဖြစ်ပါတယ်။ မစ္စတာ ရွိုင်ကတော့ ဒီ စွပ်စွဲမှုတွေကို ငြင်းဆိုထားပါတယ်။

သူ တရားရုံးကို ရောက်လာတဲ့ အချိန်မှာ လူတစ်ယောက်ကနေ မှင်နဲ့ လှမ်းပက်လိုက်ပြီး သူခိုးလို့ အော်ဟစ် ပြောဆိုတာကို ခံခဲ့ရပါတယ်။

မစ္စတာ ရွိုင်ဟာ အိန္ဒိယရဲ့ နာမည်ကြီး နိုင်ငံရေးသမားတွေ၊ ဘောလီးဝုဒ် မင်းသား မင်းသမီးတွေနဲ့ ရင်းနီး ထိစပ်သူတစ်ယောက် ဖြစ်ပါတယ်။

သူ့ရဲ့ Sahara Group ဟာ သန်းနဲ့ချီတဲ့ ဝန်ထမ်းတွေကို အလုပ်ပေးထားပြီး နယူးယောခ့်က Plaza Hotel ၊ လန်ဒန်က Grosvenor House အပါအဝင် ပြည်တွင်း ပြည်ပက လုပ်ငန်း အများအပြားကို ပိုင်ဆိုင်ပါတယ်။

BBC Burmese

တစ်ညလုံး အလုပ်လုပ်ဖို့လိုအပ်လာရင်


          ဘယ်တုန်းကမှတော့ ဒီလိုမျိုး တစ်ညလုံးအလုပ်လုပ်ဖို့ အားမပေးဖူးပါဘူး။ ဒါပေမယ့်လည်း အရေးကြီးတဲ့ အခြေအနေတစ်ခု ရောက်လာခဲ့လို့ မလွှဲမရှောင်သာ လုပ်ရတော့မယ်ဆိုရင်တော့ သင့်ကို အထောက်အကူပြုမယ့် ဒီအချက်လေးတွေကို ရေးသားပေးချင်ပါတယ်။ ဒီလိုလုပ်နေကျ မဟုတ်တဲ့ သင့်အတွက် အချိန်ကုန် ၊ လူပင်ပန်းရကျိုးနပ်ပြီး အလုပ်လည်း ပြီးစေမယ့် ဒီနည်းလမ်းလေးတွေကို လျစ်လျူမရှုသင့်ပါဘူး။

(၁)     သင့်ရဲ့စိတ်ကို ပြင်ဆင်ပါ။

          ပထမဦးဆုံးအနေနဲ့ ပြုလုပ်ရမှာက တစ်ညလုံးစာအတွက် သင့်ကိုယ်သင် အရင်ပြင်ဆင်ပါ။ နောက်ဆုံး အချိန်နီးကပ်နေပြီဖြစ်တဲ့ အရေးအကြီးဆုံး အလုပ်တွေကို ဦးစားပေးပြီး စာရင်းလုပ်လိုက်ပါ။ ဒါမှသာ ဘယ်ဟာကို အရင်လုပ်ပြီး ဘယ်ဟာကို နောက်မှလုပ်ရမယ်ဆိုတာ အစီအစဉ် တကျဖြစ်ပြီး အလုပ်တွင်နိုင်ပါ လိမ့်မယ်။

(၂)     စားရမယ့် အစားအသာက်ကို ပြင်ဆင်ပါ။

ဗိုက်ဆာလာတဲ့ အချိန်မှာစားဖို့ အသီးတွေကို ပြင်ဆင်ထားပါ။ အဆီများတဲ့ အစားအစာတွေနဲ့ သကြားဓါတ်များတဲ့ အစားအစာတွေက သင့်ကို အိပ်ချင်စိတ် ဖြစ်စေပါတယ်။ ပရိုတိန်းဓါတ်များတဲ့ ပေါင်မုန့်ညို ဆန်းဒ၀ှစ်ခ်ျတွေနဲ့ နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ ချိစ့် ပေါင်မုန့် တွေလိုမျိုး စားပေးပါ။ ကော်ဖီသောက်မယ်ဆိုရင်တော့ နာရီဝက် (မိနစ်-၃၀) ကို တစ်ကျိုက်လောက် သောက်နိုင်ပါတယ်။

(၃)     ပုံမှန် ခဏနားချိန် ယူပါ။

          ဒီအချက်ကတော့ အနည်းငယ် ဥာဏ်များတဲ့ အချက်ပါ။ သင့်အနေနဲ့ အနားမယူတတ်ရင် ပြန်လည်အိပ်ပျော်သွားတဲ့ အခြေအနေကို ရောက်သွားပါလိမ့်မယ်။ တစ်နာရီပြည့်တဲ့အချိန်တိုင်းမှာ ဆယ်မိနစ် မျက်လုံးကို အနားယူပေးပါ။ ဥပမာ ကွန်ပျူတာနဲ့အလုပ်လုပ်နေတယ်ဆိုပါစို့ မျက်လုံးတွေကို အနားပေးတဲ့အချိန်မှာ ရေခဲထုပ်လေးကို မျက်လုံးပေါ် အုံထားပေးတာမျိုး လုပ်ပေးခြင်းဖြင့် အနားလဲရပြီး ပြန်လည်း အိပ်မပျော်သွားနိုင်ပါဘူး။



(၄)     အလင်းရောင်ကောင်းကောင်းနဲ့ တေးဂီတလေးလည်း ဖွင့်ထားပါ။

အလုပ်ခန်းဟာ လေကောင်းလေသန့်နဲ့ ထိုက်သင့်တဲ့ အလင်းရောင်ရဖို့ကလည်း အရေးကြီးပါတယ်။ အထူးသဖြင့် တစ်ညလုံး အလုပ်လုပ်တော့မယ်ဆိုတဲ့အခါ အလင်းရောင်က အရေးကြီးပါတယ်။ အလင်းရောင် ကောင်းကောင်းရနေမှ သင့်မျက်လုံးတွေ လိုအပ်တာထက်ပိုပြီး အားမစိုက်ရမှာပါ။ ပြီး EDM ဒါမှမဟုတ် trance သီချင်းလေးတွေလဲ ဖွင့်ထားဖို့ မမေ့ပါနဲ့နော်။

(၅)     နားချိန်မှာ ဆေးလိပ်မသောက်ပါနဲ့။

          သင့်အနေနဲ့ တစ်နာရီနဲ့ တစ်နာရီကြား ခဏနားချိန်မှာ ဆေးလိပ်သောက်တာ ပိုလန်းဆန်းစေတယ်လို့ ထင်နေနိုင်ပါတယ်။ ဆေးလိပ်ရဲ့ အကျိုးသက်ရောက်မှုကတော့ သင့်ကို ခဏတာ လန်းဆန်းစေနိုင်ပြီး မိနစ်အနည်းငယ် အကြာမှာတော့ ဆေးလိပ်မှာ ပါဝင်တဲ့ နီကိုတင်းကြောင့် ယခင်ကထက်ပိုပြီး ငိုက်မျဉ်းစေပါတယ်။

(၆)     သင့်ရဲ့ စိတ်ဓါတ်ကို အဖျက်ဆီးမခံပါနဲ့။

          တစ်လောကလုံး တိတ်ဆိတ်နေတဲ့ လူခြေတိတ်တဲ့ ညအချိန်ဟာ သင့်စိတ်ကို ထွေပြား ခြောက်ခြား စေပါတယ်။ ဒါကြောင့် သင်လုပ်နေတဲ့ လုပ်ငန်းတာဝန်တွေ အပေါ်မှာပဲ အာရုံအပြည့်အ၀ ထားပြီးလုပ်ပါ။ ခဏတာအနားယူချိန်မှာ ဆန္ဒရှိတယ်ဆိုရင် ပေါ့ပါးတဲ့ အညောင်းအညာပြေ လေ့ကျင့်ခန်းလေးတွေလည်း လုပ်လို့ရပါတယ်။ ဒါမှ သင့်စိတ်ဓါတ်က ထိုင်းမှိုင်းဆွေးမြည့် မလာမှာပါ။



(၇)     နေထွက်လာတဲ့အခါ အိပ်ပျော်သွားတာမျိုး ရှောင်ကျဉ်ပါ။

အလုပ်တွေအားလုံး ပြီးသွားလို့ မနက်ခင်း နေရောင်လေး ထွက်စပြုလာတဲ့အခါ သင့်စိတ်ထဲ ပေါ့ပါးသွားပြီး “ဒါဟာ ငါအိပ်ရတော့မယ်အချိန်ပဲ” လို့ တွေးနေမိမှာပေါ့။ ဒါမျိုးမလုပ်ပါနဲ့။ သင့်တင့်တဲ့ မနက်စာ အနည်းငယ်စားပြီး အပြင်ဘက်ထွက်လို့ အညောင်းအညာဖြေပြီး လေညင်းခံပါ။ ဖြစ်နိုင်ရင်တော့ နေ့လည်ခင်း (သို့မဟုတ်) ညဘက်ရောက်တော့မှ ခါတိုင်းနေ့ထက် ခပ်စောစောအိပ်ရာဝင်လိုက်ပါ။

(၈)     နောက်တစ်ခါ မလုပ်တော့ဘူးလို့ ဆုံးဖြတ်ပါ။

          တစ်ညလုံး ကောင်းကောင်း လုပ်နိုင်ခဲ့လို့ သင့်ကိုယ်သင် ဂုဏ်ယူသင့်တာ မှန်ပါတယ်။ ဒါပေမယ့် နောက်တစ်ကြိမ် အလုပ်တွေကို ဒီလိုပုံထားပြီး ဒါမျိုးထပ်မလုပ်ဘူးလို့တော့ ကတိပေးပါ။ ဘေးထွက် ဆိုးကျိုးအနေနဲ့ သင့်ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်ပြီး ရက်အနည်းငယ်နဲ့ ပြန်လည်အားမပြည့် ၊ မလန်းဆန်းနိုင်တာကို ခံစားရနိုင်တာကြောင့်ပါ။

Ref:mensxp.com
Trend Myanmar

ဗုံးသီးဟောင်းအား တုတ်ဖြင့်ရိုက်ကစားရာက ပေါက်ကွဲ၍ သေဆုံး

အင်တာနက်မှတွေ့ရသည့် ဗုံးသီးဟောင်း တစ်လုံး

နေပြည်တော်၊ မတ် ၃

၂၀၁၄ ခုနှစ်၊ မတ်လ ၁ ရက်နေ့ နေ့လည် ၁၂ နာရီအချိန် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ဖက်တောရွာ အရှေ့ဘက်(၃)မိုင်ခန့် အကွာရှိ ကွင်းအတွင်း ၎င်းရွာနေ တင်စိုးလင်း (၂၀)နှစ်၊ မိုးဒီ(၈)နှစ်၊ သီဟနိုင်(၇)နှစ်နှင့် သန်းမျိုးအောင်(၁၄)နှစ်တို့ ၄ ဦးသည် နွားကျောင်းနေစဉ် ဗုံးသီးဟောင်း တစ်လုံးအား တွေ့ရှိ၍ သန်းမျိုးအောင်မှ တုတ်ဖြင့် ရိုက်ဆော့ကစားစဉ် ပေါက်ကွဲရာ သန်းမျိုးအောင်မှာ ဝဲ/ယာခြေနှစ်ဖက် ပြတ်၊ မျက်နှာဆုတ်ပြဲ ဒဏ်ရာများရရှိကာ သေဆုံးခဲ့ပြီး တင်စိုးလင်း၏ ဝဲနားပေါက်ပြဲ၊ မိုးဒီတွင် ဝဲခြေသလုံး ပေါက်ပြဲ၊ သီဟနိုင်၌ ယာပေါင်ရင်းပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့သောကြောင့် ရွှေပန်းတောနယ်မြေရဲစခန်း၊ သေမှုသေခင်း အမှတ်စဉ်(၁/၂၀၁၄)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အကြောင်း ရုပ်ရှင် ကမ္ဘာကျော် ဒါရိုက်တာ စတီဗင် ဆိုဒါပတ်နှင့် ဇာဂနာ ပူးတွဲ ရိုက်ကူးရန် စီစဉ်


လူရွှင်တော် အနုပညာရှင် ဒီမိုကရေစီ အရေး တောင်းဆို တိုက်ပွဲဝင်သူ ဇာဂနာသည် ဗြိတိန်နိုင်ငံ ကမ္ဘာကျော် စာရေးဆရာ ဘက်နက်ဒစ် ရော်ဂျာ ရေးသားခဲ့သော မြန်မာနိုင်ငံ၏ ယခင် အစိုးရ ခေါင်းဆောင်ဟောင်း အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အကြောင်းအား အခြေခံကာ ရုပ်ရှင် ရိုက်ကူးရန် ကမ်းလှမ်းချက်ကို သဘောတူညီခဲ့ကြောင်း သိရှိရသည်။

ကိုဇာဂနာမှ “ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ပတ်သက်ပြီး လူတိုင်းမှာ အမြင် အမျိုးမျိုး ရှိကြမှာပါ။ ဒါပေမဲ့ ကျွန်တော့် အမြင်နဲ့ ဘနက်ဒစ်ရော်ဂျာရဲ့ အမြင်က ထူးထူးခြားခြား တူညီနေတာကို တွေ့ရတယ်၊ ဒါ့ကြောင့် သူက ရုပ်ရှင်ရိုက်ရင် မကောင်းဘူးလားလို့ မေးတော့ ကောင်းတယ်ဆိုပြီး ကျွန်တော် သဘောတူ လိုက်တာ ဖြစ်ပါတယ်” ဟု Tomorrow ဂျာနယ်ကို ပြောကြားခဲ့သည်။

ယင်းဇာတ်ကားအား နိုင်ငံတကာ အဆင့်မီ ရိုက်ကူးရန် အတွက် ကမ္ဘာကျော် ဒါရိုက်တာ တစ်ဦး ဖြစ်သော စတီဖင် ဆိုဒါဘတ်အား ကမ်းလှမ်းထားပြီး သဘော တူညီချက်များ ပြီးဆုံးပါက ကိုဇာဂနာသည် ယင်းဇာတ်ကားတွင် တွဲဘက် ဒါရိုက်တာ အဖြစ် တာဝန်ယူ ရမည်ဖြစ်သည်။ ဇာဂနာနှင့် ဒါရိုက်တာ စတီဖင် ဆိုဒါဘတ်တို့ အသေးစိတ် ညှိနှိုင်းရန် ဧပြီလတွင် အကြမ်းဖျဉ်း သတ်မှတ်ထားသည်။ ကိုဇာဂနာ အနေဖြင့် သန်းခေါင်စာရင်း ကိစ္စရပ်များ အပြီးတွင် အမေရိကန်ပြည် ထောင်စုသို့ သွားရောက်ပြီး ဆိုဒါဘတ်နှင့် ဆွေးနွေး သွားမည် ဖြစ်သည်။

ဒါရိုက်တာ စတီဖင်ဆိုဒါဘတ်သည် အော်စကာဆုရ ဇာတ်ကားများ ဖြစ်သော Traffic ၊ Che ချေဂွေဗားရား အထုပ္ပတ်္တိ ဇာတ်ကားများကို ရိုက်ကူးခဲ့သူ ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဇာတ်ကောင်နှင့် ပတ်သက်၍ သရုပ်ဆောင် ရွေးချယ်ရာတွင် ပြည်တွင်းနှင့် ပြည်ပမည်သည့် နယ်ပယ်က ဖြစ်မည်ဆိုသည်ကို ကိုဇာဂနာက “ဗိုလ်ချုပ်မှူးကြီး နေရာကို သရုပ်ဆောင်မဲ့ လူကို ရွေး ချယ်ရာမှာ သိပ်ခက်ခဲမယ်လို့ မထင်ဘူး၊ ဘာလို့လဲ ဆိုတော့ သူ့လို ရုပ်ရည်မျိုးက အညာဒေသ တွေမှာ အများကြီး ရှိပါတယ်” ဟု ဖြေကြားသွား ခဲ့သည်။

