၂၀၁၅ ရွေးကောက်ပွဲ စည်းရုံးဟောပြောမှုတွေ ကန့်သတ်မည်


လာမယ့် ၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲမှာ မဲဆွယ်စည်းရုံးတဲ့အခါ သက်ဆိုင်ရာမဲဆန္ဒနယ်မှာ ဝင်ရောက်အရွေးခံတဲ့ ကိုယ်စားလှယ်လောင်းတွေကိုသာ စည်းရုံးဟောပြောခွင့်ပြုမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောလိုက်ပါတယ်။

ဧရာဝတီတိုင်း ပုသိမ်မြို့မှာ ဧပြီလ ၇ ရက်နေ့ကပြုလုပ်တဲ့ တိုင်းအစိုးရအဖွဲ့ဝင်တွေ၊ နိုင်ငံရေးပါတီတွေ၊ ခရိုင်-မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားတာဖြစ်ကြောင်း  ဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ NLD ပါတီရဲ့ ဧရာဝတီတိုင်းဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့်က RFA ကို ပြောပါတယ်။

"သူကပြောခဲ့တဲ့ စကားလုံးအတိအကျက အချိန်၊ နေရာနဲ့ လူပုဂ္ဂိုလ်ကို ကန့်သတ်လို့ရတယ်၊ ကန့်သတ်ပိုင်ခွင့်လည်းရှိတယ်၊ လူပုဂ္ဂိုလ်ဆိုတာကတော့ အရွေးခံမယ့် လူပုဂ္ဂိုလ်ကပဲ သူဘယ်လိုအရည်အချင်းရှိပါတယ်၊ ဘယ်လိုလုပ်ပါမယ်၊ ဒါတွေကို ပြောသင့်တယ်ပေါ့၊ တခြားလူက ဝင်ပြောလို့မရဘူးဆိုတဲ့ သဘောမျိုးပြောသွားတယ်၊ အချိန်အနေနဲ့ကျတော့ မလေးရှားမှာဆိုရင် campaign ရက်ကို ၁၅ ရက်ပဲပေးတယ်လို့ သူပြောတယ်၊ အဲဒီလိုမျိုး ကန့်သတ်လို့ရတယ်၊ ဘယ်နေရာပဲ campaign လုပ်ပါဆိုပြီး ကန့်သတ်လို့ရတယ်၊ နေရာရယ်၊ အချိန်ရယ်၊ လူရယ်ကို ကန့်သတ်မယ်လို့ ပြောပါတယ်"

ရွေးကောက်ပွဲကော်မရှင် ဥက္ကဌရဲ့ ဒီပြောကြားချက်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်တယ်လို့ ယူဆကြောင်း ဒေါက်တာမျိုးညွန့်က ပြောပါတယ်။ အရင်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေမှာတော့ အခုလို မဲဆန္ဒနယ်အလိုက် ဟောပြောမယ့်သူ၊ ဟောပြောမယ့်အချိန်နဲ့ နေရာတွေကို  ကန့်သတ်တာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။

အဲဒီတွေ့ဆုံပွဲမှာပဲ  လွှတ်တော်ထဲမှာ တပ်မတော် ပါဝင်နေတာဟာ အာဏာလိုချင်လို့မဟုတ်ဘဲ၊ အာဏာမသိမ်းချင်တဲ့အတွက် တပ်မတော်သား ၂၅ ရာခိုင်နှုန်း ထည့်သွင်းထားတာဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။


RFA Burmese

''ကိုယ့်အရေပြားကိုယ် လှန်ကြည့်ခြင်း'' - ဇာဂနာ



အကျဉ်းထောင်ထဲမှာ ရှိနေတုန်းက ကျွန်တော်မသေမီ လုပ်ချင်သည့် အရာများကို ချရေးခဲ့ဖူးသည်။

၁ - အဖမ်းခံရသည့် အကြောင်း။ ထောင်အကြောင်း တစ်နေ့တော့ ရေးရမည်(ခုတော့ ရေးပြီးပြီ။ ထုတ်လည်းထုတ်ဝေ ဖြန့်ချီပြီးပြီ)။

၂ - အငြိမ့်အကြောင်း ရေးရမည်။ အထူးသဖြင့် ခေတ်ပြိုင် ခံစားမှ ဖြစ်ရမည်။(ခုတော့ ရေးပြီးပြီ။ ထုတ်ဝေ ဖြန့်ချီနေပြီ ဖြစ်၏)။

၃ - မြန်ာမပြည် ဒီမိုကရေစီ အပြောင်းအလဲကို ရေးချင်သည်။ ရေးနေဆဲလည်း ဖြစ်သည်။ မစုံလင်သေး။ အကျဉ်းထောင်ထဲမှာ ရှိစဉ်က နိုင်ငံရေးမျိုး မဟုတ်တော့။ ခုမြန်မာပြည်၏ နိုင်ငံရေး အခြေအနေက အရူးကို မော်တော်ပီကယ် လုပ်ခိုင်းထားသလို ဖြစ်နေသည်။ သူလည်း ပြချင်ရာပြ ကားတွေလည်း မောင်းချင်ရာ မောင်းနေသည်။ တော်တော်ရေး ရချေဦးမည်။ သို့သော် မသေခင် ပြီးရမည်ဟု အာမခံပါသည်။

၎ - ရုပ်ရှင်ပွဲတော် လုပ်ချင်သည်။ လုပ်လည်း လုပ်ခဲ့ပြီးပြီ။ ဆက်မလုပ်ချင်တော့လို့ ရပ်လိုက်ပြီ။ ထိုစဉ်က ကျွန်တော် ထောင်ထွက်ခါစ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အတွေ့မှာ လူငယ်တွေ အတွက် ရုပ်ရှင်ပွဲတော် လုပ်ပေးရန် ဆွေးနွေးမိခဲ့သည်။ ထိုမှတစ်ဆင့် အန်တီ အားပေးလို့ The Art of Freedom Film Festival လုပ်ဖြစ်ခဲ့သည်။ ထိုနာမည်ကို ဒါရိုက်တာ မင်းထင် ကိုကိုကြီးက ပေးခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က ၀သန် ရုပ်ရှင်ပွဲတော် တစ်ခုသာ ရှိသည်။ သို့တစေ ၀သန်ကား ဆင်ဆာကို မကျော်နိုင်။ မြန်မာ့ရုပ်ရှင် လုပ်ငန်းနှင့် ရုပ်ရှင် အစည်းအရုံးကို ခွင့်ပြုချက် တောင်းနေရသည်။ ကျွန်တော် လိုချင်တာ ဒါမှမဟုတ် အနုပညာရှင်၏ ဖန်တီးမှုကို မည်သို့သော သူတစ်ဦးဦးကမှ ၀င်ရောက် စေညွန် ခိုင်းစေတာမျိုး လက်မခံနိုင်။ တကယ့် လက်တွေ့ကျတော့ ကျွန်တော် တော်တော် တွန်းတွန်း တိုက်တိုက် လုပ်ခဲ့ရသည်။ ထိုစဉ်က ပြန်ကြားရေး ၀န်ကြီးနှင့် ထိပ်တိုက်တိုးတာချည်း ဖြစ်သည်။ ကိုယ့်စကားလည်း သူနားမထောင်တော့ ကိုယ်ကလည်း သူ့စကား နားထောင်စရာ လိုသည်ဟု မထင်တော့ချေ။ တော်ဝင်စင်တာလို နေရာမျိုးမှာ ဒါရိုက်တာ စိုင်းကျော်ခိုင်၏ ၂၀၀၇ သံဃအရေးအခင်းလို ရုပ်ရှင်မျိုးကို ဆုပေးပြီး အများပြည်သူကို ပြသနိုင်ခဲ့သည်။ လမ်းမပေါ်မှာ ထောင်ထားသော မြေစိုက် LED ဘုတ်ကြီးရှေ့ထိုင်နေသော ပရိသတ်တွေ ပြည်လမ်းပေါ်က ကားတွေ ယခုတိုင် မြင်ယောင်မိသေးသည်။ ဒီပြိုင်ပွဲ၏ နောက်ဆက်တွဲကား ပြဿနာပေါင်းစုံ ဖြေရှင်းရခြင်းပင်။ အမြတ်ထွက်သည်က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကို ရုပ်ရှင်သမားတွေ ပြန်ရခဲ့ခြင်းပင်။ မည်သို့ပင်ဆိုစေ လူငယ်မျိုးဆက် ဒါရိုက်တာတွေ အများအပြား ပေါ်ထွက်လာခဲ့၏။ သို့သော် အနုပညာရှင်သည် လွတ်လပ်၏။ မည်သို့သော အချုပ်အနှောင်ကို ခံမည်မဟုတ်။ ထို့ကြောင့် မလွတ်လပ်တော့သော လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်ကို ကျွန်တော် ကျောခိုင်း လိုက်ခဲ့ပြီ။

၅ - ရန်ကုန်မှာ ပျောက်ကွယ် ခဲ့ပြီဖြစ်သော သင်္ကြန်သံချပ် အသင်းတွေ ပြန်ပေါ်လာစေချင်သည်။ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလမှာ ကျွန်တော် အမေရိကန်သို့ ရောက်စဉ် ထိုမှ မြန်မာ လူမျိုးများကို သင်္ကြန်သံချပ်တွေ မြင်ရပါစေ့မယ်ဟု အာမခံပေးမိခဲ့သည်။ ပြောသည့်အတိုင်း ဖြစ်အောင်လုပ်သည်။ ချောင်မည်ထင်ပြီး အူကြောင်ကြောင် ဒိုင်ဗင်ထိုးသူတွေကြောင့် ပျက်မလို ဖြစ်သွားပြီး မှန်းသလို မလုပ်နိုင်ခဲ့။ ၂၀၁၃ကျမှ ဒါရိုက်တာ ကိုမီးပွား၊ ကိုဘိုစန်းတို့မှ ပံ့ပိုးမှုကြောင့် ပြည်သူ့သင်္ကြန် ပြည်သူ့ထံသို့ ပြန်လည် ခိုနားခွင့်ရခဲ့သည်။

သေချာတာ တစ်ခုတော့ ပြောချင်သည်။ ရုပ်ရှင် ဆင်ဆာ ကိစ္စဆိုတာတွေသည် ပါးစပ်က ပြောရုံဖြင့် အလွယ်ကျော်ဖြတ်နိုင် သည်တော့ မဟုတ်ခဲ့ချေ။ လောကမှာ ဘယ်အရာမှ လွယ်လွယ်နှင့် မရတတ်။ အရင်းများမှ အမြတ်များပေ။ ဘာမှမရင်းပဲ တာဝန်မယူဘဲ ဘာမှမဖြစ်လာနိုင် ဆိုတာကို မီးမောင်း ထိုးပြလိုက်ခြင်းပင်။

၆ - ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ကို မှတ်တမ်း ကျန်ခဲ့စေချင်သည်။ ထို့အတူ ဆရာဦးသန့် အကြောင်း၊ ဂဠုန်ဦးစောအကြောင်း တို့ကိုလည်း ရိုက်ကူးချင်သည်။ ၁၉၈၈ အခြေခံ ၂၂ နှစ်တာ ဒီမိုကရေစီ ခရီးကြမ်း တစ်ခုကို ပုံဖော်ခဲ့ချင်သည်။ အဆင်သင့် ရေးသားပြီးသည်များ ရှိသလို ဖြည့်တန်ဖြည့် ဖြုတ်တန်ဖြုတ် ရဦးမည်။ အကောင်အထည် မပေါ်သေးသဖြင့် ကိုယ့်ကိုကိုယ်တော့ မကျေနပ်နိုင်သေး။ လတ်တလော ကိုယ်သေသွားခဲ့သော် ဇာတ်ညွန်းတော့ ကျန်ခဲ့ပေမည်။ ဗိုလ်ချုပ်အောင်ဆန်း ကတော့ ကိုယ်မပိုင်၊ တိုင်းပြည်က ပိုင်သည်။ ဗိုလ်ချုပ် နောက်တစ်ခါ အလုပ်ကြံ မခံရစေချင်။

၇ - မထင်မှတ်ပဲ နိုင်ငံတော် သမ္မတက တာဝန်ပေးအပ်ခဲ့သည့် ကော်မတီနှစ်ခုမှာ ပါခဲ့ရသည်။ ပါခဲ့ရသလောက် လုပ်လည်း တော်တော် လုပ်ခဲ့ရသည်။ ရခိုင် ကော်မရှင်နှင့် လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီတို့ ဖြစ်သည်။ ရခိုင်ပြည်နယ်မှာ ရက်ပေါင်များစွာ နေခဲ့သည်။ လမ်းပေါင်းများစွာ လျှောက်ခဲ့ရသည်။ လူပေါင်းများစွာ တွေ့ခဲ့ရသည်။ စကားပေါင်း များစွာပြောခဲ့ရ၏။ ထောင်ထဲ ရောက်နေစဉ်က ချရေးထားခဲ့သော လုပ်ရမည့် စာရင်းထဲမှာ တစ်ခု တိုးလာသည်။ ရခိုင် ကော်မရှင်မှာ ပါဝင် လုပ်ဆောင်ခဲ့စဉ်က အတွေ့အကြုံတွေကို စာအုပ်တော့ ရေးဖို့ ကောင်းသည်။

ကျွန်တော့် မိတ်ဆွေတွေထဲမှာ အစ္စလာမ် ဘာသာ ကိုးကွယ်သူတွေ အများအပြား ရှိနေသည်။ ထို့အတူ ရခိုင် သူငယ်ချင်းများလည်း တစ်ပုံတပင်။ ယခုဖြစ်ပွားခဲ့သည့် ပြဿနာက လူမျိုးရေး ပြဿနာ မဟုတ် ဘာသာရေး ပြဿနာ မဟုတ်။ တစ်ဖက်ဖက်ကနေ ရပ်ပြောလိုက်သည်နှင့် ဆဲခံ ရတော့သည်။ ဘယ်နိုင်ငံရေး ခေါင်းဆောင် တစ်ယောက်ကမှ မဝေဖန်ရဲ။ ဒေါ်အောင်ဆန်းစုကြည်ပင်လျင် အတိုက်အခိုက် ခံရ၏။ ကျွန်တော်တို့ ကော်မတီဝင် အန်တီ ဒေါ်သန်းသန်းနု ကိုပင်လျင် ၀န်ကြီးချုပ် ဦးနု၏ သမီးဆိုပြီး ဦးနုကြောင့် ဒီပြဿနာတွေ ဖြစ်ခဲ့တာဟု ဆိုကာ အတွယ်ခံရသည်။

