မြွေတောင် စီမံကိန်း လက်လွတ်စပယ် လုပ်မည် မဟုတ်ဟု သူရဦးရွှေမန်းဆို


ကလေး၊ နိုဝင်ဘာ ၁၈

ချင်းပြည်နယ် တီးတိန်မြို့နယ် အတွင်းရှိ မြွေတောင် နီကယ်သတ္တု စီမံကိန်းကို လက်လွတ်စပယ် ပြုလုပ်မည် မဟုတ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ကလေးမြို့တွင် နိုဝင်ဘာလ ၁၆ ရက်နေ့က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် နာယကနှင့် ဒေသခံများ တွေ့ဆုံပွဲ၌ ထည့်သွင်း ပြောကြားသည်။

ကလေးမြို့ ခရီးစဉ်အတွင်း ချင်းတောင် သဘာဝ သယံဇာတ စောင့်ကြည့်ရေး အဖွဲ့၏ တင်ပြချက်အပေါ် အထက်ပါအတိုင်း ဖြေကြားခြင်း ဖြစ်ပြီး အရမ်းကာရော ပြုလုပ်မည် မဟုတ်ကြောင်း ၎င်းက ကတိပြု ပြောကြားသည်။
“အရမ်း မဖြစ်စေရပါဘူး။ ကျွန်တော်တို့ လွှတ်တော် ဘက်ကလည်း ဒါနဲ့ ပတ်သက်လို့ အရမ်းမလုပ်ဖို့ ကျွန်တော်တို့ ပြောပါမယ်။ လုပ်မယ် ဆိုလို့ ရှိရင်လည်း ဒီကနေ့ ကျွန်တော်တို့ ပြောနေတဲ့ EIA, SIA အပါအဝင် နောက်ဆုံးပေါ်တဲ့ EITI ကိစ္စမျိုးပါ ကျွန်တော်တို့ စဉ်းစား ဆောင်ရွက် ပေးသွားပါမယ်” ဟု သူရဦးရွှေမန်းက ဆိုသည်။

ယင်းစီမံကိန်းနှင့် ပတ်သက်သော ဖြစ်ပွားမှု၊ ဖြစ်နိုင်ခြေနှင့် လူမှုဘဝအပေါ် သက်ရောက်နိုင်မှု အခြေအနေများကို ဆန်းစစ်ထားသော စာတမ်းကို သူရဦးရွှေမန်းထံသို့ ပေးအပ်ခဲ့ပြီး စီမံကိန်း ပြုလုပ်လျှင် နေရာပြောင်းရွှေ့ ခံရမည်ကို ဒေသခံများ စိုးရိမ်နေကြောင်း၊ စီမံကိန်းကို ထောက်ခံခြင်း၊ မထောက်ခံခြင်း တိတိပပ ပြောဆိုကြခြင်း မရှိကြောင်း၊ ပြည်နယ် အစိုးရမှ ပြည်ထောင်စု အဆင့်သို့ တင်ပြရာတွင် ဒေသခံ ၇၅ ရာခိုင်နှုန်းက ထောက်ခံကြောင်း တင်ပြခြင်းမှာ မမှန်ကန်ကြောင်း ချင်းတောင် သဘာဝ သယံဇာတ ကာကွယ် စောင့်ရှောက်ရေးအဖွဲ့ အဖွဲ့ဝင် ဦးထားသွောင်က ပြော ကြားသည်။
“သူ့အဖြေကို ကျေနပ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ပေးတဲ့ စာတမ်းကို နာယကကြီး အနေနဲ့ သေချာစွာ ဖတ်ရှုပြီးရင်တော့ အခုအဖြေထက် ပိုကောင်းတဲ့ အဖြေ ထွက်လာမယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းကဆိုသည်။

ယင်းစီမံကိန်းသည် ပြည်ထောင်စု အစိုးရက အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ EIA, SIA များကို ဦးစားပေး ဆောင်ရွက်နေပြီး စီမံကိန်းနှင့် ပတ်သက်၍ နိုင်ငံတော်က ချမှတ်သော မူဝါဒအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးက ပြောကြားသည်။

မြွေတောင် စီမံကိန်းကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ North Mining Investment ကုမ္ပဏီမှ အမေရိကန်ဒေါ်လာ သန်းငါးရာခန့် ရင်းနှီးမြှုပ်နှံမည် ဖြစ်ပြီး ပြည်ထောင်စု အစိုးရနှင့် အကျိုးအမြတ် ခွဲဝေရေးဆိုင်ရာ မပြေလည်သေးသဖြင့် တူးဖော်ရန် စာချုပ် မချုပ်ဆိုနိုင်သေးကြောင်း ယင်းကုမ္ပဏီ တာဝန်ရှိသူများထံမှ သိရသည်။

ယင်းစီမံကိန်း လုပ်ဆောင်ပါက လယ်မြေဧက ၇၀၀၀ နီးပါး ပျက်စီးနိုင်ကြောင်း ယင်းဒေသသို့ လေ့လာမှုများ ပြုလုပ်ခဲ့သည့် ချင်း နိုင်ငံရေးပါတီ လေးခုက ထုတ်ပြန်ထားသည်။
မြတ် (ကလေး)
The Voice Weekly

မြန်မာ-အိန္ဒိယ နယ်စပ်ဂိတ် တရားဝင် ဖွင့်လှစ်ရန် နှစ်နိုင်ငံ သဘောတူညီမှု မရသေး


ကလေး၊ နိုဝင်ဘာ ၁၈

မြန်မာနိုင်ငံ တမူးမြို့နှင့် အိန္ဒိယနိုင်ငံ မိုရေးမြို့တို့ ကြားရှိ နယ်စပ် ဂိတ်ပေါက်ကို တရားဝင် ဖွင့်လှစ်ရန် နှစ်နိုင်ငံ သဘောတူညီမှု မရရှိသေးကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော် နာယက၏ ခရီးစဉ်အတွင်း တမူးမြို့ဒေသခံများက အိန္ဒိယနိုင်ငံ အင်ဖာမြို့သို့ ဆေးကုသရေးနှင့် ပတ်သက်ပြီး တရားဝင် သွားရောက် နိုင်ရေးအတွက် မေးမြန်းရာတွင် ၎င်းက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်ပြီး တစ်နိုင်ငံနှင့် တစ်နိုင်ငံ ဝင်ပေါက် ထွက်ပေါက်များမှ ခရီးသွားလာကြသော နယ်စပ်ဂိတ်များ ဖွင့်လှစ်ရေး ကိစ္စမှာ နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် လက်မှတ်ထိုးကာ တရားဝင် ဆောင်ရွက်ရသော ကိစ္စ ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
“နှစ်နိုင်ငံ နယ်ခြားကော်မတီ အစည်းအဝေးတွေမှာ နှစ်စဉ်နှစ်တိုင်းပဲ ဆွေးနွေးနေတဲ့ အချက်တစ်ချက်ပါ။ အခုချိန်ထိ နှစ်နိုင်ငံ သဘောမတူနိုင်သေးပါဘူး” ဟု ဦးမောင်မောင်သန်းက ဆိုသည်။

နယ်စပ်ရှိ နန်းဖာလုံဈေးနှင့် မိုရေး မြို့သို့ ဝင်ထွက်ခွင့် ပြုထားခြင်းမှာ နှစ်နိုင်ငံ နားလည်မှုဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ပြီး ဂိတ်ဖွင့်လှစ်ရန်အတွက် နားလည်မှု စာချွန်လွှာ (MoU) ထိုးရန် ကိစ္စမှာ တစ်နိုင်ငံနှင့် တစ်နိုင်ငံ မိမိနိုင်ငံ၏ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးစသော အခြေအနေများ အပေါ်တွင် မူတည် သုံးသပ်ကာ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

နယ်စပ်ဂိတ်များ ဖွင့်လှစ်ရန် ဆောင်ရွက်ရာတွင် ၎င်းတို့ ဝန်ကြီးဌာန တစ်ခုတည်း၏ သဘောထား မဟုတ်ဘဲ နိုင်ငံခြားရေး၊ ပြည်ထဲရေး ဝန်ကြီးဌာနများ အပါအဝင် အခြားသော သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ၏ သဘောတူညီချက်ဖြင့် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ယင်းကဲ့သို့ မြန်မာနိုင်ငံဘက်မှ ဆောင်ရွက်နိုင်သော်လည်း တစ်ဖက်နိုင်ငံက လက်ခံ မဆောင်ရွက်နိုင်လျှင် အဆင်မပြေကြောင်း ဦးမောင်မောင်သန်းက ဆက်လက် ရှင်းပြသည်။
“ဟိုဘက်နိုင်ငံက ဆေးနဲ့ကိရိယာတွေ ပိုစုံပြီး ပိုကောင်းတယ်။ ဒါကြောင့် အဲဒီဘက်ကို သွားကုချင်ကြတာ။ အခု လောလောဆယ်မှာ မိုရေးလောက် ထိတော့ ဝင်ထွက်လို့ ရနေတယ်။ ဒါပေမဲ့ သူတို့ ဘက်ကလာရင် Border Pass နဲ့လာတယ်။ ကျွန်တော်တို့က သွားရင် ဘာမှမလိုဘူး။ ဒီတိုင်း ဝင်သွားရုံပဲ။ လုံခြုံမှုတော့ မရှိဘူးပေါ့” ဟု အိန္ဒိယနိုင်ငံသို့ သွားရောက် ဆေးကုသဖူးသူ တမူးမြို့ ဒေသခံတစ်ဦးက ဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံဘက်မှ မိုရေးမြို့ဘက်သို့ အလည်အပတ် သဘောမျိုးဖြင့် သွားရောက်လေ့ ရှိကြသော်လည်း တစ်ဖက်နိုင်ငံကမူ တမူးမြို့ နန်းဖာလုံဈေးသို့ အစားအသောက်၊ အဝတ်အထည် စသောပစ္စည်းများ ဝယ်ယူရန်အတွက် နေ့စဉ် ဝင်ရောက်မှု ရှိနေကာ ဈေးအထိ လွတ်လပ်စွာ ဝင်ရောက်ခွင့် ရကြကြောင်း၊ တမူးမြို့ထိ လာရောက်မည် ဆိုလျှင် အိန္ဒိယ ရူပီးငွေ ၁၀ ပေးဆောင်ကြရကြောင်း တမူးမြို့ ဒေသခံများထံမှ သိရသည်။

မြတ် (ကလေး)
The Voice Weelky

ဆုပန်ထွာက ဆေးလိပ်ဖြတ်ချင်သူများကို ကူညီမည်


ဆေးလိပ်ဖြတ်ချင်သူများအတွက် အီလက်ထရောနစ်စီးကရက်ဆိုင်ကို ဒီဇင်ဘာလတွင် ဖွင့်လှစ်မည်ဟု မင်းသမီးဆုပန်ထွာက မဇ္ဈိမသို့ ပြောကြားလိုက်သည်။ ယင်းဆိုင်နာမည်ကို "Vape city" ဟု အမည်ပေး ထားပြီးအမေရိကန်နိုင်ငံမှ ကုမ္ပဏီ၏ထုတ်ကုန်ပစ္စည်းကို အသုံးပြုသွားမည်ဖြစ်သည်။

“ဒီဆေးလိပ်က ဆေးလိပ်စွဲနေသူတွေအတွက် အများကြီးထိရောက်မှုရှိပါတယ်။ နောက်ပြီး ဖွာနေရင်လည်း အငွေ့ထွက်ရင်ဘေးနားကလူတွေအတွက်ရော၊ ကလေးတွေအတွက်ရော ထိခိုက်မှုမရှိပါဘူး။အဲယားကွန်း ခန်းမှာလည်းသောက်လို့ရပါတယ်။ ဆေးလိပ်ပြာလည်း ခြွေစရာမလိုပါဘူး။ နီကိုဒင်းလည်းမပါတော့ ထိခိုက်မှုမရှိပါဘူး၊ မီးခြစ်လည်း မလိုပါဘူး”ဟု မင်းသမီး ဆုပန်ထွာက ပြောကြားသည်။

ယင်းဆေးလိပ်သည် အမျိုးသားရော၊ အမျိုးသမီးများပါအသုံးပြုနိုင်ပြီး ဘက်ထရီအားထည့်သွင်းကာ သုံးစွဲ ရမည့် စီးကရက်ဖြစ်သည်။

ယင်းအီလက်ထရောနစ်စီးကရက်ဆိုင်ကို မြရိပ်ညိုရှိsport bar ဘေးတွင်ဖွင့်လှစ်ရန် ရည်ရွယ်ထားပြီး ယခုအခါတွင် C/112၊ ရွှေနှင်းဆီကန်လမ်း၊ ကိုးမိုင်၊ မရမ်းကုန်းတွင် ၎င်းထုတ်ကုန်ပစ္စည်းများကို ရောင်းချ လျက်ရှိသည်။

ဘုန်းနေလ(ဒဂုံတက္ကသိုလ်)
Mizzima - News in Burmese

အရေးကြီးစီမံကိန်းများနှင့် ပတ်သက်ဆုံးဖြတ်ရာတွင် သမ္မတတစ်ဦးတည်း ဆုံးဖြတ်၍မရတော့


အတည်ပြုလိုက်သော ပြည်ထောင်စုလွှတ်တော်ဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ သမ္မတအား လုပ်ပိုင်ခွင့်ပေးထားသည့် အချက်အချို့ကို ပြည်ထောင်စုလွှတ်တော်ကိုပါ ခွဲဝေပေးလိုက်ပြီး နိုင်ငံအတွင်း သယံဇာတတူးဖော်သည့်လုပ်ငန်းများ၊ မြစ်ဆုံစီမံကိန်းကဲ့သို့ စီမံကိန်းကြီးများ ပြုလုပ်လိုပါက ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ရရှိမှသာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

မူလက အဆိုပါအချက်များကို ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ရရှိရန်မလိုဘဲ သမ္မတတစ်ဦးတည်း၏ လုပ်ပိုင်ခွင့်ဖြင့်သာ ဆောင်ရွက်ခွင့်ပေးထားခဲ့ရာမှ နိုင်ငံအတွက် အရေးကြီးသည့် ကိစ္စရပ်များဖြစ်သဖြင့် ပြည်ထောင်စုလွှတ်တော်လုပ်ပိုင်ခွင့်အတွင်း ပြောင်းလဲထည့်သွင်းခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ဥပဒေကြမ်းကို စတင် တင်သွင်းခဲ့သည့် အမျိုးသားလွှတ်တော်မှ ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ပြောသည်။
““အခု ပြည်ထောင်စုလွှတ်တော်ဥပဒေထဲကို ထည့်သွင်းလိုက်တဲ့ အချက်တွေဟာ အရင်က သမ္မတကို လုပ်ပိုင်ခွင့်ပေးထားတဲ့ ဥပဒေတွေဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဒီကိစ္စတွေဟာ သမ္မတတစ်ဦးတည်းရဲ့ ဆုံးဖြတ်ချက်မဟုတ်ဘဲ ပြည်ထောင်စုလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကိုပါ လိုအပ်လာတဲ့အတွက် အခုလို ပြောင်းလဲခဲ့ရခြင်းဖြစ်ပါတယ်”” ဟု ဒေါက်တာမြတ်ဉာဏစိုးက ဆိုသည်။
ပြောင်းလဲပြင်ဆင်လိုက်သည့် ပြည်ထောင်စုလွှတ်တော် ဥပဒေအရ နိုင်ငံတော်သမ္မတအနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသတွင်း(ဥပမာ-အာဆီယံ)အဖွဲ့အစည်းများနှင့် ချုပ်ဆိုသည့် စာချုပ်စာတမ်းများ၊ ပြည်ထောင်စုမှ စီမံဆောင်ရွက်ခွင့်ရှိသည့် ဆည်မြောင်းတာတမံလုပ်ငန်းများ၊ သဘာဝစွမ်းအင်၊ သယံဇာတပစ္စည်းများ ထုတ်ဖော်မှုနှင့် သက်ဆိုင်သောကိစ္စရပ်များ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် စီမံကိန်းများအား ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့်သာ ဆောင်ရွက်ခွင့်ရှိမည် ဖြစ်သည်။
ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုလိုက်သော ဥပဒေအရ နိုင်ငံတော်သမ္မတအပါအ၀င် အစိုးရအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ ကျမ်းသစ္စာကျိန်ဆိုခြင်း ကိစ္စရပ်ကို တစ်ရက်တည်းအပြီး ပြုလုပ်ခြင်းမှ ရှောင်ရှားနိုင်ရေးကိုလည်း ပြင်ဆင်ထည့်သွင်းထားကြောင်း ဒေါက်တာမြတ်ဉာဏစိုးက ပြောသည်။

အဆိုပါ ဥပဒေအား အမျိုးသားလွှတ်တော်တွင် စတင် တင်သွင်းခဲ့ပြီး ပြည်သူ့လွှတ်တော်မှ ဆွေးနွေးသူမရှိဘဲ အတည်ပြုခဲ့ပြီး ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး နောက်ဆုံးနေ့ဖြစ်သည့် နိုဝင်ဘာ ၁၅ ရက်အစည်းအဝေးတွင် အရေးကြီးအဆိုတင်သွင်း အတည်ပြုခဲ့ခြင်းဖြစ်သည်။

7day Daily

ဆေးလောက အမြင်ကို ပြောပြတဲ့ အဆိုတော် ဖြူဖြူကျော်သိန်း


တေးသံရှင် ဖြူဖြူကျော်သိန်း က လတ်တလောမှာ တော့ ရှိုးပွဲတွေ များနေ ပါတယ်။ ဆရာဝန် တစ်ဦး လည်းဖြစ်တဲ့ ဖြူုဖြူကျော်သိန်း ကို လက်ရှိ ဆေးလောက အပေါ် အမြင် တချို့ကိုမေးတော့

"အရင်တုန်း ကတော့ ဖြူဖြူ တို့လည်း စဉ်းစားတာပေါ့နော်။ ကိုယ် ခုနစ်နှစ် လောက်တောင် ကျောင်းတက် ပြီးတော့ ဆ/မ မယူခဲ့ရဘူးပေါ့။ ဒါပေမဲ့ အခုဆို ရင့်ကျက်မှု အတိုင်း အတာအရ ပြန် စဉ်းစားမိတာက တခြား နယ်ပယ်မှာ ပရော်ဖက်ရှင်နယ် တစ်ယောက် ၊အနုပညာရှင် အနေနဲ့ ရပ် တည်နေသူ တစ်ယောက် အနေနဲ့ ဆေးခန်းဖွင့် ဖို့ဆိုတာ မလွယ်ကူဘူး ဆိုတာ သိလာတယ်။ တချို့ကျ တော့ လည်း ကိုယ့်ကို အနုပညာအရ အားပေးပြီး ဆေးခန်းကို လာကြတာမျိုး လည်း ဖြစ်နိုင်ရင် တကယ် ကျန်းမာရေး လိုအပ်ချက် ရှိသူတွေအတွက် မလိုလား အပ် တာတွေ ဖြစ်နိုင် တယ်။ အဲဒီတော့ ဖြူဖြူကျော်သိန်း ဆ/မ ရှိတယ် ၊မရှိ ဘူး၊ ဖြူဖြူကျော်သိန်းဆေး ကု ၊မကု ဆိုတာထက် မြန်မာပြည်မှာ သန်း ၆ဝသော ပြည်သူ ပရိသတ်တွေ လူတန်းစေ့ ကျန်းမာရေး စောင့်ရှောက် မှုရနေလား၊ မရနေလား ဆိုတာက အရေးကြီးတယ်။

ကျန်းမာရေး ဘတ်ဂျက် က တကယ် အဓိပ္ပာယ်ရှိတဲ့ ရာခိုင်နှုန်း ကို ရောက်နေ လား၊ မရောက်နေလား ဆိုတာ အရေးကြီးတယ်။ အဲဒါတွေ ကို သိလာပြီး နောက် မှာ ဒါတွေ အတွက်ကိုပဲ တစ်ထောင့် တစ်နေရာကနေ လှုံ့ဆော်ပေးတဲ့ ၊ဆော်သြပေးတဲ့၊ မျှဝေပေးတဲ့ သူတစ်ယောက် အနေနဲ့ ပဲ ရပ်တည်ချင်တော့ တယ် ။

ဖြူဖြူ တစ်ယောက်တည်း နဲ့ ပြောင်းလဲသွားမယ် လို့ပြောတာ မဟုတ် ဘူး။ ဖြူဖြူ ထက်ဥာဏ်ကြီးတဲ့၊ နိုင်ငံကို ဦးဆောင်နေကြတဲ့ ၊တရား မျှတစွာနဲ့ ကိုယ်ရဲ့ တိုင်းပြည် ကို ပြောင်းလဲလိုတဲ့ ဆန္ဒ ရှိ တဲ့ ခေါင်းဆောင်တွေ က တွေ့သွား ၊ကြားသွားပြီး မှန်ကန်စွာ ပြုပြင်ပြောင်း လဲပေး လို့ရှိရင် မိဘပြည်သူ ပရိသတ် အတွက် အင်မ တန် ကောင်းတဲ့ အဖြစ်အပျက်တွေ ဖြစ်လာမယ်လို့ ယုံကြည်တယ်။ ဘယ်လိုပဲ တော်တဲ့ သူဖြစ်ဖြစ်လို အပ် တဲ့အထောက်အကူတွေ မရဘူး ဆိုရင် လုပ်နိုင် သလောက် လုပ်ပေးလို့ မရဘူး။ အဲဒီ အခါကျတော့ ဖြူဖြူတို့ ဆီမှာ ရှိကြတဲ့၊ အင်မတန် တော်တဲ့ ဆရာ သမားတွေရဲ့ တော်ခြင်း၊ တတ်ခြင်း ကလည်း ကန့်သတ်ချက် ရှိတယ်။ လူတစ်ယောက် က ဘယ် လောက်တော်နေ တော်နေ သင့်တော်တဲ့ ပတ်ဝန်း ကျင်လည်း ရှိရမယ်။ ဒီမှာ လူတော်တွေ အများကြီး ရှိတယ်။ ဒါပေမဲ့ ပြောရ ရင်တော့ ရေမြင့် မှ ကြာတင့်မယ့် သဘောပါ။

အဲဒီတော့ စနစ်ကြီး တစ်ခုလုံး ပြောင်းလဲဖို့ ဆိုတာက မျှတစွာ တကယ့် အပြောင်းအလဲကို လိုအပ်ပြီး လုပ်ပေးနိုင်မယ့် သူတွေ အများကြီး လိုအပ်တယ်။

ဖြူဖြူ တို့ ဆီမှာ လူသန်း ၆ဝ ရှိ တာကိုမှ တကယ်ရှိတဲ့ ဆရာဝန် အရေ အတွက် နဲ့ဆို လူငါးသောင်းကို ဆရာဝန် တစ်ယောက် နှုန်းပဲ ရှိ တယ်။ နိုင် ငံရေးပြစ် ချက်မရှိဘဲ ၊ သူတို့ကြောင့် လူမသေဖူးဘဲ ၊လူနာ တစ်စုံ တစ်ရာ ဒုက္ခမရောက်ဖူးဘဲ Black List ဖြစ်နေတဲ့ ဆရာဝန်တွေ အများကြီး ရှိနေသေး တယ်။ ဟိုနေ့က လွှတ် လိုက်တဲ့ Black List တွေက အကုန် မဟုတ်သေး ဘူး။ အများကြီး ရှိသေးတယ်။ သူတို့ဟာ ပြည်သူ့ ဆေးရုံမှာ အလုပ် လုပ်မနေဘူး ဆိုရင်တော့ ရပ်ကွက်ထဲမှာ ပဲ ဆေးခန်း ဖွင့်ပြီး ထိုင်တာမျိုး၊ လိုက်လံ ဆေးကုသပေးတာ မျိုး အများကြီး လုပ်ပေးလို့ရတယ်။ ဒါပေမဲ့ အဲဒီ ဆ/မ အသိမ်းခံရတယ်၊ Black List အထည့် ခံရတယ် ဆိုတဲ့ အဖြစ် အပျက်တွေ ကြောင့် ပြည်သူတွေဟာ တအား နစ်နာ နေရတယ်။ အဲဒီတော့ ခုလို ပွင့်လင်းမြင်သာတဲ့ ခေတ်မှာ အဲဒါလေးတွေက အစပြောင်း လဲလို့ ရပါပြီ။ ပြောင်းလဲဖို့ သင့်ပါပြီ" လို့ ဆေးလောကနဲ့ ပတ်သက်ပြီး သူ့အမြင် ကိုပြောပါတယ်။

ရဲရဲ
Popular Journal

၁၀တန်းတောင် မအောင်သေးဘဲ ရည်းစားထားရင် စာမေးပွဲကျသွားမှာပေါ့လို့ဆိုတဲ့ ရွှေမှုန်ရတီ


အောင်မြင်မှုကို အချိန်တိုလေးအတွင်းမှာရရှိခဲ့သလို ရိုက်ခဲ့တဲ့ဇာတ်ကားတွေကလည်း ပရိသတ်အတွက် သို့လော သို့လောအတွေးတွေပေးခဲ့တဲ့ အနုပညာရှင်တစ်ဦးကတော့ ရွှေမှုန်ရတီပါပဲ။ သူမဟာ ၁၀ တန်းဖြေဖို့အတွက်ပြင်ဆင်နေတဲ့ ကျောင်းသူလေးပါ။ ဒါပေမဲ့ သူမရိုက်တဲ့ ဇာတ်ကားတွေကို ကြည့်လိုက်ရင်တော့ သူမဟာ ဒီအရွယ်ဟုတ်ပါ့မလားလို့ ထင်ရလောက်အောင်ကိုသရုပ်ဆောင်စွမ်းရည် မြင့်မားသူပါ။ ငယ်ရွယ်ပေမဲ့ ကာရိုက်တာ ၀င်အောင် သရုပ်ဆောင်နိုင်လွန်းတဲ့ သူမဟာ အင်တာဗျူး ဖြေတာတောင် အနုပညာအလုပ်တွေနဲ့ မအားလပ်လွန်းသူမို့ အင်တာဗျူးဖြေဆိုချိန်မှာတောင် ကားပေါ်ကမဆင်းနိုင်သူလေးပါ။ သူမနဲ့ပြောဖြစ်သမျှကတော့ ‘အခုရိုက်နေတဲ့ ကားလေးက အမုန်းကမ်းရိုးတန်းတစ်လျှောက်မှာ ရင်ခုန်သံလှိုင်းကြီးနေသည်တဲ့။ မင်းသားက ကိုနေမင်း၊ ဖအေတူ၊ မအေကွဲ ညီအစ်မနှစ်ယောက်က မေဆူးမောင်နဲ့ ရွှေမှုန်နဲ့ပေါ့။ ကိုယ်က မယားကြီးရဲ့ သမီး ဒါပေမဲ့ အဖေက မယားငယ်နဲ့ တရားဝင်ပေါင်းတဲ့အခါကျတော့ သူတို့ မိသားစုကိုမုန်းနေတာပေါ့။ ဒီကားလေးက ပြဿနာတွေနဲ့ သုံးပွင့်ဆိုင်လေးပါတဲ့။ ရုပ်ရှင်ကားကြီးအနေနဲ့ လက်ခံထားတာရှိပြီး မသေချာသေးတဲ့အတွက် မပြောသေးတာပါ’လို့ သူမရဲ့ လက်ရှိအနုပညာလှုပ်ရှားမှုကို ပြောပြသွားပါတယ်။