Tomorrow ဂျာနယ်ကို

ခွေးနဲ့လက်ထပ်ရတဲ့ ကလေးငယ်


ကလေးငယ်၏ ငယ်သွားပေါက်ပုံကြောင့် ထိုကလေးငယ်သည် တနေ့နေ့တွင် ကျားကိုက်ခံရကာ သေဆုံးနိုင်သည်ဟူသော ရှေးရိုးစွဲယုံကြည်မှုအရ မိဘများက ကလေးငယ်ကို ခွေးနှင့်လက်ထပ်ပေးပြီး ယတြာချေသည့် ဖြစ်ရပ်တစ်ခု အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ပြည်နယ်တစ်ခုတွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။

တစ်နှစ်ခွဲအရွယ်ရှိ ကလေးငယ် Sangula သည် အပေါ်သွားတစ်ချောင်းပေါက်လာရာ ကျေးရွာထဲမှ ရှေးရိုးစွဲအယူရှိသူ လူကြီးများက ကျားကိုက်ခံရနိုင်သည်၊ ယတြာအနေနှင့် ခွေးမတစ်ကောင်နှင့် ဘုရားကျောင်းတွင် ထိမ်းမြားရမည်ဟု အကြံပေးခဲ့ရာ မိဘများကလည်း လက်ခံပြီး ရွာထဲမှ ခွေးမတစ်ကောင်ကို သတို့သမီးကဲ့သို့ ဆင်ယင်ကာ မင်္ဂလာပွဲ ကျင်းပပေးခဲ့ခြင်းဖြစ်သည်။ မင်္ဂလာပွဲတွင် ခမ်းဝင်ပစ္စည်းများသာမက ရိုးရာအဆင်အပြင် အားလုံးကိုလည်း ပြည့်စုံစွာ စီစဉ်ထားခဲ့သည်ဟု ဆိုသည်။ ခွေးမကိုလည်း ငွေကွင်းများနှင့် လည်ပတ်များ ဆင်ယင်ထားခဲ့သည်ဟု မျက်မြင်များကဆိုသည်။

ကလေးငယ်၏ ဖခင်ဖြစ်သူ Sanrumula Munda က ယခုကိစ္စသည် ယတြာချေခြင်းသာဖြစ်ပြီး ကလေးအရွယ်ရောက်လာသောအခါ ၄င်း၏ တကယ့်မင်္ဂလာပွဲကို တစုံတရာ ပြဿနာရှိစေမည် မဟုတ်ဟု ဆိုသည်။ အိန္ဒိယနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်လျက်ရှိသော်လည်း မြို့ပြနှင့်ဝေးသော ကျေးလက်များတွင် ထိုသို့ ယုံကြည်မှုလွန်ကဲခြင်းနှင့် အယူသည်းခြင်းများ ရှိနေဆဲပင်ဖြစ်သည်ဟု သတင်းများကဆိုသည်။

Source : AFP
Credit: Original Translater

စူပါမားကစ်မှာတင်ရောင်းတဲ့ ကိတ်ထဲမှာ ကြွက်သေတွေ့ရှိ


မွေးနေ့အတွက် ၀ယ်လိုက်တဲ့ စူပါမားကစ်ကိတ်ထဲမှာ ကြွက်မြီးနဲ့ ကြွက်ခန္ဓာအပိုင်းတွေ တွေ့ရှိရကြောင်း နယူးယောက်ပြည်နယ် လောင်းအိုင်လန် ကျွန်းမှာ နေတဲ့ မိသားစုက ပြောပါတယ်။ အန်ကယ်ဂျိုးရဲ့ ၉၆နှစ်ပြည့် မွေးနေ့ကျင်းပနေချိန်မှာ ကြောက်စရာ လန့်စရာ တွေ့ရှိခဲ့ရတာပါ။ အန်ကယ်ဂျိုး တကူးတက မှာယူထားတဲ့ အနှစ်သက်ဆုံး German Apple ကိတ်ကို King Kullen စူပါမားကစ်က ၀ယ်ယူခဲ့တာဖြစ်ပြီး ပထမဆုံးတစ်ကိုက်ကို သူစားကြည့်တော့ အရသာက တခုခုလွဲချော်နေတယ်ဆိုတာကို သိခဲ့ရပါတယ်။

“ကျွန်တော့်ကောင်မလေးရဲ့ အန်ကယ်ဟာ ချက်ချင်းပဲ နေလို့မကောင်းတော့ဘူး။ သူ့မှာ တကယ့်ကို အစာအိမ် ပြဿနာ ဖြစ်ခဲ့တယ်။ ကိတ်ကြောင့်ပဲ ဖြစ်မယ်လို့ ယူဆတယ်။ ကိတ်မုန့်ကို ကျွန်တော် လှီးလိုက်တော့ အထဲမှာ မည်းမည်း တချို့ကို မြင်ခဲ့တယ်။ အောက်ခြေက ပုံစံခွက်လို့ပဲ မည်းနေတာ။ အဲ့ဒါနဲ့ လှန်ကြည့်လိုက်တော့ ကြွက်မှီးနဲ့ ကြွက် ခန္ဓာအပိုင်းတွေ ဖြစ်ပုံရတာတွေ တွေ့ရတော့တာပါပဲ။” လို့ Neil Gold က ပြောခဲ့ပါတယ်။ ကိတ်မုန့်ထဲက ကြွက်ရဲ့အမြီးက ၅လက်မ ရှည်ပြီး ကြွက်ခေါင်း တစ်ခုကိုလည်း ရှာတွေ့တယ်လို့ သိရပါတယ်။

King Kullen စူပါမားကစ်ရဲ့ ၀ဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ “coustomer အကြိုက်” ဆိုတာကို ဖယ်ရှားလိုက်ပါတယ်။ ကိတ်မုန့်တွေကို မုန့်ဖိုကနေ အားလုံးဖယ်ရှားပြီးပြီဖြစ်ကြောင်း၊ ဒီအဆိုပြုချက်ကို နှံ့နှံ့စပ်စပ်စုံစမ်း စစ်ဆေးမှာဖြစ်ကြောင်း၊ မုန့်ဖိုနဲ့အနီးတစ်ဝိုက်မှာတော့ ကြွက်အသွားအလာ လုံးဝမရှိကြောင်း German Appleကိတ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောထားပါတယ်။



Ref:news.yahoo.com
Trend Myanmar

ဗီယက်နမ်တို့၏ ပထမဦးဆုံးရေငုပ်သင်္ဘော


၂၀၁၃ ခုနှစ်၏ နှစ်ကုန်ပိုင်းရက်များက ဗီယက်နမ်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံမှ ထုတ်လုပ်သော Kilo Class အမျိုးအစားဖြစ်သော ၄င်းတို့၏ ပထမဆုံးရေငုပ်သင်္ဘောကို လက်ခံရရှိခဲ့ပါသည်။ အဆိုပါ ရေငုပ်သင်္ဘောမှာ ၀ယ်ယူထားသည့် ၆ စီးအနက်မှ ပထမဦးဆုံးတစ်စီးဖြစ်ပြီး ရေငုပ်သင်္ဘောများမှာ ၂၀၀၉ ခုနှစ်ကတည်း ကပင် မှာယူထားခြင်းဖြစ်ကာ ကုန်ကျငွေအားဖြင့် ဒေါ်လာ ၂.၁ ဘီလီယမ်ရှိပါသည်။

ရေငုပ်သင်္ဘောများအနေဖြင့် ရေနက်ဆိပ်ကမ်း Cam Ranh Bay တွင်အခြေစိုက်မည်ဖြစ်ပြီး ၄င်းဆိပ်ကမ်းမှာ ၁၉၆၀ ခုနှစ်ကတည်းက အမေရိကန်နိုင်ငံမှ ကုန်သွယ်မှုနှင့် သင်္ဘောပြင်ဆင်မှု လုပ်ငန်းများ အတွက် ပြုပြင်မွန်းမံထားခြင်းဖြစ်ပါသည်။ ရုရှားသင်္ဘောများအနေဖြင့်လည်း အဆိုပါ ဆိပ်ကမ်းကို ရာစုနှစ်သုံးဆယ်ကျော်အထိ အသုံးပြုခဲ့သည်ဟုလည်း သိရှိရပါသည်။

ရေငုပ်သင်္ဘောအနေဖြင့် အလေးချိန် ၂၃၀၀ တန်လေးကာ တော်ပီဒိုပစ်စင် ၆ ခုပါဝင်ပြီး တပ်ဖွဲ့ဝင်အနေဖြင့် ၅၇ ယောက်တာဝန်ထမ်းဆောင်မည် ဖြစ်ပါသည်။ ကီလိုမီတာ ၇၀၀ သွားလာနိုင်ပြီး ရေအောက်တွင် တစ်နာရီလျှင် ၅ ကီလိုမီတာ သွားလာနိုင်ပါသည်။ Kilos ရေငုပ်သင်္ဘောများအနေဖြင့် တော်ပီဒို ၁၈ စင်း၊သို့မဟုတ် SS-N-27 တန်ပြန်သင်္ဘောဖျက်ဒုံးပျံ (အကွာအဝေး ၃၀၀ ကီလိုမီတာရောက်ရှိနိုင်) များကို သယ်ဆောင်နိုင်စွမ်းရှိပြီး ၄င်းဒုံးပျံတို့အား ရေအောက်မှပင် တော်ပီဒိုပစ်လွှတ်စင်ကို အသုံးပြု၍ ပစ်ခတ်နိုင်ပါသည်။ ထိုသို့သော စွမ်းဆောင်ရည်များကြောင့် Kilo ရေငုပ်သင်္ဘောများသည် စစ်သင်္ဘောများ အတွက် အန္တရာယ် ကြီးမားသော အဆင့်တွင် တည်ရှိနေပေသည်။

မြောက်ကိုရီးယား၊ တရုတ်၊ အီရန်နိုင်ငံတို့သည်လည်း Kilos ရေငုပ်သင်္ဘောများကို ၀ယ်ယူထားကြပြီး တရုတ်နိုင်ငံအနေဖြင့် Kilos ရေငုပ်သင်္ဘောများကို ကိုယ်ပိုင်တည်ဆောက်ထားသည်ဟုလည်း သိရှိရပါသည်။ ဗီယက်နမ်နိုင်ငံမှ ယခုဝယ်ယူလိုက်သည့် ရေငုပ်သင်္ဘောမှာ လေကိုမှီခို၍မောင်းနှင်ရသော Air Independent Propulsion-AIP စနစ်မပါဝင်သောကြောင့် ဈေးနှုန်းသက်သာရခြင်း ဖြစ်သည်ဟု ထင်မြင်လျက်ရှိကြပြီး ၄င်းစနစ်သည် နျူကလီးယားအသုံးမပြုသော ရေငုပ်သင်္ဘောများအတွက် ရေအောက်တွင် တပတ်ခန့် ငုပ်နိုင်အောင် စွမ်းဆောင်နိုင်သည်ဟု သိရှိရသည်။

ယခုအခါ Kilos ရေငုပ်သင်္ဘောများသည် ဗီယက်နမ်ရေတပ်အတွက် ပထမဆုံးရေငုပ်သင်္ဘောများ ဖြစ် လာခဲ့ပြီး တရုတ်နိုင်ငံ၏ ရေတပ်စွမ်းအားကို တစ်စုံတစ်ခုအထိ ဆန့်ကျင်ရန်အတွက် အင်အားဖြစ်စေခဲ့ပြီ ဖြစ်ပါသည်။

ပြန်ဆိုသူ- World Wide
Ref:strategypage
TechSpace Journal

ကျောက်ဖြူ အထူး စီးပွားရေးဇုန် ဖော်ဆောင်ရေး ဒုတိယ အဆင့် တင်ဒါပေး


ကျောက်ဖြူ ရွှေ သဘာဝ ဓာတ်ငွေ့ စီမံကိန်း၌ ပါဝင်သော မလကျွန်းရွာရှိ သဘာဝ ဓာတ်ငွေ့ သန့်စင် စက်ရုံ တည်ဆောက်ရေး လုပ်ငန်းခွင် (ဓာတ်ပုံ – ကိုစိုး / ဧရာဝတီ)

ရခိုင်ပြည်နယ် ကျောက်ဖြူ အထူး စီးပွားရေးဇုန် ဖော်ဆောင်ရေး အတွက် စင်ကာပူနိုင်ငံ အခြေစိုက် အကြံပေး ကုမ္ပဏီကို အမေရိကန် ဒေါ်လာ ၂ သန်းခွဲဖြင့် ငှားရမ်း လိုက်ပြီ ဖြစ်ကြောင်း ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံ ခန့်ခွဲရေး ကော်မတီက သတင်း ထုတ်ပြန်သည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို အဆင့် ၄ ဆင့်ဖြင့် အကောင်အထည် ဖော်လျက်ရှိရာ ယခု တင်ဒါ ခွင့်ပြုခြင်းသည် ဒုတိယ အဆင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

တင်ဒါ တင်သွင်း ယှဉ်ပြိုင်ကြသည့် အကြံပေး ကုမ္ပဏီ အုပ်စု ၁၇ ခု အနက် စင်္ကာပူနိုင်ငံ အခြေစိုက် CPG (Creative Professional Groups) အကြံပေး ကုမ္ပဏီ အုပ်စုအား ရွေးချယ်ခဲ့ပြီး နယ်သာလန်နိုင်ငံ အခြေစိုက် KPMG ကို အရံ ကုမ္ပဏီ အဖြစ် ရွေးချယ်ခဲ့ကြောင်း ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံ ခန့်ခွဲရေး ကော်မတီ၏ ထုတ်ပြန်ချက်၌ ပါရှိသည်။

တင်ဒါ တင်သွင်းရန် စိတ်ဝင်စားသည့် နိုင်ငံတကာ ကုမ္ပဏီ အုပ်စု ၃၁ ခု ရှိပြီး ကုမ္ပဏီ အုပ်စု ၁၇ ခုက တင်ဒါ တင်သွင်းကြောင်း မတ်လ ၃ ရက်က မြန်မာ့မီးရထား ရုံးချုပ်တွင် ပြုလုပ်သည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီ၏ သတင်းစာ ရှင်းလင်းပွဲ၌ သတင်းထုတ်ပြန် ပြောဆိုခြင်း ဖြစ်သည်။

ကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ အလုပ်သမား ၀န်ကြီး ဌာန ဒု ဝန်ကြီး ဦးမြင့်သိန်း က “ဒီအကြံပေး အဖွဲ့က Developer (ရင်းနှီး တည်ဆောက်သူများ) ရွေးပြီးတဲ့ အဆင့်အထိပဲ အကျုံးဝင်မယ်။ စီမံကိန်း အကောင် အထည်ဖော်ရေး အတွက် စီမံခန့်ခွဲတဲ့ အဖွဲ့ ထပ်ခေါ်ရမယ်”ဟု ပြောသည်။

ရွေးချယ်ခံရသည့် CPG ကုမ္ပဏီကို စင်္ကာပူ အစိုးရ၏ ပြည်သူ့လုပ်ငန်းဌာနက ဦးဆောင်ဖွဲ့စည်းထားခြင်း ဖြစ်ပြီး အိမ်ရာ ကုမ္ပဏီ ဖြစ် သည့် DTZ ၊ ရေကြောင်းနှင့် ဆိပ်ကမ်း ၀န်ဆောင်မှုလုပ်ငန်း ဖြစ်သည့် Global Maritime and Post Services၊ စာရင်းကိုင် ကုမ္ပဏီ EY (Ernst&Young) နှင့် စီမံကိန်း စီမံခန့်ခွဲရေး ကုမ္ပဏီ PM Link တို့ စုပေါင်းထားသည့် ကုမ္ပဏီ အုပ်စုဖြစ်ကြောင်း သိရသည်။

တင်ဒါ ရရှိသွားသော ကုမ္ပဏီအုပ်စုက လုပ်သားအင်အားဖွံ့ဖြိုးရေး အစီအစဉ်၊ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဘ၀ ထိခိုက်မှုများကို စောင့်ကြည့် အကဲဖြတ်ရေး အစီအစဉ်များ ရေးဆွဲ လုပ်ဆောင်ရမည်ဟု ဒု ၀န်ကြီး ဦးမြင့်သိန်းက ပြောသည်။

