နစ်မြုပ် တောင်ကိုရီးယားသင်္ဘောတွင်း ရေငုပ်ကယ်ဆယ်ရေး ကြိုးပမ်း

Sewol တောင်ကိုရီးယားသင်္ဘောနစ်မြုပ်နေတဲ့ထဲက ပိတ်မိနေသူတွေကို ရှာဖွေနေတဲ့ ကယ်ဆယ်ရေးလုပ်ငန်းမြင်ကွင်း။ (ဧပြီ ၁၈၊ ၂၀၁၄)

တောင်ကိုရီးယားအနောက်တောင်ဖက် ကမ်းလွန်မှာ နစ်မြုပ်သွားတဲ့သင်္ဘောထဲကို ဝင်နိုင်ဖို့ ရေငုပ်သမား ကယ်ဆယ်ရေးတွေ ဆက်လက် ကြိုးစားနေကြပါတယ်။

အစောပိုင်းတုန်းက သင်္ဘောပြူတင်းပေါက်ကနေတဆင့် အလောင်း ၃ လောင်းကို ရေငုပ်သမားတွေက တွေ့ရှိခဲ့ကြပါတယ်။ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ရေငုပ်သမား ၅၀၀ ကျော်နဲ့ လုပ်နေကြပါတယ်။ လောလောဆယ် အတည်ပြုနိုင်သလောက် သေဆုံးသူ ၃၂ ယောက် ရှိသွားပါပြီ။

အထက်တန်း ကျောင်းသူ အများအပြားပါတဲ့ ပျောက်နေဆဲ ၂၇၀ ကတော့ သေသလား ရှင်သလား မသိရပေမဲ့ အသက်ရှင်ရက် ရှိနေနိုင်တဲ့ အခြေအနေကတော့ နည်းလာနေပါပြီ။ လှိုင်းကြီးနေတာကြောင့် ရှာဖွေကယ်ဆယ်ရေးတွေ အခက်တွေ့နေပေမယ့် ပျောက်ဆုံးနေဆဲ ခရီးသည်တွေရဲ့ မိသားစုဝင်တွေကတော့ သူတို့ရဲ့ သားသမီးတွေကို အမြန်ဆုံး ရှာတွေ့နိုင်ဖို့ မျှော်လင့်နေကြပါတယ်။

ဖြစ်တဲ့နေ့ကတည်းက ကလေးတွေကို ကယ်ဆယ်နိုင်သင့်ပါတယ်။ အချိန်ကလင့်လာပါပြီ၊ မိဘတွေ ရင်ပူရလွန်းလို့ သေရပါတော့မယ်၊ ဒီလောက်အေးတဲ့ ရေထဲမှာ ကလေးတွေ အအေးလွန်ပြီး ကြောက်နေကြပါရော့မယ်လို့ ကျောင်းသား မိသားစုဝင်တယောက်က ပြောသွားတာ ဖြစ်ပါတယ်။

သောကြာနေ့တုန်းကတော့ သင်္ဘော Captain နဲ့ သင်္ဘောအမှုထမ်း ၂ ယောက်ကို သင်္ဘောတိမ်းစောင်းမှောက်ပြီး မကြာခင်မှာပဲ သင်္ဘောကို စွန့်ခွာခဲ့မှုနဲ့ ရဲက ဖမ်းဆီးလိုက်ပါတယ်။ သင်္ဘောဘေးကို တိမ်းမှောက်သွားပြီး  ဘေးလွတ်ရာ ထွက်ပြေးနိုင်တဲ့ လမ်းကြောင်းတွေ ပိတ်နေချိန်မှာတောင် ခရီးသည်တွေ နေရာကနေ မရွေ့ဖို့ Captain ကပဲ ညွှန်ကြားခဲ့ပုံရတယ်လို့ သံသယရှိပါတယ်။

Sewol  သင်္ဘောနစ်သွားစဉ်မှာ ခရီးသည် ၄၇၆ ယောက် သင်္ဘောထဲမှာ ပါသွားတာပါ၊ Jeju ကျွန်းဆီ ကျောင်းသားရာနဲ့ချီကို လေ့လာရေးခရီး ထွက်ဖို့ ဦးဆောင်ခေါ်လာတဲ့ အထက်တန်းကျောင်းရဲ့ ဒု-ကျောင်းအုပ်ဆရာကို သဘောင်္နစ်ရာက ကယ်တင်နိုင်ခဲ့ပေမယ့် သောကြာနေ့ကပဲ သူ့ကိုယ်သူ အဆုံး စီရင်သွားပါတယ်။ ဒီကနေ့ စနေနေ့မှာတော့ လူတွေစုဝေးပွဲ သူ့အတွက် အောက်မေ့ဖွယ် ဆုတောင်းခဲ့ကြပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

သင်္ကြန်ကို သရော်သော ကာတွန်းများ - မြန်မာ့ခေတ်


လင်မယားချင်း စကားများရန်ဖြစ်စဉ် ခင်ပွန်းမှ ဓါးနှင့်ထိုး၍ ဇနီးဖြစ်သူ သေဆုံး


၁၉.၄.၂၀၁၄ ရက်နေ့ ၁၂၁၀ အချိန်တွင် တောင်ဥက္ကလာပမြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် တောင်ဥက္ကလာပမြို့နယ်၊ (၁၄/၁)ရပ်ကွက်တွင် ဓါးထိုးမှုဖြစ်ပွားကြောင်းသတင်းအရ သွားရောက် စစ်ဆေးခဲ့ရာ အင်ကြင်းလမ်းနေ ဒေါ်စောကလျာ၊ (၃၆)နှစ်၊ (ဘ)ဦးရန်ဝေးမှာ
နေအိမ်နောက်ခန်းတွင် ၀ဲမျက်လုံးအထက်၊ ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ယာလက်ဖ၀ါးထိုးသွင်းဒဏ်ရာ(၁)ချက်၊ ၀ဲဘက်ရင်ညွန့် ထိုးသွင်းဒဏ်ရာ
(၁)ချက်၊ ၀ဲချိုင်းအောက်ထိုးသွင်းဒဏ်ရာ(၁)ချက်တို့ရရှိကာ သေဆုံးနေ
သည်ကို တွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူဒေါ်စောကလျာသည် ခင်ပွန်းဖြစ်သူ
မောင်ချစ်၊ (၃၈)နှစ်၊ (ဘ)ဦးဘအေးမှာ ယခင်အိမ်ထောင်နှင့်ပြန်လည်
ဆက်သွယ်မှုပြုလုပ်သည့်ကိစ္စကို ပြောဆိုရာမှ လင်မယားစကားများ
ခဲ့ကြောင်း၊ ထိုသို့စကားများစဉ် မောင်ချစ်မှ အရှည်(၈)လက်မခန့်ရှိ ကတ်ကြေး ဖြင့်ထိုးခဲ့၍ ဒဏ်ရာများရရှိသေဆုံးခဲ့ခြင်းဖြစ်ကြောင်းနှင့်
မောင်ချစ်မှာ အခင်းဖြစ်ပွားပြီး ထွက်ပြေးတိမ်း ရှောင်သွားခဲ့ကြောင်း သိရှိရပါသည်။

ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်သွားသူ မောင်ချစ်အား ၁၂၅၀ အချိန်
တွင် ရန်ကင်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက ရဲစခန်းအနီးတွင် မသင်္ကာဖွယ်
တွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးရာမှ အဆိုပါလူသတ်မှုကို ၎င်းမှကျူးလွန်
ခဲ့ကြောင်းသိရှိရသဖြင့် တောင်ဥက္ကလာပမြို့မရဲစခန်းသို့ လွှဲပြောင်းပေးအပ် ခဲ့ပါသည်။

ထိုသို့ပြစ်မှုကျူးလွန်သူ မောင်ချစ်အား တောင်ဥက္ကလာပမြို့မရဲစခန်း (ပ)၁၇၇/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၂ ဖြင့်အမှုဖွင့်ကာ အရေးယူဆောင်ရွက်
လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ရန်ကုန်လူဦးရေ တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေး

ပြည်သူ့အင်အားဦးစီးဌာနဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ခိုင်ခိုင်စိုး

ရန်ကုန်မြို့ လူဦးရေ ဘယ်လောက်ရှိတယ်ဆိုတာ တရားဝင်ထုတ်ပြန်တာ မရှိသေးဘဲ တမြို့နယ်ချင်းအလိုက် တက်လာတဲ့စာရင်းတွေ ပေါင်းပြီး မှန်းသန်းရေးနေကြတာ ဖြစ်တယ်လို့ ပြည်သူ့အင်အားဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်စိုးက ပြောပါတယ်။

အခု ရက်ပိုင်းထွက်ရှိလာတဲ့ ပြည်တွင်းထုတ်သတင်းစာနဲ့ ဂျာနယ်တချို့မှာ ရန်ကုန်လူဦးရေ ၇ သန်းကျော် ရှိတယ်ဆိုတဲ့ ရေးသားဖော်ပြချက်တွေနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းကြည့်ရာမှာ ဒေါက်တာ ခိုင်ခိုင်စိုးက အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
“သူတို့ ဘယ်လိုလုပ်ပြီးတော့ လုပ်ကြသလဲတော့ ကျမလည်း မပြောတတ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီ စာရင်းက ကျမတိုပ လက်ထဲမှာပဲ ရှိပါတယ်။ တမြို့နယ်ချင်းက ထွက်လာတဲ့ ဂဏန်းတွေ ရှိပါတယ်။ အဲဒီ ဂဏန်းတွေကို ပေါင်းပြီး စိတ်ကူးယဉ်ပြီး ပြောကြည့်နေတာ ကျမတို့ ကိုယ်တိုင်လည်း မသိပေးပါဘူး။ ရန်ကုန်မြို့နယ်ဆိုတဲ့ နယ်နိမိတ်သတ်မှတ်ချက်ကိုလည်း ကျမတို့ အခုချိန်အထိ ဘယ်ဟာကို ရန်ကုန်နယ်နိမိတ်ဆိုတာ မဆုံးဖြတ်ရသေးပါဘူး။ စည်ပင်သာယာ ဆိုရင် စည်ပင်သာယာ သပ်သပ်လုပ်ပေးရမယ်။ ရန်ကုန်မြို့တော်ဆို မြို့တော်စာရင်းပေါ့နော်။ ဒါမျိုးတွေ သပ်သပ်လုပ်ရမှာပါ။ ကျမတို့ ကိုယ်တိုင် လုံးဝ မပေါင်းရသေးပါဘူးရှင်။”

ကောက်ယူရရှိထားတဲ့ လူဦးရေ လက်ပေါင်းစာရင်းတွေကို အခုနှစ် သြဂုတ်လမှာ ထုတ်ပြန်ဖို့ရှိပြီး တရားဝင် လူဦးရေစာရင်းကိုတော့ ၂၀၁၅ ခုနှစ် ပထမ ၄ လပတ်အတွင်း ထုတ်ပြန်သွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

သန်းခေါင်စာရင်း ကောက်ယူခဲ့တဲ့ ဆရာ ဆရာမတွေရဲ့ လက်ပေါင်းစာရင်းတွေဟာ အခုအချိန်မှာ အမှားအယွင်းတွေ အများကြီး ရှိနေနိုင်သေးတယ်လို့လည်း ဆိုပါတယ်။

ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ၈ ရပ်ကွက်မှာနေတဲ့ သတင်းစာဆရာ ဦးမြင့်ကျော်က သူတို့ ရပ်ကွက်ထဲ သန်းခေါင်စာရင်းကောက်တဲ့နေရာမှာ စေ့စေ့စပ်စပ် ကောက်ယူသွားတာမျိုး မတွေ့ရဘူးလို့ ပြောပါတယ်။

“တချို့ အိမ်တွေက ကိုယ့်အလုပ်နဲ့ ကိုယ့်ကိစ္စမျိုးနဲ့ဆိုရင် သူတို့ ညဘက်လိုမျိုးမှာ လာမကောက်ပဲ နေ့ဘက် အိမ်မှာလည်း လူမရှိဘူးဆိုရင် မရနိုင်တာမျိုးလည်း ဖြစ်နိုင်တယ်။ တကယ့်ကို စေ့စေ့စပ်စပ် ကောက်တာမျိုးတော့ မဟုတ်ဘူး။ ကျနော်တို့ ရပ်ကွက်ထဲမှာ သိပ်အများကြီး လူအုပ်ကြီးနဲ့ သွားတာတော့ မတွေ့ဘူး။ ကျောင်းဆရာ ဆရာမတွေ ၂ ယောက် ၃၊ ၄ ယောက်လောက် သန်းခေါင်စာရင်း ကောက်တဲ့ အင်္ကျီတွေ ၀တ်ထားတယ်။ အဲဒါလောက်ပဲ တွေ့တယ် အင်အား အများကြီးတော့ မတွေ့ဘူး။”

မြန်မာပြည်မှာ သန်းခေါင်စာရင်းမကောက်ခဲ့တာ နှစ်ပေါင်း ၃၀ကျော်အကြာ ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်မှာ သန်းခေါင်စာရင်း ပြန်လည်ကောက်ယူခဲ့ပြီး ဧပြီလကုန်အထိ ဆက်လက်ကောက်ယူဖို့ ရှိတယ်လို့ ပြောကြားထားပါတယ်။

တောင်ကိုရီးယား သင်္ဘောရှာဖွေရေး ကြန့်ကြာ

ညချိန်ထိ မီးမောင်းထိုး ရှာနေ

ဗုဒ္ဓဟူး နေ့က နစ်မြုပ် သွားတဲ့ တောင်ကိုရီးယား ကူးတို့ သင်္ဘော Sewol ရှာဖွေရေး လုပ်ငန်း တွေ ၂ လ လောက် အချိန်ယူ ရနိုင်တယ်လို့ အာဏာပိုင် တွေက ပြောဆိုပါတယ်။

ပျောက်ဆုံး နေဆဲ ခရီးသွား တွေကို ရေငုပ်သမား တွေက သက်စွန့် ဆံဖျား ကြိုးစား ရှာဖွေ နေကြဆဲ ဖြစ်ပြီး ခုချိန်ထိ လူ ၂၅ဝ ကျော် ပျောက်နေဆဲ ဖြစ်ပါတယ်။

သင်္ဘောပျက် ရှာဖွေရေး အတွက် ကရိန်းကြီး ၃ စင်း အရံသင့် ရှိပေမယ့်လည်း သင်္ဘောထဲမှာ အသက်ရှင် ကျန်သူ တယောက် မှ မရှိတော့ တာ သေချာမှ ဒီကရိန်း တွေနဲ့ ဆယ်ယူမယ် လို့ တောင် ကိုရီးယား အာဏာပိုင် တွေက ပြောဆို ပါတယ်။

ရာသီဥတု အခြေအနေ ကောင်းလာပေမယ့် လည်း ရေစီးသန်ပြီး ရေအောက် မကြည်လင်မှု တွေကြောင့် ရှာဖွေရေး တွေ နှောင့်နှေး နေရပါတယ်။

စနေနေ့ကတော့ ရုပ်အလောင်း ၃ လောင်းပဲ ပြန်ဆယ်လို့ ရခဲ့ပါတယ်။

ဒီလို ရှာဖွေရေး နှောင့်နှေးမှု တွေကြောင့် တိုးမြှင့် လုပ်ဆောင်ဖို့ ခရီးသွား တွေရဲ့ ဆွေမျိုး မိဘ တွေက အာဏာပိုင် တွေကို အမျက်ဒေါသနဲ့ တောင်းဆို ခဲ့ကြပါတယ်။

သင်္ဘော ပေါ်က ရှာဖွေလို့ ရတဲ့ ရုပ်အလောင်း တွေကို ခွဲခြား သိနိုင်ဖို့ ဒီအင်အေ မျိုးဗီဇ နမူနာတွေ လည်း ဆွေမျိုး တွေက စုဆောင်း ပေးနေ ကြပါတယ်။

သင်္ဘော မာလိန်မှူးနဲ့ အငယ်တန်း အရာရှိ ၂ ယောက်ကိုလည်း ဖမ်းဆီးထား လိုက်ပြီ ဖြစ်ပါတယ်။

BBC Burmese

မလေးရှား လေယာဉ် ရှာဖွေရေး နီးစပ်လာပြီ

လေယာဉ်ပျောက် ရှာဖွေရေး ဆုတောင်းပေးကြ

မလေးရှား လေယာဉ်ပျောက် ရှာဖွေရေး အရေးကြီးတဲ့ အဆင့် ကို ရောက်နေပြီ လို့ မလေးရှား ပို့ဆောင်ရေး ဝန်ကြီး H . Hussein က ပြောဆို လိုက်ပါတယ်။

မကြာခင် ရက်ပိုင်း အတွင်း တခုခု အမြန်ပြန်တွေ့ရဖို့ အတွက် နာနာ ဆုတောင်း ပေးကြပါလို့ မလေးရှား ဝန်ကြီးက ကမ္ဘာကို ပန်ကြား ခဲ့ပါတယ်။

လေယာဉ် ပျံသန်းမှု မှတ်တမ်းတင် ကိရိယာ က ထွက်ပေါ်လာတယ်လို့ ယုံကြည် ရတဲ့ အချက်ပြ ဆက်သွယ်မှု ကို ခြေရာခံမိဖို့ လူမပါတဲ့ ရေငုပ်သင်္ဘောနဲ့ ပင်လယ် ကြမ်းပြင်မှာ ၆ မိုင် ပတ်လည် အတွင်း ပိုက်စိတ်တိုက် ရှာဖွေ နေတာ ဖြစ်ပါတယ်။

ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ် ပျောက်ကို တပတ် အတွင်း တွေ့အောင် ရှာနိုင်မယ် လို့ မျှော်လင့်ကြောင်း ဩစတြေးလျ အာဏာပိုင် တွေက ပြောဆို ပါတယ်။

BBC Burmese

ဦးဝင်းတင် ဒုတိယ အကြိမ် ကျောက်ကပ်ဆေး

ဝါရင့် သတင်းစာဆရာနဲ့ နိုင်ငံရေး သမား ဦးဝင်းတင်

ရန်ကုန် ဆေးရုံကြီးမှာ ဆေးကုသမှု ခံနေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် က သတင်းစာ ဆရာကြီး ဦးဝင်းတင် ဟာ ဒီကနေ့ နေ့ခင်းပိုင်း က ဒုတိယ အကြိမ် ကျောက်ကပ် ဆေးကြော ကုသမှု ခံယူ ခဲ့ပါတယ်။

ကျောက်ကပ် ဆေး နေစဉ် အတွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် ဦးဝင်းတင်ကို ထပ်မံ လာရောက် ကြည့်ရှု အားပေး ခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၁၂ ရက်နေ့ ကတည်းက ဆေးရုံတက် ကုသ ခဲ့ရတဲ့ ဦးဝင်းတင် ကျန်းမာရေး အတွက် ဆေးရုံ နံဘေးမှာ ဆုတောင်း ပေးနေသူ တွေ လည်း ရှိပါတယ်။

BBC Burmese

သင်္ကြန်ရေကစားအပြန် ကားတိမ်းမှောက်၍ မာန်အောင်မြို့နယ်တွင် တစ်ဦးသေ


(နိရဉ္စရာ- ၁၉ ဧပြီလ ၂၀၁၄)

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် တွင် ရေကစားပြီး ပြန်လာသော ကားတစ်စီး ယမန်နေ့က မတော်တဆ တိမ်းမှောက်သွားရာမှ လူတစ်ဦးသေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာ ရရှိသွားကြောင်း သတင်း ရရှိသည်။

“မာန်အောင်မြို့နယ် ကမားကျေးရွာ ရေကစားမဏ္ဍပ်က ရေကစားအပြီး ပြန်လာတဲ့ကား ကြက်ရိုးကျေးရွာ သာသနာ အလင်းရောင်ကျောင်းရှေ့ လမ်းကွေ့မှာ တိမ်းမှောက်သွားတဲ့ အတွက် လူတစ်ဦးသေပြီး ဆယ်ဦးခန့် ဒဏ်ရာ ရသွားပါတယ်” ဟု ဒေသခံ တစ်ဦးက နိရဉ္စရာသို့ ဖုံးထဲမှ ပြောသည်။

