သူဘယ်မှာရောက်နေလဲသိချင်ရင်


အခြားသူတစ်ယောက်ရဲ့ဖုန်းမှာ ဒီ apk install လုပ်ထားပါ။
Run စရာမလိုပါ။
သူ့ဖုန်းမှာအင်တာနတ်တော့ဖွင့်ထားရမယ်။
သူ့ဖုန်းကို Where are you? လို့ message ပို့လိုက်ပါ။
သူရှိနေတဲ့နေရာကို ကိုယ့်ဆီ သူတောင်ဘာမှမသိလိုက်ဘဲ message ပြန်ရောက်လာမယ်။
Message မှာသူရှိနေတဲ့ Latitude နဲ့ Longitude ပါလာမယ်။
အဲဒီလင့်ကိုကလစ်လိုက်တာနဲ့ (ကိုယ့်ဖုန်းမှာအင်တာနတ်တော့ဖွင့်ထားပါ) သူရှိရာနေရာကိုမြေပုံနဲ့မြင်ရမယ်။
နေရာတော့သိပ်မတိကျသေးဘူး။ နည်းနည်းလေးကွာသေးတယ်။
ဒါကြောင့် နေရာအတိအကျဖြစ်အောင်လုပ်ပါဦးမယ်။
Huawei Handset တွေမှာသိပ်အဆင်မပြေသေးပါ။
အခြားဖုန်းတွေမှာအဆင်ပြေပါတယ်။
Message ပို့တဲ့ဖုန်းက ဘယ်ဖုန်းမဆိုရပါတယ်။
Android မဟုတ်လည်းရပါတယ်။
Message ပို့လို့ရတဲ့ဘယ်ဖုန်းမဆို (အိုင်ဖုန်းပင်ဖြစ်စေ) ရပါတယ်။
Android စာအုပ်မှာပါတဲ့ project လေးပါဘဲ။

Download လုပ်ရန်

credit to:Htar Htar Saw Lwin

လက်နက်ကိုင်၍ မူးယစ်ရမ်းကားသူအား အရေးယူထား


နေပြည်တော်၊ မတ် ၇
၂၀၁၄ ခုနှစ်၊ မတ်လ ၆ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် နယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ် ဘူတာကျေးရွာ အုပ်ချုပ်ရေးမှူးမှ ရွာလယ်လမ်းမပေါ်တွင်လူတစ်ဦးဓါးကိုင်ရမ်းကားနေကြောင်း ဖုန်းဖြင့်သတင်းပို့သဖြင့် သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ အင်းကုန်း ကျေးရွာနေ ၀င်းတင့်(၂၁)နှစ်သည် အရိုးအသွား(၁၃)လက်မခန့်၊ ဗျက်(၁)လက်မခန့်ရှိ ဓါးမြှောင်(၁) ချောင်းအားကိုင်ဆောင်၍ မူးယစ်ရမ်းကားနေသည်ကိုတွေ့ရှိရသဖြင့် ဓါးမြှောင်အား သက်သေများ ရှေ့တွင်သိမ်းဆည်းကာ ခွင့်ပြုမိန့်တစ်စုံတစ်ရာမရှိဘဲ ဓါးဦးချွန်ဓါးမြှောင်ကိုင်ဆောင်သူ ၀င်းတင့်အား နတ်မောက်မြို့မရဲစခန်း(ပ)၃၉/၂၀၁၄၊ လက်နက်ဥပဒေပုဒ်မ ၁၉(င) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

ကိုဖုန်းမော်


သီလရှင်ဆရာလေး ( ခ ) မညီညီအောင်(ကိုဖုန်းမော် ညီမ)

စက်မှုတက္ကသိုလ်ကဆရာကိုပစ်တော့မယ်ဆဲဆဲမှာ ကိုဖုန်းမော်ကအဲဒီဆရာကိုတွန်းပြီးသူအပစ်ခံ လိုက်ရ တာ။ ရင်ဝမှာတစ်ချက်၊ ဆီးစပ်မှာတစ်ချက်၊ ပေါင်မှာ တစ်ချက် အပစ်ခံလိုက်ရတာပါ။

တကယ်တော့ အစိုးရ ရေဒီယို ကနေ ကြေညာခဲ့သလို ရန်ပွဲမှာ ဓါးနဲ့ အသတ်ခံလိုက်ရတာမဟုတ်ပါဘူး။ နာရေး အသု ဘကိုတောင် ကြေညာခွင့်၊ ဆိုင်းပုတ်တင်ခွင့်၊ မဏ္ဍာပ်ထိုးခွင့်မရခဲ့ပါဘူး။ ဒီနေ့အထိ ဆရာလေး ရဲ့အကိုက မသေပါဘူး။

ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ

မွေးကင်းစကလေးငယ်များတွင် ခံစားနေရသော HIV ပိုးပျောက်ကင်းနိုင်သည့်နည်းလမ်း တွေ့ရှိ ရိုက်တာ

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် မွေးဖွားခဲ့ပြီး HIV ရောဂါပိုးမွေးရာပါ ပါလာ သော ကလေးငယ်တစ်ဦး

အား မွေးပြီးပြီးချင်း လေးနာရီခန့် အကြာမှစတင်၍ ဆရာဝန်များက ဆေးကုသ ပေးခဲ့ရာ ယခုထိုကလေးငယ် ကိုးလအရွယ်အရောက်တွင် စောစောစီးစီးကုသမှုများ၏ အကျိုးဆက်အဖြစ် ရောဂါပျောက်ကင်းသွား ပြီဟု ယူဆရကြောင်း ဆေးပညာဆိုင်ရာ သုတေသီများက ပြောကြားခဲ့သည်ဟု မတ်လ ၆ ရက်က ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ထိုကဲသို့ ကလေးငယ်တစ်ဦး HIV ရောဂါပိုး ကုသပျောက်ကင်းသွားခြင်းမှာ ယခုအခါ ဒုတိယအကြိမ်ဖြစ် သည်။ ပထမအကြိမ်မှာ မစ္စစ္စပီမြို့မှ ကလေးငယ်တစ်ဦးဖြစ်ပြီး ထိုကလေးငယ် မွေးဖွားပြီးချင်း နာရီ အနည်းငယ်အကြာတွင် ဆရာဝန်များက အေအာဗွီ (antiretroviral) ဆေးဝါးများ ဖြင့်ကုသပေးခဲ့ရာ နောက်ပိုင်းတွင်

ထိုကလေးငယ်ရောဂါမှ ကင်းလွတ်သွားပြီဟု ယူဆရကြောင်း ကြေညာနိုင်ခဲ့သည်ဟု ဂျွန်ဟော့ကင်း ဆေးကျောင်းမှ ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာ ဒီဘိုရားပါဆော့ဒ်က ဘော်စတွန်မြို့ တွင်ပြုလုပ်ခဲ့သော ဆေးပညာကွန်ဖရင့်တစ်ခုတွင် ပြောသည်။

“ကလေးငယ်မှာ HIV ပိုးမရှိတော့ပါဘူး” ဟု ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အင်ဂျလိစ်မြို့ပြင်တွင် မွေး ဖွားခဲ့ကာ ယခုအခါ ကိုးလအရွယ်ရှိနေပြီဖြစ်ပြီး မေးလ်လာ ကလေးဆေးရုံတွင် ဆေးကုသမှုခံယူနေသော ကလေးငယ်ကို ရည်ညွှန်း၍ ဒေါက်တာပါဆော့ဒ်က ပြောကြားခဲ့သည်။ ကလေးငယ် မည်သူမည်ဝါဖြစ် ကြောင်းကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

ထိုကလေးငယ်အနေဖြင့် အေအိုင်ဒီအက်စ်တိုက်ဖျက်ရေး ဆေးဝါးသုံးမျိုးကို
သောက်နေရဆဲ ဖြစ်သည်။ သို့ရာတွင် မစ္စစ္စပီမှ ကလေးငယ်မှာမူ ယခုအခါ အသက်သုံး နှစ်ခွဲရှိပြီဖြစ်ပြီး လွန်ခဲ့သော နှစ်,နှစ် အကြာ ကတည်းက အေအာဗွီကုသမှုများ ခံယူစရာ လုံးဝမလိုတော့ဟု ဆိုသည်။

ထိုကလေးငယ်များအား HIV ရောဂါပိုးရှိသော မိခင်များက မွေးဖွားခဲ့ခြင်းဖြစ်ပြီး၊ HIV ဗိုင်းရပ်စ်ပိုးသည် အေအိုဒီအက်စ် ရောဂါကိုဖြစ်စေကာ ကိုယ်ခံအား ကျဆင်းစေသောဗိုင်းရပ်စ်ပိုး ဖြစ်သည်။

Mizzima မဇ္ဈိမ

iPhone 5S အတွင်းမှာ ဘာထူးခြားပြောင်းလဲသွားခဲ့မှု


iFixit အမည်ရ ဝဘ်ဆိုဒ်က iPhone 5S အတွင်းပစ္စည်းပြောင်းလဲမှုများကို ထွက်ထွက်ချင်း ကတည်းက ဖွင့်ချ ထားပြီးသား ဖြစ်ပါတယ်။

iFixit တို့ ပြောဆို ပြသချက်အရ အတွင်းမှာ ထူးထူးခြားခြား ပြောင်းလဲ သွားမှု မရှိ ပါ ဘူး။ ကြိုးတစ်ချောင်းပိုလာတာ တစ်ခုပဲ ရှိတယ်လို့ ဆိုပါတယ်။ Touch ID Sensor နဲ့ Lightening Port ကြား ဆက်သွယ်ထားတဲ့ ဝါယာကြိုး တစ်ခု သာ ပိုပြီး ဖုန်း ဟာ့ဒ်ဝဲ ပြင်သမားတွေ အထူးသတိထားရမယ့် အစိတ် အပိုင်း တစ်ခု ဖြစ်ကြောင်း ဆိုပါတယ်။

ဟာ့ဒ်ဝဲ တည်ဆောက်ပုံ ဒီဇိုင်း ပြောင်းလဲ မသွားပါဘူး။ Upgrade လုပ်ထား တဲ့ ပစ္စည်းများကို အသုံးပြုလိုက်ခြင်းသာ ဖြစ်ကြောင်း ဆိုပါတယ်။ ဥပမာ A6 ကနေ 64 bit A7 Chip ကို အသုံးပြုလိုက်တာမျိုး ဖြစ်ပြီး ကမ္ဘာ့ Processor အမြန်ဆုံး စမတ်ဖုန်းအဖြစ် အသိအမှတ်ပြုနိုင်ခြင်း ဖြစ်ပါတယ်။ အပြင် ဒီဇိုင်းအားဖြင့်လည်း ထူးထူးခြားခြား မပြောင်းလဲပါဘူး။ လက်ရှိ အချိန် အထိ ကတော့ ကမ္ဘာပေါ်မှာ 64 bit architecture အသုံးပြုတဲ့ စမတ်ဖုန်း အဖြစ် စံချိန် တင်ထားနေဆဲ ဖြစ်ပါတယ်။

Ref: ifixit
Smart Pro Journal

အလိုမတူဘဲ အဓမ္မပြုကျင့်သူကို အရေးယူ


နေပြည်တော်၊ မတ် ၇
၂၀၁၄ ခုနှစ်၊ မတ်လ ၅ ရက်နေ့ ည ၉ နာရီအချိန့်တွင် မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့၊ မြေပြင်သာအုပ်စု၊ ကျောက်ခါးကျိုးတဲတိုက်နေ ဒေါ်xxxx(၄၄)နှစ်သည်တစ်ဦးတည်းနေအိမ်၌ရှိနေစဉ် လဲလူအုပ်စု၊ ကြို့ပင်သာရွာနေ ခင်မောင်ထွန်း(၂၈)နှစ်ရောက်ရှိလာပြီး ဒေါ်ပြုံးအား ““လေးလေး””ဟုခေါ်ကာ အိမ်ရှေ့ကြမ်းပြင်တွင်တက်ထိုင်နေခဲ့သည်။ ထို့နောက်ခဏအကြာ ဒေါ်xxxx၏ခဲအိုတော်စပ်သူ ဦးလေးအောင် ထပ်မံရောက်ရှိလာပြီး ဒေါ်xxxxxအား ““နင့်ယောင်္ကျားဘယ်သွားနေလဲ”” ဟုမေးသဖြင့် ဒေါ်xxxxxမှ ““မရှိဘူး၊ နွားစာစင်းရန်လူသွားခေါ်နေကြောင်း၊ တဲတွင်ခေတ္တနေပေးရန်ပြောခဲ့ရာ ဦးလေးအောင်လည်း အိမ်ရှေ့အဖီကြမ်းပြင်တွင်ထိုင်နေခဲ့သည်။ ခဏအကြာတွင် ဦးလေးအောင်မှ ““အလုပ်ရှိ၍ပြန်အုံးမည်””ဟု ပြောပြီးပြန်သွားခဲ့ကြောင်း၊ ဦးလေးအောင်ပြန်သွားပြီး ဒေါ်xxxxမှာ အိမ်နောက်ဖေးမီးဖိုခန်းအတွင်းဝင်၍ ၀က်စာအိုးအားမွှေပြီးပြန်ထွက်လာစဉ် အိမ်ရှေ့တွင်ထိုင်နေသော ခင်မောင်ထွန်းက အိပ်ခန်းအတွင်း ၀င်ရောက်လာကာ ဒေါ်xxxxအားအတင်းတွန်းလှဲ၍ သားမယားအဖြစ်ပြုကျင့်သဖြင့် ရုန်းကန်၍တဲပေါ်မှ ထွက်ပြေးခဲ့ကြောင်း၊ ထိုသို့ထွက်ပြေးစဉ် ခင်မောင်ထွန်းမှာ အိမ်ရှေ့ကြမ်းပြင်ပေါ်မှခုန်ဆင်းလိုက်လာကာ တဲရှေ့မြေပြင်ပေါ်တွင်ထပ်မံတွန်းလှဲ၍ အဓမ္မကျင့်ရန်ပြုလုပ်စဉ် ““ကယ်ပါဦး””ဟု အော်ဟစ်အကူအညီ တောင်းခဲ့ကြောင်း၊ ထိုသို့အကူအညီတောင်းသဖြင့် အိမ်နီးချင်းဖြစ်သူ အောင်မင်းနှင့်ဇနီးဖြစ်သူ မ၀င်းမာ၊ ဒေါ်xxxx၏ခင်ပွန်းဖြစ်သူတို့ရောက်လာစဉ် ခင်မောင်ထွန်းမှာ ထွက်ပြေးသွားခဲ့သောကြောင့် အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်သူ ခင်မောင်ထွန်းအား အရေးယူပေးရန်တိုင်ကြားခဲ့ရာ မြို့သစ်မြို့မရဲစခန်း (ပ)၁၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

ယင်းမာပင်မြို့တွင် ရဲနှင့်ဒေသခံများ မြေယာကိစ္စကြောင့် ပဋိပက္ခဖြစ်


စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင်းမှာ ရဲတပ်ဖွဲ့ဝင် အင်အားရာချီသုံးပြီး ဒေသခံရွာသားတွေရဲ့ ဘိုးဘွားပိုင် လယ်ယာမြေတွေပေါ်ကို မြေတူးစက်တွေနဲ့ ၀င်ရောက်ဖျက်ဆီးတာကြောင့် နှစ်ဖက် ပဋိပက္ခဖြစ်ပြီး အသီးသီးဒဏ်ရာရခဲ့ကြပါတယ်။

ယင်းမာပင်မြို့နယ် ဘိန်းနွယ်ချောင်ကျေးရွာအုပ်စု အုံတုံပင်ရွာမှာ ရဲတပ်ရင်း ၂၈ တည်ဆောက်ဖို့အတွက်ဆိုပြီး ရဲအင်အား ၂၀၀ လောက်ဟာ ဘူဒိုဇာ ၃ စီးနဲ့ မတ်လ ၆ ရက်နေ့နဲ့ ၇ ရက်နေ့ နှစ်ရက်ဆက်တိုက် ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Ontonဒီဖျက်ဆီးမှုကို တားမြစ်တဲ့ ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့တွေအကြား ပဋိပက္ခဖြစ်ပြီး နှစ်ဖက်စလုံး ဒဏ်ရာရခဲ့တယ်လို့ ဘိုးဘွားပိုင်မြေ ဖျက်ဆီးခံရတဲ့ ဒေါ်ကြည်လေးက ပြောပါတယ်။

“အတင်းအဓမ္မလုယူ သိမ်းပိုက်ပြီးတော့မှ ဂေါ်စက်ကြီး ၃ စက်နဲ့ ရဲအင်းအား ၃၀၀ လောက်နဲ့ လာကော်ထိုးပြီးတော့ မကျေနပ်လို့ အန်တီတို့က မခံနိုင်ကြလို့ တားကြတဲ့သူတွေကို ရဲတွေက နံပါတ်တုတ်တွေနဲ့ ရိုက်တယ်။ တက်နင်းမိတယ်။ ရုန်းရင်းဆန်ခတ်နဲ့ ဒီနေ့ဆိုရင် တော်တော်နာကြတယ်။ ရဲမေလည်း လက်ကျိုးတယ်လို့ ရဲဘော်တွေက ပြောတယ်။ ကျိုးလား မကျိုးဘူးလားတော့ မသိဘူး။ အန်တီတို့ဘက်ကတော့ ရဲနင်းလို့ လက်က ကျိုးသွားတယ်။ အဲဒါ ဆေးရုံကို သွားရတယ်။ အရိုက်ခံရတာတွေက တော်တော်များတယ်။ အမျိုးသမီးတွေ အရိုက်ခံကြရတယ်။ ဘုန်းကြီးတပါးနဲ့ ဂျီတီစီ ကျောင်းသားတယောက်နဲ့ အရပ်သား ၁ ယောက်နဲ့ ၃ ယောက်ဖမ်းထားတယ်။ ကလေးအမေနဲ့ ကလေးကိုတော့ အန်တီတို့ ဆူပူပြီး ပြန်တောင်းလို့ ကလေးအမေနဲ့ ကလေးကတော့ လွှတ်ထားတယ်။ အားလုံးပေါင်း ၅ ယောက်အဖမ်းခံရတာ။ သူတို့လုပ်မယ့် လုပ်ငန်းကို အန်တီတို့က တားကြတော့ တားတဲ့သူတွေကို လုပ်ငန်းနှောင်ယှက်လို့ဆိုပြီးတော့ သူတို့ အချုပ်ကားကြီးပေါ်မှာပဲ အခု ဘုန်းကြီးလည်း ဆွမ်းမစားရဘူး။ လူတွေလည်း ထမင်းမစားရဘူး။ အန်တီတို့လည်း အခုနေပူမှာ နေနေရတာ။”

ဒေါ်ကြည်လေး ပိုင်ဆိုင်တဲ့ မြေ ၂ ဧကထဲမှာ အသက်မွေးဝမ်းကျောင်းဖို့ ၀င်ငွေရနေတဲ့ ထန်းပင် အပင် ၇၀ နီးပါး လုံးဝ ပျက်စီးကုန်တယ်လို့ ပြောပါတယ်။

မတ် ၆ ရက်နေ့တုန်းကလည်း ရဲအင်အား ၃၀၀ လောက်နဲ့ ၀င်ရောက်ပြီး ဖျက်ဆီးတာကြောင့် ဒေသခံတွေရဲ့ မြေနေရာတွေ အတော်လေးပျက်စီးသွားတယ်လို့ ပြောပါတယ်။

မနှစ်အောက်တိုဘာလတုန်းက ရဲတပ်ရင်း ၂၈ တည်ဆောက်ဖို့ ကိစ္စကို အုံတုံပင်ရွာသားတွေနဲ့ ညှိနှိုင်းခဲ့ပါတယ်။ လယ်မြေ ၁ ဧကကို အိမ်ဝင်း ၂ ကွက်ပြန်ပေးမယ်ဆိုပြီး ညှိနှိုင်းရာမှာ လက်ခံသူရှိသလို လက်မခံတဲ့ ရွာသားတွေကလည်း ငြင်းဆိုခဲ့ကြပါတယ်။

အင်အားသုံးပြီး ၀င်ရောက် ဖျက်ဆီးခဲ့တဲ့အခြေအနေကို ရွာသား ဦးမြင့်ဇော်က “သူတို့ စောစောရက်က တောင်သူတွေနဲ့ လာပြီး ညှိနှိုင်းတဲ့အခါမှာ တောင်သူတွေက တချို့လည်း သဘောတူတယ်။ တချို့လည်း သဘောမတူဘူးပေါ့နော့်။ အဲဒီအခြေအနေကနေပြီးတော့မှ သဘောတူတဲ့လူတွေ အကွက်တွေထဲမှာ သူတို့က လာပြီး အဆောက်အဦတွေဆောက်တယ်။ အဆောက်အဦဆောက်ရင်းနဲ့မှ ကျန်တဲ့တောင်သူတွေကို ညှိရင်း ညှိရင်းနဲ့ တောင်သူတွေက သဘောမတူတာနဲ့ ကျန်နေတဲ့ မြေတွေကို သဘောမတူရင်လည်း လုပ်မယ်ဆိုပြီးတော့ တောင်သူတွေကို ဆက်မညှိတော့ဘဲနဲ့ သူတို့က ဖြစ်ချင်ရာဖြစ်ဆိုတဲ့ ပုံစံနဲ့ လုပ်တာလားတော့ မပြောတတ်ဘူး။ အဲဒီမှာ ထန်းပင်တွေ ရှိသမျှ အကုန်လုံး ထိုးပစ်လိုက်တာ” လို့ ပြောပါတယ်။

