James bond ထက် မြင့်တယ်၊ လာမလုပ်နဲ့



ဆင်ဖမ်းဖမ်း၊ ကျားဖမ်းဖမ်း၊ ပြည်သူတွေကို အချဉ်တော့ မဖမ်းနဲ့



သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းခြင်းအတွက် နစ်နာကြေးတောင်းသူ ရေနံချောင်းတောင်သူ ၂ ဦးကို တရားစွဲ


ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက် လိုင်းဖြတ်သန်းခြင်းအတွက် နစ်နာကြေး အသနားခံတင်ပြခဲ့သူ ရွှေတုတ်ကန် ကျေးရွာမှ တောင်သူ ၂ ဦးအား ယခင် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းမှ တရားလိုပြု ၍ ရေနံချောင်းမြို့နယ်တရား ရုံးသို့ တရားစွဲဆိုကြောင်း သတင်းရရှိ သည်။

''ကျွန်တော်တို့က အမှန်မို့လို့ အမှန်အတိုင်း တင်ပြတောင်းဆိုတာပါ။ ဘာမှ လိမ်လည်ခဲ့တာ မရှိပါဘူး။ လျော်ကြေးရဖို့ မြေတစ်ကွက် တစ် သောင်း ငါးထောင်နှုန်းနဲ့ တောင်းလို့ ဦးသူတော်က မပေးနိုင်လို့ မပေးခဲ့တာ။ ပေးနိုင် တဲ့ လက်ထုတ်ကန်ကွင်းနဲ့ ဝန် ရိုးကွင်းမြေယာပိုင်းအတွက် လျော်ကြေး ရတယ်ဗျာ။ မပေးတဲ့အပိုင်း မရဘူး။ ဒါ ကို အမှန်တင်ပြတာကို ကျွန်တော်တို့ကို ပြစ်မှု ဥပဒေပုဒ်မ (၁၈၂) နဲ့ တရားစွဲ တယ်'' ဟု တောင်သူကိုသန်းဦးမှ ပြော ပြသည်။ ပြစ်မှုကြီး အမှတ် (၅၂၆) ဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၁၈၂) အရ ရွှေတုတ်ကန်ကျေး ရွာမှ တောင်သူ ဦး သန်းဦးနှင့် ဦးသူတော်တို့အား မြို့နယ် တရားရုံးတော်မှ ကြားနာစစ်ဆေးခံရန် လက်ခံခဲ့သည်ဟု သိရသည်။

ယခုကဲ့သို့ တရားစွဲဆိုရခြင်းမှာ တောင်သူ ၂ ဦးမှ ၄င်းတို့၏ ယာမြေပေါ် တွင် တရုတ်မြန်မာရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက် လိုင်း ဖြတ်သန်းရာတွင် အများနည်းတူ မြေယာနစ်နာကြေး မရရှိသဖြင့် နိုင်ငံတော်သမ္မတနှင့် သက် ဆိုင်ရာသို့ အဆင့်ဆင့် တင်ပြ တိုင်တန်း ခဲ့ခြင်းကြောင့် ဖြစ်သည်။ ထိုသို့ တိုင် တန်းရာတွင် တင်ပြမှုများ တွင်မှန်ကန် မှု မရှိ မိမိရယူလိုမှု ဆန္ဒတစ်ခုတည်း ဖြင့် အာဃာတတရား ရှေ့ ထားပြီး လိမ် လည်တိုင်တန်းသည်ဟု ဆိုကာ မကွေး ခရိုင်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနမှ (၇-၆-၂ဝ၁၂) နေ့စွဲပါစာအမှတ်၊ ၂/ ၂၈-၂/ဦး၎ (၂၆၁၉)ဖြင့် တရားစွဲဆိုရန် ညွှန်ကြားစာထွက်ရှိခဲ့သည်ဟု သိရသည်။

ထိုညွှန်ကြားစာအရ ရေနံချောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ၏ ကိုယ်စားမြို့နယ်ဒုဦးစီးမှူးမှ လက်မှတ်ရေး ထိုးကာ ရွှေတုတ်ကန်ကျေး ရွာ အုပ်ချုပ် ရေးမှူးဟောင်း၊ ရွာခွဲရွာ အိမ်မှူး၊ မြေစာ ရင်းဦးစီးဌာန မှ မြေတိုင်းစာရေး ၂ ဦး အားတရားလိုပြုလုပ်တိုင်ကြားရန်အမိန့် စာအမှတ် ၂/၁၃-၁/ဦး ၄ (၇၅၃) ဖြင့် ၂ဝ၁၂ ခုနှစ်ဇွန်လ ၁၄ရက်တွင်ညွှန်ကြား ခဲ့ခြင်း ဖြစ်သည်။ ခရိုင်အုပ်ချုပ်ရေးနှင့် မြို့နယ်အုပ်ချုပ်ရေးတို့ ၏ ညွှန်ကြားချက် စာ တစ်နှစ်အကြာတွင်မှ တရားစွဲဆိုခြင်း ဖြစ်သည်။ ယခုအခါ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းလည်း စတင်ဆောင် ရွက်နေပြီ ဖြစ်သည်။

အမှုအား စတင်စစ်ဆေးကြားနာ နိုင်ရန်အလို့ငှာ ဇူလိုင် ၂၄ ရက် သို့ ပြန် လည် ဆင့်ဆိုလိုက်ပြီး တရားစွဲဆိုခံ တောင်သူများအနေဖြင့် မမှန်မကန် တရားစွဲဆိုထားခံရမှုအပေါ် နိုင်ငံတော် သမ္မတနှင့် သက်ဆိုင်ရာ တိုင်းခရိုင်ဌာန အသီးသီးသို့ အကူအညီတောင်းခံစာ များ ပေးပို့၍ တရားမျှတမှု ဖြစ်အောင် တင်ပြတောင်းဆိုသွားမည်ဟု သတင်း ရရှိသည်။

ဦးမင်း
Popular Myanmar News Journal

သီဆိုဖျော်ဖြေစဉ် ပန်ကာနှင့်ဆံပင် ညပ်မိသွားသည့် ဘီယွန်းစ်


ယခုသီတင်းပတ် အစောပိုင်းက Grown Womanစတား အဆိုတော်သည် ကနေဒါနိုင်ငံ၊ မွန်ထရယ်လ်မြို့တွင် ဖျော်ဖြေပွဲ ပြုလုပ်နေစဉ် စင်မြင့်ပေါ်မှ အအေးပေး ပန်ကာတစ်ခုနှင့် ဆံပင်တို့ ညပ်မိနေမှုနှင့် ကြုံခဲ့ရသည်
Posted on Jul 25 13 - 04:14 PM | Hits : 130

