ဘီကီနီဝတ်စုံနဲ့ရိုက်ဖို့ သုံးလကျော် လေ့ကျင့်ခဲ့ရတယ်ဆို တဲ့ ဘောလိဝုဒ်မင်းသမီး



ဘောလိဝုဒ်မင်းသမီးချော အာဒီတီရာအိုဟီဒါရီဟာ လာမယ့်အောက် တိုဘာလမှာထွက်ရှိမယ့် ရုပ်ရှင် ဇာတ်ကား "Boss" မှာ ပါဝင်မယ့် ဇာတ်ဝင်ခန်းတစ်ခန်းဖြစ်တဲ့ ဘီကီနီဝတ်ပြီး သရုပ်ဆောင်ရမယ့် အခန်း တစ်ခန်းအတွက် သုံးလကျော်လောက်လေ့ကျင့်ခဲ့ရတယ်လို့ ဖွင့်ဟလိုက်ပါတယ်။

ဒီဇာတ်ဝင်ခန်းမှာ ဟီဒါရီရဲ့ သရုပ်ဆောင်မှုဟာ အားလုံးကိုငေးမောမှင် တက်သွားစေလောက်အောင် ကောင်းမွန်ခဲ့တယ်လို့ ဒီရုပ်ရှင်ရဲ့ဒါရိုက်တာအန်သိုနီဒီဆူဇာက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

မင်းသမီးရဲ့ အတွင်းသိတစ်ဦးကတော့ ဒီဇာတ်ဝင်ခန်းကို တိကျစွာ အကောင်းဆုံးသရုပ်ဆောင်နိုင်ဖို့အတွက် သုံးလ ကျော်လောက် အချိန်ပေးလေ့ကျင့်ခဲ့တာကြောင့် ဖြစ်ပါလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒီရုပ်ရှင်ထဲမှာ ဘီကီနီဝတ်ပြီး သရုပ်ဆောင်ရမယ်ဆိုတာသိရလို့ ဘယ်လိုခံစားခဲ့ရသလဲလို့ မင်းသမီးကိုမေးမြန်းကြတဲ့ အခါမှာတော့ “ရေချိုးကန်ထဲမှာ ဆိုရင်တော့ ကျွန်မအမြဲတမ်း ဘီကီနီဝတ်လေ့ရှိပါတယ်။ ဒါကို ကျွန်မ ပထမဆုံးဝတ်ရတာတော့ မဟုတ်ပါဘူး”လို့ မင်းသမီးက ဖြေကြားခဲ့ပါတယ်။

နာမည်ကျော်မင်းသား အာရှေးကူးမားက ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး အခြား နာမည်ကျော် မင်းသားတွေအများကြီး ပါဝင်ထားတဲ့ "Boss" ရုပ်ရှင်ဇာတ်ကားဟာ အိန်္ဒိယအက် ရှင်ဟာသရုပ်ရှင်ဖြစ်ပြီး မင်းသမီးဟီဒါရီအတွက်တော့ ခုနစ်ကားမြောက်ရုပ်ရှင်ကားဖြစ်ပါတယ်။

အောင်သုတ
မဇ္ဈိမ

မြန်မာလူမျိုးများ ဗီဇမကောင်းဟု ကိုရီးယားက ပြောတဲ့စကား ငါတို့ဒါကို ငုံ့ခံနေမလား၊ ပြုပြင်မလား(ရွှေမြန်မာဆိုဖတ်ပါ)



မြန်မာယူ - ၂၃ အသင်းနည်းပြ ပတ်ဆောင်ဟွာက မြန်မာအားကစားသမားများအား

“ မြန်မာကစားသမားတွေကပြောတာကိုတော့နားလည်ပြီး လိုက်လုပ်တယ်။ ပြီးရင် နောက်ရက်ပြန်မေးရင် မသိတော့ဘူး။ ဒါကြောင့် နည်းစနစ်ပိုင်းသင်ရတာ ခက်တယ်။

ဥပမာ “ကျော်ဇေယျာဝင်းဆိုရင် ယူ-၂၂ ခြေစစ်ပွဲမှာ အကောင်းဆုံးကစားနိုင်ခဲ့တယ်။ဒါပေမဲ့ နောက်ပိုင်းမှာ အဲ့ဒီပွဲက ခြေစွမ်းကိုမမီတော့ဘူး။ အဲ့ဒီပွဲတုန်းက ကျွန်တော်ပြောထားတဲ့ နည်းစနစ်ပိုင်းကို အခုပြန် မေးကြည့်သူ မသိတော့ပါဘူး။ ဒါကလည်း မြန်မာလူမျိုးအချို့ရဲ့ ဗီဇစရိုက်လိုဖြစ်နေတာကြောင့် ကစားသမားတွေကို အပြစ်တင်လို့မရပါဘူး။ ကျွန်တော်က နိုင်ငံခြားသားတစ်ဦး ဖြစ်နေလို့ ဒီစကားမျိုးပြောတာပါ။ တကယ်လို့ မြန်မာနိုင်ငံသား တစ်ဦးဖြစ်နေမယ်ဆိုရင် ကျွန်တော်လည်း ဒီလိုဖြစ်နေမှာပါပဲ။” ဟု ပတ်ဆောင်ဟွာက ပြောသည်။

သူကတော့ ဘောလုံးနည်းပြမို့ ဘောလုံးနှင့် သက်ဆိုင်တာကိုပဲ ပြောသွားသည်။ သူ့ကဲ့သို့ တခြားနယ်ပယ်အသီးသီးတွင်လည်း လူမျိုးခြားမှ ယခုကဲ့သို့ မြန်မာတွေအပေါ် ထိုသို့အမြင် မရှိဘူးလို့ ပြောနိုင်ပါ့မလား။

ကိုယ့်လူမျိုးကိုယ်မကောင်းမြင်ခြင်းမဟုတ်။ ကောင်းစေချင်၍ဒါတွေကို ပြောပြပါမည်။
မြန်မာလူမျိုးများသည် ပတ်ဆောင်ဟွာ ပြောသကဲ့သို့ပင် အတိတ်က ရွှေထီးဆောင်းခဲ့သည်ကိုသာ ပြန်တမ်း တနေတတ်ပြီး လက်ရှိ အခြေအနေပေါ်တွင် တိုးတက်အောင် လုပ်ဖို့ စိတ်ကူးများ လျော့ပါးနေကြသည်။ ရရင်ရသလို အခြေအနေပေါ် မူတည်၍ အခွင့်အရေးယူတတ်ကြသည်။ ပေါ်ပင် လုပ်တတ်ကြသည်။
စည်းကမ်းမဲ့ကြသည်။

အရင်က ဘောလုံးကွင်းများတွင် အုတ်ခုံများဖြင့် ထိုင်ရသော ကြောင့် အဆင်ပြေအောင် နိုင်ငံတကာအဆင့်မီ ခုံများတပ်ဆင်ပေးသည်။ ကောင်းကောင်း မွန်မွန်ခုံဖြင့် ထိုင်ရသော အခါ အများပိုင် ထိုင်ခုံအား ရိုက်ချိုးပစ်သည်။


ယခင်က ရန်ကုန်သည် အရှေ့တောင်အာရှ၏ အလှပဆုံး၊ အသန့်ရှင်းဆုံး ဖြစ်ယုံသာမက အာရှ ထိပ်တန်း
မြို့တော်ဖြစ်ခဲ့သည်။ ယခု အခြားနိုင်ငံများထက် များစွာနောက်ကျကျန်ခဲ့သည်။

ကားမှတ်တိုင်များတွင် ထိုင်ခုံအမိုး စနစ်တကျ တပ်ဆင်ပေးသည်။ အဲတာတွေလည်း မခံ လက်ဆော့သူများ ၏ ဒဏ်ကြောင့် ခဏတွင်း ပျက်စီးရသည်။ လမ်းမီးတိုင်များ ထွန်းပေးသည်။ လေးခွဖြင့် မီးသီးကို လက်တည့် စမ်းကြသည်။

လမ်းဘေးရေချမ်းစင်များ စေတနာရှင်များမှ ထားပေးသည်။ ခွက်ကိုကြိုးဖြင့် မချည်ပါက ခွက်ပျောက်သည်။ သွားရေးလာရေး အဆင်ပြေအောင် လမ်းဖောက်ပေးသည်။ ပရမ်းပတာ မောင်း၍
မှောက်သောအခါ လမ်းမကောင်းဟုဆိုကာ လမ်းကိုအပြစ်မြင်ပြန်သည်။

ကားမကြပ်အောင် ကုန်းကျော်တံတားများ ဆောက်ပေးသည်။ မကြာလိုက် တံတားအောက်တွင်
အမှိုက်ပုံဖြစ်သွားသည်၊ ကျူးကျော်များတဲထိုးနေစရာ နေရာဖြစ်သွားသည်၊ ဈေးသည်များ အခြေချ
ဈေးရောင်းစရာ မိုးလုံသော ဈေးတန်းဖြစ်သွားသည်။

လူကူးမျဉ်းကျားများထားပေးသည်။ ကားများကလည်း လူကူးမျဉ်းကျားတွင် ရှိန်လျှော့မောင်းရမှန်းမသိ။
ဖြတ်သွားသည်မှာ တ၀ီဝီဖြင့် လမ်းကူးရသည်မှာ ကြိုးတန်းလမ်းလျှောက်ရသလိုအသည်းတအေးအေး။ ဒါက စည်းကမ်းရှိရှိလမ်းကူးသူ၏ ခံစားချက်။ စည်းကမ်းမရှိလမ်းကူးတွေကျတော့ ရှေ့ ၁ ကိုက်တွင် လူကူးမျဉ်းကျားရှိသည် ဆိုတာတောင် ကြုံရာနေရာကနေဖြတ်ကူးသည်။ စည်းကမ်းမဲ့သူတွေကို ယာဉ်ထိန်းရဲကဖမ်းတော့ ပိုက်ဆံတောင်းချင်၍ ဖမ်းသည်ဟု ရမယ်ရှာသည်။

၎ လမ်းမောင်းလောက်ကျယ်သော လမ်းတွင် ၁ လမ်းမောင်းလောက်သာ မောင်းရအောင် ပရမ်းပတာ ပါကင်ထိုးသည်။ လမ်းများအား သန့်ရှင်းအောင် အမှိုက်ပုံးထားပေး၊ စည်ပင်အလုပ်သမားဖြင့် ရှင်းလင်းသည်။ အင်မတန်ရွံဖို့ ကောင်းသော ကွမ်းသွေးတပြစ်ပြစ်ဖြင့် ကားပေါ်က ထွေးချသည်။ လမ်းသွားရင်းထွေးသည်။စားတတ်လျှင် အိတ်ဆောင်၍ အိတ်ထဲထွေးရမှန်းမသိ။ လမ်းညစ်ပတ် အောင်စည်းကမ်းမဲ့ ထွေးသည်။

တန်ဖိုးနည်းဖုန်းများ ချပေးသည်။ မသမာသူများ လုပ်စားမှာစိုး၍ လပိုင်းအတွင်း ဖုန်းတကဒ်လောက် ကုန်အောင် စည်းကမ်းလေးဖြင့်ပေးတော့ ဖုန်းကိုင်ပြီး ဖုန်းခကုန်မှာစိုး၍ ငြိုငြင်ပြန်သည်။ လူ့အလိုနတ်မနိုင်
ဆိုတာ ဒါပဲဖြစ်မည်။

မြန်မာလူမျိုးတို့သည် ယခင်က ကြီးကျယ်ခမ်းနားခဲ့မှုကို ယနေ့ခေတ် မြန်မာ၏ ကြီးကျယ်ခမ်းနားချင်သယောင် အရောင်တင်ကြသည်။ ယခင်ခေတ်က လူနှင့် ယနေ့ခေတ်ကာလက လူမတူသည်ကို သတိမမူ။ သမိုင်းကြောင်းကောင်းခြင်းဆိုသည်မှာ သမိုင်းမှာ ရှိသည့်လူတွေကောင်းခဲ့လို့ဖြစ်သည်။ ယနေ့ဆိုတာနောင်အတွက် သမိုင်းတစ်ခု၊ သမိုင်းကောင်းဖို့ ယနေ့လူများကြိုးစားရမည်၊ စည်းကမ်းရှိရမည်၊ စည်းကမ်းမရှိသော လူမျိုးအတွက် အစိုးရက အကောင်းချည်းဖြည့်ဆည်းပေးနေကာမူ ဖြည့်ဆည်းသမျှ စည်းကမ်းမဲ့မှုကြောင့် ပျက်ရမည်သာ ဖြစ်သည်။

စင်္ကာပူကောင်းသည်၊ မလေးကောင်းသည်၊ ကိုရီးယားကိုအားကျသည်။ အားကျလို့ရသည်၊ သို့သော်
ရုပ်ဝတ္ထုတစ်ခုတည်းကို သွားမကြည့်နှင့်။ သူတို့လူမျိုးတွေဘယ်လိုစည်းကမ်းရှိလည်း အတုယူရမည်၊
သူတို့ထက်ပိုကောင်းချင်ရင် သူတို့ ဘယ်နေရာမှာ စည်းကမ်းမဲ့ကြလည်း ဒါတွေကို ရှောင်ဖို့လိုသည်။
ဒီမိုကရေစီစနစ်တခုတည်းဖြင့် တိုင်းပြည်ကောင်းလာသည်မဟုတ်။ တိုးတက်လာသည်မဟုတ်။ ဒီမိုကရေစီ စနစ်က တိုင်းပြည်တိုးတက်ဖို့ကို အထောက်အပံ့ပြုသောစနစ်တစ်ခုသာဖြစ်ပေလိမ့်မည်။ အဓိကသည်လူ။ လူသာပဓာန။ မူဆိုတာ လူကလုပ်တာဖြစ်သည်။ မူကောင်းပြီး လူမကောင်းရင် ရွှေလင်ဗန်းထဲ မစင်စွန့်သလိုဖြစ်မည်။ လူတစ်ဦးတစ်ယောက်တည်း ကောင်းဖို့မဟုတ်။ လူမျိုးတစ်ခုလုံးကောင်းအောင် ကြိုးစားရမည်။ စည်းကမ်းမဲ့တဲ့ လူတွေကို လူကောင်းများက ပြုပြင်ရမည်။ လက်တွဲခေါ်ရမည်။ ကိုယ်ကိုတိုင်ကလည်း စည်းကမ်းမဲ့စိတ်ဓာတ်ကို ပြုပြင်ရမည်။

မြန်မာဟူသည် စည်းလုံးသော လူမျိုး၊ ဖော်ရွေသောလူမျိုး၊ စည်းကမ်းရှိသော လူမျိုးဟူသည့် ကမ္ဘာ့အလယ် ၀င့်ထည်သော ဂုဏ်ပုဒ်ပိုင်ဆိုင်ခဲ့သည်။ယနေ့အခါတွင်လည်း ထိုဂုဏ်ပုဒ်ကို မမှေးမိန်ဘဲတောက်ပ လာအောင် ကြိုးစားရမည်ဖြစ်သည်။ ပြည်သူတွေချည်းပဲ ဒါကိုလုပ်ရမည်ဟုမဆိုလို။ အစိုးရလည်း ဦးဆောင်ကြိုးပမ်းရမည်။ ကြိုးလည်းကြိုးပမ်းနေသည်။ နိုင်ငံတိုးတက်အောင်ကြိုးစားနေမှုတွင် အစိုးရတခုတည်းသာမဟုတ် ပြည်သူများကပါ စည်းရှိရှိကမ်းရှိရှိ တတပ်တအား ၀ိုင်းဝန်းပါဝင်မည်ဆို အာရှကျားနိုးထလာဖို့က ကြာလိမ့်မည်ဟုမထင်။ အဲဒီအချိန်အခါတွင် မြန်မာ့ဗီဇ ဘာလဲဆိုတာ ကမ္ဘာကသိရပေတော့မည်။

New Myanmar News

ကုသိုလ်တော်ဘုရားအနီး တောင်းရမ်းနေသူ တရုတ်နိုင်ငံသား နေရပ်ပြန်ပို့

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် ဥပုသ်တော်ရပ်ကွက်၊ ကုသိုလ်တော်ဘုရား တောင်ဘက်မုခ် ရေလယ်ဓမ္မာရုံတွင် တစ်နှစ်ကျော်ကြာမျှ တောင်းရမ်း စားသောက်နေသော အသက် ၆၂ နှစ်အရွယ် တရုတ်နိုင်ငံသားကို လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက တရားစွဲဆိုခြင်းမပြုဘဲ စက်တင်ဘာလ ၃၁ ရက်နေ့တွင် ၎င်း၏နေရပ် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ၇ (၂) အရ လာရာလမ်းအတိုင်း ပြန်လည် ပို့ဆောင်ပေးမည် ဖြစ်ကြောင်း အဆိုပါရုံးထံမှ ထပ်မံစုံစမ်းသိရှိရသည်။

