မိုင် ၁၉၇/၆ - ၁၉၇/၇ ကြား ယာဉ်မတော်တဆမှု ဖြစ်ပွားခြင်း


(၁၂-၅-၂၀၁၄) ရက်နေ့ ညနေ(၆း၄၅)နာရီအချိန့်တွင် ရန်ကုန်-မန္တလေးအမြန်လမ်း အပြန်လမ်း မိုင် ၁၉၇/၆-၁၉၇/၇ ကြားတွင် - Express မော်တော်ယာဉ် (ရာဇာမင်း နေပြည်တော်-ရန်ကုန် ယာဉ်လိုင်း)၊ ယာဉ်အမှတ် - ၅ဆ/၁၅၂၇၊ ယာဉ်မောင်း ဦးမင်းထက် မောင်းနှင်လာသောယာဉ်သည် လေပြင်းတိုက်၍ 

အူမကြီး ကျန်းမာရေး ကောင်းမွန်စေရန်


အူမကြီးဆိုတာ ခန္ဓ္ဓာကိုယ်ကနေ စွန့်ပစ်ပစ္စည်းတွေ စွန့်ထုတ်ဖို့ ကူညီတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ အူမကြီးဟာ ရေနဲ့ဆားတွေကို စုတ်ယူပြီး ဓါတ်ဆားဟန်ချက်ညီမျှအောင် ထိန်းချုပ်ထားပါတယ်။ နေ့စဉ် အဆင်သင့်အစာ၊ ဆီကြော် အစာ၊ ပြုပြင်ထားတဲ့အစာ စတာတွေကို အစားများရင် အူမကြီးထဲမှာ အဆိပ်တွေ ပြည့်နေနိုင်ပါတယ်။ အူမကြီးရဲ့ လုပ်ငန်းဆောင်တာ ပုံမှန်မဟုတ်တော့ တဲ့အခါ အဆိပ်တွေကြောင့် ပြင်းထန်တဲ့ ကျန်းမာရေး အန္တရာယ်တွေ ဖြစ်လာစေနိုင်ပါတယ်။ အူမကြီးမကျန်းမာသော လက္ခဏာများ ဗိုက်အောင့်ခြင်း ၀မ်းချုပ်ခြင်း ခါးနားခြင်း စိတ်ဖိစီးမှုများခြင်းနှင့် နုံးချိညောင်းညာခြင်း လေပွခြင်း အရေပြားပြဿနာများ ဖြစ်ခြင်း အူမကြီးကျန်းမာတာကြောင့် တစ်ကိုယ်လုံး သန်စွမ်းကျန်းမာစေပါတယ်။ အူမကြီးကျန်းမာ တဲ့သူတွေက ယေဘူယျ အားဖြင့် အနည်းဆုံးတစ်ရက်တစ်ခါ ၀မ်းသွားလေ့ရှိပါသည်။ မစင်အညစ်အကြေး တွေက အူမကြီးထဲ စုပုံမှုများလာလေလေ နေရထိုင်ရ မသက်မသာ ဖြစ်လာလေလေပါ။ အူမကြီး ကျန်းမာစေမည့် နည်းခုနှစ်သွယ်

 ၁။ တစ်နေ့ တစ်ကြိမ်-နှစ်ကြိမ် ၀မ်းသွားတဲ့ အလေ့အကျင့်ကို ထားရှိပါ။
၂။ ၀မ်းသွားချင်စိတ်ဖြစ်ပေါ်လာရင် အောင့်မထားပါနဲ့။ ချက်ချင်းသွားပါ။
၃။ ရေနဲ့ သစ်သီးဖျော်ရည် များများသောက်ပါ။ နေ့စဉ်နေ့တိုင်း ရေအလုံအလောက် သောက်တာကြောင့် အူမကြီးကို ကျန်းမာစေပါတယ်။
၎။ စားတဲ့အစာမှာ အမျှင်ဓါတ်များများ ပါဝင်တာကြောင့် အူမကြီးကို သန့်ရှင်းစင်ကြယ်စေပါတယ်
၅။လေ့ကျင့်ခန်းလုပ်တာနဲ့ ကိုယ်လက် လှုပ်ရှားမှု လုပ်တာကြောင့် အူလမ်းကြောင်းကိုကောင်းမွန်စေပြီး အူမကြီးကို ကျန်းမာစေပါတယ်။
၆။ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများများစားပြီး အသားလျှော့စားတဲ့နည်းနဲ့ အူမကြီးကို သန့်စင်ပါစေ။
၇။ အထက်ပါ နည်းတွေသုံးပေမယ့် ၀မ်းချုပ်နေရင် ဆေးဖက်ဝင်အပင် (ဥပမာ- ရှားစောင်းလက်ပပ်) အသင့်အတင့်စားပြီး ၀မ်းသွားအောင်ကြိုးစားပါ။




New Hong Kong (Hospital in Yangon)

ဆိုလာ စနစ်ကို အားပေးလာတဲ့ Google


နေမင်းကြီးဆိုတာ ကျတော်တို့ လူသားတွေအတွက် အပူနဲ့အလင်းကို ပေးစွမ်းရုံမျှမက အခြား ဆိုလာပြားတွေကိုသုံးပြီး လူအထောက်အကူပြု ပစ္စည်းတွေကိုလည်းသုံးစွဲရတာ လွယ်ကူစေတာကို ကျတော်တို့ အားလုံး သိပြီးဖြစ်ပါလိမ့်မယ်။ ဒီနှစ်တွေမှာ ဆိုလာ နေရောင်ခြည်စွမ်းအင်သုံး ပစ္စည်းတွေဟာ ၀ယ်ယူမူတွေမှာ ပိုမိုသက်သာလာပြီး ပိုပြီး ပြည့်စုံလာစေလျက်ရှိပါတယ်။ ဒီအတိုင်း သူအလိုလို ကျရောက်နေတဲ့နေရောင်ခြည်ကို အကျိုးရှိစွာခံယူပြီး အသုံးဝင်တဲ့ လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလည်းခြင်းဟာ တကယ်တော့
ခက်ခက်ခဲခဲကြီးမဟုတ်ပေမဲ့ စွမ်းအင်ကို စုပ်ယူပေမဲ့ ဆိုလာပြားတွေကျ အကြီးကြီးတွေဆို ဈေးကသက်သာမှာ မဟုတ်ပါဘူး။ Google က ဒါကို သိပ်ကျေနပ်ပုံမရပါဘူး။ Little Box စိန်ခေါ်မူလို့ခေါ်တဲ့
ပြိုင်ပွဲတစ်ခုကို ဖွင့်လှစ်ကျင်းပပေးခဲ့ပါတယ်။ သေးငယ်ပြီး ဈေးနှုန်းချိုသာတဲ့ ဆိုလာပါဝါ အင်ဗျာတာတွေကို တီထွင်တည်ဆောက်ပြီး ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။ ဆုကတော့ ဒေါ်လာ (၁သန်း) ပေးထားပါတယ်။

လွယ်ကူတဲ့ ပြိုင်ပွဲတစ်ခုတော့မဟုတ်ပါဘူးလို့ သတိပေးထားပြီး တစ်စုံတစ်ယောက်ကသာ အသေးစားစကေးရှိတဲ့ ပါဝါ သေတ္တာလေးကို တီထွင်နိင်ခဲ့ပါမူ အီကို ဈေးနှုန်းသက်သာ စွမ်းအင်သက်သာတဲ့ ဒီလိုစက်တွေဟာ သင့်ရဲ့အိမ်ခေါင်မိုးပေါ်နဲ့ ကျေးလက်တောရွာတွေကို ရောက်ရှိနိင်လာတော့မှာ ဖြစ်ပါတယ်။

Aung Heine ...
Smart Pro Journal 

အင်တာနက်မရရှိသော အဝေးရှိ ဖုန်းနှစ်လုံးအား တိုက်ရိုက်ကြားခံ ဆက်သွယ်ပေးနိုင်သည့်စနစ်


MyanTalk တွင် အင်တာနက်မှ ဖုန်းခေါ်ဆိုနိုင်သည့်အပြင် အင်တာနက်မရရှိသော အဝေးရှိ ဖုန်းနှစ်လုံးတို့အား တိုက်ရိုက်ကြားခံဆက်သွယ်ပေးနိုင်သည့် နည်းပညာဝန်ဆောင်မှုကိုပါ ထည့်သွင်းစီစဉ်ထားရှိကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

“MyanTalk အကောင့်ရှိသူက အင်တာနက်မရရှိတဲ့ အဝေးဖုန်းနှစ်လုံးကို ကြားခံဆက်သွယ်ပေးတဲ့ အင်တာနက်ဖုန်း ဆက်သွယ်မှု ဖြစ်ပါတယ်” ဟု ဆိုသည်။ အဆိုပါ Phone 2 Phone စနစ်အား အသုံးပြုနည်းအနေဖြင့် ပထမဦးစွာ မိမိ၏ Desktop (သို့) Laptop ကွန်ပျူတာတွင် MyanTalk Application အား ဖွင့်ရမည်ဖြစ်သည်။ ယင်းနောက် MyanTalk အကောင့်ဖြင့် Login ဝင်ရောက်ကာ Phone 2 Phone စနစ်သို့ သွားရောက်ရမည်ဖြစ်သည်။ အဆိုပါ ဆောင်ရွက်ချက်ပြီးစီးပါက "Your own phone number" တွင် ဖုန်းခေါ်ဆိုမည့်သူ၏ ဖုန်းနံပါတ်အား ထည့်သွင်းရမည်ဖြစ်ကြောင်း၊ ယင်းနောက် "Destination phone number" တွင် ဖုန်းလက်ခံမည့်သူ၏ ဖုန်းနံပါတ်အား ထည့်သွင်းပေးရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အဆင့်များ ဆောင်ရွက်ပြီးစီးပါက Call Button ကို နှိပ်ကာ အင်တာနက်မရရှိသော ဖုန်းနှစ်လုံးသို့  ကြားခံဆက်သွယ်ပေးနိုင်မည် ဖြစ်သည်။ Phone 2 Phone ဝန်ဆောင်မှုနှင့် ပတ်သက်၍ အခက်အခဲရှိပါက [email protected] (သို့မဟုတ်) ဖုန်း ၀၉-၇၃၁၃၅၅၈၅ သို့ မေးမြန်းနိုင်ကြောင်း ဆိုသည်။ အွန်လိုင်းမှတစ်ဆင့် ဖုန်းခေါ်ဆိုနိုင်သော VoIP ဝန်ဆောင်မှုတစ်ခုဖြစ်သည့် MyanTalk ဝန်ဆောင်မှုကို ယခုလမှ စတင်မိတ်ဆက်လိုက်ခြင်း ဖြစ်သည်။ MyanTalk မှာ မိမိခေါ်ဆိုလိုသော ကမ္ဘာ့နိုင်ငံအသီးသီးရှိ ကြိုးဖုန်းများနှင့် မိုဘိုင်းဖုန်းများသို့ ချိတ်ဆက်၍ ဖုန်းခေါ်ဆိုနိုင်ရန်အတွက် ဆောင်ရွက်ထားသော VoIP ဝန်ဆောင်မှုဖြစ်ပြီး နိုင်ငံအသီးသီးမှလည်း မြန်မာနိုင်ငံသို့ ဈေးသက်သာစွာဖြင့် အပြန်အလှန် ခေါ်ဆိုနိုင်မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံပေါင်း ၂၀၀ ကျော်သို့ ခေါ်ဆိုနိုင်မည်ဖြစ်ကာ MyanTalk အကောင့်တွင် မှတ်ပုံတင်လုပ်ရုံဖြင့် ပထမဦးဆုံး စမ်းသပ်ခေါ်ဆိုနိုင်ရန် မြန်မာကျပ်ငွေ ၁၀၀ ကို ထည့်သွင်းပေးထားကြောင်း၊ မိမိအသုံးပြုလိုသည့် ငွေပမာဏကို ကြိုတင်ထည့်သွင်းပေးရန်သာ လိုမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံအတွင်းရှိ မည်သည့်ဖုန်းအမျိုးအစားကိုမဆို MyanTalk အကောင့်ရှိပါက အွန်လိုင်း SMS ပေးပို့နိုင်ရန်လည်း ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။ ကမ္ဘာ့နိုင်ငံအသီးသီးရှိ နေရာအနှံ့သို့လည်း မည်သည့်မိုဘိုင်းဖုန်း အမျိုးအစားကိုမဆို MyanTalk အကောင့်ဖြင့် အွန်လိုင်း SMS ပေးပို့နိုင်ကြောင်း ဆိုသည်။

ထွန်းထွန်း
Internet Journal

ဆာဗာ ၃ သိန်းကျော်တွင် Heartbleed အားနည်းချက် ရှိနေဆဲဟုဆို


အလွန်အရေးကြီးသည့် Heartbleed အားနည်းချက်ကို ပထမဦးဆုံး တွေ့ရှိခဲ့ပြီး တစ်လခန့်အကြာတွင် အဆိုပါ အားနည်းချက်ရှိသည့် ဆာဗာ ၃၀၀၀၀၀ ကျော်ရှိနေဆဲဖြစ်ကြာင်း လုံခြုံရေး သုတေသနပညာရှင် Robert David  Graham က ပြောကြားလိုက်သည်။

Graham ၏ ကမ္ဘာတစ်ဝန်း အင်တာနက် Scan ပြုလုပ်ချက်အရ ဆာဗာ ၁.၅ သန်းတွင် OpenSSL ၏ heartbeat feature ကို ဆက်လက်ထောက်ပံ့နေ ဆဲဖြစ်ကြောင်း၊ ၎င်းအနက် ဆာဗာ ၃၁၈၂၃၉ တွင် Heardbleed အားနည်းချက်များ ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကိန်းဂဏန်းအချက်သည် အတည်ပြုထားသည့် အချက်အလက်ဖြစ်ပြီး Graham ၏ စာရင်းတွင် မပါဝင်သည့် ဆာဗာများတွင် spam blocking နှင့် အစဉ်အလာကို ဆန့်ကျင်ထားသည့် OpenSSL တို့ကို အသုံးပြုထားကြောင်း ဆိုသည်။

သို့သော်လည်း Heartbleed အားနည်းချက် ပြင်ဆင်ထားသည့် အရေအတွက်နှင့် အဆိုပါ အားနည်းချက်ကြောင့် မည်မျှပျက်စီးမှုကြုံတွေ့ခြင်းနှင့် ပတ်သက်၍ အတိအကျမသိရသေးပေ။ သို့ရာတွင် Google ကဲ့သို့သော နာမည်ကျော်ဝန်ဆောင်မှု ကုမ္ပဏီများသည် ၎င်းတို့၏ ဆာဗာအများစုကို ချက်ချင်းပြင်ဆင်ခဲ့ကြောင်း သိရသည်။

Heartbleed အားနည်းချက်ရှိသည့် ဆာဗာသည် တိုက်ခိုက်သူက private key များခိုးယူခြင်း၊ password များကို ကြားဖြတ်ရယူခြင်းနှင့် session တစ်ခုလုံးကို တရားမဝင် ရယူအသုံးပြုခြင်းတို့ ပြုလုပ်နိုင်သည်။

နောင်နောင်
Ref: TheVerge
Internet Journal 

URL ဖျောက်ရန် စီစဉ်ထားသော Google Chrome တွင် အားနည်းချက်ရှိဟုဆို


Google သည် Chrome တွင် URL များ ဖယ်ရှားရန် ပြောင်းလဲမှုများ ပြုလုပ်အပြီး တစ်ရက်အကြာတွင် လုံခြုံရေးကုမ္ပဏီ PhishMe မှ Chrome အားနည်းချက်များ တွေ့ရှိခဲ့ရကြောင်း သိရသည်။

Google က အဆိုပါ feature ကို "oringin chip" ဟုခေါ်ကာ location bar နေရာမှ URL နေရာတွင် ဝက်ဘ်ဆိုက်၏ အဓိက domain ဗားရှင်းဖြင့် အစားထိုးထားသည်။ ဥပမာအားဖြင့် ဝက်ဘ်ပေါ်ရှိ စာမျက်နှာ နေရာအပြည့်အစုံကို ဖော်ပြထားသည့် လိပ်စာအပြည့် အစုံနေရာတွင် "cnet.com" ကို အစားထိုးဖော်ပြထားသည်။ Location bar ကို select ပြုလုပ်လိုက်လျှင် URL အပြည့်အစုံ ကို ဖော်ပြပေးမည်ဖြစ်ကာ လိပ်စာအပြည့်အစုံကို အသုံးပြုနိုင်သည်။ ၎င်း၏ oringin chip feature ကို အသုံးပြုလိုလျှင် Chrome browser အတွင်း စမ်းသပ်ထည့်သွင်း တည်ဆောက်ထားသည့် Chrome Canary တွင် activate ပြုလုပ်ရမည်ဖြစ်သည်။

PhishMe လုံခြုံရေးကုမ္ပဏီမှ သုတေသီများဖြစ်သော Aaron Higbee နှင့် Shyaam Sundhar က ၎င်း Feature သည် URL များကို ရှုပ်ထွေးအောင် ပြုလုပ်ထားခြင်းဖြစ်ကြောင်း ပြောခဲ့သည်။ ထို့အပြင် phishing တိုက်ခိုက်မှုအများစုသည် URL များကို မမှတ်မိအောင် ပြုလုပ်ထားကြပြီး လမ်းလွှဲထားလေ့ရှိသည်။ URL အပြည့်အစုံကို ဖျောက်ထားခြင်းသည် အန္တရာယ်ရှိသည့် URL ကို တရားဝင်ဝက်ဘ်ဆိုက်များမှ ခွဲခြားရန်ခက်ခဲမည်ဖြစ်ကြောင်း သိရသည်။

စိုးထက်
Ref: CNET
Internet Journal

အ၀လွန် ဆယ်ကျော်သက်များ၌ ကျောက်ကပ်လုပ်ငန်း ကျဆင်းနိုင်


အလွန်အကျွံအ၀လွန်လျက်ရှိသည့် လူငယ်များ၏ (၁၈) ရာခိုင်နှုန်း နီးပါးသည် ကျောက်ကပ်လုပ်ငန်းများ ချွတ်ယွင်းလျက်ရှိကြောင်း အမေရိ ကန်ပြည်ထောင်စု National Kidney Foundation ၏ ညီလာခံတွင် ထည့်သွင်းတင်ပြခဲ့ကြောင်း သိရသည်။
ဆီးထဲတွင် အယ်ဗျူမင်ပရိုတင်း အလွန်အကျွံပါဝင်ခြင်းကို ဆီးထဲ ပရိုတင်းပါခြင်း (proteinuria)  ဟု ခေါ်ဆိုပြီး ကျောက်ကပ်ပျက်စီးခြင်း ၏ကနဦးလက္ခဏာဟု သတ်မှတ်ထားကြသည်။ ကျောက်ကပ်လုပ်ငန်းတိုင်းတာနိုင်ရန် Glomerular Filtration Rate (GFR)် ဟုခေါ်ဆိုသည့် စမ်းသပ်မှုဖြင့် ကျောက်ကပ်မှဆီးများ စစ်ထုတ်နိုင်သည့် နှုန်းကို တွက်ချက်လေ့ရှိသည်။ GFR  (၉၀) နှင့် အထက်ကိုပုံမှန်ဟု သတ်မှတ်ပြီး (၉၀) အောက်ကို ကျောက်ကပ်လုပ်ငန်းကျဆင်းခြင်းဟု သတ်မှတ်သည်။ အ၀လွန်ကလေးနှင့် လူကြီးများတွင် GFR  အလွန်များနေပြီး ကျောက်ကပ်များအလုပ် အလွန်လုပ်ရခြင်းကိုပြဆိုသည်။ ကျောက်ကပ်အလုပ် ၀န်ပိခြင်း အလွန်ကြာမြင့်လာပါက ဆီးထဲတွင် ပရိုတင်းပါတတ်သည်။
ဆယ်ကျော်သက်အရွယ် (၂၄၂) ဦးကို လေ့လာခဲ့ရာ (၁၇) ရာခိုင်နှုန်းတွင် ဆီးထဲပရိုတင်းပါနေပြီး (၃) ရာခိုင်နှုန်းတွင် GFR  (၆၀) အောက်ကျကာ အလွန်လျော့နည်းနေသည်။ (၇) ရာခိုင်နှုန်းတွင် GFR  (၁၅၀) ကျော်၍ အလွန်အလုပ်များလျက် ရှိသည်ကို တွေ့ရသည်။
ခန္ဓာကိုယ်ထုထည် အညွှန်းကိန်း (Body Mass Index – BMI) များပြားသော အ၀လွန်ဆယ်ကျော်သက်များ၌ သွေးတွင်းအချိုဓါတ်ထိန်းပေးသည့် အင်ဆူလင်ဟော်မုန်း အာနိသင် လျော့နည်းလေ့ရှိသည့် အပြင် ဆီးထဲပရိုတင်းပါခြင်းကိုပါ တွေ့ရလေ့ရှိသည်။
“ကလေးဆရာဝန်တွေအနေနှင့် အ၀လွန်ကလေးငယ်များရဲ့ မိသားစုဝင်တွေကို အ၀လွန်ခြင်းနှင့် ဆက်စပ်တဲ့ ရောဂါတွေအကြောင်း၊ ကိုယ်အလေးချိန်ချဖို့ အရေးကြီးတဲ့အကြောင်း ဆွေးနွေးသင့်ပါတယ်” ဟု National Kidney Foundation  ဥက္ကဋ္ဌ Beth Piraino  ကဆိုသည်။

ဇော်ကို
Ref:MNT
Health Updates Journal 

ကေဘယ်ကြိုး ဖြတ်သန်းရာတစ်လျှောက် နစ်နာကြေးမပေး

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီး

အောင်ကိုဦး| တနင်္လာနေ့၊ မေလ ၁၂ ရက် ၂၀၁၄ ခုနှစ်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဆက်သွယ်ရေးလိုင်းများ ကောင်းမွန်စေရန် မြေအောက်ကေဘယ်ကြိုးများ ဆွဲရာတွင် ငွေဆောင်နှင့်မူဆယ်မြို့အတွက် MFCOM ကုမ္ပဏီက ကန်ထရိုက်ယူကာ တရုတ်ပညာရှင်များနှင့်ဆောင်ရွက်လျက်ရှိရာ မြေအောက် ကေဘယ်ကြိုး ဖြတ်သန်းရာ နေရာရှိဒေသခံများ ပိုင်ဆိုင်သော လယ်ယာမြေများအတွက် နစ်နာကြေးမပေးသည့်အပြင် ညှိနှိုင်းမှုများမလုပ်ဘဲ ဆက်လက်လုပ်ကိုင်နေကြောင်း ဒေသခံများက ဆိုသည်။

