၁၂ နှစ်အရွယ် ကျောင်းသားတဦး၏ ပစ်ခတ်မှုကြောင့် ၂ ဦး ဒဏ်ရာရ


ဓာတ်ပုံ - ရိုက်တာ
အမေရိကန်ပြည်ထောင်စု နယူးမက္ကဆီပြည်နယ်မှာ အသက် ၁၂ နှစ်အရွယ် ကောင်လေး တယောက်က ခြောက်လုံးပြူးသေနတ်နဲ့ စာသင်ကျောင်းတကျောင်းကို ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၄ ရက်နေ့က ၀င်ပစ်ခတ်မှုအတွင်း ကျောင်းသား ၂ ဦး ဒဏ်ရာ ပြင်းပြင်းထန်ထန်ရသွားတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့ ရဲအဖွဲ့က ပြောပါတယ်။

ရော့စ်ဝဲမြို့က ဘာရန်ဒိုအလယ်တန်းကျောင်းမှာ ရှိတဲ့ အားကစားလေ့ကျင့်ခန်းလုပ်တဲ့ ခန်းမမှာ မနက် ၇ နာရီခွဲဝန်းကျင် ကျောင်းသားတွေ စုရုံးနေချိန်မှာ သေနတ်ပစ်မှု ဖြစ်ခဲ့တာလို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက သတင်းထောက်တွေကို ပြောပါတယ်။
သေနတ်ပစ်တဲ့ ကျောင်းသားကို ကျောင်းဆရာတယောက်က လက်နက်ချခိုင်းခဲ့ပြီး ကျောင်းမှာ ထိန်းသိမ်းခဲ့တယ်လို့ ပြောပါတယ်၊

ဒဏ်ရာရသွားတဲ့ အသက် ၁၂ အရွယ် ကောင်လေးနဲ့ အသက် ၁၃ နှစ်အရွယ် ကောင်မလေးတို့ရဲ့ အခြေအနေက စိုးရိမ်ရတယ်လို့လည်း ပြောပါတယ်။

ကောင်လေးရဲ့ မျက်နှာနဲ့ လည်ပင်းမှာ ဒဏ်ရရခဲ့ပြီး ကောင်မလေးကတော့ ညာဘက် ပခုံးမှာ ဒဏ်ရာရာခဲ့ပါတယ်။

နှစ်ယောက်စလုံးကို ဒေသဆေးရုံကနေ တက္ကဆပ်ပြည်နယ် လုဘ်ဘောက် (Lubbock) မြို့ တက္ကသိုလ်ဆေးရုံကို ရဟတ်ယာဉ်နဲ့ ပို့ဆောင်ခဲ့ရပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ကျောင်းတွေမှာ သေနတ်ပစ်ခတ်မှုတွေ မကြာခဏ ပေါ်ပေါက်နေတာနဲ့ ပတ်သက်လို့ လက်နက်ထိန်းချုပ်ရေး အစီအစဉ်သစ်တွေ ချမှတ်ဖို့ ဆွေးနွေးငြင်းခုန်နေချိန်မှာ အခု သေနတ်ပစ်ခတ်မှု ထပ် ဖြစ်တာ ဖြစ်ပါတယ်။

အောက်တိုဘာလတုန်းကလည်း နီဗာဒါးပြည်နယ် စပတ်စ် (Sparks) မြို့က အလယ်တန်းကျောင်းမှာ အသက် ၁၂ အရွယ် ကောင်လေးတယောက်က သေနတ်နဲ့ ပစ်ခတ်မှုအတွင်း ဆရာ ၁ ယောက် သေဆုံးပြီး ကျောင်းသား ၂ ယောက် ဒဏ်ရာရသွားပါတယ်။

အဲဒီအဖြစ်အပျက်မှာ တခြားလူတွေကို သေနတ်နဲ့ ပစ်ခဲ့တဲ့ ကျောင်းသားဟာ သူ့ကိုယ်သူ လည်း သေနတ်နဲ့ ပစ်လို့ သေဆုံးခဲ့ပါတယ်။

DVB

ဘန်ကောက် သန်းခေါင်ယံ ပစ်ခတ်မှု ဆန္ဒပြသမား ၂ ဦး ဒဏ်ရာရ


ဓာတ်ပုံ - ရိုက်တာ

ထိုင်းနိုင်ငံ ဘန်ကောက်မှာ မနေ့ညသန်းခေါင်ယံ သေနတ်ပစ်ခတ်မှုအတွင်း အစိုးရ ဆန့်ကျင်တဲ့ ဆန္ဒပြသမား ၂ ဦး ဒဏ်ရာရသွားတယ်လို့ ထိုင်းရုပ်သံတွေက ဖော်ပြပါတယ်။
ဗွီဒီယိုအရုပ်မှာ သေနတ်သံကြားတဲ့အချိန် ဆန္ဒပြသမားတွေ ၀ပ်ချလိုက်တာကို တွေ့ရပါတယ်။

အစိုးရ ဆန့်ကျင်တဲ့ ဆန္ဒပြသမားတွေ အဓိက စခန်းချနေတဲ့ ဆိုင်းယမ် ဒစ်စကိုဗာရီ (Siam Discovery) ဈေးဝယ်ကုန်တိုက်ကြီးအနီး သေနတ်ပစ်ခတ်မှုအတွင်း လူ ၂ ဦး အသေးစား ဒဏ်ရာရသွားတယ်လို့ အမျိုးသားလုံခြုံရေးကောင်စီရဲ့ အကြီးအကဲ ပရာဒွန်း ပါတာနာ အသာဘတ်က ပြောပါတယ်။
အမျိုးသား ၁ ဦး ခြေဆစ်မှာ ကျည်ဆန် ထိမှန်ခဲ့ပြီး အမျိုးသမီး ၁ ဦးကတော့ ပြန်ကန်တဲ့ ကျည်ဆန် ထိခဲ့တာလို့ ဆိုပါတယ်။ သေနတ်ပစ်ခတ်မှုနဲ့ ဆက်စပ်လို့ ဘယ်သူမှ အဖမ်းမခံရသေးပါဘူး။
မနေ့ညမှာပဲ ဒီမိုကရက်ပါတီခေါင်းဆောင်နဲ့ ၀န်ကြီးချုပ်ဟောင်း အဘီဆစ်ရဲ့ နေအိမ်မှာလည်း ပေါက်ကွဲမှုတခု ဖြစ်ခဲ့တယ်လို့ ရဲအဖွဲ့က ပြောပါတယ်။ အဲဒီ အဖြစ်အပျက်မှာတော့ ထိခိုက်ဒဏ်ရာရသူမရှိပါဘူး။

ဆန္ဒပြပွဲတွေ ၃ ရက်မြောက်ဖြစ်တဲ့ ဒီနေ့မှာ အစိုးရဆန့်ကျင်တဲ့ သဘောထား ပြင်းထန်သူ ဆန္ဒပြသမားတချို့က တကယ်လို့ ၀န်ကြီးချုပ် ယင်းလပ် ရာထူးကနေ ဆင်းမပေးရင် စတော့အိတ်ချိန်း (Stock Exchange) နဲ့ လေကြောင်း ဆက်သွယ်ရေးအချက်ပြဌာနကို ပိတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

ဝန်ကြီးချုပ် ယင်းလပ်ကတော့ ဆန္ဒပြခေါင်းဆောင်တွေနဲ့ နိုင်ငံရေးပါတီတွေကို ဇန်န၀ါရီ ၁၅ ရက် ဒီနေ့မှာ တွေ့ဆုံဖို့ ဖိတ်ခေါ်ထားပါတယ်။

ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲကို လက်မခံတဲ့ အဖွဲ့တွေနဲ့ ရွေးကောက်ပွဲ ရွှေ့ဆိုင်းရေးကိစ္စကို ဆွေးနွေးကြဖို့ ဖိတ်ခေါ်ထားတာပါ။
DVB

Tech Space နည်းပညာဂျာနယ် ( Vol-2, Issue-42 )

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





ရွေးကောက်ပွဲကို ဖေဖော်ဝါရီ ၂ ရက် ကျင်းပမည်ဟု ထိုင်းအစိုးရ ထပ်မံအတည်ပြု


ထိုင်းဝန်ကြီးချုပ် ယင်းလပ် (ဓာတ်ပုံ – Reuters)
ထိုင်းရွေးကောက်ပွဲကို နဂို စီစဉ်ထားတဲ့အတိုင်း ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ကျင်းပမယ်လို့ ထိုင်းအစိုးရက ဒီနေ့ ထပ် အတည်ပြုပါတယ်။

ရွေးကောက်ပွဲကော်မရှင်က အဆိုပြုထားတဲ့ ရွေးကောက်ပွဲ ရွှေ့ဆိုင်းရေးကိစ္စကို ၀န်ကြီးချုပ် ဦးဆောင် ဆွေးနွေးပြီးတဲ့နောက်မှာ ဒုဝန်ကြီးချုပ်က ထပ်အတည်ပြုလိုက်တာပါ။

“အစည်းအဝေး တက်ရောက်လာတဲ့ အများစုက ရွေးကောက်ပွဲကို စီစဉ်ထားတဲ့အတိုင်းပဲ ကျင်းပဖို့ သဘောထားပေးကြတယ်။ ရွေးကောက်ပွဲကော်မရှင်အနေနဲ့လည်း ရွေးကောက်ပွဲ ဥပဒေနဲ့အညီ ရွေးကောက်ပွဲကို ကျင်းပရပါမယ်”လို့ ဒုဝန်ကြီးချုပ် ပွန်သပ် သပ်ခန်းချနာက ပြောပါတယ်။

ဝန်ကြီးချုပ် ယင်းလပ်က နိုင်ငံရေးပါတီတွေ အားလုံးနဲ့ အစိုးရ ဆန့်ကျင် ဆန္ဒပြနေတဲ့ အဖွဲ့တွေကို ရွေးကောက်ပွဲ ရွှေ့ဆိုင်းရေးကိစ္စ ဒီနေ့ ဆွေးနွေးခဲ့ပေမယ့် အများစုက အစည်းအဝေး မတက်ကြပါဘူး။

အစိုးက အခုလို ဆုံးဖြတ်လိုက်တဲ့ နောက်မှာ ဆန္ဒပြသမားတွေဟာ ဘန်ကောက်မြို့လယ် ရတ်ချပရာဆွန် အ၀ိုင်းမှာ ဆက်ပြီးတော့ သပိတ်စခန်းဖွင့်ထားပါတယ်။

ဆန္ဒပြနေသူ ဖွန်သီပေါင်ကတာ့ ဘန်ကောက်မြို့ပေါ် အခြေအနေက အခုထက် ပိုတင်းမာလာနိုင်တယ်လို့ ပြောပါတယ်။

“အခြေအနေတွေက ပိုဆိုးလာလိမ့်မယ်။ ဒီနေ့ ဆန္ဒပြနေကြတဲ့ လူတွေ ဘယ်လောက်များသလဲဆိုတာကို ၀န်ကြီးချုပ် ယင်းလပ်သာ သိရင် သူအနေနဲ့ ရာထူးကနေ နုတ်ထွက်ပြီးတော့ အာဏာကို ပြည်သူတွေ လက်ထဲကို ပြန်အပ်သင့်တယ်ဆိုတာကို နားလည်သွားလိမ့်မယ်လို့ ထင်ပါတယ်။”

ဆန္ဒပြသမား အခြားတဦးကလည်း “အဲဒီရက်မှာပဲ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် ရွေးကောက်ပွဲတော့ သွားမယ်။ ဒါပေမယ့် ဘယ်သူကိုမှ မဲပေးမှာတော့ မဟုတ်ဘူး” လို့ ပြောပါတယ်။

ဆန္ဒပြခေါင်းဆောင် ဆူထေ့ပ်ကို ထောက်ခံသူတွေဟာ ဘန်ကောက်မြို့က လမ်းဆုံလမ်းခွကြီး အနည်းဆုံး ၇ ခုကို ပိတ်ဆို့ထားပြီး အစိုးရ ၀န်ကြီးဌာနရုံးတွေကိုလည်း အလုပ်လုပ်လို့ မရအောင် အနှောင့်အယှက်ပေးဖို့ ကြိုးစားနေကြပါတယ်။

ဝန်ကြီးဌာနရုံး တော်တော်များလည်း လောလောဆယ် ပိတ်ထားရပြီး ၀န်ထမ်းတွေဟာ အရေးပေါ် အရန်ထားတဲ့ ရုံးခန်းတွေ၊ ဒါမှမဟုတ် အိမ်တွေကနေပဲ အလုပ်လုပ်နေကြပါတယ်။

ဆန္ဒပြခေါင်းဆောင်တွေကတော့ ယင်းလပ် ဦးဆောင်တဲ့ အစိုးရနေရာမှာ ပြည်သူ့ကောင်စီနဲ့အစားထိုးနိုင်တဲ့အထိ မြို့ကိုဆက်ပြီးတော့ ပိတ်ဆို့ထားမယ်လို့ ပြောထားပါတယ်။

လက်ရှိ စနစ်တွေအောက်မှာ ရွေးကောက်ပွဲကို ကျင်းပဖြစ်ရင်တော့ ယင်းလပ်ရဲ့ ပါတီကပဲ အနိုင်ရမယ့် ပုံရှိပါတယ်။

ဒါကြောင့် ဆန္ဒပြခေါင်းဆောင် ဆူထေ့ပ်က ရွေးကောက်ပွဲရလဒ်မှာ အပြောင်းအလဲတွေ ဖြစ်လာစေမယ့် ရွေးကောက်ပွဲစနစ်ကို ပြောင်းလဲဖို့ အဓိက ရည်ရွယ်နေတာပါ။
DVB

Netguide ( Vol-3 , Issue-19 )

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





Huawei ဖုန်းတွေ G510-0200 firmware ရေးချိန်မှာ fail ဖြစ်ဖြစ်သွားပြီး ရေးမရသောဖုန်းကို Error ရှင်းနည်း


ဒီတခါ ကျနော်တင်ပြချင်တာကတော့ အဖြစ်နည်းပြီး ဖြစ်လာရင်လဲ
ပြသနာတော်တော် တက်တဲ့ Error ရှင်းနည်းလေးပါ

ဒီပို့စ်က ကျနော်ကိုယ်တိုင် ရေရေလည်လည် ပြသနာရှင်းလိုက်ရတဲ့ နည်းလမ်းလေးပါ

ကျနော် ပြသနာတက်သွားတာကတော့ huawei Ascend G510-0200
bulid number B173 နဲ့ဆုံးတဲ့ ကောင်လေးပါ
ကျနော် ပြသနာစတက်တာကတော့ သိတယ်မလား ဆရာကြီးအထှာနဲ့လေ
ကုဒ်တောင်းပြီးရုရင် ရပါရဲ့နဲ့ ကုဒ်မတောင်းပဲရုလိုက်တာပါ
ရုလုပ်တိုင်းလဲ အဆင်ပြေတာများပါတယ် ဒီတခါတော့ ပြသနာကတက်ပြီဗျ
ကုဒ်မတောင်းပဲ Root ချလိုက်တာ လိုဂိုမှာပဲ လည်ခံနေတော့တာပဲ ရှေ့ဆက်မတိုးတော့ဘူးပေါ့
ဘာမှုမလဲဗျ ဆားဗစ်သမားပဲလေ လွယ်ပါတယ် ဆော့ဝဲပြန်ရေးချလိုက်တာပေါ့
ကဲ ရပြီမထင်နဲ့ဗျ ရေးလို့မရတော့ဘူး ရေးသမျှဆော့ဝဲတိုင်း စတက်2 မှာ fail ဖြစ်ရော
ဒီတော့ ဆရာဆီပြေးပြီ huawei flashing red light ဆော့ဝဲလေးတောင်းပြီး flashing နဲ့ရေးပါတယ်မရပြန်ဘူးဗျ ဆရာဆီပြန်သွားရမှာလဲ အားနာတာနဲ့ မြို့ထဲကို G510 နဲ့ပတ်သက်တဲ့ ဆော့ဝဲပါတဲ့ခွေတွေ လိုက်ရှာဝယ်ပြီး တခုပြီးတခုရေးကြည့်တယ် မရဘူး ဒါနဲ့ကိုယ့်ထက်စွမ်းတဲ့သူတွေကို ပလာဇာမှာ သွားရေးခိုင်းတယ် တော်တော်စုံသွားတယ် မရပြန်ဘူး ဆိုင်တဆိုင်က ဘောက်နဲ့ရေးပေးမယ်၂၅၀၀၀ကျမယ်လို့ပြောတယ် မရရင်လဲ အလျော်ပေးရမှာတူတူ ၂၅၀၀၀အကုန်ခံတော့မယ်ဆိုပြီး အပ်လိုက်တယ် ပြန်လာတော့ ကာစတန်မာက ဘယ်လိုလုပ်ပေးမလဲလို့မေးတယ်၃ရက်လောက် အချိန်ထပ်ပေးပါလို့ မရရင်အသစ်တလုံးအစားပေးမယ်လို့ ပြောပြီးပြန်လွတ်လိုက်တယ်
နောက်ရက်သွား ယူတော့ ဘောက်နဲ့လဲ ရေးတာမရခဲ့ပါဘူး
စိတ်ညစ်ညစ်နဲ့ပြန်လာခဲ့တယ် အဲလောက်အခက်ခဲဖြစ်တယ်ဆိုရင် အခုပြောမယ့်နည်းလေးက
လွယ်လွယ်လေးနဲ့ ဖြေရှင်းနိုင်သွားပါတယ်ပြန်ရောက်တော့ Ascend G510-0200 မဟုတ်တော့ပါဘူးAndroid G510-0100 ဆော့ဝဲကို ကျနော်အကိုက ရေးလိုက် တာ ရေးလို့အောင်သွားပါတယ်ဒါပေမယ့် Android လိုဂိုလေးကနေ မ တက်ပြန်တော့ဘူးပေါ့
လျော်ရတော့မယ်လေ မထူးတော့အတူတူ အဲဒီရေးတာအောင်ပြီး လိုဂိုကနေ မတက်လာတဲ့
Android G510-0100 firmware လေးကိုပဲ နောက်တခါထပ်ပြီးရေးလိုက်တာ ဒီတခါတော့ တကယ်အောင်မြင်သွားပါတယ် ကျနော်လိုပဲ မထင်မှတ်ပဲ ဒီလိုနည်းတူကြုံလာခဲ့ကြရင်
ကျနော် နည်းလေးအတိုင်း ရေးတာအောင်ပြီး လိုဂိုကမတက်လဲ အဲဒီဆော့ဝဲလေးကိုပဲ
ထပ်ရေးပြီး အောင်မြင်မှုကို ရယူနိုင်ကြပါစေ ဒါပေမယ့် သူ့ရဲ့Oraginal firmware က Huawei Ascend G510 singapour လုံးပါ ကျနော်ရေးပေးလိုက်တာက
China firmware Android ဖြစ်သွားပါတယ်
အစစအဆင်ပြေကြပါစေလို့ 
Lamin Maung

မြ၀တီနေ့စဉ်သတင်းစာ (၁၅-၁-၂၀၁၄) ဗုဒ္ဓဟူးနေ့

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





ထိုင်းနိုင်ငံတွင် ယာဉ်တိမ်းမှောက်မှုကြောင့် မြန်မာ အလုပ်သမား ၁ ဦး သေဆုံးပြီး ၅ ဒဏ်ရာရ


ထိုင်းနိုင်ငံ ကမ်ဖယ်ဖက် (Kamphaeng Phet) ခရိုင်တွင် ယမန်နေ့က မော်တော်ယာဉ် တိမ်းမှောက်မှု ဖြစ်ပွားရာ မြန်မာ အလုပ်သမား ၁ ဦး သေဆုံးပြီး၊  ၅ ဦး ဒဏ်ရာ ရရှိကြောင်း သိရသည်။ အဆိုပါ မြန်မာနိုင်ငံသား အလုပ်သမားများ သည် ထိုင်း-မြန်မာနယ်စပ်ရှိ မဲဆောက်မြို့မှ မဟာချိုင်ဒေသသို့ သွားရောက် အလုပ် လုပ်ကိုင်မည့် သူများ ဖြစ်ကြောင်း၊ ဒဏ်ရာရသူများထဲတွင် အမျိုးသမီး ၄ ဦးနှင့် အသက် ၈ နှစ်အရွယ်ကလေး ၁ ဦးပါဝင်ပြီး အားလုံးကို ဆေးရုံသို့ ပို့ဆောင်ထားကြောင်း၊ ဖြစ်စဉ်မှာ ကားဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း မန်နေဂျာအွန်လိုင်း စာမျက်နှာတွင် ယနေ့ ဖော်ပြထားသည်။
ဧရာဝတီ

ရတနာပုံနေ့စဉ်သတင်းစာ (၁၅-၁-၂၀၁၄) ဗုဒ္ဓဟူးနေ့

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





မိုးကောင်း-ဖားကန့်လမ်းအတွက် ကျပ် သိန်း ၁၀၀ တောင်းဆိုမှု များပြားဟုဆို

Pharkhant Road

ကချင်ပြည်နယ် မိုးကောင်း-ဖားကန့် ကားလမ်း ပြုပြင် ဖောက်လုပ်ဖို့ ဆိုပြီး ကချင် ပြည်နယ်အစိုးရက ကျောက်စိမ်း ကျောက်မျက်လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေကို လုပ်ကွက် ၁ ကွက် ကျပ် သိန်း ၁၀၀ ထည့်ဝင်ရမယ်လို့ သတ်မှတ် အမိန့်ပေးတာဟာ များပြားလွန်းပြီး ဥပဒေနဲ့ အညီ လုပ်ကိုင်တာ မဟုတ်ဘူးလို့ ယူဆကြောင်း ဖားကန့် ကျောက်မျက်ကုမ္ပဏီ မန်နေဂျာတဦးက ဒီဗွီဘီကို ပြောပါတယ်။

ကချင်ပြည်နယ်အစိုးရဟာ ဒီငွေကြေးကောက်ခံဖို့ တဖက်သတ် အမိန့်ချမှတ်ခဲ့တာ ဖြစ်ပြီး ပထမအရစ် လုပ်ကွက် ၁ ကွက် ငွေကျပ် ၃၃ သိန်းကို ဒီကနေ့ ဇန်န၀ါရီ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ကချင်ပြည်နယ်အစိုးရ ဘဏ်စာရင်းနံပါတ် CF 002561 ကို လွှဲပေးရမယ်လို့ ညွှန်ကြားထားပါတယ်။