သေဆုံးသွားသူမှာ တစ်ဝ ကျေးရွာက မောင်တင်အေးဖြစ်ကြောင်း သူက ဆိုသည်။

ကားတိမ်းမှောက်စဉ် ကားပေါ်မှာ လူ ၂၀ ခန့် ပါလာသည်ဟု သိရသည်။

Narinjara 

သင်္ကြန်တွင်း အမြန်လမ်း ယာဉ်တိုက်မှု ၂၂ မှု သေဆုံးသူ ၁၆ ဦးရှိ


တောင်ငူ၊ ဧပြီ ၁၈

ယာဉ်မတော်တဆမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာသည့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ၂၀၁၄ ခုနှစ် ဧပြီလ ၁၃ ရက်မှ ၁၆ ရက်နေ့အထိ သင်္ကြန်ကာလ လေးရက်တာ ကာလအတွင်း ယာဉ်မတော်တဆမှု ၂၂ မှု ရှိခဲ့ပြီး လူ ၁၆ ဦး သေဆုံးခဲ့ကာ ၄၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဖြစ်ပွားတာ အများစုက ကားလေးတွေကြောင့်လည်း ပါသလို လူအမှားကြောင့် များပါတယ်။ ဒီဖြစ်စဉ်တွေကို ကြည့်ရင် ဖြစ်ပွားမှု အများဆုံး နေရာဖြစ်တဲ့ မိုင်တိုင်အမှတ် ၁၁၀ နဲ့ ၁၂၀ ကြား နေရာတွေမှာ လမ်းမကြီးက တစ်ဖြောင့်တည်း ဖြစ်နေတော့ ယာဉ်မောင်းတွေ ဂရုစိုက်ရမယ်ဆိုတာ သတိပေးချင်ပါတယ်” ဟု ၎င်းကဆိုသည်။

၂၀၁၃ ခုနှစ် ပထမလေးလပတ် ကာလအတွင်း ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုများထက် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဧပြီလ ၁၇ ရက်နေ့အထိ ယာဉ်မတော်တဆမှုများ ပိုမိုများပြားလာခဲ့ရာ ရက်ပေါင်း ၁၀၇ ရက်အတွင်း ယာဉ်မတော်တဆမှု ၁၄၇ မှု ဖြစ်ပွားခဲ့ပြီး စုစုပေါင်း ၅၇ ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိသူ ၂၆၂ ဦးအထိ ရှိခဲ့ကြောင်းနှင့် အများဆုံး လူသေဆုံးမှုမှာ ဧပြီလ ၁၂ ရက် နံနက်က ဖြစ်ပွားခဲ့သည့် တောင်ကြီး-ရန်ကုန် ခရီးသည်တင် မှန်လုံယာဉ်တစ်စင်းက အိမ်စီးကား တစ်စီးကို နောက်မှ ဝင်တိုက်၍ လူ ၁၂ ဦး သေဆုံးကာ လူ ၅ ဦးခန့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ကြောင်း ရန်ကုန်-မန္တလေး အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီးနေဝင်းက ပြောကြားသည်။

ယင်းသို့ အမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆ ဖြစ်ပွားမှုနှုန်း မြင့်တက်လာခြင်းကို ကာကွယ်ရန် ယခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ အမြန်လမ်းမကြီးပေါ် ဖြတ်သန်းမောင်းနှင်နေသော အိမ်စီးယာဉ်များ၊ အဝေးပြေး ခရီးသည်တင် မော်တော်ယာဉ်ကြီးများ သတ်မှတ် မိုင်နှုန်းထက် ပိုမိုမောင်းနှင်မှုများကို အရှိန်မြှင့် ဖမ်းဆီးအရေးယူခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

“ဒီတစ်လ နှစ်လ အတွင်းမှာကို သတ်မှတ်မိုင်နှုန်း ကီလို တစ်ရာ့တစ်ဆယ်ကျော်တဲ့ မော်တော်ကားပေါင်း ၄၅၀ လောက်ကို ဖမ်းဆီး အရေးယူပြီး တရားစွဲဆိုနိုင်ခဲ့တယ်။ ဆိုင်ကယ်ဖမ်းဆီး ရရှိမှုကတော့ လျော့သွားပါပြီ။ အခုဖြစ်နေတာက အိမ်စီးကား မောင်းနှင်သူတွေ အများစုက သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းကြလို့ ယာဉ်တိုက်မှုတွေ ဖြစ်ပွားတာ များနေပါတယ်” ဟု အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဧပြီလ ၁၂ ရက် နံနက် ၂ နာရီအချိန် မိုင်တိုင် ၁၁၆ အနီးတွင် တောင်ကြီးမြို့မှ ထွက်ခွာလာသော ခရီးသည် ၄၄ ဦး ပါရှိသည့် တောင်ပြာတန်း ခရီးသည်တင်ယာဉ်နှင့် အိမ်စီးယာဉ်ငယ်တို့ တိုက်မှု ဖြစ်ပွားပြီး ကားနှစ်စီးလုံး မီးလောင်ခဲ့ရာ တောင်ပြာတန်း ခရီးသည်တင် ယာဉ်ပေါ်မှ ခရီးသည် ခြောက်ဦးနှင့် ယာဉ်ငယ်ပေါ် လိုက်ပါလာသူ ခြောက်ဦး စုစုပေါင်း ၁၂ ဦး မီးလောင်၍ သေဆုံးခဲ့ပြီး ငါးဦး ဒဏ်ရာရရှိခဲ့သည်။

မီးလောင်မှုကြောင့် ဆလွန်းယာဉ်မှာ တန်ဖိုးငွေ ကျပ်သိန်း ၁၁၀ ခန့်၊ တောင်ပြာတန်း ခရီးသည်တင် မှန်လုံယာဉ်မှာ တန်ဖိုးငွေ ကျပ်သိန်း ၇၅၀ ခန့်၊ ယာဉ်ပေါ်ပါ ကုန်ပစ္စည်းနှင့် အဝတ်အထည် တန်ဖိုးငွေ ကျပ်သိန်း ၄၀ ခန့်၊ စုစုပေါင်း တန်ဖိုးငွေ ကျပ်သိန်း ၉၀၀ ခန့် မီးလောင် ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ယာဉ်တိုက်မှုဖြစ်ပြီး ထွက်ပြေးသွားသော ခရီးသည်တင် မှန်လုံယာဉ် မောင်းနှင်သူ အောင်ဇေယျကို ဖြူးအမြန်လမ်း ရဲစခန်း ယာဉ် (ပ) ၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

The Voice Weekly

မြန်အောင်မြို့မှာ ဆိုးဆေးပါတဲ့ စိမ်းစားငပိတွေ သိမ်းဆည်းဖျက်ဆီး


ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့မှာ လူကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ဆိုးဆေးတွေပါတဲ့ စိမ်းစားငပိတွေကို သိမ်းဆည်းဖျက်ဆီးလိုက်ပါတယ်။

မြန်အောင်မြို့မှာ လူကို အန္တရယ်ဖြစ်စေနိုင်တဲ့ ဆိုးဆေးတွေ အသုံးပြုထားတဲ့ စိမ်းစားငပိတွေကို မြို့မစည်ပင်ဈေးကြီးထဲမှာ လိုက်လံသိမ်းဆည်းပြီး  ဆေးရုံကြီးထဲမှာ မြေမြှုပ်ဖျက်ဆီး ပစ်လိုက်ပါတယ်။

မြန်အောင်မြို့  ဆေးရုံအုပ်ကြီး ဒေါက်တာ ဝင်းထိန်က “ဒီစိမ်းစားငပိတွေရောင်းတဲ့ ဆိုင်တွေကနေပြီးတော့ ၅ ကျပ်သားထုတ်တွေ ၂ ထုတ်စီပေါ့နော် အဲ့ဒါတွေကို နမူနာပို့ပေးပါ။ တိုင်းကို အဲ့ဒါ ကျနော်ပို့ပေးလိုက်ပါတယ်။ သိပ်မကြာဘူး ကျွန်တော်ဆီကို အဖြေပြန်လာပါတယ်။ အဲ့ဒီမှာ ၁၇ မျိုးထဲမှာ ၁၆ မျိုးထဲမှာ ဒီလူကို အန္တရာယ်ဖြစ်စေတဲ့ ဆိုးဆေးတွေပါတယ်ဆိုပြီး သတင်းပို့ပါတယ်။ ကျနော်တို့ဆီကို ဒီလောက်ဘဲ အသိပေးပါတယ်။ ဒါပေမဲ့ တိုင်းကနေပြီး ဆင့်ကဲဆင့်ကဲ ဒေသအစိုးရ အုပ်ချုပ်ရေးပိုင်းကနေပြီးတော့ ဒီသင်္ကြန်တွင်းထဲမှာဘဲ ဒီမြို့နယ် အုပ်ချုပ်ရေးမှူးက ခေါ်ပြီးတော့ ဆရာကြီးတို့ ပို့လိုက်တဲ့ လူကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ဆိုးဆေးတွေပါတဲ့အတွက် ဒါတွေကို အဖွဲ့ဖွဲ့ပြီးတော့ တိုင်းအစိုးရ အဖွဲ့ညွန်ကြားချက်အတိုင်း ဆောင်ရွက်ပြီးရမယ်ဆိုတော့ ဆောင်ရွက်တာဖြစ်ပါတယ်”လို့ ပြောပါတယ်။

မြို့နယ် အာဏာပိုင်တွေ ပါဝင်တဲ့ အဖွဲ့တဖွဲ့ဟာ ဧပြီလ ၁၉  ရက် မနက် ၁၀ နာရီလောက်မှာ ဈေးဆိုင်တွေကို သွားရောက်သိမ်းဆည်းခဲ့တာဖြစ်ပြီး စိမ်းစားငပိ ဆိုင် ၅ ဆိုင်က ငပိ ပိသာချိန် ၁၀၀ ကျော်သိမ်းဆည်းခဲ့ပါတယ်။

သိမ်းဆည်းရမိတဲ့ ငပိဆိုင်ပိုင်ရှင်တွေ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ ဝန်ခံကတိလက်မှတ်ထိုးခိုင်းပြီး ပြန်လွတ်ပေးခဲ့ပါတယ်။ အခုသိမ်းဆည်းတာကို ဘာမှ မပြောလိုပေမဲ့ ဒီငပိတွေ ထုတ်လုပ်တဲ့ ပင်ရင်းတွေကိုသာ သွားရောက်စစ်ဆေးပြီး အရေးယူဆောင်ရွက်သင့်တယ်လို့ ဆိုင်ရှင်တွေက ပြောကြပါတယ်။

မြန်အောင်မြို့ ငပိ ငါးခြောက် ကုန်ဆိုင်ပိုင်ရှင် တဦးဖြစ်တဲ့ ဒေါ်ဌေးဌေးဝင်း က “ပစ္စည်းလာရောင်းတာကို ဝယ်ရောင်းတာ။ သူတို့ အမှန်တကယ်လုပ်ရမှာက ငပိထွက်တဲ့ နေရာတွေမှာ ငပိထွက်တယ်ဆို ဘယ်နေရာထွက်တယ်ဆိုတာ သူတို့သိတယ်မလား။ ငပိထွက်တဲ့ နေရာတွေကို သူတို့သိတာပေါ့ ပျဉ်ခရိုင်၊ ဟိုင်းကြီးတို့ဘာတို့ သူတို့ပါးစပ်က ပြောနေတာလေ။ ဘာလုပ်ပေးသင့်မလည်းဆိုတော့ ငပိကြိတ်တဲ့ စက်ရုံတွေမှာသွားပြီးတော့ ဂဃနဏ ဥပဒေနဲ့ လျှော်ညီအောင်လုပ်မှသာလျှင် ဒီပစ္စည်းက အကောင်းထွက်လာမှာ ထွက်လာမှာလည်း ဗမာပြည် တပြည်လုံးက ထုတ်တဲ့နေရာက ပစ္စည်းကောင်းမှ ဗမာပြည်တလုံးက ကောင်းကောင်းမွန်မွန် သုံးလို့ ရမှာ”လို့ ပြောပါတယ်။

စိမ်းစားငပိရောင်းချသူတွေကို စည်းကမ်းတွေသတ်မှတ်ပေးသွားမှာ  ဖြစ်ပြီး ဒီဆိုးဆေးအသုံးပြု ထားတဲ့ စိမ်းစားငပိ စားသူတွေ အနေနဲ့ရေရှည်မှာ ကျန်းမာရေးထိခိုက်နိုင်တယ်လို့ သိရပါတယ်။

မြန်အောင်မြို့က စိမ်းစား ငပိ ၁၇ မျိုးကို ပြီးခဲ့တဲ့လထဲမှာ ဓာတ်စမ်းသပ်ရာမှာ စိမ်းစား ငပိ ၁၆ မျိုးမှာပါတဲ့ ဆိုးဆေးတွေဟာ လူကို အန္တရာယ်ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။

DVB Burmese 

Bladder Cancer ဆီးအိမ်-ကင်ဆာ


အခုက အသက် ၈၂ နှစ်ရှိတဲ့ အဘတစ်ယောက် ဆီးအိမ်ကင်ဆာဖြစ်လို့ပါ။ ခွဲစိတ်ဖို့ အားမရှိလို့ ဘယ်လိုလုပ်ရမှန်းမသိလို့ ဆရာ့ကို အခြေအနေလေးမေးကြည့်တာပါဆရာ။

(ကင်ဆာ) ဆိုတာ ပုံမှန် (ဆဲလ်) တွေဟာ ပုံမှန်မဟုတ်ဖြစ်မယ်၊ ပုံမှန်ပွါးနည်း မဟုတ်ဘဲ ပွါးများလာတာကို ခေါ်တယ်။ ဆီးအိမ်-ကင်ဆာက အစမှာ အတွင်းဆုံး အလွှာကနေအဲလို ဖြစ်လာတယ်။ များသောအားဖြင့် စောစော သိတတ်ပါတယ်။ ဆေးကုသနည်းတွေကလဲ ဘေးမပြန့်သေးရင် ထိရောက်တယ်။ ကံမကောင်းချင်ရင် ပြန်ပေါ်တတ်တယ်။ ဒါကြောင့် တခါပျောက်တဲ့နောက် ဆေးစစ်နေရမယ်။

Blood in Urine ဆီးထဲသွေးပါတာ သိတာနဲ့ ကင်ဆာ ဟုတ်-မဟုတ် စစ်ဆေးရမယ်။ မျက်စိနဲ့ သွေးကိုမြင်ရတာ မဟုတ်ဘဲ အနုကြည့်မှန်ဘီလူးနဲ့စစ်မှ သိရတာမျိုးလဲရှိတယ်။ ဆီးအရောင် နီနေရင်၊ ညိုနေရင်၊ ရင့်နေရင် စစ်ပါ။ နီရဲရဲက ရှားတယ်။ ဆီးထဲ သွေးပါတိုင်းလဲ ကင်ဆာ မဟုတ်ပါ။ ထိခိုက်မိတာ၊ လေ့ကျင့်ခန်းလုပ်တာ၊ ပိုးဝင်တာ၊ သွေးကျဲဆေး၊ မူးယစ်ဆေးတွေကြောင့်လဲ ဆီးထဲသွေးပါနိုင်တယ်။

Bladder Changes ဆီးသွားပုံပြောင်းလဲခြင်း
• ဆီးသွားချင်စိတ်ဖြစ်တယ်၊ သွားကြည့်တယ်၊ ဆီးမထွက်ဘူး။
• ခါတိုင်းထက် ဆီးအကြိမ်ရေ ပိုသွားမယ်၊
• ဆီးသွားရင် နာမယ်၊
• ဆီးအသွားရ ခက်မယ်။
• သတိထားဘို့က ဆီးလမ်းပိုးဝင်ရင်လဲ ဒီလိုအပြောင်းအလဲတွေရှိတယ်။

ကင်ဆာမှန်သမျှ ဘာလို့ဖြစ်လဲ တိတိကျကျပြောမရပါ။
• ဆေးလိပ်သောက်သူတွေမှာ ဆီးအိမ်-ကင်ဆာ ၄ ဆ ပိုဖြစ်စေနိုင်တယ်။
• ဓါတုဆေးတွေနဲ့ ထိတွေ့မှုရှိနေသလား သတ္တုတွေကို ကိုယ်တွယ်ရတဲ့အလုပ်မျိုး၊ စက်ပြင်ဆရာ၊ ဆံပင်အလှ ပြင်ပေးရသူတွေမှာ သူများတွေထက် ပိုဖြစ်ကြတယ်။ ဆိုးဆေးတွေ၊ ရာဘာလုပ်ငန်းလုပ်သူတွေ၊ ခြည်ထည် လုပ်ငန်းလုပ်သူတွေ၊ သုတ်ဆေး ကိုင်ရသူတွေ ကိုင်တွယ်တာမှာ အထူးဂရုစိုက်သင့်ကြတယ်။
• ယောက်ျားတွေက မိန်းမတွေထက် ၃ ဆပိုဖြစ်နိုင်တယ်။
• ၁ဝ ယောက်ထဲက ၉ ယောက်ဟာ အသက် ၅၅ နှစ်ကျော်နေပြီ။
• အသားဖြူလူမျိုးတွေက အသားမဲတွေထက် ၂ ဆပိုတယ်။
• မိသားစုထဲ တယောက်မကဖြစ်တာလဲရှိတယ်။

ရောဂါသေခြာအောင်လုပ်နည်း
• ဒါတွေဒါတွေ လုပ်ရမယ်လို့တော့ သတ်မှတ်မထားပါ။ Urine test ဆီးစစ်တာတော့ လုပ်ရမယ်။
• Cystoscopy ကရိယာနဲ့ကြည့်တယ်၊
• Biopsy အသားဖြတ်ယူစစ်ဆေးနည်းက အကောင်းဆုံးဖြစ်တယ်။
• Intravenous pyelogram သွေးထဲကိုဆေးသွင်းပေးပြီး ဓါတ်မှန်ရိုက်နည်း၊
• CT and MRI scans လုပ်မယ်။

Types of Bladder Cancer ဆီးအိမ်-ကင်တာ အမျိုးအစားများ
Transitional cell carcinoma က အဖြစ်အများဆုံးဖြစ်တယ်။ Squamous cell carcinoma နဲ့ Adenocarcinoma တွေက အဖြစ်နည်းတယ်။

Stages of Bladder Cancer ဆီးအိမ်-ကင်ဆာ အဆင့်များ
Stage 0 အတွင်းဆုံးအလွှာမှာသာရှိသေးတယ်။
Stage I ဆီးအိမ်နံရံမှာသာရှိသေးတယ်။
Stage II ဆီးအိမ်-ကြွက်သားအထိရောက်နေပြီ။
Stage III ဆီးအိမ်ဘေးက အဆီနေရာအထိရောက်နေပြီ။
Stage IV တခြားနေရာတွေအထိ ရောက်နေပြီ။

ကုသနည်း
ခွဲစိတ်နည်းကို စောတဲ့အဆင့်မှာ လုပ်တာများတယ်။ တကယ်လို့ ဆီးအိမ်နေရာ အတော်များများမှာ ဖြစ်နေရင် Partial cystectomy ဆီးအိမ် တစိတ်တပိုင်းထုတ်ပြစ်မယ်။ လိုအပ်ရင် Radical cystectomy ဆီးအိမ်တခုလုံးကို ထုတ်ပြစ်မယ်။ ယောက်ျားတွေမှာ ဖြစ်ရင် ဆီးကျိတ် နဲ့ ဆီးသွားပြွန်တွေကိုပါ ထုတ်ဘို့လိုရင် ထုတ်မယ်။ အမျိုးသမီး ဆိုရင် သားအိမ်၊ သားအိမ်ပြွန်တွေ၊ မျိုးဥအိမ်တွေ နဲ့ ဗဂျိုင်းနား တစိတ်တပိုင်းကိုပါ ထုတ်သင့်ရင် ထုတ်မယ်။

ဆီးအိမ်ကို ထုတ်လိုက်ရရင် ဆီးအတွက် နည်းလမ်းသစ်တခုလုပ်ပေးမယ်။ အူအပိုင်းအစတခုယူသုံးမယ်။ External Urostomy bag အိတ်ထဲ ဆီးသွားစေအောင် လုပ်ပေးမယ်။ တချို့ကို ဗိုက်ထဲမှာ ဖန်တီးပေးမယ်။ Artificial bladder ဆီးအိမ်အတုလုပ်တာလဲ ဖြစ်လာနေပြီ။