အစ္စလာမ် ဘာသာဝင်များကို ကိုယ်ချင်းစာ စကားပြောမိတော့ ကျွန်တော့်ကို ရခိုင်(အစွန်းရောက်) တစ်ချို့က ဆဲကြသည်။ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ ဆိုတာ မရှိပါဖူးလို့ ပြောတော့ ကိုယ့်ကို ရိုဟင်ဂျာဟု တံဆိပ်ကပ်နေသူတွေက ကျွန်တော့်ကို ၀ိုင်းဆဲကြ ပြန်၏။ ဟော်လန်နိုင်ငံသို့ ကျွန်တော် ရောက်ခဲ့စဉ်က ကျွန်တော့်ကို တစ်လေးတစား လာတွေ့ပြီး စကားပြောခဲ့သူက ကျွန်တော်၏ ရိုဟင်ဂျာ မြန်မာပြည်မှာ မရှိသော စကားကြောင့် ကျွန်တော့်ကို ပယ်ပယ်နယ်နယ် ဆဲပြန်တော့၏။ သေချာသည်က ကျွန်တော် ဘယ်သူ့ စကားကိုမှ နားမထောင်ခဲ့ခြင်းပင်။ ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်ဖြင့် ကော်မရှင် တာဝန်ကို ခရီးဆုံးအောင် လုပ်နိုင်ခဲ့သည်။

ဒီနေရာမှာ သင်ခန်းစာတွေ တပုံတပင်ကြီး ရခဲ့သည်။ ဒီသင်ခန်းစာတွေကို တစ်နေ့စာအုပ် ထုတ်ဝေပါဦးမည်။ သို့သော် လက်တလော ရခိုင်ပြည်နယ်မှာ ဖြစ်နေသည့် ပြဿနာတွေကြောင့် ကျွန်တော့်အား မုန်းလိုက မုန်းပါစေ၊ ဆင်ခြင်နိုင်ရန် တင်ပြချင်သည်။ တကယ်တော့ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ ဆိုတာသည် ဇစ်မြစ် ပြဿနာ မဟုတ်ချေ။ ရိုဟင်ဂျာကို အသက်သွင်းရန် ရုပ်လုံးကြွရန် ဖန်တီးနေသူတွေက မီးလောင်ပြီးမှ လက်ခမောင်းခတ်ခြင်း သက်သက်သာ။ ချုပ်၍ ဆိုရပါလျှင်

(၁) ရခိုင်ပြည်သည် ဘင်္ဂလီများကို ထမ်းထားရတာကြာပြီ။ အရင်က ချစ်ချစ်ခင်ခင် ပူးလို့တွဲလို့ နေခဲ့ပဲလေဟု ဗမာတွေက လာပြောတာမျိုး တရားမ၀င်ချေ။ ရခိုင် ပြည်နယ်၏ အရေးကို ရခိုင်လူမျိုးများကသာ ဖန်တီးခွင့် ရခဲ့မည်ဆိုလျင်သည် ပြဿနာ ငြိမ်းချမ်းသွားမည်မှာ အမှန်။

(၂) နယ်စပ်စည်းရိုး ပြဿနာဟု ပြောနေဆိုနေပြီး နယ်စပ်စည်းရိုး လုံအောင် မလုပ်တာလည်း မကောင်းလှချေ။ အရှေ့ဖက် တရုတ်နယ်စပ်မှာ မြန်မာစာ မြန်မာစကား လုံးဝ မပြောတော့။ သို့သော် တရုတ်ကပြားသည်၊ ပြဿာနာ မဖြစ်အောင်နေ၏။ တစ်ချို့သော ကျွန်တော်၏ သူငယ်ချင်း ရခိုင်သား ပြောစကားကို ပြန်ဆိုရလျှင် ရှမ်းမှာ၊ ၀မှာ လက်နက်ရှိတယ်၊ ငါတို့မှာ လက်နက် မရှိလို့ဟူသော စကားက တာသွားလှပေသည်။

(၃) အရေးကြီးဆုံး တစ်ခုကိုတော့ ပြောချင်သည်။ မတော်တဆ ဆိုတာတွေ များလာလျှင် တိုက်ဆိုင်တာတော့ မဟုတ်တော့။ လုပ်ယူတာဖြစ်ပြီး၊ ယူနန်ပိုက်လိုင်း လာရာလမ်းမှာ ပြဿနာ လာလာ ဖြစ်နေတာ တိုက်ဆိုင်တာ မဟုတ်တော့ဟု ထင်လာသည်။ သန်းခေါင်စာရင်း ကိစ္စမှာ ရိုဟင်ဂျာ ထည့်ထည့် မထည့်ထည့် ဒါအရေးမကြီးချေ။ သာသနာ့ အလံ ကိစ္စကလည်း ယခုချိန်ထိ သက်သေမတွေ့။ တစ်ယောက်က ဖွလိုက်တာသာ ဖြစ်နေပြီ။ သေချာတာကတော့ ကျောက်ဖြူက ပိုက်လိုင်းကြီး စခန်းသိမ်းတာကသာ ပဓာန ဖြစ်နေတော့မည်။

ကျွန်တော်၏ စာချုံ့ပါမည်။ မြန်မာနိုင်ငံသား တစ်ယောက်အနေဖြင့် ကိုယ်ထမ်းနိုင်သမျှ ထမ်းကြရုံသာရှိသည်။ မထမ်းနိုင်ပါကလည်း ထမ်းနိုင်သူကို ရေတစ်ခွက် ကူပေရမည်။ ကိုယ့်မြေ အသိမ်းခံရလို့ အဖျက်ခံရလို့ အော်နေသူတွေကိုလည်း ကိုယ်ချင်းစာပါသည်။ ခုဖြစ်နေသည် ကတော့ ရပ်ကွက်တစ်ခု ရွာတစ်ခု မဟုတ်။ အသေအချာ ဂရုတစ်စိုက် စိစစ်ပြီး ဗျူဟာ ဆင်ကြပါဟုသာ ပြောချင်ပါတော့သည်။

- ဇာဂနာ
Tomorrow news journal

ဖားကန့်မှာ ကျောက်စိမ်းမှောင်ခိုကား ၁၁ စီး ဖမ်းဆီးရမိ



ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု လယ်ပြင်ကျေးရွာမှာ မနေ့ညနေပိုင်းက တရားမဝင် သယ်ဆောင်လာတဲ့ ကျောက်စိမ်းကား ၁၁ စီးကို တပ်မ ၆၆ လက်အောက်ခံ ခလရ ၃၅ တပ်ရင်းက ဖမ်းဆီးလိုက်ပြီး စစ်ဆေးနေတယ်လို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။

အဲ့ဒီကျောက်စိမ်းကား ၁၁ စီးကို ပိုင်ရှင်မဲ့အဖြစ် ဖမ်းဆီးလိုက်တာဖြစ်ပြီး အမှုဖွင့်အရေးယူဆောင်ရွက်ဖို့ စီစဉ်နေတယ်လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးက ဒုတိယရဲမှူးကြီး ဦးဗညားဦးက ပြောပါတယ်။

"တပ်မ ၆၆ လက်အောက်ခံ ခလရ ၃၅က ၈ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်မှာ တရားမဝင် ကျောက်စိမ်းကား ၁၁ စီးကိုဖမ်းမိပါတယ်၊ ကျနော်တို့ အမှုဖွင့်မှာပေါ့နော်"


ဒီတရားမဝင် ကျောက်စိမ်းကား ၁၁ စီး ဖမ်းဆီးရမိကြောင်းကို ကချင်ပြည်နယ်အစိုးရအဖွဲ့က အတည်ပြု ပြောပါတယ်။

အဲဒီ ကျောက်စိမ်းကား ၁၁ စီးပေါ်က ကျောက်စိမ်းတုံးတွေရဲ့ ကာလတန်ဖိုးပမဏကို မသိရှိရသေးကြောင်းနဲ့ မနေ့က ဖမ်းဆီးမိတာဟာ ဒီနှစ်ပိုင်းအတွင်း အများဆုံးလို့ ပြည်နယ်အစိုးရက ပြောပါတယ်။

RFA Burmese

ကုန်စုံဆိုင်အတွင်းရှိ ကောင်တာအံဆွဲအတွင်းမှ ငွေနှင့် ရွှေထည်ပစ္စည်းများ ခိုးယူသူအား ဖော်ထုတ်ဖမ်းဆီးရမိ


ရန်ကုန်၊ ဧပြီ ၉
၂၀.၂.၂၀၁၄ရက်နေ့တွင် တာမွေမြို့နယ်၊ ဘိုးလိန်းအောင်မင်္ဂလာရပ်ကွက်၌ ကုန်စုံဆိုင်ဖွင့်လှစ် ရောင်းချလုပ်ကိုင်သူ ဒေါ်ခင်မေရီသည်ကုန်ရောင်းချရငွေ
နှင့် ကုန်ပစ္စည်းအသစ်ဖိုးပေးချေရန် စုစုပေါင်းငွေကျပ်သိန်း(၆၀)ကို ဆိုင်ရှိ
အရောင်းကောင်တာအံဆွဲအတွင်းထည့်၍ သော့ခတ်သိမ်းဆည်း ထားခဲ့
ကြောင်း၊ ထိုအံဆွဲအောက် အံဝှက်အတွင်း၌လည်း ရွှေထည်ပစ္စည်းမျိုးစုံကို သိမ်းဆည်းထားခဲ့ကြောင်း၊ ၂၁.၂.၂၀၁၄ ရက်နေ့ ၁၉၀၀ အချိန်တွင် ကုန်ပစ္စည်းအသစ်များရောက်ရှိလာ၍ ကုန်ဖိုးငွေ ပေးချေရန်အတွက်
ကောင်တာအံဆွဲအားဖွင့်ရာ သော့မပျက်ဘဲ အံဆွဲအတွင်းထားရှိသော
ငွေကျပ် သိန်း(၆၀)မှာ ပျောက်ဆုံးနေသည်ကိုတွေ့ရှိရသဖြင့် အံဝှက်အတွင်း
ထည့်ထားသော ရွှေထည်ပစ္စည်းများကို ဆက်လက်စစ်ဆေးရာ ရွှေထည်
ပစ္စည်းမျိုးစုံ(၃၁)ကျပ်သားခန့်၊ ရွှေထည်နှင့် ငွေစက္ကူ စုစုပေါင်း တန်ဘိုး ကျပ်(၂၅၃၅၀၀၀၀)ခန့်မှာ ပျောက်ဆုံးနေကြောင်းသိရှိရသဖြင့် ခိုးယူသွားသူ
ကို အရေးယူပေးရန်တိုင်တန်းချက်အရ တာမွေမြို့မရဲစခန်း(ပ)၁၃၃/၂၀၁၄၊
ပြစ်မှုပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်လှစ်ပြီး စုံစမ်း စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
အမှုနှင့်ပတ်သက်၍ တာမွေမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များမှ စုံစမ်းခဲ့ရာ ၎င်းဆိုင်တွင် တစ်နှစ်ခန့်အလုပ်လုပ်ကိုင်ခဲ့ဘူးပြီး လွန်ခဲ့သော(၁)လခန့်က အလုပ်ထွက်သွားသူ ထွန်းလင်း(ခ)ဘိုဘို (၂၀)နှစ်၊ (ဘ)ဦးသန်းထွန်း၊
ကျောက်မြောင်းကြီးရပ်ကွက်၊ တာမွေမြို့နယ်နေသူကို မသင်္ကာဖွယ်တွေ့ရှိ
ရသဖြင့် ၃.၃.၂၀၁၄ရက်နေ့ ၁၅၃၀အချိန်ခန့်တွင် ဖမ်းဆီးစစ်ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးခဲ့ရာ ၎င်းသည်အဆိုပါဆိုင်၌အလုပ်လုပ်ခဲ့စဉ်က နောက်ဖေး
တံခါးမကြီးမှာ အလွယ်တကူဖွင့်နိုင်ကြောင်းနှင့် သော့တွဲများကိုညအချိန်တွင် ဆိုင်၌ထားခဲ့ရှိလေ့ရှိကြောင်း သိရှိရသဖြင့် ၂၁.၂.၂၀၁၄ ရက်နေ့ ၀၃၀၀ အချိန်တွင် ဆိုင်အတွင်းသို့ နောက်ဖေးတံခါးမကြီးမှဝင်ရောက်ခဲ့ပြီး အသင့်
တွေ့ရှိသည့်သော့များဖြင့် ကောင်တာအံဆွဲကိုဖွင့်ပြီး ငွေများနှင့်ရွှေထည်
ပစ္စည်းများကိုခိုးယူခဲ့ကြောင်း၊ ခိုးယူရရှိခဲ့သည့် ရွှေထည်ပစ္စည်းများအား ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နေအစ်မဖြစ်သူ ဇင်မာထွေး၊ (၂၉)နှစ်
ထံတွင်အပ်နှံထားကြောင်း၊ ခိုးယူရရှိသည့်ငွေများအနက် ငွေကျပ် သိန်း(၃၀)ဖြင့် စက်လှေတစ်စီးဝယ်ယူထားခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်
ခဲ့ပါသည်။
စစ်ဆေးပေါ်ပေါက်ချက်အရ ၄.၄.၂၀၁၄ ရက်နေ့တွင် ဧရာဝတီတိုင်း
ဒေသကြီး၊ပုသိမ်မြို့ရှိ ၎င်း၏အစ်မဖြစ်သူ မဇင်မာထွေးကို သွားရောက်
ဖမ်းဆီးကာ ၎င်းထံမှ အမှုမှပါဆုံးသွားသည့်သက်သေခံပစ္စည်းများအနက်
ရွှေထည်ပစ္စည်းမျိုးစုံ(၂၃)ကျပ်သားကျော်ခန့်ကို သိမ်းဆည်းရမိခဲ့ပြီး ကျန်သက်သေခံပစ္စည်းများ သိမ်းဆည်းရမိရေး ဆက်လက်ဆောင်ရွက်
လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

သင်္ကြန်တွင်း အနုပညာရှင်များ ၀တ်စားဆင်ယင်မှု ထုတ်ပြန်




ကြည်စုသာ

ရန်ကုန်၊ မဇ္ဈိမ။ ။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ မဟာသင်္ကြန်ပွဲတော်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် မကိုက်ညီသော လွန်ကဲသည့်ဝတ် စားဆင်ယင်မှုကို ရှောင်ကြဉ်ရန် ဧပြီ ၈ရက်က ထုတ်ပြန် ကြေညာလိုက်သည်။

