ဒေါ်အောင်ဆန်းစုကြည်နှင့် စင်ကာပူရောက် မြန်မာများတွေ့ရန် လူငါးထောင်ဆံ့ အခန်းငှား


စင်ကာပူနိုင်ငံတွင် စက်တင်ဘာလ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပမည့် The Singapore Summit သို့ တက်ရောက်မည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် စင်ကာပူရောက် မြန်မာများ တွေ့ဆုံပွဲပြုလုပ်ရန် လူဦးရေ အနည်းဆုံး ၅၀၀၀ ဆံ့သည့် Resort World Sentosa (RWS) ခန်းမကို ငှားရမ်းထားကြောင်း တွေ့ဆုံပွဲ စီစဉ်သည့် မြန်မာကလပ် (စင်ကာပူ) က စက်တင်ဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်သည်။

အများဆန္ဒအတိုင်း လူငါးထောင် ဆံ့နိုင်မည့် ခန်းမကို စက်တင်ဘာလ ၅ ရက်နေ့တွင် ငှားရမ်းနိုင်ခဲ့ပြီး စင်ကာပူ ရဲဌာနသို့လည်း ပွဲကျင်းပခွင့် တောင်းခံထားကြောင်း၊ တွေ့ဆုံပွဲ မတိုင်မီ ခွင့်ပြုမိန့်ရရှိမည်ဟု မျှော်လင့်ကြောင်း မြန်မာကလပ်က ကြေညာသည်။

ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအတွက်မူ လူစုလူဝေးကို ထိန်းသိမ်းနိုင်ရန် မြန်မာကလပ်က တာဝန်ယူရမည်ဟု စင်ကာပူရဲဌာနက စက်တင်ဘာလ ၂ ရက်နေ့က အကြောင်းကြားထားကြောင်း မြန်မာကလပ်က ဆိုသည်။

တွေ့ဆုံပွဲအတွက် ဝင်ခွင့်လက်မှတ်များ စတင်ရောင်းချမည့်ရက်ကို ဆက်လက် ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူအစိုးရ၏ ဖိတ်ကြားချက်အရ The Singapore Summit သို့ တက်ရောက်မည် ဖြစ်ပြီး ယင်းမတိုင်မီ ဥရောပနိုင်ငံအချို့သို့ သွားရောက်မည် ဖြစ်သည်။

The Voice

စာဖတ်ကျင့်ကို အိမ်အတွင်းမှ စကြပါ


ဒီတစ်ပတ် The Voice ရဲ့ ပညာရေးကဏ္ဍမှာ လူငယ်တွေရဲ့ စာဖတ်စွမ်းရည်နဲ့ ပညာရေး ဘယ်လိုဆက်စပ်နေတယ် ဆိုတာ တင်ပြသွားပါမယ်။ အဲဒီလိုတင်ပြရာမှာ လူငယ်တွေရဲ့ စာဖတ်စွမ်းအား မြှင့်တင်ဖို့အတွက် အခရာဖြစ်တဲ့ မိဘတွေရဲ့ အခန်းကဏ္ဍ ကိုလည်း ထည့်သွင်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ဒီခေတ်မှာ လူငယ်တော်တော်များများက စာသိပ်မဖတ်ကြဘူး။ ဂိမ်းဆော့တယ်၊ ဖေ့ဘုတ်စ်သုံးတယ်၊ အင်တာနက်မှာ အချိန်ဖြုန်းတယ်ဆိုပြီး စာရေးသူနဲ့ သိတဲ့သူအချို့က သူတို့သား သမီးတွေကို စာကောင်း စာမွန်တွေ ဖတ်စေချင်ကြတယ်။ အဲဒီလိုစာဖတ်တယ် ဆိုတာ စာဖတ်ချင်စိတ် ရှိမှရတာ။ အဲဒီလို စာဖတ်ချင်စိတ်ရှိအောင်လည်း ကိုယ့်ဝန်းကျင်မှာ စာဖတ်နိုင်တဲ့ ဝန်းကျင်တစ်ခုကို တည်ဆောက်ထားဖို့ လိုပါတယ်။ ဆိုလိုတာက စာအုပ်စာကောင်းမရှိတဲ့ အိမ်မှာ ကိုယ့်ကလေးတွေကို စာဖတ်ပါလို့ချည်း ပြောနေလို့ မရဘူး။ သူတို့လက်လှမ်းမမီတဲ့ နေရာတိုင်းမှာ စာအုပ်စာကောင်းတွေ ရှိဖို့လိုပါတယ်။

စာရေးသူတို့ တိုင်းပြည်မှာ ဝန်းကျင်တည်ဆောက်မှု အရမ်းအားနည်းတယ်။ ဆိုလိုတာ လုပ်ချင်တာ၊ ဖြစ်ချင်တာတွေပဲ ပြောနေတာ။ အဲဒီလို လုပ်ချင်၊ ဖြစ်ချင်တာတွေ လုပ်ဖို့၊ ဖြစ်ဖို့ဆိုတဲ့ ဝန်းကျင်ကျတော့ မရှိဘူး။ ဖန်တီးမထားကြဘူး။ ဒီတော့ စာရေးသူတို့နိုင်ငံရဲ့ ပြဿနာအတော်များများဟာ အဖြေမရှိတဲ့ ပုစ္ဆာလိုပဲ။ ဘာလုပ်ရမယ်ဆိုတာ သိသိနဲ့ ဘာမှဖြစ်မလာဘူး။ အမှိုက်တွေ မပစ်ကြပါနဲ့ဆိုလည်း ပစ်တာပဲ။ ကွမ်းတံ တွေးတွေ မထွေးကြပါနဲ့ ဆိုလည်း ထွေးတာပဲ။ ကားအရမ်းမမောင်းကြပါနဲ့ ဆိုလည်း မောင်းတာပဲ။ ဒီလိုနဲ့ လုပ်တဲ့သူကလုပ်၊ ရှုပ်တဲ့သူက ရှုပ်နဲ့ မုန့်လုံးစက္ကူကပ်၊ ဘာပြဿနာ ရယ်မှ ပီပီပြင်ပြင်၊ ရှင်းရှင်းလင်းလင်း ဖြစ် သွားတယ်ဆိုတာ မရှိဘူး။ အဲဒီအမှိုက်ကို မပစ်အောင်၊ ကွမ်းကိုမထွေးအောင်၊ ကားကို စည်းမဲ့ကမ်းမဲ့ မမောင်းအောင် ထိန်းကွပ်၊ ထိန်းညှိပေးနိုင်မယ့် ဝန်းကျင်အား နည်းနေလို့ပါ။
ဒီတော့ မိဘတွေအနေနဲ့ အခုလို အလွယ်တကူ လုပ်ကျင့်ရှိတဲ့ မြန်မာ့လူ့အဖွဲ့ အစည်းမှာ ကိုယ့်ကလေးတွေ စည်းနဲ့ကမ်းနဲ့ ရှိဖို့၊ စာကောင်းပေကောင်းဖတ်ဖို့ ဆိုတာ ကိုယ်ကိုယ်၌က ကိုယ့်အိမ်မှာ ကလေးတွေ အတွက် စာကောင်းစာပေဖတ်ဖို့ ဝန်းကျင် တစ်ခု ဖန်တီးပေးဖို့ လိုပါတယ်။ စာရေးသူ အိမ်အတော်များများ ရောက်ဖူးတယ်။ လူငယ်လူရွယ်တွေ အလွယ်တကူဖတ်နိုင်မယ့်၊ သူတို့ အတွေးအခေါ်တွေကို အားပေးမယ့် စာကောင်းစာပေဆိုတာ သိပ်မတွေ့ရ တတ်ဘူး။
နေ့စဉ်ထုတ်သတင်းစာ၊ ဂျာနယ်တွေလောက်ပဲ တွေ့ရတတ်တယ်။ တချို့ ကလည်း စာအုပ်တွေရှိပါတယ် ဆိုပြီး ထုတ်ပြကြတယ်။ သိပ်မြင့်တဲ့ဟာတွေပေါ့နော်။ ဖဆပလခေတ်က စာအုပ်တွေ၊ နိုင်ငံရေး ကျမ်းတွေ၊ သမိုင်းစာအုပ်တွေ၊ တက်ကျမ်းတွေ အဲဒါတွေကျတော့ သိပ်မြင့်သွားပြီ။ ပြီးတော့ အကြောင်းအရာတစ်ခုတည်းကို ဇောင်းပေးရေးထားတာ ဆိုတော့ လူငယ်တွေ သိပ်စိတ်မဝင်စားကြဘူး။ ဒီတော့ သူတို့ဆီမှာ အဲဒီစာအုပ်တွေ ဖုန်တက်နေတာ အဆန်းတော့မဟုတ်ဘူး။
ဆိုလိုတာက ကိုယ့်သားသမီးတွေ စာဖတ်စေချင်ရင် ကိုယ့်အိမ်မှာ စာအုပ်အစုံ အလင် တတ်နိုင်သလောက် ထားရပါမယ်။ စာရွေးပြီး စုရပါမယ်။ ဗဟုသုတဖြစ်စေမယ့် စာအုပ်တွေ ရှိရမယ်။ အိမ်ကျဉ်းသည့်တိုင် စာအုပ်စင် အသေးလေးတစ်ခုတော့ ရှိသင့်တယ်။ အဲဒါဟာ အဲဒီအိမ်ရဲ့ စာကြည့်တိုက်ပဲ။ မိဘတွေဟာ အဲဒီစာကြည့်တိုက်ရဲ့ စာကြည့်တိုက်မှူးပဲ။ ကိုယ်ကိုယ်တိုင် ကလည်း ဖတ်ပြရမယ်။ ဒါမှ သားသမီးက နောက်ကလိုက်လာမှာပေါ့။
စာရေးသူ နယ်မှာ တာဝန်ကျလို့ မိတ်ဆွေအိမ်တစ်အိမ် သွားလည်ဖြစ်တယ်။ သွားတိုင်း အိမ်ထောင်ဦးစီးက နှစ်လုံး၊ သုံးလုံး တွက်နေတတ်တယ်။ ကွမ်းတဗျစ်ဗျစ် ထွေးတယ်။ သူ့အိမ်ရောက်တိုင်း စာရေးသူကို သူ့ကလေးတွေကို ဆုံးမပါ၊ ပညာတတ်ကြီးတွေ ဖြစ်စေချင်တယ်၊ စာဖတ်စေချင်တယ်၊ သူအမြဲပြောတယ်။ ဖခင်တစ်ယောက်ရဲ့ စေတနာကို လေးစားပါတယ်။ ဒါပေမဲ့ သူကိုယ်တိုင်က ပြင်ဖို့လိုတယ်။ နှစ်လုံး၊ သုံးလုံး ထိုးတဲ့၊ တွက်တဲ့အိမ်က ကလေးတွေက နှစ်လုံး၊ သုံးလုံး စိတ်ဝင်စား လာကြမှာပဲ။ ကွမ်းတဗျစ်ဗျစ် ထွေးတာ မြင်ရင် ဒီကလေးတွေလည်း ကွမ်းစားလာ ကြမှာပဲ။ ကိုယ့်ကလေးတွေ တကယ်ကောင်း စေချင်ရင် ကိုယ်ကိုယ်တိုင်က ပြင်ဖို့လို တယ်။ ကိုယ့်အိမ်ထဲမှာတင် ကိုယ့်ကလေး တွေ မှန်မှန်ကန်ကန် ရှုမြင်တွေးခေါ်တတ် စေမယ့် ဝန်းကျင်တစ်ခုကို တည်ဆောက်ဖို့လို တယ်။ ဖန်တီးဖို့လိုတယ်။
စာရေးသူတို့နိုင်ငံရဲ့ လူတွေရှင်သန် ရတဲ့ဝန်းကျင်ဟာ အမြဲတမ်းပူလောင်နေ တယ်။ ပဋိပက္ခ အလွယ်တကူဖြစ်စေတယ်။ လူတွေ ပင်ပင်ပန်းပန်း ရုန်းကန်ကြရတယ်။ အိမ်အပြင်ထွက်တာနဲ့ အော်သံ၊ ဟစ်သံ၊ အလှူခံသံ၊ ကားသမားတွေ ဆဲဆိုသံ၊ ဘတ်စ်ကားပေါ် ပြေးတက်ကြတဲ့ မြင်ကွင်း တွေကအစ ဘာမှစိတ်ချမ်းသာစရာ မရှိဘူး။ စာရေးသူ အဆိုးအမြင်နဲ့ ရေးနေ၊ တင်ပြနေတာ မဟုတ်ဘူးနော်။ ကိုယ်ရောက်ခဲ့ ဖူးတဲ့ ကိုယ့်အိမ်နီးချင်းနိုင်ငံတွေက လူတွေ ရှင်သန်ရတဲ့ ဝန်းကျင်နဲ့ ယှဉ်ပြီး ပြောနေတာ။ ဟိုးခပ်ဝေးဝေးက ဂျပန်တို့၊ ကိုရီးယားတို့နဲ့ ယှဉ်ပြီး ပြောနေတာမဟုတ်ဘူး။ ဒီတော့ အဲဒီလို ပူလောင်၊ ဆူလောင် ဝန်းကျင်တွေထဲ မှာ သွားလာကျင်လည်နေရတဲ့ ကိုယ့်သား သမီးတွေကို အပြင်စရိုက်တွေ များများ မဝင် မလွှမ်းစေဘဲ ကိုယ့်အိမ်မှာ စာကောင်း ပေကောင်းတွေနဲ့ ယဉ်ပါးစေချင်တယ်။
စာရေးသူအိမ်မှာ အဖေက အလေ့ အကျင့်လုပ်ပေးထားတော့ ငယ်စဉ်ကတည်း က အိမ်တွင်းစာဖတ်ခြင်းဆိုတာနဲ့ ယဉ်ပါး ခဲ့ရတယ်။ အိမ်မှာ ၁၉၅၄ ခုနှစ်နဲ့ အဲဒီခုနှစ် များဝန်းကျင်က ထုတ်တဲ့ မြန်မာ့စွယ်စုံကျမ်း စာအုပ် ၁၄ အုပ်ရှိတယ်။ အရင်ဝန်ကြီးချုပ် ဦးနုလက်ထက်က ထုတ်ခဲ့တဲ့ စာအုပ်တွေ ပါ။ စာအုပ်တစ်အုပ်မှာ စာမျက်နှာ ၄ဝဝ ကျော်၊ ၅ဝဝ နီးပါး ရှိတယ်။ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ သမိုင်း၊ သိပ္ပံ၊ အတ္ထုပ္ပတ္တိ အစုံပါတယ်။ စာရေးသူငယ်ငယ် ကတည်းက အဲဒီ စွယ်စုံကျမ်းစာအုပ် ၁၄ အုပ်နဲ့ ကြီးပြင်းလာခဲ့ရတာ။ အဖေက အဲဒီ စာအုပ်တွေကို အလွယ်တကူ မြင်နိုင်၊ တွေ့ နိုင်တဲ့နေရာမှာ ထားပေးတယ်။ မဖတ်ဘူးလို့ သူထင်ရင် ဖတ်အောင် လမ်းကြောင်းပေး တယ်။ လေ့ကျင့်ပေးတယ်။
အဲဒီလိုနဲ့ စာရေးသူ ကမ္ဘာ့နိုင်ငံ အကြောင်းတွေ၊ လူပုဂ္ဂိုလ်အကြောင်းတွေ၊ မြန်မာ့သမိုင်း၊ ကမ္ဘာ့သမိုင်း စသဖြင့် ယဉ်ပါးလာခဲ့တယ်။ ငယ်ငယ်ကတည်းက စွယ်စုံကျမ်း မှာပါတဲ့ တိုက်တာမြင့်မြင့်မားမားနဲ့ မြို့ကြီးတွေ တွေ့ရင် ကိုယ့်တိုင်းပြည်ကို ငယ်စဉ်ကတည်းက အဲဒီလို အရမ်းဖြစ်စေချင်ခဲ့တယ်။ ဘယ်တော့ ဖြစ်လာမလဲလို့လည်း အမြဲတွေးခဲ့တယ်။ နိုင်ငံခြားရောက်ဖူးချင် တဲ့စိတ်တွေလည်း အရမ်းဖြစ်ခဲ့တယ်။ စွယ်စုံကျမ်းမှာပါတဲ့ နိုင်ငံခြားတက္ကသိုလ် ကြီးတွေကြည့်ပြီး တစ်ချိန် ငါ နိုင်ငံခြားမှာ ကျောင်းတက်ရမယ်လို့ ကျိတ်တွေးခဲ့ဖူးတယ်။ အရွယ်ရောက်လာတော့ အဲဒီငယ် ငယ်ကတည်းက တွေးခဲ့၊ ဖတ်ခဲ့တာတွေက ကိုယ့်ဘဝမှာ တွန်းအားတွေဖြစ်လာတယ်။ အဖေက သူမဆုံးခင်မှာတောင် နေမကောင်းတဲ့ ကြားက အဲဒီစွယ်စုံကျမ်းစာအုပ်ကြီး ၁၄ အုပ်ကို အဖုံးအသစ်တွေ ပြန်ဖုံးပေး သွားခဲ့တယ်။ အဖေ့ဆီကရတဲ့ အကောင်းဆုံး အမွေတစ်ခုပါပဲ။
စာရေးသူ UN မှာ အလုပ်လုပ်စဉ် နယ်အတော်များများကို ရောက်ဖြစ်တယ်။ Project တွေမှာရှိတဲ့ စာကြည့်ခန်း၊ စာကြည့်တိုက် ဆိုတာတွေ ဝင်လေ့လာဖြစ်တယ်။ စာရေးသူတို့ လာချိန်မို့လားတော့ မသိဘူး၊ ကလေးတွေ၊ လူငယ်တွေ စည်စည် ကားကားနဲ့ တွေ့ရတတ်တယ်။ စာကြည့်တိုက် ထဲမှာလည်း စာအုပ်စာတမ်း အတော်စုံပါရဲ့။ ဂျာနယ်၊ ကာတွန်းတွေလည်း ရှိတယ်။ စာရေးသူ မသိမသာ အချိန်ပေးပြီး လေ့လာကြည့်တယ်။ ကလေးအတော်များများက ကာတွန်းတွေလောက်ပဲ ဖတ်ကြတယ်။ ကလေးဆိုပေမယ့် ဆယ်ကျော်သက်တွေကို ပြောတာပါ။ တချို့လူငယ်တွေ ဆိုရင် သူတို့ ဦးစားပေးတာ လက္ခဏာ၊ ဗေဒင်ကဏ္ဍ ဖတ်ပြီးရင် တစ်ယောက်နဲ့တစ်ယောက်တောင် မျှလိုက်သေးတယ်။ ဆောင်းပါး၊ နိုင်ငံရေးသတင်း ဖတ်တာမျိုး တော်တော် ရှားတယ်။ မဖတ်ချင်တဲ့သူကို ဖတ်ပါ ပြောလို့တော့ ဘယ်ဖြစ်မလဲ။
ဖြစ်နိုင်ရင်တော့ စာကြည့်တိုက်မှူး တွေ၊ စာကြည့်ခန်း တာဝန်ရှိသူတွေကလည်း လမ်းကြောင်း (Guide) ပေးဖို့ လိုမယ် ထင်ပါတယ်။ နိုင်ငံခြားမှာဆို စာကြည့်တိုက်မှူးတွေ ဆိုတာ ပညာရှင်တွေပဲ။ လစာလည်း ကောင်းကြတယ်။ စာဖတ်သူအနေအထားကို လေ့လာပြီး စာကြည့်တိုက်တွေထဲမှာ စာအုပ်တွေကို ခဏခဏ အပြောင်းအလဲလုပ်တယ်။ တကယ်တော့ သူတို့ဟာ နိုင်ငံတစ်နိုင်ငံရဲ့ စာဖတ်စွမ်းအား မြှင့်တင်ရေးနဲ့ အမျိုးသား ပညာရေးမှာ အရေးပါတဲ့ပုဂ္ဂိုလ်တွေ ဖြစ်တယ်။ စာကြည့်တိုက်မှာရှိတဲ့ စာအုပ်အမျိုး အစားကို မသိမသာ အပြောင်းအလဲလုပ်ပေးဖို့ လိုတယ်။ ဗဟုသုတဖြစ်စေမယ့် စာတွေ၊ အသက်အရွယ်အလိုက် ဦးနှောက်ကို စိန်ခေါ်စေမယ့်စာတွေ၊ ကလေးတွေ၊ လူငယ်တွေ အလွယ်တကူ လက်လှမ်းမီအောင် စာကြည့်တိုက် တွင်းမှာတင် ဈေးကွက် (Marketing) ဖော်ရမယ်။ တဖြည်းဖြည်းနဲ့ အပျော်ဖတ် စာပေတွေကို အာရုံစိုက်မှု လျော့သွားစေရ မယ်။ ဆိုလိုတာ စာဖတ်သူတွေရဲ့ စာဖတ်ချင်စိတ်၊ စာဖတ်စိတ်ကို အတွေးမှန်၊ အသိမှန် ရစေမယ့် လမ်းကြောင်းတစ်ခုအပေါ် ဆွဲတင်သွားနိုင်ဖို့ပါ။ ဒါပေမဲ့ ဒီလိုလုပ်ဖို့က စာကြည့်တိုက်မှူးတွေ၊ စာကြည့်တိုက် တာဝန်ရှိသူ တွေရဲ့ စေတနာပါမှု၊ အချိန်ပေးနိုင်မှု၊ အတွေ့အကြုံရင့်ကျက်မှု၊ အမြင်ကျယ်မှုတွေ ပေါ်မှာ အများကြီးမူတည်ပါတယ်။ အကယ်၍ သူတို့ကိုယ်တိုင်က ကာတွန်းထိုင်ဖတ်၊ ဗေဒင်လက္ခဏာ၊ ဂမ္ဘီရလောက်ပဲ စိတ်ဝင်စား နေရင်တော့ အဲဒီစာကြည့်တိုက် တွေက အရေအတွက်ကနေ အရည်အချင်းကို ပြောင်းလဲလာမှာ မဟုတ်ပါဘူး။
ဒီတော့ ကိုယ့်သားသမီးတွေ စာများများ ဖတ်စေချင်တယ်ဆိုရင် ကိုယ့်အိမ်၊ ကိုယ့်စာအုပ်စင်က စကြဖို့ လိုပါတယ်။ အဲဒီ အိမ်တွင်းစာကြည့်တိုက် တွေကို စာအုပ် တစ်အုပ်နဲ့ စလည်း ရတယ်။ စာအုပ် ၁၀ အုပ်နဲ့ စလည်းရတယ်။ ရန်ကုန်မှာ မိဘ အတော်များများက ကိုယ့်သားသမီးတွေကို British Council လို၊ American Centerလို နေရာတွေဆီ အထင်တကြီး ပို့တတ်ကြ တယ်။ စာကောင်းစာမွန်တွေ အဲဒီမှာ အများကြီးတွေ့ပြီး ကိုယ့်သားသမီးတွေ အသိဉာဏ် ကြီးပွားတိုးတက်လာမယ်လို့ ထင်ကြတယ်။ မမှားပါဘူး။ ဒီစာကြည့်တိုက် တွေမှာ ပညာရပ်ဆိုင်ရာစာအုပ်တွေ အရမ်း စုံတယ်။ သင်တန်းတွေရှိတယ်။ သင်ထောက်ကူပစ္စည်း ကအစ အပြည့်အစုံ ထားပေးတယ်။ လုပ်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမဲ့ မိမိကိုယ်၌က တကယ့်ကို ကြိုးစားချင်စိတ်၊ လုပ်ချင်ကိုင်ချင်စိတ်၊ စာဖတ်ချင်စိတ် မရှိဘဲ ဘယ်လောက်ကောင်းတဲ့ စာကြည့်တိုက်တွေ၊ ရင်းမြစ်ဌာန (Resources Center) တွေသွားသွား ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ တစ်ခါတစ်လေ အဲဒီက ပို့ချတဲ့စာတွေ၊ သူငယ်ချင်းတွေရဲ့ တိုးတက်မှုကို မလိုက်နိုင်လို့ စိတ်ကျရောဂါလို ဖြစ်သွားတဲ့ ကျောင်းသားတွေတောင် တွေ့ခဲ့ဖူးတယ်။ ပြီးတော့ အဲဒီမှာ ပုံတွေလောက်ကြည့်၊ ကြော်ငြာလောက် သာဖတ်၊ သင်တန်းအပျော်တက်၊ ဟိုဟိုဒီဒီ မျက်စိကစားပြီး အချိန်ဖြုန်း၊ အချိတ်အဆက် လုပ်ချင်သူတွေလည်း အများကြီးပါ။
ဒါကြောင့် ဒီစာဖတ်ကျင့်ကို ကိုယ့်အိမ်မှာပဲ အစပြု ပျိုးထောင်ပေးစေချင်ပါ တယ်။ အထူးသဖြင့် နယ်မှာဆို လူငယ်တွေ စာဖတ်အား သိပ်နည်းပါတယ်။ အခုလို လက်ကိုင်ဖုန်းတွေ လူတိုင်းနီးပါး (အတော်များများ) ကိုင်နိုင်ပြီဆိုတော့ အဲဒီဖုန်းတွေ တစ်ချိန်လုံး ကလိနေကြသူတွေ အများကြီးပါ။ အင်တာနက်က တွေ့သမျှ သတင်းတွေဖတ်၊ မိန်းကလေးပုံတွေ ဖလှယ်၊ အတင်းအဖျင်း သတင်းတွေ မျှကြနဲ့၊ နယ်လိုနေရာမျိုးမှာ ပညာရေးနဲ့ ပတ်သက်ရင် ရန်ကုန်လို မဟုတ်ဘဲ သွားစရာ၊ လုပ်စရာကလည်း နည်းလေတော့ ဒီလူငယ်တွေရဲ့ ရှေ့ရေး စဉ်းစားကြည့်ရင် အတော်ရင်လေးဖို့ ကောင်းပါတယ်။ နယ်ဆိုပေမယ့် နယ်မှာနေတဲ့ လူတွေက အများစုမဟုတ်လား။ စာကောင်းစာပေ စာဖတ်ကျင့်မရှိတဲ့ အဲဒီမျိုးဆက်က ပွားလာတဲ့ နောက်မျိုးဆက်ကလည်း သူ့ရှေ့က မျိုးဆက်လိုပဲ ပေါ့ပေါ့နေ၊ ပေါ့ပေါ့စားနေကြမယ် ဆိုရင် ကျွန်တော်တို့ မြန်မာတွေ ဘယ်သောအခါမှ နိုင်ငံတကာနဲ့ ယှဉ်ပြိုင်နိုင်ကြမယ် မဟုတ်ပါဘူး။ ဒေသတွင်း အာဆီယံလို နေရာမျိုးမှာတောင် ဟိုးနောက်နားက အတော်လှမ်းလှမ်း ပြတ်ကျန်ခဲ့ပါလိမ့်မယ်။ အခုလည်း ကျန်နေပါပြီ။ ဒါကြောင့် တစ်ဦး တစ်ယောက်ချင်းကနေ တစ်စုတစ်ဖွဲ့၊ တစ်စုတစ်ဖွဲ့ ကနေ တစ်နိုင်ငံလုံး အတိုင်းအတာ အထိ စာဖတ်စွမ်းရည် မြှင့်ဖို့လိုနေပါတယ်။ ဒါဟာ အမျိုးသားရေး တာဝန်တစ်ရပ်လည်း ဖြစ်တယ်။ ဒီတော့ မိဘများအနေနဲ့ အိမ်တိုင်း အိမ်တိုင်းရဲ့ ဧည့်ခန်းကိုယ်စီမှာ ကိုယ်နိုင်သလောက် စာအုပ်စင်လေးတွေ ထားကြရင် အဲဒီအမျိုးသားရေးတာဝန် တစ်စိတ်တစ်ပိုင်းကို ကိုယ့်သားသမီး တစ်ဦးချင်းက တစ်ဆင့် စာဖတ်စွမ်းရည် ပြုစုပျိုးထောင်ပေးကြရင်း ကူညီပါဝင် ပံ့ပိုးပေးနိုင်ကြပါစေလို့ ဒီဆောင်းပါးက တစ်ဆင့် တိုက်တွန်းပါရစေ။
အောင်အောင် (IR)
The Voice

