အမျိုးစောင့် ဥပဒေ ကန့်ကွက်မည့် ကိုယ်စားလှယ် ၂၀၁၅ တွင် မဲမပေးခိုင်းဟုဆို


အမျိုးစောင့်ဥပဒေသည် အများထင်နေသကဲ့သို့ ဦးဝီရသူရေးဆွဲခြင်းမဟုတ်ဘဲ နိုင်ငံတ၀န်းရှိ ဆရာတော်ကြီးများ၏ သြ၀ါဒစီစဉ်ဦးဆောင်မှုဖြင့် ဥပေဒေပညာရှင်များ ပူးပေါင်းရေးဆွဲထားကြောင်း ယနေ့ အင်းစိန်အောင်ဆန်းတောရတပ်ဦးကျောင်း၌ပြုလုပ်သော အမျိုးဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြ၀ါဒခံယူပွဲနှင့် ဦးဆောင်ဆရာတော်များ တွေ့ဆုံညှိနှိုင်းပွဲတွင် တက်ရောက်လာသော ဆရာတော်များက မိန့်ကြားခဲ့သည်။ ယင်းဥပဒေအား လွှတ်တော်တင်သည့်အခါတွင် ထောက်ခံခြင်း၊ ကန့်ကွက်ခြင်းပြုသည့် ပြည်သူ့ကိုယ်စားလှယ်များကို မည်သည့်ပါတီ၊ မည်သည့်အဖွဲ့အစည်းက ပြုလုပ်သည်ကို သိလိုကြောင်း အမျိုးဘာသာ၊သာသနာ စောင့်ရှောက်ရေးဥပဒေ ထောက်ခံဆွေးနွေးသော မော်လမြိုင်ဆရာတော်ဘုရားကြီးက မိန့်သည်။ " ဒီဥပဒေကို လွှတ်တော်တင်ရင် ဘယ်သူတွေကကန့်ကွက်မလဲဆိုတာ သိချင်တယ်၊ ကိုယ့်အမျိုးကိုစောင့်ရှောက်တဲ့ဥပဒေ လို၊ မလို ဆုံးဖြတ်ရမှာပဲ။ ကန့်ကွက်ရင် အဲဒီကန့်ကွက်တဲ့ ကိုယ်စားလှယ်ကို ၂၀၁၅ မှာ မဲမပေးခိုင်းတော့ဘူး ၊ မဲပေးမယ့်သူတွေ၊ ဒကာ၊ဒကာမတွေဟာ ဘုန်းကြီးတွေလက်ထဲမှာ ရှိတယ်ဆိုတာ သူတို့သိစေရမယ်" ဟု မော်လမြိုင်ဆရာတော်ဘုရားကြီးက ထောက်ခံဆွေးနွေးမှုတွင် ထည့်သွင်းမိန့်ကြားသွားသည်။

စဥ့်ကူးတွင် ကောလာဟလကြောင့် အစ္စလာမ်ဘာသာဝင်အချို့ တိမ်းရှောင်


ပြင်ဦးလွင်ခရိုင် စဥ့်ကူးမြို့နယ်တွင် ချောင်းကြီးကျေးရွာနင့် ကျည်တောက်ပေါက် ကျေးရွာတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ဆက်စပ်၍ ထွက်ပေါ်ခဲ့သော ကောလာဟလ သတင်းများကြောင့် ကျည်တောက်ပေါက် ကျေးရွာနှင့် အနီးအနား ကျေးရွာတွင် နေထိုင်သော အစ္စလာမ် ဘာသာဝင်အချို့ မှာ မာလဲကျေးရွာသို့ ခေတ္တ တိမ်းရှောင်လာကြောင်း မာလဲဒေသခံများက ပြောကြားသည်။

ဇွန်လ ၂၂ ရက်နေ့ညက ကျည်တောက်ပေါက် ကျေးရွာရှိ အစ္စလာမ် ဘာသာဝင် ပိုင်ဆိုင်သည့် ရွှေမန္တလေး ဆိုင်ကယ် အပိုပစ္စည်း အရောင်းဆိုင်ကို လူတစ်စုက ခဲများဖြင့် လာရောက် ပစ်ပေါက်ခဲ့ရာမှ အမျိုးမျိုးသော ကောလာဟလ သတင်းများ ထွက်လာပြီး နှစ်ဖက်ဘာသာဝင်များ ပဋိပက္ခ ဖြစ်ပွားမည် စိုးသောကြောင့် ကျည်တောက်ပေါက်ကျေးရွာမှ သံဃာတော်များနှင့် အာဏာပိုင် များက ဝိုင်းဝန်း ထိန်းသိမ်းခဲ့ရကြောင်းလည်း ကျည်တောက်ပေါက်ကျေးရွာမှ ဆရာတော် တစ်ပါးက မိန့်ကြားခဲ့သည်။

ယင်းဖြစ်စဉ်အတွက် ၎င်းကျေးရွာနှင့် အနီးနားတွင် နေထိုင်နေသော အစ္စလာမ် ဘာသာဝင်များမှာ ကြောက်ရွံ့ ထိတ်လန့်သဖြင့် လက်ပန်လှကျေးရွာသို့ တိမ်းရှောင် နေကြကြောင်း လက်ပံလှကျေးရွာရှိ ရပ်မိ ရပ်ဖများ၊ ကျေးရွာသူ ကျေးရွာသားများကလည်း ၎င်းတို့ကို လက်ခံထားရသည်မှာ စိုးရွံ့ကြောင်းနှင့် တစ်ခုခု ဖြစ်ပွားလာမည်ကို စိုးရိမ်မိသောကြောင့် မန္တလေးတိုင်းဒေသကြီး ပဋိပက္ခ ဖန်တီးမှုများ ကြိုတင်ကာကွယ် တားဆီးရေးကော်မတီသို့ အကြောင်းကြားခဲ့ရာ အာရှအလင်းရောင် ဆရာတော်၊ ဘုရားကြီးအလယ်တိုက် ဆရာတော်၊ တိုင်း သံဃနာယက ဆရာတော်နှင့် ဥယျာဉ်တော် ပရိယတ္တိ စာသင်တိုက် နာယကဆရာတော် ဘုရားကြီးများသည် ကျည်တောက်ပေါက်ကျေးရွာနှင့် လက်ပန်လှကျေးရွာမှ သံဃာတော်များ၊ ကျေးရွာသူ ကျေးရွာသားများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး ပဋိပက္ခများ မဖြစ်ပွားအောင် ထိန်းသိမ်းကြရန်နှင့် အစ္စလာမ် ဘာသာဝင် မိသားစုများကို မာလဲ ကျေးရွာ ရွှေမာလဲကျောင်းတိုက်တွင် ထားရှိရန် ညှိနှိုင်းပေးခဲ့ကြောင့် ပဋိပက္ခ ဖန်တီးမှုများ ကြိုတင် ကာကွယ်တားဆီးရေး ကော်မတီ (မန္တလေး) မှ ဦးဆောင် ကော်မတီဝင် ဦးမြင့်သွင်က ပြောကြားသည်။

“ကျည်တောက်ပေါက်ကျေးရွာ ငြိမ်းချမ်းရေး၊ အဓိကရုဏ်း မဖြစ်စေဖို့အတွက် ရဲတပ်ဖွဲ့အင်အား အလုံအလောက် ချထားပေးထားပါတယ်။ ၂၂ ရက်နေ့ညက ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းမှာ ပါဝင်ပတ်သက်ခဲ့တဲ့ သူတွေကိုလည်း စုံစမ်းစစ်ဆေးနေပါတယ်” ဟု စဥ့်ကူးမြို့နယ် ရဲမှူး ဦးစိုးအောင်ကပြောကြားသည်။

ကျည်တောက်ပေါက်ကျေးရွာ အ.ထ.က ကျောင်းတွင် ဇွန်၂၅ရက် နေ့လယ် ၁ နာရီအချိန်က ဘာသာခြားများ ဝင်သည်ဟု ကောလာဟလသတင်း ဖြစ်ပေါ်သဖြင့် ကျောင်းသား/သူမိဘ ၁၅၀ ဦးခန့်မှ သား၊ သမီးများကို လာရောက် ခေါ်ယူခဲ့ကြကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲကမှူးရုံး ထံမှ သိရသည်။

ကျည်တောက်ပေါက် ကျေးရွာနေ ဦးမျိုးခိုင် (၃၀) နှစ်ဆိုသူသည် ဇွန်လ ၂၅ ရက်တွင် ယင်းရွာ အ.ထ.က မှ ကျောင်းစောင့် ဦးကျော်အေး ၅၀ နှစ်ကို ကျောင်းတံခါး ဖွင့်ပေးရန် ပြောကြားကြောင်းနှင့် “ကျောင်းအတွင်း ဘာဖြစ်နေလဲဆိုတာ ခင်ဗျားသိလား၊ ကျောင်းသား/သူတွေရဲ့ အသက် အန္တရာယ် ခင်ဗျားတာဝန် ယူမလား” ဟု ပြောဆိုကာ အရိုးအသွား ကိုးလက်မခန့်ရှိ တစ်ဖက်ငါးမန်းသွားပါ ဓားဦးချွန် တစ်ချောင်းကို ကိုင်ဆောင်ကာ ပဲခူးတိုင်းဒေသကြီး၊ ကညွတ်ကွင်းမြို့နေ စည်သူ (၄၀) နှစ် အတူ ဝင်ရောက်ခဲ့သဖြင့် ကျောင်းသားကျောင်းသူများ ထိတ်လန့် ထွက်ပြေးခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အဆိုပါ ကောလာဟလ သတင်းနှင့် ပတ်သက်၍ ကျည်တောက်ပေါက်ကျေးရွာ တစ်ဝိုက်တွင် လုံခြုံရေးအင်အား အပြည့်ချ၍ ဆောင်ရွက်ထားလျက် ရှိကြောင်း ကျည်တောက်ပေါက်ကျေးရွာ နွယ်ရုံရဲကင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

The Voice Weekly

အကျဉ်းထောင်များတွင် သတင်းစာ ဖတ်ခွင့်ရရန် အစိုးရကို တင်ပြမည်


အင်းစိန် အကျဉ်းထောင်တွင် နေ့စဉ်ထုတ် သတင်းစာများနှင့် ဂျာနယ်များကို ထောင်ပိုင်၏ အမိန့်ဖြင့် ဖတ်ရှုခွင့် ပိတ်ပင်ထားသည်ဟု ဝေဖန်မှုများ ထွက်ပေါ်ပြီးနောက် အကျဉ်းထောင်များတွင် သတင်း စာဖတ်ခွင့် မပိတ်ပင်ရန် နိုင်ငံတော်သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းထံ တင်ပြသွားမည်ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသား စိစစ်ရေး ကော်မတီဝင် ဦးညိုထွန်းက ပြောကြားသည်။

နိုင်ငံရေးအကျဉ်းသား စိစစ်ရေး ကော်မတီအနေနှင့် ယခုရက်ပိုင်းအတွင်း သမ္မတရုံး ဒုတိယ ဝန်ကြီး ဦးအောင်သိန်းနှင့် တွေ့ဆုံရန်ရှိပြီး အကျဉ်းထောင်များတွင် သတင်းစာဖတ်ခွင့် မပိတ်ပင်ရန် တင်ပြ သွားရန်ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ရန်ကုန်မြို့ရှိ အင်းစိန် အကျဉ်းထောင်တွင် ယခင် ထောင်ပိုင်လက်ထက် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း များကို ဝယ်ယူ ဖတ်ရှုခွင့်ပေးထားသော်လည်း ထောင်မှူးသစ် ဦးကျော်ဌေး လက်ထက်တွင် ပိတ်ပင် ထားကြောင်း ဧပြီလအတွင်း အင်းစိန် အကျဉ်းထောင်မှ လွှတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသား ဦးဇော်မိုးက ပြောဆိုသည်။

ယင်းထောင်မှူး အပြောင်းအလဲဖြစ်ပြီး တစ်လအကြာတွင် ပုဂ္ဂလိက သတင်းစာများကို ဖတ်ရှုခွင့် ပိတ်ပင်ခဲ့ပြီး ရုံးခန်းအတွင်း ထားရှိသည့် အစိုးရ သတင်းစာများသာ ဖတ်ရှုခွင့်ရကြောင်း အင်းစိန် အကျဉ်းထောင်တွင် ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆို ခံထားရသည့် ဦးရဲမင်းဦးကို သွားရောက် တွေ့ဆုံ ခဲ့သူ ဆရာတော် ဦးပညာဝံသက မိန့်ကြားသည်။

အကျဉ်းဦးစီးဌာန၏ ရုံးအုပ်ကြီး ဦးအောင်စိုးကမူ “အကျဉ်းသားတိုင်းကို စာဖတ်ခွင့် ပေးထားပါတယ်။ စာပေးမဖတ်ဖူးဆိုတာ မဟုတ်ပါဘူး။ စာစောင်တွေ လှူချင်တဲ့သူ ရှိရင်တောင် လက်ခံပေးပါတယ်” ဟု ၎င်းက ရှင်းပြသည်။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရလက်ထက်နှင့် တပ်မတော်အစိုးရ လက်ထက်တွင် မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီး၌ စာဖတ်ခွင့် ပိတ်ပင်ခြင်းအပါအဝင် အကျဉ်းထောင် အဆင့်အတန်းနှင့် ပတ်သက်၍ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များ၏ ထောက်ပြ ဝေဖန်မှုများ ရှိခဲ့ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်း အဖွဲ့ထံမှ သိရှိရသည်။

The Voice Weekly

အမျိုးစောင့်ဥပဒေပေါ်ပေါက်ရေးကြိုးပမ်းမှု ရည်ရွယ်ချက်ကောင်းဟု သီတဂူဆရာတော်ကြီးမိန့်


အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးဥပဒေ ပေါ်ပေါက်ရေး ကြိုးပမ်းမှုသည် ရည်ရွယ်ချက်ကောင်းကြောင်း၊သံဃာ ၁၀၀၀ ကျော်တက်ရောက်သည့် အမျိုး ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြ၀ါဒခံယူပွဲနှင့် ဦးဆောင်ဆရာတော်များ တွေ့ဆုံညှိနှိုင်းပွဲ၌ သီတဂူဆရာတော်ကြီးက တစ်နာရီကျော်ကြာ မိန့်ကြားသော သြ၀ါဒတွင် ထည့်သွင်းမိန့်ကြားခဲ့သည်။

ထို့အပြင် သီတဂူဆရာတော်ကြီးက အမျိုးဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တစ်ရပ်ပေါ်ပေါက်က အစိုးရ၊
နိုင်ငံတော်သံဃမဟာနာက၊ သံဃာထုတစ်ရပ်လုံး စည်းစည်းစည်းလုံးလုံး လုပ်ဆောင်ကြရန်လည်း တိုက်တွန်းခဲ့သည်။

အမျိုးစောင့်ဥပဒေပေါ်ပေါက်ရေး အကြံပေးဆွေးနွေးသူ ဥပဒေပညာရှင် ဦးရဲခေါင်ညွန့်ကလည်း ယင်းဥပဒေသည် လူ့အခွင့်အအရေးနှင့်ညီကြောင်း၊ အခြားနိုင်ငံများတွင် ၄င်းတို့ ဘာသာများအတွက်ခတ်ထားသော ခြံစည်းရိုးကို လူ့အခွင့်အရေးနှင့်မညီဟု မပြောကြောင်းစသည်ဖြင့် ဥပဒေကြောင်းရာများဆွေးနွေးခဲ့သည်။

ဓာတ်ပုံ - အောင်နိုင်စိုး(ကစ္ဆပ)

မြွေဆိပ်ဖြေဆေး အစစ်တွင် လျှို့ဝှက် ကုတ်နံပါတ်ပါရှိဟုဆို


မြွေဆိပ်ဖြေဆေး အတုအစစ် ခွဲခြားရာတွင် အစစ်ဆိုပါက မြွေဆိပ်ဖြေဆေးပုလင်း တံဆိပ်ပေါ်တွင် ဆေးဝါးစက်ရုံ ထုတ်လုပ်စဉ်ကတည်းကပင် သက်ဆိုင်ရာ ဌာနအလိုက် လျို့ဝှက် ကုတ်နံပါတ်များ ပူးတွဲ ပါရှိကြောင်း မြန်မာနိုင်ငံ ဆေးသုတေသန ဦးစီးဋ္ဌာန (အောက်မြန်မာပြည်) မှ တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။

ထို့ပြင် မြွေဆိပ်ဖြေဆေး အတုတွင် Horse ဟူသည့် စာလုံးအစား House ဟု ရေးသားထားတတ် ကြောင်း၊ မြွေဆိပ်ဖြေဆေး အတုသည် ၂၀၀၉ ခုနှစ်နောက်ပိုင်းတွင် ဈေးကွက်အတွင်း ထွက်ရှိသည်ကို မကြားသိရကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“ဆေးအတုတွေ လုပ်တဲ့နေရာမှာ ဆေးအကြောင်းကို နားလည်တဲ့လူပါရင် ပိုဆိုးလိမ့်မယ်။ ဆေးဝါး စစ်ဆေးတဲ့အခါမှာ အခြေခံအဆင့်ကို အစစ်အတိုင်း သုံးထားတော့ နောက်ဆုံး အဆင့်မှာ ပြောင်းထားတာ မပေါ်ဘူးပေါ့” ဟု တပ်မတော် ဆေးတက္ကသိုလ်မှ ဆရာဝန် တစ်ဦးက The Voice သို့ ပြောဆိုသည်။