ဖားကန့်ပတ်ဝန်းကျင်မှာ စုစုပေါင်း လုပ်ကွက် ၁ သောင်းခွဲဝန်းကျင် ရှိတဲ့အတွက် အခု လုပ်ကွက် ၁ ခုကို ကျပ် သိန်း ၁၀၀ ကောက်ခံမယ် ဆိုရင် ကျပ် ဘီလီယံပေါင်း ၁၅၀ လောက်ပမာဏ ရှိတာမို့ မိုင် ၆၀ လောက် ရှည်တဲ့ ကားလမ်းအတွက် ဒီလောက်များတဲ့ ငွေပမာဏ မကောက်ခံသင့်ဘူးလို့ ကုမ္ပဏီပိုင်ရှင်တွေက ပြောဆိုနေကြပါတယ်။
DVB

စီးပွားရေးသတင်းဂျာနယ် အတွဲ(၁၄) အမှတ်(၂)

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





ရွှေဂတ်စ်စီမံကိန်းမှ ရေနံစိမ်း ပေပါ ၄သောင်းရနိုင်၍ ရေနံချက်စက်ရုံ မြန်မာဆောက်ရန်ပြင်


မြန်မာနိုင်ငံမှာ ပြည်တွင်း စက်သုံးဆီလိုအပ်ချက်ကို ဖြည့်ဖို့အတွက် စွမ်းအင်ဝန်ကြီးဌာနက ရေနံချက်စက်ရုံကို တည်ဆောက်ဖို့ ပြင်ဆင်နေပြီလို့ ဇန်နဝါရီ ၁၅ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

ရွှေဂတ်စ်စီမံကိန်းကနေ တစ်နေ့ ရေနံစိမ်းပေပါ ၄သောင်းပေးဖို့ရှိတာကြောင့် စက်ရုံတည်ဆောက်ဖို့ ရှိပြီး လက်ရှိမှာတော့ စင်္ကာပူ၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကနေ ဓာတ်ဆီ ဂါလန် ၆သန်းနဲ့ ဒီဇယ် ၈သန်းလောက် လစဉ်တင်သွင်းနေရတယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့ စက်မှုလက်မှုနဲ့ ကုန်သည်ကြီးများအသင်းရုံးချုပ်မှာ ကျင်းပတဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ နှစ်စဉ် စက်သုံး ဆီကို ၆ထောင် မက်ထရစ်တန်ရှိတဲ့ သင်္ဘောစီးရေ ၃ဝကျော်နဲ့ နှစ်စဉ် မြန်မာနိုင်ငံအတွက် လောင်စာဆီ သယ်ဆောင်နေရတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

မြန်မာ့ရေနံထွက်ကုန် ဖြန့်ဖြူးရေး MPPE နဲ့ MPP တို့ တက်ရောက်ခဲ့ပြီး တင်သွင်းနေတဲ့ စက်သုံးဆီ အရည် အသွေးပြည့်မီဖို့နဲ့ အန္တရာယ်ကင်းရှင်းရေး ဥပဒေတွေကို ခေတ်နဲ့အညီ ပြဌာန်းဖို့၊ စစ်ဆေးအရေးယူမှုတွေ လုပ်ဆောင်ဖို့ ပြောဆိုခဲ့ကြပါတယ်။
Kamayut Media

Mobile Guide ( Vol-2, Issue-37 )

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





ဆီးဒေါ့ဖ်ကို အေစီမီလန်အသင်း နည်းပြအဖြစ် ခန့်အပ်


နယ်သာလန်အသင်းနဲ့ အေစီမီလန် ကွင်းလယ်ကစားသမား ကလဲရင်း ဆီးဒေါ့ဖ်ကို စီးရီးအေကလပ်ရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။

၂၂ နှစ်ကြာ ဘောလုံးကစားသမားဘ၀ကနေ အနားယူတော့မယ်လို့ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၄ ရက်နေ့မှာ တရားဝင် ကြေညာပြီးတဲ့နောက်မှာ နည်းပြတာဝန်ကို လက်ခံလိုက်တာ ဖြစ်ပါတယ်။

အသက် ၃၇ နှစ်အရွယ် ဒတ်ခ်ျဘောလုံးသမားဟာ အရင်က နည်းပြ လုပ်ဖူးတဲ့ အတွေ့အကြုံ မရှိပါဘူး။ ဆီးဒေါ့ဖ်နဲ့ အေစီမီလန်အသင်းတို့ ၂ နှစ်ခွဲ စာချုပ် ချုပ်ထားလိုက်ပြီလို့ သူရဲ့ ကိုယ်စားလှယ်က ပြောပါတယ်။

ဇန်န၀ါရီ ၁၃ ရက်နေ့က အလုပ်ဖြုတ်ချခံလိုက်ရတဲ့ အရင် အေစီမီလန်နည်းပြ မစ်စီ မီလျံနို အလီဂရီနေရာမှာ အစားထိုး တာဝန်ယူမှာ ဖြစ်ပါတယ်။

အေစီမီလန်မှာ ၁၀ နှစ်တာ ကစားခဲ့တဲ့ အတွေ့အကြုံနဲ့ အသင်းရဲ့ ဥက္ကဋ္ဌနဲ့ ဆက်ဆံရေး အဆင်ပြေတာကြောင့် အေစီမီလန်ရဲ့ နည်းပြတာဝန်ကို ရလိုက်တာလို့ ဆီးဒေါ့ဖ်က ပြောပါတယ်။

ဆီးဒေါ့ဖ်ဟာ မီလန်မှာ ကစားခဲ့တဲ့ အချိန်မှာ ရေပန်းစားခဲ့တဲ့ ကစားသမား ဖြစ်ခဲ့ပေမယ့် နည်းပြတာဝန်ကတော့ စွန့်စားရမယ့်ကိစ္စ ဖြစ်လာဖွယ် ရှိပါတယ်။

ကွင်းလယ်ကစားသမား ဆီးဒေါ့ဖ်ဟာ ချန်ပီယံလိဒ်ဖလားကို အသင်း ၃ သင်းနဲ့ ၄ ကြိမ်ရခဲ့တဲ့ ပထမဆုံး ကစားသမားတယောက် ဖြစ်ပါတယ်။

၁၉၉၅ ခုနှစ်မှာ နယ်သာလန် အေဂျက်အမ်စတာဒမ်အသင်း၊ ၁၉၉၈ ခုနှစ်မှာ စပိန် ရီးရဲလ် မက်ဒရစ်အသင်း၊၂၀၀၃ နဲ့ ၂၀၀၇ ခုနှစ်မှာ အီတလီ အေစီမီလန်အသင်းနဲ့အတူ ချန်ပီယံလိဒ် ဖလားကို ရယူပေးနိုင်ခဲ့ပါတယ်။
DVB

The Hot News Weekly ( Vol-4, No-175 )

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





ဖွဲ့စည်းပုံပြင်ဆင်ရေး ဘာတွေ ရင်ဆိုင်ရမလဲ (ဒိတ်လိုင်းဧရာဝတီ)


ဒီတပါတ်အစီအစဉ်မှာ 2014 ခုနှစ်အတွင်း အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပါတ်သက်ပြီး ဘက်ပေါင်းစုံရဲ့ အမြင်တွေ ဖြစ်ပေါ်လာမယ့် အကောင်းဆုံးနှင့် ဆိုးဆုံးအခြေအနေတွေအပေါ်မှာ ဘာတွေကို ပြင်ဆင်ထား ကြသလဲ ဘယ်လို ဆက်လက် လုပ်ဆောင်သွားမလဲ ဆိုတာကို ဧရာဝတီ အင်္ဂလိပ်ပိုင်း အယ်ဒီတာ ကိုကျော်စွာမိုး နှင့်အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မထ္ထိလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်နှင့် ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုပြုံးချို တို့က ပါဝင်ဆွေးနွေး တင်ပြထားပါတယ်။

 


အိမ့်သံစဉ်

သတင်းနှင့်မီဒီယာများသို့ အသိပေးဖိတ်ကြားခြင်း


  ကုမ္ပဏီကြီး(၆)ခုမှ လယ်သမားများအပေါ် ပေးထားသည့် ကတိ ကဝတ် မတည်သည့် ကိစ္စနှင့်ပတ်သက် ငြိမ်းချမ်းစွာစုဝေး ဆန္ဒဖော်ထုတ်ခြင်း အခမ်းအနားကို (၂၁.၁.၂၀၁၄)ခုနှစ် အဂ်ါနေ့ နံနက်(၁၁း၀၀)အချိန်မှ (၁၂း၃၀) အချိန်ထိ ကျောက်တန်းမြို့နယ်၊ဖလမ်းကျေးရွာ၊ကုမ္ပဏီကြီး(၆)ခုတည်နေရာတွင် ကျင်းပပြုလုပ်မည် ဖြစ်သတင်းနှင့် မီဒီယာများ သတင်းရရယူနိုင်ရန် လေးစားစွာဖြင့် အသိပေး ဖိတ်ကြားအပ်ပါသည်။
အဆိုပါ သတင်းရယူရန် မီဒီယာများအား ကားကြို့ပို့များကိုလည်း စီစဉ်ထားပါသဖြင့် အောက်ပါ ဖုန်းနံပါတ် သို့ ဆက်သွယ်နိုင်ပါရန် ကြိုတင် အသိပေးအပ်ပါသည်။
၀၉.၄၉၃၁၉၂၅၃
၀၉.၄၉၃၃၂၀၆၅
၀၉.၇၃၂၁၁၇၄၃
၀၉.၇၃၁၈၈၉၃၄
၀၉.၄၂၁၀၂၂၅၇၈ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ပါကြောင်း သိရှိရပါသည်။
ကားကြို့မည်နေရာမှာ ပန်းဆိုးတန်း ထီရုံးရှေ့မှ နံနက်(၉း၀၀)တွင် ထွက်မည်ဖြစ်ပြီး၊ အခမ်းအနားပြီးဆုံး ချိန် အဆိုပါ နေရာများသို့ ပြန်လည် ပို့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်မြတ်အောင်မြင်
ကလောင်အမည်=မြင့်မြတ်အောင်မြင်
ဖုန်း-၀၉.၄၂၁၀၂၂၅၇၈



ရန်ကုန်တိုင်း ဈေးကုန်းအရှေ့ရပ်ကွက်မီးရထားဓါတ်ငွေ့စက်ရုံဝန်းခြံအနီးတွင်ကျုးကျော်တဲအိမ်၂၀၀ ခန့်ဆောက်လုပ်လျှက်ရှိ


ရန်ကုန်တိုင်း ဈေးကုန်းအရှေ့ရပ်ကွက်မီးရထားဓါတ်ငွေ့စက်ရုံဝန်းခြံအနီးတွင်ကျုးကျော်တဲအိမ်၂၀၀ ခန့်ဆောက်လုပ်လျှက်ရှိပါသည် ဘယ်ကရောက်ရှိလာသည်မသိရသော ကုလားလူမျိုးများစွာလဲနေအိမ်များဆောက်လုပ်နေထိုင်လျှက်ရှိပါသည်ရပ်ရွာလုံခြုံရေးစိုးရိမ်ရပါသဖြင့်ရပ်ကွက်နေပြည်သူများကဈေးကုန်းအရှေ့အုပ်ချုပ်ရေးမှူးထံအကြောင်းကြားပါသော်လည်းထိရောက်သည့်အရေးယူမှုမျိုးမရှိခဲ့ပါသဖြင့်ယခုအခါကျူးကျော်တဲအိမ်များမှာ
မီးရထားသံလမ်းအနားထိပင်ရောက်ရှိဆောက်လုပ်နေပါသဖြင့်
သက်ဆိုင်ရာတာဝန်ရှိသူများထိထိရောက်ရောက်ဆောင်ရွက်အရေးယူပေးနိုင်ပ့ရန်တင်ပြအပ်ပါသည်
ဈေးကုန်းအရှေ့ရပ်ကွက်သူရပ်ကွက်သားများ
Kyi Win
Myanmar CNN မှ တင်ဆက်သည်

ကြိုတင်အသိမပေးဘဲ လှိုင်မြစ်နားက ကျူးကျော်အိမ်များကို ဖယ်ရှား


လှိုင်သာယာမြို့နယ် လှိုင်မြစ်ကမ်းဘေးက ကျူးကျော် ဆောက်လုပ် နေထိုင်နေကြတဲ့ အိမ်တွေကို ကြိုတင် အကြောင်းကြားခြင်းမရှိဘဲ ဖယ်ရှားစေခဲ့တဲ့အတွက် နေထိုင်သူတွေ နေ့ချင်းညချင်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

ဇန်န၀ါရီ ၁၄ နေ့ မနက် ၃ နာရီကျော်ကျော်လောက်မှာ လှိုင်သာယာမြို့နယ်က ကျူးကျော်အိမ်ရာတွေကို ကြိုတင် အကြောင်းကြားခြင်း မရှိဘဲ ဖယ်ရှားခိုင်းလိုက်တာ ဖြစ်ပါတယ်။ ကျုးကျော်ရပ်ကွက်မှာ နေထိုင်သူတွေဟာ ငွေကြေးမရှိကြသူတွေ ဖြစ်လို့ အသိမ်းခံရပြီး နောက်ပိုင်းမှာ စားစရာနဲ့ နေစရာမရှိ ဖြစ်နေကြပါတယ်။

ရဲအင်အားနဲ့ လှိုင်သာယာဘက်အခြမ်းရှိ ပန်းလှိုင်တံတားအ၀င်လမ်းနဲ့ တွံတေးဘက်ခြမ်းရှိ တွံတေးတံတားအ၀င်လမ်းများကို ပိတ်ဆို့မှုများ ပြုလုပ်အပြီးမှာတော့ အိမ်ဖျက်မယ့် အလုပ်သမားတွေနဲ့ ၀င်ရောက်ဖျက်ကြတယ်လို့ ဒေသခံတွေ ပြောပါတယ်။

ကျုးကျော်နေထိုင်သူတွေကို ကြိုတင်အကြောင်းကြားတာမျိုး မလုပ်ပေးတဲ့အတွက် သူတို့ ပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုလည်း ယူဆောင်ဖို့ အချိန်မမီသလို တချို့ဗီဒိုတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကိုလည်း ယူဆောင်ဖို့ ခွင့်မပြုဘူးလို့ ပြောပါတယ်။

နေအိမ်ဖယ်ရှားခံရသူတွေဟာ သူတိုအတွက် အဆင်ပြေမယ့် ဖြေရှင်းပေးတာမျိုးတွေ မျှော်လင့်နေကြပြီး တချို့ကလည်း နေစရာမရှိလို့ အဲဒီ နယ်မြေ အနီးအနားမှာပဲ ငိုယိုနေကြပါတယ်။

ဖယ်ရှားခံရတဲ့ အမျိုးသမီးတဦးက “ရန်ကုန်ရောက်တာ ကြာပြီ။ နေစရာ နေရာမရှိလို့ ဒီမှာနေတာ၊ အခု ဘယ်သွားလို့ ဘယ်လာရမှန်းမသိဘူး” လို့ ပြောပါတယ်။

   ဖယ်ရှားခံရတဲ့ ကျူးကျော်အိမ်ခြေ ၂ ထောင်ကျော်ခန့်ရှိပြီး ဆောက်လက်စ အိမ်များစွာလည်း ကျူးကျော်ရပ်ကွက်မှာ ရှိတယ်လို့ ဆိုပါတယ်။ အိမ် ၁ လုံးကို ငွေကျပ် ၁ သိန်းနဲ့ ၀ယ်ယူရတဲ့အပြင် အိမ်ဆောက်တဲ့ သစ်ဖိုး၊ ၀ါးဖိုးနဲ့ဆို ၂ သိန်းလောက် ပေးရတယ်လို့လည်း နေထိုင်သူတွေက ပြောပါတယ်။

ကျူးကျော်နေထိုင်ကြသူတွေဟာ မြေစရိတ်တွေနဲ့ အိမ်ငှားဈေးတွေ ကြီးမားတာကြောင့် ဒီလို မြေလွတ်တွေမှာ ကျူးကျော်နေထိုင်ကြရတာလို့ ပြောပါတယ်။

ဖယ်ရှားခံရသူ နောက်တဦးက “ကျမတို့တွေက ဘယ်လိုဆက်လုပ်ရမလဲ၊ မရှိဆင်းရဲသားဆိုတော့ လမ်းဘေးနေသင့်လည်း နေရမှာပဲ” လို့ ပြောပါတယ်။

နေအိမ် ဖယ်ရှားခံခဲ့ရသူတဦးဖြစ်တဲ့ ဒေါ်ခင်သိန်းကတော့ အိမ်ဖျက်ခံလိုက်ရလို့ နေစရာမရှိရင်လည်း လမ်းဘေးမှာပဲ နေမယ်လို့ ဆိုပါတယ်။

“သွားစရာနေရာလည်း မရှိဘူး။ ဒီအတိုင်းပဲ ကျမတို့ နေရဦးမှာပဲ။ လောလောဆယ် အိမ်ဘယ်လို ငှားမလဲ။ လစာလည်း မရှိဘူး။ ဒီတိုင်းပဲ လမ်းဘေးမှာပဲ နေဦးမှာပဲ။”

အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီး လှိုင်သာယာ သောင်ကြီးရဲစခန်းက ရဲတာဝန်ခံကို မေးမြန်းရာမှာ သူတို့အနေနဲ့ ဖျက်တဲ့အထဲမှာ မပါကြောင်းနဲ့ လုံခြုံရေးကိစ္စပဲ ဆောင်ရွက်တာ လို့ ပြောပါတယ်။
DVB

New Light of Myanmar သတင်းစာ (၁၅-၁-၂၀၁၄)

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံရေး ဆက်ကြိုးပမ်းမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော


၆၈ နှစ်မြောက် တပ်မတော်နေ့တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် ကို တွေ့ရစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ကာလအတွင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ် နိုင်ရေး အတွက် ဆက်လက် ကမ်းလှမ်းသွားရန် ဆန္ဒရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ၎င်းအနေဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံရန် ကြိုးပမ်းနေသော်လည်း ယနေ့အချိန်အထိ တွေ့ဆုံ မှုမရသေး၍ ဆက်ဆံရေး တိုးတက်မှု မရှိကြောင်းလည်း ယမန်နေ့က နေပြည်တော် လွှတ်တော်ဝင်း တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီရုံးတွင် သတင်းမီဒီယာများနှင့် တွေ့ဆုံရာ၌ ပြောကြားသည်။

“တွေ့ ကို မတွေ့ရသေးတော့ ဆက်ဆံရေးက တိုးတက်မှု မရှိဘူး၊ ဒါပေမယ့် တခါတည်းနဲ့ မအောင်မြင်လို့ လက်လျှော့ခဲ့တယ် ဆိုတာလည်း ဘယ်တုန်းကမှ မရှိခဲ့ဘူး”ဟု ၎င်းက ပြောဆိုသည်။

သမ္မတဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့မှုများရှိခဲ့သည့်အတွက် ကောင်းမွန်သည့် ဆက်ဆံရေး တည်ဆောက်လာနိုင်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

သို့ရာတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် ၎င်း အပါအ၀င် သမ္မတ၊ လွှတ်တော်၊ ကာကွယ်ရေး ဦးစီးချုပ်တို့နှင့် လေး ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းချက်ကို သမ္မတ ဦးသိန်းစိန်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီ က ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်ပြီး အဖြေမထွက်သေး၍ ဟူသော အကြောင်းပြချက်ဖြင့် ငြင်းဆို ထားကြောင်း သိရသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ပြင်ဆင် ဖြည့်စွက်မှုဆိုင်ရာ အဖြေကို  ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီ က ဇန်န၀ါရီလကုန်ပိုင်းတွင် ထုတ်ပြန်မည်ဖြစ်သည်ဟု ဆိုသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်က လေးပွင့်ဆိုင် တွေ့ဆုံရေးအတွက် ဆက်လက် ကမ်းလှမ်းသွားရန် အစီအစဉ် ရှိကြောင်း သိရသည်။

“အလွတ်သဘော ကြိုတင်ဆွေးနွေးထားတော့ ထွက်လာတဲ့ရလာဒ်ကလည်း အဆင်ပြေတာပေါ့၊ ကော်မတီက ဆုံးဖြတ်ပြီးမှ ထွက် လာတဲ့ရလာဒ် အဆင်မပြေရင် ပြင်ရခက်သလို တရားဝင်ဖြစ်သွားနိုင်တယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

နိုင်ငံတကာနည်းတူ တိုင်းပြည်၏ အရေးကြီးကိစ္စများကို ကြိုတင်ဆွေးနွေးမှုများ ပြုလုပ်သင့်ကြောင်းလည်း ၎င်းက ပြောဆိုသည်။

သို့ရာတွင် ၂၀၁၄ ဇန်န၀ါရီ ၁ ရက် က သမ္မတ ဦးသိန်းစိန်၏ ရေဒီယို မိန့်ခွန်း၌“ဖြစ်သင့်ဖြစ်ထိုက်သည့် နိုင်ငံရေး ဆန္ဒများကို လက်ရှိ နိုင်ငံရေး အခြေအနေက ဖြည့်ဆည်းပေးနိုင်သည်ထက် ပိုမိုမျှော်မှန်း ဆောင်ရွက်ပါက နိုင်ငံရေး အကျပ်အတည်း တခု ဖြစ် ပေါ်ပြီး လက်တွေ့ ဖြစ်နိုင်ခြေရှိသည့် အခွင့်အလမ်းများပင် ဆုံးရှုံးသွားနိုင်သည်ကို သတိချပ်ပြီး ဉာဏ်အမြော်အမြင်ရှိသော နိုင်ငံ ရေး ရွေးချယ်မှုများ ပြုလုပ်ကြရန် တိုက်တွန်း ပြောကြားလိုပါတယ်”ဟု ထည့်သွင်း ပြောဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည် က ဆက်လက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲများတွင် တပ်မတော်၏ လုပ်ရပ်များကို ထောက်ပြ ဝေဖန်နေခြင်းမှာ တိုက်ခိုက်လို၍မဟုတ်ကြောင်း ပြောသည်။

တပ်မတော်နှင့် ပြည်သူအကြား ပေါင်းစပ်မရစေရန် မျှတမှုမရှိဘဲ ရေးဆွဲထားသည့် အခြေခံဥပဒေပါ အချက်အလက်များရှိနေသဖြင့် တပ်မတော်နှင့်ပြည်သူများ အကြား စိတ်ဝမ်းကွဲစေသည့် အခြေခံဥပဒေပါ အချက်အလက်များကို ထောက်ပြနေခြင်းလည်း ဖြစ် သည် ဟု ဆိုသည်။