ဘီယွန်းစ်တစ်ယောက် ပန်ကာနှင့် ဆံပင် အရှုပ်အထွေး ကြုံခဲ့သေးသော်လည်း ပရိသတ်များအား သီချင်းအဆိုမပျက် ဆက်လက် ဖျော်ဖြေခဲ့ကြောင်း သိရသည်။ ယခုသီတင်းပတ် အစောပိုင်းက Grown Womanစတား အဆိုတော်သည် ကနေဒါနိုင်ငံ၊ မွန်ထရယ်လ်မြို့တွင် ဖျော်ဖြေပွဲ ပြုလုပ်နေစဉ် စင်မြင့်ပေါ်မှ အအေးပေး ပန်ကာတစ်ခုနှင့် ဆံပင်တို့ ညပ်မိနေမှုနှင့် ကြုံခဲ့ရသည်။ ကြီးမားသော ပန်ကာကြီးတွင် ဆံပင်ညပ်နေသဖြင့် အတန်ငယ် စိတ်အနှောင့်အယှက် ဖြစ်နေသည့်တိုင် ဘီယွန်းစ်သည် ပရော်ဖက်ရှင်နယ် ပီသစွာပင် သူမ၏ Haloသီချင်းကို ပီပီသသ ကြည်ကြည်လင်လင် ရှေ့ဆက် သီဆိုသွားခဲ့သည်။

ဘီယွန်းစ်၏ သွေးအေး တည်ငြိမ်မှုကို ပရိသတ်များက သဘောတကျ အံ့ဩကာ ဩဘာပေးခဲ့ကြသည်။ သူမသည် အကျပ်အတည်းတစ်ခု ကြုံနေသည့်တိုင် စာသားလုံးဝ အမှားအယွင်းမရှိ၊ အသံမယိုင်ဘဲ ဆက်လက် ဖျော်ဖြေခဲ့ခြင်း ဖြစ်သည်။ သူမသည် စင်မြင့်၏ အစွန်းပိုင်းလေးတွင် ထိုင်နေရင်း ပရိသတ်အတွက် သီချင်းဆက်ဆိုနေစဉ် စင်မြင့် တာဝန်ခံများက ဆံပင်နှင့် ပန်ကာ လွတ်သွားအောင် ကြိုးစားခဲ့ရသည်။

အဆိုပါ ကိစ္စသည် အဆိုးဆုံး မတော်တဆမှုမျိုး ကြုံသွားနိုင်သော်လည်း အသက်(၃၁)နှစ်ရှိ ဘီယွန်းစ်ကမူ နောက်ပိုင်းတွင် ရယ်စရာ သဘောမျိုးသာ မှတ်ချက်ပေးခဲ့သည်။ သူမသည် ဆံပင်နှင့် ပန်ကာညပ်နေသော ပုံကို Instagramတွင်တင်ကာ Haloသီချင်း စာသားအချို့ကို ပြောင်းလဲကာ ပုံညွှန်းစာအဖြစ် ထည့်သွင်းခဲ့သည်။ သူမက အဆိုပါ စာတွင် " Gravity can't begin, to pull me out of the fan again, I felt my hair was yankin, from the fan that's always hatin."ဟု ရေးသားထားသည်။ ယင်း၏ မူလစာသားမှာ "Gravity can't forget to pull me back to the ground again, and It's like I've been awakened"ဟူ၍ ဖြစ်သည်။

မြို့ကြီးသုံးမြို့ ဗုံးလေးလုံးဆက်တိုက်ပေါက်ကွဲမှုအတွက် လူငါးဦးကို ထောင်ဒဏ် ၁၂ နှစ်ခွဲစီ ချမှတ်

ဦးလွင် | ကြာသပတေးနေ့၊ ဇူလိုင်လ ၂၅ ရက် ၂၀၁၃ ခုနှစ် ၁၄ နာရီ ၃၇ မိနစ်

၂၀၁၁ ခုနှစ်၊ ဇွန်လအတွင်း နေပြည်တော်၊ မန္တလေး၊ ပြင်ဦးလွင် မြို့ကြီးသုံးမြို့တွင် ဗုံးပေါက်ကွဲမှုများအတွက် လူငါးဦးကို ထောင်ဒဏ် ၁၀ နှစ်မှသည် ၁၂ နှစ်အထိ မန္တလေးခရိုင် တရားရုံးတွဲဖက်ခရိုင် တရားသူကြီး ဦးစိုးစိုးက ဇူလိုင်လ ၂၄ ရက်တွင် ပြစ်ဒဏ်ချမှတ်လိုက်သည်။

တစ်နှစ်ခွဲကျော် စစ်ဆေးခဲ့သည့်အမှုတွင် သက်သေ ၅၀ ကျော်ကိုစစ်ဆေးခဲ့ပြီး ပြစ်မှုထင်ရှားခြင်းကြောင့် တရားရုံးက အမိန့်ချမှတ်အပြစ်ပေးခြင်းဟု တရားသူကြီး၏ အမိန့်စာတွင် ဖေါ်ပြထားသည်။

တရားရုံးအမိန့်တွင် တရားခံစိုင်းကျော် သန်းသည် ၁၉၀၈ ခုနှစ်ပေါက်ကွဲစေတတ်သော အရာဝတ္ထုဥပဒေ ပုဒ်မ၊ မတရားသင်းများနှင့် ဆက်သွယ်မှု ၁၇ (၁) နှင့် လူဝင်မှုကြီးကြပ်ရေးပြဋ္ဌာန်းချက် အရေးပေါ်အက်ဥ ပဒေ ၁၃ (၁) တို့ဖြင့် အလုပ်နှင့်ထောင်ဒဏ်စုစုပေါင်း ၁၂ နှစ်ခွဲချမှတ်လိုက်သည်။

ထို့ပြင် စိုင်းမိုးဟိန်း (ခ) အိုက်လျံ၊ စိုင်းလှအောင် (ခ) အားဝေ၊ စိုင်းသိန်းနိုင်သုံးဦးကို ၁၉၀၈ ခုနှစ်၊ ပေါက် ကွဲစေတတ်သောအရာ ၀တ္ထုအက်ဥပဒေပုဒ်မ ၃/၆ အရလည်းကောင်း၊ ၁၉၀၈ ခုနှစ် မတရားအသင်းများ အက်ဥပဒေပုဒ်မ ၁၇ (၁) အရလည်းကောင်း၊ ပြစ်မှုထင်းရှားကြောင်း ဆုံးဖြတ်ခြင်းခံရကာ အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

မျိုးခင် (ခ) အောင်ခမ်းကိုမူ ၁၉၀၈ ခုနှစ် ပေါက်ကွဲစေတတ်သော အရာဝတ္ထု အက်ဥပဒေ ပုဒ်မ ၃/၆ အရ ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ခြင်းခံရကာ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

ထောင်ဒဏ် ၁၂ နှစ်ချမှတ်ခံရသူ စိုင်းလှအောင်၏ ဇနီးဖြစ်သည့် ဒေါ်မြင့်မြင့်ဆွေက မတရားခံရသည်ဟု ဆိုကာ အယူခံဝင်သွား မည်ဟုဆိုသည်။ “အမှုက မတရားခံရတာပါ၊ အယူခံဝင်သွားမှာပါ။ ကိုစိုင်းလှ အောင်ကို ၂၀၁၁ ခုနှစ်၊ ဇွန်လ ၂၆ ရက်ကတည်းက စစ်ဆေးမယ်ဆိုပြီး ဖမ်းခေါ်သွားခဲ့တာ” ဟု မဇ္ဈိမကို ပြောသည်။

