သစ်ခုတ်ခဲ့သည့်အမှားများကို လူမှုရေးလုပ်ငန်းများဖြင့် ပြန်လည်ပေးဆပ်သွားမည်ဟု ဦးတေဇပြော


 ထူး ဖောင်ဒေးရှင်းနာယကဖြစ်သူ နာမည်ကျော်စီးပွားရေးလုပ်ငန်း ရှင်ကြီးဦးတေဇက သစ်ခုတ်ခဲ့ သည့်အမှားများအား ပြန်လည် ပေးဆပ်သည့်အနေဖြင့် နယ်စပ် ဒေသများတွင် ပညာရေး၊ ကျန်းမာ ရေးနှင့် ဆိုင် သော လူမှုရေးလုပ် ငန်းများ ပြုလုပ်သွားမည်ဟု ပြော ကြားလိုက်သည်။

စက်တင်ဘာ ၂၃ရက်က ပြုလုပ်သည့် ဂမ်လမ်ရာဇီတောင် တက်အောင်မြင်ခြင်းအထိမ်းအ မှတ်အဖြစ် ကုန်သည်ကြီးများဟို တယ်တွင်ပြုလုပ်သော ညစာစား ပွဲတွင် ယင်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။ ထူဖောင်ဒေးရှင်းနာယက ဦးတေဇက ''ကျွန်တော် သစ်ပင် တွေ အများကြီးခုတ်ခဲ့ပါတယ်။ အဲဒီအတွက်လဲ အခုအချိန်မှာ ပြန် လည်ပေးဆပ်ရပါမယ်။ အဓိက လုပ်မှာတွေက ဖွံ့ဖြိုးမှုနည်းပါး တဲ့ နယ်စပ် ဒေသ တွေမှာ လိုအပ် နေတဲ့ ပညာရေး၊ ကျန်းမာရေး စတဲ့လုပ်ငန်းတွေကို အားဖြည့် လုပ်ဆောင်သွားဖို့ရှိပါတယ်''ဟု ဆိုသည်။

ဦးတေဇသည် တောင်ငူ၊ ပဲခူးရိုးမ၊ ကသာ၊ ဗန်းမော်၊ ရှမ်း ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာ ရီ၊ မြိတ်ကျွန်းစုနှင့် ရခိုင်ပြည်နယ် အစရှိသည့်နေရာများတွင် သစ် ထုတ်လုပ်ရေးလုပ်ငန်းများ လုပ် ကိုင်ခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်တွင် နယ်စပ် ဒေသတစ်ခုဖြစ်သည့် ကချင်ပြည် နယ်၏ အစွန်အဖျားဒေသများ တွင် လျှပ်စစ်မီးလိုအပ်ချက်ကြီး မားနေပြီး ဆက်သွယ်ရေးအတွက် အခက်အခဲများစွာရှိနေသည့် အ တွက် ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းထောက်ပံ့မှုနှင့် ယင်းဒေ သခံအများ စု၏ တောင်းဆိုချက် ဖြစ်သည့် ကျောင်းဆရာ လိုအပ် ချက်အတွက် ထူးဖောင်ဒေးရှင်း အနေဖြင့် ကူညီလုပ်ဆောင်သွား မည်ဟု ထပ်မံပြောသည်။

ထူးဖောင်ဒေးရှင်းလုပ်ငန်း စုအနေဖြင့် မြန်မာနိုင်ငံအောက် ပိုင်းနှင့် အထက်ပိုင်းရှိ ဖွံ့ဖြိုးမှု အားနည်းသောဒေသများတွင် ပညာရေး၊ ကျန်မာရေး၊ ဒေသဖွံ့ ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုနှင့် သက်ဆိုင်သော လူမှုရေး လုပ်ငန်း များအပြင် ဒေသ ခံတို့၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအား ကူညီလုပ်ဆောင် ပေးနေကြောင်း၊ လက်ရှိအချိန် တွင် အမေရိကန်အဖွဲ့နှင့်ပူး ပေါင်း၍ ကျိုက်ထီးရိုးဘုရားပတ် ဝန်းကျင်ဒေသခံများအတွက် ပညာ ရေးလှုပ် ရှားမှု များ ဆောင်ရွက် နေ ကြောင်း သိရသည်။

နိုင်နိုင်ဇော် ၊ အောင်သူ

၁၆ နှစ်အောက် အရွယ်အား အဓမ္မပြုကျင့် ပါက သေဒဏ်ချမှတ်သည့် ဥပဒေ လွှတ်တော်သို့ ထပ်မံတင်ပြမည်ဟု ဦးသိန်းညွန့်ပြော


အသက် ၁၆ နှစ်အောက်ကလေးများ ကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ပြု ကျင့်ပါက သေဒဏ်ထိချမှတ်နိုင် သည့်ဥပဒေကို အဋ္ဌမအကြိမ် မြောက်လွှတ်တော်တွင် ထပ်မံအ ဆိုတင်သွင်းသွားမည်ဟု သင်္ဃန်း ကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောသည်။

သတ္တမအကြိမ်မြောက် လွှတ် တော်တွင် အထူးဥပဒေအဖြစ် အ ဆိုပြုခဲ့သော်လည်း ယင်းအဆိုရှုံး နိမ့်ခဲ့သောကြောင့် ယခု အဋ္ဌမအ ကြိမ်မြောက်လွှတ်တော်တွင် ထပ် မံတင်သွင်းရခြင်းဖြစ်သည်ဟု ဦး သိန်းညွန့်က ပြောသည်။

သင်္ဃန်းကျွန်းမြို့နယ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်ဦး သိန်းညွန့်က ''ဒါဟာ အမှန်တ ကယ်ကိုလိုအပ်တဲ့ ဥပဒေဖြစ်ပါ တယ်။ လူမဆန်တဲ့ လုပ်ရပ်တွေ ကြောင့် ကလေးတွေအနာဂတ် ပျက်စီးမယ့်အရေးကို ထိရောက် တဲ့ ဥပဒေချုပ်ကိုင်မှုနဲ့ ဟန့်တား ဖို့လိုအပ်နေပြီ။ ဒီလိုပြင်းထန်တဲ့ ဥပဒေကြောင့် ပြစ်မှုကျူးလွန်မယ့်သူတွေကိုတားဆီးရာရောက်သလို ခေတ်အခြေအနေအရလဲအကျည်းတန်အရုပ်ဆိုးတဲ့ကိစ္စဖြစ်တာကြောင့် သေဒဏ်ကျင့်သုံး အောင် တိုက်တွန်းရမယ်''ဟု ပြော သည်။

မြန်မာနိုင်ငံတွင် သေဒဏ် ကို ကျင့်သုံးခြင်းနည်းပါးသွားပြီ ဖြစ်သော်လည်း လက်ရှိအချိန်ထိ ဖျက်သိမ်းခြင်း မပြုရသေးသော ကြောင့် အသက် ၁၆နှစ်အောက်ကလေးများကိုလိင်ပိုင်းဆိုင်ရာအဓမ္မပြုကျင့်ပါက သေဒဏ်ပေး နိုင်ရန် တိုက်တွန်းရခြင်းဖြစ်သည် ဟု ဦးသိန်းညွန့်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာညိုညိုသင်းက ''စာရင်းဇ ယားအရ သက်ငယ်မုဒိမ်းမှုတွေက ရာခိုင်နှုန်း ရဝလောက်ရှိနေတယ် ဆိုတော့ စာရင်းမသိဘဲဖြစ်သွား တဲ့ကိစ္စတွေ ဘယ်လောက်များလဲဆိုတာခန့်မှန်းလို့မရပါဘူး။ဒီအချက်တွေကိုကြည့်ခြင်းအားဖြင့် လက်ရှိဥပဒေက လုံလောက်မှုမရှိ ဘူးဆိုတာ ကျိန်းသေပါတယ်။ ဒါ ကြောင့် ဒီထက်ပိုမိုပြင်းထန်တဲ့ ဥပဒေနဲ့ ဟန့်တားဖို့လိုပါတယ်'' ဟု ပြောသည်။

ခေတ်သစ်အမျိုးသမီးအစည်းအရုံး(မြန်မာ)ဥက္ကဋ္ဌ ဒေါ်ရီရီ စံက ''လက်ရှိသတ်မှတ်ထားတဲ့ ဥပဒေက ၁၄နှစ်အောက်ကလေး တွေ ကိုပြုကျင့်ရင် ထောင်ဒဏ် ၁၀ နှစ်လို့ သတ်မှတ်ထားတယ်။ မလုံ လောက်ပါဘူး။ ဒါကြောင့်သာ မကြားဝံ့မနာ သာတွေဖြစ် နေရ သေးတာပေါ့''ဟု ပြောသည်။

ခေတ်သစ် အမျိုးသမီးအ စည်းအရုံး(မြန်မာ)ဥက္ကဋ္ဌ ဒေါ်ရီ ရီစံမှာ ၁၂ နှစ်အောက် အမျိုးသ မီးကလေးသူငယ်လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့် ခံရပါက ကျူးလွန် သူကို သေဒဏ်ချမှတ်နိုင်ရေးနှင့် ပတ်သက်၍ လွှတ်တော်တွင် ဥပ ဒေတစ်ရပ်ပြဋ္ဌာန်းနိုင်ရန် ဆောင် ရွက်နေသူတစ် ဦးလည်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၃ခုနှစ်အတွင်း ဖြစ်ပွားခဲ့ သော ကလေးသူငယ်အဓမ္မပြုကျင့် ခံရမှု တရားဝင်စာရင်းများအရ လှိုင်သာယာမြို့နယ်တွင် ကလေး သူငယ်အဓမ္မပြုကျင့်ခံရမှု ရှစ်မှု၊ တိုက်ကြီးတွင် သုံးမှု၊ ထောက်ကြန့်၊ မြောက်ဥက္ကလာ၊ ရွှေပြည်သာ၊ အင်းစိန်တို့တွင် နှစ်မှုစီဖြစ်ပွားခဲ့ သောကြောင့် ကလေးသူငယ်လိင် ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာအ ကြမ်းဖက်မှု ကာကွယ်သည့်တပ် ဖွဲ့ကိုလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယခုနှစ် မေ ၃ဝရက်က စတင်ဖွဲ့ စည်းလိုက်ပြီဖြစ်ကြောင်း သိရ သည်။
ဒီခေတ်နေ
Yangon Media Group

လီဗာပူးနှင့်ကစားမည့် Capital One Cupပွဲကို ဗန်ပါစီလွဲချော်


မန်ယူအသင်းနည်းပြ မိုယက်စ်က လီဗာပူးနှင့်ကစားမည့် Capital One Cupပွဲစဉ်တွင်ဗန်ပါစီပါဝင်ကစားနိုင်မည်မဟုတ်ဟုအတည်ပြုလိုက်သည်။
ဗန်ပါစီသည် ပေါင်ခြံဒဏ်ရာကို ပြီးခဲ့သည့်ရက်သတ္တပတ်က ရရှိခဲ့ခြင်းကြောင့်မန်စီးတီးနှင့်ဒါဘီပွဲကိုလွဲချော်ခဲ့ရပြီး ယခုတဖန် လီဗာပူးနှင့်ပွဲကိုထပ်မံလွဲချော်ရခြင်းဖြစ်သည်။
ဟော်လန်တိုက်စစ်မှူးအနေဖြင့်ယခုပွဲစဉ်ပွဲဝင်မကစားနိုင်သော်လည်း စနေနေ့တွင် ၀က်စ်ဘရွန်းနှင့်ပွဲစဉ်တွင်မူပါဝင်လာနိုင်ရန်အခွင့်အရေးရှိနေကြောင်းသိရသည်။
ထို့အပြင် ယခု Capital One Cup ပွဲစဉ်တွင် မိုယက်စ်အနေဖြင့် စီနီယာကစားသမားများကိုအနားပေးကာလူငယ်များကိုသုံးစွဲသွားဖွယ်ရှိကြောင်းပြောလိုက်သည်။
မိုယက်စ်က''ပြိုင်ပွဲတိုင်းအပေါ် ကျွန်တော်အာရုံအပြည့်စိုက်ထားပါတယ်။ အမြဲတမ်းနိုင်ပွဲရဖို့အာရုံစိုက်ထားတယ်။ ဒီပြိုင်ပွဲမှာ လူငယ်ကစားသမားတွေအခွင့်အရေးရနိုင်အောင် ကျွန်တော်တတ်နိုင်တဲ့
ဘက်ကပြုလုပ်ပေးသွားမယ်"ဟုပြောခဲ့သည်။
မန်ယူအသင်းသည် မန်စီးတီးအားရှုံးခဲ့သောပွဲစဉ်တွင် အဓိကတိုက်စစ်မှူးဗန်ပါစီမပါဝင်နိုင်ခဲ့သောကြောင့် ပြိုင်ဘက်အသင်းဂိုးပေါက်အားခြိမ်းခြောက်မှုမှာမရှိသလောက်နည်းပါးခဲ့ပြီးယခုပွဲစဉ်တွင်
အဓိက ကစားသမားများကိုအနားပေးကာလူငယ်များနှင့်ပွဲထွက်ခဲ့လျှင် လီဗာပူးအားအနိုင်ရရန်မှာ ရုန်းကန်ရဖွယ်ရှိနေသည်။
မင်းသန့်
Yangon Media Group