" ဘေးထွက် ဆိုးကျိုး ဖြစ်စေသည့်အသားဖြူကရင်မ် ကုမ္ပဏီ ပြန်လည် သိမ်းဆည်း "




Kanebo ဂျပန် အလှကုန် ကုမ္ပဏီသည် အသားအရေကို အစွန်း အကွက် ဖြစ်စေသည့် အသားဖြူကရင်မ်အား တစ်ပတ်ခန့် ဆက်လက် တင်ပို့မိကြောင်း နှင့် ၄င်းကုန် ပစ္စည်း များအား ပြန်လည် သိမ်းဆည်း ခဲ့ကြောင်း အဆိုပါ ကုမ္ပဏီ မှ စက်တင်ဘာ ၃ ရက်တွင် ပြောကြား သည်။

အဆိုပါ အသားအရေကို ထိခိုက် နိုင်သည့် ကုန်ပစ္စည်းအား ကုမ္ပဏီမှ ဇွန် ၂၈ ရက်တွင် ပြန်လည် သိမ်းဆည်းရန် ဆုံးဖြတ်ခဲ့ပြီး အဆိုပါ ဆုံးဖြတ်ချက် အား မိခင် ကုမ္ပဏီဖြစ်သည့် Kao ကထောက်ခံ ခဲ့ကြောင်း Kanebo ကုမ္ပဏီမှ ပြောရေး ဆိုခွင့်ရှိသူက ပြောကြားသည်။

သို့ရာတွင် လက်ကား ဆိုင်များမှ ကုန်ပစ္စည်း ၄ ဒသမ ၇၅ သန်းကျော် ပြန်လည် သိမ်းဆည်း ခဲ့သော်လည်း ဇူ လိုင် ၄ ရက်အထိ အတိအလင်း ကြေညာခဲ့ခြင်း မ ရှိသောကြောင့် ၄င်း ကုန်ပစ္စည်း အား တစ်ပတ် နီးပါးတင်ပို့ ရောင်းချခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ နှောင့်နှေး ကြန့်ကြာမှု ကြောင့် အသုံးပြုသူ များစွာ ထိခိုက်ခဲ့ရ ကြောင်း ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

”Blanchir Superior” စသည့် ကုန်ပစ္စည်း ကို သြဂုတ် ၂၅ ရက်အထိ ဂျပန် နိုင်ငံ၌ သုံးစွဲမိသူ စုစုပေါင်း ၈၆၇၈ ဦး ရှိကြောင်းနှင့် ၆၅ ဦးမှာ နိုင်ငံရပ်ခြား မှ ဖြစ်ကြောင်း Kanebo ကုမ္ပဏီ၏ အဆိုအရ သိရသည်။

Kanebo ကုမ္ပဏီမှ ကုန်ပစ္စည်း ပြန်လည်သိမ်းယူခဲ့သည့် နိုင်ငံများမှာ ဂျပန်၊ ဗြိတိန်၊ ထိုင်း၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား ၊ မြန်မာ၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံ ဖြစ်ကြောင်း သိရသည်။

သိင်္ဂီဝင်း
Popular Myanmar News Journal

ဒိုင်းမွန်းပလာဇာငါးလွှာမှ ၁၇ နှစ်အရွယ် လူငယ်တစ်ဦး ခုန်ချသေဆုံး

မန္တလေးလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကဉ္စနမဟီ ရပ်ကွက် ၃၃x၃၄ လမ်းကြား၊ ၇၇x၇၈ လမ်းကြားတွင် စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၁ နာရီခန့်က အသက် ၁၇ နှစ်အရွယ် အမျိုးသားတစ်ဦး ဒိုင်းမွန်းပလာဇာ ငါးလွှာအထပ်မှ ခုန်ချ သေဆုံးသွားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

အဆိုပါ သေဆုံးသူသည် ဒိုင်းမွန်းပလာဇာ ငါးလွှာအထပ်မှ ခုန်ချခဲ့ပြီး၊ မြေညီထပ်အမိုးတွင် ၎င်းဝတ်ဆင်ထားသော ဖိနပ်၊ နာရီနှင့် ခြေထောက်တွင် ရရှိထားသောဒဏ်ရာမှ သွေးကွက်တို့ကို တွေ့ရှိရပြီး ယင်းမြေညီထပ်မှတစ်ဆင့် ထပ်မံခုန်ချခဲ့သည့် အနေအထား တွေ့ရကြောင်း အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောဆိုသည်။

အဆိုပါ သေဆုံးသူကို မန္တလေးဆေးရုံကြီးတွင် စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၉ နာရီက ရင်ခွဲစစ်ဆေးခဲ့ရာ ဝဲမျက်ခြေဆစ်ရိုး ငေါထွက် (ကျိုးကြေ)၊ ယာခြေဖဝါး ပေါက်ပြဲအရိုးကျိုး၊ ဝဲလက် ကောက်ဝတ် ကျိုးကြေ၊ တင်ပါးပွန်းပဲဒဏ်ရာ၊ ရင်ညွန့်ကျိုး၊ ဝမ်းဗိုက်အတွင်း သွေးယိုစီး၊ ဦးနှောက်အောက်သွေးယိုစီး ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း၊ ပြင်ပဒဏ်ရာ မတွေ့ရှိဘဲ ယာဉ်။ အရာဝတ္ထုတစ်ခုခုဖြင့် ဖိကြိတ်ပွတ်ဆွဲသော အနေအထား ရှိကြောင်း မှတ်ချက်ပြုထားခဲ့ကြောင်း ယင်းမှတ်တမ်းတွင် ပါရှိသည်။

သေဆုံးသူသည် အောင်မြေသာစံမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး စက်တင်ဘာလ ၄ ရက်နေ့ ညနေ ၄ နာရီခန့်က နေအိမ်မှထွက်ခွာသွားကာ တက္ကသိုလ်ဝင်တန်း ကျဆုံးသဖြင့် စိတ်ဝေဒနာခံစားနေရသူ ဖြစ်ကြောင်း၊ အဆိုပါသေမှု သေခင်းနှင့် ပတ်သက်၍ ချမ်းအေးသာစံမြို့နယ်မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၂၂/၂၀၁၃ ဖြင့် အမှုဖွင့်စစ်ဆေး အရေးယူလျက် ရှိကြောင်း အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူ၏ မိဘများနှင့် သွားရောက်မေးမြန်းရာ မိဘများနှင့် ဆွေမျိုးသားချင်းက ယခုအချိန်တွင် ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ပြန်လည် ပြောဆိုသည်။

The Voice

ရွှေစက်တော်တွင် နိုင်ငံခြားသားများကို ညအိပ်ခွင့်ပြုရန် ခရီးသွားလုပ်ငန်းရှင်များ တောင်းဆို


ဗုဒ္ဓ၏ အထက်စက်တော်ရာနှင့် အောက်စက်တော်ရာ (ခြေတော်ရာ) တို့ရှိသော မကွေးတိုင်းဒေသကြီး မင်းဘူး မြို့နယ်ရှိ ရွှေစက်တော် ဘုရားတွင် နိုင်ငံခြားသား ခရီးသွားများကို ညအိပ်ခွင့် ပြုသင့်ကြောင်း ခရီးသွားလုပ်ငန်းရှင်များက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကို တိုက်တွန်းပြောကြားသည်။

စက်တင်ဘာလ ၅ ရက်နေ့တွင် နန်းထိုက်သူဟိုတယ်၌ ပြုလုပ်သော မကွေးတိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲတွင် ၎င်းတို့က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရွှေစက်တော်ဘုရားတွင် တဲအိမ်ငယ်နှင့် သန့်စင်ခန်းများကို သပ်ရပ်သန့်ရှင်းစွာ ဆောက်လုပ်ငှားရမ်းပါက အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာနှင့် ၁၅ ဒေါ်လာအတွင်း ရရှိနိုင်ကြောင်း ခရီးသွား လုပ်ငန်းရှင်များအသင်း ပုဂံဇုန် အတွင်းရေးမှူး ဦးဇော်ဝေက ပြောကြားသည်။

“နိုင်ငံခြားကို ဆန်တစ်တန် တင်ပို့ရင် ၃၂၄ ဒေါ်လာပဲရတယ်။ နိုင်ငံခြားသား ခရီးသွားတစ်ယောက်လာရင် At Least (အနည်းဆုံး) ဒေါ်လာနှစ်ထောင်ရတယ်” ဟု ၎င်းကဆိုသည်။

ရွှေစက်တော်တွင် နိုင်ငံခြားသားများ တည်းခိုရန်အတွက် ဇိမ်ခံဟိုတယ်ကြီးများ တည်ဆောက်ခြင်းထက် ဈေးနှုန်းချိုသာပြီး သန့်ရှင်းသပ်ရပ်သော တဲအိမ်ငယ်များ ဆောက်လုပ်ထားခြင်းက နိုင်ငံခြားသား ခရီးသွားများကို ပိုမိုဆွဲဆောင်နိုင်ကြောင်း ခရီးသွားလုပ်ငန်းရှင်တစ်ဦးက အကြံပြုသည်။

ဂေဟအခြေပြု ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်အတွက် ရွှေစက်တော်ရှိ ဘေးမဲ့တောများ၊ မြန်မာ့ဒေသ ရင်း ရွှေသမင်များ၊ ရှားပါးတိရစ္ဆာန် မျိုးစိတ်များကို လိုက်လံပြသနိုင်ကြောင်း မကွေး တိုင်းဒေသကြီး သစ်တောဦးစီးဌာန တိုင်းဦးစီးမှူး ဦးမြင့်သိန်းက ရှင်းပြသည်။

လက်ရှိအချိန်တွင် နိုင်ငံခြားသား ခရီးသွားများကို မကွေးမြို့ရှိ ဟိုတယ်များတွင်သာ ညအိပ်ခွင့်ပြုထားသည်။ ခရီးသွား လုပ်ငန်းရှင်များ၏ တင်ပြချက်ကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေက နားထောင်ခဲ့သော်လည်း တစ်စုံတစ်ရာ မှတ်ချက်ပေး ပြောဆိုခြင်း မရှိခဲ့ပေ။

မကွေးတိုင်းဒေသကြီးတွင် ဗိဿနိုးမြို့ဟောင်း၊ မင်းလှခံတပ်၊ ရွှေစက်တော် ဘုရားစသော ခရီးသွားများကို ဆွဲဆောင်ရာ နေရာများရှိပြီး မကွေးမြို့မှတစ်ဆင့် ပုဂံ-ညောင်ဦး၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် ကဲ့သို့သော တိုင်းရင်းသား ယဉ်ကျေးမှု ဒေသများသို့ သွားရောက်နိုင်သဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် အချက်အချာကျသောဒေသ ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များက ဟောကိန်းထုတ်ထားသည်။
The Voice

"နိုင်ငံ အတွက် အရေးပါတဲ့ အနုပညာ အကြောင်း ပြောသူ အဆိုတော် လင်းလင်း"



အနုပညာသည် အနုပညာရှင် အတွက်ရော နိုင်ငံ အတွက်ပါ အရေး ပါကြောင်း အဆိုတော် လင်းလင်းကပြောသည်။

”ကျွန်တော် ကတော့ ကျွန်တော့် စိတ်ကို အတတ် နိုင်ဆုံး အရိုးရှင်းဆုံး ထားတယ်။ ကိုယ့်အနုပညာ အလုပ်က သတ်သတ်၊ နိုင်ငံတိုင်းမှာ ရှိတဲ့ လူတိုင်း လူတိုင်းက ကိုယ့်နိုင်ငံ ကိုထားသင့်တဲ့ နိုင်ငံ ချစ်စိတ်ကလည်း သတ်သတ် ထားပြီးတော့ ဒီအရာနှစ်ခုစလုံးမှာ ဘယ်အရာကိုပဲ လုပ်လုပ် အတတ်နိုင်ဆုံး စိတ်ကို အရိုးရှင်း ဆုံးထား လုပ်တယ်။ ပြည်သူ အတွက်၊ ပရိသတ် အတွက် မော်ဒယ် တစ်ခုလိုမျိုး တင်ပြနေတယ်။ အနု ပညာရှင် ပိုင်း ရဲ့လူတွေက ကိုယ့် ရဲ့ပရိသတ် ပြည်သူ လူထု အတွက် ကိုယ် လုပ် လိုက်တဲ့ အရာကို အားကျပြီး အမြင် မမှားဖို့ ရည်ရွယ်ချက်တွေ မမှားဖို့ ကို ရှေ့ကနေပြီးတော့ သေသေချာချာ နဲ့ စမတ်ကျကျ လျှောက် လှမ်းနိုင်ဖို့ က အရေးကြီး တယ်။ ကလေး လူကြီး အထိုက် အလျောက် ရှိတာပဲ။ နိုင်ငံ တစ်နိုင်ငံမှာ အနုပညာ ဆိုတာ မရှိ မဖြစ် ဆိုတာ လက်ခံပါတယ်” ဟု ၄င်းကဆိုသည်။

”သီချင်း တစ်ပုဒ်ကို အဓိက ရေးဖြစ်တဲ့ အကြောင်းအရာ ဆိုရင် ကိုယ် တတ်နိုင်တဲ့ အားနဲ့ ခံစားမှု၊ တတ်ကျွမ်းမှု၊ နည်းပညာ အားလုံး ပေါင်း ပြီးတော့ တတ်နိုင်သလောက် အားစိုက် ရေးထားတာပါ။ ကိုယ် ဖန်တီး လိုက်တဲ့ အနုပညာ တစ်ခုကို ပရိသတ်က ကြိုက်တယ်၊ လက်ခံတယ် လို့ တုံ့ပြန်တာ ခံရရင် ကျေနပ် ပီတိ ဝမ်းသာလည်း ဖြစ်ရပါ တယ်” ဟု ၄င်းက ပြောသည်။

အနုပညာကို ဖျော်ဖြေရေးလို့ သတ်မှတ်ကြတဲ့ သူ ရှိသလို ဝါဒဖြန့် အနုပညာရပ် တစ်ခုလို့လည်း မြင်ကြခြင်း အတွက်
”အမျိုးမျိုးတော့ ထင်ကြေး ပေးကြမှာပဲ။ ကိုယ် ဥာဏ်မီရင် မီသလာက်ဖွဲ့ ဆိုလို့ ရပါတယ်။ အနုပညာ ဆိုတာ ပေါ်ပြူလာ ဖြစ်ဖို့ တစ်ခု အတွက်လောက် ပဲ ယူဆတဲ့ ဥာဏ် အဆင့်နိမ့်တဲ့ သူက အဲဒီလောက်ပဲ စဉ်းစား မိကြမှာပေါ့။ ဒီ အနုပညာ ဆိုတာက နိုင်ငံ တစ်နိုင်ငံမှာ ကမ္ဘာကြီးမှာ ဘယ်လို ကောင်းအောင် လုပ်နိုင်လဲ စဉ်းစားနိုင်တဲ့ သူက ရင်ထဲမှာ အဓိပ္ပာယ် ရှိကြမှာပါ”ဟု လင်းလင်း က ပြောသည်။

ထူးထူး
Popular Journal

အုပ်စုဖွဲ့ မတရားချုပ်နှောင်မှုဖြင့် ဖက်ရှင်ဆိုင်ပိုင်ရှင်က လပြည့်ဝန်းပလာဇာ ပိုင်ရှင်ကို အမှုဖွင့်


လပြည့်ဝန်းပလာဇာ ဒုတိယထပ်တွင် အခန်းငှားရမ်းဖွင့်လှစ် ရောင်းချနေ သော Super Action ဖက်ရှင်ဆိုင်၌ အတွင်းတွင် လူများရှိနေစဉ် ပလာဇာလုံခြုံရေး ဝန်ထမ်းသုံးဦးက စက်တင်ဘာလ ၂ ရက် နေ့တွင် လာရောက်သော့ခတ်ခဲ့သဖြင့် ဖက်ရှင်ဆိုင်ပိုင်ရှင်က ဒဂုံမြို့နယ်ရဲတပ်ဖွဲ့ စခန်းသို့ စက်တင်ဘာလ ၄ ရက်နေ့ ညနေ ပိုင်းတွင် သွားရောက်တိုင်တန်းရာ ရဲတပ်ဖွဲ့စခန်းက လပြည့်ဝန်းပလာဇာ ပိုင်ရှင်ကို အုပ်စုဖွဲ့ မတရားချုပ်နှောင်မှုဖြင့် အမှုဖွင့် ခဲ့ကြောင်း ဖက်ရှင်ဆိုင်ပိုင်ရှင် ဦးကျော်ရဲမင်း က ပြောကြားသည်။

ဒဂုံမြို့နယ် ရဲတပ်ဖွဲ့စခန်းက ပ-၁၉၅/ ၂၀၁၃၊ အုပ်စုဖွဲ့ မတရားချုပ်နှောင်မှု ဆိုင်ရာ ပြစ်မှုပုဒ်မ ၃၄၁/၁၁၄ ဖြင့် အမှုဖွင့်ခဲ့ပြီး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့ စခန်းထံမှ စုံစမ်းသိရှိရသည်။

သတ်မှတ်ငှားရမ်းရက် ကျော်လွန်ပြီဖြစ်သည် ဟုဆိုကာ ဖက်ရှင်ဆိုင်၏ ဝင်ထွက် တံခါးပေါက်တစ်ခုကို သော့ခတ်ခြင်းဖြင့် လည်းကောင်း၊ ကျန်တံခါးတစ်ခုကို သံခုံများ ဖြင့်လည်းကောင်း ပလာဇာလုံခြုံရေး များက လာရောက် ပိတ်ဆို့ခဲ့ရာ ဖက်ရှင်ဆိုင် အတွင်းရှိ ဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်းစုစုပေါင်း သုံးဦးတို့မှာ ဆိုင်အတွင်း သုံးနာရီခန့်ကြာ ပိတ်မိနေခဲ့သောကြောင့် အမှုဖွင့်ခြင်း ဖြစ်ကြောင်း ဖက်ရှင်ဆိုင်ပိုင်ရှင် ဦးကျော်ရဲမင်း က ပြောကြားသည်။
"ပြဿနာကို ဥပဒေအရ ဖြေရှင်းသွားဖို့ ပြောပေမယ့် ပလာဇာဘက်က အခုလိုအပြင်က သော့လာပိတ်သွားတာဟာ ဥပဒေမဲ့ လူမိုက်ဆန်ဆန် လုပ်ရပ်ဖြစ်တယ်" ဟု ၄င်းက ဆိုသည်။

ဆိုင်ခန်းငှားရမ်းမှု သတ်မှတ်ရက်ထက် နှစ်ရက်ခန့် ကျော်လွန်နေပြီ ဖြစ်သောကြောင့် ဖက်ရှင်ဆိုင်ကို ဆက်လက် မငှားရမ်းလိုသဖြင့် ပြောင်းရွှေ့ပေးရန် ဆိုင်ပိုင်ရှင်ကို အကြိမ်ကြိမ် အကြောင်းကြားခဲ့သော် လည်း ဖယ်ပေးခြင်း မရှိသောကြောင့် လုံခြုံရေးများကို သော့ခတ်ရန် ညွှန်ကြားခဲ့ခြင်း ဖြစ်ကြောင်း လပြည့်ဝန်းပလာဇာ မန်နေဂျင်း ဒါရိုက်တာဦးသိန်းရွှေက ပြောကြား သည်။

ပလာဇာလုံခြုံရေးများက မွန်းလွဲ တစ်နာရီခွဲ အချိန်ခန့်တွင် ဆိုင်ရှိဝင်ပေါက် နှစ်ခုကို လာရောက် ပိတ်ဆို့ထားသဖြင့် ဒဂုံမြို့နယ် ရဲအရာရှိများ ရောက်ရှိလာချိန်တွင်မှ လွတ်မြောက် ခဲ့ကြကြောင်း ပလာဇာ အတွင်း ဆိုင်ခန်းအချို့ရှိ မျက်မြင်များက ပြောကြားသည်။

ဒဂုံမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင်း ဖက်ရှင်ဆိုင်ပိုင်ရှင်က အမှုဖွင့်ထားသည်ကို လပြည့်ဝန်းပလာဇာ မန်နေဂျင်းဒါရိုက်တာ ဦးသိန်းရွှေက မသိရှိသေးကြောင်း ၄င်း၏ ရုံးဝန်ထမ်းမှတစ်ဆင့် The Voice ၏ မေးမြန်းချက်ကို စက်တင်ဘာလ ၅ ရက် ညနေ ၄ နာရီ ၃၀ မိနစ်ခန့်က ပြန်လည် ဖြေကြားသည်။