စီမံကိန်းအတွက် မြေယာသိမ်းဆည်းခံရတဲ့ တောင်သူတွေရဲ့ လယ်ယာမြေ ၁ ဧကကို ပေ ၆၀-၈၀ အကျယ်အ၀န်းရှိတဲ့ အိမ်ဝင်း ၂ ၀င်းစာ ပေးမယ်ဆိုပေမယ့် သဘောမတူဘူးလို့ ဒေါ်ကြည်လေးက ပြောပါတယ်။

“သူတို့က ညှိနှိုင်းတာက အန်တီတို့ မြေ ၁ ဧကမှ ၂ ၀င်းပဲ ပေးမှာ။ ၂ ၀င်းပဲ ပေးမှာကို လမ်းဘေးက အချက်အချာကျတဲ့ နေရာတွေကို သူတို့ ဆောင်ရွက်တဲ့သူတွေက ယူကြမှာ။ အန်တီတို့ကို ချောင်ကြားထိုးပေးမှာ။ အန်တီတို့ မြေက ၁ ဧကကို ကွက်စိပ် ၆ ၀န်း ရိုက်မှာ။ အန်တီတို့ကို နောက်ဝင်းကို ပေးမှာ။ အန်တီတို့က ဒီအိမ်ဝင်းတွေကို ရိုက်ရောင်းလိုက်လို့ရှိရင် အန်တီတို့ လုပ်စားစရာ မြေနေရာမရှိလို့ ကွက်စိပ်ရိုက်ပြီးတော့ မလုပ်ချင်ဘူး။ ရဲတပ်ရင်းလည်း မပေးချင်ဘူး။”

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ယင်းမာပင်ခရိုင်ရဲတပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ တာဝန်ကျအရာရှိတဦးက ဒီကိစ္စကို မသိကြောင်းသာဖြေဆိုပြီး တယ်လီဖုန်းချသွားပါတယ်။


DVB Burmese

ရာနဲ့ချီတဲ့ ရိုဟင်ဂျာတွေ မလေးမှာ ချုပ်နှောင်ခံရ



လူကုန်ကူးသူအဖွဲ့တွေက ​ရာနဲ့ချီတဲ့ ​မွတ်စလင် ​ရိုဟင်ဂျာတွေကို ​မလေးရှားနိုင်ငံ ​တောင်ဘက်ပိုင်းမှာရှိတဲ့ ​နေအိမ်တွေမှာ ​ချုပ်နှောင်ထားရှိပြီး ​သူတို့တွေကို ​ရိုက်နှက်တာတွေ၊ ​အစားအစာ ​၀၀လင်လင် ​မကြွေးပဲ ​ထားတာတွေ ​ပြုလုပ်ခဲ့တယ်လို့ ​အဲဒီမှာ ​ချုပ်နှောင်ခံခဲ့ရဖူးတဲ့ ​သူတွေက ​ပြောပါတယ်။

ဒါ့အပြင် ​လူကုန်ကူးသူ ​တွေဟာ ​ချုပ်နှောင် ​ခံရသူတွေရဲ့ ​မိသားစုတွေ ​ဆီကနေလည်း ​ငွေညစ် ​ယူတာတွေ ​ပြုလုပ် ​ခဲ့တယ်လို့ ​လည်း ​ဆိုပါတယ်။

အရင်က ​ထိုင်းနိုင်ငံ ​နယ်စပ် ​တောင်ပေါ်တွေမှာ ​ထားရှိတဲ့ ​လူကုန် ​ကူးသူ ​စခန်းတွေကို ​ထိုင်း ​အာဏာပိုင် ​တွေက ​လိုက်လံ ​ဖြိုခွင်း ​ခဲ့တာကြောင့် ​လူကုန်ကူး ​သူတွေဟာ ​သူတို့ရဲ့ ​စခန်းကို ​မလေးရှား ​နိုင်ငံဘက်ခြမ်းမှာ ​ပြောင်းရွှေ့ ​ထားရှိ ​ခဲ့တယ်လို့ ​အဆိုပါ ​ချုပ်နှောင် ​ခံခဲ့ရဖူးတဲ့ ​သူတွေက ​Reuters ​သတင်း ​ဌာနကို ​ပြောပြခဲ့ပါတယ်။

ဖေဖော်ဝါရီလ ​အပါအ၀င် ​မကြာသေးခင် ​လပိုင်းတွေကပဲ ​မလေးရှား ​ရဲတွေက ​မလေးရှား ​နိုင်ငံ ​Penang ​နဲ့ ​Kedah ​ပြည်နယ် ​တွေမှာရှိတဲ့ ​နေအိမ်တွေကို ​၀င်ရောက် ​စီးနင်းရှာဖွေ ​မှုတွေ ​ပြုလုပ်ခဲ့ပြီး ​အဲဒီနေအိမ် ​တွေထဲမှာ ​ချိန်းကြိုးနဲ့ ​ခတ်ထားခံရတဲ့ ​မွတ်စလင် ​ရိုဟင်ဂျာ ​အမျိုးသား ​လေးဦးကို ​တွေ့ရှိခဲ့ ​တယ်လို့ ​ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ​ဖြစ်ပွားခဲ့တဲ့ ​ဘာသာရေး ​လူမျိုးရေး ​ပဋိပက္ခ ​တွေကြောင့် ​ထောင်နဲ့ချီတဲ့ ​မွတ်စလင် ​ရိုဟင်ဂျာတွေဟာ ​မလေးရှားနဲ့ ​ထိုင်းနိုင်ငံ ​အပါအ၀င် ​အိမ်နီးချင်း ​နိုင်ငံတွေ ​ဆီကို ​ထွက်ပြေးနေကြတာ ​ဖြစ်ပါတယ်။

ABC Radio Australia

မော်တော်ယာဉ်များမှ နောက်မီးခွက်(၉)စုံနှင့် နောက်ရေသုတ်တံ (၅၂)ချောင်းတိုအား ဖြုတ်ကာခိုးယူခဲ့ကြသူ (၂)ဦးကို စစ်ဆေးဖော်ထုတ်အရေးယူ



ရန်ကုန်၊ မတ် ၇

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည် ရန်ကင်းမြို့မရဲစခန်းတွင် (ပ)၃၅/၂၀၁၄၊
ပုဒ်မ ၃၇၉/၅၄ အမှုဖြင့်အရေးယူထားသည့် ရွှေပြည်သာမြို့နယ်၊
(တ/၁၅)ရပ်ကွက်နေသူများဖြစ်ကြသော ဝေလင်းထွန်း(ဘ)ဦးကိုကိုနှင့် မင်းမောင်မောင်ဝင့်(ဘ)ဦးကိုကိုတို့(၂)ဦးအား ၃.၃.၂၀၁၄ ရက်နေ့တွင် အခြားခိုးမှုများကျူးလွန်ထားခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပါသည်။

ထိုသို့စစ်ဆေးခဲ့ရာ ဝေလင်းထွန်းသည် ၎င်းတစ်ဦးတည်း ၂၀၁၃ခုနှစ်
နိုဝင်ဘာလအတွင်းက ညအချိန်များတွင် ကြည့်မြင်တိုင်မြို့နယ် အနောက်ပိုင်းဆေးရုံအနီးလမ်းမပေါ်၌ရပ်ထားသော ဆူဇူကီးယာဉ်(၃)စီးမှ
နောက်မီးခွက်(၃)စုံအားလည်းကောင်း၊အလုံမြို့နယ်၊အထက်ကြည့်မြင်တိုင် လမ်းမပေါ်၌ရပ်ထားသည့် ပရိုဘောက်ယာဉ်(၂)စီး၊ ဟွန်ဒါဖစ်ယာဉ်(၃)စီး၊ ဒီမီရိုယာဉ်(၃)စီး၊ ဆူဇူကီးဗစ်ယာဉ်(၁)စီးတို့မှ နောက်ရေသုတ်တံများအား လည်းကောင်း၊ ကမာရွတ်မြို့နယ် လှည်းတန်းဈေးအနီးလမ်းမပေါ်၌ ရပ်ထားသည့် ဆူဇူကီးယာဉ်(၃)စီး၊ဟွန်ဒါဖစ်(၃)စီး၊ပရိုဘောက်ယာဉ်(၁)စီး တို့မှ နောက်ရေသုတ်တံများနှင့် ဆူဇူကီးယာဉ်(၂)စီးမှ နောက်မီးခွက် (၂)စုံအားလည်းကောင်း ခိုးယူရောင်းချထားကြောင်းပေါ်ပေါက်သဖြင့် သက်ဆိုင်ရာရဲစခန်းများတွင် အမှုများဖွင့်လှစ်ပြီး ဆက်လက်အရေးယူကာ သက်သေခံပစ္စည်းများ ပြန်လည်သိမ်းဆည်းခဲ့ပါသည်။

ဆက်လက်စစ်ဆေးရာ ဝေလင်းထွန်းနှင့်မင်းမောင်မောင်ဝင့်တို့(၂)ဦး
သည်၂၀၁၄ခုနှစ် ဖေဖော်ဝါရီလအတွင်းက ညအချိန်သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံဘုရားအနီးလမ်းမပေါ်၌ရပ်ထားသည့် ဟွန်ဒါဖစ်ယာဉ်(၃)စီး၊ ပရိုဘောက်ယာဉ်(၃)စီး၊ ဆူဇူကီးယာဉ်(၃)စီးတို့မှ နောက်ရေသုတ်တံ
များနှင့် ဆူဇူကီးယာဉ်မှ နောက်မီးခွက်(၂)စုံအားလည်းကောင်း၊ ရတနာလမ်းမပေါ်ရှိ ကွန်ဒိုတိုက်ခန်းများရှေ့၌ရပ်ထားသည့် ဟွန်ဒါဖစ်
ယာဉ်(၂)စီး၊ ပရိုဘောက်ယာဉ်(၂)စီးတိုမှ နောက်ရေသုတ်တံများနှင့် ဆူဇူကီးယာဉ်(၁)စီးမှ နောက်မီးခွက်(၁)စုံအားလည်းကောင်း၊ ဗိုလ်တထောင်မြို့နယ်၊ ကမ်းနားလမ်းမပေါ်၌ရပ်ထားသည့် ပရိုဘောက်
ယာဉ်(၅)စီး၊ အေဒီဗင်ယာဉ်(၅)စီး၊ ဟွန်ဒါဖစ်ယာဉ်(၂)စီးတို့မှ
နောက်ရေသုတ်တံများအားလည်းကောင်း၊ တောင်ဥက္ကလာပမြို့နယ် စားသောက်ဆိုင်တစ်ဆိုင်ရှေ့၌ရပ်ထားသည့် ဟွန်ဒါဖစ်ယာဉ်(၄)စီး၊ ဆူဇူကီးယာဉ်(၅)စီး၊ ပရိုဘောက်ယာဉ်(၂)စီးတို့မှ နောက်ရေသုတ်တံများ
နှင့်ဆူဇူကီးယာဉ်၏နောက်မီးခွက်(၁)စုံတို့အားလည်းကောင်း ခိုးယူခဲ့ကြပြီး ရောင်းချထားကြောင်းပေါ်ပေါက်သဖြင့် သက်ဆိုင်ရာ ရဲစခန်းများတွင်အမှုများဖွင့်လှစ်ပြီး ဆက်လက်အရေးယူကာ သက်သေခံပစ္စည်းများ ပြန်လည်သိမ်းဆည်းခဲ့ကြောင်း သတင်းရရှိ
ပါသည်။

Yangon Police

စုဖောင်ဒေးရှင်းကို ဒေါ်အောင်ဆန်းစုကြည်နှင့် မီရှဲလ်ယိုတို့ ဖွင့်လှစ်မည်






The Lady ဇာတ်ကားတွင် ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်နေသော မီရှဲလ်ယို ဓာတ်ပုံ − telegraph


နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် တည်ထောင်မည့် စုဖောင်ဒေးရှင်းကို ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ကူးထားသည့် The Lady ဇာတ်ကားတွင် သရုပ်ဆောင်ခဲ့သော ကမ္ဘာကျော်မင်းသမီး မီရှဲလ်ယိုနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပူးတွဲဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါစုဖောင်ဒေးရှင်းဖွင့်ပွဲကို တက္ကသိုလ်ရိပ်သာလမ်းသစ် ဆရာစံပလာဇာရှိ Cooperate Business စင်တာ၌  မတ်လ ၉ ရက် နေ့လယ် ၁၂ နာရီတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဖြိုးဇေယျာသော်က ပြောသည်။
         
‘‘ဖောင်ဒေးရှင်းနဲ့ပတ်သက်လို့ ကိစ္စတွေကိုတော့ အဲဒီနေ့ကျမှပဲ အမေစုကိုယ်တိုင် အသေးစိတ် ပြောလိမ့်မယ်’’ဟု ဦးဖြိုးဇေယျာသော်ကဆိုသည်။
         
စုဖောင်ဒေးရှင်းအနေဖြင့် ကျန်းမာရေးနှင့်ပညာရေးထောက်ပံ့သည့်လုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

Author: အောင်သူရ
7DAY DAILY


မိမိကိုယ်ကိုယ် ထောက်လှမ်းရေးကဟုပြောသူ၏ ပြိုင်ကား မန္တလေးမှာ အရှိန်လွန်တိမ်းမှောက် (video သတင်း)


မတ်လ ၆ရက် ည(၇း၄၅)နာရီခန့်က မန္တလေးမြို့ ၇၈လမ်း၊ ၃၀နဲ့ ၃၁လမ်းကြားမှာ ToyotaSuprea အမျိုးအစား ပြိုင်ကားတစ်စီး အရှိန်မထိန်းနိုင်ပဲ လမ်းလယ်ကျွန်း အုတ်ခုံကို ၀င်တိုက် တိမ်းမှောက်ခဲ့ပါတယ်။

ယာဉ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူမရှိခဲ့ပါဘူး။ ပြိုင်ကားကို မောင်းနှင်လာသူတွေဟာ လူငယ်များဖြစ်ပြီး စကားအပြောအဆို မဆင်ခြင်တာကြောင့် ကူညီပေးသူ လူအများ စိတ်ဆိုးဒေါသထွက်လာတာကို ထိန်းသိမ်းဖို့ အနီးမှာရှိတဲ့ မြန်မာ့မီးရထားရဲတပ်ဖွဲ့ အမှတ်(၄)တပ်ဖွဲ့ မန္တလေးရထားရဲစခန်းအတွင်းမှာ ခေတ္တခေါ်ယူထိန်းသိမ်းပေးခဲ့ပါတယ်။









(ရိုက်ကူး - ငြိမ်းမိုးနောင်)
DVB News

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ရဲနဲ့ ဒေသခံတောင်သူတွေ ပဋိပက္ခ ဖြစ်ပွားလျက်ရှိနေ (video သတင်း)


(မတ်လ ၇ရက်နေ့ မနက်မြင်ကွင်း)

အမှတ်(၂၈) ရဲတပ်ရင်းဆောက်လုပ်ရန် မြေဧက ၁၀၀ ကျော် အင်အားသုံး သိမ်းယူနေခြင်းကြောင့် ဒေသခံ ရွာသားတွေနဲ့ ရဲအာဏာပိုင်တွေကြား ပဋိပက္ခဖြစ်ပွားလျက် ရှိနေပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ စုန်းကျင်းအုပ်စု၊ အုံတုံပင်ကျေးရွာအနီး၊ မုံရွာ-ပုသိမ် ကားလမ်းမဘေး ၀ဲယာမှာရှိတဲ့ မြေတွေမှာ ရဲအင်အားသုံးပြီး မြေတူးစက်တွေနဲ့ ထန်းပင်တွေကို ထိုးချနေတာ တွေ့မြင်ရပါတယ်။ မနေ့က စတင်ဖြစ်ပွားတဲ့ ပဋိပက္ခမှာ ဒေသခံ(၃)ယောက် အဖမ်းခံရပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီမနက် ထပ်ဖြစ်တဲ့ ပဋိပက္ခမှာ ဒေသခံ(၅)ယောက် အဖမ်းခံရပြီး တယောက်ကို ကလေးအမေမို့ ပြန်လွှတ်ပေးလိုက်ပေမယ့် ကျန်(၄)ယောက်ကို အချုပ်ကားနဲ့ တင်ခေါ်သွားပါတယ်။



(ရိုက်ကူး - မိုးမင်းဦး)

DVB TV News

လုပ်ငန်းရှင်ဖြစ်လာဖို့ သွားရန် နည်းလမ်း


ဒါကတော့ နိုင်ငံတကာက ပြောတဲ့ Formal Step တွေပေါ့နော်။ မြန်မာပြည်နဲ့ကတော့ ဘယ်တူပါ့မလဲ။ သို့ပေ မယ့် လေ့လာလို့ရအောင် သူတို့ နည်းလမ်းလေးကို မျှဝေ ပေးလိုက် ရပါတယ်။

1. Find a Product (or idea)

ပထမဆုံး ကုန်ပစ္စည်းတစ်ခုကို ရှာဖွေရမယ်။ အိုင်ဒီယာဆိုလည်း အိုင်ဒီယာပေါ့။ အဲဒါက လူသိများကောင်း လူသိများလိမ့်မယ်။ သို့ပေမယ့် ပြီးပြည့်စုံလောက်အောင် မကောင်းသေးတဲ့ အရာတစ်ခု။

2. Buy One and Stuty it

အဲ့ ပစ္စည်းကို ဝယ်ရမယ်။ ပြီးတော့ အသေးစိတ် ကျကျ လေ့လာရမယ်။ အိုင်ဒီယာဆိုရင်လည်း ယင်း အိုင်ဒီယာကို အတွင်းကျကျ လေ့လာရမယ်။ လိုအပ်ရင် ထပ်မံ သင်ယူရအုံးမယ်။

3. Figure out how to improve it

အသေးစိတ်လည်းလေ့လာပြီးပြီ။ သင်ယူလေ့လာမှုလည်း ပြီးပြီ။ ဒါဆိုရင် နောက်တစ်ဆင့် တက်ရမှာက ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။

4. Make a Prototype

ဖွံ့ဖြိုးအောင်လည်းလုပ်ပြီးပြီဆိုရင် Sample တစ်ခု အရင်ထုတ်ရပါမယ်။ ကနဦး စံနမူနာပစ္စည်း တစ်ခု ဖန်တီး ယူရပါမယ်။

5. Show the prototype to 100 people

လူသိပ်အများကြီးကို ပြစရာမလိုသေးဘူး။ Selected people ပဲ။ ရွေးထားတဲ့ သူတွေက ကို စံနမူနာ၊ အိုင်ဒီယာကို ဖောက်စားမယ့်သူ မဟုတ်ဖို့တော့ လိုပါမယ်။

6. Remake it

စံနမူနာကို Selected people ကိုလည်း ပြသပြီးသွားပြီဆိုရင် နောက်တစ် ဆင့် တက်ရမှာက remake ပါ။ သူတို့ ပေးတဲ့ Feedback ကိုအခြေခံလို့ အကောင်းဆုံးပြန်လည်ဖန်တီးရပါမယ်။ End Customer အတွက် လိုချင်စိတ် ပေါက်ရလောက်တဲ့ အထိ ဖြစ်ပါတယ်။

7. Find a co-founder

ကိုယ့် ပရောဂျက်က အရမ်းကြီးတယ်ဆိုရင် တစ်ယောက်တည်းနဲ့ မရတော့ဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် အတူတွဲလုပ်မယ့် ပါတနာတော့ လိုပါမယ်။ co-fouder ပါ။ လက်တွဲလုပ်သူ တစ်ယောက်လည်း ခပ်ကောင်းကောင်း ပါတယ်ဆိုရင် အိုင်ဒီယာလည်း ပိုထွက်ပါတယ်။

8. Split with your co-founder

Co-founder နဲ့ ဆက်လုပ်တာပဲ ဖြစ်ဖြစ်၊ လမ်းခွဲတာပဲ ဖြစ်ဖြစ် ဒီ Level မှာ တိတိကျကျ အဖြေထွက်ဖို့ လိုပါတယ်။ တစ်ဖက်ကလည်း profit တစ်ခုရဖို့ ဖန်တီးကြိုးစားပေးတဲ့နေရာမှာ တစ်ခုမှ ပြန်မပေးနိုင်ရင် Split လုပ်ဖို့ ခက်ခဲပါတယ်။ ဒီတော့ ၅၀-၅၀ . ၅၀-၄၀ စွမ်းဆောင်ချက်၊ ရလဒ် အလျောက် သေချာ ခွဲတမ်းချပြီး ရှေ့ ဆက်ဖို့ လိုအပ်ပါတယ်။

9. Find a investor

ငွေထည့်မယ့် လုပ်ငန်းရှင်လိုအပ်ပါတယ်။ ယင်းလုပ်ငန်းရှင်ကို ကိုယ်ဖန်တီးထားတဲ့ Product ကို ချပြရပါမယ်။ Detail မလိုပါဘူး။ Investor အတွက် Profit and Process လောက်ပဲ focus လုပ်ပြီး Explain တာ ကောင်းပါတယ်။ Data Detail သွားရှင်းမိရင် Investor က Holder ဖြစ်သွားနိုင်ပါတယ်။