အရွယ်နဲ့မလိုက်တဲ့ဇာတ်ရုပ်တွေအတွက် ဘယ်လိုလေ့လာခဲ့ရလဲလို့မေးကြည့်တော့ ‘အဓိကတော့ ဇာတ်တစ်ခုကို ဖတ်လိုက်ပြီဆိုရင် အဲဒီထဲမှာ ကာရိုက်တာဝင်အောင်ကြိုးစားတယ်။ ကာရိုက်တာ ၀င်သွားပြီးတဲ့နောက်ပိုင်းမှာ သူ့အလိုလို ဖြစ်သွားပါတယ်’တဲ့။

စာမေးပွဲနဲ့ပတ်သတ်ပြီးတော့လဲ ‘စာမေးပွဲနီးလာတဲ့အခါ ၁ လပိုင်းကစပြီး တစ်လကို တစ်ကားပဲ ရိုက်မယ်။ ၃ လပိုင်းထိပေါ့။ ကျန်တဲ့ အချိန်ကတော့ စာကအရေးကြီးတဲ့အတွက် စာကိုပဲ ဦးစားပေးဖြစ်မယ်။’ လို့ဆိုတဲ့အပြင် အချစ်ရေးကို မေးကြည့်လိုက်တဲ့အခါ ‘မလိုပါဘူး။ ၁၀တန်းတောင်မအောင်သေးတာ အချစ်ရေးကို သွားစဉ်းစားရင် စာမေးပွဲပါကျသွားမှာပေါ့။’ လို့ သူမရဲ့ အချစ်ရေးကို ပြောပြခဲ့ပါတယ်။

ခင်ဆွေသက်
Trend Myanmar

လှည်းကူးမြို့မှ ပျောက်ဆုံးနေသောကလေးငယ် ဖေ့စ်ဘွတ်ခ်ကြောင့် ပြန်တွေ့


လှည်ကူးမြို့နယ် နေအိမ်မှ ပျောက်သွားသည် လေးနှစ်အရွယ်ကလေးငယ်ကို လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်ကြောင့် လေးရက်အကြာတွင် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း ကလေးငယ်၏ မိခင်ဖြစ်သူ ဒေါ်ဝင်းဝင်းဌေးကပြောသည်။

လှည်းကူးမြို့နယ် အောင်မင်္ဂလာရပ်ကွက်အတွင်း နေထိုင်သော အသက် လေးနှစ်အရွယ် မောင်ပြည်စုံအောင်သည် နေအိမ်မှ နိုဝင်ဘာ ၁၃ ရက်မှစ၍ ပျောက်ဆုံးသွားခဲ့ပြီးနောက် ၄င်း၏ဆွေမျိုးများက ဖေ့စ်ဘွတ်ခ်ပေါ်တွင် ကြော်ငြာ၍ အကူအညီတောင်းခဲ့သည်။ ဖေ့စ်ဘွတ်ခ်တွင် ကြော်ငြာထားခြင်းကိုတွေ့ရှိသော တာမွေမြို့နယ်အတွင်းနေထိုင်သူတစ်ဦးက ၎င်းတို့ရပ်ကွက်အတွင်း ကလေးငယ်တစ်ဦး ရောက်ရှိနေသည်ဟု ဖေ့စ်ဘွတ်ခ်တွင်ပါရှိသော လိပ်စာအတိုင်း ဆက်သွယ်ကာ အကြောင်းကြားပေးခဲ့ခြင်းဖြစ်သည်။ ထို့နောက် ကလေးငယ်၏မိဘများသည် အဆိုပါရပ်ကွက်သို့ နိုဝင်ဘာ ၁၆ ရက်တွင် ရောက်ရှိခဲ့ကာ ကလေးငယ်အား ပြန်လည်တွေ့ရှိသွားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါကလေးငယ်အား ၎င်း၏အဒေါ်ဖြစ်သူစိတ်မကျန်းမာသူက လှည်းကူးမြို့နယ်နေအိမ်မှ မိဘများမသိအောင် ၎င်းအား ခေါ်ယူသွားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါကလေးငယ်ကို နိုဝင်ဘာ ၁၅ ရက်က တာမွေမြို့ နယ်ရှိ အခွန်လွတ်ဈေးရှေ့တွင် တွေ့ရှိခဲ့၍ တာမွေမြို့နယ် (ခ)ကြီးရပ်ကွက်မှ အုပ်ချုပ်ရေးမှူးထံ အပ်နှံထားပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့က မိဘများအား လိုက်လံရှာဖွေခဲ့သည်။ သို့သော် ၄င်း၏မိဘများကို မတွေ့ရှိခဲ့၍ ယင်းရပ်ကွက်မှ ၁၆၆ လမ်းရှိ နေအိမ်တစ်အိမ်ထံ ကလေးအား ခေတ္တထိန်းသိမ်းစောင့်ရှောက်ထားခဲ့သည်။
““ကလေးကို ဆိုက်ကားသမားနှစ်ယောက်က အခွန်လွတ်ဈေးရှေ့မှာတွေ့လို့ခေါ်လာတာ။ နောက်တော့ မလေးမှာရှိတဲ့ သူအဒေါ်က အွန်လိုင်းမှာ ကြေညာထားတာ။ အဲဒါကို လမ်းထဲက အွန်လိုင်းသုံးတဲ့သူက တွေ့ပြီး အဲဒီမှာပါတဲ့လိပ်စာအတိုင်း ဖုန်းဆက်လိုက်တာ။ သူ့မိဘတွေက ၁၆ ရက်မှာ ချက်ချင်းရောက်လာတာ။ သူ့မိဘတွေရောက်လာတော့ ကလေးကို ဟုတ်၊ မဟုတ် သေချာမေးပြီး မှတ်တမ်းယူထားပြီး ထည့်ပေးလိုက်တာ””ဟု တာမွေကြီး (ခ)ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးဉာဏ်ဝင်းကပြောသည်။
ကလေး၏ မိခင်ဖြစ်သူက““ပြီးခဲ့တဲ့ ၁၃ ရက်ကတည်းက ပျောက်သွားတာ။ ယောက်မက စိတ်မကောင်းတဲ့သူဆိုတော့ အိမ်ကလူတွေမသိဘဲ ခေါ်သွားတာ။ စခန်းကိုလည်း အမှုဖွင့်ထားတယ်။ဒီကြားထဲ လိုက်ရှာနေတာ ဒေါင်းတောက်နေတာပဲ””ဟုဆိုသည်။
““အစ်မအမျိုးသားကလည်း ကွမ်းယာသွားဝယ်တော့ ရပ်ကွက်အုပ်ချုပ်ရေးရုံးရှေ့မှာ ညဘက်ကြီးတွေ့လို့ ကလေးက ဘယ်သူကလေးလဲမေးတော့ ကွမ်းယာဆိုင်ကလည်း မသိဘူးတဲ့။ အဲဒီမှာရှိတာ ကြာနေပြီး နောက်ဆိုင်လည်းပိတ်တော့မယ်ဆိုတော့ အစ်မတို့က ခဏခေါ်ပြီး ထိန်းသိမ်းထားတာ””ဟု မမြင့်မိုရ်ကပြောသည်။
ထို့အပြင် ကလေးပျောက်ဆုံးမှုများနှင့်ပတ်သက်၍ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်အတွင်းက မြောက်ဥက္ကလာပမြို့နယ်အတွင်း မကြာခဏပျောက်ဆုံးမှုများ ဖြစ်ပွားခဲ့ပြီး ပျောက်ဆုံးခဲ့သည့် ကလေးငယ်လေးဦးရှိသည့်အနက် နှစ်ဦးမှာ ပြန်လည်တွေ့ရှိသော်လည်း နှစ်ဦးမှာ ပြန်မတွေ့သေးပေ။ ပြန်လည်တွေ့ရှိခဲ့သော ကလေးငယ်နှစ်ဦးရှိသည့်အနက် တစ်ဦးမှာ အသက်ခုနစ်နှစ်အရွယ် ကလေးငယ်ဖြစ်ပြီး ၎င်းအား မုန့်ကျွေးမည်ဟုဆိုကာ အမျိုးသားတစ်ဦးက ချိုင်းကြားညှပ်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်စဉ်မှာ၂၀၁၂ စက်တင်ဘာ ၂ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

7day Daily

ကျောက်​ဖြူ​မှာ ​ဗ​လီ​ဖျက်​ဖို့ ​ကြိုး​ပမ်း


ရ​ခိုင်​ပြည်​နယ် ​ကျောက်​ဖြူ​မြို့​မှာ ​နိုဝင်​ဘာ ၁၈ ​ရက် ​ည​ပိုင်း​က ​လူ​အုပ်​စု​တ​စု​ဟာ ​ဗ​လီ​တ​လုံး​ကို ​ဖျက်​ဖို့ ​ကြိုး​ပမ်း​ခဲ့​ကြ​ပေ​မယ့် ​ရဲ​တပ်​ဖွဲ့​က ​အ​ချိန်​မီ ​တား​ဆီး​လိုက်​နိုင်​ခဲ့​တယ်​လို့ ​ပြည်​နယ်​အ​စိုး​ရ ​တာဝန်​ရှိ​သူ​က ​ပြော​ပါ​တယ်။

တ​န​င်္လာ​နေ့​  ​ည ၈ ​နာ​ရီ​ကျော်​လောက်​က ​ဖြစ်​ပွား​ခဲ့​တာ ​ဖြစ်​ပြီး ​ကျောက်​ဖြူ ​လူ​မှု​ကွန်​ရက်​အ​ဖွဲ့​က ​ဦး​ထွန်း​နိုင် ​ပြော​ပြ​တာ​က
“​မ​နေ့​က ​ည​နေ​ပိုင်း​က ​ဗ​လီ​ဘက်​ကို ​အ​ချို့​က ​သွား​ပြီး​တော့ ​ဖျက်​ကြ​တယ်​လို့ ​အဲ​ဒီ​အ​သံ​ကြား​တယ်။ ​ကျ​နော် ​မ​နက်​က ​သွား​ပြီး​တော့ ​ပျက်​တော့ ​နည်း​နည်း​ပျက်​နေ​တယ်။ ​အဲ​ဒီ ​ဗ​လီ​က ​ဟို​တုန်း​က​လည်း ​ပျက်​နေ​တာ​ပဲ။ ​တံ​ခါး​တွေ​က ​အ​ကုန်​လုံး ​ပျက်​နေ​တယ်။ ​ဒီ​နေ့​က​တော့ ​ဘေး​က​နေ ​အ​ဆောင်​တ​ဆောင်​ရှိ​တယ်။ ​အဲ​ဒီ​အ​ဆောင် ​အ​ပေါ်​ထပ် ​အ​ကာ ​နည်း​နည်း​ပျက်​သွား​တာ ​တွေ့​တယ်။ ​အ​မှန်​တော့ ​တည်​တည်​ငြိမ်​ငြိမ် ​အေး​အေး​ဆေး​ဆေး ​ဖြစ်​နေ​ပါ​ပြီ။ ​ဒါ​ပေ​မယ့် ​အို​အိုင်​စီ ​က ​လာ​တဲ့ ​ကိ​စ္စ​နဲ့ ​ပတ်​သက်​ပြီး​တော့​  ​ကျောက်​ဖြူ​မှာ​လည်း ​ရုံး​ဖွင့်​မှာ ​မ​ထောက်​ခံ​ဘူး​ဆို​ပြီး​တော့ ​ဆ​န္ဒ​ပြ​ဖို့ ​သူ​တို့ ​လုပ်​နေ​ကြ​တယ်​လေ။ ​အဲ​ဒီ ​လုပ်​ထား​တာ​နဲ့ ​ဆက်​စပ်​ပြီး​တော့ ​အ​ချို့​က​လည်း ​မ​ကျေ​နပ်​စိတ်ဝင်​လာ​ပြီး​တော့ ​သွား​လုပ်​တာ​လို့ ​ထင်​ပါ​တယ်။ ​အဲ​ဒီ​အ​နား​ကို ​မ​နေ့​က ၉ ​နာ​ရီ​လောက်​က ​သွား​ကြည့်​တော့ ​လုံ​ခြုံ​ရေး ​ပို​ပြီး​ချ​ထား​တာ​တွေ့​တယ်။”

ရ​ခိုင်​ပ​ဋိ​ပ​က္ခ ​စ​တင်​ခဲ့​တဲ့ ​ကျောက်​နီ​မော်​ရွာ​က ​မ​သီ​တာ​ထွေး​အ​မှု​နဲ့ ​ပတ်​သက်​ပြီး ​ကျောက်​ဖြူ​ရဲ​စ​ခန်း​ကို ၀ိုင်း​၀န်း​ဆ​န္ဒ​ပြ​ခဲ့​ကြ​ပြီး​တဲ့​နောက် ​တည်​ငြိမ်​အေး​ချမ်း​နေ​ခဲ့​ရာ​က ​မ​နေ့​ည​က ​အ​ခု​လို ​ပြန်​ဖြစ်​ပွား​ခဲ့​တာ​လို့​လဲ ​ပြော​ပါ​တယ်။

ကျောက်​ဖြူ​ရဲ​စ​ခန်း​ကို ​ဆက်​သွယ်​မေး​မြန်း​ကြည့်​တော့ ​တာဝန်​ကျ​ရဲ​အ​ရာ​ရှိ​က  ​သူ​တို့ ​အ​ချိန်​မီ ​တား​ဆီး​လိုက်​နိုင်​တယ်​လို့ ​ပြော​ပါ​တယ်။

“​ဒီ​လောက်​လည်း ​ထွေ​ထွေ​ထူး​ထူး ​မ​ဟုတ်​ပါ​ဘူး​။ ​ဗ​လီ​ထဲ​ကို ​လူ​တွေ​ရောက်​လောက်​လို့ ​ကျ​နော်​တို့ ​လူ​စု​ခွဲ​လိုက်​ရ​တယ်။ ​မ​နေ့​ည​က ​ပွဲ​တွေ ​ဘာ​တွေ​လည်း ​ရှိ​တော့ ​တ​ရား​ခံ​ဘယ်​သူ​လဲ​ဆို​တော့ ​ကျ​နော်​တို့ ​မ​ပြော​တက်​သေး​ဘူး​။ ​ကျ​နော်​တို့​က ​သိ​ရှိ​နိုင်​မယ့်​သူ​တွေ​ကို ​နာ​မည်​စာ​ရင်း​တွေ​ကောက်​ပြီး ​စီ​စ​ဉ်​နေ​ကြ​ပါ​တယ်။ ​အ​ခု​က ​အေး​ဆေး​ပါ။ ​မ​နေ့​ည​က ၁၀ ​မိ​နစ် ၁၅ ​မိ​နစ်​အ​ကြာ​လောက်​မှာ​ပဲ ​လူ​စု​ကွဲ​ပြီး​တော့ ​အ​ခု​အ​ချိန်​အ​ထိ ​အေး​ဆေး​ပါ။”

ပြည်​နယ်​ရဲ့ ​ပြန်​ကြား​ရေး​တာဝန်​ခံ ​ဦး​၀င်း​မြိုင်​က​တော့​  ​ဗ​လီ​ဟောင်း​တ​လုံး​ကို ​ခဲ​နဲ့ ၀ိုင်း​ပေါက်​ခဲ့​ကြ​တာ​လို့ ​ပြော​ပါ​တယ်။

“​မ​နေ့ ​လ​ပြည့်​နေ့​ည ​သောက်​စား​မူး​ပြီး ​ဆူ​ပူ​ပြီး ​ဘယ်​သူ​မှ ​မ​ရှိ​တဲ့ ​ဗ​လီ​အ​ပျက်​ကို ​ခဲ​နဲ့​ပေါက်​တာ​ပါ။ ​လူ​အုပ်​က​လည်း ၁၀ ​ယောက်​လောက် ​ရှိ​မှာ​ပေါ့​။ ​ကမ်း​စပ်​မှာ ​သောက်​စား​ပြီး ၁၁ ​နာ​ရီ​မ​ထွက်​ရ​ဆို​တော့ ​ပြန်​လာ​တဲ့​အ​ချိန် ​ဖြစ်​ပါ​လိမ့်​မယ်။”

အ​စ္စ​လာမ်​မစ် ​ပူး​ပေါင်း​ဆောင်​ရွက်​ရေး​အ​ဖွဲ့ (​အို​အိုင်​စီ)​က ​ကိုယ်​စား​လှယ်​တွေ ​ရ​ခိုင်​ပြည်​နယ် ​အ​ခြေ​အ​နေ​ကို  ​သွား​ရောက် ​လေ့​လာ​ပြီး ​ရက်​ပိုင်း​အ​တွင်း​  ​ကျောက်​ဖြူ​မြို့​မှာ ​ခု ​အ​ဖြစ်​အ​ပျက် ​ထပ်​မံ ​ဖြစ်​ပွား​ခဲ့​တာ ​ဖြစ်​ပါ​တယ်။
ပြီး​ခဲ့​တဲ့​လ​ထဲ​မှာ​ပဲ ​ရ​ခိုင်​ပြည်​နယ် ​သံ​တွဲ​မြို့​မှာ  ​ပ​ဋိ​ပ​က္ခ​တွေ ​ဖြစ်​ပွား​ခဲ့​ပြီး ​မီး​ရှို့​မှု​တွေ​နဲ့ ​လူ​သေ​ဆုံး​မှု​တွေ ​ရှိ​ခဲ့​ပါ​တယ်။

Byေ​ရွှ​အောင် (DVB)

မသန်စွမ်းများ မန္တလေး-နေပြည်တော် ခရီးရှည် ဝှီးချဲ စွမ်းရည်ပြမည်


မန္တလေး၊ နိုဝင်ဘာ ၁၈

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ဂုဏ်ပြု ကြိုဆိုသောအားဖြင့် ဒုတိယအကြိမ်မြောက် မန္တလေး-နေပြည်တော် ခရီးရှည် ဘီးတပ် ကုလားထိုင် (Wheel Chair) စွမ်းရည်ပြသပွဲ ပြုလုပ်မည် ဖြစ်ကြောင်း ရွှေမင်းသား ဖောင်ဒေးရှင်း (မြန်မာ) အဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။

ယင်းပွဲကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနနှင့် ရွှေမင်းသား ဖောင်ဒေးရှင်း (မြန်မာ) တို့ ပူးပေါင်း၍ ဒီဇင်ဘာ ၃ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ဂုဏ်ပြုကျင်းပခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“နိုဝင်ဘာ ၂၆ ရက်နေ့မှာ ရွှေမင်းသား ဖောင်ဒေးရှင်း (မြန်မာ) အထက်မြန်မာပြည် မန္တလေး ရုံးခွဲနေရာကနေ စတင်ထွက်ခွာကြမှာ ဖြစ်ပါတယ်။ စက်ဘီးစီးသူ တစ်ဦး၊ သုံးဘီး ဝှီးချဲစီးသူ ခြောက်ဦး စုစုပေါင်း ခုနစ်ဦးတို့က ခရီးရှည် ဝှီးချဲ စွမ်းရည် ပြသကြမှာ ဖြစ်ပါတယ်” ဟု အဆိုပါ ဖောင်ဒေးရှင်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါ ခရီးရှည် ဘီးတပ်ကုလားထိုင် စွမ်းရည် ပြသပွဲကို မန္တလေး-နေပြည်တော် လမ်းဟောင်း (မိုင်ပေါင်း ၂၄၀ ကျော်) တွင် မန္တလေးမြို့တော်မှ နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်တွင် စတင်ထွက်ခွာကြမည် ဖြစ်ပြီး ဒီဇင်ဘာလ ၂ ရက်နေ့တွင် နေပြည်တော်ရှိ စည်ပင် ဧည့်ရိပ်သာတွင် ပန်းဝင်ရောက်ကြမည် ဖြစ်ကြောင်း၊ ယင်းအပြင် ဒီဇင်ဘာလ ၃ ရက်နေ့တွင်လည်း နေပြည်တော်၌ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ဂုဏ်ပြုပွဲ အခမ်းအနား ကျင်းပမည် ဖြစ်ကြောင်း ရွှေမင်းသား ဖောင်ဒေးရှင်း (မြန်မာ) အဖွဲ့ထံမှ ထပ်မံသိရသည်။

လွယ်ဂျယ်မြို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု မြင့်မားနေဆဲဟုဆို


ဗန်းမော်၊ နိုဝင်ဘာ ၁၈

တရုတ်-မြန်မာ နယ်စပ်ဝင်ပေါက်မြို့ တစ်ခုဖြစ်သော ဗန်းမော်ခရိုင် အတွင်းရှိ လွယ်ဂျယ်မြို့တွင် မူးယစ်ဆေးဝါး တားဆီး ကာကွယ် နှိမ်နင်းရေး လုပ်ငန်းများကို ဆက်တိုက် ပြုလုပ်လျက် ရှိသော်လည်း မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲမှု မြင့်မားနေဆဲ ဖြစ်ကြောင်း လွယ်ဂျယ်မြို့ နယ်မြေခံ ရဲစခန်းမှ စခန်းမှူးက The Voice သို့ ပြောကြားသည်။

လွယ်ဂျယ်မြို့သည် နယ်စပ်မြို့ ဖြစ်သည်နှင့်အညီ နယ်စပ် ဝင်ပေါက်များ တရားဝင် ရှိနေသော်လည်း နယ်စပ် စည်းရိုး တစ်လျှောက် မည်သည့် နေရာတွင်မဆို လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်ရာ ယင်း အချက်သည် မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲသူများကို အကာအကွယ် ပေးထားသကဲ့သို့ ဖြစ်နေကြောင်းနှင့် နယ်စပ် စည်းရိုးများနှင့် မကွာဝေးသော လွယ်ဂျယ်မြို့ အနီးတဝိုက်ရှိ ကြံခင်းနှင့် လယ်တောများတွင် တဲများထိုးကာ ရောင်းဝယ်သုံးစွဲမှုများ ပြုလုပ်လေ့ ရှိကြောင်း နယ်မြေခံ စခန်းမှူး က ထပ်ဆင့် ပြောဆိုသည်။
“ကြံခင်းတွေနားကို ရှင်းလင်းရေး လုပ်ပြီး လိုက်ဖမ်း၊ တဲတွေကို မီးရှို့လုပ်ပေမယ့် ဒီနေ့လုပ် နောက်တစ်နေ့ ပြန်ရောက်နေတယ်။ ဖမ်းမိတာတွေကို စစ်ဆေးလိုက်ရင် တရုတ် ဘက်က လာတာများတယ်။ သူတို့တွေက ကင်းထောက်တွေ ဘာတွေထားပြီး ရောင်းဝယ် သုံးစွဲကြတာ။ ကြံခင်းတွေက အကျယ်ကြီးဆိုတော့ ရဲဝင်လာတာနဲ့ လွတ်အောင် ပြေးတာဘဲ။ လုံခြုံရေးအရ ကန့်သတ်ချက်တွေ ရှိနေတော့ လိုက်လို့မရတဲ့ အပိုင်းတွေလဲ ရှိတယ်” ဟု ၎င်းကဆိုသည်။

လွယ်ဂျယ်မြို့ အောင်မင်္ဂလာရပ်ကွက် အတွင်းရှိ လူနေအိမ်ခြေများနှင့် မကွာဝေးသော ကြံခင်း တစ်ခုတွင် နံနက်နှင့် ညနေပိုင်း အချိန်များ၌ မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲခြင်းများကို ပေါ်ပေါ်ထင်ထင် ပြုလုပ်လေ့ ရှိကြပြီး လွယ်ဂျယ် မြို့ပေါ်တွင်လည်း မူးယစ်ဆေး စွဲသူများကို နေရာအနှံ့ တွေ့ရှိနိုင်ကြောင်း အောင်မင်္ဂလာ ရပ်ကွက်မှ ဒေသခံ ကချင် အမျိုးသမီးတစ်ဦးက ပြောကြားသည်။

အဆိုပါ မူးယစ်ဆေး စွဲနေသူများသည် တရုတ်နိုင်ငံဘက်မှ ကုန်ပစ္စည်းများကို ဆိုင်ကယ်များနှင့် တင်ဆောင် ရောင်းဝယ်ကြသော ဆိုင်ကယ်ကယ်ရီ မောင်းသူများကို ဓားပြတိုက်ကာ ပစ္စည်းများ လုယူ တတ်သောကြောင့် ဆိုင်ကယ်ကယ်ရီ မောင်းသူများ အုပ်စုဖွဲ့ သွားလာရကြောင်း ဗန်းမော် မြိုခံ ဆိုင်ကယ် ကယ်ရီမောင်းသူများထံမှ သိရသည်။

မူးယစ်ဆေး စွဲနေသည့် လူတစ်ဦးကို သက်သေခံ အထောက်အထားအဖြစ် မူးယစ်ဆေးဝါးကို လက်ဝယ် မတွေ့ရှိပါက ဖမ်းဆီးအရေးယူမှု မပြုလုပ်နိုင်ဘဲ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှသာ ပုဒ်မ ၁၅ နှင့်တွဲ၍ အရေးယူမှု ပြုလုပ်နိုင်ကြောင်း၊ အိမ်နီးချင်း တရုတ်ပြည်တွင်မူ လူတစ်ဦးကို မူးယစ်ဆေး စွဲနေသည်ဟု ယူဆပါက ဖမ်းဆီးကာ ဆီးစစ်စေပြီး ဆေးမအောင်ပါက မူးယစ်ဆေးဝါး သုံးစွဲမှုဖြင့် အရေးယူလေ့ရှိရာ မြန်မာနိုင်ငံတွင်လည်း ယင်းကဲ့သို့ လုပ်ဆောင်နိုင်မည် ဆိုပါက မူးယစ်ဆေးဝါး သုံးစွဲသူများ လျော့ကျလာနိုင်ကြောင်းနှင့် လက်ရှိတွင် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကား သူများကို အဓိကထား ဖမ်းဆီး အရေးယူလျက် ရှိကြောင်း လွယ်ဂျယ်မြို့ နယ်မြေခံ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

