မကြာခင် ထွက်ရှိလာနိုင်တဲ့ Samsung ရဲ့ အလယ်လတ်တန်းစား ဖုန်းအသစ်


Samsung ရဲ့ မကြာခင် ထွက်ရှိလာတော့မယ့် အလယ်လတ် တန်းစား ဖုန်းမော်ဒယ် အသစ်တစ်မျိုးအဖြစ် SM-G7106 ကို တရုတ်နိုင်ငံ TENAA မှ ဖော်ထုတ်ပြသလိုက်ပါတယ်။ ရရှိထားတဲ့ သတင်းများအရ အဆိုပါဖုန်းဟာ Dual-SIM (SIM ကဒ် နှစ်ခု အသုံးပြုနိုင်မှာ) ဖြစ်ပြီး အန်းဒရွိုက်ဗားရှင်း 4.3 (Jelly Bean) သုံးစွဲထားကာ Quad-Core 1.2GHz, 1.5GB RAM တို့ကို တပ်ဆင်ထားမှာပါ။

ဖုန်းရဲ့ အလေးချိန်ဟာ ၁၆၃ ဂရမ်ရှိပြီးတော့ မျက်နှာပြင်အကျယ် ၅.၂၅ လက်မမှာ ရုပ်ထွက် 720 p ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒီဖုန်းနဲ့ ပတ်သက်လို့ အသေးစိတ်အချက်အလက် တွေကို မသိရသေးပေမယ့် WCDMA နဲ့ GSM သုံးစွဲသူတွေ အတွက် ဖြစ်ပြီး ဈေးနှုန်းလည်း သိပ်ကြီးမြင့်မှာ မဟုတ်ပါဘူး။

ဒီဇိုင်းပုံစံလည်း လှပတဲ့အပြင် Quad-Core CPU သုံးစွဲ ထားတာ ဆိုတော့ တကယ် ထွက်ရှိလာခဲ့ရင်သာ ဘယ်လို အနေအထားမျိုး ဖြစ်မလဲလို့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ Samsung ကတော့ ထုံးစံအတိုင်းပဲ ပုံစံအမျိုးမျိုး၊ မော်ဒယ်အမျိုးမျိုးနဲ့ စမတ်ဖုန်းတွေကို အဆက်မပြတ် ထုတ်လုပ်နေဦးမယ် ထင်ပါတယ်ဗျာ။

Source: gsmarena
Kangyi ( Myanmar Consumer Guide)

အွန်လိုင်းမှ ဥပဒေဘွဲ့ယူကြမယ်


ရန်ကုန်အဝေးသင်တက္ကသိုလ် (YUDE) မှ Online Courses and Programs အဖြစ် ဥပဒေပညာအထူးပြု (အွန်လိုင်း) ကို ယခုနှစ် အတွက် ဒီဇင်ဘာ ၆ရက်နေ့မှာ အွန်လိုင်းမှတဆင့် စတင် သင်ကြားတော့မှာ
ဖြစ်ပါတယ်။

ဥပဒေပညာအထူးပြု (အွန်လိုင်း)ဘွဲ့အတွက် (၅)နှစ် ကြာမြင့်မှာ ဖြစ်ပြီး YUDE ရဲ့ဝက်ဆိုက်လင့်မှာ အွန်လိုင်း Register ပြုလုပ်နိုင်ပါတယ်။

အသေးစိတ်ကိုဖြင့် www.ynou.edu.mm မှာ စုံစမ်းလေ့လာနိုင်ပါတယ်။

AkaRy (MM Social Sky)

ပုဒ်မ ၁၈ ဖျက်သိမ်းရေး လွှတ်တော်တွင် ဆွေးနွေးရန် အမှု ရင်ဆိုင်နေရသော တရားခွင်များသို့ ဦးသိန်းညွန့်လိုက်လံလေ့လာ


ရန်ကုန် ၊ နိုဝင်ဘာ ၂၁ ။ ။ ပုဒ်မ- ၁၈ ဖျက်သိမ်းရေးအတွက်လာ မည့်လွှတ်တော် တွင် ဆွေးနွေး နိုင်ရန် သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ယင်းပုဒ်မဖြင့် အ မှုရင်ဆိုင်နေရသောတရားခွင် များသို့ လိုက်လံလေ့လာနေပြီဖြစ် ကြောင်း သိရသည်။

ပထမဦးဆုံးအနေဖြင့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁ရက်က လက်ပံ တောင်းတောင်အရေး ဆန္ဒထုတ်ဖော် မှုကြောင့် ပုဒ်မ-၁၈ဖြင့် တရားစွဲခံ ထားရသော မိုးသွေး(ခ)ဦးသူရ ထွန်းအပါအဝင် ခြောက်ဦး၏တရားခွင်ဖြစ်သော ကြည့်မြင်တိုင် မြို့နယ်တရားရုံးသို့ နိုဝင်ဘာ ၂၁ ရက်က သွားရောက်လေ့လာခဲ့သည်။

ပုဒ်မ-၁၈နှင့်ပတ်သက်၍ ဦးသိန်းညွန့်က ''ဖွဲ့စည်းပုံမှာပါတဲ့ ပုဒ်မ-၃၅၄နဲ့ ညီ၊ မညီဆို တာ ပြန်ကြည့်ဖို့လိုပါတယ်။ (၈)ကြိမ် မြောက်လွှတ်တော်မှာ ပုဒ်မ-၁၈ ကိုဖျက်သိမ်း ဖို့ ပြင်ဆင်ချက်တင် ထားပြီးပါပြီ။ အခုလိုလာလေ့လာ ခြင်းက လာမယ့်လွှတ်တော် မှာ ဆွေးနွေးတဲ့ အခါ အထောက်အ ကူပြုနိုင်ပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အားကောင်း လာ ဖို့၊ နိုင်ငံတကာက စောင့်ကြည့် စရာမျိုးမဖြစ်ဖို့ ပုဒ်မ-၁၈ကိုဖျက် သိမ်းပေးဖို့လိုပါတယ်''ဟုရန်ကုန် တိုင်းမ်သတင်းစာသို့ပြောသည်။

နိုဝင်ဘာ ၂၂ရက်နေ့တွင် စမ်းချောင်းနှင့် လသာတရားရုံး များမှ ပုဒ်မ-၁၈နှင့် တရားစွဲခံ ထားရသူများ၏ တရားခွင်များ သို့ သွားရောက်လေ့လာဦးမည်ဖြစ် ကြောင်း ဆက်လက်ပြောသည်။

ပုဒ်မ-၁၈နှင့်ပတ်သက်၍ ဒီမိုကရေစီနှင့် အမျိုးသမီးကွန် ရက်မှ ဒေါ်နော်အုန်းလှက ''တ ကယ်တမ်းတော့ ပုဒ်မ-၁၈ဆို တာ ပြည်သူတွေကို ထိန်းချုပ်ထား တာပါ။ ဒီမိုကရေစီခေတ် မှာ ပြည်သူတစ်ယောက်ရဲ့ လွတ်လပ် စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချုပ် ထားတာဖြစ်ပါတယ်။ ဒီပုဒ်မကို လွှတ်တော်မှာလဲ ပယ်ဖို့ကြိုးစား နေကြပြီလို့ ကြားပါတယ်''ဟု ပြောသည်။
=======================
တရားခွင်များသို့လိုက်လံလေ့လာနေသော ဦးသိန်းညွှန့်(၀ဲ)ကိုတွေ့ရစဉ်။
ဒီခေတ်နေ
Yangon Media Group

မိုင်းဖုန်းဆရာတော် ရန်ကုန်မြို့ ကြွမည်


တားမြစ်မိန့်ကြောင့် ထိုင်းနိုင်ငံဘက်သို့ ၉ နှစ်ကျော် ကြာကြွရောက် သီတင်း သုံးခဲ့ရသော မိုင်းဖုန်းဆရာတော်သည် ရန်ကုန်မြို့သို့ ကြွရောက်တော်မူ မည်ဟု မိန့် ကြားကြောင်း ရှမ်းပြည်နယ် အရှေ့ပိုင်းမိုင်းပြင်း လွှတ်တော် အမတ် ဦးစိုင်းထွန်းစိန်က Popular News သို့ ပြောသည်။

အစိုးရသစ် လက်ထက်လွှတ်တော်တွင် မိုင်းပြင်း၊ မိုင်းဆတ်နှင့် မိုင်းတုံ လွှတ်တော် အမတ်တို့က ဆရာတော်အား တာချီလိတ် မိုင်းဖုန်းသို့ ပြန်လည် ပင့်ဆောင်လိုကြောင်း အဆို တင်သွင်း ခဲ့ပြီး အောင်မြင်ခဲ့သည့် အတွက် ဆရာ တော်မှာ မြန်မာပြည်ဘက်သို့ နိုဝင် ဘာလ ၁၅ ရက်နေ့က ပြန်လည် ကြွချီပြီး ရက်ပိုင်း အတွင်း ထိုသို့ ဒါယကာ၊ ဒါယိကာမများကို အမိန့် ရှိလိုက်ခြင်း ဖြစ် ကြောင်း ၄င်းကဆိုသည်။

”ခုချိန်မှာတော့ မိုင်းဖုန်းမှာ သီတင်းသုံးနေပါတယ်။ ရန်ကုန်ကို ကြွမယ့် ရက် အတိအကျကိုတော့ အမိန့်မရှိပါဘူး” ဟု ဦးစိုင်းထွန်းစိန် က ဆက်ပြော သည်။

ဆရာတော်သည်၂ဝဝ၃-၂ဝဝ၄ ခု နှစ်များက ရန်ကုန်သို့ ကြွချီဖူးပြီး ယခု ကြွချီလာမှုမှာ ၁ဝ နှစ်ကျော်ကာလအတွင်း ပထမဦးဆုံး အကြိမ် ဖြစ်သည် ဟု သိရသည်။

လက်ရှိတွင် မိုင်းဖုန်း ရွာ၌ အပူ ဇော်ခံနေသည့် မိုင်းဖုန်း ဆရာတော်မှာ တစ်လကျော် ပါက ရှမ်းပြည်နယ် မြောက်ပိုင်းလားရှိုး၊ သိန္နီမြို့ များသို့ လှည့်လည် အပူဇော်ခံရန် ရှိကြောင်း ဦးစိုင်းထွန်းစိန် ထံမှ သိရသည်။

ရှမ်းပြည်နယ် လူထု၏ ကိုးကွယ်မှုရှိထားသည့် ဆရာတော်အား တားမြစ် ထားသော အမိန့်ကို ပြည်ထဲရေး ဝန်ကြီးဌာနက ရုတ်သိမ်းပေးခဲ့ပြီး ဖြစ်ကြောင်း နှင့် ထိုစဉ်က ဆရာတော်အား ပြည် ထောင်စုမှ ခွဲထွက်ရန် စည်းရုံးမှု၊ ဟော ပြောမှုစသော စွပ်စွဲချက် တို့ဖြင့် ဖြစ် ကြောင်းသိရသည်။

”ဒီကိစ္စဟာ မဟုတ်ပါဘူး။ မှန်လည်းမမှန်ပါဘူး။ ဆရာတော်လည်း ဒီဆန္ဒ မရှိခဲ့ဘူး” ၄င်းက ထပ်လောင်းဆိုသည်။

PN051
Popular Myanmar News Journal

ဂူးဂဲလ် အွန်လိုင်းတက္ကသိုလ် စတင်လွှင့်ထုတ်


၂၂.၁၁.၂၀၁၃၊ သောကြာနေ့

မိမိကိုယ်တိုင် ပြုလုပ်နိုင်သည့် သင်ခန်းစာများကို သင်ယူရင်း ဘွဲ့တစ်ခု ရရှိစေနိုင်မည့် အစီအစဉ်ကို အွန်လိုင်းမှ တစ်ဆင့် Google ကုမ္ပဏီကနေ၍ ကမကထ ပြုလုပ်ခဲ့ရာ ဟင်းအချက်အပြုတ် သင်တန်းများ အတွက် ရည်ရွယ်သော HelpOuts ပရိုဂရမ်အား နိုဝင်ဘာလအတွင်း စမ်းသပ်ဗားရှင်းအနေဖြင့် စတင် လွှင့်ထုတ်လိုက်သည်။

ပရိုဂရမ်ကို လွှင့်ထုတ်ပြီးပြီးချင်းတွင် လူထောင်ကျော်မျှ မှတ်ပုံတင်စာရင်း ဖြည့်သွင်းခဲ့ကြသည်။ မှတ်ပုံ တင်ပြုလုပ်ပြီးသော ကျောင်းသားများအဖို့ Google Wallet မှတစ်ဆင့် ငွေပေးသွင်းရမည် ဖြစ်ပြီး ၀န် ဆောင်မှုကို Desktop PC များနှင့် Android ဖုန်းများမှ တစ်ဆင့် ရယူလေ့ကျင့်နိုင်သည်။

Helpouts အစီအစဉ်တွင် နမူနာ ဖော်ပြပါဝင်သည့် သင်ခန်းစာမှာ မိမိ ကိုယ်တိုင် ချက်ပြုတ်စားသောက် နိုင်ရန် လမ်းညွှန်မှုပေးမည့် စားဖိုမှူးကဏ္ဍဖြစ်သည်။ အဆိုပါ အစီအစဉ်အတွက် ဟင်းပွဲတစ်ပွဲတွင် ပါဝင် ရမည့် အမယ်များ၊ အမွှေးအကြိုင်များနှင့် အချိုးအဆများ၊ အရန်ဟင်းပွဲနှင့် စားမြိန်ဟင်းပွဲများ အတွက် Menu များကို ဗီဒီယိုဖိုင်များ၊ နမူနာလေ့ကျင့်ရန် အတွဲအဖက် သင်ခန်းစာများ စသည်ဖြင့် ထည့်သွင်း ပေးထားမည်ဖြစ်သည်။ ၎င်းတို့ ပေးအပ်ထားသည့် သင်ခန်းစာများ၊ နမူနာများကို လေ့ကျင့်ရင်း YouTube မှတစ်ဆင့် Live Video ကြည့်ရှုကာ လိုက်လံလုပ်ဆောင်ပါက ပရိုဖက်ရှင်နယ်အဆင့်သို့ပင် ရောက်ရှိနိုင် ကြောင်း ကုမ္ပဏီမှ ပြောကြားထားသည်။

Helpouts အစီအစဉ်တွင် တစ်ကိုယ်ရေ ယောဂကျင့်ခြင်း၊ သီချင်းဆိုခြင်း၊ ပန်းချီဆွဲခြင်း အပါအ၀င် အတတ်ပညာ ပေါင်းများစွာကို ထည့်သွင်းပေးထားပြီး သင်ခန်းစာများကို မနှစ်သက်ပါက ကြိုက်နှစ်သက် သည့်အချိန်တွင် ပြန်လည် ထွက်ခွာခွင့်နှင့်အတူ သင်တန်းကြေးကိုပါ ပြန်လည်ပေးအပ်သွားမည်ဖြစ်သည်။

Ref: DailyMail
Mizzima - News in Burmese

ဘေဘီမောင်က သူ့အကြောင်းကို ဒီလိုပြောတယ်


My Head - Brain ကို ထိန်း ချုပ်တဲ့နေရာမှာ အရေးပါတဲ့ အရာ တစ်ခုပါ။ ဆွဲဆောင်မှုရှိတဲ့ ဆံပင် တွေကို မွေးဖွားပေးလို့ ဆံပင်ဆိုတဲ့ အရာကိုလည်း မြတ်နိုး ရပါတယ်။

My Brain - လူ့ဘဝအတွက် အရေးပါတဲ့ အရာတော်တော်များ များကို ဆုံးဖြတ်ပေးတဲ့ အရာ တစ်ခု ပေါ့။ ဘဝအတွက် ပြီးပြည့်စုံမှုမှာ လည်း Brain လိုအပ်ပါတယ်။

My Eyes - ဆွဲဆောင်မှုရှိတဲ့ အရာထဲမှာ တစ်ခုပေါ့။ ဒါပေမဲ့ ဘေဘီက မျက်စိအားနည်းတော့ သေသေချာချာလေး ဂရုစိုက်ဖြစ် ပါတယ်။

My Ears - လူ့ဘဝရှင်သန်ဖို့ အတွက် အကြားအာရုံကလည်း မရှိမဖြစ်ပါ။ အကြားအာရုံရှိမှ ဦး နှောက်က ထိန်းချုပ်နိုင်မှာလေ။ ဒါ ကြောင့် နားက မရှိမဖြစ်ပေါ့။

My Nose - ရှင်သန်ဖို့အတွက် နှာခေါင်းဟာ မရှိမဖြစ်လိုအပ်ပါ တယ်။ အနံ့ဆိုးခြင်း၊ ကောင်းခြင်း ကိုလည်း ခွဲခြားဆုံးဖြတ်ပေးပါတယ်။ လှပတဲ့ ခန္ဓာကိုယ်တစ်ခုမှာ နှာ ခေါင်းဟာလည်း အရေးပါတဲ့ အ ရာတစ်ခုပါ။

My Mouth - နှုတ်ခမ်းက လည်း ဆွဲဆောင်မှုအရှိဆုံးထဲမှာ မပါမဖြစ်တဲ့ အရာတစ်ခုပါ။ စား သောက်ပြောဆိုတဲ့နေရာမှာ အသုံး ပြုနိုင်ပြီး ဆွဲဆောင်မှု ရှိလာအောင် လိုသလို အသုံးပြုလို့ရတဲ့ အရာတစ် ခုပါ။

My Teeths - မာကြောတဲ့ အရာ၊ နူးညံ့တဲ့အစားအစာတွေကို သုံးဆောင်တဲ့ နေရာမှာ အသုံးပြု လို့သွားတွေကို ကျေးဇူးတင်ပြီး မြတ် နိုးပါတယ်။ ပြုံးလိုက်တဲ့အခါမှာ လည်း သွားလေးတွေ ဖွေးအောင် ပြုံးပြတတ်ပါတယ်။ ဒါကြောင့်သွား တွေကို အထူးဂရုစိုက် ဖြစ်ပါတယ်။

My Neck - လည်တိုင်လှပ ကြော့ရှင်းအောင် အမြဲဂရုစိုက်ပါ တယ်။ လည်ပင်းကိုလည်း လည် ချောင်းမနာအောင် သတိထားပါ တယ်။ ဘာကြောင့်လဲဆို ဘေဘီက တစ်ခါတစ်ရံဂီတကိုလည်း ဝါသနာ ပါတတ်လို့ပါ။

My Shoulder - ပခုံးက လည်း လူ့ကိုယ်ခန္ဓာ အစိတ်အပိုင်း မှာ မရှိမဖြစ်လိုအပ်တဲ့ အပိုင်းပေါ့။ မြန်မာရင်ဖုံး၊ ပွဲတက်ဂါဝန် အစရှိ တဲ့ ဝတ်စုံဝတ်တဲ့အခါကျရင် ပခုံး လှနေရင် ပိုပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသလိုပေါ့။ ဒါကြောင့် ပခုံးလေး ကိုလည်း မက်မောပါ တယ်။

My Heart - ပြီးပြည့်စုံတဲ့ ဘ ဝမှာ နှလုံးသားဟာလည်း အရေး ပါတဲ့ အရာတစ်ခုပါပဲ။ နှလုံးသား ဟာ လူတစ်ယောက်ချစ်ဖို့အတွက် တွန်းအားပေးတဲ့ အရာတစ်ခုဖြစ် ပါတယ်။

My Hands - အမှန်တကယ် တော့ လက်ချောင်းတွေ လိုအပ်ပါ တယ်။ အရာဝတ္ထုမှန်သမျှကို ထိ တွေ့ကိုင်တွယ်လို့ရတဲ့အရာတစ်ခု ပေါ့။

My Legs - သွားဖို့၊ လာဖို့ အရေးပါသလို ကိုယ်လိုရာ ခရီးကို အလွယ်တကူမြန်မြန်ဆန်ဆန် အ ထောက်အကူပြုတဲ့ အရာဆိုလည်း မမှားပါဘူး။

My Money - နေရာတိုင်းမှာ ပိုက်ဆံဆိုတာ အရေးပါတဲ့ အရာ တစ်ခုပါ။ ပိုက်ဆံဟာ အရာရာ တိုင်းလိုလို အသုံးပြုနိုင်တဲ့အရာ လည်းဖြစ်ပါတယ်။ ဥပမာပြောရရင် အလှူအတန်းဆိုလည်း ငွေ (ပိုက်ဆံ)နဲ့ လှူဒါန်းလို့ရပါတယ်။

My Work - ဘဝမှာ အလုပ် ရှိမှ ဂုဏ်ရှိမှာပါ။ ဂုဏ်ရှိမှ တင့် တယ်နိုင်မှာပါ။ ဂုဏ်ရှိဖို့ဆိုတာ အ လုပ်ရှိမှ ဖြစ်မှာလေ။ ဒါကြောင့် အလုပ်တွေကို ကြိုးစားပြီး လုပ်ကိုင် ချင်ပါတယ်။

My Lover - အချစ်ဆိုတာ မရှိမကောင်း ရှိမကောင်းဆိုသလို အချစ်ကို ထားဖို့စဉ်းစားနေပေမယ့် အခုထိတော့ အချစ်ကို စဉ်းစားနေ ဆဲပါပဲ။

My Hobby - သရုပ်ဆောင် အနုပညာ ဂီတ အစရှိတဲ့ အလုပ် တွေကို ခုံမင်ပြီး ဝါသနာကြီးပါ တယ်။ မော်ဒယ်လုပ် ရတာလည်း ဝါသနာပါတယ်။ ဒါကြောင့် အောင် မြင်ကျော်ကြားအောင်ကြိုးစားနေ ပါတယ်။

My Aim - အောင်မြင်ကျော် ကြားပြီး ပရိသတ်ကအားပေးတဲ့ သရုပ်ဆောင်အနုပညာရှင် တစ် ယောက်ဖြစ်ခွင့် ရချင်ပါတယ်။

မိုးထက်ကျော်
8 Days

ပြင်လိုက်ညာလိုက် ပညာရေး ဘာလဲ၊ ဘယ်လဲ


ပါမောက္ခချုပ်တွေအဖြစ် ခန့်အပ်ထားတဲ့ သူတွေထဲမှာ အရည်အသွေးကို မကြည့်ဘဲ အဆင်ပြေရင် ပြေသလို ကိုယ့်အုပ်စု ကောင်းစားရေးအတွက် ကိုယ့်လူကိုယ် ခန့်ထားတဲ့သူတွေ ပါနေတော့ တချို့သော ပုဂ္ဂိုလ်တွေရဲ့ အရည်အသွေး ညံ့ဖျင်းမှုတွေ အင်တာနက်ပေါ်မှာတောင် ရောက်နေတဲ့အတွက် လွတ်လပ်တဲ့ အုပ်ချုပ်ရေးသာ ပေးလိုက်မယ်ဆိုရင် ငှက်ပျောတောကို မျောက်စောင့်ခိုင်းတဲ့ ပုံပြင်လိုဖြစ်မှာ အမှန်ပဲဗျ . . .