• Chemotherapy ကင်ဆာဆေးပေးနည်း
• Immunotherapy (အင်မြူနိုသာရာပီ) နည်း
• Radiation ဓါတ်ကင်နည်းတွေလဲရှိတယ်။
• ကုသနည်းသစ်တွေလဲ စမ်းသပ်နေပါတယ်။ Photodynamic therapy လေဆာသုံးကုတယ်။ Gene therapies ဓါတ်ခွဲခန်းမှာ ဗိုင်ရပ်ကို တီထွင်ပြီး ကုတာမှာ သုံးတယ်။

Sex after Bladder Cancer treatment ဆေးကုပြီးနောက် လင်မယား အတူနေနိုင်ရေး
ခွဲရစိတ်ရလို့ အရေးပါတဲ့ အာရုံကြောတွေ ပျက်စီးသွားမယ်။ လိင်အရေးမှာ ခက်ခဲစေတယ်။ လိင်အင်္ဂါ မသန်မာတာ ဖြစ်နိုင်တယ်။ အသက်သိပ်မကြီးသူတွေမှာ အချိန်ကြာရင် ပိုသက်သာလာတာ ရှိပါတယ်။ ယောက်ျားတွေမှာ Prostate gland နဲ့ Seminal vesicles တွေကိုပါ ထုတ်လိုက်ရရင် Semen သုက်ရည် မထွက်နိုင်တော့ပါ။ မိန်းမတွေမှာ Orgasm လိင်ဆန္ဒပြည့်ဝမှု ရဘို့ခက်မယ်။ ဆက်ဆံတဲ့အခါလဲ အရင်လိုမကောင်းတော့ပါ။

Survival Rates ဘယ်လောက်ကောင်းလာနိုင်သလဲ
ရောဂါဖြစ်တာ ဘယ်လောက် စောစောသိသလဲအပေါ် မူတည်တယ်။ ဝေဒနာသည် တဝက်လောက်က စောစော သိကြပါတယ်။ ၅ နှစ်အထိ ရှင်မဲ့သူ ၁ဝဝ% ရှိတယ်။

Dr. တင့်ဆွေ
၂၂-၃-၂ဝ၁၂
၁၉-၄-၂ဝ၁၄

တောင်ပြာတန်းယာဉ်လိုင်းမှ ခရီးသည်များအတွက် အာမခံကြေးရရန် ဆောင်ရွက်ပေးမည်ဟုဆို


ခင်မြတ်မြတ်ဝေ | စနေနေ့၊ ဧပြီလ ၁၉ရက်၊ ၂၀၁၄ခုနှစ်။

ရန်ကုန်၊ မဇ္ဈိမ။ ။ တောင်ပြာတန်းယဉ်လိုင်းမှ ယာဉ်တိုက်မှုတွင်ထိခိုက်ခဲ့သည် ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများအတွက် အသက်အာမခံကြေး ရရှိရန် တောင်ပြာတန်း ယာဉ်လိုင်းက ဆောင်ရွက်ပေးမည်ဟု တောင်ကြီးမြို့ရှိ တောင်ပြာတန်း ကားဂိတ်မှ တာဝန်ခံ ဒေါ်ချိုက မဇ္ဈိမကို ပြောသည်။

"ကားက အစိုးရမှာ အမခံကြေးသွင်းထားပါတယ်။ ခရီးသည်တွေအတွက်ကိုလည်း အသက်အမခံကြေး သွင်းထားတယ် အခုဟာရုံးတွေကပိတ်ထားတယ်။ ရုံးဖွင့်ရက်ကျမှ လိုက်လုပ်ရမယ်"ဟု ဒေါ်ချိုက ပြောသည်။

ကားမီးလောင်ကျွမ်းခဲ့ခြင်းကြောင့် တောင်ပြာတန်းခရီးသည်တင် ယဉ်လိုင်းပေါ်တွင် ခရီးသည် ခြောက်ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၄ဦးတွင် ပျောက်ဆုံးနေသူ၂ဦးမှာ ဧပြီလ ၁၉ရက်နေ့တွင် အဆက်သွယ်ရရှိသောကြောင့် စုစုပေါင်း ဒဏ်ရာရရှိသူများနှင့် သေးဆံုးသူများ အတွက် အသက်အာမခံများဆောင်ရွက် ပေးနေသည်ဟုဆက်လက်ပြောသည်။

“ကားထဲမှာ လူနှစ်ယောက်က ပျောက်နေတာ ဒီနေ့မှအဆက်သွယ်ရတယ်။ သူတို့က ရန်ကုန်မှာ ဆေးရုံတက်နေတယ်လို့ သိရတယ်။ ကုန်ကျစရိတ်ကတော့ တချို့တ၀က်ကိုတော့ ဖြေရှင်းပေးနေပါတယ်။ ကျွန်မတို့ယဉ်လိုင်းအနေနဲ့ ဖြေရှင်းပေးနေပါတယ်။”ဟု ဒေါ်ချိုက ပြောသည်။

ဧပြီလ ၁၂ရက် နံနက် ၂နာရီခန့်က တောင်ကြီးမှ ရန်ကုန်သို့ မောင်းနှင်လာသည့် တောင်ပြာတန်းအမြန်ယာဉ်သည် အမြန်လမ်း မိုင်တိုင် ၁၁၆ အရောက်တွင် မတ်တူးယာဉ်တစ်စီးကို ကျော်တက်ရမှ တိုက်မိကာ မတ်တူးယာဉ်သည် အမြန်ယာဉ်၏ အောက်သို့ ရောက်ရှိသွားပြီ ကားနှစ်စီးလုံးမီးလောင်ကျွမ်းခဲ့ရသည်။ ထိုသို့ မီးလောင်ကျွမ်းခြင်းကြောင့် တောင်ပြာတန်းကားပေါ်ပါ ခရီးသည် ခြောက်ဦးနှင့် မတ်တူးကားပေါ်ပါသူ ခြောက်ဦး သေဆုံးခဲ့ရသည်။

တောင်ပြာတန်းအမြန်ယာဉ်ကို မောင်းနှင်လာသည့် ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်နေဆဲ ဖြစ်သည်ဟု ဖြူးမြို့နယ် အမြန်လမ်း စခန်းမှူး ရဲအုပ် ဝင်းထွဋ်အောင်က မဇ္ဈိမကို ပြောသည်။

"ယဉ်မောင်းကထွက်ပြေးသွားတာ၊ ဖြစ်တဲ့ညပဲ ကျွန်တော်တို့ သူ့လိပ်စာက ရန်ကုန်လိပ်စာနဲ့ဆိုတော့ ညတွင်းချင်း လိုက်ရှာတယ်။ အခုထိရှောင်းနေတုန်း ယဉ်လိုင်းပိုင်ရှင်ကိုလည်း ယာဉ်မောင်းနဲ့ဆက်သွယ် ရရင် အကြောင်းကြားဖို့ ပြောထားတယ်” ဟုဆက်လက်ပြောသည်။

ယင်းကဲ့သို့ ယာဉ်မတော်တဆမှု ဖြစ်စဉ်ကြောင့် တောင်ပြာတန်း ယာဉ်လိုင်းကို ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၃၇၊ ၃၃၈၊ ၂၀၄(က)တို့ဖြင့် အရေးယူဆောင်ရွက်ရန် ဧပြီလ ၁၂ရက်က အမှုဖွင့်ထားပြီးဖြစ်သည်ဟု ဖြူးမြို့နယ် အမြန်လမ်းစခန်းမှုးရဲအုပ် ဦးဝင်းထွဋ်အောင်က ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မေးမြန်းရန် တောင်ပြာတန်း ရန်ကုန်ကားဂိတ်မှ တာဝန်ခံ ဦးသော်မီကို မဇ္ဈိမက ဆက်သွယ်မေးမြန်းသော်လည်း ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။

ယာဉ်ထိန်းရုံး အနေဖြင့်လည်း ယာဉ်တိုက်မှု မဖြစ်ရန်၊ မီတာ ၁၀၀ကျော်ကာ မမောင်းနှင်ရန် စသောအချက်များပါသည့် လက်ကမ်းစာစောင်များဖြင့် သတိပေးမှုများ ဆောင်ရွက်နေသည်ဟု အမြန်လမ်းစခန်းမှုးရဲအုပ် ဦးဝင်းထွဋ်အောင်က ပြောသည်။

တောင်ပြာတန်းယာဉ်တွင် ဒဏ်ရာရရှိသော ခရီးသည်များအတွက်လည်း ရဲတပ်ဖွဲ့ အနေဖြင့် ငွေကျပ်တစ်သိန်းနှင့် ခရီးသည်များအတွက် အ၀တ်အစားများ ထောက်ပံ့ပေးခဲ့သည်။

ဧပြီလ ၁၂ရက်တွင် ဖြစ်ပွားခဲ့သည့် ယဉ်တိုက်မှုဖြစ်စဉ်တွင် ခရီးသည် ၁၂ဦး သေးဆုံးခဲ့ပြီး လူငါးဦးဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူ ငါးဦးမှ မီးလောင်ဒဏ်ကြောင့် နေပြည်တော် ကုတင်တစ်ထောင်ဆေးရုံတွင် ဆေးကုသနေသူတစ်ဦးမှာ ဧပြီလ၁၇ရက်တွင် ထပ်မံသေးဆုံးခဲ့သည်ဟု ရဲအုပ် ဝင်းထွဋ်အောင်က ပြောသည်။

တောင်းပြာတန်းယဉ်လိုင်းအနေဖြင့် ဧပြီလ ၁၈ရက်တွင် ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနေပြီး ခရီးသည်များ ပုံမှန်အတိုင်း ရှိနေပြီး၊ ယဉ်တိုက်မှုဖြစ်စဉ်ကြောင့် ခရီးသည်မလျှော့သွားဟု တောင်ကြီးမြို့ရှိ တောင်ပြာတန်းကားဂိတ်တာဝန်ခံ မချိုက ပြောသည်။

တောင်ပြာတန်းကားဂိတ် အနေဖြင့် ယဉ်တိုက်မှုနှင့်ပတ်သတ်၍ ဖြေရှင်းပြီးသွားပါက သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်သွားမည်ဟု ၎င်းကပြောသည်။

Mizzima Burmese

Grand Royal ၏ လုပ်ရပ်ကြောင့် ရန်ကုန်သင်္ကြန် နာမည်ပျက်ရဟု နယ်လုံဝန်ကြီးပြော


ဇော်ဇော်ထွေး| စနေနေ့၊ ဧပြီလ ၁၉ရက်၊ ၂၀၁၄ခုနှစ်။

ရန်ကုန်၊ မဇ္ဈိမ။ ။ သင်္ကြန်အကြိုနေ့က Grand Royal မဏ္ဍပ်၏ အရက်ကြော်ငြာရှိုးပွဲတွင် ထိုင်းအကအဖွဲ့၏ ဝတ်စားဆင်ယင်မှုနှင့် ဖျော်ဖြေမှုသည် မြန်မာရိုးရာနှင့် ဆန့်ကျင်သောကြောင့် ရန်ကုန်သင်္ကြန် နာမည်ပျက်ခဲ့ရသည်ဟု ရန်ကုန်တိုင်း နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ဧပြီ ၁၉ တွင် မီဒီယာများကို ပြောခဲ့သည်။

မြန်မာ့အတာရေသင်္ကြန် ပွဲတော်ကာလအတွင်း စည်းကမ်းမလိုက်နာခဲ့သည့် မဏ္ဍပ်များကို မည်ကဲ့သို့ အရေးယူမည့်အပေါ် မီဒီယာများက တွေ့ဆုံမေးမြန်းရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဂရမ်းရွိင်ရယ် မဏ္ဍပ်မှာ အရက်ကြော်ငြာ ရှိုးပွဲက သင်္ကြန်နဲ့ ရောသွားပြီး အင်တာနက်မှာ ပြန့်ကုန်တယ်။ ဒါကြောင့် မြန်မာ့သင်္ကြန်မှာ ရိုးရာယဉ်ကျေးမှုနဲ့ ဖီလာဆန့်ကျင်တဲ့ ပွဲတွေလုပ်နေတယ်ဆိုပြီး ရန်ကုန်က နာမည်ပျက်သွားခဲ့ရတယ်” ဟု ဝန်ကြီးက ဆိုသည်။

ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့က ကန်တော်ကြီးအတွင်း ကျင်းပပြုလုပ်သည့် Grand Royal အရက်ကြော်ငြာ ရှိုးပွဲတွင် ထိုင်းနိုင်ငံမှ ငှားရမ်းခဲ့သည့် အကအဖွဲ့က အောက်ပိုင်းတွင် အတွင်းခံဘောင်းဘီများသာ ဝတ်ဆင်၍ ကပြဖျော်ဖြေမှုများ ပြုလုပ်ခဲ့သည့်အတွက် အင်တာနက် စာမျက်နှာများတွင် ပြန့်နှံ့ခဲ့သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ Grand Royal ရှိုးပွဲအတွက် ထိုင်းအကဖွဲ့အား ခေါ်ယူကျင်းပခဲ့သူ (Star and Model) မှ ဂျွန်လွင်က “ပထမရက်က ဖျော်ဖြေမှုနဲ့ ပက်သက်ပြီးတော့ ဝေဖန်သံတွေ ကြားရပေမယ့် ကျွန်တော် မဖြေရှင်းချင်ပါဘူး၊ ခေတ်တွေကလည်း ပြောင်းနေပြီလေ။ သပြေခက်နဲ့ ပက်တဲ့ခေတ်လည်း မဟုတ်တော့ပါဘူး။ ဒါပေမယ့် ဘန်ကောက်က အကသမားတွေကို ခေါ်တာ လူစိတ်ဝင်စားစေချင်တဲ့ သဘောပါ။ ဒါကို အကောင်းမြင်တဲ့သူရှိသလို အကောင်းမမြင်တဲ့သူလည်း ရှိပါတယ်” ဟု ဧပြီ ၁၄ရက်က မဇ္ဈိမကို ဖြေကြားထားသည်။

ထိုကဲ့သို့ ဖျော်ဖြေမှုများနှင့် ပတ်သက်၍ ဝေဖန်မှု အမျိုးမျိုးထွက်ပေါ်ခဲ့ပြီး သက်ဆိုင်ရာကလည်း ကျန်ရှိသည့် သင်္ကြန်ရက်များတွင် ယင်းကဲ့သို့ မြန်မာ့ရိုးရာနှင့် ဆန့်ကျင်သည့် ဝတ်စားဆင်ယင်မှုဖြင့် ကပြဖျော်ဖြေမှု မပြုလုပ်ရန် သတိပေးရမှုများ ရှိခဲ့သည်။

“ ကျွန်တော်တို့ စည်းကမ်းနဲ့ ချိုးဖောက်ခဲ့တဲ့ မဏ္ဍပ်တွေကို စီစီတီဗီမှတ်တမ်းတွေ၊ ဓါတ်ပုံတွေနဲ့ ပြန်စိစစ်နေပါတယ်။ ဘလက်လစ် (နာမည်ပျက်စာရင်း)သွင်းသွားဖို့ ရှိပါတယ်။ ဂရမ်းရွိင်ရယ်ကိုတော့ သူဋ္ဌေးဖြစ်သူ ကိုအောင်မိုးကျော်ကို ခေါ်ယူ သတိပေးပြောဆိုသွားမှာပါ။ နောက်နှစ်ဆိုရင်တော့ ခံဝန်ချက်နဲ့ပဲ ဂရမ်းရွိင်ရယ်ကို ခွင့်ပြုသွားတော့မှာပါ” ဟု ဗိုလ်မှူးကြီး တင်ဝင်းက ပြောခဲ့သည်။

၂၀၁၄ ခုနှစ် သင်္ကြန်ကာလအတွင်း ရေကစားမဏ္ဍပ်များတွင် စည်းကမ်းဖောက်ဖျက်မှုများ၊ ယဉ်ကျေးမှုနှင့် မကိုက်ညီသည့် ဝတ်စားဆင်ယင် ကခုန်မှုများ ရှိခဲ့ပြီး သင်္ကြန်မဏ္ဍပ်ကော်မတီက ခွင့်ပြုပေးခဲ့သည့် ရေကစားမဏ္ဍပ်များ၏ ခန့်မှန်း သုံးပုံတစ်ပုံမှာ စည်းကမ်းဖောက်ဖျက်ခဲ့သည်ဟု ဆိုသည်။

Mizzima Burmese

အရက် အလွန်အကျွံသောက်သည့် အမျိုးသမီးကို အရက်ဖြတ်ဆေး တိုက်ပြီးနောက် သေဆုံး


ဇော်ဇော်ထွေး| စနေနေ့၊ ဧပြီ ၁၉ရက်၊ ၂၀၁၄ခုနှစ်။

မြောက်ဥက္ကလာပမြို့နယ်တွင် အရက်အလွန်အကျွံသောက်သည့် အမျိုးသမီးကို ခင်ပွန်းဖြစ်သူက အရက်ဖြတ်ဆေးတိုက်ခဲ့ပြီးနောက် သေဆုံးခဲ့သဖြင့် မြို့နယ်ရဲစခန်းက ဧပြီ ၁၈ရက်တွင် အမှုဖွင့် စစ်ဆေးနေသည်။

အမှုမှာ ဧပြီ ၁၈ ရက် ၃နာရီကျော်အချိန်က မြောက်ဥက္ကလာပဆေးရုံကြီးတွင် အမျိုးသမီးတစ်ဦး သေဆုံးရောက် ရှိလာကြောင်း သတင်းအရ မြို့နယ်ရဲစခန်းက သွားရောက် စစ်ဆေးခဲ့သည်ဟု တိုင်းရဲဌာနက သတင်းထုတ်ပြန်ထားသည်။

သေဆုံးသူမှာ မြောက်ဥက္ကလာပမြို့နယ်၊ (ဃ)ရပ်ကွက်၊ နွယ်နီ (၆) လမ်း တွင် နေထိုင်သူဖြစ်သည်ဟု ရဲက အတည်ပြုထားသည်။

သူမမှာ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရှိသဖြင့် မေးမြန်းရာ ဧပြီ ၁၆ ရက်ည ၈ နာရီက သေဆုံးသူသည် အရက်အလွန်အကျွံသောက်သဖြင့် ခင်ပွန်းဖြစ်သူက ဘာမီတွန် (၁)လုံးနှင့် သေဆုံးသူ၏ မိခင်မှ ပေးခဲ့သည့် CHRONOL 500 mg (အရက်ဖြတ်ဆေး) အဖြူရောင်ဆေးပြား တစ်ခြမ်းတို့ကို ရောက်တိုက်ခဲ့သည်ဟု ဆိုသည်။

ထို့နောက် ဧပြီ ၁၈ ရက်ညနေတွင် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသဖြင့် အလောင်းအား ဆက်လက်စစ်ဆေးရန် ဆေးရုံက ပီအာ၇် ၃၀ ဖြင့် လက်ခံထားသည်။

ယင်းသေဆုံးမှုကိုလည်း ဓမ္မတာတိုင်း သေဆုံးခဲ့ခြင်း ဟုတ်မဟုတ် ဆက်လက်စစ်ဆေးပေးရန် ဒုရဲအုပ် တင်ထွန်းက တရားလိုပြုလုပ် တိုင်တန်းလိုက်သည်။

ထို့ကြောင့် မြို့နယ်ရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၁၁/၂၀၁၄)ဖြင့် အမှုဖွင့်ပြီး သေဆုံးရသည့် အကြောင်းရင်းမှန်ကို သိရှိနိုင်ရန် စစ်ဆေးနေလျက်ရှိသည်။

Mizzima Burmese

မြန်မာနိုင်ငံအပေါ် EU ၏ လက်နက်ကုန်သွယ်ရေး ပိတ်ထားမှု သက်တမ်းထပ်တိုး


ရန်ကုန်၊ ဧပြီ ၁၈

ဥရောပသမဂ္ဂ (EU) က မြန်မာနိုင်ငံအပေါ် လက်နက် ကုန်သွယ်မှု ပိတ်ဆို့ဒဏ်ခတ်ခြင်းကို လာမည့် ၂၀၁၅ ခုနှစ် ဧပြီလအထိ သက်တမ်းထပ်တိုးရန် ဧပြီလ ၁၄ ရက်နှင့် ၁၅ ရက်နေ့က ဥရောပသမဂ္ဂ ကောင်စီ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း EU က ထုတ်ပြန်သည်။

