၂ဝ၁၄ ဒုတိယလေးလပတ်တွင် မိုဘိုင်းဖုန်းများ Telenor စတင်ရောင်းချမည်


Popular Myanmar News Journal
မြန်မာနိုင်ငံ၌ မိုဘိုင်းဖုန်းများ စတင်ရောင်းချခြင်းကို ၂ဝ၁၄ ဒုတိယလေးလပတ်တွင် ဆောင်ရွက်သွားမည်ဟု Telenor Group မှ သိရသည်။

မိုဘိုင်းဝန်ဆောင်မှုပေးရာတွင် Voice နှင့် Data နှစ်ခုစလုံးကို ပေးမည်ဖြစ်ပြီး မိုဘိုင်းဖုန်းနှင့်ဆက်စပ် ဝန်ဆောင်မှုများအပြင် အပို ဝန်ဆောင်မှုများကိုလည်း
အမြန်ဆုံးဆောင်ရွက်သွားမည်ဟု ယင်း ကုမ္ပဏီမှ ထုတ်ပြန်ချက်အရ သိရသည်။မိုဘိုင်းစနစ်ကို အဆင့်မြင့်နည်းပညာဖြစ်သည့် HSPA နှင့် LTE-ready နည်းပညာများကို အသုံးပြုသွားမည်ဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံး မိုဘိုင်းကွန်ရက်ဖြန့်ကြက်ခြင်းကို ငါးနှစ်အတွင်းဆောင်ရွက် ပေးမည်ဟု သိရသည်။

မြန်ဆန်သော ကွန်ရက်ဖြန့်ကြက်မှု၊ ဈေးနှုန်းသင့်တင့်သည့် ဝန်ဆောင်မှုများကို ဆက်သွယ်ရေးဆိုင်ရာမဟာဗျူဟာလေးရပ်မှ တစ် ရပ်ဖြစ်သည့် ဖြန့်ချိရေးကွန်ရက်မှ ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း၊ ဖုန်းဈေးနှုန်းနှင့်ခေါ်ဆိုခများကိုလက်ရှိဈေးကွက်အတွင်းမှ နှုန်းထားများထက် လျှော့ချသွားမည်ဖြစ်ကြောင်း သိရသည်။

လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း လုပ်သားအင်အားလိုအပ် ချက်များကို မြန်မာနိုင်ငံမှ ဒေသခံများဖြင့်သာ ခန့်အပ်ဖြည့်တင်းသွား မည်ဖြစ်ကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း Telenor နှင့် လုပ်ငန်းဆက်စပ်သည့် တစ်ဆင့်ရောင်းချပေးသူ၊ ပစ္စည်းတင်သွင်းသူ၊ ဖြန့်ချိသူတို့အပေါ် မူတည်၍လုပ်ငန်းများ
ထပ်ဆင့်ပေါ်ထွက်လာ မည်ဖြစ်ကြောင်း၊ လောလောဆယ်တွင်လည်း အလုပ်အကိုင်များ ခေါ်ယူရန် စီစဉ်လျက်ရှိပြီး မကြာမီအချိန်အတွင်း ထုတ်ပြန်ကြေညာမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် Telenor သည် မိုဘိုင်းဖုန်းဝန်ဆောင်မှုများပေးရန် အတွက် ဆက်သွယ်ရေးတင်ဒါ၏ နောက်ဆုံးအဆင့် ညှိနှိုင်းမှုများ ကို မြန်မာအစိုးရတာဝန်ရှိသူများနှင့် ဆွေးနွေးမှုများ
ပြုလုပ်လျက်ရှိ ကြောင်း၊ ယင်းအပြင်ရန်ကုန်အခြေစိုက်ရုံးနှင့် ဖွင့်လှစ်ရန် ဆောင်ရွက် မှုများ ပြုလုပ်လျက်ရှိကြောင်း၊ ယင်းကိစ္စများပြီးမြောက်ပါက မိုဘိုင်း ဝန်ဆောင်မှုကို
စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇော်

အီဂျစ် ကြားဖြတ်အစိုးရကို ဆော်ဒီက ဒေါ်လာ ၅ ဘီလျံ ကူညီထောက်ပံ့မည်


Planet Myanmar Network
ဆော်ဒီအာရေဗျ အစိုးရက အီဂျစ်နိုင်ငံတွင် အသစ်ဖွဲ့စည်းထားသော ကြားဖြတ်အစိုးရကို ဒေါ်လာ (၅)ဘီလျံ ကူညီ ထောက်ပံ့သွားမည်ဟု ကြေညာခဲ့သည်။ စစ်တပ်က သမ္မတ မိုဟာမက် မော်စီထံမှ အာဏာသိမ်းခဲ့ပြီးနောက် အင်္ဂါနေ့က ကြားဖြတ်အစိုးရ တစ်ရပ်ကို ဖွဲ့စည်းလိုက်ပြီး ယင်းအတွက် ချေးငွေနှင့် ထောက်ပံ့ငွေ စုစုပေါင်း ဒေါ်လာ (၅)ဘီလျံ ကူညီသွားမည်ဟု ဆော်ဒီက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အစောပိုင်းက UAEနိုင်ငံကလည်း ဘဏ္ဍာရေး အကျပ်အတည်းများ ကြုံနေရသည့် အီဂျစ်ကို ဒေါ်လာ (၃)ဘီလျံ အကူအညီပေးမည်ဟု ပြောကြားခဲ့သေးသည်။ အဆိုပါ နှစ်နိုင်ငံသည် အစောပိုင်းက မော်စီထံမှ စစ်တပ်က အာဏာလွှဲပြောင်း သိမ်းယူမှုကို ဝေဖန်မှုများ ပြုလုပ်ခဲ့ကြသည်။

ချမ်းသာကြွယ်ဝသည့် ပင်လယ်ကွေ့ နိုင်ငံနှစ်ခု၏ ယခုအကူအညီသည် အီဂျစ် အစိုးရသစ်အပေါ် ၎င်းတို့ သတ်မှတ်သည့် မူဝါဒပိုင်း ပြောင်းလဲလာသည်ကို ထင်ထင်ရှားရှား တွေ့မြင်စေခြင်းလည်း ဖြစ်သည်။

အခြား ပင်လယ်ကွေ့ နိုင်ငံ တစ်ခုဖြစ်သော ကာတာသည် မော်စီနှင့် မွတ်ဆလင်မ် ညီအစ်ကိုတော်များ အဖွဲ့ကို အထူးထောက်ခံခဲ့ပြီး ယင်းတို့ခေတ်တွင် ဒေါ်လာ ဘီလျံအတော်များများ ကူညီခဲ့ဖူးသည်။ လက်ရှိ အချိန်တွင်မူ ကာတာသည် အီဂျစ်အစိုးရ အပြောင်းအလဲနှင့် ပတ်သက်ပြီး နှုတ်ဆိတ်နေဆဲ ဖြစ်သည်။

အီဂျစ်တွင် မော်စီအစိုးရနှင့် မွတ်ဆလင် ညီအစ်ကိုတော်များ အဖွဲ့ကို ပြည်သူ သန်း ၂၀ ကျော် ဆန္ဒပြခဲ့သည့်နောက် စစ်တပ်က ကြားဝင် အာဏာသိမ်းခဲ့ခြင်း ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုကမူ မိမိတို့သည် ယခုဖြစ်စဉ်ကို အာဏာသိမ်းမှုဆိုသော ဝေါဟာရမျိုး အသုံးပြုသင့် မပြုသင့် စဉ်းစားနေဆဲဟု ကြေညာထားပြီး အပြောင်းအလဲကို လက်ခံသည့် အရိပ်အမြွက် သဘောမျိုး ပြသထားသည်။

စစ်က မော်စီအား ဖယ်ရှားပြီးနောက် မော်စီထောက်ခံသူများနှင့် စစ်တပ်ကြား ထိပ်တိုက်တွေ့မှု၊ မော်စီ ထောက်ခံသူနှင့် ဆန့်ကျင်သူများကြား အပြန်အလှန် တိုက်ခိုက်မှုများ ပေါ်ပေါက်ခဲ့ရာ လူ ၇၅ ဦးဝန်းကျင် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။

ရန်ကုန်မှာ BRT အဆင့်မြင့် ဘတ်စ်ကား ပြေးဆွဲမည်


ကိုလံဘီယာတွင် အသုံးပြုနေသည့် BRT ယာဉ်ကြောမြင်ကွင်း

ယာဉ်ကြော ကျပ်တည်းလာပြီး ပြည်သူတွေ သွားလာရေး ခက်ခဲလာတဲ့ ရန်ကုန်မြို့တော် အတွက် BRT (Bus Rapid Transit) စနစ် စမ်းသပ်ပြေးဆွဲတော့မယ်လို့ ဇူလိုင် ၉ ရက်နေ့ ရန်ကုန်စည်ပင်ကော်မတီရုံးမှာ ကျင်းပတဲ့ ပို့ဆောင်ရေးဆိုင်ရာ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။

အစည်းအဝေးမှာ BRT စမ်းသပ်ပြေးဆွဲဖို့ ဂျပန် ဂျိုက်ကာအဖွဲ့က လေ့လာ ဆန်းစစ်ထားတဲ့ အချက်တွေတင်ပြခဲ့ပြီး ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး သူရ ဦးသောင်းလွင် အပါအ၀င် ရန်ကုန်စည်ပင်နဲ့ မထသ တာဝန်ရှိသူတွေက သဘောတူကြောင်း ဆုံးဖြတ်ခဲ့ကြပါတယ်။

BRT စနစ်ဆိုတာဟာ အဆင့်မြင့် ဘတ်စ်ကား ပြေးဆွဲဖို့ အခြားယာဉ်တွေ အသုံးပြုခွင့် ပေးမထားတဲ့ သီးသန့်ယာဉ်ကြော သတ်မှတ်ပေးထားပြီး ဘူတာရုံသဖွယ် သတ်မှတ်ပြီး ဘတ်စ်ကားဂိတ်တွေ ထားရှိ ပြေးဆွဲတဲ့စနစ် ဖြစ်ပါတယ်။

လက်ရှိ အင်ဒိုနီးရှားနိုင်ငံမှာ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ခဲ့တဲ့ ဘတ်စ်ကား ပြေးဆွဲမှုစနစ်လည်း ဖြစ်ပါတယ်။

 by ဒီဗွီဘီ

ရန်ကုန် အရိုး အထူးကုဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေတဲ့ လူရွှင်တော် အရိုင်း


DVB entertainment
ရန်ကုန် အရိုး အထူးကုဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေတဲ့ လူရွှင်တော် အရိုင်း ခေါ် ကိုအောင်သန်းဦး ကျမ္မာရေး အခြေအနေ တော်တော် သက်သာလာပါပြီ။ ဒီနေ့  ဇူလိုင် ၁၀ ရက် မနက်ပိုင်းက ဆေးရုံအုပ်ကြီး ၊သူနာပြုဆရာမများ လည်း လာရောက် ကြည့်ရှု အားပေးခဲ့ပြီး မကြာခင်မှာ ဆေးရုံက ဆင်းနိုင်တော့မယ်လို့  သိရပါတယ်။ ကိုယ်ခန္တာလှုပ်ရှားမှု လေ့ကျင့်ခန်းအတွက် ခြေထောက်ဆင်း - ခြေထောက်ကော့ - လက်မြှောက် - လမ်းလျောက် လုပ်နေပြီး လမ်းအများကြီး မလျောက်နိုင်သေးတာက လွဲလို့  ပြုံးပြုံးရွှင်ရွှင်နဲ့  တွေ့ ခဲ့ရပါတယ်။ ဆေးရုံက ဆင်းပြီးရင် အနုပညာလောက ကနေ ၂ လ လောက် အနားယူပြီး ကျမ္မာရေးအတွက် အချိန်ပေးပါလိမ့်မယ်။ သတင်းမေးဖေါ်ရတဲ့ မိတ်ဆွေတွေ အားလုံးကိုလဲ ကျေးဇူးတင်ပါကြောင်း စကားပါးလိုက်ပါတယ်။

အာဂျီနိုမိုတိုအတု ပပျောက်ပါက ရင်းနှီးမြှုပ်နှံမှု စတင်မည်ဟုဆို


The Voice Weekly
ရန်ကုန်၊ ဇူလိုင် ၉

မြန်မာနိုင်ငံတွင် အာဂျီနိုမိုတို ဟင်းချိုမှုန့် တံဆိပ်အတုများ ဝင်ရောက်မှု ပပျောက်မှသာ မြန်မာနိုင်ငံ တွင် စက်ရုံ ဆောက်လုပ်ရေး စတင်မည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ၏ ရှေ့နေ ဦးသန်းမောင်က The Voice သို့ ပြောကြားသည်။

တံဆိပ် အတုများကြောင့် ကုမ္ပဏီအတွက် ထိခိုက်မှုများ ရှိလာနိုင်သည့် အတွက် တရားဥပဒေအရ ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ဆာကူရာ တာဝါတွင် ရုံးခန်း ဖွင့်လှစ်ထားသော ဂျပန်နိုင်ငံ အခြေစိုက် အဆိုပါ ကုမ္ပဏီက ဇူလိုင်လ ၁ ရက်နေ့တွင် နိုင်ငံပိုင် သတင်းစာများမှ တစ်ဆင့် တရားဝင် ထုတ်ပြန်ထားသည်။

လက်ရှိ အာဂျီနိုမိုတို ဟင်းချိုမှုန့်များကို ထိုင်းနိုင်ငံမှ တစ်ဆင့် တင်သွင်း ထားသော်လည်း တရုတ် ပြည်သူ့သမ္မတနိုင်ငံအတွင်းမှ တံဆိပ် အတုအပ များ ရောနှော ဝင်ရောက်လျက်ရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြား သည်။

အာဂျီနိုမိုတို ဟင်းချိုမှုန့် တံဆိပ်အတုများသည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ၏ အိမ်တွင်းလုပ်ငန်းများမှ တစ်ဆင့် မြန်မာနိုင်ငံသို့ တရားမဝင် တင်သွင်းလျက်ရှိကြောင်း ဦးသန်းမောင်က The Voice သို့ ရှင်းလင်း ပြောကြားသည်။

ဂျပန်နိုင်ငံ အခြေစိုက် အာဂျီနိုမိုတို ကုမ္ပဏီသည် ၂၀၁၃ ခုနှစ် အစောပိုင်း ကတည်းက မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားသော် လည်း အကြောင်း အမျိုးမျိုးကြောင့် ရွှေ့ဆိုင်းခဲ့ရာ ယခုအကြိမ် တံဆိပ် အတုများ ပပျောက်ပါက ရင်းနှီးမြှုပ်နှံမှု ပြန်လည် စတင်သွားမည်ဟု ဆိုခြင်း ဖြစ်သည်။

ခင်ပွန်းဖြစ်သူကို အနုပညာ အလုပ်တွေ ပြန်လုပ် စေချင်တဲ့ မေသူ


သရုပ်ဆောင်လွင်မိုးနဲ့ ဇနီးဖြစ်သူ မေသူတို့က သာယာ ပျော်ရွှင်တဲ့ မိသားစု ဘဝလေးကို တည်ဆောက် ခဲ့တာ အခုဆိုရင် အိမ် ထောင်သက် ၁၆နှစ်ကျော် ခဲ့ပြီဖြစ်ပါတယ်။ အခုလို အောင်မြင်တဲ့ အိမ်ထောင် တစ်ခုရဲ့လျှို့ ဝှက်ချက်ကို မေးတော့ ” ကိုယ်ချင်းစာ တရားနဲ့ နားလည်မှုပါပဲ။ ကိုယ်ဆိုရင် ဒီလိုကိုယ့် ကိုဆက်ဆံတာ မကြိုက်ဘူး ဆိုရင် ကိုယ်လည်း သူ့ကို မဆက်ဆံ ဘူးပေါ့။ လူ့ ဘဝမှာ အခက်အခဲ ကတော့ အနည်းနဲ့ အများအသေးနဲ့ အကြီးပဲ ကွာပါတယ်။

အခက် အခဲကိုတော့ ကြုံရတာပေါ့။ အိမ်ထောင်တစ်ခုကအဖေ တစ်ဝက်၊အမေတစ်ဝက် လိုတာအကုန်လုံးကိုနှစ် ယောက်စလုံး တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်းနဲ့ နှစ်ယောက် စလုံးရဲ့အခက် အခဲ၊ နှစ်ယောက်စလုံး ဖြေရှင်းရမယ့် ကိစ္စ၊နှစ်ယောက် စလုံးလုပ် ရမယ့်အလုပ်လို့ သဘောထား ပြီးတော့ ဘာမဆို အတူလက် တွဲပြီးဖြေရှင်းဆောင် ရွက်ကြပါတယ်” လို့ ပြောပါတယ်။

သမီးတွေဖြစ်တဲ့ ယွန်းဝတီလွင်မိုးနဲ့ ယွန်းနဒီလွင်မိုးတို့ ကိုလည်းရင်အုပ်မကွာ အမြဲတမ်းစောင့်ရှောက်ကြည့်ရှုဖြစ်ကြောင်းကိုလည်း” မိန်းကလေးတွေဖြစ်တဲ့ အတွ က် ယောက်ျားလေးလောက် လွတ်လွတ်လပ်လပ်တော့ ထားလို့ မရဘူးပေါ့။ ကိုယ်ကရင်အုပ်မကွာသွားတာရော၊ လာတာရော၊နေတာ ထိုင်တာ၊ စားတာသောက်တာ ၊ပြောတာဆိုတာအကစ ငယ်လည်း ငယ်သေးတဲ့အရွယ်ဆိုတော့ အဖေတစ်လှည့်၊ အမေတစ်လှည့် မျက်ခြေမပြတ်ကို လိုက်လံထိန်းသိမ်းစောင့် ရှောက်ရပါတယ်” လို့ပြောပါတယ်။