“ကျွန်တော်တို့ခြံကို အလယ်ကနေ ဖြတ်တယ်။ ခပ်တည်တည်ဝင်လုပ်တယ်။ တားလည်း ဆက်တူးတာပဲ။ ဒီဘက်မှာက
သရက်ခြံ၊ ဆီးခြံတွေပဲရှိတယ်။ နှစ်ရှည်ပင်တွေချည်းပဲ။ တကယ်ဆိုပြေလည်အောင် လုပ်သင့်ပါတယ်။ အခုဟာ အုပ်ချုပ်ရေးမှူးကလည်း ဘာမှမပြော၊ သက်ဆိုင်ရာကလည်း ဘာမှလာမပြောကြဘူး။ သက်သက်မဲ့ ခံနေရတယ်”ဟု သရက်ခြံအတွင်းမှ ကေဘယ်ကြိုးဖြတ်သန်းခံရသူ ဦးတင်ရွှေက မဇ္ဈိမကို ပြောသည်။

ကေဘယ်ဆွဲနေခြင်းကြောင့် သီးနှံများ ပျက်စီးမှုရှိပြီး သီးပင်စားပင်အချို့လည်း ပျက်စီးကြောင်း၊ပျက်စီးမှုများရှိသော်လည်း
နစ်နာကြေးမပေးသည့်အပြင် ညှိနှိုင်းမှုများလည်းလုပ်ဆောင်ခြင်းမရှိဟု ဆိုသည်။

“ကုမ္ပဏီတွေအနေနဲ့ အဲဒီလို ဒေသခံတွေနဲ့ ညှိနှိုင်းမှုမရှိဘဲ၊ သဘောတူညီမှုမရှိဘဲ လုပ်ကိုင်နေတယ်ဆိုရင် အဲဒီကုမ္ပဏီတွေကို
သက်ဆိုင်ရာတင်ပြပြီး အရေးယူသွားမယ်။ ဒေသခံတောင်သူတွေအနေနဲ့ မကျေနပ်ရင် တားလို့ရပါတယ်”ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူ ဦးဌေးလှက မဇ္ဈိမကို ပြောသည်။

အဆိုပါလုပ်ငန်းကို ဇန်န၀ါ ၂၅ရက်မှ စတင်ဆောင်ရွက်နေကြောင်း၊ ပြည်သူများ ဖုန်းလိုင်းများ ကောင်းမွန်စေရန် ဆောင်
ရွက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းကိစ္စနှင့်စပ်လျဉ်း၍ ကျေးရွာ အုပ်ချုပ်ရေးမှူးဦးကံထွန်းက “MFCOM ကုမ္ပဏီက လာတော့တွေ့တယ်။ အားလုံးနဲ့ ညှိနှိုင်း
ပြီးပြီလို့ပဲ ပြောသွားတယ်။ ညှိနှိုင်းခိုင်းတာ လျော်ကြေးပေးတာတော့မရှိဘူး။ အခုဒီနေရာမှာတော့ ခြံပိုင်တောင်သူ ၂၀ ကျော်ရဲ့
ခြံထဲက ဖြတ်သွားနေတယ်။ အရင်ကုမ္ပဏီ DIGICOM တုန်းကတော့ ပျက်စီးသွားတဲ့ သီးနှံလျော်ကြေးတွေ ပေးတယ်။
ညှိနှိုင်းမှုတွေ လုပ်တယ်။ အခုဟာကတော့ ဘာမှမရှိပါဘူး”ဟု ပြောသည်။

MFCOM ကုမ္ပဏီသို့ မေးမြန်းရာတွင် မြန်မာ့ဆက်သွယ်ရေးနှင့် ညှိနှိုင်းလုပ်ကိုင်နေကြောင်း၊ ၎င်းတို့ခိုင်းသည့်အတိုင်းသာ လုပ်နေခြင်းဖြစ်သောကြောင့် ကျန်သည့် ကိစ္စများကို မသိကြောင်း၊ မိမိတို့ကမူဆက်လက်၍ လုပ်ကိုင်သွားမည်ဟု မေလ ၁၀
ရက်က အဆိုပါလုပ်ငန်းခွင်နေရာသို့ ရောက်ရှိနေသည့် တာဝန်ရှိသူက ဖြေကြားသည်။

ကေဘယ်ကြိုး ဖြတ်သန်းသည့်နေရာမှာ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ အုန်းချော၊ ငွေတောင်၊ ကျောက်မီး၊ လက်ကောင်းနှင့် သမ္မတောကျေးရွာတို့ဖြစ်သည်။ အဆိုပါကျေးရွာများရှိ လယ်မြေယာမြေနှင့် အိမ်ခြံဝင်းများမှ ဖြတ်သန်းပြီး ကေဘယ်ကြိုးဆွဲခြင်းဖြစ်သည်။

Mizzima Burmese

မြန်မာအလုပ်သမားများ ထိုင်း၊ မလေးရှား နိုင်ငံသားများနည်းတူ အခွင့်အရေးရမည်

မဟာချိုင်ဒေသ ပင်လယ်ငါးဖန်းလုပ်ငန်းခွင်တခုတွင် တွေ့ရသည့် မြန်မာအလုပ်သမားအချို့ (ဓာတ်ပုံ - ရိုက်တာ)

ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံမှာ သွား အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားတွေ အနေနဲ့ သက်ဆိုင်ရာ နိုင်ငံသားများနဲ့ တန်းတူ အခွင့်အရေးပေးမယ်ဆိုတဲ့ ကတိ ရခဲ့ကြောင်း အလုပ်သမား ဒုဝန်ကြီး ဦးထင်အောင်က ပြောပါတယ်။

မေလ ၁၁ ရက်နေ့က အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန အလုပ်သမား လေ့ကျင့်ရေး ကျောင်းမှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ခုလို ပြောလိုက်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့ကနေ ၁၁ ရက်နေ့ထိ အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတွေ ဟာ ထိုင်းနဲ့ မလေးရှားနိုင်ငံကို သွားရောက်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံ တာဝန်ရှိသူတွေနဲ့ မြန်မာအလုပ်သမားအရေး တွေ့ဆုံဆွေးနွေးခဲ့ရာမှာ သူတို့ နိုင်ငံသားတွေနဲ့ တန်းတူ အခွင့်အရေး ပေးမယ်လို့ ကတိပေးကြကြောင်း ဒုဝန်ကြီးက ရှင်းပြပါတယ်။

မြန်မာနိုင်ငံသား အလုပ်သမားတွေဟာ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေမှာ အလုပ်သွားလုပ်ကြတဲ့အခါ သက်ဆိုင်ရာ နိုင်ငံသားတွေရဲ့ အနိမ့်ဆုံး လုပ်ခလစာ မရတာ၊ ခေါင်းပုံဖြတ်ခံရတာ၊ အကြမ်းဖက်ခံရတာ၊ ရောင်းစားခံရတာ စတဲ့ပြဿ  နာတွေ ရှိတဲ့အတွက် ပြည်ထဲရေးဝန်ကြီး နဲ့ အလုပ်သမား ဒုဝန်ကြီး ဦးဆောင်တဲ့အဖွဲ့ သွားရောက်ခဲ့တာဖြစ်ပါတယ်။

DVB Burmese 

စစ်ဘေးရှောင် ဒုက္ခသည်များအတွက် ဂီတဖြင့် ရန်ပုံငွေရှာ


ကချင်ပြည်နယ်က စစ်ဘေးရှောင် ဒုက္ခသည်တွေအတွက် ရွှေသံစဉ်၊ ပန်းရဲ့လမ်းနဲ့ The Action Times ဖောင်ဒေးရှင်း အဖွဲ့တွေက ပလက်ဖောင်း ဂီတ ဖျော်ဖြေပွဲတွေကို မေ ၁၁ ကနေ ၁၃ ရက်နေ့အထိ ကျင်းပပြီး ရန်ပုံငွေ ရှာဖွေနေပါတယ်။

ကချင် လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ အစိုးရတပ်အကြား တိုက်ပွဲတွေ ထပ်မံ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဒုက္ခသည်စခန်းတွေမှာ လိုအပ်ချက်တွေများလာတယ်လို့ အကြောင်းကြားခဲ့တဲ့အတွက်  ဂီတအဖွဲ့တွေနဲ့ တိုင်ပင်လုပ်ဆောင်ခဲ့တာလို့ ပန်းရဲ့လမ်းအဖွဲ့က အဆိုတော် ကိုသားထွေးက ပြောပါတယ်။

မန္တလေး၊ မေမြို့၊ မူဆည် စတဲ့မြို့တွေကိုသွားရောက်ပြီး ဂီတနဲ့ဖျော်ဖြေ အလှူခံမှာဖြစ်ပြီး ဇွန်လမှာ တော့ ရရှိလာတဲ့ ငွေတွေကို မန့်ဝိန့်ကြီး အနီးက ဒုက္ခသည်စခန်း ၆ ခုကို သွားရောက်ကာ ထောက်ပံ့သွားမှာဖြစ်တယ်လို့ သူက ပြောပါတယ်။

ပန်းရဲ့လမ်းအဖွဲ့က ကချင်ပြည်နယ် စစ်ဘေးရှောင် ဒုက္ခသည်တွေကို ကူညီဖို့အတွက် ဂီတနဲ့ ဖျော်ဖြေ အလှူခံလာတာ ၂ နှစ်ပြည့်မြောက်လာပြီဖြစ်ပါတယ်။

ရန်ကုန်မှာမြို့တွင်းမှာရှိတဲ့ စိတ်တိုင်းကျ၊ သုံးပန်လှ လက်ဖက်ရည်ဆိုင်နဲ့ စားသောက်ဆိုင်တွေမှာ သွားရောက် ဖျော်ဖြေ အလှူခံနေတယ်လို့လည်း ဆိုပါတယ်။

ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် သောင်းနဲ့ချီတဲ့ ဒုက္ခသည်တွေက တရုတ်-မြန်မာ နယ်စပ်တလျောက်နဲ့ တောတွင်းတွေမှာ ပုန်းခိုနေကြရတဲ့အတွက် ထောက်ပံ့ကူညီတာတွေလည်း လိုအပ်နေပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်


DVB Burmese 

အာဆီယံ ပြည်သူ့ ဖိုရမ် ဖျက်သိမ်း


အာဆီယံ ပြည်သူ့ဖိုရမ်ကို ဖြစ်မြောက်အောင်လုပ်တဲ့ လူထုအခြေပြု အရပ်ဘက် အဖွဲ့အစည်းတွေက ရွေးချယ်တဲ့ ကိုယ်စားလှယ်တွေကို အာဆီယံနိုင်ငံ အချို့က လက်မခံတဲ့ အတွက် အာဆီယံ အစည်းအဝေး တက်ရောက်လာတဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ့် အာဆီယံ ပြည်သူ့ ဖိုရမ်ကို ဖျက်သိမ်းလိုက်ပါတယ်။

အာဆီယံ အရပ်ဘက် အဖွဲ့အစည်းတွေက သက်ဆိုင်ရာ နိုင်ငံအတွက် ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေကို တွေ့ဆုံဖို့ ကမ္ဘောဒီးယား၊ မလေးရှားနဲ့ စင်ကာပူနိုင်ငံက ခေါင်းဆောင်တွေက ငြင်းပယ်ခဲ့ပြီး အစိုးရ ရွေးချယ်တဲ့ ကိုယ်စားလှယ်တွေနဲ့ အစားထိုးဖို့ ကြိုးစားခဲ့တဲ့အတွက် မေလ ၁၁ ရက်နေ့မှာ ကျင်းပဖို့ ရှိနေတဲ့ အာဆီယံ အရပ်ဘက် လူမှုအဖွဲ့အစည်း ညီလာခံ/ အာဆီယံ ပြည်သူ့ဖိုရမ်(ACSC/APF) ကို ဖျက်သိမ်းလိုက်တာပါ။

မြန်မာနိုင်ငံ နေပြည်တော်မှာ ကျင်းပတဲ့ ၂၄ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ အာဆီယံ ခေါင်းဆောင် တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းက ကိုယ်စားလှယ်တွေ မိနစ် ၃၀ ကြာ မျက်နှာစုံညီ တွေ့ဆုံကြမယ့် ဒီဖိုရမ်ကို ကျင်းပဖို့ လွန်ခဲ့တဲ့လပိုင်းတွေကတည်းက စီစဉ်ခဲ့ကြပါတယ်။

ဒါပေမယ့် အရပ်ဘက်အဖွဲ့အစည်းတွေက ရွေးချယ်တဲ့ကိုယ်စားလှယ်ကို နိုင်ငံ ၃ နိုင်ငံက ငြင်းပယ်ပြီး အစားထိုးဖို့ ကြိုးစားချက်ဟာ အာဆီယံ ပြည်သူ့ဖိုရမ် ကျင်းပရေး ဒေသတွင်း ဦးဆောင် ကော်မတီရဲ့ မူဝါဒနဲ့ မကိုက်ညီတဲ့ အတွက် အစည်းအဝေးကို ဖျက်သိမ်းလိုက်တာ ဖြစ်တယ်လို့ ACSC/APF ကျင်းပရေးဒေသတွင်း ဦးဆောင်ကော်မတီက ကိုဂျိုးဇက်က ပြောပါတယ်။

“ပြည်သူ့ဖိုရမ်ဘက်ကနေပြီး တကယ်လို့ လက်မခံပေးဘူးဆိုရင်လည်း ရတယ်။ ၇ ယောက်နဲ့ပဲ သွားတွေ့မယ်ပေါ့။ ဒါပေမယ့် ထိုင်ခုံ ၃ နေရာ လွတ်သွားတာကိုတော့ လွတ်သွားတဲ့အတိုင်း ထားပေးပါလို့ ကျနော်တို့ တောင်းဆိုတယ်။ အဲဒါကို လက်မခံဘူး။ သူတို့အစဉ်အလာမှာ အဲလို ထိုင်ခုံအလွတ်ထားတာမရှိဘူးဆိုပြီး သူတို့လူတွေနဲ့သူတို့ ပြန်ပြီး အစိုးရဘက်က ရွေးချယ်ထားတဲ့လူတွေနဲ့ အစားထိုးဖြည့်မယ်ပေါ့။ အဲမှာ ကျနော်တို့ မူဝါဒါတွေနဲ့ အရမ်းကိုကွဲလွဲသွားလို့ အစည်းအဝေးမသွားတော့ဘူးဆိုပြီး အားလုံးသဘောတူချက်နဲ့ ဆုံးဖြတ်လိုက်ကြတာပါ။”

ဒီလို မျက်နှာစုံညီ အစည်းအဝေးကျင်းပဖို့ မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနနဲ့ အာဆီယံ ပြည်သူ့ဖိုရမ် ကျင်းပရေး ဒေသတွင်း ဦးဆောင်ကော်မတီက အတတ်နိုင်ဆုံး စီစဉ်ခဲ့ပေမယ့် ပျက်ကွက်ခဲ့တဲ့ အတွက် နစ်နာဆုံးရှုံးမှုတွေဖြစ်ခဲ့ရတယ်လို့ အာဆီယံ ပြည်သူ့ဖိုရမ် ကျင်းပရေး ဒေသတွင်း ဦးဆောင်ကော်မတီဝင် ဦးအောင်မျိုးမင်းက ပြောပါတယ်။

“ကျနော်တို့ မြန်မာနိုင်ငံ အစိုးရလက်ထက်မှာ အနှစ်သာရရှိတဲ့ မျက်နှာစုံညီ တွေ့ဆုံပွဲတခု လုပ်ပေးဖို့ကြိုးစားခဲ့တာ မဖြစ်လို့ ကျနော်တို့အတွက် အခွင့်အလမ်းတခု ဆုံးရှုံးတာပါပဲ။ အစိုးရနဲ့ လူထုအခြေပြုအဖွဲ့တွေကြားထဲမှာ ပူးပေါင်းဆောင်ရွက်မှုရှိတယ်ဆိုတာ ပြနိုင်ဖို့က ဒါကတချက်ဖြစ်ပါတယ်။ နောက်တခုက အာဆီယံအနေနဲ့ သူ့ရဲ့ ပြောထားတဲ့အတိုင်း လူထုအခြေပြုတဲ့ အာဆီယံဖြစ်ဖို့အတွက် ရည်မှန်းချက်ထားပေမယ့် တကယ်တမ်းကျရင် လူထုက တင်မြှောက်ထားတဲ့ လူထုကိုယ်စားလှယ်တွေနဲ့ တွေ့ဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုတာပြလိုက်တာ အာဆီယံရဲ့သွားနေတဲ့ လမ်းကြောင်းပေါ်မှာ ကျနော်တို့ သံသယတွေ ရှိစရာ ဖြစ်သွားတာ တွေ့ရပါတယ်။ နောက်တခုက အာဆီယံပြည်သူ့ဖိုရမ်ကို ဒီနှစ်က လူပေါင်း ၃ ထောင်ကျော် တက်ပါတယ်။ အဲ ၃ ထောင်ကျော်က အာဆီယံ ၁၀ နိုင်ငံစလုံးက အသံနဲ့ တင်ပြချက်ကို ကိုယ်စားပြုပါတယ်။ အဲဒီတင်ပြကိုယ်စားပြုတဲ့အချက်တွေကို တနေရာတည်းမှာ ခေါင်းဆောင် ၁၀ ဦးအနေနဲ့ နားထောင်ပြီး အမှန်တကယ်ပူးပေါင်းဆောင်ရွက်မယ့် နည်းလမ်းတွေ ရှာကြံဖို့ အခွင့်အလမ်းတွေလည်း ဆုံးရှုံးသွားတယ်လို့ ပြောချင်ပါတယ်။”

ဧပြီ ၈၊ ၃၀ ရက်တွေက ဦးဆောင်ကော်မတီက နေပြည်တော်မှာ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာဌာနနဲ့ တွေ့ဆုံတုန်းက အဓိပ္ပာယ်ပြည့်ဝသော အပြန်အလှန်တွေ့ဆုံဆွေးနွေးမှု၊ အာဆီယံပြည်သူများ၏ အသံများကို မြှင့်တင်ရေး၊ အပြန်အလှန် လေးစားမှုနဲ့ ကိုယ်ပိုင်ရွေးချယ်နိုင်ခွင့်တို့ကို ရှင်းလင်းခဲ့ပါတယ်။

၂၀၀၅ ခုနှစ် မလေးရှားနိုင်ငံမှ စတင်ပြီး အာဆီယံဒေသတွင်းရှိ ဒေသများအားလုံးမှ အရပ်ဘက်လူမှုအဖွဲ့အစည်းများ အမျိုးမျိုးရဲ့ အသံတွေကို စုစည်းတင်ပြနိုင်ဖို့ ဒီဖိုရမ်ကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။
မနှစ်တုန်းက ဘရူနိုင်းနိုင်ငံက အာဆီယံ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူစဉ်ကလည်း ဒီလို မျက်နှာစုံညီ ဆွေးနွေးပွဲ ကျင်းပဖို့ ပျက်ကွက်ခဲ့ပါတယ်။

DVB Burmese 

ကေအိုင်အိုနှင့် အစိုးရ တွေ့ဆုံရန် မြစ်ကြီးနားရောက်ရှိ

ဝန်ကြီး ဦးအောင်မင်းနှင့်အဖွဲ့ မြစ်ကြီးနားကို ရောက်ရှိစဉ် (ဓာတ်ပုံ - Nyo Ohn Myint)

အစိုးရတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) အကြား တိုက်ပွဲတွေဖြစ်နေ တဲ့ကိစ္စကို ဆွေးနွေးအဖြေရှာဖို့ နှစ်ဘက်တာဝန်ရှိသူတွေ ကချင်ပြည်နယ်မြစ်ကြီးနားမြို့ကို ရောက်ရှိနေပြီဖြစ်ပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းအဖွဲ့တို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ  မေ ၁၃ ရက်နေ့ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။

ဒီလိုတွေ့ဆုံဆွေးနွေးဖို့ နှစ် ဖက်ခေါင်းဆောင်တွေနဲ့ တခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ကိုယ်စားလှယ်တွေ လည်း မြစ်ကြီးနားကို ရောက်ရှိနေပြီလို့ ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်ကိုယ်စားလှယ်တွေကတော့ ညနေ ၄ နာရီလောက်က ဖြစ်ကြီးနားကို ရောက်ရှိပြီး လူထုထောင်ချီကြိုဆိုခဲ့ကြတယ်လို့ ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။

ဒီဆွေးနွေးပွဲကိုတက်ရောက်ဖို့  ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေးနမ်ဘီးယားကို ဖိတ်ကြားထားပေမယ့် မစ္စတာဗီဂျေးနာဘီးယား မတက်ရောက်နိုင်ဘဲ သူ့ရဲ့အတွင်းရေးမှူး မစ္စမာရီယာ တက်ရောက်မယ်လို့ ပြောပါတယ်။

ဒီတွေ့ဆုံဆွေးနွေးပွဲကို မြစ်ကြီးနားမြို့က စီတာပူ မနောကွင်း မကြွယ်ခန်းမမှာ ဆွေးနွေးဖို့ စီစဉ်ထားပြီးဖြစ်တယ်လို့လည်း ဦးလမိုင်ဂွန်ဂျာက  ပြောပါတယ်။

ကေအိုင်အိုနဲ့ အစိုးရကိုယ်စားလှယ်တွေဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ မြစ်ကြီးနားမြို့ တွေ့ဆုံပွဲတုန်းက  တိုက်ခိုက်ပစ်ခတ်မှု ဆက်မဖြစ်အောင် ဆက်လက်ညှိနှိုင်းဖို့၊ ထိတွေ့ရင်ဆိုင်မှုတွေ  ချုပ်ငြိမ်းရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ ဖွဲ့စည်းဖို့၊ နယ်မြေစွန့်ခွာ ရွှေ့ပြောင်းနေထိုင်တွေ ပြန်လည်နေရာချရေး  စီမံချက် ပူးတွဲရေးဆွဲဖို့၊ ကချင်ပြည်နယ်ထဲက အရေးပါတဲ့ ဆက်သွယ်ရေး လမ်းတွေကို နှစ်ဘက်ညှိနှိုင်းပြီး အမြန်ပြန်ဖွင့်လှစ်သွားဖို့ သဘောတူခဲ့ကြပါတယ်။

