တောင်ငူခရိုင်အတွင်း ရေကျဆင်းသွားပြီ ဖြစ်သော်လည်း ကယ်ဆယ်ရေး စခန်းများရှိ ရေဘေးဒုက္ခသည် ၄၀၀၀၀ ကျော်အတွက် ထိရောက်သည့် ပံ့ပိုးမှု မရရှိသေး

တောင်ငူမြို့ရှိ ရေဘေး ကယ်ဆယ်ရေး စခန်းတစ်ခု၌ ထမင်းထုပ်များ ပေးဝေနေစဉ်
တောင်ငူခရိုင်တွင် စစ်တောင်းမြစ်ရေ ကြီးသဖြင့် ရေဘေး ကယ်ဆယ်ရေး စခန်းများတွင် လာရောက်ခိုလှုံသည့် ရေဘေးဒုက္ခသည် လေးသောင်းကျော် ရှိနေပြီး အချို့နေရာများတွင် အစားအသောက်နှင့် ရိက္ခာအခက်အခဲများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။

နှစ်ပေါင်း ၄၀ အတွင်း စံချိန်တင် မြစ်ရေကြီးမှု ဖြစ်ပွားခဲ့ရာ တောင်ငူမြို့ခရိုင်အတွင်းရှိ တောင်ငူ၊ ရေတာရှည်၊ ထန်းတပင်နှင့် အုတ်တွင်းမြို့နယ်တို့တွင် ရေဘေး ကယ်ဆယ်ရေး စခန်းများထားရှိခဲ့ရပြီး ရေဘေးကြောင့် ကယ်ဆယ်ရေး စခန်းများသို့ ရွှေ့ပြောင်းနေထိုင်သူ ဦးရေ လေးသောင်းကျော် ရှိခဲ့သည့်အပြင် တောင်ငူမြို့နှင့် ရေတာရှည် မြို့နယ်တို့တွင် ရန်ကုန်-မန္တလေးလမ်းမများ အထိပင် ရေကျော်လွန် မြင့်တက်ခဲ့ပြီး သီးနှံစိုက်ခင်းများနှင့် မိုးစပါးများလည်း ရေ၀င်နစ်မြုပ် ပျက်စီးမှု ဖြစ်ပွားလျှက်ရှိသည်။ စစ်တောင်းမြစ်ရေသည် အောက်တိုဘာ ၁ ရက် မွန်းလွဲ ၃ နာရီခွဲအချိန် တိုင်းထွာချက်အရ ၇၁၃ စင်တီမီတာမှ ၇၀၀ စင်တီမီတာသို့ အနည်းငယ် ပြန်လည် ကျဆင်းသွားသော်လည်း တောင်ငူမြို့၏ စစ်တောင်းမြစ် စိုးရိမ်ရေအမှတ်အထက် သုံးပေခွဲနီးပါးခန့် ဆက်လက် မြင့်တက်နေလျှက်ရှိရာ ရေဘေးဒုက္ခသည်များမှာ မိမိနေရပ်သို့ ပြန်လည်ရွှေ့ပြောင်း နေထိုင်နိုင်ခြင်း မရှိသေးဘဲ မြို့ပေါ်ရပ်ကွက် ကယ်ဆယ်ရေး စခန်းများတွင် ရှိနေကြောင်း၊ တစ်နေ့လျှင် နှစ်ကြိမ် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် စေတနာရှင် အလှူရှင်များ၏ အကူအညီ အထောက်အပံများ ရရှိနေသော်လည်း သွားလာရ ခက်ခဲသော နေရာများမှ ရေဘေးဒုက္ခသည်များမှာ အစားအသောက်ရိက္ခာ အခက်အခဲများ ဖြစ်ပေါ်လျှက် ရှိကြောင်း၊ ရေဘေးဒုက္ခသည်များအား လိုက်လံ ကူညီဆောင်ရွက်ပေးနေသော တောင်ငူမြို့ ပရဟိတ လူမှုရေးအသင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

"တာဝန်ရှိတဲ့ သူတွေဆီက အထောက်အပံတွေ ပေးပေမယ့် လုံလောက်မှု မရှိဘူး။ ရိက္ခာ အစားအသောက်လှူတဲ့ အလှူရှင်တွေက မြို့ပေါ် ကယ်ဆယ်ရေး စခန်းတွေလောက်မှာပဲ အလွယ်တကူ ရှိကြတာ၊ အတွင်းပိုင်းမှာ ရှိတဲ့ကယ်ဆယ်ရေးစခန်းက လူတွေက အလွယ်တကူ ရိက္ခာမရကြသလို အလှူရှင်တွေလည်း သွားဖို့မလွယ်တဲ့အတွက် အစားအသောက်အတွက် တော်တော် အခက်အခဲ ဖြစ်နေကြပါတယ်"ဟု တောင်ငူမြို့ ၂၄ နာရီ လူမှုကူညီရေးအသင်းမှ ကိုဇော်လွင်က ပြောကြားသည်။

Eleven Media Group

လယ်တီသိမ်အက်ကွဲ သတင်းကြောင့် တုံရွာထိပ်မှာ သပိတ်စခန်းဖွင့်


လက်ပံတောင်း ကြေးနီ စီမံကိန်း မိုင်းခွဲမှုတွေကြောင့် လယ်တီ ဆရာတော် သမုတ်တဲ့ သိမ် အက်ကွဲသွားတယ် ဆိုတဲ့ သတင်းတွေ ထွက်နေလို့ သံဃာနဲ့ လူတခိျု့ သွားကြည့်တာကို အာဏာပိုင်တွေက တားမြစ်ခဲ့ပါတယ်။

တားမြစ်ခံရတဲ့ ဒေသခံ ရဟန်း ရှင်လူတွေက တုံရွာထိပ်မှာ သံဃာခြောက်ပါး အပါအဝင် လူအင်အား ၂ဝဝလောက်နဲ့ သိမ် ကာကွယ်ရေး သပိတ်စခန်းကို ဖွင့်လှစ်ခဲ့တယ်လို့ ဒေသခံ တယောက်က ဘီဘီစီကို ပြောပါတယ်။

သူတို့ရဲ့ တောင်းဆိုချက်တွေကတော့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းပေးရေးနဲ့ လယ်တီ သိမ် မဖျက်ရေးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

အာဏာပိုင်တွေက သူတို့ကို သပိတ်စခန်း သိမ်းဖို့ လာရောက် ပြောကြားခဲ့ပြီး လုံခြုံရေးတွေ တိုးမြှင့်ချထားတာ အခုဆိုရင် အင်အား ၁ဝဝ ကျော်လောက် ရှိတယ်လို့ သူက ပြောပါတယ်။

အရင်က အဲဒီမှာ မိုင်းခွဲဖူးပေးမယ့် သိမ်နဲ့ ဝေးကြောင်း အခုမိုင်းခွဲတဲ့ နေရာက သိမ်နဲ့နီးတာကြောင့် သိမ်အက်သွားတယ်လို့ သတင်းရပေမယ့် သိမ်ဖက်ကို အဝင်မခံဘဲ ပိတ်ထားတာကြောင့် အတိအကျ ပြောဖို့ ခက်တယ်လို့ ဆိုပါတယ်။

စီမံကိန်း လုပ်ဆောင်နေတဲ့ နေရာမှာ သွပ်ဆူးကြိုး ချထားပြီး ကင်းတွေလည်း ချထားတယ်လို့ သူက ပြောပါတယ်။

အထက်က ဖြန်ဖြေသူတွေက အဲဒီနေရာကို မဝင်ဖို့ အဲဒီနားကို မကပ်ဘို့ မှာထားတယ်လို့လည်း သူက ဆိုပါတယ်။

ဖြန်ဖြေသူတွေ အနေနဲ့ အတိအကျ အဖြေပေးနိုင်တာ မရှိဘဲ သူတို့က တနေ့ကို သုံးထောင့်ငါးရာ ၊ လေးထောင်ကျပ်ပေးပြီး လူတွေကို သွေးထိုး ပေးနေ ၊ ဒေသခံတွေနဲ့ ရန်တိုက် ပေးနေတယ်လို့လည်း ဒေသခံက ပြောပါတယ်။

သူတို့ မီးကင်းတွေကိုလည်း ဖျက်ပစ်ပြီး ၊ ရွာကို မီးတင်ရှို့မယ်လို့ ခြိမ်းခြောက်နေတာကြောင့် စိုးရိမ်နေရကြောင်း သူက ဆိုပါတယ်။

ရုံးမှာ သွားတိုင်ရင်လည်း အရေးယူတာ မရှိဘဲ သူတို့ဖက်က အပြစ်ရှိရင်တော့ ခေါ်ပြီး အရေးယူလေ့ရှိတယ်လို့ သူက ရှင်းပြပါတယ်။

သူတို့ အနေနဲ့ ရွာပြင်မှာ မီးကင်းချထား ညအိပ်စောင့်နေကြရတယ်လို့ ပြောပါတယ်။

လက်ပံတောင်းတောင် ကော်မရှင်က ဆက်ဆံရေး ရုံး ဖွင့်ထားပြီး ဒေသခံတွေနဲ့ ဆွေးနွေးပေမယ့် သူတို့ကလည်း အဖြေ မပေးနိုင်ဘူးလို့ သူက ဆိုပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

မာတ်တူးကားတစ်စီး ချင်းတွင်းမြစ်ကြောင်းအတွင်း အရှိန်လွန်ထိုးကျခဲ့ရာမှ လူတစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ


ချင်းတွင်းမြစ်၏ မြစ်ဖျားမြို့တစ်မြို့ဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ဆင်သေကျေးရွာ ဆိပ်ကမ်းတွင် အောက် တိုဘာ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က မတ်တူးကားတစ်စီး ချင်းတွင်းမြစ်ကြောင်းအတွင်းသို့ ထိုးကျခဲ့ရာမှ လူသေ ဆုံးမှုဖြစ်ပွားခဲ့ကြောင်း အဆိုပါ ဒေသရှိ ရဲဝန်ထမ်းတစ်ဦးမှ အတည်ပြုပြောကြားလိုက်သည်။

ချင်းတွင်းမြစ်ကြောင်းအတွင်းသို့ အရှိန်လွန်၍ ထိုးကျခဲ့သော မာတ်တူးကား အဖြူရောင် အမျိုးအစား ယာဉ်အမှတ် ၉ဃ/ ၃၆ ×× ယာဉ်အား ခန္တီးမြို့နယ်၊ ဆင်သေ ဆောက်လုပ်ရေးလုပ်ငန်းဆိုက် အမှတ် (၉၄၁)နေ ကိုမြင့်လေး ဆိုသူမှမောင်းနင်းလာ ခဲ့ပြီး အဆိုပါကားအား ကုန်တင်ရေယာဉ်ပေါ်သို့ တင်ဆောင်ရာတွင် အရှိန်လွန်၍ မြစ်ကြောင်းအတွင်းသို့ ထိုးကျခဲ့ခြင်းဖြစ် သည်။

ထိုသို့ မြစ်ကြောင်းအတွင်းအရှိန်လွန်၍ ကားထိုးကျခဲ့သည့်အတွက် ယာဉ်မောင်းဖြစ်သူ ကိုမြင့်လေးဆိုသည် ထိုနေရာ၌ သေဆုံးခဲ့ပြီး ယာဉ်ပေါ်ပါ ဦးရဲကိုကို ဆိုသူ၏ ၀ဲဘက်နားရွက်ပြတ်ရှ ဒဏ်ရာများရရှိခဲ့ကြောင်း သက်ဆိုင်ရာ၏ ဆေးစာမှတ် တမ်းများအရ သိရသည်။

“ ပတ်ဝန်းကျင်ရှိ ဆိပ်ကမ်းလုပ်သားများက အချိန်မီကယ်ဆယ်ပေးနိုင်တဲ့အတွက် လူတစ်ယောက်ပဲ အသက်ဆုံးရှုံးခဲ့ရတာပါ ..” ဟု အဆိုပါ ဖြစ်စဉ်အား မြင်တွေ့လိုက်ရသူ ဆင်သေကျေးရွာနေ ရပ်မိရပ်ဖတစ်ဦးမှ ပြောသည်။

ထို့နောက် မာတ်တူးကားတစ်စီး အရှိန်လွန်၍ မြစ်ကြောင်းအတွင်း ထိုးကျခဲ့သည့်နေရာသို့ ခန္တီးမြို့မရဲစခန်းမှ ဒုရဲအုပ် ထိန်ဝင်းနှင့်အဖွဲ့မှ ရောက်ရှိလာပြီ ကူညီဆောင်ရွက်မှုများပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ လည်း ခန္တီးမြို့မရဲစခန်းမှ ယာဉ်(ပ) ၄ /၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၄(က) / ၃၃၇/ ၃၃၈ အရ အမှုရေးဖွင့်ခဲ့ကြောင်း သိရှိရသည်။

သတင်း၊ ကိုတိုးကြီး (ဖေ့ဘုတ်)

သူရိယနေဝန်းဂျာနယ် သတင်းစာရှင်းလင်းပွဲ ၈၈ မျိုးဆက်ကျောင်းသားများ တက်ရောက်


ရန်ကုန်၊ နိုဝင်ဘာ ၂

အာဏာရှင်စနစ်နှင့် ခရိုနီဝါဒကို တိုက်ဖျက်ရန် ထုတ်ဝေသည်ဆိုသော သူရိယနေဝန်းဂျာနယ် သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၂ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏရှိ ၁၀၁ စားသောက်ဆိုင်နှင့် KTV ဆိုင်တွင် ပြုလုပ်ခဲ့ရာ ၈၈ မျိုးဆက် ကျောင်းသားများနှင့် ABSDF အဖွဲ့ဝင် ပုဂ္ဂိုလ်များ တက်ရောက်ပြီး ၎င်းတို့၏ သဘောထားအမြင်များကို ပြောကြားခဲ့သည်။

ထို့ပြင် ၈၈ မျိုးဆက် ကျောင်းသားလည်းဖြစ်၊ ABSDF တပ်ရင်းမှူးလည်း ဖြစ်သူ ဦးခင်မောင်စန်းကလည်း ငြိမ်းချမ်းရေး အဖွဲ့အစည်းအနေနဲ့ သူရိယနေဝန်း ဂျာနယ်နောက်တွင် ရှိကြောင်း၊ သူရိယနေဝန်း ဂျာနယ်မှာ စတင်ထုတ်ဝေခါစဖြစ်၍ အမှားအယွင်း ရှိပါက ခွင့်လွှတ်စေလို ကြောင်း ဂျာနယ်အချင်းချင်း မတိုက်ခိုက်စေလိုကြောင်း ယင်းသတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

သူရိယနေဝန်းဂျာနယ် အနေဖြင့် ခရိုနီ တစ်ဦးချင်းကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်နေခြင်း မဟုတ်ကြောင်း၊ အာဏာရှင်ဝါဒနှင့် ခရိုနီစနစ်ကိုသာ တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ ရေးသားရခြင်းမှာလည်း မီဒီယာတာဝန်ကို ထမ်းဆောင်နေခြင်းသာ ဖြစ်ကြောင်း သူရိယနေဝန်း ဂျာနယ်တိုက်၏ အမှုဆောင် အရာရှိချုပ်ဖြစ်သူ ဦးမိုးဟိန်းက ဆိုသည်။
“ခရိုနီတွေကို ဖော်ကောင်လုပ်တိုင်း ပြည်သူတွေဘက် ရပ်တည်တာတော့ မဟုတ်ဘူး။ ၈၈ က ထောက်ခံတာ ထောက်ခံလို့ ရတယ်။ စာနယ်ဇင်းနဲ့ နိုင်ငံရေးဆိုတာ လိုင်းမတူဘူး။ သူထောက်ခံတိုင်းလည်း မှန်တာမဟုတ်ဘူး။ သူမထောက်ခံတိုင်းလည်း မှားတာမဟုတ်ဘူး။ ခုက ဘယ်လို သဘောလဲဆိုတော့ နာမည်ကြီးတဲ့သူကို ဗွက်နဲ့ ပေါက်ရင် ငါလည်း နာမည်ကြီးမှာပဲလို့ ထင်နေတဲ့ သဘောမျိုး ဖြစ်နေတယ်။ စာနယ်ဇင်းဆိုတာ ရဲရဲတင်းတင်း ရေးလို့ရပါတယ်။ ရိုင်းလို့ မရပါဘူး။ ရမ်းကားလို့လည်း မရပါဘူး”
ဟု မြန်မာဂျာနယ်လစ်ကွန်ရက် အလုပ်အမှုဆောင် အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးနိုင်မင်းဝေက သူ၏သဘောထားအမြင်ကို ပြောကြားသည်။

သူရိအလင်းဂျာနယ်တွင် အယ်ဒီတာများ ကန့်ကွက်သည့်ကြားက ပုဂ္ဂိုလ်ရေး ထိပါးသည့် ဆောင်းပါးများကို စီအီးအို ဦးမိုးဟိန်းက ၎င်းတစ်ဦးတည်း သဘောထားဖြင့် ထည့်သွင်း ဖော်ပြခဲ့မှုကို ကန့်ကွက်ကြောင်း၊ သူရိအလင်းဂျာနယ်ကို ဆက်လက်ထုတ်ဝေတော့မည် မဟုတ်ကြောင်း ထုတ်ဝေသူ ဦးယုနိုင်နှင့် အယ်ဒီတာအဖွဲ့က နိုင်ငံပိုင် သတင်းစာတွင် အောက်တိုဘာလ ၂၁ ရက်က ကြေညာခဲ့သည်။
“သူရိယအလင်းဂျာနယ် ပိတ်သိမ်းခံရတာနဲ့ ပတ်သက်ပြီး ရှုတ်ချတယ်” ၈၈ မျိုးဆက်ကျောင်းသား တစ်ဦးဖြစ်သူ ကိုဌေးကြွယ်က ဆိုသည်။

အဆိုပါ သူရိယအလင်းဂျာနယ်ကို ရပ်ဆိုင်းလိုက်ရပြီးနောက် သူရိယနေဝန်း အမည်ဖြစ် ဆက်လက်ထုတ်ဝေမည် ဖြစ်ကြောင်း ဦးမိုးဟိန်းက ပြောသော်လည်း ဝန်ထမ်းများမှာ ဆက်လက်လုပ်ကိုင်လိုခြင်း မရှိသဖြင့် နစ်နာကြေး တောင်းခံကာ အလုပ်ထွက်လိုက်ခြင်း ဖြစ်ကြောင်း သူရိယအလင်း အယ်ဒီတာ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

မြန်မာဂျာနယ်လစ် ကွန်ရက်က အောက်တိုဘာ ၃၁ ရက်နေ့တွင် စာနယ်ဇင်းကျင့်ဝတ်နှင့် မကိုက်ညီဘဲ ပုဂ္ဂိုလ်ရေးဆန်ဆန် ရေးသား တိုက်ခိုက်မှုများကို ဖော်ပြခဲ့သော သူရိယအလင်းဂျာနယ်ကို ရှုတ်ချကြောင်း ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ သတင်းလွတ်လပ်ခွင့်များကို တန်ဖိုးထား ကာကွယ်ရန် လူငယ်အများစုဖြင့် ဖွဲ့စည်းထားသော မြန်မာဂျာနယ်လစ် ကွန်ရက်က ယင်းဂျာနယ်နှင့် စပ်လျဉ်း၍ ထုတ်ပြန်ချက်တွင် သတင်းမီဒီယာသမားများ လိုက်နာရန် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က ထုတ်ပြန်ထားသော စာနယ်ဇင်းကျင့်ဝတ်နှင့် ကိုက်ညီခြင်းမရှိဘဲ မြန်မာ့ သတင်းမီဒီယာလောက၏ ဂုဏ်သတင်းကို ထိခိုက်စေနိုင်သည့် ဖော်ပြမှုများ ပါရှိနေကြောင်း၊ သတင်းမီဒီယာ အဖွဲ့အစည်းများနှင့် သတင်းမီဒီယာ လောကသားများ စုပေါင်းကာ လွတ်လပ်သော သတင်းမီဒီယာ ဥပဒေများ ပေါ်ထွက်ရန် ကြိုးစားနေချိန်၊ သတင်းမီဒီယာ လောကကို မည်သည့်အာဏာပိုင် အဖွဲ့အစည်းကမှ လာရောက် ထိန်းချုပ်ခြင်းကို လက်မခံဘဲ မိမိတို့ကိုယ်တိုင် ကြီးကြပ် ထိန်းသိမ်းကြရန် ပြောဆိုနေချိန်တွင် ထိုသို့သော ကျင့်ဝတ်နှင့် မကိုက်ညီသည့် ဖော်ပြမှုများကြောင့် သတင်းမီဒီယာ လောကကို ထိန်းချုပ်ရန် လိုအပ်သည်ဆိုသည့် အယူအဆများအား ကောင်းလာစေနိုင်ကြောင်း၊ ထိုသို့သော ရေးသားမှုများကြောင့် သတင်းမီဒီယာ လောကအပေါ် လူအများ၏ ယုံကြည်ကိုးစားမှုလည်း လျော့နည်း ကျဆင်းလာစေနိုင်ကြောင်း ပါရှိသည်။

The Voice Weekly

ပညာရေးဝန်ကြီးဌာန အကြီးတန်း အရာရှိများကို ခေါင်းဆောင်စွမ်းရည် သင်တန်း ဗြိတိန်ပေးမည်