အဆိုပါပလာဇာတွင် ရုံးခန်း၊ ဆိုင်ခန်း ငှားရမ်းသူများနှင့် ပလာဇာပိုင်ရှင် တို့အကြား မကြာခဏဆိုသလို ပြဿနာများ ဖြစ်ပွားလေ့ ရှိကြောင်း၊ ပလာဇာပိုင်ရှင်နှင့် လုံခြုံရေး ဝန်ထမ်းများသည် ငှားရမ်းသူများကို မချေမငံ ဆက်ဆံလေ့ ရှိတတ်ကြောင်း ယင်းပလာဇာတွင် ရုံးခန်းဖွင့်လှစ်ခဲ့ဖူးသူ တစ်ဦးက ပြောကြားသည်။

The Voice

ဗြိတိန်လွှတ်တော် အစည်းအဝေးများအတွင်း ညစ်ညမ်းဝက်ဘ်ဆိုက် ကြည့်ရှုမှုများရှိ


ဗြိတိန်နိုင်ငံ၊ ဥပဒေပြု လွှတ်တော်၌ အစည်းအဝေးများ ကျင်းပနေစဉ်အတွင်း အင်တာနက်ဖွင့်ပြီး ညစ်ညမ်းဝက်ဘ်ဆိုက်များကို ဝင်ရောက်ကြည့်ရှုရန် ကြိုးစားမှု အများအပြား ရှိခဲ့ကြောင်း သိရသည်။ မှတ်တမ်းမှတ်ရာများ ထွက်ပေါ်လာသည့်နောက် ပြီးခဲ့သည့် နှစ်အတွင်း လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ်တွင် ညစ်ညမ်းဝက်ဘ်ဆိုက်များသို့ ဝင်ရောက်ရန် ကြိုးပမ်းမှု အကြိမ် (၃၀၀၀၀)မျှ ရှိခဲ့ကြောင်း ဖော်ထုတ် တွေ့ရှိလာသည်။ ယင်းအရေအတွက်သည် လွှတ်တော်အတွင်း တပ်ဆင်ထားသည့် ကွန်ပျူတာများမှ ကြည့်ရှုသည့် ဝက်ဘ်ဆိုက် လိပ်စာများကို ခြေရာခံ အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။ ပျမ်းမျှအားဖြင့် ညစ်ညမ်းဝက်ဘ်ဆိုက်များသို့ ဝင်ရောက် ကြည့်ရှုမှုသည် တစ်နေ့လျှင် အကြိမ်(၈၀၀)မျှ ရှိတတ်ကြောင်း ဝက်စ်မင်နစ်စတာ နန်းတော် ITနည်းပညာ အကြီးအကဲများက ပြောကြားခဲ့သည်။
ပါလီမန်တွင် ချိတ်ဆက် အသုံးပြုထားသည့် ကွန်ရက်နှင့် ပတ်သက်သော အချက်အလက်များကို ဖော်ထုတ် စုစည်းခဲ့သည့် စာရင်းတွင် အမတ်များ၊ လွှတ်တော်သတင်းယူသူများ အားလုံး၏ ကွန်ပျူတာ မှတ်တမ်းများ ပါဝင်နေသည်။ တာဝန်ရှိသူများက Auto Refreshဖြစ်ခြင်းကဲ့သို့ အခြေအနေများကြောင့် ဝက်ဘ်ဆိုက်များ ရှာဖွေ အသုံးပြုမှုသည် လက်ရှိစာရင်းပါ အရေအတွက်လောက် များပြားမည် မဟုတ်ဟု ကာကွယ်ပြောဆိုခဲ့သည်။ မည်သို့ပင်ဖြစ်စေ ပါလီမန် အတွင်းရှိ ကွန်ပျူတာများသည် ညစ်ညမ်းဝက်ဘ်ဆိုက်များကို ချိတ်ဆက် ကြည့်ရှုခဲ့သည် ဆိုခြင်းမှာမူ ငြင်းဆန်၍ မရချေ။
"အရမ်းတိကျတဲ့ အချက်အလက်တွေလို့တော့ ကျွန်တော်တို့ မပြောလိုပါဘူး။ ကွန်ရက်ချိတ်ဆက်မှုကနေ ဝက်ဘ်ဆိုက် တစ်ခုကို ကြည့်ရှုလိုက်ပေမယ့် တခြားဝက်ဘ်ဆိုက် တစ်ခုကို Pop-up Windowsနဲ့ အလိုလို ဖွင့်လိုက်တာမျိုး၊ ကြားခံ Softwareတွေကနေ ကိုယ်ဖွင့်လိုက်တာ မဟုတ်တဲ့ ဝက်ဘ်ဆိုက်တွေဆီ ရောက်သွားတာမျိုးတွေလည်း ဖြစ်နိုင်တယ် မဟုတ်လား"ဟု လွှတ်တော် ပြောရေးဆိုခွင့်ရ အမျိုးသမီး တစ်ဦးက ပြောကြားသွားခဲ့သည်။
Planet

ကျပ်သိန်း ၁၅၀၀ အကြီးဆုံးဆု ပိုင်ရှင်မပေါ်

ရန်ကုန် ၊ စက်တင်ဘာ ၅။     ။ အောင် ဘာလေ သိန်းဆုဌာနခွဲတွင် ကျပ် သိန်း ၁၅၀၀ ဆုကြီးတစ်ဆုကို ယနေ့တိုင် လာရောက်ထုတ်ယူ ခြင်းမရှိသေးကြောင်း သိရသည်။ ဘဏ္ဍာသိမ်းနှစ် ကျော်လွန်သွားပြီး လာရောက်ထုတ်ယူမှုမရှိ သော တန်ဖိုး နည်းဆု မဲများအပါ အဝင် တန်ဖိုးကြီးဆုမဲများမှာ နှစ် စဉ် ကျန်ရှိနေသော်လည်း ယခု ကျန်ရှိနေသော အောင်ဘာလေ ထီလောကတွင် ကျပ်သိန်း ၁၅၀၀ အနေဖြင့် ပထမဆုံးကြုံတွေ့ရခြင်း ဖြစ်ကြောင်း ထီလောကအသိုင်း အဝိုင်းမှ သိရ သည်။

''ဆုမဲလာမ ထုတ်တာတော့ နှစ်တိုင်းရှိတယ်။ ဆုမဲအကြီးတွေ တောင် လာမထုတ်တာမျိုးရှိတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ တစ်နှစ်စောင့်ပေးပါတယ်။ ဆုမဲ ကြေညာတဲ့ရက်ကစပြီး တစ်နှစ် အတွင်း တောင်းခံထုတ်ယူခြင်း မရှိရင်တော့ နိုင်ငံ တော် ဘဏ္ဍာငွေ အဖြစ် သိမ်းယူပါတယ်''ဟု အခွန် ဦးစီးဌာနခွဲမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။ ဆုမဲများလာရောက်မထုတ် ယူမှုများ နှစ်စဉ်ရှိသော်လည်း တစ်နှစ်နှင့်တစ်နှစ် ပမာဏမတူ ညီကြောင်း၊ ယင်းပမာဏနှင့်အ ရေအတွက်ကို လည်း အတိ အကျ မပြောနိုင်ကြောင်း အဆိုပါတာ ဝန်ရှိသူက ဆက်လက်ပြောသည်။ ယခုကျန်ရှိနေသော ကျပ် သိန်း ၁၅ဝဝဆုမဲကို လာရောက် ထုတ်ယူရန် ထပ်မံကြေညာပေး သွားမည်ဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့ဆီက ပေါက် သူတွေကတော့ လာမထုတ်တာ မရှိပါဘူး။ ပေါက်တဲ့သူတိုင်း လာ ထုတ်ကြပါတယ်။ ဆိုင်အနေနဲ့က တော့ ရောင်းချပေးတဲ့ ထီတိုင်း ကို တိုက်ပေးပါတယ်။ အကြောင်း လဲ ကြားပေးပါတယ်'' ဟု မိတ်သစ် လွင်ထီဆိုင်ပိုင် ရှင်က ပြောသည်။ အောင်ဘာလေထီ ပုံမှန်ကံ စမ်းဖြစ်သူတစ်ဦးက ''ထီကိုတော့ လစဉ်ထိုးဖြစ်တယ်ဗျာ။ ထီတော့ ပုံမှန်မတိုက်ဖြစ်ဘူး။ ပေါက်ရင် တော့ ဆိုင်ကလာပြောမယ်ထင် တယ်။ အခုလိုဆုမဲအကြီးတွေကျန် တယ်ဆိုတော့ ဘာဖြစ်ဖြစ် နောက် ဆို သတိထားပြီးတော့ကို ထီတိုက် တော့မယ်ဗျာ''ဟု ပြောသည်။

ဝေဝေ
YangonTimes

လုပ်ငန်းရှင်ဖြစ်လာရန် နည်းလမ်း



ဒါကတော့ နိုင်ငံတကာက ပြောတဲ့ Formal Step တွေပေါ့နော်။ မြန်မာပြည်နဲ့ကတော့ ဘယ်တူပါ့မလဲ။ သို့ပေ မယ့် လေ့လာလို့ရအောင် သူတို့ နည်းလမ်းလေးကို မျှဝေ ပေးလိုက် ရပါတယ်။

1. Find a Product (or idea)

ပထမဆုံး ကုန်ပစ္စည်းတစ်ခုကို ရှာဖွေရမယ်။ အိုင်ဒီယာဆိုလည်း အိုင်ဒီယာပေါ့။ အဲဒါက လူသိများကောင်း လူသိများလိမ့်မယ်။ သို့ပေမယ့် ပြီးပြည့်စုံလောက်အောင် မကောင်းသေးတဲ့ အရာတစ်ခု။

2. Buy One and Stuty it

အဲ့ ပစ္စည်းကို ဝယ်ရမယ်။ ပြီးတော့ အသေးစိတ် ကျကျ လေ့လာရမယ်။ အိုင်ဒီယာဆိုရင်လည်း ယင်း အိုင်ဒီယာကို အတွင်းကျကျ လေ့လာရမယ်။ လိုအပ်ရင် ထပ်မံ သင်ယူရအုံးမယ်။

3. Figure out how to improve it

အသေးစိတ်လည်းလေ့လာပြီးပြီ။ သင်ယူလေ့လာမှုလည်း ပြီးပြီ။ ဒါဆိုရင် နောက်တစ်ဆင့် တက်ရမှာက ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။

4. Make a Prototype

ဖွံ့ဖြိုးအောင်လည်းလုပ်ပြီးပြီဆိုရင် Sample တစ်ခု အရင်ထုတ်ရပါမယ်။ ကနဦး စံနမူနာပစ္စည်း တစ်ခု ဖန်တီး ယူရပါမယ်။

5. Show the prototype to 100 people

လူသိပ်အများကြီးကို ပြစရာမလိုသေးဘူး။ Selected people ပဲ။ ရွေးထားတဲ့ သူတွေက ကို စံနမူနာ၊ အိုင်ဒီယာကို ဖောက်စားမယ့်သူ မဟုတ်ဖို့တော့ လိုပါမယ်။

6. Remake it

စံနမူနာကို Selected people ကိုလည်း ပြသပြီးသွားပြီဆိုရင် နောက်တစ် ဆင့် တက်ရမှာက remake ပါ။ သူတို့ ပေးတဲ့ Feedback ကိုအခြေခံလို့ အကောင်းဆုံးပြန်လည်ဖန်တီးရပါမယ်။ End Customer အတွက် လိုချင်စိတ် ပေါက်ရလောက်တဲ့ အထိ ဖြစ်ပါတယ်။

7. Find a co-founder

ကိုယ့် ပရောဂျက်က အရမ်းကြီးတယ်ဆိုရင် တစ်ယောက်တည်းနဲ့ မရတော့ဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် အတူတွဲလုပ်မယ့် ပါတနာတော့ လိုပါမယ်။ co-fouder ပါ။ လက်တွဲလုပ်သူ တစ်ယောက်လည်း ခပ်ကောင်းကောင်း ပါတယ်ဆိုရင် အိုင်ဒီယာလည်း ပိုထွက်ပါတယ်။

8. Split with your co-founder

Co-founder နဲ့ ဆက်လုပ်တာပဲ ဖြစ်ဖြစ်၊ လမ်းခွဲတာပဲ ဖြစ်ဖြစ် ဒီ Level မှာ တိတိကျကျ အဖြေထွက်ဖို့ လိုပါတယ်။ တစ်ဖက်ကလည်း profit တစ်ခုရဖို့ ဖန်တီးကြိုးစားပေးတဲ့နေရာမှာ တစ်ခုမှ ပြန်မပေးနိုင်ရင် Split လုပ်ဖို့ ခက်ခဲပါတယ်။ ဒီတော့ ၅၀-၅၀ . ၅၀-၄၀ စွမ်းဆောင်ချက်၊ ရလဒ် အလျောက် သေချာ ခွဲတမ်းချပြီး ရှေ့ ဆက်ဖို့ လိုအပ်ပါတယ်။

9. Find a investor

ငွေထည့်မယ့် လုပ်ငန်းရှင်လိုအပ်ပါတယ်။ ယင်းလုပ်ငန်းရှင်ကို ကိုယ်ဖန်တီးထားတဲ့ Product ကို ချပြရပါမယ်။ Detail မလိုပါဘူး။ Investor အတွက် Profit and Process လောက်ပဲ focus လုပ်ပြီး Explain တာ ကောင်းပါတယ်။ Data Detail သွားရှင်းမိရင် Investor က Holder ဖြစ်သွားနိုင်ပါတယ်။

10. Give her your percentage

အိုင်ဒီယာမပါ ငွေရင်းသာစိုက်သူအတွက် ၁၀ ရာခိုင်နှုန်း လို့ ပုံသေတော့ သတ်မှတ်လို့ မရပါဘူး။ သို့ပေမယ့် ၁၀ ပုံပုံ ၃ ပုံထပ်ပိုပေးမိရင်တော့ ကိုယ့် Product က သူ့ Product ဖြစ်သွားနိုင်ပါတယ်။

11. Make the product

ငွေလည်းရှိပြီ။ Resource ရပြီ ဆိုရင် Product ထုတ်ဖို့ စနိုင်ပါပြီ။ ဒီအဆင့်မှ Product က ထုတ်လုပ်တာပါ။ လက်ထဲမှာ co founder နဲ့အတူဖန်တီးထားတဲ့ finalize product simple ပဲ ရှိပါသေးတယ်။

12. Sell your product

နေရာဒေသ အလိုက်ပေါ့။ ကိုယ့် ကုန်ပစ္စည်းကို Customer ဘယ်လောက်ဆီ ဘယ်လောက် ရောင်းနိုင်ရမယ်ဆိုတာ ကိုယ်တိုင် Target ထားရမှာပါ။

13. Get more money

ကုန်ပစ္စည်း ရောင်းချပြီဆိုရင်တော့ ငွေကတော့ ဝင်ပါပြီ။ ဝင်ငွေကို ခွဲတမ်းချပြီး Production အတွက် ထပ်မံ Invest လုပ်ရပါမယ်။

14. Go to Stock

စတော့ ရှယ်ယာဈေးကွက်သို့ ဝင်ရောက်ခြင်းပါ။ ဒါကလည်း မြန်မာပြည်မှာ မကြာမီ နှစ်အနည်းငယ် အတွင်း ဖြစ်လာတော့မယ် ဈေးကွက်ပါ။ စတော့ရှယ်ယာဈေးကွက်ကြောင့် ပုံမှန်လည်ပတ်နေတဲ့ Money Cycle အတွက် အဓိက Profit ရနိုင်တဲ့ source တစ်ခုလည်း ဖြစ်သွားနိုင်ပါတယ်။ ရှယ်ယာရောင်းမယ်။ ရှယ်ယာရှင် အသစ်တွေ ဝင်လာမယ်။ ရှိရင်းစွဲတွေ ထွက်မယ် အစရှိသဖြင့် လည်ပတ်နေတဲ့ စတော့ရှယ်ယာ ဈေးကွက် က ခေါင်းစားစရာနေရာတစ်ခုလည်း ဖြစ်လာမှာပါ။

ဒီတော့ စတော့ရှယ်ယာ ဈေးကွက်အကြောင်း ကို သေချာ လေ့လာ ထားဖို့လိုအပ်ပါနိုင်ပါတယ်။ နိုင်ငံတကာက စတော့ရှယ်ယာ အပြင် ပြည်တွင်းမှာ ဖြစ်ပေါ်လာနိုင်မယ့် ပုံစံကို ယခုကတည်းက ကြိုတင်လေ့လာထားဖို့ လိုအပ်ပါတယ်။ အနာဂတ်ဟာ မဝေးတော့ပါဘူး။ လူတိုင်း ကြိုးစားရင်၊ အိုင်ဒီယာကောင်း၊ Product ကောင်းရှိရင် လုပ်ငန်းရှင် ဖြစ်နိုင်ပါတယ်။ အထက်ပါ ဖော်ပြချက်များ က နိုင်ငံတကာ ကပြောတဲ့ အကြောင်းအရာပါ။ ပြည်တွင်းမှာ ဒါနဲ့ ထပ်တူကျဖို့ မသေချာ ပါဘူး။ Localization အတွက် Change လုပ်ရမယ့် Strategy တွေ အများကြီးပါ။ အားလုံး Business Idea ရဖို့ ရေးသား မျှဝေ ပေးလိုက် ရပါတယ်။
.
အောင်ခမ်း (TSJ team)

မြန်မာဝတ်စုံတွေပဲအ၀တ်များတယ်ဆိုတဲ့ အေးမြတ်သူ


Sexy ဆန်ဆန် ဒီဇိုင်းများ ၀တ်ဆင်လေ့ရှိသော အေးမြတ်သူက ယခုနောက်ပိုင်းတွင် အသက်အရွယ်အရ တည်ငြိမ်သည့်ဘက်သို့ ရောက်ရှိလာသောကြောင့် မြန်မာဝတ်စုံများကို ဦးစားပေးဝတ်ဖြစ်ကြောင်း ပြော
သည်။


“အမျိုးသမီးတစ်ယောက်က သူ့အသက်အချိုးအဆစ်တစ်ခုမှာ အပြောင်းအလဲဖြစ်တယ်။ အဲဒီလို အပြောင်းအလဲလိုမျိုး ကျွန်တော့် အကြိုက်တွေလည်း ပြောင်းလဲသွားတာပါ”ဟု အေးမြတ်သူက ပြောသည်။


အောက်တိုဘာ ၁ ရက်တွင် ကျရောက်မည့် ရဲတပ်ဖွဲ့နေ့ဂုဏ်ပြုဇာတ်လမ်းတွင် ရဲအုပ်တစ်ဦးအဖြစ် သရုပ်ဆောင်မည်ဖြစ်ပြီး ဖြိုးငွေစိုးနှင့် တွဲဖက်သရုပ်ဆောင်ရမည်ဖြစ်ကြောင်း အေးမြတ်သူက ပြောသည်။


“ခေါက်ထီးလေး မလုံ့တလုံ” ရုပ်ရှင်ကားတွင်လည်း ဘ၀ကို လေးလေးနက်နက်မတွေးဘဲနေထိုင်သည့် မိန်းကလေးတစ်ဦး၏ပုံစံ သရုပ်ဆောင်ထားပြီး ရိုက်ရက်အနည်းငယ် ကျန်နေသေးကြောင်း အေးမြတ်သူက ပြောသည်။ “လုပ်ကွက်လည်းရတယ်။ ကိုယ့်ရဲ့အိုက်တင်ကိုလည်း ပြခွင့်ရတယ်။ ကံကောင်းလို့ ရိုက်ခွင့်ရတာပါ” ဟု ၎င်းကပြောသည်။


ယခုရိုက်ကူးပြီးသည်အထိ ဒါရိုက်တာခိုင်းသည့်အတိုင်း လုပ်ဆောင်ခဲ့ပြီး အကောင်းဆုံးကြိုးစားထားကြောင်း အေးမြတ်သူက ပြောသည်။


၂၀၁၂ နှစ်ကုန်ပိုင်းမှ စတင်၍ နိုင်ငံခြားခရီးများ ဆက်တိုက်သွားဖြစ်နေပြီး ပြီးခဲ့သည့် သြဂုတ်လက သွားရောက်ခဲ့သော ကိုရီးယားခရီးစဉ်မှာမူ ဒါရိုက်တာ မောင်မျိုးမင်း၏ ကမ်းလှမ်းမှုကြောင့်ဖြစ်သည်ဟု ၎င်းကပြောသည်။


From : .... Planet Myanmar Network

လူသတ်မှုမကျူးလွန်ရန်၊ ဆက်ကြေးမကောက်ခံရန် ဘာကြောင့် SSA လက်မခံ တာလဲ


            မြန်မာ နိုင်ငံမှာ လက်ရှိသမ္မတ တက်လာတဲ့အချိန်က စပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေး ကို အလေးအနက် ထားပြီးလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စေ့စပ်ညှိနှိုင်းခဲ့သည်မှာ ပြည်သူလူထုအသိပင် ဖြစ်ပါ တယ်။ ထို့အတူ လက်ရှိအခြေအနေ အထိလဲ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အတွက် အဖွဲ့တွေ ဖွဲ့စည်းပြီး ဆောင်ရွက်နေဆဲဖြစ် တာနှင့်အညီ ၊ နှစ်ကာလကြာရှည်စွာတည်တံ့ခဲ့တဲ့ လက်နက် ကိုင် အဖွဲ့အစည်း ၁၁ ဖွဲ့နှင့်လည်း ထာဝရ ငြိမ်းချမ်းရေးရယူပြီးဖြစ်တယ်လို့ ပြန်ကြားရေး သတင်းတွေ အရသိရပါတယ်။
          ဒါပေမယ့်လို့ ဦးအောင်မင်းအပါအ၀င် မြန်မာငြိမ်းချမ်းရေး စင်တာမှ တာဝန်ရှိသူတွေ သြဂုတ်လ ၁၇ ရက်နေ့ ကနေ စက်တင်ဘာ ၃၁ ရက်နေ့အတော အတွင်းမှာ တောင်းပိုင်းရှမ်းတပ်မတော်  နဲ့ ငြိမ်းချမ်းရေး ရယူဖို့ အတွက် အလွတ်သဘော နဲ့ (၂) ကြိမ်တွေ့ခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီမှာ ဘာဖတ်ရ လဲလို့ ဆိုတော့ SSA ဗိုလ်မှူး စိုင်းလိတ် က MPC ရဲ့ မူ ( ၆ )ချက် အပေါ်မှာ သဘောမကျဘူုး ဆိုတဲ့ အပြော အဆို မျိုးတွေ့ ရတယ်။
       "ကျွန်တော်တို့တိုင်းရင်းသား လက်နက်ကိုင်တွေကို ပိုပြီးထိန်းချုပ်ချင်လာတဲ့ သဘောမှာရှိပါတယ်။မူအသစ်တွေ ထပ်ထွက်လာ ပါတယ်"ဟု ရှမ်းပြည်နယ်ပြန်လည်ထူထောင်ရေးကောင်စီနှင့် တောင်ပိုင်း ရှမ်းတပ်မတော် တို့၏ ပြောရေးဆိုခွင့် ဗိုလ်မှူးစိုင်းလိတ်က စက်တင်ဘာလ ၄ ရက်နေ့ကမြန်မာတိုင်း(မ်)ကို ပြော သည်။
        စက်တင်ဘာလ ၂ရက်နေ့တွင်လည်း ရှမ်းပြည်နယ်တောင်ကြီးမြို့တွင် ပြည်သူ့ လွှတ်တော် ဥက္ကဌဦးသူရရွှေမန်း အပါအ၀င်အခြားအစိုးရတာဝန်ရှိသူများနှင့်လည်းတွေ့ဆုံခဲ့သည်။
        ထိုဆွေးနွေးမှုတွင် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီးအောင်သန်းထွဋ်က တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် ဥပဒေနှင့်အညီ နေထိုင်ရန် လိုပြီးထိုကဲ့သို့မပြူမူပါက တပ်မတော်က တိုက်ခိုက် ရှင်းလင်းမှုများပြုလုပ်မည် ဟု ပြောကြားခဲ့ကြောင်း
လည်း ဗိုလ်မှူး စိုင်းလိတ်ကပြောသည်။
              ကဲ ဒါဆို ကျွန်တော်တို့ SSA ဗိုလ်မှူး စိုင်းလိတ် က သဘောမကျတဲ့ MPC ရဲ့ မူ ( ၆ )ချက် ကိုကြည့်ရအောင်--
၁။     လူသတ်မှုမကျူးလွန်ရန်
၂။     ဆက်ကြေးမကောက်ခံရန်
၃။     လူသစ်မစုဆောင်းရန်
၎။     တပ်အင်အားမတိုးချဲ့ရန်
၅။     သဘောတူညီချက်မရရှိသည့်နယ်မြေများတွင်စခန်းမချရန်
၆။     အုပ်ချုပ်ရေးကိစ္စများတွင်ဝင်ရောက်မစွက်ဖက်ရန်နှင့် တပ်မတော် လက်အောက်ခံပြည်သူစစ် များကိုမတိုက်ခိုက်ရန်…

