ရခိုင်အမျိုးသားများအား ဂျော်လီဆွေနှင့်သားများ ဗီဒီယိုထုတ်လုပ်ရေးမှ ဂျောင်း ဗီဒီယိုဇာတ်ကားနဲ့ပတ်သက်၍ အနူးအညွတ်တောင်းပန်ခြင်း


ဂျောင်း ဗီဒီယိုဇာတ်ကားနှင့်ပတ်သက်ပြီး ရခိုင်အမျိုးသားများ ကွန်ရက်က ပြင်းထန်စွာသတိပေးခြင်းထုတ်ပြန်ကြေညာခဲ့သလို အွန်လိုင်းစာမျက်နှာများထက်တွင်လည်း ရခိုင်တိုင်းရင်သားများအပါအ၀င်
 တိုင်းရင်းလူမျိုးတစ်မျိုး၏ ဂုဏ်သိက္ခာနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို အလေးအနက်ရှေ့ ရှုကာဝေဖန်ပြောကြားရေးသားမှုများ ကိုလည်း တွေ့မြင်ရသည့်အတွက် ပေါ်ပြူလာစာပေအနုပညာဂျာနယ်က
 အဆိုပါ ဂျောင်းဇာတ်ကားတွင်အဓိကပါဝင်တာဝန်ရှိသူတို့အား မေးမြန်းမှုများ ပြုခဲ့ရာ သရုပ်ဆောင် မင်းသားဖြစ်သူ မြင့်မြတ်ကလည်း စိတ်မကောင်းဖြစ်ရကြောင်းနှင့် ကျေနပ်အောင် တောင်းပန်လိုကြောင်း
 ဖွင့်ဟပြောကြားသလိုဇာတ်ကားထုတ်လုပ်ရိုက်ကူးသည့် ဂျော်လီဆွေနှင့်သားများဗီဒီယိုထုတ်လုပ်ရေးကလည်းနားလည်ခွင့်လွှတ်ပေးပါရန်နှင့် နောက်နောင် ဇာတ်ကားများတွင် အလားတူ အဖြစ်မျိုး မဖြစ်စေရန် ကတိပြုကြောင်း
 တောင်းပန်စာကို အောက်ပါအတိုင်း ထုတ်ပြန်ပေးပါသည်။

-----------------------------------------------------------------------------
ရခိုင်အမျိုးသားများအား ဂျော်လီဆွေနှင့်သားများ ဗီဒီယိုထုတ်လုပ်ရေးမှ
 ဂျောင်း ဗီဒီယိုဇာတ်ကားနဲ့ပတ်သက်၍ အနူးအညွတ်တောင်းပန်ခြင်း
-----------------------------------------------------------------------------
ကျွန်တော်များ ဂျော်လီဆွေနှင့်သားများ ဗီဒီယိုထုတ်လုပ်ရေးမှာ
 အရင်ကတည်းက ရခိုင်အမျိုးသားများကို ချစ်ခင်စွာဖြင့် ရခိုင်အမျိုးသား
 တစ်ဦးဖြစ်သူ ဒီကနေ့ ထိပ်တန်းသရုပ်ဆောင်
 နေတိုးကို လက်တွဲရ်ျ ရိုက်ကူးခဲ့သော ထုတ်လုပ်ရေးဖြစ်ပါသည်။ ဒါတင်မက
 ရခိုင်အမျိုးသားများဖြစ်သည့် ဘုန်းလျှံ၊ သာထက်စသော
 အနုပညာရှင်လေးများကို မြေတောင်မြောက်ကာ ရိုက်ကူးပေး
 ခဲ့သော ကုမ္ပဏီလည်းဖြစ်ပါသည်။ ရခိုင်အမျိုးသားများအား
 ထိခိုက်နစ်နာစေလိုခြင်းအလျဉ်းမရှိပါ။ ဂျောင်း ဗီဒီယိုဇာတ်ဝင်
 ခန်းတွင်ပါသော စကားလုံးအချို့နှင့်ပတ်သက်ရ်ျ ဇာတ်ညွှန်း၊
 ဒါရိုက်တာ၊ သရုပ်ဆောင်များက သဘာဝထက် ဟာသကို
 ဦးစားပေးပြီး ရိုက်ကူးတင်ဆက်မိခဲ့ခြင်းအပေါ် နားလည်သည်း
 ခံခွင့်လွှတ်ပါရန်နှင့် နောက်နောင်ဇာတ်ကားများတွင်လည်း
”ွှဤသို့ အဖြစ်မျိုး မဖြစ်ရန် တာဝန်ယူကတိပြုပါကြောင်း
 အနူးအညွတ်တောင်းပန်အပ်ပါသည်ခင်ဗျာ။


 ဂျော်လီဆွေနှင့်သားများ ဗီဒီယိုထုတ်လုပ်ရေး

Popular Journal


လှူဒါန်းရန်အတွက် ရေခဲသေတ္တာထမ်းကာ မိုင်ပေါင်း ၁၀၀၉ မိုင် ပြေးပြသူ


အသက် ၄၉ နှစ်အရွယ် ဗြိတိန်နိုင်ငံသားတစ်ဦးသည် ဒေါ်လာ ၆၃၀၀၀ လှူဒါန်းနိုင်ရန်အတွက် ရေခဲသေတ္တာထမ်းကာ
ယူကေအတွင်း ၁၀၀၉ မိုင် ပြေးပြခဲ့ကြောင်း သိရသည်။ တိုနီဖီးနစ်မော်ရစ်စင် အမည်ရှိသူသည်စကော့တလန်
မြောက်ပိုင်းမှ စတင်ကာ ၄၁ ရက်ကြာ ပြေးလွှားခဲ့ပြီး စက်တင်ဘာလ ၁၂ ရက်နေ့တွင် အင်္ဂလန်နိုင်ငံ  လန်းစ်အန့်
ဒေသသို့ ရောက်ရှိလာပြီ ဖြစ်သည်။ ၉၃ ပေါင် လေးသော ရေခဲသေတ္တာကို ထမ်း၍ ပြေးလွှားသူ တိုနီသည်
ရေခဲသေတ္တာကုမ္ပဏီတစ်ခုဖြစ်သော စမက်ယူကေမှ ရရှိမည့် ဒေါ်လာ ၆၃၀၀၀ ကျော်ကို ကင်ဆာကုထုံးနှင့် ကင်ဆာရောဂါ ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် ဆာဘော်ဘီရော့ဘ်ဆင် ဖောင်ဒေးရှင်းသို့ ပေးအပ်လှူဒါန်းသွား
မည်ဖြစ်သည်။ တိုနီက ၄င်းလာရာ လမ်းတစ်လျှောက်တွင် ပြည်သူများက ရေနှင့် အစားအသောက်များကို
တိုက်ကျွေးကာ အားပေးခဲ့ကြကြောင်းလည်း ပြောဆိုခဲ့သည်။

(UPI,13,9,13)မေဇွန်
၁၄-၉-၂၀၁၃ ရက် (စနေနေ့) ထုတ် ပြည်မြန်မာ နေ့စဉ်သတင်းစာမှ


တစ်ပတ်မှာ ၁ ရက် မိတ်ကပ် လိမ်းခြင်းဖြင့် အိုမင်းရင့်ရော်မှုကို နှေးကွေးစေနိုင်


အမျိုးသမီး အများစုဟာ အပြင် ထွက်ရင်ကော အိမ်မှာနေရင်းမှာပါ မိတ်ကပ် မလိမ်းဘဲ မနေနိုင်ပါ။ တို့ပတ် လေးတော့ "ဘတ်ဘတ်" ရိုက်သွား ဦးမှဆိုတဲ့ စိတ်ကူးလေး ရှိစမြဲပါ။ ဆိုလို တာက မိတ်ကပ် မရိုက်ဘဲ အပြင် ထွက်ရင် မျက်နှာပြောင်ကြီးနဲ့လို့ အပြော မခံချင်ကြပါ။

 သို့သော် တစ်ပတ်လျှင် ၁ ကြိမ်ခန့် မိတ်ကပ်မလိမ်းဘဲ မိတ်ကပ်ကို ရှောင်ကြဉ်လိုက်ခြင်းဖြင့် သင့် အသား အရေကို အိုမင်းစေခြင်းမှ ကာကွယ် သွားနိုင်ကြောင်း အသားအရေပြုစု စောင့်ရှောက်ရေး ကျွမ်းကျင်သူများ က ပြောကြားလိုက်ပါပြီ။

Bio 2 You Organic Seabuckthorn အရေပြားထိန်းသိမ်း ရေး၏ တည်ထောင် Rita Strazinska ရီတာစထရာဇင်စကာ က အမျိုးသမီး များအား တစ်ပတ်မှာ ၁ ရက်တော့ အနည်းဆုံး ၂၄ နာရီ ကြာအောင် မိတ်ကပ် မလိမ်းဘဲ နေလိုက်ကြဖို့ တိုက်တွန်း အားပေး လိုက်ပါတယ်။ သို့မှသာ အသားအရေ ကို ကာကွယ်ပေးရာကျသလို အလှ ကုန်ပစ္စည်းများ လိမ်းကျံထားလို့ လေးလံနေတဲ့ မျက်နှာအသားအရေ အား ပေါ့ပါးသွားစေပြီး အသစ်တစ်ဖန် ပြန်လည်နုပျို ရှင်သန်ဖို့ အချိန်ပေးရန် တိုက်တွန်းခြင်းဖြစ်ပါတယ်။
 တစ်ပတ်မှာ ၁ရက်တော့ အရေ ပြားကို အသက်ဝ၀ရှူဖို့ အချိန်ပေး ခြင်းဖြင့် အသားအရေထိန်းသိမ်းရာ လည်းရောက်ပါတယ်။ အမျိုးသမီးများ အနေဖြင့် ထိုသို့ မိတ်ကပ် တစ်ပတ် မှာ တစ်ရက်မလိမ်းဘဲထားခြင်းကြောင့် သူတို့ရဲ့ သဘာဝအသားအရေအခြေ အနေကို သတိပိုပြုမိလာပြီး မိမိကိုယ် မိမိ ယုံကြည်မှု ပိုရှိလာစေတယ်။ ကမ္ဘာကြီးကလည်း သူတို့တွေရဲ့ သဘာဝ အလှကို တန်ဖိုးထား အလေး ပေးဖို့ အခွင့်အရေးပေးမှာပါလို့ ရှင်းပြ လိုက်ပါတယ်။

 မိတ်ကပ် တစ်ပတ် မှာ ၁ ရက် မလိမ်းစေချင်ရတဲ့ အဓိကအချက်များ ကတော့

(၁) အသားအရေ ကြည်စင်စေခြင်း
 မည်သည့် မိတ်ကပ်ကမှ အမဲ အစက်အပြောက်များ လျော့သွား အောင် မကူညီနိုင်ပါ။ ဝက်ခြံ၊ တင်းတိတ်၊ မှဲ့ခြောက်မပျောက်စေပါ။ မိတ်ကပ်ကြောင့် အသားအရေ နီမြန်းလာခြင်း သို့မဟုတ် ကသိက အောက်တောင်ဖြစ်ကာ ဓာတ်မတည့် ဖြစ်စေနိုင်ပါတယ်။

(၂) ဓာတုပစ္စည်းများ ကင်းစင်ပါစေ
 သဘာဝ ပစ္စည်းတွေနဲ့ ဖော်စပ် ထားပါတယ်လို့ ဘယ်လိုပဲပြောပြော အလှကုန်ပစ္စည်း အများစုဟာ ပါရာဘင်းကဲ့သို့သော အ္တရာယ်ပေး နိုင်တဲ့ ဓာတုပစ္စည်းများ ပါဝင်ပါတယ်။ ထိုကဲ့သို့သော ဓာတုပစ္စည်းများနှင့် အကြိမ်များများ ထိတွေ့မှုမှ ရှောင်ကြဉ်၍ အနားယူစေခြင်းဖြင့် သင့်အသား အရေအား ညှာတာရာရောက်သလို ဥာဏ်အမြော်အမြင်ကြီးရာလည်း ရောက်ပါတယ်။
(၃) ထို့ပြင် မိတ်ကပ် မလိမ်းတဲ့ အတွက် အလှပြင်ချိန်လျော့ သွားလို့ မိမိမှာ အချိန်ပိုလာနိုင် ပါတယ်။ အမျိုးသမီး တွေဟာ အလှတစ်ခါပြင်ရင် ပျမ်းမျှ မိနစ် ၂၀ ကြာလေ့ရှိပါတယ်။ မနက်တိုင်း မိနစ် ၂၀ အချိန် ပိုလာတဲ့ အတွက် အိပ်ချိန်ပိုရလာသလို မနက် စာစားဖို့လည်း အချိန်ရစေ ပါသတဲ့။

By Health Digest


စိတ်ဖြေနည်း (၁၀) ဖြာ


၁) သင်မပြောင်းလဲနိုင်တဲ့အရာတွေကို လက်ခံလိုက်ပါ... သင်ကိုယ်တိုင် ပြောင်းလဲနိုင်တယ် ပြီးတော့ ပြောင်းလဲချင်စိတ်လဲရှိတယ်ဆိုရင် ပြောင်းလဲပစ်လိုက်ပါ...

၂) သင့်အပေါ် မကောင်းတဲ့သူတွေ သင့်စိတ်ညစ်အောင်လုပ်နေတဲ့သူတွေကို လက်လွှတ်လိုက်ပါ... သူတို့အတွက်စဉ်းစားကြည့်မယ်ဆိုရင်လည်း သူတို့ဘယ်လိုလူတွေလဲဆိုတာ သင်သိပြီးသားပဲ...


၃) သင်အကြိုက်ဆုံး မြူးမြူးကြွကြွတေးသီချင်းတွေ ဖွင့်ပြီး ပေါက်ကွဲပစ်လိုက်ပါ... ရင်ကိုဖွင့်ပြီး အားရပါးရလိုက်ဆိုပါ... တေးသွားနဲ့ အလိုက်သင့်ကခုန်လိုက်ပါ....

၎) ပြေးပါ... ခပ်ဝေးဝေးကို ပြေးပါ... သင့်စိတ်ထဲ သက်တောင့်သက်သာရှိလာတဲ့ အထိပြေးပါ... နောက်ဆုံးမှာ စိတ်ခံစားချက်တွေ အရေးမပါတော့တဲ့အထိ သင်မောပန်းလာပါလိမ့်မယ်...

၅) သင်ချစ်တဲ့သူ တစ်ယောက်ယောက်ဆီဖုန်းဆက်လိုက်ပါ... သူတို့ရဲ့ အသံတွေကို ကြားရတဲ့အခါ သင်နေလို့ထိုင်လို့ ပိုကောင်းလာပါလိမ့်မယ်....

၆) လူစိမ်းတစ်ယောက်ယောက်ကို ပြုံးပြလိုက်ပါ... ဒီနည်းက သင်တို့နှစ်ယောက်လုံး ပြုံးဖြစ်အောင်လုပ်ပေးနိုင်ပါတယ်...

၇) တစ်ယောက်ယောက်ဆီကို အမည်မဖော်တဲ့ ဆုမွန်ကောင်းတောင်းလွှာလေး ပို့ပေးလိုက်ပါ...

၈) သင့်ကိုယ်သင် မကြိုက်တဲ့အချက်တွေကို ချရေးလိုက်ပါ... ပြီးရင် အဲ့ဒါကို စုတ်ဖြဲပြီး မီးရှို့လိုက်ပါ...

၉) သင်အကြိုက်ဆုံး ရုပ်ရှင်ဇာတ်ကား တစ်ကားကားကို ထိုင်ကြည့်လိုက်ပါ....

၁၀) သင့်ကိုယ်သင် ယုံကြည်ပါ...
နှိုင်းရင့်နွေ

ဗိုလ်ဇော်မျိုးထက် (နောက်တန်းဝဲမှ လေးဦးမြောက်) ကို ဦးတေဇအား ရေခဲတောင်မှ ကယ်တင်ခဲ့စဉ်က တွေ့ရမြန်မာ့ တပ်မတော်နှင့် ကေအိုင်အေတိုက် ပွဲတွင်ဦးတေဇအား ရေခဲတောင် မှ ကယ်ထုတ်ခဲ့သူ တပ်မတော်အရာရှိတစ်ဦး ခေါင်းဖြတ်သတ်ခံရ


ဗိုလ်ဇော်မျိုးထက် (နောက်တန်းဝဲမှ လေးဦးမြောက်) ကို ဦးတေဇအား ရေခဲတောင်မှ ကယ်တင်ခဲ့စဉ်က တွေ့ရစဉ်။ဓာတ်ပုံ- ရောင်နီဦးဖေ့ဘွတ်ခ်
ရန်ကုန် ၊ စက်တင်ဘာ ၁၃။        ။ မြန်မာ့ တပ်မတော်နှင့် ကေအိုင်အေတိုက် ပွဲတွင် ဦးတေဇအား ရေခဲတောင် မှ ကယ်ထုတ်ခဲ့သူ တပ်မတော် အရာရှိတစ်ဦး ခေါင်းဖြတ်အသတ် ခံရပြီး တခြားအဆင့်နှစ်ဦးတို့ အ သတ်ခံရကြောင်း နိုင်ငံတော် သမ္မတ ရုံးမှ သိရှိရသည်။

''ဗိုလ်ဇော်မျိုးထက်ရဲ့ မျက် နှာကို ဓားနဲ့အမွှန်းခံရပြီးခေါင်း ဖြတ်ပြီးတော့ ဗိုက်ထဲခွဲထည့်ထား တယ်။ တခြားအဆင့်နှစ်ဦးကတော့ အသတ်ခံထားရတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်း ချမ်းရေး ကောင်စီ က ကေအိုင်အို ကို ဥပဒေနဲ့အညီ ဖြေရှင်းဆောင် ရွက်ပေးဖို့ တရားဝင်စာပေးပို့ထား တယ်။ သူတို့ဆီကပြန်ကြားတာ မလာသေးဘူး။ ကေအိုင်အိုအနေ နဲ့ ဘယ်လိုဖြေရှင်းပေးမလဲဆိုတဲ့ အပေါ်မူတည်ပြီး ဆက်လက် ဆောင် ရွက်သွား ပါမယ်'' ဟု နိုင်ငံတော် သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါစစ်ပွဲဖြစ်ပွားရာ   ပူတာအိုခရိုင် မချမ်းဘောမြို့နယ် အတွင်းနေရာသည် စစ်စခန်းနယ် မြေသတ်မှတ်မှုအရ ကေအိုင်အိုနယ် မြေမဟုတ်ကြောင်း အဆိုပါတာ ဝန်ရှိသူမှ ဆက်လက်ပြောကြား ခဲ့သည်။ ကျဆုံးသွားသောအရာရှိ မှာ ဗိုလ်ဇော်မျိုး ထက်၊ ဒုတပ်ကြပ် စိုးနိုင်ဦးနှင့် တပ်သားခင်မောင် သန့်တို့ဖြစ်ကြောင်း၊ ဩဂုတ် ၃၀ ရက်တွင် ကွယ်လွန်သွားခြင်းဖြစ် ကြောင်း သိရသည်။

''အောက်ခြေမှာ ထိတွေ့ မှုတွေဖြစ်လို့ တစ်ဘက်နဲ့တစ်ဘက် ပစ်ခတ်မှုတွေဖြစ်တာ လက်ခံလို့ ရပေမယ့် ဒီလိုဖမ်းဆီးသွားပြီး ရက် ရက်စက်စက်သတ်ဖြတ်တာမျိုး တော့လက်မခံနိုင်ပါဘူး''ဟု သမ္မတ ရုံးမှ တာဝန်ရှိသူက ဆက်လက် ပြောသည်။
ယင်းနှင့် ပတ်သက်ပြီး ဗိုလ် ဇော်မျိုးထက်၏ဖခင် ဦးမျိုးဦးက ''မိသားစုထဲမှာ အကြီးဆုံးသား ဖြစ်ပါတယ်။ ဦးတေဇကို ရေခဲ တောင်မှ ကယ်ထုတ်ခဲ့တဲ့ ဗိုလ် တစ်ဦးဆိုတာလဲ ဟုတ်ပါတယ်။ ဖြစ်ပုံကတော့ တိုက်ပွဲမှာ တိုက် ရင်းနဲ့ ပျောက်သွား တယ်လို့ ဆို ပါတယ်။ ကျွန်တော်တို့သားကိစ္စ ကို ယခုလ ၅ရက်ကမှ သိရတာ ဖြစ်ပါတယ်''ဟု အတည်ပြုပြော ကြားခဲ့သည်။
Yangon Time