အရက်ကြောင်ကြောင်နေသည့် ဖခင်က တစ်မိသားစုလုံးကို ဓားဖြင့်ထိုးသတ် နှစ်နှစ်အရွယ် သမီးငယ် ပွဲချင်းပြီးသေဆုံး

ကသာ ၊ စက်တင်ဘာ ၂၄။ ။ စစ် ကိုင်းတိုင်းဒေသကြီး ကသာမြို့ နယ် ကလုံအုပ်စု အတွင်းရှိ အင်းရွာလေးကျေးရွာတွင် စက်တင် ဘာ ၂၄ရက်က လူသတ်မှုတစ်မှု ဖြစ်သွားခဲ့ရာ ထိုဖြစ်စဉ်အပေါ် ကြားရသူတိုင်းမှ ရင်ထုမနာဖြစ် နေကြရ ကြောင်း သိရသည်။ ဖြစ်ပွားပုံမှာ စက်တင်ဘာ ၂၃ရက် ည ရနာရီတွင် အသက် ၃၄နှစ်ရှိ မြင့်သန်းသည် အရက်မူး ၍ ဇနီးဖြစ်သူ မအေးကြည် ၁၉ နှစ်အား လူမှုရေးဖောက်ပြန်သည် ဟုစွပ်စွဲကာ ရန်ဖြစ်ခဲ့ကြသည်။ ထိုရန်ဖြစ်မှု ကိုအခြေခံ၍ ဇနီးဖြစ် သူ မအေးကြည်အားအရိုးအသွား ၁၈လက်မရှိဓားဖြင့် ထိုးသွင်းခဲ့ရာ မအေးကြည်၏ဘယ်ဘက်လက် ချောင်းများပြတ်ရှကုန်ပြီး ဝဲဘက် နံရိုးအောက်သို့လည်း ဓားစိုက် ဝင်သွားခဲ့သည်။ ထို့နောက် သမီးဖြစ် သူ မနှင်း ပွင့်ဖြူ အသက် ငါးနှစ် နှင့် မလှိုင် လှိုင်ထွန်း အသက်နှစ်နှစ်တို့အား ကြိုးဖြင့် တုပ်နှောင်ထားခဲ့သည်။

ကလေးများ ငိုသံကြား၍ ဒေါ်အေးကြည်မှ ထကြည့်စဉ် မြင့်သန်းက မအေးကြည်အား အရိုးအသွား၁၈လက်မရှိ ဓားဖြင့် ထိုးသွင်းခဲ့ရာ မအေးကြည်၏ဘယ် ဘက်လက်ချောင်းများ ပြတ်ရှကာ ဝဲဘက်နံရိုးအောက်သို့လည်း ဓား စိုက်ဝင်သွား ခဲ့ပြီး နှစ်နှစ် သမီးအရွယ်ရှိ မလှိုင်လှိုင်ထွန်းအား ဓား ဖြင့်ထပ်မံမွှန်းခဲ့ရာ ဘယ်ဘက် လက်ကောက်ဝတ်၌ ပြတ်လုနီးနီး ဓားဒဏ်ရာနှင့်အတူ ထိရှဒဏ်ရာ အများအပြားရရှိခဲ့ပြီးနောက် ထိုသမီးငယ်၏ ဝဲဘက်ဝမ်းဗိုက် ကိုလည်း ဓားဖြင့် ထိုး သွင်း သတ် ဖြတ်ခဲ့သည်။

ဟာဂျူလီ
သတင်းအပြည့်အစုံသို့ =>http://goo.gl/wv1Bku

မန္တလေး တက္ကသိုလ်တွင် ဦးရာဇတ် ရုပ်တုထားခွင့် ဆိုင်းငံ့ခံရ


ဆရာကြီး ဦးရာဇတ်
မန္တလေးတက္ကသိုလ်တွင် ဆရာကြီး ဦးရာဇတ်၏ ပုံတူ ကြေးသွန်းရုပ်တု ထားရှိမှုကို ဆိုင်းငံ့ခံရပြီး ပထမဆုံး ကျောင်းအုပ်ကြီး ဆရာ ဦးကိုကိုလေး၏ ပုံတူ ကြေးသွန်း ရုပ်တုကိုသာ ထားရှိခွင့် ရခဲ့ကြောင်း သိရသည်။

ဆရာဦးကိုကိုလေး၏ ပုံတူ ကြေးသွန်း ရုပ်တုကို စက်တင်ဘာလ ၂၃ ရက်နေ့က မန္တလေးတက္ကသိုလ် ပင်မ အဆောက်အုံ ရှေ့တွင် မန္တလေး တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူဟောင်းများ ဦးဆောင်ကာ ဆရာ ဦးကိုကိုလေး၏ မွေးနေ့ ရာပြည့်ပွဲ အထိမ်းအမှတ် ပုံတူကြေးသွန်း ရုပ်တု စိုက်ထူပွဲ ကျင်းပခဲ့ခြင်း ဖြစ်သည်။

မန္တလေး တက္ကသိုလ်စတင် တည်ထောင်ခဲ့သူ ဆရာကြီး ဦးရာဇတ်နှင့် ဆရာဦးကိုကိုလေး တို့၏ ပုံတူ ကြေးရုပ်တုများကို ယင်းတက္ကသိုလ်တွင် ထားရှိရန်အတွက် ၂၀၁၂ ခုနှစ် မတ်လ ၂၅ ရက်နေ့က စာတင်ခဲ့သော်လည်း ဦးရာဇတ်ပုံတူ ရုပ်တု ထားရှိမှုကို အချိန် ဆိုင်းငံ့ထားရန် ညွှန်ကြားခံရပြီး ဦးကိုကိုလေး ရုပ်တုကိုသာ ထားရှိခွင့် ရခဲ့ခြင်း ဖြစ်ကြောင်း ရာပြည့်ပွဲ ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးညွန့်မောင်က ဧရာဝတီသို့ ပြောသည်။

“ဆရာကြီး ဦးရာဇတ်ရုပ်တု ထားရှိဖို့အတွက်က ပထမဦးစားပေးပါ။ ဒုတိယက ဆရာ ဦးကိုကိုလေးပါ။ ဒါပေမယ့် ပညာရေးဝန်ကြီးက ဆရာ ဦးရာဇတ် ရုပ်တုကို ထားရှိဖို့အတွက် အချိန်စောင့်ခိုင်း ပါတယ်။ ဘာအတွက် စောင့်ခိုင်းလဲ ဆိုတာတော့ ကျနော်တို့လည်း မသိပါဘူး။ ဒါကြောင့် ဆရာဦးကိုကိုလေးရဲ့ ရုပ်တုကိုပဲ သူ့နှစ်တရာပြည့်တဲ့နေ့မှာ ရာပြည့်ပွဲလေး ကျင်းပပြီး ကြေးရုပ်တုကို တက္ကသိုလ်ရှေ့မှာ ထားရှိခဲ့တာပါ” ဟု ၎င်းက ဆိုသည်။

မန္တလေး အခြေစိုက် အစ္စလမ်ဘာသာဝင် များကလည်း ဆရာဦးရာဇတ်၏ ရုပ်ထု ထားရှိမှု ဆိုင်းငံ့ခံရခြင်းသည် တန်ဖိုးမြင့်သည့် သမိုင်းဆိုင်ရာ အထောက်ထားများ ငြင်းပယ်ခံရသည့် အနေထား ဖြစ်နေသည့်အတွက် သမိုင်းတွင် ဆုံးရှုံးနစ်နာမှုများ ရှိနေရုံသာမက ရုပ်တုစိုက်ထူမှုတွင် ခွဲခြားဆက်ဆံမှု ခံနေရသည့်အတွက် စိတ်မကောင်း များစွာ ဖြစ်ရကြောင်း ပြောဆိုကြသည်။

“ဆရာ ဦးရာဇတ်နဲ့ ဆရာဦးကိုလေးတို့က တကယ့် ပညာရှင်ကြီးတွေပါ။ မျိုးချစ် ပုဂ္ဂိုလ်တွေဆိုလည်း မမှားပါဘူး။ ဆရာကြီး ဦးရာဇတ်ရဲ့ ပထမဆုံးကျင်းပခဲ့တဲ့ ရာပြည့် မွေးနေ့ပွဲတုန်းက ရုပ်တုထားရှိဖို့အတွက် ကျင်းပရေး ဆပ်ကော်မတီဖွဲ့ပြီး လုပ်ဆောင်ခဲ့တာ ရှိခဲ့ဖူးပါတယ်။ အဲဒီအချိန် တုန်းကတော့ ဘာအခက်ခဲမှ မရှိခဲ့ပါဘူး။ ခုလို ရုပ်တုစိုက်ထူပွဲမှာ ဆရာကြီး ဦးရာဇတ် ရုပ်တု မပါဝင်သေးဘူး ဆိုတော့ စိတ်မကောင်း ဖြစ်မိပါတယ်” ဟု ဆရာကြီး ဦးရာဇတ်၏ ပထမဆုံးအကြိမ် ရာပြည့် မွေးနေ့ပွဲ ဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး ဖြစ်ခဲ့သူ တရားလွှတ်တော် ရှေ့နေ ဦးထွန်းလွင်ဦးက ဧရာဝတီသို့ ပြောသည်။

နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန (အထက်မြန်မာပြည်) ရုံးသို့ ယင်းအခြေနေကို ဖုန်းဆက် မေးမြန်းသည့်အခါ တာဝန်ရှိသူများက အထက်ပါကိစ္စကို မသိရှိကြောင်း၊ ယင်းကိစ္စသည် ၎င်းတို့နှင့် သက်ဆိုင်ခြင်း မရှိကြောင်း ဖုန်းဖြင့် ပြန်လည်ဖြေကြားခဲ့သည်။

ဆရာကြီး ဦးရာဇတ်နှင့် ဦးကိုကိုလေးတို့သည် မြန်မာနိုင်ငံ အင်္ဂလိပ်ခေတ် လက်အောက် ရောက်ရှိသည့် အချိန်က အမြော်အမြင် ကြီးစွာဖြင့် မန္တလေးတက္ကသိုလ်ကို စတင် တည်ထောင်ခဲ့ကြသည့် မျိုးချစ်ပုဂ္ဂိုလ် နှစ်ဦး ဖြစ်သည်။ မန္တလေး တက္ကသိုလ်သည် မြန်မာနိုင်ငံတွင် မြန်မာများ တည်ထောင်ခဲ့သည့် ပထမဆုံးသော တက္ကသိုလ်လည်း ဖြစ်သည်။

အင်္ဂလိပ်အစိုးရသည် ၁၈၂၄ ခုနှစ်မှ ၁၉၂၀ ခုနှစ်ထိ နှစ် ၁၀၀ နီးပါး မြန်မာနိုင်ငံကို အုပ်ချုပ်စဉ် ကာလက မြန်မာပြည်တွင် တက္ကသိုလ် မရှိသေးပေ။ ၁၉၂၀ ခုနှစ် ရောက်ရှိမှသာ ရန်ကုန်တွင် တက္ကသိုလ် စဖွင့်ပေးခဲ့သည်။ သို့သော်လည်း ယင်းတက္ကသိုလ်သို့ မရှိဆင်းရဲသူများ မတက်နိုင်ခဲ့ပေ။ ကျောင်းအိပ်၊ ကျောင်းစား ဘော်ဒါဆောင်နေ ကျောင်းသားများ ကိုသာ ရန်ကုန်တက္ကသိုလ်မှ လက်ခံခဲ့သည့် အတွက် ကုန်ကျစရိတ် ကြီးမြင့်မှုကြောင့် အထက်တန်းလွှာမှ ကျောင်းသားများသာ တက်ရောက် နိုင်ခဲ့သည်။