“ဘယ်တုန်းကမှ တပ်မတော်ကို စောင်းမြောင်းပြီး တိုက်ခိုက်တာမျိုးမရှိဘူး၊ တချို့ဆိုရင် မတိုက်ခိုက်လို့ဆိုပြီး ဝေဖန်တာတွေရှိတယ်၊ ဒါပေမယ့် တပ်မတော်ရဲ့ လုပ်ရပ်တချို့ကိုတော့ မကြိုက်ဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြီး“အခြေခံဥပဒေမှာ တပ်မတော်နဲ့ ပြည်သူတွေ စိတ်ဝမ်းကွဲစေမယ့်သဘော ပါနေတာတွေ့ရတယ်၊ ဒါကြောင့် ဖွဲ့စည်းပုံဥပဒေက ပြင်မှကိုရမှာ”ဟု ပြောဆိုသည်။

ကရင်ပြည်နယ် ဘားအံမြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး လူထုစည်းရုံးမှု ဟောပြော ပွဲပြုလုပ်မည့် အချိန်နှင့် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တွေ့ဆုံကြမည့် ညီလာခံ ကျင်းပမည့်အချိန် တိုက်ဆိုင်မှုရှိသော်လည်း ယင်းညီလာခံ တက်ရောက်ဖြစ်မည် မဟုတ်ကြောင်း၊ တရားဝင် ဖိတ်ကြားမှု ရှိပါက တက်ရောက် ဖြစ်နိုင်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“လက်နက်ကိုင်ပြီး ဖြေရှင်းဖို့ မလိုတဲ့ အခြေအနေတခုဖြစ်အောင် ဝိုင်းဝန်း ဆောင်ရွက်ပေးပါလို့ ပြောချင်တယ်”ဟု ၎င်းက ပြော ဆိုသည်။

ယမန်နေ့က မီဒီယာတွေ့ဆုံပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ တပ်မတော်ကဏ္ဍ၊ လူငယ်ကိုယ်စားလှယ်များ ရွေးချယ်ရေး အခြေအနေ၊ တိုင်းရင်းသား လက်နက်ကိုင် များနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ အာဇာနည်ဗိမာန် ဧရိယာအတွင်း တောင်ကိုရီးယားက အထိမ်းအမှတ် တခု တည်ဆောက်မည့်ကိစ္စ၊ လစ်လပ်နေသည့် လွှတ်တော် ကိုယ်စားလှယ်များ နေရာတွင် အစားထိုးနိုင်ရန် ကြားဖြတ် ရွေးကောက်ပွဲငယ်များ ပြုလုပ်ရေး စသည်တို့နှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းပြောဆိုသွားသည်။
ဧရာဝတီ

ကြေးမုံသတင်းစာ (၁၅-၁-၂၀၁၄)

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





ကာကွယ်ရေးဝန်ကြီးဌာန ဘတ်ဂျက် ရာခိုင်နှုန်းလျော့သုံးမည်


လာမယ့် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်ကျရင် ကာကွယ်ရေးဝန်ကြီးဌာန အသုံးစရိတ်ကို အခုနှစ် ပမာဏလောက်ပဲ သုံးမှာ ဖြစ်ပေမယ့် ဘတ်ဂျက်တခုလုံးရဲ့ ရာခိုင်နှုန်းနဲ့ တွက်ရင်တော့ လျော့နည်းသွားမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီးဝေလွင်က ပြောပါတယ်။

ဇန်န၀ါရီ ၁၄ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ၂၀၁၄ – ၁၅ အမျိုးသားဘဏ္ဍာရေး ဥပဒေကြမ်းကိစ္စ ဆွေးနွေးတဲ့အခါ သူက ခုလို ပြောသွားတာ ဖြစ်ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနဟာ အခုဘဏ္ဍာရေးနှစ်အတွက် ကျပ်ငွေ ၂၂၈၉ ဘီလျံ သုံးစွဲနေပြီး လာမယ့် ဧပြီလက စမယ့် ၂၀၁၄ – ၁၅ ဘဏ္ဍာရေးနှစ်အတွက်ကိုတော့ ကျပ်ငွေ ၂၂၈၂ ဘီလျံ အသုံးပြုမှာ ဖြစ်ပါတယ်။
DVB

မြန်မာ့အလင်းသတင်းစာ (၁၅-၁-၂၀၁၄)

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





သမိုင်းဝင် ကပ်ရောဂါများ (၃)


ဆစ်ဖလစ်ပိုး ခြေကုပ်ရထားပြီးဖြစ်တဲ့ နေပယ်ကို တိုင်းပြည်မျိုးစုံက လူတွေလာကြပြီး ဆစ်ဖလစ်ပိုးတွေ တမင်တကာ သယ်ကြတဲ့ ပွဲကြီး ဆိုရတော့မှာပဲ။ ပြင်သစ်၊ စပိန်နဲ့ နိုင်ငံပေါင်းစုံက ကြေးစားတွေရယ်၊ သူတို့ရဲ့ နောက်လိုက်နောက်ပါ ဖြေဖျော်သူ “တပ်နောက်လိုက်” ပြည့်တန်ဆာတွေ အားလုံး ကိုယ့်ဌာနေပြန်တော့ ဒီပိုးတွေ သယ်ယူသွားလေရဲ့။ ဒါနဲ့ပဲ ရောဂါက ဆွစ်ဇာလန်၊ ဂျာမနီ နိုင်ငံတွေကို မြန်မြန်ပဲ ပွားသွားတယ်။ တစ်နှစ်လောက် အတွင်းမှာ ဥရောပရောရှိ မြို့တိုင်းလိုလိုမှာပဲ ဒီရောဂါ ရောက်ရှိသွားတော့တာပဲ။
လူတွေလည်း အဲဒီအခါကျတော့ လန့်ဖျက်သွားကြပြီး လူမှုရေး၊ နိုင်ငံရေး၊ ကုသရေး၊ လူထုကျန်းမာရေး ပြဿနာတွေလည်း ရှုပ်ထွေးလာ ကုန်ကြတယ်။ ဒီရောဂါကြောင့် အဲဒီခေတ်က ဆရာဝန်တွေ ဒေါင်ချာစိုင်း သွားခဲ့ရသေးတယ်။ ပထမတော့ သူတို့သိနှင့် ထားတဲ့ ရောဂါဆိုးကြီး တစ်ခုဖြစ်တဲ့ ကျောက်ကြီး ရောဂါနဲ့ တူသယောင်ယောင် ရှိတယ်ဆိုပြီး “အပြင်စား ကျောက်ကြီး” လို့တောင် ခေဲခဲ့ကြသေးတယ်။ တချို့ကလည်း “ပြင်သစ်” ရောဂါလို့ ခေါ်ကြတယ်။
ကာကွယ်ရေးမှာလည်း ကျောက်ရောဂါမှာလို နိုင်ငံခြားသားတွေ မဝင်ရဘူးဆိုတဲ့ ဥပဒေနဲ့လည်း တားမြစ်ခဲ့သေးတယ်။ ၁၄၉၇ မှာ ပြင်သစ်ပြည်မှာ ဒီရောဂါရှိသူတွေဟာ ပြင်ပလောကနဲ့ လုံးဝ အဆက်ဖြတ်ထားရမယ်ဆိုပြီး တားမြစ်ခဲ့တယ်။ ဆက်သွယ်တာမိရင် သေဒဏ်လို့ ဆိုတယ်။ နောက် ဒီရောဂါသည် အားလုံးကို St. Germain (စိန့်ဂျာမိန်း) ဆိုတဲ့ နေရာမှာ စုပြီးထားတယ်။ မကြာခင်ပဲ လူနာတွေ ပြည့်လျှံအန်ထွက်သွားလို့ မတတ်နိုင်ကြတော့ဘူး။ နောက်တခါ လူနာတွေကို Seine မြစ်ထဲ ရေနှစ်သတ်မယ်လို့ ဥပဒေ ထုတ်လိုက်သေးတယ်။
ဒါလည်း အကောင်အထည် မဖော်နိုင်ကြပါဘူး။ ဒီတားမြစ်ချက်တွေဟာ မထိရောက်ခဲ့ဘူး။ ဒီကပ်ကြီးဟာ အထက်က တင်ပြခဲ့တဲ့အတိုင်း အနှစ် ၅၀၀ လောက် (ယခုတိုင်) ဥရောပကို ညှဉ်းပန်း နှိပ်စက်နေခဲ့တယ်။ ကမ္ဘာ အရပ်ရပ်မှာလည်း ဒီလိုပဲ ဖြစ်ခဲ့ကြတယ်။ ဆစ်ဖလစ်ရောဂါဟာ အီတလီမှာ အကြီးအကျယ် စဖြစ်ပြီးနောက် ၁၆ ရာစုလောက်မှာ အာရှတိုက်ကို ရောက်ခဲ့တယ်လို့ သိရတယ်။ အိန္ဒိယမှာတော့ ဒီရောဂါဟာ အရင်ကမရှိခဲ့လို့ “နိုင်ငံခြားသား ရောဂါ” လို့ ခေါ်ကြတယ်။
မြန်မာပြည်ကို ဘယ်တုန်းက စရောက်ခဲ့တယ်ဆိုတာ မှတ်တမ်းအတိအကျ မရှိခဲ့ပေမယ့် ၁၉၃၀-၃၉ နဲ့ ၄၀ မှာတော့ အလွန်များနေပြီးဆိုတာ စာရင်းကောက် ထားတာရှိတယ်။ ဒုတိယ ကမ္ဘာစစ်ကြီး အတွင်းမှာတော့ ပိုလာခဲ့ပြီး ထိပ်ရောက်ခဲ့တယ်။ နောက်ဆုံး ပဲနီစလင် ပေါ်လာမှပဲ ဒီရောဂါကို နှိမ်နင်းလို့ ရတော့တာ။ ပဲနီစလင်ကတော့ တကယ်အစွမ်းထက်တဲ့ ဆေးပါ။ ဆစ်ဖလစ်ကိုတော့ ဆေးတစ်ချောင်း ထိုးတာနဲ့ မက်လှည့်ပြလိုက်သလို ပျောက်စေနိုင်တယ်။
အရင်က နှစ်နဲ့ချီပြီး အဆိပ်အတောက် ပြင်းတဲ့ အာစာနစ်ပါတဲ့ ဆေးတွေကို သုံးခဲ့ပေမယ့် ထိရောက်မှုကတော့ ပဲနီစလင်လောက် မရှိခဲ့ဘူး။ ဒီလို လွယ်လွယ် ဆေးတစ်ချောင်း ထိုးရုံနဲ့ အပြတ်ရှင်းပစ်လို့ ရတဲ့ ကုထုံးကို တွေ့ရလို့ ဆစ်ဖလစ်ရောဂါ ဒီကမ္ဘာ မျက်နှာပြင်က ကွယ်ပျောက်သွားမယ်လို့ ထင်ခဲ့ကြရင်တော့ မှားတာပဲ။ ဘာကြောင့်လဲ ဆိုတော့ ဒီရောဂါဟာ အခုအထိ ရှိတုန်းပဲ။ ပဲနီစလင် ပေါ်လာပြီး နှစ်ပေါင်း အတော်ကြာ အထိ ရောဂါတွေ့ရှိနှုန်းဟာ ဆက်တိုက်ပဲ ထင်ရှားသိသာစွာ ကျဆင်းသွားတယ်။ ဒါပေမယ့် ၁၉၆၀ ခုနှစ်ကျော်က စပြီး သိသိသာသာ တိုးခဲ့တာ ဆိုးဝါးတဲ့ အခြေ ပြန်ရောက်သွားတော့တယ်။
မြန်မာပြည်မှာ ဆိုရင် ၁၉၅၇ နဲ့ ၁၉၇၁ အတွင်း ဆစ်ဖလစ် တွေ့ရှိမှုနှုန်းဟာ ဒီအရင် အလားတူအချိန် (နှစ်) တွေထက် သုံးလေးဆ (၇၀ % နီးပါး) တိုးလာတာ တွေ့ရတယ်။ အခြား အရှေ့တောင် အာရှနိုင်ငံတွေမှာလည်း ဒီအတိုင်းပဲ နှုန်းတွေတက်နေလျက်ပဲ။ ဒီလို ဖြစ်လာရတဲ့ အကြောင်းတွေကတော့ ကုစားစရာမရှိတဲ့ အခြေကနေ လွယ်လွယ်နဲ့ ကုလို့ရတဲ့ ရောဂါဖြစ်လာတော့ လူတွေက ဆစ်ဖလစ်ကို ရှေးကလောက် မကြောက်ကြလို့ ပေါ့ပေါ့ တန်တန် လုပ်ကြတာရယ်။ လူမှုရေး၊ စီးပွားရေး ကြပ်တည်းမှု၊ လူနေမှုစနစ် ပြောင်းလဲလာမှု၊ တစ်နည်းဆို “ခေတ်မီ/ခေတ်ဆန်” လာမှုတို့နဲ့ ယှဉ်တွဲနေတာ တွေ့ရတယ်။
ဒီအကြောင်းတွေဟာ AIDS မှာလည်း ပတ်သက်နေတာ တွေ့ရလိမ်မယ်။ ဒီပြင် ဆစ်ဖလစ်၊ ဂနိုရီးယား စတဲ့ “ကာလသားရောဂါ” ရှိနေသူတွေဟာလည်း AIDS ဖြစ်ဖို့ရာအကြောင်း ပိုရှိတယ်။ ဆစ်ဖလစ် ရောဂါဟာ AIDS ရောဂါနဲ့ တူတဲ့ အချက်တွေ ရှိပါတယ်။ လိင်စပ်ယှက်ရာမှ ကူးစက်နိုင်တယ်။ မိဘကနေ ကလေးကို ပေးနိုင်တယ်။ ပေါ်စက တစ်ခါမှ မတွေ့ဘူးခဲ့တဲ့ ရောဂါ အသစ်စက်စက်မို့ ဆရာဝန်တွေ မျက်စိလည်ပြီး မလုပ်တတ် မကိုင်တတ် ဖြစ်ခဲ့ရတယ်။
ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ရေးသားသော “လူတိုင်းအတွက် ထိုးတဲ့ ခေါင်းလောင်း” စာအုပ်မှ ပြန်လည်ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။
Author: HimB | ဒေါက်တာမြင့်မြင့်ခင်

ထိုင်းမှာ ကားမှောက်လို့ မြန်မာအလုပ်သမား ၁ ဦးသေ၊ ၅ ဦး ဒဏ်ရာရ


ထိုင်းနိုင်ငံ Kamphaeng Phet ခရိုင်တွင် ယမန်နေ့က ကားတိမ်းမှောက်မှုကြောင့် မြန်မာအလုပ်သား တဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

မြန်မာနိုင်ငံသားများသည် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ မဟာချိုင်ဒေသသို့ အလုပ် သွားလုပ်မည် သူများ ဖြစ်ကြောင်း မန်နေဂျာအွန်လိုင်း အင်တာနက် စာမျက်နှာတွင် ယနေ့ ဖော်ပြထားသည်။

ဒဏ်ရာရသူများထဲတွင် အမျိုးသမီး ၄ ဦးနှင့် အသက် ၈ နှစ်အရွယ် တဦးပါဝင်ပြီး အားလုံးကို ဆေးရုံးသို့ ပို့ဆောင်ထားကြောင်း၊ ကားတိမ်းမှောက်မှုနှင့် ပတ်သက်၍ ဘီးပေါက်သွားသဖြင့် အရှိန်မထိန်းနိုင်ပဲ အခုလိုဖြစ်ပွားရခြင်း ဖြစ်သည်ဟု ကားသမားက ထွက် ဆိုကြောင်း သိရသည်။

သန်းထိုက်ဦး ~
The Irrawaddy

သမီးရည်းစား ရန်ဖြစ်ရာမှ သူနာပြုတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသူ ဓားထိုးခံရ


သမီးရည်းစားနှစ်ဦး ရန်ဖြစ်ရာမှ ၁၉ နှစ်အရွယ် သူနာပြုတက္က သိုလ် နောက်ဆုံးနှစ်ကျောင်းသူ အမျိုးသမီး တစ်ဦးအား ၄င်း၏ ရည်းစား အသက် ၂၄ နှစ်အရွယ် အမျိုးသား တစ်ဦးက ဓား ဖြင့်ထိုးမှုတစ်ခု လမ်းမတော်မြို့နယ်တွင် ဖြစ်ပွားခဲ့သည်။

ဇန်နဝါရီ ၁၄ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်တွင် ရည်းစားနှစ်ဦး ရန်ဖြစ် ရာ အမျိုးသားမှ အမျိုးသမီးအားဓားဖြင့် ထိုးခဲ့ခြင်းဖြစ်သည်။

”ဓားနဲ့ထိုးပြီးပြီးချင်း သူ့အမေသိ တော့ ကျွန်တော်တို့ဆီကို ဖုန်းဆက် တယ်။ ပြီးတော့ နံနက် ၇ နာရီ ၄ဝ မိနစ်မှာပဲ ဆေးရုံပို့လိုက်တယ်”ဟု လမ်းမတော်ရဲစခန်းမှ တာဝန် ရှိသူတစ် ဦးက ပြောသည်။

ဓားဖြင့်ထိုးမှုကြောင့် အမျိုးသမီး ငယ်၏ရင်အုံနှင့်နံကြား ထိုးသွင်းဒဏ်ရာ တစ်ချက်၊ မေးစိပြတ်ရှဒဏ်ရာတစ်ချက် (မစိုးရိမ်)ရရှိခဲ့ကြောင်း ၄င်းက ထပ်မံ ပြောသည်။

”ပြစ်မှု ကျူးလွန်သူကိုမမိသေးဘူး။ စုံစမ်းနေတယ်။ သူ့နေရပ်နဲ့ သူ့ဖုန်းနံ ပါတ် အကုန်ရထားတယ်။ အမြန်ဆုံးမိ အောင်ဖမ်းဆီးမှာပါ”ဟု ၄င်းက ထပ်မံ ပြောသည်။ အဆိုပါအမှုအား လမ်းမ တော်ရဲစခန်းမှ ပုဒ်မ ၃၂၆ နှင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်းသိရသည်။
Popular Myanmar

စက်မှုဇုန်အတွင်း ကျုးကျော်နေသူများ ပိုင်ရှင်နှင့် ညှိနှိုင်းပြီး လှိုင်သာယာကို ပြောင်းရွှေ့မည်


ရွှေပြည်သာ စက်မှုဇုန် ၄မှာရှိတဲ့ M.R ကုမ္ပဏီပိုင်မြေပေါ်မှာ ကျုးကျော်နေထိုင်ကြတဲ့ အိမ်ခြေ ၃၁၄လုံးဟာ ကုမ္ပဏီက မြေအစားထိုး ဝယ်ပေးခဲ့တာကြောင့် ပြောင်းရွှေ့ပေးဖို့ ဇန်နဝါရီ ၁၅ရက်နေ့မှာ သဘောတူလိုက်ပါတယ်။

ကျုးကျော် နေထိုင်ခဲ့တာ ၁ဝနှစ်ကျော်လာပြီမို့ ကုမ္ပဏီနဲ့ ကျုးကျော်တွေကြား လိပ်ခဲတည်းလည်းဖြစ်နေတဲ့ ပဋိပက္ခဟာ တရားစွဲပြီးဖြေရှင်းလို့ရပေမယ့် ပဋိပက္ခတွေလျော့အောင် လှိုင်သာယာ ရွှေလင်ပန်းကျေးရွာမှာ မြေ ၃ဧကခွဲဝယ်ယူပြီး ပြောင်းရွှေ့စေခဲ့တယ်လို့ ဆိုပါတယ်။

တစ်ဧကကို သိန်း ၁၅ဝနဲ့  ပြောင်းရွှေ့စားရိတ်အဖြစ် တစ်အိမ်ထောင်ကို ကျပ် ၅သောင်းပေးမယ်လို့ ပြောဆိုတာကြောင့် ကျုးကျော်တွေကလည်း ပြောင်းရွှေ့ပေးဖို့ နောက်ဆုံးမှာ သဘောတူညီခဲ့ပါတယ်။

M.R ကုမ္ပဏီဟာ ရွှေပြည်သာ စက်မှုဇုန် ၄က ဧက ၆.၇၇၅ အကျယ်ရှိတဲ့ မြေကွက်ကို မြို့ရွာနဲ့အိုးအိမ်ဦးစီးဌာနမှာ တရားဝင် အမည်ပေါက် ဝယ်ယူထားတဲ့ပိုင်ရှင်ဖြစ်တယ်လို့ သက်သေခံ စာရွက်စာတမ်းက ဆိုပါတယ်။

လူဦးရေ ၂ထောင်နီးပါးရှိတဲ့ ကျုးကျော်အိမ်ခြေ ၃ဝဝကျော်ဟာ လှိုင်သာယာမြို့နယ် ရွှေလင်ပန်းကျေးရွာက ၈၆ရပ်ကွက်မှာ ပြောင်းရွှေ့နေထိုင်ရမှာဖြစ်ပါတယ်။
Kamayut Media

ထိုင်းဆန္ဒပြမှုကြောင့် စားသုံးကုန်ပစ္စည်း ပြတ်လပ်မည်ကို စိုးရိမ်


ထိုင်းနိုင်ငံ ဘန်ကောက် ဆန္ဒပြပွဲတွေကြောင့် စားသုံးကုန်ပစ္စည်းတွေ ပြတ်လပ်ပြီး ဈေးနှုန်းတွေ တက်မှာကို မြန်မာနိုင်ငံဘက်ခြမ်း နယ်စပ်မြို့ဖြစ်တဲ့ မြ၀တီဒေသခံတွေက စိုးရိမ်နေပါတယ်။

ထိုင်းနိုင်ငံရေး မတည်မငြိမ်မှုတွေကြောင့် မြ၀တီ-မဲဆောက် နယ်စပ်မှာ မှီခို လုပ်ကိုင် စားသောက်နေထိုင်ကြသူတွေနဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ စီးပွားရေး အခက်အခဲတွေနဲ့ ရင်ဆိုင်လာရမှာကို စိုးရိမ်နေကြတာပါ။

ပဲပြားကြော် ရောင်းနေတဲ့ ဒေါ်တင်တင်ဝင်းက “စားကုန်သောက်ကုန် ဆီတို့၊ အချိုမှုန့်တို့၊ အလှကုန်ပစ္စည်း၊ ဆပ်ပြာမှုန့် အစစအရာရာ ဈေးတွေတက်လာရင် အခက်အခဲဖြစ်မယ်။ ကျမ ပဲပြားကြော်မယ်ဆိုရင် ဆီဈေးကအစ တက်သွားမယ်။ အခုက ဆီဈေးက ပုံမှန်ဆို အဆင်ပြေတယ်လေ” လို့ ပြောပါတယ်။
မြ၀တီ-မဲဆောက် နယ်စပ်တလျှောက်မှာရှိတဲ့ လက်လုပ်လက်စား မြန်မာနိုင်ငံသားတွေ အဓိက အခက်အခဲကြုံတွေရမှာ ဖြစ်သလို ကားသမားတွေလည်း ဒုက္ခရောက်ကြမယ်လို့ မြ၀တီ-မဲဆောက် တံတားထိပ်မှာ ကားပြေးဆွဲနေသူ တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း ထိုင်းနိုင်ငံရေး မတည်ငြိမ်မှုတွေ စဖြစ်လာကတည်းက ဘန်ကောက်ကနေ ဆင်းလာမယ့် ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေ နည်းပါးသွားတာကြောင့် ခရီးသည် ရရှိမှု လျော့ကျလာတယ်လို့ ပြောပါတယ်။