ဆန္ဒပြ တောင်ကုတ်ဒေသခံ ၃ ဦး ထောင်ဒဏ် ၃ လစီ ချမှတ်




ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာ မွတ်စလင်တွေအတွက် တူရကီနိုင်ငံက အိမ်ဆောက်ပေးမှာကို ကန့်ကွက်ဆန္ဒပြမှုကြောင့် တရားရင်ဆိုင်နေတဲ့ ကိုစိုးဝင်း၊ ကိုသံလုံးနဲ့ ကိုသန်းလွင်တို့ကို တောင်ကုတ်မြို့နယ်တရားရုံးက ဒီနေ့ထောင်ဒဏ် ၃ လစီ ချမှတ်လိုက်ပါတယ်။

ကိုသံလုံး၊ ကိုစိုးဝင်းနဲ့ ကိုသန်းလွင်တို့ကို အမိန့်ချပြီးတဲ့နောက် သံတွဲထောင်ကို ခေါ်သွားတယ်လို့ဆိုပါတယ်။ သူတို့ဟာ ဆန္ဒပြဖို့သက်ဆိုင်ရာကို အကြိမ်ကြိမ်ခွင့်ပြုချက်တင်ခဲ့ပေမယ့် မရတဲ့အဆုံး ခွင့်ပြုချက်မယူဘဲ ဆန္ဒပြခဲ့ကြတာလို့ ဒေါ်မဖြူကဆိုပါတယ်။

ဒါကြောင့် သူတို့ကို ခွင့်ပြုချက်မရှိပဲ စီတန်းလှည့်လည်ဆန္ဒပြမှု ပုဒ်မ ၁၈ နဲ့ သက်ဆိုင်ရာက တရားစွဲခဲ့ပြီး အာမခံနဲ့လွှတ်ပေးထားတဲ့အတွက်၊ အပြင်ကနေ တရားရင်ဆိုင်ခဲ့ရာကနေ ဒီနေ့မှာ အမိန့်ချခံလိုက်ရတာဖြစ်ပါတယ်။
RFA Burmese

မလေးရှားနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာအလုပ်သမားများ မလေးရှားဥပဒေဖြင့် အရေးယူမခံရဘဲ မြန်မာနိုင်ငံသို့ ပြန်လာခွင့်ရရှိ


မလေးရှားနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာအလုပ်သမားများ မလေးရှား ဥပဒေဖြင့် မရေးယူမခံရတော့ဘဲ မြန်မာနိုင်ငံသို့ ပြန်လာခွင့်ရရှိရန် ညှိနှိုင်းမှုရရှိခဲ့ကြောင်းအလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောကြားသည်။
စက်တင်ဘာ ၉ ရက်က မလေးရှားနိုင်ငံသို့ သွားရောက်ပြီး အထောက် အထားမဲ့ မြန်မာအလုပ်သမားများအရေး အဓိကထား ဆွေးနွေးခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ စက်တင်ဘာ ၁၂ရက်က ပြန်လည်ရောက်ရှိစဉ် မီဒီယာများနှင့် တွေ့ဆုံရာ၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

''အဓိကတော့ အထောက်အထားမဲ့ မြန်မာအလုပ်သမားတွေအတွက်ပါ။ အဲဒီအတွက်လည်း အထောက်အထားနဲ့ အလုပ် လုပ်ချင်တဲ့သူတွေကို တရားဝင် မှတ်ပုံတင်တွေ ထုတ်ပေးမယ်။ နောက်တစ်ခုက ဟိုပြေး၊ ဒီပြေးနဲ့ အလုပ်ရှင်ကလည်း မလိုအပ်ဘူးဆိုတဲ့သူတွေရယ်၊ စခန်းတွေမှာ ရောက်နေတဲ့ ကလေးတွေကို မလေးရှားဥပဒေနဲ့ အရေးယူခံရမှုကို ကင်းလွတ်ခွင့်ရရှိဖို့ ညှိနှိုင်းနိုင်ခဲ့ပါတယ်''ဟု ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောကြားသည်။

ယခုလက်ရှိ မလေးရှားနိုင်ငံ၌ မြန်မာနိုင်ငံသို့ ပြန်လာရန် စောင့်ဆိုင်းနေသူ ၁၀၀၀ ကျော်ခန့် ရှိနေကြောင်း၊ ယခင်က မြန်မာနိုင်ငံသို့ ပြန်လာရန်အတွက် အထောက်အထားမဲ့ မြန်မာအလုပ်သမားတစ်ဦးအနေဖြင့် မလေးရှားဥပဒေအရ ဒဏ်ကြေးငွေ မလေးရှားရင်းဂစ် ၄၀၀ ပေးဆောင်ရကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ပြန်လာမည့် အထောက်အထားမဲ့ မြန်မာအလုပ်သမားများကို Bio-Matric System နည်းဖြင့် စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး တိကျသည့် အဖြေထွက်ရှိမှသာ ပြန်လာခွင့်ရရှိမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ဆက်လက်၍ ''မြန်မာနိုင်ငံကို ပြန်လာမယ့်သူတွေကို Bio-Matric System အရ လက် ၁၀ ချောင်းလုံးကို လက်ဗွေနှိပ်မယ်။ သူငယ်အိမ်က မျက်ကြည်လွှာကို ဓာတ်ပုံရိုက်မယ်။အဓိကတစ်ချက်က မြန်မာနိုင်ငံသားဖြစ်ရမယ်။ အဲဒီကမှရလာတဲ့ အထောက်အထားတွေကို မြန်မာနိုင်ငံမှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေးကို ပို့ပြီး စစ်ဆေးမယ်။ ပြီးရင်တော့ ပြန်လာနိုင်မှာပါ''ဟု ပြောကြားသည်။

မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သား စုစုပေါင်းနှစ်သိန်းခွဲကျော် ရှိနေပြီး ၁၄၀၀၀၀ ကျော်မှာ တရားဝင် အလုပ်သမားများဖြစ်ကာ ၁၁၀၀၀၀ ကျော်မှာ အထောက်အထားမဲ့ အလုပ်သမားများဖြစ်နေသည့်အပြင် UNHCR ကတ်ကိုင်ဆောင်ထားသူမှာ ၈၀၀၀ ခန့်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ယခုနှစ်လယ်ပိုင်းက မလေးရှားနိုင်ငံတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်များကြောင့် မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမား ရာနှင့်ချီ ပြန်လာနေကြောင်း သိရသည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးရှေ့တွင် နိုင်ငံသားဖြစ်ကြောင်း သက်သေခံလက်မှတ် ထုတ်ယူရန် စောင့်ဆိုင်းနေသူများ (ဓာတ်ပုံ-နေထွန်းနိုင်)
Eleven Media Group

တရုတ်မြစ်ပေါင်း ၂၈ဝဝဝ ‘ပျောက်ဆုံး’သွားသည့်ကိစ္စနှင့်ဆက်စပ်၍


တစ်ချိန်က တရုတ်နိုင်ငံတွင် မြစ် ပေါင်း ၅ဝဝဝဝ ခန့်ရှိခဲ့ရာမှ တရုတ်ရေ အရင်းအမြစ် ဝန်ကြီးဌာနက လူပေါင်း ၈ဝဝဝဝဝ ခန့်ဖြင့် ပြုလုပ်ခဲ့သော ”အ မျိုးသားရေ သန်းခေါင် စာရင်း”အရ ရေ ဝေဧရိယာ စတုရန်းမိုင် ၄ဝ နှင့်အထက် ရှိသော မြစ် ၂၂၉ဝ၉ စင်းသာ ရှိတော့ ကြောင်း သိရရာ နှစ်ပေါင်း ၂ဝ ကျော် အတွင်း တရုတ်မြစ်ေ ချာင်းပေါင်း ၂၈ဝဝဝ ခန့် တိမ်ကောသွား၊ ”ပျောက်ဆုံး” သွား ခြင်းပင် ဖြစ်သည်။
ထိုသို့မြစ်များ လျော့နည်းရခြင်း မှာ စာရင်းကောက်ယူရာတွင် မတိကျ မှု၊ မှားယွင်းလွဲချော်မှု၊ ရေနှင့်မြေဆီလွှာ လျော့နည်းဆုံးရှုံးမှုနှင့် ရာသီဥတုပြောင်း လဲမှုတို့ကြောင့် ဟုတရုတ်အစိုးရ တရားဝင် သတင်းထုတ်ပြန်ချက်က ဆိုသည်။ စာရင်းအင်း ပြုစုရေး အားနည်း ချက်များဆိုရာ၌ တရုတ်နိုင်ငံ၏ စာရင်း ကောက် ယူမှတ်တမ်း တင်ရေးစ နစ်တွင် လိုအပ်ချက်များရှိနေသည်မှာ အမှန် ဖြစ်သည်။  သူတို့ကျင့်သုံးနေသော မြေပုံ စနစ်သည် ရှုပ်ထွေးကာ အမှားအယွင်း များရှိနေသည်။ ဥပမာ ချင်ေ ဒါင်မြစ် ကြောင်း သည် ယခင်မြေပုံထဲ၌ အထင်း သားပေါ်နေခဲ့သည်။ လက်ရှိမျက်မြင်အားဖြင့်လည်း ရေအလုံးအရင်းဖြင့် စီး ဆင်းနေသောမြစ်ဖြစ်သည်။ သို့သော် ထပ်ဆွဲေ သာပုံတွင် မူချင်ဒေါင်မြစ်ကြောင်း နေရာကို ကားလမ်းအဖြစ် မှတ်တမ်း တင်ထားသည်။ ထိုသို့ မြစ်တကယ်ရှိ နေပါလျက်နှင့် မရှိဟုမှားမှတ်မိ၍ မြစ် များ”ပျောက် ဆုံး”သွားခြင်း မျိုးလည်း ရှိ သည်။
ယင်းဖြေရှင်းချက်သည် ဖြစ်စဉ်၏ အကြောင်းရင်းများအနက် တစ်ခုအဖြစ် ဖြင့် လက်ခံနိုင်ဖွယ်ဖြစ်သော်လည်း တရုတ်နိုင်ငံရှိ သဘာဝပတ်ဝန်းကျင် ရေးရာ လှုပ်ရှားသူ အချို့ကမူ ထိုမျှနှင့် ကျေနပ်ခြင်းမရှိချေ။”နိုင်ငံရဲ့မြစ်ပေါင်း ၂၈ဝဝဝ ကျော် မြေပုံပေါ်က ပျောက် သွားတယ်လို့ သိရတာ အံ့အားသင့်စ ရာပဲ။ သဘာဝကပ်ဘေးလား၊ လူတွေ ကြောင့်လား၊ နှစ်ခုလုံးကြောင့်လည်း ဖြစ်နိုင်တယ်။ ကျွန်တော်ကတော့ လူ တွေကြောင့်ဖြစ်ဖို့က ပိုများတယ်လို့ ထင်တယ်”ဟု သူတို့ထဲမှတစ်ဦးက ဆို သည်။ရေ သယံဇာတဆိုင်ရာ ကမ္ဘာသိ ပညာရှင်တစ်ဦးဖြစ်သည့် ပီတာဂလိုက် က ရာသီဥတုပြောင်းလဲမှုသည် ကမ္ဘာ့ သယံဇာတများအပေါ် တကယ်တမ်း ခြိမ်းခြောက်နေ သည်။ ရေကောင်းရေ သန့်ပမာဏ လျော့နည်းလာနေခြင်း၊ ရေအရည်အသွေးကျဆင်းလာခြင်းနှင့် အစွန်းရောက် မိုးလေဝသဖြစ်ရပ်များက ယင်း၏ သက်ရောက် ထိခိုက်မှု ကို ညွှန် ပြနေသည်။ သို့သော် တရုတ်နိုင်ငံတွင် ဖြစ်ပေါ်နေသော ရေဘက်ဆိုင်ရာ စိန် ခေါ်မှုများသည် ရာသီဥတုပြောင်းလဲ ခြင်းတစ်ခုတည်းကြောင့် မဟုတ်ဟုဆို သည်။ သူက တရုတ်၏မြစ်ချောင်းများ တိမ်ကောပျောက်ကွယ်သွားခြင်း၏ အ ဓိကအကြောင်းရင်းမှာ မြစ်ရေများကို အဆင်ခြင်မဲ့ ထိန်းချုပ်မှုမဲ့ ထုတ် သုံးခြင်း ကြောင့် ပို၍ ဖြစ်နိုင် သည်ဟု ပြောသည်။
မြစ်ချောင်း ၂၈ဝဝဝ ပျောက်ကွယ် သွားကြောင်း သိရချိန်သည် တရုတ် နိုင်ငံတွင် မြို့ပြနှင့် စက်မှုလုပ်ငန်းများ တစ်ဟုန်ထိုး များပြားလာနေခြင်းနှင့် တိုက်ဆိုင်နေသည်။ ၁၉၉ဝ ခုနှစ်နှင့် ၂ဝဝဝ ခုနှစ်တို့ကြားတွင် တရုတ်မြို့ပြ ဧရိယာသည် စတုရန်းမိုင် ၅ဝဝဝ မျှပို ၍ ကျယ်ပြန့်လာခဲ့သည်။ တရုတ်၏ ဂျီ ဒီပီသည် ၂ဝဝဝ ခုနှစ်က အမေရိ ကန် ဒေါ်လာ ၁ ဒသမ ၁ဝ၉ ထရီလျံရှိခဲ့ရာ မှ ၂ဝ၁၁ ခုနှစ်တွင် ၇ ဒသမ ၃၁၈ ထရီ လျံအထိ တိုးတက်ခဲ့သည်။ ဖွံ့ဖြိုးလာ သောမြို့ပြနှင့်စီးပွားရေး၏ အကျိုးဆက် အဖြစ် ရေနှင့်စွမ်းအင်အရင်းအမြစ်တို့ သိသာစွာလျော့နည်းသွားသည်။တရုတ်တို့သည် ရေပမာဏ လျော့ နည်းသည့်ပြဿနာကိုသာ ရင်ဆိုင်နေရ သည်မဟုတ်၊ ရှိပြီးရေ အရင်းအမြစ် များ၏ အရည်အသွေးသိသာစွာကျဆင်း လာနေမှု၏ ဒဏ်ကိုလည်း ခံနေရသည်။ တရုတ်မြို့ပြရပ်ရွာများမှ ထွက်သော မိလ္လာအညစ် အကြေးပမာ ဏ ၏ ၉ဝ ရာ ခိုင်နှုန်းနှင့် စက်မှုလုပ်ငန်းစွန့်ပစ်ရေ ၃၅ ရာခိုင်နှုန်းတို့သည် မည်သည့်သန့်စင်မှု မှမရှိဘဲမြစ်ချောင်းများထဲသို့ ဝင်ရောက် နေသည်။
အုပ်ချုပ်မှု လျော့ရဲသည့်အတွက် လွန်ခဲ့သောနှစ် စက်တင်ဘာလက ယန် စီမြစ်ထဲသို့အနီရောင်ညစ်ညမ်းရေများ ထုနှင့်ထည်နှင့် စီးဝင်ခဲ့ဖူးရာ တရုတ် အုပ်ချုပ်သူတို့ အကြောင်းရင်းကို ရုတ် တရက်ရှာမရခဲ့ပေ။ ထို့အပြင် ရှန်ဟိုင်း မြို့ကိုရေပေးနေသည့် ဟွမ်ပူမြစ်ထဲ၌ ဝက်အသေကောင်ရေ ၁၆ဝဝဝ မျှ မျော နေခြင်း၏လက်သည်ကို လည်းကောင်း၊ စီချွမ်ပြည်နယ် နန်ဟေမြစ်ထဲသို့ ဘဲ အသေအကောင် ၁ဝဝဝ လာပစ်သွားသူ ကိုလည်းကောင်း ယခုအထိ ရှာ၍မရ သေးချေ။
တရုတ်အစိုးရက ၂ဝ၁၁ ခုနှစ် အတွင်း ထုတ်ပြန်ချက်အရ စောင့်ကြည့် တိုင်းတာနေသော မြစ်ချောင်းများ အနက် ၄၃ ရာခိုင်နှုန်းသောမြစ် များ၏ ရေများ သည် သောက် သုံးဖို့မဆိုထားဘိ ထိ၍ပင်မသင့်သော အခြေအနေအထိ ညစ်ညမ်းနေသည်။ ယေးလ်တက္ကသိုလ် မှ တွက်ချက်မှတ်တမ်းတင်ထားသော ”၂ဝ၁၂ ခုနှစ် သဘာဝပတ် ဝန်း ကျင်ရေး ရာ စွမ်းဆောင်မှုအညွှန်းကိန်းဇယား” တွင် တရုတ်သည် အဆိုးရွားဆုံး နိုင်ငံ များထဲတွင် ပါနေသည်။ နိုင်ငံပေါင်း ၁၃၂ နိုင်ငံကို အမှတ်ပေးသည့်အနက် တရုတ် သည် ၁၁၆ နေရာတွင် ရောက် နေသည်။
တရုတ်နိုင်ငံ သဘာဝပတ်ဝန်း ကျင်ရေးရာဌာန ညွှန်ကြားရေးမှူး မာဂျွန်က”တရုတ်နိုင်ငံ၏အကြီးဆုံးမြို့ ကြီး ၃၂ မြို့အနက်မြို့ကြီး ၃ဝ သည် ရေမလုံလောက်မှုကို အနည်းနှင့်အများ ခံစားနေရသည်။ နိုင်ငံမြောက်ပိုင်းတွင် မြေပေါ်ရေအရင်းအမြစ်များ လျော့ နည်းလာနေသဖြင့် မြေအောက်ရေ ထုတ်ယူသုံးစွဲမှုသည် ပြန်ပြည့်နိုင်သော ပမာဏထက် များနေသည့်အတွက် ရေ ရှည်ခံမည်မဟုတ်”ဟု သတိပေးပြော ကြားလိုက်သည်။တရုတ်နိုင်ငံသည် ရေအရင်းအ မြစ်ကဏ္ဍတွင် သဘာဝ၏မျက်နှာ သာ ပေးမှုကို နဂိုကတည်းကမရရှိခဲ့သော နိုင်ငံဖြစ်သည်။ တရုတ်နိုင်ငံ၏လူဦးရေ သည် ကမ္ဘာ့လူဦးရေ၏ ၂ဝ ရာခိုင်နှုန်း မျှရှိသော်လည်း တရုတ်ရေအရင်းအမြစ် သည် ကမ္ဘာ့ရေအရင်းအမြစ်၏ ၆ ရာခိုင်နှုန်းမျှသာ ရှိသည်။ တိုးလာသော လူဦးရေနှင့် စီးပွားဖွံ့ဖြိုးမှုတို့ကြောင့် ၂ဝဝဝ ခုနှစ်နှင့် ၂ဝဝ၉ ခုနှစ်အတွင်း တရုတ်နို င်ငံရှိ ရေကောင်းေ ရသန့်ပမာ ဏသည် ၁၃ ရာခိုင်နှုန်းမျှ လျော့နည်း သွားခဲ့သည်။ ရေလုံလောက်စွာ ရရှိရေး သည် တစ်ကမ္ဘာလုံးရင် ဆိုင်နေရေ သာ ပြဿ နာဖြစ်သော်လည်း ကမ္ဘာ့စီး ပွား ရေးထိပ်သီးနေရာကို အသည်းအသန် ရယူလိုနေသော တရုတ်တို့အဖို့ ယင်း ကိစ္စသည် အခြားနိုင်ငံများထက် ပို၍ အရေးကြီးေ နသည်။
ထို့ကြောင့် တရုတ်တို့သည် မိမိ နယ်နိမိတ်အတွင်း၌သာမဟုတ် နိုင်ငံ ပြင်ပအထိခြေဆန့်ကာ ရေကို ရသည့် နည်းဖြင့်ယူရန် ကြိုးစားနေကြ သည်။ ရေ သည် သောက် သုံးရန်၊ ခရီးသွားလာ ရန်အတွက်မျှသာ မဟုတ်။ စက်မှုလုပ် ငန်းများ၊ စွမ်းအင်ထုတ်လုပ်ငန်းများ၊ စိုက် ပျိုးမွေးမြူရေးလုပ်ငန်းများ တွင်လည်း မရှိ မဖြစ်ပါရေ သာအရာဖြစ် သည်။ အထက် ပါလုပ်ငန်းများ၌လိုအပ်သော ရေပမာဏ ကို လူတစ်ဦးနှုန်းနှင့်တွက်ပါက အိမ်သုံး သက်သက်ထက် ငါးဆမှအဆ ၂ဝအထိ လိုအပ်သည်။ တရုတ်အပါ အ ဝင် နိုင်ငံ အချို့သည် နိုင်ငံတွင်းရှိ ရေအရင်း အ မြစ်များကို သောက်သုံးရန်နှင့်ခရီးသွား လာရေးအတွက် ချန်ထားကာ အခြား ကဏ္ဍများအ တွက်လိုသောေ ရကို ပြင် ပ နိုင်ငံများသို့ ထွက်၍ တတ်နိုင်သမျှ ရယူ အသုံးချနေကြသည်။
မြစ်ကိုပိတ်၍ ရေကာတာဆောက် ပြီး လျှပ်စစ်ထုတ်ခြင်းသည် အပေါ်ယံ ကြည့်ပါက စွမ်းအင်ကဏ္ဍဟု မြင်နိုင် သော်လည်း စင်စစ်တွင် ရေအရင်းအမြစ် ကို အသုံးချခြင်း ပင် ဖြစ်သည်။ ထို့ ကြောင့် ဧရာဝတီမြစ်ဆုံတွင် ရေကာတာ ဆောက်ရန် စီစဉ်ခြင်းသည် မြန်မာ့ရေ အရင်းအမြစ်ကို တရုတ်နိုင်ငံသို့ လျှပ် စစ်စွမ်းအင်အသွင်ဖြင့် ပို့မည့် သေ ဘာ ဖြစ် သည်။တစ်နိုင်ငံ၏ရေကို အခြားတစ်နိုင် ငံက လှမ်း၍ အသုံးချခြင်းတစ်မျိုးကို စိုက်ပျိုးရေးကဏ္ဍတွင်လည်း တွေ့နိုင် သည်။ ငွေကြေးချမ်းသာသော နိုင်ငံ အချို့ သည် သီးနှံများကို နိုင်ငံတွင်း မစိုက်တော့ဘဲ အခြားနိုင်ငံများမှဝယ် ယူတင်သွင်းနေကြသည်။ ငွေကုန်ကြေး ကျပိုများသော်လည်း နိုင်ငံ၏လက်ရှိ ရေသယံဇာတကို ကုန်ခ န်းမသွားစေရန် ချွေတာကြခြင်းဖြစ်သည်။ နိုင်ငံအချို့ သည် အခြားနိုင်ငံများ၌ စိုက်ခင်းများ ငှားရမ်းကာ သီးနှံများစိုက်ပျိုး၍ မိမိ နိုင် ငံသို့ ပြန်ပို့ခြင်ြး ဖင့် ပြည်ပေ ရအ ရင်း အမြစ်များကို မိမိနိုင်ငံအတွက် အသုံးချ နေကြသည်။
ထင်ရှားသော ဥပမာတစ်ခုအဖြစ် ဆော်ဒီအာရေဗျ၏ လုပ်ဆောင်ချက်ကို လေ့လာနိုင်သည်။ သဲကန္တာရနိုင်ငံဖြစ် သည့်ဆော်ဒီ သည် မြေပေါ်ရေမရှိ သဖြင့် နိုင်ငံ တွင်း ရှိ မြေအောက်ရေဖြင့် စိုက် ပျိုးမွေးမြူနေခဲ့သည်။ ယခုအခါ လက် ကျန်မြေအောက်ရေများ နည်းလာပြီဖြစ် ၍”ပင်လယ် ရပ်ခြားစိုက်ပျိုးရေး ရင်းနှီး မြှုပ်နှံမှု အစီ အစဉ် ”ဖြင့် ရေပေါသော အခြားနိုင်ငံများသို့ ဆော်ဒီစိုက်ပျိုးသူတို့ ကို ပို့လွှတ်ကာ သီးနှံများကို မြေငှား၍ စိုက်ပျိုးထုတ် လုပ်စေပြီး ဆော်ဒီ သို့ ပြန်ပို့နေ သည်။ ဆော်ဒီ ကုမ္ပဏီ များသည် အာဖရိကတိုက် ဆီနီဂေါနိုင်ငံမှ အင်ဒို နီးရှားနိုင်ငံအထိ ရသမျှနိုင်ငံများရှိ ရေ ပေါသောနေရာများတွင် စိုက်ခင်းမြေ များငှားရမ်းစိုက်ပျိုးကာ ထွက်လာသော သီးနှံ များ၏ အနည်းဆုံး ၅ဝ ရာခိုင်နှုန်း ကို ဆော်ဒီသို့ ပြန်ပို့နေကြသည်။
စိုက်ခင်းမြေငှားစားသော နိုင်ငံ အဖို့ လတ်တလော ဝင်ငွေရသည်မှန် သော်လည်း မိမိတို့နိုင်ငံတွင်းရေကောင်း ရေသန့် အရင်းအမြစ်များ လျော့နည်း ကုန်ခန်းသွားခြင်း၊ စွန့်ပစ်ရေအဖြစ် ပြောင်းသွားခြင်းကို ရင်ဆိုင်နေရသည်။ ကနဦးတွင် ယင်းဖြစ်စဉ်ကို မမြင်နိုင် သော်လည်း အထိန်းအချုပ်မဲ့ လုပ် ဆောင်ပါက ကြာလာသောအခါ တတိ တိကုန်ခန်းလာသော ရေသယံဇာတ ကြောင့် ဧရာမရေရှားပါးမှုကြီး ပေါ်လာ ဖို့ရှိနေသည်။
ထို့ကြောင့် အိမ်နီးချင်းနိုင်ငံကြီး တစ်ခုခုမှဖြစ်စေ၊ အခြားသူဌေးနိုင်ငံများ မှဖြစ်စေ မိမိတို့နိုင်ငံတွင် စိုက်ခင်းများ ထူထောင်ကာ ထွက်သောသီးနှံများကို သူတို့နိုင်ငံ များ သို့ ပြန်ပို့ရန်လည်းကောင်း၊ မိမိနိုင်ငံတွင်းမြစ်ချောင်းများကို အသုံး ချ၍ ရေအားလျှပ်စစ်ထုတ်ယူရန် လည်း ကောင်း ကမ်းလှမ်းလာခဲ့ လျှင်မိမိနိုင် ငံရှိ ရေ အရင်း အမြစ်အခြေအနေကို လေ့ လာတိုင်းတာပြီးမှ ခွင့်ပြုသင့်မသင့် ဆုံး ဖြတ်ရန်လိုအပ်သည်။ သဘာဝပတ်ဝန်း ကျင်နှင့် ရေအရင်း အမြစ်များ အပေါ် ရေရှည် သက်ရော က်နိုင် မည့် အကျိုး ဆက်များကို မစဉ်းစားဘဲ လက်ခံခွင့်ပြု လျှင် အနာဂတ်မျိုးဆက်များသည် ပတ် ဝန်းကျင်ညစ်ညမ်းမှုဒဏ်၊ ရေရှားသည့် ဒဏ်တို့ကို ခါးစည်း၍ ခံကြရလိမ့် မည်။
ကျော်ဦး
popularmyanmar