လူဇင်ဘတ် နိုင်ငံတွင် ကျင်းပသော ဥရောပသမဂ္ဂ ကောင်စီ အစည်းအဝေးတွင် မြန်မာနိုင်ငံအရေး အပါအဝင် ယူကရိန်းနိုင်ငံ၊ တူနီးရှားနိုင်ငံများ အကြောင်းလည်း ဆွေးနွေးခဲ့ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကြောင့် ဥရောပသမဂ္ဂ ပိတ်ဆို့ အရေးယူမှုများ အဆင့်ဆင့် ဖြေလျှော့ ပေးခဲ့ရာမှ နောက်ဆုံး ကျန်ရှိသော လက်နက် ကုန်သွယ်ရောင်းဝယ်ခွင့်နှင့် ပြည်သူများအား ဖိနှိပ်မှုတွင် သုံးစွဲနိုင်သော ကိရိယာ တန်ဆာပလာများ ကုန်သွယ်ခွင့်ကို လာမည့်နှစ် ဧပြီလကုန်အထိ ပိတ်ပင်သွားရန် တက်ရောက်သူ ဥရောပသမဂ္ဂဝင် ကိုယ်စားလှယ်များက သဘောတူညီ ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများနှင့် မြန်မာနိုင်ငံအကြား ကဏ္ဍအလိုက် ကုန်သွယ်မှု ပိတ်ဆို့ရေး ပြန်လည် ဖွင့်လှစ်ရန် နှစ်စဉ် နိုင်ငံတကာရေးရာ ကောင်စီ အစည်းအဝေးတွင် ဆုံးဖြတ် အတည်ပြုလေ့ ရှိသည်။ ဥရောပသမဂ္ဂ (EU) နှင့် မြန်မာနိုင်ငံအကြား ဆက်ဆံရေးကို ၂၀၁၂ ခုနှစ် နောက်ပိုင်းတွင် ပြန်လည် စတင်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးကဏ္ဍများ၊ လူသားချင်း စာနာထောက်ထားမှု အကူအညီ များကိုလည်း ပြန်လည် ထောက်ပံ့ ပေးခဲ့ကြောင်း ဥရောပသမဂ္ဂ ကောင်စီထံမှ စုံစမ်းသိရှိရသည်။ ယင်းအပြင် EU အဖွဲ့ဝင်နိုင်ငံများ မြန်မာနိုင်ငံနှင့် ကုန်သွယ်မှု တိုးမြှင့်ရေးအတွက် တစ်ဖက်သတ် အခွန်ကင်းလွတ်ခွင့် (GDP) ကို ၂၀၁၃ ခုနှစ် ဇွန်လက တရားဝင် ပေးအပ်ခဲ့သည်။

ဥရောပသမဂ္ဂ၏ ပိတ်ဆို့ အရေးယူမှုများ ရုပ်သိမ်းပေးရန် နိုင်ငံတော်သမ္မတ၏ ယခင် ဥရောပနိုင်ငံများ ခရီးစဉ်တိုင်းတွင် တောင်းဆိုခဲ့သော်လည်း လက်ရှိ အချိန်အထိ လက်နက်ရောင်းဝယ် ကုန်သွယ်ခွင့်ကို ပိတ်ပင်ထားဆဲ ဖြစ်သည်။

The Voice Weekly

မန်းရတနာပုံ လေကြောင်းလိုင်းဖြင့် လိုက်ပါလာသူ ခရီးသည် တာချီလိတ် လေဆိပ်တွင် ပျောက်ဆုံး


တာချီလိတ်၊ ဧပြီ ၁၈

မန္တလေးအခြေပြုပြီး ပြည်တွင်းခရီးစဉ်များကို ပြေးဆွဲလျက်ရှိသော မန်းရတနာပုံ လေကြောင်းလိုင်း၏ ဧပြီ ၁၂ ရက်နေ့ (ရန်ကုန်-မန္တလေး-ညောင်ဦး-ကျိုင်းတုံ-တာချီလိတ်-ဟဲဟိုး ခရီးစဉ်တွင်) ကျိုင်းတုံမှ လိုက်ပါလာသူ ခရီးသည် အမျိုးသားတစ်ဦးသည် ခရီးဆုံးအထိ လိုက်ပါစီးနင်းခြင်း မရှိဘဲ တာချီလိတ် လေဆိပ်အရောက် လေယာဉ် ခေတ္တဆင်းသက် ရပ်နားစဉ် ပျောက်ဆုံးခဲ့ကြောင်း အဆိုပါ လေကြောင်းလိုင်းနှင့် တာချီလိတ်လေဆိပ် ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

ကျိုင်းတုံမှ လိုက်ပါလာသူ ခရီးသည် ရုံမျိုးသန့် (တရုတ်လူမျိုး) သည် ဟဲဟိုးထိ လိုက်ပါရမည် ဖြစ်သော်လည်း ခရီးဆုံးအထိ လိုက်ပါစီးနင်းခြင်း မရှိခဲ့ကြောင်း လေယာဉ်အမှုထမ်းများနှင့် လုံခြုံရေးများကို အသိမပေးဘဲ ဆင်းသက်ကျန်ရစ်ခဲ့ပြီး လေယာဉ်လက်မှတ်ကို တောင်ကြီးလေကြောင်း လက်မှတ်အရောင်းဌာနတွင် ဖြတ်ခဲ့ခြင်း ဖြစ်ပြီး ဧပြီ ၁၈ ရက်နေ့အထိ အဆိုပါ ခရီးသည်ကို ရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်း ကျိုင်းတုံ မန်းရတနာပုံ လေယာဉ်လက်မှတ် အရောင်းတာဝန်ခံ ဒေါ်နန်းဟွမ်ခံနှင့် တာချီလိတ်လေဆိပ် တာဝန်ကျ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

လေယာဉ်ဝန်ထမ်းများ အနေနှင့် ဆင်းသက်ရန် မဟုတ်သည့် ခရီးသည်များကို လေယာဉ်ပေါ်မှ မဆင်းရန် ကြေညာသော်လည်း ဆင်းသက်သူများကို ရေတွက်ခြင်း၊ အမှတ်အသားများ စိစစ်ခြင်းများ မပြုလုပ်သဖြင့် ယခုကဲ့သို့ ကိစ္စမျိုး ဖြစ်ရကြောင်း၊ ပြည်တွင်းလေယာဉ် များတွင် နှစ်ခါမျှ ကြုံတွေ့ခဲ့ဖူးကြောင်း လေယာဉ်ဖြင့် မကြာခဏ ခရီးသွားနေသည့် ကုမ္ပဏီဒါရိုက်တာ တစ်ဦးက ပြောကြားသည်။

“လေယာဉ်ဝန်ထမ်းတွေရော လေဆိပ်ရော လုံခြုံရေး အားနည်းတယ်။ လေဆိပ်အဆင်းကို လေယာဉ်ဝန်ထမ်းတွေရော မြေပြင်ဝန်ထမ်းတွေရော စစ်ရမယ့်အပြင် လေဆိပ်အထွက်ခန်းမှာလည်း စစ်ဖို့လိုမယ်” ဟု ၎င်းကဆိုသည်။

တာချီလိတ်လေဆိပ် လုံခြုံရေးအနေဖြင့်လည်း ဆင်းသက် ဝင်ရောက်သည့် ခရီးသည် စိစစ်မှုတွင် အားနည်းကြောင်း၊ ယခုကိစ္စမျိုးသာမက ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့က လေဆိပ်ထိန်းသိမ်းရေး မျှော်စင်မှ ပေ ၃၅၀ ခန့်အကွာ ပြေးလမ်း ရေနုတ်မြောင်းအတွင်း မည်သည့် အကြောင်းအရာအရ သေဆုံးခြင်း မသိရသည့် ပုပ်ပွနေသော လူသေအလောင်း တစ်လောင်းကို အဆိုပါ မြောင်းအတွင်း ငါးပက်ရန်လာသူ တစ်ဦးက တွေ့ရှိခဲ့ခြင်း၊ လေယာဉ်ကွင်း ပြင်ပဝင်းအတွင်း မူးယစ်သောက်စား နေသူများ ရှိနေခြင်း စသည့် ကွင်းလုံခြုံရေး အားနည်းမှုများ ရှိနေကြောင်း ကွင်းတာဝန်ကျ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

“မြို့က နယ်စပ်မြို့ ဖြစ်လို့ လူမျိုးစုံ၊ အဖွဲ့အစည်းပေါင်းစုံ ရှိနေတာ။ နိုင်ငံတော် အဆင့်တွေလည်း အမြဲလို သွားလာနေတာ။ ပုတ်ပွနေလောက်အောင် လူသေတာ မသိရတာ။ လေယာဉ်ကွင်း မြောင်းထဲ ငါးလာပက်တာ။ ဒီလို လုံခြုံရေး အားနည်းတာနဲ့ဆို မလိုလားအားအပ်တဲ့ ကိစ္စမျိုး ဖြစ်လာနိုင်တယ်။ လုံခြုံရေးအရ လူကိုစစ်တာအပြင် ကွင်းလုံခြုံရေးလည်း ဒီထက်ပိုဆောင်ရွက်ဖို့ လိုမယ် ထင်တယ်။ ပြီးတော့ လေယာဉ်ကွင်းက ကျိုင်းတုံသွား ကားလမ်းဘေးမှာ ရှိနေတာ ပိုဂရုစိုက်ဖို့ လိုမယ်” ဟု ၎င်းကဆိုသည်။

ကွင်းတာဝန်ကျ လုံခြုံရေး ရဲဝန်ထမ်းများ အနေနှင့်မူ လေဆိပ်အပြင် စည်းထက်အတွင်းကို တာဝန်ယူထားကြောင်း ပြောကြားပြီး လေယာဉ်ကွင်း လုံခြုံရေးကို ခရိုင်ရဲတပ်ဖွဲ့မှူး ရုံးက တာဝန်ယူ ဆောင်ရွက်လျက် ရှိကြောင်း တာချီလိတ် ရဲတပ်ဖွဲ့စခန်း တာဝန်ကျ တာဝန်မှူးက ဖြေကြားသည်။

ယင်းနေ့က လေယာဉ်ကို တာချီလိတ် စစ်ဗျူဟာက မိုင်းရှင်းလင်းခြင်းများ ပြုလုပ်ခဲ့ရပြီး တစ်နာရီခန့် နောက်ကျ ထွက်ခွာခဲ့ရကြောင်း အဆိုပါလေယာဉ် စီးနင်းလိုက်ပါသည့် ခရီးသည်တစ်ဦးက ဆိုသည်။

မန်းရတနာပုံ လေကြောင်းလိုင်းသည် ရန်ကုန်၊ ညောင်ဦး၊ မန္တလေး၊ ဟဲဟိုး၊ ကျိုင်းတုံနှင့် တာချီလိတ် ခရီးစဉ်များကို တစ်ရက်လျှင် နှစ်ကြောင်း ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ စ၍ ပြေးဆွဲလျက် ရှိပြီး ထပ်မံ၍ မြစ်ကြီးနား၊ လားရှိုး၊ ထားဝယ်၊ မြိတ်၊ စစ်တွေနှင့် ကော့သောင်း ခရီးစဉ်သစ်များ တိုးချဲ့ပြေးဆွဲမည် ဖြစ်ကြောင်း မန်းရတနာပုံ လေကြောင်းလိုင်းက သတင်းထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ တာချီလိတ်လေဆိပ်ကို ၁၉၉၉ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်က ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး ပြည်တွင်းလေယာဉ် ခရီးစဉ် အများအပြား ဆင်းသက်နေသည့် လေယာဉ်ကွင်း ဖြစ်သည့်အပြင် တာချီလိတ် နယ်စပ်ဂိတ်ကို နိုင်ငံတကာ ဝင်ထွက်ပေါက်အဖြစ် ပြီးခဲ့သည့် နှစ်အတွင်း သတ်မှတ်ပြီးချိန်မှစ၍ နိုင်ငံခြား ခရီးသည်များ သွားလာနေသည့် လေယာဉ်ကွင်းတစ်ခု ဖြစ်ကြောင်း ယင်းလေဆိပ် ဝန်ထမ်းများထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

ရာသီဥတုဆိုးရွားမှုကြောင့် တောင်ကိုရီးယား သင်္ဘောရှာဖွေရေး နှောင့်နှေး


ဆိုးလ်၊ ဧပြီ ၁၈

တောင်ကိုရီးယား အနောင်တောင် ကမ်းရိုးတန်းဒေသတွင် ဒီရေအတက်အကျ ကြီးမားနေပြီး အင်အားကြီးမားသော ရေလှိုင်းများ ဖြစ်ပေါ်နေကာ ရာသီဥတု ဆိုးရွားနေခြင်းကြောင့် အထက်တန်းကျောင်းသား ရာနှင့်ချီ လိုက်ပါလာသည့် နစ်မြုပ်သွားသော ဖယ်ရီသင်္ဘောပေါ်မှ ပျောက်ဆုံးနေသူများ ရှာဖွေရေး နှောင့်နှေးမှုများ ဖြစ်ပေါ်နေကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ကလေးငယ် ရာပေါင်းများစွာ လိုက်ပါလာသည့် တောင်ကိုရီးယား ဖယ်ရီသင်္ဘောသည် ဗုဒ္ဓဟူးနေ့တွင် သိသိသာသာ လမ်းကြောင်း ပြောင်းခဲ့ခြင်းကြောင့် သင်္ဘောပေါ်ရှိ ကုန်ပစ္စည်းများ ရုတ်တရက် နေရာရွေ့သွားခဲ့ကာ သင်္ဘောတိမ်းစောင်း နစ်မြုပ်ခဲ့ကြောင်း ဒေသခံ မီဒီယာများတွင် ဖော်ပြထားသည်။

သို့သော်လည်း စုံစမ်း စစ်ဆေးရေးမှူးများက အဆိုပါ သတင်းများကို မှတ်ချက်ပေး ဖြေကြားခြင်း မရှိပေ။

အထက်တန်း ကျောင်းသားများ အပါအဝင် လူပေါင်း ၄၇၉ ဦး လိုက်ပါလာသည့် တောင်ကိုရီးယား ဖယ်ရီသင်္ဘော Sewol သည် အင်ချွန်မှ အပန်းဖြေကျွန်း ဂျေဂျူသို့ ဦးတည် ထွက်ခွာလာခြင်း ဖြစ်ပြီး ဗုဒ္ဓဟူးနေ့အတွင်း မတော်တဆဖြစ်ရပ် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။

သင်္ဘောမှာ မတော်တဆဖြစ်ရပ် ဖြစ်ပွားပြီး ၂ နာရီအတွင်း နစ်မြုပ်သွားခဲ့ကာ လူပေါင်း ၂၆ ဦး သေဆုံးသွားပြီဟု အတည်ပြုထားပြီး ၁၇၉ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

သို့သော် လူပေါင်း ၂၆၈ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ပြီး နစ်မြုပ်သွားသည့် သင်္ဘောအတွင်း ပိတ်မိနေလိမ့်မည်ဟု အများက ယူဆထားကြသည်။
“သင်္ဘောက ဆေးအဖြူရောင်ကိုတောင် ကျွန်တော်တို့ မမြင်နိုင်ကြပါဘူး။ ကျွန်တော့် လူတွေက သင်္ဘောဝမ်းကို လက်နဲ့ လိုက်ခေါက်နေရတယ်” ဟု Undine ရေကြောင်း စက်မှုလုပ်ငန်းမှ ရေငုပ်သင်္ဘော ကင်ချိန်အီက နစ်မြုပ်သွားသော သင်္ဘောပေါ်တွင် ပါသွားသူများ၏ ဆွေမျိုး များကို ပြောကြားသည်။

ထို့အပြင် ဒီရေများ ပြင်းထန်နေခြင်းကြောင့် ရေငုပ် သမားနှစ်ဦး ရေပြင်ပေါ်သို့ ပြန်တက်လာရပြီး ရှာဖွေရေး လုပ်ငန်းများတွင် နှောင့်နှေးနေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

နစ်မြုပ်သွားသော သင်္ဘောအတွင်းသို့ ကူညီကယ်ဆယ်ရေး သမားများက လေများ တွန်းသွင်း ပေးခဲ့သော်လည်း ပျောက်ဆုံးသွားသော လူများရှိနေသည့် နေရာများ အတွင်းသို့ ရေငုပ်သင်္ဘောများ ဝင်ရောက်နိုင်ခြင်း မရှိသေးပေ။

တောင်ကိုရီးယား ကမ်းခြေစောင့် အရာရှိများက သင်္ဘောသားများ၏ ပေါ့လျော့မှုကို အဓိကထား စုံစမ်းစစ်ဆေး သွားမည်ဟု ထုတ်ပြန်လိုက်ပြီး ကုန်ပစ္စည်း သိုလှောင်ရေး၊ သင်္ဘောတည်ဆောင်ပုံ ချို့ယွင်းချက်များတွင် ပြဿနာများ ရှိနေကြောင်း ပြောကြားသည်။

သင်္ဘောကပ္ပတိန်ဖြစ်သူ လီဂျွန်ဆက်ကို ရာဇဝတ်မှုဖြင့် စုံစမ်းစစ်ဆေးနေပြီး ယင်းကဲ့သို့ လုပ်ဆောင်ခြင်းမှာ တောင်ကိုရီးယားနိုင်ငံ၏ လုပ်ရိုးလုပ်စဉ် ဖြစ်ရပ် ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

သင်္ဘောစတင် နစ်မြုပ်သည့် အချိန်တွင် ကပ္ပတိန်နှင့် အချို့သော သင်္ဘောသားများက သင်္ဘောကို စွန့်ခွာခဲ့ပြီး အချို့က ခရီးသည်များကို နေရာတွင်ပင် ဆက်လက်နေထိုင်ကြရန် ညွှန်ကြားခဲ့ကြကြောင်း မျက်မြင် တွေ့ရှိသူများက ပြောကြားသည်။
“ကလေးတွေကိုတော့ နေရာမှာ ဆက်နေလို့ပြောပြီး သူကိုယ်တိုင်ကျတော့ ခုန်ချ ထွက်ပြေးသွားတယ်။ ဘယ်လိုမျိုးများ ပြောထွက်လဲ မသိဘူး” ဟု သေဆုံးသွားသူ တစ်ဦးဖြစ်သည့် အသက် ၁၇ နှစ်အရွယ် လီဒါဝန်၏ အဘိုးဖြစ်သူ ဟန်ယောင်ဟိုက ပြောကြားသည်။

Sewol သင်္ဘောသည် သက်တမ်း နှစ် ၂၀ ထိရှိနေပြီး ဂျပန်နိုင်ငံတွင် တည်ဆောက်ခဲ့ခြင်းဖြစ်ကာ တောင်ကိုရီးယား Chonhghaejin Marine လုပ်ငန်းက ဝယ်ယူအသုံးပြုနေသည့် ကာလအတွင်း နစ်မြုပ်သွားခြင်း ဖြစ်သည်။

The Voice Weekly

ရှမ်း တို့၏ သင်္ကြန်ပွဲတော်

ယဉ်ကျေးသိမ်မွေ့ သော ရိုးရာမပျက်သော … တရုတ် နယ်စပ်မှ ဆစ်(ပ်) ဆောင်ပန်းနား ရှမ်း ( ၁၂ ယူဇနာ ဝေးသော ရှမ်း) တို့၏ သင်္ကြန်ပွဲတော် ..



