မန္တလေးမြို့ မှာ မြေတွေကမွှေးနေတယ်




ဧပြီလ ၃ရက်၊ ၂၀၁၄ခုနှစ်

မန္တလေး ၁၂ လမ်းအနောက်ထိပ် တာရိုးအနီး ရှင်အရဟံသိမ်"နောက်က
မြေတွေကမွှေးနေတယ်လို့သိရပါတယ်။

နယ်ခံလူတွေပြောတာကတော့ မွှေးနေတာကနှစ်လလောက်ရှိပြီဆိုပါတယ်။

သူတို့ကဘုန်းကြီးကျောင်းက အမွေးတိုင်ထွန်းတယ်လို့ထင်နေကြတာ အခုမှမြေတွေကမွှေးနေမှန်းသိတာပါ။
သက်ဆိုင်ရာမှမြေများကိုသယ်ယူခွင်ပိတ်ပင်လိုက်ပါပြီ။

Pe Nount

Posted From သူရိန် လင်း (မန္တလေး သတင်း ပုံရိပ်များ)

DKBA ပြောက်ကျားဝတ်စုံဝတ် မွတ်စလင် လူတစ်စု ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားကြီး ဂိတ်ဝတွင် ပြည်သူအပေါ် လက်နက်များဖြင့် ရမ်းကား



ဧပြီလ(၁)ရက်နေ့ မွန်းလွဲ(၃းဝ၀)နာရီအချိန်က မွတ်စလင် ဘာသာခြား(၆)ဦးသည် မဲဆောက်သို့ သွားရန် မြဝတီမြို့ ချစ်ကြည်ရေးတံတားကြီးဂိတ်ဝတွင် နိုင်ငံကူးလက်မှတ်များ ပြုလုပ်နေစဉ် တဖက်နိုင်ငံ သို့ ခရီးသည်များ ပို့ဆောင်ပေးနေသော
ရွှေမြန်မာမော်တော်ယာဉ်လိုင်းမှ စာရေးဝန်ထမ်းတစ်ဦးသည် ဆိုင်ကယ်ရပ်ရန် ဘေးသို့ အနည်းငယ် ဖယ်ခိုင်းစဉ် မွတ်စလင်တစ်ဦးနှင့် အခြေအတင် စကားများခဲ့ကြသည်။

ထိုသို့ စကားများခဲ့ကြပြီး မွတ်စလင်တစ်ဦးသည် မြဝတီမြို့တွင်း ပြန်သွားကာ DKBA တပ်ဖွဲ့ဝင်တစ်ချို့အား ကား(၁)စီးဖြင့် ခေါ်ဆောင်လာခဲ့ပြီး ၎င်းကိုယ်တိုင်လည်း DKBA ပြောက်ကျားဝတ်စုံကိုဝတ်ဆင်လာခဲ့ကာ အထက်ပါစကားများခဲ့သည့်ကိစ္စကို မကျေနပ်၍ ရွှေမြန်မာယာဉ်လိုင်း စာရေးဝန်ထမ်းအား လက်သီးနှင့်ထိုးရာ စာရေးဝန်ထမ်းက ပြန်လည်ထိုးကြိတ်သဖြင့်

ရုန်းရင်းဆန်ခက်မှုများ ဖြစ်ပွားခဲ့ပြီး DKBA ဝတ်စုံဝတ်ထားသူ ဘာသာခြားတစ်ဦးက ၎င်း၏ ခါးမှ သေနတ်အတိုအား ဆွဲထုတ်၍ ချိန်ရွယ်စဉ် ရွှေမြန်မာယာဉ်လိုင်းမှ အောင်မိုးဆိုသူက သေနတ် ကိုင်ထားသော လက်အား ပုတ်ချခဲ့မှုကြောင့်
သေနတ်လွင့်ကျသွားခဲ့သွားခဲ့သည်။

ထိုသို့ သေနတ်လွင့် ကျသွားခဲ့သဖြင့် ၎င်းဘာသာခြားက ရင်ဘတ်တွင် ချိတ်ထားသော လက်ပစ်ဗုံးအား ဖြုတ်ယူလိုက်စဉ် ချစ်ကြည်ရေးတံတားတွင် တာဝန်ကျနေသော တပ်မတော်တပ်ထိန်းက ဝင်ရောက်တားဆီးနိုင်
ခဲ့သဖြင့် ပေါက်ကွဲမှုများ ဖြစ်ပေါ်ခြင်းမရှိခဲ့ကြောင်း သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ချစ်ကြည်ရေးတံတားကြီး မှ တာဝန်ရှိသူများက ဖြေရှင်းထိန်းသိမ်းနိုင်ခဲ့ကြသည်။

DKBA ဝတ်စုံဝတ် မွတ်စလင်များသည် ဒေါသများထွက်နေကြပြီး ချစ်ကြည်ရေးတံတားကြီး ဂိတ်ဝရှိ သံစကာများအား စိတ်ရှိ လက်ရှိ ကန်ကြောက်ခဲ့ကြသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ထိုင်း- မြန်မာ ချစ်ကြည်ရေးတံတားကြီးဂိတ်ဝ မြို့မျက်နှာစာဖြစ်သော နိုင်ငံတကာဝင်ပေါက်တွင် DKBA ယူနီဖောင်းဝတ် မွတ်စလင်များ၏ လုပ်ဆောင်မှုများသည် ပြည်သူများ အထိတ်တလန့်ဖြစ်ရခြင်း၊

ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) ၏ ဂုဏ်သိက္ခာကျဆင်းရခြင်းတို့ကို ဖြစ်ပေါ် စေ၍ DKBA အဖွဲ့အား အမြန်ဆုံးဖောတ်ထုတ်အရေးယူပေးပါရန် မြဝတီမြို့၊ DKBA ဆက်ဆံရေးရုံးနှင့်သက်ဆိုင်ရာဌာနအသီးသီးသို့ ရွှေမြန်မာမော်တော်ယာဉ်လိုင်း ဥက္ကဌ ဦးချစ်ဝိုင်းမှ တိုင်ကြားထားကြောင်းသိရသည်။

DKBA ဆိုသည်မှာ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်ဟု သိရှိရပြီး ယခုကဲ့သို့ ကရင်တပ်မတော် ထဲတွင် မွတ်စလင်များကို ဒီကေဘီအေ ဝတ်စုံများနှင့် တွေ့မြင်နေရသည်မှာ အံ့ဩစရာကောင်း ပါကြောင်း ရွှေမြန်မာအသင်းဥက္ကဌက News Watch သို့ ပြောကြားသည်။

ကိုကိုမောင် (မြဝတီ)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

သဂြုင်္ိဟ်မည့် အမျိုးသမီးအလောင်းကို သမီးဖြစ်သူက စစ်ဆေးရာမှ လူသတ်မှုပေါ်




ရန်ကုန်၊ ဧပြီ ၂

လှိုင်သာယာမြို့နယ် အမှတ် (၁၅) ရပ်ကွက် ယုဇနလမ်းတွင် နှလုံးလေဟပ် သေဆုံးသည်ဟုဆိုကာ သဂြုင်္ိဟ်တော့မည့် အသက် ၅၅ နှစ်အရွယ် အမျိုးသမီး ရုပ်အလောင်းကို သမီးဖြစ်သူက စစ်ဆေးခဲ့ရာမှ ခင်ပွန်းဖြစ်သူ၏ ရိုက်နှက်ဒဏ်ကြောင့်
သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု စစ်ဆေး ပေါ်ပေါက်ခဲ့ကြောင်း ယင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ဧပြီလ ၁ ရက်နေ့ နံနက်ပိုင်းက လှိုင်သာယာမြို့နယ် အမှတ် (၁၆) ရပ်ကွက်တွင် နေထိုင်သူ မသန္တာဝင်း၏ နေအိမ်သို့ ပထွေးဖြစ်သူ အသက် ၄၀ ဦးစိုးဝင်းနိုင် ရောက်ရှိလာပြီး မတ်လ ၃၁ ရက်နေ့ညက ၎င်း၏ဇနီး နှလုံးလေဟပ်ပြီး သေဆုံးခဲ့သောကြောင့် သဂြုင်္ိဟ်တော့မည်ဟု လာရောက် အသိပေးခဲ့ရာ သမီးဖြစ်သူက မိခင်၏ ရုပ်အလောင်းကို မသဂြုင်္ိဟ်ခင် လာရောက် ကြည့်ရှုခဲ့ရာမှ ဒဏ်ရာများ တွေ့ရှိခဲ့ပြီး လူသတ်မှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“အရက်မူးပြီး ညဦးပိုင်းလောက်က မိန်းမကို ရိုက်နှက်နေတာ ဘေးအိမ်က လူတွေ ကြားတယ်လို့ သိရတယ်။ မနက်ကျတော့ သူ့ မိန်းမနှလုံးလေဟပ်ပြီး အိပ်ရာထဲမှာ သေဆုံးသွားတယ်လို့ ရပ်ကွက်က လူတွေကို အသိပေးပြီး ချက်ချင်း သဂြုင်္ိဟ်မယ်လုပ်လို့ သေဆုံးခဲ့သူ အမျိုးသမီးရဲ့ သားသမီးတွေကို အသိပေးခိုင်းခဲ့တာ။

သမီးဖြစ်သူ ရောက်လာလို့ အလောင်းကို စစ်ဆေးကြည့်တော့မှ ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေကို တွေ့ပြီး လူသတ်မှုပေါ်ခဲ့တာ” ဟု အမှတ် (၁၅) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင် တစ်ဦးက ရှင်းပြသည်။

သေဆုံးနေသော ဒေါ်နွဲ့နွဲ့ဦး၏ ရုပ်အလောင်းကို စစ်ဆေးခဲ့ရာ ပါးစပ်တွင် သွေးစများ တွေ့ရှိခဲ့ပြီး ဦးခေါင်းနှင့် မျက်နှာတို့၌ ဖူးရောင်ဒဏ်ရာများကို တွေ့ရှိခဲ့သောကြောင့် သမီးဖြစ်သူက ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ ၎င်း၏မိခင် သေဆုံးမှုကို စုံစမ်းစစ်ဆေးပေးရန် တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း လှိုင်သာယာ မြို့မရဲစခန်းထံမှ သိရှိရသည်။

“အရက်မူးလာရင် ပြဿနာရှာပြီး မိန်းမကို ရိုက်နှက်နေတာ အမြဲဖြစ်နေတာမို့ အိမ်နီးနားချင်းတွေက ဝင်မဆွဲကြဘူး၊ အဲဒီညက ရန်ဖြစ်တာကြားပြီး မနက်ကျ နှလုံးလေဟပ် သေတယ်ပြောလို့ အလောင်းကို သွားကြည့်ခဲ့တော့ ရင်ညွန့်နားမှာ ညိုမည်းဒဏ်ရာတစ်ခု တွေ့ခဲ့တယ်” ဟု အမှတ် (၁၅) ရပ်ကွက် ယုဇနလမ်းတွင် နေထိုင်သူ အသက် ၄၀ ဝန်းကျင်ရှိ အမျိုးသမီးတစ်ဦးက ရှင်းပြသည်။

ဇနီးကို ရိုက်နှက်ရာမှ ဇနီးသည် သေဆုံးမှုကြောင့် ဦးစိုးဝင်းနိုင်ကို လှိုင်သာယာမြို့မ ရဲစခန်းက (ပ)၄၂၁/၁၄၊ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ သိရှိရသည်။

The Voice Weekly

ငရဲမလား - မြင်သမျှ ကြားသမျှ



တစ်ခါတလေလည်း စဉ်းစားမိပါရဲ့
ငါးပါးသီလကိုပါ။ ရိုးရိုးပဲဆိုပါစို့။
အရက်သေစာ မသောက်စားရ။
သူတစ်ပါးအသက်မသတ်ရ။
သူတစ်ပါးပစ္စည်း မခိုးရ။
သူတစ်ပါးကို မလိမ်ရ။
သူတစ်ပါးသားမယား မပစ်မှားရ။
အင်မတန်မှကို ပြည့်စုံလှပါတယ်။

ဒါပေမဲ့ အဲဒီထဲမှာ လာဘ်ပေးလာဘ်ယူ မပါဘူးခင်ဗျ။ (ဒုစရိုက်ဆယ်ပါးထဲတော့ ပါချင်ပါမှာပေါ့။)

လာဘ်ပေးလာဘ်ယူဆိုတာ သူ တစ်ပါးပစ္စည်းခိုးတာမဟုတ်ဘူးခင်ဗျ။ ဒါ့အပြင် သူတစ်ပါးကိုလိမ်ပြီး ယူတာ လည်း မဟုတ်ဘူး။ သူတစ်ပါးရဲ့ ပစ္စည်း ကို ဓားပြတိုက်သလို ယူတာလည်း မဟုတ်ဘူး။ ဒါက သိပ်ရှင်းတယ်။ နှစ်ဦး သဘောတူမှ အလုပ်ဖြစ်တဲ့ကိစ္စ။ လာဘ်ပေးလာဘ်ယူတဲ့။ ဆိုကြပါတော့ ဗျာ လုပ်ပိုင်ခွင့်ရှိသူက ရှိတယ်။ လုပ် တတ် တဲ့ ငွေရှင်ကလည်း ရှိတယ်။ ငွေ ရှင်က ဒီလုပ်ကွက်ကို လိုချင်တဲ့အတွက် လုပ်ပိုင်ခွင့်ရှိတဲ့ သူဆီကို လာဘ်ငွေ ပေး ပြီး လုပ်ကွက် တောင်းတယ်။

လုပ်ပိုင်ခွင့်ရှိသူကလည်း လုပ်ပိုင် ခွင့်သာရှိပြီး မလုပ်တတ်တော့ လုပ် တတ်တဲ့ဆီကို လုပ်ပိုင်ခွင့်လက်မှတ် ထိုးပြီးပေးတယ်။ ပိုပြီးရှင်းတာက ဒီကိစ္စမှာ နှစ်ဦး သဘောတူတဲ့ အတွက် ပြုံးပြုံးကြီးတွေပဲ ခင်ဗျ။ ဆိုပါစို့။ ဓားပြတိုက်ပြီး ယူတယ်။ ခိုးယူတယ်ဆိုပါတော့ ခံရသူကဘယ် ပြုံးနိုင် မလဲ။ ပေးရသူပေါ့ဗျာ။ ရယူသူသာ ပြုံးနိုင်မှာ။ဒီကိစ္စက ဒီလိုမ ဟုတ် ဘူးခင်ဗျ။ နှစ်ဖက်စလုံး ပြုံးနေတာ။ ဆိုပါစို့ဗျာ။ ဒါကလိမ်ယူတာလည်း မဟုတ်ဘူး။ လိမ်တယ်ဆိုတာ ပေးမယ် ကတိခံပြီး မပေးတာ။ အဲဒါမှ လိမ်တာ။

ဒါကလိမ်တာလည်း မဟုတ်ဘူး။ ဒါပေမဲ့ ဒါကကောင်းမှုလား ဆို တော့ မဟုတ်ဘူးဗျ။ မကောင်းမှု။ မ ကောင်းမှုမှ နိုင်ငံပျက်နိုင်တဲ့ မကောင်း မှု။ ဒီလောက်အပြစ်ကြီးတဲ့ မကောင်းမှု က လူအားလုံး စောင့်ထိန်းရမယ့် ငါး ပါးသီလထဲ မပါဘူးဗျ။ ဒါကြောင့် တစ်ဖက်က ပြန်စဉ်းစားတယ်။ လာဘ်ပေးလာဘ်ယူသမားတွေ သေရင် ငရဲတောင် ကျပါ့ မလားလို့။

နည်းသလား

အခုတလော တွင်တွင်ကျယ်ကျယ် ကြားနေရတဲ့ စကားတစ်ခွန်းပါ။ သိပ်ရယ်ရပါတယ်။

”သုံးသိန်းမပြည့်ရင် လာဘ်ငွေအဖြစ် မသတ်မှတ်”
အင်မတန် ရယ်ရပါတယ်။ ဆိုပါ တော့ မကောင်းမှုတစ်ခုကို ဒီလို လစ် မစ်သတ်မှတ်လို့ရရင် ပြောချင်ပါတယ်။

ဥပမာ သုံးသိန်းမပြည့်ရင် လာဘ်ငွေလို့ မသတ်မှတ်ရင်..

ခိုးမှုတစ်ခုဆိုပါတော့။ ခိုးမှုဆို တာ စိန်ခိုးမှ သူခိုးမဟုတ်ပါဘူး။ ထဘီ ခိုးရင်လည်း သူခိုးပါပဲ။ ဒါဆိုရင် ထဘီ သူခိုးကို သူခိုးအဖြစ် မသတ်မှတ်ဘူး လား။ဒါဖြင့် ခိုးမှုကိုလည်း ဒီလိုပဲ သတ်မှတ်ပေးမှာလား။

”တန်ဖိုး ဘယ်လောက်အထိ ခိုး ယူရင် ခိုးမှုမမြောက်ပါ” ဆိုတာမျိုးပေါ့။
ဆိုပါတော့ ”တန်ဖိုးသုံးသိန်းမပြည့် ပဲ ခိုးယူရင် ခိုးမှုမမြောက်ပါ”ဆိုတာမျိုး ပေါ့။
လိမ်လည်မှုမှာလည်း ” သူသည် သုံးသိန်းမပြည့်သော လိမ်လည်မှုသာ ဖြစ်၍ အမှုမှပလပ်စေ” ပေါ့။

ဒါ့အပြင်..

”သူတစ်ပါးသားမယားအား ပစ် မှားမှုအကြိမ်ရေ နည်းပါးပါ၍ မုဒိမ်းမှု မမြောက်ပါ”အဲဒီလိုတွေရော ဆက်ပြီးသတ် မှတ်ပေးကြပါဦးမလား ခင်ဗျ။ တစ်ခါတစ်ခါမှာ စကားတစ်ခွန်း က နောက်ဆက်တွဲပြဿနာတွေ ကို ဖော်ဆောင်နိုင်တယ်ဆိုတာ မမေ့ပါနဲ့။

သင်္ကြန်ကျတော့မှာပေါ့

သင်္ကြန်နားလည်းနီးပါပြီ။ သင်္ကြန် မှာ ထိန်းချုပ်ဖို့ ဥပဒေတွေလည်း အမျိုး မျိုးထွက်ပေါ်လာပြီပေါ့။ မဏ္ဍပ်တွေမှာ စီစီတီဗီတပ်ရမယ်ဆိုတာမျိုး။ ဒါပေမဲ့ အဆိုးဆုံးဖြစ်တဲ့ နယ် သင်္ကြန်နဲ့ ဆိုင်ကယ်အန္တရာယ်ကို ဘယ်လို ကာကွယ်ကြမလဲဆိုတာ သိချင်နေမိပါတယ်။

အခုဆိုရင် နယ်တွေသာမက ရန် ကုန်မြို့စွန်၊ ရပ်ကွက်ကြားတွေမှာ ဆိုင် ကယ်ေ တွလမ်းသလားနေတာ တွေ့ရ ပါတယ်။ တချို့နယ်တွေမှာဆိုရင် ဆိုင် ကယ်တစ်စီးကို ငွေသိန်းကျော်ပဲ ပေးရ တဲ့အတွက် သင်္ကြန်မှာ ဆိုင်ကယ် တော် ရုံလောက် ဝယ်ပြီး စီးဖြိုပြီးပစ်ထားဖို့ လောက်အထိ ရည်ရွယ်ထားကြပါတယ်။

ဒါ့အပြင် အဲဒီလိုလူတွေ တအား များပြီး အုပ်စုဖွဲ့ ဆိုင်ကယ်အုပ်စုအဖြစ် ဆိုင်ကယ်အစီး နှစ်ဆယ်သုံးဆယ်က အစီးနှစ်ရာသုံးရာအထိ အုပ်စုဖွဲ့ရမ်း ကား ကြတာ လည်းေ တွ့ရပါတယ်။ သင်္ကြန်မှာ အရက်တွေ၊ ဆေးတွေမူးပြီး လမ်းမပေါ်တက်ရမ်းကားကြတဲ့ ဆိုင်ကယ်သမားတွေလည်း အများအပြား ပါပဲ။ ဒါတွေဟာလည်း အသက် အန္တရာ ယ်များလှသမို့ ဘယ်လို ထိန်းချုပ်ကြမှာလဲခင်ဗျ။

သူတို့ဖာသာ သူတို့ရမ်းကားပြီး သူ့ဖာသာသူ ပိုးစိုးပက်စက်ဖြစ်ပေမယ့် ဒါဟာလည်း လူ့အသက်ပဲဗျ။ ဒါ့အပြင် သူတို့ရမ်းကားလို့ ဘေးလူတွေမတော် တဆ ထိခိုက်ရင် ထိခိုက်သူ မနစ်နာနိုင်ဘူးလားခင်ဗျ။ ဒါကြောင့် နယ်တွေမှာ အဓိက ပြဿနာရှိတဲ့ ဆိုင်ကယ်လူကြမ်းတွေကို လည်း ဘယ်လို ထိန်းချုပ် မလဲဆိုတာ လိုပါလိမ့်မယ်။

သင်္ကြန်နဲ့ အရက်ပြဿနာ

နေပူပူ ရာသီဥတု ပူပူမှာ သူများ ပက်တဲ့ရေချိုးပြီး အရက်မူးနေတာ မြန်မာ တစ်မျိုးပဲ ရှိမယ်ထင်ပါ့။ သင်္ကြန်မှာထွက်လည်ပတ်သူ တစ်ရာမှာ ကိုးဆယ်ရာနှုန်းဟာ သွက် သွက် လည်အောင် မူးနေတယ်ဆိုရင် ငြင်းနိုင် မယ်မထင်ပါဘူး။ ဒီလို သောက်နေရတဲ့ အရက်တွေ ကလည်း ရမ်း ကားခြင်းအတွက် မဟုတ် ပဲကျန်းမာရေး အ တွက် ဘေး ထွက် ဆိုးကျိုး ဘယ်လောက်ရှိနိုင်လဲ။ သင်္ကြန်မှာ သာမန်အခြေအနေထက် အဆပေါင်း ရာချီနီးပါးတက်လာနိုင်တဲ့ အရက်တွေ ကလည်း လူတွေအတွက် ဘယ်လောက် အာမခံနိုင်မှာလဲ။