ခြောက်လမ်းသွားလမ်းမများနှင့် လမ်းမကြီးများပေါ် စည်းကမ်းမဲ့ ရပ်နားသည့်ယာဉ်များကို မော်တော်ယာဉ်နည်းဥပဒေအပြင် စီမံချက်ဒဏ်ငွေဖြင့် အရေးယူမည်




ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခြောက်လမ်းသွား လမ်းမကြီးများနှင့် အဓိကလမ်းမကြီးများပေါ်တွင် စည်းကမ်းမဲ့ ရပ်နားနေသည့် ယာဉ်များကို မော်တော်ယာဉ်နည်းဥပဒေဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီမှ တွဲဖက်အတွင်းရေးမှူး ရဲမှူးသာဌေးက စက်တင်ဘာ ၁၃ ရက်က ပြောကြားခဲ့သည်။

ယင်းကဲ့သို့ လမ်းမကြီးများပေါ်တွင် စည်းကမ်းမဲ့ရပ်နားနေသည့် ယာဉ်များကို (၁၉၆၄) ခုနှစ် မော်တော်ယာဉ်နည်းဥပဒေဖြင့် အရေးယူသွားမည့်အပြင် စီမံချက်ဒဏ်ငွေဖြင့်လည်း အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်လမ်းတစ်လျောက်၊ ကမ္ဘာအေးစေတီလမ်း၊ ဘုရင့်နောင်လမ်း၊ ကမ်းနားလမ်း၊ ဗဟိုလမ်း၊ အင်းစိန်လမ်း၊ လေးထောင့်ကန် လမ်း၊ ဗညားဒလလမ်း၊ သုဓမ္မာလမ်း၊ အရှေ့/အနောက်ရွှေဂုံတိုင်လမ်း၊ သမိန်ဗရမ်းလမ်း၊ ဝေဇယန္တာလမ်း၊ ကန်တော်ကြီးပတ်လမ်း၊ ပါရမီလမ်း၊ သံသုမာလမ်း၊ မင်းနန္ဒာလမ်း၊ ကုန်သည်လမ်း၊ မဟာဗန္ဓုလလမ်း၊ အနော်ရထာလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အင်းယားလမ်း၊ ဓမ္မာစေတီလမ်း၊ ဗားကရာလမ်း၊ သမိုင်းဘူတာရုံလမ်း၊ လှည်းတန်းလမ်းနှင့် အောက်ပုဇွန်တောင် လမ်းမကြီးတို့တွင် ယာဉ်များခေတ္တရပ်နား ခြင်းမှအပ ရပ်နားခြင်း မပြုကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ကြေညာထားကြောင်း သိရသည်။

''အခု ရန်ကုန်မြို့အတွင်းမှာရှိတဲ့ လမ်းပေါင်း ၂၆ လမ်းမှာ ယာဉ်တွေရပ်နားခြင်း မလုပ်ဖို့ ကြေညာထားပြီးဖြစ်တယ်။ အခုလည်း နှစ်ပတ်ကာလအတွင်းမှာ ပညာပေး ဆောင်ရွက်နေတယ်။ပညာပေးကာလ ကျော်လွန်သွားရင်တော့ မော်တော်ယာဉ်ဥပဒေနဲ့ရော စီမံချက် ဒဏ်ငွေနဲ့လည်း အရေးယူသွားမယ်။ စည်းကမ်းမဲ့ ရပ်နေတဲ့ယာဉ်တွေကို ကရိန်းနဲ့ဆွဲပြီး အရေးယူဖို့အတွက် ပြည်ပကနေ ကရိန်းတွေလည်း မှာယူထားပါတယ်'' ဟု ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ တွဲဖက်အတွင်းရေးမှူး ရဲမှူး သာဌေးက စက်တင်ဘာ ၁၃ ရက်က ပြောကြားခဲ့သည်။ အဆိုပါ လမ်းမကြီးများပေါ်ရှိ ဘတ်စ်ကားမှတ်တိုင်များတွင် ခရီးသည်တင်ယာဉ်များအနေဖြင့် ရပ်၊ ချ၊ တင်၊ ထွက်စနစ်ကို ကျင့်သုံးရမည်ဖြစ်ကြောင်းနှင့် ခရီးသည်တင်ယာဉ်လိုင်းအချို့မှ ယာဉ်များကို လမ်းမများပေါ်တွင် ညအိပ်ရပ်နားသည့်အတွက် ယာဉ်မတော်တဆမှုများ၊ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီမှ သတင်းရရှိသည်။

ဗညားဒလလမ်းတွင် စည်းကမ်းမဲ့ရပ်ထားသော ယာဉ်များနှင့် ယာဉ်ပိတ်ဆို့မှုကို စက်တင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ရန်မျိုးအောင်)
Eleven Media Group

HTC One Max တွင်လည်း လက်ဗွေ လုံခြုံရေး စနစ်ပါမည်


ထိုင်ဝမ် HTC မှ ထုတ်လုပ် ရောင်းချတော့မယ့် မျက်နှာပြင်ကျယ် စမတ်ဖုန်း HTC One Max မှာ လက်ဗွေလုံခြုံရေး စနစ် ပါဝင်မှာ ဖြစ်ကြောင်း သိရပါတယ်။ ဒီတော့ iPhone 5S မှာတင် မကတော့ပါဘူး။ HTC One Max မှာလည်း Fingerprint ID ကို မြင်တွေ့ ရတော့မှာပါ။

တရုတ်ပြည်အခြေဆိုက် weibo social network မှ ထွက်ရှိလာတဲ့ သတင်းပါ။ HTC က တရားဝင် ကြေညာခြင်း မဟုတ်ပါဘူး။ ပလစ်စတစ် iPhone ထွက်မယ့်သတင်းကလည်း Weibo မှ စတင်ပေါက်ကြားပြီး တကယ် မှန်ကန်နေခဲ့ပါတယ်။ ယခုလည်း HTC One Max ဖုန်းမှာ လက်ဗွေ လုံခြုံရေး စနစ်ပါလာမယ် ဆိုတဲ့ အချက်ပေါ် မဖြစ်နိုင်ဘူးလို့ပြောဆိုသူ မရှိသေးပါဘူး။ 2.3 GHz Snapdragon 800 Quad Core Processor, RAM 2GB, internal storage 16 GB, micro card slot, ဘက်ထရီ 3300 mAh တို့ ပါဝင်မှာ ဖြစပါတယ်။ 1920x1080 pixel အရည်အသွေးရှိ Super LCD3 Display ကို အသုံးပြုထားပြီး ppi 342 အဆင့်ရှိတာကြောင့် အရည်အသွေး အကောင်းဆုံး မျက်နှာပြင်ပါဝင်တဲ့ စမတ်ဖုန်းထဲကို ဝင်လာအုံးမှာပါ။ HTC One မှာပါဝင်တဲ့ Ultra Pixel ကင်မရာနဲ့ မြင်တွေ့ရအုံးမှာ ဖြစ်ပါတယ်။

Android 4.3 နဲ့ Sense 5.5 ပါဝင်လို့ လက်ရှိ Samsung Galaxy Note 3 နဲ့ Sony Xperia Z Ultra တို့ရဲ့  ပြိုင်ဘက်ဖြစ်လာအုံးမှာပါ။ RAM အားဖြင့်ကြည့်ရင် Note 3 က သာပေမယ့် အခြား Specification များက မတိမ်းမယိမ်းတွေပါပဲ။ လက်ဗွေ စနစ် ပါဝင်လာမှုကလည်း အားသာချက် တစ်ခု ဖြစ်သွား နိုင်ပါတယ်။ HTC One Max ကို ယခု လပိုင်းအတွင်း ကြေညာ ဖွယ်ရှိကြောင်း သိရပါတယ်။
.
Ref: pocketlint

အောင်ခမ်း (TSJ team)
TechSpace Journal

မြစ်ခရုများ စားသောက်သည့် တရုတ်အမျိုးသား အသားအရေ အစိမ်းရောင်သို့ ပြောင်းလဲမှု ဖြစ်ပေါ်




တရုတ်နိုင်ငံတွင် အသက် ၂၄ နှစ် အရွယ်ရှိ အမျိုးသားတစ်ဦးသည် မြစ်ခရုများကို အလွန်အကျွံ စားသုံးပြီး နောက် ၎င်း၏အသားအရေမှာ အစိမ်းရောင်သို့ ပြောင်းလဲသွားခြင်း ကြောင့် ကွီကျိုးပြည်နယ် ဆေးရုံတွင် တက်ရောက်၍ ဆေးကုသမှု ခံယူခဲ့ရကြောင်း သိရသည်။

တရုတ်သတင်းဌာန တစ်ခု၏ ဖော်ပြချက်အရ ယင်းအမျိုးသား၏ အသည်းအတွင်းသို့ ကပ်ပါးရောဂါပိုး ဝင်ရောက်ခဲ့ခြင်းကြောင့် အသားအရေမှာ အစိမ်းရောင်သို့ ပြောင်းလဲ သွားခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ အမျိုးသားသည် ခရု၏ သန်ပြားကောင် ကပ်ပါး ပိုးများ၏ ကူးစက် ဝင်ရောက်မှုကို ခံရခြင်းဖြစ်ကြောင်း တရုတ်ရောဂါ ထိန်းချုပ်ရေးဌာနမှ အတည်ပြု ပြောကြားခဲ့သည်။ ထို့အပြင် ယင်းအမျိုးသားသည် မြစ်ခရုများကို နေ့စဉ် စားသုံး ခဲ့ခြင်းကြောင့် သန်ပြားကောင် ကပ်ပါးပိုးများသည် ၎င်း၏ အသည်းအတွင်းသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းသည် မြစ်ခရုများ ချက်စားရသည်ကို ကြိုက်နှစ်သက်ကြောင်း၊ အထူးသဖြင့် ပြီးခဲ့သည့် လအနည်းငယ်က ညတိုင်း ခရုတစ်ပန်းကန် စားသောက်ခဲ့ကြောင်း၊ လွန်ခဲ့သော နှစ်လခန့်က ဝမ်းဗိုက် နာကျင်မှုကို စတင်ခံစားခဲ့ရပြီး ထူးဆန်းသော ရောဂါလက္ခဏာများ စတင် ဖြစ်ပွားသည့် အချိန်ထိ ဆေးဝါး ကုသမှုခံယူခဲ့ခြင်း မရှိကြောင်း ၎င်းက ပြည်တွင်း သတင်းထောက် များကို ပြောကြားခဲ့သည်။

ဆရာဝန်များသည် ၎င်း၏ သည်းခြေရည် ပြွန်အတွင်းမှ Fasciola hepatica အမည်ရှိ သန်ကောင် လေးကောင်ကို ဖယ်ရှားနိုင်ခဲ့ကြောင်း၊ ယင်းသန်ကောင် တစ်ကောင်စီသည် ၁ဝ မီလီမီတာ ရှည်ပြီး ခန္ဓာကိုယ် လုံးပတ်မှာ ၈ မီလီမီတာရှိသည့် အပြင် ၂ မီလီမီတာ ထူကြောင်း သိရသည်။
မြ၀တီ

ဘတ်စ်ကားပေါ်မှ မုဒိမ်းသမားများကို အိန္ဒိယအစိုးရ သေဒဏ်ချမှတ်


အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော်ရှိ တရားရုံး တစ်ခုတွင် ဘတ်စ်ကားပေါ်၌ မိန်းကလေး တစ်ဦးအား အုပ်စုဖွဲ့ မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူ (၄)ဦးကို သေဒဏ် ချမှတ်လိုက်ပြီ ဖြစ်သည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက အသက်(၂၃)နှစ်ရှိ မိန်းကလေး တစ်ဦးအား ဝိုင်းဝန်း မုဒိမ်းကျင့် ညှင်းဆဲနှိပ်စက်ပြီး စွန့်ပစ်ခဲ့သဖြင့် မိန်းကလေး သေဆုံးခဲ့သည့် ပြစ်မှုနှင့် စပ်လျဉ်းပြီး တရားခံများကို သေဒဏ်ချမှတ်ကြောင်း ဒေလီတရားရုံးက ယနေ့ စီရင်ချက် ချမှတ်လိုက်သည်။ သို့သော်လည်း ယင်းစီရင်ချက်ကို တရားရုံးချုပ်က ဆက်လက် အတည်ပြုချက် ပေးရန် လိုအပ်နေကြောင်း သိရသည်။ တရားခံ ရှေ့နေများက သက်ညှာခွင့်အတွက် သမ္မတထံ တောင်းဆိုတင်ပြသွားမည်ဟု ပြောကြားထားသည်။