ကျပ်သိန်းတစ်ထောင်ကျော် တန်ဖိုးရှိ ဆူဒိုအက်ဖီဒရင်း ဆေးပြားများဖမ်းမိ


မန္တလေး၊ ဧပြီ ၁၈

မန္တလေးမြို့ပေါ်တွင် သင်္ကြန်ကာလအတွင်း ဆူဒိုအက်ဖီဒရင်း ဆေးပြားများ သယ်ဆောင် ရောင်းဝယ်သည့် သတင်းအရ ဝယ်လက်အသွင်ဖြင့် ဆူဒိုအက်ဖီဒရင်း ဆေးပြား ကျပ်သိန်း တစ်ထောင်ကျော်ဖိုးကို ဧပြီလ ၁၇ ရက်နေ့ ညနေ ၆ နာရီက ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ အမာခံသတင်းအရ ယင်းနေ့က ဝယ်လက်အသွင်ယူပြီး မူးယစ်တပ်ဖွဲ့စု ၁၇ (မန္တလေး) မြောက်ပိုင်း တပ်ဖွဲ့ဝင်တို့က ချမ်အေးသာစံမြို့နယ် အနောက်ရပ်ကွက်ရှိ နေအိမ်ခြံဝင်းတွင် ဆာလာအိတ် အသေး၂၁ အိတ်အတွင်းမှ တစ်ပြားလျှင် ၁၄၀ ကျပ်တန်ဖိုးရှိ ဆူဒိုအက်ဖီဒရင်း ဆေးပြား ၇,၉၇၉,၁၀၀ ပြား ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ဆေးပြားများကို စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ဘက်မှ သယ်ဆောင်လာပြီး သင်္ကြန်ကာလအတွင်း အရောင်းအဝယ် ပြုလုပ်ရန် ဖြစ်ပြီး ချမ်းအေးသာစံမြို့နယ် ပေါ်တော်မူဘုရား အရှေ့ဘက် လမ်းမကြီးရှိ တစ်ထပ်ပျဉ်ထောင် နေအိမ်သို့ သွားရောက် ပို့ဆောင်ပြီးအပြန် သယ်ဆောင်သူ ဇော်ဝင်းနိုင်၏ နေအိမ်သို့ အရောင်းအဝယ် ပြုလုပ်ရာမှ ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ကျူးလွန်သူ၏ ထွက်ဆိုချက်အရ အထက်ပါ တာဝန်ရှိသူက ထပ်မံပြောကြားသည်။

ယင်းဆူဒိုအက်ဖီးဒရင်း ဆေးပြားများ သယ်ဆောင် အရောင်းအဝယ် ပြုလုပ်သူများနှင့် ပတ်သက်၍ ကွင်းဆက် တရားခံများ ဖော်ထုတ်ရန် စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း၊ မတ်လ ၃၀ ရက် နေ့ကလည်း မူးယစ်ဆေးဝါး သတင်းအရ မဟာအောင်မြေမြို့နယ်ရှိ ဟိုတယ်တစ်ခု အတွင်းသို့ ဝင်ရောက် ရှာဖွေရာ မူးယစ်ဆေးဝါး သုံးစွဲနေသူနှစ်ဦးကို တွေ့ရပြီး ၎င်းတို့နှစ်ဦးထံမှ ၈၈ စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား တစ်ပြားနှင့် မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို တွေ့ရှိခဲ့ရာ အဆိုပါ တွေ့ရှိချက်နှင့် ပတ်သက်၍ ရောင်းချသူကို ၁၉ လမ်း၊ ၆၂ လမ်းထောင့်သို့ ချိန်းဆိုပြီး ဖမ်းဆီးရန် စောင့်ဆိုင်းနေရာမှ ရောင်းသူ၏ကားကို တားဆီးစဉ်ကားဖြင့် ပွတ်ဆွဲ ထွက်ပြေးသွားခဲ့သဖြင့် ကားရပ် တန့်စေရန် ခြောက်လုံးပြူး သေနတ်ဖြင့် တစ်ချက် ခြောက်လှန့် ပစ်ခတ်ခဲ့သော်လည်း ၎င်းမှာ ထွက်ပြေး လွတ်မြောက်နေဆဲ ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

ဘာသာခြားသမီးရည်းစားချိန်းတွေ့သည့်အပေါ် မကျေနပ်၍ နေအိမ်လေးလုံးဖျက်ဆီးသူများကို ဖမ်းဆီးအရေးယူမည်


ရန်ကုန်- ပဲခူးတိုင်းဒေသကြီး၊ နတ္တ လင်းမြို့နယ်၊ တောင်ညိုမြို့သစ် တွင် ဘာသာမတူသည့် လူငယ် ချင်း ချိန်းတွေ့သည့်အပေါ် ဒေသခံ များက မကျေနပ်သောကြောင့် ဆူပူမှုဖြစ်ပွားခဲ့ပြီး နေအိမ်လေး လုံးဖျက်ဆီးခဲ့ရာတွင် ပါဝင်သူ များကို ဖမ်းဆီးအရေးယူသွား မည်ဖြစ်ကြောင်း တောင်ညိုမြို့ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘နေအိမ်လေးလုံးဖျက်ဆီးခံ ရပါတယ်။ ဖျက်ဆီးရာမှာ ပါတဲ့ သူတွေကို ဖမ်းဆီးထားတာမရှိ သေးပါဘူး။ သူတို့ကို ဖမ်းဆီးအ ရေးယူသွားဖို့ ပြုလုပ်နေပါတယ်’’ ဟု
တောင်ညိုမြို့ရဲတပ်ဖွဲ့မှ တာ ၀န်ရှိသူတစ်ဦးကပြောသည်။

ဧပြီ ၁၅ရက်(သင်္ကြန်အ ကြတ်နေ့)ည၁၁နာရီအချိန်တွင် တောင်ညိုမြို့နေ အသက်(၂၂)နှစ် အရွယ် အမျိုးသမီးတစ်ဦးက နတ္တလင်းမြို့နေ ၎င်း၏ရည်းစားဖြစ် သော ဘာသာခြားလူငယ်တစ်ဦး အားတွေ့ဆုံရန်အတွက် ဖုန်းဖြင့် ချိန်းဆိုမှု ပြုလုပ်ခဲ့သည်။ နတ္တ လင်းမြို့မှ ဘာသာခြား လူငယ် တစ်ဦးက လာရောက်တွေ့ဆုံရာ တွင် ဒေသခံများကကျေနပ်မှုမရှိ သောကြောင့် အဆိုပါ ဘာသာခြား လူငယ်ကို အပြင်သို့ ထုတ်ပေးရန် တောင်းဆိုမှုများပြု လုပ်ခဲ့သည်။ အပြင်သို့ ထုတ်မ ပေးသောကြောင့် ဖုန်းဖြင့်ခေါ်ဆို မှုပြုလုပ်သော အမျိုးသမီး၏ နေအိမ်ကို မြို့ခံများက ဖျက် ဆီးမှုများပြုလုပ်ခဲ့သည်။ နေအိမ် ဖျက်ဆီးမှုများ ပြုလုပ်ရာတွင် မြို့ဒေသခံ သုံးရာခန့်က အပြင်သူ စိမ်းလူများမ၀င်ရန်အတွက် ဖျက် ဆီးမည့်အိမ်အား ကြိုးတားပြီး ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း တောင်ညိုမြို့ ဒေသခံတစ်ဦးက ပြောသည်။

ဧပြီ ၁၆ ရက်ညတွင် လူ သုံးရာခန့်သည် နတ္တလင်းမြို့မှ ဘာသာခြား လူငယ်နှင့် ရင်း နှီးသော တောင်ညိုမြို့သစ်အပိုင်း အောင်ဇေယျကျေးရွာမှ နေအိမ် နှစ်လုံးနှင့် ကံစုကျေးရွာမှ နေအိမ် တစ်လုံးတို့ကိုလည်း ဖျက်ဆီးမှု များ ပြုလုပ်ခဲ့သည်။ ထိုသို့ဖျက် ဆီးမှုများပြုလုပ်ရာတွင် ရဲတပ်ဖွဲ့ မှ အင်အားငါးဆယ်ဝန်းကျင်ဖြင့် လာရောက်ခဲ့သော်လည်း တစ်စုံ တရာတားဆီးမှုများပြုလုပ်ခြင်းမ ရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ တောင်ညိုမြို့ ဒေသခံတစ်ဦးက ပြောသည်။

ဧပြီ ၁၇ ရက်တွင် ပဲခူး တိုင်းနယ်စပ်ရေးရာနှင့် လုံခြုံရေး ၀န်ကြီးဗိုလ်မှူးကြီးသက်ထွန်း ရောက်ရှိလာပြီး အခြေအနေကိုထိန်းသိမ်းရန် မြို့မိမြို့ဖများနှင့်တွေ့ဆုံကာ ဆွေးနွေးမှုများပြု လုပ်ခဲ့ကြောင်း သတင်းရရှိသည်။

7 Day News Journal

သီဟိုဠ်ပင် စိုက်ပျိုးရေး စီမံကိန်းအတွက် သိမ်းယူခဲ့သည့် မြေဧက ၉၀၀ ကျော် ပြန်ပေးနိုင်ရန် ညှိနှိုင်း


ပုသိမ် ဧပြီ ၁၈

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့် မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၁ ရွာရှိ ဒေသခံတောင်သူ ၄၉ ဦးထံမှ ဥယျာဉ်ခြံမြေဧက ၉၀၀ နှင့် လယ်မြေဧက ၃၀ တို့ကို မူလပိုင်ရှင်များထံ ပြန်လည် ပေးအပ်နိုင်ရေးအတွက် နနွင်းဂယက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ တာဝန်ရှိသူများနှင့် သိမ်းဆည်းခံ တောင်သူများ တွေ့ဆုံ ညှိနှိုင်းခဲ့သည်ဟု ဒေခံတောင်သူများက ပြောကြားသည်။

တပ်မတော် အစိုးရလက်ထက် ၁၉၉၁ - ၁၉၉၂ ခုနှစ်က အဆိုပါဒေသရှိ မြေဧကများကို မြေလွတ် မြေရိုင်းများဟုဆိုကာ သီဟိုဠ်ပင် စိုက်ပျိုးရေး စီမံကိန်းအတွက် သိမ်းယူခဲ့ခြင်းဖြစ်ရာ ဒေသခံများနှင့် သိမ်းယူခဲ့သူများ နှစ်ဦးနှစ်ဖက် ပြေလည်အောင် ညှိနှိုင်း ဆောင်ရွက်ပေးမည်ဟု မြို့နယ် မြေအသုံးချရေး စီမံခန့်ခွဲမှုအဖွဲ့၏ အတွင်းရေးမှူး ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာန ဦးစီးမှူး ဦးဌေးရီက ပြောဆိုသည်။

“လက်ရှိမြေပြင်မှာ တကယ်လုပ်ကိုင်နေတယ်ဆိုရင် ဆက်လက် လုပ်ကိုင်ခွင့် ရှိရမယ်။ ဘာမှမစိုက်ဘဲ ထားရင်တော့ ပြန်ပေးရမယ်။ စိုက်ပျိုးခွင့်ပေးတဲ့ စည်းကမ်းချက်တွေ အပေါ်မှာလည်း လေ့လာစိစစ်ပေးမှာပါ။ မူလဆုံးရှုံးသူတွေ အနေနဲ့လည်း ဆန္ဒမစောစေချင်ဘူး” ဟု ၎င်းက ရှင်းပြသည်။

သိမ်းဆည်းခံရသူများ အနေနှင့် အဆိုပါ မြေယာများနှင့် ဥယျာဉ်ခြံမြေများ အပေါ်တွင် ဓားမဦးချ လုပ်ခဲ့ရာ ၁၉၉၁-၁၉၉၂ ခုနှစ်တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်က သီဟိုဠ် စီမံကိန်းကို အကြောင်းပြ သိမ်းယူခဲ့သော်လည်း စိုက်ပျိုးထားခြင်း မရှိကြောင်း၊ စတင်သိမ်းစဉ်က ဖခင်ဖြစ်သူကို တပ်မတော် ယူနီဖောင်း ဝတ်ထားသည့် ဗိုလ်ကြီးအဆင့်ရှိ သူတစ်ဦးက ရိုက်နှက်ခေါ်ယူ သွားခဲ့ကြောင်း ဒေသခံတောင်သူ ဒေါ်ကျင်ဌေးက ပြောဆိုသည်။

သိမ်းဆည်းခံ တောင်သူများ၏ ဘိုးဘွား အဆက်ဆက် စိုက်ပျိုးခဲ့ကြသော ဝါးပင်တွေကိုသာ အဓမ္မ သိမ်းဆည်းသူများက ခုတ်ထွင် ရောင်းစားနေခဲ့ကြပြီး နစ်နာကြေး လျော်ကြေးများ မပေးခဲ့ဖူးကြောင်း၊ ယခုအခါ ဒေသခံများ၏ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့နေရသောကြောင့် ဓားမဦးချ ဘိုးဘွား အမွေနှစ်ရပိုင်ခွင့် အခွင့်အရေးများကို ရရှိလိုကြောင်း ဒေသခံများက ပြောသည်။

“ကျွန်တော်တို့ အလကားရလို့ လုပ်တာ မဟုတ်ဘူး။ မြေလွတ်မြေရိုင်းတွေမှာ စီမံကိန်း လုပ်ဖို့ရှိတယ်ဆိုပြီး အစိုးရက ကြေညာချက်ထုတ်လို့ ဝယ်ယူခဲ့တာ။ ခုတော့ စစ်တပ်က မတရား အနိုင်ကျင့်ယူတယ်လို့ ထင်နေကြတယ်။ သီဟိုဠ်လည်း စိုက်ခဲ့တယ်။ မအောင်မြင်တာပါ။ ကျွန်တော်တို့ အခုလည်း ဆက်လုပ်နေပါတယ်။ စစ်တပ်ဆိုတာ စည်းကမ်းရှိတယ်။ စည်းမဖောက်ဘူး။ စည်းဖောက်ရင်လည်း ဘယ်သူမှမထားဘူး။ ရိုက်နှက်ခေါ်ယူတာ မရှိခဲ့ဘူး” ဟု သီဟိုဠ်ပင် စိုက်ပျိုးရေး စီမံကိန်းလုပ်ရန် ဥယျာဉ်ခြံမြေများ သိမ်းယူခဲ့သည့် ဗိုလ်ကြီးဟောင်း ဦးသိန်းဝင်းက ပြောဆိုသည်။

နှစ်ရှည် သီဟိုဠ်ပင် စိုက်ပျိုးရေး စီမံကိန်းအဖြစ် ဒေသခံတို့၏ ဥယျာဉ်ခြံမြေများ သိမ်းယူခံရပြီး အောင်မြင်ခြင်း မရှိသော မြေယာများကို ဖော်ထုတ်၍ ဒေသခံများ မြေယာပြန်လည် လုပ်ကိုင်နိင်ရန် အနောက်တောင်တိုင်း စစ်ဌာနချုပ်က တာဝန်ရှိသူများ၊ ဒေသခံတောင်သူ ၄၀၀ ကျော်နှင့် မြို့နယ်အဆင့် မြေအသုံးချ စီမံခန့်ခွဲမှု အဖွဲ့တို့က တာဝန်ရှိသူများ ဆွေးနွေးခဲ့ကြပြီး မြို့နယ် မြေယာအသုံးချ စီမံခန့်ခွဲမှုအဖွဲ့က မြေပြင်ကွင်းဆင်း လေ့လာကာ စစ်ဆေးဆုံးဖြတ်ပေးရန် သဘောတူညီခဲ့ကြသည်ဟု ဒေသခံ တောင်သူများ ထံမှ သိရှိရသည်။

The Voice Weekly

ရာဇာမင်းဓာတ်ဆီဆိုင်မှ ငွေများကို လူငယ်တစ်ဦး ဝင်ရောက်လုယက်


မော်လမြိုင်၊ ဧပြီ ၁၈

ပေါင်မြို့နယ် မုတ္တမမြို့ ဇင်းဘာရပ်ကွက် ရန်ကုန်- မော်လမြိုင် အဝေးပြေး ကားလမ်းပေါ်ရှိ ရာဇာမင်း ဓာတ်ဆီဆိုင်တွင် သင်္ကြန်အကျနေ့ (ဧပြီလ ၁၄ ရက် နေ့) နံနက်အစောပိုင်းက ငွေရှင်းကောင်တာမှ ငွေများကို ရန်ကုန်ပြန်ရန် ခရီးစရိတ် လိုအပ်လျက်ရှိသည့် အသက် ၂၀ အရွယ် လူငယ်တစ်ဦးက ဝင်ရောက် လုယူခဲ့ကြောင်း မုတ္တမရဲစခန်းမှ စခန်းမှူးသိန်းလွင်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်တွင် နေထိုင်သည့် အသက် ၂၀ အရွယ်ရှိ ပြည့်ဖြိုးအောင် ဆိုသူသည် ယင်းနေ့ နံနက် ၅ နာရီအချိန်တွင် ဆီဆိုင်အတွင်းသို့ လမ်းလျှောက် ဝင်လာပြီး ငွေရှင်းကောင်တာရှိ ပိုက်ဆံများကို ထုတ်ခိုင်းရာ ဆိုင်ဝန်ထမ်း မအိသိင်္ဂီမြင့်က ထုတ်ပေးခြင်း မရှိသဖြင့် ၎င်း၏ ဦးခေါင်းကို ဘီယာပုလင်းဖြင့် ရိုက်ပြီး ၆၀,၀၀၀ ကျပ်ကို လုယူသွားခြင်း ဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။

ဆီဆိုင်တွင်းရှိငွေများ ဝင်ရောက် လုယူရန် မော်လမြိုင် ကုလားဈေးအနီးရှိ ဆိုင်ကယ်တက္ကစီ တစ်စီးကို ၁၅၀၀ကျပ် ဖြင့် ငှားခဲ့ပြီး မုတ္တမသို့ လာရောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဆီဆိုင်သို့ မရောက်မီ ဆိုင်ကယ်တက္ကစီကို ရပ်ခိုင်းခဲ့ပြီး တစ်ဦးတည်း ဝင်ရောက် လုယူခဲ့ခြင်း ဖြစ်ကြောင်း လုယက်မှု ကျူးလွန်ခဲ့ခြင်း ဖြစ်ပြီး ရိုက်နှက်ခံရသည့် စာရေးမသည် ဘယ်ဘက်ဦးခေါင်း ကွဲသွားပြီး နှစ်ချက် ချုပ်လိုက်ရကြောင်းနှင့် လုယက်မှု ကျူးလွန်ခဲ့သည့် ပြည့်ဖြိုးအောင်ကို ဧပြီလ ၁၄ ရက်နေ့ နံနက် ၈ နာရီတွင် မုတ္တမ ပုသိမ်ကွင်း ကျောင်းတိုက် ဘုန်းကြီးကျောင်းဘေး၌ ဖမ်းမိခဲ့ကြောင်း စခန်းမှူး သိန်းလွင်က ရှင်းပြသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဖြစ်စဉ်မှန် သိရှိရန် မုတ္တမရှိ ရာဇာမင်းဆီဆိုင်မှ ဝန်ထမ်းများနှင့် မန်နေဂျာကို မေးမြန်းရာ ၎င်းတို့သည် ဆီဆိုင်ဝန်ထမ်းများ ဖြစ်ခြင်းကြောင့် ဖြေကြားလိုခြင်း မရှိကြောင်း ဆီဆိုင်မန်နေဂျာ ဦးကျော်ကျော်မင်းက ပြောဆိုသည်။

ပြည့်ဖြိုးအောင်သည် မော်လမြိုင်မြို့ ဦးဇိနဘုရားအနီး ကြံတိုင်းအောင် ဘုန်းကြီးကျောင်းတွင် နေထိုင်ပြီး ကျပန်း လုပ်ကိုင်သူ ဖြစ်ကြောင်းနှင့် ခရီးစရိတ် လိုအပ်ခြင်းကြောင့် ကြံရာမရဖြစ်ကာ ယင်းကဲသို့ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ထွက်ဆိုကြောင်း မုတ္တမရဲစခန်း၏ ရဲမှတ်တမ်းတွင် ဖော်ပြထားချက်အရ သိရသည်။

ယင်းဖြစ်ရပ်အတွက် ရာဇာမင်း ဓာတ်ဆီဆိုင် မန်နေဂျာ ဦးကျော်ကျော်မင်းက မုတ္တမရဲစခန်းတွင် တရားလိုပြု တိုင်ကြားခဲ့ရာ မုတ္တမရဲစခန်းက(ပ) ၄၁/၂၀၁၄ ပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း မုတ္တမရဲစခန်းထံမှ သိရသည်။

