မျက်ကွင်းညိုခြင်းကို သက်သာစေမည့် နည်းလမ်းကောင်း


မျက်ကွင်းများ မျက်နှာမှာ ညိုနေတယ်ဆိုရင် ကြည့်ရတာ တစ်မျိုးဖြစ်နေ ပါလိမ့်မယ်။ ဒါကြောင့် မျက်ကွင်းညို ဖြစ်ခြင်းကို ကာကွယ်နိုင်မည့် နည်းလမ်းကောင်းလေးများကို မျှဝေပေးလိုက် ရပါတယ်။

- ကွန်ပျူတာ အကြည့်များသူဆိုရင် တစ်နာရီကြာတိုင်း မီးနစ် အနည်းငယ် နားပေးပါ။

- အိပ်ရေးမပျက်ပါစေနှင့်။

- အသီးအရွက်များကို များများစားပေးပါ။

- ရေများများ သောက်ပေးပါ။

- မျက်နှာကို အနှိပ်ခံပေးပါ။

- ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ရေဖန်ခွက် တစ်ခွက်ဖြင့်ရောကာ မျက်လုံးတစ်ဝိုက်ကို ဆေးကြောပေးပါ။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

ဒေါ်လာတစ်သန်းတန် သင်ခန်းစာ


တစ်နေ့တော့ အကျိုးဆောင်ကုမ္မဏီက လူတစ်ယောက်ဟာ တက္ကစီတစ်စီး ငှားစီးလိုက်ပါတယ်။ သူ့ကို မြို့အနောက်ဖက်မှာနေတဲ့ လူကုံထံအသိုင်းအ၀ိုင်းတစ်ခုက အိမ်ဝယ်မလို့ တိုင်ပင်ဖို့ ခေါ်လိုက်တာဖြစ်ပါတယ်။ အဲဒီမိသားစုဟာ အလွန်ပစိပစပ်နိုင်ပြီးတော့ ပြောရဆိုရတာလဲလက်ပေါက်ကပ်လို့ အခြားအကျိုးဆောင်တွေကတောင် ရှောင်ကြတဲ့သူတွေပါ။

တက္ကစီ ငှားစီးရင်းနဲ့ တက္ကစီသမားဟာ အရမ်းကိုပျော်နေတယ်။ ကားမောင်းတဲ့အခါမှာလဲ အလွန်ဂရုတစိုက်နဲ့မောင်းတယ်။ ဒါနဲ့သူက ခင်ဗျားဘာလို့ လုပ်ငန်းခွင်မှာပျော်ရွင်တာလဲလို့မေးလိုက်တယ်။

တက္ကစီသမားကတော့ အဓိကက ကိုယ်နဲ့တိုက်ဆိုင်တဲ့ ၀ါသနာနဲ့ကိုက်ညီတဲ့အလုပ်ကို ရွေးချယ်နိုင်မှုပါပဲ။
" လူတိုင်းဟာဖြစ်ချင်တာတွေတော့ အများကြီးရှိတာပဲ ဒါပေမယ့် ဖြစ်သင့်တာကိုပဲလုပ်သင့်တယ်။ ကျွန်တော်အင်ဂျင်နီယာတစ်ယောက်ဖြစ်ချငတယ်။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် မဖြစ်ခဲ့ရဘူး။ ဒီအချိန်မှာ ကျွန်တော်ဘာလုပ်မလဲ။ ကျွန်တော်ကားမောင်းကျွမ်းကျင်တယ်။ အဲဒါကြောင့် ကားမောင်းတယ်။ ကျွန်တော်အင်ဂျင်နီယာအခုမှဖြစ်ခွင့်ရလဲ မလုပ်ချင်တော့ဘူး "

အဲဒါနဲ့အကျိုးဆောင်ကလဲ " ဒါဆိုခင်ဗျား ဖြစ်သင့်တဲ့အလုပ်တွေပဲ လုပ်နေရတော့ လုပ်ငန်းမှာကော်ပျော်ရွင်ရဲ့လား "
တက္ကစီသမားကတော့ " တကယ်တော့ လုပ်ငန်းမှာပျော်တယ် မပျော်ဘူးဆိုတာ ကိုယ့်ဝါသနာနဲ့ သိပ်မဆိုင်ဘူး။ ကျွန်တော်ကတော့ အလုပ်တစ်ခုကို ကိုယ့်ဖောက်သည်စိတ်ကျေနပ်အောင် လုပ်နိုင်ပြီဆိုရင် ပျော်ရွှင်မယ်လို့ထင်တာပဲ ။ ကျွန်တော်ဆို ကားမောင်းတယ်။ ကားစိးတဲ့ခရီးသည်တွေ စိတ်တိုင်းကျအောင် စိတ်ကျေနပ်အောင် သည်းခံပြီးတော့ အတတ်နိုင်ဆုံးမောင်းပေးတယ်။ အားလုံးက စိတ်ကျေနပ်ကြတယ်။ဒါကိုကျွန်တော်ပျော်တယ်။ ညအိပ်ရာဝင်ရင်စဉ်းစားတယ်။ ငါ့ကို စိတ်ကျေနပ်တဲ့လူမရှိဘူးဆိုရင်တော့ ကိုယ့်အလုပ်ကို ကိုယ်အားရတယ်။ ကျွန်တော် ကားမောင်းလာတာ ၆ နှစ်နီးပါးရှိလာပြီ။ တစ်ချို့ဆို ကျွန်တော့် ကားစီးရတာ ကျေနပ်လို့ ဖုန်းဆက်ပြီးတောင် မှာကြတယ်။ ဒါကို ကျွန်တော်ပျော်တယ် "
စကားပြောနေရင်းနဲ့သူသွားချင်တဲ့နေရာရောက်တယ်။ အဲဒါနဲ့ကားပေါ်ကဆင်းလိုက်တယ်။

သူလဲ သူဌေးမိသားစုနဲ့စကားပြောတယ်။ ပြောရတာ လက်ပေါက်ကပ်ပေမယ့် သူလဲအတတ်နိုင်ဆုံး သူ့ဖောက်သည်တွေ စိတ်ကျေနပ်အောင် အမျိုးမျိုးရှင်းပြတယ်။ နာရီများစွာကြာတဲ့အခါမှာတော့ စိတ်ကျေနပ်သွားကြတယ်။ ပြိးတော့ သူ့အလုပ်အတွက် ဒေါ်လာတစ်သန်းတန်တန်တဲ့ အိမ်တစ်လုံးအရောင်းအ၀ယ်ဖြစ်သွားကြတယ်။

သူကားပေါ်မှာ ကားစီးရင်း ၁၂ ဒေါ်လာသာကုန်ကျခဲ့တဲ့ ကားသမားရဲ့သင်ခန်းစာကို အလွန်ကျေးဇူးတင်တယ်။ နောက်ပိုင်း ကားငှားစိးတိုင်း ထိုကားသမားကို တွေ့မလားလို့ လိုက်ရှာတယ်။ ဒါပေမယ့် ငါးသိန်းကျော်တဲ့ နယူးယောခ့် တက္ကစီတွေထဲမှာ တစ်နေ့တော့ ထိုကျေးဇူးရှင်ကို တွေ့ကောင်းတွေ့နိုင်ပါရဲ့.........

 မောင်စိုင်း

သံဃာအယောင်ဆောင်သူ အရေးယူ


နေပြည်တော်၊ မတ် ၂၉
၂၀၁၄ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့ ည ၇ နာရီ ၅၀ မိနစ်အချိန် မီးရထားဘူတာ ကြီးများတွင် သံဃာအယောင်ဆောင်(၁)ဦး ကျင်လည်ကျက်စားသွားလာနေကြောင်း သတင်းအရ နေပြည်တော်၊ ပျဉ်းမနားဘူတာအတွင်း ရထားရဲတပ်ဖွဲ့၊ အမှတ်(၉)တပ်ခွဲ(နေပြည်တော်)၊ တပ်စု(၂) တပ်စုမှူးနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များသည် လှည့်ကင်းဆောင်ရွက်နေစဉ် ရထားစီးရန်စောင့်နေသည့် မသင်္ကာဖွယ် သံဃာ(၁)ပါးအား တွေ့ရှိသဖြင့်မေးမြန်းခဲ့သည်။ ထိုသို့မေးမြန်းရာ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ရွာထောင်ဘူတာရပ်ကွက်နေ ဘုကြီး(ခ)ရဟန်းတု(ခ) ကျော်စိုးအောင်(၄၃)နှစ် ဖြစ်ကြောင်းနှင့် သံဃာအယောင်ဆောင်၍ မီးရထားဘူတာကြီးများတွင် လှုပ်ရှားသွားလာနေသူ ဖြစ်ကြောင်း သိရှိရသဖြင့် ရန်အောင်(၂)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးသို့ခေါ်ဆောင်ပြီး ပျဉ်းမနားမြို့နယ်၊ သံဃနာယကအဖွဲ့ဝင် ကိုးဆူကျောင်း ဆရာတော် ဘဒ္ဒန္တဥူးစံန္ဒောဘာသ၊ အဘယရာမကျောင်း ဆရာတော် ဘဒ္ဒန္တဥူးကဉ္ဇနတို့ ရှေ့မှောက်တွင် သိက္ခာချလူဝတ်လဲစေပြီး ဘုကြီး(ခ)ရဟန်းတု(ခ) ကျော်စိုးအောင်အား ပျဉ်းမနားမြို့မရဲစခန်း၊ ရဲအရေးမပိုင်မှု ၇/၂၀၁၄၊ ပြစ်မှုပုဒ် ၂၉၅-က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည် 

ဆန်းသစ်လာတဲ့ အနာဂတ် စားသောက်ဆိုင် ၀န်ဆောင်မူများ



အရင်လို စားသောက်ဆိုင်တွေမှာ နှုတ်နဲ့ မှာကြားခြင်းတွေကို ကျော်လွှားနိင်မဲ့ အနာဂတ် Concept တစ်ခု ဖြစ်ပါတယ်။ ဒီ လို စားသောက်ဆိုင် နဲ့ ပတ်သက်တဲ့ တီထွင်မူနည်းပညာတွေကိုတော့ နည်းပညာ တိုးတက်လှတဲ့ ဂျပန်နိင်ငံမှာ တွေ့ရှိရမှာပဲ ဖြစ်ပါတယ်။ စားပြီးတာနဲ့ အဆင်ပြေစွာ ငွေရှင်းနိင်တဲ့ ၀ိုင်ယာလစ် ငွေပေးချေခြင်းတွေ ၊ စားခင်မှာ Interface တွေကိုသုံးကာ ခြေဟန်လက်ဟန်တွေကို သုံးပြီး
အစားအစာ မှာကြားနိင်မဲ့ နည်းပညာတွေ ဖြစ်ပါတယ်။ အခု ထို နည်းပညာတွေကို ဖြစ်ထွန်းလာအောင်လို့ ကြိုးပမ်းနေတုန်း ဖြစ်ပါတယ်။

အဆိုပါ စမ်းသပ်မူတွင် Apple ရဲ့ iBeacon နည်းပညာ လည်းပါဝင်ခဲ့ပါတယ်။ စားပွဲများကြားထဲကနေ စားပွဲတစ်ခုချင်းစီရဲ့ မှာကြားမူတွေကို တိကျမြန်ဆန်
စေမဲ့ နည်းပညာတစ်ခု ဖြစ်ပါတယ်။ i Device ထဲမှာ ဘလူးတုမ့်လ် ထောက်ကူမူတွေနဲ့ အတူ Manu App တွေမှ တစ်ဆင့် အော်ဒါတွေကို မှာ ကြားနိင်မှာ ဖြစ်ပါတယ်။
ထို App ဟာ i Beacon ကနေတစ်ဆင့် မိတ်ဆွေရဲ့ စားသောက်မူ ပြီးဆုံးပါက ငွေပေးချေမူတွေကို လည်း အလွယ်တကူ ဆောင်ရွက်နိင်စေမှာ ဖြစ်ပါတယ်။

နောက်ထပ် နည်းတစ်ခုကတော့ စားပွဲပေါ်က touch PC ဖြစ်ပါတယ်။ 2D မျက်နှာပြင်ထက်မှာ စားစရာတွေကိုရွေးချယ်နိင်မှာ ဖြစ်ပြီး စားသောက်ဖွယ်ရာတွေက အမယ်တွေ အရသာအကြောင်းတွေကိုပါ အသေးစိတ်ဖတ်ရူနိင်မှာ ဖြစ်ပါတယ်။ ထိုသို့ ဖြစ်ဖို့ကို စားပွဲပေါ်မှာရှိတဲ့ ဖယောင်းတိုင်မီးခွက်ကို ကွန်ပျုတာ မြှားလို့ အသုံးပြုပြီးထောက်ညွှန်နိင်မှာ ဖြစ်ပါတယ်။ ထို စားပွဲဟာ HDMI ဆက်သွယ်ထားတဲ့ TV set တစ်ခု ဖြစ်ပြီး ထို PC ထိုစားပွဲရဲ့ အပေါ်မှာ ရှိတဲ့ အနီအောက်ရောင်ခြည် ဖြတ်သန်းထားတဲ့ Wii Remote ကိုအသုံးပြုထားပြီး စားပွဲပေါ်ကို အလင်းသက်ရောက် ထားတာ ဖြစ်ပါတယ်။

Smart Pro Journal

မူးယစ်ဆေးဝါး၊ လက်ပစ်ဗုံးနှင့် ကျည်ဆံများ ဖမ်းဆီးရမိ


နေပြည်တော်၊ မတ် ၂၉
၂၀၁၄ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ နံနက် ၁၀ နာရီအချိန် ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သာမညကျေးရွာအုပ်စု၊ အေးချမ်းသာယာရပ်ကွက်၊ တမံဦး မုခ်ဝတွင် ရွာပြင်ပတ်လမ်းအတိုင်းမောင်းနှင်လာသည့် ၂၉ယ/xxxxxWave-110 အစိမ်းရောင်ဆိုင်ကယ်အား စစ်ဆေးရာ အစစ်ဆေးမခံဘဲ မောင်းနှင်ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီး စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ဘားအံမြို့နယ်၊ သာမညကျေးရွာ၊ ရွှေတောင်ရပ်ကွက်နေ ဖေအေး(ခ)ထွန်းပါ(၄၂)နှစ်ဖြစ်ကြောင်း သိရှိရပြီး ၎င်း၏ခါးတွင်ပတ်ထားသည့် ဂျင်းအိတ်အတွင်းမှ WY စာတန်းပါပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား(၂၉၇)ပြား၊ တန်ဘိုးငွေကျပ်(၁၀.၃၉၅)သိန်း၊ လက်ပစ်ဗုံး ၄ လုံး၊ ကျည်ဆံ ၄ တောင့်၊ ဓါး ၁ ချောင်းနှင့် ဖုန်း ၁ လုံးတို့အား သိမ်းဆည်းရမိခဲ့သည်။ ဆက်လက်စစ်ဆေးချက်အရ ဖမ်းဆီးရမိမူးယစ်ဆေးဝါးများအား မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ မင်းလမရပ်ကွက်၊ အေကရင်ကျောင်းလမ်းနေ စောစံမြင့်(ခ)ဖိုးတူ(၅၈)နှစ်ထံမှ ၀ယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရ၍ စုံစမ်းဖမ်းဆီးရာ စောစံမြင့်(ခ)ဖိုးတူအား ကော့ကရိတ်မြို့အ၀င် ဆီဆိုင်ရှေ့တွင် ဖမ်းဆီးရမိခဲ့ သောကြောင့် ဖေအေး(ခ)ထွန်းပါနှင့် စောစံမြင့်(ခ)ဖိုးတူတို့ ၂ ဦးအား အိန္ဒုမြို့မရဲစခန်း မယ(ပ)၅/၂၀၁၄၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်းသတင်းရရှိသည်။

ရဲဇာနည် 

မိဘတွေက ကျပ်လွန်း၊ ချုပ်လွန်းတာခံနေရတဲ့ ကောင်မလေးရဲ့ ရင်ဖွင့်စာ


အမြဲ စိတ်ပျက်နေခဲ့ရတဲ့ ကျွန်မဘ၀ကြီး အကြောင်းကနေ စပြောပါရစေ။

ကျွန်မက ကလေးတစ်ယောက်။ မိဘတွေ မရှိဘဲနဲ့ ကြီးပြင်းလာခဲ့ရတာ။ သူတို့က နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ကြတယ်လေ။ ဒါ့ကြောင့်လည်း ပျော်ရွှင်စရာ၊ စိတ်ကျေနပ်စရာ ဘ၀မျိုး ကျွန်မအတွက် ပေးနိုင်ခဲ့ကြပါတယ်။ ကျွန်မ ကလေးတုန်းကဆို သူတို့ကို တစ်ခါမှတောင် မမြင်ဖူးဘူး။ ကျွန်မ ၄တန်းရောက်တဲ့ အထိပဲ။

ကျွန်မအသက် ၁၀နှစ်ကျော်လို့ ၁၁နှစ်ထဲ ရောက်လာတော့ သူတို့ အိမ်ပြန်လာကြတယ်။ အဲ့ဒါ သူတို့ကို ဦးဆုံး စတွေ့ဖူးခြင်းပဲ။ အဲ့ဒါ ကျွန်မ ပျော်သင့်တဲ့ ကိစ္စလို့ ထင်လား။ ဒါပေမဲ့ နေစမ်းပါ။ ဘာလို့ ပျော်ရမှာလဲ။

သူတို့ပြန်ရောက်လာကတည်းက ကျွန်မကို အိမ်ပြင်ထွက်ခွင့် မပေးတော့ဘူး။ ဆိုလိုတာ ကျွန်မက ဘာကြီးတုန်း။ သောက်ရူး အကျဉ်းသားလား။ ကျွန်မ ဖေဖေက ကျောင်းကို ကားမောင်းပြီးပို့တယ်။ ကျောင်းချိန်ပြီးရင်လည်း အိမ်ထဲမှာပဲ ပြန်ဥနေရတယ်။

သူတို့ ကျွန်မကို ဘယ်မှ ပေးမထွက်ဘူး။ ကျွန်မသူငယ်ချင်းတွေနဲ့ ဈေးဝယ်ထွက်ဖို့တောင် မရဘူး။ အိမ်ထဲမှာ သော့ခတ်ခံထားရတာ ခုဧပြီဆို ကျွန်မ အသက် ၁၇နှစ်ပြည့်ပြီး ၁၈ထဲတောင် ၀င်ပြီ။ တွေးကြည့်၊ မြင်ကြည့်ကြပါဦး။ သူတို့ပြန်မရောက်လာခင်ကမှ လွတ်လွတ်လပ်လပ်ရှိသေးတယ်။

ခု တက္ကသိုလ် ပထမနှစ်ကို ကျွန်မ တက်နေပြီ။ ကျွန်မ ဖေဖေက တက္ကသိုလ်ကို ကားမောင်း လိုက်ပို့နေတုန်းပဲ။ သေစမ်း။  တက္ကသိုလ်မှာ ဆိုရင်တော့ နည်းနည်းအားတာနဲ့ သူငယ်ချင်းတွေနဲ့ ဈေးဝယ်ထွက်ပြီး ပျော်ကြတာပဲ။ ဒါပေမဲ့ ဒါကို ကျွန်မမိဘတွေ မသိလို့လေ၊ သိလို့ကတော့ ဒေါသပုန်ထကြမှာ။ ဒီလိုဆိုတော့ ကျွန်မလဲ ဘာဆက်လုပ်လို့ လုပ်ရမှန်း မသိတော့ဘူး။ သူတို့က လွန်လွန်းတော့ ကျွန်မလည်း မွန်းကြပ်နေရပါပြီရယ်။