ဒါတွေကိုရော ယုံကြည်လို့ ရပါ့မလား။ မယုံကြည်ရရင် ဘယ်လိုလုပ်မလဲ။
လွယ်ပါတယ်။ နွားနို့သောက်ပြီး သင်္ကြန်လည်ကြ ပေါ့ဗျာ။

ပြန်ဆုံပါ့မယ်…

အကြည်တော်

Popular Myanmar News Journal

အနှစ်နှစ်ဆယ်ကြာ အုတ်ခဲ၊ကျောက်စရစ်နဲ့ ရွှံ့ ခဲတွေစားပြီး အသက်ရှင်လာသူ




Angel on 2014-04-03 16:05  
အိန္ဒိယနိုင်ငံသား Pakkirappa Hunagundi ဆိုသူဟာ အုတ်၊ကျောက်နဲ့ ရွှံ့ ခဲတွေ စားရတာကို စွဲလမ်း နှစ်သက်နေသူပါ။

အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ သူဟာ အသက် ၁၀ နှစ်သားကတည်းကစပြီး အခုလို စားမကောင်းတဲ့အရာ တွေကို ၀ါးစားရတဲ့ အရသာကို စတင်စွဲလမ်းခဲ့တယ်လို့ ဆိုပါတယ်။

အနှစ်နှစ်ဆယ်အတွင်းမှာ သူဟာ တစ်နေ့ ကို အုတ်ကျိုးအုတ်ပဲ့၊အပျက်အစီး သုံးကီလိုလောက် စားရမှ အာသာပြေတယ်လို့ ပါတယ်။ သူဟာ Karnataka ပြည်နယ်က သူ တို့ ရွာထဲမှာ အုတ်၊ရွှံ့ နဲ့ ကျောက်စရစ်ခဲ တွေကို လိုက်ရှာပြီး စားသောက်လေ့ရှိပါတယ်။

Pica လို့ ခေါ်တဲ့ အစားအသောက်မူမမှန်မှုရောဂါခံစားနေရတယ်လို့  ယူဆရတဲ့ Pakkirappa တစ်ယောက် အခုလို မူမမှန်တဲ့အရာဝတ္ထုတွေကို စားသုံးနေပေမယ့် ဒီအကျင့်ကြောင့် သူ့ ကို ထိခိုက်မှုဆိုးကျိုးတစ်စုံတစ်ရာ မရှိဘူးလို့ ဆိုပါတယ်။

သူဟာ အိန္ဒိယတစ်ခွင့်လှည့်လည်ပြီးတော့လည်း သူ့ ရဲ့ အုတ်ခဲနဲ့ ကျောက်စရစ်တွေကို ၀ါးစားနိုင်တဲ့ စွမ်းရည်ကို ပြသကာ မိသားစုအတွက် ၀င်ငွေရှာပေးချင်တယ်လို့ ပြောပြခဲ့ပါတယ်။

“ ကျွန်တော် ဆယ်နှစ်ကနေစပြီး ဒီအကျင့်ရလာတာပဲ။ ဒါဟာ ကျွန်တော့်အတွက် မရှိမဖြစ်ပဲ။ အသားဟင်းတွေ ကျွန်တော်မစားဘဲနေနိုင်ပေမယ့် အုတ်ခဲနဲ့ ရွှံ့ တွေကိုတော့ မစားဘဲမနေနိုင်ဘူးဗျ”

“ ကျွန်တော် ဘာဆိုးကျိုးမှ မခံစားရပါဘူး။ ကြည့်ပါလား ကျုပ်သွားတွေက အကောင်းအတိုင်းပဲ။ မာလှချည်ရဲ့ ဆိုတဲ့ ကျောက်တုံးတစ်တုံးကို ကျွန်တော်အေးဆေး ကိုက်စားနိုင်တယ်” လို့ သူက ပြောပြခဲ့ပါတယ်။

 အရသာအကောင်းဆုံး လို့  သူသတ်မှတ်ထားတဲ့ ဒီဆောက်လုပ်ရေးပစ္စည်းတွေကို စားသုံးရာမှာ သူဟာ အစာခြေဖို့ အတွက် ရေတစ်ဖန်ခွက်သာ သောက်သုံးပါတယ်။

မိသားစုဝင်အားလုံးက သူ့ အကျင့်ကို ပြင်ပေးဖို့ အနုနည်း၊အကြမ်းနည်းမျိုးစုံနဲ့ ကြိုးပမ်းခဲ့ပေမယ့် သူ့ ရဲ့ ပုံစံ ကိုတော့ ပြင်ပေးနိုင်ခဲ့ခြင်းမရှိပါဘူး။

Trend Myanmar


အင်ဒိုနီးရှား နိုင်ငံရေးလောကမှာ ဒီနေ့အထိ နိုင်ငံရေးမျိုးရိုးရှိသူတွေ၊ ဗိုလ်ချုပ်ဟောင်းတွေ လွှမ်းမိုးနေသလို၊ ချောချောလှလှ မော်ဒယ်တွေလည်း ဒီနှစ်ပိုင်းတွေအတွင်းမှာ ရေပန်းစားနေပါတယ်။



သုံးနှစ်လောက် မဂ္ဂဇင်းမျက်နှာဖုံး မော်ဒယ်လုပ်ခဲ့တဲ့ ဒတ်စတီယာရာ တာလီတာဟာ အခုတော့ နိုင်ငံရေးသမားဘ၀ကို ကူးပြောင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အခုမှ အသက် ၂၆ နှစ်ရှိသေးတဲ့ မော်ဒယ်ဟာ ဂျာဗား အနောက်ပိုင်းက ခရိုင်မှာ တရားမျှတမှုနဲ့ ညီညွတ်ရေးပါတီ (PKI) ပါတီကို ကိုယ်စားပြုပြီး ၀င်ပြိုင်ပါမယ်။ သူဟာ အင်ဒိုနီးရှား လွှတ်တော်ရွေးကောက်ပွဲမှာ ၀င်ပြိုင်မယ့် လူသိများထင်ရှားတဲ့ ဆယ်လစ်ဘရစ်တီတွေထဲက တယောက်ဖြစ်ပါတယ်။

"တိုင်းပြည်ကို ပြောင်းလဲစေချင်တယ်။ ဒီလို ပြောင်းလဲဖို့ အကောင်းဆုံးနည်းလမ်းကတော့ စနစ်ထဲကို တကယ်ရောက်သွားမှ အပြောင်းအလဲ လုပ်နိုင်မယ့် ပေါ်လစီတွေကို ပုံကြမ်းရေးဆွဲနိုင်မှာပေါ့၊ ဒါကြောင့် ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်တာပါ"လို့ သူကပြောပါတယ်၊

ဧပြီလ ၉ ရက်နေ့ အင်ဒိုနီးရှား လွှတ်တော် ရွေးကောက်ပွဲမှာ အမျိုးသမီး အမတ်လောင်း ရှစ်သောင်းလောက် ၀င်ပြိုင်ကြမယ်လို့ မျှော်လင့်ရပါတယ်။ အင်ဒိုနီးရှားရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအရ ပါတီတိုင်းမှာ လွှတ်တော်အမတ် စာရင်းမှာ အမျိုးသမီး အမတ်အရေအတွက် ၃၀ ရာခိုင်နှုန်း မဖြစ်မနေ ပါရမယ်လို့ ပြဌာန်းထားပါတယ်။

DVB TV News

ပဲခူးတွင်လူတစ်ဦး အဆိပ်သောက်သေဆုံး


ပဲခူးမြို့မရဲစခန်းအပိုင် ရှင်စောပုရပ်ကွက် တွင် (၃.၄.၂၀၁၄)နေ့ နံနက်(၁၁း၄၀) အချိန်ခန့်က ပိုးသတ်ဆေးသောက်၍ ပဲခူးဆေးရုံကြီးတွင် သေဆုံးသွားခဲ့သည်။ဖြစ်စဉ်မှာ ပဲခူးပြည်သူ့ဆေးရုံကြီးတွင် ၀င်းနိုင်စိုး (၂၃)နှစ်၊ (ဘ)ဦးခင်မောင်စိုး၊စက်ပြင်၊အမှတ်(၉၉၈)၊ဆိုရှယ်လစ်(၅)လမ်း၊
ရှင်စောပုရပ်ကွက်၊ပဲခူးမြို့နေသူမှာ ပါးစပ်မှ အမြှုပ်များထွက် နေသည်ကိုသိရှိရသဖြင့်စခန်းမှူး ဒုရဲမှူ;လှသိန်း၊ ဒု-ရဲအုပ် သောင်းမင်းထွန်းနှင့် အဖွဲ့မှ ပတ်ဝန်းကျင်အား စုံစမ်းမေးမြန်းရာ ပိုးသတ်ဆေးသောက်မိထားကြောင်း စုံစမ်းသိရှိရသဖြင့် ပဲခူးဆေးရုံကြီးသို့ရဲဆေးစာပို့ထားစဉ် ဆေးရုံတွင် သေဆုံးသွားခဲ့ပြီး ၀င်းနိုင်ထွန်းသေဆုံးသွားခြင်းမှာ ဓမ္မတာတိုင်းသေဆုံး ခြင်း ဟုတ်/မဟုတ် ဒု-ရဲအုပ်သောင်းမင်းထွန်းမှ တရားလိုပြုတိုင်တန်းသဖြင့် ပဲခူးမြို့မရဲစခန်းမှ သေမှုသေခင်းအမှတ် ၄/၂၀၁၄ အရ အမှုဖွင့် အရေးယူထားကြောင်းသတင်းရရှိသည်။

BY သန့်ဇင်
ပဲခူးမြို့ရဲ့ထူးခြားသတင်းများ

ဇာတ်ကားတွေကို ကိုယ်ကျိုး မကြည့်ဘဲ လုပ်ရတယ်ဆိုတဲ့ ရာဇာနေဝင်း


ရာဇာနေဝင်းက အနမ်းနီဆိုတဲ့ ဇာတ်ကားကို မိုးဟေကို နဲ့ ရိုက်ကူးနေ ပါတယ်။ ဇာတ်ကားတွေ ရိုက်ကူးတဲ့ အခါ အိုက်တင်ကို ပီပီပြင်ပြင် ဖြစ်အောင် တကယ် ရိုက်ကူး တာက ပရိသတ်တွေ အားလုံးသိတာကြောင့်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း ရာဇာနေဝင်း ဆိုပြီး တစ်ခေတ်တစ်ခါ အောင်မြင် ခဲ့ခြင်းလား ဆိုတော့ “ဇာတ်ကား ကတော့ ရိုက်တဲ့အခါ အတွေ့အကြုံ ရှိနေပြီဆိုတော့ ဘယ်လို ဇာတ်ရုပ်မှာ ဘယ်လို လုပ်ရမလဲဆိုတာ သိနေပြီလေ။ ကိုရာဇာတို့က လုပ်ရင် တကယ် လုပ်တာ။ ပရိသတ်တွေ က ဒီလူ တစ်ယောက် လိမ်နေတာလား၊ တကယ် လုပ် နေတာလားဆိုတာ အားလုံး သိတယ်လေ။ အဲဒါ ကြောင့် ကိုယ်လုပ်မယ့် အလုပ်ကို တတ်နိုင်သမျှ အကောင်းဆုံး ကိုယ်ကျိုး မကြည့်ဘဲ လုပ်တာကောင်း တယ်။ ဇာတ်ကားတွေက ပုံမှန် ရိုက်သွားမှာပါ။ သင်္ကြန် ပြီးရင်တော့ ရုပ်ရှင်ကားကြီး ရိုက်ဖို့ရှိတယ်”လို့ ပြောပြပါတယ်။

ရာဇာနေဝင်းက “အလွတ်သာကဲ” ဆိုတဲ့ သင်္ကြန် အခွေထဲမှာ ဟေမာနေဝင်း၊ ပုလဲဝင်း၊ မိုးယုစံ၊ ချစ်စနိုးဦး နဲ့ တခြား အဆိုတော်တွေ နဲ့ ပါဝင် သီဆို ထားပါတယ်။ သီ ချင်းခွေ တွေ စီစဉ်ဖြစ်ရင် တစ်ကိုယ်တော် အခွေနဲ့ ပတ်သက်ပြီး လည်း “သင်္ကြန် အစီအစဉ် ကတော့ သေချာ မသိသေးဘူး။ သင်္ကြန်အခွေ က စုပေါင်း အခွေမှာ တစ်ပုဒ် ဆို ထားတာ။ ထွက်ပြီ။ Hello ဆိုတဲ့သီချင်းကို ဆိုထားတယ်။ သီချင်းက အရင်တုန်းက သင်္ကြန် သီချင်းလို ပုံစံပါပဲ။ တစ်ကိုယ်တော် အခွေ ကိုလည်း လုပ်နေ တာ ပြီးတော့ မှာပါ။ ၃ ပုဒ်လောက်ပဲ ကျန်တော့တယ်။ အဲဒီ အခွေ အတွက် လည်း အကောင်းဆုံး ဖြစ်အောင် လုပ်နေပါတယ်” လို့ ပြောပြခဲ့ပါ တယ်။

မေမွန်မောင်
Popular Journal 

လားရှိုးမြို့နယ် နမ့်တွန်းကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်



လားရှိုးဧပြီ ၂

လားရှိုးမြို့နယ် နမ့်တွန်းကျေးရွာအုပ်စုတွင် ဧပြီ ၁ ရက် နေ့ည ၇ နာရီ ၃၀ မိနစ်အချိန်က လေပြင်းတိုက်ခတ်သဖြင့် နမ့်ဟူးကျေးရွာလမ်းမကြီးဘေးရှိ ညောင်ပင်ကိုင်းကျိုးကျမှုကြောင့် ယာဉ်မောင်း မောင်ထွန်း (ဘ)ဦးငွေပေါ အသက်(၂၆)နှစ် မှတ်ပုံတင်အမှတ် ၉/တတဥ(နိုင်) ၁၂၂၆၁၅ နေရပ် အုန်းချောမောင်းနှင်လာသော (၆)ဘီးကားယာဉ်အမှတ် ၂ခ/၇၆၀၂ အပေါ်သို့ကျိုးကျသဖြင့် မော်တော်ယာဉ်ခေါင်းပိုင်း နှင့်ကိုယ်ထည်တွင် ထိခိုက်ပျက်စီးခြင်း၊ နမ့်ဟူးကျေးရွာမှ လူနေအိမ် (၂)လုံးနှင့် ပြောင်းသိုလှောင်ရုံ (၂)လုံး သွပ်အမိုးများ လန်သွားခဲ့ကြောင်းသိရှိရပါသည်။

MOI Webportal Myanmar 

ရိုဟင်ဂျာ ထည့်သွင်းဖော်ပြခွင့်မပေးတာ အမျိုးသားအကျိုးစီးပွားအတွက်ကြောင့်ဟုဆို (မေးမြန်းချက်)


Census2014သန်းခေါင်စာရင်းမှာ ဘင်္ဂါလီတွေကို ရိုဟင်ဂျာလူမျိုးလို့ ထည့်သွင်းဖော်ပြခွင့်မပြုတာဟာ နိုင်ငံတကာစံနှုန်းပြင်ပက အမျိုးသားအကျိုးစီးပွားအတွက် ဖြစ်တယ်လို့ ပြည်သူ့အင်အားဦးစီးဌာန ရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က ပြောပါတယ်။

ကုလသမဂ္ဂလူဦးရေဆိုင်ရာ ရန်ပုံငွေအဖွဲ့ (ယူအန်အက်ဖ်ပီအေ)က မြန်မာအစိုးရဟာ သန်းခေါင်စာရင်း ကောက်ယူရာမှာ သူတို့နဲ့ သဘောတူထားတဲ့ နိုင်ငံတကာစံနှုန်းတွေကို ချိုးဖောက်တယ်ဆိုတဲ့ ပြောဆိုချက်အပေါ် သူက ခုလို တုံ့ပြန်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

သန်းခေါင်စာရင်း ကောက်ခံတာကို ငြင်းဆန်သူတွေနဲ့ သန်းခေါင်စာရင်းကောက်လို့ မရတဲ့ ဒေသတချို့က လူတွေကို ချန်-ကျန် လူဦးရေလို့ သတ်မှတ်တယ်။ ချန်-ကျန် လူဦးရေဆိုတာ အကြောင်းအမျိုးမျိုးကြောင့် ချန်ခဲ့ရတဲ့ လူဦးရေ၊ ကျန်ခဲ့ရတဲ့ လူဦးရေကို ဆိုလိုတယ်။ နိုင်ငံတကာမှာလည်း အလားတူ ရှိပါတယ်လို့ ဦးမြင့်ကြိုင်က ပြောပါတယ်။

ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်ကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းထားပါတယ်။
အသံဖိုင် နားဆင်နိုင်ပါတယ်


DVB Burmese

ပထမဆုံးအကြိမ် ဖုန်းပြောဆိုခ အပို ထပ်ပေးမည်


လာမယ့် ဧပြီ ၁၂ ရက်နေ့ကနေ ၂၁ ရက် သင်္ကြန်ကာလ အတွင်း မြန်မာ့ဆက်သွယ်ရေးက ထုတ်တဲ့ မိုဘိုင်းဖုန်း ငွေဖြည့်ကတ် ကျပ် ၁ သောင်းတန် ၀ယ်ယူသူတွေဟာ အပိုအဖြစ် နောက်ထပ် ငွေကျပ် ၂၀၀၀ ဖိုး ပြောဆိုနိုင်မယ်လို့ ဆက်သွယ်ရေးမိုဘိုင်းဌာန အင်ဂျင်နီယာ တ ယောက်က ပြောပါတယ်။

မြန်မာ့ဆက်သွယ်ရေးဟာ မိုဘိုင်းဖုန်း ဆင်းကတ်နဲ့ ငွေဖြည့်ကတ်တွေ ရောင်းချခဲ့တဲ့ အနှစ် ၂၀ ၀န်းကျင်အတွင်း ခုလို အပိုဆောင် ၀န်ဆောင်မှုပေးတာဟာ ပထမဦးဆုံးအကြိမ်ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒါပေမယ့်လည်း သတ်မှတ်ကာလကျော်လွန်သည်အထိ ထပ်ဆောင်ငွေကို ကုန်အောင် မသုံးနိုင်ရင် အဲဒီငွေ အလိုအလျောက် ကုန်ဆုံးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အသေးစိတ် အစီအစဉ်တွေကိုတော့ ဧပြီ ၄ ရက်နေ့ နောက်ပိုင်းမှ တရားဝင် ထုတ်ပြန်ကြေညာမယ်လို့ သူက ပြောပြပါတယ်။

DVB Burmese

ပျောက်ဆုံး မလေးရှား လေယာဉ် MH370 ရှာဖွေစဉ် လိမ္မော်ရောင် တောက်တောက် အရာဝတ္ထုများ သြစတြေးလျ တွေ့


ဘိုးအင်း ၇၇၇ အမျိုးအစား မ လေးရှားလေယာဉ် MH370 ပျောက် ဆုံး သွားပြီး ရက်သတ္တ သုံးပတ် ကျော် အကြာတွင် လေယာဉ်ခရီးသည် ၂၃၉ ဦး၏ မိသားစုဝင်များ အတွက် အပျက် အစီးများကို ဆက်လက် ရှာဖွေပေး ရန် အာဏာပိုင် များတွင် တာဝန်ရှိကြောင်း သြစတြေးလျ ဝန်ကြီးချုပ် တိုနီအဘ် ဘော့က ပါ့သ်မြို့ရှိ တော်ဝင် သြစတြေး လျ လေတပ် စခန်းတွင် သတင်းဌာနများ အား ပြောဆိုသည်။

ယမန်နေ့က အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းတွင် သြစတြေးလျ ရှာဖွေ ရေး သမားများကတွေ့ရှိခဲ့သည့် လိမ္မော် ရောင်တောက်တောက် အရာဝတ္ထုများ ၏ ဓာတ်ပုံများကို အာဏာပိုင် များက ကြည့်ရှုနေစဉ် ဝန်ကြီးချုပ်က ယင်းသို့ မှတ်ချက်ပေးခြင်း ဖြစ်သည်။

၎င်း အရာဝတ္ထုများသည် ပျောက်ဆုံး လေ ယာဉ်ထံမှ အပျက်အစီး များ ဖြစ် ၏၊ မဖြစ်၏ကိုမူ ရှင်းလင်းစွာ မသိရသေး ပေ။ လေယာဉ်မှ အပျက်အစီးများ ကို သြစတြေးလျနိုင်ငံ ပါ့သ်မြို့၏ အ နောက်တောင်ဘက် ပင်လယ်ပြင် တွင် လေယာဉ် ၁ဝ စင်း၊ သင်္ဘော ၁ဝ စင်း တို့ဖြင့် ဆက်လက် ရှာဖွေလျက် ရှိသည်။

ခရီးသည်များထဲမှ ၁၅ဝ ကျော်မှာ တရုတ် လူမျိုးများဖြစ်ကြပြီး ဆွေမျိုး ဒါဇင် များစွာသည် တနင်္ဂနွေနေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ သို့ ”ငါတို့ ကို အမှန်တရားပြောပြပါ” ဟု ရေရွတ်ကာ ရောက်ရှိလာကြသည်။