ဆက်လက်၍ စီးပွားရေးဇုန် အတွင်း လာရောက် ရင်းနှီးမြှုပ်နှံမှုများအား အိတ်ဖွင့် တင်ဒါ ခေါ်ယူရေး လုပ်ဆောင်ရန် အတွက် အကြံ ပေး ဝန်ဆောင်မှု ပြုနိုင်ရန် ယခုကဲ့သို့ တင်ဒါပေး ငှားရမ်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းစီမံကိန်း အတွက် လုပ်သား အင်အား ၂၅၀,၀၀၀ ခန့် လိုအပ်ပြီး ရခိုင်ပြည်နယ်တွင် သဘာဝအတိုင်း ရှိနေသည့် ဒီရေ ရောက် သစ်တောများ ကျယ်ပြန့်စွာ ရှိနေကြောင်း သတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

CPG ကုမ္ပဏီ အုပ်စုက အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေး၊ လျှပ်စစ်ဓာတ်အား ရရှိရေး၊ ရေ ရရှိရေး၊ သယ်ယူ ပို့ဆောင်ရေး၊ ဆက် သွယ်ရေးနှင့် ဟိုတယ်များ အစရှိသည့် လုပ်ငန်းခွင်အဆင်ပြေရေး ကိစ္စများကို သက်ဆိုင်ရာ ၀န်ကြီး ဌာနများ၊ ပြည်နယ် အစိုးရ နှင့် စိတ်ပါဝင်စားသည့် ရင်းနှီးမြှုပ်နှံသူများနှင့် အတူ ပူးပေါင်း လုပ်ဆောင် သွားရမည် ဖြစ်ကြောင်း ဒု ၀န်ကြီး ဦးမြင့်သိန်းက ပြောသည်။

ကျောက်ဖြူမြို့နှင့် ၄ မိုင် အကွာရှိ စစ်တော ကျေးရွာ အနီးရှိ ဧက ၁ ထောင် ကျော်တွင် လုပ်ငန်း ဆောင်ရွက်မည့် အဆိုပါစီမံကိန်း အတွက် လျှပ်စစ်မီး လုံလောက်စွာ ပေးနိုင်ရန် ၅၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် စက်ရုံကို လည်းကောင်း၊ ဒေသထွက် သဘာဝဓာတ် ငွေ့ ၅၀ မဂ္ဂါဝပ် ရရှိရန် စီစဉ်ထားပြီး ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် လုပ်ပိုင်ခွင့် ရရှိသွားသော ကုမ္ပဏီက မိမိဆန္ဒ မပါဘဲ ရွှေ့ပြောင်းမှုနှင့် ပတ်သက်သည့် မှတ်တမ်း ပြုစုပေးရန် လိုအပ်ပြီး စီမံကိန်း အတွက် ပြည်သူများကို ပြောင်းရွှေ့နေရာ ချထားရာတွင် ကမ္ဘာ့ဘဏ်က ချမှတ်ထားသည့် စည်းမျဉ်းများ အတိုင်း ဆောင် ရွက်ရမည် ဖြစ်သည်ဟု ဒုဝန်ကြီး ဦးမြင့်သိန်းက ပြောသည်။

အဆိုပါ စီမံကိန်းနေရာသည် လူနေထိုင်မှု နည်းပါးခြင်းနှင့်ပတ်သက်ပြီး Kalvin Chia Partnership Law Firm မှ ရှေ့နေ ဦးသန်းမောင် က “လူအများစုက တခြားနေရာကို ပြောင်းရွှေ့ဖို့ မလိုအပ်ပါဘူး၊ တပြိုင်တည်းလိုပဲ ဒေသခံ အသိုင်းအ၀ိုင်းလည်း ဖွံ့ဖြိုး တိုးတက်လာမှာပါ၊ ကျနော်တို့ စီမံကိန်းမှာ သူတို့ အလုပ်လုပ်လို့ ရပါတယ်”ဟု ပြောသည်။

ကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံကိန်းသည် ရခိုင်ပြည်နယ် အတွင်းတည်ရှိပြီး ဒေသအတွင်း ဖြစ်ပွားလျက် ရှိသည့် ပဋိပက္ခများကြောင့် လာရောက် ရင်းနှီးမြှုပ်နှံမည့် ပြည်တွင်း ပြည်ပ ကုမ္ပဏီများအား ထိခိုက်မှု မရှိစေရန် အာမခံနိုင်ကြောင်း ဒုဝန်ကြီး ဦးမြင့် သိန်းက ပြောသည်။

“စီမံကိန်း လုပ်မယ့် နေရာဟာ ကျွန်း ဖြစ်တဲ့အတွက် တည်ငြိမ်ရေးကို ထိန်းသိမ်းလို့ ရနိုင်မယ်လို့ ယုံကြည်ပါတယ်၊ ရခိုင် တိုင်းရင်း သားတွေ အပေါ် ကျနော် ယုံကြည်တယ်၊ နောက်ထပ် ပဋိပက္ခ လုံးဝ မဖြစ်နိုင်တော့ပါဘူး၊ လုံးဝ အာမခံရဲပါတယ်”ဟု ၎င်းက ပြော သည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲသို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီး၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ခေါင်းဆောင်များနှင့် ရခိုင် ဒေသခံများ တက်ရောက်ခဲ့ ကြသည်။

ဧရာဝတီ

ဝန်ကြီး ဦးခင်ရီ တိုင်းရင်းသားများ အပေါ် နိုင်ငံရေး အမြတ်ထုတ်ဟု ဆို


တိုင်းရင်းသား ဘာသာစကား အလိုက် ထုတ်ဝေထားသည့် သန်းခေါင်စာရင်း လမ်းညွှန် လက်ကမ်း စာစောင်အား လေ့လာနေသော တိုင်းရင်းသား လူငယ်များ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

သန်းခေါင်စာရင်း ကောက်ခံမှုကို ခုတုံးလုပ်ပြီး ၀န်ကြီး ဦးခင်ရီက တိုင်းရင်းသားများ အပေါ် နိုင်ငံရေး အမြတ်ထုတ် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ပလောင် လူမျိုးများက စွပ်စွဲ ပြောဆိုလိုက်သည်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေးနှင့် ပတ်သက်ပြီး လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီး ဌာန ၀န်ကြီး ဦးခင်ရီနှင့် တိုင်းရင်းသား အဖွဲ့အစည်းများ နေပြည်တော်၌ မတ်လ ၂၆ ရက်က တွေ့ဆုံမှုအပေါ် ထိုသို့ ပြောဆိုခြင်း ဖြစ်သည်။

“တိုင်းရင်းသားတွေက သူတို့ သဘောထားတွေကို တင်ပြ ကြတယ်၊ ဒါပေမယ့် တင်ပြတဲ့ အချိန်မှာ သူတို့ဘက်က ပြင်ဆင် ပိုင်ခွင့် မရှိဘူး၊ ပြင်ဆင်ပေးဖို့ အစီအစဉ် မရှိဘူး၊ ကောက်ခံပြီးမှ ပြင်ဆင် ပေးမယ်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး တိုင်းရင်းသားရေး ရာ ၀န်ကြီးနဲ့ပဲ သက်ဆိုင်တယ် ဆိုပြီး ပြောတယ်၊ အဲဒီအပေါ် တိုင်းရင်းသားတွေက သဘောတူ နေတာ မဟုတ်ဘူး၊ ဒါနဲ့ ပတ် သက်ပြီး မီဒီယာတွေကို သူက တိုင်းရင်းသားတွေနဲ့ အဆင်ပြေပြီး အားလုံးက သဘောတူပြီ ဆိုပြီး ပြောတယ်၊ အဲဒါကို ကြည့် ရင် တိုင်းရင်းသားတွေ အပေါ်မှာ နိုင်ငံရေး အမြတ်ထုတ်တာ ပေါ်လွင် နေပါတယ်”ဟု ပလောင် (တအာင်း)အမျိုးသမီး အဖွဲ့အစည်းမှ အထွေထွေ အတွင်းရေးမှူး မဒီဒီပိုးကျိန်က ပြောသည်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံမှု အပေါ် ပလောင် လူမျိုးများက အချက် ၄ ချက် ပါဝင်သော သဘောထား ထုတ်ပြန်ချက်ကို မတ် ၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်ကို ပလောင်(တအာင်း) လူမျိုး ပါတီ၊ အဖွဲ့အစည်း စုစုပေါင်း ၉ ခုက စုပေါင်း ထုတ်ပြန်ထားခြင်း ဖြစ်ပြီး ၀န်ကြီး ဦးခင်ရီ၏ သန်းခေါင်စာရင်း ကောက်ခံပြီးမှ ပြင်ဆင် ညှိနှိုင်းမှုများ ဆက်လက် ဆောင်ရွက် ပေးမည့် ကိစ္စကို လုံးဝ သဘောမတူကြောင်းလည်း ဖော်ပြ ထားသည်။

သန်းခေါင်စာရင်း မကောက်ခံမီ ပလောင် လူမျိုးများ အတွက် သီးသန့် ကုတ်(Code) နံပါတ် ထုတ်ပေးရန်လည်း တောင်းဆို ထားသည်။

“ကျမတို့ မျိုးနွယ်စုက မွန်(ခမာ) ကနေ ဆင်းသက် လာတာပါ၊ ရှမ်း မျိုးနွယ်စု မဟုတ်ပါဘူး၊ ဒါကိုလည်း ပြင်ဆင်ပေးဖို့ပါ၊ နောက်ပြီး အခု ပလောင် လူမျိုး ကုတ် သတ်မှတ်ထားတာ ပလောင်က ကုတ် နံပါတ် တခု အနေနဲ့ ပါနေသလို၊ ပလေး ဆိုပြီး လူမျိုး ခွဲခြား ထားတယ်၊ ပလေး ဆိုတာ လုံးဝ မရှိပါဘူး၊ ဒါကိုလည်း ပြင်ဆင် ပေးဖို့ပါ၊ ကျမတို့ အနေနဲ့ တောင်းဆိုချက်တွေကို အဆင့်ဆင့် တောင်းဆို သွားမှာပါ”ဟု မဒီဒီပိုးကျိန်က ပြောသည်။

ယင်းအပြင် ၀န်ကြီး ဦးခင်ရီ ပြောသည့် ငြိမ်းချမ်းမှု မရှိသေးသည့် နေရာ ဒေသများတွင် လူဦးရေစာရင်း အမှန် ရရှိနိုင်ရန် ဆောင်ရွက် နေကြောင်း ပြောဆိုမှုကို လက်မခံနိုင်ကြောင်း သဘောထား ထုတ်ပြန်ချက် အရ သိရသည်။

ယနေ့ အချိန်ထိ ပလောင် ဒေသများနှင့် တချို့နေရာ ဒေသများတွင် နေ့စဉ်နှင့်အမျှ တိုက်ပွဲများ ဖြစ်နေသည့် အတွက် မငြိမ်းချမ်းသည့် နေရာများတွင် လူဦးရေ အမှန်စာရင်း ကောက်ခံရန် မဖြစ်နိုင်ကြောင်း မဒီဒီပိုးကျိန်က ဆိုသည်။

“ငြိမ်းချမ်းရေး ဆောင်ရွက်မှုတွေ အပေါ် ထိခိုက်မှု ရှိ၊ မရှိ ဆိုတာထက် သေချာတာ တခုက မငြိမ်းချမ်းတဲ့ နယ်မြေမှာ သန်းခေါင်စာရင်း ကောက်ခံမယ် ဆိုရင် လုံးဝ အချက်အလက် အမှန် မရမှာ သေချာတယ်၊ ဒါကြောင့် ကျမတို့က စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ပြီးမှ သန်းခေါင်စာရင်း ဆက်ကောက်ခံဖို့ တောင်းဆိုတာပါ”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်က နေပြည်တော်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေးနှင့် ပတ်သက်ပြီး ၀န်ကြီး ဦးခင်ရီက တိုင်းရင်းသား အဖွဲ့အစည်းများအား နေပြည်တော် တွင် တွေ့ဆုံခဲ့သည်။

ယင်းတွေ့ဆုံပွဲတွင် တိုင်းရင်းသားများက မိမိတို့၏ မျိုးနွယ်စု သဘောထားများကို အသီးသီး တင်ပြခဲ့ပြီး အများစု တင်ပြချက် မှာ လူမျိုး သတ်မှတ်သည့် ကုတ်နံပါတ် ပြင်ဆင်ရေးကို အဓိက တောင်းဆို ကြကြောင်း သိရသည်။

ဧရာဝတီ

လူမည်းဖြစ်နေခြင်းကြောင့် အင်္ဂလန် အသင်းခေါင်းဆောင်ရာထူး မရရှိခဲ့ကြောင်း ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ်တွင် ရေးသားခဲ့သည့် ဆိုးလ်ကမ်းဘဲလ်၏ ဖွင့်ဟမှုကို အံ့အားသင့်မိသည်ဟု အင်္ဂလန်ဘောလုံး အဖွဲ့ချုပ် မက်စ်ပါလီယို့စ်ကပြော


လူမည်းဖြစ်နေခြင်းကြောင့် အင်္ဂလန် အသင်းခေါင်းဆောင်ရာထူး မရရှိခဲ့ကြောင်း ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ်တွင် ရေးသားခဲ့သည့် ဆိုးလ်ကမ်းဘဲလ်၏ ဖွင့်ဟမှုကို အံ့အားသင့်မိသည်ဟု အင်္ဂလန်ဘောလုံး အဖွဲ့ချုပ် မက်စ်ပါလီယို့စ်ကပြောကြားခဲ့သည်။

ပြီးခဲ့သည့်ရာသီက ဘဏ္ဍာရေးရှင်းတမ်း ထုတ်ပြန်ခဲ့ရာတွင် လီဗာပူးမှာ အခွန်ဆောင်ပြီးနောက် ပေါင် ၄၉.၈သန်း အရှုံးပေါ်ခဲ့သည်။

အရေးကြီးသည့် ဆုံးဖြတ်ချက်များ ချမှတ်ရန်အတွက် ရုပ်သံအထောက်အပံ့ ယူရေး၊ မယူရေးအပေါ် သဘောထား ကောက်ခံခဲ့ရာတွင် အီတလီ ထိပ်တန်းနည်းပြများက ရုပ်သံအထောက်အပံ့ယူရန် ထောက်ခံ ခဲ့ကြသည်ဟု သိရသည်။

အသင်းနှင့်စာချုပ် သက်တမ်းကုန်ဆုံးမည့် ယခုရာသီအကုန်တွင် အာဆင်နယ်မှ ထွက်ခွာမည်ဟု တိုက်စစ်မှူး ဘန်တနာက ပြောကြားခဲ့သည်။

စပါးနှင့်ပွဲစဉ်တွင် ပင်နယ်တီ လွဲချော်ခဲ့ခြင်းကြောင့် နည်းပြ ၀ါနော့ခ်၏ ဝေဖန်မှု ခံခဲ့ရသည့် ခရစ္စတယ်ပဲလေ့စ် တိုက်စစ်မှူး ပန်ချီယွန်မှာ ၀ါနော့ခ်ကို တွစ်တာမှ တစ်ဆင့် ပြန်လည်ခြိမ်းခြောက်ခဲ့ပြီး ယင်းအတွက်ကြောင့် အက်ဖ်အေမှ ၎င်းကို ပေါင် ၁၅၀၀၀ ဒဏ်ငွေပေးဆောင်ရန် ချမှတ်ခဲ့ကြောင်း သိရသည်။

အာဆင်နယ်မှာ နောက်ခံလူ မာတီဆက်ကာနှင့် ကွင်းလယ်လူ ရိုဆစ်စကီးတို့ကို စာချုပ်သစ် ချုပ်ဆိုလိုက်ကြောင်း သိရသည်။ သို့သော် စာချုပ်သက်တမ်းကိုမူ ဖော်ပြခဲ့ခြင်းမရှိပေ။

စပါးကို ၁-၀ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်မတိုင်မီ တန်းဆင်းဇုန်အတွင်းမှ လွတ်မြောက်ပါက ကစားသမားများကို ဆုကြေးငွေ ပေါင် ၃.၇သန်း ပေးမည်ဟု ပြောခဲ့သည့် ကာဒစ်ဖ်အသင်းပိုင်ရှင် ဗင်းဆင့်တန်ကြောင့် ကာဒစ်ဖ်အသင်းကို အက်ဖ်အေမှ ဖြေရှင်းချက်တောင်းထားကြောင်း သိရသည်။ ပရီးမီးယားလိဂ်တွင် ကစားသမားများအပေါ် ဆုကြေးငွေ ပေးအပ်မည့် ပမာဏကို စာချုပ်ချုပ်ဆိုစဉ်ကတည်းက ထည့်သွင်းထားပြီးဖြစ်ကာ အဆိုပါစာချုပ်အတိုင်း လိုက်နာရမည့် စည်းမျဉ်းရှိနေခြင်းကြောင့် ယခုကဲ့သို့ ဖြေရှင်းချက်တောင်းခံခြင်းဖြစ်သည်။