အဆိုပါထုတ်ပြန်ချက်သည် (၁)ရန်ကုန် တိုင်းဒေသကြီး၊ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များအနေဖြင့်လည်း ၀တ်စားဆင်ယင်မှုနှင့်ပတ်သက်ပြီး စည်း မျဉ်းစည်းကမ်းများ ထုတ်ပြန်ထားခြင်းဖြစ် သည်။ (၂)ကမ္ဘာတစ်ဝန်းလုံးတွင် ရုပ်ရှင် သရုပ်ဆောင်များ၏ ၀တ်စားဆင်ယင်မှုသည် ယနေ့ခေတ် လူငယ်လူရွယ်များကို ရှေ့ ဆောင်လမ်းပြသဖွယ်ဖြစ်နေသည်။ မြန်မာ ရုပ်ရှင်သရုပ်ဆောင် အနုပညာရှင်များ သည်လည်း ထို့အတူဖြစ်သည်။ (၃) မြန်မာ လူမျိုးများအနေဖြင့် ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းရန် တာဝန်ရှိသည့်အားလျော်စွာ မြန်မာရုပ်ရှင်လောကသားများအနေဖြင့် လည်း ယခုနှစ်မဟာသင်္ကြန်ပွဲတော်တွင် ဖျော်ဖြေရန်ဖြစ်စေ၊ ရေကစားမဏ္ဍပ်တွင် ရေကစားရန်ဖြစ်စေ၊ ရေပက်ခံထွက်သည့် အခါဖြစ်စေ၊ ရုပ်ရှင်အနုပညာရှင်များအနေဖြင့် ခေတ်နှင့်အညီ ၀တ်စားဆင်ယင်ရ မည်ဖြစ်သော်လည်း မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သည့် လွန်ကဲသောဝတ်စားဆင် ယင်မှုများကို မပြုလုပ်ကြရန် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ လေးနက်စွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်ဆိုသည့် ထုတ်ပြန် ချက်ကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ လူမင်းက ထုတ်ပြန်ခဲ့သည်။

အနုပညာရှင်များသည် နိုင်ငံတစ်ခု၏ ရှေ့ဆောင်သူများထဲတွင် ပါဝင်ကြသူများ ဖြစ်ခြင်းကြောင့် ၎င်းတို့၏ ၀တ်စားဆင် ယင်မှုကို ခေတ်လူငယ်များနှင့် ပြည်သူများက အတုယူကြသည်က များပြားကြသည်။ ၎င်းအနုပညာရှင်များ ၀တ်စားဆင်ယင်မှုကို အတုယူကြခြင်းများသည် ယနေ့အချိန်ထိ ရှိနေဆဲပင်ဖြစ်သည်။

''ကိုယ့်အသိစိတ်နဲ့ကိုယ် ဆင်ခြင်နိုင်ဖို့ ပါပဲ။ အဓမ္မသဘောအနေနဲ့ မဟုတ်ပါဘူး။ မေတ္တာရပ်ခံတဲ့သဘောပါ။ အခုဆိုရင် မြန်မာအ၀တ်အစားတွေ ၀တ်ရတာ ပိုပြီး ကျက်သရေရှိလာတယ်ဆိုပြီး သူတို့ကိုယ် တိုင် ပြောလာကြတယ်။ ခေတ်မီတာက တော့ တစ်ပိုင်းပေါ့။ အခုလို ထုတ်ပြန်လိုက် တော့ သူတို့မေ့နေတာတွေကို ပြန်ပြီးသတိ ပေးတဲ့သဘောပါပဲ''ဟု မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၏ နာယကတစ်ဦးဖြစ်သည့် ပန်းချီစိုးမိုးက ပြောသည်။

၂၀၁၂ ခုနှစ် အတာသင်္ကြန်တွင် မြန်မာ အနုပညာရှင်တစ်ဦးဖြစ်သည့် သင်ဇာဝင့် ကျော်၏ ၀တ်စားဆင်ယင်မှုသည် ပြည်သူ များနှင့် အနုပညာရှင်များကြားတွင် ခေတ် စားခဲ့ခြင်းကြောင့် မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးက ခေါ်ယူသတိပေးခဲ့ရသည်အထိဖြစ် ခဲ့သည်။

အနုပညာရှင်မဟုတ်သည့် မိန်းမပျို များ၏ ၀တ်စားဆင်ယင်မှုသည် လူမှုကွန် ရက်စာမျက်နှာနှင့် လူတိုင်းပါးစပ်ဖျားတွင် ပြောကြသည့်အခြေအနေထိ ရောက်ခဲ့ကြ သည်။ ၂၀၁၄ ခုနှစ် အတာသင်္ကြန်တွင် အမျိုးသမီးများ၏ ၀တ်စားဆင်ယင်မှုကို စောင့်ကြည့်ရမည်ဖြစ်သည်။

Mizzima - News in Burmese

ကွန်ပျူတာသုံးမြန်မာစာစနစ် ပိုမိုတွင်ကျယ်စွာ အသုံးပြုနိုင်စေရန် ယူနီကုတ်စနစ်ကို အထောက်အပံ့ပြုရန် လိုအပ်ဟု ဂူဂဲလ်မန်နေဂျာဆို



မောင်မန်း

ရန်ကုန်၊ ဧပြီ ၈

အချက်အလက်များကို မြန်မာဘာသာဖြင့် ရှာဖွေနိုင်သော Google.com.mm တွင် Myanmar Unicode စနစ်ကို အသုံးပြုထားသောကြောင့် ယင်းစနစ် ပိုမိုကောင်းမွန်စေအတွက် အထောက်အပံ့ပေးရန် လိုအပ် သည်ဟု Google ၏ Senior Product Manager ဖြစ်သူ Mr. Andrew Mc Glinchey က ပြောသည်။

၎င်းက ဧပြီ ၇ ရက်တွင် ရန်ကုန်မြို့၊ စိမ်းလန်းစိုပြေဥယျာဉ်တွင် ကျင်းပပြုလုပ်သည့် Net Monday Seminer တွင် ပြောခဲ့ခြင်းဖြစ်သည်။

Mr.Andrew Mc Glinchey က “မြန်မာနိုင်ငံက Google မှာရှာဖွေတဲ့နေရာမှာ မြန်မာဘာသာကို အသုံး ပြုနိုင်ဖို့ google.com.mm ကို လုပ်ထားပါတယ်။ Google မှာ Unicode ကိုသုံးမယ်။ Unicode က မြန်မာ နိုင်ငံအတွက် အရေးပါပါတယ်။ Unicode ကို ဘယ်လိုဆက်ပြီးလုပ်ဆောင်သွားမယ်ဆိုတာကို မေးခွန်း ထုတ်ချင်ပါတယ်”ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် လက်ရှိမြန်မာစာစနစ်ကို အချင်းချင်းဆက်သွယ်ရန်အတွက်သာ အသုံးပြုနေပြီး အခြား နေရာများတွင် အသုံးပြုမှုနည်းပါးသဖြင့် မြန်မာယူနီကုတ်အား အသုံးပြုမှုနည်းပါးခြင်းသာဖြစ်ပြီး မြန်မာယူ နီကုတ်အနေဖြင့် စံသတ်မှတ်ချက်တစ်ခုတွင် ရောက်ရှိပြီးဖြစ်သည်ဟု Unicode ကုမ္ပဏီ၏ Web Application ဌာနက Department Manager ကိုအိမောင်က မဇ္ဈိမကို ပြောသည်။

ကိုအိမောင်က “Unicodeအပေါ်အခြေခံပြီး Font တွေအများကြီးလည်း ရှိနေပါပြီ။ Input System က လည်း လက်ကွက်တွေ အများကြီးရှိပါတယ်”ဟု ဆိုသည်။

ကွန်ပျူတာသုံးမြန်မာစာစနစ် တိုးတက်လာစေရန်အတွက် ပြည်တွင်းနည်းပညာလုပ်ငန်းများအားလုံးမှ ၀ိုင်းဝန်းလုပ်ဆောင်ရန်လိုအပ်ပြီး အင်တာနက်မှရှာဖွေခြင်း အစရှိသည့် လုပ်ဆောင်ရမည့်စနစ်များတွင် မြန်မာစာစနစ် ပိုမိုတိုးတက်လာရန်အတွက် လုပ်ဆောင်မည့် သီးသန့်အဖွဲ့အစည်းတစ်ရပ် ရှိလာလျှင် အဆင်ပြေနိုင်မည်ဟုလည်း ကိုအိမောင်က သုံးသပ်သည်။

ကိုအိမောင်က “ဆက်သွယ်မှုတစ်ခုကြောင့်အပြင် လေးနက်တဲ့နေရာတွေမှာ သုံးမယ်ဆိုရင် ကွန်ပျူတာ သုံးမြန်မာစာစနစ် ပြောင်းလဲသွားနိုင်ပါတယ်”ဟု ဆိုသည်။

ပြည်တွင်းတွင် မြန်မာစနစ်ကို ဇော်ဂျီနှင့် ယူနီကုတ်နှစ်မျိုးကို အဓိကအသုံးပြုကြပြီး သာမန်ဆက်သွယ်ရေး အတွက် အသုံးပြုသူများအနေဖြင့် ဇော်ဂျီစနစ်ကိုသာ အသုံးပိုများသည်။ ပိုမိုကောင်းမွန်သည့် မြန်မာစာ စနစ်တစ်ခုဖြစ်လာစေရန်အတွက် လက်ရှိအသုံးပြုနေသည်များနှင့်မတူသည့် အသစ်တစ်ခုဖန်တီးရန် လို အပ်သည်ဟုZawgyi စနစ်ကိုရေးဆွဲသည့် Alpha ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဦးရဲမြတ်သူက မဇ္ဈိမ ကို ပြောသည်။

ဦးရဲမြတ်သူက “လက်ရှိမှာ Google မှမဟုတ်ပါဘူး Facebook ကိုလည်း မြန်မာစာစနစ်နဲ့ အသုံးပြုလို့ရ ပါတယ်။ ဒါပေမယ့် လိုအပ်ချက်တွေရှိနေတဲ့အတွက် အင်္ဂလိပ်ဘာသာနဲ့ပဲ သုံးနေကြတာပါ။ ပိုပြီးကောင်း မွန်တဲ့စနစ်တစ်ခုဖြစ်လာဖို့ဆိုရင် လက်ရှိသုံးနေတာတွေမဟုတ်တဲ့ အသစ်တစ်ခုလိုပါတယ်။ နှစ်ခုလုံးက တော့ လိုအပ်ချက်တွေ ရှိနေပါတယ်”ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ အင်တာနက်အသုံးပြုမှုအများစုသည် မိုဘိုင်းဖုန်းမှ အသုံးပြုနေခြင်းဖြစ်ပြီး ပြည်တွင်းရှိ မို ဘိုင်းဟန်းဆက်များတွင် ဇော်ဂျီမြန်မာစာစနစ်ကိုသာ အသုံးပြုနိုင်သေးသည်ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် အင်တာနက်အသုံးပြု မှုများပြားလာသည်နှင့်အမျှ Google မှတဆင့် အချက်အလက်များ ရှာဖွေခြင်း ပိုမိုများပြားလာနိုင်ပြီး မြန်မာစာအသုံးပြုထားသည့် အချက်အလက်များ ပိုမိုများပြားလာစေရန် ဆောင်ရွက်ရန်လိုအပ်သည်ဟု Google မှ Senior Product Manager ဖြစ်သူ Mr. Andrew Mc Glinchey က သုံးသပ်ခဲ့သည်။

Mizzima Burmese

နှစ်သစ်မှာ အောင်မြင်တဲ့သတင်းသမားတွေ ဖြစ်ပါစေလို့ ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆက်




အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီလ ၉ ရက်နေ့က စပြီး ဂျာမဏီနိုင်ငံနဲ့ ပြင်သစ်နိုင်ငံတွေကို သွားရောက်ဖို့ ခရီးစတင်လိုက်ပီဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျာမဏီနိုင်ငံ ခရီးစဉ်အတွင်းမှာ ဂျာမန်သမ္မတ ယွာခင်မ်ဂေါက်ခ်၊ အဓိပတိ အန်ဂယ်လာ မာကဲလ်၊ နိုင်ငံခြားရေးဝန်ကြီး ဖှရန့်ခ် ဝေါ်လ်တာ စတိုင်းန်မိုင်းယာ တို့နဲ့ တွေ့ဆုံဖို့ရှိပြီး ဂျာမန်လွှတ်တော် ဘွန်ဒက်စ်တာ့ခ် ကိုလဲ သွားရောက်လေ့လာမှာ ဖြစ်ပါတယ်။ ဂျာမန်လွှတ်တော်ဥက္ကဌ ပရော်ဖက်ဆာ ဒေါက်တာ နော်ရ်ဘာ့ထ် လမ်းမန့်ထ်နဲ့ တွေ့ဆုံပြီး လွှတ်တော်ရေးရာကိစ္စတွေကို ဆွေးနွေးသွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် လူတွေအချင်းချင်းကြား နိုင်ငံတကာ နားလည်မှုတွေ မြှင့်တင်ပေးနိုင်တဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို ပေးအပ်တဲ့ နိုင်ငံတကာ ၀ီလီဘရန့်ဒ်ထ် ဆုကို လက်ခံရယူဖို့ ရှိပါတယ်။

ဒီခရီးစဉ်အတွင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျာမန် စီးပွားရေးဝန်ကြီး ဒေါက်တာ မြူးလာနဲ့ အခြား ဂျာမန်ဖောင်ဒေးရှင်းတွေနဲ့လဲ တွေ့ဆုံဖို့ အစီအစဉ်ရှိပါတယ်။ ဂျာမဏီနိုင်ငံက ဖှရေအီးတက္ကသိုလ်မှာ ဂျာမန်က မြန်မာမိသားစုတွေနဲ့လဲ တွေ့ဆုံဖို့ အစီအစဉ်ရှိပြီး ဂျာမဏီနိုင်ငံရဲ့ သက်မွေးဝမ်းကျောင်း ပညာရေးနဲ့ လေ့ကျင့်သင်တန်းပေးခြင်း Duales System ကိုလဲ သွားရောက်လေ့လာဖို့ ရှိပါတယ်။