ဒါပေမယ့် ဒီသဘော တူညီချက်တွေကို ကုန်လွန်ခဲ့တဲ့ ခြောက်လအတွင်း လိုက်ပါအကောင် အထည်ဖော်နိုင်မှု အားနည်းမှုအကျိုးဆက်အဖြစ်  တိုက်ပွဲတွေပြန်ဖြစ်ပြီး ဒုက္ခသည်ရာပေါင်းများစွာ ထပ်မံထွက်ပြေးခဲ့ကြရပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်


DVB Burmese 

မြောက်ဦး ရှစ်သောင်းဘုရားပွဲ မေလ ၁၃ ရက်နေ့ စတင်မည်


(နိရဉ္စရာ- ၁၂ မေလ ၂၀၁၄)

ရခိုင်ပြည်မှ နာမည်ကြီး အထင်ကရ ဘုရားပွဲတော် တစ်ခု ဖြစ်သော မြောက်ဦးမြို့ ရှစ်သောင်းပွဲကို မေလ ၁၃ ရက်နေ့မှ ၁၇ ရက်နေ့ထိ (၅) ရက်တိုင်တိုင် ကျင်းပ ပြုလုပ်မည် ဖြစ်သည်။

ယခုနှစ် ရှစ်သောင်း ဘုရားပွဲတော်တွင် ကျေးရွာအလိုက် ၀င်ရောက်ယှဉ်ပြိုင်ကြမည့် ဘော်လုံးပွဲ၊ လှေပြိုင်ပွဲ၊ ရခိုင်ရိုးရာ ကျင်ပွဲများကို ထည့်သွင်း ကျင်းပသွားမည်သာမက ရခိုင်ရိုးရာ အကပဒေသာများ၊ ဇာတ်ပွဲများဖြင့်လည်း ဖြေဖျော်သွားမည်ဟု မြောက်ဦးဒေသခံ ဆရာ ဦးဘလိုင်က ပြောသည်။

“ ဘော်လုံးပွဲ၊ ရခိုင်ရိုးရာ ကျင်ပွဲ၊ လှေ (လောင်း) ပြိုင်ပွဲတွေကို ထည့်သွင်းကျင်းပသွားမယ်။ မြောက်ဦးရိုးရာနဲ့ ဇာတ်အဖွဲ့ကလည်း တစ်ဖွဲ့ နှစ်ရက်စီ ကပြ ဖြေဖျော်သွားကြမယ်။ ရှစ်သောင်း ဘုရားပွဲကတော့ အထူး စည်ကားမယ်လို့ မျှော်လင့်ရပါတယ်” ဟု သူက ပြောသည်။

ကျေးရွာအလိုက် ဘော်လုံးပြိုင်ပွဲတွင် အသင်း(၄၆) ခု ပါဝင်ယှဉ်ပြိုင်နေကြကြောင်း ဦးအေးမောင်သန်းက ပြောသည်။

“ စုစုပေါင်း ၄၆ သင်း ပါဝင် ကစားတဲ့ အထဲက ကျောင်းတောင်၊ တိမ်ညိုကျေးရွာ (တောင်ပိုင်း)၊ မြက်ရိတ်ကျွန်း၊ ရွာဟောင်းတော၊ အိုးထိန်းကျေးရွာ၊ စတဲ့ အသင်းတွေ ကွာတားဖိုင်နယ်ကို တက်လာတာကို တွေ့ရတယ်။ မေလ ၁၄ ရက်နေ့မှာ ကွာတားဖိုင်နယ်ကို ၈ သင်းရောက်ပါမယ်။ အခုတော့ ကန်နေတုန်းပါဘဲ” ဟု သူက ဆိုသည်။

ဘော်လုံးပွဲလုပွဲအား မေလ ၁၇ ရက်နေ့တွင် ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

ယခုအခါ လှေပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ကျေးရွာအသင်းများလည်း စုံစုံညီညီ ရောက်ရှိနေပြီး ၁၂ လံ အရှည် လှေပြိုင်ပွဲတွင် ပထမ ကျပ်(၆) သိန်း- ဒုတိယ ၄ သိန်း၊ ၈ လံ အရှည် လှေပြိုင်ပွဲတွင် ပထမ (၅) ကျပ်သိန်း ဒုတိယကို (၄) ကျပ်သိန်း ၊ ၆ လံ လှေအရှည် ပြိုင်ပွဲ ပထမ ကျပ်(၄) သိန်း၊ ဒုတိယ ကျပ်(၃) သိန်း အသီးသီး ချီးမြှင့် သွားမည်ဟု သိရသည်။

ရှစ်သောင်း ဘုရားပွဲတော်ပါဝင်ဆင်နွဲရန်အတွက် ရပ်ဝေး ရပ်နီးမှ ပြည်သူ ထောင်ထောင်ပေါင်းများစွာ မြောက်ဦးမြို့တွင် စုရုံးရောက်ရှိနေကြပြီကြောင်း သိရသည်။

Narinjara 

မကွေးတိုင်းဝန်ကြီးချုပ် နုတ်ထွက်ပေးရန် စာရေးသား ဆန္ဒပြမှုများပေါ်ပေါက်

မကွေးတိုင်းဝန်ကြီးချုပ် နုတ်ထွက်ပေးရန် နံရံတစ်ခုတွင် ရေးသားထားသည်ကို တွေ့ရစဉ်

မကွေးမြို့အတွင်းရှိ နေရာအချို့တွင် ၀န်ကြီးချုပ်ဦးဘုန်းမော်ရွှေ ရာထူးမှ နုတ်ထွက်ပေးရန် စာရေးသားဆန္ဒပြမှုများပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

မကွေးမြို့အတွင်းရှိ လူစည်ကားရာနေရာများ၊ အဆောက်အအုံအချို့၏ နံရံများနှင့် ကြော်ငြာဆိုင်းဘုတ်များတွင် ‘ဘုန်းမော်ရွှေ မကွေးတိုင်းမှ နုတ်ထွက်ပေး’ဟု ရေးသားထားပြီး ၀န်ကြီးချုပ်အား ရာထူးမှ ဆင်းပေးရန် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ယင်းစာရေးသားဆန္ဒထုတ်ဖော်မှုမှာ မေလ ဒုတိယပတ်အတွင်း စတင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ အာဏာပိုင်များက လိုက်လံဖျက်ပစ်နေပြီဖြစ်ကြောင်း ဒေသခံများကပြောသည်။

ဝန်ကြီးချုပ် နုတ်ထွက်ပေး ရေးစာရေးသား လှုံ့ဆော်သူများသည် အများပိုင်နေရာများတွင်လည်း ရေးသားမှုများ ပြုလုပ်ခဲ့ ကြောင်း၊ စာရေးသားမှုများပြုလုပ်ခဲ့သည့် လက်သည်တရားခံကို စုံစမ်းလျက်ရှိကြောင်း မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တာဝန်ကျရဲအရာရှိက 7Day မှ ဖုန်းဖြင့် မေးမြန်းမှုကိုပြန်လည်ဖြေကြားခဲ့သည်။ သို့သော် ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး တစ်စုံတစ်ယောက်ကိုမျှ ဖမ်းဆီးအရေးယူမှုမပြုထားသေးကြောင်း အဆိုပါအရာရှိက ပြောသည်။

ဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေသည် အစိုးရသစ်လက်ထက်တွင် ပြုပြင်ပြောင်းလဲမှုအနည်းဆုံး ၀န်ကြီးချုပ်အဖြစ် သတင်းမီဒီယာများနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများ၏ ဝေဖန်မှုကို တောက်လျှောက်ခံခဲ့ရသူ လည်းဖြစ်သည်။

သူ၏ ၀န်ကြီးချုပ်သက်တမ်းအတွင်း သတင်းမီဒီယာများကို တရားစွဲဆိုခြင်း၊ စာပေဟောပြောပွဲများနှင့် ဆန္ဒထုတ်ဖော်ပွဲများကို ပိတ်ပင်ခြင်းများကြောင့်လည်း ဝေဖန်ခံခဲ့ရသူလည်း ဖြစ်သည်။ ဝေဖန်မှုများရှိနေသော်လည်း ဦးဘုန်းမော်ရွှေလက်ထက်တွင် မကွေးမြို့နယ်သည် နိုင်ငံတော်သမ္မတက ပေးအပ်သည့်  ၂၀၁၄ အတွက် ဖွံ့ဖြိုးတိုးတက်မှုအကောင်းဆုံးမြို့နယ်ဆု ရရှိခဲ့သည်။

7day daily

မိသားစုအတွက် ပျော်တော်ဆက်မဂ္ဂဇင်း ကျဆုံးခန်း


ဂျူနီယာဝင်း
မေ ၁၂၊ ၂၀၁၄

(အင်္ဂလိပ်လိုရေးသားသော Walking Through the Wonderland ကင်ဒဲယ် ebook မှ The Rise and fall of Pyaw Taw Zet Magazine ဆောင်းပါးကိုကိုယ်တိုင် ဘာသာပြန်ထားသည်။)

(ပုံတွင် ပျော်တော်ဆက် မိသားစုမဂ္ဂဇင်းတစ်အုပ်၏ မျက်နှာဖုံးပုံတစ်ပုံကိုနမူနာပြထားပါသည်။ ထိုအဖုံးကိုရေးဆွဲသူမှာ ပန်းချီဆရာကြီး ဦးဘကြည် ဖြစ်ပါသည်။ မျက်နှာဖုံးကို ကြည့်လိုက်သူတိုင်းသည် ဂယ်လီလီယို၏ တက်လီစကုတ် (အဝေးကြည့်မှန်ပြောင်း)၊ အီတလီ ကပီစာမျော်စင်၊ ဘလက်ပါးလ်  ဟူသောပုလဲနက် အမည်ရသည့် ပုံဝတ္ထုကို ကိုယ်စားပြုသောပုံကို လည်းကောင်းတွေ့မိကြပြီး ၎င်းတို့နှင့် သက်ဆိုင်သောဆောင်းပါးများ၊ ပုံဝတ္ထုဇာတ်လမ်းများ ဖတ်ရတော့မည်ဟု ကြိုသိကြပါလိမ့်မည်။ ထို့အပြင်  “ဖိုးပြုံးချိုနှင့် မိရွှေဘုတ်” အမွှာ မောင်နှမပုံကိုကြည့်ပြီး ဆရာဦးခင်မောင်လတ် ရေးသားနေသော အင်္ဂလိပ်စာသင်ခန်းစာလည်း ပါကြောင်းသိကြပါလိမ့်မည်။)


မြန်မာပြည်တွင် လူငယ်များအားဆွဲဆောင်နိုင်ခဲ့သောထူးခြားသည့် မဂ္ဂဇင်းတစ်စောင် တချိန်တုန်းကရှိခဲ့ဖူးပါသည်။ ၁၉၇၁ ခုနှစ် စက်တင် ဘာလလောက် ကစတင်ကာ ဂျွန်လ ၁၉၇၂ ခုနှစ်လောက်တွင်အဆုံးသတ်သွားခဲ့သော မဂ္ဂဇင်းတစ်စောင် ဖြစ်ပါသည်။ ကြယ်စင် တစ်လက် ထွန်းလင်းအတောက်ပဆုံး အချိန်တွင် ကောင်းကင်ယံကနေ အကြွေစောခဲ့လေသည်ကို မည်သူမှ သတိမထားမိလိုက်ကြပါ။ ထိုပုံပြင်လေး၏ အစကား……

စာမျက်နှာ ၄၅ - ၄၇ ခန့်ဖြင့် ထိုလစဉ်ထုတ် မဂ္ဂဇင်းလေးသည် တစ်နှစ်လောက် သာသက်တမ်းရှည်ခဲ့ပါသည်။ ထုတ်ဝေသူမှာ ဦးသန်း ထွဋ်ဖြစ်ပြီး ကျွန်မတို့အဘွား မေမေကြီးဒေါ်ခင်မျိုးချစ်၏ မိတ်ဆွေလည်း ဖြစ်ပါသည်။ စာရေးဆရာလည်းဟုတ် သတင်းစာသမားလည်း ဟုတ်သည့် ဒေါ်ခင်မျိုးချစ်သည် ထိုမဂ္ဂဇင်းလေးတွင် အယ်ဒီတာအဖြစ်စတင်လုပ်ကိုင်ခဲ့ချိန်တွင် သူ၏အဖော်အပေါင်းများစွာကလည်း လာရောက်ပူးပေါင်းကူညီကြပါသည်။ သူတို့က မဂ္ဂဇင်းလေး လှလှပပထွက်ပေါ်လာဖို့အကြောင်းသာ စဉ်းစားပါသည်။ မဂ္ဂဇင်းသည် သူတို့ အတွက် အလွန်အဖိုးတန်သော ရတနာတစ်ပါးသဖွယ်ဖြစ်ကာ ဟောသည် စကြာဝဌာကြီးထဲမှာ သူတို့၏နှလုံးသားများ စီးဝင်နေသော မျှော် လင့်ချက်ပမာ ဖြစ်ခဲ့ရပါသည်။

မဂ္ဂဇင်းအတွက် သူတို့၏ကြိုးပမ်းမူများ
ထုတ်ဝေသူက ချမ်းသာပါသည်။ သို့သော် သူက သူ့ပိုက်ဆံတွေကို ကလေးများအတွက် မဂ္ဂဇင်းထုတ်ဖို့သာ အသုံးပြုလိုပါသည်။ သူက သူ့မိတ်ဆွေတွေ ကိုယုံကြည်ပါသည်။ ပန်းချီဆရာကြီးဦးဘကြည်သည် မဂ္ဂဇင်းအတွက် မျက်နှာဖုံးကို တာဝန်ယူပါသည်။ ဦးဘကြည်သည် မြန်မာပြည်တွင် အလွန်နံမယ်ကြီး ပန်းချီဆရာတစ်ဦးဖြစ်သောလည်း အယ်ဒီတာ့ဆီက ပန်းချီဆွဲခကို အပြည့်မယူပဲဆွဲပေးပါသည်။ တခါတရံ စာမူခရကောရရဲ့လားတောင် မသိပါ။ ဦးဘကြည်သည် မဂ္ဂဇင်းလေးက စာဖတ်သူတွေကြားထဲ ပေါ်ပြူလာမဖြစ်ကြောင်းကို သူကောင်းကောင်းကြီး သိထားသောကြောင့်ဖြစ်ပါသည်။ မဂ္ဂဇင်းလေးအတွက် ပါဝင်လုပ်ကိုင်နေကြသူအားလုံးသည် ထိုအလုပ်ကို ပျော်ရွှင် စွာဖြင့်  လုပ်ခဲ့ကြပါသည်။ သူတို့စာမူခတွေလည်း အပြည့်မယူကြပါ။ သူတို့အားလုံးသိကြသည်မှာ ထိုမဂ္ဂဇင်းလေးသည် လူကြိုက်နည်းနေ ရုံမက ထုတ်ဝေသူမှာလည်း လစဉ် လစဉ်ဆိုသလို အရှုံးပေါ်နေတာ ဖြစ်ပါသည်။ သူတို့၏လက်ထဲကသည် မဂ္ဂဇင်းလေးလှလှပပ ထွက် သွားလျှင် သူတို့၏နှလုံးသားများသည် ပျော်ရွှင်မူဖြင့် ပြည့်သျှံသွားကာနောက်ထွက်မည့် စာအုပ်အတွက် မျှော်လင့်ချက်များဖြင့် စဉ်းစားကြ ပါတော့သည်။

ဦးဘကြည်၏ အနုပညာ
ပန်းချီဆရာကြီးဦးဘကြည်သည် မြန်မာပြည်တွင် အလွန်နံမယ်ကြီးသော ပန်းချီဆရာတစ်ဦးဖြစ်ပါသည်။ သူကလစဉ် မဂဇင်းမျက်နှာဖုံးကိုဆွဲပေးပါသည်။ ဦးဘကြည် သည်လစဉ်ပါလာမည့် အတွင်းကဆောင်းပါးများကာတွန်းများ ၀တ္ထုများ ရေးထားသမျှကို ဂရုတစ်စိုက် လေ့ လာပါသည်။ အားလုံးကိုသေချာဖတ်ပြီးမှ မျက်နှာဖုံးအတွက် ဘာဆွဲရမည်ဆိုတာကို စဉ်းစားပါသည်။ အတွင်းမှာဖော်ပြမည့် ဆောင်းပါး များ ဇာတ်ကောင်များနှင့်ပတ်သက်သော အချက်အလက်များဖြင့် မျက်နှာဖုံးကိုရေးဆွဲပါသည်။ ထို့ကြောင့်ပင် စာဖတ်သူများသည် အ တွင်း မှာ ဘာတွေပါဝင်နေသလဲဆိုတာကို မျက်နှာဖုံးကိုကြည့်ရုံနှင့် လွယ်ကူစွာသိသွားနိုင်ပါသည်။

ကာတွန်းဆရာများနှင့် ပန်းချီဆရာများစာရေးဆရာများ
ဦဘကြည်၊ ကျော်စိန်၊ တင်ဝင်းတို့သည် မဂ္ဂဇင်း၏ ပုံမှန်ပင်တိုင်ရေးဆွဲနေသော ပန်းချီဆရာကာတွန်းဆရာများ ဖြစ်ပါသည်။ ပန်းချီတင်ဝင်း၏ “တူးမာနဲ့ အင်္ဂလိပ်စာ” တစ်မျက်နှာ ကာတွန်းက ယနေ့ခေတ် ကာတွန်းမောင်ရစ် ရေးဆွဲနေသော “ရွှေမိနဲ့ အင်္ဂလိပ်စာ” ပုံစံနှင့် အတူတူ ဖြစ်ပါသည်။ ကာတွန်း ကျော်ဆန်း (ကဆ) (မီးပုန်းပျံဦးကျော်ရင်၏ သား) ၏ “မိမော် ကဆ” ကာတွန်း၊ ဦးလေးမှူးတင် (သိပ္ပံမှူးတင်)-ပန်းချီတင်ဝင်း သိပ္ပံဇာတ်တမ်းသရုပ်ဖော်များကား စိတ်ဝင်စားဖွယ် အပြည့်ဖြစ်ပါသည်။ ပန်းချီဆရာ ကာတွန်းဆရာများက အခန်းဆက် တွေရော တစ်မျက်နှာကာတွန်းတွေရောလစဉ် ရေးဆွဲကြခြင်းဖြစ်ပါသည်။ တချို့နေရာများတွင် စာဖတ်သူများကို အင်္ဂလိပ်စာသင်ခန်းစာများ ပေးပါသည်။ တချို့မှာရှိတ်စပီးယား၏ ပြဇာတ်များကို သရုပ်ဖော်ထားပါသည်။ သူတို့ဆွဲထားတာများ အလွန်ကောင်းပါသည်။ သိပံဝတ္ထု များ စုံထောက်ဝတ္ထုသရုပ်ဖော်များပါဝင်ပါသည်။ ကျွန်မအဘွားသည် ရှိတ်စပီးယား၏ ပြဇာတ်များဖြစ်သော မစ်ဆမ်းမားနိုက်ဒရင်း၊ မားချန့် အော့ဖ်ဗင်းနစ်၊ မက်ဘက်ပြဇာတ်များကိုဘာသာပြန်ကာ ဦးဘကြည်က ရေးဆွဲပါသည်။စာရေးဆရာသော်တာဆွေသည် ၀တ္ထုတိုများနှင့် တခါတရံ မြန်မာ့ရိုးရာယဉ်ကျေးမူဆိုင်ရာအကြောင်းများကို ၀င်ရေးသားပါသည်။ ကျွန်မတို့အဘိုး ဦးခင်မောင်လတ်သည် အင်္ဂလိပ်စာသင်ခန်း စာများကို သူ့မြေးအမွှာနှစ်ကောင်ကို သင်ပေးသောပုံစံဖြင့် ရေးသားပေးပါသည်။ ကျွန်မဖခင်သည် ထိုအချိန်တုန်းက စီးပွားရေးတက္က သိုလ်တွင် သင်္ချာဆရာတစ်ဦးဖြစ်ပြီး ပျော်တော်ဆက်အတွက် မောင်ပညာအမည်ဖြင့် “သချာင်္ပုံပြင်” ဟူ၍ သင်္ချာညဏ်စမ်းများကို ရေးပေးခဲ့ ပါသည်။ ဒိုင်းခင်ခင် မလှသန်း၊ မောင်ခင်မင်၊ တိမ်မိုးလှိုင်၊ သခင်သန်းဖေ (မန္တလေး) တက္ကသိုလ်ကြည်မာ၊ မင်းသုဝဏ်တို့အပြင် တခြားသော ၀ိုင်းဝန်းရေးသားပေးကြသော ပညာရှင်များစာရေးဆရာများ များစွာရှိပါသေးသည်။