ခင်ပွန်းဖြစ်သူက စီးပွားရေးဘက်ကိုပဲအချိန် ပြည့်ပေးထားတာဖြစ်ပြီး အချိန်ရရင်တော့ အနုပညာအလုပ်တွေ ကို ပြန်လုပ်စေချင်ကြောင်း ကို မေသူက ” သူရိုက် ဖို့စီစဉ် ထားတဲ့ဇာတ်ကား တွေရှိတယ်။ သူစိတ်ကူးယဉ်ပြီးဝယ်သိမ်းထားတဲ့ ဝတ္ထုတွေ ရှိတယ်။ အဲဒါတွေ
ကိုတော့ သူအချိန်ရရင်ပရိုဂျူဆာအနေနဲ့တော့ ထုတ်စေချင်တာပေါ့။

ဒါပေမဲ့သူက လုံးဝကို လှည့်မကြည့်နိုင်သေးဘူး ဖြစ်နေတယ်။ အရင်တုန်းက ဆင်ဆာတွေမရတာနဲ့ ဒီဇာတ်ကိုပြင်ရမှာနဲ့အကြောင်း အမျိုးမျိုးေ တွကြောင့် နှမြောလို့ သိမ်းထားတာတွေ ရှိပါတယ်” လို့ပြောပါတယ်။

သမီးဖြစ်သူတွေရဲ့အနာဂတ်ကိုမိဘတစ်ဦးအနေနဲ့ မျှော်မှန်းချက်ကတော့ ” အခုကတော့ ခေးခေးက အနု ပညာအလုပ်ဆိုရင် Photo မော်ဒယ် အနေနဲ့ပဲ လုပ်မယ်။ တီဗီကြော်ငြာ တွေရိုက်မယ်။ ဒါပဲ။ သူရိုက်ချင်တဲ့ မဂ္ဂဇင်း ဓာတ်ပုံတွေ ရိုက်မယ်။ အဲဒီလောက်ပဲ။

ကျောင်းလည်း ရှိတယ်ဆိုတော့စနေ၊ တနင်္ဂနွေကိုတောင် ဖြစ်နိုင် ရင် စနေတစ်ရက်ရိုက်၊ တနင်္ဂနွေနားပြီးရင် ကျောင်း ပြန်တက်၊ အဲဒီလိုလုပ်နေရ တယ်။ဇာတ်ကားတွေ၊ ဗီဒီ ယိုတွေရိုက်ဖို့ဆိုတာတော့ ကလေးကတအား ငယ်သေး တော့ပညာရေးဘက်ကို လစ်ဟင်းသွားမှာစိုးလို့ လက်မခံသေး ဘူး။ ကျောင်းတော့ ပြီးအောင်တက်ရမယ်လို့ ကျွန်မရော၊ကိုလွင်မိုးရော သူ့ကိုပြောထားတယ်။ ကျောင်းပြီးမှ၊ ဘွဲ့ရမှ သူဝါသနာပါရင် သူဆက် လုပ်ချင် တယ်ဆို ရင်တော့ပံ့ပိုးပေးရမှာပေါ့။ သူက အောက်တိုဘာလဆိုရင် ၁၅ နှစ်ပြည့်တော့မယ်။

အငယ်လေးကတော့ အခု ၁၁ နှစ်ပြည့်မှာဆိုတော့ အိမ် မှာဆော့တုန်း၊ ကစားတုန်းပဲ။ သူ့အစ်မဓာတ်ပုံရိုက်တာ မြင်ရင်တော့သူရိုက်ချင်တယ်။ ဒါပေမဲ့ သူနားမလည်သေးပါဘူး။ ကလေးဆိုတော့ သူဘာဖြစ်ချင်မှန်း မသိသေးပါဘူး။ မိခင်တစ်ယောက် အနေနဲ့တော့ အကောင်းချည်း ပဲမျှော်မှန်းထားတာပေါ့။ ဘက်စုံပညာထူးချွန်ပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ် နိုင်တဲ့လူ၊လိမ္မာယဉ်ကျေးတဲ့ လူ၊ ထူးချွန်ထက်မြက်တဲ့လူ၊ မိဘတွေကတော့ အကောင်းချည်းပဲဖြစ်စေချင်ပါတယ်” လို့ ပြောပါတယ်။

ခိုင်ဝေလွင်
Popular Journal

အုပ်စုလိုက် အဓမ္မကျင့်မှုဖြစ်ပွား


Mizzima - News in Burmese
ဇော်ဇော်ထွေး | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၁၀ ရက် ၂၀၁၃ ခုနှစ် ၁၅ နာရီ ၂၄ မိနစ်

လူသုံးဦးက ၀ိုင်းဝန်းအဓမ္မပြုကျင့်မှုတစ်ခု သမိုင်းဘူတာရုံလမ်းရှိ တည်းခိုခန်းတစ်ခုတွင် ဇူလိုင် ၉ ရက် ည ၇ နာရီခန့်က ဖြစ်ပွားခဲ့သဖြင့် ဘုရင့်နောင်ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်သည်။

ပြုကျင့်ခံရသည့်အမျိုးသမီးသည်အသက် ၃၃ နှစ်အရွယ်ရှိပြီး မရမ်းကုန်းမြို့နယ်တွင်နေထိုင်သူဖြစ်ကြောင်း ရဲဌာနက အတည်ပြုထားပြီး သူမသည်အလှူတစ်ခုတွင် သွားရောက်ကူညီလုပ်ကိုင်ပြီး အပြန်လမ်းတွင် ယခုလိုအဓမ္မကျင့်ခံရခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်သည်။

ထိုသို့ပြန်လာချိန်တွင် အတူပြန်လာသည့် အမျိုးသားကသမိုင်းဘူတာရုံလမ်းရှိ တည်းခိုခန်းသို့ခေါ်ဆောင်ရာ သူမက လိုက်သွားခဲ့ကြောင်း၊ ထို့နောက်သူမကို ခေါ်ဆောင်လာသော အမျိုးသားကတစ်ဦးတည် အပြင်သို့ ပြန်ထွက်သွားခဲ့
ကြောင်း ကာယကံရှင်ကရဲကို ထွက်ဆိုထားသည်။

အဆိုပါအမျိုးသားက ပြန်လာသောအခါ အရက်များသောက်စားလာသည့်အပြင် သူနှင့်အတူ အခြား အမျိုးသားနှစ်ဦး
ကိုပါ ခေါ်ဆောင်လာခဲ့ပြီးအမျိုးသမီးကို အဓမ္မကျင့်ခဲ့သည်ဟု ကာယကံရှင်၏ ထွက်ဆိုချက်ကို ရဲမှတ်တမ်းတွင် တွေ့ရသည်။

ယခုကိစ္စနှင့် ပတ်သက်၍ အဓမ္မပြုကျင့်သူများအဖြစ် စွပ်စွဲခံရသူများမှာ ကိုနေလင်းအောင်၊ ကိုကျော်နိုင် နှင့် ကိုအောင်အောင် တို့ဖြစ်ကြသည်။

"ဂိုးသမား မာ့ခ်ရှဝါဇာကို ချယ်လ်ဆီးက မမျှော်လင့်ဘဲ စာချုပ်ခေါ်ယူ"


Planet Myanmar Network
ချယ်လ်ဆီးအသင်းသည် မမျှော်လင့်ဘဲ ဩစတြေးလျ ဂိုးသမားကြီး မာ့ခ်ရှဝါဇာကို ရုတ်တရက် ခေါ်ယူ စာချုပ်လိုက်ကြောင်း သိရသည်။ ဟင်းနရစ်ခ် ဟီလာရီယိုနှင့် ရော့စ်တန်ဘူးလ်တို့ ထွက်ခွာသွားသည့်နောက် ချယ်လ်ဆီးတွင် ပီတာဆက်ခ်ျကို အားဖြည့်ပေးမည့် အရန်ဂိုးသမား မရှိဘဲ ဖြစ်နေရာ အသင်းမန်နေဂျာ ဟိုဆေး မော်ရင်ဟိုသည် နောဝှစ်ခ်ျစီးတီးမှ ဂျွန်ရူဒီကို ချိတ်ဆက်နေခဲ့သည်။

သို့သော်လည်း နောက်ပိုင်းတွင် လုံးဝ သတင်းမထွက်သည့် ဩစတြေးလျ ဝါရင့် ဂိုးသမားကြီး ရှဝါဇာကို (၁)နှစ် စာချုပ်ဖြင့် ခေါ်ယူလိုက်ခြင်း ဖြစ်သည်။ အသက်(၄၀)အရွယ်ရှိ ရှဝါဇာသည် ဖူလ်ဟမ် အသင်းမှ စာချုပ်သက်တမ်းစေ့ပြီး ကလပ်လက်မဲ့ ဖြစ်နေရာမှ ချယ်လ်ဆီးသို့ ရောက်ရှိလာသည်။

ချယ်လ်ဆီးသည် ဘယ်လ်ဂျီယံ လူငယ်လက်တက် ဂိုးသမားလေး သီဘောက် ကော့ထရစ်ကို စပိန်ကလပ် အက်သလက်တီကို မက်ဒရစ်တွင် (၃)ရာသီမြောက် အငှားချရန် ဆုံးဖြတ်ခဲ့သည့်နောက် အရန်ဂိုးသမား တစ်ဦးကို ရှာဖွေခဲ့ရခြင်း ဖြစ်သည်။ ဖူလ်ဟမ်သည် ရိုးမားအသင်းမှ မာတင် စတီကလန်ဘာ့ဂ်ကို ဝယ်ယူပြီးသည့်နောက် ရှဝါဇာကို လက်လွှတ်ခံခဲ့သည်။

ချယ်လ်ဆီးပိုင် ဝက်ဘ်ဆိုက်နှင့် အင်တာဗျူးတွင် ရှဝါဇာက "ဒီအသင်းဟာ ပြီးပြည့်စုံလွန်းပါတယ်။ ပြီးတော့ ကမ္ဘာပေါ်မှာ အကောင်းဆုံး၊ အကြီးမားဆုံး အသင်းတွေထဲက တစ်ခုပါ။ ချယ်လ်ဆီးနဲ့ လက်တွဲခွင့်ရတာ ဂုဏ်ယူပါတယ်"ဟု ပြောကြားသွားသည်။

မြန်မာနိုင်ငံမှာ (၆)ယောက်မြောက်လို့ သတ်မှတ်ရမယ့် ရင်ချင်းဆက် အမွှာ ညီအစ်မ


DVB TV News
မြန်မာနိုင်ငံမှာ (၆)ယောက်မြောက်လို့ သတ်မှတ်ရမယ့် ရင်ချင်းဆက် အမွှာ ညီအစ်မကို ဇူလိုင် (၉ )ရက်နေ့က ရန်ကုန်မြို့ မြောက်ဥက္ကလာပဆေးရုံမှာ အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ကြောင်း သတင်းရရှိပါတယ်။ အခုချိန်မှာ အမွှာ မိန်းကလေးတွေကို ရန်ကင်း ကလေးဆေးရုံကြီး ပြောင်းရွှေ့ထားပြီး ခွဲစိတ်မှု အစီအစဉ်တွေကိုတော့ မသိရသေးပါဘူး။

မြန်မာနိုင်ငံ Conjoined Twins ခွဲစိတ်မှုသမိုင်း -
၁ . ၁၉၇၁ ခုနှစ် ရင်ချင်းဆက် မနန်းစိုး ၊ မနန်းစံ ရန်ကုန်မြို့
၂ . ၁၉၉၃ ခုနှစ် ရင်ချင်းဆက် အေးအေးငြိမ်း ၊ အိအိငြိမ်း ရန်ကုန်မြို့
၃ . ၂၀၀၂ ခုနှစ် တင်ပဆုံအရိုးကွင်းဆက် မိုးမမအောင် ၊ မိုးပပအောင် မန္တလေးမြို့
၎ . ၂၀၀၉ ခုနှစ် ရင်ချင်းဆက် စိုပြေလင်း ၊ စိုးပြေဝင်း ရန်ကုန်မြို့
၅ . ၂၀၁၁ ရင်ချင်းဆက် အင်ကြင်းခိုင် ၊ အင်ကြင်းလှိုင် ရန်ကုန်မြို့
၆. ၂၀၁၁ ရင်ချင်းဆက် ရန်ကင်း ၊ ရန်ရှင်း ရန်ကုန်မြို့
၇ . ၂၀၁၂ တင်ချင်းဆက် အောင်ခန့်ကျော် ၊ အောင်မြတ်ကျော် မန္တလေးမြို့

Photo: Soe Thu Aung

သမ္မတ ဦးသိန်းစိန် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများသို့ လေးရက်ကြာ သွားရောက်မည်၊ ဇူလိုင် ၁၄ ရက်မှ ၁၈ ရက်ထိ သွားရောက်မည်ဟုဆို


သမ္မတ ဦးသိန်းစိန် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများသို့ လေးရက်ကြာ သွားရောက်မည်၊ ဇူလိုင် ၁၄ ရက်မှ ၁၈ ရက်ထိ သွားရောက်မည်ဟုဆို
 Eleven Media Group


လင်းလင်း၏ သံမဏိလိပ်ပြာ တေးစီးရီး အာဇာနည်နေ့တွင် ထွက်ရှိမည် (album တစ်ခုလုံး download လုပ်နိုင်ပါသည်)


The Voice Weekly
ရန်ကုန်၊ ဇူလိုင် ၉

အဓိပ္ပာယ်ပြည့်ဝပြီး လေးနက်တဲ့ ကိုယ်ပိုင်သံစဉ် သီချင်းများကို ကိုယ်တိုင် ရေးသား သီဆိုလေ့ရှိတဲ့ တေးသံရှင် လင်းလင်းက သူ့ရဲ့ တတိယမြောက် တစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ သံမဏိ လိပ်ပြာကို အာဇာနည်နေ့ဖြစ်တဲ့ ဇူလိုင်လ ၁၉ ရက်နေ့က စတင်ပြီး Bo Bo Entertainment ကနေ ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။

“ဒီခွေမှာက သီချင်း ၁၀ ပုဒ် ပါမယ်။ နောက် Bonus Track အနေနဲ့က တစ်ပုဒ်၊ စန္ဒရားနဲ့ချည်းပဲ တီးထားတာ တစ်ပုဒ် ပါမယ်။ သီချင်း အများစု ကိုတော့ ကျွန်တော် ရေးတယ်။ ကိုဇဝါနဲ့ တွဲပြီး ရေးထားတာက ရောင်နီ ဆိုတဲ့ သီချင်း တစ်ပုဒ်ပါတယ်။ သီချင်း အကြောင်းအရာတွေကတော့ ဘာသာရေး စစ်ပွဲ ပဲဖြစ်ဖြစ်၊ နိုင်ငံရေး စစ်ပွဲပဲဖြစ်ဖြစ်၊ စစ်ပွဲ မှန်သမျှ ဆန့်ကျင်တယ်ဆိုတဲ့ သဘောမျိုးနဲ့ ရေးထားတာ ပါတယ်။ နောက်တစ်ခုက ဘာသာရေးနဲ့ ပတ်သက်ပြီး အခုဖြစ်နေတဲ့ ကိစ္စတွေပေါ်မှာ ကျွန်တော် မြင်တဲ့ အမြင်နဲ့ ရေးထားတာပါတယ်။ အချစ် သီချင်းကတော့ နှစ်ပုဒ်လောက်ပဲ ပါမယ်။ ဒီခွေမှာက ကျွန်တော်ပြောချင်တဲ့ အကြောင်းအရာ အကုန်လုံးကို ပြောပြီး Music ကို ဖန်တီးထားတာပေါ့” ဟု သံမဏိလိပ်ပြာ တေးစီးရီးနဲ့ ပတ်သက်လို့ လင်းလင်းက ပြောပါတယ်။

သံမဏိလိပ်ပြာ တေးစီးရီးကို ဇူလိုင် ၁၉ ရက်တွင် ဖြန့်ချိရခြင်းမှာ တေးစီးရီး ကို စတင် စီစဉ်ကတည်းက အဲဒီနေ့မှာ အခုလို ခေါင်းစဉ်မျိုးနဲ့ ထွက်ရှိဖို့ ရည်ရွယ်ထားခဲ့တာဖြစ်ပြီး ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ချစ်သုဝေနဲ့ စုံတွဲ သီဆိုခဲ့တဲ့ မီးအိမ်ကဗျာ ဗီစီဒီကတော့ ၅၀ ရာခိုင်နှုန်းလောက် ပြီးနေပါပြီလို့ လင်းလင်းက ဆိုပါတယ်။

Download လုပ်ရန် ဒီကို နှိပ်ပါ။

ဘုရင့်နောင် ခုံးကျော်တံတားကို လာမည့်နှစ်ဆန်းပိုင်းမှသာ အသုံးပြုနိုင်မည်

Eleven Media Group
ဘုရင့်နောင် ခုံးကျော်တံတားကို လာမည့်နှစ်ဆန်းပိုင်းမှသာ အသုံးပြုနိုင်မည်၊
စီမံကိန်း ကာလအတွင်း ယာဉ်ကြောပိတ်ဆို့မှုများ ယခင်ကထက် ပိုမိုဖြစ်ပွားလျက်ရှိ




"အနုပညာရှင်ဖြစ်ရန် မိခင်နှင့်ဆန့်ကျင်ကာ အိမ်ပေါ်မှဆင်းခဲ့ဖူးကြောင်း ဂျေလို ပြောကြား"


Planet Myanmar Network
ဂျနီဖာ လိုပက်ဇ်က မိမိသည် အနုပညာသည် ဘဝကို ခံယူခွင့်ရရေးအတွက် အိမ်ခြေရာမဲ့ ဘဝကို ခေတ္တ ဖြတ်သန်းဖူးကြောင်း ထုတ်ဖော် ဝန်ခံခဲ့သည်။ အသက်(၄၃)နှစ်ရှိ အဆိုတော် မင်းသမီးသည် ယခုအခါ ဟောလီးဝုဒ်၏ ရွှေကြယ်ပွင့် တစ်ဦးအဖြစ် ရပ်တည်နေသော်လည်း ငယ်စဉ်ကမူ အနုပညာ အလုပ်အတွက် မိခင်ဖြစ်သူကို တိုက်ပွဲဝင်ခဲ့ရကြောင်း ဆိုသည်။