ကျွန်မဘ၀မှာ ပျော်စရာ အတွေ့အကြုံတွေ တစ်ခါမျှ မရခဲ့ဘူး။ အိမ်ထဲမှာဆိုလည်း အထီးကျန်စရာကောင်းလိုက်တာ။ စိတ်ပျက်စရာ ဘ၀ကြီးကိုလည်း မုန်းနေပါပြီ။ တစ်နေ့နေ့ ဆိုတာကိုတော့ မျှော်လင့်မိပါသေးတယ်။ ဒီလောက် လိုက်ကျပ်ဖို့၊ ချုပ်ဖို့ မသင့်ဘူးဆိုတာကို သူတို့ နားလည်လာတဲ့ တစ်နေ့ပေါ့။

ပြီးတော့ ကျွန်မ မေမေ။ ဘာမဟုတ်တဲ့ကိစ္စလေးတွေနဲ့ လိုက်ပွားနေတာ။

ကျွန်မလဲ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ဘူး။ ဖေဖေနဲ့မေမေကို ကျွန်မ ချစ်ပါတယ်။ ဒါပေမဲ့ သူတို့က နားလည်ပေးရမှာပေါ့။ ကျွန်မဘ၀မှာ ပျော်ဖို့၊ ကျွန်မဘ၀နဲ့ ကျွန်မ နေထိုင်ဖို့ လိုအပ်တယ်ဆိုတာကို သူတို့ နားလည်ပေးရမှာပေါ့။ ဘာအတွေ့အကြုံမှ မရှိဘဲ သေသွားရတာမျိုးတော့ မလိုချင်ပါဘူး။

စိတ်ပျက်စရာ ကောင်းလိုက်တဲ့ ကျွန်မဘ၀ကြီးရယ်။

Ref:dulya.com
Trend Myanmar

မြစ်အတွင်းငါးပိုက်ဆင်းဖြုတ်စဉ် ရေနစ်သေဆုံး


နေပြည်တော်၊ မတ် ၂၉
၂၀၁၄ ခုနှစ်၊ မတ်လ၂၈ ရက်နေ့ နံနက် ၂ နာရီအချိန် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ချောင်းပိုက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းဌေးမှ ချောင်းပိုက်ကျေးရွာ၊ အနောက် တောင်ဘက်(၃)မိုင်ခန့်အကွာ၊ ဧရာဝတီမြစ်အတွင်း လူတစ်ဦးရေနစ်သေဆုံးကြောင်း သတင်း ပေးချက်အရ စလေနယ်မြေနယ်ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ၎င်းင်းရွာနေ စိန်ဌေး(၃၅)နှစ်ဖြစ်ပြီး ဧရာဝတီမြစ်အတွင်း ငါးပိုက် ဆင်းဖြုတ်စဉ် အကြောတက်ကာ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်းနှင့် စလေနယ်မြေရဲစခန်း၊ သေမှုသေခင်း အမှတ်စဉ်(၃/၂၀၁၄ )ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည် 

ရင်ထဲမှာ မကောင်းလွန်းလို့ ဘာပြောရမှန်းတောင် မသိတော့ပါဘူး


ညနေ ၄နာရီလောက် ယုဇနပလာဇာခဏရောက်ဖြစ်တယ်။
ရိုးရိုးလှေကားကနေ တက်လာတုန်း လှေကားထောင့်နားမှာ ကလေးတစ်ယောက် အကြော်ဗန်းလေးကိုင်ရင်း အလွန်စိတ်ပျက်အားငယ်နေတဲ့ မျက်နှာနဲ့ ထိုင်နေတာ တွေ့မိတယ်။
သူ့ပုံစံက ပင်ပန်းနွမ်းနယ်နေရှာပုံပါပဲ။
အနားကဖြတ်သွားတော့ လူကို အားကိုးတကြီးမျက်လုံးတွေနဲ့ ကြည့်နေရှာတယ်။
ပထမတစ်ခေါက် ဒီတိုင်း အမှုမဲ့အမှတ်မဲ့ ဖြတ်သွားမိတယ်။
နောက်တစ်ခေါက် ကျွန်တော်လှေကားက ပြန်ဆင်းအလာမှာ ခုနက ကလေး ဒီတိုင်း ထိုင်နေတာတွေ့ရပြန်တယ်။ စိတ်ဝင်စားလို့ မေးလိုက်မိတယ်။

“ သား……မင်း ဈေးမရောင်းဘူးလား။ ဘာလို့ ဒီမှာလာထိုင်နေတာလဲ”
“ ရောင်းပါတယ်ခင်ဗျ။ ရောင်းလို့ မကုန်သေးလို့ပါ။ ညနေတောင်ရောက်ပြီ အကြော်တွေ အများကြီးကျန်နေလို့ စိတ်ပျက်ပြီးထိုင်နေတာပါ”
“ အေးလေ…..ရောင်းမကုန်ရင် ကုန်အောင် မြန်မြန်လှည့်ပြီး ရောင်းရမှာပေါ့ကွ။ ထိုင်နေရင် ဘယ်ရောင်းရပါ့မလဲ သားရဲ့”
“ ရောင်းတာပါပဲ ဦးရယ်။ ဒီရက်ပိုင်း နေအရမ်းပူလို့ ရောင်းနေရင်း ရေ အရမ်းငတ်ပြီး ခေါင်းအရမ်းမူးလာလို့ထိုင်နေတာပါ။ အကြော်တွေကလည်း ဒီရက်ပိုင်း သိပ်မရောင်းရတော့ဘူး”
(အင်း………….နေသိပ်ပူလာတော့ လူတွေလည်း အကြော် သိပ်မစားကြတော့တာထင်ပါရဲ့)

ဆက်မေးကြည့်တော့ နာမည်က ၀င်းကိုကို၊ အသက် (၁၁)နှစ်၊ ရွာသာကြီးနားမှာ အဘိုး၊ အဘွားတွေနဲ့ နေတယ်။ အဘိုး၊ အဘွားက (၇၆)နှစ်စီရှိပြီ။ ၀င်းကိုကိုတို့ မောင်နှမ (၅)ယောက်မှာ သူက အကြီးဆုံး။ အဖေက သူ (၅)နှစ်သားအရွယ်မှာ ဆုံးသွားတယ်။ ဆုံးပြီး တစ်နှစ်အကြာမှာ အမေက သူတို့အားလုံးကို ထားခဲ့ပြီး နောက်အိမ်ထောင်ပြုသွားတယ်တဲ့။ ဒါနဲ့ သူတို့တွေအားလုံး အဘိုး၊ အဘွားတွေနဲ့ ကျန်ခဲ့ရှာတယ်။
သူက အကြီးဆုံးကလေးဆိုတော့ အလုပ်လုပ်ဖို့ ကျောင်းလည်းထွက်လိုက်ရရှာတယ်။
နေ့တိုင်း မနက်အစောကြီးထပြီး အကြော်လိုက်ရောင်းနေပါတယ်။
အကြော်အားလုံးကုန်ရင်တော့ သုံးထောင်လောက်မြတ်တယ်တဲ့။

မေးသမျှ မျက်နှာငယ်လေးနဲ့ တစ်ခွန်းချင်းဖြေနေရှာတဲ့ ကလေးကိုကြည့်ရင်း ကျွန်တော့်ရင်ထဲမှာ အပူလုံးကြီးတွေ အလိပ်လိုက်တက်လာပါတယ်။
မတ်လရဲ့ နွေနေအပူက ဆယ်ဆပိုကဲလာသလိုပါပဲ။
တကယ်ဆို မိဘအရိပ်အောက်မှာ နားခိုရင်း ကျောင်းခန်းထဲ ငြိမ်းချမ်းစွာ ပညာသင်၊ ဆော့ကစားနေရမယ့် အရွယ်လေးပါဗျာ။
ကျွန်တော့်မှာလည်း ဒီအရွယ် တူလေးတွေရှိပါတယ်။ တကယ်လို့ကိုယ့်တူသားတစ်ယောက်ယောက်သာ ဒီလို လုပ်ကိုင်နေရရင်ဆိုတဲ့ ကိုယ်ချင်းစာအတွေးတွေးမိရင်း ……………
သက်ပြင်းရှည်ကြီးပဲ မှုတ်ထုတ်လိုက်မိပါတော့တယ်။

ဘာမှ မစဉ်းစားတော့ဘူး။ ဒီကလေး လိမ်ချင်လည်း လိမ်တော့။
သူ့ ဗန်းထဲက တစ်ဝက်ကျော်လောက် ကျန်နေတဲ့ အကြော်အားလုံး အကုန်ဝယ်လိုက်တယ်။
ကလေးကို လက်ထဲက သောက်ရေသန့်ဘူးအေးအေးလေးကို သောက်ဖို့ ပေး၊
ကလေးရဲ့ ကျောကို ပွတ်သပ်ပေးပြီး ခဏတာ အားပေးမိလိုက်တယ်။
ကလေးရဲ့ မျက်နှာက ၀မ်းသာမှုနဲ့အတူ မေတ္တာငတ်နေတဲ့ အရိပ်တစ်ချို့ ဖြတ်ကနဲ မြင်မိလိုက်တယ်။
နွေနေပူ ကန္တာရခရီးမှာ သူ့အတွက် ခဏတာ နားခိုတဲ့ အရိပ်ကလေးဖြစ်ပါစေတော့လေ။
နှုတ်ဆက်ပြီး ပြန်ခဲ့တယ်။
အိမ်ပြန်လာရင်း ၀ယ်လာတဲ့အကြော်တွေကို ကျွန်တော်တို့ အိမ်ရာဝင်းဂိတ်က ချို့တဲ့ရှာတဲ့ လုံခြုံရေးသမား (၃)ယောက်ကို စားဖို့ပေးလိုက်တော့
သူတို့လည်း ကျေးဇူးတင်ဝမ်းသာကြတယ်။ သုပ်ပြီး ညစာဟင်းလုပ်စားမယ်တဲ့။

သြော်…….မြန်မာပြည်မှာ ဒီလိုမျိုး ရင်မောစရာ ပုံစံတူဖြစ်ရပ်တွေ ဘယ်လောက်တောင်ရှိနေခဲ့ပြီလဲဗျာ။

(ကျွန်တော် ကရုဏာရှင်ကြီးလည်း မဟုတ်ပါ။ Like လိုချင်လို့လည်း ရေးတာလည်း မဟုတ်ပါ။ Like မပေးကြပါနဲ့။ )

ရေးသားသူ- Kyaw Hlaing Win

မြင်သမျှ ကြားသမျှ .... (အကြည်တော်)


မထော်မနန်း

ရပ်ကွက်မှာဖြစ်တဲ့ အဖြစ်ကလေး ကရယ်လည်းရယ်ရသလို ဘယ် လိုပြောရမှန်းမသိအောင် ကကျိုးကကြောင်နိုင်လှတဲ့အဖြစ်ပါ။ အားလုံးသိကြပါတယ်။ ၁၅ဝဝ တန် တယ်လီဖုန်းဆိုတာ ရပ်ကွက်ထဲမှာ မဲနှိုက်ယူနေကြရတုန်းပါပဲ။ ဘယ်အချိန်မှာ၊ အချိန်ဘယ်လောက် ကြာရင် တယ်လီဖုန်းကို ပေါပေါများ များ ပေးမယ်ဆိုတာလည်း လူတွေမေ့ ကုန်ပါပြီ။ (ကျွန်တော်တို့လူမျိုးက မေ့ တတ်တဲ့အမျိုး)။ ထားပါတော့။ ထုံးစံအတိုင်း တယ်လီဖုန်းကိုမဲ နှိုက်ကြတော့ မဲပေါက်တဲ့သူက ပေါက် ကြတာပေါ့။
တယ်လီဖုန်းမဲပေါက်လို့ လာထုတ်တဲ့အခါမှ …

”ဒါ မရဘူး။ ဒီအိမ်ထောင်စု စာရင်းက အကျုံးမဝင်ဘူး။ သိတဲ့အတိုင်း အဲဒီအိမ်ထောင်စုစာရင်းက မဲပေးတုန်းက ထုတ်ထားတဲ့ အိမ်ထောင်စုစာရင်း..” ဒါနဲ့ တယ်လီဖုန်းမဲပေါက်တဲ့သူက ဒေါသထွက်ပြီး

”ဟေ့ကောင် မင်းတို့ပါတီကိုမဲ ပေးတုန်းက ငါဒီအိမ်ထောင်စုစာရင်းနဲ့ပဲ မဲပေးခဲ့တာ။ သူများတွေ အယုံအကြည်မရှိတာတောင် ငါက ရဲရဲတင်းတင်းနဲ့ ဟော ဒီအိမ်ထောင် စုစာရင်းကို ကိုင်ပြီး မင်းတို့ကိုမဲပေးခဲ့တာ။ အေး ဟောဒီအိမ်ထောင်စုစာရင်းနဲ့ပေးခဲ့တဲ့ မဲတွေနဲ့ မင်းတို့နေရာရပြီးမှ အခုပြန်ပေးတဲ့ အခါကျမှ ဒါက တရားမဝင်ဘူးဆိုရင် ရှင်းရှင်းလေးပဲ နောက်တစ်ခါ ဒါမျိုး ထပ်လုပ်မင်းတို့ကိုဘယ်သူမှမဲပေးမှာ မဟုတ်ဘူး။ မှတ်ထား"

ဒါပါပဲ။ ကောက်ပြန်ပြီ သန်းခေါင်စာရင်း။

► သေပြီး ပြန်ရှင်တတ်လား

အခုတလော တီဗီတွေမှာရော သတင်းစာတွေမှာပါ ပလူ ပျံနေအောင် တွေ့ရပါတယ်။ ဒီမြင်ကွင်းကို အရင်ကလည်း အလားတူတွေ့ဖူးပါတယ်။ မြန်မာပြည်ကြီး နာဂစ် ဒဏ်ခံရပြီး ဒုက္ခ ရောက်နေတဲ့အချိန်မှာ တီဗီကနေပြီး

”မင်း ဆယ့်ရှစ်နှစ်ပြည့်ပြီလား” ဆိုတဲ့သီချင်းကိုပါ။

အခုလည်း သန်းခေါင်စာရင်းတွေ ကောက်ပြန်ပါပြီ။ ဒါဟာ မှတ်ပုံတင်နဲ့ လည်း မဆိုင်ဘူး။ အိမ်ထောင်စုစာရင်းနဲ့လည်း မဆိုင်ဘူးလို့လည်း ကြားရပါတယ်။ အဓိကကတော့ လူဦးရေစာရင်းကိုပဲ အဓိကစစ်တမ်းကောက် တယ်လို့လည်း သိရပါတယ်။

ဒါပေမဲ့ မရှင်းတာလေးတွေလည်း သိချင်ပါတယ်။ အချို့ဒေသကြီးတွေနဲ့ နယ်စပ်မြို့တွေမှာ မြန်မာနိုင်ငံသားမဟုတ်တဲ့ အခြားလူမျိုးခြားတွေ ဟာ နိုင်ငံ သားမှတ်ပုံ တင်ကတ်နဲ့ နေထိုင်နေတာကိုတွေ့ရပါတယ်။

တချို့မြို့ကြီးမှာ နေထိုင်နေတဲ့ လူမျိုးခြားတွေဆိုရင် မြန်မာစ ကားတောင် ကောင်းမွန်စွာ မတတ်ကျွမ်း ပါပဲမြန်မာနိုင်ငံ သား မှတ်ပုံတင်ကတ်ကို ကိုင်ဆောင်ပြီး ခပ်တည်တည်နေ ထိုင်နေ တာ တွေ့နေရပါတယ်။ မြန်မာစကားသာမတတ်တာပါ။ မှတ်ပုံ တင်ကတ်ပြားမှာတော့ မြန်မာ နာမည်စစ်စစ်ပါပဲ။ ဘာဖြစ်လို့ ဒီလိုဖြစ် နေရတာလဲ။ သူတို့ရဲ့မိဘများ နာမည် ကအစမြန်မာလိုပါပဲ။

နောက်မှ သိရတာက …

ဒီလိုလူမျိုးခြားတွေဟာ ကိုယ့်ဆီ ကသေပြီးသားလူတွေရဲ့ မှတ်ပုံတင်တွေ ကို ပြန်ဝယ်ကိုင်ကြတယ်လို့ ဆိုပါတယ်။ မရှိတော့တဲ့လူတွေရဲ့ မှတ်ပုံတင် ကိုယူပြီး သူတို့ ဓာတ်ပုံကပ်ပြီး မြန်မာနာမည်နဲ့ မြန်မာပြည်မှာ မြန်မာအဖြစ် ခပ်တည်တည်တရားဝင်နေနေကြပါတယ်။ လူသေပြီး နာမည်မသေရုံမက မှတ်ပုံတင်ပါ မသေသေး တဲ့သူတွေ အများကြီးပါ။ (အခုခေတ်ပြောင်းမှာ ရှိ မရှိတော့ မသိတော့ပါဘူး)

ကဲ … လူဦးရေစာရင်း ကောက်ရင် သူတို့ကိုရော မြန်မာနိုင်ငံ သားအဖြစ် ကောက်ကြမှာလား။ ဘယ် လိုဆက်လုပ်ကြမှာလဲ။ စိတ်တော့ဝင်စားစရာပါပဲ။ သေပြီးသားလူတွေ ဆန္ဒမဲပေးတာ မထူးဆန်းပါနဲ့။ သေပြီးသားလူတွေ အကောင်လိုက်ကြီးတွေတောင် ရှိနေတာပဲလေ။

အတိုးအလျော့တွေ ကြမ်းလာပြီလား

မကြာသေးခင်ကပဲ အခွန်ပြစ်ဒဏ်တွေ လျှော့ချပြီး အခွန်တွေ ပြည်သူတွေအပေါ် တိုးကောက်မယ်ဆိုတဲ့သတင်း
ကလည်း ကြက်သီးထစရာတွေပါပဲ။ အခွန်ပြစ်ဒဏ်လျှော့ ချလိုက်တော့ တကယ့်ဒိတ်ဒိတ်ကြဲလူတွေအတွက် ဝမ်းသာစရာ ဖြစ်ခဲ့ပေမယ့် အခွန်တိုးကောက်မယ်ဆိုတဲ့အခါ တကယ့်ပြည်သူ တွေအတွက် ရင်လေးစရာပါပဲ။ ဒီကြားထဲ မီတာခကိုတိုးကောက်မယ်ဆိုတဲ့အခါ အတော်ကလေးကို စိတ် မသက်သာစရာဖြစ်လာပါတယ်။ ဘာ ကြောင့်လဲဆိုတော့ အခုခေတ် အလုပ် အတော်များများဟာ လျှပ်စစ် မီးကို အခြေခံလုပ်ရတာချည်းပါပဲ။ အထည်ချုပ်ပဲဖြစ်ဖြစ်၊ စက်ရုံ၊ အလုပ်ရုံပဲဖြစ်ဖြစ်ပေါ့။

ဒါကြောင့် အလုပ်များများလုပ်ရင် မီတာခများများကျတယ်။ အလုပ်များများ လုပ်တဲ့အတွက်အခွန်အခလည်းများများကျမယ်။ အဲ … ဒါပေမဲ့ တကယ့်အကြီး အကျယ် လုပ် တဲ့ လုပ်ငန်းရှင်တွေအတွက် တော့ မီတာခက လျော့နေပြန်တယ်။ ဒါဆိုရင် ဒါတွေဟာ ဘယ်သူတွေအဓိက ထမ်းပိုးရတော့မှာလဲ။ဒီစနစ်မျိုးက ထမင်းဆိုင်မှာတောင် မရှိပါဘူး။ အခုဟာက …