“အဲဒီတရုတ်နိုင်ငံသားက ကုသိုလ်တော် ဘုရားနားမှာ နေလာတာတော့ ကိုးလကျော်လောက်ပြီ။ သူက ဗမာစကားလည်း တတ်တယ်။ တရုတ်လိုလည်း ငါးမျိုးလောက် ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်တယ်။ သူ့တို့တရုတ် လူမျိုးချင်းတွေ့ရင်လည်း သူ့ဘဝအကြောင်းလေးတွေ ပြောပြတယ်။ အဲဒီတရုတ်တွေက သူ့ကို ပိုက်ဆံတွေ ပေးသွားကြတယ်။ သူက အစတုန်းက အေးအေးဆေးဆေးပါပဲ။ ဘုရားနားမှာရှိတဲ့ ရေချိုးခန်းနားမှာ အိပ်လိုက်၊ ဇရပ်ထဲတွေမှာ အိပ်လိုက်ပါပဲ။ နောက်တော့ ဆိုင်ကယ် တက္ကစီသမားတွေနဲ့ပေါင်းပြီး အရက်တွေဘာတွေ သောက်တတ်လာတယ်။ အခုသူ့ကို မတွေ့တာတောင် ကြာလှပြီ” ဟု ကုသိုလ်တော် ဘုရားရှေ့တွင် ပန်းရောင်းသော မိသားစုမှ ဦးဝင်းကျော်က ပြောဆိုသည်။

အဆိုပါ တရုတ်နိုင်ငံသားသည် Wu Kyaung Shin ၆၂ နှစ် (ဘ) ဦးထွန်းရွှေ (မိ) လောင်ချုံလျန်း၊ ဗမာ/တရုတ်၊ သံဂဟေ လုပ်ငန်း၊ လုလျံခရိုင်၊ ကူမင်းမြို့၊ ယူနန် ပြည်နယ်၊ တရုတ်နိုင်ငံတွင် နေထိုင်သူဖြစ်ပြီး ၂၀၁၂ခုနှစ် ဇွန်လပိုင်းတွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် မုံတာမြို့မှတစ်ဆင့် မြန်မာနိုင်ငံ ပန်ဆိုင်းမြို့သို့ ကားဖြင့် ရောက်ရှိခဲ့ကာ ပန်းဆောင်မြို့တွင် အလုပ်လုပ်ရန် လားရှိုးမြို့သို့ ရောက်ပြီးနောက် ရန်ကုန်မြို့ရှိ အစ်မဖြစ်သူ ဒေါ်ဟော်ရီရှုအား သွားရောက် ရှာဖွေခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

၎င်းသည် ရန်ကုန်မှ မန္တလေးမြို့သို့ ရထားဖြင့် ပြန်လာစဉ် မန္တလေးဘူတာတွင် ခရီးဆောင်အိတ် ပျောက်ဆုံးသွားရာ တရုတ်နိုင်ငံသား လက်မှတ်နှင့် နိုင်ငံကူးလက်မှတ်များပါ ပျောက်ဆုံးသွားသောကြောင့် မန္တလေးမြို့ ကုသိုလ်တော်ဘုရားအနီးရှိ ဇရပ်တွင် ခိုကပ်နေထိုင်ကာ တောင်းရမ်း စားသောက် နေထိုင်ခဲ့ကြောင်း တိုင်းဒေသကြီးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
The Voice

သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ကထိကတစ်ဦး ကြိုးဆွဲချသေဆုံး

သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (ရန်ကုန်) သွားအတု ဆေးပညာဌာနမှ ကထိက အမျိုးသားဆရာဝန်တစ်ဦး သြဂုတ်လ ၁ ရက်နေ့က ရန်ကင်းမြို့နယ် ရွှေအုန်းပင်အိမ်ရာ မြေညီထပ် တိုက်ခန်းတစ်ခုတွင် ကြိုးဆွဲချ သေဆုံးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ အမျိုးသားသည် အသက် ၅၂ နှစ်အရွယ် ဒေါက်တာဌေးမြင့်ဝင်း ဖြစ်ပြီး ၎င်းတိုက်ခန်း၏ ရေချိုးခန်းအတွင်းရှိ ထုတ်တန်းတွင် ကြိုးဆွဲချ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါရုံး၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

အဆိုပါသေဆုံးမှုနှင့် ပတ်သက်၍ ရဲကပြောကြားခွင့် မပေးထားကြောင်း ကျန်ရစ်သူ မိသားစုက The Voice သို့ ပြောကြားသည်။

အဆိုပါ ကြိုးဆွဲချ သေဆုံးမှုကို လတ်တလောတွင် စစ်ဆေးလျက်ရှိပြီး မည်သည့်အတွက်ကြောင့် သေဆုံးသည်နှင့် အသေးစိတ် အချက်အလက်များကို ဆေးစာ မရရှိသေးသဖြင့် ဖြေကြားနိုင်ခြင်း မရှိကြောင်း ရန်ကင်းမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ကြိုးဆွဲချသေဆုံးမှုနှင့် ပတ်သက်၍ (၅) ရပ်ကွက် အုပ်ချုပ်ရေးမှူးထံ သွားရောက် မေးမြန်းသော်လည်း ၎င်းအနေနှင့် ဖြေကြားခွင့် မရှိကြောင်း ပြန်လည်ပြောဆိုသည်။

အဆိုပါ သေဆုံးမှုကို သေမှုသေခင်း အမှတ် ၁၀/၁၃ ဖြင့် အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

The Voice

လက်မထပ်ရသေးလို့ စိတ်ပူစရာ မလိုပါ (ဟာသ)



ဂျိုင်းသားဖွေးဖွေးလေး ဖြစ်စေချင်ရင်


ယေဘုံယျအားဖြင့် ဂျိုင်းချွေးထွက်ခြင်းက ဂျိုင်းမည်းခြင်းနဲ့ တိုက်ရိုက်ပတ် သက်မှုမရှိပါဘူး။ သို သော့် ဂျိုင်းချွေးနံ့ မနံအောင် ဂျိုင်း ကို ရေမွှေးဆွတ်ကြ၊ လှချင်၍ ဂျိုင်းဖြူစေတဲ့လိမ်းဆေးတောင့်တွေသုံးကြတာကြောင့် ဓာတ်မ တည့်ဘဲ ကြာလာတဲ့အခါ ဂျိုင်းမည်း လာစေပါတယ်။ အများရှေ့ လက် မမြှောက်ရဲတာကြောင့် အင်္ကျီလက်ပြတ်လှလှတွေမြင်တိုင်း မ၀တ် ဆင်နိုင်လို့ သွားရည်ကျ/လက်မှိုင်မချကြပါနဲ့ ။ ဟောဒီမှာ နည်းလမ်းကောင်းလေးတွေရှိပါတယ်

။(၁) အာလူး၊ သခွားသီး၊ သံပုရာသီး တို့ မှာပါရှိတဲ့ စွမ်းအင်များက အရေပြားပေါ်ရှိဆဲလ်အသေတွေဖယ်ရှားပြီး၊ အမဲရောင်ကိုဖျော့ သွားစေတာကြောင့် ဂျိုင်းသာညိုခြင်းအတွက် သဘာဝချွတ်ဆေးအဖြစ် အသုံးတည့်လှပါတယ်။

(က) အာလူးကို ပါးပါးလှီးပြီးတော့ ဂျိုင်းကို ပွတ်ပေးပါ(သို့ မဟုတ်)အာလူးကိုကျိတ်ချေပြီးရလာတဲ့ သတ္တုရည်ဖြင့်လိမ်း ပါ။ ၁၀-မိနစ်ကြာတဲ့အခါ ရေဆေးပေးရုံပါဘဲ။

(ခ) သခွားသီးပါးပါးလှီးပွတ်ပါ(သို့ မဟုတ်)သခွားရည်လူးပါ(သို့ မဟုတ်) သခွားရည်ထဲကို သံပုရာရည်နဲ့ နနွင်းမှုန့် အနည်းငယ်စီရော၍ ရလာတဲ့အနှစ်ဖြင့် ဂျိုင်းကိုလိမ်းပေးပါ။ နာရီဝက်လောက် လိမ်းထားပြီးတဲ့အခါ၊ ရေအေးနဲ့ သန့် စင်လိုက်ပါ။

(ဂ) သံပုရာသီးကိုထက်ခြမ်းခြမ်းပြီးတော့ ဂျိုင်းကိုပွတ်ပေးပါ(သို့ မ ဟုတ်)သံပုရာရည်ထဲကို နနွင်းမှုန့် ၊ ဒိန်ချဉ်၊ ပျားရည်အနည်းငယ်ရောထဲ့ပြီးနောက် ရလာတဲ့အနှစ်ဖြင့် ဂျိုင်းကိုလိမ်းပေး ပါ။ ၁၀-မိန်ခန့် အကြာ ရေအေးဖြင့်ဆေးကြောလိုက်ပါ။

(၂) သကြား၊ ဆော်ဒါမှုန့် ၊ လိမ္မော်ခွံ၊ ကျောက်ချဉ် တို့ ကလည်း အရေပြားဆဲလ်အသေတွေကိုဖယ်ရှားပစ်ကာ၊ အရေပြားအမဲ တွေကို အချပ်လိုက်အလွှာလိုက်ကွာကျသွားစေပါတယ်။

(က) သကြားညို (ဟင်းစားဇွန်း ၃ ဇွန်း) ကို သံလွင်ဆီ(လ္ဘက်ရည်ဇွန်း ၃ ဇွန်း)ရောပါ။ ဂျိုင်းကိုရေဆွတ်၍ အဲဒီအရော အနှောတွေ အသားထဲစိမ့်ဝင်အောင်ပွတ်ပြီးလိမ်းပြီးနောက် ၂-မိနစ်ခန့် အကြာရေချိုးပါ။

(ခ) မုန့်လုပ်ဆော်ဒါကို ရေနဲ့  ခပ်ပျစ်ပျစ်ဖျော်ပြီး လိမ်းပေးနိုင်ပါတယ်။

(ဂ) လိမ္မော်ခွံနဲ့  ဂျိုင်းကိုနာနာပွတ်ပေးပါ(သို့ မဟုတ်)လိမ္မော်ခွံကို အခြောက် လှန်း အမှုန့့်ကြိတ်ပြီး နှင်းဆီရည်၊ နွားနို့ အနည်းငယ်စီရောစပ်ကာ ရလာတဲ့အနှစ်ဖြင့် ဂျိုင်းကိုလိမ်းပေးပါ။ ၁၅-မိနစ် လောက်ထားပြီး ရေအေးဖြင့်သန့် စင်ပေးလိုက်ပါ။ (rose water (ခေါ်) နှင်းဆီရည်ကို အလှကုန်ပစ္စည်းဆိုင်များ မှာဝယ် ယူနိုင်ပါတယ်)

(ဃ) ကျောက်ချဉ်နဲ့  ဂျိုင်းကိုခပ်သာသာပွတ်ပေးပါ။ (ကျောက်ချဉ်ကို ပရဆေးဆိုင်တွေမှာ ၀ယ်ယူရရှိနိုင် ပါတယ်)

(၃) အုန်းဆီ၊ ရှာလကာရည်၊ နွားနို့ စတဲ့ အရည်တွေက ဂျိုင်းသား ကို ဖြူဖွေးနူးညံ့စေပါတယ်။

(က) ရေမချိုးခင် ၁၅-မိနစ်ခန့် အလိုကတည်းက သဘာဝအုန်းဆီစစ်စစ်နဲ့  ဂျိုင်းကို လူး၍အသာအယာနှိပ် နယ်ပါ။ ပြီးရင် ဆပ်ပြာပျော့ပျော့သုံး၍ ရေနွေးလေးဖြင့် ပြန်လည်ဆေးကြောပါ။

(ခ) ဂျိုင်းမဲပြီး ဂျိုင်းချွေးထွက်လွန်းကာ ဂျိုင်းရနံ့ လည်း ဆိုးသူများအ တွက်ရှာလကာရည်နဲ့  ဆန် မှုန့် ပျစ်ပျစ်ရောပြီး လိမ်းပေးပါ။ ၁၅-မိနစ်ခန့် အကြာ ရေနွေးဖြင့် ဆေးကြော သန့် စင်ပါ။

(ဂ) နွားနို့ စစ်စစ်က အရေပြားဂျိုင်းမဲခြင်းကို သက်သာစေ လို့  နွားနို့ လိမ်းပါ(သို့ မဟုတ်)နွားနို့ (လ္ဘက်ရည် ဇွန်း ၂-ဇွန်း)၊ ဒိန်ခဲ(လ္ဘက်ရည်ဇွန်း ၁-ဇွန်း)၊ ဂျုံမှုန့် (လ္ဘက်ရည်ဇွန်း ၁-ဇွန်း)တို့ ကို ရော၍ ရလာသောအနှစ်ဖြင့်လိမ်းပါ။ ၁၅-မိနစ်ခန့် အကြာရေအေးဖြင့် သန့် စင်ဆေးကြောပါ။

(၄) ဂျိုင်းဖြူလာအောင် မိမိအိမ်မှာပင် အလွယ်တကူပေါင်း တင်လို့ ရပါတယ်။

(က) နံ့ သာဖြူက အသားအရေ ကို ဖြူစေပြီး၊ နှင်းဆီရည်က အသားအရေကိုအေးမြစေလို့  နှင်းဆီရည်ဖြင့် နံ့ သာဖြူတုံး ကိုသွေး၍သော်လည်းကောင်း၊ နံ့ သာဖြူမှုန့် ကို နှင်းဆီရည် နဲ့ ခပ်ပျစ်ပျစ်ဖျော်၍သော်လည်း လိမ်းပေးပြီး၊ ၁၀-မိနစ်ခန့်  အကြာ ရေအေးဖြင့်သန့် စင်လိုက်ပါ။ အဲဒီလို နေ့ စဉ်လုပ်ပေးခြင်းဖြင့် ရက်သတ္တအနည်းငယ်အတွင်း သိသိသာသာ ဂျိုင်းဖြူလာရုံသာမက၊ ဂျိုင်းရနံ့ ဆိုးခြင်းကိုလည်းပြေပျောက်သွားစေပါတယ်။ (rose water (ခေါ်) နှင်းဆီရည်ကို အလှ ကုန်ပစ္စည်းဆိုင်များမှာဝယ်ယူနိုင်ပါတယ်)

(ခ) ဒိန်ချဉ်၊ သံပုရာရည် နဲ့  နနွင်းမှုန့် ရောထားတဲ့ ပျစ်ခဲခဲအနှစ်ကို ဂျိုင်းပေါ် လိမ်းပေးပြီး နာရီဝက်ခန့် အကြာ ရေနွေးဖြင့်သန့် စင်ပါ။ နေ့ စဉ် အဲဒီလိုပေါင်းတင်ပေးခြင်းဖြင့် ရက်သတ္တတ် ၂-ပတ် လောက်ကြာတဲ့အခါ သိသိသာသာ ဂျိုင်းဖြူသွားပါပြီ။

၅) မရိတ်ဘဲ နှုတ်ပါ။ဂျိုင်းမွှေးရိတ်ခြင်းက အမွှေးအမျှင်တွေကို ပိုသန်လာစေကာ ဂျိုင်းပါမဲသွားစေပါတယ်။ အမွှေးကျွတ်က ရင်မ်များကလည်း ထိုနည်း၎င်းပါဘဲ။ အချို့ က အလွယ်တ ကူ ဆေးလိပ်ပြာကိုသုံး၍ ဂျိုင်းမွှေးကိုလက်နဲ့ ဆွဲနှုတ်ကြပြန်ပါတယ်။ ဒီနည်းက ဂျိုင်းမည်းစေရုံသာမက၊ အခမသင့်ရင်အ နာပေါက်ခြင်း/အမြစ်အိတ်မှာ အသီးတွေဖြစ်ပြီးအရုပ်ဆိုးစေပါတယ်။ ဒါ့ကြောင့် ဖြစ်နိုင်ရင် ဂျိုင်းမွှေးမရိတ်ဘဲ အမြစ်ကနေ တစ်ပင်ချင်းစီကို ဇာဂနာနဲ့ နှုတ်ပါ။ (သို့ မဟုတ်) wax (ခေါ်) အမွှေးတွေကို အမြစ်ကနေ ဖယ်ရှားပေးတဲ့ ဖယောင်းပျော့ကိုသုံးပါ။ (ဂျိုင်းမွှေးနှုတ် wax ကို အလှကုန်ဆိုင်တွေမှာ ၀ယ်ယူနိုင်ပါတယ်

(၆) ဂျိုင်းချွေးနံ့ ပျောက်ဆေးတောင့် သုံးပါ။အလှကုန် ဈေးကွက်ထဲမှာ တံဆိပ်စုံ၊ အမျိုးအစားစုံ ဂျိုင်းချွေးနံ့ ပျောက်ဆေးတောင့်တွေ တပုံကြီးပါ။ အများအားဖြင့် အနံ့ ကိုသာ အဓိကစိတ်ကြိုက်ရွေးဝယ်လေ့ရှိကြရာ၊ အနံ့ ထက် အဲဒီဂျိုင်းချွေးနံ့ ပျောက်ဆေးတောင့်ကိုပြုလုပ်ဖော်စပ် ထားတဲ့ ပစ္စည်းကပိုအရေးကြီးပါတယ်။ ဖြစ်နိုင်ရင် ကျောက်ချဉ်နဲ့ လုပ်ထားတဲ့ ချွေးနံ့ ပျောက်ဆေးတောင့်ကိုရွေးချယ်ပါ။ သူက ချွေးနံ့ ပျောက်စေရုံသာမက၊ ဂျိုင်းသာဖြူစေပြီး၊ ဆေးတောင့်သုံးခြင်းအတွက် ဓာတ်မတဲ့မှာ၊ ရင်သားကင်ဆာ ဖြစ်စေမှာတွေကို မပူရတော့ဘူးပေါ့။ (ချွေးနံ့ ပျောက်အမွှေးတောင့်တွေသုံးတဲ့အခါ၊ ဂျိုင်းနေရာတည့်တည့်ကိုသာ သုတ် လိမ်းပေးပါ။ ဂျိုင်းအောက်ဘက် ရင်သားနဲ့ နီးတဲ့နေရာတွေကို မလိမ်းပါနဲ့ )