ရက်ရက်စက်စက် မုဒိမ်းကျင့် နှိပ်စက်ခံရသော မိန်းကလေးသည် ဆေးရုံတွင် (၂)ပတ်ကြာ ကုသခဲ့သော်လည်း အသက်မရှင်နိုင်ခဲ့ချေ။ သူမ၏ ကိုယ်တွင်းအင်္ဂါများမှာ ဆိုးဆိုးရွားရွား ပျက်စီးနေခဲ့ကြောင်း ဆရာဝန်များက ဝန်ခံခဲ့သည်။ မိန်းကလေး၏ မိသားစုများနှင့် အိန္ဒိယမှ ဩဇာကြီးမားသော နိုင်ငံရေးသမားများ၊ အစိုးရ အရာရှိများက တရားခံများကို သေဒဏ်ပေးရန် တောက်လျှောက် ဖိအားပေး တောင်းဆိုခဲ့ကြသည်။ တရားရုံးသည် ဗုဒ္ဓဟူးနေ့က တရားခံများတွင် အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး ယနေ့တွင်မူ သေဒဏ်စီရင်ချက် အတည်ပြု ချမှတ်ခဲ့ခြင်း ဖြစ်သည်။

Planet

ဒလမှာ အမျိုးသမီးများ ဆန္ဒပြ




ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်မှာ ဒေသခံအမျိုးသမီး ၃ဝ လောက်က ဒလမြို့နယ်အတွင်း အမျိုးသမီးနဲ့ ကလေးငယ်တွေအပေါ် အကြမ်းဖက်မှုတွေများနေတာကို ထိထိရောက်ရောက် အရေးယူပေးဖို့ ဒီနေ့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

ဒလမြို့ ရာဇသင်္ကြန်ဘုရားကြီးရှေ့ကနေ မြို့လယ်နာရီစင်အထိ ချီတက်လမ်းလျှောက်ဆန္ဒပြခဲ့တာလို့ ဆန္ဒပြပွဲမှာပါဝင်ခဲ့သူ မလှလှမြင့်က အခုလိုပြောပါတယ်။

“အဓိကကတော့ အမျိုးသမီးတွေ ကာကွယ်စောင့်ရှောက်ရေးပေါ့နော်၊ အခုရပ်ကွက်တွေမှာ အမျိုးသမီးတွေ မုဒိန်းမှုတွေ တအားဖြစ်လွန်းအားကြီးတယ်၊ အရွယ်ရောက်ပြီးသား အမျိုးသမီးတွေကို ကာကွယ်လို့ရအောင်ဆိုပြီးတော့၊ နောက်ကလေးတွေ ကာကွယ်စောင့်ရှောက်ရေးအတွက်ဦးတည်ပြီး ကျမတို့ဆန္ဒပြရခြင်းဖြစ်ပါတယ်”

ဒလမြို့အတွင်း အမျိုးသမီးနဲ့ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတွေအပြင် ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေ သိသိသာသာ များပြားလာနေတယ်လို့ ဆန္ဒပြသူအမျိုးသမီးတွေက ပြောပါတယ်။ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ဒလမြို့ခံအမျိုးသမီးနဲ့ ကလေးငယ်တွေ လုံခြုံရေးအတွက် တာဝန်ယူဆောင်ရွက်ပေးဖို့ကိုလည်း ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။
RFA Burmese

မကြာမီလာမည် Nokia 1520 Phablet


အသစ်ပြီးရင်အသစ် ဆက်တိုက်ဆိုသလိုပါပဲ။သုံးစွဲသူတွေအတွက် နောက်
ထပ်ရွေးချယ်ဖို့ လာမယ့် စက်တင်ဘာ-၂၆ ရက်နေ့မှာ မျက်နှာပြင်
အရွယ်အစား ၆လက်မရှိတဲ့ Nokia 1520 Phablet ကိုမိတ်ဆက်ကြေငြာမယ်
လို့ Gsmarena.com ရဲ့ ပြောကြားချက်အရသိရပါတယ်။

ထွက်ပေါ်နေတဲ့ သတင်းများအရတော့ ကင်မရာ 20MP အထိစွမ်းဆောင်ရည်
ရှိမှာဖြစ်ပြီး 1080p Screen နှင့်ပထမဆုံး Windows Phone Ecosystem လို့
လည်းရေးသားဖော်ပြထားပါတယ်။

ဒါကြောင့် သုံးစွဲသူတွေအတွက် အသစ်သစ်တွေနဲ့ ရွေးချယ်ဖို့ အကျပ်တွေ့
စေဦးမယ့် စမတ်ဖုန်းတစ်လုံး မကြာခင်ရောက်ရှိလာပါတော့မယ်ဆိုတာပါပဲ။
သေချာတယ်ဆိုရင်တော့ လာမယ့် စက်တင်ဘာ-၂၆ မှာစောင့်မျှော် ရှုစား လိုက်ကြပါဦး။

Ref:Gsmarena
TechSpace Journal

ပဲခူးမြို့ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၌ ပရလောက သားများ ပူးကပ်မှု ဖြစ်ပွား


ပဲခူးမြို့မှ နာမည်ကြီး ကျောင်းတစ်ကျောင်းဖြစ်သည့် ယခင်နေရှင်နယ် ကျောင်း(ခေါ်)အမျိုးသား တန်းမြင့်ကျောင်း၊ ယခုအမှတ်(၃)အခြေံပညာ ကျောင်းကြီးတွင်(၆.၉.၂၀၁၃)နေ့နှင့်(၇.၉.၂၀၁၃)နေ့ညက အဌမတန်း (C)မှကျောင်းသူ(၃)ဦးသည် စာသင်ချိန်၌ ပရလောကသား သရဲများဝင် ပူးကပ်မှုများ ဖြစ်ပေါ်ခဲ့ပြီး ၄င်းသတင်းသည် ပဲခူးတစ်မြို့လုံး ပျံ့နှံ့သွားခဲ့သည်။

ဖြစ်ပွားပုံမှာ ပထမနေ့(၆)ရက်နေ့၌ ကျောင်းသူ(၃)ဦး ပူးကပ်ခံရခြင်းဖြစ်ပြီး၊ ဒုတိယနေ့(၇)ရက်နေ့မှာလည်း ၄င်းကျောင်းသူ(၃)ဦးကိုသာ ပရလောက သားများက ထပ်မံဝင်ပူးခြင်း ဖြစ်သည်ကို တွေ့ရသည်။

လက်ရှိကျောင်းအုပ် ဆရာမကြီးသည် မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ယခင်အငြိမ်းစား ကျောင်းအုပ်ဆရာမကြီးများအား ဖိတ်ကြား၍ အကြံအဥာဏ်များ တောင်းခံပြီး၊ ပဲခူးမြို့ မဟာပဒုမစာသင်တိုက်မှ ပဓါန နာယကဆရာတော်အားပင့်ဖိတ် ၍ မေတ္တာသုတ်ပရိတ်တော်၊ပဌာန်းဒေသနာတော်နှင့်ဥတ်ကမ္မ၀ါများရွတ်ဖတ် ပြီး ဆရာတော်က ပရလောက သားများပူးနေသည့် ကျောင်းသူများကိုမေးမြန်း
ခဲ့သည်။

၎င်းကျောင်းသူ(၃)ဦးမှ ပြောပြရာတွင် ပူးကပ်သူ(၃)ဦးတွင် မိန်းကလေး(၂)ဦးနှင့်ယောက်ကျားလေး(၁)ဦးဖြစ်ကြောင်း၊(၁)ဦးက အဌမတန်းအခန်းရှေ့ ဗာဒံပင်တွင်နေ၍(၁)ဦးက ငွေရတုဆောင်၊ အုတ်ကန်တွင်နေကြောင်း၊(၁)ဦးက ကျောင်းအနီး ကုက္ကိုပင်ကြီးတွင် နေထိုင်ကြောင်း လူစားလဲပြီးမှ ကျွတ်မှာဖြစ်ကြောင်း၊ အမှတ်(၃)ကျောင်း ကြီးကို ခင်တွယ်နေကြောင်း၊ ပူးကပ်ခံရသောကျောင်းသူ(၃)ဦးမှပြောသည်။

ဆက်လက်၍ ဆရာတော်ကမေတ္တာပို့အမျှဝေစေကာ အမှတ်(၃)ကျောင်းမှထွက်သွားရန်၊အမိန့်ပြန်တမ်းထုတ်ပြန်လိုက်ရာ ပရလောကသားများ ၀င်ပူးနေသော ကျောင်းသူ(၃)ဦးသည် အချိန်အတန်ကြာ ကြမ်းပြင်တွင်လူးလှိမ့်ငိုယိုကာ နောက်ဆုံးတွင် အကောင်းပကတိ ဖြစ်သွားကြသည်ကို မြင်တွေ့ရကြောင်း၎င်းသတင်းသည်ြမို့နေ ပြည်သူများထံပျံ့နှံ့သွားပြီး လူပြောသူပြောများ နေကြောင်း သိရှိရသည်။

အလင်းရောင်း
by Myanmar News Now

အကြမ်းဖက်မှုတွေ ရပ်တန့်အောင် မိမိတစ်ဦးတည်းလုပ်ဖို့ မလွယ်ဘူးလို့ ဒေါ်စုပြော




မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေ ရပ်တံ့ပပျောက်ရေးဟာ မိမိတစ်ဦးတည်း စွမ်းဆောင်ရွက်နိုင်တဲ့ ကိစ္စမဟုတ်တဲ့အတွက် တရားဥပဒေစိုးမိုးရေး ဘယ်လောက်လုပ်နိုင်မလဲဆိုတာကပဲ အဖြေဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

ပိုလန်နိုင်ငံရောက်နေစဉ် သတင်းထောက်တွေရဲ့အမေးကို ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေဆိုလိုက်တာပါ။

ဒီကိစ္စတွေပြေလည်နိုင်ဖို့ဆိုရင် တရားဥပဒေစိုးမိုးဖို့ အရေးကြီးတယ်ဆိုတာ ပြီးခဲ့တဲ့ လပေါင်းများစွာကတည်းက မိမိအနေနဲ့ ပြောဆိုခဲ့ပြီးဖြစ်တဲ့အကြောင်း၊ ဒီကိစ္စကို လူ့အဖွဲ့အစည်းတစ်ခုလုံးကဝိုင်းပြီး အားသွန်ခွန်စိုက် ကြိုးစားရမှာဖြစ်တဲ့အကြောင်း၊ ပြည်သူတွေအနေနဲ့ ကိုယ့်ကိုကိုယ်စိတ်ချလုံခြုံပြီလို့ ခံစားရဖို့ဆိုရင် တရားဥပဒေစိုးမိုးရေး လိုအပ်တဲ့အကြောင်း၊ အဲဒီလို စိတ်အေးလက်အေးဖြစ်နေတဲ့ သူတွေကပဲပြန်ပြီး နောက်လူတွေကို စိတ်အေးလက်အေးဖြစ်အောင် ဆက်ကူညီနိုင်မှာဖြစ်တဲ့အကြောင်း၊ ဒါမှသာ လိုက်လျောညီထွေမှုရှိတဲ့ အနာဂတ်နိုင်ငံတစ်ခုဖြစ်လာနိုင်မှာလို့ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပိုလန်နိုင်ငံအလုပ်သမား သွေးစည်းညီညွှတ်ရေးသမဂ္ဂ ခေါင်းဆောင်ဟောင်း ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရှင် လက်ဝလင်ဆာ (Lech Walesa) နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ လက်ဝလင်ဆာက မိမိတို့အနေနဲ့ အောင်ပွဲမရခင် စစ်ပွဲတချို့ရှုံးခဲ့ရဘူးသလို၊ မြန်မာနိုင်ငံလည်း တစ်ချိန်ကျရင် ပိုလန်လို ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်လာမယ်ဆိုတာ ထင်မြင်ထားတဲ့အကြောင်း ပြောဆိုပါတယ်။

ဝါဆောမြို့တော်ဝန်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်ဝါဆောမြို့သူအဖြစ် ကြေညာခဲ့ပါတယ်။ မနေ့က ကြာသပတေးမနက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပိုလန်သမ္မတနဲ့ ဝန်ကြီးချုပ်တို့ကို တွေ့ဆုံခဲ့ပါတယ်။
RFA Burmese

အမေရိကန်မှာစတင်ရောင်းချမယ့် Asus Transformer Book T100


Asus ကလာမယ့် အောက်တိုဘာ-၁၈ အမေရိကန်ဈေးကွက်မှာ စတင်ရောင်းချဖို့အတွက် Hybrid အမျိုးအစားဖြစ်တဲ့ Asus Transformer Book T100 အမျိုးအစားကို မိတ်ဆက်ချပြလိုက်ပါပြီ။

ဘာလင်မှာမိတ်ဆက်ခဲ့တဲ့ T300 ကိုတော့ဘယ်ချိန်မှာဖြန့်ချိရောင်းပေးမယ်
ဆိုတာဖော်ပြထားခြင်းမရှိပေမယ့် T100 နဲ့ပတ်သက်တဲ့ ဈေးနှုန်းကိုသာ ဖော်
ပြပြောဆိုထားတာပါ။

လာမယ့်အောက်တိုဘာမှာ ဈေးကွက်ပေါ်တင်မယ့် Asus Transformer
Book T100 ကတော့ Window 8.1 အသုံးပြုမယ့် tablet/laptop Hybrid
အမျိုးအစားပါ။

ဒါကြောင့်မျက်နှာပြင် အကျယ် ၁၀.၁လက်မ၊IPS screen နှင့် resolution
1,366x768-pixel အသုံးပြုပေးထားပါတယ်။quad-core Intel Atom Bay Trail-TZ3740 processor အသုံးပြုထားပြီး၊ဂိမ်းကစားရာမှာကောင်းမွန်တဲ့
ရုပ်ထွက်ကိုရရှိစေဖို့အတွက် GPU Intel HD Graphics ကိုပါအသုံးပြုပေး
ထားပါတယ်။

နောက်ကင်မရာပါဝင်ခြင်းမရှိပေမယ့် laptop အသုံးပြုရင် Webcam အတွက်
ရှေ့ကင်မရာ 1.2MP အသုံးပြုပေးထားပါတယ်။RAM 2GB အသုံးပြုထားပြီး 32GB နှင့် 64GB Version နှစ်မျိုးထုတ်လုပ်ထားပါတယ်။

tablet တစ်ခုတည်းဆိုရင် အလေးချိန် ၁.၂ ပေါင်ရှိမှာဖြစ်ပြီး Laptop အတွက်
ပါကီးဘုတ်ကိုတပ်ဆင်မယ်ဆိုပါက အလေးချိန် ၂.၄ ပေါင်ရှိမှာပါ။အထူအပါး
ဝ.၄၁ လက်မရှိပါတယ်။32GB အတွက်ကို အမေရိကန်ဒေါ်လာ ၃၄၉ သတ်
မှတ်ထားပြီး 64GB အတွက်ကိုအမေရိကန်ဒေါ်လာ ၃၉၉ နဲ့ရောင်းချပေးမယ်
လို့ဆိုပါတယ်။

Ref:Cnet
Stuff Myanmar Magazine

မန္တလေး-မိုးကုတ် ခရီးသည်တင်ယာဉ် များကို SSA အဖွဲ့ ငွေကြေးတောင်းခံ

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့မှ ၄၇ မိုင်ခန့်အကွာ ရှမ်းပြည်နယ် ကျောက်မဲခရိုင် မိုင်းလုံမြို့နယ်ခွဲ ပဇီကျေးရွာအနီးတွင် မန္တလေးမှ မိုးကုတ်သို့ သွားသည့် ခရီးသည်တင် မော်တော်ယာဉ်များကို ယူနီဖောင်းဝတ် အစိမ်းရောင် SSA အဖွဲ့က လက်ဖက်ရည်ဖိုး ဟုဆို၍ ငွေကြေးတောင်းခံသည့် ဖြစ်စဉ်များ ရှိကြောင်း မိုးကုတ်-မန္တလေး ရွှေပြည်ဟိန်း မော်တော်ယာဉ်အသင်း တာဝန်ရှိသူ ဦးဇော်ဦး က The Voice သို့ ပြောကြားသည်။

ပဇီကျေးရွာအနီး၌ ရင်ဘတ်တွင် SSA တံဆိပ်နှင့် လက်မောင်းတွင် ကျားခေါင်းတံဆိပ် ပါရှိသည့် ယူနီဖောင်းအစိမ်းရောင် ဝတ်ဆင်ထားသော လက်နက်ငယ်နှင့် စကားပြောစက်ကိုယ်စီ ပါသူ သုံးဦးက လက်ဖက်ရည်ဖိုး တောင်းခံရာ ၅၀၀၀ ကျပ် ပေးခဲ့ရကြောင်း ၄င်းက ထပ်မံပြောကြားသည်။

"အဲဒီရွာနားမှာ ဆိုရင် အရင်တုန်းက ကြိုကြားကြိုကြား ဖြစ်တယ်။ ဆက်ကြေး တောင်းတာမျိုး မဟုတ်ပါဘူး။ လက်ဖက်ရည် ဖိုးတောင်းတာပါ၊ အဲ့ဒီရွာနားက ဖြတ်သွားတဲ့ ခရီးသွားကားတွေ အကုန်လုံးကို စက်တင်ဘာလ ၈ ရက်၊ ၉ရက်နေ့မှာတုန်းက တောင်းတယ်" ဟု လက်ဖက်ရည်ဖိုး အဖြစ် ၅၀၀၀ ကျပ်ပေးခဲ့ရသည့် ရွှေပြည်ဟိန်း မော်တော်ယာဉ်အသင်း ဂိတ်မှူးက ဆိုသည်။

အလားတူပင် စက်တင်ဘာလ ၉ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်ခန့်က မိုးကုတ်မှ ပြင်ဦးလွင်သို့ သွားသည့် မိုးကုတ်-မန္တလေး ရွှေပြည်ဟိန်းမော်တော်ယာဉ် အသင်းမှ ယာဉ်မောင်းကို ပဇီကျေးရွာ အနီးတွင် အစိမ်းရောင်ယူနီဖောင်းဝတ် လက်နက်ငယ် ကိုယ်စီပါ သုံးဦးက ရပ်တန့်ခိုင်းပြီး လက်ဖက် ရည်ဖိုးတောင်းရာ ၅၀၀၀ကျပ် ပေးခဲ့ကြောင်း၊ တောင်းခံသူများမှာ ရှမ်းပုံစံဖြစ်ပြီး လက်မောင်းတံဆိပ် များကို သေချာစွာ မကြည့်ခဲ့ရကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများမှ စုံစမ်းသိရှိရသည်။

အဆိုပါသတင်း များအရ မိုးကုတ်မြို့နယ် အခြေပြုလှုပ်ရှားအမှတ် (၂) စစ်ဗျူဟာ လက်အောက်ရှိ ရှေ့တန်းတပ် များဖြင့် လိုက်လံရှင်းလင်း ဆောင်ရွက်ခဲ့ကြောင်း အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