သူမ၏ မိခင်က မကြည်ဖြူသဖြင့် ဂျနီဖာသည် နေအိမ်မှ ထွက်ခွာလာကာ စတူဒီယိုတွင် ညအိပ်ရသည့် အိမ်ခြေရာမဲ့ ဖြစ်ခဲ့ဖူးကြောင်း သိရသည်။ Wမဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ဂျနီဖာက "ကျွန်မ အမေနဲ့ ပြဿနာ တော်တော် တက်ခဲ့တာ။ ကျွန်မက ကောလိပ်မသွားချင်ဘူး။ ကျွန်မက အချိန်ပြည့် ကချင်နေတဲ့သူမျိုး မဟုတ်လား"ဟု ဆိုသည်။

သူမက "ကျွန်မရဲ့ ဆန္ဒကို အမေက လက်မခံတော့ ကျွန်မတို့ချင်း သီးခြားဖြစ်သွားတယ်။ အကစတူဒီယို တစ်ခုက ဆိုဖာမှာ ကျွန်မ ညအိပ်ခဲ့ရပါတယ်။ အဲဒီတုန်းက ကျွန်မ အိမ်ခြေရာမဲ့ ဖြစ်ခဲ့တာပေါ့။ ဒါပေမဲ့ ကျွန်မ အမေကို ပြောတယ်။ ဒါဟာ ကျွန်မ လုပ်ကိုလုပ်မယ့် အရာပဲလို့။ လနည်းနည်းကြာတော့ ဥရောပမှာ အကအတွက် အလုပ်တစ်ခု စရတယ်။ နောက်တော့ ကျွန်မ နာမည်လေးရလာတယ်။ လော့စ်အန်ဂျလိစ်ကို ပြောင်းခဲ့တယ်။ ဒါတွေအားလုံး တစ်နှစ်လောက် အချိန်အတွင်းမှာ ပြောင်းလဲလာတာပါပဲ"ဟုလည်း ပြောကြားခဲ့သည်။

သူမက လော့စ်အန်ဂျလိစ်တွင် အစပိုင်း အခြေမကျခဲ့ဟုလည်း ဝန်ခံသည်။ "လော့စ်အန်ဂျလိစ်ကို ကျွန်မမုန်းမိခဲ့တယ်။ လူတွေက လမ်းမထွက်ဘူး။ နို့တစ်ဘူးဝယ်ဖို့ လိုက်မေးနေရတယ်။ ခုတော့ ကျွန်မ ပျော်နေပါပြီ"ဟုလည်း ဂျနီဖာက ဖွင့်ဟသွားသည်။ 

ဗုဒ္ဓဂါယာဗုံးဖောက်ခွဲမှုနဲ့ ပတ်သက်ပြီး သံသယရှိသူ ၄ယောက်ကို အိန္ဒိယရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေး

ဗုဒ္ဓဂါယာဗုံးဖောက်ခွဲမှုနဲ့ ပတ်သက်ပြီး သံသယရှိသူ ၄ယောက်ကို အိန္ဒိယရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးခဲ့ပါတယ်။ တင်ဆက်- ရဲဝင့်သူ


"ခွေးများအသုံးပြုကာ မူးယစ်ဆေးဝါးမှောင်ခိုမှု ကျူးလွန်သူများကို အီတလီတွင် ဖမ်းဆီး"


Planet Myanmar Network
အီတလီနိုင်ငံတွင် ခွေးများကို အသုံးပြုပြီး မူးယစ်ဆေးဝါး မှောင်ခိုမှု ကျူးလွန်နေသူများကို တရားစွဲဆိုထားကြောင်း သိရှိရသည်။ မက္ကစီကိုနိုင်ငံရှိ တိရစ္ဆာန် ဆေးကုခန်းတစ်ခု၌ အရွယ်အစား ကြီးမားသော ခွေးကြီးများအား ကိုကင်းထည့်ထားသည့် အထုပ်များကို အတင်းအကျပ် မျိုချထားစေပြီး ၎င်းတို့ကို အီတလီနိုင်ငံ၊ မီလန်မြို့သို့ လေယာဉ်ဖြင့် သယ်ယူကာ မူးယစ်ဆေးဝါး မှောင်ခိုလမ်းကြောင်း တည်ထောင်ထားခြင်း ဖြစ်သည်။ ယခုအခါ ယင်းအမှုနှင့် ဆက်နွယ်သူ (၄၉)ဦးကို အီတလီတွင် တရားစွဲဆိုထားပြီ ဖြစ်သည်။

ရဲများက အီတလီရှိ မူးယစ်ဆေးဝါး လက်ခံယူသော အဖွဲ့သည် မက္ကစီကိုမှ ရောက်လာသော ခွေးများကို သတ်ဖြတ်ကာ ကိုယ်တွင်းကလီစာများကို ခွဲစိတ် ဖယ်ရှားပြီး ကိုကင်းများကို စုဆောင်း ရယူကြောင်း ပြောဆိုခဲ့သည်။ ယင်းသတင်းသည် တိရစ္ဆာန် အခွင့်အရေး လှုပ်ရှားသူများအတွက် ခြောက်ခြားတုန်လှုပ်စရာ ဖြစ်ခဲ့သည်။

ယခုအမှုတွင် အီကွေဒေါ၊ ပီရူးနှင့် ဆယ်လ်ဗာဒိုး နိုင်ငံသားများ ပါဝင်သော ဂိုဏ်းအဖွဲ့သည် အီတလီ၌ အမှုရင်ဆိုင်ရတော့မည် ဖြစ်သည်။ ယင်းတို့သည် အသက်(၁၉)နှစ်မှ (၃၇)နှစ်ကြား အရွယ် လူငယ်ပိုင်းများ ဖြစ်ကြပြီး ‪#‎Pandillas‬ အမည်ဖြင့် လှုပ်ရှားနေသော မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်း တစ်ခုဟု သိရှိရသည်။

Wolverine ဇာတ်ကောင်စရိုက် ပီပြင်စွာ သရုပ်ဆောင်နိုင်ရန် ပင်လယ်ထဲဆင်းပြီး ဟုခ်ျဂျက်မန်း လေ့ကျင့်


The Voice Weekly
ဆစ်ဒနီ၊ ဇူလိုင် ၉

X-Men ရုပ်ရှင်တွေထဲမှာ Wolverine အဖြစ် ပါဝင် သရုပ်ဆောင်ထားတဲ့ ဟုခ်ျဂျက်မန်း တစ်ယောက် The Wolverine လို့ အမည်ရတဲ့ ဇာတ်ကားသစ် မှာ သူ့ရဲ့ ဇာတ်ကောင် စရိုက်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်ဖို့အတွက် ပင်လယ်ထဲ ဆင်းပြီး နံနက်တိုင်း လေ့ကျင့်နေတယ်လို့ contactmusic.com မှာ ဖော်ပြထားပါတယ်။

ဟုခ်ျဂျက်မန်း အနေနဲ့ Wolverine ဇာတ်ကောင်စရိုက်ကို ငါးကြိမ်မြောက် သရုပ်ဆောင်ရမယ့် အဲဒီရုပ်ရှင်ကားမှာ Wolverine ရဲ့ ဒေါသကြီးတဲ့ စရိုက်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ဖို့အတွက် အဲဒီ
ဇာတ်ကား ရိုက်ကူးနေတဲ့ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့က ဘွန်ဒီ ကမ်းခြေရဲ့ အေးစက်နေတဲ့ ပင်လယ်ရေထဲကို မနက်တိုင်း ခုန်ဆင်းပြီး လေ့ကျင့်နေတာ ဖြစ်ပါတယ်။

“အခု ကျွန်တော် လုပ်နေတာကတော့ ပင်လယ်ထဲ မနက်တိုင်း ဆင်းတာပါပဲ။ ပင်လယ်ရေက တော်တော် အေးပါတယ်။ ဒါပေမဲ့ အဲဒါ Wolverine ရဲ့ ခံစားချက်ပါပဲ။ ရေချိုးဖို့ လိုနေတဲ့အချိန်မှာ ချိုးစရာရေက အေးစက်နေတဲ့ရေ ပဲ ရှိတယ်ဆိုရင် ခင်ဗျား ဘယ်လောက် ဒေါသထွက်မလဲ။ အဲဒါ Wolverine အချိန်နဲ့အမျှ ခံစားနေရတဲ့ ဒေါသပါပဲ” လို့ ဟုခ်ျဂျက်မန်းက ပြောပါတယ်။

ဟုခ်ျဂျက်မန်းဟာ အဲဒီလို အေးစက်နေတဲ့ ပင်လယ်ရေထဲကို ဆင်းစိမ်တဲ့ အလေ့အကျင့်အပြင် အသက်ပြင်းပြင်း ရှူလေ့ရှိတဲ့ Wolverine ပုံစံမျိုး ရဖို့အတွက် ရိုက်ကွင်း မစမီမှာ ကာယ လေ့ကျင့်ခန်း တွေ လုပ်လေ့ ရှိတယ်လို့လည်း သိရပါတယ်။

၂၀၀၀ ပြည့်နှစ်က ထွက်ရှိခဲ့တဲ့ X-Men ဇာတ်ကားကနေ စတင်ပြီး Wolverine အဖြစ် သရုပ်ဆောင် ခဲ့တဲ့ ဟုခ်ျဂျက်မန်းက လက်ရှိ အချိန်မှာ အသက်အရွယ် ရလာပြီ ဖြစ်တဲ့အတွက် အဲဒီဇာတ်ကောင် စရိုက်ကို သရုပ်ဆောင်ရတာ ပိုခက်ခဲလာတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

“ရိုးရိုးသားသားပြောရရင် Wolverine အဖြစ် သရုပ်ဆောင်ရတာ အရင်ထက် ပိုခက်ခဲလာပါတယ်။ ကျွန်တော်က တစ်ကြိမ်ထက် တစ်ကြိမ် ပိုကောင်း လာအောင် သရုပ်ဆောင်နိုင်ဖို့ မျှော်လင့်ချက် ထားနေလို့လည်း ဖြစ်နိုင် ပါတယ်” လို့ အသက် ၄၄ နှစ် အရွယ် ရှိပြီဖြစ်တဲ့ ဟုခ်ျဂျက်မန်းက ပြောပါ တယ်။

အိမ်ထောင်ရှင် များ၏ အားသာ ချက်များ


အိမ်ထောင်ရှင် များ၏ အားသာ ချက်များ အမျိုး သမီးတွေဟာ အိမ်ထောင် ရှင်မ ဘဝကို ခံယူ ကတည်းက သူရဲ့ အချိန်နဲ့ လုပ်ဆောင်ချက် အားလုံးကို ခင်ပွန်းနဲ့ သားသမီးတွေ အပေါ်မှာသာ မြှုပ်နှံထား တတ်ပါတယ်။ ကိုယ်ပိုင်အချိန်ဆိုတာ မရှိ သလောက်ပါပဲ။ သူ့ကိုယ်သူ လှပဖို့၊ အနားယူဖို့၊ ပျော်ရွှင်ဖို့ဆိုတာတွေထက် မိသားစုတစ်ခုလုံး သာယာပျော်ရွှင်ရေး ကိုသာ ဦးစားပေးဆောင်ရွက်ကြ ပါတယ်။ ဒါပေမဲ့ တချို့အိမ်ထောင်ရှင်မတွေက တစ်ဖက်က အလုပ်လုပ်ရင်း၊ သာယာတဲ့အိမ်ထောင် ရေးကိုလည်း ထိန်းသိမ်း ထားနိုင်ကြပါတယ်။

၁။ ကိုယ်ပိုင်အချိန်ရရှိအောင် ဖန်တီးနိုင်တယ်

ဒီနေ့ခေတ်မှာ အမျိုးသမီးတွေဟာ အမျိုးသား တွေနဲ့ ရင်ပေါင်တန်းပြီး စီးပွားရှာဖွေရတာ၊ အိမ်မှု ကိစ္စဆောင်ရွက်ရတာ၊ သားသမီးတွေကို ပြုစုစောင့်ရ တာ စတဲ့ အမှုကိစ္စတွေကို နေ့စဉ်နဲ့အမျှ လုပ်ကိုင် ဆောင်ရွက်နေရတာတွေက ဆန္ဒအားနည်းတာကို ဖြစ်စေနိုင်တဲ့ အကြောင်းအချက်တစ်ခုပါ။ တစ်နေ့တာ ရဲ့ အချိန်တွေကို အလုပ်အတွက်၊ အိမ်မှုကိစ္စတွေ အတွက်၊ သားသမီးတွေအတွက်နဲ့သာ ကုန်ဆုံးနေတာ ကြောင့် သူ့အတွက် ကိုယ်ပိုင်အချိန်က နည်းလာပါ တယ်။ အိမ်ထောင်ရေး သာယာသူတွေဟာ အလုပ်နဲ့ အိမ်မှုကိစ္စတွေကို သေချာနိုင်နင်းစွာ စီမံနိုင်ပြီး ကိုယ့်အတွက် ကိုယ်ပိုင်အချိန်ကို ရရှိအောင် ဖန်တီး နိုင်ကြပါတယ်။

၂။ တစ်သားမွေး တစ်သွေးလှအောင် ထိန်းသိမ်း နိုင်တယ်

ဟော်မုန်းတွေရဲ့ ပြောင်းလဲမှုက စိတ်ဆန္ဒအပေါ် များစွာသက်ရောက်မှုရှိပါတယ်။ ကိုယ်ဝန်ဆောင်ချိန်နဲ့ မွေးဖွားချိန်တွေမှာ အမျိုးသမီးတွေဟာ စိတ်ဆန္ဒ လျော့ပါးနိုင် ပါတယ်။ တချို့ အမျိုးသမီးတွေဟာ ကလေးမွေးပြီး အချိန်အတော်ကြာတဲ့အထိ ဆန္ဒလျော့ နည်းနေတတ်ပါတယ်။ ဒီလို အချိန်မှာ ယောကျာ်းဖြစ် သူရဲ့ စာနာနားလည်မှုနဲ့ ဖေးမကူညီမှုတွေကို အများ ဆုံးလိုအပ်ပါတယ်။ ဒီလိုသာ မရရှိခဲ့ပါက စိတ်ကျ ရောဂါအထိ ခံစားရနိုင်ပါတယ်။ အိမ်ထောင်ရှင်မ တိုင်းတော့ ခံစားကြရတာ မဟုတ်ပါ ဘူး။ တချို့အိမ် ထောင်ရှင်မတွေကတော့ တစ်သားမွေး တစ်သွေးလှ ဆိုသလို ကိုယ်ဝန်ဆောင်ချိန်နဲ့ မွေးဖွားပြီးချိန်တွေမှာ အရင်ကထက် ပိုမိုနုပျိုလှပအောင် ထိန်းသိမ်းထား နိုင်ကြပါတယ်။

၃။ လှပကြော့ရှင်းအောင် ပြုပြင်နေတယ်

မိန်းကလေးတွေက သူတို့ရဲ့ အလှအပတွေ ကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုမိုရှိနေစေပါ တယ်။ အိမ်ထောင်ရှင်မတွေဟာ အိမ်ထောင်သက် တမ်းကြာလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဂရုတစိုက် ပြုပြုပြင်ပြင် မရှိတာကြောင့် အိမ်ထောင် မကျခင်က ပိုင်ဆိုင်ခဲ့ဖူးတဲ့ လှပမှုတွေကို ထိန်းသိမ်းမထားနိုင်တော့ ပါဘူး။ အဲဒီအခါ ယောကျာ်းကို ကိုယ့်ဘက်ပါအောင် မဆွဲဆောင်နိုင်တော့ဘူးလို့ ထင်မြင်လာပါတယ်။ ကြော့ရှင်းလှပမှုက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေ တဲ့အပြင် စိတ်ဆန္ဒကို တိုးပွားစေပြီး အိမ်ထောင်ရေး သာယာခိုင်မြဲစေပါတယ်။

၎။ ချစ်ခင်မြတ်နိုးလိုစိတ်ကို ရရှိအောင် ဖန်တီး ယူနိုင်တယ်

ယောကျာ်းလေးတွေထက် မိန်းကလေးတွေက စိတ်ဆန္ဒဖြစ်ပေါ်ဖို့ ခက်ခဲတတ်ပါတယ်။ ဒါကြောင့် အိမ်သူသက်ထားအပေါ် ယောကျာ်းရဲ့ နွေးထွေးကြင် နာတဲ့ ပြုစုယုယမှုတွေက ချစ်ခင်ကြင်နာစိတ်ဖြစ်ပေါ် စေတဲ့ ဟော်မုန်းတွေ ထွက်ရှိစေပါတယ်။ နှစ်ကိုယ်ခြား နွေးထွေးတဲ့ ဆက်ဆံရေးကလည်း စိတ်ဆန္ဒဖြစ်ပေါ် စေဖို့ များစွာအထောက်အကူပြုပါတယ်။ အိမ်ထောင် ရေး သာယာမှုရှိအောင် စွမ်းဆောင်နိုင်ကြတဲ့ အိမ် ထောင်ရှင်မတွေက ယောကျာ်းရဲ့ ချစ်ခင်မြတ်နိုးလို စိတ်ရရှိအောင် ဖန်တီးရယူနိုင်ကြပါတယ်။

၅။ သွက်သွက်လက်လက်လှုပ်ရှားနိုင်တဲ့ ခန္ဓာ ကိုယ်ကို ထိန်းထားနိုင်တယ်

ဟော်မုန်းဆေးတွေ သောက်သုံးနေရတာကြောင့်လည်း အမျိုးသမီးတွေမှာ စိတ်ဆန္ဒကျဆင်းမှုတွေကို ဖြစ်စေပါတယ်။ အိမ်ထောင်ကျပြီးတဲ့အခါ ကိုယ့် ကိုယ်ကိုယ်ဂရုတစိုက် မရှိတာ၊ ပဋိသန္ဓေတားဆေး သုံးစွဲရတာတွေကြောင့် ဗိုက်ပူပူ၊ ချက်စူစူ၊ လက်မောင်း ကြီးကြီးနဲ့ ဝဖြိုးလာကာ စိတ်ဆန္ဒတွေလည်း ကျဆင်း လာစေပါတယ်။ ဒါကလည်း အိမ်ထောင်ရေးယိုင်နဲ့ စေတဲ့ အကြောင်းတစ်ချက်ပါ။ သန္ဓေတားနိုင် မယ့် တခြားနည်းလမ်းတစ်ခုကို သင့်ဆရာဝန်နဲ့တိုင်ပင်ပြီး ပြောင်းလဲသုံးစွဲပါ။ အိမ်ထောင်ရေး ခိုင်မြဲအောင် ထိန်းထားနိုင်တဲ့ အိမ်ထောင်ရှင်မတွေက သွက်လက် စွာ လှုပ်ရှားနိုင်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်အောင် ထိန်းသိမ်းပြုပြင်ထားတတ်ကြပါတယ်။