ရန်ကုန်၊ နိုဝင်ဘာ ၂

ဘက်စုံလွှမ်းခြုံ ပညာရေး လေ့လာသုံးသပ်ချက် (CESR) တွင် ပါဝင်သော ကဏ္ဍတစ်ခုဖြစ်သည့် အဆင့်မြင့် ပညာရေးအတွက် ဗြိတိန်နိုင်ငံရှိ လန်ဒန်တက္ကသိုလ်၊ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှကောင်စီ အပါအဝင် Leadership Foundation (ဗြိတိန်) တို့၏ ပူးပေါင်းမှုဖြင့် ပညာရေးဝန်ကြီးဌာနက အကြီးတန်း အရာရှိများကို ခေါင်းဆောင်စွမ်းရည် သင်တန်းပေးမည် ဖြစ်ကြောင်း အဆိုပါ ဖောင်ဒေးရှင်း၏ အပြည်ပြည်ဆိုင်ရာ စီမံကိန်း ဒါရိုက်တာ Mr.David J.Lock က ပြောကြားသည်။
“ခေါင်းဆောင်ပိုင်းဆိုင်ရာ စွမ်းရည် တိုးမြှင့်ပေးတာဟာ ဗြိတိန်နဲ့ မြန်မာ အဆင့်မြင့် ပညာရေးကဏ္ဍ ပူးပေါင်းရေးအတွက် ပထမဆုံးအဆင့် ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံရှိ ပညာရေးဝန်ကြီးဌာန အဆင့်မြင့် အရာရှိများကို စွမ်းရည် မြှင့်ပြီးနောက် တက္ကသိုလ်ရှိ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ဆရာများကို သင်တန်းပေးသွားမည် ဖြစ်ပြီး နှစ်နိုင်ငံကြား ပညာရေး အကြောင်းကိုလည်း ဖလှယ်ရေး အစီအစဉ်များ ပြုလုပ်သွားမည် ဖြစ်ကြောင်း Mr.David J.Lock က ရှင်းပြသည်။
“တခြားတက္ကသိုလ် အသိုင်းအဝိုင်းက ဘယ်လိုလုပ်မယ်ဆိုတဲ့ Action ကို မသိကြဘူး” ဟု သမဝါယမ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသိန်းထွန်းက မှတ်ချက်ပေးသည်။

မြန်မာနိုင်ငံ၏ ပညာရေးအတွက် ဆက်သွယ်ရေးသည် အခက်အခဲတစ်ခု ဖြစ်နေပြီး ဘက်စုံလွှမ်းခြုံ ပညာရေး လေ့လာ သုံးသပ်ချက်များ ပါဝင်သော အချက်အလက်များကို ဝက်ဘ်ဆိုက်တစ်ခု ပြုလုပ်ပြီး ပထမအဆင့် မူကြမ်းကို တင်ထားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ ကောင်စီပညာရေးဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စစူးဇန်န်နားဂါလ်ဗန်ထံက သိရသည်။

မြန်မာနိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့ အဆင့်မြင့် ပညာရေး ပူးပေါင်းရေးအတွက် စွမ်းရည်မြှင့် သင်တန်းပေးခြင်းသည် ပထမအဆင့်ဖြစ်ပြီး စတင်မည့် အချိန်ကာလကို နိုဝင်ဘာလအတွင်း ထုတ်ပြန်သွားမည် ဖြစ်ကြောင်း Mr. David J.Lock က ပြောကြားသည်။

The Voice Weekly

ပြင်သစ် သတင်းထောက် နှစ်ယောက် မာလီမြောက်ပိုင်းမှာ အသတ်ခံရ


Radio France Internationale ရေဒီယို ဌာနက ပြင်သစ် သတင်းထောက် နှစ်ယောက် မာလီနိုင်ငံမြောက်ပိုင်းမှာ အသတ်ခံခဲ့ရတယ်လို့ ပြင်သစ် နိုင်ငံခြားရေး ဌာနက အတည်ပြု ပြောကြားလိုက်ပါတယ်။

ကီဒဲလ် မြို့မှာ အစောပိုင်းတုန်းက သေနတ်သမားတွေ ပြန်ပေးဆွဲတာ ခံခဲ့ရတဲ့ Ghislaine Dupont နဲ့ Claude Verlon တို့ရဲ့ အလောင်းတွေကို တွေ့ပြီလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပြင်သစ် သမ္မတ ဖရန်ဆွာ အိုလွန်းက ဒါဟာ စက်ဆုပ် ရွံရှာဖွယ် ကောင်းတဲ့ လုပ်ရပ် ဖြစ်တယ်လို့ ဆိုပြီး ဒီဖြစ်ရပ်ဟာ လက်မခံနိုင်စရာဘဲ လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

အခုလို နာကျင် ကြေကွဲဖွယ်ကောင်းတဲ့ ဖြစ်ရပ်အတွက် သက်ဆိုင်ရာ မိသားစုတွေ ၊ ပြင်သစ် အစိုးရ တို့နဲ့ ထပ်တူထပ်မျှ မာလီ အစိုးရကလည်း စိတ်မကောင်း ဖြစ်မိပါတယ်လို့ မာလီ အစိုးရ ပြောခွင့်ရသူက ဆိုပါတယ်။

အသတ်ခံရတဲ့ သတင်းထောက် နှစ်ယောက်ကို ထရပ်ကားပေါ်အတင်းတက်ခိုင်းပြီး သူတို့ကို အဲဒီကားနဲ့ သဲကန္တာရထဲကို အရှိန်ပြင်းပြင်း မောင်းနှင်ခေါ်ဆောင်သွားတာ တွေ့ရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ကိုမင်းကိုနိုင်တို့၏ စာပေဟောပြောပွဲ အာဏာပိုင်ပိတ်ပင်၍ နေရာပြောင်းရွှေ့ခဲ့ရ


ကိုမင်းကိုနိုင်တို့၏ ကယား(ကရင်နီ)ပြည်နယ် စာပေဟောပြောပွဲ အာဏာပိုင်များ ပိတ်ပင်ထားခဲ့၍ နေရာပြောင်းရွှေ့ပြီး ကျင်းပခဲ့ကြရသည်ဟု စာပေဟောပြောပွဲ ဦးဆောင်းကျင်းပသည့် လူငယ်အဖွဲ့မှ မင်းသူကျော်က ပြောသည်။

စာပေဟောပြောပွဲကျင်းပရန် လွိုင်ကော်မြို့ရှိ မြို့တော်ခန်းမ၌ စီစဉ်ထားခဲ့ကြပြီး ပြည်နယ်အစိုးရမှ၎င်းနေရာကို ခွင့်မပြုပဲ နေရာထိုင်ခင်း အခက်အခဲရှိသည့် အားကစားရုံတွင် ပြုလုပ်ရန်ပြောကြားခဲ့သည်။

မင်းကျော်သူက ̏ အခက်ခဲကတော့ ဒီအစိုးရက ပိတ်တယ် မြို့တော်ခန်းမကို ပထမဦးဆုံးပိတ်တယ် မြို့တော်ခန်းမ ပိတ်ပြီးတော့ အားကစားရုံပေးတယ်။ ဒါပေမယ့်အားကစားရုံမှာ စင်လည်းမရှိ စတိတ်လည်းမရှိ ဘာဆိုဘာမှမရှိနေရာကြီးကို ကျနော့်တို့ကိုပေးထားတယ်။ အဲ့တော့ကျနော်တို့ ဘာမှလုပ်လို့မရဘူး” ဟု ပြောသည်။

အားကစားရုံတွင် နေရာထိုင်ခင်းအဆင်မပြေသည့်အတွက် စာပေဟောပြောပွဲကို ကက်သလစ် ဓမ္မာရုံတွင် နောက်ဆုံးကျင်းပခဲ့ကြသည်။

၎င်းနေရာသည်လည်း သာသနာ့နယ်မြေဟုဆိုကာ ဥပဒေနှင့်ညိစွန်းကြောင်း လက်မခံနိုင်ကြောင်း အာဏာပိုင်များကို တားမြစ်ခဲ့သေးသည်ဟု သိရသည်။

ယခုကဲ့သို့ ပြည်နယ်၏ အခက်အခဲရှိနေသေးခြင်းသည် နိုင်ငံရေးစနစ်အပြောင်းအလဲတွင် မရှိသင့်တော့ကြောင်း လွိုင်ကော်မှာသာတဲ့လ ခေါင်းစဉ်ဖြင့် ဟောပြောရန် ရောက်ရှိလာသည့် ၈၈ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က ပြောသည်။

“ဒီဟာကခောတ်စနစ်လည်းပြောင်းပြီလို့ ကြွေးကြော်ပြီးခါမှ တကယ်တင့်တင့်တယ်တယ် ဖြစ်ရမယ့်မြို့လယ်မှာ ဂုဏ်ယူရမဲ့ နေရာမျိုးမှာ မဖြစ်ရဘဲနဲ့အခုလို နည်းနည်းအခက်ခဲရှိပြီးတော့ ဒီလိုနေရာမျိုးရောက်လာတဲ့ အခါကြတော့ ဒီခေတ်ရဲ့ ဒီကြွေးကြော်သံတွေ အောက်မှာ ဒါမဖြစ်သင့်ဘူးပေါ့ဗျာ״ ဟု ပြောသည်။

ကိုမင်းကိုနိုင်တို့အဖွဲ့၏ စာပေဟောပြောပွဲကို ပြီးခဲ့သည့် အောက်တိုဘာလ ၂၈ရက်နှင့် ၂၉ ရက်နေ့တွင် ကက်သလစ် ဓမ္မာရုံတွင်ကျင်းပခဲ့တာဖြစ်ပြီး ဆရာဂျေမီမှ လူငယ်နှင့်ပညာရေး ၊ ဆရာဘလော့ဂါနေဘုန်းလတ်မှ ကျနော့်ဘ၀ အတွေ့အကြုံလေးများ နှင့် ဆရာချစ်ဦးညို ၊ဆရာမောင်သာချို ၊ဆရာမ နုနုရည် (အင်းဝ) တို့မှ ပရိတ်သတ်များ စည်ကားသိုက်မြိုက်စွာဖြင့် ဟောပြောပွဲ ကျင်းပသွားကြသည်။

Written by ဆန်းဖြိုးထွန်း

ကန္တာရ၀တီတိုင်း(မ်)

ဂူးဂဲလ်မျက်မှန် ယာဉ်စည်းကမ်း ချိုးဖောက်သလား


အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ ရက်နေ့တုန်းက စီစီလီယာ အဘာဒီး ဆိုသူ အမျိုးသမီးတယောက်ကို မော်တော်ကား သတ်မှတ်အမြန်နှုန်းထက် ပိုမိုမောင်းနှင်မှုနဲ့ အတူ ဂူဂဲလ် စမတ်မျက်မှန်ကို ကားမောင်းရင်း တပ်ဆင်မှုနဲ့ပါ အရေးယူဒဏ်ရိုက်ခဲ့ပါတယ်။

ဂူဂဲလ်စမတ်မျက်မှန် တပ်ဆင် မောင်းနှင်မှုနဲ့ပတ်သက်ပြီး ဒဏ်ကြေးတပ်တဲ့ အပေါ်မှာ အငြင်းပွားမှုတွေတော်တော်များများ ဖြစ်နေပါတယ်။

မစ္စ အဘာဒီး ကို ကားမောင်းရင်း တီဗီမကြည့်ရဆိုတဲ့ ကယ်လီဖိုးနီးယား ယာဉ်စည်းကမ်းနဲ့ အရေးယူပြီး ဒဏ်ကြေးတပ်ခဲ့တာဖြစ်ပါတယ်။

ဘာ့ကြောင့် ဒီဥပဒေနဲ့ အရေးယူသလဲဆိုတော့ သူတပ်ထားတဲ့ ဂူဂဲလ် စမတ်မျက်မှန်ဟာ တီဗီကြည့်လို့လည်းရ၊ သီချင်းနားထောင်လို့လည်းရတဲ့အပြင် ကင်မရာလည်းပါတဲ့ မျက်မှန် အမျိုးအစားဖြစ်နေလို့ပါ။

မစ္စအဘာဒီးကတော့ တရားရုံးတက်ပြီး ခုခံကာကွယ်သွားဖို့ စဉ်းစားနေပါတယ်။ သူဟာ ဂူဂဲလ် မျက်မှန်ကို တပ်ထားပေမဲ့ ကားမောင်းတဲ့အချိန်မှာ အဲဒီမျက်မှန်ကို ဖွင့်မထားဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ တရားရုံးမှာ ငြင်းဆိုလျှောက်ထားဖို့ စဉ်းစားတာဖြစ်ပါတယ်။

သူကားမောင်းတဲ့ အမြန်နှုန်းကလည်း တနာရီကို ၆၅ မိုင်နှုန်းထက် မကျော်ရ သတ်မှတ်ထား တဲ့ နေရာမှာ မိုင် ၈၀ ကျော်နဲ့ မောင်းနှင်နေတာ ဖြစ်ပါတယ်။ မစ္စအဘာဒီးက မြန်နှုန်းကျော် မောင်းနှင်မှုကိုတော့ ဒဏ်ကြေးဆောင်ဖို့ သဘောတူပေမဲ့ ဂူဂဲလ်မျက်မှန်တပ်ဆင်မှုကြောင့် ပေးရမယ့် ဒဏ်ကြေးကို လက်မခံနိုင်တာဖြစ်ပါတယ်။

ယာဉ်ထိန်းရဲကတော့ မြန်နှုန်းအခုလို ကျော်မောင်းတာဟာ ဂူဂဲလ်မျက်မှန်ကို အသုံးပြုရင်း မောင်းနှင်တဲ့ အတွက်လို့ ယူဆပါတယ်။

အဲဒီအချိန်မှာ သူဟာ ဂူဂဲလ် မျက်မှန်ကို သုံးနေသလား မသုံးဘူးလားဆိုတဲ့ အချက်ကလည်း အတည်ပြုဖို့ ခက်ခဲပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ ဂူဂဲလ် မျက်မှန်ဟာ ဗွိုက်စ် အက်တီဗေးတစ်လို့ ခေါ်တဲ့ အဖွင့်အပိတ်ကို ပါးစပ်နဲ့ အသံနဲ့ အမိန့်ပေးခိုင်းစေနိုင်တဲ့ စနစ်အသုံးပြုထားလို့ပါ။

ဒီတော့ ယာဉ်ထိန်းရဲကို မြင်တဲ့အချိန်မှာ ပါးစပ်ကနေ အမိန့်ပေးပြီး ပိတ်ခိုင်းလိုက်ရင် ကားမောင်းစဉ်မှာ ဂူဂဲလ် မျက်မှန် သုံးနေသလား မသုံးဘူးလားဆိုတာကို သက်သေပြဖို့ ခက်ခဲ သွားပါတယ်။

မစ္စအဘားဒီးက သူ့ကို ရဲကဒဏ်ကြေးဖြတ်တဲ့ လက်မှတ်ကို ဂူဂဲလ်ပလပ်စ်လို့ခေါ်တဲ့ လူမှု ကွန်ယက်မှာ တင်ပြီး အများနဲ့ ပြောဆိုဆွေးနွေးပါတယ်။

သူ့ဘက်ကထောက်ခံသူ တော်တော်များများရှိပါတယ်။ ဂူဂဲလ်မျက်မှန်ဟာ ကားမောင်းရင်း တီဗီမကြည့်ရ ဥပဒေကနေ ချွင်းချက်ရသင့်တယ်လို့ ယူဆသူတော်တော်များများရှိပါတယ်။

တခိျု့ကဆိုရင် သူ့အတွက် တရားရုံးစရိတ်တောင် ဝိုင်းဝန်းထောက်ပံ့မယ်လို့ ကမ်းလှမ်းသူတွေလည်း ရှိကြပါတယ်။

ဒီဖြစ်ရပ်ဟာ နည်းပညာတွေ ပစ္စည်း အသစ်အဆန်းတွေ ပေါ်လာတာနဲ့ အတူ ဥပဒေတွေကလည်း နောက်ကနေ အမီလိုက်ပြီး တိတိကျကျ ပြဌာန်းဖို့ လိုအပ်လာကြောင်း အထောက်အထားတခုလို့လည်း ဆိုကောင်းဆိုနိုင်ပါလိမ့်မယ်။

ဘီဘီစီ (မြန်မာပိုင်း)

အဖော်အချွတ် ဇာတ်ဝင်ခန်းနှင့် ပတ်သက်ပြီး ဖွင့်ဟခဲ့သည့် ကိတ်ဘော့ဆွော့သ်


အဖော်အချွတ် ဇာတ်ဝင်ခန်းနှင့် ပတ်သက်ပြီး ဖွင့်ဟခဲ့သည့် ကိတ်ဘော့ဆွော့သ် Superman Returns၊ Wonderlandနှင့် The Warrior's Way ဇာတ်ကားများတွင် သရုပ်ဆောင်ခဲ့ဖူးသည့် မင်းသမီးက Big Sur ဇာတ်ကားအတွင်း အဖော်အချွတ် ဇာတ်ဝင်ခန်းနှင့် နဖူးတွေ့ဒူးတွေ့ ကြုံလာသည့်အခါ လာမည့်ဘေး ပြေးတွေ့ခဲ့ကြောင်း Los Angeles Confidentialသို့ ပြောကြား
သူမအနေဖြင့် အဖော်အချွတ် ဇာတ်ဝင်ခန်းတစ်ခု ရိုက်ကူးရန် ကြုံလာသည့်အခါ မည်သို့မည်ပုံ ချဉ်းကပ် စိတ်ပိုင်းဖြတ်ခဲ့သည်ကို ကိတ်ဘော့ဆွော့သ်က ဖွင့်ဟ ပြောကြားလိုက်သည်။ အသက်(၃၀)အရွယ်ရှိ မင်းသမီးသည် လတ်တလောတွင် Big Sur ဇာတ်ကားအတွက် Promotion အစီအစဉ်များတွင် ပါဝင်လျှက်ရှိသည်။ သူမ သရုပ်ဆောင်ထားသည့် အဆိုပါ ဇာတ်ကားကို နိုဝင်ဘာလအတွင်း ရုံတင်မည် ဖြစ်သည်။ Superman Returns၊ Wonderlandနှင့် The Warrior's Way ဇာတ်ကားများတွင် သရုပ်ဆောင်ခဲ့ဖူးသည့် မင်းသမီးက Big Sur ဇာတ်ကားအတွင်း အဖော်အချွတ် ဇာတ်ဝင်ခန်းနှင့် နဖူးတွေ့ဒူးတွေ့ ကြုံလာသည့်အခါ လာမည့်ဘေး ပြေးတွေ့ခဲ့ကြောင်း Los Angeles Confidentialသို့ ပြောကြားခဲ့သည်။

"ကျွန်မ ရိုက်ရတဲ့ ပထမဆုံး ဇာတ်ဝင်ခန်းက အဝတ်အစားအားလုံး ချွတ်ရမှာလေ။ ရိုက်ကွင်းအဖွဲ့က ကျွန်မအနေနဲ့ စိတ်ပိုင်းအရ ပြန်စုစည်းဖို့ လိုမယ်ဆိုရင် တစ်ရက်နားဖို့ ပြောပါတယ်။ ကျွန်မအတွက် ရက်ရွှေ့ဖို့ လိုမလားလို့ ဒါရိုက်တာက မေးတယ်။ ဒါပေမဲ့ မဖြစ်မနေ လုပ်ရမှာ သေချာမှတော့ ကျွန်မ ခြေစုံပစ်ပဲ ဝင်လိုက်တော့တယ်"ဟု ကိတ်က ရှင်းပြခဲ့သည်။ မော်ဒယ်လ် တစ်ဦးလည်းဖြစ်သည့် ကိတ်သည် အဆိုပါ ဇာတ်ကားတွင် နီးလ်ကာဆာဒီ၏ အပျော်မယား ဘီလီအဖြစ် သရုပ်ဆောင်ထားသည်။ ကိတ်သည် လွန်ခဲ့သည့် (၂)လကမှ ဒါရိုက်တာ မိုက်ကယ်ပိုလစ်ရှ်နှင့် လက်ထပ်ထားသူ ဖြစ်သည်။ အသက်(၄၃)နှစ်ရှိ မိုက်ကယ်သည် Big Sur ဇာတ်ကားကို (၂၀၁၁)ခုနှစ်က စတင်ရိုက်ကူးရင်း ကိတ်နှင့် ဆုံစည်းကာ ချစ်သူများ ဖြစ်ခဲ့ရာ ယခုဇာတ်ကားသည် ကိတ်အတွက် အောင်သွယ်ကောင်းလည်း ဖြစ်လာခဲ့သည်။

Planet Myanmar Network

အမျိုးသမီးများ ကားမမောင်းရ ပေါ်လစီကို သရော်သည့် ဆော်ဒီလူရွှင်တော်များ၏ သီချင်း You Tube တွင် ပျံ့နှံ့


ဆော်ဒီအာရေးဗီးယားမှာ အမျိုးသမီးတွေ ကားမမောင်းရဘူးလို့ မူဝါဒ ချထားတာကို ဆော်ဒီလူရွှင်တော် ဂီတသမားတွေက သရော်ထားတဲ့ သီချင်းတစ်ပုဒ် စပ်ဆို ထုတ်ပြန်ခဲ့တာကို You Tube ပေါ် တင်လိုက်ရာက ရက်အနည်းငယ်အတွင်း ကြည့်ရှုသူ ခုနစ်သန်း ကျော်သွားခဲ့တယ်လို့ Sky News သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