10. Give her your percentage

အိုင်ဒီယာမပါ ငွေရင်းသာစိုက်သူအတွက် ၁၀ ရာခိုင်နှုန်း လို့ ပုံသေတော့ သတ်မှတ်လို့ မရပါဘူး။ သို့ပေမယ့် ၁၀ ပုံပုံ ၃ ပုံထပ်ပိုပေးမိရင်တော့ ကိုယ့် Product က သူ့ Product ဖြစ်သွားနိုင်ပါတယ်။

11. Make the product

ငွေလည်းရှိပြီ။ Resource ရပြီ ဆိုရင် Product ထုတ်ဖို့ စနိုင်ပါပြီ။ ဒီအဆင့်မှ Product က ထုတ်လုပ်တာပါ။ လက်ထဲမှာ co founder နဲ့အတူဖန်တီးထားတဲ့ finalize product simple ပဲ ရှိပါသေးတယ်။

12. Sell your product

နေရာဒေသ အလိုက်ပေါ့။ ကိုယ့် ကုန်ပစ္စည်းကို Customer ဘယ်လောက်ဆီ ဘယ်လောက် ရောင်းနိုင်ရမယ်ဆိုတာ ကိုယ်တိုင် Target ထားရမှာပါ။

13. Get more money

ကုန်ပစ္စည်း ရောင်းချပြီဆိုရင်တော့ ငွေကတော့ ဝင်ပါပြီ။ ဝင်ငွေကို ခွဲတမ်းချပြီး Production အတွက် ထပ်မံ Invest လုပ်ရပါမယ်။

14. Go to Stock

စတော့ ရှယ်ယာဈေးကွက်သို့ ဝင်ရောက်ခြင်းပါ။ ဒါကလည်း မြန်မာပြည်မှာ မကြာမီ နှစ်အနည်းငယ် အတွင်း ဖြစ်လာတော့မယ် ဈေးကွက်ပါ။ စတော့ရှယ်ယာဈေးကွက်ကြောင့် ပုံမှန်လည်ပတ်နေတဲ့ Money Cycle အတွက် အဓိက Profit ရနိုင်တဲ့ source တစ်ခုလည်း ဖြစ်သွားနိုင်ပါတယ်။ ရှယ်ယာရောင်းမယ်။ ရှယ်ယာရှင် အသစ်တွေ ဝင်လာမယ်။ ရှိရင်းစွဲတွေ ထွက်မယ် အစရှိသဖြင့် လည်ပတ်နေတဲ့ စတော့ရှယ်ယာ ဈေးကွက် က ခေါင်းစားစရာနေရာတစ်ခုလည်း ဖြစ်လာမှာပါ။

ဒီတော့ စတော့ရှယ်ယာ ဈေးကွက်အကြောင်း ကို သေချာ လေ့လာ ထားဖို့လိုအပ်ပါနိုင်ပါတယ်။ နိုင်ငံတကာက စတော့ရှယ်ယာ အပြင် ပြည်တွင်းမှာ ဖြစ်ပေါ်လာနိုင်မယ့် ပုံစံကို ယခုကတည်းက ကြိုတင်လေ့လာထားဖို့ လိုအပ်ပါတယ်။ အနာဂတ်ဟာ မဝေးတော့ပါဘူး။ လူတိုင်း ကြိုးစားရင်၊ အိုင်ဒီယာကောင်း၊ Product ကောင်းရှိရင် လုပ်ငန်းရှင် ဖြစ်နိုင်ပါတယ်။ အထက်ပါ ဖော်ပြချက်များ က နိုင်ငံတကာ ကပြောတဲ့ အကြောင်းအရာပါ။ ပြည်တွင်းမှာ ဒါနဲ့ ထပ်တူကျဖို့ မသေချာ ပါဘူး။ Localization အတွက် Change လုပ်ရမယ့် Strategy တွေ အများကြီးပါ။ အားလုံး Business Idea ရဖို့ ရေးသား မျှဝေ ပေးလိုက် ရပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)

ဒေါက်ဖိနပ် ၀တ်လျှင် ရရှိနိုင်သော ဆိုးကျိုးနှင့် ကောင်းတာလေးများ


အမျိုးသမီးအများစုဒေါက်ဖိနပ်ကို ဘာလို့ဝတ်တာလဲဆိုရင် စတိုင်လ်ကျချင်တာရယ်၊ ဒေါက်ဖိနပ်ဝတ်တော့ အရပ်အနည်းငယ် ပိုရှည်ပြီး ကိုယ့်ကိုကိုယ် ယုံကြည်ချက်တွေ ရှိလာတာရယ်ကြောင့်ပါ။ ဒါပေမယ့်ကြာရင် ခါးကို ဒုက္ခပေးတတ်ပါတယ်။ ဒါကြောင့် ဒေါက်ဖိနပ်ဝတ်ခြင်းရဲ့ဆိုးကျိုးနှင့်ကောင်းကျိုးများကို လေ့လာသင့်ပါတယ်။တချို့တွေဟာ မွေးရာပါ အရပ်ရှည်ကြတော့ ကံကောင်းတာပေါ့။ ခန္ဓာကိုယ်အချိုးအဆစ်ကို လှပပေါ်လွင်စေတာပေါ့။
အရပ်မရှည်သူတွေအတွက်ကတော့ ဒေါက်မြင့်ဖိနပ်ကူမှသာ ဖြစ်မယ် ဆိုရင် အခုနောက်ပိုင်းထွက်တဲ့ ကျန်းမာရေးနဲ့ ညီညွတ်စွာ ပြုလုပ်ထားတဲ့ ဒေါက်မြင့်ဖိနပ်များကို ရွေးချယ်ဝတ်သင့်ပါတယ်။တစ်နေကုန် ဒေါက်မြင့်ဖိနပ်စီးရသောသူတွေအတွက် သိပ်ကို အရေးကြီးပါတယ်။ ကိုယ်ရွေးချယ်လိုက်တဲ့ ဒေါက်မြင့်ဖိနပ်ဟာ ကိုယ့်ခန္ဓာကိုယ်ကို ခံနိုင်ရည် အားရှိသလား၊ ကြာကြာဝတ်ရင် ဘယ်လိုဆိုးကျိုးတွေဖြစ်နိုင်လဲကို အရင်တွေးသင့်ပါတယ်။ လှတာလေးပဲ ရွေးဝယ်မယ် ဆိုတာထက်ပေါ့နော်။ ဒေါက်ကို အချွန်၊အတုံး၊ အထူအပါး စသည်ဖြင့် ကိုယ်ရဲ့ခန္ဓာကိုယ်၊ ကိုယ့်ရဲ့စတိုင်လ်နဲ့ လိုက်ဖက်ညီအောင် ရွေးချယ်သင့်ပါတယ်။

ဒေါက်မြင့်ဖိနပ်ရဲ့ ကောင်းတာလေးတွေကတော့ လှပချွန်ထက်တဲ့ ဒေါက်မြင့်ဖိနပ်တစ်ရံဟာ အမျိုးသမီးတွေရဲ့ သူငယ်ချင်းကောင်း တစ်ယောက်လို ဖြစ်ခဲ့တာ နှစ်ပေါင်းများစွာထဲကပါ။

အရပ်ကို ပိုရှည်စေတယ် - ဒေါက်ဖိနပ်လေးစီးလိုက်တော့ ကိုယ့်ရဲ့အရပ်က ၅-၆ လက်မ လောက် ရှည်သွားပြီး ပိုကြည့်ကောင်းသွားတာပေါ့။ အရပ်ရှည်ချင်သူတွေအတွက် ဒေါက်ဖိနပ် စီးလိုက်တာနဲ့ ဆွဲဆောင်မှုရှိပြီး ကြည့်လို့အရမ်းလှလို့ စီးကြပါတယ်။ လုပ်ငန်းခွင်မှာ ဒေါက်မြင့်ဖိနပ် စီးခြင်းဖြင့်လည်း ကိုယ့်ကိုယ်ကို ယုံကြည်ချက်တွေ ရှိလာပါတယ်။

စတိုင်လ် - ဒေါက်မြင့်ဖိနပ် ၀တ်လိုက်တာနဲ့ အမျိုးသမီးများရဲ့ စတိုင်လ်ဟာ စမတ်ကြတာကို ခံစားတွေ့ရှိရပါတယ်။ ဒေါက်မြင့်ဖိနပ်စီးခြင်းဖြင့်လည်း လမ်းလျှောက်တဲ့အခါ ဆွဲဆောင်မှု ကောင်းအောင် စတိုင်လ်ကျပါတယ်။ ခြေချောင်းလေးတွေကို ပေါ်လွင်စေတဲ့ ကြိုးသိုင်း ဒေါက်မြင့် ဖိနပ်ဆို ပိုလို့တောင် ဆွဲဆောင်မှုကောင်းပြီး အ၀တ်အထည် တော်တော်များများနဲ့ လိုက်ဖက်ပြီး သိပ်ကို စတိုင်လ်ကျပါတယ်။

ခန္ဓာကိုယ် ဟန်နေအထား အဆင်ပြေခြင်း - အမျိုးသမီးများဟာ ဒေါက်မြင့်ဖိနပ်စီးပြီးတာနဲ့ ကိုယ်နေဟန်ထား လှပအဆင်ပြေတယ်လို့ ခံစားကြရမှာပါ။ ဒေါက်ဖိနပ်ရဲ့ အမြင့်ဟာ ခန္ဓာကိုယ်ပေါ်က အကွေ့ကောက်လေးတွေကို ဆွဲဆောင်မှုအပြည့်နဲ့ ပေါ်လွင်စေပါတယ်။ ဒေါက်မြင့်ဖိနပ်စီးလိုက်တာနဲ့ ခန္ဓာကိုယ်က အလိုလို မတ်သွားတယ်၊ ခါး၊ ရင်၊ တင်တွေ ပိုပေါ်လွင်စေတယ။် ဒါကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှု ပြည့်ဝလာတယ်။ ပထမဦးဆုံး(သို့) တစ်ခါတလေမှ ဒေါက်မြင့်ဖိနပ်ဝတ်တဲ့ မမများကတော့ တမျိုးဖြစ်နေလိမ့်မယ်။ အပြင်သွားရင် အခက်အခဲမဖြစ်အောင် အိမ်မှာ ဒေါက်မြင့်ဖိနပ်ဝတ်ပြီး လမ်းလျှောက် လေ့ကျင့်သင့်ပါတယ်။ ဒါမှသာ အပြင်ထွက်လျှင် ဆွဲဆောင်မှု အပြည့်နဲ့ စတိုင်လ်ကျကျ လျှောက်နိုင်မှာပေါ့။

ခြေထောက်ကို ပိုရှည်စေပါတယ် - ဒေါက်မြင့်ဖိနပ်ရဲ့အထောက်အကူနဲ့ ခြေတံလေးတွေ ပိုရှည်သွားစေလို့ စကဒ်အတို၊ ဘောင်းဘီအတို ၀တ်လျှင် ငေးမောလောက်စရာ ကောင်း အောင်ကို အလွန်လှပသွယ်လျှတဲ့ ခြေတံလေးတွေတောင် ထင်နိုင်ပါတယ်။

အ၀တ်အစားတိုင်းနဲ့လည်း လိုက်ဖက်ပါတယ်။ ဒေါက်မြင့်ဖိနပ်ကို ဘယ်လို အ၀တ်အစားနဲ့ပဲ တွဲဝတ်လိုက် ဆွဲဆောင်မှု အပြည့်အ၀ရှိတာကို တွေ့ရပါတယ်။ ဘယ်လိုဖိနပ် အမြင့်မျိုးလေး တွေကို ဘယ်လိုဝတ်ရင်လှမလဲဆိုရင် ဒေါက်အတုံး ဖိနပ်ကတော့ ဘာနဲ့ဖြစ်ဖြစ် လိုက်ဖက် ပါတယ်။ ခဲတံအချွန်လို ဒေါက်မြင့်ဖိနပ်ကျတော့ တင်ပါးဖုံးရုံအကျီင်္ကို တစ်ဖြောင့်တည်းစကဒ် (သို့) တစ်ဖြောင့်တည်းဘောင်းဘီနဲ့တွဲဝတ်လျှင် သိသာထင်ရှား ပေါ်လွင်သောအလှကို ခံစားရမှာပါ။ ခုံထူနဲ့ မြင့်မြင့်ဖိနပ်ဆိုရင် ဘောင်းဘီအောက်နားပွပွ(သို့) ခေါင်းလောင်း ဂျင်းဘောင်းဘီမျိုးနဲ့ တွဲဝတ်မယ်ဆိုရင် ခတ်မိုက်မိုက် စတိုင်လ်မျိုးလေးပေါ့။ တချို့ကြတော့ ဒေါက်ဖိနပ် ၀တ်ထားတာကို မသိစေချင်ဘူး။ ဒါပေမယ့် အရပ်ရှည်တဲ့ ပုံသဏ္ဍန်တော့ ဖမ်းချင်တယ် ဒါဆိုရင်တော့ ဖိနပ်ဖုံးအောင် စကဒ်အရှည်၊ ဂါဝန်ရှည်၊ ဘောင်းဘီအပွအရှည်နဲ့ တွဲဝတ်သင့်ပါတယ်။
ဒေါက်မြင့်ဖိနပ်ရဲ့ဆိုးကျိုးလေးတွေကတော့ ဒေါက်မြင့်ဖိနပ်ကို ၀တ်ဆင်ထားတဲ့ အမျိုးသမီး တွေဟာ ကြည့်လို့လှသလောက် မျိုးစုံသော အသားအရေ ပေါက်ပြဲ နာကျင်ကိုက်ခဲမှုမျိုးကို ခံစားရတတ်ပါတယ်။
ခြေထောက်တွေ နာကျင်ခြင်း - ဒေါက်မြင့်ဖိနပ် ၀တ်ပြီးလမ်းလျှောက်လျှင် အမျိုးသမီး အများစုဟာ ခြေထောက်နာကျင်ခြင်းကို ခံစားရကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒေါက်အမြင့်ကြောင့် ခန္ဓာကိုယ်တစ်ကိုယ်လုံးရဲ့ဖိအားက ခြေထောက်မှာ သွားစုစည်းတာ ကြောင့်ပါ။ အဲဒီလို နာတာကြာရင် တင်ပါးစုံရိုးတွေပါ နာလာတတ်ပါတယ်။

လှမ်းလျှောက်ရတာ အဆင်မပြေခြင်း- အမျိုးသမီး အတော်များများမှာ ဒေါက်မြင့်ဖိနပ်နဲ့ လှမ်းလျှောက်ရတာ တော်တော် အဆင်မပြေဖြစ်တတ်ပါတယ်။ ခရီးဝေးဝေး လျှောက်ရမယ့် နေရာမျိုးတွေမှာဆို လမ်းလျှောက်ရတာ နှေးကွေးတာတို့ အကြာကြီးမတ်တပ် မရပ်နိုင်တာတို့လည်း ဖြစ်တတ်ပါတယ်။ အဲဒီအခါမျိုးတွေမှာဆို ဒေါက်မြင့်ဖိနပ်ကြီး ၀တ်ပြီးလမ်းလျှောက်တဲ့ပုံက ရယ်စရာကြီး ဖြစ်နေပါလိမ်မယ်။ တစ်ခါတလေဆို ဟိုယိုင်ဒီယိုင်နဲ့ ချော်လဲနိုင်တဲ့ အနေအထားမျိုးလည်း ဖြစ်နိုင်သေးတယ်။

ခါးနာခြင်း - ဒေါက်မြင့်ဖိနပ်ကို ၀တ်ခြင်းဖြင့် တစ်ကိုယ်လုံးရဲ့ ဖိအားကြောင့် နောက်ကြောရိုးနှင့် ခါးရိုးကို ထိခိုက်စေနိုင်ပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ လမ်းလျှောက်ခြင်း၊ အကြောလျှော့ခြင်းနှင့် တခြားခါးလေ့ကျင့်ခန်းများကို ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ ခါးနာခြင်း ကို ကာကွယ်ပေးနိုင်ပါတယ်။

အဆစ်လွဲခြင်း - ဒေါက်ဖိနပ်အမြင့်ကြောင့် အမျိုးသမီးတွေ အများဆုံး ဖြစ်လေ့ဖြစ်ထ ရှိတာက တော့ ခြေဆစ်လွဲခြင်းကို အမြဲမြင်နေ ကြားနေရပါတယ်။ ဒေါက်မြင့်နဲ့ လမ်းလျှောက်တော့မယ် ဆိုရင် ဖြည်းဖြည်းနဲ့ အမြဲသတိရှိရှိ လျှောက်ပါ။ ဒေါက်မြင့်ကို နေ့စဉ် ၀တ်တတ်သော သူများ ဟာ အသက်အရွယ်ရလာတာနဲ့ တစ်ပြိုင်တည်း ခြေထောက်၊ ခြေချောင်းတွေမှာ နာကျင် ကိုက်ခဲပြီး အရိုးများ ပုံမှန်မရှိတာကို ခံစားရတတ်ပါတယ်။

မှတ်ချက်။ ၂၀၁၃ခုနှစ် စက်တင်ဘာလ Hair and Style မဂ္ဂဇင်း အတွဲ(၁) အမှတ် (၆) မှ Syitha Lwin (ZST Fashion) ၏ဆောင်းပါးအား ကောက်နုတ်ဖော်ပြပါသည်။

MOI Webportal Myanmar

ချန်နယ်လ် ရှိုးမှာ သတင်းထောက်တွေကို ဒေါသထွက်ခဲ့ရတဲ့ Rihanna




သီဟနိုင် on 2014-03-07 11:19    
Rihanna ဟာ ပုံမှန်တော့ မီဒီယာရဲ့ အာရုံစိုက်မှုကို မြတ်နိုးပါတယ်။ ဒါပေမဲ့ ပါရီမှာလုပ်ခဲ့တဲ့ ချန်နယ်လ် ရှိုးတစ်ခုမှာတော့ R&B အဆိုကျော် Rihanna ဟာ သူ့နား အရမ်းတိုးကပ်လာတဲ့ သတင်းထောက်တစ်ဦးကို ရိုက်ခဲ့ပါတယ်။ ချန်နယ်လ် ကလုပ်တဲ့ ရှိုးကတော့ စူပါမားကစ်ပုံစံ ဆိုလိုရင်းဖြစ်တဲ့ ဖက်ရှင်ရှိုးတစ်ခုပါပဲ။ Rihanna ဟာ သူမရဲ့ သူငယ်ချင်း မော်ဒယ် Cara Delevingne ရဲ့ရှိုးလျှောက်တာကို ကြည့်ရှုပြီးတဲ့နောက်မှာ ခန်းမထဲကနေ ထွက်ဖို့ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ သတင်းထောက်တွေက ပြုံဆင်းလာပြီး သူမကို ပိတ်ထားသလို ဖြစ်ခဲ့ပါတယ်။ Rihanna ရဲ့သီချင်းတွေပါတဲ့ ဖက်ရှင်ဒီဇိုင်နာ Karl Lagerfeldရဲ့ ဂီတရွေးချယ်မှုအကြောင်း မေးမြန်းခဲ့တဲ့အခါ “သိပ်ကို ပြီးပြည့်စုံပါတယ်။” လို့ Rihanna ကဖြေခဲ့ပါတယ်။ အဲ့ဒီ့နောက် သတင်းထောက်တစ်ယောက်ရဲ့ မိုက်ခရိုဖုန်းက သူမရဲ့ မျက်နှာနားကို အတင်းတိုးကပ်လာတဲ့အခါမှာတော့ သူမဟာ ဒေါသထွက်ခဲ့ရပါတယ်။ “အဲ့ဒီ့ သောက်ဟာကြီးကို ဖယ်ပေးလို့မရဘူးလား။” လို့ပြောပြီး ချန်နယ်လ် လက်ကိုင်အိတ်ကြီးနဲ့ မိုက်ခရိုဖုန်းကို ရိုက်ခဲ့ပါတယ်။ အနှောင့်အယှဉ် နည်းနည်းရှိခဲ့ပေမဲ့ ချန်နယ်လ် ဖက်ရှင်ရှိုးဟာ အောင်မြင်ခဲ့ပါတယ်။ ဒီရှိုးကို တကယ့် စူပါမားကစ် မှာပဲလုပ်ခဲ့တာပါ။
Ref:theboombox.com
Trend Myanmar

စွန့်ဦး စီးပွားတည်ထောင်သူတို့ ဆောင်ရမည့် အချက်လေးချက်



စွန့်ဦးတီထွင်ဆိုလို့ Science ဘာသာရပ်တို့ကို မဆိုလိုပါဘူး။ စီးပွားရေး လုပ်ငန်းမှာ စတင်ခြေလှမ်းလှမ်းပြီး တစ်ပိုင်တစ်နိုင် စတင်သူများကို ဆိုလိုခြင်း ဖြစ်ပါတယ်။ အင်္ဂလိပ်လိုကတော့ Entrepreneur ပါ။ ဗာဂျီနီးယား တက္ကသိုလ်ရဲ့  စစ်တမ်းကောက်ချက်အရ အောင်မြင်သော စီးပွားရေး လုပ်ငန်း တစ်ခု ဖြစ်လာဖို့အတွက် ကြိုးစားတဲ့ ခြေလှမ်းလေးခု ကို တွေ့ရှိခဲ့ ပါတယ်။