ဆေးသုတေသန (အောက်မြန်မာပြည်) သည် မြွေဆိပ်ဖြေဆေး သုတေသနလုပ်ငန်းအပြင် ရှေးဦး သူနာပြုစုနည်းသစ်ဖြစ်သည့် အဝတ်ထုံး ကြပ်စည်းနည်း တီထွင်ခြင်း၊ မြွေစွယ် မထိုးဖောက်နိုင်သည့် ကာကွယ်ဖိနပ် တီထွင်ခြင်း၊ မြွေတစ်ကြိမ်ပေါက်လျှင် မြွေဆိပ်ထွက်ရှိမှု ပမာဏရှာဖွေခြင်း စသည်တို့ ကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း အဆိုပါ အသိုင်းအဝိုင်းထံမှ သိရသည်။

အမှတ် (၁) ဆေးဝါးစက်ရုံ (ယခင် မြန်မာနိုင်ငံ ဆေးဝါးလုပ်ငန်းစက်ရုံ) သည် မြင်း၏ သွေးရည်ကြည် က ထုတ်လုပ်သော မြွေပွေး အဆိပ်ဖြေဆေးနှင့် မြွေဟောက် အဆိပ်ဖြေဆေး၊ သိုး၏ သွေးရည်ကြည် က ထုတ်လုပ်သည့် မြွေပွေး အဆိပ်ဖြေဆေးတို့ကို ထုတ်လုပ်လျက်ရှိပြီး အဆိုပါ အဆိပ်ဖြေဆေး သုံးမျိုးကို မြန်မာနိုင်ငံတွင် အဓိက သုံးစွဲလျက်ရှိသည်။

စစ်တပ်သိမ်းမြေ ပြန်လည်ရရှိရန် သင်္ဃန်းကျွန်းသားတွေ ဆူးလေမှာ ဆန္ဒပြ


သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက် အပိုင်း ၁၊ ၂၊ ၃ မှ ဒေသခံများက ၎င်းတို့ပိုင်မြေများ သိမ်းဆည်းခံရသောကြောင့် ဇွန် ၂၇ ရက် နံနက်က ဆူးလေဘုရားအနီး မဟာဗန္ဓုလပန်းခြံရှေ့တွင် ငါးကြိမ်မြောက် ဆန္ဒပြခဲ့ကြသည်။ ထိုဆန္ဒပြပွဲတွင် လူအင်အား ၃၀၀ ကျော် ပါဝင်ခဲ့သည်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) ၎င်းတို့ပိုင်သည့် မြေများကို လွန်ခဲ့သော ၂၂ နှစ်ကတည်းက စစ်တပ်က သိမ်းယူခဲ့ခြင်းဖြစ်ပြီး လူနည်းစုသာလျော်ကြေးရရှိခဲ့သည်ဟု ဆန္ဒပြသူများက ပြောသည်။

ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ


၂ဝ၁၃ ခုနှစ် အိုလံပစ်နေ့ အထိမ်းအမှတ် Mr. Crusher , Ms. Quench ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲကို ဇွန်လ ၂၇ ရက်နေ့ ၊ နေ့လယ် ၁၂ နာရီက ရန်ကုန်မြို့ ၊ မြန်မာကွန်ဗင်းရှင်းစင်တာတွင် ကျင်းပပြုလုပ်ခဲ့သည်။ ပြိုင်ပွဲတွင် ကာယဗလမောင် အလွတ်တန်း ပထမ သန်းနိုင်၊ ၂၁ နှစ် နှင့် အောက် ပထမ လှဌေး၊ ၅ဝ နှစ် နှင့် အထက် ပထမ ဦးပြား၊ အမျိုးသမီး ၅ ပေ ၃ လက်မ အထက် ပထမ - ခိုင်ဝေလွင်၊ ၅ ပေ ၃ လက်မအောက် ပထမ နန်းထက်ထက်လင်း နှင့် ကာယကြံ့ခိုင်မှု တံခွန်စိုက်ဆုကို နန်းထက်ထက်လင်းတို့ အသီးသီး ဆွတ်ခူးရရှိခဲ့ကြသည်။
(ပုံများကို ကလစ်နှိပ်ပါက ပုံအကြီး မြင်ရပါမည်)








သတင်း၊ ဓာတ်ပုံ-သီဟ

တယ်လီနော်ကုမ္ပဏီက မြန်မာဝန်ထမ်းများကို အများဆုံး ခန့်အပ်မည်


မြန်မာ့ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်းလုပ်ခွင့် လိုင်စင်ရရှိခဲ့တဲ့ နော်ဝေအခြေစိုက် တယ်လီနော်ကုမ္ပဏီက တယ်လီဖုန်း လုပ်ငန်းတွေကို အမြန်အကောင်ထည်ဖော်ပြီး မြန်မာနိုင်ငံသား ကျွမ်းကျင်သူတွေကို အလုပ်ခန့်အပ်ကာ သက်သာတဲ့ဈေးနှုန်းနဲ့ လုပ်ဆောင်မယ်လို့ ကုမ္ပဏီရဲ့ အာရှဒေသဆိုင်ရာ ဆက်သွယ်ရေး ညွန်ကြားရေးမှူး ဂလန်မန်ဒီလစ်က ဒီဗွီဘီကို ပြောပါတယ်။

“မြန်မာက ကျနော်တို့ကုမ္ပဏီအတွက် အလုပ်ခန့်မယ့်လူအများစုဟာ ဒေသခံဝန်ထမ်းတွေပဲ ဖြစ်မှာပါ။ ဒါကြောင့် ကျနော်တို့ ကုမ္ပဏီအသစ်မှာ လိုအပ်တဲ့နေရာတွေ အတွက် ဒေသခံ ကျွမ်းကျင်တဲ့သူတွေကို ခန့်အပ်သွားမှာလည်းဖြစ်ပါတယ်။ ကျနော်တို့က အာရှမှာလည်း လုပ်ငန်း အတွေ့အကြုံတွေရှိပါတယ်။ ကျနော်တို့ရဲ့ ၀န်ဆောင်မှုဟာလည်း မြန်မာလူထုတွေ အားလုံး တတ်နိုင်ရမှာ ဖြစ်ပါတယ်။”

ဆက်သွယ်ရေးနဲ့ နည်းပညာလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံဖို့ ကြိုးစားနေတဲ့ ကုမ္ပဏီတွေထဲက နော်ဝေအခြေစိုက် တယ်လီနော်ကုမ္ပဏီနဲ့ ကာတာအခြေစိုက် အော်ရီဒူးကုမ္ပဏီတို့ကို ရွေးချယ်လိုက်ကြောင်း တင်ဒါစိစစ်ရေးအဖွဲ့က ဒီနေ့ ကြေညာလိုက်တာပါ။

ဥရောပ မြောက်ပိုင်း၊ အရှေ့နဲ့ အလယ်ပိုင်းအပါအ၀င် အာရှဒေသ ဆက်သွယ်ရေး ဈေးကွက်ကြီး ၅ ခုမှာ ဆက်သွယ်ရေးဝန်ဆောင်မှုတွေ ပေးနေတဲ့ တယ်လီနော်ကုမ္ပဏီဟာ ဆက်သွယ်ရေးရင်းနှီးမြှုပ်နှံခွင့် လိုင်စင်ရရှိရင် ၁ နှစ်အတွင်း ဆက်သွယ်ရေးဝန်ဆောင်မှုတွေ ပေးနိုင်မယ်လို့ ကုမ္ပဏီဥက္ကဋ္ဌက ပြောဆိုထားပါတယ်။

၂၀၁၂ ခုနှစ်အထိ တယ်လီနော် မိုဘိုင်းအသုံးပြုသူကမ္ဘာမှာ ၁၄၈ သန်း ရှိပါတယ်။ ၂၀၁၂ ခုနှစ်အတွက် လုပ်ငန်း မတည်ငွေ နော်ဝေခရိုနာ ၁၀၂ ဘီလီယံ အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံဝန်းကျင် ရင်းနှီးမြှုပ်နှံထားပြီး ၀န်ထမ်း ၃ သောင်းကျော် ရှိပါတယ်။

အခုလို ဆက်သွယ်ရေးတင်ဒါ အောင်မြင်သွားတဲ့အတွက် အထူးဝမ်းမြောက်ကြောင်းနဲ့ အပြီးသတ်လုပ်ငန်းစဉ်တွေအတွက် မြန်မာအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ တယ်လီနော်က ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

“ကျနော်တို့ဟာ မြန်မာပြည်သူတွေအတွက် မိုဘိုင်းဖုန်း ၀န်ဆောင်မှု ပေးနိုင်ဖို့အတွက် ကျနော်တို့ရဲ့ အတွေ့အကြုံ၊ နည်းပညာနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို တာဝန်ယူမှုရှိရှိနဲ့ အသုံးချပြီး အကောင်အထည်ဖော်သွားဖို့ သံန္နိဋ္ဌာန်ချထားပါတယ်။ အခုလက်ရှိမှာ လိုင်စင်လုပ်ငန်းရဲ့ နောက်ဆုံး အပြီးသတ်လုပ်ငန်းစဉ်တွေကို မြန်မာအစိုးရနဲ့ ညှိနှိုင်းလုပ်ဆောင်သွားဖို့ ရှိနေပါတယ်” လို့ တယ်လီနော် ဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Jon Fredrik Baksaas က ကြေညာချက်မှာ ပြောဆိုပါတယ်။

ကာတာအခြေစိုက် အိုရီဒူးကုမ္ပဏီဟာ အမေရိကန် ဒေါ်လာ ၉ ဘီလီယံ ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံမှာ အကြီးမားဆုံး ဆက်သွယ်ရေး ကုမ္ပဏီဖြစ်တဲ့ အင်ဒိုဆက်ကုမ္ပဏီကိုလည်း ပိုင်ဆိုင်ထားပါတယ်။

အော်ရီဒူးကုမ္ပဏီဟာ အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်ပြီး ၂ နှစ်အတွင်းမှာ မြန်မာ့လူဦးရေ ၉၀ ရာခိုင်နှုန်းအထိ 3G တယ်လီဖုန်း သုံးစွဲခွင့်ရအောင် ပြုလုပ်မယ်လို့ ပြောဆိုထားပြီး တာဝါတိုင်ပေါင်း ၁ သောင်းကိုလည်း တည်ဆောက်သွားမယ်လို့ ပြောထားပါတယ်။

တင်ဒါအောင်မြင်တဲ့ ကုမ္ပဏီစာရင်းထဲမှာ အရန်ကုမ္ပဏီတွေအဖြစ် ပြင်သစ်အခြေစိုက် အော်ရိမ်းကုမ္ပဏီနဲ့ ဂျပန်အခြေစိုက် မာရူဘီနီ ကုမ္ပဏီကို ရွေးချယ်ထားပါတယ်။

by ဒီဗွီဘီ
အထူးလေးစားလျှက်
လမင်းမြတ်(TCK)

လုပ်ငန်းတစ်ခုမှာ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်စေဖို့


သင်ဟာကုမ္ပဏီ တစ်ခုမှာအရေးပါအရာရောက် တဲ့သူဖြစ်နေပြီဆိုရင်နောက် ဝင်လာတဲ့ ဝန်းထမ်းတွေအပေါ် ဘယ်လိုဆက်ဆံ မလဲ၊ လုပ်ငန်းရှင်တွေ အနေနဲ့ ဝန်းထမ်းတွေကို ဘယ်လိုအုပ်ချုပ်မလည်း၊ဝန်ထမ်းအသစ်တွေက လည်းကုမ္ပဏီ အပေါ်ဘယ်လို ခံယူချက်မျိုး ထားမလဲ ဆိုတာ အရေးကြီး လာပါတယ်။

ဒီအောက်ကစာလေးကိုဖက်ကြည့်လို့ အကျိုးတော့ မယုတ်လောက်ဘူးလို့ ထင်ပါတယ်။

သင်ဟာ ကုမ္ပဏီတစ်ခုမှာ ဝန်ထမ်းဖြစ်ပြီဆိုရင် သင့် အောက်ငယ်သားတွေနဲ့ သင်အထက် လူကြီးတွေကို ဒီလိုဆက်ဆံသင့်ပါတယ်။

1.Kindness(Willingness to help/Enthusiasm)

တစ်ယောက်နဲ့ တစ်ယောက် စာနာပါကူညီပါ၊ ကုမ္ပဏီရဲ့အလုပ်တွေကို စိတ်ပါဝင်စားစွာ ကူညီပါ၊ ဝန်ထမ်းတစ်ယောက် အနေနဲ့ ကိုယ်လုပ်နေ တဲ့အလုပ်မှာ (Enthusiasm) စိတ်အားထက်သန်မှု ရှိနေရမယ်၊ အဲဒီလိုပဲ လုပ်ငန်းရှင်ဟာလည်း ကိုယ့်ဝန်ထမ်းတွေအပေါ် (Kindness)သနားကြင်နာမှု ထားပါ။ စာနာပါ။ ဝန်ထမ်းတွေအပေါ် စိတ်ပါဝင်စားမှုရှိပါ၊ မိမိဝန်ထမ်းတွေ အပေါ် စိတ်အားထက်သန်မှု(Enthusiasm) ရှိပါ။

2.Empathy(Priority/Flexibility)

ရရှိလာတဲ့ ကောင်းကျိုးဆိုးကျိုးတွေကို (Empathy)မျှဝေ ခံစားပါ၊ လုပ်ငန်းရှင်နဲ့ ဝန်ထမ်း(သို့) ဝန်ထမ်းချင်း ဝန်ထမ်းတစ်ယောက် ကိုတစ်ယောက်(Priority) ဦးစားပေးပါ။ တစ်ယောက်နဲ့ တစ်ယောက် (Flexibility) အလျှော့အတင်း ဆက်ဆံနိုင်ရမယ်၊ အကောင်းဘက် ကိုပြောင်းလွယ်ပြင်လွယ်တဲ့စိတ် ရှိရပါမယ်။

3.Honesty(Reliance/Assurance/Ethical Behaviour)

ယုံကြည်အားထားခြင်း ခံရအောင် (Reliance)ယုံကြည်ထိုက် သူ ဖြစ်အောင် မိမိဟာဝန်ထမ်းတွေ အပါ်၊ဝန်ထမ်းတွေ ကလည်း လုပ်ငန်းရှင် အပေါ်ရိုးသာမှု (Honesty)ရှိရမယ်၊ မိမိလုပ်တဲ့ အလုပ်ပေါ်သေချာကြောင်း အာမခံချက် (Assurance) ရှိရမယ်။ မိမိလုပ်ဆောင်ချက် ဟာသူတစ်ပါးရဲ့ အားနက်ချက် ကိုမချနှင်းမိပါစေနှင့်။ လူကျင့်ဝတ်နှင့်အညီ (Ethical Behaviour) လုပ်ဆောင်ပါ။

4.Distribution(Experience/Knowledge/Reality)

လုပ်ငန်းရှင်တွေဟာ မိမိရဲ့ ဝန်ထမ်းတွေအပေါ်၊ ဝန်ထမ်းတွေကလည်း တစ်ယောက် ကိုတစ်ယောက် မိမိ ရဲ့ တွေ့အကြုံ (Experience)တွေ ကို(Distribution) မျှဝေပေးနိုင်ရမယ်။ အချင်းချင်း sharing လုပ်နိုင်ရမယ်၊
ပြီးတော့ တစ်ယောက်ကိုတစ်ယောက် မိမိရဲ့ လုပ်ငန်းခွင်ဗဟုသုတ (Knowledge)တွေကို ဖလှယ်ပေးရမယ်။ အဲဒါတွေ အားလုံးဟာ (Reality) အမှန်တကယ်ဖြစ်ရမယ်။

5.Respect(Courtesy/Positive Word Of Mouth/To be respected(loyalty)/Enthusiasm)

ဝန်းထမ်းတစ်ယောက် အနေနဲ့ မိမိဟာလုပ်ငန်းရှင် အပေါ်၊ လုပ်ငန်းရှင်တွေ လည်း ဝန်ထမ်းတွေအပေါ် (Courtesy)ရှိရမယ်၊ တစ်ယောက်ကို တစ်ယောက်လေးစားမှု(Respect)ရှိရမယ်၊မိမိရဲ့ ပြောဆိုမှုတိုင်းဟာ
အကောင်းမြင်အကောင်းဘက်(Positive Word Of Mouth)ဖြစ်ရ မယ်၊လုပ်ငန်းရှင်နဲ့ဝန်ထမ်းတွေကလည်း တစ်ယောက်ကို တစ်ယောက် အပြန်အလှန် (Loyalty)သစ္စာ ရှိရမယ်၊အဲဒါတွေ အားလုံးကို စိတ်အား ထက်သန်မှု(Enthusiasm)ရှိရပါမယ်။

6.Unity

ဒါတွေ အားလုံးကို ဝန်ထမ်းအချင်းချင်း၊ လုပ်ငန်းရှင်နှင့်ဝန်ထမ်း (Unity) အတူတကွ ပူးပေါင်းဆောင်ရွက်မယ် ဆိုရင်ကောင်းသော ဝန်ထမ်း၊ ကောင်းသောလုပ်ငန်းရှင်ကြီးတွေဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ခွန်နေ(Tsj team)

ယနေ့ညနေ ၅ နာရီတွင် တင်ဒါအောင်သော ဆက်သွယ်ရေး အော်ပရေတာအား ကြေငြာမည်

ဆက်သွယ်ရေး အော်ပရေတာ ရွေးချယ်မှုနဲ့ ပတ်သက်ပြီး ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက ယနေ့ ညနေ ငါးနာရီမှာ တင်ဒါအောင်မြင်တဲ့ ကုမ္ပဏီ နှစ်ခုကို ထုတ်ပြန် ကြေညာပေးမှာ ဖြစ်ပါတယ်။

www.mcit.gov.mm မှာ ကြည့်ရှုနိုင်ပါတယ်။

ဦးရဲထွဋ် ( ပြန်ကြားရေး ဒု-၀န်ကြီး )

Credit : U Ye Htut (facebook)