ဆရာကြီး ဦးရာဇတ်သည် ယင်းအချိန်က အမျိုးသားပညာရေး ကောင်စီမှ ကျင်းပသော B.A (အမျိုးသားကောလိပ်) ဘွဲ့ကို ရယူခဲ့ကာ ၁၉၂၃ ခုနှစ် မန္တလေး ဗဟိုအမျိုးသား အထက်တန်း ကျောင်းတွင် ဆရာအဖြစ် လည်းကောင်း၊ ကျောင်းအုပ်ကြီး အဖြစ် လည်ကောင်း ဒုတိယ ကမ္ဘာစစ်အထိ နှစ်ပေါင်း ၂၀ တာဝန် ထမ်းဆောင်ခဲ့သည်။

ထိုအချိန်က မြန်မာပြည်တွင် ရန်ကုန်၊ စစ်ကိုင်း၊ မကွေး၊ စစ်တွေ၊ မြစ်ကြီးနား မြို့များတွင်သာ အစိုးရ အထက်တန်းကျောင်း ရှိပြီး မန္တလေးတွင် မရှိသေးပေ။

ဗိုလ်ချုပ်အောင်ဆန်း ကြားဖြတ်အစိုးရ အဖွဲ့ ဖွဲ့ပြီးချိန်တွင် ဆရာကြီး ဦးရာဇတ်က ပညာရေး ၀န်ကြီး ဖြစ်လာခဲ့သည်။ ဦးရာဇတ် ပညာရေး ၀န်ကြီး ဖြစ်လာချိန်မှသာ မန္တလေးတွင် ကောလိပ် ဖြစ်ပေါ်လာစေရန်အတွက် ကြိုးပမ်း ဆောင်ရွက် ပေးခဲ့ခြင်း ဖြစ်သည်။ ဆရာကြီး ဦးကိုကိုလေးကို မန္တလေး ယူနီဗာစီတီ ကောလိပ် ကျောင်းအုပ်အဖြစ် ဆရာကြီး ဦးရာဇတ်က
တာဝန် ထမ်းဆောင် စေခဲ့သည်။

“ဆရာကြီး ဦးရာဇတ်ရဲ့ ကြေးသွန်းရုပ်တုက ထုပြီးသားပါ။ လောလောဆယ် ထားခွင့် မရသေးတဲ့အတွက် ကျနော်တို့ သိမ်းထား ပါတယ်” ဟု မန္တလေး တက္ကသိုလ် ကျောင်းသားဟောင်းဖြစ်သူ နိုင်ငံခြား ဘာသာတက္ကသိုလ် ပါမောက္ခချုပ် (ငြိမ်း) ဦးပိုမြင့်က ပြောသည်။

ဆရာဦးကိုကိုလေး၏ ပုံတူကြေးရုပ်ထုမှာ ကြေးပိဿာချိန် ၁၁၀ ရှိပြီး အမြင့် ၄ ပေ၊ အလျား ၂ ပေ ရှိကာ စုစုပေါင်း ကုန်ကျငွေ ကျပ် ၂၄ သိန်း ဖြစ်သည်။ နောင်လာနောင်သားများက ဆရာကြီးများ၏ စိတ်ဓာတ်နှင့် ရည်ရွယ်ချက် ကြီးမားပုံတွေကို ကြိုးစား အားထုတ်မှုတွေကို အားကျ အတုယူစေရန် အတွက် ပညာရေး ဖခင်ကြီး နှစ်ဦး၏ ပုံတူ ကြေသွန်းရုပ်တု မန္တလေး တက္ကသိုလ်တွင် သမိုင်းဝင် စိုက်ထူရန် ကြိုးပမ်းကြခြင်း ဖြစ်ကြောင်း သိရသည်။

ဧရာဝတီ

ဂြိုဟ်သားသတင်း အချိန်မီသိရှိနိုင်ရန် ပန်းကန်ပြားပျံ စောင့်ကြည့်ရေးသမား တစ်ဦးကို ရီဟားနား ငှားရမ်း




ကမ္ဘာကျော် ပေါ့ပ်အဆိုတော် ရီဟားနားဟာ ဂြိုဟ်သားတွေနဲ့ ပတ်သက်တဲ့ နောက်ဆုံးရသတင်းတွေကို သိရှိနိုင်ဖို့အတွက် ပန်းကန်ပြားပျံ စောင့်ကြည့်ရေးသမားတစ်ဦးကို ငွေပေးပြီး ငှားရမ်းခဲ့တယ်လို့ Dailystar သတင်းစာမှာ ဖော်ပြထားပါတယ်။

အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ ရီဟားနားဟာ ဂြိုဟ်သားတွေ အမှန်တကယ် ရှိတယ်လို့ ယုံကြည်သူ တစ်ဦးဖြစ်ပြီး ဂြိုဟ်သားတွေနဲ့ ပတ်သက်တဲ့ သတင်းတွေကို အချိန်မီ မသိရမှာစိုးတဲ့အတွက် ကယ်လီ ဖိုးနီးယားပြည်နယ် မိုဟာဗီ သဲကန္တာရထဲမှာ စခန်းချပြီး ပန်းကန်ပြားပျံတွေ ကို စောင့်ကြည့်လေ့လာ နေသူတစ်ဦးကို အခုလိုငှားရမ်းခဲ့တာ ဖြစ်ပါတယ်။

“ရီဟားနားက သူမရဲ့သက်တမ်းအတွင်းမှာပဲ ဂြိုဟ်သားတွေ ကမ္ဘာပေါ်ကို ဆင်းလာလိမ့်မယ်လို့ အမြဲတမ်း ယုံကြည်နေခဲ့တာပါ” ဟု ရီဟားနာနဲ့ ရင်းနှီးသူတစ်ဦးက Dailystar သတင်းစာကို ပြောကြားခဲ့ပါတယ်။

ရီဟားနားဟာ အဆိုပါ ပန်းကန်ပြားပျံ စောင့်ကြည့်ရေးသမားနဲ့ Little A'Le'Inn လို့ အမည်ရတဲ့ စားသောက်ဆိုင်တစ်မှာ တွေ့ဆုံပြီး ဂြိုဟ်သားနဲ့ ပတ်သက်တဲ့ သတင်းတွေကို ရယူမှာ ဖြစ်ပါတယ်။

Little A'Le'Inn စားသောက်ဆိုင်ဟာ ပန်းကန်ပြားပျံ ရှာဖွေသူတွေ လာရောက် တွေ့ဆုံလေ့ရှိတဲ့ စားသောက်ဆိုင်ဖြစ်ပြီး စိတ်ကူးယဉ် ရုပ်ရှင်တွေထဲမှာ မကြာခဏ ပါလေ့ရှိတဲ့ Area 51 နဲ့လည်း နီးကပ်စွာ တည်ရှိနေတာကြောင့် ရီဟားနားက အဲဒီဆိုင်ကို ရွေးချယ်ခဲ့တာ ဖြစ်တယ် လို့လည်း Dailystar သတင်းစာမှာ ဖော်ပြထားချက်အရ သိရပါတယ်။

ဂြိုဟ်သားတွေ ကျူးကျော်လာရင် သိနိုင်အောင်လို့ ကလေးဘဝတုန်းကိုဆိုရင် ကောင်းကင်ကို မော့ကြည့်ပြီး အချိန်ဖြုန်းလေ့ ရှိတယ်လို့လည်း ရီဟားနားက ပြောဖူးပါတယ်။

“ကျွန်မအဖေက ကျွန်မကို ပန်းကန်ပြားပျံတွေ ဖြတ်ပျံသွားရင် မြင်လိုက် ရအောင်လို့ အိမ်အပြင်မှာ တစ်ညလုံးထိုင်ပြီး စောင့်ကြည့်ခိုင်းလေ့ ရှိပါတယ်။ ကျွန်မ အဲဒီအလုပ်ကို နှစ်တော်တော်ကြာတဲ့အထိ လုပ်ဖြစ်ခဲ့ပါတယ်” လို့ ရီဟားနားက ပြောခဲ့တာ ဖြစ်ပါတယ်။
Myawady News

စစ်ရေး အခြေအနေ သတင်းများ ထုတ်ပြန်မည့် ကာကွယ်ရေးဝက်ဘ်ဆိုက် လွှင့်တင်မည်


၆၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားမြင်ကွင်း (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နှင့်ဖြစ်ပွားသော တိုက်ပွဲ အခြေအနေ သတင်းများ၊စစ်ရေး အခြေအနေသတင်းများ အပါအ၀င် တပ်မတော်နှင့်ပတ်သက်သည့် သတင်းများကို အချိန်နှင့်တပြေးညီ ထုတ်ပြန်မည့် ကာကွယ်ရေးဝန်ကြီးဌာန၏ ၀က်ဘ်ဆိုက်တခုကို လွှင့်တင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကာကွယ်ရေး ၀န်ကြီးဌာန က အချိန်နှင့်တပြေးညီသတင်းများ ပြန်ကြားထုတ်လွှင့်နိုင်မည့် ၀က်ဘ်ဆိုက်တခု ရေးဆွဲ လျက် ရှိပြီး ယင်းဝက်ဘ်ဆိုက်တွင် တပ်မတော်နှင့်ပတ်သက်သော သတင်းများ၊ စစ်ရေးအခြေအနေသတင်းများအပြင် သတင်း မီဒီယာက သိရှိမေးမြန်းလိုသော အကြောင်းအရာများကို ချက်ချင်း ဖြေကြားပေးသွားမည်ဖြစ်ကြောင်း ကာကွယ်ရေး ၀န်ကြီး ဌာန ရုံးအဖွဲ့မှူး ဦးကျော်သူက ဧရာဝတီသို့ ပြောသည်။

“မကြာခင်မှာ ကာကွယ်ရေး ၀က်ဘ်ဆိုက် လွှင့်တင်တော့မယ်။ တပ်မတော်နဲ့ပတ်သက်တဲ့သတင်း၊ စစ်ရေးသတင်းတွေ ပါမယ်။ သိချင်တာတွေရှိရင် အဲဒီကနေ မေးလို့ရမယ်´´ဟု ဦးကျော်သူက ပြောသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တြိဂံတိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးသက်လွင်ထူးက ကာကွယ်ရေးဝက်ဘ်ဆိုက်တခု ထပ်မံ ပေါ်ထွန်း လာသည့် အတွက် စစ်ရေး သတင်းများ ရယူသိရှိနိုင်သည့် သတင်းရင်းမြစ်တခုထပ်မံ တိုးပွားခြင်းဖြစ်ပြီး ယခင်က တပ်မတော် နှင့်ပတ်သက်သော သတင်းများရယူရန် မြ၀တီ သတင်းစာနှင့် မြ၀တီ သတင်းဝက်ဘ်ဆိုက်ကိုသာ အဓိက အားကိုး ရကြောင်း ဧရာဝတီသို့ပြောသည်။

မြန်မာနိုင်ငံ သတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးသီဟစောက လတ်တလော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရ စစ်တပ်တို့အကြား ဖြစ်ပွားနေသော တိုက်ပွဲသတင်းများကို သတင်းမီဒီယာများက ဖော်ပြရေးသားကြရာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများထံသို့ အလွယ်တကူ ဆက်သွယ် မေးမြန်းနိုင်သော်လည်း အစိုးရ စစ်တပ်ဘက်မှ အသံရရှိရန် အမြဲခက်ခဲသောကြောင့် တဖက်သံ အသံများနှင့်သာ သတင်းရေးသားဖော်ပြကြောင်း၊ ကာကွယ်ရေး ၀န်ကြီးဌာနအနေဖြင့် ၀က်ဘ်ဆိုက်လွှင့်တင်မှုကို ကြိုဆိုပြီး သတင်း မျှတစွာ ဖော်ပြနိုင်ရန် ပိုမိုလွယ်ကူလာမည် ဖြစ်ကြောင်း၊ ယခုအခါ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးက အွန်လိုင်းတွင် ၀က်ဘ်ဆိုက် ၊ လူမှုကွန်ရက် စာမျက်နှာများ ဖွင့်လှစ်ထားသဖြင့် သတင်းစီးဆင်းမှုမှာ စစ်တပ်သတင်းထုန်ပြန်မှုထက် ပိုမို မြန်ဆန်ကြောင်း ပြောသည်။

“တိုင်းရင်းသားတွေဘက်က သတင်းကမြန်တယ်။ စစ်တပ်ဘက်က ဆက်သွယ်ရတာ မလွယ်ဘူး။ အခုလို ၀က်ဘ်ဆိုက်မှာ သတင်းထုတ်ပြန်တာမျိုး၊ အဲဒီမှာ လှမ်းမေးလို့ရတဲ့ အီးမေးလ်အကောင့်တွေ ထားပေးထားမယ်ဆိုရင် ကျနော်တို့ သတင်းသမားတွေအတွက် ပိုအဆင်ပြေလာမယ်´´ ဟု ဦးသီဟစောက ဆိုသည်။