၆။ ချစ်စိတ်တိုးပွားစေတဲ့ သဘာဝအစားအစာ တွေကို စားသုံးတယ်

ခန္ဓာကိုယ်အတွက် အာဟာရဓာတ်က အရေး ကြီးဆုံး ဖြစ်တာကြောင့် နေ့စဉ် အစားအသောက်တွေ စားသုံးနေရတာပါ။ ဒါ့အပြင် ချစ်စိတ်ဆန္ဒဖြစ်ပေါ်မှုနဲ့ လည်း တိုက်ရိုက်ဆက်စပ်မှုရှိနေပါတယ်။ အာဟာရ ပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွတ်မှုရှိတဲ့ သဘာဝက ရတဲ့ အစားအစာတွေကို စားသုံးပါ။ ယောကျာ်းကို ဆွဲဆောင်စည်းရုံးနိုင်တဲ့ နည်းလမ်းတစ်ခုက ညစာ အာဟာရပါ။ သူရောကိုယ်ပါ အလုပ်ကိုယ်စီသွားနေ တာကြောင့် နေ့လယ်စာကို အတူမစားဖြစ်ပေမယ့် ညစာကိုတော့ မျက်နှာချင်းဆိုင်ပြီး အတူစားသင့်ပါ တယ်။

အစားအသောက်တွေ ပြင်ဆင်ရာမှာ ချစ်စိတ် တိုးပွားစေတဲ့ အစားအစာတစ်ခုခုကို ပါဝင်အောင် ချက်ပြုတ်ကျွေးမွေးပါ။ ဖွယ်ဖွယ်ရာရာချက်ပြုတ်ပြင် ဆင်ထားတဲ့ ညစာထမင်းပွဲက ယောကျာ်းရဲ့စိတ်ကို ဖမ်းစားနိုင်တာကြောင့် ရုံးဆင်းချိန်မှာ အပေါင်း အသင်းတွေနဲ့ ဟိုဟိုဒီဒီ သွားလာမနေတော့ဘဲ အိမ် တန်းပြန် လာအောင် ဆွဲတောင်နိုင်ပါတယ်။

မောင်မောင်ချေ - ဓညဝတီ
todaymyanmar

ဘုရင့်နောင် ခုံးကျော်တံတား တိုင်ကျိုးသည့် သတင်း မဟုတ်မမှန်ဟုဆို



ရန်ကုန်မြို့၏ ယာဉ်ကြော ပိတ်ဆို့မှုကို လျှော့ချမည့် ရည်ရွယ် ချက်ဖြင့် ဆောက်လုပ် နေသော ဘုရင့်နောင် ခုံးကျော် တံတား၏ တိုင် တစ်တိုင် ကျိုးကျသည် ဆိုသည့် သတင်းများ ထွက်ပေါ် ခဲ့သော် လည်း မှန်ကန်ခြင်း မရှိကြောင်း အဆိုပါ တံတား ဆောက်လုပ်ရေး အဖွဲ့မှ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။ ထောက်တိုင် ပြုလုပ်ရန် လုပ်ဆောင်ထားသော ကွန်ကရစ် အားဖြည့် သံချောင်းများကို လုပ်ငန်းခွင် အတွင်း မောင်းနှင်သော ကရိန်းဖြင့် ညနေ ၆ နာရီ ဝန်းကျင်ခန့်က တိုက်မိရာမှ အဆိုပါ သံချောင်းများ ကျိုးပဲ့သွားခြင်း သာ ဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ဒီသံချောင်းတွေက ထောက်တိုင်လုပ်ဖို့ အရင် ကြိုလုပ်ရတဲ့ဟာ ဖြစ်ပြီးတော့ လုပ်ရတာလည်း အချိန် မကြာတဲ့အတွက် လုပ်ငန်းစဉ်ကိုတော့ နှောင့်နှေးမှု မဖြစ်စေနိုင်ပါဘူး” ဟု ၎င်းက ဆက်လက်ပြော ကြားသည်။ ဘုရင့်နောင် ခုံးကျော် တံတားသစ်ကို ၂၀၁၂ ခုနှစ်အတွင်းက စတင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယခု နှစ်ကုန်ပိုင်းတွင် အပြီးသတ် ဆောင်ရွက်မည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ (လမ်းနှင့်တံတား) ထံမှ သိရသည်။

The Voice

ပန်းနုရောင်နှုတ်ခမ်းသား


နှုတ်ခမ်းလေး တွေဆိုတာ နှာရဲ့ အရေးပါလှတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တယ် ဆိုတာ ပြောစရာတောင် လိုမယ် မထင်ပါ။ နှုတ်ခမ်းလေး တွေက တစ်ဖက်လူကို ဆွဲဆောင်မှု အပြည့်အဝ ရရှိစေ တယ်ဆိုတာ ယုံကြည်ပါ။ နူးညံ့ပျော့ပျောင်းပြီး စိုလက်လှ ပတဲ့ နှင်းဆီရောင် နှုတ်ခမ်းသား လေးတွေကို လူသားတိုင်း အလိုရှိ ကြပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံ မှာ နှုတ်ခမ်းသား လေးတွေ အရေခွံ လန်ပြီး ကြမ်းတမ်းလာ၊ အက်ကွဲ လာတာ မျိုးလည်း ကြုံရတတ်တယ်။

အရောင်စို လက်နီထွေးခြင်း မရှိဘဲ မဲတက်လာ တတ်တာ မျိုးလည်း တွေ့ရ ပါသေးတယ်။ အဲဒီလို ဘာကြောင့် ဖြစ် လာရသလဲဆိုရင် ကော်ဖီတွေ အ သောက်များ ခြင်းကြောင့် သော်လည်း ကောင်း၊ ရေအသောက်နည်းခြင်း ကြောင့်သော် လည်းကောင်း၊ ဆေးလိပ် အသောက်များ ခြင်းကြောင့် သော်လည်း ကောင်း၊ နေရောင်ခြည်နှင့် ထိတွေ့ မှုများလာတဲ့အတွက်ကြောင့်သော် လည်းကောင်း ဖြစ်နိုင်စရာ ရှိပါတယ်။ မိမိအိမ်တွင်းမှာပဲ နှုတ်ခမ်းလေး တွေ နီထွေးလာအောင် အောက်ပါ အတိုင်း ပြုလုပ်ပါ။

(၁) မျက်နှာသစ်တဲ့ အခါတိုင်း နှုတ် ခမ်းသားလေး နှစ်ခုကိုလည်း သန့်စင် ဖို့ မမေ့ပါနဲ့။ သွေးလည်ပတ်မှု ကောင်းစေရန် ၄င်းနေရာ တစ်ဝိုက် အသာအယာ နှိပ်နယ်ပေးပါ။ ဒါဟာ တစ်ရက်တည်းမဟုတ်ပါ။ နေ့စဉ် မှန် မှန်လုပ်ရမယ်ဆိုတာ မမေ့သင့်ပါ။ ဘာဖြစ်လို့လဲဆိုတော့ မိတ်ကပ်၊ နှုတ် ခမ်းနီတွေနဲ့ ဖုန်အမှုန်တွေ စေးကပ် လုံးထွေးပြီး ညစ်ပေနေတာမျိုးရှိနိုင်လို့ သန့်စင်ပေးပါက လေဝင်လေထွက် ကောင်းပြီး မွေးညင်းပေါက်၊ ချွေး ပေါက်လေးတွေပွင့် သွားစေနိုင်ပါတယ်။

(၂) ဇလုံတစ်ခုမှာ နွားနို့အနည်းငယ် နှင့် နနွင်းမှုန့် အနည်းငယ် ထည့်၍ ခပ်ပျစ်ပျစ် လေးဖြစ်အောင် မွှေပါ။ သေသေချာချာ မွှေပြီး ရောစပ်သွားပါ ကောင်းပါတယ်။ ပြီးရင် ရေအေးအေး လေးနဲ့ ပြောင်အောင် ဆေးချလိုက်ပါ။ ဒီလိုလုပ်ပေးခြင်းဖြင့် နှုတ်ခမ်းသားမှာ အမဲစက်ရှိရင် သို့မဟုတ် မဲနေလျှင် နူးညံ့စိုလက်၍ ပန်းသွေးရောင် ထလာ ပါလိမ့်မယ်။

(၃) သင့်အိမ်မှာ အလှဆီ (Glycerine) ရှိပါက နှုတ်ခမ်း သားလေးတွေ ပေါ်အစက်ချ၍ သုတ်လိမ်း ထားလိုက်ပါ။ နာရီဝက်၁ နာရီခန့်ကြာမှ ရေဆေးပါ။

(၄) နှုတ်ခမ်းသားများ မခြောက်သွေ့ စေရန် ရေများများသောက်ပါ။ အရည် ရွှမ်းသော သစ်သီးများနှင့် ဖျော်ရည် များသောက်ပါ။ နှုတ်ခမ်းသား စိုလတ်စေမယ့် အရည်အသွေး ကောင်းမွန်မယ့်တဲ့ နာမည်ကြီး အမှတ်ဆံဆိပ် အလှကုန် မျိုးကိုသာ သုံးပါ။ ဈေးကြီးပေမယ့် သင့်နှုတ်ခမ်းသား လေးများအား အစို ဓာတ် ထိန်းထားပေး ပါလိမ့်မယ်။ ထို့ အပြင် Petroleum jelly ပါရှိသဖြင့် သင့်နှုတ်ခမ်းအား နူးညံ့စေရုံသာမက သဘာဝနှုတ်ခမ်း အရောင်ကို ထပ်မံရရှိ စေပါလိမ့်မယ်။

(၅) သင့်အိမ်မှာ ပျားရည်ရှိ ပါသလား။ ရှိတယ်ဆိုရင် မအိပ်ခင် ပျားရည်ကို နှုတ်ခမ်းများမှာ သုတ်လိမ်းပြီးမှ အိပ် ပါ။ ပျားရည်က သင့်နှုတ်ခမ်းလေး များအား နူးညံ့စိုလက်၍ လှပစေပါ လိမ့်မယ်။

(၆) သံပရာသီး ကိုလည်း နှုတ်ခမ်း လေးတွေ အတွက် သုံးပေး နိုင်ပါတယ်။ သံပရာသီးမှာ ဗီတာမင်စီ ကြွယ်ဝလို့ အသားဖြူ စေတယ်။ နှုတ်ခမ်းမဲ နေပါက ဖြူစင်လာအောင် သုတ်လိမ်း ပေးနိုင်ပါ တယ်။ နှုတ်ခမ်းသား ပေါ်ရှိ အမဲစက် များကို ဖယ်ရှားပစ်နိုင်တယ်။

(၇) ထောပတ်သန့်သန့်လေးရ အောင်ဝယ်ပါ။ ပြီးရင် နှုတ်ခမ်းသား ပေါ်မှာ စိမ့်ဝင်အောင် သုတ်လိမ်းပါ။ နှုတ်ခမ်းပေါ်ရှိ အမဲစက်များ သက်သာ ပျောက်ကင်း သွားပါလိမ့်မယ်။

(၈) ပျားရည်၊ ဒိန်ချဉ်နှင့် ဂျုံမှုန့်တို့ ကို ရောမွှေပြီးပျစ်အောင် ခပ်နာနာ နယ်ပါ။ ပြီးရင် သံပရာရည်ညှစ်ထည့် ပါ။ အဲဒါကို နှုတ်ခမ်းလေးတွေပေါ် လိမ်းပေးပါကပန်းသွေးရောင်ထလာ တာ တွေ့ရပါလိမ့်မယ်။

(၉) ကော်ဖီနှင့် လက်ဖက်ရည်လို သွားတွေအရောင် စွန်းစေမယ့် အစား အစာတွေ နေ့စဉ်စားပါက ဆိုဒီယမ် ဘိုင်ကာဗွန်နိတ်(ဆားဆော်ဒါ)မှုန့်ကို သွားလေးတွေ ပေါ်မှာ ပွတ်တိုက်ပေးပြီး သွားဖြူစေတဲ့ သွားတိုက်ဆေးအား သွားပွတ်တံ ပေါ်ညှစ်ပြီး ၂ မိနစ်ကြာ အောင် တိုက်ပါ။ ပြီးရင် ရေစင်စင် ဆေးချပါ။ ဤသို့နေ့စဉ် မှန်မှန်ပြု လုပ်ပေးပါက သွားချေးများပြောင်စင် ပြီး ကြွေသားလေးတွေ စိုလက်လာစေ ပါတယ်။ အစွန်းအထင်း များလည်း မရှိ တော့ပါ။

လှယမင်းတင်
Good Health

ဦးနှောက် ကျန်းမာရေး ကောင်းမွန်စေမည့် နည်းသုံးသွယ်


သံပရာရည်... ရှောက်ရည် သုံးပြီး ပလုတ်ကျင်းပါ...

လေ့လာမှု အသစ် တစ်ခုအရ ချိုမြိန်တဲ့ အရည်တွေက မှတ်ဉာဏ်ကို ကောင်းမွန်စေကြောင်း သိရပါတယ်။ ဂျော်ဂျီယာ တက္ကသိုလ်ရဲ့ လေ့လာမှုအရ သကြားပါတဲ့ သံပရာရည်/ ရှောက်ရည်ကို သုံးပြီး ပလုတ်ကျင်း တာကြောင့် ကျောင်းသား၊ ကျောင်းသူတွေကို စာမေးပွဲရမှတ် အဆင့် ကောင်းမွန်ကြောင်း သိရပါတယ်။ ခံတွင်းထဲ သကြားဝင်ရောက် ချိန်မှာ ဦးနှောက်ရဲ့ လှုံ့ဆော်မှု ဆိုင်ရာ စင်တာကို သိသိသာသာ အချက်ပြ လိုက်တာကြောင့် အာရုံ စူးစိုက်မှုကို ကောင်းမွန် သွားစေပါတယ်။

တစ်ည ခုနစ်နာရီ အိပ်စက်ပါ...

အိပ်စက်ချိန် များလွန်းတာက အိပ်စက်ချိန် နည်းတာလိုပဲ ကျန်းမာရေး အတွက် အန္တရာယ်ပါ။ ဘရိုင်ဟမ်နဲ့ ဘော့စတွန် အမျိုးသမီးဆေးရုံက လေ့လာသူတွေက လူတစ်သောင်းခွဲ ကျော်ကို နှစ်၂၀ကြာ လေ့လာခဲ့ရာ ခုနစ်နာရီ အိပ်သူတွေထက် နှစ်နာရီကျော် ပိုအိပ်သူ ဒါမှမဟုတ် နှစ်နာရီ လျှော့အိပ်သူ တွေဟာ ဦးနှောက်နှစ်နှစ် ပိုအိုနေကြကြောင်း သိရပါတယ်။ တစ်ညနှစ်နာရီ ပိုအိပ်တာနဲ့ လျှော့အိပ်တာဟာ တွေးခေါ် မြော်မြင်နိုင်စွမ်းကို ထိခိုက် စေပါတယ်။

ထောပတ်အတု လျှော့စားပါ...