မဟာမြတ်မုနိ ဘုရားကြီး သန့်စင်ခန်းအတွင်း နိုင်ငံခြားသား ခရီးသွားနှင့် ဖြစ်ပွားသည့် ပြဿနာ စုံစမ်းမည်ဟုဆို


မန္တလေး၊ နိုဝင်ဘာ ၁၈

မန္တလေးမြို့တော် မဟာမြတ်မုနိ ဘုရားကြီး သန့်စင်ခန်းအတွင်း နိုင်ငံခြားသား ခရီးသွား ဧည့်သည်နှင့် ဖြစ်ပွားခဲ့သည်ဟု ဆိုသော သန့်စင်ခန်း အသုံးပြုခ ပြဿနာ မှန်ကန်မှုရှိ မရှိကို မြန်မာနိုင်ငံ ဧည့်လမ်းညွှန်အသင်း (မန္တလေးဇုန်) က အဆိုပါ ဘုရားဂေါပက အဖွဲ့နှင့် Tourist Police များသို့ မေးမြန်း စုံစမ်းသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဧည့်လမ်းညွှန်အသင်း (မန္တလေးဇုန်) ဥက္ကဋ္ဌ ဦးရဲမြတ်စိုးက The Voice သို့ ပြောကြားသည်။

“အခုအချိန်က ခရီးသွားရာသီ ဖြစ်နေတော့ မအားလပ်ကြဘူး။ ဒီကိစ္စ မှန်ကန်လား၊ သေချာလားဆိုတာ ပထမ စုံစမ်းရဦးမယ်။ သူတို့က ကျွန်တော်တို့ အသင်းက အဖွဲ့ဝင် တစ်ယောက်ကတစ်ဆင့် အကြောင်း ကြားထားတယ်” ဟု ဦးရဲမြတ်စိုးက ဆိုသည်။

အဆိုပါ သန့်စင်ခန်း အသုံးပြုခ ပြဿနာ မှန်ကန်မှု ရှိ မရှိကို ဘုရားကြီး ဂေါပကသို့ ဆက်သွယ် မေးမြန်းသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူက ပြောကြားသည်။
“ဒီကိစ္စက သေချာလားဆိုတာ စုံစမ်းရမယ်၊ သေချာရင်တော့ တောင်းပန်ဖို့ လိုတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ကိစ္စကို ရန်ကုန်မြို့တော်မှ ဂျာမန်ဘာသာ စကားပြော ဧည့်လမ်းညွှန် အမျိုးသမီးက နိုဝင်ဘာလ ၁၄ ရက်နေ့တွင် အဆိုပါ ဧည့်လမ်းညွှန် အသင်းသို့ သတင်းပေးပို့ခြင်း ဖြစ်ကြောင်း အဆိုပါ ဧည့်လမ်းညွှန်အသင်း အတွင်းရေးမှူး ဦးချစ်စမ်းဦးက ပြောကြားသည်။

ခရီးသွား အဖွဲ့သည် နိုဝင်ဘာလ ၁၄ ရကနေ့က မန္တလေး မဟာမြတ်မုနိ ဘုရားကြီးသို့ ရောက်ရှိချိန် ဧည့်သည် ခြောက်ဦး သန့်စင်ခန်း အသုံးပြုလိုသဖြင့် ဘုရားကြီး အနောက်မြောက်ထောင့် (ကြေးစည်ကြီး၊ ကြေးရုပ်ကြီးများ တည်ရှိသော အရပ်မျက်နှာဘက်) သို့ ညွှန်ပြခဲ့ပြီး သန့်စင်ခန်း အသုံးပြုခကိုလည်း အနည်းဆုံး ၂၀၀ ကျပ်၊ အများဆုံး ၅၀၀ ကျပ်ဟု မှာလိုက်ကြောင်း၊ ဧည့်သည် ခြောက်ဦးသည် သန့်စင်ခန်း အသုံးပြုပြီးအပြန် တစ်ဦးလျှင် ၂၀၀ ကျပ် ပေးသောအခါ သန့်စင်ခန်း အသုံးပြုခ ကောက်သော အမျိုးသမီး (ဝဝ၊ အရပ်အနည်းငယ် ရှည်) က ၂၀၀ ကျပ်မရကြောင်း ၁၀၀၀ ကျပ် ပေးရမည်ဟု ပြောကာ ပြန်ထွက်မည့် တံခါးတွင် ပိတ်ရပ်၍ တံခါးကို ပိတ်ပစ်ခဲ့ပြီး ၁၀၀၀ ကျပ် မပေးပါက ဖွင့်မပေးဟု ပြောသဖြင့် အတင်းထွက်မည် လုပ်သော ဧည့်သည် အမျိုးသမီး တစ်ဦးကို လက်နှင့် ရိုက်ကြောင်း အဆိုပါ ဖြစ်စဉ်နှင့် ပက်သက်၍ ဂျာမန်ဘာသာ စကားပြော ဧည့်လမ်းညွှန် အမျိုးသမီးက မန္တလေးဇုန်အသင်း သတင်းနှင့် ပြန်ကြားရေးဌာနသို့ အကြောင်းကြားစာတွင် ပါရှိသည်။

ဧည့်သည်များသည် ရုတ်တရက် ဖြစ်သဖြင့် မြန်မာငွေ အလုံအလောက်ပါ မလာသောကြောင့် အဆိုပါ ခြောက်ဦးက ၎င်းတို့တွင် ပါလာသော ပိုက်ဆံများကို အားလုံးစု၍ ငါးဦး အရင်အပြင်သို့ ထွက်ခဲ့ပြီး ပိုက်ဆံယူကာ ကျန်တစ်ဦးကို သန့်စင်ခန်း အတွင်းမှ ခေါ်ယူခဲ့ရကြောင်း ဦးချစ်စမ်းဦး ကပြောကြားသည်။

“သူတို့ ရောက်တာနဲ့ အချိန်ကမရလို့ ကားက ဘုရားကြီးကနေ ထွက်ခဲ့ပါတယ်။ ထွက်ပြီး ခဏနေမှ ဒီကိစ္စ ဖြစ်ခဲ့တယ်လို့ ဧည့်သည်တွေက သူ့တို့ ဧည့်လမ်းညွှန်နဲ့ Tour Leader ကို တိုင်ပြောပါတယ်။ ဧည့်လမ်းညွှန်က သက်ဆိုင်ရာ ဘုရားကြီး ဂေါပကရဲနဲ့ Tourist Police တွေကို တိုင်ကြားဖို့ စီစဉ်ပေမယ့်လည်း ကားကလည်း ပြန်လှည့်ဖို့ မဖြစ်နိုင်ဘူး။ ဒီနေ့ Schedule က အရမ်းကျပ်နေတော့ ဘယ်လိုမှ မတတ်နိုင် ဖြစ်နေလို့ နောက်ဆုံး မန္တလေးဇုန်အသင်း သတင်းနှင့် ပြန်ကြားရေးဌာနကို အကြောင်း ကြားပါတယ်လို့ အကြောင်းကြားစာမှာ ရေးထားတယ်” ဟု ဦးချစ်စမ်းဦးက ဆိုသည်။

ယခင်က ဘုရားနှင့် ရှေးဟောင်း နေရာများသို့ သွားရောက် လည်ပတ်ရာတွင် သန့်စင်ခန်း မရှိသည့် အခက်အခဲများ ဖြစ်ခဲ့ပြီး ယခုအချိန်တွင် အဆိုပါ နေရာများတွင် သန့်စင်ခန်းများ တည်ဆောက် ထားသဖြင့် အဆင်ပြေမှု ရှိကြောင်း ဦးချစ်စမ်းဦးက ထပ်လောင်း ပြောကြားသည်။

ယင်းကိစ္စ ဟုတ်မှန်ခြင်းရှိ မရှိကို ဘုရားဂေါပက အဖွဲ့ထံ The Voice က ဆက်သွယ် စုံစမ်းနေဆဲ ဖြစ်သည်။
The Voice Weekly

ကျောက်တော်နှင့် ပေါက်တောမြို့နယ်တွင် အသက် (၅) နှစ်အရွယ် ကလေးမလေး နှစ်ဦး အသတ်ခံရ


19.11.2013

အသတ်ခံရသူ အမျိုးသမီးငယ်နှင့် ရတက်မအေး ဖြစ်နေကြသော ရွာသားများ( ဓါတ်ပုံ- ဝေဟင်အောင်)
ရခိုင်ပြည်နယ် ကျောက်တော်နှင့် ပေါက်တောမြို့နယ်အတွင်း တည်ရှိသော ကျေးရွာ နှစ်ခုမှ အသက် (၅ ) နှစ်အရွယ် ကလေးမလေး နှစ်ဦးသည် အကြမ်းဖက် အသတ်ခံခဲ့ရသည်ဟု သတင်း ရရှိသည်။

အသတ်ခံရသူ အမျိုးသမီးငယ် တစ်ဦးမှာ ကျောက်တောမြို့နယ် ကြာညိုပြင်ကျေးရွာမှ ရခိုင်လူမျိုး ဦးရွှေအောင်နှင့် ဒေါ်မိုးမိုးစံတို့ သမီး မိမိငယ် (၆) နှစ် ဖြစ်ကြောင်း သိရသည်။

ထိုသို့ အသတ်ခံရသည်ကို အခင်း ဖြစ်ပွားရာ ကြာညိုပြင် ကျေးရွာအနီးရှိ အပေါက်ဝ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောကြားသည်။

“ ဟုတ်တယ်ဗျာ။ အသတ်ခံရတယ်ဆိုတာ။ အခု ထိတော့ စစ်ဆေးနေတုန်းပါဘဲ။ ဘယ်သူ သတ်တယ်ဆိုတာ စစ်နေတုန်းဘဲ ဖြစ်ပါတယ်” ဟု ပြောသည်။

၎င်းကလေးမလေးသည် သူမ၏ အစ်မ ဖြစ်သူနှင့် အတူ ရွာအစပ်ရှိ မုန့်ဆိုင်သို့ ယမန်နေ့ ညနေက မုန့်ဝယ်ရန် သွားရောက် စဉ် ပျောက်ဆုံးသွားခဲ့ပြီး ယနေ့ နံနက်က သူမ၏ အလောင်းကို ရွာပြင်ရှိ လယ်ကွင်း တစ်ခုထဲမှ ရှာဖွေတွေ့ရှိခဲ့သည်ဟု အပေါက်ဝကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။

ဒေသတ၀ိုင်တွင် ရွာညှာ ဘင်္ဂလီရွာမှ ရွာသား အချို့မှ သတ်ပစ်ကြောင်း သတင်းဖြစ်ပေါ်နေသော်လည်း စစ်ဆေးနေတုန်းဖြစ်၍ အတည်မပြုနိုင်သေးကြောင်း ၎င်းကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။

ရဲစခန်း တာဝန်ရှိသူမှလည်း အမူကို စုံစမ်းနေဆဲ ဖြစ်၍ မည်သူ သတ်သည်ကို မပြောနိုင်သေးကြောင်း ပြောကြားသည်။ သူမ၏ အလောင်းအား ဆေးစစ်ပြီး ယနေ့ သဂြိင်္ုလ်ခဲ့သည်ဟု သိရသည်။

အလားတူ ပေါက်တောမြို့နယ်၊ အနောက်ဖရုံကာကျွန်း၊ စိုးမဲကျီကျေးရွာမှ ခမီး လူမျိုးများ ဖြစ်ကြသည့် ဦးရွှေမိနှင့် ဒေါ်ဝါ၀ါဦးတို့၏ သမီး အသက်(၅)နှစ်အရွယ်သည်လည်း နိုဝင်ဘာလ ၁၇ ရက်၊ တန်ဆောင်မုန်း လပြည့် ညနေ ၆ နာရီခန့်တွင် ပျောက်ဆုံးသွားခဲ့ပြီးနောက် ရက်စက်စွာ အသတ်ခံခဲ့ရသည်ဟု ဆွေမျိုး တစ်ဦးက ပြောသည်။

၎င်းမိန်းခလေး၏ အလောင်းအား နိုဝင်္ဘာလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် ရှာဖွေတွေ့ရှိခဲ့သည်ဟု သိရသည်။ အလောင်းကို ပေါက်တောမြို့နယ်မှူး ရောက်ရှိလာပြီး အခုအခါ ပေါက်တောမြို့ ဆေးရုံသို့ ယူဆောင်သွားသည်ဟု သိရသည်။


ယခုကဲ့သို့ လူမမယ် အရွယ် ကလေးငယ်နှစ်ဦး အကြမ်းဖက် သတ်ဖြတ်ခံရသဖြင့် ဒေသခံ ပြည်သူများ အကြား အထူး စိုးရိမ်မူများ ဖြစ်ပေါ်နေကြောင်း သတင်း ရရှိသည်။

နိရဉ္စရာ

ဖြန့်ချိရေးနှင့် လက်လီရောင်းချရေး ပူးပေါင်းလိုသူများ တယ်လီနော စတင်ခေါ်


19.11.2013

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်ခွင့်တင်ဒါ အောင်မြင်ထားသည့် နော်ဝေနိုင်ငံ အခြေစိုက် တယ်လီနော (Telenor) ဆက်သွယ်ရေး ကုမ္ပဏီက ဖြန့်ချိရေးနှင့် လက်လီ ရောင်းချရေး လုပ်ငန်းများတွင် ပူးပေါင်း လုပ်ကိုင်လိုသူ ဒေသခံ လုပ်ငန်းရှင်များကို စတင် ခေါ်ယူနေပြီဖြစ်ကြောင်း သိရသည်။

၎င်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှု လုပ်ငန်းများ၏ ဖြန့်ချိခြင်းနှင့် လက်လီ ရောင်းချခြင်းတို့တွင် ပူးပေါင်း ဆောင်ရွက်ရန် တယ်လီနော အသိအမှတ်ပြု ဖြန့်ချိရေးကိုယ် စားလှယ်များနှင့် မိတ်ဖက် လက်လီ အရောင်းဆိုင်လုပ်ငန်း လုပ်ကိုင်လိုသူများကို စတင်ခေါ်ယူနေပြီဖြစ်ကြောင်း ရန်ကုန်မြို့၊ ကုန်သည်ကြီးများ ဟိုတယ်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် တယ်လီနော (မြန်မာ) ကုမ္ပဏီ၏ ဖြန့်ချိရေးနှင့် ဈေးကွက်ဆိုင်ရာ အရာရှိ Mr. Sharad Mehrotra က ပြောကြားသည်။

“ဘယ်လောက်ခေါ်မယ်ဆိုတဲ့ အရေအတွက်ကိုတော့ အတိအကျ ပြောလို့မရသေးပေမယ့် မြန်မာနိုင်ငံမှာရှိတဲ့ လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းနဲ့ ကျနော်တို့ရဲ့ ဖြန့်ချိရေးကွန်ရက်ကို တည်ဆောက်မှာပါ၊ ကျနော်တို့နဲ့အတူ လက်တွဲလုပ်ကိုင်ဖို့ စိတ်အားထက်သန်တဲ့ ဒေသခံ လုပ်ငန်းရှင်တွေကို အဓိက ထားခေါ်ယူမှာပါ” ဟု Mr. Sharad Mehrotra က သတင်းစာရှင်းလင်းပွဲအပြီး ဧရာဝတီသို့ ပြောသည်။

လက်ရှိတွင် ဖြန့်ချိရေးနှင့် လက်လီ ရောင်းချမှုတွင် လုပ်ကိုင်လိုသူ ဒေသခံ လုပ်ငန်းရှင်များနှင့် လုပ်ငန်းစတင် လုပ်ကိုင်လိုသူ လုပ်ငန်းရှင်များအနေဖြင့် တယ်လီနော (မြန်မာ) ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်မှ တဆင့် လျှောက်လွှာများ ရယူကာ လျှောက်ထားနိုင် ကြောင်းသိရသည်။

သို့သော် ကုမ္ပဏီက ဆက်သွယ်ရေး လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ရရှိပြီးသည့်နောက်မှ ပူးပေါင်းလုပ်ကိုင်မည့် ပြည်တွင်း လုပ်ငန်းရှင်များကို ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သည့် အချက်အလက်များ ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း၊ လတ်တလောတွင်မှု လုပ်ငန်းရှင်များကို ခေါ်ယူမှုသာ ရှိမည်ဖြစ်ကြောင်း Mr. Sharad Mehrota က ရှင်းပြသည်။

တယ်လီနော၏ ဖြန့်ချိရေးနှင့် လက်လီရောင်းချမှု လုပ်ကိုင်ရန် လျှောက်ထားရမည့် လျှောက်လွှာတွင် လျှောက်ထားသူ၏ ကိုယ်ရေးအကျဉ်း အပါအဝင် နေထိုင်ရာဒေသ၊ ဒေသရှိ လူဦးရေ အရေအတွက်၊ ရင်းနှီးမြှုပ်နှံနိုင်မည့် ငွေကြေး ပမာဏ၊ ကုမ္ပဏီလုပ်ငန်းရှင်ဖြစ်ပါက ဝန်ထမ်းအင်အား၊ ကုမ္ပဏီအဆောက်အအုံပုံစံ၊ အကျယ်အဝန်း စသည့် အချက်အလက်များကိုပါ တယ်လီနော (မြန်မာ) ဝက်ဘ်ဆိုက်၏ လျှောက်လွှာတွင် ဖော်ပြထားသည်။

တယ်လီနော (မြန်မာ) သည် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ရရှိရန် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညိနှိုင်းဆွေး နွေးမှုမှာ အပြီးသတ်ဆွေးနွေးနေသည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည့်အတွက် လာမည့် ၈ လအတွင်း ဆက်သွယ်ရေးကွန်ရက် လုပ်ငန်းများနှင့် ဖြန့်ချိရေးလုပ်ငန်းများ စတင်လုပ်ကိုင်နိုင်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။

Irrawaddy

ထောင်ချောက်များထဲမှ မြန်မာပြည်


(ကချင်ဒေသရှိ စစ်ဘေးရှောင် ဒုက္ခသည်များအား တွေ့ရစဉ်)

(ဆောင်းပါးရှင် - မောင်ကြည်)

ဆရာမဂျူး၏ "အောက်ခြေသန်းတစ်ထောင်" စာအုပ်ကို ဖတ်ပြီးသွားသောအခါ တော်တော်ရင်မော သွားပါသည်။ ထိုစာအုပ်သည် နိုင်ငံငယ်လေးတွေ ဘာကြောင့် ဆင်းရဲတွင်း နက်ရသလဲ ဆိုတာကို ထောင့်ပေါင်းစုံမှ ဖွင့်ဆိုရှင်းပြထားသော ပေါလ်ကိုလီယာ (Paul Collier) ၏ အောက်ခြေသန်းတစ်ထောင် (The Bottom Billion) စာအုပ်ကို မိတ်ဆက်သဘော အကျဉ်းချုပ် ပြန်ရေးထားခြင်း ဖြစ်ပါသည်။ စီးပွားရေး ပညာရှင် ပေါလ်ကိုလီယာသည် ဆင်းရဲတွင်း နက်နေသော အာဖရိကမှ နိုင်ငံငယ်လေးများကို သေချာသုတေသနပြုကာ ဘာကြောင့်ဆင်းရဲတွင်း နက်နေရသလဲ ဆိုတာကို ရှင်းပြဖို့ ကြိုးစားခဲ့ပါသည်။ သူ၏ ရှင်းပြချက်များသည် နှစ်ရှည်လများ ဆင်းရဲတွင်း နက်နေသော ကျွန်တော်တို့ နိုင်ငံနှင့်လည်း သက်ဆိုင်သည်ဟု ထင်ပါသည်။

ပေါလ်ကိုလီယာက နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို တားဆီးသည့် ထောင်ချောက်လေးခု ရှိသည်ဟု ဆိုပါသည်။ ၎င်းတို့မှာ (၁)ပြည်တွင်းစစ် ပဋိပက္ခ ထောင်ချောက်၊ (၂)သဘာဝ သယံဇာတ ထောင်ချောက်၊ (၃)ဆိုးရွားသော အိမ်နီးချင်း နိုင်ငံများကြားတွင် ပိတ်မိနေသည့် ထောင်ချောက်၊ (၄) စီမံအုပ်ချုပ်မှု ညံ့ဖျင်းနေခြင်း ထောင်ချောက်တို့ ဖြစ်ကြပါသည်တဲ့။

ထောင်ချောက်(၁)
ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်ဖြစ်ခဲ့တာ နှစ်ပေါင်း ၆၀ ကြာခဲ့ပါပြီ။ တချို့က ကမ္ဘာမှာ အရှည်ကြာဆုံး ပြည်တွင်းစစ်လို့တောင် ပြောကြပါသည်။ လောလောဆယ် တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး စာချုပ်မှာ လက်မှတ်ရေးထိုးဖို့အတွက် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ကချင်ပြည်နယ် ကေအိုင်အို ရုံးစိုက်ရာ လိုင်ဇာမြို့မှာ ဆွေးနွေးကြရာ နောက်ဆုံးသိရသည့် သတင်းအရ နှစ်ဦးနှစ်ဖက် ဘုံသဘောတူညီချက် လက်မှတ်ရေးထိုးဖို့ ဆွေးနွေးနေဆဲဟု သိရပါသည်။ ထိုကဲ့သို့ ဆွေးနွေးနေစဉ်မှာပင် တချို့နေရာတွေမှာ တိုက်ပွဲတွေ ဖြစ်နေလို့ စစ်ရှောင်ဒုက္ခသည် ၃၀၀ ကျော် ဗန်းမော်သို့ ခိုလှုံလာတယ်လို့ သတင်းစာထဲမှာ ဖတ်လိုက်ရပါသည်။ ကျွန်တော်တို့ရဲ့ ပြည်တွင်းစစ်ကြီး အပြီးတိုင် ချုပ်ငြိမ်းစေချင်ပါပြီ။ အဘယ်ကြောင့်ဆိုသော် ပြည်တွင်းစစ်ဖြစ်လျှင် အထိနာဆုံးက စစ်ပြေးဒုက္ခသည် ပြည်သူတွေ ဖြစ်နေလို့ပါပဲ။ အဆိုးဆုံးကတော့ ၎င်းစစ်ပြေး ဒုက္ခသည်တွေရဲ့ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး အစစအရာရာ နစ်နာဆုံးရှုံးမှု ပမာဏ ကြီးမားလွန်းလို့ပါပဲ။ သူတို့တွေရဲ့ ဒုက္ခကို တကယ့်နှလုံးသားနဲ့ မျှဝေခံစားနိုင်တဲ့ တစ်နေ့မှာ နှစ်ဦးနှစ်ဖက် ခေါင်းဆောင်များ သဘောထား ကြီးကြီးနဲ့ ငြိမ်းချမ်းရေးအတွက် အဖြေရှာတွေ့လိမ့်မည်ဟု မျှော်လင့်မိပါသည်။

ထောင်ချောက်(၂)
တကယ်တော့ မြန်မာနိုင်ငံဟာ သဘာဝ သယံဇာတ ပေါကြွယ်ဝတဲ့ နိုင်ငံပါ။ သို့သော် သယံဇာတ မရှိသည့် နိုင်ငံတွေ ချမ်းသာနေချိန်မှာ အလျှံပယ် ကြွယ်ဝပါသည်ဆိုသည့် ကျွန်တော်တို့ နိုင်ငံက ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတွေထဲမှာ ပါဝင်နေတာကတော့ စိတ်မကောင်းစရာပါ။ တချို့ကတော့ "နိုင်ငံက ချမ်းသာပါတယ်။ ပြည်သူတွေက ဆင်းရဲနေတာပါ" ဟု ဝေဖန်သုံးသပ် ကြပါသည်။ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားမှအစ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျွန်းသစ်အဆုံး ပေါများပြည့်လျှံခဲ့တဲ့ မြန်မာနိုင်ငံဟာ လက်ရှိအချိန်မှာတော့ အထည်ကြီးပျက်လို့ပဲ ပြောရမလား။ အထည်လေးပျက်လို့ပဲ ပြောရမလား မသိတော့ပါဘူး။ ပညာရှင်တွေကတော့ မြန်မာပြည်မှာ အရမ်းချမ်းသာတဲ့လူနဲ့ အရမ်းဆင်းရဲတဲ့ လူဆိုပြီး လူတန်းစား နှစ်မျိုးပဲ ရှိတော့တယ်ဟု ပြောပါသည်။ လူလတ်တန်းစား ပျောက်ဆုံးနေသည့် သဘောပါပဲ။ ကျွန်တော်တို့ နိုင်ငံရဲ့ အဖြစ်က ဘိုးဘွားတွေ ထားရစ်ခဲ့တဲ့ အမွေတွေ အမြောက်အမြား ရခဲ့ပြီးမှ နောက်ဆုံးမှာ မွဲပြာကျသွားတဲ့ လူတစ်ယောက်နဲ့ တူနေမည်လား မသိပါ။ သေချာသည့် အချက်ကတော့ ထိုကဲ့သို့ မွဲပြာကျအောင် ပြည်သူတွေ မလုပ်ခဲ့ဘူး ဆိုတာပါပဲ။