ကာကွယ်ရေး ၀န်ကြီးဌာနသည် မြ၀တီ ရုပ်မြင်သံကြား၊ သဇင် FM ၊မြ၀တီ သတင်းစာ၊ မြ၀တီ သတင်းဝက်ဆိုက်၊ ငွေတာရီ မဂ္ဂဇင်း အပါအ၀င် ရုပ်သံလွှင့်မီဒီယာ၊ ပုံနှိပ်မီဒီယာ၊ အွန်လိုင်းမီဒီယာနှင့် သတင်းမီဒီယာလုပ်ငန်းများကို တည်ထောင် လုပ်ကိုင်လျက်ရှိသည်။

ဧရာဝတီ


ငွေစက္ကူများတွင် ဗိုလ်ချုပ်အောင်ဆန်းပုံ ပြန်လည်ရိုက်နှိပ်ရေး လှုပ်ရှားမည်


ဗိုလ်ချုပ်အောင်ဆန်းပုံ ရိုက်နှိပ်ထားသည့် ငွေစက္ကူအဟောင်းများကို ရန်ကုန်မြို့ ဗိုလ်ချုပ်ဈေး ရှေ့တွင် ရောင်းချနေစဉ် (ဓာတ်ပုံ – (ဂျေပိုင် / ဧရာဝတီ)
မြန်မာနိုင်ငံတွင် အသုံးပြုနေသော ငွေစက္ကူများတွင် ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံကို ပြန်လည်ရိုက်နှိပ် ထုတ်ဝေပေးရန် အတွက် ပြည်သူများ၏ ဆန္ဒသဘောထား လက်မှတ်များကို BG သွေးလှူအသင်းမှ လူငယ်များက ဦးဆောင် ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စု လွှတ်တော်တွင် အဆိုတင်သွင်းနိုင်ရန် အတွက် ပြည်သူများ၏ သဘောတူ လက်မှတ်များကို ကောက်ခံသော လှုပ်ရှားမှုကို ယခုလ ၂၀ ရက်နေ့မှ စတင် ဆောင်ရွက်လျှက်ရှိပြီး ဆန္ဒပြု လက်မှတ်များ ရရှိလာလျှင် ပြည်ထောင်စု လွှတ်တော်တွင် အဆိုပြုဆွေးနွေးနိုင်ရန် ပေးပို့ တိုက်တွန်းသွားမည်ဖြစ်ကြောင်း BG သွေးလှူအသင်းမှ တာဝန်ခံ ကိုညီညီက ဧရာဝတီသို့ ပြောသည်။

“ငွေစက္ကူမှာ ဗိုလ်ချုပ်ပုံကို ဖျောက်ချင်တော့ အစပိုင်းမှာ ဆရာစံ၊ သခင်ဖိုးလှကြီးတို့ ပုံတွေ အရင်ထည့်တယ်။ အဲဒီအထိ ဘာမှ မပြောလိုသေးဘူး။ ဒါပေမယ့် အခုက အဖွဲ့အစည်းကနေ ပါတီ ဖြစ်လာပြီးတော့မှ အဲဒီပါတီရဲ့ အမှတ်တံဆိပ်ဖြစ်တဲ့ ခြသေ့င်္ ပုံတွေ သုံးတာတော့ မသင့်တော်တော့ဘူး။ အဲဒါကြောင့် ဗိုလ်ချုပ်ပုံတွေကို ပိုက်ဆံမှာ ပြန်ရိုက်နှိပ်ဖို့ ကြိုးစားတာပါ။ ကျနော်တို့က လက်မှတ်တွေရရင် အရင်ဦးဆုံး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဆီ ပို့မယ်။ သူက ဗိုလ်ချုပ်သမီးဖြစ်တော့ သူ့ပါတီက ဒီကိစ္စကို လွှတ်တော်မှာ စပြီးဆွေးနွေးရင် ပိုသင့်တော်မယ် ထင်လို့ပါ” ဟု ၎င်းက ဆိုသည်။

ထို့အပြင် လက်မှတ် ကောက်ခံမှုအချိန်ကို အတိအကျ မသတ်မှတ် ထားသော်လည်း တနိုင်ငံလုံး အတိုင်းအတာဖြင့် သန်းချီ သော လက်မှတ်အရေအတွက် ရနိုင်မည်ဟု ခန့်မှန်းကြောင်း၊ ယခုအစပိုင်းတွင် ပရဟိတ အဖွဲ့များကို ပေးပို့ထားပြီး နောက်ပိုင်းတွင် ပြည်သူများရှိရာ နေရာသို့ ကောက်ခံမှုများလည်း ပြုလုပ်မည်ဖြစ်ကြောင်း BG သွေးလှူအသင်းမှ ကိုသီဟန်က ဧရာဝတီသို့ ပြောသည်။

ရရှိသော လက်မှတ်များကို ပြည်ထောင်စု လွှတ်တော်အပြင်၊ နိုင်ငံတော်သမ္မတ ထံသို့လည်း ပေးပို့သွားမည်ဖြစ်ကြောင်း၊ အစိုးရပိုင်းမှ တာဝန်ရှိသူများ၊ လွှတ်တော် တာဝန်ရှိသူများ ထံမှလည်း လက်မှတ် ကောက်ခံသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျနော်တို့ကတော့ ဘာကြောင့် ဒီလိုလုပ်တာလဲဆိုတာ လူငယ်တွေ၊ ကလေးတွေက အစ သဘောပေါက်ကြ ပါတယ်။ တကယ် လက်မှတ်ကောက်ခံရင် ဘယ်သူကမှ ငြင်းပယ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အစိုးရပိုင်းတွေ၊ လွှတ်တော်ပိုင်းတွေရဲ့ လက်မှတ် မရရှိခဲ့ရင်လည်း သူတို့ကို အပြစ်တင်မှာ မဟုတ်ဘူး။ သဘောတူဆန္ဒရှိမှ ကျနော်တို့က လက်မှတ်ကို ကောက်ခံ သွားမှာပါ” ဟု ၎င်းက ဆက်ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းပုံကို ပိုက်ဆံတွင် ပြန်လည်အသုံးပြုရေး လှုပ်ရှားမှုအနေဖြင့် အောက်တိုဘာ လဆန်းပိုင်းတွင်လည်း ဗိုလ်ချုပ်ဓာတ်ပုံပါ တီရှပ်များ ၀တ်ဆင်ပြီး တရားဝင် ဆန္ဒထုတ်ဖော် သွားမည်ဖြစ်ကြောင်း၊ အလှူရှင်များ ပေါ်ပေါက်လာပါက ဗိုလ်ချုပ်ဓာတ်ပုံပါ တီရှပ်များကို အခမဲ့ ဝေငှသွားမည်ဖြစ်ကြောင်း ကိုညီညီက ဆိုသည်။

ဗိုလ်ချုပ်အောင်ဆန်း ပုံပါ ပိုက်ဆံများကို ပြန်လည်ထုတ်ဝေရေးနှင့် ပက်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ဆွေးနွေးရန် ယခုလအတွင်းက အမျိုးသားဒီမိုကရေစီ ပါတီသစ်မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က အဆိုတင်သွင်း ခဲ့သော်လည်း ယခုအဆိုသည် ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ရမည့် ကိစ္စဖြစ်ကြောင်း၊ ပြည်ခိုင်ဖြိုး ပါတီကို ဝေဖန်ပုတ်ခတ်သော အဆိုဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ၏ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်
ဒေါက်တာ စောလှထွန်းက ပြန်လည်ချေပခဲ့ပြီး တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ် ၁၂၃ ဦးအနက် ၁၂၁ ဦးက ကန့်ကွက်ခဲ့သဖြင့် ဆက်လက် ဆွေးနွေးခွင့် မရခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဗိုလ်ချုပ်အောင်ဆန်းပုံပါ အကြွေစေ့နှင့် ငွေစက္ကူများကို ၁၉၆၅ ခုနှစ်တွင် စတင် ရိုက်နှိပ်ထုတ်ဝေခဲ့ပြီး ၁ ကျပ်တန်၊ ၅ ကျပ်တန်၊ ၁၀ တန်နှင့် ၂၀ တန်အထိ ထုတ်ဝေခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် ထုတ်ဝေပြီးသော ငွေစက္ကူများကို ပုံစံ ဆန်းသစ်ပြီးနောက် ဗိုလ်ချုပ်အောင်ဆန်း ပုံကိုပင် အသုံးပြုကာ ၁ ကျပ်၊ ၅ ကျပ်၊ ၁၀ ကျပ်၊ ၂၅ ကျပ်၊ ၅၀ ကျပ်၊ ၁၀၀ ကျပ်တန်များကို ထုတ်ဝေ ခဲ့ကြောင်း သိရသည်။

၁၉၈၆ ခုနှစ်တွင် ၁၅ ကျပ်တန်၊ ၃၅ ကျပ်တန်နှင့် ၇၅ ကျပ်တန်များ၌ ဗိုလ်ချုပ်အောင်ဆန်း ပုံကိုပင် အသုံးပြုကာ ထုတ်ဝေ ခဲ့သော်လည်း ၄၅ ကျပ်တန်နှင့် ၉၀ ကျပ်တန်များကို သခင်ဖိုးလှကြီးနှင့် ဆရာစံတို့၏ ပုံများကို အသုံးပြု ထုတ်ဝေခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် ၁ ကျပ်တန် ငွေစက္ကူအသစ်ကို ဗိုလ်ချုပ်အောင်ဆန်းပုံ အသုံးပြု ထုတ်ဝေခဲ့သော်လည်း ၁၉၉၄ ခုနှစ် ရောက်သောအခါတွင် ထုတ်ဝေသမျှ ပိုက်ဆံအသစ်များတွင် ဗိုလ်ချုပ်အောင်ဆန်းပုံကို အသုံးမပြုတော့ဘဲ ခြသေ့င်္ပုံများကို စတင် အသုံးပြုခဲ့သည်။

၁၉၉၄ ခုနှစ်တွင် အသစ်ထုတ်ဝေသော ပိုက်ဆံများ၌ ၅၀ ပြားတန်ကို စောင်းကောက်ပုံ အသုံးပြုခဲ့ပြီး ၁ ကျပ်၊ ၅ ကျပ်၊ ၁၀ ကျပ်၊ ၂၀ ကျပ်၊ ၅၀ ကျပ်၊ ၁၀၀ ကျပ်၊ ၂၀၀ ကျပ်၊ ၅၀၀ ကျပ်၊ ၁ ထောင်ကျပ်တန်များ အားလုံးကို ခြသေ့င်္ပုံ အသုံးပြုခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် အသစ်ထုတ်ဝေသော ၂၀၀ ကျပ်၊ ၅၀၀ ကျပ်၊ ၁ ထောင်ကျပ်တန် များကိုလည်း ခြသေ့င်္ပုံသာ ဆက်လက် အသုံးပြုခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ထပ်မံ ထုတ်ဝေသော ၅ ထောင်ကျပ်တန်တွင် ဆင်ပုံကို အသုံးပြုခဲ့ကာ ၂၀၁၂ ခုနှစ်တွင် ထုတ်ဝေသော ၁ သောင်းကျပ်တန်ကို မန္တလေးနန်းမြို့ရိုးပုံ အသုံးပြု ထုတ်ဝေခဲ့သည်။

ဧရာဝတီ

ကင်ဆာတိုက်ဖျက်မယ့်ဆေး ရှာတွေ့ပြီ





ကင်ဆာရောဂါကို ခုခံတိုက်ဖျက် နိုင်မယ့် ဆေးကို အမေရိကန်မှာ ဆေး ပညာရှင်တို့ ရှာတွေ့ ပြီ ဖြစ်ပါ တယ်။ ဆေးကြီးသက်သက် ရရှိတာ မဟုတ်ပဲ တိရစ္ဆာန်မျိုးစိတ်တစ်ခု သွားတွေ့ခြင်း ဖြစ်ပါတယ်။