၂၀၁၃ ခုနှစ် နိုဝင်ဘာလ အတွင်းက ပေါင်မြို့နယ်အတွင်း ယင်းကားလမ်းပေါ်ရှိ ရွှေဆိုင်တစ်ဆိုင်ကို တပ်မတော် အရာရှိတစ်ဦးက ဘောလုံးပွဲ အကြွေးဆပ်ရန် ငွေလိုအပ်ခြင်းကြောင့် ရွှေများ ဝင်ရောက် လုယူမှု ဖြစ်ခဲ့ဖူးသည်။

The Voice Weekly

ဆုရ ဓာတ်ပုံများ ရိုက်ကူးခဲ့ပေမယ့် သေကြောင်းကြံခဲ့သူ


ယခု မြင်တွေ့ နေရတဲ့ ဓာတ်ပုံ ကတော့ အာဖရိက တိုက် ဆူဒန် နိုင်ငံက ကပ်ဘေးကြားမှ ကလေးငယ် တစ်ဦး ဖြစ်ပါတယ်။ အစာငတ်ပြီး မိဘ မရှိ၊ လမ်းဘေး တစ်နေရာမှာ သေဆုံးခါနီး ဖြစ်နေတာကြောင့် လင်းတက စားသုံးရန် စောင့်ကြည့်နေခြင်း ဖြစ်ပါတယ်။

ယင်း ဓာတ်ပုံကို ရိုက်ကူးခဲ့သူ ကတော့ Kevin Carter လို့ အမည်ရ တဲ့ တောင်အာဖရိက မှ ဓာတ်ပုံ ဆရာ တစ်ဦး ဖြစ်ပြီး ၁၉၉၃ ခုနှစ်က ရိုက်ခဲ့တဲ့ ယင်းဓာတ်ပုံ ကြောင့်မို့ ကမ္ဘာကျော် ဓာတ်ပုံဆု Pulitzer Prize ကို ရရှိခဲ့ ပါတယ်။ သို့ပေမယ့် ဓာတ်ပုံ ရိုက်ပြီး တစ်နှစ် အကြာ မှာတော့ မိမိကိုယ်ကို သေကြောင်းကြံစည် သေဆုံးခဲ့ ပါတယ်။ ဆူဒန် အပြင် အခြားသော အငတ်ဘေးရောက် အာဖရိက နိုင်ငံများက မြင်ကွင်း များကို နေ့ရော ညပါ စွဲလမ်းမှုကြောင့် အမြဲ ကြောက်လန့်တဲံ စိတ်သောက ဝင်ခဲ့ခြင်း ဖြစ်ပါတယ်။

ကလေးငယ်ကို ဓာတ်ပုံ ရိုက်ပြီး ဆေးရုံ မပို့ပေးခဲ့မှုကိုလည်း အချို့က ဝိုင်းဝန်း အပြစ်တင်ကြ ပါသေးတယ်။ သို့ပေမယ့် ယင်း ဒေသမှာ ရောဂါ များစွာ ရှိနေတဲ့ ကလေးနဲ့ လူကြီး များကို သာမန်လူတို့ ထိတွေ့ ကယ်ဆယ် ကူညီခွင့်ကို ပေးမထား ပါဘူး။ အကြောင်း ကတော့ ကူးဆက်သွား မှာ ကြောင့် ဖြစ်ပါတယ်။ ဓာတ်ပုံ ရိုက်ကူးမှုကလည်း ကမ္ဘာ တစ်ဝန်းလုံးက သိရှိမြင်သာ စေရန် ဖြစ်ပါတယ်။

ဓာတ်ပုံ ဆရာ ဖြစ်တဲ့ Carter အကြောင်းကို http://en.wikipedia.org/wiki/Kevin_Carter ထဲမှာ ဝင်ရောက် ဖတ်ရှု နိုင်ပါတယ်။

International news for Myanmar 

ရွှေဘိုမြို့နယ်တွင် သင်္ကြန်ကာလအတွင်း ရဲတပ်ဖွဲ့ဝင်အချို့ ရိုက်နှက်ခံရ


ကိုတိုးကြီး| စနေနေ့၊ ဧပြီ ၁၉ရက်၊ ၂၀၁၄ခုနှစ်။

ရွှေဘို၊ မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာ၊ အင်ကြင်းတော ဘုရားပွဲတော်၌ လုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် ရဲအရာရှိ အပါအ၀င် ရဲတပ်ဖွဲ့ဝင်အချို့ ရိုက်နှက်ခံရသည်ဟု ရွှေဘိုမြို့မရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဧပြီလ ၁၈ ရက်က မဇ္ဈိမကို ပြောသည်။

ယင်းသို့ အရိုက်ခံရခြင်းကြောင့် ရဲအုပ်တစ်ဦး ဝဲဘက်မျက်လုံး ဖုယောင်ညိုမဲပြီး ဝဲဘက်လက်သန်းပြတ်ရှဒဏ်ရာ ရရှိခဲ့သည်။ ဒုရဲအုပ်တစ်ဦးမှာ ဦးခေါင်းနောက်စေ့ ပေါက်ပြဲခဲ့ပြီး ဝဲပါးရိုး နာကျင်ခဲ့ရသည်ဟု ရွှေဘိုခရိုင် ရဲတပ်ဖွဲ့မှူးရုံးက ရဲအရာရှိတစ်ဦးက ပြောသည်။

ရဲတပ်ဖွဲ့ဝင်များ ရိုက်နှက်ခံခဲ့ရသည့် ဖြစ်စဉ်မှာ ဧပြီလ ၁၃ ရက် (သင်္ကြန်အကြိုနေ့) နံနက် ၁နာရီအချိန်က အင်ကြင်းတော ဘုရားပွဲတော်ရှိ ဘုရားကြီး၏ အရှေ့မြောက်ဘက်နေရာတွင် ခိုက်ရန်ဖြစ်ပွားနေသည်ဟု ဆိပ်ခွန်ကျေးရွာ အုပ်ချုပ်ရေးမှူးက ပွဲတော်လုံခြုံရေး စခန်းသို့ သတင်းပေးပို့သည့်အတွက် ရန်ပွဲကိုဖျန်ဖြေရန် ပွဲတော်လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များမှ သွားရောက်ခဲ့စဉ် ရိုက်နှက်ခံခဲ့ရခြင်းဖြစ်သည်။

“ဒီရဲတွေကို အရှင်မထားနဲ့ အသေသတ် ” ဟု ကြိမ်းဝါးကာ ရဲတပ်ဖွဲ့ဝင်များကို ၀ိုင်းဝန်းရိုက်နှက်ခဲ့ခြင်း ဖြစ်သည်ဟု မျက်မြင်သက်သေ ဦးအောင်နိုင်ဝင်းနှင့် ဦးရွှေအောင် ဆိုသူတို့က ပြောသည်။

ထို့ကြောင့် ပွဲတော်လုံခြုံရေး ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များကို အနာတရ ရရှိအောင် ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သူများကို ရွှေဘိုမြို့မရဲစခန်းက (ပ) ၁၇၇/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၃၃ အရ အမှုဖွင့် ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

Mizzima Burmese

လက်ပံတောင်းတောင်တွင် တစ်နာရီကျော်လေပြင်းတိုက်ပြီး၊ တောင်ကြားစေတီတော် အုတ်တံတိုင်း ပြိုကျ


ကိုတိုးကြီး| စနေနေ့၊ ဧပြီလ ၁၉ရက်၊ ၂၀၁၄ခုနှစ်။

ဆားလင်းကြီး၊ မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေ အတွင်းရှိ တောင်ကြားစေတီနှင့် လယ်တီသိမ်တော်ကို ကာရံထားသည့် အုတ်တံတိုင်းမှာ ယခုလ ၁၇ ရက် ည ၈ နာရီ ၄၅ မိနစ်အချိန်က ပြိုကျခဲ့သည်ဟု ထိုဒေသ၌ လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် အမည်မဖော်လိုသူ ရဲတပ်ဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။

“လယ်တီသိမ်တော်နဲ့ တောင်ကြားစေတီမှာရှိတဲ့ ဘုရားကုန်းမြေရဲ့ စနေထောင့်က အုတ်တံတိုင်း ပြိုကျခဲ့တာဖြစ်ပါတယ်” ဟု ၎င်း ရဲတပ်ဖွဲ့ဝင်မှ ဆက်လက်၍ ပြောသည်။

တောင်ကြားစေတီနှင့် လယ်တီသိမ်တော်ကို ကာရံထားသော အုတ်တံတိုင်းပြိုကျချိန်တွင် ထိုဒေသ၌ လေပြင်းများ တိုက်ခဲ့ရာ အချိန်တစ်နာရီကျော်မျှ ကြာမြင့်ခဲ့သည်ဟု ကြေးနီတူးဖော်ရေး ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောသည်။

“အုတ်တံတိုင်းပြိုကျရတဲ့ အကြောင်းအရင်းက တောင်ကြားစေတီနဲ့ သိမ်တော်ကို ပတ်လည် ကာရံထားတဲ့ ပလပ်စတစ် အစိမ်းရောင် ပိုက်ကွန်စများ ပြိုလဲကျပြီးနောက် စနေထောင့်က အုတ်တံတိုင်းပါ ပြိုကျခဲ့ခြင်းဖြစ်ပါတယ်” ဟု ယင်းမာပင်ခရိုင် ထွေအုပ်ရုံးဝန်ထမ်း တစ်ဦးက ပြောသည်။

“ပြိုကျတဲ့ အုတ်တံတိုင်းက (၇)ပေအခန်းတစ်ခန်းဖြစ်ပါတယ်” ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှိ ရုံးဝန်ထမ်းတစ်ဦး ကလည်း အတည်ပြုပြောကြားသည်။

အဆိုပါ တောင်ကြားစေတီနှင့် လယ်တီသိမ်တော်ကို
နေရာသစ်သို့ ပြောင်းရွှေ့တည်ထား ကိုးကွယ်နိုင်ရန် ကြေးနီတူးဖော်ရေး ကုမ္ပဏီနှင့် ဒေသဆိုင်ရာ အစိုးရအဖွဲ့တို့မှ ယခုလဆန်းပိုင်းက စတင်ကာ ပူးပေါင်းဆောင်ရွက်နေသည့် အချိန်ကာလတွင် အုတ်တံတိုင်းပြိုကျခဲ့ခြင်းဖြစ်သည်။

တောင်ကြားစေတီနှင့် လယ်တီသိမ်တော် ပြောင်းရွှေ့သည့် ကိစ္စနှင့် ပတ်သက်၍ လက်ပံတောင်းတောင် စုံးစမ်းစစ် ဆေးရေးကော်မရှင် အဖွဲ့ဝင်တစ်ဦးလည်းဖြစ်၊ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က “နိုင်ငံရေးအရရောဖြစ်စေ၊ ဘာသာရေး အရရောဖြစ်စေ ဒီကိစ္စစောနေသေးတယ်လို့ အန်တီတို့ကမြင်ပါတယ်။ စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာ အပိုဒ် ၈၅၊ အပိုဒ်ခွဲ(၆)အရ တင်ပြပေးထားခဲ့ပြီးပြီ။ အခုချိန်မှာရွှေ့မယ်ဆိုရင်တော့ အဲဒီ့အချက်နဲ့ မညီဘူးလို့ပဲပြောရမှာပေါ့ ” ဟု မဇ္ဈိမကို ပြောသည်။

လက်ပံတောင်း တောင်ကြား တောရစင်္ကြန်ကျောင်းခေါ်သော နေရာနှင့် ၎င်းအပေါ်ရှိ စေတီ၊ သိမ်ကျောင်း၊ စသည့် ဗုဒ္ဓသာသနိက အဆောက်အအုံများသည် သတ္ထုသိုက်တည်ရှိရာ အဓိကနေရာဖြစ်နေခြင်း၊ သာသနိက အဆောက်အအုံးများကို ကွင်းရှောင်ပြီး ကြေးနီသတ္ထု တူးဖော်ထုတ်လုပ်မည် ဆိုလျင်လည်း ယင်းအဆောက်အအုံးများ၏ ကြံ့ခိုင်တည်မြဲမှုကို ထိခိုက်နိုင်ခြင်းတို့ကြောင့် အဆိုပါ လက်ပံတောင်းတောင်ကြား တောရစင်္ကြန်ကျောင်း မြေနေရာနှင့် ၎င်းအပေါ်ရှိ ဗုဒ္ဓသာသနိက အဆောက်အအုံများကို လုံးဝ ထိခိုက်ပျက်စီးစေမှုမရှိဘဲ လက်ရှိအနေအထားများအတိုင်း အခြားသင့်လျော်မည့် နေရာ တစ်ခုခုသို့ ပြောင်းရွှေ့ပေးသင့်သည်ဟု လက်ပံတောင်းတောင် စုံးစမ်းစစ်ဆေးရေးကောက်မရှင်၏ အပိုဒ် ၈၅၊ အပိုဒ်ခွဲ(၆)တွင် သုံးသပ်တင်ပြထားသည်။

Mizzima Burmese
ကိုတိုး ချင်းတွင်း

ဆက်စပ် - လက်ပံတောင်း တောင်ကြားစေတီနှင့် လယ်တီသိမ်တော်အား ပြောင်းရွှေ့ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်

မိန်းမကိုယ် ခြောက်သွေ့ခြင်းကို ဖြေရှင်းနိုင်မည့် နည်းလမ်းငါးသွယ်


(၁) အာဟာရဖြည့်စွက်ရန် လိုအပ်ခြင်း

အာဟာရ ညီညွှတ်မျှတစွာ စားသောက် တာက မိန်းမကိုယ် ခြောက်သွေ့မှုကို လျော့နည်း သက်သာစေ ပါတယ်။ သင်စားတဲ့ အစားအသောက်ထဲမှာ မဟော် မုန်းအီစထရိုဂျင်ပါဝင်အောင် စားပါ။ မျောက်ဥ၊ အာလူး၊ တရုတ်နံနံ၊ ကောက်နှံ တစ်ခုလုံး၊ ပန်းသီး၊ တိုဟူးနဲ့ ဂုန်လျှောစေ့ စတာတွေထဲက တစ်ခုခုကို သင်နေ့စဉ် စားသောက်တဲ့ အစားအစာထဲမှာ ထည့် စားပေးပါ။ ဒါ့အပြင် ခန္ဓာကိုယ်မှာ ရေ ဓာတ် ခန်းခြောက်မှု မဖြစ်အောင် ရေဝ အောင် သောက်ပေးပါ။

(၂) ဗီတာမင်နှင့် သတ္တုဓာတ်များ ချို့တဲ့နေခြင်း

မိန်းမကိုယ်ခြောက်သွေ့နေပါက ဗီ တာမင်နဲ့ သတ္တုဓာတ်တွေ ဖြည့်စွက် သောက်သုံးဖို့ လိုအပ်ပါတယ်။ ဗီတာမင် အေ၊ ဘီ၊ အီး၊ အိုမီဂါ-၃၊ ဇင့်တွေကို အဓိ က ဖြည့်စွက်သောက်သုံးပါ။ ဒီလို ဖြည့်စွက်ပေးတာက အဆစ်တွေ၊ အရွတ်တွေ ရဲ့ လှုပ်ရှားမှုကို ပိုမိုကောင်းမွန်စေပြီး ကြွက်သားတွေကို ပိုမိုသန်မာစေပါတယ်။ ဗီတာမင်ဘီက မိန်းမကိုယ်ခြောက်သွေ့မှု ကို လျော့နည်းစေပြီး ဗီတာမင်အေက မိန်းမကိုယ်လမ်းကြောင်းရဲ့ ကျုံ့နိုင်ဆန့် နိုင်အားကို ကောင်းမွန်စေပါတယ်။

(၃) ကျန်းမာရေးနှင့် ညီညွှတ်သော အမူအကျင့်များရှိခြင်း

သင်ရဲ့ အမူအကျင့်တွေ ပြောင်းလဲ လိုက်တာကြောင့် လည်း မိန်းမကိုယ် ခြောက်သွေ့တာကို လျော့နည်းသက်သာ စေပါတယ်။ အရက်သောက်တာ၊ ကော် ဖီအလွန်အကျွံသောက်တာ၊ အချိုရည် တွေ သောက်တာကို လျှော့ချပြီး ရေများ များသောက်ပါ။ ဖြူဖွေးအောင် အဆင့် ဆင့်ပြုပြင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်တွေ က မိန်းမကိုယ်ခြောက်သွေ့မှုကို ဖြစ်စေ တာကြောင့် ရှောင်သင့်ပါတယ်။

(၄) ဆေးဝါးအချို့ သောက်သုံးနေခြင်း

တချို့ဆေးဝါးတွေကြောင့်လည်း မိန်းမကိုယ်ခြောက်သွေ့တာကို ခံစားရ နိုင်ပါတယ်။ အအေးမိနှာစေးပျောက် ဆေး၊ ဓာတ်မတည့်တာကို သက်သာစေ တဲ့ဆေးနဲ့ ပဋိသန္ဓေတားဆေးတွေက မိန်းမကိုယ်ခြောက်သွေ့မှုကို ဖြစ်စေတာ ကြောင့် လိုအပ်ပါက ဆရာဝန်နဲ့ တိုင်ပင် ပြသပါ။

(၅) အလွန်အမင်း သန့်စင်ခြင်း

ဘယ်ရောဂါမဆို ဖြစ်လာမှ ကုသတာထက် မဖြစ်ခင်က ကြိုတင်ကာကွယ်တာက အကောင်းဆုံးနည်းလမ်းပါ။ အ မွှေးနံ့ပြင်းပြီး ဓာတုပစ္စည်းတွေ ပါဝင်တဲ့ မိန်းမကိုယ် သန့်စင်ဆေးရည်တွေကို အလွန်အမင်းသုံးစွဲတာ၊ ယောနိ လမ်းကြောင်း အတွင်းထဲအထိ သန့်စင်ဆေးကြောတာ တွေကို ရှောင်ပါ။

Good Health

တောင်ကိုရီးယား သင်္ဘောနစ်မြုပ်မှု နောက်ဆက်တွဲ သတင်း


အခုလက်ရှိအချိန်အထိ လူ ၂၉ ယောက် သေဆုံးပြီး ၂၇၄ ယောက်ပျောက်ဆုံး နေဆဲဖြစ်တဲ့ နစ်မြုပ်သွားခဲ့တဲ့ ကိုရီးယား အပျော်စီး သင်္ဘောရဲ့ ကပ္ဗတိန် Lee Joon-seok (၆၉ နှစ်)ကို ရဲတပ်ဖွဲ့က စနေနေ့မနက်မှာ ဖမ်းဆီးလိုက်ပါတယ်။ သူ့ကို တာဝန်လစ်ဟင်းမှု၊ ရေကြောင်း ဥပဒေဖောက်ဖျက်မှု အပါအ၀င် အမှု ၅မှုနဲ့ အရေးယူထားကြောင်း ကိုရီးယား သတင်းဌာန Yonhap က ဖော်ပြထားပါတယ်။ လီကတော့ သူ့အနေနဲ့ သင်္ဘောစမြုပ်မြုပ်ချင်းမှာ ခရီးသည်တွေကို ထွက်ခွာဖို့ အရင်ပြောခဲ့ကြောင်း၊ နောက်မှ အသက်ကယ်လှေ အလုံအလောက်မရှိတာကြောင့် သင်္ဘောတွင်းနေကြဖို့ကို ထပ်ကြေညာခဲ့တာဖြစ်ကြောင်း၊ သူကိုယ်တိုင်အမှားလုပ်ခဲ့မိပါတယ်လို့ သတင်းထောက်တွေနဲ့ တွေ့ဆုံရာ ပြောကြားခဲ့ပါတယ်။

ခရီးသည် စုစုပေါင်း ၄၇၆ ယောက်ကိုသယ်ဆောင်လာတဲ့ ကိုရီးယားအပျော်စီးသင်္ဘော #Sewol ဟာ ဧပြီ ၁၆ရက်နေ့က နစ်မြုပ်ခဲ့တာဖြစ်ပြီး အထက်တန်းကျောင်းသား ၃၀၀နီးပါး ပါဝင်ပါတယ်။ သင်္ဘောပေါ်မှာ ပါသွားခဲ့တဲ့ အထက်တန်းကျောင်း လက်ထောက်ကျောင်းအုပ်ကတော့ ပျောက်ဆုံးနေသူတွေ ပြန်လည်ရှာတွေ့နိုင်ဖို့ မျှော်လင့်ချက်နည်းပါးလာချိန်မှာ သောကြာနေ့က သူ့ကိုယ်သူ အဆုံးစီရင်သွားခဲ့ပါတယ်။