 မြန်မာနိုင်ငံပညာရေး စနစ်ကို အကောင်းဆုံးဖြစ်အောင် ပြုပြင်ကြဖို့ဆိုတာ ဦးနုရဲ့ ပါလီမန်အစိုးရ လက်ထက် ကတည်းက လွှတ်တော် မှာ အော်လာလိုက်တာ အခုအထိ မဆုံးသေးဘူးဗျ။ အောင်မောင်းတို့ နိုင်ငံမှာ အဲဒီ ကတည်းက ပညာရေးစနစ်ကို တစ်ချိန်လုံး ပြောင်းနေလိုက်တာလည်း မဆုံးနိုင်အောင်ပဲဗျာ။ ကျောင်းသားဆိုတဲ့ သူတွေကတော့ ခေတ်အဆက်ဆက် အစမ်းသပ်ခံပေါ့။ ပညာရေးစနစ် ကျဆုံးရတဲ့ အချက်တွေထဲမှာ ပညာရေးကို နိုင်ငံရေးနဲ့  ချိန်ဆကာ ဆောင်ရွက် နေကြတဲ့ အစိုးရတွေ အဆက်ဆက်ကြောင့် ဆိုတာက အဓိကပဲဗျ။ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းမှာ နိုင်ငံရေး ဖြစ်ပေါ် တိုးတက်မှုတွေနဲ့ ပညာရေးနဲ့ဟာ ဆက်စပ် နေတော့ တက်လာတဲ့ အစိုးရတိုင်းက ဒါကို ချိန်ဆ ဆောင်ရွက်နေကြလို့ ဆိုတဲ့ အချက်ဟာ ပညာရေး ကျဆင်းရခြင်းနဲ့ ဆက်စပ်နေတဲ့ ငြင်းပယ် မရတဲ့အချက် လို့ အောင်မောင်း ထင် တယ်။ နောက်တစ်ချက် က ကျောင်းဆရာတွေရဲ့ အခန်းကဏ္ဍပဲ။ နိုင်ငံတစ်ခုမှာ စာရိတ္တမဏ္ဍိုင်ရဲ့ နောက်ဆုံး ပျက်စီးတဲ့ နေရာဟာ ဆရာဆရာမတွေပဲလို့ အဆိုရှိတယ်ဗျ။ ဆရာတွေဟာ သူတို့ကို ဂုဏ်သိက္ခာ လေးစားရမယ့် သူတွေအဖြစ်နဲ့ သတ်မှတ်ထားခြင်း ခံရတဲ့အတွက် တတ်နိုင်သမျှ အဂတိလိုက်စားမှု ကင်းစွာနဲ့ သိက္ခာတွေ ထိန်းကာ အငတ်ခံ၊ တောင့်ခံကြပြီး နောက်ဆုံး မခံနိုင်တော့တဲ့အချိန်မှာမှ  စာရိတ္တပျက်ယွင်း ကြတာဖြစ်တဲ့ အတွက်ကြောင့် သူတို့ပျက်ပြီ ဆိုရင်တော့ တိုင်းပြည်ရဲ့ အဂတိလိုက်စားမှု၊ စာရိတ္တပျက်ယွင်းမှုဟာ အဖတ်ဆယ်ဖို့ မလွယ်တော့ဘူးလို့ ဆိုတယ်ဗျ။ ကဲ ဒီနေ့ မြန်မာနိုင်ငံမှာ ရှိတဲ့ဆရာ၊ ဆရာမတွေရဲ့အခြေနေကိုအဲဒီ ပေတံနဲ့ လေ့လာတိုင်းတာ လိုက်တဲ့အခါ ဘယ်အခြေအနေ ရောက်နေတယ်ဆိုတာ အောင်မောင်း သာမက ပြည်သူတွေ အလိုလို သိနိုင်မှာပါနော်။ အခြေခံ အကြောင်းရင်းကတော့ ၀မ်းစာမလုံလောက်မှုကို တောင့်မခံနိုင်တဲ့ အဆုံးမှာ သိက္ခာမစောင့်စည်း နိုင်တော့ဘဲ ၀မ်းဝမယ့် လမ်းစရှာလာကြတာပါ။ ကြာလာတော့ အစွယ်တွေ ပေါက်ပြီး ဘီလူး ဘ၀ ရောက်ကုန်ကြတာ တွေ့နေရတယ်။ ပီတိထက် အဂတိကို မက်မော လာကြတာဟာ ဆရာ လောကကို လုံးဝ ပျက်ယွင်းစေတယ်ဗျ။ စာရိ္တပျက်ယွင်းမှုကို ပြန်လည် ဖာထေးရတာဟာ တကယ်မလွယ်တဲ့ လုပ်ရပ် ဖြစ်သွားပါပြီ။…

ဒီလိုတွေ ဖြစ်နေတာမှာ စနစ်နဲ့စနစ်ကို အကောင်အထည်ဖော်တဲ့ သူတွေရဲ့ ဖောက်ပြန်မှုက စတင်လာတာ ဖြစ်ပြီး သူတို့တောင် လုပ်သေးတာ ငါတို့က ဘာအရေးလဲ ဆိုတဲ့ အတွေးက စာရိတ္တပျက်ယွင်း စေတဲ့လမ်းကြောင်း ဘက်ကို ပြောင်းသွား စေတာလည်း ပါတယ်ဗျ။ ကျောင်းတွေမှာ အမိန့်အာဏာကြောင့် အအောင် ပေးရတာတွေ၊ ခြိမ်း ခြောက်လို့ အအောင် ပေးရတာတွေ ဖြစ်လာရာက တစ်ဆင့် အဂတိလိုက်စားတဲ့ အထိ ဖြစ်လာပါရော။ ဒီအဖြစ်အပျက် တွေဟာ မကြာသေးတဲ့ အတိတ်သမိုင်းမှာ တစ်ပုံကြီးဗျ။ စာမေးပွဲခန်းကို တစ်နယ်တစ်မင်းတို့က ကိုယ့်သားသမီးကို လုံခြုံရေး အစောင့်နဲ့ လာအဖြေခိုင်းပြီး လုပ်ချင်တိုင်း လုပ်ကာ ဖြေခွင့်ရတာတွေ ကြည့်ပြီး ကျန်တဲ့ကျောင်းသူ ကျောင်းသားတွေကလည်း သူတို့တောင် လုပ်သေးတာဆိုတဲ့ စိတ်ဓာတ်တွေ ၀င်သွားပြီး တစ်ခန်းလုံး ပွဲတော်ကြီးပမာ လွတ်လပ်စွာ ဖြေဆိုကြတာတွေ ကလည်း အတိတ်သမိုင်း တစ်လျှောက် ကြားခဲ့ရတဲ့ ဇာတ်လမ်းတွေထဲမှာ ပါခဲ့တယ်ဗျ။   အောင်မောင်း သူငယ်ချင်းတွေ ထဲက သည်နေ့ သည်အချိန်မှာ သက်ဆိုင်ရာ ဘာသာရပ်တွေရဲ့ပါမောက္ခတွေတောင် ဖြစ်နေကြတော့ ပညာရေး လောက ဗိုလ်ကျခံရမှုတွေကို သူတို့ ပြောပြတာတွေက မကြားချင် အဆုံးလေ။ ပြောစရာ ဖြစ်ရပ်တွေကလည်း အများကြီးဗျ။ သည်ခုံနံပါတ်တွေကို ဘာလုပ်ပေးပါ ဆိုတဲ့ နှုတ်မိန့် လာတာတွေကို ပြန်မပြောရဲတဲ့ အခြေအနေ တွေက ကြာလာတဲ့အခါ သူတို့တောင် ဒီလို လုပ်သေးတာဆိုတဲ့ အတွေးတွေ ၀င်လာရာကအစ ပညာရေး လောကရဲ့ အစိတ်အပိုင်းအချို့မှာ စာရိတ္တမဏ္ဍိုင် ယိမ်းယိုင် လာတာပေါ့ဗျာ။ ခေါင်က မိုးမလုံလို့ အများမိုးခါးရေ သောက်လိုက်တာကအစ၊ ပညာရေးဘ၀ စာရိတ္တအဆုံး ပျက်သုဉ်းရတာတွေ ဖြစ်လာပါရော။

တကယ်တော့ မြန်မာနိုင်ငံရဲ့ သင်ရိုး တွေ၊ ဖတ်စာအုပ်တွေဟာ နိုင်ငံတကာ စံချိန်မီပြီးသား ဆိုတာ နိုင်ငံခြားကို ရောက်သွားတဲ့ ကျောင်းသားတိုင်း သိပြီးသားပါ။ ဒါတွေကို အဓိကပြင်ရမှာ မဟုတ်ဘူး။ လူနဲ့ မူကို ပြင်ရမှာပါ။ အခုတစ်လော ကြားနေရတာတွေက အများကြီး။ စာမေးပွဲစနစ် ပြင်ရမယ်၊ သင်ရိုးတွေ ပြင်ရမယ်၊ ဘာညာပေါ့။ မကြာသေးတဲ့ ကာလအတွင်း န၀မတန်း အထိ စာမေးပွဲစနစ်ဟာ အဓိက မဟုတ်ဘဲ ကျောင်းတွင်း လုပ်ဆောင်ချက်တွေနဲ့ အအောင်ပေးနေတဲ့ ယနေ့ခေတ် ပေါ်စနစ်ပဲလေ။ ကျောင်းနေပျော်၍ စာတော်ရမည်ဆိုတဲ့ ဆောင်ပုဒ်တောင် ကြားဖူး လိုက်သေးတယ်လေ။ သေချာတာကတော့ မအောင် မရှိ ငါ့တပည့် ဆိုရမယ့် အတိုင်းပါပဲ။  ကျောင်းသားတွေလည်း အခက်အခဲ နည်းနည်းလေးမှ မရှိဘဲအောင် နေကြတာပါ။ သည်စနစ်  ကျင့်သုံးလိုက်တော့ ဘာဖြစ်သလဲဆိုရင် ရန်ကုန်က နာမည်ကြီး ကျောင်းတွေမှာ တက်တဲ့ ကျောင်းသားတွေက အိမ်ပြန်ရင် ကျောင်းစာအုပ်တွေ ပြန်ယူမသွားဘဲ ကျောင်းမှာပဲ ထားခဲ့ကြတယ်။ အိမ်ပြန်ရင် လွယ်အိတ် မပါသလို ကျောင်းသွားရင်လည်း လွယ်အိတ် မလိုဘူးတဲ့ဗျ။ အချိန်တန်ရင် အောင်မယ် ဆိုတာ သိနေတယ်လေ။ အဲဒီလောက် အခွင့်အရေး ပေးထားတဲ့ ကြားထဲက ကျတဲ့လူရှိရင်လည်း ဆရာတွေက ကျောင်းမဖွင့်ခင် အချိန်ပိုသင်ပြီး ကျတဲ့သူကို အအောင်ပေးဖို့ စာမေးပွဲ ပြန်ဖြေခိုင်းရ သေးတယ်ဗျာ။ ကြာလာတဲ့ အခါ ဆရာတွေက အလုပ်ပိုအဖြစ် ထပ်သင်ရင်းနဲ့ အချိန်ကုန် မခံတော့ဘဲ တစ်ခါတည်း အအောင်ပေးလို့ ရအောင် ဖန်တီး ပေးလိုက်တာတွေ ဖြစ်လာပါရော။

တက္ကသိုလ်မှာ ဒီအတိုင်းပဲတဲ့ဗျ။ မအောင်ရင် မေးခွန်းထပ်ထုတ်ပြီး စာမေးပွဲ လုပ်ပေးရတယ်။ ဒါမှ မအောင် သေးရင် ထပ်ပြီး မေးခွန်းထုတ်ပြီး ထပ်ဖြေ ခိုင်းရတယ်ဆိုပဲ။ ကြာတော့ ဆရာတွေက အလုပ်ရှုပ် မခံတော့ဘဲ အောင်မှဖြစ်မယ် ဆိုတာ သိနေတော့ အအောင်တစ်ခါတည်း ပေးလိုက် တော့တယ်တဲ့။ ကျောင်းသားကလည်း ဖြေတာနဲ့ အောင်မယ် ဆိုတာသိတော့ ကျောင်း မတက်တော့ဘူး။ ဒါရဲ့အဖြေက တဖြည်းဖြည်းချင်း အရည်အချင်းမဲ့တဲ့ ပညာရေးစနစ်ကို ရောက်စေတယ် ဆိုတာပါပဲ။ ဒါကြောင့် မြန်မာနိုင်ငံမှာ စံနဲ့ လုပ်မရ သေးတာတွေ အများကြီးဆိုတာကို သိဖို့ လိုတယ်ဗျ။ နိုင်ငံတကာစံကို ကိုယ့်နိုင်ငံရဲ့ အခြေအနေနဲ့ မကိုက်ဘဲ အတင်းရိုက်သွင်းလို့ မဖြစ်တာတွေ အများကြီးဗျ။ စာမေးပွဲစနစ်ဟာ မရှိသင့်တော့တာ မှန်ပေမယ့် သည်နိုင်ငံရဲ့ ဖြစ်ပေါ် တိုးတက်နေတဲ့ နိုင်ငံရေးစနစ်၊ လူနေမှုစနစ်တွေနဲ့ဟန်ချက်ညီဖို့က လိုပါသေးတယ်။ ဖြစ်ချင် တာတွေကို ပြည်ပ နိုင်ငံများ အလိုကျ လိုက်လုပ်နေလို့ကတော့ ပြင်လို့မဆုံးတဲ့ ပညာရေး ဖြစ်မှာကလွဲလို့ ဘာမှ ထူးမလာဘဲ အစမ်းသပ်ခံ ပညာရေးပဲ ဖြစ်မှာလို့ အောင်မောင်း မြင်တယ်ဗျာ။

တစ်ခုတော့ ရှိတာပေါ့။ ကိုယ်က သူတို့ပေးမယ့် ပညာရေး ထောက်ပံ့ငွေတွေ မက်ပြီး ဟန်ကျပန်ကျ စီမံကိန်းတွေဆွဲ၊ နိုင်ငံတကာ စာတမ်းဖတ်ပွဲတွေ လုပ်ပြီး ပညာရေးကို ဘယ်လိုပြင်မယ်၊ ညာလိုပြင်မယ်ဆိုပြီး လုပ်ကိုင် စားသောက် နေကြရင်တော့  ပြင်လိုက်ညာလိုက် ပညာရေး ဖြစ်လာမှာပေါ့ဗျာ။ နိုင်ငံတကာ အထောက်အပံ့တွေ ရထားတဲ့ ပြင်ပအဖွဲ့အစည်းတွေကလည်း  ပေးတဲ့သူ အလိုကျ ဘယ်လိုပြင်မယ်ဆိုတာ ဟန်ရေး တပြပြနဲ့ တွေ့နေရတယ်ဗျ။ ခေတ်အဆက်ဆက်က ပညာရေးမှာ ဦးစီးဦးဆောင် ပြုလုပ်ခဲ့ကြတဲ့ သူတွေကလည်း အခုပညာရေး ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုမှာ တက်တက်ကြွကြွ လက်သီးလက်မောင်း တန်းကာ အရင်တုန်းက ပညာရေးက ဘာညာဆိုပြီး ပြောဆိုလာကြတာ တွေ့နေရတယ်ဗျ။ ရယ်တော့ ရယ်စရာ အကောင်းသား။ တစ်ချိန်က သူတို့ ဖျက်ခဲ့လို့ ပျက်ခဲ့ရတဲ့ ပညာရေးကို သူတို့က ပြုမယ်ပြင်မယ်တွေ လုပ်နေတဲ့အခါ ရယ်ချင်စရာ မကောင်းပေဘူးလား။ တချို့ဆိုရင် ပညာရေး ဖောင်ဒေးရှင်းတွေတောင် ဖွဲ့ထား လိုက်သေးတယ်။ ဒီကြားထဲမှာ နိုင်ငံခြားက အကြောင်း အမျိုးမျိုးကြောင့် ပြန်ရောက်လာသူ တွေကလည်း ပွဲတော်အမီ နွှဲပျော် လိုက်ကြသေးတယ်။ သူတို့သာလျှင် ကယ်တင်ရှင် ပုံစံတွေနဲ့ပေါ့လေ။ ဟန်ပန်တွေ၊ မှင် မောင်းတွေနဲ့ ဘာမသိညာမသိ၊ သဘာပတိတောင် တက်လုပ် လိုက်ကြသေးတယ်။ လျှောက်ပြန် သံပေးတွေနဲ့ သူတို့မကယ်ရင် မြန်မာပြည်ကြီး သေဖွယ်ရာ ပုံစံမျိုးတွေနဲ့ လုပ်နေတာ အောင်မောင်းတော့ ရယ်ချင် လာတယ်ဗျာ။ ဘာကြောင့်လဲဆိုတော့ သူတို့အကြောင်း အောင်မောင်းက ငယ်ပေါင်းမို့ သိနေသကိုး။ အောက်က နားထောင်နေတဲ့ သူတွေထဲမှာလဲ သူတို့ ဘယ်လို ထွက်သွားပြီး ဘယ်လို ပြန်ရောက်လာ ကြတယ် ဆိုတာ အသိပဲလေ။ အစိုးရကလည်း နိုင်ငံခြားက ပြန်လာပြီး ဒေါက်တာ တပ်လာတယ်ဆိုရင် ကယ်တင်ရှင်လို ဆရာတင်လိုက်တာပဲဗျ။ လိုအပ်ရင် လွှတ်တော်ကိုတောင် ဒေါက်တာဘွဲ့ ရထားတဲ့သူကို ဒီလိုမပြောပါနဲ့လို့ ကန့်ကွက်ရဲတာဗျ။  နိုင်ငံခြားကို ထွက်သွားတုန်းက ဘယ်လိုကြောင့် ထွက်သွားတာလဲ၊ ပြန်လာတာက ဘယ်လို အခြေအနေကြောင့် ပြန်လာတာလဲ၊ သူ့ အရည်အချင်း ဘယ်လောက်ရှိလဲ ဆိုတာ မလေ့လာ တော့ဘူးဗျ။ ပုလင်းတူနဲ့ဘူးဆို့နဲ့တော့ အလိုက်သားလား။ တကယ်တော့ တစ်ယောက်နဲ့တစ်ယောက် အသုံးချနေကြတာဆိုရင် မမှားဘူး ထင်တယ်။

ကဲသူတို့ကရော ပညာရေးမှာ ဘာပြင်မှာတုန်းလို့ အောင်မောင်း မေးလိုက်ချင်တယ်။ ရောမိရောရာ ငါလည်းပါ ဆိုတာတွေက အများသားလား။ နောက်ပြီးတော့ တိုးတက်လာတဲ့ ကမ္ဘာကြီးရဲ့ ခေတ်စနစ် အခြေအနေတွေနဲ့ အတော်လေး မျက်ခြည် ပြတ်နေသူတွေကို နိုင်ငံတော်က ပြန်လည် အသုံးပြု နေတာကလည်း ဘယ်လမ်းကို သွားချင်လို့လဲ ဆိုတာ စဉ်းစားစရာဗျ။ ချဉ်ချဉ်တူးတူး၊ မူးပြီးရော လုပ်နေတာလားတော့ မသိဘူးဗျ။ နိုင်ငံခြား အကူအညီ ရတဲ့သူတွေက  ကမ္ဘာမှာ ဘယ်လို ပညာရေး ပုံစံနဲ့သွားနေပြီဆိုပြီး အာပေါင်အာရင်း သန်သန်နဲ့ ကိုယ့်နိုင်ငံနဲ့ လိုက်သည် မလိုက်သည်မသိ အော်ဟစ်နေကြသလို ခေတ်ဟောင်းအမြင်နဲ့ ခရီးနှင် လိုသူတွေ ကလည်း သူတို့ ဖျက်ခဲ့တဲ့ ပညာရေး စနစ်ကို အတိတ်မှာ အသာထားပြီး ခေတ်သစ်စကားတွေနဲ့ နှစ်ပါး သွားလာတာ မြင်ရပြန်ရော။ အင်း တော်တော်တော့ ခက်နေပါလားလို့ အောင်မောင်း သက်ပြင်းချမိတယ်။ အတိတ်က ပညာရေး စနစ်ကို မကြိုက်လို့ ခပ်ကင်းကင်း မပြောဘဲ နေကြတဲ့ အလွန် ထင်ရှားတဲ့ သူတွေလည်း ရှိခဲ့တာ အမှန်ပါ။ အလွန်လေးစား လောက်သူတွေပါ။ ဒါပေမဲ့ အဲဒီဆရာကြီးတွေက အခုလည်း ရှေ့တန်း ထွက်မလာဘူးဗျ။ သူတို့က ပညာရှိကြီးများပီပီ မေးမှပြော၊ တီးမှမြည်တဲ့သူတွေ။ အဖားအရား ကလည်း မရှိတဲ့ လူတွေလေ။ စနစ်တွေ၊ ခေတ်တွေကို နောကျေနေသူတွေ ဆိုတော့ ဘေးက ထိုင်ကြည့် နေကြလေရဲ့။ ကြည့်ရုံကြည့်နေသလား၊ ပြုံးနေသလားတော့ အောင်မောင်းလည်း မသိပေါင်ဗျာ။ ဘယ်သူတွေ ဘာပြောနေနေ အစိုးရကလည်း ပြင်မှာပဲလို့ နိုင်ငံခြားငွေလေး မျှော်တွေးကာ အော်နေတယ် ထင်ရဲ့။ နိုင်ငံရေး ခေါင်းဆောင် အချို့ကလည်း သူတို့ပဲပြင်မယ်ဆိုပြီး ဒေါ်လာအရေး မျှော်တွေးကာ အော်နေပါလေရဲ့။ ပြင်ပအဖွဲ့အစည်း များကလည်း ကူငွေလေး မျှော်တွေးကာ ပြင်မှာပဲလို့ အော်နေပါလေရဲ့။ လွှတ်တော်ကြီးကလည်း ပြင်ရမယ် ဆိုပြီး ကော်မတီတွေ ဖွဲ့နေလေရဲ့။ အဲဒီကော်မတီက တက်ကြွ နေသူတွေ ကြည့်လိုက်တော့လည်း ဟိုယခင် က အပီအပြင် ပျက်စီးခဲ့တဲ့ ပညာရေးကာလမှာ ကိုယ်တိုင် သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင်တွေ ဖြစ်နေတာ တွေ့ရတယ်ဗျ။ နောက်ဆုံးတော့ ဘာကြောင့် ပြင်ချင်တယ်ဆိုတာ အောင်မောင်း သဘောပေါက်လာတယ်။  ပြင်ချင်တာဟာ ညာချင်တာနဲ့ ဆက်စပ်နေသကိုးလို့။