Naked Mole Rat လို့ခေါ်တဲ့ မွေးပြောင်ကြွက်မျိုး ဖြစ်ပါတယ်။ အာဖရိက အရှေ့ ပိုင်းက အပူပိုင်းဒေသမှာ နေထိုင်တဲ့ မွေးပြောင် ကြွက်တစ်မျိုး ဖြစ်ပြီး သူ့ရဲ့  ထူးခြားချက်ကတော့ ကင်ဆာရောဂါကို ခုခံနိုင်ခြင်း ဖြစ်ပါတယ်။ သူ့မှာ နောက်ထပ်ထူးခြားချက်က နာကျင်မှုကို မခံစားနိုင်ခြင်း ဖြစ်ပါတယ်။ သူတို့ရဲ့  ဦးနှောက်နဲ့ အာရုံကြောဆီကို ခန္ဓာကိုယ် က နာကျင်မှု ဝေဒနာ မပို့လွတ်ပေးပါဘူး။ ဒါကြောင့် နာကျင်မှုလည်း မသိပါဘူး။ အဓိက တွေ့ရှိ ချက် ကတော့ ကင်ဆာ ရောဂါ တိုက်ဖျက်နိုင်မယ့် အာနိသင် တစ်ခုပါ။

၂၀၀၉ ခုနှစ်ကစလို့ မွေးပြောင် ကြွက် အကောင် ၉၀ ကို မွေးဖွားပြီး ကင်ဆာ ဓာတ်ကြွယ်တဲ့ ဆေးတွေ ထိုးခဲ့ ပါတယ်။ ကိုယ်တွင်းမှာ ရှိတဲ့ ကင်ဆာဓာတ် ကို သူ့ကိုယ်တွင်းက ထုတ်တဲ့ သကြားဓာတ် တစ်မျိုး (HA) မော်လီကျူး များက တန်ပြန်ခုံခံပြီး ပုံမှန်အတိုင်း သက်တမ်း ၃၀ အထိ နေနိုင်တာ ကို တွေ့ရှိခဲ့ပါတယ်။ သူ့ကိုယ်တွင်းက ထုတ်တဲ့ HA သာ သာမန်လူတစ်ဦး ထက် ငါးဆ မက ပိုလွန်ပြီး ကင်ဆာဆဲလ်တွေ ကို ချေမှုန်းတဲ့ နေရာမှာ အင်မတန် မြန်ဆန်ကြောင်း တွေ့ရှိခဲ့ပါတယ်။

ဒါကြောင့် ကင်ဆာရောဂါ တိုက်ဖျက်မယ့် ဆေး စစ်ဆေးစမ်းသပ်ဖော် ထုတ်မှုကို Naked Mole Rat မှ စတင်ရမှာ ဖြစ်ပါတယ်။ ၎င်းတို့ ခန္ဓာကိုယ် တွင်းမှာ ရှိတဲ့ HA မော်လီကျူးဓာတ်ကို အခြေခံလို့ ဆေးတစ်မျိုးဖန်တီးရင် ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်ခြင်း၊ ဖြစ်နေရင်လည်း တိုက်ဖျက်ခြင်း တို့ကို အလွယ်တကူ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန် ကင်ဆာရောဂါ ဆေးသုတီများဟာ မကြာမီ နှစ်များအတွင်း ကင်ဆာရောဂါ တိုက်ဖျက်နိုင်မယ့် ဆေးဝါးများ ဖန်တီးဖော်ထုတ်နိုင်မယ်လို့ ကြေညာ ခဲ့ကြောင်း သိရပါတယ်။
.
Ref: nature.com
Aung Kham (International news for myanmar)

ရည်းစားဟောင်းကို အဓမ္မပြုကျင့်၍ မဖွယ်မရာ ဓာတ်ပုံရိုက် အွန်လိုင်းတင်သူကို ဖမ်းဆီး

အမျိုးသားတစ်ဦးက လွန်ခဲ့သော ၃ နှစ်ခန့်မှ ချစ်သူ ရည်းစားဖြစ်ခဲ့သူ ချစ်သူမိန်းကလေးဟောင်းကို မိမိ၏ နေအိမ်သို့ အတင်းအဓမ္မ ဆွဲယူခေါ်ဆောင်ပြီး အလိုမတူပါဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့ပြီး အ၀တ်အစားများကို ချွတ်၍ လက်ပြန်ကြိုးတုတ်ကာ ဖုန်းကင်မရာဖြင့် ဓာတ်ပုံများရိုက်ပြီး မိန်းကလေး၏ ညီမဖြစ်သူထံ အွန်လိုင်းမှ ပို့ပေးခဲ့ရာမှ မိခင်ဖြစ်သူမှ သိရှိသွား၍ စစ်ဆေးမေးမြန်းရာမှ အဖြစ်မှန်ကို သိရှိခဲ့ပြီး ပျဉ်းမနားမြို့မ ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားခဲ့သောအမှုမှ တရားခံကို ဖမ်းမိထားရှိပြီး ဖြစ်ပါကြောင်းကို စက်တင်ဘာ ၂၄ ရက်တွင် အဆိုပါ မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်။

၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က မ—- (၂၆)နှစ်၊ ပျဉ်းမနားမြို့၊ ရွှေချီရပ်ကွက်တွင် နေထိုင်သူသည် ပျဉ်းမနား ဆင်ရတနာမီးပွိုင့်အနီး ရှိနေစဉ် လွန်ခဲ့သော ၃ နှစ်ခန့်က ချစ်သူသမီးရည်စား ဖြစ်ခဲ့ဖူးသူ ပြည်ဖြိုးအောင် (၂၇)နှစ်၊ (ဘ) ဦးကျော်မြင့်၊ ရန်အောင် (၁) ရပ်ကွက်၊ ပျဉ်းမနားမြို့နေသူ ရောက်ရှိလာပြီး မ—– ကို ဆဲဆိုကြိမ်းဝါးပြီး ၎င်း၏ နေအိမ်သို့ ခေါ်ဆောင်သွားကာ အိပ်ယာခုတင်ပေါ် တွန်းလှဲခဲ့ကာ …မ—- ၏ အ၀တ်အစားများကို အကုန်ချွတ်၍ သားမယားအဖြစ် တစ်ကြိမ် ပြုကျင့်ကြောင်း၊ ၎င်းနောက် မ—- ကို လက်ပြန်ကြိုးတုတ်၍ ၎င်း၏ ဖုန်းကင်မရာဖြင့် ဓာတ်ပုံရိုက်ယူပြီး ၎င်းနှင့် ဆက်သွယ်ခြင်း မပြုလုပ်ပါက ဓာတ်ပုံများကို အင်တာနက်ပေါ်သို့ တင်မည်ဖြစ်ကြောင်း ပြောဆိုရာ မ—- မှ ထိုကဲ့သို့ မပြုလုပ်ရန်၊ ရိုက်ယူထားသော မိမိပုံများအား ဖျက်ပေးပါရန် ငိုယို တောင်းပန် အသနားခံ ပြောဆိုသော်လည်း ပုံများဖျက်ပေးခြင်း၊ လက်မခံခဲ့သည့်အပြင် ပြည်ဖြိုးအောင် (၂၇)နှစ်၊ (ဘ) ဦးကျော်မြင့်၊ ရန်အောင် (၁) ရပ်ကွက် နေထိုင်သူမှ မ—-၏ ညီမဖြစ် သူ မ—– ကိုင်ဆောင်သော ဖုန်းသို့ မိမိရိုက်ထားသော ပုံများကို ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့က အွန်လိုင်းမှ ပေးပို့ခဲ့သောကြောင့် မ—– ၏ မိခင်ဖြစ်သူ ဒေါ်—– က သိရှိပြီး ဖြစ်စဉ်အား မေးမြန်းခဲ့ရာမှ သမီးဖြစ်သူ၏ ပြန်ပြောပြချက်အရ သိရှိခဲ့ကြောင်း၊ ထို့နောက် မ—– မှ ၎င်းအား အလိုမတူဘဲ အတင်းအဓမ္မ သားမယားအဖြစ် ပြုကျင့်ခဲ့ပြီး ကာယိနြေ္ဒ ပျက်ပြားစေလျက် အရှက်ခွဲခဲ့သူ ပြည်ဖြိုးအောင်အား ဥပဒေအရ အရေးယူပေးပါရန် စက်တင်ဘာလ ၁၂ ရက်က တိုင်တန်းမှုကို ပျဉ်းမနားမြို့မ ရဲစခန်းမှ (ပ) ၅၈၅/၂၀၁၃၊ ပြစ်မှု ပုဒ်မ ၃၇၆ အရ အမှုဖွင့်ခဲ့ပြီး ဒုရဲမှူး မျိုးသန်းဝင်းမှ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

မိုးယဉ်ညို (နေပြည်တော်)
myanmarthandawsint

Satellite အင်တာနက်စနစ်အသုံးပြုရန်အတွက် ပြည်ပ ဆက်သွယ်ရေးဌာနတွင် လျှောက်ထားနိုင်ဟုဆို

ပြည်တွင်းအင်တာနက်ဝန်ဆောင်မှုများ၌ Satellite ဝန်ဆောင်မှုကို အသုံးပြုလိုပါက ပြည်ပဆက်သွယ်ရေးဌာနတွင် လျှောက်ထားနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ အထွေထွေမန်နေဂျာ ဦးကျော်စိုးဝင်းက ပြောသည်။


နိုင်ငံပိုင်သတင်းစာနှင့် တွေ့ဆုံမေးမြန်းရာတွင် အထက်ပါအချက်ကို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ Satellite အင်တာနက်စနစ်အတွက် အင်ဂျင်နီယာချုပ်၊ ပြည်ပဆက်သွယ်ရေးဌာနတွင် လျှောက်ထားနိုင်ကြောင်း၊ အခြားစနစ်များဖြစ်သည့် E1, Fiber, ADSL စနစ်များကို အင်ဂျင်နီယာချုပ်၊ သတင်းအချက်အလက်နည်းပညာဌာနနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်မန်နေဂျာများထံသို့ လိပ်မူပြီးလျှောက်ထားနိုင်သည်ဟု ဆိုသည်။ မိုဘိုင်းအင်တာနက်စနစ်အတွက် အင်ဂျင်နီယာချုပ၊် မိုဘိုင်းဆက်သွယ်ရေးနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်မန်နေဂျာရုံးများတွင် လျှောက်ထားနိုင်ကြောင်းသိရသည်။

ပြည်တွင်း၌ E1, Fiber, ADSL Wireless Broadband Satellite နှင့် မိုဘိုင်းအင်တာနက်စနစ်များကို အသုံးပြုလျက်ရှိသည်။ Satellite အသုံးပြုရန်အတွက် အမြန်နှုန်း 128 Kbps မှ 1 Mbps အထိ ရရှိမည်ဟုဆိုသည်။ လက်ရှိအသုံးပြုမှု၌ မိုဘိုင်းအင်တာနက်စနစ်ကို အသုံးပြုမှုအများဆုံးဖြစ်ကြောင်း CDMA 450 MHz မိုဘိုင်းဖုန်းမှလွဲ၍ ကျန်မိုဘိုင်းဖုန်းများတွင် အင်တာနက်စနစ်အသုံးပြုနိုင်ကြောင်း သိရသည်။


လက်ရှိ GSM နှင့် WCDMA မိုဘိုင်းအင်တာနက်အတွက် Short Message Service (SMS) မှတစ်ဆင့် လျှောက်ထားနိုင်ကြောင်း သိရသည်။ အင်တာနက်စနစ် ဝန်ဆောင်မှုစတင်ပေးစဉ်ကာလတွင် တယ်လီဖုန်းလိုင်းပေါ်မှ ချိတ်ဆက်အသုံးပြုရသည့် Dial Up စနစ်ကို အသုံးပြုခဲ့ကြောင်း၊ တယ်လီဖုန်းလိုင်းအပေါ်တွင် Dial Up စနစ်ကို အမြင့်ဆုံးအသုံးပြုနိုင်သည့် 64 Kbps အမြန်နှုန်းကိုသာ အသုံးပြုနိုင်ခဲ့သည်ဟု ဆိုသည်။ အင်တာနက်စနစ်နှင့် ပတ်သက်သည့်စီမံကိန်းကို ၁၉၉၈ ခုနှစ်တွင် စတင်ခဲ့ကြောင်း၊ ၁၉၉၉ ခုနှစ်တွင် အစိုးရအဖွဲ့အစည်းများ၌ စတင်အသုံးပြုနိုင်ခဲ့ပြီး အများပြည်သူအနေဖြင့် ၂၀၀၀ ပြည့်နှစ်တွင် စတင်အသုံးပြုနိုင်ခဲ့ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မော်က အထက်ပါတွေ့ဆုံခြင်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် လူတစ်ရာလျှင် ခုနစ်ဦး အင်တာနက်ဆက်သွယ်ရေးစနစ်ကို သုံးစွဲနိုင်ရန်ရည်မှန်းထားကြောင်း သိရသည်။