ဧပြီလ ၁၄ ရက်မှာတော့ ပြင်သစ်နိုင်ငံ ခရီးစဉ် ဆက်သွားဖို့ရှိပြီး ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ သမ္မတ ဖှရန်ဆွောစ် ဟိုလန်ဒေး ။ နိုင်ငံခြားရေးဝန်ကြီး အပြင်
ဖွဲ့စည်းပုံအခြေခံဥပဒေကောင်စီ ဥက္ကဌတို့နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြင်သစ် စစ်တက္ကသိုလ်၊ ပြင်သစ်လွှတ်တော်နဲ့ စီးပွားရေး၊လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကောင်စီကိုလဲ သွားရောက် လေ့လာဦးမှာ ဖြစ်ပါတယ်။

ဧပြီလ ၁၆ ရက်နေ့မှာတော့ ပြင်သစ်နိုင်ငံကနေ ပြန်လည်ထွက်ခွာမှာဖြစ်ပြီး မြန်မာနိုင်ငံကို ဧပြီလ ၁၇ ရက်နေ့မှာ ပြန်ရောက်လာမှာ ဖြစ်ပါတယ်။

ရိုက်ကူး - အောင်ကြီး
DVB TV News

ထိုင်းတွင် ရထားတိုက်သေဆုံးသူ မြန်မာအလုပ်သမားတစ်ဦးအတွက် ဂရုဏာကြေး ကျပ်သိန်း ၂၆သိန်းကျော်ပေးအပ်




နန်းမြင့်

ရန်ကုန်၊ မဇ္ဈိမ

ထိုင်းနိုင်ငံတွင် ရထားတိုက်၍ သေဆုံးသူအလုပ်သမား မောင်ဘိုဆန်း၏ ဂရုဏာကြေး ကျပ်၂၆သိန်းကျော်နှင့် အမေရိကန်ဒေါ်လာ ၁၀၀ကို ဇနီးဖြစ်သူအား ပေးအပ်ပွဲကို ဧပြီလ ၉ရက်က အလုပ်သမားညွန်ကြားရေးဦးစီးဌာန ရန်ကုန်တိုင်းရုံးတွင် ပြုလုပ်ခဲ့သည်။

ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်သွားရောက်လုပ်ကိုင်ရန် တစ်ခုတည်းသော မိုးကုတ်စက်ဝိုင်း ပြည်ပအလုပ်အကိုင်အေဂျင်စီ၏ တာဝန်ယူဆောင်ရွက်မှုဖြင့် Italian Tian Construction Co.Ltd တွင် တာဝန်ထမ်းဆောင်ခဲ့သော မောင်ဘိုဆန်း TA 123126 သည် ၂၀၁၄ခုနှစ် ဖေဖော်ဝါရီ ၃ရက်က ထိုင်းနိုင်ငံတွင် ရထားတိုက်၍ သေဆုံးခဲ့သည်။

အလုပ်သမား ညွန်ကြားရေးဦးစီးဌာန ရန်ကုန်တိုင်းဦးစီးမှူး ဒေါ်မို့မို့သွင်က “အလုပ်လုပ်ချိန်မှာပဲ လုပ်ငန်းနဲ့ မသက်ဆိုင်ဘဲ မတော်တဆလုပ်ငန်းချိန်ပြင်ပမှာ ထွက်သွားရင်းရထား တိုက်သေဆုံးခဲ့တယ်” ဟု ပြောသည်။

အဆိုပါသေဆုံးသူ မောင်ဘိုဆန်းကို မိုးကုတ်စက်ဝိုင်း ပြည်ပအလုပ်အကိုင်အေဂျင်စီ ကုမ္ပဏီမှ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ MOU စနစ်ဖြင့် စေလွတ်ပေးရာ ထိုင်းကုမ္ပဏီတွင် အလုပ်ရရှိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

သေဆုံးသူ၏ ဇနီးဖြစ်သူ မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ဆန်းတောကျေးရွာတွင် နေထိုင်သူ ဒေါ်စန်းစန်းအေးက“ ထိုင်းကိုသွားတာ ၆လပဲရှိသေးတယ်။ အဲဒီမတိုင်ခင် လယ်သမားလုပ်တယ်။ အဲဒီကို သွားတာ အိမ်က ရှိတဲ့ နွားတစ်စင်းရောင်းသွားတယ်။ သူက ပိုက်ဆံ ၇သိန်းပို့ခဲ့တယ်။ ဒီလိုဖြစ်မယ်ဆိုရင် ဘယ်လွတ်မလဲ”ဟုပြောသည်။

အလုပ်သွားရောက်လုပ်ကိုင်ရန် တစ်ခုတည်းသော မိုးကုတ်စက်ဝိုင်း ပြည်ပအလုပ်အကိုင်အေဂျင်စီမှ မန်နေးဂျင်းဒါရိုက်တာ ဦးချားစ်မျိုးသန့်က “MOU နဲ့တင်မဟုတ်ဘဲနဲ့ အပြင်က သွားလာသူတွေ ဖြစ်ခဲ့လို့ရှိရင် အေဂျင်စီတွေက သံရုံးတွေနဲ့ ဆက်သွယ်ပြီး ရသင့်ရထိုက်တာကို ဆောင်ရွက်ပေးတယ်”ဟုပြောသည်။

အလုပ်သမား မောင်ဘိုဆန်း သေဆုံးမှုအတွက် ထိုင်းနိုင်ငံလူမှုဖူလုံရေးဥပဒေအရ ထောက်ပံ့ငွေ ဘတ်၄၀၀၊ လုပ်ဖော်ကိုင်ဖက်များမှ ထောက်ပံ့ငွေ ဘတ် ၃၁၀၃၁၊ လုပ်ခကျန်ငွေ ဘတ် ၇၈၀၀၊ စုစုပေါင်း ဘတ် ၇၈၈၃၁နှင့် ညီမျှသောမြန်မာကျပ်ငွေ ၂၃၂၄၀၀၀နှင့် အေဂျင်စီမှ ထောက်ပံ့ငွေ ကျပ်သုံးသိန်း စုစုပေါင်း ၂၆၂၄၀၀၀ နှင့် မြန်မာနိုင်ငံသို့ရောက်ရှိချိန် ထိုင်းနိုင်ငံ AMEG မှ ဧည်သည်တော်က အမေရိကန်ဒေါ်လာ ၁၀၀ကို ကျန်ရစ်သူဇနီး မစန်းစန်းအေးအား ပေးအပ်ခဲ့သည်။

Mizzima Burmese

လေဒီ ဂါဂါရဲ့ အံ့ဖွယ်တင်ဆက်မှုတွေနဲ့ သီချင်းသစ်



ကမ္ဘာကျော် နာမည်ကြီး အဆိုတော် လေဒီ ဂါဂါရဲ့ သီချင်းသစ်ပါ။ အခု သီချင်းသစ်မှာ နတ်သမီး ရဲ့ ဘဝသရုပ်ကို ဖော်ကျုး တင်ဆက်ထားပြီး G.U.Y. လို့ မည့်ခေါ်ထားပါတယ်။

လေဒီဂါဂါဟာ အမြဲတမ်း ထူးခြားစွာ တင်ဆက်ဖျော်ဖြေမှုတွေအတွက် ကမ္ဘာတဝန်းသူ့ပရိသတ်တွေက စွဲလန်းချစ်ခင်ကြတာလည်း ဖြစ်ပါတယ်။

အခု သီချင်းသစ်ဟာ ယူကျုမှာ သတင်း ၃ ပတ်အတွင်း ကြည့်ရှုကြိမ်ရေပေါင်း ၃၁ သန်းကျော် ရှိနေပြီဖြစ် ပါတယ်။

ဧရာဝတီ

၂၀၁၅ မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံအနှံ့ မဲဆွယ် စည်းရုံးခွင့် ပိတ်ပင်တော့မလား




ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတင်အေးက ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးမှုတွေ လုပ်တဲ့နေရာမှာ သက်ဆိုင်ရာ မဲဆန္ဒနယ်အတွက် ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေကိုသာလျှင် မဲဆွယ်စည်းရုံးခွင့်ပြုမယ်လို့

ဧပြီလ ၇ ရက်နေ့ ပုသိမ်မြို့မှာ ပြောဆို လိုက်တာမို့ ၂၀၁၅ ပြည်လုံးကျွတ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံအနှံ့မဲဆွယ်ခွင့်ကို ဦးတည်ပိတ်ပင်တော့မလားဆိုတဲ့ မေးခွန်းတွေ နိုင်ငံရေး အသိုင်း အ၀ိုင်းမှာ ထွက်ပေါ် လာပါတယ်။

၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) က လစ်လပ် မဲဆန္ဒနယ် ၄၅ နေရာမှာ ၄၄ နေရာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲကာလမှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံအနှံ့ NLD လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအတွက် မဲဆွယ်စည်းရုံးရေး ဆင်းခဲ့ပြီး ၀င်ရောက်ယှဉ်ပြိုင်တဲ့ မဲဆန္ဒနယ် ၄၄ ခုမှာ ၄၃ နေရာ အနိုင်ရရှိခဲ့ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ လည်း ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံအနှံ့ မဲဆွယ်စည်းရုံးမှုတွေ လုပ်မှာကို စိုးရိမ်တဲ့အတွက် အခု ရွေးကောက်ပွဲ ကော်မရှင်က ပိတ်ပင်မှုတွေ လုပ်လာသလားလို့ လွှတ်တော်အမတ်တချို့က သုံးသပ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးနဲ့ ပတ်သက်လို့ မဲဆန္ဒနယ်တခုမှာ ပါဝင်ယှဉ်ပြိုင်တဲ့ ကိုယ်စား လှယ် လောင်း တွေသာလျှင် အဲဒီမဲဆန္ဒနယ်မှာ မဲဆွယ်ခွင့်ရှိပြီး တခြားဒေသက လူတွေ လာရောက်ဟောပြောမဲဆွယ်မှုကို ခွင့်ပြုတော့မှာ မဟုတ်ဘူးလို့ ပြောဆိုပါတယ်။

“လာမယ့် ရွေးကောက်ပွဲမှာ Election Campaign (ရွေးကောက်ပွဲမဲဆွယ်မှု) ကာလ သတ်မှတ်ပေးပါမယ်။ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေပြောပါ။ မဆိုင်တဲ့လူ လာမပြောနဲ့။

ဝင်ချင်ဝင် မ၀င်ချင်နေ။ ကျနော် ဒီမြို့ ဒီရွာမှာ အရွေးခံမယ်ဆို ကျနော်ပြောဖို့ပဲ လိုတာပေါ့။ တခြားလူလာပြောလို့ ဘာလုပ်မတုန်း။ ဒါကြောင့် ကျနော်က အချိန်၊ လူ၊ နေရာ ကန့်သတ်ပါမယ်။ ဒါကကျနော့်လုပ်ပိုင်ခွင့်ထဲမှာ ရှိနေပါတယ်”လို့ ဦးတင်အေးက ဆိုပါတယ်။

ဦးတင်အေးရဲ့ ပြောဆိုချက်အရဆိုရင်တော့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလမှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတုန်းကလိုမျိုး NLD ပါတီအမတ်လောင်းတွေအတွက် လှည့်လည် မဲဆွယ် စည်းရုံးခွင့် ရတော့မှာမဟုတ်ပါဘူး။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို အမေရိကန်၊ ဥရောပသမဂ္ဂအပါအ၀င် နိုင်ငံတကာသံတမန်တွေက လွပ်လပ် ၍ တရားမျှတသောရွေးကောက်ပွဲလို့ ပြောဆိုခဲ့ပေမယ့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး ကတော့ လွပ်လပ် လွန်း၍ မမျှတသည့် ရွေးကောက်ပွဲလို့ ပြောဆိုပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတုန်းကလို မဲဆွယ်မှုတွေ လုပ်ရင် အရေးယူမယ်လို့ ဆိုပါတယ်။

“လွပ်လပ်လွန်းတာမှ Election Campaign (ရွေးကောက်ပွဲမဲဆွယ်မှု) ဆိုတာနဲ့တောင် မတူဘူး။ ဆန္ဒပြ နေသလား၊ ၈၈ အရေးအခင်းများပြန်ရောက်နေသလားမှတ်ရတယ်။ နဖူးစီးလည်းပါတယ်။ ကြယ်ငါးပွင့် အလံ လည်းပါတယ်။ဘယ်သူကမှလည်း ကန့်ကွက်သူမရှိဘူး။

ကန့်ကွက်ရင် ကျနော် အရှုံးပေးပစ်မှာပါ။ ၂၀၁၅ မှာ ကန့်ကွက်ပါ။ ကျနော်အရှုံးပေးပစ်ပါမယ်။ ဒါက ဥပဒေဖောက်ဖျက်ပြီးလုပ်တာပဲ။ အလံဥပဒေဆိုတာ ရှိပါတယ်” လို့ ဦးတင်အေးက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဖြိုးမင်းသိန်းက ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးရဲ့ပြောဆိုချက်က ဒီမိုကရေစီစနစ် မကိုက်ညီဘူးလို့ ဆိုပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီရဲ့ ခေါင်းဆောင်ပဲဗျ။ ပါတီခေါင်းဆောင်တဦးအနေနဲ့ သူ့ပါတီက ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်တွေအားလုံးမှာ သူသွားပြီး မဲဆွယ်စည်းရုံးခွင့်ရှိတယ်။ ဦးတင်အေးပြောတာတွေက ဒီမိုကရေစီစနစ်နဲ့ မကိုက်ညီဘူး။ လွတ်လပ်စွာ စည်းရုံးဟောပြောခွင့်ကို ပိတ်ပင်တာပဲ” လို့ ဦးဖြိုးမင်းသိန်းက ဆိုပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေကတော့ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌရဲ့ ပြောဆို ချက်တွေ ထောက်ခံတယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။

“အမှန်က ကိုယ့်နယ်မြေမှာ ကိုယ်ဘာသာကိုယ် ပြိုင်မယ့်သူ တက်ပြောတာတော့ ပိုသဘာဝ ကျတာပေါ့နော်။ သူများဟာကို သွားပြီးတော့ စွယ်ပေးတာကျတော့ အဲဒီလူအနေနဲ့လည်း သူကိုယ်တိုင် အစွမ်းမရှိလို့ သွားကူရသလိုချည်းဖြစ်နေတာပေါ့နော်။