၂၀၁၁ ခုနှစ် ဇွန်လ ၂၄ ရက်က ၈၄ လမ်း၊ ၂၇x၂၈ လမ်းကြား ရပ်ထားသည့် လိုင်စင်မဲ့ကား ၃ခ/၁၉၀၄ တွင် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး ကားတစ်စီးလုံးပျက်စီးသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် အစိုးရရုံးစိုက်ရာ နေပြည်တော်နှင့် ပြင်ဦးလွင်တွင်လည်း လူသူမရှိသော နှစ်ထပ်တိုက်အိမ်များတွင် ဗုံးပေါက်ကွဲခဲ့သည်။

နေပြည်တော် သပြေကုန်းရပ်ကွက် ရွှေလာဘ်ကောင်လမ်းကြား အိမ်အမှတ် ၄၆ တွင် ပေါက်ကွဲခဲ့ပြီး ပြင်ဦးလွင်တွင်မူ ထောက်ပို့ဘက်လမ်းခွဲ ရပ်ကွက် ၄ ထဲရှိ နေအိမ်ဗုံးကွဲမှုကြောင့် အပေါ်ထပ်တစ်ခုလုံးနီးပါး ပျက်စီးသွားခဲ့သည်။

ထိုပေါက်ကွဲမှု သုံးခုဖြစ်ပေါ်ခဲ့ပြီးနောက် သုံးနာရီအကြာတွင် လေးလုံးမြောက်ဗုံးအဖြစ် စိန်စံပယ်ဖူးရွှေဆိုင် နှင့် ပရိယတ္တိသာသနအသင်း၊ အမှိုက်ပုံအနီးပေါက်ကွဲမှု ထပ်မံဖြစ်ပေါ်ခဲ့သည်။ပေါက်ကွဲမှုအားလုံးကြောင့် နေအိမ်နှစ်လုံးနှင့် မော်တော်ယာဉ်တစ်စီး ပျက်စီးခဲ့ကာ၊ လူသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဗုံးပေါက်ကွဲမှုကြောင့် သံသယရှိသူ သုံးဦးအဖြစ် စိုင်းဆမ်၊ စိုင်းအိုက်နှင့် စိုင်းကျော် မြင့်ဦးတို့ကို စွပ်စွဲပြီး နိုင်ငံပိုင်သတင်းစာများတွင် ပုံပန်းသဏ္ဍာန်နှင့်တကွ ၂၀၁၁ခု နှစ် ဇွန်လ ၂၉ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။
Mizzima - News in Burmese

ခါးပိုက်နှိုက်မှု (၁)မှုဖော်ထုတ်ဖမ်းဆီး


ရန်ကုန်၊ ဇူလိုင် ၂၄

၂၃.၇.၂၀၁၃ ရက်နေ့ ၁၁၀၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေး တပ်ခွဲ(၂)မှတပ်ဖွဲ့ဝင်များသည်
ခါးပိုက်နှိုက်ဖမ်းဆီးရေးဆောင်ရွက်ရန် ၂၀၄ ယာဉ်လိုင်းပေါ်၌ အသွင်ယူ
စီးနင်းလိုက်ပါလာစဉ် ဗဟန်းမြို့နယ်၊ လင့်လမ်းကားမှတ်တိုင်မှတက်
ရောက်လာသည့် ခါးပိုက်နှိုက် မသင်္ကာ ကျော်စိုး(ခ)ဘိုးတော်၊
(ဘ)ဦးလူမြ၊ (၅၄)ရပ်ကွက်၊ ဒဂုံတောင်မြို့နယ်နေသူသည်
၎င်းယာဉ် ပေါ်တွင်ပါလာသည့် ဦးဇင်းတစ်ပါး၏ပုခုံး၌လွယ်ထားသော
လွယ်အိတ်အတွင်းမှ အနက်ရောင်ခေါက် ပိုက်ဆံအိတ်တစ်လုံးနှင့် ဦးကုမာရ၏ ရဟန်းဇာတာမှတ်တမ်းလွှာ မိတ္တူစာရွက်(၁)ရွက်၊ ငွေကျပ် ၇၅၀၀ ပါပိုက်ဆံအိတ်အား ၎င်းလွယ်ထားသည့် အနက်ရောင်ဘေးလွယ်
အိတ်ဖြင့် အကာကွယ်ပြု၍ နှိုက်ယူစဉ်ဖမ်းဆီးရမိသဖြင့် ဒဂုံမြို့မရဲစခန်း
(ပ) ၁၆၅/၂၀၁၃၊ ပုဒ်မ ၃၇၉(နှိုက်)ဖြင့်အရေးယူ ဆောင်ရွက်ထား
ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

ခင်ပွန်မှ ဓါးဖြင့်ထိုး၍ လည်ပင်းတွင် ဓါးတန်းလမ်းဖြင့် ဇနီးသေဆုံး


၂၄.၇.၂၀၁၃ ရက်နေ့ ၀၈၂၅ အချိန် ခန့်တွင် အင်းစိန်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အင်းစိန်ဆေးရုံတွင် အမျိုးသမီးတစ်ဦး လည်ပင်းတွင် ဓါးတန်းလမ်းဖြင့် သေဆုံး ရောက်ရှိ နေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ဒေါ်အေးအေးတင့်၊ ၄၅နှစ်၊ (ဘ)ဦးသောင်း၊ ကမ်းနားအလယ်ရပ်ကွက်၊ အင်းစိန်မြို့နယ်နေသူဖြစ်ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၀၇၃၀ အချိန်ခန့်တွင် နေအိမ်၌ခင်ပွန်းဖြစ်သူ ဇော်ဇော်ဝင်း၊ ၄၃နှစ်၊ (ဘ)ဦးအောင်ဖေ အရက်သောက်သည့်ကိစ္စနှင့် ပတ်သက်ပြီး စကားများကြစဉ် ဇော်ဇော်ဝင်းမှ ကြက်သွန်လှီးဓါးဖြင့် လည်ပင်းအားထိုး၍ သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသဖြင့် အင်းစိန် မြို့မရဲစခန်း (ပ)၈၀၀/၂၀၁၃၊ ပုဒ်မ၃၀၂ ဖြင့်အရေးယူကာ ဇော်ဇော်ဝင်းအား ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ရောဂါကြောင့် မရပ်မနား ရယ်မောနေရသူလေး


တရုတ်ပြည် အနောက်ပိုင်း ချောင်ကျင်းတွင် နေထိုင်သည့် Xu Pinghui သည် အသက် ရှစ်လအရွယ်က ဖျားခဲ့ပြီးနောက် မရပ်မနား စတင်ရယ်မောခဲ့သည်။ လျှိုဝှက်ဆန်းကြယ်သည့် သူမ၏ ကျန်းမာရေး အခြေအနေကို ပြည်မြန်မာ နေ့ စဉ် သတင်းစာမှာ အခုလို ဖော်ပြထားပါသည်။