Act, Learn, Build, Repeat ဖြစ်ပါတယ်။

အရင်ဆုံး ကိုယ် အမှန်တကယ် လုပ်ချင်တဲ့ အရာကို လုပ်ဆောင် လိုက်ခြင်းကို Act နဲ့ ခေါင်းစဉ် တပ်ထား ပါတယ်။ ပြီးတော့ လုပ်ဆာင်ပြီးတဲ့၊ ဖန်တီးလိုက်တဲ့ ကုန်ပစ္စည်း အတွက် Perfect မဖြစ်စေ တဲ့ အချက်တွေကို ပြန်စုမယ်၊ လေ့လာမယ် ယင်း အဆင့်ကို Learn လို့ခေါ်ပါတယ်။ စစ်ဆေးပြီးပြီ၊ ပြန် လေ့လာ သင်ယူပြီးပြီဆိုရင် ပထတုန်းက ချခဲ့တဲ့ Plan အတိုင်း ပြန်ပြီးတော့ Build လုပ်ရမှာ ဖြစ်ပါတယ်။ Buid up လည်း လုပ်ပြီးပြီဆိုရင်တော့ ပထမက လုပ်ခဲ့တဲ့ အတိုင်း အစ ကနေ ပြန် စနိုင်ပါပြီး ယင်းအဆင့်က Repeat ဖြစ်ပါတယ်။

ဒီတော့ ဘယ် အလုပ်ကိုပဲ ဖြစ်ဖြစ် ကိုယ်က စွန့်ဦးဖန်တီးကြိုးစားတော့မယ် ဆိုရင် ဘာမှ သိပ်ခေါင်းစား စရာမလိုပါဘူး။ Repeat ဆိုတဲ့ တစ်ဆင့် ရှိနေသေးတာကို ခေါင်းထဲထည့်ပြီး ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိ သလောက် ကြိုးစား ဖို့သာ လိုအပ်ပါတယ်။ Ownership က ကိုယ်ကိုယ်တိုင် ဖြစ်တဲ့ အတွက် နောက်ထပ် အကြိမ်ကြိမ်ကြိုးစားပိုင်ခွင့်ရှိတယ် ဆိုတဲ့ အတွေးကို ခေါင်းထဲ ဝင်စေဖို့ ဖြစ်ပါတယ်။ အများစုဟာ စွန့်ဦးကြိုးစား ဖန်တီးလို့ မအောင်မြင်တဲ့ ပထမဆုံး အကြိမ်မှာ လက်လျော့ သွားပါတယ်။ ဒါဟာ မှားယွင်းတဲ့ အယူအဆ ဖြစ်ပါတယ်။

Act, Learn, Build, Repeat ကို ကျရှုံးတဲ့အခါတိုင်း အထပ်ထပ် အခါခါ ပြုလုပ်သွားရင် တစ်နေ့ မဟုတ် တစ်နေ့တော့ အောင်မြင်တဲ့ Entrepreneur ဖြစ်လာနိုင်မှာ ဖြစ်ပါတယ်။
.
Ref: forbes
အောင်ခမ်း (ရိုးရာလေး)


မြောက်ကိုရီးယားနှင့် စစ်ရေးဆက်ဆံမှု လုံးဝမရှိဟု အစိုးရ ထပ်မံငြင်းဆို




ရန်ကုန်၊ မတ် ၆

တပ်မတော် အစိုးရလက်ထက် မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယားတို့ စစ်ရေးဆိုင်ရာ ဆက်ဆံမှုများ ရှိခဲ့သော်လည်း ယနေ့အချိန်တွင် ပုံမှန် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးမှ အပ စစ်ဘက်ဆိုင်ရာ ဆက်ဆံမှုများ လုံးဝ မရှိတော့ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်က ထပ်မံ ငြင်းဆိုလိုက်သည်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက မတ်လ ၅ ရက်နေ့တွင် ထုတ်ပြန်သည့် မြောက်ကိုရီးယား စစ်ရေးဆိုင်ရာ အစီရင်ခံစာတွင် မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယားတို့ စစ်လက်နက် ရောင်းဝယ်မှုများ ရှိနေသေးကြောင်း ဖော်ပြထားမှုနှင့် ပတ်သက်၍ ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအနေနှင့် မြောက်ကိုရီးယားနှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်များ အတိုင်း လိုက်နာမည် ဖြစ်ပြီး သံတမန် ဆက်ဆံရေးမှ အပ စစ်ရေးဆိုင်ရာ ဆက်သွယ်မှုများ ရပ်ဆိုင်းထားပြီး ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“အကြိမ်ကြိမ် ပြောပြီးသားပါ၊ လက်တွေ့မှာလည်း တကယ်မရှိပါဘူး” ဟု ဦးရဲထွဋ်က ဆိုသည်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ယင်းနိုင်ငံ ကွန်ဂရက်သို့ တင်သွင်းသည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့် ဆက်ဆံရေးကို ခပ်ခွာခွာ ပြုလုပ်နေသော်လည်း စစ်လက်နက်ပစ္စည်း ဝယ်ယူမှုများမှာမူ ရှိနေဆဲ ဖြစ်ကြောင်း ထည့်သွင်း ဖော်ပြထားသည်။

မြောက်ကိုရီးယားသည် ၎င်း၏ စစ်လက်နက် ပစ္စည်းများကို မြန်မာ အပါအဝင် အီရန်၊ ဆီးရီးယားနှင့် အခြားနိုင်ငံများသို့ ကမ္ဘာအနှံ့ ကွန်ရက်ကို ချိတ်ဆက် ရောင်းချမှုများ ပြုလုပ်နေကြောင်း၊ နည်းပညာ လွှဲပြောင်းမှု များလည်း ပါဝင်ကြောင်း အမေရိကန် အစီရင်ခံစာတွင် ပါရှိသည်။

မြန်မာအစိုးရက မြောက်ကိုရီးယားနှင့် ပုံမှန် မဟုတ်သည့် ဆက်ဆံရေးများ ရပ်ဆိုင်းပြီး ဖြစ်သည်ဟု ဆိုသော်လည်း ၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်း ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကို မြောက်ကိုရီးယားနှင့် လက်နက် ရောင်းဝယ်မှု အတွက်ဟု ဆိုကာ အမေရိကန် ပြည်ထောင်စုက ပိတ်ဆို့ အရေးယူခဲ့သည်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် ချမှတ်ထားသော ဆုံးဖြတ်ချက်အရ မြန်မာအစိုးရ အနေနှင့် မြောက်ကိုရီးယား နိုင်ငံမှ စစ်လက်နက်ပစ္စည်း ဝယ်ယူမှုကို ကန့်သတ် တားမြစ်ထားသည်။


The Voice Weekly

ယာဉ်ပိုင်ဆိုင်မှု အတုဖြင့် တရားမဝင်ယာဉ် ပေါင်နှံရောင်းချ



ရန်ကုန်၊ မတ် ၆

မော်တော်ယာဉ် ပိုင်ဆိုင်ကြောင်း အထောက်အထား အတုပြုလုပ်၍ ရနေသဖြင့် မော်တော်ယာဉ် ဝန်ဆောင်မှု ကုမ္ပဏီများက လချုပ်ဖြင့် ငှားရမ်းထားသော ယာဉ်များကို လိမ်လည်သူ အချို့က တရားမဝင် ပေါင်နှံ ရောင်းချနေကြောင်း မော်တော်ယာဉ် အရောင်းလုပ်ငန်း၊ Taxi အငှားလုပ်ငန်းနှင့် မော်တော်ယာဉ် ငှားရမ်းခြင်း လုပ်ငန်းများ ဝန်ဆောင်မှု ပေးနေသည့် ရောင်နီဦး ဝန်ဆောင်မှု ကုမ္ပဏီမှ အထွေထွေ မန်နေဂျာ ဦးဝင်းထွဋ်က The Voice သို့ ပြောကြားသည်။

မော်တော်ယာဉ် Owner Book (ယာဉ်ပိုင်ဆိုင်ကြောင်း အထောက်အထား) အတုသည် အစစ်နှင့် အရောင်အသွေး၊ အဖုံးနှင့် ရောင်ပြန် အမှတ်အသား (Hologram) များပါ တူညီနေပြီး သေချာ စစ်ဆေးမှသာ လျှို့ဝှက်နံပါတ်၊ စာအုပ်တွင် ရေးထိုးထားသော အရာရှိ လက်မှတ်၊ ယာဉ်အိုယာဉ်ဟောင်း အပ်နှံထားသည့် နံပါတ်ပါသည့် တံဆိပ်တုံး မပါရှိခြင်း တို့ကို တွေ့ရှိရကြောင်း ဦးဝင်းထွဋ်က ဖြည့်စွက် ပြောကြားသည်။

“တရားဝင် မှတ်ပုံတင် အတုလုပ်တဲ့ လမ်းကြောင်းတွေကို ထိထိရောက်ရောက် နှိမ်နင်းစေချင်တယ်။ လုပ်ငန်း လုပ်နေတဲ့ ကုမ္ပဏီနဲ့ တတ်နိုင်တဲ့ ငွေကြေးလေးနဲ့ ပုဂ္ဂလိက စီးပွားရေး လုပ်နေတဲ့လူတွေ ထိခိုက် နစ်နာတာတွေကို ကာကွယ်နိုင်မယ်” ဟု ၎င်းကဆိုသည်။

ရောင်နီဦး ဝန်ဆောင်မှု ကုမ္ပဏီသည် ၂၀၁၂ ခုနှစ် ဧပြီလကစ၍ ကားများ ငှားရမ်းသည့် ဝန်ဆောင်မှု စတင်ခဲ့ပြီး ၂၀၁၃ ခုနှစ် ဒီဇင်ဘာလက ငှားရမ်းထားသော ယာဉ်များ ငှားရမ်းခ ပေးရန်၊ ငှားရမ်းသည့် သက်တမ်း တိုးရန်နှင့် ကားစစ်ဆေးရန် ဆက်သွယ်စဉ်တွင် မော်တော်ယာဉ် ၁၀ စီးသည် အဆက်အသွယ် မရသဖြင့် နေအိမ်ကို သွားရောက် မေးမြန်းရာက ၎င်းတို့ ကုမ္ပဏီမှ ငှားရမ်းထားသော ကားများကို တစ်ဆင့် ပေါင်နှံထားခြင်း၊ ရောင်းချခြင်းများ ပြုလုပ်ထားသည်ကို တွေ့ရှိရသည့် အတွက် ရဲစခန်းကို အကြောင်းကြား၍ အမှုဖွင့်ထားကြောင်း ရောင်နီဦး ဝန်ဆောင်မှု ကုမ္ပဏီမှ Rental & Taxi Service မန်နေဂျာ ဦးဝင်းနိုင်က ရှင်းလင်း ပြောကြားသည်။

မော်တော်ယာဉ် Owner Book အတုနှင့် အစစ်သည် ပုံစံ ခပ်ဆင်ဆင် တူညီသော်လည်း အစစ်တွင် Fiber အမျှင် ပါရှိသည်ကို သတိပြု၍ အတုအစစ် ခွဲခြားနိုင်ကြောင်း နေပြည်တော် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသောင်းလွင်က ပြောကြားသည်။

မော်တော်ယာဉ် လောကတွင် ပွဲစား လူလိမ်များ လှည့်လိမ် နေသကဲ့သို့ လိမ်လည်၍ ရအောင် ယုံကြည်အောင် ပြုလုပ်၍ လိမ်လည်သည်ကို သတိထားသင့်ကြောင်း ၎င်းက အကြံပြု ပြောကြားသည်။

“Owner Book အတုလုပ်ရင် အရေးယူမယ့် ဥပဒေက ရှိပြီးသား။ စံပြအနေနဲ့ ထိထိရောက်အရောက် အရေးယူ ပြမှရမယ်။ ကလိမ်ကကျစ် လူရှုပ်လူပွေတွေ ကားလောကမှာ ဥပဒေကို လက်တစ်လုံးခြား လှည့်လိမ်နေကြတာ” ဟု ၎င်းကဆိုသည်။

အလွဲသုံးစား ပြုလုပ်ထား ခံရသော မော်တော်ယာဉ် ၁၀ စီးအနက် သုံးစီးကို ကားငှားရမ်းထားသူ များက ပေါင်နှံထားရာမှ ရွေး၍ ကုမ္ပဏီကို ပြန်အပ်ထားပြီး ဖြစ်ကြောင်း၊ ခြောက်စီးမှာ တိုင်တန်းထားသော ရဲစခန်းတွင် လာရောက် အပ်နှံထားပြီး ဖြစ်ပြီး ကျန်တစ်စီးကိုမူ ရှာဖွေ မတွေ့သေးကြောင်း ဦးဝင်းနိုင်က ပြောကြားသည်။

“တရားရုံး တင်ရင်တော့ ဥပဒေနဲ့ အညီ ရင်ဆိုင်ရမယ်။ လက်ရှိမှာ အာမခံနဲ့ လွှတ်ပေးလို့ ရနေတဲ့ အမှု ဖြစ်နေတဲ့ အတွက် ကျူးလွန်တဲ့ သူတွေဆီက Owner Book အတုလုပ်တဲ့ နေရာတွေ စုံစမ်းမရ ဖြစ်နေတော့ နောက်ဆက်တွဲတွေ ထပ်ကျူးလွန်နိုင်မယ်” ဟု ဦးဝင်းထွဋ်က ဆိုသည်။

ရောင်နီဦး ဝန်ဆောင်မှု ကုမ္ပဏီသည် Mark II ရွှေငါး၊ Crown၊ Nissan Tiida ဆလွန်း၊ Honda Fit၊ Swift၊ Vitz ယာဉ် အမျိုးအစားတို့ကို ငှားရမ်းနေပြီး တန်ဖိုးငွေ သိန်းကျပ် ၁၃၀ မှ ၁၆၀ ကြား မော်တော်ယာဉ် များကို တစ်လချုပ်၊ သုံးလချုပ်တို့ဖြင့် ငှားရမ်း ပေးနေကြောင်း အဆိုပါ ကုမ္ပဏီက သိရှိရသည်။

The Voice Weekly

OIC ဘင်္ဂလာဒေ့ခ်ျနိုင်ငံကို လာမည်


(နိရဉ္စရာ- ၇ မတ်လ ၂၀၁၄) / မောင်အေး

OIC ခေါ် အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ကိုယ်စားလှယ် အဖွဲ့ တစ်ခုသည် မတ်လ ၄ ရက်နေ့တွင် မြန်မာ့အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့သို့ ရောက်ရှိမည်ဟု သတင်း ရရှိသည်။

၎င်းအဖွဲ့တွင် အဖွဲ့ဝင် ၅ ဦးပါဝင်မည်ဖြစ်ပြီး အိုင်ယက်အာမီမာဒါနီ ဦးဆောင်မည်ဟု ဘင်္ဂလာက သတင်းများတွင် ဖေါ်ပြသည်။

၎ ရက်ကြာမည့် သူတို့၏ ခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ခ်ျနိုင်ငံဝန်ကြီးချုပ်၊ ပညာရေးဝန်ကြီး၊ ဘဏ္ဍာရေးဝန်ကြီးတို့နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း ဘင်္ဂလားအာဏာပိုင်များက ထုတ်ဖော် ပြောဆိုသည်။

OIC ကိုယ်စားလှယ် အဖွဲ့အား ဦးဆောင်သူ အိုင်ယက်အာမီမာဒါနီသည် ဆော်ဒီနိုင်ငံသားဖြစ်ပြီး ယခုလက်ရှိ OIC အဖွဲ့အကြီးအကဲရာထူးကို လွန်ခဲ့သည့်နှစ် ဇန်န၀ါရီလက ရရှိလာသူ ဖြစ်ကြောင်း သိရသည်။

အိုင်ယက်အာမီမာဒါနီမှာ OIC အဖွဲ့အကြီးအကဲဖြစ်ပြီးနောက် ယခုဘင်္ဂလာဒေခ်ျ့  ခရီးစဉ်သည် ပထမဆုံး အကြိမ်ဖြစ်ကြောင်း သတင်းများက ဆိုသည်။

Narinjara

အရက်နှင့်လဲသောက်ရန်ပဲအိတ်ယူစဉ် ဖခင်ကဓါးဖြင့်ထိုး


နေပြည်တော်၊ မတ် ၇
၂၀၁၄ ခုနှစ်၊ မတ်လ ၆ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါ မြို့နယ်၊ တဇန်းကျေးရွာနေ ဦးကောက်ရ(၈၀)နှစ်သည် ကျေးရွာအနောက်တောင်ဘက်(၂)မိုင်ခန့်အကွာ၊ မရင်းခင်တောရှိ ၎င်းပိုင်လယ်စောင့်တဲ၌ လူသေအလောင်း(၁)လောင်းတွေ့ရှိကြောင်း ကျေးရွာအုပ်ချုပ် ရေးမှူးထံအကြောင်းကြားသဖြင့် အုပ်ချုပ်ရေးမှူးက ဖုန်းဖြင့်ဆက်လက်အကြောင်းကြားခဲ့သောကြောင့် ဂန့်ဂေါမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ သေဆုံးသူမှာ ၎င်းကျေးရွာနေ ကျော်အောင်(၅၉)နှစ်ဖြစ်ပြီး လယ်ကွင်းထဲ၌မှောက်လျှက်အနေအထားဖြင့် ဦးခေါင်း နောက်စေ့အောက်လည်ဂုတ်တွင် အကျယ်(၂)လက်မခန့်ရှိထိုးသွင်းဒဏ်ရာ(၁)ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသည်။ စုံစမ်းချက်အရ ၎င်းကျေးရွာနေ ဦးသာမြို့(၇၀)နှစ်မှ သေဆုံးသူသည် အရက် သောက်စားမူးယစ်ပြီး ၎င်း၏ဖခင်ဦးကောက်ရ၏တဲသို့ရောက်ရှိလာကာ စားတော်ပဲအိတ်များအား အရက်နှင့်လဲသောက်ရန်ယူခဲ့ကြောင်း၊ ထိုသို့ယူစဉ် ဖခင်ဖြစ်သူဦးကောက်ရက တဲတွင်အသင့်ရှိသော ဓါးဖြင့်ထိုးခဲ့သဖြင့် သေဆုံးသွားခဲ့ကြောင်း ပြောပြသိရှိရသဖြင့် ဦးကောက်ရအား ဂန့်ဂေါမြို့မရဲစခန်း (ပ)၂၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

Yahoo Maps က indoor မြေပုံ ညွှန်းပြမူတွေပါ လုပ်ဆောင်နိင်ပြီ


Google Maps ကလည်း တစ်ခါတစ်လေ indoor Maps တွေကို ရှာပေးနိင်ပါတယ်။ ယခု Yahoo ! က တူညီစွာလုပ်ဆောင်ခဲ့ပြီး
ထိုနေရာတွင် Yahoo ! ပိုသာလွန်သွားခဲ့ပါတယ်။ အကြောင်းကတော့ Yahoo ! ဟာ ရှေ့ပင်းမော့တွေ၊ နေရာများစွာတို့ရဲ့ Info တွေ၊ ဦးတည်ချက်တွေကို လွယ်ကူစွာ ရှာဖွေပေးနိင်နေပါပြီ။ ဆိုလိုတာကတော့ ကုန်တိုက်တွေ၊ ပြတိုက်တွေထဲက အခန်းနေရာတွေကို သေချာစွာ သိနိင်ပြီး အဆင်ပြေစေမှာပဲ ဖြစ်ပါတယ်။

ကုမ္ပဏီဟာဆိုရင် ၂၀၁၂ ခုနှစ်တုန်းက အခမ်းအနားတွေ ကျင်းပရာနေရာ တော်တော်များများရဲ့ တည်နေရာတွေကို စုဆောင်းထားခဲ့ပြီး ယခု လက်တွေ့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို စုဆောင်းမူဟာ ၂၀၁၀ လောက်ကတည်းက စတင်ခဲ့တယ်လို့ စသိရပါတယ်။

Smart Pro Journal

Apple တို့ Spaceship Campus တည်ဆောက်လျက်ရှိ


စတိဗ်ဂျော့ရဲ့  အိုင်ဒီယာလည်း ပါဝင်တဲ့ Apple ရဲ့  ရုံးအသစ် Spaceship Campus ကို ဆောက်လုပ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။ ကယ်လီဖိုးနီးယား ပြည်နယ် အနောက်ပိုင်းက Curpertino မြို့ငယ်လေး မှာပဲ ဖြစ် ပါတယ်။

ဝန်ထမ်းပေါင်း ၁၄၂၀၀ ဦးရေဆံ့မယ့် ယင်း စက်ဝိုင်းပုံစံ အဆောက်အအုံကြီး အတွက် ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၅ ဘီလျံရှိမယ်လို့ ခန့်မှန်းထားကြ ပါတယ်။ ဈေးသက်သာမယ့် အဆောက်အအုံ မဟုတ်ကြောင့်လည်း စတိဗ်ဂျော့ကိုယ်တိုင် အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ ဖူး ပါတယ်။ မြေဧက ၁၇၅ ဧက အကျယ်မှာ နေရာယူ တည်ဆောက်မှာ ဖြစ် ပါတယ်။ ခုံအလုံးရေ ၁ထောင် ပါဝင်တဲ့ ခန်းမ၊ စတုရန်းပေ ၃ သိန်း ကျယ်ဝန်းတဲ့ သုတေသန ဌာနများနဲ့ အားကစားခန်းမ၊ အပန်းဖြေခန်းမ အပြင် အခြားသော အခန်းပေါင်း မြောက်များစွာလည်း ပါဝင်လာမှာ ဖြစ်ပါ တယ်။