ဂျမေကာ နာမည်ကြီး ရက်ဂေးအဆိုတော် ဘော့မာလေရဲ့ No Woman, No Cry ဆိုတဲ့ သီချင်းရဲ့ အလိုက်ကို ယူထား ပြီး No Woman, No Drive ဆိုပြီး သီဆိုထားတာ ဖြစ်ပါတယ်။


အာရပ်အမေရိကန် လူရွှင်တော် ဟီရှန်ဖာဂီးက ဒီရုပ်သံသီချင်းကို ပြုလုပ်ခဲ့တာ ဖြစ်ပြီးတော့ နောက်ခံတေးဂီတ မပါဘဲ အနုပညာရှင်တွေက ပါးစပ်နဲ့ တီးမှုတ်တဲ့ အသံကိုသာ အသုံးပြုထား ပါတယ်။

သီချင်းဟာ အလွန် ဟာသမြောက်ပြီး ဆော်ဒီလူ့အဖွဲ့အစည်းက အမျိုးသမီးတွေကို နောက်တန်း ပို့ထားပုံကို ထိထိမိမိသရော် ထားတဲ့ စာသားတွေနဲ့ ဖော်ပြထားတာပါ။
ဘာသာရေး အယူသည်းသူတွေ ကတော့ ဒီအနုပညာရှင် ပြုလုပ်တဲ့ သရော်မှု ကို သိပ်မကြိုက် ကြပါဘူး။

မိန်းမတွေ ကားမမောင်းဘူး ဆိုရင် သူတို့ မျိုးဥအိမ်လည်း ကျန်းမာပြီး ကလေးများများ မွေးနိုင်လိမ့်မယ်လို့ ဆော်ဒီဘာသာရေးဆရာ တစ်ဦးက မှတ်ချက်ပြုထားတာ ကိုလည်း သီချင်းထဲ ထည့်လှောင် ထားပါသေးတယ်။

The Voice Weekly

မောင်တောခရိုင် ဘူးသီးတောင်မြို့နယ်အား ဝေးလံခေါင်ပါး ဒေသအဖြစ် သတ်မှတ်ကာ နိုင်ငံ့ဝန်ထမ်းများအား လစာနှစ်ဆ တိုးမြှင့်ခံစားခွင့်ပြု

သွားလာရခက်ခဲသော ဘူးသီးတောင်မြို့နယ်ရှိ သင်္ဘောဆိပ်အား တွေ့ရစဉ်

မောင်တောခရိုင် ဘူးသီးတောင်မြို့နယ်အား ဝေးလံခေါင်ပါးဒေသအဖြစ် သတ်မှတ်ကာ နိုင်ငံ့ဝန်ထမ်းများအား လစာနှစ်ဆ တိုးမြှင့်ခံစားခွင့် ပြုလိုက်ပြီဖြစ်ကြောင်းနှင့် အောက်တိုဘာ ၃၁ ရက်မှ စတင်ကာ လစာနှစ်ဆ ရရှိနေကြပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

ဘူးသီးတောင်မြို့နယ်သည် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ဘင်္ဂလားဒေ့ရှ် နယ်စပ် မောင်တောခရိုင်အတွင်း ပါဝင်ပြီး ရေလမ်းခရီး တစ်ခုတည်းကိုသာ အားထား သွားလာရသည့် ဒေသတစ်ခု ဖြစ်ကြောင်းနှင့် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသည့်အပြင် ဘင်္ဂါလီ အများစုရှိနေသည့် မြို့နယ်ဖြစ်၍ ၀န်ထမ်းများအတွက် အခက်အခဲရှိသည့် မြို့နယ်တစ်ခု ဖြစ်ကြောင်းလည်း သိရသည်။ ဘူးသီးတောင်မြို့နယ်သို့ မယူမြစ်ကြောင်းသွား သင်္ဘောဖြင့်သာ ခရီးသည်နှင့် ကုန်စည်များအား တင်ပို့နေရပြီး ကုန်ဈေးနှုန်းမှာ မောင်တောမြို့နယ်ကဲ့သို့ မြင့်မားသည့် ဒေသဖြစ်ကြောင်း၊ မြို့နယ်အတွင်း တာဝန် ထမ်းဆောင်လျှက်ရှိသည့် နိုင်ငံ့ဝန်ထမ်း အရေအတွက်မှာ တစ်ထောင်ကျော်ခန့် ရှိကြောင်း သိရသည်။

"အောက်တိုဘာလကုန်မှာပဲ လစာစ်ဆ တိုးမြှင့်ရပါတယ်။ ဘူးသီးတောင်မြို့ဟာ မောင်တောခရိုင်အတွင်းက လစာနှစ်ဆရတဲ့ နောက်ဆုံးမြို့ ဖြစ်ပါတယ်။ တခြား မောင်တောမြို့နယ်နဲ့ တောင်ပြိုမြို့နယ်ခွဲ ကိုလည်း ဝေးလံခေါင်ပါး ဒေသအဖြစ် သတ်မှတ်ခဲ့ပြီးပါပြီ။ ကုန်ဈေးနှုန်းတွေ တခြားမြို့နယ်တွေထက် နှစ်ဆမြင့်မားနေတဲ့ မောင်တောခရိုင်မှာ အခုလို လစာနှစ်ဆရမှပဲ ၀န်ထမ်းတွေ အဆင်ပြေမှာ ဖြစ်ပါတယ်။ နောက်ပြီး အရေးကြီးတဲ့ တစ်ချက်ကတော့ ဘင်္ဂါလီရွာတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေးဝန်ထမ်းတွေကို ပိုမို ဂရုစိုက်ဖို့နဲ့ သူတို့တွေရဲ့ အခက်အခဲကို စာနာဖို့ လိုပါတယ်"ဟု ဘူးသီးတောင် မြို့နယ်၊ ချောင်းဖျား တောင်ဘဇာတွင် တာဝန်ထမ်းဆောင်နေသည့် ပညာရေးဝန်ထမ်း တစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းမှ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသည့် ဒေသများဖြစ်သည့် ဘူးသီးတောင်၊ ပေါက်တော၊ ရသေ့တောင်နှင့် မြေပုံ မြို့နယ်များအား လစာနှစ်ဆ ခံစားခွင့်ပြုနိုင်ရန် တင်ပြတောင်းခံနေကြောင်းနှင့် ယင်းအထဲမှ ဘူးသီးတောင်မြို့ကိုသာ လစာနှစ်ဆ တိုးမြှင့်ပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

Eleven Media Group

ဘယ်ကြွက်က အတော်ဆုံးလဲ ..


တစ်နေ့မှာ ကြွက်သုံးကောင် စကားစမြည်ပြောနေကြတယ်

ပထမကြွက်.... "ငါက ကြွက်သတ်ဆေးတွေကို ကျွှဲရိုင်းလို သောက်ပြီး ခွန်အားဖြည့်နေတာပေါ့"

ဒုတိယကြွက်..... "ငါကတော့ ကြွက်ထောင်ချောက်နဲ့ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်တယ်"

တတိယကြွက်.... "ဟိုကြောင်မ ဗိုက်ကြီးနေတာ မင်းတို့တွေ့လား? အဲဒါ ငါ့ရဲ့ မတော်တဆအဖြစ်ပေါ့ကွာ"

Credit - Original Writer

မြ၀တီ ချစ်ကြည်ရေးတံတားမှ ထိုင်းဘက်သို့ နေ့စဉ် မြန်မာနိုင်ငံသား နှစ်ထောင်နီးပါး တရားဝင်သွားရောက်

မြ၀တီ ချစ်ကြည်ရေးတံတားမှ ထိုင်းနိုင်ငံသို့ သွားရောက်ကြသော မြန်မာနိုင်ငံသားများအား တွေ့ရစဉ်

မြ၀တီ ချစ်ကြည်ရေးတံတားမှ ထိုင်းနိုင်ငံဘက်သို့ တရားဝင် သွားလာသည့် မြန်မာနိုင်ငံသား နေ့စဉ် ၂၀၀၀ နီးပါး သွားလာလျှက်ရှိရာ ၁၀ လအတွင်း နယ်စပ် ဖြတ်သန်းခ၀င်ငွေ ကျပ်သိန်းပေါင်း နှစ်ထောင့်လေးရာကျော် ရရှိခဲ့ကြောင်း သိရသည်။

မြ၀တီမြို့မှ ထိုင်းနိုင်ငံဘက်သို့ နေ့ချင်းပြန် သွားလာနေသော မြန်မာနိုင်ငံသားများမှာ နေ့စဉ် နှစ်ထောင်နီးပါးရှိပြီး ဇန်န၀ါရီမှ အောက်တိုဘာလကုန်အထိ ၅၂၃၈၉၂ ဦး သွားလာခဲ့ကာ နယ်စပ်ဖြတ်သန်းခ ၀င်ငွေ ကျပ် ၂၄၆၄၉၃၆၀၀ ရှိခဲ့ပြီး မြန်မာနိုင်ငံဘက်သို့ ထိုင်းနိုင်ငံသား လာရောက်မှုမှာ ပျှမ်းမျှ ၁၀၀ အောက်သာရှိကာ နယ်စပ် ဖြတ်သန်းခ၀င်ငွေ ဘတ် ၂၂၉၁၇၀ ရရှိခဲ့ကြောင်း၊ ထို့ပြင် တတိယနိုင်ငံသားများ မြ၀တီမြို့သို့ လာရောက် လည်ပတ်မှုမှာ ၂၈၁၂ ဦးရှီပြီး ဖြတ်သန်းခ၀င်ငွေ ဒေါ်လာ ၂၈၁၂၀ ရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ မြ၀တီမြို့နှင့် မဲဆောက်မြို့ (မယ်တော်)ကို ခြားထားသည့် သောင်ရင်းမြစ်အား တရားဝင် ဖြတ်ကျော်သွားလာရန် ချစ်ကြည်ရေး တံတားဂိတ် တစ်ခုသာရှိသော်လည်း တရားမ၀င် လှေဂိတ် ၂၀ နီးပါး ရှိသည်။ ထိုဂိတ်များမှလည်း ဂိတ်ကြေးနှင့် လှေခပေးပြီး နေ့စဉ်ဖြတ်သန်းသွားလာသူ မြန်မာနိုင်သား ၁၀၀၀ ခန့်ရှိသည်ဟု ဆိုသည်။ အဆိုပါ တရားမ၀င် လှေဂိတ်များအား စည်ပင်သာယာရေးမှ ကျပ်သိန်း ၃၀၀ ကျော်ဖြင့် လုပ်ကိုင်ခွင့် ပြုထားကြောင်းလည်း သိရသည်။

"ထိုင်းနိုင်ငံသားတွေ အနေနဲ့  ယခုနှစ် နွေရာသီမှာ လာရောက်လည်ပတ်တာ ပိုမိုများပြားပါတယ်။ နေ့စဉ် ၆၀ နဲ့ ၁၀၀ ကြား ရှိပါတယ်။ နိုင်ငံခြားသား(တတိယ)တွေကတော့ မြ၀တီနယ်စပ်ဂိတ်ကို နိုင်ငံတကာ ၀င်ထွက်ပေါက်အဖြစ် ဖွင့်လှစ်ပြီးမှ ၀င်ရောက်လာတာ များပါတယ်။ မြန်မာနိုင်ငံ မြ၀တီဘက်ကို ၀င်ရောက်လာတဲ့ ထိုင်းနိုင်ငံသား တစ်ယောက်ကို ၁၀ ဘတ်နဲ့ နိုင်ငံခြားသား တစ်ယောက်ကိုတော့ ၁၀ ဒေါ်လာ အခွန်ကောက်ခံပြီး သွားလာ လည်ပတ်ခွင့် ရှိပါတယ်"ဟု မြ၀တီ ချစ်ကြည်ရေးတံတားမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ပြင် မြ၀တီနယ်စပ်ဂိတ်အား အပြည်ပြည်ဆိုင်ရာ ၀င်ထွက်ပေါက်အဖြစ် ဖွင့်လှစ်လိုက်ပြီးနောက် မြန်မာနိုင်ငံအတွင်းသို့ Passport နှင့် Viza ဖြင့် နိုင်ငံခြားသား ၀င်ရောက် လည်ပတ်မှု မြင့်တက်လျှက်ရှိကာ ထိုင်းနိုင်ငံသား အများဆုံးဖြစ်ပြီး သြဂုတ် ၂၈ ရက်မှ အောက်တိုဘာ ၃၁ ရက်အထိ ၅၄၈ ဦး ၀င်ထွက်ခဲ့ပြီး တတိယ နိုင်ငံခြားသား ၃၈၇ ဦးလည်း ၀င်ထွက်ခဲ့ကြောင်း သိရသည်။

Eleven Media Group

မြောင်းမြတွင် ခြောက်လအတွင်း မြေဈေးနှုန်းများ ၁၀ ဆကျော် မြင့်တက်လာ

ကုန်းသာကျေးရွာရှိ ရောင်းချပြီးသော မြေယာကွက် တစ်ခုကို တွေ့ရစဉ်

မြောင်းမြမြို့နယ် မြောင်းမြမြို့ဟောင်း ရှေးဟောင်းယဉ်ကျေးမှု နယ်မြေနှင့် ထိစပ်လျက်ရှိသော နေရာများတွင် မြေကွက်၊ ဥယျာဉ်ခြံမြေ ဈေးနှုန်းများ ခြောက်လတာအတွင်း စံချိန်တင် ၁၀ ဆကျော်မြင့် တက်လျက်ရှိပြီး အရောင်းအ၀ယ်လည်း ကောင်းလျက်ရှိကြောင်း သတင်းရရှိသည်။

ယဉ်ကျေးမှု ၀န်ကြီးဌာန ရှေးဟောင်းသုတေသန ဦးစီးဌာနမှ ကျောက်တိုင်စိုက်ထူ သတ်မှတ်ထားသော မြောင်းမြရှေးဟောင်း ယဉ်ကျေးမှု နယ်မြေနှင့် ထိစပ်လျက်ရှိသော မြေယာများတွင် မြေယာဈေးများ အဆပေါင်းများစွာ စံချိန်တင် မြင့်တက်လျက်ရှိကြောင်း၊ မြောင်းမြမြို့နယ်တွင်းမှ မြေယာဝယ်လိုသူများမှာ နည်းပါးပြီး ရန်ကုန်၊ မန္တလေး၊ ထားဝယ်၊ မြိတ်မြို့များဘက်မှ လာရောက်ဝယ်ယူသူများမှာ ပိုမိုများပြားလျက်ရှိကြောင်း အိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရသည်။

"ကျွန်တော် ဘုရားနီနားမှ မိတ်ဆွေတစ်ယောက် ခြံလိုချင်တယ်ဆိုလို့ လိုက်ဝယ်ပေးတာ၊ အရင်က တစ်ဧကကို ၁၀ သိန်းစွန်းစွန်းပဲပေါက်တဲ့ မြေကွက်တစ်ခုက အခုဆို သိန်း ၂၀၀ နီးနီး ပေးရတယ်။ ဒါတောင် ဂရန်ပါတာ မဟုတ်ဘူး။ လာဝယ်ကြတာကတော့ နိုင်ငံအနှံ့က နယ်စုံပဲ။ ဈေးဘယ်လောက် မြင့်မြင့် အရောင်းဝယ်ကတော့ ဖြစ်နေတာပဲ။ တချို့ဆို ခြံတွေပါတွေတောင် ခတ်လိုက်ပြီ" ဟု အိမ်ခြံမြေ အကျိုးဆောင် တစ်ဦးက ပြောသည်။

မြေယာများ အရောင်းဝယ်လုပ်ရာတွင် ကားလမ်းမ နံဘေးနေရာများတွင်သာ မဟုတ်ဘဲ လမ်းမပေါက်သော နေရာများတွင်ပါ အရောင်းဝယ်ဖြစ်လျက် ရှိကြောင်း၊ မြေယာဈေးများမှာ ယခင်ကထက် ၁၀ ဆကျော် မြင့်တက်လာလျက်ရှိကြောင်း၊ အချို့သော မြေနေရာဈေးများမှာ မြောင်းမြမြို့တွင်း မြေကွက်ဈေးများထက် ပိုမိုမြင့်တက်လျက်ရှိကြောင်း သိရသည်။

Eleven Media Group

သူရိယနေ၀န်း သတင်းဂျာနယ် စာနယ်ဇင်း မိတ်ဆက်ပွဲနှင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်


သူရိယနေ၀န်း သတင်းဂျာနယ်၏ စာနယ်ဇင်း မိတ်ဆက်ပွဲနှင့် သတင်းစာ ရှင်းလင်းပွဲ အခမ်းအနားကို နိုဝင်ဘာ ၂ ရက် ညနေပိုင်းက 101 Sport bar တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ရှင်းလင်းပွဲတွင် ဦးမိုးဟိန်းက ယခင်သူရိယအလင်း ဂျာနယ်အား မိမိအနေဖြင့် အမှုဆောင် အရာရှိချုပ်အဖြစ် ဦးစီးထုတ်ဝေခဲ့ပြီးနောက် ဂျာနယ်၏ ဦးတည်ချက်အဖြစ် ခရိုနီစနစ်အား ဝေဖန်မှုများ ပြည်သူများ၏ အနိုင်ကျင့်ခံရမှုများကို ဖော်ပြခဲ့ကြောင်း၊ နောက်ပိုင်းတွင် သူရိယအလင်းဂျာနယ် ဆက်လက်ထုတ်ဝေနိုင်ခြင်းမရှိ အောင်ဖိနှိပ်မှုများ ရှိလာခဲ့ကြောင်း၊ ၂၀၁၀ မတိုင်မီ ကာလဆိုပါက မိမိတို့ ဂျာနယ်တိုက်ကိုပင် မီးရှို့သွားနိုင်သည့် အခြေအနေရှိကြောင်း ထိုသို့သော လုပ်ရပ်များကို ရှုတ်ချကြောင်း ပြောကြားခဲ့သည်။

သူရိယအလင်းဂျာနယ် ထုတ်ဝေမှု ရပ်ဆိုင်းပြီးနောက် မူလက ထုတ်ဝေခွင့် ရရှိထားပြီဖြစ်သော သူရိယနေ၀န်း ဂျာနယ်အား ဆက်လက်ထုတ်ဝေခဲ့ကြောင်းကို ၎င်းက "သူရိယအလင်းဂျာနယ် ထုတ်ဝေခွင့်ရပြီး တစ်ပတ်လောက်နေတော့ လိုလိုမယ်မယ် အနေနဲ့ ကျွန်တော့်အစ်ကိုက ထုတ်ဝေခွင့် ထပ်သွားတင်ထားတယ်။ အဲ့ဒါလေးရှိလို့သာ အခုလို ဆက်ထုတ်နိုင်တာ ဖြစ်ပါတယ်" ဟု ဆိုသည်။

မိမိတို့ဂျာနယ် အနေဖြင့် ဦးတေဇအား ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ခြင်း မဟုတ်ကြောင်း၊ ၎င်း၏ ရရှိနေသည့် မမျှတသည့် စီးပွားရေး လုပ်ပိုင်ခွင့်များကို ထောက်ပြခြင်းသာ ဖြစ်ကြောင်းနှင့် ဦးလော်စစ်ဟန်၊ ဦးအိုက်ထွန်း၊ ဦးကျော်ဝင်းနှင့် ဒေါက်တာစိုင်းဆမ်ထွန်းတို့၏ စီးပွားရေး လုပ်ပိုင်ခွင့်များကိုလည်း ထောက်ပြခဲ့ခြင်းသာဖြစ်ပြီး ပုဂ္ဂိုလ်ရေးအရ မုန်းတီးမှု မရှိကြောင်း၊ အလားတူ ဖိုးလပြည့် ဆိုသူကိုလည်း မမြင်တွေ့ဖူးကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် မီဒီယာများမှ မေးမြန်းချက်များကို ဦးမိုးဟိန်းက ပြန်လည်ဖြေကြားရာတွင် မြန်မာဂျာနယ်လစ် ကွန်ရက်၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ "လက်ရှိအချိန်မှာ စာနယ်ဇင်းလောက ကျင့်ဝတ်များဟာ အဆင်သင့် မဖြစ်သေးပါဘူး။ အဲတော့ အဲ့လိုကာလမှာ ကျွန်တော်တို့က အဲဒါကို စောင့်ပြီးတော့ ရေးရမှာလား။ ကျွန်တော်သည် အဲဒီစာနယ်ဇင်း ကျင့်ဝတ်ကို ဒီမိုကရေစီနိုင်ငံသစ် ရောက်တဲ့နေ့ကျမှ ကျွန်တော်သည် ဒါတွေကို ရေးရမှာလား။ အဲဒီနေ့အထိ ကျွန်တော်စောင့်နေရမှာလား။ ကျွန်တော်တို့ တိုင်းပြည်လူထု စားစရာ ဆန်မရှိတာက မနက်ဖြန် သန်ဘက်ခါ မရှိရင် ငတ်ပြီးသေပြီ။ ကျွန်တော်တို့ စောင့်လို့မရတော့ဘူး။ ကျွန်တော့်ရဲ့ စေတနာ၊ လူထုပေါ်ထားတဲ့ ဆန္ဒကို ကျွန်တော်တင်ပြတဲ့ နေရာမှာ ကျွန်တော်သည် ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတော့ လုံးဝမလုပ်ခဲ့ဘူး။ သို့သော် အဲလိုတိုင်းပြည်ကို လက်ဝါးကြီးအုပ်ရင် အာဏာရှင်ဆန်တဲ့ ပုဂ္ဂိုလ်တွေရဲ့ လုပ်ရပ်ကိုတော့ ဝေကိုဝေဖန်ရမယ်ဆိုတာ ဒါကို ပြည်သူ့ဘက်က မှန်ကန်တဲ့ ရပ်တည်ချက်ဖြစ်တဲ့အတွက် ကျွန်တော် အဲဒီစာနယ်ဇင်းကျင့်ဝတ်ဆိုတဲ့ အရာတွေကို ခဏမသင့်တော်သေးတဲ့ အချိန်မှာ ခဏမေ့ထားပြီးတော့ လူထုဘက်က ရပ်တည်ခဲ့တဲ့ လုပ်ရပ်သာ ဖြစ်တယ်" ဟု ပြန်လည်ဖြေကြားခဲ့သည်။