@z (ရိုးရာလေး)

အသံဖမ်းတဲ့ဆော့ဝဲ(အရမ်းကောင်းတာက အချိန်ဇယားနဲ့  ဖမ်းလို့ ရပါတယ် )


ဒီဆော့ဝဲလေးက ဖုန်းမှာထဲ့ထားရင် အသံဖမ်းစက်လိုပဲ အင်တာဗျူးတွေ လုပ်တဲ့အခါ

သုံးလို့ ရပါတယ် ။ ဖမ်းထားတဲ့အသံလည်း ကြည်လင်ပြတ်သားပါတယ် ။ထူးခြားမှုက

အချိန်ဇယား နဲ့  လုပ်လို့ ရတယ် ။ ဖုန်းမှာ နှိုးစက်ပေးသလိုမျိုး လုပ်ထားလို့ ရပါတယ်

အဲ့တော့ အခန်းထဲ ဖုန်းထားခဲ့ပီး အတင်းပြောမပြော စစ်လို့ တောင်ရသေးတယ်

ဒီဆော့ဝဲက အချိန်ဇယားဆိုတော့ ဥာဏ်ရှိသလိုသုံးကြည့် ။တကယ် မိုက်တယ်.....။

Download လုပ်ရန် >>> https://www.copy.com/s/C2rXi0HNudDq/www.myanmarcnn.com-Record%20Mic%20and%20Call.apk

မုံရွာမြို့နယ်တွင် ဆိုင်ကယ်စီးလာသူ လူတစ်ဦး ဓားဖြင့် ၂၁ ချက်ခုတ်ခံရသဖြင့် သေဆုံး (ဓာတ်ပုံအစစ်ပါသည်၊ ကြောက်လန့်တတ်သူများ မကြည့်ပါနှင့်)



သတင်း + ဓာတ်ပုံ = ကိုတိုးကြီး ( မဇ္ဈိမ)
မုံရွာ၊ မတ် ၎
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဆားကျင်းကျေးရွာတွင် ဆိုင်ကယ်စီးနင်းလာသူ လူတစ်ဦး ဓားဖြင့် ၂၁ ချက်ခုတ်ခံ ရသဖြင့် ယခုလ ၄ ရက်နေ့မနက် ၄ နာရီအချိန်တွင် မုံရွာပြည်သူ့ဆေးရုံကြီးပေါ်တွင် သေဆုံးသွားခဲ့ကြောင်း မုံရွာမြို့မ ရဲစခန်းမှူး ဒုရဲမှူး ကျော်ကျော်ညွှန့်ထံမှ သိရသည်။
ဖြစ်စဉ်မှာ ယခုလ ၃ ရက်နေ့ည ၁၀ နာရီခွဲအချိန်က ဆားကျင်းကျေးရွာနေ ကိုသန်းစိုး အသက်(၂၈) ဆိုသူသည် အရက်သေစာသောက်စားပြီးနောက် အရက်ဝိုင်းမှ ဒေါ်အေးစီ၏ နေအိမ်သို့ ဆိုင်ကယ်ဖြင့်သွားရောက်ခဲ့ပြီး ထွန်းလွင် (ခ)နတ်ဆိုး ဆိုသူနှင့်ပတ်သက်၍ ယခင်က ရန်ကြွေးအား ကျေးနပ်မှုမရှိကြောင်း ထိုသူ၏ ဇနီးဖြစ်သူထံပြောဆိုခဲ့ရာ ဇ နီးဖြစ်သူမှ သူမ၏ ခင်ပွန်းဖြစ်သူကို တဆင့်ပြန်လည်ပြောပြရာ ထွန်းလွင်(ခ) နတ်ဆိုး ဆိုသူမှ နေအိမ်ရှိ အရိုးအသွား (၂)ပေ၊ (၄)လက္မရှိ ဓားရှည်တစ်ချောင်းဖြင့် ဆိုင်ကယ်စီးနင်းလာသည့် ကိုသန်းစိုးအား ခုတ်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် ကိုသန်းစိုးမှာ ဒေါ်အေးစီ၏ နေအိမ်ရှေ့လမ်းပေါ်တွင် ဓားဒဏ်ရာများဖြင့် လဲနေသည့်အတွက် မုံရွာပြည်သူ့ ဆေးရုံကြီး အရေးပေါ်လူနာကုသရေးဌာနသို့ပို့ဆောင်၍ ဆေးကုသခဲ့ရာ ယခုလ မနက် ၄ နာရီအချိန်တွင် သေဆုံး သွားခဲ့ခြင်းဖြစ်သည်။
သေဆုံးသူ ကိုသန်းစိုးအား မှုခင်းဆေးပညာအရ ဆက်လက်၍ စစ်ဆေးဆောင်ရွက်ရာတွင် ယာဘက် လည်ပင်း၊ ပါးစပ်၊ နုတ်ခမ်း၊ မေးစေ့၊ ပခုံး၊ နဖူး၊ ဂျိုးစောင်း၊ ရင်ဘတ်၊ လက်ချောင်းစသည့်နေရာများတွင် ပြတ်ရှဒဏ်ရာ ၂၁ ချက် ဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ယနေ့မနက် ၁၁ နာရီအချိန်က မှုခင်းဆေးဆရာဝန်ကြီး၏ စစ်ဆေးပေါ်ချက်များအရ သိ ရသည်။
ထို့ကြောင့် အိမ်ရှင်ဖြစ်သူ ဒေါ်အေးစီမှ မုံရွာမြို့မရဲစခန်းသို့ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ရဲစခန်းက ၊(ပ) ၆၄/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၂၆ အရ မူလက အမှုရေးဖွင့်ထားခဲ့သော်လည်း ဓားခုတ်ခံရသူမှာ သေဆုံးသွားသည့်အတွက် ပြစ်မှုပုဒ်မ ၃၂၆ မှ ၃၀၂သို့ အမှုအားပြောင်းလဲ ရေးဖွင့်ခဲ့ကြောင်း သိရသည်။
မှတိချက်။ ဤ ဓာတ်ပုံသည် သတင်းစာကျင့်ဝတ်များအရ ဖော်ပြရန် သင့်လျော်မှုမရှိသော်လည်း မှုခင်းကျဆင်းရေးအတွက် အရေးပါမည်ဟု ယုံကြည်မိရသဖြင့်အကြိမ်ကြိမ်အခါခါ ဆင်ခြင်သုံးသပ်ပြီးမှ ဖော်ပြလိုက်ရခြင်းဖြစ်ပါသည်။
( ရာဇ၀တ်ဘေး ပြေးမလွှတ်)
ကိုတိုးကြီး





First Eleven မှ ပေးအပ်သည့် မြန်မာ့အကောင်းဆုံး ဘောလုံးသမားဆု ကြည်လင်း လက်ခံရယူ


Tuesday, March 4, 2014

မြန်မာ နိုင်ငံ ၏ အထင် ကရ အား ကစား ဂျာနယ် တစ်စောင် ဖြစ်သော First Eleven ဂျာနယ်မှ ရွေးချယ် ချီးမြှင့် သည့် ၂၀၁၃ မြန်မာ့ အကောင်းဆုံး ဘောလုံး သမားဆု ကို ရန်ကုန် ယူနိုက်တက် အသင်း၏ မြန်မာ့ လက်ရွေး စင် ကစား သမား ကြည်လင်း က လက်ခံ ရရှိ ခဲ့သည်။ ကြည်လင်း သည် ၄င်း ဆုကို ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ကလည်း လက်ခံ ရရှိ ခဲ့သော ကြောင့် ၂ နှစ်ဆက်တိုက် ရွေးချယ် ခံခဲ့ရ သည့် ပထမ ဆုံး ကစား သမား ဖြစ်လာ သည်။

Eleven Media Group သည် ၄င်း ဆုကို မတ်လ ၄ ရက်နေ့၊ နေ့လည် ပိုင်းက အခမ်း အနား နှင့် ပေးအပ် ချီးမြှင့် ခဲ့ခြင်း ဖြစ်ပြီး ကြည်လင်း ကို အမှတ် တရ ဆုတံဆိပ် အပြင် ဂုဏ်ပြု ဆုငွေ ကျပ် ၁၅ သိန်း ချီးမြှင့် ခဲ့သည်။ ယခုလို ဆုချီးမြှင့် ခံရခြင်း နှင့်ပတ်သက် ၍ ကြည်လင်း က ၀မ်း သာ ဂုဏ်ယူ မိကြောင်း ပြောကြား သည်။

“ပြီးခဲ့တဲ့ ဆီးဂိမ်း ပြိုင်ပွဲ မှာ ကျွန်တော်တို့ မြန်မာ ယူ-၂၃ အသင်း ခြေစွမ်း မပြ နိုင်ခဲ့ တဲ့အတွက် အခု အထိ ၀မ်း နည်းနေ တုန်းပါပဲ။ သူတို့ အားလုံး ကိုယ်စား တောင်းပန် ချင်ပါ တယ်။ Eleven ဂျာနယ်က အခုလို ဆုချီး မြှင့် တဲ့အတွက် ကျွန်တော် ရင်တွေ အရမ်း ခုန်နေပါ တယ်။ ၀မ်းလည်း ၀မ်းသာ ပါတယ်။ Eleven ဂျာနယ်ကို ကျေး ဇူးတင် ပါတယ်” ဟု ကြည်လင်း က ဆိုသည်။ ထိုဆုကို Eleven ဂျာနယ် အားကစား အယ်ဒီတာ အဖွဲ့၊ ပြင်ပမှ အားကစား ကလောင်ရှင် များနှင့် ပရိသတ်များ စုပေါင်း ရွေးချယ် ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ကြည်လင်း သည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် အတွက် အရှေ့ တောင် အာရှ အကောင်းဆုံး ဘောလုံး အသင်း ရွေးချယ် ခဲ့ရာ ညာတောင် ပံ ကစား သမား အဖြစ် ရွေးချယ် ခံခဲ့ ရသည်။ လက်ရှိ အချိန်တွင် ကြည်လင်း သည် ညာဖက် ခြေကျင်း ၀တ် ဒဏ်ရာ ကို ခွဲစိတ် ကုသမှု ခံယူပြီး အနား ယူလျက် ရှိသည်။ လာမည့် ဧပြီ လ ၄ ရက်နေ့ တွင် ၄င်း ဒဏ်ရာ အခြေ အနေကို ထိုင်း နိုင်ငံတွင် သွားရောက် စစ်ဆေး ခံမည် ဖြစ်သည်။

Football Café

မိုးထိမိုးမိရွှေလုပ်သားများ၏သပိတ်စခန်း ဖြိုခွင်းခံရ


မိုးထိမိုးမိရွှေလုပ်သားတွေ သပိတ်စခန်းဖွင့်လှစ်ထားရာ ရွှေမြှင်တင်သပိတ်စခန်းကို ဒီနေ့ ညနေ ငါးနာရီထိုးလောက်မှာ နယ်မြေဒေသအစုံမှ ရဲအင်အား ၁၀၀ ကျော်အပါအ၀င် ရပ်မိရပ်ဖတွေ နဲ့ ၀ိုင်းပြီး ဖြိုခွင်းခဲ့ပါတယ်။

ကလေးသူငယ်တွေ နဲ့ လူအိုတွေအပါအ၀င် ရွှေလုပ်သား ၅၀ ကျော်ကို ရမည်းသင်းထောင်ချုပ်ကို ခေါ်ဆောင်သွားတယ်လို့ မြင်တွေ့တဲ့ ရွှေမြှင်တင်ကျောင်းတိုက် ဆရာတော်က မိန့်ပါတယ်။

သပိတ်စခန်းက ဘုရားနားမှာရှိပြီး ဘုရားပွဲရှိတဲ့အတွက် ၀င်ရောက်ဖမ်းဆီးတာဖြစ်ပြီး ရုန်းရင်းဆန်ခတ် မဖြစ်ပွားခဲ့ဘူးလို့ ဆိုပါတယ်။

မိုးထိမိုးမိရွှေလုပ်သားတွေကို သပိတ်စခန်းပယ်ဖျက်ပေးဖို့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ရဲတပ်ဖွဲ့နဲ့ ညှိနှိုင်းခဲ့ဖူးပြီး လုပ်သားတွေတောင်းဆိုတဲ့ ရွှေလုပ်ကွက်အသစ်ချပေးရေးကို မလိုက်လျောနိုင်တဲ့အတွက် သပိတ်စခန်းကို ဆက်လက်ဖွင့်ထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မိုးထိမိုးမိ ဆန္ဒပြခေါင်းဆောင်တွေ ရန်ကုန်မှာ လာရောက်ဆန္ဒပြခဲ့ကြပါသေးတယ်။


DVB Burmese

အမေ့ မေတ္တာ



 ဓာတ်ပုံ- China News

နောက်ခြေ ၂ ချောင်းလုံး မရှိတဲ့ စွန့်ပစ်ခံ ခွေးမလေး ချူပေါင် ဟာ သူ့ဘဝကို သူ အရှုံး မပေးပဲ သား သမီးတွေကိုတောင် ဂရုစိုက်နေတာ သာမန်ခွေး မိခင်တွေလိုပါဘဲ။

တကယ်တော့ မသန်ပေမယ့် စွမ်းနေဆဲ ချူပေါင် ဟာ ပိုင်ရှင်ဖြစ်သူရဲ့ စွန့်ပစ်ခံခဲ့ရပြီး နေစရာ၊ စားစရာ ခက်ခဲနေချိန်မှာ တရုတ်နိုင်ငံ ဒန် တုန် ရှန်ဇီ မြို့က ဘူတာရုံတခုကို အမှီပြုနေထိုင်ရင် ရထားတစီးက ကြိတ်လိုက်လို့ သူ့ရဲ့ နောက်ခြေ ၂ ဖက်လုံး ဆုံးရှုံးခဲ့ရတာဖြစ်တယ်လို့ China News သတင်းတပုဒ်က ဆိုပါတယ်။

အဲဒီအချိန်ကစပြီး ချူပေါင်ဟာ ခြေ ၂ ဖက်မရှိတဲ့ မသန်စွမ်းခွေးမ တကောင်ဖြစ်ခဲ့ရတာပါ။ ဒါပေမယ့် အခုတော့ သူ့မှာ သား၊ သမီးတွေလည်း ထွန်းလာလာပြီး တိရိစ္ဆာန် မသန်စွမ်း ခွေးမတကောင်ဖြစ်ပေမယ့် သူ့ရဲ့ သားသမီး ၄ ကောင်ကို သူက ဂရုစိုက်စောင့်ရှောက်မှုကတော့ မိခင်မေတ္တာကို အဓိက ထင်ဟတ်
စေပြီး မြင်ရသူတွေလည်း ရင်နင့်အောင် ခံစားရနိုင်ပါတယ်။

လက်ရှိအချိန်မှာ တရုတ်နိုင်ငံမှာ အိုးအိမ်မဲ့ ခွေးပေါင်း သန်း ၁၃ဝ လောက် ရှိတယ်လို့ ဆိုပြီး အထူးသဖြင့် မြို့ပြ တွေ မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုးတက်လာမှုတွေက ခွေးတွေဟာ ဓားစာခံတွေ ဖြစ်လာနေတယ်လို့ အဆိုပါ သတင်း က ဖော်ပြထားပါတယ်။

အထူးသဖြင့်တော့ တရုတ်နိုင်ငံက တိရိစ္ဆာန်တွေအပေါ် ကန့်သတ်မှုတွေကြီးပြီး လူနေမှုစာရိတ်တွေက လည်း မြင့်မားလာတာကြောင့် လူတွေဟာ ခွေးတွေကို ဂရုတစိုက်မွေးမြူမှုတွေ မလုပ်လာနိုင်တော့ တာဖြစ်ပါတယ်။