ထွန်းထွန်း


ရေလွှမ်းမိုးမှုဒဏ်နှင့် သဘာဝဘေးဒဏ်ကို အကြိမ်ကြိမ် ကြုံခဲ့ရသည့် အင်းဝမြို့ဟောင်းရှိ ရှေးဟောင်းစေတီ အဆောက်အအုံများ ယိုယွင်းပျက်စီးလာ




ရေလွှမ်းမိုးမှုဒဏ်နှင့် သဘာဝဘေးဒဏ်ကို အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရသည့် အင်းဝမြို့ဟောင်းရှိ ရှေးဟောင်းစေတီ အဆောက်အအုံများ ယိုယွင်းပျက်စီးလာကြောင်း သိရသည်။

မြို့စတင် တည်ထောင်ချိန်မှ စတင်ပြီး လက်ရှိအချိန်အထိ ဒုဌ၀တီမြစ်ရေ တိုက်စားမှုဒဏ်နှင့် မြစ်ရေလွှမ်းမိုးမှု ဒဏ်များအပြင် ငလျင်ဘေးဒဏ်များကိုလည်း အကြိမ်ကြိမ် ခံစားခဲ့ရကြောင်း သိရသည်။ "ရှေးဟောင်း အဆောက်အအုံတွေ ပြုပြင်တဲ့နေရာမှာ ယဉ်ကျေးမှု ၀န်ကြီးဌာနက ချထားပေးတဲ့ ဘတ်ဂျက်အပေါ်မှာ မူတည်ပါတယ်။ ရှေးဟောင်း အဆောက်အအုံတွေကလည်း အင်းဝတစ်ခုတည်းမှာပဲ ရှိနေတာ မဟုတ်ပါဘူး။ မန္တလေးတိုင်း ဒေသကြီးမှာ အများအပြား ရှိနေပါတယ်။ ပြုပြင်ထိန်းသိမ်းမှုတွေလည်း လုပ်နေသလို ပြန်လည်ပြုပြင် ထိန်းသိမ်းစရာတွေလည်း ကျန်နေပါသေးတယ်။ တချို့နေရာတွေမှာဆိုရင် အလှူရှင်တွေက ပူးပေါင်းလှူဒါန်းတာတွေ ရှိပါတယ်" ဟု ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

"ရှေးဟောင်း အဆောက်အအုံတွေ ဆိုတာက ရေ၀င်နစ်မြုပ်တာကို မပြောပါနဲ့ဦး။ Moister ဆိုတဲ့ အစိုဓာတ်ရှိရင် နံရံဆေးရေး ပန်းချီတွေ ပျက်စီးနိုင်ပါတယ်။ အစိုဓာတ်က အဆောက်အအုံ တစ်ခုရဲ့ ရေရှည်တည်တံ့နိုင်မှုကို ထိခိုက်စေနိုင် ပါတယ်။ ဥပမာ ပြောရရင် တောင်သမန်အင်းက ဦးပိန်တံတားကို ပြလို့ရပါတယ်။ အမြဲတမ်း ရေရှိနေတာကြောင့် တံတားတိုင်တွေ ဆွေးမြည့်ပျက်စီးနေတာ မြင်နိုင်ပါတယ်" ဟု သမိုင်းသုတေသီ တစ်ဦးဖြစ်သည့် ဆရာဝန် တင်မောင်ကြည် (မန္တလေး) ကပြောကြားသည်။

တံတားဦး မြို့နယ်အတွင်းရှိ အင်းဝမြို့ဟောင်းတွင် ဒုဌ၀တီမြစ်ရေ မြင့်တက်မှုကြောင့် ၂၀၀၄ ခုနှစ်၊ ၂၀၀၇ ခုနှစ်တို့တွင် မယ်နုအုတ်ကျောင်း၊ ဗားကရာကျောင်းတော်နှင့် အခြားရှေးဟောင်း စေတီအဆောက်အအုံပေါင်းများစွာ ရေ၀င်နစ်မြုပ်ခဲ့ရပြီး ယခု ၂၀၁၃ ခုနှစ် စက်တင်ဘာလတွင်လည်း ဗားကရာကျောင်းနှင့် အခြားစေတီ ပုထိုးပေါင်းများစွာ ရေ၀င်နစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့သည်။

အင်းဝမြို့ဟောင်းသည် နိုင်ငံခြားသားများ စိတ်ဝင်တစား လာရောက်လည်ပတ်ကြသည့် နေရာတစ်ခုဖြစ်ပြီး ခေတ်အဆက်ဆက်တွင် သဘာဝ ဘေးဒဏ်များဖြစ်သည့် ရေနစ်မြုပ်မှု၊ ငလျင်လှုပ်ခတ်မှုများကြောင့် အကြိမ်ကြိမ် ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်ခဲ့ရပြီး လက်ရှိအချိန်အထိ ပြုပြင်မှုများ လုပ်ဆောင်နေရဆဲလည်း ဖြစ်သည်။

(အင်းဝမြို့ဟောင်းရှိ ရှေးဟောင်းစေတီ ပုထိုးများအတွင်း ရေများဝင်ရောက်နေစဉ်)
Eleven Media Group

အမေရိကန်အရာရှိတွေ စီးပွားရေး ပိတ်ဆို့ထားမှု အခြေအနေ လာရောက်လေ့လာ




အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူထားတာတွေနဲ့ ပတ်သက်ပြီး အကျိုးသက်ရောက်မှုတွေကို စုံစမ်းလေ့လာဖို့အတွက် အမေရိကန် နိုင်ငံခြားရေးဌာန ဘဏ္ဍာရေးနဲ့ စီးပွားရေးပိတ်ဆို့မှုဆိုင်ရာ ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Peter Harrell ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့  မနေ့က မြန်မာနိုင်ငံကို ရောက်နေပြီလို့ သိရပါတယ်။

အဲဒီကိုယ်စားလှယ်အဖွဲ့ဟာ ဒီခရီးစဉ်အတွင်း အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့ အရေးယူမှု မူဝါဒနဲ့  မရုပ်သိမ်းသေးပဲ ဆက်လက်ထားရှိတဲ့ အခြေအနေတွေကိုလည်း ပြောဆိုဆွေးနွေးမယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့နှစ်က ပြန်ပြီးရုပ်သိမ်းပေးလိုက်တဲ့နောက် ဖြစ်ပေါ်လာတဲ့ စီးပွါးရေး၊ နိုင်ငံရေး တိုးတက်မှု ဆုတ်ယုတ်မှုကိုလည်း ဆွေးနွေးမယ်လို့ သိရပါတယ်။

အမေရိကန်က တစိတ်တပိုင်း ရုပ်သိမ်းပေးထားတဲ့ စီးပွါးရေးပိတ်ဆို့မှုနဲ့  ပတ်သက်လို့  ပြောစရာမရှိပေမယ့် မြန်မာနိုင်ငံက မပြောင်းလဲသေးတဲ့ အခြေအနေတချို့ ကြောင့် ကျန်နေသေးတဲ့ ပိတ်ဆို့အရေးယူထားတဲ့ကိစ္စကိုတော့ စဉ်းစဉ်းစားစားဆောင်ရွက်စေလိုတယ်လို့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက ပြောပါတယ်။

“လက်ရှိ မီဒီယာတို့ ဘာတို့မှာလည်း နည်းနည်း အကန့်အသတ်လေးတွေ ဘာလေးတွေက ဖြစ်လာတယ်ဗျ၊ နောက်တစ်ခုကလည်းဗျာ လွတ်လပ်စွာ ဆန္ဒပြရမယ်ဆိုတာတွေကလည်း အေးအေးချမ်းချမ်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သူတို့ပြတယ်ဆိုရင်လည်း ခွင့်တောင်းရတာတွေကလည်း ရှုပ်ပွေပြီးတော့ အခုခွင့်မရလို့ပြတဲ့သူတွေလည်း အချုပ်ခံရတာပေါ့ဗျာ၊ နောက်ပြီးတော့ လယ်ယာကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း လွှတ်တော်တွေ ဘာတွေမှာပြောရင်လည်း ထိထိရောက်ရောက်လည်း မရှိဘူးဗျ၊ ဒီတော့ ကျနော့်သဘောကတော့ လွတ်ပြီးသားဟာတွေကတော့ ပြန်ပြီးတော့ ထိန်းကျောင်းစရာမရှိဘူးပေါ့ဗျာ၊ အဲဒါကြောင့်မို့ ကျနော်က မြင်တဲ့အတိုင်းပဲ တိုးတက်တယ်ဆိုတာကို ထင်ထင်ရှားရှားပြသနိုင်ရင်တော့ အားလုံးလွှတ်လိုက်တာကတော့ အကောင်းဆုံးပေါ့၊ သို့သော်လည်းပဲ အခုရှင်းရပြုရတာလေးတွေ မြင်ရတာလေးတွေလည်း စိတ်သောက ရောက်စရာလေးတွေရှိနေတော့ ကျနော်တို့ကတော့ သတိပြုပြီးတော့ ဆက်လုပ်စရာရှိတာ လုပ်ဖို့ကောင်းတယ်လို့ ဒီလိုပဲပြောချင်ပါတယ်ဗျာ”

အမေရိကန်ကိုယ်စားလှယ်အဖွဲ့ ဟာ မြန်မာနိုင်ငံမှာ လေးရက်ကြာ စုံစမ်းလေ့လာမှာဖြစ်ပြီး၊ အဲဒီရက်အတွင်း မြန်မာပြည်မှာ စီးပွားရေးလုပ်နေတဲ့ အမေရိကန်ကုမ္ပဏီတွေ၊ အစိုးရအရာရှိတွေ၊ လူမှုအသင်းအဖွဲ့ ခေါင်းဆောင်တွေ၊ မြန်မာကုမ္ပဏီတွေနဲ့ တွေ့ဆုံမယ်လို့  သိရပါတယ်။ အမေရိကန်ဘဏ္ဍာရေးဌါနဟာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလက မြန်မာနိုင်ငံက ပုဂ္ဂလိကဘဏ် ၄ ခုကို ပိတ်ဆို့မှုစာရင်းထဲကနေ ပယ်ဖျက်ပေးခဲ့ပြီး၊ ဇူလိုင်လမှာတော့ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးကို မြောက်ကိုရီးယားက စစ်လက်နက်ပစ္စည်းဝယ်ယူခဲ့မှုနဲ့  အရေးယူပိတ်ဆို့ မှုစာရင်းထဲ သွင်းခဲ့ပါတယ်။
RFA Burmese

မြန်မာလူမှုအဖွဲ့အစည်းများကို အမေရိကန်သမ္မတ ချီးကျူး



မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်တွေ မပြီးဆုံးသေးပေမယ့်၊ အခက်အခဲတွေကြားကနေ အပြောင်းအလဲတွေ ဖြစ်ပေါ်လာအောင် အရပ်ဘက်အဖွဲ့အစည်းတွေက ကြိုးစားနေကြတာဟာ လူမှုအဖွဲ့အစည်းတွေရဲ့ စွမ်းပကားကို ပြသနေတယ်လို့ အမေရိကန်သမ္မတ အိုဘားမားက ပြောလိုက်ပါတယ်။

“မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ မပြီးဆုံးသေးပေမယ့် အခက်ခဲဆုံး အခြေအနတချို့ကြားကနေ အပြောင်းအလဲတွေဖြစ်လာအောင် စွမ်းဆောင်နေကြတာဟာ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့ စွမ်းပကားကို သက်သေပြနေတာပဲဖြစ်တယ်လို့” သမ္မတအိုဘားမားက ပြောကြားသွားတာဖြစ်ပါတယ်။

နိုင်ငံရေးလူမှုရေး အပြောင်းအလဲတွေမှာ ပြည်သူတွေက တက်ကြွတဲ့အခန်းကဏ္ဍကနေပါဝင်တဲ့ အလေ့အထဟာ အမေရိကန်ပြည်ထောင်စုရဲ့ လက်ဆောင်တွေပဲဖြစ်တယ်လို့လည်း ဒီဆွေးနွေးပွဲမှာ မစ္စတာအိုဘားမားက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ မနေ့ကကျင်းပတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်တဲ့ ကုလသမဂ္ဂဆွေးနွေးပွဲမှာ သမ္မတ အိုဘားမားက အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံက Triangle အမျိုးသမီး စွမ်းဆောင်ရည် မြှင့်တင်ရေးအဖွဲ့ ကိုယ်စားလှယ် မခင်လေး တက်ရောက်ပြီး မြန်မာနိုင်ငံက အရပ်ဘက်အဖွဲ့အစည်းတွေ ရင်ဆိုင်ရတဲ့အခက်အခဲနဲ့ အောင်မြင်မှုတွေကို ဆွေးနွေးခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ မခင်လေးနဲ့ ကုလသမဂ္ဂ ဒုတိယအတွင်းရေးမှူးချုပ် Jan Eliasson အပါအဝင် နိုင်ငံတကာက လူမှုရေးနဲ့ လူ့အခွင့်အရေး ဆောင်ရွက်နေသူ ၆ ဦး တက်ရောက်ပြီး ဆွေးနွေးဟောပြောခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့ အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေးအရာရှိ Susan Rice တို့လည်း တက်ရောက်ခဲ့ကြပါတယ်။
RFA Burmese