” အဝစားတစ်ထောင်။ တစ်ခါပြင် ထောင့်ငါးရာ”
စားနိုင်လေ သက်သာလေလားခင်ဗျ။

အလှူပဲခံစားကြတော့မှာလား

နိုင်ငံကပဲဆင်းရဲလို့လား မသိပါဘူး။ ကူညီကယ်ဆယ်အသင်း အဖွဲ့တွေ မနည်းပေါ်လာပါတယ်။ ရပ်ကွက်တိုင်း၊ ကျေးရွာတိုင်း၊ မြို့နယ်တိုင်းမှာ ကူညီ ကယ်ဆယ်ရေး အသင်းတွေ မနည်းရှိလာပါတယ်။ တချို့သော အသင်းအဖွဲ့တွေက တကယ်ကိုအားတက်သရော၊ စေတနာရောလူပါ လုပ်နေကြပေမယ့် အချို့ အသင်းအဖွဲ့တွေက ဒုက္ခ သည်တွေ အ ကြောင်းပြပြီး အလှူခံစားနေကြတာကိုလည်း မြင်နေရပါတယ်။

အချို့သော အသင်းအဖွဲ့များဟာဆိုရင် ပြည်တွင်းကသာမက ပြည်ပက အလှူငွေတွေပါရပြီး လူလုံးလှနေတာလည်း မြင်နေရပါတယ်။ တချို့ကလည်း စလုပ်တုန်းက တကယ်စေတနာနဲ့၊ ကြာလာတဲ့အခါမှာ တော့ လှူတဲ့အလှူငွေတွေကိုကြည့်ပြီးတကယ်ဒုက္ခရောက်နေသူတွေဆီ မသွားတော့ဘဲ ကိုယ်တိုင်ပဲဒုက္ခသည် လုပ်ပြီး ခပ်တည် တည်နေလိုက်ကြပါ တော့တယ်။ ဒါကြောင့်ဒုက္ခသည်က တော့ ဒုက္ခသည်လိုပဲဖြစ်နေပြီး၊ ဒုက္ခသည်တွေကတော့ ဒုက္ခမရောက်ဘဲ ငွေကိုဘယ်လိုခွဲအပ်ရမယ်ဆိုတာလည်း ဒုက္ခရောက်နေပါတယ်။ ခေတ်အပြောင်းမှာ ဒုက္ခသည်တွေ ပိုများလာသလို ဒုက္ခသည်တွေ ကောင်း စားတဲ့ခေတ်ဆိုလည်း မှားမယ်မထင်ပါဘူး။

နောက်တစ်ပတ်ပေါ့ဗျာ။

အကြည်တော်
Popular Myanmar News Journal

နာနတ်သီးစားမိရာမှ AIDS ဖြစ်


အသက် ၁၀နှစ်အရွယ် ကောင်လေးတစ်ယောက် နာနတ်သီးစိတ်ဝယ်စားပြီး  နောက် ၁၅ ရက်ကြာတဲ့အခါမှာတော့ နေမကောင်းစ ဖြစ်လာခဲ့ပါတယ်။ ဘယ်လိုမှ မသက်သာတဲ့နောက် ဆရာဝန်ထံမှာ ဆေးကု ဆေးစစ်ချက်ယူကြည့်တဲ့အခါမှာတော့ သူ့ဆီမှာ HIV ရောဂါပိုး ကူးစက်ခံနေရပြီဆိုတာ သိလိုက်ရပါတယ်။ သူ့မိဘတွေကတော့ ဘယ်လိုမှ မယုံကြည်နိုင်ခဲ့ပါဘူး။ အဲဒီနောက်မှာ ကောင်လေးရဲ့ မိသားစုဝင် အကုန် ဆေးစစ်ကြပါတယ်။ ဒါပေမယ့် ကောင်လေးကလွဲလို့ ဘယ်သူမှ HIV ရောဂါပိုးမရှိကြပါဘူး။

ဒါကြောင့် ဆရာတွေ ကောင်လေးကို ဘယ်ကနေ ဘယ်လို ရောဂါပိုး ကူးစက်ခံရတယ်ဆိုတာ သိဖို့ ကောင်လေး ဘာတွေလုပ်ခဲ့၊ သွားခဲ့၊ စားခဲ့တယ်ဆိုတာ မေးမြန်းကြပါတယ်။ ကောင်လေးဟာ ၁၀ အရွယ် ကလေးဖြစ်တာကြောင့် မူးယစ်ဆေးဝါး၊ လိင် အပျော်အပါး လိုက်စားသူလဲ မဟုတ်တာကြောင့် အတော်စဉ်းစားရကျပ်ပါတယ်။ နောက်ဆုံးတော့ ကောင်လေး ဘာစားမိသလဲ ဆိုတာ မှတ်မိလိုက်ပါပြီ။ မှတ်မှတ်ရရ ညနေခင်းတစ်ခုမှာ ကောင်လေး အပြင်မှာရောင်းချတဲ့ နာနတ်သီးစိတ်ကို ၀ယ်စားမိပါတယ်တဲ့။

ချက်ချင်းဆိုသလိုပဲ ဆေးရုံကနေ နာနတ်သီးရောင်းသူထံ အမြန်သွားခဲ့ကြပါတယ်။ နာနတ်သီးသည်ရဲ့ လက်မှာ ဓါးရှရာ သူတို့တွေ့ခဲ့ကြပါတယ်။ စုံစမ်းမေးမြန်းကြတဲ့ အခါမှာတော့ နာနတ်သီးလှီးရင်း သူ့လက်ကို မတော်တဆ ဓါးရှသွားတယ်လို့ ပြောပါတယ်။ ဒါနဲ့ နာနတ်သီးရောင်းတဲ့သူကို သွေးစစ်ကြည့်တဲ့နောက်မှာတော့ အားလုံး သံသယရှိနေတဲ့အတိုင်းပါပဲ သူ့ဆီမှာ HIV ဗိုင်းရပ်စ် တွေ့ရပါတယ်။ ဒါဆိုရင်တော့ အဖြေကရှင်းသွားပါပြီ။ AIDS ဝေဒနာရှင် နာနတ်သီးသည်ရဲ့ လက်ဓါးရှရာကနေ ထွက်လာတဲ့သွေးက နာနတ်သီးကနေတဆင့် ကောင်လေးဆီကို တဆင့် ရောဂါကူးစက်သွားတာ ဖြစ်ပါတယ်။

ကဲ နာနတ်သီးစိတ်မှာ ပေသွားခဲ့တဲ့ သွေးကနေတဆင့် နာနတ်သီး စားသုံးမိသူ ဘယ်နှစ်ယောက်များ ကောင်လေးလို ရောဂါကူးစက် ခံလိုက်ရပါသလဲ။

ဒါကြောင့် လမ်းဘေးမှာ ရောင်းချတာဖြစ်စေ၊ အပြင်မှာ ရောင်းချတဲ့ အစားအစာတွေကို ၀ယ်စားတော့မယ်ဆိုရင် ဒီအကြောင်းအရာလေးကို ပြန်စဉ်းစားမိရင်း ဆင်ခြင်နိုင်ကြပါစေ။ သင်နှင့် သင့်မိသားစုသာမက အခြားသူတွေပါ မမျှော်လင့်ရာကနေ ဆိုးဝါးတဲ့ ရောဂါတွေ ကူးစက်မခံရလေအောင် ဒီအကြောင်းအရာလေးကို ပြန်မျှဝေပေးပါဦးနော်။

Source: https://www.facebook.com/photo.php?fbid=578803108880020&set=a.419123871514612.94759.418255571601442&type=1&theater

A 10 year old boy, had eaten pineapple about 15 days back, and fell sick, from the day he had eaten. Later when he had his Health check done…… doctors diagnosed that he had AIDS. His parents couldn’t believe it…Then the entire family under went a checkup… none of them suffered from Aids. So the doctors checked again with the boy if he had eaten out…..The boy said ‘Yes’. He had pineapple that evening. Immediately a group from the hospital went to the pineapple vendor to check. They found the pineapple seller had a cut on his finger while cutting the pineapple; his blood had spread into the fruit. When they had his blood checked…the guy was suffering from AIDS…but he himself was NOT aware. Unfortunately the boy is now suffering from it. Please take care while u eat on the road side and pls forward this message to your dear one’s.. Take Care Please Forward This message To All The Persons You Know As Your Message May Save One’s Life !!!!!

World Myanmar

မြန်မာနိုင်ငံသားမည်သူမဆို သမ္မတဖြစ်ပိုင်ခွင့်ကို ဖွဲ့စည်းပုံက တားဆီးမှုမျိုး မဖြစ်စေလိုဟု သမ္မတပြော


နန်းလွင်နှင်းပွင့်

ရန်ကုန်၊ မဇ္ဈိမ။ ။ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါရှိသည့် နိုင်ငံရေး ဦးဆောင်မှုဆိုင်ရာ အရည်အချင်း သတ်မှတ်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသားမည်သူမဆို သမ္မတဖြစ်ပိုင်ခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေက ကန့်သတ်တားမြစ်မှုမျိုး မဖြစ်စေလိုဟု သမ္မတဦးသိန်းစိန် မတ်လ ၂၉ရက်တွင် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲ၌ ပြောကြားလိုက်သည်။

"နိုင်ငံရေးဦးဆောင်မှုဆိုင်ရာ အရည်အချင်းသတ်မှတ်မှုအတွက် လိုအပ်မယ့် ဖွဲ့စည်းပုံ ဥပဒေပြင်ဆင်ရေးကိစ္စ ဖြစ်တယ်၊ ဒီကိစ္စနဲ့ပတ်သတ်ပြီး ကျွန်တော့်ရဲ့ အမြင်သဘောထားကတော့ မည်သည့် နိုင်ငံသားတိုင်းရင်းသားမဆို ဖွဲ့စည်းပုံက မြန်မာနိုင်ငံကို နိုင်ငံသားအရ ကန့်သတ်တားမြစ်တာမျိုး မဖြစ်စေလိုတဲ့ နိုင်ငံရေးစေတနာရှိသလို၊ တစ်ဖက်ကလည်း မိမိတို့အမျိုးသားအကျိုးစီးပွား၌ မိမိတို့ နိုင်ငံ အချုပ်အခြာအာဏာမထိပါးစေမယ့် သင့်တင့်လျောက်ပတ်တဲ့ ကာကွယ်ပေးနိုင်တဲ့ အခြေခံမူများရှိဖို့လည်း လိုပါတယ်"ဟု သမ္မတက သူ၏ အမြင်ကို ထုတ်ဖော်ပြောကြားလိုက်သည်။

သမ္မတဦးသိန်းစိန်က ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းနှင့် ပတ်သက်၍ အပိုင်းသုံးပိုင်းခွဲကာ ပြောကြားခဲ့သည်။ ပထမပိုင်းအနေဖြင့် နိုင်ငံရေးဆွေးနွေးပွဲမှ ရရှိသည့် သဘောတူညီချက်များအတွက် လိုအပ်သလို ဖြည့်စွက်ခြင်း၊ ပြင်ဆင်ခြင်းလုပ်ဆောင်ရမည်ဖြစ်သည်။

ဒုတိယ အနေဖြင့် ဒီမိုကရေစီစံနှုန်းများ တန်ဖိုးများ ပြည့်မှီရန် လိုအပ်သလို ပြင်ဆင်ရန်နှင့် တတိယအပိုင်းအခြေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေက နိုင်ငံသားများ၏ သမ္မတဖြစ်ခွင့်ကို ကန့်သတ်ထားတာမျိုးမဖြစ်စေရန် ဟု သုံးပိုင်းခွဲ၍ ပြောကြားသွားသည်။

"နိုင်ငံရေး ပါတီတွေအနေနဲ့ လိုလားချက် တစ်ခုဖြစ်တဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးနိုင်ဖို့ကို နိုင်ငံရေး ဆွေးနွေးပွဲကြီးမှာ လမ်းဖွင့်ထားမှာ ဖြစ်ပါတယ်။"ဟု သမ္မတက ပြောသည်။

လက်ရှိတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန်အဖွဲ့အစည်းအသီးသီးက ကြိုးပမ်းလျှက်ရှိပြီး ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် သမ္မတဖြစ်ပိုင်ခွင့်ကို ကန့်သတ်ထားသည့် ပုဒ်မများဖြစ်သည့် ပုဒ်မ ၅၉(စ)၊ ၅၉(ဃ)နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် အဓိကကန့်သတ်ထားသည့် ပုဒ်မ ၄၃၆တို့ကို ပြင်ဆင်ရန် မြို့နယ်များတွင် ဆန္ဒပြမှုများ ဆက်တိုက်ဆိုသလို လုပ်ဆောင်လျှက်ရှိသည်။

လွှတ်တော်ထဲ၌လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အကောင်အထည်ဖော်မှု ကော်မတီ'တစ်ရပ်ကို ဖွဲ့စည်းကာ လုပ်ဆောင်လျှက်ရှိသည်။

ယင်းကော်မတီ၏လုပ်ငန်းတာဝန်များကို ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲမတိုင်မီ ခြောက်လအလိုတွင် အပြီး ဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော် နာယကက ညွှန်ကြားထားသည်။

ဖေဖော်ဝါရီ ၁၈ တွင် သူရဦး ရွှေမန်းလက်မှတ်ဖြင့် ထုတ်ပြန်ခဲ့သည့်စာတွင် ပုဒ်မ ၄၃၆ ပါ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ အခန်းကို စောလျင်စွာ သုံးသပ်ရန်၊ တပ်မတော်ကို ဒီမိုကရေစီဘောင်အတွင်း ရောက်ရှိရန် စသဖြင့် အခြေခံရမည့်မူများ ပါဝင်သည်။

Mizzima Burmese 

ဖွင့်ပြီးသား အင်္ဂလိပ်စာနှင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းအား မြို့နယ်အုပ်ချုပ်ရေးမှုးမှ ကန့်ကွက်၍ ပိတ်ခဲ့ရ


၂၇-၃-၂၀၁၄ (ကြာသပတေးနေ့)တွင် စစ်ကိုင်းမြို့ IBEC ဗုဒ္ဓဘာသာပညာရေးစင်တာမှ ပဓာနနာယကဆရာတော် အရှင်ဦးသောဘိတ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တောင်သာမြို့ရှိ အထက်တန်းကျောင်းသားကျောင်းသူများ၊ တက္ကသိုလ်ကျောင်းသားကျောင်းသူများအား အင်္ဂလိပ်စကားပြောသင်တန်းနှင့် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ သင်တန်းပို့ချရန် မြို့ခံတာဝန်ရှိရပ်ကွက်လူကြီးများ၏ တောင်းဆိုမှုအရ စီစဉ်ခဲ့ပါသည်။
ကျောင်းတိုက်မှဆရာများဦးဆောင်၍ တောင်သာမြို့ရှိ ရပ်ကွက်လူကြီးများ၊ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ စုပေါင်း တိုင်ပင်စည်းဝေးကာ မြို့နယ်တွင်းရှိ အင်္ဂလိပ်စာ (ရေး၊ဖတ်၊ပြော၊နားထောင်) အခြေခံလေးမျိုးကို သင်ယူလေ့လာရန် ဆန္ဒပြင်းပြသော ကျောင်းသားကျောင်းသူ လူငယ်များအတွက် ၁၄ရက် အင်္ဂလိပ်စာနှင့်ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းဖွင့်လှစ်နိုင်ရန် ဆောင်ရွက်ခဲ့ပါသည်။ မြို့နယ်တွင်းရှိ မိဘများ၊ ပညာသင်ယူရန် စိတ်အားထက်သန်သော လူငယ်များမှာ လှိုက်လှဲစွာ ကြိုဆိုခဲ့ကြသည်။ IBEC ကျောင်းတိုက်မှ အင်္ဂလိပ်စာ ဆရာဆရာမငါးဦးနှင့် နိုင်ငံခြားမှ ဆရာနှစ်ဦးတို့ တောင်သာမြို့တွင် အင်္ဂလိပ်စာသင်တန်းပို့်ချရန် ရောက်ရှိခဲ့သည်။ မြို့ခံပြည်သူများနှင့် တိုင်ပင်ကာ လိုအပ်သည်များကို စီစဉ်ခဲ့ကြသည်။
သင်တန်းဖွင့်ပွဲကျင်းပနိုင်ရန်အတွက် မြို့နယ်တွင်းရှိ တာဝန်ရှိသူများဦးဆောင်ကာ ဖိတ်စာများဖြန့်ဝေခဲ့ကြသည်။ မိဘပြည်သူများ၊ ရပ်ကွက်လူကြီးများအပါအ၀င် မြို့နယ်ရဲမှူး များအားလုံး မိမိတို့မြို့နယ်ရှိ ကျောင်းသားကျောင်းသူလူငယ် များအင်္ဂလိပ်စာစွမ်းရည်တိုးတက်စေရန် ရည်သန်၍ သင်တန်းဖွင့်လှစ်ပွဲအတွက် ကြိုးစား၍တက်အားသလောက် ၀ိုင်းဝန်းကူညီခဲ့ကြသည်။
သင်တန်းဖွင့်ပွဲမကျင်းပမီတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ညွန့်သိန်းမှ သင်တန်းနှင့်စပ်လျဉ်း၍ ကြိုတင် တင်ပြထားမှုမရှိဘဲ မိမိအားလွန်ဆန်သည်၊ နိုင်ငံခြားသား ဆရာနှစ်ဦးပါဝင်သည်ကိုလည်း မိမိနောက်ကျမှသိရသည်ဟု ယူဆကာ သင်တန်းဖွင့်ရန်အတွက် ငြင်းဆန်ခဲ့ပါသည်။ ၂၀၁၄ခုနှစ် မတ်လ(၂၇)ရက်နေ့ညတွင် IBEC ဆရာတော်မှ နိုင်ငံတော်အကြီးအကဲများနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ လူမှုရေးဝန်ကြီးဇော်ဝင်းလှိုင်ထံကြိုတင်၍ တယ်လီဖုန်းဖြင့် တောင်သာမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ထံ အကြောင်းကြားထားပေးရန် မေတ္တာရပ်ခံခဲ့ပြီးဖြစ်ပါသည်။
တောင်သာမြို့နယ် သံဃနာယဥက္ကဌဆရာတော်၊ ကျောင်းသစ်ပရိယတ္တိစာသင်တိုက်ကျောင်းတိုင်ဆရာတော် များနှင့် IBEC ဆရာတော်တို့က အစစအရာရာတာဝန်ယူ ကြောင်း နိုင်ငံတော်အကြီးအကဲများထံတင်ပြခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း လက်မခံဘဲ ဆရာတော်ကြီးများအား ကိုယ်တိုင်လာရောက်လျှောက်ထားရန်ထိပင် စိတ်ဓာတ် သိမ်ဖျင်းအောက်တန်းကျစွာပြောဆိုခဲ့သည်။
၂၈-၃-၂၀၁၄(သောကြာနေ့) သင်တန်းစတင်ချိန်တွင် မိဘများကိုယ်တိုင်သင်ကြားမှုစနစ်ကို တွေ့မြင်ရပြီး ကျောင်းသားကျောင်းသူများအားလုံး စိတ်ဝင်တစား ၀မ်းမြောက်စွာသင်ယူနေခဲ့သည်။ ထိုအချိန်ထိ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ညွန့်သိန်းမှာ သင်တန်းနှင့်ပတ်သတ်၍ ကန့်ကွက်နေသဖြင့် သင်တန်းအားပိတ်ခဲ့ရပါသည်။ ထိုအခါ မိဘများ၊ ကျောင်းသားကျောင်းသူများမှာ စိတ်မကောင်းကြီးစွာ ဖြစ်ရသည်။ မိမိတို့မြို့နယ်ပညာရေးအား မြို့နယ်အုပ်ချုပ်သူ ကိုယ်တိုင်ဖျက်ဆီးခဲ့သောကြောင့် စိတ်ထိခိုက်ကာ မျှော်လင့်ချက်ကင်းမဲ့နေခဲ့ရပါသည်။