တခါတရံ မြို့ကြီးပြကြီးတွေမှာ အဲဒီခွေးတွေကို ကယ်တင်ဖို့ ကြိုးစားမှုတွေ ရှိပေမယ့် နောက်ပိုင်းမှာ ခွေး
တွေ ဟာ မကြာခဏဆိုသလို ရက်ရက်စက်စက် အသတ်ခံလိုက်ရတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

အထူးသဖြင့်ကတော့ ခွေးတွေဟာ အစာ အခက်အခဲဖြစ်လာကြပြီး ခွေးလေ ခွေးလွင့် ပပျောက်ရေး စီမံချက် ကြောင့် တချို့ အစာတွေဟာလည်း အဆိပ်ခတ်ထားတာကြောင့် သေဆုံးမှုတွေလည်း မကြာခဏဖြစ်နေတာပါ။

အခုထိလည်း အိုးမဲ့ အိမ်မဲ့ စွန့်ပစ်ခံ၊ ပိုင်ရှင်မဲ့ ခွေးတွေဟာ အစာငတ်တာနဲ့ နာမကျန်းဖြစ်မှုတွေနဲ့ ရင်ဆိုင်
နေကြ ရတယ်။ ချူပေါင်ကတော့ သူ့သားသမီးတွေအတွက် ဒီလို အခက်အခဲတွေ မဖြစ်ဖို့ အထူးစောင့်
ရှောက် သင်ကြားမှုတွေ လုပ်ပေးနေပါတယ်တဲ့။


အိမ့်သံစဉ် ~
The Irrawaddy

သင်္ကြန် ကာလအတွင်း ကျုံးပတ်ပတ်လည် လမ်းမပိတ်ဆို့ ရေးအတွက် ဈေးသည် ရှင်း လင်းရန် စည်ပင်ဝန်ထမ်း၊ ရဲ ၊ အုပ်ချုပ် ရေးမှုး အင် အား ၁၀၀ ကျော် နှင့် ထိန်းသိမ်းမှုပြုလုပ်သွားမည်


မန္တလေး-မတ်၎
သင်္ကြန် ကာလအတွင်း ကျုံးပတ်ပတ်လည် လမ်းမပိတ်ဆို့ ရေးအတွက် ဈေးသည် ရှင်း လင်းရန်
စည်ပင် ၀န်ထမ်း၊ ရဲ ၊ အုပ်ချုပ် ရေးမှုး အင် အား ၁၀၀ ကျော် နှင့် ထိန်းသိမ်းမှုပြုလုပ်သွားမည်ဟု
မန္တလေးမြို့တော်စည်ပင် သာယာရေး ကော်မတီ အခွန်ဌာန ခွဲမှသိရသည်။
သင်္ကြန် ကာ လအတွင်း ကျုံးပတ်ပတ်လည် တွင် ဈေးရောင်ျးခွင့် ပေးသွားမည် မဟုတ်ကြောင်း
မန္တလေးမြို့တော်စည်ပင် သာယာရေး ကော်မတီ အခွန်ဌာန ခွဲမှသိရသည်။
ဈေးမ ရောင်းချ နေရာ များ မှာ ကျုံး အ ရှေ့ဘက် ရှိ ၆၆လမ်း ၁၂ လမ်းနှင့် ၂၆ လမ်းကြား၊ ကျုံးတောင် ဘက် ၂၆ လမ်း၊
၆၆လမ်းနှင့် လမ်း၈၀ ကြား၊ ကျုံးအ နောက် ဘက် လမ်း၈၀ ၊ ၁၂လမ်းနှင့် ၂၆ လမ်းကြား၊ ကျုံးမြောက် ဘက် ၁၂လမ်း ၊
လမ်း၈၀ နှင့် ၆၆လမ်း ကြားတို့ ကို သတ်မှတ်ထားကြောင်းသိရသည်။
မန္တလေးမြို့စည်ပင် သာယာရေးကော်မတီ၊ အခွန်ဌာနခွဲမှ တာဝန် ရှိသူ တစ် ဦးက.
အဲဒီဧရိယာ အတွင်းကို ဈေးသည်များ လမ်းအတွင်း မှာ ရော ပလက် ဖောင်းမှာရော
လမ်းလယ်ကျွန်းမှာ ရော မ ရောင်း ချ ရေး ပေါ့ နော် ဘာဖြစ် လို့ လည်းဆိုရင် အဓိက အာဖြင့်
ဈေးသည် ရောက် ခြင်းအားဖြင့် ဈေးဝယ် လိုက်တာနဲ့ သင်္ကြန် တွင်း မှာဆိုတော့ အကုန်ပိတ်သွားမှာလေ။
ကားသွားတာရော လူသွားတာရော ပိတ်သွားမှာပေါ့နော် အဲဒီအတွက်ကို အဓိကထားပြီးရှင်း ခိုင်း တာ ဟု ပြောသည်။
ခက်ဆစ်

Popular Myanmar News Journal

ဒလမြိုနယ်တာကြီးကျေးရွာတွင်မီိးလောင်မှု ယနေ့ဖြစ်ပွား



ရန်ကုန်၊ မတ် ၎
ယနေ့ညနေ၄နာရီအချိန်တွင်ရန်ကုန်တောင်ပိုင်းခရိုင်ဒလမြိုနယ်တာကြီးကျေးရွာတွင်မီးလောင်မူဖြစ်ပွားခဲရာ
နေအမ်၁၀လုံးပျက်စိးဆုံးရူံးမူဖြစ်ခဲ့ပြိးညနေ၅နာရီတွင်မီးငြိမ်းခဲ့သည်။၀၅၁
photo -Usdp Dalla

Popular Myanmar News Journal

လွှတ်တော်ကိုယ်စားလှယ်များ မီဒီယာမှတဆင့် ပြည်သူအား အသိပညာပေးရန် လိုအပ်နေဟုဆို


စိုင်းလမင်း
နေပြည်တော်၊မတ် ၎

ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မများနင့်အညီ အချင်းချင်း ထိန်းညှိ ဆောင်ရွက်နေမှုအပေါ် ပြည်သူများ ပွင့်လင်းထင်ရှားစွာ သိမြင်နိုင်စေရန် စာနယ်ဇင်းမီဒီယာများမှတဆင့် အသိပညာပေးခြင်း ကို လုပ်ငန်းတစ်ရပ်အဖြစ် အလေးထား ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်နေသည်ဟု ပြည်သူ့ လွှတ်တော် အစိုးရ၏ အာမခံချက်များ ၊ ကတိများနင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီက အစီရင်ခံသည်။

ထိုအစီရင်ခံစာကို ပြည်သူ့ လွှတ်တော် အစိုးရ၏ အာမခံချက်များ ၊ ကတိများနင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ က ပြည်သူ့ လွှတ်တော်အစည်းအဝေးသို့ မတ်(၄)ရက်တွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။

အစိုးရ၏ အာမခံချက်များ ၊ ကတိများနင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီအနေ ပြည်သူ့ လွှတ်တော် အနေနင့် စစ်ဆေးတွေ့ရှိချက်များအပေါ် တွေ့ရှိချက် ၊ သုံးသပ်ချက်နင့် အကြံပြုတင်ပြချက်များတွင် စိစစ်သည့် လုပ်ငန်း (၁၁)ခုအနက် ပြည်ထောင်စုအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ တိုင်းဒေသကြီးအစိုးရ ၊ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအဆင့် ၀န်ကြီးဌာနများမှ တာဝန်ရှိသူအဆင့်ဆင့်၏ ပူးပေါင်းကူညီမှု ဤအဖွဲ့၏ စိစစ်မှုအပေါ် အလေးထားဆောင်ရွက် ပေးမှုတို့ကြောင့် ကတိပြုထားသည့် လုပ်ငန်းအားလုံးနီးပါး ဆောင်ရွက် ပြီးစီးကြောင်း တွေ့ရှိရပြီး ဒေသခံများ၏ ကျန်းမာရေး ၊ပညာရေး၊လမ်းပန်းဆက်သွယ်ရေး၊လျှပ်စစ် မီးလင်းရေး၊ စိုက်ပျိုးရေး အထောက်အပံ့ပြုသည့် လုပ်ငန်းများ အပါအ၀င် လူမှုရေး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးမှုအပေါ် ဒေသခံမျာမှ ကျေနပ်ကြောင်း တွေ့ရှိရသည်ဟုရေးသားဖော်ပြထားသည်။

ထို့အပြင် ကော်မတီမှ စိစစ်ခဲ့သည့် လုပ်ငန်းများအပေါ် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များ၊ သက်ဆိုင်ရာလုပ်ငန်းများအလိုက် ပြည်ထောင်စုအဆင့် ၀န်ကြီးဌာနများမှအဆင့်ဆင့် ကြပ်မတ် ဆောင်ရွက်ပေးသည့်အတွက် လုပ်ငန်းအားလုံးနီးပါး ပြီးစီးနေကြောင်း တွေ့ရှိရသဖြင့် အဆိုပါ လုပ်ဆောင်ချက်များသည် ပြည်သူလူထုအကျိုးနှင့် နိုင်ငံတော်အကျိုးအတွက် ပြည်သူ့ဘဏ္ဍငွေအား လေလွင့်မှုအနည်းဆုံးဖြင့် ထိရောက်မှန်ကန်စွာ ဆောင်ရွက်ပေးနိုင်မှု အခြေအနေများကို ပြည်သူများ ပွင့်လင်းမြင်သာစွာ သိရှိနိုင်ရန် ဆောင်ရွက်ပေးသည့် လုပ်ငန်းတစ်ရပ်အဖြစ် သုံးသပ်ရရှိပါကြောင်း အစီရင်ခံတင်ပြသည်။

Popular Myanmar News Journal

Apple နှင့် Samsung တို့ အံ့အားသင့်ဖွယ် ဆက်လက်ပူးပေါင်း ဆောင်ရွက်နေကြောင်း နည်းပညာရှင်များဆို


Sillicon Valley၊ မတ် ၃

မူပိုင်ခွင့် ပြဿနာများကြောင့် အမြဲတစေ တရားရင်ဆိုင်လျက်ရှိသည့် ထိပ်တန်းနည်းပညာ ကုမ္ပဏီများဖြစ် သည့် Apple နှင့် Samsung တို့မှာ စီလီကွန်တောင်ကြား၏ အကြီးကျယ်ဆုံး ပူးပေါင်းလုပ်ဆောင်မှုကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း နည်းပညာလေ့လာဆန်းစစ်ရေး အဖွဲ့ဖြစ်သော VLSI က ပြော ကြားသည်။

နည်းပညာ ပစ္စည်းများအကြောင်း လေ့လာဆန်းစစ်သည့်အဖွဲ့ဖြစ်သော VLSI ၏ CEO ဖြစ်သူ Dan Hutcheson က Apple အနေဖြင့် ၎င်း၏ iPhone များအတွက် processor များကို Samsung ကသာမှာ ယူလျက်ရှိကြောင်း၊ ယခုလက်ရှိ iPhone 5S တွင် ပါဝင်သော 64-bit Apple A7 processor ကိုလည်း Samsung က ထုတ်လုပ်ထားပေးခြင်းဖြစ်ကြောင်း ဆိုသည်။ Apple A7 processor ကို iPhone 5S၊ iPad Air နှင့် iPad Mini Retina တို့တွင် အသုံးပြုထားသည်။

တောင်ကိုရီးယားအခြေစိုက် Samsungနှင့်Apple တို့ မူပိုင်ခွင့်ကိစ္စရပ်များကြောင့် တရားရင်ဆိုင်ခဲ့ရပြီး နောက်ပိုင်း Samsung နှင့် Appleသို့ နည်းပညာပစ္စည်းများ ထုတ်လုပ်ပေးနေမှုကို ရပ်ဆိုင်းသွားမည်ဖြစ် ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ ထိုစဉ်အချိန်တွင်Apple ၏ ရှေ့ဆက်ထွက်ရှိလာမည့် proces- sor များကို တိုင်ဝမ်အခြေစိုက်Taiwan Semiconductor Man-ufacturing Co. (TSMC) မှ ဆက်လက် ထုတ်လုပ်ပေးသွားမည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။

“အဲဒီအချိန်က Samsung ရဲ့ ထုတ်ကုန်တွေအားလုံး ပြတ်လပ်သွားခဲ့တာ ကျွန်တော်တို့ မျက်မြင်ပဲ၊ အခု ရုတ်တရက် ပြန်ထွက်လာတာ အံ့သြစရာပဲ”ဟု Hutcheson က ပြောကြားသည်။ ထို့နောက် Samsung အနေဖြင့် အကျိုးအမြတ်များစွာရရှိနေသော Apple ၏ processor များ ထုတ်လုပ်မှုကို TSMC ကုမ္ပဏီသို့ လွှဲပြောင်းပေးလိုခြင်းမရှိသည့်အတွက် အမေရိကန်အခြေစိုက် processor ထုတ်လုပ်သူ Globalfound- ries ကုမ္ပဏီနှင့် ပူးပေါင်းထားသည်ဟု ၎င်းမှဆက်လက်၍ ပြောကြားခဲ့သည်။

TSMC ကုမ္ပဏီမှာ ကမ္ဘာပေါ်တွင် အကြီးမားဆုံး Processor ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သည့်အတွက် Apple အနေဖြင့် လာမည့်ကာလများတွင် ပူးပေါင်းကောင်း ပူးပေါင်းနိုင်သော်လည်း ကာလကြာရှည်စွာ လက်တွဲခဲ့သည့် Samsung နှင့် လက်တွဲဖြုတ်ရန် အချိန်ယူရဦးမည်ဖြစ်ကြောင်း Hutcheson က ခန့်မှန်း သည်။Samsung အနေဖြင့် Apple ၏ processor များကို ထုတ်လုပ်ရန် IBM၊ GlobalFoundries တို့နှင့် ပူးပေါင်းထားသည်။

Globalfoundries ကုမ္ပဏီသည် နယူးယောက်မြို့တော် Malta ၌ ဘီလီယံပေါင်းများစွာဖြင့် တည်ဆောက် ထားသောကုမ္ပဏီဖြစ်ပြီး မကြာသေးမီကာလအတွင်း လုပ်ငန်းများတိုးချဲ့ရန်အတွက် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ ထပ်မံရင်နှီးမြှုပ်နှံမှုများလည်း ပြုလုပ်ထားသည်။

Tech Crunch
Mizzima Burmese

မလေးရှားတွင် ဒေါ်လာ သုံးဘီလီယံကျော် အိမ်ရာ စီမံကိန်း တရုတ်ဆောင်ရွက်မည်


သည်ဝေါစထရိတ်ဂျာနယ်| မတ် ၃

မလေးရှားနိုင်ငံတွင် အိမ်ခြံမြေ စီမံကိန်းနှစ်ခုကို ယန်း ၂၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃ဒသမ ၂၅ ဘီလီ ယံ) ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရန် စီစဉ်ထားကြောင်း တရုတ်နိုင်ငံပိုင် လုပ်ငန်းကြီး တစ်ခုဖြစ်သည့် Greenland ဦးပိုင်ကုမ္ပဏီ အုပ်စုကြီးက တနင်္ဂနွေနေ့က ပြောသည်။

မလေးရှားနိုင်ငံ ဂျိုဟော်ပြည်နယ်အတွင်း ဆောက်လုပ်ရန်လျာထားသည့် ယင်းစီမံကိန်း နှစ်ရပ်တွင် လူနေ အိမ်များနှင့် ဟိုတယ်များကို ရှန်ဟိုင်းအခြေစိုက် Greenland ကုမ္ပဏီက တည်ဆောက်မည် ဖြစ်သည်။ စီမံ ကိန်းတစ်ခုမှာ မလေးရှား နိုင်ငံအတွင်း အကြီးဆုံးဖြစ်မည်ဖြစ်ပြီး ဂျိုဟော် ရေလက်ကြား ကမ်းခြေတစ် လျှောက်တွင် တည်ရှိကာ ကြမ်းခင်းအကျယ်အ၀န်း ၂ ဒသမ ၃ သန်း စတုရန်းမီတာ ရှိမည် ဖြစ်သည်။တည်ဆောက်ရေး လုပ်ငန်းများကို ခြောက်လအတွင်း စတင်ရန် စီစဉ်ထားကြောင်း Greenland က္ပုဏီ အုပ်စုက ပြောသည်။