(၇) လျှပ်စစ်နဲ့ ဂျိုင်းမွှေးနှုတ်ခြင်း မပြုရ။Spa အလှပြင်ဆိုင်တွေမှာ electrolysis(ခေါ်)ဂျိုင်းမွှေးအမြစ်အိတ်များကိုပါမကျန် လျှပ်စစ်နဲ့ ဖျက်ဆီးနည်းကို အသုံးပြုနေကြပါတယ်။ အဲဒီနည်းက ဂျိုင်းသားဆဲလ်များကိုပါစေသေပြီး၊ နောက်ဆုံးမှာ ဂျိုင်းမဲ လာစေလို့  ပြုလုပ်ရန် (လုံးဝ)မသင့်တော်ပါဘူး။

(၈) အရေပြားဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။အထက်ပါ အိမ်တွင်းကုထုံးနည်းတွေ သုံးကြည့်တာတောင် ဂျိုင်းအရောင်က မည်းမြဲတိုင်းသာဆက်မည်းနေပါလျှင်(သို့  မဟုတ်) အခြေအနေပိုဆိုးရွားလာပါလျှင် အရေပြားဂလင်းတွေပျက်စီးသွားပြီဖြစ်လို့  အရေပြားဆရာဝန်ဖြင့် ဆွေးနွေး တိုင်ပင်ပါ။ ထိုပြသနာက အ၀လွန်ရောဂါ၊ ဆီးချိုရောဂါ၊ ဟိုမုန်းပြသနာများ၊ ဟိုက်ပိုသိုင်းရွိုက် နဲ့  pituitary(ခေါ်) ဦး နှောက်အောက်ခြေရှိ ပြွန်မဲ့အကြိတ်အဖုရောဂါတို့ နဲ့ ဆက်စပ်မှုရှိတာကြောင့် မပေါ့ဆသင့်ပါဘူး။

(ကိုးကား။ Beauty Mantra@Dark Underarms)ကျန်းမာရေးစာတိုများစုစည်းမှု


ဖခင်မှသားဖြစ်သူအား ခြေဖ၀ါး(၂)ဖက်ကိုဓါးဖြင့်လှီးကာဆားသိပ်ပြီး ဆုံးမ

၃၁.၈.၂၀၁၃ရက်နေ့ ၁၈၀၀အချိန်ခန့်တွင် ရွှေပြည်သာမြို့နယ်နေ
ဒေါ်မြင့်မြင့်ဦးသည် နေအိမ်၌ ရှိနေစဉ် မြေးဖြစ်သူ မောင်ဝေယံထက်၊
(၁၁)နှစ်မှာရောက်ရှိလာပြီး ၄င်းအား၃၀.၈.၂၀၁၃ရက်နေ့
၁၄၃၀ အချိန်ခန့်က ရပ်ကွက်အတွင်းရှိ ရေကန်တွင် ရေဆင်းကူးသဖြင့် အတူနေဖခင်အရင်းဖြစ်သူ

ဦးဇော်မင်းဦးမှ ခြေဖ၀ါး(၂)ဖက်အား ဓါးဖြင့်လှီးပြီးဆားသိပ်ခဲ့ကြောင်း၊ ယင်းသို့ပြုလုပ်သည်ကို မိထွေးဖြစ်သူ လည်းတွေ့မြင်ကြောင်း ပြောပြသဖြင့် ဝေယံထက်၏ခြေဖ၀ါးများ
အားကြည့်ရာ ဓါးဒဏ်ရာ(၁)ချက်စီ ရရှိထားသည်ကိုတွေ့ရှိရ၍
ဆေးကုသပေးပြီး ဦးဇော်မင်းဦးအားအရေးယူပေးပါရန်

၁.၉.၂၀၁၃ရက်နေ့တွင် ဒေါ်မြင့်မြင့်ဦးမှတိုင်ကြားခဲ့သဖြင့်
ရွှေပြည်သာမြို့မရဲစခန်း(ပ) ၆၃၈/၂၀၁၃၊ ပုဒ်မ ၃၂၆ ဖြင့်အမှုဖွင့်
အရေးယူကာ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်းသတင်းရရှိပါသည်။

Yangon Police

မလေးရောက် မြန်မာများအတွက် အထူး သတင်း



ခု လတ်တလောအခြေအနေမှာ ငါကတော့ စာအုပ်အမှန်ရှိတယ်ဆိုပြီး အတင့်မရဲပါနဲ့။ ကိုယ့် ပတ်စပို့စာအုပ်ဟာ မလေးရှား လ၀ကမှာ တကယ်ရှိ မရှိ https://eservices.imi.gov.my/myimms/enqApplSts ဒီလခ့်နေရာမှာ စစ်ဆေးကြည့်ပြီးမှ ယုံကြည်စိတ်ချစွာ သွားလာပါ။ 6P နဲ့ အေးဂျင့်တွေနဲ့ သက်တမ်းတဲ့ ပါမစ်တွေကို လုံးဝ စိတ်မချပါနဲ့။ ကျွန်တော့်ဘော်ဒါတစ်ယောက် စာအုပ်ကိုင်ထားပေမဲ့ ဒီနေ့မှ သူ့ပါမစ်က အတုကြီးဖြစ်နေမှန်း သိလိုက်ရတာပါ။ မိမိလုံခြုံရေးအတွက် မိမိစာအုပ်နဲ့ နေထိုင်ခွင့်ပါမစ်ကို အဘက်ဘက်က စစ်ဆေးပါ။

(မလေးရှားနေ ညီနောင်တစ်ဦးမှ ပေးပို့လာပါတယ်။ အထူးဂရုစိုက်ကြပါ။ မလေးရောက်မြန်မာများ အန္တရာကင်းရှင်းကြပါစေလို့ ဆုတောင်းပေးပါတယ်။)

Kayan Times

မြန်မာမ လေး ထမီမဝတ်တော့ဘူး .အဖော်အချွတ်မယ် လုပ်နေပြီ

မျိုးဂုဏ် ဇာတိဂုဏ်နဲ့ ယဉ်ကျေးမှု့ အမွေအနှစ်တွေထိန်းသိမ်းတာလား ရောမရောက်လို့ ရောမလိုကျင့်တာလားတော့မသိတော့ပါဘူး တွံတေး သိန်းတန် ဆိုထားတဲ့ သီချင်းလေး တစ်ပုဒ် ရဲ့ စာသားကတော့ "မြန်မာမ လေးတွေ ထမီမဝတ်တော့ဘူး မင်းမပါ ပါစေနဲ့ တဲ့ " အခုဟာကတော့ .......
သူနာမည် ကတော့ ခရစ်ဆီ ၀ဏ္ဏ (Chrissie Wunna) ဖြစ်ပါတယ်။ သူမကို ဒီဇင်ဘာ လ၁၉ ရက် ၁၉၈၀ ခုနှစ်မှာ အင်္ဂလန် နိုင်ငံယောက် ရှိုင်းယားက ဒွန်ကတ်စတာ မြို့မှာ မွေးဖွားခဲ့ပါတယ်။ မိဘ နှစ်ပါးလုံးက မြန်မာလူ မျိုးတွေ ဖြစ်ပြီး ဖခင်ဖြစ်သူ ကတော့ အခုထိ အနုပညာလုပ် ငန်းတွေတစိုက် မတ်မတ် လုပ်နေ တဲ့ ကဗျာဆရာ တစ်ယောက်ဖြစ်ပြီး ဆရာဝန် တစ်ယောက်လည်းဖြစ်တဲ့ ဦးဝဏ္ဏ ပါတယ်။ ခရစ်ဆီ ရဲ့ ဦးလေးဖြစ်သူ ကတော့ မြန်မာ ပြည်ရဲ့ နာမည်ကျော်တေးရေးဆရာမောင်သစ်မင်းဖြစ်ပြီး သူ့ဖခင်ရဲ့  ညီအရင်းဖြစ်ပါတယ်။ ( ရွှေဘို မင်းသားကြီးရဲ့  အဆက်အနွယ် တွေလဲ ဖြစ်ပါတယ်။)

မော်ဒယ် တစ်ယောက် အဖြစ် အသက်မွေး ၀မ်းကျောင်းပြုနေပြီး အမျိုးသား မဂ္ဂဇင်းတွေ ရဲ့ အဖော်အကျွတ် တွေရိုက်တဲ့ Sexy မော်ဒယ် တစ်ယောက် ဖြစ်ပါတယ်။

အင်္ဂလန် နိုင်ငံက ITV 2 ရုပ်သံအစီအစဉ်မှာ ဇန်န၀ါရီလ ၉ ရက်နေ့ ကတည်းက စပြီး တင်ဆက်ပြသနေ ရာမှာ လူကြိုက်များတဲ့ “Paris Hiltons British Best Friend” အစီအစဉ်မှာ နာမည်ကျော် ဟောလိဝုဒ် သရုပ်ဆောင် ပါရစ်ဟီလ် တန် နဲ့ အတူ ပါဝင်သရုပ်ဆောင်နေ သူတစ်ယောက် ဖြစ်ပါတယ်။ ပြီးတော့ သူမဟာ Blogger တစ်ယောက်ပါတဲ့။ (ကဲ...မြန်မာ Blogger တွေရေ....ချွတ်လိုက်ကြစို့လေ...)


ဒါကတော့ သူမရဲ့ ကိုယ်ပိုင် ဆိုဒ်ပေါ့ .။ http://www.chrissiewunna.com/.။

မောင်ကျောက်ခဲ

၁၆နှစ်အရွယ် ကျောင်းသူလေးတစ်ဦးကို လိင်မှု ကျူးလွန်ရန် အားထုတ်ကြိုးပမ်းခဲ့ သည့် ဟိန္ဒူဂုရုကြီး အဖမ်းခံရ


ဆိတ်ငြိမ်သော ဘာသာရေး ရိပ်သာတစ်ခု၌ ၁၆နှစ်အရွယ် ကျောင်းသူလေးတစ်ဦးကို လိင်မှု ကျူးလွန်ရန် အားထုတ်ကြိုးပမ်းခဲ့ သည်ဟုစွပ်စွဲခံရပြီးနောက် ကျော် ကြားသော၊ ကိုးကွယ်ယုံကြည်ခံ
ရသော အိန္ဒိယဂုရုကြီးတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ဒေသခံအရာရှိတစ်ဦးက စက် တင်ဘာ ၁ရက်တွင်ပြောကြား ခဲ့သည်။

နောက်လိုက်များစွာကို ဆွဲ ဆောင်ပြီး ကိုယ်ပိုင်ဟန်ရှိသူဟိန္ဒူ ဂုရုများစွာအနက်တစ်ဦးဖြစ်သူ အာဆာရမ်ဘာပူကို စက်တင်ဘာ ၁ရက်က အင်ဒိုးမြို့လယ်တွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။ ထို့နောက် အသက် ၇၂နှစ်အရွယ် ဂုရုကြီးကို မိန်းကလေးအား လိင်မှုကျူးလွန် ရန် အားထုတ်ကြိုးပမ်းခဲ့သော အ နောက်ပိုင်းရှိ ဂျော့ဒ်ပူရ်မြို့သို့ လေယာဉ်ဖြင့်ခေါ်ဆောင်သွားခဲ့ သည်။ မိန်းကလေး၏မိဘများ မှာလည်း ၎င်းဂုရုကြီးကို ကိုးကွယ် နေသူများဖြစ်သည်ဟု ဒေသခံရဲ အရာရှိ အဂျေးပါးလ်လမ်ဘာက ပြောကြားခဲ့သည်။
''ဂုရုကြီးကို သူ့ကိုစွပ်စွဲထား တာနဲ့ပတ်သက်ပြီး ဂျော့ဒ်ပူရ်ရဲ စခန်းသို့လာရောက်ဖြေရှင်းဖို့ ပြောခဲ့ပေမယ့် သူကျန်းမာရေး မကောင်းလို့ နောက်ထပ်အချိန် ပေးဖို့ တောင်းဆိုခဲ့တယ်''ဟု ရဲ တပ်ဖွဲ့ကလည်း အခွင့်အရေးပေး ခဲ့သော်ကြောင်း ဂျော့ဒ်ပူရ်မှ ဒုရဲ မင်းကြီးလမ်ဘာက အေအက်ဖ် ပီသို့ ပြောကြားခဲ့သည်။

မုတ်ဆိတ်ဖြူဂုရုကြီး ၎င်း အပေါ်စွပ်စွဲချက်များကို ပယ်ချခဲ့ ပြီး နိုင်ငံရေးနှင့်ဆိုင်သော ကြံ စည်မှုဟုဆိုသည်။ လိင်ပိုင်းဆိုင် ရာတိုက်ခိုက်မှုမှာ ဩဂုတ် ၂၅ ရက်က ဖြစ်ပွားခဲ့သည်။ ထိုစဉ်က အာဆာရမ်သည် လိင်ပိုင်းဆိုင် ရာတိုက်ခိုက်ခံရသူ မိန်းကလေး ၏မိဘများအပါအဝင်နောက် လိုက်များအတွက် တရားကျင့် ရိပ်သာတစ်ခုကို ပြုလုပ်ပေးနေ ခဲ့ချိန်ဖြစ်သည်။

သမီးဖြစ်သူတွင် မကောင်း ဆိုးဝါးဝိညာဉ်များပူးဝင်စွဲကပ်နေ ပြီး ၎င်းအနေဖြင့် သမီးဖြစ်သူ နှင့် နှစ်ဦးတည်းတွေ့ရန်လိုအပ် ကြောင်း ဂုရုက မိန်းကလေး၏မိဘများကို ပြောကြားခဲ့သည်။ ဂုရုကြီးအခန်းကို မိန်းကလေး တစ်ဦးက ခိုးဝင်ရောက်ပြီးနောက် နှစ်ရက်ကြာ ဂုရုကြီးက ၎င်းအား လိင်ပိုင်းဆိုင်ရာ စော်ကားရန် အားထုတ်ခဲ့ကြောင်း မိန်းကလေး က ၎င်း၏မိဘများကိုတိုင်သည်။ မိန်းကလေးမိသားစုက ဂုရုနှင့် ထိပ်တိုက်တွေ့ရန်ကြိုးစားသော် လည်း ဂုရုက အတွေ့မခံသဖြင့် ရဲကိုတိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ရဲအရာရှိတစ်ဦးကပြောခဲ့သည်။


From : ..YMG

မိခင်ကိုလည်ပင်းညှစ်သည့်သား ဓားဖြင့်ပေါက်ခံရ၍သေဆုံး

ခင်ဦးမြို့နယ်တွင် ဩဂုတ် ၃၀ ရက် ည ၇ နာရီခွဲက မိခင်ဖြစ်သူကို သား အကြီး ဖြစ်သူ က သောက်စားမူးယစ်ပြီး လည်ပင်းညှစ်သဖြင့် သားငယ်ဖြစ်သူက ဓားဖြင့်ပေါက် သဖြင့် သေဆုံး ခဲ့ ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှတ်တမ်း များအရ သိရသည်။

ဖြစ်စဉ်မှာ ခင်ဦးမြို့နယ် ရွာစဉ် ကျေးရွာနေ ဒေါ်စိန်မေသည် နေအိမ် ရှေ့မြေကွက်လပ်၌ သားငယ်ဖြစ်သူ ထွန်းဖြိုး (၂၆)နှစ်နှင့်အတူ ထမင်းစား နေစဉ် သားကြီးဖြစ်သူ ထွန်းစိုး (၃၀)နှစ်က သောက်စားမူးယစ်၍ ရောက်ရှိ လာပြီး ဆဲဆို ကာ မိခင်ဖြစ်သူ ဒေါ်စိန်မေ ကို လည်ပင်းညှစ်သဖြင့် သားငယ် ထွန်းဖြိုးက လှည်းပေါ်တွင် ချိတ်ထား သော ဓားဖြင့်ပစ်ပေါက်ရာ ထွန်းစိုး၏လည်ပင်းတွင် ပြတ်ရှဒဏ်ရာရရှိပြီး သေဆုံးခဲ့သည်။

အဆိုပါဖြစ်စဉ် နှင့်ပတ်သက်၍ တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန်အတွက် ခင်ဦးမြို့မရဲစခန်းက (ပ)အမှတ် ၃၃၆/ ၂၀၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေး ယူ လျက်ရှိကြောင်း သိရသည်။

မျိုးဝင်းထွန်း (မုံရွာ)

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

ပြစ်မှုကျူးလွန် သူများကို ညှဉ်းပန်းနှိပ်စက်ခြင်း၊ အမှုမဖွင့်ပေးခြင်း တို့နှင့်ပတ်သက်၍ တိုင်ကြားလာမှုကြောင့် ရဲစခန်းများတွင် CCTV ကင်မရာများ တပ်ဆင်


ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ရဲစခန်းများတွင် CCTV ကင်မရာများ တပ်ဆင်နေကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သတင်းရရှိသည်။

ယင်းကဲ့သို့ ရဲစခန်းများတွင် CCTV ကင်မရာ တပ်ဆင်ရာ၌ ရဲစခန်း
အတွင်းရှိ ပြည်သူများ အမှုလာရောက် တိုင်တန်းသည့် နေရာနှင့် ကျူးလွန်သူများကို အမှုစစ်ဆေးသည့် နေရာများတွင် အဓိက တပ်ဆင်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီးမြင့်အေးက ပြောကြားခဲ့သည်။

''ကျွန်တော့် ခရိုင်အတွင်းမှာရှိတဲ့ ရဲစခန်းတွေမှာတော့ သြဂုတ်အတွင်းက စပြီးတော့ CCTV ကင်မရာတွေ တပ်ဆင်နေပါတယ်။ စက်တင်ဘာလ အတွင်းမှာ ပစ္စည်းရရှိမှုအပေါ် မူတည်ပြီးတော့ အပြီးတပ်ဆင် သွားပါမယ်။ တပ်ဆင်ရခြင်းရဲ့ အကြောင်းအရင်းကတော့ အမှုစစ်ဆေးတဲ့ အခါမှာ စွပ်စွဲမှုတွေ တိုင်ကြားမှုတွေ ရှိလာတဲ့အတွက် အထင်အမြင် လွဲမှားမှုတွေ မရှိစေဖို့ ဖြစ်ပါတယ်။ အကယ်၍ တိုင်ကြားလာခဲ့ရင်လည်း သက်သေရရှိဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူတွေအနေနဲ့ မတော်တဆ လွဲမှားမှုလေးတွေ မဖြစ်စေချင်လို့ ဖြစ်ပါတယ်'' ဟု အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်အေးက ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ရဲစခန်းများတွင် CCTV ကင်မရာတွေ တပ်ဆင်မှုနှင့် ပတ်သက်၍လည်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းကြည်က '' အမှုလာတိုင်တဲ့ အခါမှာ ရဲတပ်ဖွဲ့ဝင်တွေက အမှုမဖွင့်ပေးဘူး။ ပြစ်မှုကျူးလွန်တဲ့ သူတွေကို ညှဉ်းပန်းနှိပ်စက်တာတွေ ရှိတယ်လို့ တိုင်ကြားလာမှုကြောင့် အမှုလက်ခံ ဆောင်ရွက်ပေးတဲ့ နေရာနဲ့ အမှုစစ်တဲ့ အခန်းတွေမှာ CCTV ကင်မရာတွေ တပ်ဆင်ရတာ ဖြစ်ပါတယ်။ အချို့တိုင်ကြား မှုတွေကလည်း မဟုတ်မမှန် တိုင်ကြားမှုတွေ ရှိနေတယ်။ အဓိကကတော့ ပြည်သူတွေကို ပွင့်လင်းမြင်သာမှု ရှိစေဖို့ ဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။

၂၀၁၂ ခုနှစ် ဇွန် ၂၈ ရက်က ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ်
တွင် နေထိုင်ပြီး ပန်းရောင်းသူ မပိုးပိုးမွန်မှာ နေအိမ်ခုတင်ပေါ်၌ ဓားဒဏ်ရာများဖြင့် သေဆုံးမှု ဖြစ်စဉ်တွင် ကျူးလွန်သည်ဟု သံသယရှိသူကို ရဲတပ်ဖွဲ့မှ ဘုရင့်နောင် ရဲစခန်းရှိ စစ်ကြောရေးခန်းမ၌ စစ်ဆေးနေစဉ် ဇူလိုင် ၈ ရက် နံနက် ၃ နာရီခွဲတွင် ရုတ်တရက် မေ့မြောလဲကျပြီး အင်စိန်ဆေးရုံသို့ ပို့နေစဉ် သေဆုံးသွားခဲ့ကြောင်း ရဲတပ်သား အဆင့်မှ ဒုတိယရဲမှူးကြီး အဆင့်ထိ အရေးယူခဲ့ကြောင်း သိရသည်။

Myawady

အိပ်ရာခင်း ပုံမှန် မလဲလှယ်ခြင်းက ကျန်းမာရေး ပြဿနာများ ဖြစ်ပေါ်စေနိုင်


အိပ်ရာခင်း ပုံမှန်လဲလှယ်မှု မရှိခြင်းသည် တစ်ကိုယ်ရည် သန့်ရှင်းမှုနှင့် ကျန်းမာရေး ကဏ္ဍများတွင် ဆက်စပ် ထိခိုက်မှု ရှိနိုင်ကြောင်း သိရှိရသည်။ လူပျိုကြီးများ၊ အကြောင်းအမျိုးမျိုးကြောင့် တစ်ကိုယ်တည်း နေထိုင်လေ့ရှိသူ အမျိုးသား အများအပြားသည် တစ်နှစ်လုံးတွင် အိပ်ရာခင်းကို (၄)ကြိမ်မျှထက် ပိုလျှော်လေ့ မရှိကြောင်း အဆိုပါ စစ်တမ်းက ဆိုသည်။ သို့သော်လည်း အပျိုကြီးများ၊ တစ်ကိုယ်တည်း နေထိုင်သူ အမျိုးသမီး အများအပြားသည် ပျမ်းမျှအားဖြင့် (၂)ပတ်လျှင် တစ်ကြိမ်မျှ အိပ်ရာခင်းကို လျှော်ဖွပ် အသစ်လဲလေ့ ရှိကြောင်းလည်း အဆိုပါ ထူးထူးခြားခြား သုတေသန ပြုလုပ်မှုက အဖြေထုတ်ပြထားသည်။ အကယ်၍ အမျိုးသားများ အိမ်ထောင်ကျသွားလျှင်မူ အိပ်ရာခင်း လျှော်ဖွပ်လဲလှယ်မှုသည် သိသိသာသာ မြင့်တက်လာတတ်ကြောင်းလည်း သိရသည်။
ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် (၄)ကြိမ်မျှသာ အိပ်ရာခင်း လျှော်လေ့ရှိသည့် လူပျိုကြီးတစ်ဦး အိမ်ထောင်ကျသွားပါက ပျမ်းမျှ (၂.၃)ပတ်လျှင် တစ်ကြိမ်မျှ အိပ်ရာခင်း အသစ်လဲလေ့ ရှိလာနိုင်ကြောင်း သုတေသီများက ပြောကြားခဲ့သည်။ သို့သော်လည်း ယင်းကဲ့သို့ အသစ်လဲလှယ် လျှော်ဖွပ်မှုတွင် အဓိက ပြုလုပ်သည်မှာ အမျိုးသားများ မဟုတ်ဘဲ အိမ်ထောင်ဘက် အမျိုးသမီးများ ဖြစ်နေတတ်ကြသည်။ အိမ်ထောင်သည်များတွင် အိပ်ရာခင်း အဝတ်လဲလှယ်တိုင်း အဝတ်လျှော်သူ (၈၁)ရာခိုင်နှုန်းသည် အမျိုးသမီးများဟု ဆိုသည်။
ကျန်းမာရေး ရှုထောင့်အရ အိပ်ရာခင်း လဲလှယ်မှုသည် အရေးကြီးသော လုပ်ဆောင်မှု တစ်ခုဟု ပညာရှင်များက ရှင်းပြခဲ့သည်။ အရေပြားတွင် မှိုစွဲတတ်သည့် ရောဂါရှိသူများ၊ ပန်းနာရင်ကျပ် ဝေဒနာသည်များသည် အိပ်ရာခင်းကို မကြာခဏ လဲလှယ်သင့်ကြောင်း သုတေသီများက ထောက်ခံထားသည်။ အကယ်၍ အချိန် အကျပ်အတည်းကြောင့် အိပ်ရာခင်း လဲလှယ်မှု ပြုလုပ်နိုင်ရန် ခက်ခဲပါက ပလပ်စတစ် အခင်းကဲ့သို့ အရာများကို တစ်ထပ်ခံကာ အိပ်စက်သင့်ကြောင်း အန်လာဂျန် သုတေသန အဖွဲ့မှ အီဝမ်တိုဗီက ပြောကြားခဲ့သည်။ ဝဲလ်ဝုခ်ဆေးသုတေသန ဌာန၏ လက်အောက်ခံလည်းဖြစ်သည့် အန်လာဂျန် သုတေသန အဖွဲ့သည် အိပ်ရာအနေအထားနှင့် ကျန်းမာရေး အခြေအနေ ဆက်စပ်မှုကို သုတေသနပြု လေ့လာခဲ့ခြင်း ဖြစ်သည်။
"သမားရိုးကျ ဖြစ်လေ့ရှိတာကတော့ အိပ်ရာခင်း သိပ်မလဲတဲ့အခါ နှင်းခူနာလို ရောဂါတွေကို ပိုပြီးဆိုးရွား သွားစေတတ်တယ်။ ညဘက် ချောင်းဆိုးတာမျိုးက ပျောက်ဖို့ ခဲယဉ်းသွားတယ်။ ဒါပေမဲ့လည်း ဒီကောက်ချက်တွေက ကျယ်ပြန့်တဲ့ အတွေ့အကြုံတွေကို အခြေခံပြီး ပြောတဲ့ မှတ်ချက်မျိုးပဲ ဖြစ်ပါတယ်"ဟု တိုဗီက ဆိုသည်။ "အိပ်ရာခင်းမှာ ကပ်ငြိနေတဲ့ ဖုန်မှုန့်တွေက ဘယ်လို အဆိုးဘက်က သက်ရောက်မှုတွေ ဖြစ်လာစေတယ် ဆိုတာကို ကျွန်တော်တို့ အရင်တော့ သက်သေပြခဲ့ဖူးပြီးပြီ"ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ အန်လာဂျန် သုတေသန အဖွဲ့၏ စစ်တမ်းအရ အသက်(၃၅)နှစ်မှ (၅၀)ကြား အရွယ်များသည် ပျမ်းမျှအားဖြင့် အိပ်ရာခင်းကို တစ်ပတ်လျှင် တစ်ကြိမ်မျှ လျှော်လေ့ရှိပြီး လူငယ်ပိုင်းကမူ ဂရုပြုမှု နည်းပါးသဖြင့် လူငယ်များအတွက် ပိုမို စိုးရိမ်မိကြောင်းလည်း တိုဗီက ဝန်ခံသွားခဲ့သည်။

Planet

အမျိုးသမီး တို့ ဘ၀ တစ်လျှောက်ကြုံတွေ့ ရသည့် ဟော်မုန်းလမ်းညွန်



အမျိုးသမီးတို့၏ မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေသည့် အံ့ဖွယ်အန္တရာယ်


ပလတ်စတစ်နဲ့ အလှကုန် ပစ္စည်းတွေထဲမှာ တွေ့ရတတ်တဲ့ သားလိတ် (phthalates) ဓာတ်နဲ့ ထိတွေ့မှုဟာ အမျိုးသမီးတွေကို ကိုယ်ဝန်ရရှိဖို့ ပိုမို ခက်ခဲကြောင်း ဟားဗတ်လေ့လာမှု အသစ် တစ်ခု အရ သိရပါတယ်။ လေ့လာသူတွေက ဖန်ပြွန်သန္ဓေသားနည်းနဲ့ ကလေးယူရတဲ့ အမျိုးသမီး၂၃၁ ဦးရဲ့ ဆီးကို စစ်ဆေးခဲ့ပြီး သားလိတ်ထိတွေ့မှု ပမာဏကို လေ့လာခဲ့ရာ အင်ဒိုခရိုင်းစနစ်ကို ထိခိုက်စေတဲ့ အဲဒီဓာတ်တွေကို အဲဒီ အမျိုးသမီး အားလုံးနီးပါးမှာ တွေ့ရှိခဲ့ရကြောင်း ဆိုပါတယ်။ အမျိုးသမီးတွေ အသုံးများတဲ့ ဆပ်ပြာ၊ ရှမ်ပူ၊ ကိုယ်တိုက် ဆပ်ပြာရည်နဲ့ တစ်ကိုယ်ရေသုံး သန့်ရှင်းရေး ပစ္စည်းတွေမှာ သားလိတ် အဆင့် ပါဝင်မှု မြင့်မားကြောင်း သိရပြီး ပျမ်းမျှအားဖြင့် အမျိုးသမီးတစ်ဦးဟာ နေ့စဉ် သူ့ခန္ဓာကိုယ်ပေါ်မှာ ဓာတုပစ္စည်း ၅၁၅ မျိုးခန့် တင်လေ့ရှိကြောင်း လတ်တလော လေ့လာမှုအရ သိရပါတယ်။
သားလိတ်ဓာတ်နှင့် မျိုးအောင်နိုင်စွမ်း ထိခိုက်မှု
* ဗီနိုင်း ပလတ်စတစ်ထဲမှာ တွေ့ရတဲ့ သားလိတ်ဓာတ်နဲ့ ထိတွေ့မှု အမြင့်မားဆုံးအမျိုးသမီးတွေဟာ ထိတွေ့မှု အနည်းဆုံးသူတွေနဲ့ ယှဉ်ရင် သန္ဓေတည်နိုင်ခြေ နှစ်ဆ လျော့နည်းကြောင်း သိရပါတယ်။
* အမျိုးသမီးတွေရဲ့ သားလိတ် ထိတွေ့မှု မြင့်မားလေလေ၊ သားဥအိမ်ရဲ့ လုပ်ငန်းဆောင်တာ ထိခိုက်လေလေ ဖြစ်ပါတယ်။ အမျိုးသားတွေကို အစောပိုင်း လေ့လာမှုအရ ဟော်မုန်း ထိခိုက်စေတဲ့ ဓာတုပစ္စည်းတွေဟာ သုက်ကောင် အရည်အသွေးနဲ့ ပမာဏကို လျော့ကျစေသလို အမျိုးသမီးတွေရဲ့ မျိုးဆက်ပွား ကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။ အီစထရိုဂျင် အတုကဲ့သို့ ပြုမူသော သားလိတ်ဓာတ် ''ဒီဓာတုပစ္စည်းတွေက အီစထရိုဂျင် လက်ခံရာ စင်တာတွေမှာ အင်ဒိုခရိုင်း အဟန့်အတား အဖြစ် ပြုမူပါတယ်၊ အခြေခံအားဖြင့် ပြောရရင် အီစထရိုဂျင် အတုလိုမျိုး ပြုမူပါတယ်''လို့ ဟော်မုန်း ကုသမှု ဒေါက်တာဂေါ့တ်ဖရိုက် က ဆိုပါတယ်။
ဒါ့အပြင် သားလိတ်ဟာ အီစထရိုဂျင်နဲ့ ပရိုဂျက်စီရုန်း ဟော်မုန်း အကြား ဟန်ချက်ညီမျှမှုကို ဟန့်တားပေးတာကြောင့် အမျိုးသမီးတွေမှာ မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေပါတယ်။ အမျိုးသမီးတွေကို အစောပိုင်း လေ့လာမှုအရ သားလိတ်ဓာတ်ဟာ မျိုးအောင်နိုင်စွမ်း ထိခိုက်မှု၊ ကိုယ်ဝန်ပျက်ကျတာနဲ့ ဆက်စပ်မှု ရှိတယ်လို့ သိရပါတယ်။ သားလိတ်ဓာတ်က အီစထရိုဂျင်နဲ့ တည်ဆောက်ပုံ တူပြီး ခန္ဓာကိုယ်က အလွယ်တကူ စုပ်ယူနိုင်တာကြောင့် မျိုးအောင်နိုင်စွမ်း ကျဆင်းတတ်ပါတယ်။ သားလိတ်ဓာတ်ကို ရှောင်ရှားနိုင်ရန် ပလတ်စတစ် ခွက်ယောက်၊ ကလေးကစားစရာ ထည့်တဲ့ ပလတ်စတစ်ခွက်၊ တခိျု့ ပြုပြင်ထားတဲ့ အစာနဲ့ အမွှေးရနံ့ပါတဲ့ တခိျု့ အသုံးအဆောင်တွေ..စတဲ့ ပလတ်စတစ် ပစ္စည်းအများစုမှာ သားလိတ်ဓာတ် ပါဝင်နေတတ်ပါတယ်။ သားလိတ်ဓာတ်နဲ့ ထိတွေ့မှုကို ရှောင်ရှားနိုင်ဖို့ အောက်ပါ နည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။
* ပလတ်စတစ်ပစ္စည်းတွေရဲ့ ပြန်လည်အသုံးပြုနိုင်စွမ်း(Recycling Codes) ကိုကြည့်ပြီး ပြန်လည် အသုံးပြုနိုင်စွမ်း ရှိတဲ့အမျိုးအစားကို သုံးပါ။
* ပလတ်စတစ်ဘူးတွေ၊ ခွက်တွေထဲမှာ ပူတဲ့ အစားအသောက်တွေကို ဘယ်တော့မှ မထည့်ပါနဲ့။ အစားအသောက်တွေကို ပလတ်စတစ်ခွက်ထဲ ထည့်မယ့် အစား ဖန်၊ ကြွေ၊ သတ္တု အမျိုးအစားကို သုံးပါ။
* ပါဝင်ပစ္စည်းထဲမှာ အမွှေးရနံ့ ပါတဲ့ အမျိုးအစားကို ရှောင်ပါ။ လေထု သန့်စင်စေတဲ့ ဖျန်းဆေးတွေကို ရှောင်ပြီး သဘာဝ လေကောင်းလေသန့်ကိုပဲ ရယူပါ။
* ဖြစ်နိုင်ရင် သြဂဲနစ် အစားအသောက်တွေကိုပဲ ၀ယ်ယူပါ။ တခိျု့ ပိုးသတ်ဆေးတွေမှာ သားလိတ်ဓာတ် တွေ့ရတတ်တာကြောင့် ပိုးသတ်ဆေး ဖျန်းမထားတဲ့ သြဂဲနစ် အစားအသောက်တွေကို ၀ယ်ယူ စားသုံးသင့်တာ ဖြစ်ပါတယ်။