လက်ရှိထုတ်ဝေနေသည့် သူရိယနေ၀န်း ဂျာနယ်မှာ မည်သည့်ခရိုနီ၊ မည်သည့်အစိုးရနှင့်မျှ ပတ်သက်မှု မရှိကြောင်း၊ ယခင်တွဲလုပ်ခဲ့သည့် ဦးယုနိုင်မှာလည်း ငယ်သူငယ်ချင်းမျှသာဖြစ်ပြီး ဦးသူရိန် (ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၏သား) မှာ မိမိနှင့် မသိကြောင်း၊ မိမိသည် အမေရိကန် နိုင်ငံသား ဖြစ်ခဲ့သော်လည်း အဆိုပါဖြစ်စဉ်ကို အကာကွယ်ယူ၍ ယခုကဲ့သို့ ရေးသားနေခြင်း မဟုတ်ကြောင်း မီဒီယာများ၏ မေးမြန်းချက်ကို ပြန်လည်ဖြေရှင်း ခဲ့သည်။

ထိုရှင်းလင်းပွဲတွင် သူရိယနေ၀န်း ဂျာနယ်အား မကြာမီ အချိန်ကာလတွင် အများပိုင်အဖြစ် ပြောင်းလဲနိုင်ရန်အတွက် ဥပဒေ ပညာရှင်များနှင့် တိုင်ပင်စီစဉ်နေကြောင်းနှင့် ရှယ်ယာများအား တစ်သောင်းကျပ်နှုန်းဖြင့် ရောင်းချသွားရန်ရှိကြောင်း ဦးမိုးဟိန်းက ပြောကြားခဲ့သည်။

သူရိယနေ၀န်း သတင်းဂျာနယ်၏ အမှုဆောင်အရာရှိချုပ် ဦးမိုးဟိန်း မီဒီယာများသို့ ရှင်းလင်းပြောကြားနေစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
Eleven Media Group

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တတိယအကြိမ်မြောက် ဥရောပခရီးစဉ်မှ ပြန်လည်ရောက်ရှိ

ဥရောပခရီးစဉ်မှ ပြန်လည်ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ထောက်ခံသူများနှင့်အတူ တွေ့ရစဉ်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် တတိယအကြိမ်မြောက် ဥရောပငါးနိုင်ငံသို့ သွားရောက်သော ခရီးစဉ်မှ နိုဝင်ဘာ ၂ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် TG303 ထိုင်းလေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

ထိုသို့ ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခြင်းကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ သူမ၏ ပါတီဝင်များက ယခင်ခရီးစဉ်များ ပြန်လည် ရောက်ရှိရာတွင် ကြိုဆိုသည့် ပုံစံအတိုင်း "မျိုးဆက်သစ်တို့ရဲ့ မိခင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ"၊ "ဗမာပြည်အတွက် ထာဝရအမေ"၊ " အမေစုရဲ့ ဦးဆောင်မှုကို ခံမည့် အမေရဲ့ သားသမီးများ"၊ "အမေစု သမ္မတ ဖြစ်ရမည်" စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စည်ကားစွာ ကြိုဆိုခဲ့သည်။

"ကျွန်မတို့နိုင်ငံနဲ့ လူမျိုးအတွက် နိုင်ငံတကာအလယ်မှာ ဂုဏ်ယူ ၀င့်ကြွားဖို့အတွက်တော့ လက်ရှိမှာ အမေစုက မျှော်လင့်ချက် ရောင်ခြည်ဖြစ်ပြီး အားကိုးအားထားစရာ တစ်ယောက်ပါပဲ။ သူက လုပ်ပိုင်ခွင့်ရှိတဲ့သူ မဟုတ်ပေမဲ့ သူလုပ်လို့ရတဲ့ အပိုင်းကနေ ပြည်တွင်းမှာဖြစ်ဖြစ်၊ ပြည်ပမှာဖြစ်ဖြစ် လူတစ်စုတစ်ဖွဲ့တည်း၊ သူရဲ့ မဲဆန္ဒနယ် စသည်ဖြင့်ပေါ့ နေရာကွက်ကွက် တစ်ခုတည်းအတွက် မဟုတ်ဘဲ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အခြေခံ စတင်လုပ်ဆောင်ရမယ့် ကိစ္စတွေကို ဆောင်ရွက်တယ်။ ပြည်ပ နိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါ အကူအညီပေးဖို့ တောင်းဆိုပေးတယ်။ ပြီးတော့ ဝေဖန်မှုတွေ ကြားထဲက လုပ်ဆောင်ပေးနေတာကို ကျွန်မတို့က အသိအမှတ်ပြုပြီး ကျေးဇူးတင် ထောက်ခံတဲ့အနေနဲ့ မနက်အစောကြီးကတည်းက ကြိုဖို့ရောက်နေတာပါ"ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တစ်ဦးဖြစ်သူ မခင်သူဇာက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါ ဥရောပခရီးစဉ်ကို အောက်တိုဘာ ၁၈ ရက်တွင် စတင်ခဲ့ခြင်းဖြစ်ကာ ဘယ်လ်ဂျီယမ်၊ လူဇင်ဘတ်၊ ပြင်သစ်၊ ဗြိတိန်နှင့် အီတလီနိုင်ငံများသို့ သွားရောက်ခဲ့သည်။
ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၀ ပြည့်နှစ်ကတည်းက ဥရောပသမဂ္ဂမှ ချီးမြှင့်ထားသော Sakharov လူ့အခွင့်အရေးဆုကို ပြင်သစ်နိုင်ငံ၌ လက်ခံရယူခြင်းနှင့် လွန်ခဲ့သည့် ၁၉ နှစ်က ပေးအပ်ထားသည့် ဂုဏ်ထူးဆောင် ရောမမြို့တော်သူ ဆုကို အီတလီနိုင်ငံ၌ ကိုယ်တိုင် လက်ခံရယူခဲ့သည်။ ထို့ပြင် ဗြိတိန်သို့ ရောက်ရှိစဉ်အတွင်း မြောက်အိုင်ယာလန် Belfast မြို့ရှိ Wellington ကောလိပ်တွင် အမှာစကား ပြောကြားခြင်းနှင့် အင်္ဂလန်တောင်ပိုင်း၊ ကင်ဘာလေမြို့ရှိ ကမ္ဘာကျော် Sandhurst စစ်တက္ကသိုလ်၌လည်း မိန့်ခွန်းပြောကြားခြင်းများ ပြုလုပ်ခဲ့သည်။

ထို့ပြင် ဗြိတိန်နိုင်ငံ ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၊ အိမ်ရှေ့မင်းသား ချားလ်စ် အပါအ၀င် နိုင်ငံရေးခေါင်းဆောင်များ၊ အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ရန်ကုန် ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ရေး အပါအ၀င် မြန်မာ့ ဒီမိုကရေစီ အရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အားကောင်းရန် နိုင်ငံရေးတွင် စစ်တပ်၏ အထူးနေရာကို ရပ်ဆိုင်းဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန်လိုပြီး မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ ပြီးပြည့်စုံရန် ဥရောပသမဂ္ဂနှင့် အီးယူ ခေါင်းဆောင်များက ဖိအားပေးရန် လိုကြောင်းကို သူမရောက်ရှိခဲ့သည့် နိုင်ငံများတွင် ယင်းကိစ္စရပ်များအား အဓိကထား ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။

Eleven Media Group

ဗိုလ်ချုပ်ဈေးထဲက ကြက်သားတုတ်ထိုး



SATURDAY, NOVEMBER 2, 2013

 ကြက်သားတုတ်ထိုး တဲ့။
ဗိုလ်ချုပ်ဈေးထဲ ရောင်းနေတာပါ။
ရန်ကုန်မြို့ ဗိုလ်ချုပ်ဈေး အရှေ့ဘက်တန်းမှာလို့ သိရပါတယ်။
ဒီဘလော့မှာ ခါတိုင်းတော့  ကိုယ်တိုင်စားဖြစ်တဲ့ အစားအစာအကြောင်းတွေပဲ  ရေးဖြစ်ပါတယ်။
ဒီတခါတော့ ကိုယ်တိုင် မစားဖြစ်တဲ့ အစားအသောက်အကြောင်း ရေးရပါတော့မယ်။

ဝယ်စားလာသူကတော့ စားလို့ ကောင်းတယ်လို့ ဆိုပါတယ်၊ ဓာတ်ပုံလည်း ရိုက်လာပါတယ်။
နေ့ခင်း ၂းဝဝ ဝန်းကျင်မှ ဆိုင်ဖွင့်တယ်၊ ဆိုင်ဖွင့်ပြီး မကြာခင် ကုန်တာပါပဲ လို့ သူက သိခဲ့ရသမျှ ပြန်ဖောက်သည်ချပါတယ်။
တနေ့က နေ့ခင်း ၁ နာရီမထိုးခင် ဗိုလ်ချုပ်ဈေးရောက်တော့ ပန်းချီပြခန်းကြီးရှေ့က ဈေးသည်တယောက်ကို တုတ်ထိုးအကြောင်း မေးကြည့်ပါတယ်၊ စားဖူးတယ် ... အရသာ တော်တော်လေးကောင်းပါတယ်လို့ ညွှန်းပါတယ်။

ဈေးရှေ့က လမ်းဘေးဈေးသည်တချို့ကို မေးကြည့်တော့လည်း စားဖူးကြောင်း၊ ကောင်းကြောင်း ပြောကြတဲ့အတွက် ၂း၀၀ နာရီထိုးအောင်စောင့်ပြီး သွားရောက် အားပေးလိုစိတ် ပေါက်သွားတယ်။
ဈေးသည်အချင်းချင်းဆိုရင် လျှော့ပေးတယ်လို့ ကျွဲကောသီးဆိုင်က အမျိုးသမီးတယောက်က ပြောပါတယ်။
ဘယ်လောက်အထိ လျှော့ပေးလဲ မသိပါ။
ရောင်းဈေးကတော့ တချောင်း ၅၀ လို့ ဆိုတယ်။

ဓာတ်ပုံအရ ဆိုရင်  ဈေးသည်က အမျိုးသမီးပါ။ ချက်ပြုတ်ပြီးသားအစားအစာကို ကိုင်တွယ်ရာမှာ လက်အိပ်တော့ စွပ်မထားပါဘူး။ အင်း... မြန်မာပြည်မှာတော့ အများစုက ဈေးသည် လက်အိတ်မစွပ်လည်း ဂရုစိုက်မနေကြပါဘူးလေလို့ ယူဆရပါတယ်။

ကြက်သား၊ ကြက်ဥ၊ ကြက်အူ၊ ကြက်အသည်းအမြစ်၊ ကြက်အူချောင်း၊ ကြက်ခြေထောက်တို့ကို ထင်ထင်ရှားရှား တွေ့ရပါလိမ့်မယ်။
အချဉ်ရည် လို့ ဆိုကြတဲ့ ဆော့စ်ကတော့ ကောင်းမယ့်ပုံပါပဲ။ သူက အဓိကကျတယ် မဟုတ်လား။

ဝက်သားတုတ်ထိုးဆိုတာ ရန်ကုန်စတိုင် အထင်ကရ သရေစာ ဖြစ်ပါတယ်။ နယ်မြို့တွေကိုလည်း ဒီအစားအစာ ရောက်နေပါပြီ။
အမဲသားတုတ်ထိုး ဆိုပြီး ဖန်တီးရောင်းချသူတွေတောင် ရှိလာပါတယ်။ ဒီတော့ ဝက်သားကို အကြောင်းအမျိုးမျိုးကြောင့် သုံးဆောင်ခြင်း မပြုသူတွေအတွက် အဆင်ပြေတဲ့ ဖန်တီးချက်လို့ ဆိုရပါမယ်။

အခု ဗိုလ်ချုပ်ဈေး ကြက်သားတုတ်ထိုးကလည်း ကြက်သား ပရိသတ်အတွက် အဆင်ပြေစေပါလိမ့်မယ်။

နာရီအနည်းငယ်ပဲ ရောင်းတယ်ဆိုတော့ ဈေးသည်က သူ့ရဲ့ရောင်းကုန် အရည်အသွေးကို ထိန်းသိမ်းတာများလားလို့ တွေးစရာပါ။

ကဲ ... ဈေးထဲသွားပြီး ကြက်သားတုတ်ထိုး မြည်းမယ် ဆိုရင်တော့ တနင်္လာနေ့ကို ရှောင်ရပါမယ်။
ဗိုလ်ချုပ်ဈေးက တနင်္လာနေ့တိုင်း ပိတ်ပါတယ်။

Irrawaddy

မိုးစပါးဧက လေးသောင်းရှစ်ထောင်ကျော် ရေမြုပ်


တောင်ငူ၊ နိုဝင်ဘာ ၂

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်၊ ဆွာ၊ သာဂရနှင့် တောင်ငူမြို့နယ်တွင် စစ်တောင်းမြစ်ရေ စံချိန်တင် မြင့်တက်မှုကြောင့် ခရိုင်တွင်းရှိ ရိတ်သိမ်းချိန် မိုးစပါးစိုက်ဧက လေးသောင်း ရှစ်ထောင်ကျော် ရေဝင်နစ်မြုပ်ခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးတင်စိုးက The Voice သို့ ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်တွင်းရှိ တောင်ငူ၊ ရေတာရှည်၊ ဆွာမြို့နှင့် သာဂရမြို့တို့ရှိ ကျေးရွာအုပ်စုပေါင်း ၈၈၃ စု၊ တောင်သူပေါင်း ၁၂,၁၁၅ ဦး၊ ဦးပိုင် အမည်ပေါက် ပိုင်ဆိုင်သူပေါင်း ၁၆,၂၄၂ ဦးတို့ စုစုပေါင်းတောင်သူ ၁၂၈,၃၅၇ ဦးတို့၏ ရိတ်သိမ်းချိန်ရောက် မိုးစပါး စိုက်ဧက ၄၈,၄၆၈ ဧက ရေဝင်နစ်မြုပ်လျက် ရှိကြောင်း တောင်ငူခရိုင် စိုက်ပျိုးရေး ဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ စုံစမ်းသိရှိရသည်။

ရေလွှမ်းမိုးခဲ့သော လယ်များကို ရေပြန်ကျပြီးသော အချိန်တွင် ဆုံးရှုံးခဲ့သော မြေဧကများကို တွက်ချက်၍ စိုက်ပျိုးရေး အကူအညီများကို ပံ့ပို့ပေးမည် ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးတင်စိုးက ပြောကြားသည်။

လတ်တလောတွင် တောင်ငူမြို့နယ် သဖန်းပင် ကျေးရွာအုပ်စုတွင် စစ်တောင်းမြစ်ကမ်းပါး တစ်လျှောက်ရှိ မိုးစပါးစိုက်ဧက ၁၉၈၇ ဧက ရေဝင်နစ်မြုပ်လျက် ရှိပြီး တစ်ရက်နှစ်ရက်အတွင်း မြစ်ရေ ပြန်မကျပါက မိုးစပါးစိုက်ဧက သုံးပုံနှစ်ပုံအထိ ပျက်စီးဆုံးရှုံးနိုင်ကြောင်း သဖန်းပင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစန်းဦးက သုံးသပ်ပြောကြားသည်။
“တောင်ငူခရိုင်ထဲက စစ်တောင်းမြစ်နားမှာရှိတဲ့ လယ်တွေက နှစ်တိုင်း ရေဝင်နေကျပါ။ ရေနစ်တာ ရက်မကြာရင်တော့ ဆုံးရှုံးမှု သိပ်မကြီးနိုင်ဘူး။ ရက်ကြာရင်တော့ ဆုံးရှုံးမှု ကြီးနိုင်တယ်” ဟု ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်း ဆန်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမောင်ကျော်က သုံးသပ်ပြောကြားသည်။

တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ဝါးတီးကျေးရွာအုပ်စု ညောင်ပင်ရွာတွင် လယ်မြေဧကပေါင်း ၃၀၀ ကျော် အနက်ဧက ၅၀ နီးပါး ရေဝင်နစ်မြုပ်ခဲ့ပြီး မိမိပိုင်လယ် ၂၅ ဧကအနက် ခြောက်ဧကမှာ ပျက်စီးခဲ့သောကြောင့် ခြောက်ဧက၏ စိုက်ပျိုးစရိတ်ပင် ပြန် မရနိုင်တော့ကြောင်း ညောင်ပင်ကျေးရွာ နေထိုင်သူ တောင်သူ ဦးမြင့်သိန်းက ဆိုသည်။

တောင်ငူ၊ ရေတာရှည်၊ ဆွာမြို့နှင့် သာဂရမြို့များတွင် အောက်တိုဘာ ၂၈ ရက်နေ့မှ နိုဝင်ဘာ၂ ရက်နေ့အထိ ငါးရက်ကြာ စစ်တောင်းမြစ် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသောကြောင့် ရပ်ကွက် ကျေးရွာပေါင်း ၅၀ ခန့်၊ အိမ်ထောင်စုဝင်ပေါင်း ၄၀၀၀ နီးပါးနှင့် လူဦးရေ စုစုပေါင်း ၃၆,၀၀၀ ခန့် ရေဘေး ကယ်ဆယ်ရေးစခန်း ၄၀ ကျော်တွင် ခိုလှုံလျက်ရှိပြီး အခြေခံပညာ ကျောင်းပေါင်း ၉၀ ကျော် ပိတ်ထားရကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးရုံးနှင့် ကယ်ဆယ်ရေး ဆောင်ရွက် ပေးနေသည့် လူမှုရေး အသင်းအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

စစ်တောင်းမြစ် ရေကြီးမှုကို နိုဝင်ဘာလ ၂ရက်နေ့ မွန်းလွဲ ၃ နာရီခွဲတွင် တိုင်းထွာချက်အရ တောင်ငူမြို့၏ စိုးရိမ်ရေအမှတ် ၆၀၀ စင်တီမီတာ အထက် ၆၇ စင်တီမီတာအထိ ကျော်လွန် ရောက်ရှိနေကြောင်း တောင်ငူ ခရိုင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးမြင့်အောင်က ပြောကြားသည်။
The Voice Weekly

မြစ်ကြီးနားမြို့တွင် ပြုလုပ်မည့် ပြည်ထောင်စုအဆင့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော် တပ်ရင်းများ အင်အားအပြည့်ချ


မြစ်ကြီးနားမြို့တွင် ပြုလုပ်မည့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ၏ ဆွေးနွေးပွဲအတွက် လုံခြုံရေး တိုးမြှင့်နေသည်ကို တွေ့ရစဉ်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ မနောကွင်း၊ မဂျွယ်ခန်းမ၌ နိုဝင်ဘာ ၄ ရက်တွင် ပြုလုပ်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော် တပ်ရင်းများ အင်အားအပြည့် ချထားကြောင်း ပြည်နယ်ရဲအရာရှိ တစ်ဦးက The Daily Eleven သို့ ပြောကြားသည်။

လုံခြုံရေး တာဝန်ကျသော ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများသည် မနောကွင်းဝန်းကျင်၊ မြို့တော်ခန်းမ ၀န်းကျင်တို့တွင် အဓိက လုံခြုံရေး ယူထားပြီး တစ်မြို့လုံးနီးပါးကိုလည်း လုံခြုံရေး လုပ်ငန်းများ တင်းကျပ်စွာ ဆောင်ရွက်နေပြီး ရဲတပ်ဖွဲ့အင်အား ၃၀၀ ကျော်၊ တပ်မတော်အင်အား ၂၀၀ ကျော်တို့ဖြင့် ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

ယင်းလုံခြုံရေး ကိစ္စနှင့် ပတ်သက်ပြီး ပြည်နယ်ရဲအရာရှိ တစ်ဦးက "ရဲတပ်ဖွဲ့ဝင်တွေကတော့ မြစ်ကြီးနား ရဲတပ်ရင်းနဲ့ မြို့နယ်အတွင်းက အင်အားအနည်းငယ်စီတောင်းပြီး ဆောင်ရွက်နေတာပါ။ ယာဉ်ထိန်းရဲကတော့ မလုံလောက်လို့ တခြားမြို့တွေကပါ ခေါ်သုံးရတယ်။ ရဲတပ်ဖွဲ့အင်အားနဲ့ လုံခြုံရေး ပြည့်စုံပေမယ့်၊ အရေးကြီးတဲ့ ဆွေးနွေးပွဲ ဖြစ်တဲ့အတွက် ချွတ်ယွင်းချက် မရှိအောင်လို့ တပ်မတော်က လာကူတာပါ" ဟု ဆိုသည်။