ထောင်ချောက်(၃)
မြန်မာနိုင်ငံ၏ အရှေ့ဘက်မှာ ထိုင်းနိုင်ငံ၊ အနောက်ဘက်မှာ အိန္ဒိယနှင့် ပါကစ္စတန်၊ မြောက်ဘက်မှာ တရုတ်နိုင်ငံတို့ တည်ရှိပါသည်။ မြန်မာနိုင်ငံသည် ၎င်းအိမ်နီးချင်း နိုင်ငံတို့နှင့် ရှေးယခင် ကတည်းက ဆက်ဆံလာခဲ့ ကြသည်မှာ ယခုအချိန် ထိပါပဲ။ အထူးသဖြင့် တရုတ်နိုင်ငံနှင့် အရောင်းအ၀ယ် အဆက်အဆံ ပိုများသည်ဟု ဆိုရပါမည်။ တရုတ်နိုင်ငံကလည်း အများသိကြသည့်အတိုင်း ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးဆိုသည့် ခေါင်းစဉ်အောက်မှနေ၍ မြန်မာတစ်ပြည်လုံး၏ ဈေးကွက်ကို မောင်ပိုင်စီးထား လိုက်ပုံက မြန်မာနိုင်ငံရဲ့ နိုင်ငံခြား ရင်းနှီမြှုပ်နှံမှု စုစုပေါင်း ၆၅ ရာခိုင်နှုန်း(သုံးပုံနှစ်ပုံခန့်)ကို တရုတ်နိုင်ငံကပဲ ရရှိထားသည်ဟု သိရပါသည်။ တရုတ်လို စူပါပါဝါ နိုင်ငံကြီးတစ်ခု မိမိတို့နိုင်ငံနှင့် ကပ်လျက်ရှိသည်ကို သတိထားဖို့ လိုကြောင်း၊ ကမ္ဘာ့ လူဦးရေရဲ့ ၃၅ ရာခိုင်နှုန်းကျော်တဲ့ တရုတ်လို နိုင်ငံမျိုးနှင့် အိမ်နီးချင်းဖြစ်ရသော နိုင်ငံသည် အစွမ်းကုန် ဖွံ့ဖြိုးတိုးတက် လာနိုင်သလို ၎င်းနိုင်ငံကြီးရဲ့ ၀ါးမျိုမှုအောက်ကိုလည်း ရောက်ရှိသွားနိုင်သည့် အန္တရာယ်ကိုလည်း သတိထားဖို့လိုကြောင်း ပညာရှင် အချို့က ထောက်ပြကြပါသည်။ မည်သို့ဆိုစေ အိမ်နီးချင်းဆိုတာ ကိုယ့်ကို ကောင်းကျိုးပြုနိုင်သလို ဆိုးကျိုးလည်း ပြုနိုင်သည် ဆိုတာကို ကျွန်တော်တို့ သဘောပေါက်ထား ကြဖို့ပါပဲ။

ထောင်ချောက်(၄)
မြန်မာပြည် လွတ်လပ်ရေး ရပြီးနောက်ပိုင်း ၁၉၄၈၊ ၁၉၆၂၊ ၁၉၈၈၊ ၂၀၁၁ အကူးအပြောင်းကာလ လေးကြိမ်ကြုံခဲ့ ရပြီးပါပြီ။ ထိုအကူးအပြောင်း ကာလမှာပဲ ပြည်သူလည်း အာဏာရှင် စနစ်အောက်မှာ နှစ်ပေါင်း ၅၀ လောက်နေခဲ့ရပြီး တိုင်းပြည်လည်း နှစ်ပေါင်း ၅၀ ကျော် နောက်ကျကျန်ရစ် ခဲ့ရပါသည်။ ထိုစဉ် ကာလအတွင်းမှာ ပြည်သူတွေအတွက် ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသော အစိုးရ (Good Governance and Clean Government) ဆိုတာကို စာအုပ်တွေထဲမှာပဲ ဖတ်ခဲ့ရဖူး ပါသည်။ တစ်နည်းပြောရလျှင် ပြည်သူတွေမှာ မှားယွင်းသော စီမံခန့်ခွဲမှု (Mismanagement) အောက်မှာသာ နေထိုင်ခဲ့ရပါသည်။ ထိုကဲ့သို့ စီမံခန့်ခွဲမှု မှားယွင်းသောကြောင့် လာဘ်စားမှု၊ ဆင်းရဲမွဲတေမှု၊ ဖွံ့ဖြိုးမှု နောက်ကျမှု စသောအကျိုးရလဒ် တွေကိုသာ ပြည်သူတွေ ခံစားခဲ့ရပါသည်။ ထို့အပြင် သဘာဝ သယံဇာတနှင့် သစ်တောဧရိယာ တော်တော်များများလည်း အကျိုးမဲ့ နစ်နာဆုံးရှုံး ခဲ့ရပါသည်။

တကယ်တော့ ကျွန်တော်တို့ နိုင်ငံသည် ၁၉၆၂ ခုနှစ်က အာရှတိုက်ရဲ့ အချမ်းသာဆုံး ၁၀ နိုင်ငံထဲမှာ ပါဝင်ခဲ့သည်။ သို့သော် ၁၉၈၈ မှာတော့ အာရှတိုက်ရဲ့ အဆင်းရဲဆုံး ငါးနိုင်ငံ စာရင်းဝင် ဖြစ်ခဲ့ရပါသည်။ ၂၀၁၂ ခုနှစ်မှာတော့ အာရှတိုက်ရဲ့ ဒုတိယမြောက် အဆင်းရဲဆုံးနိုင်ငံ ဖြစ်သွားပါသတဲ့။ မည်သို့ဆိုစေ အနာသိလျှင် ဆေးရှိသည်ဟု ပြောကြပါသည်။ အထက်ပါ ထောင်ချောက်လေးခုသည် မြန်မာနိုင်ငံ ခံစားနေရသော အနာ(ရောဂါ)ဟု ဆိုရပါမည်။ ထိုအနာ ပျောက်ကင်းအောင် ဘယ်လိုကုသမလဲ ဆိုတာကို ကျွန်တော်တို့အားလုံး ၀ိုင်းဝန်းအဖြေရှာဖို့ လိုအပ်ပါပြီ။

Eleven Media Group

နိုင်ငံကြီးကို ပြောင်းလဲဖို့


(ဆောင်းပါးရှင် - ဒေါက်တာခင်မောင်ညို)

ဆရာကိုဘသစ် အတန်းထဲ ၀င်လာသည်။

"မင်္ဂလာပါ ဆရာ"

"အေး မင်္ဂလာပါ"

သူ၏ ၁၀ တန်း ကျောင်းသားတွေက

"ဆရာ ကျွန်တော်တို့ကို ဒီနေ့ နိုင်ငံရေးအကြောင်း ပြောပြ" ဟု ပြောလေ၏။

"ဟေ ဘာဖြစ်လို့လဲ"

"ကျွန်တော်တို့ နိုင်ငံကြီး ပြောင်းလဲနေတယ်လို့ မြန်မာစာဆရာ ဦးရဲက ပြောတယ်။ ကျွန်တော်တို့က ဘာပြောင်းတာလဲလို့ မေးတော့ နိုင်ငံရေးလို့ ဆရာရဲက ဖြေတယ်။ ဒါဆို ပြောပြဆိုတော့ မင်းတို့ဆရာ ကိုဘသစ်ကိုမေး။ သူက နိုင်ငံရေးကို ကျွမ်းတယ်လို့ ပြောတယ် ဆရာ"

"ဟာကွာ ကျောင်းနေတာ ပညာရေးကို လေ့လာတာ၊ နိုင်ငံရေးမှ မဟုတ်တာဘဲ စာသင်မယ်"

"ဆရာကလည်း ဆရာ့ကျောင်းသားတွေ လူပုံလယ်မှာ မျက်နှာငယ်တာကို ကြည့်နေမှာလား။ မနက်ဖြန်ဆို ကျောင်း ၁၀ ရက် ပိတ်တော့မယ်"

"အင်း သီတင်းတောင် ကျွတ်ပြီပဲ။ ကဲ မင်းတို့ကို အိမ်ပြန်လက်ဆောင် ပြောပြမယ်"

"ဟေး"

ကျောင်းသားများ "ဟေး" ခနဲ အော်သံသည် ဆူညံသွားသောကြောင့် ကိုဘသစ် ထိန်းလိုက်ရသည်။

"အခြားတန်းတွေကို အနှောင့်အယှက် ဖြစ်မယ်။ ဆရာ စပြောပြမယ်"

အားလုံး တိတ်နေကြသည်။

"ရှေးသရောအခါ ပြည်ဗာရာဝယ် ကုဋေကြွယ်သား သူဌေးသား . . ."

"ဟာ ဆရာ၊ နိုင်ငံရေးအကြောင်း ပြောပြပါဆို"

ကိုဘသစ် ပြုံးလိုက်သည်။

"ဒါ နိုင်ငံရေးပဲလေ"

"ဆရာက ပုံပြောပြနေတယ် မဟုတ်လား။ အဲဒီ ပုံပြင်ကို ကျွန်တော်တို့ သိတယ်။ ကဗျာကိုလည်း ရတယ်"

"ကဲ ဒါဆိုရင် မင်းမင်းအောင်။ အဲဒီပုံပြင်ကို တစ်တန်းလုံးကြားအောင် ပြောပြပါဦး"

မင်းမင်းအောင် မတ်တတ်ထကာ ပြောလိုက်သည်။

"တစ်ခါက ချမ်းသာတဲ့ ကုဋေရှစ်ဆယ် ကြွယ်ဝတဲ့ သူဌေးကြီး တစ်ယောက်ရှိတယ်။ သူတို့မှာ သားတစ်ယောက်ပဲ ရှိတယ်။ ဒီသားလေးကို အင်မတန်ချစ်လို့ အိမ်မှာပဲ နေစေတယ်"

"အိမ်မှာ Home Tuition ပေးတာလား"

"ဟင့်အင်း ဘာစာမှ မသင်စေဘူး။ ချစ်တာကိုး"

"တို့ မိဘက မချစ်လို့ ကျောင်းနေခိုင်းတာ"

တစ်ယောက်တစ်ပေါက် ဆူညံနေသောကြောင့် ဆရာကိုဘသစ် ၀င်ထိန်းရသည်။

"ကဲ အားလုံး ဘာမှဝင်မပြောဘဲ နားထောင်။ မင်းမင်းအောင် ဆက်ပြော"

"ဒါနဲ့ သူဌေးသားဟာ စာလည်းမတတ်ဘူး။ ဘာကိုမှလည်း မတတ်ဘူး။ အရှေ့အနောက် တောင်မြောက်တောင် မသိဘူး"

"မင်းကော သိလို့လား"

ဆရာကိုဘသစ် စားပွဲပေါ်ကို ကြိမ်လုံးနှင့် ရိုက်လိုက်ရသည်။

"ကဲကဲ ဆရာ ဆက်ပြောမယ်။ သူဌေးလင်မယား ကွယ်လွန်သွားတော့ ဘာမှမတတ်တဲ့ သားရဲ့နံဘေးမှာ ခရိုနီတွေ ရောက်လာသတဲ့"

"ဟာ ဆရာကလည်း ခရိုနီဆိုတာ ခုခေတ်မှာမှ ပေါ်လာတာ မဟုတ်လား"

"ဆရာက တင်စားပြောတာပါ။ ကိုယ့်အကျိုးကိုသာ လုပ်တယ်။ သူ့အကျိုး မဆောင်ရွက်တဲ့ သူတွေပေါ့လေ။ သာပေါင်းညာစားတွေကို ပြောချင်တာပါ"

"ခရိုနီလို့ပဲ ထားလိုက်ပါ ဆရာ။ ခေါ်လို့ ကောင်းတယ်"

"အေးကွ အဲဒီလို လူတွေလာပြီး သာပေါင်းညာစား လုပ်လိုက်တာ ကုဋေ ၈၀ သူဌေးသားဟာလည်း မွဲတေဆင်းရဲ သွားတယ်။ တောင်းစားရတယ်တဲ့။ ကဲမင်းမင်းအောင် ပုံပြင်လေးရဲ့ ကဗျာအဆုံးပိုဒ်လေးကို ရွတ်ပြပါဦး"

"ခွက်လက်စွဲကာ တောင်းစားပါလည်း သင်သာလူမိုက် ဒုစရိုက်ဟု ရိုက်ပုတ်လိုက်ကြ ရွာမှထွက်လေ တောမှာသေသည် ကောင်သေလင်းတ ကျ၏တည်းတဲ့ ဆရာ"

"အေး မွဲတေစုတ်ပြတ် သွားတယ်။ ဒါဆို ဖြေကြည့်ကြပါ။ ကုဋေ ၈၀ သူဌေးသား ဘာကြောင့်မွဲသွား တာလဲ"

"ခရိုနီကြောင့်ပါ ဆရာ"

"မဟုတ်ဘူး"

"သူ့မိဘ လက်ထက်မှာလည်း ဒီလိုလူတွေ ရှိတာပါပဲ။ ဒါပေမဲ့ သူ့မိဘတွေ မဆင်းရဲဘူး။ ဒီသူငယ်ကျမှ ဆင်းရဲမွဲတေ သွားတာ အဓိက အကြောင်းက ဘာလဲ"

"ပညာ မတတ်လို့ပေါ့"

"အေးကွ ပညာမတတ် သူ၏၀န်ထမ်းဆိုတဲ့ စကားရှိတယ်။ အလုပ်သမားတွေ ဖြစ်ရတာကို ပြောတာ"

"ဆရာ ပညာတတ်လည်း အလုပ်သမား ဖြစ်တာတွေ အများကြီး ရှိတာပဲ"

"ပညာတတ် ဆိုတာက အရင်ခေတ်က စာတတ်ရုံပေါ့။ ခုခေတ်မှာ အင်္ဂလိပ်စာ တတ်ရမယ်။ ကွန်ပျူတာ တတ်ရမယ်။ ဒါမှ စာတတ်သူ၊ ပညာတတ်သူ literate လို့ ခေါ်တယ်"

"ဒီလိုတတ်ရင် အလုပ်သမား မလုပ်ရတော့ဘူးလား ဆရာ"

"ဒါပေါ့ အနည်းဆုံး ဆရာခေါ်ခံ ရတာပေါ့"

"ဆိုက္ကားဆရာလား ဆရာ"

တစ်တန်းလုံး ရယ်ကြသည်။

"မင်းတို့ပြောတာလည်း ဟုတ်တာပဲ။ တို့နိုင်ငံကို ပြန်ကြည့်မယ်။ တို့နိုင်ငံဟာ အင်မတန် သယံဇာတ ကြွယ်ဝတဲ့ နိုင်ငံပဲ မဟုတ်လား။ ရွှေတွင်းငွေတွင်း ပယင်းဒုတ္ထာတွေ ပေါတဲ့နိုင်ငံလို့ ခေါ်တယ်မဟုတ်လား"

"ဟုတ်ကဲ့ ဆရာ"

"ရေနံတို့၊ ကျွန်းသစ်တို့၊ ကျောက်စိမ်းတို့လည်း အများကြီး ထွက်တယ်။ ဒါပေမဲ့ ဘာမှမထွက်တဲ့ စင်ကာပူက ချမ်းသာပြီး တို့ဆီကလူတွေ တောင်းတောင်းပန်ပန်နဲ့ သူ့ဆီမှာ အလုပ်တောင်းရတယ်။ ကံကောင်းမှ အလုပ်ရတယ်။ ဘာဖြစ်လို့လဲ"

"စင်ကာပူ ချမ်းသာလို့"

"ဘာလို့ ချမ်းသာလဲ"

"ပညာတတ်ကြလို့"

"အေးကွ ပညာတတ်ပြီး စီမံခန့်ခွဲမှုကောင်းဖို့ အရေးအင်မတန် ကြီးတယ်။ စင်ကာပူမှာ စည်းမဲ့ကမ်းမဲ့ အမှိုက်ပစ်လည်းဖမ်း၊ လမ်းပေါ် တံတွေးထွေးလည်းဖမ်း။ ရထားပေါ် ရေသောက်ရင်တောင် ဖမ်းတယ်"

"အတော်ဆိုးတာပဲ"

"မဆိုးပါဘူး။ ဒီလိုစည်းကမ်းကို စကိုင်လိုက်မှ အားလုံးစည်းကမ်းကို ရိုသေတဲ့ အကျင့်ရသွားတယ်။ သူတို့ရဲ့ mind-set တွေကို ပြောင်းလိုက်တာပဲ။ တကယ်တော့ မြန်မာတွေ စင်ကာပူ ရောက်တဲ့အခါ အမှိုက်ပစ်တာတို့ တံတွေးထွေးတာတို့ကြောင့် အဖမ်းခံရတာ မရှိဘူး။ အင်မတန် ရှားတယ်။ ဘာကြောင့်လဲ သိလား"

"ဖမ်းခံထိမှာ ကြောက်လို့ပေါ့"

"အေး ဖမ်းပြီး ဒေါ်လာနဲ့ ဒဏ်ရိုက်တာတို့၊ ကြိမ်ဒဏ်ခံရမှာတို့ကို ကြောက်တာကိုး။ သူတို့အကျင့် သူတို့ပြင်လာ ကြတယ်"

"ဒီမှာ မပြင်ဘူးပေါ့ ဆရာ"

"မပြင်ကြဘူး။ တကယ်တော့ ဒီလို စည်းမဲ့ကမ်းမဲ့ အမှိုက်ပစ်တာဟာ တစ်ချိန်မှာ ကိုယ်တိုင်ခံရတာကို ကိုယ်မသိလိုက်ဘူး။ ညစ်ပတ်တဲ့ ၀န်းကျင်မှာ နေကြရင် ကျန်းမာရေးတွေ ချို့ယွင်းလာတာမျိုး ဖြစ်လာတယ်"

"ကျွန်တော်တို့ ရန်ကုန်မြို့ကြီးဟာ အမှိုက်တွေနဲ့ အင်မတန် အရုပ်ဆိုးတယ် ဆရာ။ မနှစ်က ကျွန်တော့်အစ်ကိုနဲ့ စင်ကာပူ လိုက်သွားတော့ မြို့ကြီးဟာ လှပနေတယ်။ သူတို့ဟာ နေတတ်ထိုင်တတ်လို့ ဒီလိုလှပနေတယ်လို့ ထင်ခဲ့တယ် ဆရာ"

"နေတတ်ထိုင်တတ်တယ်လို့ ပြောနိုင်ပါတယ်။ အဆင့်မြင့်မြင့် နေဖို့ဟာ အားလုံးကြိုးပမ်း ကြရမယ်။ ရန်ကုန်မြို့ကြီးရဲ့ လမ်းပေါ်မှာ နေ့စဉ် လူတွေဖြစ်သလို အမှိုက်ပစ်နေကြတာ အများက မြင်နေတာပဲ။ ညဘက်ဆို အမှိုက်တွေ လမ်းပေါ်ပုံ၊ အိမ်ရှေ့မှာ ပစ်နဲ့။ ဈေးသည်တွေကလည်း မြောင်းဖုံးလှန်ပြီး ရေမြောင်းထဲ ပစ်နေကြတယ်။ ဒါဟာ ဘယ်သူ့ကို ထိခိုက်သလဲ"

"ကျွန်တော်တို့ကိုပဲ ဆရာ"

"အေး မြန်မာပြည်ဟာ အာရှတိုက်မှာ အချမ်းသာဆုံးကနေ အဆင်းရဲဆုံး ဖြစ်သွားပြီ။ ကုဋေ ၈၀ သူဌေးသားဟာ အခု မွဲသွားသလိုပဲ ဘာကြောင့်လဲ"

"ပညာမတတ်လို့ပါ"

"အဓိကကတော့ ပညာတတ်တွေကို နေရာမပေးလို့ပေါ့။ ဒါတွေကို နားလည်ရင် အခုကစပြီး ပြုပြင်ကြမယ်"

"ဟုတ်ကဲ့ပါ ဆရာ"

"ဘာတွေပြုပြင်မလဲ"

"ပညာတတ်အောင် လုပ်မယ်"

"စည်းကမ်းရှိမယ်"

"အေးတပည့်တို့ တို့တစ်တွေဟာ နိုင်ငံကြီးသား ပီသအောင် ကြိုးစားပြီး တို့နိုင်ငံကို တို့တည်ဆောက်ကြစို့"
Eleven Media Group

Home/နိုင်ငံရေး/ငွေစက္ကူများတွင် နိုင်ငံခေါင်းဆောင်များ၏ ရုပ်ပုံများ ထည့်သွင်းရိုက်နှိပ်သွားမည် ဟု ဗဟိုဘဏ်ဥက္ကဌ၏ လွှတ်တော်တွင်ပြောကြားမှုသည် တိကျသေချာမှု မရှိဟုဝေဖန်

ယခင်ကအသုံးပြုခဲ့သော ဗိုလ်ချုပ်ပုံပါ ငွေစက္ကူအားတွေ့ရစဉ်။

Tuesday, 19 November 2013 08:28

ရန်ကုန် ၊ နိုဝင်ဘာ ၁၈ ။           ။ ပြည်တွင်း သုံးငွေစက္ကူများတွင် နိုင်ငံ့ခေါင်း ဆောင်များ၏ရုပ်ပုံများ ထည့်သွင်း ရိုက်နှိပ်သွားရန် အဆိုနှင့်ပတ် သက်၍ နိုင်ငံတော်ဗဟိုဘဏ် ဒုတိ ယဥက္ကဋ္ဌ၏ ပြန်လည်ဖြေကြား ချက်မှာ တိကျသေချာမှု မရှိ ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ် ဦးကျော်က ဝေဖန်ပြောကြားသည်။ ပြည်တွင်းသုံးငွေစက္ကူများ တွင် နိုင်ငံ့ခေါင်းဆောင်များ၏ ရုပ်ပုံများ ထည့်သွင်းရိုက်နှိပ်သွား ရန်အဆိုကို နိုဝင်ဘာ ၁၃ရက် ကကျင်းပပြု လုပ် သည့် ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးသိန်းညွန့် က တင်သွင်းခဲ့ခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော် တွင် နိုင် ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ၏ ပြန်လည်ဖြေကြားချက်ကို ဦး ကျော်က''ဗိုလ်ချုပ်ပုံကို ရိုက်နှိပ် မယ်ဆိုရင် ဘယ်အချိန်မှာလုပ်မှာ လဲဆိုတာ တိတိကျကျပြောဖို့လို မယ်။ အခြေအနေပေါ်ကြည့်သုံး မယ်လို့ပြောသွား တယ်ဆို တော့ အခုအချိန်ထိ အခြေအနေက တိုင်းပြည်ခေါင်းဆောင်ပုံကို ထည့်ပေးဖို့ မကျရောက်သေးဘူး လား။ အဲ့လိုတိတိကျကျမပြော ခဲ့တာကြောင့် ဝန်ကြီးဌာနဆိုင် ရာရဲ့ ပြန်လည်ဖြေကြားချက်ကို သဘောမကျပါဘူး။ အစိုးရအဖွဲ့ တာဝန်ရှိ သူတွေ ကိုယ်တိုင်က ပြန်လည်ဖြေကြားချက်တွေမှာ တိကျမှုရှိဖို့လိုပါတယ်''ဟုဝေ ဖန်ပြောကြားသည်။

နိုင်ငံတော်ဗဟိုဘဏ်ဒုတိ ယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ပြန် လည်ဖြေကြားသည်မှာ''ဗဟို ဘဏ်အနေနဲ့ နောက်ထပ်ငွေ စက္ကူများ ထပ်မံထုတ်ဝေတဲ့အ ခါမှာ ထင်ရှားသောနိုင်ငံ့ခေါင်း ဆောင်များ၊ ထင်ရှားသောအ ဆောက်အအုံများ၊ ရှုခင်းများ၊ အထိမ်း အမှတ်ပုံ တွေကို အခြေ အနေနဲ့ လိုက်လျောညီထွေမယ့် ပုံတွေကို အစိုးရအဖွဲ့ရဲ့သဘော တူညီချက်နဲ့ ထည့်သွင်းရိုက်နှိပ် သွားပါမယ်''ဟု ပြန်လည်ဖြေ ကြားခဲ့ခြင်းဖြစ်သည်။

ငွေစက္ကူများ တွင် ဗိုလ်ချုပ် အောင်ဆန်းရုပ်ပုံ ရိုက်နှိပ်ရန်နှင့် ပတ်သက်၍ စက်တင်ဘာ ၁၂ ရက် တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေ သကြီး လွှတ်တော်အဋ္ဌမပုံမှန်အ စည်းအဝေးပထမနေ့တွင် သင်္ဃန်း ကျွန်းမဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသ ကြီးလွှတ် တော်ကိုယ် စားလှယ်ဦးကျော်က ယင်းအဆို ကိုတင်သွင်းခဲ့ခြင်းဖြစ်ပြီး မတ် တတ်ရပ်ဆန္ဒပြုနည်းဖြင့် ဆုံးဖြတ် ခဲ့ရာ ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

ဒီခေတ်နေ
Yangon Media Group

ပဋိပက္ခဒေသများအတွက် ဒေါ်လာ ၂၅သန်း အမေရိကန်အစိုးရ ပံ့ပိုးမည်


ရန်ကုန်၊ နိုဝင်ဘာ ၁၈

ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသူများကို အစားအစာ၊ ရေနှင့် သန့်ရှင်းရေး ပစ္စည်းများ၊ အသက်မွေးဝမ်းကျောင်း အစီအစဉ်များ ထောက်ပံ့ပေးရန်အတွက် အမေရိကန် အစိုးရက အမေရိကန် ဒေါ်လာ ၂၅ သန်း ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့ အခြေစိုက် အမေရိကန်သံရုံးက ထုတ်ပြန်သည်။

လူသားချင်း စာနာထောက်ထားမှု အကူအညီ ရရှိမည့် ဒေသများတွင် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့ ပါဝင်ကြောင်း၊ ယင်းရန်ပုံငွေများကို အစိုးရနှင့် နိုင်ငံတကာ ရန်ပုံငွေ အဖွဲ့အစည်းများ အကူအညီဖြင့် ထောက်ပံ့သွားမည် ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းထောက်ပံ့ ငွေများဖြင့် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည် စခန်းများက ကလေးသူငယ်များအတွက် အာဟာရပိုင်း ပံ့ပိုးမှုများ ပြုလုပ်သွားရန် လျာထားပြီး အစားအစာ၊ သန့်ရှင်းသောရေနှင့် တစ်ကိုယ်ရေသုံး ပစ္စည်းများလည်း ပေးဝေသွားမည် ဖြစ်ကြောင်း အမေရိကန် သံရုံးက ထုတ်ပြန်သည်။