လေယာဉ်မှူးကိုယ်တိုင် လေယာဉ် ကို အပိုင်စီးပြန်ပေးဆွဲ သွားသည် ဆို သည့် အယူအဆ အပါအဝင် လေယာဉ် ပျောက်ဆုံးမှုနှင့် ပတ်သက်၍ သီအိုရီ အမြောက်အမြား ပေါ်ထွက်ခဲ့ရသည်။

ပါ့သ်မြို့နေ နယူးဇီလန်နိုင်ငံ သား မိမိခင်ပွန်းဖြစ်သူ ပေါလ် ကွယ်လွန် သွား ကြောင်းကို မလေးရှားလေကြောင်းမှ Text Message ဖြင့် ပေးပို့ ခဲ့သည့် အ တွက် လွန်စွာယူကျုံးမရဖြစ်ခဲ့ရကြောင်း သားနှစ်ဦးမိခင် ဒင်စီယာဝိခ်စ် ပြောဆို ခဲ့သည်။

Ref: BBC

သက်ရှိ လူမမယ်ကလေးပါဆယ် ဤအရပ်တွင် မည်သူမဆို ကားဖြင့်သယ်ပို့နိုင်သည်


ပူကျစ်နေသော နေရောင်အောက်တွင် အသက် ၆ဝ ခန့် အမျိုးသမီး တစ်ယောက်က သူ့အသက်အရွယ်နှင့်မလိုက်အောင်ပင် ခြေလှမ်း ခပ်သွက်သွက်နှင့် လျှောက်နေသည်။ သူအမည်က ဒေါ်ဖွားမေ။

အသက်အရွယ်နှင့် နေပူဒဏ်ကိုမမှုဘဲ ဤမျှသွက်လက်စွာ လှုပ်ရှားနေခြင်းတွင် အကြောင်းရင်းရှိပါသည်။ တခြားတော့မဟုတ် ရွာ အခေါ်အပေါ် (ဘန်ကောက်ကိုဆိုလိုသည်) တွင် အလုပ်လုပ်နေသည့် သမီးအကြီးက ပို့လိုက်သည့်ပါဆယ်ထုပ်ကို ကားဂိတ်တွင် အချိန်မီယူရမည့်အတွက်ဟု သူက ပြောသည်။

နည်းနည်းမှ နောက်ကျလို့မဖြစ်၊ အရေးကြီးသည်။ နောက် ကျနေပြီ လားဆိုသည့် စိုးရိမ်စိတ်က သူ့မျက်နှာပေါ်တွင် အထင်းသား။ ငှားလာသော ဆိုင်ကယ်မောင်းနှင်အားကိုသာ ပါးစပ်မှ ပွစိပွစိရေရွတ်ရင်း လက်ထဲ တွင်ကိုင်ထားသည့်စာရွက်ကို ကြည့်ကာ ကားကိုရှာနေသည်။ ဘာပို့လိုက်လဲဆိုသည်ကို သူမှလွဲ၍ အခြားသူသိမည်မဟုတ်၊ ကွဲရှတတ်သည့် ပစ္စည်းမျိုးဆိုလျှင်တောင် ဒီလောက်စိတ်သော ကရောက်စရာမလိုဟု ဒေါ်ဖွားမေက ဆိုသည်။

အခုတော့ အချိန်မီရွေးယူရမည့် ထိုအရာက သက်မဲ့ရုပ်ဝတ္ထုပစ္စည်း မဟုတ်သည့် သက်ရှိ။ တိတိကျကျဆိုရပါလျှင် ပို့လိုက်သော ပါဆယ်ထုပ်မှာ သူ့သမီးကမွေးသည့် မြေးအရင်းခေါက်ခေါက်။ ထိုမြေးဖြစ်သူကိုမှ သက်မဲ့ ပစ္စည်းကဲ့သို့ ပါဆယ်ဖြင့်ထုပ်ကာ ကားဖြင့်တင်ပို့လိုက်ခြင်းပင် ဖြစ်သည်။

ကြားရသူအပေါင်း ပါးစပ်အဟောင်းသားဖြစ်ကာ အလန့်တကြားဖြင့် အာမေဋိတ်သံတစ်ခုခုအလိုလို ထွက်သွား မိသည်အထိ မကြားစဖူးအထူးအဆန်းဖြစ်ပါလိမ့်မည်။ ကလေး တစ်ယောက်ကို သက်မဲ့ပစ္စည်းတစ်ခုလို ပါဆယ်ပုံးတွင်းထည့်၍ ပို့သည့်ဖြစ်ရပ်ကို မည်သို့ခေါင်းစဉ်တပ်ရပါမည်နည်း။ အထဲ မှာဘယ်လိုနေမလဲ။ မငိုဘူးလား၊ နို့မဆာဘူးလား၊

အသက်ဘယ်လိုရှူမလဲဟူသည့် မေးခွန်းများနှင့်အတူ အဘယ့်ကြောင့် ဤသို့ပြုလုပ်ရပါသနည်းဟု ကြားရသူတိုင်း အတွေးပေါ်ကြမည်ဟု ထင်ပါသည်။ သို့သော်လည်း ဤဒေသဒီရွာဘက်တွင် တော့ ယင်းဖြစ်စဉ်ကအစိမ်းသက်သက်မဟုတ်တော့ပေ။ ပါဆယ်ထုပ်ကို အများအားဖြင့် မြဝတီနှင့် အုန္နဲတိုက်ရိုက်ပြေးဆွဲသည့် ကားဂိတ်တွင်သွားရောက်ယူဆောင်ခဲ့ရကြောင်း၊ ထိုသို့မဟုတ်ပါက အိမ်တိုင်ရာရောက်ပို့ဆောင်ပေးကြောင်း သူကဆက်ပြော ပြသည်။

ယခင်က အရိုးပုံရွာသည် ယခုကဲ့နိုင်ငံခြားနှင့် ဆက်သွယ် သွားလာနိုင်လောက်သည့် အနေအထားမရှိ။ ပင်လယ်ကမ်း နားဘေးရွာလေးဆိုသည့်အတိုင်း လယ်လုပ်သူ၊ ငါးရှာသူနှင့် သမားရိုးကျ လုပ်ကိုင်စားသောက်နေသည့် ရွာတစ်ရွာသာ။ သို့သော် ပြောင်းလဲ လာသည့် ခေတ်ကာလအခြေအနေ အရ လယ်ရောင်း၊ နွားရောင်း ကာဇာတိစွန့်ခွာ၍ နိုင်ငံခြားထွက် အလုပ်သွားလုပ်သည့်ခေတ်။ သို့ဖြစ်၍ယခင်နှင့် ယခုသည်လည်း မတူတော့ပါ။

”ရွာကလူတော်တော်များများ အပေါ်(ဘန်ကောက်) မှာ အလုပ်လုပ်နေတာ များပါတယ်၊ အဆက်အသွယ်ရှိသွားတော့ နောက်လူလိုက်ဖို့ မခက်တော့ ဘူး၊ ပြန်လာလိုက်ပြန်သွားလိုက် လုပ်နေတဲ့လူတွေအများကြီး ရှိပါတယ်”ဟု ရွာခံ ကိုမဲလုံး (အမည်လွှဲ)က ပြောသည်။

ထို့ကြောင့် အရိုးပုံရွာသားများမှာ မြို့နေလူတန်းစား များအတိုင်း နိုင်ငံခြားကို သွားလာနိုင်သည်မှာ မဆန်းတော့ပေ၊ ယခင်က လှေ၊ နွားလှည်းသာ သွားလာနိုင်သည့် ရွာ၊ အခု ဆိုင်ကယ်၊ ကားသွားလို့ရပြီ။ ဘိလိယက်ခုံ၊ စာသင်ကျောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ အအေးဆိုင်၊ လျှပ်စစ်မီးအတွက် ဆိုလာပြား။ သို့သော်ခေတ်အခြေအနေအရ ရွာတစ်ရွာ၏ တိုး တက်ပြောင်းလဲမှုများထဲ သက်ရှိကလေးကို လူကြုံမပါဘဲ ပါ ဆယ်ထုပ်ဖြင့်ထုပ်ကာ ပေးပို့မှုဓလေ့ ထွန်းကားနေခြင်းကတော့ တိုးတက်ဖွံ့ဖြိုးမှုခေါင်းစဉ်အောက် ထည့်သွင်းရန်မသင့်ပေ။

”ကျွန်တော်တစ်ခါတွေ့ဖူးတုန်းကတော့ ပါဆယ်ပုံးအဖွင့် ကလေးအနိုးပဲ။ ကလေးနဲ့အတူ နို့ဘူးလေးတောင် ပါလာသေးတယ်။ စပ်စုပြီးမေးကြည့်တော့ ဟိုက ပို့လိုက်ကတည်းက ဒီလိုဖြစ်အောင် လုပ်ထားတာ၊ ကလေးကို ဆေးတစ်မျိုးတိုက်ပြီး ပို့လိုက်တာလို့ ပြောပါတယ်”ဟု ကံလှကျေးရွာမှ ကိုချစ်ဦး (အမည်လွှဲ)က ပြောသည်။

ပါဆယ်ထုပ်ပို့ရန် အကြောင်းကြားခြင်း၊ ငွေပို့ခြင်းတို့အတွက် အခက်အခဲမရှိသလို့ ပြန်အကြောင်းကြားရန်အတွက်လည်း တစ်စုံတစ်ရာမခက်ခဲ့ကြောင်း ၎င်းကဆက်ပြောပြသည်။

”အပေါ်က ဖုန်းလာတယ်ဆိုတာနဲ့ ဖုန်းရှိတဲ့အိမ်က လော်စပီကာနဲ့ တစ်ရွာလုံးကြားအောင် ခေါ်တယ်။ မကြားရမှာ မပူရဘူး။ တစ်ခုတစ်ခု ပြောချင်ရင်လည်း သူတို့ပေးထားတဲ့ ဖုန်းနံပါတ် ကိုဆက်င်္ပြီးပြောထားလိုက်ရုံပါပဲ”ဟု ဖုန်း ဆက် သွယ်မှုနှင့် ပတ်သက်၍ ဒေသခံရွာသူတစ်ဦးက ပြောသည်။

ငွေလွှဲသည့် ကိစ္စများကိုလည်း ဖုန်းခေါ်ဆိုပေးသည့်အိမ်မှ တာဝန်ယူလုပ်ကိုင်ဆောင်ရွက်ပေးကြောင်း စားသောက်စရာမှ အစအဝတ်အထည်အထိအဆုံး အဆင်ပြေပြေရှိကြောင်း တစ်စုံတစ်ရာ ချွတ်ချော်မှုရှိသည်ကို ကြားသိရခြင်းမရှိသေးကြောင်း အဆိုပါဒေသခံက ဆက်ပြောပြသည်။

အရေးအကြီးဆုံးအချက်မှာ ဤဒေသတွင်နေထိုင်သူများအတွက် ယခုကဲ့သို့ လုပ်ကိုင်နေမှုများကို သာမန်ဖြစ်စဉ်တစ်ခုဟုသာ သတ်မှတ်ထားခဲ့ပြီး မည်သည့်ဥပဒေကိုမျှ ချိုးဖောက် ခြင်းမရှိဟု ထင်မှတ်နေကြခြင်းဖြစ်သည်။ ”တစ်ခေါက်ပြန်လာဖို့ဆိုတာ လမ်းစရိတ်ကုန်မယ်။ အလုပ်ပျက်မယ်။ ဒီတော့ လွယ်လွယ်ပဲ အဆင်ပြေသလို ပို့ဖြစ်တာပါ” ဟု အထက်ပါဒေသခံက ဆက်ပြောသည်။ အဘယ်ကြောင့်ဆိုသော် စိုးရိမ်ကြောက်လန့်မှုနှင့် တွန့်ဆုတ်မှုမရှိဘဲ လွတ်လပ်ပွင့်လင်းစွာ ပြောဆိုနေသည့် စကားများအရ ယင်းကဲ့သို့ အလွယ်တကူသိနိုင်ခြင်း ဖြစ်သည်။ ထိုသို့ ဖြစ်ရန်လည်း ခိုင်လုံသည့်အကြောင်းက မည်သူတစ်ဦးတစ်ယောက်ကမှ အရေးတယူစုံစမ်းနေခြင်း မရှိသောကြောင့်ဟု ယူဆနိုင်ပါသည်။

ထို့ပြင် ယင်းကဲ့သို့ တစ်ဖက်ကမ်းတွင် အလုပ်လုပ်ရင်း ရရှိသော သားသမီးမြေးမြစ်များကို ပါဆယ်ဖြင့်ပင် ပြန်ပို့ရင်း တချို့ ကလေးတွေတောင် ကျောင်းတက်နေသည့် အရွယ် ပင် ရောက်နေကြပြီ မဟုတ်လော။ တချို့ရွာသားများတွင် မိမိ သား/သမီးများ ထိုကဲ့ သို့ နိုင်ငံခြားတွင်အလုပ်လုပ်နေမှုကိုပင် ဂုဏ်ယူနေသည့် ပုံစံရှိနေပြီး နားထောင်သူများမှာလည်း မနာလို ဖြစ်ခြင်းမျိုးရှိမနေသည့်အပြင် အားကျမှုပင်ဖြစ်သည်ဟု ဒေသခံအချို့က ဝန်ခံသည်။

သို့သော် ဤလုပ်ရပ်အပေါ် မည်သို့ပင် မသိမရှိကြ သည် ဖြစ်စေ မြန်မာနိုင်ငံ၏ လက်ရှိပြဋ္ဌာန်းထားသော တည်ဆဲဥပဒေ များအရမူ ပြစ်မှုမြောက်နေသည်ကိုတော့ ငြင်းမရပါ။

”ရောင်းစား တာမဟုတ်ဘူးဆိုတော့ လူကုန်ကူးမှုမ မြောက်ပေမယ့် ဒီလိုပို့တယ်ဆိုရင်တော့ ဒါဟာလူသားမဆန်ဘူးလို့ ပြောဆိုလို့ရတယ်”ဟု လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဗဟိုရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ဦးခင်မောင်လှက ဆိုသည်။

ထို့ပြင်သားသမီးကို မိဘကရပ်ဆွေရပ်မျိုးများထံ ယင်းကဲ့သို့ လူသားမဆန်စွာတင်ပို့မှုကို အရေးယူရန်ရှေ့နေချုပ်ရုံး များနှင့်တိုင်ပင်ပြီး ဥပဒေကြောင်းအရ အရေးယူနိုင်ရန် ပုဒ်မ ရှာဖွေရမည်ဟု ပြောသည်။ သို့ရာတွင် ကလေးငယ်များအား ပါဆယ်ပုံးတွင်းထည့်ကာ ယင်းကဲ့သို့တင်ပို့နေမှုအပေါ် အရေးယူအပြစ်ပေးခဲ့ရမှုများ ရဲတပ်ဖွဲ့ သမိုင်းတွင် မရှိသေးဟုလည်း ၎င်းက ပြောသည်။

မိဘက မိမိသားသမီးရင်းကို မိဘရပ်ထံဆွေမျိုးများဆီသို့ ကျွေးမွေးပြုစုနိုင်ရန် ပို့ဆောင်ခြင်းဖြစ်သည့်အတွက်အရေးယူ ၍မရသော်လည်း ပို့ဆောင်စဉ် ကလေးတစ်စုံတစ်ရာ ထိခိုက် မိသည့်ပြဿနာပေါ်လာမည်ဆိုပါလျှင်နှစ် ဖက်စလုံးကို အရေးယူနိုင်သည်ဟု ၎င်းက ဆက်လက်ပြောပြသည်။

”မဟုတ်ရင် ငိုငိုယိုယိုတွေနဲ့ဆို ဘယ်အဆင်ပြေပါ့မလဲ။ နိုင်ငံတကာမှာလည်း ဒီအတိုင်းလုပ်ကြပါတယ်”ဟု ဒုတိယ ရဲမှူးကြီး ဦးခင်မောင်လှကသုံးသပ် သည်။ အဆိုပါ ကလေးပါ ဆယ်ပို့နေသည့် ကဝမြို့နယ်အတွင်းရှိ အရိုးပုံရွာ ကိစ္စကဲ့သို့ပင် အလားသဏ္ဌာန်တူသည့်ပုံစံမျိုးဖြင့် နိုင်ငံတကာတွင် လူကုန် ကူးမှုများ ပြုလုပ်နေသည်ဟု ဒုတိယရဲမှူးကြီးက နိုင်ငံတကာ ဖြစ်စဉ်များနှင့် ကိုးကားပြီးမှတ်ချက်ပြုသည်။

”ပုခက်အတွင်းထဲက ကလေးငယ် အရွယ်လေးတွေကို စက္ကူပုံးထဲထည့်ပြီး လူကုန်ကူးနေတဲ့ဖြစ်စဉ်တွေ တရုတ်မှာ လည်းရှိတယ်”ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး တပ်ဖွဲ့စုများက လူကုန်ကူးကြသူများအား ပြည်တွင်း၌ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည့်အပြင် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့များနှင့် ပူးပေါင်းဖမ်းဆီးခဲ့ရာ ၂ဝ၁၃ ခုနှစ်အတွင်း တရားခံအမျိုးသား ၁ဝ၈ ဦးနှင့် အမျိုးသမီး ၂၅၄ ဦးဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့သော ကလေးပို့ဆောင်မှုကို ကားဂိတ်ယာဉ်လိုင်း များနှင့်သာ ချိတ်ဆက်ပြုလုပ်ကြခြင်းဖြစ်ပြီး ထိုသို့ ဆောင်ရွက် မှုကို ငွေကြေးတစ် စုံတစ်ရာပေး၍ နှစ်ဖက်လုပ်ကိုင်နေခြင်း ဖြစ်နိုင်သည်ဟု ဒုတိယရဲမှူးကြီးက ခန့်မှန်းပြောဆိုသည်။

ရဲအဖွဲ့၏ ခန့်မှန်းသုံးသပ်ချက်အရမူ ကလေးအား စက္ကူ ပုံးတွင်းသို့ ထည့်ထားစဉ်တွင် မငိုမယိုဘဲ အိပ်စက်နေသကဲ့သို့ ဖြစ်နေစေရန် မူးယစ်ဆေးဝါးကဲ့သို့ ဆေးဝါးတစ်မျိုးမျိုးသုံးစွဲမှု ရှိလိမ့်မည်ဟု သိရသည်။ ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဦးမြဝင်းကလည်း ယင်းဖြစ် စဉ်များ ဖြစ်နေမှုအပေါ် တွင် တစ်စုံတစ်ရာထိခိုက်နစ်နာမှု မရှိစေရေးအတွက် စစ်ဆေး အရေးယူမှုပြုလုပ်သွားမည်ဟု ပြောသည်။

မတတ်သာ၍ဟုပဲဆိုဆို၊ အခြေအနေအရဟုပင် ပြော ပြော၊ မဖြစ်လွန်း၍ပါဟု ညည်းညည်း မိမိတို့သွေးသား လူမ မယ်လေးများကို စက္ကူပုံးအတွင်း ထည့် ကာ သက်ရှိပါဆယ် အဖြစ်ပို့နေခြင်း ဓလေ့ကတော့ ထိုဒေသလေးတွင် အမြစ်တွယ် လျက်ရှိနေတုန်းပင် ဖြစ်သည်။ မိမိမြေးဖြစ်သူပါလာသည့် ပါဆယ်ထုပ်လာထုတ်ခဲ့သည့် ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် အရိုး ပုံကျေးရွာမှ ဒေသခံ တစ်ဦးဖြစ်သူ ဒေါ်ဖွားမေကတော့ ”တစ်ခါမှ ကလေးသေ ဆုံး တာ မရှိခဲ့ပါဘူး။ အဆင်ပြေပြေဖြစ်တာ တွေ့ရပါတယ်။ ဘာအခက် ခဲအတားအဆီးဖြစ်တာမှလည်း မတွေ့ရပါဘူး”ဟု ဆိုပါသည်။

အောင်ဇော်
Popular Myanmar

တရုတ်က မြောက်ကိုရီးယားကို ဖိအားပေးရန် အမေရိကန်တိုက်တွန်း


အေအက်ဖ်ပီ
ဝါရှင်တန်၊ ဧပြီ ၂

အာရှဒေသအတွင်း တပ်စွဲထားသော အမေရိကန် စစ်တပ်အစီအစဉ်များကို ပြုပြင်ပြောင်းလဲလိုပါက တရုတ်အစိုးရက မြောက်ကိုရီးယား၏ နျူကလီးယားလက်နက် အစီအစဉ်များကို စွန့်လွှတ်ရန် မြောက်ကို ရီးယားအစိုးရကို ဖိအားပေးသင့်သည်ဟု အမေရိကန် အရာရှိတစ်ဦးက ပြောကြား ခဲ့သည်ဟု ဧပြီ ၂ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အမေရိကန်က မဟာမိတ်များ ဖြစ်ကြသော ဂျပန်၊ တောင်ကိုရီးယားတို့နှင့် ကာကွယ်ဆိုင်ရာ ကိစ္စများတွင် ပိုမိုပူးပေါင်း ဆောင်ရွက်နေခြင်းကို အင်အားကြီးမား လာနေသောတရုတ်နိုင်ငံက သိပ်ပြီး ဘ၀င်ကျမည် မဟုတ်ကြောင်း အရှေ့အာရှဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ဒန်နီရပ်ဆဲလ်က ၀န်ခံပြောကြား ခဲ့သည်။

အမေရိကန်၏ ဒေသတွင်းစစ်ရေး နေရာယူထားမှုနှင့် မဟာဗျူဟာကျသည့် မဟာမိတ်ဖွဲ့စည်းရေး ပြောင်း လဲဖို့ဆိုလျှင် တရုတ်က မြောက်ကိုရီးယားကို ဖိအားပေးပြီး မှန်ကန်သောနည်းလမ်းကို ရွေးချယ်လာအောင် တိုက်တွန်းရမည်ဖြစ်ကြောင်း ရပ်ဆဲလ်က ပြောကြားခဲ့သည်။