ကန်တော်ကြီးပတ်လမ်းတွင် အဝတ်ဗလာအမျိုးသားတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေမှု ရဲက စုံစမ်းနေ


ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းတွင် အဝတ်ဗလာနှင့် အမျိုးသားတစ်ဦး ဒဏ်ရာများဖြင် သေဆုံးနေမှုကို မဂင်္လာတောင်ညွှန့် ရဲက အမှုဖွင့်ပြီး စုံစမ်းလျက်ရှိသည်။

ဖြစ်စဉ်တွင် ကန်တော်ကြီးပတ်လမ်း ရှန်ဂရီလာ ဆောက်လုပ်ရေးဝန်းရှေ့တွင် အမျိုးသားတစ်ဦး ဒဏ်ရာများနှင့် သေဆုံးနေကြောင်း သတင်းအရ မြို့နယ် ရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးခဲ့ကြသည်။

အသေးစိတ် စစ်ဆေးရာတွင် သေဆုံး သူသည် အမည်မသိ၊ နေရပ်လိပ်စာ မသိ (စုံစမ်းဆဲ) အသက် (၄၀)နှစ်ခန့် အမျိုးသားတစ်ဦးဖြစ်ပြီး အဝတ်ဗလာ ပက်လက်အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိရခြင်း ဖြစ်သည်။

သေဆုံးသူသည် ဦးခေါင်း ဝဲဘက်ခြမ်း ပွင့်ထွက်ဒဏ်ရာ၊ ယနားထင်ညိုမဲ၊ လည်ပင်းဝဲဘက်နှင့် ရင်ဘက်ပွင့်ထွက် ဒဏ်ရာ၊ ယာဒူးခေါင်း ပေါက်ပြဲ၊ ဝှေးစေ့ စုတ်ပြဲဒဏ်ရာတို့ဖြင့် သေဆုံးနေခြင်းလည်းဖြစ်သည်။

ထို့ကြောင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး မော်တော်ယာဉ်တစ်စီးစီးက တိုက်မိ၍ ဒဏ်ရာရရှိကာ သေဆုံးခြင်းဖြစ်သည်ဟု ယူဆသဖြင့် ယာဉ်ထိန်းတပ်ဖွဲ့စု ၂၈ မှ ရဲအုပ် မျိုးဆွေဦးက စုံစမ်းဖော်ထုတ်ပေးရန် တိုင်တန်းထားသည်။

ယင်းတိုင်တန်းမှုကို မင်္ဂလာတောင်ညွန့်မြို့နယ် ရဲတပ်ဖွဲ့စခန်းက ယာဉ်(ပ) ၄၂/၂၀၁၃ ဖြင့် အမှုဖွင့်ပြီး ယာဉ်တိုက်မှု ဖြစ်ပေါ်ခဲ့သည်။

ယာဉ်မောင်းဖြစ်သူအား ပုဒ်မ ၃၀၄-က/၂၀၂ ဖြင့် တရားစွဲတင်နိုင်ရန် စုံစမ်းရှာဖွေ လျက်ရှိသည်။
Mizzima - News in Burmese
ဇော်ဇော်ထွေး

သူရဦးရွှေမန်း ထိုင်းဝန်ကြီးချုပ်နဲ့ ဘန်ကောက်မြို့မှာ တွေ့ဆုံ




ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှင်နာဝါထရာတို့ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဒီနေ့တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်ရေးနဲ့ ရင်နှီးမြုပ်နှံမှုဆိုင်ရာ ကိစ္စတွေအပြင် လတ်တလော နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေတဲ့ နယ်စပ်ရေးရာကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီဖြစ်ထွန်းရေးမှာ လက်ရှိပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး တွေ့ကြုံနေရတဲ့ အခက်အခဲတွေနဲ့ ထိုင်းနိုင်ငံရဲ့ အတွေ့အကြုံတွေကို ယှဉ်တွဲလေ့လာနေတဲ့အကြောင်း သူရဦးရွှေမန်းက ထိုင်းဝန်ကြီးချုပ်ကို ပြောခဲ့ပါတယ်။ ထိုင်း-မြန်မာနယ်စပ်ဒေသ နယ်နိမိတ်မျဉ်း သတ်မှတ်ရေးနဲ့ နယ်စပ်ဂိတ်တွေ ပိုမိုဖွင့်လှစ်ရေးတိုကိုလည်း ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် ထားဝယ်အထူးစီးပွားရေဇုံ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အရှိန်မြှင့်လုပ်ဆောင်ရေးကိုလည်း ခေါင်းဆောင်နှစ်ဦးက သဘောတူညီခဲ့တယ်လို့ဆိုပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ ထားဝယ်ဒေသမှာ အခြေခံစီးပွားရေး အဆောက်အအုံ ရင်နှီးမြုပ်နှံမှုတွေလုပ်ဆောင်ဖို့ လေ့လာနေတယ်လို့လည်း ထိုင်းဝန်ကြီးချုပ်က ပြောခပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက ရွေ့ပြောင်းအလုပ်သမားအရေးကိစ္စတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
RFA Burmese

မြန်မာ့ငြိမ်းချမ်းရေး လက်မှတ်ထိုးပွဲ ကမ္ဘာ့ငြိမ်းချမ်းရေး ခေါင်းဆောင်များကို ဖိတ်မည်




မြန်မာနိုင်ငံမှာ အခုလပိုင်းအတွင်း ကျင်းပဖို့ရှိတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အပြီးသတ်လက်မှတ်ရေးထိုးပွဲကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ အမေရိကန်သမ္မတဟောင်းတွေဖြစ်ကြတဲ့ ဂျင်မီကာတာ၊ ဘီလ်ကလင်တန်စတဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးမှာ ဦးဆောင်ဦးရွက်နေပြုသူတွေကိုပါ လေ့လာသူတွေအဖြစ် တက်ရောက်ဖို့ ဖိတ်ကြားသွားမယ်လို့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြောဆိုလိုက်ပါတယ်။

ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ကရင်အမျိုးသား အစည်းအရုံး KNU တို့နဲ့ မြန်မာ ငြိမ်းချမ်းရေးစင်တာမှာ တွေ့ဆုံဆွေးနွေးစဉ်မှာ ဝန်ကြီးဦးအောင်မင်းက အခုလို ပြောကြားခဲ့တာလို့ သိရပါတယ်။

ဒါနဲ့ ပတ်သက်ပြီး မြန်မာငြိမ်းချမ်းရေးစင်တာက ဒေါက်တာမင်းဇော်ဦးက အခုလိုပြောပါတယ်။

“ဒါမျိုးတော့ အစီအစဉ်ရှိတယ်ဆိုတဲ့ဟာတော့ ကျနော်တို့သိထားတယ်၊ အဲဒီကိစ္စတွေက ဦးအောင်မင်းကလည်း တိုင်းရင်းသားတွေကို ရှင်းပြတဲ့အခါတွေမှာလည်းပါတယ်လေ၊ ဒီလိုမျိုးလုပ်ပြီဆိုရင် နိုင်ငံတကာမှာရှိတဲ့ အထင်ကရရှိတဲ့သူတွေရဲ့ ရှေ့မှောက်မှာလည်း ဒါကိုထိုးတဲ့သဘောပါ”

ဒီလက်မှတ်ရေးထိုးပွဲကို အောက်တိုဘာလအတွင်း ပြုလုပ်နိုင်အောင် ကြိုးစားနေပြီး သမ္မတ၊ ဒုသမ္မတတွေနဲ့၊ ကာကွယ်ရေးဦးစီးချုပ်တို့ကိုယ်တိုင် ပါဝင်လက်မှတ်ရေးထိုးကြမယ်လို့ဆိုပါတယ်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် အစိုးရနဲ့ တိုင်းရင်းသား အဖွဲ့စည်းတွေချည်းသာ ပါဝင်လက်မှတ်ရေးထိုးမယ်ဆိုရင် ကတိကဝတ် ပျက်ပြယ်သွားနိုင်တဲ့အတွက် နိုင်ငံတကာ အသိအမှတ်ပြုခေါင်းဆောင်တွေပါပါဝင်ဖို့ အခုလိုဖိတ်ကြားမှာဖြစ်တယ်လို့ ဦးအောင်မင်းက ပြောကြားခဲ့ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာက ဒေါက်တာမင်းဇော်ဦးက ပြောပါတယ်။
RFA Burmese

ဆန္ဒပြ ဟုန်ရှင်းစက်ရုံ အလုပ်သမားတွေ နစ်နာကြေး ရရှိ




ရန်ကုန်မြို့တော်ခန်းမရှေ့မှာ စက်တင်ဘာလ ၂၂ ရက်နေ့က သပိတ်စခန်းဖွင့်ဆန္ဒပြခဲ့တဲ့ ဟုန်ရှင်းအအေးခန်းစက်ရုံ အလုပ်သမားတွေဟာ ဒီနေ့ဒဂုံမြို့သစ်ဆိပ်ကမ်းက ကနောင်ခန်းမမှာ ဟုန်ရှင်းအလုပ်ရှင်ဘက်က ထုတ်ပေးတဲ့ နစ်နာကြေးတွေ သွားရောက်ထုတ်ယူခဲ့ကြပါတယ်။

နစ်နာကြေးကို ဥပဒေအတိုင်းရခဲ့တယ်လို့ ဟုန်ရှင်းအအေးခန်းစက်ရုံ အလုပ်သမ မမိုးစန္ဒာက ပြောပါတယ်။

"အားလုံးအဆင်ပြေတယ်လို့ ပြောရမှာပေါ့နော်၊ လစာတွေက ထုတ်ပေးနေပြီ၊ လစာက ဒီ ၉ လပိုင်းက ၁၁ ရက်စာပဲ ရတယ်ပေါ့နော်၊ ကျန်တဲ့ရက်က ဆန္ဒပြနေတာ"

လုပ်သက် ၃ နှစ်အထိရှိသူကို ၃ လစာ နစ်နာကြေးပေးပြီး လုပ်သက် ၃ နှစ်အထက်ရှိသူကို နစ်နာကြေး ၅ လစာပေးတယ်လို့ သိရပါတယ်။ ဟုန်ရှင်းအအေးခန်းစက်ရုံက အလုပ်သမားတွေဟာ ပျမ်းမျှ လစာ တစ်လ ငါးသောင်းလောက်ရတယ်လို့ ပြောပါတယ်။

အဲဒီလို နစ်နာကြေးအပြင် လုပ်သက်ခွင့်အတွက် တစ်နှစ်ကို ၁ဝ ရက်နဲ့တွက်ပြီး ခံစားခွင့်ပေးဖို့ တောင်းဆိုခဲ့တဲ့အတွက် ညနေပိုင်းမှာ ထပ်ထုတ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

မနေ့ညနေက တိုင်းအလုပ်သမားဝန်ကြီး ဦးစိုးမင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း၊ ၈၈ မျိုးဆက်က အလုပ်သမားရေးရာတာဝန်ခံ မသက်သက်အောင်၊ စက်ရုံပိုင်ရှင်ကိုယ်စားလှယ်တွေနဲ့ ဟုန်ရှင်းအလုပ်သမားသမဂ္ဂ ခေါင်းဆောင်တွေဟာ အချက် ၅ ချက်ပါတဲ့ နှစ်ဘက်သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ကြတယ်လို့ သိရပါတယ်။
RFA Burmese

ပါကစ္စတန်ခရစ်ယာန်ဘုရားကျောင်း အသေခံဗုံးခွဲ တိုက်ခိုက်ခံရ၊ ၈၁ဦးကျော်သေဆုံး



ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ဒေသရှိ တနင်္ဂနွေဝတ်ပြု ကိုးကွယ်မှု ပြုလုပ်နေသော ပရိုတက်စတင့် ခရစ်ယာန်ဘုရားကျောင်းကို အစွန်းရောက် အသေခံဗုံးခွဲသမားများက တိုက်ခိုက်ခဲ့ရာ ကလေးများ အပါအဝင် အနည်းဆုံး လူ ၈၁ ဦး သေဆုံးသွားခဲ့ကြောင်း CNN သတင်းတစ်ရပ်က ဖော်ပြထားသည်။