“ခရီးသည်ပါးတယ်၊ ခရီးသည် သိပ်မကျဘူး။ အရင်တုန်းကဆို ကားအဆွဲကောင်းတယ်၊ အခုက လမ်းကြောင်းတွေ ပိတ်လားတော့ မသိဘူး။ ခရီးသည် သိပ်မဆင်းကြဘူး။ ကားမှာ ခရီးသည် သိပ်မပါဘူး။ ကျနော်တို့ ကားသမားတွေ သိပ်မဆွဲရဘူး။”
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ လက်ရှိအစိုးရကို ဆန့်ကျင်ဆန္ဒပြ ပွဲတွေဟာ အခု ရက်ပိုင်းမှာ အရှိန်မြင့်လာပြီး ရက်ရှည်ကြာနိုင်တဲ့ အနေအထားတွေကိုလည်း တွေ့နေရပါတယ်။

ဆန္ဒပြပွဲတွေကြောင့် လမ်းတွေပိတ်တာတွေ၊ ကုန်စည်စီးဆင်းမူ နှောင့်နှေးတာတွေ တွေ့နေရပေမယ့် ပြတ်တောက်သွားတာတွေတော့ မရှိသေးပါဘူး။

ဒါပေမယ့်လည်း ခရီးသွားလုပ်ငန်းတွေကတော့ သိသိသာသာ ထိခိုက်နေပြီး မြန်မာအလုပ်သမား နေ့စား အလုပ်လုပ်သူတွေ အလုပ်မရှိတာတွေတော့ တွေ့နေရပါတယ်။
DVB

အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာနမှ အလုပ်ရပ်ဆဲမှုဆိုင်ရာထုတ်ပြန်ချက်များအား အလုပ်သမားသမဂ္ဂများမှ ကန့်ကွက်သွားမည်


ရန်ကုန် ဇန်နဝါရီ ၁၅

ယခုလက်ရှိတွင် အလုပ်သမား အလုပ်ကိုင် နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ အလုပ်ရပ်ဆဲမှုဆိုင်ရာ ဆိုင်ရာထုတ်ပြန်ချက်များအပေါ် မြန်မာနိုင်ငံအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (ယာယီ) အနေဖြင့် ကန့်ကွက်ကြောင်း သဘောထားမှတ်ချက်များကို အလုပ်သမား အလုပ်ကိုင် နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသို့ ပေးပို့ သွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၅ ရက်နေ့က သိရသည်။

အလုပ်ရပ်ဆဲမှုဆိုင်ရာ ဆိုင်ရာထုတ်ပြန်ချက်အား အလုပ်သမား အလုပ်ကိုင် နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ၂၀၁၃ ခုနှစ်တွင်ထုတ်ပြန်ထားခဲ့သော်လည်း ယခုအချိန်တွင် အကြောင်းအမျိုးကြောင့် အလုပ်ရပ်ဆဲမှုဆိုင်ရာ ဖြင့်အလုပ်သမားသမဂ္ဂများအား အလုပ်ထုတ်နေခြင်းကြောင့်ဖြစ်ကြောင်း မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂအဖွဲ့ ချုပ်မှ ဥက္ကဋ္ဌ ဦးအောင်လင်းကပြောသည်။

“လက်ရှိမှာ အလုပ်သမဂ္ဂခေါင်းဆောင်တွေဟာ အလုပ်ရပ်ဆဲမှုဆိုင်ရာ ဆိုင်ရာထုတ်ပြန်ချက်နဲ့ အလုပ်ခံနေ ရတယ်။ အခုအချိန်အထိ အလုပ်သမားသမဂ္ဂတွေကို ကာကွယ်တဲ့ဥပဒေတွေ မရှိသေးဘူး ဒီအတိုင်းသာ ဆက်သွား နေမယ်ဆိုရင် ဖိနိုပ်ခံနေရဦးမှာပဲ ” ဟု မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးအောင်လင်းက ဆိုသည်။

မြန်မာနိုင်ငံအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (ယာယီ) အနေဖြင့်လည်း လက်ရှိ ကမ္ဘောဒီးယားနိုင် ငံတွင် ဖြစ်ပေါ်နေသော အလုပ်သမားဆန္ဒပြမှုများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ အစိုးရအား မီးမောင်းထိုးပြသွားမည် ဖြစ်ကြောင်း ဒေါက်တာအာကာမိုးသူက ပြောသည်။

“ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံက အလုပ်သမားအရေးတွေနဲ့ နှိုင်းယှဉ်ပြီးတော့ သူနိုင်ငံမှာဖြစ်တာ နဲ့ ကိုယ်နိုင်ငံမှာ ဖြစ်တာကို အစိုးရကို မီးမောင်းထိုးပြသွားဖို့ တော့ရှိတယ်။ အခု သူတို့ နိုင်ငံမှာနဲ့ ကျွန်တော်တို့ နိုင်ငံ မှာ က ကျွန်တော်တို့ နိုင်ငံ နည်းနည်းလေးပဲ ကွာတယ် ” ဟု ၎င်းက  လက်ရှိမြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေ သော အလုပ်သမားဆန္ဒပြမှုများနှင့် လက်ရှိတွင် ကမ္ဘောဒီးယားနိုင်ငံ၌ ဖြစ်ပေါ်နေသော အလုပ်သမား ဆန္ဒ ပြမှုကွာခြားမှုများအား သုံးသပ်ပြောဆိုသည်။

အလုပ်သမားရပ်ဆဲမှုဆိုင်ရာ သဘောထားကြေငြာချက်အား ၁၆ ရက်နေ့တွင် အလုပ်သမား အလုပ်ကိုင် နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနအား ကန့်ကွက်ကြောင်းသဘေားထားကြေငြာချက်အားပေးပို့ သွားမည်ဖြစ်ကြောင်းသိ ရသည်။

နှင်းနွယ်
The Myanma Age

ယာယီဝန်ကြီးချုပ် ရင်လပ်နှင့် ဝန်ကြီးများအား ဖမ်းဆီးမည်


ထိုင်းအစိုးရ ရာထူးမှ နုတ်ထွက်ခြင်း မရှိပါက ယာယီဝန်ကြီးချုပ် ရင်လပ်နှင့် ဝန်ကြီးများအား ဖမ်းဆီးမည်ဟု အတိုက်အခံ ခေါင်းဆောင် ပြောကြား

ထိုင်းနိုင်ငံတွင် ဗန်ကောက်မြို့တော်အား ချည့်နဲ့သွားစေရန် အတွက် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူများက ပိတ်ဆို့မှုများ နှစ်ရက်ကြာ ပြုလုပ်ပြီးနောက် ယာယီ ဝန်ကြီးချုပ် ရင်လပ်နှင့် အစိုးရ အဖွဲ့မှ အဓိက ဝန်ကြီးများက ရာထူးမှ နုတ်ထွက်ခြင်း မရှိပါက ယာယီ ဝန်ကြီးချုပ် ရင်လပ်နှင့် သူမ၏ ဝန်ကြီးများအား ဖမ်းဆီး သွားမည် ဖြစ်ကြောင်း အတိုက်အခံ ခေါင်းဆောင် တစ်ဦး ဖြစ်သူ ဆူသက်သောင် ဆူဘန်က ဇန်နဝါရီ ၁၄ရက်တွင် ခြိမ်းခြောက် ပြောကြား ခဲ့ကြောင်း သိရသည်။

အစိုးရ ဆန့်ကျင်သည့် ဆန္ဒပြသူများသည် လာမည့်ရက်များ အတွင်း မြို့တော်ရှိ အစိုးရအဖွဲ့၏ အဆောက်အအုံများကို ဝန်းရံပိတ်ဆို့ သွားမည် ရာထူးမှ နုတ်ထွက်ရန် ဆက်လက် ငြင်းဆန် နေမည်ဆိုပါက ယာယီဝန်ကြီးချုပ် ရင်လပ်နှင့် အစိုးရ အဖွဲ့မှ အဓိက ကျသည့် ဝန်ကြီးများ၏ နေအိမ်များကို ပိတ်ဆို့ သွားမည်ဖြစ်ကြောင်း၊ ယင်းအခြေ အနေတွင် အစိုးရ အနေဖြင့် ရာထူးမှ နှုတ်ထွက်ပေးရန် ဆက်လက်ငြင်းဆန် နေပါက ဆန္ဒပြသူ များက ဝန်ကြီးချုပ် ရင်လပ်နှင့် သူမ၏ အစိုးရ အဖွဲ့ဝင် ဝန်ကြီးများအား ဖမ်းဆီးရမည် ဖြစ်ကြောင်း ဆန္ဒပြ ပြည်သူများအား မိန့်ခွန်း ပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ကြောင်း သိရသည်။

အတိုက်အခံ ခေါင်းဆောင်သောင် ဆူဘန်သည် အစိုးရအဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးရေးကို အပြင်းအထန် ငြင်းဆိုခဲ့ပြီး နိုင်ငံအတွင်းရှိ ရင်လပ် ဦးဆောင်သည့် ယာယီ အစိုးရက ရာထူးမှ နုတ်ထွက်သွား သည်အထိ ဆန့်ကျင်ဆန္ဒပြ သွားရန် ဆုံးဖြတ် ထားကြောင်း သိရသည်။

အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများသည် ဇန်နဝါရီ ၁၄ရက် နံနက်ပိုင်းက အစိုးရ အဖွဲ့၏ အကောက်ခွန်ဌာန၊ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာနနှင့် အလုပ်သမား ဝန်ကြီး ဌာနများအား ဝန်းရံပိတ်ဆို့၍ ဆန္ဒပြခဲ့ကြောင်း သိရသည်။
 မြ၀တီ

ပါရာဂိမ်း ပြေးခုန်ပစ်တွင် မြန်မာက ပထမဆုံး ရွှေဆွတ်ခူး







ပြေးခုန်ပစ်အားကစားနည်းထဲမှာ ပါဝင်တဲ့ ထိုင်လျက် သံလုံးပစ်ပြိုင်ပွဲမှာ ဦးထူးထူးအောင် (ဆေးအဆင့် ၅၆) က ရွှေတံဆိပ် ပထမဆုံးအကြိမ် ဆွတ်ခူး ရရှိသွားပါတယ်။ အမျိုးသမီးသံပြားပစ်ပြိုင်ပွဲမှာတော့ မြန်မာမှ မတင်တင်ခိုင်က ကြေးတံဆိပ် ရရှိပါတယ်။ ပြေးခုန်ပစ် အားကစားနည်းမှာ ရွှေတံဆိပ် ၁၂၁ ခု ချီးမြှင့်မှာဖြစ်ပါတယ်။

လက်ရှိ ကျင်းပနေတဲ့ ၇ ကြိမ်မြောက် အာဆီယံ ပါရာဂိမ်းပြိုင်ပွဲမှာ ဆုတံဆိပ်ပေါင်း ၁၀၃၇ ဆု ချီးမြှင့်မှာ ဖြစ်ပါတယ်။

ပြိုင်ပွဲကို ဇန်န၀ါရီ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့ထိ နေပြည်တော် ၀ဏ္ဏသိဒ္ဓိ အားကစားရွာမှာ အားကစားနည်း ၁၂ မျိုးကို ကျင်းပ ပြုလုပ်မှာ ဖြစ်ပါတယ်။

အိမ်ရှင် မြန်မာနိုင်ငံ အပါအဝင် အာဆီယံဒေသတွင်းနိုင်ငံမှာ မသန်စွမ်း အားကစားသမား ၁၁ဝဝ ကျော် ယှဉ်ပြိုင်မှာ ဖြစ်ပြီး မြန်မာနိုင်ငံက အားကစားသမား ၂၁၃ ဦး ပါဝင်မှာ ဖြစ်ပါတယ်။

ပါရာဂိမ်းပြိုင်ပွဲကို မလေးရှားနိုင်ငံမှာ ၂၀၀၁ ခုနှစ်က ပထမဆုံးအကြိမ် ကျင်းပ ပြုလုပ်ခဲ့ပြီး ၇ ကြိမ်မြောက် အာဆီယံပါရာဂိမ်းပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတာပါ။
DVB

အာနန္ဒာဘုရားပွဲ လူထောင်ချီ ပါဝင်ဆင်နွှဲ


မန္တလေးတိုင်း ပုဂံမြို့မှာ နှစ်ပေါင်း ၇၅၀ နီပါး ကျင်းပလာတဲ့ အာနန္ဒာ ဘုရားပွဲကို ပြာသို လဆန်း ၈ရက် မှ ပြာသိုလကွယ်နေ့ထိ ကျင်းပနေပြီး ပုဂံအပါအ၀င် ရွာနီးချုပ်စပ်က ဒေသခံတွေ ထောင်ချီ ပါဝင် ဆင်နွှဲကြပါတယ်။

အာနန္ဒာ စေတီအနီးက အရိပ်ကောင်းတဲ့ သစ်ပင်၊ စေတီတွေမှာ နွားလှည်းတွေနဲ့ ရွာနီး ချုပ်စပ်က ထောင်နဲ့ချီတဲ့ ရွာသူ/ရွာသားတွေက ၄၊ ၅ ရက် စတည်းချ နေထိုင်ပြီး ဘုရားပွဲကို ပျော်ရွှင်စွာ ဆင်နွှဲကြတာပါ။

ဒါ့အပြင် အနယ်နယ်အရပ်ရပ်က လာရောက်ရောင်းချတဲ့ ၁၂ ရာသီ ဈေးတန်းမှာလည်း ဆိုင်ခန်းပေါင်း ၂၀၀၀ ရှိပြီး ဗေဒင်လဏ္ခာဟောတာတွေအပါအ၀င် အိုးပုတ် ချိုးရုပ် စဥ့်ထည်ပစ္စည်းတွေကအစ ရောင်းချနေပါတယ်။

ပြာသိုလပြည့်နေ့မှာတော့ ရိုးရာအစဉ်အလာကြီးမားတဲ့ ဆွမ်းသပိတ်လုံး လောင်းလှူပွဲကို ကျင်းပကြပါတယ်။ ဆွမ်းသပိတ်လုံးထဲမှာ မွေးတိုင်၊ ဖယောင်း တိုင် ပဲ၊ နှမ်း စတဲ့ ခြံထွက် လှူဖွယ် ပစ္စည်းနဲ့ ဒီနှစ်မှာ သံဃာတော် အပါး ၉၈၀ ကို ဆွမ်းသပိတ်လုံးလောင်းလှူကြပါတယ်။ ဆွမ်းလာလောင်းနေတဲ့ ရွာသူတဦးက ဆွမ်းလောင်းလှူတာနဲ့ ပတ်သက်ပြီး တော့ အခုလို ရှင်းပြပါတယ်။

“ပြာသိုလပြည့်နေ့ကျတော့ ဆွမ်းဆန်စိမ်း၊ ဆွမ်းဆန်လည်း လုပ်လို့ရတယ်၊ ပဲဆွမ်းလည်း လုပ်လို့ရတယ်။ အလှူငွေတွေကတော့ ကိုယ်တက်နိုင်သလောက် ရတယ်။ အဲကျမှ အဒေါ်တို့က ဒီသပိတ်ကို ချကပ်တယ်။ ဘုရားကို ကပ်ပြီးရင် ဂေါပကလူကြီးတွေက သံဃာတော်တွေကို တခါ တည်း တပါးကို ၅ လုံးကျရရင် ၅ လုံး ပင့်သံဃာမရှိတဲ့ ကိုယ်တော် လာကြွလို့ရတယ်။ သပိတ်လုံးတွေကို ဂေါပကအဖွဲ့က စစ်ယူပြီး တပါး ၅ လုံးဆို ၅ လုံး၊ ၃ လုံးဆို ၃ လုံး ကပ်ပြီးတော့ ရေစက်ချပြီး ဒါနပြုတာပေါ့။”

တချို့က ဘုရားကို သပိတ်အပြည့် ဆွမ်းဟင်းကပ်လှူပါတယ်။ ဒီနောက် နီးစပ်ရာ သံဃာတော်တွေကို ဆွမ်းဟင်းကပ်လှူပြီး ရွှေသပိတ်သွပ်အလှူကို ပြုကြသလို လပြည့်ကျော် သပိတ်ချပြီးမှပဲ ပြန်ကြတာပါ။

အာနန္ဒာဘုရားဂေါပကအဖွဲ့ ဒုဥက္ကဋ္ဌ ဦးအောင်သန်းက ပြာသိုလပြည့်နေ့ ဆွမ်းသပိတ်လောင်း လှူပွဲဟာ မြန်မာနို်င်ငံမှာတော့ အထင်ရှား အကြီးကျယ်ဆုံးဖြစ်သလို နွားလှည်းတွေနဲ့ လာရောက်ဆင်နွှဲကြတယ်လို့ ပြောပါတယ်။

နယ်ကလာရောက်တဲ့ဘုရားဖူးတွေ အဆင်ပြေစေဖို့လည်း ဂေါပကအဖွဲ့က ရေနဲ့ လျှပ်စစ်မီးကိုလည်း ရရှိအောင် စီစဉ်ပေးထားပါတယ်။

အာနန္ဒာ ဘုရားဟာ ပုဂံမြို့ ဟောင်း သရပါတံခါးရဲ့ အရှေ့ တောင်ဘက်မှာ တည်ရှိပြီး ခရစ်နှစ် ၁၀၉၀ ခုနှစ် ကျန်စစ်သားမင်းကြီးက တည်ထားကိုးကွယ်ခဲ့ပါတယ်။

အာနန္ဒစေတီကို ဂူပုထိုး (Temple) ပုံစံတည်ဆောက်ထားတာဖြစ်ပြီး အလျား ၁၆၈ ပေမြင့်ပြီး အနံတဖက်လျှင် ၂၈၉ ပေ ရှိပါတယ်။

ညောင်ဦးမြို့နယ် ညောင်ပင်ကံအုပ်စု ရွာသာကြီးကျေးရွာက ရွာသားကတော့ ငယ်စဉ်ကတည်းက မိခင်ဖခင်နဲ့အတူ ဒီပွဲကို လာခဲ့တဲ့အတွက် မလာရရင် မနေနိုင်ဖြစ်မိတယ်လို့ ပြောပါတယ်။
ဒီအချိန်ဟာ ရွာသူရွာသားတွေအတွက် အလုပ်နည်းနေတဲ့ အချိန်ဖြစ်သလို အနီးနားက ဘုရားတွေကိုလည်း ဘုရားဖူးတဲ့အနေနဲ့ သွားရောက်ကြပါတယ်။

ရုပ်ရှင်တွေ ဗွီဒီယိုတွေ ရှားပါးတဲ့ အရင်အချိန်က ဒီပွဲမှာ ရုပ်ရှင် ဗွီဒီယို ကြည့်ရ တာ အမှတ်တရတခုဖြစ်ပေမယ့် အခုတော့ ဒါတွေ မရှိတော့ဘူးလို့ ရွာသားတဦးက ပြောပါတယ်။

ဒါပေမယ့်လည်း အရင်တချိန်ကစပြီး အခုချိန်ထိ ဘုရားပွဲကို လာရင် တနှစ်ပတ်လုံး အန္တရာယ်ကင်းသလို စိုက်ပျိုးသီးနှံတွေ အောင်မြင်စေတယ်ဆိုတဲ့ အယူအဆကတော့ အခုချိန်ထိ ရှင်သန်နေဆဲ ဖြစ်ပါတယ်။
DVB

၂ နှစ်အတွင်း အခန်းပေါင်း ၃၅၀၀၀ တည်ဆောက်မည်


မြို့ရွာနဲ့ အိုးအိမ် ဖွံ့ဖြိုးရေးဌာနဟာ လာမယ့် ၂ နှစ်အတွင်း တန်ဖိုးနည်းနဲ့ အထပ်မြင့် အိမ်ရာစီမံကိန်းတွေကနေ အခန်းပေါင်း ၃ သောင်း ၅ ထောင် တည်ဆောက် ဖော်ထုတ်ဖို့ စီစဉ်နေတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်က ပြောပါတယ်။

ဇန်န၀ါရီ ၁၄ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ၂၀၁၄ – ၁၅ အမျိုးသားဘဏ္ဍာရေး ဥပဒေကြမ်းကိစ္စ ဆွေးနွေးတဲ့အခါ သူက ခုလို ပြောသွားတာ ဖြစ်ပါတယ်။

တည်ဆောက်ဖော်ထုတ်မယ့် စီမံကိန်းတွေထဲမှာ အကြီးဆုံးကတော့ ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ဖော်ထုတ်မယ့် ဧရာဝဏ်နဲ့ ရတနာ အထပ်မြင့်စီမံကိန်း ဖြစ်ပြီး ၁၈ ထပ် တိုက် ၄၉ လုံး ကနေ အခန်း စုစုပေါင်း ၂ သောင်းလောက် ပါဝင်မယ်လို့ သူက ပြောပါတယ်။

ကျန်တဲ့ စီမံကိန်းတွေကတော့ လှိုင်သာယာမြို့နယ်မှာ ထီးလှိုင်ရှင်နဲ့ ကျန်စစ်မင်း စီမံကိန်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ကျီစုအရှေ့စီမံကိန်းနဲ့ အခြား စီမံကိန်းတွေ ပါဝင်တယ်လို့ ပြည်ထောင်စုဝန်ကြီးက ရှင်းလင်း ပြောဆိုပါတယ်။
DVB

ထိုင်း ၀န်ကြီးချုပ်ဟောင်း အဖိဆစ် နေအိမ် ဗုံးကွဲ


ထိုင်း ၀န်ကြီးချုပ်ဟောင်း အဖိဆစ် ဝေ့ချာချီဝ (ဓာတ်ပုံ – Thai Govt)

ထိုင်း အတိုက်အခံ ဒီမိုကရက်ပါတီ ခေါင်းဆောင် ၀န်ကြီးချုပ်ဟောင်း အဖိဆစ် ဝေ့ချာချီဝ ၏ နေအိမ်၌ ယမန်နေ့က ဖြစ်ပွားခဲ့သည့် ဗုံး ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး သံသယရှိသူ ၄ ဦးကို ဖမ်းမိကြောင်း ထိုင်း သတင်းများက ဖော်ပြသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Sukhumvit ၃၁ လမ်းရှိ အဖိဆစ် ဝေ့ချာချီဝ ၏ နေအိမ်အတွင်းသို့ ဗုံးဖြင့်ပစ်ခွဲမှု ဖြစ်ပွားခြင်း ဖြစ်သည် ဟု ဘန်ကောက်ပို့စ် သတင်းတွင်လည်း ဖော်ပြထားသည်။