======================================================

ယမန်နေ့ ကပြည်သူ့လွှတ်တော်မှာအရေးကြီးအဆိုတင်သွင်းဆိုင်းငံ့စေခဲ့တဲ့ အတွက်ယနေ့ (ဇွန်၂၇ရက်နေ့ )ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ ဆက်သွယ်ရေးဝန်ကြီးဦးမြတ်ဟိန်း လာရောက်ရှင်းပြခဲ့ရာမှာအစိုးရအနေဖြင့် ဆက်သွယ်ရေးအော်ပရေတာ ရွေးချယ်မှုကိုဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သော်လည်း တင်ဒါအောင်မြင်သော ကုမ္ပဏီများအနေဖြင့် ချက်ချင်း လက်ငင်း လုပ်ငန်းအကောင်အထည်ဖော်နိုင်ဦးမည်မဟုတ်ကြောင်းနှင့် အော်ပရေတာ ရွေးချယ်ရာတွင်လည်း လုပ်ထုံးလုပ်နည်းများဖြင့် အညီ ရွေးချယ် ခွင့်ပြု သွားမည်ဖြစ်ကြောင်းပါရှိသည်
ဟုသိရပြီးယင်းဆက်သွယ်ရေးအော်ပရေတာ ရွေးချယ်မှုနဲ့ ပတ်သက်၍“ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက ယနေ့ ညနေ ငါးနာရီမှာ တင်ဒါအောင်မြင်တဲ့ ကုမ္ပဏီ နှစ်ခုကိုထုတ်ပြန်

ကြေညာပေးမှာဖြစ်ကြောင်းနှင့် www.mcit.gov.mm မှာ ကြည့်ရှုနိုင်ကြောင်း”ကိုတော့ပြန်ကြားရေးဝန်ကြီးဋ္ဌာနဒုတိယ၀န်ကြီးက၄င်း၏ဖေ့ဘုတ်ကနေအသိပေးပါသည်။

ဆက်သွယ်ရေးအော်ပရေတာလုပ်ငန်း တင်ဒါခေါ်ယူရေးကော်မတီ ဥက္ကဌ ဦးဆက်အောင်က ပြည်တွင်းကုမ္ပဏီများကို ဦးစားပေးသင့်သည်ဟု ပြောဆိုခြင်းကို လုံးဝထောက်ခံသော်လည်း ဦးစားပေးသည့် ပုံစံမမှားရန် လိုအပ်လိမ့်မယ်ဟု ပြောသည်။ “ ပြည်ပ ကုမ္ပဏီတွေက ပြည်တွင်းကုမ္ပဏီတွေကို လုံးဝ ထောက်ပံ့ပေးနိုင်မယ့်ပုံစံမျိုး စဉ်းစားသင့်တယ်လေ၊ အဲလိုမဟုတ်ရင်တော့ ပြည်တွင်းကုမ္ပဏီတွေလည်း အရည်အချင်း တက်မှာမဟုတ်သလို နိုင်ငံလည်း သိက္ခာကျနိုင်တယ်”ဟု ဧရာဝတီသို့  ပြောဆိုကြောင်းလည်းThe Irrawaddy (Burmese Version)မှသိရသည်။

Father Land ဆောက်လုပ်ရေး ကုမ္ပဏီက အကယ်ဒမီ ဒေါ်ဝါ၀ါဝင်းရွှေအား အမှုနှစ်ခုဖြင့် တရားစွဲ

ဇွန်လ ၂၄ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ပါရှိသော အကယ်ဒမီ ဒေါ်ဝါ၀ါဝင်းရွှေ၏ ကြေညာချက်နှင့် ပတ်သက်၍ Father Land ဆောက်လုပ်ရေး ကုမ္ပဏီက ဒေါ်ဝါ၀ါဝင်းရွှေအား ဇွန် ၂၅ ရက်တွင် အမှုနှစ်ခုဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

Father Land ကုမ္ပဏီက ဒေါ်ဝါ၀ါဝင်းရွှေအား အသရေဖျက်မှု အမှုတွဲ ၃၉/၂၀၁၃၊ မူလစာချုပ် ဖျက်သိမ်းစေလိုမှု အမှုတွဲ ၄၀/၂၀၁၃ တို့ဖြင့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် တရားစွဲထားခြင်း ဖြစ်သည်။

ဒေါ်ဝါ၀ါဝင်းရွှေ ပိုင်ဆိုင်သော ဆုထူးပန် ရုပ်ရှင်ရုံဟောင်း မြေကွက်ပေါ်တွင် ၁၂ ထပ်အမြင့်ရှိ ဆုထူးပန် တာဝါဆောက်ရန် ကိစ္စနှင့် ပတ်သက်၍ ဒေါ်ဝါ၀ါဝင်းရွှေနှင့် Father Land ကုမ္ပဏီတို့အကြား အငြင်းပွားမှု ပြဿနာများ ပေါ်ပေါက်ခဲ့ရပြီး နှစ်ဖက်စလုံးမှ ဇွန် ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် သတင်းမီဒီယာများကို ရှင်းလင်းမှုများ ပြုလုပ်ခဲ့သည်။

ထို့နောက် ဇွန် ၂၄ ရက်တွင် ဒေါ်ဝါ၀ါဝင်းရွှေက မြန်မာ့အလင်း သတင်းစာတွင် Father Land ကုမ္ပဏီနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာစွာ သိရှိစေရန်နှင့် အများပြည်သူ သိစေရန် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ကြေညာချက်တွင် ဒေါ်ဝါ၀ါဝင်းရွှေက Father Land ကုမ္ပဏီအား အသရေ ဖျက်စေရန် ရည်ရွယ်သည်ဟုဆိုကာ ဇွန် ၂၅ ရက်တွင် Father Land ကုမ္ပဏီမှ ဒေါ်ဝါ၀ါဝင်းရွှေအား အမှုနှစ်ခုဖြင့် တရားစွဲခဲ့ခြင်းဖြစ်ပြီး ဇွန် ၂၆ ရက်ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဒေါ်ဝါ၀ါဝင်းရွှေ၏ ကြေညာချက်အပေါ် ပြန်လည်တုံ့ပြန် ရှင်းလင်းသတိပေး ကြေညာချက်ကို Father Land ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။

ဒေါ်ဝါ၀ါဝင်းရွှေ ဘက်မှလည်း ယခုတရားစွဲဆိုခြင်း အပေါ်တွင် ဥပဒေကြောင်းအရ ဆက်သွားမည်ဖြစ်ကြောင်း ဒေါ်ဝါ၀ါဝင်းရွှေ၏ မိသားစုဝင် တစ်ဦးက ဇွန် ၂၆ ရက် ညနေပိုင်းတွင် ပြောကြားသည်။

From: EMG

တဒေါ်လာ ကျပ်တထောင် ကျော်ပြီ


ရန်ကုန်မြို့တော် အခြေစိုက် နိုင်ငံခြားငွေလဲလှယ်ဈေးကွက်တွင် အမေရိကန်ဒေါ်လာ ၀ယ်ယူမှု အလွန်များပြား သောကြောင့် တဒေါ်လာလျှင် မြန်မာငွေ ၁၀၀၅ ကျပ် အထိဈေး ထိုးတက်သွားကြောင်း ဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။

၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းက  ပုံမှန်အားဖြင့် အမေရိကန် တဒေါ်လာလျှင် မြန်မာကျပ်ငွေ ၈၅၀ နှင့် ၈၇၀ အကြား ရှိခဲ့ရာမှ မေလ ဆန်းပိုင်းမှ စတင်ပြီး ဒေါ်လာတန်ဖိုးများ မြင့်တက်ခဲ့ရာ မေလအတွင်းတွင် အမေရိကန်တဒေါ်လာလျှင် ကျပ် ၉၅၀ ၀န်းကျင် ထိ ရောက်ရှိခဲ့ကြောင်း၊  ယခု ဇွန်လကုန်ပိုင်းတွင်မူ အမေရိကန်ဒေါ်လာ ၀ယ်ယူစုဆောင်းမှု ပိုမိုများပြားလာပြီး တဒေါ်လာ လျှင် ကျပ်ငွေ ၁၀၀၅ ကျပ် အထိ ဈေးထိုးတက်သွားကြောင်း၊ ဈေးကွက်တွင် အမေရိကန်ဒေါ်လာ ၀ယ်ယူ၍ မရသည် အထိ ဈေးနှုန်း မြင့်တက်သွားပြီး အစိုးရ၏ ခွင့်ပြုချက်လိုင်စင်ဖြင့် နိုင်ငံခြား ငွေလဲလှယ်ရေး လုပ်ငန်းကိုင်နေသော ပုဂ္ဂလိက ဘဏ် များတွင် ဒေါ်လာရောင်းဝယ်မှု ရပ်တန့်သွားကြောင်း  သိရှိရသည်။

ယနေ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတ်မှတ်ထားသော ငွေလဲနှုန်းမှာ အမေရိကန် တဒေါ်လာလျှင် ၉၅၉ ကျပ်ဖြစ်ပြီး ပုဂ္ဂလိကဘဏ် များတွင်မူ အမေရိကန်တဒေါ်လာ ရောင်းဈေး ၉၆၀ ကျပ်၊ ၀ယ်ဈေး ၉၆၇ ကျပ် သတ်မှတ်ထားသော်လည်း  အလုပ်မဖြစ်ကြောင်း၊ ပြင်ပငွေလဲ ဈေးကွက်တွင်မူ  အမေရိကန်တဒေါ်လာလျှင် ရောင်းဈေး ၁၀၀၀ ကျပ် ၊ ၀ယ်ဈေး ၁၀၀၅ ကျပ် အထိ ဈေးနှုန်းမြင့်တက်ပြီး အမေရိကန်ဒေါ်လာ ၀ယ်မရသည်အထိ ပြတ်လပ်သွားကြောင်း သိရှိရသည်။

“ဘာကြောင့်မှန်းမသိဘူး ဒေါ်လာ တအားလိုက်ဝယ်နေတယ်။ မနက်ဈေးစဖွင့်တုန်းက ၉၉၈ လောက်ပဲရှိတာ။ တနေကုန် အ၀ယ်များလွန်းလို့ အခု ဈေးပိတ်ခါနီး (ညနေ ၅ နာရီ) မှာ တဒေါ်လာ ၁၀၀၅ ကျပ် အထိ ရောက်သွားပြီ။ ဒီနေ့ တနေ့ တည်းကို ဈေးတွေ ထိုးတက်သွားတာ” ဟု ရန်ကုန်မြို့မှာ နိုင်ငံခြားငွေလဲဒိုင်တဦးက ပြောသည်။

အမေရိကန်ဒေါ်လာ ၀ယ်ယူ စုဆောင်းသူများတွင် ရွှေကုန်သည်များ ပါဝင်နေသည်ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ အသင်းဝင်ရွှေကုန်သည်ကြီးတဦးက ပြောသည်။

“အခု ကမ္ဘာ့ရွှေဈေးက ထိုးကျနေတော့ မြန်မာ့ရွှေဈေးလည်း လိုက်ပြီး ထိုးကျတယ်။ အဲဒီတော့ ရွှေကုန်သည်တွေက ဒေါ်လာတွေလိုက်ဝယ်ကြတယ်။ ရွှေအစား ဒေါ်လာ ပြန်ကိုင်ကြတာပေါ့” ဟု ရွှေကုန်သည်က ဆိုသည်။

ကမ္ဘောဇဘဏ်ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်ကမူ ဒေါ်လာ တန်ဖိုးတက်ရခြင်း ဈေးကစားမှု၊ ၀ယ်ယူစုဆောင်းမှုများ အပါအ၀င် အကြောင်းရင်း များစွာရှိနေကြောင်း ဧရာဝတီသို့ သုံးသပ်ပြောဆိုသည်။

“ဒေါ်လာဈေး တက်ရတဲ့ အကြောင်းအရင်း တွေက အများကြီးပဲဗျ။ ဈေးကစားမှုတွေ ပါလာတယ်။ ဒေါ်လာဝယ်စုကြတယ်။ တက်မယ်၊ တက်မယ်ဆိုပြီး ၀ယ်စုကြတော့ တက်တာ။ ကျောက်မျက်သမားတွေလည်း ၀ယ်လားလို့ သံသယရှိတယ်။ ဒီမှာ လာပြီးတော့ ဒေါ်လာဝယ်ပြီးတော့ ကျောက်မျက်ဝယ်တဲ့သူတွေလည်း များသလား။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကလည်း တိတိပပ မလာသေးဘူးလေ။ အလားအလာက ဘယ်လိုဖြစ်မလဲတော့မသိဘူး” ဟု ဦးသန်းလွင်က ဆိုသည်။

လတ်တလော အမေရိကန်ဒေါ်လာ တန်ဖိုး မြင့်တက်မှုသည် ဗဟိုဘဏ်၏ ငွေလဲလှယ်နှုန်းထား တည်ငြိမ်ရေး မူဝါဒကို ထိခိုက်နေကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နယ်အယ်ဖောက ဧရာဝတီသို့ ပြောသည်။

” အခု ကျမတို့က ဈေးကွက်ရဲ့အတိုက်အခိုက်ကို ခံနေရတော့ ကျမတို့ ဘယ်လိုစီမံနေသလဲဆိုတာ မပြောနိုင်ဘူး။ ဗဟိုဘဏ်ရဲ့ အလုပ်က ငွေလဲနှုန်း ငြိမ်ရမယ်၊ ဖြစ်သင့်တဲ့ ဈေးနှုန်းဖြစ်ရမယ်”ဟု ဒေါ်နယ်အယ်ဖောက ပြောသည်။

အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်ရေး ဆွဲတင်မည်ဆိုသော အစိုးရ၏ မူဝါဒကြောင့် တိုင်းပြည်အထိနာပြီး ပြည်သူ အများစု စီးပွားရေး အကျပ်အတည်းဖြစ်လာမည်ဟု ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဘောဂဗေဒဌာန အငြိမ်းစား ပါမောက္ခ ဒေါက်တာမောင်မောင်စိုးက သုံးသပ်သည်။

“အစိုးရရဲ့မူဝါဒ ဒေါ်လာကို တက်အောင် ဆွဲတင်တဲ့မူဝါဒ။ ဒေါ်လာတက်တယ်ဆိုရင် သူတို့က မထိန်းဘူး။ ပို့ကုန်တိုးတက်ရေးမူဝါဒတခုတည်းနဲ့ပဲ သူတို့သွားနေတာ။ ဒေါ်လာဈေးတက်ပေမယ့်လည်း လက်တွေ့မှာ ပို့ကုန်တွေကလည်း တက်မလာဘူး။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဆိုတာကလည်း ထင်သလောက် ၀င်မလာဘူး။ ဒေါ်လာဈေးတက်တဲ့အတွက်ကြောင့် တိုင်းပြည်ကမောက်ကမဖြစ်နိုင်တယ်။ ပြည်သူတွေအထိ နာလိမ့်မယ်။  ကိုယ့်ငွေက တန်ဖိုးရှိနေတာကို ဆွဲချတာမျိုး မလုပ်သင့်ဘူး။ ဒေါ်လာတန်ဖိုးတက်ရင် ဈေးနှုန်းမြင့်တက်မှုတွေ၊ ငွေကြေးဖောင်းပွမှုတွေ နောက်ဆက်တွဲဖြစ်လာလိမ့်မယ်။ လာမယ့် စီးပွားရေးအခြေအနေက ပိုကျပ်လာလိမ့်မယ်” ဟု ဒေါက်တာမောင်မောင်စိုးက ဆိုသည်။

ဒေါ်လာဈေးမြင့်တက်မှု၏ နောက်ဆက်တွဲ ပြည်ပနိုင်ငံများမှ မှာယူတင်သွင်းနေရသော စက်သုံးဆီ၊ စားအုန်းဆီ အပါအ၀င် သွင်းကုန်များ၏ ဈေးနှုန်း တရိပ်ရိပ်မြင့်လိမ့်မည်ဟု စီးပွားရေး ပညာရှင်အချို့က သုံးသပ်ကြသည်။

ဧရာဝတီ

အမေရိကန် တဒေါ်လာဈေး ကျပ် ၁၀၀၀ ကျော်ထိ မြင့်တက်


ရန်ကုန်မြို့က နိုင်ငံခြားငွေလဲလှယ်တဲ့ ဈေးကွက်မှာ အမေရိကန် ဒေါ်လာဝယ်ယူတာများလာတာကြောင့် ဒီကနေ့ မြန်မာငွေဈေးဟာ တဒေါ်လာ ကျပ် ၁၀၀၅ ကျပ် အထိဈေး ထိုးတက်သွားပါတယ်။

ယခု နှစ်ဦးပိုင်းလောက်က ပုံမှန်အားဖြင့် အမေရိကန် တဒေါ်လာကို မြန်မာကျပ်ငွေ ၈၅၀ နဲ့ ၈၇၀ အကြား ရှိခဲ့ရာမှ မေလ ဆန်းပိုင်းက စပြီး ဒေါ်လာဈေးတက်သွာတော့ အမေရိကန်တဒေါ်လာကို ကျပ် ၉၅၀ ၀န်းကျင် ထိ ရောက်သွားခဲ့တာပါ။

အခု ဇွန်လကုန်ပိုင်းကျတော့ အမေရိကန် ဒေါ်လာ ၀ယ်စုတာတွေ များလာပြီး ဒီကနေ့မှာတော့ တဒေါ်လာ ကို ကျပ် ၁၀၀၀ ကျော်ထိ တက်သွားခဲ့တာပါ။

ဈေးတက်သွားတာကြောင့် လိုင်စင်ရ နိုင်ငံခြားငွေ လဲလှယ် တဲ့ လုပ်ငန်း လုပ်နေတဲ့ ပုဂ္ဂလိက ဘဏ်တွေ လည်း ဒေါ်လာ အရောင်းအ၀ယ် ရပ်သွားခဲ့တယ်လို့ သိရပါတယ်။