လုံခြုံရေး အစောင့်ကျသော တပ်မတော် အရာရှိ တစ်ဦးက "လုံခြုံလေ ပိုကောင်းလေ ဖြစ်အောင်ပါ။ တပ်ရင်းသုံးရင်းနဲ့ လုံခြုံရေး ကိရိယာတွေအားလုံး ပါလာပါတယ်" ဟု ဆိုသည်။ ယခင်က ယင်းဆွေးနွေးပွဲ နေရာအတွက် ၀န်ကြီးများ ရုံးအတွင်းရှိ ဆမားခန်းမ၊ မြို့တော်ခန်းမတို့တွင် ပြုလုပ်ရန် ရည်ရွယ်ခဲ့သော်လည်း ယခုနီးကပ်သည့် အချိန်မှ မနောကွင်း မဂျွယ်ခန်းတွင် ပြောင်းလဲသတ်မှတ် ခဲ့သည်အတွက် စည်ပင်ဝန်ထမ်းများ၊ အခမ်းအနား ပြင်ဆင်ရန် တာဝန်ကျသူများက အပူတပြင်း ဆောင်ရွက်နေရကြောင်း ယင်းတာဝန်ကျ ပုဂ္ဂိုလ်များက ဆိုသည်။

မြစ်ကြီးနားမြို့ ဆွေးနွေးပွဲသို့ တက်ရောက်မည့် လက်နက်ကိုင် အဖွဲ့များ၏ စာရင်းကိုမူ နိုဝင်ဘာ ၂ ရက် ညနေပိုင်းအထိ အတိအကျ ထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

Eleven Media Group

တရုတ်ပိုက်လိုင်းဖြတ်ရာ ရွာချင်းဆက်လမ်း မြေကျွံနိမ့်ကျ၍ ဒေသခံများ အခက်တွေ့


မန္တလေး၊ နိုဝင်ဘာ ၂

တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းရာ မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ် ကံကြီးကျေးရွာနှင့် ရွာဘိုကျေးရွာချင်း ဆက်လမ်းမှာ မိုးရွာသွန်းမှုများသဖြင့် အောက်တိုဘာလ ၂၅ ရက်နေ့မှစတင်ကာ မြေကျွံကျမှုများ ဖြစ်ပေါ်လျက်ရှိပြီး ဒေသခံများမှာ သွားလာရေး အခက်အခဲများ ကြုံတွေ့နေရကြောင်း ယင်းကျေးရွာ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ပိုက်လိုင်း မြှုပ်ပြီးနောက် မြေပြန်ဖို့မှုမှာ စနစ်ကျနမှု မရှိခြင်းကြောင့် မိုးများသည့် အချိန်တွင် လမ်းနိမ့်ကျခြင်း ဖြစ်ကြောင်း ရွာဘိုကျေးရွာ ဒေသခံများက တူညီစွာ ပြောကြားသည်။

ယင်းလမ်းပျက်စီးမှုနှင့် ပတ်သက်ပြီး တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ကုမ္ပဏီဖြစ်သော CNPC ထံ အကြောင်း ကြားထားကြောင်း စဥ့်ကိုင်မြို့နယ် ရွာဘိုကျေးရွာ ဒေသခံ ဦးနိုင်တူးက ဆိုသည်။

တရုတ်-မြန်မာပိုက်လိုင်းတွင် အဓိက တာဝန်ရှိသော CNPC ကုမ္ပဏီက ယင်းပိုက်လိုင်း ဖြတ်သန်းရာ လမ်းတစ်လျှောက်တွင် ဝန်ထမ်းများ ခန့်ထားပြီး နေ့စဉ် စောင့်ကြပ်စစ်ဆေးလျက် ရှိကြောင်း၊ ယင်း လမ်း မြေနိမ့်ကျမှုနှင့် ပတ်သက်၍ ကုမ္ပဏီမှ တာဝန်ရှိသူများကို တင်ပြထားကြောင်း၊ ယင်းပိုက်လိုင်း တစ်လျှောက် စောင့်ကြပ် ကြည့်ရှုနေသူ ဝန်ထမ်း ဦးနန်းဦးက ပြောကြားသည်။

၎င်းသည် ပိုက်လိုင်း ဖြတ်သန်းရာ မြေနိမ့်ကျမှုဖြစ်သော စဥ့်ကိုင်မြို့နယ် ကံကြီးကျေးရွာနှင့် ရွာဘိုကျေးရွာ ကျေးရွာချင်း ဆက်လမ်းနေရာ အပါအဝင် ပိုက်လိုင်းအမှတ် CNG-257 မှ CNG-264 အထိ ပိုက်လိုင်းတစ်လျှောက် စောင့်ကြပ် တာဝန်ယူရကြောင်း ၎င်းကဆိုသည်။

ယင်းရွာဘိုကျေးရွာအနီး တောင်ပေါ် နေရာတစ်ခုတွင် ဖြတ်သန်းထားသော ပိုက်လိုင်း လမ်းကြောင်းမှာ မိုးရွာသွန်းမှု များသဖြင့် ရေစီးကြောင်းများ ဖြစ်ပေါ်နေသောကြောင့် ယင်းနေရာကို ပြုပြင်သင့်ကြောင်း၊ ယင်းဒေသ အပါအဝင် စဥ့်ကိုင်မြို့နယ်အတွင်း ပိုက်လိုင်း ဖြတ်သန်းရာ ကျေးရွာ ၂၂ ရွာ၌ လူမှုစစ်တမ်း ကောက်ယူနေသော တရုတ်-မြန်မာ ပိုက်လိုင်းစောင့်ကြည့်ရေး ကော်မတီတွင် ပါဝင်သည့် စိမ်းရောင်စို (ပလိပ်) အဖွဲ့ဝင်တစ်ဦးက သုံးသပ်ပြောကြားသည်။

ပုသိမ်ကြီးမြို့နယ် ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းသို့သွားသော လမ်းပိုင်းတွင် အောက်တိုဘာလ တတိယပတ် အတွင်းက ပိုက်လိုင်း ဖြတ်သန်းရာနေရာ၌ မြေကျွံမှုများ ဖြစ်ပေါ်ခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် အတွင်းကလည်း မန္တလေးတိုင်းဒေသကြီး တံတားဦး မြို့နယ်အတွင်း ပိုက်လိုင်း ဖြတ်သန်းရာ စကားအင်း-ပြင်စည်လမ်းပိုင်း မြေနိမ့်ကျွံကျမှုကြောင့် ဆိုင်ကယ် တိမ်းမှောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။
The Voice Weekly

နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့အားလုံး လက်မှတ်ထိုးမည်


လိုင်ဇာ၊ နိုဝင်ဘာ ၁

အစိုးရက ယခုလပိုင်းအတွင်း လက်မှတ်ရေးထိုးမည်ဟု ကြေညာ ထားသော နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးကို တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့အားလုံး ပါဝင်လက်မှတ် ရေးထိုးရန် လက်နက်ကိုင် ထိပ်သီးအစည်းအဝေး လိုင်ဇာညီလာခံက သဘောတူကြောင်း အဆိုပါ ညီလာခံ တက်ရောက်လာသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များက ပြောကြားသည်။

အောက်တိုဘာလ ၃၀ ရက်နေ့မှ နိုဝင်ဘာလ ၁ ရက်နေ့အထိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၈ ဖွဲ့ အကျေအလည် ဆွေးနွေးမှုများအပြီး နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး မူဘောင်တစ်ခုကို ညီလာခံ တက်ရောက်လာသည့် လက်နက်ကိုင် အဖွဲ့အားလုံးက ကန့်ကွက်သူမရှိ သဘောတူခြင်း ဖြစ်ကြောင်း ညီလာခံပြောခွင့်ရ ဦးခွန်ဥက္ကာက ပြောကြားသည်။

အခန်းကိုးခန်း ပါဝင်သည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ဘုံသဘောတူညီချက်ကို နိုဝင်ဘာလ ၂ ရက်နေ့တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၈ ဖွဲ့မှ ကိုယ်စားလှယ်အားလုံး ပါဝင် လက်မှတ်ရေးထိုးမည် ဖြစ်ပြီး အဆိုပါ သဘောတူညီချက်ကို နိုဝင်ဘာလ ၄ ရက်နေ့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းထံ ပေးပို့သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

ဘုံသဘောတူချက်ကို အကောင်အထည်ဖော်ရန် Nationwide Ceasefire Coordinateting Team – NCCT ကို နိုဝင်ဘာလ ၂ ရက်နေ့တွင် ဖွဲ့စည်းမည် ဖြစ်ကြောင်း ဦးခွန်ဥက္ကာက ဆိုသည်။
“ခုအပစ်အခတ် ရပ်စဲရေးဟာ အားလုံးအတွက် အသက်သွေးကြော ဖြစ်တယ်။ အမှားမခံဘူး။ မှားရင် အလုံးစုံပျက်သုဉ်း သွားနိုင်တယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။

အဆိုပါ ဘုံသဘောတူညီချက်ကို အစိုးရနှင့် ဆက်လက်ဆွေးနွေး သဘောတူပြီးပါက နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း ညီလာခံကိုယ်စားလှယ် ဒေါက်တာ ဆလိုင်းလျန်မုန်းက ပြောကြားသည်။
“ဒီနေ့ သဘောတူကြတဲ့မူနဲ့ အစိုးရက ကမ်းလှမ်းတဲ့မူ အများကြီးတော့ မကွာဘူး” ဟု ၎င်းကဆိုသည်။

ယနေ့ချမှတ်သည့် ဘုံသဘောတူညီချက်တွင် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပရန် အချိန်ကန့်သတ်ထားပြီး ၂၀၁၅ မတိုင်မီ အပြီးဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီး ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေး ဆွေးနွေးပွဲများ အတွက် မူဘောင်ချမှတ်ရန်နှင့် နောက်ထပ် ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေး ဆွေးနွေးပွဲများ စတင်ရမည် ဖြစ်ကြောင်း ညီလာခံ ကိုယ်စားလှယ်များထံမှ သိရသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရာတွင် နိုင်ငံရေးပါတီ အသီးသီးမှ ဥက္ကဋ္ဌများကိုလည်း ပါဝင်လက်မှတ် ရေးထိုးရန် ဖိတ်ကြားသွားမည် ဖြစ်ကြောင်း၊ အပစ်ရပ် လက်မှတ်ရေးထိုးအပြီး နိုင်ငံရေး ဆွေးနွေးပွဲများ မပြီးဆုံးမီလက်ရှိ လက်နက်ကိုင် တပ်ဖွဲ့အားလုံးကို စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ဆက်လက် ထားရှိသွားရန် ညီလာခံက သဘောတူ သတ်မှတ်ကြောင်း ကိုယ်စားလှယ်များက ဆိုသည်။

အဆိုပါ သဘောတူညီချက်များတွင် ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းရေးနှင့် ယင်းတပ်မတော်သည် တိုင်းပြည်ကာကွယ်ရေး တာဝန်ကိုသာ သီးသန့်ထမ်းဆောင်ရန်၊ အရပ်ဘက် အုပ်ချုပ်မှုအောက်တွင် ထားရှိရန် စသည့်အချက်များ ထည့်သွင်းထားကြောင်း ညီလာခံ တက်ရောက်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များက ပြောဆိုသည်။
The Voice Weekly

အဆုတ်သန့်စင်စေသော ကန်စွန်းရွက်ပြုတ်ဟင်းချို


ဤဟင်းချိုသည် ဆေးလိပ်သောက်သူများ၊ အာပုပ်နံ့နံသူများ၊ ခန္ဓာကိုယ်အပူများနေသူများ၊ ချောင်းဆိုးနေသူများအတွက် ထိရောက်စွာ အကျိုးပြုနိုင်သည်။
လိုအပ်သောပစ္စည်းများ
ကန်စွန်းရွက် (၁) Kg အရိုးကိုပါ အသုံးပြုပါ။
ပျားရည်         (၄၀၀) ဂရမ်
ရေ             (၄)လီတာမျှ
ရေကောင်းကောင်းဆန့်သည့်
အိုးကြီး         (၁)အိုး
ပြုလုပ်နည်း
အထက်ပါပစ္စည်းများ အားလုံးရော၍ မီးမျှင်းမျှင်းနှင့် (၄) နာရီ ကြာတည်ပါ။
အဖတ်များကို စစ်၍ ပုလင်းထဲ ထည့်ပြီး ရေခဲသေတ္တာထဲတွင် (၂-၃)ရက်ထားပါ။ မိသားစု (၁)ဦးချင်း တစ်နေ့(၁)ခွက်သောက် ရပါမည်။
ကန်စွန်းရွက်ဟင်းချိုသောက်ခြင်းဖြင့် အဆုတ်အတွက် ကောင်းသည်ဟု တရုတ်လူမျိုးများက အထူးသဖြင့် ဓလေ့ရိုးရာအဖြစ် သောက်ကြသည်။
အကျိုးသက်ရောက်ပုံများမှာ
(၁)    အဆုတ်အတွင်း အဆိပ်အတောက်များကို စင်ကြယ်သန့်ရှင်းစေသည်။ ဆေးလိပ်သောက်သူများ လေထုညစ်ညမ်းသော ပတ်ဝန်းကျင် တွင် နေထိုင်သူများအတွက် ကြီးမားသော ကောင်းကျိုးရစေသည်။
(၂)အာပုပ်နံ့နံသူများသည်လည်း ဤဟင်းချိုသောက်ခြင်းက ကုစားစေနိုင်သည်။
(၃)ပူ၍ခြောက်သွေ့သော ရာသီတွင် ခန္ဓာကိုယ်တွင်း အပူများသူများ သောက်ခြင်းဖြင့် အပူငြိမ်းစေသည်။
(၄)အဆုတ်ကို သန့်ရှင်းစင်ကြယ်စေသဖြင့် ချောင်းဆိုးနေသူများအတွက် သင့်လျော်ကောင်းမွန်သောဆေးတစ်လက်ဖြစ်သည်။

HT

Health Updates Journal No. 89

ရွှေဘောလုံးလောင်းကစားဒိုင် ကြို့ပင်ကောက်တွင်ဖမ်းလိုက်ပြီ


ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ကြို့ပင်ကောက်မြို့တွင်
(၁.၁၁.၂၀၁၃)နေ့ည(၈း၀၀)အချိန်ခန့်က ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊
ရဲအကူတပ်ခွဲ မှုခင်းအကူဌာနစုမှ ဒုရဲအုပ်ထွန်းလင်းနှင့်အဖွဲ့သည်သက်သေများနှင့်အတူ
ကြို့ပင်ကောက်မြို့၊ဦးလူကလေးလမ်း၊စက်တိုင်ကုန်းရပ်ကွက် ဦးအိုင်းရစ်
(၃၉)နှစ်၊(ဘ)ဦးအိုက်ပလု၊ကျဘမ်း၊ဈေးချိုမြောက်ရပ်ကွက်၊ကြို့ပင်ကောက်
မြို့နေသူသည် မြေစိုက်ထရံကာ၊သွပ်မိုးအဆောက်အဦးဖြင့် ရွှေဘောလုံးလောင်းကစား
 ဒိုင်ပြုလုပ်နေပြီး လာရောက်လောင်းကစားသူ ကျား(၁၄)ဦး၊မ(၁)ဦးတို့အား ရွှေဘောလုံးလောင်း
ကစား ဆက်စပ်ပစ္စည်း(၂၃)မျိုးနှင့် လောင်းကြေးငွေစုစုပေါင်း(၂၂၁၉၀၀ိ/)ကျပ်
ဖမ်းဆီးရမိခဲ့သဖြင့် ကြို့ပင်ကောက်မြို့မရဲစခန်းမှ
အိုင်းရှင်ပါ(၁၆)ဦးတို့အား (ပ)၅၆၁/၂၀၁၃ လောင်းကစားဥပဒေပုဒ်မ
၁၃(က)၊၁၄(က)အရဖြင့် အမှုဖွင့်အရေးယူထားကြောင်းသတင်းရရှိသည်။

ကိုသန့် ဇင်

by Myanmar News Now

မျက်ကပ်မှန်တပ်သူတိုင်းအတွက်


မျက်ကပ်မှန်တပ်တဲ့ သူငယ်ချင်းများအတွက် မျက်ကပ်မှန်ကို အဆင်ပြေပြေတပ်နိုင်အောင် မျက်ကပ်မှန်ကြောင့် မျက်စိမထိခိုက်ရအောင် ဆောင်ရန်ရှောင်ရန်လေးတွေကို ပြောပြမယ်နော်။

Always

- မျက်ကပ်မှန်တွေကို ပူလွန်းအေးလွန်းတဲ့နေရာမှာ မထားပါနဲ့။

- မျက်ကပ်မှန်တွေကို မကိုင်ခင် လက်ကို ဆပ်ပြာအပျော့စားလေးနဲ့ သေချာဆေးပေးပါ။

- အမွှေးမပါတဲ့ပုဝါနဲ့ လက်ကို ခြောက်အောင် သုတ်ပေးပါ။

- ညာဖက်မျက်ကပ်မှန်ကို အရင်ချွတ်ရင် အမြဲညာဘက်ကိုပဲ အရင်ချွတ်ပါ။ ဒါမှ ဘယ်နဲ့ညာ မမှားနိုင်မှာပေါ့။

- မျက်ကပ်မှန်ဆေးရည်ကို သုံးပြီးတဲ့အခါတိုင်း အဖုံးကို သေချာလုံအောင် ပိတ်ပါ။

- မျက်ကပ်မှန်ထည့်တဲ့ဘူးလေးကို နေ့တိုင်းသေချာစင်ကြယ်အောင် ဆေးပါ။

- မျက်ကပ်မှန်ဆေးရည်က ရက်လွန်နေရင် မသုံးပါနဲ့တော့။

- ရေမကူးခင်မှာ မျက်ကပ်မှန်ကို ချွတ်ထားပါ။

- မျက်ကပ်မှန်ကို မိတ်ကပ်မလိမ်းခင် တပ်ဆင်ပါ။ မိတ်ကပ်မဖျက်ခင် ချွတ်ပါ။

- မျက်စဉ်း အမြဲဆောင်ထားပါ။ အထူးသဖြင့် ကွန်ပြူတာအကြည့်များတဲ့ သူတွေမှာပေါ့။ မျက်လုံးအိမ်က ခြောက်သွေ့နေရင် သက်တောင့်သက်သာလည်း မရှိဘူး။ မျက်ကပ်မှန်လည်း ပြန်ချွတ်ရခက်တယ်။ မျက်လုံးကိုလည်း ဒဏ်ဖြစ်စေနိုင်တယ်လေ။

- မျက်ကပ်မှန်ကိုမတပ်ခင်မှာ မျက်ကပ်မှန်ကခြောက်သွေ့နေတယ်လို့ထင်ရင် မျက်ကပ်မှန် ဆေးရည်နဲ့ ဆေးလိုက်ပါ။

- မျက်ကပ်မှန်စမတပ်ခင်မှာ မျက်စိအထူးကုဆရာဝန်နဲ့ ပြသပါ။ မျက်လုံးမှာ ပြဿနာတစ်ခုခုရှိနေရင် မျက်ကပ်မှန်တပ်လို့မရဘူးလေ။

- တကယ်လို့ မျက်ကပ်မှန်တပ်ပြီးတော့မှ မျက်လုံးက နာလာမယ်၊ နီရဲလာမယ်၊ ကြည့်ရလည်း လုံးဝအဆင်မပြေဘူးဆိုရင် မျက်ကပ်မှန်ကို ချက်ချင်းပြန်ချွတ်ပါ။

- မျက်ကပ်မှန်ကို သန့်ရှင်းရေးလုပ်မယ်ဆိုရင် မျက်ကပ်မှန်ထည့်တဲ့ဘူးထဲကို မျက်ကပ်မှန်ဆေးရည် ထည့်ပါ။

ပြီးတော့ မျက်ကပ်မှန်ကိုထည့်၊ အဖုံးကိုလုံအောင်ပိတ်ပြီး ဖြည်းဖြည်းလေးလှုပ်ပေးပါ။ မျက်ကပ်မှန် မတပ်ခင်နဲ့ တပ်ပြီးတိုင်း လုပ်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။


Never

- မျက်ခမ်းစပ်၊ မျက်စိစွံတွေ ဖြစ်နေရင် ဓာတ်မတဲ့မှုကြောင့် မျက်လုံးနီရဲပြီး ရောင်နေရင်တော့ မျက်ကပ်မှန်ကို မတပ်ပါနဲ့။

- ဆပ်ပြာတွေ အလှကုန်တွေနဲ့ တခြားအရာတွေနဲ့ မျက်ကပ်မှန်ကို မထိစေနဲ့။

- မျက်ကပ်မှန်ဆေးရည်ဘူးရဲ့ ထိပ်အပေါက်ကို ဘာနဲ့မှ မထိပါစေနဲ့။ လက်၊ မျက်ကပ်မှန်တို့နဲ့တောင် မထိပါစေနဲ့။ မျက်ကပ်မှန်ကို ဘာနဲ့မှ မသုတ်ပါနဲ့။