ယင်းပေါက်ကွဲမှုကြောင့် နေအိမ် အနည်းငယ် ပျက်စီးသွားပြီး ဒဏ်ရာရ သေဆုံးမှု မရှိကြောင်း၊ သံသယရှိသူ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး တဦးတို့ကို ဖမ်းဆီးရမိထားကြောင်း ထိုင်း ဘာသာဖြင့် ထုတ်လွှင့်နေသည့် ထိုင်းသတင်းများက ဖော်ပြကြသည်။

အဆိုပါ သံသယရှိသူ ၄ ဦးကို ယနေ့ နံနက် စောစောပိုင်းက အခင်းဖြစ်ပွားသည့် Sukhumvit နယ်မြေတ၀ိုက် စုံးစမ်းစစ်ဆေးမှုများပြုလုပ်နေစဉ် ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း၊ အဖမ်းခံရသူများမှာ အသက် ၃၁ နှစ်မှ ၅၃ နှစ် ၀န်းကျင် အရွယ်များ ဖြစ်ပြီး စုံးစမ်း စစ်ဆေး ရန် ဘန်နာရဲ စခန်းတွင် ထိန်းသိမ်းထားကြောင်း ထိုင်းသတင်း များက ဆိုသည်။

သက်သေခံပစ္စည်းအဖြစ် ဖမ်းဆီးခံထားရသူ ၄ ဦးထံမှ လက်ပစ်ဗုံး ၂ လုံးကို သိမ်းဆည်းရမိကြောင်းနှင့် နယ်မြေခံ ရဲအာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်၍ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်းလည်း သိရသည်။

သို့သော် မည်သည့်အဖွဲ့က ပြုလုပ်ကြောင်း ထိုင်းသတင်းများက ဖော်ပြထားခြင်းမရှိသော်လည်း လက်ရှိ ထိုင်းဝန်ကြီးချုပ် ယင့်လတ် ၏ အစ်ကို တော်စပ်သူ ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ကို ထောက်ခံသည့် တခြားသော အဖွဲ့တဖွဲ့က ပြုလုပ်ခြင်း ဖြစ်နိုင်ကြောင်း ထိုင်းလုံခြုံရေး တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။

“သက်ဆင်ကို ထောက်ခံသူတွေက ဒီလို အကြမ်းဖက်မှုတွေကို ပြုလုပ်လေ့ရှိတယ်”ဟု ၎င်းက ဆိုသည်။

အဖိဆစ် ဝေ့ချာချီဝကမူ“ အခုလို ခြိမ်းခြောက်ပေမယ့် ဆန္ဒပြမှုတွေက ရပ်တန့်သွားမှာ မဟုတ်ဘူး”ဟု ပြောကြားကြောင်း Bluesky Channel အင်တာနက် စာမျက်နှာတွင် ယနေ့ ဖော်ပြထားသည်။

အဖိဆစ် ဝေ့ချာချီဝ သည် လက်ရှိ ၀န်ကြီးချုပ် ယင့်လတ် မတိုင်ခင် ၀န်ကြီးချုပ် တာဝန်ကို ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ်ကလည်း အတိုက်အခံ ခေါင်းဆောင်များ တောင်းဆိုထားသည့် အစိုးရမှ နုတ်ထွက်ပေးရေးကို လက်မခံဘဲ ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်နေသည်ဟု ဆိုသည်။

ယမန်နေ့ကလည်း ဘန်ကောက်မြို့ လုံဖိနီတွင် ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိပ်တိုက်တွေ့ဆုံခဲ့ရာ လုံးခြုံရေး တပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

ပဋိပက္ခများ ဖြစ်ပွားမှုကြောင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ၂၆ မှ စတင်၍ ယနေ့အထိ ၃ ဦး သေဆုံး၍ ဒဏ်ရာ ရရှိသူ ၁၉၄ ဦးရှိကြောင်း သတင်းများအရ သိရသည်။

ဇန်န၀ါရီ ၁၂ ရက်နေ့မှစတင်၍ ဘန်ကောက်မြို့လယ် နေရာများ ပိတ်ဆို့ ဆန္ဒပြမှုတွင် အချက်အချာကျသည့် Ratchaprasong နှင့် Pathumwan နေရာများ လည်း ပါဝင်သည်။

ဘန်ကောက်မြို့တွင် ပိတ်ဆို့ ဆန္ဒပြသူများကို ဦးဆောင်နေသည့် ဆူထေ့ပ် သပ်ဆူဗန်က ယင့်လတ် အစိုးရ နုတ်ထွက် ပေးရေးမှလွဲပြီး တခြားမည်သည့် ညှိနှိုင်းမှုမျိုးကိုမှ လက်ခံမည် မဟုတ်ကြောင်း၊ သွားလာလှုပ်ရှားမှုနှင့် စီးပွားရေး လုပ်ငန်းများ ရပ်တန့်သွားစေရန် ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောကြားထားသည်။

၂၀၁၃ ခုနှစ် နိုဝင်ဘာ လဆန်းပိုင်းက စတင်ခဲ့သည့် ဆန္ဒပြမှု ပဋိပက္ခများသည် ပြည်ပ၌ တိမ်းရှောင်နေရသော ထိုင်း ၀န်ကြီးချုပ် ဟောင်း သက်ဆင် ရှင်နာဝပ် ထိုင်းနိုင်ငံပြန်လာနိုင်ရေး အတွက် လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကြမ်းကို ညီမတော်စပ်သူ လက်ရှိ ၀န်ကြီးချုပ် ယင့်လတ်က လွှတ်တော်တွင် အတည်ပြုချက်ယူခဲ့ရာက စတင်ခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ၂၀၀၆ ခုနှစ်က အာဏာသိမ်းခံရပြီးနောက် ပြည်ပတွင် နေထိုင်နေသူ ဖြစ်သည်။
ဧရာဝတီ

ခင်ဝင့်ဝါနှင့် မိုးစက်ဝိုင်ပါဝင်သည့် ကမ္ဘာ့အလှမယ် ၁၂ ဦးစာရင်းမှ ၆ ဦးစာရင်းသို့ စကာတင်ရွေးချယ်တော့မည်


By Swesone Media

မောင်တောတွင် ရဲတပ်ဖွဲ့ တိုက်ခိုက်ခံရ၊ ရဲ ၁ ဦး ပျောက်ဆုံး


ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ထဲရှိ ဒုချီးရတန်း အလယ်ရွာမှာ ကင်းလှည့်နေတဲ့ ရဲတွေကို ဘင်္ဂါလီရွာသားအုပ်စုက ၀ိုင်းဝန်းရိုက်နှက်ခဲ့တဲ့အတွက် ရဲတပ်ကြပ်ကြီးတဦး လက်နက်နဲ့အတူ ပျောက်ဆုံးနေတယ်လို့ ပြည်နယ်အစိုးရအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဇန်န၀ါရီ ၁၃ ရက်ညပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး ပျောက်ဆုံးနေတဲ့ ရဲတပ်ကြပ်ကြီးနဲ့ သူ့လက်နက်ကို ရှာဖွေနေတုန်းလို့ ပြည်နယ်အစိုးရအဖွဲ့ရဲ့ ပြောခွင့်ရ ဦးဝင်းမြိုင်က ပြောပါတယ်။

“ခရေမြိုင်ရဲဂိတ်ရယ်၊ မောရ၀တီ ရဲဂိတ်ရယ် နောက် အဲဒီက ယာယီနယ်မြေခံ တပ်ဖွဲ့တွေနဲ့ ရဲအင်အား ပေါင်းပြီး ရှာဖွေနေတုန်းပါပဲ။ တရားခံရော၊ ပျောက်သွားတဲ့သူကော ရှာဖွေနေတုန်း ပါပဲ။”

ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း အပါအ၀င် ရဲတပ်သား ၃ ဦးနဲ့ ရပ်ရွာအုပ်ချုပ်ရေးမှူး ၁ ဦးတို့ ပါဝင်တဲ့ ၅ ဦးအဖွဲ့ဟာ မောင်တောမြို့နဲ့ ၆ မိုင်လောက်အကွာမှာ တည်ရှိတဲ့ ဒုချီးရတန်းရွာကို လုံခြုံရေး ကင်းလှည့်ဖို့အသွား ဒေသခံရွာသားတွေက ၀ိုင်းဝန်းရန်မူ တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

အခင်းဖြစ်ပွားပြီးတဲ့နောက် အခင်းဖြစ်ရွာကို ရောက်ရှိခဲ့တဲ့ မောင်တောမြို့ခံ ဦးလှမြင့်က အခင်း ဖြစ်ပွားခဲ့ပုံကို အခုလို ပြောပါတယ်။

“ဒုချီးရတန်း အလယ်ရွာမှာ ကင်းလှည့်ကြတာပေါ့။ ကင်းလှည့်တဲ့အချိန်မှာ သူတို့က ဓားပြလာ တိုက်တယ် ပြောပြီး ရဲတွေနောက် လိုက်လာတယ်။ ရဲတွေက မဟုတ်ဘူး။ ငါရဲပဲ ကင်းလှည့်တာ ယူနီဖောင်းလည်းပါတယ် ပြောတာ မရဘူး။ သူတို့က ၀ိုင်းလိုက်တယ်။ ၀ိုင်းတဲ့အချိန်မှာ ရိုင်ဖယ် သေနတ်ကို ထောင်ပြီး ပစ်တယ်။ သေနတ်က မပေါက်ဘူး။ မပေါက်တော့ ထွက်ပြေးကြတယ်။ ကိုအောင်ကျော်သိန်း ဆိုတဲ့ တပ်ကြပ်ကြီးက မထွက်ပြေးဘူး။ သူမှာ အမ်အေ ၃၂ သေနတ်နဲ့ ကျဉ် ၁ တောင့်ပါတယ်။ ခံပြီးနေတယ်။ မရတော့ဘူးဆိုတော့ သေနတ်ကို ထောင်ပစ်တယ်။ သူ့ကို လူပေါင်း ၃၀၀ ကျော်က ၀ိုင်းရိုက်ကြတယ်။”

အဲဒီနောက် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေ လိုက်သွားပြီး တရားခံ ရှာဖွေတဲ့ အချိန်မှာတော့ ရွာထဲမှာ ကလေးနဲ့ အမျိုးသမီးတွေပဲ ကျန်ရှိတော့ပြီး ယောက်ျားတွေ တယောက်မှ မရှိတော့ဘူးလို့ ပြောပါတယ်။

မောင်တောပဋိပက္ခ ဖြစ်ပွားပြီးနောက်ပိုင်း အခုလို ရဲတပ်ဖွဲ့ဝင်တွေကို အကြမ်းဖက် တိုက်ခိုက်တာ ဒါ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ပြည်နယ်အစိုးရအဖွဲ့ရဲ့ ပြောခွင့်ရ ဦးဝင်းမြိုင်ကတော့ ဒီလို ရန်မူတဲ့လုပ်ရပ်ဟာ ဒေသတွင်း အေးအေးချမ်းချမ်း ရှိနေတာကို ဆွပေးသလို ဖြစ်နေတယ်လို့ ပြောပါတယ်။

“ဒီလို အေးအေးချမ်းချမ်း ဖြစ်နေတာကို နောက်ထပ် ပြန်ဖြစ်အောင်များ ဆွပေးနေ သလားတော့ မသိဘူး။ သူတို့ ငြိမ်းငြိမ်းချမ်းချမ်းရှိတာကို သက်ဆိုင်ရာက သွားနေတဲ့ အဖွဲ့အစည်းတွေက ဥပဒေအတိုင်း ဆောင်ရွက်ပေးဖို့ သွားတာကို သူတို့ကို ရန်ပြုတာလည်း မဟုတ်ဘူး၊ ကင်းလှည့်ဖို့ သွားတာ ရန်ပြုတယ်ဆိုတာတော့ မကောင်းဘူးပေါ့။”

ပြီးခဲ့တဲ့ ၂၀၁၃ ဒီဇင်ဘာ လကုန်ပိုင်းကလည်း စစ်တွေမြို့က တရုတ်သင်္ချိုင်း အုတ်ဂူတွေကို ဖျက်ဆီးဖို့ ကြိုးပမ်းခဲ့တဲ့ ဘင်္ဂါလီ ၆ ဦးကို တားဆီးတဲ့ ရဲတပ်ဖွဲ့ဝင် ၂ ဦး ပြန်လည်အန္တရာယ်ပြုခံခဲ့ရတဲ့အတွက် ရဲတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး ၁ ဦး ဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်။

မောင်တောမြို့မှာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇွန်လအတွင်း ပဋိပက္ခတွေ စတင်ဖြစ်ပွားခဲ့ရာကအစ ရခိုင်ပြည်နယ်ထဲ ပဋိပက္ခတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး ပဋိပက္ခအတွင်း လူ ၂၀၀ ကျော် သေဆုံးခဲ့တယ်လို့ အစိုးရက တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။

အခုအချိန်ထိ ပြည်နယ်ထဲ ဒုက္ခသည် ၁ သိန်း ၃ သောင်းကျော်ကို ကူညီစောင့်ရှောက် ထားရပါတယ်။
DVB

မောင်တောတွင် သေနတ်ဖြင့် ပျောက်ဆုံးနေသော ရဲတပ်ကြပ် ရှာဖွေမရသေး


ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဘင်္ဂလီရွာသားများ၏ တိုက်ခိုက်မူကြောင့် သေနတ်နှင့် အတူ ပျောက်ဆုံးနေသော ရဲတပ်ကြပ်ကြီးကို ယခုတိုင် ရှာဖွေ မတွေ့ရှိသေးဟု သတင်း ရရှိသည်။

ပျောက်ဆုံးနေသူမှာ တပ်ကြပ် အောင်ကျော်သိန်း ဖြစ်ပြီး လွန်ခဲ့သော တနင်္လာညနေ့ ကတည်းက ကင်းလှည့်နေစဉ် မောင်တောမြို့နယ် တောင်ပိုင်း ကင်းချောင်း မူဆလင်ရွာမှ ဘင်္ဂလီရွာသားများ၏ တိုက်ခိုက်ခံရပြီးနောက်ပိုင်း ပျောက်ဆုံးနေခြင်း ဖြစ်သည်။

ယခုရဲတပ်ကြပ် တစ်ဦးတိုက်ခိုက်ခံရမူသည် ရခိုင်ပြည်နယ် စစ်တွေ ခရိုင် ရဲမှူကြီး ဦးသစ်ဆန်းမှ ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် လုံခြုံရေး စိတ်ချရသော အနေအထားတွင် ရှိကြောင်း၊ ယခင် ရဲတပ်ရင်း (၃) ရင်းရှိရာမှ ရဲတပ် (၆) ရင်းထိ တိုးချဲ့ထားပြီ ဖြစ်ကြောင်း သတင်းမီဒီယာများသို့ ပြောဆိုပြီးနောက်ပိုင်း ရက်အနည်းငယ် အကြာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အခင်းဖြစ်ပွားပြီးနောက်ပိုင်း ပျောက်ဆုံးနေသူ ရဲတပ်ကြပ်အား ရှာဖွေနေသော်လည်း ယခုအချိန်ထိ ရှာဖွေ ရရှိခြင်း မရှိသေးကြောင်း အမည်မဖေါ်လိုသူ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

“ အခု သူ့ကို ရှာဖွေလို့ မရသေးဘူး။ အဲဒီ မွတ်ဆလင်ရွာသားတွေလည်း တစ်ယောက်မှာ ရွာမှာ မရှိတော့ဘူး။ ထွက်ပြေးသွားကြတယ်။ ဒါကို ထောက်ရင် သူတို့သတ်လိုက်ပြီလို့ ယူဆရတယ်။ အခု ပင်လယ်ကမ်းစပ်မှာ သွေးကွက်တွေတော့ တွေ့တယ်။ သူ့ရဲ့ ကျည်ဘောက်ကိုလည်း ပြန်တွေ့တယ်။ ဒါပေမယ့် သေနတ်နဲ့ လူကိုတော့ မတွေ့သေးဘူး” ဟု သူက ပြောသည်။

တနင်္လာနေ့ ညနေပိုင်းက ၎င်းရဲတပ်ကြပ် အောင်ကျော်သိန်းအပါအ၀င် ရဲတပ်သား (၃) ဦးကင်းလှည့်နေစဉ် ကင်းချောင်း ရခိုင်ရွာ အနောက်ဘက်တွင် တည်ရှိသော မူဆလင်ရွာသား ၇၀ ခန့်က တုတ်ဓါးများဖြင့်  ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ကြသည်ဟု ဆိုသည်။

ထိုသို့ တိုက်ခိုက်စဉ် ရဲတပ်သား နှစ်ဦးက ရိုင်ဖယ်သေနတ်ဖြင့် ပစ်ခတ်ရာ သေနတ်မှာ မပေါက်ကြောင်း၊ နောက်တစ်ဦးတွင် မောင်းပြန် အမျိုးအစား သေနတ်ဖြင့် ပစ်ခတ်ရာ ကျည်ဘောက်တွင် ကျည်ဆံ တစ်တောင့်သာရှိပြီး ကျန်ကျည်ဘောက်ကို ခါးတွင် လိုက်ထားသဖြင့် ပစ်ခတ်မရဖြင့် ထွက်ပြေးစဉ် တစ်ဦးမှာ ကျန်နေခဲ့ပြီး ယခုအချိန်ထိ ပျောက်ဆုံးနေခြင်း ဖြစ်ကြောင်း ဒေသခံ တစ်ဦးက သူကြားသိသမျှကို ပြောကြားသည်။

ယခုအခါ လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် ရွာများကို ပိတ်ဆို့ရှာဖွေနေကြောင်း၊ ၎င်းကင်းချောင်းရွာမှ အမျိုးသမီးများနှင့် ကလေးငယ် အချို့ကို ဂေါ်ဒူသာရ ကျေးရွာသို့ ထွက်ပြေးရောက်ရှိနေကြာင်း၊ အမျိုးသားများမှာ တစ်ယောက်မှ ရွာထဲတွင် မရှိကြောင်း သူက ဆက်လက် ပြောကြားသည်။

ယခု ရဲတပ်ဖွဲ့ဝင်များကို ဘင်္ဂလီများက အုပ်စုဖွဲ့ တိုက်ခိုက်မူသည် ဒုတိယ အကြိမ် ဖြစ်ပြီး ပထမ အကြိမ် တိုက်ခိုက်ခံရစဉ်က စစ်တွေ မှန်စီ သချိင်္ုင်းတွင် တာဝန်ကျနေသူ ကိုသန့်ဇင်ဝင်း(၂၂)နှစ်မှာ သေဆုံးခဲ့ပြီး ကျော်ကျော်မိုး (၂၂) နှစ်မှာ ဒဏ်ရာပြင်းထန်သဖြင့် ဆေးရုံသို့ တင်ပို့ခဲ့ရသည်။

ယခုကဲ့သို့ နိုင်ငံဝန်ထမ်း ရဲတပ်ဖွဲ့ဝင်များကို တာဝန်ထမ်းဆောင်နေချိန်တွင် အသတ်သေအောင်ထိ တိုက်ခိုက်သော်လည်း အမှန်တကယ် ပါဝင်သူ တရားခံများကို သက်ဆိုင်ရာမှ စိစစ်ဖေါ်ထုတ် အရေးယူ ဖမ်းဆီးနိုင်ခြင်း မရှိသဖြင့် ဒေသခံများအကြားတွင် အာဏာပိုင်များ၏ ပြုမူ ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး အထူးစိတ်ပျက်နေကြသည်ဟု သတင်းများ ရရှိသည်။
Narinjara

သံဖြူဇရပ်မြို့ ကွမ်းသတ်ကျေးရွာ အုပ်ချူပ်ရေးမှူးနှင့်အဖွဲ့ ရွာသားများအပေါ် နည်းမျိုးစုံသုံးကာ ငွေ ယူနေ

သံဖြူဇရပ်မြို့ ကွမ်းသတ်ကျေးရွာ အုပ်ချူပ်ရေးမှူးနှင့်အဖွဲ့ ရွာသားများအပေါ် နည်းမျိုးစုံသုံးကာ  ငွေ ယူနေပါသည်။မွန်ပြည်နယ် သံဖြူဇရပ်မြို့ကွမ်းသတ်ကျေးရွာ အုပ်ချူပ်ရေးမှူး ဦးမြသန်းနှင့်အဖွဲ့သည်  ဒီဇင်ဘာလ အတွင်းချပေးသော တန်းဖိုးနဲဖုန်း ၁၇လုံး ခွဲတမ်းရရှိခဲ့ပါသည် ကျေးရွာလူထု အတွက် (၁၀)လုံးသာ မဲဖောက်ခဲ့ပြီး ကျန်(၇)လုံးကို ကိုယ့် အကျိုး အတွက် အသုံးချနေကြပါသည်၊အစိုးရမှချပေးလျှက်ရှိသော ဖုန်းခွဲးတမ်းများကို လစဉ် ကိုယ့်သဘောနှင့်ကိုယ် ယူပြီး  ကျေးရွာလူထုအပေါ် ခေါင်းပုံဖြတ်လျှက် ရှိပါသည်၊ထိုမျှမက မဲပေါက်သော ပြည်သူများအပေါ် ၁၅၀၀ ကျပ် အစား ၆၀၀၀ကျပ် ကောက်ခံလျှက်ရှိပါသည်၊ တဖန် ပြည်သူ့စစ် များအတွက်  လစဉ်ထောက်ပံ့ကျေးဟုဆိုကာ တစ်အိမ် (၁၀၀၀) ကျပ် ကောက်ခံပြီး မပေးသောအိမ်ကို ကျေးရွာနားရေးအသင်းမှ ထုတ်ပယ်ပြစ်မည်ဟု၎င်း ၊ကိစ္စကြီးငယ်ဖြစ်ပေါ်လာပါက မဖြေရှင်းနိုင်ကြောင်း ခြိမ်းခြောက် ပြောဆိုလျှက်ရှိသည်၊  ထိုပြင် အိမ်ခြေ (၄၀၀) ကျော်ရှိသော ကွမ်းသတ်ကျေးရွာတွင် ပြည်သူ့စစ် အင်းအား(၁၁) ယောက် ရှိပေမယ့်လည်း ရွာထဲတွင် ဆိုင်ကယ် စက်ဘီး အခြားအသုံးအဆောင်ပစ္စည်းမျာ လစဉ် အခိုးခံနေရပြီး တခါတရံ အိမ်ပေါ်တက်ပြီး ခိုးနေတာ ကြုံနေရကြောင်း တခါမှဖမ်းဆီနိုင်ချင်း မရှိကြောင်း ကျေးရွာနေထိုင်သူ ဦး+++(အမည်မဖော်လိုသူ) မှရင်ဖွင့်သွားပါသည်၊ ယခုလည်း ကွမ်းသတ်ကျေးရွာ  အုပ်ချူပ်ရေးမှူး ဦးမြသန်းမှ ကန်တူး ငါးမွှေး စီးမံကိန်းဟုဆိုကာ တစ်အိမ်လျှင် ငွေကျပ် (၃၀၀၀၀)ကျပ် ကောက်ခံဖို့ အစီအစဉ် ချမှတ်လျှက်ရှိနေ၍  ကျေးရွာနေပြည်သူများ  အလွန်ဖိနှိပ်ခံလျှက်ရှိနေကြပါသည် ၊ သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရ၏ ကောင်းမွန်သော အုပ်ချူပ်ရေးစနှစ် ၊ သန့်ရှင်းသော အစိုးရ ကို ဖော်ဆောင်နေသော အချိန်ကာလ၌ ယခုကဲ့သို့  အာဏာကို တလွဲအသုံးချလျှက်ရှိသည့် ကွမ်းသတ် အုပ်ချူပ်ရေးမှူး ဝန်ထမ်းမျိုး ယခုခေတ် အပြောင်းအလဲတွင်  မရှိသင့်သောကြောင်း ကျေးရွာသူ/သားများ စိတ်ဒုက္ခ ရောက်နေကြကြောင်း ကျေးရွာနေ ပညာတတ် လူငယ်တစ်ဦးမှ ပြောဆိုသွားပါကြောင်း သတင်းရရှိပါသည်။*** ပေးပို့သူ (ကွမ်းသတ်ရွာသူ/သား)