"ဟုတ်ပါတယ်။ SSPT/SSA ရှမ်းပြည်တိုးတက်ရေး ပါတီ/ ရှမ်းပြည်မြောက်ပိုင်း တပ်မတော်ကပါ။ အခုအဲဒီနေရာ တွေကို အုပ်ချုပ်ရေးအဖွဲ့ စေလွှတ်ပြီး လက်ရှိ အရေးယူဖို့ လုပ်ဆောင်သွားပါမယ်။ အခုကိစ္စနဲ့ ပတ်သက်ပြီးတော့ ကားသမားတွေ၊ ခရီးသည်တွေ ကိုလည်း အနူးအညွှတ် တောင်းပန်ပါတယ်။ ဒီလိုပြဿနာတွေ ကြုံတွေ့လာရင်လည်း ကြောက်ရွံ့ မနေဘဲ ဝမ်ဟိုင်းဌာနချုပ် ဆက်ဆံရေးရုံး ဖုန်းနံပါတ် ၀၉-၄၉၃၅၈၈၈၉ကို ဆက်သွယ်အကြောင်း ကြားပေးပါ" ဟု SSPT/SSA ရှမ်းပြည် တိုးတက်ရေး ပါတီ/ ရှမ်းပြည်မြောက်ပိုင်း တပ်မတော်ပြန်ကြားရေး ဌာနမှ ဦးစိုင်းဇင်ထွန်းက ပြောကြားသည်။
The Voice Weekly

အရက်မူးပြီး အလှူခံနေသော သင်္ကန်းဝတ်နှစ်ဦးကို လူဝတ်လဲအရေးယူ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ထမုန်ကန်ကျေးရွာအုပ်စု ညောင်ပင်သာ ကျေးရွာတွင် စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၈ နာရီခန့်က အရက်သေစာ သောက်စားမူးယစ်၍ ရွာအတွင်းလှည့်လည် အလှူခံနေသော သင်္ကန်းဝတ်နှစ်ဦးကို စစ်ဆေး၍ လူဝတ်လဲ အရေးယူခဲ့ကြောင်း စစ်ဆေးမှုတွင် ပါဝင်ခဲ့သော ညောင်ပင်သာကျေးရွာ၏ ရာအိမ်မှူး ဦးမောင်ပြည့်က The Voice သို့ ပြောကြားသည်။

ယင်းသို့ သောက်စားမူးယစ်၍ အလှူခံခဲ့သည့် သင်္ကန်းဝတ်နှစ်ဦးကို အဆိုပါ ကျေးရွာ၏ ကျောင်းထိုင်ဆရာတော် ဦးဇောတိကက ခေါ်ယူစစ်ဆေးသည့်အခါ ယင်းပုဂ္ဂိုလ်များ၌ သာသနာဝင်အမှတ် ကိုင်ဆောင်ထားခြင်း မရှိသည်ကို စစ်ဆေးတွေ့ရှိပြီး အလှူခံထားသည့် ငွေ ၃၉၅၀ကျပ် ကိုလည်း တွေ့ရှိရကြောင်း ၄င်းက ပြောကြားသည်။

"ရွာထဲမှာ အလှူခံရင် အုပ်ချုပ်ရေးမှူး ရုံးနဲ့၊ သက်ဆိုင်ရာ ရွာခံဘုန်းတော်ကြီး ကျောင်းကို အသိပေးရတဲ့ထုံးစံ ရှိပါတယ်။သူတို့ နှစ်ဦးလုံးက ဘာမှ အသိပေးတာ မရှိဘူး။ ညောင်ပင်သာရွာ ဘုန်းတော်ကြီး ကျောင်းဆရာတော် ဦးဇောတိက ခေါ်မေးတဲ့အခါမှာ သူတို့က အရက်မူးနေတယ်။ အရင်ကလည်း သူတို့ရွာထဲမှာ အလှူခံ လာဖူးတယ်လို့ ရွာခံလူတွေက ပြောတယ်။ ဒါနဲ့ သက်ဆိုင်ရာကို လှမ်းအကြောင်းကြားတယ်။ စစ်ဆေးတယ်။ လူဝတ်လဲခိုင်းပြီး အရေးယူခဲ့တယ်" ဟု ၄င်းကဆိုသည်။

အဆိုပါ သင်္ကန်းဝတ်နှစ်ဦးမှာ မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ် ခံဘူးကျေးရွာရှိ ရဟန်းအမည် ဦးနေမိန္ဒ (လူအမည် မောင်မောင်ကျော်) အသက် ၅၁ နှစ်၊ သုံးဝါနှင့် မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ရေပေါင်းစုံကျေးရွာရှိ ရဟန်းအမည် ဦးဇောတိပါလ (လူအမည် ဉာဏ်ထွန်း)အသက် ၆၈ နှစ်၊ သုံးဝါတို့ ဖြစ်ကြောင်း၊ ၄င်းတို့နှစ်ဦးကို မိတ္ထီလာမြို့နယ် သာသနာရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကျော်ဌေး ပါဝင်သည့် တာဝန်ရှိပုဂ္ဂိုလ်များ ရှေ့တွင် သိက္ခာချ လူဝတ်လဲစေ၍ သာသနာညှိုးနွမ်းအောင် ပြုလုပ်မှုဖြင့် မိတ္ထီလာမြို့ မြို့မ ရဲစခန်းတွင် ပြစ်မှုအမှတ် (၅၇/၂၀၁၃) ပုဒ်မ၂၉၅-က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။
The Voice Weekly

လူအများစုဝယ်နိုင်ပြီး ထိရောက်မှုရှိသည့် ကျန်းမာရေးအာမခံ စနစ် ဖော်ဆောင်မည်

မြန်မာနိုင်ငံတွင် ပြည်သူလူထု အားလုံးနီးပါး ဝယ်ယူနိုင်သည့် အာမခံနှုန်းထားနှင့် ထိရောက်သည့် ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်မည့် အာမခံစနစ်ကို ၂၀၁၅ ခုနှစ်မတိုင်မီ စတင်ကျင့်သုံးနိုင်ရန် အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောကြားသည်။

ကျန်းမာရေး အာမခံစနစ် ပေါ်ပေါက်လာပါက အာမခံထားသူများမှာ ရောဂါအားလုံးကို အခမဲ့ ဆေးကုသခွင့် ရရှိနိုင်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ကျန်းမာရေးအာမခံ အမျိုးအစား နည်းနည်းဝယ်သူတွေကတော့ နည်းနည်းရမယ်။ များများဝယ်တဲ့သူက များများခံစားခွင့်ရမှာပေါ့” ဟု ဒေါက်တာမောင်မောင်သိမ်းက ပြောဆိုသည်။

ကျန်းမာရေး အာမခံစနစ်ကို အကောင်အထည် ဖော်ရာတွင် နိုင်ငံတော်နှင့် လူမှုရေး၊ စီးပွားရေး အချက်အလက်များ ပြည်သူလူထု၏ အကျင့်စရိုက်များ၊ ယဉ်ကျေးမှုများကိုလည်း ထည့်သွင်းစဉ်းစားကာ လုပ်ဆောင်ရမည် ဖြစ်ကြောင်း ၎င်းကထပ်မံပြောကြားသည်။

“ကျန်းမာရေး အာမခံစနစ်ကလုပ်ဖို့ ခက်ခဲပေမယ့် မလုပ်ဘဲနေလို့ မရတော့ဘူး။ လုပ်ကိုလုပ်ရမယ်” ဟု ဒေါက်တာမောင်မောင်သိမ်းက ဆိုသည်။

ကျန်းမာရေးအာမခံစနစ် နိုင်ငံတကာတွင် လုပ်ဆောင်နေကြပြီး ကျန်းမာရေး အာမခံထားသူများသည် ထားရှိသည့် ကျန်းမာရေး အမျိုးအစားအလိုက် အာမခံထားသည့် သက်တမ်းအတွင်း ရောဂါဝေဒနာ ခံစားရပါက အခမဲ့ ဆေးကုသခွင့် ရရှိမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ယင်းစနစ် ပေါ်လာပါက ငွေကြေးမတတ်နိုင်သူများ ဆေးကုသခွင့်အတွက် အဆင်ပြေစေနိုင်မည် ဖြစ်ကြောင်း ဖွံ့ဖြိုးတိုးတက်ရေး ပညာရှင်တစ်ဦးက သုံးသပ်သည်။

ကျန်းမာရေး အာမခံစနစ်ကို ၂၀၁၅ ခုနှစ်မတိုင်မီ မြန်မာနိုင်ငံတွင် စတင်ကျင့်သုံးနိုင်ရန် လုပ်ဆောင်နေပြီး ကျန်းမာရေး အာမခံစနစ်ကို အကောင်အထည်ဖော်ရန် မြန်မာ့အာမခံ၊ ပုဂ္ဂလိကအာမခံ ကုမ္ပဏီများ အပါအဝင် ကျန်းမာရေး၊ လူမှုဖူလုံရေး၊ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများ စသည့် ဘက်ပေါင်းစုံနှင့် ပူးပေါင်းလုပ်ဆောင်မည် ဖြစ်ကြောင်း၊ ယင်းစနစ်ကို အကောင်အထည်ဖော်ရန် ဘက်ပေါင်းစုံက ပါဝင်သည့် စာတမ်းဖတ်ပွဲ ပြုလုပ်ကာ အဖြေရှာသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် ကျန်းမာရေး အာမခံစနစ် ပေါ်ပေါက်လာရန် အခက်အခဲ ရှိသော်လည်း နိုင်ငံတကာတွင် ကျင့်သုံးနေသည့် စနစ်များကို လေ့လာကာပူးပေါင်း လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ ကျန်းမာရေး အာမခံသည် ပြည်သူလူထုအတွက် အဓိကလိုအပ်ချက် တစ်ခုဖြစ်သဖြင့် ယင်းစနစ် အကောင်အထည် ပေါ်လာပါက မြန်မာနိုင်ငံ အာမခံလုပ်ငန်း ပိုမိုဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်ကြောင်း First National ပုဂ္ဂလိက အာမခံကုမ္ပဏီမှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ပုဂ္ဂလိကအာမခံ ကုမ္ပဏီ ၁၂ ခု လုပ်ကိုင်ခွင့် ပြုထားသည့် အနက် ကိုးခုမှာ လုပ်ငန်းစတင်နေပြီဖြစ်ပြီး မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံရန် ကမ်းလှမ်းထားသည့် ပြည်ပအာမခံကုမ္ပဏီများအနက် အာမခံကုမ္ပဏီ ၁၂ ခုကို ကိုယ်စားလှယ်ရုံးခွဲ ဖွင့်ရန် ခွင့်ပြုထားသည်။
The Voice Weekly

ဒေါ်အောင်ဆန်းစုကြည်အား အကဲဖြတ်ရန် စောနေသေးသလော..




နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်ဆောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် မတ်လက လက်ပံတောင်းတောင် ကြေးနီ တူးဖော်ရေးဒေသတွင် ရာပေါင်းများစွာ သော ကန့်ကွက်ဆန္ဒပြသူတို့၏နှောင့်ယှက် ဟန့်တားမှုကို ခံခဲ့ရသည်။ သူမအား ကန့် ကွက်ဆန္ဒပြသူများမှာအစိုးရကျောထောက် နောက်ခံရှိသူတို့၏ မြေယာသိမ်းယူမှုများ နှင့် ရက်စက်လှသည့် တပ်မတော်၏ ဖိနှိပ် မှုတို့ကို ခံစားနေကြရသော သားကောင် များဖြစ်ကြသည်။ တပ်မတော်၏ ဆောင် ရွက်မှုများသည် တရားဥပဒေနှင့်ညီညွတ် ခြင်းရှိမရှိနှင့် တောင်သူလယ်သမားတို့ အနေဖြင့် ၎င်းတို့၏ ဆုံးရှုံးနစ်နာမှုများ အတွက် မည်သို့မည်ပုံ နစ်နာကြေးရရှိ သင့်သည် စသည်တို့ကို သတ်မှတ်ဖော်ပြ ရန်အတွက် ဖွဲ့စည်းထားသည့် လက်ပံ တောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မ ရှင်၏ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ၏ အစီရင်ခံစာသည် ကမ္ဘာတစ်လွှားရှိ များစွာသောပုဂ္ဂိုလ်များအား အံ့အားတသင့် ဖြစ်စေခဲ့သည်။ သူမ၏ကော်မရှင်သည် အကြမ်းဖက်မှုအတွက် တာဝန်ရှိသည့် တပ် မတော်အရာရှိကြီးများအား ရှုတ်ချဝေဖန် ခြင်းမပြုသကဲ့သို့၊ တောင်သူများအား လည်း ၎င်းတို့၏ နေအိမ်များသို့ ပြန်လည် နေထိုင်ခွင့်လည်း မပြုခဲ့ချေ။ ယင်းအစား တောင်သူလယ်သမားများအား ငွေကြေး ပေးလျော်မှုများ ရရှိစေခဲ့သည်။
''အမေစုကို ချစ်ခဲ့ရသမျှ၊ အခု တော့ အလကားပဲ''ဟု ရွာသူတစ်ဦးကဆို ၏။ ''အမေစု၏ အစီရင်ခံစာမှာ လူထု အတွက်တော့ သေဒဏ်ပေးခံရသလိုပါပဲ'' ဟုလည်း ဆိုပါသေးသည်။ ယင်းသို့ပြော ဆိုဝေဖန်မှုများသည် တစ်ချိန်က လူ့အခွင့် အရေးပြယုဂ်ဖြစ်ပြီး ယခုတွင် အစိုးရဘက် တော်သား နိုင်ငံရေးသမားတစ်ဦးအဖြစ် ပြောင်းလဲသွားသူ (ဟု ၎င်းတို့ယူဆခဲ့ကြ သည့် ဒေါ်အောင်ဆန်းစုကြည်) အပေါ် အယုံအကြည်မရှိကြတော့သည့် ပြည်တွင်း ပြည်ပရှိ များစွာသော ပုဂ္ဂိုလ်များဆီမှာ လည်း ပဲ့တင်ထပ်ခဲ့လေသည်။ သူမ နေ အိမ်အကျယ်ချုပ်ကျခံနေရသည့်ကာလ များတွင်မူ ၎င်းအား နယ်လ်ဆင်မင်ဒဲလား၊ ဂန္ဒီ၊ ဗားကလပ်ဟေဗယ် စသည့် ပုဂ္ဂိုလ် ကြီးများနှင့်ပမာပြုခိုင်းနှိုင်းခဲ့ကြသည်။ ယင်း သို့ ထင်ရှားကျော်ကြားလှသည့် ပုဂ္ဂိုလ်ကြီး များနှင့် နှိုင်းယှဉ်ခိုင်းနှိုင်းခဲ့ကြခြင်းမှာ နုံအ မိုက်မဲရာကျခဲ့ပါသလော။ အမြော်အမြင် နည်းရာကျခဲ့ပါသလော။ သို့တည်းမဟုတ် မြန်မာ့နိုင်ငံရေးအခြေအနေသည်ကပင် ပြောင်းလဲခဲ့ချေပြီလော။
၁၉၆၂ ခုနှစ်ကတည်းကစပြီး ဆိုးဝါး သော အုပ်ချုပ်မှု၊ အကြမ်းဖက်မှုများနှင့် ပြည်သူများအပေါ် အာဏာသိမ်းအစိုးရ၏ ဖိနှိပ်တင်းကျပ်သည့် နည်းဗျူဟာများ ကြောင့် မြန်မာပြည်သည် ဒေသတွင်းတွင် စိုက်ပျိုးရေးနှင့် ပညာရေးကဏ္ဍတို့တွင် ဦး ဆောင်သူအဆင့်မှ နိုင်ငံတကာ၏ ဓားမ နောက်ပိတ်အဆင့်အဖြစ်သို့ ရွေ့လျှော ပြောင်းလဲခဲ့ရသည်။ ဆယ်စုနှစ်များစွာ ချ မှတ်ထားခဲ့သော အနောက်နိုင်ငံများ၏တင်း ကျပ်သည့် စီးပွားရေးနှင့် နိုင်ငံရေးပိတ်ဆို့ မှုများသည်လည်း ဗူးလေးရာ ဖရုံဆင့်ဆို သလို အပယ်ခံ မြန်မာပြည်အား ပို၍အထီး ကျန်ဖြစ်စေခဲ့သည်။ သို့နှင့်တိုင် မြန်မာ ဗိုလ်ချုပ်ကြီးများသည် ဒီမိုကရက်တစ်ပြု ပြင်ပြောင်းလဲမှုများကို ၂၀၁၀ ခုနှစ်တွင် မကြုံစဖူးထူးထူးခြားခြား စတင်ဖော်ဆောင် လာခဲ့ပြီး ရာပေါင်းများစွာသော နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးခြင်း၊ လွတ် လပ်စွာပြောဆိုခွင့်ကို ထိန်းချုပ်ဟန့်တား ထားသည့်ဥပဒေများကို ပယ်ဖျက်ပေးခြင်း စသည့်ဆောင်ရွက်ချက်များကြောင့် တပ်မ တော်ကြီးစိုးမှုရှိသည့် မြန်မာပြည်သည် စစ်မှန်သော ဒီမိုကရေစီသို့ အသွင်ကူး ပြောင်းရေးလမ်းကြောင်းပေါ် ရောက်ရှိလာ ခဲ့ချေပြီဟု တစ်ကမ္ဘာလုံးက မျှော်လင့်လာ ခဲ့ကြသည်။
အဆိုပါတိုးတက်ဖြစ်ထွန်းမှုများတွင် ဒေါ်အောင်ဆန်းစုကြည်သည် အခရာ အဖြစ် တည်ရှိနေပါသည်။ မြန်မာ့ခေါင်း ဆောင်(ဟောင်း)ဖြစ်သူ ဒေါ်အောင်ဆန်းစု ကြည်မှာ ၁၉၈၉ ခုနှစ်တွင် သူမ၏ြီူ ပါတီ၏ တောင်ပြိုကမ်းပြိုရွေးကောက်ပွဲ အောင်ပွဲအား တပ်မတော်အစိုးရမှ ငြင်း ပယ်ခဲ့သည့်နောက်ပိုင်းတွင် စတင်ပြီး ကုန် ခဲ့သည့်နှစ် ၂၀ အနက် ၁၅ နှစ်ကို နေအိမ် အကျယ်ချုပ်ဘ၀ဖြင့် ဖြတ်သန်းခဲ့ရသည်။ ၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် ပြန်လည် လွတ်မြောက်လာခဲ့သည့် သူမသည် နိုင်ငံ ရေးနယ်ပယ်သို့ အလျင်အမြန်ပင် ပြန် လည်ရောက်ရှိလာခဲ့သည်။
၂၀၁၂ ခုနှစ် ဧပြီတွင်ပြုလုပ်ခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင် ဆန်းစုကြည်နှင့် သူမ၏ြီူ ပါတီသည် စုစုပေါင်းအမတ်ဦးရေ ၄၄၀ ရှိသည့် ပြည် သူ့လွှတ်တော်တွင် လစ်လပ်နေရာ ၄၄ နေရာအနက် ၄၃ နေရာအတွက် အနိုင် ရရှ၊ခဲ့သည်။ြီူ အနေဖြင့် ထိုသို့အ ပြတ် အသတ်အနိုင်ရရှိခဲ့သည့်တိုင် လက် တွေ့တွင် နိုင်ငံရေးအာဏာအား မဆိုစ လောက်သာ ရရှိခဲ့သည်။ လွှတ်တော်ရှိ ကျန်အမတ် နေရာ ၉၁ ရာခိုင်နှုန်း၏ အများစုအား တပ်မတော်သားများနှင့် ၎င်းတို့နှင့် နီးစပ်သူများက ပိုင်ဆိုင် ထားကြလေသည်။ ပြည်တွင်းပြည်ပရှိ ပုဂ္ဂိုလ်များကမူ ဒေါ်အောင်ဆန်းစုကြည် သည် အရေးပါလှသည့် နိုင်ငံ ရေးအာဏာ ကို ပိုင်ဆိုင်ခဲ့ပြီဟု ထင်မှတ်မှားခဲ့ကြ တော့သည်။ လက်တွေ့ စင်စစ်တွင်မူ သူမ၏နိုင်ငံရေးလွှမ်းမိုးမှုမှာ အကန့် အသတ်နှင့်သာ ရှိနေခဲ့သည်။
မြန်မာဗိုလ်ချုပ်ကြီးများက ၎င်းတို့၏ ဖိနှိပ်ချုပ်ချယ်သော မူဝါဒများကို ဖြေလျှော့ လာခဲ့ရာ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့ ဦးဆောင်သော နိုင်ငံတကာအသိုင်းအ၀ိုင်း သည် မြန်မာပြည်အပေါ် ကာလတာရှည် ထားရှိခဲ့သည့် စီးပွားရေးပိတ်ဆို့မှုအား ဖယ်ရှားပေးခြင်းဖြင့် အသိအမှတ်ပြုခဲ့ပြီး ပုဂ္ဂလိကကဏ္ဍ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု တွင်လည်း ဒေါ်လာဘီလျံပေါင်းများစွာ ရင်းနှီးမြှုပ်နှံလာခဲ့ကြသည်။ သို့သည့်တိုင် ဝေဖန်ဆန်းစစ်ရေးသမားများကမူ ဒီမိုက ရေစီသို့ ဦးတည်လာခဲ့သည့် တပ်မတော်၏ အစီအစဉ်အား (အကြောင်းပြချက်အခိျု့နှင့် အတူ)သံသယဖြင့် ရှုမြင်နေကြသည်။ မြန်မာပြည်တွင် အာဏာဖွဲ့စည်းပုံအား အခြေခံကျကျ ပြုပြင်ပြောင်းလဲမှုများ မရှိသေးချေ။ ထို့အတွင်း လက်တွေ့ ပစ္စက္ခတွင်လည်း တရားစီရင်ရေး၊ ဥပဒေ ပြုရေးနှင့် အုပ်ချုပ်ရေး မဏ္ဍိုင်တို့တွင် တပ်မတော်အား ထိန်းချုပ်နိုင်သည့် အခွင့်အာဏာရှိမနေပေ။ မြန်မာပြည်အ နေဖြင့် ဒီမိုကရေစီသို့ စမ်းသပ်သွားနေခြင်း သည် တပ်မတော်မှ အာဏာကို ချုပ်ကိုင် ထားမှုအား အကြီးအကျယ် အဟန့်အ တားဖြစ်စေပါက စစ်တပ်မှ အာဏာ သိမ်းနိုင်သည့် အလားအလာများ ရှိနေပါ သည်။
ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံ တကာမှ ပိတ်ဆို့မှုများကို ဖယ်ရှားပေးမှုအား လူသိရှင်ကြား ချီးကျူးထောမနာပြုပြီး မြန်မာဗိုလ်ချုပ်ကြီးများအပေါ် သူမ၏ နှစ်လိုမှုကိုလည်း ထုတ်ဖော်ပြောကြားခဲ့ သည်။ သို့တိုင် အစိုးရမှ ဒီမိုကရေစီ အတွက် အခြေခံကျကျအရေးပါသည့် လုပ် ဆောင်ချက်များ ဆောင်ရွက်ပြီးသည့် နောက်တွင် (စစ်တပ်မှ တိုင်းပြည်ကို ထိန်း ချုပ်ထားမှုအား လျှော့ချခြင်းမျိုး) ပိတ်ဆို့ မှုများအား အံ့အားသင့်ဖွယ် ဖယ်ရှားခဲ့ခြင်း အပေါ် သူမက အာပေါင်အာရင်းသန်စွာ စောဒကတက်ခဲ့ကြောင်း အရင်းအမြစ်များ က အလွတ်တန်းပြောဆိုမှုများလည်း ရှိနေ ပြန်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ ရှိထားသည့် ဗိုလ်ချုပ်ကြီး များအပေါ် နှစ်လိုမှုရှိကြောင်းအား မည် သည့်အတွက်ကြောင့် ပြောဆိုခဲ့သည်ကို ဝေဖန်ရေးသမားများက သိရှိလိုနေကြ သည်။ သူမ အနေဖြင့် လွန်စွာကျဉ်း မြောင်းလှသည့် နိုင်ငံရေးခွင်ထဲတွင်သာ ဆောင်ရွက်လုပ်ကိုင်နေရသည့်အတွက် ကြောင့် ယင်းသို့ ပြောဆိုခဲ့ခြင်းလည်း ဖြစ် နိုင်ပါသည်။ သူမသည် မြန်မာနိုင်ငံရေး တွင် အရေးပါမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် သမ္မတတစ်ဦးဖြစ်ရန် အတွက်လည်း ရှင်းလင်းပြတ်သားစွာ စိတ် ပိုင်းဖြတ်ထားပြီး ဖြစ်သည်။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်တွင် သမ္မတဖြစ်သူ သည် တပ်မတော်ပြီးလျှင် ပြည်တွင်းတွင် အမြင့်ဆုံး အခြေခံကျသော ဒီမိုကရေစီ ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ဆောင် ရွက်နိုင်မည့် အခွင့်အာဏာကို ပေးစွမ်းနိုင် ပါလိမ့်မည်။ ယင်းသို့ ပြုပြင်ပြောင်းလဲမှု များကို ဖော်ဆောင်ဖန်တီးနိုင်ခွင့်ရရှိရန် မြန်မာတို့သည် ဆယ်စုနှစ်ပေါင်းများစွာ မျှော်လင့်စောင့်ဆိုင်းခဲ့ရသည်။ သို့သည့်တိုင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် အား ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ကန့်သတ်ခြင်း ခံထားရသည်။ ထို့အတူ အဆိုပါ အခြေခံဥပဒေကို ပြင်ဆင်လိုပါက လည်း လွှတ်တော်တွင် ၇၅ ရာခိုင်နှုန်းနှင့် အထက် ထောက်ခံမှုရရှိမှသာ ပြင်ဆင်နိုင် မည် ဖြစ်သည်။ တပ်မတော်သည် မြန်မာ နိုင်ငံရေးတွင် အဓိကအရေးပါသူအဖြစ် ရှိ နိုင်စေရန် အလို့ငှာ အခြေခံဥပဒေတွင် ကြိုတင်ဖော်ပြထားသည့်အတိုင်း တပ်မတော်သားများအား လွှတ်တော်၏ ၂၅ ရာခိုင်နှုန်းအထိ ခန့်အပ်ထားလေ သည်။
ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး အနာဂတ်သည် ၎င်းတို့၏ လက်ဝယ်တွင် ရှိနေသည်ကို နားလည်ထားသည့် တပ် မတော်သည် သူမနှင့် သူမ၏ြီူ ပါတီအား လာမည့် ၂၀၁၅ သမ္မတရွေး ကောက်ပွဲတွင် လူထုထောက်ခံမှု ကျဆင်း စေနိုင်သည့် အကျပ်အတည်းပြဿနာ သုံးရပ်ဖြင့် လုပ်ဆောင်ခဲ့သည်။ ပထမ တစ်ချက်မှာ ယခင်ဗိုလ်ချုပ်ကြီးဟောင်း ဖြစ်သော လက်ရှိသမ္မတ ဦးသိန်းစိန် သည် ဒေါ်အောင်ဆန်းစုကြည်အား တပ် မတော်နှင့် ဒေသခံတို့အကြား ပဋိပက္ခ ဖြစ်ပွားခဲ့သော လက်ပံတောင်းတောင် ကြေးနီတူးဖော်ရေးစီမံကိန်းစုံစမ်းစစ်ဆေး ရေး ကော်မရှင်၏ ဥက္ကဋ္ဌအဖြစ် တာဝန် ပေးခဲ့ခြင်း ဖြစ်သည်။ လွန်ခဲ့သော ၂၀၁၀ က အစိုးရသည် ပြည်ပ ကြေးနီတူးဖော် ရေးကုမ္ပဏီတစ်ခုအား ကြေးနီတူးဖော်ခွင့် ပြုရာ ရာနှင့်ချီသော ဒေသခံ တောင်သူ လယ်သမားများမှာ ကြေးနီမှရရှိမည့် အကျိုးအမြတ်များအား ခွဲဝေရရှိနိုင်ခြင်းမရှိ ဘဲ အဓမ္မရွှေ့ပြောင်းခြင်းခံခဲ့ကြရသည်။ ၂၀၁၂ ခုနှစ်တွင် ငြိမ်းချမ်းစွာ ဆန္ဒဖော် ထုတ်နေကြသူများအား စစ်တပ်မှ မီးလောင်စေသည့် ပစ္စည်းများ အသုံးပြု၍ နှိမ်နင်းဖြိုခွဲခဲ့သဖြင့် လူထုအနေဖြင့် မီးလောင်ဒဏ်ရာများ အပြင်းအထန် ခံစာ.း ခဲ့ကြရသည်။ အတိဒုက္ခရောက်နေကြ သော တောင်သူများ၏ ထောက်ခံမှု ကျယ် ကျယ်ပြန့်ပြန့်ရရှိထားသည့်တိုင် ဒေါ်အောင် ဆန်းစုကြည်၏ စုံစမ်းစစ်ဆေးရေး ကော် မရှင်အနေဖြင့် မြန်မာပြည်၏ မြေယာများ အားလုံးသည် နိုင်ငံတော်မှ ပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများဖြစ်သည်ဟူသော လက်ရှိ တရားဝင်မှုဘောင်ပေါ်တွင်ရပ်၍သာ လက် ပံတောင်းတောင် ပဋိပက္ခကို အကဲဖြတ်သုံး သပ်ရမည်မှာ လိုအပ်ချက်တစ်ရပ် ဖြစ်နေခဲ့ သည်။ ယင်းအချက်အား ကျယ်ကျယ်ပြန့် ပြန့် နားလည်ခြင်းမရှိသည့် လူထုက သူမမှာ ၎င်းပိုင်ဆိုင်လာခဲ့သည့် လူ့အခွင့် အရေးမှတ်တမ်းကောင်းများအပေါ် သစ္စာ ပျက်ယွင်းကာ စစ်တပ်၏ ထိုအကြမ်းဖက် မှုသည် ဆောင်ရွက်ခွင့်ရှိသည်ဟု သတ် မှတ်ယူဆခဲ့သည်ဟု (သူမအပေါ်) အထင် အမြင်မှားခဲ့ကြတော့သည်။
ဒုတိယအချက်မှာ တပ်မတော်က လူမျိုးစုဒေသများတွင် တိုက်ခိုက်မှုများ ကြောင့် နေရပ်စွန့်ခွာထွက်ပြေးသူပေါင်း ငါးသိန်းခန့်မှာ တိုင်းပြည်တစ်နံတစ်လျားရှိ ယာယီစခန်းများတွင် နေထိုင်ကြရသည်။ ဆယ်စုနှစ်များစွာတိုင် တပ်မတော်က များ စွာသောဒေသများအပေါ် အုပ်ချုပ်ရေး ဆိုင်ရာ ထိန်းချုပ်ရန် ကြိုးစားခဲ့သည့် အတွက် ထင်ရှားသော လူမျိုးစုခေါင်း ဆောင်များကလည်း လွတ်လပ်သော အမျိုးသားနိုင်ငံများတည်ထောင်ရန် ဆောင်ရွက်ခဲ့ကြသည်။ လူနည်းစုတိုင်းရင်း သားအုပ်စုများဘက်မှ သိသာထင်ရှားစွာ မရပ်တည်ခဲ့သည့်အတွက် ဒေါ်အောင် ဆန်းစုကြည်မှာ အရေးပါထင်ရှားသော တိုင်းရင်းသားခေါင်းဆောင်များ၏ ထောက်ခံမှုကိုလည်း ဆုံးရှုံးခဲ့ရသည်။
တတိယအချက်မှာမူ သူမသည် ပြည်တွင်းရှိ (လူသိမများလှသော) ရိုဟင် ဂျာ ပြဿနာနှင့်ပတ်သက်ပြီး ပြတ်ပြတ် သားသားပြောဆိုခြင်းမပြုခဲ့ခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အဆိုပါ လူနည်းစုဘက်မှ ရပ်တည်လိုက်ပါက လူ့ အခွင့်အရေးဘက်မှ အောင်ပွဲခံရနိုင်ခြေရှိ နေသည့်တိုင် သူမအပေါ် ပြည်တွင်း ထောက်ခံမှုများ ကျဆင်းသွားနိုင်ဖွယ်ရှိ သည်ဟု တက်ြွကလှုပ်ရှားသူများက ခန့် မှန်းကြသည်။ ထို့ကြောင့် တစ်ချိန်တစ် ခါကဆိုလျှင် ရိုင်ဖယ်သေနတ်ဖြင့် ပစ်ခတ်ရန် ချိန်ရွယ်ထားသည့် တပ်စုမှူးပင် သွေးပျက်ကာ လက်နက်ချသွားရလောက် သည်အထိ တည်ငြိမ်စွာလမ်းဖြတ် လျှောက်ခဲ့သည့် လူ့အခွင့်အရေး ပြယုဂ် ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်မှာ ယခု အခါတွင်မူ အစစအရာရာ ပြောင်းလဲသွားခဲ့ သလို ဖြစ်နေတော့သည်။
အမှန်စင်စစ် ဒေါ်အောင်ဆန်းစု ကြည် လျှောက်လှမ်းခဲ့ရသည့်လမ်းမှာ ရှည်လျားလှသည်။ သူမသည် စိတ်ပိုင်း ဆိုင်ရာ ပင်ပန်းဆင်းရဲမှုနှင့်နေအိမ်အကျဉ်း ကျမှုတို့ကို ဆယ်စုနှစ်နှစ်စုခန့် ခံစားရန် အတွက်သာ နိုင်ငံရေးနယ်ပယ်အတွင်းသို့ ၁၉၈၈ ခုနှစ်က စတင်ဝင်ရောက်ခဲ့သည်။ ထိုကာလများအတွင်း၌လည်း သူမ၏ဆယ် ကျော်သက်အရွယ် သားသမီးများကို တွေ့ ဆုံနိုင်ခြင်း မရှိခဲ့ချေ။ ထိုအချိန်က စစ် အစိုးရသည် သူမအား အင်္ဂလန်ရှိမိသားစု နှင့် ဆုံစည်းနိုင်ရန် တိုင်းပြည်မှ အချိန် မရွေးထွက်ခွာခွင့်ကို အပေးအယူဆန်ဆန် ကမ်းလှမ်းခဲ့သည်။ သို့သော် ပြည်တွင်းသို့ ဘယ်သောအခါမှ ပြန်လာခွင့်ရမည်မဟုတ် သည်မှာ မပြောဘဲသိရမည့် နားလည်မှုဟု ဆိုရမည်။ သူမကို သုတ်သင်ပစ်လိုသည့် စစ်တပ်၏ရက်စက်မှုမှာ ၁၉၉၉ ခုနှစ်တွင် အပြင်းထန်ဆုံးဟု ဆိုနိုင်ပါလိမ့်မည်။ ထို အချိန်က ကင်ဆာရောဂါခံစားနေရသည့် သူမ၏ ခင်ပွန်းဖြစ်သူအား မြန်မာပြည်သို့ ပြည်ဝင်ခွင့်ဗီဇာကို ပိတ်ပင်ခဲ့လေသည်။ ထို့နောက် သီတင်းပတ် သုံးပတ်အကြာ တွင် ၎င်းမှာ အောက်စဖို့ဒ်တွင် ကွယ်လွန် ခဲ့သည်။
အာဏာသည် လွတ်လပ်ဆုံးရှုံးရ တတ်သည့် အတွေ့အကြုံနှင့် ရက်စက်လှ သည့် အကျဉ်းကျခံရမှုတို့သည် သူမအား လူသားတို့၏ စွမ်းဆောင်နိုင်မှုအတိုင်းအဆ ကို သူတစ်ပါးတို့ထက် ထူးခြားစွာ ထိုးထွင်း သိမြင်စေခဲ့ပါသည်။ ၂၀၁၁ ခုနှစ်တွင် နေ အိမ်အကျယ်ချုပ်မှ လွတ်မြောက်ခဲ့ရာတွင် လည်း နိုင်ငံရေးမှ ကျောခိုင်းထွက်ခွာသွား ခြင်း အလျဉ်းမရှိဘဲ ခြေစုံပစ်၍ ၀င်ခဲ့ပြန်ပါ သည်။ 'တိုက်တေနီယံသစ်ခွပန်း'ဟု ချစ် စနိုး တင်စားခံထားရသည့် ဆုံးဖြတ်ချက် ပြတ်သားပြီး ဇွဲနပဲကြီးမားသူ ဒေါ်အောင် ဆန်းစုကြည်မှာ ဝေဖန်သူအခိျု့ ယုံကြည် ယူဆသလို ကိုယ်ကျိုးသက်သက်သာ ဆောင်ရွက်နေသည်မဟုတ်ဘဲ ယခင်နှင့် မတူ ခြားနားသည့်လမ်းကြောင်းဖြင့် နိုင်ငံ ရေးကို ဆောင်ရွက်နေခြင်းသာဖြစ်သည်။ သူမ၏ လက်ရှိအနေအထားနှင့် ဆောင် ရွက်ချက်များသည် ငြိမ်းချမ်းရေးနိုဘယ်ဆု ရှင်တစ်ဦးအပေါ် ကမ္ဘာက မျှော်လင့်နေမှု များနှင့် အဟပ်မညီ၊ အံမ၀င်ဘဲ ထူးခြား ကောင်း ထူးခြားနေပါလိမ့်မည်။ သို့သော် အခြားတစ်ဖက်မှ ဆင်ခြင်ကြည့်ပါက အား ကောင်းမောင်းသန် အတိုက်အခံကို ရင် ဆိုင်ရာတွင် ကြုံတွေ့လာနိုင်ဖွယ်ရှိသည့် အခက်အခဲများကို ကောင်းစွာဆ၀ါးမိသည့် သူမ၏ လတ်တလောဆောင်ရွက်ချက်များ တွင် အမြော်အမြင်ကြီးပြီး လေးနက်သော လက်တွေ့ကျမှုကို ထင်ဟပ်နေသည်ကို တွေ့မြင်နိုင်ပါသည်။
ယခုပစ္စက္ခတွင် ဒေါ်အောင်ဆန်းစု ကြည်သည် ၎င်း၏ နိုင်ငံရေးအနာဂတ်အား စစ်တပ်၏ချုပ်ကိုင်မှုမှ လွတ်ကင်းစေရန် အလို့ငှာ လိုအပ်သော ဆောင်ရွက်ဖွယ်ရာ များကို လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ယူ ဆနိုင်ပါလိမ့်မည်။ အကယ်၍ ဒေါ်အောင် ဆန်းစုကြည်သာ အောင်မြင်မှုရရှိပြီး လာ မည့် ၂၀၁၅ တွင် သမ္မတဖြစ်လာခဲ့ပါက သူမအနေဖြင့် တရားမျှတမှု (ဲကျအငခန)၊ လူ့အခွင့်အရေး (ံကာညျွေငါ့အျ)နှင့် ဒီမိုကရေစီ (ီနာသခမခေပ)စသည်တို့ကို မြှင့်တင်ရန် ပိုမိုအားကောင်းသော အခြေ အနေတွင် ရှိနေပါလိမ့်မည်။ ထို့ကြောင့် နိဂုံးချုပ်အနေဖြင့်ဆိုရပါက သူမ၏ နိုင်ငံ ရေးကံကြမ္မာ လုံခြုံစိတ်ချရမှုမရှိသေးချိန် တွင် ဒေါ်အောင်ဆန်းစုကြည်အား ဝေဖန် အကဲဖြတ်ရန် စောလွန်းနေပါသေးသည်ဟု ဆိုချင်ပါသည်။
လင်းလင်းထွန်း(ခ)လင်းလင်း(ကညက)
(မှတ်ချက်။ ဤဆောင်းပါးမှာ Grodeon Welty(Executive Director, Burma Community Builder)\ It is too early to judge Aung San Su Kyiဆောင်းပါးကို ဆီလျော်အောင် ဘာသာ ပြန်ဆိုထားခြင်းဖြစ်ပါသည်။)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