- သုံးပြီးသား မျက်ကပ်မှန်ဆေးရည်ကိုလည်း လုံးဝပြန်မသုံးသင့်ပါဘူး။

- မျက်ကပ်မှန်ကို ဆေးကြောဖို့အတွက် မျက်ကပ်မှန်ဆေးရည်ကလွဲပြီး ဘာမှမသုံးပါနဲ့။

- ရေနွေးငွေ့တို့ တခြားမျက်စိကို ထိခိုက်နိုင်တဲ့အငွေ့တို့ ရှိနေရင်လည်း မျက်ကပ်မှန်မတပ်ပါနဲ့။

- မျက်ကပ်မှန်ကို ၈ နာရီထက်ပိုမတပ်မိပါစေနဲ့။

- မျက်ကပ်မှန်တပ်ပြီးတော့ ဆံပင်ဖျန်းဆေး မသုံးပါနဲ့။

- မျက်ကပ်မှန်ကို နှစ်နဲ့ချီပြီးတော့လည်း မတပ်သင့်ပါဘူး။

- မျက်နှာပြင် ကြမ်းမာနေတဲ့ အနားတွေထက်နေတဲ့ မျက်ကပ်မှန်ကိုလည်း နှမြှောပြီး မတပ်ပါနဲ့။





မျက်ကပ်မှန်တပ်ဆင်နည်း

- မျက်ကပ်မှန်မတပ်ခင် လက်ကို ဆပ်ပြာနဲ့သေချာစင်ကြယ်အောင်ဆေးပါ။

- ပြီးတော့ မှန်ရှေ့မှာ နေပါ။

- ညာဘက်လက်ခလယ်နဲ့ အောက်မျက်ခမ်းကိုဆွဲပါ။

- ဘယ်ဘက်လက်နဲ့ အပေါ်မျက်ခွံကို ဆွဲမပါ။

- တည့်တည့်ကြည့်ပြီး မျက်ကပ်မှန်ကို မျက်လုံးအလယ်တည့်တည့်မှာ တပ်ဆင်ပါ။

- မျက်ကပ်မှန်တပ်ပြီး မျက်တောင်မခတ်ခင်မှာပဲ ဘယ်ညာအရင်ကြည့်ပါ။ အဲလိုကြည့်လိုက်ရင် မျက်ကပ်မှန်က မျက်လုံးအလယ်တည့်တည့်မှာ သေချာနေရာတကျဖြစ်သွားတယ်လေ။

- ပြီးတော့ မျက်ကပ်မှန်က နေရာတကျရှိရဲ့လားဆိုတာ မှန်ထဲမှာသေချာကြည့်ပါ။

-မျက်ကပ်မှန်ဟာ မျက်ဆံပေါ်မှာ နေရာတကျရှိနေပြီး မျက်လုံးကလှုပ်ရှားလည်း ဒီတိုင်းပဲဆိုရင် OK သွားပြီပေါ့။


မျက်ကပ်မှန်ချွတ်နည်း

- မျက်ကပ်မှန်ချွတ်တော့မယ်ဆိုရင် မျက်ခွံတွေကို ပိတ်မသွားအောင် လက်တစ်ဖက်နဲ့ ဆွဲဖွင့်ထားပြီး လက်မရယ် လက်ညိုးရယ်နဲ့ အသာအယာလေးဆွဲယူလိုက်ရုံပါပဲ။

- ပြီးတော့ မျက်ကပ်မှန်ထည့်တဲ့ဘူးကို ဆေးရည်ဖြည့်၊ မျက်ကပ်မှန်ထည့်ပြီး လုံအောင်ပိတ်ထားလိုက်ပါ။

မျက်ကပ်မှန်တပ်နေကြလူတွေအတွက်တော့ မိကျောင်းမင်း ရေကင်းပြသလို ဖြစ်နေမှာပဲ။  ဒါပေမယ့် ခုမှ မျက်ကပ်မှန်စတပ်မယ်ဆိုတဲ့ သူငယ်ချင်းတွေအတွက်ပါ။ ပြီးတော့ မျက်ကပ်မှန် ခုမှ စတပ်မယ့်သူတွေအတွက်ရော၊ တပ်နေကြသူငယ်ချင်းတွေရော ဆောင်ရန် ရှောင်ရန်လေးတွေကို သိနိုင်အောင်ပါ။ သူငယ်ချင်းအားလုံး

ကင်ဆာရောဂါ နှင့် ကျန်းမားရေးဆောင်းပါးများ

ခေါင်းကိုက်လျှင် အစာကြေဆေး စားပါ( အပိုင်း ၂)


ဝေဒနာကြောင့် စိတ်မသက်မသာဖြစ်ကာ ခေါင်းကိုက်ရခြင်း ဖြစ်ပါသည်။ နောက်တစ်မျိုးမှာ ပိုးလေးဖက်နာကဲ့သို့ အသီးရောင်ပိုး၊အသက်ရှူ လမ်းကြောင်းတွင် ပိုးဝင်၍ဖြစ်သော ရောဂါမျိုးတွင် အာခေါင်မှ နှာခေါင်းသို့ ဆက်သွယ်သော ဝင်ပေါက်၊ နှာရိုးရင်းရှိ အရွတ်၊ အရိုးနုတို့ ရောင်ခြင်းကြောင့် နှာပိတ်ခြင်း၊ နှာရည်ယိုခြင်းမှ စတင်ကာ ခေါင်းကိုက် လာတတ်ပါသည်။ ထိုရောဂါမျိုးအတွက် ခေါင်းကိုက်ပျောက်ဆေး သောက်ခြင်းထက် တိုင်းရင်းဆေး၊ မှိုင်းရှူဆေးကို မီးခဲပေါ်တွင်ဖြူး၍ ရှူပေးရသော နည်းက ပို၍ ထိရောက်သည်။ ခေါင်းကိုက်အမြန် သက်သာစေပါသည်။ မိုင်းရှူဆေးအဖြစ် တိုင်းရင်းဆေးခန်းသုံး ဆေးဖြစ်သည်။ အကင်းဆယ်ပါး ဆေးကို သုံးစွဲကြပါသည်။ ၎င်းဆေးကို ပရဆေးဆိုင်များတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်ပါသည်။ အစိုးရ တိုင်းရင်းဆေးကုခန်းများတွင်လည်း ရရှိနိုင်ပါသည်။ အကင်းဆယ်ပါးဆေး၏ တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်မှာ (၄၃) ဖြစ်ပါသည်။ အခြားခေါင်းကိုက်ခြင်း တစ်မျိုးမှာ ရောဂါကုရာတွင် “ဆေးအတွက်လေး” ဆိုသကဲ့သို့ ဆေးကြောင့်ဖြစ်သော နောက်ဆက်တွဲ ဝေဒနာ ခေါင်းကိုက်ခြင်း ဖြစ်ပါသည်။

အကြောတက်၊ အဆစ်ရောင်၊ လေးဖက်နာ ဝေဒနာသည်များမှာ နာတာရှည် ဖြစ်လေ့ရှိသဖြင့် အကိုက်အခဲ ပျောက်ဆေးများကို အလွယ်တကူ သောက်လေ့ရှိကြသည်။ ထိုသို့သောက်ရာမှ အစာအိမ်ရောင်ခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်းတွင် သွေးကြောငယ်များ စိမ့်ပေါက်ခြင်းအပြင် ကြာတော့ အစာမစားချင်၊ စားလျှင်လည်း အစာမကြေသည့် ရောဂါဖြစ်လာသည်။ခေါင်းကိုက်ခြင်း အမျိုးမျိုးတွင် အစာမကြေ ခေါင်းကိုက်ရောဂါသည် အဆိုးဆုံး ဖြစ်သည်။ အစာမစားလျှင် မကိုက်၊ အစာစားပြီးသည်နှင့် နာရီဝက်အတွင်း ခေါင်းကိုက်လာသည်။ အစာမှားလျှင် ပို၍ကိုက်သည်။ အစာအိမ်အတွင်းရှိ အနာနှင့် အစာချေရည်များ ထိတွေ့သောအခါ အစာမကြေဘဲ လေချဉ်များ ဖြစ်လာသည်။ ထိုလေချဉ်များသည် ပါးစပ်မှဆန်ပြီး အပြင်ထွက်သည့် အခါလည်း ရှိသည်။ မထွက်လျှင် ခေါင်းကိုက်လာလေ့ ရှိပါသည်။ ထို့အပြင် အကြောတက်သည်၊ ခေါင်းကိုက်သည်ဆိုလျှင် တိုင်းရင်း မြန်မာဆရာများက အစာကြေဆေး ပေးကြသည်။ အကိုက်အခဲ ပျောက်ဆေး မပေးကြ။ လူနာများက နားမလည် ဖြစ်ကြရသည်။ ခေါင်းမကိုက်ဖို့ အစာကြေဆေး ပေးခြင်းသည် “ဝမ်းတစ်လုံးကောင်းလျှင် ခေါင်းတစ်လုံးမခဲ” ဟုသော ကုထုံးကြောင့် ဖြစ်ကြောင်း လူနာများကို ရှင်းပြဖို့တော့ လိုပေသည်။

ဘုရားရှင်လက်ထက် မတိုင်မီ ပေါ်ပေါက်ခဲ့သော အာယုဗ္ဗေဒ ဆေးပညာတွင်လည်း “ရောဂါမူလံ အဇိဏ္ဏတံ” ရောဂါမှန်သမျှ အစာမကြေခြင်းက စသည်ဟု ဆိုထားခြင်းကြောင့် မည်သည့် ရောဂါဝေဒနာဖြစ်စေ ဝင်လာလျှင် ကုသည့်ဆရာရော လူနာကပါ အစာကြေမကြေကို ဦးစွာ ဂရုစိုက်မေးကြဖို့ လိုအပ်ပါသည်။ အကြောတက်၊ အဆစ်ရောင်၊ လေးဖက်နာရောဂါ နှစ်ကြာရှိသူများသည် အကိုက်အခဲ ပျောက်ဆေးများနှင့် ယဉ်ပါးလာကြသူများ ဖြစ်သည်။ အချို့မှာ တော်ရုံ အကိုက်အခဲပျောက်ဆေး မတိုးတော့။ ထိုသူတို့မှာ အစာအိမ်နှင့် သွေးကြောများပါ ရောင်သော အဆင့်သို့ ရောက်သောအခါ ခေါင်းကိုက်ခြင်း ဝေဒနာကို နောက်ဆက်တွဲ ရောဂါအဖြစ် ခံစားလာကြရတော့သည်။ ထိုသူများအတွက် အကြံပေးလိုသည်မှာ မည်သည့် ဆေးမျိုး သောက်နေရသည်ဖြစ်စေ အစာစားပြီးလျှင် အစာကြေဆေး တစ်မျိုးမျိုး သောက်ဖို့လိုပါသည်။ အစာကြေဆေး သောက်သော အခါတွင်လည်း အစာစားပြီးပြီးချင်း သောက်လျှင် အစာအိမ်ထဲတွင် အချဉ်ပေါက်သော အစာများနှင့် ရောမွှေပြီး ဆေးပါ ဓာတ်ပြယ်သွားတတ်သည်။ ထို့ကြောင့် အစာအနည်ထိုင်ချိန် (စားပြီး နာရီဝက်ခန့် ကြာသည့်အချိန်) ကျမှ သောက်သင့်ပါသည်။

ထို့အပြင် ခေါင်းကိုက်တတ်သူများသည် အစာစားချိန် ရေသောက်ခြင်း၊ ရေခဲရေ သောက်ခြင်းသည်လည်း မကောင်းပါ။ အစာချေရည်ကို အားပျော့စေပါသည်။ ဟင်းရည်သောက်၊ ဟင်းချိုရည်တို့တွင် ရေပါဝင်သင့်သလောက် ပါဝင်ပြီး ဖြစ်သဖြင့် ထပ်သောက်လျှင် ရေနှင့်အစာ မမျှတ ဖြစ်နိုင်သည်။ အချို့ ဝမ်းမီးအားနည်း၍ အစာမကြေသူများကို ထမင်းစားပြီးလျှင် ချက်ချင်း ရေမသောက်စေရပါ။ ထမင်းစားပြီး ရင်ပူနေလျှင် သာ၍ အစာပိုကြေသည်။ နာရီဝက်ခန့်ကြာမှ ရေသောက်ခြင်းက ပို၍ အစာချေအား ကောင်းစေသော အယူအဆရှိ၏။ အကိုက်အခဲ ပျောက်ဆေးများ၊ ဆေးပြင်းများ သောက်ရသည့် နာတာရှည် ဝေဒနာများအတွက် နောက်ဆက်တွဲ ဖြစ်လေ့ရှိသော ခေါင်းကိုက်ရောဂါသည် အစာအိမ်နှင့် သွေးကြောများ ရောင်ခြင်းကြောင့် ဖြစ်နိုင်သဖြင့် အထူးသတိထားကြဖို့ လိုကြောင်း သတိပေး ရေးသားလိုက်ရပါသည်။

ကြည်လွင်မြင့်(မုဒြာ)

Ref: By Shade The Mandalay Hill 

Twin Pregnancy အမွှာကိုယ်ဝန် ဘာဆင်ခြင်ရမလဲ


(၁) ဆရာ သိချင်လို့ပါ။ ဘယ်လိုများ မိခင်တစ် ယောက်က ကျန်းမာကောင်းမွန်တဲ့ အမွှာပူးကလေးရအောင် မည်သို့ နေတိုင်းစားသောက်ရပါသ နည်း။
(၂) ကျွန်တော့် ဇနီးက အသက် (၂၅) နှစ်ထဲမှာပါ။ အခု ကိုယ်ဝန် ၄ လ ကျော် ၅ လရှိနေပါတယ်။ Ultrasound နဲ့ကြည့်တာ အမွှာကိုယ်ဝန် ဖြစ်နေပါတယ်။ အမွှာကိုယ်ဝန်အတွက် ဆောင်ရန်ရှောင်ရန်များကို ညွှန်ကြားပေးပါ။

သုတေသနလုပ်သူတွေက ကိုယ်ဝန်ဆောင် ၁-၈% ဟာ ကိုယ်ဝန်ဆောင်ကာစမှာ အမွှာနဲ့စခဲ့ပြီး၊ နောက်မှ ကလေး တယောက်တည်း ဖြစ်သွားကြတယ်လို့ သံသယရှိကြတယ်။ ကိုယ်ဝန်ဆောင်စမှာ (အာလ်ထွာဆောင်း) ရိုက်တော့ သန္ဓေသား နှစ်ခုတွေ့ပြီး နောက်ပိုင်းမှာ တခုတည်းဖြစ်တာကို Vanishing twin syndrome လို့ခေါ်တယ်။ Conjoined twins (Siamese) ကိုယ်ချင်းဆက်အမွှာ ဆိုတာက Monozygotic twins (ဇိုင်ဂုတ်) တခုတည်းကဖြစ်တဲ့ အမွှာအမျိုးဘဲ ကိုယ်နှစ်ခုက ကွဲမထွက်လို့ ဆက်နေတယ်။ ကိုယ်ဝန် ၅ သောင်းမှာသာ တယောက် ဖြစ်တတ်တယ်။

မိသားစုထဲမှာ အမွှာမွေးဘူးသူရှိရင် အမွှာကိုယ်ဝန် ပိုဖြစ်နိုင်ခြေများတယ်။ Fraternal twins ထပ်တူ မဟုတ်တဲ့အမွှာ နဲ့ Identical twins ထပ်တူဖြစ်တဲ့အမွှာ ဆိုပြီး (၂) မျိုးရှိတယ်။ မတူတဲ့ အမျိုးအစားက ပိုများတယ်။ အမွှာကိုယ်ဝန်ဖြစ်နေတာကို ဆရာဝန်ကနေ ဗိုက်ကိုလက်နဲ့၊ နားကြပ်နဲ့ စမ်းတာနဲ့လဲ သိနိုင်တယ်။ သေခြာအောင် Ultrasound (အာလ်ထွာဆောင်း) ရိုက်ရမယ်။

• အမွှာဆိုရင် ကိုယ်ဝန်ရိုးရိုးထက် ကိုယ်အလေးချိန် ပိုများနေမယ်။ ကိုယ်ဝန်ရှိကာစ တပတ်မှာ ၁ ပေါင်တိုးတယ်။ နေ့လစေ့မှာ ပုံမှန်ကိုယ်ဝန်ဆိုရင် ၂ဝ-၃ဝ ပေါင်တိုးလာမယ်။ အမွှာကိုယ်ဝန်က ၃ဝ-၄ဝ ပေါင် တိုးနေမယ်။
• အလေးချိန်များလို့ အနေရခက်မယ်။ ပိုပြီး အနားယူရမယ်။ ခြေတွေကို အခုအခံပေါ်မှာတင်ထားပြီး နားသင့်တယ်။ အလုပ်လုပ်သူဆိုရင် မီးဖွါးခွင့်ကို မမွေးခင် ၆ ပတ်ထက်နောက်ကျပြီးယူတာ မလုပ်သင့်ဘူး။
• အမွှာကိုယ်ဝန်ဆောင်မိခင်ဟာ တနေ့မှာ ၂၇ဝဝ ကယ်လိုရီ စားသောက်သင့်တယ်။
• ကလေးတယောက်တည်းကိုယ်ဝန်နဲ့ စာရင် အားဆေးတွေ ပိုလိုမယ်။ ဗီတာမင် (ဘီ) အုပ်စု သောက်ရမယ်။

• သွေးအားနည်းတာ ပိုဖြစ်နိုင်လို့ သံဓါတ်အားဆေး သောက်ကိုသောက်သင့်တယ်။ ဖေါလစ်အက်စစ်လဲ လိုတယ်။
• ကိုယ်ဝန်ဆောင်စောင့်ရှောက်တာကို ပိုဂရုစိုက်ရမယ်။ ဆရာဝန်ကနေ (အာလ်ထွာဆောင်း) နဲ့ ရေမြွာရည်လည်း စစ်မယ်။ ကလေးအခြေအနေကိုလဲ စစ်မယ်။ အချင်းကိုလဲ စစ်မယ်။
• ၁၈-၂၄ ပတ်ကနေစပြီး သားအိမ်ဝကို တိုင်းတာတာလဲ လုပ်မယ်။ မွေးလမ်းကြောင်း စမ်းပြီး သားအိမ်ဝကိုလဲ စစ်မယ်။ Incompetent cervix သားအိမ်ဝ မလုံတာ မဟုတ်ဘို့ သေခြာချင်လို့ ဖြစ်တယ်။ ၅% မှာအဲလို ဖြစ်တတ်တယ်။ ဖြစ်ရင် သားအိမ်ဝကို မမွေးချင်မချင်း ချုပ်ထားပေးရတယ်။
• Ultrasound ပိုရိုက်ရမယ်။ တချို့ဆရာဝန်တွေက တလတခါရိုက်တတ်တယ်။ အချင်းကိုစစ်ချင်တယ်။ ၁၆-၁၈-၂ဝ-၂၂-၂၄ ပတ်တွေမှာ Twin-twin-transfusion syndrome မဟုတ်တာ သေခြာချင်လို့ ရိုက်တယ်။ ၂၄ ပတ် နောက်ပိုင်းတော့ တလတခါသာ ရိုက်ပါမယ်။
• Preterm labor စောမွေးတာ ၅၅% ရှိတယ်။
• Premature rupture of membranes ရေမြွာစောပေါက်တာ၊ Uneven growth ကလေးနှစ်ယောက် ဖွံ့ထွားမှု မတူတာ၊ High blood pressure သွေးတိုးရှိတာ၊ Preeclampsia ကိုယ်ဝန် သွေးဆိပ်တက်တာ နဲ့ Diabetes ဆီးချိုရှိလာတာတွေ ပိုဖြစ်တတ်တယ်။
• ဂျာမန် သုတေသနတခုမှာ အမွှာကိုယ်ဝန်ဆောင်ပေါင်း ၄၁၁ဝ ကိုလုပ်ခဲ့တယ်။ ကလေးတယောက်နဲ့ တယောက် မွေးလာတဲ့အချိန်တွေ ကွာခြားတာကို လေ့လာတယ်။

- ပျမ်းမျှ ၁၃့၅ မိနစ် ကွာခြားတာတွေ့ရတယ်။
- ၁၅ မိနစ် = ၇၅့၈%၊
- ၁၆-၃ဝ မိနစ် = ၁၆့၎%၊
- ၃၁-၄၅ မိနစ် = ၄့၃%၊
- ၄၆-၆ဝ မိနစ် = ၁့၇% နဲ့
- တနာရီထက်မကကွာတာ (၇၂ ယောက်) = ၁့၆% ရှိတယ်။
• မွေးဖွါးချိန် ပိုကြာတတ်တယ်။
• C-section ဗိုက်ခွဲမွေးနိုင်တဲ့ ရာခိုင်နှုန်းပိုများတယ်။ အမွှာကိုယ်ဝန်တိုင်းကို ခွဲမွေးရမယ်လို့ မဆိုလိုဘူး။
• မွေးပြီးရင် ကလေးတွေကို မိခင်နို့တိုက်ဘို့ ပြင်ဆင်ထားရမယ်။ ဒီအတွက် စားသောက်တဲ့အခါ တနေ့မှာ ကယ်လိုရီ ၅ဝဝ ပိုလိုမယ်။
Dr. Tint Swe