နိုင်ငံရပ်ခြားတွင်အခြေချမည့် တရုတ်အိမ်ခြံမြေ ၀ယ်ယူကြသူများအတွက် တရုတ်အိမ်ခြံမြေတည်ဆောက် ရေးလုပ်ငန်းများသည် ပြည်ပတွင် ရင်းနှီးလုပ်ကိုင်လျက် ရှိသည်။ မလေးရှားနိုင်ငံအပြင် သြစတြေးလျ၊ စင် ကာပူ၊ အမေရိကန်နှင့် အာဖရိကတို့တွင်လည်း ၎င်းတို့၏ အိမ်ခြံ မြေလုပ်ငန်းများလုပ်ကိုင်ရန် မြေကွက်များ ကို Greenland က၀ယ်ယူလျက် ရှိသည်။

မလေးရှားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရခြင်းမှာ စီးပွားရေးဖွံ့ဖြိုးမှု တည်ငြိမ်ခြင်း နှင့် တရုတ်လူမျိုးများ အများအပြား နေထိုင်လျက် ရှိနေခြင်းတို့ကြောင့်ဖြစ်သည်ဟုGreenland ကုမ္ပဏီမှ တာဝန်ရှိသူများက ပြောသည်။

Mizzima Burmese

ဒီနှစ် အော်စကာ ဆု ဘယ်သူတွေရကြသလဲ


အခု ၂၀၁၄ ခုနှစ် ၈၆ ကြိမ်မြောက် အော်စကာဆုပေးပွဲအခမ်းအနားကို အမေရိကန်ပြည်ထောင်စု
လော့စ်အိန်ဂျလိစ် မြို့မှာ ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့က အမေရိကန်ပြည်တောင်စုမှာ စည်စည်ကားကား ကျင်းပသွားပါတယ်။

ကမ္ဘာကျော် အနုပညာရှင်တွေ စုံစုံလင်လင်တက်ရောက်ကြတဲ့ အော်စကားဆုပေးပွဲမှာ 12 years a stars ဇာတ်ကား က အကောင်းဆုံးဆုကိုရရှိသွားပါတယ်။  ဒါရိုက်တာဆုကတော့ Gravity ဇာတ်ကားရိုက်သူ Alfonso Cuaron က ဆုရရှိသွားပါတယ်။

ဘယ်မင်းသား၊ မင်းသမီးတွေကို အခုနှစ် အော်စကာဆုရမယ်လို့ လူတွေ ဘယ်လို ထင်ကြေးပေးခဲ့ကြလဲ ဆိုတာတော့ အောက်က ဓာတ်ပုံတွေမှာ ကြည့်နိုင်ပါတယ်။


အခု ဒီနှစ်ရဲ့ အော်စကာဆုရှင်တွေကတော့...

အကောင်းဆုံး ဇာတ်ပို့ဆုကိုတော့ ကင်ညာ သူလေး Nyongo က ရရှိသွားပြီး မင်းသမီးဆုကိုတော့ Blue Jasmine ဇာတ် ကား မှာ သရုပ်ဆောင်ထားတဲ့ မင်းသမီး Cate Blanchett (ကိတ်ဘလမ်ချက်) က ရပြီး မင်းသားဆုကိုတော့ Dallas Buyers Club ဇာတ်ကားမှာ သရုပ်ဆောင်ထားတဲ့ မင်းသား Matthew Mc Conaunghey ကရရှိ သွား ကြပါတယ်။

အမျိုးသား ဇာတ်ပို့ဆုကို Dallas Buyers Clubမှ သရုပ်ဆောင်ထားတဲ့ မင်းသား Jared Leto က အကောင်းဆုံး မင်းသား ဇာတ်ပို့ဆုကိုအသီးသီးရရှိသွားခဲ့ကြပါတယ်။


အခုနှစ် အော်စကာဆုရှင်စာရင်းကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

86th Academy Awards winners
Best Picture

Best Actor in a Leading Role

Best Actress in a Leading Role

Best Actor in a Supporting Role

Best Actress in a Supporting Role

Best Animated Feature
  • Frozen (Chris Buck, Jennifer Lee, Peter Del Vecho)

Best Cinematography

Best Costume Design

Best Directing

Best Documentary Feature

Best Documentary Short

Best Film Editing
  • Gravity (Alfonso Cuarón, Mark Sanger)

Best Foreign Language Film

Best Makeup and Hairstyling

Best Original Score

Best Original Song

Best Production Design

Best Animated Short Film

Best Live Action Short Film
  • Helium (Anders Walter, Kim Magnusson)

Best Sound Editing

Best Sound Mixing
  • Gravity (Skip Lievsay, Niv Adiri, Christopher Benstead, Chris Munro)

Best Visual Effects
  • Gravity (Tim Webber, Chris Lawrence, Dave Shirk, Neil Corbould)

Best Adapted Screenplay

Best Original Screenplay
  • Her (Spike Jonze)


အော်စကာ ဆုပေးပွဲ ပွဲတက် မင်းသား၊ မင်းသမီးတွေရဲ့ ဓာတ်ပုံတချို့လည်း ဖော်ပြပေးလိုက်ပါတယ်။ 














ဓာတ်ပုံ- မေးလ်အွန်လိုင်း

The Irrawaddy

နေဝင်ချိန် ဘဝမလှသူများ





သန်လျင်မြို့နယ်ရှိ သဘာဝ တရားရိပ်သာတွင် ခိုလှုံနေရသည့် သက်ကြီးရွယ်အိုများ (ဓာတ်ပုံ - စိုင်းဇော် / ဧရာဝတီ)သန်လျင်မြို့နယ်ရှိ သဘာဝ တရားရိပ်သာတွင် ခိုလှုံနေရသည့် သက်ကြီးရွယ်အိုများ (ဓာတ်ပုံ - စိုင်းဇော် / ဧရာဝတီ)သန်လျင်မြို့နယ်ရှိ သဘာဝ တရားရိပ်သာတွင် ခိုလှုံနေရသည့် သက်ကြီးရွယ်အိုများ (ဓာတ်ပုံ - စိုင်းဇော် / ဧရာဝတီ)သန်လျင်မြို့နယ်ရှိ သဘာဝ တရားရိပ်သာတွင် ခိုလှုံနေရသည့် သက်ကြီးရွယ်အိုများ (ဓာတ်ပုံ - စိုင်းဇော် / ဧရာဝတီ)
အသက် ၇၁ နှစ်အရွယ် ဒေါ်တင်နွဲ့တယောက် ကျောတခင်းစာ ရရှိထားတဲ့ ကုတင်လေးပေါ်မှာ မနက်က ဝေစုရခဲ့တဲ့ အသားတုံးနှစ်တုံး၊ အာလူးတဖတ်ပါတဲ့ ဟင်းတပွဲနဲ့ ထမင်းကြမ်းတခဲကို ညနေစာ စားဖို့ ပြင်ဆင်နေပါတယ်။

ဒေါ်တင်နွဲ့မှာ သွေးချို၊ ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ ဘယ်ဘက် ခြေတဘက်က ဒူးအထိ ဖြတ်ထားရပြီး ကိုယ်ခန္ဓာ အောက်ပိုင်း သွေးကြောတွေ ပိတ်နေလို့ လမ်းမလျှောက်နိုင်တော့တာ အခုဆို ခြောက်လလောက် ရှိနေပါပြီ။

“သူများအိမ်မှာ ကပ်နေရတယ်။ ရောဂါကြောင့် ခြေထောက်ဒဏ်ရာ ရသွားတော့ အဲဒီအိမ်က လက်မခံတော့ဘူး။ အဘွား နေရေး၊ စားရေး ခက်နေတဲ့ အချိန်မှာ ရပ်ကွက်သူ၊ ရပ်ကွက်သားတွေက ဒီကို ပို့ပေးခဲ့တာပါ” လို့ ဒေါ်တင်နွဲ့က ပြောပါတယ်။

သားသမီး ကျောထောက်နောက်ခံမရှိ၊ အစ်ကိုဖြစ်သူရဲ့ သားသမီးတွေက ထောက်ပံ့ပေမယ့် သူတို့ စောင့်ရှောက်မှုနဲ့လည်း မရပ်တည်နိုင်လို့ ၁၉၆၈ ခုနှစ်ကစပြီး ဒေါ်တင်နွဲ့ဟာ သူများအိမ်မှာ အိမ်အကူအလုပ် လုပ်ကိုင် နေထိုင်ခဲ့ရပါတယ်။ အသက် အရွယ်နဲ့ ဖိစီးလာတဲ့ ရောဂါအမျိုးမျိုးကြောင့် အလုပ်မလုပ်နိုင်တော့ဘဲ ခိုကိုးရာမဲ့ နေစရာ၊ စားစရာ မရှိဖြစ်နေတဲ့ ဒေါ်တင်နွဲ့ကို ရပ်ကွက်သူ ရပ်ကွက်သားတွေက သန်လျင်မြို့နယ်မှာ ရှိတဲ့ သဘာဝ ဓမ္မရိပ်သာကို ပို့ပေးလိုက်ကြခြင်းပဲ ဖြစ်ပါတယ်။

စားဝတ်နေရေး အဆင်မပြေကြတဲ့ မိသားစုတွေမှာ နေထိုင်နေတဲ့ သက်ကြီးရွယ်အိုတွေမှာ ကျန်းမာရေး ချို့တဲ့လာပြီဆိုရင် ကျန်းမာရေး စောင့်ရှောက်မှုတွေ မရရှိကြတော့ဘဲ တချို့သက်ကြီးရွယ်အိုတွေဟာ မိသားစုရဲ့ စွန့်ပစ်မှုတွေ ခံစားနေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက်နေ့က တောင်ဒဂုံ ၁၇ ရပ်ကွက်နားမှာ ကျန်းမာရေး မကောင်းတော့တဲ့ အသက် ၆၀ ကျော် အရွယ် အဘိုးအို တဦးကို အတူနေ မိသားစုတွေက လာရောက် စွန့်ပစ်ခဲ့ကြောင်း ရပ်ကွက်နေ ဒေသခံ တဦး ဖြစ်သူ ဦးကိုဦးက
ပြောပါတယ်။

“ကျနော်တို့ တွေ့ရတော့ အဘိုးကြီးက တုန်ချိနေပြီ ဘယ်မှ သွားနိုင်တော့ဘူး။ ညကတည်းက ထားသွားပုံရတယ်။ သူ့ကို မေးကြည့်တော့ နေခဲ့တဲ့နေရာ တချို့ကို မှတ်မိတယ်။ သူ့ကို အဲဒီနေရာ ပြန်ပို့ပေးမယ်ပြောတော့ သူ မသွားချင်တော့ဘူးလို့ ပြောတယ်။ ကျနော်တို့လည်း နီးစပ်ရာ အဘိုး၊ အဘွားတွေ ထားတဲ့နေရာတွေ စုံစမ်းတယ်။ တချို့က အသက်ကန့်သတ် ထားတယ်။ တချို့က တခြား ကန့်သတ်ချက်တွေ ရှိလို့ အဆင်မပြေဘူး။ နောက်မှ အကန့်အသတ်တွေ မလိုဘဲ ထောက်ခံသူ ရှိရင် ရတဲ့ သန်လျင်က သဘာဝတရားရိပ်သာကို ကျနော်ကိုယ်တိုင်ပဲ သွားပို့လိုက်တယ်” လို့ သူက ဆိုပါတယ်။

သက်ကြီးရွယ်အို အများစုဟာ သူတို့ ကိုယ်ပိုင်ဝင်ငွေ ရှာနိုင်တုန်းက မိသားစုရဲ့ အလေးပေးမှုတွေကို ခံခဲ့ရပေမယ့်၊ အသက်အရွယ်ရလာလို့ ၀င်ငွေမရှာနိုင်တော့တဲ့ အချိန်မျိုးမှာတော့ မြေးထိန်း၊ ကျောင်းကြို၊ ကျောင်းပို့သူများ အဖြစ်နဲ့ သူတို့ရဲ့ အသုံးဝင်မှုကို ပြသနေကြရ ပါတယ်။

“ကျန်းမာနေတုန်းကတော့ မြေးတွေ အလုပ် လုပ်ပေးနိုင်တယ်။ တကယ်တမ်း မကျန်းမမာ ဖြစ်လာရင် အဘိုးတို့က မိသားစုမှာ လူပိုတယောက် ဖြစ်လာပြီ။ ဆေးကုနိုင်တဲ့ မိသားစုမျိုး ဆိုရင်တော့ သိပ် ကိစ္စမရှိပေမယ့် တနေ့လုပ်မှ တနေ့စားရတဲ့ မိသားစု မျိုးအတွက် အဘိုးတို့လို ကျန်းမာရေးမကောင်းတဲ့ အသက်ကြီးသူတွေဟာ ၀န်ထုပ်ဝန်ပိုး ဖြစ်လာတာပဲ” လို့ အသက် ၈၀ အရွယ်ရှိပြီဖြစ်တဲ့ ဦးထွန်းကြည်က ဆိုပါတယ်။

အာရှနိုင်ငံတွေထဲက ဂျပန်နိုင်ငံမှာဆို အစိုးရဘက်က နှစ်စဉ် သိသိသာသာ များပြားလာတဲ့ သက်ကြီးရွယ်အို အဘိုး၊ အဘွား တွေအတွက် ဘ၀အာမခံချက်တွေ အဖြစ် ငွေကြေး စတဲ့ ဘိုး၊ ဘွား ထောက်ပံ့ရေးတွေ တတတ်တအား လုပ်ဆောင်လာတာ
သတင်းတွေအရ သိရပါတယ်။ မြန်မာနိုင်ငံမှာတော့ ဘိုး၊ ဘွား စောင့်ရှောက်ရေးအတွက် လူမှုဝန်ထမ်း ဦးစီးဌာနက လုပ်ဆောင်ပေးနေပေမယ့် သိသိသာသာ အားနည်းနေတာ တွေ့ရတယ်။

အစိုးရက ဖွင့်လှစ်ထားတဲ့ ပြည်သူ့ဆေးရုံ တွေမှာတောင် တနေ့ထက် တနေ့ ကျန်းမာရေးကြောင့် ဆက်ပြီး ဆေးမကုနိုင် တော့လို့ မိသားစုတွေက စွန့်ပစ်သွားကြတဲ့ အဘိုး၊ အဘွား ပြဿနာတွေကို ပုဂ္ဂလိက ဘိုး၊ ဘွား စောင့်ရှောက်ရေး အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ဖြေရှင်းနေရတယ်လို့ သိရပါတယ်။

“ခိုကိုးရမဲ့ အဘိုး၊ အဘွားတွေကို ဆေးရုံတွေမှာ ထားထားသွားလို့ ကျနော်တို့ဆီ ဆက်သွယ်ပြီး လာပို့ကြတယ်။ ရန်ကုန်ဆေးရုံကြီး၊ အင်းစိန်ဆေးရုံ၊ အနောက်ပိုင်းဆေးရုံ၊ အောင်ဆန်းဆေးရုံလို ဆေးရုံတွေကလည်း ဆက်သွယ် ပို့တာတွေ ရှိတယ်။ အဓိကက ဆေးရုံက ဆက်လက်ခံလို့ မရတော့တဲ့ အခြေအနေတွေပေါ့။ ကျနော်တို့ကို ဆက်သွယ်ရင် ကျနော်တို့က သွားခေါ်ပေးတယ်” လို့ သဘာဝတရားရိပ်သာမှာ စေတနာရှင် လုပ်အားပေးနေသူ တဦးက ပြောပြတယ်။

မြန်မာနိုင်ငံမှာ နေ့စဉ်နဲ့အမျှ လူဦးရေ ထူထပ် များပြားလာတာဟာ သက်ကြီးရွယ်အို တိုးပွားလာမှုကို မီးမောင်း ထိုးပြနေသလို ဖြစ်နေတယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

သက်ကြီးရွယ်အိုနဲ့ ပတ်သက်ပြီး တိတိကျကျ စာရင်းဇယားများ အခုချိန်ထိ မရှိသလို၊ ခိုကိုးရာမဲ့ သက်ကြီးရွယ်အို အရေအတွက် ဘယ်လောက်ရှိနေပြီ ဆိုတာကိုလည်း သုတေသနပြု စစ်တမ်း ကောက်ယူထားတာမျိုး မြန်မာနိုင်ငံမှာ
မရှိသေးပါဘူး။