Thanbyuzayat Watch
Myanmar CNN မှ တင်ဆက်သည်

Facebook သုံးတဲ့ သူငယ်ချင်းများ အထူးသတိပြုပါ


Facebook သုံးနေရင်း
အောက်ကPhoto လို Please log in again. ဆိုတဲ့ စာတန်းလေး ပေါ်လာရင် OK ဆိုတဲ့ စာလုံးလေးကို မနှိပ်ပါနဲ့ Photo Lock ကျသွားပါတယ်
အဲ့ဒီလိုဖြစ်နေရင် Home ကို နှိပ် ပြီးထွက်ပါ ပြီးရင် Facebook app ကို Uninstall လုပ်ပါ ပြီရင် facebook app ကို Install ပြန်လုပ်ပါ စိတ်အေးချမ်းသာစွာ အသုံးပြုလို့ ရပါပြီ။
မသိသေးသည့် သူငယ်ချင်းများကို သိအောင်ပြန် ရှယ်ပေးပါ
ကျွန်တော် အတွက် Like လုပ်ရန်မလိုပါ
ကိုယ်တွေ့ကြုံလို မျှဝေတာပါ
Man Thar Lay Phyu

ထိုင်းနယ်စပ် တာချီလိတ်၌ ဘန်ကောက်ပိတ်ဆို့မှုကြောင့် ကုန်စည်စီးဆင်းမှုရပ်တန့်


ထိုင်းနိုင်ငံက ဘန်ကောက်ပိတ်ဆို့မှု ဆန္ဒပြပွဲတွေရဲ့ ဂယက်အဖြစ် ထိုင်းမြန်မာနယ်စပ်ဂိတ်တွေမှာ ကူးသန်းရောင်းဝယ်မှုတွေ ကျဆင်းတာကြောင့် တာချီလိတ်မြို့မှာ စီးပွားရေးထိုးကျနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ထိုင်းနိုင်ငံက ကုန်ပစ္စည်းတွေ ဝင်ရောက်တဲ့ နယ်စပ်ဂိတ်တွေထဲကတစ်ခုဖြစ်တဲ့ တာချီလိတ်မြို့ဟာ နယ်စပ်ကုန်သွယ်ရေး ကျဆင်းမှုကြောင့် တစ်ချို့ဈေးဆိုင်တွေကို ပိတ်ဖို့ပြင်နေရတဲ့အခြေအနေကို ဆိုက်နေတယ်လို့ ဆိုပါတယ်။

မြန်မာ့စီးပွားရေး ယိုယွင်းပျက်စီးမှုဒဏ်ကြောင့် နယ်စပ်မြို့လေးကို ပြောင်းရွှေ့ပြီး စီးပွားရေးလုပ်ကိုင်ကြသူထဲက တစ်ယောက်ဖြစ်တဲ့ တာချီလိတ်မြို့ တာလေ့ဈေးထဲက ဈေးသည်တစ်ယောက်က ဘန်ကောက်ပိတ်ဆို့မှုဆန္ဒပြမှုတွေကြောင့် ကုန်စည်စီးဆင်းမှု ရပ်တန့်နေတယ်လို့ ဆိုပါတယ်။

Kamayut Media

အီဂျစ်တွင် ဖွဲ့စည်းပုံဥပဒေသစ်အား မဲပေး


ဇန်န၀ါရီ ၁၅။

မိုဟာမက်မော်စီအား ဖြုတ်ချပြီး ခုနှစ်လအကြာတွင် စစ်တပ်အကြီးအကဲ အဘ်ဒယ်လ် ဖာတာအယ်စီစီ၏ သမ္မတအဖြစ် ရွေးချယ်ခံရန် ကြိုးပမ်းခြင်းအား ထောက်ခံမှုကို စမ်းသပ်သည်ဟုမြင်ရသည့် အင်္ဂါနေ့က ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် အီဂျစ်နိုင်ငံသားများသည် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် အား မဲပေးခဲ့ကြသည်။ မော်စီ၏ မူစလင်ညီအကိုတော်များအဖွဲ့မှ ဦးဆောင်သည့် အစ္စလာမ်မစ်မဟာမိတ်အဖွဲ့က နှစ်ရက်ကြာကျင်းပသည့် ဆန္ဒခံယူပွဲကို သပိတ်မှောက်ရန်နှင့်  “ငြိမ်းချမ်းသည့် ဆန္ဒပြမှုများ” ကိုပြုလုပ်သွားရန် ကြေငြာခဲ့သော်လည်း ပြည်ထဲရေးဝန်ကြီးဌာနမှ မဲပေးခြင်းအား အနှောင့်အယှက်ပြုမည့် မည်သည့်လုပ်ရပ်များကိုမဆို တိကျပြတ်သားစွာ နှိမ်နှင်းသွားမည်ဟု ကတိပြုခဲ့သည်။

အတုအယောင်ဆန္ဒခံယူပွဲဟု စွပ်စွဲရှုံ့ချခဲ့သည့် မော်စီ၏ အစ္စလာမ်မစ်ထောက်ခံသူများအကြား ရက်စက်သည့် ကွဲအက်မှု အပြီး အငြင်းပွားဖွယ် အခွင့်အာဏာကို ၎င်းမဲပေးမှုက သက်သေပြသွားမည်ဟု ဇူလိုင်လအတွင်း မော်စီအား ဖယ်ရှားပြီး နောက်ပိုင်း စစ်တပ်မှခန့်အပ်သည့် အစိုးရမှ မျှော်လင့်လျက်ရှိသည်။ အကြမ်းဖက်မှုနှင့် စစ်သွေးကြွတိုက်ခိုက်မှုများ အကြား အီဂျစ်နိုင်ငံသားများ ဘယ်လောက်အရေအတွက်များများ မဲပေးကြမည်ဟု မရေရာသော်လည်း ဖွဲ့စည်းပုံအခြေခံကမူ အတည်ပြုဖြစ်ရန် သေချာလျက်ရှိသည်။

၎င်းဖွဲ့စည်းပုံဥပဒေသည် မော်စီအား ဖယ်ရှားပြီနောက်ပိုင်း ဆိုင်းငံထားသော အစ္စလာမ်မစ် အငွေ့အသက်များ လွှမ်းခြုံနေသည့် မော်စီ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေမှ အချက်အလက်များစွာပါဝင်သော်လည်း ထောက်ခံသူများက ၎င်းသည် အမျိုးသမီး အခွင့်ရေးများနှင့် လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်တို့ကို တိုးချဲ့ထည့်သွင်းထားကြောင်း ပြောဆိုကြသည်။

သို့သော် ၎င်းဥပဒေသည် စစ်တပ်အား နောက်ထပ် ရှစ်နှစ်ကြာမျှ ကာကွယ်ရေးဝန်ကြီးအား ခန့်အပ်ပိုင်ခွင့်နှင့် လက်နက် ကိုင်ဆောင်သည့် အရပ်သားများအား တိုက်ခိုက်ပိုင်ခွင့်ကို အားပေးထားသည်။

ကြားဖြတ်သမ္မတ အဒ်လီ မန်ဆော်က အီဂျစ်နိုင်ငံသားများအား သိန်းချီသည့် စစ်သားများနှင့် ရဲများစောင့်ကြပ်နေသည့် နိုင်ငံတဝှမ်းလုံးရှိ မဲပေးမှုများတွင် ပါဝင်ရန် ပန်ကြားလျက်ရှိသည်။

“ခင်ဗျားတို့ရဲ့ နိုင်ငံအပေါ်မှာရှိတဲ့ တာဝန်ရှိမှုတွေကို ပြသဖို့၊ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို သေချာစေဖို့အတွက် မဲရုံတွေကိုသွားပြီး မဲပေးဖို့အတွက် နိုးဆော်ပါတယ်”ဟု တနင်္ဂနွေနေ့က မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

မဲပေးရန်အကြိုကာလအတွင်း မဲမပေးရန် လှုပ်ရှားမှုများ ပြုလုပ်သည့် တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီး ထိန်းသိမ်းခဲ့ကြသည်။ ပြီးခဲ့သော တစ်ပတ်တာကာလအတွင်း အနည်းဆုံးတက်ကြွလှုပ်ရှားသူဦးရေပေါင်း ခုနှစ်ဦးခန့်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဝေဖန်သည့် လက်ကမ်းစာစောင်များ၊ ပိုစတာများကို ဖြန့်ဝေမှုဖြင့် ထိန်းသိမ်းခံခဲ့ရပြီး ရက်အနည်းငယ်အကြာတွင် အများစုမှာ ပြန်လည်လွတ်မြောက်လာပြီ ဖြစ်ကြောင်း ထင်ရှားသော အခွင့်အရေးပိုင်ခွင့် ရှေ့နေ ရာဂီယာ အိုရမ်မှ AFP သို့ပြောကြားခဲ့သည်။

အစ္စလာမ်မစ်အများစုက စီစီအား နိုင်ငံ၏ ပထမဆုံးလွတ်လပ်စွာရွေးကောက်သည့် အရပ်သားသမ္မတကို ဖြုတ်ချသူအဖြစ် ပုတ်ခတ်ဝေဖန်ကြသော်လည်း ဇူလိုင်လအတွင်း မော်စီနူတ်ထွက်ရန် လမ်းပေါ်ထွက် တောင်းဆိုခဲ့ကြသည့် လူသန်းပေါင်း များစွာကမူ လေးစားချစ်ခင်ကြသည်။

အစ္စလာမ်မစ်အတိုက်အခံများသည် မော်စီ၏ညီအကိုတော်များလှုပ်ရှားမှုဖြင့် ပိုမိုတက်ကြွလာပြီး တရားဝင် အုပ်ချုပ်မှုကို အနှောင့်အယှက် ဖြစ်လာစေမည်ကို အာဏာပိုင်များက စိုးရိမ်လျက်ရှိကြောင်း လေ့လာသူများကဆိုသည်။ မူဆလင်အများစု ပါဝင်သည့် အနည်းဆုံးလူဦးရေ တစ်ထောင်ကျော်သည် လမ်းပေါ်တိုက်ခိုက်မှုများတွင် သေဆုံးခဲ့ကြပြီး ထောင်ပေါင်းများစွာ သောလူများမှ မော်စီအား ဖယ်ထုတ်ပြီးနောက်ပိုင်း ဖမ်းဆီးခံခဲ့ကြရသည်။ မော်စီကို ထောက်ခံသူများသည် နေ့တိုင်းလိုလိုပင် ဆက်လက် ဆန္ဒပြလျက်ရှိကြသည်။

REF: Cairo (AFP)
ကိုဒူး
The Myanma Age

မြန်မာ-အိန္ဒိယမူးယစ်ဆေးဝါးထိန်းချုပ်ရေးအဆင့်မြင့်အရာရှိများ အစည်းအဝေးပြုလုပ်


ရန်ကုန်၊ ဇန်နဝါရီ ၁၅။

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးများသုံးစွဲသူ လူဦးရေများပြားလာမှုကြောင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အိန္ဒိယနိုင်ငံ မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးဗျူရိုမှ ညွှန်ကြားရေးမှူးချုပ် Mr.Shri Rajiv Mehta ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံကောင်စစ်ဝန် Mr.Penden Dorjee Tshering တို့သည် ဇန်နဝါရီ ၁၅ရက်က ဆီးဒိုးနားဟိုတယ် အလုံခန်းမတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရှေ့ဆက် လုပ်ငန်းစဉ်များ ပူးပေါင်းလုပ်ဆောင်နိုင်ရန် အစည်းအဝေးပွဲတစ်ခုကိုပြုလုပ်ခဲ့သည်။

ယင်းအစည်းအဝေးတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်ဇော်ဝင်းက “ယနေ့မူးယစ်ဆေးဝါးပြဿနာသည် ပြည်သူလူထု၏ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို များစွာထိခိုက်စေပြီး အနာဂတ်နိုင်ငံခေါင်းဆောင်များကိုလည်း ပျက်စီးဆုံးရှုံး စေပါတယ် ဒါကြောင့် ပြည့်စုံကောင်းမွန်သည့် အကြံပြုချက်တွေနှင့်အတူ ယခုအစည်းအဝေးမှာ ကျွန်တော်တို့နှစ်နိုင်ငံ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်မယ် လို့မျှော်လင့်သလို အနာဂတ်မှာလည်း မူးယစ်ဆေးဝါးပပျောက်ရေး လုပ်ငန်းစဉ်များ ချမှတ်နိုင်ပြီး အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု ပြောသည်။

စိတ်ကြွရူးသွပ်ဆေးပြား သုံးစွဲမှုပြဿနာကို ၁၉၉၆ခုနှစ်တွင်စတင်ရင်ဆိုင်ခဲ့ရပြီး စိတ်ကြွရူးသွပ်ဆေးပြား ချက်လုပ်ရန် လိုအပ်သည့် ဓာတုပစ္စည်း(Precursor)များအား အိမ်နီးချင်း တရုတ်နိုင်ငံ၊ ထိုင်း၊ လာအိုနှင့်အိန္ဒိယနိုင်ငံများမှ တစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ အမြောက်အများ ဝင်ရောက်ခဲ့ရာ မြန်မာနိုင်ငံအတွင်း ဓာတုဗေဒပစ္စည်း(၂၆)မျိုးအား ထိန်းချုပ်နိုင်ခဲ့သည်။

ဆူဒိုအက်ဖီဒရင်းပါဝင်သည့် အအေးမိပျောက်ဆေးပြားများ တရားမဝင်သယ်ဆောင်ခြင်းသည် အဓိကခြိမ်းခြောက်မှု တစ်ခုဖြစ်သည်။ ဆူဒိုအက်ဖီဒရင်း ပါဝင်သော အအေးမိ ပျောက်ဆေးပြားများအား ၂၀၀၈ခုနှစ်မှ ၂၀၁၃ခုနှစ်အထိ ဆေးပြားစုစုပေါင်း(၉၃.၆)သန်း ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိမှု ကိန်းဂဏန်းများအရ ၂၀၀၉ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင် အများဆုံးဖမ်းဆီခြင်းလည်းဖြစ်ပြီး ယင်းဆေးပြားများမှ အိန္ဒိယနယ်စပ်မှ အများဆုံး ဝင်ရောက်ခြင်းလည်းဖြစ်သည်။

၂၀၀၉ခုနှစ်မှ ၂၀၁၃ခုနှစ်အထိ ဆူဒိုအက်ဖီဒရင်းဆေးပြား စုစုပေါင်း(၂၂.၀၉)သန်း ဖမ်းရမိပြီး အက်ဖီဒရင်း(၇၀.၅)ကီလိုနှင့် ဆူဒိုအက်ဖီဒရင်း အမှုန့်(၄၇.၀၇) ကီလိုတို့ကိုထပ်မှန်ဖမ်းဆီးရမိခဲ့သည်။

မြန်မာ – အိန္ဒိယနှစ်နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေး နားလည်မှု စာချွန်လွှာကို ၁၉၉၃ခုနှစ်မတ်လ(၃၀)ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၁၉၉၃ခုနှစ်မှ ၂၀၀၂ခုနှစ်အထိ အဆင့်မြင့် အရာရှိများ အစည်းအဝေးများကို  စတင်ကျင်းပနိုင်ခဲ့သည်။

နယ်စပ်ဖြတ်ကျော် အောက်ခြေအဆင့်အရာရှိများ အစည်းအဝေးကို ၁၉၉၃ခုနှစ်မှ ယနေ့အထိ(၅၇)ကြိမ်ကျင်းပနိုင်ခဲ့ပြီး အောက်ခြေအရာရှိများအဆင့် သတင်းဖလှယ် ဆွေးနွေးမှုအား(၉)ကြိမ် ကျင်းပပြီးပြီဖြစ်သည်။မြန်မာနိုင်ငံအတွင်းသို့ အိမ်နီချင်းနိုင်ငံများမှ တရားမဝင် ဓာတုပစ္စည်းများ ဝင်ရောက်နေခြင်းအား ထိန်းချုပ်ရန် တရုတ်၊ မြန်မာ၊ အိန္ဒိယ သုံးနိုင်ငံ ထိန်းချုပ် ဓာတုပစ္စည်းများဆိုင်ရာ အစည်းအဝေးကို ၂၀၀၃ခုနှစ်၊ ဇန်နဝါရီ ၂၀ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ပြီး အလားတူ တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည် ဓာတုပစ္စည်းများဆိုင်ရာ တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်းနှင့်အိန္ဒိယ (၅)နိုင်ငံ ဝန်ကြီးအဆင့်နှင့် အဆင့်မြင့်အရာရှိများအဆင့် အစည်းအဝေးများအား ၂၀၀၃ခုနှစ်တွင် ထိုင်းနိုင်ငံ၊ ချင်းရိုင်မြို့၌ ပထမအကြိမ် ကျင်းပခဲ့ရာ ၂၀၀၄ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ဒုတိယအကြိမ် ဆက်လက်ကျင်းပခဲ့သည်။

၂၀၀၆ခုနှစ်၌အိန္ဒိယနိုင်ငံတွင် တတိယအကြိမ် ဆက်လက်ကျင်းခဲ့ပြီးမြန်မာနိုင်ငံအနေဖြင့် အိမ်နီချင်းနိုင်ငံများဖြစ်သော တရုတ်၊ လာအို၊ ထိုင်းနိုင်ငံများနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး သတင်းဖလှယ်နိုင်ရန် ၂၀၀၁ခုနှစ်မှ စတင်၍(BLO)ရုံးများ ဖွင့်လှစ်ခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ခဲ့သည်။

၂၀၁၃ခုနှစ်၊ဇွန်လ(၁၉)ရက်နေ့မှ(၂၀)ရက်နေ့အထိ ပုဂံမြို့၌(၂၀)ကြိမ်မြောက် မြန်မာ – အိန္ဒိယနှစ်နိုင်ငံ နယ်စပ် နယ်ဘက်အာဏာပိုင်များ၏ ဒေသအဆင့် အစည်းအဝေးအား ကျင်းပခဲ့ပြီး ၎င်းအစည်းအဝေးမှ  မြန်မာ – အိန္ဒိယနယ်စပ် တစ်လျောက်တွင် မူးယစ်ဆေးဝါးတားဆီနှိမ်နင်းရေး ဆိုင်ရာသတင်းဖလှယ် နိုင်ရေးအတွက် နယ်စပ်ဆက်ဆံရေးရုံး(BLO)ရုံးများဖွင့်လှစ်ရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းမှု ပူးပေါင်းဆောင်ရွက်ရေးအား ဆွေးနွေးခဲ့ပြီး အိန္ဒိယနိုင်ငံမှမူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေး သင်တန်းများပေးရန် ကမ်းလှမ်းခဲ့သည့်အတွက် ဇန်နဝါရီ ၁၅ရက်နေ့ (ယခု)အစည်းအဝေးတွင် တည့်သွင်းဆွေးနွေးသွားမည် ဖြစ်သည်။

ချစ်မင်းထွန်း
The Myanma Age

Sony Xperia Z1 C6903/C6902 Firmware (14.2.0.A.290) သမားများးး Full Root ရပါဘီခင်ဗျာ


အရင်ဆုံး မိမိ Device ကို Bootloader Unlock လုပ်ထားရပါမယ်…..
Bootloader Unlock လုပ်နည်းတော့ မပြောတော့ဘူးနော်……..

လိုအပ်တဲ့ File တွေကို အောက်မှာ ဒေါင်းပါ……

Android SDK Tools

http://developer.android.com/sdk/index.html

CWM Recovery for Xperia Z1

http://www.mediafire.com/download/kk82acwu6v8n7ak/boot.img

Update Super SU v1.89

https://www.dropbox.com/s/ilz5mcp7bpj2gnu/UPDATE-SuperSU-v1.89.zip?m=

၃ ခုလုံးဒေါင်းပီးရင် စ Root ပါမည်……

အရင်ဆုံး ဒေါင်းထားတဲ့အထဲက CWM Recovery for Xperia Z1 boot.img File လေးကို ဒေါင်းထားတဲ့အထဲက Android Sdk ထဲက Platforms-Tools ထဲမှာ ထဲ့ပါမယ်…

ပီးရင် မိမိဖုန်းကို Fastboot Mode ထဲ ထည့်ပါမယ်…..
Fastboot Mode ထဲ ဝင်နည်းးး သိသူတွေကိုတော့ မပြောတော့ပါဘူးး မသိသေးသူများ
ဖုန်းကို Battery ဖြုတ်ပီး ၅ စက္ကန့်လောက် ထားပါ ပြီးရင် Battery ပြန်တပ်ပြီး Vol + ကို ဖိထားရင်း ကြိုးနဲ့ ကွန်ပျူတာနဲ့ ချိတ်ပါ… ဖုန်းမှာ မီးပြာလေးလင်းလာပြီး ကွန်ပြူတာက သိသွားရင် Fastboot ထဲကို ရောက်ပါဘီ
Recovery Image စတင်ပါမယ်…..
ခုနက Android Sdk ထဲက Platforms-Tools ထဲကို ဝင်ပါ… ပီးရင် Shift နဲ့ Right Click ကို တွဲနှိပ်ပါ…. အဲဒီထဲကမှ Open window command here ကို ရွေးလိုက်ရင် Command Box လေးတက်လာပါလိမ့်မယ်
ရိုက်ရမယ့်စာကတော့
Fastboot Flash boot boot.img ပါ သူ့ဟာသူရေးသွားပါလိမ့်မယ်….
Finish ဆိုပီး ပေါ်လာရင်တော့ CWM Recovery ရေးပြီးသွားပါဘီ…..