အသေးစိတ်သိလိုပါက ၊ IBEC ဆရာတော် Ashin Sobhita [email protected] သို့ လိပ်မူပြီး အသေးစိတ်မေးမြန်းနိုင်ပါသည်။

Myanmar CNN မှ တင်ဆက်သည်။

ဦးဝီရသူနဲ့ ကိုမြအေးတို့ဟာ ဒီကနေ့ ရန်ကုန်မြို့ တွေ့ဆုံဆွေးနွေးပြီး ပူးတွဲကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်




DVB TV News 

ကယ်လီဖိုးနီးယား ပင်လယ်ကွေ့က မျက်တစ်လုံးငါး


ကယ်လီဖိုးနိးယား ပင်လယ်ကွေ့မှာ တံငါသည် တစ်ဦး ဖမ်းဆီးရမိခဲ့တဲ့ ငါး ဖြစ်ပြီး ငါးမန်းအမျိုးအစား ဖြစ်ပါတယ်။

၂၂ လက်မ အရှည်ရှိပြီး သက်ရှိတွေမှာ ဖြစ်တတ်တဲ့ Cysclops အမည်ရ ချို့ ယွင်းချက် ဖြစ်နေခြင်း ဖြစ်ပါတယ်။ ယင်းချို့ ယွင်းချက်က မွေးကတည်းက မျက်လုံး တစ်လုံးတည်းပဲ ပါရှိစေပြီး သက်ရှိတွေကိုမွေးဖွား လာခြင်း ဖြစ်ပါ တယ်။ ယင်းထဲမျာ ငါးမန်းတစ်ကောင် အနေနဲ့ ယခုလို မွေးဖွားတယ်ဆိုတာ အင်မတန်ရှားပါး ပါတယ်။ သက်ရှိထင်ရှား ရှိပြီး မျက်လုံး တစ်လုံးတည်း ပါဝင်တဲ့ ငါးမန်း အထီး ဖြစ်ပါတယ်။ အရည်ခွံဟာလည်း ဖြူနေပြီး အမြင်မှာ တင် ထူးခြားနေပါတယ်။

ယင်းကဲ့သို့ မျက်လုံး တစ်လုံးတည်း ပါဝင်တဲ့ ငါးများကို ယခင်ကလည်း များစွာ ဖမ်းဆီး ရမိဖူးပြီး သုတသန ပြုလုပ်လျက် ရှိကြောင်း သိရ ပါတယ်။
.
Ref: dyknow
Yoyarlay

အသဲပုံ မျက်နှာလိုချင်လို့ ကိုရီးယားမ တစ်ဦး ခွဲစိတ်ပြုပြင်ခဲ့


တောင်ကိုရီယားက TV Presenter အမျိုးသမီး တစ်ဦးဟာ အသဲပုံ ပုံသဏ္ဍန် မျက်နှာကိုလိုချင်တာကြောင့် ပလပ်စတစ်ဆာဂျီရီ ခွဲစိတ်ပြုပြင်ခဲ့ပြီး အွန်လိုင်းမှာ သူမရဲ့  ဓာတ်ပုံများ ပြန့်နှံ့ခဲ့ ပါတယ်။

ယခင်က လှပနေတဲ့ ရုပ်ရှည်ကို ဂျပန်ကာတွန်းမလေးတွေ လို မှေးစေ့ချွန် ချွန် အသဲပုံ ပုံသဏ္ဍာန်လိုချင်တာကြောင့် ခွဲစိတ်ပြုပြင် လိုက်ခြင်း ဖြစ်ပါ တယ်။ သူမရဲ့  ခွဲစိတ်မှုဟာ အန္တရာယ် အင်မတန် များပါတယ်။ အသား အရည်တင်မဟုတ်ပဲ အရိုးအကြောများကိုပါ ခွဲစိတ်ပြုပြင်ရတာမို့ သေစေတဲ့ ခွဲစိတ်မှု ဖြစ်ပါတယ်။ ဒါကြောင့်မှု ပလပ်စတစ် ဆာဂျရီနဲ့ ပက်သက် လို့ တောင်ကိုရီး ယား မှာ ဥပဒေ သစ်များ ပြန်ထုတ်ရမယ် လို့တောင် ဝေဖန်နေကြ ပါတယ်။ တောင်ကိုရီးယားနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပလပ်စတစ် ဆာဂျရီ ပြုလုပ်မှုအများဆုံး နိုင်ငံတစ်နိုင်ငံအဖြစ် စံချိန်တင် ထားပြီး အများဆုံးမြို့ က ဆိုးလ်မြို့ ဖြစ်ပါတယ်။ ဆိုးလ်မြို့ က ၅ ဦးမှာ ၁ ဦးက ပလပ်စတစ်စ် ဆာဂျီပြုလုပ်တဲ့အထကိုအရေအတွက်က အင်မတန် များပါတယ်။ ၂၀ ရာခိုင်နှုန်းဖြစ်ပြီး အသက်အပိုင်းအခြားကတော့ ၁၉ ခုနှစ်ကနေ ၄၉ နှစ်ကြား ဖြစ်ပါတယ်။

အများအားဖြင့် ပြုပြင်မှုက မျက်လုံးတစ်ဝိုက်ဖြစ်ပေမယ့် ပုံထဲက အမျိုးသမီး လို အသဲပုံကတော့ ကမ္ဘာ့ပထမဆုံး ဖြစ်ပါတယ်။ အရှေ့ အာရှသူ အချို့ လိုချင်ကြတဲ့ မျက်နှာထားဖြစ်ပြီး သူမကတော့ တကယ်ပြုလုပ်ယူခဲ့ ပါတယ်။ သူမရဲ့ ပြုပြင်မှုနဲ့ ပက်သက်ပြီး တောင်ကိုရီးယားနဲ့ ဂျပန်က ကြည့်ရှုသူတို့ကို အံ့သြမင်သက်စေခဲ့ကြောင်း သိရ ပါတယ်။
.
Ref: dailymail
Yoyarlay

ဆူပူဆုံးမခဲ့သည့် ဦးလေးကို တူဖြစ်သူက ဓါးဖြင့်ထိုး၍ သေဆုံး


ရန်ကုန်၊ မတ် ၂၉

၂၈.၃.၂၀၁၄ရက်နေ့ ၂၃၃၀အချိန် လှိုင်သာယာမြို့နယ်၊ သောင်ကြီးနယ်မြေ
ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် အင်းစိန်ဆေးရုံသို့ လူတစ်ဦးသေဆုံးရောက်ရှိ လာကြောင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ
ကိုအောင်ထွေး၊ (၃၀)နှစ်၊ (ဘ)ဦးကျော်ဇံဖြူ ၊ (၉)ရပ်ကွက်၊ လှိုင်သာယာ
မြို့နယ်နေသူဖြစ်ပြီး ၀ဲဘက်ရင်ညွန့်ထိုးသွင်းဒဏ်ရာ(၁)ချက်ရရှိထား
သည်ကို စစ်ဆေးတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၂၁၀၀ အချိန်ခန့်က သေဆုံးသူ ကိုအောင်ထွေးသည် တစ်ဝင်းတည်းအတူနေ တူဖြစ်သူ နိုင်လင်းထိန်၊ (၁၆)နှစ်၊(ဘ)ဦးမင်းမင်းဦး
မှာ သူငယ်ချင်းများနှင့်စကားများပြီး နေအိမ်သို့ပြန်လာသည်ကိုသိရှိရသဖြင့် ဆူပူကြိမ်းမောင်းခဲ့ကြောင်း၊ ထိုသို့ကြိမ်းမောင်းသည်ကို တူဖြစ်သူ
နိုင်လင်းထိန်မှ မကျေနပ်သဖြင့် ဓါးဖြင့်ထိုးခဲ့၍ ဒဏ်ရာရရှိခဲ့ပြီး အင်းစိန်ဆေးရုံသို့ ပို့အပ်ကုသစဉ် ၂၃၁၅အချိန်တွင် သေဆုံးသွားခဲ့ကြောင်း သိရှိရပါသည်။

ယင်းသို့ပြစ်မှုကျူးလွန်သူ နိုင်လင်းထိန်အား သောင်ကြီးနယ်မြေရဲစခန်း (ပ)၂၀၉/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ပွဲကြည့်ပြီးပြန်လာသူများအား ဓါးဖြင့်ထိုးပြီး ၀ိုင်းဝန်ရိုက်နှက်ကြသူများကို အရေးယူ


ရန်ကုန်၊ မတ် ၂၉

၂၈.၃.၂၀၁၄ ရက်နေ့ ၂၃၀၀ အချိန် ကွမ်းခြံကုန်းမြို့နယ်နေသူများဖြစ်သည့် ရှိုင်းကိုဦး (ဘ)ဦးကြည်လွင်ဦးနှင့် အစ်ကိုဝမ်းကွဲတော်စပ်သူ ဖြိုးအောင် (ဘ)ဦးဝင်းရွှေပါသူငယ်ချင်း(၅)ဦးတို့သည် လှိုင်သာယာမြို့နယ်၊ အတွင်းပဒံ
ကျေးရွာ၌ ပွဲကြည့်ပြီးပြန်လာစဉ် သမကုန်းကားဂိတ်အနီးအရောက် ရဲလွင်ဦး
(ခ)မုန်တိုင်းပါ(၆)ဦးတို့မှ ၎င်းတို့အား “စောစောကငါတို့ကိုလုပ်သွားတာ
လား” ဟုပြောဆိုပြီး မုန်းတိုင်း(ခ)ရဲလွင်ဦးမှ ဓါးဖြင့်ထိုးကာ ကျန်သူများမှ ၀ိုင်းဝန်းထိုးကြိတ်ရိုက်နှက်ခဲ့ကြသဖြင့် ရှိုင်းကိုဦးတွင် ယာမျက်လုံးဖူးရောင်၊ ယာနဖူးရောင်၊ ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာများရရှိခဲ့ပြီး ဖြိုးအောင်
တွင် ယာမျက်လုံးအထက်ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ယာမျက်လုံးဖူရောင် ဒဏ်ရာများရရှိခဲ့ကြကာ လှိုင်သာယာဆေးရုံမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီး
သို့ အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် တင်ပို့ကုသခဲ့ရကြောင်း သိရှိရပါသည်။

ထိုသို့ကျူးလွန်သူများကို အရေးယူပေးပါရန် တိုင်တန်းချက်အရ သောင်ကြီး
နယ်မြေရဲစခန်း (ပ)၂၀၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်လှစ်ကာ
ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူများဖြစ်ကြသည့် ရဲလွင်ဦး(ခ)မုန်းတိုင်း (ဘ)ဦးမောင်မောင်၊ ဇာနည်(ခ)ဖြိုးစည်သူ၊ (ဘ)ဦးပြုံးချို၊ အရိုး(ခ)ကိုထက်၊ (ဘ)ဦးအုန်းမြင့်၊ ဖိုးလပြည့်၊ (ဘ)ဦးဝင်းကြည်၊ ဇော်ဝင်းဦး၊ (ဘ)ဦးတင်ဦး၊
မြတ်နိုးပိုင်၊ (ဘ)ဦးစန်းအောင်တို့(၆)ဦးကိုဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မြောင်းမြ NLD ပါတီဝင်များ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒပြ











မြောင်းမြ၊ မတ် ၂၉။

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းပြမြို့တွင် ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ၅၀၀ခန့်က ယနေ့နံနက်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဆန္ဒပြသူများသည် ၂ဝဝ၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ၊ပုဒ်မ ၅၉(ဃ) (စ) အလိုမရှိ၊ လေးပွင့်ဆိုင် တွေ့ဆုံဆွေးရေး အမြန်ဆောင်ရွက်ပေး၊ တိုင်းရင်းသားဒေသများ ထာရ ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံဥပဒေပါ ပြည်သူကို ဖိနှိပ်သောပုဒ်မများ ဖျက်သိမ်းရေး စသည့်အချက်(၅)ချက်ကို ကြွေးကြော်ခဲ့ကြပြီး မြို့တစ်ပါတ် စီတန်းလှည့်လည်ခဲ့ကြသည်။

“အဓိက ၅၉(စ)မှာ ပါတာက စစ်သားနဲ့ စစ်မှုထမ်းဟောင်းတွေပဲ သမ္မတဖြစ်ခွင့်ရှိနေတယ်၊  ဒါကိုပြင်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်မှ မဟုတ်ပါဘူး၊ နိုင်ငံသားတိုင်း သမ္မတဖြစ်ခွင့် ရှိလာမှာပါ”ဟု မြောင်းမြမြို့ NLDပါတီ ဥက္ကဋ္ဌ ဦးဘိုဖြူ က ပြောသည်။

ဓာတ်ပုံ – ထက်နောင်နောင်
The Myanma Age

လေယာဉ်၊ ဆက်သွယ်ရေး ဂြိုတ်တုမှတစ်ဆင့် အင်တာနက်လိုင်း ထုတ်လွှတ်နိုင်ရန် Facebook စမ်းသပ်လေ့လာလျက်ရှိ


နယူးယောက်၊ မတ် ၂၈

အင်တာနက်လိုင်းကို တာဝါတိုင်များမှတစ်ဆင့် ထုတ်လွှတ်မည့်အစား မောင်းသူမဲ့လေယာဉ်၊ ဆက်သွယ်ရေး ဂြိုဟ်တု၊ နေစွမ်းအင်သုံး လေယာဉ်ပျံများမှတစ်ဆင့် ထုတ်လွှတ်နိုင်ရန် ကမ္ဘာကျော် လူမှုကွန်ရက် ဝက်ဘ်ဆိုက်ဖြစ်သော Facebook က စမ်းသပ် သုတေသနပြုလျက် ရှိကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။
‘ကောင်းကင်ကနေ အင်တာနက်လိုင်း လွှင့်နိုင်ဖို့ ကျွန်တော်တို့ ကြိုးပမ်းနေပါတယ်’ ဟု Facebook ဝက်ဘ်ဆိုက်ကို ပူးတွဲ တည်ထောင်သူဖြစ်သော မာ့က်ဇူကာဘတ်က Facebook တွင် ရေးသားထားသည်။

ယင်းကဲ့သို့ လေယာဉ်၊ ဆက်သွယ်ရေး ဂြိုဟ်တုတို့မှတစ်ဆင့် အင်တာနက်လိုင်း လွှင့်ထုတ်နိုင်စေရန် အာကာသ လေကြောင်းနှင့် ဆက်သွယ်ရေး နည်းပညာ ကျွမ်းကျင် ပညာရှင်များ ပါဝင်သောအဖွဲ့က စမ်းသပ် လေ့လာမှုများ ပြုလုပ်လျက် ရှိသည်။

Facebook က စည်းရုံး ဖွဲ့စည်းထားသည့် အဆိုပါ ကျွမ်းကျင် ပညာရှင်များတွင် နာဆာအဖွဲ့တွင် အရေးပါသော သုတေသနစင်တာ တစ်ခုဖြစ်သည့် Ames Research စင်တာမှ ပညာရှင်များလည်း ပါဝင်သည်။

ယခုကဲ့သို့ မောင်းသူမဲ့ လေယာဉ် စသည်မှ အင်တာနက်လိုင်း ထုတ်လွှတ်ရန် စမ်းသပ် လေ့လာခြင်းသည် တစ်ကမ္ဘာလုံး မည်သည့် နေရာတွင် ရှိသည်ဖြစ်စေ အင်တာနက် အသုံးပြုနိုင်စေရန် ရည်ရွယ်ခြင်း ဖြစ်သည်။
“တစ်ကမ္ဘာလုံး ချိတ်ဆက်ဖို့ဆိုရင် နည်းပညာသစ် ထွင်ဖို့လည်း လိုမှာပဲ။ ဒီအတွက် ကျွန်တော်တို့ရဲ့ ကွန်ရက် စမ်းသပ်ရေးအဖွဲ့က အထူးပြုပြီး လုပ်နေတာပါ” ဟု မာ့က်ဇူကာဘတ်က ပြောကြားသည်။

အဆိုပါအဖွဲ့သည် အမျိုးမျိုးသော တစ်ကမ္ဘာလုံး အင်တာနက်ကွန်ရက် လွှမ်းခြုံခြင်းဟူသော မစ်ရှင် အောင်မြင်စေရန် နည်းဗျူဟာမျိုးစုံကို စဉ်းစားလျက် ရှိပြီး လူနေကျဲသည့် နေရာများတွင် ဆက်သွယ်ရေး ဂြိုဟ်တုမှတစ်ဆင့် အင်တာနက်လိုင်း ထုတ်လွှတ်ရန် စဉ်းစားလျက် ရှိသည်။

ထို့ပြင် ဆာဟာရတစ်ပိုင်း အာဖရိက နိုင်ငံများအတွက် မီတာ ၂၀၀၀၀ အထက်တွင် မရပ်မနား ပျံသန်းနိုင်သည့် လေယာဉ်မှတစ်ဆင့် အင်တာနက် ထုတ်လွှတ်ရန် စမ်းသပ်လေ့လာလျက် ရှိကြောင်း မက်ဆာချူးဆက် နည်းပညာ တက္ကသိုလ်တွင် ပါရဂူတန်း တက်ရောက် သင်ကြားနေပြီး အရေးပါသော သိပ္ပံ တီထွင်မှုများ ပြုလုပ်နေသည့် လူငယ် တစ်ဦးဖြစ်သူ Yael Maguire က Youtube ဝက်ဘ်ဆိုက်တွင် ပြောကြားသည်။

အင်တာနက်လိုင်း ထုတ်လွှတ်မည့် လေယာဉ်သည် ကမ္ဘာ့ရာသီဥတု ဖြစ်ပေါ်သည့် ဧရိယာ အထက်တွင် ပျံသန်းမည် ဖြစ်ပြီး နေစွမ်းအင်ကို အသုံးပြုကာ တစ်ကြိမ်လျှင် လပေါင်းများစွာ ကြာအောင် ပျံသန်းနိုင်မည် ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

The Voice Weekly

မီတာခ တိုးမြှင့်ကောက်ခံမှုကို မန္တလေး၌ ဆန္ဒထုတ်ဖော်သူလေးဦး တရားစွဲဆိုခံရ


မန္တလေး၊ မတ် ၂၈

လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံမှုနှင့် ပတ်သက်၍ မန္တလေးမြို့တော်တွင် မတ်လ ၂၇ ရက်နေ့ညနေက ကန့်ကွက် ဆန္ဒထုတ်ဖော်ခဲ့သော ဦးသိန်းအောင်မြင့် အပါအဝင် လေးဦးကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ခွင့်ဆိုင်ရာ နည်းဥပဒေပုဒ်မ (၁၈) အရ တရားစွဲဆိုသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဦးသိန်းအောင်မြင့်နှင့် ဦးစောလှအောင်တို့ နှစ်ဦးသည် တစ်ပေကျော်ရှိ ဖယောင်းတိုင်များ ကိုင်ဆောင် ထွန်းညှိကာ လူ ၅၀ ဦးခန့်ကို စုဝေးစေခြင်း၊ ၎င်းတို့နှင့် အတူပါလာသော ဦးကျော်မျိုးထွန်း၊ ဒေါ်ခက်ခက်တင် တို့သည် ဖယောင်းတိုင်များ ဖြန့်ဝေပေးခြင်း၊ သဘောထား ထုတ်ပြန်ချက် ခေါင်းစဉ်ပါ လက်ကမ်း စာစောင်များနှင့် လျှပ်စစ် အခကြေးငွေ တိုးမြှင့်ခြင်းနှင့် ပတ်သက်သော သဘောထား ကြေညာချက် လက်ကမ်းစာစောင်များ ဖြန့်ဝေခင်း၊ ကြွေးကြော်သံများ ကြွေးကြော်ခြင်း၊ ပတ်ဝန်းကျင်ရှိ လူများကို လှုံ့ဆော် အော်ဟစ်ခြင်း စသည်တို့ကို ခွင့်ပြုချက်မရှိဘဲ ဆောင်ရွက်နေသဖြင့် ရဲတပ်ဖွဲ့က ဖြေလျှော့ တားဆီးဆောင်ရွက် ခဲ့သော်လည်း ဆက်လက်စုဝေး ဆန္ဒပြနေသဖြင့် မြို့နယ် စီမံခန့်ခွဲမှု အစည်းအဝေး ဆုံးဖြတ်ချက် အမှတ် ၄/၂၀၁၄ အရ ခွင့်ပြုချက် မရရှိဘဲ စုဝေးခြင်း ပြုလုပ်ခဲ့သူ ဦးသိန်းအောင်မြင့် အပါအဝင် လေးဦးကို ပုဒ်မ ၁၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ၎င်းကဆိုသည်။