တရုတ်သည် မြောက်ကိုရီးယား၏ အရင်းနှီးဆုံး မဟာမိတ်နိုင်ငံတစ်ခု ဖြစ်ပြီး မြောက်ကိုရီးယားအစိုးရ၏ နျူကလီးယား အစီအစဉ်များကြောင့် စိတ်မသက်မသာ ပိုမိုခံစားနေရသည်။ သို့ရာတွင် ကင်ဂျုံအန်အစိုးရ ပြုတ်ကျလောက်သည့် အန္တရာယ်မျိုးကို တရုတ်ကမလိုလားကြောင်း အမေရိကန် ပညာရှင်များက ယုံကြည် ထားကြသည်။

Mizzima Burmese 

သင်္ကြန်တွင် ATM စက်များ ရာနှုန်းပြည့် လည်ပတ်မည်မဟုတ်


ရန်ကုန်၊ ဧပြီ ၂

သင်္ကြန်နှစ်သစ်ကူး ပိတ်ရက်အတွင်း နိုင်ငံတကာ ကတ်များနှင့် MPU (Myanmar Payment Union) ကတ်များဖြင့် ငွေထုတ်ယူနိုင်သော ATM (အလိုအလျောက် ငွေထုတ်စက်) များ ရာနှုန်းပြည့် လည်ပတ်ရန် မရှိကြောင်း ပုဂ္ဂလိက ဘဏ်အချို့ထံမှ စုံစမ်းသိရှိရသည်။

သမဝါယမဘဏ်က သင်္ကြန်ကာလအတွင်း ATM စက်အချို့ကို ပိတ်မည် ဖြစ်ပြီး လည်ပတ်မည့် စက်များကို သင်္ကြန်ပိတ်ရက် မတိုင်မီ ကြေညာမည်ဖြစ်ကာ ဖွင့်လှစ်ထားသော စက်များကိုမူ ဝန်ဆောင်မှု အပြည့်ပေးမည် ဖြစ်ကြောင်း အဆိုပါ ဘဏ်အိုင်တီဌာန ဒုတိယ အထွေထွေမန်နေဂျာ ဦးဇေယျာအောင်က ပြောကြားသည်။
ကမ္ဘောဇဘဏ်မှာမူ ဈေးဝယ် စင်တာများတွင် တပ်ဆင်ထားသော ATM စက်များမှအပ ကျန်စက်များ အားလုံး ပုံမှန်လည်ပတ်မည် ဖြစ်ပြီး သင်္ကြန်အကြိုနေ့နှင့် နှစ်ဆန်း တစ်ရက်နေ့တွင်သာ ငွေသားဖြည့်တင်းမှု ပြုလုပ်မည် ဖြစ်ကြောင်း ကမ္ဘောဇဘဏ် ဒုတိယ အုပ်ချုပ်မှုဒါရိုက်တာ ဦးဇော်လင်းထွဋ်က ပြောဆိုသည်။

“သင်္ကြန်မှာ ဈေးဝယ်စင်တာတွေ ပိတ်တော့ အဲဒီမှာ တပ်ထားတဲ့ စက်တွေက လျှပ်စစ်မီး မရတော့ မလည်နိုင်ဘူး။ ကျန်တဲ့ စက်တွေကိုတော့ အကြိုနေ့မှာ ငွေဖြည့်ပေးထားမယ်။ ကြားထဲမှာ ထပ်မဖြည့်တော့ဘူး” ဟု ၎င်းကရှင်းပြသည်။

ATM စက်များ အားလုံးမလည် ပတ်နိုင်ခြင်းကြောင့် သင်္ကြန်လည်ပတ်ရင်း ငွေထုတ်ယူရန် အဆင်မပြေနိုင်ကြောင်း MPU ကတ် သုံးစွဲသူများက ဆိုသည်။

ATM စက်များတွင် သင်္ကြန်အကြိုနေ့တွင် ငွေသား ကျပ်သိန်းနှစ်ရာကျော် ဖြည့်သွင်းထားမည် ဖြစ်ပြီး သင်္ကြန်ကာလအတွင်း စက်များတွင် ငွေကုန်သွားပါက ထုတ်ယူနိုင်မည် မဟုတ်ကြောင်းနှင့် ကတ်ပြဿနာ အချို့ကို သင်္ကြန်ပိတ်ရက် ပြီးမှသာ ဖြေရှင်းပေးနိုင်မည် ဖြစ်ကြောင်း ဦးဇော်လင်းထွဋ်က ထပ်လောင်း ပြောကြားသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းဘဏ်များက တပ်ဆင်ထားသော ATM စက်အလုံးပေါင်း ခြောက်ရာကျော် ရှိကြောင်း MPU အဖွဲ့ထံမှ သိရသည်။

The Voice Weekly 

အစာအိမ် အူလမ်းကြောင်းက သွေးထွက်ခဲ့တဲ့ ဦးဝင်းတင် အခြေအနေ တိုးတက်လာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဟံသာဝတီဦးဝင်းတင်ဟာ သွေးအတက်အကျမြန်နေတဲ့ အတွက် မတ်လ ၂၉ ရက်နေ့က ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်မှာ ခွဲစိတ်မှု ခံယူနေစဉ် (ဓာတ်ပုံ – ကိုကိုကြီး)

ဧပြီ ၂ ရက်နေ့မှာ အခြေအနေ ဆိုးဝါးခဲ့တဲ့ ရန်ကုန် ဆေးရုံကြီး အထူးကြပ်မတ် ကုသ ဆောင်မှာ ကုသခံနေရတဲ့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်‌ရဲ့ ကျန်းမာရေး အခြေအနေဟာ ဧပြီ ၃ ရက်နေ့မှာ ပြန်လည်သက်သာလာတယ်လို့ မိသားစုဝင်နဲ့ မိသားစု ဆရာဝန်တွေက ပြောပါတယ်။

ဧပြီ ၁ ရက်နေ့မှာ အခြေအနေကောင်းလာတဲ့ အတွက် အသက်ရှုစက်ကို ဖြုတ်ခဲ့သလို မျက်လုံးဖွင့် ခေါင်းငုံစတာတွေ လုပ်ဆောင်လာခဲ့ပေမယ့် ဧပြီ ၂ ရက်နေ့ မနက် ၅ နာရီလောက်မှာ ၀မ်းထဲမှာ သွေးစတွေ စပါလာတာကို တွေ့ခဲ့ရတယ်လို့ ဦးဝင်းတင်ရဲ့ မိသားစုဆရာဝန် ဒေါက်တာ မြင့်သိန်းက ရှင်းပြပါတယ်။

အဲဒီကနေ စောင့်ကြည့်နေရာကနေ ၉ နာရီလောက်မှာ ပိုများလာတဲ့ အတွက် အစာအိမ်၊ အူလမ်းကြောင်း တနေရာကနေ သွေးထွက်တယ်လို့ ယူဆရတဲ့အကြောင်း မနက် ၇ နာရီကနေ ညနေ ၇ နာရီအထိ သွေး ၆၀၀ စီစီအထိ ထွက်ခဲ့တယ်လို့ သူက ရှင်းပြပါတယ်။
ဧပြီ ၃ ရက်နေ့ ဦးဝင်းတင်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဒေါက်တာမြင့်သိန်းက အခုလို ပြောပါတယ်။
“အခြေအနေကတော့ မနေ့က ညနေပေါ့နော် ၇ နာရီနောက်ပိုင်းမှာ နည်းနည်း ထွက်သေးတယ်။ ဒီနေ့မနက်မှာတော့ သိပ်အဆိုးကြီး မဟုတ်ဘူး။ ကျနော့်က နေ့လည်ဆိုရင် ဆေးရုံ သွားတော့မှာလေ။”

ဟံသာဝတီဦးဝင်းတင်ဟာ သွေးအတက်အကျ မြန်နေတဲ့အတွက် မတ် ၂၉ ရက်နေ့က ခွဲစိတ်မှု ခံယူခဲ့ရပါတယ်။

ပိုက်တပ်ထားတဲ့အတွက် စကားမပြောနိုင်ပေမယ့် သတိရှိနေသလို အသက်အရွယ် ကြီးတဲ့ အတွက် ပုံမှန်အနေအထားကို မရောက်သေးဘဲ စောင့်ကြည့်ဖို့လိုတယ်လို့ ဦးဝင်းတင်ကို အနီးကပ် ပြုစုပေးနေတဲ့ တူမဖြစ်သူ ဒေါ်ယဉ်ယဉ်ထွန်းက ပြောပါတယ်။

“ပုံမှန်တော့ မဟုတ်သေးဘူး။ နည်းနည်းတော့ စောင့်ကြည့်ရဦးမှာပေါ့။ ဘဘက အသက်လည်းကြီးပြီဆိုတော့ နည်းနည်းတော့ စိုးရိမ်ရတယ်။ သတိကတော့ ရပါတယ်။ စောစောက ဆရာဝန်မကြီးက ကျမကို ခေါ်ခိုင်းတယ်လေ။ ခေါ်ကြည့်ပါဦးဆိုတော့ ခေါ်ကြည့်တယ်။ သွားခိုင်းတာလားလို့ မေးတဲ့အခါကြတော့ မျက်တောင်လေး လှုပ်ပြတယ်။”

ဦးဝင်းတင်ကို ချစ်‌မြတ်‌နိုးသူတွေက ဧပြီ ၂ ရက်နေ့မှာ ရွှေတိဂုံဘုရား ဗုဒ္ဓဟူး‌ဒေါင့်‌နဲ့ ရန်ကုန်ဆေးရုံကြီးရှေ့မှာ ဆုတောင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ဧပြီ ၂ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်က ဦးဝင်းတင်ထံကို လာရောက်လည်ပတ်ဖို့ သတင်းထွက်ပေါ်ခဲ့ပေမယ့် ရောက်လာခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။
အသံဖိုင် နားဆင်ရန်


DVB Burmese 

ထိုင်းနိုင်ငံသို့ သွားရောက်ခြင်းမပြုရန် UAE အစိုးရက နိုင်ငံသားများကို သတိပေး


အမ်းမရိတ်နယူး
ဒိုဟာ၊ ဧပြီ ၂

ထိုင်းနိုင်ငံတွင် နိုင်ငံရေးရာအခြေအနေများ တင်းမာလာမှုကြောင့် လက်ရှိအချိန်တွင် ထိုင်းနိုင်ငံသို့ ခရီး သွားလာခြင်း မပြုကြရန် အာရပ်စော်ဘွာများ ပြည်ထောင်စု (UAE) နိုင်ငံနိုင်ငံခြားရေး ၀န်ကြီးဌာနက နိုင်ငံသားများအတွက် သတိပေးချက် ထုတ်ပြန်ထားခဲ့သည်ဟု အမ်းမရိတ် ၂၄/၇ သတင်းဌာနက ဧပြီ ၂ ရက်တွင် ရေးသားဖော်ပြသည်။

ပြည်ပရောက် UAE နိုင်ငံသားများ လုံခြုံစိတ်ချမှုရှိစေရန်အတွက် နိုင်ငံရေးဝန်ကြီးဌာနက ယခုကြေညာချက် ကိုထုတ်ပြန် သတိပေးရခြင်းဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

အဆိုပါ အစီအရင်ခံစာကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အက်ဘ်ဒူလာရှ် ဘင်မိုမက်ဘင် ဘက်တီဘဲလ်ဟာမက် က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“ထိုင်းနိုင်ငံမှာရှိတဲ့ UAE သံရုံးနဲ့ပူးပေါင်းပြီး ထိုင်းနိုင်ငံအတွင်းမှာ နေထိုင်တဲ့ UAE နိုင်ငံသားတွေကို ကာ ကွယ်ပေးဖို့ ဆောင်ရွက်နေပါတယ်။ ထိုင်းနိုင်ငံရဲ့အခြေအနေကို နေ့ရောညပါ အနီးကပ် စောင့်ကြည့်နေပါ တယ်” ဟု လက်ထောက်နိုင်ငံခြားရေး ၀န်ကြီးက ပြောသည်။

ထိုင်းနိုင်ငံအတွင်းရှိ UAE နိုင်ငံသားများအနေဖြင့် စုဝေးခြင်းနှင့် ဆန္ဒပြခြင်းများကို လုပ်ဆောင်ခြင်း မပြုကြ ရန်နှင့် အရေးပေါ်ကိစ္စများရှိပါကလည်း ထိုင်းနိုင်ငံအတွင်းရှိ UAE သံရုံးနှင့် ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

UAE နိုင်ငံသားများ လုံခြုံစိတ်ချမှု ရှိရန်ရည်ရွယ်၍ ၀န်ကြီးဌာနအနေဖြင့် ထိုင်း နိုင်ငံအတွင်းရှိ UAE သံရုံးနှင့် အဆက်မပြတ် ဆက်သွယ် ဆောင်ရွက်လျက်ရှိသည်ဟုလည်း အဲလ်ဟာမက်ဒ်က ထပ်လောင်းပြောကြား သည်။

နိုင်ငံရေး ၀န်ကြီးဌာနက နောက်ထပ် သတိပေးချက် ထပ်မံထုတ်ပြန်မှုမရှိခင် အချိန်ထိ ယခုသတိပေးချက် များကို အပြည့်အ၀ လိုက်နာကြရန်လည်း ထိုင်းနိုင်ငံရှိ UAE နိုင်ငံသားများ အားလုံးကို အဲလ်ဟာ မက်ဒက တောင်းဆိုထားပြီင်္း နိုင်ငံသားများအနေဖြင့် ပြင်ပသို့သွားရောက်သော အခါတွင်လည်း ဂရုတစိုက် သွား ရောက်သင့်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ UAE နိုင်ငံသားများအနေဖြင့် ၀န်ကြီးဌာန ၀က်ဘ်ဆိုဒ်တွင် ဖော်ပြထားသော ခရီးသွားအကြံပြုချက်များနှင့် ညွှန်ကြားချက်များကို ဖတ်ရှုသင့်ပြီး နိုင်ငံ သားများအတွက် ရည်ရွယ်ထားသော My Presence ဌာနတွင် မှတ်တမ်းတင် ထားသင့်ကြောင်း ၎င်းက ပြောကြားသည်။

Mizzima Burmese

ဧပြီမှာ မိုဘိုင်းဖုန်း ဆင်းကတ် ၄ သိန်းရောင်းပေးမည်


နိုင်ငံပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဟာ ပုံမှန်အားဖြင့် ၁ လကို ကျပ် ၁၅၀၀ တန် တန်ဖိုးနည်း မိုဘိုင်းဖုန်း ဆင်းကတ် ၃ သိန်းခွဲကို ခွဲတမ်းနဲ့ ရောင်းချပေးနေရာကနေ အခု ဧပြီလ က စပြီး အရည်အတွက် ၄ သိန်း တိုးမြှင့်ရောင်းချပေးမယ့်အပြင် စည်းကမ်း သတ်မှတ်ချက် တချို့ကိုလည်း လျော့ပေါ့ပေးမည် ဖြစ်ကြောင်း ကြေညာပါတယ်။

အခုလမှာ စီဒီအမ်အေ ၈၀၀ မဂ္ဂါဟပ်စ် ဖုန်း ၃ သိန်း ၄ သောင်းနဲ့ ကျန် ၆ သောင်းကတော့ ဂျီအက်စ်အမ်စနစ် ဆင်းကတ်တွေ ဖြစ်ပါတယ်။

အခု ရောင်းပေးမယ့် ဆင်းကတ်တွေကို အရင်သတ်မှတ်ချက် ၁၅ ရက်အတွင်း အသုံးမပြုရင် အလိုအလျောက် ပိတ်ပစ်မယ့်စနစ်အစား ၁ လ မသုံးမှ ပိတ်မယ့်စနစ် ထည့်သွင်း ပေးထားမယ်လို့ သိရပါတယ်။

ဒါ့အပြင် အရင်သတ်မှတ်ချက်ဖြစ်တဲ့ ၁ လ ကျပ် ၂၅၀၀ ဖိုး မဖြစ်မနေ သုံးရမယ့်
စည်းကမ်းချက်ကိုလည်း ပယ်ဖျက်ပေးသွားမယ်လို့ ဆိုပါတယ်။

မြန်မာ့ဆက်သွယ်ရေးဟာ ခုချိန်ထိ ကျပ် ၁၅၀၀ တန် တန်ဖိုးနည်း ဆင်းကတ် ၄ သန်းကျော် ရောင်းချပေးခဲ့ပြီး လက်ရှိ မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်းအသုံးပြုသူ စုစုပေါင်းကတော့ ၈ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။

DVB Burmese

ဒီကေဘီအေနဲ့လိုက်သွားတဲ့ သမီးလေးကျေးရွာသားတွေ လမ်းခုလတ်မှာ နေနေရဆဲ


ဧပြီလ ၂ ရက်နေ့က  သမီးလေးကျေးရွာသူ ရွာသား၂၀၀ ကျော်ဟာ ထိုင်းမြန်မာနယ်စပ်မှာ အခြေချနေထိုင်ဖို့ ကရင်ပြည်နယ်အစိုးရရဲ့ ဒုံသမိတံတားမှာ တားဆီးမှုနဲ့ ကြုံနေရစဉ်

ရန်ကုန်တိုင်းအတွင်း ရွာဖျက်ခံရလို့နေစရာမရှိတဲ့ ရွာသား ၂၀၀ ကျော်ဟာ ဧပြီ ၂ ရက်နေ့က ဒီကေဘီအေထိန်းချုပ်နယ်မြေသွားစဉ် ကရင်ပြည်နယ်အစိုးရက တားမြစ်ခဲ့တဲ့အတွက် လမ်းခုလတ်မှာပဲ နေနေကြရပါတယ်။

ရန်ကုန်တိုင်းအတွင်း ရွာဖျက်ခံရလို့ နေစရာမရှိတဲ့ ရွာသား ၂၀၀ ကျော်ဟာ ထိုင်းမြန်မာနယ်စပ်မှာ အခြေချနေထိုင်ဖို့ သွားစဉ် ကရင်ပြည်နယ်အစိုးရရဲ့ တားဆီးမှုကြောင့် ရှေ့မသွားနိုင်ဘဲ ဖြစ်ခဲ့ရပါတယ်။ မနေ့ညပိုင်းအထိ ဒီကေအဘီအဖွဲ့က ဗိုလ်မှူးဆန်းအောင်နဲ့ ကရင်ပြည်နယ်အစိုးရတို့ ညှိနှိုင်းပေမယ့် ကရင်ပြည်နယ်အစိုးရက ခွင့်မပြုခဲ့ပါဘူးလို့ ဗိုလ်မှူးဆန်းအောင်က ပြောပါတယ်။

ရွာသားတွေဘက်ကလည်း သူတို့အနေနဲ့ နောက်ပြန်မလှည့်နိုင်ကြောင်းပြောတဲ့အတွက် ညှိမရဲ ဖြစ်ခဲ့ရပါတယ်။ နောက်ဆုံးတော့ ဘုရားဖူးသွားမယ်ဆိုပြီး ခွင့်ပြုချက်ပြန်ယူလို့ အဲဒီတံတားကနေ ထွက်သွားခွင့်ပြုပြီး လက်ရှိ ကျိုက္ခမီဘုရားမှာ ရောက်ရှိနေတယ်လို့ ပြောပါတယ်။

“သမီးလေး ရွာသူရွာသားတွေကို ကရင်ပြည်နယ် ၀န်ကြီးချုပ်ကနေ ပြန်လှည့် ခိုင်းတယ်ပေါ့။ ပဲခူးတိုင်းက လာပြီးတော့ ပဲခူးတိုင်းမှာ ထားပါပြော။ ဒါကြောင့် ဒီလူတွေကို နင်တို့ အောင်သိဒ္ဓိကျောင်းက သွားကြိုလာပြီး။ နင်တို့ကို ပြန်ပို့ရမယ်။ အခု အဲဒီမှာလည်း နေခွင့်ရပြီပေါ့လေ။ သမီးလေး ရွာသူရွာသားတွေကို ပဲခူးတိုင်းကနေပြီး ရန်ကုန်တိုင်းဒေသကြီးမှာ ပေးဖို့ စီစဉ်ထားတယ်လို့ ပြောတယ်။ ပေးမယ်ဆိုရင်လည်း စာချုပ်စာတမ်းနဲ့ လက်မှတ်နဲ့ ပေးပေါ့လေ။ ပါးစပ်နဲ့ပေးရင် မယုံဘူးလို့ သမီးလေး ရွာသူရွာသားတွေက ပြောတယ်။ သမီးလေး ရွာသူရွာသားတွေက အနောက်ကိုတော့ လုံးဝ ပြန်မလှည့်ဘူး။ တကယ်လို့ သွားလို့ မရဘူးဆိုရင် အဲဒီမှာပဲ နေမှာပေါ့ဆိုပြီး အနေအထားက အဲဒီလောက် ဖြစ်လာတယ်။ အဲဒီကနေတဆင့် ပြောပြီး မိုးကလည်း ချုပ်လာပြီ လူတွေကလည်း ထမင်းမစားရ။ အမျိုးမျိုးပြောတာပေါ့ဗျာ။ နောက်ဆုံး ည တော်တော်မိုးချုပ်လာတဲ့အခါ ဘုရားဖူးမယ်ဆိုပြီး ကျနော်ထပ်ပြီး အဆိုတင်သွင်း တောင်းခံပါတယ်။ ညက ကျိုက်မရောမှာ အိပ်တယ်။ ကျိုက်မရောမှာ ဒီမနက် ထမင်းထုပ်တွေ ဘာတွေ ထုပ်ပြီးတော့ လက်ရှိ ဘုရားဖူးခွင့်ပဲရတဲ့အတွက် ကျိုက္ခမီဘုရား ဖူးဖို့ ရွာသူရွာသားတွေနဲ့ ရောက်ရှိနေတယ်။”