ဆိုတဲ့..အချက်(၆) ချက်ဖြစ်ပါတယ်။ ဘယ်လိုရှုထောင့်ကပဲကြည့်ကြည့် ဒီအချက် ၆ ချက် ဟာပြည်သူ လုထု အသက် အိုးအိမ်စည်းစိမ် နဲ့ငြိမ်းချမ်းစွာနေထိုင်စားသောက်နိုင်ရေး နဲ့လမ်းပန်း ဆက်သွယ်မှုကောင်းမွန် စွာရောင်းဝယ်ဖောက်ကားနိုင်ရေး စတဲ့အချက်တွေ အပေါ်အခြေခံပြီး ချမှတ်ထားတယ် ဆိုတာ ဘယ်လိုကြည့်ကြည့်မြင် သိနိုင်ပါတယ်။ ဒီတော့  ဒီအခြေခံမူ (၆)ချက်ကို လိုက်နာဖို့ခဲယဉ်းနေတယ် ၊ လိုက်နာဖို့ မဖြစ်နိုင်ဘူး ဆိုတော့ တောင်ပိုင်း SSA ရဲ့ ရည်ရွယ်ချက်ဟာ ဘာလဲ ဘယ်လဲ ဆိုတာ မေးစရာ ရှိနေပါတယ်။ ဒီတော့ SSA ရဲ့ ရည်ရွယ်ချက်ဟာ တိုင်းပြည်နဲ့ ဒေသခံတွေအတွက်အပေါင်းလက္ခဏာလား၊အနှုတ် လက္ခဏာလားဆိုတာ မေးခွန်း ထုတ်စရာ မလိုပဲ အဖြေက ပါပီးသားဖြစ်နေ ပါတယ်။ ဒါက ပြည်သူလူထု အကျိုးအတွက် တကယ်လိုလား သလား မလိုလားဘူးလား ဆိုတဲ့အပိုင်းပါ။ ။

           နောက်အခြားတစ်ဖက် က တောင်ပိုင်းSSA ရဲ့နေရာကနေ ဘာကြောင့်ဒီ အချက်တွေကို မလိုက်နာ နိုင်တာလဲ ဆိုတာ လဲထည့်သွင်းစဉ်းစားရမယ့်အချက်တစ်ချက်ပါပဲ။ အခုတလော မြန်မာ နိုင်ငံမှာ မူးယစ်ဆေးဝါးတွေကို (တန်ဖိုးငွေကျပ်သိန်းရာ/ထောင်/ သောင်းချီ) မိတာတွေဟာ ၃ရက် တစ်ခါလောက် ဖတ်နေရတဲ့သတင်းဖြစ်လာတာ သတိထားမိမှာပါ။ ဒါ့ထက် သြဂုတ်လ (၆)ရက်နေ့ က သစ်ကား အစီး ၅၀ ကျော် ဖမ်းဆီးမိတဲ့သတင်းကိုလဲကြားမိမှာပါ။ ဒီတော့ မူးယစ်ဆေးဝါးတွေ သစ်ခိုး ထုတ်တာတွေ ဖမ်းမိတာတွေ ၊အရှိန်အဟုန်နဲ့ တားဆီးဖို့ ဆောင်ရွက်နေတာတွေက တောင်ပိုင်း SSA ရဲ့ရှေ့ဆက်ရပ်တည်မှုကိုအပြည့်အ၀ကြီးမဟုတ်တောင်ရာခိုင်းနှုန်းတစ်ခုတော့ခြိမ်းခြောက်နေမှာပါပဲ။
        ဒီတော့အခြားထွက်ပေါက်တစ်ခု အနေနဲ့ ဒေသခံတွေဆီက ဆက်ကြေးတိုးကောက်မယ် ၊ငြင်းဆန်မှုတွေ ရှိလာရင် လူသတ်တာတွေ၊ အတင်းအဓမ္မ မ၀င်မနေရ လူသစ်စုတာတွေ ဖြစ်လာမယ်။ဒါတွေဟာ လုပ်နေကြ SSA အတွက် မဆန်းကြယ်ပေမယ့်၊ မူ ၆ ချက်ကို သဘောတူပြီး တဲ့နောက်ဆိုရင်တော့ လုပ်ချင်တိုင်းလုပ်လို့မရတဲ့ အခြေအနေထဲကို ၀င်ရောက် သွားမှာဖြစ်တဲ့ အတွက် ဒါကိုငြင်းဆန်ရမှာပဲ မဟုတ်ပါလား။ ဒီတော့ တောင်ပိုင်း SSA ရဲ့ ဒေသခံပြည်သူတွေအပေါ် သဘောထားနဲ့ သူရဲ့ရည်ရွယ်ချက်ဟာ ဘာလဲ ၊ ဘယ်လဲလို့မေးစရာရှိလာပြီမဟုတ်ပါလား။

သားရွှေလူ
ကိုးကား- Myanmar Times

ယောကျာ်းလေးများတွင်ပါ ဆီးလမ်းကြောင်းကင်ဆာရှိမရှိစစ်ဆေးနိုင် တဲ့အမျိုးသ္မီးသုံးကိုယ်ဝန်တိုင်းကရိယာ



အမျိုးသ္မီးတွေမှာအသုံးပြုသကဲ့သို့ အသုံးပြုရမှာဖြစ်ပြီး အဖြေထွက်ပေါ်ပုံလည်း အတူတူသာဖြစ်ပါတယ်။
ဒီ့ထက်ယောကျာ်းလေးဆီးလမ်းကြောင်းကင်ဆာကို အကျယ်ချဲ့ ချင်ပါတယ်။

ဆီးလမ်းကြောင်းကင်ဆာ
============

ဆီးလမ်းကြောင်းကင်ဆာကတော့ ကပ္ပါယ်အိတ်နှစ်အိတ်မှာ(သို့ )ဆီးသွားပြွန်
(သို့ )နှစ်မျိုးစလုံးမှာပြိုင်တူ ဖြစ်နိုင်ပါတယ်။
လက္ခဏာအနေနဲ့ ကတော့အဖုအပိန့် တွေဖြစ်ပေါ်လာပြီး
နာကျင်မှုဝေဒနာကိုခံစားရပါလိမ့်မည်။
အသက် 20မှ39နှစ်အကြားတွင်အဖြစ်များပြီး
-ပုံမှန်မဟုတ်သောလိင်အင်္ဂါဖွံ့ ဖြိုးခြင်း
-မိမိဆွေမျိုးများတွင်ဖြစ်ပွါးသူရှိခဲ့ဖူးပါကမိမိတွင်ဖြစ်နိုင်ခြေများနိုင်ပါတယ်။
ကုသမှုတွေကတော့ဖြစ်ပွါးရာနေရာမှနမူနာအသားစကိုစစ်ဆေးပြီး
သေချာပြီဆိုရင်တော့အခြားကင်ဆာရောဂါကုသမှုတွေလို
ဓါတ်ကင်ကုသမှု၊ခွဲစိတ်ကုသမှုနှင့်ကီမိုဆေးသွင်းခြင်းစတဲ့နည်းလမ်းများဖြင့်
ကုသမှုကိုကောင်းစွာခံယူသင့်ပါတယ်။
(လက္ခဏာပေါ်လာတာနှင့်ဆရာဝန်ထံသို့ အမြန်ဆွေးနွေးပြီးကုသမှု
ခံယူနိုင်ရင်အကောင်းဆုံးဖြစ်ပါတယ်။)
ဒီရောဂါဖြစ်ဖူးသူများသည်အိမ်ထောင်ရှင်များဖြစ်ပါက
ကလေးမရနိုင်တော့တာမျိုးရှိနိုင်သလိုလုံးဝမရဘူးလို့ လည်းမပြောနိုင်ပါဘူး။
ဒါ့ကြောင့်ဒီလိုရောဂါရာဂါလက္ခဏာမျိုးဖြစ်လာပါကဆရာဝန်ထံသို့ 
အမြန်ပြပြီးဆေးကုသမှုခံယူတာအကောင်းဆုံးဖြစ်ပါတယ်။

ZK(ကနောင်)
Myawady News

SEX COFFEE နှင့် LADY COFFEE အကြောင်း ဗဟုသုတ အနေနဲ့ သိထားစေချင်တယ်



Sex Coffee (XS-X0020-D) ဒါကိုတော့ ကြောညာသူတွေက Superior Brazilian coffee ဘရာဇီးကော်ဖီ အပြင်းစားလို့ နာမည်ပေးထားပါတယ်။ Fast thawing tea powder အပြော့စားလက်ဖက်ရည်လို့လဲ စာထဲမှာ ရေးထားပါတယ်။


အထဲမှာပါတာတွေကတော့ (၁) သကြားအဖြူမှုံ နဲ့ (၂) အမျိုးသမီးများစိတ်ကို တွန်းအားပြောင်းစေနိုင်တဲ့ ဓါတ်လည်း ပါတယ်လို့ ဆိုပါတယ်။


ဒါကိုသောက်လိုက်တဲ့ မိန်းကလေး၊ အမျိုးသမီးဟာ ဖြေးဖြေးချင်း ဒါတွေဖြစ်လာမယ်။
• Polypnoea အသက်ရှူမြန်လာမယ်၊
• Vagina itches မိန်မကိုယ်ယားယံလာမယ်၊
• Breast inflates ရင်သားထွားလာမယ်၊
• Cloudy water jet stream အင်္ဂါစိုစွပ်လာမယ်၊
• Sexual intercourse anxiously with the opposite sex ဆန့်ကျင်ဘက် လိင်ရှိသူနဲ့ အတူနေချင် စိတ်တွေ ပြင်းပြလာမယ်။
• Spends together with own sexual partner သူ့အဖေါ်နဲ့ အတူတူ အကြာကြီး ချစ်စခန်းဖွင့် နေလိမ့်မယ်။


သတိပေးချက်လည်းရေးထားပါတယ်။
၁။ ဒါဟာ အကြင်လင်မယားတွေသာ သုံးရမှာဖြစ်တယ်။ ဒီလိုသာမသုံးရင် ဥပဒေနဲ့ မညီတာတွေဖြစ် လာစေနိုင် တယ်။
၂။ အမျိုးသမီး (ကြီး) တွေမှာ ဗဂျိုင်းနား ခြောက်နေတာနဲ့ လိင်စိတ် ရှိသင့်တာထက် နည်းနေတာဆိုရင် သုံးနိုင်တယ်။ ဥပမာ သွေးဆုံးချိန်၊ ကလေးမီဖွါးပြီး စိတ်အခြေနေပြောင်းချိန်မျိုးဖြစ်တယ်။


ဘယ်လောက်သောက်ရမလဲ။ တထုပ်ကို ရေနွေးပူပူ ၁ဝဝ စီစီ (မယ်လ်) မှာဖျော်ပါ။ တထုပ်ထက်ပို မသုံးပါနဲ့။ ကပ်ဘူးတခုမှာ 15000mg စီပါတဲ့ 5 ထုပ် 8 ခုပါတယ်။ ထုပ်လုပ်ပြီးနောက် ၃ နှစ်အတွင်း သုံးနိုင်တယ်။


Lady Coffee လေဒီကော်ဖီ



အရသာထူးကဲပြီး အကြာကြီးစွဲစေတယ်။ စိတ်ဖြေနားနေနိုင်တယ်လို့ ရေးထားပါတယ်။ အမေရိကား ကလာတဲ့ ကော်ဖီထဲမှာ တရုပ်ကလာတဲ့ ရိုးရာဆေးရောထားပါသတဲ့။ ဗီတာမင်တွေ၊ ဓါတ်ဆားတွေ၊ အာဟာရဓါတ်တွေပါတယ်လို့ ကြော်ညာပါတယ်။ မ-ဟော်မုန်း (အီစထိုဂျင်) ပါတယ်လို့လဲဖတ်ရပါတယ်။ ဒီဟော်မုန်းဟာ အမျိုးသမီးတွေမှာ အရွယ်ရလာရင် နည်းလာတယ်။ သွေးဆုံးရင် သိသိသာတယ်။ အကောင်း လဲဖြစ်စေပြီး အဆိုးလည်း ဖြစ်စေနိုင်တာ သတိပြုပါ။


သက်ရောက်မှု
1. Lead to enhance sexual desire လိင်စိတ်ပိုစေမည်၊
2. Increse the pleasure and excitement သာယာမှု၊ စိတ်တက်ကြွမှုကဲစေမည်၊
3. The ability to extend the high tide အထွတ်အထိပ်ကာလ ကြာစေမည်၊
4. To increase capacity စွမ်းဆောင်နိုစွမ်းတိုးစေမည်။


တထုပ်ကို ရေနွေးနဲ့သောက်ရင် နောက် ၁၅-၃ဝ မိန်မှာ အစွမ်းပြမယ်။


ဘေးထွက်-ဆိုးကျိုး = ခေါင်းမူးဝေမယ်၊ အိပ်ချင်မယ်။ ဖြေးဖြေးချင်းသောက်တာ ကောင်းတယ်။ ကားမောင် နေတုံး မသောက်ပါနဲ့။ ကိုယ်ဝန်ဆောင်နေရင် မသောက်ပါနဲ့။ အသက်ရှူလမ်းရောဂါ၊ နှလုံးရောဂါရှိရင် မသောက်ပါနဲ့။


အခုရေးတာတွေဟာ ဆေးကြော်ညာထဲမှာ ပါတာတွေသာ ဖြစ်ပါတယ်။ (ကျွန်တော်တို့လို) ဆရာဝန်တွေက အာမမခံပါခင်ဗျား။ ဒီလိုမျိုး ဆေးဆိုတာတွေရှိပါသေးတယ်။ ထပ်ရေးနေရင် ကြောညာထင်နေမှာမို့ မရေး တော့။ မိန်းကလေးများအားလုံး အညာ၊ အညစ် မခံကြရအောင် စားသောက်စရာမှန်သမျှ ပူတာ၊ အေးတာ ဘာမှစိတ်မချရတာကို သိကြပါ။


• SPANISCHE FLIEGE D6, SPANISC FLIEGE D9
• Insect Powder
• Flower yilly medicine for woman
• Ant King - sex medicine for woman
• Gold flysex medicine for woman စတာတွေက ဆေးမှုံ့၊ ဆေးတောင့်၊ ဆေးအဆီတွေဆိုပြီး လာတယ်။ အရောင်မပါ၊ အနံ့အထွက်ဘူး။ တချို့က အရေပြားကို သုတ်လိမ်းပေးတာနဲ့ ကိုယ်ထဲဝင် စေတယ်။ ဒီလိုဆေးအားလုံးဟာ မတော်မတရားပြုဘို့အတွက်သာ သုံးကြတယ်။ ဒါကြောင့် အေးအေးပူပူ သူများကတိုက်တဲ့ အစား၊ အသောက်တွေကို လက်မခံသင့်ဘူး။၊ လူချင်းထိပြီး ပွတ်သပ်ပေးတာကအစ ရှောင်ရှားနိုင်ဘို့ လိုပါလိမ့်မယ်။ သင်္ကြန်ကာလတခုတည်းလည်း မဟုတ်ပါ။ အန္တရာယ်ဆိုတာ ကာလမရွေး၊ နေရာမရွေးပါခင်ဗျား။


ဒေါက်တာတင့်ဆွေ

ကလေးအဖေတစ်ဦး ကြိုးဆွဲချ၍ မိမိကိုယ်ကို အဆုံးစီရင်


ကလေးအဖေတစ်ဦး ကြိုးဆွဲချ၍ မိမိကိုယ့်ကိုယ်ကိုအဆုံးစီရင်မှုတစ်ခု သုံးခွမြို့နယ်တွင် စက်တင်ဘာ ၂ ရက်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန်သည်။

အဆိုပါကြိုးဆွဲချသေဆုံးမှုမှာ သုံးခွမြို့နယ် မဟာမိတ်ကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းနေ့မွန်းလွဲ ၁ နာရီ အချိန်တွင် မြို့နယ်ရဲစခန်း တာဝန်ရှိသူများက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြသည်ဟု ရဲဌာန၏ မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

သေဆုံးသူအမျိုးသားမှာ အသက် ၂၆ နှစ်ရှိပြီဖြစ်ပြီး ၎င်းသည်နေအိမ်အတွင်း ခြောက်ပေခန့်မြင့်သည့် ထုတ်တန်းတွင် ကလေးပုခက်ကြိုးဖြင့်ကြိုးဆွဲချ သေဆုံးနေခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က မှတ်တမ်းတင် ထားသည်။

ထိုအမှုနှင့်ပတ်သက်၍ သေဆုံးသူ၏ ဇနီးဖြစ်သူနှင့် မိသားစုဝင်များ၏ ပြောပြချက်အရ ၎င်းသည် အရက် အလွန်အကျွံ သောက်ပြီး စိတ်ပိုင်းဆိုင်ရာ ဝေဒနာခံစားနေရကြောင်း ကနဦးစစ်ဆေးချက်များအရ သိရှိထားရသည်ဟုလည်း ရဲကဆိုထားသည်။

ရဲများက ၎င်းကိစ္စနှင့်ပတ်သက်၍ အမှန်တကယ် ကြိုးဆွဲချ၍သေဆုံးခြင်း ဟုတ်မဟုတ် ဆက်လက်စစ်ဆေးရန် အလောင်းကို သုံးခွဆေးရုံသို့ ပို့ဆောင်ထားကြောင်း၊ ရဲစခန်းကလည်း သေမှုသေခင်းအမှတ်စဉ် ၂၃/ ၂၀၁၃ဖြင့် အမှုဖွင့်ထားကြောင်း တိုင်းရဲဌာနကသတင်းထုတ်ပြန်ထားသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese



အသုံးမဝင်ပါက လွှင့်ပစ်နိုင်ပါသည်….. သို့သော် အမှိုက်ပုံးထဲ ဘဝများပါမသွားစေရ


အကယ်၍ သင်သည် သင့်အပူနှင့်သင် သို့မဟုတ် သင့်ချိန်းဆိုမှုနှင့်သင် သို့မဟုတ် သင့်အဆင်မပြေမှုနှင့်သင် စိတ်စော၍ဖြစ်စေ၊ အပျော်နှင့်ဖြစ်စေ၊ စိတ်မရွှင်လန်း ညစ် ထေး မှုနှင့်ဖြစ်စေ အရေးတကြီးလျှောက်နေစဉ် တစ်စုံ တစ်ယောက်က သင်ရှေ့မှနေ၍ စာရွက်တစ်ခုခုကို ကမ်းပေးသည်ဆိုပါစို့။ ထိုအရာအတွက် သင့်ဆီကလည်း တစ်ပြား တစ်ချပ်မှ မတောင်းသလို သင်ကလည်း ပေးစရာမလိုပါ။ သင်ဘာလုပ်မည်နည်း။ နှောင့်ယှက်သည်ဟုထင်ပါသလား။ ရှုပ်သည်ဟုထင်ပါသလား။ စိတ်ညစ်စရာ ဟုထင် ပါသလား။ အသုံးဝင်သည်ဟုရော ထင်ပါသလား။
 တကယ်တော့ အထက်ကမေးခွန်းတွေကို စစ်တမ်းတစ်ခုလို ဒါမှမဟုတ် ဥာဏ်စမ်း တစ်ခုလို အဖြေများကို အေဘီစီဒီတပ်၍ နှစ်သက်ရာတစ်ခု ရွေးဖြေပါဟု တစ်ဦးချင်း မေးချင်မိပါသည်။ အထူးသဖြင့် ရန်ကုန်တွင်နေထိုင်၍ ရန်ကုန်မြို့၏ လူစည်ကားရာ နေရာများတွင် ခြေတစ်လှမ်းစာပင် မလွတ်လပ်ချင်သော ကျပ်ကျပ်သပ် သပ်ပလက် ဖောင်းပေါ်တွင်လျှောက်ဖူးသူများကို မေးလိုခြင်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အစတွင်ရေးခဲ့သည့်အခြေအနေမျိုးကို လူတိုင်းကြုံဖူးကြ မည်ဖြစ်ေ သာကြောင့်ပင်။ မထူးဆန်းဟု ထင်မိသောအခါ မထူးဆန်းတော့ပါ။ အနည်း ငယ် အာရုံစိုက်မိမည်ဆိုပါက မထူးဆန်းသည့်တိုင် ယခင်က မမြင်ခဲ့ဖူးသည့် မရခဲ့ဖူး သည့်အေ တွး တစ်စတလေရနိုင်ခြေလည်းရှိပါသည်။ ရရမည်ဟု ယတိပြတ်မဆိုဝံ့ပါ။ အဘယ်ကြောင့်ဆိုသော် လောကတွင် ကြည့်သောမျက်စိတို့ မတူကြသလို မြင်သော အမြင်နှင့် ရသောအတွေးများလည်း ကွဲပြားနေကြသည်က သဘာဝပင်ဖြစ်သည်မဟုတ် လော။
ကျွန်တော် သူ့ကို ငေးနေမိသည်။ သူဝတ်စားထားသည်က သပ်ရပ်သည်။ ရော် ဘာဖိနပ်၊ ကချင်ပုဆိုးအနီနှင့် ရှပ်အကျီ အဖြူလက်တိုပေါ်တွင် လွယ်အိတ်ကို စလွယ် သိုင်းထားသည်။ ဦးခေါင်းတွင်တော့ အဖြူအနက် ကျားကွက်ဒီဇိုင်းနှင့် ဦးထုပ်။ သူ့အလုပ်က မထမ်းပိုးရပါ။ သက်စွန့်ဆံဖျားမဟုတ်ပါ။ ထို့အတူ ဈေးရောင်းသကဲ့သို့လည်း မဟုတ်ပါ။ ဟုတ်သည်။ သူ့အလုပ်က ဖြတ်သွားဖြတ်လာလူတွေကို သူ့လက်ထဲမှ စာရွက် လေးကမ်းရုံသာဖြစ်သည်။ ထို့အတွက်သူကမ်းသည်။ ပေးသည်။ သူ့ရှေ့မှ ဖြတ် သွား သူတိုင်းကို သူကမ်းသည်။ ကလေးလူကြီး ကျားမ မရွေးပါ။ လူမျိုးရေးမခွဲခြားပါ။ ထိုသူ ရ၍ ဤလူ မရ မရှိပါ။ သူ့ရှေ့ဖြတ်သွားလျှင်တော့ အကုန်ရကြရမည်ဖြစ်သည်။ သို့သော် ယူပါ ယူပါဟု သူမအော်။ မယူမနေရဟုလည်း စည်းကမ်းချက်မရှိ၊ မယူသူများကိုလည်း သူအပြစ်မဆို။ ငြူစူခြင်းလည်း မရှိ။ သေချာသည်က သူ့မျက်နှာပေါ်တွင် ယူခြင်း မယူ ခြင်းအတွက် ခံစားချက်မရှိသည်က သေချာပါသည်။ ထို့ထက်ပို၍မူ သူ့မျက်နှာက ခံစားချက်မဲ့၍ ခပ်တည်တည်ပင်ဖြစ်နေပါသေးသည်။
 ”ဒီအလုပ်က ရယ်စရာလည်း မလိုဘူးလေ။ ဒီလိုပဲဝေပေးလိုက်တာပဲ။ ဘာမှတော့ မဟုတ်ဘူး။ သြော် သူတို့ လက်မအားလို့ မယူတာလို့ပဲ သဘောထားပါတယ်။ ဘယ် လိုမှ တော့မခံစားရပါဘူး” ဟု လှည်းတန်းမှ တိုးတိုးဝှေ့ဝှေ့လူများကြား ကြော်ငြာစာရွက်ဝေ နေသူ အသက် ၁၇ နှစ်အရွယ်ရှိ မောင်မင်းမင်းဦးက ပြောသည်။ ပြီးတော့ သူက ဆက်ပြောလိုက်သေးသည်။
   ”ဒီအလုပ်က ရေရှည်လုပ်မှာမဟုတ်ဘူးလေ။ တခြားအလုပ်လည်းလုပ်တယ်”တဲ့။
 ရန်ကုန်မြို့၏ စည်ကားရာနေရာများတွင် ထိုသို့ကြော်ငြာစာရွက်ဝေသူများကို တွေ့ရတတ်စမြဲပင်။ အားလုံး၏ အပြုအမူက တစ်ပုံစံတည်းဟု ဆိုရလောက်အောင် လူစည် ရာနေရာတွင်ရပ်မည်။ ဖြတ်သွားဖြတ်လာများကို စာရွက်ကမ်းပေးမည်။ ယူယူ မယူယူ ကမ်းထားသောလက်ကိုတော့ မရုပ်။ ထို့ကြောင့် တစ်ခါတစ်ရံ သူတို့လက်က ကိုယ့်ကိုဟန့်တားထားသလိုလို တမင်လုပ်သလိုလိုဖြစ်တတ်သည်။ ထိုအတွက်လည်း သူတို့ဆီက အားနာပြုံးသို့မဟုတ် ”ဆောရီး”ဆိုသည့်စကားကို ကြားရဖို့ မမျှော် လင့် ကောင်းပါ။အဘယ့်ကြောင့်ဆိုသော် ဒါက သူတို့စတိုင်။ ထို အချက်ကို လက်မခံပါက သေချာပါသည်။ သင်သည် ရန်ကုန်ပါး မဝသေးသော သူသာ ဖြစ်ပေ မည်။ မောင် မင်းမင်းဦးက
လှိုင်သာယာတွင် နေသည်။ ပညာအရည်အချင်းက လေးတန်း။ စာသင်ခုံများနှင့် ကျောင်းခန်းအကြောင်းလည်း မမေးလိုတော့။ မြန်မာ့ လူမှုဘဝ၏ ထူးမခြားနားဇာတ် လမ်းများထဲတွင် သူ သည်လည်း ဇာတ်ကောင်တစ်ကောင် ဖြစ်မည်။ နှစ် သက်စရာတစ်ခု ကတော့ သူက သပ်သပ်ရပ်ရပ်ဆင်ယင် ကာ အလုပ်လုပ်တတ် သည်ကို ဖြစ် သည်။
”ကျွန်တော်က ဒါလုပ်တဲ့အခါ ဒီလိုပဲ ဝတ်တတ် တယ်” ဟု အင်္ကျီအဖြူကို အမှတ်တမဲ့ငုံ့ကြည့်ပြီး သူက ပြောလိုက်သည်။
ဤလိုလုပ်ငန်းမျိုးတွင် လုပ်ကိုင်တတ်ကြသူအများစု က လူငယ်များသာ။ တချို့နေရာများတွင်တွေ့ရသည်က ကလေးများ။ ကျောင်းဝင်း ၏ ပြင်ပ တွင် ရောက်ေ နကြ သော်လည်း ပျက်စီးလေလွင့်မနေဘဲ ဤသို့ သမ္မာအာဇီဝ ကျကျ လုပ်နေကြသည်က မဆိုးဟုသတ်မှတ်ရမည်။ တကယ်တော့ သူတို့အလုပ် လုပ်နေကြခြင်းဖြစ် ပါသည်။ ပညာအရည်အချင်းမလိုသော၊ ငွေကြေးအရင်းအနှီး မလိုသော၊ ကျောထောက်နောက်ခံနှင့် အကပ်မလိုသော အလုပ်မျိုးက ရှားသည်။ ဒီလိုအလုပ်မျိုးကတော့ လုပ် လိုစိတ်နှင့် ရိုးသားမှုပဲ လိုသည်။
ရန်ကုန်တွင် ကြော်ငြာယဉ်ကျေးမှု ထွန်းကားလာပြီး နောက် တချို့က ငွေကုန်ကြေးကျခံကာ ရုပ်မြင်သံကြား၊ ရေဒီယိုနှင့် နေရာ အနှံ့တွင် ကြော်ငြာ ဆိုင်းဘုတ် များ ထောင်ကြသည်။ မိမိကုန်ပစ္စည်းပေါက်အောင် ကြံဆ လုပ်ကိုင်ကြသည်။ သို့သော် ထိုသို့လုပ်နိုင်စွမ်းမရှိသူများ ကတော့ ဒီလိုလက် ကမ်း ကြော်ငြာစာ ရွက်လေး များဖြင့် လူထုကြားပျံ့နှံ့အောင်လုပ်သည်။ သူတို့အတွက်လည်း အရင်းအနှီးကုန်ကျ စရိတ်နည်းသလို အခွန်အခလည်း ထပ်မကုန်သည့် နည်းလမ်းတစ်ခုမို့ တွင်တွင် ကျယ် ကျယ် သုံးကြခြင်းဟု ထင်ရသည်။
”ရွက်ရေ ၅ဝဝ ကုန်ရင် သုံးထောင်ရတယ်။ ကိုယ် နိုင်သလောက် ယူပေါ့။ အရွက်တစ်ထောင်လောက်ယူပြီး ကျန်ရင်လည်း ပြန်သွင်းလို့ရတယ်။ ကုန်သလောက်တော့ ပိုက်ဆံရမှာပေါ့” ဟု မောင်မင်းမင်းဦးက အလုပ်သဘောကို တစ်ခွန်းမေး တစ်ခွန်းဖြေသည်။ သူက သိပ်စကားမပြောချင်။ သူ့အလုပ်ကို နှောင့် ယှက်နေသည်ဟုပင် ထင်နေလားမသိ။ တကယ်တော့ ကျွန်တော်က နှောင့်ယှက်ခြင်းမဟုတ်ပါ။ နေ့စဉ်နီးပါး မြင်တွေ့ ကြုံရတတ်သည့် သူတို့ရပ် တည်မှုကို စိတ်ဝင်စားခြင်းသာဖြစ် သည်။ သူက လက်ဖက်ရည်ဆိုင်စားပွဲထိုးလည်း လုပ်ခဲ့သည်။ ဆံပင်ညှပ်ဆိုင်တွင်လည်း လုပ်ခဲ့သည်။ နောက်တော့ ဒီ အလုပ်ခွင်ထဲရောက်လာခြင်း။
 ”စရိတ်ငြိမ်းကတော့ အဆင်မပြေဘူး။ အိမ်ကို ပိုက်ဆံပြန်ပေးရတော့ ပုတ်ပြတ်ပဲလုပ်တယ်” ဟု မောင်မင်းမင်းဦးက တုံးတိတိ ပြော သည်။  ဒီအလုပ်တွင် အချိန်သတ် မှတ်ချက်က အလုပ်အပ်နှံသူပေါ် မူတည်သည်။ သူတို့လာခိုင်းချိန်တွင်သွား၍ ကိုယ်နိုင်သလောက် ကြော်ငြာစာရွက်ယူရုံပင်။ ပြီးလျှင် တော့ ကိုယ်ရွေးထားေ သာ နေရာသို့ သွား အလုပ်စ။ စာရွက်ကုန်လျှင် အလုပ်ချိန်ပြီးပြီ။ ပိုက်ဆံသွားထုတ်၍ ပြန်။ လွယ်လိုက်တာကွာဟု ဆိုလိုက ဆိုနိုင်ပါသည်။ သို့သော် အလုပ်ဟူသည်က ချွေးထွက် သည်ဖြစ်စေ၊ မထွက်သည်ဖြစ်စေ ဖိအား အမျိုးမျိုးရှိတတ်ပါသည်။ တစ်နေကုန် လူတွေကြားတွင် မတ်တတ်ရပ်၍ တောက်လျောက် ကမ်းနေရခြင်းတွင်လည်း ဖိအားက အမှန်ရှိသည်။ ရွက်ရေ ၅ဝဝ ကုန်မှသာ သုံးထောင် ရမည်ဖြစ်ရာ ဖြတ်သွားဖြတ်လာများထဲမှ လူ ၅ဝဝ လုံးသာ မယူဘဲ ငြင်းဆန်ခဲ့ပါ     လျှင် ———-။
သူနှင့် စကားပြောကြည့်ရင်း ကျွန်တော် သိလိုက်ရတာတစ်ခုရှိသည်။ အဖြေဟု လည်း ဆိုနိုင်ပါသည်။ တကယ်တော့ ကိုယ်လိုချင်သည်ဖြစ်ဖြစ်၊ မလိုချင်သည်ဖြစ်ဖြစ် သူတို့ကတော့ ကမ်းမည်သာ။ သူ့ဆီက ချက်ချင်းယူပြီး သူ့ရှေ့မှာတင် ပြန်လွှတ်ပစ်လိုက်ပါ စေဦး၊ သူကတော့ မည်သို့မှခံစားရမည်မဟုတ်။ သူ့အတွက် အရေးကြီးသည်က လက်ထဲ မှ စာရွက်များ တဖြည်းဖြည်းနည်းသွားဖို့။ မြန်မြန်ကုန်လျှင်သူတို့မြန်မြန်ပိုက်ဆံရ၍ ပြန်ရမည် မဟုတ်လား။ ထိုသို့ ပြန်သည်ကလည်းအခြားကလေး များလို ဆော့ ကစား ပျော် ပါးရန် မဟုတ်။ မောင်မင်းမင်းဦးက ဒီအလုပ်သိမ်းပြီး ညနေတွင် ကုန်ထမ်းရသေးသည်။
 ”ကုန်ထမ်းရင်တော့ စွပ်ကျယ်နဲ့ ဘောင်းဘီတိုနဲ့ပေါ့” ဟု အလုပ်နှင့်ကိုက်ညီ အောင်ရွေးချယ်ဝတ်ဆင်သော သူ့လုပ်ငန်းခွင်စတိုင်ကို ပြောပြသေးသည်။ လှည်းတန်း ကတော့ ထုံးစံအတိုင်း လူကမပြတ်။မောင်မင်းမင်းဦး ခဏနားစဉ်မှာ တော့ သူ့တာဝန်ကို တစ်လှည့်ယူ ထမ်းပေးသူလည်း ရှိပါသည်။ တကယ်တော့ ဒီအလုပ် အတွက် လှိုင်သာယာမှနေ၍ မောင်နှမနှစ်ယောက် လာကြခြင်းဖြစ်သည်။ အသက် ၁၅ နှစ်သာရှိသေးသော သူ့ညီမလေးသက်ထားခင်ကတော့ သူ့အစ်ကိုလိုမဟုတ်။ ကလေး သာသာမို့လည်း ဟန်မဆောင်တတ်သည်က ပေါ်လွင်သည်။ သူကလည်း ဒူးအထိရောက် နေသည့်လွယ်အိတ်ပွပွကြီးကို စလွယ်သိုင်းထားသည်။ ဆံပင်များကို ကြက်ေ တာင် နှစ်ဖက်ခွစီးထားပြီး ဖြတ်သွား ဖြတ်လာလူများကို သူက သေချာကြည့်သည်။ စတိုင်ကျ ကျလှလှပပ ဝတ်စားထားသော မိန်းကလေးများကိုတွေ့တော့ သူ့အငေး၏ အဓိပ္ပာယ်ကို ကျွန်တော်နား လည်လိုက်သလိုပင်။ သူက သူ့အစ်ကိုလို မဟုတ်ပါ။ မယူဘဲထွက်သွားသော လူ များကို သူကြည့်ပုံက ဆူဆူပွပွ။ ”ဟွန်း အလ ကားလည်းပေးရသေးတယ်။ ဒါလေး ယူသွားတော့ဘာဖြစ်မှာလဲ”ဟု သူထုတ်မပြောသော်လည်း သူ၏ခပ်စူစူနှုတ်ခမ်းက ထို သို့ပြောနေသကဲ့သို့ပင်။ သူက သူ့အစ်ကို ထက်တော့ ပညာအရည်အချင်းက တစ်တန်း ပိုပါသည်။
သူက ၅ တန်းမှကျောင်းထွက်ခဲ့သူ။ မိုးမရွာ၍ သူတို့ အလုပ်မပျက်သော် လည်းကျဲကျဲ ပူသောနေရောင်အောက်တွင်လည်း သူ့အတိုင်းအတာနှင့် သူပင်ပန်းမည်ကို သံသယဖြစ်စရာမလိုပါ။ ကျွန်တော်စိတ်ဝင်စားသည်က သူတို့အလုပ်တွင် တကယ်ဝေ မဝေ စောင့်ကြည့်သူ မရှိသလောက်ဖြစ်ရာ ဤသို့မဝေဘဲ မလုပ်ဘဲ အစဖျောက်၍ ပိုက်ဆံထုတ်လျှင်ရော ဆိုသည့်မေးခွန်းဖြစ်သည်။
 ”အဲလိုမလုပ်ပါဘူး။ ဝေစရာရှိဝေတာပဲ”ဟု မောင်မင်းမင်းဦးက ခပ်တည်တည်ပင် ပြောသည်။ ထိုအရာက ရိုးသားမှုဖြစ်သည်။ ယူခြင်းမယူခြင်းက သူ့အတွက် ပြဿနာ မဟုတ်။ သူ့တာဝန်က ယူထားသည့် ကြော်ငြာစာရွက်များကုန်အောင်ကမ်းမည်။ သူ့ရှေ့ တွင်ပင် လွှတ်ပစ်ပစ်၊ ဆုတ်ပဲဖြဲဖြဲ။ အလကားဝေခြင်းဖြစ်၍ သူမပိုင်။ လမ်းသွားလမ်းလာ များကို အခန့်မသင့်ပါက နှောင့်ယှက် နေသလိုဖြစ်နိုင်သော်လည်း နှောင့်ယှက်နေခြင်း မဟုတ်။ သူတို့အလုပ်လုပ်နေခြင်းဖြစ်သည်။
”အရင်ကတော့ နည်းနည်းပါးပါး စောင့်ကြည့်ပါတယ်။ နောက်တော့ မကြည့်တော့ ဘူး။ တကူးတကတော့ လုပ်မယ့်သူကို လိုက်ချိတ်စရာမလိုပါဘူး။ ဒီနားမှာဆို အဲလိုလုပ်
ချင်သူတွေ ပိုပေါပါတယ်” ဟု လှည်းတန်း ဦးထွန်းလင်းခြံလမ်းအတွင်းမှကွန်ပြူတာ နှင့် ဘာသာရပ်သင်တန်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အလကားဝေ သည့် သူတို့ကြော်ငြာကတော့ အလကားမဖြစ်ကြောင်းကို ”လူနှစ် ဆယ်သုံးဆယ်လောက်တော့ ရတတ်ပါတယ်။ အလိုဝေပြီးတဲ့အခါတွေမှာ ဖတ်မိပြီး သိပြီး လာစုံစမ်း တတ်ကြတာ ရှိပါတယ်”ဟု ၄င်းက ဆိုသည်။ တကယ်တော့ အလကားရသော အရာဆိုပါက လူများက တန်ဖိုးထားမှုနည်းသော် လည်း အချည်းနှီးတော့လည်း မဖြစ်ကြောင်းကို ထိုစကားကသက်သေခံနေခြင်းမဟုတ်လော။ အကယ်၍ သင်သည် သင့်အပူနှင့်သင် သို့မဟုတ် သင့်ချိန်းဆိုမှုနှင့်သင် သို့မဟုတ် သင့် အဆင် မပြေမှုနှင့် သင် စိတ်စော၍ဖြစ်စေ၊ အပျော်နှင့် ဖြစ်စေ၊ စိတ်မရွှင်လန်းညစ်ထေးမှုနှင့်ဖြစ် စေ အရေးတကြီးလျှောက်နေစဉ် တစ်စုံတစ်ယောက်က သင်ရှေ့မှနေ၍ စာရွက် တစ်ခုခု ကို ကမ်းပေးသည် ဆိုပါစို့။ ထိုအရာအတွက် သင့်ဆီကလည်း တစ်ပြားတစ်ချပ်မှ မ တောင်းသလိုသင်ကလည်းပေးစရာမလိုပါ။ သင်ဘာလုပ် မည် နည်း။ နှောင့် ယှက်သည် ဟုထင်ပါသလား။ ရှုပ်သည်ဟု ထင်ပါသလား။
စိတ်ညစ်စရာဟု ထင်ပါသလား။ အသုံး ဝင်သည်ဟုရော ထင်ပါသလား။ တကယ်တော့ အထက်ကမေးခွန်းတွေကို စစ်တမ်း တစ်ခုလို ဒါမှမဟုတ် ဥာဏ်စမ်းတစ်ခုလို အဖြေများကိုအေဘီစီဒီတပ်၍နှစ်သက်ရာ တစ်ခုရွေးဖြေပါဟု တစ်ဦးချင်း မေးချင်မိပါသည်။ တစ်ခါတစ်ရံတွင် ဘာမဟုတ်သည့် အပြုအမူတစ်ခုခု သည် လူတစ်ယောက်ကို ကူညီလိုက်နိုင်သည့်အကျိုးတရားဖြစ်စေသည် ဆိုပါက ထိုအပြုအမူကို ကျွန်တော်တို့ လုပ်သင့်သည် မဟုတ်လော။ ကျွန်တော်က တော့ ထိုသို့ပင်ထင်မိပါသည်။ အက ယ်၍ သင်သည် ရန်ကုန်မြို့၏ လူစည်ကားရာနေရာ တစ်ခုခုတွင် သင်နှစ် သက်ချင်မှ နှစ်သက်မည်ဖြစ်သော်လည်း ထိုကဲ့သို့လက်ကမ်းကြော်ငြာတစ်ခုခုဝေသော လူငယ် တစ်ဦးဦး သို့မဟုတ် ကလေးတစ်ဦးဦးနှင့်ကြုံသည့်အခါ မငြင်းဆန်ဘဲယူလိုက် စေချင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ထိုအပြုအမူသည် စွမ်းသလောက် တတ်နိုင် သ လောက် ရိုးရိုးသားသားအလုပ်လုပ်နေသော ကလေးများကို ကူညီလိုက်ခြင်း ဖြစ်သကဲ့သို့ သူတို့၏အလုပ် လုပ်ချင်စိတ်ကိုလည်း အားပေးရာေ ရာက်ေ သာကြောင့် ပင် ဖြစ်သည်။ ထိုအချက်ကို မဖြစ်မနေ လက်ခံရမည်ဟု ကျွန်တော်မဆိုပါ။
သို့သော်သင်ထိုအချက်ကို အနည်းငယ်တွေးလိုက်မိပြီဟုဆိုပါလျှင် အထက်တွင်မေး ခဲ့သည့်မေးခွန်းများကို ဖြေရန် အဖြေအသင့်ရှိနေပြီဟု ကျွန်တော်ယူဆပါသည်။ တကယ် တော့ နောက်ထပ်အဖြေတစ်ခုလည်း ရှိပါသေးသည်။ လက်ထဲရောက်လာသော ကြော်ငြာစာရွက်လေးကို ကျွန်တော်ဘာရယ်မဟုတ် ဖတ်ကြည့်မိသည်။ ထိုစာရွက်၏ အပေါ်ဆုံးတွင် ရေးထားသော ဝါကျကိုမြင်သောအခါ ကျွန်တော် သဘောတကျပြုံးမိ ပါသည်။ ထိုစာကြောင်းလေးမှာ ဤသို့ဖြစ်သည်။
 ”ဤ လက်ကမ်းကြော်ငြာသည် လူကြီးမင်းတို့အတွက် အသုံးမဝင်ပါက ကျေးဇူးပြု ၍ အမှိုက်တောင်းထဲသို့ စွန့်ပစ်ပေးပါရန်”
အောင်ခွန်းဆက်
popularmyanmar

မင်္ဂလာဒုံ၌ ခုံးကျော်တံတားထိုးမည့် အစီအစဉ် ဘုရင့်နောင်ဘက်သို့ရွှေ့ရန် တိုင်းအစိုးရ အကြံပြု


မင်္ဂလာဒုံ ခရေပင်လမ်းဆုံ၌ ခုံး ကျော်တံတား ထိုးမည့် အစီအစဉ်ကို ဘုရင့်နောင်ဘက်သို့ ရွှေ့ဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရက ရထား ပို့ဆောင်ရေး ဝန်ကြီးဌာနအား အကြံပြု စာပေးပို့လိုက်ကြောင်း သိရသည်။

ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ဘတ်ဂျက်ဖြင့် မင်္ဂလာဒုံ ခရေပင်လမ်း ဆုံ၌ ခုံးကျော်တံတားထိုးရန် ယခုနှစ် တွင် မြေသားစမ်းသပ်မှုများ ပြုလုပ်ထား ပြီး ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် အသုံးစ ရိတ်တွင် ထည့်သွင်းရေးဆွဲရန် စီစဉ် ထားသော်လည်း ရန်ကုန်တိုင်းအစိုးရ ၏ အကြံပြုလွှာကြောင့် ထပ်မံစဉ်းစား မှု ပြုနေကြောင်း ယင်းဝန်ကြီးဌာန အ ကြီးတန်း အရာရှိတစ်ဦးက ဆိုသည်။

”ဘယ်နေရာက ပိုသင့်တော်မလဲ။ ဒါကိုဆန်းစစ်နေတယ်” ဟု ၄င်းကဆို သည်။

ရန်ကုန်တိုင်း ဒေသကြီးအစိုးရ အဖွဲ့သည် ခရေပင်လမ်းဆုံထက် ဘုရင့် နောင်တွင် ယာဉ်ကြောပိတ်ဆို့မှုများ၍ ထိုနေရာက ပိုသင့်တော်ကြောင်း ထောက်ပြခဲ့သည်ဟု သိရသည်။

ရထားပို့ဆောင်ရေးဝန်ကြီး ဌာန ကမူ ဖြစ်သင့်သည့်နေရာတွင်သာ ခုံး ကျော်တံတား ဆောက်မည်ဖြစ်ပြီး တည် ဆောက်ရေးဆိုင်ရာ လုပ်ငန်း နှစ်ခုစလုံး အား ပြည်ေ ထာင်စုအစိုးရအဖွဲ့သို့ တင် ပြလိုက်ပြီဟု သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ ၁၉၈၉ ခုနှစ်ကစ၍ ၂ဝဝ၅ ခုနှစ်အထိ ခုံးကျော်တံတားပေါင်း ၂ဝ တည် ဆောက်ထားသည်။ အစိုးရသစ်လက် ထက်တွင်မူ လှည်း တန်းခုံးကျော်တံတား တစ်စင်းကိုသာ ယခုနှစ် မေ ၃ဝ ရက် တွင် ဖွင့်လှစ်ခဲ့ပြီး ရွှေဂုံတိုင်ခုံးကျော် တံတားနှင့် ဘုရင့်နောင်ခုံးကျော် တံတား နှစ်စင်းမှာမူ တည်ဆောက်နေ ဆဲ ဖြစ် သည်။

ရထားပို့ဆောင်ရေး ဝန်ကြီးဌာန က ခုံးကျော်တံတားတစ်စင်း၊ ဆောက် လုပ်ရေးက ခုံးကျော်တံတား နှစ်စင်းကို ရန်ကုန်တွင် ထပ်မံတည်ဆောက်ရန် လျာထားပြီး ဖြစ်ေ သ်ာလည်း ထိုတံတား များကို EU က ထောက်ပံ့သွားရန် ရှိ ကြောင်း အစောပိုင်း ကာလများက သ တင်းထွက်ပေါ်ခဲ့သည်။ သို့သော် လျာ ထားစီမံကိန်းများကို EU ၏အကူအညီ မရရှိပါကလည်း လာမည့်နှစ်တွင် ထို ဝန်ကြီးဌာန နှစ်ခု၏ ကိုယ်ပိုင်ဘတ်ဂျက် ဖြင့် တည်ဆောက်ရန် အစီအစဉ်ရေး ဆွဲပြီးဖြစ်သည်ဟု ထပ်မံသိရသည်။

PN-051
Popular Myanmar News Journal

ကမ္ဘာ့ အရှည်ဆုံး ကား



အလွန်ပင် နှစ်သက်စရာ ကောင်းသော ကားဖြစ်ပါတယ်။
အဘယ်ကြောင့် ဆိုသော ၎င်းကား အတွင်း၌ တီဗီ၊ ရေခဲသေတ္တာ၊
ရေချိုးခန်း၊ မီးဖိုခန်း ၊ အိပ်ယာ စသော လူ့အသုံး အဆောင် ပစ္စည်းတွေ
ရှိသောကြောင့် ဖြစ်ပါတယ်။

မိသားစု တစ်စုတည်း နေလို့ ရတာ မဟုတ်ဘဲ သုံးစု လေးစု လောက်အထိ နေလို့ ရပါတယ်။
၎င်းကားအား အသုံးပြုတဲ့ နေရာကတော့ ရုပ်ရှင် ရိုက်ကူးတဲ့ အခါမှာသာ အသုံးပြုတယ်လို့ ဆိုပါတယ်။