ချမ်းအေးသာစံမြို့နယ် တရားရုံးတွင် မတ်လ ၂၈ ရက်နေ့က ရုံးတင် စစ်ဆေးရာ ဦးသိန်းအောင်မြင့်နှင့် ဦးစောလှအောင်တို့ နှစ်ဦးသည် အာမခံ မယူဘဲ အမှုရင်ဆိုင်သွားမည် ဖြစ်ကြောင်း ယင်းတရားစွဲဆို ခံရသူများထဲတွင် ပါဝင်သူ တစ်ဦးဖြစ်သည့် ဒေါ်ခက်ခက်တင်က ပြောကြားသည်။
“ကျွန်မနဲ့ ဦးကျော်မျိုးထွန်းက ဒီနေ့ပဲ အာမခံယူတယ်။ ဒီနေ့ ချမ်းအေးသာစံ မြို့နယ်တရားရုံးမှာ တရားစွဲထားတယ်။ ကျွန်မက အကြမ်းမဖက်နဲ့လို့ပဲ အော်တာကို တရားစွဲဆို ခံရတာပါ” ဟု ဒေါ်ခက်ခက်တင်က ဆိုသည်။

မန္တလေးမြို့တော်တွင် ယင်းနေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်က ၂၀၀၇ ခုနှစ် ကုန်ဈေးနှုန်း ကျဆင်းရေးအဖွဲ့ဝင် ဦးသိန်းအောင်မြင့်နှင့် ဦးစောလှအောင် တို့သည် လျှပ်စစ်မီတာခ တိုးမြှင့် ကောက်ခံခြင်းကို လက်မခံနိုင်ဘဲ ကန့်ကွက်ကြောင်းကို ၇၈ လမ်းနှင့် ၃၃ လမ်းထောင့် ဒိုင်းမွန်း ပလာဇာအနီးတွင် ဆန္ဒထုတ်ဖော်ခဲ့ရာ ချမ်းအေးသာစံမြို့နယ် ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူများနှင့် မြို့နယ်မှူးတို့က တားမြစ် ခဲ့သော်လည်း ဦးသိန်းအောင်မြင့်က နောက်မဆုတ်ဘဲ ဆက်လက်ဆန္ဒ ထုတ်ဖော်ခဲ့ခြင်းကြောင့် ဖမ်းဆီး ခေါ်ဆောင် ခံခဲ့ရကြောင်း မျက်မြင် တွေ့ရှိသူများက ပြောကြားသည်။

“မနေ့ညက လမ်းမမှာ ရဲတွေကို အများကြီးပဲ။ ဆန္ဒထုတ်ဖော်တဲ့ လူတွေလည်း ခဏပဲ သူတို့ ဆန္ဒထုတ်ဖော်ရတဲ့ အကြောင်းအရင်းကို ကြွေးကြော်လိုက်ရတာ။ ပြီးတော့ ရဲတွေကဖမ်းပြီး ကားပေါ်ဆွဲတင် သွားတာပဲ။ တော်တော်လေးတော့ ရုန်းရင်းဆန်ခတ် ဖြစ်သွားကြတယ်” ဟု အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို မျက်မြင် တွေ့လိုက်ရသော ချမ်းအေးသာစံ မြို့နယ်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

The Voice Weekly

Laser World ကုမ္ပဏီက တရားစွဲလျှင် ရင်ဆိုင်ဖြေရှင်းရန် အသင့်ရှိဟု တေးသံရှင် Cobra ပြောကြား

မရိုက်ကူးရသေးသော ဇာတ်ညွှန်း မိတ္တူအား ပြန်မပေးဖြစ်သောကြောင့် လက်ထိပ်ခတ်၊ သံကြိုးနှင့်ချည်နှောင်ထားခံရသော အမျိုးသမီး

ယခုသတင်းနှင့် ဆက်စပ်သတင်း
ရင်နင့်ဘွယ်ရာ သတင်းတစ်ပုဒ်
လက်ထိတ်၊ သံကြိုးတန်းလန်းနှင့် ဆေးရုံတက်နေသည့် အမျိုးသမီးသရုပ်ဆောင်သစ်အား အချုပ်ခန်းပြန်ပို့

ရန်ကုန်၊ မတ် ၂၈

ရိုက်ကူးရန် စီစဉ်နေသော ရုပ်သံဇာတ်လမ်းတွဲ၏ ဇာတ်ညွှန်းမိတ္တူ ပျောက်ဆုံးမှုဖြင့် အမှုဖွင့်ခံထားရသော Laser World ကုမ္ပဏီမှ အမျိုးသမီး ဝန်ထမ်းဟောင်း ဆေးရုံခုတင်ပေါ်တွင် လက်ထိတ်ခတ်ကာ ဆေးကုသမှု ခံယူနေပုံကို လူမှုကွန်ရက် Facebook စာမျက်နှာပေါ်တွင် တင်ခဲ့မှုနှင့် ပတ်သက် ၍ Laser World ကုမ္ပဏီက တရားစွဲဆိုလာပါက ရင်ဆိုင်ဖြေရှင်းရန် အသင့်ရှိကြောင်း တေးသံရှင် Cobra က The Voice သို့ ပြောကြားသည်။

“ဒီဓာတ်ပုံကို တင်ခဲ့တယ် ဆိုတာကလည်း ဒီကောင်မလေးနဲ့က ကိုယ့်ကို အင်တာဗျူးတွေလုပ်ရင်း ရင်းနှီးနေခဲ့တာပါ။ သူကျူးလွန်ခဲ့တဲ့ အမှုနဲ့ သူခံစားနေရတဲ့ ဒုက္ခက မမျှတဘူး။ ပြင်းထန်လွန်းတယ် ထင်လို့ ပြေလည်ရာ ပြေလည်ကြောင်း ကူညီပေးနိုင်တဲ့သူတွေ သိစေဖို့ ဒီဓာတ်ပုံကို တင်ပေးတာပါ။ တခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး” ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။

Facebook ပေါ်တွင် ရေးခဲ့သည့် စာများနှင့် ပတ်သက်၍ Laser World ကုမ္ပဏီပိုင်ရှင် ဦးအောင်ကြူဟိန်းနှင့် နှစ်ဦးသား တွေ့ဆုံကာ ကုမ္ပဏီပိုင်ရှင်ဘက်က ဖြေရှင်းချက် တောင်းခဲ့ကြောင်း၊ မိမိ (တေးသံရှင် Cobra) ကလည်း အမှုဖွင့်ခံရသူ မဆုဆုအောင်မှာ အပြစ်ရှိသည် မှန်သော်လည်း ဝန်ထမ်းဟောင်း တစ်ဦးဖြစ်သည့်အတွက် ညှိနှိုင်းလျှော့ပေါ့စွာ ဆောင်ရွက်ရန် Laser World ကုမ္ပဏီပိုင်ရှင်ကို အကူအညီ တောင်းခံခဲ့ကြောင်း တေးသံရှင် Cobra က ရှင်းပြသည်။

Laser World ကုမ္ပဏီ ဝန်ထမ်းဟောင်း အမျိုးသမီး သရုပ်ဆောင်သစ်၏ ပုံကို Facebook လူမှုကွန်ရက် စာမျက်နှာတွင် တင်ပြခဲ့မှုနှင့် ပတ်သက်၍ တေးသံရှင် Cobra ကို ဖုန်းခေါ်ဆို၍ အဆိုပါကိစ္စရပ် အဖြစ်မှန် အခြေအနေကို မေးမြန်းခဲ့ရာ တစ်ဖက်ပြောပြချက်ကိုသာ သိရှိပြီး အလုံးစုံကို မသိဟု ဖြေကြားခဲ့ကြောင်း၊ ယင်းအတွက်ကြောင့် Facebook ပေါ်တွင် ရေးသားခဲ့မှုများကို သင့်တော်သလို ဖြေရှင်းပေးရန် တောင်းဆိုခဲ့သော်လည်း တေးသံရှင် Cobra ဘက်မှ နှောင့်နှေးနေသည့်အတွက် တရားဥပဒေအရ ဆောင်ရွက်ရန် စီစဉ်ခြင်းဖြစ်ကြောင်း Laser World ကုမ္ပဏီပိုင်ရှင် ဦးအောင်ကြူဟိန်းက ပြောကြားသည်။

အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ မိန်းကလေး တစ်ဦးအနေနှင့် အချုပ်ခန်းထဲတွင် တစ်ရက်နေရခြင်းမှာ မသင့်လျော်သည့်အတွက် ကူညီပေးခဲ့ခြင်းသာ ဖြစ်ကြောင်း၊ ယခုဖြစ်ရပ်မှာ မှန်ကန်မှုများသာ ဖြစ်ပြီး Facebook ပေါ်တွင် ရေးသားထားမှုများမှာ လုပ်ကြံဖန်တီးမှု မပါသောကြောင့် ပြောင်းလဲ ရေးသားရန် မလိုကြောင်း တေးသံရှင် Cobra က ပြောကြားသည်။

Laser World ကုမ္ပဏီမှ ဝန်ထမ်းဟောင်း မဆုဆုအောင်မှာ သိမ်မွေ့စွာ ငြိတွယ်ခြင်း အမည်ဖြင့် ယင်းကုမ္ပဏီက ရိုက်ကူးမည့် ရုပ်သံဇာတ်လမ်းတွဲ၏ ဇာတ်ညွှန်းမိတ္တူကို ပြန်မပေးမှုကြောင့် အမှုဖွင့်ခံထားရပြီး ရဲစခန်းတွင် အချုပ်ကျခဲ့ကြောင်း၊ အချုပ်ထဲတွင် ရှိနေစဉ် ကျန်းမာရေး အခြေအနေ ဆိုးရွားလာမှုကြောင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး ဆေးရုံပေါ်မှ လက်ထိတ်တန်းလန်းနှင့် သံကြိုး ချည်နှောင်ထားခံရသော မဆုဆုအောင်၏ ပုံကို တေးသံရှင် Cobra က မတ်လ ၂၄ ရက်နေ့တွင် ၎င်း၏ Facebook စာမျက်နှာ၌ တင်ခဲ့ရာမှ စတင်ကာ Laser World ကုမ္ပဏီနှင့် တေးသံရှင် Cobra တို့ကြား နှစ်ဖက်အပြန်အလှန် အငြင်းပွားမှုများ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

“သူ (မဆုဆုအောင်) ယူသွားတဲ့ ဇာတ်ညွှန်းက မိတ္တူဆိုပေမယ့် အနုပညာပစ္စည်း တစ်ခုက စာမေးပွဲ မေးခွန်းနဲ့ အတူတူပဲ။ ပေါက်ကြားသွားရင် ပြန်ပြင်ဆင်လို့ မရတော့ဘူး။ ဒီဇာတ်ညွှန်းက တစ်ယောက်ယောက် လက်ထဲမှာ ရောက်သွားပြီး ခိုးယူကူးချတာမျိုး လုပ်ရင် ရိုက်မယ့် ဇာတ်လမ်းအတွက် အများကြီး ထိခိုက်နစ်နာနိုင်ပါတယ်” ဟု Laser World ကုမ္ပဏီပိုင်ရှင် ဦးအောင်ကြူဟိန်းက ဆိုသည်။

ဆေးရုံတက်နေသော ကုမ္ပဏီ ဝန်ထမ်းဟောင်း အမျိုးသမီး သရုပ်ဆောင်သစ် မဆုဆုအောင်ကို ရဲများက လက်ထိတ်ခတ်ကာ သံကြိုးနှင့် ချည်ထားခြင်းမှာ တရားဥပဒေအရသာ ဆောင်ရွက်ခြင်း ဖြစ်ပြီး ၎င်း၏ ပယောဂ လုံးဝ မပါဝင်ကြောင်း Laser World ကုမ္ပဏီပိုင်ရှင်က ရှင်းပြသည်။

မဆုဆုအောင်မှာ Laser World မှ ရိုက်ကူးမည့် ဇာတ်လမ်းတွဲတွင် ပါဝင် သရုပ်ဆောင်ရန် ရွေးချယ်ခံထားရသူ ဖြစ်ပြီး ၂၀၁၃ ခုနှစ် သြဂုတ်လတွင် မဆုဆုအောင် အလုပ်မှ နုတ်ထွက်ခဲ့ကြောင်း၊ ဇာတ်လမ်းတွဲ ရိုက်ကူးရန် ဇာတ်ညွှန်းရှာချိန်၌ ဇာတ်ညွှန်း မိတ္တူတစ်စုံ ပျောက်ဆုံးနေပြီး ဝန်ထမ်းဟောင်း ယူဆောင်သည်ဟု သိရှိချိန်တွင် ၎င်းကို ဆက်သွယ်၍ ဇာတ်ညွှန်း ပြန်ပေးရန် တောင်းခဲ့သော်လည်း ပျောက်နေသည်ဟု ပြောသဖြင့် အချိန်ကာလ တစ်ခု စောင့်ဆိုင်းပေးခဲ့ကြောင်း Laser World ကုမ္ပဏီထံမှ သိရှိရသည်။

ယင်းနောက် တစ်ပတ်အကြာတွင် ဇာတ်ညွှန်းမိတ္တူ ပြန်လည် တောင်းခံသည့် အခါ မချေမငံ ပြောဆိုခဲ့ပြီး နောက်ပိုင်းတွင် ဇာတ်ညွှန်းမှာ ခြစား ပျက်စီးသွားပြီဟု ပြောကြားခဲ့ကြောင်း၊ ၎င်းအလုပ်ဝင်စဉ်က ထောက်ခံပေးခဲ့သော ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် ရဲစခန်းတို့ကို ဆက်သွယ်၍ မတ်လဆန်းတွင် တရားဥပဒေအရ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း Laser World ကုမ္ပဏီထံမှ သိရှိရသည်။

အဆိုပါ ဇာတ်ညွှန်းမိတ္တူကို အိမ်ယူခွင့် ပေးထားခြင်း မဟုတ်ဘဲ ဇာတ်ကားတွင် သရုပ်ဆောင်ရန် အတွက် ကြိုတင် လေ့ကျင့်နိုင်စေရန် မန်နေဂျာမှ တစ်ဆင့် ရုံးတွင် အသုံးပြုရန်သာ ခေတ္တ ပေးအပ် ခဲ့ခြင်း ဖြစ်ကြောင်း၊ ရုံးပိုင်ပစ္စည်း တစ်ခုကို အသိမပေးဘဲ ယူဆောင်ခွင့် မရှိကြောင်း ဦးအောင်ကြူဟိန်းက ပြောဆိုသည်။

လက်ထိတ် သံကြိုးတန်းလန်းနှင့် ဆေးကုသမှု ခံယူနေသူ အမျိုးသမီးသည် မတ်လ ၂၆ ရက်နေ့က ဆေးရုံမှ အချုပ်ခန်းသို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ မတ်လ ၂၈ ရက်နေ့ နံနက်က ကျောက်တံတားမြို့နယ် တရားရုံးက မတ်လ ၂၈ ရက်မှ ဧပြီလ ၄ ရက်နေ့ အထိ ချုပ်ရက်ရမန် သတ်မှတ်ပေးထားကြောင်း ကျောက်တံတားမြို့မ ရဲစခန်းထံမှ သိရှိရသည်။

The Voice Weekly

မှော်ဘီ-တိုက်ကြီးဟိုင်းလပ်ယာဉ် ဆက်လက်ပြေးဆွဲရေး သုံးရက်ဆက်တိုက် ဆန္ဒဖော်ထုတ်မည်


ရန်ကုန်၊ မတ် ၂၉

စည်ပင်သာယာနယ်နိမိတ်အတွင်း ယခုလနောက်ဆုံးရက်ထိသာ ဟိုင်းလပ်ယာဉ်များအား ပြေးဆွဲခွင့်ပြုထားခြင်းကြောင့် မတ် ၃၀ ရက် တိုက်ကြီးမြို့ပေါ်တွင် ယာဉ်ပိုင်ရှင်နှင့် ယာဉ်လုပ်သားများက ဆန္ဒဖော်ထုတ်သွားမည်ဖြစ်သည်။

ဟိုင်းလပ်ယာဉ်များနေရာတွင် မီနီဘတ်စ်ယာဉ်များ အစားထိုးပြေး ဆွဲရမည်ဖြစ်ခြင်းကြောင့် မှော်ဘီ_တိုက်ကြီး ဟိုင်းလပ်ယာဉ်များကမတ် ၃၀ ရက်တွင် တိုက်ကြီး မြို့ပေါ်တွင် လည်းကောင်း၊ မတ် ၃၁ ရက်တွင် မဟာဗန္ဓုလပန်းခြံရှေ့ တွင်လည်းကောင်း၊ ဧပြီ ၁ ရက်တွင် မထသ(ဗဟို) ရုံးရှေ့ ( ဘေလီမှတ်တိုင် )တွင် ဆန္ဒဖော်ထုတ်မည်ဖြစ်ကြောင်း သိရသည်။

မှော်ဘီ-တိုက်ကြီး ယာဉ်လိုင်းမှ ယာဉ်မောင်းလုပ်သက် ၅ နှစ်ရှိသူတစ်ဦးက " မနက်ဖြန်က ယာဉ်ကို ရပ်ပြီး ဆန္ဒပြမှာပါ။မီနီဘတ်စ်ယာဉ် ဆိုရင် ကျွန်တော်တို့ယာဉ်မောင်းတွေအတွက်လည်း နေ့တွက်ကြေးမကိုက်ဘူး၊"
ဟု ပြောသည်။

ထက်ထက်
Popular Myanmar News Journal

မဲဆွယ် စကားလုံးထက်ပိုသင့်သော အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုများ


ကြားဖြတ် ရွေးကောက်ပွဲကြောင့် ကမ္ဘာကသိခဲ့သော ကော့မှူး မြို့လေးပေါ် မှ ဆေးခန်း တစ်ခု သည် ရွေးကောက်ပွဲအပြီး မကြာမတင် ကာလ လေး၌ပင် လူမသိ၊ သူမသိပိတ်သိမ်းသွားခဲ့သည်။

”ကျွန်တော်က အမျိုးသား နိုင်ငံရေးလုပ်တာ၊ ကျွန်တော့် တာဝန်က ပြည်သူတွေ နဲ့ထိတွေ့ဖို့၊ ဆေး ခန်း(၂) ခန်းဖွင့်ထားတယ်” ဟူသော စကားကို ဆိုခဲ့သူ ကတော့ ၂ဝ၁၂ ကြားဖြတ် ရွေးကောက်ပွဲ တွင် ကော့မှူးမြို့နယ်၏ လွှတ်တော် ကိုယ်စားလှယ်အဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့် ယှဉ်ပြိုင် အရွေးခံခဲ့ သော ပြည်ခိုင်ဖြိုး ပါတီမှ ကိုယ်စားလှယ်လောင်း ဒေါက်တာ စိုးမင်း ဖြစ်ပါသည်။