အမှန်က ကိုယ်စားလှယ်တွေက ကိုယ့်နယ်မြေကို ပိုင်ပိုင်နိုင်နိုင် စည်းရုံး သင့်တယ်။ အခုလို ကန့်သတ်လိုက်တာကို ကျနော်အနေနဲ့ ကြိုက်တယ်။ ဆိုလိုတာက Fair ဖြစ်တာပေါ့။ မောင်ဖြူပြိုင်မှာဆို မောင်ဖြူပဲပြော။ မောင်ဖြူနဲ့ အတူ မောင်မဲက ယှဉ်မယ်ပေါ့နော်။ အခြားပါတီက ။

အဲဒီမြို့နယ်မှာ ယှဉ်မယ့်လူကပဲ စည်းရုံးဟောပြောပြီး တော့ အဲလို လုပ်တာ ပိုကောင်းတယ်။ တခြားသူရဲ့ power သုံးပြီးတော့ လုပ်တယ်ဆိုတာ သဘာဝ မကျဘူး။မတရား အနိုင်ကျင့်ရာ ကျတာပေါ့ဗျာ” လို့ ဦးလှဆွေက ဆိုပါတယ်။

(သာလွန်ဇောင်းထက် ပူးတွဲရေးသားသည်)
The Irrawaddy (Burmese Version)

ပဋိပက္ခအလွန် တနှစ်ကျော်ကြာ မိတ္ထီလာသင်္ကြန် စည်ကားဖို့ပြင်


မိတ္ထီလာ ပဋိပက္ခ ဖြစ်ပွားစဉ်
ပဋိပက္ခအလွန် တနှစ်ကျော်ကြာ မိတ္ထီလာသင်္ကြန်ကို ဒီနှစ်မှာ စည်စည်ကားကား ကျင်းပဖို့ ပြင်ဆင်နေကြပါပြီ။

၂၀၁၃ ခုနှစ် မတ်လထဲ ဖြစ်ပွားခဲ့တဲ့ မန္တလေးတိုင်း မိတ္ထီလာမြို့ ပဋိပက္ခကြောင့် မနှစ်က သင်္ကြန်ပွဲ မဆင်နွှဲလိုက်ရတာမို့ ဒီနှစ်သင်္ကြန်ကို တမြို့လုံးအနှံ့ ရေကစားမဏ္ဍပ်တွေထိုးပြီး ကျင်းပဖို့ ပြင်နေကြတာလို့ မိတ္ထီလာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုထိန်လင်းခိုင်က ပြောပါတယ်။


“မိတ္ထီလာ သင်္ကြန် စည်စည်ကားကား ဖြစ်မယ်။ ရပ်ကွက်တိုင်း မဏ္ဍပ်တွေ ဖွင့်ဖို့အတွက် တနေ့ကပဲ အစည်းအဝေးလည်း လုပ်ပြီးသွားပြီ။ ရပ်ကွက်တိုင်း မဏ္ဍပ်ထိုးမယ်။”

မြို့ပေါ် ၁၄ ရပ်ကွက်က ရေကစားမဏ္ဍပ်တွေ အပါအ၀င်  မြို့လယ်မှာ ဗဟိုမဏ္ဍပ်ထိုးပြီး ရေကစားကြဖို့ ပြင်ဆင်ထားတယ်လို့လည်း ပြောပါတယ်။

မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးကလည်း သင်္ကြန်လုံခြုံရေးအတွက် သေချာလုပ်ထားတယ်လို့ ပြောပါတယ်။

“မိတ္ထီလာ သင်္ကြန်မှာ စတုဒီသာ တွေ ကျွေးမယ်။ ၃ ရက်လုံး ထမင်းကျွေးမယ်။ ရပ်ကွက်တိုင်းမှာလည်း ရေကစားမဏ္ဍပ်တွေ ထွက်တယ်။ ဘာလို့လဲဆိုတော့ မနှစ်က မလုပ်ရတော့ ဒီနှစ်မှာ သူတို့လည်းက လုပ်ချင်တဲ့ ဆန္ဒတွေရှိပြီး တည်ငြိမ်အေးချမ်းလာတော့ ကျနော်တို့လည်း ခွင့်ပြုပေးထားတာပါ။ လုံခြုံရေးအပိုင်းတွေကတော့ ကျနော်တို့လည်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့နဲ့ ညှိနှိုင်းပြီးတော့မှာ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ညှိနှိုင်းပြီး သေသေချာချာတော့ လုပ်ထားပါတယ်။ ”

မိတ္ထီလာမြို့ပေါ်ရှိ နှစ်ဘက် လူ့အဖွဲ့အစည်းရဲ့ အနေအထားဟာ ပုံမှန်အခြေအနေကို ပြန်ရောက်နေပြီလို့လည်း ပြောပါတယ်။

ဒီနှစ် မိတ္ထီလာသင်္ကြန် စည်စည်ကားကားဖြစ်ဖို့ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ မြို့မိမြို့ဖတွေနဲ့ လူမှုရေး အသင်းအဖွဲ့တွေ  အားလုံး စုပေါင်း လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ် မတ်လ ၂၀ ရက်က ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာအကြမ်းဖက် ပဋိပက္ခအတွင်း လူ ၄၀ ကျော် သေဆုံးခဲ့ပြီး ၁၀၀၀၀ လောက် အိုးအိမ်မဲ ဖြစ်ခဲ့ကြရပါတယ်။

DVB

အလုပ်ရမည်ဟုခေါ်ဆောင်ကာ ထိုင်းနိုင်ငံသို့ပို့ဆောင်ခဲ့သူကို အရေးယူပေးရန်တိုင်တန်း



ရန်ကုန်၊ ဧပြီ ၉

၂၁.၅.၂၀၁၃ရက်နေ့ ၁၀၀၀အချိန်ခန့်တွင် ရွှေပြည်သာမြို့နယ်နေ ဒေါ်----မှ ၎င်းနှင့်အတူနေချွေးမဖြစ်သူ မ----၊ (၂၆)နှစ်တို့ထံသို့ မ----၏အစ်ကိုဝမ်းကွဲ
တော်စပ်သူ တင်စိုး၊(၃၈)နှစ်၊ (ဘ)ဦးဘကြည်၊(၅/၂)ရပ်ကွက်၊ ရွှေပြည်သာ
မြို့နယ်နေသူရောက်ရှိလာပြီး မ----အား မြ၀တီတွင် အလုပ်ရရန်အတွက် ကူညီပေးမည်၊ လမ်းစရိတ်(၁)သိန်းခွဲယူလာပါက အလုပ်ရရှိရေးအဆင်ပြေ
အောင်လုပ်ပေးမည်ဟု ပြောဆိုခဲ့ရာ ၎င်းတို့မှသဘောတူခဲ့ကြောင်း၊ ၂၅.၃.၂၀၁၄ ရက်နေ့တွင် ချွေးမဖြစ်သူကို တင်စိုး၏နေအိမ်သို့သွားရောက်
ပို့ပေးခဲ့ကြောင်း၊ နောက်ရက်တွင် တင်စိုးနှင့်ချွေးမဖြစ်သူတို့မှာ မြ၀တီမြို့သို့
ကားဖြင့်ထွက်ခွာသွားသည်ကိုသိရှိရကြောင်း၊ တစ်လခန့်အကြာတွင်ချွေးမ
ဖြစ်သူမှ ၎င်းထံသို့ဆက်သွယ်လာပြီး တင်စိုးမှ ထမင်းဆိုင်တွင် အလုပ်သွင်း
ပေးမည်ဟုပြောဆိုခဲ့သော်လည်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ပို့ခဲ့သည်ကို
ပြောပြသိရှိခဲ့ရကြောင်းနှင့် ပြန်လည်ခေါ်ဆောင်ပေးရန်ပြောဆိုလာသဖြင့် ၎င်းမှ တင်စိုးအားဆက်သွယ်ကာ ပြန်လည်ခေါ်ခိုင်းခဲ့ကြောင်း၊ ထိုသို့ခေါ်ခိုင်း ခဲ့သော်လည်း တင်စိုးမှ ပို့ဆောင်ခနှင့် စားစရိတ်ငွေကျပ်(၆)သိန်းပေးမှ
ပြန်လွှတ်ပေးမည်ဟု ပြောဆိုကာ ခေါ်ဆောင်ပေးခဲ့ခြင်းမရှိကြောင်းနှင့် ယင်းသို့အလုပ်ရမည်ဟုခေါ်ဆောင်ကာ ထိုင်းနိုင်ငံသို့ပို့ဆောင်ခဲ့သူ တင်စိုး ကိုအရေးယူပေးပါရန် တိုင်တန်းလာခဲ့ပါသည်။

ထိုသို့တိုင်တန်းချက်အရ ရွှေပြည်သာမြို့မရဲစခန်း(ပ)၂၃၇/၂၀၁၄၊ ပြည်ပ
အလုပ်အကိုင်ဆိုင်ရာဥပဒေ ပုဒ်မ-၂၆ ဖြင့်အမှုဖွင့်ကာ စစ်ဆေးဆောင်ရွက်
လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

အငို ၀န်ဆောင်မှု လုပ်ငန်း


တရုတ်နိုင်ငံ က အသုဘ အခမ်းအနား တွေမှာ အုပ်စု လိုက် ငိုချင်းချ နေတဲ့ သူတွေကို မကြာခဏ မြင် တွေ့ ဖူး ပါလိမ့်မယ်။ တရုတ် နိုင်ငံသားတွေဟာ သေဆုံးတဲ့သူ ကောင်းရာ မွန်ရာရောက်စေဖို့ ရည်ရွယ်ချက် အ ပြင် သေဆုံးသူကို အမြဲတမ်း သတိတရ ရှိကြောင်း  ပြသလိုတာမို့   အသုဘ အခမ်းအနား တွေမှာ ငိုချင်းချမှုကို ရှေးနှစ်ပေါင်းများစွာကတည်း က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အငှားအငိုဝန်ဆောင်မှုလုပ်ငန်းဟာ တရုတ် နိုင်ငံမှာ  ကျယ်ပြန့်လာတယ်လို့ သိရပါ တယ်။ တရုတ်နိုင်ငံ၊ အရှေ့တောင်ပိုင်း ဖူဂျီအန် အရပ်ဒေသမှာ အသက် (၃၅)နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးဟာ အငှားအငိုဝန်ဆောင် မှုလုပ်ငန်းကို ဦးစီးပြီး လုပ်ကိုင်လျက်ရှိပါ တယ်။ ဒီအမျိုးသမီးရဲ့ အမည်က ချန်ဖြစ်ပြီး၊ အသုဘအခမ်းအနားတွေမှာ တစ်ခါငိုကြွေး တိုင်း ဒေါ်လာ (၃၀၀) ရလေ့ရှိပါတယ်။

          ချန်ဟာ   စုစုပေါင်းခုနစ်ဦးနဲ့ ငိုချင်းချ အဖွဲ့ ကို ဖွဲ့ စည်းထားတာဖြစ်ပြီး၊ ရရှိလာတဲ့ ငွေကြေးတွေကို ခွဲဝေ ရ ယူလေ့ရှိပါတယ်။ သေဆုံးသွားသူရဲ့ မိဘဆွေမျိုးတွေရှေ့မှာ ငိုကြွေးရတဲ့ အလုပ် ဟာ မလွယ်ကူပါဘူး။ ဒါပေ မဲ့ ချန်ဟာ အလုပ်တစ်ခုလို သဘောထား ပြီး ဟန်ပါပါနဲ့ ငိုကြွေးမှုတွေကို ပြုလုပ်ရင်း သေဆုံးသူရဲ့ မိသားစုစိတ် ကျေနပ်မှုရအောင် အကောင်းဆုံး ၀န်ဆောင်ပေးလေ့ရှိပါတယ်။  ချန်က ““အသုဘရှင်   တွေဟာ အငှားအငိုဝန် ဆောင်မှုလုပ်ငန်းလုပ်တဲ့ လူတွေထဲမှာ အမျိုးသားထက် ငယ်ရွယ်တဲ့ အမျိုးသမီးတွေ ကိုသာ ဦးစားပေးရွေးချယ် လေ့ ရှိ ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသမီးတွေက ဆူညံစွာ ငိုကြွေး  တတ်လို့ ဖြစ်ပါတယ်။ အခေါင်းရှေ့ မှာ ငိုကြွေးရတဲ့ အလုပ် က မလွယ် ပါဘူး။ ကျွန်မ  ကတော့ အသုဘရှင်တွေ အတွက် အကောင်းဆုံးဖြစ်အောင် လုပ်ပေးခဲ့ ပါတယ်။ ကျွန်မရဲ့ အလုပ်ကို ချစ်မြတ်နိုးပါ တယ်။ အသုဘ အခမ်း အနားကို တက်ရောက် လာသူရဲ့ ရှေ့မှာ အကောင်းဆုံးဖျော်ဖြေပေး ရတာကို ကျေနပ်မိပါတယ် လို့ ပြောသွားခဲ့ ပါတယ်။

MessangerNewsjournal

အစွန်းအထင်း တွေကို အလိုအလျောက် ဖယ်ရှားပေးမယ့် ဂျင်းဘောင်းဘီလာပြီ



အဖြူရောင် ဂျင်းဘောင်းဘီ ကို နှစ်သက် သူတွေဟာ ညစ်ပေ သွားမှာ ဆိုတဲ့ စိုးရိမ်ကြောင့် ကြမှု ရှိနေ စမြဲ ဖြစ်ပါတယ်။ ဒီပြဿနာကို ပြေ လည် စေဖို့ အစွန်းအထင်း တွေ ဖယ်ရှား ပေမယ့် ဂျင်းဘောင်းဘီ ကို တီ ထွင် လိုက်ပြီဖြစ် ပါတယ်။ ဒီဂျင်း ဘောင်းဘီ ကို Play Dirty လို့ အမည် ပေးထားပြီး အညစ် အကြေး များကို အလို အလျောက် ဖယ်ရှားနိုင်ဖို့ အထူးနည်းပညာကို အသုံးပြု ထားပါတယ်။ ကော်ဖီ တစ်ခွက် ဂျင်း ဘောင်းဘီ အပေါ် ဖိတ်ကျခဲ့ရင် ဘာမှစိုးရိမ်နေ စရာမလိုပါဘူး။ ဖိတ်ကျသွားတဲ့ အရည်တွေ ခြောက်သွားလို့ရှိရင် အစွန်း အ ထင်း တွေလည်း လုံးဝရှိတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။