ပြောင်းဖူးပေါက်ပေါက်၊ ဝက်ပေါင်ခြောက် စတာတွေမှာ ထည့်ထားတဲ့ ထောပတ်အစားထိုး ထောပတ် အတုတွေမှာ ဒိုင်အစီတိုင်း အခြေခံ ဓာတုပစ္စည်းတွေ ပါဝင်တာကြောင့် ဦးနှောက်ဆဲလ် တွေကို ထိခိုက် စေနိုင်ပါတယ်။ ဒိုင်အစီတိုင်းဟာ ဦးနှောက်ထဲမှ ပရိုတင်းစုပုံမှု ဖြစ်စေပြီး အယ်လ်ဇိုင်းမား ရောဂါ ဖြစ်စေနိုင်လို့ပါ။

credit to နှင်းဆီဖူးလေးများ-Love BUDS
todaymyanmar

UWSA နှင့် မြန်မာစစ်တပ်တို့ အင်အားပြိုင်ဖြည့် အထပ်ထပ်ဝိုင်းရံနေ


သျှမ်းပြည်အရှေ့ပိုင်းမိုင်းဆတ်မြို့အရှေ့ဘက်တောင်ကြော၌ဝ ပြည်သွေးစည်းညီညွတ် ရေးတပ်မတော် နှင့် မြန်မာအစိုးရ စစ်တပ်တို့ နှစ်ဘက်တပ်များ အင်အားပြိုင်ဖြည့်ကာ အထပ်ထပ်ဝိုင်းရံနေကြောင်း ဒေ သခံများ ကပြောသည်။

“မိုင်းဆတ်- တာချီလိတ်ကားလမ်းမှာရှိတာကြောင့် အဲဒီလွယ်ဆမ်ဆုမ်ဘက်မှာ မြန်မာစစ်တပ်က စခန်း ထိုင်တယ်။ အဲဒီစခန်း ရဲ့တောင်ဘက် လွယ်ပါကေတောင်မှာ ဒီလဆန်းကစပြီး မြန်မာစစ်တပ်က ၀ တပ်ဖွဲ့ ကို ဝိုင်းလိုက်၊ အပြင်မှာက ဝ က ပြန် ဝိုင်းလိုက်၊ မြန်မာကပြန်ဝိုင်းလိုက်နဲ့ အခုထိဝိုင်းနေကြတုန်း။ ပစ်ခတ် မှုတော့မရှိဘူး။ ကားအသွားအလာတော့တော်တော် ကျဲသွားတယ်။ အရင်က ၅ စီးဆိုရင် အခု ၁စီးလောက် ဘဲသွားလာတော့တယ်။ အခြေအနေက တင်းမာနေတယ်” ဟု အဆိုပါလမ်း၌ ပြေးဆွဲ နေသူကားဆရာတဦး က သျှမ်းသံတော်ဆင့်အားပြောပြသည်။

လွယ်ပါကေ တောင်သည် လွယ်ဆမ်ဆုမ်တောင်၏ တောင်ဘက် ၁ မိုင်ခန့်အကွာတွင်တည်ရှိပြီး လွယ်ဆမ် ဆုမ် ထက်ပိုမြင့် ကြောင်း၊ လွယ်ဆမ်ဆုမ်မှာမူ မိုင်းဆတ်မြို့နှင့် ၁၃ မိုင်ခန့်ဝေး၍ တာချီလိတ်မြို့မှ ၅၁ မိုင် ကွာဝေးကြောင်း ဆိုပါသည်။

တောင်ပိုင်းဝ တပ်ဖွဲ့အား မြန်မာစစ်တပ်မှ တပ်စခန်းဆုတ်ခိုင်းမှုကြောင့် နှစ်ဦးနှစ်ဘက်ဆက်ဆံရေး တင်း မာနေရာမှ ဆွေး နွေးကြရန် ယခုလ ၆ ရက် ကျိုင်းတုံမြို့၌ ရွေးချယ်ပြောဆိုထားကြသော်လည်း ၀ တပ်ဖွဲ့ က အဆင်အသင့် မရှိသေးဟုဆိုကာ ၁၂ ရက်နေ့သို့ ထပ်မံရက်ရွှေ့ထားကြောင်း ၀ တပ်ဖွဲ့ တပ်မှူးများ အသိုင်းအဝိုင်းကပြောပါသည်။

ပုံပါကျင်မြို့ နယ်ခွဲအခြေစိုက် UWSA တပ်ထုနှင့် လူထုကြားတွင်မူ RCSS ၏ နေပြည်တော်ခရီးစဉ်ကြောင့် သျှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်ခေါင်းဆောင်ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်နှင့် အစိုးရတပ်မတော်တို့ ပူးပေါင်း၍ ဝ တပ်ဖွဲ့အား တိုက်ခိုက်မည်ဟု သတင်းများပျံ့နှံ့နေသည်။

၎င်းနှင့်ပတ်သက်၍ RCSS/SSA ခေါင်းဆောင် ဒု ဗိုလ်ချုပ်ကြီးယွက်စစ်က “ ပြဿနာတွေကို ငြိမ်းချမ်း စွာဖြေရှင်းချင်လို့ သမ္မတကြီးနဲ့သွားရောက်တွေ့ဆုံဆွေးနွေးတာဖြစ်တယ်။ ၀ လူထုကြားက ပျံ့နေတဲ့ သတင်းလိုမျိုး ကျနော်တို့ စိတ်ထဲမှာ လုံးဝ မစဉ်းစားမိပါဘူး ” ဟု ဖြေရှင်းပါသည်။

အလားတူ သျှမ်းပြည်တပ်မတော်အရာရှိတဦးကလည်း ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်သည် ၁၉၈၉ ကတည်းက မြန်မာအစိုးရစစ်တပ်နှင့်ပူးပေါင်းကာ သျှမ်းပြည်တပ်မတော်အား တိုက်ခိုက်ခဲ့ဖူးသဖြင့် ထိုသို့ (ပြန်လည်လက်စားချေမည်ဟု) တွေးတောမိသည်မှာ သဘာဝကျကြောင်း၊ သို့သော် သျှမ်းပြည်တပ် မတော်အနေဖြင့် အငြိုးအတေးမထားကြောင်းကိုမူ အတည်ပြုအာမခံပြောဆိုနိုင်ကြောင်းသျှမ်းသံတော်ဆင့် အား ဖြေရှင်းချက်ပေးပါသည်။

သျှမ်းသံတော်ဆင့်

Facebook ထဲ ရောက်လာတဲ့ ကားဆရာ ဦးတေဇ


ခြံကျယ်ကျယ်ဟိုတယ်တွေမှာ သုံးလေ့ရှိတဲ့ မော်တော်ယာဉ်အသေးစားကို လုပ်ငန်းရှင်သူဌေးကြီး ဦးတေဇ မောင်းနှင်နေတဲ့ပုံ Facebook ထဲ ရောက်နေပါတယ်။Facebook တနေရာမှာတော့ ကမ္ဘာ့အချမ်းသာဆုံး ဒရိုင်ဘာ လို့ မှတ်ချက်ပေး ဖြန့်ဝေနေတာ တွေ့ရပါတယ်။

ခရီးသည်တွေကတော့ ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေရဲ့ မိသားစု လို့ ယူဆရပါတယ်။

ဒီဓာတ်ပုံဟာ အစစ်လည်း ဖြစ်နိုင်သလို ပြုပြင်ဖန်တီးထားတဲ့ပုံလည်း ဖြစ်နိုင်ကြောင်း တချို့က မှတ်ချက်ပြုပါတယ်။

အစစ်ပဲ ဖြစ်ဖြစ်၊ အတုပဲဖြစ်ဖြစ် စိတ်ဝင်စားစရာကောင်းနေတာကတော့ အမှန်ပါပဲ။

နောက်ခံကတော့ ပုဂံမှာရှိတဲ့ Aureum Palace ဟိုတယ်များလား
ပုံကြီး ကြည့်ချင်ရင်တော့ ဟိုတယ် ၀က်ဆိုက်ရဲ့ ဒီလင့် www.aureumpalacehotel.com/img/bagan/bagan09.jpg မှာ ကြည့်နိုင်ပါတယ်။

အဲဒီဟိုတယ်က ဦးတေဇရဲ့ လုပ်ငန်းတခုပါ။

လုပ်ငန်းရှင် ဦးတေဇက မကြာသေးခင်က ရဟန်းဘောင် ၀င်ရောက်ခဲ့ပါသေးတယ်။
ဒီအကြောင်း http://blog.irrawaddy.org/2013/04/blog-post_8602.html မှာ ဖတ်နိုင်ပါတယ်။

ဧရာဝတီ

မိတ္ထီလာ အကြမ်းဖက်မှုတွင် ပြစ်မှုကျူးလွန်ခဲ့သူ ဗုဒ္ဓဘာသာဝင် လေးဦးအား ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ကျန်အမှုများကို ဆက်လက်စစ်ဆေး အရေးယူလျက်ရှိ

မိတ္ထီလာမြို့တွင် မတ် ၂၀ ရက်က စတင်ဖြစ်ပွားသော သုံးရက်ကြာ အကြမ်းဖက်မှုများအတွင်း လုယက်မှု၊ လူသတ်မှု၊ သူတစ်ပါး အကျိုးဖျက်ဆီးမှု၊ ဘာသာရေး အဆောက်အအုံ ဖျက်ဆီးမှု၊ သာသနာ ညှိုးနွမ်းစေမှု၊ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု၊ မီးရှို့မှု စသည့်ပြစ်မှုများ ကျူးလွန်ခဲ့သည်ဟု ယူဆရသူ ၁၂၀ ကျော်ကို ဖမ်းဆီးစစ်ဆေးနေပြီး တရားစွဲဆို တင်ပို့လျက်ရှိရာ ဇူလိုင်လဆန်းပိုင်းအထိ ပြစ်မှုကျူးလွန်သူ ဗုဒ္ဓဘာသာဝင် လေးဦးအား ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့ကြောင်း သိရသည်။
ပြစ်မှုများ ကျူးလွန်ခဲ့သည်ဟု ယူဆရသူ ၁၂၀ ကျော်ကို ဖမ်းဆီးစစ်ဆေးနေပြီး တရားစွဲဆို တင်ပို့လျက်ရှိရာ ဇူလိုင်လဆန်းပိုင်းအထိ ပြစ်မှုကျူးလွန်သူ ဗုဒ္ဓဘာသာဝင် လေးဦးအား ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့ . . . . .
မတ် ၂၂ ရက်က နန်းတော်ကုန်းရပ်ကွက် ချမ်းအေးသာယာ နယ်မြေအတွင်းရှိ အစ္စလာမ်ဘာသာရေး အဆောက်အအုံ တစ်ခုအား ဖျက်ဆီးခဲ့သူ အေးမင်းစိုး (ဗုဒ္ဓဘာသာဝင်) အသက်(၃၄ နှစ်)အား ပြစ်မှုပုဒ်မ ၂၉၅ အရ ထောင်ဒဏ်နှစ်နှစ် ကျခံစေရန် ဇူလိုင် ၈ ရက်က အမိန့်ချမှတ်ခဲ့ပြီး ပါဝင်ပတ်သက်သူ ရန်နိုင် (ဗုဒ္ဓဘာသာဝင်) အသက်(၂၇နှစ်) အား တရားခံပြေးအဖြစ် ကြေညာထားပြီး ဖမ်းဆီးရမိရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မတ် ၂၁ ရက်က အုတ်ကျင်းကျေးရွာအနီးတွင် ဦးတင်အောင်အား သတ်ဖြတ်မှုဖြင့် အောင်အောင် (ခ)အောင်ဆန်းဦး (ဗုဒ္ဓဘာသာဝင်)တစ်ဦးအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂(၂)/၃၄  အရ ထောင်ဒဏ်ခုနစ်နှစ် ကျခံစေရန် ဇူလိုင် ၅ ရက်တွင် အမိန့်ချမှတ်ခဲ့ပြီး ပါဝင်ပတ်သက်သူ ဘဂျမ်း (ဗုဒ္ဓဘာသာဝင်)(ဘ)ဦးဝင်းဦး၊ သော်သော် (ဘ) အေးလွင်(ဗုဒ္ဓဘာသာဝင်)၊ ဆန်းဝင်း (ဗုဒ္ဓဘာသာဝင်)(ဘ)ဦးသန်းမောင်တို့အား တရားခံပြေးအဖြစ် ကြေညာထားကာ ဖမ်းဆီးရမိရန် စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မတ် ၂၃ ရက်က နန်းတော်ကုန်းရပ်ကွက် သံလမ်းကူးအနီးတွင် လူလေးဦး မီးလောင်ကျွမ်း ဒဏ်ရာဖြင့် သေဆုံးမှုအတွက် တာတာစိုး (ဗုဒ္ဓဘာသာဝင်) အသက် (၂၄ နှစ်)၊ (ဘ)ဦးမြင့်စိုးအား ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၀၂ (၂)/၁၁၄ အရ ထောင်ဒဏ်ခုနစ်နှစ် ကျခံစေရန် ဇွန် ၂၈ ရက်က အမိန့်ချမှတ်ခဲ့ပြီး ပါဝင်ပတ်သက်သူ အငယ်ကောင် (ခ)စိုးမင်းသူ (ဗုဒ္ဓဘာသာဝင်) အား တရားခံပြေးအဖြစ် ကြေညာခဲ့သည်။
အစ္စလာမ်ဘာသာဝင်နှင့် ဗုဒ္ဓဘာသာဝင်တို့ကြား စိတ်ဝမ်းကွဲအောင် ပြောဆိုမှုဖြင့် ဧပြီလကုန်က တရားစွဲဆိုခဲ့သူ ကျော်ကျော် (ဗုဒ္ဓဘာသာဝင်) အသက် (၄၇ နှစ်) (ဘ) ဦးလှသောင်းအား ပြစ်မှုဆိုင်ရာ ပုဒ်မ ၂၉၅ (က) အရ အလုပ်နှင့် ထောင်ဒဏ်နှစ်နှစ် ကျခံစေရန် ဇွန် ၂၄ ရက်က အမိန့်ချမှတ်ခဲ့ပြီး ယင်းမှာ သတင်းထောက်တစ်ဦး မဟုတ်ကြောင်းလည်း သိရသည်။
Eleven

ထိုင်းနိုင်ငံမှတစ်ဆင့် ရန်ကုန်မြို့သို့ လာရောက်ပြီး သံဃာယောင်ဆောင်ကာ တည်းခိုခဲ့သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားနှစ်ဦးကို မသင်္ကာသဖြင့် ဖမ်းဆီးစစ်ဆေးနေ

ထိုင်းနိုင်ငံမှတစ်ဆင့် ရန်ကုန်မြို့သို့ ၀င်ရောက်လာပြီး သံဃာယောင်ဆောင်ကာ တည်းခိုခဲ့သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားနှစ်ဦးကို မသင်္ကာသဖြင့် ဖမ်းဆီးထားပြီး ရန်ကုန်မြို့အတွင်း ဖောက်ခွဲဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာခြင်း ဟုတ်မဟုတ် စစ်ဆေးနေကြောင်း အဆင့်မြင့် ရဲအရာရှိ တစ်ဦးထံမှ သိရသည်။ အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နှစ်ဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ပြီး လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း၊ ရန်ကုန်မြို့သို့ ရောက်ရှိသည့်အခါတွင် သင်္ကန်းဝတ်ဖြင့် သံဃာအယောင်ဆောင်ကာ ပန်းပဲတန်းမြို့နယ်၊ အမှတ်(၈) ရပ်ကွက်ရှိ ပိုလိုတည်းခိုခန်း၊ အခန်းအမှတ် (၁၀၅) တွင် တည်းခိုနေစဉ် ရဲတပ်ဖွဲ့မှ ဇူလိုင် ၉ ရက်၊ မွန်းလွဲ ၂ နာရီခွဲတွင် ၀င်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ယင်းနှစ်ဦးမှာ Parsujait Barua (၂၇)နှစ်၊ ပတ်စ်ပို့စ်အမှတ် Ae-4674854 နှင့် Antar Barua (၂၉) နှစ်၊ ပတ်စ်ပို့စ်အမှတ် Ac-9257706 ကိုင်ဆောင်ထားသူများဖြစ်ကြောင်း သိရသည်။
သင်္ကန်းဝတ်ဖြင့် သံဃာယောင်ဆောင်ကာ တည်းခိုခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နှစ်ဦးကို ရဲတပ်ဖွဲ့မှ စစ်ဆေးရာတွင် အမည်မသိ မွတ်စလင် ဇနီးမောင်နှံနှစ်ဦးနှင့် ဖုန်းအဆက်အသွယ် ရရှိပြီး မလေးရှားနိုင်ငံသို့ ပို့ပေးမည်ဟု ပြောသဖြင့် မြန်မာနိုင်ငံသို့ ထွက်လာခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက္ကာလေဆိပ်မှ ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ပြီး ထိုင်းနိုင်ငံလေဆိပ်မှ မြန်မာ့လေကြောင်းနှင့် ဇူလိုင် ၉ ရက်၊ နံနက် ၉ နာရီခွဲတွင်  ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ကြောင်း စစ်ဆေးချက်အရ သိရသည်။
ရန်ကုန်လေဆိပ်သို့ အရောက်တွင် ဖုန်းဆက်ထားသည့် အမည်မသိ မွတ်စလင် လင်မယားနှစ်ဦးမှ လာရောက်ကြိုခဲ့ပြီး တက္ကစီယာဉ်ဖြင့် ပန်းပဲတန်းမြို့နယ်၊ အမှတ် (၈) ရပ်ကွက်ရှိ ပိုလိုတည်းခိုခန်း၊ အခန်းအမှတ် (၁၀၅) တွင် တစ်ရက်လျှင်ကျပ် ၁၂၀၀၀ နှုန်းဖြင့် တည်းခိုခဲ့ကြောင်း၊ ထမင်းစားရန်အတွက် သွားရာတွင် မွတ်စလင် လင်မယားနှစ်ဦးမှ သင်္ကန်းဝတ်ဖြင့် မသွားရန်၊ အရပ်ဝတ်ဖြင့် လဲလှယ်ကာ သွားရောက်စားသောက်ရန် စသည့်အချက်အလက်များကို စစ်ဆေးရာ၌ ထွက်ဆိုချက်အရ သိရသည်။
သင်္ကန်းဝတ်နဲ့ မသင်္ကာတဲ့လူနှစ်ဦးကို ဖမ်းဆီးစစ်ဆေး နေတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ဦးက ဖောက်ခွဲဖို့ အကြံအစည်နဲ့ ရောက်လာတာ ဟုတ်မဟုတ်၊ အခြားအကြံအစည်တွေ ရှိမရှိ၊ ဘာကြောင့် ရောက်လာတယ် ဆိုတာကိုတော့ စစ်ဆေးနေတုန်းပါပဲ . . . . .
အဆိုပါ အမည်မသိ မွတ်စလင် လင်မယားနှစ်ဦးကို အမြန်ဆုံး ဖမ်းဆီးစစ်ဆေးနိုင်ရန် ရဲတပ်ဖွဲ့မှ ဆောင်ရွက်နေပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသားနှစ်ဦးထံမှ ပါရှိလာသည့် ပစ္စည်းများ၊ ပတ်စ်ပို့နှင့် တယ်လီဖုန်းများကိုလည်း သိမ်းဆည်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
ယင်းဘင်္ဂလားဒေ့ရှ် နိုင်ငံသားနှစ်ဦးနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကြီးဝင်းကြည်အား ဆက်သွယ်မေးမြန်းရာ ၄င်းက "အခု ကျွန်တော်တို့အနေနဲ့ သင်္ကန်းဝတ်နဲ့ မသင်္ကာတဲ့လူနှစ်ဦးကို ဖမ်းဆီးစစ်ဆေး နေတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ဦးက ဖောက်ခွဲဖို့ အကြံအစည်နဲ့ ရောက်လာတာ ဟုတ်မဟုတ်၊ အခြားအကြံအစည်တွေ ရှိမရှိ၊ ဘာကြောင့် ရောက်လာတယ် ဆိုတာကိုတော့ စစ်ဆေးနေတုန်းပါပဲ" ဟု ဇူလိုင် ၉ ရက်၊ ည ၇ နာရီက ပြောကြားသည်။
တည်းခိုခဲ့သည့် ပန်းပဲတန်းမြို့နယ်ရှိ ပိုလိုတည်းခိုခန်းမှ ညပိုင်းမန်နေဂျာဖြစ်သူ ဦးအောင်ကျော်ဦးက ဇူလိုင် ၉ ရက်၊ ည ၈ နာရီတွင် "သူတို့နှစ်ဦးက ဒီနေ့မနက်မှာပဲ လာပြီးတည်းတယ်။ မွန်းလွဲပိုင်းမှာပဲ ရဲတွေကလာပြီး ဖမ်းသွားတယ်။ သူတို့နှစ်ယောက်အပြင် ဆိုင်က မနက်ပိုင်းမန်နေဂျာ ကိုတင်မောင်မြင့်ကိုလည်း ခေါ်သွားပါတယ်" ဟု ပြောကြားသည်။
ပိုလိုတည်းခိုခန်းမှ ပိုင်ရှင်ဖြစ်သူအား မေးမြန်းရာ ၎င်းက "မနက်ပိုင်း မန်နေဂျာကတော့ ပတ်စ်ပို့ကို ကြည့်ပြီးတော့ တည်းခိုခွင့် ပေးလိုက်တာပါ။ သင်္ကန်းဝတ်နဲ့ လာတာလား၊ အရပ်ဝတ်နဲ့ လာတာလား ဆိုတာတော့ ကျွန်တော်မသိပါဘူး" ဟု ပြောကြားသည်။