ပျော်ဖို့အတွက် စာဖတ်ပါ
မဂ္ဂဇင်းတစ်အုပ်လုံးကိုလေ့လာကြည့်လျှင် ရုပ်ပုံများ သရုပ်ဖော်ကားချပ်များကို အလွယ်တကူတွေ့ကြရပါသည်။ တခါတရံစာတစ်မျက်နှာ လုံးတွင် သိပံ္ပပညာရှင်တစ်ဦး၏ နံမယ်ကျော်အဆိုအမိန့်တစ်ခုကို စာတစ်ကြောင်းမျှဖြင့် တင်ပြထားပြီး စာမျက်နှာ လေးပုံတစ်ပုံကထို သိပံပညာရှင်၏ ကာတွန်းရုပ်ပုံ သို့မဟုတ် ဓါတ်ပုံကို တင်ပြထားပါသည်။ ကျန်သောနေရာက ကွက်လပ်အတိုင်းထားပါသည်။ ထိုအခါ စာဖတ်သူသည် ထိုစာကြောင်းကို အဆိုအမိန့်ကို ဖတ်မိယုံမက စာမျက်နှာ၏ ထူးခြားသောဒီဇိုင်းကြောင့် ထိုထင်ရှားသော သိပံ္ပပညာရှင် ကိုလည်းမှတ်မိသွားကာ သူ့အဆိုအမိန့်ကိုလည်း အလွတ်ရသွားနိုင်ပါသည်။ ပါဝင်သောဆောင်းပါးများ ပုံဝတ္ထုများကိုလည်း ရုပ်ပုံများ ဖြင့်စိတ်ဝင်စားစရာ တင်ပြထားကာစာကြောင်းများသည် စာမျက်နှာများထဲ ချောင်ချောင်ချိချိပင် တွေ့ကြရမည်ဖြစ်ပါသည်။ အင်္ဂလိပ်စာ သင်ခန်းစာများသည် ရှင်းရှင်းနှင့် ခေါင်းထဲလွယ်လင့်တကူ ၀င်ရောက်သွားနိုင်အောင် တင်ပြမူများကား ဤမဂ္ဂဇင်းလေး၏ ထူးခြားမူများ ဖြစ်ပါသည်။ တခါတရံ နံမယ်ကျော် ရှိတ်စပီးယား ပြဇာတ်တစ်ပုဒ်ဖြစ်သော တန်းပက်စ်ပြဇာတ်ကို အင်္ဂလိပ်လိုသာတင်ပြထားသော အင်္ဂ လိပ်စာ အဖတ်လေ့ကျင့်ဖို့ ကဏ္ဍကို တွေ့ဖူးပါသည်။

မေမေကြီးဒေါ်ခင်မျိုးချစ် မကြာခဏပြောလေ့ရှိသောစကားကို ပြန်ကောက်ရရင်တော့ စာဖတ်တယ်ဆိုတာပျော်ဖို့ပါ။ ဒီစာအုပ်လေးကိုလည်း ဖတ်သူတွေ ပျော်ဖို့ပါ။ ဒါဟာဒီမိသားစုပျော်တော်ဆက် ဟာသစာစောင် ထုတ်ရခြင်းပါပဲ။ တခြား ဘာရည်ရွယ်ချက်မှ မရှိပါ။ ဒါကိုဖတ်ရင်း ပညာရတယ်တို့ ပညာတိုးတယ်တို့ဆိုတာတွေက နောက်ဆက်တွဲတွေပါ။ အဓိကကတော့ ပျော်ဖို့အတွက် စာဖတ်ပါ။

သူတို့၏အိပ်မက်
မဂ္ဂဇင်းထွက်လာတာ လအနည်းငယ်ရှိပြီ ဖြစ်ပါသည်။ သို့သော် ထုတ်ဝေသူမှာ ငွေသောက်သောက်လဲ ရှုံးလျှက်ရှိပါသည်။ သို့သော် သူတို့ အားလုံးစိတ်ဓါတ်မကျပါ။ သူတို့က မဂ္ဂဇင်းလေးထွက်လာတာကို ကြည့်ပြီး ပျော်ရွှင်လျှက်ရှိနေကြပါသည်။ သူတို့မျှော်လင့်သလို တစ်နေ့မှာဖြစ်လာပါလိမ့်မည်……. မဝေးတော့ပါ…ဟူ၍ စိတ်ကူးယဉ်လျက် ရှိနေကြပါသည်။

တကယ်ပဲဖြစ်လာပြီလား
စာဖတ်သူများသည် စစချင်းမှာတော့ သည်မဂ္ဂဇင်းလေးကို ဂရုမစိုက်မိကြပါ။ သူတို့ကမဂ္ဂဇင်းလေးကိုတွေ့တော့ ကောက်ကိုင်ကာ ဖတ် ကြည့်ကြပါသည်။ သူတို့ကသည် မဂ္ဂဇင်းလေးဟာဖြင့် အနုပညာစိတ်အပြည့်အ၀ရှိကြသော စာရေးဆရာတွေ ပန်းချီဆရာတွေ၏ ကြိုးပမ်းမူ ဖြစ်တယ် ဆိုတာကိုမစဉ်းစားမိကြပါ။ ၈ လ သို့မဟုတ် ၉ လခန့်ကြာသောအခါ စာဖတ်သူတွေ က မဂ္ဂဇင်းကိုအာရုံစိုက်မိသွားကာ ၀ယ်ဖတ်ဖို့ စဉ်းစားလာကြပါသည်။ တချို့က ထိုမဂ္ဂဇင်းများကိုစုကာ သူတို့စာကြည့်တိုက်မှာ ထားကြပါသည်။ တချို့ကအရှေ့က ထွက်ပြီးသားမဂ္ဂဇင်း များကို ပြန်ရှာဝယ်ကြပါသည်။ ဒါဟာအောင်မြင်ဖို့အတွက် လမ်းပွင့်လေပြီဟု ထင်စရာဖြစ်ပါသည်။

ဝမ်းနည်းဖွယ် အဆုံးသတ်
ပရိသတ်ဆီက စိတ်ဝင်စားလာသော တရှိန်ထိုးတုန့်ပြန်မူများ ရခဲ့သည့်အချိန်အခိုက်အတန့်လေးတွင် ထို “ပျော်တော်ဆက်”  မိသားစုမဂ္ဂဇင်း လေးသည် နားလည်ဖို့ ညဏ်မမှီနိုင်သည့် ထုတ်ဝေသည့်ဥပဒေတစ်ခုနှင့် ညှိကာအပိတ်ခံလိုက်ရပါသည်။

အို … ပျော်တော်ဆက်လေး….
မင်းကပန်းတစ်ပွင့် ကြွေလွင့်ရသလို…..
အကြွေစောလေခြင်း….
ဒါပေမယ့် ….
မင်းသေဆုံးသွားပေမယ့် …..
ငါတို့က အခုထိသတိရနေကြဆဲပါပဲလေ….။
သတိရနေဆဲ……

ကျွန်မသည် ပျော်တော်ဆက် မဂ္ဂဇင်းဟောင်းအကြွင်းအကျန်များကို ကျွန်မအဘိုးအဘွားများဆီက တွေ့ဖူးပါသည်။ မဂ္ဂဇင်းထဲတွင် မြန်မာ ပညာရှင်ကြီးများဖြစ်သော ဆရာဦးကိုကိုကြီး၊ သခင်သိန်းဖေ၊ မင်းသူရှိန် အစရှိသည်တို့၏ ဆောင်းပါးများကိုတွေ့ရပါသည်။ ကျွန်မဖတ် ရတာ အလွန်နှစ်ခြိုက်လှပါသည်။ ပျော်တော်ဆက်ကိုမမေ့တာ ကျွန်မတစ်ယောက်တည်း မဟုတ်ပါ။

တချို့သော လူငယ်လူရွယ်လေးများလည်း ပျော်တော်ဆက်အကြောင်းကို သတိရနေဆဲပြောနေကြဆဲ ဖြစ်ပါသည်။ တချို့မှာသူတို့ အိမ် က စာအုပ်စင်လေးတွေမှာရှိနေဆဲ ဖြစ်ပါသည်။ တချို့လည်း စာအုပ်အဟောင်းအရောင်းဆိုင်တွေမှာတွေ့ရင် ၀ယ်ယူနေကြဆဲ ဖြစ်ပါသည်။ “ပျော်တော်ဆက်” ကား တချို့သော စာဖတ်သူများရင်ထဲရှိနေဆဲ အမှတ်ရနေဆဲ ဖြစ်ပါသည်။

မိုးမခ မီဒီယာ

၂၀၀၈ဖွဲ့စည်းပုံသည် ပူပြင်းတဲ့ရာသီဥတုထက်ဆိုးဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ဟန်သစ်နိုင်
မေ ၁၂၊ ၂၀၁၄


(ဓာတ်ပုံ – ဟန်သစ်နိုင်)

နိုင်ငံနှင့်လူထုအတွက် မသင့်တော်သည့် အခြေခံဥပဒေအောက်တွင် နေထိုင်ရခြင်းသည် ပူပြင်းသည့် ရာသီဥတုအောက်တွင် နေထိုင်ရခြင်းထက် ပိုမို ဆိုးရွားသည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်  (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စနေနေ့နံနက်ပိုင်း ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် လူထု ဟောပြောပွဲတွင် ပြောကြားလိုက်သည်။

“မှန်ကန်တဲ့ ဥပဒေ အရိပ်အာဝါသ မရှိရင် ထပ်ထပ်ပြီးတော့ တစ်နှစ် မဟုတ်ဘူး၊  ဆယ်နှစ် မဟုတ်ဘူး၊ ဆယ်သက် ပင်ပန်းရပါလိမ့်မယ်၊
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြောင်းနိုင်တယ်ဆိုရင်တော့ ပြည်သူလူထုဟာ တကယ်ပဲ စစ်မှန်တဲ့  ဒီမိုကရေစီဥပဒေအောက်မှာ လုံလုံခြုံခြုံနဲ့နေသွားနိုင်မယ်”
ဟု   ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ရာတွင် ပြည်သူ့အင်အားသည်အရေးကြီးသည့်အတွက် ပြည်သူများကိုရှင်းပြပြီးမှ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊
အခြေခံဥပဒေသည် ဒီမိုကရေစီစံနှုန်းစံထားနှင့်မကိုက်ညီသည့်အတွက်   တန်းတူညီမျှမှုမရှိကြောင်း၊
တိုင်းရင်းသားမျိုးစုံနဲ့ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုတစ်ခုမှာ ညီညွှတ်မှု၊ အေးချမ်းမှုဖြစ်စေလိုလျှင် တန်းတူညီမျှမှုသည် အခြေခံလိုအပ်ချက်တစ်ခုဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဒီမိုကရေစီအစိုးရတစ်ခုနှင့် အာဏာရှင်အစိုးရ တစ်ခုကြားထဲတွင် အကြီးမားဆုံး ကွာဟချက်မှာ ဒီမိုကရေစီအစိုးရသည် တာဝန်ယူမှုရှိပြီး၊
အာဏာရှင်အစိုးရသည် တာဝန်ယူမှုမရှိဘဲ လုပ်ချင်တာ လုပ်တတ်ကြောင်း၊
နိုင်ငံတစ်ခုတွင် အစိုးရတစ်ခုသည် တာဝန်ယူမှု တာဝန်သိတတ်မှုသည် အရေးကြီးသလို ပြည်သူများသည်လည်း  ကိုယ့်တာဝန်ကိုယ်သိတတ်မှ ကိုယ်လိုချင်သောနိုင်ငံတစ်ခုကိုထူထောင်နိုင်မည်ဖြစ်ကြောင်းလည်း ပြောကြားသွားသည်။
 
၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြင်ဆင်သင့်သည့် ပုဒ်မများကို ဘာ့ကြောင့်  ဘယ်လိုပြင်ဆင်လိုသည် ဟူသော အသေးစိတ် အချက်အလက်များကို ပြည်သူများပွင့်လင်းမြင်သာမှုရှိစေရန် NLD  က စာအုပ်များထုတ်ဝေထားသဖြင့် လေ့လာနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ဟောပြောပွဲသို့ ဒေသတွင်း မြို့နယ်အများအပြားမှ ပြည်သူများ၊ NLD ပါတီဝင်များ စုစုပေါင်း ငါးသောင်းဝန်းကျင် တက်ရောက်ခဲ့ကြပြီး
၂၀၀၈   အခြေခံဥပဒေပြင်ဆင်ရန် သို့မဟုတ် အသစ်ရေးဆွဲရန်ကိစ္စနှင့် ပတ်သက်၍
တက်ရောက်လာသူများကို ဆန္ဒကောက်ယူရာတွက် ၉၉ရာခိုင်နှုန်းနီးပါးက ပြင်ဆင်ရန် သဘောထားပေးခဲ့သည်။

 တက်ရောက်လာသူများ မေးမြန်းသည့် မေးခွန်းတချို့ကို  ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားပေးခဲ့သည်။
 
ဟောပြောပွဲတွင် NLD ၏ လွှတ်တော်ကိုယ်စားလှယ် ၂ ဦးဖြစ်သော ဦးဝင်းမြင့်၊   ဦးအောင်ကြည်ညွှန်တို့ကလည်း ဟောပြော ဆွေးနွေးခဲ့ကြသည်။

MoeMaKha Media

စန္ဒီမြင့်လွင်ရဲ့ ကလီယို ပါထရာ တေးစီးရီးသစ်ထွက်မယ်


အဆိုတော် စန္ဒီမြင့်လွင်ရဲ့ ကလီယို ပါထရာ ဆိုတဲ့ တေးစီးရီးသစ် လက်မှတ်ရေးထိုး ဖျော်ဖြေပွဲကို လာမယ့် ဇွန်လ ၁ ရက်နေ့မှာ ကျင်းပမယ်လို့ သိရပါတယ်။


 ဓာတ်ပုံ- စန္ဒီမြင့်လွင်ရဲ့ ဖေ့စ်ဘုတ်

ကလီယို ပါထရာ ဖြစ်သွားတဲ့ စန္ဒီမြင့်လွင်ရဲ့ အဲဒီ လက်မှတ်ရေးထိုး ဖျော်ဖြေပွဲကို ဇွန်လ ၁ ရက်နေ့ ညနေ ၅ နာရီက ၈ နာရီထိ Junction Square မှာ ကျင်းပမှာဖြစ်တယ်လို့ စန္ဒီမြင့်လွင်က သူ့ဖေ့စ်ဘုတ်ကနေ အသိပေးထားပါတယ်။

စန္ဒီမြင့်လွင်ရဲ့ ချစ်နေတုန်းပဲ ဆိုတဲ့ တေးသီချင်းဟောင်းလေးကိုတော့ ပရိသတ်က စွဲမက်ခဲ့ပါတယ်။

အခု အသစ်ထွက်ပေါ်လာတဲ့ ကလီယိုပါထရာကိုလည်း ဘယ်လို သီဆိုဖျော်ဖြေထားတယ်ဆိုတာ လာမယ့် လဆန်းဆိုရင် ဧရာဝတီပရိသတ်လည်း သိရပါတော့မယ်။

အခုတော့ တချိန်က ချစ်နေတုန်းပဲ ဆိုတာလေးကို နားဆင်ကြည့်လိုက်ပါအုံးနော်။

 
အိမ့်သံစဉ် ~
Irrawaddy  

နန်းသီရိမောင် နှင့် Car Accident တဲ့လား???

နန်းသီရိမောင်က သူဟာ ကား ထိခိုက်မှု မရှိခဲ့ပါဘဲ ဂျာနယ်တခုက အဲဒီလိုရေးသားခဲ့လို့ အခုလို တုံ့ပြန်ရေး သား ထားပါတယ်။ ဒါမျိုးတွေလည်း သတိပြု ဆင်ခြင်စရာတွေဖြစ်လို့  နန်းသီရီမောင် ရေးသားထားတဲ့ အတိုင်း သင်ခန်းစာတခုအဖြစ် ပြန်လည် ဖော်ပြပေး လိုက်ပါတယ်။


ဓာတ်ပုံ- နန်းသီရိမောင်

Media နဲ့ အနုပနညာရှင်တွေက ကိုင်းကျွန်းမီ ကျွန်းကိုင်းမှီ ပါ..
သမီးကိုအဆက်အသွယ်မရပဲနဲ့ interview မလုပ်ခဲ့ပဲနဲ့ သမီးမဖြေခဲ့ပဲနဲ့ရေးခဲ့တဲ့သတင်းတွေကို ကာယကံ ရှင်ကပဲ အသိစိတ်နဲ့တာဝန်ယူပေးစေချင်ပါတယ်ရှင့်

သမီးဘ၀မှာ မဟုတ်စကားတွေကို အဟုတ်လုပ်ပြီးပြော စာတွေသတင်းတွေလုပ်ကြံရေး ဗလောင်းဗလဲ လုပ်တာကို အရမ်းမုန်းလို့ပါ..

မန္တလေး အာရုံဦး ဂျာနယ်ရှိတာဝန်ရှိသူများရှင့်

သမီးinterview မဖြေပဲ Facebook က လက်မတော်တစ ဒဏ်ရာရထားပြီး ကားစီယာတိုင်ပေါ်လက်တင်ပြီး ရိုက်ထားတဲ့ပုံကို Car Accident ဖြစ်ပါတယ် ဆိုပြီးသတင်းအမှားကိုအမှန်လုပ်ပြီးရေသားထားမှုအပေါ် လူကြီးလူကောင်းပီသ ယဉ်ကျေးစွာ တာဝန်သိသိဖြေရှင်းပေးစေလိုပါတယ်ရှင့်…

တစ်ခြားဂျာနယ်တွေမှာလည်း ကျွန်မလက်မတော်တစဒဏ်ရာရမှုကို interview ဖြေထားပေးပါတယ်ရှင့်…

ကျွန်မph ဆက်တော့ ph ကိုချပြစ်တာတွေ မအားလို့နောက်မှပြန်ဆက်မယ်လို့ပြောတာတွေ ကိုယ်လုပ်မိတဲ့ အမှားကို ခေါင်းရှောင်တာတွေဟာ လူသားမဆန်ဘူးလို့သိထားတဲ့အတွက် လူကြီးလူကောင်းမပီသဘူးလို့ ထင်ပါတယ်။

သတင်းကိုပြန်လည်ပြီးအချိန်မီမပြင်ဆင်နိုင်ခဲ့ရင်တောင် အမှားသိပြီး ကျွန်မကို “တောင်း ပန် ပါ တယ်” ဆိုတဲ့ စကားလေးလုံး နဲ့အချိန်မီတောင်းပန်ရင် ကျေနပ်ခေါင်းငုံ့ခံမဲ့ ကျွန်မပါ..

 ကျေးဇူးတင်ပါတယ်ရှင့် ……

နန်းသီရိမောင်

တဆက်တည်း ကြုံတုံးလေး  နန်းသီရိမောင် ရဲ့ မော်ဒယ်ဓာတ်ပုံ ဘယ်လို ပို့စ် ပေးရသလဲ ဆိုတာ သူတင်ထားတဲ့ ဗွီဒီယိုကလစ်လေးကိုဖော်ပြပေးလိုက်ပါတယ်။


အိမ့်သံစဉ် ~
Irrawaddy  

တရုတ်နိုင်ငံတွင် မုန်တိုင်းကြောင့် ၁၈ ဦး သေဆုံး


တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဒေါင်းပြည်နယ်မှာ မုန်တိုင်းကြောင့် လူ ၁၈ ယောက် သေဆုံးသွားတယ်လို့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။

မုန်တိုင်းအရှိန်ကြောင့် မြေသားနံရံတခု ပြိုကျသွားပြီး အနီးအနားက ယာယီ အိမ်တွေပေါ်ကို ပိမိတာလို့ ဆိုပါတယ်။
မနေ့ မနက် ၅ နာရီ ၄၈ မိနစ်မှာ ပြိုကျတဲ့အချိန်မှာ ပစ္စည်းဟောင်း ပြန်လည် အသုံးပြုနိုင်အောင် ဆောင်ရွက်နေတဲ့ ကုမ္ပဏီတခုရဲ့ ၀န်ထမ်းတွေဟာ အနားက ယာယီအိမ်တွေမှာ စခန်းချနေခဲ့တာ ဖြစ်ပါတယ်။

မိုးနဲ့လေ သည်းထန်ပြီးတဲ့နောက် မြေသားတွေ ရေနဲ့ ပျော့နူးပြီး နံရံ ပြိုကျသွားတာ ဖြစ်ပါတယ်။

မတော်တဆဖြစ်တဲ့နေရာကို ကယ်ဆယ်ရေး လုပ်သားတွေ ရောက်နေပြီး ရှာဖွေရေး လုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။

မနေ့ နေ့လယ်ပိုင်းမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေ ပြီးစီးသွားကြောင်း၊ ဒဏ်ရာရတဲ့ ၃ ဦး ဒေသဆေးရုံမှာ ဆေးကုသမှု ခံယူနေရပြီး စုံစမ်းမှုတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

DVB  

မျှော်လင့်ချက် ရေစက်လက်နှင့် မနုဿငါးများ


သူတို့က ငါးတွေမဟုတ်။ ရွှံ့နွံတွေထဲ တစ်နေကုန် စိမ်နေတတ်သည့် ကျွဲများလည်း မဟုတ်။ သို့သော် နံနက်မှစ အမှောင်စွန်းသည့် ညနေစောင်းအထိ ရေထဲတွင်သာ သူတို့ နေကြရသည်။ အပျော်

ကားပေါ်ရောက်လာတဲ့ ၀ိဥာဉ် (ရုပ်သံ)


သူငယ်ချင်း နှစ်ယောက် ညဘက် ကားမောင်းပြီး ခရီးသွားကြရာကနေ ကားမောင်းတဲ့သူက လမ်းမှာ ကားခဏရပ်ပြီး အပေါ့သွားပါတယ်။

သူအပေါ့သွားရာကနေ ကြောက်အားလန့်အားနဲ့ ပြန်ပြေးလာပြီး ထူးထူးဆန်းဆန်း တွေ့ခဲ့ရကြောင်း ပြန်ပြောပါတယ်။ ကျန်တဲ့ သူငယ်ချင်းက မယုံပါဘူး။ ရယ်မောနေခဲ့ပြီး ခဏအကြာမှာတော့ ကားရှေ့ကို “ဗြုန်း” ကနဲ ပုံထဲမှာလို ပေါ်လာခဲ့ပြီး ဘာတွေ ဆက်ဖြစ်မယ်ဆိုတာ ဒီ နှစ်မိနစ်တာ ဗွီဒီယိုဖိုင်မှာ ဆက်ကြည့်လိုက်ပါနော်။

Credit: World Myanmar


Eurovision ဆု ဆွတ်ခူးခဲ့သူ မုတ်ဆိတ်ပျိုမေ


အမျိုးသား အဆိုတော်မှ မုတ်ဆိတ်မွှေးတွေနဲ့ အမျိုးသမီး အဆိုတော် အဖြစ် သရုပ်ဆောင်ပြိုင်ပွဲ ၀င်ခဲ့တဲ့ Conchita Wurst တစ်ယောက် ကမ္ဘာကျော် တစ်ဦး ဖြစ်လာခဲ့ပါတယ်။