DVB TV News

ဆက်စပ်သတင်း - ကိုရီးယား သင်္ဘောမှောက်မှုကြောင့် ဒုကျောင်းအုပ် အဆုံးစီရင်

ပထမဆုံး 3D ပရင်တာနဲ့ အိမ်ဆောက်တဲ့ နည်းပညာ တရုတ်နိုင်ငံမှာ စမ်းသပ်


တရုတ်နိုင်ငံရဲ့ ပထမဆုံး 3D ပရင်တာနဲ့ အိမ်ဆောက်တဲ့ နည်းပညာကို ဧပြီလဆန်းပိုင်းက ရှန်ဟိုင်းမြို့မှာ စမ်းသပ်ခဲ့ကြပါတယ်။

အုတ်ခဲတွေ၊ ကြွေပြားတွေ မသုံးပဲ အဝေးကကြည့်လိုက်ရင် သာမန်အိမ်နဲ့ မခြားပဲ အနီးကပ် ကြည့်တဲ့အခါမှသာ အင်္ဂတေတွေကို အလွှာလိုက် လောင်းထားတာကို တွေ့ရမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံ အရှေ့ပိုင်းပြည်နယ်က သိပ္ပံနဲ့ ကုန်သွယ်မှုဖွံ့ဖြိုးရေး ကုမ္ပဏီက စမ်းသပ်ထုတ်လုပ် လိုက်တဲ့ ကွန်ကရစ်နံရံတွေဟာ 3D Printer နဲ့ အလွှာလိုက်လောင်းထားတာ ဖြစ်ပါတယ်။ 3D Printer ရဲ့ မင်အဖြစ် သုံးတာကတော့ သာမန်သဲနဲ့ဖော်စပ်ထားတဲ့ အင်္ဂတေပဲဖြစ်ပါတယ်။

3D Printer နဲ့ ထုတ်လုပ်လိုက်တဲ့ ကွန်ကရစ်နံရံတွေကို အချပ်လိုက် ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို သယ်သွားပြီး တိုင်တွေမှာ ကောက်တပ်လိုက်ရုံပဲဖြစ်တာကြောင့် ကုန်ကျစရိတ် သက်သာပြီး ဆောက်လုပ်ရေးအဆင့်တွေ လျော့ချနိုင်တယ်လို့ဆိုပါတယ်။

3D Printer နဲ့ ထုတ်လိုက်တဲ့ အရန်သင့်ဆောက်လုပ်ရေးပစ္စည်းတွေကို ကွန်ပြူတာကနေပဲ ဒီဇိုင်းဆွဲ၊ တိုက်ရိုက် စေခိုင်းတာဖြစ်တာကြောင့် ဖြတ်စရာတောက်စရာမလိုတော့ပဲ တခါထဲအချောတည် ထုတ်လုပ်ပေးနိုင်တာလည်းဖြစ်ပါတယ်။

နည်းပညာအဆင့်မြင့်ပေမယ့် 3D Printer နဲ့ ဆောက်လုပ်တဲ့အိမ်တွေဟာ မီးပူဒဏ်ခံနိုင်ရည်၊ သက်တမ်းစတာတွေကို စမ်းသပ်ရအုံးမှာမို့ စီးပွားဖြစ်ထုတ်လုပ်နိုင်ဖို့တော့ လိုအုံးမယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

DVB Burmese

၂၀၁၄ ခုနှစ်ဟာ မြန်မာပြည်ပြုပြင်ပြောင်းလဲရေးကို အဆုံးအဖြတ်ပေးမယ့်နှစ်ဟု ဗြိတိန်ဆို

ရခိုင်ပြည်နယ်အတွင်း လူမျိုးရေးပဋ္ဋိပက္ခ ဖြစ်ပွား နေစဉ်

၂၀၁၄ ခုနှစ်ဟာ မြန်မာပြည်ပြုပြင်ပြောင်းလဲရေးအတွက် အဆုံးအဖြတ်ပေးမယ့် နှစ်တနှစ် ဖြစ်တယ်လို့ ဗြိတိန်နိုင်ငံခြားရေးနဲ့ ဓနသဟာယရုံးရဲ့ ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။

မြန်မာ့နိုင်ငံရေးမှာ စိုးရိမ်မကင်းဖြစ်စရာတွေကို တိုးတက်မှုရှိအောင်လုပ်ဖို့ အသက်တမျှ အရေးကြီးတယ်လို့လည်း ဆိုပါတယ်။

၂၀၁၄ ခုနှစ်အတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ထပ်ကျင်းပဖို့ရှိတာ၊ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဆက်လက်ဆွေးနွေးကြဖို့ရှိတာ၊ မြန်မာ အာဆီယံဥက္ကဋ္ဌ ဖြစ်လာတာနဲ့ တနိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူတာတို့ဟာ ၂၀၁၄ ခုနှစ်ရဲ့ အဓိက ဖြစ်စဉ်တွေလို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ရခိုင်အရေးနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်အခြေအနေဟာ အထိမခံဖြစ်နေပြီး နှစ်ဘက်အုပ်စုကြား အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနိုင်တဲ့ အန္တရာယ် ကြီးကြီးမားမား ရှိနေသေးတယ်လို့ သုံးသပ်ဖော်ပြထားပါတယ်။ အစိုးရအနေနဲ့ လူမျိုးရေး၊ ဘာသာရေး အမုန်းတရားများကို လှုံ့ဆော်နေတာတွေကို ပိုမို အရေးယူ လုပ်ဆောင်ဖို့ အစီရင်ခံစာက တိုက်တွန်း ဖော်ပြပါတယ်။

တခြား စိုးရိမ်စရာကိစ္စတခုအဖြစ် ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် အက်ဥပဒေပုဒ်မ ၁၈ ဟာ နိုင်ငံတကာစံနဲ့ မကိုက်ညီဘူးလို့လည်း အစီရင်ခံစာက ထောက်ပြထားပါတယ်။

၂၀၁၃ ခုနှစ်အကုန်မှာ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့ ကတိပြု လွှတ်ပေးခဲ့ပေမယ့် အကျသ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၃၀ လောက် ကျန်နေသေးတယ်လို့ ဆိုပါတယ်။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီကို နှစ်ပေါင်းများစွာအတွင်း အကျဉ်းထောင်တွေထဲ သွားရောက်ခွင့် ပေးခဲ့ပေမယ့် အကျဉ်းထောင်တွေထဲ နှိပ်စက်ညှဉ်းပမ်းမှု ရှိနေတုန်းလို့ စွပ်စွဲချက်တွေ ပေါ်ထွက်နေဆဲပဲလို့ ဗြိတိန်လူ့အခွင့်အရေး အစီရင်ခံစာမှာ ဖော်ပြပါတယ်။

စာမျက်နှာ ၉ မျက်နှာပါရှိတဲ့ ဗြိတိန်ရဲ့ မြန်မာပြည် လူ့အခွင့်အရေး အစီရင်ခံစာမှာ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နဲ့ စုဝေးခွင့်၊ တရားမျှတမှုရှိရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ ပဋိပက္ခနဲ့ အရပ်သားများ ကာကွယ်စောင့်ရှောက်ခြင်း၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်၊ အမျိုးသမီးများ အခွင့်အရေး၊ လူနည်းစု အခွင့်အရေး၊ ကလေးသူငယ် အခွင့်အရေး စသဖြင့် အခန်းကဏ္ဍ ၇ ခု ခွဲခြား ဖော်ပြထားပြီး ဒီ အစီရင်ခံစာကို ဧပြီလ ဒုတိယပတ်အတွင်း ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

DVB Burmese

ဧ၀ရတ်တောင်တွင် ဆီးနှင်းပြိုမှုကြောင့် တောင်တက်အကူ ၁၂ ဦးသေဆုံး


ကမ္ဘာ့အမြင့်ဆုံးရေခဲတောင်ဖြစ်တဲ့ ဧ၀ရတ်တောင်မှာ ဧပြီလ ၁၈ ရက်နေ့က ဆီးနှင်းပြိုပြီး ဒေသခံနီပေါတောင်တက်အကူ ၁၂ ဦး သေဆုံးခဲ့တယ်လို့ နီပေါခရီးသွားလုပ်ငန်း ၀န်ကြီးဌာနက ဆိုပါတယ်။

အခုနှစ် တောင်တက်ရာသီအစမှာပဲ ဆီးနှင်းပြိုမှုဖြစ်ပွားခဲ့တာဟာ ၈ နှစ်အတွင်း လူအသေအပျောက် အများဆုံး ဆီးနှင်းပြိုကျမှုဖြစ်တယ်လို့ ဆိုပါတယ်။ တောင်တက်အကူ ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး နောက်ထပ် လူ ၅ ဦးလောက်လည်း ပျောက်ဆုံးနေဆဲလို့ဆိုပါတယ်။

အမြင့်ပေ ၂၉၀၀၀ ကျော်မြင့်တဲ့ ဧ၀ရတ်တောင်ကို ၁၉၅၃ ခုနှစ်က ဆာအက်မန် ဟီလာရီနဲ့ ဒေသခံအကူတို့ ပထမဆုံးအောင်မြင်စွာ တက်ရောက်ခဲ့ပြီးနောက်ပိုင်း အခုချိန်ထိ တောင်တက်သမား စုစုပေါင်း ၄၀၀၀ ကျော် တောင်ထိပ်ကို တက်ရောက်နိုင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ တောင်တက်သမား ၂၅၀ လောက်ဟာလည်း တောင်တက်ရင်းလမ်းခရီးမှာ သေဆုံးခဲ့ကြပါတယ်။

ဧ၀ရတ်တောင်တက်ကြေးကို လျှော့ပေးဖို့ နီပေါအစိုးရက စီစဉ်ခဲ့ပြီး အခုနှစ် နိုင်ငံခြားသားတောင်တက်သမားဦးရေကိုလည်း မနှစ်ကထက်တိုးပြီး ၃၃၄ ဦးခွင့်ပြုခဲ့ပါတယ်။ ဧ၀ရတ်တောင်တက်ရာသီဟာ မိုးဦးမကျခင် မေလကုန်မှာ ကုန်ဆုံးမှာလည်းဖြစ်ပါတယ်။

DVB Burmese

ဦးဝင်းတင် ကျောက်ကပ်တကြိမ်ဆေးပြီး အခြေအနေ (မိသားစုဆရာဝန် ဒေါက်တာမြင့်သိန်းနဲ့ မေးမြန်းချက်)


ဧပြီလ ၁၈ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးမင်းကိုနိုင်တို့ ဦးဝင်တင်အား သွားရောက် အားပေးနေစဉ်(ဓာတ်ပုံ – ဇော်မျိုးအောင်)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဟံသာဝတီဦးဝင်းတင်ရဲ့ ကျောက်ကပ်ကို ဧပြီလ ၁၈ ရက်ည ပိုင်းမှာ ၂ နာရီကြာ ဆေးကြောခဲ့တာ အောင်မြင်ပြီး သူ့ရဲ့ ကျန်းမာရေးအခြေအနေ ကြည့်ပြီး ဒီနေ့ည တကြိမ် ထပ်ဆေးဖို့ ရှိတယ်လို့ မိသားစုဆရာဝန် ဒေါက်တာမြင့်သိန်းက ပြောပါတယ်။

ဦးဝင်းတင်ရဲ့ လက်ရှိ ကျန်းမာရေးအခြေအနေကို ဒေါက်တာမြင့်သိန်း ပြောပြထားတာ နားဆင်နိုင်ပါတယ်။


DVB Burmese

နတ်တလင်းတွင် နေအိမ်ဖျက်ဆီးသူများအား ဥပဒေအရ အရေးယူမည်ဟု ဆို


ရေခဲ(ပြည်)| စနေနေ့၊ ဧပြီလ ၁၉ရက်၊ ၂၀၁၄ခုနှစ်။

နတ်တလင်း၊ မဇ္ဈိမ။ ။ ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ် တောင်ညိုမြို့သစ်တွင် ဧပြီလ ၁၅ရက်မှ ၁၇ရက်အတွင်း ဖြစ်ပွားခဲ့သော ဘာသာမတူသည့် လူငယ်နှစ်ဦး ချစ်ကြိုက်သည်ကို မကျေနပ်၍ နေအိမ်လေးလုံး ဖျက်ဆီးခဲ့သူများကို ဥပဒေအရ အရေးယူဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု တောင်ညိုရဲစခန်းမှ တာဝန်မှူးက မဇ္ဈိမကို ပြောသည်။

“အခြေအနေကို ထိန်းသိမ်းနိုင်သွားပါပြီ။ တရားဥပဒေအရ အရေးယူ ဆောင်ရွက်သွားပါမယ်”ဟု တော်ညိုရဲစခန်းမှ တာဝန်မှူးက မဇ္ဈိမကို ပြောသည်။ သို့သော် မည်သည့်အချိန်တွင်၊ မည်ကဲ့သို့ အရေးယူမည်ကိုမူ ၎င်းက ပြောကြားခြင်း မရှိပေ။
နေအိမ်များ ဖျက်ဆီးခံခဲ့ရသည့် ကံစုကျေးရွာတွင် ရဲတပ်ဖွဲ့မှ လုံခြုံရေးယူထားပြီး နေအိမ်ဖျက်ဆီးသူများကိုမူ ယခုအချိန်အထိ ဖမ်းဆီးခြင်း မရှိသေးဟု နတ်တလင်းမြို့ တည်ငြိမ်အေးချမ်းရေး ပူးပေါင်းကော်မတီ အဖွဲ့ဝင် တစ်ဦးက ပြောသည်။
"တရားခံတွေကို မဖမ်းသေးဘူး။ အဲဒီ့မှာ လုံထိန်းတပ်ရင်းတွေတော့ ရောက်နေတယ်" ဟု ၎င်းက ဆိုသည်။

ဘာသာမတူသူ နတ်တလင်းမြို့ပေါ်နေ လူငယ်နှင့် တောင်ညိုမြို့မှ အမျိုးသမီးငယ်တို့ ချစ်ကြိုက်သဖြင့် ဧပြီလ ၁၅ရက်ညနှင့် ၁၆၊ ၁၇ရက် ညများတွင် တောင်ညိုမြို့သစ်မှ အမျိုးသမီး၏ အိမ်နှင့် အခြားရွာနှစ်ခုမှ လူငယ်၏ မိတ်ဆွေအိမ်များကို လူ ၃၀၀ ခန့်က ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဧပြီလ ၁၇ရက် ည ၉နာရီအချိန်တွင် တာင်ညိုမြို့သစ် မင်းဘူးကျွန်းကျေးရွာတွင် ဒေသခံကျေးရွာသားများ ထပ်မံစုဝေးကြသဖြင့် ဧပြီ(၁၈)ရက် နေ့လည်(၂)နာရီတွင် ပဲခူးတိုင်းနယ်စပ်ရေးရာ ၀န်ကြီး ဦးသက်ထွန်း၊ သာယာဝတီခရိုင် အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့မှူး၊ နတ်တလင်းမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့မှူးတို့က အဆိုပါကျေးရွာတွင် ဒေသခံများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်ဟု နတ်တလင်းမြို့ တည်ငြိမ်အေးချမ်းရေး ကော်မတီ အဖွဲ့ဝင်က ပြောသည်။

နေအိမ်ဖျက်စီးမှုများနှင့် ပတ်သတ်ပြီး အခြေအနေအသေးစိတ် သိရှိရန် နတ်တလင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ မဇ္ဈိမက ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။

ထို့ကြောင့် နတ်တလင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ထံ ဆက်သွယ်မေးမြန်းရာ အစည်းအဝေးပြုလုပ်နေသဖြင့် မေးမြန်းခွင့် မရရှိခဲ့ပေ။

Mizzima Burmese

တီမန်ယန်မန်အရေးအခင်းပြတိုက်တွင် ဒီမိုကရေစီနတ်သမီးရုပ်တု ထားမည်


ဟာင်ကောင်မြို့မှာ ဖွင့်လှစ်ဖို့ စီစဉ်နေတဲ့ ၁၉၈၉ တရုတ်နိုင်ငံ တီယန်နန်မန်ရင်ပြင် အရေးအခင်း သမိုင်းဝင်ပြတိုက်ထဲမှာ ထားရှိမယ့် ဒီမိုကရေစီနတ်သမီး ပုံတွဲရုပ်တုကို ဧပြီလ ၁၈ ရက်နေ့က ဟောင်ကောင် ဒီမိုကရေစီလှုပ်ရှားသူတွေက ရွှေ့ပြောင်းခဲ့ကြပါတယ်။

မူလဒီမိုကရေစီနတ်သမီးရုပ်တုကို ၁၉၈၉ ဇွန်လ တီယန်နန်မန်ရင်ပြင် အရေးအခင်း ဖြစ်ပွားချိန် အတွင်း ဒီမိုကရေစီ တောင်းဆိုဆန္ဒပြသူတွေက တည်ဆောက်ခဲ့ကြပေမယ့် အရေးအခင်းကို ပြိုခွင်းချိန်မှာ တရုတ်စစ်သားတွေက ရုပ်တုကို ဖျက်စီးခဲ့တာဖြစ်ပါတယ်။

ပြတိုက်မှူး အန်ဒယူလမ်က ရုပ်တုကို သယ်ယူလာတဲ့အချိန်က တားဆီးနှောင့်ယှက်မှုရှိမှာ စိုးရိမ်ခဲ့ပါတယ်။ ဒါပေမယ့်အောင်အောင်မြင်မြင်ပဲ သယ်ယူလာနိုင်ခဲ့ပါတယ်။ ဒီမိုကရေစီ နတ်သမီး ရုပ်တုအတွက် စာမျက်နှာသစ်တခု ဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပြီး ဒီပြတိုက်မှာ အမြဲတမ်းထားရှိမှာ ဖြစ်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

၁၉၈၉ ဇွန်လ ၃ ရက်နဲ့ ၄ ရက်နေ့ တီယန်နန်မန်ရင်ပြင် ဒီမိုကရေစီရေးဆန္ဒပြပွဲတွေမှာ ဖြိုခွင်းခံခဲ့ရချိန်မှာ ကျောင်းသားတွေ ရာချီသေဆုံးခဲ့ပြီး အဲ့ဒီ အရေးအခင်းအကြောင်း ပြောဆို ဆွေးနွေးမှုတွေဟာ တရုတ်နိုင်ငံမှာ ပိတ်ပင်တားမြစ်ခံရဆဲဖြစ်ပါတယ်။

ဟောင်ကောင်ရဲ့ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီရေးမှာ တရုတ်အစိုးရက ပိုပြီးချုပ်ချယ်ကန့်သတ် လာတာတွေနဲ့ ပတ်သက်ပြီး ပြစ်တင်ရှုတ်ချမှုတွေ ဖြစ်ပွားနေချိန်မှာ အခုလို ဒီမိုကရေစီ နတ်သမီးရုပ်တုကို တီမန်ယန်မန်အရေးအခင်းပြတိုက်မှာ ထားရှိမယ့်ကိစ္စဟာ တရုတ်အစိုးရ အတွက် အကျပ်ရိုက်စေမှာဖြစ်ပါတယ်။

  ပြတိုက်ကို ဧပြီလကုန်မှာ ဖွင့်လှစ်မှာဖြစ်ပြီး ပြတိုက်မှာ ဒီမိုကရေစီရုပ်တုအပြင် တီယန်နန်မန်အရေးအခင်းနဲ့ပတ်သက်တဲ့ မှတ်တမ်း၊ ဓါတ်ပုံတွေ၊ အထောက်အထားတွေ ထားရှိမှာဖြစ်ပါတယ်။