Swesone

Teenage pregnancy အသက်ငယ်ငယ် ကိုယ်ဝန်လွယ်


သမီးအသက် ၁၇ ပါရှင့်။ အိမ်ထောင်ကျတာ တစ်နှစ်ရှိပါပြီ။ အိမ်ထောင်ကျပြီးပြီးချင်းပဲ သမီး လက်မောင်း ထဲထည့်တဲ့ ပစ္စည်း သုံးပါတယ်ရှင့်။ ၁၁ လပိုင်း ၆ ရက်နေ့ ရောက်တော့ အဲဒါကို ပြန်ထုတ်လိုက်ပါတယ်ရှင့်။ ၁၂ လပိုင်းမှာ ရာသီမပေါ်တာ ၄ ရက် ရောက်လာလို့ အိမ်မှာ ဆီးစစ်ကြည့်တော့ Positive ဖြစ်နေပါ တယ်ရှင့်။ ၃ ခါလုံး ဒီအဖြေပဲ ထွက်ပါတယ်ရှင့်။ နောက် ၂ ပါတ်လည်း ရောက်ရော သွေးတွေ အရမ်းဆင်း ပါတယ်။ ပြီးတော့ လက်ဝါး တစ်ဝက်စာလောက်ရှိတဲ့ သွေးခဲ ရှည်မျောမျောတစ်ခု ပါလာပါတယ်။ သွေးကြော ခရမ်းရောင်အကြောင်းလေးတွေ ပါပါတယ်ရှင့်။ ခါးနည်းနည်းကိုက်တာက လွဲလို့ တခြားဘာမှ မဖြစ်ပါဘူးရှင့်။ သွေးဆင်းတာကလည်း ခါတိုင်းလိုပဲ တစ်ပါတ်ပဲ ကြာပါတယ်ရှင့်။ အဲဒါ ကိုယ်ဝန်ပျက် တာပါလားရှင့်။ နောက်ထပ်ရော ကိုယ်ဝန် ထပ်ရနိုင်ပါသလားရှင့်။ ဘယ်လောက်ကြာမှ ရနိုင်မလဲရှင့်။ အသက် အရွယ်နဲ့ သားအိမ်ဆိုင်ပါသလားရှင့်။ အခုအရွယ်မှာ ကိုယ်ဝန်ဆောင်ရင် ဘာအခက်ခဲတွေ ဖြစ်နိုင်ပါ သလဲရှင့်။

ဆီးစစ်လို့ အပေါင်းပြရာကနေ သွေးဆင်းတာဟာ ကိုယ်ဝန်ပျက်တာ သေခြာတယ်။ Complete abortion ကိုယ်ဝန် အပြည့်အစုံ ပျက်ခြင်း ဖြစ်နိုင်ပါတယ်။ အများအားဖြင့် Incomplete abortion တဝက်တပျက် ပျက်တာဖြစ်တယ်။ အဲလိုသာဆို D and C သားအိမ်ခြစ်ရတယ်။ တချို့မှာ Septic abortion ကိုယ်ဝန် ပျက်ရင်း ပိုးဝင်တတ်တယ်။ ကိုယ်ဝန်ပျက်ပြီးနောက် တားတာလဲ မလုပ်ဘဲ အကာအကွယ်မဲ့ လိင်ဆက်ဆံ ရင် ချက်ချင်းဆိုသလို နောက်ကိုယ်ဝန် ဆက်ရနိုင်တယ်။ ဘယ်လောက်ကြာမယ်က တယောက်နဲ့ တယောက် မတူတတ်ပါ။ သီအိုရီအရပြောရရင် ပျက်သွားတဲ့သွေးကို ရာသီလာသလိုဘဲ အောက်မေ့နိုင်ပြီး၊ နောက် ၁၄ ရက်မှာ မျိုးဥထွက်လို့၊ ကျား-သုက်ပိုးနဲ့ ထိတွေ့-ပေါင်းစပ်မယ်ဆိုရင် တခါတည်း နောက်ကိုယ် ဝန် ရပါလိမ့်မယ်။

အသက် ၁၈ နှစ်အောက်နဲ့ ၃၅ နှစ်အထက်တွေ သားဦး ကိုယ်ဝန်ဆောင်ရင် အထူးသတိထားရမယ်။ Teenage pregnancy ဆိုတာ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်လို့ ပြောတာ မမှန်ဘူး။ အသက် ၂ဝ အောက်မှာ ကိုယ်ဝန် ရတာကိုသာ ဆေးပညာက ဆိုတယ်။ (မီဒီယာ) မှာတော့ မိန်းကလေးငယ်ငယ် မရည်ရွယ်ဘဲ၊ ယာက်ျားလဲ မယူဘဲ၊ အမှန်မထင် ကိုယ်ဝန် ရတာကိုမှသာ ဒီဝေါဟာရကို သုံးကြတယ်။

မိန်ကလေးတိုင်း အပျိုဖြစ်တာနဲ့ ၁၂-၁၃ နှစ်ကစပြီး ယောက်ျားနဲ့ ဖေါက်ပြားမိရင် ကိုယ်ဝန်ရနိုင်ကြတယ်။ မိန်းကလေးငယ် ကိုယ်ဝန်ဆောင်နှုန်း နေရာမတူရင် မတူဘူး။ တောင်-ကိုရီးယားမှာ ကိုယ်ဝန် ၁ဝဝဝ မယ် ၃ ယောက်မပြည့်ဘူး။ ဆာဟာရ-အောက်ပိုင်းမှာတော့ ၁၄၃ ယောက်အထိရှိတယ်။ တကမ္ဘာလုံးမှာ ၁၅-၁၉ ယောက်ရှိတယ်။

၂ဝဝ၁ UNICEF စစ်တမ်းအရ ဖွံ့ဖြိုးဆဲနိုင်ငံ ၁၂ ထဲက ၁ဝ ခုမှာ အသက်ငယ်ငယ်မှာ လိင်ဆက်ဆံမှု ရှိသူပေါင်း ၃ ပုံ ၂ ပုံရှိနေတာ တွေ့ရတယ်။ အမေရိကားနဲ့ ဥရောပါမှာဆို ၈ဝ% ကျော်တယ်။ သြစတြေးလျ၊ ယူကေ၊ အမေရိကားမှာ ၁၅ နှစ်သမီးလေးတွေရဲ့ ၂၅%၊ ၁၇ နှစ်သမီးတွေရဲ့ ၅ဝ% လိင်ဆက်ဆံ မှုပြုကြတယ်။ အနောက်နိုင်ငံတွေမှာ သတိထားကြတာက လိင်ကတဆင့် ကူးစက်ရောဂါ အတွက်သာ ဖြစ်ပါတယ်။

Save the Children ရဲ့တွေ့ရှိချက်အရ ကမ္ဘာမှာ အသက် ၂ဝ အောက် မိခင်တွေကနေ မွေးလာတဲ့ ကလေးပေါင်း ၁၃ သန်းရှိတယ်။ ၉ဝ% ဟာ မချမ်းသာတဲ့ နိုင်ငံတွေက ဖြစ်တယ်။ မွေးလာကြတဲ့ ကလေး တွေရော သူတို့မိခင်ငယ်လေးတွေမှာရော ကျန်းမာရေး နောက်ဆက်တွဲတွေ ဖြစ်ကြရလို့ သေဆုံးရတာတွေ များတယ်။ အသက် ငယ်ငယ်နဲ့ ကိုယ်ဝန်ဆောင်ရင် ပုံမှန် ကိုယ်ဝန်ဆောင်တိုင်းမှာ သတိထားစရာ တွေထက် ပိုပြီးသတိထားစရာတွေ ရှိပါတယ်။ အသက်ငယ်လေ ပိုလေဖြစ်တယ်။

သုတေသနတွေလုပ်တော့ Low birth weight ကိုယ်အလေးချိန် မပြည့်တဲ့ ကလေး မွေးတာနဲ့ Premature labor လမစေ့ဘဲ မွေးတာ ဆက်စပ်နေတာ သိရတယ်။ Anemia သွေးအားနည်းရောဂါလဲ ပိုများတယ်။ Prenatal care ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း လုပ်တာ နည်းကြတယ်။ သူတို့ကနေ မွေးတဲ့ကလေး တွေမှာ ဆေးရုံတက်ရတာ ပိုများတယ်။ Inadequate nutrition အာဟာရ မပြည့်စုံတာမှာ မတတ်နိုင်လို့ မစားရသူတွေအပြင် တတ်နိုင်ပေမဲ့ အာဟာရမကောင်းလှတဲ့ Fast food တွေစားလို့လဲ ဖြစ်စေတယ်။ HIV အဖြစ်လဲများတာ သိရတယ်။

Obstructed labour ကလေးကို မွေးလမ်းကနေ ရိုးရိုး မမွေးနိုင်တာလဲပါတယ်။ Caesarean section ခွဲမွေးရတာ ပိုများစေတယ်။ PET/Eclampsia ကိုယ်ဝန်-သွေးဆိပ်တက်တာ၊ Obstetric fistula မွေးလမ်းကြောင်း ပြွန်ပေါက်ဖြစ်တာ၊ Infant mortality မွေးလာတဲ့ ကလေး ၁ နှစ်အတွင်း သေဆုံးရတာ၊ Maternal death ကလေးမီးဖွါးရင်း သေဆုံးရတာတွေ ပိုများတယ်။ Psychosocial စိတ်ပိုင်း သက်ရောက်မှု တွေလဲ ရှိတယ်။

WHO ခန့်မှန်းချက်အရ ၁၅-၁၉ နှစ်ကိုယ်ဝန်ဆောင်သူတွေဟာ ၂ဝ-၂၄ နှစ်မိခင်လောင်းတွေထက် Pregnancy related death ကိုယ်ဝန်နဲ့ ဆက်စပ်ပြီး သေဆုံးရနှုန်း ၂ ဆ ပိုတယ်။ ၁ဝ-၁၄ နှစ်သမီးတွေ ကိုယ်ဝန် ဆောင်ရင် ၂ဝ နှစ်ရှိသူတွေထက် Maternal mortality မီးတွင်းသေဆုံးမှုနှုန်းက ၅ ဆမြင့်တက် တယ်။ Illegal abortion တရားမဝင် ကိုယ်ဝန်ဖျက်မှုကြောင့် ဖြစ်ရတာတွေလဲ မနည်းဘူး။

မချမ်းသာတဲ့ နိုင်ငံတွေမှာ တခြားစဉ်းစားစရာ Social issues လူမှုရေးတွေက များတယ်။ ပညာနည်းတာ၊ ဆင်းရဲတာတွေလဲ ပါတယ်။ ချမ်းသာတဲ့ နိုင်ငံတွေမှာတော့ လက်မထပ်ဘဲ ကိုယ်ဝန်ရတာက များတယ်။ တတ်နိုင်သူတွေက High-quality medical care အထူး ဂရုစိုက်ကြရင် ပုံမှန် ကိုယ်ဝန်တွေလို ဖြစ်နိုင်ပါ တယ်။

Dr. တင့်ဆွေ

မျက်စိညောင်း ခြင်းကို ကုသနည်းများ


ဒီနေ့ခေတ် ဘဝနေထိုင်မှု ပုံစံကြောင့် လူတွေ အိပ်ရေးပျက်တာ ၊ တီဗီ၊ ကွန်ပျူတာ အကြည့်များတာ၊ အင်တာနက် အသုံးများ တာတွေ ဖြစ်လာ ပါတယ်။

အိပ်ရေး ပျက်တာကြောင့် မျက်လုံး ဖောင်းအစ်တာနဲ့ မျက်စိညောင်းညာ တာတွေ ဖြစ်လာပါတယ်။ ညောင်းညာ ပင်ပန်း နေတဲ့ မျက်စိဟာ ကြည့်ရတာ သက်သောင့် သက်သာ မဖြစ်ရုံမက ဆွဲဆောင်မှုလည်း မရှိတော့ ပါဘူး။ မျက်စိညောင်းညာမှု ဖြစ်ရသော အကြောင်းရင်း အိပ်ရေး ပျက်တာက မျက်စိ ညောင်းညာမှု ဖြစ်စေတဲ့ အဓိကအကြောင်း ရင်းပါ။ တခြား အကြောင်းရင်း တွေက စိတ်ဖိစီးမှု များတာ၊ မျက်ကပ် မှန်ကြောင့် စပ်ဖျဉ်းဖျဉ်း ဖြစ်တာ၊ ရေဓာတ်ခမ်း ခြောက်တာ၊ ဆေးကု သမှု တချို့၊ ကွန်ပျူတာ အသုံးများတာ၊ နှာခေါင်း ပိတ်တာ၊ စာဖတ်များတာနဲ့
တောက်ပတဲ့ အလင်းရောင်ကို ကြာကြာ ကြည့်မိတာ တွေကြောင့်
ဖြစ်တတ် ပါတယ်။

မျက်စိ ညောင်ညာသော အဓိက လက္ခဏာများ မျက်စိ ညောင်းညာတဲ့ အဓိက အကြောင်းရင်းတွေ ကတော့-

- မျက်စိကို ဖွင့်ထားရင်တောင် လေးလံပြီး မသက်မသာ ခံစား ရတာ၊

- မျက်စိစပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ မသက်မသာဖြစ်တာ၊

- မျက်စိခြောက်သွေ့တာ၊ မျက်စိနာတာ၊ မျက်ရည်ကျတာ၊

- ခေါင်းကိုက်တာနဲ့ အလင်းရောင်နဲ့ ထိတွေ့ရင် ကျိန်းစပ်စပ် ဖြစ်တာတို့ ဖြစ်ကြပါတယ်။

မျက်စိညောင်းညာမှု သက်သာစေရန်

(၁) ရေခဲ သေတ္တာထဲမှာ အေးခဲအောင် သိမ်းထားတဲ့ လက်ဖက် အိတ်နှစ် အိတ်ကို ယူပြီး မျက်စိ ပေါ်ကို မိနစ် ၂၀ ကြာ တင်ထား ပါ။ မျက်စိ လန်းဆန်းပြီး ညောင်းညာမှု သက်သာသွား ပါလိမ့်မယ်။

(၂) လတ်လတ် ဆတ်ဆတ် လှီးဖြတ်ထားတဲ့ သခွားသီး စိတ်ကို မျက်စိပေါ်မှာ မိနစ် ၃၀ ကြာ တင်လိုက်ပါ။ ပြီးရင် မျက်စိကို ရေအေးနဲ့ ဆေးကြောသန့်စင် ပေးပါ။

(၃) နှင်းဆီ ရေထဲမှာ စိမ်ထားတဲ့ ဝါဂွမ်းစကို မျက်စိပေါ်မှာ ၁၅ မိနစ်ခန့် တင်ပါ။

(၄) အေးခဲနေတဲ့ နို့ထဲမှာ စိမ်ထားတဲ့ ဝါဂွမ်းစကို မျက်ခွံပေါ်မှာ မိနစ် အနည်းငယ်ကြာ တင်ပေးပါ။ မျက်စိ ဖောင်းအစ်မှု လျော့ကျ စေပြီး လန်းဆန်း သွားပါလိမ့်မယ်။

(၅) ရေခဲ သေတတ္တာထဲ ထည့်ထားတဲ့ ဇွန်းနှစ်ချောင်းကို မျက်စိပေါ် တင်ပေးရင် မျက်စိညောင်းညာမှု လျော့ပါး သွားပါ လိမ့်မယ်။

(၆) ရေဓာတ် ခန်းခြောက်မှုကြောင့် မျက်စိ ညောင်းညာမှု မဖြစ် အောင် တစ်နေ့လုံး ရေများများ သောက်ပေး ရပါမယ်။

(၇) မျက်စိကို သန့်ရှင်းတဲ့ ရေခဲရေနဲ့ မကြာခဏ ဆေးကြော ပေးတာက မျက်စိ ညောင်းညာမှု၊ ယားယံမှုနဲ့ နွမ်းနယ်မှု သက်သာ စေပါတယ်။

ကြယ်စင်
မောက္ခ

ခင်ဝင့်ဝါ၏ ခဲခြစ်ပုံတူအား သိန်းရာနှင့်ချီ၍ ၀ယ်ယူမည်ဟုဆို


ဘီလာရုစ်မှာ ကျင်းပနေတဲ့ Miss Supranational 2013 ကိုဝင်ရောက် ယှဉ်ပြိုင်နေတဲ့ မြန်မာနိုင်ငံကိုယ် စားပြု အလှမယ် ခင်ဝင့်ဝါ၏ ခဲခြစ်ပုံတူအား ခင်ဝင့်ဝါပရိသတ်တစ်ဦးဖြစ်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီး တစ်ဦးမှ သိန်းရာဂဏန်းနီးပါးဖြင့် ၀ယ်ယူရန် ဆက်သွယ်လာကြောင်း ခဲခြစ်ပုံတူဆွဲသူထံမှ ပြောကြား ခဲ့တယ်လို့ သိရသည်။