အဲဒီပညာရေးစနစ် ပြုပြင်ရေးနဲ့ရောယောင်ပြီး တက္ကသိုလ်တွေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးဖို့ အော်သံ တွေလည်း မြည်လာတယ်ဗျ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ဆက်စပ်နေတာက ကိုယ့်ရန်ပုံငွေနဲ့ကိုယ် စခန်းသွားရ ခြင်းပဲဗျ။ နိုင်ငံတော်က အဲဒီတက္ကသိုလ်ရဲ့ ဘတ်ဂျက်ကို တာဝန်ယူစရာမလိုမှ သူ့ လုပ်ပိုင်ခွင့်နဲ့အပြည့်အ၀ သူ့ကိုယ်ပိုင်အုပ် ချုပ်ခွင့်ကို ရရမှာဗျ။ နိုင်ငံတော် အထောက်အပံ့ကို ယူပြီး ကျူပ်လုပ်ချင်တာ လုပ်မယ် ဆိုတာမျိုးတော့ အောင်မောင်း မကြားဖူးဘူးဗျ။ ဂျပန်မှာ ကိုယ့်ရန်ပုံငွေနဲ့ ရပ်တည်ပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတဲ့ တက္ကသိုလ်က တစ်ကျောင်း နှစ်ကျောင်း လောက်သာ ရှိတယ်လို့ မှတ်သားရ ဖူးတယ်ဗျ။ အဲဒီကျောင်းတွေ တောင် အခြေယိုင်လာလို့ အစိုးရ အကူအညီ ပြန်ယူနေရပြီလို့ သိရတယ်။ ကျန်တာတွေဟာ နိုင်ငံတော် အထောက်အပံ့ ယူထားတဲ့အတွက် အပြည့်အ၀ ဆုံးဖြတ်ခွင့် မရကြဘူးလို့ ဆိုတယ်။ ဒီအတိုင်းပါပဲ။ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတဲ့ တက္ကသိုလ် တစ်ခုဖြစ်ဖို့ ကိုယ်ပိုင် ရန်ပုံငွေနဲ့ ရပ်တည်နိုင်အောင် လုပ်နိုင်တဲ့ စွမ်းအင်မျိုးရှိတဲ့ တက္ကသိုလ်မျိုးဖြစ်ဖို့ မြန်မာနိုင်ငံမှာတော့ အောင်မောင်း မမြင်သေးဘူးဗျ။ နိုင်ငံတော်ရဲ့ ထောက်ပံ့ငွေနဲ့ ရပ်တည်ပြီး ဖြေလျှော့လို့ ရတာတွေ ဖြေလျှော့တာမျိုးသာ ဖြစ်နိုင်မှာပါ။ ဖြေလျှော့စရာတွေက အများသားဗျ။ တကယ်တော့ အဆင့်ဆင့် သွားနေတဲ့ ဗျူရိုကရေစီ ယန္တရားကြီးကို အရင်ဖြုတ်ချရမှာဟာ ပညာရေးရဲ့ အဓိက လိုအပ်ချက်ပဲဗျ။ နိုင်ငံခြားကလာတဲ့ စာတစ်စောင်ကို နှစ်ဝက်လောက် ကြာတာတောင် အပေါ် မရောက်ဖူးတဲ့ ကိစ္စတွေ၊ ၀န်ကြီးဌာနနဲ့ အထက် အဖွဲ့အစည်းကြားမှာ အချိန်ကြာမြင့်မှုတွေ အများကြီး ပြင်ရဦးမှာပါ။ ယန္တရား စနစ်ကို အရင်ပြင်ဖို့ လိုမယ်လို့ အောင်မောင်း ထင်တယ်။ တစ်ချိန်လုံး ဂျာနယ်တွေထဲမှာ ဖတ်နေရတဲ့ ဆရာ ဆရာမတွေ လွတ်လပ်စွာ နိုင်ငံတကာနှင့် ဆက်ဆံသွားလာခွင့်၊ သက်ဆိုင်ရာ ပါမောက္ခရဲ့ တာဝန်ယူ ရွေးချယ်မှုနဲ့ လွတ်လပ်စွာ ပညာသင်ခွင့်၊ လွတ်လပ်စွာ ပူးတွဲ သုတေသနပြုခွင့် တွေပေးရမှာ၊ စာတမ်း ဖတ်ခွင့်တွေ ပေးရမှာပါ။

ဒါဟာ ချုပ်ကိုင်ထားရမယ့်အရာ မဟုတ်ပါဘူးဗျ။ ဒါတွေဟာ နိုင်ငံတော်ကို ငွေတစ်ပြားတစ်ချပ်မှ မကုန်ဘဲနဲ့ ပညာရေး တိုးတက်မှုကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုမှာ ဖြစ်တယ်လို့ အောင်မောင်း ထင်တယ်ဗျ။ နိုင်ငံခြားသွားပြီး ပြန်မလာရင် ဘယ်လိုလုပ်မလဲဆိုတဲ့ အတွေးကို အတိတ်မှာ ခဏထားခဲ့ပေါ့ဗျာ။ ၁၀၀ ရင်းလိုက်လို့ ၂၀ ပြန်လာရင်လည်း အမြတ်လို့ တိန်ရှောက်ပင် စဉ်းစားသလို စဉ်းစားရင် မဖြစ်ဘူးလား။

မကြာသေးခင်က သတင်းစာထဲမှာ အဆင့်မြင့်ပညာ ညွှန်ကြားရေးမှူးချုပ်က သင့်တော်တဲ့ အရည်အချင်း ရှိလာရင် အတိုင်းအတာ တစ်ခုအထိ လွတ်လပ်တဲ့ အုပ်ချုပ်မှုမျိုး တက္ကသိုလ်တွေကို ပေးမယ်လို့ ပြောသွားတာ ဖတ်လိုက်ရတယ်ဗျ။ ဒါကိုတော့ အောင်မောင်းလည်း သဘောတူတယ်။ သည်နေ့သည် အချိန်အခါမှာ ပါမောက္ခချုပ်တွေအဖြစ် ခန့်အပ်ထားတဲ့ သူတွေထဲမှာ အရည်အသွေးကို မကြည့်ဘဲ အဆင်ပြေရင် ပြေသလို ကိုယ့်အုပ်စု ကောင်းစားရေး အတွက် ကိုယ့်လူကိုယ်ခန့်ထားတဲ့ သူတွေပါနေတော့ တချို့သော ပုဂ္ဂိုလ်တွေရဲ့ အရည်အသွေး ညံ့ဖျင်းမှုတွေ အင်တာနက်ပေါ်မှာတောင် ရောက်နေတဲ့အတွက် လွတ်လပ်တဲ့ အုပ်ချုပ်ရေးသာ ပေးလိုက်မယ်ဆိုရင် ငှက်ပျောတောကို မျောက်စောင့်ခိုင်းတဲ့ ပုံပြင်လို ဖြစ်မှာ အမှန်ပဲဗျ။ ဒါတွေကိုလည်း ကိုယ့် လူတွေအကြောင်း ကိုယ်သိနေလို့  ချိန်ချိန်ဆဆနဲ့ အဲဒီညွှန်ကြားရေးမှူးချုပ်က ပြောလိုက်ပုံရပါတယ်။ နိုင်ငံတော်နဲ့ အပြင်ဘက်က လူတွေကတော့ ဒါတွေ ဘာမှသိပုံ မရဘူးဗျ။ အဲဒီလို အတွင်းရေးတွေ မသိဘဲ နဲ့ပြင်မယ် ပြင်မယ် တွင်တွင်ကျယ် အော်နေလေရဲ့။ သူတို့ရဲ့ ပြင်ချင်တဲ့ ဆန္ဒနဲ့ ဒေါ်လာနဲ့က ဆက်စပ်မှု ရှိနေသလား၊ နိုင်ငံရေးတွေရော ပညာရေးမှာ ပါနေတာလား။ တကယ် ရိုးသားရဲ့လားလို့ အောင်မောင်း စဉ်းစား ဆဲဗျ။ အစိုးရကလည်း လက်ဦးမှု ရယူတဲ့ အနေနဲ့ဖြစ်ချင်ရာဖြစ်၊ တောင်းနေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးလိုက်မယ် ဆိုပြီး ဟန်ပြင်နေပုံပဲ။ သူ့အနေနဲ့က ပညာရေး ပြုပြင်ပြောင်းလဲ နေပါတယ်ဆိုတဲ့ ပုံရိပ်ကို နိုင်ငံ တကာမှာ ပြချင်တဲ့ပုံပဲ။ ကျန်တာကတော့ နောင်ခါလာ နောင်ခါဈေးပေါ့ဗျာ။ အဲဒီလို နောင်ခါလာ နောင်ခါဈေးတွေကြောင့် ပျက်ခဲ့ရပေါင်းလည်း များခဲ့ပြီဗျ။ ကဲ  ဗွက်ပေါက် နေတဲ့ ပညာရေးစနစ်ကို ထန်းပင် ပေါ်က ကြည့်ပြီး ဟန်ရေးတပြပြနဲ့ ကျားဖမ်းတော့ မလိုလို၊ ဆင်ဖမ်းတော့ မလိုလို လုပ်နေတာ တွေရဲ့ နောက်ကွယ်မှာ ဘာတွေပါနေသလဲ ဆိုတာ စဉ်းစားလိုက်ရင် ခေါင်းခြောက်စရာ မဟုတ်ပါလားဗျာ။

တကယ်လုပ်ရမှာက မြန်မာနိုင်ငံ ပညာရေးစနစ် အားနည်းချက်တွေကို စနစ်တကျ လေ့လာ သုံးသပ်ပြီး လက်တွေ့ အကောင်အထည် ဖော်နေတဲ့၊ စိတ်ဓာတ်ကောင်းရှိ နေသေးတဲ့ ဆရာဆရာမ အချို့ရဲ့အသံကို နားထောင်ရမှာ ဖြစ်တယ်လို့ အောင်မောင်း ထင်တယ်။ အခုဟာက ဆရာဆရာမတွေကို အစည်းအဝေး ခဏခဏခေါ်၊ သူတို့ပြောချင်တာ ပြောပြီး ပြန်ခိုင်း၊ နောက်တစ်နေ့ သတင်းထုတ်ပြန်။ အလုပ်ကို ဖြစ်လို့။ ဆရာတွေက ရုံသွင်းခံရတဲ့ အဆင့်ပဲလို့ပြောနေတာတွေ ကြားနေရတယ်ဗျ။ လက်တွေ့ လုပ်နေတဲ့သူတွေရဲ့ ဖြစ်ပျက်နေတဲ့ပစ္စက္ခ အခြေအနေတွေကို သိအောင်မလုပ်ဘဲ လူသိရှင်သိ ပုဂ္ဂိုလ်တွေခေါ်ကာ လိုသလိုပုံသွင်း၊ အဆိုပြု၊ ထောက်ခံ လုပ်နေရုံနဲ့ကတော့ ပညာရေးပြုပြင်မှု ဖြစ်မလာဘဲ ပြင်ကြ၊ ညာကြတဲ့ ပညာရေးစနစ်ပဲ ဖြစ်လာမှာ အမှန်ပဲဗျ။ သည်နေ့ ပညာရေးစနစ် ဘာတွေ မှားနေသလဲ၊ ဘယ်အခြေအနေလဲဆိုတာ စဉ်းစားစရာ အများကြီးပါ။ ဆိုပါစို့ အဝေးသင် ပညာရေး။ အလုပ်လုပ်တဲ့ သူတွေအတွက် ထွက်ပေါက်ပေးတာ မှန်ပေမယ့် ယနေ့အလုပ်ခေါ်တဲ့ ကြော်ငြာတွေထဲမှာ အဝေးသင်ဘွဲ့ရ မပါ ဆိုတာတွေ သတင်းစာမှာ တွေ့လာပြီဗျ။ ဘာကြောင့်လဲဆိုရင် မဖြေသူမှလွဲပြီး အကုန်လုံး အောင်နေကြလို့ပါ။ တစ်ခါတစ်ခါ ကိုယ်စားဝင်ဖြေပေးရင်း အောင်သူတွေလည်း အများကြီးဗျ။ လူက စင်ကာပူမှာ အလုပ်လုပ်နေတယ်။ ဒီမှာက တစ်နှစ်တစ်တန်း ပုံမှန် အောင်နေတယ်။ ရယ်စရာ မကောင်းဘူးလား။ မယုံမရှိနဲ့ ဒါက အောင်မောင်း ကိုယ်တွေ့မို့ ပြောတာနော်။

နောက်တစ်ချက်က အဝေးသင်ရဲ့ အောင်မှတ်ဟာ ၂၀ လောက်ရရင် အောင်သလို ဖြစ်နေတယ်လေ။ စာစဉ်ကို ကိုယ်စားနဲ့ဖြေပြီးပို့လိုက်လို့ရတဲ့ အမှတ်က အပြည့်ရတာဆိုတော့ စာစဉ်ဖြေတဲ့ ရမှတ်နဲ့ တကယ်ဖြေတဲ့ စာမေးပွဲက တစ်ပုဒ်လောက် ဖြေနိုင်တာနဲ့ ပေါင်းလိုက်မယ်ဆိုရင် ဆွဲတင်စနစ်နဲ့ ဆိုတော့ အောင်နေပြီ ဆိုတဲ့ သဘောပါ။ ကျောင်းသား ကိုယ်တိုင်ကလည်း ငါတစ်ပုဒ်တည်း ဖြေနိုင်တာ အောင်တယ်လို့ ဂုဏ်ယူနေ တာလေ။ ဒါကြောင့်လည်း နှစ်စဉ်ကျောင်း သားတွေကိုပေးတဲ့ ပို့ချချက် ပုံနှိပ်စာအုပ် အစည်းလိုက်ကို ကြိုးတောင် မဖြေရဘဲ ကျွန်တော့်အိမ်က တူတော်မောင် တစ်ယောက် ဘွဲ့ရသွားပါလေရဲ့။ ကျန်တဲ့အဝေး သင်ကျောင်းသားတွေလည်း ကြုံရင်မေးကြည့်ပေါ့။ မင်းတို့ကို အဝေးသင်က ပေးလိုက်တဲ့ ပုံနှိပ်စာအုပ် ဖွင့်ကြည့်ဖူး သလားလို့။ တစ်နှစ်တစ်ခါ ကုလားဆိုင်ကို စာအုပ် အစည်းမပျက် သွားရောင်းလိုက်ကြတာပဲ။ ပြောရဦးမယ်။ တစ်ပုဒ်နဲ့ အောင်တာမို့လို့ စာကျက်သွားတယ်လို့တော့ မထင်နဲ့။ ကော်ပီရာနဲ့ ချုံ့ထားတဲ့ နှစ်လက်မလောက် ရှိတဲ့ စာရွက်ကို ၀ယ်လာပြီး အဲဒါလေးကိုင်ပြီး လွတ်လပ်စွာ ကူးချဖြေဆို ကြတာဗျ။ တစ်ပုဒ်ဖြေတယ်ဆိုလို့ အများကြီး ရေးရတယ် မထင်နဲ့နော်၊ တစ်မျက်နှာတောင် မပြည့်တဲ့ အဖြေကို တစ်ပုဒ်လို့ ခေါ်တာ။ ဒီနေ့ခေတ် မြန်မာနိုင်ငံရဲ့ အခြေအနေက ခိုးချခြင်းဟာ ယဉ်ကျေးမှုတစ်ခု ဖြစ်နေပြီး မခိုးချတဲ့သူဟာ ခပ်ကြောင်ကြောင် လူတွေလို့ သတ်မှတ်ခံရတဲ့ခေတ် ရောက်နေလေရဲ့။ ကဲ ပညာရေး ဘယ်လို အခြေအနေလဲ ဆိုတာသိပြီလား။ ပညာရေးအကြောင်း ပြောမယ်ဆိုရင် ပညာရေး လောကထဲက သူငယ်ချင်းတွေနဲ့ အတူပေါင်းပြီး အောင်မောင်း ကိုယ်တိုင်က ပညာရေးတစ်ပိုင်း ဖြစ်နေတာမို့ ပြောစရာတွေက အများကြီးဗျ။ အောင်မောင်း သိတာတောင် ဒီလောက်ဆိုရင် ပညာရေးလောကသား ၀ါရင့်ကြီးတွေ  ဘယ်လောက် သိသလဲ ဆိုတာ စဉ်းစားသာ ကြည့်ပေတော့။ မပြောချင်လို့ ကြည့်နေတာ ကြာပြီဆိုတဲ့ စကားလိုပဲဗျ၊ မပြောချင်ကြလို့ ကြည့်နေကြတာ။ ရင်ထဲမှာက အပြည့်။ ကဲ နောက်မှ ဆက်ဆွေးနွေး ကြတာပေါ့ဗျာ။ အောင်မောင်းလည်း ပြင်လိုက် ညာလိုက် လုပ်ဖို့ အဖွဲ့အစည်းလေးတစ်ခု ဖွဲ့ပြီး နိုင်ငံတကာနဲ့  ချိတ်ဆက်ကာ ညာကြည့်ရ မလားလို့ စဉ်းစားနေတယ်ဗျ။ ဘာကြောင့်လဲသိလား။ တချို့က ညာမှ ကြိုက်တယ်လေ။

Myanmartandawsint Newspaper

ဓာတ်ပုံ ရိုက်ချိန်တွင် လှပနေစေမည့် မိတ်ကပ်လိမ်းခြယ်မှု


အလှဓာတ်ပုံ ရိုက်တာကို လူအတော် များများ ဝါသနာ ပါလေ့ ရှိပါသည်။ အပျော်တမ်း ဓာတ်ပုံ ရိုက်တာမျိုး မဟုတ်ဘဲ အမှတ်တရ အနေနဲ့ ဓာတ်ပုံရိုက် မယ်ဆိုရင်တော့ သင့်မျက်နှာ အနေအထား နဲ့ လိုက်ဖက်မှု ရှိစေမယ့် မိတ်ကပ် ပြင်ဆင်မှု မျိုးတွေကို လိမ်းခြယ်နိုင်ဖို့ လိုပါတယ်။ ဓာတ်ပုံရိုက် ချိန်တိုင်း လှပတဲ့ မျက်မှကျလေးကို ပိုင်ဆိုင်နိုင်စေဖို့ ပြင်ဆင်သင့်တဲ့ မျတ်ကပ် ပြင်ဆင်မှု ပုံစံတွေကို ဖော်ပြပေး လိုက်ပါတယ်။

သဘာဝကျသော ပြင်ဆင်မှုကို ခပ်တောက်တောက်လေး ပြင်ဆင်ပါ

မိတ်ကပ် ပြင်ဆင်ချိန်မှာ မျက်နှာက လင်းနေတဲ့ အနေအထား မျိုးဖြစ်စေပြီး အ လင်းရောင်တစ်ခုခု ပြန်ချိန်မျိုးမှာ မျက်နှာ က ဝင်းလက်နေ စေတာမျိုးဖြစ်နေရမှာ ပါ။ အရမ်းနီလွန်းတဲ့ ပြင်ဆင်မှုကြောင့် သင့်မျက်နှာက ရင့်သွားတယ်လို့ထင်ရစေ ပါတယ်။ အလှပြင်ချိန် အခန်းထဲမှာပြင် လို့ မြင်ရတဲ့ ပြင်ဆင်မှုမျိုးနဲ့ ပြတင်းပေါက် နေရာမှာ မှန်ထဲကိုကြည့်လိုက်ရင် မြင်ရ တဲ့ပြင်ဆင်မှုမျိုး ကွာခြားသလို ပြင်ဆင် ပေးဖို့လိုပါတယ်။ အစိမ်းရောင် ဒါမှမ ဟုတ်မှောင်တဲ့အခန်းထဲမှာ သရုပ်ဖော်ပုံ ရိုက်မယ်ဆိုရင်တော့ တောက်ပတဲ့ ပြင် ဆင်မှုမျိုးကို သုံးပေးသင့်ပါတယ်။

သင့်အရေပြား အရောင်ကို ဂရုစိုက်ပါ

မိတ်ကပ်ပြင်ဆင်မှုကို မစတင်မီ အရေပြား သန့်ရှင်းမှုနဲ့ စိုပြည်မှု ရှိစေဖို့ကို ဂရုပြုဖို့ လိုပါတယ်။ အထူးသဖြင့် ဦးရေ ပြားနေရာနဲ့ မျက်နှာပြင်နေရာမှာ ကွာ ခြားနေတာမျိုး မဖြစ်စေဖို့ မျက်နှာနဲ့လည် ပင်းနေရာ လိမ်းခြယ်မှု အရောင်ကွာခြား နေတာမျိုး မဖြစ်စေဖို့ ဂရုပြုပါ။ နဖူးနဲ့ နား ထင်နားတွေမှာ မိတ်ကပ်ညီညာမှုမရှိတာ က ပိုပြီးအဖြစ်များလေ့ရှိကြပါတယ်။ မျက်နှာအဆီပြန်မှုကင်းပြီး ဝင်းမွတ်နေစေ ပါမှ ဓာတ်ပုံထဲမှာလည်း အဆင်ပြေမှာပါ။

မျက်ဝန်းညိုချိန် ဖုံးသော မိတ်ကပ်ကို သုံးပေးပါ

မျက်ဝန်း တစ်ဝိုက် အရေးကြောင်း၊ အစက်အပြောက်တွေနဲ့ မျက်ကွင်းညို တာကိုဖုံးကွယ်နိုင်စေဖို့ ကွန်ဆဲလ်လာကို သုံးချိန်မျိုးမှာ သင့်အရေပြားအရောင် ထက် အနည်းငယ်တောက်ပတဲ့အရောင် မျိုးဖြစ်ဖို့ အထူးဂရုစိုက်ပါ။ ဓာတ်ပုံရိုက်ဖို့ အတွက် အလှပြင်ဆင်ချိန်မှာ ပုံမှန်ထက် ပိုပြီး အောက်ခံဖောင်ဒေးရှင်းကို သုံး တတ်ကြတဲ့အတွက် ကွန်ဆဲလ်လာကို လည်း ခပ်တောက်တောက်လေးသုံးပေး ပါ။ ဒါမှ သင့်ပါးပြင်၊ မျက်ဝန်းပြင်ဆင်မှု နဲ့ မျက်နှာပြင်ဆင်မှုက ဓာတ်ပုံထဲမှာ အရမ်း ကို ကြည့်ကောင်းနေ စေပါလိမ့်မယ်။

မျက်ဝန်းနှင့် မျက်တောင်ကို အားဖြည့်ပါ

ဓာတ်ပုံရိုက်ဖို့ အလှပြင်ဆင် ချိန်မှာ သင့်မျက်လုံး တစ်ဝိုက်ပြင်ဆင်မှုကို ပုံမှန် ပြင်ဆင်မှု တွေထက် ပိုပြီး အားဖြည့်ပေးဖို့ လိုပါတယ်။ မျက်ဝန်းမှေး သူဆိုရင်လည်း မျက်ဝန်းလေး ပေါ်လွင်အောင်၊ မျက်ဝန်း ကြီးသူ ဆိုရင်လည်း အနေတော်မျက်ဝန်း မျိုးရရှိအောင် အိုင်းရှဲဒိုး၊ အိုင်းလိုင်နာတွေ နဲ့ ပုံဖော်ပြင်ဆင် ပေးပါ။ နှုတ်ခမ်းပါးသူ တွေအနေနဲ့ အရောင်ရင့်ရင့် နှုတ်ခမ်းနီ မျိုးကိုသုံး ပေးပြီး၊ နှုတ်ခမ်း ထူသူအနေနဲ့ ပန်းရောင်နဲ့ လိမ္မော် ရောင်မျိုးက လိုက် ဖက်မှုရှိစေ ပါတယ်။