သက်ကြီးရွယ်အိုတွေအတွက် နေရေး၊ စားရေး အပြင် နောက်ထပ် ခြိမ်းခြောက်မှုတခုက မကျန်းမမာ ဖြစ်လာတဲ့ အခါမှာ ကျန်းမာရေး ကုသစရိတ် မရှိတာပါပဲ။

၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေး နှစ်အတွက် ကျန်းမာရေး ဘတ်ဂျက်ကို အရင်နှစ်တွေထက် လေးဆအထိ တိုးမြှင့်ခဲ့ပေမယ့် တကယ်တမ်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကျန်းမာရေး စောင့်ရှောက်ပေးမှု အခြေအနေကတော့ ထင်သလောက် ထိရောက်မှု
မရှိသေးဘူးလို့ သတင်းတွေက အခုချိန်ထိ ဖော်ပြရေးသားနေဆဲပါ။

ပုဂ္ဂလိက ဘိုး၊ ဘွားစောင့်ရှောက်ရေး နေရာတွေ၊ ဂေဟာတွေ ဒီနောက်ပိုင်း အများအပြား ပေါ်ပေါက်လာပေမယ့် ဘိုး၊ ဘွားတွေရဲ့ နေထိုင်မှု၊ ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေတွေကတော့ အခုချိန်ထိ လုံလုံလောက်လောက်
မရှိသေးပါဘူး။

အသက်အရွယ် ကြီးလာပြီး နေရေး၊ စားရေး အဆင်မပြေဖြစ်နေတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေး မကောင်းတော့တဲ့ သက်ကြီးရွယ်အို စုစုပေါင်း ၆၀၀ ကျော်ကို ကူညီစောင့်ရှောက်ပေးထားတဲ့ ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်က သဘာဝ ဓမ္မ ရိပ်သာမှာလည်း အနယ်နယ်အရပ်ရပ်က သက်ကြီးရွယ်အို ဘိုး၊ ဘွား လေး၊ ငါးဦးလောက်ဟာ နေ့စဉ် ရောက်ရှိလာကြတယ်လို့ သိရပါတယ်။

“တချို့က မိသားစု စွန့်ပစ်ပြီး ရပ်ကွက်အကူအညီနဲ့ ရောက်လာတာပါ။ တချို့က ဆေးရုံတွေမှာ ထားခဲ့ပြီး ပြန်စရာနေရာ မရှိလို့ ရောက်လာကြတာပါ။ ရောက်လာတဲ့ အဘိုး၊ အဘွားအများစုက ကျန်းမာရေးချို့တဲ့ နေကြတယ်။ လေဖြတ်တာတွေ များတယ်”
လို့ တရားရိပ်သာ တာဝန်ရှိသူ ဒေါ်ခင်စန်းဦးက ပြောပါတယ်။

သဘာဝဓမ္မ ရိပ်သာမှာ သက်ကြီးရွယ်အို ဘိုး၊ ဘွားတွေ အပြင် နေထိုင်စရာ အခက်အခဲ ဖြစ်နေတဲ့ တီဘီ ဝေဒနာရှင်တွေ၊  HIV/AIDS ဝေဒနာရှင်တွေ၊ စိတ်ကျန်းမာရေး ဝေဒနာရှင်တွေနဲ့ တခြားရောဂါ ဝေဒနာရှင်တွေ အပါအ၀င် နေရေး၊ စားရေး အခက်အခဲ ရှိနေတဲ့သူတွေကိုပါ လက်ခံ စောင့်ရှောက်ထားတာ ဖြစ်ပါတယ်။

သဘာဝဓမ္မ ရိပ်သာဟာ ပြည်တွင်း၊ ပြည်ပ စေတနာရှင်တွေရဲ့ လှူဒါန်းမှုနဲ့ပဲ ရပ်တည်နေရတဲ့အတွက် အဘိုး၊ အဘွားတွေရဲ့
ကျန်းမာရေး စောင့်ရှောက်မှုတွေကိုတော့ လုံလုံလောက်လောက် မပေးနိုင်သေးဘူးလို့ သိရပါတယ်။

“ကျန်းမာရေး စောင့်ရှောက်မှုက ရိပ်သာအတွင်းမှာ သင်ပေးထားတဲ့ သူနာပြုတချို့ပဲ ရှိတယ်။ အထွေထွေ ဆရာဝန်တွေ ကတော့ တပတ်တကြိမ်လောက်ပဲ လာနိုင်တယ်။ စေတနာရှင် ဆရာဝန်တွေ တနေ့ တယောက်လောက်တော့ လိုအပ်ပါတယ်” လို့ ဒေါ်ခင်စန်းဦးက ဆိုပါတယ်။

သဘာဝဓမ္မ ရိပ်သာမှာ ရောက်ရှိနေတဲ့ အသက် ၁၀၇ နှစ်အရွယ် အသက်အကြီးဆုံး အဘွားဒေါ်ရွှေရည် အတွက်ကတော့ အခုချိန်မှာ စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေး အတွက်သာ ကြိုးစားနေရတယ်လို့ သိရတယ်။

သား၊ သမီး၊ ဆွေမျိုး ဘယ်သူတွေဆိုတာလဲ မသိတော့တဲ့ အဘွားဒေါ်ရွှေရည်ဟာ တောင်ဥက္ကလာပ မြို့နယ်အတွင်းက ဓမ္မာရုံတခုမှာ ခေတ္တခန မှီခိုနေထိုင်ရင်း ရပ်ကွက်သူ၊ ရပ်ကွက်သားများရဲ့ ကောင်းမှုနဲ့ သဘာဝဓမ္မရိပ်သာကို ရောက်ရှိ လာတာ အခုဆို ခြောက်နှစ်ခန့် ရှိပြီလို့ သိရပါတယ်။

အခုဆို ဒေါ်ရွှေရည်ရဲ့ ကျန်းမာရေးအခြေအနေကို သဘာဝတရားရိပ်သာမှာ အခြေအနေအမျိုးမျိုးနဲ့ ရောက်ရှိနေကြတဲ့ သက်ကြီးရွယ်အို အချင်းချင်းကပဲ စောင့်ရှောက်ပေးနေကြတာ တွေ့ရပါတယ်။

ဒေါ်ရွှေရည်ဟာ သူ့ဘ၀ ဖြစ်စဉ်တွေကို ကောင်းကောင်း မပြောပြနိုင်ပေမယ့် နေ၀င်ချိန် သူ့ဘ၀ကိုတော့ ဒီတရားရိပ်သာမှာ အေးအေးချမ်းချမ်း ဖြတ်သန်းသွားဖို့ ဆုံးဖြတ်ထားကြောင်း သူ့အမူအရာတွေက သက်သေပြနေပါတယ်။

ဖေးကူစောင့်ရှောက်မှုတွေနဲ့သာ လှုပ်ရှားသွားလာနိုင်တော့မယ့် အဘွားဒေါ်ရွှေရည်လို အဘိုး၊ အဘွားတွေ အတွက်ကတော့ အခုလို စောင့်ရှောက်မှုတွေ အများအပြား လိုအပ်တယ်ဆိုတာ သိသာနေပါတယ်။

အဘွား ဒေါ်တင်နွဲ့က “အဘွားတို့ဘ၀က သေဖို့စောင့်နေရတဲ့ အခြေအနေပဲ ရှိပါတော့တယ်။ အခုတော့ နေရေး၊ စားရေးကို ဆရာတော်ရဲ့ ကျေးဇူးကြောင့် အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်နေပါပြီ။ သေရေးအတွက် အေးချမ်းဖို့ပဲ ကျန်တော့တယ်” လို့ မျက်ရည် စီးကျရင်း အသံတိုးတိုးနဲ့ ဆိုပါတယ်။

ဧရာဝတီ

မာယာပရောဂျက်အကြောင်း တို့တို့ထိထိ


မာယာပရောဂျက် ဇာတ်ကား ဇာတ်ဝင်ခန်းတခု
“မင်းရဲ့ နှလုံးသားကိုသတ်ဖို့ ကိုယ့်ကို မိုးကြိုးမေက ငှားတယ်၊ နောက်တခါ မိုးကြိုးမေရဲ့ နှလုံးသားကို သတ်ဖို့ မင်းက ကိုယ့်ကို ထပ်ငှားတယ်၊ ကိုယ်က ကြေးစားနှလုံးသားသတ်သမားပဲ၊ အခု ကိုယ့်နှလုံးသားကို ပြန်သတ်ရတော့မယ့်အချိန် ရောက်ပြီ”

လင်းလုလင်

“အေး ငါကလည်း ရန်သူကို မသနားတတ်တဲ့ မိန်းမမျိုးပဲ … ငါ့ကိုစိန်မခေါ်နဲ့ စွဲညှို့ရှင် … စိန်ခေါ်ရင် မင်းအကြီးအကျယ် နောင်တရသွားလိမ့်မယ်”

မိုးကြိုးမေ

“ကျမကလည်း ကိုယ့်ကို ထိလာရင် ငုံ့မခံတဲ့ မြွေပွေးလိုမိန်းမပဲ …”

စွဲညှို့ရှင်

“စွဲညှို့ရှင် … မင်းဘာဖြစ်နေတာလဲ … ဒီကောင်ကို ဘာတွေ အထင်ကြီးနေတာလဲ”

မိုးသက်တံ

ဒါတွေကတော့ မတ်လ ၁၄ ရက်နေ့မှာ ရုံတင်ပြသတော့မယ့် “မာယာပရောဂျက်” ဆိုတဲ့ ရုပ်ရှင် ဇာတ်ကား ကြော်ငြာမှာ ကောက်နုတ်ဖော်ပြ ထားတဲ့ သရုပ်ဆောင်တွေရဲ့ ဒိုင်ယာလော့ တချို့ ဖြစ်ပါတယ်။

မြန်မာရုပ်ရှင် ဇာတ်ကားကြီးတွေ ရုံမတင်ခင် သရုပ်ဆောင်တွေနဲ့ စာနယ်ဇင်းတွေကို အထူးပွဲ ပြသလေ့ ရှိပေမယ့် တချို့ စာနယ်ဇင်းတွေကော၊ ကိုယ်တိုင်ပါဝင် သရုပ်ဆောင်သူတွေပါ စုံစုံလင်လင် တက်ရောက်လေ့ မရှိပါဘူး။ မြန်မာကားတွေကို ပရိသတ် စိတ်ဝင်စားမှု နည်းလာတဲ့ အကြောင်းရင်းထဲမှာ ပါဝင် သရုပ်ဆောင်သူတွေ ကိုယ်တိုင် သိပ်စိတ်မပါတော့တာ ကြောင့်လား ဆိုတာ မေးခွန်း ထုတ်စရာ ရှိပါတယ်။

ဒါပေမယ့် မတ်လ ၁၄ ရက်နေ့မှာ ရုံတင်ပြသတော့မယ့် “မာယာပရောဂျက်” ဆိုတဲ့ ရုပ်ရှင် ဇာတ်ကား အထူးပွဲကိုတော့
သရုပ်ဆောင်တွေ အကုန် စုံစုံလင်လင် တက်ရောက်လာတာ တွေ့ရပါတယ်။ သရုပ်ဆောင်နေတိုး၊ ကျော်ကျော်၊ သက်မွန်မြင့်၊ ဖွေးဖွေးစတဲ့ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားသူတွေပေါ့။

လွန်းထားထားရဲ့ ၀တ္ထုကို သီဟစိုးက ဇာတ်ညွှန်းရေးဖွဲ့ထားပြီး ဒါရိုက်တာဝိုင်း ဖန်တီးပုံဖော်ထားတဲ့ ဇာတ်ကား ဖြစ်ပါတယ်။

အရင်ကဆို ကိုယ် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကား အထူးပွဲကို တက်ရောက်မလာတဲ့ အနုပညာရှင်တွေ ရှိသလို၊
တချို့အနုပညာရှင်တွေ ကလည်း မဖိတ်ကြားလို့ မလာတာပါတဲ့။ ဘာပဲဟြေဟြေ ကိုယ်ပါဝင် သရုပ်ဆောင်ထားတဲ့ ဇာတ်ကားဆိုရင် သေသေချာချာ လာရောက်ကြည့်ရှု သုံးသပ်ဝေဖန်ပြီး ကိုယ့်သရုပ်ဆောင်မှုမှာ ဘာတွေလိုအပ်နေသလဲ ဆိုတာမျိုး ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ဖို့အတွက် အထူးပွဲတွေကို တက်ရောက် ကြည့်ရှုသင့်တယ် ထင်ပါတယ်။ စာနယ်ဇင်း တွေလည်း ထိုနည်းလည်းကောင်း ပါပဲ။ သေသေချာချာ ကြည့်ရှုပြီး ဝိုင်းဝန် ဝေဖန်ထောက်ပြမှသာ ပရိသတ်က ရုပ်ရှင်ကို ကြည့်သင့် မကြည့်သင့် သေသေချာချာ ဆုံးဖြတ်နိုင်ကြသလို၊ ရုပ်ရှင် အနုပညာရှင်တွေဘက်ကလည်း သူတို့ကို စောင့်ကြည့် ဝေဖန်သူတွေ ရှိတယ်ဆိုတဲ့ စိတ်နဲ့ ပိုမို အားထုတ်မယ်လို့ ယူဆပါတယ်။

ဒါမှလည်း မြန်မာ့ရုပ်ရှင် အနုပညာရှင်တွေရဲ့ အရည်အသွေးက တိုးတက်ပြီး ပရိသတ် ကြည့်ရှုမှုလည်း များမှာပေါ့။

စာအုပ်တအုပ်မှာ ဖတ်ခဲ့ဖူးတာတော့ ကိုးရီးယားနိုင်ငံက အနုပညာနဲ့ ရပ်တည်ပြီး သူတို့နိုင်ငံကို ကမ္ဘာ့အလယ်မှာ ၀င့်ထည် စေခဲ့တာတဲ့။ အဲဒါလည်း ငြင်းစရာမလိုအောင် အမှန်ပါပဲ၊ မဟုတ်ဘူးလို့ ဟြေတဲ့သူ မရှိလောက်ပါဘူး။ ကိုးရီးယား ဇာတ်ကားတွေ၊ ဇာတ်လမ်းတွဲတွေကို မြန်မာပြည်သူတွေ ကြည့်ရှုမှု ဘယ်လောက်များသလဲ ဆိုတာ ပြောနေစရာတောင် လိုမယ် မထင်ပါဘူး။ ကိုယ်ကိုယ်တိုင်လည်း ကိုရီးယားကား ကြည့်သူထဲက တဦးဆိုရင် မမှားပါဘူး။

အရင်ကတော့ မြန်မာ ဇာတ်ကားတွေ အများကြီး ကြည့်ရှုခဲ့ပါတယ်။ ဇာတ်ကား တော်တော်များများပေါ့။ မယ်သီတာလို မိန်းကလေး၊ သီတာခုနစ်တန်၊ ပန်းပန်လျှက်ပါ၊ အရိုင်းစံပယ်၊ သခွတ်ပန်း၊ ရမ္မက်စံအိမ်၊ မြစ်တို့၏မာယာ၊ မာမာကတော့ မာမာပဲ၊ ဒဏ္ဍာရီ၊ ငယ်သူမို့မသိပါ၊ ဆောင်းအိပ်မက် စတဲ့ ရုံတင်ဇာတ်ကားတွေ မရေမတွက်နိုင်အောင်ပါပဲ။

အဲဒီအချိန်တုန်းကတော့ မမို့ (မို့မို့မြင့်အောင်) က စတားဖြစ်နေတဲ့ အချိန်ပေါ့။ မမို့ရဲ့ငိုပုံတွေ၊ ငိုတာတောင် မမို့က နှုတ်ခမ်းလေးကို လှုပ်ပြီး ငိုတဲ့ပုံတွေကို အမေရော၊ ကိုယ်တိုင်ပါ နှစ်သက်ခဲ့တာပါ။ မူပိုင်ချစ်သူ ဇာတ်ကားနဲ့ မဆင့် (မေသန်းနု) ကိုလည်း ပရိသတ်တွေ ကြိုက်နေတဲ့ အချိန်ပေါ့။ ဒီလို ရုပ်ရှင်တွေသွားကြည့် ဖြစ်တာလလည်း မဟြေနဲ့၊ အမေက ရုပ်ရှင် ၀ါသနာအိုးကိုး။ ဒါ့အပြင် ရုပ်ရှင်ထဲမှာ မင်းသမီးငိုလည်း လိုက်ငို၊ သနားရင်လည်း လိုက်ငိုတတ်တဲ့ သူကလည်း အမေပါပဲ။