ပိုက်ဆံမထုတ်ပဲ ရွှေသာ ထုတ်ပေးတဲ့ ဒူဘိုင်းက ATM စက်


အာရပ်စော်ဘွား သူဌေးများ နေထိုင်ရာ ယူအေအီး နိုင်ငံက ဒူဘိုင်း မြို့မှာ ဖြစ် ပါတယ်။ ပိုက်ဆံ ထုတ်တဲ့ ATM အပြင် ရွှေတွေချည်း သီးသန့် ထုတ်ပေးတဲ့ ATM စက်ပါ ထားရှိထားကြောင်း သိရ ပါတယ်။

ဒါဟာ တိုင်းပြည်က လူချမ်းသာ အရေအတွက် များပြား ကြောင်းကို ထင်အပ် စေတဲ့ ဂုဏ်ပုဒ် တစ်ခု ပါပဲ။ ရွှေထုတ်ပေးတဲ့ ATM စက်ရဲ့ လုံခြုံ ရေး ကိုလည်း အသေအချာ ပြုလုပ်ပေး ထားပါတယ်။ ထုတ်ယူ နိုင်တဲ့ ရွှေက ၂၄ ကာရတ် အရည်အသွေး ရှိပြီး အမျိုးအစားပေါင်း ၃၂၀ ကို ထုတ်ပေး နိုင်တယ် လို့ ဆိုပါတယ်။ တစ်ခါတည်း ဝတ်နိုင်လောက်အောင် ရယ်ဒီမိတ်တွေ ထုတ်ပေး ခြင်း ဖြစ်ကြောင်း ဆို ပါတယ်။

လိုချင်တဲ့ အလေးချိန် ပမာဏနဲ့ ရွှေအမျိုးအစားကို ရွေးချယ်လို့ ရပါတယ်။ ဒီတော့ အတွင်းမှာ အော်တို အလုပ်လုပ်တဲ့ ရွှေစက်ရုံ အသေးစားပဲ ရှိနေ လား၊ အမျိုး ၃၂၀ မကသော ရွှေပစ္စည်းတွေများ ထည့်ထား သလား ဆိုတာ မသိရ ပါဘူး။ လက်ရှိမှာ ယင်းဟာ ကမ္ဘာ့ပထမဆုံး ရွှေထုတ်ပေးတဲ့ ATM စက်အဖြစ် စံချိန်တင်သွားပြီး အလုံးရေ များများ ထုတ်လုပ်လို့ မြို့ အနှံ့ တပ်ဆင် အသုံးပြု သွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: dyknow
အောင်ခမ်း (ရိုးရာလေး)

ကမ္ဘာမှာ ပျော်စရာ အကောင်းဆုံး တိုင်းပြည်


ကမ္ဘာပေါ်မှာ ရှိတဲ့ တိုင်းပြည် နိုင်ငံတိုင်းမှာ သူ့သဘာဝ အလှအပနဲ့ ဖွံဖြိုးတိုးတက်မှုတွေက ပျော်စရာကောင်းအောင် ဖန်တီးပေးစွမ်းနိုင်ပါတယ်။ ဒါတွေတင်မကဘဲ တိုင်းပြည်မှာ နေထိုင်တဲ့ နိုင်ငံသားတွေရဲ့ စီးပွားရေး၊ ကျန်းမာရေး အစရှိတဲ့ အခြေခံဖွံဖြိုးတိုးတက်မှုတွေကလည်း အဲဒီနိုင်ငံ ဘယ်လောက် ပျော်စရာကောင်းတယ်ဆိုတာ ပြောပြနိုင်ပါတယ်။ ကဲ ဒီတော့ ကမ္ဘာပေါ်မှာ ဘယ်တိုင်းပြည်နိုင်ငံက ပျော်စရာ အကောင်းဆုံးလည်း ဆိုတာ ကြည့်ကြည့်ရအောင်နော်။ (နံပါတ် ၁၁ ကနေ နံပါတ် ၁ အထိ ပြောင်းပြန် ဖြော်ပထားပါတယ်။)

၁၁။ ဆွီဒင်

၁၀။ နယ်သာလန်

၉။ မက္ကဆီကို

၈။ ဖင်လန်

၇။ ၾသစေၾတးလ်

၆။ အိုင်စ္စလန်းဒ်

၅။သြစတြီးယား

၎။ ဒိန်းမတ်

၃။ကနေဒါ

၂။ နော်ဝေ

၁။ ဆွစ်ဇာလန် တို့ပဲ ဖြစ်ပါတယ်။

ကမ္ဘာ့ထိပ်တန်း နိုင်ငံဖြစ်တဲ့ အမေရိကန်၊ ပြင်သစ် စတဲ့ နိုင်ငံတွေ ဘာကြောင့် မပါဝင်တာလဲ ဆိုတော့ တိုင်းတာတဲ့ အချက်တွေက

Life satisfaction score , Self-reported good health , Employees working long hours ,Disposable income , Life expectancy တို့ ဖြစ်တဲ့အတွက်လို့ သိရပါတယ်။

World-Myanmar News
ref: huffingtonpost

လန်ဒန်ဂေးကလပ်မှာ ခပ်ကြမ်းကြမ်း ဖျော်ဖြေခဲ့တဲ့ မိုင်လီဆိုင်းရပ်စ်


မကြာမီ ရက်ပိုင်းအတွင်းက လန်ဒန်ရှိုးပွဲမှာ ခပ်လန်းလန်းတွေ ၀တ်ပြီး လူငယ်ပရိသတ်တွေကို သူမစိတ်ထင်ရာတွေ ပြောပြီး ဖျော်ဖြေခဲ့တဲ့ မိုင်လီတစ်ယောက် အခုလည်း လန်ဒန်က ဂေးကလပ် (G-A-Y nightclub) မှာ ခပ်ကြမ်းကြမ်းပုံစံနဲ့  ပြီးခဲ့တဲ့ သောကြာနေ့ညက ဖျော်ခြေခဲ့ပြန်ပါတယ်။

သူမရဲ့ ကိုယ်ပိုင်ဟန်လို့ ပြောရမလို ဖြစ်နေတဲ့ လျှာထုတ်တဲ့ အမူအရာတွေ အပြင် လေထိုးရုပ်နဲ့ လိင်ဆက်ဆံနေတဲ့ မသင့်တော်တဲ့ ကကွက်၊ ပြကွက်တွေကို မလုံတလုံ အဖော်အချွတ် အ၀တ်အစားတွေနဲ့ တင်ဆက်ခဲ့တာ အလွန့်ကို ညစ်ညမ်းတဲ့ ရှိုးဖြစ်တယ်လို့ မီဒီယာတွေမှာ ဖော်ပြခံရပါတယ်။

အဆိုပါ ရှိုးပွဲမှာ သူမက လူတိုင်း က နည်းနည်းတော့ ခြောက်ကြတာပဲ။ တချို့ကတော့ သူများထက်နည်းနည်းပိုသွားတာပဲ ရှိတယ်။ ဒါအမှန်ပဲလေ လို့ သူမက ပြောသွားခဲ့ပါတယ်။

အဆိုပါ ရှိုးပွဲမှာ သူမသူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့ကိုပါ ကျင်းပခဲ့ပြီး သူမကတော့ မွေးနေ့လက်ဆောင် အဖြစ် ယောက်ျားတန်ဆာ ပုံဖော်ထားတဲ့ မွေးနေ့ကိတ် ပေးခဲ့တယ်လို့ သိရပါတယ်။


World-Myanmar News
ref: starpulse

သီရိလင်္ကာမှာ ငါးမိုးရွာသွားတဲ့ဖြစ်ရပ် သက်သေ ဓာတ်ပုံများ



သီရိလင်္ကာနိုင်ငံမှာ ငါးမိုးရွာချသွားခဲ့
သီရိလင်္ကာနိုင်ငံအနောက်ပိုင်းက ဒေသခံတွေ
ဟာ ကောင်းကင်ပေါ်က ရွာချလာတဲ့ ငါး
မိုးကြောင့် အံ့သြမင်တက် ခဲ့ရပါတယ်။
ချီလောမြို့ က ရွာတစ်ရွာမှာ မုန်တိုင်းဝင်ပြီးနောက် များပြားလှတဲ့ ငါးအသေနဲ့ အရှင်တွေဟာ လမ်းတွေ၊မြက်ခင်း တွေနဲ့ အိမ်ခေါင်မိုးတွေမှာ ပြည့်နှက်သွားခဲ့ပါတယ်။ ငါးတွေ ကောင်းကင်ပေါ်က ပြုတ်ကျလာတဲ့ အသံ ကျယ်တွေကို ခရိုင်တစ်လျှောက်လုံး ကြားခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီငါးတွေဟာ မုန်တိုင်းက မြစ်တစ်လျှောက် တိုက်ခတ်နေစဉ်မှာ ငါးတွေ မုန်တိုင်းနဲ့ ပါလာပြီး ကုန်းတွင်း မုန်တိုင်းဝင်ရောက် တဲ့အခါမှာ အားပျော့သွားပြီး မြေပြင်ပေါ်ကို ပြန်လည်ပြုတ်ကျလာတာဖြစ်တယ်လို့  သိပ္ပံပညာရှင်တွေက ယူဆထားပါတယ်။
ဒါဟာ သီရိလင်္ကာမှာ ပထမဆုံး ငါးမိုးရွာတာ မဟုတ်ပါဘူး။ ၂၀၁၂ ခုနှစ်တုန်းကလည်း သီရိလင်္ကာတောင်ပိုင်း မှာ အလားတူဖြစ်ရပ်မျိုးတစ်ကြိမ်ကြုံတွေ့ ခဲ့ရပါသေးတယ်။ အဲ့တုန်းကတော့ ပုဇွန်မျိုးရွာခဲ့တာဖြစ်ပါတယ်။
ဒေသခံတွေဟာ ကောင်းကင်က ပြုတ်ကျလာတဲ့ ငါးတွေကို ချက်ပြုတ်စားသောက်ခဲ့ကြတယ်လို့ သိရပါတယ်။

trend myanmar

ကျောင်းသူပျောက် ခြေရာခံမိပြီဆို



 သတင်း ခိုင်မာမှု စိစစ်ဖို့ စစ်ဘက်ကို ပြောထား
 ပျောက်ဆုံးနေတဲ့ နိုင်ဂျီးရီးယား ကျောင်းသူ တွေ ဘယ်ရောက် နေတယ် ဆိုတာ သတင်း ရထားပြီ လို့ သူတို့ ပြန်ပေး ဆွဲခံခဲ့ရတဲ့ အရှေ့မြောက်ပိုင်း ဘော်နို ပြည်နယ် အုပ်ချုပ်ရေးမှူး က ဘီဘီစီကို ပြောကြား လိုက်ပါတယ်။

ဒီမိန်းကလေး တွေကို မြင်လိုက် တွေ့လိုက်ရတယ် ဆိုတဲ့ သတင်းတွေ ရထားပြီမို့ သတင်း ခိုင်မာမှု ရှိမရှိ စိစစ်ဖို့ စစ်ဘက်ကို အကြောင်းကြား ထားတယ်လို့ ပြည်နယ် အုပ်ချုပ်ရေးမှူး Kashim Shettima က ပြောပါတယ်။

နယ်စပ်ကို ကျော်ပြီး ဒီမိန်းကလေး တွေကို ကင်မရွန်းနဲ့ ချဒ် နိုင်ငံတွေဆီ ခေါ် သွားတယ်လို့ မယူဆကြောင်းလဲသူက ပြောပါတယ်။

နိုင်ဂျီးရီးယား မြောက်ပိုင်း၊ ကင်မရွန်းနဲ့ ချဒ် နိုင်ငံတွေမှာ ကြီးစိုး လှုပ်ရှားနေတဲ့ ဒီ Boko Haram စစ်သွေးကြွ တွေ အရေးနဲ့ ပတ်သက်တဲ့ ထိပ်သီး ဆွေးနွေးပွဲ လက်ခံ ကျင်းပ ပေးလိုကြောင်း ပြင်သစ် သမ္မတ ဖရန်ဆွာ အော်လန်း က မနေ့က ကမ်းလှမ်း ခဲ့ပါတယ်။

ဒီမိန်းကလေးတွေ ကယ်ဆယ်ရေး အတွက် အကူအညီ ပေးဖို့ အစ္စရေး ဝန်ကြီးချုပ် နေတန်ညာဟု ဘက်က ကမ်းလှမ်းချက် ကို လက်ခံ ကြောင်းလည်း နိုင်ဂျီးရီးယား သမ္မတ ဂွတ်လပ် ဂျော်နသန်က ပြောပါတယ်။

အစ္စရေး အကြမ်းဖက်မှု နှိမ်နင်းရေး အဖွဲ့နဲ့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် ကျွမ်းကျင်သူတွေ ပူးပေါင်း ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)



နေပြည်တော် အက်ဖ်စီနည်းပြ ဦးမျိုးလှိုင်ဝင်းနှင့်တွေ့ဆုံခြင်း




 ကစားသမားဘဝမှာရော နည်းပြဘဝမှာပါ ဝေဖန်ခံရလို့ မဆန်းတော့ပါဘူး

မေး- တက္ကသိုလ်ချန်ပီယံလိဂ်ပြိုင်ပွဲဖွင့်ပွဲမှာ ဖလားကိုင်မြှောက်သယ်ယူပေးခဲ့ တဲ့အပေါ် ဝေဖန်မှုတွေထွက်ပေါ်လာခဲ့တယ်။ ဒီလိုဝေဖန်ခဲ့တာကြောင့် နေရှင်နယ် လိဂ်ရဲ့ထိပ်တန်းအသင်းတစ်သင်းက အုပ်ချုပ်သူဦးဇော်မြင့် ရာထူးကနုတ် ထွက်ပေးခဲ့တယ်။ ဒါနဲ့ပတ်သက်လို့ ဘယ်လိုမျိုးယူဆမိပါသလဲ။

ဖြေ- ကျွန်တော်ငယ်စဉ်က ရှေ့တန်းကစားသမားတစ်ယောက်ဖြစ်ခဲ့တယ်။ ရှေ့တန်းကစားသမားဆိုပေမယ့် ဂိုးမသွင်းနိုင်တဲ့အခါတွေရှိတယ်။ ဒီအခါ တွေမှာ ပရိသတ်တွေရော၊ မီဒီယာကရော ဝေဖန်တာတွေကြုံခဲ့ဖူးတယ်။ အဲဒီ အချိန်တုန်းကလည်း ပြန်ပြီးတုံ့ပြန်ခဲ့တာမျိုးမလုပ်ခဲ့ဘူး။ ဥပမာအနေနဲ့ပြော ရရင် ကမ္ဘာ့ဖလားလိုပြိုင်ပွဲကြီးမှာဆိုရင် ပီလီ၊ ရော်နယ်ဒိုတို့လို ဂန္ထဝင်ကစား သမားတွေကို ဗာဘျေိသမ ခန့်အပ်ပြီး ပြိုင်ပွဲကို စိတ်ဝင်စားအောင်လုပ်တယ်။ ဒီကစားသမားတွေဆိုရင်လည်း ဘွဲ့ရချင်မှရမယ်။ံငှါ့ခ့သသူ ဖြစ်ချင်မှဖြစ် မယ်။ ခန့်အပ်တဲ့လူတွေကလည်း ဒီဂန္ထဝင်ကစားသမားတွေရဲ့ ပညာအရည် အချင်းကို ကြည့်ခဲ့ကြတာမဟုတ်ပါဘူး။ အခုလည်း ဘောလုံးနဲ့ဆိုင်တာကို ဘောလုံးသမားတစ်ယောက်ဖြစ်ခဲ့သူက ပေးတာပါ။ အကယ်ဒမီပေးပွဲကို ဘော လုံးသမားတစ်ယောက်က ဆုတက်ပေးတာမျိုးဆိုရင် ပြောလို့ ဝေဖန်လို့ရမယ်။ အခုက ကိုယ့်နိုင်ငံရဲ့ ဘောလုံးလောကအတွက် ဘယ်လောက်လုပ်ပေးခဲ့သလဲ ဆိုတာနဲ့ တိုင်းတာသင့်တယ်၊ ကြည့်သင့်တယ်။ ကျွန်တော့်အပေါ် ပညာအရည် အချင်းနဲ့တိုင်းတာပြီး ပြောဆိုဝေဖန်ကြတဲ့အပေါ်ကို ဘာမှမတုံ့ပြန်လိုဘူး။ အရင်ကလိုပဲ မတုံ့ပြန်ဘဲ ကိုယ့်အလုပ်ကိုပဲ လုပ်နေမှာပါ။

မေး- တက္ကသိုလ်ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆုဖလားယူဆောင်လာပေးတာနဲ့ ပတ် သက်လို့ ပြောပြပေးနိုင်မလား။

ဖြေ- တက္ကသိုလ်ချန်ပီယံလိဂ်ပြိုင်ပွဲကို မနှစ်ကစ လုပ်တယ်။ ဒီပြိုင်ပွဲလေးက မနှစ်ကဆိုလည်း အောင်မြင်ခဲ့တယ်။ ကျွန်တော့်ကိုလည်း ဒီပြိုင်ပွဲကော် မတီက တလေးတစားနဲ့ဖိတ်ကြားခဲ့တာကြောင့် ကျွန်တော် ဆုဖလားယူဆောင် ပေးခဲ့ရတာပါ။ ကျွန်တော်က ဒီလိုပွဲပေါ် ဆုဖလားယူဆောင်ပေးတဲ့အပေါ် တော်တော်များများက ဝေဖန်ကြတယ်။ ကျွန်တော်တို့ဆိုရင်လည်း ကျောင်းသား ပွဲတွေကနေ ဝင်ပြိုင်ပြီးမှ လက်ရွေးစင်အဆင့်ကို ဖြတ်ကျော်လာနိုင်ခဲ့တာဖြစ် တယ်။ ကျောင်းသားကနေ လူငယ်လက်ရွေးစင် ဒီကနေမှ လက်ရွေးစင်ထပ် ဖြစ်တယ်။ ဒါကြောင့် ဟိုအရင်က ကျင်းပခဲ့တဲ့ တက္ကသိုလ်ပေါင်းစုံပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာတွေ မရှိခဲ့ရဘူး။ အခုမှာကျတော့ တက္ကသိုလ်ပေါင်းစုံ ပြိုင်ပွဲမှာ ဝင်ရောက်ကူညီပေးခဲ့တဲ့အပေါ် ဝေဖန်ခဲ့တယ်။ ကျွန်တော်ကစား သမားဘဝမှာရော နည်းပြဘဝမှာပါ ဝေဖန်ခံရလို့ မဆန်းတော့ပါဘူး။ ဒီအတွက် လည်း ဘာမှမပြောလိုဘူး။ ဘာပဲဖြစ်ဖြစ်ပါ ဒီလိုပြိုင်ပွဲလေးလုပ်တာက မြန်မာ့ ဘောလုံးအနာဂတ်အတွက် ကောင်းပါတယ်။ ဒီလိုပြိုင်ပွဲမျိုးတွေက ရှိလည်း ရှိသင့်ပါတယ်။ အခုလို တက္ကသိုလ်ပေါင်းစုံပြိုင်ပွဲမျိုးမှာ ဝင်ပြီးကူညီခွင့်ရလို့ ပီတိဖြစ်မိတယ်။

မေး- ဒီပြိုင်ပွဲပိုပြီးဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဘယ်လိုမျိုးကူညီပေးချင်ပါသလဲ။

ဖြေ - အရင်တက္ကသိုလ်ပေါင်းစုံပြိုင်ပွဲတွေတုန်းက တက္ကသိုလ်လက်ရွေးစင် တွေ ထွက်ပေါ်လာခဲ့တာတွေရှိတယ်။ မြန်မာ့လက်ရွေးစင်အဖြစ် ထွက်ပေါ် လာခဲ့တာ အများကြီးရှိခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာဆိုရင်လည်း ကိုယ့်ထက်စီမံခန့်ခွဲ တာ ကောင်းတဲ့လူတွေရှိပါတယ်။ ကျွန်တော့်ဘက်ကလည်း သူတို့လိုအပ်တဲ့ အပိုင်းတွေကို ကူညီခွင့်ရမယ်ဆိုရင် ကူညီပေးဖို့အသင့်ပါပဲ။ ကိုယ့်အနေနဲ့ အခုလိုပွဲမျိုးတင် မကပါဘူး။ ရပ်ကွက်ပွဲ၊ မြို့နယ်ပွဲဆိုရင်လည်း ပါဝင်ကူညီဖို့ အသင့်ပါပဲ။ ကျေးလက်ဒေသတွေလည်း သွားနေတာဖြစ်လို့ ဘယ်လိုနေရာ မျိုးပဲဖြစ်ဖြစ် ကျွန်တော်ဘက်က ပါဝင်ကူညီပေးဖို့ အသင့်ပါပဲ။
ဟုတ်ကဲ့။ အခုလိုဖြေကြားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။

Flower News Journal ၊ အတွဲ ၁၀ ၊ အမှတ် ၁၈

Yangon Media Group

အမေ့ဘေးမှာ ဘွဲ့ယူခဲ့သော အမေရိကန် အထက်တန်း ကျောင်းသူလေး



အမေရိကန် ပြည်ထောင်စု အရှေ့ပိုင်း မေရီလန်း ပြည်နယ်က အထက် တန်း ကျောင်းတစ်ခုမှ စီနီယာ တန်း အောင်သွားတဲ့ ကျောင်းသူ Megan Sugg ဖြစ်ပါတယ်။ ရက်ပိုင်း အတွင်း ကွယ်လွန်တော့မယ့် ချစ်ရတဲ့ အမေဘေးမှာ စီနီယာတန်း အထက်တန်း ကျောင်းဆင်း graduation ပွဲ အသေးစား တစ်ခုကို ပြုလုပ်ခဲ့ ပါတယ်။ အမေများနေ့ မတိုင်ခင် ရှေ့တစ်ရက် မှာပါ။