လမင်းလေး-good health
Yoyarlay

အိန္ဒိယမှ ကမ္ဘာ့အရပ်အရှည်ဆုံး မိသားစု


တစ်မိသားစုလုံးပေါင်း အရပ်အရှည်က ၂၆ပေ ရှိပါတယ်။ အိမ်ထောင်ဦး စီး ဖြစ်သူ Sharad Kulkarni အမည်ရ အသက် ၅၂ နှစ်အရွယ် အမျိုးသားက ၇ ပေ ၁.၅ လက်မ၊ ဇနီးဖြစ်သူ Sanjot (အသက် ၄၆ နှစ်) ကတော့ ၆ပေ ၂.၆ လက်မ၊ သမီးနှစ်ဦးကတော့ အသက် ၂၂ – Mruga က ၆ပေ ၁ လက်မ၊ Sanya ၁၆ နှစ်က ၆ ပေ ၄ လက်မ ရှိပါတယ်။

ဒီတော့ တစ်မိသားစုလုံးပေါင်းရဲ့  အရပ်ကို ပေါင်းလိုက်တဲ့အခါ ၂၆ ပေ ရှိသွားစေ ပါတယ်။ အိန္ဒိယနိုင်ငံ Pune မြို့ မှာ နေထိုင်တဲ့ သာမန် မိသားစု တွေပါပဲ။ သို့ပေမယ့် အရပ်တွေကတော့ သာမန်လူတွေထက် သိသိသာသာ ရှည်နေပါတယ်။

တစ်မိသားစုလုံး အများပြည်သူသုံး ဘတ်စ်ကားနဲ့ သယ်ယူပို့ဆောင်ရေး ယာဉ်များကို အသုံးမပြုပါဘူး။ ကိုယ်ပိုင် ဆိုင်ကယ်များ ဝယ်ထား ရပါတယ်။ သို့ပေမယ့် သူ့တို့အရပ်ကြောင့်မို့ ဆိုင်ကယ်စီးလည်း သိသိသာသာ ကြီးထွား နေပါတယ်။ ဒါကြောင့် ကမ္ဘာ့ မှတ်တမ်းသစ်တစ်ခုအနေနဲ့ Sharad တို့မိသားစုကို ကမ္ဘာ့အရပ်အရှည်ဆုံး မိသားစုလို့ အသိအမှတ်ပြုစေခဲ့ကြောင်း သိရပါတယ်။
.
Ref: dailymail
အောင်ခမ်း ( ရိုးရာလေး )

ကျောက်တော်၊ ပေါက်တော လူသတ် တရားခံများ ဖေါ်ထုတ်နိုင်ခြင်း မရှိသေး


ရခိုင်ပြည်နယ် ကျောက်တော်နှင့် ပေါက်တောမြို့နယ် (၂) ခုတွင် များမကြာမီက သတ်ဖြတ်ခံခဲ့ရသော ကလေးမ (၂) ဦး အမူများနှင့် ပတ်သက်ပြီး သင်္ကာမကင်းသူ အများအပြားကို ရဲက ခေါ်ယူ စစ်ဆေးနေသော်လည်း ယခုအချိန်ထိ တရားခံများကို ဖေါ်ထုတ်နိုင်ခြင်း မရှိသေးကြောင်း သတင်း ရရှိသည်။

ပေါက်တောမြို့နယ် စောမဲကျီ ကျေးရွာတွင် နိုဝင်္ဘာလ ၁၇ ရက်နေ့က အသတ်ခံခဲ့ရသော မဇလပ်ဝါ (၅) နှစ်  အမူနှင့် ဆက်စပ်ပြီး ၎င်းကျေးရွာမှ လူ (၆) ဦးကို ခေါ်ယူ စစ်ဆေးနေခြင်းမှာ မှန်ကန်သော်လည်း  တရားခံကို ဖေါ်ထုတ်နိုင်ခြင်း မရှိသေးကြောင်း ပေါက်တောရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ ကျနော်တို့က ဖမ်းတာ မဟုတ်ဘူး။ ခေါ်ယူ စစ်ဆေးတဲ့ သဘောလောက်ပါဘဲ။ စုစုပေါင်း (၆) ယောက်ပါခင်ဗျာ။ စောမဲကျီရွာကပါခင်ဗျား။ သူတို့ကို တကယ်လို့ မသေချာရင် ပြန်လွှတ်ပေးမှာ ဖြစ်ပါတယ်။ ရမန်နဲ့ ခဏချုပ်ထားတာပါ။ အခုအချိန်ထိတော့ တရားခံ မဖေါ်ထုတ် နိုင်သေး ပါဘူး” ဟု ၎င်းက ဆိုသည်။

ယခုကဲ့သို့ ရမန်ယူပြီး ဖမ်းဆီးထားသော်လည်း သူတို့ (၆) ဦးစလုံးမှာ တရားခံများ မဟုတ်ကြကြောင်း၊ အမူနှင့် ဆက်စပ်ပြီး ခေါ်ယူမေးမြန်းခံကြရသူများသာ ဖြစ်ကြောင်း၊ သူတို့ကို တရားခံများဟု မသုံးစေလိုကြောင်း ၎င်းရဲအရာရှိက ဆိုသည်။

ပေါက်တောမြို့နယ် စောမဲကျီ ခမီးအမျိုးသား ကျေးရွာတွင် ဦးရွှေမိနှင့် ဒေါ်ဝါ၀ါဦးတို့ သမီး မဇလပ်ဝါ (၅) နှစ်သည် လွန်ခဲ့သော တန်ဆောင်မုန်းလပြည့် ညနေက ရွာထဲတွင် ကစားနေရာမှ ပျောက်ဆုံး သွားခဲ့ပြီး နောက်ပိုင်းတွင် အသတ်ခံခဲ့ရသည်။

အလားတူ ကျောက်တော်မြို့နယ် ကြာညိုပြင်ကျေးရွာမှ နိုဝင်္ဘာလ ၁၈ ရက်နေ့က မဖွယ်မရာ ပြုလုပ် သတ်ဖြတ်ခံခဲ့ရသော အသက် (၆) နှစ် အရွယ် မမိမိငယ် အမူနှင့် ဆက်စပ်ပြီးလည်း လူပေါင်း (၁၀) ကျော်ကို စစ်ဆေးမူများ ပြုလုပ်နေသည်ဟု ကျောက်တော်ရဲစခန်းက အတည်ပြု ပြောကြားသည်။

“ စစ်ဆေးနေတုန်းဗျာ။ ဒီနေ့လည်း လူတချို့ကို အပေါက်ဝ ရဲစခန်းက ခေါ်ယူ စစ်ဆေးခဲ့တယ်ဗျာ။ စစ်ဆေးပြီး ပြန်လွှတ်တယ် ခင်ဗျာ့။ ရမန်ယူပြီး ဖမ်းဆီးတာတွေတော့ မရှိသေးပါဘူး။ ရခိုင်က (၇) ဦးခန့်နဲ့ မူဆလင်က (၄) ဦးခန့် ဖြစ်ပါတယ်” ဟု ဆိုသည်။

သို့သ်ာလည်း ယခုအချိန်ထိ တရားခံကို ဖေါ်ထုတ်နိုင်ခြင်း မရှိသေးကြောင်း ရဲတာဝန်ရှိသူက ပြောသည်။

၎င်းအသတ်ခံရသူ ကလေးမ၏ အဖွားဖြစ်သူမှ မမိမိငယ်အား ညဥ့် ၁၀ နာရီကျော်တွင် အိပ်ရာတွင် သိပ်ထားရာမှ ပျောက်ဆုံးသွားပြီး အသတ်ခံရခြင်း ဖြစ်ကြောင်း  ရဲစခန်းတွင် ထွက်ဆိုထားသည်ဟု အပေါက်ဝ ကျေးရွာ ဒေသခံ ဦးစောနုက ပြောသည်။

ယမန်နေ့ကလည်း ကြာညိုပြင်ကျေးရွာမှ လူ သုံးလေးဦးခန့်ကို အပေါက်ဝရဲစခန်းမှ ဆက်လက် ခေါ်ယူ စစ်ဆေးခဲ့ကြောင်း၊ အမူမှာ နည်းနည်း ပဟေဋိ ဆန်နေကြောင်း၊ သို့သော်လည်း နောက်ရက်အနည်းငယ်တွင် တရားခံကို ဖေါ်ထုတ်နိုင်လိမ့်မည်ဟု မျှော်လင့်ရကြောင်း၊ တရားခံများကို ရဲတပ်ဖွဲ့က မဖေါ်ထုတ်နိုင်မီ မည်သူ ဖြစ်နိုင်သည်ဟု  ခန့်မှန်း ပြောဆိုမူ လုပ်၍ မရကြောင်း ဦးစောနုက ပြောဆိုသွားးသည်။
(နိရဉ္စရာ- ၂၂ နိုဝင်္ဘာလ ၂၂)

ယာဉ်တိုက်မှုကျူးလွန်ပြီး ရဲတပ်ဖွဲ့ဝင်အယောင်ဆောင်သူအား ဖမ်းဆီးအရေးယူ


နေပြည်တော်၊ နိုဝင်ဘာ ၂၂

၂၁-၁၁-၂၀၁၃ ရက်နေ့ ၁၇၄၀ ချိန် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ကျေးရွာ၊ စစ်တောင်းတံတားဟောင်း၊ ဒုတိယတံတားကုန်းအနီး၊ ပေ(၇၀၀)ခန့်အကွာတွင် သိမ်ဇရပ်မှရန်ကုန်သို့ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကန်ရိပ်သာလမ်းနေ ကိုကို(၄၇)နှစ်မောင်းနှင်ပြီး ယာဉ်၏ ဦးခေါင်းပိုင်းတွင် ၀ိုင်ယာလက်မီးနီတပ်ဆင်ထားသည့် ၉ဂ/xxxx Toyota Harrier ယာဉ်သည် ပဲခူးတိုင်း ဒေသကြီး၊ ဝေါမြို့နယ်၊ ကျောက်ညှပ်ကျေးရွာနေ မဝေေ၀စိုး(၂၂)နှစ်မောင်းနှင်ပြီး တစ်ရွာတည်းနေ မကေခိုင်ဦး(၁၅)နှစ်လိုက်ပါလာသည့်ဆိုင်ကယ်အား နောက်မှ ၀င်ရောက်တိုက်မိခဲ့သည်။

အခင်းဖြစ်နေရာသို့ သိမ်ဇရပ်နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ မဝေေ၀စိုးတွင် ၀ဲ/ယာတံတောင်/ ယာနဖူး/ခြေထောက်/ပုခုံးပွန်းပဲ့ဒဏ်ရာနှင့် မကေခိုင်ဦးတွင် ဦးခေါင်းနောက်စေ့ဖူးရောင်၊ ၀ဲတံတောင် ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ကြောင်းတွေ့ရှိရသဖြင့် သိမ်ဇရပ်တိုက်နယ်ဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး ကိုကိုအား စစ်မေးခဲ့ရာ ကိုကိုမှ ၎င်းသည် ရန်ကုန်တိုင်းဒေသကြီး၊ နိုင်ငံရေးနှင့်ထောက်လှမ်းရေးဌာနမှ ရဲမှူး(၁)ဦး ဖြစ်ကြောင်းပြောဆိုသဖြင့် ထပ်မံစစ်ဆေးခဲ့ရာ ရဲတပ်ဖွဲ့ဝင်တစ်ဦးအဖြစ် အယောင်ဆောင်ပြောဆိုခဲ့ ကြောင်းနှင့် ၀ါယာလက်မီးနီအား ယာဉ်တွင်အယောင်ဆောင်တပ်ဆင်သုံးစွဲခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် သဖြင့် ကိုကိုအား သိမ်ဇရပ်နယ်မြေရဲစခန်း ယာဉ်(ပ)၂၀/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇ ဖြင့်လည်းကောင်း၊ (ပ)၁၉၅/၁၃၊ ပြစ်မှုပုဒ်မ ၁၄၀/၁၇၀ ဖြင့်လည်းကောင်း အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

နာမည်ကြီးတံဆိပ် ဖိနပ်နှင့် အဝတ်အစားများ မုန်တိုင်းသင့်ဒေသသို့ ဘက်ခမ်းစုံတွဲ လှူဒါန်းမည်


ကမ္ဘာကျော်စုံတွဲ ဒေးဗစ်ဘက်ခမ်းနှင့် ဒီဇိုင်နာဗစ်တိုးရီးယားတို့က ဖိလစ်ပိုင်နိုင်ငံတွင် ခံစားခဲ့ရသည့် တိုင်ဖွန်းမုန်တိုင်း ဟဲလန်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် ဒုက္ခသည်များအတွက် အဝတ်အထည်နှင့် ဖိနပ်များကို ဗြိတိန်ရှိ ကြက်ခြေနီကယ်ဆယ်ရေးရုံးသို့ နိုဝင်ဘာ ၂၂ ရက်တွင် သွားရောက်လှူဒါန်းမည်ဖြစ်သည်။

အဆိုပါလှူဒါန်းမှုတွင် နာမည်ကြီးတံဆိပ်ဖိနပ်များအပြင် နာမည်ကျော်ဒီဇိုင်နာများ၏ အဝတ်အထည်များ၊ ဒီဇိုင်နာသင်တန်းသူများ၏ ဖက်ရှင်လက်ရာ အဝတ်အထည်များ ပါဝင်မည်ဖြစ်ကြောင်းနှင့် အခြားအလှူရှင်များကိုလည်း လှူဒါန်းရန် တိုက်တွန်းပေးသွားမည်ဖြစ်ကြောင်း အဆိုပါစုံတွဲက ဆိုသည်။

ဘက်ခမ်းတို့စုံတွဲသည် အဝတ်အထည်အထုပ်ပေါင်း ၂၀ ကျော်ကို လှူဒါန်းရန် လာရောက်ပို့ဆောင်ထားပြီးဖြစ်ကြောင်းနှင့် အဝတ်အထည်အားလုံးနီးပါးသည်လည်း အသစ်များဖြစ်ကြောင်း၊ သို့သော် ဒီဇိုင်နာ ဗစ်တိုးရီးယား၏ အချို့အဝတ်အထည် များသည် အလွန်သေးငယ်သည့်အတွက် အချို့သောသူများအတွက် အဆင်မပြေမည်ကို စိုးရိမ်မိကြောင်း ကြက်ခြေနီရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဒီဇိုင်နာဗစ်တိုးရီးယားအနေဖြင့် ဇူလိုင်လအတွင်းက ကင်ဆာဖောင်ဒေးရှင်းတစ်ခုအတွက် ၎င်းဖန်တီးချုပ်လုပ်ထားသည့် အဝတ်အထည်များလှူဒါန်းခဲ့ပြီး ခင်ပွန်းဖြစ်သူ ဒေးဗစ်ဘက်ခမ်းကလည်း ၎င်း၏ အားကစားသမားဘဝမှ ဝင်ငွေများဖြင့် ဒေသတွင်း မိဘမဲ့ဂေဟာများသို့ လှူဒါန်းမှုများပြုလုပ်ခဲ့ကြောင်း သိရ သည်။

The Mirror Daily

ကျန်းမာဖို့ ကြံရည်သောက်စို့


မြက်မျိုးနွယ်ဝင် ကြံပင်များသည် သဘာဝအလျောက်ပေါက်ရောက်လေ့ ရှိပြီး ၄င်း၏ဆေးစွမ်းအာနိသင်ထက်မြက် မှုကြောင့် ယခုအခါ ကမ္ဘာ့နိုင်ငံပေါင်း ၂ဝဝ ကျော်တွင် စီးပွားဖြစ်စိုက်ပျိုးလျက် ရှိသည်။ ယေဘုယျအားဖြင့် ကြံညို၊ ကြံနီ၊ ကြံဖြူဟူ၍ သုံးမျိုးရှိကာ ကြံဖြူ နှင့် ကြံနီတို့က အရသာပိုချိုပါသည်။ ကြံပင်ထဲတွင် လူသားတို့ ကျန်းမာရေးကို ကောင်းကျိုးပြုစေသော ဗီတာမင်နှင့် သတ္တုဓာတ်တို့ ကြွယ်ဝစွာ ပါရှိသည့်အပြင် အပင်များတွင်တွေ့ရခဲသော Phytonutrients တစ်မျိုးဖြစ်သည့် ကလိုရိုဖီးလ် ကိုလည်း တွေ့ရသည်။ ထို့ကြောင့် မြန်မာ့ ဆေးကျမ်းများတွင်သာမက နိုင်ငံတကာ ကျန်းမာရေးလမ်းညွှန် စာအုပ်များထဲတွင် ကြံရည်ကို 'အာဟာရပြည့်စူပါဖျော်ရည်' အဖြစ် တခမ်းတနားရေးသား ဖော်ပြထား ကြသည်။

Glycemic ဓာတ်ပါဝင်မှုနည်းပါး ခြင်းကြောင့် ကျန်းမာရေးနှင့်ညီညွတ်စေ သည်။ အအေးမိ၊ နှာစေးခြင်းနှင့် လည် ချောင်းနာခြင်းတို့ကို ထိထိရောက်ရောက် ကာကွယ်ပေးသည်။ သကြားဓာတ် ၁၅ ရာခိုင်နှုန်းပါရှိသော်လည်း သွေးထဲရှိ သကြားဓာတ်ကို မျှတစေသဖြင့် ဆီးချို ရောဂါသည်များ အကြောက်အရွံ့မရှိသုံး ဆောင်နိုင်ကြောင်း သြစတြေးလျ သုတေသီများက အကြံပြုထားကြသည်။ (သို့သော် Type-2 ဆီးချိုသမားများ အနည်းငယ်သာ သောက်သုံးသင့်သည်) Phytonutrients (ခေါ်) အဆင့်မြင့်ဓာတ်တိုး ဆန့်ကျင်ပစ္စည်းပါရှိခြင်းကြောင့် ကင်ဆာ ရောဂါများကို တိုက်ထုတ်ပေးသည်။ အထူးသဖြင့် သုက်ရည်ဂလင်းနှင့် ရင်သား ကင်ဆာများမဖြစ်လာအောင် တားမြစ် ပေးနိုင်စွမ်း ရှိသည်။

နေပူလောင်ခြင်းနှင့် ပင်ပန်းနွမ်း နယ်မှုများအတွက် အညိုရောင်ကြံရည်က ခန္ဓာကိုယ်ကို အချိန်တိုအတွင်းမှာပင် ရေဓာတ်အားဖြည့်ပေးနိုင်သည်။ြ<ွကက် သားများ၊ အစာအိမ်၊ ကျောက်ကပ်၊ နှလုံး၊ မျက်စိ၊ ဦးနှောက်နှင့် လိင်အင်္ဂါအစိတ် အပိုင်းများကို ခွန်အားဖြစ်စေသည်။ ကျောက်ကပ်ကို အားပေးပြီး ဆီးချုပ်၊ ဆီးအောင့်ခြင်းမှ ကာကွယ်ပေးသည်။ အပူရှပ်၍ ဖျားချင်ချင်ခံစားနေရသူများ အတွက် ကြံရည်က ကိုယ်တွင်းအပူ ငြိမ်းစေပြီး ပရိုတင်းအားဖြည့်ဓာတ်စာ အဖြစ် သုံးနိုင်သည်။ အမျိုးသားများ Spermatorrhoea (ခေါ်)သုက်ယိုရောဂါ နှင့် ဆီးကျိတ်ရောင်ခြင်းအတွက် အနီရောင် ကြံရည်ကို သံပရာရည် (သို့မဟုတ်) ချင်းရည် (သို့မဟုတ်) အုန်းရည်ဖြင့် ရောသောက်ပေးခြင်းဖြင့် ရောဂါသက်သာ လာစေသည်။

အဖြူရောင်ကြံရည်တွင် ရှောက် ရည် (သို့မဟုတ်) လိမ္မော်ရည်တို့ကို အနည်းငယ်ရောသောက်ပါက အာဟာရ ပြည့်ဝပြီး ပိန်သူကိုဝစေ၍ အသက်လည်း ရှည်စေသည်။ အသည်းရောင်အသား ဝါရောဂါသည်များကို အလျင်အမြန် အားပြန်ပြည့်စေသည်။ ကစီဓာတ်အလုံ အလောက်ပါရှိခြင်းကြောင့် အားပြည့် လန်းဆန်စေကာ သက်လုံကောင်းစေ သဖြင့် အားကစားသမားများနှင့် ကာယ လုပ်အားရှင်များအတွက် အထူးသင့် တော်၏။ အစာကြေစေပါသည်။ ထို့ပြင် ပိုတက်စီယမ်အမြောက်အမြားပါရှိခြင်း ကြောင့် ဝမ်းပျော့စေသည်။ ကိုယ်ခန္ဓာ အတွက် မကောင်းသောကိုလက်စထရော ကို ကျစေသည်။ ရက်သတ္တပတ်လျှင် သုံးခွက်မျှ ကြံရည်သောက်သုံးခြင်းဖြင့် အာရုံကြောအဖွဲ့အစည်းကိုအားကောင်း စေကာ မှတ်ဥာဏ်
စွမ်းအားတိုးတက် လာစေကြောင်း ဗြိတိသျှသုတေသီများက အကြံပြုထားသည်။

မှတ်ချက်။ ကြံဖြူပင်သည် ချွဲသလိပ်ထစေတတ်၍ အလွန်အကျွံ မသောက်သင့်ပါ။

ထို့ကြောင့် ယခုလို နွေပူပူရင်ပူပူတွင် အပူငြိမ်းသည်းခြေအေးစေသော ကြံရည် ကို သဘာဝ၏အာဟာရအဖြစ် သောက် သုံးပေးသင့်ပါကြောင်းနှင့် ကျန်းမာရေး အတွက် ကြံရည်သောက်ရန် အသင့်တော် ဆုံးအချိန်မှာ နေ့လယ်ပိုင်းဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါသည်။

(Ref: Dr JV Hebbar,an Ayurveda Doctor )