အဲဒီတုန်းက ကိုယ်က သုံးတန်း၊ လေးတန်းလောက်ပဲ ရှိဦးမယ်၊ စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်တွေဆို အမေနဲ့ ညီမလေးနဲ့ အတူတူ ရုပ်ရှင် ဇာတ်ကား ရုံတင်ပြီဆိုတာနဲ့ သွားကြည့်ခဲ့ကြတာပါ။ အဲဒီ အချိန်တုန်းက ရုပ်ရှင်ရုံမှာ ကြည့်တဲ့သူတွေ
ဘယ်လောက်များလဲ ဆိုရင် လက်မှတ်ကို အစောကြီး သွားတန်းစီပြီးကို တိုးကြိတ် ၀ယ်ခဲ့ရတာပါ။ အဲဒီတုန်းက သွင် ရုပ်ရှင်ရုံက ဒီလိုပုံစံ မဟုတ်သေးဘဲ ကြမ်းပိုးကိုက်တဲ့ သစ်သား ခုံလေးတွေ။ အမေက သတင်းစာတွေယူလာ၊ ခုံပေါ်မှာခင်းပြီး ကြမ်းပိုးမကိုက်အောင် ကြံဖန်ပြီး ကြည့်ရတာ၊ လက်မှတ်ခတွေက လေးကျပ်တန်း၊ ရှစ်ကျပ်တန်း၊ တဆယ်တန်းနဲ့ ဆယ့်နှစ်ကျပ်တန်းဆိုပြီးပဲ ရှိခဲ့တဲ့ အချိန်ပေါ့။

နောက်ပိုင်း မထက် (ထက်ထက်မိုးဦး) တခေတ်ဖြစ်ခဲ့တုန်းကလည်း သူ့ကားတွေ တော်တော်များများကို ကြည့်ဖူးခဲ့ပါတယ်။ နှစ်ယောက် တအိပ်မက်၊ ပန်းသခင် စသဖြင့်ပေါ့။ ဒါတောင် ကိုယ်မမှတ်မိတော့တဲ့ ဇာတ်ကားတွေ ရှိသေးတယ်။ မခိုင် (ထွန်းအိန္ဒြာဗို) တခေတ် တုန်းကလည်း သူ့ဇာတ်ကားတွေ ကြည့်ခဲ့ဖူးတာပဲ၊ နှောင်းတမြေ့မြေ့တို့၊ ရင်ထဲက ဆောင်းရာသီ၊
သူငယ်ချင်း သုံးယောက် ရှိလေသည်၊ မိုးကုတ်စက်ဝိုင်းကို ကျော်လွန်၍တို့၊ မောင့်မူပိုင်ရှင်တို့ ဆိုတာလည်း ကိုယ်ကြိုက်ခဲ့ရတဲ့ ဇာတ်ကားတွေပေါ့။

မခိုင်က မိုးကုတ်စက်ဝိုင်းကိုကျော်လွန်၍ ဇာတ်ကားထဲမှာ မင်းသားလွင်မိုးကို ဖုန်းဆက် ခြိမ်းခြောက်တဲ့ အခန်းဆိုရင်
တကယ်ကို ကြိုက်ခဲ့ရတဲ့ ဇာတ်ဝင်ခန်းပါ။ အနုနည်းနဲ့ တမျိုး၊ အကြမ်းနည်းနဲ့တဖုံ ဟြေတဲ့ စကားလုံးတိုင်းရဲ့ အသံ Flow ကလည်း ပရိသတ်ရင်ထဲကို ထိခဲ့တဲ့ ဇာတ်ဝင်ခန်းဖြစ်ခဲ့တာပါ။ အဲဒီ ဇာတ်ကားနဲ့လည်း မခိုင် အကယ်ဒမီ ထပ်ရခဲ့ပါတယ်၊ ကိုယ်တိုင်တောင် ကြိုက်လို့ ရုံမှာ သုံးခါပြန်ကြည့်ခဲ့တဲ့ မှတ်မှတ်ရရ ဇာတ်ကားပါပဲ၊ အဲဒီလိုကို မြန်မာရုပ်ရှင်ချစ် ပရိသတ် ဖြစ်ခဲ့တာပါ။

ရုပ်ရှင်နဲ့ပတ်သက်ပြီး အသေးစိတ်ကို စိတ်ဝင်စားခဲ့တဲ့ အတွက် အခုနောက်ပိုင်းမှာ ကိုယ်တိုင် မီဒီယာလောကမှာ အလုပ်လုပ်ဖြစ်လာတော့ ရုပ်ရှင်တွေ ပြန်ကြည့်ဖြစ်လာပါတယ်။ အခုနောက်ပိုင်း ရုပ်ရှင်ဇာတ်ကားတွေကို သွားကြည့်ပြီး ပရိသတ်တွေ အတွက် ပြန်မျှဝေမယ်ဆိုတဲ့ စိတ်နဲ့ ပြန်ကြည့်ဖြစ်ခဲ့တာပါ။

ဒီနှစ်အကယ်ဒမီရခဲ့တဲ့ ဇာတ်ကားတွေကိုလည်း ကြိုက်နှစ်သက်ပါတယ်။ ဒါရိုက်တာဝိုင်းရိုက်တဲ့ လက်ပံ ဇာတ်ကားဆိုရင်လည်း တကယ်ကို ပရိသတ်အားပေးခဲ့ပြီး သရုပ်ဆောင်အသစ် တယောက်ဖြစ်တဲ့ ဖွေးဖွေးကိုလည်း အကယ်ဒမီဆုရှင် ဖြစ်စေခဲ့သလို၊ သရုပ်ဆောင် ပြေတီဦးကိုလည်း ထပ်ဆင့်အကယ်ဒမီ ဆုရှင် ဖြစ်စေခဲ့ပါတယ်။

အခုလည်း ဒီနှစ်ပရိသတ်ပေးတဲ့ အကယ်ဒမီကို ရရှိခဲ့တယ်ဆိုတဲ့ ဒါရိုက်တာဝိုင်း ဖန်တီးပုံဖော်ထားတဲ့ မာယာပရောဂျက် ဆိုတဲ့ ဇာတ်ကားကို သွားကြည့်ခဲ့ပါတယ်။

ဒီဇာတ်ကားမှာ ဇာတ်က သာမန်ပုံစံ အချစ်ဇာတ်လမ်း ဆိုပေမယ့်လည်း တင်ဆက်ပုံထူးခြားတယ်၊ ရိုက်ချက်တွေလည်း လှလှပပနဲ့ ပရိသတ်အမြင်ကို ဆွဲဆောင်နိုင်မယ်လို့ ဆိုနိုင်ပါတယ်။

ဇာတ်လမ်းကတော့ လွန်းထားထား ဝတ္ထုတွေထုံးစံအတိုင်း မာန၊ မာန ဆိုတာကို ပါးစပ်ဖျားက မချဘဲနဲ့ တကယ်တော့ မာန မဟုတ်ဘဲ အခြောက်တိုက် ဘဝင်မြင့်နေတဲ့ ဇာတ်ကောင်တွေရဲ့ လေးပွင့်ဆိုင် အချစ်သက်သက် ပုံစံလို့ ပြောချင်ပါတယ်။ ရှေ့မှာ ဖော်ပြထားတဲ့ ဒိုင်ယာလော့တွေကလည်း မဲပြာပုဆိုးထဲကနေ မထွက်တာ သတိထားမိကြမှာပါ။

မိုးကြိုးမေ (သက်မွန်မြင့်) နဲ့ မိုးသက်တံ့ (ကျော်ကျော်) က မောင်နှမတွေပါ။ သူတို့မောင်နှမရဲ့ မိဘတွေ ကွယ်လွန်သွားချိန်မှာ မိုးကြိုးမေက သူ့မောင်ကို အရိပ်တကြည့်ကြည့် စောင့်ရှောက်ခဲ့သလို၊ မောင်ဖြစ်သူ အပေါ်လည်း သြဇာလွှမ်းမိုးခဲ့သူပေါ့။ ဒါပေမယ့် မိုးသက်တံ့မှာ စွဲညှို့ရှင်(ဖွေးဖွေး) ဆိုတဲ့ ချစ်သူ ရှိလာချိန်မှာတော့ မိုးကြိုးမေက ခါးခါးသီးသီးကို သဘောမတူဘဲ စွဲညှို့ရှင်ကို အိမ်ခေါ်ပြီး သဘောမတူကြောင်း ဗြောင်ဖွင့်ဟြေတာပါပဲ။ စွဲညှို့ရှင်ကလည်း မရရအောင် ယူပြမယ်ဆိုပြီး ကြိမ်းဝါးခဲ့ပါတယ်။ အစ်မနဲ့ ချစ်သူကြားမှာ ဗျာများရတာကတော့ မိုးသက်တံ့ပေါ့။

စွဲညှို့ရှင်က ချစ်သူဖြစ်တဲ့ မိုးသက်တံ့ကို တလ အဆက်ဖြတ်ပြီး သူ့ဘ၀အတွက် မိုးသက်တံ့ကို တကယ်လိုအပ်လား စမ်းသပ်မယ်လို့ စဉ်းစားပြီး အဆက်အသွယ် ဖြတ်ခဲ့တဲ့ အချိန်မှာပဲ မိုးကြိုးမေကလည်း သူ့မောင်နဲ့ စွဲညှို့ရှင် ပြတ်ဖို့အတွက် လင်းလုလင် (နေတိုး) ကို အခကြေးငွေပေး ငှားရမ်းပြီး စွဲညှို့ရှင်နဲ့ ချစ်သူဖြစ်အောင် လုပ်ဖို့ ခိုင်းစေပါတယ်။ လင်းလုလင်က စွဲညှို့ရှင်ရဲ့ဓာတ်ပုံကို မြင်ပြီး ချစ်သွားတာကြောင့် သဘောတူလက်ခံ လိုက်ပါတယ်။

လင်းလုလင်က စွဲညှို့ရှင်ရဲ့ အချစ်ကိုရဖို့ တကောက်ကောက်လိုက်ပြီး ကြိုးပမ်းပါတော့တယ်၊ ဒါပေမယ့် စွဲညှို့ရှင်က
သူ့မှာ ချစ်သူရှိကြောင်းဟြေပြီး ဆက်မလိုက်ဖို့ ဟြေပါတယ်။ လင်းလုလင်ကတော့ ဂရုမစိုက်ဘဲ ဆက်လိုက်နေတုန်းပေါ့။ မိုးတွေ သည်းသည်းမဲမဲ ရွာတဲ့တရက်မှာ စွဲညှို့ရှင် အိမ်ရှေ့မှာ မပြန်ဘဲ ညအထိရှိနေတဲ့ လင်းလုလင်ကို စွဲညှို့ရှင်
သတိထား မိခဲ့ပါတယ်။ နောက်တနေ့ မိုးလင်းတဲ့ အချိန်မှာတော့ အိမ်ရှေ့မှာ လင်းလုလင်ကို မတွေ့ရတော့ဘဲ လင်းလုလင် အချိန်တော်တော်ကြာ ပျောက်သွားတဲ့အတွက် စွဲညှို့ရှင်ရဲ့မသိစိတ်မှာ တခုခုလစ်ဟာသွားသလို ခံစားခဲ့ရပါတယ်။

မိုးကြိုးမေက လင်းလုလင်ကို ခေါ်ပြီး အခြေအနေကို အကျိုးအကြောင်း မေးတော့ ကြိုးစားနေဆဲဖြစ်ကြောင်း ဟြေပါတယ်။ အဲဒါနဲ့ အဆက်အသွယ်ရှိစေဖို့ ဖုန်းတလုံး လင်းလုလင်ကို ပေးခဲ့ပါတယ်။ လင်းလုလင်က မိုးကြိုးမေကို နောက်ပြောင် စိုက်ကြည့်လိုက် ချိန်မှာတော့ မိုးကြိုးမေ စိတ်ဆိုးမာန်ဆိုး ဖြစ်သွားပေမယ့် လင်းလုလင်ရဲ့ အကြည့်ကို မိုးကြိုးမေ မမေ့ပျောက်နိုင်ခဲ့ပါဘူး။ လင်းလုလင် ပြန်ပေါ်လာတဲ့ အချိန်မှာ စွဲညှို့ရှင်က သူ့စိတ်ထဲမှာ သံယောဇဉ် ဖြစ်နေပြီဆိုတာ သတိပြုမိခဲ့ ပါတယ်။ လင်းလုလင်ရဲ့ အဟြေကောင်းမှုကြောင့် စွဲညှို့ရှင် မငြင်းနိုင်တော့ဘဲ အသိအမှတ် ပြုခဲ့ပါတယ်။ မိုးသက်တံ့ကိုတော့ ချစ်သူအဖြစ်က ပြတ်ဆဲကြောင်းဟြေပြီး လင်းလုလင်နဲ့ ချစ်သူတွေဖြစ်ခဲ့ပါတယ်။ မိုးကြိုးမေက
ကားတစီး ၀ယ်ပြီး လင်းလုလင်ကို အဆင်ပြေစေဖို့ ပေးခဲ့ပါတယ်။ လင်းလုလင်နဲ့ စွဲညှို့ရှင်တို့ ချစ်သူတွေ ဖြစ်ကြောင်း သိသွားတဲ့ အခါမှာတော့ မိုးကြိုးမေက စွဲညှို့ရှင်ကို ချိန်းပြီး သူလင်းလုလင်ကို ငွေပေးခိုင်းခဲ့တာ ဖြစ်ကြောင်း ဟြေတဲ့အခါ စွဲညှို့ရှင်က လင်းလုလင်အပေါ်မှာ အမုန်းကြီး မုန်းသွားပါတယ်။

လင်းလုလင်က စွဲညှို့ရှင်ကို တကယ်ချစ်ခဲ့တာဖြစ်ကြောင်း ရှင်းပြပေမယ့်လည်း လက်မခံတော့ဘဲ အဆက်ဖြတ်လိုက်တဲ့ အချိန်မှာ လင်းလုလင်က မိုးကြိုးမေကို သွားတွေ့ပြီး ဖုန်းနဲ့ကားကို ပြန်ပေး၊ မိုးကြိုးမေရဲ့ အချစ်ကို ရဖို့ ကြိုးစားပါတော့တယ်။ မိုးကြိုးမေကလည်း ပထမတော့ ခါးခါးသီးသီးဖြစ်ပေမယ့် နောက်ပိုင်းမှာ သူ့နောက်ကို တကောက်ကောက် လိုက်နေတဲ့ လင်းလုလင်ကို သံယောဇဉ် ဖြစ်လာပါတယ်။

မိုးသည်းညတညမှာတော့ လင်းလုလင် မိုးရေထဲရပ်နေတာကို တွေ့တော့ စိတ်မကောင်းဖြစ်ပြီး ပြန်ဖို့ဟြေနေတဲ့အချိန်မှာ မောင်ဖြစ်သူ မိုးသက်တံ့ရောက်လာပြီး လင်းလုလင်ကို ထိုးတဲ့အခါ သူ့ချစ်သူဖြစ်ကြောင်း မိုးကြိုးမေက ဟြေတဲ့အတွက် မောင်ဖြစ်သူက စိတ်ဆိုးပြီး ထွက်သွားပါတော့တယ်။

ဒီလိုနဲ့ လင်းလုလင်နဲ့ မိုးကြိုးမေတို့ ချစ်သူတွေ ဖြစ်သွားတဲ့အခါ လင်းလုလင်၊ စွဲညှို့ရှင်နဲ့ မိုးကြိုးမေတို့ ဘာတွေ ဆက်ဖြစ်ကြမလဲ ဆိုတာကို ပရိသတ်ကပဲ မှန်းကြည့်ကြ၊ ဒါမှမဟုတ် မတ်လ ၁၄ ရက်နေ့ နောက်ပိုင်းမှာ ရုံတင်မယ့် ဇာတ်ကားကို ကိုယ်တိုင် သွားကြည့်ကြပါတော့လို့ ပြောချင်ပါတယ်။

မြတ်သူအောင်
arrawaddy