ဘုရားဖူး အနားယူပြီးရင်တော့ ရှေ့ဆက်သွားနိုင်ဖို့ အစိုးရတာဝန်ရှိသူတွေနဲ့ ဆက်လက်ညှိနှိုင်းသွားမယ်လို့လည်း ဗိုလ်မှူးဆန်းအောင်က ပြောပါတယ်။

သမီးလေးကျေးရွာသားတွေ ခိုလှုံခဲ့တဲ့ အောင်သိဒ္ဒိဘုန်းတော်ကြီးကျောင်းနဲ့ ဘုန်းတော်ကြီး ပညာသင်ကျောင်းဝင်းတခုလုံးကို ဖယ်ရှားပေးဖို့ ပဲခူးတိုင်း ဆည်မြောင်းဦးစီး ဌာနက ဧပြီ ၁ ရက်နေ့က စာထုတ်ထားပါတယ်။ ဒါကြောင့် ဒီဒုက္ခသည်တွေဟာ နေစရာမရှိဘဲ အခက်ဖြစ်ရတယ်လို့ ကလေး ၃ ဦးအမေ ဒေါ်နီလာဝင်းက ပြောပါတယ်။
“သမီးလေး ရွာကို ပြန်လည်း ချမပေးဘူး။ သူတို့ကလည်း နေရာထိုင်ခင်း လုံးဝကို ချမပေးဘူး။ ချမပေးတဲ့အတွက်ကြောင့် ဘုန်းကြီးကျောင်းမှာ တည်းခိုတယ်။ ဘုန်းကြီးကျောင်းကို ဘူဒိုဇာနဲ့ ထိုးမယ်ဆိုတော့ ဘယ်လိုမှ နေဖို့ထိုင်ဖို့ နေရာ မရှိတော့တဲ့အတွက် လိုက်သွားလို့… တကယ်လို့ သူတို့က အလိုက်မခံဘူး။ သူတို့ တဒေါင့်တနေရာ နေရာပေးမယ်ဆိုရင်ကတော့ အတိအကျ သတ်မှတ်ပေးဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကိုယ်တိုင်က လက်မှတ်ထိုးပေးမယ် ဆိုရင် ကိုယ့်နေရာကိုယ် ပြန်ယူမယ်ပေါ့။”

လက်ရှိ ဒီကေဘီအေနဲ့ အတူ လိုက်ပါလာတဲ့ မိသားစုကတော့ ၈၁ စုရှိပြီး လူပေါင်း ၂၀၁ ဦး ပါလာပြီး မွန်ပြည်နယ်တ၀ှမ်းမှာ ဘုရားလှည့်လည်ဖူးနေရတယ်လို့ ပြောပါတယ်။

တားဆီးမှုနဲ့ ပတ်သက်ပြီး ကရင်ပြည်နယ်အစိုးရကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည် ဖြေကြားခြင်း မရှိပါဘူး။

DVB Burmese

မိုဘိုင်းဖုန်း သိုလှောင်ဂိုဒေါင်နဲ့ ဆိုင်တွေကိုလည်း ၀င်ဖမ်းမည်


လက်ရှိ မြန်မာနိုင်ငံထဲကို အကောက်ခွန်မဲ့ မှောင်ခို ၀င်ရောက်လာတဲ့ မိုဘိုင်းဖုန်း ဟန်းဆက် အရည်အတွက် အလွန်များနေတာကြောင့် သိပ်မကြာခင် ရွှေလျားမှောင်ခိုဖမ်းအဖွဲ့ (Mobile Team)တွေက ၀င်ရောက် စစ်ဆေးဖမ်းဆီးတော့မယ်လို့ ရန်ကုန်အဖွဲ့ တာဝန်ရှိသူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံထဲ ရောက်နေတဲ့ မိုဘိုင်းဖုန်း ဟန်းဆက်အရည်အတွက် သန်းနဲ့ချီ ရှိနေ၊ ရောင်းချနေကြပေမယ့် ၃ နှစ်အတွင်း တကယ် အခွန်ဆောင်ပြီး သွင်းလာတာက အလုံးရေ ၇ သောင်းကျော်ပဲ ရှိလို့ အခုလို အရေးယူရတာဖြစ်ကြောင်း သူက ရှင်းပြပါတယ်။

မိုဘိုင်းဖုန်း ဟန်းဆက်တွေဟာ နိုင်ငံခြားကနေ ပြည်တွင်းကို နယ်စပ်၊ ရေကြောင်းနဲ့ လေကြောင်းဝင်ပေါက်အားလုံးကနေ မှောင်ခို ၀င်ရောက်လာပြီး ဆိုင်ပေါင်းများစွာမှာ ရောင်းချနေကြောင်း၊ ၀င်စစ်လို့ အခွန်ဆောင်ပြီးကြောင်း အထောက်အထား မတွေ့ရရင် အရေးယူမယ်လို့ သူက ပြောပါတယ်။

DVB Burmese

အကောင်းဆုံး ကပြ ဖျော်ဖြေ နိုင်သူ အနု ပညာ ရှင် စာရင်း တွင် မိုင်လီ ဆိုင်းရပ်စ် ထိပ်ဆုံး နေရာ တွင် ရွေးချယ် ခံရ


ကမ္ဘာ ကျော် အဆိုတော် မိုင်လီ ဆိုင်းရပ်စ် သည် အကောင်း ဆုံး ကပြ ဖျော်ဖြေ တင်ဆက် နိုင်သူ အနုပညာ ရှင် စာရင်း တွင် ထိပ်တန်း အနုပညာ ရှင် အဖြစ် ရပ်တည် နိုင်ခဲ့ ကြောင်း The London Cabaret Club အဖွဲ့အစည်း မှ ပြုလုပ် သည့် မဲပေး ရွေးချယ်မှု အရ သိရ သည်။ မိုင်လီ ဆိုင်းရပ်စ် ၏ twerking အက သည် မက်ဒေါနား ၏ Vogue အက နှင့် မိုက်ကယ် ဂျက်ဆင် ၏ Moonwalk အက တို့ကို ကျော်ဖြတ် ၍ လူကြိုက် အများဆုံး အက ဖြစ်လာ ခဲ့သည်။

အကောင်း ဆုံး ကပြ ဖျော်ဖြေ တင်ဆက် နိုင်သူ အနုပညာ ရှင် ၁ဝ ဦး စာရင်း တွင် မိုင်လီ ဆိုင်းရပ်စ် ၏ နောက်တွင် သူမ ၏ ဖခင် ဖြစ်သူ ဘေးလီ ဆိုင်းရပ်စ် က ရပ်တည် လျက် ရှိပြီး ဂမ်းနမ် စတိုင်လ် တေးသီချင်း ဖြင့် ကမ္ဘာကျော် ခဲ့သော တောင် ကိုရီးယား အဆိုတော် Psy ဂမ်းနမ် စတိုင်လ် တေးသီချင်း အက၊ Village People ၏ YMCA အက၊ ရစ်ချီ ဂါဗစ် ၏ David Brent အက၊ ကိုင်လီမင်နိုး ၏ Locomotion အက၊ ဘီယွန်းစေး ၏ Single Ladies အက နှင့် Alfonso Ribeiro ၏ Carlton အက တို့က ရပ်တည် နေကြောင်း သိရသည်။

ဆိုင်းရပ်စ် သည် Meet Miley Cyrus, Breakout, Can't Be Tamedနှင့် Bangerz ဟု အမည် ပေးထား သော စတီဒီယို တေး အယ်လ်ဘမ် လေးခု ကို ဖြန့်ချိပြီး ဖြစ်သည်။ သူမ သည် ၂ဝ၁၄ ခုနှစ် ၏ ကမ္ဘာ့ ဂီတ ဆုပေးပွဲ အတွက် ဆု ၁ဝ ဆု လျာထား ခဲ့ရ သည်။ ထို့ပြင် ဆိုင်းရပ်စ် သည် Vevo Certified ဆု ရှစ်ဆု နှင့် Vevo တေး သံသွင်း ဆု နှစ်ဆု ကို လည်း ရရှိ ထားပြီး ဖြစ်ကြောင်း သိရ သည်။

Myawady News

ပျက်စီးယိုယွင်းမှု ပိုမိုများပြားလာသည့် ဦးပိန်တံတားအား ကျွန်းသစ်များဖြင့် အစားထိုး ပြုပြင်လျက်ရှိ

ပျက်စီးယိုယွင်းမှု ပိုမိုများပြားလာနေသည့် ဦးပိန်တံတား ပြုပြင်နေမှုအား ဧပြီ ၁ ရက်က တွေ့ရစဉ်

ပျက်စီးယိုယွင်းမှု ပိုမိုများပြားလာသည့် ဦးပိန်တံတားအား တိုင်းဒေသကြီးအစိုးရ အစီအစဉ်ဖြင့် ပြုပြင်ထိန်းသိမ်းလျက်ရှိပြီး ဆွေးမြည့်နေသည့် တံတားတိုင်နေရာများတွင် ကျွန်းသစ်များဖြင့် အစားထိုး ပြုပြင်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ စုံစမ်းသိရသည်။

မန္တလေး ရှေးဟောင်းယဉ်ကျေးမှုဇုန် အတွင်း၌ တည်ရှိပြီး နှစ်သက်တမ်းအားဖြင့် ၁၆၀ ကျော် ရှိနေပြီဖြစ်သည့် ဦးပိန်တံတားမှာ နှစ်သက်တမ်း ကြာမြင့်လာနေပြီဖြစ်ပြီး ပျက်စီးယိုယွင်းမှုများမှာလည်း ပိုမိုဆိုးရွားလာခြင်းကြောင့် ပြုပြင်ထိန်းသိမ်းပေးရန်အတွက် ဝေဖန်ပြောဆို ထားသည်များလည်း ကြာမြင့်နေပြီဖြစ်သည်။

“ဦးပိန်တံတာကို ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်နေပါတယ်။ မတ် ၁၈ ရက်ကနေ စပြီးတော့ ဆွေးမြည့်ပျက်စီးနေတဲ့ တံတားကြမ်းခင်းတွေ၊ ယက်မတွေနဲ့ အောက်ခြေတိုင်လုံးတွေကို သစ်နဲ့အစားထိုး ပြုပြင်နေပါတယ်။ ပြုပြင်ထိန်းသိမ်းတဲ့ နေရာမှာ အုတ်ကွန်ကရစ် လုံးဝအသုံးပြုမှာ မဟုတ်ပါဘူး။ အသစ်လဲသင့်တဲ့ တံတားတိုင်လုံးတွေကိုတော့ ကျွန်းသစ်ကိုပဲ အသုံးပြုသွားမှာပါ” ဟု ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် ဦးပိန်တံတား ပြု ပြင်ထိန်းသိမ်းနေမှုမှာ တံတားအခန်းပေါင်း ၂၀ ကျော်ခန့် ပြုပြင်ပြီးဖြစ်ပြီး အခန်းပေါင်း ၃၀ ခန့်ကို ပြုပြင်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း၊ တံတားပြုပြင် ထိန်းသိမ်းနိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ငွေကျပ်သိန်း ၁၃၀ ကျော်ကို ချထားပေးထားကြောင်း သိရသည်။ တံတားပြုပြင် ထိန်းသိမ်းနေမှုအား သင်္ကြန်ကာလမတိုင်မီ ပြီးစီးနိုင်ရန် ဆောင်ရွက်နေကြောင်းကို အဆိုပါတာဝန်ရှိသူက ပြောဆိုသည်။

တောင်သမန်အင်းအတွင်း၌ ဖြတ်သန်းဆောက်လုပ်ထားသည့် ဦးပိန်တံတားမှာ ရာသီဥတုဒဏ်များကြောင့် ယိုယွင်းပျက်စီးမှု ပိုမိုများပြားလာနေပြီး ယခင်က တံတားပြုပြင် ထိန်းသိမ်းခဲ့ရာတွင် သစ်အစား ကွန်ကရစ်တိုင်များဖြင့် အစားထိုး ပြင်ဆင်ခဲ့ခြင်းတို့ကြောင့် ဝေဖန်ပြောဆိုမှုများလည်း ယခုအချိန်အထိ ရှိနေဆဲဖြစ်သည်။ ထို့အပြင် တံတားအသုံးပြုသူ အချို့ကြောင့် တံတားခိုင်ခန့်နိုင်မှုမှာလည်း အားနည်းလာကြောင်း သိရသည်။

ထို့အပြင် တောင်သမန်အင်းရေပြင် ညစ်ညမ်းလာနေမှုများကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ ကုမ္ပဏီတစ်ခုဖြင့် ရေသန့်စင်မှုများ ပြုလုပ်သွားမည်ဟု ပြောကြားထားသော်လည်း လက်ရှိအချိန်တွင် အင်းရေပြင်နှင့် တောင်သမန် ပတ်ဝန်းကျင်မှာ ညစ်ညမ်းမှု ဖြစ်ပေါ်နေဆဲဖြစ်သည်။

အမရပူရမြို့နယ် တောင်သမန်အင်းပေါ်၌ ဖြတ်သန်းဆောက်လုပ်ထားသည့် ဦးပိန်တံတားကို မြန်မာသက္ကရာဇ် ၁၂၁၁ ခုနှစ် ပုဂံမင်းလက်ထက်တွင် အမရပူရမြို့ ၀န်ဘိုင်ဆပ်၏ တပည့်ဖြစ်သူ မြို့စာရေးဦးပိန်မှ အင်းဝနန်းတော်ဟောင်းမှ ကျွန်းတိုင်လုံးများဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ တံတားကို လှိုင်းဒဏ်၊ လေဒဏ် ခံနိုင်ရန်အတွက် ဖြောင့်တန်းစွာ မတည်ဆောက်ဘဲ တောင်ဘက်သို့ ဦးမော့ကွေ့ဝိုက်ကာ တည်ဆောက်ထားပြီး တိုင်ပေါင်း ၁၀၈၆ တိုင်၊ အခန်းပေါင်း ၄၈၂ ခန်း၊ တံတားအရှည် ၃၉၆၇ ပေ ရှည်လျားကာ နှစ်သက်တမ်းအားဖြင့် ၁၆၅ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် ဦးပိန်တံတားမှာ သဘာဝ ဘေးဒဏ်များကြောင့် တံတားအခန်းပေါင်း ၄၈၀ ကျော်ရှိခဲ့ရာမှ ၄၄၇ ခန်းသာ ကျန်ရှိတော့ကြောင်း သိရသည်။

Eleven Media Group

ဟာသတိုလေးများ


=======
1. အိပ်လို့မရ
=======
"ညက လုံးဝအိပ်လို့ မရဘူးဗျာ"
"ဘာလို့လဲ"
"မိန်းမ အိမ်ကဆင်းသွားလို့"
"ဘာလဲ... သူက ကုတင်ကြီးပါ မ,သွားလို့လား?"

=======
2. တော်သေး
=======
ကျောင်းအုပ်ကြီးက မောင်ကျေးညိုလေးကို စစ်မေးနေတယ်... ...
"ဘာလို့ မင်းအတန်းပိုင်ဆရာမရဲ့ ထိုင်ခုံပေါ်ကို ဖားတစ်ကောင်သွားတင်ရတာလဲ"
"မြွေမှ ရှာမရတာ"

==============
3. ကြောက်တတ်တဲ့ ဖေဖေ
==============
"မေမေ... ဖေဖေက လမ်းကူးရင် ကြောက်တတ်တယ်နဲ့ တူတယ်"
"ဘာလို့လဲ သားသားရဲ့"
"လမ်းကူးတိုင်း ကျနော့်လက်ကို ဆွဲဆွဲထားလို့"
"ငင်..."

=========
4. ကြီးချက်တော့
=========
ကျေးညိုတို့ ဘကြီးရဲ့ ခြေထောက် ဘယ်လောက်တောင် ကြီးလဲဆိုရင်... ...
ရေလွှာလှိုင်းစီးတာ ဘုတ်ပြားမလိုဘူး... တဲ့။

===========
5. လတ်ဆတ်တဲ့ ဆိုင်
===========
ကျနော်တို့မြို့ ထမင်းဆိုင်က ဟင်းတွေ ဘယ်လောက်တောင် လတ်ဆတ်လဲဆိုရင်...
ကြက်ဥကြော် မှာလိုက်တာ...
ဝပ်ကျင်းထဲက ကြက်မကြီးနဲ့ ဒယ်အိုးတစ်လုံး ယူလာပေးတယ်။
ကြက်မဖင်က ကြက်ဥထွက်ကျလာနဲ့ တန်းကြော်ရုံပဲ
ကောင်းဘူးလား...

======
6. မျက်ပြေ
======
စိတ်ပညာဆိုင်ရာ စစ်တမ်းတစ်ခု အလိုအရ...
'အလှအပဟာ ဒေါသကို ပြေပျောက်စေတယ်'... တဲ့။
ဒ့ါကြောင့်နေမှာ... ..
အိမ်က မိန်းမကြီးကိုမြင်တိုင်း ဒေါသအလိပ်လိုက်ထွက်တာ...

==========
7. ထိုက်တန်တဲ့သူ
==========
ကျနော်တို့ လူမှုဝန်ထမ်းရုံးမှာ 'ချွေတာစုဆောင်း သူဌေးလောင်း' အစီအစဉ်အတွက် အကောင်းဆုံး အကြံပေးနိုင်သူကို ဆုတော်ငွေ ၁ သိန်း၊ ချီးမြင့်မယ်လို့ ကြေညာလိုက်တယ်။
အဲဒါ...
ဆုတော်ငွေကို ၁ သောင်းသာ ချီးမြင့်သင့်တဲ့အကြောင်း အကြံပြုတဲ့သူက ပထမဆု ဆွတ်ခူးသွားပါတယ်။

=========
8. ဘောပွဲဥပမာ
=========
လင်မယားနှစ်ယောက် တီဗွီကလာတဲ့ ဘောလုံးပွဲကြည့်နေတယ်။
ယောက်ျားက ပြောတယ်... ...
"ခြေကျသွားတဲ့ ဘောလုံးသမားကို လူစားလဲသလိုမျိုး၊ အသက်ကြီးလာတဲ့ မိန်းမတွေကိုလည်း လူစားလဲလို့ရရင် ကောင်းမယ်"
ဒီတော့ မိန်းမကလည်း ပြန်ပြောတယ်... ...
"ညစ်ပတ်တဲ့ ဘောလုံးသမားကို အနီကဒ်ပြပြီး ပွဲကအပြီးအပိုင်ထုတ်လိုက်သလိုမျိုး၊ ဖောက်ပြန်တဲ့ ယောက်ျားတွေကိုလည်း မိသားစုထဲက ထုတ်ပစ်လို့ရရင် ကောင်းမယ်"

သန်၎ကို-ရမ်းဘာသာပြန်သည်။

ဇာတ်သိမ်းခန်းလေး ရောက်တော့မှ - ဟာသ


အမျိုးသမီးနှစ်ယောက် လမ်းမှာတွေ့တော့ တယောက်က မေးတယ်... ...

"ညည်း... ရပ်ကွက်ထဲက ခပ်ချောချောကောင်လေးကို ဆော်ပလော်တီးလွတ်လိုက်တယ်ဆို"

"အင်း..."
"ဘာလို့လဲ .. အေ့"

"သူက င့ါကို အခန်းထဲ ဆွဲခေါ်တယ်လေ"
"ဟောတော်..."

"ဒါလောက်က ကိစ္စမရှိပါဘူး၊ အထဲရောက်တော့ င့ါအဝတ်အစားတွေကို ဆွဲချွတ်တယ်လေ"
"ဘုရား ဘုရား..."

"ဒါလည်း ခွင့်လွတ်လို့ ရပါသေးတယ်၊ င့ါကို ကုတင်ပေါ် တွန်းလှဲတယ်လေ"
"အမယ်လေးနော်..."