သာမန် အိမ်ထောင်စုတွေ ဝယ်စီးခွင့် မရှိပါဘူး။ ဘာလို့လဲဆိုတော့ ထိုကားဟာ အရမ်းရှည်လို့ပါ။
ယာဉ်စီးကမ်း၊ လမ်းစီကမ်း ဥပဒေနှင့် မကိုက်ညီပါဘူး။

Kyaw Lin Naing (MM Social Sky)

အင်ဂျင် ပြဿနာကြောင့် နာမည်ကြီးကားများကို တိုယိုတာ ပြန်သိမ်း


တိုကျို ၊ စက်တင်ဘာ ၄ ။ ။ ဂျပန် နိုင်ငံ၏ ကားလုပ်ငန်းကုမ္ပဏီကြီး ဖြစ်သည့် တိုယိုတာကားကုမ္ပဏီ က ကားသွားနေစဉ် လမ်း၌ထိုး ရပ်သည့် စက်ချွတ်ယွင်းမှုအနည်း ငယ်ဖြစ်ပေါ်၍ ကမ္ဘာတစ်ဝန်းလုံး ရှိ ၎င်း၏ကားအစီး ၃၇ဝဝဝဝ အား ပြန်လည်ရုပ်သိမ်း လျက်ရှိကြောင်း ကြာသပတေးနေ့က ပြောကြား ခဲ့သည်။

ကမ္ဘာ့အကြီးဆုံးကားထုတ် လုပ်သူကပြောကြားသည်မှာ ကား စီးရေ၁၇ဝဝဝဝ အား ပြန်လည်ရုပ် သိမ်းလျက် ရှိကြောင်း၊ အဓိကအ ကြောင်းမှာ အင်ဂျင်ထဲရှိ ဘားထိန်း ချုပ်မှု မူလီတံချောင်၍ဖြစ်သည်။ အဆိုးဆုံးဖြစ်ရပ်မှာ ဤချွတ်ယွင်း မှု အနည်းငယ်ကြောင့် အင်ဂျင်ထိုး ရပ်သွားခြင်းဖြစ်သည်ဟု ဆိုသည်။

ပြန်လည်ရုပ်သိမ်းသောကားများ တွင် ၂၀၀၅ခုနှစ် ဇူလိုင်နှင့် ၂၀၁၁ ခုနှစ် ဇူလိုင်လအတွင်းထုတ်လုပ် သည့် Crown? Mark X နှင့် ဂျပန် ၌ Lexus မျိုးစုံပါဝင်ကြောင်း ပြော ခွင့်ရအမျိုးသမီးက ပြောကြားခဲ့ သည်။

တိုယိုတာသည် လောင်စာ ပြောင်းလဲကိရိယာ ချွတ်ယွင်းမှု ကြောင့် ဟိုက်ဘရစ်ကား၂၀၀၀၀၀ အား ပြန်လည်ရုပ်သိမ်းခဲ့ရသေး သည်။ ပြန်လည်ရုပ်သိမ်းရသော ကားများတွင် တိုယိုတာ Harrier Hybrid ၎င်းကားအား Lexus RX ဟုလည်း ရောင်းချခဲ့သည်။

နိုင်ငံခြားဈေးကွက်များတွင် ဤ ကားအား High lander ဟု အသိ များကြသည်။
ကားထုတ်လုပ်သူအနေဖြင့် ဤပြဿနာကြောင့် မတော်တဆ တစ်စုံတစ်ရာဖြစ်သည်ကို မကြား ရဟုဆိုသည်။

REF:AFP
Yangon Media Group

စိတ်ကျန်းမာရေးဆေးရုံတွင် အရက်နှင့် ဆက်နွှယ်သည့်ဝေဒနာရှင် အများဆုံး

ရန်ကုန်မြို့တော် ရွာသာကြီးရှိ စိတ်ကျန်းမာရေးဆေးရုံသို့ လာရောက် ဆေးကုသသူများအနက် အရက်နှင့် ဆက်နွှယ်သည့် စိတ်ဝေဒနာရှင်ဦးရေမှာ အများဆုံး ဖြစ်ကြောင်း အဆိုပါဆေးရုံ၏ ဆေးရုံအုပ်ကြီးဖြစ်သူ ဒေါက်တာဦးကျော်စိုးက The Voice သို့ ပြောကြားသည်။

အရက်သောက်လွန်ပြီး စိတ်ဖောက်ပြန်မှုများကြောင့် လာရောက် ဆေးကုသသူမှာ ၂၀၁၃ ခုနှစ်အစမှ သြဂုတ်လအထိ ၂၄၉၁ ဦးရှိပြီး စိတ်ကြွ၊ စိတ်ကျရောဂါ ဝေဒနာရှင်ဦးရေမှာ ၂၁၉၉ ဦးနှင့် စိတ်ကစဥ့်ကလျား ဝေဒနာရှင် ၁၂၉၂ ဦး ရှိကြောင်း ၎င်းကဆိုသည်။

အရက်ထုတ်လုပ်သည့် လုပ်ငန်းများ များပြားလာခြင်း၊ တံဆိပ်တစ်ခုနှင့်တစ်ခု ယှဉ်ပြိုင်မှုကြောင့် ဈေးနှုန်း ချိုသာခြင်းများကြောင့် အရက်သောက်သုံးသူ များပြားလာသလို၊ လူမှုဝန်းကျင်တွင် စိတ်ဖိစီးမှုနှင့် ယှဉ်ပြိုင်မှု များပြားလာခြင်းကြောင့်လည်း အရက်သောက်သုံးမှု တိုးပွားလာကြောင်း အဆိုပါ ဆေးရုံအုပ်ကြီးက ပြောကြားသည်။

“အရက်ကုမ္ပဏီတစ်ခုကရတဲ့ အခွန်အခထက် နောက်ဆက်တွဲ ဆေးကုသ စရိတ်က သုံးဆလောက် ပိုကုန်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယခုလက်ရှိ အဆိုပါ စိတ်ကျန်းမာရေးဆေးရုံတွင် တက်ရောက် ကုသနေသူ ၁၂၀၀ ခန့်ရှိပြီး ဧပြီလတွင် ၈၃၁ ဦး၊ မေလတွင် ၈၆၉ ဦး၊ ဇွန်လတွင် ၈၉၆ ဦး၊ ဇူလိုင်လတွင် ၉၀၇ ဦးနှင့် သြဂုတ်လတွင် ၁၀၄၄ လူနာဦးရေမှာ လစဉ်တိုးပွားလျက် ရှိကြောင်း၊ ယင်းတို့အနက် ၈၅ ရာခိုင်နှုန်းခန့်မှာ အရက်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကစဥ့်ကလျား ရောဂါဝေဒနာရှင်များဖြစ်ပြီး ဆေးရုံသို့ လာရောက်ကုသသူ ၈၀ ရာခိုင်နှုန်းခန့်ကို ရောဂါ ပျောက်ကင်းအောင် ကုသပေးနိုင်ကြောင်း ဆေးရုံအုပ်ကြီးက ပြောကြားသည်။

(အောင်မျိုးထက်)
The Voice

အဆစ်အမြစ်များ ဒဏ်မဖြစ်အောင်


(၁) လုပ်ငန်းခွင်အနေအထား

ကုလားထိုင်ကိုခပ်နိမ့်နိမ့်မထိုင်မိပါစေနှင့်။ ကုလားထိုင်မြင့်လေလေ ဒူးခေါင်းမကွေးရလေဖြစ်သောကြောင့် ဒူးဆစ်ညောင်းညာကိုက်ခဲခြင်းမှ သက်သာစေနိုင်သည်။ ကုလားထိုင် တွင်ထိုင်သည့်အခါ ပေါင်နှင့် ကြမ်းပြင် မျဉ်းပြိုင်အတိုင်း ရှိနေပါစေ။ စားပွဲနှင့်ထိုင်ခုံတွဲချိတ်လျက်သား တည်ဆောက် ထားသောပရိဘောဂများ မသုံးပါနှင့်။

(၂) ကိုယ်နေဟန်ထား

ကိုယ်နေဟန်ထားဖြောင့်ဖြောင့်မတ်မတ်ထားလျှင် အရိုးဆစ်တစ်ခုနှင့်တစ်ခုမလိုအပ်ဘဲပွတ်တိုက်နေခြင်းမှ ရှောင်ရှားနိုင်ပြီး အဆစ်ရောင်ဝေဒနာ များမဖြစ်အောင် ကာကွယ်ထားနိုင်သည်။

(၃)အလွန်အကျွံခိုင်းခြင်း၊ အလွန်အကျွံ နားခြင်း

အလုပ်ပင်ပင်ပန်းပန်းလုပ်ရပြီး အနားယူချိန်မရှိပါက အဆစ်အမြစ် များ နာကျင်ကိုက်ခဲလာတတ်သည်။အဆစ်များကို အဆက်မပြတ်သုံးခြင်း၊ အပြင်းအထန်သုံးခြင်း၊ တလွဲသုံး ခြင်းပြုလုပ်မိပါက အဆစ်များ ရောင် ရမ်းလာတတ်သလို အသုံးမပြုဘဲ ကြာရှည်ထားလျှင် အဆစ်များ တောင့် တင်းလာတတ်သည်။ အလုပ်ချိန် တစ်ခုနှင့်တစ်ခုကြား နားချိန်ထားပါ။ထိုင်ချိန်ကြာမြင့်၍ အဆစ်တောင့် တင်းခြင်းမဖြစ်စေရန် အနည်းဆုံး တစ်နာရီလျှင် တစ်ကြိမ်ခန့်မတ်တတ် ထ၍လှုပ်ရှားမှု အနည်းငယ်ပြုလုပ် ပေးပါ။

(၄) ရေနွေးနှင့်ရေချိုးခြင်း

ရေနွေးနှင့်ရေစိမ်ချိုးပါ။ အပူ ချိန်ကြောင့်ကြွက်သားနှင့် အဆစ်များ ရောင်ရမ်းမှုလျော့ကျပြီး ရေထဲပေါ လောပေါ်နေခြင်းကအဆစ်များအပေါ် ကိုယ်အလေးချိန်သက်ရောက်မှု လျော့ နည်းစေသည်။

ဇော်ကို
Source:RD
Health Updates Journal

အမျိုးသားတွေ ကိုယ်အလေးချိန်ကျဖို့ ဘာကြောင့်လွယ်ရသလဲ


(၁)အမျိုးသမီးများသည် အစားအ သောက် ပိုမိုခုံမင်ကြသည်

အမျိုးသမီး (၂၅) ရာခိုင်နှုန်းခန့် သည် နာရီဝက်တစ်ခါ အစားအသောက် အကြောင်းတွေးတောမိကြသည်။ အမျိုးသားအများစု၏ စိတ်အာရုံတွင် အစားအသောက်အကြောင်း တွေးတော မိလေ့မရှိပေ။

(၂) အမျိုးသားများ၌ စိတ်ခံစားမှုနှင့်အစားအသောက်ဆက်စပ်မှုမရှိ

စိတ်ဖိစီးမှု၊ စိုးရိမ်စိတ်လွန်ကဲမှု၊ ကြောက်ရွံ့ထိတ်လန့်မှုတို့သည် အမျိုး သမီးများ၌ အလိုအလျောက် အစား ပိုစားဖြစ်စေပြီး အမျိုးသားများ၌မူ အစားအသောက်ထက် အရက်၊ ဆေးလိပ် နှင့် မူးယစ်ဆေးဝါးများဘက်သို့ ပိုမို ယိမ်းယိုင်စေသည်။

(၃) အမျိုးသားများတွင် ဇီဝဖြစ်ပျက်နှုန်းပိုမိုမြန်ဆန်သည်

ကိုယ်အလေးချိန်နှင့်အရပ်ထပ်တူကျသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတွင် အမျိုးသား၏ ဇီဝဖြစ်ပျက်နှုန်း (metabolic rate) မှာ အမျိုးသမီးထက် ပျမ်းမျှ ငါးရာခိုင် နှုန်းမှ တစ်ဆယ်ရာခိုင်နှုန်းအထိ ပိုများ သည်။ ဇီဝဖြစ်ပျက်ဖြစ်စဉ်များတွင် အစာချေဖျက်ခြင်း၊ စွမ်းအင်ချေဖျက်ခြင်း၊ ခန္ဓာကိုယ်အဆီချေဖျက်ခြင်း စသည့် ဖြစ်စဉ်များပါဝင်သည့်အတွက် အမျိုး သားများသည် အမျိုးသမီးများထက် ကိုယ်အလေးချိန်ကျရန် ပိုမိုလွယ်ကူ ရခြင်းဖြစ်သည်။

ဇော်ကို
Source:RD
Health Updates Journal

ပဲခူး မြို့နယ် မြေစာရင်းမှူး၏ ရိုင်းပြမှု


ပဲခူးမြို့၊ရွှေမော်ဓောဘုရားလမ်းရှိ၊ သီရိဟံသာ ခန်းမတွင်(၅.၉.၂၀၁၃) နေ့မှာ ကျင်းပသော မြို့နယ်လပတ်အစည်းအဝေး၌ မြို့နယ် မြေစာရင်းမှူး ဦးမင်းသော်တာက ပဲခူးမြို့နယ်ရှိ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများအား လယ်ယာမြေ မှတ်ပုံတင်ခြင်း ကိစ္စနှင့် ပတ်သက်ပြီး အုပ်ချုပ်ရေး မှူးများ၏ ဆောင်ရွက်မှုကို မကျေနပ်၍ ယုတ်ရင်းကြမ်းတမ်းသော စကားများဖြင့် ဆဲရေးတိုင်ထွာပြောဆို ခဲ့ကြောင်း သိရပါတယ်။

မြေစာရင်းမှူး ဦးမင်းသော်တာက အရက်သမား(၁၀၀)က ထောက်ခံလို့ ဖြစ်လာတဲ့ အုပ်ချုပ်ရေးမှူးတွေ၊
အသုံးကို မကျဘူး သတိထားနေကြဟု အစည်းအဝေး ခန်းမထဲတွင် ရိုင်းပြစွာပြောဆိုသဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများက မကျေနပ်ကြဘဲ နိုင်ငံတော် သမ္မတထံ စုပေါင်း လက်မှတ်ထိုး တိုင်ကြားမယ်လို့ ဆိုပါတယ်။

အဆိုပါ ကိစ္စနှင့် ပတ်သတ်လို့ ပဲခူးမြို့နယ် အုပ်ချုပ်ရေးမှူးမှလည်း ထိုကိစ္စအား ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၏ သဘောအတိုင်း ကြိုက်သလို ဆောင်ရွက်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

အဆိုပါ အစည်းအဝေးသို့ ရပ်ကွက် ၊ ကျေးရွာ စာရေးများနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ စုစုပေါင်း(၁၂၀)ခန့်တက်ရောက်ပြီး တစ်လလျှင်(၂)ကြိမ်ပုံမှန် ပြုလုပ်သော အစည်းအဝေး ဖြစ်ကြောင်း အင်းတကော် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးမှ ပြောပြပါသည်။

အလင်းရောင်း

by Myanmar News Now

ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက်မိရာမှ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ


နေပြည်တော်   ကောင်စီနယ်မြေ ပျဉ်းမနားမြို့ ရွှေချီ (၉)လမ်း တစ်လမ်း မောင်းလမ်း၌    မော်တော်ဆိုင်ကယ်    လမ်း ပြောင်းပြန် မောင်းနှင်မှုကြောင့် လမ်းမှန်မောင်းနှင်သူနှင့်    တိုက်မှု ဖြစ်ပွားပြီး    လမ်းမှန်မောင်းနှင်သူ သေဆုံး သွားသော   ဖြစ်ရပ် တစ်ခု စက်တင်ဘာ  ၄ ရက်  နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ  စက်တင်ဘာ ၄ ရက် နံနက် ၉ နာရီ  ၅၅  မိနစ်ခန့်က နေပြည်တော်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲအုပ်သက်ထူးပျဉ်းမနား ယာဉ်ထိန်းတပ်ဖွဲ့ စုမှူးရုံး တွင် တာဝန်မှူး ဆောင်ရွက် နေစဉ် ယာဉ်မတော်တဆမှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေ များနှင့်အတူ သွားရောက်စစ်ဆေးရာ ပျဉ်းမနား မြို့ ရွှေချီရပ်ကွက် (၉)လမ်း အုပ်ချုပ်ရေးမှူးရုံးအနီးတွင်  အုပ်ချုပ်ရေးမှူးရုံး(လမ်းမှား)မှ ပဋ္ဌာန်းဓမ္မာရုံဘက်သို့     အောင်ဇင် မင်း (၁၈)နှစ်  ပေါင်းလောင်းရပ်ကွက် ပျဉ်းမနားမြို့နေသူ   မောင်းနှင်သည့် ၂၁ယ/.... kenbo ၁၂၅ အနက် ရောင် ဆိုင်ကယ်နှင့် ပဋ္ဌာန်းဓမ္မာရုံ ဘက် (လမ်းမှန်)မှ အုပ်ချုပ်ရေးမှူးရုံး ဘက်သို့    ပြည့်ဖြိုး ငြိမ်း ( ၃၀)နှစ်  သကြားစက်ဝင်း ပျဉ်းမနားမြို့နေသူ မောင်းနှင်လာသည့်  ၂၉ယ/.... Honda 90 စူပါကပ်ကျောက်စိမ်းရောင် ဆိုင်ကယ်တို့      လမ်းမ အလယ်၌ မျက်နှာချင်းဆိုင်တိုက်မိကြပြီး  နှစ်ဦး စလုံးဒဏ်ရာ  အသီးသီးရရှိ သွားပြီး   နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံ သို့ ဆေးကုသမှုခံယူရန်   ပို့ဆောင်စဉ် ပြည့်ဖြိုးငြိမ်းမှာ  ရရှိသောဒဏ်ရာ များဖြင့်  သေဆုံးသွားခဲ့ပြီး  အောင်ဇင် မင်းမှာ   အတွင်းလူနာအဖြစ်   ဆေး ကုသမှုခံယူနေရကြောင်း     သိရ  သည်။

(မင်းမင်းလတ်-မန်းတက္ကသိုလ်)

သတင်း နှင့် စာနယ်ဇင်းလုပ်ငန်း

တရုတ်မှ ပေးပို့လှူဒါန်းသည်ဆိုသော Ready Made လုံးချင်းအိမ်များ စစ်တွေမြို့သို့ ရောက်ရှိ


အဆင်သင့် ဆောက်လုပ်နိုင်သည့် လုံးချင်းအိမ်များကို တင်ဆောင်လာသော ၁၀ ဘီး ကားကြီး အစီး (၃၀) သည် ယနေ့ စစ်တွေမြို့သို့ ရောက်ရှိလာသည်ဟု သတင်းရရှိသည်။

Ready made ခေါ် အဆင်သင့် လုံးချင်းအိမ်များ စစ်တွေမြို့သို့ ရောက်ရှိလာသည့်အပေါ် စစ်တွေမြို့ခံ များက သတိထားပြီး စောင့်ကြည့်နေသည်ဟု ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ အတွင်းရေးမှူး အဖွဲ့ဝင် ဦးခိုင်ပြည်စိုးက နိရဉ္စရာသို့ ပြောသည်။

“ ကျွန်တော်တို့ကြားတာကတော့ခါ တရုတ်ပြည်က ယူလာတဲ့ Ready made အိမ်တွေလို့ ကြားရတယ်။ အခု စစ်တွေကို ရောက်နေပါပြီ။ ဘယ်နေရာမှာ ဆောက်မယ်လို့တော့ မသိသေးဘူး။ ဘယ်သူ့ အတွက်လဲ?  ရခိုင်အတွက်လား၊ ဘင်္ဂလီတွေအတွက်လားဆိုတာ မသိသေးဘူး။  စစ်တွေမြို့က လူတွေက ဒီကိစ္စနဲ့ပတ်သက်လို့ စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်” ဟု၎င်းက ပြောသည်။

အစိုးရ တာဝန်ရှိသူများမှ ယခုအချိန်ထိ သယ်ယူလာသော လုံးချင်း အိမ်များမှာ မည်သည့် နိုင်ငံက ဖြစ်ကြောင်း  တရားဝင် ကျေညာခြင်း မရှိသေးသော်လည်း တရုတ်နိုင်ငံမှ လှူဒါန်းလိုက်သာ လုံးချင်း အိမ်များ ဖြစ်ကြောင်း စစ်တွေတွင် သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်ဟု ဆိုသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင်အား ယနေ့ နေ့လည်ပိုင်းက ဆက်သွယ် မေးမြန်းရာ ၎င်းပစ္စည်းများ ရောက်ရှိနေသည်ကို သူ့အနေနှင့် မသိသေးကြောင်း ပြောသည်။

“ ဘယ်မှာရောက်လို့တုန်း။ ဒီမှာရုံးအဖွဲ့ကလည်း ဘာမှရောက်တယ်လို့မကြားသေးဘူး။ ဘာတွေရောက်မှန်းလည်း ကျွန်တော်လည်းမသိဘူး။ လုံးချင်းအိမ်ရာတွေက ဆတ်ရိုးကျဘက်မှာ အလုံး ၆၀ ဆောက်ပြီးသွားပြီး အခု ရခိုင်တိုင်းရင်းသားတွေတောင် တက်နေကြပြီ” ဟု ဆိုသည်။

၎င်း လုံးချင်း အိမ်များကို တစ်စစီဖြုတ်ပြီး ယူဆောင်လာခြင်း ဖြစ်ကြောင်း၊ အများစု ပစ္စည်းများမှာ သံဘောင်များနှင့် သံထည် ပစ္စည်း အမျိုးအမျိုး ဖြစ်ကြောင်း၊ ယခုကဲ့သို့ ပစ္စည်းမျိုးကို ယခင်က မမြင်ဖူးခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

အဆင်သင့် လုံးချင်းအိမ်များမှာ ဘင်္ဂလီ ဒုက္ခသည်များ အတွက်ဖြစ်ကြောင်း  စစ်တွေမြို့ စည်းကမ်း ထိန်းသိမ်းရေး ရဟန်းပျိုအဖွဲ့ ဥက္ကဌ ဦးဓမ္မတဇက နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။

“ ဘောဒူရ မှာ ဘင်္ဂလီတွေနဲ့ဖြစ်တဲ့အခါ ဘင်္ဂလီတွေက သူတို့ကို လုံးချင်းအိမ်တွေ ဆောက်ပေးပါ ဆိုပြီး တောင်းဆိုခဲ့တယ်။ အဲဒီအတွက်ကြောင့် နိုင်ငံတကာက အခုလို ပို့ပေးတာ ဖြစ်နိုင်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက် လို့ ဇေယျာသီရိ ဆရာတော်ကြီးက ရခိုင် ပြည်နယ် ၀န်ကြီးချုပ်ကို လှမ်းပြီး ဖုန်းဆက်တဲ့ခါ ဟုတ်တယ်။ ဘင်္ဂလီတွေကို ပေးဖို့ အတွက်  ဖြစ်တယ်လို့ ပြောပါတယ်” ဟုဆိုသည်။

ကားကြီးများဖြင့် သယ်ဆောင်လာသော  အဆင်သင့် လုံးချင်းအိမ်များကို ဆောက်လုပ်နိုင်သည့်  ပစ္စည်းများကို ဝေသာလီကွင်း ဘေးရှိ အဆောင်တွင် ဘင်္ဂလီ အလုပ်သမား ၃၀ ခန့်ကို အသုံးပြုကာ လုံခြုံရေးများဖြင့်  တာဝန်ယူပြီး ယာယီ စုပုံထားသည်ဟု မျက်မြင်များက ပြောသည်။

အဆင်သင့် လုံးချင်းအိမ်များဆောက်လုပ်ရန် ပစ္စည်းများကို နောက်ထပ် ကားအစီး ၅၀ ခန့် ဖြင့်  ဆက်လက် သယ်ဆောင်လာကြသည်ဟု ခိုင်လုံသောသတင်းရပ်ကွက်အရ သိရှိရသည်။

နောက်ဆုံး ရရှိသော သတင်းအရ ယခု ရောက်ရှိလာသော အဆင်သင့် လုံချင်း အိမ်များ အရေအတွက်မှာ (၁၅၀) လုံး ဖြစ်ပြီး  တရုတ်က ပေးပို့ လှူဒါန်းခြင်း ဖြစ်ကာ စုစုပေါင်း တန်ဖိုး ဒေါ်လာ (၁) သန်းဖိုး ရှိကြောင်း သိရသည်။