Eleven

ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေပြန်ပြင်မည့် အစီအမံ ရဲချူပ် လက်မခံ


ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး နဝမနေ့ ဇူလိုင်လ(၉)ရက်နေ့၌ ၁၉၄၉ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေ ပြန်လည်ပြင်ဆင် ရေးဆွဲရန် အစီအစဉ် ရှိ/မရှိတို့ နှင့်စပ်လျဉ်းသည့် မေးခွန်းအား ဇမ္ဗူသီရိ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းမှ မေးမြန်းခဲ့သည်။

 “ ဒီနေ့လွှတ်တော်မှာ ပြည့်တန်ဆာ ဥပဒေ ပြင်ဆင်ဖို့ကို ရဲချုပ်က သဘောမတူပါဘူး ။ ကျမက မေးပါတယ်၊ ပြစ်မှုကျူးလွန်တာချင်း အတူတူ လိင်ကိုရောင်းစားသူ အမျိုးသမီးများက ပြစ်မှုမြောက်ပြီး လိင်ကို ဝယ်ယူသူ အမျိုးသား တွေကတော့ ပြစ်မှုမြောက်ခြင်းမရှိတဲ့ ဥပဒေကို ပြင်သင့်ပါတယ်လို့ တင်ပြတာပါ” ဟု ဒေါ်စန္ဒာမင်း မှ ၄င်း၏ လူမှုရေးစာမျက်နှာမှ တဆင့်ပြောကြားလိုက်ခြင်းဖြစ်သည်။

၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေမှာ ခေတ်ကာလနှင့်လိုက်လျောညီထွေးမှု မရှိတော့သည့် အတွက် ပြန်လည်ပြင်ဆင်ရေးဆွဲ့ရန် အစီအစဉ်ရှိ/မရှိဆိုသည့် မေးခွန်းအား မေးမြန်းရာ၌ ပြည်ထဲရေးဝန်ကြီး ဋ္ဌာန ဒုတိယ၀န်ကြီး ရဲချုပ်ကျော်ကျော်ထွန်းမှ ဥပဒေပြင်ဆင်ရန်သဘောတူခြင်းမရှိသေးဟု ပြန်လည်ဖြေကြားခဲ့ သည်။

“ ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေမှာ လွန်ခဲ့သော နှစ်ပေါင်း ၆၀ ကျော်က ပြဋ္ဌာန်းခဲ့သော ဥပဒေ ဖြစ်သော်လည်း ယနေ့ခေတ်ကာလတွင် လိုက်နာကျင့်သုံးနိုင်မှု ရှိနေသေးကြောင်းတွေ့ရှိရသည့် အ တွက် ၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေအား ပြန်လည်ပြင်ဆင်ရေးဆွဲရန် အစီအစဉ်မရှိ သေးပါကြောင်း” ဟု ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ရဲချုပ်ကျော်ကျော်ထွန်းက ဖြေကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ပြည့်တန်ဆာလုပ်ငန်းများကို ဖမ်းဆီးအရေးယူခဲ့ရာ ပြည့်တန်ဆာ ဖမ်းဆီးအရေးယူမှုအရေအတွက်မှာ ၂၀၁၁ ခုနှစ်၌ ၁၉၅၆ မှု၊ ၂၀၁၂ ခုနှစ်မှာ ၃၂၂၆ မှုနှင့် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ ၆၄၀ မှုကို အရေးယူခဲ့ပြီးဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဋ္ဌာနမှ သိရသည်။

၁၉၄၁ ခုနှစ်ပြည့်တန်ဆာ ပပျောက်ရေးဥပဒေအား အလွဲသုံးသူတချို့ကိုလည်း ပြည့်တန်ဆာများအနေဖြင့် ရင်ဆိုင်နေရကြောင်း၊ စီမံချက်ရှိပါက သက်ဆိုင်ရာ တာဝန်ရှိဝန်ထမ်းများအနေဖြင့် မကျေနပ်လျှင် ကွန်ဒုံး ဆောင်သည့် သာမန်ရိုးရိုးမိန်ကလေးကိုတောင်မှ ပြည့်တန်ဆာအဖြစ် မြူဆွယ်လုပ်ကိုင်သည်ဟုဆိုကာ ဖမ်းဆီး ၍ရကြောင်းကိုလည်း ဒေါ်စန္ဒာမင်းက ဆိုသည်။

ပြည့်တန်ဆာအဖြစ် အသက်မွေးဝမ်းကျောင်းခြင်းကို မြန်မာ့ယဉ်ကျေးမှုအရ လူမှုရေးနယ်ပယ်တွင် လက်မခံသည့်အတွက် ထိရောက်စွာအရေးယူနိုင်ရန် ၁၉၄၉ ခုနှစ် ပြည့်တန်ဆာပပျောက်ရေး အက်ဥပဒေကို ပြဋ္ဌာန်းခဲ့ရာ ပြည့်တန်ဆာအဖြစ် အသက်မွေးခြင်းမှာ စီးပွားရေး၊ လူမှုရေးအကြောင်း တရားများနှင့် ဆက်စပ်ပေါ်ပေါက်ရခြင်းဖြစ်သည့်အတွက် ၁၉၅၆ ခုနှစ် ပြည့်တန်ဆာပပျောက်ရေး ပြင်ဆင်ချက် အက်ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ဥပဒေ၏အမည်ကို ၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေအဖြစ် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ပြည့်တန်ဆာများအနေဖြင့်လည်း ကျန်းမာရေးအတွက် ကွန်ဒုံးဆောင်ရမည်ဖြစ်ကြောင်း၊ ရဲဝန်ထမ်းအချို့မှာ လူကိုမခင်ပါက ထောင်ထဲပို့ပြီး လူကိုခင်ပါက မူကိုပြင်၍ အိပ်ခန်းထဲ ခေါ်သွားလေ့ရှိကြောင်းကိုလည်း ပြည့်တန် ဆာအသိုင်းအ၀ိုင်းက သိရသည်။

“အရင်ကဆိုရင် ရဲတွေကလည်း ကျွန်မတို့ဆီကနေ ပိုက်ဆံလည်းယူတယ်၊ ခန္တာကိုယ်လည်းယူတဲ့ အဖြစ် အပျက် မျိုးတွေရှိခဲ့ဘူးတယ်၊ ပိုက်ဆံမပေးပဲ အုပ်စုလိုက် အနိုင်ကျင့်တာတွေလည်း ရှိတော့ ကျွန်မတို့ အကာ အကွယ်ပေးမယ့် ဥပဒေနဲ့ အပြစ်ရှိရင် အရေးယူလို့ရမယ့် ဥပဒေမျိုး ရှိစေချင်တယ်” ဟု အင်းယားကန် ဘောင် ၀န်းကျင်၌ လိင်လုပ်ငန်းလုပ်ကိုင်နေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ကျန်းမာရေးဦးစီးဌာနမှ လေ့လာသုတေသနပြုချက်များအရ ပြည့်တန်ဆာများ မှာ HIV, AIDS ရောဂါဖြစ်ပွားနှုန်းက ၂၀၀၀ ပြည့်နှစ်မှာ ၃၈ ရာခိုင်နှုန်းရှိရာမှ ၂၀၁၂ ခုနှစ် ၇.၁ ရာခိုင် နှုန်းအထိ ကျဆင်းလာကြောင်းနှင့် ရောဂါ ပိုးကူးစက်မှုမရှိစေရန် ကာကွယ်ရေး အတွက် ဦးတည် အုပ်စုများမှာ ရာနှုန်းပြည့် ကွန်ဒုံးအသုံးပြုရေးစီမံချက်လုပ်ငန်းများကို ၂၀၀၁ ခုနှစ်မှ စတင်ဆောင်ရွက် ခဲ့ရာ ၂၀၁၃ ခုနှစ်မှာ မြို့နယ်ပေါင်း ၈၆ မြို့နယ်မှာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

“ လူ့အခွင့်အရေး လူ့အခွင့်အရေးနဲ့ ပြောနေကြတဲ့ဟာကို သူတို့ကိုလည်း ရစေချင်ပါတယ်၊၊ တခြားထူးထူး ခြားခြား ပိုပြီးတော့ မတောင်းဆိုချင်ပါဘူး”ဟု မြန်မာလိင်လုပ်သားများကွန်ယက်အသင်း ဥက္ကဋ္ဌက ဒေါ်နှင်း နှင်းယုက ဆိုထားသည်။

ပြည့်တန်ဆာဥပဒေများမှာ ကမ္ဘာနိုင်ငံ့အများစု၌ ပြဋ္ဌာန်းထားကြောင်း သိရ၍ အာရှတိုက်အတွင်း အင်အား ကြီးနိုင်ငံများဖြစ်သည့် ဂျပန်၊ တရုတ်၊ ထိုင်းနှင့် စင်ကာပူနိုင်ငံများ၌ တရားဝင်ဈေးကွက်တစ်ခုအနေဖြင့် သက် မှတ်ပေးထားသည်ဟု သိရသည်။

၁၉၄၉ ခုနှစ် ပြည့်တန် ဆာနှိပ်ကွပ်ရေး အက်ဥပဒေသည် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် အာဏာ သက်ရောက်ပြီး ယနေ့အထိကျင့်သုံးနေသော ဥပဒေဖြစ်ပါသည်။

မြစ်မခ

အာဇာနည်နေ့တွင် ဗိုလ်ချုပ်ကြေးရုပ်၌ ၀မ်းနည်းခြင်းအထိမ်းအမှတ်အခမ်းအနားကျင်းပမည်


၁၉၄၇ ခုနှစ်က ၀န်ကြီးများ ရုံး၌ အသက်ဝိညာဉ်များကြွေလွင့်ခဲ့ ရသောအာ ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည်ခေါင်းဆောင်ကြီး များအား အောက်မေ့သတိရ၀မ်း နည်းခြင်းအထိမ်းအမှတ်အဖြစ် ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းရှိဗိုလ်ချုပ်  အောင်ဆန်းကြေးရုပ်ရှေ့တွင် လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူလူထုပါဝင်သော အာဇာနည်နေ့ဝမ်းနည်းခြင်း အထိမ်းအမှတ်ငြိမ်သက်ဆုတောင်း ပွဲတစ်ရပ်အား ကျင်းပပြုလုပ်သွား  မည်ဖြစ်ကြောင်း ဇူလိုင် ၈ ရက်နေ့ တွင် မြန်မာနိုင်ငံခရစ်ယာဉ်ဂိုဏ် ပေါင်းစုံသာသနာရိပ်သာရှိ၊ ယုဒသန်ခမ၌ကျင်းပပြုလုပ်သည့် အာဇာနည်များသို့ဦးညွှတ်ခြင်း သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်  လိုင်ဇာငြိမ်းချမ်းရေးလမ်းလျှောက် အဖွဲ့ဝင်ကိုဇင်ကိုမှ ပြောကြား သည်။
“အာဇာနည်နေ့မှာ ကျွန်တော် တို့ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ နံနက်  နာရီလူစုမယ်၊ ၁၀ နာရီ ၃၇ မိနစ် ကျွန်တော်တို့ငြိမ်သက်ဆုတောင်း ပွဲလုပ်မယ်။ အဲဒါပြီးရင် ကျွန်တော် တို့အာဇာနည်ကုန်းကိုသွားရောက်  ဂါရ၀ပြုမယ်။ အာဇာနည်ကုန်းကို  သွားခဲ့အခါမှာလည်း ကျွန်တော်  ငြိမ်းချမ်းစွာချီတက်မယ်။ ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ်တော့ တစ်ယောက်ထိုးပြီးသွားကြမယ်။ ကျွန်တော်ပြုလုပ်မယ့်အခုအစီ အစဉ်မှာပါဝင်ချင်တဲ့ လူမှုအဖွဲ့ အစည်းများနဲ့ ပြည်သူလူထုများ  နဲ့ ၀မ်းနည်းခြင်းအထိမ်းအမှတ် အဖြစ်အနက်ရောင်အင်္ကျီများဝတ် ဆင်လာပေးပါလို့တောင်းဆိုချင်ပါ တယ်”ဟု ၎င်းမှပြောကြားသည်။

Hotnewsweekly

နိုင်ငံအခွန်ငွေ(၁၉၅)သိန်းပျောက်ဆုံးခြင်းအတွက် အခွန်ဦးစီးမှူးအားနိုင်ငံတော်သမ္မတထံ တတိယအကြိမ်တိုင်ကြား