အလားတူ ကချင်ပြည်နယ်တွင်လည်း အစားအစာ၊ ရေ အကူအညီအပြင် နေထိုင်စရာ အမိုးအကာများလည်း ဆောက်လုပ် ပေးသွားမည် ဖြစ်ကြောင်း၊ ယင်းအပြင် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း ဒေသများ သို့ ပြန်လည် ရွှေ့ပြောင်းလာမည့် ဒုက္ခသည်များအတွက် အသက်မွေး ဝမ်းကျောင်း ဖန်တီးပေးခြင်းနှင့် လက်ရှိ လုပ်ကိုင်နေသော ရပ်ရွာ အခြေပြုလုပ်ငန်း ခိုင်မာလာရန် ပံ့ပိုးခြင်းတို့ ပြုလုပ်သွားရန် ရှိကြောင်း ဆက်လက် ဖော်ပြထားသည်။

အဆိုပါ ကူညီထောက်ပံ့ရေး ရန်ပုံငွေ အစီအစဉ်ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ဒဲရစ်မစ်ချယ်၏ နိုဝင်ဘာလ ၁၁ ရက်နေ့မှ ၁၂ ရက်နေ့ထိ ရခိုင်ပြည်နယ် ခရီးစဉ် အပြီးတွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
The Voice Weekly

နေပြည်တော်အစိုးရ၀န်ထမ်း အိမ်ရာများတွင် အခမဲ့တပ်ဆင်ထားသော ရုပ်သံလိုင်းများ ဒီဇင်ဘာ ၁ ရက် စတင်ဖြတ်တောက်မည်


ရန်ကုန်- နေပြည်တော်ရှိ အစိုးရ၀န်ထမ်းအိမ်ရာအားလုံးတွင် ယခင်အစိုးရလက်ထက်က အခမဲ့တပ်ဆင်ပေးထားသည့် ရုပ်သံလိုင်းများကို ဒီဇင်ဘာ ၁ ရက်မှ စတင်ဖြတ်တောက်သွားမည်ဖြစ်ပြီး အခမဲ့ပြသနေသည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအပါအ၀င် ရုပ်သံလိုင်းများ ကြည့်ရှုလိုပါက
ကျပ် ၃၂၀၀၀ တန် ဒစ်ဂျစ်တယ်ရုပ်သံဖမ်းစက်များကို ၀ယ်ယူတပ်ဆင်ရန် နေပြည်တော်ကောင်စီက ၀န်ထမ်းများအား စာထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။

ထို့ပြင် ယင်းစာထွက်ပြီး မကြာမီမှာပင် Sky Net ရုပ်သံဖမ်းစက်များကို ၀န်ကြီးဌာနအသီးသီးတွင် အရစ်ကျစနစ်ဖြင့် လိုက်လံရောင်းချနေပြီး တစ်နိုင်ငံလုံးတွင် အခမဲ့ကြည့်ရှုနိုင်သော မြန်မာ့အသံ၊ မြ၀တီ၊ MRTV-4 ၊ Channel 7 တို့ကအစ ဒစ်ဂျစ်တယ်ရုပ်သံဖမ်းစက်မရှိဘဲနှင့် ဖမ်းယူကြည့်ရှုနိုင်မည်မဟုတ်ကြောင်း အစိုးရအရာရှိကြီးတစ်ဦးကပြောသည်။

အစိုးရ၀န်ထမ်းလစာမျှဖြင့် အစစအရာရာ ဈေးနှုန်းကြီးမြင့်နေသော နေပြည်တော်တွင် ချွေတာသုံးစွဲနေရသော ၀န်ထမ်းအများစုမှာ တစ်နိုင်ငံလုံးက အခမဲ့ကြည့်နိုင်သည့် ရုပ်သံလိုင်းအချို့ကိုပင် စကိုင်းနက်ရုပ်သံဖမ်းစက် ၀ယ်ယူကြည့်ရှုမှသာ ကြည့်နိုင်တော့မည့်အခြေအနေကြောင့် မကျေမနပ်မှုများ ဖြစ်ပေါ်နေကြောင်းလည်း သတင်းရရှိသည်။

“ကျွန်မတို့ စာရေးအဆင့်က ရတဲ့လစာမှ ထောက်ပံ့ကြေးနဲ့ပေါင်းရင် တစ်သိန်းမပြည့်တပြည့်ရယ်။ အခုအဆောင်မှာ ရေဖိုး၊ မီတာခ အားလုံးပေးရတယ်။ နောက်ဆို အဆောင်နေခပါ ပေးရမလားပဲ။ အခုတစ်ခါ ဆီးဂိမ်းနီးမှ ကေဘယ်ကလွှင့်ပေးတဲ့လိုင်းတွေကို အကုန်ဖြုတ်ပြီး စကိုင်းနက်စက်တွေကို အရစ်ကျလာရောင်းတယ်။ သူများတွေ အလကားကြည့်ရတဲ့ မြန်မာ့အသံတို့ MRTV-4 တို့ကအစ ဒီစက်ဝယ်မှပဲ နေပြည်တော်မှာကြည့်လို့ရမယ်။ လစဉ်လည်း နှစ်ထောင်ပေးမှ အရင်လိုရုပ်သံလိုင်းတွေ အကုန်ပြန်ကြည့်ရမယ်။ ၀န်ထမ်းတွေမှာ ဒါလေးပဲ အပန်းဖြေစရာရှိတာပါ။ နေပြည်တော်မှာ အခုက ပိုက်ဆံကကုန်ပေါက်ချည်းပဲ”ဟု ၀န်ကြီးဌာနတစ်ခုမှ အစိုးရ၀န်ထမ်းတစ်ဦးကပြောသည်။

စစ်အစိုးရလက်ထက် နေပြည်တော်မြို့ စတင်တည်ထောင်ကတည်းက အခပေးရုပ်သံလိုင်းပေါင်းများစွာကို စစ်တပ်ကဖမ်းယူ၍ ၀န်ထမ်းအိမ်ရာများသို့ ကေဘယ်ကြိုးများဖြင့် တပ်ဆင်ပေးထားခြင်းဖြစ်သည်။ ယင်းကေဘယ်ကြိုးများကို ယခုအခါ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက လွှဲပြောင်းရယူလိုက်ပြီး အစိုးရ၀န်ထမ်းများထံ ပေးထားသည့် ကေဘယ်ကြိုးများအား သက်ဆိုင်ရာ နေပြည်တော်ကောင်စီသို့ ပြန်လည်လွှဲပေးခြင်းဖြစ်ကြောင်း အစိုးရအရာရှိကြီးတစ်ဦးက ပြောကြားသည်။

“နေပြည်တော်က တခြား ရန်ကုန်၊ မန္တလေးမြို့က အစိုးရတွေလို စီးပွားရေးလုပ်ငန်းလည်း ကြီးကြီးမားမားမရှိတော့ ၀င်ငွေရှာတဲ့အနေနဲ့ ဒစ်ဂျစ်တယ် ရုပ်သံဖမ်းစက်တွေကို ၀န်ထမ်းတွေကို အရစ်ကျရောင်းချတာပါ။ စကိုင်းနက်နဲ့ပူးပေါင်းပြီး လုပ်တာလားဆိုတာတော့ သေချာမသိရသေးပါဘူး။ ကောင်စီက ကေဘယ်အတွက် စက်ရုံတည်ဆောက်ပြီး လွှဲယူရတာပါ။ သူတို့ရောင်းမယ့် ရုပ်သံဖမ်းစက်မှာ လိုင်း ၂၀ က အခမဲ့လိုင်းတွေလည်း ဒီစက်ဝယ်မှ ကြည့်လို့ရမှာပါ”ဟု ၎င်းကပြောသည်။

ယခုအစီအစဉ်အတွက် နေပြည်တော်ကောင်စီနယ်မြေမှ ရုပ်သံဖမ်းစက်များ ထုတ်ရောင်းရန် ရှိ၊ မရှိနှင့် ယခုစကိုင်းနက်က ၀န်ကြီးဌာနရုံးများတွင် အရစ်ကျလိုက်လံရောင်းချနေသော ရုပ်သံဖမ်းစက်များနှင့် နေပြည်တော်ကောင်စီတို့ ဆက်စပ်မှု ရှိ၊ မရှိ ဆက်သွယ်မေးမြန်းရာတွင် သတင်းထုတ်ပြန်ဖြေကြားလေ့မရှိကြောင်း တာဝန်ရှိသူတစ်ဦးက ပြန်လည်ဖြေကြားသည်။

မကြာသေးမီက ပြန်ကြားရေးဝန်ကြီးဌာနက ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲထုတ်လွှင့်တော့မည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအစီအစဉ်များ ဖမ်းယူကြည့်ရှုနိုင်ရန် ဒစ်ဂျစ်တယ်ရုပ်သံဖမ်းစက် အလုံးပေါင်းသုံးသိန်းကျော် အခမဲ့ဖြန့်ဝေမည်ဖြစ်ကြောင်း ပြောကြားထားချိန်တွင် နေပြည်တော်ရှိ အစိုးရ၀န်ထမ်းများအားလုံးမှာမူ အခမဲ့ရုပ်သံလိုင်းများကအစ စကိုင်းနက်ရုပ်သံဖမ်းစက် ၀ယ်ယူကြည့်ရှုရမည်ဖြစ်သည်။ “ကျွန်တော်ကတော့ စကိုင်းနက်ဝယ်ကြည့်ဖို့ အစီအစဉ်မရှိဘူး။ ကိုယ့်ဘာသာ အဆောင်မှာ အင်တင်နာတိုင်ထောင်ကြည့်မယ်”ဟု အစိုးရအရာရှိကြီးတစ်ဦးက ပြောသည်။
7Day News Journal

ကို့ကိုလည်းကျေးဇူးတင်ပါတယ်ဆိုခဲ့တဲ့ အကယ်ဒမီမယ်လိုဒီရဲ့ မင်္ဂလာပွဲအစီအစဉ်


၂ဝ၁၁ ခုနှစ်အတွက် ‘ထာဝရ အလင်းတန်းများ’ ရုပ်ရှင်ဇာတ်ကား နဲ့ အမျိုးသမီးဇာတ်ဆောင်ဆုရရှိခဲ့ တဲ့ အကယ်ဒမီမယ်လိုဒီက အကယ် ဒမီစင်မြင့်ထက်မှာ ‘ကို့ကို လည်း ကျေး ဇူးတင်ပါတယ်’ လို့ ဆိုခဲ့တဲ့အတွက် ပရိသတ်များက စိတ်ဝင်တစားရှိခဲ့ ကြပါတယ်။

ရှေ့နှစ် ၂ဝ၁၄ ဖေဖော်ဝါရီလ ထဲ မှာတော့ ပရိသတ်စိတ်ဝင်စားတဲ့ မယ်လိုဒီတစ်ယောက် ချစ်သူနဲ့ မင်္ဂ လာပွဲဆင်နွှဲတော့မှာ ဖြစ်ပါတယ်။ အဲဒီမင်္ဂလာပွဲအစီအစဉ်နဲ့ ပတ် သက်ပြီး မယ်လိုဒီက…

”အစကတော့ မင်္ဂလာဆောင်ကို မတ်လ မှာလုပ်ဖို့စီစဉ်ထားတာ။ အခုတော့ မျိုးမင်္ဂ လာဆောင်ကို ဖေဖော်ဝါရီလထဲမှာပဲ လုပ်ဖြစ် ဖို့များတယ်။ မင်္ဂလာပွဲကိုတော့ ရိုးရိုးပဲ၊ မနက် တစ်ပွဲ၊ ညတစ်ပွဲလုပ်မယ်။ မင်္ဂလာ ဆွမ်းကျွေး မယ်။ လက်မှတ်ထိုးမယ်။ အများကြီးတော့ မလုပ်ဘူး။ ရိုးရိုးလေး ပဲ လုပ်မှာပါ။ အကုန်လုံးကလည်း အလုပ်ရှုပ်နေကြ တာဆိုတော့ လူ လည်း ပင်ပန်းနေတယ်။ စိတ်လည်း ပင်ပန်းရ တယ်လေ။ လက်ထပ်မယ့် သူကတော့ အနု ပညာလောကက မဟုတ်ပါဘူး။ အပြင်က ပါပဲ။ မျိုးရဲ့ငယ်ငယ် တုန်းက အကြောင်း တွေကိုအကုန်သိတဲ့သူငယ်ချင်း ပေါ့” လို့ ပြောပြပါတယ်။
Popular Journal

ဓာတ်ပုံများ၏ စွမ်းအားအား သိမြင်စေနိုင်ရန် သတင်းစာအတွင်းမှ ဓာတ်ပုံ အားလုံး အား ပြင်သစ်သတင်းစာ ဖယ်ရှား


သတင်းစာတစ်စောင်မှာ ဓာတ်ပုံတွေရဲ့ အခန်းကဏ္ဍက ဘယ်လောက်
အရေးကြီးသလဲဆိုတာ သိမြင်နိုင်စေဖို့ ပြင်သစ်သတင်းစာ Liberation က သူ
တို့ရဲ့ နေ့စဉ်ထုတ်သတင်းစာတွေထဲက တစ်စောင်ကို ဓာတ်ပုံတွေအားလုံးနီး
ပါး ဖယ်ရှားပြီး ထုတ်ဝေခဲ့ပါတယ်။

ပုံနှိပ် မီဒီယာ လောက ကျဆင်းနေလို့ အခြားသတင်းစာတိုက် တွေက
သူတို့ရဲ့ ဝန်ထမ်းတွေလျှော့ချနေချိန်မှာ ဓာတ်ပုံသမားတစ်ယောက်ရဲ့ အရေး
ပါပုံကို မီးမောင်းထိုးပြလိုတဲ့အတွက် Liberation က ယခုလို ဓာတ်ပုံတွေမပါ
တဲ့ သတင်းစာထုတ်ဝေရခြင်းဖြစ်တယ်လို့ သိရပါတယ်။ Liberation ရဲ့ ယဉ်
ကျေးမှုရေးရာ ဂျာနယ်လစ် Brigitte Olliere ရဲ့ "အမှောင်ထဲသို့ တိုးဝင်သွားသည့် Liberation " ဆိုတဲ့ ဆောင်းပါး ပါဝင်တဲ့ နိုဝင်ဘာ ၁၄ရက်
နေ့ထုတ် သတင်းစာက ဒီသတင်းစာတိုက်ရဲ့ ပထမဆုံး ဓာတ်ပုံ တစ်ပုံမှမပါ
တဲ့ သတင်းစာဖြစ်ပါတယ်။

ဒီသတင်းစာမှာ ယခင်ပါနေကျ ဓာတ်ပုံတွေနေရာမှာ ဘာကိုမှဖြည့်သွင်း
ထား တာမရှိဘဲ ကွက်လပ်ထားတာကို တွေ့ရပါတယ်။

Libertation ရဲ့ ယခု အစီအစဉ် က ဒီတစ်ပတ်မှာ ထုတ်ပြန်ခဲ့တဲ့ ကုမ္ပ
ဏီရဲ့ ဘဏ္ဍာရေး အစီရင်ခံစာနဲ့လည်းသက်ဆိုင်ပါတယ်။ ဒီအစီရင်ခံစာမှာ
Liberation အနေနဲ့ ဒီနှစ်မှာ ယူရို တစ်သန်း က နေတစ်သန်းခွဲကြား အရှုံး
ပေါ်နိုင်ပြီး အဓိက အကြောင်းအရာက တစ်ကမ္ဘာလုံးမှာဖြစ်ပေါ်နေတဲ့ ပုံနှိပ်
မီဒီယာတွေ အခြေအနေဆိုးရွား နေတာက သူတို့ရဲ့ ဓာတ်ပုံသမားတွေကိုလည်းတစ်စိတ်တစ်ပိုင်း ထိခိုက်စေပါတယ်။ Chicago Sun Times သတင်းစာဆိုရင် သူတို့ရဲ့ သတင်းထောက်တွေကို iPhone တွေ
နဲ့ ဓာတ်ပုံ ရိုက်တတ်လာအောင် လေ့ကျင့်သင်ကြားပေးပြီး ဓာတ်ပုံသမား
အားလုံးကို လျှော့ချလိုက်ပါတယ်။ ဒီနည်းလမ်းကို Reuters သတင်းဌာနရဲ့
Atlanta Journal Constitution တို့ကလည်း လုပ်ဆောင်နေတယ်လို့ The Verge မှာဖော်ပြထားပါတယ်။

Ref : The Verge.com
====================
Sithu (TSJ Tech Team)
TechSpace Journal

ဆီးဂိမ်းပြိုင်ပွဲများအား အွန်လိုင်းမှ တိုက်ရိုက် ကြည့်ရှုနိုင်ရန် စီစဉ်


အတွဲ (၁၄)၊ အမှတ် (၄၅)
Mon, 11/18/2013 - 13:56
မြန်မာနိုင်င်က အိမ်ရှင်နိုင်ငံအနေဖြစ် လက်ခံကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (၂၇ကြိမ်မြောက် အရှေ့ တောင် အာရှ အားကစားပြိုင်ပွဲ) ဖွင့်ပွဲ အခမ်း အနား၊ အားကစားပွဲများ ကျင်းပပုံများနှင့်  ပိတ်ပွဲ အခမ်းအနားများကို အွန်လိုင်းမှ တိုက်ရိုက် ကြည့်ရှုနိုင်ရန် စီစဉ် ထားကြောင်း သိရသည်။

http://www.mrtv.gov.mm/ နှင့် MRTV facebook ပေါ်တွင် တိုက်ရိုက် ကြည့်ရှုနိုင်မည် ဖြစ်သည်။ အားကစား ပြိုင်ပွဲများ ကို နေပြည်တော်၊ ရန်ကုန်၊မန္တလေး၊ ငွေဆောင် တို့တွင် အသီးသီး ကျင်းပသွားမည်ဖြစ်ရာ ယင်းနေရာများရှိ ပွဲကျင်းပပုံများကို တိုက်ရိုက်သော် လည်းကောင်း၊ Delay အဖြစ်ဖြင့် လည်းကောင်း ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း သိရသည်။ အားကစား ပြိုင်ပွဲများ၏Live နှင့် Delay ပြသမှုများကိုMRTV, Forever ကုမ္ပဏီနှင့် ရွှေသံလွင် ကုမ္ပဏီ တို့က ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲ ကျင်းပပုံများကို မြန်မာ့ ရုပ်မြင်သံကြားမှ တိုက်ရိုက် ထုတ်လွှင့်ပြသမည် ဟု MRTV က ၎င်း၏ ဖေ့ဘုတ် စာ မျက်နှာတွင် ဖော်ပြထားသည်။

ထုတ်လွှင့်သွားမည့် ပုံစံ၊ ထုတ်လွှင့်မည့် သတင်းဌာန၊ ပြိုင်ပွဲ ကျင်းပမည့် နေရာ စသည့် အစီအစဉ်များကို နိုဝင်ဘာလ ၁၅ ရက်နေ့ နိုင်ငံပိုင် သတင်းစာများမှ တစ်ဆင့် ကြေ ညာထားပြီး ဖြစ်ကြောင်း သိရသည်။ ဘောလုံး (ကျား၊ မ)၊ ဂျူဒို၊ ပန်ကြပ်ဆီလက်၊ ဘော်လီဘော၊ ၀ူရှူး၊တိုက်ကွမ်ဒို၊ ကရာတေးဒို၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ စားပွဲတင် တန်းနစ်၊ ရေကူး/ ဒိုင်ဗင်၊ ခြင်းလုံး၊ကာယဗလ၊ အလေးမ စသည့် အားကစား ပြိုင်ပွဲများကို တိုက်ရိုက် ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း ထုတ်လွှင့်မည့် ဇယားအရ သိရသည်။

မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ လအားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ၁၁.၁၂.၂၀၁၃ ရက်၊ ညနေ ၆နာရီ တွင် လည်းကောင်း၊ ပိတ်ပွဲအခမ်းအနားကို ၂၂.၁၂. ၂၀၁၃ ရက် ညနေ ၆ နာရီတွင် လည်းကောင်း၊နေပြည်တော် ဝဏ္ဏသိဒ္ဓိ အဆင့်မြင့် အားကစားကွင်း၌ ကျင်းပသွား မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဖွင့်ပွဲ/ ပိတ်ပွဲ အခမ်းအနားအား ဝင်ရောက် ကြည့်ရှုနိုင်ရေး ကြိုတင် လက်မှတ်များကို နေပြည်တော်၊ရန်ကုန်၊ မန္တလေးမြို့ကြီးများနှင့် Online မှ ရောင်းချ ပေးသွားမည်ကြောင်း၊ အားကစား ပြိုင်ပွဲ နှင့် ပတ်သက်၍ သတင်း အချက်အလက်များ ကြည့်ရှုနိုင်ရန် ဝက်ဘ်ဆိုက် လွှင့်တင်ထားပြီး ဖြစ်ရာ လိပ်စာမှာ www.27seagames2013.com ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်း

ဆိုင်ကလုန်းမုန်တိုင်းအဆင့်ဖြစ်သွားပြီ


ဆရာ ဒေါက်တာထွန်းလွင်ပြောတဲ့ မုန်တိုင်းသတင်းပါ။ ဆိုင်ကလုန်းမုန်တိုင်းအဆင့် ဖြစ်သွားတော့ အားလုံးသတိရှိနေဖို့ပါ။ အခုလို ပြောပြတဲ့အတွက် ဆရာ့ကို အထူးကျေးဇူးတင်ပါတယ်။
မုန်တိုင်းသတင်း

မိုးလေ၀သဂြိုဟ်တုများဖြစ်ကြတဲ့ KALPANA_1, EUROMET, NOAA တိုင်းတာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်း တွင် ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်း ဟာ ပိုမိုအားကောင်းလာနေပြီး ဆိုင်ကလုန်းမုန်တိုင်း အဆင့်ကို ရောက်ရှိနေပြီဖြစ် ပါတယ်။ အနောက်ဖက်ကိုဘဲ ရွေ့မယ်လို့ ခန့်မှန်းရပါတယ်။

ဒေါက်တာထွန်းလွင်

ကျပ်ငွေပေါ်တွင် ဘယ်သူ့ကို ဂုဏ်ပြုလိုပါသလဲ


မြန်မာငွေစက္ကူပေါ်မှ တိရစ္ဆာန်ရုပ်များအစား ဗိုလ်ချုပ်အောင်ဆန်းပုံကို ပြန်မြင်တွေ့ခွင့်ရဖို့ နီးစပ်လာပါပြီ။ လွှတ်တော်အမတ်ဦးသိန်းညွန့်က ငွေစက္ကူများပေါ်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံ ပြန်လည်အစားထိုးထုတ်ဝေရန် တိုက်တွန်းသောအဆိုကို ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ဗဟိုဘဏ်မှ နောင်ထုတ်ဝေမည့် ငွေစက္ကူများတွင် ထင်ရှားသော နိုင်ငံ့ခေါင်းဆောင်များ၏ပုံကို အစိုးရအဖွဲ့သဘောတူညီချက်ဖြင့် ရိုက်နှိပ်သွားမည်ဟု နိုဝင်ဘာ ၁၄ ရက်က ဖြေကြားခဲ့၍ဖြစ်သည်။

စစ်အစိုးရလက်ထက်တွင် ပြည်သူ့ဆန္ဒမေးမြန်းစူးစမ်းမှုမလုပ်ခဲ့ဘဲ အာဏာအလွဲသုံးကာ ကျပ်ငွေပေါ်တွင် ခြင်္သေ့ရုပ်နှင့် ဆင်ရုပ်များတင်ခဲ့မှုကို ယနေ့အထိ ကျွန်ုပ်တို့သဘောမတူ၊
မမေ့နိုင်သေးပါ။ ထို့ကြောင့် စနစ်ပြောင်းနေပြီဆိုသော သမ္မတဦးသိန်းစိန်အစိုးရအတွက် ဒီမိုကရေစီစနစ် လက်တွေ့ကျင့်သုံးနေသည်ဟု သက်သေပြနိုင်ရန် သည်တစ်ကြိမ်တွင် ပြည်သူ့ဆန္ဒသဘောထားကို အလေးထားရန်လိုပါသည်။

ဦးနေ၀င်းအစိုးရက ပြည်သူ့အကျိုးတစ်ချက်လှည့်မကြည့်ဘဲ ငွေစက္ကူအချို့ တရားမ၀င်ငွေအဖြစ် ဖျက်သိမ်းခဲ့ခြင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအစိုးရက ပြည်သူတွေကိုဂရုမစိုက်ဘဲ အုပ်ချုပ်ရေးယန္တရားများကို နေပြည်တော်ရွှေ့ပြောင်းကာ ဘဏ္ဍာငွေထရီလီယံချီ၍ ဖြုန်းတီးခဲ့ခြင်း၊ နိုင်ငံတော်အလံကို ထင်သလိုပြောင်းလဲပစ်ခဲ့ခြင်း စသည်တို့ကြောင့် ပြည်သူ့မေတ္တာကို ဘယ်သောအခါမှ ရရန်မရှိပါ။ ယခင်အစိုးရအဆက်ဆက် မှားယွင်းခဲ့မှုများကို လက်ရှိအစိုးရ သင်ခန်းစာယူရန်လိုပါသည်။

ဒီမိုကရေစီနိုင်ငံအများစုတွင် ၎င်းတို့ငွေကြေးပေါ်တွင် ဂုဏ်ပြုအပ်သော နိုင်ငံခေါင်းဆောင်ဟောင်းများနှင့် နိုင်ငံအကျိုးသယ်ပိုးခဲ့သော ပုဂ္ဂိုလ်များ၏ရုပ်ပုံများကိုသာ အသုံးပြုလေ့ရှိသည်။ ကမ္ဘာ့စူပါပါဝါ အမေရိကန်နိုင်ငံ၏ဒေါ်လာပေါ်တွင် ကွယ်လွန်ခဲ့ပြီးသော အမေရိကန်သမ္မတဟောင်းများထဲမှ နာမည်ကောင်းဖြင့် ထင်ရှားသူများကို ရွေးချယ်အသုံးပြုလေ့ရှိသည်ကို တွေ့ရသည်။ သမ္မတဟောင်းများအပြင် ဘင်ဂျမန်ဖရန်ကလင်၊ အလက်ဇန်ဒါးဟာမီလ်တန်ကဲ့သို့ တိုင်းပြည်ဖခင်မျိုးကိုလည်း ရွေးချယ်ဂုဏ်ပြုလေ့ရှိသည်။