ယနေ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတ်မှတ် ငွေလဲနှုန်းမှာတော့ အမေရိကန် တဒေါ်လာလျှင် ၉၅၉ ကျပ်ဖြစ်နေသေးပြီး ပုဂ္ဂလိကဘဏ်တွေက အမေရိကန်တဒေါ်လာ ရောင်းဈေး ၉၆၀ ကျပ်၊ ၀ယ်ဈေး ၉၆၇ ကျပ် သတ်မှတ်ထားပေမယ့် အလုပ်မဖြစ်ဘူးလို့ သိရပါတယ်။

အပြင်ဈေးကွက်ပေါက်ဈေးကတော့ ၁၀၀၅ ကျပ် ထိ မြင့်တက်လာပြီး အမေရိကန်ဒေါ်လာ ၀ယ်လို့ မရအောင် ပြတ်သွားတယ် လို့လည်း ရန်ကုန် သတင်းတွေက ဆိုပါတယ်။

“ဘာကြောင့်မှန်းမသိဘူး ဒေါ်လာ တအားလိုက်ဝယ်နေတယ်။ မနက်ဈေးစဖွင့်တုန်းက ၉၉၈ လောက်ပဲရှိ တာ။ တနေကုန် အ၀ယ်များလွန်းလို့ အခု ဈေးပိတ်ခါနီး (ညနေ ၅ နာရီ) မှာ တဒေါ်လာ ၁၀၀၅ ကျပ် အထိ ရောက်သွားပြီ။ ဒီနေ့ တနေ့ တည်းကို ဈေးတွေ ထိုးတက်သွားတာ” လို့ ရန်ကုန်မြို့က နိုင်ငံခြားငွေလဲ ဒိုင်တဦးက ပြောပါတယ်။

ဧရာဝတီ

ရန်ကုန်မှာ ကျင်းပမယ့် ရှစ်လေးလုံး ငွေရတုကို မိုးသီးဇွန် တက်မယ်


မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှာ လာမယ့် သြဂုတ်လ ၈ ရက်နေ့မှာ ရှစ်လေးလုံး ငွေရတု အထိမ်းအမှတ်ပွဲ ကျင်းပမှာဖြစ်ပြီး အဲဒီအခမ်းအနားကို အမေရိကန် ပြည်ထောင်စုရောက် ရှစ်လေးလုံး ကျောင်းသား
ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးမိုးသီးဇွန် တက်ရောက်ဖို့ ရှိပါတယ်။

လွန်ခဲ့တဲ့လက  ဦးမင်းကိုနိုင်တို့ အမေရိကန်လာစဉ်က အတူတွေ့ရတဲ့ ဦးမိုးသီးဇွန်

ရှစ်လေးလုံးကာလ ထင်ရှားတဲ့ ကျောင်းသား ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမိုးသီးဇွန်ဟာ အဆိုပါ ရှစ်လေးလုံး ငွေရတု အထိမ်းအမှတ်ပွဲ တက်ရောက်ဖို့ မြန်မာသံရုံးက ဗီဇာ ရပြီးဖြစ်တယ်လို့လည်း ဦးမိုးသီးဇွန်က ဧရာဝတီကိုပြောပါတယ်။

"ကျနော် ဗီဇာ ၃ လ ရထားပြီးပါပြီ" လို့ သူက ပြောပါတယ်။

ရှစ်လေးလုံး ကာလ ၁၉၈၈ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့မှာတော့ ဗကသ လို့ အမည်ရှိတဲ့ ကျောင်းသား သမဂ္ဂကို ရန်ကုန် တက္ကသိုလ် သမဂ္ဂ ရင်ပြင်မှာ ကြေညာခဲ့စဉ်က ဥက္ကဋ္ဌအဖြစ် ကိုမင်းကိုနိုင်၊ ဒု ဥက္ကဋ္ဌ အဖြစ် ကိုကိုကြီးနဲ့ အထွေထွေအတွင်းရေးမှူးအဖြစ် ကိုမိုးသီးဇွန်တို့ ဖြစ်ပြီး ဒါဟာ နှစ်ပေါင်း ၂၆ နှစ် အကြာ မှာ ကျောင်းသား သမဂ္ဂကို ပြန်လည် အသက်သွင်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဦးမိုးသီးဇွန်ရဲ့ မြန်မာပြည် ဒီတခေါက်သွားမယ့်ခရီးဟာ ဒုတိယ အကြိမ်ဖြစ်ပြီး သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်ပိုင်း လွန်ခဲ့တဲ့ နှစ်ကလည်း  မြန်မာနိုင်ငံကို ပထမဆုံး သွားရောက်ခဲ့ပါသေးတယ်။

အဲဒီခရီးစဉ်အတွင်းမှာ တချိန်က လုပ်ဖော်ကိုင်ဖက်တွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံ ပြောင်းလဲရေးလုပ်ငန်းတွေမှာ ဘယ်လို ပါဝင်ကူညီလုပ်ဆောင်ရမလဲ ဆိုတာတွေလည်း ဆွေးနွေးမှုတွေ လုပ်ခဲ့တာပါ။

ဦးမိုးသီးဇွန် ၁၉၈၉ ခုနှစ်ကတည်းက မြန်မာနိုင်ငံက ထွက်ခွာလာခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံလုံး ဆိုင်ရာ
ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ရဲ့ ဥက္ကဋ္ဌ တာဝန်လည်း ထမ်းဆောင်ခဲ့ပါသေးတယ်။

မြန်မာနိုင်ငံက မထွက်ခွာခင် ၁၉၈၈ ခုနှစ် ရှစ်လေးလုံးကာလ ထင်ရှားတဲ့ ကျောင်းသား ခေါင်းဆောင် အဖြစ်ကနေ လူငယ်ကျောင်းသားများ အများစု စုဖွဲ့ထားတဲ့ ထိုစဉ်က ဒုတိယ အကြီးဆုံး အတိုက်အခံ ပါတီ ကြီးတခုဖြစ်တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌတာဝန်လည်း ထမ်းဆောင်ခဲ့ဖူးပါတယ်။


အိမ့်သံစဉ် ~
ဧရာဝတီ

ဆက်သွယ်ရေး အော်ပရေတာ တင်ဒါ လွှတ်တော် မကန့်ကွက်တော့


ဆက်သွယ်ရေး အော်ပရေတာ တင်ဒါ လွှတ်တော် မကန့်ကွက်တော့ ဧရာဝတီ ယနေ့ ဇွန် ၂၇ ရက် မနက် တွင် ကျင်းပသော ပြည်သူ့လွှတ်တော်က ဆက်သွယ်ရေး အော်ပရေတာ တင်ဒါပေးမည့်ကိစ္စ ဆက်သွယ်
ရေး ဥပဒေ ပေါ်ပေါက်သည်အထိ ဆိုင်းငံ့ထားရန် အစိုးရကို တိုက်တွန်းသော်လည်း အစိုးရက ဆက်လက်
ဆောင်ရွက်မည့်အပေါ် မကန့်ကွက်ဘဲ ရွေးချယ်မှုကို ဆက်လက် စောင့်ကြည့်သွားမည်ဟု ဆုံးဖြတ်ကြောင်း သိရှိရသည်။

ယမန်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အစိုးရ၏ ဆက်သွယ်ရေးအော်ပရတာ ရွေးချယ်မှုကို ဆက်သွယ်ရေးဥပဒေ ပေါ်ပေါက်သည်အထိ ဆိုင်းငံ့ထားရန် အရေးကြီးအဆို အတည်ပြုခဲ့ပြီးနောက် ယနေ့ လွှတ်တော် အစည်းအဝေးသို့ ဆက်သွယ်ရေးဝန်ကြီးဦးမြတ်ဟိန်း လာရောက်ရှင်းပြခဲ့ကြောင်း၊ ဦးမြတ်ဟိန်း က အစိုးရအနေဖြင့် ဆက်သွယ်ရေးအော်ပရေတာ ရွေးချယ်မှုကို ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်
သော် လည်း တင်ဒါအောင်မြင်သော ကုမ္ပဏီများအနေဖြင့် ချက်ချင်း လက်ငင်း လုပ်ငန်း အကောင် အထည်
ဖော်နိုင်ဦးမည်မဟုတ်ကြောင်း၊ အော်ပရေတာ ရွေးချယ်ရာတွင်လည်း လုပ်ထုံးလုပ်နည်းများဖြင့် အညီ ရွေး ချယ် ခွင့်ပြု သွားမည်ဖြစ်ကြောင်း အပါအ၀င် အစိုးရ၏ မူဝါဒများကို ရှင်းလင်းပြောဆိုခဲ့သည်ဟု သိရှိရသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အချို့က လွှတ်တော်၏ အရေးကြီးအဆိုကြောင့် ဆက်သွယ်ရေး
အော်ပရေ တာရွေးချယ်မှုကို ရွှေ့ဆိုင်းမည်ဆိုပါက နိုင်ငံ၏ ဂုဏ်သိက္ခာ ထိခိုက်နိုင်သဖြင့် တင်ဒါပွဲကို ဆက်လုပ်သင့်သည်ဟု ပြောဆိုကြောင်း သိရှိရသည်။ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ ဒဂုံ မြို့သစ်မြောက်ပိုင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးက ဆက်သွယ်ရေး
အော်ပရတာ ရွေးချယ်မှုကို ဆက်လက်လုပ်ဆောင်သင့်သည်ဟု ပြောသည်။

"ကုမ္ပဏီတခု တင်ဒါ မအောင်မြင်လို့ မနေ့ကလိုမျိုး အခြေအနေမျိုးလုပ်တာလို့ ယူဆလို့ရတယ်။ အော်ပရေ တာ ရွေးချယ်ပွဲ ရွှေ့မယ်ဆိုရင် နိုင်ငံရဲ့ Image ထိခိုက်နိုင်တယ်။ ဒါကြောင့် ဒီနေ့ တင်ဒါပွဲကို ဆက်လုပ် သင့် တယ်လို့ ဒေါ်တင်နွယ်ဦးက လွှတ်တော်မှာ ရဲရဲဝင့်ဝင့်ကို ထပြောတယ်" ဟု လွှတ်တော် တက်ရောက်
နေသော သတင်းထောက်တဦးက ဧရာဝတီသို့ ပြောသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က အော်ပရေတာ ရွေးချယ်ရာတွင် ပွင့်လင်းမြင်သာမှုရှိရန် တိုက်တွန်းကြောင်း သိရှိရသည်။

ယမန်နေ့က ဆက်သွယ်ရေးအော်ပရေတာ ရွေးချယ်မှု ဥပဒေ ထွက်ရှိသည်အထိ ဆိုင်းငံ့ထားရန် အရေးကြီး အဆို တင်သွင်းခဲ့သူ ကြံ့ခိုင်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဆွေက ဆက်သွယ်ရေးဝန်ကြီး၏ တင်ပြချက်ကို သိရှိနားလည်သည်ဟု ပြောဆိုကြောင်း သိရှိရသည်။

ယမန်နေ့ ပြည်သူ့ လွှတ်တော်က အတည်ပြုခဲ့သော ဆက်သွယ်ရေးအော်ပရေတာ ရွေးချယ်မှု ဆိုင်းငံ့ ထားရေး အဆိုမှာ ပျက်ပြယ် သွားသည့် သဘောရှိပြီး လွှတ်တော်က အစိုးရ၏ ဆောင်ရွက်ချက်များ ကို စောင့်ကြည့် သွားမည်ဟု ဆုံးဖြတ်ချက် ချမှတ်လိုက်ကြောင်း သိရှိရသည်။

တင်ဒါအောင်မြင်သည့်ကုမ္ပဏီ ၂ခု စာရင်းကို ယနေ့ ကြေညာမည်ဖြစ်ကြောင်းလည်း ဆက်သွယ်ရေး
အော်ပရေတာ လုပ်ငန်း တင်ဒါခေါ်ယူရေးကော်မတီ ဥက္ကဌ ဦးဆက်အောင်က ဧရာဝတီသို့ ပြောသည်။

“တင်ဒါအဖွဲ့က နိုင်ငံတကာက ကုမ္ပဏီအကြီးကြီးတွေနဲ့ ဆက်ဆံလုပ်ကိုင်နေရတာ ဖြစ်တဲ့အတွက် ကတိ အတိုင်းပဲသွားမှာပါ၊ သမ္မတ ကိုယ်တိုင်ကလည်း အကောင်းဆုံးလုပ်ဖို့ အားပေးတယ်။ ကြေညာချက် ကို ဒီနေ့ပဲ ထုတ်ပြန်မယ်”ဟု ဦးဆက်အောင်က ရှင်းပြသည်။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်းသည် အခြားနိုင်ငံများထက် နောက်ကျနေသည့်အတွက် ၂၀၁၅ ခုနှစ်မတိုင်မှီ ဆက်သွယ်ရေးကွန်ရက်ကို ၈၅ ရာခိုင်နှုန်းအထိ ကောင်းစေလိုကြောင်း၊ ထို့ကြောင့် တင်ဒါ
ရွေးရာတွင် အကောင်းဆုံး ဖြစ်နိုင်မည့် ကုမ္ပဏီများကိုသာ ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။

ဦးဆက်အောင်က ပြည်တွင်းကုမ္ပဏီများကို ဦးစားပေးသင့်သည်ဟု ပြောဆိုခြင်းကို လုံးဝထောက်ခံသော် လည်း ဦးစားပေးသည့် ပုံစံမမှားရန် လိုအပ်လိမ့်မယ်ဟု ပြောသည်။

“ ပြည်ပ ကုမ္ပဏီတွေက ပြည်တွင်းကုမ္ပဏီတွေကို လုံးဝ ထောက်ပံ့ပေးနိုင်မယ့်ပုံစံမျိုး စဉ်းစားသင့် တယ်
လေ၊ အဲလိုမဟုတ်ရင်တော့ ပြည်တွင်းကုမ္ပဏီတွေလည်း အရည်အချင်း တက်မှာမလုပ်သလို နိုင်ငံလည်း သိက္ခာကျနိုင်တယ်”ဟု ပြောဆိုသည်။

တရုတ်ပြည်က အဖေနဲ့ သားတို့ရဲ့ ဒေါသဖြင့် ကားချင်း တိုက်ပြီး ဖြေရှင်းပုံ


 အဖေ ဖြစ်သူ မောင်းလာတဲ့ မာစီးဒီး ကား နဲ့ သားဖြစ်သူရဲ့ ဘီအမ်ဒဗလျူ ကားတို့တိုက်တဲ့ ဖြစ်စဉ်ဟာ သတင်းရဲ့ အဆိုအရ  အိမ်က မိသားစု အမျက်ဒေါသကို လမ်းပေါ် ထိ သယ်လာပြီး လမ်းလယ်ခေါင် မီးပွိုင့် တခုမှာ အဖေဖြစ်သူက သားဖြစ်သူ ကားကို မိုက်မိုက်ကန်းကန်း လိုက်တိုက်လိုက်တဲ့ ဖြစ်စဉ်ပါ။


ဒါကို CCTV က မှတ်တမ်းတင်ထားတာဖြစ်ပြီး တရုတ်မီဒီယာတခုက ယမန်နေ့က တင်ပြလာခဲ့တာပါ။
အိမ့်သံစဉ်
ဧရာဝတီ

ဒေါ်ဝါဝါဝင်းရွှေဓာတ်ပုံအင်းချပြီး မီးရှို့မှု သုံးကြိမ်ပေါ်ပေါက်


လုပ်ငန်းရှင်တယောက်က ရုပ်ရှင်သရုပ်ဆောင် ဒေါ်ဝါဝါဝင်းရွှေရဲ့ ဓာတ်ပုံကို အင်းကွက်ချ၊ ဖယောင်းတိုင်နဲ့လိပ်ပြီး မီးရှို့ခဲ့ပါတယ် တဲ့။

ဒီကနေ့ မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၁၂ မှာ ဖော်ပြထားတဲ့ ကြော်ငြာမှာ အဲဒီလို ရေးထားတာပါ။

အဲဒီလုပ်ရပ် ၃ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဒေါ်ဝါဝါဝင်းရွှေရဲ့ရှေ့နေတွေက ထည့်သွင်းထားတဲ့ အဲဒီကြော်ငြာမှာ ရေးထားပါတယ်။

ဖြစ်ပုံက ဒေါ်ဝါဝါဝင်းရွှေက သူပိုင်တဲ့ ဆုထူးပန်ရုပ်ရှင်ရုံမြေနေရာမှာ ၁၂ ထပ်တိုက် "ဆုထူးပန် Tower" ဆောက်ဖို့   ဆောက်လုပ်ရေး လုပ်ငန်းတခုကို ကျပ်သိန်းပေါင်း ကိုးထောင် ပေးခဲ့တယ်၊

သို့သော်လည်း ၁၄ လ ကြာခဲ့ပေမယ့် ဆုထူးပန်ရုပ်ရှင်ရုံကို ဖြိုတဲ့လုပ်ငန်း၊ ခြံကာတဲ့လုပ်ငန်းပဲ ပြီးခဲ့တယ်လို့ ကြော်ငြာမှာ ရေးထားပါတယ်။

ဒါကြောင့် လုပ်ငန်းစာချုပ်ကို ဖျက်သိမ်းတယ် လို့ အဲဒီကြော်ငြာမှာ ရေးထားပါတယ်။
လက်ကျန်ငွေ ပြန်ပေးဖို့ တောင်းတာလည်း မရသေးဘူး၊ ရှောင်တိမ်းနေတယ် တဲ့။

စိတ်ဝင်စားဖို့ ကောင်းတာက ဒေါ်ဝါဝါဝင်းရွှေရဲ့ ဓာတ်ပုံကို မီးရှို့ခဲ့ရာမှာ လုပ်ငန်းရှင်ကိုယ်တိုင် ၂ ကြိမ်ပြုလုပ်ခဲ့ကြောင်း ဝန်ခံချက် အသံဖိုင်လည်း ရှိနေပါတယ် တဲ့။