ကချင်ပြည်နယ်၊ဗန်းမော်ခရိုင် သည်တရုတ်ပြည်သို့တရားဝင်- ၀င်ပေါက်၊ထွက်ပေါက်များရှိသလို တရားမ၀င်လမ်းကြောင်းများစွာ ရှိသည့်စီးပွားရေးမြို့တော်တခုဖြစ် သည်။စီးပွားရေးမြို့ဖြစ်သည့် အလျာက်၊စီးပွားရေးသမားအများစု သည်ရုံးပြင်ကန္နား၊အစိုးရဌာနများ သို့မသွားချင်ကြ။မပါတ်သက်ချင် ကြပါ။မလွှဲမရှာင်သာလို့ပါတ် သက်ရရင်တောင်ကြားခံလူ၊ပွဲစား များသုံးပြီးဆောင်ရွက်လေ့ရှိကြ သည်။အချိန်ကုန်ခံ၊ငွေကုန်ခံ၊ အလုပ်ပျက်ခံကာသွားပြီးစကားမ ပြောချင်ကြ။ထို့အတွက်ကြောင့် လဲမည်သည့်ကိစ္စကြီးငယ်မဆို ငွေလမ်းခင်းပြီးဆောင်ရွက်လေ့ရှိ ကြတာမို့လာဒ်ပေးလာဒ်ယူအကျင့် ပျက်ခြစားမှုကြီးများဗန်းမော်တွင် လွတ်လပ်စွာရှင်သန်ကြီးထွားနေရ ခြင်းဖြစ်သည်။မိရိုးဖလာ၊လုပ်ရိုး လုပ်စဉ်တခုဟုပြောရလောက်အောင် ဂဠန်စီး၊ခြင်္သေ့စီး၊ဆင်စီးပြီးအဟန့် အတားမှန်သမျှကိုကျော်ဖြတ်နင်းချေ  သွားကြသည်ချည်း။
လူကိုခင်ရင်မူကိုပြင်သည်။ လူကိုမုန်းလို့မူကိုသုံးသည်ဟုခြုံပြော နိုင်သည့်ဖြစ်စဉ်ဖြစ်ရပ်များစွာရှိခဲ့ ဖူးပါသည်။အမှန်တကယ်သည်းခံ ခြင်းတရားအလွန်ထားရှိနိုင်တဲ့မြို့ ဖြစ်သည်။အမှန်တရားကိုမပြောရဲ မတိုင်ရဲလောက်အောင်အကြောက် တရားကလဲကြီးစိုးခဲ့တာကိုး။
ဗန်းမော်မြို့၊အစိုးရဌာနတိုင်း တွင်ထူးခြားဖြစ်စဉ်ဖြစ်ရပ်ပေါင်း မြောက်များစွာရှိခဲ့သည့်အနက် လွန်ခဲ့တဲ့နှစ်ဟိုးလေးတကျော်ဖြစ် ခဲ့သောဒေသခံများစိတ်အရမ်း ၀င်စားလျက်ရှိနေကြသောဖြစ်ရပ် တခုကိုတင်ပြပါမည်။တစ်နှစ်နီးပါး အချိန်ကာလကြာမြင့်ခဲ့ပေမဲ့ယနေ့ ထိတိုင်မဖြေရှင်းပေးသည့်အတွက် ကာယကံရှင်မှနိုင်ငံတော်သမ္မတကြီး ထံ၁.၇.၂၀၁၃နေ့က E.mail ဖြင့် လည်းကောင်း၊စာတိုက်မှတ်ပုံတင် စာအမှတ်(၆၀)ဖြင့်လည်းကောင်း တတိယအကြိမ်မြောက်တိုင်ကြား စာပေးပို့လိုက်ကြောင်းသိရသည်။
ဗန်းမော်မြို့၊သာစည်ရပ်ကွက် အကွက်အမှတ်၃၀၊ဦးပိုင်အမှတ် ၂/က၊အိမ်အမှတ်သစ/၂၇ကိုပိုင်ရှင် ဖြစ်သူဦးညီညီဖေတင်(၉/မရမ (နိုင်)၀၆၃၂၃၄)မှဦးတေဇ၏ ““အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် သို့၁၀.၈.၂၀၁၁နေ့ကကျပ်သိန်း (၅၀၀၀)ဖြင့်ရောင်းချခဲ့ရာမှဇာတ်လမ်း စခဲ့ခြင်းဖြစ်သည်။
ထိုသို့ရောင်းချမှုအတွက် အမြတ်ငွေကိုအမြတ်ခွန်၁၀ရာခိုင်နှုန်း ပေးဆောင်ရမည်ဟုအခွန်ဦးစီး ဌာနမှူးဦးသိန်းဇော်ဦးကပြောပြီး၊ မြို့နယ်ထွေ/အုပ်၊စီမံကိန်းရုံး၊အခွန် ဦးစီး၊စည်ပင်သာယာရေး၊ရဲနှင့် မြေစာရင်းဌာနတို့ပါဝင်သောကာလ တန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့မှ ဈေးနှုန်းသတ်မှတ်ကြောင်းသိရ သည်။
ထိုနောက်အမြတ်ခွန်ဌာန ဦးစီးမှူးဦးသိန်းဇော်ဦးမှကျပ်သိန်း လေးရာပေးဆောင်ခိုင်းသဖြင့် ၁၂.၈.၂၀၁၁နေ့တွင်မြန်မာ့စီးပွား ရေးဘဏ်သို့ငွေစာရင်းအမှတ် MD.000154 ငွေသွင်းချလံအမှတ် (၆)ဖြင့်ငွေကျပ်သိန်း(၂၀၀)ကိုပေး သွင်းခဲ့ပြီး၊ကျန်ငွေသိန်း(၂၀၀)ပေး ကိုအခွန်ဦးစီးမှူးထံသို့သာလာရောက် ပေးရန်ပြောသဖြင့်၁၀.၈၀၂၀၁၁ နေ့တွင်ကျပ်သိန်း(၁၀၀)၊၉.၉.၂၀၁၁ နေ့တွင်ကျပ်သိန်း(၁၀၀)ကိုသက်သေ တစ်ဦးနှင့်အတူသွားပေးခဲ့ကြောင်း ရာဖြတ်သတ်မှတ်မှုအပေါ်၊အကြမ်း မျဉ်းတွက်ချက်ရာတွင်ကာလတန် ကြေးအတိုင်းမတွက်ပဲယခင်ဈေး ဖြင့်လျှော့တွက်ထားကြောင်း၊ အခွန်ထမ်းပြည်သူကိုဆန္ဒတောင်းခံ လွှာပေးပို့ခြင်းလုံးဝမရှိခဲ့ကြောင်း ဦးညီညီဖေတင်က Hot News  ဂျာနယ်သို့ပြောသည်။
ထိုသို့သတ်မှတ်သည့်နိုင်ငံတော် အခွန်ငွေကိုတာဝန်ကျေပေးဆောင် ခဲ့ပေမဲ့(၂၈.၉.၂၀၁၁)နေ့တရားဝင် အခွန်သွင်းငွေ(ငွေဖြူစာရွက်)တွင် ကျပ်(သိန်းလေးရာ)ဟုဖေါ်ပြမ ထားပဲကျပ်သိန်း(နှစ်ရာ့ငါး)ဟုသာ ဖေါ်ပြထားပါသည်။ငွေစာရင်း အမှတ် MD.000154 ချလံအမှတ် ၁၇ဖြင့်၊ငွေငါးသိန်းကျပ်ကိုသာ၎င်း တို့ကပေးသွင်းထားကြောင်းတွေ့ ရပါသည်။ကျပ်(၁၉၅)သိန်း(ကျပ် တစ်ရာ့ကိုးဆယ့်ငါးသိန်း)ကွာဟ စာရင်းပျောက်နေသည့်အတွက် ၁၉.၉.၂၀၁၂နေ့တွင်နိုင်ငံတော် သမ္မတကြီးထံ၊တိုင်ကြားစာပေးပို့ ခဲ့ပြီး၊ပြည်ထောင်စုဝန်ကြီး၊ဘဏ္ဍရေး နှင့်အခွန်ဝန်ကြီးဌာန၊ဥက္ကဌ၊တရား ဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်း မှုကော်မတီဝန်ကြီးချုပ်၊ကချင်ပြည်နယ် အစိုးရအဖွဲ့၊အုပ်ချုပ်ရေးခရိုင်ထွေ/ အုပ်တာဝန်ခံစုံစမ်းစစ်ဆေးရေးဦးစီး ဌာန(ဗန်းမော်)တို့ထံမိတ္ထူများပေး ပို့ခဲ့ကြောင်းသိရသည်။
လက်ရှိအခွန်ဦးစီးမှူးဦးစောဆွေ ဒုဦးစီးမှူးဒေါ်စန်းစန်းဝင်းမှံနလေနည သောက်ရေသန့်ပိုင်ရှင်ဦးထွန်းထွန်း နှစ်ကိုတီးကိုကြားခံဆက်သွယ်ခိုင်း ပြီး(၉.၁၀.၂၀၁၂)နေ့နံနက်(၁၀း၃၀) နာရီကအလွတ်သဘောလာရောက် ညှိနှိုင်းပါသည်။ထိုသို့လာရောက် ညှိနှိုင်းခြင်းသည်သမ္မတထံတိုင်ကြား စာကြောင့်ဟုထင်ရကြောင်း၊ထို့နောက် တဖန်(၁၂.၁၀.၂၀၁၂)နေ့တွင် စီးပွားရေးလုပ်ငန်းရှင်ဦးကျော်မင်း အထက်တန်းပြဆရာမဟောင်း ဒေါ်မင်းမင်းအေးတို့ကိုဒုတိယ အကြိမ်စေလွှတ်ပြီး““တိုင်ကြားစာကို ပြန်ရုတ်ပေးပါ၊ငွေကျပ်(၁၉၅)သိန်း ကိုချက်ခြင်းပြန်ပေးပါမည်””ဟုညှိနှိုင်း ပြောဆိုခိုင်းပြန်ရာကာယကံရှင် ဦးညီညီဖေတင်မှလုံးဝလက်မခံခဲ့ ကြောင်းသိရသည်။
ယခင်အခွန်ဦးစီးမှူးဦးသိန်း ဇော်ဦး၏အခွန်ငွေအလွှဲသုံးစားလုပ် မှုအားဖေါ်ထုတ်၊စစ်ဆေး၊အရေးယူ ပေးပါရန်တိုင်ကြားစာကြောင့် သက်ဆိုင်ရာဌာနမှစုံစမ်းစစ်ဆေး ရေးအဖွဲ့၊ဖွဲ့ပြီး(၁၆.၁၀.၂၀၁၂) နေ့တွင်စစ်ဆေးမေးမြန်းခဲ့ပါသည်။ ထူးဆန်းတာက၎င်းအဖွဲ့ဝင်များသည် ““ပွဲစားပုံစံ၊တိုးတိုးတိတ်တိတ်လာ ရောက်တောင်းပန်ညှိနှိုင်းခဲ့ဖူးသည့် လက်ရှိအခွန်ဦးစီးမှူးဦးစောဆွေ နှင့်ဒု-ဦးစီးမှူးဒေါ်စန်းစန်းဝင်း တို့ဖြစ်နေသည်ဟုဆိုသည်။ထိုသို့ စစ်ဆေးမေးမြန်းခဲ့ပြီးတစ်လကျော် ကြာသည့်တိုင်ထူးခြားမှုမရှိသည့် အတွက်သမ္မတကြီးထံဒုတိယအကြိမ် တိုင်ကြားစာကို(၂၃.၁၁.၂၀၁၂) နေ့ကပေးပို့ခဲ့ပြန်ပါသည်။
ယနေ့ဆိုလျှင်စစ်ဆေးမေးမြန်း သွားခဲ့သည်မှာတစ်နှစ်နီးပါးကြာ ခဲ့ပေမဲ့မည်သို့မည်ပုံအရေးယူဆောင် ရွက်ထားသည်မသိရသည့်အတွက်  (ယခင်)အခွန်ဦးစီးမှူးဦးသိန်းဇော်ဦး အားအရေးယူပေးပါရန်နှင့်နစ်နာ ဆုံးရှုံးငွေ၊လျော်ကြေးငွေများပြန် လည်ပေးအပ်စေရန်အတွက် နိုင်ငံတော်သမ္မတကြီးထံယုံကြည် အားကိုးစွာဖြင့်(၁.၇.၂၀၁၃)နေ့ ကတတိယအကြိမ်မြောက်တင်ပြ တိုင်ကြားခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါဌာန၀န်ထမ်းတချို့ သည်တောင်းခံသည့်ငွေကြေးကို နှုတ်မှဖွင့်မပြောပဲဂဏန်းပေါင်းစက် နှိပ်ပြ၍ဒီလောက်ပေးရမယ်ဟု တောင်းလေ့ရှိကြောင်း၊၀န်ထမ်းအချင်း ချင်းနှင့်ဘေးလူတွေမသိစေလိုသည့် သဘော၊ကိုယ်ရကိုယ်ယူလုပ်စား နေကြသည်(သို့)ခွဲဝေယူကြသည် ဟုယူဆကြောင်း၊ကိုယ်တွေ့ကြုံခဲ့ ဖူးသည့်အမည်မဖေါ်လိုသူလုပ်ငန်း ရှင်တစ်ဦးကလဲပြောသည်။““မည် သူ့ကိုမှထိခိုက်နစ်နာစေလိုစိတ်မရှိ ဘူး၊ကျွန်တော်ကကျွန်တော့်နစ်နာ ဆုံးရှုံးမှုကိုသာတင်ပြတောင်းဆို တာပါ၊ဒီလိုတောင်းဆိုတာကြောင့် အခွန်ဌာန၀န်ထမ်းနှင့်အဆင်ပြေ အောင်ပေါင်းပြီး၊နိုင်ငံတော်သို့ ပေးသွင်းရမဲ့အခွန်ငွေလျော့နည်း သက်သာအောင်၊ကင်းလွှတ်အောင် ဆောင်ရွက်နေသူတွေကတော့ ကြိုက်ချင်မှကြိုက်မယ်””ဟုဦးညီညီ ဖေတင်ကဆက်ပြောသည်။
တံဆိပ်ခေါင်းတသိန်းခွဲဖိုးဝယ် ရင်၊တံဆိပ်ခေါင်းသွားထုတ်ရတဲ့ ခရီးစရိတ်တသောင်းခွဲအပိုပေးရန် အမျိုးသမီးဝန်ထမ်းတစ်ယောက် ကဂဏန်းပါင်းစက်နှိပ်ပြပြီးတောင်း တယ်၊တသောင်းခွဲမပါဘူး၊၉၀၀၀ ဘဲပါတယ်လို့ပြောတော့““ငါ့ဆီက ချေးပြီးပေးခဲ့၊နောက်ရက်မှပြန်လာ ဆပ်ပေါ့””ဟုကူညီပေးသယောင် ပြောပြီးတောင်းတယ်၊““ဒီလိုပေးရ သလား၊တခြားရုံးတွေမေးကြည့် အုံးမယ်””ဆိုပြီးမိတ်ဆွေထံဖုန်းဆက် တယ်။““စုံစမ်းမနေနဲ့၊မပေးချင်ရင် မြန့်မာစီးပွားရေးဘဏ်မှာကိုယ်တိုင် ငွေသွားသွင်းပြီးငွေသွင်းချလံပြန် ယူလာခဲ့””လို့ပြောပြီးစာရေးမတစ် ယောက်ကိုဘဏ်သွင်းပုံစံရေးဖြေည့် ခိုင်းတယ်၊ရေးပြီးတော့သူ့ရုံးခန်း မှာလက်မှတ်ထိုးဖို့ခေါ်ပြီးနင့်အဖေ နင့်အမေတွေနဲ့လဲခင်နေတာမို့၊ သွားမသွင်းပါနဲ့တော့၊ဒီမှာပဲပေးထား ခဲ့””လို့ပြောတယ်။ကျွန်မလဲမရ ရတဲ့နည်းနဲ့ငွေတောင်းယူတာကို အံ့သြစွာနဲ့တံဆိပ်ခေါင်းဖိုး(၁၅၀၀၀၀) အတိအကျထားခဲ့တယ်။ရုံးထဲမှာ  အခုလိုတောင်းတာကိုကြောက် လို့၊အပြောကောင်းတာကြောင့် အားနာလို့ပေးလိုက်ကြရသူတွေ အများကြီးရှိခဲ့ဖူးတယ်””ဟုလွန်ခဲ့တဲ့ အပတ်ကအခွန်တံဆိပ်ခေါင်း (၁၅၀၀၀၀)ဖိုးသွားဝယ်ခဲ့သူအမျိုး သမီးတစ်ဦးကပြောသည်။
ဗန်းမော်ရှိဌာနဆိုင်ရာဝန်ထမ်း အချို့သည်ပြည်သူလူထုအနေဖြင့် သိရှိလိုသည်ကိုသွားရောက်ပြီး မေးမြန်းခြင်း၊နိုက်နိုက်ချွတ်ချွတ် စုံစမ်းခြင်းမျိုးလုံးဝလက်မခံ၊မကြိုက် ကြပါ။တရားရုံးရောက်လာသည့် တရားခံကိုဆက်ဆံတာမျိုး၊အမှုသည် ကိုအထင်သေးအမြင်သေးကြည့် ပြီးဆက်ဆံတာမျိုးရှိကြောင်းသိရ သည်။ပြီးတော့““အနှောက်အ ယှက်ပေးသည့်၊၀တ္တရားနှောက်ယှေက် သည်””ဟုမဟုတ်မတရားပုံကြီးချဲ့ စွတ်စွဲပြီးအရေးယူမည့်ပုံစံခြောက် လှန့်တတ်သည့်အမူအကျင့်ရှိသူများ လဲတွေ့ရတာကြောင့်၊ဗန်းမော်မြို့ သားအများစုသည်လျှပ်စစ်မီတာခ ပေးဆောင်သည့်ကိစ္စမျိုးလေးတောင် မှကိုယ်တိုင်မသွားချင်၊မပါတ်သက် ချင်ကြ၍ကြားခံလူတစ်ယောက် နှင့်သာပေးဆောင်စေကြောင်း မြို့မရပ်မှလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
စီးပွားရေးမြို့တော်ဗန်းမော်ရှိ စီးပွားရေးလုပ်ငန်းရှင်များဒေသခံ ပြည်သူများကိုနိုင်ငံတော်သို့ထမ်း ဆောင်ရမည့်အခွန်ငွေနှင့်ပါတ်သက် ပြီးပညာပေးရန်အထူးလိုအပ်ပေမဲ့ ပညာပေးခြင်းမျိုးအားနည်းသည့် အတွက်ဗဟုသုတမရှိကြပါ။ဒါကြောင့်လဲအခွန်ဝန်ထမ်းများပြော သမျှ၊တခြားလူမသိအောင်ဂဏန်း ပေါင်းစက်ဖြင့်နှိပ်ပြပြီးတောင်းသမျှ ဈေးဆစ်၍ပေးနေရကြောင်းမြို့ခံ  အခွန်ထမ်းလုပ်ငန်းရှင်တစ်ဦးက ရင်ဖွင့်သည်
စကားနည်းရန်စဲနေတတ်ကြ ပြီး၊တော်ရုံတန်ရုံတိုင်ကြားခြင်း၊ ပြောဆိုခြင်းမျိုးမရှိ၊ပြီးရင်ပြီးရောခွင့် လွှတ်သည်းခံလေ့ရှိသည့်ဒေသခံ တွေမှာမတရားမှုမြောက်များစွာ ကြုံရပေမဲ့၊ယခုကာယကံရှင်ဦးညီ ညီဖေတင်မှာတော့နစ်နာဆုံးရှုံးနေ ရတာထက်နှစ်ပေါင်းများစွာမတော် မတရားလုပ်မှုများလုံးဝပပျောက်သွား အောင်ဆန္ဒရှိတာကြောင့်၎င်းမခံ မရပ်နိုင်လွန်းတာကြောင့်နိုင်ငံတော် သမ္မတကြီးထံတတိယအကြိမ်မြောက် တိုင်ကြားရခြင်းဖြစ်ကြောင်း၊အလား တူလူမသိ၊သူမသိဘဲနိုင်ငံအခွန်ငွေ များနစ်နာဆုံးရှုံးနေရကြောင်း၊ယခု အမှုကိုစောင့်ကြည့်လေ့လာနေသည့် ကိုယ်တွေ့ခံစားရတာကိုတိုင်ကြား  စာပေးပို့လိုသူမင်းကုန်းရပ်ကွက်မှ လုပ်ငန်းရှင်တစ်ဦးကပြောသည်။
၎.၇.၂၀၁၃နေ့အခွန်ဦးစီး ဌာနသို့သွားရောက်မေးမြန်းစုံစမ်း ရာ““မိမိတို့ဌာနအနေဖြင့်စစ်ဆေး မေးမြန်းတွေ့ရှိချက်များကိုအထက် သို့ပြန်လည်တင်ပြထားပါတယ်”” ဟုဦးစီးမှူးဦးစောဆွေကပြန်လည် ဖြေကြားခဲ့ပါသည်။
နိုင်ငံတော်အဆင့်တွင်အပြောင်း လဲကြီးပြောင်းလဲနေပေမဲ့အောက် ခြေပိုင်းတွင်ပြုပြင်ပြောင်းလဲခြင်းများ အားနည်းနေသေးကြောင်းသိရှိ ရပြီး၊ယခုဖြစ်စဉ်ကိုဒေသခံပြည်သူ များ၊အထူးစိတ်ဝင်စားလျက်ရှိကြောင်း လေ့လာစုံစမ်းသိရှိရပါသည်။