"ဒါလည်း ပြသနာမဟုတ်ပါဘူး၊ နောက်ဆုံး သူပြောတဲ့ စကားတစ်ခွန်းကြောင့် တီးထည့်လိုက်တာ"
"ဘာပြောတာလဲ... သူက"

"ဟေး... April fool တဲ့"
"ဟင်.... "

(April Fool နေ့ အမှတ်တရ ပြန်တင်လိုက်တာပါ၊ အဲလိုတော့ သွားမလုပ်ကြနဲ့နော်)

သန်၎ကို-ဘာသာပြန်သည်။

ကီးဘုတ်ဖြင့် သတ်ဖြတ်နေသူများအတွက် ပန်းစကား


မွှေးပျံ့သန့်ရှင်းနေသော စံပယ်ပန်းများက လူတိုင်းလက်ထဲ၊ အချို့အမျိုးသမီးများ၏ ဆံကေသာထက်တွင် ပန်ဆင်ထားလျက်ရှိသည်။ ထိုစဉ် လူငယ်တစ်ဦးက ယင်းစံပယ်ပန်းများကို ရုတ်တရက် စွတ်တောင်းယူလိုက်ပါသည်။ ထိုအပြစ်မဲ့ပန်းလေးများကို သူက ကွန်ပျူတာကီးဘုတ်ဖြင့် နာနာကြည်းကြည်းထုရိုက်သည်။ လူတိုင်းအံ့ဩသွားစဉ် ကြေမွသွားသော စံပယ်ပန်းများထဲ တံတွေးဖြင့် ထွေးချလိုက်ပြန်သည်။ မွှေးပျံ့သန့်ရှင်းစဉ်က ယုယုယယပန်ဆင်ခဲ့သောပန်းများကို မူလပိုင်ရှင်ထံ ပြန်ပေးသော်လည်း မည်သူကမျှမသတီတော့ပါ။

ယင်းပြကွက်မှာ လူသားအချင်းချင်း အမုန်းမပွားဖို့ ငါတို့နှုတ်ကိုစောင့်စည်းစို့ဟူသော ဆောင်ပုဒ်ဖြင့် အမုန်းတရားကြီးထွားအောင် လှုံ့ဆော်မှုများကို ဆန့်ကျင်မည့် ပန်းစကားအဖွဲ့၏ ပါဖောမန့်ပြကွက်ဖြစ်သည်။

‘‘တချို့ Hate speech တွေက မုန်းတဲ့အဆင့်နဲ့ပဲ ပြဿနာမဖြစ်ပေမယ့် မုန်းတာတင်မကဘဲ သတ်မယ်ဖြတ်မယ်ဆိုတာထိပါ တွေ့လာတယ်။ လူတစ်ယောက်ကို မုန်းတာမုန်းပါ၊ သတ်ဖြတ်မယ်ဆိုတာကတော့ လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ရှိလာပါပြီ’’ဟု ပန်းစကားလှုပ်ရှားမှုကို ဦးဆောင်သူ MIDO အဖွဲ့မှ ဘလော့ဂ်ဂါ နေဘုန်းလတ်ကပြောသည်။

‘‘နိုင်ငံခြားသားတွေ လူပါးဝလို့ ပြဿနာတက်ရင် သတ်ပစ်လိုက်။ လူသတ်မှုက ထောင်ခုနစ်နှစ်ပဲကျမယ်’’

‘‘ဘင်္ဂလားဒေ့ရှ်ကနေ ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေကို ပစ်သတ်နိုင်မယ့် လုံထိန်းတွေကို ဆုတော်ငွေပေးသင့်တယ်’’ စသည့် လူသတ်ဖို့၊ လူသတ်မှုကိုလုပ်ဖို့ တိုက်တွန်းအားပေးသည့် စာသားများကို တစ်ကမ္ဘာလုံးက ဗုဒ္ဓဘာသာတိုင်းပြည်ဟု အသိအမှတ်ပြုထားသော ယဉ်ကျေးသည့်မြန်မာနိုင်ငံမှ ဖေ့စ်ဘွတ်ခ်အသုံးပြုသူအချို့က ရေးသားတိုက်တွန်းထားခြင်းဖြစ်ပါသည်။

လူတစ်ယောက်ကို ရက်ရက်စက်စက် ပါးစပ်နှင့်သတ်ဖြတ်ဖို့၊ တာဝန်မဲ့စွာ ပြောဆိုခြိမ်းခြောက် အရှက်ခွဲဖို့အတွက် မြန်မာနိုင်ငံတွင် ကွန်ပျူတာတစ်လုံး၊ ဖေ့စ်ဘွတ်ခ်အကောင့်တစ်ခုနှင့် အင်တာနက်လိုင်းသာရှိရန်သာ လိုအပ်သည်။ တရားဥပဒေစိုးမိုးမှု အားနည်းနေသေးသည့် မြန်မာနိုင်ငံတွင် လူမျိုးရေး၊ ဘာသာရေးမှိုင်းတိုက်သည့် ပြောဆိုလှုပ်ရှားမှုများက မင်းမဲ့စရိုက်ဆန်ဆန်တုံ့ပြန်မှုများကို ဖြစ်ပေါ်စေသည်။

မည်သည့်အာဏာပိုင်အဖွဲ့အစည်းကမှလည်း ယင်းသို့ တာဝန်မဲ့စွာပြောဆိုမှုများအတွက် အရေးယူမှုမရှိသေးပါ။ အမေရိကန်၊ ဗြိတိန် အပါအဝင် နိုင်ငံအချို့တွင် အမုန်းတရားလှုံ့ဆော်ပြောဆိုမှုများအတွက် ဥပဒေများပြဋ္ဌာန်းထားသော်လည်း မြန်မာနိုင်ငံတွင်မူ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အခွင့်ကောင်းယူလျက် တာဝန်ခံမှု၊ တာဝန်ယူမှုမဲ့စွာ ပရိုဖိုင်းပုံအစစ်အမှန်များမသုံးဘဲ လှုံ့ဆော်မှုများရှိနေပါသည်။

အဖွဲ့တစ်ဖွဲ့က ရည်ရွယ်ချက်ရှိရှိဖြင့် လှုံ့ဆော်ဖြန့်ဝေနေသည်ဟု ယုံကြည်ရပြီး ၎င်းတို့ကို တန်ပြန်ဆန့်ကျင်ရန် မည်သူကမှ မလုပ်ကြသေးသည့်အတွက် ပန်းစကားလှုပ်ရှားမှုကိုစတင်ဖို့ စိတ်ကူးရခဲ့သည်ဟု နေဘုန်းလတ်ကဆိုသည်။

ပန်းစကားလှုပ်ရှားမှုကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဧပြီ ၄ ရက်တွင် စတင်မည်ဖြစ်သည်။ ပါးစပ်တွင် ပန်းတစ်မျိုးကို ကိုင်ထားသည့် သင်္ကေတရုပ်ပုံကို အသုံးပြုမည်ဖြစ်ပြီး စတစ်ကာများ၊ ပိုစတာများကို အွန်လိုင်းတွင်ရော ပြင်ပတွင်ပါ ဖြန့်ဝေသွားမည်ဖြစ်သည်။ မည်သည့်အရပ်ဘက်အဖွဲ့အစည်းမဆို ၎င်းတို့နှင့်ပူးပေါင်းရန် ဖိတ်ခေါ်ပြီး တစ်ဦးချင်းအနေဖြင့်လည်း ပါးစပ်တွင် ပန်းကိုက်ထားသည့်ဓာတ်ပုံများ ရိုက်ကူးပြီး ပန်းစကားဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် တင်ပေးခြင်း၊ မိမိတို့၏ပရိုဖိုင်းပုံများတွင် အသုံးပြုခြင်းဖြင့် လှုပ်ရှားမှုတွင် ပါဝင်နိုင်ကြောင်း ၎င်းကပြောသည်။

‘‘ပါးစပ်မှာ ပန်းလေးတွေကိုက်ထားတဲ့ သင်္ကေတကို အာဆီယံလူထုဖိုရမ်မှာ စလုပ်ခဲ့ပါတယ်။ အဲဒီဖိုရမ်ကို နိုင်ငံခြားသားတွေ အများကြီးလာတော့ ကျွန်တော်တို့လှုပ်ရှားမှုကနေ ပြန်ရလိုက်တဲ့ မက်ဆေ့ခ်ျက မွတ်စလင်တွေကို ဗုဒ္ဓဘာသာအားလုံးက မုန်းတာမဟုတ်ဘူး၊ ဗုဒ္ဓဘာသာအမည်ခံပြီး လှုပ်ရှားတဲ့လူတစ်စုက မုန်းတာလို့သိသွားတာ၊ ကျွန်တော်တို့အတွက် အမြတ်ပဲ’’ဟု စံပယ်ပန်းပါဖောမန့်ကို ပြုလုပ်ပြသခဲ့သူ ကိုသက်ကပြောသည်။

သင်္ကြန်ကာလဖြစ်သဖြင့် ဧပြီ ၄ ရက် စတင်မည့် လှုပ်ရှားမှုတွင် ပိတောက်ပန်းကို သုံးသွားမည်ဖြစ်ပြီး အချိန်အခါရာသီအလိုက် သင်္ကေတပန်းတစ်မျိုးမျိုးကို သုံးသွားမည်ဖြစ်သည်။

အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ခဲ့သည့် အာရပ်နွေဦးဟု ကမ္ဘာကျော်ခဲ့သော အာရပ်နိုင်ငံများ၏ တော်လှန်ရေးတွင် လူမှုကွန်ရက်များက အရေးပါခဲ့သည်။ အာဏာရှင်ကို ဖြုတ်ချရေးအတွက် လူမှုကွန်ရက်တွင် လူထုအင်အားကို စုစည်းနိုင်ခဲ့သည်။ အီဂျစ်နိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် အင်တာနက်လိုင်းများကို အချိန်အတော်ကြာ ဖြတ်တောက်ထားရသည်အထိ လူမှုကွန်ရက်အင်အားကို အာဏာရှင်တို့က အသိအမှတ်ပြုခဲ့ရသည်။

သို့သော် အိမ်နီးချင်းထိုင်းနိုင်ငံတွင်မူ ရှပ်နီရှပ်ဝါနိုင်ငံရေး အရှုပ်အထွေးမှာ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်ကြောင့်ပင် ပိုမိုပြင်းထန်လာခဲ့ပြီး ပဋိပက္ခကို ပိုမိုကြီးထွားလာစေသည်။ Enter တစ်ချက်ခေါက်လျှင် မီးဟုန်းဟုန်းတောက်သွားစေရမည်ဟု ပြောစမှတ်ပြုရသည်အထိ ကမ္ဘာတွင် ဆိုရှယ်မီဒီယာ အင်အားကြီးလာခဲ့သည်။ မြန်မာနိုင်ငံသည်လည်း ဆိုရှယ်မီဒီယာကို မတွန်းလှန်နိုင်ပါ။ အထူးသဖြင့် ၂၀၁၅ ရွေးကောက်ပွဲနီးကပ်လာချိန်တွင် နိုင်ငံရေးတွင် ဘာသာရေး၊ လူမျိုးရေးကို အသုံးချလှုပ်ရှားမည့် အရိပ်အယောင်များကို ဆိုရှယ်မီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် မီးမွှေးနေသူများ ရှိလာနေပါသည်။

‘‘ရခိုင်ကော်မရှင်အဖြစ်နဲ့ ရခိုင်မှာ ခြောက်လလောက် သွားနေခဲ့ရတယ်။ အဲဒီမှာ လွယ်လင့်တကူပြောလိုက်တဲ့ စကားတစ်ခွန်းက လူတစ်စုလုံးကို ချက်ချင်း မီးလောင်တိုက်သွင်းခံလိုက်ရမယ့် အပေါက်ဖြစ်အောင် တာဝန်ရှိသူတွေကိုယ်တိုင်က ပြောတာလည်း ကျွန်တော့်နားနဲ့ ဆတ်ဆတ်ကြားလိုက်ရတယ်။ ဒီတော့ တိုင်းပြည်အတွက် လောလောဆယ်မှာ မချစ်ရင်နေပါ။ မမုန်းရင်တော်ပြီဆိုတဲ့ စိတ်ကလေးရှိဖို့ လိုပါတယ်။ အကျိုးရှိတဲ့စကားတွေကိုပဲ ပြောစေလိုပါတယ်’’ဟု ပန်းစကားလှုပ်ရှားမှုတွင် ပါဝင်မည့် ဇာဂနာကပြောသည်။

ယမန်နှစ်က ပြန်ကြားရေးဝန်ကြီးဌာနနှင့် အမေရိကန်သံရုံးတို့ ပူးပေါင်းပြုလုပ်သည့် အမုန်းတရားကို ကြီးထွားစေသော ရေးသားမှုများနှင့် ဆိုရှယ်မီဒီယာ အလုပ်ရုံဆွေးနွေးပွဲ၌ လူထုအခြေပြုလှုပ်ရှားမှုများ၊ တိုင်ကြားနိုင်သည့်ဝက်ဘ်ဆိုက်များ လုပ်ဆောင်ရန် အကြံပြုခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးရဲထွဋ်ကပြောသည်။

‘‘ကိုနေဘုန်းလတ်တို့လုပ်တဲ့ ပန်းစကားလှုပ်ရှားမှုက ကြိုဆိုရမှာပါ။ အင်တာနက်လွတ်လပ်ခွင့်ကို မထိခိုက်စေဘဲနဲ့ အမုန်းတရားကို ရှေးရှုတဲ့ ရေးသားချက်များကို တားဆီးနိုင်ဖို့၊ ပြည်သူတွေ အထူးသဖြင့် လူငယ်တွေကြားမှာ အင်တာနက်ပေါ်က တွေ့သမျှမယုံအောင် ပညာပေးနိုင်မယ့် နည်းလမ်းတွေရှာဖို့ IMS နဲ့ပေါင်းပြီး ဆွေးနွေးနေပါတယ်’’ဟု ၎င်းကပြောသည်။

ဖေ့စ်ဘွတ်ခ်တွင် hate Speech များကို စောင့်ကြည့်ဖြုတ်ပစ်ရန် မြန်မာစာတတ်ကျွမ်းနားလည်သူ အရာရှိတစ်ဦးကို ဖေ့စ်ဘွတ်ခ်က ခန့်အပ်ထားလိုက်ရသည်။ အစိုးရက ပြဿာနာမီးမွှေးနေသည့် အကောင့်များကို တားဆီးရန် တိုင်ကြားနိုင်သည့်ဝက်ဘ်ဆိုက် ပြုလုပ်လိုသော်လည်း မြန်မာပြည်က အွန်လိုင်းသုံးစွဲသူများက အင်တာနက်လွတ်လပ်ခွင့်ကို ပြန်ကန့်သတ်မည့် အစိုးရလုပ်ရပ်ဟုဆိုကာ လက်မခံခဲ့ပေ။

သို့သော် ဘာမျှမရှိတာထက်စာလျှင်တော့ ပန်းစကားလိုအဖွဲ့မျိုး ပေါ်ပေါက်လာခြင်းကို ကြိုဆိုသူများရှိပါသည်။ ပန်းစကားလှုပ်ရှားမှုတွင် MIDO၊ ပေါင်းကူးအဖွဲ့ စသည်တို့ပါဝင်ထားပြီး အရပ်ဘက်အဖွဲ့အစည်းများ တတ်နိုင်သမျှ လာရောက်ပူးပေါင်းရန် ဖိတ်ခေါ်ထားသည်။

‘‘အွန်လိုင်းမှာ ပရိုဖိုင်းပုံအမှန်တင်ပြီး တာဝန်ယူမှုရှိတဲ့စကားတွေပဲ ရေးသားသင့်တယ်။ ပရိုဖိုင်းအမှန်မသုံးဘဲ မသမာတဲ့ရည်ရွယ်ချက်နဲ့ ဘာသာရေးမှမဟုတ်ဘူး။ တခြားပဋိပက္ခတွေကိုဖြစ်အောင် အသုံးချနေတာတွေရှိနေတယ်။ အခု ကိုနေဘုန်းလတ်တို့လုပ်တဲ့ ပန်းစကားလှုပ်ရှားမှုတွေဟာ တကယ်ကောင်းတယ်။ လိုအပ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဒီ Hate Speech တွေကို ထိန်းသိမ်းဖို့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို မထိခိုက်တဲ့ ဥပဒေတစ်ရပ်လည်း ပြဋ္ဌာန်းသင့်ပါတယ်’’ဟု တက္ကသိုလ်ကျောင်းသားများသမဂ္ဂဖြစ်မြောက်ရေးအဖွဲ့မှ ကိုစည်သူမောင်ကပြောသည်။

7 Day News Journal

ယခုရာသီတွင် မိုးကြိုးပစ်ခြင်း၊ လေဆင်နှာမောင်းတိုက်ခတ်ခြင်းနှင့် မိုးသက်လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပွားနိုင်ဟုဆို


ကောင်းထက် Yangon Times Journal အတွဲ (၁၀) အမှတ် (၁၄)

ရန်ကုန်၊ မိုးကြိုးပစ်ခြင်း၊ လေဆင်နှာ မောင်းတိုက်ခတ်ခြင်းနှင့် မိုးသက်လေ ပြင်းများ တိုက်ခတ်ခြင်းတို့မှာ ယခုအ ချိန်တွင် ဖြစ်ပွားနိုင်သည့်အတွက် အထူးဂရုစိုက်ရမည့် ရာသီဥတုဖြစ် စဉ်တစ်ခုဖြစ်ကြောင်း မိုးလေဝသ ပညာရှင်ဒေါက်တာထွန်းလွင်က ပြော ကြားလိုက်သည်။

ယခုရာသီမှာ မိုးကြိုကာလဖြစ် ပြီး နွေရာသီမှမိုးရာသီသို့စတင်ကူး ပြောင်းချိန်ဖြစ်သောကြောင့် ရာသီ များ အထိုင်မကျသေးသော အချိန် ကာလဖြစ်ကြောင်း၊ နွေရာသီကာလ (မတ် ၁ ရက်မှ ဧပြီ ၁၅ ရက်ထိ) တွင် လေထုမငြိမ်သက်မှုများ ဖြစ်လာပြီး မိုးတိမ်တောင်များ ဖြစ်လာနိုင်သော ကြောင့် ဖြစ်သည်ဟုသိရသည်။

''ဒီလိုလေပြင်းတွေတိုက်တာ၊ စိုက်ဆင်းလေပြင်းတိုက်တာမျိုးနဲ့ လေ ဆင်နှာမောင်းတိုက်တာမျိုးက မိုး တိမ်တောင်ကြောင့် ဖြစ်တာပါ။ မိုး ကြိုးပစ်တာလဲ မိုးတိမ်တောင်ကြောင့် ဖြစ်တာပဲ။ မြန်မာနိုင်ငံအနေနဲ့လဲ မိုး ကြိုးပစ်လို့ လူသေဆုံးတာ တစ်နှစ် ထက် တစ်နှစ်မြင့်လာတာ အားလုံး လဲသိကြတာပဲ။ ဒါကြောင့် ဒီရာသီ မျိုးမှာဖြစ်တတ်တဲ့ ရာသီဥတုဖြစ်စဉ် အကြောင်းတွေကို ကြိုတင်သိထား နိုင်ပြီး သတိထားရင် အကောင်းဆုံး ပဲ''ဟု မိုးလေဝသနှင့်ဇလဗေဒပညာ ရှင်ဒေါက်တာထွန်းလွင်က ပြောကြား လိုက်သည်။

မိုးကြိုကာလတွင် ဖြစ်ပေါ်တတ် သည့် မိုးတိမ်တောင်များကြောင့်ဖြစ် ပေါ်လာနိုင်သည့် ရာသီဥတုဖြစ်စဉ် များမှာ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ် ခြင်း၊ မိုးခြိမ်းခြင်း၊ မိုးသက်လေပြင်း တိုက်ခတ်ခြင်း၊ နေရာကွက်ပြီးမိုးကြီး ခြင်း၊ မိုးသီြးေ<ွကကျခြင်း၊ လေဆင် နှာမောင်း၊ ရေဆင်နှာမောင်းတိုက် ခတ်ခြင်း၊ စိုက်ဆင်းလေပြင်းတိုက် ခတ်ခြင်း၊ ပင်လယ်မီးစုန်းတောက် ခြင်းများ ဖြစ်တတ်ကြောင်း ဆက် လက်ပြောကြားသည်။

မိုးကြိုကာလတွင် ပူပြင်းသော မြေပြင်အပေါ်သို့ ရေငွေ့ပါသောလေ များသည် တစ်စတစ်စဖြင့် ပိုမိုဝင် ရောက်လာသော ကာလဖြစ်ကြောင်း၊ အဆိုပါကာလတွင် အဖြစ်အများ ဆုံးသော မိုးတိမ်တောင်များသည် အလွန်ထုထည်ကြီးမားပြီး မြင့်မား သော တိမ်ထုများဖြစ်၍ တိမ်အောက် ခြေသည် ပေ ၁၅ဝဝ ခန့်အထိနိမ့် ဆင်းနေတတ်ကာ တိမ်ထိပ်သည် ပေ ၄၅ဝဝဝမှ ၅၅ဝဝဝ အထိရှိတတ် ကြောင်း၊ ¤င်းတိမ်ထုများကို မိုးရွာ စေတတ်သော တိမ်ထု (Cumulusnimbus) ဟု ခေါ်ဆိုကြောင်း သိရ သည်။

Yangon Media Group

လက်ထိတ်သံကြိုးတန်းလန်းနှင့် ဆေးရုံတက်ခဲ့ရသည့်အမျိုးသမီး ၁၃ရက်ကြာအချုပ်ခံရပြီးနောက် တရားရုံးမှပုဒ်မ ပြောင်းလဲ


(Yangon Times Journal အတွဲ (၁၀) အမှတ် (၁၄) )

သော်ဇင်ထက် ၊ ရန်ကုန်၊

လက်ထိတ်သံကြိုးတန်းလန်း နှင့် ဆေးရုံတက်ခဲ့ရသည့် အမျိုးသမီး ၁၃ရက်ကြာ အချုပ်ခံရပြီးနောက် တ ရားရုံးမှ ပုဒ်မပြောင်းလဲလိုက်သဖြင့် အာမခံရရှိကာ နေအိမ်သို့ ပြန်လည် ရောက်ရှိနေပြီဖြစ်ကြောင်း အဆိုပါ အမျိုးသမီး၏ခင်ပွန်းက ပြောသည်။

ထိုအမျိုးသမီးမှာ လေဆာဝေါ တွင် လေးလကြာ ရုပ်သံတင်ဆက်သူ အဖြစ် လုပ်ကိုင်ခဲ့သူ မဆုဆုအောင် ဖြစ်ပြီး ရုပ်ရှင်ရိုက်ကူးမည့် ဇာတ်လမ်း တွင် သရုပ်ဆောင်အဖြစ် ရွေးချယ်ခံ ခဲ့ရပြီးနောက် အလုပ်မှထွက်ခွာခဲ့ရာ ဇာတ်ညွှန်းမိတ္တူ ပါရှိသွားသဖြင့် ကုမ္ပဏီ၏ တရားစွဲဆိုခြင်းကို ခံခဲ့ရ ခြင်းဖြစ်သည်။