သင့်မျက်နှာက ပြောပြနေသော သင့်ကျန်းမာရေး


သင့်မျက်နှာပေါ်က အချက်အလက်တွေက သင့်ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေရဲ့ ကျန်းမာရေး အခြေအနေကို ဖော်ပြနေတယ်လို့ တရုတ်ဆေးပညာအရ သိရပါတယ်။ ကိုယ်ခန္ဓာ အချက်ပြမှုတွေကို ဖတ်ရှူရင်း သတိပြုသင့်တဲ့ ကိုယ်တွင်း ကျန်းမာရေး အခြေအနေတွေကို တရုတ်ဆေးပညာအရ အခုလို သိရပါတယ်။

ကျန်းမာရေး အချက်ပြမှု (၁)

နဖူးပေါ် ဝက်ခြံပေါက်လျှင်

တရုတ်ဆေးပညာအရ နဖူးဟာ အစာခြေစနစ်နဲ့ နီးနီးကပ်ကပ် ဆက်စပ်မှုရှိပြီး မျက်ခုံးနှစ်ခု ကြားနေရာက အသည်းနဲ့ ဆက်နွှယ်မှု ရှိတယ်လို့ သိရပါတယ်။ အယ်လ်ကိုဟောနဲ့ အဆီအအိမ့် များလွန်းတဲ့ အစာတွေကို စားသောက်တာကြောင့် ဒီနေရာတွေမှာ ယာယီ အဖုအပိမ့်တွေ ဖြစ်စေပါတယ်။ အာဟာရချို့တဲ့မှု ဖြစ်တာကြောင့် မျက်နှာ အပြစ်အနာအဆာတွေ ဖြစ်စေနိုင်ပါတယ်။ ဒီအဖုအပိမ့်တွေ ပျောက်အောင် အာဟာရရှိတဲ့ အစားအသောက်တွေကို စားပြီး ရေဓာတ် ပြည့်ဝအောင် ကြိုးစားပါ။

ကျန်းမာရေး အချက်ပြမှု (၂)

ပါးပြင်ပေါ်တွင် အပြစ်အနာအဆာရှိလျှင်

မိတ်ကပ်အလှကုန်တွေ၊ ညစ်ပတ်တဲ့ ခေါင်းအုံးစွပ်တွေကြောင့် ပါးပြင်မှာ အဖုအပိမ့် ပေါ်နိုင်သလို ဒီနေရာက အဆုတ်နဲ့ ဆက်စပ်နေတာကြောင့် ဆေးလိပ်သောက်သူ၊ ပန်းနာရင်ကျပ်ရောဂါ ရှိသူနဲ့ ဓာတ်မတည့်မှု ဝေဒနာရှင်တွေလို အသက်ရှူလမ်းကြောင်း ဝေဒနာရတာကြောင့် ပါးပြင်မှာ အဖုအပိမ့် ပေါ်နိုင်တယ်လို့ တရုတ်ဆေးပညာအရ သိရပါတယ်။

ကျန်းမာရေး အချက်ပြမှု (၃)

မေးစေ့နှင့် မေးရိုးတစ်လျှောက် အဖုအပိမ့်များ ရှိလျှင်

မေးစေ့နဲ့ မေးရိုးလိုင်းတစ်လျှောက် အဖုအပိမ့်တွေ ရှိနေတာက ဟော်မုန်း အတက်အကျကြောင့် ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ရာသီလာစဉ် အမျိုးသမီးတွေ ဖြစ်တတ်ပါတယ်။ ဒီနေရာတွေမှာ ကြာရှည် အဖုအပိမ့်ပေါက်တာက ဟော်မုန်းမညီမျှတာနဲ့ အန်ဒိုခရိုင်းဝေဒနာတို့ရဲ့ လက္ခဏာအနေနဲ့ ပြတာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ရာသီမလာတာနဲ့ ကိုယ်အလေးချိန် တက်တာတို့လို တခြားလက္ခဏာတွေ ဖြစ်ပေါ်ရင် ဟော်မုန်း အတက်အကျကို စစ်ဆေးဖို့ လိုပါလိမ့်မယ်။

ကျန်းမာရေး အချက်ပြမှု (၄)

မျက်ကွင်းညိုပြီး မျက်အိတ်ဖြစ်နေလျှင်

မျက်ကွင်းညိုတာနဲ့ မျက်အိတ် ဖြစ်ပေါ်တာက အများအားဖြင့် မျိုးရိုးလိုက်လို့ ဖြစ်ရတာပါ။ ဒါပေမဲ့ ရုတ်တရက် ဖြစ်ပေါ်လာရင်နဲ့ သိသိသာသာ ပိုဆိုးလာရင်တော့ ကျန်းမာရေး ပြဿနာတချို့နဲ့ ဆက်စပ်နေပါတယ်။ မျက်လုံးအောက် နေရာတစ်ဝိုက်က ကျောက်ကပ်နဲ့ ဆက်စပ်နေတာကြောင့် မျက်ကွင်းညိုတာနဲ့ မျက်အိတ်ဖြစ်တာက ရေဓာတ်ခန်းခြောက်တာနဲ့ အဆိပ်တွေ စုဆောင်းမှု ရှိနေတာတို့ကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကို တွန်းလှန်နိုင်ဖို့ ရေများများသောက်ပါ၊ အယ်လ်ကိုဟော၊ ကဖင်းနဲ့ ဆားကို ရှောင်ပါ။ မျက်ကွင်းညိုတာက ဗီတာမင်ဘီ ၁၂ ဒါမှမဟုတ် သံဓာတ်ချို့တဲ့တဲ့ သွေးအားနည်း ရောဂါကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ကျန်းမာရေး အချက်ပြမှု (၅)

မှဲ့

မှဲ့တွေရှိရင် နေကာခရင်မ် မှန်မှန်လိမ်းတာ၊ နေရောင်ထဲ မထွက်ဘဲ အိမ်တွင်းအောင်းနေတာ၊ မှဲ့တွေကို မကြာခဏ စစ်ဆေးတာ စတာတွေကို လုပ်ဆောင်သင့်ပါတယ်။ သင့်ခန္ဓာကိုယ်မှာ မှဲ့ ၁၀၀ ကျော်ရှိရင် အရိုးတွေ အားနည်းတတ်ပြီး အရိုးပါးရောဂါ ဖြစ်နိုင်ခြေ ရှိတယ်လို့ လန်ဒန်ကင်းကောလိပ်ရဲ့ လေ့လာမှုအရ သိရပါတယ်။

ကျန်းမာရေး အချက်ပြမှု (၆)

လျှာက ပုံမှန်မဟုတ်ဘဲ ပြောင်းလဲနေလျှင်

တရုတ်ဆေးပညာအရ လျှာက ကျန်းမာရေးကို ဖော်ပြနေတဲ့ မြေပုံဖြစ်တာကြောင့် လျှာကို ကြည့်ပြီး ကျန်းမာရေး ချို့တဲ့မှုတွေကို သိနိုင်ပါတယ်။ သံဓာတ်၊ ဖောလိတ်နဲ့ ဗီတာမင်ဘီ ၁၂ တို့ ချို့တဲ့မှုကြောင့် ဖြစ်တဲ့ သွေးအားနည်းရောဂါဟာ လျှာအနာ၊ လျှာနီတာတို့နဲ့ ဆက်စပ်နေသလို လျှာအရောင်က ဖြူဖွေးနေတတ်ပါတယ်။ လျှာက အပြာရောင် သန်းနေရင် သွေးကြောထဲ အောက်ဆီဂျင် ပြတ်လပ်တဲ့ လက္ခဏာ ဖြစ်နိုင်သလို လျှာပေါ်မှာ အဖြူရောင်အနာ ဖြစ်ပေါ်တာက မှက္ခရုရဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။

ကျန်းမာရေး အချက်ပြမှု (၇)

မျက်နှာနှင့် ခန္ဓာကိုယ်တွင် အမွေး အလွန်အမင်း ပေါက်နေလျှင်

မျက်နှာနဲ့ ခန္ဓာကိုယ်မှာ အမွေးအမှင်တွေ များလွန်းရင် အင်ဒိုခရိုင်းပြဿနာ (Endocrine Disorder) ကြောင့် ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်များဆုံး အင်ဒိုခရိုင်း ပြဿနာက သားဥအိမ်မှာ သားဥ မကြွေနိုင်ဘဲ ရေအိတ်ငယ်တွေ ဖြစ်လာတဲ့ ဟော်မုန်းဆိုင်ရာ ရောဂါစု (PCOS) ဖြစ်ပြီး ဝက်ခြံထွက်တာ၊ ကိုယ်အလေးချိန် တက်တာ၊ ရာသီမမှန်တာနဲ့ အမွေးအမှင် ထူထဲတာတို့လို လက္ခဏာတွေကို တွေ့ရတတ်ပါတယ်။

ကြယ်စင်
Ref: Good Health

နေပြည်တော် သာဝတ္တိတိုက်နယ် ရေကြီး


မန္တလေးတိုင်း၊ နေပြည်တော် သာဝတ္တိတိုက်နယ်ထဲမှာ ရေကြီးနေတဲ့အတွက် ကျေးရွာပေါင်း ၈ ရွာက အိမ်ခြေ ထောင်ကျော် ရေနှစ်မြုပ်နေပါတယ်။
ရေဘေးဒုက္ခရောက်နေသူပေါင်းလည်း ထောင်နဲ့ချီရှိနေပါတယ်။

နေအိမ်တွေအပြင် လယ်မြေနဲ့ ယာမြေပေါင်းများစွာခဲ့ ပျက်စီးဆုံးရှုံးနေတယ်လို့ ရေဘေးဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ “ဗြဟ္မစိုရ် နှလုံးလှ” လူမှုကူညီရေးအသင်းက VOA မြန်မာပိုင်းကို ပြောပါတယ်။

ဒုက္ခသည်တွေအတွက် တာဝန်ရှိသူတွေက ယာယီကယ်ဆယ်ရေးစခန်းတွေ ဖွင့်ခဲ့ပေးပေမဲ့ ရက်ပိုင်းအကြာမှာပဲ နေရပ်ပြန်ခိုင်းခဲ့တဲ့အတွက် ရေမြုပ်နေတဲ့ နေအိမ်တွေဆီပြန်သွားဖို့ ဒုက္ခသည်တွေမှာ အခက်တွေ့ကြရတယ်လို့လည်း ဆိုပါတယ်။ တချို့ကလည်း ပြန်ဖို့
ငြင်းဆန်ခဲ့ကြပါတယ်။

လယ်ယာမြေတွေ ရေလွှမ်းကုန်တာကြောင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း ထိခိုက်ပြီး စိုက်ပျိုးသီးနှံတွေဆုံးရှုံးကြရတဲ့ တောင်သူလယ်သမားတွေ အရေးကို အာဏာပိုင်တွေဘက်က ကိုင်တွယ်ဖြေရှင်းပေးစေချင်တယ်လို့ ရေဘေးသင့် တောင်သူတွေကလည်း ပြောပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတချို့မှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် နှစ်ပေါင်းများစွာအတွင်း မကြုံစဖူး ရေကြီး ရေလျှံမှုတွေ ဖြစ်နေပါတယ်။

VOA

သိပ်စေ့စပ်တဲ့တပည့်


ဆရာ ။ ။ဟေ့ရောင်ငါ့ကိုအအေးတစ်ဘူးလောက်သွားဝယ်ပေးစမ်း။

တပည့် ။ ။ဘာသောက်မလဲဆရာ။

ဆရာ ။ ။ကိုလာ။

တပည့် ။ ။အေးတာယူမလား၊မအေးတာယူမလားဆရာ။

ဆရာ ။ ။အေးတာယူခဲ့။

တပည့် ။ ။သံဗူးလား၊ပလတ်စတစ်ဘူးလားဆရာ။

ဆရာ ။ ။ခွီးးးး ပလတ်စတစ်ပဲယူခဲ့။

တပည့် ။ ။1လီတာလား0.5လီတာလားဆရာ။

ဆရာ ။ ။ခွီးးးးတော်ရေတစ်ခွက်ပဲခပ်လာခဲ့။

တပည့် ။ ။ရေသန့်ဗူးထဲကလား၊ရေအိုးထဲကလားဆရာ။

ဆရာ ။ ။ကတောက်ဒီတိရစ္ဆာန်ကတော့ကွာ။

တပည့် ။ ။ခွေးလားနွားလားဟင်။

ဆရာ ။ ။အေဘေးငါ့ရှေ့ကထွက်သွားစမ်း။

တပည့် ။ ။အခုလားခဏနေရင်လားဆရာ။

ဆရာ ။ ။ငါမင်းကိုသတ်မိတော့မယ်နော်.....ဟွင်းဟွင်း။

တပည့် ။ ။ဓားနဲ့ထိုးမှာလားသေနတ်နဲ့ပစ်မှာလားဆရာ။

ဆရာ ။ ။ရှိကြီးခိုးပါတယ် ငါ့ကောင်ရယ်.. ငါ့ဟာငါပဲ သွားဝယ်တော့ပါမယ် အဟင့်ဟင့် ..

Credit - Original Writer

အူကိုလှိမ့်နေတာပဲ .. ( 18+ )


ဆေးခန်းတစ်ခုတွင်ဖြစ်သည်။

“စိတ်ချပါရှင် ကျမက ပရိုဖက်ရှင်နယ်ပီသပါတယ်၊
လုပ်သက်နှစ်(၂၀)အတွင်း ဘယ်လူနာကိုမှ မရယ်ဖူးပါဘူး”
သူနာပြုဆရာမလေးက ကတိပေးသည်။
...

“ဒါဆိုလည်း ပြီးတာပဲဗျာ”

ကိုအုပ်စိုးက ဘောင်းဘီကို လျှောချလိုက်ရင်း သူ၏ ပဲမြစ်ကို ပြလိုက်သည်။
အရွယ်ကား AAA ဓါတ်ခဲအရွယ်အတိုင်း ကွက်တိ။
သူနာပြုဆရာမလုပ်သက်တလျှောက် မြင်ဖူးသမျှတွင် အသေးဆုံးပင်။

စိတ်ကိုထိန်းထားသည့်ကြားက မနေနိုင်၍ ခစ်ခနဲ ရယ်မိသဖြင့် မျက်နှာကို မနည်းထိန်းကာ
“ဆောရီးနော်၊ ဘယ်လိုဖြစ်သွားမှန်းမသိဘူး၊ နောက်မဖြစ်စေရပါဘူးလို့ ကတိပေးပါတယ်။ ကဲ ပြောပါအုံး... ဘာဖြစ်လို့လဲ”

“ယောင်နေလို့ပါ”

သူနာပြုဆရာမလေးလည်း အူကိုနှိပ်လျှက် ထွက်ပြေးလေ၏။

Credit - Original Writer


ဦးမောင်က မိခင်အတွက် လက်လက်ဆတ်ဆတ် နှင်းဆီပန်း ဆယ်ပွင့် ကို ပေးရာ အမေလုပ်သူက မေးသည် ။
"ကျေးဇူးပါပဲ သားရယ် ဒါနဲ့ သား ဘယ်က ယူလာတာလဲ"
"တစ်ခြံကျော်က အန်ကယ်လ်သော် ဆီကပါ"
"သားယူလာတာ သူသိသလား "
"သိတာပေါ့ ကျွန်တော့ နောက်ကို သူအတင်းပြေးလိုက်သေးတာပဲ ဥစ္စာ

cr >> မောင်ကောင်းထိုက်
-------------------------------------------

သူများဝန်ကို ဆက်ထမ်းနေရတယ်

သင်္ချိုင်းရှိ အုတ်ဂူတစ်ခုရှေ့တွင် ယောင်္ကျားတစ်ယောက် ကိုယိုတေသည်၊ နှုတ်မှလဲ ပြောသည်။

"သူ မသေသင့်ဘူး၊ တကယ်တမ်း သူ မသေသင့်သေးဘူး၊ ငါ အင်မတန် ကံဆိုးပါလား"

ဖြတ်သွားသောသူက ကြင်နာသံတစ်ဝက်၊ စိတ်ဝင်စားသံတစ်ဝက် ဖြင့် မေးသည်။

"ဒီဂူမှာ ခင်ဗျားရဲ့အဖေ၊ ဒါမှမဟုတ် သားကို မြှပ်ထားသလားဗျာ"

"ဟင့်အင်း၊ ကျွန်တော့ မိန်းမရဲ့ ပထမယောက်င်္ကျား"

~ပေါ့ပေါ့ပါးပါးဟာသများ~
-----------------------------------------------

တစ်ခါက အကြီးအကဲသည် နောက်လိုက်များနှင့် အစည်းအဝေးအတွက် ခရီးထွက်ကြသည်။ လမ်းတွင် မတော်တဆ ယာဉ်တိုက်မှုဖြစ်ပြီး အားလုံးဆေးရုံသို့ ရောက်သွားကြသည်။ အကြီးအကဲ၏ သတင်းကို မေးမြန်းစုံစမ်းရန်အတွက် သတင်းထောက်များ လာရောက်ပြီး ဆရာဝန်အား မေးမြန်းခဲ့ကြသည်။

သတင်းထောက်................ဆရာ…ဆရာ..အကြီးအကဲ အခြေအနေ ဘယ်လိုလဲ
ဆရာဝန် .................အင်း…အခြေအနေကတော့ သိပ်မကောင်းလေဘူး
သတင်းထောက်................သူ့ရဲ့ နောက်လိုက်တွေကော
ဆရာဝန် ................ သူတို့လဲ အခြေအနေ မကောင်းဘူး
သတင်းထောက်................ ဒါဆို ဘယ်သူအခြေအနေ ကောင်းလဲ ဆရာ
ဆရာဝန် ................ငါတို့ တိုင်းပြည် အခြေအနေ ကောင်းပြီ

cr >> ivory

သစ်သီးလေးများ


စိတ္တဇဆေးရုံလူနာဆောင်များအား ဆေးရုံအုပ်ကြီးရောင်းလှည့်ရာ အဆောင်တစ်ခုသို့  ရောက်သော် လူနာအတော်များများအားပါတ်တီးနှင့်တွေ့ ရလေ၏။

ထိုအဖြစ်ကိုသိလို၍ ဝေဒနာရှင်တစ်ယောက်အားမေးသော်လူနာက

"အော် ဒါလားကျွန်တော်တို့ ညနေတိုင်း သစ်ပင်စိုက်တိုင်းဆော့တာဗျ ဆရာညနေကျလာကြည့်လေ' လို့ပြောလေ၏။

ညနေသိုရောက်သော် ဆရာဝန်ကြီးသည်ထိုအဆောင်သို့လာသောအခါ အဆောင် တစ်ခုလုံးရှင်း၍ နေလေသည်။

ဘယ်သူမှ မတွေ့ ၍ အဆောင်ဝန်းကျင်သို့ လှည့်ကြည့် နေစဉ် အဆောင်ဘေးသစ်ပင်မှ အသံထွက်လာလေသည်

" မောင်ဖြူရေ မင်မှည့်ပြီလားဟေ့"

"အေးမှည့်ပြီဟေ့'

"မှည့်ရင်ကြွေတော့"
ဆိုသော အသံတွေနှင့်အတူ လူနာတစ်ယောက်သစ်ပင် ပေါ်မှ ဇောက်ထိုးပြုတ်ကျလာလေသည်။

~ပေါ့ပေါ့ပါးပါး ဟာသများ~

သိချင်ဦးဟ


စိတ္တဇဆေးရုံတွင် လူနာများက ဆူညံ့နေသောကြောင့် ဆရာဝန်ကလူနာများကိုလိုက်မေးသည်။

"37............37............37"

"ဘာလို့  37 လို့ အော်နေရတာလဲ"

လူနာများကအပေါ်ကို လက်ညိုးထိုး ပြကြတယ်။

အဲဒါနဲ့ ဆရာဝန်လည်း အပေါ်ထပ်ကို တက်သွားသည်။ အပေါ်ထပ်တွင်လည်း

"37.................37......"

"ဘာလိုအဲဒီလိုအော်နေကြတာလဲ"

လူနာများက အပေါ်ကို လက်ညိုးထိုးပြကြပြန်သည်။

အဲဒါနဲ့ ဆရာဝန်လည်း အပေါ်ထပ်ကို တက်သွားသည်။

အပေါ်ထပ်တွင်လည်း 37 ကိုအော်နေကြသည်။

"ငါကိုပြောကြစမ်းပါအုံး....ဘာလို့ 37 လို့ အော်နေတာလဲ.."