နောက်တစ်ဆင့် ဒေါင်းထားတဲ့ Update Super Su v1.89 zip File လေးကို Memory Card ထဲမှာ ထဲ့ပေးထားပါ…
အားလုံးပီးသွားဘီဆိုရင်…. Recovery ထဲဝင်ဖို့အတွက် Power On လိုက်ပီး Sony Logo လေးတက်လာရင် Vol Up and Vol down ကိုတွဲနှိပ်ထားပေးပါ…..
CWM Recovery ထဲရောက်ပီဆို Install Zip / Install > Choose Zip from SD / Ext Sd card > SuperSu.zip ခုနက သွင်းထားတဲ့ zip file လေးကိုရွေးပီး Flash လုပ်ပေးလိုက်ပါ…
ပီးရင်တော့ Reboot System Now ပေါ့နော်……. ပြန်တက်လာရင် မိမိဖုန်းမှာ Root Acess ရပါဘီ……..

ပိုစ့်ရေးသားသူ- Namikaze Minato (Myanmar Mobile Users Group)

မြို့ပြမှာလည်း ရမ်းကုတွေ ရှိတယ်


သရုပ်ဖော်ပုံ (ကာတွန်း – အာကာ)

“ရမ်းကု” ဆိုတဲ့စကား ကြားရုံနဲ့ အဓိပ္ပာယ်ဖွင့်ဆိုဖို့ အထူးအထွေ မလိုအပ်လောက်အောင် မြန်မာနိုင်ငံသားတိုင်း နားလည်ကြမှာပါ။ ဘာမသိညာမသိ ရမ်းပြီးဆေးကုနေတဲ့သူ ဆိုတာ လိုက်ပြီး ရှင်းပြနေစရာတောင် မလိုလှပါဘူး။ အဓိပ္ပာယ်က ရှင်းလင်းပေမယ့် မရှင်းလင်းတာတွေကတော့ အများကြီး ဖြစ်ပျက်နေကြဆဲပါ။ ကျေးလက် တောရွာတွေမှာ သက်သက်ဆိုရင် ဒါက အသိအမြင်နည်းလို့၊ ကျန်းမာရေး ဝန်ဆောင်မှုနဲ့ အလှမ်းဝေးလို့ စသဖြင့်  အလွယ်တကူ သတ်မှတ် ပေးလိုက်ရုံပဲပေါ့။ ရန်ကုန်လို မြို့ကြီးမှာ ဆင်ခြေဖုံးမျှ ဖြစ်စေ ရမ်းကု ဆိုတာ မကြားဝံ့ မနာသာ ဝေါဟာရလို့ ထင်ကြလေမလား။ ခဏခဏ သုံးနေကြတဲ့ ကဗျာဆရာတွေစကား ငှားပြောလိုက်ချင်ပါရဲ့။

“ဖြစ်ခဲ့တယ်၊ ဒါဟာ တကယ်ဖြစ်ခဲ့တယ်” လို့ …။

ရန်ကုန်မြို့တော်ရဲ့ စည်ပင်သာယာ နယ်နိမိတ်ထဲက ဆင်ခြေဖုံး မြို့နယ်တခုရဲ့ ကွန်ဒို တိုက်ခန်းကြီးတခုမှာ ဖြစ်ခဲ့ တာပါ။ အဲဒီမှာနေတဲ့ အမျိုးသားက တက္ကစီမောင်းပြီး အမျိုးသမီးက  လမ်းထိပ်မှာ မနက်စာလေးတွေ ရောင်းတဲ့ ဇနီးမောင်နှံနဲ့ ရင်းနှီးခဲ့ရာက ဒီဇာတ်လမ်းက ကိုယ်တွေ့ ဖြစ်ခဲ့တာပါ။ မနက်စာကို ရံဖန်ရံခါ အပြင်စာ စားချင်ရင် သူတို့ ဆိုင်လေးကနေ မုန့်ဟင်းခါး၊ ရှမ်းခေါက်ဆွဲ အဆင်ပြေသလို ဝယ်စားရာကအစ ကားအဆင်မပြေတဲ့အခါ တက္ကစီ ငှားစီးရာက အစ လူချင်း ရင်းနှီးလာကြတယ်၊ ဆရာဝန်မှန်း သိလာကြတယ်။ သူတို့က ဘွဲ့ ရ ပညာတတ် မဟုတ်ပေမယ့် သမီးကြီးက ကွန်ပျူတာ တက္ကသိုလ်တောင် တက်နေပါပြီ။

ကိုယ့်အလုပ်ဆီ တလတခါ အပြန်မှာ လေယာဉ်ကွင်းကို သွားဖို့ တိုက်တလုံးထဲမှာ နေတဲ့ သူက အဆင်အပြေဆုံး ဆိုတော့ အမြဲ ချိတ်ဆက်ထားခဲ့ရာက ပိုပြီး ရင်းနှီးလာတယ်၊ မိသားစုကိစ္စတွေ ပြောဖြစ်လာကြတယ်။ သူ့မှာ သတိ သိပ်မကောင်း တော့တဲ့ အသက် ၈၀ လောက် အဖေ အိမ်မှာရှိတာ သိခဲ့ရတယ်။ ဒီလိုနဲ့ တရက် အလုပ်နား ပြန်လာခါစ မြို့ထဲထွက်ဖို့ သူ့ကိုခေါ်ရင်း ထွေရာလေးပါး ပြောလာကြရာကနေ …။

“ဆရာ … အဖေ အခြေအနေ သိပ်မကောင်းဘူး၊ သူ မအီမသာဖြစ်တာနဲ့ ဟိုဘက် ရပ်ကွက်က ဆရာဝန်ကို အိမ်ပင့်ပြီး ပြတယ်။ ဆေးတွေ အများကြီးထိုး၊ သောက်ဆေးတွေ အများကြီးပေးတာပဲ။ ဝမ်းတွေ လျှောတယ်၊ မဲတူး နေတာပဲ။လူလည်း မလှုပ်နိုင်တော့ဘူး။ အဲဒီကြားကနေ အခု ပိုဆိုးလာလို့ ပြန်ပြောတော့ မနေ့က ဆရာဝန်လာသွားပြီး စမ်းကြည့်တယ်။ သူ့ကလီစာတွေ အားလုံး ပျက်နေပြီတဲ့။ အခုသွားတဲ့ ဝမ်းတွေက အူတွေ ပြတ်ကျပြီး သွားနေတာတဲ့။နှလုံးကလည်း တခြမ်းပဲ ခုန်တော့တယ်။ အဲဒီ တခြမ်းရပ်ရင် သေတော့မှာလို့ ပြောတာပဲ”

ဘုရား … ဘုရား … ဆေးပညာ လောကမှာ ကိုယ် ဘယ်လောက် နောက်ကျကျန်ခဲ့ပြီလဲ။ အိမ်ကိုပင့်လာပြီး စမ်းကြည့် ရုံနဲ့ အဲဒီလို အတိအကျပြောတဲ့ နည်းတွေ ပေါ်နေပြီလား။ သူက သိပ်ခေတ်မီပြီး စမ်းသပ်စရာတွေ အိမ်ကိုသယ်လာပြီး စမ်းသပ်လို့လား။ ခေါင်းထဲမှာ ရှုပ်ထွေး နောက်ကျိ သသယတွေ ပြည့်လာတယ်။

“အဲဒီ ဆရာဝန်က နာမည် ဘယ်သူလဲ၊ ဘာ အထူးကုလဲ၊ ဆေးခန်းဘယ်နားဖွင့်လဲ”

မေးခွန်းတွေ အစုံမေးမိတော့ သူကလည်း ပြောတယ်။ သေချာတာတော့ မကြားဖူး၊ မသိဘူး။ ဒါပေမယ့် ဆေး တက္ကသိုလ်က အများကြီးဆိုတော့ ကိုယ်နဲ့ တကျောင်းတည်း မဟုတ်တာကြောင့် ဖြစ်လိမ့်မလားပေါ့။ သူဘာတွေနဲ့ စမ်းကြည့်လဲ၊ သွေးတွေ စစ်လား၊ ဓာတ်မှန်ရိုက်လား စသဖြင့်ပေါ့။ သူက ပြန်ပြောတယ် “နားကျပ်နဲ့ပဲ စမ်းတာ” တဲ့။

သြော် သူများ သားသမီးတွေ တော်လိုက်ပုံများ နားကျပ်လေးနဲ့ စမ်းရုံနဲ့ အူတွေပြတ်ကျနေတာ သိကြတယ်၊ နှလုံး တခြမ်းပဲ ခုန်တာ သိကြတယ်။ ငါ ကျောင်းပြေးခဲ့တာ များသွားသလားပေါ့ …။ တွေးရင်းနဲ့ စိတ်က တမျိုး ဖြစ်လာပြီ။ယုတ္တိ အတော်မရှိတာပဲ။ ဒါကြောင့် “ကဲ – ကိုယ် လာကြည့် ဦးမယ်ကွာ။ ပြန်ရောက်တဲ့ အချိန် လာခဲ့မယ်” လို့ ပြောလိုက်ရတယ်။

အိမ်ပြန်ရောက်တော့ ရှိတဲ့ နားကျပ်ရယ်၊ သွေးပေါင်ချိန်တိုင်း ပစ္စည်းလေးရယ် ကိုင်ပြီး သူတို့ အခန်းဆီ သွားခဲ့တာပေါ့။အဖိုးကြီးက အားနည်း နွမ်းလျနေတယ်။ သူ့ဝမ်းအိုးထဲကို ကြည့်လိုက်တာနဲ့ ဒါ အစာအိမ် သွေးကြော ပေါက်ရာကနေ ထွက်လာတဲ့ ဝမ်းအမည်းတွေဆိုတာ သိလိုက်ပြီ။ ကျန်တဲ့ နှလုံး၊ အဆုတ်၊ အသည်းတွေက အပြင်ပန်း စမ်းသပ်တာအရ အထူးအထွေ ချို့ယွင်းပုံ မရဘူး။ ကဲ … ဘာဆေးတွေ ထိုးထား၊ တိုက်ထားလဲ ဆိုတော့ သူတို့က ဆေးပုလင်းခွံ၊ဘူးခွံတွေ ပြကြတယ်။ အကောင်းစား အမည်တပ်ထားတဲ့ အားဆေးတွေပေါ့။ ပြီးမှ သောက်ဆေးတွေလည်း တိုက်နေရ တယ် ဆိုပြီး ဆေးတထုတ် ယူလာပြတယ်။

အဲဒီမှာ တရားခံကိုတွေ့ပါပြီ။ အစာအိမ် သွေးကြောပေါက်စေတဲ့ အကိုက်အခဲ ပျောက်ဆေး ပြင်းပြင်းတွေ ၂ မျိုး လောက် ပါနေတယ်။ ဟာ … မဟုတ်သေးပါဘူး။ အစာမစားနိုင်လို့ ဆိုပြီး အားဆေးတွေ အကြောက သွင်းနေတဲ့သူကို အစာမရှိရင် အစာအိမ် အန္တရာယ်ရှိတဲ့ ဆေးတွေ ဘာကြောင့် ပေးသလဲ။ လူနာသာ အစာမဝင်တာ သူတို့ကလည်း ဆေးတော့ ပုံမှန် တိုက်ပေး နေကြတယ်ဆိုပဲ။ ကိုင်း … ကျန်တာတွေထားတော့ လောလောဆယ်တော့ ဆေးရုံ တက်လိုက်ပါ ဆိုပြန်တော့ အိမ်မှာလူခွဲ မရှိဘူး၊ အသက်လည်း ကြီးနေပြီပဲ၊ သူတို့ ကိုးကွယ်တဲ့ ဘုန်းကြီး တွက်ချက် ထားတာကလည်း ၂ ရက်ဆို ကံကုန်ပြီ ဆိုကိုး။ “ဆရာကောင်းသလို ကုပေးပါ” တဲ့။ ကိုယ်ကလည်း အလုပ်နားတဲ့ တလတာမှာ ဆရာဝန်ဆိုတာ မေ့နေတာ။ အရေးအကြောင်း အတွက် နားကျပ်လေး ဆောင်ထားတာက လွဲရင် အိမ်မှာ တောင် ဘာဆေးဝါးမှ ရှိတာမဟုတ်။

အခုတော့လည်း ဘယ်လိုမှ ဟောလို့ပြောလို့ မရဘဲ ငုတ်တုတ်ထိုင် ကြည့်နေကြမယ့် သဘောကိုမြင်တော့ ကောင်းမယ် ထင်တာတွေ အကြံပေး စီစဉ်လိုက်ရပါတယ်။ ကိုယ်လည်း အမြဲလာကြည့်ပေးဖို့ အဆင်ပြေတာ မဟုတ်လို့ အခြေအနေ ဆိုးတာ တခုခုဖြစ်ရင် ဆရာဝန် တယောက်ယောက်ကို ပြဖို့၊ ဆေးရုံတင်ဖို့ ပြောရင်း သူတို့ပြခဲ့တဲ့ ဆရာဝန် ဆိုသူ အကြောင်း မေးမြန်းစုံစမ်းခိုင်း ကြည့်ပါတယ်။

ညနေကျတော့ ဖုံးဆက်လာပါတယ်။ အဲဒီလူက ဆရာဝန် မဟုတ်ဘူးတဲ့။ ဆေးမှူးလို့တော့ ပြောတာပဲတဲ့။ ဒီမြို့နယ် ဆင်ခြေဖုံး ကာလလောက် ကတည်းက စက်ဘီးတစီးနဲ့ အိမ်စဉ်လှည့် ဆေးထိုးရင်း လက်ဆင့်ကမ်း လမ်းညွှန်ပြီး ကုသ နေကြတာ ဆိုပဲ။ အခုလည်း အိမ်မှာ ဆေးဆိုင်လိုလို၊ ဆေးခန်းလိုလို ဖွင့်ပြီး ဆေးအတွဲအစပ် ရောင်း၊ လာပြရင် ကုပေး၊ အိမ်ခေါ်ရင် လိုက်ကုပေးနေတာတဲ့။ ဆေးဖိုးဝါးခ ကျတော့လည်း ဘွဲ့ရ ဆရာဝန်တွေ အတိုင်း ယူတာပဲတဲ့။ အဲဒီလောက် ဆိုရင် ခန့်မှန်းဖို့တောင် မလိုဘဲ အတတ်သိလိုက်ပါပြီ။ ရမ်းကု ဆိုတာကိုပေါ့။

စိတ်ထဲမှာ ဘာမှန်းမသိတဲ့ ခံစားမှု တခု ရလာတယ်။ ရမ်းကု ပြဿနာက နယ်တွေမှာဆို ဒုနဲ့ဒေး။ ကိုယ်တိုင်လည်း နယ်တွေမှာချည်း ဆေးကုသတဲ့ အတွေ့အကြုံရှိခဲ့သူမို့ ရမ်းကုတွေ ရမ်းကားသမျှ သေကောင်ပေါင်းလဲတွေ ကယ်တင်ရ၊ လွှဲပို့ရ လုပ်ခဲ့ရတာလည်း မနည်းမနော။ အခုဟာက ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် ဆိုတဲ့ မြို့တွင်း နယ်မြေ၊ လမ်းမကြီးတွေ မှာရော ရပ်ကွက်တွေထဲမှာပါ ဆရာဝန်အစစ်တွေ ဖွင့်ထားတဲ့ ဆေးခန်းတွေ၊ အထူးကု ဆေးခန်းတွေလည်း ရှိနေတဲ့နေရာ … ရမ်းကုက တွင်ကျယ်နေနိုင် သေးတာပဲလား။

အင်း ဖြစ်နိုင်တာပေါ့လေ။ မြို့ထဲမှာကိုပဲ ဆေးဆိုင်ကနေ ဆရာဝန် ညွှန်ကြားတဲ့ ဆေး မဟုတ်ဘဲ  ကြိုက်ရာဝယ်လို့ ရနေကြ၊ ဝေဒနာကို ပြောပြရင် ဆေးအစပ်အတွဲ တွေကို ဆေးဆိုင်က ရောင်းတဲ့သူက လုပ်ပြီး ရောင်းနေကြ၊ အတိမ်းအပါး ရှိတော့လည်း ဆေးခန်းတွေ၊ ဆရာဝန်တွေကိုသာ ဖွပြီး အသံကုန်အော် အပြစ်ဖို့ကြပေမယ့် အဲဒီလို ရမ်းကု လမ်းစဉ်ကျတော့ ကံနဲ့ ယိုးမယ်ဖွဲ့ လိုက်ကြ အရာရာဟာ စနစ်တကျ လွဲချော်နေတဲ့ အမွေဆိုးကို ဖောဖောသီသီ ရထားခဲ့ ကြတာကိုး။ မြို့ကြီးပြကြီးမှာ အဲဒီလို ဘာမဟုတ်၊ ညာမဟုတ်တွေ ဝမ်းရေးလှနေကြတာ ပါကလား။

တွေးနေမိပါတယ်။ တရားခံရင်းက ဘယ်သူလဲ။ ကျန်းမာရေး အသိပညာ နုံနဲ့တဲ့သူတွေလား၊ ကျန်းမာရေး စောင့်ရှောက်မှု စနစ်တကျ မပေးနိုင်သေးတဲ့ သက်ဆိုင်ရာ ဆိုတာတွေလား၊ လူ့အသက်ကို လောင်းကြေးထပ်ပြီး စနစ်တကျ သင်ကြား တတ်မြောက်ထားတာ မဟုတ်ဘဲ အသက်မွေးဝမ်းကျောင်း လုပ်နေတဲ့၊ လူမဆန်တဲ့ ဝိသမ သမားတွေကိုလား … ပြောချင်စရာတွေ အများကြီး ရှိနေပါသေးတယ်။ ပြောရမယ့် အကြောင်းအရာ တွေလည်း အများကြီး ရှိနေပါသေးတယ်။ သေချာတာကတော့ စိတ်ချမ်းမြေ့စရာတွေ မဟုတ်ဘူး ဆိုတာပါပဲ …။

Irrawaddy

စောလူးမင်း ကျောက်စာ ပေတော ပရဟိတ ကျောင်းအတွင်းတွေ့


မြစေတီ ကျောက်စာ ရှိရာ ပုဂံမြို့ တနေရာ
ရာဇကုမာရ ကျောက်စာထက် စောသော နှစ်ပေါင်း ၉၆၀ က ပါဠိ ၊ ပျူ ၊ မွန် ၊ ဂျွမ်း ၊ မြန်မာ ဘာသာငါးမျိုး ၊ အက္ခရာ ငါးမျိုးဖြင့် ရေးထိုး ထားသော သမိုင်းတန်ဖိုး လွန်စွာ ကြီးမား လှသည့် စောလူးမင်း ကျောက်စာ တစ်ချပ်ကို မြစ်သားမြို့ ၁၁ လမ်းတွင် ရှိသော မိဘမဲ့ ကလေးများ စောင့်ရှောက်ရေး ပေတော ပရဟိတ ကျောင်းအတွင်း၌ နိုဝင်ဘာ ၄ ရက်တွင် တွေ့ရှိခဲ့ပါတယ်။

၅-၁၁-၂၀၁၃ ရက်နေ့ထုတ် ရတနာပုံ သတင်းစာ တွင် ဤဆောင်းပါး ဖတ်ရှု ရသဖြင့် တမ္ပ၀တီ ဦးဝင်းမောင် လာရောက် သုတေသန ပြုလုပ် ခဲ့ရာမှာ အဲဒီနေ့က အပိုင်း ၃ ပိုင်းသာ တွေ့ရှိခဲ့ပြီး မနေ့က အင်္ဂါနေ့က နောက်တစ်ပိုင်း ထပ်မံ တွေ့ရှိခဲ့ပါတယ်။

အပိုင်း လေးပိုင်းအား ဆက်စပ်ပြီး ဆရာကြီး ဦးဝင်းမောင်က ထပ်မံ သုတေသန ပြုလုပ်ခဲ့ပါတယ်။

အခု ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်မှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက တွေ့ခဲ့တဲ့ ကျောက်စာဟာ ရာဇကုမာရကျောက်စာထက်စောတဲ့ စောလူမင်းလက်ထက်က ကျောက်စာဖြစ်တဲ့အကြောင်း ပညာရှင်တွေ အတည်ပြုနိုင်ခဲ့ပါတယ်။

မြစ်သားမြို့က ပေတောကျောင်းတိုက်မှာ တွေ့ထားတဲ့ ကျောက်စာချပ်ကြီးရဲ့ ကွဲပြတ်နေတဲ့ အပိုင်းအစ ၄ပိုင်းကို ဆက်စပ်ပြီး ပျူဘာသာကျွမ်းကျင်သူ၊ မွန်ဘာသာကျွမ်းကျင်သူ၊ ကျောက်စာပညာ ကျွမ်းကျင်သူတွေ စုပေါင်း လေ့လာသုံးသပ်ချက်အရ သက္ကရာဇ် ၄၁၅ ခု နှစ်က ရေးထိုးခဲ့တဲ့ စောလူမင်းရဲ့မိဖုရား သီရိ စန္ဒာဒေဝီရဲ့ မဟာ အနုရုဒ္ဓါ ဒေဝါရာမကျောင်း ကျောက်စာဖြစ်တယ်လို့ အတည်ပြုခဲ့ကြပါတယ်။

ကျောက်စာသမိုင်း ဖေါ်ထုတ်ရေး ခေါင်းဆောင် တယောက်ဖြစ်တဲ့ မြန်မာမှု ဗိသုကာပညာရှင် တမ္ပ၀တီ ဦးဝင်းမောင်က အတည်ပြုနိုင်တဲ့ အထောက်အထား အချက်လက်တွေကို ပြောပြခဲ့ပါတယ်။

ဒါ့အပြင် သီရိစန္ဒာဒေဝီ မိဖုရားဆိုတာ အများသိကြတဲ့ ဥဿာပဲခူးမင်းက ပုဂံပြည့်ရှင် အနော်ရထာမင်းကို ဆက်သတဲ့ မဏိစန္ဒာမင်းသမီးနဲ့ တဦးတည်းဖြစ်တယ်လို့ ဆိုပါတယ်။