၁၆ အောင်စရှိတဲ့ ဘလက်ကော်ဖီကို ဂျင်းဘောင်းဘီ အပေါ် လောင်းချပြီး ခြောက် သွေ့သွားတဲ့အခါ မည်သည့်အစွန်းအထင်းမှ ကျန်ရှိခဲ့ခြင်းမရှိကြောင်း တွေ့ရှိခဲ့ရပါတယ်။ ကောဖီအပြင် ဆိုဒါ၊ ဆီနဲ့ အနီရောင်ဝိုင် စတာတွေကိုလည်း ဖယ်ရှားနိုင်စွမ်းရှိတယ်လို့ သိရပါ တယ်။ ဒီဂျင်းဘောင်းဘီကို Promodal ကုမ္ပဏီက ထုတ် လုပ် ခြင်းဖြစ်ပြီး မကြာမီ ဈေးကွက်ကို ဖြန့်ချိသွားမှာဖြစ်ပါတယ်။ ဒါ ပေမဲ့ ဂျင်းဘောင်းဘီ ရဲ့ တန်ဖိုးက အနည်း ငယ် ကြီးမြင့်နေပြီး အတို ကို ဒေါ်လာ (၁၄၅)၊ အ ရှည်ကို ဒေါ်လာ (၁၈၉)နဲ့ ရောင်းချ သွားမှာ ဖြစ်ပါတယ်။ ဂျင်းဘောင်းဘီကို ချုပ်လုပ်ရာ မှာလည်း သက်သောင့်သက်သာဖြစ်စေဖို့ ဆောင်ရွက်ပေးထားတယ်လို့ သိရပါ တယ်။
The Messenger

ကျည်ဆန်ရထားထက် ပိုမြန်တဲ့ ကမ္ဘာ့အမြန်ဆုံး ကုန်တင်ကား



ဂျက်အင်ဂျင် သုံးလုံး တပ်ဆင်ထား ပြီး တစ်နာရီလျှင် မိုင် ၄ဝဝ အထိ မောင်းနှင်နိုင်သော ကမ္ဘာ့ အမြန်ဆုံး ထရပ်ကားကို အောင်မြင်စွာ စမ်းသပ် မောင်းနှင်ခဲ့ပြီး ယင်း သည် ကမ္ဘာ့ စံချိန် တစ်ခုပင်ဖြစ်သည်။

မြင်းကောင်ရေ ၃၆ဝဝဝ ရှိသော အင်ဂျင်တပ် အလေးချိန် လေးတန်လေး သော ကုန်တင်ထရပ်ကား Peterbilt Semi သည်ခြောက်စက္ကန့်ခွဲ အတွင်း မိုင် ဝက် အထိရောက် ရှိနိုင်ပြီး ဂျပန်ကျည် ဆန်ရထား များထက် မြန်နှုန်း ပိုမြင့် သောထရပ်ကားအဖြစ်စံချိန်ဝင်ခဲ့သည်။

အမေရိကန်နိုင်ငံသား နီးလ်ဒါးနဲလ် နှင့်သားဖြစ်သူ ခရစ္စတို့က ကမ္ဘာ့ အမြန် ဆုံး ထရပ်ကားကို တပ်ဆင်ခဲ့ပြီး အောင် မြင်စွာ စမ်းသပ်မောင်းနှင်ပြခဲ့သည်။

”ဒါဟာ တကယ့်ကို အံ့သြစရာပါ ပဲ၊ ဒါကို မမြင်ရရင် ယုံကြမှာ မဟုတ်ဘူး” ဟု ဒရိုင်ဘာနှင့် ပိုင်ရှင်ဖြစ်သူ နီးလ်ဒါး နဲလ်က ပြောသည်။

နီးလ်၏ ထရပ်ကားသည် ကမ္ဘာ့ အမြန်ဆုံး ဂျပန်ကျည်ဆန် ရထား၏ မြန်နှုန်းထက် ပိုများပြီး စံချိန် တစ်နာရီ ၃၇၆ မိုင်ဖြင့် ကမ္ဘာ့ အမြန်ဆုံး ထရပ် ကားဟူသော စံချိန်ကို ရယူခဲ့သည်။

ထရပ်ကားအတွက် အသုံးပြုထား သော ဂျက်အင်ဂျင် ၃ လုံးမှာ Pratt & Whitney J 34-48 အမျိုးအစားဖြစ်ပြီး အမေရိကန် လေတပ်လေ့ကျင့်ရေး လေ ယာဉ် T-2 Buckeye မှ ရယူထား ခြင်း ဖြစ်ပြီး ဂျက်အင်ဂျင် တစ်လုံးလျှင် မြင်း ကောင်ရေအား ၁၂ဝဝဝ ရှိသည်။ ထရပ် ကား အင်ဂျင်များတွင် လောင်စာ ဂါလန် ၁၉ဝ အထိ သိုလှောင် ထားနိုင်ပြီး စမ်းသပ် မောင်းနှင်မှုတွင် ဂါလန် ၁၈ဝ အထိ အသုံးပြုခဲ့သည်။

KYL

Popular Myanmar News

Pepper-spray ငရုတ်သီးသေနတ်



Wednesday, April 9, 2014

သင်္ကြန်တွင်းမှာ ‘ရေသေနတ်’ နဲ့အတူ ‘ပစ်ပါသေနတ်’ ပါကို ဆောင်ထားသင့်ကြတယ်။ ကိုယ့်ကိုယ်ကို ကာကွယ်ရေးသုံး Pepper-spray ငရုတ်သီးသေနတ်မှာ Capsicum (ကက်ပစီယန်) ပါတယ်။ ငရုတ်သီး ဘယ်လောက်စပ်သလဲကို Scoville Organoleptic Test နဲ့ စစ်ဆေး သတ်မှတ်တယ်။

• Standard Pepper Spray မိန်းကလေးသုံး (ပက်ပါ-စပရေး) ပန်းဆေးဟာ ၂၅ဝဝဝ-၂ဝဝဝဝဝ ယူနစ် ရှိတယ်။

• Bear Mace ဆိုတဲ့ ဝက်ဝံတွေကိုတောင်နိုင်တဲ့ ပန်းဆေးဟာ ၂ သိန်း- ၂ သိန်းခွဲယူနစ် ရှိတယ်။

• Law Enforcement Grade Pepper Spray ရဲတွေ သုံးတာက ၅ သိန်းကနေ ၅ သန်းယူနစ် ရှိတယ်။

ငရုတ်သီးသေနတ်နဲ့အပစ်ခံရရင်

• မျက်စိကို ရောင်ရမ်းဖြစ်စဉ် ချက်ချင်းဖြစ်လာစေမယ်။ မျက်စိကိုပိတ်လိုက်ရမယ်။

• အသက်ရှူရလဲ ခက်စေမယ်။ နှာရည်ယိုမယ်။ ချောင်းဆိုးမယ်။

• ဘယ်လောက်ခံသလဲဆို ဘယ်လောက် ပြင်းတာ သုံးသလဲအပေါ်မှာ မူတည်တယ်။

• ပျမ်းမျှ မိနစ် ၃ဝ ကနေ ၄၅ မိနစ်ကြာတယ်။

• တကြိမ်ထဲထိရင် မျက်စိကို နာတာရှည် ဆိုးကျိုးတွေ မရစေပါ။
• ၁၅-၃ဝ မိနစ်တော့ မျက်စိကြည့်မရဖြစ်လိမ့်မယ်။ အရေပြား ပူလောင်နေတာကတော့ ၄၅-၆ဝ မိနစ်ကြာမယ်။

• ၃-၁၅ မိနစ် စကားမပြောနိုင်ဖြစ်မယ်။

ဖြစ်ခံရတာကို ဘယ်လိုကုမလဲ

• (ကက်ပစီကန်) ဟာ ရေထဲမပျော်ဝင်ဘူး။ ရေးဆေးလို့ မထူးလှဘူး။ မျက်တောင်ကို ခပ်ကြမ်းကြမ်း ခဏခဏ မှိတ်-ဖွင့်လုပ်ပါ။ မျက်ရည်များများထွက်လာမှ သက်သာမယ်။

• Contact lens solution မျက်ကပ်မှန်ဆေးရည်ကလဲ သက်သာစေတယ်။

• အရေပြား ပူလောင်နေတာအတွက် ထုံဆေး 2% lidocaine gel သုံးနိုင်တယ်။ ကလေးခေါင်းလျှော်ရည်၊ နွားနို့နဲ့ ရေသုံးပြီး ဆေးကြောပါ။
• အရေပြား လောင်တဲ့နေရာကို မထိမကိုင်ပါနဲ့။

• Triple-action pepper sprays အမျိုးအားထဲမှာ Tear gas (CS gas) မျက်ရည်ယိုဓါတ်ပါတယ်။ Sodium metabisulfite (Campden tablets) နဲ့ ဓါတ်ပျယ်စေနိုင်တယ်။

Riot control လူစုလူဝေးနှိမ်နင်းရေးမှာလဲ သုံးတယ်။ ၁၃-၂-၂ဝ၁၄ နေ့က အိန္ဒိယ ပါလီမန်မှာ အမတ်တွေက ပြည်နယ်သစ်အရေးမှာ အချင်းချင်း အခြေတင်ဖြစ်ရာကနေ သုံးခဲ့ကြလို့ ‘လွှတ်တော်သုံးလက်နက်’ လို့ခေါ်နိုင်လာပါပြီ။

ဒေါက်တာတင့်ဆွေ

သေဆုံး သွားတဲ့ ကလေး အတွက် ၀မ်းနည်းစွာ ငိုကြွေး နေတဲ့ ရေမြင်းမကြီး



ဒီမြင်ကွင်း ကို မြင်ရဖို့ မလွယ် ကူပါဘူး။  ပုံမှာ မြင်ရ တဲ့ အတိုင်း  ရေမြင်းမကြီး  ဟာ သေ ဆုံး သွားတဲ့ ကလေး ငယ် အတွက် ၀မ်းနည်း စွာ ငိုကြွေး နေတဲ့ မြင်ကွင်း က   အားလုံး ကို    စိတ် ထိခိုက် စေခဲ့ ပါတယ်။ ဒီ ဓာတ်ပုံ ကို ရိုက်ကူး  ခဲ့တဲ့ ဓာတ်ပုံ ဆရာ တော့ပါး က ဒီမြင်ကွင်း ကို မြင်ရပြီး တဲ့နောက်  အလွန် စိတ်မကောင်း ဖြစ် မိကြောင်း ပြောကြား သွားခဲ့ပါတယ်။   ကော့ပါး ဟာ သဘာဝ သားရဲ  တိရိစ္ဆာန်တွေကို ဓာတ်ပုံ ရိုက်ကူးတဲ့ ဓာတ်ပုံဆရာဖြစ်ပြီး ဘော့ဆွာနာ နိုင်ငံမှာ ကြုံတွေ့ခဲ့ရတဲ့ မြင်ကွင်းကို အမိအရ မှတ်တမ်း  တင်နိုင်ခဲ့ခြင်း ဖြစ်ပါ တယ်။

          ရေမြင်းမကြီးဟာ   မြစ် ကမ်းဘေးမှာ ၀မ်းနည်းစွာ ငိုကြွေး နေပြီး၊ သူ့ရဲ့ အနားမှာ လည်း အခြားရေမြင်း တွေ လည်းရှိနေပါ တယ်။ ရေမြင်းကလေးဟာ ဘာကြောင့်သေ ဆုံးသွား  သလဲဆိုတာ မသိရှိ  ရပါဘူး။ ရေမြင်း မကြီးဟာ ကျောက်တုံးနားမှာ  အော်ဟစ် နေ ခဲ့တယ်လို့ ဓာတ်ပုံ ဆရာ ကော့ပါးက ထင်မှတ် ခဲ့တာဖြစ်ပါတယ်။ သေချာကြည့်တဲ့အခါ ကျောက်တုံးမဟုတ်ဘဲ ရေမြင်းပေါက်စလေး ဖြစ်နေပါတယ်။ ရေမြင်းမကြီး  ဟာ သူ့ရဲ့ က လေးငယ်ခြေထောက်ကို နှုတ်သီးနဲ့ တွန်း ထိုးပြီး အော်ဟစ်ငိုကြွေးခဲ့ပါတယ်။ ဓာတ်ပုံ ဆရာကော့ပါးဟာ နောက် တစ်ရက်မှာ ဒီနေရာ  ကို ပြန်လာကြည့်တဲ့အခါ ရေမြင်းမကြီးက သေဆုံးနေတဲ့ ကလေးငယ်နားကနေ မခွာဘဲ ၀မ်းနည်းလျက်ရှိတာကို အံသြဖွယ်ရာမြင်တွေ့ ခဲ့ရကြောင်း ဖွင့်ဟခဲ့ပါတယ်။

messengernewsjournal

ကားဟောင်းများ ကားသင်္ချိုင်းတွင် နိဂုံးမချုပ်ပါ



ရန်ကုန်မြို့မှ ၁၄ မိုင်ကျော်ကွာဝေးသော သီလဝါ အထူး စီးပွားရေး ဇုန်အလွန်တွင် ဓနိမိုး၊ ထရံကာ မြေစိုက်တဲအချို့တွင် ကားပစ္စည်း အဟောင်းအချို့ကို ချိတ်ဆွဲထားသည်။ ကားစုတ်ကားဟောင်း အချို့ကိုလည်း ပြင်ပတွင် ပိုင်ရှင်မဲ့တွေ့ရသည်။ စက်ဆီးကြေးများ ပေကျန်နေသည့် လူအချို့က ဧပြီလ နွေနေပူအောက်တွင် ကားအဟောင်းများ အတွင်းမှ ပစ္စည်းများကို ဖြုတ်ယူနေကြသည်။

ယင်းနေရာကား မြန်မာနိုင်ငံ၏ ယာဉ်အိုယာဉ်ဟောင်းများ အပ်နှံရာနေရာဖြစ်သည့် သီလဝါသင်္ဘောဖျက်စက်ရုံ (သို့မဟုတ်) ကားအရည်ကျိုသည့် စက်ရုံဖြစ်သည်။ ခြံဝင်းကျယ်ကြီးအတွင်းတွင်မူ အစီးရေသောင်းနှင့်ချီရှိသည့် ကားအဟောင်းကြီးများ အစုလိုက်အပြုံလိုက် အနားယူနေကြသည်။