မီးထွန်းတဲ့ဖြစ်ရပ်က ညသန်းခေါင်ယံတွေမှာပဲ ပေါ်ပေါက်ခဲ့ပါတယ် တဲ့။
ဒေါ်ဝါဝါဝင်းရွှေကို ချစ်တဲ့ မိတ်ကောင်းဆွေကောင်းများက ဖယောင်းတိုင်မီးကို အချိန်မီ ငြှိမ်းသတ်ပြီး သက်သေအဖြစ် သိမ်းခဲ့တယ်လို့ ဆိုတယ်။

စိတ်ဝင်စားစရာကောင်းတဲ့ ကြော်ငြာပါပဲ။ (ကော်လံကို အလျားရှည်စွာ စာစီထားတာကတော့ ဖတ်ရခက် စိတ်ညစ်ဖွယ်ကောင်းလှပါတယ်)

ဓာတ်ပုံကို အင်းချပြီး မီးရှို့တာဟာ ယတြာချေတဲ့သဘော ဖြစ်ပါလိမ့်မယ်။
ယတြာ မပြီးခင် မီးငြှိမ်းခံရတဲ့အတွက် ယတြာမအောင်မြင်ဘူးလို့ ဆိုနိုင်တာပေါ့။

ယတြာတွေ၊ အစီအမံတွေ ပါဝင်နေတဲ့ ဒီအမှု ဘယ်လို ဆက်ဖြစ်မယ်၊ ဘယ်လို အဆုံးသတ်မယ် ဆိုတာကတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

(ဓာတ်ပုံ - ရွှေအမြုတေ)
ဧရာဝတီ

ရန်ကုန်လေဆိပ် စီမံကိန်း စက်တင်ဘာလ စတင်အကောင်အထည်ဖော်မည်


ရန်ကုန် (မဇ္ဈိမ)။   ။ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် တိုးချဲ့ပြုပြင်ရေး စီမံကိန်းကို စက်တင်ဘာလ အတွင်း စတင်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှတဆင့် သိရသည်။

“စီမံကိန်းကာလအနေနဲ့ နှစ်နှစ် ကြာမြင့်မှာဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ အပြီးသတ် လုပ်ကိုင်ရမှာ ဖြစ်ပါတယ်” ဟု အဆိုပါဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

လေဆိပ်အတွင်း အခြေခံ အဆောက်အအုံများ တိုးချဲ့တည်ဆောက်ခြင်းအတွက် ပြည်တွင်း-ပြည်ပ စီးပွားရေး လုပ်ငန်းရှင်များအား တင်ဒါခေါ်ယူခဲ့ရာ အကြိုအရည်အချင်း စစ်ဆေးရာတွင် ၁၁ ဖွဲ့ အောင်မြင်ခဲ့သည်။ ယင်းအဖွဲ့များအနက် ၇ ဖွဲ့သာ တင်ဒါ ဆက်လက်တင်သွင်းခဲ့သည်။

“တင်ဒါတင်သွင်းတဲ့ အဖွဲ့ ၇ ဖွဲ့ကနေ ၂ ဖွဲ့ကိုပဲ ရွေးချယ်သွားမှာပါ။ တဖွဲ့က စီမံကိန်းမှာ လက်တွေ့ ဆောင်ရွက် ရမှာပါ။ တဖွဲ့ကတော အရန်ထားရှိမှာ ဖြစ်ပါတယ်။ မတော်တဆ ပထမအဖွဲ့က စီမံကိန်းကို ပြီးဆုံးအောင် မဆောင်ရွက်နိုင်ခဲ့ရင် ဒုတိယ အရန်ထားတဲ့ အဖွဲ့က ဆက်လက် ဆောင်ရွက်ခွင့် ရမှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

တင်ဒါရွေးချယ်မှုကို ဇူလိုင်လအတွင်း အပြီးသတ် ရွေးချယ်သွားမည် ဖြစ်သည်။

“တင်ဒါ တင်သွင်းခဲ့တဲ့ အဖွဲ့တွေမှာ ဂျပန်၊ ပြင်သစ်၊ မလေးရှား၊ စင်္ကာပူ၊ ကိုရီးယား၊ ဂျာမနီ နိုင်ငံစုံက ပါဝင်ပါတယ်” ဟု တင်ဒါတင်သွင်းခဲ့သည့် မြန်မာကုမ္ပဏီတခုမှ မန်နေဂျာ ဦးစိန်သန်း က ဆိုသည်။

လက်ရှိ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် နှစ်စဉ် ခရီးသွားလာမှု တိုးတက်လျက်ရှိရာ ၂၀၁၂ ခုနှစ်တွင် ခရီးသည် ၅၀၀,၀၀၀ ခန့်ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ခရီးသည် ၆,၀၀၀,၀၀၀ ပြည်မီလာနိုင်သည်ဟု ခန့်မှန်းထားသည်။                                                                                                

အဆိုပါ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဧက ၁,၀၀၀ ကျော် ကျယ်ဝန်းကြောင်း သိရသည်။

ခင်မျိုးသွယ်
Mizzima

ဖုန်းဈေးကျမှာကို လွှတ်တော်က ဘာကြောင့် ကြောက်နေသလဲ


ဆက်သွယ်ရေးအော်ပရေတာ လုပ်ပိုင်ခွင့်ရတဲ့ ကုမ္ပဏီအမည် ကြေညာမယ့် အစီအစဉ်ကို ရွှေ့ဆိုင်းပေးဖို့ အစိုးရကို တိုက်တွန်းကြောင်း  မနေ့က ပြည်သူ့လွှတ်တော်မှာ ကန့်ကွက်သူမရှိ ဆုံးဖြတ်လိုက်ပါပြီ တဲ့။

သို့သော်လည်း ဆက်သွယ်ရေးဌာနကတော့ စီစဉ်ထားတဲ့အတိုင်း ဒီကနေ့ ကြေညာပါ့မယ် ဆိုတဲ့အကြောင်း ဆက်သွယ်ရေးအော်ပရေတာလုပ်ငန်း တင်ဒါခေါ်ယူရေး ကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်ကို ကိုးကားပြီး  The Voice Daily သတင်းစာမှာ မျက်နှာဖုံးသတင်းအဖြစ် ရေးထားပါတယ်။

လုပ်ငန်း လုပ်ပိုင်ခွင့်ရမယ့်  ကုမ္ပဏီ ၂ ခု အမည် ကြေညာမယ်လို့ သတင်းထွက်ကတည်းက ဖုန်းကို သင့်လျော်တဲ့ဈေးနဲ့ ကိုင်လိုသူတွေက ၀မ်းသာနေကြတာပါ။ အရံကုမ္ပဏီ ၁ ခု အမည်လည်း ကြေညာမယ်လို့ သိရပါတယ်။

ပြည်သူ့လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဒီကနေ့ The Voice Daily အယ်ဒီတာ့အာဘော်မှာလည်း အခုလို ဝေဖန်ထားပါတယ်။

"နှစ်ပေါင်းများစွာ မြန်မာဆက်သွယ်ရေး လုပ်ငန်း၏ တစ်ဖက်သတ် အနိုင်ကျင့်သကဲ့သို့ အပေါ်စီး ယူလွန်းသည်ကို ခေါင်းငုံ့ ခံခဲ့ရသည့် ပြည်သူလူထုအတွက် နိုင်ငံတကာ အဆင့်မီ ဈေးသက်သာသော မိုဘိုင်းလ် ဆက်သွယ်ရေး လုပ်ငန်းများဖြင့် ဝန်ဆောင်မှု ပေးစေလိုသော စီမံကိန်းတစ်ရပ်ကို ဥပဒေပြုမဏ္ဍိုင်သည် သန်းခြောက်ဆယ်သော ပြည်သူလူထု မျက်နှာနှင့် လက်တစ်ဆုပ်စာ လူတစ်စု မျက်နှာ နှစ်ဖက်အနက် မည်သည့်ဘက်ကို ကြည့်မည်နည်းဟု မေးခွန်းထုတ်ရမည် ဖြစ်သည်"

 ပြည်သူ့လွှတ်တော်မှာ ထိုင်နေတဲ့ အမတ်မင်းတွေ ဘယ်သူ့မျက်နှာကြည့်မှာလဲ လို့ ဗြောင် မေးထားတာပါ။
အမတ်မင်းတွေက ပြည်သူ့မျက်နှာ မကြည့်တဲ့အတွက် အဲဒီလို ဆုံးဖြတ်လိုက်ကြတာ ရှင်းနေပါတယ်။

အမတ်မင်း ဆိုရာမှာ ဒေါ်အောင်ဆန်းစုကြည်တို့လို NLD က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ၊ ကြံ့ခိုင်ရေးပါတီနဲ့ တခြားပါတီများက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ၊ တမတ်သား ကိုယ်စားလှယ်တွေကို ဆိုလိုတာပါ။

သူတို့က တယ်လီဖုန်းကိုယ်စီ ခါးထိုးထားနိုင်သူတွေ ဆိုတော့ ပြည်သူ့မျက်နှာ ဘယ်ကြည့်တော့မလဲ။

ရွှေ့ဆိုင်းရေး အဆိုကို ကန့်ကွက်သူမရှိ ဆုံးဖြတ်တယ် ဆိုတော့ ပြည်သူ့လွှတ်တော်မှာ တယ်လည်း ညီညွတ်ကြပါလားလို့ ဆိုရပါမယ်။

ကန့်ကွက်သူမရှိ သဘောတူတယ် ဆိုတာကိုလည်း ဒီနေ့ထုတ်
ကြံ့ခိုင်ရေးပါတီ သတင်းစာမှာ ရေးထားပါတယ်။
ရွှေ့ဆိုင်းရေး အဆိုတင်သွင်းသူကတော့ တနိုင်းမဲဆန္ဒနယ် ကြံ့ခိုင်ရေးပါတီ အမတ်မင်း ဦးမျိုးဆွေ ဖြစ်ပါတယ်။

"ရေရှည်ယှဉ်ပြိုင်ဆောင်ရွက်ရာမှာ ပြည်တွင်း ကုမ္ပဏီများအနေဖြင့် အခက်အခဲများ၊ ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရနိုင်ပြီး ပြည်ပကုမ္ပဏီများရဲ့ လက်ဝါးကြီးအုပ် ၀ါးမျိုခြင်း ခံရနိုင်တယ် လို့ ပြည်သူလူထုအကြား စိုးရိမ်မှုများ ဖြစ်ပေါ်နေပါတယ်" စသဖြင့် သူက အဆိုတင်သွင်းကြောင်း ကြံ့ခိုင်ရေးပါတီ သတင်းစာ မျက်နှာဖုံးမှာ ရေးထားပါတယ်။

ကုမ္ပဏီတွေ ပြိုင်ဆိုင်ကြတာ ဘယ် ပြည်သူလူထုက  စိုးရိမ်မှာလဲ။
စားသုံးသူဆိုတာ ကုမ္ပဏီတွေ ပြိုင်ဆိုင်တာကို သဘောကျတာ နိုင်ငံတကာရဲ့ ထုံးစံပါ။

ဆက်သွယ်ရေးကုမ္ပဏီတွေ "အခက်အခဲများ၊ ဆုံးရှုံးမှုများ" ရင်ဆိုင်ရတာလည်း နိုင်ငံတကာရဲ့ ထုံးစံပါ။
မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေ အာဏာသိမ်းအုပ်ချုပ်တဲ့ကာလမှာတော့ လုပ်ပိုင်ခွင့် ရတဲ့ ဆက်သွယ်ရေးကုမ္ပဏီတွေက ဒီလို ဘယ်ရင်ဆိုင်ရပါ့မလဲ။

အမတ်မင်း ဦးမျိုးဆွေရဲ့ အခြေအမြစ်မရှိတဲ့ အထက်ပါ စကားလုံးတွေကို သူ့ပါတီက အမတ်တွေ၊ တမတ်သား အမတ်တွေ သဘောတူတာကြတော့ သဘာဝကျပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နဲ့ တခြား အတိုက်အခံအမတ်မင်းများက သဘောတူလိုက်ကြတာကတော့ အံ့သြဖွယ်ပါပဲ။ ဘာကြောင့် ထောက်ခံလိုက်တာလဲ။ အိပ်ငိုက်နေတာကြောင့်များလား။
ပြည်သူတွေ တယ်လီဖုန်း ဖောဖောသီသီ အသုံးပြုချင်တာကို မသိလို့လား။
ပြည်သူတွေ ဘာလိုချင်တယ် ဆိုတာကို မသိဘူး ဆိုရင်တော့ ပြည်သူတွေကြားထဲ မသွားဘဲ နေပြည်တော်မှာ သွားထိုင်တာ သိပ်များသွားပြီလို့ ဆိုရပါမယ်။

ဖုန်းဈေးကျမှာကို လွှတ်တော်က ဘာကြောင့် ကြောက်နေသလဲ လို့ ပြည်သူတွေက မေးကြပါတော့မယ်။

အခုလောက် ဆိုရင် ပြည်သူ့လွှတ်တော် အမတ်မင်းတွေဟာ  "ဘာကြောင့် သဘောတူလိုက်ကြတာလဲ" ဆိုတဲ့ သတင်းထောက်များရဲ့ မေးခွန်းကို  ဖြေဆိုနိုင်ဖို့ ဥာဏ်နီဥာဏ်နက် ထုတ်နေကြပြီလို့ ယူဆပါတယ်။

ဧရာဝတီ

လွှတ်တော်သည် ပိုမိုအားကောင်း လာသည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား


ဇွန် ၂၆ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်
လွှတ်တော်သည် ပိုမိုအားကောင်း လာသည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဇွန် ၂၆ ရက် လွှတ်တော်အစည်းအဝေး မစတင်မီ သတင်းထောက်များကို ပြောကြားသည်။
လွှတ်တော် အစည်းအဝေးများကို ၂၀၁၁ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှစ၍ ကျင်းပခဲ့ပြီး အထူးအစည်းအဝေး တစ်ကြိမ်၊ ပုံမှန်အစည်းအဝေး ခြောက်ကြိမ် ကျင်းပခဲ့ပြီး လက်ရှိတွင် သတ္တမအကြိမ် ပုံမှန်အစည်းအဝေး ကျင်းပလျက် ရှိသည်။
   
လွှတ်တော်အစည်းအဝေး ဒုတိယ သက်တမ်းတွင် ပြည်ထောင်စုလွှတ်တော် နာယကအဖြစ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောင်းလဲတာဝန် ယူမည်ဖြစ်သောကြောင့် လွှတ်တော်သည် ပိုမိုအားကောင်း လာနိုင်သည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။
"နာယက ပြောင်းတာကြောင့်လို့ မပြောလိုပါဘူး။ ဘယ်နာယကကြီးပဲဖြစ်ဖြစ် အကောင်းဆုံး လုပ်ကြမှာပါပဲ။ လွှတ်တော်ရဲ့ ပုံစံကိုက တစ်နေ့ထက်တစ်နေ့ ပိုအားကောင်းလာတာ" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း ယခင်က လွှတ်တော်အစည်းအဝေးများကို ငါးမိနစ်လွှတ်တော်ဟု ဝေဖန်ကြကြောင်း၊ နောက်လက်ညှိုးထောင် ခေါင်းညိတ်လွှတ်တော်ဟု ခေါ်ဝေါ်ကြကြောင်း၊ လက်ရှိတွင် အနောက်နိုင်ငံများ အပါအ၀င် နိုင်ငံအများစုမှာ လွှတ်တော်သည် ပိုမိုပီပြင် အသက်ဝင်လာသည်ဟု လက်ခံလာကြကြောင်း ပြီးခဲ့သည့် လွှတ်တော်အစည်းအဝေးများတွင် ပြောကြားသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်သည် ပြည်သူများအပေါ် အကျိုးသက်ရောက်မှု အားနည်းနေသေးကြောင်း ဇွန် ၉ ရက်က ပြင်ဦးလွင်မြို့တွင် လူထုတွေ့ဆုံပွဲ ပြုလုပ်စဉ်က ဝေဖန်ပြောကြားသည်။

From: EMG

Need for Speed ကို ရုပ်ရှင် ရိုက်ကူးပြီ


ကမ္ဘာကျော် ပြိုင်ကားမောင်း ဂိမ်း စီးရီး ဖြစ်တဲ့ Need for Speed ကို ရုပ်ရှင် အဖြစ် ရိုက်ကူးနေပြီ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလလောက်မှာ ရုံတင်ဖို့အတွက် ယာထားပြီး ရိုက်ကူးနေပြီ ဖြစ်တဲ့ ရုပ်ရှင် ဖြစ်ပါတယ။် ရိုက်ကွင်းကို အမေရိကန်တင် မကပဲ အခြားသော နိုင်ငံများမှာလည်း သွားရောက် ရိုက်ကူးထားတယ်လို့ ဆိုပါတယ်။ Story ကတော့ ဘယ်ဂိမ်းကို အခြေခံသလဲ မသိရသေးပါဘူး။ အများစုကတော့ Story ကောင်းတဲ့ The Run နဲ့ Hot Pursuit နှစ်ခုထဲက တစ်ခုခုကို အခြေခံမယ်လို့ ယုံကြည်ထားကြပါတယ်။