အစွန်းရောက် စစ်သွေးကြွများက ပါကစ္စတန်ရှိခရစ်ယာန် လူနည်းစုကို ပစ်မှတ်ထား တိုက်ခိုက်မှုများလည်း ပြုလုပ်လေ့ရှိရာ ယခုတိုက်ခိုက်မှုသည် လူသေဆုံးမှု မြင့်မားသည့် တိုက်ခိုက်မှုအဖြစ် မှတ်တမ်း ဝင်သွားခဲ့သည်။

တိုက်ခိုက်ခံရသည့် သူတော်စင်များ ဘုရားကျောင်းသည် အစွန်းရောက်များ အကြမ်းဖက်မှု ကျူးလွန်ရာ ပတ်ရှ်ဝါမြို့တော်တွင် တည်ရှိသည်။ ဝတ်ပြုကိုးကွယ်သူ ၅ဝဝ ခန့်က ဘုရားကျောင်း တက်နေကြစဉ် တိုက်ခိုက်ရေးသမား နှစ်ဦးက ဝတ်ပြုကိုးကွယ်မှု ပြီးခါနီးတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

"အသေခံ ဗုံးသမားနှစ်ဦးဟာ ဘုရားကျောင်းဝင်းထဲကို အဓိကဝင်ပေါက်အတိုင်း ဝင်လာကြပြီး လူတွေအလယ်ကောင်မှာ ဗုံးခွဲလိုက်ကြတာ ဖြစ်ပါတယ်" ဟု သတင်းထုတ်ပြန်ချက် တစ်ရပ်က ဆိုသည်။

ဘုရားကျောင်း၏ အပြင်ဘက်တွင်လည်း အပျက်အစီးများစွာ တွေ့ရှိရပြီး ကယ်ဆယ်ရေး လုပ်သားများနှင့် လူအုပ်ကြီး အချို့ကိုလည်း သွေးအလိမ်းလိမ်းဖြင့် တွေ့ရသည်ဟု CNN က ရေးသားဖော်ပြ ထားသည်။

သေဆုံးသူအရေအတွက် ၈၀ ကျော် သွားပြီဖြစ်ကာ ဒဏ်ရာရရှိသူ ၁၂၀ ကျော်ရှိပြီး ၄င်းတို့ထဲမှ ၁၀ ဦးခန့်သည် စိုးရိမ်ရသော အခြေအနေတွင် ရှိသည်ဟု ပတ်ရှ်ဝါ ဆေးရုံမှ ဒေါက်တာအာရှက်ဂျာဗက်က ပြောကြားသည်။

ပက်ရှ်ဝါသူတော်စင်များ ဘုရားကျောင်းတော်၏ ဘုန်းတော်ကြီး ဟမ်ဖရီက ထိခိုက်သူများကို ကရုဏာစကား ပြောကြားခဲ့ပြီး အားလုံး ဝိုင်းဝန်းဝတ်ပြု ဆုတောင်းကြရန် ပြောကြားခဲ့သည်။

"ယခုတိုက်ခိုက်မှုဟာ အစိုးရအရာရှိ တွေရဲ့ လူနည်းစုအပေါ် အကာအကွယ်ပေးမှု ပျက်ကွက်ခဲ့တာ ဖြစ်ပါတယ်" ဟု ပါကစ္စတန် ခရစ်ယာန်ဘုန်းတော်ကြီးက ပြစ်တင် ပြောဆိုခဲ့သည်။

ယင်းတိုက်ခိုက်မှုကို မကျေနပ်ကြသော ပါကစ္စတန် ခရစ်ယာန်များက လမ်းမများပေါ် ထွက်လာကြပြီး အစိုးရအနေနှင့် လူနည်းစု ဘာသာဝင်များကို အကာအကွယ် ပေးပါရန် တောင်းဆိုလျက် ရှိသည်။
ပါကစ္စတန်နိုင်ငံသည် မွတ်ဆလင်အများစု ရှိသည့် နိုင်ငံဖြစ်ပြီး ခရစ်ယာန်က နိုင်ငံလူဦးရေ၏ ၃ ရာခိုင်နှုန်းသာ ရှိသည်။
The Voice Weekly

ယောက်ျားနဲ့မိန်းမ



(၁) တကယ်လို့ ယောက်ျားတစ်ယောက်က ၁ကျပ်တန်ပစ္စည်းကို ၂ကျပ်ပေးပြီးဝယ်ခဲ့ရင် မိန်းမက သူ့ကို "လူတုံး"လို့ အပြစ်ဆိုတတ်တယ်။

တကယ်လို့ မိန်းမတစ်ယောက်က ၂ကျပ်တန်ပစ္စည်းကို ၁ကျပ်နဲ့ဝယ်ခဲ့ရင် ယောက်ျားက "ဒီပစ္စည်းဝယ်လာပြီးလည်း သူ သုံးမှာမဟုတ်ပါဘူး.. ချောင်တစ်ချောင်ချောင်မှာ ဒီအတိုင်းပစ်ထားမှာပဲ" လို့ ပြောတတ်တယ်။


(၂) ယောက်ျားတစ်ယောက်နဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းမယ်ဆို ဒီယောက်ျားကိုနားလည်မှုများများပေးပြီး အချစ်နည်းနည်းပေးရင် ရတယ်။

မိန်းကလေးတစ်ယောက်နဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းမယ်ဆို ဒီမိန်းကလေးကို အချိန်နဲ့အမျှချစ်ပြီး သူ့ကို သိပ်နားမလည်လည်း ဘဝဟာ ပိုပျော်စရာကောင်းတယ်။


(၃) ငြင်းခုန်ရန်ဖြစ်တဲ့ပွဲမှာ နောက်ဆုံးစကားတစ်ခွန်းပြောတဲ့သူက မိန်းကလေးဖြစ်တယ်။

တကယ်လို့ ရန်ပွဲရဲ့နောက်ဆုံးစကားတစ်ခွန်းကို ယောက်ျားကလုပြောလိုက်ရင် ရန်ပွဲအသစ်နောက်တစ်ပွဲ ထပ်ဆင်နွှဲရတော့တယ်။


(၄) မိန်းကလေး.. မင်းဘာလိုချင် ဘာဖြစ်ချင်သလဲ ရှင်းရှင်းလင်းလင်း ဖွင့်ပြောပါ။ အရိပ်ပြ အကောင်ထင်၊ အတိတ်စိမ်းပြောနည်းတွေက ယောက်ျားလေးကို နားမလည်စေပါဘူး။ ဒီ့ထက် အရိပ်ပြလည်း သူနားမလည်တတ်ဘူး။ ဒါကြောင့် ဘာလိုတယ်၊ ဘာဖြစ်ချင်တယ် ပါးစပ်ကနေ ရှင်းရှင်းလင်းလင်း ထုတ်ပြောပါ။


(၅) ကိုလံဘတ် နယ်မြေသစ်ကိုရှာဖွေတွေ့တာ မိန်းမလမ်းညွှန်ခဲ့လို့မဟုတ်ဘူး။ ဒါကြောင့် ယောက်ျားကားမောင်းနေချိန်မှာ မိန်းမရေ... သင့်ပါးစပ်ကို ကျေးဇူးပြုပြီး ပိတ်ထားပေးပါ။


(၆) ယောက်ျားရဲ့ အိမ်ထဲနေ အိမ်ပြင်ဝတ်ဖိနပ်တွေ စုစုပေါင်းလိုက်ရင် ၃,၄ ရံပဲရှိတယ်။ ဒါကြောင့် သင့်ဖိနပ် အရံ ၃.. ၄ဝမှာ ဘယ်တစ်ရံက သင့်ရဲ့ဘယ်အင်္ကျီနဲ့ လိုက်ဖက်တယ်ဆိုတာကို သူဘယ်လို သိနိုင်မှာလဲ...


*** မနေ့ညက ဖတ်ပြီး တစ်ယောက်တည်းရယ်နေတာ.. သဘောကျလို့။ အချက်တိုင်းမလုပ်တာတောင် တစ်ချက်ချက်နဲ့က မလွတ်ဘူးလေ။ ယောက်ျားမိန်းမအကြောင်း တော်တော်များများ ရေးခဲ့ဖူးပါတယ်။ လောကမှာလည်း ယောက်ျားနဲ့မိန်းမ နှစ်မျိုးပဲရှိတာကို။ မိန်းမကောင်းကြောင်း၊ ယောက်ျားမကောင်းကြောင်း.. ယောက်ျားကောင်းကြောင်း၊ မိန်းမမကောင်းကြောင်း မရေးဘူး။ လက်တွေ့အမှန်တကယ် ဖြစ်လေ့ဖြစ်ထရှိတတ်တာတွေ ရေး(ဘာသာပြန်)တယ်။ ကျွန်မအပါအဝင် ... ဖတ်ပြီး ဆင်ခြင်တွေးတောနိုင်ဖို့ပေါ့...

နိုင်းနိုင်းစနေ

မီးပုံထဲ ပြုတ်ကျခဲ့သည့် ကိုရီးယားနိုင်ငံသားတစ်ဦး သေဆုံး

မရမ်းကုန်းမြို့နယ် ကမ္ဘာ့ဗုဒ္ဓဝိပဿနာ ကျောင်းတိုက်တွင် မီးပုံပေါ်သို့ ပြုတ်ကျခဲ့သည့် ကိုရီးယား နိုင်ငံသား တစ်ဦး ဆေးကုသနေရာမှ စက်တင်ဘာ ၂၁ ရက် ည ၈ နာရီတွင် သေဆုံးသွားခဲ့သည်။

အမှုတွင် စက်တင်ဘာ ၂၂ ရက် နံနက်က ကမ္ဘာ့ဗုဒ္ဓဝိပဿနာ ကျောင်းဝင်းအတွင်းရှိ ကရုဏာရှင်ကုသိုလ်ဖြစ် ဆေးခန်းတွင် ကိုရီးယား နိုင်ငံသားတစ်ဦး သေဆုံးကြောင်း သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြသည်။

ထို့ကြောင့် သေဆုံးသူမျာ ကိုရီးယားနိုင်ငံသားဖြစ်သူ Mr. Sohn Yong Chan (၇၇) နှစ် ကမ္ဘာ့ဝိပဿနာကျောင်းတွင် နေထိုင်နေသူတစ်ဦးဖြစ်သည်ဟု ရဲတပ်ဖွဲ့ကအတည်ပြုထားသည်။

၎င်း သည်အဆိုပါကျောင်းသို့ ၁၉၉၃ ခုနှစ်မှ စ၍ ရဟန်းဝတ်ဖြင့် ရောက်ရှိနေ သူဖြစ်ပြီး ၁၉၉၉ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံသို့ ပြန်သွားခဲ့ပြီး ၂၀ဝ၀ ခုနှစ်တွင် လူဝတ်ဖြင့် ပြန်လည်ရောက်ရှိပြီး ယနေ့အချိန်ထိ နေထိုင်နေသူလည်း ဖြစ်သည်။

၎င်းသည် စက်တင်ဘာ ၁၆ ရက် ညနေချိန်တွင် အရက်သေစာ သောက်စားမူးယစ်ပြီး ကျောင်းဝင်းအတွင်းရှိ အမှိုက်များ မီးရှို့စဉ် မီးပုံပေါ်သို့ လဲကျခဲ့သည်။ ထို့ကြောင့် ခန္ဓာကိုယ်ကျောဘက်နှင့် ဝဲဘက်လက်တို့တွင် မီးလောင်ဒဏ်ရာများ ရရှိခဲ့ပြီး ကျောင်းဝင်း အတွင်း ဖွင့်လှစ်ထားရှိသော ကရုဏာရှင်ကုသိုလ်ဖြစ် ဆေးခန်းတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ကနဦးအနေဖြင့် သိရှိထားသည်ဟု ဆိုထားသည်။

ထို့ကြောင့် အလောင်းအား မြောက်ဥက္ကလာပဆေးရုံသို့ ပို့အပ်ပြီး ဓမ္မတာအတိုင်း သေဆုံးသွားခဲ့ခြင်း ဟုတ်၊ မဟုတ် ဆက်လက် စစ်ဆေးနိုင်ရန် မရမ်းကုန်းမြို့နယ်ရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် ၂၃/၂၀၁၃ ဖြင့် အမှုဖွင့်ပြီး စစ်ဆေးလျက်ရှိသည်ဟု တိုင်းရဲဌာနကဆိုထားသည်။
ဇော်ဇော်ထွေး
Mizzima - News in Burmese