သီတဂူဆရာတော် ဦးဆောင်မှုဖြင့် မလေးရှားရောက် တရားမဝင်မြန်မာ ၁၇၀ ကျော် ပြည်တော်ပြန်

တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးနေသော မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် တရားမဝင် မြန်မာလုပ်သား ၁၇၃ ဦးကို MAI စင်းလုံးငှား လေယာဉ်ဖြင့် စက်တင်ဘာလ ၁၃ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်ခေါ်လာကြောင်း အဆိုပါ လုပ်သားများက ပြောကြားသည်။

အဆိုပါ လုပ်သားများကို သီတဂူ အထောက်အကူပြုအဖွဲ့ (မလေးရှား) နှင့် ကမ္ဘောဇဘဏ် လီမိတက်တို့ ပူးပေါင်း လှူဒါန်းမှုဖြင့် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော် အရှင်ဉာဏိဿရ ကိုယ်တိုင်ဦးဆောင်ကာ ခေါ်ဆောင်လာခြင်း ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရှိရသည်။

ယခုပြန်လာသည့် အလုပ်သမားများတွင် အော်ပရာစီခေါ် တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးမှုကြောင့် ပြန်လာသူများ အပြင် မေလကုန်နှင့် ဇွန်လက ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကြောင့် ပြည်တော်ပြန်ရန် စီစဉ်နေသူများလည်း ပါဝင်ကြောင်း လုပ်သားများက ဆိုသည်။

“အဖမ်းအဆီးကြမ်းလို့ မနေရဲတဲ့အတွက် ပြန်လာတာ” ဟု ဂျိုဟိုးပြည်နယ်တွင် ငါးနှစ်ကြာ လုပ်ကိုင်ခဲ့သူ ဦးငြိမ်းဘိုဘိုက ပြောကြားသည်။

ပြန်လာသည့် အလုပ်သမားများတွင် အမျိုးသား၊ အမျိုးသမီးများအပြင် ကလေးငယ်များလည်း ပါဝင်သည်ကို တွေ့ရှိရသည်။
“ဇွန်လကတည်းက ပြန်လာဖို့ မြန်မာသံရုံးမှာ CI (မြန်မာနိုင်ငံသား အထောက်အထား) စောင့်နေတယ်။ အခုမှ ပြန်လာခွင့်ရတယ်” ဟု ကွာလာလမ်ပူတွင် သုံးနှစ်ခန့်ကြာ လုပ်ကိုင်ခဲ့သူ ဦးနေလင်းက ဆိုသည်။

အော်ပရာစီ စစ်ဆင်ရေးကြောင့် တရားမဝင် မြန်မာလုပ်သား တစ်ရက်လျှင် ရာနှင့်ချီ၍ တရားမဝင် နယ်စပ်လမ်းကြောင်း (အောက်လမ်း) မှ မြန်မာနိုင်ငံသို့ ပြန်လာနေကြကြောင်း လုပ်သားများနှင့် ပွဲစားများထံမှ သိရှိရသည်။

မလေးရှားနိုင်ငံတွင် နေရပ်ပြန်ရန် စောင့်ဆိုင်းနေသူ ထောင်ဂဏန်းခန့်ရှိပြီး ၎င်းတို့ကို လေကြောင်းခရီးဖြင့် ပြန်ခေါ်မည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က မလေးရှားခရီးစဉ် အပြီးတွင် ပြောဆိုထားသည်။

မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် တရားမဝင် မြန်မာများကို မြန်မာသံရုံးတွင် One Stop Service စင်တာဖွင့်ကာ တရားဝင် အထောက်အထား ထုတ်ပေးရန်၊ တရားမဝင် လုပ်သားများ ဒဏ်ကြေး ဆောင်ရန် မလိုဘဲ ပြည်တော်ပြန်ခွင့်ရရန် မလေးရှား ပြည်ထဲရေးဝန်ကြီးနှင့် ညှိနှိုင်းစဉ် သဘောတူညီမှု ရရှိခဲ့ကြောင်း ၎င်းကဆိုသည်။

မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမား နှစ်သိန်းငါးသောင်းကျော်ရှိပြီး ယင်းအနက် တစ်သိန်းလေးသောင်းကျော်က တရားဝင် ဖြစ်ကြောင်း၊ UNHCR ကတ်ကိုင်ဆောင်ထားသူ ရှစ်ထောင်ခန့် အပါအဝင် တစ်သိန်းတစ်သောင်းကျော်မှာ တရားမဝင် မြန်မာများ ဖြစ်သည်ဟု မလေးရှားအစိုးရက ပြောဆိုထားသည်။

အော်ပရာစီ စစ်ဆင်ရေးကြောင့် ဖမ်းဆီးခံထားရသူ ၅၀၀၀ ကျော်အနက် မြန်မာ ၆၀၀ ခန့် ပါဝင်သည်။
The Voice Weekly

ခလရ(၁၃၇)မှ အရာရှိ၏ ဖြစ်ရပ်မှန်



ယခုအပတ်တွင် KIA မှ စစ်တပ်မှ အရာရှိတစ်ဦးနှင့် ရဲဘော် (၂) ဦးကို ရက်ရက်စက်စက် ခေါင်းဖြတ် သတ်မှုသတင်းကို ကျယ် ကျယ်ပြန့်ပြန့် ဆွေးနွေး မှုတွေ တွေ့နေရပါတယ်။ အမှန်တကယ်ဖြစ်ပွားမှုမှာ ခလရ(၁၃၇) က ဗိုလ်ဇော်မျိုးထက်အပါအ၀င် (၁၂) ဦးက တောင်တက် အဖွဲ့ကို လုံခြုံရေး လိုက်ပေးရင်း KIA က မလွမ်ဒိန်စာရွာ အနီး မှာ တိုက်ပွဲဖြစ်ပွားခဲ့ တာဖြစ်ပါတယ်။ စစ်တပ်ဘက်က (၂)ယောက်သေပြီး (၁)ယောက်ထိခိုက် ကာ KIA ဘက်က (၁) ယောက်သေပါတယ်။ တောင် တက်အဖွဲ့အား အင်ခဂါးရွာသို့ ဆက်လက်ပို့ဆောင်စဉ် KIA မှ အင်အား (၃၀)ကျော် နှင့် စစ်တပ်လုံခြုံရေးအဖွဲ့ဝင်များအား ခြုံခိုတိုက်ပွဲထပ်မံဖြစ် ပွားခဲ့ပြီး အင်အားခြင်းမမျှတတာကြောင့် စစ်တပ်က ပြန်ဆုပ်တဲ့အချိန်မှာ ဗိုလ်ဇော်မျိုးထက် မပါလာကြောင်း သူ့အဖွဲ့က သိရှိရပါတယ်။

ခလရ(၁၃၈)မှ အဖွဲ့က ဗိုလ်ဇော်မျိုးထက်ကို ထပ်မံရှာဖွေခဲ့ရာ ဒီလ (၅) ရက်နေ့မှာ အင်ဒဂါးရွာအနီးတွင် ဦးခေါင်းပြတ်ပြီး မြေမြှုပ်ထားကြောင်း ရွာသားများ၏ ပြောဆိုမှုအရ အလောင်းအားရှာဖွေတွေ့ရှိခဲ့ရပါတယ်။
မျက်မြင် တွေ့ရှိခဲ့ရတဲ့ ရွာသားတွေရဲ့ပြောဆိုချက်အရ စစ်တပ်က အရာရှိကို KIA က ဖမ်းလာခဲ့ပြီး ရွာအနောက်ဘက် တောအုပ် မှာ ခေါင်းဖြတ်သတ် ခဲ့တာပါ။ ခေါင်းဖြတ်သတ်တာ အရင်တုန်းက KIA တွေတစ်ခါမှ မလုပ်ခဲ့ပါဘူး။ ဖြတ်တဲ့ လူပုံကလဲ ကုလားနဲ့ဆင်ပြီး ကချင်လူမျိုးမဖြစ်နိုင် ပါဘူး။ ကုလားတွေ KIA ထဲရောက်လာလို့ ခုလိုဖြစ်ရတာ၊ အစိုးရ တပ်ကပဲ တောင်တက်အဖွဲ့ကို လုံခြုံရေး လိုက်ပေးရင်းနဲ့ ခုလိုတိုက်ပွဲဖြစ် သွားတာပါ။ ငြိမ်းချမ်းရေး လုပ်နေစဉ် အတောအတွင်းမှာ ခုလို KIA က စစ်ပွဲမှာဖမ်းမိတဲ့ အရာရှိကို ခုလို ရက်ရက် စက်စက်သတ်ဖြတ်တာကတော့ မကောင်းဘူးပေါ့ဗျာ။ ငါတို့ အားလုံးလည်း ငြိမ်းချမ်းရေးလိုချင်ပါတယ်။ ဒါပေမဲ့ KIA ကအခုလို ရန်သူကို လူမဆန် သလို လုပ်တာတော့ ငါတို့လည်း မကြိုက်ဘူး ဟု အင်ခဂါးရွာသားတစ်ဦးက ပြောပြခဲ့ပါတယ်။

ပျံ့နှံ့နေတဲ့သတင်းတွေက အရာရှိကို ခေါင်းဖြတ်နှိပ်စက်တာကို သူ့ရဲဘော်တွေ ကိုကြည့်ခိုင်းပြီးမှ ကျန်တဲ့ ရဲဘော်တွေ ကို နောက် မှ ခေါင်းဖြတ် သတ်မယ် ဆိုပြီး သတင်းတွေ အမျိုးမျိုးပျံ့နှံ့နေ ပါတယ်။ ဒါပေမဲ့ အရာရှိကိုသာ ခေါင်းဖြတ်သတ်ခဲ့တာဖြစ်ပြီး ကျန်တဲ့ရဲဘော် (၂)ဦးက တိုက်ပွဲမှာသေတာဖြစ်ပါတယ်။ ဒီလိုမျိုးဖမ်းမိတဲ့ ရန်သူကို ရက်စက်စွာ သတ်ဖြတ်မှုကို ကျွန်တော်တို့တွေလည်းလက်မခံ သလို ဘယ်သူမှ လည်းလက်မခံနိုင်ပါဘူး။ ငြိမ်းချမ်းရေး လုပ်ဆောင်နေတဲ့ အချိန်မှာ ဖြစ် တာကြောင့်မို့ ပိုဆိုးဝါးပေမဲ့ အစိုးရဘက်က သဘော ထားကြီးစွာ ထားပြီး လုပ်ဆောင် သင့်ပါတယ်။ ပျံ့နှံ့နေတဲ့သတင်းတွေ ကို သေချာ လေ့ လာပြီးမှယုံကြည်ကြပြီး အဖြစ်မှန်ကိုသိရှိဖို့ ဖော်ပြလိုက်ရ ပါတယ်။

အင်နော်သား

လေယာဉ် ပြန်ပေးမှု ဖြစ်ရပ်မှန် ဇာတ်ကား ကျပ်သိန်း ၃ ထောင်သုံးမည်


လေယာဉ် ပြန်ပေးဆွဲရာတွင် ပါဝင်ခဲ့သည့် KNDO တပ်ဖွဲ့ဝင် စောကျော်အေးနှင့် အဖွဲ့ (ဓာတ်ပုံ – Courtesy of Antony)
လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ ၀န်းကျင်က မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လေယာဉ် ပြန်ပေးဆွဲမှုကို ဖြစ်ရပ်မှန်ရုပ်ရှင်ဇာတ်ကား ကြီး ရိုက်ကူးရာတွင် ထိုင်းနိုင်ငံမှ စက်ပစ္စည်းများကို အသုံးပြုသွားမည်ဖြစ်ပြီး ကျပ်သိန်း ၃ ထောင် အကုန်အကျ ခံသွားမည် ဖြစ်ကြောင်း ဒါရိုက်တာ အဏ်ထော်ဏီက ဧရာဝတီသို့ ပြောသည်။

“မြန်မာ့ရုပ်ရှင်ကို ကမ္ဘာ့ဈေးကွက်အထိ သွားချင်တယ်။ စက်မှု အားကောင်းကောင်းနဲ့ အချိန်ယူပြီး ရိုက်ရမယ်။ အရင် ဇာတ်ကားတွေ တုန်းကလည်း နိုင်ငံတကာမှာ စီးပွားရေးဈေးကွက် ထိုးဖောက်ဖို့ ပြမယ်ဆိုပြီး ရိုက်ခဲ့ကြတယ်။ ဒါပေမယ့် ရုပ်ရှင်ပွဲတော်မှာ ပြပြီး အသံစနစ် လိုက်မမီတော့ ပြန်လာခဲ့ရတယ်။ ကျနော်ကတော့ ဒီကားကို နိုင်ငံတကာမှာ လုပ်တဲ့ နည်းစနစ်အတိုင်း အသံစနစ် ကောင်းအောင် စတူဒီယိုနဲ့ အသံ ပြန်ဖမ်းတာမျိုး လုပ်မယ်” ဟု သူက ပြောသည်။

မြန်မာနိုင်ငံတွင် ၁၉၅၄ ခုနှစ် ဇွန်လ ၂၅ ရက်နေ့က ရန်ကုန် မင်္ဂလာဒုံလေဆိပ်မှ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ပျံသန်းလာသည့် နိုင်ငံတော် လေကြောင်း သယ်ယူပို့ဆောင်ရေး အဖွဲ့ပိုင် ဒါကိုတာ XY-ACT လေယာဉ်အား ထိုစဉ်က ကရင်လက်နက်ကိုင် KNDO တပ်ဖွဲ့ဝင် ဗိုလ်စောကျော်အေး ဦးဆောင်ကာ ပြန်ပေးဆွဲသည့် ဖြစ်စဉ်တခု ဖြစ်ပွားခဲ့သည်။

ယင်းဖြစ်စဉ်သည် ကမ္ဘာပေါ်တွင် ပထမဆုံး လေယာဉ်ပြန်ပေးဆွဲမှု တခုဖြစ်လာခဲ့သည်။ အဆိုပါ ဖြစ်ရပ်ကို လာမည့် တန်ဆောင်မုန်း လပြည့်နေ့တွင် ရုပ်ရှင် ဇာတ်ကားကြီးအဖြစ် စတင်ရိုက်ကူးတော့မည် ဖြစ်ကြောင်း၊ ဇာတ်ကားရိုက်ကူးချိန်ကို ၃ လ သတ်မှတ်ထားကြောင်းလည်း အထက်ပါ ဒါရိုက်တာက ပြောသည်။

“အခု ဇာတ်ညွှန်းကို တတိယ အကြိမ် ပြန်ချောနေပါပြီ။ ဖြစ်ရပ်မှန် အတိုင်းပဲ ရိုက်မယ်။ အချစ်ဇာတ်လမ်း မျိုးမှာကျရင် ဖထီး စောကျော်အေး ကြုံခဲ့ရတဲ့ အချစ်အကြောင်းနဲ့ မိသားစုအကြောင်း နည်းနည်းပါမယ်။ နိုင်ငံတကာကို ထိုးဖောက်ဖို့ ရည်ရွယ်တာဖြစ်လို့ အင်္ဂလိပ်စာတန်း ထိုးမယ်။ တချို့နေရာတွေမှာ လျှို့ဝှက် ကရင်စကားတွေ ပါတဲ့အတွက် မြန်မာ စာတမ်းလည်း ထိုးပေးမယ်” ဟု ဒါရိုက်တာ အဏ်ထော်ဏီက ဆိုသည်။

အဆိုပါ ဖြစ်ရပ်မှန် ရုပ်ရှင် ရိုက်ကူးနိုင်ရန်အတွက် စာရေးသူ ဦးလှသောင်း၏ “မြန်မာနိုင်ငံ၏ ကမ္ဘာ့ ပထမဆုံး လေယာဉ် ပြန်ပေးဆွဲမှုကြီး” ဆိုသည့် စာအုပ်အား ဇာတ်ညွှန်းရေးဆရာ အကယ်ဒမီ စိုးကျော်ဆန်းက ပြန်လည် ရေးသားမည် ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်ထံမှ သိရသည်။

ဒါရိုက်တာ အဏ်ထော်ဏီက “ ကျနော်တို့ဆီမှာက ဖြစ်ရပ်မှန်တွေကို နိုင်ငံတော် ပေါ်လစီအရ တားမြစ်ခဲ့တာမျိုး ရှိတော့ ဒီဘက်ခေတ်မှာ ဖြစ်ရပ်မှန် ကားတွေ ရှားခဲ့တယ်။ အရင်တုန်းက အခြေအနေဆိုရင် ဒီလိုကားမျိုး ရိုက်လို့မရဘူး” ဟု ဆက်လက် ပြောသည်။

ရိုက်ကူးရေး အတွက် စက်ကိရိယာများကို ထိုင်းနိုင်ငံ Gear Head အဖွဲ့ထံမှ စာချုပ်ဖြင့် ငှားရမ်းထားသည့် Post Mandalay ကုမ္ပဏီနှင့် လက်တွဲ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ဇာတ်ကားတွင် မျက်နှာသစ် သရုပ်ဆောင်များကိုသာ အသုံးပြုသွားမည်ဖြစ်ပြီး လတ်တလောတွင် သင်တန်းသာ ၃၀ ဦးအား သရုပ်ဆောင် သင်တန်းနှင့် အင်္ဂလိပ် စကားပြော သင်တန်းပေးလျှက် ရှိသည်။

အဆိုပါ ဇာတ်ကားတွင် အသုံးပြုနိုင်ရန်အတွက် နေပြည်တော် စစ်သမိုင်းပြတိုက်နှင့် မြန်မာ့လေထီး တပ်များမှ ယခင်ခေတ် လေယာဉ်ပုံတူများကို ပုံစံတူ ဖန်တီးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ဧရာဝတီ

အမရပူရမြို့နယ်အတွင်းရှိ တောင်သမန်အင်းရေ မြင့်တက်လာတာကြောင့် တောင်သမန်အင်းပတ်လမ်းနေရာအချို့ကိုရေကျော်ခဲ့


အမရပူရမြို့နယ်အတွင်းရှိ တောင်သမန်အင်းရေ ဟာ ယနေ့ စက်တင်ဘာ ၁၄ ရက်မနက်ပိုင်းကစပြီး မြင့်တက်လာတာကြောင့် တောင်သမန်အင်းပတ်လမ်းနေရာအချို့ကိုရေကျော်ခဲ့ပါတယ်။ အင်းဘေးအနီးဝန်းကျင်ကတရုတ်တန်းကြီး၊တရုတ်တန်းလေး၊မဟာဂန္ဓာရုံကျောင်းတိုက်အနီး ဆင်စွယ်ပွတ်ရပ်တွေမှာရေနစ်မြုတ်နေတာဖြစ်ပါတယ်။၂၀၀၄ ခုနောက်ပိုင်းစံချိန်တင်ရေမြင့်တက်လာတာဖြစ်တယ်လို့အဲသည့်ရပ်ကွက်ခံအချို့ကပြောပါတယ်။
The Modern News Journal

MPT က ပြည်ပကုမ္ပဏီများနှင့်အပြိုင် ဖုန်းခေါ်ဆိုခများလျှော့မည်


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က တယ်လီနော၊ အော်ရီဒူးစသော ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများနှင့်အပြိုင် တယ်လီဖုန်းခေါ်ဆိုခများ လျှော့ချကောက်ခံမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မော်က ပြောကြားသည်။

“ခန့်မှန်းခြေတော့ ကျွန်တော်မပြောနိုင်သေးပါဘူး။ သေချာတာကတော့ တယ်လီနောနဲ့ အော်ရီဒူးထက် ကျွန်တော်တို့ များဖို့မရှိပါဘူး” ဟု လျှော့ချမည့် နှုန်းထားနှင့် ပတ်သက်၍ ၎င်းကပြောဆိုသည်။

ဖုန်းခေါ်ဆိုခ လျှော့ချမည့် အချိန်ကိုလည်း အတိအကျ မပြောနိုင်သေးဘဲ စီစဉ်ဆဲသာ ရှိကြောင်း ၎င်းကဆိုသည်။

အင်တာနက် ချိတ်ဆက်ခ နှုန်းထားများကိုလည်း နောက်ပိုင်းတွင် အခြေအနေပေါ် မူတည်၍ ကောက်ခံချင်မှ ကောက်ခံတော့မည် ဖြစ်ကြောင်း ဦးအောင်မော်က ပြောဆိုသည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနသည် လက်ရှိတွင် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုဖြစ်သော တယ်လီနောနှင့် အော်ရီဒူးတို့ကို ပြည်တွင်းတွင် ဆက်သွယ်ရေး အော်ပရေတာ လုပ်ကိုင်ရန် ခွင့်ပြုထားပြီး ဖြစ်သည့် အတွက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို အသွင်ပြောင်းလဲ ဖွဲ့စည်းမည့် မြန်မာတယ်လီကွန်နှင့် ရတနာပုံတယ်လီပို့ကို အသွင်ပြောင်းလဲ ဖွဲ့စည်းမည့် ရတနာပုံ တယ်လီကွန်တို့မှာ အဆိုပါ ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများနှင့် ဈေးကွက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။
The Voice Weekly

၂၀၁၂-၁၃ဝင်ငွေခွန်အများဆုံး ထမ်းဆောင်သူအဖြစ် ကမ္ဘောဇဘဏ်လီမိတက် ပထမနေရာ ထပ်မံရရှိ


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘဏ္ဍာရေးဝန်ကြီးဌာန၊
ပြည်တွင်းအခွန်များဦးစီးဌာန၏ ၂၀၁၃၊ စက်တင်ဘာလ (၁၄)ရက်စွဲဖြင့်
ထုတ်ပြန်ကြေငြာချက်အရ ၂၀၁၂-၁၃ အခွန်စည်းကြပ်နှစ်အတွက်
ဝင်ငွေခွန်အများဆုံးထမ်းဆောင်သူ လုပ်ငန်းရှင်(၁၀၀)ဦးအနက်
ကမ္ဘောဇဘဏ်လီမိတက်သည် ဝင်ငွေခွန်အများဆုံး ထမ်းဆောင်သူအဖြစ် ပထမနေရာ
ထပ်မံရရှိခဲ့ကြောင်းKBZ BANKမှသိရသည်။
Popular Myanmar News Journal

Heart Attack ရခဲ့ရင် ဘယ်လိုလုပ်သင့်သလဲ???