ဟောလိဝုဒ် ရုပ်ရှင်မင်းသား Aaron Paul ဦးဆောင်ပါဝင်ပြီး ပြိုင်ကားလောကမှ တကယ့် Racer များလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့အကောင်းဆုံး ကားတွေချည်း ဂိမ်းတွေထဲကလို အသုံးပြုထားပါတယ်။ Bugatti, Lamborghini, Ferrari, Porsche တို့အပြင် ကမ္ဘာ့အမြန်ဆုံး၊ ဈေးအကြီးဆုံး ပြိုင်ကားတွေ ချည်း မြင်တွေ့ရမှာပါ။ ကားတွေနဲ့တင် အမေရိကန်ဒေါ်လာ သန်း ရာချီ၊ ထောင်ချီကုန်ကျတဲ့ ရုပ်ရှင်မို့ ကမ္ဘာ့ကုန်ကျစရိတ်အများစု ရုပ်ရှင် ကားစာရင်းထဲမှာလည်း ပါဝင်လာနိုင်ချေ ရှိပါတယ်။ လေယာဉ်ပျံ၊ ရဟတ်ယာဉ် တို့လည်း ပါဝင် အသုံးပြုပါတယ်။

လက်ရှိ ရိုက်ကူးနေမှု တစ်ဝက်ကျော်နေပြီ ဖြစ်ပြီး ၂၀၁၄ ဖေဖော်ဝါရီမှာ ကမ္ဘာအနှံ့ ရုံတင်မယ့် ရုပ်ရှင်ကားကြီး ဖြစ်ကြောင်း သိရပါတယ်။
.
Ref: techblog
Aung Kham (TSJ team)

တိုင်းမ်မဂ္ဂဇင်းကို ပိတ်ခြင်းက ယခင် အစိုးရလက်ထက် ပြန်ရောက်သလိုဟုဆို


ဦးဝီရသူ ဆောင်းပါး ပါဝင်သည့် ဇူလိုင် လတစ်ရက်ထုတ် တိုင်းမ်မဂ္ဂဇင်းအား မြန်မာနိုင်ငံတွင်း ဖြန့်ချိခွင့် ပိတ်ပင်ခြင်းသည် စာနယ်ဇင်းလွတ်လပ်ခွင့်အတွက် မေးခွန်းထုတ်စရာဖြစ်နေပြီး ယခင် အစိုးရလက်ထက်သို့ ပြန်ရောက်သွားသလိုဖြစ်ကြောင်း စာနယ်ဇင်းကောင်စီ(ယာယီ)အတွင်းရေးမှူး ဦးကျော်မင်းဆွေက မဇ္ဈိမကိုပြောသည်။

၎င်းက ''အရင်ကတော့ တစ်လျှောက်လုံး မြန်မာပြည် အကြောင်း ကာဗာစတိုရီ တင်သမျှ နယူးစ်ဝိခ်၊ တိုင်မ်း ဘယ်စာစောင်မဆို စာမျက်နှာတွေဖြုတ်ပြီးတော့ လာခဲ့တယ်။ အဲဒီ့ခေတ် အဲဒီ့ ကာလကို ပြန်ရောက်သွားသလို ဖြစ်နေပြီလား။ မြန်မာပြည်က ဂျာနယ်လစ်တွေ စိုးရိမ်မယ်ဆိုလည်း စိုးရိမ်စရာပဲ'' ဟု ပြောဆိုလိုက်သည်။

သတင်းစာဆရာကြီး ဦးဝင်းတင်ကလည်း တိုင်းမ်မဂ္ဂဇင်းဖြန့်ချိခွင့် ပိတ်ပင်ခြင်းကို သဘောမကျကြောင်း၊ တိုင်းမ်မဂ္ဂဇင်းသည် ပြည်တွင်း၌ ရောင်းချခွင့်မရှိသော်လည်း အင်တာနက်မှတစ်ဆင့် ဖတ်နိုင်သောကြောင့် ပိတ်ပင်သောနည်းလမ်းသည် အကျိုးမရှိသဖြင့် ထိုနည်းအစား ဆောင်းပါးရေးကာ ပြန်လည်တုံ့ပြန်ခြင်း မျိုးကိုသာ သုံးသင့်သည်ထင်ကြောင်း ဆိုသည်။

ဦးဝင်းတင်က ''အင်တာနေရှင်နယ် မီဒီယာဆိုတာ ပြည်တွင်းကလို သူတို့လုပ်ချင်တိုင်း လုပ်လို့မရဘူး။ သူတို့ရေးသင့်ရင် ရေးမှာပဲ။ သတင်းဖြစ်ရင် ရေးမယ်။ အယူအဆ ရှိရင်ရေးမှာပဲ။ ဒီလိုပိတ်ပင်ခြင်းလုပ်ရင်
ပြည်တွင်းမှာလည်း ပိတ်ပင်တာတွေ တားတာ ဆီးတာ ပိတ်ပင်တာ။ နောက်ပိုင်းကျရင် ဒီကနေတစ်ဆင့် သတင်းထောက်တွေကို ပိတ်တာပင်တာ ဒါတွေလည်း အများကြီးပေါ်လာ နိုင်တာပေါ့'' ဟု မဇ္ဈိမကို
ပြောသည်။

လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ ထပ်မံမဖြစ်ပွားစေရေးအတွက် တိုင်းမ် မဂ္ဂဇင်းတွင်ပါသော "The Face of Buddhist Terror" ခေါင်းစဉ်ဖြင့် ဆောင်းပါးကို မြန်မာနိုင်ငံအတွင်း၌ မူရင်းစာစောင်အတိုင်း ဖြစ်စေ၊ မိတ္တူပွား၍ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ လက်ဝယ်ထားရှိခြင်း မပြုလုပ်ရန် အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီက ဇွန်လ ၂၅ ရက်က ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ထိုအရေးပေါ်ကာလ စီမံခန့်ခွဲရေးဗဟို ကော်မတီကို ယခုနှစ် မတ်လ ၃ဝ ရက်က သမ္မတ ဦးသိန်းစိန်၏ အမိန့်ဖြင့် ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုက ဥက္ကဋ္ဌအဖြစ်ပါဝင်ကာ အဖွဲ့ဝင် ၁ဝ ဦးဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ထိုဆောင်းပါးကို ၂ဝ၁၃ ခုနှစ် ဇူလိုင်လ (၁) ရက်ထုတ် တိုင်းမ် မဂ္ဂဇင်းမျက်နှာဖုံးတွင် ဆရာတော်ဦးဝီရသူ၏ ဓာတ်ပုံဖြင့်ဖော်ပြ ထားခြင်းဖြစ်ပြီး ဆောင်းပါးတွင် ဦးဝီရသူ သည် အမုန်းတရားများကို ဟောနေကြောင်း၊ မြန်မာနိုင်ငံရှိဗုဒ္ဓဘာသာဝင်အချို့သည် သွေးဆူနေသည်ဟု စွပ်စွဲရေးသားထားသည်။

ထိုသို့ရေးသားခြင်းသည် သတင်းကျင့်ဝတ်အရ မှားယွင်းပြီး တစ်ဖက်စောင်းနေသည်ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီမှ ဦးသီဟစောက သူ့အမြင်ကိုပြောသည်။ သို့သော် ဖြန့်ချိခွင့် ပိတ်ပင်ခြင်းကိုမူ သဘောမကျကြောင်း ဆိုသည်။

တိုင်းမ်မဂ္ဂဇင်းအား ပိတ်ပင်ခြင်းအပေါ် ပြည်တွင်းမှ သတင်းသမားများအနေဖြင့် စာနယ်ဇင်းလွတ်လပ်ခွင့်အား ထိပါးမည်ကို စိုးရိမ်ကြပြီး ပြည်တွင်းမှ သတင်းစာ၊ ဂျာနယ်များကိုလည်း ပိတ်ပင်မှုများလုပ်လာမည်ကို စိုးရိမ်နေကြသည်။

ဦးကျော်မင်းဆွေက ''ဒီလိုပိတ်ပင်မယ်ဆိုရင် အယ်လ်ဂျာဇီးယားလို တီဗွီ Channal မျိုးက ဒါမျိုးလုပ်နေတာ ကြာပြီ။ နောက်တစ်ခါ နယူးယောက်တိုင်းမ်မှာလည်း ဒါမျိုးဖော် ပြတာရှိတယ်။ နောက်တစ်ခါ ဒီပလိုမက် စာစောင်မှာလည်း ဒီလိုဖော်ပြတာမျိုးရှိတယ်။ ပိတ်မယ်ဆိုတဲ့ ရှုထောင့်ကကြည့်ပြီး လိုက်ပိတ်မယ်ဆို ပိတ်စရာတွေ အများကြီးကျန်မယ်။
ဒါပေမယ့် အဲလို လိုက်ပိတ်ခြင်းဖြင့် ပြဿနာပြေလည်လားဆိုတော့ ပြေလည်တယ်လို့ မထင်ဘူး'' ဟု ၎င်း၏ အမြင်ကို ပြောဆိုလိုက်သည်။

သိင်္ဂီထွန်း
Mizzima - News in Burmese

မုဒိမ်းမှုကို ရင်ဆိုင်ကျော်လွှားခြင်း


မုဒိမ်းမှုကို ရင်ဆိုင်ကျော်လွှားခြင်း မုဒိမ်းမှု ဖြစ်ပွား ပြီးနောက် ပြုကျင့် ခံရသည့် အမျိုသမီး အတွက် ရုပ်ပိုင်း ဆိုင်ရာရော၊ စိတ်ပိုင်း ဆိုင်ရာ မှာပါ ထိခိုက် မှုများ ရှိပါသည်။ မိန်းမကိုယ်မှ အရည်များ ဆင်းနေသည့် ပြဿနာ ဆက်လက် ခံစားရခြင်း၊ မိန်းမကိုယ် တစ်ဝိုက် ယားယံ နေခြင်း စသည့် ဝေဒနာများ ကျန်ရစ်တတ်ခဲ့ပါသည်။ ထိုအနေ အထားများ ဖြစ်ရသည့် အကြောင်းရင်းမှာ မှိုပိုး သို့မဟုတ် ကပ်ပါးပိုး ကူးစက်ဝင်ရောက်ခံရခြင်း ကြောင့်ဖြစ်သည်။

ထို့ပြင် အညိုအမည်း စွဲခြင်း၊ ရောင်ရမ်းခြင်း၊ထိလျှင်နာကျင်ခြင်း စသည့်ဝေဒနာ များကိုလည်း မုဒိမ်း ကျင့်ခံရပြီးနောက် နာရီပေါင်း များစွာ ထိဆက်လက် ခံစားနေရ တတ်သည်။ ထိုဝေဒနာများ ခံစားနေရပါက မူလက ပြသစစ်ဆေး ခဲ့သော ဆရာဝန် ထံ ပြန်သွားပြီး မှတ်တမ်း တင်ထားပါ။ အချို့သော အမျိုးသမီး များတွင် အစာဟောင်း အိမ်ပတ်လည်၌ အနည်းငယ် စုတ်ပြဲနေ သည်ကိုလည်း တွေ့ရတတ်သည်။

မုဒိမ်းကောင်က စအိုတွင်း ဆက်ခံရန် ဝမ်းသွားလျှင် ညှစ်သည့် အခါ
သွေးထွက်လာတတ်သည်။ ဤကြုံတွေ့ရမှုကိုလည်း ဆရာဝန်ထံ သတင်းပို့ပါ။ အချိန်ကြာ တော့မှ ထိုသို့ ကြုံရ သည်ဖြစ်စေ သတင်းပို့ပါ။ မုဒိမ်းကျင့် ခံရပြီးနောက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတစ်မျိုးမျိုး မကြုံရသည့် အမျိုးသမီးမရှိပါ။ တစ်ဦး နှင့်တစ်ဦးတော့ ကွာခြား နိုင်ပါသည်။

တချို့မှာ အေးဆေးငြိမ် သက်စွာ ရှိတတ်သည်။ မည်သို့ပင် ရှိစေကာမှု စိုးရိမ်သောက ဖြစ်ခြင်းသည် ပုံမှန်အတိုင်း ဖြစ်ပါသည်။ အချို့၏ အမှုအရာမှာ စိတ်လွတ် ကိုယ်လွတ် ဖြစ်သွားတတ်သည်။ မုဒိမ်းကျင့်ခံရသည့် အမျိုး သမီးတစ်ဦးသည် အထီးကျန် ရှိနေစေခဲ့လျှင် စိုးရိမ်သောကဖြစ်ခြင်း သည်လည်း ဖြစ်ရိုးဖြစ်စဉ် ဖြစ်ပါသည်။ အိပ်မရဘဲဖြစ်ခြင်းကိုလည်း ကြုံရနိုင် ပါသည်။

အဝေးသို့ ထွက်ပြေးပြီး အခြားသူများနှင့် မတွေ့ချင်တော့ဘဲ ပုန်းရှောင်ခြင်း သည်လည်း ဖြစ်လေ့ဖြစ်ထရှိပါသည်။ မိသားစုဝင်များနှင့် သူငယ်ချင်း မိတ်ဆွေ များ၏ အကူအညီဖြင့်ထိုခံစားချက်များ ပျောက်သွားစေ နိုင်ပါသည်။ တစ်ယောက်တည်း နေခြင်းထက် မိသားစုများ၊ မိတ်ဆွေများနှင့်နေခြင်းက ထိုခံစားချက်များ မြန်မြန်ပျောက် လွယ်ပါသည်။

Health Digest

ယွန်းဝတီလွင်မိုးကို ခိုးပြေးသည်ဟု သတင်းထွက်ပေါ်ကြောင်း ရေးသား ဖော်ပြခဲ့သည့် Unity ဂျာနယ် ပြန်တောင်းပန်


အပတ်စဉ်ထုတ် ဂျာနယ်တစ်စောင် ဖြစ်သော Unity ဂျာနယ်၏ ဇွန်လ ၂၂ ရက်နေ့ ထုတ်တွင် မျက်နှာဖုံး သတင်းအဖြစ် ဖော်ပြပါရှိသော ‘ယွန်းဝတီလွင်မိုးကို ခိုးပြေးသည်ဟု သတင်းများ ထွက်ပေါ်’ဟူသော သတင်းအတွက် အဆိုပါ သတင်းခေါင်းစဉ်နှင့် သတင်းသည် သရုပ်ဆောင် ယွန်းဝတီလွင်မိုးနှင့် သူ၏မိသားစုအား ဂုဏ်သိက္ခာ ညှိုးနွမ်းစေသော စကားလုံး အသုံးအနှုန်းများ သုံးစွဲမိသောကြောင့် သူ၏မိဘဆွေမျိုးများ၊ ပရိသတ်များကို Unity ဂျာနယ် အယ်ဒီတာအဖွဲ့က ပြန်လည် တောင်းပန်ကြောင်း ယင်းဂျာနယ်၏ တာဝန်ခံအယ်ဒီတာ စရဲမင်းထွန်းက The Voice သို့ပြောကြားသည်။

“အခြေအနေ၊ အကြောင်းကြောင်းတွေကြောင့် ဒီသတင်းရဲ့ မှန်ခြင်း၊ မှားခြင်းကို ကျွန်တော်တို့ ဘာမှ မပြောလိုတော့ပါဘူး။ ဒီသတင်း ထွက်ပေါ်လာမှုအပေါ် ကျွန်တော်တို့ တိုက်က သတင်းထောက်က ကိုလွင်မိုးကို ဆက်သွယ် မေးမြန်းပြီး သတင်းအဖြစ် ဖော်ပြခဲ့တဲ့ နေရာမှာ သုံးနှုန်းခဲ့တဲ့ သတင်း ခေါင်းစဉ်နဲ့ ပတ်သက်ပြီး ကောလာဟလဆိုတဲ့ စကားလုံး မပါတဲ့အတွက် ပရိသတ်တွေ အထင်အမြင် မှားမှာစိုးတဲ့အတွက် မမေသူကနေ ကျွန်တော်တို့ တိုက်က လူကြီးပိုင်းတွေက တစ်ဆင့် ပြန်လည် တောင်းပန်ဖို့ တောင်းဆိုတဲ့ အတွက် တောင်းပန်ပေးတာပါ” ဟု သတင်းအတွက် ပြန်လည် တောင်းပန်ရခြင်း အကြောင်းကို ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ သတင်းအတွက် ၎င်းတို့ဘက်က မှားယွင်းသည့် အချက်များမှာ သရုပ်ဆောင် ယွန်းဝတီလွင်မိုးသည် အသက် ၁၄ နှစ်အရွယ်သာ ရှိသေးသည့်အတွက် ကလေးသူငယ် ဥပဒေအရ ယင်းကဲ့သို့ သတင်းမဖော်ပြသင့်သည့် အချက်နှင့် သတင်းတွင် သုံးစွဲထားသော ဓာတ်ပုံမှာလည်း တရားဝင် ခွင့်ပြုချက် ရယူပြီး မသုံးစွဲခဲ့သည့် အချက်များ ဖြစ်ကြောင်း ဦးစရဲမင်းထွန်းက ဆိုသည်။

သရုပ်ဆောင် ယွန်းဝတီလွင်မိုး ခိုးပြေးခံရသည်ဟု သတင်းများ ထွက်ပေါ်ခဲ့မှု အပေါ် Unity ဂျာနယ်မှ သတင်းထောက် တစ်ဦးက ယွန်းဝတီလွင်မိုး၏ ဖခင်ဖြစ်သူ သရုပ်ဆောင်လွင်မိုးကို ဆက်သွယ် မေးမြန်းရာတွင် ထိုသတင်းသည် မိသားစု၏ ဂုဏ်သိက္ခာ ထိခိုက်အောင် လုပ်ဆောင်ခြင်းသာ ဖြစ်ပြီး လုံးဝ မမှန်ကန်ကြောင်းနှင့် ကလေးမှာလည်း ကျောင်းသူ အရွယ်သာ ရှိသေးသည်ဟု ပြန်လည် ဖြေကြား ခဲ့သော်လည်း Unity ဂျာနယ်မှ အဆိုပါ သတင်းကို မျက်နှာဖုံးတွင် ဖော်ပြရာတွင် ကောလာဟလ ဟူသည့် စကားလုံး တစ်လုံးမှ မပါဝင်သည့် အတွက် စာဖတ် ပရိသတ်များက ဂျာနယ် အတွင်းရှိ ကိုလွင်မိုး၏ ဖြေရှင်းချက်ကို မဖတ်မိဘဲ မျက်နှာဖုံးကိုသာ ကြည့်မိပါက နားလည်မှု လွဲမှားနိုင်သည့် အတွက် ပြန်လည် တောင်းပန်ခိုင်း ရခြင်း ဖြစ်ကြောင်းနှင့် ယင်းသတင်းမှာ လုံးဝ မမှန်ကန်ကြောင်း ယွန်းဝတီလွင်မိုး၏ မိခင်ဖြစ်သူ ဒေါ်မေသူက The Voice သို့ပြောကြားသည်။