ထိုအမျိုးသမီးအား ဆေးရုံတွင် လက်ထိတ်ခတ်ကာ သံကြိုးတန်းလန်း ဖြင့် ချည်နှောင်ခဲ့မှုကြောင့် ဖေ့စ်ဘွတ်ခ် ပေါ်တွင် တေးသံရှင် Cobra မှ တင် လိုက်သည့်အတွက် လူပြောများခဲ့ပြီး ဇာတ်ညွှန်းပိုင်ရှင်ဖြစ်သူ Laser World ကုမ္ပဏီက Cobra အား တရားစွဲဆိုရန် စီစဉ်သွားမည်
ဖြစ်ကြောင်းကိုလည်း ကုမ္ပဏီပိုင်ရှင် ဦးအောင်ကြူဟိန်းက ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ခင်ပွန်း ဖြစ်သူက ''ကျွန်တော့်အမျိုးသမီးကို အစတုန်းက ရဲစခန်းမှ အာမခံမရတဲ့ ပုဒ်မ ၃၈၁နဲ့ အမှုဖွင့်တယ်။ နောက် တော့ တရားရုံးကို အမှုတင်ဖို့လုပ်တဲ့ အခါ တရားရေးအရာရှိက ဒီအမှုက ပုဒ်မ ၃၈၁ တပ်ခွင့်မရှိဘူးဆိုပြီး ရဲအ ရေးမပိုင်တဲ့အတွက် ပုဒ်မ ၄ဝ၃ကို ပြောင်း လဲပေးလိုက်တယ်''ဟု ပြောသည်။

မဆုဆုအောင်မှာ လေဆာဝေါ ကုမ္ပဏီတွင် ၂ဝ၁၃ ခုနှစ် မတ်လမှ စက်တင်ဘာလအထိ လေးလကြာ ရုပ်သံတင်ဆက်သူအဖြစ် လုပ်ကိုင် ခဲ့ပြီး အလုပ်မှထွက်ခွာပြီးနောက် ချစ် သူနှင့် သြဂုတ်လတွင် ခိုးရာလိုက်ပြေး ခဲ့ကြောင်း ဇာတ်ညွှန်းမိတ္တူအား ခိုး ယူခံရမှုဖြင့် ၂ဝ၁၄ မတ်လတွင် ကုမ္ပ ဏီမှ တရားစွဲဆိုခြင်း ဖြစ်သည်။

''ကျွန်တော့်အနုပညာဖြစ်တဲ့ အတွက် မိတ္တူလဲ တန်ဖိုးထားပါတယ်။ ဇာတ်ညွှန်းကို ဇာတ်လမ်းမရိုက်ခင် အိမ် ကိုယူခွင့်မပေးထားပါဘူး။ ဒါကိုသူက ယူသွားတာပါ။ သူကလဲ ယူသွားတယ် လို့ပြောပါတယ်။ ကုမ္ပဏီပစ္စည်းပျောက် တဲ့အတွက် စီမံရေးရာမန်နေဂျာကို တရားလိုလုပ်ပြီး ဒီကောင်မလေးကို တရားစွဲရတာပါ''ဟု ဦးအောင်ကြူ ဟိန်းက ဆက်ပြောသည်။

ယခုအချိန်တွင် ပစ္စည်းကို မရိုး မဖြောင့်သောသဘောဖြင့် အလွဲသုံး စားပြုမှု ပုဒ်မ ၄ဝ၃ ဖြင့် စွဲချက်တင် ထားသဖြင့် တရားရုံးတွင် အမှုဆက် လက် ရင်ဆိုင်သွားမည်ဖြစ်ကြောင်း မဆုဆုအောင်၏ခင်ပွန်းဖြစ်သူ ကိုဖြိုး အောင် ဝင်းကပြောသည်။

ဖေ့စ်ဘွတ်ပေါ်တွင် ဓာတ်ပုံတင် ခဲ့သူ တေးသံရှင် Cobra(ကော်ဘရာ) ကိုလည်း ကျောက်တံတားရဲစခန်းတွင် မတ်လ ၂၉ ရက်က တိုင်ချက်ဖွင့်ခဲ့သည်။

''သူတို့အမှုဖွင့်ရင်လဲ ရင်ဆိုင်ရုံ ပေါ့။ ကျွန်တော့်ဘက်က ဒါနဲ့ပတ်သက် ပြီး ရင်မခုန်ပါဘူး။ အခုထိတော့ ကျွန် တော့်ဆီကို အကြောင်းကြားစာ မ ရောက်သေးပါဘူး''ဟု Cobra က ရန်ကုန်တိုင်းမ်ဂျာနယ်သို့ ပြောသည်။

Yangon Media Group 

ဖြိုးငွေစိုးတို့ မင်္ဂလာဆောင် အချစ်တွေ တည်မြဲစေဖို့ လုပ်ဖော်ကိုင်ဖက်တွေ ဆုတောင်း


ရုပ်ရှင်သရုပ်ဆောင် ဖြိုးငွေစိုးနဲ့ မော်ဒယ် ဇင်ဇင်တို့ဟာ ဧပြီ ၁ရက်နေ့မှာတော့ မြရိပ်ညိုဟိုတယ်မှာ လက်မှတ်ရေးထိုးပြီး မင်္ဂလာဆောင်ဧည့်ခံပွဲကို ညပိုင်းမှာ ကျင်းပခဲ့ပါတယ်။ အနုပညာရှင် ဇနီးမောင်နှံရဲ့ မင်္ဂလာဧည့်ခံပွဲကို မိတ်ဆွေအပေါင်းအသင်းတွေ စုံစုံလင်လင်ပဲ တက်ရောက်ခဲ့ပါတယ်။

သတို့သားအရန်အဖြစ်နဲ့ မင်္ဂလာဆောင် အခမ်းအနားမှာ ပါဝင်ခဲ့တဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က ဖြိုးငွေစိုးတို့ ဇနီးဆောင်နှံအတွက် အချစ်တွေ ရာသက်ပန်တည်မြဲပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်။

မင်္ဂလာဝတ်စုံနှစ်မျိုးနဲ့ မင်္ဂလာဧည့်ခံပွဲကို ထူးထူးခြားခြား ကျင်းပခဲ့ပြီး ခင်မင်ရင်းနှီးတဲ့ အနုပညာ လုပ်ဖော်ကိုင်က်တွေက မင်္ဂလာပွဲအဝင်ဝမှာ အမှတ်တရစာသားတွေ ရေးပေးခဲ့သလို စင်မြင့်ပေါ်မှာလည်း အမှတ်တရ စကားတွေ ပြောခဲ့ကြပါတယ်။

ဧည့်ခံပွဲမှာတော့ တယောနဲ့ စန္ဒရားပညာရှင်တွေက တီးခတ်ဖျော်ဖြေခဲ့သလို အဆိုတော် R ဇာနည်ကလည်း မင်္ဂလာသီချင်းနဲ့ ဂုဏ်ပြုပေးပါတယ်။ သတို့သားအရန်အဖြစ် စိုင်းစိုင်းခမ်းလှိုင်အပြင် ဟက်ကတ်နဲ့ အောန်ဆိုင်းတို့က ပါဝင်ပေးခဲ့ပါတယ်။



Kamayut Media

မစ္စတာ နမ်ဘီးယား KIOနဲ့ လိုင်ဇာမှာ သွားရောက်ဆွေးနွေး


ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mr.Vijay Nambiar ဟာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ်အခြေစိုက်တဲ့ လိုင်ဇာမြို့မှာ ကေအိုင်အို ဗဟိုကော်မတီဝင်တွေနဲ့ ဒီနေ့ သွားရောက်တွေ့ဆုံပြီး အပစ်အခတ်ရပ်စဲရေးကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေး ခဲ့တယ်လို့ သိရပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကိစ္စတွေမှာ ဖြစ်နိုင်တဲ့အခန်းကဏ္ဍကနေ ယုံကြည်မှုတည်ဆောက်တဲ့အနေနဲ့ တွေ့ဆုံဆွေးနွေး ကြမှာဖြစ်တယ်လို့ ခရီးစဉ်ကို လိုက်ပါသွားတဲ့ မြစ်ကြီးနား မြို့အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က ဦးဆန်းအောင်က ပြောပါတယ်။

“မစ္စတာ နမ်ဘီးယားက KIO ဗဟိုကော်မတီဝင်တွေ နဲ့ တွေ့မှာပါ၊ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် သူတို့ ပါဝင်ခဲ့တယ်ဆိုတော့ ငြိမ်းချမ်းရေးကိစ္စပဲ ဆွေးနွေး ကြမှာပါ၊ NCCT အစည်းအဝေးအမှီ ဖြစ်နိုင်တဲ့အခန်းကဏ္ဍနဲ့ ယုံကြည်မှုတည်ဆောက်ပေးတဲ့အနေနဲ့ လာရောက်တာပါ”

ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့က မစ္စတာ နမ်ဘီးယားဟာ လိုင်ဇာမြို့ကိုသွားဖို့ စီစဉ်ထားပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ဒီနေ့မှ သွားရောက်နိုင်တာလို့ သိရပါတယ်။

မစ္စတာ နမ်ဘီးယားဟာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေမှာ ကုလသမဂ္ဂရဲ့ လေ့လာသူ ကိုယ်စားလှယ်အဖြစ် တက်ရောက်နေ သူ ဖြစ်ပါတယ်။

အခု လိုင်ဇာခရီးစဉ်ဟာ သူ့ရဲ့ဒုတိယမြောက်ခရီးစဉ်ဖြစ်ပြီး ၂၀၁၃ခုနှစ် သြဂုတ်လကုန်ပိုင်းတုန်းက ပထမဆုံးအကြိမ်အဖြစ် သွားရောက်ခဲ့ပါတယ်။

RFA Burmese

Urinary Tract Infection (1) ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (၁)



ဆီးလမ်းကြောင်းဆိုတဲ့ ကျောက်ကပ်၊ ဆီးထွက်ပြွန်၊ ဆီးအိမ် နဲ့ ဆီးသွားပြွန် တနေရာရာမှာ ရောဂါပိုးဝင်တာ ခံကြရတယ်။ ဆီးအိမ်မှာဖြစ်တာက သိပ်မဆိုးပါ။ ချက်ချင်းကုရင် ကောင်းသွားမယ်။ မဟုတ်ရင်တော့ ကျောက်ကပ်အထိ ပိုးရောက်သွားနိုင်တယ်။ ဒါဆိုရင် ဆိုးတယ်။

ဆီးအိမ်ပိုးဝင်ခြင်း လက္ခဏာများ
• ဆီးသွားတိုင်း ပူပြီး နာမယ်။
• ဆီးခဏခဏသွားချင်စိတ် ဖြစ်နေမယ်။
• ဆီးစပ် ဗိုက်အောက်ပိုင်းနေရာက နာမယ်။
• ဆီးထဲ အနယ်ပါမယ်။ ဆီးနံ့ဆိုးတယ်။
• ဆီးထဲ သွေးလဲပါတတ်တယ်။
• တချို့မှာ အဲလိုဟာတွေ မခံစားရဘူး။

ကျောက်ကပ်ရောင်ခြင်း လက္ခဏာများ
• ကျောက်ကပ်တည်ရာ နောက်ကျော ဘယ်-ညာ ဖြစ်တဲ့ဘက်မှာနာမယ်။
• ကိုယ်ပူမယ်။ ချမ်းမယ်။
• ပျို့ချင်-အန်ချင်မယ်။
• ဆီးစစ်မှ ပိုး (ပြည်-ဆဲလ်) တွေ့ပြီး ရောဂါလက္ခဏာတွေ မခံစားရတာလဲ ရှိတယ်။ ကိုယ်ဝန်ရှိနေရင်တော့ ဆေးကုမှ ကောင်းတယ်။ ကလေးတွေကိုလဲ ဆေးကုရမယ်။

ဆရာဝန်ပြဘို့ မလွဲမသွေလိုသူတွေ
• ကိုယ်ဝန်ဆောင်၊
• အသက်ကြီးသူ၊
• ဆီးချိုရှိသူ၊
• ကျောက်ကပ်ရောဂါရှိထားသူ၊
• ခုခံအား မကောင်းသူ။

တခြားရောဂါတွေလဲ ဖြစ်နိုင်တယ်။
• (STD) လိင်ကတဆင့် ကူးစက်ရောဂါတွေ ဥပမာ -
၁။ Chlamydia (ကလာမိုင်ဒီယား)၊
၂။ Gonorrhea (ဂနိုရီးယား)၊
၃။ Trichomoniasis (ထရွိုင်ကိုမိုးနပ်စ်)၊

တိတ်တိတ်လေး နောက်ဆက်ဖြစ်စေနိုင်တာတွေ ရှိတယ်။
• ဆီးအိမ်ကနေ ကျောက်ကပ်ဆီရောက်နိုင်တယ်။ တဖက်ထဲဖြစ်ဖြစ် နှစ်ဖက်လုံးဖြစ်ဖြစ် ပိုးဝင်တာခံရမယ်။
• ကျောက်ကပ်ကို အလုပ်ဆက်မလုပ်နိုင်စေတာအထိ ဖြစ်လာနိုင်တယ်။
• အစကတည်းက ကျောက်ကပ် သိပ်မကောင်းသူဆိုရင် ပိုဆိုးစေမယ်။
• ရှားရှားပါးပါး ပိုးက သွေးထဲရောက်ရင် တခြားနေရာတွေအထိ ပိုးရောက်ကုန်မယ်။

ဘယ်ကနေစသလဲ
• အူတွေထဲမှာနဲ့ မျိုးပွါးလမ်းကြောင်းထဲမှာ (ဗက်တီးရီးယား) တွေရှိနေကြတယ်။
• တကယ်တော့ ဆီးဆိုတာ မကောင်းပေမဲ့ ကျန်းမာနေရင် ပိုးတွေရှိမနေပါ။
• E. coli ပိုးကနေဖြစ်တာများတယ်။ အမှတ်မထင် ရောက်လာတယ်လို့ ပြောရမယ်။
• ဆီးလမ်းအဝကနေ အထက်တက်မယ်။ အမျိုးသမီးတွေက ဆီးသွားလမ်းတိုကြလို့ ပိုအဖြစ်များကြတယ်။

ဖြစ်နိုင်ခြေများသူတွေ
• လိင်ဆက်ဆံမှု ဖြစ်နိုင်-ဖြစ်နေသူ အမျိုးသမီးများ၊
• ရေ-အရည်သောက်နည်းသူများ၊
• ရေစိမ်ပြီး ခဏခဏချိုးသူများ၊
• ဆီးသွားချင်ပေမဲ့ မသွားသေးဘဲ အောင့်ထားသူများ၊
• ကျောက်ကပ်မှာ ကျောက်ရှိနေသူများ။

ရောဂါသေခြာအောင်လုပ်ခြင်း
Urinalysis ဆီးစစ်ခြင်း၊ (ဗက်တီးရီးယား) တွေ ပါနေ-မနေ စစ်မယ်။
ဆီးထဲမှာ သွေးဖြူဥနဲ့ သွေးနီဥတွေကိုလဲ ရေတွက်မယ်။
Dipstick test နည်းနဲ့စစ်တာမြန်တယ်။
(ဗက်တီးရီးယား) အမျိုးအစားလဲ ခွဲဘို့လိုရင်လုပ်တယ်။

ဆီးလမ်းပိုးဝင်တာနဲ့ ဆီးချို
• ပိုအဖြစ်များတယ်။
• ခုခံအားလဲ နည်းနေတာရယ် သကြားဓါတ်ကြောင့် ပိုးတွေပိုပြီး ပွါးလွယ်တာရယ်ကြောင့်ဖြစ်နိုင်တယ်။
• ဆီးအိမ်သွား အာရုံကြောလဲ သိပ်မကောင်းနေတာကြောင့်လဲ ဖြစ်နိုင်တယ်။

ယောက်ျားတွေ ဆီးအောင့်ခြင်း
အဖြစ်နည်းတယ်။ ဖြစ်ရင် တခြားအခံ ကျန်းမာရေးအခြေအနေတခုခု ရှိနေနိုင်တယ်။ ဥပမာ ကျောက်ကပ်-ကျောက်၊ ဆီးအကျိတ် ကြီးနေခြင်း၊ STDs လိင်ကတဆင့် ကူးစက်ရောဂါ။

Honeymoon Cystitis မင်္ဂလာဦး ဆီးအောင့်ခြင်း
• အဖြစ်များတယ်။
• ဆက်ဆံမှုကြောင့် (ဗက်တီးရီးယား) တွေကို နေရာပြောင်းပို့ပေးသလိုဖြစ်စေတယ်။
• တကယ်တော့ မင်္ဂလာဦးမှာသာ ဖြစ်တာ မဟုတ်ပါ။ အိမ်ထောင်မပြုသေးဘဲ ဆက်ဆံမှု စပြုသူတွေလဲ ဖြစ်သလို ကလေးအမေ ဖြစ်ပြီးမှလဲ ဖြစ်တယ်။
• ကိုယ်ဝန်တားဘို့သုံးရတဲ့ Diaphragm သားအိမ်ဝအဖုံး သုံးသူတွေလဲ ဖြစ်နိုင်တယ်။

ဘယ်လိုကုမလဲ
• ပဋိဇီဝဆေးနဲ့ ပျောက်တယ်။
• ရေ-အရည်များများသောက်ပါ။
• ဆီးသွားချင်ရင် အောင့်မထားပါနဲ့။
• ကျောက်ကပ် ပိုးဝင်တာကို ဆိုးမှသာ ပဋိဇီဝထိုးဆေးလိုမယ်။
• ပြန်ပြန်ဖြစ်နေရင် -
၁။ ပဋိဇီဝဆေးနည်းနည်းကို ကြာရှည်သောက်ပါ။
၂။ လိင်ဆက်ဆံပြီးတိုင်း ပဋိဇီဝဆေးတကြိမ်သောက်ပါ။
၃။ ဆီးအောင့်တယ်ထင်တာနဲ့ ချက်ချင်း ပဋိဇီဝဆေး သောက်လိုက်ပါ။

ဆီးလမ်းပိုးဝင်တာနဲ့ ကိုယ်ဝန်
• ကျောက်ကပ်အထိပိုးဝင်တာ ဖြစ်လွယ်တယ်။
• ဟော်မုန်းတွေကြောင့်လဲ ဖြစ်နိုင်တယ်။
• ကြီးလာတဲ့သားအိမ်က ဆီးလမ်းကို ဖိနေလို့ ဆီးကို အောင့်ထား၊ အောင်းထားသလိုဖြစ်နေစေတယ်။

ဆီးလမ်းပိုးဝင်တာနဲ့ သွေးဆုံးခြင်း
• သွေးဆုံးချိန်မှာ (အီစထိုဂျင်) ဟော်မုန်း နည်းလာတယ်။ ဆီးအိမ် နဲ့ (ဗဂျိုင်းနား) ကို ပိုးဝင်လွယ်စေမယ်။
UTIs in the Elderly အသက်ကြီးသူတွေ
• ပိုဖြစ်ကြတယ်။ ခံစားရတာ ဖြစ်နေကြနဲ့ မတူတတ်ဘူး။ ကရောင်ခြောက်ခြားဖြစ်တာ၊ စိတ်ကရောက်ကယက် ဖြစ်တာ ဆိုရင် ဆီးကိုစစ်ဘို့မမေ့ရပါ။

ဆေးရုံလူနာ
• ရောဂါတခုခုနဲ့ ဆေးရုံတက်နေရရင် ဆီးလမ်းပိုးဝင်တာ ပိုဖြစ်နိုင်တယ်။ ဆီးပိုက်တပ်ထားရရင် သေခြာပေါက် ဖြစ်နိုင်တယ်။

ကလေးငယ်ငယ်လေးတွေ
• မပြောတတ်လို့ ဒါတွေဖြစ်နေရင် သတိပြုပါ -
• ဘာလို့မှန်မသိဘဲ ကိုယ်ပူမယ်၊
• ဆီးအနံ့မကောင်းဖြစ်မယ်၊
• အစားပျက်မယ်၊ အန်မယ်၊
• အမူအယာ တမျိုးဖြစ်မယ်။
• အသက် ၁၁ နှစ်သမီးတွေ ၃% ၁၁ နှစ်သားတွေ ၁% မှာ ဆီးလမ်း ပိုးဝင်တယ်။
• အိမ်သာထဲမှာ ကြာနေရင် သတိထားကြည့်ပါ။
• တချို့ကလေးတွေမျာ မွေးရာပါ ဆီးလမ်းအားနည်းချက် ရှိနေနိုင်တယ်။
• ရေအိမ်သွားနည်း သင်ထားပေးပါ။

ဘယ်လိုကာကွယ်မလဲ
• ရေများများသောက်ပါ၊
• လိင်ကိစ္စ မတိုင်ခင်နဲ့ အပြီးတိုင်းဆီးသွားပါ၊
• သန့်ရှင်းရေးလုပ်ရာမှာ လက်ကို ရှေ့ကနေ နောက်ဘက်ဆီသာ တလမ်းသွားလုပ်ပါ၊
• Feminine hygiene sprays မိန်းမကိုယ်သန့်ရှင်းရေး ဆေးရည်တွေ မသုံးပါနဲ့။
• ရေချိုးရင် ကြွေကန်ထဲ စိမ်မချိုးဘဲ အထက်ကနေ မိုးရွာသလို ကျနေတဲ့ ရေချိုးနည်း လုပ်ပါ။

Cranberry (ခရင်ဘယ်ရီ) သီး
ဆီးအောင့်သူများအတွက် အလွန်ကောင်းတယ်လို့ ပြောကြတယ်။ ကာကွယ်ရာမှာသာ ကောင်းတယ် ဖြစ်နေတာကိုတော့ ပျောက်အောင် မစွမ်းဆောင်နိုင်ပါ။ အရွယ်လတ် အမျိုးသမီးတွေအတွက် ပိုသင့်တယ်။ ဆေးလုံး-ဆေးတောင့်လုပ် ရောင်းတာလဲ ရှိတယ်။

==========================

Urinary Tract Infection (2) ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (၂)