မီးကြိုးခွေ ခိုးယူသူအမျိုးသမီးများအားဖမ်းဆီးရမိ အရေးယူ


၂၄.၇.၂၀၁၃ ရက်နေ့ ၀၅၀၅ အချိန် ဗဟန်းမြို့နယ်၊ ရွေတောင်ကြား
(၂)ရပ်ကွက်ရှိ United Winner ကုမ္ပဏီ၏ညစောင့်ဝန်ထမ်း ဦးထွန်း
ထွန်းဦးသည် လုံခြုံရေးဆောင်ရွက်နေစဉ်ကုမ္ပဏီရုံး၌ ရောင်းရန်ထား
ရှိသောမီးကြိုးခွေများအားအမျိုသမီး(၃)ဦးမှာခိုးယူနေကြောင်း တွေ့ရှိ
ရသဖြင့် ဘေးချင်းကပ်ရှိ ကုမ္ပဏီမှ လုံခြုံရေးဝန်ထမ်း ဦးထွန်းအေး
နှင့်အတူ လိုက်လံဖမ်းဆီးရာ ရွှေဂုံတိုင်မှတ်တိုင်အနီးတွင် မဇာဇာလင်း၊
(ဘ)ဦးသောင်းငွေ၊ (၁)ရပ်ကွက်၊ လှိုင်သာယာမြို့နယ် နေသူအား
သက်သေခံမီးကြိုးခွေ(၁၂)ခွေ၊တန်ဘိုးငွေကျပ်(၁၀၆၉၃၀၀) နှင့်အတူ
ဖမ်းဆီးရမိခဲ့ပြီး ကျန်(၂)ဦးမှာထွက်ပြေးလွတ်မြောက်သွားခဲ့ပါသည်။

ဖမ်းဆီးရမိသူမဇာဇာလင်းအားဗဟန်းမြို့မရဲစခန်းတပ်ဖွဲ့ဝင်များမှ
စစ်ဆေးရာ ထွက်ပြေးသွားသူ (၂)ဦးမှာ လှိုင်သာယာမြို့နယ်၊
(၁၀)ရပ်ကွက်နေသူများဖြစ်သည့် မအိဖြူ၊(ဘ)ဦးအောင်ဇော်ဝင်း နှင့်
မနှင်းနွယ်ဦး(ဘ)ဦးကျော်မင်း တို့ဖြစ်ကြောင်စစ်ဆေးသိရှိရ၍၎င်းတို့
(၃)ဦးအားအရေးယူပေးရန် ဦးထွန်းထွန်းဦးမှ တိုင်တန်းခဲ့သဖြင့် ဗဟန်း
မြို့မရဲစခန်း(ပ)၂၈၉/၂၀၁၃၊ ပုဒ်မ ၃၈၀ ဖြင့်အရေးယူဆောင်ရွက်လျက်
ရှိပြီး ထွက်ပြေးလွတ်မြောက်သွားသူ မအိဖြူနှင့် မနှင်းနွယ်ဦးတို့အား
ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။

Yangon Police

တက္ကစီနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်၊ နှစ်ဦးသေ


ရန်ကုန်၊ ဇူလိုင် ၂၄

ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ညောင်ဝိုင်းကျေးရွာအပိုင် သိမ်ကုန်းကွေ့အနီးတွင် ဆိုင်ကယ်နင့် တက္ကစီ မျက်နှာချင်းဆိုင် တိုက်မိရာမှ ဆိုင်ကယ်စီးလာသူ နှစ်ဦးစလုံး သေဆုံးမှု ဇူလိုင်လ ၂၄ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၃၀ က ဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။

သန်လျင်မှ ကျောက်တန်းဘက်သို့ မောင်းနှင်လာသော အနက်ရောင် Mazda တက္ကစီနှင့် ကျောက်တန်းဘက်မှ သန်လျင်ဘက်သို့ မောင်းနှင်လာသော နံပါတ် မပါသည့် Loujia အမျိုးအစားဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မိရာ ဆိုင်ကယ်ပေါ်တွင် လိုက်ပါလာသည့် အမျိုးသားနှစ်ဦးအနက် ဆိုင်ကယ်မောင်းသူမှာ ဝဲဘက် ဒူးခေါင်းသွေးထွက်ဒဏ်ရာ၊ နှာခေါင်းသွေး ထွက်ဒဏ်ရာများနှင့်အတူ ကားပိကာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ ဆိုင်ကယ်နောက်မှ လိုက်ပါလာသူမှာ ခြေသလုံးနှစ်ဖက်စလုံး ကျိုးသည့်ဒဏ်ရာ၊ ဝဲဦးခေါင်းနှင့် ဝဲဘက်နား သွေးထွက်ဒဏ်ရာများဖြင့် နာရီဝက်ခန့် အကြာတွင် သေဆုံးခဲ့ကြောင်း၊ တက္ကစီ ယာဉ်မောင်းမှာ ထွက်ပြေးသွားကြောင်း ယာဉ်တိုက်မှု ဖြစ်ပွားရာသို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးရန် ရောက်ရှိလာသူများထံမှ သိရသည်။

“ကျွန်မတို့က အလုပ်လုပ်နေကြတာ၊ ဒုံးဆိုတဲ့ အသံကိုတော့ ကြားလိုက်တယ်၊ ဒါပေမဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေက ထွက်တဲ့အသံပဲထင်လို့ သွားမကြည့်ကြဘူး၊ လူတွေရောက်လာမှ ကားတိုက်မှန်းသိတာ” ဟု အဆိုပါ ယာဉ်တိုက်မှု၏ အနီးအနားတွင် ရှိသောအိမ်မှ အမျိုးသမီးတစ်ဦးက ဆိုသည်။

သေဆုံးသူ နှစ်ဦးစလုံး၏ အမည်နှင့် နေရပ်လိပ်စာများကို မသိရှိသေးကြောင်း၊ ထွက်ပြေးသွားသည့် တက္ကစီယာဉ်မောင်းကိုလည်း စုံစမ်းနေဆဲ ဖြစ်ကြောင်း ကျောက်တန်းမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

“ကျွန်တော် ဂိတ်မှာထိုင်နေတုန်း ဆိုင်ကယ်တစ်စီး အရှိန်နဲ့လီဗာဖြဲပြီး Light Truck တစ်စီးကို ကျော်သွားတာ တွေ့လိုက်တယ်၊ ခဏနေတော့ ဆိုင်ကယ်နဲ့ ကားတိုက်တယ်ဆိုတဲ့ သတင်းကြားရတာပဲ” ဟု ကျောက်တန်းမြို့ပေါ်မှ ဆိုင်ကယ်ကယ်ရီသမားတစ်ဦးက ဆိုသည်။

ယင်းယာဉ်တိုက်မှုနှင့် ပတ်သက်ပြီး ကျောက်တန်းမြို့နယ် ရဲစခန်းမှ ဒုရဲအုပ်သန်းထွန်းက တရားလို ပြုလုပ်ကာ ယာဉ် (ပ) ၂၂/၂၀၁၃၊ ပြစ်မှုဥပဒေပုဒ်မ ၃၀၄(က)/၂၀၂ ဖြင့် အရေးယူထားကြောင်း အဆိုပါ ရဲစခန်းထံမှ သိရသည်။

အောင်မျိုးထက်
The Voice Weekly

မျက်လှည့်ဆရာ၏ ကိုယ်တစ်ပိုင်းပြတ် မျက်လှည့်ပြကွက်ကို လမ်းသွားလမ်းလာများ အထိတ်တလန့် ဖြစ်ခဲ့


အမေရိကန် နိုင်ငံ မီချီဂန် ပြည်နယ်တွင် မျက်လှည့်ဆရာ အန်ဒီဂရော့စ်၏ ကိုယ်တစ်ပိုင်းပြတ် မျက်လှည့်ပြကွက်ကို ခရီးသွားဟန်လွဲ ပြသခဲ့ရာ လမ်းသွား လမ်းလာများ အထိတ်တလန့်  ဖြစ်ခဲ့ရသည့် အကြောင်း  ပြည်မြန်မာ နေ့ စဉ် သတင်းစာမှာ အခုလို ဖော်ပြထားပါသည်။