သက္ကရာဇ် ၂၀၁၀ ခုနှစ်က စလို့ Megan Sugg ရဲ့ အမေဟာ ကင်ဆာ ရောဂါနဲ့ အိပ်ယာပေါ် စလှဲပါတော့တယ်။ အဲ့တုန်းက အသက် ၄၄ နှစ်ပါ။ ၂၀၁၄ ခုနှစ် နှစ်ဝက် မရောက်ခင် သေရမယ်ဆို တာ သေ ချာ နေတော့ ဇွန် ၁၀ ရက်မှ ဘွဲ့ယူမယ့် သမီး ရဲ့ ဘွဲ့ယူ အခမ်းအနား ကို သူမ အမေ တက်နိုင်မှာ မဟုတ် ပါဘူး။ ဒါကြောင့် ကျောင်းက ဆရာတွေ၊ ပါမောက္ခတွေကို အကူအညီ တောင်းပြီး တရားဝင် မဟုတ်တဲ့ ဘွဲ့ယူခြင်း အခန်းအနားကို ဆေးရုံထဲမှာပဲ အဆင်ပြေဆုံး ဖြစ်အောင် ပြုလုပ်ခဲ့ကြ ပါတယ်။

သမီးလေး ဘွဲ့ယူတဲ့ အခမ်းအနား ၊ အောင်မြင်မှု မှတ်တိုင် စိုက်ချိန်မှာ အမေ ဘေးမှာ ရှိနေမယ်လို့ ကတိပေးထားလို့ ဖြစ်ပါတယ်။ ဒီတော့ ကျောင်းပြီး ပေမယ့် ဘွဲ့ယူဖို့ တစ်လလောက် လိုနေသေးတဲ့ သမီးလေးဟာ အမေ့ ဆန္ဒ ပြည့်ဖို့အတွက် ဘွဲ့နှင်းသဘင် အသေးစားကို အမေ့ ကုတင်ဘေးမှာပဲ ပြုလုပ်ခဲ့ ပါတယ်။

အမေရိကန် ရဲ့ အမေများနေ့ မေလ ၁၁ ရက်နေ့ မရောက်ခင် ပြုလုပ်ခဲ့တဲ့ အမေ့ဘေးက သမီး ဘွဲ့နှင်းသဘင်က တစ်ကမ္ဘာလုံးက သိမြင်ရသူတွေကို ဝမ်းနည်း ကြေကွဲစေခဲ့ ပါတယ်။
.
Ref: Dailymail
အောင်ခမ်း (ရိုးရာလေး)

မေ့ဆေးမသုံးဘဲ မိမိနံရိုးကို မိမိဖြတ်ထုတ်ပြီး လည်ပင်းဆွဲပြခဲ့တဲ့ ထိတ်လန့်တုန်လှုပ်ဖွယ်ပြကွက်




အေသင်အောင်

တရုတ်နိုင်ငံက အနုပညာရှင် တစ်ဦးဟာ ထူးခြားတဲ့ ပါဖောမန့် ပြကွက်တွေကြောင့် ထင်ရှား ကျော်ကြားသူအဖြစ် ရပ်တည် နေပါ တယ်။ ဟီယန်ချောင်ဟာ သူ့ရဲ့ ခန္ဓကိုယ်ကို အသုံးပြုပြီး ပါဖောမန့်တွေ ပြသခဲ့ခြင်း ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီတစ်ခါပြုလုပ်ခဲ့တဲ့ ပါဖောမန့် ပြကွက်ကတော့ စွန့်စားလွန်းရာ ရောက်ခဲ့ပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟီယန်ချောင် ဟာ မေ့ဆေးမပါဘဲ သူ့ရဲ့နံရိုးကို ဖြတ်ထုတ် ပြီး လည်ပင်းမှာ ပြန်လည် ၀တ်ဆင် ပြခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ ခွဲစိတ်ကုသမှု မပြုလုပ်ခင် လည်ပင်းနဲ့ ပေါင်တို့ မှာ ကင်မရာတွေ တပ်ဆင်ပြီး နံရိုးကို (၁)စင်တီမီတာခန့် ဖြတ် ထုတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုပြကွက်ပြုလုပ်ဖို့ ဒီမိုကရေစီ နည်းလမ်းကျ ဆန္ဒမဲ ကောက် ခံခဲ့ပါတယ်။ လူ(၂၅)ဦးကို ဆန္ဒမဲ ကောက်ခဲ့ရာမှာ (၁၂) ဦးက ထောက်ခံခဲ့ပြီး (၁၀)ဦး က ကန့်ကွက်ကာ သုံးဦးက ကြားနေခဲ့ပါတယ်။ ဒါကြောင့် ဟီယန်ချောင်ဟာ သူ့ရဲ့ပြကွက်ကို ပြသဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဟီယန်ချောင်က နေ့စဉ်လူနေမှုဘ၀ တွေဟာ ကြမ်းတမ်းလွန်းတာမို့ ဒီပြကွက်ကို ပြသဖို့ ဖြစ်ပေါ်လာရတာပါ။ ကျွန်တော့်အနေ နဲ့ လူတွေကို ပြောင်းလဲသွားဖို့ ဆန္ဒရှိပါတယ်”” လို့ ပြောသွားခဲ့ပါတယ်။ ၁၉၆၇ မှာ မွေးဖွား ခဲ့တဲ့ ဟီယန်ချောင်ဟာ ကွန်ကရစ်တုံး တွေထဲ (၂၄)နာရီ ကြာအောင် ၀င်ရောက်ပြီး ပြန်ထွက်နိုင်အောင် ပြုလုပ်ခဲ့တဲ့ပြကွက်မျိုးတွေ ကိုလည်း ပြုလုပ်ခဲ့သေးပါတယ်။ တရုတ်လူ့ အဖွဲ့အစည်းဟာ ရှုပ်ထွေးလွန်း တာမို့ ပြကွက် ဆန်းတွေ ပြသရခြင်းဖြစ်တယ်လို့ ဟီယန် ချောင်က ဆိုခဲ့ပါတယ်။ နောက်ပြီးသူက တရုတ်နိုင်ငံမှာ ခန္ဓာကိုယ်ကို တန်ဖိုးထား လွန်းတာမို့ ဒီလိုပြသဖို့ စွန့်စားခဲ့တာဖြစ်ပါ တယ်လို့ ပြောကြားသွားခဲ့ပါတယ်။
The Messenger

ရန်ကုန်-တောင်ကြီး အဝေးပြေးယာဉ်တစ်စီး မီးလောင်ကျွမ်း


သင်္ကြန်တွင်း မှာ အဝေးပြေးယာဉ် တစီး မီးလောင်မှုဖြစ်ပွားခဲ့စဉ် တွေ့ ရပုံ။

မန္တလေး၊ မေ ၁၁

ရန်ကုန်မြို့တော်မှ တောင်ကြီးသို့ မေလ ၁၀ ရက်နေ့ ညနေ ၄ နာရီတွင် ထွက်ခွာလာသည့် ကမ္ဘောဇ ယာဉ်လိုင်းမှ အဝေးပြေး မော်တော်ယာဉ် တစ်စီးသည် မေလ ၁၁ ရက်နေ့ နံနက် ၂ နာရီ ၂၀ မိနစ်အချိန်တွင် ပျော်ဘွယ်မြို့နယ် ထနောင်းပင်ဝိုင်းရွာ အနီး၌ အင်ဂျင် ဝါယာရှော့ခ် ဖြစ်၍ မီးလောင်ကျွမ်းခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

ကမ္ဘောဇ ယာဉ်လိုင်းသည် ပျော်ဘွယ်မြို့နယ် ထနောင်းပင်ဝိုင်းရွာအနီး ဘုရားငါးဆူ ကားလမ်း မိုင်တိုင်အမှတ် ၇/၄ ရှေ့အရောက် ကားအင်ဂျင် နောက်ခန်းမှ ဝါယာရှော့ခ်ဖြစ်၍ မီးလောင်ကျွမ်းရာ ကား၏ သံကိုယ်ထည်သာ ကျန်ရှိပြီး ကားတန်ဖိုး ကျပ် ၂၅၀ သိန်းနှင့် ယာဉ်ပေါ်ပါ လူသုံးကုန်ပစ္စည်း ၂၄ သိန်းဖိုးတို့ ဆုံးရှုံးခဲ့ကြောင်း အဆိုပါရုံးထံမှ ထပ်မံ စုံစမ်းသိရှိရသည်။

ကားအင်ဂျင်နောက်ခန်း ဝါယာရှောခ့် ဖြစ်၍ မီးစတင် လောင်ကျွမ်းချိန်တွင် ယာဉ်မောင်း၊ ယာဉ် နောက်လိုက်နှင့် ခရီးသည် စုစုပေါင်း ၄၃ ဦးသည် ထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ ယာဉ်ပေါ်မှ အချိန်မီဆင်းနိုင်ပြီး မီးလောင်ကျွမ်းရာသို့ မြို့နယ်မီးသတ်မှ မီးသတ်ယာဉ် ၃ စီး၊ ဥစ္စာနွယ်ကျေးရွာအုပ်စု အရန်မီးသတ် တပ်ဖွဲ့တို့က သွားရောက် ငြှိမ်းသတ်ရာ နံနက် ၃ နာရီတွင် မီးငြိမ်းသွားခဲ့ကြောင်း ယင်းယာဉ်မှ ခရီးသည်များကို မေလ ၁၁ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် တောင်ကြီးမြို့သို့ အဆိုပါ ယာဉ်လိုင်းမှ ကားတစ်စီးဖြင့် ထပ်မံဆက်လက် ပို့ဆောင်ခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မော်တော်ယာဉ်အား ပေါ့ဆစွာမောင်း၍ မီးလောင်ကျွမ်းမှု ဖြစ်စေသူ ယာဉ်မောင်းကို ပျော်ဘွယ် မြို့မ ရဲတပ်ဖွဲ့စခန်းတွင် (ပ) ၁၃၉/၂၀၁၄ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

The Voice Weekly




လမ်းလျှောက်ရင်းစမတ်ဖုန်း သုံးစွဲသူများတရုတ် (တိုင်ပေ) တွင် ဒဏ်ငွေဆောင်ရမည်


အတွဲ (၁၅)၊ အမှတ် (၁၈)

တရုတ် (တိုင်ပေ) နိုင်ငံတွင် လမ်းလျှောက်ရင်း စမတ်ဖုန်းသုံးစွဲသူများသည် ကားလမ်းဖြတ်ကူးစဉ် ၎င်းတို့ဖုန်းများကို ကားများထက် အာရုံစိုက်နေပါက ဒဏ်ငွေဆောင်ရမည်ဖြစ်ကြောင်း သိရသည်။



တရုတ် (တိုင်ပေ) နိုင်ငံတွင် မိုဘိုင်းဖြင့် အင်တာနက်သုံးစွဲသူ ၁၄ သန်းရှိကာ အစိုးရက ၎င်းတို့ကို ဖုန်းအလွန်အမင်း စွဲလန်းသူများအဖြစ် သတ်မှတ်ထားကြသည်။ ယခုအခါ တရုတ် (တိုင်ပေ) တွင် ဒဏ်ငွေကောက်ခံလိုက်ခြင်းဖြင့် ဖုန်းအလွန်အမင်းစွဲလန်းခြင်းကို တားဆီးခြင်းနှင့် ယာဉ်တိုင်မှုများကြောင့် သေဆုံးသည့် အရေအတွက်ကို လျော့ချနိုင်ရန် မျှော်လင့်နေသည်။ တရုတ် (တိုင်ပေ) ယာဉ်မောင်းများသည် ခြေကျင်လျှောက်သူများကို ဦးစားပေးလေ့မရှိကြောင်း စည်းကမ်းလိုက်နာမှုမရှိသော ယာဉ်အသွားအလာများသည် ခြေကျင်လျှောက်သူများကို အန္တရာယ်များစေကြောင်း အစိုးရ၏ဖော်ပြချက် အရသိရသည်။



ထို့ကြောင့် တရုတ် (တိုင်ပေ) တွင် ခြေကျင်လျှောက်သူများ လမ်းလျှောက်ခြင်းကို အာရုံမစိုက်ပါက ဒေါ်လာ ၁၀ အထိ ပေးဆောင်ရဖွယ်ရှိကြောင်း သိရသည်။



စိုးထက်Ref : Engadget

Internet Journal

နိုင်ငံသားများနှင့်တန်းတူ အခွင့်အရေး ပေးမည်ဟု ထိုင်းနှင့် မလေးရှား အစိုးရ ကတိပေး



 ရန်ကုန်၊ မေ ၁၁

  ထိုင်းနှင့် မလေးရှား နိုင်ငံတို့တွင် ရောက်ရှိနေသည့် မြန်မာအလုပ်သမားများ အနည်းဆုံးလုပ်ခ သတ်မှတ်ရေး ရရှိရေးအပြင် အဆိုပါ နိုင်ငံသားများနည်းတူ အခွင့်အရေး ပေးမည်ဟု ထိုင်းနှင့် မလေးရှား အစိုးရတို့က ကတိပေးကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထင်အောင်က ပြောကြားသည်။

မြန်မာအလုပ်သမားများအရေး ကိစ္စနှင့် ပတ်သက်၍ မေလ ၃ ရက်နေ့မှ ၁၁ ရက်နေ့အထိ အဆိုပါ နိုင်ငံများသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အပြီးတွင် ရန်ကုန်မြို့ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းကျောင်းတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

အနည်းဆုံး သတ်မှတ်ထားသည့် လုပ်အားခ မရရှိမှုအပြင် အခွင့်အရေး ချိုးဖောက်ခံရခြင်း စသည့် အလုပ်သမား ပြဿနာများကို သက်ဆိုင်ရာ နိုင်ငံရှိ လူမှုအဖွဲ့အစည်းများမှ တစ်ဆင့် တိုင်ကြားနိုင်ပြီး ယင်းသို့ တိုင်ကြားပါက သက်ဆိုင်ရာ နိုင်ငံအစိုးရကို တင်ပြကာ လုပ်ဆောင်ပေးမည် ဖြစ်ကြောင်း ဦးထင်အောင်က ဆိုသည်။

“သူတို့ နိုင်ငံသားတွေနဲ့ တန်းတူ အခွင့်အရေး ပေးမယ်လို့ ထိုင်းနဲ့ မလေးရှား နှစ်နိုင်ငံစလုံးက ကတိပေးတယ်” ဟု ၎င်းက ရှင်းပြသည်။

မလေးရှားနိုင်ငံတွင် ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး၊ ဒုတိယဝန်ကြီးတို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ထိုင်းနိုင်ငံတွင် အလုပ်သမား ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန်တစ်ဦးနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း၊ ယင်းနိုင်ငံများရှိ စက်ရုံများသို့ သွားရောက်ကာ မြန်မာလုပ်သားများနှင့် လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနထံမှ သိရှိရသည်။

မလေးရှားနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် မြန်မာလုပ်သားများ အကြမ်းဖက် ခံရမှုမျိုး ထပ်မံ မဖြစ်ပွားအောင် လုပ်ဆောင်ပေးမည်ဟု မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးက ကတိပေးခဲ့ပြီး မလေးရှား ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးနှင့် မြန်မာအလုပ်သမား သံအရာရှိတို့ အနည်းဆုံး တစ်လတစ်ကြိမ် တွေ့ဆုံ ဆွေးနွေးရန်လည်း သဘောတူညီမှု ရရှိခဲ့ကြောင်း ဦးထင်အောင်က ပြောကြားသည်။

ထိုင်းနှင့် မလေးရှား နိုင်ငံတို့တွင် သတ်မှတ်ထားသည့် အနည်းဆုံး လုပ်အားခ မရရှိခြင်း၊ လုပ်အား ခေါင်းပုံဖြတ်ခံရခြင်း၊ အကြမ်းဖက်ခံရခြင်း စသည့် ပြဿနာများနှင့် ကြုံတွေ့နေရကြောင်း မြန်မာလုပ်သားများထံမှ သိရှိရသည်။

မြန်မာလုပ်သားများသည် ထိုင်းနိုင်ငံတွင် သုံးသန်းဝန်းကျင် ရှိပြီး မလေးရှားနိုင်ငံတွင် နှစ်သိန်းငါးသောင်း ဝန်းကျင်ရှိကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနထံမှ သိရှိရသည်။

The Voice Weekly


အဆက်ဟောင်းနဲ့ သူ့ရဲ့ ချစ်သူအသစ်ကို သတ်ပြီး ကိုယ့်ကိုကိုယ် သတ်သေခဲ့တဲ့ အမျိုးသမီး


မေလ ၁၀ ရက် (စနေနေ့) အမေရိကန် ပြည်ထောင်စု၊ ဒဲလပ်စ် အနီးအ၀ိုက်မှာ လူသုံးဦးကို  သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေကြောင်း ရဲဌာနကို အကြောင်းကြားတဲ့ ဖုန်း ရရှိခဲ့ပါတယ်။


အခင်းဖြစ်ပွားတဲ့ နေရာမှာတော့ အသက် ၄၅နှစ်ရှိ  Michelle Boyer ကို သူ့ရဲ့ ကားထဲမှာ ကိုယ့်ကိုကိုယ် သေနတ်နဲ့ ပစ်သတ်ထားပုံ ရတဲ့ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာ တွေ့ခဲ့ရပါတယ်။ သူမရဲ့ အနောက်မှာတော့ မှတ်တမ်းစာအုပ် တစ်အုပ်ကို တွေ့ရှိခဲ့ကြောင်း ရဲများက ဆိုပါတယ်။ အဆိုပါ မှတ်စုထဲမှာ သူမကျူးလွန်ခဲ့တဲ့  ဖြစ်စဉ်အသေးစိတ်ကို ရေးသားထားပြီး အဲဒါကို တစ်စုံတစ်ဦး ဒါမှမဟုတ် ရဲများက သက်သေ အနေနဲ့ တွေ့ရှိစေလိုတဲ့ ရည်ရွယ်ချက် ရှိပုံရတယ်လို့ ကောက်ချက် ချပါတယ်။

ဒါ့အပြင် သေနတ်ဒဏ်ရာရထားတဲ့ အလောင်းနှစ်လောင်းကိုလည်း တွေ့ခဲ့ရပါတယ်။ တစ်ဦးကတော့ Boyer ရဲ့ အဆက်ဟောင်းဖြစ်သူ Jonathan Masin (အသက် ၄၀) ဖြစ်ပြီး နောက်တစ်ဦးကတော့ အသက် ၃၈နှစ်ရှိ Amy Picchiotti တို့ ဖြစ်ပါတယ်။ Jonathan Masin ကိုတော့ အ၀တ်အစား အပြည့်အစုံ ၀တ်ဆင်ထားခြင်း မရှိဘူးလို့ ရဲများရဲ့ မှတ်တမ်းအရ သိရပါတယ်။

အခင်းဖြစ်ပွားတဲ့ မနက် ၆ နာရီခွဲလောက်မှာ Masin ရဲ့ အိမ်နီးချင်းတွေက သေနတ်သံလို့ ပြောနိုင်တဲ့ အသံတွေကြားခဲ့ရတယ်လို့ ပြောကြပါတယ်။ အဲဒီနောက်မှာတော့ အသတ်ခံရသူ တစ်ဦးဦးရဲ့ ဖခင်ကနေ Masin ရဲ့ အိမ်ကို စစ်ဆေးကြည့်ရှုပေးဖို့ ရဲဌာနကို ဖုန်းဆက်ခဲ့ပုံရပါတယ်။ မကြာခင်မှာပဲ ရဲတွေရောက်လာပြီး အလောင်းတွေကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အလောင်းနှစ်လောင်းကိုတော့ အိမ်ထဲမှာ သီးခြားစီ တွေ့တာပါ။ သူတို့ဟာ အကျီင်္အ၀တ်အစား အပြည့်အစုံတော့ ၀တ်ထားခြင်းမရှိပါဘူး။ ဒါ့အပြင် ခြေဗလာနဲ့လို့ ရဲများကဆိုပါတယ်။

Boyer ဟာ သူမရဲ့ ကားကို ခင်ပွန်းဟောင်း Masin ရဲ့ အိမ်ရှေ့မှာ ရပ်ပြီး ကိုယ့်ကိုကိုယ် သေကြောင်းကြံဖို့ ရွေးချယ်ခဲ့ပုံရပါတယ်။ ဒါပေမယ့် သူမရဲ့ကားကို ဒဲလပ်စ်နဲ့ မိုင်အနည်းငယ်ဝေးတဲ့ နေရာမှာ ရပ်တန့်ထားတာ တွေ့ခဲ့ရပြီး သူမကိုလည်း ကိုယ့်ကိုကိုယ် သေနတ်ပစ်သတ်ပြီး သေဆုံးနေတာကို တွေ့ရပါတယ်။

သူမရဲ့ မှတ်စုစာအုပ်အရ သူမနဲ့ ခင်ပွန်းဟောင်း Masin တို့ လမ်းခွဲလိုက်ခြင်းက ယခုလို ဖြစ်ရပ်ဆိုးတွေ ဖြစ်လာစေဖို့ တွန်းပို့လိုက်ခြင်း ဖြစ်တယ်လို့ ရဲများက ပြောပါတယ်။



World-Myanmar

လက်နှစ်ဖက်ပြတ်နေပေမယ့် ကမ္ဘာ့အကောင်းဆုံး စားပွဲတင် တင်းနစ်ကစားသမားတွေကို အနိုင်ရိုက်နိုင်ခဲ့သူ




Angel on 2014-05-12 12:05  
တစ်စုံတစ်ခုကြောင့် ခင်ဗျားရဲ့ အိပ်မက်တွေ ပြိုလဲပျက်ဆီးခဲ့ရတယ်လို့ တွေးမိခဲ့ဖူးပါသလား။ ဒါဆို ဒီလူ ကို ကြည့်ဖို့ လိုပါပြီ။

အီဂျစ်လူမျိုး စားပွဲတင်တင်းနစ်ကစားသမား Ibrahim Hamato ဟာ အသက် ၁၀ နှစ်အရွယ်တုန်းက ကားမတော်တဆမှုတစ်ခုမှာ သူ့ ရဲ့ လက်နှစ်ဖက်လုံး ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမယ့် သူ ၀ါသနာအပါဆုံး အားကစားနည်းကနေ မစွန့် ခွာချင်ခဲ့ပါဘူး။ ဒါကြောင့် ရိုက်တံကို ပါးစပ်နဲ့ ကိုက်ပြီး စားပွဲတင်တင်းနစ် ကစားဖို့  အတွက် ကြိုးစားခဲ့ပါတယ်။