ပေါက်ပေါက် - The Union Daily

ပထမဆုံးခပ်ကြမ်းကြမ်း ထောင်ထွက်ဇာတ်ရုပ်နဲ့ဝတ်မှုန်ရွှေရည်


‘ဘရိတ်နဲ့ချစ်ပါ’ ဆိုတဲ့ဇာတ်ကားကို ဝတ်မှုန်ရွှေရည်က နေတိုးနဲ့ ရိုက်ကူးနေပါတယ်။ ဇာတ်ရုပ်အနေနဲ့ ခပ်ကြမ်း ကြမ်းပုံစံမျိုးသရုပ်ဆောင်ရတာဖြစ်သလို၊ ထောင် ထွက် တစ်ယောက်ပုံစံမျိုးကို ပထမဆုံးသရုပ်ဆောင်ရတာ လို့လည်း ပြောပြတာကြောင့် “ကစ်က ဒီကားထဲမှာ ကာ ရိုက်တာ၃မျိုးလုပ်ရတယ်။ မော်ဒယ်ပေါက်စလေး ဇာတ်ရုပ်၊ အိမ်ထောင်သည် ဇာတ်ရုပ်၊ ထောင်ကျသွား တဲ့အခါ ခပ်ကြမ်းကြမ်းဖြစ်သွားတဲ့ ဇာတ်ရုပ်တွေ လုပ်ရတယ်။ ထောင်ကျပြီး ခပ်ကြမ်းကြမ်းဖြစ် သွားတာက ပထမဆုံးလုပ်ဖူး တာပဲ။ အပြင် အဆင်အိုက်တင်ကအစ သေချာလုပ်တယ်။ ကစ်က ကိုယ်တစ်ခါမှမလုပ်ဖူးတဲ့ ဇာတ်ရုပ် မျိုးလုပ်ရတော့ ပျော်ပါတယ်။ စိတ်လည်း လှုပ်ရှားတယ်” လို့ ပြော ပြပါ တယ်။

ရို့မန့်ဖန်စီလေး တွေအရိုက် များပေ မယ့် ဒီနှစ်မှာတော့ ဇာတ်ကားတွေကို မတူ အောင် ရိုက်ကူးဖြစ်တယ်လို့ပြောတဲ့ဝတ်မှုန်ရွှေရည် က “ကစ်အခု ဒီနှစ်မှာ ရိုက်တဲ့ ဇာတ်ကားတွေက ကစ်အရင်တုန်းက ရိုက်ခဲ့ဖူးတဲ့ကားတွေနဲ့ ကွဲထွက်တဲ့ ကားတွေပဲ ရိုက်ထားတာ တော်တော်များများ မထွက် သေးဘူး။ ပရိသတ်အသံကိုလည်း နား ထောင်နေပါတယ်။ အနားကပ်မှ လာပေး တာမျိုးဆို ပြောင်းလို့မရတာ လေးတွေ လည်းရှိတယ်။ တစ်ခါတ လေမထင်မှတ် ဘဲ ပေါက်သွားတဲ့ ကားမျိုးတွေလည်း ရှိ တယ်။
တော်တော်များများက ကစ်စိတ် ကြိုက်ဖြစ်ပေမယ့် ပရိသတ်စိတ်ကြိုက် ဆိုတာလည်း ရှိတယ်လေ။ ပရိသတ် ကလည်း နှစ်မျိုးရှိတယ်။ ဖန်စီလေး တွေပဲ ကြိုက်တာရှိသလို၊ ဒရမ်မာ လေးတွေ ကြိုက်တာလည်း ရှိ တယ်။ ချိန်ပြီး ရိုက်ရတာပေါ့” လို့ ပြောပြခဲ့ပါတယ်။

မေမွန်မောင်
Popular Journal

ပြုပြင်နေသည့် အစ္စလာမ် ဘာသာရေးကျောင်းကို ပြန်လည်စိစစ်ရန် သံဃာ ၁၀၀ ကျော် တောင်းဆို


သောကြာနေ့၊ နိုဝင်ဘာလ ၂၂ ရက်၊ ၂၀၁၃ ခုနှစ်

သင်္ကန်းကျွန်းမြို့နယ်၊ ဝေဇယန္တာလမ်းရှိ “အစ္စလာမ့်လင်းရောင်ခြည်”ဘာသာရေးကျောင်းကို မြို့တော်စည်ပင် ခွင့်ပြုချက်ဖြင့် ပြန်လည်ပြင်ဆင်ဆောက်လုပ်နေခြင်းအား မူလအကျယ်အဝန်း ဟုတ်၊ မဟုတ် ပြန်လည်စိစစ်ပေးရန် သံဃာအပါး ၁၂၀ ခန့်က သင်္ကန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းရှိ ရန်ကုန်အရှေ့ပိုင်းခရိုင် အုပ်ချုပ်ရေးရုံးသို့ နိုဝင်ဘာ ၂၂ ရက်နေ့လည်ပိုင်းက ချီတက်တောင်းဆိုကြသည်။

ထိုအစ္စလာမ်ဘာသာရေးကျောင်းသည် လွန်ခဲ့သည့် နှစ် ၃၀ ကျော်က ၁၅ပေပတ်လည်ရှိ အကြော်တဲဖြစ်ပြီး ယခုဆောက်လုပ်နေမှုမှာ အလျား ၄၅ပေx အနံ ၈၀ပေ ဖြစ်နေသည့်အတွက် အုပ်ချုပ်ရေးပိုင်းမှ ပြန်လည်စိစစ်ရန် သံဃာများက အရှေ့ပိုင်းခရိုင် အုပ်ချုပ်ရေးရုံးတွင် သွားရောက်ကာ စာတင်ခဲ့ခြင်းဖြစ်သည်။

သံဃာများ၏ တောင်းဆိုသော စာထဲတွင် 'အဆောက်အဦး၏ အကျယ်အဝန်းအား စုံစမ်းစစ်ဆေးရေးကော် မရှင်ဖွဲ့ပြီးစစ်ဆေးပေးရန်'ဟု ပါရှိရာ အရှေ့ပိုင်းအခရိုင်ဒု-အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေက ၎င်းတို့အနေဖြင့် ဆုံးဖြတ်မပေးနိုင်သောကြောင့် တိုင်းအစိုးရသို့ တင်ပြပေးမည်ဟု ပြောသည်။

ဦးဆောင်တောင်းဆိုခဲ့သော သင်္ကန်းကျွန်းမြို့နယ်အတွင်းရှိ ပညာရောင်ခြည်စာသင်တိုက်မှ ဆရာတော် ဦးပညာဇောတက “လုပ်ထုံးလုပ်နည်းအတိုင်းတာမြစ်ပေးပါ။ ဖျက်သိမ်းသင့်ရင် ဖျက်သိမ်းပေးပါ။ အဲ့ဒါကို သူတို့ လုပ်သင့်လုပ်ထိုက်တာကို မလုပ်ဘူး။ ဒီအတိုင်းပဲ ဆက်ပြီးတော့ ခွင့်ပြုနေမယ်ဆိုရင် ဘုန်းကြီးတို့က သံဃာထုအနေနဲ့ရော၊ လူထုအနေနဲ့ရော မကျေနပ်ချက်တွေအများကြီးအများကြီးရှိနေတဲ့အတွက်ကြောင့် ဆန္ဒထုတ်ဖေါ်ပွဲတွေကအစ တစ်တိုင်းတစ်ပြည်လုံးဖြစ်အောင်လုပ်ပစ်မယ်”ဟု မိန့်သည်။

အငြင်းပွားဖွယ်ရာဖြစ်နေသည့် “အစ္စလာမ့်လင်းရောင်ခြည်” ဟု အမည်ပေးထားသော အဆိုပါ ဘာသာ ရေးကျောင်း၏ ဂေါပက ဥက္ကဋ္ဌ ဦးယာရှင်က “အခုလုပ်နေတာ ဥပဒေနဲ့နှမ်းတစ်စေ့မလွဲဘူး။ အခုတော့ ဟိုမှာ လာပြီ၊ လာပြီ ဒီမှာလာတော့မယ်ဆိုတော့ အဘတို့က ညညကျ စားမဝင်၊ အိပ်မပျော်နဲ့ အထိတ် တစ်လန့်ဖြစ်နေရတယ်။ အေးအေးချမ်းချမ်းနေချင်တာပေါ့ကွာ” ဟု မဇ္ဈိမကို ပြောသည်။

အဆိုပါ ဘာသာရေးကျောင်းသို့ ရောက်ရှိနေသည့် သင်္ကန်းကျွန်းမြို့နယ်မှ ရန်ကုန်တိုင်းလွှတ်တော်အမတ် ဒေါ်စန်းစန်းမြင့်က “သူတို့လည်း ဥပဒေအရလုပ်နေတာပဲလေ။ ခွင့်ပြုချက်ပေးတဲ့အတိုင်းဆောက်နေတာ”ဟု မှတ်ချက်ပြုသည်။

၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် သစ်သားဖြင့်ဆောက်လုပ်ထားသော ယင်းဘာသာရေးကျောင်း ပျက်စီးခဲ့သဖြင့် ၂၀၁၀ ခုနှစ်အတွင်းက ခွင့်ပြုမိန့်မတင်ဘဲ ပြန်လည်ပြင်ဆင်ခဲ့ရာ မြို့တော်စည်ပင်သို့ ဒဏ်ငွေ ကျပ် ၄၈ သိန်းကျော် ပေးဆောင်ခဲ့ရသေးသည်။

ထို့နောက် ယခုနှစ် မေလ ၁၅ ရက်က စည်ပင်သာယာ၏ ခွင့်ပြုချက် ပြန်လည်ရရှိသဖြင့် ပြင်ဆင်ဆောက်လုပ်ခဲ့ရာမှ ယခုကဲ့သို့ ဟန့်တားခံရခြင်းဖြစ်သည်။

မင်းမင်း - Mizzima - News in Burmese

သုံးနှစ်အတွင်း ပဲဈေးအမြင့်ဆုံးဖြစ်


ရန်ကုန်၊ နိုဝင်ဘာ ၂၀။

တရုတ်နိုင်ငံမှ ၀ယ်လိုအား မြင့်တက်လာသောကြောင့် သုံးနှစ်အတွင်း မြန်မာ့ပဲမျိုးစုံ ဈေးသည် ယခုနှစ်တွင်
အမြင့်ဆုံးဖြစ်ကြောင်း မန္တလေးမြို့ ပဲကုန်သည်များထံမှ စုံစမ်းသိရှိရသည်။

ယခုနှစ်တွင် ရာသီဥတု ဖောက်ပြန်မှုကြောင့် အိန္ဒိယပဲ အထွက် လျော့နည်းခြင်းနှင့် တရုတ်ကုန်သည်များက
နယ်စပ်မှတဆင့် ၀ယ်ယူမှု များနေသောကြောင့် ပြည်တွင်း၌ ပဲဝယ်လိုအား မြင့်တက်လာပြီး ဈေးအမြင့်ဆုံးနှစ် ဖြစ်နေကြောင်း မန္တလေးမြို့ဝါရင့် ပဲကုန်သည်ကြီး ဦးဥာဏ် ထွန်းက ပြောကြားသည်။

“အခု ပဲတင်ဈေးမြင့်တာ မဟုတ်ဘူး။ နှမ်းကလည်း ဈေးမြင့်တယ်။ မိုးဖျက်လို့ ဒီနှစ် နှမ်းအထွက်လည်း
နည်းတယ်။ ပြီးတော့ ကိုရီးယားနဲ့ဂျပန် အမှုန့်အဖြစ်နဲ့ တင်ပို့တော့ဈေးရတယ်”ဟု ၎င်းကဆိုသည်။

ယခုလတ်တလောတွင် မန္တလေးပဲကုန်စည်ဒိုင်အတွင်း၌ ရန်ကုန်ဝယ်လက်များထက် တရုတ်ဝယ်လက် ကုန်သည်များက ပိုမိုဝယ်ယူနေကြောင်း ပခုက္ကူမြို့ ၀ါရင့်နှမ်းကုန်သည်ကြီး ဦးမင်းသက်ကပြောသည်။

မန္တလေး ပဲကုန်စည်းဒိုင်အတွင်း၌ ပဲဇင်းငုံ ၅၅၀၀၀ကျပ်၊ ဗီတူး ၄၉၀၀၀ကျပ်၊ မတ်ပဲ ၅၃၀၀၀ကျပ်၊ ပဲတီစိမ်း ၉၀၀၀၀ကျပ်နှင့် နှမ်းဖြူနိမ့် ၁၅၀၀၀ ကျပ်မှ အမြင့် ၁၆၀၀၀ကျပ်၊ နှမ်းနက် ၁၇၀၀၀ကျပ်၊ နှမ်းညို ၁၂၅၀၀ကျပ်တို့ဖြင့် ရောင်းဝယ်လျက် ရှိကြောင်း ကုန်စည်ဒိုင်အတွင်းမှ စုံစမ်းသိရှိရသည်။

ရေးသားသူ-မျိုးပပစန်း
တည်းဖြတ်-ဂျူးဂျူးလှိုင်

People power

Cost Insurance Freight- CIF ဈေးနှုန်း ပြောင်းလဲမည့် သတင်းကြောင့် ကားဈေးကျ


ရန်ကုန်၊ နိုဝင်ဘာ ၁၅

မော်တော်ယာဉ်များကို ထုတ်လုပ်သည့် မော်ဒယ်လ်၊ ခုနှစ်အလိုက် ဆိပ်ကမ်းအရောက် တန်ဖိုး သတ်မှတ်ချက်  နှုန်းများ မြင့်တက်မည် ဟူသော သတင်းများကြောင့် ကားဝယ်ရောင်း ဈေးများ ဆက်တိုက် ကျဆင်းနေကြောင်း သီရိမင်္ဂလာ ဈေးဟောင်း ကားဝယ်ရောင်း ပွဲစားတန်းမှ ၀ါရင့် ကားပွဲစား ဦးအောင်ကျော်က နိုဝင်ဘာ ၁၅ ရက်၌ မြန်မာသံတော် ဆင့်သို့ ပြော သည်။

ပြည်ပမှ မော်တော်ယာဉ်မှာယူ တင်သွင်းပါက ကားထုတ်လုပ်သည့် ခုနှစ်၊ မော်ဒယ်လ်အလိုက် သတ်မှတ် ထားသည့် CIF နှုန်းထားအလိုက် အကောက်ခွန် ဦးစီးဌာနသို့ ပေးသွင်းရပြီး အဆိုပါနှုန်းထားမှာ နှစ်စဉ် ပြောင်းလဲလျက် ရှိသည်။

““CIF ဆိုတာက နားလည်သူက နားလည်တယ်လေ။ အဲဒါက ဘယ်ကားကို ဘယ်လောက် ဆောင်ရမယ်။ ဘယ်ကားကို ဘယ်လောက် တိုးမယ်၊ ဘယ်လောက် ချမယ်ဆိုတဲ့ သဘောမျိုးပြောတာ။ အဲဒါကို လူတွေက သိတဲ့ အတိုင်းပဲ။ CIF တန်ဖိုးတွေ တက်တော့မှာ ဘာညာနဲ့ပေါ့။ ဈေးတွေက ဆက်တိုက် ကျသွားတာ။ ၀ယ်တာ ကော၊ ရောင်းတဲ့သူကို သိပ်မရှိတော့ဘူး။ CIF က တရားဝင် မထွက်သေးဘူး။ အဲဒါကို လူတွေက စောင့်ကြည့် နေကြတာ””ဟု ၀ါရင့်ကားပွဲစား ဦးအောင်ကျော်က မြန်မာသံတော်ဆင့်သို့ ပြောသည်။ …

အဆိုပါ CIF နှုန်းထား မထွက်သေးသည့်အတွက် ကားစလစ် ဈေးများလည်း ယခင် အောက်တိုဘာ လကုန် ပိုင်းတွင် ၁၁၈ သိန်းဝန်းကျင် ရှိခဲ့ရာမှ ယခု နိုဝင်ဘာ လလယ်တွင် ၁၀၅ သိန်းနှင့် ၉၈ သိန်းဝန်းကျင်အထိ ကျဆင်းလျက် ရှိပြီး နောက်ဆုံး အအပ်လက်ခံခဲ့သည့် “အ” အက္ခရာ ကားစလစ်ဈေးမှာလည်း သိန်း ၁၀၀ အောက်သာ ဈေးပေါက်လျက် ရှိသည်။

ထို့ပြင် ယခင်က လူစီးများသည့် ၂၀၀၇/ ၂၀၀၈ မော်ဒယ် Hona Fit, Pro Box, Advan အမျိုးအစား ကားများမှာ စလစ်အပါ အပြီးအစီး ၁၂၅ သိန်း ပေါက်သည့် ကားများမှာလည်း ယခုအခါ သိန်း ၁၁၀ အထိသာ ရှိနေပြီး လူစီးနည်းသော အခြား မော်ဒယ်လ် ကားဈေးနှုန်းများမှာ ယခင် ၁၁၆ သိန်းမှ ၉၅ သိန်းဝန်းကျင် အထိသာ ဈေးရှိတော့သည်။

ယခုနှစ်အတွက် တန်ဖိုးသတ်မှတ်ချက် CIF များအား ပြောင်းလဲ ပြင်ဆင်ရန်အတွက် လုပ်ဆောင် နေမှုများနှင့် ပတ်သက်၍ အကောက်ခွန် ဦးစီးဌာနသို့ ဆက်သွယ် မေးမြန်းခဲ့ရာ ပြောင်းလဲ သတ်မှတ်သည့် တန်ဖိုး အတိအကျအား ဒီဇင်ဘာလဆန်းတွင် ထုတ်ပြန် ကြေညာသွားမည် ဖြစ်ပြီး ဇန်န၀ါရီ လဆန်းမှစ၍ ထိုနှုန်းထားများအတိုင်း ပေးဆောင်သွားရမည် သိရသည်။ ဒီနှစ်အတွက် CIF နှုန်းတွေကို custom ကနေ ပြောင်းဖို့ စီစဉ်နေတုန်း။ CIF နှုန်းတွေ တက်မယ်ဆိုတာကတော့ CIF နှုန်းက တက်တာ ကျတာ မရှိဘူး။ မနှစ်က နည်းနေတဲ့ ကားမျိုးဆို ဒီနှစ်နည်းနည်း တက်မယ်။ များနေရင် နည်းနည်း ချမယ်ပေါ့။ အဲဒီလို ယေဘုယျ ချလိုက်တာပေါ့””ဟု ကုန်သွယ်ရေး ညွှန်ကြားမှူး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက မြန်မာသံတော်ဆင့်သို့ ပြောသည်။

နိုင်ငံတော် အစိုးရသည် ယာဉ်အိုယာဉ်ဟောင်းများ ဖျက်သိမ်း၍ အစားထိုး တင်သွင်းခြင်း စီမံချက်ကို ၂၀၁၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်မှစ၍ နိုင်ငံပိုင် သတင်းစာများ၌ ထုတ်ပြန် ကြေညာခဲ့ပြီး ပထမအဆင့် အနေဖြင့် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက်တွင် မှတ်ပုံတင်သက်တမ်း အနှစ် ၄၀ ကျော် “စ”၊ “ဆ”၊ “ဇ” အက္ခရာ များကို လည်းကောင်း၊ ဒုတိယအဆင့် အနေဖြင့် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်တွင် နှစ် ၃၀ ကျော်မှ ၄၀ ကျော်အတွင်း “ဈ၊ “ည” အက္ခရာများကိုလည်းကောင်း၊ တတိယအဆင့် အနေဖြင့် ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီ ၂ ရက်တွင် အနှစ် ၂၀ ကျော်မှ နှစ် ၃၀ ကျော်အတွင်း “ဏ”၊ “ထ”၊ “ဒ”၊ “ဓ”၊ “န”၊ “ပ”၊ “ဗ”၊ “ဘ”၊ “လ”၊ “သ” အက္ခရာ ယာဉ်များကို စီမံချက်ဖြင့် ဆောင်ရွက်ခဲ့ရာ ယာဉ်အိုယာဉ်ဟောင်း အပ်နှံမှု စီးရေ ၉၄၁၆၈ စီးဖြစ်၍ ဆောင်ရွက် ပြီးစီးမှုမှာ ၈၉ ဒသမ ၆၁ ရာခိုင်နှုန်း ဖြစ်သည်။

ဇင်မာ
Myanmartandawsint Newspaper

ငပလီကမ်းခြေ နိုင်ငံတကာ အဆင့်မီ ပြုပြင်မည်


ငပလီကမ်းခြေ၌ လာရောက်အပန်းဖြေသူ ဧည့်သည်အချို့ကို အောက်တိုဘာလ အစောပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ – အေအက်ဖ်ပီ

 ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ ငပလီအပန်းဖြေ ကမ်းခြေအား နိုင်ငံတကာအဆင့်မီ ကမ်းခြေ အဖြစ်
ပြုပြင်တည်ဆောက်မှုများဆောင်ရွက် နိုင်ရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က အသုံးပြု ဘတ်ဂျက်
ကျပ်ငါးဘီလျံ သတ်မှတ်ချထားပေးခဲ့ကြောင်း သိရသည်။

ယခုလ ၁၉ ရက်က ကျင်းပခဲ့သည့် ပြည်နယ် လွှတ်တော်အစည်းအဝေးတွင် ယင်းဘတ်ဂျက် ချထား
ပေးမှုကို အတည်ပြုသတ်မှတ်ခဲ့ခြင်းဖြစ် ပြီး ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ် အသေးစိတ် နှင့် ပတ်
သက်ပြီး တိကျသည့်အခြေအနေမရှိသေးကြောင်း ရခိုင်ပြည်နယ်လွှတ်တော်အမတ်
ဦးအောင်မရကျော်က ပြောသည်။

“ချထားပေးတာကတော့ အစိုးရအဖွဲ့ဘတ် ဂျက်အောက်မှာ ချထားပေးတာပါ။ ဆိုတော့ အစိုးရအဖွဲ့
ကပဲ သီးသန့်အနေနဲ့ဆောင်ရွက် သွားရမှာပါ။ ဘယ်လိုဆောင်ရွက်မယ်ဆိုတာ တော့ အစိုးရအဖွဲ့
ဘက်က အတိအကျထုတ်ပြန် တာမရှိသေးပါဘူး” ဟု ၎င်းက ပြောသည်။ ယခုလ ၆ ရက်က စတင်
ကျင်းပခဲ့သည့် ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးတွင် ယင်းဘတ်ဂျက်လျာထားမှုကို တင်ပြ
ဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး အပြီးသတ်အတည်ပြုမှုကို ယခု လ ၁၉ ရက်က ကျင်းပခဲ့သည့် လွှတ်တော်
အစည်း အဝေးတွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ရခိုင် ပြည်နယ်အစိုးရအဖွဲ့ အမျိုးသားစီမံကိန်းနှင့်
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၀န်ကြီး ဦးမောင်စံရွှေက ပြောသည်။

“လောလောဆယ် စီမံကိန်းနဲ့ ပတ်သက်ပြီး အတိအကျ ရေးဆွဲထားတာ မရှိသေးပါဘူး။ အဓိက
တည်ငြိမ်အေးချမ်းရေးအတွက် ဦးဆုံး လုပ်ဆောင်နေတာပဲရှိပါတယ်” ဟု ၀န်ကြီးက မြန်မာတိုင်း(မ်)
ကို ပြောသည်။