မည်သည့် ငွေပမာဏဖြင့် ၀ယ်ယူမည်ဆိုသည်ကို တိတိကျကျမသိရသေးပေ။

ဝယ်ယူရတဲ့ အကြောင်းရင်းက ယခုကဲ့သို့ နိုင်ငံတကာနှင့်ယှဉ်၍ မြန်မာဆိုတာ ကမ္ဘာသိအောင် အရှက် တရားကို ဘေးချိတ်ပြီး Miss Supranational 2013မှာ မြန်မာ့ဂုဏ်ဆောင်ခဲ့ခြင်း ကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

ခဲခြစ်ပုံတူဆွဲသူကလည်း အဆိုပါရောင်းလို့ ရရှိလာမယ့် ငွေတွေကို ခင်ဝင့်ဝါကို ပေးအပ်ဖို့စီစဉ်သွား မှာ ဖြစ်ပြီး လက်မခံပါက လူမှုရေးလုပ်ငန်းတွေမှာ လှူဒါန်းသွားမယ်လို့ သိရပါတယ်။

အရှက်ကိုမငဲ့ကွက်ဘဲ မြန်မာဆိုတာ ကမ္ဘာကသိဖို့ Bikini ၀တ်ယှဉ်ပြိုင်ရဲတဲ့ ခင်ဝင့်ဝါ အပေါ် အွန်လိုင်း ပေါ်မှ ချီးကျူးမှုတွေများပြားခဲ့ပြီး အဆိုပါ ခဲခြစ်ပုံတူကို သိန်းချီပေးဝယ်မည့်သူအား ချီးကျူးလျက်ရှိကြောင်း သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ပညာရေးကွန်ရက် (၂)နှစ်ပြည့် ရန်ပုံငွေ ဈေးရောင်းပွဲတော်နှင့် ဂီတဖျော် ဖြေ ပွဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်ဝတ်ဆင်ခဲ့တဲ့ ဆွယ်တာအဟောင်းကို သိန်း ၆၃၀ ဖြင့် လေလံဆွဲခံခဲ့ ရပါတယ်။ လေလံဆွဲသူမှ မည်သည့်ရည်ရွယ်ချက်ဖြင့် ၀ယ်ခဲ့တယ်ဆိုတာမသိခဲ့ရသလို ရောင်းရ ငွေတွေကိုလည်း မည်သည့်နေ ရာတွေမှာ သုံးခဲ့မှန်းမသိခဲ့ရပါဘူး။

ဒါ့အပြင် ၀တ်ပြီးသားဆွယ်တာ တစ်ထည်အပေါ် ဘာရည် ရွယ်ချက်နဲ့ အမြတ်ထုတ်ချင်လို့ဝယ်ခဲ့မှန်း မသိကြ၍ ဝေဖန်မှုများလည်း ပေါ်ထွက်ခဲ့ ဖူးပါတယ်။

မြန်မာ့ရောင်စဉ်

စစ်တွေ ရေချမ်းပြင်တွင် လူငယ်တစ်ဦး အသတ်ခံရ


ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ရေချမ်းပြင် ကျေးရွာမှ လူငယ်တစ်ဦးကို လည်ပင်း ဓါးဒဏ်ရာဖြင့် သေဆုံးနေသည်ကို ယနေ့ တွေ့ရှိရသည်ဟု သတင်း ရရှိသည်။

သေဆုံးသူ လူငယ်မှာ အသက် ၂၂ နှစ် အရွယ်ရှိ (ဘ) ဦးသင်္ကြန်အောင်၊ (မိ)  ဒေါ်ဖြူမချေတို့၏ သား ကိုဇော်ဇော် ဖြစ်ကြောင်း ရေချမ်းပြင်ကျေးရွာသားများက နိရဉ္စရာသို့ ပြောသည်။

အဆိုပါ လူငယ်သည် ယမန်နေ့ နံနက် ၁၀ နာရီကတည်းက ပျောက်ဆုံးသွားပြီး ယနေ့နေ့လယ် (၃) နာရီ အချိန်တွင် သူ၏ အလောင်းကို ရေချမ်းပြင် ကျေးရွာ အနီးတည်ရှိသော ခတင်ပိုက် ဘင်္ဂလီ မူဆလင်ကျေးရွာ အနီးရှိ မီးရထားလမ်းဘေး ချောင်းအနီးတွင် ရှာဖွေ တွေ့ရှိသည်ဟု သိရသည်။

သူ့၏ ဦးခေါင်းနှင့် လည်ပင်းတွင် ဓါးဒဏ်ရာများ တွေ့ရှိရသည်ဟု သိရသည်။

ယခုအခါ သူ၏ အလောင်းကို စစ်တွေ ဆေးရုံကြီးသို့ ယူဆောင်သွားပြီ ဖြစ်ကြောင်း ကျေးရွာသားများက ပြောသည်။

၎င်းလူငယ်သည် ရေချမ်းပြင်ကျေးရွာတွင် ကျောက်ချ ရပ်နားထားသော ရေတပ် သင်္ဘောဘေးရှိ ဒီရေရောက်တောတွင် ပြားသီး ဆွတ်ခူးရန် သွားရာမှ ပျောက်ဆုံးသွားခဲ့သည်ဟု ဆိုသည်။

ကိုဇော်ဇော်သည် ဆင်းရဲနွမ်းပါးသူ တစ်ဦးဖြစ်ပြီး မိဖနှစ်ဦးအား ကြုံရာ အလုပ်ဖြင့် အလုပ်အကျွေးပြုနေသူဟု သိရသည်။

ယခုအခါ အဆိုပါ လူငယ် သေဆုံးမူနှင့် ပတ်သက်ပြီး စစ်တွေရဲမှ သေမူသေခင်းဖွင့်ကာ စစ်ဆေးလျှက်ရှိသည်ဟု ဆိုသည်။

အလားတူ သြဂတ်စ်လ ၂၄ ရက် နေ့ကလည်း ပေါက်တောမြို့နယ် မုညင်းကိုင်းကျေးရွာမှ အသက် ၄၁ နှစ် အရွယ် မလှသန်းစိန်သည် မုညင်းကိုင်း အောက်ရွာနှင့်  ကြိမ်နီပြင် ဘင်္ဂလီ ဒုက္ခသည် စခန်းအနီးရှိ ညောင်ပင်ချိုင် ချောင်းစပ်တွင် အသတ်ခံခဲ့ရသည်။

(နိရဉ္စရာ- ၂ စက်တင်္ဘာ ၂၀၁၃)

ဖုန်းဆက် သတင်းပေးမှုကြောင့် မီးသင်္ဂြိုဟ်တော့မည် လူသေအလောင်းကို ပြန်လည်စစ်ဆေး

ဖုန်းဆက်သတင်းပေးမှု တစ်ခုကြောင့် မီးသင်္ဂြိုဟ်ရန် စီစဉ်နေသည့် လူသေအလောင်းကို ဓမ္မတာအတိုင်း သေဆုံး ခဲ့ခြင်း ဟုတ်မဟုတ်သိရှိနိုင်ရန် ဆေးရုံးသို့ ပြန်လည်ပို့ဆောင်ပြီး တောင်ဒဂုံရဲစခန်းက အမှုဖွင့် စစ်ဆေးလျက် ရှိသည်ဟု တိုင်းရဲဌာနမှ မှုခင်းမှတ်တမ်းတွင် ဖေါ်ပြထားသည်။

သြဂုတ် ၂၃ က သေဆုံးသူ ဒေါ်ခင်စန်းမြင့်၏ အလောင်းအား သင်္ဂြိုလ်ရန် ကျီစုအအေးတိုက်သို့ ပို့ ဆောင်ထားကြောင်း အမည်မသိလူတစ်ဦးက ၂၃ ရက်တွင် အရေးပေါ် တယ်လီဖုန်းနံပါတ် ၁၉၉ သို့ သတင်းပေး တိုင်ကြား ခဲ့သည်ဟု ဆိုသည်။

ဖြစ်စဉ်တွင် သြဂုတ် ၂၂ ရက်နံနက် ၆ နာရီက ဒဂုံတောင်မြို့နယ် ၂၂ ရပ်ကွက်အတွင်း နေထိုင်သူ ဒေါ်ခင်စန်းမြင့် ၄၀ နှစ်သည် ရင်ဘက်နှင့် လည်ပင်းတွင် ညိုမဲ ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း ရဲစခန်းသို့ ဖုန်းဆက် သတင်းပေး သူများက ရဲစခန်းသို့ ဖုန်းဖြင့်ပြောခဲ့ကြသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

လူသေအလောင်းကို ဒဂုံတောင်ရဲစခန်းမှ သွားရောက်စစ်ဆေးရာတွင် သေဆုံးသူ၏ အလောင်းတွင် ပြင်ပဒဏ်ရာ တစ်စုံတစ်ခုမတွေ့ရှိရဘဲ ကျီစုအအေးတိုက်သို့ သေဆုံးရောက်ရှိနေသည်ကိုသာ တွေ့ရ သည်ဟုလည်း ရဲမှတ်တမ်း တွင် ဖေါ်ပြထားသည်။

သေဆုံးသူတွင် နှလုံးရောဂါ၊ ဆီးချို ရောဂါနှင့် သွေးတိုးရောဂါတို့ရှိကြောင်း ကနဦး စစ်ဆေးချက်အရ သိရှိထားသည် ဟု ရဲဌာနကဆိုသည်။ ထို့ကြောင့် ရိုးရိုးသားသား သေဆုံးခဲ့ခြင်း ဟုတ်မဟုတ် ပြန်လည်စစ် ဆေးနိုင်ရန် သေဆုံးသူ အလောင်းအား ကျီစုအအေးတိုက်မှ ထုတ်ယူပြီး မြောက်ဥက္ကလာပ ဆေးရုံသို့ ပို့ဆောင်စစ်ဆေးလျက်ရှိသည်ဟု ရဲမှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

ဓမ္မတာတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် သိရှိနိုင်ရန်အတွက် ရဲဘက်မှစစ်ဆေးနိုင်ရန် ရဲအုပ်ပန်းစိန်အောင်က တရားလိုပြုလုပ်တိုင်တန်းသဖြင့် မြို့နယ်ရဲစခန်းက စက်တင်ဘာ ၃၁ ရက်နေ့တွင် သေမှုသေခင်း အမှတ်စဉ် ၄၂/၁၃ဖြင့် အမှုဖွင့်ပြီး ဆက်လက်စစ်ဆေးလျက်ရှိသည်ဟု တိုင်းရဲဌာနက ထုတ်ပြန်ထားသည်။

ဇော်ဇော်ထွေး

နည်း ပညာတက္ကသိုလ် ဘာသာရပ်တချို့ သင်သူမရှိ ပျောက်ကွယ်လုနီးပါးဖြစ်နေ

နည်းပညာတက္ကသိုလ်ဘာသာရပ် တ ချို့အား သင်ယူသူမရှိခြင်းကြောင့်  ပျောက်ကွယ်လုနီးပါးဖြစ်နေပြီဟု အဆိုပါတက္ကသိုလ်အသိုင်းအဝိုင်းမှသိရသည်။ ပျောက်ကွယ်လုနီးပါးဖြစ် နေသည့် ဘာသာရပ် တချို့မှာBio Tech(Aqua Tech) နှင့် Food Chemical  စသည့်ဘာသာရပ် တို့ဖြစ်ကြောင်း၊ ယင်းဘာသာရပ် များမှာ ပြည်တွင်းရှိ နည်းပညာ တက္ကသိုလ်တိုင်းတွင် မရှိတော့ဘဲ ကွယ်ပျောက်မည့် အခြေအနေ ဖြစ်နေကြောင်း၊ အဆိုပါ ဘာသာ ရပ်များ သည်သင်ယူမည့် ကျောင်း သားအရေအတွက် နည်းပါးခြင်း နှင့် သင်ထောက်ကူပစ္စည်းမရှိခြင်း ကြောင့် ယင်းကဲ့သို့ပျောက်ကွယ် ကာ သင်ကြားနိုင်ခြင်းမရှိတော့ ကြောင်း သိရသည်။

''တချို့ဘာသာရပ်တွေက လူလဲ သိပ်မသိကြတာတွေရှိတယ်။ သင်လို့ရမယ့် ဘာသာရပ်တွေထဲ က အမှတ်များတဲ့ကျောင်းသား တွေက နာမည်ကြီးဘာ သာရပ် တွေကိုရွေးချယ်ကြတယ်။ ဥပမာ -အီလက်ထရစ်ကယ်ပါဝါနဲ့ မက် ကင်းနစ် ကယ်ပါဝါ တို့လို ကုန်ထုတ် အင်ဂျင်နီယာဘာသာရပ်တွေကို ရွေးချယ်ကြတယ်။ တချို့ကျောင်း သားတွေက သူတို့ကျောင်းပြီးရင် ကိုယ်ပိုင်လုပ်ငန်း ပြန်လုပ်နိုင်မယ့် ဘာသာရပ်တွေရွေးတယ်။ ဘာ သာရပ်တစ်ခုကို တကယ်ဝါသနာ ပါတယ်၊ ပညာလဲသင်ချင်တယ် ဆိုရင် ဆက်ပြီးသင်ကြားပေးပါ တယ်။ အဲဒီလိုဆိုရင် ကွယ်ပျောက် စရာလဲမရှိတော့ပါဘူး''ဟု သန် လျင်နည်းပညာတက္ကသိုလ်မှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။ နည်းပညာတက္ကသိုလ်များ တွင် ပုံမှန် အားဖြင့် ဘာသာရပ် ၂ဝနီးပါးသင်ကြားနိုင်ပြီး အဆိုပါ ဘာသာရပ်များထဲမှ ဘာသာရပ် တချို့မှာ သင်ကြားနိုင်ခြင်းမရှိ တော့ကြောင်း သိရသည်။

သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနမှ ဒုတိယဝန်ကြီးဒေါက်တာ အောင်ကျော်မြတ်က ''Bio Tech  ဘာသာရပ်က ကွယ်ပျောက်သွား တာမဟုတ်ပါဘူး။ ကျောက်ဆည် မှာ တက်လို့ရပါတယ်။ တချို့ ကျောင်းသားတွေက လူမရှိဘူး ဆိုပြီး စိတ်မဝင်စားတော့တာနဲ့ မတက်တော့တာတွေ ရှိပါတယ်။  Food Chemical  ဘာသာရပ်က တော့ မရှိတော့ဘူး''ဟု ပြောသည်။

၂၀၀၈ခုနှစ်တွင် မအူပင် နည်းပညာတက္ကသိုလ်မှ ဘီအီး ဘွဲ့ရရှိခဲ့သူတစ်ဦးက ''ကျွန်မတို့ ကျောင်းတက်စမှာ အဲဒီဘာသာ ရပ်တွေရှိသေးတယ်။ နောက်နှစ် မှာဖြုတ်လိုက်တယ်။ နောက်ပိုင်း မှာတက်ချင်တဲ့ ကျောင်းသားတွေ ကို ကျောက်ဆည် နည်းပညာတက္က သိုလ်မှာ ပြန်ပေါင်းပေးမယ်လို့ ပြောတယ်။ ကျောင်းသားတွေ သိပ် မရှိတဲ့ Petrol နဲ့  Mining တို့လို ဘာသာရပ်တွေတောင် ဆက်ပြီး သင်ပေးနေတယ်လို့ ကြားတယ်။ တချို့ဘာသာရပ်တွေက နယ်တွေ မှာမရှိ တော့ ဘဲ ရန်ကုန်မှာပဲတက် လို့ ရတာတွေရှိတယ်''ဟုဆိုသည်။ နည်းပညာတက္ကသိုလ်များ ကို အဆင့်မြှင့်တင်နေချိန်၌ နည်း ပညာရပ်များ အဆင့်မြှင့်တင်ခြင်း တို့အပြင် ကျောင်းပြီးပါက အလုပ် အကိုင်အခွင့်အလမ်း ရရှိနိုင်ရန်ပါ ဖန်တီး ပေး သင့်သည်ဟု အငြိမ်း စားပညာရေးဝန်ထမ်းတစ်ဦးက ဆိုသည်။

''အခုအသက်မွေးဝမ်း ကျောင်းဘာသာရပ်ဆိုပြီး တက် နေလိုက်ကြတာ။ ကျောင်းလဲပြီး ရော အလုပ်မရကြတဲ့ကလေးတွေ အများကြီးတွေ့နေရတယ်။ ဘယ် လိုဘာသာရပ်မဆို သင်ကြားတတ် မြောက်ပြီး အသုံးချခွင့်မရှိရင် အ လကားပဲ။ ဒီအပိုင်း တွေ ကိုလဲထည့် သွင်းစဉ်းစားကြဖို့ လိုပါတယ်''ဟု အဆိုပါအငြိမ်းစားပညာရေးဝန် ထမ်းက ပြောသည်။ လက်ရှိမြန်မာနိုင်ငံတွင်နည်း ပညာတက္ကသိုလ်ပေါင်း ၃၃ခုဖွင့် လှစ်ထားကြောင်း သိရသည်။