အခုဖော်ပြပါ Youtube ဗီဒီယိုထဲမှာ Ibrahim ဟာ ကမ္ဘာမှာရှိတဲ့ အကောင်းဆုံး စားပွဲတင်တင်းနစ်ကစားသမား တွေနဲ့ ယှဉ်ပြိုင်ပြီး ကစားခဲ့တာကို တွေ့ မြင်နိုင်ပါတယ်။ ပွဲစဉ်တော်တော်များများမှာ Ibrahim ရှုံးနိမ်ခဲ့ပေမယ့် အနိုင်ပွဲတွေလည်း ရရှိခဲ့ပါတယ်။ ဒါ့အပြင် နာမည်ကြီးစားပွဲတင်တင်းနစ်ကစားသမားတွေ ကိုယ်တိုင်က ခက်ခဲတဲ့ပြိုင်ဘက် အဖြစ် အသိအမှတ်ပြုခြင်းလည်း ခံခဲ့ရပါတယ်။

သူ့ ရဲ့ ဆောင်ပုဒ်ကတော့ “ ကြိုးစားရင် မဖြစ်နိုင်တာ မရှိပါဘူး” တဲ့။ ကျွန်တော်တို့ ဟာ မဖြစ်စလောက် အခက်အခဲလေးတွေ ကြုံတွေ့ တိုင်း ညည်းညူစိတ်ပျက်နေမယ့်အစား Ibrahim လို ကံကြမ္မာကို အရှုံးမပေးဘဲ ရင်ဆိုင်ကျော်ဖြတ်ဖို့ ကြိုးစားသင့်ပါတယ်။

Ref: Metro.co.uk
trend myanmar

အိန္ဒိယမှာ အငှားကိုယ်ဝန်ဆောင်နိုင်




ဖွံ့ဖြိုးပြီး နိုင်ငံ အဖြစ် အသိမှတ်ပြု ခံထားရပြီ ဖြစ်တဲ့ အိန္ဒိယ နိုင်ငံမှာ ခေတ် စား လာတဲ့ အလေ့အထ တစ်ခု ကတော့ အငှား ကိုယ်ဝန်ဆောင်ခြင်း ဖြစ်ပါ တယ်။ လူတန်းစား ကွာဟ မှုကြောင့် ဆင်းရဲသား လူတန်းစား များမှာ အငှားကိုယ်ဝန်ဆောင်ခြင်း ဝန်ဆောင်မှု အင်မတန် ရေပန်းစားလာ ပါတယ်။


ယင်းဟာ တရားဝင် ပြုလုပ်နိုင်တဲ့ စီးပွားရေး ဖြစ်ပြီး ဇနီး ဖြစ်သူဟာ ကိုယ်ဝန်မဆောင် နိုင်ရင် ကိုယ်ဝန် ဆောင်နိုင်တဲ့ အမျိုးသမီးဆီကနေ အငှား ဝန်ဆောင်မှု ဝယ်ယူ နိုင်ပါတယ်။ ဇနီးမောင်နှံရဲ့ DNA ပါဝင်တဲ့ ဓာတ်ကို အငှားဆောင်ပေမယ့်သူ ရဲ့ သားအိမ်သို့ ထည့်ပေးပြီး သာမန် အမျိုးသမီး တစ်ယောက်လိုပဲ ကိုးလလွယ်၊ ဆယ်လ ဖွားစေ ပါတယ်။ ဒီအတွက် ပေးရတဲ့ စရိတ်က ကာလ တန်ကြေး အားဖြင့် အမေရိကန်ဒေါ်လာ ၆၄၇၈ ရှိပါတယ်။ ယင်းငွေကြေးဟာ အိန္ဒိယလို နိုင်ငံမှာ အင်မတန် များပြားတဲ့ ငွေကြေး ပမာဏ ဖြစ်ပြီး အချို့ဆိုရင် ပိုရအောင် ကိုယ်ဝန် တစ်ခု ပြီးရင် နောက်တစ်ခု ဆက်ဆောင် ပါတယ်။

ယင်း အတွက်လည်း အိန္ဒိယ အစိုးရက တရားဝင် ခွင့်ပြု ထားပေးပြီး အငှားကိုယ်ဝန်ဆောင်တဲ့ ဈေးကွက် ကျယ်ပြန့် လာကြောင်း သိရ ပါတယ်။
.
Ref: uniquedaily.com
အောင်ခမ်း (www.innewsmyanmar.com)

KIA အား ၁၃ သိန်းပေး၍ ပြန်လွတ်လာသူ ဆေးဝါးကုသမှုခံယူနေရ




ကချင်ပြည်နယ်၊ မိုးညှင်းမြို့အောင်သပြေ(၁)ရပ်ကွက်နေ ဦးစိန်သန်းအား အေပြီ(၂၈)ရက်နေ့တွင် လယ်ထဲသို့သွားစဉ် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အဖွဲ့မှ ဖမ်းဆီးသွားခဲ့ပြီးနောက် မေ(၈)ရက်ည(၈)နာရီခန့်တွင် ၄င်း၏နေအိမ်သို့ ပြန်လည်ရောက်ရှိလာသော်လည်း ဆေးကုသမှုချက်ချင်းခံယူခဲ့ရကြောင်း ယင်းမြို့ခံများထံမှ သိရသည်။

အဆိုပါရပ်ကွက်နေ ဦးစိန်သန်းနှင့် ဦးရဲအောင်တို့(၂)ဦးသည် အေပြီ(၂၈)ရက်နေ့ နံနက်(၇)နာရီခန့်တွင် လယ်တောသို့ သွားစဉ် KIA မှ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ဦးရဲအောင်အားပြန်လွှတ်ပေးသော်လည်း ၄င်းအားဆက်လက်ဖမ်းဆီးသွား ခဲ့ခြင်းဖြစ်ပြီး ယခုမှ ပြန်လည်လွှတ်မြောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
`` သူအရမ်းကြောက်နေတယ် ၊ အခုဆေးတောက်လျှောက်ကုနေရတယ်၊ ဘယ်သူ့မှကိုစကားမပြောရဲဘူးဖြစ်နေတယ်၊ KIA ကဖမ်းသွားပြီး သူတို့စခန်းမှာနှိပ်စက်ခဲ့တာ ဘယ်လောက်ဆိုးလဲတော့မသိဘူး၊ အိမ်ရာထဲကကို မထနိုင်ဘူး´´ ဟု ဆွေမျိုးတော်စပ်သူ တစ်ဦးက ပြောသည်။
မိုးညှင်းမြို့ပေါ်ရပ်ကွက်များတွင် KIA မှ ညအချိန်မတော်ဝင်ရောက်ပြီး လူသစ်ဖမ်းဆီးမှုများပြုလုပ်ခဲ့ရာ (၃၀)ဦးထက်မနည်း အဖမ်းခံရကြောင်း၊ KIA မှ တပ်ဖွဲ့ဝင်ဟောင်းများဟု အကြောင်းပြကာ ဖမ်းဆီးသော်လည်း ဒေသခံများအဓိကပါဝင်နေ ကြောင်း၊ KIA စခန်း၌ ကြိုးတုတ်ဖမ်းဆီးထားကြောင်းနှင့် ငွေပေးနိုင်သောသူများကို ပြန်လွှတ်ပေးမည်ဟု ပြောကြားခဲ့၍ ဦစိန်သန်းအား ငွေပေးကာ ပြန်ရွေးခဲ့ရခြင်းဖြစ်ကြောင်း ရပ်ကွက်လူကြီးတစ်ဦးက ဆိုသည်။
``တောင်းတဲ့ငွေကဘယ်လောက်များလဲတော့မသိဘူး၊ ဦးစိန်သန်းကိုတော့ ငွေ(၁၃)သိန်းKIA အဖွဲ့ကို ပေးပြီး ပြန်ခေါ်ခွင့်ရ ခဲ့တာလိုပြောတယ်၊ အဲဒီစခန်းမှာ အဖမ်းခံထားရတဲ့ သူတွေကိုလည်း ငွေပေးရင်ပြန်လွှတ်မှာပေါ့၊ ငွေမပေးနိုင်ရင်တော့ လူသစ်ဆိုပြီး KIA ထဲဝင်ခိုင်းမှာပဲလေ၊ နောက်ဆုံးသေလားရှင်လားမသိဖြစ်သွားပြီး အဲ့ဒီလိုနဲ့ပြန်မလာနိုင်တဲ့ ဒေသခံတွေဒီ မြို့ပေါ်မှာ အများကြီးပါပဲ ´´ ဟု မြို့ခံစီးပွားရေးလုပ်ငန်းရှင် ကိုအာတီက ပြောသည်။
KIA စခန်း၌ ဦးစိန်သန်းအား (၁၀)ရက်ခန့်ထိတ်တုံးခတ်ထားပြီး မျက်နှာကို အ၀တ်စည်းထားသောကြောင့် နေအိမ်သို့ ပြန်လည်ရောက်ရှိလာသောအခါ အောက်ပိုင်းသေသလိုဖြစ်နေပြီး အာရုံကြောရောဂါခံစားနေရသဖြင့် ဆေးဝါးကုသမှု ခံယူနေရကြောင်း သိရှိရပါသည်။
ညီသစ်(မြစ်ကြီးနား)
ကချင်နေ့စဉ်သတင်း

မျိုးစောင့်ဥပဒေကို ကန့်ကွက်သည့် အရပ်ဖက်အဖွဲ့အစည်း ၉၇ ခုကို အမျိုးသားသစ္စာဖောက်များအဖြစ် မဘသ ကြေညာ



ဇန်နဝါရီလ ၁၅ ရက်နေ့က မန္တလေးမြို့မှာ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည် - မန္တလေး) ညီလာခံ ကျင်းပနေစဉ် Photo: U Wira Thu Facebook

အမျိုးစောင့်ဥပဒေ ပြဌာန်းရေးအတွက် ဥပဒေကြမ်းရေး ဆွဲနေတာကို ကန့်ကွက်ခဲ့တဲ့ အရပ်ဘက်လူ့အဖွဲ့အစည်း ၉၇ ဖွဲ့ကို အမျိုးသားသစ္စာဖောက်တွေအဖြစ် သတ်မှတ်ကြောင်း အမျိုးဘာသာသာ သနာ စောင့်ရှောက်ရေးအဖွဲ့(အထက်မြန်မာပြည်)က ဒီကနေ့ ကြေငြာချက် တစ်စောင်ထုတ်ပြန်လိုက်ပါတယ်။

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မန္တလေးတိုင်း ဒေသကြီး) ဦးဆောင်ဆရာတော်တွေက မစိုးရိမ်ကျောင်းတိုက်မှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲပြု လုပ်ပြီး ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

အဲဒီ ကြေညာချက်ထဲမှာ အရပ်ဘက်လူမှုအဖွဲ့အစည်း ၉၇ ဖွဲ့ကို အမျိုးသားသစ္စာဖောက်အဖြစ် သတ် မှတ်ကြောင်းအပြင် အမျိုးဘာသာသာသ နာ စောင့်ရှောက်ရေးအဖွဲ့က ရေးဆွဲတင်သွင်းထားတဲ့ အမျိုးစောင့်ဥပဒေ ၄ မျိုးအကြောင်းကို လေ့လာကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒါ့အပြင် အမျိုးစောင့်ဥပဒေနဲ့ ပတ်သက်ပြီး ဆွေးနွေးလိုရင်လည်း ဆွေးနွေးဖို့ဖိတ်ခေါ်ကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။
 RFA

NLD ပါတီအတွင်း ဒီမိုကရေစီနည်းမကျဟုဆိုကာ တနင်္သာရီတိုင်းမှ ပါတီဝင် ၈ ဦး နှုတ်ထွက်စာတင်



 တနင်္သာရီတိုင်းအတွင်းရှိ့  မြိတ်ခရိုင်နှင့် ပုလောခရိုင်တို့မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
( NLD)ပါတီဝင် ရှစ်ဦး တိုင်းဥက္ကဋ္ဌ၏ စီမံမှုကို မကျေနပ်သဖြင့် နုတ်ထွက်စာတင်ခြင်းကို မေလ ၁၇ရက်နောက်ပိုင်းတွင် အစည်းအဝေးထိုင်ကာ ဖြေရှင်းသွားမည်ဟု အင်အန်လ်ဒီ၏ တနင်္သာရီတိုင်း စည်းကမ်းထိန်းသိမ်းရေး ကော်မတီအဖွဲ့ဝင် ဦးသိန်းစိုးက မဇ္ဈိမကို ပြောသည်။

"မနေ့က တင်လာတာတော့ ၈ယောက်ပေါ့၊ ဒီကိစ္စအတွက် လာမယ့်အပတ်မှာ တနင်္သာရီတိုင်းကို ကျန်းမာရေးကွန်ယက်က ဒေါက်တာ တင်မျိုးဝင်းတို့ ၁၇ရက်နေ့ လာမယ့်၊ အဲဒီ့မှပဲ အစည်းအဝေးလုပ်မယ်။ ရက်ကတော့ မရွေးရသေးဘူး။ နုတ်ထွက်တဲ့သူတွေက ကျွန်တော်တို့ရဲ့ အဆုံးအဖြတ်ကို စောင့်နေတယ် လို့ပဲ မျှော်လင့်ထားတယ် ခင်ဗျ၊ ဒီကိစ္စတွေက တိုင်းဥက္ကဋ္ဌအပေါ် မကျေနပ်ချက်တွေကများတယ်။ အဲဒီ့အပေါ်မှာ ဖြစ်တာပါ"ဟု ဦးသိန်းစိုးက ပြောသည်။

ဧပြီလ ၂၃ရက်က တနင်္သာရီတိုင်း မြိတ်မြို့သို့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဟံသာမြင့်နှင့်အဖွဲ့ လာရောက်ခဲ့စဉ် ပါတီဝင်များနှင့် အစည်းအဝေး လုပ်ခဲ့ရာ အစည်းအဝေး အစီအစဉ်ကို မကျေနပ်ရာမှ အစပြုခဲ့သည်။ သည့်အပြင် အစည်းအဝေးတွင်လည်း မြိတ်မြို့နယ် NLDမှ ပါတီဝင်တစ်ဦးက မေးမြန်းမှုကို ဦးဟံသာမြင့်က ပြန်လည်ဖြေကြားခြင်း မပြုခဲ့သည့်အတွက် ဒီမိုကရေစီ နည်းမကျဟုဆိုကာ ယင်းနေ့တွင်ပင် နုတ်ထွက်ရန် ပါတီဝင် ကတ်ပြားများကို ပြန်လည်အပ်နှံခဲ့သည်ဟု ဦးသိန်းစိုးက ရှင်းပြသည်။

ပါတီ၏ လုပ်ငန်းတာဝန်များကို လုပ်ဆောင်ခြင်းမှ ရပ်နားရန် ဧပြီလ ၂၃ရက်က မြိတ်ခရိုင်မှ ဥက္ကဋ္ဌ၊ အလုပ်အမှုဆောင်များအပါအဝင် ပါတီဝင် ၁ဝဦးက လက်မှတ်ရေးထိုး၍ ဦးဟံသာမြင့်ထံ ပေးခဲ့ပြီး ထိုနေ့မှစကာ မြိတ်ခရိုင်နှင့် ပုလောခရိုင်မှ ပါတီဝင်များက ပါတီလုပ်ငန်းများကို လုပ်ဆောင်ခြင်း မရှိတော့ဟု တာဝန်ရပ်နားစာပေးသည့် အထဲတွင် ပါသည့် မြိတ်ခရိုင် NLDမှ ပါတီဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။

"နုတ်ထွက်တာ မဟုတ်ပါဘူး။ တာဝန်ကနေ ရပ်နားတာပါ။ မှန်မှန်ကန်ကန် အရေးယူပေးရင် ကျွန်တော်တို့ ပြန်လုပ်မှာပါ။ တိုင်းအလုပ်မှုဆောင်တစ်ချို့နဲ့ တိုင်းဥက္ကဋ္ဌကိုပါ။ အန်ကယ်ဦးဟံသာမြင့် လာတဲ့အချိန် သူကစကားမှားပြောလိုက်တော့ ပြဿနာဖြစ်သွားတာပေါ့။ ပြဿနာကို ဖန်တီးတာက တိုင်းအလုပ်အမှုဆောင်၊ ဥက္ကဋ္ဌအပါအဝင် လူတစ်ချို့ကြောင့်ပေါ့၊ "ဟု မြိတ်မြို့နယ်မှ NLD ပါတီဝင်တစ်ဦးက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင် ဦဟံသာမြင့်ကမူ "ဒါနဲ့ ပတ်သက်ပြီး ကျွန်တော်လည်း သေချာမသိသေးဘူး။ ဒီကိစ္စကို NLDရဲ့ ဗဟိုစည်းကမ်း ထိန်းသိမ်းရေးကို လွဲပြောင်းထားပါတယ်။ ဒါကတော့ ပါတီတွင်း ကိစ္စလည်းဖြစ်တယ်"ဟု မဇ္ဈိမကို ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုစည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ ဦးဥာဏ်ဝင်းကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ ယင်းကိစ္စနှင့် ပတ်သက်၍ ဗဟိုကို မရောက်ရှိသေးဟု ပြန်လည်ဖြေကြားသည်။

၂ဝ၁၂ခုနှစ် အောက်တိုဘာလကလည်း ဧရာဝတီတိုင်းအတွင်း ပုသိမ်အပါအဝင် မြို့နယ်များမှ NLD ပါတီဝင် ၁ဝဝခန့်က ဗဟိုထိန်းချုပ်မှု စနစ်ကို မနှစ်ဟုဆိုကာ နုတ်ထွက်ခဲ့သေးသည်။
Mizzima

ဆိုင်ကယ်မှောက်၍ သတိလစ်နေသည့် လူကိုမကယ်ဘဲ ဆိုင်ကယ်ခိုးသွားတဲ့ ယုတ်မာသည့် ဖြစ်ရပ် မိတီ်္ထလာတွင်ဖြစ်



မိတီ်္ထလာမြို့၊ လျှော်ဖြူကန်ကျေးရွာနေ ဇေယျမောင် (၂၅) နှစ်သည် မေလ (၅) ရက် နေ့က မိတီ်္ထလာ မှ လျှော်ဖြူကန် ကျေးရွာသို့ ၃၉ယ/၂၅၄၇၈ ရှာရမ်း ၁၁၀ အနက်ရောင် ဆိုင်ကယ်အား စီး၍ ပြန်လာစဉ် ကျီတော်ကုန်း ကွေ့ ရွှေမြိုင်ဝါးဆိုင်အနီးတွင် ဆိုင်ကယ် တိမ်း မှောက်၍ နာရီဝက်ခန့် သတိ လစ်သွားကြောင်း သိရသည်။ ပြန်လည် သတိရသောအခါ စီးလာ သော ဆိုင်ကယ်မှာ ပျောက်ဆုံး နေသည်ကို တွေ့ကြောင်း၊ ထို့နောက် မေလ (၈) ရက် နေ့ တွင် ပြည်သာယာမြောက်ရပ်ကွက်တွင် ဦးသိန်းဝင်း၏ နေအိမ်တွင် မိမိဆိုင်ကယ်အား ပြန်လည်တွေ့ရှိ၍ စုံစမ်းကြည့်သောအခါ ဆိုင်ကယ်ရောင်းသူ မှာ သီဟဇော် (ခ) ဂေါက် ကြောင် (၂၂) နှစ် ဖြစ်ကြောင်း သိရ၍ ဆိုင်ကယ် ခိုးယူသူ သီဟဇော်အား အရေးယူပေး ရန် ဇေယျမောင်က တရားလိုပြုလုပ်၍ တိုင် ကြားမှုအား အမှတ် (၂) နယ်မြေ ရဲစခန်းက (ပ) ၁၅၉/၂၀၁၄၊ ပုဒ်မ-၃၇၉ (ဆ) ဖြင့် အမှု ဖွင့်ထား အရေးယူထားသည်။
The Messenger

အန်ဂျီအိုရုံးတိုက်ခိုက်သူများအား ဆက်ဖမ်းမည်ဆိုသောသတင်းကြောင့် စစ်တွေတွင် လူအချို့ ရှောင်တိမ်းနေရ


(နိရဉ္စရာ- ၁၂ မေလ ၂၀၁၃)


မတ်လ ၂၆ ရက်နှင့် ၂၇ ရက်နေ့များက စစ်တွေတွင် အခြေစိုက်သော နိုင်ငံတကာ အန်ဂျီအိုရုံးများ တိုက်ခိုက်ခံရမူနှင့် ပတ်သက်ပြီး ဆက်စပ်သူများ၊ သင်္ကာမကင်းသူများကို ဆက်လက် ဖမ်းဆီးမည်ဟု သတင်းများ ထွက်ပေါ်နေသဖြင့် စစ်တွေ ဒေသခံအချို့ ရှောင်တိမ်းနေကြရသည်ဟု အမည်မဖေါ်လိုသူ တစ်ဦးက ပြောသည်။

“ ကျွန်တော်လည်း ဖမ်းမယ့် စာရင်းထဲမှာ ပါနေတဲ့ အတွက် ခဏ ရှောင်နေပါလို့ ပြောလာတာကြောင့် အခု စစ်တွေကနေ တခြားနေရာ တစ်ခုကို ရောက်နေပါတယ်။ ကျွန်တော်လိုဘဲ တခြား လူအချို့လည်း ခုလို ရှောင်တိမ်းနေကြရပါတယ်” ဟု နိရဉ္စရာသို့ ဖုံးထဲမှ တဆင့် သူက ပြောကြားသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မာတေဇာ နိုင်ငံခြားအန်ဂျီအိုမှ အမျိုးသမီး တစ်ဦး သာသနာ့အလံကို မဖွယ်မရာ လုပ်ကြောင့် သတင်းများ ပျံ့နှံ့သွားခဲ့ပြီးနောက် စစ်တွေတွင် အခြေစိုက်ထားသော နိုင်ငံတကာ အိုင်အန်ဂျီအိုရုံးများကို လူအုပ်စုများ မတ်လ ၂၆ ရက်နှင့် ၂၇ ရက်နေ့များက ၀ိုင်းဝန်းတိုက်ခိုက် ဖြိုဖျက်ခဲ့သည်။