ငပလီအပန်းဖြေကမ်းခြေအား နိုင်ငံတကာ အဆင့်မီ ပြုပြင်တည်ဆောက်ခြင်း၊ လိုအပ်သည့် အခြေခံ
အဆောက်အအုံများ ဖြည့်စွက်ခြင်းအပိုင်းကို အစိုးရအဖွဲ့အနေဖြင့် လုပ်ဆောင် သွားမည်ဖြစ်ပြီး တင်ဒါခေါ်ယူသည့်စနစ် ဖြင့် ကော်မတီဖွဲ့စည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းသို့ ဘတ်ဂျက်ချထားပေးမှုမတိုင်မီ ရခိုင်ပြည်နယ်ရှိ စီးပွားရေးလုပ်ငန်းဆိုင်ရာ အထူးစီမံကိန်း
များအပါအ၀င် စိုက်ပျိုးရေး လုပ်ငန်း၊ သစ်တောလုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်း၊ သတ္တုတူးဖော်
ရေးလုပ်ငန်းများ၌ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွင် ပူးပေါင်း လုပ်ဆောင်ရန်နှင့် ဒေသတွင်းအကျိုးစီးပွား
ကာကွယ်ရန်အတွက် ရခိုင်ပြည်နယ်ရှိ နာမည် ကြီး စီးပွားရေးလုပ်ငန်း ကုမ္ပဏီ ၁၂ ခုတို့ ပူးပေါင်း ၍
အများပိုင်ကုမ္ပဏီတစ်ခုထူထောင်ခဲ့ကြောင်း ရခိုင်ပြည်နယ်ရှိ စီးပွားရေးလုပ်ငန်းပိုင်ရှင်အချို့ထံမှ
သိရသည်။

” ဟုတ်ပါတယ်။ ရခိုင်ပြည်နယ်က စီးပွားရေးလုပ်ငန်းကုမ္ပဏီ ၁၂ ခုပူးပေါင်းပြီး တစ်ဦးကို ကျပ်သိန်း
တစ်သောင်းစီ ရှယ်ယာထည့်ဝင်ဖွဲ့ စည်းထားကြတာပါ။ အခုထိတော့ လုပ်ဆောင် မယ့် လုပ်ငန်းစီမံ
ကိန်းတွေနဲ့ပတ်သက်ပြီး စဉ်းစား ဆွေးနွေးဆဲပဲရှိပါသေးတယ်။ ဒီလုပ်ငန်း (ငပလီ အပန်းဖြေစခန်း
ပြန်လည်ပြုပြင်ခြင်း) မှာ ၀င်ပါ ဖြစ်မလား၊ မဖြစ်ဘူးလားဆိုတာ မပြောနိုင်သေးပါဘူး” ဟု အဆိုပါ
အများပိုင် ကုမ္ပဏီ၏ စီးပွား ရေးဆိုင်ရာ အကြံပေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးစိုးပိုင်က ပြောသည်။

ငပလီအပန်းဖြေကမ်းခြေသည် ရခိုင်ပြည်နယ် ၏ အထင်ကရ ပင်လယ်ကမ်းခြေတစ်ခုဖြစ်ပြီး
သံတွဲမြို့မှ လေးမိုင်ခန့် (ခုနစ်ကီလိုမီတာ) အကွာ တွင် တည်ရှိပြီး နိုင်ငံတကာခရီးသွားဧည့်သည်
များ မြန်မာပြည်ခရီးစဉ်အတွင်း အထူးစိတ်ဝင် စားသည့် နေရာတစ်ခုလည်းဖြစ်ကြောင်း ခရီး သွား
ဧည့်လမ်းညွှန်အချို့က ဆိုသည်။

“တကယ်သာ ဒီလိုပြုပြင်လိုက်မယ်ဆိုရင် ရွာအဆင့်ကနေ မြို့အဆင့်လိုဖြစ်သွားတာကောင်းတာ
ပေါ့။ ဒေသခံပြည်သူတွေအတွက်လည်း ပိုကောင်းသွားတာပေါ့” ဟု မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ
လုပ်ငန်းရှင်များအသင်းမှ ဦးကျော်မင်းလှိုင်က ပြောသည်။

ဥာဏ်လင်းအောင်
Myanmar Times

ဒေါ်အောင်ဆန်းစုကြည်ပုံပါ ၂၀၁၄ ပြက္ခဒိန်များ အရောင်းသွက်


ဗိုလ်ချုပ်အောင်ဆန်းဈေး အနီး မီးပွိုင့်တွင် ပြက္ခဒိန်များ လက်ပွေ့ရောင်းချနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)
ပြည်တွင်းဈေးကွက်တွင် လာမည့် ၂၀၁၄ ခုနှစ်အတွက် ပြက္ခဒိန်များ ရောင်းချလျက်ရှိရာ မော်ဒယ်နှင့် အနုပညာရှင်များ သရုပ်ဆောင် ရိုက်ကူးထားသော ပြက္ခဒိန်များထက် ဒေါ်အောင်ဆန်းစုကြည်ပုံပါသော ပြက္ခဒိန် များ ၀ယ်ယူသူများပြား လျက် ရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ၂၀၁၄ ခုနှစ် ပြက္ခဒိန်များ အမြောက်အမြား ဈေးကွက်တွင်း ၀င်ရောက်လာချိန်  ဒေါ်အောင်ဆန်းစုကြည်ပုံပါ ပြက္ခဒိန်များက ရောင်းအား အကောင်းဆုံး အဖြစ် နေရာယူထားပြီး၊ အနုပညာရှင် မင်းသား၊ မင်းသမီးပုံပါ ပြက္ခဒိန်များမှာမူ  ၀ယ်လိုအား ကျဆင်းမှုကြောင့် ဈေးကွက်တွင် ရောင်းချသူ လျော့ကျလျက်ရှိကြောင်း  ပြက္ခဒိန် ရောင်းချသူများထံမှ သိရှိရသည်။

“ဒေါ်အောင်ဆန်းစုကြည် ပြက္ခဒိန်ကဒီနှစ် ရောင်းအားအကောင်းဆုံးပဲ။ အခုနောက်ပိုင်း ပြက္ခဒိန်ဝယ်သူတွေက မင်းသား မင်းသမီးပုံတွေ သိပ်မ၀ယ်ကြတော့ အဒေါ်တို့ဆိုင်မှာမတင်ဖြစ်တော့ဘူး။ ဒေါ်စုပါတဲ့ပုံတွေပဲ တင် တော့ တာ”ဟု ဗိုလ်ချုပ်လမ်းတွင်  ပြက္ခဒိန်ရောင်းချသည့် အသက် ၅၀ အရွယ် ဒေါ်ကြူကြူစိန်က ဧရာဝတီသို့ ပြောသည်။

လတ်တလော ပြက္ခဒိန်ဈေးကွက်တွင် ပြည်တွင်း ၀ယ်လိုအားသာမက မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်များကပါ စိတ်ဝင်စား ၀ယ်ယူမှုများရှိနေကြောင်း သိရှိရသည်။

“ဒေါ်စုပြက္ခဒိန် ဈေးနှုန်းတွေ ကတော့ အစားစားပါပဲ။ ၃၀၀၀၊ ၃၅၀၀ ၊ ၄၀၀၀ အမျိုးမျိုး ရှိတယ်။ ဒီရက်ပိုင်းမှာတော့ ၃၅၀၀ တန် ပြက္ခဒိန်တွေ တော်တော်လေး ရောင်းရတယ်။ များသောအားဖြင့် တော့ လူကြီးပိုင်းတွေ လာဝယ်ကြတယ်။ နိုင်ငံခြားသား တွေလည်း စိတ်ဝင်တစားနဲ့ ၀ယ်ကြတယ်” ဟုပြောသည်။

၂၀၁၀ ခုနှစ် နှစ်ကုန်ပိုင်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် လွတ်မြောက် လာပြီးနောက်ပိုင်း ဒေါ်အောင်ဆန်း စုကြည်ပုံပါ ပိုစတာများ၊ တီရှပ်များ၊ ပြက္ခဒိန်များ ရောင်းဝယ်သည့်ဈေးကွက်တခုဖြစ်ပေါ်လာပြီး ပြည်သူများအကြား ဒေါ်အောင်ဆန်းစုကြည်နှင့် NLD တံဆိပ်ပါ အထိမ်းအမှတ် ပစ္စည်းများ ၀ယ်ယူမှု များပြားလာကြောင်း၊ မူလက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးများတွင် ဒေါ်အောင်ဆန်းစုကြည်ပုံပါ အထိမ်းအမှတ် ပစ္စည်းများကို ပါတီ ရန်ပုံငွေအဖြစ် ရောင်းဝယ် ဖောက်ကားခဲ့ရာမှ  အစိုးရ၏ ဖြေလျှော့မှုများကြောင့်၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ မတိုင်မီနှင့် ရွေးကောက်ပွဲ လွန်ကာလ နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်ပုံပါ တီရှပ်၊ ပိုစတာနှင့် အထိမ်းအမှတ် ပစ္စည်းများ ရောင်းချသည့် စီးပွားရေးဈေးကွက်မှာ အလွန်ကြီးမားခိုင်မာလာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။

“အရင်အစိုးရ လက်ထက်တုန်းကဆိုရင် ဒေါ်အောင်ဆန်းစုကြည်ပုံမပြောနဲ့။ သူ့နာမည်ကိုတောင် ကျယ်ကျယ် မပြောရဲဘူးလေ။ အခုမှ လွတ်လွတ်လပ်လပ် ရောင်းရဲဝယ်ရဲတာ။ အခုက အင်တာနက်ပေါ်လာပြီးတဲ့နောက်မှာ မင်းသား၊ မင်းသမီးပုံနဲ့ ပြက္ခဒိန်တွေက အရင် ကလောက် ခေတ်မစား တော့ဘူး။ သူ့ဟာနဲ့သူတော့ ရောင်းရပါတယ်။ အဓိကကတော့ နယ်ဘက်ပရိသတ်တွေ အ၀ယ်များတယ်။ ဒါပေမယ့် အခုချိန်မှာ ရောင်းရ အကောင်းဆုံးကတော့ ဒေါ်စုပုံ တွေပါပဲ” ” ဟု သိမ်ကြီးဈေးအနီး ပြက္ခဒိန်ရောင်းချသူတစ်ဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ပုံပါ ပြက္ခဒိန်ဝယ်ယူသူ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတဦးက “အန်တီစုပုံကို ၀ယ်တာ ကတော့ နှစ်သက်လို့၊ သဘောကျလို့၊ ချစ်လို့၊ လေးစားလို့ အမှတ်တရအနေနဲ့ အခန်းမှာ ချိတ် ထားဖို့ဆိုပြီး ၀ယ်တာပါ။ နိုင်ငံခြားသား တွေကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာက သိတဲ့ Icon တစ်ယောက် မို့လို့၊ Hero Lady တယောက် ဖြစ်တာ မို့လို့ စိတ်ဝင်စားပြီးဝယ်တာ’’ ဟု ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ဒေါ်အောင်ဆန်းစုကြည်ပုံပါ ပြက္ခဒိန်နှင့် အထိမ်းအမှတ် ပစ္စည်းများကို ပါတီရန်ပုံငွေအတွက် ထုတ်ဝေရောင်းချမှုများရှိကြောင်း သိရှိရသည်။
သီဟတိုး| November 22, 2013
Irrawaddy

သွားတိုက်ဆေးလေး အသုံးဝင်ပုံ


သွားတိုက်ဆေးထဲရှိ ပါဝင်တွေပစ္စည်းတွေက အသားအရေကိုသိပ်သည်းကျစ်လစ်စေပြီး၊
ရောင်ရမ်းမှုတွေကိုပါ သက်သာစေလို့  အောက်ပါအတိုင်းသုံးပေးနိုင်ပါတယ်။
(၁) နီရဲရောင်ကိုင်းနေတဲ့ ၀က်ခြံဖုပေါ်ကို အိပ်ယာဝင်ခါနီးမှာ
သွားတိုက်ဆေးလေးအသာတို့ ပြီး အိပ်လိုက်ပါ။ တညလုံး အိပ် စက်ပြီးနောက်
နံက်အိပ်ယာထ ရေအေးဖြင့်မျက်နှာသစ်လိုက်တဲ့အခါ မျက်နှာပေါ်က၀က်ခြံဖု
သိသိသာသာသေးကျုံ့ သွားတာကို ဒိဌမြင်တွေ့ ရပါလိမ့်မယ်။
(၂) လက်သည်းခွံတွေကလည်း သွားတွေလိုပါဘဲ ကြွေသားအလွှာနဲ့ ဖုံးအုပ်ဖွဲ
့စည်းထားတာကြောင့်၊ လက်သည်းခွံတွေ အရောင် တောက်ပလာစေဖို
့သွားတိုက်ဆေးကိုသုံးနိုင်ပါတယ်။ လက်သည်းခွံအရောင်လှပလိုသူများ၊
လက်သည်းခွံမာလိုသူများနဲ့  လက်သည်းချေးညှော်ကင်းစင်လိုသူများ
သွားတိုက်ဆေးလေးနဲ့ အယာအယာပွတ်တိုက်ပေးလိုက်ပါ။
(၃) အထူးသဖြင့် ဂျယ်လီသွားတိုက်ဆေး(gel toothpaste)တွေမှာ ထည့်သုံးထားတဲ့
ဂျယ်လီအမျိုးအစားဟာ ဆံပင်ဂျယ်ထဲမှာ သုံးလေ့ရှိတဲ့ပစ္စည်းတွေနဲ့ အတူတူပါဘဲ။
ဒါကြောင့် ဆံပင်ဂျယ်ကုန်နေတဲ့အခါ၊ အစားထိုးအနေနဲ
့ဂျယ်လီသွားတိုက်ဆေးအနည်း ငယ်ဖြင့် အရေးပေါ်သုံးပေးနိုင်ပါတယ်။

(ဆေးမြီးတို အတွက်)
သွားတိုက်ဆေးက ဆေးမြီးတိုအနေနဲ့ အသုံးဝင်တာမို့ ၊
အရေးပေါ်ဆေးသေတ္တာဗူးထဲမှာ သွားတိုက်ဆေးလေး တစ်ဗူးလောက်
ဆောင်ထားပေးလိုက်ပါ။
(၄) အရေပြားကွဲရှနာအမျိုးမျိုး၊
ပုရွက်ဆိတ်-ခြင်ကိုက်ခံရခြင်း/ပျားတုပ်ခံရခြင်းတို့ ကြောင့်
အရေပြားများယားယံရောင်ရမ်းခြင်း တို့ အတွက်
သွားတိုက်ဆေးအုံထားနိုင်ပါတယ်။ သွားတိုက်ဆေးခြောက်သွားတာနဲ့ တပြိုင်နက်၊
ထိခိုက်ဒဏ်ရာတွေလဲ ယူပစ် သလိုသက်သာလာစေပါတယ်။
(၅) မတော်တဆ မီးပူကပ်မိခြင်း၊ ဟင်းအိုးအပူလောင်ခြင်း..စသည့်
ကြီးကြီးမားမားဟုတ်သော အပူလောင်ခြင်းတို့ အတွက် သွား
တိုက်ဆေးပွတ်လိမ်းထားခြင်းဖြင့် အပူချက်ချင်းငြိမ်းသွားသလို၊
နာကျင်မှုလည်း မဖြစ်စေတော့ပါဘူး။ အပူလောင်အရည်ကြည်ဖု ထွက်လာတဲ့အခါ
သွားတိုက်ဆေးလိမ်းပေးခြင်းဖြင့် အနာမဖြစ်လာတော့ဘဲ
မန်းရည်တွေတစိမ့်စိမ်ထွက်ပြီး ချပ်ရပ်သွားစေနိုင် ပါတယ်။
(၆) အရှိန်ပြင်းပြင်းကြောင့်ထိခိုက်မိ၍ သွေးစုခဲသွားတာကြောင့်
အရေပြားညိုမည်းသွားခြင်းအတွက် သွားတိုက်ဆေးသုံး၍ အရေ ပြားပေါ်
စက်ဝိုင်းပုံသဏ္ဍာန် အသားအယာပွတ်ချေလိမ်းပေးခြင်းဖြင့်
သွေးခဲများကိုချေပေးနိုင်ပါတယ်။

(ဖက်ရှင် အတွက်)
လက်ဝတ်ရတနာများ၊ အ၀တ်အစားများနဲ့ ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ
သစ်လွင်တောက်ပလာစေဖို့ အတွက် သွားတိုက် ဆေးက မရှိမဖြစ်ပါဘဲ။
(၇) ငွေထည်ပစ္စည်းများ ၀င်းလက်တောက်ပြောင်စေရန်၊
သွားတိုက်ဆေးဖြင့်ပွတ်တိုက်၍ တညသိပ်ပြီး၊ နောက်နေ့ မှာ အ၀တ်ပါး
ဖြင့်ပွတ်ပေးလိုက်ပါ။ စိန်ရတာတွေ အရောင်ဖြာထွက်လာစေဖို
့သွားတိုက်ဆေးဖြင့် အသာအယာပွတ်ပေးပြီးနောက် ရေဆေးပေး လိုက်ပါ။
(ပုလဲရတနာကိုတော့ သွားတိုက်ဆေး လုံးဝ မသုံးမိပါစေနဲ့ )
(၈) ရှုးဖိနပ်အစင်းကြောင်းပျောက်ပြီး၊ အရောင်ပြန်လည်သစ်လွင်လာစေဖို့ 
ဖိနပ်တိုက်တဲ့ ဘရက်ရှ်ပေါ် သွားတိုက်ဆေးတင်၍ ပွတ်တိုက်ပေးနိုင်ပါတယ်။
(၉) သွားတိုက်ဆေးထဲမှာပါတဲ့ ချွတ်ဆေး(bleaching)တွေက
သွားများကိုဖြူစင်စေသလို၊ အ၀တ်ထည် အစွန်းအထင်းများအ တွက်လည်း
အင်မတန်မှအသုံးဝင်လှပါတယ်။ စွန်းထင်းသွားသောအ၀တ်ကို သွားတိုက်ဆေးသုံး၍
အစွန်းများပျောက်သွားသည် အထိ ပွတ်ပေးပြီးနောက်၊
ပုံမှန်အတိုင်းပြန်လည်လျှော်ဖွတ်ပေးရုံပါဘဲ။

(လူသုံးကုန်းပစ္စည်း အတွက်)
ငွေကုန်ကြေးကျသက်သာအောင် သွားတိုက်ဆေးသုံး၍ အိမ်တွင်းပစ္စည်းများကို သန်
့စင်ပေးနိုင်ပါတယ်။
(၁၀) ဆော်ဒါကိုထဲ့သွင်းဖော်စပ်ထားတဲ့ သွားတိုက်ဆေးတွေကလည်း
ကွန်ပြူတာပေါ်ရှိအစွန်းအထင်းတွေကို သန့် စင်ဖယ်ရှား ပေးနိုင်တာကြောင့်၊
သန့် ရှင်းနူးညံ့တဲ့အ၀တ်စအပေါ် သွားတိုက်ဆေးတို့ ၍
ကွန်ပြူတာလက်ကွက်ခလုတ်များကို ဂျီးချွတ်ပေး လိုက်ပါ။
(၁၁) အ၀တ်အထည်တွေ မီးပူတိုက်ရင်း မီးပူလောင်ကပ်မိတယ် ဆိုကြပါစို့ ။
ချက်ချင်းသွားတိုက်ဆေးနဲ့  အ၀တ်ကိုပွတ်ပေးပြီး နောက်
ရေလျှော်ချလိုက်ပါ(နောက်ထပ်တစ်ကြိမ် မီးပူမတိုက်ခင်မှာ
အ၀တ်မှာသုတ်လိမ်းထားတဲ့ သွားတိုက်ဆေးတွေ လုံးဝ ပြောင်စင်ဖို့ တော့
လိုတယ်နော်)
(၁၂) ကလေးနို့ ဗူးကို ဘယ်လောက်ပဲသန့်စင်အောင်ဆေးဆေး အထဲကနို့ ချဉ်နံ
့စွဲနေသေးတယ်ဆိုရင်တော့ နို့ ဗူးထဲကို သွား တိုက်ဆေးနဲ့ ရေနဲနဲထဲ့၊
အဖုံးပိတ်၍ ခပ်ပြင်းပြင်းခလောက်ပေးပြီး ရေစင်စင်ပြန်ဆေးပေးလိုက်ပါ။
(၁၃) ကွန်ပြူတာလက်ကွက်ခလုတ်မှာလိုဘဲ
စန္ဒရားလက်ကွက်ခလုတ်တွေပေါ်မှာရှိနေတဲ့ လက်ဗွေရာတွေ/အဆီတွေ/ချေး
ညှော်တွေကို သွားတိုက်ဆေးသုံးပြီး သန်စင်လို့ ရပါတယ်။ သန်
့ရှင်းရေးလုပ်ပြီးတဲ့အခါ အ၀တ်ခြောက်တစ်ခုနဲ့ ပြန်ပွတ်တိုက်
ပေးလိုက်ရုံပါဘဲ။
(၁၄) အိမ်နံရံတွေမှာ ကလေးငယ်တွေရောင်စုံခဲတံနဲ့ လက်ဆော့ထားတဲ့
အစွန်းအထင်းတွေအတွက် စိတ်မညစ်ပါနဲ့ ။ အ၀တ်ပေါ် သွားတိုက်ဆေးသုတ်ပြီး
အဲဒီအစွန်းအထင်းတွေကို ဘေးသို့ မပြန့် အောင် စက်ဝိုင်းသဏ္ဍာန်
နာနာဖိပွတ်သန့် စင်ပေးနိုင်ပါတယ်။
(၁၅) ကြက်သွန်ဖြူ-နီ၊ ပြည်ကြီးငါး(ကင်းပွန်)၊ ငါး၊ ပုစွန် စတဲ့ ညှီနံ
့များကိုင်တွယ်ချက်ပြုတ်ပြီးနောက် လက်ကရနံ့ ဆိုးတွေ အလွယ်တကူ
ပျောက်ချင်ပါသလား။ သွားတိုက်ဆေးဖြင့်သာ လက်ကို နာနာပွတ်တိုက်ပြီး
ရေလောင်းချပေးလိုက်ပါ။

(ပေါက်ပေါက်….မျှဝေသည်)
(မှီငြမ်း American Daily Health Tips on 10th Oct ’13)

နိုင်ငံခြားခရီးသည်ဝင်ထွက်မှုအများဆုံး ပုဂံ၊ ညောင်ဦးနှင့် ဟဲဟိုးလေဆိပ်များ အပြည်ပြည်ဆိုင်ရာလေဆိပ်အဖြစ် တိုးမြှင့်မည်မဟုတ်


[ အောင်သူ (ဒေးဒရဲ ) ရန်ကုန် ၊ နိုဝင်ဘာ ၂၁ ]

နိုင်ငံခြား ဧည့်သည် အများဆုံးအဝင်အ ထွက်ရှိသည့် ပုဂံ၊ ညောင်ဦးနှင့် ဟဲဟိုးလေဆိပ်ကို အပြည်ပြည် ဆိုင်ရာလေဆိပ်များအဖြစ် ဆောင်ရွက်ရန် အစီအစဉ်မရှိ ကြောင်း လေကြောင်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန် ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်း ကပြောသည်။
အဆိုပါ လေဆိပ်များသို့ မန္တလေးအပြည်ပြည်ဆိုင်ရာလေ ဆိပ်နှင့် နေပြည်တော်အပြည်ပြည် ဆိုင်ရာလေဆိပ်တို့မှ ပျံသန်းမည် ဆိုပါက မိနစ်အနည်းငယ်သာ ကြာမြင့်မည် ဖြစ်သောကြောင့် ယင်းလေဆိပ်များကို အပြည်ပြည် ဆိုင်ရာလေဆိပ်များအဖြစ် မြှင့် တင်သွားမည်မဟုတ်ကြောင်း လေ ကြောင်းပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာနမှ သိရသည်။

လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ''ကျွန်တော်တို့အနေနဲ့ အပြည် ပြည်ဆိုင်ရာလေဆိပ်အဖြစ် ပြောင်း လဲဖို့ဆိုတဲ့နေရာမှာ နေရာတွေ ကြည့်ရတယ်။ ပထဝီအနေအ ထားတွေ၊ နောက်ပြီး နိုင်ငံခြား သားဝင်ရောက်မှု စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်မှုတွေ၊ ဒါတွေကြည့် ပြီးတော့မှ အပြည်ပြည်ဆိုင်ရာ လေဆိပ်အဖြစ် ပြောင်းလဲလို့ဖြစ် နိုင်တယ်။ ပုဂံ-ညောင်ဦးလေဆိပ် နဲ့ဟဲဟိုးလေဆိပ်ကတော့ ဘယ် သောအခါမှ အပြည်ပြည်ဆိုင်ရာ လေဆိပ်ဖြစ်လာမှာမဟုတ်ဘူး''ဟု ပြောသည်။

လက်ရှိတွင် ပြည်တွင်းလေ ဆိပ်များကို အဆင့်မြှင့်တင်မှုများ ပြုလုပ်ရန်အတွက် ပုဂ္ဂလိကအ ခန်းကဏ္ဍများပါဝင်လာသော် လည်း ယင်းလေဆိပ်များအား အပြည်ပြည်ဆိုင်ရာလေဆိပ်အ ဖြစ် အဆင့်မြှင့်တင်သွားရန်ရည် ရွယ်ချက်မရှိကြောင်း လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာ နဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းကပြောသည်။

ဦးဝင်းဆွေထွန်းက''လက် ရှိ ရှိနေတဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်သုံးခုဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ နောက် အသစ်ဆောက်နေတဲ့ ဟံသာဝ တီလေဆိပ် ဒီလေးခုသာအပြည် ပြည်ဆိုင်ရာလေဆိပ်အဖြစ်တည် ရှိနေမှာပါ။ နောက်လက်ရှိဝင် ရောက်နေတဲ့ခရီးသွားအရရယ် နောင်လာမယ်လို့ မျှော်မှန်းထား တဲ့အရေအတွက်အရ နောက် ထပ်အပြည်ပြည်ဆိုင်ရာ လေဆိပ် အဖြစ်တည်ဆောက်ရန်မလိုဘူး'' ဟုပြောသည်။
လက်ရှိမြန်မာနိုင်ငံတွင် လေယာဉ်ကွင်းပေါင်း ၆၉ကွင်း ရှိပြီး ပုံမှန်ပျံသန်းဆင်းသက်သည့် လေယာဉ်ကွင်း ၃ဝကျော်ရှိသည်။
Yangon Media Group

ရွှေဂုံတိုင် ခုံးကျော်တံတား ဖွင့်ရက် မခန့်မှန်းနိုင်


ရန်ကုန်၊ နိုဝင်ဘာ ၂၁

ရန်ကုန်မြို့တွင် ယာဉ်ကြော ပိတ်ဆို့မှုကို ဖြေရှင်းသည့် အနေနှင့် ဆောက်လုပ်လျက် ရှိသည့် ဗဟန်းမြို့နယ်ရှိ ရွှေဂုံတိုင် ခုံးကျော်တံတား ဆောက်လုပ်ရေး စီမံကိန်းသည် နိုဝင်ဘာ ၃၀ ရက်နေ့ညတွင် ပြီးစီးမည် ဖြစ်သော်လည်း တံတားဖွင့်မည့် ရက်ကို မခန့်မှန်းနိုင်သေးကြောင်း ယင်းခုံးကျော်တံတား စီမံကိန်း ဒါရိုက်တာ ဦးအေးသော်က ပြောကြားသည်။

ရွှေဂုံတိုင် ခုံးကျော်တံတား ဖွင့်လှစ်မည့် အချိန်ကို သိနိုင်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်း၊ တံတား) သို့ ဆက်သွယ် မေးမြန်းရာ တံတားကို တာဝန်ယူ တည်ဆောက်နေသည့် Capital Development Co.,Ltd. စီမံကိန်း ဒါရိုက်တာ ဦးအေးသော်ကသာ ပြောနိုင်မည် ဖြစ်သည် ဆိုသဖြင့် ဆက်သွယ် မေးမြန်းရာ ၎င်းက အထက်ပါအတိုင်း ဖြေကြားခြင်း ဖြစ်သည်။
“စီမံကိန်းကတော့ နိုဝင်ဘာလ ၃၀ ရက်နေ့ ညမှာပြီးဖို့ ရှိတယ်။ ဖွင့်မယ့်ရက်ကိုတော့ တိုင်းအစိုးရနဲ့ ညှိနှိုင်းပြီးမှ ပြောနိုင်မယ်။ အခုတော့ မပြောနိုင်သေးဘူး” ဟု ၎င်းကဆိုသည်။

ရွှေဂုံတိုင်တံတား ဆောက်လုပ်ရေး စီမံကိန်းကြောင့် ပျက်စီးခဲ့သော လမ်းများကို နိုဝင်ဘာ ၃၀ ရက်နေ့ အပြီး ပြင်ဆင်မည် ဖြစ်သည့် အပြင် မော်တော်ယာဉ် ဆူညံသံကြောင့် တံတား ပတ်ဝန်းကျင်ရှိ ပြည်သူများ အနှောင့်အယှက် မဖြစ်စေရန် Excel Tower နှင့် Dagon Tower တို့တွင် အသံထိန်း စနစ်များပါ တပ်ဆင်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

တံတား ဆောက်လုပ်ချိန်အတွင်း တံတားဧရိယာ တစ်လျှောက် ကမ္ဘာအေး ဘုရားလမ်းကို နှစ်လနီးပါးခန့် ပိတ်ထားခဲ့ပြီး ရွှေဂုံတိုင် လမ်းဆုံတစ်ဝိုက်ရှိ လမ်းများလည်း ပျက်စီးခဲ့ကာ ယာဉ်ပိတ်ဆို့ မှုမှာလည်း ဆိုးဝါးစွာ ကြုံတွေ့ခဲ့ရကြောင်း လမ်းအသုံးပြုသူများထံမှ သိရသည်။

တံတားအရှည် ၂၀၅၉ ဒသမ ၅၅ ပေနှင့် ယာဉ်သွားလမ်းအကျယ် ၄၅ ဒသမ ၅၉ ပေ၊ ခံနိုင်ဝန် တန် ၆၀ ရှိသော လေးလမ်းသွား ရွှေဂုံတိုင် ခုံးကျော်တံတားကို Capital Development Co.,Ltd. က၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်က စတင်ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး ယခုနှစ် နိုဝင်ဘာ ၃၀ ရက်နေ့တွင် ပြီးဆုံးမည် ဖြစ်ရာ တံတားဆောက်လုပ်ချိန် တစ်နှစ်ခန့် ကြာမြင့်ခဲ့သည်။

ရန်ကုန်မြို့တွင် ယခုနှစ်အတွင်း ဆောက်လုပ်သည့် မော်တော်ယာဉ်လမ်း ခုံးကျော် တံတားများအနက် လှည်းတန်း ခုံးကျော်တံတားကို ဧပြီလ အတွင်းက ဖွင့်လှစ်ခဲ့ပြီး ကျန်ဆောက်လုပ်ဆဲ တံတား ဖြစ်သည့် ဘုရင့်နောင် ခုံးကျော်တံတားနှင့် ရွှေဂုံတိုင် ခုံးကျော်တံတားအနက် ရွှေဂုံတိုင် ခုံးကျော် တံတားသည် နိုဝင်ဘာ ၃၀ ရက်နေ့တွင် ပြီးစီးမည်ဟု ထုတ်ပြန်ထားသည်။
The Voice Weekly

ကြိုးခုန်ခြင်းမှ ရရှိသော အကျိုးကျေးဇူးများ


ကြိုးခုန်ခြင်း လေ့ကျင့်ခန်းဟာ ခန္ဓာကိုယ် အတွက် အထူးပင် ကောင်းကျိုး များစွာကို ရရှိစေနိုင် တယ်လို့ ဆိုပါတယ်။ နှလုံးရောဂါ ဖြစ်ပွားမှုကို ကာကွယ်နိုင်ရုံ သာမက ကြွက်သားများ ကိုလည်း သန်မာစေနိုင် ပါတယ်။ ဒါကြောင့် ကြိုးခုန်ခြင်း လေ့ကျင့်ခန်းကို အားလပ်ချိန်လေးတွေမှာ လုပ်ပေး သင့်ပါတယ်။
ကြိုးခုန်ခြင်း လေ့ကျင့်ခန်းမှ ရရှိနိုင်သော အကျိုးကျေးဇူးတွေ ကတော့
(၁) ဝသောသူများ တစ်နေ့ကို မီးနစ် ၃၀ ခန့်လောက် ကြိုးခုန်ပေးပါက ဝိတ်ကျစေနိုင် ပါတယ်။
(၂) ကြိုးခုန်ခြင်းကို ကစားခြင်းကြောင့် နှလုံးခုန်နှုန်း မြန်စေပါတယ်။ ထို့ကြောင့် နှလုံးကြွက်သားများ သန်မာစေတဲ့ အပြင် အသက်ရှုလမ်းကြောင်းကိုလည်း ပိုမိုကောင်းမွန် စေပါတယ်။ နှလုံးရောဂါ ရှိသူများ အထူးပင် လုပ်သင့်သော အားကစား တစ်ခုဖြစ်ပါတယ်။
(၃) ကြိုးခုန်ခြင်း ကစားနည်းကြောင့် ခန္ဓာကိုယ် အလေးချိန် ကျဆင်းစေသည့် အပြင် အရိုးများကိုလည်း သန်မာစေနိုင်ပါတယ်။ အလွန်ပင် အလုပ်များ တယ်ဆိုရင် တစ်နေ့ကို ၂ မီးနစ်ကနေ ၅ မီးနစ် လောက်ပဲ ကစားလိုက်ရုံဖြင့် အရိုးနှင့် ပက်သက်သော ရောဂါများကို ကာကွယ်ပေးနိုင် ပါတယ်။
(၄) ကြိုးခုန်ခြင်း လေ့ကျင့်ခန်းဟာ ဦးနှောက်အာရုံ စူးစိုက်မှု အားကောင်းစေနိုင်တယ်လို့ ဆိုပါတယ်။
(၅) ဒီလေ့ကျင့်ခန်းဟာ နေရာကျယ်ကျယ် မလိုသည့် အပြင် အချိန်လည်း အနည်းငယ် ပေးရုံမျှဖြင့် ခန္ဓာကိုယ် အတွက် အကျိုးကျေးဇူး များစွာကို ရရှိစေနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကြိုးခုန်ခြင်း လေ့ကျင့်ခန်းကို လူတိုင်း ကစားသင့်ပါတယ်။

ကျော်လင်းနိုင် (ရိုးရာလေး)

ပင့်ကူလူသားစုံတွဲ လက်ထပ်တော့မည်


The Amazing Spider-Man ဇာတ်ကားတွင် အတွဲညီစွာ ပါဝင်သရုပ်ဆောင်ခဲ့ကြသည့် ဟောလိဝုဒ်ကြယ်ပွင့်များဖြစ်ကြသည့် အန်ဒရူးဂါဖီးနှင့် မင်းသမီး အမ်မာစတုန်းတို့သည် အပြင်လောကတွင်လည်း လက်တွဲညီစွာဖြင့် လက်ထပ်ရန် စီစဉ်တော့မည်ဟု သိရသည်။

အသက်(၃၀)နှစ်ရှိ မင်းသား အန်ဒရူးဂါဖီးနှင့် အသက်(၂၅)နှစ်ရှိ မင်းသမီး အမ်မာစတုန်းတို့သည် ၂၀၁၁ ခုနှစ်ကတည်းက ချစ်သူများဖြစ်ခဲ့ကြပြီး ယခုအခါ လက်ထပ်ပွဲနှင့် မိသားစုဘဝထူထောင်ရေး အတွက် ဆွေးနွေးတိုင်ပင်လျက်ရှိကြောင်း Us Weekly မဂ္ဂဇင်းသို့ ထုတ်ဖော်ပြောကြားခဲ့သည်။

ယခုလက်ရှိတွင် ၎င်းတို့နှစ်ဦးစလုံးသည် Amazing Spider-Man-2 ဇာတ်ကားအတွက် အလုပ်များလျက်ရှိသော်လည်း လက်ထပ်ရန် အဆင်သင့်ဖြစ်နေပြီဟူ ပြောကြားခဲ့သည်။
The Mirror Daily

သမဝါယမဘဏ်တွင် မင်္ဂလာဦးအပ်ငွေ ထားသူများ ကျပ်နှစ်သောင်း လက်ဖွဲ့မည်


ရန်ကုန်၊ နိုဝင်ဘာ ၂၁

ပြည်တွင်း ဘဏ်များတွင် ထားရှိမှု နည်းပါသော အပ်ငွေစနစ် တစ်မျိုးဖြစ်သည့် မင်္ဂလာဦးအပ်ငွေ ထားရှိသောသူများကို လက်ဆောင်အဖြစ် ကျပ်နှစ်သောင်းပေးမည် ဖြစ်ကြောင်း သမဝါယမဘဏ် လီမိတက်ထံမှ သိရသည်။

မင်္ဂလာဦးအပ်ငွေ ထားရှိမည် ဆိုပါက လက်ထပ်စာချုပ် မိတ္တူ ဘဏ်တွင် ထားရှိရမည် ဖြစ်ပြီး ကျပ် ၁၀ သိန်းနှင့် အထက်ကို လက်ထပ်အပြီး ခြောက်လအတွင်း အပ်နှံရမည် ဖြစ်ကြောင်း၊ ဘဏ်တိုးနှုန်း တစ်နှစ်လျှင် ၁၀ ရာခိုင်နှုန်း ရရှိမည် ဖြစ်ပြီး အနည်းဆုံး တစ်နှစ်အပ်နှံရမည် ဖြစ်ကြောင်း သမဝါယမ ဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းကဲ့သို့ ဘဏ်အပ်ငွေအဖြစ် ကျပ် ၁၀ သိန်း ထားရှိရမည်မှာ သာမန် လူတန်းစားများအတွက် များပြားသည့် ပမာဏ ဖြစ်သောကြောင့် ထားရှိရန် စိတ်မဝင်စားကြောင်း ဒီဇင်ဘာလတွင် မင်္ဂလာဆောင်မည့် လှိုင်မြို့နယ်မှ စုံတွဲတစ်တွဲက ပြောဆိုသည်။
“အပ်မယ့်အစား တစ်ခုခု ရင်းနှီးစားသောက် လိုက်တော့မယ်” ဟု အဆိုပါ စုံတွဲမှ အမျိုးသမီး ဖြစ်သူက ဆိုသည်။

ယခုပြုလုပ်သည့် မင်္ဂလာအပ်ငွေ စာရင်းမှာ စာရင်းသေ အပ်ငွေ ကဲ့သို့ပင် ဖြစ်ပြီး စာရင်းသေအပ်ငွေ (Fixed Deposit) ထားပါက သုံးလမှစတင်၍ နှစ်သက်သလို ထားနိုင်ပြီး သုံးလ အပ်နှံပါက ဘဏ်တိုး ၈ ဒသမ ၅ ရာခိုင်နှုန်း၊ ခြောက်လ အပ်နှံပါက ၉ ရာခိုင်နှုန်း၊ ကိုးလ အပ်နှံပါက ၉ ဒသမ ၅ ရာခိုင်နှုန်း၊ တစ်နှစ်ဆိုပါက ၁၀ ရာခိုင်နှုန်း ရရှိမည် ဖြစ်ကြောင်း သမဝါယမဘဏ်၏ ဘဏ်တိုးနှုန်းများအရ သိရသည်။
The Voice Weekly

ဝလျှင် အလကား စားရမည့်ဆိုင်


အမေရိကန်နိုင်ငံ၊ Las Vegas မြို့ မှာ ရှိတဲ့ စားသောက်ဆိုင် တစ်ဆိုင် ဖြစ် ပါတယ်။ Heart Attack Grill လို့အမည်ရ ပါတယ်။

စားသောက်ဆိုင်က ဟမ်ဘာဂါ၊ အသင့်စားမုန့်များအပြင်၊ အဖျော်ယာမကာ မျိုးစုံနဲ့ ကိတ်မုန့်၊ ပေါင်မုန့်အစုံအလင်လည်း ရှိပါတယ်။ ဆိုင်မှာ ပေးထားတဲ့ အခွင့်အရေး တစ်ခုကတော့ ထူခြားပါတယ်။ ဒါကတော့ ဝတဲ့ သူတွေကို အခမဲ့ စားသောက်ခွင့်ပေးခြင်း ဖြစ်ပါတယ်။

ပေါင်ချိန် ၃၅၀ ( ၁၅၈.၈ ကီလိုဂရမ်) အထက် ဝိတ်များတဲ့ ဘယ်သူကို မဆို အခမဲ့ ကြိုက်သလောက် စားခွင့်ပေးခြင်း ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: dyknow
Aung Kham

ဂျပန်ကမ်းရိုးတန်းကျွန်းတွင် မီးတောင် ပေါက်ကွဲမှုအသစ် ပေါ်ပေါက်


တိုကျို နိုဝင်ဘာ ၂၁

ပစိတ်ဖိတ် သမုဒ္ဒရာရှိ ကျွန်း အသစ်တွင် ရေအောက်မီးတောင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဂျပန် ကမ်းရိုးတန်း လုံခြုံရေး မိုးလေ၀သ အေဂျင်စီက ပြောကြားသည်။
ယင်းကျွန်းဆွယ်သည် လူသူနေထိုင်ခြင်း မရှိသည့် တိုကျိုမြို့ တောင်ပိုင်း ကီလိုမီတာ ၁ ထောင်နီးပါးရှိသော Nishinoshima ကျွန်း အနီးအနားတွင် တည်ရှိသည်။

၎င်းသည် ၂၀၀ မီတာနီးပါး ကျယ်ဝန်းကြောင်း ကမ်းရိုးတန်း လုံခြုံရေးက ပြောကြားသည်။ ယင်းဒေသသို့ ဖြတ်ကျော်မှုများနှင့် ပတ်သက်ပြီး ဂျပန်မိုးလေ၀သ အေဂျင်စီကလည်း သတိပေးချက်များ ထုတ်ပြန်ထားပြီး ဖြစ်သည်။
MOI Webportal Myanmar

တိုယိုတာ၏ ဂျိမ်းစ်ဘွန်းကား လာမည့်လတွင် မိတ်ဆက်မည်


ကမ္ဘာကျော် စပိုင်ရုပ်ရှင် ဂျိမ်းစ်ဘွန်းဇာတ်ကားများတွင်သာ ပါဝင်လေ့ရှိသော စိတ်ကူးယဉ်ဆန်လွန်းလှသည့် ကိုယ်ဟန်အမူအရာဖြင့် အမိန့်ပေးစေခိုင်းနိုင်သည့် အဆင့်မြင့်နည်းပညာသုံး မော်တော်ကား တစ် မျိုးကို လာမည့် ဒီဇင်ဘာလ၊ သို့မဟုတ် ၂၀၁၄ ခုနှစ်ဆန်းပိုင်းလများတွင် ဈေးကွက်သို့ တရားဝင်မိတ်ဆက်မည်ဖြစ်ကြောင်း ကားကုမ္ပဏီ တိုယိုတာမှ ယခုလလယ်ပိုင်းတွင် ထုတ်ဖော်ပြောကြားလိုက်သည်။

လက်ရှိအချိန်တွင် FV2 ဟု အမည်ပေးထားသည့် အဆိုပါ Hi-Tech မော်တော်ကားမှာ တစ်ယောက်စီးမျှ သာဖြစ်ပြီး ဘေးတွဲပါသော ဆိုင်ကယ်တစ်စီးမျှသာ အလေးချိန်ရှိမည် ဖြစ်သည်။ စိတ်ကူးယဉ် အဆင့်မှ သည် လက်တွေ့ဆန်ဆန် တီထွင်လာနိုင်သည်အထိ ရည်ရွယ်ထားခဲ့သော FV2 ကို Tokyo Motor Show တွင် ခင်းကျင်းပြသမည် ဖြစ်သည်။ ကားအတွင်း ထည့်သွင်းထားသည့် နည်းစနစ်က ယာဉ်မောင်းသူ၏ အမိန့်ပေးသံနှင့် ကိုယ်ဟန်အမူအရာကို နားထောင်ကာ မောင်း၊ ရပ် လုပ်ဆောင်ချက်များကို ၎င်း ဘာသာ ဆုံးဖြတ်လျက် တိုက်ရိုက်လုပ် ဆောင်မည်ဖြစ်သည်။ ထို့ပြင် ကား၏ အရောင်ကိုလည်း ယာဉ်မောင်းသူမှ ပြောင်းလဲပေးနိုင်သည်ဟု ဆိုသည်။ ကုမ္ပဏီမှ ရူပဗေဒနည်းကျကျဖြင့် ယုတ်္တိရှိစွာ တီထွင်ဖန်တီးထားသည့် မော်တော်ကားဟု အကျယ်တ၀င့် ရှင်းပြခဲ့ပြီး ပြပွဲတွင်မူ အသေးစိတ် အချက်အလက်များ ထပ်မံထုတ်ပေး သွားဖွယ် ရှိနေသည်။

FV2 ကို ဈေးကွက်သို့ မတင်မီတွင် နမူနာအမြည်းအစမ်း သဘောအဖြစ် လည်းကောင်း၊ ဈေးကွက်တွင် အမည်ပို မိုထင်ရှားစေလိုသည့် သဘောအဖြစ် လည်းကောင်း ကုမ္ပဏီမှ iOS Version နှင့် Andriod ဗား ရှင်းများအတွက် Application များကို ဂိမ်းတစ်ခုအဖြစ်နှင့်ပါ ဖန်တီးစေလျက် သုံးစွဲသူရှေ့မှောက်သို့ တင်ပို့ခဲ့ပြီး ဖြစ်သည်။
Mizzima - News in Burmese
Ref: DailyMail

လွှတ်တော်လုံခြုံရေးတပ်ဖွဲ့တစ်ခု သီးသန့်ဖွဲ့စည်းရန် တောင်းဆိုမှုကို အစိုးရအဖွဲ့နှင့် ကာချုပ် သဘောမတူ


လွှတ်တော်ဖွဲ့စည်းပုံ တိုးချဲ့ရာတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်နှစ်ရပ်ပေါင်းအတွက် ကိုယ်ပိုင်လုံခြုံရေးတပ်ဖွဲ့တစ်ခု သီးသန့်ဖွဲ့စည်း၍ ယင်းတပ်ဖွဲ့တွင် တပ်မတော်အရာရှိ ၄၀ ဦး ပါဝင်အားဖြည့်ရန် တောင်းဆိုထားခြင်းကို အစိုးရအဖွဲ့နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့က သဘောမတူကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ အကြောင်းကြားစာ ပေးပို့ထားကြောင်း သတင်းရရှိသည်။