တည်ဆောက်ဖို့အတွက် မြို့ မှတာဝန်ရှိသူတွေနဲ့ရော၊ Apple ကုမ္မဏီမှ အီရာရှိများနဲ့ရော သဘောတူညီမှု ရယူပြီးသွားပါပြီ။ Apple အတွက် Creative idea, innovative idea များ အများဆုံး ထုတ်လုပ်ပေးမယ့် နေရာ တစ်ခု ဖြစ်လာမယ်လို့ စီအီးအို Tim Cook မှ ပြောကြားခဲ့ပါတယ်။ တည်ဆောက်မှုကို ယခုနှစ်ကုန်မှာစတင်ပြီး ၂၀၁၅-၂၀၁၆ ကာလအတွင်း ဖွင့်လှစ် အသုံးပြုမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: pocketlint
Smart Pro Journal

Apple ဒီဇိုင်နာ ဖန်တီးသော စားပွဲခုံ


ဒီဇိုင်းအတွေးအမြင်ကောင်းရှိသူ တစ်ယောက်က ဘာပဲဖန်တီးဖန်တီး ကြည့်လို့ကောင်းနေတာ အမှန်ပါပဲ။ ပုံမှာ မြင်တွေ့နေရတဲ့ စားပွဲခုံဟာ Apple ရဲ့  ဒီဇိုင်နာ Jony Ive ကလုပ်တယ်လို့ ပြောလိုက်ရင် မသိသေးသူ များအတွက် ကတော့ အံ့သြစရာပါ။ ဒီဇိုင်း Vice President ရာထူးယူးထား တဲ့ Jony Ive ရဲ့  iPhone နဲ့ Apple Produt များကို မြင်တွေ့နေကျ သူများအတွက်ကတော့ မထူးခြားတော့တဲ့ ဆန်းသစ်မှု တစ်ခု ဖြစ်ပါတယ်။

Apple Macbook တွေကို တင်ပြီး အသုံးပြုလို့ကောင်းမယ့် အသင်လျော်ဆုံး စားပွဲလို့ ဆိုပါတယ်။ Red Desk လို့ အမည်ပေးထားပါတယ်။ ယင်း စားပွဲကို အလူမီနီယံကိုယ်ထည်နဲ့ ပြုလုပ်ထားတာပါ။ ပါးလွှာပြီး သန်မာ၊ ကြံ့  ခိုင်၊ သပ်ရပ်တဲ့ ဒီဇိုင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကင်မရာ တစ်လုံးနဲ့ ရွှေ အစစ်ဖြင့်ပြုလုပ် Apple earpod လည်း ပါဝင်ပါတယ်။ အားလုံးကို လေလံ တင်ဖို့ပါ။ လေလံတင်ပြီး ရရှိတဲ့ငွေနဲ့ AIDS ပရောဂျက်များမှာ လှူဒါန်းဖို့ ဖြစ် ပါတယ်။

ယင်း အလူမီနီယံ စားပွဲခုံ ( Red Desk ) နဲ့ အခြား ပစ္စည်း ၂ မျိုးကို လာမယ့် နိုဝင်ဘာလ ၂၃ ရက်နေ့မှာ လေလံတင် ရောင်းချသွား မှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: mashable
Smart Pro Journal

မြင်သမျှ ကြားသမျှ


► ကြီးမှ ထိန်းကြမှာလား

အခုတလော ကြားနေရတဲ့ သတင်းတွေကြောင့် တချို့ကလည်း ပျော်နေကြလေရဲ့။ ဒါဟာ ပျော်စရာသတင်းလား၊ စိတ်မကောင်းစရာ သတင်းလားတောင် ပြောမပြ တတ်အောင်ပါပဲ။ နွေရာသီဆိုရင် မြစ်ရေတွေ ခန်းခြောက်တတ်ပါတယ်။ အရင်ကတော့ မြစ်ရေခန်းခြောက်လာတာ ဘာမှမသိသာပေမယ့် အခုတော့ မြစ်ရေခန်း လို့ သောင်ထွန်းလာတဲ့အခါ သောင်ပြင်ပေါ်ပြီဆိုပြီး သောင်ခုံတွေမှာ ဈေးဆိုင်တွေခင်း၊ ရေစပ်စပ်မှာ ရေဆော့ဖို့ မြှူဆွယ်ကြနဲ့ ဖြစ်လာကြတော့တာပါပဲ။

တကယ့်ပင်လယ်အစစ်တွေက သွားဖို့လာဖို့ခက်တာအပြင် စရိတ်စက ကလည်းများလွန်းတာကြောင့် တော်ရုံလူတွေ မသွားနိုင်ပါဘူး။ ဒါကြောင့် စရိတ်စကလည်း ကျဉ်းပြီး သွားရလာရ မခက်တဲ့ သောင်ထွန်းနေတဲ့ မြစ်ရဲ့သောင်ခုံတွေကို ဦးတည်ပျော်ပါးကြတာပါပဲ။ အမှန်တော့ ဒါဟာ ပျော်စရာမဟုတ်ပါဘူး။ ဧရာ ဝ တီမြစ်ကြီး သောင် ထွန်း လာတာ ပျော်စရာ မဟုတ်ပါဘူး။ အားလုံးပဲ ”ထိန်းသိမ်းရမယ်၊ ထိန်းသိမ်းရမယ်၊ ထိန်းသိမ်းရမယ်” လို့ အော်နေကြတဲ့ မြစ်ကြီး တိမ်ကော လာ တာ၊ သောင် ခုံ ကိုဈေးခင်းပြီး ပျော်စရာရှာဖို့မဟုတ်ပါဘူး။ မြစ်ကောလို့ သောင်ထွန်းရင် ဒီသောင်ကို ပြန်တူး ထုတ်ပြီး ရေစီးရေလာ ကောင်းအောင် ပြုပြင်ရမှာပါ။ တစ်ခါ တလေ စဉ်း စား မိပါတယ်။ လူတွေကိုပါ။

”မြစ်ဆုံစီမံကိန်းကြီးရပ်တန့်ပေး။ ဧရာဝတီမြစ်ကြီး မတိမ်ကောရေး တို့ အရေး” စသည်ဖြင့် အော်နေကြတဲ့သူတွေ ပါ။ မြစ်ဆုံ လည်း ရပ်ရပါမယ်။ ဒါ့အပြင် အကြီးကြီးတွေပဲ ကြည့်မနေပါနဲ့။ အားလုံးပြောတဲ့ ဧရာဝတီပါပဲ။ အားလုံး ချစ်တယ်ဆိုပြီးဆိုနေတဲ့ ဧရာဝတီပါပဲ။ သောင်ခုံ ထွန်း တိုင်း ပျော်ပြီးဈေး ဆိုင် တည်နေတာကရော ကြည့်ကောင်းရဲ့လားလို့။

► လိုအပ်လို့ တင်နေကြတာလား

အခုတလော လွှတ်တော်အကြောင်း တီဗီကပြတာ ကြည့်ဖြစ်နေပါတယ်။ လွှတ်တော်မှာ ခေါင်းပေါင်းတလူလူနဲ့ တညီတညာတည်း ထိုင်နေကြတာ ကြည့်ကောင်းလွန်း လို့ပါ။ ကျွန်တော်တို့ဆီမှာ လူအဲဒီလောက်စုစုရှိရင် လက်သီးလက်မောင်းတန်းပြီး တို့အရေး၊ ဘာအရေး၊ ညာအရေး ကြွေးကြော် တာတွေချည်း တွေ့နေရလို့ ပါ။ အခုက အဲ ဒီလို မဟုတ်ဘူးခင်ဗျ။ အဲဒီလိုလက်သီးလက်မောင်းတန်း မကြွေးကြော်တဲ့အပြင် အောင်မယ်။ အိပ်ငိုက်နေသူတွေတောင် တွေ့ရသေး။တညီတညွတ်တည်းပါပဲ ခင်ဗျ။ သူပြောချိန်ကျ ပြော၊ ကိုယ်ပြောချိန်ကျပြော။ ရှင်းတဲ့သူကလည်း လိမ့်ပတ်လည်အောင်ရှင်းရင်း လိပ်ပက်လက်လန်သလို လည်တည်တည်တွေလည်း ကြားနေရပေါ့။ ဘာ ပဲဖြစ်ဖြစ် အားလုံးကောင်းဖို့ လုပ်နေကြတော့လည်း ဝမ်းသာစရာပါပဲ။ ဒါပေမဲ့ တစ်ခါတလေမှာလည်း ပညာရှိသတိဖြစ်ခဲလို့ ပြောရမလား။ တကယ်ပဲ မသိလို့လား မပြော တတ်ပါဘူးဗျာ။ တစ်ခါတလေ ကိုယ်နားမလည်တာတွေ တောင်ပါသဗျ။

”လပြည့်နေ့ကို တစ်ပြေးညီဖြစ်စေဖို့ ဓမ္မစက် အာဏာစက်နဲ့ ထိန်းညှိပေးဖို့”

လပြည့်တာသဘာဝခင်ဗျ။ ပြည့်ချိန်ပြည့်၊ ကွယ်ချိန်ကွယ်မှာ၊ သဘာဝတရားကို ဘယ်သူကမှ ပိုင်တာမဟုတ်ဘူးခင်ဗျ။ ဒီလို သဘာဝတရားကို ဘာစက်နဲ့မှ ထိန်းညှိလို့ မရပါဘူး။ ဒါပေမဲ့ ဒါကလည်း လွှတ်တော်ပေါ်တင်တဲ့ မေးခွန်းတစ်ခု ဖြစ်နေပြန်တော့လည်း ပြောစရာတစ်ခုပဲ ရှိတော့တယ်။ ”ဘယ်လို ပြောရမလဲပေါ့နော်”။

►ေ ကာ္မတီ

အခုတလော ကျွန်တော်တို့ဆီမှာ အများဆုံးကတော့ NGO လို့ခေါ်တဲ့ လူမှုအဖွဲ့အစည်းတွေပါခင်ဗျ။ ဒုက္ခသည်က ဘယ်လောက်များလဲတော့မသိပါဘူး။ လူမှုကူညီမှု အဖွဲ့ တွေက များသထက် များလာပါတယ်။ ရပ်ကွက်တစ်ခုဆိုရင် အဲဒီလိုလူမှုအဖွဲ့ ဘာသာရေးအဖွဲ့၊ နာရေးအဖွဲ့စသည် ဖြင့် လေးငါးခြောက်ဖွဲ့တော့ ရှိစမြဲပါပဲ။ တစ်ခါ တလေ စဉ်းစားမိတယ်။ ဒုက္ခသည်ထက်ကို ကူညီမှုအသင်းသားက ပိုတောင် များနေသလားလို့ပါ။ အဲဒီနည်းတူပါပဲ။ အခုတလော ပိုမိုပေါများလာ တာ က ကော် မတီတွေ ပါပဲခင်ဗျ။ ဘာအတွက် ဘာကော်မတီဖွဲ့၊ ဘာအတွက် ဘာကော်မတီ။ ဘာအတွက်က ဘာကော်မတီစ သည်ဖြင့် ကော် မတီပေါင်း မြောက်မြား စွာ လည်း ပေါ် လာပါ တယ်။ ကျွန်တော် စဉ်းစားမိတယ်။ အရင်က ဒီကော်မတီတွေက မလိုအပ်လို့ မဖွဲ့ထားတာလား၊ အခုမှလိုအပ်လို့ ဖွဲ့တာလား။ ဒါဆို အရင်က ဒီအဖွဲ့အစည်းတွေ ဘယ် လိုနေကြသလဲ ဆိုတာပါပဲ။

”လာဘ်စားမှု တိုက်ဖျက်ရေးကော် မတီ”

အခုမှ ဝန်ထမ်းတွေ လာဘ်စားလို့ ဖွဲ့တာလား၊ အရင်က ဝန်ထမ်းတွေက လာဘ်မစားခဲ့လို့ မဖွဲ့ခဲ့တာလား။ စဉ်းစားရတာ ဥာဏ်မမီလိုက်တာဗျာ။

► စီးပွားရေးလုပ်ငန်းရှင်ဆိုတာ

နိုင်ငံတော်သမ္မတနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ တွေ့ဆုံတဲ့ သတင်းကလည်း စိတ်ဝင်စားခဲ့မိပါတယ်။ စီးပွားရေးလုပ်ငန်းရှင်ကြီးများက သမ္မတနဲ့ တွေ့ ဆုံပြီး ပြည် သူလူထုအတွက် ဘာတွေ စွမ်းစွမ်းတမံလုပ်ဆောင်ပေးမယ်ဆိုတာ သိချင်ခဲ့မိပါတယ်။ သူတို့တွေ နင်းချေခဲ့သမျှ ဘာတွေပြန်လည်စိုက် ပျိုးပေးမယ် ဆိုတာ ကိုပေါ့။ တကယ်တမ်းကျတော့လည်း ထုံးစံအတိုင်းပါပဲ။ သူတို့ရဲ့လိုအပ်ချက်တွေချည်း တင်ပြသွားတာ တွေ့ရတော့၊ ”အော်၊ သူတို့လောဘ ပင်လယ်ဝပါပဲ လား လို့”ပင်လယ် ဝ ဆိုတာ သိတယ်မဟုတ်လား။ ဘယ်လောက်ဝင်လာဝင်လာလို့ ရတယ်။ ဝင်လာသမျှ ဘယ်တော့မှ မပြည့်နိုင်။ ဖြည့်သမျှမပြည့်တဲ့ ပင်လယ်ဝ တွေပါပဲ။

ပြည်သူတွေက ”ခရိုနီ” လို့ သုံးနှုန်းတော့ နာကြရဲ့။ ဒါပေမဲ့သူတို့တွေဟာ ပြည်သူတွေကို လုံးဝစေတနာ မရှိတာ သေချာတယ်။ ဒီလောက်တောင် ပြည်သူတွေ က ပြည်သူ အချင်းချင်း ပြန်လည်ဖေးမနေတာ မြင်ပါလျက်နဲ့ ဘာမှ ဝင်လုပ်ပေးဖို့ မရှိတာကလည်း အံ့သြစရာပါပဲ။ စကားတစ်ခွန်းကတော့ သူတို့နဲ့ ကွက်တိပါပဲ။

”ဘယ်သူသေသေ ငတေတို့က ခပ်တည်တည်ပဲ”

► လစာတွေချည်း တိုးကြမှာလား

မကြာမကြာကြားနေရတဲ့သတင်းပါပဲ။ လစာတိုးတဲ့ သတင်းပါပဲ။ သတင်းကောင်းတစ်ခုပါ။ ကျွန်တော့်ရဲ့ အဖေကိုယ်တိုင် အစိုးရပင်စင်စားမို့လစာတိုး တဲ့သတင်းက အဖေ့ အစားလည်း ပျော်ရပါတယ်” ဒါပေမဲ့ ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ လစာတိုးပြီ သတင်းကြားတာနဲ့ သူနဲ့ ခေတ်ပြိုင်အမြဲတမ်းလိုက်တိုးတာ ကုန်ဈေးနှုန်းပါပဲ။ ဒါကြောင့် လစာတိုး လိုက် လို့ ပိုပြီး ချောင်လည်သွားတာ တစ်ယောက်မှ မတွေ့ရပါဘူး။ ကျပ်မြဲကျပ်ဆဲပါပဲ။ ဘယ်လိုလုပ် ချောင်နိုင်ပါ့မလဲ။ လစာတိုးတာက နည်းနည်း။ ကုန်ဈေးနှုန်း တက် တာ ကများများမို့ ချောင်ချင်လို့ တက္ကစီငှားစီးပါမှ လူတွဲနဲ့ မိနေသလို ဖြစ်နေရပါတယ်။

တစ်ခါတလေ စဉ်းစားတယ်။ ကုန်ဈေးနှုန်းကို ဘယ်သူတွေကများ ထိန်းချုပ်နေတာလဲ။ ပြည်သူအတွက် စီးပွားရေးကို ဘယ်သူတွေကများ လုပ်ပေးနေတာလဲ။ လူမရှိဘူး လား။ မရှိတာလား။ လစာချည်းပဲ တိုးနေလို့ ဖြစ်ပါ့မလား။ ကုန်ဈေးနှုန်းကိုမှ မထိန်းချုပ်နိုင်ရင် လစာတိုးတာ သွေးတိုးရောပါ ပိုရစေမှာပါပဲ…

အကြည်တော်
Popular Myanmar News Journal

ထိုင်း နှင့် မလေးရှိ မြန်မာတို့ ပြည်တွင်းသို့ ဖုန်းဖြင့်ငွေလွှဲ ပို့နိုင်မည့် Mobile Money စနစ် စီစဉ်


ထိုင်းနှင့် မလေးရှားနိုင်ငံသို့ သွား ရောက် အလုပ်လုပ် ကိုင်မည့် လုပ်သား များမှ နိုင်ငံတွင်း ကျန်ခဲ့သော မိသားစု များဆီသို့ ငွေပြန်လွှဲ ရာတွင် အဆင်ပြေ စေရန် အတွက် Mobile Money စနစ် ဖြင့် ပေးလွှဲသွားနိုင်ရန် စီစဉ်နေပြီ ဖြစ် ကြောင်း သိရသည်။

”ထိုင်းကို သွားတဲ့ ကိုယ်တွေဆီက လွှတ်တဲ့ ကလေးတွေကို အကောင့် ဖွင့် ပေးပြီးတော့ သူတို့ထဲက ဒီစနစ် သုံးပြီး ငွေပြန်လွှဲချင်တဲ့ လူ လွှဲလို့ရအောင် စီ စဉ်နေတာပါ” ဟု Today Top Star ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေ ဂျင်စီမှ ဦးစိန်ဝင်း ကပြောသည်။

အဆိုပါ စနစ် အတွက် မတ်လ ၁ ရက်နေ့က လှိုင်မြို့နယ် MICT Park တွင် ပြုလုပ် ခဲ့သော ပြည်တွင်း ပြည်ပ အလုပ်အကိုင် အခွင့် အလမ်းပြပွဲ တွင် Myanmar Mobile Money လုပ်ငန်း နှင့် ပူးပေါင်း၍ စတင်လုပ် ဆောင်ရန် သဘောတူ လက်မှတ်ရေးထိုး ခဲ့သည်။

”ခုလောလောဆယ် မှာတော့ ဒီ စနစ်က ပြည်တွင်းမှာပဲ စတင် အသုံးပြု လို့ရသေးတာပါ။ နိုင်ငံခြားက ငွေပို့ငွေ လွှဲကတော့ လက်ရှိ မလုပ်ဆောင်သေးဘူး” ဟု Myanmar Mobile Money မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

Mobile Money စနစ်သည် Mobile ဖုန်းနံပါတ်တစ်ခု ရှိရုံဖြင့် အသုံးပြုနိုင်သော စနစ်တစ်ခုဖြစ်သည်။

”ဒီစနစ်ကို သုံးမယ့်လူက အရင် ဆုံးဖုန်းနဲ့ Register လုပ်ရမယ်။ ပြီးရင် ငွေသွင်းရမယ်။ အဲဒါမှစပြီး အသုံးပြုလို့ ရမယ်။ ခုဆို ဈေးဝယ် စင်တာ တချို့မှာ တောင် ဒီစနစ် စတင်နေပြီ”ဟု Myanmar Mobile Money မှ တာဝန်ရှိသူက ပြောသည်။

ထိုင်းနှင့် မလေးရှားရှိ လုပ်သား များမှ မိသားစု ထံသို့ ငွေပြန်လွှဲရာတွင် တရားမဝင် ငွေလွှဲပို့မှု များကြောင့် လုပ် သားများ၏ ငွေများ သေချာစွာ မရောက် ရှိခြင်း၊ အချိန်နှောင့်နှေးခြင်း စသည့် ပြဿနာ များကို လျှော့ချနိုင်မည့် အပြင် နိုင်ငံတော် အတွင်းသို့ တရားဝင် ငွေလွှဲပို့ခြင်းဖြင့် နိုင်ငံတော်၏ GDP ကို အ ထောက် အပံ့ ဖြစ်စေနိုင် မည် ဖြစ်သည်။

ခိုင်နွယ်ဦး

Popular Myanmar News Journal

အဖျက်ခံရသည့် ကျေးရွာ ၇ ရွာမှ အိုးမဲ့အိမ်မဲ့များ အကူအညီ လိုအပ်နေ


ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှ အဖျက်ခံရသော အိုးမဲ့ အိမ်မဲ့ မိသားစု တစု (ဓာတ်ပုံ – စနေလင်း / ဧရာဝတီ)