ခင်ပွန်း ယောင်္ကျားထံ ပြန်မသွားနိုင်အောင် သံကြိုးနဲ့ သော့ခတ်ခံထားရတဲ့ မိန်းခလေး


ခင်ပွန်း ယောင်္ကျားထံ ပြန်မသွားနိုင်အောင် သံကြိုးနဲ့ သော့ခတ်ခံထားရတဲ့ မိန်းခလေး မနိုင်နိုင်ဝင်း

ပဲခူးတိုင်း ဒေသကြီး ဖြူးမြို့ နယ် သာဓုကန်ကျေးရွာ အုပ်စု ပန်ဂျကိုရီတိုလာကျေးရွာမှ နေအိမ်အထဲမှာ "အဖြစ်အပျက်က တုန်လှုပ်ခြောက်ချား စရာပါ၊ လသားအရွယ် ကလေးငယ်တစ်ဦးနဲ့ သူ့ရဲ့ မိခင်မနိုင်နိုင်ဝင်းတို့ ဟာ အုပ်ထိမ်းသူ လူကြီး မိဘတွေရဲ့ တင်းကျပ်လွန်းတဲ့ မိသားစု(ပုဂ္ဂလိက)စည်းကမ်းတွေအောက်မှာ ပြားပြားမှောက်ပြီး မနိုင်နိုင်ဝင်းရဲ့ ဘယ်ဘက်(၀ဲဘက်) ခြေထောက်မှာ သံကြိုးတစ်ချောင်းနဲ့ ချည်နှောင် သော့ခတ်ခံထားရပြီး ကျန်တဲ့ သံကြိုးစတစ်ဖက်ကို မနိုင်နိုင်ဝင်းအိပ်တဲ့ ကုတင်မှာ ချည်နှောင်လျက် ဒီကနေ့ အထိ ချုပ်နှောင်ခံနေရဆဲပါ။

ဒီလို သံကြိုးတန်းလန်းနဲ့ တိရစ္ဆာန်တစ်ကောင်လို မတရားသဖြင့် ချုပ်နှောင်တားဆီးခံထားရတယ်ဆိုတာ အချိန်ကာလ ဘယ်လောက်ကြာနေပြီလဲဆိုတာ ကာယကံရှင်တွေကလွဲရင် ဘယ်သူမှအတိအကျမသိနိုင်ပါဘူး၊

ဒီမိန်းကလေးရဲ့ အမည်က မနိုင်နိုင်ဝင်း ဖြစ်ပြီး သူပွေ့ ချီထားတဲ့ ကလေးကတော့ သူ့မရဲ့ ဝမ်းနဲ့ လွယ်ပြီး မွေးထားရတဲ့ အသက်(၂)လသား အရွယ်ရှိတဲ့(သားဦး) ယောင်္ကျားလေးပါ၊ မနိုင်နိုင်ဝင်းကို
သူ့ရဲ့ခင်ပွန်းယောင်္ကျားထံ ပြန်မသွားနိုင်အောင် မနိုင်နိုင်ဝင်းရဲ့ ဖခင်ဦးကူးမားဆံလားဆိုသူ ဖြစ်ပါတယ်။

သူတို့နေထိုင်တဲ့ ပန်ဂျကိုရီတိုလာကျေးရွာမှ နေအိမ်အထဲမှာ အခုလို သံကြိုးတန်းလန်းနဲ့ ချည်နှောင်ထားတာပါဟု တာဝန်သိလုပ်သား ပြည်သူတစ်ဦးဖြစ်သူ ဦးကျော်စန်းလွင်(ခ)ဦးကျော်စန်းလွင်ဦး
ဆိုသူမှ လူ့မဆန်စွာ တိရစ္ဆာန်တစ်ကောင်ကဲ့သို့ ချည်နှောင်ခံထားရသော မိခင်တစ်ဦးနှင့် လသားအရွယ်ကလေးငယ်အပါအ၀င် သားအမိ(၂)ဦးတို့ ၏ လူ့အခွင့်အရေး ချိုးဖေါက်ခံနေရသည့် တုန်လှုပ်ခြောက်ချားဘွယ်အဖြစ်ဆိုးအား ခါးစည်းခံနေရပုံကို သတင်းပေးပြောကြားခဲ့ပါသည်။

by Myanmar News Now

လေဒီ ဂါဂါးရဲ့ ကိုယ်တုံးလုံး မဂ္ဂဇင်း ကာဗာ


ကာဗာအဖြစ် အသုံးမပြုရသေးခင် ဓာတ်ပုံ

အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ အင်္ဂလိပ် ပေါ့ပ်အဆိုတော် လေဒီဂါဂါးဆိုရင် လူတိုင်းနီးပါ သိကြမှာပါ။ သူ့ရဲ့ ထူးခြားတဲ့ fashion တွေကြောင့်လည်း ပါမှာပေါ့။ ဒီလောက်နာမည်ကြီးတဲ့ lady gaga ဟာ အခုတစ်ခါမှာတော့ ဒီထက်ပိုပြီး နာမည်ကြီးအောင် လုပ်ချလိုက်ပြန်ပါပြီ။

အကြောင်းကတော့ "V Magazine" ဆိုတဲ့ မဂ္ဂဇင်းတစ်ခုဟာ နယူယောက်ရဲ့ ပေါ့ပ်လောကကို လှစ်ဟာပြဖို့အတွက် နာမည်ကြီးပေါ့ပ်အဆိုတော် လေဒီဂါဂါးကို ကိုယ်လုံးတီးဓာတ်ပုံကို မဂ္ဂဇင်း အဖုံးအဖြစ် အသုံးပြုဖို့အတွက် ဓာတ်ပုံ ရိုက်ခဲ့လို့ဖြစ်ပါတယ်။

ဒီ ဓာတ်ပုံမှာတော့ လေဒီဂါဂါးဟာ မည်သည့်အဝတ်အစားမှမဝတ်ဘဲ ရိုက်ထားတာဖြစ်ပါတယ်။ အမြင်မရိုင်းစေရန်တော့ သူမရဲ့ ရင်သားနဲ့ နောက်တစ်နေရာကို သူမလက်ချောင်းသွယ်သွယ်လေးတွေနဲ့ ဖုံးအုပ်ထားပါတယ်။