လက်ရှိလွှတ်တော်များအတွက် လုံခြုံရေးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး သမ္မတ၌ပင် ကိုယ်ပိုင်သီးသန့်တပ်ဖွဲ့ထားရှိခြင်းမရှိဘဲ လွှတ်တော်များတွင် ကိုယ်ပိုင်တပ်ဖွဲ့များ သီးသန့်ဖွဲ့စည်းလိုက်ပါက တပ်ဖွဲ့များ ရှုပ်ထွေးလာမည်ဖြစ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း တပ်မတော်သား ၄၀ဦး အားဖြည့်ရန်ကိစ္စကို သဘောမတူကြောင်း အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

““ဒီလိုကိုယ်ပိုင်တပ်ဖွဲ့ဖွဲ့တာမျိုးက အစဉ်အလာလည်းမရှိခဲ့ပါဘူး။ အရင် ဖဆပလ ပါတီမန်အစည်းအဝေးတွေကိုလည်း ရဲတပ်ဖွဲ့ဝင်တွေပဲ လုံခြုံရေးပေးပါတယ်။ အခုကျတော့ လွှတ်တော်အတွင်း ကိုယ်ပိုင်ဖွဲ့မှာဖြစ်တဲ့အတွက် လွှတ်တော်ဥက္ကဋ္ဌရဲ့ ကွပ်ကဲမှုအောက်မှာ ဖြစ်ပွားပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့ အစိုးရအဖွဲ့နဲ့ ကာချုပ်တို့အားလုံး ဆွေးနွေးပြီးတော့ ဒါကို လက်မခံကြောင်း နိုဝင်ဘာ ၁၉ ရက်က လွှတ်တော်ဥက္ကဋ္ဌကို အကြောင်းကြားစာ ပေးပို့ထားပါတယ်”” ဟု အဆိုပါ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်မှ တာဝန်ရှိသူတစ်ဦးကို မေးမြန်းရာ ကိုယ်ပိုင်လုံခြုံရေးတပ်ဖွဲ့ ဖွဲ့မည်ဟု အစိုးရအဖွဲ့ထံ တင်ပြထားပြီး လွှတ်တော်ဖွဲ့စည်းပုံတိုးချဲ့ခြင်းတွင် ပါဝင်သော်လည်း လက်နက်ကိုင်တပ်ဖွဲ့မျိုးကို ဆိုလိုခြင်းမဟုတ်ဘဲ လွှတ်တော်အတွင်း စာရွက်စာတမ်းများ ထိန်းသိမ်းခြင်း၊ လွှတ်တော်သို့ လာရောက်သော ယာဉ်များ၊ လူများ စနစ်တကျဖြစ်စေရေး၊ လွှတ်တော် အင်တာနက်လိုင်းများလုံခြုံရေး စသည့် လွှတ်တော်ဝင်းအတွင်း အသေးစိတ်ကျသည့် လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရည်ရွယ် သည့် တပ်ဖွဲ့မျိုးဖြစ်ကြောင်း ပြန်လည်ပြောကြားသည်။

““ဒါက အခြားဌာနတွေမှာလည်း ရှိပါတယ်။ လွှတ်တော်တွေမှာ လူဝင်တာက တစ်ရက်တစ်ရက် နှစ်ထောင်လောက်ရှိတယ်။ ယာဉ်က အစီးနှစ်ရာလောက်ရှိတယ်။ ဒါတွေ စနစ်တကျဖြစ်ဖို့ ဖွဲ့စည်းပုံမှာ ကိုယ်ပိုင်တပ်ဖွဲ့ထားမယ်လို့ ထည့်ထားတာပါ။ သေနတ်ကိုင်တပ်ဖွဲ့မျိုး မဟုတ်ပါဘူး”” ဟု ၎င်းကပြောသည်။
သို့သော် တပ်မတော်အရာရှိ ၄၀ ဦး တောင်းဆိုထားခြင်းကိုမူ မဖြစ်နိုင်ကြောင်းသာ ပြန်လည်ဖြေကြားခဲ့ပြီး တိကျသောအဖြေ ပြန်လည်မပေးခဲ့ပေ။ လက်ရှိလုံခြုံရေးတပ်ဖွဲ့ဝင်အင်အား မလုံလောက်ပါက ထပ်တိုးပေးမည်ဖြစ်ပြီး တပ်မတော်သားများ လိုအပ်ပါကလည်း တပ်မတော်မှ အင်အားထပ်မံဖြည့်တင်းပေးမည်ဖြစ်ကြောင်းနှင့် ကိုင်ပိုင်တပ်ဖွဲ့ ဖွဲ့စည်းခြင်းကိုမူ လက်မခံကြောင်း အဆိုပါ အကြောင်းကြားစာတွင် ပါရှိသည်ဟု သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း လက်နက်ကိုင်တပ်ဖွဲ့များအားလုံးသည် တပ်မတော်အောက်တွင်သာ ရှိရမည်ဟုလည်း ဖော်ပြထားသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းကလည်း လက်ရှိ လွှတ်တော်တွင်း လုံခြုံရေးအခြေအနေမှာ အဆင်ပြေပြီး ကိုယ်ပိုင်သီးသန့်တပ်ဖွဲ့ထားရှိရန် မလိုအပ်ကြောင်းနှင့် တပ်ဖွဲ့များအကြား သူတစ်လူငါတစ်မင်း အခြေအနေများ ဖြစ်ပေါ်လာနိုင်ကြောင်း သုံးသပ်ပြောကြားသည်။

ယခုလဆန်းကလည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ၀န်ထမ်း ၁၉၀ ဦးကို နှုတ်မိန့်ဖြင့် ရာထူးတိုးပေးခဲ့ခြင်းအပေါ် အစိုးရအဖွဲ့က ယင်းသို့မလုပ်သင့်ကြောင်း အကြောင်းကြားစာ ပေးပို့ခဲ့ပြီးဖြစ်သည်။

7day Daily

မြန်​မာ့ေ​ရှ့​ဆောင်​ဘဏ် ​မာလ်​တီ​ကာ​ရင်​စီ (multi currency) ​ဗီ​ဇာ​ကဒ် ​ထုတ်ဝေ


မြန်​မာေ​ရှ့​ဆောင်​ဘဏ်​ဟာ VISA ​ကု​မ္ပ​ဏီ​နဲ့ ​ပူး​ပေါင်း​ပြီး ​နိုင်​ငံ​တ​ကာ​မှာ ​အ​သုံး​ပြု​နိုင်​တဲ့ Multicurrency Visa Travel Prepaid Card ​ကို ​လာ​မယ့် ​နိုဝင်​ဘာ ၂၈ ​ရက်​နေ့​မှာ ​စ​တင် ​ထုတ်ဝေ​မှာ ​ဖြစ်​ကြောင်း ​အုပ်​ချုပ်​မှု​ဒါ​ရိုက်​တာ ​ဦး​၀င်း​မင်း​ခိုင်​က ​သ​တင်း​စာ​ရှင်း​လင်း​ပွဲ​မှာ ​ပြော​ပါ​တယ်။

ဒီ ​ခ​ရီး​သွား​ဗီ​ဇာ​ကဒ်​ထဲ​မှာ ​အ​မေ​ရိ​ကန်​ဒေါ်​လာ၊ ​စင်​ကာ​ပူ​ဒေါ်​လာ၊ ​ယူ​ရို​ငွေ ​စ​တဲ့ ၃​လ ​မျိုး ​ထည့်​သွင်း​နိုင်​ပြီး ​က​မ္ဘာ​တစ်ဝှမ်း​က ​ဗီ​ဇာ​ကဒ်​ကို ​လက်​ခံ​တဲ့ ​အေ​တီ​အမ် ​ငွေ​ထုတ်​စက်​ပေါင်း ၂ ​သန်း​ကျော်​နဲ့ ​ပီ​အို​အက်စ်​စက်​တွေ​မှာ ​အ​သုံး​ပြု​နိုင်​မယ်​လို့ ​သူ​က ​ရှင်း​ပြ​ပါ​တယ်။

ဒီ​ကဒ်​ထဲ​ကို ​အ​နည်း​ဆုံး ​ဒေါ်​လာ ၂၀၀ ​က​နေ ​အ​များ​ဆုံး ​ဒေါ်​လာ ၅ ​ထောင်​အ​ထိ ​ထည့်​ထား​နိုင်​ပြီး ​နိုင်​ငံ​ခြား ​ရောက်​နေ​သူ​တ​ယောက်​ယောက်​ကို​လည်း ​မြန်​မာ​နိုင်​ငံ​က​နေ ​ငွေ​ဖြည့်​ပေး​နိုင်​တယ်​လို့ ​ပြော​ပါ​တယ်။

အ​ခု ​မြန်​မာေ​ရှ့​ဆောင်​ဘဏ်​ရဲ့ ​ဗီ​ဇာ ​ခ​ရီး​သွား​ကဒ်​ထုတ်ဝေ​မှု​ဟာ ​ဒု​တိ​ယ​ဖြစ်​ပြီး
ဒီ​မ​တိုင်​ခင်​တုန်း​က​တော့ ​စီ​ဘီ​ဘဏ်​က​နေ ​ဗီ​ဇာ​ခ​ရီး​သွား​ကဒ်​တွေ ​ထုတ်​ခဲ့​ပါ​သေး​တယ်။

DVB

ဆံပင်ကျွတ်လို့ ဆံပင်ပြန်ပေါက်ချင်ရင်


-ဆံပင်ကျွတ်လို့ ဆံပင်ပြန်ပေါက်ချင်ရင်တော့ အုန်းဆီလိမ်းပေးခြင်းသာအကောင်းဆုံးပါ ။

ကြာလေ သိသာလေဖြစ်ပါတယ်။ထပ်ပေါက်တဲ့ဆံပင်တွေဟာလည်း ကြံ့ခိုင်သန်စွမ်းစေပါတယ်။

-ဆံပင်တွေမဖွာပဲ ပျော့ပြောင်းချင်တယ်ဆိုရင်တော့

ခေါင်းလျှော်ရည်နဲ့ခေါင်းလိမ်းဆီပြောင်းလိမ်းသင့်ပါတယ်။ခေါင်းလျှော်ရည်မှာဆို head and shoulder

palmolive တို့သုံးပေးလို့ရပါတယ် ခေါင်းလိမ်းဆီကတော့ ဆံပင်မခြောက်တခြောက်အချိန်မှာ

တစ်ရာတန်ဗီတာမင်အီးအလုံးလေးကို ဦးရေပျားနှံ့အောင်ပွတ်ပေးပါ။အရမ်းအကျိုးထူးပ်သည်။

-ဆောင်းတွင်းဗောက်ပျောက်လိုသော် ကြက်သွန်နီအရည်ကို ခေါင်းတွင်ပွတ်ပေးပြီး

နှစ်နာရီကြာမှ ခေါင်းလျှော်ချပေးပါ။

ကျန်းမာရေးအတွက် ဆေးမြီးတိုများ  

နေ​ပြည်​တော်​လေ​ဆိပ် ​နိုင်​ငံ​တော်​ကို ​ပြန်​အပ်​မည်

အေး​ရှား​ဝေါလ်​ကု​မ္ပ​ဏီ​က ​ဘီ​အို​တီ​စ​နစ်​နဲ့ ​ဆောက်​လုပ်​ခွင့်​ရ​ထား​တဲ့ ​နေ​ပြည်​တော်

အ​ပြည်​ပြည်​ဆိုင်​ရာ ​လေ​ဆိပ်​ဟာ ​အ​ရှုံး​ပေါ်​မှာ ​သေ​ချာ​နေ​တဲ့​အ​တွက် ​အ​စိုး​ရ​ကို ​ပြန်​လွှဲ​ပေး​ဖို့ ​တင်​ပြ​ထား​ကြောင်း ​လေ​ကြောင်း​ပို့​ဆောင်​ရေး ​ညွှန်​ကြား​မှု​ဦး​စီး​ဌာ​န ​သ​တင်း​ရင်း​မြစ်​ကို ​ကိုး​ကား​ပြီး ​ဒီ​နေ့​ထုတ် ​ပြည်​ထောင်​စု ​နေ့​စ​ဉ်​သ​တင်း​စာ​က ​ဖော်​ပြ​ပါ​တယ်။

နေ​ပြည်​တော်​လေ​ဆိပ်​ကို ​အေး​ရှား​ဝေါလ်​ကု​မ္ပ​ဏီ​က ​တ​ရုတ်​နိုင်​ငံ​က ​ရ​တဲ့ ​နှစ်​ရှည်​ချေး​ငွေ​နဲ့ ၂၀၀၂ ​ခု​နှစ် ​က​တည်း​က ​စ ​ပြီး ​တည်​ဆောက်​ခဲ့​တာ ​ဖြစ်​ပါ​တယ်။

မြန်​မာ​နိုင်​ငံ​မှာ ​အ​ကြီး​ဆုံး ​လေ​ဆိပ်​ကြီး​အ​ဖြစ် ​တည်​ဆောက်​ခဲ့​ပေ​မယ့် ​လက်​ရှိ​အ​ချိန်​ထိ ​ပြည်​တွင်း​လေ​ယာ​ဉ် ​နည်း​နည်း​ပါး​ပါး​ပဲ ​အ​ဓိ​က ​ဆင်း​သက်​ပြီး ​နိုင်​ငံ​တ​ကာ ​လေ​ကြောင်း​လိုင်း​တွေ ​ပုံ​မှန် ​ဆိုက်​ရောက်​ခြင်း ​မ​ရှိ​ပါ​ဘူး​။

လေ​ဆိပ်​တည်​ဆောက်​ရေး ​လုပ်​ငန်း​လည်း ​စီ​မံ​ကိန်း​အ​ဆင့် ၁ ​ပဲ ​ပြီး​ပါ​သေး​တယ်။ ​ဒီ​အ​တွက် ​အ​ရှုံး​ပေါ်​မှာ ​သေ​ချာ​နေ​ပြီ​ဖြစ်​တဲ့​အ​တွက် ​နိုင်​ငံ​ပိုင်​လေ​ဆိပ်​အ​ဖြစ် ​ပြန်​လုပ်​ပေး​ဖို့ ​ကု​မ္ပ​ဏီ​ဘက်​က ​တင်​ပြ​လာ​ခြင်း ​ဖြစ်​ပြီး ​အ​စိုး​ရ​အ​ဖွဲ့​ဘက်​က​လည်း ​လွှတ်​တော်​ဘက်​ကို ​ပြန်​တင်​ပြ​ထား​တယ်​လို့ ​သိ​ရ​ပါ​တယ်။
DVB

ကမ္ဘာ့တန်ဖိုးအကြီးဆုံးစိန်


Pink Star လို့ အမည်တွင်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးစိန်ကို လွန်ခဲ့တဲ့တစ်ပတ်က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမှာ အမေရိကန်ဒေါ်လာ ၈၃သန်းနဲ့ လေလံတင်ရောင်းချနိုင်ခဲ့ပါတယ်။

အမေရိကန် ရတနာသုတေသီအဖွဲ့  GIA က အသိအမှတ်ပြုခဲ့တဲ့ အရည်အသွေးကောင်းလှတဲ့ ဒီစိန်ကြီးကို  တောင်အာဖရိကမှာတွေ့ ရှိခဲ့တာဖြစ်ပြီး ယခင် ကမ္ဘာ့ဒုတိယအကြီးဆုံးစိန်ထက်တောင် နှစ်ဆလောက်ပိုကြီးတယ်လို့ ဆိုပါတယ်။

ဒီအင်မတန်မှ ရှားပါးတဲ့ရတနာဟာ အပြစ်အနာအဆာကင်းပြီး အရည်အသွေးအားဖြင့် ၅၉.၆၀ ကာရက်နဲ့ ၊ အလေးချိန် ၁၁.၉၂ ဂရမ်ရှိပြီး အတိုင်းအတာအားဖြင့် ၂.၆၉ စင်တီမီတာ x ၂.၀၆ စင်တီမီတာရှိပါတယ်။

ကြည်လင်တောက်ပမှုနဲ့ ဘဲဥပုံဖြတ်တောက်ထားတာကို တွေ့ ရမှာပါ။ ဝယ်ယူသွားတဲ့သူကတော့ အမည်မဖော်လိုပါဘူးတဲ့ …။


-Ref: Mirror UK

Credit: TradingMyanmar

ပေါက်တောမြို့ပေါ်ရှိ ဘာသာရေး အဆောက်အအုံ (၂၀)ခန့် လျှပ်စစ်မီးမရ

ပေါက်တောမြို့ပေါ်မှ ဘာသာရေး အဆောက်အဦး တစ်ခု။ (ဓါတ်ပုံ- နိရဉ္စရာ)

ရခိုင်ပြည်နယ် ပေါက်တောမြို့ရှိ သမိုင်းဝင် လည်ရိုးတော်ဓာတ် စေတီတော် အပါအ၀င် ဗုဒ္ဓ္ဓဘာသာ ဘုန်းကြီးကျောင်း (၂၀)ခန့်နှင့်  ပရိယတ္တိ စာသင်တိုက် အချို့တွင် ယခုအချိန်ထိ အစိုးရမှ တာဝန်ယူ ဖြန့်ဖြူးနေသော လျှပ်စစ်မီး သုံးစွဲခွင့် မရဘဲ ဖြစ်နေကြသည်ဟု သတင်း ရရှိသည်။

သို့အတွက် ဘုန်းတော်ကြီး ကျောင်းအချို့တွင် ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ခက်ခက်ခဲခဲ လျှပ်စစ်မီးကို အသုံးပြုနေကြရသည်ဟု မြို့ပေါ် ဆရာတော်များက မိန့်ကြားသည်။

ပေါက်တောမြို့ရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်တိုက်များနှင့် အခြား သာသနနိက အဆောက် အဦး များတွင်  အစိုးရ လျှပ်စစ်မီးကို အသုံးပြုခွင့် ရရှိနိုင်ရေး အတွက် လွန်ခဲ့သော ခြောက်လခန့်ကပင်   မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေး ဌာန တို့ထံ သံဃာတော်များ ဦးဆောင်ကာ တင်ပြတောင်ဆိုခဲ့ကြသော်လည်း ယခုချိန်ထိ တစုံတရာ ဆောင်ရွက် ပေးခြင်း မရှိသေးကြောင်း သိရသည်။

“ လက်ရှိ အချိန်ထိ  ဦးဇင်းတို့ ကျောင်းတွေ အစိုးရ လျှပ်စစ်မီး မရသေးပါဘူး။ ဦးဇင်းတို့ ကျောင်းအပါအ၀င် အခြားကျောင်းတွေအားလုံး မြို့ရဲ့ နယ်နမိတ်ထဲမှာ ရှိနေတဲ့ ကျောင်းတွေ ဖြစ်ပေမယ့် မြို့က ပေးဝေတဲ့ လျှပ်စစ်မီးကို မရကြတဲ့ အတွက် အမှန် တကယ် အခက်အခဲ ရှိနေကြပါတယ်” ဟု ပေါက်တောမြို့ စန္ဒာရာမ ပရိယတ္တိ စာသင်တိုက်မှ ကျောင်းထိုင်ဆရာတော် ဦးစန္ဒသီရိမှ မိန့်ကြားသည်။

သို့အတွက် ကျောင်းအချို့တွင် ကိုယ်ပိုင် မီးစက်များကို ၀ယ်ယူပြီး အသုံးပြုကြသော်လည်း ငွေကုန် ကြေးကျများသဖြင့် ရေရှည်တွင် မတတ်နိုင်ဘဲ ဖြစ်နေကြရသည်ဟု ဆိုသည်။

“ အခု ကိုယ့်မီးစက်ကို အားကိုးနေကြရတယ်။ ဒါပေမယ့်လည်း မီးစက် အတွက် ဆီလိုတယ်။  မီးစက် နိုးပေးမယ့်သူ လိုတယ်။ ဒါကြောင့် ပိုက်ဆံတွေ အရမ်းကုန်ကျများတယ်။ ပီးရင် ကျောင်းဝင်း အတွင်းမှာလည်း အသံဗလံတွေက ဆူညံနေတော့ စာပေလိုက်စားတဲ့  သံဃာတွေ အတွက်က စာကျက်ရတာ အဆင် မပြေပြန်ဘူး။ အခက်အခဲကတော့ မျိုးစုံပါဘဲ” ဟု ဆရာတော်က ဆိုသည်။

အစိုးရက စီစဉ်ပေးသော မြို့ပေါ်မှ လျှပ်စစ် မီးကိုသာ ရလျှင် ထိုကဲ့သို့ အခက်အခဲများ ရှိတော့မည် မဟုတ်သလို စာသင်သား ရဟန်းတော်များအတွကက်လည်း အထူး အကျိုးဖြစ်ထွန်းစေမည်ဟု ဆိုသည်။

ဘင်္ဂလားဒေခ်ျ့ကဲ့သို့သော မူဆလင် နိုင်ငံများတွင်တောင်မှ ဘာသာရေး အဆောက်အဦးများ အတွက် ရေ၊ လျှပ်စစ် မီးများ အခမဲ့ပေးထားပါလျှက် ဗုဒ္ဓဘာသာ နိုင်ငံ တစ်ခု ဖြစ်နေသော မြန်မာနိုင်ငံတွင် မြို့ပေါ် ဘုန်းတော်ကြီး ကျောင်းများတွင် လျှပ်စစ်မီး မရဘဲ ဖြစ်နေကြသည်မှာ အထူး စိတ်မကောင်း စရာဖြစ်ကြောင်း ပေါက်တော သိမ်ကျောင်းမှ ရဟန်းတော် တစ်ပါးက မိန့်ကြားသည်။

၎င်းပြင် အစိုးရ လျှပ်စစ်မီးကို မရရှိသဖြင့် ကိုယ်ပိုင် မီးစက်ဖြင့် မီးထွန်းရသဖြင့် တစ်လ တစ်လကို ကျပ်ငွေ သုံးလေးသောင်းခန့် အလဟာသ ကုန်ကျနေရကြောင်း၊ အစိုးရ လျှပ်မီးကို သာရရှိခဲ့လျှင် ဘုန်းကြီကျောင်းများ အတွက် အာရုဏ်ဆွမ်း ပြင်ဆင်သည်မှ အစ အစစအရာရာ အဆင်ပြေ သက်သာလာမည်ဖြစ်ကြောင်း ၎င်းရဟန်းက ပြောကြားသည်။

ပေါက်တောမြို့ပေါ်တွင် ဘုန်းတော်ကြီးကျောင်း (၃၀) ကျော်ရှိရာ ဘုန်းကြီးကျောင်း (၉) ကျောင်းသာ အစိုးရ လျှပ်စစ်မီး သုံးစွဲခွင့် ရရှိသည်ဟု သိရသည်။
(နိရဉ္စရာ- ၂၂ နိုဝင်္ဘာ ၂၀၁၃) / လင်းမြတ်(ပေါက်တော)