“အစ်မက ဒီသတင်း ပါလာတဲ့အခါ Unity ဂျာနယ်ကို ဖုန်းဆက်တော့ သတင်း အယ်ဒီတာ နှစ်ယောက်နဲ့ သတင်းထောက်ချုပ် တို့အိမ်လာကြတာယ်၊ အယ်ဒီတာ နှစ်ယောက်က တောင်းပန်ကြပေမယ့် သတင်းထောက်ချုပ် ဆိုတဲ့လူက လုံးဝမတောင်းပန်ဘူး။ သူက အစ်မရယ် အနုပညာရှင်ဆိုရင် ကောလာဟလ ထွက်လာတဲ့အခါ သတင်းသမားကတော့ ရေးမှာပဲလို့ ပြောတယ်။ အစ်မကတော့ ရှင်တို့ ဒီလိုရေးလို့ မရဘူးလို့။ ကျွန်မသမီးက ကလေးပဲ ရှိသေးတယ်။ ကျွန်မရဲ့အုပ်ထိန်းမှုအောက်မှာ ယဉ်ယဉ်ကျေးကျေး၊ စည်းကမ်းရှိရှိ နေနေတာလို့ ပြောလိုက်တယ်။ အစက အစ်မ တောင်းပန်ရင် ကျေအေးမလို့၊ မတောင်းပန်တဲ့ အတွက် ရှေ့နေကနေ Notice စာပို့မလို့ လုပ်နေတာ။ အခုလို တောင်းပန်ရင်တော့ အစ်မဘက်က ကျေအေးပါတယ်” ဟု ဒေါ်မေသူ က Unity ဂျာနယ်၏ ပြန်လည် တောင်းပန်မှုအပေါ် သူ၏သဘောထားကို ဖွင့်ဟသည်။

The Voice Weekly

မိန်းကလေး တစ်ယောက် အနေနဲ့ ကိုယ်ခန္ဓာ အလှကို ဂရုစိုက် သင့်တယ်


ကမ္ဘာပေါ်မှာ ရှိကြတဲ့ လူသားတိုင်း ကျန်းမာခြင်းနဲ့ အတူ လှပခြင်း ကိုလည်း ပိုင်ဆိုင် ချင်ကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ အသားအရေလှလိုက်တာ၊ ဆံပင် ကောင်းလိုက်တာ၊ သွား လေးတွေက
ပုလဲလေးတွေ စီထားတဲ့ အတိုင်း ညီညာလိုက်တာ စသည် ဖြင့် ပိုင်ဆိုင်ချင်ကြမှာပါပဲ။ ဒီလို အလှတရားတွေ ပိုင်ဆိုင်ဖို့ အတွက် ဘယ်လို ထိန်းသိမ်းလေ့ ရှိလဲဆိုတာ လေ့လာကြည့် လိုက်ရအောင် .....

လုပ်ဖြစ်တဲ့လေ့ကျင့်ခန်း
အားကစားအနေနဲ့ဆို ခါးလှည့်တဲ့ လေ့ကျင့်ခန်းကို လုပ်ဖြစ်နေတယ်။ ခါးလှည့်တဲ့ လေ့ကျင့်ခန်းက ချက်ချင်းတော့ သူ့အကျိုးကျေးဇူးက မသိသာဘူး။ နှစ်ချီပြီးတော့လုပ်ရတာ။ ခါးလှည့်တော့ ကျောက အဆီ ကျတယ်။ ခါးအဆီလည်း မတက်ဘူး။ ခါးကိုလည်း သေးစေတယ်။ အချိန်ကုန် ငွေကုန်မရှိဘူး ဒီလေ့ကျင့်ခန်းက အချိန်လည်း မကုန်ဘူး။ စက်တွေနဲ့လည်း လုပ်စရာ မလိုဘူး။ အိမ်မှာ ဝါးလုံး လေးတစ်ချောင်းရှိရင် အဆင်ပြေ ရွေးပြီးတော့ လုပ်ဖြစ်တယ်။ ခါးလှည့်တဲ့အပြင် ကြက်တောင် ရိုက်တာတို့ စက်ဘီး စီးရတာကို လည်း သဘောကျတယ်။

ဓာတုဆေးဝါးမသုံးပါနဲ့
အသီးအရွက်များများစားပါ။ နွားနို့သောက်ပါ။ အသားတွေ သိပ်မစားပါနဲ့။ ဓာတုဆေးဝါးက ချက်ချင်းတော့ သိသာပါတယ်။ ဒါပေမဲ့ ကြာရင်တော့ အဆင်မပြေဘူး။ အားကစား လေ့ကျင့်ခန်း လုပ်တာက အဆင်ပြေတယ်။ ဓါတုဆေးဝါးကိုမသုံးတာကောင်းပါတယ်။

အသီးအရွက်များများစားပါ
ကျန်းမာရေးက အရေး ပါပါတယ်။ လူတစ်ယောက်ရဲ့ခန္ဓာကိုယ် ထဲမှာအောင်းနေတဲ့ ချွေးပုပ် တွေကို ထွက်စေတဲ့ အတွက်လည်း ကောင်းတယ်။ အမောလည်း ခံနိုင်တယ်။ ခါးလှည့်တဲ့ လေ့ကျင့်ခန်းလည်း လုပ်ပါ။ အသီးအရွက် စားပါ။ မိန်းကလေး တစ်ယောက် အနေနဲ့ ခန္ဓာကိုယ် အလှကို ဂရုစိုက်သင့်တယ်လို့ ထင်ပါတယ်။
မြ၀တီ

အမျိုးသားများ စိတ်ဖြေခြင်း (Male MASTURBATION)



ပြဿနာ(၁)
ဆရာ ကျွန်တော် သုံးရက် တစ်ခါ လောက်စိတ်ဖြေမှု လုပ်လေ့ ရှိပါတယ်။ ကျွန်တော်တကယ် မလုပ်ချင်ပါဘူး။ ဒါပေမယ့် လုပ်နေမိတယ်။ အခု ကျွန်တော့် မင်္ဂလာဆောင်ပြီး ပါပြီ။
ကျွန်တော့် သတို့သမီးကို မဖြည့် စွမ်းနိုင်မှာ ကြောက်မိပါတယ်။ ကျွန်တော့် သူငယ်ချင်းတွေက ဒီလို စိတ်ဖြေ ခြင်းက ကိုယ်ကို အားနည်းစေပြီး၊ လိင်အင်္ဂါ ထောင်မတ်မှုကို လျော့နည်း စေတယ် လို့ပြောပါတယ်။ ကူညီပါဦး ဆရာ။

ပြဿနာ(၂)

ဆရာ ကျွန်တော် အသက် (၁၅) နှစ်ရှိပါပြီ၊ မိဘတွေ မရှိတိုင်း မိန်းကလေး တွေရဲ့ ဓာတ်ပုံကြည့်ပြီး ကျွန်တော်စိတ် ဖြေလေ့ရှိပါတယ်။ အခု နောက်ပိုင်း ကျွန်တော် အချိန်တိုင်း နုံးနေလေ့ ရှိပါပြီး။ စာသင်တာတောင် စိတ်မဝင် စားနိုင်တော့ ပါဘူး။ ကျွန်တော် ကြားဖူး တာက စိတ်ဖြေတာ များသွားရင် ရူးသွားတာမျိုး၊ မျက်လုံးကန်းသွားတာ မျိုးဖြစ်စေတယ် လို့ဆိုပါ တယ်။ ဟုတ်ပါသလား ဆရာ။

စသည်ဖြင့် စိတ်ဖြေခြင်းနှင့် ပတ်သက်ပြီး အယူအဆ အမျိုးမျိုးရှိ ကြပါတယ်။ သို့ သော်လည်း တစ်ချိန်က အမေရိကန်မှ ခွဲစိတ် ဆရာဝန် တစ်ယောက်က ကျောင်းသင်ရိုး ညွှန်းတန်းနဲ့ စိတ်ဖြေခြင်းက ကျန်းမာရေးနှင့် ညီညွတ်ပြီး စိတ်ချရကြောင်းထည့် သင်သည်ဟု တိုက်တွန်း ခဲ့သည့်အတွက် ရာထူးမှ ထုတ်ပယ်ခံခဲ့ရဖူးလေသည်။ စိတ်ဖြေခြင်းနှင့် ပတ်သက်၍ ကောင်း သည့် အကျိုးများမှာ-

၁။ သုတ်ပိုးများ အသစ်ပြန်ဖြစ်စေခြင်း

လေ့လာမှုအမျိုး မျိုးက သုက်လွှတ် ခြင်းက သုက်ပိုးများ၏ အရေအတွက် နှင့်လှုပ်ရှားမှု အားပို၍ တိုးတက်စေ ကြောင်း အကြံပြုခဲ့သည်။ အကြောင်းမှာ အို ဟောင်းနေသော သုက်ပိုးများ နေရာတွင်သုက်ပိုး အသစ်များက စားထိုးလာသော ကြောင့်ဖြစ်ပြီး၊ ယင်းက သန္ဓေအောင် နိုင်မှုနှုန်းကို မြင့်တက်စေသည်။

၂။ စိတ်ဖိစီးမှု လျော့နည်းစေခြင်း

စိတ်ဖြေခြင်းက စိတ်ဖိစီးမှုကို ပြေပျောက် စေသော နည်းကောင်း တစ်ခု ဖြစ်သည်။ စိတ်ဖြေစဉ်တွင် စိတ်ညစ်ခြင်းကို သက်သာစေသော နိုပါမင်းနှင့် အောက်ဆီတို စင်ကဲ့သို့သော ဟော်မုန်းများ ထွက်စေသည်။ ထို့ပြင် စိတ်ဖြေ ခြင်းထက် ပိုကောင်း သောအိပ်ဆေး မရှိသေး ပေ။

၃။ လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါကို လျော့နည်းစေခြင်း

စိတ်ဖြေခြင်းကို အကောင်းဖက်မှ တွေးလျှင် အခြားသော သူများနှင့် လိင်ဆက်ဆံမှု လျော့နည်း စေသည့် အတွက် လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများ ပျံ့ပွားခြင်းကို လျော့နည်း စေသည်။

၎။ ဆီးကျိတ် ကင်ဆာ ဖြစ်ပွားမှုနှုန်း လျော့နည်းစေခြင်း

၂၀ဝ၃ခုနှစ် ဩစတေးလျ လေ့လာမှု တစ်ခုအရ တစ်ပတ်လျှင် ငါးကြိမ်နှင့် အထက် သုက်လွှတ် သူများသည် ဆီးကျိတ် ကင်ဆာ ဖြစ်ပွားမှုကို လျော့နည်း စေသည်ဟုဆိုသည်။ ထို့ပြင် စိတ်ဖြေခြင်းက ခန္ဓာကိုယ်ထဲ ရှိသွေးများကို ပျံ့နှံ့သွားစေ၍ ကင်ဆာ ဆဲလ်များ စုပုံခြင်းအား ကာကွယ်ပေး လေသည်။ အများစုက ကာလရှည်ကြာ စိတ်ဖြေ ခဲ့သော လူနာများတွင် သူနှင့်အတူ နေထိုင်မည့် လိင်ပိုင်းဆိုင်ရာ အဖော် မရနိုင်ခြင်းနှင့် ဆက်စပ် နေသည်ဟု လွဲမှားစွာ လက်ခံ ထားခဲ့သည်။ သို့သော်လည်း အမှန်က စိတ်ဖြေခြင်း များများ လုပ်ခဲ့သူမှာ အိပ်ခန်းထဲတွင် ဘုရင် ဖြစ်လေသည်။ များများ လေ့ကျင့်လေ ပိုကောင်း လေဆိုသော သဘောပင် ဖြစ်လေသည်။

ဒါကြောင့် သင့်စိတ်က လိုအပ်ပြီဟု ခံစားရတိုင်း စိတ်ဖြေခြင်းက ကျန်းမာရေးကို ထိခိုက်စေမှု မရှိပေ။ ကျန်းမာရေးကို ထိခိုက်မှု မရှိစေသော်လည်း ယင်းအကျင့်က အလုပ်အကိုင်နဲ့ မိမိနှင့် ဆက်ဆံ သူများတွင် သက်ရောက်မှုရှိ လာပါက ရှောင်ကြဉ် သင့်ပါသည်။

ဖိုးသောကြာ

Ref: MNT

Health Updates Journal

Vol-2,No-3

Male Virginity - လူပျိုစစ်တယ် ပြောတာဘဲ


Q 1: အပျိုတကယ် စစ်ပါတယ်ကို ဖတ်ပြီးတော့ သမီးတို့ မသိသေးတာတွေ တောင်ပါလို့ ဗဟုသုတ ရပါတယ်။ ကျေးဇူး တင်ပါတယ်။ လူပျိုတကယ် စစ်ပါတယ် ဆိုတာလဲ ဖတ်ချင်ပါတယ်။ ဘယ်လိုသိနိုင်လဲ ဖြေပေးပါနော်။
2010/10/19
Q 2: သမီးတို့ မိန်းခလေးတွေကို အပျို စစ်-မစစ် ကို ဆေးပညာအရ ကြည့်လို့ ရတယ်ဆိုရင် ယောက်ကျားလေးတွေ ကိုရော လူပျို စစ်-မစစ် ဘယ်လို ကြည့်ရလဲ သိချင်ပါတယ်။

ခုခေတ်မှာ Communication ကို တကမ္ဘာလုံးနဲ့ အလွယ်လေး လုပ်နေကြတာမို့ ဘယ်သူတွေ ဘယ်လို မြင်ကြသလဲ- ထင်ကြသလဲ သိဘို့၊ ကိုယ်က ပြောချင်တာ ပြောဘို့ဆိုတာ ပိုက်ဆံမကုန်ဘူး ပြောရလောက်အောင် ဈေးကလဲ ချိုလှတယ်။ “Male Virginity” အကြောင်း မေးခွန်း တက်လိုက်ရင် Taboo ဘဲလို့ ဖြေတဲ့သူ မနည်းတာ တွေ့ရတယ်။

ယောက်ျားလေး လူပျို စစ်တယ် မစစ်ဘူးက မိန်းကလေးတွေ အပျို စစ်-မစစ်လောက် ပြောရ-စစ်ရာတာ မလွယ်ပါ။ သိပ်လဲ မသိချင်ကြပါ။ သူကိုယ်တိုင်ဘဲ သိပါလိမ့်မယ်။ ဘက်လိုက်ပြောတယ်လို့ မထင်ပါနဲ့။ အခု အမေးတွေကလဲ ဆေးပညာ-ဗဟုသုတ သိချင်ကြလို့နဲ့ တူပါတယ်။ သတို့သမီးလောင်းက မေးလာရင်တော့ “သံသယ အကျိုး ခံစားထိုက်တယ်” လို့ဘဲ ဆရာဝန်က ပြောရမှာပါ။

မိန်းမနဲ့ စပ်ယှက်ဘူးလို့ ကျားအင်္ဂါမှာ ထူးပြီး ပြောင်းလဲသွားတာ မမြင်နိုင်ပါ။ တခြား ဘယ်နေရာတွေမှလဲ မပြောင်းလဲပါ။ သစ္စာရေ သောက်ခိုင်းကြမလား မသိပါ။ တရားသူကြီးတွေလဲ ကျမ်းကျိန်တာ လက်ခံတယ်။ ဆရာဝန်လဲ ရှေ့နေလိုဘဲ မှားနိုင်ပါတယ်။

လူ့အသိုင်းအ၀ိုင်းမှာ တန်ဘိုးထားမှုတွေ မတူကြဘူး မဟုတ်ပါလား။ ကိုယ့်ဇနီး၊ ကိုယ့်ခင်ပွန်းကို ဘယ်သူ့ကိုမှ မပေးဘူးတဲ့၊ ပေးလဲမရတဲ့၊ လက်ဆောင်မွန် ဆိုတာ Virginity သာရှိတယ်လို့ လက်ခံကြတာလဲ ရှိတယ်။ စာတပုဒ်မှာ ရေးဘူးလိုက်သလို “ကျမ ကောလိပ် သွားရတော့မယ်၊ အပျိုဘ၀နဲ့တော့ မသွားချင်ဘူး” လို့ မင်းသမီးငယ်က ပြောတာလဲ ရှိသေးတယ်။

ယောက်ျား လိင်အင်္ဂါမှာ Frenulum ဆိုတာ ရှိတယ်။ အပေါ်ဖုံးအရေပြားနဲ့ အထဲက လိင်တံ အောက်ခြေမှာ တွယ်နေတဲ့ အလည်ခေါင် တည့်တည့်က နေရာလေး ဖြစ်တယ်။ Frenulum ကွာသွားရင် အတော် နာတယ်။ ဒါဟာ မိန်းကလေး အပျိုမြှေး ပေါက်သွားတာနဲ့ ယှဉ်ကြည့် နိုင်လောက်ပါတယ်။ ဘာလို့ ကွာရသလဲ။ ပဌမဆုံးအကြိမ် မိန်းမနဲ့ နေလိုက်ရင် နာပါမယ်။ “ဒါဆို သိနိုင်ပြီပေါ့” “လို့ မထင်လိုက်ပါနဲ့။”