 အစိုးရသစ်လက်ထက် ၂၀၁၁ စက်တင်ဘာ ၁၉ ရက်၌ စတင်သော ကားတင်သွင်းမှုဆိုင်ရာ မူဝါဒအပြောင်းအလဲတွင် တစ်နိုင်ငံလုံးမှ နှစ်ပေါင်းများစွာ အသုံးချခံလာသည့် ကားများ၏ နိဂုံးချုပ်ချိန်ကို အထက်ပါစက်ရုံက ဆောင်ရွက်ပေးနေခြင်းလည်းဖြစ်သည်။ ကားတစ်စီး၏နိဂုံးမှာ ထိုကားအရည်ကျိုစက်ရုံတွင် အဆုံးသတ်သည်ဟု ယေဘုယျထင်မြင်ကြသော်လည်း ထိုအမြင်မှာ အပြည့်အဝမမှန်ပေ။

ယာဉ်တစ်စီးလုံးကို သံရည်ကျိုရန် လာရောက်အပ်နှံသော်လည်း အသုံးဝင်နိုင်သေးသည့် ကျန်ကားပစ္စည်းများက ကားသင်္ချိုင်းသို့ မဝင်ရောက်မီ မိနစ်ပိုင်းအလိုတွင် ဈေးကွက်တွင်းသို့ ပြန်လည်စီးဆင်းစေရန် ယင်းနေရာတွင် ဈေးကွက်တစ်ခု ပေါ်ပေါက်နေသည်ကိုတော့ အများစုက ယနေ့အထိ သတိမပြုမိကြသေးပေ။

ကမ္ဘာပေါ်တွင် ဂျပန်တစ်ပတ်ရစ်ကား အသုံးပြုမှုအများဆုံး ထိပ်ဆုံးသုံးနိုင်ငံစာရင်း၌ ပါဝင်လာသည့် မြန်မာနိုင်ငံအနေဖြင့် သက်တမ်းလွန် တစ်ပတ်ရစ် ကားပစ္စည်းအဟောင်းများကိုလည်း အသုံးပြုနေရဆဲဖြစ်ကြောင်း ကားပစ္စည်းအဟောင်းရောင်းဝယ်သူများက ပြောသည်။

‘‘သုံးလို့ရနိုင်တာတွေကို ကားအပ်မယ့်ပိုင်ရှင်နဲ့ညှိပြီး ဈေးစကားပြောပြီး အကုန်ဖြုတ်တယ်’’ဟု သီလဝါကားသင်္ချိုင်းအနီး၌ ကားပစ္စည်းအရောင်းအဝယ်ပြုလုပ်နေသူ စက်ဆီကြေးများ ခန္ဓာကိုယ်အနှံ့တွင် ပေကျံနေသည့် ကိုစိုးဝင်းက ပြောပြသည်။

ထို့ကြောင့် သံရည်ကျိုကားများထဲမှ အချို့မှာ အရည်ကျိုစက်ရုံတွင် ၎င်းတို့၏ကားအခွံနှင့် ကျန်ရှိအစိတ်အပိုင်းအနည်းငယ်သာ အရည်ကျိုခွင့်ရခဲ့ပြီး ပြန်လည်သုံးစွဲ၍ ရသမျှပစ္စည်းအချို့မှာ ပြည်တွင်းကားပစ္စည်းဈေးကွက်သို့ ပြန်လည်ဝင်ရောက်နေသည်ဟု ကိုစိုးဝင်းကဆိုသည်။

‘‘ကျွန်တော်တို့ကိုယ်တိုင် ဈေးကွက်ထဲသွားစရာမလိုဘူး။ အချိန်တန်ရင် ပွဲစားတွေလာဝယ်တယ်’’ဟု ၎င်းကပြောသည်။

အရည်ကျိုဈေးကွက်ဟု ကားလောကမှ လူသိများသည့် ၎င်းဈေးကွက်တွင် မော်ဒယ်မြင့်ကားများမှထွက်ရှိသည့် ကားပစ္စည်းများမှာ ပိုမိုဈေးကောင်းရသဖြင့် သုံးနိုင်သမျှ ပစ္စည်းများအားလုံးကို ဝယ်ယူကြသည်ဟုဆိုသည်။

‘‘ဟက်တုံးတစ်တုံးဆိုရင် အရည်ကျိုဈေးကွက်ထဲမှာ သိန်း ၁၅၀ လောက်ရှိတယ်’’ဟု မြောက်ဥက္ကလာပမြို့နယ်တွင် နှစ်ပေါင်း ၄၀ ကျော်ကြာ ကားဝပ်ရှော့ဖွင့်လှစ်ထားသည့် ဦးသန်းဝင်းကဆိုသည်။ တစ်ချိန်က အစိုးရကိုယ်တိုင် အားပေးအားမြှောက်လုပ်ခဲ့သည့် စက်မှုဇုန်ထုတ်ကားများ ပြည်တွင်း၌ ထုတ်လုပ်စဉ်ကလည်း ယင်းကားသင်္ချိုင်းမှ ထွက်ရှိသည့် အင်ဂျင်တုံးများက များစွာအသုံးဝင်ခဲ့သည်ဟု ကားသင်္ချိုင်းတွင် ကားပစ္စည်းများဖြုတ်၍ အရောင်းအဝယ်ပြုလုပ်နေသူများက ပြောသည်။

‘‘စက်မှုဇုန်တွေ ခေတ်ကောင်းတုန်းက ဇုန်ကားတွေကို အားကိုးခဲ့ရတာ။ အခုတော့ ဇုန်တွေက ရပ်သွားပြီ။ အဲဒီဘက်က လာဝယ်တဲ့သူမရှိသလောက်ပဲ’’ဟု အင်ဂျင်တုံးများ အရောင်းအဝယ်ပြုလုပ်နေသည့် ပွဲစားတစ်ဦးကဆိုသည်။

ကားပိုင်ရှင်အများစုက ယာဉ်အိုယာဉ်ဟောင်းအပ်နှံရန်အတွက် ဌာနသို့ လာရောက်စလစ်ထုတ်ယူခြင်း၊ အခွန်ဆောင်ခြင်းနှင့် ကညနတံဆိပ်နှိပ်ခြင်းများ ပြုလုပ်ပြီးပါက ချက်ချင်းကားသင်္ချိုင်းသို့ ပို့ဆောင်ခြင်းမရှိကြဘဲ ကားပစ္စည်းအဟောင်းဝယ်သည့် ပွဲစားများနှင့် ချိတ်ဆက်ရောင်းဝယ်မှုများကိုလည်း စတင်ပြုလုပ်ကြကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးမြင့်လွင်ကဆိုသည်။

အရည်ကျိုကားများထဲမှ ဟိုင်းလတ်နှင့် တောင်းအေ့စ်ကဲ့သို့ ကားများထဲမှ အဟောင်းပစ္စည်းများ ပြန်လည်ရောင်းချပါက ၁၀ သိန်းမှ ၁၅ သိန်းအထိ ဈေးကောင်းရရှိကြပြီး ယင်းကားအမျိုးအစားနှစ်ခုထဲမှ ကားပစ္စည်းအများစုမှာ အသုံးဝင်မှု ပိုမိုများပြားသဖြင့် ဈေးကောင်းပေးဝယ်ယူကြကြောင်း အရည်ကျိုဈေးကွက်တွင်းမှ စုံစမ်းသိရသည်။

ရန်ကုန်မြို့မှ ကားပစ္စည်းများ အဓိကရောင်းဝယ်ဖြန့်ဖြူးနေသော ဘုရင့်နောင်ကားပစ္စည်း ရောင်းဝယ်ရေးဝင်းအတွင်း လစဉ် တစ်လလျှင် နှစ်ကြိမ်မှ သုံးကြိမ်ထက်မနည်း အင်ဂျင်တုံးကြီးများအား ဈေးပြိုင်ဝယ်ယူသည့်ပွဲမျိုး မကြာခဏပြုလုပ်လေ့ရှိသည်။

ယင်းအင်ဂျင်တုံးကြီးများမှာ ရံဖန်ရံခါ နယ်စပ်ဈေးကွက်များမှတစ်ဆင့် ဝင်ရောက်လာခြင်းဖြစ်သော်လည်း အများစုမှာ အရည်ကျိုကားများမှလာသည့် အင်ဂျင်တုံးကြီးများဖြစ်ကြောင်း ယင်းဈေးကွက်တွင် ပါဝင်နေသည့် အမည်မဖော်လိုသူ ပွဲစားတစ်ဦးကပြောပါသည်။

နယ်စပ်မှလာသည့် ကားအပိုပစ္စည်းများနှင့် အရည်ကျိုပစ္စည်းများကို ရန်ကုန်မြို့၏ မြို့ပြင်လိုနေရာမျိုးတွင် ဂိုဒေါင်များနှင့်ထားပြီး အချို့က ပမာဏများများ ဝယ်ယူစုဆောင်းနေကြသဖြင့် အရည်ကျိုမည့် ကားအပိုပစ္စည်းများက ပြင်ပတွင် ဈေးကွက်နေရာယူနေဆဲဖြစ်သည်။

‘‘ဒီပစ္စည်းတွေက အပြင်ထက် ဈေးသက်သာတယ်။ အသစ်နီးပါး ပြန်လုပ်လို့ရတယ်။ အခုဆို ကားအသစ်တွေမှာတောင် ပြန်သုံးနေကြတယ်။ နောက်ပိုင်း ကားအသစ်တွေက ပိုသွင်းလာမှာဆိုတော့ ဒီဈေးကွက်ကြီးက ပိုကြီးလာနိုင်တယ်’’ဟု မျိုးမြန်မာကားပစ္စည်းအရောင်းဆိုင် မန်နေဂျာ ဦးမူနီယံဒီကသုံးသပ်သည်။

ကားသစ်အများစုဖြစ်သည့် ကယ်ဒီးနား၊ ပရိုဘောက်စ်၊ ဟွန်ဒါဖစ် အစရှိသောကားများတွင် အရည်ကျိုဈေးကွက်မှ လာရောက်သည့် ကားပစ္စည်းအများစုကို ပြန်လည်အသုံးပြုနိုင်ပြီး အတွင်းပိုင်းအင်ဂျင်များတွင် ပြန်လည်ထည့်သွင်းအသုံးပြုပါက မည်သူမျှမသိနိုင်ကြောင်း စမ်းချောင်းမြို့နယ် အငယ်လေးဝပ်ရှော့မှ စက်ပြင်ဆရာတစ်ဦးကပြောသည်။

ရန်ကုန်မြို့ထဲတွင် ယင်းကဲ့သို့ အင်ဂျင်အဟောင်းများကို ပြန်လည်ပြုပြင်တပ်ဆင်ပေးသည့် နေရာအများစုမှာ မြောက်ဒဂုံ၊ မင်္ဂလာဒုံ၊ ဗဟန်း၊ တာမွေ၊ အင်းစိန် အစရှိသော မြို့နယ်များတွင် ပြန်လည်ပြုလုပ် တပ်ဆင်နေကြကြောင်း 7Day News မှ အဆိုပါဈေးကွက်များတွင် လုပ်ကိုင်နေသူများနှင့် လိုက်လံတွေ့ဆုံမေးမြန်းချက်များအရ သိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သောစည်းကမ်းချက်များအရ ပြည်ပမှ ကားတင်သွင်းလာသူများအနေဖြင့် မူလကားတွင်ပါဝင်သည့် ကားအပိုပစ္စည်းများကို ပြန်လည်ထုတ်ယူ ပြင်ဆင်တပ်ဆင်ခွင့်မရှိကြောင်း ထုတ်ပြန်ထားသည်။ သို့သော် ယနေ့အထိ ကားသစ်အချို့တွင် ကားသင်္ချိုင်းမှလာသည့် ကားအပိုပစ္စည်းများ တပ်ထားသည်ကို အစိုးရ သိမည်မဟုတ်ပေ။

ယင်းဈေးကွက်မှာ ရန်ကုန်တွင် ကြီးမားစွာတည်ရှိနေပြီး ယင်းဈေးကွက်အကြောင်းကို အသေးစိတ်ထုတ်ဖော်ပြောဆိုရန် ၎င်းလုပ်ငန်း လုပ်ကိုင်သူအများစုက မလိုလားကြပေ။

ယာဉ်အိုယာဉ်ဟောင်း အပ်နှံခွင့်ပေးခဲ့သည့် ၂၀၁၂ ခုနှစ် စက်တင်ဘာလမှ ယနေ့အထိ စာရင်းများအရ ယာဉ်အိုယာဉ်ဟောင်းအစီးရေ တစ်သိန်းခွဲကျော်ထိ လက်ခံဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ စာရင်းဇယားများတွင် ဖော်ပြထားသည်။

အပ်နှံပြီးကားအရေအတွက်နှင့် နှိုင်းယှဉ်ပါက ပြန်လည်အသုံးပြုနိုင်သည့် ကားအပိုပစ္စည်းများ ဈေးကွက်အတွင်းသို့ သုံးနှစ်အတွင်း သောင်းဂဏန်းနီးပါး ဝင်ရောက်လာနိုင်ကြောင်း ကားအဟောင်းပစ္စည်းများကို ပွဲစားလုပ်သူများက ခန့်မှန်းပြောကြားကြသည်။

ကားသင်္ချိုင်းများအတွင်းမှလာသော ကားအပိုပစ္စည်းထက်ဝက်ကျော်မှာ စက်မှုဇုန်ထုတ်ကားများ ပြန်လည်တပ်ဆင်ရာတွင် အသုံးပြုလေ့ရှိကြောင်း ကားအဟောင်းပစ္စည်းများကို စက်မှုဇုန်များတွင် ပြန်လည်တပ်ဆင်ပေးနေသူတစ်ဦးက ပြောသည်။

ပြင်ပပုဂ္ဂလိက ကားဈေးကွက်တွင် ကားသင်္ချိုင်းမှလာသည့် ကားအပိုပစ္စည်းဈေးကွက်များက ဆက်လက်စီးဆင်းနေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံမော်တော်ယာဉ် တင်သွင်းထုတ်လုပ်သူများအသင်းမှ ဒုဥက္ကဋ္ဌကပြောသည်။

သက်တမ်းလွန်ကားပစ္စည်း အဟောင်းဈေးကွက်ကြီးမားလာသည်နှင့်အမျှ ပြည်သူတို့ နေ့စဉ်အားထားစီးနင်းနေရသည့် မော်တော်ယာဉ်များတွင် အသုံးပြုမှုများပြားလာခြင်းက သဘာဝလောင်စာဆီ ပိုမိုအသုံးပြုရခြင်း၊ ယာဉ်ကြံ့ခိုင်မှုအားနည်းခြင်းတို့ ဖြစ်ပေါ်လာနိုင်သဖြင့် ယင်းဈေးကွက်ကို အမြန်ဆုံးတားဆီးပေးသင့်ကြောင်း ကားအသစ်တင်သွင်းသူ လုပ်ငန်းရှင်အချို့ကဆိုပါသည်။