ဒီကျောက်စာမှာပါတဲ့ မွန်ဘာသာစကားကို ဘာသာပြန်ပေးခဲ့တဲ့ ရှေးဟောင်းသုတေသနဌာန အငြိမ်းစားတဦးဖြစ်တဲ့ မွန်ကဗည်းကျောက်စာပညာရှင် နိုင်ဘရှင် ကလည်း စောလူးမင်းဟာ မြန်မာ့သမိုင်းမှာ အများထင်ထားတဲ့ လောင်းကစားနဲ့ ပျော်ပါးနေတဲ့ မင်းတပါးဆိုတဲ့အချက်ဟာ ဒီကျောက်စာပါ တွေ့ရှိချက်အရ ပြောင်းပြန် ဖြစ်သွားတယ်လို့ ဆိုပါတယ်။

အခုလတ်တလော လေ့လာချက်တွေအရ အရှေ့ဘက်နဲ့ကျောဘက် ၂ဖက်ပါ စာပိုဒ်တွေအရ မွန်၊မြန်မာ၊ ပါဠိ၊ ပျူ ၊ဂျွမ်းနဲ့ ဂုံရှမ်း ဘာသာစကား ၆မျိုးနဲ့ ရေးထားတယ်လို့ ပညာရှင်တွေက ဆိုကြပါတယ်။

နှစ်ပေါင်း ၁ထောင်ပတ်ဝန်းကျင်က ကျောက်စာဖြစ်တာမို့ ဘာသာစကား ဝိဝါဒ ကွဲမှုတွေကတော့ ရှိနိုင်သေးတယ်လို့လည်း ပြောပါတယ်။

ခုတွေ့ထားတဲ့ ကျောက်စာကို မူလတွေ့ရှိရာ မြစ်သားက ပေတောကျောင်းတိုက်မှာဘဲ ထားရှိမှာဖြစ်ပြီး စောလူးမင်းကျောက်စာ ထိမ်းသိမ်းရေးကော်မတီက ကြီးကြပ်စောင့်ရှောက်မယ်လို့ သိခဲ့ရပါတယ်။
BBC Burmese

မေတ္တာစိတ်ဖြင့် အောင်နိုင်မည်


ဤလောက၌ ပြိုင်ဆိုင်မှုများ ပြင်းထန်လာရာ အကျိုးစီးပွား နှင့် စပ်လျဉ်း၍ သတိပြု ဖွယ်ရာများ လှသည်။ အကျိုးစီးပွားဟု ဆိုရာ၌ မိမိ အကျိုးစီးပွား ထိပါး လာလျှင် ဖြစ်စေ ၊ ငြူစူခြင်း ၊ မနာလိုခြင်း သဘောအရ ဖြစ်စေ ထိပ်တိုက် ရင်ဆိုင်ခြင်း ၊ ဖျက်လို ဖျက်ဆီး လုပ်ခြင်းတို့ ရှိလာ တတ်သည်။

အကျိုးစီးပွား တွင် လူတစ်ဦး တစ်ယောက် အကျိုး၊ တစ်စုတစ်ဖွဲ့ ၏ အကျိုးနှင့် အများအကျိုး ထိရှိလာ၏။ လူဟူသည် အမှားနှင့် မကင်းတတ်ပေ။ အမှန်ကို လုပ်ရာတွင် အမှားဟု မှတ်ထင် တတ်သည်။ လိုရင်းမှာ အမှားရှိလျှင် အမှန်ပြင်ဖို့ လိုသည်။

ယနေ့အချိန်တွင် မိမိအကျိုး အများအကျိုး ဟူသည့် အတ္တနှင့် ပရ မျှတအောင် ဆောင်ရွက် ကြသည့် အမျိုးကောင်းသား များအဖို့ ထိုအချက်ကို သတိပြု သင့်ကြ ပေသည်။ အရာရာတွင် အတ္တချည်း မရှိအပ် သလို ၊ သာမန် ပုထုဇဉ် တစ်ယောက် အနေဖြင့် ပရချည်းလည်း ရှိမည် မဟုတ်ပေ။

မည်သို့ပင် ဖြစ်စေ စိတ်ထား ကောင်းဖြင့် မွန်မြတ်သော ဘဝကို မှန်းထား သူများ အနေဖြင့် မိမိ အပေါ်တွင် မမှန်ကန်သည့် ဣဿာ မစ္ဆရိယစိတ် ရှိသူများ အပေါ်တွင်ပင် ရန်မတုံ့ပြန်ဘဲ စိတ်ကောင်းဖြင့် မေတ္တာ ထားနိုင် ရမည် ဖြစ်ပေသည်။

မေတ္တာသည် ရေနှင့်တူပြီး ဒေါသသည် မီးနှင့်တူ၏။ ရေများ ရေနိုင် ၊ မီးများ မီးနိုင် သဘောရှိ လေရာ ရေများလေ အပူမီးများ ငြိမ်းလေ ဖြစ်သည်။ ထို့ကြောင့် ဒေါသ နည်းအောင် ကျင့်၍ မေတ္တာများ တိုးပွားအောင် ကြိုးစား အားထုတ် ကြရမည် ဖြစ်ပေသည်။

မိမိ၏ကံ ၊ ဉာဏ် ၊ ဝီရိယ အစွမ်းကြောင့် သာလွန် တိုးတက် နေသူကို ဣဿာ ဖြစ်စေခြင်းဖြင့် ထိုသူမှာ အကျိုး မယုတ်ဘဲ ပြုမိသူ သည်သာ ဝန်းကျင်၏ အထင်အမြင် အသေးခံ ရတတ်သည့် အပြင် ပြုသူ၏ အကျိုးစီးပွား လည်း ပျက်ပြား တတ်သည့် သဘော ရှိပေသည်။

သို့အတွက် တစ်ယောက် အပေါ် တစ်ယောက် ၊ တစ်ဦးအပေါ် တစ်ဦး အကျိုးစီးပွား လိုလားခြင်း သည်သာ ကြီးပွား တိုးတက်အောင် စောင့်ရှောက်ခြင်း သည်သာ ချစ်ခင်မှု မေတ္တာအစစ် မည်ထိုက် သဖြင့် မည်သို့ပြုပြု မေတ္တာဖြင့် လွှမ်းခြုံ ထားပါက မိမိစီးပွား ဘဝ လုံခြုံမည်သာ ဖြစ်ပေသည်။

ယနေ့ကာလတွင် မိမိတို့ ဦးတည်ရာ ရည်မှန်းချက် လုပ်ငန်းစဉ် များကို ဆောင်ရွက် ရာတွင် ထိုတရား သဘောအတိုင်း မိမိအလုပ်ကို မှန်ကန်စွာ လုပ်ကိုင်နိုင်ဖို့ လိုမည် ဖြစ်ပေသည်။ သို့ဖြစ်ရာ လူတိုင်း လူတိုင်းသည် မိမိ၏ ရန်သူပင် ဖြစ်လင့်ကစား မေတ္တာစိတ် ထားနိုင်အောင် ကျင့်ကြံ အားထုတ် နိုင်ပါလျှင် မည်သည့်အရာ မဆို အောင်နိုင်မည် ဖြစ်ပါကြောင်း မေတ္တာရှေ့ထား ရေးသား လိုက်ရ ပေသည်။

( ၁၅-၁-၂၀၁၄ ရက် ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )
MYAWADY Daily

ဂျပန်-မြန်မာ သံတမန် ဆက်ဆံရေး နှစ် ၆၀ ပြည့် ကျင်းပမည်


ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဂျပန်နိုင်ငံအာဏာရ Liberal Democratic Party ဒု ဥက္ကဋ္ဌ မစ္စတာ မာစဟီကို ကိုမူရ နှင့် ယမန်နေ့က နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ တွေ့ဆုံသည်။ ယင်းသို့ တွေ့ဆုံရာတွင် မြန်မာ-ဂျပန် ချစ်ကြည်ရင်းနှီးမှု ခိုင်မြဲရေး၊ နိုင်ငံရေးပြုပြင် ပြောင်းလဲရေး ဆောင်ရွက်မှု အတွေ့အကြုံများ၊ နှစ်နိုင်ငံလွှတ်တော်ချင်း၊ အစိုးရချင်း၊ ပြည်သူချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး၊ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး နှစ် ၆၀ ပြည့်အထိမ်းအမှတ် ပွဲများကျင်းပရေး၊ ပြည်သူလူထု၏ လူနေမှုဘ၀မြှင့်တင်ရေး ဆောင်ရွက်မှုနှင့် အတွေ့ အကြုံများ၊ တိုင်းရင်း သား စည်းလုံး ညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဆိုင်ရာ များနှင့် ပတ်သက်၍  ဆွေးနွေးကြောင်း ယနေ့ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။
Irrawaddy

ဘုရား သပိတ်တော် တွေ့ပြီလော


ဗုဒ္ဓ မြတ်စွာ ဘုရား လက်ထက်က အသုံး ပြုခဲ့ တယ်လို့ ယူဆတဲ့ ကျောက်သပိတ် တော်ကြီးကို စစ်ဆေးဖို့ အိန္ဒိယ ရှေးဟောင်း သုတေသန အဖွဲ့ အေအက်စ် အိုင်က ပညာရှင်နှစ်ယောက်ကို အာဖဂန်နစ္စတန် နိုင်ငံ ကာဘူးလ်မြို့ကို စေလွှတ်လိုက်ပါပြီ။

အခုစေလွှတ်လိုက်တာဟာ ဒီကျောက်သပိတ် တော် ကြီးကို ပြန်တောင်းဖို့ အစီအစဉ်ရဲ့ ကနဦးခြေလှမ်းလည်း ဖြစ်ပါတယ်။

အမျိုးသား ပြည်သူ့ပါတီ RJD ရဲ့ လွှတ်တော်အမတ် ပရာဆတ် ဆင်းက ပြီးခဲ့တဲ့ သြဂုတ်လကတည်းက အဲဒီကျောက်သပိတ်ကြီးကို အိန္ဒိယကို လွှဲပြောင်းပေးအပ်ဖို့ တောင်းခံခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ စနေနေ့တုန်းကတော့ မစ္စတာ ဆင်းဟာ အိန္ဒိယ ရှေးဟောင်းသုတေသန အဖွဲ့ အေအက်စ်အိုင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အခုလို ပညာရှင်တွေ စေလွှတ်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ခြောက်လလောက်ကတည်းက ရှေးဟောင်းသုတေသနအဖွဲ့က လေ့လာမှုတွေ လုပ်ခဲ့ပါတယ်။ အဲဒီနောက် ဒီကျောက်သပိတ်ကြီးဟာ ဗုဒ္ဓမြတ်စွာဘုရားရဲ့ ကျောက်သပိတ်တော် ဖြစ်ဖွယ်ရှိတယ်လို့ ကဘူးလ် မှာရှိတဲ့ အိန္ဒိယ သံရုံးက ယူဆခဲ့ပါတယ်။

ကျောက်သပိတ်ကြီးဟာ နည်းနည်းနောနောမဟုတ်ပါဘူး။ ကီလိုဂရမ် ၃၅၀ ၊ ၄၀ဝ လောက်ဖြစ်ပြီး ပိဿာချိန် ၂၀ဝ ကျော် ၂၅၀ လောက်ရှိပါတယ်။

အိန္ဒိယ ရှေးဟောင်းသုတေသနရဲ့ ပထမညွှန်ကြားရေးမှူး ဆာအလက်ဇန်းဒါး ကန်နင်ဂန် ကတော့ အဲဒီ ကျောက်သပိတ်ကြီးဟာ အခုအခါ အူတရာ ပရာဒက်ရှ် လို့ခေါ်တဲ့ ဒေသကို သွားကြမယ့် ဝေသာလီလူမျိုးတွေကို ဘုရားရှင်ကစွန့်လှူခဲ့တာ ဖြစ်ပြီး အဲဒီလို စွန့်လှူခြင်းအကြောင်းက သူတော်စင်တွေ ပရိနိဗ္ဗာန်ပြုဖို့လို့ ဆိုပါတယ်။

အဲသလို စွန့်လှူခဲ့တာဟာ ၂ ရာစုကာလက ဖြစ်ပြီး ဝေသာလီလူမျိုးတွေဆီကနေ ကနစ်ရှခါ သည် ဂရိတ် ဘုရင်ကြီးက ဒီနေ့ခေတ်မှာ ပက်ရှ်ဝါ လို့ခေါ်တဲ့ ဒေသဆီ ယူသွားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကနေမှ ကန်ဒါဟာ ပြည်နယ်ကို ရောက်သွားပါတယ်။ ၂၀ ရာစုကာလမှာတော့ ကျောက်ခွက် ပစ္စည်းတွေ အများအ ပြားကို ကဘူးလ် ပြတိုက်ဆီ သယ်ဆောင်သွားရာမှာ ဒီကျောက်သပိတ်တော်ကြီးပါသွားတယ်လို့ ဆိုပါတယ်။

အေဒီ ၃ ရာစုနဲ့ ၉ ရာစုအကြားမှာ ဘုရားဖူးခရီးသွားဖြစ်ခဲ့ကြဖူးတဲ့ တရုတ်လူမျိုး ဖာဟိန်းရဲ့ ခရီးသွားမှတ်တမ်းမှာလည်း ဒီကျောက်သပိတ်တော်ကြီး အကြောင်း တွေ့ခဲ့ရတယ်လို့ ဆာအလက်ဇန္ဒား ကန်နင်ဂန်က ဆိုပါတယ်။

၂၀ဝ၁ ခုနှစ်တုန်းက ဗုဒ္ဓရုပ်ပွားတော်ကြီးတဆူကို တာလီဘန် အစိုးရက ဖြိုချခဲ့ဖူးတဲ့ အတွက် ဗုဒ္ဓအမွေအနှစ်တွေကို ဖျက်ဆီးပစ်မှာကို စိုးရိမ်နေကြပါတယ်။ အဲဒီတုန်းက ဗုဒ္ဓဆင်းတုတော်ကြီးကို ဖျက်ဆီးခဲ့ပေမဲ့ ကျောက်သပိတ်တော်ကိုတော့ ချန်လှပ်ခဲ့ပါတယ်။ ချန်လှပ်ရတဲ့ အကြောင်းကတော့ ကျောက်သပိတ်တော်ပေါ်မှာ ကိုရမ်ကျမ်းစာ စာပိုဒ်တချို့ ရေးထားလို့ လို့ ဆိုပါတယ်။

ဗုဒ္ဓအမွေအနှစ်ဖြစ်ရင် ဘာလို့ ကိုရမ် စာပိုဒ်တွေ ပါဝင်နေပါသလဲ။ ဒါကလည်း မေးစရာမေးခွန်းပါ။ အိန္ဒိယ ရှေးဟောင်းသုတေသန အဖွဲ့ကတော့ အစ္စလာမ် ဘာသာ ထွန်းကားတဲ့ ကာလမှာ ဒီသပိတ်ကြီးဟာ အစ္စလာမ် ဘာသာ ထွန်းကားရာ အရပ်တွေ တခုပြီးတခု ရွှေ့ပြောင်းလာတဲ့ အတွက် ဒီစာတမ်းပါလာတာ ဖြစ်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

၁၉၈၀ ကျော်ကာလ အာဖဂန်စစ်ပွဲ အတွင်းမှာ သမ္မတ နာဂျီဘူလာက ဒီကျောက်သပိတ်ကြီးကို ကာဘူးလ် အမျိုးသား ပြတိုက်အတွင်း ယူဆောင်လာတယ်လို့လည်း ဆိုပါတယ်။

BBC Burmese

Huawei C8860 ဟန်းဆက်ကို အထူးလျှော့ဈေးဖြင့်ရောင်းမည်


အတွဲ (၁၅)၊ အမှတ် (၃)

ကျပ်တစ်ထောင့်ငါးရာတန် MEC ထုတ် 800MHz ရော ငါးသိန်းတန် CDMA 800 ပါ အဆင်ပြေပြေ အသုံးပြုနိုင်မယ့် Huawei C8860 ဟန်းဆက်ကို အထူးလျှော့ဈေးဖြင့် ရောင်းချပေးသွားမယ်လို့ သိရပါတယ်။ CPU ကို Dual Core 1.4 GHz Scorpion အသုံးပြုထားပြီး RAM ပိုင်းအတွက်ကိုတော့ 2GB ထည့်သွင်းအသုံးပြု ထားပါတယ်။ ROM ကတော့ 2GB ပါဝင်ပြီး မလောက်သေးဘူးဆိုရင်တော့ 32GB အထိ ထပ်တိုးအသုံးပြုနိုင်ပါတယ်။ Display ပိုင်းကိုတော့ 4.3 လက်မအရွယ်ရှိတဲ့ Multi-Touch Screen အသုံးပြုထားပါတယ်။ Back Camera ကတော့ 8.0 Megapixel (with Flash) ဖြစ်ပြီး Front Camera ကတော့ 1.3Megapixel ရှိပါတယ်။ Wi-Fi, Wlan, BT2.1, HDMI စတာတွေ ထောက်ပံ့ပါဝင်ပါတယ်။ OS ကို တော့ 2.3.6 Android Version  အသုံးပြုထားပြီး Version 4.0.1 အထိ မြှင့်တင်နိုင်ပါတယ်။ လက်လီဈေးကို  ၇၇၀၀၀ ကျပ် ဖြင့်ဖြန့်ချိရောင်းချပေးမှာဖြစ်ပါတယ်။ နေပြည်တော်ဈေးကွက်ထဲမှ ဝယ်ယူလိုသူများအနေဖြင့် အသေးစိတ် အချက်အလက်များကို A & G Mobile ဖြန့်ချိရေး ဖုန်း-၀၆၇- ၂၁၆၇၅ နှင့် ၀၉-၇၃၂၂၆၇၄၀ သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။



ကျော်ဇေယျ၊ နေပြည်တော်
Internet Journal

နေပြည်တော် ပျဉ်းမနား အ.ထ.က (၂) တွင် အာစရိယ ပူဇော်ပွဲကျင်းပမည်


အတွဲ (၁၅)၊ အမှတ် (၃)
နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့၌ ဖွင့်လှစ်ထားသည့် အမှတ် (၂) အထက်တန်းကျောင်းတွင် ၁၉၅၅ မှ ၂၀၁၃ ခုနှစ် အထိ တက်ရောက် ပညာဆည်းပူးခဲ့သော ကျောင်းသား၊ ကျောင်းသူဟောင်းများ ပူးပေါင်းကျင်းပသည့် အာစရိယပူဇော်ပွဲအား ၂၀၁၄ ခု နှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ကျင်းပမည်ဖြစ်သည့်အတွက် ကျောင်းသား၊ ကျောင်းသူဟောင်းများအနေဖြင့် ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။


အဆိုပါအခမ်းအနားအား ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက် နေ့ နံနက်ပိုင်းတွင် ကျင်းပမည်ဖြစ်ပြီး ၁၉၅၅ မှ ၂၀၁၃ ခုနှစ်အတွင်း ပညာသင်ကြားခဲ့သည့် ကျောင်းသား/ ကျောင်းသူဟောင်းများမှ အငြိမ်းစားယူသွားကြသော ဆရာကြီး/ ဆရာမကြီးဟောင်း စုစုပေါင်း (၁၄၁) ဦးအား ပူဇော်ကန်တော့သွားမည်ဖြစ်ကြောင်း ဖြစ်မြောက်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ နယ်ဝေးရောက် ကျောင်းသား/ ကျောင်းသူဟောင်းများအနေဖြင့် ဦးစိုးတင့် (စိုးလျှပ်စစ်) ဖုန်း- ၀၉-၅၁၀၂၅၂၇၊ ဦးစောမြင့်ကို ဖုန်း- ၀၉-၄၉၂၀၃၁၆၆ နှင့် ဆရာမ ဒေါ်စိန်စိန် (ပညာ့သရဖူ) ၀၆၇- ၂၁၈၂၉ သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။



ကျော်ဇေယျ၊ နေပြည်တော်
Internet Journal

မြန်မာသမ္မတမှ ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ်ထံ ၀မ်းမြှောက်ကြောင်း နုတ်ဆက်စကားဆို


၂၀၁၄ ခုနှစ် ဇန္န၀ါရီလ ၅ ရက်နေ့က ပြုလုပ်သော ရွှေးကောက်ပွဲတွင် ပြိုင်ဘက်မရှိဘဲ အနိုင် ရရှိခဲ့သော ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာထံ မြန်မာ သမ္မတ ဦးသိန်းစိန်မှ ၀မ်းမြှောက် ဂုဏ်ယူကြောင်း နုတ်ခွန်းဆက်စကား ပါးခဲ့သည်ဟု ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီးမှ သတင်း ထုတ်ပြန်သည်။

အတိုက်အခံ ပါတီ ဘင်္ဂလာဒေခ်ျ့ အမျိုးသားပါတီ (ဘီအန်ပီ)က ၎င်း ရွှေးကောက်ပွဲအား သပိတ်မှောက်ခဲ့သဖြင့် ၎င်းရွှေးကောက်ပွဲနှင့် ပတ်သက်ပြီး ဘင်္ဂလာဒေခ်ျ့ ပြည်တွင်းတွင်သာမက နိုင်ငံတကာတွင်ပါ အငြင်းပွားဖွယ်ရာ ပေါ်ပေါက်နေသည်။

သို့သော်လည်း (ရှိတ်ဟာဆီးနာ) အပေါ် သူမ၏ အောင်မြင်မူ အတွက် ၀မ်းမြှောက်ကြောင်း အိန္ဒိယ၊ တရုတ်၊ ရုရှား၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် ကမ္ဘာကျန်းမာရေး အဖွဲ့က သ၀ဏ်လွှာများ ပေးပို့ခဲ့သည်။
Narinjara

LINN IT Solution ၏ သိန်း (၁၅၀) ကျော် ကံစမ်းမဲဖွင့်ပွဲ ကျင်းပ


အတွဲ (၁၅)၊ အမှတ် (၃)
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအား ဂုဏ်ပြု၍ ကျင်းပသော LINN IT Solution Centre ၏ ကျပ်သိန်း (၁၅၀) ကျော်တန်ပစ္စည်းများ ကံထူးရှင်ရွေးချယ်ပွဲကို ဒီဇင်ဘာလ ၃၁ ရက်နေ့နံနက် ၁၀း၃၀ ခန့်က နေပြည်တော် မင်္ဂလာဗျူဟာခန်းမတွင် ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားတွင် ဒီဇင်ဘာလ တစ်လလုံးအတွင်း ကျပ်တစ်ခွဲဖိုးအထက် ဝယ်ယူသူများအား ကံစမ်းမဲကူပွန် တစ်စောင်စီ တုန့်ပြန်ပေးအပ်ခဲ့ပြီး ကံစမ်းမဲ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါပွဲတွင် တန်ဖိုးကြီး ဆုမဲပေါင်း (၈၀) ကျော် တန်ကြေးငွေ သိန်း (၁၅၀) ဖိုးခန့် မဲဖောက်ပေးခဲ့သည်။



ကျော်ဇေယျ၊ နေပြည်တော်
Internet Journal