(နိရဉ္စရာ- ၄ စက်တင်္ဘာ ၂၀၁၃) / မောင်ရမ္မာ/မောင်အေး/ ခိုင်ထူးမြတ်

စိတ်ဖောက်သည့်သား ဖခင်အား သစ်သားတုတ်ဖြင့် ရိုက်သတ်

သားဖြစ်သူက စိတ်ဖောက်ပြန်၍ ဖခင်ဖြစ်သူအား သစ်သားတုတ်ဖြင့် ရိုက်သတ်မှု သင်္ဃန်းကျွန်းမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း မှုခင်းရုံးမှ သိရ သည်။
စက်တင်ဘာ ၂ ရက်နေ့ ည ၁၁ နာရီကျော်ခန့်တွင် သင်္ဃန်းကျွန်းမြို့နယ် တိုက် ၅၂/၈၊ မင်းဒင်လမ်းသွယ် (၅)၊ ၂၉ ရပ်ကွက်၌ သားဖြစ်သူက စိတ် ဖောက်ပြန်ကာ အစ်မ၊ အစ်ကိုနှင့်ဖခင် ဖြစ်သူတို့အား သစ်သားတုတ်ဖြင့် ရိုက် နှက်ခဲ့၍ ဖခင်ဖြစ်သူမှာ နေရာတွင်ပင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရိုက်နှက်မှုကြောင့် အစ်မနှင့် အစ် ကိုဖြစ်သူမှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာ များ ရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီး၌ ပြင်ပ လူနာအဖြစ် ကုသနေရကြောင်း သိရ သည်။
အဆိုပါအမှုကို မိခင်ဖြစ်သူက တရားလိုပြုလုပ် တိုင်ကြားထားပြီး သုဝဏ္ဏမြို့မရဲစခန်းမှ (ပ)၂၇၇/၁၃၊ ပြစ်မှုပုဒ်မ-၃ဝ၂၊ ၃၂၅ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း မှုခင်းရုံးမှ သိရသည်။

popular

ဟာ့ဂ်ျဘုရားဖူးရာသီအတွက် မြန်မာ့လေကြောင်းလိုင်းနဲ့ Air Asia X တို့ပူးပေါင်းပြီး ဆော်ဒီနိုင်ငံကို တိုက်ရိုက်ပျံသန်းမယ်


၂၀၁၃ခုနှစ် ဟာ့ဂ်ျဘုရားဖူးရာသီအတွက် အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်းလိုင်းနဲ့ Air Asia X တို့ပူးပေါင်းပြီး ဆော်ဒီနိုင်ငံကို တိုက်ရိုက်ပျံသန်းတော့မှာ ဖြစ်ပါတယ်။ ဦးကျော်ဇေယျာဝင်းပေးပို့ထားပါတယ်။

DVB TV News

မီးယပ်သွေးဆုံး လက္ခဏာများ




အမျိုးသမီးတွေ အရွယ်ရောက်ချိန်ကစလို့ မီးယပ်သွေးဆုံးချိန် အထိ (၁၃ နှစ်မှ ၄၅ နှစ်အထိ) ဓမ္မတာသွေး ပုံမှန်ပေါ်တတ်တယ်။ ဓမ္မတာသွေးပေါ်တာ မှန်ကန်ဖို့လိုတယ်။ မျိုးပွားခြင်း စတာကနေမျိုးပွားခြင်း လုပ်ငန်းရပ်ဆိုင်းချိန်အထိ ဓမ္မတာကာလလို့ သတ်မှတ်ထားတယ်။

အမျိုးသမီးတွေ ရာသီသွေးပေါ်တာက ၂၈ ရက် သို့မဟုတ် တစ်လတစ်ကြိမ် ဖြစ်လေ့ရှိတယ်။ လစဉ်ဓမ္မတာ သွေးပေါ်ခြင်းကို ထိန်းချုပ်ထားတာ ဦးနှောက်ရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ ဟိုက်ပိုသား မတ်ဖြစ်တယ်။ ဓမ္မတာသွေးပေါ်ခြင်းကို စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုက လွှမ်းမိုးထားတယ်။ စိတ်လှုပ်ရှားမှုတစ်ခုကြောင့် ဓမ္မတာ ရပ်တန့်သွားတတ်တယ်။ ဓမ္မတာ သွေးပေါ်ခြင်းနဲ့ သက်ဆိုင်တဲ့ ဟော်မုန်းတွေဟာ အီစတြိုဂျင်နဲ့ ပရိုဂျက်စတုံးတို့ဖြစ်တယ်။ ဓမ္မတာသွေးပေါ်တဲ့ ကာလဟာ သုံးရက်မှ ငါးရက်ထိဖြစ်တယ်။ တစ်ကြိမ်သွေးပေါ်ရင် သွေးဆုံးရှုံးမှု ၃ဝ မီလီမီတာ ဖြစ် တယ်။ အကယ်၍ ၈ဝ မီလီမီတာထက် ကျော်ခဲ့ရင် သာမန်မဟုတ်လို့ ဂရုစိုက်သင့်ပါတယ်။ ဓမ္မတာသွေးပေါ်ခြင်း ရပ်တန့်သွားခဲ့ရင် သာမန်ဇီဝကမ္မ ဖြစ်စဉ် များ ဖြစ်နိုင် သလို ရောဂါကြောင့် သို့မဟုတ် ကိုယ်ဝန်ကြောင့်လည်း ဖြစ်နိုင်တယ်။

မီးယပ်သွေးဆုံးချိန်မှာ ဖြစ်ပွားတတ်တဲ့ ဝေဒနာအမျိုးမျိုးကို သွေးဆုံး ဝေဒနာများလို့ ခေါ်တယ်။ ခန္ဓာကိုယ်အတွင်း မတည်ငြိမ်မှုဖြစ်ပေါ်တဲ့ လက္ခဏာများလို့ ခေါ်တယ်။ ခန္ဓာကိုယ်နေရာ တချို့ (ဥပမာ- မျက်နှာ၊ လည်ပင်း၊ ရင်ဘတ်ပိုင်း) ပူရှိန်းရှိန်း ခံစားရခြင်း၊ စိတ်ပင်ပန်းခြင်းနဲ့ အလုပ်ပင်ပန်းဒဏ်ကို မခံနိုင်ခြင်းစသည်တို့ ခံစားရတတ်တယ်။ ကောင်းစွာ အိပ်မပျော်ခြင်းလည်း ဖြစ်ပေါ်တတ် တယ်။ စိတ်ပိုင်းဆိုင်ရာ လက္ခဏာများအနေနဲ့ စိတ်ကယောက်ကယက် ဖြစ်ခြင်း၊ စိတ်တိုခြင်း၊ စိတ်ဆိုးလွယ်ခြင်းနဲ့ စိတ်ဓာတ်ကျခြင်းများ ဖြစ်လေ့ရှိတယ်။

ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါများမှာ ကြွက်သားတွေ အားနည်း ယုတ်လျော့သွားလို့ ဆီးသွားရာက ဆီးကျန်ခြင်း၊ ဆီးမထိန်းနိုင်ခြင်းနဲ့ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းတို့ ဖြစ်နိုင်တယ်။

အရိုးနဲ့ဆိုင်တဲ့ ရောဂါများအနေနဲ့ အရိုးပွခြင်းဟာ သွေးဆုံးပြီးတဲ့ အမျိုးသမီးများအတွက် အဓိက ပြဿနာတစ်ရပ် ဖြစ်တယ်။ အရိုးပွခြင်းနဲ့ နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် အရိုးကျိုးခြင်းဟာ မကြာခဏကြုံတွေ့ ကြရတတ်တယ်။

တစ်ခါတလေ ကိုယ်ဝန်ရှိသလို ခံစားရတတ်တယ်။ မနက်မိုးလင်းအိပ်ရာ ထထခြင်းရတဲ့ ဆီးကို ကိုယ်ဝန်ရှိ၊ မရှိစမ်းသပ်ခြင်းနဲ့ တီဗွီဓာတ်မှန်ကြည့်ခြင်းဖြင့် အလွယ်တကူသိနိုင်တယ်။ အခြားသိနိုင် တဲ့ အချက်တွေက အိမ်ထောင်ရှိသူ အမျိုးသမီးတစ်ဦး လစဉ် ဓမ္မတာ သွေးမဆင်းရင် ကိုယ်ဝန်ဆောင်တာ ဖြစ်နိုင်တယ်။ မနက်အိပ်ရာထ ဝေဒနာများဟာ ကိုယ်ဝန်ရှိစ တစ်လကနေ သုံးလအတွင်း နံနက်အိပ်ရာထစမှာ ပျို့ခြင်း၊ အန်ခြင်း၊ မအီမသာ ဖြစ်ခြင်းနဲ့ ဗိုက်အောင့်ခြင်းစသဖြင့် ခံစားရတတ်တယ်။ မီးယပ်သွေးဆုံးမှာလည်း အဲဒီလို လက္ခဏာများ ခံစားရတတ်တယ်။ မကြာခဏ ဆီးသွားချင်လို့ ရေအိမ်တက် နေရတတ်တယ်။ သွေးဆုံးခါနီးရင် ဆီးလမ်းကြောင်း ပိုးဝင်တာ ဖြစ်တတ်တယ်။ မီးယပ်သွေးဆုံးမှာ အဲဒါမျိုး တွေ့ရနိုင်တယ်။ စိတ်ပိုင်းဆိုင်ရာ ကယောင်ချောက် ချား ဖြစ်တာ၊ အိပ်မရတာမျိုး သွေးဆုံးခါနီးမှာ တွေ့နိုင်တယ်။


သေချင်လောက်အောင်ထိ ဆိုးနေတဲ့ကံကို ပြုပြင်နည်း


သေချင်လောက်အောင်ထိ ဆိုးနေတဲ့ကံကို ကုသိုလ်၅-မျိုးနဲ့ ပြုပြင် ယူလို့ရပါတယ်။ တိုက်တွန်းစကားအနေနဲ့ ပြောရရင်တော့ သေချင်လောက်အောင် ဆိုးနေတဲ့ကံကို ကုသိုလ် ၅မျိုးနဲ့ နေ့စဉ်ပြုပြင် ပစ်လိုက်စမ်းပါ။ ဆိုးနေတဲ့ကံ ” နင်နေ ငါသွား ” ဖြစ်သွား ပါလိမ့်မယ်။

အဲဒီကုသိုလ် ၅မျိုးကတော့

၁။ ဒါန
၂။ သီလ
၃။ ဂုဏ်တော်
၎။ မေတ္တာ
၅။ ၀ိပဿနာ

တို့ ဖြစ်ပါတယ်။

အဲဒီကုသိုလ် ၅မျိုးကို နေ့စဉ် ဖြစ်စေရမယ်လို့ အဓိဋ္ဌာန်ပြီး နေ့စဉ် ပြုလုပ် သွားဖို့ပါပဲ။

၉။ ငါးမျိုးကုသိုလ် ဘယ်လိုပြုရမယ်။

၉-၁။ ဒါန

ပထမဆုံးကုသိုလ်က ဒါန ပါ။ ဒါနဆိုတဲ့နေရာမှာ ရှင်၁သောင်းပြုပေးနိုင်မှ။ ကျောင်းကြီးတွေ ဆောက်လုပ်လှူဒါန်းနိုင်မှ ဒါန မဟုတ်ပါဘူး။ အိမ်မှာရှိတဲ့ ဘုရားကို ရေချမ်း ကပ်လိုက်မယ် ဆိုလည်း ဒါန ဖြစ်သွားတာပါပဲ။ နောက် ကိုယ်ထမင်းချက်မယ့် ဆန်ထဲက လက်တစ်ဆုတ်စာလောက်နှိုက်ပြီး အိမ်ရှေ့က စာကလေးတွေ ခိုကလေးတွေကို ပစ်ကျွေးလိုက်မယ်ဆိုရင်လည်း ဒါနဖြစ်သွားတာပါပဲ။ ဆန်လက်တစ်ဆုတ် လောက်နဲ့တော့ မိသားစု ထမင်းဝိုင်းကို သိပ်ပြီးလည်း မထိခိုက်စေပါဘူး။ နေ့စဉ် လက်တစ်ဆုတ် စာလောက် စာကလေးတွေကို ကျွေးနေမယ် ဆိုရင်လည်း ကိုယ့်ဝန် ကိုယ့်အားနဲ့ မျှတဲ့ ဒါန ဖြစ်နေတာပါ။

၉-၂။ သီလ

ဒုတိယက သီလ ပါ။ သီလမှာလည်း လောကီ ထဲမှာနေတဲ့ လူတစ်ယောက် အတွက် ငါးပါးသီလလောက် လုံခြုံအောင် စောင့်ထိန်း လိုက်နိုင်တယ် ဆိုရင်ပဲ တော်တော် လုံလောက်နေပါပြီ။ တစ်ဆင့်တက်ပြီး ဥပုသ်နေ့တွေမှာ ၈ပါးသီလ၊ ၉ပါးသီလကို စောင့်ထိန်း နိုင်ရင်တော့ အကောင်းဆုံးပေါ့။ သီလကို စောင့်ရှောက်တဲ့အတွက် သီလကလည်း ကိုယ့်ကို သူ့သတ္တိ အားလျော်စွာ ပြန်စောင့်ရှောက် ပါလိမ့်မယ်။

၉-၃။ ဂုဏ်တော်

တတိယက ဂုဏ်တော်ပါ။ ဂုဏ်တော် ၉-ပါးထဲက ကိုယ်နှစ်သက်ရာ တစ်ခုခုကို ပွားလို့ရပါတယ်။

အရဟံဂုဏ်တော်ကိုပဲ …
အရဟံ = ပူဇော်အထူးကို ခံယူထိုက်သော မြတ်စွာဘုရား၊
အရဟံ = ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား၊
အရဟံ = ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား၊
လို့ ပွားများရပါတယ်။

အရဟံ ဆိုတဲ့ ပါဠိလေးရယ်။ အရဟံရဲ့ နောက်က အနက်သုံးမျိုးရယ်က ပွားလို့ ဆင်ခြင်လို့ သိပ်ကောင်းတဲ့ ပါဠိနဲ့အနက်လေးတွေပါ။

ဂုဏ်တော်ပွားတဲ့အတွက် ဂုဏ်တော်က သူ့သတ္တိအားလျော်စွာ ပြန်စောင့်ရှောက်နေ ပါလိမ့်မယ်။

၉-၄။ မေတ္တာ

စတုတ္ထက မေတ္တာပါ။ မေတ္တာပွားတဲ့နေရာမှာ ပွားနည်းတွေကတော့ သီသန့်အကျယ်ကို ရှိပါတယ်။ စာရေးသူရဲ့ မေတ္တာ အတွေးများ စာအုပ်မှာလည်း ပွားပုံ ပြည့်ပြည့်စုံစုံ ရေးပြထားပါတယ်။

မေတ္တာပွားတဲ့ နေရာမှာ အဓိက အကြံပေးချင် တာတော့ ပထမ ကိုယ့်အပေါ် ကျေးဇူးရှိတဲ့ ကျေးဇူးများတဲ့ လူပုဂ္ဂိုလ်အားလုံးကို တစ်ယောက်ချင်း ကုန်အောင်ပွားပါ။ ပြီးရင် နတ်ကောင်း နတ်မြတ်တွေ၊ ကိုယ်စောင့်နတ်-အိမ်စောင့်နတ် ကစပြီး၊ လမ်းမြို့နယ်၊ မြို့၊ နိုင်ငံကို စောင့်ရှောက်နေကြသော နတ်ကောင်း နတ်မြတ်တွေ အားလုံး ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ကင်းပါစေ၊ အစစအရာရာ အဆင်ပြေ ပါစေ… စသည်ဖြင့် ပေါ့လေ။

၉-၅။ ၀ိပဿနာ

နောက်ဆုံးက ၀ိပဿနာပါ။ ၀ိပဿနာ ကတော့ ကိုယ်အားထုတ်ဖူးရာ-ကိုယ်သန်ရာ သန်ရာ ကိုယ့် အာစရိယ ၀ါဒအတိုင်း မှတ်ယူလို့ ရပါတယ်။

(မည်သည့် တရားစခန်း မည်သည့် အာစရိယ၀ါဒမျှ သင်ကြားထားခြင်း မရှိသူများအဖို့ အစပိုင်းတွင် တင်ပလ္လင်ခွေ(ထက်ဝယ်ဖွဲ့ခွေ)ထိုင်၊ ဘယ်လက်ပေါ် ညာလက်ထပ်တင်၊ ခါး-လည်ပင်း-ဦးခေါင်းကို မတ်မတ်ထား၊ အသက်ကို ပုံမှန်ရှူလျှက် ၀င်လေ၀င်လာလျှင် ၀င် လာ သည်ဟု သိပေး၊ ထွက်လေ ထွက်သွားရင် ထွက်သွားသည်ဟု သိပေးခြင်းဖြင့် မိမိစိတ်ကို ထိုထိုနှာသီးဝသို့သာ စူးစိုက်ရောက်ရှိစေရန် ပဏာမ လေ့ကျင့်ကြလျှက် ၇ရက်စခန်း-၁၀ရက်စခန်း စသည်တို့ကို ၀င်ရောက်နိုင်ရန် တိုး၍ ကြိုးစား ကြသင့်ပေသည်။ )

၁၀။ ကုသိုလ်-၅မျိုး တစ်နေ့တာ

ကဲ … စာဖတ်သူ၊ စိတ်ကူးနဲ့ပဲ ကုသိုလ်၅မျိုးကို စမ်းကြည့်ရအောင်ပါ။

၁၀-၁။ အိပ်ရာထ

မနက် အိပ်ရာက ထတာနဲ့ ကိုယ်လက် သန့်စင်ပြီး မိသားစု ကိစ္စတွေကို ဘာမှ မလုပ်နဲ့ဦး။ ဘုရားခန်းကို အရင်သွားပါ။

ဘုရားသောက်တော်ရေကိုအရင်ကပ်ပါ။ (ဒါန)
ကပ်ပြီးရင် ၅ပါးသီလ ခံယူပါ။ (သီလ)
အဲဒါပြီးရင် ဂုဏ်တော်ကို ၅-မိနစ် ( ဂုဏ်တော် )
မေတ္တာကို ၅-မိနစ် ပွားပါ။ ( မေတ္တာ )
ပြီးရင် ၀ိပဿနာ ၅-မိနစ် ပွားများပါ။ ( ၀ိပဿနာ )

အင်မတန် နည်းပါးတဲ့ ၁၅မိနစ်အချိန်လောက်တော့ လူတိုင်း လုပ်နိုင်လောက်မယ် ထင်ပါတယ်။ ( ၅မိနစ်စီ ဆိုသည်မှာ အနည်းဆုံး ပြုရန်အချိန်ကို ဆိုလိုခြင်းဖြစ်ပြီး မိမိတို့၏ ခွန်အားအလိုက် သဒ္ဓါ တရားအလိုက် ၁၀မိနစ်စီ၊ နာရီဝက်စီ၊ တစ်နာရီစီ စသည်ဖြင့် အဓိဋ္ဌာန်ပြု

နေ့တစ်နေ့တာရဲ့ အစကို ကုသိုလ် ၅မျိုးနဲ့ စလိုက်တာ ဘယ်လောက် ကျက်သရေ ရှိသွားလဲ ။ အိပ်ရာထပြီး နာရီဝက် ၁နာရီအတွင်းမှာပဲ ကုသိုလ်၅မျိုး ရနေပါပြီ။ အဲဒီ ကုသိုလ် ၅မျိုးပြုပြီးမှ မိသားစုကိစ္စ၊ ကိုယ့်ကိစ္စ ဝေယျာဝစ္စတွေကို ပြုလုပ်ပါ။

၁၀-၂။ နေ့လည်

အဲဒီလိုနဲ့ မနက်စာစားပြီးတဲ့ အခါ ဆန်လက်တစ်ဆုတ် စာယူပြီး ခြံရှေ့မှာ ငှက်ကလေးတွေ အတွက် ပက်ကျွေးလိုက်ပါဦး။

ကျွေးပြီးသွားရင် အဆစ်အနေနဲ့ ” ဒီနေ့ မနက် ပြုဖြစ်ခဲ့တဲ့ ကုသိုလ်၅မျိုး ကိုလည်း အမျှ ပေးဝေပါတယ်။ အမျှ အမျှ အမျှ ယူတော်မူကြပါ။ သာဓု၊ သာဓု၊ သာဓု ” ဆိုပြီး နတ်ကောင်း နတ်မြတ်များနဲ့တကွ ဝေနေယျ အပေါင်းကို အမျှပေးဝေလိုက်ပါဦး။

၁၀-၃။ ညပိုင်း

တတ်နိုင်တယ်။ အချိန်ရတယ်။ သဒ္ဓါတရားလဲ ထက်သန်လာတယ် ဆိုရင် ညပိုင်း ကိုးရီးယားကားလေး မလာခင်၊ ဒါမှမဟုတ် ကိုးရီးယားကားလေး ပြီးသွားတဲ့အခါ ကုသိုလ်ငါးမျိုးကို မနက်ကအတိုင်း တစ်ကြိမ် ထပ်လုပ်လိုက်ပါဦး။

၁၁။ နေ့စဉ်ပြုအပ်သည်

ဒီအတိုင်းသာ နေ့စဉ်ပြုသွားစမ်းပါ။ ဆိုးနေတဲ့ကံဟာ တောင်းပန်ပြီး ထွက်သွားဦးမှာပါ။

ဒါပေမယ့် ဒီနေ့လုပ်-နက်ဖြန်ဖြစ် ဆိုတဲ့ပုံစံမျိုးတော့ ဘယ်ဖြစ်နိုင်မှာလဲ။ တစ်လတန်သည် တစ်နှစ်တန်သည်တော့ စွဲလုပ်ရပါမယ်။ ရက်မပျက်အောင် အဓိဋ္ဌာန်ပြု၍ လုပ်ရပါမယ်။ အကုသိုလ်ဆိုတဲ့ အင်းအားက ကြီးလွန်းနေရင်တော့ ချက်ခြင်းကြီး ရနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကုသိုလ် အင်အား ကောင်းလာတာနဲ့ အမျှ ကုသိုလ်အင်အားကို ကြည့်ပြီး လန့်ပြေးသွားမှာပါ။

ဒါက ကံဆိုး နေတဲ့သူတွေကို ပြောတာပါ။

ကံကောင်း နေတဲ့သူတွေ အတွက်လည်း အမြဲတမ်း ကံကောင်းနေအောင် ကုသိုလ်၅မျိုး နဲ့ အမြဲပြုစု စောင့်ရှောက်နေသင့်ပါတယ်။

ဒီကုသိုလ်၅မျိုးနဲ့ ကံကောင်းအောင် လုပ်နေတဲ့အတွက် ဒုတိယဘ၀၊ တတိယဘ၀ စသည်တွေမှာလည်း ဆက်ပြီး ကံကောင်းနေဦးမှာပါ။

၁၂။ ဒုက္ခကြံရင် သစ္စာဆို။

ဒီကုသိုလ် ၅မျိုးကို ကံကောင်းခြင်း၊ ကံဆိုးခြင်းကြောင့် မဟုတ်ဘဲ နေ့စဉ်ဝတ်တစ်ခု အနေနဲ့ ပြုရပါမယ်။ အဲဒီလို ပြုနေစဉ် အတွင်းမှာပဲ

ဘ၀ အခက်အခဲ တစ်ခု ကြုံလာမယ်၊ ဒါဆို ကိုယ်ပြုတဲ့ကုသိုလ်၅မျိုးကို နေ့စဉ် အမျှပေးဝေနေတဲ့ နတ်ကောင်းန တ်မြတ်တွေကို တိုင်တည်ပြီး သစ္စာ ဆိုလို့လည်း ရပါတယ်။

” ကျွနှ်ုပ်သည် ကုသိုလ်၅မျိုးကို နေ့စဉ်ပြုပြီး၊ နတ်ကောင်းန တ်မြတ် များကိုလည်း နေ့စဉ် အမျှပေးဝေခဲ့ပါတယ်။ ဤသစ္စာစကား မှန်ကန်ပါက ယခုတွေ့ကြုံနေရသော အခက်အခဲများ ပြေပျောက် ပါစေသတည်း။ နတ်ကောင်း နတ်မြတ်တို့က ကူညီမစတော်မူပါ ” စသည်ဖြင့်ပေါ့လေ…..