စစ်တပ်ပိုင်မြေများတွင် ကျူးကျော်နေထိုင်သည်ဟု ဆိုကာ ဖေဖော်ဝါရီ လဆန်းပိုင်းက ရန်ကုန်တိုင်း လှည်းကူးမြို့နယ် သမီး ကလေး ကျေးရွာနှင့် အတူ အဖျက်ခံလိုက်ရသော အခြားရွာ ၆ ရွာမှ အိုးမဲ့အိမ်မဲ့ ဖြစ်နေသူများသည် စားရေး သောက်ရေး အပြင် ကျန်းမာရေး ဆိုင်ရာ အကူအညီများ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။

၎င်းတို့သည် အိုးအိမ် အဖျက်ခံလိုက်ရသည့် အတွက် ရွှေ့ပြောင်းလာခဲ့သည်မှာ ၂ နေရာ ရှိနေပြီဖြစ်ကြောင်း၊ သစ်ပင်ကြီး နည်းပါးသည့် လှည်းကူးမြို့နယ် အပိုင် ပဲခူးရိုးမ အစပ်ရှိ တောထဲတွင် အမိုး၊ အကာမရှိဘဲ နေကြရကြောင်း၊ သောက်သုံးရေ အတွက်လည်း အခက်အခဲဖြစ်ကြရကြောင်း ယခင် အင်းပတီးကျေးရွာမှ မစန္ဒာဝင်းက ပြောသည်။

ဖေဖော်ဝါရီ ၄ ရက်နေ့ ညတွင် သမီးကလေးကျေးရွာနှင့်အတူ အင်းပတီး ကျေးရွာရှိ နေအိမ် ၆၂ လုံး အဖျက် ခံလိုက်ရပြီး နေအိမ် ၇ လုံးမှာ မီးရှို့ခံလိုက်ရကြောင်း၊ အဖျက်ခံလိုက်ရသော အခြား ရွာများမှာ လက်ကျိုက်၊ အုတ်ဖို၊ ထီးပန်နာ၊ တောင်လုံးပြောင်း၊ အင်းပတီး၊ သမီးကလေး၊ ၀ါးပငဲ့ စသည့်ရွာများဖြစ်ကြောင်း ၎င်းက ဆက်ပြောပြသည်။

ဖေဖော်ဝါရီ ၄ ရက်နေ့က အင်းပတီး ကျေးရွာကို ဖျက်သည့် အတွက်ကြောင့် အိမ်ထောင်စု ၃၀ ၀န်းကျင်သည် ဘုရားကုန်း ကမ္မဋ္ဌာန်းကျောင်းသို့ လာရောက်ခိုလှုံခဲ့ကြောင်း၊ တဖန် ဖေဖော်ဝါရီ ၁၄ ရက်၊ ဖေဖော်ဝါရီ ၂၁ ရက်၊ ဖေဖော်ဝါရီ ၂၅ ရက်တို့ တွင် အဆိုပါကျောင်းမှ ပြောင်းပေးရန် ခလရ ၂၁ ၊ ရဲမွန်တပ်မြို့မှ ဖိအားပေးခဲ့ကြောင်း၊ နောက်ဆုံး မတ်လ ၃ ရက်နေ့တွင် ခိုလှုံနေသူများသာမက ဘုန်းကြီးကျောင်းကိုပါ စစ်တပ်ကလာရောက် ဖြိုဖျက်ခဲ့ကြောင်း ဘုရားကုန်း ကမ္မဋ္ဌာန်းကျောင်းတွင် ၃ နှစ်ခန့် သီတင်းသုံးနေခဲ့ သော ကျောင်းထိုင်ဆရာတော် ဦးစန္ဒိမာ က ပြောသည်။

“ဘုန်းကြီးရဲ့ ကျောင်းကို လာဖျက်တဲ့ အခါ ရပ်ကွက် သံဃနာယက အဖွဲ့က လာဖျက်တဲ့ တာဝန်ရှိ သူကို ဖုန်းပေး လိုက်လို့ ပြော တာနဲ့ ဘုန်းကြီးက လာဖျက်တဲ့ စစ်သားတွေကို မဖျက်နဲ့ဦး၊ ဒီမှာ ပြောလိုက်ဦး ဆိုပြီး ပြောတော့ သဃနာယက အဖွဲ့ကိုလည်း ဂရုစိုက်စရာ မလိုဘူး၊ ဖုန်းလည်း ပြောစရာ မလိုဘူး၊ ဘုန်းဘုန်း အေးအေးဆေးဆေး နေပါ၊ ကိုယ် လုပ်စရာ ရှိတာပဲ ဆက်လုပ်မှာ လို့ ဗိုလ်ကြီး ကောင်းဇော်ဌေးက ပြန်ပြောတယ်”ဟု ကျောင်းအဖျက် ခံလိုက်ရသော ဦးပဉ္စင်း ဦးစန္ဒိမာက ဧရာဝတီကို ပြောသည်။

လက်ရှိ အချိန်တွင် အင်းပတီးကျေးရွာမှ ၀ါးတောများထဲတွင် ရွှေ့ပြောင်းနေထိုင်နေကြသူ လူဦးရေ ၁၂၅ ဦးရှိပြီး ကျောင်းနေ အရွယ် ကလေးများလည်း ပါဝင်ကြောင်း၊ လက်ကျိုက်ရွာမှလည်း ကျောင်းသူ၊ ကျောင်းသား ၄၃ ဦး အပါအ၀င် လူဦးရေ ၁၇၀ ကျော်တို့မှာ နေရေး စားရေး အခက်တွေ့နေရကြောင်း သိရသည်။

မူလ အင်းပတီးကျေးရွာနှင့် အဖျက်ခံလိုက်ရသော လက်ကျိုက် ကျေးရွာတို့ အကြား၊ လကွင်းပြင် ဆည်မြောင်း လက်တံနှင့် ၁ ဖာလုံ ခန့် အကွာရှိ လျှိုမြောင်များ၊ ၀ါးရုံတောများတွင် ခိုလှုံနေကြရကြောင်း၊ တချို့မှာ ဆည်မြောင်း လက်တံအနီးရှိ အဖျက် မခံရ သေးသော လက်ကျိုက်ရွာရှိ ရတနာသိဒ္ဓိ တောရကျောင်းတွင် ခိုလှုံနေကြရကြောင်း ယခင် အင်းပတီးရွာခံ ဦးမောင်ချစ်က ပြော သည်။

အိမ်ရာ အဖျက်ခံလိုက်ရသည့် အိုးမဲ့အိမ်မဲ့များသည် နေ့ခင်းပိုင်းတွင် အပူချိန်နှင့် ညပိုင်းတွင် အအေးဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားကြရကြောင်း၊ ၎င်းတို့မှာ ယခင်က ထင်းခုတ်၊ ၀ါးခုတ်၊ လယ်ယာ အလုပ် လုပ်ကိုင်ခဲ့သော်လည်း ယခု အလုပ် မလုပ်နိုင်ကြ တော့ဘဲ စားဝတ်နေရေး အခက်အခဲများ တွေ့နေကြရကြောင်း ထီးပန်နာရွာမှ မလဲ့လဲဝင်းက ပြောပြသည်။

“ကျမတို့မှာ အခု စားစရာလည်း အလှူရှင် ရှိမှ စားရတယ်၊ ကိုယ်တိုင် ငွေထွက်ရှာဖို့ ကလည်း ဒီတောတွေ၊ ခြံတွေထဲမှာ အိမ်တွေတောင်မှ လာဖျက်နေကြတော့ ထင်းလဲသွား မခုတ်ရဲတော့ဘူး၊ စိုက်ထားတဲ့ စိုက်ခင်းတွေ ကလည်း အကုန်အဖျက် ခံလိုက်ရတာ ဆို တော့ တော်တော့်ကို ဒုက္ခရောက်နေတယ်၊ ကလေးတွေမှာလည်း ခြင်တွေ၊ အပူအအေး ဒဏ်တွေကြောင့် ချောင်းတွေ တအားဆိုး ကြတယ်၊ သောက်သုံးရေ ကလည်း အဆင်မပြေတော့ ဒီအတိုင်း ဆက်သွားမယ်ဆိုရင် ရောဂါတွေ ဖြစ်လာတော့မှာ”ဟုလည်း ၎င်းက ပြောသည်။

အစိုးရအနေဖြင့် အမှန်တကယ် အိုးအိမ် မရှိသူများကို နေရာထိုင်ခင်း စီစဉ်ပေးမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ယနေ့ အထိ လာရောက် စာရင်းကောက်ယူခြင်း၊ အခြေအနေ စုံစမ်းမေးမြန်းခြင်းများ မရှိသေးကြောင်း၊ ယခု ခိုလှုံနေသည့် နေရာမှ မည် သည့် အချိန်တွင် ထပ်မံပြောင်းရွှေ့ရဦးမည်ကို စိုးရိမ်နေကြဆဲ ဖြစ်ကြောင်း ဆရာတော် ဦးစန္ဒိမာက ပြောသည်။

အိုးမဲ့အိမ်မဲ့များသည် ၀ါးတောများထဲတွင် ရွှေ့ပြောင်းကာ ဖြစ်သလို နေထိုင်နေကြရပြီး စားရေး သောက်ရေး နေထိုင်ရေး အခက် အခဲများ တွေ့နေကြောင်း သိရသည်။

ဧရာဝတီ

၂၀၁၅ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးကို ဘယ်သူ ဦးဆောင်မလဲ


သူရဦးရွှေမန်း ဦးစီးတဲ့ လွှတ်တော်နဲ့ ဦးသိန်းစိန်ရဲ့ အစိုးရအဖွဲ့ ကြားမှာ “နိုင်ငံရေး ပွတ်တိုက်မှု” တွေ အထင် အရှားပဲ ပေါ်ထွက်နေခဲ့တယ် (သရုပ်ဖော် – စိုင်းစိုးကြည် / ဧရာဝတီ)

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ နီးကပ်လာတဲ့အချိန် သမ္မတ ဦးသိန်းစိန်နဲ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ကြား နိုင်ငံရေးအားပြိုင်မှုတွေက ပိုမိုသိသာလာနေပြီးတော့ လွှတ်တော်ထဲမှာ သမ္မတ ဦးသိန်းစိန်ကို ထောက်ခံတဲ့ သူတွေက  တစု၊  သူရဦးရွှေမန်းကို ထောက်ခံတဲ့သူတွေက တစုဆိုပြီး နှစ်စုကွဲနေတာ တဖြည်းဖြည်း ထင်ရှား လာတာမို့ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ တကယ့်ခေါင်းဆောင်ဟာဘယ်သူ ဖြစ်မလဲလို့ မေးခွန်းထုတ်စရာဖြစ်လာနေပါပြီ။

ဒါဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ဘယ်သူက ကြံ့ခိုင်ရေးပါတီကို ဦးဆောင်ပြီး ရွေးကောက်ပွဲအလွန် အုပ်ချုပ်ရေး အဖွဲ့ဖွဲ့ရင်လည်း ဘယ်သူကပါတီရဲ့ သမ္မတရာထူး  ကိုယ်စားလှယ်  တင်သွင်းခံရမလဲဆိုတာနဲ့ တိုက်ရိုက် ပတ်သက်နေပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ သမ္မတ ဦးသိန်းစိန် ဝင်အရွေးခံမှာ မဟုတ်ဘူးလို့ မနှစ်က လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ထုတ်ဖော်ပြောဆိုခဲ့အပြီး သူရဦးရွှေမန်းဦးစီးတဲ့ လွှတ်တော်နဲ့ ဦးသိန်းစိန်ရဲ့ အစိုးရအဖွဲ့ ကြားမှာ “နိုင်ငံရေး ပွတ်တိုက်မှု” တွေ အထင်အရှားပဲ ပေါ်ထွက်လာခဲ့တယ်။ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ စစ်အစိုးရလက်ထက် ပိုစီနီယာကျခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းဟာ  ပြုပြင်ပြောင်းလဲ ရေးမှာ  ဦးသိန်းစိန်နည်းတူ အရေးပါအရာရောက်ကြောင်း ပြသချင်တဲ့ ပုဂ္ဂလိက စိတ်ဆန္ဒကြောင့် လွှတ်တော် ရဲ့အခန်းကဏ္ဍကို မြှင့်တင်ရာက အစိုးရနဲ့ အားပြိုင်မှုတွေ ဖြစ်လာခဲ့ရတယ်လို့ သုံးသပ်မှုတွေ ရှိပါတယ်။

လွှတ်တော်ကို သမ္မတဆီကပေးပို့လာတဲ့ သဝဏ် လွှာတွေ၊ သမ္မတရဲ့ သဘောထားမှတ်ချက်ပါတဲ့ ဥပဒေ ကြမ်းတွေကို ဆွေးနွေးတဲ့အခါမှာလည်း လွှတ်တော်တွင်းမှာရှိတဲ့ သမ္မတဦးသိန်းစိန် ထောက်ခံတဲ့ အင်အားစု တွေက မဲမပေးဘဲ ရှောင်နေတာမျိုးတွေ ရှိလာခဲ့ပါတယ်။ ဇန်နဝါရီ ၁၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စု လွှတ်တော် ပုံမှန်အစည်းအဝေး တတိယနေ့မှာ နိုင်ငံတော်သမ္မတရဲ့ သဘောထား မှတ်ချက်နဲ့  ပြန်လည် ပေးပို့လာတဲ့  ပြည်ထောင်စု လွှတ်တော်ဆိုင်ရာဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ပြန်လည်အတည်ပြု တဲ့အခါ မဲမပေးဘဲနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ရှိနေတဲ့အတွက် သူရဦးရွှေမန်း စိတ်ဆိုး သွားခဲ့ပါတယ်။

“ပြည်သူ့ကိုယ်စားလှယ်တွေ ဖြစ်လာပြီဆိုရင် မဲပေးတတ်ရမှာပေါ့။ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်တွေကို ရဲရဲဝံ့ဝံ့ မချနိုင်ရင် ပြည်သူ့ကိုယ်စားလှယ် မမည် ထိုက်ဘူးဆိုတဲ့ ဝေဖန်ပြောဆိုတာတွေကို ကြားသိနေ ရတယ်။ ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေ ကိုယ်စား ရှက်မိပါတယ်” လို့ သူရဦးရွှေမန်းက မဲ မပေးခဲ့တဲ့ ကိုယ်စားလှယ်တွေကို ဘုတောပါတယ်။

ဒီဥပဒေကြမ်းက လွှတ်တော်ကိုယ်စားလှယ်တွေကို လုပ်ပိုင်ခွင့်ပိုပေးထားပြီးတော့ အုပ်ချုပ်ရေးပိုင်း ကိစ္စတွေ မှာပါ ဝင်ရောက်လွှမ်းမိုးမှုတွေရှိလို့ သမ္မတ က ပြန်လည်ပြင်ဆင်ပေးဖို့ ပြောတာကို လွှတ်တော်ကို လက်မခံဘဲ အတည်ပြုဖို့လုပ်တဲ့အခါ လွှတ်တော်ထဲ ရောက်နေတဲ့ သမ္မတထောက်ခံတဲ့ အင်အားစုက ကိုယ်စားလှယ် တချို့က မဲမပေးဘဲ နေခဲ့တာပါ။ အဲဒီ ဥပဒေကြမ်းကို မဲခွဲဆုံးဖြတ်တဲ့အခါမှာ မဲပေးခွင့်ရှိတဲ့ သူ ၅၂၇ ဦးမှာ ထောက်ခံမဲ ၃၂၇ မဲ၊ ကန့်ကွက်မဲ ၁၇၁ မဲနှင့်  ကြားနေမဲ  ရှစ်မဲရှိပြီး  ဆန္ဒမဲမပေးသူ ၂၁ ဦး အထိ ရှိခဲ့ပါတယ်။ ဒါဟာ အာဏာရပါတီ ကိုယ်စားလှည်တွေကြား မဲကွဲသွားတာဖြစ်ပြီး ထိုနေ့ က ဆွေးနွေးမှုမှာ တပ်မတော်သား ကိုယ်စားလှယ်အားလုံးက သမ္မတဦးသိန်းစိန်ကို ထောက်ခံပါတယ်။

လွှတ်တော်မှာ သမ္မတဦးသိန်းစိန်နဲ့ လွှတ်တော် ဥက္ကဋ္ဌတို့ ထိပ်တိုက်တွေ့ဆုံတဲ့အခါတွေမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက သမ္မတ ဦးသိန်းစိန်ဘက်ကနေပြီးတော့ အမြဲ ထောက်ခံလေ့ရှိပြီး “လွှတ်တော် ကိုယ်စားလှယ် တာဝန်ကနေ ပြန် လည်ရုပ်သိမ်းရေး ဥပဒေကြမ်း” ကိုလည်း အင်တိုက်အားတိုက် ထောက်ခံ ဆွေးနွေးခဲ့ကြပါတယ်။ မဲဆန္ဒရှင် တစ်ရာခိုင်နှုန်းကတင်ပြရင် ရွေးကောက်ခံ လွှတ်တော်အမတ်ကို ပြန်ဖြုတ်ချနိုင် မယ့် ဥပဒေကြမ်းကို ရွေးကောက်ပွဲကော်မရှင်က တင်သွင်းချိန်မှာ သူရဦးရွှေမန်း ထောက်ခံတဲ့ အရပ်သား လွှတ်တော် ကိုယ်စားလှယ်တွေက  အပြင်းအထန် ကန့်ကွက်ပါတယ်။  တပ်ကိုယ်စားလှယ်တွေကို ရွေးကောက်ခံစရာမလိုတဲ့သူတွေ ဆိုပြီးတောင် ဝေဖန်ဆွေးနွေးမှုများ ရှိခဲ့ပါတယ်။

နောက်တခါ  ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြဋ္ဌာန်းလိုက်တဲ့ ဥပဒေ ၈ ခုကို သမ္မတရုံး က ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီဘူးဆိုပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကို တင်ဖို့လုပ်ပါတယ်။ မကြာသေးမီကလည်း  သမ္မတ  ရွေးချယ်ထားတဲ့ အဖွဲ့ဝင်တွေ ရောက်မလာလို့ လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင် အဖွဲ့ဝင်တွေ လွှတ်တော်မှာ ကတိသစ္စာပြုဖို့ အစီအစဉ် ပျက်ပြယ်သွားပါတယ်။ သမ္မတရွေးချယ်ထားတဲ့အဖွဲ့ဝင်တွေဟာ လွှတ်တော် တက်ဖို့ နေပြည်တော်ကိုရောက်နေပေမယ့် ဘာညွှန် ကြားချက်မှ မရှိလို့ သွားမတက်ခဲ့ရတာဖြစ်ပြီး ဒီကိစ္စ တွေအားလုံးကို လွှတ်တော်ရုံးကစီစဉ်တာလို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။

သမ္မတဦးသိန်းစိန်နဲ့ယှဉ်ပြီး လက်စွမ်းပြလာတဲ့ သူရဦးရွှေမန်းကို မကြိုက်တဲ့သူတွေဟာ အစိုးရ၊ တပ်ကိုယ် စားလှယ်တွေသာမက အာဏာရပါတီတွင်း ကပါ ပါတယ်လို့ သိရပါတယ်။ လွှတ်တော်ထဲမှာ ပါတီစွဲ ၊ ဝါဒစွဲ ၊ လူမျိုးစွဲ မရှိဘဲ ဆောင်ရွက်နေတာကို လုံးဝလက်မခံဘဲ မကြိုက်တဲ့ အင်အားစုတစု လွှတ် တော်ထဲတွင်ရှိနေပြီး အဲဒီအင်အားစုဟာ အာဏာရ ကြံ့ခိုင်ရေးပါတီကဖြစ်တယ်လို့ ရှမ်းပြည်နယ် သီပေါ မြို့နယ်က ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးရဲ ထွန်းက ဧရာဝတီကို ပြောပါတယ်။ သူ့အပြောအရ နိုင်ငံရေး အကျဉ်းသား တွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့  အဆိုကို  အာဏာရ ကြံ့ခိုင်ရေးပါတီကနေ တင်ပြီးတော့ သမ္မတက အဲဒီအမိန့်ကို ထုတ်ပေးဖို့ ပြင်ဆင်ထားချိန်မှာ  ကြံ့ခိုင်ရေးပါတီက  မဟုတ်တဲ့ ဦးသိန်းညွန့်တင်လိုက်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်အဆိုကို သူရဦးရွှေမန်းက  လွှတ်တော်မှာ  ဆွေးနွေးဖို့ ဦးစားပေးလိုက်တဲ့အပေါ် သမ္မတရဲ့လူတွေက သူရဦးရွှေမန်းကို တော်တော်လေး မကျေမနပ်ဖြစ်ခဲ့ကြ ပါတယ်လို့ သိရပါတယ်။

“ဒီ လွတ်ငြိမ်းချမ်းသာခွင့်က ဦးသိန်းညွန့် တင်လိုက်လို့ အောင်တဲ့သဘော ဖြစ်သွားတယ်။ အမှန်တော့ သူတို့က စီစဉ်ပြီးသား။ အဲဒီကိစ္စနဲ့ပတ်သက်လို့ သူရဦးရွှေမန်းကို သူတို့ ပါတီဝင်တွေနဲ့ သမ္မတရဲ့ လူတွေက မကျေနပ်ကြ ဘူး” လို့ ဦးရဲထွန်းက ပြောပါ တယ်။ သမ္မတဦးသိန်းစိန်က အစပိုင်းတွင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး နိုင်ငံရေး ဆက်မလုပ်ချင် ဘူးလို့ ထုတ်ဖော်ပြောဆိုခဲ့ပေမယ့် နောက်ပိုင်းမှာ လေသံပြောင်းလာတာဟာ  သမ္မတဦးသိန်းစိန်ရဲ့အနီးက လူတစုရဲ့ အကြံပေးမှုကြောင့် ဖြစ်နိုင်တယ်လို့လည်း ဆိုပါသေးတယ်။