၂ဝ၁၂ ခုနှစ် ဧပြီလတွင် ပြုလုပ်ခဲ့သော ကြား ဖြတ်ရွေးကောက်ပွဲ မတိုင်မီက ဖွင့်လှစ်ပြီး အခမဲ့ ဆေးကုသမှု ပေးခဲ့သော ဒေါက်တာ စိုးမင်း၏ ကော့ မှူးမြို့ပေါ် မှ ဆေးခန်းနှင့်ကော့မှူး မြို့နယ် အစွန် အဖျားရွာ များထိအောင် လိုက်လံ သွားရောက်ကာအခမဲ့ ဆေးကုသ မှုပြုခဲ့သော Mobile Team တို့ သည် ရွေးကောက်ပွဲ အပြီးတွင် ရပ်တန့် သွားခဲ့သည်ဟု ကော့မှူးမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးဌေးဦးက ပြောသည်။

”ရွေးကောက်ပွဲပြီးပြီး ဘာကြာလိုက်လို့လဲ ရပ်သွားတာပဲ”ဟု ဦးဌေးဦးက ပြောသည်။

ရွေးကောက်ပွဲ မတိုင်မီက ဒေါက်တာစိုးမင်း သည် ယခုကဲ့သို့ အခမဲ့ ဆေးကုသမှု ပေးခြင်းသည် မဲဆွယ် လုပ်ရပ် တစ်ခု မဟုတ်။ ရှုံးသည်ဖြစ်စေ၊ နိုင် သည်ဖြစ်စေ ကျန်းမာရေး စောင့်ရှောက်မှုကို ဆက် လက်လုပ်ဆောင် သွားမည်ဟု မီဒီယာများကို ပြော ခဲ့ပါသည်။

ယခုကဲ့ သို့သော ကိစ္စမျိုးသည် မြန်မာတွင် သာမက ကမ္ဘာနှင့် ပါချီကာ မထူးဆန်းသော ကိစ္စ များပင် ဖြစ်ပါသည်။ ကိုယ်စားလှယ် အဖြစ် ရွေး ချယ်ခြင်း မခံရသူတို့ ၏ မဲဆွယ် ကတိစကားတို့ လေ ထဲတွင် လွင့်ပျယ်သည် က တော်ပါသေးသည်။ မဲဆန္ဒ နယ်မြေ တစ်ခု၏ ကိုယ်စားလှယ်သည် ပင် ထိုမဲဆန္ဒနယ် အတွက် ဘာမှ လုပ်ဆောင် မပေးနိုင် သည့် အဖြစ်တို့ကို ကမ္ဘာ အနှံ့တွေ့နိုင်သည်။

မြန်မာနိုင်ငံ တွင်မူ ၂ဝ၁ဝ ရွေးကောက်ပွဲ သည် ၁၉၈၈ နောက်ပိုင်း ပထမဆုံးသော ရွေး ကောက်ပွဲ ဖြစ်သော်လည်း ၂ဝ၁၂ ကြားဖြတ်ရွေး ကောက်ပွဲ ကိုသာ လူထုက အရေး တယူရှိခဲ့ သည်ကို တွေ့ရသည်။ သို့သော် တကယ့် ရည်မှန်းချက် ကြီးသော လက်ရှိအနိုင်ရ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေး ပါတီကမူ ၂ဝဝ၇ ခုနှစ် လူမှုရေး အသင်း အဖြစ် ရပ်တည်နေခဲ့စဉ် ကတည်းက အခမဲ့ ကျန်း မာရေး စောင့်ရှောက်မှု ဆေးခန်း များကို ဖွင့်လှစ်ပေးခဲ့သည်ကို တွေ့ရသည်။

”ဖြိုးစေတနာ ဆေးခန်းတွေကို ၂ဝဝ၇ကစပြီး ဖွင့်ခဲ့တာ။ မြို့တော် ဆေးခန်း ဆိုပြီးစခဲ့တာ။ စမ်း ချောင်း၊ သင်္ဃန်းကျွန်း စတဲ့ အခြေခံ ပြည်သူတွေ အများဆုံးနေထိုင် တဲ့ နေရာတွေမှာ ဆေးခန်းလေး တွေ စဖွင့်ခဲ့တာ ၂ဝ၁ဝ မှာတော့ ဆေးခန်းပေါင်း ၄၅ ခုဖွင့်ခဲ့ပြီး ဖြစ်တယ်”ဟု ပြည်ခိုင်ဖြိုး ပါတီ၏ ရန်ကုန် တိုင်းဒေသကြီး လူမှုရေး ၊ကျန်းမာရေး စောင့် ရှောက်မှု တာဝန်ခံ ဦးတင်ဝင်းက ပြောသည်။

၂ဝ၁ဝ သည် အထွေထွေ ရွေးကောက်ပွဲ ကျင်းပရာ နှစ်ဖြစ်သည်။ ထို့အတူ ထိုရွေးကောက်ပွဲ တွင် ပြည်ခိုင်ဖြိုး ပါတီကအများစု အနိုင်ရပြီး အစိုးရ ဖွဲ့နိုင်ခဲ့ သည်ဟု ဆိုရ မည် ထိုကာလတွင် ပြည်ခိုင်ဖြိုး ပါတီ၏ ဖြိုးစေ တနာ ဆေးခန်း သည် အဆင်ပြေပြေ လည်ပတ်နိုင်ခဲ့သည့် ကာလ လည်း ဖြစ်သည်။

”အဲဒီအချိန်က ဆေးခန်း အတွက် ရန်ပုံငွေ ရှာရတာ အဆင်ပြေ တယ်။ ဆေးခန်း အတွက် ဆေးပိုင်းရော၊ ဆရာဝန်ရော၊ သူနာပြု နဲ့ဆေးဝါး ကျွမ်းကျင်တွေရော၊ အထွေထွေ လုပ်သားတွေပါ ခန့်အပ်နိုင်တဲ့ အထိပါပဲ” ဟု ဦးတင်ဝင်းက ပြော သည်။

ဖြိုးစေတနာ ဆေးခန်း တိုင်းတွင် ဆရာဝန် တစ်ဦး၊ သူနာပြုတစ်ဦး၊ ဆေးဝါး ကျွမ်းကျင်တစ်ဦး၊ ဆေးခန်း အကူတစ်ဦး အနည်းဆုံး ခန့်ထားနိုင်သည့် အခြေအနေ ရှိသော ကာလ များလည်း ဖြစ်သည်။ အချို့မြို့နယ် ဆေးခန်း များတွင် ဆရာဝန်နှစ်ဦး အထိပင် ခန့်အပ်နိုင်ခဲ့သည်ဟု သိရသည်။

”မြို့တော် ဆေးခန်းမှာ ဆိုရင် မျက်စိအတွင်း တိမ်ကို ခွဲစိတ် ကု သပေးနိုင်ခဲ့တယ်။ ပြင်ပလူနာ ဌာန၊ မျက်မှန်ဌာန၊ ဓာတ်မှန်အခမဲ့ ရိုက်တာ၊ သွား နှင့်ခံတွင်း ပြီးတော့ တိုင်းရင်းဆေးခန်း ပါဖွင့်ပြီးကု သပေးခဲ့တယ်” ဟု ဦးတင်ဝင်း ကဆိုပြီး မြို့နယ် ဆေးခန်းပေါင်း ၄၅ တွင် အခမဲ့ ဆေးကုသမှုကို ၂ဝ၁ဝ အထိ အောင်အောင်မြင်မြင် လည်ပတ် လုပ် ဆောင်နိုင်ခဲ့ သည်ဟု ဆိုသည်။

ကျန်းမာခြင်းသည် လာဘ်တစ်ပါး ဖြစ်နေရာ ငွေကြေးမပြည့်စုံ၊ မတတ်နိုင်သူတို့ အတွက် ကျန်း မာရေးစောင့်ရှောက် မှုပေးမည် ဆိုလျှင် မည်သည့် ပါတီ၊ မည်သည့် အဖွဲ့အစည်း ကပင်ဖြစ်စေ ကြိုဆို ရမည် သာဖြစ်သည်။ ထိုသို့သော် လူ အများစုဖြစ် သည့် အောက်ခြေ လူတန်း စားတို့အရေး ရေရှည် ဆောင်ရွက်ပေးခြင်း သည် အများစု ၏ ထောက်ခံမှု ကို ရယူရေးတွင် အရေးပါသည်က သိလွယ်မြင် သာသော အချက် ဖြစ်ပါသည်။

သို့ရာတွင် တာထွက်ကောင်းခဲ့သော အနိုင်ရ ပြည်ခိုင်ဖြိုး ပါတီ၏ ဖြိုးစေတနာ ဆေးခန်း အော်ပ ရေးရှင်းသည် ၂ဝ၁၂ ခုနှစ် အကုန်ခန့်တွင်
အသက်ဆက်ရှင်ရန်ပင် အသည်းအသန်ရုန်းကန်နေ ရသည့် အနေအထား ဖြစ်လာခဲ့သည်။

”၂ဝ၁၂ ကြားဖြတ် အပြီးမှာတော့ တိုင်းပါတီ ရဲ့ရန်ပုံငွေဟာ အင်မတန် နည်းသွားတယ်။ ဒါကြောင့် ဆေးခန်းတွေကို တိုင်းပါတီ အနေနဲ့ အရင်ကလို မထောက် ပံ့ ပေးနိုင်တော့ဘူး”ဟု ဦးတင်ဝင်းက ပြောသည်။

တိုက်ဆိုင်စွာပင် ယင်းကာလသည် ဒေါ်အောင် ဆန်းစုကြည် ဦးစီးသော အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အောင်ပွဲခံ ကာလဖြစ်နေပါ သည်။ ၂ဝ၁၂ ခုနှစ် ဧပြီလ ကြားဖြတ်ရွေးကောက် ပွဲတွင် မဲဆန္ဒနယ် ၄၆ နေရာတွင် ၄၄ နေရာ အထိ NLD က အနိုင် ရခဲ့ခြင်းသည် ဖြိုးစေတနာ ဆေး ခန်း၏ အနာဂတ်နှင့် ဆက် စပ် နေမလား အတွေး ပွားကြသူ များလည်း ရှိပါသည်။

”၂ဝ၁၂ အလွန်လေးမှာ တိုင်းပါတီက ဒီ ဆေးခန်းတွေ ကို ထောက်ပံ့မှု ရပ်ဆိုင်းလိုက်တယ်” ဟု ဦးတင်ဝင်း ကပြောပြီး မြို့နယ်ပါတီ ရန်ပုံငွေ ဖြင့်သာ တတ်နိုင်သည့် မြို့နယ် များက ဖွင့်ပေးခဲ့ရာ မလုံလောက် မှုတို့ဖြစ်လာသည်ဟု ဆိုသည်။

ထိုကဲ့သို့ ရပ်ဆိုင်းလု နီးပါး ဖြစ်သွားသော အခြေအနေက အခြေခံ လူတန်းစားတို့ အတွက် ထိုးနှက်ချက် တစ်ရပ်ပင် ဖြစ်သည်။ ထို့အတူပင် သူတို့သည် မဲဆွယ် စကားတွေ ကို အဟုတ်ထင် မှတ်မိသွားပြီလားဟု ဇဝေဇဝါ ဖြစ်လာကြရသည်။

”လူတွေက ပြောကြတယ်။ အလကား မဲဆွယ်တာ။ မယုံကြည့်နေ ရွေးကောက်ပွဲ ပြီးရင် ပိတ်သွား လိမ့်မယ်လို့။ အဲဒီအတိုင်း များ ဖြစ်နေသလားပဲ။ အခု ဆိုဆေးခန်း ဖွင့်တာ ကို မတွေ့ရသလောက်ပဲ” ဟုသမိုင်းလမ်းဆုံ အနီးနေ အသက် ၄၂ နှစ် အရွယ် ဒေါ်အေးမြ ကပြောသည်။ ဘောက် အလုပ်ဖြင့် အ သက် မွေးရသော သူမ သည် ရင်ကြပ်ဝေဒနာက အချိန်မရွေး ဖိစီးနေတတ်သည်မို့ မည်သည့် နေရာ ကပင် ဖြစ်စေ။ ကျန်းမာရေး စောင့်ရှောက်မှု ခံရဖို့က အဓိကဖြစ်သည်ဟု ဆိုသည်။

ကြားဖြတ်အနိုင်ရ ဒီချုပ်ပါတီသည်လည်း ပါတီခေါင်းစဉ် အောက်မှ အခမဲ့ ဆေးကုသမှုပေး သော ဆေးခန်းများကို ၂ဝ၁၂ အကုန်မှ စ၍ ခပ်စိတ်စိတ် ဖွင့်လှစ် လာခဲ့သည်။

ဒီချုပ်သည် ယခင်ကပင် ပြည်သူထောက်ခံမှု အပြည့်ရရှိထားသော နိုင်ငံရေး ပါတီဖြစ်သည့်အပြင် အများ၏ ယုံကြည်ကိုးစားခံ ပါတီလည်း ဖြစ်ရာ ယင်း လုပ်ရပ်တို့က ထင်ထားသည်ထက် အောင်မြင်လာခဲ့သည်။

သို့ရာတွင် မပြည့်စုံမှု တို့နှင့်လုံးချာလည် လိုက်နေသော ပြည်သူတို့က အရောင်ခွဲ မနေအား ကြောင်း တွေ့ရသည်။

”အရင်က ဒီမှာ စဖွင့်ထားတဲ့ ဖြိုး(စေတနာ) ဆေးခန်းသွားပြတယ်လေ။ တစ်ခုခုဖြစ်လာရင် အရမ်းအဆင်ပြေတယ်။ ဒါပေမဲ့ သူတို့က ပိတ်တဲ့ နေ့ဆို အပြင်ဆေးခန်းမှာ ပဲ ပြရတော့ စရိတ်ကြီးတယ်။ တော်ရုံဆို မသွားဖြစ်တော့ဘူး”ဟု ဗဟန်း မြို့နယ်နေ ခေါင်းရွက် ဗျပ်ထိုးဈေးသည် ဒေါ်မေ ကျင်က ပြောသည်။

”ဘာပါတီညာ ပါတီမသိချင်ဘူး။ နေမကောင်း ဖြစ်တဲ့အချိန်မှာ ဘယ်သူ ပဲဖြစ်ဖြစ် ကုပေးရင် ကျေးဇူးတင်ရတာပဲ”ဟု သူမက ဆက်ပြောသည်။

အများပြည်သူအတွက် ကျန်းမာရေးစောင့် ရှောက်မှုပေးခြင်းသည် သာမန်ပရဟိတ အလုပ်မဟုတ်။ ပါတီအတွက် ကြီးစွာ အထောက် အကူပြု စေသော မဲဆွယ်စည်းရုံးမှု တစ်ခုလည်း ဖြစ်သည် ကို အများ ကလက်ခံထားကြသည်။

”၂ဝ၁၃ ဖေဖော်ဝါရီလမှာ Mobile Medical Team ဆိုပြီးတော့ ဖြိုးစေတနာ ရွေ့လျား ကျန်းမာ ရေး စောင့်ရှောက်မှု အဖွဲ့ နဲ့ပြန်စခဲ့တယ်”ဟု ဦးတင်ဝင်း ကပြောပြီး ယင်းသည် ပါတီ၏ အင်အား တိုး တက်စေရေး အတွက် စည်းရုံးမှု တစ်ခုလည်း ဖြစ်သည်ဟု ဝန်ခံခဲ့သည်။

”ပြည်သူတွေ ကျန်းမာရေး ဖွံ့ဖြိုး တိုးတက်စေလိုတဲ့ စေတနာလည်း ပါပါတယ်” ဟု ၄င်းက ပြောသည်။

မြန်မာ့နိုင်ငံရေး လောကတွင် အင်အား အကြီး ဆုံးဟု ဆိုရမည့် ပြည်ခိုင်ဖြိုး ပါတီနှင့် ဒီချုပ်တို့က အခမဲ့ကျန်းမာရေး စောင့်ရှောက်မှု ဆေးခန်းများ ဖွင့်နေသကဲ့ သို့ အခြားသောနိုင်ငံရေး ပါတီများ လူမှု အဖွဲ့အစည်း များကလည်း လုပ်ဆောင်ပေးရန်ကို ပြည်သူတို့က မျှော်လင့်နေပါသည်။

ကျွန်တော်တို့ကလည်း တတ်နိုင်သလောက် လုပ်ပါမယ်။ ဒါပေမဲ့ တစ်နိုင်ငံလုံး အတိုင်းအတာ လွှမ်းခြုံ ဖို့က အားလုံးပါမှ ရမယ်။ နိုင်ငံရေး
ပါတီ လူမှုရေးအဖွဲ့ အစည်းဘာမှ ခွဲခြားမနေပါနဲ့။ လုပ်သင့်တာကို လုပ်ပေးကြပါ”ဟု ဒီချုပ် ကျန်းမာရေး ကွန်ရက် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက ပြောသည်။

မှန်ပါသည်။ ယခုအချိန်တွင် ရန်ငါခွဲခြင်းဖြင့် အကောင်းထက်အဆိုးကိုသာ ပိုမို ဦးတည်စေမည့် အချိန်ဖြစ်ပါသည်။ မဲဆွယ်ခြင်း ဖြစ်စေ၊ တကယ့် စေတနာ ဖြစ်စေ အများစုသော ပြည်သူ တို့က ကျန်းမာရေး စောင့်ရှောက်မှုကို လိုအပ်နေကြပါ သည်။ အများပြည်သူ ကျန်းမာရေး စောင့်ရှောက်မှုသည် မဲဆွယ်စည်းရုံးမှု သက်သက်သာဖြစ် မနေ စေချင်သည်ကို အားလုံး သတိချပ်စေလိုပါသည်။

”ကျန်းမာရေးကိစ္စနဲ့ ပတ်သက်လာရင် ကျွန်တော်တို့မှာ ဘာအရောင်မှ ရှိမနေသင့်ဘူး” ဟု ဒေါက်တာ တင်မျိုးဝင်းက မှတ်ချက်ပြုသည်။

ကျော်ရဲလင်း၊ မြတ်စုငြိမ်း
Popular Myanmar News Journal

ဂရေဟမ် ၏ စီးရီးသစ် သင်္ကြန်အပြီးတွင် ထွက်မည်


တေးသံရှင် ဂရေဟမ်ကို မတ် ၁၈ရက်နေ့မှာကျင်းပတဲ့ ပထမဆုံး Drum Solo Show ပွဲမှာ လာရောက် အားပေးတာ တွေ့ရပါတယ်။ အဆိုတော် မဖြစ်ခင် ကတည်းက ဒရမ် တီးခတ်ခဲ့သူ ဂရေဟမ်က ဒရမ် နဲ့ပတ်သက်လို့လည်း သူကိုယ်တိုင် Drum Clinic ပြုလုပ်ဖို့လည်း ရည်ရွယ်ဖူးတယ်လို့ သိရတာကြောင့်

“ကျွန်တော်ကိုယ်တိုင် လည်း ဒီလို Drum Clinic လုပ်ဖို့ စဉ်းစားဖူး တယ်။ သြစတြေးလျ ကပြန်လာကတည်းက စဉ်းစားတယ်။ ဒါပေမဲ့ အခွေ လုပ်တာနဲ့ အလုပ်များနေတော့ မလုပ်ဖြစ်ဘူး။ အခုလို ပထမ ဆုံး လုပ်ကြတာကို ဝမ်းသာတယ်။ ကျွန်တော့် အနေနဲ့လည်း လုပ်ချင် စိတ်ရှိတယ်။ အခြေအနေပေးတဲ့ အခါ လုပ်ဖြစ်မယ်” လို့ ဂရေဟမ် က ပြောပါတယ်။