သို့သော်ခြွင်းချက်မှာ သက်ရှိထင်ရှားရှိနေသော ပုဂ္ဂိုလ်များ၏ရုပ်ပုံများကိုမူ အသုံးပြုလေ့မရှိ။ အမေရိကန်၏ ပထမဆုံးသမ္မတ ဂျော့ဝါရှင်တန်လက်ထက်တွင် နိုင်ငံက သူ၏ရုပ်ပုံကို
တစ်ဒေါ်လာတန်တွင် ရိုက်နှိပ်အသုံးပြုလိုသော်လည်း သမ္မတက ငြင်းပယ်ခဲ့ပြီးနောက် ထိုအစဉ်အလာဖြစ်ပေါ်လာခြင်းပင်။

အမေရိကန်ဆီမှ မြန်မာအတုယူသင့်သည်မှာ ငွေစက္ကူပေါ်တွင် အသုံးပြုမည့် ပုဂ္ဂိုလ်များရွေးချယ်ရာတွင် ဥပဒေလုပ်ထုံးလုပ်နည်းများအတိုင်း စနစ်တကျရွေးချယ်သည့်အပြင် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် အနုပညာကော်မရှင်တို့ထံမှ အကြံဉာဏ်ရယူပြီးမှ ကောင်းသတင်းဖြင့် ထင်ရှားသော ကွယ်လွန်ပြီးနိုင်ငံခေါင်းဆာင်များ တိုင်းပြည်ဖခင်များကို ရွေးချယ်အသုံးပြုမှုဖြစ်သည်။

ဗီယက်နမ်ကဲ့သို့ ကွန်မြူနစ်နိုင်ငံမှာပင် အမျိုးသားခေါင်းဆောင် ဟိုချီမင်းရုပ်ပုံ အသုံးပြုဂုဏ်ပြုထားလေသည်။ ထိုကြောင့် မြန်မာနိုင်ငံတွင်လည်း နာမည်ကောင်းဖြင့် ထင်ရှားကျော်ကြားသော၊ ပြည်သူများအားလုံး ချစ်ခင်မြတ်နိုးသော အမျိုးသားခေါင်းဆောင်တို့၏ ရုပ်ပုံများကိုသာ ရိုက်နှိပ်ဂုဏ်ပြုရပေမည်။ ပြည်သူများက မိမိတို့နိစ္စဓူဝကိုင်တွယ်အသုံးပြုသော ကျပ်ငွေပေါ်တွင် တန်ဖိုးထားမြင်တွေ့လိုသောပုဂ္ဂိုလ်မှာ အနည်းငယ်သာရှိပါသည်။ ထိုကြောင့် ငွေစက္ကူဒီဇိုင်းသစ်မရိုက်နှိပ်ခင် ပြည်သူ့ဆန္ဒမေးမြန်းဖို့၊ ပြည်သူ့အသံနားစွင့်ဖို့ မမေ့ပါနှင့်။
7Day News Journal

မင်္ဂလာဒုံမြို့နယ်တွင် လူသတ်မှုဖြစ်


ရန်ကုန်၊ နိုဝင်ဘာ ၁၉

၁၉.၁၁.၂၀၁၃ရက်နေ့ ၀၁၀၀ အချိန် မင်္ဂလာဒုံမြို့နယ်၊ ဘောဂရပ်ကွက်၊
ဘောဂလမ်းနေ ဦးသန်းမြ (ရာအိမ်မှူး)၊ (ဘ)ဦးသိန်းမောင်သည် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှနေအိမ်သို့ပြန်လာစဉ် ဘောဂ(၃)လမ်းထိပ်
အရောက် တစ်ရပ်ကွက်တည်းနေလူငယ်(၃)ဦးမှဘောဂ(၂)လမ်းထိပ်တွင် အမျိုးသမီးတစ်ဦး သွေးများဖြင့်လဲကျနေကြောင်း ပြောပြသိရှိရသဖြင့် ဦးသန်းမြမှသွားရောက်ကြည့်ရှုရာ ဘောဂ(၂)လမ်းနေ ၎င်း၏ချွေးမဖြစ်သူ မမြမြသန်း(ခ)ချောစု (ဘ)ဦးစန်းလွင်အား လည်ပင်းပြတ်ရှဒဏ်ရာ (၁)ချက်ရရှိလျက် နေအိမ်ခြံဝင်းနှင့် ပေ(၅၀)ခန့်အကွာတွင်
သေဆုံးနေသည်ကို တွေ့ရ၍ ပေါက်ကုန်းရပ်ကွက်ရှိနယ်မြေရဲကင်းသို့ အကြောင်းကြားခဲ့ပါသည်။

ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး သေဆုံးသူ၏ နေအိမ်အတွင်းသို့ ၀င်ရောက်ကြည့်ရှုစစ်ဆေးရာ မမြမြသန်း(ခ)ချောစု၏သမီးဖြစ်သူ မနှင်းအေးဝေ (၉)နှစ်၊ (ဘ)ဦးမောင်မြင့်မှာလည်း အိပ်ယာထဲတွင် လည်ပင်းပြတ်ရှဒဏ်ရာ(၁)ချက်ဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရ၍ မမြမြသန်း(ခ)ချောစုနှင့် မနှင်းအေးဝေတို့အား သတ်သွားသူ
အပေါ်စုံစမ်းအရေးယူပေးရန် ဦးသန်းမြမှတိုင်တန်းသဖြင့် မင်္ဂလာဒုံမြို့မရဲစခန်း(ပ)၇၂၄/၂၀၁၃၊ ပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိပါသည်။
Yangon Police

တန်ဆောင်မုန်းလပြည့်ညက မန္တလေးဆေးရုံရောက်သည့် လူနာတစ်ရာကျော်ရှိခဲ့


မန္တလေး-တန်ဆောင်မုန်းလပြည့်ည တစ်ညတည်းတွင် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ယာဉ်တိုက်မှု၊ အချင်းချင်းရန်ဖြစ်မှုများကြောင့် ရောက်ရှိလာသည့် လူနာပေါင်း တစ်ရာကျော်ရှိခဲ့ကြောင်း သတင်းရရှိသည်။

မန္တလေးမြို့ပေါ်နှင့် အနီးတစ်ဝိုက်နေရာများမှ ယာဉ်မတော်တဆဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိလာသူများ အပါအ၀င် အချင်းချင်းတုတ်ဖြင့်ရိုက်မှု၊ ဓားဖြင့်ခုတ်မှုများကြောင့် ဆေးရုံကြီးသို့ ရောက်ရှိလာသည့် လူနာပေါင်း ၁၁၅ ဦးရှိခဲ့ပြီး ၎င်းတို့အနက် ၇၂ ဦးမှာ အတွင်းလူနာအဖြစ် ဆေးရုံကြီးတွင် တက်ရောက်လျက်ရှိကြောင်း မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၏ အရေးပေါ်လူနာလက်ခံရာဌာနမှ သတင်းရရှိသည်။

ဒဏ်ရာများဖြင့် ဆေးရုံကြီးသို့ ရောက်ရှိလာသူများတွင် အသက် ၁၈ နှစ်အထက် အရွယ်စုံအမျိုးသားများ အများဆုံးပါဝင်နေပြီး အများစုမှာ အရက်သေစာသောက်စားထားသူများဖြစ်ကြောင်း ရဲမှုခင်းတပ်ဖွဲ့မှ ရဲတပ်ကြပ်ကြီးအောင်ဆန်းဦးကပြောသည်။

“ဒီလအခါကြီးရက်ကြီး လပြည့်လကွယ်နေ့တွေဆို တစ်ညလုံး နားကိုမနားရဘူး။ လပြည့်မတိုင်ခင်ရက်ကလည်း ဒီလိုအမှုတွေနဲ့ လူနာ ၆၀ လောက် လာသေးတယ်”ဟု အထက်ပါ ရဲတပ်ကြပ်ကြီးက ပြောသည်။

လက်ရှိအချိန်တွင် အတွင်းလူနာအဖြစ် တက်ရောက်နေရသည့် ၇၂ ဦးမှာ ဆေးရုံကြီးရှိ ထိခိုက်ဒဏ်ရာကုသဆောင်နှင့် ဦးနှောက်အာရုံကြော ခွဲစိတ်ဆောင်များတွင် အသီးသီးကုသလျက်ရှိပြီး သေဆုံးသူမရှိကြောင်း အရေးပေါ်လူနာလက်ခံရာဌာန မှတ်တမ်းများအရသိရသည်။

ယခုနှစ် သီတင်းကျွတ်လပြည့်ညကလည်း ယာဉ်မတော်တဆမှု၊ အချင်းချင်းခိုက်ရန်ဖြစ်ပွားမှုများကြောင့် မန္တလေးဆေးရုံကြီးသို့ ရောက်ရှိခဲ့သည့် လူနာပေါင်းခြောက်ဆယ်ကျော်ရှိခဲ့သည်။
7Day News Journal

တာမွေမြို့နယ်တွင် စည်ပင်ဝန်ထမ်းတစ်ဦး ယာဉ်တိုက်မိသေဆုံး


ရန်ကုန်၊ နိုဝင်ဘာ ၁၉

၁၉.၁၁.၂၀၁၃ရက်နေ့ ၀၂၀၀ အချိန်တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်းအတိုင်း
တောင်မှမြောက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင်လာသော ယာဉ်အမှတ်/အမျိုးအစား(စိစစ်ဆဲ)ယာဉ်သည် တာမွေဈေးမှတ်တိုင်
အရောက်တွင် လမ်းလယ်၌တံမြက်စည်းလှဲနေသော ဒေါ်စန်းစန်းဝင်း (စည်ပင်နေ့စားဝန်ထမ်း)၊ (ဘ)ဦးဟန်တင်၊ တာမွေမြို့နယ်နေသူအား
တိုက်မိပြီး မောင်းနှင်ထွက်ပြေးသွားခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ဒေါ်စန်းစန်းဝင်းတွင် ၀ဲခြေသလုံးဖူးယောင်၊ ယာဂျိုစောင်းဖူးယောင်ပေါက်ပြဲ၊နား/နှာခေါင်းသွေးထွက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သဖြင့် ယာဉ်မောင်း (စုံစမ်းဆဲ)အား တာမွေမြို့မရဲစခန်းယာဉ်(ပ)၅၀/၂၀၁၃၊ ပုဒ်မ ၂၇၉/၃၀၄-က/၂၀၂ဖြင့် အမှုဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

အရှိန်လွန်ကား ချောက်ထဲကျ ယာဉ်မောင်းသေဆုံး


နေပြည်တော် နိုဝင်ဘာ ၁၉

နေပြည်တော် ဇေယျာသီရိမြို့နယ် နန်းသြကျေးရွာ ရန်ကုန်-မန္တလေးကားလမ်းပိုင်း
မိုင်တိုင် ၂၆၁/၅ နှင့် ၂၆၁/၆ ကြားတွင် တပ်ကုန်းဘက်မှ ပျဉ်းမနားဘက်သို့ ယာဉ်မောင်း ၀င်းမြင့်အောင်
(42)နှစ် မောင်းနှင်လာသော ယာဉ်အမှတ် ၁င/၂၁၀၅ FUSO ၆ ဘီးအဖြူရောင်ယာဉ်သည် အရှိန်လွန်ပြီး
လမ်း၏၀ဲဘက် ချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့မှုဖြစ်ပွားခဲ့သည်။ ယာဉ်ပေါ်ပါ ခရီးသည် 40 အနက် 11 ဦးဒဏ်ရာရရှိကာ
နေပြည်တော် ကုတင် 1000 ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူလျှက်ရှိကြောင်း သတင်းရရှိသည်။
Myanmaalinn

ဖွဲ့စည်းပုံ ဟန်ပြပြောင်းလဲသူတွေကို မဲမပေးဖို့ ဒေါ်စုတိုက်တွန်း


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုကရေစီစံနှုန်းတွေနဲ့အညီ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲတာမျိုးမလုပ်တဲ့ ပါတီတွေ၊ လူပုဂ္ဂိုလ်တွေကို ၂၀၁၅ ရွေးကောက်ပွဲမှာ မဲမပေးကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လူထုကို တိုက်တွန်းလိုက်ပါတယ်။ ပျဉ်းမနား နေပြည်တော်မှာ တနင်္လာနေ့က ကျင်းပတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ လူထုဆန္ဒသဘောထားရယူတဲ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောခဲ့တာပါ။ မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး လူထု ဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခုလို တက်ရောက် ဟောပြောတာဟာ ပထမဆုံးအကြိမ်လို့ ဆိုရမှာပါ။ အဓိက-ကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် မြန်မာပြည်သူတိုင်းမှာ တာဝန် ရှိတယ်ဆိုတဲ့အပိုင်းကို ဒေါ်အောင်ဆန်းစုကြည်ပြောသွားပါတယ်။ ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေကို အပေါ်ယံဟန်ပြ ပြင်မယ့်ပါတီတွေ၊ လူပုဂ္ဂိုလ်တွေကို ၂၀၁၅ ရွေးကောက်ပွဲမှာ မဲမပေးကြဖို့ သူ့အနေနဲ့တိုက်တွန်းမှာဖြစ်တယ်လို့ ပြောပါတယ်။

“ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲရေးမှာ တကယ်ပဲ စေတနာပါလား၊ မပါဘူးလားဆိုတာ-အဲဒါပဲကြည့်ပါ။ တခြားဘာပဲ ပြောပြော၊ ဘယ်လိုပဲပြုံးပြုံး၊ ဘယ်လိုမက်လုံးတွေပဲပေးပေး၊ ဘယ်လိုပဲ တိုင်းပြည်ရဲ့အကျိုးအတွက် လိုလားပါတယ်လို့ ပြောပြော၊ စောစောက ကျမပြောခဲ့သလို- တိုင်းပြည်မှာဆိုရင် ကျမတို့ရဲ့အေးချမ်းသာယာရေးအတွက်၊ တိုးတက်ရေးအတွက်၊ တည်ငြိမ်ရေး အတွက်၊ အားလုံးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲရေးဟာ လိုကို လိုအပ်တယ်။ အဲဒီဟာကို မလိုလားဘူးဆိုရင် ကျန်တာတွေကိုလည်း တကယ် မလိုလားဘူးလို့ပဲ ကျမ သတ်မှတ်ရမှာပဲ။ ဒီတော့ အဲဒါတွေက ကျမတို့ ပြည်သူတွေက သေသေချာချာကြည့်ပါ။ ကျမကတော့လေ- ဗြောင် လောဘ၊ ဒေါသ၊ မောဟတွေကို ထုတ်ဖော်တဲ့သူကို ပိုပြီး သဘောကျတယ်။ အဲဒီတော့မှ သိရတာပေါ့- အခြေအနေ။ ပြုံးပြုံး..ပြုံးပြုံးနဲ့လုပ်တဲ့ဟာက တော်တော် အန္တရာယ်များတယ်။ ဒါကြောင့် ကျမပြောတာ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို တစ်ပြားသားမှ မပြောင်းဘူး၊ ရထားတဲ့အခွင့်အရေးကို မလွှတ်နိုင်ဘူးဗျာ-လို့ ပြောတဲ့သူတွေကို ကျမပိုပြီးတော့ လေးစားတယ်။ အဲဒီလိုမပြောဘဲနဲ့ ပြည်သူအတွက် မကောင်းမှာစိုးလို့- ဘာမှ အရေးမကြီးတဲ့ ဟိုအချက်ကလေး၊ ဒီအချက်ကလေးပဲပြောင်းပါရစေဆိုတဲ့- အဲဒီလိုလူတွေကိုတော့ နောက် ဘယ်တော့မှ မဲမပေးနဲ့လို့ ပြောမယ်။”

ဒီလူထုအခမ်းအနားမှာ ပြည်သူတွေကို ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်းခဲ့တာနဲ့ ပတ်သက်လို့ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက အခုလိုပြောပြပါတယ်။

“လွှတ်တော်ကနေမှ ပြည်သူများဆန္ဒအရ ဖွဲ့စည်းထားတယ်ဆိုတဲ့ ပြည်သူ့ဆန္ဒမဲနဲ့ လွှတ်တော်ကိုယ်တိုင်က ဒီကိစ္စ ဆောင်ရွက်နေတယ်။ အဲဒီတော့ တော်ရိလျော်ရိ ပြင်မယ်၊ ဟန်ဆောင်ပြင်မယ်- ဒီလိုပြင်မယ့်ပါတီ မဲမပေးနဲ့၊ ဒါ ပြတ်ပြတ်သားသား ပြောတယ်။ အဲလိုမှ မဟုတ်ဘဲနဲ့ ဒီလို ပြည်သူအပေါ် အထင်သေးတဲ့ပုံစံမျိုး၊ တော်ရိလျော်ရိနဲ့ ကဖျက်ယဖျက်ပုံစံမျိုး ဖြစ်လာတယ်ဆိုရင် အဲဒီ ပါတီ၊ အဲဒီပုဂ္ဂိုလ်ကို မဲမပေးနဲ့၊ ဒါ ပြည်သူလုပ်နိုင်တဲ့အင်အား။

နောက်တစ်ခုက အဖွဲ့ချုပ်အနေနဲ့ကလည်း အဲဒီလိုလုပ်မယ်ဆိုရင် ပြည်သူကို စော်ကားတဲ့ပုံစံမျိုး၊ ပြည်သူ့ကို အထင်သေးတဲ့ပုံစံမျိုးနဲ့ ဆောင်ရွက်မယ်ဆိုရင် ဒီဘက်က ဆောင်ရွက်ဖို့ အစီအစဉ်တွေရှိတယ်လို့ပဲ တိတိလင်းလင်း ပြောလိုက်တယ်။ အန်တီကိုယ်တိုင်က၊ ခေါင်းဆောင်ကိုယ်တိုင်က ဒါ သူ့ကို ထောက်ခံချင်တဲ့သူတောင် အခြေခံဥပဒေကို နားမလည်ဘဲနဲ့ မထောက်ခံဖို့ ပြည်သူတွေကို ပြောတယ်။ ပြည်သူတွေကိုယ်တိုင်ကလည်း အခြေခံဥပဒေဆိုင်ရာ အချက်တွေကို ကျနော်တို့ ဥပဒေပညာရှင်တွေက ထောက်ပြတာကို တိတိကျကျနဲ့ ရှင်းလင်းစွာ နားလည်နိုင်တဲ့ဟာတွေကိုလည်း ကျနော်တို့ တွေ့ရှိရတယ်။”

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ၂၅% ပါနေတဲ့ တပ်မတော်ရဲ့အခန်းကဏ္ဍနဲ့ ပတ်သက်လို့တော့ ဒေါ်အောင်ဆန်း စုကြည်က အခုလိုထောက်ပြပြောဆို သွားပါတယ်။

“ကျမက တပ်မတော်ကိုယ်စားလှယ်တွေကိုလည်း ပြောချင်တယ်။ တိုင်းပြည်ရဲ့ အကျိုးကို ကြည့်ပါ။ တကယ်ပဲ တိုင်းပြည်အပေါ်မှာ စေတနာရှိတယ်ဆိုရင် တပ်မတော်ရဲ့အခြေအနေ၊ တပ်မတော်ရဲ့အနေအထားကို ပြန်ကြည့်စရာ မလိုပါဘူး။ ကိုယ့်တိုင်းပြည်တောင့်လို့ရှိရင် တပ်မတော်က တောင့်မှာပါ။ ပြည်သူလူထုက ကိုယ့်အနောက်မှာ မားမားမတ်မတ်ရှိလို့ရှိရင် ဘယ်တပ်မတော်မှ မယိမ်းယိုင်နိုင်ပါဘူးလို့ ကျမက ပြောချင်ပါတယ်။”

ပြည်သူတွေအနေနဲ့ သူတို့ရင်ဆိုင်နေရတဲ့ ဖိနှိပ်မှုအခက်အခဲတွေနဲ့ပတ်သက်လို့ ဥပဒေကြောင်းအရ အကာအကွယ် ပေးနိုင်တဲ့နည်းလမ်းတွေကိုလည်း ဒီလူထု ဟောပြောပွဲမှာ စိတ်ဝင်တစား မေးမြန်းဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လူထုဆန္ဒ သဘောထားရယူတဲ့အခမ်းအနားကို NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဥပဒေ ပညာရှင်တွေနဲ့ ဒေသခံ ပြည်သူပေါင်း နှစ်သောင်းကျော်လောက် တက်ရောက်ခဲ့ပါတယ်ရှင်။

VOA

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုတဲ့ပုံစံမျိုးနဲ့ ရလာတဲ့ သဘောတူညီမှုမျိုးဟာ ကျမတို့အတွက် လုံးဝ တန်ဖိုးမရှိပါဘူး


ကျမတို့ကို နားမလည်ဘဲ ထောက်ခံတာဟာ တန်ဖိုးမရှိဘူး။ နားလည်ပြီးထောက်ခံမှ တန်ဖိုးရှိတယ်။ ကျမတို့ဟာ ပြည်သူကိုလှည့်ဖျားပြီးတော့ စည်းရုံးတဲ့ကိစ္စမျိုး မလုပ်ချင်ဘူး။ ကျမတို့ရဲ့ယုံကြည်ချက် ကျမတို့ တင်ပြတယ်။ ကျမတို့ယုံကြည်ချက်ဆိုတာ ကျမတို့အနေနဲ့ တိုင်းပြည်အတွက် လိုအပ်တယ်ဆိုတဲ့ ကျမတို့ရဲ့ ယုံကြည်ချက်။ ကျမတို့ ဘာဖြစ်လို့ဒီလိုယုံကြည်လဲဆိုတာကို ကျမတို့ ရှင်းပြတယ်။ ပြည်သူလူထုက ကျမတို့နဲ့ သဘောတူသလား မတူဘူးလားဆိုတာ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ကိုယ့်ဟာကိုယ် လွတ်လွတ်လပ်လပ် ကိုယ့်ရဲအတွေးနဲ့ ကိုယ့်ရဲ့ဆင်ခြင်သုံးသပ်မှုနဲ့ လက်ခံတဲ့လက်ခံမှုမျိုးမှ ကျမတို့အတွက် တန်ဖိုးရှိတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုတဲ့ပုံစံမျိုးနဲ့ ရလာတဲ့ သဘောတူညီမှုမျိုးဟာ ကျမတို့အတွက် လုံးဝ တန်ဖိုးမရှိပါဘူး။ ဒါ့ကြောင့် ပြည်သူလူထုဟာ နားလည်ပါ။ ဘာ့ကြောင့် ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းလဲဖို့ လိုသလဲဆိုတာကို နားလည်စေချင်တယ်။ ....

ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံလို့၊ ဒါမှမဟုတ် ကျမကို ထောက်ခံလို့ဆိုတဲ့ အဲဒီစိတ်ဓာတ်နဲ့ပဲ ဖွဲ့စည်းပုံအခြေခံ ပြုပြင်ပြောင်းလဲရေးကို မထောက်ခံပါနဲ့။ ဒီဟာက တကယ်ပဲ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စမို့လို့ ထောက်ခံစေချင်တယ်။

(နိုဝင်ဘာ ၁၈ရက်နေ့၌ နေပြည်တော်တွင် ပြုလုပ်သော ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုညီလာခံမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက် မိန့်ခွန်းမှ ကောက်နှုတ်ချက်)
Kamayut Media

စစ်ကိုင်းတွင် သံဃာတစ်ပါးနှင့် လူသုံးဦး ဓားဖြင့်ခုတ်ခံရပြီး တစ်ဦးသေဆုံး


ကိုတိုးကြီး| အင်္ဂါနေ့၊ နိုဝင်ဘာလ ၁၉ ရက်၊ ၂၀၁၃ ခုနှစ်

စစ်ကိုင်းမြို့နယ်အတွင်း လူတစ်ဦးက သံဃာတစ်ပါးနှင့် လူသုံးဦးကို ဓားဖြင့်ခုတ်ခဲ့ပြီး၊ ကျူးလွန်သူကို လတ်တလော သံသယရှိထားသည်မှာ စိတ်ဒေနာသည် တစ်ဦးဖြစ်ကြောင်း စစ်ကိုင်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက နိုဝင်ဘာ ၁၈ တွင် ပြောကြားလိုက်သည်။

သေဆုံးသူ အမျိုးသားတစ်ဦးမှာ ရွာသစ်တိုက်နယ် အုပ်စုနှင့် ငါ့တရော်ကျေးရွာအကြားရှိ ကျေးလက် ဖွံ့ဖြိုးရေး လမ်းပေါ်တွင် နိုဝင်ဘာ ၁၇ ရက် နံနက်က လည်ပင်းနေရာတွင် ပြတ်ရှဓားဒဏ်ရာများနှင့် သေဆုံးခဲ့ခြင်းဖြစ်သည်။

သေဆုံးသူမှာ ငါ့တရော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ခိုင် အသက်(၃၈)နှစ်ဆိုသူဖြစ်ပြီး ယာဘက် လည်ပင်းပြတ်ရှ ဒဏ်ရာ၊ ၀ဲဘက်မျက်လုံးအောက် ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးလျက်ရှိသည်ကို စစ်ကိုင်းမြို့မရဲစခန်းမှ ရဲအုပ်ဌေးဝင်းနိုင်က မှုခင်းဆိုင်ရာမှတ်တမ်းများရယူထားသည်။

သေဆုံးသူ ကျေးရွာအုပ်ချုပ်ရေးမှူး၏ ဦးလေးတော်စပ်သူ ဦးနေ၀င်းမှ ပြစ်မှုကျူးလွန်သူဟု ယူဆရသူ တစ်ရွာတည်းနေ အသက်(၃၇)နှစ်ရှိသူအမျိုးသားကို အရေးယူပေးရန် ရဲစခန်းသို့ တိုင်တန်းခဲ့သည်။

ထို့နောက် ပြစ်မှုကျူးလွန်ခဲ့သူဟု ယူဆရသူသည် ဆိုသူသည် အရိုးအသွားတစ်တောင်ခန့်ရှိသည့် ဓား ရှည်တစ်လက်ကို ကိုင်ဆောင်လျက် အဆိုပါ ကျေးရွာရှိ ဇ၀နရာမ ကျောင်းတိုက်အတွင်းသို့ ၀င်ရောက် ကာ သက်တော် (၈၆)နှစ် ကျောင်းထိုင်ဘုန်းတော်ကြီး ဥူးဇ၀နကို ဓားဖြင့်ဆက်ခုတ်ခဲ့ရာ ဦးခေါင်းယာ ချိုစောင်း ပြတ်ရှဒဏ်ရာနှင့် ဒဏ်ရာပြင်းထန်စွာရရှိသွားပြီး ရွာသစ်ကြီး ပြည်သူ့ဆေးရုံတွင် အတွင်းလူနာ အဖြစ် ဆေးဝါးကုသမှုခံယူလျက်ရှိသည်။

ဘုန်းတော်ကြီးအား ဓားဖြင့်ဝင်ရောက်ခုတ်နေစဉ် အဆိုပါကျောင်းရှိ ကျောင်းကပ်္ပိယဖြစ်သူ ကိုမောင်နိုင် နှင့် ကိုလွင်တို့က ၀င်ရောက်ဟန့်တားခဲ့ရာ ကိုအောင်နိုင်ဦးမှ ဆက်လက်၍ ဓားဖြင့်ခုတ်ခဲ့သည့်အတွက် လက်ဖျံများတွင် ပြတ်ရှဒဏ်ရာများရရှိခဲ့ရာ ရွာသစ်ကြီး ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိနေ သည်။

ယမန်နှစ်က မုံရွာမြို့ အလုံစစ်ပင်ရပ်ကွက်တွင် စိတ်ဖောက်ပြန်သူ လူတစ်ဦးမှ နေအိမ်တစ်ခုအတွင်းသို့ ၀င်ရောက်ရိုက်နှက်ခဲ့သည့်အတွက် အဘွားအိုတစ်ဦးနှင့် ကလေးငယ်တစ်ဦး သေဆုံးခဲ့ရပြီး လွန်ခဲ့သည့် လအနည်းငယ်ခန့်ကလည်း အရာတော်မြို့နယ်တွင် စိတ်ဖောက်ပြန်သူ လူတစ်ဦးမှ ဓားဖြင့်ခုတ်သဖြင့် အဘွားအို တစ်ဦးသေဆုံးပြီး လူငယ်တစ်ဦးအပြင်းအထန် ဒဏ်ရာများရရှိခဲ့သည့် ဖြစ်စဉ်များပေါ်ပေါက်ခဲ့ဖူးသည်။
Mizzima - News in Burmese

စိန်ဂေဟာ ဈေးဝယ်စင်တာ၏ Facebook စာမျက်နှာ တိုက်ခိုက် ခံထားရဟုဆို


ရန်ကုန်၊ နိုဝင်ဘာ ၁၈

မြန်မာနိုင်ငံ၏ နာမည်ကျော် ဈေးဝယ်စင်တာ တစ်ခုဖြစ်သော စိန်ဂေဟာ (Sein Gay Har) ဈေးဝယ် စင်တာ၏ Facebook စာမျက်နှာကို နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက်အစောပိုင်းက အတိုက်ခိုက် ခံထားရကြောင်း စိန်ဂေဟာ၏ ဒါရိုက်တာ အဖွဲ့ဝင်တစ်ဦး ဖြစ်သူ ဦးအောင်ဇော်မြင့်က ပြောကြားသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့နံနက် အစောပိုင်းမှစ၍ နိုဝင်ဘာလ ၁၈ ရက်နေ့အထိ အဆိုပါ တိုက်ခိုက်သူတို့၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲ ဖြစ်ကြောင်း၊ ထို့ကြောင့် ယင်းကာလအတွင်း အဆိုပါ စာမျက်နှာတွင် ရေးသား ဖော်ပြထားသည့် အကြောင်းအရာများသည် စိန်ဂေဟာ မိသားစုနှင့် မသက်ဆိုင်ကြောင်း၊ ၎င်းတို့၏ အာဘော် မဟုတ်ကြောင်း ရန်ကုန်မြို့၊ ဒဂုံမြို့နယ် ပြည်လမ်းရှိ စိန်ဂေဟာ ဈေးဝယ်စင်တာ၏ ရုံးခန်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းကရှင်းလင်း ပြောဆိုသည်။

မည်သည့် အဖွဲ့အစည်းက မည်သည့် ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်ခြင်း ဖြစ်သည်ကို မသိရှိရသော်လည်း ယင်းသို့ အတိုက်ခိုက် ခံရပြီးနောက်ပိုင်း အဆိုပါ စာမျက်နှာတွင် ဘာသာရေးကို အလွဲသုံးစား လုပ်ထားသည့် အကြောင်းအရာများ ဖော်ပြကာ စိန်ဂေဟာ မိသားစု၏ စီးပွားရေး လုပ်ငန်းများကို ထိခိုက်စေရန် လုပ်ဆောင်နေကြောင်း ဒါရိုက်တာ အဖွဲ့ဝင် နောက်တစ်ဦးဖြစ်သူ ဦးဟန်ဝင်းထွဋ်က ပြောကြားသည်။
“ကျွန်တော်တို့ရဲ့ Web Team အနေနဲ့ Account ကို ပြန်ရအောင်တော့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ ကျွမ်းကျင်တဲ့ ပညာရှင်တွေ မရှိတော့ လွယ်တော့ မလွယ်ဘူး” ဟု ၎င်းကဆိုသည်။

ယင်းအပြင် မူလစာမျက်နှာ Sein Gay Har Page ကို အတိုက်ခိုက် ခံခဲ့ရသည့်အတွက် Sein Gay Har Myanmar Page အသစ်တစ်ခုကို ထပ်မံဖွင့်ခဲ့ကြောင်း၊ သို့သော် ဖွင့်ပြီး ၁၀ နာရီ အကြာတွင် အဆိုပါ စာမျက်နှာမှာလည်း ထပ်မံတိုက်ခိုက် ခံခဲ့ရကြောင်း ဒါရိုက်တာ အဖွဲ့ဝင်များက ပြောဆိုသည်။
“အသစ်ဖွင့်တဲ့ စာမျက်နှာကိုတော့ Myanmar Muslim Cyber Force ဆိုတဲ့ အဖွဲ့တစ်ခုက တိုက်ခိုက်တာ။ သူတို့ ထိန်းချုပ်လိုက်ပြီလို့ အဲဒီအဖွဲ့က စာမျက်နှာမှာ ဖော်ပြထားတယ်” ဟု ဦးအောင်ဇော်မြင့်က ဆိုသည်။

ယခုကဲ့သို့ အင်တာနက် စာမျက်နှာ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ရဲစခန်းများသို့ တိုင်ကြားထားကြောင်း၊ သို့သော် တိုက်ခိုက်သူများ အနေနှင့် ၎င်းတို့၏ စာမျက်နှာကို ပြန်လည် ပေးအပ်ပါက ကျေးဇူးတင်စွာဖြင့် ဆုချီးမြှင့်မည် ဖြစ်ပြီး အရေးယူမှု တစ်စုံတစ်ရာ ပြုလုပ်မည် မဟုတ်ကြောင်း ဒါရိုက်တာ အဖွဲ့ဝင်များက မီဒီယာများမှ တစ်ဆင့် ရှင်းလင်း ပြောကြားသည်။

အမျိုးသားဝတ်နှင့် အမျိုးသမီးဝတ် အဝတ်အထည်များ၊ Branded ကုန်ပစ္စည်းများကို နိုဝင်ဘာလ ၁၆ ရက်နေ့ မှ ၃၀ ရက်နေ့အတွင်း ဝယ်ယူသူများ (၉၆၉ တံဆိပ် ယူဆောင်လာသူများ၊ OIC ကိုကန့် ကွက်သူများ၊ ၉၆၉ ရဟန်းသံဃာများ) အား ၅၀ ရာခိုင်နှုန်း ဈေးနှုန်း ချိုသာစွာ ရောင်းချပေးမည့်အပြင် ကျပ်ငါးသောင်းနှင့်အထက် ဝယ်ယူအားပေးသည့် ဖောက်သည်များအား အနည်းဆုံး ကျပ်တစ်သောင်းဖိုး အထက် ပါဝင်သော ဗလာမပါ ကံစမ်းမဲအဖြစ် မေတ္တာ တုံ့ပြန်သွားမည် ဖြစ်ကြောင်း၊ စိန်ဂေဟာ Facebook စာမျက်နှာများ Facebook ခံထားရကြောင်း ကောလာဟလများ ပျံ့နှံ့နေကြောင်း၊ ယင်း ကောလာဟလ များမှာ မဟုတ်မမှန် လုပ်ကြံ ဖန်တီးထားသည်များ ဖြစ်ပြီး ယခုစာမျက်နှာသည် အစစ်အမှန် ဖြစ်ကြောင်း အတိုက်ခိုက် ခံထားရသည့် Sein Gay Har Facebook စာမျက်နှာတွင် နိုဝင်ဘာလ ၁၈ ရက်နေ့ ရက်စွဲဖြင့် ရေးသားထားသည်။

ယင်းအပြင် အဆိုပါ အွန်လိုင်း တိုက်ခိုက် ခံရစဉ်အတွင်း စိန်ဂေဟာ ဈေးဝယ်စင်တာများကို ဗုံးဖောက်ခွဲမှုများ ပြုလုပ်မည် ဖြစ်သဖြင့် အစ္စလာမ် မြန်မာများနှင့် နိုင်ငံခြားသားများ အဆိုပါ ဈေးဝယ် စင်တာများကို ရှောင်ရှားကြရန် သတိပေးသည့် မှတ်ချက် တစ်ခုတွင် ရေးသားထားသည်။

မြန်မာနိုင်ငံတွင် ယခုကဲ့သို့ အင်တာနက် Facebook စာမျက်နှာများ၊ E-mail များကို ခိုးယူ၊ တိုက်ခိုက်မှုများအတွက် ဥပဒေကြောင်းအရ အရေးယူနိုင်သည့် ဥပဒေများ ပြဋ္ဌာန်းထားသော်လည်း ဖြစ်ပွားသည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ ခြေရာခံလိုက်ပြီး သက်သေ အထောက်အထား ခိုင်လုံစွာ တင်ပြနိုင်ရန် မလွယ်ကူသောကြောင့် လက်တွေ့တွင် အရေးယူရန် မလွယ်ကူသေးကြောင်း၊ ယင်းအပြင် Facebook ကဲ့သို့သော စာမျက်နှာများသည် အတန်အသင့် လုံခြုံမှုရှိပြီး ယင်းကဲ့သို့ တိုက်ခိုက်ခံရမှု အများစုမှာ အသုံးပြုသူ၏ ပေါ့ဆမှုကြောင့်သာ ဖြစ်လေ့ ရှိကြောင်း အိုင်တီပညာရှင် ဦးအိမောင်က The Voice သို့ ပြောကြားသည်။
“နည်းပညာ အားနည်းလို့ ဖြစ်ရတာထက် အသုံးပြုတဲ့ Admin User တွေရဲ့ လုံခြုံရေးအသိ အားနည်းလို့ ဖြစ်တာများတယ်၊ Passaword ကို အလွယ်တကူ သုံးတာတို့၊ စာမျက်နှာမှာ မလုပ်သင့်တဲ့ အပြုအမူတွေ လုပ်တာတွေကြောင့် ဖြစ်တာများတယ်” ဟု ၎င်းကသူ၏ အမြင်ကို ရှင်းလင်း ပြောဆိုသည်။

မြန်မာနိုင်ငံတွင် အစိုးရ ဝန်ကြီးဌာနများ၊ ပုဂ္ဂလိက သတင်းဌာနများ၏ အင်တာနက် စာမျက်နှာများ တိုက်ခိုက်ခံရမှုများ ရှိခဲ့သော်လည်း ယခုကဲ့သို့ ပုဂ္ဂလိက ဈေးဝယ်စင်တာ တစ်ခု၏ အင်တာနက် စာမျက်နှာကို တိုက်ခိုက်ခံရမှုမှာ ပထမဆုံးအကြိမ် ဖြစ်သည်။
The Voice Weekly

မြန်မာနိုင်ငံတွင် အမည်ပျက် စာရင်းဝင်နေသေးသည့် ဆရာဝန် ၅၅၅ ဦးခန့် ကျန်ရှိနေ


Tuesday, 19 November 2013 05:41
မြန်မာ နိုင်ငံတွင် အမည်ပျက်စာရင်းဝင် နေသေးသည့်ဆရာဝန် ၅၅၅ဦး ခန့် ကျန်ရှိနေသေးကြောင်း သိရ သည်။အဆိုပါဆရာဝန်များမှာ ဌာနမှကင်းကွာနေသောဆရာ ဝန်များ၊ အကြောင်းတစ်စုံတစ်ရာ ကြောင့် လျော်ကြေးငွေပေးဆောင် ရမည်ဟု အမိန့်စာထုတ်ပြန်ခြင်း ခံရသူများဖြစ်ကြောင်း သိရသည်။''အဲဒီဆရာဝန်တွေထဲမှာ လျော်ကြေးငွေပေးလျော်ဖို့ လိုအပ် တဲ့သူတွေဆိုရင် ပေးလျော်ရမယ်။ အဲဒီဆရာဝန်တွေကို အမည်ပျက် စာရင်းကနေ ပယ်ဖျက်ပေးလိုက် ပေမယ့် နိုင်ငံ့ဝန်ထမ်းအဖြစ် ပြန် လည်ခန့်ထားတာမျိုး၊ တာဝန် ထမ်းဆောင်စေတာမျိုးတော့ မရှိ ပါဘူး''ဟု ကျန်းမာရေးဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဒေါက် တာမင်းသန်းညွန့်က ပြောသည်။

ယင်းအပြင် Black list ပြု လုပ်ခံရသည့်သူများထဲမှ လျော် ကြေးငွေပေးရသည့်ဆရာဝန်များ အနေဖြင့် ဌာနမှကင်းကွာနေပြီး တာဝန်ထမ်းဆောင်မှုကာလ ပြည့် မီခြင်းမရှိသူများ၊ ပြည်တွင်း/ ပြင်ပ ဝန်ထမ်းစည်းကမ်းချက်များအရ တာဝန်ထမ်းဆောင်မှုကာလ ပြည့် မီခြင်းမရှိသူများဖြစ်ပြီး ယင်းတို့ အား လျော်ကြေးငွေပေးဆောင် စေခြင်းအပြင် ဆရာဝန်လိုင်စင် သိမ်းဆည်းခြင်းတို့ဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။



တချို့သောဆရာဝန်များ မှာမူ ဆရာဝန်ဘွဲ့ရထားပြီးဖြစ် သော်လည်း ကျန်းမာရေးစောင့် ရှောက်မှုပေးသည့် ကုသမှု၊ ကာ ကွယ်မှု၊ ကျန်းမာရေးမြှင့်တင်မှု၊ ပြန်လည်ထူထောင်မှုလုပ်ငန်းများ တွင် လုပ်ကိုင်ဆောင်ရွက်ခြင်းမပြု ဘဲ တခြားသောလုပ်ငန်းများတွင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိ ကြောင်း၊ ထိုသို့ ပြုလုပ်ခြင်းသည် မိမိ၏ဝင်ငွေနှင့် နိုင်ငံတော်၏ဝင် ငွေကိုဖြုန်းတီးရာရောက်ကြောင်း ကျန်းမာရေးစီမံကိန်းဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း)ဒေါက်တာဘုန်းမြင့်က ပြောသည်။



''ဆရာဝန်ဘွဲ့ယူထားပြီး ဆရာဝန်နဲ့မသက်ဆိုင်တဲ့အလုပ် ကိုလုပ်နေတဲ့သူတွေက ဘာလို့ ဆေးကျောင်းကို လာတက်လဲ။သူလဲ ပိုက်ဆံကုန်တယ်။ တိုင်းပြည် လဲ ပိုက်ဆံကုန်တယ်။ အဲဒီလို လုပ်တာဟာ ဘာအဓိပ္ပာယ်မှမရှိ ဘူး။ ဆေးမကုပေမယ့်လဲ ပြည်သူ တွေအတွက် ကျန်းမာရေးစောင့် ရှောက်မှုကို တခြားနည်းလမ်းတွေ နဲ့ ပေးတယ်ဆိုရင် တော်သေး တယ်''ဟု ဆိုသည်။



ကျန်းမာရေးဦးစီးဌာန၊ ဆေး သုတေသနဦးစီးဌာန၊ ကျန်းမာရေး စီမံကိန်းဦးစီးဌာန၊ အစားအ သောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာ နတို့တွင်ဆောင်ရွက်နေသည့် ပြည်သူ့ဆရာဝန်များမှာမူ လုပ် ငန်းလုပ်ကိုင်ဆောင်ရွက်သည့်အ ချိန်အတွင်း ဆေးကုသခြင်းမပြု သော်လည်း ပြည်သူတို့၏ ကျန်း မာရေးကို တစ်ဖက်တစ်လမ်းမှ  စောင့်ရှောက်နေခြင်းဖြစ်ကြောင်း ယင်းက ဆက်လက်ပြောသည်။



အဆိုပါကိစ္စနှင့်ပတ်သက် ပြီး ဆရာဝန်ဘွဲ့ရရှိထားသော အနုပညာရှင်တစ်ဦးဖြစ်သူ The Best of Melody World 2012 မှ ပထမဆုရှင် ဖြိုးပြည့်စုံက ''ဆရာ ဝန်ဘွဲ့ကိုယူခဲ့တာက ဝါသနာအ ရင်းခံကြောင့် မဟုတ်ဘူး။ မိဘ တွေရဲ့ ဂုဏ်ယူချင်တဲ့ဆန္ဒလေးကို ဖြည့်ဆည်းပေးချင်လို့ ခြောက် နှစ်ပညာဆည်းပူးပြီး ဆေးဘွဲ့ယူ ခဲ့တာ။ ဆေးတက္ကသိုလ်ဘွဲ့ရပြီး ကျောင်းပြီးပြီးချင်းတော့ GP ထိုင် ဖြစ်သေးတယ်။ တစ်နှစ်လောက် ထိုင်ပြီးတော့ မိသားစုကျန်းမာရေး အတိုင်ပင်ခံဆရာဝန်ဒီပလိုမာ သင်တန်းကို တက်တယ်။ ကျွန် တော့်အနေနဲ့ Inservice လို့ အဆင်မပြေဘူး။ Inservice ဝင်ရင် Office Hour နဲ့ လုပ်ရ တယ်။ ရန်ကုန်မှာလဲ မရဘူး။ တစ်နိုင်ငံလုံးမှာရှိတဲ့ လူနာတွေဆီ ကို သွားနေရမယ်။ ဝါသနာကို အရင်းခံပြီး လုပ်ခဲ့တာမဟုတ်တဲ့ အတွက် ဆရာဝန် ဆက်မလုပ်ဖြစ် တော့ဘူး။ ဝါသနာကို အရင်းခံ တဲ့ အနုပညာအလုပ်ကိုပဲ ဆက် လုပ် ဖြစ်နေတယ်''ဟု ပြောသည်။

မြန်မာနိုင်ငံတွင် Black List ပြုလုပ်ထားသည့်ဆရာဝန် ၁၆၁၅ ဦးရှိပြီး အဆိုပါဆရာဝန်များအ နက်Black List   ဖြေလျှော့ပြီး ဆရာဝန်မှာ ၁၀၆၀ ရှိကြောင်း သိရသည်။-

[နွေဦးလင်း ၊ရန်ကုန် ၊နိုဝင်ဘာ ၁၈]
Yangon Media Group

ပြင်ဦးလွင် တန်ဆောင် တိုင် မီးပုံးပျံ ပြိုင်ပွဲ မီးပုံးပျံ ပျက်ကျ မီးလောင် ၍ ဆိုင်ကယ် လေးစီး ဆုံးရှုံး


19.11.2013

မန္တလေး တိုင်း ဒေသကြီး ပြင်ဦး လွင် မြို့ မဟာ အံ့ထူး ကံသာ ဘုရားကြီး မီးပုံးပျံ ကွင်း၌ ကျင်းပလျက် ရှိသော ( ၉ ) ကြိမ် မြောက် တန်ဆောင် တိုင် ပွဲ တော် မီးပုံးပျံ ပြိုင်ပွဲ တွင် ပြိုင်ပွဲဝင် မီးပုံး ပျံတစ်လုံး ပျက်ကျ ၍ မီးလောင်မှု တစ်ရပ် ဖြစ်ပွား သည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၇ ရက်နေ့ ည ၁ဝ နာရီခွဲ ခန့်က ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲတွင် မြန်မာ ပြည်သား ည မီးကျည် မီးပုံးပျံ သည် လွှတ်တင် ပြီး မိနစ် အနည်းငယ် အကြာ၌ ရုတ်တရက် ပျက်ကျခြင်း ကြောင့် ပြိုင်ပွဲကွင်း အမှတ် ( ၄ ) ဆိုင်ကယ် အပ်နှံရေး ဌာန အတွင်းသို့ ကျရောက် မီးလောင်ခဲ့ရာ ဆိုင်ကယ် လေးစီး မီးလောင် ဆုံးရှုံး ခဲ့ကြောင်း နှင့် လူသူ ထိခိုက် ဒဏ်ရာ ရမှု မရှိကြောင်း သိရသည်။

မီးလောင်မှု ဖြစ်ပွားရာ သို့ ကွင်း အတွင်း လုံခြုံရေး တာဝန်ကျ လျက် ရှိသည့် ပြင်ဦးလွင် ခရိုင် မီးသတ် ဦးစီး အရာရှိ ဦး ထွန်းထွန်းဦး ဦးဆောင်သော မီးသတ် ယာဉ်ဖြင့် ငြှိမ်းသတ် ခဲ့ရာ ည ၁ဝ နာရီ ၄၅ မိနစ်ခန့် တွင် မီးငြိမ်း သွားသည်။ ယခု နှစ် ပြင်ဦးလွင် တန်ဆောင် တိုင် ပွဲတော် မီးပုံးပျံ ပြိုင်ပွဲ တွင် နေ့၊ ည မီးပုံးပျံ အလုံးပေါင်း ၈၈ လုံး ယှဉ်ပြိုင် လျက်ရှိပြီး နိုဝင်ဘာ ၁၈ ရက် ညတွင် ဆုပေးပွဲနှင့် ပိတ်ပွဲ ကျင်းပ မည် ဖြစ်ကြောင်း သိရသည်။

ဇော်မင်းထွေး ( ပြင်ဦးလွင် )
Shan News

မိုဘိုင်းဖုန်း ဘီလ်အတွက် ဝန်ဆောင်မှု အသစ်များပေးမည်


အတွဲ (၁၄)၊ အမှတ် (၄၅)
Mon, 11/18/2013 - 13:02

မိမိလိုသလောက် ငွေတန်ဖိုးအတိုင်း ကွန်ပျူတာ စနစ်ဖြင့် စတိုးဆိုင်များ၌ ထည့်သွင်း အသုံးပြုနိုင်မည့် Prepaid Top Up စနစ်ကို တိုးချဲ့အသုံးပြုခွင့်ပေးရန် စီ စဉ်နေကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောသည်။

ထို့အပြင် ဗဟိုဘဏ်မှ မကြာခင်တွင် ခွင့်ပြုဖွယ်ရှိသည့် Mobile Non Service ပေါ်ပေါက်လာပါက မိမိ ဖြည့်သွင်းလိုသည့် ငွေပမာဏကို ၂၄ နာရီ ဖြည့်သွင်းနိုင်မည် ဟု လည်း ဒုတိယဝန်ကြီးက ပြောသည်။ ပြည်သူ့လွှတ်တော်၌ ပြောကြားသော ဒုတိယဝန်ကြီး၏ အဆိုအရ မိုဘိုင်းဖုန်း အသုံးပြုသူများသည် အိမ်မှနေ၍ မိမိ လို သလောက် ငွေကြေးကို ဖြည့်သွင်းခြင်း၊ လွှဲပြောင်းခြင်း ပြုလုပ်နိုင်မည်ဟု သိရသည်။

နိုင်ငံတကာတွင် အသုံးပြုသည့် နည်းစနစ်များ အတိုင်း အဆင်ပြေစွာ အသုံးပြုနိုင်ရန် ငွေဖြည့်သွင်းသည့် စနစ်များကို ဝန်ြကီးဌာနမှ တိုးချဲ့ဆောက်ရွက်ရန် စီစဉ် ခဲ့ခြင်း ဖြစ်သော်လည်း ပုံမှန် အသုံးပြုနေသည့် ငွေဖြည့်ကတ်များကို မူဈေးကွက်အတွင်း၌ ဆက်လက် ထားရှိသွားမည် ဖြစ်သည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသည် ပုံမှန်အသုံးပြုနေသည့် ငွေဖြည့်ကတ်များကို ပုဂ္ဂလိကကုမ္ပဏီ၅ ခုနှင့် ပူးပေါင်း၍ ဈေးကွက်အတွင်း ဖြန့်ဖြူးပေးနေခြင်း ဖြစ်ပြီး အသုံးပြုသူများ အဆင်ပြေစေရန် ပူးပေါင်း လုပ်ကိုင် လိုသည့် ကုမ္ပဏီများနှင့် ထပ်မံ ပူးပေါင်း လုပ်ကိုင်သွားရန် ရှိကြောင်း သိရသည်။

စက်တင်ဘာလအတွင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသည် မိုဘိုင်းဖုန်း ငွေဖြည့်ကတ် ပူးပေါင်းဖြန့်ဖြူးလိုသည့်  ကုမ္ပဏီများကို ဖိတ်ခေါ်ခဲ့ပြီး လက်ရှိ၌ ကုမ္ပဏီပေါင်း၂၁ ခုကို လက်ခံ ရရှိထားကြောင်း ၄င်းတို့ အနေဖြင့် လက်ခံထားသည့် ကုမ္ပဏီ ၂၁ ခုမှ နည်းပညာအရ ဆောင်ရွက်နိုင်သည့် ကုမ္ပဏီ၊ ငွေကြေးအရ တောင့်တင်းသည့် ကုမ္ပဏီကို ရွေးချယ် လုပ်ကိုင်ခွင့် ပြုသွားမည် ဟု သိရသည်။

မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းသည်  Asia Mega Link ၊ Global Telephone၊ တာမိုးညဲချမ်းသာ ထွန်းဝေသာ၊ ရတနာပုံ တယ်လီပို့၊ Elite Tech စသည့် ကုမ္ပဏီများ ကို ကော်မရှင် ၆ ရာခိုင်နှုန်းပေး၍ ဖြန့်ဖြူး စေခဲ့ခြင်း ဖြစ်သည်။ လက်တွေ့ ရောင်းချသူများသည် တစ်ဆင့်ခံ ကိုယ်စားလှယ်များမှ ပြန်လည် ဝယ်ယူ၍  ရောင်းချရသည့် အတွက် ၂ ရာခိုင်နှုန်းကျော်ကိုသာ ရရှိကြသည်။