''ဒီဘာသာရပ်တွေက ကျောင်းသားတွေ သိပ်မရှိကြလို့ ကွယ်ပျောက်တော့မလို ဖြစ်နေ ပေမယ့် တက်လို့ရတဲ့နေရာတွေ ရှိပါတယ်။ တချို့ကျောင်းသား တွေကလဲ လူမရှိရင် မတက်ချင် တော့တာ၊ စိတ်မဝင်စားတော့တာ တွေကြား နေရပါ တယ်။ ဒါကြောင့် လဲ ခေတ်မစားတာပါ။ ကျောင်း သားက တကယ်တတ်ချင်တယ်၊ စိတ်ဝင်စားတယ်ဆိုရင်တော့ သင် ကြားပေးသွားမှာပါ။ တက္ကသိုလ် လမ်းညွှန်စာအုပ်ကို သေချာဖတ် ပြီး ကိုယ်လဲဝါသနာပါမယ့် အမှတ် နဲ့ကိုက်ညီမယ့် ဘာသာရပ် ကိုရွေး ချယ်ကြပါလို့ ပြောချင်ပါတယ်'' ဟု ဆိုသည်။

မေသဉ္ဇာ

သတင်းမီဒီယာများကို မကြောက်ရန် ဝန်ကြီးများကို သမ္မတပြောကြား

မိမိတာဝန်ကို ရိုးသားဖြောင့်မတ်မှုရှိရှိ မှန်မှန်ကန်ကန် ထမ်းဆောင်သူများအနေနှင့် သတင်းမီဒီယာများကို ကြောက်စရာ မလိုကြောင်း ဝန်ကြီးများနှင့် တွေ့ဆုံလမ်းညွှန် မှာကြားသည့် အခါတိုင်း ထည့်သွင်း ပြောကြားလေ့ ရှိသည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၎င်း၏ လယ်တောအိမ်ရာတွင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) နှင့် ယနေ့ နံနက် ၉ နာရီခန့်က တွေ့ဆုံစဉ် ပြောကြားသည်။

သမ္မတနှင့် သီးသန့်တွေ့ဆုံစဉ် သတင်းမီဒီယာများအနေနှင့် သတင်းကိစ္စများအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများရှိ ဌာနအသီးသီးနှင့် ဆက်သွယ်မေးမြန်းသည့် အခါတိုင်း တာဝန်ခံ ဖြေကြားသူမရှိခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ၏ တင်ပြဆွေးနွေးချက်ကို သမ္မတက အထက်ပါ အတိုင်း ပြောကြားခြင်း ဖြစ်သည်။

ထို့အပြင် သတင်းမီဒီယာများကို ပြည်သူလူထု သိသင့်သိထိုက်သည့် သတင်းအချက်အလက် မှန်သမျှ ကြည်ဖြူလိုလားစွာ ထုတ်ပြန်ပေးရန်၊ မေးမြန်းသမျှကိုလည်း ဖြေဆိုပေးရန် အစိုးရအဖွဲ့ ဝန်ကြီးများအပြင် သက်ဆိုင်ရာဌာနများသို့လည်း အခါအားလျော်စွာ ညွှန်ကြားပြောဆိုထားကြောင်း သမ္မတက ဆိုသည်။

ပုဂ္ဂလိက သတင်းမီဒီယာများတွင် သတင်းအတည်ပြုရန် လိုအပ်ချက်အရ ဝန်ကြီးဌာနများရှိ ဌာနဆိုင်ရာများထံ ဆက်သွယ်မေးမြန်းသည့်အခါ များသောအားဖြင့် ဖုန်းလိုင်းမအားခြင်း၊ တယ်လီဖုန်း လက်ခံဖြေကြားမည့်သူ မရှိခြင်း၊ ဖုန်းလက်ခံသူမှာလည်း ဖြေကြားခွင့်မရှိသူ ဖြစ်နေခြင်း၊ စာဖြင့် မေးမြန်းခွင့်ပြုရန် တင်ပြစေလိုခြင်းစသည့် အခက်အခဲများကြောင့် အချိန်လုနေရသည့် နေ့စဉ်ထုတ် သတင်းစာများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း၊ အစိုးရဘက်မှ အတည်ပြုချက်မရ၍ ရသည့် သတင်းရင်းမြစ်များနှင့် ရေးသားရသောကြောင့် ဘက်လိုက်မှုနည်း၍ မျှတသော သတင်းဖြစ်ရန် အားနည်းသွားခြင်း၊ တစ်ဖက်သတ် ရေးထား သည်ဟု စွပ်စွဲခံရခြင်းများ ကြုံနေရကြောင်း သတင်းမီဒီယာအားလုံးက တညီတညွတ်တည်း ပြောဆိုကြသည်။

ပြန်ကြားရေးဝန်ကြီးဌာနသည် ဝန်ကြီးဌာနအားလုံးမှ အရာထမ်းများကို ယင်းဌာနတစ်ခုစီ၏ ပြောရေးဆိုခွင့် ရှိသူများအဖြစ် ခန့်ထား တာဝန်ပေးနိုင်ရန် သင်တန်းပို့ချပေးလျက်ရှိပြီး ထိုသင်တန်းသားများကို သတင်းထောက်များနှင့် တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ရန် စီစဉ်လျက် ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောကြားသည်။

The Voice

ချင်းတွင်းမြစ် တာရိုးပေါ်မှ မတ်ခ်တူးယာဉ် အရှိန်လွန်ထိုးကျ

မုံရွာမြို့ ကျောက်ဆောင်ဆိပ်အနီးတွင် သြဂုတ်လ ၃၁ ရက်နေ့ ညနေ ၆ နာရီ အချိန်က ချင်းတွင်းမြစ် တာရိုးတစ်လျှောက် တောင်မှမြောက်သို့ မောင်းနှင် လာသော တိုယိုတာ မတ်ခ်တူးကားသည် ထော်လာဂျီကို တိမ်းရှောင်ရာမှ တာရိုးပေါ်မှ အရှိန်လွန် ထိုးကျခဲ့ကြောင်း မုံရွာမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ ခွဲမှူးရုံးမှ အရာရှိတစ်ဦးက ပြောကြားသည်။

“ကားထဲမှာ မောင်းနှင်လာတဲ့သူက အသက်၂၀ အရွယ် လူငယ်တစ်ဦးပါ။ ကားက တာရိုးဘေးကို ထိုးကျခဲ့ပေမယ့်သူက ဒဏ်ရာတော့ မရခဲ့ပါဘူး။ မျက်မြင်တွေ့ရှိသူတွေက လူငယ်က ကားအောက်ကနေ ထွက်လာတယ်လို့ ပြောတယ်။ ကားကတော့ ပက်လက်လန်သွားတယ်” ဟု ဖြစ်ပွားရာ နေရာသို့ သွားရောက် စစ်ဆေးခဲ့သည့် ယာဉ်ထိန်းရဲအရာရှိက ဆိုသည်။

မုံရွာမြို့တစ်လျှောက် ကာရံထားသော ချင်းတွင်းမြစ် တာရိုးပေါ်မှ ကားထိုးကျသည့် ဖြစ်စဉ်မှာဖြစ်ခဲပြီး လက်ရှိဖြစ်စဉ်မှာ ပထမဆုံးအကြိမ် ဖြစ်နိုင်ကြောင်း၊ ကားမှာ ပျက်စီးမှုနည်းပြီး ညာဘက်ခြမ်းရှိ နောက်ကြည့်မှန် တစ်ဖက်သာကွဲသွားပြီး ဖြစ်ဖြစ်ချင်း ကရိန်းကားခေါ်ယူ၍ ကားကိုမတင်ပြီး မြို့မရဲစခန်းသို့ သယ်ယူသွားကြောင်း ရုံးကြီးရပ်ကွက်မှ သွားရောက် ကြည့်ရှုခဲ့သည့် အမျိုးသားတစ်ဦးက ပြောကြားသည်။

ယာဉ်ကို မဆင်မခြင် မောင်းနှင်သူကို ယာဉ် (ပ) ၁၂၁၊ ၁၃ ပုဒ်မ ၂၇၉ ဖြင့် မုံရွာမြို့ မြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

The Voice

ဆန်ဖရန်စစ္စကို မြန်မာစားသောက်ဆိုင်တွင် စားသုံးသူ ၁၄ ဦး အစာအဆိပ်သင့်


အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကို ပြည်နယ်တွင် ဖွင့်လှစ်ထားသော Burma Superstar အမည်ရှိ မြန်မာစားသောက်ဆိုင်တွင် စားသုံးသူ ၁၄ ဦး အစာအဆိပ်သင့်မှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း အမေရိကန်အခြေစိုက် သတင်းဌာနများတွင် ဖော်ပြထားသည်။

ဆန်ဖရန်စစ္စကို ပြည်နယ် Richmond ခရိုင်ရှိ Clement လမ်းတွင် ဖွင့်လှစ်ထားသော အဆိုပါ စားသောက်တွင် သြဂုတ်လ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့တွင် လာရောက် စားသောက်ခဲ့သော ၁၄ ဦးသည် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့မှုကြောင့် ပြည်သူ့ကျန်းမာရေးဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရကြောင်း ယင်းကျန်းမာရေးဌာနက ထုတ်ပြန်သည်။

အဆိုပါ အခင်းဖြစ်ပွားခဲ့မှုနှင့် ပတ်သက်၍ ကျန်းမာရေး အရာရှိများနှင့် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း၊ ယခုကဲ့သို့ အဖြစ်အပျက်များ ယခင်ကဖြစ်ဖူးလေ့ မရှိကြောင်း စားသောက်ဆိုင်ပိုင်ရှင် Desmon Tan က ကြေညာခဲ့သည်။

ထို့အပြင် ဆန်ဖရန်စစ္စကိုပြည်နယ် ပြည်သူ့ကျန်းမာရေး ဆေးရုံအရာရှိများက အဆိုပါ စားသောက်ဆိုင်တွင် အသုံးပြုသော အစားအစာများသည် ကျန်းမာရေး ထိခိုက်မှု တစ်စုံတစ်ရာ မရှိကြောင်းနှင့် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ရခြင်း၏ အခြေအနေမှန်ကိုလည်း ဆက်လက်စုံစမ်းနေကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

စစ်ဆေးမှုများအရ ဝေဒနာ ခံစားနေရသူများတွင် E.coli ရောဂါလက္ခဏာများ ဖြစ်သည့် ဝမ်းဗိုက်ရောင်ရမ်းခြင်း၊ ဝမ်းပျက် ဝမ်းလျှောခြင်းနှင့် တစ်ခါတစ်ရံ သွေးအန်မှုများ ဖြစ်နေသည်ကို တွေ့ရကြောင်း ယင်းသတင်းများတွင် ဖော်ပြထားသည်။

ထို့ကြောင့် ကျန်းမာရေး အရာရှိများက ယင်းစာသောက်ဆိုင်ကို ဆက်လက်စစ်ဆေးနေပြီး အသုံးပြုသော အစားအစာများ၊ အသုံးအဆောင် ပစ္စည်းများကို သန့်ရှင်းသပ်ရပ်စွာ ဆောင်ရွက်ရန် ညွှန်ကြားထားသည်။

အမေရိကန် ပြည်ထောင်စု ဆန်ဖရန်စစ္စကို ပြည်နယ်တွင် ဖွင့်လှစ်ထားသော မြန်မာစားသောက်ဆိုင် Burma Superster သည် ၁၉၉၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၃ ခုနှစ် အာရှဒေသ အကောင်းဆုံး စားသောက်ဆိုင်ဆုကို ဆွတ်ခူးရရှိခဲ့သည့်ဆိုင် ဖြစ်သည်။

Myawady

မလေးရှားနိုင်ငံတွင် တရားမ၀င် အလုပ်သမားများအား အထူးစီမံချက်ဖြင့် နိုင်ငံအနှံ့ ပိုက်စိပ်တိုက် ဖမ်းဆီးနေမှုကြောင့် နှစ်ရက်အတွင်း မလေးရှားရောက် မြန်မာအလုပ်သမား ရာနှင့်ချီ ဖမ်းဆီးခံနေရ


မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ပြင် ကလန်းတွင် တရားမ၀င် ရွှေ့ပြောင်းလုပ်သားများအဖြစ် ဖမ်းဆီးခံထား ရသူများကို တွေ့ရစဉ် (Photo: AFP)
မလေးရှားနိုင်ငံတွင် နိုင်ငံတွင်း တရားမ၀င် နေထိုင်သူများအား စက်တင်ဘာ ၁ ရက်မှစတင်၍ လုပ်ဆောင်ခဲ့သည့် အထူးစီမံချက်ဖြင့် နိုင်ငံအနှံ့ ပိုက်စိပ်တိုက် ဖမ်းဆီးနေမှုကြောင့် မြန်မာအလုပ်သမား ရာနှင့်ချီ၍ ဖမ်းဆီးခံနေရကြောင်း သတင်းရရှိသည်။
ဝန်ထမ်းပေါင်း ၁၃၅၀၀၀ ဖြင့် ဖမ်းဆီးအရေးယူမည့် အဆိုပါ အထူးစီမံချက်ကို သုံးလကြာ လုပ်ဆောင်မည်ဖြစ်ရာ ယခုလို ဖမ်းဆီးခံရသူများကို နေရပ်သို့ ချက်ချင်းပြန်ပို့မည်ဖြစ်ပြီး မလေးရှားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေးဌာန၊ ရဲတပ်ဖွဲ့၊ စစ်တပ်၊ အရန်ရဲတပ်ဖွဲ့၊ အရပ်ဘက် ကာကွယ်ရေးဌာန၊ အမျိုးသား မှတ်ပုံတင်ဌာနနှင့် ဒေသဆိုင်ရာ ကောင်စီအဖွဲ့များကို လူဝင်မှုကြီးကြပ်ရေး ဌာနက ဦးဆောင်မည်ဟု သိရသည်။
စက်တင်ဘာ ၁ ရက်မှစတင်၍ မလေးရှားနိုင်ငံတွင် တရားမ၀င် နေထိုင်သူ အများဆုံး ရှိနေသည့် ကွာလာလမ်ပူ၊ ဆီလန်ဂေါ၊ ပီနန်းနှင့် ဂျိုဟိုးမြို့များတွင် စတင်ဖမ်းဆီးခဲ့သည့် အဆိုပါ စီမံချက်ကြောင့် စက်တင်ဘာ ၂ ရက်ထိ တရားမ၀င် မြန်မာအလုပ်သမား ရာနှင့်ချီ၍ ဖမ်းဆီးခံနေရပြီ ဖြစ်သည်။
စက်တင်ဘာ ၁ ရက်တွင် စတင်မည်ဟု ကြေညာထား ခဲ့သော်လည်း သြဂုတ် ၃၁ ရက်ကတည်းက စတင်ဖမ်းဆီး ခဲ့ခြင်းဖြစ်ပြီး သြဂုတ် ၃၁ ရက်တွင် ၅၀ ခန့်နှင့် စက်တင်ဘာ ၁ ရက်တွင် ၂၅၀ ခန့်ကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ ပီနန်းမြို့၊ ကပုန်းဒေသများ၌ အဖမ်းခံနေရသည်ဟု ကပုန်းနာရေး ကူညီမှုအသင်းဥက္ကဋ္ဌ ဦးဆန်းဝင်းက ပြောကြားသည်။
''မလေးရှား သတင်းစာတွေထဲမှာ ခုလိုဖမ်းဆီးမယ့်အကြောင်း သြဂုတ် ၁ ရက် ကတည်းကပါတာ၊ ဖမ်းတာက သြဂုတ် ၃၁ ရက်မှာ ပီနန်းမှာ စဖမ်းတာ။ ၃၁ ရက်မှာ ပီနန်းက မြန်မာ ၅၀ လောက် အဖမ်းခံရတယ်။ စက်တင်ဘာ ၁ ရက်မှာ ကွာလာလမ်ပူက (Kotaraya) ကုန်တိုက်ရှေ့မှာ ကားခြောက်စီးအပြည့် မြန်မာတွေ အဖမ်းခံရတယ်'' ဟု ဦးဆန်းဝင်းက ပြောကြားသည်။
ကွာလာလမ်ပူမြို့မှ ဖမ်းဆီးခံထားရသူများကို ကွာလာလမ်ပူမြို့ရှိ ဒါဝမ်ဆီ ရဲစခန်းနှင့် Sentul ရဲစခန်းတို့တွင် ထိန်းသိမ်းထားရှိပြီး ပီနန်းမြို့တွင်မူ ထိုသို့အဖမ်းခံရသူ မြန်မာလူမျိုးများကို မည်သည့်ရဲစခန်းတွင် ထားရှိကြောင်းနှင့် ထိုသူတို့၏ အခြေအနေကို မသိရှိရသေးကြောင်း ဦးဆန်းဝင်းက ဆက်လက် ပြောကြားသည်။
မလေးရှားရောက် မြန်မာများကို အကူအညီပေးနေသည့် သီတဂူ အထောက်အကူပြု အဖွဲ့မှ ဦးသီဟမောင်မောင်ကလည်း ''မြန်မာသံရုံးအနေနဲ့ သတင်းအတိအကျ မထုတ်ပြန်ပါဘူး။ ကျွန်တော် သိသလောက်က စပြီးဖမ်းတဲ့ နှစ်ရက်အတွင်း မလေးရှားရောက် မြန်မာအလုပ်သမား ၂၀၀ နဲ့ ၃၀၀ ကြားလောက်တော့ ဖမ်းဆီးထားတယ်'' ဟု ဆိုသည်။
အထူးစီမံချက်ကြောင့် တရားမ၀င် မြန်မာအလုပ်သမား အများအပြားမှာ လုံခြုံစိတ်ချရသည်ဟု ယူဆရသည့် နေရာများသို့ ထွက်ပြေးတိမ်းရှောင် နေကြရပြီး တရားမ၀င် အလုပ်သမား များအပြင် တရားဝင် နေထိုင်ခွင့် ရရှိထားသော သူများကိုပါ ရောနှောဖမ်းဆီး မှုများရှိနေ ...