ဒရမ်ကိုလည်း နှစ်သက်ပြီး Player တစ်ဦး လည်း ဖြစ်ဖူးတဲ့ ဂရေဟမ် က အခုနောက် ပိုင်းမှာ Player တွေ ကိုလည်းအရင်ထက် ပိုမိုစိတ်ဝင်စားလာကြတာ နဲ့ ပတ်သက် လို့လည်း

“ Player တွေကို ပိုစိတ်ဝင် စားလာတာကောင်းပါတယ်။ နိုင်ငံခြား မှာတော့ ဒီလို Drum Clinic၊ Guitar Clinic အမြဲရှိတယ်။ Workshop သဘောပေါ့။ ဝါသနာ ရှင်တွေလည်း မေးလို့မြန်း လို့ရတယ်။ အဲဒီလို မျိုးတွေ ရှိတယ်။ ဒီမှာဆိုလည်း ဟိုတလောက လုပ်တဲ့ Guitar Show ဆိုကောင်းတယ်။ အခုလို ဒရမ်နဲ့ ပတ်သက်ပြီး လည်း ကျယ် ကျယ်ပြန့်ပြန့် လုပ်ကြဖို့ကောင်း တယ်။ အဓိက ကတော့ စပွန်ဆာပေါ့။ ဒရမ် ကိုလည်း အဲဒီလို အကြီးအကျယ် လုပ်ဖြစ်မယ်ဆို ကောင်း တာပေါ့” လို့ ဂရေဟမ် ကပြောပါတယ်။

ဂရေဟမ်က လတ်တ လောမှာတော့ စီးရီးသစ် ကို စီစဉ်နေပြီး သင်္ကြန် အပြီးမှာ ထွက်ရှိမယ်လို့ သိရပါ တယ်။ ဒီနှစ်သင်္ကြန်ခွေ အနေ နဲ့တော့ ဂရေဟမ်က ပါဝင်ထားခြင်း မရှိဘဲ အရင်က ဂရေဟမ်တို့ သီဆိုခဲ့တဲ့ နှစ်သစ် မင်္ဂလာ စတဲ့စီးရီးတွေ ကတော့ အောင် မြင်တဲ့ စီးရီး တွေ ပဲဖြစ်ပါတယ်။

“ဒီနှစ် တော့သင်္ကြန် ခွေ မထွက် ဖြစ်ဘူး။ နှစ်သစ်မင်္ဂလာ ၁၊ ၂၊ ၃၊ ၄ မှာ သီချင်းက ကုန်သလောက် ဖြစ်သွားတော့ မထွက်ဖြစ်ဘူး။ သင်္ကြန်သီချင်း မှာတော့ သီချင်း အဟောင်း တွေကို ပိုပြီး လက်ခံ ကြတာ တွေ့ရတယ်” လို့ ပြောတဲ့ ဂရေဟမ် က သင်္ကြန် နဲ့ ပတ် သက်တဲ့ ဖီလင်ကိုလည်း ကြိုက်နှစ် သက်ပြီး သင်္ကြန် သီချင်းဆို ရတာကို လည်း ပျော်ရွှင်နှစ်သက်သူ တစ်ဦး ဖြစ်ပါတယ်။

ဂရေဟမ်က မြန်မာပြည် ရဲ့ သင်္ကြန်နဲ့ ၄နှစ်တာ ဝေးကွာခဲ့ပြီး ဒီနှစ် သင်္ကြန်မှာတော့ ရန်ကုန် မြို့တော် ဝန် မဏ္ဍပ်မှာ သီချင်း ဆိုရင်း မြန်မာပြည် သင်္ကြန်ကို ဖြတ်သန်းမယ် လို့လည်း သိရပါ တယ်။

ရဲရဲ
Popular Myanmar News Journal

တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ အရန်ပိုက်လိုင်း ဖြတ်သန်း၍ ကိုင်းမြေပျက်စီးခဲ့ရာ လျော်ကြေးမရသဖြင့် မြေပိုင်ရှင်က CPP ကုမ္ပဏီကို တရားစွဲမည်

(ပွင့်ဖြူမြို့နယ် ရှားတောကျေးရွာအနီး ဧရာဝတီမြစ်ကမ်းပြင်အောက် လွန်ဖောက်နေသည့် အရန်ပိုက်လိုင်း လုပ်ငန်းခွင်အား ဇန်န၀ါရီလဆန်းက တွေ့ရစဉ်)

တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ အရန်ပိုက်လိုင်းဖြတ်သန်း၍ ကိုင်းမြေပျက်စီးခဲ့ရာ လျော်ကြေးမရသဖြင့် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် ငါးလန္တာကျေးရွာမှကိုင်း မြေပိုင်ရှင် ဦးဝင်းဘိုက ပိုက်လိုင်းတည်ဆောက်ရေး လုပ်ကိုင်နေသည့် CPP ကုမ္ပဏီကို မတ် ၃၀ ရက်တွင် ရေနံချောင်းမြို့နယ် တရားရုံး၌ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရေနံချောင်းမြို့နယ်အတွင်း ဧရာဝတီမြစ်နှင့် မုန်းချောင်းအကြား မြေနုကျွန်းပေါ်တွင် တရုတ်နိုင်ငံသို့ တင်ပို့နေသည့် သဘာဝဓာတ်ငွေ့ အရန်ပိုက်လိုင်း စတင်တည်ဆောက်စဉ်က ပျက်စီးခဲ့သော ကိုင်းမြေများအတွက် လျော်ကြေးပေးခဲ့သော်လည်း သတ်မှတ်ဧရိယာထက်ကျော်၍ ပျက်စီးခဲ့သည့် ဦးဝင်းဘိုနှင့် ဦးသန်းစိုးတို့၏ ကိုင်းမြေများအတွက် လျော်ကြေးငွေ ထပ်မံမပေးခဲ့ကြောင်း၊ လျော်ကြေးမပေးဘဲ လုပ်ငန်းများ ဆက်လက်လုပ်ကိုင် နေသောကြောင့် သက်ဆိုင်ရာဌာနများနှင့် နိုင်ငံတော် သမ္မတကြီးအထိ တင်ပြခဲ့သော်လည်း ညှိနှိုင်းပေးမှု မရှိသောကြောင့် တရားစွဲရန် စီစဉ်ခဲ့ကြောင်း ဦးဝင်းဘိုက ဆိုသည်။

"ပင်မပိုက်လိုင်းကြီး လာဆောက်တုန်းကရော အခုအရန်ပိုက်လိုင်း တည်ဆောက်တဲ့အခါပါ တစ်ခါမှကြိုတင် တိုင်ပင်တာမရှိခဲ့ဘူး။ အခု ကျွန်တော့်ကိုင်းခင်းအတွက် အမှန်တကယ် ပျက်စီးကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးရော မြေစာရင်းဌာနကပါ ထောက်ခံပေမယ့် ဘာလျော်ကြေးမှ မပေးတဲ့အပြင် တိုင်ပင်တာလည်းမရှိဘူး။ ဒါကြောင့် တရားစွဲမှာပါ။ တကယ်တမ်း အခုမြေစာရင်းက အတည်ပြုပေးတဲ့အတိုင်း လျော်ကြေးရမယ် ဆိုရင်တောင် ကိုင်းမြေပျက်စီးမှုက ပိုများနေပါတယ်" ဟု ဦးဝင်းဘိုက ပြောကြားသည်။

အဆိုပါပိုက်လိုင်း တည်ဆောက်ရေးတွင် ပင်မပိုက်လိုင်းစတင် တည်ဆောက်စဉ်မှ ယခုအရန်ပိုက်လိုင်း တည်ဆောက်ချိန်ထိ လျော်ကြေးငွေပေးရေးအတွက် အကြိမ်ကြိမ်ပြဿနာများ ကြုံခဲ့ရကြောင်း အရန်ပိုက်လိုင်း တည်ဆောက်၍ ပျက်စီးခဲ့သော ကိုင်းမြေများအတွက် လျော်ကြေးမပေးသောကြောင့် တောင်သူ ၂၀၀ ခန့်က သုံးကြိမ်ကန့်ကွက်ပြီးမှ အများစုလျော်ကြေးရခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Eleven Media Group

ဘဝကြမ်းမှာ ရုန်းကန်ခဲ့တဲ့ Walt Disney တည်ထောင်သူ



လက်ရှိ ကမ္ဘာပေါ်မှာ အောင်မြင်နေတဲ့ Walt Disney ကို တည်ထောင်ခဲ့ သူက Walter Elias Disney လို့အမည်ရတဲ့ အမေရိကန်နိုင်ငံသား တစ်ဦး ဖြစ်ပါတယ်။

အထက်တန်း တောင် ပြီးအောင် မတက်နိုင်ခဲ့တဲ့ ကျောင်းထွက် ဖြစ်ပြီး သတင်းစာ တိုက်တစ်ခုမှ အယ်ဒီတာ လုပ်နေတုန်း အလုပ်ထုတ် ခံရ ပါတယ်။ တွေးခေါ်ယူဆမှု၊ အိုင်ဒီယာကောင်း မရှိသူလို့ မှတ်ချက် အပေးခံ ရပြီး အလုပ်ထုတ်ပယ်ခံရခြင်း ဖြစ်ပါတယ်။ နောက်တော့ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း ၂ ခု ကြိုးစားလုပ်ကိုင်ခဲ့ပါသေးတယ်။ ရလဒ်ကတော့ ၂ ကြိမ်စလုံး ဒေဝါလီခံရခြင်း ဖြစ်ပါတယ်။

သူလုံးဝ အရှုံးမပေးပါဘူး။ လေ့လားသင်ကြားမှုကို မရပ်တန့်ပြီး အရှုံးထဲကနေ သင်ခန်းစားယူပြီး သူ့ရဲ့  Walt Disney ဇာတ်ကောင်များကို စတင် ဖန်တီးပါတော့တယ်။ ယနေ့တော့ Walt Disney ဆိုတာ ကမ္ဘာ့အကြီးဆုံး ဘက်ပေါင်းစုံ မီဒီယာ လုပ်ငန်း ကုမ္မဏီများထဲက တစ်ခုအဖြစ် ပါဝင်လာစေခဲ့ ပါတယ်။ ၁၉၆၆ ခုနှစ် ဒီဇင်ဘာလမှာ အသက် ၆၅ နှစ်နဲ့ ကွယ်လွန်ခဲ့ပါတယ်။ သူ သက်ရှိထင်ရှားအချိန်ကာလအတွင်း မှာလည်း အမေရိကန်ရဲ့  ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်များ စာရင်းထဲ မှာ ပါဝင်ခဲ့ကြောင်း သိရ ပါတယ်။

.
Ref: wiki
အောင်ခမ်း (ရိုးရာလေး)


သင်္ကြန်တွင်း ခိုက်ရန် ဖြစ်ပွားပါက ချက်ချင်း အရေးယူနိုင်ရန် အထူးတရားရုံးများ ဖွင့်လှစ် ဆောင်ရွက်သွားမည်


ရန်ကုန်

သင်္ကြန်ကာလအတွင်း ဖြစ်ပွားသော မှုခင်းများ အတွက် အထူးတရားရုံးများ ဖွင့်လှစ်ကာ နေ့ချင်းပြီး စီရင် ချက်ချသွားရန် ပြင်ဆင်ထားကြောင်း ရန်ကုန်တိုင်းဒေသ ကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးတင် ဝင်းက ပြောကြားသည်။

ယင်းက ''သင်္ကြန်ကာလ အတွင်းမှာ မူးပြီးရမ်း ကားတာတွေ ခိုက်ရန် ဖြစ်ပွားတာတွေကို ချက်ချင်းအရေး ယူနိုင်အောင်လို့ တရားရုံးတွေ၊ အထူးတရားရုံးတွေကို ဖွင့် လှစ်ထားတယ်။ စည်းကမ်းဖောက်ဖျက်မှုတွေကို ချက်ချင်း အရေးယူသွားမယ်။ တစ်ထိုင်တည်း ဆုံးဖြတ်လို့ရအောင် ပေါ့။ နှစ်တိုင်းလဲ အရေးယူမှုတွေလုပ်ပါတယ်''ဟု ပြော သည်။

ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ် သင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် ဖြစ်ပွားခဲ့သည့် မှုခင်းပေါင်း ၁၆၉ မှု ဖြစ်ပွားခဲ့ပြီး လိုင်စင်မဲ့အရက်ဖမ်းဆီးမှုပေါင်း ၉၁ မှုဖြင့် အများဆုံးအရေးယူခဲ့ကြောင်း ရန်ကုန်တိုင်းဒေသ ကြီးရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သင်္ကြန်ကာလအတွင်း မှုခင်းဖြစ်ပွားမှု လျော့ နည်းစေရန်အတွက် လုံခြုံရေးအတွက် ရန်ကုန်တိုင်းဒေသ ကြီးအတွင်း ကွပ်ကဲမှုရုံးများဖွင့်ထားခြင်း၊ သင်္ကြန်မဏ္ဍပ် များ၌ လုံခြုံရေးဝန်ထမ်းများ ခန့်ထားခြင်း၊ စီစီတီဗွီကင် မရာများ တပ်ဆင်ခြင်း၊ ခိုက်ရန်ဖြစ်ပွားမှုများ လျော့နည်း စေရန် အနီးကပ် စောင့်ကြည့်ထိန်းသိမ်းသွားမည်ဖြစ် ကြောင်း သိရသည်။

သင်္ကြန်ကာလအတွင်း မဏ္ဍပ်များ လိုက်နာရ မည့် စည်းကမ်းချက် အချက် ၂ဝ နှင့် သင်္ကြန်ကာလအ ထူး သတိပေးချက်များကိုလည်း ဧပြီလဆန်းမှ စတင်ကာ ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

သော်ဇင်ထက်

ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၁၃)

ကားဈေးနှုန်း ကျဆင်း

ကားအရောင်းပြခန်းတခု

ပြည်ပကနေ တင်သွင်းတဲ့ မော်တော်ယာဉ်တွေရဲ့ မှတ်ပုံတင်ခကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန)က လာမယ့် ဧပြီလဆန်းကစပြီး လျှော့ချပေးတော့မှာ ဖြစ်လို့ ကားဈေးနှုန်းတွေ ကျပ်သိန်းပေါင်း ဆယ်ဂဏန်းကျော် ကျဆင်းနေတယ်လို့ ကားဝယ်ရောင်း လုပ်ကိုင်သူတွေက ပြောပါတယ်။

ပြည်ပကနေ တင်သွင်းတဲ့ မော်တော်ယာဉ်တွေရဲ့ မှတ်ပုံတင်ခကို ကညနက လာမယ့် ဧပြီလဆန်းကစပြီး အင်ဂျင်ပါဝါ ၁၃၅၀ စီစီနဲ့အောက် ၃၀ ရာခိုင်နှုန်း၊ အင်ဂျင်ပါဝါ ၁၃၅၁ ကနေ၂၀၀၀ စီစီ ၅၀ ရာခိုင်နှုန်း၊ အင်ဂျင်ပါဝါ ၂၀၀၁ ကနေ ၅၀၀၀ စီစီ ၈၀ ရာခိုင်နှုန်း အသီးသီးပြောင်းလိုက်တဲ့အတွက် အရင်ကထက် ၂၀ ရာခိုင်နှုန်းစီ လျှော့ကျသွားပါတယ်။

ဒီအကျိုးသက်ရောက်မှုကြောင့် ရန်ကုန်ကားဝယ်ရောင်းဈေးကွက်မှာ ကားဈေးတွေက အသီးသီး ကျသွားတယ်လို့ မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေးစခန်းက ကားဝယ်ရောင်း လုပ်ကိုင်သူ ဦးအောင်သန်းဝင်းက ပြောပါတယ်။
MTC ကားအရောင်းစင်တာရဲ့ အထွေထွေမန်နေဂျာ ဦးကျော်စွာသိန်းက မော်တော်ယာဉ် မှတ်ပုံတင်ခတွေကို အခုလို လျှော့ချလိုက်တဲ့အတွက် အမြင့်ကားတွေ ကိုင်တဲ့ ကားအရောင်း စင်တာ တွေကတော့ ဆုံးရှုံးမှုတွေ များနိုင်ပြီး ကျပ်သိန်း ၉၀ ၀န်းကျင်လောက်နဲ့ လူတိုင်း ကားအသစ် ၀ယ်စီးနိုင်တော့မယ်လို့ ပြောပါတယ်။

ကညနက မတ် ၂၅ ရက်နေ့က ထုတ်ပြန်တဲ့ ယာဉ်အသီးသီးအပေါ် ကောက်ခံတဲ့ မော်တော်ယာဉ်မှတ်ပုံတင်ခ နှုန်းထားတွေကို ပြင်ဆင်လိုက်တဲ့ ကြေငြာချက်ကြောင့် မန္တလေး ကားဝယ်ရောင်းဈေးကွက်မှာ အရောင်းအ၀ယ်က မရှိသလောက် အေးသွားတယ်လို့ ကားဝယ်ရောင်းလုပ်ကိုင်သူ ကိုသန့်စင်က ပြောပါတယ်။

အခု ပြင်ဆင်လိုက်တဲ့ နှုန်းထားတွေကြောင့် ကားဈေးကွက်မှာ အင်ဂျင်ပါဝါ ၁၃၅၀ စီစီအောက် မော်ဒယ်အမြင့်ကားတွေ နောက်ပိုင်း ပိုမိုဝင်ရောက်လာဖို့ ရှိပြီး ဈေးနှုန်းအရလည်း လူတိုင်းဝယ်စီးနိုင်တဲ့ အခွင့်အရေးတွေ ရရှိလာတော့မယ်လို့ ကားဝယ်ရောင်းလုပ်ကိုင်သူတွေက သုံးသပ်ပါတယ်။

DVB Burmese

အီဂျစ်နိုင်ငံမှာ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတွေ ပဋိပက္ခဖြစ်ပွားမှုကြောင့် လူ ၅ ဦးသေဆုံး


အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ မတ်လ ၂၈ ရက်နေ့က စစ်တပ်အကြီးအကဲဟောင်း အက်ဒယ် ဖက်တာ အယ်စီစီ သမ္မတအရွေးခံမှာကို မကျေနပ်တဲ့ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတွေ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့ပါတယ်။

သမ္မတဟောင်းမောစီကို ထောက်ခံသူတွေဟာ ကိုင်ရိုမြို့အပြင် အလက်ဇန်ဒယားမြို့နဲ့ တခြားမြို့ကြီးတွေမှာပါ လုံခြုံရေးတွေနဲ့ ပဋိပက္ခဖြစ်ပွားခဲ့ကြတာဖြစ်ပါတယ်။ ကိုင်ရိုမြို့ သေဆုံးသူတွေထဲမှာ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးသတင်းထောက်တဦးလည်း ပါဝင်ခဲ့ပါတယ်။

လုံခြုံရေးတွေနဲ့ ထိပ်တိုက်တွေ့မှုတွေကို သတင်းလိုက်ယူရင်း ခေါင်းမှာ သေနတ်ထိမှန်ခဲ့တာ ဖြစ်ပါတယ်။ အခြားလူ ၄ ဦးလည်း သေဆုံးခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဆေးရုံဝန်ထမ်းတဦးက ပြောဆိုပြီး အနည်းဆုံးတဦးဟာ ကျည်ဆံအစစ်နဲ့ အပစ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာန အရာရှိတဦးက လူသေဆုံးမှုတွေကို အတည်ပြုပြောကြားပြီး သေဆုံးမှုတွေအတွက် မွတ်စလင်ညီအကိုတော်များပါတီ ထောက်ခံသူတွေကို အပြစ်တင်ထားပါ တယ်။ အီဂျစ်နိုင်ငံမြို့ကြီးတွေမှာ မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ ရဲတွေကို ဒုံးကျည်တွေနဲ့ ပြန်လည်ပစ်ခတ်မှုတွေတောင် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင်က သမ္မတမော်စီဆီကနေ အာဏာသိမ်းခဲ့တဲ့ စစ်ဦးချုပ်ဟောင်း စီစီဟာ မကြာခင် ကျင်းပမယ့် ရွေးကောက်ပွဲမှာ အီဂျစ်သမ္မတအရွေးခံဖို့ မတ်လ ၂၆ ရက်နေ့က အရပ်ဝတ်လဲ ခဲ့ပါတယ်။