၁၃။ သံသရာကပင် ကျွတ်နိုင်ရဲ့

ကုသိုလ် ၅-မျိုးထဲမှာ ၀ိပဿနာလည်း ပါနေတော့ တရားမှတ်ရင် ပါရမီပါခဲ့ရင် တစ်မဂ် တစ်ဖိုလ်မှသည် လေးမဂ်၊ လေးဖိုလ် အထိ တရားထူးတရားမြတ်တွေ ရသွားပြီး သံသရာဝဋ်က ကျွတ်သွားနိုင်ပါသေးတယ်။

ကုသိုလ် ၅မျိုးကို ဘယ်အဆင့်အထိ ပြုရမလဲ … ဆိုရင် ညအိပ်ရာဝင်လို့မှ ဒီနေ့ တစ်နေ့တာအတွက် ကုသိုလ် ၅မျိုး မပြုရသေးရင် အိပ်လို့ လုံးဝမပျော်တဲ့ အဆင့် ချက်ခြင်း ထလုပ်လိုက်မှ အိပ်ပျော်တယ် အိပ်လို့ရတယ် ဆိုတဲ့ အဆင့်ထိ ပြုလုပ်ကြရပါတယ် …

ကဲ …. စာဖတ်သူ … ၊ ကံ နဲ့ ပတ်သက်လို့ သေချင်လောက်အောင် ဆိုးနေပါစေ။ ကုသိုလ် ၅မျိုးနဲ့သာ နေ့စဉ် ပြုပြင် လိုက်စမ်းပါ။ မကြာခင် ကံကောင်းလာပါလိမ့်မယ်။

ရေးသားသူ - အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ)

ကျမ်းကိုး
မဟာဝင်ဝတ္ထု - ကျီးသဲလေးထပ်ဆရာတော်

Nang Homying

ကျပ်သိန်း ၁၀၀အောက် တန်ဖိုးနည်းအိမ်ရာစီမံကိန်း မန်းတွင် စတင်အကောင်ထည်ဖော်ပြီ


မြန်မာနိုင်ငံတွင် ပထမဦးဆုံး ကျပ်သိန်း ၁၀၀အောက် တန်ဖိုးနည်း အိမ်ယာစီမံကိန်း မန်းတွင် စတင်အ ကောင်းထည်ဖော်နေပြီဖြစ်ကြောင်း မန်းစည်ပင်မှ သတင်းရရှိသည်။ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ အောင်သာယာရပ်ကွက်နှင့် မြရည်နန္ဒာရပ်ကွက်အတွင်းရှိ မမ-၁၅နှင့် မမ-၂၆အကွက်များတွင် စတင်အ အကောင်ထည်ဖော်လျှက်ရှိပြီး အထပ်အလိုက်ဈေးကွာခြားသွားနိုင် သော်လည်း ကျပ်သိန်း၁၀၀အောက်သာ ကျသင့်မည်ဖြစ်ပြီး အဆိုပါရပ်ကွက်တွင်ဖြစ်ပွားခဲ့သော ရောင်းမှားဝယ် မှားများကို ဦးစားပေးရောင်းချပေးသွားမည်ဖြစ်ကြောင်း ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မန်းစည် ပင် အဆောက်အဦနှင့် ကုန်ရုံဌာနမှ ဌာနမှူး ဦးမျိုးအောင်က ပြောသည်။ ရောင်းမှာဝယ်မှားတွေကိုဦးစားပေးမယ်။ ပိုတာကို ၀န်ထမ်းတွေကို ဒုတိယဦးစားပေးရောင်းချပေးမယ်။ အရစ်ကျစံနစ်နဲ့တော့ ရောင်းပေးဖို့ အစီစဉ်မရှိဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အဲ့ဒီက ငွေပေါ်လာမှ နောက်ထပ် စီမံကိန်းတွေထပ်လုပ်နိုင်မယ်။ ကျွန်တော်တို့ဌာနက ထုတ်ပေးတဲ့ ပိုင်ဆိုင်ကြောင်းအထောက်အထားစာအုပ်ရ မယ်။ မြေကြီးမပိုင်ဘူး။ အဆောက်အဦပိုင်မယ်။ သားစဉ်မြေးဆက်ရောင်းချက်ခွင့်ရှိတယ် ဟု ဌာနမှူးဦးမျိုး အောင်က ပြောသည်။ ရောင်းမှာဝယ်မှားဖြစ်သည့်သူများ အနေဖြင့် မြို့ပြစီမံကိန်းနှင့် မြေယာစီမံခန့်ခွဲမှုဌာနမှ ထောက်ခံချက် ဖြင့် ၀ယ်ယူရမည်ဖြစ်ပြီး ကနဦး အဆိုပါ ရောင်းမှားဝယ်မှားသမားများနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်
ကြောင်း ဦးမျိုးအောင်က ထပ်လောင်းပြောကြားသည်။ အဆိုပါ စီမံကိန်းကို မန်းစည်ပင်ဌာနမှ စိုက်ထုတ်အကုန်ကျခံခြင်းဖြစ်ပြီး လုပ်ငန်းရှင် ၃၇ဦးအား ဆောက်လုပ်ခွင့်ပြုထားပြီး ယခုလ ၁၀ရက်နေ့တွင် ပန္နက်တင်အခမ်းနားပြုလုပ်မည်ဖြစ်ပြီး ၇လအတွင်း အပြီး တည်ဆောက်သွားမည်ဖြစ်သည်။ နှစ်ကွက်ပေါင်း အဆောက်အဦး ၅၇လုံးတည်ဆောက်သွားမည်ဖြစ်ပြီး အခန်းပေါင်း ၁၃၄၄ခန်းရှိမည် ဖြစ်ကာ ထမင်းစားခန်း၊ မီးဖိုချောင်၊ ရေးချိုးခန်းအိမ်သာစသည်တို့ကို နိုင်ငံတကာစံနှုန်းများနှင့်တည်ဆောက် သွားမည်ဖြစ်ပြီး အရေးပေါ်လှေကားများထွက်ပေါက်များလည်း ပါရှိမည်ဖြစ်ကာ ငလျှင်ဒဏ်ခံနိုင်အောင်လည်း ထည့်သွင်းတွက်ချက်တည်ဆောက်သွားမည်ဖြစ်ကြောင်း
အဆောက်အဦနှင့် ကုန်ရုံဌာနမှ ဌာနမှူးဦးမျိုးအောင် က ပြောသည်။ဖိုးလပြည့်

Popular Myanmar News Journal

ရေ၊မီး၊ဆီ အလကားပေးသုံးတဲ့ မြို့ 



Ashgabat လို့အမည်ရတဲ့ မြို့ ပါ။ သူကို Paradise လို့တောင် တင်စား ခေါ်ဝေါ် ကြပါတယ်။

အရှေ့ အလယ်ပိုင်း က တာ့ခ်မင်နစ္စတန် အမည်ရ နိုင်ငံရဲ့  မြို့ တော် ဖြစ် ပါတယ်။ ဆိုဗီယက်ပြည်ထောင်စုကနေ ခွဲထွက်ပြီး သီးသန့် တည်ထောင် ထားတဲ့ နိုင်ငံကပါ။ နိုင်ငံက သေးပါတယ်။ သတ္တုတူးဖော်မှုကို အဓိက ပြု လုပ်ပြီး စိုက်ပျိုးရေးလည်း အသင့်တင့် ထွန်းကားတဲ့ နိုင်ငံ ဖြစ် ပါတယ်။

ယင်းနိုင်ငံရဲ့  မြို့ တော်က Ashgabat ဖြစ်ပြီး ကမ္ဘာ့အလှဆုံး၊ နေချင် စရာအကောင်းဆုံး မြို့ စာရင်းထဲမှာ ပါဝင်ပါတယ်။ သူက မြို့ နေပြည်သူတို့ရဲ့ အခြေခံလိုအပ်ချက်တွေကို အခမဲ့ ထောက်ပံ့ ပေးထား လို့ပါ။ ရေ ဖိုး၊ မော်တော်ယာဉ် ဆီဖိုး၊ လျှပ်စစ်ဖိုး တို့က အခမဲ့ပဲ ဖြစ်ပါတယ်။ တစ်ဦး ချင်းအတွက် ကောက်ခံတဲ့ အခွန်ထဲမှာ ယင်းအတွက် အားလုံး ပါဝင် ပြီးသား မို့ ဖြစ်ပါတယ်။ အခွန်ကလည်း မများပါဘူး။ ယင်းမြို့ မှာနေထိုင် သူများ ကလည်း ချမ်းသာ ကြပါတယ်။ လူဦးရေ ၁ သန်းကျော်ပဲ ရှိတဲ့မြို့  ဖြစ် ပါတယ်။

ဒါကြောင့်လည်း အားလုံးနီးပါးကို အခမဲ့ ပေးထားပါတယ်။ ရေ၊ဆီ၊ မီးတို့ကို အခမဲ့ ပေးခြင်း အပြင် အခြား ကုန်ပစ္စည်းနဲ့ လိုအပ်ချက် များမှာ လည်း ဈေး အင်မတန် သက်သာကြောင်း သိရပါတယ်။
.
Ref: dyknow
Aung Kham (International news for myanmar)

ကလေးတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများကို အိန္ဒိယသို့ ပညာသင်စေလွှတ်မည်


စစ်ကိုင်းတိုင်းဒေသကြီး ကလေးတက္ကသိုလ်ရှိ မဟာဝိဇ္ဇာ (အင်္ဂလိပ်စာ)နှင့် မဟာသိပ္ပံ (အထူးပြုဘာသာရပ်အားလုံး) ကျောင်းသား၊ ကျောင်းသူများကို အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ရှိ မဏိပူရ တက္ကသိုလ်သို့ ပညာသင်စေလွှတ်မည် ဖြစ်ကြောင်း အဆိုပါတက္ကသိုလ်မှ ပါမောက္ခချုပ် ဦးမြင့်ဆွေက The Voice သို့ ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ရွှေဘို၊ မုံရွာနှင့် ကလေးတက္ကသိုလ်တို့မှ ကျောင်းသူ၊ ကျောင်းသားများကို ခေါ်ယူခြင်းဖြစ်ပြီး စုစုပေါင်း၁၅ ဦးခန့် ပညာသင်စေလွှတ်ရန် ဖြစ်ကြောင်း ကလေး တက္ကသိုလ်၊ သင်တန်းရေးရာ ဌာနမှူး ဦးအောင်အောင်စိုးက ပြောကြားသည်။

မဏိပူရ တက္ကသိုလ်တွင် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်အစိုးရ၏ အထောက်အပံ့ဖြင့် ၂နှစ်ကြာ ပညာသင်ကြားရမည် ဖြစ်ပြီး ပညာသင် သွားရောက်နိုင်ရန် အတွက် သက်ဆိုင်ရာ ဘာသာရပ်အလိုက် ရေးဖြေ၊ နှုတ်ဖြေ စာမေးပွဲ ပြုလုပ်မည်ဖြစ်ကြောင်း ၄င်းက ပြောကြားသည်။

"အခု လျှောက်ထားတဲ့သူ ၁၁ ဦး ရှိပါတယ်။ အဲဒီအထဲက ရေးဖြေ၊ နှုတ်ဖြေ အောင်မြင်တဲ့သူကို တိုင်းဒေသကြီး အစိုးရဆီ တင်ပြရမှာပါ" ဟု ဒုတိယ ပါမောက္ခချုပ် ဒေါက်တာဦးပွားက ဆိုသည်။

မဟာသိပ္ပံ တက်ရောက်နေသော အင်္ဂလိပ်စာမှ တစ်ဦး၊ ဘူမိဗေဒမှ သုံးဦး၊ သတ္တဗေဒမှ ခုနစ်ဦးတို့ လျှောက်ထားကြပြီး နှစ်နိုင်ငံ ပညာရေးဖလှယ်သော သဘောဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး အတိအကျ ကိုမူ မပြောနိုင်ကြောင်း ဌာနမှူး ဦးအောင်အောင်စိုးက ထပ်မံဆိုသည်။

The Voice

ရှမ်းပြည်နယ်မြောက်ပိုင်း ဂုတ်ထိပ်တံတား အနီးတွင် မြေပြိုမှုများ ဆက်တိုက်ဖြစ်ပေါ်


ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ဂုတ်ထိပ်တံတား အနီးပတ်ဝန်းကျင်အား ကြဂုတ်လဆန်းပိုင်းက တွေ့ရစဉ်
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲ မြို့နယ်အတွင်းရှိ ဂုတ်ထိပ်တံတား အနီးတွင် မြေပြိုမှုများ ဆက်တိုက် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၁ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဂုတ်ထိပ် တံတားနှင့် နောင်ချိုအကြား ရထားလမ်း မိုင်တိုင်အမှတ် ၄၆၃/၁၂-၁၂ ကြားတွင် အမြင့် နှစ်ပေ၊ အလျားပေ ၆၀၊ အနံပေ ၂၀ ခန့် မြေပြိုကျမှု ဖြစ်ပေါ်ခဲ့ပြီး မိုင်တိုင်အမှတ် ၄၆၀/၃-၈ ကြားတွင်လည်း အမြင့် နှစ်ပေ၊ အရှည် ၁၂၀ ပေခန့်၊ မိုင်တိုင် ၄၅၉/၁ အနီးတွင် အလျား ၁၇ ပေ၊ အနံ ရှစ်ပေ၊ အ မြင့် ၁၀ ပေခန့် အသီးသီး ပြိုကျမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထို့အတူ စက်တင်ဘာ ၄ ရက်ကလည်း ချောင်းချောက်နှင့် ရေပူကြား ရထားလမ်း မိုင်တိုင်အမှတ် ၄၉၉/၃-၄ တွင် ပေ ၃၀ ပတ်လည် ကျောက်တုံး နှစ်တုံးနှင့် ကျောက်တုံး အပိုင်းအစများ ပြိုကျခဲ့ပြီး မိုင်တိုင် ၄၉၉/၁၃-၁၄ တွင် အလျားပေ ၃၀ ၊ အမြင့် ငါးပေခန့် မြေပြိုကျမှု ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။ ယင်းသို့ မြေပြိုကျမှု ဖြစ်စဉ်များကြောင့် ရထားခရီးစဉ်အချို့ ကြန့်ကြာခဲ့ရပြီး မီးရထား ၀န်ထမ်းများက လမ်းရှင်းလင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Eleven

Living Color Media မန္တလေး ရုံးခန်း ဖောက်ထွင်းခံရ


မန္တလေးမြို့ အောင်မြေသာစံ မြို့နယ် ၆၃x၆၄ နှင့် ၂၄x၂၅ လမ်းကြား၊ မြသီတာလမ်းသွယ်ရှိ Living Color Media ၏ ရုံးခန်းတွင် စက်တင်ဘာလ ၅ရက်နေ့ နံနက်ပိုင်းက ဖောက်ထွင်း ခိုးယူခံရမှု ဖြစ်ပွားခဲ့ရာ ငွေကျပ် ကိုးသိန်းခြောက်သောင်းကျော် ခိုးယူခံခဲ့ရသည်။

အဆိုပါ ရုံးခန်းတွင် ဖြန့်ချိရေး ဝန်ထမ်းများဖြစ်သော ဦးဂျက်တူးတူး နှင့် ဝန်ထမ်းသုံးဦးတို့သည် စက်တင်ဘာ ၅ ရက်နေ့ နံနက် ၆ နာရီ ၁၅မိနစ်က နေ့စဉ်ထုတ် သတင်းစာ ဖြန့်ချိရေး လုပ်ငန်းများ ဆောင်ရွက်ပြီး ရုံးခန်းသို့ ပြန်လည်ရောက်ရှိလာချိန်တွင် သော့ခတ်ထားသော ခြံတံခါးမှာ ပွင့်နေပြီး ရုံးခန်း အတွင်းသို့ ဝင်ရောက်ကြည့်ရှု ခဲ့ရာတွင် စာရင်းကိုင်ဝန်ထမ်း၏ စားပွဲအတွင်း သိမ်းဆည်း ထားသော ငွေကျပ် ကိုးသိန်းခြောက်သောင်းကျော် မှာ ပျောက်ဆုံးနေသည်ကို တွေ့ရှိရသဖြင့် အောင်မြေသာစံ မြို့နယ် အမှတ်(၁) ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားထားသည်။

ယင်းဖောက်ထွင်းမှုနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူကို ရုံးခန်း ဘေးတစ်ဖက်တစ်ချက်ရှိ နေအိမ်များတွင် တပ်ဆင်ထားသော CCTV ကင်မရာမှတစ်ဆင့် ရရှိသော အချက်အလက်များကို အခြေခံကာ အောင်မြေသာစံမြို့နယ် အမှတ်(၁) ရဲစခန်းက စုံစမ်း စစ်ဆေးလျက်ရှိသည်။

မန္တလေးမြို့နှင့် နေပြည်တော်တွင် နေစဉ်ထုတ် သတင်းစာကို အချိန်မီ ဖြန့်ဝေရန်အတွက် ဖြန်ချိရေးဝန်ထမ်းများက ည ၉နာရီခန့်မှ နံနက်၆နာရီအထိ လုပ်ငန်းများ ဆောင်ရွက်နေစဉ် အတွင်း ယင်းကဲ့သို့ ဖောက်ထွင်းခံရမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

နေ့စဉ် ကယ်လိုရီ ၁၀၀ လျှော့ချနိုင်သော နည်းလမ်း ၁၀


တစ်နေ့ကို ကယ်လိုရီ ၁၀၀ လျှော့ချတာက သင့်ကို တစ်နှစ်အတွင်းမှာ ကိုယ်အလေးချိန် ၁၀ ပေါင် ကျဆင်းသွားအောင် စွမ်းဆောင် နိုင်ပါတယ်။

အခုပြောပြမယ့် နည်းလမ်းတွေထဲက တစ်ခုကို ရွေးချယ်ပြီး နေ့စဉ် လုပ်ဆောင် ကြည့်ပါ။ တစ်နေ့ကို ကယ်လိုရီ ၁၀၀ လောင်ကျွမ်း စေပါတယ်။

နည်းလမ်း (၁)

သင်စားတဲ့ အစားအစာတွေရဲ့ ပမာဏကို မှန်မှန်ကန်ကန် စားတတ်တဲ့ အလေ့အကျင့် ရှိနေဖို့က အရေးကြီး ပါတယ်။ သင်စားမယ့် ပန်းကန်ကို လေးပုံပုံပြီး တစ်ပုံကိုထမင်း၊ နှစ်ပုံကို ဟင်းသီးဟင်းရွက်နဲ့ ကျန်တစ်ပုံကို သားငါး ထည့်စားပါ။

နည်းလမ်း (၂)

သင်အစာ စားတဲ့အခါ ဗိုက်ပြည့်သွားအောင် စားမယ့်အစား ၈၀ ရာခိုင်နှုန်းအထိပဲ ပြည့်အောင် စားပြီး ကျန်တဲ့ ၂၀ ရာခိုင်နှုန်းလောက်တော့ လျှော့ စားပေးပါ။

နည်းလမ်း (၃)

သကြားမပါဘဲ အနံ့ထည့်ထားတဲ့ ပီကေကို တီဗီကြည့်ရင်း၊ အင်တာနက်သုံးရင်း ဝါးပေးပါ။ ညစာမစားခင် ပီကေ ဝါးပေးတာက ညစာ လျှော့စား မိစေပါတယ်။

နည်းလမ်း (၄)

စကားတပြောပြောနဲ့ ထမင်းစားတာက သင်ဗိုက်ပြည့်သွားတယ် ဆိုတာကို မသိနိုင်တော့ဘဲ အစာကို အထိန်းအကွပ်မရှိ စားမိတတ်ပါတယ်။ စားတဲ့ အစားအသောက် ကိုလည်း သင့်ကျန်းမာရေးနဲ့ ညီညွတ်မှု ရှိ၊ မရှိ မရွေးချယ်မိတော့ပါဘူး။ အများစုက ဒီအချက်ကို မေ့နေ တတ်ပါတယ်။ ဒါကြောင့် အစာစားချိန်မှာ စကားမပြောဘဲ သင်စားတဲ့ အစာအပေါ်မှာပဲ အာရုံစိုက်ပြီး စားပေးပါ။

နည်းလမ်း (၅)

ယောဂနဲ့ ကိုယ်အလေးချိန် လျှော့ချနိုင်တာ ဘယ်လို ဆက်စပ်နေလဲ ဆိုတာကို သုတေသီတွေက လေ့လာ ကြည့်တဲ့အခါ ယောဂ လေ့ကျင့်သူတွေဟာ အစားအသောက် စားရာမှာလည်း သတိထားပြီး စားသောက်တဲ့ အကျင့် ရသွားပြီး အစားအသောက်တွေကို အလွန်အမင်း ပြည့်အင့်တဲ့အထိ မစားမိအောင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မြင့်မား လာတာကြောင့်လို့ ဆိုပါတယ်။

နည်းလမ်း (၆)

ဝက်ဆားနယ်ခြောက် စားတာ၊ အသားညှပ် ဆင်းဒ်ဝှစ် စားတာတွေကို ရှောင်လိုက်ပါက သင်စားတဲ့ အစားအသောက် ထဲကနေ ကယ်လိုရီ ၁၀၀ ရရှိမှုကို လျှော့ချ နိုင်ပါလိမ့်မယ်။ အသားနဲ့ချိစ် ညှပ်ထားတဲ့ ဆင်းဒ်ဝှစ်အစား အသီးအရွက် ညှပ်ထားတဲ့ ဆင်းဒ်ဝှစ်ကို စားပေးပါ။

နည်းလမ်း (၇)

ကောက်နှံ တစ်ခုလုံးကို စားသုံးပေးပါက ကယ်လိုရီ အနည်းငယ်သာ ရရှိစေပြီး ကိုလက်စထရော အဆင့်ကို ကောင်းမွန် စေပါတယ်။ ကောက်နှံ တစ်ခုလုံးနဲ့ ပြုလုပ် ထားတဲ့ အစားအသောက်တွေ သင့်ပတ်ဝန်းကျင်မှာ များစွာဝယ်ယူ စားသုံးနိုင်တယ် ဆိုပေမယ့် သကြားနဲ့ခရင်မ် ပါဝင်မှု များတာတွေကို မစားသင့်ပါဘူး။

နည်းလမ်း (၈)

အချိုရည်တွေ သောက်မယ့် အစားရေပဲ သောက်ပါ။ သင်ရဲ့တစ်နေ့တာထက သကြား ၁ဝ ဇွန်းစာ လျှော့ချပြီးသား ဖြစ်စေ ပါတယ်။ ရေပဲ သောက်ရ တာကို မနှစ်သက်ပါက ရေထဲကို ရှောက်ရည် အနည်းငယ်ညှစ်ပြီး သောက်တာ၊ စတော်ဘယ်ရီသီး ထည့်သောက်မျိုး လုပ်ဆောင်ပါ။

နည်းလမ်း (၉)

ညစဉ် အိပ်စက်တိုင်းမှာ အိပ်ချိန်ထက် တစ်နာရီ ပိုအိပ်စက်ပေးပါက တစ်နှစ်အတွင်းမှာ ကိုယ်အလေးချိန် ၁၄ ပေါင် ကျဆင်းစေတယ်လို့ မစ်ချီကန် တက္ကသိုလ်မှ သုတေသီတွေက ပြောပါတယ်။ အိပ်စက်မှု ပိုတာက သရေစာ စားချင်စိတ်ကို လျှော့ချ ပေးတာကြောင့် ကယ်လိုရီ ၆ ရာခိုင်နှုန်းလောက် ကျဆင်းစေတယ်လို့ ယူဆကြပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် မတူကြဘူး ဆိုပေမယ့် အိပ်စက်ချိန် ပိုယူတာက အကျိုး သက်ရောက်မှု ရှိစေ ပါတယ်။

နည်းလမ်း (၁၀)

အစာစားဖို့ အချိန်မိနစ် ၂၀ ပေးပြီး ဖြည်းဖြည်း စားပါ။ ဒါဟာ ရှင်းလင်း လွယ်ကူပြီး ကိုယ်အလေးချိန် ကျဆင်းစေနိုင်တဲ့ ထိပ်တန်း နည်းလမ်း တစ်ခုပါ။ အစာကို တစ်လုတ်ချင်း၊ တစ်ကိုက်ချင်း အရသာခံ စားသုံးပါက အစာစားချိန် သိသိသာသာ နှေးကွေး သွားစေပါတယ်။ အစာကို အမြန်စားသုံးပါက တင်းတိမ်သွားပြီး ဆာလောင်မှု ပြေပျောက်သွားပြီ ဆိုတဲ့ သတင်းအချက်အလက်ကို ဦးနှောက်ဆီ ပို့ဆောင်တဲ့နေရာကို ပိတ်ဆို့လိုက်တာကြောင့် အစာပိုစား မိစေပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
Ref: By Good Health