ဒါကြည့်ပြီး လူပျို မဟုတ်တော့ဘူး ပြောဘို့ အခွင့်အလမ်း အင်မတန် နည်းပါးလှတယ်။ ယောက်ျားလေးတွေကို ပြုစု ပျိုးထောင်မှုက မိန်းကလေးတွေလောက် မတင်းကြပ်ဘူး မဟုတ်လား။ ပါတ်ဝန်းကျင်ကလဲ ကွာသေးတယ်။ လူငယ်ဘ၀ လက်နဲ့ ကစားတာက ရာနှုန်းပြည့်ဘဲလို့ ပြောရင် နဲနဲဘဲ ပိုမယ်။ သူ့ဖါသူ လက်နဲ့ ကစားရင်းဖြစ်ဖြစ်၊ ခိုက်မိတာဖြစ်ဖြစ်၊ (မာစတာဘေးရှင်း) လုပ်လို့ ဖြစ်ဖြစ် အဲလို ဖြစ်သွားတယ်။ သမီးရည်းစားတောင်မှ မရှိသေးခင် ဖြစ်နေနိုင်တယ်။

သူများ နိုင်ငံတွေရဲ့ တန်ဘိုးထားမှုတွေကို ဘေးချိတ် ထားပါမယ်။ လူမှုရေးဘာသာရပ်လဲ ဖြစ်လို့ပါ။ ဆေးပညာကိုသာ ရေးပါမယ်။ “မြန်မာ ယောက်ျားလေးတွေ ဘယ်လိုနည်းနဲ့ လူပျိုရည် ပျက်ကြတာ များသလဲ။” လူပျိုလေးတွေဟာ အရွယ် နဲနဲ ပိုကြီးသူတွေ၊ အနီးအနား ရှိသူတွေနဲ့ ပေါင်းသင်းလေ့ရှိတယ်။ မတုမြင် အတတ်သင်ကြတယ်။ စကားအဆန်းတွေ နားထောင်လေ့ ရှိကြတယ်။ အားကျလေ့ ရှိကြတယ်။

လူပျိုပေါက်မှာ ဟော်မုန်းတွေကလဲ တန်ခိုးပြ စိတ်ကလဲ ထကြွလာပြီး၊ “သောင်းကျန်းသူ” ဆိုတာ သူတို့မှ အစစ်။ လူပျိုဖြစ်-ကျူရှင် ယူချင်ကြတယ်။ သင်တဲ့လူတွေကလဲ လက်တွေ့နည်းကိုပါ အခမဲ့ပေးကြတယ်။ ဈေးပေါပေါ၊ ခပ်လွယ်လွယ် “၀ယ်စားလို့ ရတာမျိုး” နဲ့ ကွင်းဆင်းစေတယ်။ နောက်မှ ဆီးအောင့်၊ ဆီးပူ၊ ပန်းအဖျားမှာ အနာပေါက်ရင် ဆေးမီးတို ပေးအုံးမယ်။ တကယ်လို့ ပွဲမ၀င် ပြင်ကျင့် မင်္ဂလာဆောင်ခါနီးမှ အနီးကပ် သင်တန်းတက်ရင် “သတို့သမီး ဆေးမီးတိုနဲ့ မရပါ။” ဒါတွေ ပြင်ကြပါ။ အဲဒီကြမှ လူပျို-မစစ်တာ ပေါ်မယ်။

၂၀၁၀ ဇူလိုင် ၂ ရက်နေ့က (CBS/AP) သတင်းမှာ သိပ်ထူးခြားတာတခု ဖတ်ရလိမ့်မယ်။ ဗီယက်နမ်မှာ တိုင်းရင်း-ရိုးရာ ဆေးနည်းနဲ့ တရားခံ ၃ ယောက်ကို စမ်းသပ်စစ်ဆေးပြီး “ဒီလူတွေဟာ တခါမှ မိန်းမနဲ့ မဆက်ဆံဘူးသူတွေ ဖြစ်တယ်” လို့ ထွက်ဆိုပါသတဲ့။ တရားခံတွေဟာ အသက် ၂၀ အမျိုးသမီးတယောက်ကို Gang-rape အုပ်စုလိုက် မတရားကျင့်မှုနဲ့ ထောင်ထဲမှာ ၁၀ နှစ်နေထားပြီး သူတွေပါ။ ယောက်ျားတွေရဲ့ နား နောက်ဖက်မှာ အနီစက်လေးတွေကို စမ်းတွေ့ရင် လူပျိုတဲ့၊ (ဂေး) ဆိုရင်တော့ မသိဘူးတဲ့။ ဖါသာ-အာသာဖြေဘူးတာလဲ စမ်းမသိနိုင်ဘူးလို့ ဆရာမကြီး Pham Thi Hong က ပြောတာ ဖြစ်ပါတယ်။ ကမ္ဘာမှာ ပဌမဆုံး Male Virginity Test စမ်းသပ်နည်း ဖြစ်ပါမယ်။ “ဒီနည်းက မမှန်နိုင်ပါဘူး” လို့ ပြောကြပါတာမှာ ဆရာဝန်တွေသာမက သူ့ထက် ၀ါရင့် တိုင်းရင်းဆရာတွေလဲ ပါတယ်။ တရားခံတွေ မလွတ်ကြပါ။

နားနောက် Chickenpox ပေါက်နေရင်တော့ အံကျပေါ့။

Dr. တင့်ဆွေ
၂၁-၁၀-၂၀၁၀

ကသာမြို့နယ်အပိုင် ရဲစခန်းတစ်ခု၏ အချုပ်ခန်းအတွင်း အချုပ်သားတစ်ဦး ကြိုးဆွဲချသေဆုံး..


၂၇၊၆၊၂၀၁၃ရက်နေ့ မနက်(၇)နာရီအချိန် ကသာမြို့နယ်အပိုင် အင်းရွာရဲစခန်းရှိ အချုပ်ခန်းအတွင်း ယာယီချုပ်နှောင်ထားသောအချုပ်သားတရားခံတစ်ဦး မိမိကိုယ် မိမိ ကြိုးဆွဲချ သေဆုံးသွားခဲ့ကြောင်း သိရပါသည်၊
အချုပ်ခန်း ထုပ်တန်းပေါ် ပုဆိုးကို ကွင်းလျောပြုလုပ်၍ သတ်သေသွားခဲ့သော တရားခံ၏ အမည်မှာ နိုင်ထွန်း(ဘ)ဦးမောင်လှဖြစ်ပြီး အသက်မှာ (၃၃)နှစ်အရွယ်ဖြစ်ပါသည်၊ နိုင်ထွန်းသည် ၂၆၊၆၊၁၃ရက်နေ့ညအချိန်တွင်
မူးယစ်ရမ်းကားနေပြီး ကျေးရွာအတွင်း နေအိမ်များကို မီးရှို့မည်ဟုခြိမ်းခြောက်နေသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ တိုင်ကြားခဲ့ပြီး အင်းရွာရဲစခန်းမှ ညနေ၆နာရီ(၃၀)မိနစ်တွင် ကျင့်(၁၅၁)ဖြင့် ဖမ်းဆီးချုပ်နှောင်ထားခဲ့ပါသည်၊
အင်းရွာရဲစခန်းသည် ကသာမြို့နှင့် ရေမိုင်(၂၂)မိုင်အကွာတွင် တည်ရှိသော (ဃ)အဆင့်ရှိ ရဲစခန်းတစ်ခုလည်း ဖြစ်ပါသည်၊

(ဟာဂျူလီ-ကသာ)

ခွဲစိတ်မှု ခံယူပြီး ရှစ်လကြာသည် အထိ လိင်အင်္ဂါ ထောင်မတ် နေသူက ဆရာဝန်ကို တရားစွဲ


အသက် ၄၄ နှစ် အရွယ် ဒင်နီယယ် မက်ဂါးစ် ဆိုသူက ၂၀ဝ၉ ခုနှစ် အတွင်းက ပြုလုပ် ထားတဲ့ ခွဲစိတ် ကုသမှုကို မကျေနပ် တာကြောင့် ခွဲစိတ် ဆရာဝန်ကို တရားစွဲဆို လိုက်ပြီလို့ သိရ ပါတယ်။ သူ့အနေနဲ့ လိင်အင်္ဂါ အတု တပ်ဆင်တဲ့ ခွဲစိတ် ကုသမှုကို ပြုလုပ် အပြီးမှာ ရှစ်လ ကြာတဲ့ အထိ လိင်အင်္ဂါ ထောင်မတ် နေပြီး သူရဲ့ကပ်ပယ် အိတ်မှာလည်း ဘော်လီဘော အရွယ်လောက် ရှိနေ တာ ကြောင့်လို့ ဆိုပါတယ်။

အဲဒီဖြစ်စဉ် ကြောင့် သူ့အနေနဲ့ မော်တော်ဆိုင် ကယ်စီးပြီး သတင်းစာ ဝေနေရတဲ့ နေ့စဉ် လုပ်ငန်းတွေကို ထိခိုက် တာကြောင့်လို့ ဆိုပါတယ်။ လိင်အင်္ဂါ အတု တပ်ဆင်ရာ မှာ လိင်အင်္ဂါ အတွင်း အရည်ပြည့် နေတဲ့ ဆလင်ဒါ နှစ်ခုကို ခွဲစိတ်ပြီး ထိုးထည့်ထား ရကာ အဲဒီဆလင်ဒါနဲ့ ဆက်နေတဲ့ အရည်အိတ် တစ်အိတ်ကို ဝမ်းဗိုက် အရေ ပြားအောက် အတွင်း ထည့်သွင်း ထားရပြီး ကပ်ပယ်အိတ် အတွင်းမှာ ထည့်ထားတဲ့ Pump တစ်ခုနဲ့ အသုံးပြုရတယ်လို့ ဆိုပါ တယ်။

Pump ကို ညှစ်အားပေးတဲ့ အတွက် ဆလင်ဒါထဲ အရည်ပြည့် သွားကာ ငါး စက္ကန့်မှ ၁၀ စက္ကန့် အတွင်း လိင်အင်္ဂါ ထောင်မတ်နိုင် တယ်လို့ သိရပါတယ်။ ဒယ်နီယယ်ကို လိင်အင်္ဂါ အတုတပ်ဆင် ပြီးနောက်ပိုင်းမှာ ရောဂါပိုး ဝင်သွားတဲ့ အတွက် ထောင်မတ်ရာက ပြန်မကျနိုင် တာကြောင့် အတုကို ပြန်လည် ဖြုတ် လိုက်ရတယ်လို့ သိရပါတယ်။ လိင်အင်္ဂါ အတု တပ်ဆင်တဲ့ နည်းကို ဆိုးရွားတဲ့ ပန်းသေပန်းညှိုးရောဂါ ရှိသူတွေမှာ အသုံးပြုလေ့ ရှိပါတယ်။

From:ရိုးရာလေး

အရွယ်အစားကလည်း အရေးကြီးပါတယ် … တဲ့


ကနေဒါ သုသေသီမျာ၏ ကြံကြံဖန်ဖန် သုသေသန စုံစမ်းဖော်ချက်အရ အမျိုသားများရဲ့ လိင်အင်္ဂါ အရွယ် အစားက အမျိုးသမီးတွေရဲ့ စိတ်ဝင်စား အနည်းအများကို ဖြစ်စေတယ်လို့ ဆိုထားပါတယ်။

... ယောက်ျားလေးများရဲ့ လူမူ့ဆက်ဆံရေးတော်ခြင်း၊ ရုပ်ချောခြင်း နှင့် ပိုက်ဆံရှိခြင်းများ ကို နှစ်သ က်ကြတယ် လို့ မိန်းကလေးများ ပြောလေ့ ရှိသော်ငြားလည်း အခြားတဖက်မှာ တကယ်အ မှန်စင် စစ် ဖွင့်ဟချက်ကတော့ အရွယ်အစားကလည်း စကားပြောပါတယ်တဲ့။

၂၁ ရာစု ခတ်သစ် မိန်းကလေးများသည်လည်း ဘယ်လောက် ခတ်မှီနေ
ပါစေ ရှေးယခင်ခတ် ဂူတွင်းနေ မိန်းမများကဲ့သို့ အတွေးအခေါ်များ ရှိနေဆဲဖြစ်ကြောင်း သိရပါတယ်။

ကနေဒါ နိုင်ငံ ရှိ Proceedings of the National Academy of Sciences (PNAS) အဖွဲ့ က မိန်းကလေးများအား ယောကျာ်းလေးများရဲ့ အရပ်အမောင်း ခန္ဓာကိုယ်ဖွဲ့စည်းပုံ အချိုးအစားနဲ့ လိင်အင်္ဂါ အရွယ် အစား မျိုးစုံ ပါဝင်သော ဓာတ်ပုံများကို ပြသ၍ မည်သည့်ပုံက ဆွဲဆောင်မှု အပြည့်ပေး စွမ်း နိုင်သနည်းဟု သုသေသနပြုလုပ်ခဲ့ရာတွင် "ကျနော်တို့ စစ်တမ်းမှာ တွေ့ရှိချက်ကတော့ မိန်းကလေး များ နှုတ် ဖျားမှာ ပြောပြောနေတာများနဲ့ အတော်ကို ကွဲလွဲ နေတာ တွေ့ ရပါတယ်။ " အရမ်းကြီး သွား ရင်တော့ ဆွဲဆောင်မှု မရှိတော့ဘူးလို့ စစ်တမ်းက ဆိုထားပါတယ်။

University of the West of Scotland က လေ့လာတွေရှိချက်ကတော့ နဂိုအရွယ်ထက် ကြီးသော ယောက်ျား များသည် မိန်းကလေးများကို စိတ်ကျေနပ်မှုအပြည့် အဝပိုမို ပေးစွမ်းနိုင်စေ ပါတယ်လို့ ဆိုထားပါကြောင်း ။

From: ရေးသားသူ - TG

မြန်မာ့ပညာရေး မိုက်ခရိုဆော့ဖ် ဇူလိုင်တွင် စတင်ကူညီမည်


မြန်မာ့ပညာရေး အိုင်တီနည်းပညာ အကူအညီပေးရေးကို မိုက်ခရိုဆော့ဖ်က ဇူလိုင်လတွင် စတင်လုပ်ဆောင် ပေးမည်ဖြစ်ကြောင်း မိုက်ခရိုဆော့ဖ်၏ ပြည်တွင်းကုမ္ပဏီ ဖြစ်သည့် Knowledge Centricity မှ သိရသည်။ ယင်းကဲ့သို့ ပံ့ပိုးကူညီရာတွင် အခြေခံပညာနှင့် တက္ကသိုလ်အဆင့်ပညာ နှစ်ပိုင်းခွဲ လုပ်ဆောင်မည်ဖြစ်ပြီး ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်အချို့နှင့် တွေ့ဆုံပြီးဖြစ်သည်ဟု Knowledge Centricity ၏ စီအီးအို ဒေါက်တာထွန်းသူရသက်က ပြောသည်။

 အခြေခံပညာရေးအဆင့်တွင် အိုင်တီနည်းပညာ တွင်ကျယ်စွာ အသုံးချလာစေရန်အတွက် ဆရာ၊ ဆရာမများကို ဦးစားပေး သင်ကြားမှု စတင်မည်ဖြစ်ပြီး ယင်းအတွက် ဝန်ကြီးဌာနနှင့်လည်း သဘောတူညီမှု ရရှိခဲ့သည်ဟု သိရသည်။ ဆရာ၊ ဆရာမများကို သင်ကြားရာတွင် ကျောင်းပိတ်ရက် ရက်တိုသင်တန်းပုံစံအဖြစ် သင်ကြားခြင်းမျိုး မဟုတ်ဘဲ ရေရှည်သင်ကြားမှု ပုံစံဖြင့်သွားရန် မိုက်ခရိုဆော့ဖ်က ရည်ရွယ်ထားကြောင်း သိရသည်။

လက်ရှိတွင် မိုက်ခရိုဆော့ဖ်က အခြေခံပညာကျောင်းများ၏ လိုအပ်ချက်များကို လေ့လာနေပြီး ဆော့ဖ်ဝဲပိုင်းအတွက်ကိုမူ မိုက်ခရိုဆော့ဖ်မှ တာဝန်ယူမည်ဖြစ်ကာ စက်ပစ္စည်းနှင့် သင်ကြားရေး လိုအပ်ချက်များအတွက် မိုက်ခရိုဆော့ဖ်နှင့် ၄င်း၏မိတ်ဖက်ကုမ္ပဏီများ ပူးတွဲလုပ်ဆောင်သွားမည် ဖြစ်သည်။ ထို့ပြင် တက္ကသိုလ်ပညာရေး အဆင့်တွင် ကျောင်းသားများ စာသင်နှစ် ပြီးဆုံးသည်နှင့် လုပ်ငန်းခွင်သို့ တိုက်ရိုက် ဝင်ရောက်ရန်အတွက် အထောက်အကူပြု သင်တန်းအချို့ ထည့်သွင်းသင်ကြားမည်ဖြစ်ပြီး မိုက်ခရိုဆော့ဖ်မှ ၄င်း၏ အသုံးဝင် ဆော့ဖ်ဝဲအချို့အား ယင်းသင်တန်းတွင် သင်ကြားရန် အခမဲ့ ထည့်သွင်းပေးသွားမည်ဟု မိုက်ခရိုဆော့ဖ်၏ ပြည်တွင်းမိတ်ဖက် ကုမ္ပဏီ Myanmar Information Technology (MIT) မှ သိရသည်။

 မိုက်ခရိုဆော့ဖ်မှာ အမေရိကန်အခြေစိုက် ဆော့ဖ်ဝဲကုမ္ပဏီကြီး တစ်ခုဖြစ်ပြီး ပြည်တွင်းပညာရေး ကဏ္ဍပိုင်းအတွက် ၄င်း၏ ပြည်တွင်း၊ ပြည်ပ မိတ်ဖက်ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်ဟု ၂၀၁၃ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။
From:ခေတ်လူငယ်