ကာဗာဒီဇိုင်း


Myanmar CNN
ပုံကို download လုပ်ရန်

အမျိုးသားများတွင် ဖြစ်သော စိတ်ကျရောဂါ လက္ခဏာ ရှစ်ရပ်


စိတ်ကျရောဂါဟာ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ရောဂါမျိုးပါ။ ဒါပေမဲ့ တခိျု့ အမျိုးသားတွေမှာလည်း တွေ့ရှိရတတ်ပါတယ်။ သင့်ပတ်ဝန်းကျင်က သူငယ်ချင်း ယောကျာ်းလေးတွေ၊ အစ်ကို၊ မောင်နဲ့ ဦးလေးတွေမှာ အောက်ပါ လက္ခဏာတွေ ရှိတယ် ဆိုရင်တော့ စိတ်ဓာတ်ကျ ရောဂါရဲ့ လက္ခဏာတွေလား ဆိုတာ နားလည်နိုင်စေဖို့ ဖော်ပြပေးလိုက် ပါတယ်။
၁။ နောက်ကျော သို့မဟုတ် ဗိုက်နာခြင်း
အမျိုးသား အများစုဟာ စိတ်ကျရောဂါ စတင်တော့မယ် ဆိုရင် အများအားဖြင့် နောက်ကျောနေရာက နာကျင်နေတတ်တာမျိုး၊ ဒါမှမဟုတ် မကြာခဏ ဆိုသလို ဗိုက်အောင့်၊ ဗိုက်နာဖြစ်တာမျိုးတွေ ခံစားကြရတတ်ပါတယ်။ စိတ်ဖိစီးမှု များလာလေလေ နာကျင်မှုက မသက်သာဘဲ နာတာရှည် ပုံစံမျိုး ဖြစ်လာတတ် ပါတယ်။ ဒါဟာ စိတ်ကျရောဂါ စတင်ဖို့ ဦးတည်နေပါတယ်။ ကျန်းမာတဲ့ စားသောက်မှုပုံစံနဲ့ လေ့ကျင့်ခန်းက ယင်းပြဿနာကို ဖြေရှင်းနိုင်ပါလိမ့်မယ်။
၂။ အစာစားလိုစိတ် မရှိခြင်းနှင့် ကိုယ်အလေးချိန် ကျခြင်း
ပုံမှန်စားနေကျ အစားအစာတွေကိုတောင် အရသာမရှိဘူးလို့ ဆိုလာတတ်ပါတယ်။ ခံတွင်းပျက် နေတတ်ပြီး ဘာစားစား အရသာ မရှိဘူးလို့ ခံစားနေရတတ်ပါတယ်။ အစာမစားတာ အချိန် ကြာလာတာကြောင့် သင့်ဝေဒနာက ပိုဆိုးလာနိုင်ပါတယ်။ ရုတ်တရက် ကိုယ်အလေးချိန် ထိုးကျသွားတာမျိုး၊ ကိုယ်အလေးချိန် တိုးလာတာမျိုးတွေ ဖြစ်တတ်ပါတယ်။
၃။ စိတ်တို၊ ဒေါသဖြစ်လွယ်ခြင်း
စိတ်ဖိစီးမှုတွေ များလာတဲ့ အချိန်မျိုးမှာ စိတ်ခံစားမှုတွေက အထိမခံ ဖြစ်လာပြီး စိတ်တိုဒေါသ ဖြစ်လွယ် လာတတ်ပါတယ်။ စိတ်တိုဒေါသ ဖြစ်တာတွေက မကြာခဏ ဆိုသလို ဖြစ်ပေါ်လာတတ်ပြီး တစ်ခါတလေ အကြောင်းပြချက် ရေရေရာရာ မရှိဘဲ စိတ်တိုနေတတ် ပါတယ်။ ယောဂလေ့ကျင့်ခန်းတွေက သင့်ကို ကူညီနိုင်ပါလိမ့်မယ်။
၎။ စိတ်အာရုံ စုစည်းရန် ခက်ခဲခြင်း
စိတ်ကျခြင်းရဲ့ အဓိက ပြဿနာရပ် ပါပဲ။ စိတ်အာရုံကို မစုစည်းနိုင်ဘဲ စိတ်ဂနာမငြိမ် ဖြစ်လာပါတယ်။ ဆုံးဖြတ်ချက် တစ်ခုကို ချဖို့တွက် တွေဝေနေတတ်ပြီး တော်ရုံကိစ္စတွေကို ဝေခွဲရခက်ခဲ နေတတ်ပါတယ်။ ပြဿနာ အသေးအဖွဲတွေကိုတောင် စိတ်ဒုက္ခရောက်နေ တတ်ပြီး အမြဲတမ်း တွေဝေနေတတ်ပါတယ်။
၅။ စိတ်လှုပ်ရှား နေတတ်ခြင်း
အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ စိတ်ဂနာမငြိမ်ခြင်း လိုမျိုးပဲ စိတ်လှုပ်ရှား နေတတ်ပြီး၊ အကြောင်းအရာ တစ်ခုခုကို မှန်မှန်ကန်ကန် ပြောဆိုဖို့ ခက်ခဲနေတတ်ကာ လူအများက သင့်ကို မယုံမကြည် ဖြစ်လာတဲ့အထိ စိတ်ဂနာမငြိမ်မှုတွေ ဖြစ်ပေါ်နေတတ်ပါတယ်။ တခြားသူတွေက အပြစ်ပြောဆိုမှာလား ဆိုတဲ့ အတွေးမျိုးတွေ ဖြစ်ပေါ်နေတတ်ပြီး လိမ်လည်ပြောဆိုမှုတွေ ဖြစ်ပေါ်လာတတ် ပါတယ်။ အနားယူခြင်း မရှိဘဲ အချိန်ကြာကြာ အလုပ်လုပ်တာကြောင့် စိတ်လှုပ်ရှားမှုဟာ ပိုဆိုးလာတတ် ပါတယ်။ သက်သောင့်သက်သာနဲ့ စိတ်အပန်းပြေစေမယ့် ခရီးထွက်တာမျိုးက ကူညီနိုင်ပါလိမ့်မယ်။
၆။ အရက် ပိုသောက်လာခြင်း
စိတ်ကျရောဂါ ပိုဆိုးလာချိန်မျိုးမှာ အရက်နဲ့ မူးယစ်ဆေးဝါးတွေကို စွဲလမ်း နှစ်ခြိုက်လာတတ်ပြီး၊ အရက်နဲ့ မူးယစ်ဆေးဝါး သုံးဆွဲပြီးချိန်မှာ ဖြစ်ပေါ်လာတတ်တဲ့ ခန္ဓာကိုယ်က နှစ်ခြိုက်မှုအပေါ်မှာ သာယာနေတတ် တာကြောင့် အရက်နဲ့ မူးယစ်ဆေးဝါးတွေကသာ စိတ်သက်သာရာ ရစေတယ်လို့ ထင်မြင်လာတတ် ပါတယ်။
၇။ လိင်စိတ် ကုန်ခန်းခြင်း
အမျိုးသား အများစုဟာ အမျိုးသမီးတွေထက် လိင်ကိစ္စကို စိတ်ဝင်စားပြီး၊ ပျော်မွေ့တတ်ကြပါတယ်။ လိင်ကိစ္စမှာ စိတ်မ၀င်စားတော့ဘဲ ဖြစ်လာပြီဆိုရင်တော့ ဒါဟာ တစ်ခုခု မှားယွင်းနေတာပါပဲ။ စိတ်ကျရောဂါ အခြေအနေ ပိုဆိုးလာတာနဲ့ အမျှ လိင်ကိစ္စကို လုံးဝ စိတ်မ၀င်စားတော့ဘဲ အိမ်ထောင်ရေး သာယာမှုတွေလည်း လျော့နည်းလာပါ တော့တယ်။
၈။ အဆိုးမြင်စိတ် ပိုလာခြင်း
အရာရာကို အကောင်းမြင်စိတ် မရှိတော့ဘဲ အပြုသဘောဆောင် တွေးတောမှုတွေ နည်းလာပါတယ်။ ပျော်ရွှင်ရယ်မောမှုတွေ နည်းပါးလာပြီး စိတ်အလိုမကျမှုတွေကသာ ဦးဆောင်နေတတ်တာကြောင့် သင့်ပတ်ဝန်းကျင်က လူတွေကလည်း သင်နဲ့ စကားပြောဆိုဖို့ ၀န်လေးလာကြပါတယ်။ တစ်ယောက်တည်း မျက်ရည်တွေ ကျပြီး ငိုနေတာမျိုး၊ စကားတွေ ပြောနေတာမျိုး ဆိုရင်တော့ နာတာရှည် စိတ်ကျရောဂါ ဖြစ်သွားနိုင်ပါတယ်။ အတတ်နိုင်ဆုံး အပြုသဘောဆောင် တွေးတောတတ်ဖို့ လေ့ကျင့်ပေးသင့် ပါတယ်။ ဖော်ပြပါ လေ့ကျင့်မှုတွေကို ပြုလုပ်နေတာတောင် စိတ်သက်သာရာ မရဘူး ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုအပ်နေပါပြီ။