မင်္ဂလာပါဆရာ ဆရာ့ရဲ့ ကျေးဇူးတွေကြောင့် ကျန်းမာရေးဗဟုသုတ တွေရရှိလို့ များစွာ ကျေးဇူးတင်ပါတယ်ဆရာ။ ကျမ မေမေက အသက် ၆၆ နှစ်ပါ။ ချင်းပြည်နယ် မင်းတပ်မြို့မှာ အသက် ၆ဝ အထိ နေထိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ 2 နှစ်က ကျောက်ကပ်မှာ ကျောက်တည်လို့ ညာဘက်ကျောက်ကပ် တစ်ခုလုံးကိုထုတ်လိုက်ရပါတယ် ဆရာ။ ခု မေမေက
ရံဖန်ရံခါ ဆီးပြန်ပြန်အောင့်နေတတ်ပါတယ်ဆရာ၊ မေမေက ဟင်းနုနွယ် အရမ်းကြိုက်တော့ တစ်ပတ်ကို ၂ ကြိမ် လောက်တော့ စားဖြစ်ခဲ့တာပေါ့။ ခု ကျမက ဆရာ့ရဲ့ ကျောက်ကပ်နဲ့ ပတ်သက်ပြီးရေးတဲ့စာတွေကိုဖတ်ပြီးမှ မေမေကို ဟင်းနုနွယ်ဟာ ကျောက်ကပ်နဲ့ မတည့်ကြောင်း မနေ့ကမှ ပြောပြလိုက်ပါတယ်ဆရာ။ နေ့စဉ် သောက်သုံးတဲ့ ရေတွေလည်း ရေသန့်ဘဲ သုံးပါတယ်။ ကျမသိချင်ဒါက
၁။ ဘာကြောင့်ဆီးပြန်ပြန်အောင့်ပါသလဲ၊
၂။ ဘာဆေးတွေသောက်သင့်ပါသလဲ၊
၃။ ကျောက်ကပ် တစ်ခုနှင့် မည်မျှအသက်ကြာရှည်နေ နိုင်ပါသလဲ ဆရာ။

ရှိရှိသမျှ အမျိုးသမီး-မိန်းကလေးထဲက တဝက်လောက်ဟာ တသက်တာမှာ အနည်းဆုံး တခါတော့ ဆီးအောင့်ဘူးကြတယ်။ ဆီးအိမ်မှာဖြစ်တာက သိပ်မဆိုးပါ။ ချက်ချင်း ကုသရင် ကောင်းသွားမယ်။ မဟုတ်ရင်တော့ အထက်တက်ပြီး ကျောက်ကပ်အထိ ပိုးရောက်သွားစေနိုင်တယ်။ ဒါဆိုရင် ဆိုးတယ်။

Urinary tract ဆီးလမ်းကြောင်းဆိုတာ ကျောက်ကပ်နှစ်ခု၊ ကျောက်ကပ်ကနေ ဆီးအိမ်ထဲဝင်တဲ့ ဆီးပြွန်နှစ်ခု၊ ဆီးအိမ်တခုနဲ့ ဆီးထွက်ပြွန်တခုတွေကို စုပေါင်းခေါ်တာ ဖြစ်တယ်။ ဆီးထွက်ပြွန်ရောင်တာကို Urethritis ခေါ်တယ်၊ ဆီးအိမ်ရောင်တာကို Cystitis ခေါ်ပြီး၊ ကျောက်ကပ်ရောင်တာကို Pyelonephritis လို့ ခေါ်တယ်။ ယောက်ျားဆီးကျိတ်၊ Epididymis ယောက်ျားအစိ၊ မွေးလမ်းရောင်တာမျိုးနဲ့ ဆက်စပ်နေသေးတယ်။

ဆီးအောင့်ရောဂါ ၁၈% တိုးလာနေတယ်။ ၂ဝ၁၈ ခုနှစ်ရောက်ရင် သန်းပေါင်း ၂၃ဝဝ ဒီရောဂါ ခံစားကြရနိုင်တယ်လို့ မြောက်-ကရိုလိုင်းနား၊ ဆေးတက္ကသိုလ် သုတေသနတခုက ဆိုလိုက်ပါတယ်။ တောင်အမေရိကားမှာ ၃ဝ%၊ အာဖရိကမှာ ၂ဝ့၅%၊ အာရှမှာ ၂ဝ%၊ မြောက်အမေရိက ၁၆% နဲ့ ဥရောပမှာ ၂့၅% ဒီရောဂါ ဖြစ်တာ တိုးလာနေတယ်။

ဆီးလမ်းကြောင်းရောင်တာကို ၈ဝ% ဖြစ်စေတဲ့ ဗက်တီးရီးယားကတော့ Escherichia coli (အီး-ကိုလိုင်) ဖြစ်တယ်။ Colon (ကိုလုံ) ခေါ်တဲ့ အူမကြီးထဲမှာ နေတဲ့အကောင်ဖြစ်ပါတယ်။ Klebsiella, Pseudomonas, Enterobacter, Proteus, Staphylococcus, Mycoplasma, Chlamydia, Serratia နဲ့ Neisseria ဆိုတာတွေကလဲ ဖြစ်နိုင်ပါတယ်။ Fungi မှိုတွေရဲ့နာမည်တွေက Candida နဲ့ Cryptococcus တွေဖြစ်ပြီး Parasites ပါရာဆိုက်ကတော့ Trichomonas, Schistosoma တွေ ဖြစ်ကြတယ်။

ဆီးလမ်းကြောင်းရောင်တာဟာ လိင်ဆက်ဆံလို့ မကူးစက်နိုင်ဘူးလို့ ယူဆသူများပေမဲ့ လေ့လာချက်တချို့ကတော့ ဆက်ဆံတာ ရှောင်နေဘို့ အကြံပေးထားတယ်။ (STD) လိင်ကတဆင့် ကူးစက်ရောဂါတွေဖြစ်စေတဲ့ ပိုးတွေကြောင့် ဆီးလမ်းကြောင်းရောဂါ ရတယ်ဆိုတာ မဟုတ်ဘူးလို့ အငြင်းပွါးသူ မရှိပါ။ Gonorrhea (ဂနိုးရီးယား) နဲ့ Chlamydia (ကလာမိုင်ဒီယား) ပိုးတွေက လိင်ဆက်ဆံရာကနေ ကူးစက်တယ်။

ဘယ်လိုလူတွေမှာ ပိုဖြစ်သလဲ။
ဆီးအသွားနည်းရင်၊ ဆီးလမ်းမှာ တခြားရောဂါတခုခုရှိနေရင်၊ ဥပမာ ကျောက်ကပ်ကျောက်၊ ဆီးထွက်လမ်းကျဉ်းတာ၊ ဆီးအကျိတ်ကြီးတာနဲ့ ဆီးလမ်း ပုံမှန်မဖြစ်တာတွေဖြစ်တယ်။ ဆီးပိုက်ထည့်ရသူ၊ ထည့်ထားရသူ၊ ကိုယ်ဝန် မရစေအောင် သုံးတဲ့ Diaphragm သားအိမ်ဝအဖုံးထည့်သူ၊ အဖေါ်ယောက်ျားကသုံးတဲ့ (ကွန်ဒွမ်) မှာ သုက်ပိုးသေဆေး သုက်ပိုးသတ်ဆေးပါရင်၊ ဗက်တီးရီးယားသွေးထဲ ပိုးရောက်နေသူတွေမှာ ကျောက်ကပ်ကို ပိုးရောက်လာနိုင်တယ်။ ဆီးကျိတ်ရောင်၊ ကျားအစိရောင်နဲ့ ဂရင်ဂျီနာတွေကပိုးလဲ ရောက်လာနိုင်တယ်။

ဆီးသွားလမ်းကြောင်းတိုလို့ အမျိုးသမီးတွေမှာ ဆီးလမ်းကြောင်းရောင်တာ ပိုဖြစ်တယ်။ အိမ်ထောင်ကျကာစ (အတူနေဘူးကာစ) ဆီးအောင့်တာကို Honeymoon cystitis ခေါ်တယ်။ ဆီးထွက်ပေါက် အဝဟာ စအိုနဲ့ မွေးလမ်းအဝတွေနဲ့သိပ်နီးကပ်တယ်။ သန့်ရှင်းရေးလုပ်ရင် လက်ကို ရှေ့နေ နောက်ဘက်ဆီသာ တလမ်းသွားလုပ်ပါ။

ရိုးရိုးဆီးအိမ်ရောင်တာအတွက်
• Norfloxacin 400mg တနေ့ ၂ ကြိမ်၊ ၃ ရက်၊ ဒါမှမဟုတ်
• Co-trimoxazole (Septrin) တခါသောက် ၂ ပြား၊ တနေ့ ၂ ကြိမ်၊ ၃ ရက်၊ (ဆီးအိမ်ရောင်တာ ပြန်ပြန်ဖြစ်သူ ကြာကြာ ဆက်သောက်ရမယ်။) (ဆာလ်ဖါနဲ့ မတည့်သူ မသောက်ရပါ။) ဒါမှမဟုတ်
• Amoxacilin 500 mg တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ပေါင်း ၄-၅ ရက်၊ (ပင်နယ်စလင် မတည့်ရင် မသောက်ရပါ။) ဒါမှမဟုတ်
• Augmentin 500-875mg တနေ့ ၃ ကြိမ်၊ ၃ ရက်၊ ပေါင်း ၄-၅ ရက်၊ ဒါမှမဟုတ်
• Azithromycin 1 gm တခါတည်းသောက်ပါ၊ ဒါမှမဟုတ်
• Ciprofloxacin 500 mg တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ပေါင်း ၄-၅ ရက်၊ ဒါမှမဟုတ်
• Doxycycline 100 mg တနေ့ ၂ ကြိမ် ၇ ရက် သောက်ပါ။
• Levofloxacin 250mg တနေ့ ၁ ကြိမ်၊ ၃ ရက်၊ ဒါမှမဟုတ်
• Nitrofurantoin 100 mg တနေ့ ၂-၄ ကြိမ် ၇ ရက်၊ ဒါမှမဟုတ်
• Ofloxacin 200mg တနေ့ ၂ ကြိမ်၊ ၃ ရက်၊ ဒါမှမဟုတ်

ဆိုးဝါးသူတွေကို
• Ampicillin 1 gram IV ၆ နာရီခြား + Gentamicin IV ထိုးပါ၊ (ပင်နယ်စလင် မတည့်ရင် မထိုးရပါ။) ဒါမှမဟုတ်
• Ciprofloxacin 200-400mg IV ၁၂ နာရီ ၁ ခါထိုးပါ၊ ဒါမှမဟုတ်
• Imipenem 500mg IV ၆ နာရီခြား ထိုးဆေးတွေပေးမယ်။
• Levofloxacin 250 to 500mg IV ၆ နာရီခြား ဒါမှမဟုတ်
• Piperacillin-tazobactam 3.375 grams IV ၆ နာရီခြားထိုး၊ ဒါမှမဟုတ်

(ဂနိုရီးယား) ပိုးကြောင့် ယောက်ျားဆီးပြွန်အဝရောင်ခြင်း၊ မိန်းမသားအိမ်အဝရောင်ခြင်း၊ ကျား-မ အာခေါင်ရောင်ခြင်း၊
• Ceftriaxone 125 mg IM ထိုးဆေး ၁ လုံး၊ ဒါမှမဟုတ်
• Cefixime 400 mg ၁ ပြား၊ + Azithromycin 1 g ၁ ပြား ဒါမှမဟုတ်
• Ciprofloxacin 500 mg ၁ ပြား၊ ဒါမှမဟုတ်
• Levofloxacin 250 mg ဒါမှမဟုတ်
• Ofloxacin 400 mg ၁ ပြား။
• Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၇ ရက် (Chlamydia infection မဟုတ်တာ မသေခြာရင်) သောက်ပါ။
• ဆီးထွက်ပြွန် ခဏခဏရောင်သူတွေကို Metronidazole 2 grams တခါတည်း + Erythromycin 800 mg တနေ့ ၄ ကြိမ်၊ ၇ ရက်။

ရှုတ်ထွေးတဲ့ ဂနိုရောဂါ၊
• Penicillin G 10 million units IV daily x 5 days;
• Ceftriaxone 1 Gm IV daily x 5 days;
• Ciprofloxacin 500 mg BD x 5 days;
• Levofloxacin 500 mg OD x 5 days;
• Endocarditis နှလုံးသားရောင်ရင် Ceftriaxone 1 Gm BD IV x 3 weeks

Penicillin ပင်နယ်စလင် မတည့်ရင်
• Cefpodoxime 400 mg ၁ ပြား၊ ဒါမှမဟုတ်
• Levofloxacin 250 mg တနေ့ ၁ ပြား၊
• Spetinomycin 1 Gm IM ထိုးဆေး ၁လုံး။

Chlamydia trachomatis ပိုးကြောင့် ဆီးလမ်းရောင်သူတွေကို
• Azithromycin 1 g x ၁ ရက်၊
• Doxycycline 100 mg တနေ့ ၂ ကြိမ်၊ x ၇ ရက်

သိပ်ဆိုးသူတွေကို ဆေးရုံတင်ကုရတတ်တယ်။ ဥပမာ Pyelonephritis ကျောက်ကပ်ရောင်တာ။ သွေးကြောထဲကနေ ဆေးပေးရတတ်တယ်။ လိင်လမ်းကကူးစက်တာမျိုးဆိုရင် ပဋိဇီဝ ပိုးသေဆေး တမျိုးမက လိုမယ်။ ဆေးကို လက္ခဏာ သက်သာသေမဲ့ ဆေးပါတ်လည်အောင် သောက်ရမယ်။ လက်မှတ်မလိုဘဲ ဝယ်လို့ရတဲ့ ဆေးတွေက ပိုးကိုတော့ သေစေမှာ မဟုတ်ဘူး။ ဥပမာ Uristat, Phenazopyridine, Pyridium, Urogesic နာတာကို သက်သာစေတယ်။ ရေ-အရည် များများသောက်ပါ။ ဆီးသွားချင်တာကို ထိန်းမထားပါနဲ့။ Cranberries or Blueberries juice သစ်သီးရည်အစစ် သောက်ပါ။ သကြား မများစေနဲ့။ Pineapple နာနတ်သီး စားပါ။ Vitamin C ဗီတာမင် စီ သောက်ပါ။

ဖြစ်တဲ့ မိန်းကလေး အသက်ငယ်ရင် ဒါမှမဟုတ် ကိုယ်ဝန်ရှိရင် ထိုးဆေးပေးတာ ကောင်းတယ်။ ၇ ရက် လိင်မဆက်ဆံရ။ အိမ်ထောင်သည်တွေဆိုရင် နှစ်ယောက်လုံး တပြိုင်တည်းဆေးကုပါ။ ကာကွယ်ဘို့က Latex condoms ကွန်ဒွမ် သုံးပါ။ လိင်ဆက်ဆံပြီးရင် ပဋိဇီဝဆေးတကြိမ်သောက်ပါ။ ဆီးအောင့်တယ်လို့ ခံစားရရင် ၂-၃ ရက်ဆက် သောက်ရမယ်။ Septrin 800 mg ဒါမှမဟုတ် Amoxacilin 500 mg ဒါမှမဟုတ် Ciprofloxacin 500 mg တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ပေါင်း ၄-၅ ရက် သောက်ပါ။ ဒါမှမဟုတ် Nitrofurantoin 100 mg တနေ့ ၂-၄ ကြိမ် ၇ ရက်သောက်ပါ။

ပိုးသေဆေးတွေအပြင် ဆီးပူတာ သက်သောအောင် လေနာဆေး Antacid (Magnesium hydroxide) တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ် သောက်ပါ။ နာတာသက်သာအောင် Hyoscine (Spasmogin or Buscopan) တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ် သောက်ပါ။ ခံစားနေရတာတွေ သက်သာပေမဲ့ ဆေးပါတ်စေ့ပါစေ။

ကျောက်ကပ်တခုတည်းရှိပေမဲ့ အလုပ်နိုင်သရွေ့ အသက်မတိုစေပါ။

ဒေါက်တာတင့်ဆွေ
၃-၄-၂ဝ၁၄

MH 370 လေယာဉ် အပျက်အစီးများ ရှာဖွေနေစဉ် အတွင်း လေယာဉ် အချက်ပြမီး တစ်ခုကို တရုတ်သင်္ဘောနှစ်စင်း ဆယ်ယူနိုင်ခဲ့


ကျင်းကန်းရှန် ၊ ၃-၄-၂၀၁၄

အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်း အတွင်း မလေးရှား လေကြောင်းလိုင်း မှ ပျောက်ဆုံးနေသည့် MH 370 လေယာဉ် ၏ အပျက်အစီး များကို ရှာဖွေမှုများ ပြုလုပ်နေစဉ် တရုတ် ရှာဖွေရေး သင်္ဘော နှစ်စင်းက ဧပြီ ၁ ရက်တွင် အဆိုပါ လေယာဉ်၏ အန္တရာယ် အချက်ပြမီး တစ်ခုကို ဆယ်ယူနိုင် ခဲ့ကြောင်း Xinhua သတင်းဌာန က ဖော်ပြခဲ့သည်။

အဆိုပါ အချက်ပြမီး သည် MH 370 လေယာဉ်မှ အပျက်အစီး ဖြစ်နိုင်ကြောင်း ၊ သို့သော် အတည်ပြုချက် ရယူနိုင်ရန် စစ်ဆေးမှုများ ပြုလုပ်ရမည် ဖြစ်ကြောင်း Jinggangshan သင်္ဘော နှင့် Donghaijiu 101 သင်္ဘောတွင် လိုက်ပါ ခဲ့သည့် သင်္ဘောအမှုထမ်း များက Xinhua သတင်းဌာန သို့ ပြောကြား ခဲ့သည်။

ယင်း သင်္ဘော နှစ်စင်းသည် သြစတြေးလျ နိုင်ငံ၏ ဆိပ်ကမ်းမြို့ ၊ ပါ့သ်မြို့ အနောက်ဘက် ကီလိုမီတာ ၂၀၀၀ အကွာရှိ ရေပိုင်နက် အတွင်း အပျက်အစီး ရှာဖွေမှုများကို လုပ်ဆောင် လျက် ရှိကြောင်း သိရှိရသည်။ (Xinhua)

မြ၀တီ

ရှိုးပွဲမှာ လူအုပ်နင်းခံခဲ့ရလို့ Beyonce ကိုတရားစွဲခဲ့တဲ့ ပရိတ်သတ်များ


ပြီးခဲ့တဲ့အပတ်က ပြုလုပ်ခဲ့တဲ့ Beyonce ရဲ့ Mrs. Carter World Tour (ဖျော်ဖြေပွဲကြီး) ဟာ မျက်ရည်တွေနဲ့ပြည့်နှက်စွာ အဆုံးသတ်ခဲ့ရပါတယ်။ လူအုပ်ကြီးက ပြုံတိုးခဲ့တဲ့အတွက် Beyonceရဲ့ ပရိသတ်နှစ်ယောက်ဟာ တက်နင်းခံခဲ့ရတယ်လို့ အဲ့ဒီ့ပရိသတ်အမျိုးသမီးနှစ်ယောက်က အတည်ပြုခဲ့ပါတယ်။

Beyonce ကိုကာလကြာရှည် ပရိသတ်များဖြစ်တဲ့ Raquel Castellanos နဲ့ Gabriella Davidson တို့နှစ်ယောက်ဟာ United Center(အားကစားကွင်း) , Live Nation (ရှိုးကျင်းပရေး ကုမ္ပဏီ) နဲ့ Queen Bey (Beyonce) တို့ကို တရားစွဲဆိုခဲ့ကြပါတယ်။

Beyonce ရှိုးစင်နဲ့ ခပ်နီးနီးကို ရောက်ဖို့အတွက် မျှော်လင့်ချက်ထားပြီး အားကစားကွင်းရဲ့ အပြင်ဘက်မှာ သူတို့ (တရားစွဲဆိုထားတဲ့အမျိုးသမီးနှစ်ယောက်) ဟာ မတ်တပ်ရပ်စောင့်နေခဲ့ကြကြောင်း တရားစွဲဆိုစာမှာပါဝင်ပါတယ်။ ဒါပေမဲ့ ည၇နာရီထိုးတော့ ဂိတ်ဖွင့်ပါတယ်။ အစီအစဉ်တကျ ၀င်ခွင့်ပြုဖို့ သင့်တော်တဲ့ ညွှန်းကြားချက် တစ်ခုမှ မပေးဘဲနဲ့ပေါ့။ အဲ့ဒီ့မှာပဲ အရှိန်အဟုန်နဲ့ပြေးဝင်လာကြတဲ့ လူအုပ်ကြီးရဲ့ အနင်းကို ခံခဲ့ကြရပါတော့တယ်။ သိပ်ကြီးလှတဲ့ လူအုပ်ကြီးက သူတို့ကို မြေပြင်ပေါ်မှာ နင်းခြေခဲ့တဲ့အတွက် သူတို့နှစ်ယောက်စလုံး သတိလစ်ပြီး အရိုးတွေကျိုးကျန်ရစ်ခဲ့ရတယ်လို့ သိရပါတယ်။

Castellanos နဲ့ Davidson နှစ်ယောက်စလုံးကို ဆေးရုံတင်ခဲ့ရပြီး ရှိုးပွဲလည်း မကြည့်ခဲ့ရပါဘူး။ ပြီးတော့ သူတို့နှစ်ယောက် ဘယ်လောက်ထိ ဒဏ်ရာရသွားတယ်ဆိုတာကိုတော့ လျှို့ဝှက်ထားတုန်းပါ။

United Center, Live Nation နဲ့ Beyonce တို့ရဲ့ ရှေ့နေတွေကတော့ ဒီကိစ္စအတွက် မှတ်ချက်တစ်စုံတရာ မပေးခဲ့ကြပါဘူး။

Ref:theboombox.com
Trend Myanmar