Heart Attack ဖြစ်တဲ့ လူနာအတော်များများဟာ တစ်ယောက်တည်းရှိနေချိန်မျိုးမှာ Heart Attack ရတာ များပါတယ်...
Heart Attack ရကာနီး လူတစ်ယောက်ဟာ နှလုံးခုန် မမှန်မှုကြောင့် အားလျော့မူးဝေပြီး သတိလက်လွတ် ဖြစ်မသွားခင် ၁၀ စက္ကန့်လောက်သာ မိမိကိုယ်ကို ကယ်တင်ဖို့ အချိန်ရပါတယ်...

Heart Attack ကိုခံစားရတဲ့ လူနာအနေနဲ့ နှလုံးခုန်မူမမှန်မှုနဲ့ မူးလဲချင်သလို ခံစားရတဲ့အခါ အဆက်မပြတ်နဲ့ ပြင်းပြင်းထန်ထန် ချောင်းဆိုးပေးရပါမယ်... ချောင်းမဆိုးခင်မှာ အသက်ကိုဝအောင် ရှူပြီး ချောင်းကိုဆက်တိုက်ကြာကြာ (သလိပ်ကပ်တဲ့အခါ သလိပ်ရအောင် ဆိုးသလိုမျိုး) ဆိုးရမှာ ဖြစ်ပြီး "အဟွတ်!!!!!!!!!!" ဆိုပြီး ချောင်းတစ်ချက်တည်းကို ရှည်ရှည်ဆွဲပြီး ဆိုးရမှာ ဖြစ်ပါတယ်...

ဒီလို အသက်ရှူခြင်းနဲ့ ချောင်းဆိုးခြင်းကို ၂ စက္ကန့်ခြား တစ်ခါနှုန်းနဲ့ ကြားထဲမှာလစ်ဟာချိန်မရှိစေဘဲ အကူအညီရောက်လာတဲ့ အချိန်အထိ (သို့) နှလုံးခုန် မူမှန်သွားတဲ့အချိန်ထိ ပြုလုပ်ရမှာပါ...

ဒီလိုလုပ်ရခြင်းရဲ့ အကြောင်းတွေကို ပြောရရင် အသက်ပြင်းပြင်းရှူခြင်းက Oxygen ကို အဆုတ်တွေဆီ လုံလောက်စွာ ပို့ဆောင်ပေးနိုင်ပါတယ်... ချောင်းပြင်းပြင်းထန်ထန် ဆိုးခြင်းကတော့ နှလုံးရဲ့ ညှစ်အားကို ကောင်းစေပြီး သွေးလည်ပတ်မှုကို ဆက်လက်ထိန်းသိမ်းဖို့ ကူညီပေးသလို နှလုံးရဲ့ခုန်နှုန်း ပြန်လည်မှန်ကန်လာစေဖို့လည်း အထောက်အပံ့ပေးပါတယ်... ဒီလိုနည်းနဲ့ Heart Attack ခံစားရတဲ့ လူနာဟာ ဆေးရုံကိုရောက်တဲ့အထိ မိမိကိုယ်ကို သတိလက်လွတ်မဖြစ်သွားအောင် အတတ်နိုင်ဆုံး ထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်...

=========================================

ဒီစာလေးကို ဖတ်မိမှတ်မိလို့ပဲဖြစ်ဖြစ်၊ ဖတ်မိသူက မျှဝေပြောပြလို့ပဲဖြစ်ဖြစ် ဒီစာလေးကြောင့် အသက်တစ်ချောင်းပဲ ကယ်နိုင်တယ်ဆိုရင်တောင် အလွန်တန်တယ်လို့ ယူဆတဲ့အတွက် ဘာသာပြန် မျှဝေပေးလိုက်ပါတယ်...
သင်လည်း သင့်ပတ်ဝန်းကျင်၊ သင့်မိသားစု၊ သင့်သူငယ်ချင်းတွေ အတွက် ဒီကျန်းမာရေး ဗဟုသုတလေးကို ကူညီမျှဝေပေးပါလို့ တိုက်တွန်းရင်း...

ကြယ်မင်းတာယာ
Myanmar News

ဒေါ်လာ ၁၁ ဘီလျံနဲ့ အမည်မသိ ဘဏ်အကောင့် သတင်းရဲ့ နောက်ကွယ်

အခုတလော အင်တာနက်စာမျက်နှာစာဖတ်သူတွေအကြာ အတော်လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့တဲ့ သတင်းက
တော့ မြန်မာနိုင်ငံက အမည်မသိ နိုင်ငံခြား ဘဏ်အကောင့်တွေ ဖွင့်ထားပြီး အမေရိကန် ဒေါ်လာ ၁၁ ဘီ လျံ သိမ်းထားလို့ ကမ္ဘာ့ဘဏ်က မြန်မာ အပေါ် တင်ရှိတဲ့ အကြွေးတွေ လျှော်မပစ်တာဆိုတဲ့ သတင်း
ရေးသားချက်ပါပဲ။

 ဓာတ်ပုံ-referralsaasquatch.com

ကမ္ဘာ့ဘဏ်အပါအ၀င် ငွေကြေးဌာနတွေကို စောင့်ကြည့်ရေးနဲ့ သုတေသန အဖွဲ့တဖွဲ့ဖြစ်တဲ့ Bank Information Center မှ မစ္စတာ ဂျဲလ်ဆန်ဂါစီယာက ရန်ကုန်မြို့တွင် စက်တင်လာလ ၁၀ ရက်နေ့က ကျင်းပတဲ့ အလုပ်ရုံ ဆွေးနွေးပွဲ တခုမှာ အဲဒီလို ပြောဆိုခဲ့တာကြောင့်ဆိုတဲ့ သတင်းတွေ ထွက်လာပါ တယ်။

အဲဒီသတင်းထွက်ပြီးတဲ့အခါ သမ္မတဦးသိန်းစိန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒု-ဝန်ကြီး ဦးရဲထွဋ်က သူ့ဖေ့စ်ဘုတ်ကနေ အဆို ငြင်းပယ် တုန့်ပြန်ခဲ့ပါတယ်။

သူက ဒေးလီးအလဲဗင်း Daily Eleven သတင်းစာမှာ ဖော်ပြခဲ့တဲ့ အဲဒီ သတင်းပါ မစ္စတာ ဂျဲလ်ဆန်ဂါစီယာ ဟာ ကမ္ဘာ့ဘဏ် ၀န်ထမ်းမဟုတ်ကြောင်း ပြောခဲ့ပါတယ်။

“အစိုးရအနေနဲ့ နိုင်ငံပိုင်ငွေကို အဲဒီလို ပြည်ပမှာ အပ်နှံထားတာ လုံးဝမရှိပါဘူး။ ၁၁ ဘီလီယံ အပ်ထား တယ် ဆိုတဲ့ အကောင့် ငါးခုနဲ့ ပတ်သက်လို့ ခိုင်မာတဲ့ အချက်အလက်ရှိရင် ပေးပါ။ အစိုးရအနေနဲ့ ဆက် လက်ဆောင်ရွက်ဖို့ အသင့် ပါပဲ” ဟု ဦးရဲထွဋ်က သူ့ဖေ့စ်ဘုတ်မှာ ဖော်ပြထားပါတယ်။

အဲဒီလို ဖော်ပြပြီးနောက်မှာ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာပြည်ရုံးခွဲကလည်း အလားတူ ထုတ်ပြန်ကြေညာခဲ့ပါ တယ်။

ဒါပေမယ့်လို့ မြန်မာနိုင်ငံက အမည်မသိ နိုင်ငံခြားဘဏ် အကောင့်တွေ ဖွင့်ထားပြီး အမေရိကန် ဒေါ်လာ ၁၁ ဘီလျံ သိမ်း ဆည်း ထားတာကြောင့် ကမ္ဘာ့ဘဏ်က မြန်မာအပေါ် တင်ရှိတဲ့ ကြွေးကြန်တွေ လျှော် မပစ်ဘူး ဆိုတဲ့ ကိစ္စကိုတော့ ထင်မြင် ချက် မပေးခဲ့ပါဘူး။

ကမ္ဘာ့ဘဏ်ရဲ့ ကြေညာချက်မှာ “ကုန်သွယ်ရေးနှင့် ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းများ ချောမွေ့လွယ်ကူစေ ရန်နှင့် နိုင်ငံခြား ငွေ လဲလှယ်နှုန်းများကို တည်ငြိမ်အောင် စီမံဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံရပ်ခြားဘဏ် စာရင်းများ ထားရှိခြင်းသည် နိုင်ငံတော် အစိုးရများ၏ ပုံမှန်လုပ်ငန်းတရပ်ဟု ကမ္ဘာ့ဘဏ်က ယူဆသည်” လို့ ရေးသား ဖော်ချက်ချက်ဟာ အစိုးရရဲ့ ငွေ ကြေး ဆိုင်ရာ မူဝါဒဟာ ပွင့်လင်းမြင်သာမှု မရှိဘူးဆို တဲ့ ဝေဖန် ပြောဆိုမှုတွေ မြင့်တက်လာပါတော့တယ်။

အမေရိကန် ၁၁ ဘီလျံ ကိစ္စကြီးရဲ့ နောက်ကွယ်မှာ ဘာတွေ ရှိနေသလဲ ဆိုတာ သိချင်ရင်တော့ ဧရာဝတီ မြန်မာပိုင်း စာမျက်နှာမှာ သတင်းထောက် လင်းသန့် ရေးသားတင်ပြထားတဲ့ ဒေါ်လာ ၁၁ ဘီလျံ သတင်း၏ နောက်ကွယ် ဆိုတာမှာ ဖတ်နိုင်ပါပြီ။

ကမ္ဘာပေါ်မှာ အကြီးဆုံး အိမ်မွေး ကြောင်



အများအမြင်မှာ ကျားလို့ ထင်ရလောက်သော အိမ်မွေးကြောင် ဖြစ်ပါတယ်။ ၎င်းကြောင်မလေး၏ နာမည်ကတော့ ဟာကူလန့် လို့ခေါ်ပါတယ်။ အမေရိကန် နိုင်ငံ ကိုရိုလာပြည်နယ် တောင်ပိုင်း မှာ မွေး ထားတာ ဖြစ်ပါတယ်။

၎င်းကြောင်မလေးဟာ အရှည်အားဖြင့် ၁၃၁ လက်မ၊ (၃.၃၃ မီတာ)၊ အမြင့်ကတော့ ၄၉ လက်မ၊ (၁.၂၅ မီတာ)၊ အလေးချိန်အားဖြင့် ၉၂၂ ပေါင်၊ (၄၁၈ ကီလိုဂရမ်) ရှိတယ်လို့ ဆိုပါတယ်။

၎င်းကြောင်မလေးကို အခုလို ကြီးထွားအောင် နို့များကို တိုက်ကျွေး မွေးမြူခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဟာကူလန့် ဆိုတဲ့ ကြောင်မလေးဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး အိမ်မွေးကြောင် အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

Kyaw Lin Naing (ရိုးရာလေး)

တပ်မတော်သားအချို့ အသတ်ခံရမှု ကေအိုင်အေထံ အစိုးရ ဖြေရှင်းချက်တောင်း

ချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘောမြို့အနီးတွင် တပ်မတော်နှင့် ကေအိုင်အေတို့ သြဂုတ်လ ၂၈ ရက်နေ့က တိုက်ပွဲဖြစ်ပွားစဉ် လူစုကွဲပြီး ဖမ်းဆီးခံရသည့် အမှတ် (၁၃၇) ခြေလျင်တပ်ရင်းမှ ဗိုလ်ကြီး ဇော်မျိုးထက်ကို ကေအိုင်အေက သတ်ဖြတ်မှုအပေါ် အစိုးရက ကေအိုင်အေထံ ဖြေရှင်းချက် တောင်းဆိုထားကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

ယင်းတိုက်ပွဲတွင် ဗိုလ်ကြီးနှင့် အခြားစစ်သည်နှစ်ဦး ကျဆုံးသည်မှာ မှန်ကန်ပြီး ယင်းကိစ္စတွင် တာဝန်ရှိသူကို ကေအိုင်အေက ဖော်ထုတ် အရေးယူပေးရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှတစ်ဆင့် တောင်းဆိုထားသော်လည်း လက်ရှိအချိန်ထိ တရားဝင် ပြန်ကြားချက် မရရှိသေးဘဲ မီဒီယာ တချို့တွင် ငြင်းချက်ထုတ် ရေးသားထားသည်ကို တွေ့ရကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် သဘောတူထားသည့် ကေအိုင်အေ၏ သတ်မှတ်နေရာ ပြင်ပသို့ ကေအိုင်အေအဖွဲ့ တစ်ဖွဲ့ ဆက်ကြေး လာကောက်သည်ဆိုသည့် သတင်းအရ ဗိုလ်ကြီးဇော်မျိုးထက်အပါ အဖွဲ့ဝင် ၁၄ ဦးပါသည့် တပ်မတော် စစ်ကြောင်းက သွားရောက် စစ်ဆေးစဉ် ကေအိုင်အေက မိုင်းခွဲ၍ ချုံခိုတိုက်ခိုက်မှုကြောင့် ဗိုလ်ကြီးဇော်မျိုးထက် လက်မောင်းတွင် ဒဏ်ရာရရှိကာ လူစုကွဲပြီး အနီးနား ရွာတစ်ရွာသို့ ၃၀ ရက်နေ့တွင် ရောက်ရှိရာ ကေအိုင်အေအဖွဲ့က လာရောက် ဖမ်းဆီးကြောင်း၊ ဒဏ်ရာဖြင့် အသက်ရှင်လျက် ဖမ်းဆီးသွားခြင်းဖြစ်ပြီး ရွာအပြင် တောတွင်း၌ ခေါင်းဖြတ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း ဦးရဲထွဋ်က ရှင်းပြသည်။

“တပ်က ပြန်လိုက်ရှာတဲ့အခါ ခေါင်းပြတ်နေတဲ့ ဗိုလ်ကြီးရဲ့ အလောင်းကိုတွေ့တော့ သေချာသင်္ဂြိုဟ်ပေးခဲ့တယ်။ သူတို့က ဒီတိုင်းမြေနဲ့ယက်ပြီး ဖုံးပစ်ခဲ့တာ” ဟု ၎င်းကဖွင့်ဟသည်။

ယင်းလုပ်ရပ်သည် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများနှင့် လုံးဝကိုက်ညီမှု မရှိဘဲ တိုက်ပွဲများ အရှိန်လျှော့ချရန် သဘောတူထားချိန်တွင် မိမိနယ်မြေ ပြင်ပကို လာရောက်ပြီး ယင်းသို့ တိုက်ခိုက်ခြင်းမှာ မသင့်လျော်သည့် လုပ်ရပ် ဖြစ်ကြောင်း အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဗိုလ်ကြီးမျက်နှာက ရစရာမရှိဘူး။ ဓားနဲ့မွှန်းထားတယ်။ ပြီးတော့ ဗိုက်ထဲကို ခေါင်းထည့်ထားတယ်” ဟု ၎င်းကဆိုသည်။

တိုက်ပွဲဖြစ်သည့်နေရာမှာ ကေအိုင်အေနယ်မြေ မဟုတ်သည့် အပြင် ပြည်သူလူထုအပေါ် ညှဉ်းပန်းနှိပ်စက်သည့် ဆက်ကြေး ကောက်ခံမှုမျိုး မပြုလုပ်ရန် သဘောတူညီချက်ကို ချိုးဖောက်ကြောင်း၊ ထို့အပြင် ယင်းသို့ လူမဆန်သည့် သတ်ဖြတ်မှုမှာ ငြိမ်းချမ်းရေးကို လွန်စွာထိခိုက် နစ်နာစေသည့် လုပ်ရပ်ဖြစ်သည့် အတွက် ကေအိုင်အေအဖွဲ့၏ ဖြေရှင်းချက်ကို စောင့်ကြည့် တုံ့ပြန် သွားမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

ယင်းကိစ္စကို ကေအိုင်အိုသို့ ဆက်သွယ် မေးမြန်းရာ ကေအိုင်အေအနေနှင့် ယင်းသို့ သတ်ဖြတ်ခဲ့ခြင်း မရှိကြောင်း ကေအိုင်အို/ကေအိုင်အေ အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ အစိုးရက တရားဥပဒေ ဘောင်အတွင်းမှ ဆောင်ရွက်သွားမည်ဖြစ်ပြီး မြစ်ကြီးနား တွင် မေလ ၃၀ ရက်နေ့က နှစ်ဖက် သဘောတူညီထားချက်များ အရ နှစ်ဖက်တိုက်ပွဲများ ထိန်းသိမ်းလျှော့ချရန် သဘောတူထားကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာမှ အကြီးတန်း အကြံပေးတစ်ဦးက ဆိုသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အို/ကေအိုင်အေ ကိုယ်စားလှယ်အဖွဲ့တို့ စက်တင်ဘာလ ၁၆ ရက်နေ့မှ ၁၇ ရက်နေ့ အထိ မြစ်ကြီးနားမြို့တွင် တွေ့ဆုံရန် စီစဉ်ထားပြီး တစ်နိုင်ငံလုံးအဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေး ညှိနှိုင်းမည် ဖြစ်ကြောင်း အဆိုပါ လုပ်ငန်းကော်မတီက ပြောကြားထားသည်။
The Voice