“ဦးသိန်းစိန် ဘေးနားမှာရှိတဲ့ လူတချို့မှာ ဦးရွှေမန်းကို အမြင်မကြည်တဲ့သူတွေ ဖြစ်ပုံရတယ်။ အဲဒီလူတွေက ဘာဖြစ်လို့ ဖယ်ပေးရမှာလဲ။ လူထုက ထောက်ခံရင် ခင်ဗျားပဲပြန်လုပ်ပေါ့ ဆိုတာမျိုး ပြော နိုင်တယ်” လို့ ဦးရဲထွန်းက ပြောပါတယ်။

ဒီလို ၂၀၁၅ ရွေးကောက်ပွဲမှာ ပါတီကို ဘယ်သူက ဦးဆောင်ပြီး သမ္မတရာထူးအတွက် ယှဉ်ပြိုင် မယ်ဆိုတာကို နှစ်ဖက်စလုံးက အလျှော့ပေးမယ့်ပုံ မပေါ်တဲ့အခါ ကြံ့ခိုင်ရေးပါတီမှာ လက်ရှိသမ္မတ ဦးသိန်းစိန်ကို ထောက်ခံတဲ့ အုပ်စုနဲ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ထောက်ခံတဲ့အုပ်စု ဆိုပြီး နှစ်မျိုး ပေါ်ပေါက်လာနိုင်ပြီးတော့ ပါတီ တောင် နှစ်ခြမ်းကွဲ သွားနိုင်တယ်လို့ သုံးသပ်သူတွေလည်း ရှိနေပါတယ်။ အုပ်ချုပ်ရေး တာဝန်များကို ထမ်းဆောင်နေသူများ မည်သည့် ပါတီနိုင်ငံရေးကိုမျှ မထမ်းဆောင်ရလို့ ၂၀ဝ၈ ဖွဲ့စည်းပုံက ပြဋ္ဌာန်းထား တာကြောင့် ၂၀၁၂ အောက်တိုဘာမှာ ပါတီဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေး ကောက်ခံခဲ့ရပေမယ့် သမ္မတဦးသိန်းစိန် ၂၀၁၃ မေလ မှာ သူရဦးရွှေမန်းကို ပါတီဥက္ကဋ္ဌရာထူး လွှဲပေးခဲ့ရတယ်။

ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီလည်းဖြစ် အမျိုး သားလွှတ်တော်အမတ်လည်းဖြစ်တဲ့ ဦးလှဆွေကတော့ လက်ရှိနိုင်ငံရေး အနေအထားအရ သမ္မတ ဦးသိန်းစိန်  ပါတီတစ်ခု  ထပ်ထူထောင်ရင်လည်း တိုင်းပြည်မပြိုကွဲ ဘူးလို့ မနှစ်က ဧရာဝတီနဲ့ အမေး အဖြေလုပ်ရာမှာ ပြောဆိုခဲ့ပါတယ်။ “အခု တိုင်းပြည်မှာက အမျိုးသားအကျိုး စီးပွားကိုပဲ လုပ်မယ်ဆိုတဲ့ အမျိုးသားရေးပါတီ ပေါ်လာရင် ထောက်ခံမယ့် အမျိုးသားရေးစိတ်ဓာတ်ကဲတဲ့ အုပ်စုတွေရှိနေတယ်။ အဲဒါကို ဦးသိန်းစိန်က တွက်ချက်ပြီး ကြားအဖွဲ့တဖွဲ့ ထောင်လိုက်ရင် လက်ရှိအတိုင်း ဘာမှမပြောင်းဘဲ NLD ရော၊ ကြံ့ခိုင်ရေးရော ငြိမ်သွားလိမ့်မယ်” လို့ မှတ်ချက်ပေးတဲ့အပြင် ဒေသစွဲ၊ လူမျိုးစွဲ ကြီးတဲ့ မြန်မာတွေ ထောက်ခံကြမယ်လို့ သုံးသပ်ယူဆပါတယ်။

သမ္မတဦးသိန်းစိန်နှင့် သူရဦးရွှေမန်းတို့ကြားမှာ နိုင်ငံရေး အားပြိုင်မှုတွေ ရှိနေတယ်လို့ အသံတွေ ထွက်နေ ပေမယ့် အာဏာရ ကြံ့ခိုင်ရေးပါတီကတော့ သမ္မတလောင်းနဲ့ပတ်သက်ပြီး တရားဝင် ထုတ်ပြန်ချက် မရှိသေး ပါဘူး။ အပတ်စဉ်ထုတ် နျြနညါနမ ဂျာနယ်နှင့် အင်တာဗျူးတခုမှာ ကြံ့ခိုင်ရေးပါတီမှာ ဩဇာညောင်းနေဆဲလို့ ယူဆရတဲ့ ဗဟိုအတိုင်ပင်ခံ ဖြစ်သူ ဦးအောင်သောင်းက လက်ရှိပါတီဥက္ကဋ္ဌ သူရ ဦးရွှေမန်းကို ပါတီက ဝင်ရောက်အရွေးခံမယ့် သမ္မတ လောင်းအဖြစ် လျာထားတယ်လို့ ထုတ်ဖော်ပြောဆို လိုက်ပေမယ့် နောက်ပိုင်းမှာ သမ္မတ ဦးသိန်းစိန်နဲ့ ပြန်တွဲထွက်လာတာမို့ ကြံ့ခိုင်ရေးပါတီတွင်း အားပြိုင် မှုတွေ မငြိမ်သေးဘူးလို့ ယူဆနေကြပါတယ်။

တဖက်မှာ  ၂၀၁၂  မေလအတွင်း  အလုပ်ပိလို့ ကျန်းမာရေးချို့ယွင်းကာ စင်ကာပူမှာ ဆေးကုသမှု ခံခဲ့ရပြီး နှလုံးခုန်စက်တွေတပ်ဆင်ထားရတဲ့ သမ္မတ ဦးသိန်းစိန် နောက်သက်တမ်း ဆက်ထမ်းဆောင်ဖို့ ဖြစ်နိုင်ပါ့မလား ဆိုတဲ့ မေးခွန်းလည်း ရှိနေပါတယ်။ နီးစပ်သူတွေက လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက် မှုတွေ အပြည့်အဝရှိပြီး လက်ရှိကျန်းမာရေးကလည်း ကောင်းနေတယ်လို့ ဆိုပါတယ်။ သမ္မတရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဒုတိယ ပြန်ကြား ရေး ဝန်ကြီး ဦးရဲထွဋ်က “သမ္မတကြီးဟာ တိုင်းပြည် တာဝန်များကို ကျေပွန် အောင် ထမ်းဆောင်နိုင်တဲ့ ကျန်းမာရေးအခြေအနေ ရှိပါတယ်” လို့ ဧရာဝတီကို ပြောခဲ့ပါတယ်။

arrawaddy

၂၀၁၅ ရွေးကောက်ပွဲ ကြံ့ခိုင်ရေး သန့်သန့်ရှင်းရှင်း ပြိုင်မည်


သူရဦးရွှေမန်း,  ဦးဌေးဦး, လွှတ်တော်,  ကြံ့ခိုင်ရေး, ရွေးကောက်ပွဲ
ပြည်သူ့ လွှတ်တော် နာယက ရုံးခန်းတွင် မီဒီယာများနှင့် သူရဦးရွှေမန်း တွေ့ဆုံစဉ် (ဓာတ်ပုံ – မေခ / ဧရာဝတီ)

၂၀၁၅ ရွေးကောက်ပွဲတွင် မိမိတို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် သန့်ရှင်းစွာ ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်နာယကလည်းဖြစ် အာဏာရပါတီ ဥက္ကဋ္ဌလည်းဖြစ်သူ သူရဦးရွှေမန်းက ပြောကြားလိုက်သည်။

မတ်လ ၆ ရက် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်နာယက ရုံးခန်းတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနှင့်တပြိုင်တည်း ကြံ့ခိုင်ရေး ပါတီ ဒု-ဥက္ကဋ္ဌ ဦးဌေးဦးကလည်း ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်တွင် ယမန်နေ့က ကျင်းပသည့် မြို့ခံလူထုနှင့် တွေ့ဆုံပွဲအပြီး သတင်းမီဒီယာများကို ပါတီအနေဖြင့် ရွေးကောက်ပွဲ အနိုင်အရှုံး ရလာဒ်များကို ဂရုမစိုက်ဘဲ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆက်လက်လုပ်ကိုင်သွားမည်ဟု ပြောဆိုသည်။

ယင်းသည် လတ်တလော သတင်းမီဒီယာများတွင် အာဏာရပါတီနှင့် အစိုးရဝန်ကြီးများ၊ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အကြား အပြန်အလှန် တင်းတင်းမာမာ ပြောဆိုတိုက်ခိုက်မှုများ မြင့်တက်လာချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

“အမျိုးသားပြန်လည် သင့်မြတ်ရေးကအရေးကြီးပါတယ်။ ဒါကြောင့်မို့ အမျိုးသားရေးပေါ်မှာ အခြေခံ ဖွဲ့စည်းထားကြတဲ့နို င်ငံရေးပါတီတွေ သင့်မြတ်ဖို့လိုပါတယ်။ ဒါ အရေးကြီးဆုံးပါ” ဟု

သူရဦးရွှေမန်းက ဆိုသည်။ ထို့အပြင် ယခင်အချိန်များက ကျင့်သုံးခဲ့သည့် ပါတီအချင်းချင်း “အပြုတ်တိုက်၊ အပြတ်ရှင်း”သောစနစ်ကို ယခုအချိန်တွင် ကျင့်သုံးရန် မရှိကြောင်း၊

ထိုသို့ ကျင့်သုံးခဲ့ခြင်းကြောင့် ပါတီ အချင်းချင်း စိတ်ဝမ်းကွဲမှုများ ရှိလာပြီး အမုန်းတရားများ ကြီးလာခြင်းဖြစ်ကြောင်းလည်း ဆိုသည်။

“ဒီအချိန်မှာ အပြုတ်တိုက်၊ အပြတ်ရှင်းတာ လုပ်မှာ မဟုတ်ဘူး။ ဘယ်ပါတီကိုမှ ရန်သူလို သဘောမထားဘူး။ ဒေါ်စု လွှတ်တော်ထဲ ရောက်လာတော့လည်း ညှိညှိနှိုင်းနှိုင်း လုပ်တယ်။ လုပ်ဖော်ကိုင်ဘက်လိုပဲ သဘောထားတယ်” သူရဦးရွှေမန်းက ပြောဆိုသည့်အပြင် ထိုသို့လုပ်ဖော်ကိုင်ဘက်ကဲ့သို့ ဆက်ဆံသည့်အတွက် နောက်လိုက်များ ရန်မဖြစ်ခဲ့ဘဲ ယခုနောက်ပိုင်းတွင်မှ ကြံ့ခိုင်ရေးပါတီနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့မှ ပါတီဝင်အချို့၏ တဘက်နှင့် တဘက် သူနိုင်ကိုယ်နိုင် စကားလု ပြောနေမှုများကြောင့် မိမိတို့ ခေါင်းဆောင်ပိုင်းမှာ အချင်းချင်း မျက်နှာပူနေရကြောင်းလည်း ပြောသည်။

သို့ရာတွင် ရွေးကောက်ပွဲ ကျင်းပမည့်အချိန်တွင် “NLD ဘက်ကလည်း အလျော့ပေးမှာ မဟုတ်သလို ကိုယ်ကလည်း အနိုင်မပေးနိုင်ဘူး။ တရားမျှတစွာ သန့်ရှင်းစွာ လုပ်ဆောင်မယ်။ ဒါ နိုင်ငံရေးပဲ”ဟု ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌက အခိုင်အမာ ပြောဆိုသည်။ နိုင်ငံတနိုင်ငံ၏ နိုင်ငံရေးမှာ အဆိုပါနိုင်ငံများ၏ နိုင်ငံရေးပါတီများ၏ ဆောင်ရွက်ချက်သာဖြစ်ကြောင်း၊ မည်သည့်ပါတီမဆို ပါတီ အနိုင်ရရေးကို အင်တိုက်အားတိုက် ကြိုးစားကြမှာဖြစ်ကြောင်း၊ ကြိုးစားရာတွင်လည်း တရားသဖြင့် ကြိုးစားကြရန် လိုကြောင်းလည်း ဆိုသည်။

ပြည်ထောင်စုကြုံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် လူမှုရေးအသင်းအဖြစ်မှ ပါတီအသွင်ပြောင်းပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ နိုင်ငံအနှံ့အပြား အနိုင်ရရှိခဲ့ပြီး အစိုးရဖွဲ့နိုင်ခဲ့သည့် ပါတီဖြစ်သည်။ သို့သော် မဲမသမာမှုများ၊ ကြိုတင်မဲများဖြင့် ကြံ့ခိုင်ရေးတို့ အနိုင်ယူခဲ့သည်ဟု ယှဉ်ပြိုင်ဘက်များက စွပ်စွဲခဲ့ကြသည်။

၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်လောင်းများအား ကြံ့ခိုင်ရေးပါတီက အပြတ်အသတ်ရှုံးနိမ့်ခဲ့သည့်အတွက် ၂၀၁၅ အထွေထွေရွေးကောက်ပွဲသာ လွတ်လပ်ပြီး တရားမျှတပါက NLD ပါတီ အကြီးအကျယ် အနိုင်ရနိုင်ကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက သုံးသပ်နေကြသည်။

“ပါတီဆိုတာ ပြည်သူ့အတွက်ပါ။ ၂၀၁၅ အတွက် မဟုတ်ပါဘူး။ ရှုံးတဲ့အတွက် ပြည်သူကို ဂရုမစိုက်ဘဲနဲ့ မလုပ်တော့ဘူးလား။ နိုင်မှပဲ လုပ်မှာလား။ ကျနော့်အနေနဲ့ ပြောမယ်ဆိုရင်တော့ ရှုံးတဲ့နေရာလည်း လုပ်မှာပဲ။ ပြည်သူအတွက် အကျိုးရှိတဲ့လုပ်ငန်းတွေကို ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ ကျနော်တို့လုပ်ရမယ်။ အဲ့လိုလုပ်လို့ စေတနာမှန်တယ်ဆိုတာ ပြည်သူနားလည်လာရင် ၂၀၁၅ ဆိုတာ ဂရုစိုက်စရာ မရှိဘူး” ဟု ကြံ့ခိုင်ရေးပါတီ ဒု-ဥက္ကဋ္ဌ ဦးဌေးဦးက ဆိုသည်။ ၎င်းအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဟင်္သာတမြို့မှပင် ပြန်လည်ဝင်ရောက် အရွေးခံသွားမည်ဟုလည်း လက်ရှိ ဟင်္သတာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးက ကြေညာ ပြောဆိုခဲ့သည်။

ပါတီတွင်းရှိ သမ္မတ ဦးသိန်းစိန်ဦးစီးသော အဖွဲ့က အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး ကြွေးကြော်သံကို စတင်အသုံးပြုလာနေပြီး ဗုဒ္ဓဘာသာဝင် မဲများရရေး ပြင်ဆင်လာချိန်တွင်  ကြံ့ခိုင်ရေးပါတီ၏ ရွေးကောက်ပွဲဆိုင်ရာ မဟာဗျူဟာနှင့် စပ်လျဉ်းပြီး လက်ရှိ ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းအနေဖြင့် အသေးစိတ် ရှင်းလင်းပြောကြားခဲ့ခြင်း မရှိပေ။ သို့သော် ပါတီအနေဖြင့် ယခင် တပ်မတော်အစိုးရလက်ထက်ကတည်းကပင် လူမှုရေးအဖွဲ့အနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေမည့် ဆူပူမှုများ မဖြစ်အောင် ထိန်းသိမ်းပေးခဲ့ကြောင်း၊ ယခု နိုင်ငံရေးပါတီအနေဖြင့် ရပ်တည်လာရာတွင်လည်း ယခင်အတိုင်း ဆူပူမှုများကြောင့် တိုင်းပြည်တည်ငြိမ်မှု မပျက်ပြားစေရန် ထိန်းသိမ်းပေးမှာဖြစ်ကြောင်း၊ တိုင်းပြည်တည်ငြိမ်မှ ဒီမိုကရေစီနိုင်ငံဖြစ်ပေါ်လာနိုင်မှာဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

ဖွဲ့စည်းပုံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ မေးမြန်းမှုများကိုလည်း သူရဦးရွှေမန်းက လွှတ်တော်အနေဖြင့် ဖွဲ့စည်းထားသော ကော်မတီကို လမ်းညွှန်မှုလည်းပေးထားပြီးပြီဖြစ်ကြောင်း၊ မည်သည့်အပိုင်းကို မည်သည့်အချိန်တွင် စတင်မည်ဆိုခြင်းမှာ ဖွဲ့စည်းထားသည့် ကော်မတီလုပ်ဆောင်မှုပေါ်တွင်သာ မူတည်ကြောင်း ပြန်လည်ဖြေဆိုသည်။

“ဖွဲ့စည်းပုံက ပြင်သင့်တာပြင်နိုင်ဖို့ မပြင်သင့်တာမပြင်နိုင်ဖို့ လိုတယ်။ မျက်စိမှိတ်ပြင်ရမယ်ဆိုတာလည်း မကောင်းဘူး။ ပြင်မယ်ဆိုလည်း ဒီမိုကရေစီစံနှုန်းဆိုပြီး လောဘတကြီး လုပ်ရင်လည်း မကောင်းဘူး။ ဝိုင်းစဉ်းစားပြီး အကောင်းဆုံး လုပ်ရမှာပါ” ဟု မတင်မကျ ဖြေကြားသွားသည်။

(ပုသိမ်မှ ဆလိုင်းသန့်စင် ပူးတွဲ သတင်း ရေးသားပေးပို့သည်။)

arrawaddy

လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းသည့် မေးခွန်းများအား သက်ဆိုင်ရာပြည်ထောင်စုအဆင့်ဝန်ကြီးဌာနအသီးသီးက နောင်အခါတွင် တိုက်ရိုက်ဖြေကြားပေးရန် လိုအပ်မည်ဟု ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းပြော