DVB Burmese

ဧရာဝတီမြစ်ဆုံ အပြီးသက်ရပ်ဆိုင်းရေးအတွက် ဆန္ဒထုတ်ဖော်ကာ မြစ်ဆုံအထိလမ်းလျှောက်မည့် အဖွဲ့ များ မန္တလေးမြို့သို့ ယနေ့ နံနက် ၉နာရီ ၁၅မိနစ်ခန့်က ရောက်ရှိ


ဧရာဝတီမြစ်ဆုံ အပြီးသက်ရပ်ဆိုင်းရေးအတွက် ဆန္ဒထုတ်ဖော်ကာ မြစ်ဆုံအထိလမ်းလျှောက်မည့် အဖွဲ့ များ မန္တလေးမြို့သို့ ယနေ့ နံနက် ၉နာရီ ၁၅မိနစ်ခန့်က ရောက်ရှိခဲ့ပါတယ်။ မန္တလေးမြို့သို့ရောက်ရှိချိန်အထိ

ချယ်ဆီးနှင့် စာချုပ်သစ် ချုပ်ဆိုရန် နီးစပ်နေသည့် ဂျွန်တယ်ရီ


လာမည့် ရက်သတ္တပတ် နှစ်ပတ်အတွင်း ချယ်ဆီး အသင်းခေါင်းဆောင် ဂျွန်တယ်ရီကို စာချုပ်သစ် ချုပ်ဆိုနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း အသင်း လက်ထောက် နည်းပြ စတိဗ်ဟော်လန်က ပြောကြားလိုက်သည်။

ယခုနှစ် ဘောလုံးရာသီတွင် ချယ်ဆီး၌ ခြေစွမ်းကောင်း ပြသနိုင်ခဲ့သည့် တယ်ရီသည် လိဂ်ပွဲ ၃၂ ပွဲ ပါဝင်ကစားခဲ့ပြီး အသင်း၏ ပေးဂိုးမှာလည်း ၃၄ ပွဲတွင် ၂၄ ဂိုးသာ ရှိခဲ့သည်။

ထို့နောက် အသက် ၃၃ နှစ်အရွယ် တယ်ရီသည် ချယ်ဆီး၏ စာချုပ်သစ်တစ်ရပ်ဖြင့် ကမ်းလှမ်းမှုကို လက်ခံရရှိခဲ့သော်လည်း စာချုပ်သစ် လုပ်ခလစာမှာ လက်ရှိ လုပ်ခလစာထက် ထက်ဝက်သာ ရှိကြောင်း သိရသည်။

ထို့အပြင် ဟော်လန်က ကစားသမားနှင့် ကလပ်အသင်းအကြား တင်းမာမှုများ ဖြစ်ပေါ်နေသည်ဆိုသည့် ခန့်မှန်းပြောကြားမှုများကို ငြင်းဆိုသွားခဲ့ပြီး အသင်း၏ ဝါရင့်ကစားသမားများ ဖြစ်သည့် အက်ရှ်လေကိုးလ်နှင့် ဖရန့်ခ်လမ်းပတ် တို့ကိုလည်း စာချုပ်သစ် ချုပ်ဆိုရန် ပြင်ဆင်နေကြောင်း ပြောကြားခဲ့သည်။

“ဂျွန်အနေနဲ့ ဒီနှစ်မှာ အကောင်းဆုံး ခြေစွမ်းပြသခဲ့ပါတယ်။ ဒါကြောင့်လည်း ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ခံစစ် စံချိန်ကို ကျွန်တော်တို့ ပိုင်ဆိုင်ခဲ့တာပါ။ သူဟာ လိဂ်ပွဲ အားလုံးနီးပါး ပါဝင်ကစားနိုင်ခဲ့ပြီး အသင်းရဲ့ ခံစစ်ပိုင်းမှာ အရေးပါတဲ့ ကဏ္ဍကနေ ပါဝင်နိုင်ခဲ့ပါတယ်။ ဂျွန်အနေနဲ့ ချယ်ဆီးမှာ ဆက်နေချင်တယ်ဆိုတာကို ကျွန်တော် သိပါတယ်။ ချယ်ဆီးကလည်း ဂျွန်ကို အသင်းမှာ ဆက်ရှိစေချင်ပါတယ်။ ဒါကြောင့် လာမယ့် ရက်သတ္တပတ် အနည်းငယ် အတွင်းမှာ စာချုပ်သစ်အတွက် သဘောတူညီမှု ရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောက်ပြီး လမ်းပတ်နဲ့ ကိုးလ်တို့ကိုလည်း စာချုပ်သစ် ချုပ်ဆိုဖို့ရှိပါတယ်။ သူတို့ဟာ အသင်းမှာ နှစ်ပေါင်းများစွာ ကစားခဲ့သူတွေပါ။ သူတို့အပေါ်မှာ လေးစားမှု အပြည့်ရှိပါတယ်” ဟု ဟော်လန်က ဆိုခဲ့သည်။

တယ်ရီသည် ၂၀၁၂ ခုနှစ် စက်တင်ဘာလက အင်္ဂလန် ကစားသမား အဖြစ်မှ အနားယူခဲ့သူ ဖြစ်သည်။ ၎င်းသည် ၁၉၉၈ ခုနှစ်မှ စတင်ကာ ချယ်ဆီးအတွက် စတင်ကစားခဲ့သူ ဖြစ်ပြီး လက်ရှိတွင် အသင်းအတွက် ပွဲ ၆၀၀ ကျော် ကစားထားသူ ဖြစ်သည်။

Ref: SkySports
Soccer Myanmar

အိုဇေးလ်သည် လာမည့်နှစ်တွင် ပရီးမီးယားလိဂ် ကြယ်ပွင့် ဖြစ်လာလိမ့်မည်ဟု အာစင်ဝင်းဂါး မှတ်ချက်ပြု


ရီးယဲမက်ဒရစ်မှ အာဆင်နယ်သို့ ပေါင် ၄၂.၅ သန်းဖြင့် ပြောင်းရွှေ့လာခဲ့သည့် အိုဇေးလ်သည် ၎င်း၏ ပထမဦးဆုံး ဘောလုံးရာသီ၌ အခက်အခဲများနှင့် တွေ့ကြုံရခဲ့သော်လည်း အဆိုပါ ဂျာမနီ ကစားသမားသည် လာမည့်နှစ် ဘောလုံးရာသီတွင် ပရီးမီးယားလိဂ် ကြယ်ပွင့် ကစားသမားတစ်ဦး ဖြစ်လာလိမ့်မည်ဟု အသင်း မန်နေဂျာ အာစင်ဝင်းဂါးက မှတ်ချက်ပြု ပြောကြားခဲ့သည်။

တံကောက်ကြော ဒဏ်ရာကြောင့် တစ်လကျော်ခန့် အနားယူနေရသည့် အသက် ၂၅ နှစ်အရွယ် အိုဇေးလ်သည် တနင်္ဂနွေနေ့တွင် ဟူးလ်စီးတီးနှင့် ကစားရမည့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် ပါဝင်ကစားနိုင်ဖွယ် ရှိသည်။

ထို့နောက် ဝင်းဂါးက အသင်းမှ စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ဝယ်ယူထားသည့် အိုဇေးလ်သည် ထိပ်ဆုံးလေးသင်း နေရာနှင့် အက်ဖ်အေဖလား ပြိုင်ပွဲအတွက် အဓိကကျသည့် ကဏ္ဍမှ ပါဝင်နိုင်လိမ့်မည်ဟု ဆိုခဲ့သည်။

“သူဟာ အံ့အားသင့်ဖွယ် ကောင်းတဲ့ ကစားသမား တစ်ဦးပါ။ လာမယ့်နှစ်မှာ သူ့ကို ပရီးမီးယားလိဂ် ကြယ်ပွင့် ကစားသမား အနေနဲ့ တွေ့မြင်ရပါလိမ့်မယ်။ သူ့ရဲ့ ပထမဦးဆုံး ဘောလုံးရာသီမှာ အသင်းနဲ့ အသားကျဖို့ ကြိုးစားခဲ့ရပေမယ့် မကြာခင်မှာ အသင်းဖော်တွေနဲ့ နားလည်မှုရှိရှိ ကစားနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ နောက်ပြီး လက်ကျန်ပွဲတွေမှာလည်း ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဝင်းဂါးက ပြောကြားခဲ့သည်။

အာဆင်နယ်သည် အိုဇေးလ် မပါဝင်နိုင်သည့် ကာလတွင် နှစ်ပွဲသာ အနိုင်ရရှိခဲ့ပြီး အသင်းမှာလည်း ချန်ပီယံလမ်းကြောင်းမှ သွေဖယ်ကာ အဆင့် ၄ နေရာတွင် ရပ်တည်နိုင်ရန် ကြိုးပမ်းနေရလျက် ရှိသည်။

သို့သော် ဗုဒ္ဓဟူးနေ့က ခရစ္စတယ်ပဲလေ့စ်ကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့သည့် အဲဗာတန်နှင့် အိုဇေးလ် ပြန်လည် ကစားနိုင်သည့် သတင်းများက အာဆင်နယ်အတွက် အဆင့် ၄ နေရာတွင် ရပ်တည်ပြီး ချန်ပီယံလိဂ် ဝင်ခွင့်တစ်နေရာ ရရှိရန်အတွက် အားတစ်ရပ် ဖြစ်လာခဲ့သည်။

Ref: DailyStar
Soccer Myanmar

MH370 ရှာဖွေရေး ကုန်ကျစရိတ် ဒေါ်လာသန်း ၁၀၀ ခန့်ရှိဟုဆို


မလေးရှားလေကြောင်းလိုင်းမှ ပျောက်ဆုံးနေသော ခရီးသည်တင်လေယာဉ် ရှာဖွေသည့်လုပ်ငန်းအတွက် ကျခံသုံးစွဲရသည့် ငွေကြေးပမာဏမှာ အမေရိကန်ဒေါ်လာ သန်း၁၀၀ ခန့်အထိ ရှိနိုင်ကြောင်း ကျွမ်းကျင် ပညာရှင် များက ဧပြီ ၁၈ ရက်တွင် ပြောကြားသည်။

ပျောက်ဆုံးနေသော မလေးရှားလေယာဉ်ကို ရှာဖွေရမှုသည် နိုင်ငံတကာ မြို့ပြလေကြောင်း သမိုင်းတွင် ငွေကုန်ကြေးကျ အများဆုံးလုပ်ငန်းတစ်ရပ်ဖြစ်လိမ့်မည် ဖြစ်ကြောင်းကျွမ်းကျင်သူ ပညာရှင်များက ပြောကြား ကြသည်။

မလေးရှားလေကြောင်းမှ ခရီးစဉ်အမှတ် အမ်အိပ်ခ်ျ-၃၇၀ ပျံသန်းလာသော ဘိုးအင်း-၇၇၇ လေယာဉ်သည် မတ် ၈ရက်က ပျောက်ဆုံးသွားခဲ့သည်။ ယင်းလေယာဉ်သည် လူ ၂၃၉ ဦးကို တင်ဆောင်ကာ မြို့တော် ကွာလာလမ်ပူမှ တရုတ်နိုင်ငံ ပေကျင်းမြို့သို့ ပျံသန်းလာစဉ် ထူးဆန်းစွာပျောက်ဆုံးသွားခဲ့သည်။

အိန္ဒိယသမုဒ္ဒရာ၏ ဝေလံသီခေါင်သော နေရာတွင် ပျက်ကျခဲ့သည် ဟုယူဆရပြီး ရေပြင်နှင့် ဝေဟင်မှ ရှာဖွေခဲ့သည့် အပြင် မောင်းသူမဲ့ ရေငုပ်သင်္ဘောဖြင့်လည်း ပိုက်စိပ်တိုက် ရှာဖွေခဲ့သော်လည်း အထမမြောက်ခဲ့ ပေ။

ပင်လယ်ရေမျက်နှာပြင်အောက်၎ ဒသမ ၅ကီလိုမီတာ
(၂ဒသမ ၈မိုင် )ပျောက်ဆုံးနေသော မလေးရှား လေယာဉ်ကို ရှာဖွေရမှုသည် နိုင်ငံတကာ မြို့ပြလေကြောင်းသမိုင်းတွင်ငွေကုန်ကြေးကျ အများဆုံး လုပ်ငန်း တစ်ရပ်ဖြစ်လိမ့်မည် ဖြစ်ကြောင်းကျွမ်းကျင်သူ ပညာရှင်များက ပြောကြားကြသည်။

မလေးရှားလေကြောင်းမှ ခရီးစဉ်အမှတ် အမ်အိပ်ခ်ျ-၃၇၀ ပျံသန်းလာသော ဘိုးအင်း-၇၇၇ လေယာဉ်သည် မတ် ၈ရက်က ပျောက်ဆုံးသွားခဲ့သည်။

ယင်းလေယာဉ်သည် လူ ၂၃၉အနက်အထိ မောင်းသူမဲ့ ရေငုပ်သင်္ဘောက ငုပ်လျှိုးကာ ရှာဖွေခဲ့သည်။

လေယာဉ်ပျက်ကို ရှာဖွေနေကြသော နိုင်ငံများအနက် မလေးရှား၊ဩစတြေးလျနှင့် တရုတ်နိုင်ငံတို့က ကုန်ကျစရိတ်အများဆုံးကို ကျခံကြရမည်ဖြစ်ပြီး စုစုပေါင်း ကုန်ကျစရိတ်အမေရိကန်ဒေါ်လာ သန်း ၁၀၀ ခန့်အထိ ရှိနိုင်ကြောင်း မလေးရှားမြို့ပြလေကြောင်း ကျွမ်းကျင်သူပညာရှင်တစ်ဦးက ပြောကြားသည်။

ပီတီအိုင်။
MOI Webportal Myanmar

ရီးယဲလ်မက်ဒရစ် စပိန်ကိုပါဒယ်ရေးဖလား ရရှိပြီးနောက် တစ်နှစ်တည်းဖလားသုံးလုံးရရှိရန် ဂါးရတ်ဘေးလ် ပစ်မှတ်ထားနေ


စပိန်လာလီဂါကလပ် ရီးယဲလ်မက်ဒရစ်အသင်းသည် လာလီဂါပြိုင်ဘက်ဘာစီလိုနာအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိကာ စပိန်ကိုပါဒယ်ရေးဖလားရယူဆွတ်ခူးခဲ့ပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲနှင့် လာလီဂါပြိုင်ပွဲတို့ တွင်လည်းဖလားမျှော်လင့်နိုင်မည့် အနေအထားတွင်ရှိနေခြင်းကြောင့် ယခုနှစ်တစ်နှစ်တည်း ဖလားသုံးလုံး ရရှိရန် ရီးယဲလ်မက်ဒရစ်အသင်း၏ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးကစားသမားဖြစ်သူ တိုက်စစ်မှူး ဂါရတ်ဘေးလ်က ပစ်မှတ်ထားလျက်ရှိကြောင်း သိရသည်။

ဝေလတိုက်စစ်မှူး ဂါရတ်ဘေးလ်သည် ဗလန်စီယာ၌ ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်ကိုပါဒယ်ရေး ဖလား နောက်ဆုံးဗိုလ်လုပွဲတွင် ရီးယဲလ်မက်ဒရစ်ကဘာစီလိုနာကို နှစ်ဂိုး-တစ်ဂိုးဖြင့် နိုင်ခဲ့သည့်ပွဲစဉ်တွင် ရီးယဲလ်မက်ဒရစ်အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့သူဖြစ်သည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် လက်ရှိစပိန်ကိုပါဒယ်ရေးဖလားကိုရယူဆွတ်ခူးထားသည့်အပြင် လာလီဂါ အမှတ်ပေးဇယားတွင် မြို့ခံပြိုင်ဘက်အက်သလက်တီကိုမက်ဒရစ်အောက် သုံးမှတ်အကွာဖြင့် ဒုတိယနေရာ ၌ရပ်တည်နေပြီး လာလီဂါလက်ကျန်ပွဲ ငါးပွဲကစားရန်ကျန်နေသည်။ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တွင် ဘိုင်ယန်မြူးနစ် အသင်းနှင့် ယှဉ်ပြိုင်ကစားရရန်လည်း ရှိနေသေးသည်။

တိုက်စစ်မှူးဂါရတ်ဘေးလ်သည် ရီးယဲလ်မက်ဒရစ်အသင်းနှင့်အတူလာလီဂါပွဲစဉ် ၂၅ ပွဲ၊ ချန်ပီယံလိဂ်ပွဲစဉ် ကိုးပွဲ၊ စပိန်ကိုပါဒယ်ရေးဖလားပွဲစဉ်လေးပွဲ စုစုပေါင်း ၃၈ ပွဲပါဝင်ကစားပေးခဲ့ရာ၌ လာလီဂါတွင် ဖန်တီးပေးမှု၁၁ ကြိမ်၊ သွင်းဂိုး ၁၄ ဂိုး၊ ချန်ပီယံလိဂ်တွင် ဖန်တီးပေးမှု နှစ်ကြိမ်၊ သွင်းဂိုးငါးဂိုး၊ စပိန်ကိုပါဒယ်ရေးဖလားပြိုင်ပွဲတွင် ဖန်တီးပေးမှု တစ်ကြိမ်၊ သွင်းဂိုးတစ်ဂိုးစသည်ဖြင့် ဖန်တီးပေးမှုအကြိမ်ပေါင်း ၁၄ ကြိမ်၊ ပြိုင်ပွဲအရပ်ရပ် တွင်သွင်းဂိုးစုစုပေါင်း ဂိုး ၂၀ အထိ ရှိထားသည့် တိုက်စစ်မှူးတစ်ဦးဖြစ်သည်နှင့်အတူရာသီကုန်ပါက တစ်နှစ်တည်း ဖလားသုံးလုံးရယူဆွတ်ခူးနိုင်သည့် အသင်းတစ်သင်းအဖြစ် မှတ်တမ်းဝင်ရန် ပစ်မှတ်ထား လာခဲ့ခြင်း ဖြစ်သည်။

MOI Webportal Myanmar

ကျောက်တံခါးမြို့နယ် မြို့ချောင်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွား


ကျောက်တံခါး ဧပြီ ၁၈

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် မြို့ချောင်းကျေးရွာ အုပ်စုမြို့ချောင်းကျေးရွာ ဖဒိုရဲစခန်း အပိုင်ရဲစခန်း၏ အနောက်ဘက် ခုနစ်မိုင်ခန့် အကွာ အမြန်လမ်းအနီး မြို့ချောင်းဈေးတန်းကွက်သစ်တွင် ဧပြီ ၁၈ ရက်နံနက် ၉ နာရီခွဲက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြို့ချောင်းကျေးရွာဈေးတန်းကွက်သစ်နေ ဦးချစ်ဆောင် (၅၃)နှစ် ဈေးရောင်းသူ၏နှစ်ထပ်တိုက် နေအိမ် နောက်ဖေး ခန်းတွင် လျှပ်စစ် ထမင်းပေါင်းအိုးတည်ထားရာမှ အပူရှိန်လွန်ကဲပြီး ဝါယာရှော့ဖြစ်၍ မီးစတင် လောင်ကျွမ်း ခဲ့သဖြင့် နှစ်ထပ်တိုက်နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်ရာသို့ ကျောက်တံခါး၊ပဲနွယ်ကုန်း၊ တောကျွဲအင်း၊ ဖဒို၊ပြွန် တန်ဆာ၊ ညောင်လေးပင်မြို့မှ မီးသတ် ယာဉ်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူလူထုတို့စုပေါင်း၍ မီးငြှိမ်းသတ်ခဲ့ရာ နံနက်၉ နာရီခွဲ က စတင်လောင်ကျွမ်းသောမီးမှာ နံနက် ၁၀ နာရီခွဲတွင် မီးညွန့်ကျိုးခဲ့၍ မွန်းလွဲ ၁၂ နာရီခွဲတွင် လုံးဝ မီးငြိမ်းသွားကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဖဒိုနယ်မြေရဲစခန်းမှူး ရဲအုပ်အောင်ကျော်ဦးက တိုင်တန်း၍ မီးအားပေါ့ဆစွာသုံးစွဲ သူ ဦးချစ်ဆောင်အား ဖဒိုနယ်မြေ ရဲစခန်းက (ပ)၄၆/၂၀၁၄၊ ပြစ်မှုပုဒ်မ- ၂၈၅ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် ထားကြောင်း သိရသည်။

MOI Webportal Myanmar