Swesone Media Group

နောက်တစ်ကြိမ် မိန်းမကိုယ် မှိုစွဲခြင်း မဖြစ်စေရန်


မိန်းမကိုယ်တစ်ဝိုက် ဘက်တီးရီးယားပိုးတွေ မမျှတမှုကြောင့် မိန်းမကိုယ် ယားယံတာနဲ့ မသက်မသာ ဝေဒနာတို့ ဖြစ်တတ်ပါတယ်။ မိန်းမကိုယ် မှိုစွဲဝေဒနာကို မကြာခဏ ရတတ်သူတွေ အနေနဲ့ နောက်တစ်ကြိမ် မိန်းမကိုယ် မှိုစွဲ ဝေဒနာ မဖြစ်စေဖို့ ရှောင်လွှဲနိုင်မယ့် နည်းတွေကို ရေးသားလိုက်ရပါတယ်။
ဖြည့်စွက်ဆေး မှီဝဲပါ။
တစ်နှစ်မှာ သုံးကြိမ်ထက်ပိုပြီး မိန်းမကိုယ်မှိုစွဲ ဝေဒနာရရင် အကျိုးပြု ဘက်တီးရီးယား လက်တိုဘက်ဆဲလ်လပ်စ် ပါဝင်တဲ့ ဖြည့်စွက်ဆေးကို နေ့စဉ် မှန်မှန် မှီဝဲပေးပါ။ လေ့လာမှုအရ ဒီဖြည့်စွက်ဆေးဟာ မိန်းမကိုယ်ရဲ့ pH ကို ပုံမှန်ဖြစ်အောင် ထိန်းပေးနိုင်တဲ့ လက်တစ်အက်စစ်နဲ့ တခြားဓာတ်တွေ ထွက်ရှိမှုကို အားပေးပြီး မှိုပိုးပေါက်ဖွားမှု မဖြစ်အောင် ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။
ခြောက်သွေ့နေပါစေ။
ပူနွေးစွတ်စိုတဲ့ ပတ်ဝန်းကျင်ဟာ မှိုပိုးပေါက်ဖွားစေတဲ့ အခြေအနေကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် အတွင်းခံဘောင်းဘီကို ချည်သားဝတ်ဆင်ပြီး တင်းကျပ်နေရင်၊ စိုစွတ်နေရင်၊ ချွေးထွက်နေရင် အတွင်းခံ ဘောင်းဘီကို အသစ်လဲပေးပါ။
မလိုအပ်သော ဓာတုပစ္စည်းများကို ထိန်းချုပ်ပါ။
မိန်းမကိုယ် သန့်ရှင်းရေး အတွက် သုံးတဲ့ အရာတွေ အားလုံးဟာ မိန်းမကိုယ်တစ်ဝိုက် နူးညံ့တဲ့ ဂေဟစနစ် မျှခြေကို မထိခိုက်စေတဲ့ အရာတွေ ဖြစ်ဖို့ အရေးကြီးပါတယ်။
သင့်ကိုယ်သင် ဂရုစိုက်ပါ။
အားနည်းတဲ့ ကိုယ်ခံစွမ်းအား စနစ်ဟာ ကူးစက်ပိုး ၀င်လွယ်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကို တတ်နိုင်သမျှ ထိန်းချုပ်ပြီး အိပ်စက်မှုကို ဦးစားပေးကိစ္စ အနေနဲ့ ဆောင်ရွက်ပါ။
အချို လျှော့ပါ။
မှိုပိုးတွေက သကြားကို စားသုံးပြီး ပွားများတတ်ပါတယ်။ ဒါကြောင့် သွေးတွင်း သကြားဓာတ် မြင့်တက်စေမယ့် ချိုတဲ့ မုန့်ပဲ သရေစာ၊ အချိုရည်နဲ့ ပြုပြင်ထားတဲ့ အစားအသောက်တွေကို ရှောင်ပါ။ ကောင်းတဲ့ ဘက်တီးရီးယားတွေ ပါဝင်တဲ့ ဒိန်ချဉ်နဲ့ ကြက်သွန်ဖြူတို့ဟာ အစွမ်းထက် ဖန်းဂတ်စ် ပိုးသတ်အာနိသင် ရှိကြပါတယ်။ပဋိဇီဝ ပိုးသတ်ဆေးကို ရှောင်ပါ။
ပဋိဇီဝ ပိုးသတ်ဆေးတွေက ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ ဘက်တီးရီးယားတွေ အပါအ၀င် ဘက်တီးရီးယား အားလုံးကို သေစေနိုင်တာကြောင့် ပဋိဇီဝ ပိုးသတ်ဆေးတွေကို ဆရာဝန် မညွှန်ကြားဘဲ မသောက်ပါနဲ့။ လိုအပ်မှသာ သောက်သင့်ပါတယ်။

Swesone Media Group

အသက် (၂၁) နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး အသတ်ခံရမှု တောင်ဒဂုံမြို့နယ်တွင် ဖြစ်ပွား