လူဝင်မှု ကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် ဒါတွတ်အာလစ်အာမက်က မလေးရှားနိုင်ငံ The Star သတင်းစာသို့ ပြောကြားရာတွင် ''သူတို့မှတ်ပုံတင်ရမယ့် ကာလကို တစ်နှစ်ကျော် အချိန်ပေးခဲ့ပါတယ်။ အခုအခါမှာတော့ အရေးယူ ဆောင်ရွက်ရမယ့် ကာလကို ရောက်လာပါပြီ။ ကျွန်တော်တို့ စီမံချက်ရဲ့ အဓိကပစ်မှတ်က ဂျိုဟိုးစက်မှု ဆိပ်ကမ်းမှာ အလုပ်လုပ်နေတဲ့ အင်ဒိုနီးရှား နိုင်ငံသားတွေကို ပြန်ပို့ဖို့ပဲ ဖြစ်ပါတယ်'' ဟု ပြောကြားသည်။
ယခုစီမံချက်ဖြင့် ဖမ်းဆီးမိထားသူများကို တရားဝင်နေထိုင်ခွင့် ပြုလုပ်ပေးခြင်း၊ ၎င်းတို့အစီအစဉ်ဖြင့် နေရပ်ပြန်ခြင်းတို့ကို ခွင့်ပြုမည် မဟုတ်ဘဲ ဖမ်းမိသူများအား နေရပ်သို့ အမြန်ဆုံး ပြန်ပို့နိုင်ရန်အတွက် နိုင်ငံခြားရေး ၀န်ကြီးဌာနမှတစ်ဆင့် သက်ဆိုင်ရာ နိုင်ငံသံရုံးများနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။
ယခု စီမံချက်ဖြင့် ဖမ်းမိသော အလုပ်သမားများကို နေရပ်သို့ ချက်ချင်းပြန်ပို့ သွားမည်ဖြစ်ပြီး တရားမ၀င် အလုပ်သမားများ ငှားရမ်းထားသည့် ၎င်းတို့၏ အလုပ်ရှင် များကိုလည်း လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့် ရွှေ့ပြောင်းနေထိုင်သူများ ခိုးသွင်းမှုဆိုင်ရာ အက်ဥပဒေအရ ရင်းဂစ် ၅၀၀၀ သို့မဟုတ် ထောင်ဒဏ်ငါးနှစ် သို့မဟုတ် ကြိမ်ဒဏ် ခြောက်ချက် သို့မဟုတ် ပြစ်ဒဏ်အားလုံး ချမှတ်သွားမည် ဖြစ်ကြောင်း သိရသည်။
အထူးစီမံချက်ကြောင့် တရားမ၀င် မြန်မာအလုပ်သမား အများအပြားမှာ လုံခြုံစိတ်ချရသည်ဟု ယူဆရသည့် နေရာများသို့ ထွက်ပြေးတိမ်းရှောင် နေကြရပြီး တရားမ၀င် အလုပ်သမားများအပြင် တရားဝင်နေထိုင်ခွင့် ရရှိထားသော သူများကိုပါ ရောနှောဖမ်းဆီးမှုများ ရှိနေသည့်အတွက် ယခုအချိန်တွင် မလေးရှားရောက် မြန်မာနိုင်ငံသား အများအပြား စိုးရိမ်ထိတ်လန့် နေကြရသည်ဟု မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား အရေး လိုက်ပါဆောင်ရွက် ပေးနေသူ တစ်ဦးဖြစ်သည့် မယမင်းခင်က ပြောကြားသည်။
''အခုက တရားဝင်တွေကိုပါ ရောဖမ်းနေတယ်။ ပတ်စ်ပို့စာအုပ်က ပါမစ်မှာကပ်ထားတဲ့ လိပ်စာမှာ မရှိဘဲ တခြားနယ်ရောက်နေရင် ဖမ်းတယ်၊ ပါမစ်မှာပါတဲ့ စက်ရုံလိပ်စာမှာ မဟုတ်ဘဲ တခြားစားသောက်ဆိုင်မှာ လုပ်တာမိရင်လည်း ဖမ်းတယ်။ မြန်မာ အလုပ်သမားတွေတော့ လုံခြုံမယ်ထင်တဲ့ နေရာတွေကို တိမ်းရှောင်နေကြတယ်။ တချို့လည်း တောထဲတွေပါ ၀င်ရှောင်နေကြရတယ်'' ဟု မယမင်းခင်က ပြောပါသည်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ ကလန်းတွင် တရားမ၀င် ရွှေ့ပြောင်း အလုပ်သမားများကို လိုက်လံရှာဖွေ ဖမ်းဆီးမှုများ ပြုလုပ်နေကြစဉ် (ဓာတ်ပုံ -AFP)
ဖမ်းဆီးခံထားရသူ နိုင်ငံသားများကို ရောနှောထားရှိထားပြီး အခြားနိုင်ငံ သံရုံးများမှ ၄င်းတို့၏ နိုင်ငံသားများအား လာရောက်တွေ့ဆုံခြင်း ရွေးထုတ်ခြင်းများ ပြုလုပ်လျက် ရှိသော်လည်း မြန်မာသံရုံးကမူ လာရောက် တွေ့ဆုံခြင်းများ မရှိခဲ့ဘဲ ပရဟိတ အဖွဲ့များကသာ လာရောက် တွေ့ဆုံနေကြကြောင်းလည်း မယမင်းခင်က ပြောကြားခဲ့ပါသည်။
မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံ အလုပ်သမားအရာရှိ ဦးစိုးဝင်းက ပြောကြားရာတွင်မူ ''မြန်မာလူမျိုးမှ မဟုတ်ပါဘူး။ မလေးရှား နိုင်ငံရောက် တရားမ၀င် အလုပ်သမား အားလုံးကို ဖမ်းတာပါ။ မြန်မာ၊ အင်ဒို၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနဲ့ ထိုင်းလူမျိုး အနည်းငယ်ရှိတယ်။ အော်ပရာစီ အနေနဲ့ နှစ်စဉ် ဖမ်းနေတာပါ။ အထောက်အထား မရှိရင် ဖမ်းတယ်။ အဲလိုဖမ်းမယ့် အကြောင်းကို ရုပ်သံတွေ၊ သတင်းစာတွေကနေကြိုပြီး အသိပေး ပြီးသားပါ။ အထောက်အထားရှိရင် ပြန်လွှတ်ပေးပါတယ်။ မလေးရှားနိုင်ငံ ဥပဒေအရ လုပ်တာဖြစ်တဲ့ အတွက် မြန်မာသံရုံး အနေနဲ့ရော ကျွန်တော်တို့ အလုပ်သမား အဖွဲ့အစည်းတွေ အနေနဲ့ရော ဘာမှပြောပိုင်ခွင့် စွက်ဖက်ပိုင်ခွင့် မရှိပါဘူး။ ဒီတော့ တရားမ၀င်မြန်မာ အလုပ်သမားဦးရေ ဘယ်လောက် အဖမ်းခံထားရလဲ ဆိုတာကို အတိအကျပြောဖို့ ခက်ပါတယ်'' ဟု ပြောကြားခဲ့သည်။
အဖမ်းခံနေရသူများနှင့် ပတ်သက်၍ ဦးဆန်းဝင်းက ဆက်လက် ပြောကြားရာတွင် ''ယနေ့အထိ မလေးရှားနိုင်ငံ မြန်မာသံရုံးကနေ ဘာအကူအညီမှ မရသေးဘူး။ အထောက်အထား ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သူတို့က အကုန်ဖမ်းနေတာ။ အခုအခေါက် ဖမ်းထားတဲ့ မြန်မာတွေထဲမှာ အထောက်အထား အပြည့်အစုံရှိလဲ ဘယ်တော့ ပြန်လွှတ်ပေးမလဲ ဆိုတာ မသိရသေးဘူး။ အရင်အခေါက်တွေ ဖမ်းတုန်းကတော့ အထောက်အထားရှိပြီး အလုပ်ရှင် သူဌေးကိုယ်တိုင် သွားထုတ်တာတောင် အနည်းဆုံး ၃ ပတ် လောက်ကြာတယ်'' ဟု ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လိုသူများ အတွက် သံရုံးမှ Certificate of Identity (မြန်မာနိုင်ငံသား ဖြစ်ကြောင်း အထောက်အထား) ထုတ်ပေးနေပြီး လူကြီးတစ်ဦးလျှင် မလေးရှား ရင်းဂစ် ၅၀၀ နှင့် ကလေးတစ်ဦးလျှင် မလေးရှားရင်းဂစ် ၁၀၀ ကုန်ကျကြောင်း သိရသည်။
မလေးရှားနိုင်ငံရောက် ရွှေ့ပြောင်း အလုပ်သမားများ အရေအတွက် သီတဂူ အထောက်အကူပြု အဖွဲ့နှင့် ဧရာဝတီဖောင် ဒေးရှင်းစသည့် ပရဟိတ အဖွဲ့များက လိုက်ပါကူညီလျက် ရှိသည်ဟု သိရသည်။
မလေးရှားနိုင်ငံတွင် တရားမ၀င် နေထိုင်နေသူဦးရေ အများဆုံးမှာ အင်ဒိုနီးရှား နိုင်ငံသားများ ဖြစ်ကြပြီး မြန်မာနိုင်ငံသားများမှာ ဒုတိယအများဆုံး ဖြစ်သည်။ လက်ရှိအချိန်ထိ မလေးရှားနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ် သမားအရေအတွက် ၇၀၀၀၀၀ ခန့်ရှိနေပြီး ထိုအထဲတွင် ၈၀ ရာခိုင်နှုန်းမှာ တရားမ၀င် အလုပ်သမားများ ဖြစ်နေကြောင်း သိရသည်။

Eleven

AIDS ဝေဒနာရှင်မိန်းမတစ်ယောက် တိုက်ပေါ်မှခုန်ချ၍ အဆုံးစီရင်


စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ စမ်းမြို့ရပ်ကွက်တွင် ယခုလ ၃၀ ရက်နေ့ ညနေ ၃ နာရီ ခွဲ အချိန်ခန့်က အသက် (၄၃)နှစ် အရွယ် ခုခံအားကျဆင်းမှုရောဂါ ဝေဒနာရှင် အမျိုးသမီးတစ်ဦးသည် စတိုးဆိုင်တိုက်၏ အပေါ်ထပ်မှ ခုန်ချ၍ မိမိ ကိုယ်ကို အဆုံးစီရင်ခဲ့ကြောင်း တောင်ဖီလာရပ်ကွက်နေ ဒေသခံ ပြည်သူတစ်ဦးမှ ဆက်သွယ်ပြောကြားသည်။
“ သေဆုံးသူက စတိုးဆိုင်ပိုင်ရှင်နဲ့ အဒေါ်တော်စပ်တယ်လို့ သိရပါတယ်..” ဟု ၎င်း ဒေသခံ ဆက်လက်၍ ပြောသည်။

ခုခံအားကျဆင်းမှုရောဂါ ဝေဒနာရှင် အမျိုးသမီးတစ်ဦး စတိုးဆိုင်တိုက်၏ အပေါ်ထပ်မှ ခုန်ချ၍ မိမိကိုယ်ကို အဆုံးစီရင်ခဲ့ခြင်း နှင့်ပတ်သက်၍ သက်ဆိုင်ရာသို့ ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ရှိသူ တစ်ဦးမှ “ သေဆုံးသူကတော့ တောင်ဇလပ်ရပ်ကွက် မှနေတဲ့ ဒေါ်စောအီယံ အသက် ၄၃ နှစ် ဆိုသူဖြစ်ပါတယ်..။ ခုခံအားကျဆင်းမှုရောဂါ ခံစားနေရသူတစ်ဦးလို့လည်း သေဆုံး သူရဲ့ အသိုင်အ၀န်းက ဆိုပါတယ်..” ဟု ၎င်းမှ တုန့်ပြန်ပြောကြားသည်။

အဆိုပါ လူသေဆုံးရမှုနှင့် ပတ်သက်၍ ကလေးမြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၁၉ / ၂၀၁၃ အရ အမှုရေးဖွင့်၍ မည်သည့်အတွက်ကြောင့် သေဆုံးရသည်ကို သိရှိနိုင်ရန် တာဟန်းရဲစခန်းမှုး ရဲအုပ် မြင့်စိုး မှ ဆက်လက်၍ ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။

သတင်း၊ ကိုတိုးကြီး
By Myanmarnewsnow

သုံးလောင်းပြိုင်လူသတ်မှု ဖြစ်ရပ်မှန်ဇာတ်လမ်း ရိုက်မည်


သုံးလောင်းပြိုင် လူသတ်မှု ဖြစ်ရပ်မှန်ဇာတ်လမ်းကို မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်တို့ ပူးပေါင်းကာ ‘လွတ်လမ်းမရှိ’ အမည်ဖြင့် ဇာတ်ကားရိုက်ကူးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက ပြောကြားသည်။

အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၄၉) ကြိမ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုသည့်အနေနှင့် ၂၀၀၁ ခုနှစ်တွင် ရွှေပြည်သာမြို့နယ်၌ ဖြစ်ပွားခဲ့သော သုံးလောင်းပြိုင် လူသတ်မှု အကြောင်းကို ရိုက်ကူးမည် ဖြစ်ကြောင်း ယင်းအမှုသည် အချိန် ၅ နှစ်ခန့်ကြာမှ တရားခံကို ပြန်လည် ဖော်ထုတ်နိုင်ကြောင်း၊ ယင်းဇာတ်လမ်းတွင် အဓိက ပညာပေးလိုသည်မှာ လူယုံသတ်၍ သေနိုင်သည်ဆိုသော အကြောင်းဖြစ်ပြီး ပထမဆုံး ဇာတ်လမ်းအဖြစ် ဖော်ပြခြင်းခံရ၍ ဝမ်းသာကြောင်း အဆိုပါ ဇာတ်ကားအတွက် ဝတ္ထုဇာတ်လမ်းရေးသားသူ ရဲအုပ်မောင်မောင်အေး (ငြိမ်း) စုံထောက်မောင်ရေခဲက ပြောကြားသည်။

“ဒီဇာတ်လမ်းမှာ အေးမြတ်သူက ရဲမေတစ်ယောက်အနေနဲ့ သရုပ်ဆောင်ရမှာပါ။ ဒီဇာတ်လမ်းက အစ်မအတွက် ပထမဆုံး ဂုဏ်ပြုဇာတ်လမ်းတစ်ခုဖြစ်တဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ဂုဏ်ယူပါတယ်။ အခုလို ဒီမိုကရေစီ လမ်းကြောင်းကို သွားနေတဲ့ခေတ်မှာ ပြည်သူတွေကို အကျိုးပြုတဲ့ ရဲတပ်ဖွဲ့ကို ဂုဏ်ပြုရတဲ့အတွက် ဝမ်းသာပါတယ်” ဟု သရုပ်ဆောင်အေးမြတ်သူက ပြောကြားသည်။

ယင်းဇာတ်လမ်း ရိုက်ကူးရာတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ လိုအပ်သည်များကို ဖြည့်ဆည်းပေးမည် ဖြစ်ပြီး ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးရန်အတွက် အကောင်းဆုံး ရိုက်ကူးသွားမည် ဖြစ်ကြောင်း၊ ယခု ရိုက်ကူးမည့် ဇာတ်လမ်းသည် ပညာပေးဇာတ်လမ်း ဖြစ်သောကြောင့် ပြည်သူများထံသို့ လောင်းကစားနှင့် ပတ်သက်သည့် အသိတစ်ခု ပေးစွမ်းနိုင်မည် ဖြစ်ကြောင်း ဒါရိုက်တာမီးပွားက ပြောကြားသည်။

အဆိုပါဇာတ်လမ်းကို ဝတ္ထုဇာတ်လမ်း စုံထောက် မောင်ရေခဲက ရေးသားထားပြီး ဇာတ်ညွှန်းမြမြင့်မိုရ်၊ ဒါရိုက်တာမီးပွားနှင့် သရုပ်ဆောင်ဖြိုးငွေစိုး၊ အေးမြတ်သူ၊ သားညီတို့က အဓိကပါဝင် ရိုက်ကူးမည်ဖြစ်ပြီး အောက်တိုဘာလ ၁ ရက်နေ့တွင် ရုပ်သံလိုင်းများမှ ထုတ်လွှင့်ပြသမည် ဖြစ်သည်။

The Voice Weekly