နေပြည်တော်၊မတ် ၇
လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းသည့် မေးခွန်းများအား သက်ဆိုင်ရာပြည်ထောင်စုအဆင့်ဝန်ကြီးဌာနအသီးသီးက နောင်အခါတွင် တိုက်ရိုက်ဖြေကြားပေးရန် လိုအပ်မည်ဟု ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းကပြောသည်။
သူရဦးရွှေမန်းက မတ်(၇)ရက် ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် အထက်ပါအတိုင်းပြောကြားလိုက်ခြင်းဖြစ်သည်။
မတ်လ၇ရက်နေ့ကပြုလုပ်သော လွှတ်တော်အစည်းအဝေးတွင် သီပေါမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်ဦးရဲထွန်းက မေးမြန်းရာတွင် ကချင်ပြည်နယ်အတွင်းရှိ မိုးကောင်း-ဖားကန့် လမ်းကို အဆင့်မြှင့်ပြုပြင်ရန်အတွက် ကျောက်မျက်ကုမ္မဏီများကို လုပ်ငန်းရှင်များ၏ ဆန္ဒမပါဘဲ ရန်ပုံငွေထည့်ဝင်ရန် ကချင်ပြည်နယ်အစိုးရအဖွဲ့ ၏ ဆုံးဖြတ်ချက်သည် ဥပဒေနင့်ညီညွတ်မူ ရှိ/မရှိနင့် ရန်ပုံငွေထည့်ဝင်လိုခြင်းမရှိသော ကုမ္မဏီများကို မည်သည့်ဥပဒေအရ အရေးယူမည်ကို သိလိုကြောင်း မေးမြန်းမူကို နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ၊ အမှတ်(၄) ဒုတိယ၀န်ကြီး ဦးအောင်သိန်းက ကချင်ပြည်နယ်အစိုးရအဖွဲ့ ကိုယ်စားပြန်လည်ဖြေကြားရာတွင် မေးခွန်းပါ အကြောင်းအရာနင့်ပတ်သတ်၍ လမ်းပိုင်းအပေါ် အစိုးရအဖွဲ့ ဆောင်ရွှက်ချက်များကိုသာ ရှင်းလင်းဖြေကြားခဲ့သည်။
ယင်းနင့် ပတ်သတ်ပြီး နောင်အချိန်မေးခွန်းတွင် ပါသည့်မေးမြန်းချက်ကို တိုက်ရိုက်ဖြေရန် လိုမည်ဟု ပြောလိုကြောင်းသူရဦးရွှေမန်းကအသိပေးခဲ့သည်။
“ထပ်ဆင့်မေးသည့်မေးခွန်းကိစ္စကို မေးသည့်မေးခွန်းအပေါ်တွင် မူတည်ပြီး တတ်ရောက်သည့် တာဝန်ရှိသည့် သက်ဆိုင်ရာဝန်ကြီးဌာနမှ မဖြေနိုင်ပါကလည်း မဖြေနိုင်သေးကြောင်း ပြော၍ ရကြောင်း” ၄င်းကဆိုသည်။
နောင်အခါများတွင် လွှတ်တော်ကိုယ်စားလှယ်များ မေးသည့်မေးခွန်းတွင် မူလကတည်းက ပါရှိသည်ဆိုပါက မေးခွန်းကို ဖြေသည့်အခါတွင် မူလက မေးသည့်အကြောင်းအရာများ တစ်ခါတည်းဖြေရန် လိုအပ်မည် ဖြစ်ပြီး သက်ဆိုင်ရာပြည်ထောင်စုအဆင့် ၀န်ကြီးဌာနအသီးသီးကို ပြည်ထောင်စုအစိုးရမှ လိုအပ်သလို ညွှန်ကြားနိုင်ရန်လည်း သမ္မတရုံးဝန်ကြီးဌာန ၊ အမှတ်(၄)ကိုလည်း တဆင့် ယင်းကဲ့သို့ သာ ပြောကြားရမည် ဖြစ်သည်ဟု ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ယင်းသို့ အသိပေးပြောကြားခဲ့သည်။
မေးခွန်းအား သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် နိုင်ငံတော်သမ္မတရုံး ၊ အမှတ်(၄) ဒုတိယ၀န်ကြီးဖြေကြားချက်ကို ထပ်ဆင့်မေးမြန်းသည့်အနေနင့် သီပေါမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်ဦးရဲထွန်းက မေးခွန်းကို တိုက်ရိုက်မဖြေသွားဟု ယူဆရပြီး ယင်းအစီအစဉ်ကို ဖျက်လိုက်ပြီလားဟု ကုမ္မဏီများမှ ရန်ပုံငွေ တောင်းခံပြီး လုပ်ဆောင်မည့်အစီအစဉ်သည် ဥပဒေနင့်မညီသည့်အတွက်ကြောင့် ဖျက်လိုက်ပြီလားဟု ရှင်းရှင်းလင်းလင်း သိလိုသည်ဟု သမ္မတရုံး ၊ ဒုတိယ၀န်ကြီးကို ထပ်မံမေးမြန်းခဲ့သည်။ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ၊ အမှတ်(၄) ဒုတိယ၀န်ကြီး ဦးအောင်သိန်းက မေးသည့်မေးခွန်းနင့် ပတ်သတ်ပြီး မိမိသည် ကချင်ပြည်နယ်အစိုးရ၏ ကိုယ်စား ဖြေကြားချက်ကို လာရောက်ဖြေကြားရခြင်း ဖြစ်ပြီး ယခုမေးသည့်မေးခွန်းကို အဖြေတွင် လုံးဝပါရှိခြင်းမရှိကြောင်းနှင့်သဘောထားမှာ မဖြေချင်၍ မဖြေဘဲနင့် ဖြေနိုင်သည့်ကို ဖြေသွားသည့် သဘောမျိုး ယူဆသောကြောင့် အသေးစိတ် သိချင်ပါက ကချင်ပြည်နယ်အစိုးရအား ပြန်လည်မေးမြန်းပြီး ဖြေကြားသွားမည်ဟု ရှင်းလင်းဖြေကြားခဲ့သည်။
ထိုအခါ လွှတ်တော်ကိုယ်စားလှယ်ဦးရဲထွန်းက ထပ်မံ၍ ပြောကြားခဲ့ရာတွင် အဓိကအားဖြင့် ပြည်သူလူထု လုပ်ငန်းရှင်များသည် ပွင့်လင်းမြင်သာမူ ရှိစေချင်ခြင်းကြောင့်ဖြစ်ပြီး ယခုကောက်ခံသည့် ငွေများသည် အဆမတန်များနေကြောင်း ကုန်ကျမည့်ငွေသည်လည်း အမှန်တကယ် ပြောမည်ဆိုပါက ထိုကဲ့သို့ ကုန်ကျမည်မဟုတ်ပါ ထိုကြောင့် နောင်တွင် မည်သည်တို့ ကို လုပ်သည်ဖြစ်စေ ၊ အစိုးရအဖွဲ့ သော်လည်းကောင်း ပြည်သူလူထုသော်လည်းကောင်း ဥပဒေနင့်အညီသာ လုပ်ကိုင်ဆောင်ရွှက်ရန် ဖြစ်သည်။
ထိုကြောင့် မိမိတို့ သည် ဥပဒေနင့်မညီသော ကိစ္စများဆိုပါက ရပ်တန်းမှ ရပ်ရန် လိုသည့်အကြောင်းနင့် ပွင့်လင်းမြင်သာရှိရန် ကချင်ပြည်နယ်အစိုးရအဖွဲ့ ၏ ၀န်ကြီးချုပ်ကိုယ်တိုင် လွှတ်တော်တွင် လာရောက်ပြီး ဖြေကြားရန် လိုမည်ဆိုပါကလည်း လာရောက်ပြီး ဖြေကြားပေးရန် ဖြစ်ပါသည်ဟုဦးရဲထွန်းက လွှတ်တော်သို့ တင်ပြခဲ့သည် ယင်းကိစ္စနင့် ပတ်သက်ပြီး ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက သက်ဆိုင်ရာဝန်ကြီးချုပ်က တိုက်ရိုက်လာဖြေရန်ဆိုသည့်ကိစ္စသည် လွှတ်တော်ဥက္ကဌ ဆောင်ရွှက်ရမည့် ကိစ္စမဟုတ်ကြောင်း သက်ဆိုင်ရာ အစိုးရမှသာ စီစဉ်ပေးရမည့် ကိစ္စဖြစ်သည့်အတွက် ထပ်ဆင့်မေးသည့်မေးခွန်းအား ဖြေမည်ဆိုပါက သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရအစီအစဉ်နင့် ဖြေဆိုရန် ဖြစ်ပါသည်ဟု ရှင်းလင်းပြောကြားခဲ့သည်။စိုင်းလမင်း

Popular Myanmar News Journal

သိန်လင်ရွာက လူငယ်ရှစ်ဦးအား KIA မှ တပ်သားသစ် စုဆောင်းရေး ဖမ်းဆီးမှုဖြစ်ပွား


၂၀၁၄ ၊ မတ်လ ၇ ရက်

မြန်မာပြည်မြောက်ပိုင်း၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့အနီး သိန်လင်ရွာက လူငယ်(၈)ဦးအား (၄၊၃၊၂၀၁၄) ရက်နေ့တွင် KIA ကချင်လွတ်မြောက်ရေး တပ်မတော်မှ တပ်သားသစ် စုဆောင်းရေး ဖမ်းဆီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဗန်းမော်မြို့၊ သိန်လင်ရွာအနီး မန်ရွက်ကျေးရွာနောက်ကျောတွင် ဆိုင်ကယ်နဲ့ အလုပ်သွားတဲ့ လူငယ်(၈)ဦးကို “လမ်းမှာ ဆိုင်ကယ်နဲ့ ခေါ်သွားတာ၊ မင်းတို့ ရှေ့ကသွား၊ ငါတို့ နောက်ကလိုက်မယ်ဆိုပြီး KIA က နောက်ကလိုက်တာ၊ လူငယ်တွေက ရှေ့ကသွားတဲ့အခါ လမ်းခြားတဲ့အခါကျတော့ တောင်ပေါ်မှာကျတော့ တအားမောင်းပြေးခဲ့တာ၊ နှစ်ယောက်ပဲ ကျန်ခဲ့တယ်လို့ပြောတယ်၊ ကျန်ခဲ့တဲ့ နှစ်ယောက်ကတော့ ပါသွားသလား မပါသွားသလားဆိုတာ ဘာမှသတင်းမရသေးဘူးပေါ့၊ ကျန်တဲ့ ခြောက်ယောက်ကတော့ ပြန်ရောက်လာတာပေါ့၊ အဲဒီဘက်က KIA ရင်း(၁၂) ဖြစ်မယ်ထင်တယ်လို့ ဗန်းမော်ဒေသခံတစ်ဦးက ပြောကြားသည်။

ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က “ကျွန်တော်တို့ကတော့ KIO နဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းနဲ့လည်း သွားမယ်၊ ကုလသမဂ္ဂ၊ နိုင်ငံတော်အစိုးရနှင့် နိုင်ငံတကာကိုလည်း တင်ပြပြီး အကူအညီ တောင်းခံသွားမယ်၊ ပြည်သူ့စစ်တွေလည်း အမြန်ဆုံး ဖွဲ့စည်းနိုင်အောင် စီစဉ်ဆောင်ရွက်သွားရမယ်”လို့ ရှမ်းမျိုးနွယ်စုရေးရာခေါင်းဆောင် ဦးစိုင်းထိန်လင်းက ပြောကြားသည်။

KIA ကချင်လွတ်မြောက်ရေး တပ်မတော်မှ တပ်သားသစ် စုဆောင်းရေး ဖမ်းဆီးမှုခံရသူ သိန်လင်ရွာက လူငယ်တွေကတော့ ၁။မောင်မြင့်ကြိုင် (အဘ-ဦးကျော်စိန်+အမိ-ဒေါ်အောင်ပွဲ)၊ ၂။မောင်ကျော်လင်း (အဘ-ဦးရီပွဲ+ဒေါ်ဆိုင်းသာ)၊ ၃။မောင်သန်းစိုး(အဘ-ဦးဆန်းမောင်)၊ ၄။မောင်ကျော်ဆင့် (အဘ-ဦးအိုက်ဆိ+အမိ-ဒေါ်ထွေး)၊ ၅။မောင်စိုးနိုင် (အဘ-ဦးတင်မောင်)၊ ၆။မောင်အောင်တိုး (အဘ-ဦးတင်မောင်)၊ ၇။မောင်ဝင်းထွန်း (အမိ-ဒေါ်ငြိမ်း)၊ ၈။မောင်တင်ညွှန့် (အမိ-ဒေါ်ဆွဲ့နှင်းရီ) တို့ ဖြစ်တယ်လို့ သိရသည်။

ဧရာဝတီမြစ်ဖျားဆီက

ဟစ်တိုင် ဂျာနယ်က ဦးမိုးသီးဇွန်ကို တောင်းပန်


လူမှု ကွန်ရက် ဟစ်တိုင် သတင်းဂျာနယ်က ၈၈ ကျောင်းသားခေါင်းဆောင် ကိုမိုးသီးဇွန်၏ ပြောဆိုချက် အပေါ် အဓိပ္ပာယ်လွဲမှာ ဖော်ပြခဲ့တဲ့အတွက် ဝမ်းနည်းကြောင်းနဲ့ တောင်းပန်ကြောင်း ဒီကနေ့ ရက်စွဲနဲ့ စာထုတ်ပြန်လာပါ တယ်။

 ၈၈ ကျောင်းသား ခေါင်းဆောင် ဦးမိုးသီးဇွန်၊ ဓာတ်ပုံ- ဧရာဝတီ

လူမှုကွန်ရက် ဟစ်တိုင် သတင်းဂျာနယ်ရဲ့ တောင်းပန်းစာကိုအောက်မှာ ဖတ်နိုင်ပါတယ်။


ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံရေးအကျဉ်းသားဟောင်းတွေကို ကူညီစောင့်ရှောက်ပေးဖို့ ရည်ရွယ်ချက်နဲ့ စုစည်း ဖွင့်လှစ်လိုက်တဲ့ ရေ၊ မြေ၊ လေ၊ မီး ဆိုတဲ့ ရုံးခန်းဖွင့်ပွဲမှာ အဲဒီဂျာနယ်နဲ့ ကိုမိုးသီးဇွန်တို့ အင်တာဗျူး ပြီး မြန်မာနိုင်ငံ ပညာရေး စနစ် ညံ့ဖျင်းမှုဟာ အလွတ်ကျက်မှတ်တဲ့ မှားယွင်းတဲ့ အကျင့်ဓလေ့ကြောင့် ဖြစ် တယ်လို့ ပြောခဲ့တာကို ဂျာနယ်က သတင်းခေါင်းစဉ်မှာ "မြန်မာနိုင်ငံ ပညာရေး စနစ် ပျက်စီးရခြင်းမှာ ဗုဒ္ဓဘာသာကြောင့်ဟု မိုးသီးဇွန်ပြောဆိုပြီး ပုံနှိပ်ရိုက်ထုတ် ဖြန့်ချိခဲ့ပါတယ်။



အဲဒီလို သတင်းဖော်ပြမှုနဲ့ပတ်သက်ပြီးနောက် ဦးမိုးသီးဇွန်က အခုလိုပြောဆိုထားခဲ့ပါတယ်။

အလွတ်ကျက်ပညာရေးစနစ်က မကောင်းဘူးလို့  ကျနော်ပြောတယ်။ ဒီပညာရေးစနစ်ရဲ့ ဆိုးကျိုးကတော့
ဒီသတင်းမှာ ခေါင်းစဉ်ကို လိုသလို ရေးသွားတာကိုက ပညာရေးစနစ် ရဲ့  ညံဖျင်းမှုပေါ့ဗျာ။

အပြုသဘော ဆွေးနွေးမှုကို အဖျက်သဘော မြင်နေရတာ ကိုက ပညာရေးစနစ်ရဲ့  သားကောင်းဘ၀ကို ဒီသတင်းစာ ဆရာ ကျရောက်သွားမှုကို ပြနေတာပေါ့ဗျာ။

အလွတ်ကျက်စနစ် က မကောင်းဘူးလို့  ကျနော်ပြောတယ်။ သူက ဗုဒ္ခဘာသာကြောင့် ပညာရေး ပျက်တယ်လို့  သူ ကြားတယ်။ အ၀ိဇာတွေတော်တော်ဖုံးလွှမ်းနေတဲ့သေ ဘာပေါ့။
အမေရိကန် ထောင်တွေမှာ ရာဇ၀တ်သမားတွေကို စိတ်ပညာရှင်တွေက
စစ်ဆေး ပေးတဲ့စနစ်တွေ မြန်မာ ပြည်မှာလဲ လိုနေပြီ။

အလွတ်ကျက်စနစ်ကို ဆက်ကျင့်သုံးနေမဲ့အစား critical thinking ကို မလုပ်သင့်ပေဘူးလား။ ဗုဒ္ဒမြတ်စွာဘုရားရဲ့  ကာလမသုတ်ဟာဖြင့်
ကမ္ဘာအဦးဆုံး Critical thinking idea ကို မျိုးစေ့ချပေးခဲ့တာမဟုတ်ပေဘူး
လား။

ဗုဒ္ဒမြတ်စွာဘုရားက မင်္ဂရှစ်ပါးမှာ
သမာသင်္ကပ ( မှန်ကန် စွာ တွေး ခြင်း ) လို့  ဟောခဲ့တာ မမေ့ စေချင်ဘူး။

ကောင်းမွန်တဲ့ ပညာရေးစနစ် သစ်တခု မြန်မာ ပြည်မှာ အမြန်ဆုံး ထွန်းကားနိင်ပါစေ။
ကမ္ဘာကြီး ကို မှန်ကန်စွာမြင်နိင်ပါစေ။

မိုးသီးဇွန်

အဲဒီလို ရေးသားဖော်ပြတုံ့ပြန်ပြီး ဟစ်တိုင်ဂျာနယ် တာဝန်ရှိသူနဲ့ တွေ့ဆုံခဲ့ပြီးတော့ ဦးမိုးသီးဇွန်က အခုလို ပြန်လည်ရေးသားဖော်ပြထားပါတယ်။ အဲဒီလို ဖော်ပြပြီးတော့ အခုနောက်ဆုံး ဟစ်တိုင် က တောင်းပန်စာပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။

ဟစ်တိုင်မှာ ပါတဲ့သတင်းနဲ့ ပတ်သက်လို့  ဘယ်လို ဖြစ်ရတာလဲ လို့  ဦးကိုကိုလေးကို ကျနော် ဒီညနေ မှာ မေးဖြစ်ပါတယ်။ သူက ဒီဂျာနယ် ပိုင်ရှင်ပါ။ လူကြီးလူကောင်းတယောက်ပါ။ သူက တောင်းပန်ပါတယ်။ သူမသိလိုက်ဖြစ်သွားတယ်လို့ ဆိုပါတယ်။ ဂျာနယ်မှာ အမှားပြင်ဆင်ချက်ကို ပြန်ထည့်ပေးမယ် လို့ ဆိုပါ တယ်။

ကျနော်ကတော့ တော်တော်လေး အရေထူနေ ပါတယ်။ တခြားကျနော်ကို ခင်မင်နေတဲ့ မိတ်ဆွေ
တွေ စိတ်မပူကြဖို့  စိတ်အေးလက်အေးရှိကြဖို့ မေတ္တာရပ်ခံပါတယ်။

မိုးသီးဇွန်



အိမ့်သံစဉ် ~
The Irrawaddy

ခေါင်းပြတ်လဲ တစ်ပတ် အသက်ရှင်တဲ့ ပိုးဟက်


ပိုးဟက် ဟာ လူသားတွေနဲ့ အနီးစပ်ဆုံး ရှိနေတတ်တဲ့ အင်းဆက် မျိုးစိတ် တစ်မျိုးပဲ ဖြစ်ပါတယ်။ သူ့မှာ ထူခြားချက် တစ်ခု ကတော့ ခေါင်း မပါပဲနဲ့ တစ်ပတ် တိတိ အသက်ရှင်နိုင် ပါတယ်။


နောက်ပြီးတော့ ပိုးဟက် တွေဟာ တစ်လ လုံးလုံး ဘာ အစားအစာမှ မစားပဲ အသက်ရှင် နိုင်ပါတယ်။ သို့ပေမယ့် သူတို့က ရေ မသောက်ရရင် တစ်ပတ်ပဲ အသက်ရှင်နိုင်ပြီး အဲ့ထက် ပိုရင် သေပါတယ်။

ပိုးဟက် တစ်ကောင်ရဲ့ သွားနှုန်းဟာ တစ်နာရီ ၃  မိုင်နှုန်း ရှိပါတယ်။ ပျံလည်း ပျံနိုင်ပါတယ်။ လူအများစုမှာ ပိုးဟက်ကို ကြောက်/ရွံ့ တဲ့ စိတ် ရောဂါ တစ်မျိုး ရှိနေကြောင်း သိရ ပါတယ်။
.
Ref: discovery
International news for Myanmar

တောင်ကိုရီးယား၏ အကြီးဆုံး ဖုန်းကုမ္ပဏီတစ်ခုထံမှ သုံးစွဲသူ ၁၂သန်း၏ အချက်အလက်များ ခိုးယူခံရ


တောင်ကိုရီးယားနိုင်ငံ၏ အကြီးဆုံးဖုန်းကုမ္ပဏီအနက် တစ်ခုဖြစ်သော KT Corp မှသုံးစွဲသူ ၁၂ သန်း၏ အချက်အလက်များကို ခိုးယူခံသည့် ဆိုက်ဘာတိုက်ခိုက်မှုနှင့် ဆက်စပ်သော လူနှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

ဖမ်းဆီးထိန်းသိမ်းခံရသူအနက်မှ တစ်ဦး၏အမည်သည် Kim ဖြစ်ကြောင်း၊ ၎င်းသည်ကိုယ်ပိုင် hacking program ကိုအသုံးပြုကာ KT Corp ၏ကွန်ပျူတာစနစ် အတွင်းသို့ ချိုးဖောက်ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်းအင်ချွမ်ရဲတပ်ဖွဲ့မှ အကြီးအကဲဖြစ်သူ Lee Sang-Won ၏ထုတ်ပြန်ကြေညာခဲ့သည်။

အသက် ၂၉ နှစ်အရွယ် Kim သည် KT Corp တွင်မှတ်ပုံတင်ပြီး အသုံးပြုသူ ၁၆ သန်းအနက်လေးပုံသုံးပုံ၏ ဘဏ်အချက်အလက်များ၊ အိမ်လိပ်စာများနှင့် အလုပ်အကိုင် အချက်အလက်များကို ရယူခဲ့ကြောင်း၊ အဆိုပါ အချက်အလက်များကို Park ဟုခေါ်သည့် အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦးထံ ရောင်းချခဲ့ကြောင်းသိရသည်။ Park သည်တယ်လီဖုန်းဖြင့် ထုတ်ကုန်များကို ဈေးကွက်ရှာဖွေသည့် လုပ်ငန်းလုပ်ကိုင်သူဖြစ်ပြီး ၎င်းသည်အထက်ပါ အချက်အလက်များကို အသုံးပြုပြီး KT မှကိုယ်စားလှယ်တစ်ဦးအနေဖြင့် ဆဲလ်ဖုန်းများကို ရောင်းချခဲ့ကြောင်း ရဲအရာရှိ Lee Sang-Won ကပြောကြားခဲ့သည်။

အဆိုပါ သံသယရှိသူနှစ်ဦးသည် Park ထံအချက်အလက် ရောင်းချခြင်းအတွက် ၁၁.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၀.၈ သန်း) ရရှိခဲ့ကြောင်း ရဲအဖွဲ့မှဆိုခဲ့သည်။

ဆိုက်ဘာတိုက်ခိုက်မှုတွင် ပါဝင်သည်ဟု တတိယမြောက်သံသယရှိသူကို လွှတ်ပေးလိုက်ပြီဖြစ်သော်လည်း အခြားသံသယရှိသူများကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ် လျက်ရှိကြောင်း သိရသည်။


-နောင်နောင်
Ref: CNN
Internet Journal