တောင်ဒဂုံမြို့နယ်၊ ရွာသာကြီးရပ်ကွက်၌ အသက် ၂၁ နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ၎င်းသန္ဓေသားနှင့်အတူ ပုပ်ပွသေဆုံးလျက် တွေ့ရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၂၃ ရက်က တောင်ဒဂုံမြို့နယ်၊ ရွာသာကြီးရပ်ကွက်ရှိ ဒီဇင်ဘာအိမ်ရာ မုခ်ဦးအ၀င်လမ်း၏ အနောက်ဘက်ကွင်းထဲတွင် ဒဏ်ရာများဖြင့် ပုပ်ပွသေဆုံးနေသည့် အမျိုးသမီးအလောင်းနှင့် သန္ဓေသား အလောင်းတို့အား တွေ့ရှိခဲ့ကြောင်း သိရသည်။
ယင်းအလောင်းတို့အား ဒဂုံတောင်မြို့မ ရဲစခန်းမှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ အမှတ် ၂ လမ်း၊ ရွာသာကြီးရပ်ကွက်၊ ဒဂုံအရှေ့မြို့နယ်နေသူ မအေးအေးအောင် ၂၁ နှစ် ဖြစ်ကြောင်း သိရပြီး ၎င်းနှင့်သန္ဓေသား အလောင်းတို့အား သင်္ကန်းကျွန်း စံပြဆေးရုံကြီးသို့ ပို့ဆောင်စစ်ဆေးခဲ့ကြောင်း သိရသည်။
အလောင်းအား ရင်ခွဲစစ်ဆေးချက်အရ သေဆုံးသူ မအေးအေးအောင်မှာ လည်ပင်းယာဘက် အရိုက်ခံခဲ့ရပြီး လေပြွန်တွင် သွေးတွေ့ရှိကြောင်း၊ အစာပြွန်တွင် ရွှံ့ဝင်နေပြီး သားအိမ်မှာ ပေါက်ထွက်နေကြောင်း၊ အပြင်တွင် တွေ့ရှိခဲ့ရသည့် ၎င်း၏ငါးလအရွယ်ခန့်ရှိ သန္ဓေသားမှာလည်း ဗိုက်ပေါက်နေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
ထို့အပြင် သေဆုံးသူသည် အရိုက်ခံရပြီး သတိလစ်နေချိန်တွင် လည်ပင်းအား လုံချည်ဖြင့်ညှစ်၍ သတ်ခဲ့ကြောင်း၊ ဗိုက်မှာအကန်ခံရ၍ သားအိမ်ပေါက်ကာ သန္ဓေသားမှာ အပြင်သို့ထွက်ကျခဲ့ပြီးနောက် ဗိုက်ပေါက်အူထွက်ကာ သေဆုံးရခြင်းဖြစ်ပြီး သေဆုံးသည့်အချိန်မှာ ၄/၅ ရက်ခန့် ရှိပြီဖြစ်နိုင်ဖွယ်ရှိကြောင်း ကျူးလွန်သူများမှာ ၃ ယောက် သို့မဟုတ် ၄ ယောက်ခန့် ရှိနိုင်ကြောင်း မှုခင်းဆရာဝန်ကြီး၏ စစ်ဆေးချက်အရ သိရသည်။
အဆိုပါ သေဆုံးသူ မအေးအေးအောင်မှာ ကိုယ်ဝန် ၅ လခန့် ရှိနေကြောင်းသိရပြီး ဇူလိုင် ၁၉ ရက်ညပိုင်းက ၎င်း၏ရည်းစားဖြစ်သူ ပြည့်ဝအောင်မှ ၎င်းအလုပ်လုပ်နေသည့် အအေးခန်းစက်ရုံသို့ လာရောက်ခေါ်ဆောင် သွားခဲ့ကြောင်း စက်ရုံရှိ သက်သေများ၏ ပြောပြချက်အရ သိရသည်။
တောင်ဒဂုံမြို့နယ်၊ ရွာသာကြီးရပ်ကွက်ရှိ ဒီဇင်ဘာအိမ်ရာ မုခ်ဦးအ၀င်လမ်း၏ အနောက်ဘက်ကွင်းထဲတွင် ဒဏ်ရာများဖြင့် ပုပ်ပွသေဆုံးနေသည့် အမျိုးသမီးအလောင်းနှင့် သန္ဓေသား အလောင်းတို့အား တွေ့ရှိခဲ့ကြောင်း . . . . .
သေဆုံးသူ၏ မိခင်ဖြစ်သူ ဒေါ်မိုးမိုးဝင်းက "ကျွန်မသမီးလေးက အဲ့ဒီနေ့က အလုပ်ဆင်းနေတာပါ။ အလုပ်ပြန်ချိန်မှာလည်း သူ့အဖေကို လာကြိုဖို့ကို ပြောထားတယ်။ သူ့အဖေ သွားကြိုတော့ သူနဲ့မတွေ့ခဲ့ဘဲ သူ့ရည်းစားနဲ့ လိုက်သွားတယ်လို့ စက်ရုံက အလုပ်သမားတွေက ပြောပါတယ်။ မနက်ကျတော့ သူ့ရည်းစား အလုပ်လုပ်တဲ့ စက်ရုံကိုသွားပြီး မေးပါသေးတယ်။ သူကမသိဘူးလို့ ဖြေတယ်" ဟု ဇူလိုင် ၂၃ ရက် မွန်းလွဲပိုင်းက ၎င်း၏နေအိမ်တွင် ဆိုသည်။
သေဆုံးသူ၏ မိခင်မှ ဇူလိုင် ၂၀ ရက် နံနက်အစောပိုင်းတွင် ပြည့်ဝအောင်ကို သေဆုံးသူ မအေးအေးအောင်အကြောင်း သွားရောက်မေးမြန်းပြီးနောက် ၎င်းမှာယင်းနေ့နံနက် ၁၀ နာရီခန့်ကပင် ရပ်ကွက်ထဲတွင် မတွေ့ရှိတော့ကြောင်း သိရသည်။
သေဆုံးသူ၏ ဖခင်ဖြစ်သူ ဦးမြင့်အောင်က "၂၁ ရက်မှာ ပြည့်ဝအောင်ရဲ့ နေအိမ်ကို သွားပြီးတော့ သူ့မိဘတွေနဲ့ ကျွန်တော်သွားတွေ့ပါတယ်။ ကျွန်တော့်သမီးလေး ပျောက်သွားတာ သုံးရက်ရှိပြီ။ ကျွန်တော့်သမီးလေးကို ခိုးသွားတယ်ဆိုရင်လည်း ၀ါဝင်တော့မှာမို့လို့ မိသားဖသားပီပီ ပြန်အပ်ပါလို့ပြောတော့ သူတို့က မသိဘူးလို့ပဲ ငြင်းတယ်။ ကျွန်တော့်သမီးလေး ဒီလိုမျိုး ရက်ရက်စက်စက် အသတ်ခံရတာ ကျွန်တော့်စိတ်ထဲမှာ ဘယ်လိုမှ ဖြေဆည်လို့ မရနိုင်ပါဘူး။ ဒီဖြစ်စဉ်ကို တာဝန်ရှိသူတွေက အမှန်တရားကို အမြန်ဆုံး ဖော်ထုတ်ပေးစေချင်ပါတယ်" ဟု ဆိုသည်။
သေဆုံးသူ၏ ဖခင်ဖြစ်သူက ပြည့်ဝအောင်၏ နေအိမ်သို့ သွားရောက်မေးမြန်းခဲ့သည့် ဇူလိုင် ၂၁ ရက်တွင်ပင် ပြည့်ဝအောင်၏ မိသားစုအားလုံးမှာ နေအိမ်တွင် မရှိတော့ဘဲ ဇူလိုင် ၂၄ ရက် ညနေပိုင်းအထိ ပျောက်ဆုံးလျက်ရှိကြောင်းလည်း သိရသည်။
အဆိုပါဖြစ်စဉ်မှ ကျူးလွန်သူဟု ယူဆရသည့် သေဆုံးသူ၏ ရည်းစားဖြစ်သူ ပြည့်ဝအောင်ကို တောင်ဒဂုံမြို့မ ရဲစခန်းမှ (ပ) ၆၀၂/၁၃ ပုဒ်မ-၃၀၂ ဖြင့်အမှုဖွင့်ပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Eleven