“ ကျွန်တော်က အန်ဂျီအိုရုံးတွေကို တိုက်ခိုက်တဲ့ အထဲမှာ ပါဝင်တာ မဟုတ်ပါဘူး။ ပြဿနာ မကြီးထွားရအောင် ကြားဝင် ဖျဉ်ဖြေပေးခဲ့သူ ဖြစ်ပါတယ်။ အခုတော့ ဖမ်းမယ့် စာရင်းထဲမှာ ပါနေတယ်လို့ သတင်းထွက်နေတဲ့အတွက် စစ်တွေမနေမှာဘဲ တစ်ခြားဒေသ တစ်ခုကို ရောက်နေပါတယ်” ဟု ဆက်ဆိုသည်။

စစ်တွေမြို့တွင် အန်ဂျီအိုရုံးများ တိုက်ခိုက်ခံရပြီးနောက် သက်ဆိုင်ရာမှ စစ်တွေမြို့ ဓည၀တီ ရပ်ကွက်မှ အမျိုးသမီးများ အပါအ၀င် လူ (၁၂) ဦးကို ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးပြီးနောက် ဦးမောင်သိန်း (၅၄) နှစ်မှာ စစ်တွေ ထောင်ထဲတွင် ကွယ်လွန်သွားခဲ့သည်။

ယင်းနောက်ပိုင်းတွင် အမျိုးသမီး တစ်ဦးကို ပြစ်မူ မသေချာသဖြင့် ပြန်လွှတ်ပေးခဲ့သည်။

ယခုအချိန်ထိ ၁၀ ဦးကို ဖမ်းဆီးထားပြီး ရုံးတင် စစ်ဆေးနေကြောင်း သိရသည်။ ဆက်လက်ဖမ်းဆီးမူများ ပြုလုပ်မည်ဟု ဆိုသဖြင့် လူအချို့မှ ရှောင်တိမ်းနေကြသည်ဟု ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မိမိတို့ မသိရှိကြောင်း စစ်တွေ ရဲမှ တာဝန်ကျ ၀န်ထမ်း တစ်ဦးက ပြောသည်။

Narinjara

မုတ်သုံ ၀င်ပြီလား


ဧပြီလဆန်းခန့်မှစ၍ မြန်မာနိုင်ငံအထက်ပိုင်း ဒေသများတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း လေဆင်နှာမောင်း တိုက်ခတ်ခြင်းနှင့် နေရာကွက်ကြား မိုးရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့သည်။ မုတ်သုံဝင်ခါနီး ရာသီဖြစ်သော မေလဆန်းပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် မိုးကြိုမိုးရွာသွန်းမှု စတင်ခဲ့သည်။ မိုးကြိုကာလအတွင်း ထိုကဲ့သို့ လေပြင်းတိုက်ခတ်ခြင်း၊ မိုးရွာသွန်းခြင်းများသည် အနောက်လေပွေလှိုင်းများနှင့် မိုးတိမ်တောင်များကြောင့် ဖြစ်သည်။

မုတ်သုံကို မျှော်လေပြီ

အနောက်တောင် မုတ်သုံလေသည် ဇွန်လပထမ ၁၀ ရက်အတွင်း မြန်မာတစ်နိုင်ငံလုံးကို ၀င်ရောက်နိုင်ဖွယ်ရှိကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းခဲ့သည်။ ထို့ပြင် မိုးလေ၀သ ပညာရှင်များက မုန်တိုင်းငယ်များနှင့်အတူ မြန်မာနိုင်ငံအတွင်းသို့ မုတ်သုံလေ၀င်ရောက်ရန် ခန့်မှန်းမှုများ ရှိနေခဲ့သည်။

“မုတ်သုံကာလကို ၁၄၄ ရက် သတ်မှတ်ထားတယ်။ အခုနောက်ပိုင်းမှာ မုတ်သုံဝင်တဲ့ရက်တွေက နောက်ကျလာပြီး ထွက်တဲ့ရက်တွေ စောလာတဲ့အတွက် ရက်ပေါင်း ၃၀ လောက် မုတ်သုံကာလ တိုတောင်းသွားတယ်။ ၂၀၁၁ ကနေ ၂၀၁၃ အထိကို ပြန်ကြည့်လိုက်ရင် မုတ်သုံအ၀င်က မေနဲ့ဇွန် ပထမပတ်လောက်ဆိုရင် တစ်နိုင်ငံလုံးကို ၀င်သွားတာတွေ့ရတယ်။ နောက် မုတ်သုံထွက်တဲ့ အချိန်တွေကလည်း အောက်တိုဘာလောက်မှာ ထွက်တာတွေ တွေ့ရတယ်။ မုတ်သုံရက်တွေက ပုံမှန်ထက် တိုတောင်းနိုင်ပေမယ့် ရက်ပေါင်း ၃၀ ပတ်ဝန်းကျင်ကနေ ရက်ပေါင်း ၂၀ လောက်အထိပဲ လျော့ကျနိုင်တယ်” ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးက ပြောကြားသည်။

အနောက်တောင်မုတ်သုံလေ ၀င်ရောက်မည်ဆိုသော်လည်း ယခုနှစ်အတွင်း အယ်လ်နီညိုရာသီဥတု ဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းချက်များလည်း ပညာရှင်များက ခန့်မှန်းနေကြပြီး တောင်သူများ အားထားရသည့် အနောက်တောင်မုတ်သုံမိုး ရွာသွန်းရက်များမှာလည်း လျော့ကျမှုများ ရှိသည်ဟု ပညာရှင်များက သုံးသပ်ပြောကြားသည်။

အယ်လ်နီညိုနှင့် မုတ်သုံအခြေနေ

၂၀၁၄ သည် အယ်လ်နီညိုဖြစ်ပွားရန် ရာခိုင်နှုန်း ၆၀ ခန့် သေချာနေပြီး ပူပြင်းခြောက်သွေ့သည့် နှစ်တစ်နှစ်ဖြစ်ပွားကာ မုတ်သုံမိုးရွာ သွန်းရက်များ လျော့နည်းသွားနိုင်သည်ကို ထည့်သွင်းစဉ်းစားရန် လိုအပ်နေသည်။

ထို့ပြင် ယခုနှစ်အတွင်း အပူချိန်မြင့်တက်မှုသည် အအေးပိုင်းဒေသများဖြစ်သည့် စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တွင် စံချိန်တင် အပူချိန်မြင့်တက်မှုများရှိခဲ့ပြီး ယင်းကဲ့သို့ အပူချိန်မြင့်တက်မှုများက မုတ်သုံမိုးရွာသွန်းမှု လျော့ကျနိုင်သည့် အချက်ထဲတွင် ပါဝင်ကြောင်း သိရသည်။

“ကချင်ပြည်နယ် စစ်ကိုင်းတိုင်းအထက်ပိုင်းတို့မှာ အပူချိန်တွေ အရမ်းမြင့်တက်ခဲ့တယ်။ အေးရမယ့် နေရာတွေက အပူချိန်မြင့်တာက မုတ်သုံအတွက် အခြေအနေ မကောင်းဘူး။ ပြီးတော့ ဒီနှစ်က အယ်လ်နီညိုဖြစ်မယ့်နှစ်။ အယ်လ်နီညိုဖြစ်ဖို့က ရာခိုင်နှုန်း ၆၀ သေချာနေပြီ။ ဘယ်တော့သိမလဲဆိုတော့ ဇွန်လလောက်မှာသိပြီ။ အဲဒီလိုဖြစ်ပြီဆိုရင် မုတ်သုံမိုးက ၁၀ ရာခိုင်နှုန်းလျော့မယ်။ တစ်နေရာချင်းကြည့်ရင် ၃၀၊ ၄၀ အထိလျော့တဲ့ နေရာတွေလည်း ရှိမယ်။ အပူချိန်အနေနဲ့ ကြည့်မယ်ဆိုရင် ပုံမှန်ထက်ပူဖို့ ၆၆ ရာခိုင်နှုန်း သေချာတယ်။ အယ်လ်နီညိုဖြစ်ရင် ၁၂ လကြာတယ်။ အားအရမ်းကောင်းရင် ဒီထက်ကြာတယ်။ ရှေ့ခြောက်လ နောက်ခြောက်လဆိုတော့ နှစ်နှစ်ဖြစ်မယ်။ ဒီနှစ်ပိုပူဖို့ ၆၆ ရာခိုင်နှုန်းဆိုရင် နောက်နှစ်က ၈၅ ရာခိုင်နှုန်းအထိ ဖြစ်ဖို့ရှိတယ်။ ပူရင်လူ သေတာက ပိုများလာမယ်။ မိုးရေချိန်က လျှော့ဖို့ ဒီနှစ်မှာ ၆၆ ရာခိုင်နှုန်း ရှေ့နှစ်မှာ ၈၅ ရာခိုင်နှုန်းရှိတယ်။ အဲဒီတော့ ပူပြင်းပြီးတော့ ခြောက်သွေ့မယ်။ သောက်သုံးရေရှားမယ်။ စိုက်ပျိုးရေရှားမယ်” ဟု မိုးလေ၀သပညာရှင် ဒေါက်တာဦးထွန်းလွင်က ပြောကြားသည်။

ရေရှားတဲ့ ပြဿနာ

ထို့ပြင် ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှုများကြောင့် ဒေသအချို့တွင် အပူချိန်အနည်းငယ် ကျဆင်းသွားသော်လည်း မိုးရွာသွန်းမှုမရှိသော နေရာများတွင် ပုံမှန်အပူချိန်အတိုင်းသာ ဆက်လက်တည်ရှိနေပြီး အလယ်ပိုင်းမိုးနည်းရေရှား ဒေသနှင့် အခြားသော ဒေသများတွင် သောက်သုံးရေအပြင် စိုက်ပျိုးရေးအတွက်ပါ ရေရှားပါးမှုကို ကြုံနေရသည်။

အထူးသဖြင့် မုတ်သုံဝင်ရောက်သော်လည်း မုတ်သုံမိုးမရရှိဘဲ မုန်တိုင်းမိုးကိုသာ မျှော်လင့်နေသော မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများသည် သောက်သုံးရေပြတ်လပ်မှုနှင့် ကြုံတွေ့နေရပြီး ပဲနှင့်နှမ်းများ မျိုးချရန်အတွက် မိုးကြိုမိုးကို မျှော်လင့်လျက်ရှိသော အချိန်လည်းဖြစ်သည်။

ရေရှားတဲ့အလယ်ပိုင်း မိုးဘယ်တော့ရွာမှာလဲ

မြန်မာနိုင်ငံ၏ မုန်တိုင်းရာသီသည် မိုးကြိုကာလနှင့် မိုးနှောင်းကာလတို့တွင် ၀င်ရောက်လေ့ရှိပြီး မိုးကြိုကာလတွင် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပွားသော မုန်တိုင်းများ၏ ၃၃ ရာခိုင်နှုန်းခန့် ၀င်ရောက်ပြီး မိုးနှောင်းကာလတွင် ၂၇ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၃၀ ခန့် ၀င်ရောက်လေ့ရှိသည်။

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသသည် သဘာဝ၏ အတားအဆီးများကြောင့် မုတ်သုံမိုးရရှိခြင်းမရှိဘဲ မုန်တိုင်းရာသီများဖြစ်သည့် မိုးကြိုကာလနှင့် မိုးနှောင်းကာလများတွင် ဖြစ်ပွားသော မုန်တိုင်းမိုးများနှင့် အခြားသောနိုင်ငံများသို့ ဖြတ်သန်းဝင်ရောက်ခဲ့သော မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်များကြောင့်သာ မိုးရေရှိနေခြင်းဖြစ်သည်။ မုန်တိုင်းကြောင့်ရသော မိုးရေကသာလျှင် အလယ်ပိုင်းဒေသ၏ သောက်သုံးရေလိုအပ်မှုကို ဖြည့်ဆည်းပေးနေသည်ဟု ဆိုနိုင်ပေသည်။

“ပခုက္ကူဘက်မှာ မိုးခေါင်ပြီးတော့ အပူချိန်တွေ အရမ်းမြင့်တယ်။ သောက်ရေကန်တွေ ရေခမ်းကုန်ပြီ။ ရွာတဲ့မိုးကလည်း ရေသိပ်မပါဘူး။ ဒီလလယ်လောက်မှ မိုးထပ်မရွာရင် တစ်သီးလောက် နောက်ကျသွားနိုင်တယ်” ဟု ပခုက္ကူဒေသခံ တောင်သူတစ်ဦးက ပြောကြားသည်။

ယခု မိုးကြိုကာလအတွင်း မုန်တိုင်းငယ်တစ်ခုသည်လည်း မြန်မာနိုင်ငံသို့ ၀င်ရောက်မှုမရှဘဲ လွဲချော်ခဲ့သဖြင့် အလယ်ပိုင်းဒေသများ မိုးရေရရှိရန် လွဲချော်ခဲ့သည်။

မိုးကြိုနှင့် မိုးကြိုလေပြင်းများ

မိုးကြိုကာလတွင် မိုးတိမ်တောင်များကြောင့် ဖြစ်ပွားသော မိုးကြိုးပစ်ခြင်း၊ လေပြင်းတိုက်ခြင်း၊ လေဆင်နှာမောင်းတိုက်ခြင်း၊ လျှပ်တစ်ပြက်မိုးရွာခြင်း အစရှိသည်တို့ကြောင့် ထိခိုက်ပျက်စီးမှုများသည် ယခုနှစ်တွင် နေရာအနှံ့ ဖြစ်ပျက်ခဲ့သည်။

ယခုနှစ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ပေါင်းထောင်ချီခန့် ပျက်စီးဆုံးရှုံးခဲ့သည့်အပြင် မိုးကြိုးပစ်မှုကြောင့် လူငါးဦးထက်မနည်း သေဆုံးခဲ့ရသည်။

“မိုးကြိုကာလမှာ မိုးတိမ်တောင်တွေဖြစ်ပြီး လေပြင်းတိုက်တာတွေ မိုးကြိုးပစ်တာတွေက ဖြစ်တတ်တယ်။ မုတ်သုံဝင်ပြီး နှစ်ပတ်လောက်အထိကို အဲဒီဖြစ်စဉ်တွေက ဆက်ဖြစ်နေမှာ မုတ်သုံထွက်ခါနီးအချိန်မှာ ပြန်ဖြစ်တယ်။ အခုနှစ်ထဲမှာဆိုရင် လေပြင်းတိုက်တာတွေ၊ မိုးကြိုးပစ်တာတွေ၊ လေဆင်နှာမောင်း တိုက်တာတွေက နေရာတော်တော်များများမှာ ဖြစ်တယ်” ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောသည်။

နာဂစ်ခြောက်နှစ်ပြည့်နှင့်အတူ

မေ ၂ ရက်သည် မြန်မာနိုင်ငံတွင် နာဂစ်မုန်တိုင်းဝင်ရောက်မှု ခြောက်နှစ်ပြည့်မြောက်သည့်အချိန်သို့ ရောက်ရှိခဲ့သည့် ကာလလည်း ဖြစ်သည်။ နာဂစ်မုန်တိုင်း သက်ရောက်မှုဒဏ် ခံခဲ့ရသည့် ဧရာဝတီတိုင်း ပြည်သူများသည် မုန်တိုင်းရာသီဖြစ်သည့် မိုးကြိုမိုးနှောင်းကာလများသို့ ရောက်ရှိသည့်အချိန်တိုင်း စိုးရိမ်ထိတ်လန့်မှုများလည်း ရှိနေသည်။ ယခုကဲ့သို့ မိုးကြိုကာလ မုတ်သုံနီးကပ်လာပြီ ဖြစ်သည့်အတွက် လေပြင်းတိုက်ခတ်မှုများနှင့် မိုးရွာသွန်းမှုများ ဖြစ်ပေါ်တိုင်း မုန်တိုင်းဒဏ် သင့်ခဲ့ဖူးသူတိုင်း ထိတ်လန့်စိုးရိမ်မကင်း ဖြစ်နေကြရကြောင်း သိရသည်။

“နာဂစ်ဖြစ်ခဲ့တာ ၂၀၀၈ ခုနှစ် မေ ၂ ရက်က အခုလည်း မိုး/ဇလက မေလမှာ မုန်တိုင်းငယ်တစ်ခု ဖြစ်နိုင်လို့ ခန့်မှန်းထားတော့ ကျွန်မတို့ သတိပြုနေထိုင်ဖို့ လိုပါတယ်။ မုန်တိုင်းဖြစ်နိုင်တယ်လို့ ကြိုတင်ခန့်မှန်းချက်တွေ သိရတော့ တစ်ခုခုဆို ကြိုတင်ပြင်ဆင်လို့ ရတာပေါ့။ ကျွန်မတို့ကတော့ နာဂစ်ကို ကိုယ်တိုင်ကြုံခဲ့သူမို့ မုန်တိုင်းငယ်ဖြစ်ဖြစ် လေဖိအားနည်းရပ်ဝန်းဖြစ်ဖြစ် လေကြမ်းကြမ်း တိုက်လာပြီဆိုကတည်းက သတိထားနေရတာပါ” ဟု ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်မှ ဒေသခံ မမိုးမိုးက ပြောကြားသည်။

၁၉၇၈ ခုနှစ်နောက်ပိုင်းမှစ၍ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းအများဆုံး ဖြစ်ပွားမှုသည် မိုးတွင်းကာလတွင် ဖြစ်ပွားခဲ့သော်လည်း ယင်းနောက်ပိုင်းတွင် မုန်တိုင်းများသည် မိုးကြိုမိုးလွန် ကာလများတွင် ပိုမိုဖြစ်ပွားမှုကြောင့် မုန်တိုင်းအန္တရာယ် ပိုမိုကြီးထွားလာခြင်းဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းသည် အားကောင်းလာကာ မုန်တိုင်းတစ်ခုအဖြစ် အိန္ဒိယနိုင်ငံ တောင်ပိုင်းကို ဖြတ်ကျော်သွားခဲ့ကြောင်းနှင့် ယင်းမုန်တိုင်းငယ်သည် အာရေဗျပင်လယ်အတွင်းသို့ ဦးတည်ရွေ့လျားနေကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် ဆက်စပ်လျက်ရှိသည့် ပင်လယ်ပြင်များတွင် မိုးကြိုကာလ မုန်တိုင်းရာသီအတွင်း လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်မှုသည် ခြေလှမ်းကျဲနေပြီး မုတ်သုံကိုပါ ဆွဲခေါ်လာနိုင်သည့် မုန်တိုင်းငယ် ၀င်ရောက်ခဲ့ခြင်း မရှိသေးသည့်အတွက် ယခုနှစ် အနောက်တောင်မုတ်သုံလေသည် ယခင်နှစ်များနည်းတူ နောက်ကျသွားနိုင်ကြောင်း ခန့်မှန်းတင်ပြလိုက်ပါသည်။

နွေနှင့် မိုးကြိုကာလဆိုင်ရာ အချက်အလက်အချို့

နွေရာသီကာလ - မတ်၊ ဧပြီ၊ မေ

အပူဆုံးကာလ - ဧပြီ

ကြုံတွေ့ရနိုင်သော သက်ရောက်မှုများ - အပူချိန်မြင့်တက်ခြင်း၊ အပူရှိန်ကို မြင့်မားစွာခံစားရခြင်း၊ မိုးနည်းပါးခြင်း၊ သောက်သုံးရေအခက်အခဲ ဖြစ်ပေါ်ခြင်း၊ ကျန်းမာရေးပိုင်းဆိုင်ရာ ဂရုပြုရခြင်း

အပူချိန်အမြင့်ဆုံး ကြုံရသောဒေသ - မြန်မာနိုင်ငံအလယ်ပိုင်းဒေသ

မိုးကြိုကာလ - ဧပြီလလယ်မှ မေလလယ် (အနောက်တောင်မုတ်သုံလေ မ၀င်ရောက်မီ)

ကြုံတွေ့နိုင်သော သက်ရောက်မှုများ - မိုးကြိုမိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းရွာသွန်းခြင်း၊ လေဆင်နှာမောင်းတိုက်ခတ်ခြင်း စသည့် မိုးတိမ်တောင်များကြောင့် ဖြစ်ပေါ်သော ဖြစ်စဉ်များ (မုန်တိုင်းကို အနောက်တောင်မုတ်သုံလေ မ၀င်ရောက်မီအထိ သတိပြုရသည်)

မိုးကြိုကာလအတွင်း လေဆင်နှာမောင်း၊ လေပြင်းတိုက်မှုနှင့် မိုးကြိုးပစ်မှု ဖြစ်စဉ်အချို့

စဉ် - အကြောင်းအရာ - ဖြစ်ပွားသည့်ဒေသ - ပျက်စီးဆုံးရှုံးမှု

၁။ - လေဆင်နှာမောင်းတိုက်မှု - ဟင်္သာတမြို့ - အိမ်ခြေ ၉၀ ပျက်စီးနှင့် မိုးသီးကြွေ
၂။ - လေပြင်းတိုက်ခတ် - မြင်းခြံမြို့ - လူနေအိမ် ၂၂၅ လုံး ပျက်စီး
၃။ - လေဆင်နှာမောင်း - ညောင်ရွှေမြို့ - လူနေအိမ် ၁၄၀ ခန့် ပျက်စီး
၎။ - လေဆင်နှာမောင်း - ရွှေတောင်မြို့ - လူနေအိမ် ၄၅ လုံး ပျက်စီး
၅။ - လေပြင်းတိုက်ခတ် - သန်လျင်မြို့ - လူနေအိမ် ၂၀၀ ခန့် ပျက်စီး

မေ ၉ ရက်က မြန်မာနိုင်ငံ ဒေသအချို့ရှိ အမြင့်ဆုံး မိုးရေချိန်လက်မများ

စဉ် - မြို့အမည် - မိုးရေချိန်လက်
၁။ - ဘားအံ - ၃ ဒသမ ၈၂ လက်မ
၂။ - မချမ်းဘော - ၂ ဒသမ ၄၈ လက်မ
၃။ - ကျိုက္ခမီ - ၁ ဒသမ ၇၃ လက်မ
၎။ - မော်လမြိုင် - ၁ ဒသမ ၁၈ လက်မ

ရန်ကုန်မြို့တွင်း တစ်နေရာတွင် မေလဆန်းပိုင်းအတွင်းက မိုးရွာပြီးနောက် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေစဉ်

Eleven Media Group