ဦးဦးငြိမ်း(ဗန်းမော်)
Hotnewsweekly

IC ရဲ့အောင်မြင်မှု လျှို့ဝှက်ချက်


Iron Cross တေးဂီတအဖွဲ့ရဲ့ ဒရမ်မာကိုခရမ်းက နယ်ပယ် အသီးသီးက အနုပညာရှင်တွေ စုပေါင်းပြီး ငြိမ်းချမ်းရေး ဆွေး နွေးပွဲပြုလုပ်မယ့် အကြောင်း စာနယ်ဇင်းရှင်း လင်းပွဲကို အဖွဲ့ကိုယ် စားတက်ရောက်ဖြစ်ခဲ့ပါတယ်။ပွဲ တက်ရောက် ဖြစ်ပုံနဲ့ပတ်သက်ပြီး ကိုခရမ်းက “ဒီပွဲက အကုန် လုံးပေါင်းစည်းပြီး ဒုက္ခသည်တွေ ငြိမ်းချမ်းရေးအတွက် တစ်ဖက်တစ်လမ်းကနေ ရန်ပုံ ငွေရှာရာမှာ ပူးပေါင်း ပါဝင်ဖြစ်တဲ့သဘောပါ။
ဘယ်လိုငြိမ်းချမ်းရေး အတွက်လုပ်မလဲ၊ ဘယ်လိုရန်ပုံငွေရှာမလဲပေါ့။ ဒါ ကောင်းပါတယ်။ အဲဒါကြောင့်လည်း တက်တက်ကြွကြွနဲ့ ပူးပေါင်းပါဝင်ဖြစ် တာပါ။ အထူးသဖြင့် ကိုယ့်နိုင်ငံမှာ ကောင်းကောင်းမွန်မွန်နဲ့ ငြိမ်းငြိမ်း ချမ်းချမ်းလေး ဖြစ်စေချင်ပါတယ်” လို့ပြောပါတယ်။Iron Cross  တေးဂီတ အဖွဲ့မှာ ဒရမ်မာတစ်ယောက် ဖြစ်လာပုံကိုလည်း ကိုခရမ်း က “အစ်ကိုငယ်ငယ်တုန်းက မြူးဇစ်အသံကြားရင် မနေနိုင်၊မထိုင် နိုင်လိုက် နားထောင် တယ်။မြူးဇစ်အကုန်လုံးကိုကြိုက်တယ်။ ဒါပေမဲ့ ဒရမ်ကိုတော့ အကြိုက်ဆုံးပဲ။ ဝါသနာတအားပါလို့ဖြစ်လာတာ။ အစ်ကိုတို့ငယ်ငယ်တုန်းက အခု   ခေတ်လိုမျိုးတိပ်တို့၊ ဗီစီဒီတို့ မပေါ် သေးဘူးလေ။ အသံလောက်ပဲရှိတယ်။ ဒါကိုနားထောင်ပြီး ကိုယ့် ဘာသာကိုယ် အိမ်မှာကျင့်ရတာပေါ့။ အဲဒီတုန်းက နာမည်ကြီးနေတဲ့ Play Boy တို့၊ Electronic Mission  တို့ ဒါတွေကိုကြည့်ပြီး လေ့လာတယ်။ အစ်ကို့ရဲ့မြင်ဆရာတွေပေါ့။ ကြား ဆရာတွေလည်း ရှိပါတယ်။ ဒီလိုနဲ့ Session တွေတီးရင်းတီးရင်း ကီးဘုတ်သမား၊ ဂစ်တာသမားတွေနဲ့ မျက်မှန်းတန်းမိ ရင်းနှီးသွားခဲ့တာပေါ့။ အစ်ကို့ စိတ်က အလုပ်တစ်ခုလုပ်ရင် မြန်လည်းမြန်ရမယ်။အချိန် တိုတို အတောအတွင်းမှာပေါ့။ စိတ်တူ၊ကိုယ်တူပေါင်းမိသွားတော့ ဒီ Iron Cross  ဆိုတာ ဖြစ်လာတာပါ” လို့ပြောပါတယ်။IC ရဲ့ အောင်မြင်မှု အဓိကသော့ချက်ကိုလည်း ကိုခရမ်းက အခုလိုပြောပြတာက..
 ”အစ်ကိုတို့ရှေ့မှာ တီးခတ်သွား ခဲ့တဲ့ နာမည်ကြီးတီးဝိုင်းတွေရှိပါ တယ်။အဲဒီကနေ အတွေ့အကြုံတွေယူရတာပေါ့။ ရှေ့မီနောက် မီလည်း ဖြစ်ေ တာ့လေ။IC အောင်မြင်တာက နံပါတ်တစ်ကတော့ ငွေကြေးပါပဲ။ဒုတိယအချက်ကတော့ နားလည်မှုပေါ့။ လူဆိုတာ ဘယ်သူမှ အပြစ်အနာအဆာ မကင်းကြပါဘူး။အစ်ကိုတို့က နားလည်မှု ယူတယ်။သည်းညည်းခံတယ်။အဲဒါတွေနဲ့လုပ်ခဲ့ကြ၊တည် ဆောက် ခဲ့ကြတော့ အခုလိုအောင်မြင်မှု ရလာတာ။ကြိုးစားမှုလည်း ပါတာ ပေါ့” လို့ပြောပါတယ်။Rock  လူငယ်တီးဝိုင်းအဖွဲ့တွေနဲ့ ပတ်သက် ပြီးတော့လည်း အကြံပြုစကားပြောပေးပါဦး လို့ဆိုတော့ “အစ်ကိုက မြူးဇစ်ဆို အကုန် လေ့လာတယ်။ အခုချာတိတ်တွေ အကုန်လုံး၊ Underground အဖွဲ့ တွေရော မတော်၊ မတတ်ကြတာ မဟုတ်ဘူး။ အကုန်ကောင်းကြပါတယ်။ အားပေးတယ်။ လူတိုင်း ကိုယ့်ခံယူချက်နဲ့ကိုယ်ပေါ့။ သူ့နည်းသူ့ဟန်တွေနဲ့ လမ်းသစ်ဖောက် နေကြေ တာ့ လျှော့တွက်လို့မရဘူး။ အစ်ကို တောင်ထင်မှတ်မထား တဲ့အဖွဲ့တွေ၊ ပလေယာတွေရှိတယ်” လို့ပြောပါတယ်။ ဆက်လက်ပြီး တော့လည်း ကိုခရမ်းက..
    ”IC အဖွဲ့အနေနဲ့ ရှေ့လမှာ Unplugged လုပ်ဖို့အစီအစဉ်ရှိ တယ်။ လျာထားတာပေါ့နော်။ ဒါပေမဲ့ အနုပညာရှင်တွေပေါင်းစုပြီး လုပ်မယ့်ပွဲနဲ့ တိုက်ဆိုင်ခဲ့မယ်ဆိုရင် ဘယ်အရာကို ဦးစားပေးဖြစ်မလဲ တော့ မသိဘူး။ ဒါကိုလည်း ဆွေးနွေးရဦးမယ်။ တစ်ခုရှိတာက အစ်ကိုတို့အနေနဲ့ မီဒီ ယာတွေနဲ့ ထိတွေ့မှုနည်းပါတယ်။ ဒါက လည်း ပြောပြချင်တဲ့အကြောင်းအရာတွေကသိပ်ပြီး မထူး ဆန်းဘူးလို့ ထင်လို့ပါ။ အစ်ကို့ အမြင်တစ်ခုက ဘယ်အရာမှာမဆို ပြည်ပမှာရော၊ ပြည်တွင်းမှာရော အဓိက စီးပွားရေးပေါ့။ နိုင်ငံရေး၊ စီးပွားရေးက အဓိကကျတော့ ဒါတွေ အဆင်ပြေမှ လူတွေ   ပျော်နိုင်မယ်။ လူတွေပျော်မှ အနုပညာကို ပိုပြီး စိတ်ဝင်စားနိုင်မယ်။ အမှန်တော့ လူတိုင်းရင်မှာ အနုပညာဓာတ်ခံရှိပါတယ်။ အပြင် ကိုသာ ရောက် မလာနိုင်ကြတာပါ။ နောက်ပိုင်း ဂီတလောက ကောင်းလာဖို့များပါတယ်” လို့ နိုင်ငံရေး၊ စီးပွားရေးနဲ့ယှဉ်ပြီး အနုပညာ တစ်ရပ်ကို ပြောပြခဲ့ပါတယ်။
Mဘွယ်
Popular Myanmar

နှင်းဆီ အဖွဲ့ဝင် ဖြစ်သွားတဲ့ မင်းမော်ကွန်း


မင်းမော်ကွန်းက နှင်းဆီ အဖွဲ့နဲ့ အတူ စင်ကာပူ ဖျော်ဖြေရေး ခရီးစဉ်ကို လိုက်ပါဖျော်ဖြေခဲ့ပါတယ်။ နောင်မှာလည်း နှင်းဆီအဖွဲ့ဝင် တစ်ယောက် အနေနဲ့ ပါဝင်ဖြစ် သွားမယ် လို့ ပြောပြလာတဲ့ မင်းမော်ကွန်းက “ဦးမျိုးမင်း က ကျွန်တော့်ကို အကူအညီ တောင်းတာ နဲ့ ကျွန်တော့် ဆရာလည်း ဖြစ်နေတော့သူ ဘာ ခိုင်းခိုင်း လုပ်ပေးနေ ကျပါပဲ။ ဖျော်ဖြေပွဲ ကိုလည်း ပရိသတ်တွေက အဆင်ပြေတယ် လို့ပြောကြတယ်။ ကျွန်တော့် အနေနဲ့တော့ အားမရတာလေး တော့ရှိတာပေါ့။ တိုက် ရက်နည်းတာရော၊ ဒီ့ထက်မက ပရိသတ်ကို ပိုပြီး ပျော်စေချင်တဲ့ စိတ်လည်း လူတိုင်းမှာ ရှိပါတယ်။ ကျွန်တော့်ထက် ဒီနှင်းဆီ အဖွဲ့က အတွေ့အကြုံလည်း များနေပြီ။ ကတဲ့ ပွဲ ပေါင်းလည်း မနည်းဘူးလေ။ ပိုပြီး Teamwork လည်း ရနေကြပြီ။ ဒီလို အောင်မြင်ပြီးသား အဖွဲ့ထဲကို ကျွန်တော့် အနေနဲ့ ဝင်ရတာလည်း တာဝန် ကြီးပါတယ်။ ကျွန်တော် ဝင်တော့မှ တစ်ခုခု ထိခိုက်သွားမှာလည်း စိုးတယ်။ စိတ်ဖိစီးမှုလည်း များတယ်။ တကယ်တော့ ကျွန်တော့် အနေနဲ့ Perfect ဖြစ်ပြီး အဆင်ပြေနေတာ မဟုတ်ဘူး။ တချို့ ခွင်တွေ ဆို လုံးဝ မတိုက်ရသေးဘဲ စကားပြောလောက် နဲ့ပဲ ပြက်လိုက်တာမျိုးတွေ ရှိပါတယ်။ ဒါပေမဲ့ ပရိသတ်က နားလည် ခွင့်လွှတ်ပြီး ကြည့်သွားတဲ့ အတွက် ကျေးဇူး တင်ပါ တယ်။ နောက်ထပ်လည်း ဒီနှင်းဆီ အဖွဲ့နဲ့ ပါဝင်ဖို့ ဦးမျိုး ခိုင်းသရွေ့ လုပ်သွားမှာပါ။ ဒီနှစ်ထဲ မှာတော့ နှင်းဆီ အဖွဲ့ဝင် တစ်ယောက် ဖြစ်သွားတာပေါ့။ နောက် ပွဲတွေ မှာလည်း ကျွန်တော်တို့ ညီအစ်ကိုတွေ စုစုစည်းစည်း၊ ချစ်ချင်ခင်ခင် နဲ့ ပရိသတ်ကို ကြိုးစား တင်ဆက် သွားပါ့မယ်” လို့ပြောပြပါတယ်။ မင်းမော်ကွန်း က စင်ကာ ပူ ဖျော်ဖြေရေး ကပြန်ရောက်ပြီး “ခေါက်ထီးလေး မလုံ့တလုံ” ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားကို ဆက်လက် ရိုက်ကူးနေပါတယ် ။ ဒီဇာတ်ကားကို ၄လ ပိုင်းမှာ စတင် ရိုက်ကူး ခဲ့ တာဖြစ်ပြီး ထပ်မံပြီး ပြန်လည် ရိုက်ကူးနေတာ ဖြစ်တယ် လို့လည်း ပြောပြပါတယ်။
မေမွန်မောင်
Popular Myanmar

ခင်ဇာခြည်ကျော်ပြောတဲ့ ခေတ်ရဲ့ ကွာခြားမှုအကြောင်း


ကျရာဇာတ်ရုပ်တွေကို ပီပီပြင်ပြင်နဲ့ သရုပ်ဆောင်နိုင်တဲ့ဝါရင့် သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ခင်ဇာ ခြည်ကျော်က လတ်တလောမှာ သူပါဝင်သရုပ်ဆောင်ထားတဲ့ “အဆိပ်ဝိုင်” ဇာတ်ကားနဲ့ပတ်သက်ပြီး ဇာတ်လမ်းက ကောင်းတဲ့အတွက် ပါဝင်သရုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး သရုပ်ဆောင်တွေရဲ့ပါဝင်ရတဲ့အခန်းကလည်း မျှသလို အိုက်တင် တွေအားလုံး ကလည်း ကောင်းကြောင်း ပြောပြခဲ့ပါတယ်။ ဇာတ် ကားတွေ လာရောက်ကမ်းလှမ်းပေမယ့်လည်း စိစစ်ရွေးချယ်ပြီးမှ ရိုက်ကူးဖြစ် ကြောင်းကို ခင်ဇာခြည်ကျော်က..
” ၄၊ ၅ ခန်းနဲ့ပါပြီးတော့လည်း မရိုက်တော့ပါဘူး။ ကျွန်မကဇာတ် ရုပ်ကိုရွေးတာမဟုတ်ဘူး။အမေလည်းရတယ်။ အဒေါ်လည်းရ တယ်။ အစ်မလည်းရတယ်။ ကျရာဇာတ်ရုပ် မှာ သရုပ်ဆောင်ပါ့မယ်။ ဒါပေမဲ့ ဇာတ်ဝင်ခန်းနည်းနည်းနဲ့ ၄၊၅ခန်း ပါရပြီးရောဆိုပြီးတော့ မရိုက်ဖြစ်ပါဘူး” လို့ ပြောပြပါတယ်။ ဗီဒီယိုခေတ်ဦး ၊ခေတ်ကောင်း ကို မီခဲ့တာကြောင့် တစ်ချိန်က ဗီဒီယိုလောကရဲ့ အခြေအနေတွေကိုလည်း ခင်ဇာခြည်ကျော်က ” အရင်တုန်းကခေတ်နဲ့အခု ခေတ်က တအားကွာခြား တာပေါ့။တစ်လကို ၄၊၅ကားရိုက်ကြတယ်။မင်းသား၊ မင်းသမီးတွေလည်းအရည်အတွက်နည်းတယ်။မင်းသား၊ မင်း သမီးတွေက သူ့တန်းလေး တွေနဲ့ သူပေါ့။ ကျွန်မတို့တန်းဆို လည်း ၄၊၅ယောက်ပဲရှိတယ်။မင်းသမီးကြီးတန်းဆိုလည်း ၄၊၅ ယောက် သူ့တန်းနဲ့သူဆိုတော့ ရိုက်ရတာလည်း တအားမျှတယ်။ အခုခေတ် ကမင်းသမီးအရေအတွက်က တအားများလာတယ်။ တော်တဲ့လူ တွေလည်းများလာတယ်ဆိုတော့ အခုခေတ်မှာတော့ ပိုပြီး ကြိုးစား မှသာလျှင်နေရာတစ်နေရာရနိုင် မယ်။ နို့မို့ဆိုရင်တော့ ပေါ်ပြူ လာဖြစ်ပြီးတော့ ခဏလေးနဲ့ ပျောက်သွားရင်လည်း မင်းသမီးလို့ မခေါ်ဘူးလေ။ ကျွန်မတို့ဆိုရင် ၉၁ခုနှစ်ထဲက အသက် ၁၅နှစ်က တည်းက မင်းသမီးလုပ်တယ်။အခုအချိန်ထိဆိုရင်အနှစ်၂ဝ လည်း ကျော်သွားပြီ” လို့ ပြောပါတယ်။
အခုအချိန်အထိ ခင်ဇာခြည်ကျော် ဆိုတဲ့နာမည်နဲ့အောင်မြင်စွာရပ်တည်နေနိုင်တာကတော့ ကိုယ့်ရဲ့ကြိုး စားမှုနဲ့ အလုပ်အပေါ်ဂရုစိုက်မှုတွေကြောင့် ဖြစ်ကြောင်းကိုလည်း
အခုအချိန်ထိ ပရိသတ်တွေ အားပေးတယ်။ အခုအချိန်ထိ ခင်ဇာခြည်ကျော်ဆိုပြီးလက်ခံတယ်ဆိုတာအရင်တုန်းကကြိုးစားခဲ့လို့ပါ။ ကျွန်မတို့က အလုပ်လုပ်တယ် ဆိုရင်ပြီးပြီးရော ဘယ်တော့မှ မလုပ်ပါဘူး။သရုပ်ဆောင်မတတ်မြောက်ခင်တုန်းကလည်း တကယ့်ဆရာသမား ဒါရိုက်တာ တွေပြောတဲ့စကားကို တစ်သဝေမတိမ်း နားထောင် ပြီး ကြိုးစားတယ်။အိုက်တင်မရခင်က အိုက်တင်ရလာအောင် ကြိုးစား ခဲ့တယ်။အိုက်တင်ရ လာပြီးတဲ့ နောက်ပိုင်းမှာ လည်းထပ် ပြီးပိုကောင်းအောင် လုပ် တယ်။ ကိုယ့် ဇာတ်ကား တွေလည်းကြည့်တယ်။သူများဇာတ်ကားတွေလည်း ကြည့်တယ် ပြန်သုံး သပ်တယ်။ သင် ဆရာ၊မြင်ဆရာတွေဆီက လည်း မှတ်သားလေ့လာ တယ်။ အကယ်ဒမီ ရပြီးတဲ့အခါမှာလည်း ငါအကယ်ဒမီ ရပြီးပြီ။ငါပေါ့ပေါ့ လုပ် လို့မရဘူးဆိုတဲ့ အနေနဲ့ပိုကြိုးစား ရတာပေါ့” လို့ ပြောပါတယ်။
ခိုင်ဝေလွင်
ဓာတ်ပုံ-အောင်ဇော်မင်း
PopularMyanmar