လူနာများကအောက်ကို လက်ညိုးထိုး ပြကြတယ်။

ဆရာဝန်လည်း အောက်ထပ်ကိုငုံ ကြည့် လိုက်တယ်။

အဲဒီမှာ နောက်နားက လူနာက ဆရာဝန်ကို လေးထပ်တိုက်ပေါ်ကနေ ကန်ချလိုက်တယ်။

ပြီးတော့လူနာတွေက ဆက်ရွတ်ကြတယ်။"38.............38..................38"

~ပေါ့ပေါ့ပါးပါး ဟာသများ~

ဒေါသထွက်စရာပဲလေ xD


ကိုပေါတစ်ယောက်ဒေါသတွေပေါက်ကွဲရှူးရှူးရှဲရှဲမြည်ကာ လက်ဖက်ရည်ဆိုင်ထဲသို့ ဝင်လာသည်..။ ပါးစပ်မှလည်း "ငါ့ကိုများနွားမှတ်နေလား" ဟုရေရွက်လျက်...။ အပေါင်းအသင်းများက မေး၏..။ ကိုပေါက အောက်ပါအတိုင်းရှင်းပြ၏..။

"တောက်.. င့ါကောင်မလေးနဲ့ ပြဿနာတက်လာကွ...။ တော်တော်လွန်သကွာ.. ငါ့များခိုင်းနွားမှတ်နေလားမသိဘူး..။ တစ်ခုပြီးတစ်ခုနဲ့ကို တော်တော်လည်း ပလီတဲ့ကောင်မ..။ ပထမကွာ.. ကုတင်ခြေထောက်တစ်ဖက်နှိမ့်တယ်ဆိုပြီး ငါ့ကို သူ့အိပ်ခန်းထဲခေါ်ပြီး စစ်ခိုင်းတယ်..။ ဘာမှမဖြစ်ဘူး...အဲ... နောက်ပြီးတော့ အိပ်ခန်းမီးခလုပ်ပျက်နေတယ်ဆိုပြီး ဂျီတိုက်တယ်.. ငါစမ်းကြည့်တော့ မီးလင်းတယ်..။ နောက်...စောက အဖေတို့အမေတို့ အပြင်ထွက်မယ်ဆိုပြီး ပြင်ဆင်နေကြတာ၊ ခုထွက်သွားပြီးလား သွားကြည့်ပေးဆိုပြီး ........" ကိုပေါစကားမဆုံးမီ အားလုံးကဝိုင်း၍ သြဘာသွန်းလိုက်ကြသည်မှာကား.....

"နွားရဲ့...."

ဦးမောင်ကြီး
cr >> ori wri

We do chicken right


ဆရာက ကျောင်းသားတွေကို KFCရဲ့ကြော်ငြာဖြစ်တဲ့"We do chicken right"
ကိုဘာသာပြန်ခိုင်းတော့ ကျောင်းသားတွေက မတူတဲ့အဖြေတွေနဲ့
အမှားလိုက်ဘာသာပြန်ထားကြတာတွေ့ရတယ်။ သူတို့ ဘာသာပြန်ထားတာတွေက...

(၁) ကျွန်တော်တို့ ကြက်လုပ်တာမှန်တယ်
(၂) ကျွန်တော်တို့ ကြက်လုပ်တယ်
(၃) ကျွန်တော်တို့မှာ ကြက်လုပ်နိုင်တဲ့ အခွင့်အရေးရှိတယ်
(၄) ကျွန်တော်တို့က ကြက်ညာဖက်ပဲလုပ်တယ်
(၅) ကျွန်တော်တို့က ကြက်ရဲ့ညာဖက်ကိုပဲလုပ်တယ်
(၆) ကျွန်တော်တို့ ကြက်လုပ်နိုင်တယ်။ မှန်လား?
(၇) ကျွန်တော်တို့ ကြက်လုပ်တာပဲ ကောင်းတယ်
(၈) ကျွန်တော်တို့ကပဲ ကြက်လုပ်လို့ရတယ်
(၉) ကြက်ရှိတယ်... ညာကြည့်ပါ
(၁ဝ) ကျွန်တော်တို့ ကြက်ကိုကောင်းကောင်းဆက်ဆံရမယ်
(၁၁) ကျွန်တော်တို့ ကြက်မှန်မှန်ကန်ကန်လုပ်တယ်
(၁၂) ကျွန်တော်တို့ ကြက်စစ်စစ်လုပ်တယ်
(၁၃) ကျွန်တော်တို့ မှန်တဲ့ကြက်လုပ်တယ်
(၁၄) ကျွန်တော်တို့ လက်ရှိကြက်လုပ်တယ် ..
ဟာသဓါတ်ပုံများ

တရုတ်နှင့်ထိုင်းသို့ ဓာတ်အားရောင်းစားမည့် သံလွင်ရေကာတာ စီမံကိန်းများကြောင့် ငြိမ်းချမ်းရေးထိခိုက်နိုင်ဟုဆို


တရုတ်နှင့် ထိုင်းနိုင်ငံ၏ ဓာတ်အား လိုအပ်ချက်အတွက် အဓိကဖြည့်ဆည်း ပေးမည့် သံလွင်မြစ်ပေါ်မှ ရေကာတာစီမံ ကိန်းများကြောင့် ပဋိပက္ခများ တိုးပွားစေ ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်များအား ထိခိုက် နိုင်ကြောင်း မြစ်ချောင်းများကွန်ရက်က အောက်တိုဘာ ၂၉ တွင် သတင်းမီဒီယာ များသို့ ပြောကြားခဲ့သည်။

မြစ်ချောင်းများကွန်ရက်အဖွဲ့ဝင် ရှမ်းသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဖွဲ့ တာဝန်ရှိသူတစ်ဦးက "အဓိက ပူပန်တာက ရေကာတာဆောက်မယ့်နေရာတွေမှာ စစ် ခဏခဏဖြစ်တယ်။ ဒီတော့ ဒေသခံတွေက အနေဆင်းရဲ၊ အစားဆင်းရဲတဲ့ စစ်ဘေးရှောင် ဒုက္ခသည်ဘဝကို ကြောက်နေတယ်။ ဒါကိုလုပ်ရင် လက်ရှိငြိမ်းချမ်းရေးကို ထိခိုက်သွားမယ်"ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ သံလွင်မြစ်ပေါ်၌ ရေကာတာ ၆ ခု တည်ဆောက်မည်ဖြစ်ပြီး ၎င်း (၆)ခုမှာ ကွမ်းလုံရေကာတာ၊ နောင်ဖာရေကာတာ၊ မန်တောင်ရေကာတာ၊ တာဆန်း(ဝါ)မိုင်းတုန်ရေကာတာ၊ ရွာသစ်ရေကာတာနှင့် ဟတ်ကြီးရေကာတာတို့ ဖြစ်သည်ဟု သိရသည်။

ကွမ်းလုံရေကာတာအတွက် ဟင် နရီဟိုးဒင်းကုမ္ပဏီနှင့် အေးရှားဝေါကုမ္ပဏီ တို့ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး စီမံကိန်းမှ မဂ္ဂါဝပ် ၁၄၀ဝ ထုတ်လုပ်မည်ဖြစ် ကြောင်းနှင့် မဂ္ဂါဝပ် ၁၂၀ဝ ကို တရုတ် နိုင်ငံသို့ တင်ပို့ရောင်းချသွားမည်ဟု မြစ် ချောင်းများကွန်ရက်၏ ထုတ်ပြန်ချက်အရ သိရသည်။

နောင်ဖာနှင့် မန်တောင်ရေကာတာ စီမံကိန်းကို တရုတ်နိုင်ငံ ဟိုက်ဒရိုချိုင်း နားကော်ပိုရေးရှင်းနှင့် မြန်မာနိုင်ငံ International Group of Entrepreneurs (IGOEC) ကုမ္ပဏီလီမိတက်တို့က အကောင်အထည်မည်ဖြစ်ကြောင်း သိရသည်။

တာဆန်း (ဝါ) မိုင်းတုံရေကာတာ စီမံကိန်းကို ထိုင်းနိုင်ငံ အီးဂတ်အင်တာ နေရှင်နယ်ကုမ္ပဏီလီမိတက်နှင့် တရုတ် နိုင်ငံမှ China Three Georges Corporation မှရင်းနှီးမြှုပ်နှံမှုပြုကာ မြန်မာ နိုင်ငံက (IGOEC)တို့ ပူးပေါင်းတည် ဆောက်မည်ဖြစ်သည်။ အမေရိကန် ဒေါ်လာ ၁၂ ဘီလီလျံကုန်ကျမည်ဖြစ်ပြီး ရေကာတာမီတာအမြင့် ၂၂၈ ရှိ၍ အရှေ့ တောင်အာရှတွင် အကြီးဆုံးရေကာတာ ဖြစ်သည်။ ရေကာတာမှ ဓာတ်အား ၇၀ဝ၀ မဂ္ဂါဝပ်ထုတ်လုပ်ပြီး ထိုင်းသို့ တင်ပို့ရောင်း ချသွားမည်ဖြစ်သည်။

ရွာသစ်ရေကာတာ စီမံကိန်းကို တရုတ်နိုင်ငံ China Datang Overseas Investment Co.Ltd (CDOI)နှင့် တိုင်းရင်းသားကုမ္ပဏီ ရွှေတောင်ဟိုက်ဒရို ပါဝါတို့ ဆောင်ရွက်မည်ဖြစ်ပြီး အမေရိ ကန်ဒေါ်လာ သန်း ၂၀ဝ ခန့် ရင်းနှီးမြှုပ်နှံ မည်ဟု ထုတ်ပြန်ခဲ့သည်။ ယင်းမှ မဂ္ဂါဝပ် ၄၅၀ဝ ထုတ်လုပ်မည် ဖြစ်သည်။

ဟတ်ကြီးရေကာတာ စီမံကိန်းအား တရုတ်နိုင်ငံ Sinohydro Corporation၊ ထိုင်းနိုင်ငံ အီးဂတ်အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်နှင့် မြန်မာနိုင်ငံ (IGOEC)တို့မှ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်သည်။ စီမံကိန်း အတွက် ၂ ဒသမ ၆ ဘီလီယံ ကုန်ကျ မည်ဖြစ်ပြီး မဂ္ဂါဝပ် ၁၃၆၀ ထုတ်လုပ်ကာ မြန်မာနိုင်ငံအတွက် ဓာတ်အား ၁၀ ရာခိုင် နှုန်းယူ၍ ကျန်ဓာတ်အားများကို တရုတ် နှင့် ထိုင်းသို့ ရောင်းချသွားမည်ဖြစ်သည်။

ယင်းကဲ့သို့ ကာတာစီမံကိန်းများမှ ရရှိလာမည့် အကျိုးအမြတ်များအား ပြည်တွင်း၌ မည်ကဲ့သို့ အသုံးပြုမည်နှင့် ပတ်သက်၍ "ပညာရေးမှာ သုံးမှာလား၊ ကျန်းမာရေးမှာ သုံးမှာလား။ ဘာမှ မပွင့်လင်းဘူး။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို မရသေးခင် သဘာဝအရင်းအမြစ်ဝေမျှသုံးစွဲ ခွင့်ဆိုင်ရာ မဆွေးနွေးဘဲလုပ်တာဟာ ပဋိပက္ခ ပိုရှည်စေမှာပါ" ဟု ယင်းအဖွဲ့ဝင် ကရင်လူငယ်တစ်ဦးက ပြောသည်။

လေးနိုင်ငံကျော်ဖြတ် စီးဆင်းသည့် သံလွင်မြစ်သည် နိုင်ငံတစ်ခုချင်းအလိုက် တစ်မျိုးစီ ခေါ်ဝေါ်နေကြကြောင်း လွန်ခဲ့သည့် (၁၀)နှစ်မှစ၍ ယင်းမြစ်အား စောင့်ကြည့်လေ့လာခဲ့သည့် ဝမ်ရောင်ရှိန်းက ပြောသည်။ "မြစ်ကြောင်းမှာ မျိုးနွယ် ၉၂၂ စု သဘာဝအတိုင်းနေကြတယ်။ အခြေအနေတွေက တစ်ရက်ထက်တစ် ရက်ပြောင်းလဲလာတယ်။ တရုတ်ကလည်း သူ့ ပိုင်နက်မှာ ဆောက်မယ်ပြောပြီး ဒီနေ့ အထိ မဆောက်ရသေးဘူး။ ဒီနေ့ထိ မဆောက်သေးသလို အနာဂတ်ထိ မဆောက်ရင် ကောင်းမယ်"ဟု ၎င်းက ပြောကြားခဲ့သည်။

ကိုခက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်) 

စတုတ္ထတန်းနှင့် အဋ္ဌမတန်း အတန်းတင် စာမေးပွဲစနစ် မြို့နယ်နှင့် တိုင်းအဆင့် ပြန်ပြောင်းမည်


ရန်ကုန်၊ နိုဝင်ဘာ ၁

ပြည်သူ့လွှတ်တော် ပညာရေး မြင့်တင်မှု ကော်မတီနှင့် နိုင်ငံတော် အစိုးရအဖွဲ့တို့ ဦးဆောင် လုပ်ကိုင်နေသော ပညာရေး မြှင့်တင်မှု ဆွေးနွေးပွဲ ရလဒ်များအရ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပမည့် စတုတ္ထတန်းနှင့် အဋ္ဌမတန်း အတန်းတင်စာမေးပွဲ စနစ်များကို မြို့နယ်နှင့်တိုင်းအဆင့် ကျင်းပသွားရန် ဆုံးဖြတ်ထားကြောင်း ပညာရေးဝန်ကြီးဌာန ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး တစ်ဦးက The Voice သို့ ပြောကြားသည်။

စာမေးပွဲစနစ် ပြောင်းလဲမည့် ဆုံးဖြတ်ချက်ကို ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် အောက်တိုဘာလ ၂၁ ရက်နေ့က ကျင်းပသော ပညာရေး မြှင့်တင်မှု ဆွေးနွေးပွဲ၌ အတည်ပြုခဲ့ခြင်း ဖြစ်ပြီး ပညာရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်မှု မရှိသေးကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
“ကိုယ့်ကျောင်းကိုယ် စစ်နေလို့ စာမတတ်ဘူး ပြောနေကြတာ၊ အခုတော့ အရည်အသွေး (Quality Control) ကို မြှင့်လိုက်တာပေါ့” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ယင်းသို့ ပညာရေး မြှင့်တင်မှုများ ဆောင်ရွက်နေချိန် အခြေခံပညာ ကျောင်းများတွင် အောက်တိုဘာလလယ်ခန့်က စစ်ဆေးခဲ့သော ပထမနှစ်ဝက် စာမေးပွဲကို လစဉ် စစ်ဆေးနေကျ စာမေးပွဲစနစ်အတိုင်း စစ်ဆေးရန် ညွှန်ကြားမှုများ ရှိခဲ့ကြောင်း ကိုယ်တွေ့ကြုံခဲ့ရသော ပညာရေးဝန်ထမ်းတစ်ဦးက The Voice သို့ ပြောဆိုသည်။
“ကလေးတွေကတော့ စာမေးပွဲပုံစံပြောင်းလည်း ဖြေနိုင်မှာပါ။ အနည်းဆုံး ကလေးတွေက စာမေးပွဲအပေါ်မှာ လေးနက်မှုလေးတော့ ပြန်ရှိလာမယ်။ တက္ကသိုလ်ဝင်တန်းအတွက် အခြေခံရသွားမယ်” ဟု ၎င်းက ပြောကြားသည်။

လက်ရှိ ပညာရေးစနစ် ပြုပြင်မှုများတွင် ကနဦး ပြင်ဆင်ရမည့်အပိုင်းမှာ စာမေးပွဲစနစ်သာ ဖြစ်ပြီး ယင်းစာမေးပွဲစနစ် မမှန်ကန်မှုများကြောင့် ပညာရေးတွင် အဂတိ လိုက်စားမှုများနှင့် ဆက်စပ်သွားကြောင်း အောက်တိုဘာလက ကျင်းပခဲ့သော လက်တွေ့ကျသော ပညာရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲ တွင် နိုင်ငံတော် စီးပွားရေးနှင့် လှုမှုရေး အကြံပေးကောင်စီ အတွင်းရေးမှူး ဒေါက်တာရင်ရင်နွယ်က အကြံပြုထားသည်။

ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများသည် ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီဝင်များနှင့် ပူးပေါင်းကာ အခြေခံပညာနှင့် အဆင့်မြင့်ပညာ စာမေးပွဲများ၊ သင်ရိုးညွှန်းတမ်းများ ပြင်ဆင် သွားရန် ဆွေးနွေးပွဲဆက်တိုက် ပြုလုပ်လျက် ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ စုံစမ်းသိရှိရသည်။

စတုတ္ထတန်းကို မြို့နယ်အဆင့်နှင့် အဋ္ဌမတန်းကို တိုင်းဒေသကြီးအဆင့် အတန်းတင် စာမေးပွဲကြီးများကို တော်လှန်ရေးကောင်စီ အစိုးရလက်ထက်တွင် စတင်ခဲ့ပြီး ၁၉၉၀ ခုနှစ် နောက်ပိုင်းတွင် ရပ်နားခဲ့သည်။

စတုတ္ထတန်း စာမေးပွဲများကို ဦးစွာရပ်နားခဲ့ပြီး အဋ္ဌမတန်း စာမေးပွဲများကို နှစ်အနည်းငယ်အတွင်း ရပ်နားခဲ့ခြင်း ဖြစ်သည်။
The Voice Weekly

လိုင်ဇာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲ ကျင်းပနေချိန် ဗန်းမော်မြို့သို့ စစ်ရှောင်ဒုက္ခသည် ၃၀၀ ကျော် ခိုလှုံလာ

လိုင်ဇာမြို့မှ ခုနစ်မိုင်ခန့် အကွာတွင်ရှိသော ဂျေယန်းဒုက္ခသည် စခန်းမှ ကလေးငယ် အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ - အောင်ဇော်ထွန်း)

ကချင်ပြည်နယ် ကေအိုင်အို ရုံးစိုက်ရာ လိုင်ဇာမြို့တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ ညီလာခံ ကျင်းပနေချိန် ဗန်းမော်မြို့သို့ စစ်ရှောင် ဒုက္ခသည် ၃၀၀ ကျော် ခိုလှုံလာကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ယင်းသို့ ရွှေ့ပြောင်း ဒုက္ခသည်များအဖြစ် ခိုလှုံလာသူများမှာ ဗန်းမော်ခရိုင် မန်စီမြို့နယ် မိုးတိမ်ပါ ကျေးရွာမှဖြစ်ပြီး အိမ်ထောင်စု ၁၀၇ စု၊ လူဦးရေ ကျား ၁၁၈ ဦး၊ မ ၂၂၃ ဦးပါဝင်ပြီး ယင်းတို့အနက် ၁၃၇ ဦးမှာ ကျောင်းနေသည့် ကလေးသူငယ်များသာ ဖြစ်ကြောင်း ဗန်းမော်မြို့မှ လူမှုရေး လှုပ်ရှားသူ တစ်ဦးက ဆိုသည်။

ဗန်းမော်မြို့ခံ လူမှုရေး လုပ်ငန်းများ ဆောင်ရွက်သူ ဦးခင်မောင်ရီက ''မနေ့က မွန်းလွဲ ၂ နာရီ ၅ မိနစ် မှာ ဗန်းမော်မြို့၊ ဖန်းခါးကုန်း၊ နှစ်ခြင်းသာသနာဝင်းကို ဗန်းမော်ခရိုင် အုပ်ချုပ်းရေးက ကူညီပေးတဲ့ သရီးဂရောင်းကား ခုနစ်စီးနဲ့ ရောက်ပါတယ်။ ရွှေ့ပြောင်းရတဲ့ အကြောင်းကတော့ တိုက်ပွဲတွေ ဖြစ်နေလို့ နယ်မြေလုံခြုံရေး မရှိတဲ့အတွက် စားစရာ ရှာစားစရာ မရှိလို့ ပြောင်းလာတာလို့ ဆိုပါတယ်'' ဟု ဆိုသည်။

ယင်းမိုးတိမ်ပါနှင့် နန့်လင်းပါကြားတွင် မနေ့ညနေ ၄ နာရီ ၀န်းကျင်ခန့်ကလည်း တပ်မတော်နှင့် ကေအိုင်အေတို့ ထိတွေ့မှု အနည်းငယ် ဖြစ်ခဲ့ကြောင်း မြစ်ကြီးနားမြို့ အခြေစိုက် ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ဝင် ဦးလမိုင်ခွန်ဂျာက ဆိုသည်။

၎င်းက ''နန်းလင်းရွာ ချောင်းတစ်ဖက်ကမ်းမှာက ကေအိုင်အေရှေ့တန်း စခန်းကလေးရှိတယ်။ တပ်မတော်က အဲဒီချောင်းကို ဒေသခံ လူငယ်လေးတွေကို လမ်းပြလုပ်ခိုင်းပြီး ရှေ့က သွားခိုင်းတယ်လို့ သိရတယ်။ ကေအိုင်အေက ပစ်ခွင့် အထက်ကို တောင်းတာမရလို့ နောက်ဆုတ်တော့ တပ်မတော်က လိုက်ပစ်တယ်လို့ ပြောတယ်။ စစ်တပ်ကပြောတော့ ကေအိုင်အေက တပ်မတော်စခန်းချတဲ့ ကောင်ဂျာကို လာပစ်တယ်လို့ ပြောတယ်။ ကိုယ်တိုင်မတွေ့တော့ ဘယ်ဟာအမှန်လည်း မသိဘူး'' ဟု ဆိုသည်။

ယခုပစ်ခတ်မှုများ ဖြစ်ပွားသော နေရာတစ်ဝိုက်တွင် လွန်ခဲ့သော တစ်ပတ်က အစိုးရနှင့် ကေအိုင်အေတို့ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။
Eleven Media Group