မြင့်ကျော်လှိုင်
myanmar internet journal

တိုင်းပြည်ဟာ တပ်မတော်ရဲ့ အစေခံမဖြစ်ရဘူး။ တပ်မတော်ဟာ တိုင်းပြည်ရဲ့ အခြေခံဖြစ်ရမယ်


တပ်မတော်ရဲ့ အခွင့်အရေးတွေကို လျှော့ချချင်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို လုပ်နေတာ မဟုတ်ပါဘူး။ ကျမတို့ရဲ့ တပ်မတော်ကို ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီတဲ့ တပ်မတော်ကောင်းတစ်ခု၊ မြင့်မြတ်တဲ့ တပ်မတော်ကောင်းတစ်ခု၊ ပြည်သူကလေးစားချစ်ခင်တဲ့ တပ်မတော်ကောင်းတစ်ခု ဖြစ်စေချင်လွန်းလို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရမယ်ဆိုပြီး တိုက်တွန်းနေတာပါ။ (လက်ခုပ်သံများ)

ဒီမှာတစ်ခါတည်း တပ်မတော်ကို ဖွဲ့စည်းစဉ်ခဲ့တုန်းက ဖေဖေပြောသွားတဲ့စကားတစ်ခုကို ကျမပြန်ပြောပါမယ်။ ဒါဟာ ခဏခဏပြောပြီးသားလည်း ဖြစ်ပါတယ်။ ဘယ်နှစ်ခါပြောပြော မရိုးနိုင်တဲ့စကားလည်းဖြစ်ပါတယ်။
တိုင်းပြည်ဟာ တပ်မတော်ရဲ့ အစေခံ မဖြစ်ရဘူး။ တပ်မတော်ဟာ တိုင်းပြည်ရဲ့ အခြေခံဖြစ်ရမယ်ဆိုတဲ့ စကားပါ။ (လက်ခုပ်သံများ)

ဒီဟာက ဖေဖေဟာ ဘယ်လောက် တပ်မတော်ကို တန်ဖိုးထားတယ်ဆိုတာကို ပြတာပဲ။ တိုင်းပြည်ရဲ့ အခြေခံဆိုတာ အင်မတန်မှာ သိက္ခာရှိတဲ့နေရာပါ။ အင်မတန်မှ သိက္ခာရှိတဲ့ တာဝန်တစ်ခုဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ အခြေခံထက် ပိုပြီးတော့ခိုင်မာတဲ့နေရာဆိုတာ မရှိပါဘူး။ တိုင်းပြည်ကို အကျိုးပြုဖို့အတွက် ထူထောင်ခဲ့တဲ့ တပ်မတော်မို့လို့ ဒီရည်ရွယ်ချက်အရ ဆက်ပြီးတော့ လုပ်သွားမယ်ဆိုတာ ကျမတို့ယုံကြည်လို့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲရေးကို တိုက်တွန်းနေတာဖြစ်ပါတယ်။

(နိုဝင်ဘာ ၁၈ရက်နေ့၌ နေပြည်တော်တွင် ပြုလုပ်သော ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုညီလာခံမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက် မိန့်ခွန်းမှ ကောက်နှုတ်ချက်)
Kamayut Media

၂၄ နာရီအတွင်း PlayStation 4 တစ်သန်းကျော် ရောင်းချခဲ့ရ


Sony ၏ PlayStation 4 ဂိမ်းစက် ရောင်းချမှုသည် တာထွက်တွင် အလွန်အောင်မြင်ခဲ့သည်။ သောကြာနေ့က မြောက်အမေရိကတွင် စတင် ရောင်းချခဲ့သည့် ဒေါ်လာ ၃၉၉ တန်ဖိုးရှိ ဂိမ်းစက်သည် ၂၄နာရီ အတွင်း အလုံးရေ တစ်သန်းကျော်အထိ ရောင်းချခဲ့ရသည်။ အဆိုပါ ရောင်းချမှုသည် PlayStation ဂိမ်းစက်များ ရောင်းချမှုတွင် အမြန်ဆုံး စံချိန်ဖြစ်ခဲ့သည်။

Sony Computer Entertainment မှ Worldwide Studios ဥက္ကဋ္ဌ Shuhei Yoshida ကလည်း PlayStation 4 ဂိမ်းစက်များကို ၂၄နာရီအတွင်း အလုံးရေ တစ်သန်းကျော် ရောင်းချခဲ့ရကြောင်း Twitter မှတစ်ဆင့် ဖော်ပြခဲ့သည်။

နည်းပညာမြင့် ထုတ်ကုန်များ အကြီးအကျယ် ထွက်ပေါ်လာတိုင်းတွင် ဂိမ်းစက်သုံးစွဲသူများ အဆင်မပြေမှုများ ကြုံတွေ့ရလေ့ရှိသည့် နည်းတူ PS4 ဂိမ်းစက်ပိုင်ရှင် အချို့သည် ၎င်းတို့၏ ဂိမ်းစက်သစ်များတွင် ရုပ်မပေါ်ခြင်း နှင့် အလင်းရောင် မှိတ်တုတ်မှိတ်တုတ် ဖြစ်ပေါ်သည့် ပြဿနာများနှင့် ရင်ဆိုင်နေရကြောင်း IGN ဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

ထို့နောက် Sony ကုမ္ပဏီက သုံးစွဲသူများသည် PlayStation 4 နှင့် ပတ်သက်ပြီး ပြဿနာ အချို့ကိုတင်ပြခဲ့ကြောင်း၊ PS4 ဂိမ်းစက်နှင့် ပက်သက်ပြီး အပြုသဘောဆောင်သည့် အမြင်များကိုလည်း ရရှိထားကြောင်း၊ နောက်ထပ် ရောက်ရှိလာသည့် တင်ပြချက်များကိုလည်း ဂရုတစိုက် စောင့်ကြည့်နေကြောင်း၊ သို့သော် မိမိတို့အနေဖြင့် တာထွက်ကောင်းမွန်ခြင်းကြောင့် လမ်းကြောင်းမှန်ပေါ်တွင် ရောက်ရှိနေသည်ဟု ထင်မြင်ကြောင်း IGN ထံ ပေးပို့ခဲ့သည့် ကြေညာချက်တွင် ဖော်ပြခဲ့သည်။

Sony သည် PlayStation 4 ဂိမ်းစက်ကို နိုဝင်ဘာလ ၂၉ တွင် ဥရောပနှင့် လက်တင်အမေရိက၌ ဖြန့်ချိသွားမည်ဖြစ်ပြီး ဂျပန်နိုင်ငံတွင် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၂၂ တွင် ဖြန့်ချိသွားမည်ဟု သိရသည်။

Ref: USAToday
Internet Journal

ဆရာစံ သာသမီးများ၏ ငိုကြွေးသံ The crying Voice of Saya San’s Children!


အာရုံတက်အစကလေးမှာပင်… အရပ်ဝတ်များ ၀တ်ဆင်ထားကြသည့် ရေတပ်အရာရှိများက ယိုင်နဲ့နဲ့ ပြိုကျလုမတတ်ဖြစ်သော သစ်သားတဲကလေးအတွင်းသို့ ခြေလှမ်းကျဲကြီးများဖြင့် ၀င်လာကြ၏။ ပြီးတော့ တဲ၏ အထဲတွင် အိပ်မောကျနေသာ လယ်သမားလူငယ်လေးအား အတင်းဆွဲမ နိုးထစေခဲ့သည်။ အဆိုပါရေတပ်အရာရှိများမှာ သူတို့နေထိုင်ရာ စစ်စခန်းမှပင် တိုက်ရိုက်လျောက်လာကြပြီး ထိုတဲကလေးထဲသို့တည့်တည့်ပင် လှမ်းဝင်ကာ တစုံတရာ ရှင်းပြမှုတခုမှ မရှိပဲ တဲအတွင်းက လယ်သမားလေးအား လက်ထိပ်ခတ်လိုက်ကြသည်။
Just after dawn, plainclothes Myanmar naval officers entered a wooden shack and roused a young rice farmer from his sleep. They marched him to their nearby barracks and locked him up without explanation.
လူမော်ဆိုသော လယ်သမားကလေး ပြန်လည်လွတ်မြောက်လာသော အချိန်ဝယ်၊ သူ၏ ဘ၀ တလျောက်မှီခိုခဲ့သော ခနော်ခနဲ့ တဲကလေးမှာ ပြောက်ကွယ်သွားလေပြီ၊ သူ၏ ပိုင်ဆိုင်မှုဘာယီယများလဲ တဲအိုအပြိုလေး၏အကြားတွင် ပြန်ကျဲစွာဖြင့် ရှု့မလှဘ၀သို့ရောက်ခဲ့ရလေ၏။ ထိုတင်မက တအိမ်ပြီးတအိမ် ဒလ မြစ်ဆိပ်ကမ်းနားတလျောက် မြေထိုးစက်ကြီးဖြင့် ထိုဖြိုချထားခဲ့လေသည်။ ထိုနေရာလေးတွင် နေထိုင်ခဲ့ကြသော လယ်သမားများမှာ သူတို့ရှိရာမြေကွက်ကလေးပေါ်တွင် စိုက်ပျိုးလုပ်ကိုင်ကြရင်း မျိုးဆက်ပေါင်းများစွာ ရှင်သန်ခဲ့ကြဘူးလေ၏။ သို့သော် မြန်မာ့ရေတပ်မှ ၄င်းတို့၏ ရေးတပ်နယ်မြေချဲထွင်ခြင်းဟုဆိုကာ ထိုဒေသအတွင်းမှ လယ်မြေများအား ပိုင်စိုးပိုင်နင်း ယူငင်သွားကြလေသည်။
By the time Lu Maw was released, the shack that had been his lifelong home was gone, his belongings scattered amid the debris. One by one, other homes in the riverside community of Dala were bulldozed. Residents had farmed the land for generations, but the navy took it over this year to expand a base.
“သူတို့က ကျနော်တို့ကို သူတို့ကပင် အာဏာရှိကြောင်း ပြချင်လို့လုပ်ကြတာ”ဟု မျက်လုံးအစုံတွင် မျက်ရည်များရစ်ဝိုင်းနေသော လူမော်က ပြောလေသည်။”ဆိုလိုချင်တာကတော့..သူတို့လိုချင်တာ ဘာမဆိုလုပ်လို့ရတယ်ဆိုတဲ့သဘောပါ”…ဟု ငိုသံဖြင့် ပြောဆိုပါသည်။
"They want to show us they're the ones with the power," he said, his eyes welling with tears. "That they can do what they want."
၂၀၁၃ ခုနှစ် ဇန်နာဝရီလတွင် လယ်သမားအားလုံး မိမိတို့၏လယ်မြေများမှ ထွက်ခွါပေးရမည်ဖြစ်ပြီး နိုင်ငံတော် ရေတပ်မတော်မှ အထူးစီမံကိန်းရှိသည်ဟု ပြောဆိုလာသည်။

In January 2013, farmers were told to leave because the navy was going ahead with a "special project."
သို့ဖြစ်၍ အဆိုပါ ရေတပ်ဖွဲမှ လယ်သမားများအား အဓမ္မနည်းဖြင့် ၂၀၁၃ ဂျွန်လနောက်ပိုင်းတွင် အဓမ္မနည်းဖြင့် နှင်ထုတ်ခဲ့လေသည်။ ထိုအကြမ်းဖက်နှင်ထုတ်သူများမှ လောလောလတ်လတ် စိုက်ပျိုးထားသော စပါးပင်များအားဖျက်ဆီးခဲ့၏။ ထိုနောက် ဂျူလိုင်လတွင် အုပ်မြစ်ခိုင်ခိုင်မာမာဖြင့် ခြံစည်းရိုးများ ခတ်စေခဲ့သည်။ လယ်သမားများ၏ နေအိမ်များမှာ မွမွကြေအောင် ဖျက်ဆီးခံရပြီး ထိုအထဲတွင် မကြာသေးခင်ကာလမှာ မိဘ နှစ်ပါး ဆုံးပါးသွားရသော ကိုလူမော်ဆိုသော လယ်သမားလဲ ပါဝင်ခဲ့ရလေသည်။
Thus, they were forced off their land in late June. Excavators tore up freshly planted rice shoots. The foundation of a towering fence was built in July. Homes were erased, including the one where The Lu Maw lived with his parents until they died a few years ago.
“ဒီအိမ်သည် ကျနော်ကို မွေးခဲ့တဲ့အိမ်လေးပါ အဲဒီအိမ်လေမှာပဲ ကျနော် ကြီးပြင်းပြီး ကစားနေခဲ့တဲ့ အိမ်ပါ..ကျနော် အသက် ၂၆ နှစ် ရောက်လာတဲ့ တိုင်အောင်ပါပဲ… ဟာ ကျနော် အမေနှင့် အဖေ စတဲ့ ကျနော်ဘ၀ ..မှတ်မိသမျှအရာရာအားလုံးလဲ ဒီအိမ်လေးထဲမှာ ဖြစ်တည်ခဲ့ပါတယ်”…ဟု ပြောဆိုပါသည်။
"This house is where I was born, where I grew up and played as a kid," the 26-year-old said. "All my memories of my mother and father were in that house."

လောလောလတ်လတ် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကြောင့် မြန်မာပြည်အား နေရာအနှံပြားမှ ချီးမွမ်းနေကြခြင်း နှင့် နိုင်ငံတကာ စီးပွါးရေးပိတ်ဆို့မှုများကိုလည်း ရုတ်သိမ်းဖယ်ရှားပေးခဲ့လေသည်။ သို့ရာတွင် လယ်သမားများဆိုသောသူများအတွက်ကား ၂၀၁၁ ခုနှစ်တွင် ရာစုတ၀က်မျှရှိသော စစ်အုပ်ချုပ်ရေးမှာ အဆုံးသတ်ခါစလေးတွင်ပင် အနည်းငယ်တိုးတက်လာသည်ဟု မဆိုနိုင်စလောက်အခြေနေလေးဟု ဆိုသော မြေယာပိုင်ဆိုင်ခွင့်နှင့် စီးပွါးရေး စီမံကိန်းများနှင့် စစ်ဘက်ဆိုင်ရာဌာနမှ ပြုမူနေကျ ပုံစံအတိုင်း ဘေးဒုက္ခအား ကြုံကြရလေသည်။ မြေယာပိုင်ဆိုင်မှုအခွင့်ရေးကတော့ ၂၀၁၁ ခုနှသ်တွင် အဆုံးသတ်သွားသည်ဟု ဆိုနိုင်သော စစ်အုပ်ချုပ်မှု၏ ရာစုတ၀က်မျှရှိသော ကာလတွင် မဆိုသာသလောက်ကလေး ရှေးတက်လာသည်ဟု ဆိုပါသည်။
Recent political reforms have won Myanmar widespread praise and the lifting of international sanctions, but for farmers who happen to be in the way of military or business plans, land rights have improved little since a half-century era of military rule ended in 2011.
လက်ရှိအစိုးရက လယ်သမားများထံမှ သိမ်းယူထားခဲ့ပြီးသော လယ်မြေအတွက် ဖြေရှင်းမရအောင် တင်းကြပ်တုပ်ခိုင်သော ပြသနာများအား ဖန်တီးဆောင်ရွက်ထားခဲ့ပြီး အဆိုပါသိမ်းယူထားသော ပြသနာများအတွက် ကိုင်တွယ်ဆောင်ရွက်ရန် ကောမရှင်တရပ်ဖွဲ့စည်းခဲ့လေ၏။ သို့သော် အဆိုပါ ကော်မရှင်မှ နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သော စစ်အုပ်စု၏အောက်ဝယ် ရိုးရိုးရှင်းရှင်းကလေးပင်သိမ်းယူထားခဲ့ကြလေသောလယ်ယာမြေများအာား ယခုကြုံတွေ့နေကြသည့် ဒလမှ လယ်သမားများကဲ့သို့ပင် အကူညီအမှန်တရားတစုံတခုမှ မရရှိခဲ့ပါ။ အကြောင်းမှာ မြင့်မားလာသော ရှေ့အနာဂတ်အကျိုးမြတ်ပုံစံက နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ၀င်ရောက်လာသော မက်လုံးအလားအလာများက မူရင်းပိုင်ရှင် လယ်သမားများကို နှင်ထုတ်ကာ အပြီးပိုင်သိမ်းယူသော စနစ်က ဗိုလ်ကျစိုးမိုးလာလေသည်။


The government has made it tougher in some cases for land to be seized from farmers, and has formed a commission to handle land confiscation issues. But that has not helped many farmers, like those in Dala, who have been working land that was formally taken from them years ago under the old junta. Rising prospects for foreign investment are inspiring many owners to take possession and evict the မ
မြန်မာပြည်တွင် ကျွမ်းကျင်သော ဥပေဒ ပညာရှင်များက “ဆင်းရဲချမ်းသာ မည်သို့သောလူတန်းစာကမဆို ငြိမ်းချမ်းစွာ စုဝေးခြင်းအတွက် အသစ်ရေးဆွဲအတည်ပြုထားသော ဥပဒေသည် အဆိုပါ ပုဂ္ဂိုလ်များက မြေယာသိမ်းယူမှုများအတွက် တစုံတရာ ဆန့်ကျင် ကန့်ကွက် ရပ်တည်လာကြပါက ဖမ်းဆီးခြင်း အရေးယူနိုင်အောင်ဆောင်ရွက်ခြင်းနှင့် ပစ်ဒဏ်ပေးထောင်ချရန်ပြုလုပ်ထားခြင်းသာဖြစ်တယ်” ဟု ပြောဆိုထားခဲ့ပါသည်။ ထိုတင်မကပဲ လက်ရှိ အစိုးရမှ အဆောတလျင် တက်သုတ်ရိုက် အတည်ပြုပြဌာန်းထားသော ဥပဒေသည် “နိုင်ငံတော် အကျိုးစီးပွား” ဆိုသည့် နာမည်အတွင်းက အာဏာပိုင်ဌာန၏ မြေယာအပိုင်သိမ်းပိုက်မှုဟုပင် ကောက်ချက်ချထားပါသည်။
Legal experts in Myanmar said a new law on peaceful assemblies is being used regularly to arrest, try and imprison people who stand up against land grabs by the rich and powerful. In addition, recent legislation has given the government the authority to seize land in the name of "national interest."
“ပြသနာသည် အစိုးရမှ အခြေခံအကျဆုံး ပူလောင်ပြင်းပြနေသော ကိစ္စဖြစ်သည့်အရာများကို ပြဌာန်းရန်ကြိုးစားအားထုတ်မှုပြုလုပ်လာချိန်ဝယ်…အစိုးရက ယခင် စနစ်ဟောင်းအဆွေးမြေ့၏ ခေတ်အိုခေတ်ဟောင်းများမှ အမူအကျင့်အား ပုံဖေါ်လာသကဲ့သို့ ပြုမူနေသည့်အရာသည်ကား ယနေ့ ပြုပြင်ပြောင်းလဲမှု မူဝါဒများအတွင်းသို့ ထိုသိပ်သွတ်သွင်းနေသည်နှင့် တပြိုင်တည်းဖြစ်နေပါတယ်” ဟု နိုင်ငံတကာ မဟာဗျူဟာလေ့လာရေးနှင့် သုတေသနဌာန၏ မူရေ ဟိုင်းဘတ် မှ ပြောဆိုပါသည်။
"The problem is, when the government tries to address a hot-button issue," said Murray Hiebert , the Center for Strategic and International Studies, "officials simultaneously introduce reformist policies as well as ways to retreat to the behaviour of the old days."
အခြားသော ကျွမ်းကျင်သူများက ပြောဆိုသည်မှာ.. နှစ်ပေါင်း ၅၀ကြာမျှ အုပ်စိုးခဲ့သော စစ်ဘက်ဆိုင်ရာ အုပ်ချုပ်မှုသည လက်ရှိ အခြေခံဥပဒေအား လုံခြုံရေးဆိုင်ရာရှု့ထောက်ကိုသာလျင် ဦးစားပေးရေးဆွဲပြဌာန်းထားကြောင်းဖြစ်နေပါသည်။
Other experts say that after 50 years of military administration, those drafting the laws continue to be driven by security concerns.
လက်ရှိထင်ရှားဆုံးသော သာဓက ပြသနာသည် မြန်မာ ဦးပိုင်မှ အကျိုးတူ ဆောင်ရွက်တွဲဖက်ထားသော တရုတ်ပိုင်ကြေးနီမိုင်းတွင်းတူးဖေါ်ရေးကုပ္မဏီ၏ လယ်မြေဧကပေါင်း ရှစ်ထောင်အား ပေးလိုက်ရသော စမံကိန်းနေရာတွင် ထောင်ပေါင်းများစွာသော လယ်သမားတောင်သူများက လက်တွဲလျက် ဆန့်ကျင်နေ့သည့် စစ်ကိုင်းတိုင်းမြောက်ဘက်အတွင်းမှ နေရာ ဖြစ်လာလေသည်။
The most high-profile case has been in the northwest's Sagaing region, where thousands have joined protests over plans to give 8,000 acres of farmland to an expanding Chinese-run copper mine, a joint venture with a Myanmar military-run conglomerate.
အာဏာရှင်တို့ အုပ်ချုပ်သော ကာလ၀ယ် တရားမမျှတမှုအားဆက်တိုက် တွန်းလှန် တိုက်ခိုက်ခဲ့သော နော်အုံးလှနှင့် အခြားသော ဆန့်ကျင်သူများအားဖမ်းဆီးနေခဲ့ပုံတို့မှာ နေရာအများပြားတွင် ဖြစ်ပေါ်နေခဲ့လေသည်။ သူမအဖို့ ၁၀ ကြိမ်မက တရားဝင်ကန့်ကွက်ရန် သြဂုတ်လတွင် တင်ပြလျောက်ထားသော်လည်း အချီးနှီးဖြစ်ခဲ့ရသည်။
Arrests have been common. Naw Ohn Hla, who started fighting injustice during the days of dictatorship, was hauled away for the 10th time in as many years in August while seeking permission to protest the mine.
ထိုနောက် သူမ၏ရှေ့နေ ဦးရောဘတ်စန်းအောင်မှ လွန်ခဲ့သောနှစ်တွင်ပြဌာန်းခဲ့သည် လူအများ ငြိမ်းချမ်းစွာ လူအများ စုဝေးသည့်ဥပဒေအရ လုပ်ကိုင်ရန် စောင့်ဆိုင်း ဆောက်ရွက်ခဲ့သော်လည်း နောက်ဆုံးတွင် လူထုမငြိမ်သက်အောင် ပြုလုပ်နှောက်ယှက်သော စွဲဆိုချက်အရ ထောင်ဒဏ် ၂ နှစ် ချမှတ်ကာ အကျဉ်းချခဲ့လေသည်။
She was sentenced to two years in prison for disrupting public tranquility, said her lawyer, Robert San Aung. That is an old law, but she's also awaiting charges under the peaceful assembly law that was adopted last year.
ထိုနောက် မြန်မာ သမ္မတမှ မ္မေတာတော်ဖြင့် ဒေါ်နော်အုံးလှနှင့် လက်ပံတောင်းဒေသ လူထုစုဝေးမှုအား အကူညီပေးသူ တို့အား အီးယူမှ နိုင်ငံရေးအကျဉ်းသားများလွတ်ပေးပါက ၄င်းတို့ ထောက်ပံပေးမည့် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၂၀ အား နှစ်စဉ်ပေးပြီး ၂၀၂၁ ခုနှစ်တိုင်သို့ ထောက်ပံ့မည်ဟု အတိလင်း ကမ်းလှမ်းလာသောကြောင့် လွန်ခဲ့သော ရသတ္တပတ်တွင်းကပင် ပြန်လည်လွတ်ပေးပြီး၊ အကျဉ်းထောင်ထဲတွင် ဆက်လက်ကျန်ရှိနေသော ဒီမိုကရေစီအသွင်ကူးပြောင်းရေးအင်အားစုမှ ခေါင်းဆောင် ကိုထင်ကျော်၊ လယ်သမားများအတွက် တရားမမျှတသော ဥပဒေစီရင်မှုတို့အား ဆန့်ကျင်ရပ်တည်ခဲ့ကြသော ဒေါ်မြင့်မြင့်အေး၊ မမိမိလွင် ၊ ဒေါ်ဘောက်ဂျာ ကချင် အမျိုးသမီးနှင့် ဦးဝင်းချိုတို့အား နောက်တကြိမ် လာရောက်ကမ်းလှမ်းမှုများရှိနိုင်သေးသည့် ဂျပန်နှင့် အမေရိကန် မဟာမိတ်များအဖွဲ့အား ချပေးထားသော ငါးမျှားချိပ် အဖြစ် ဆက်လက် ရှိနေရပြီး လွှတ်ပေးရန် ကျန်၇ှိနေပါသေးသည်။ သို့သော် ယနေ့ ပေးဆပ်နေကြသော ဆရာစံသားသမီးများဖြစ်သည့် တောင်သူလယ်သမားများနှင့် ၄င်းတို့အတွက် တိုက်ပွဲဝင်ပူးပေါင်ဆောင်ရွက်နေသူများ၏ စွမ်းပကားကြောင့် စစ်မှန်သော ဒီမိုကရေစီစနစ်တခု အမှန်ပင် ရလာနိုင်ကောင်းပါ၏ လို့ ယူဆပါကြောင်း…

Then Myanmar President, Thein Sein kindly freed Naw Ohn Hla and Aung Soe who were helping farmers to assembly and to protest in Lapataung region in accordance with EU Task Force request to free political prisoners so that it will help US $ 120 million each year till to 2021. Yet it is still waiting Japan and American’s Friendship Group as fish –hood for a leader, Htin Kyaw of the Movement for Democracy Current Force (MDCF), Daw Myint Myint , Mi Mi Khaing, Daw Bauk Jar (Kachin woman) and U Win Cho, others activists who fought for farmers and injustice to be freed. Ironically, the farmers and the activists who are scarifying and endeavoring in unity for genuine democracy, which will arrive to our own people soon.

ကျေးဇူးတင်ပါသည်
သတင်းအချက်လက်မှန်များဖြစ်ပါသည်
ကြိုက်သလောက် ရှယ်သွားနိုင်ပါသည်

ဂိုလ်ရှယ်လေး