အာဏာသိမ်းအပြီးမှာ ရာနဲ့ချီတဲ့ ကျောင်းသားတွေနဲ့ ဆန္ဒပြသူတွေကို ပစ်သတ်ခဲ့ပြီး ထောင်နဲ့ချီတဲ့ ဖမ်းဆီးမှုတွေလုပ်ခဲ့တဲ့ အီဂျစ်စစ်တပ်ဟာ မတ်လ ၂၄ ရက်နေ့က ညီအကိုတော်များပါတီ ထောက်ခံသူ ၅၀၀ ကျော်ကို သေဒဏ်ချခဲ့ပါတယ်။ စီစီဟာ အီဂျစ်နိုင်ငံ ဥပဒေပြန်လည်စိုးမိုးလာရေးအတွက် လိုအပ်နေတဲ့ ခိုင်မာပြတ်သားတဲ့ ခေါင်းဆောင်တဦးအဖြစ် အများက သတ်မှတ်ကြတာဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ အကြိတ်အနယ် ယှဉ်ပြိုင်ရလောက်တဲ့ ပြိုင်ဖက်လည်း မရှိတာကြောင့် အီဂျစ်သမ္မတဖြစ်ဖို့ သေချာနေပေမယ့် အီဂျစ်နိုင်ငံမှာ မွတ်စလင်အုံကြွမှုတွေ၊ သမ္မတဟောင်း မူဘာရက်ခေတ်ကလို စစ်တပ်နဲ့ ငြိမ်ဝပ်ပိပြားအောင် အုပ်ချုပ်တဲ့ အာဏာရှင်ခေတ်ကို ပြန်ရောက်သွားမှာကို စိုးရိမ်သူများလည်း ရှိနေကြပါတယ်။

DVB Burmese

ကျွန်တော်ဟာ ကွန်ပျူတာမောက်ကို စတင်တီထွင်သူ ဖခင်ကြီး တစ်ဦးပါ


ကွန်ပျူတာမောက်ကို စတင်တီထွင်သူဟာ ဒေါက်လတ်အဲဂျီဘလက် ပဲဖြစ်ပါတယ်။ သို့သော် သူဟာ စတီးဂျော့ ဘီလ်ဂိတ်တို့လောက် မကျော်ကြား မအောင်မြင်ခဲ့ပါဘူး။ တကယ်တော့ သူဟာ စတီးဂျော့ ဘီလ်ဂိတ်တို့ထက် ရှေးဦးတီထွင်သူ တစ်ယောက်ဖြစ်ခဲ့ ပါတယ်။

ဒေါက်လတ်အဲဂျီဘလက်ဟာ ၁၉၇၀ ခုနှစ်မှာ ကွန်ပျူတာတွင် အသုံးပြုနိုင်ရန် သစ်သားဖြင့် ပြုလုပ်သော မောက်ကို စတင်တီထွင်လိုက်ပါတယ်။ ထိုမောက်၏ အောက်ခြေပိုင်းတွင် ဘီနှစ်ဘီးပါရှိပါတယ်။ ထိုမောက်ဟာ ကွန်ပျူတာနှင့် ချိတ်ဆက်အသုံးပြုတဲ့ အခါမှာ အခက်အခဲလေးတွေ ရှိနေပြီး အသုံးပြုလို့ မရဘူးလို့ ဆိုရမှာပေါ့။

ဒေါက်လတ်အဲဂျီဘလက် တီထွင်ခဲ့တဲ့ မောက်ဟာ အသုံးပြုလို့ မရခဲ့ဘူး ဆိုပေမယ့် နောက်ထပ်တီထွင်ဖို့ လမ်းစလေးတွေ ရရှိခဲ့ပါတယ်။ သူဟာ အသက် ၈၈ နှစ်မှာဘဲ ကွယ်လွန်းသွားခဲ့ပြီး မောက်ကို ဒါထက်ကောင်းမွန်အောင် မတီထွင်နိုင်ခဲ့လို့ လူသိနည်း ခဲ့ရခြင်းပဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း သူဟာ ယနေ့ခေတ် ကွန်ပျူတာတွင် အသုံးပြုနေသော မောက်ကို တီထွင်ဖို့ လမ်းစကို ရှာဖွေပေးခဲ့သော ကွန်ပျူတာမောက်ကို စတင်တီထွင်သူ ဖခင်ကြီး တစ်ဦးဖြစ်ပါတယ်။

Smart Pro Journal

အစိုးရက သူလုပ်နေတဲ့လုပ်ငန်းတွေ အောင်မြင်နေပါတယ်လို့ ဘယ်လောက် ပြောပြော နိုင်ငံသားတွေဘက်က ကြည့်ရင် ကျေနပ်စရာ မရှိသေးဘူး (မေးမြန်းချက်)

ဒီမိုကရက်တစ်ပါတီ(မြန်မာပြည်)ဥက္ကဋ္ဌ ဦးသုဝေ

အစိုးရက သူလုပ်နေတဲ့လုပ်ငန်းတွေ အောင်မြင်နေပါတယ်လို့ ဘယ်လောက် ပြောပြော နိုင်ငံသားတွေဘက်ကကြည့်ရင် ကျေနပ်စရာ မရှိသေးဘူလို့ ဆွေးနွေးပြောကြားခဲ့တဲ့အကြောင်း ဒီမိုကရက်တစ်ပါတီ(မြန်မာပြည်)ဥက္ကဋ္ဌ ဦးသုဝေက ပြောပါတယ်။

သမ္မတဦးသိန်းစိန်နဲ့ နိုင်ငံရေးပါတီ ၆၅ ခုစလုံးက ခေါင်းဆောင်တွေ ဒီနေ့မနက်ပိုင်းက ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့ကြပြီး ဒီတွေ့ဆုံမှုဟာ သမ္မတသက်တမ်း ၃ နှစ်ပြည့်ချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ ဦးသုဝေကို ဒီဗွီဘီ ၀ိုင်းတော်သား ကိုရွှေအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဒီနေ့ ဆွေးနွေးပွဲမှာ တိုင်းရင်းသားပါတီခေါင်းဆောင်တဦးက သမ္မတ၊ လွှတ်တော်နာယက၊ ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ တိုင်းရင်းသားကိုယ်စားလှယ်တို့ ပါဝင်တဲ့ ၅ ပွင့်ဆိုင်ဆွေးနွေးကြဖို့ တိုက်တွန်းပြောကြားခဲ့တယ်လို့လည်း ပြောပါတယ်။
အသံဖိုင် အပြည့်အစုံ နားဆင်ရန်

DVB Burmese

ထောင်ကုတင်နဲ့ ဝတ်စုံတွေ သူ့ အတွက်အရမ်းသေးနေလို့ ထောင်ဒဏ်က လွတ်ခဲ့တဲ့ လူထွားကြီး


အရပ် ၇ပေ နဲ့ ၂ လက်မရှိတဲ့ ရာဇ၀တ်သားတစ်ယောက်ဟာ အကျဉ်းထောင်မှာရှိတဲ့ အိပ်ရာကုတင်ထက် အရမ်းကြီးနေလို့ ထောင်ကနေလွှတ်ပေးခဲ့ရပါတယ်။

အသက် ၂၃ နှစ်အရွယ် လူထွားကြီး ဂျုဒ်မက်ဒ်ကက်ဖ် ဟာ အကျဉ်းသားဝတ်စုံတွေနဲ့ လည်း မတော်တဲ့အတွက် ထောင်အပြစ်ဒဏ်ကလွှတ်ပေးဖို့ တရားသူကြီးက ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

ရာဇ၀တ်မှုအမြောက်အများကို ၀န်ခံထားတဲ့ မက်ဒ်ကက်ဖ်ဟာ Klinefelter လို့ ခေါ်တဲ့ ကြီးထွားမှုဖြစ်စဉ် မမှန်တဲ့ရောဂါကို ခံစားနေရသူပါ။

လူထွားကြီးမက်ဒ်ကက်ဖ်ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေက သူ့ ကိုယ်လုံးကြီးနဲ့ ယှဉ်မယ်ဆိုရင် တော်တော်ရယ်စရာပါ။ မက်ဒ်ကက်ဖ်ဟာ အပြစ်မရှိတဲ့အမျိုးသမီးတစ်ယောက်ကို လေသေနတ်နဲ့ ပစ်ပြီး ခြောက်လှန့် ခဲ့တဲ့အမှု၊ ခရစ်စမတ်လက်ဆောင်တွေ ခိုးယူခဲ့မှု နဲ့ အမျိုးသားကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ အစည်းရုံးကို လာဘ်ထိုး ထားတဲ့ငွေတွေကို ခိုးယူခဲ့မှုရယ်ကြောင့် အမှုရင်ဆိုင်နေရတာပါ။

အချုပ်ထဲမှာ ၇၅ ရက်ကြာနေထိုင်ခဲ့ပြီးနောက် မက်ဒ်ကက်ဖ်ကို ချမှတ်ထားတဲ့ထောင်ဒဏ်ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း တရားဝင်ကြေငြာခဲ့ပါတယ်။ မက်ဒ်ကက်ဖ်တစ်ယောက် အချုပ်ခန်း ထဲနေထိုင် ခဲ့စဉ်ကလည်း သူ့ ရဲ့ ကြီးမားလွန်းတဲ့ခန္ဓာကိုယ်ကြီးနဲ့ တော်တဲ့ အကျဉ်းသားဝတ်စုံနဲ့ ကုတင် တွေမရှိလို့ သူ ဒုက္ခရောက်ခဲ့ရပါသေးတယ်။

မက်ဒ်ကက်ဖ်ဟာ အရပ် ၇ပေ၂လက်မ ရှိပေမယ့် ကလေးတစ်ယောက်ရဲ့ ဥာဏ်ရည်မျိုးသာရှိတယ်လို့ လည်း သိရပါတယ်။

Ref: Mirror.co.uk
Trend Myanmar

ရခိုင်အစိုးရကိုပါ စုံစမ်းစစ်ဆေးဖို့ သမ္မတ တာဝန်ပေး


သမ္မတဦးသိန်းစိန်က ရခိုင်အကြမ်းဖက်မှု စုံစမ်းစစ်ဆေးဖို့ အဖွဲ့တခုဖွဲ့စည်းပေးလိုက်ပြီး ရခိုင်ပြည်နယ်အစိုးရ အဓိက တာဝန်ရှိသူတွေကို စုံစမ်းစစ်ဆေးဖို့လည်း အဲ့ဒီအဖွဲ့ကို တာဝန်ပေး လိုက်ပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မတ်လ ၂၆ ရက်ညပိုင်းနဲ့ မတ်လ ၂၇ ရက်တို့မှာ ဖြစ်ပွားခဲ့တဲ့ ကုလသမဂ္ဂနဲ့ အိုင်အန်ဂျီအို အဖွဲ့ရုံးတွေကို အကြမ်းဖက်ဖျက်စီးခဲ့ရာမှာ ဦးဆောင်ပါဝင်ခဲ့သူတွေနဲ့ ပြစ်မှုကျုးလွန်သူတွေကို စုံစမ်းဖော်ထုတ်ဖို့ အဖွဲ့ဖွဲ့စည်းပေးခဲ့ပြီး အခုလို အုပ်ချုပ်ရေး တာဝန်ရှိသူတွေကိုပါ စုံစမ်းစစ်ဆေးဖို့ ထူးထူးခြားခြား တာဝန်ပေးလိုက်တာ ဖြစ်ပါတယ်။

ဓာတ်ပုံ – April Maung Maung

စစ်တွေမြို့နယ် အမှတ် ၂ မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြတ်ကျော်က သမ္မတရဲ့ အခုလို အစိုးရအဖွဲ့ကိုပါ စုံစမ်းစစ်ဆေးဖို့ တာဝန်ပေးတာကို သဘောတူပြီး ရခိုင် အစိုးရဟာ လုပ်ရည်ကိုင်ရည် အားနည်းတယ်လို့ ပြောပါတယ်။
“သဘောတူပါတယ်။ ကိုင်တွယ်မှုအပိုင်းတွေက တော်တော်ကို အားနည်းတဲ့ သဘောမျိုးပါ။ အခုကိစ္စမှာလည်း အဲဒီလိုမျိုးပါပဲ။ အစိုးရအဖွဲ့ရဲ့ ကိုင်တွယ်မှုကတော့ တော်တော်ကို လျော့တိလျော့ရဲပါ။ သူတို့အစိုးရအဖွဲ့မှာ အဲဒီဟာတွေနဲ့ ပတ်သက်ပြီးရင် အတွေ့အကြုံ မရှိသေးတာက တခုလည်း ပါမယ်။ အဲဒီမှာ ကိုင်တွယ်တဲ့ ပြောမယ်ဆိုရင် ပြည်နယ်အစိုးရဲ့ သူတို့ရဲ့ လုပ်နိုင်ကိုင်နိုင်တဲ့ အရည်အချင်းကလည်း အတိုင်းအတာတခုအထိ နည်းတယ်လို့ပဲ သုံးသပ်မိတာပေါ့။ တော်တော်များများ ကိစ္စတွေမှာလည်း ကြုံတွေ့ ရတဲ့အပိုင်းက အဲဒီလို ဖြစ်နေတယ်။”

ရခိုင်စုံစမ်းရေးအဖွဲ့ကို နယ်စပ်ရေးရာ ဒုတိယ၀န်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်း ခေါင်းဆောင်တဲ့ အဖွဲ့ဝင် ၅ ဦးနဲ့ ဖွဲ့စည်းတာဝန်ပေးလိုက်တာဖြစ်ပြီး အဖွဲ့ရဲ့ အစီရင်ခံစာကို ဧပြီလ ၇ ရက်မှာ သမ္မတထံ တိုက်ရိုက်တင်ပြရမှာ ဖြစ်ပါတယ်။

မတ် ၂၆ ရက်နဲ့ ၂၇ ရက်တွင်ဖြစ်ပွားခဲ့သော လူအုပ်စုဖြင့် တိုက်ခိုက်မှုအတွင်း သေနတ်ကျည် မတော်တဆ ထိမှန်တာကြောင့် အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်တဦး သေဆုံးခဲ့ပြီး တိုက်ခိုက်မှု ၃၅ ကြိမ်မှာ နေအိမ် ၂၉ လုံး၊ ဂိုဒေါင် ၇ လုံး၊ မော်တော်ယာဉ် ၂ စီး ပျက်စီးဆုံးရှုံး ခဲ့တယ်လို့ အစိုးရက တရားဝင် သတင်းထုတ်ပြန်ခဲ့ပါတယ်။


DVB Burmese

ရန်ကုန်မြို့လယ် ရွှေလင်ဗန်းစားသောက်ဆိုင် ဓာတ်ဆီပက်မီးရှို့




ရန်ကုန်၊ မတ် ၂၈

ကျောက်တံတားမြို့နယ် အမှတ် (၉) ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် လမ်း ၄၀ အလယ်ဘလောက် ထောင့်တွင် ဖွင့်လှစ်ထားသော ရွှေလင်ဗန်း စားသောက်ဆိုင်တွင် မတ်လ ၂၈ ရက် နံနက် ၃ နာရီ ၁၀ မိနစ်ခန့်က စားသောက်ဆိုင် ခြံစည်းရိုး အုတ်နံရံနှင့် မီးဖိုချောင် အုတ်နံရံကြားကို လူတစ်ဦးက ဓာတ်ဆီလောင်း မီးရှို့ခဲ့သဖြင့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရှိရသည်။

ရွှေလင်ဗန်း စားသောက်ဆိုင်၏ စားဖိုဆောင်နံရံနှင့် လမ်းဘေး အုတ်တံတိုင်းကြားတွင် ယင်းနေ့ နံနက်ပိုင်းက အမျိုးသားတစ်ဦးက နှစ်ဂါလန်ဆံ့ ပလတ်စတစ်ပုံး အဝတွင် အဝတ်စဆို့ကာ စားဖိုဆောင်နံရံကို ဓာတ်ဆီဖြင့် ပက်၍ မီးရှို့ ထွက်ပြေးခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းကြောင့် စားဖိုဆောင်၏ အုတ်နံရံနှင့် မျက်နှာကြက်တို့ မီးလောင်ခဲ့ကြောင်း စားသောက်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

“ဆိုင်မီးဖိုချောင်ကို မီးရှို့ပြီး ထွက်ပြေးသွားတဲ့ အမျိုးသားကို မြင်တဲ့သူတွေ ရှိပါတယ်။ မီးမလောင်ခင်မှာ ရပ်ကွက်ထဲ လျှပ်စစ်မီးတွေ ပျက်နေတယ်” ဟု အဆိုပါဆိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဓာတ်ဆီပက် မီးရှို့ခံရမှုကြောင့် ဆိုင်၏ မီးဖိုချောင်နံရံနှင့် မျက်နှာကြက်တို့ မီးဟပ်ခဲ့ပြီး ရေပိုက်လိုင်းများ မီးလောင်ခဲ့ကာ ရပ်ကွက်နေသူများ ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့သောကြောင့် ၁၅ မိနစ်ခန့် အကြာတွင် မီးငြိမ်းခဲ့ကြောင်း ယင်းလမ်းတွင် နေထိုင်သူများထံမှ သိရှိရသည်။

လျှပ်စစ်မီးများ ပျက်ချိန် ဓာတ်ဆီပက်ပြီး ဆိုင်မီးရှို့ခံရသော ရွှေလင်ဗန်း စားသောက်ဆိုင် ပိုင်ရှင်မှာ ရခိုင် တိုင်းရင်းသား ဖြစ်ပြီး ရပ်ကွက်နေသူများနှင့် ဆက်ဆံရေး ပြေလည်သူ ဖြစ်ကြောင်း ဆိုင်ရှင်မှာ လူမှုရေး လုပ်ငန်းများကို ကူညီဆောင်ရွက် ပေးနေသူတစ်ဦး ဖြစ်ကြောင်း အမှတ် (၉) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၏ အဖွဲ့ဝင်တစ်ဦးထံမှ သိရှိရသည်။
“မီးစလောင်ချိန် လမ်း ၄၀ အောက်လမ်းထိပ်က တိုက်ခန်းမှာ နေသူက အိပ်မပျော်လို့ ဝရန်တာထွက် လေညင်းခံနေတုန်း လှမ်းမြင်ပြီး အော်လို့ ရပ်ကွက်က ဝိုင်းငြိမ်းနိုင်ခဲ့တာ။ လမ်းဘေး ညအိပ်ရပ်ထားတဲ့ ကားတွေနားက ဓာတ်ဆီပုံးပါ မီးလောင်ခဲ့ရင်တော့ တစ်လမ်းလုံး မီးထဲပါသွားမှာ” ဟု ၎င်းကဆိုသည်။

ရွှေလင်ဗန်း စားသောက်ဆိုင် မီးလောင်မှုနှင့် ပတ်သက်၍ ကျောက်တံတား မြို့မရဲစခန်းမှ စုံစမ်းစစ်ဆေးလျက် ရှိကြောင်း အဆိုပါ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

The Voice Weekly