ကားအဟောင်းပစ္စည်းဈေးကွက်ကို အစိုးရက အချိန်မီတားဆီးပေးနိုင်ခြင်းမရှိပါက ယင်းဈေးကွက်မှာ ကြီးမားစွာရပ်တည်လာနိုင်ကြောင်း ကားဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်သည်။

မိုးညို၊ သူရကျော်

7Day News Journal အတွဲ (၁၃)၊ အမှတ်(၆)

နှုတ်ခမ်းနီဆိုးခြင်းကြောင့် ဥာဏ်ရည်ဥာဏ်သွေး ထိခိုက်နိုင်



နှုတ်ခမ်းနီ အမျိုးအစားပေါင်း ၂၂ မျိုးကို မကြာခင်က ပြုလုပ်တဲ့ လေ့လာမှု
အရ သူတို့ထဲမှ ၅၅ ရာခိုင်နှုန်းဟာစိတ်ကျန်းမာရေး အခြေအနေကို
ထိခိုက်စေနိုင်တဲ့ ခဲပစ္စည်းတွေ အနည်းငယ် ပါဝင်နေ တယ်လို့ သိရပါတယ်။

အဲဒီထဲမှာ နှုတ်ခမ်းနီထုတ်ကုန် ၁၂ ခုမှ နှစ်ခုရဲ့ နမူနာကို စမ်းသပ် စစ်ဆေး ရာမှာ အဆိပ်သင့်စေတဲ့ ခဲပစ္စည်းဟာ ၃.၂၂ parts per million ထိ အမြင့်ဆုံး ပါဝင်နေတာကို တွေ့ရှိခဲ့တယ်လို့ Daily Mail မှာ ဖော်ပြ ထားပါတယ်။

ခဲဓာတ်ကို ပမာဏအနည်းငယ်နဲ့ ထိ တွေ့မှုရှိရင်တောင် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်ပြီး စိတ် ကျန်းမာရေးအတွက် ထိခိုက်မှုရှိတယ်လို့ ဘောစတွန်မှ ခဲအဆိပ်သင့် မှုကာကွယ်ရေးအစီအစဉ်မှ ဆေးပညာဆိုင်ရာ ဒါရိုက်တာ ဒေါက်တာရှောင်က ပြောပါတယ်။

ခဲဆိပ်ပမာဏ အနည်းငယ်နဲ့ ထိတွေ့ရင်တောင် ဥာဏ်ရည်ဥာဏ်သွေး၊ အပြုအမူနဲ့ သင်ယူနိုင် စွမ်းရည်တွေ ထိခိုက်နိုင်တယ်လို့ သူကဆိုပါတယ်။ ခဲဆိပ်သင့်မှာ ကိုကြောက်ရင် နှုတ် ခမ်းနီတစ်မျိုးတည်းသာ မကပါဘူး။ ကလေးတွေ နေထိုင်ရာအရပ်ကိုလည်း ဂရုစိုက်ရပါမယ်။

အမှိုက်ပုံနားက နေရာမှာ နေတာ၊ အိမ်သုတ်ဆေးမှ အကြွင်းအကျန် အမှုန့်တွေကို မျိုချမိတာ တွေမဖြစ်အောင် ရှောင်ကြဉ်ရပါမယ်။ နှုတ်ခမ်းနီတိုင်းမှာ တော့ ရည်ရွယ်ချက်နဲ့ ခဲကိုထည့်သွင်း ထားတာမဟုတ်ပေမယ့် အရောင်တွေ ဟာ သတ္တုဓာတ်ကို အခြေခံတာမို့ ရေ၊ လေနဲ့ မြေမှာ သဘာဝအတိုင်း ပါဝင်တဲ့ ခဲပမာဏအနည်းငယ်တော့ ပါဝင်တတ်ပါတယ်။

Credit : Good Health

ဆိုင်အတွင်းသို့ဝင်ရောက်၍ ဓါးဖြင့်ထိုးကာ ငွေများလုယက်သူကို ဖမ်းဆီးအရေးယူ


ရန်ကုန်၊ ဧပြီ ၉

၈.၄.၂၀၁၄ ရက်နေ့ ၁၇၀၀ အချိန်ခန့်တွင် ဘုရင့်နောင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် နယ်မြေ အတွင်း သတင်းစုံစမ်းနေစဉ် မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်၊ ကျိုက်ဝိုင်းဘုရားလမ်းရှိ Z-4 ဖုန်းနှင့် ကွန်ပျူတာပြုပြင် ရောင်းဝယ်ရေး ဆိုင်အနီး အရောက်တွင် ၎င်းဆိုင်အတွင်းမှ ဘေးလွယ်အိတ် လွယ်ထားသော လူငယ်တစ်ဦး ပြေးထွက်လာသည်ကို တွေ့ရှိရပြီး နောက်မှ လူတစ်ဦးပြေးလိုက်လာကာ ဆိုင်အတွင်းသို့ဝင်ရောက်၍ ဓါးဖြင့်ထိုးကာ ပိုက်ဆံများလုယူသွားသဖြင့် ၀ိုင်းဝန်းဖမ်းဆီးပေးရန် အော်ဟစ်အကူအညီ တောင်းခံနေသည်ကို တွေ့ရှိရ၍ ပတ်ဝန်းကျင်မှ ပြည်သူများအကူအညီဖြင့် လွယ်အိတ်လွယ်ထားသောလူငယ်ကို ၀ိုင်းဝန်းဖမ်းဆီးခဲ့ပါသည်။

ထိုသို့ဖမ်းဆီးရမိသဖြင့် အဆိုပါလူငယ်အားစစ်ဆေးရာ စောထက်ဦးအောင်၊ (၂၁)နှစ်၊ (ဘ)ဦးရဲထွန်းကျော်၊ မအူပင်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး နေသူဖြစ်ကြောင်း သိရှိရပြီး ၎င်းလွယ်ထားသော ကျားကွက်ပုံပါအညိုရောင် သားရေဘေးလွယ်အိတ်အား သက်သေများနှင့်အတူရှာဖွေရာ ငွေစက္ကူရောရာ(၁၅၅၀၀၀)ကျပ်နှင့် အရိုးအသွား(၈)လက်မခန့်ရှိ ကော်လက်ကိုင်ရိုးတပ် စတီးဓါးဦးချွန်(၁)ချောင်းတို့ကိုတွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။

ပြစ်မှုကျူးလွန်သူ စောထက်ဦးအောင်မှ ဓါးဖြင့်ထိုးခဲ့၍ Z-4 ဖုန်းနှင့်ကွန်ပျူတာပြု ပြင်ရောင်းဝယ်ရေးဆိုင်ရှင် ကိုကျော်မြင့်နိုင်တွင် ၀မ်းဗိုက်ဝဲဘက်ထိုးသွင်း ဒဏ်ရာ(၁)ချက်၊ ၀ဲလက်ဖျံတွင် ထိုးသွင်းဒဏ်ရာ(၁)ချက်တို့ရရှိခဲ့သဖြင့် အင်းစိန်ဆေးရုံတွင် အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် တက်ရောက်ကုသခဲ့ရ ပါသည်။

ယင်းသို့ပြစ်မှုကျူးလွန်သူ စောထက်ဦးအောင် ကို ဘုရင့်နောင်နယ်မြေ ရဲစခန်း(ပ)၁၁၆/၂၀၁၄၊ ပြစ်မှု ပုဒ်မ-၃၉၄ ဖြင့် အမှုဖွင့်ကာအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ကုမ္ပဏီမှ မတရားစွဲချက်တင် အဖမ်းခံရသော အမျိုးသမီးဝန်ထမ်း ပြန်လွတ်မြောက်





ကုမ္ပဏီမှ အလုပ်ထွက်ပြီး (၅)လ အကြာတွင် အာမခံမရဘဲ တရားစွဲဆို ခံရသည့် အမျိုးသမီး မဆုဆုအောင်မှာ ဥပဒေ အရာရှိ၏ စစ်ဆေးချက် အရ ပြန်လည် လွတ်မြောက်လာပြီဖြစ်ကာ သူမအနေဖြင့် အလုပ်ရှင်အား
ပြန်လည် တရားစွဲဆိုသွားလိမ့်မည် မဟုတ်ကြောင်း သိရသည်။

“ကျွန်မတို့ အနေနဲ့ ကုမ္ပဏီကို ပြန်ပြီး တရားစွဲဆိုသွားမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်မ အမျိုးသားက သဘောင်္သား ဖြစ်နေတဲ့
အတွက် တရားရင်ဆိုင်ဖို့ အတွက် အချိန်မရပါဘူး။ ဒါ့ကြောင့် တရားပြန်
မစွဲပါဘူး။

ဒါပေမဲ့ သူတို့ဘက်ကနေ နောက်ထပ် ပုဒ်မတစ်ခုနဲ့ တရားပြန်
စွဲခဲ့မယ် ဆိုရင်တော့ အဲဒီအချိန်မှာမှ ကျွန်မတို့လည်း တရားရင်ဆိုင်ဖို့ စဉ်းစားပါမယ်။ အခုအချိန်မှာတော့ အမှုကနေ လွတ်ကင်းခဲ့တဲ့ အတွက် ၀မ်းသာနေပါတယ်”ဟု ကုမ္ပဏီမှ မတရားစွဲချက်တင် အဖမ်းခံခဲ့ရာမှ လွတ်မြာက်လာသူ မဆုဆုအောင်က ပြောသည်။

အဆိုပါ ပုဒ်မ ၃၈၁သည် စခန်းမှူးမှ ပုဒ်မတပ်ခြင်း မဟုတ်ဘဲ ခရိုင်မှူးမှ
သာ ပုဒ်မတပ်ခြင်း ဖြစ်ကြောင်း ရဲထင်မြင်ချက်နဲ့ တရားရုံးကို ရုံးတင်ခွင့် မရှိသဖြင့် ဥပဒေ အရာရှိများထံမှ အကြံတောင်းယူသည့် အခါ အရာရှိက တစ်ဖက်လူ ထွက်ဆိုချက်၊ ကာယကံရှင် မိန်းကလေး ထွက်ဆိုချက်၊ ရဲထွက်ဆိုချက်များ ကြည့်ပြီး ဒီအမှုက ၃၈၁ပုဒ်မမြောက်ကြောင်း အမှုဖွင့်ချင်ပါက ပုဒ်မ ၄၀၃ ဖြင့်သာ အမှုဖွင့်၍ရကြောင်း စခန်းမှူး
ပြောကြားချက်အား ကိုဖြိုးအောင်ဝင်းက ပြန်လည် ပြောပြခဲ့သည်။

“၂၈ရက်နေ့ ကျောက်တံတား ရဲစခန်းမှာ ရမန်သွားယူတဲ့ အချိန် စခန်းမှူး
က ရှင်းပြပါတယ်။ ရဲအရေးပိုင်တဲ့ အမှုဆိုပြီး ခရိုင်မှူးက ပုဒ်မ ၃၈၁ တပ်လိုက်ပေမယ့် အခုဥပဒေ အကြံပေး အရာရှိက ဒီအမှုကို စစ်ဆေးပြီးတဲ့ အချိန်မှာ ဒီအမှုက ခိုးမှုလည်း မမြောက်သလို ပုဒ်မ ၃၈၁လည်း တပ်လို့
မရတဲ့ အတွက် ပြန်လွှတ်ပေးမယ်ပြောလို့ သေသေချာချာ ရှင်းပြပြီး
ပြန်လွှတ် ပေးလိုက်တာပါ”ဟု မဆုဆုအောင်၏ ခင်ပွန်းဖြစ်သူ ကိုဖြိုးအောင်ဝင်းက ရှင်းပြသည်။

၂၀၁၄ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် မဆုဆုအောင်အား ကျောက်တံတား ရဲစခန်းမှ ဒုရဲအုပ် ဖြစ်သူက လာရောက် တွေ့ဆုံရန် ပြောသဖြင့် မတ်လ
၁၆ ရက်နေ့တွင် သွားရောက်ခဲ့ရာ မေးမြန်းပြီးချိန်တွင် ချက်ချင်း ဖမ်းချုပ်ခံ
ခဲ့ရ၍ ပုဒ်မ ၃၈၁ဖြင့် တရားစွဲဆို ခံခဲ့ရသည်။

ယင်းဖမ်းချုပ်ခံရပြီး ၂၂ ရက်မြောက်နေ့တွင် မဆုဆုအောင်သည် အချုပ်ထဲ
တွင် သွေးအား နည်းခြင်းကြောင့် ရန်ကုန် ဆေးရုံကြီးတွင် ဆေးကုသ ခံယူခဲ့ရကာ မတ်လ ၂၂ ရက်တွင် ဆေးရုံမှ ဆင်းခွင့်ရသဖြင့် ၂၆ ရက်နေ့ တွင် ဆေးရုံဆင်းကာ ၂၈ မြောက်နေ့တွင် ပုဒ်မ ၃၈၁ မမြောက်သဖြင့်
ပြန်လည် လွတ်မြောက်လာခြင်း ဖြစ်သည်။

“ဆေးရုံက ဆင်းတာ မသက်သာဘဲနဲ့ ဆင်းရတာပါ။ ဆေးရုံက ဆင်းတာ ၂၆ရက်နေ့ကပါ။ ၂၅ ရက်နေ့က ဆရာဝန်မက ဗိုက်တွေ၊ ခြေထောက်တွေ၊ လက်တွေ စမ်းတယ်။ တကယ်တမ်း ဖြစ်နေတာ အဲနေရာ မဟုတ်ဘူး။
ခေါင်းမူးပြီး အန်နေတာပါ။ ထလဲ မထနိုင်ဘူး။ ထိုင်လည်း မထိုင်နိုင်ဘူး။

ဆေးရုံမှာ သံခြေကျင်းနဲ့ ခတ်ခံထားရတဲ့ အတွက် ထဖို့ကလည်း မလွယ်ဘူးလေ။ အန်တယ်ဆိုအအန်ပျောက် ဆေးပေးတယ်။
ဆေးပေးတယ်ဆိုပြီး လက်လွတ်စပါယ်ထားတဲ့သဘောဖြစ်နေတယ်။
ဆေးရုံက ရဲတွေရှေ့မှာ ဆင်းလို့ရပြီလို့ ပြောတယ်။ အဲတာနဲ့ တစ်ရက် ထပ်ထားတယ်။ ၂၆ ရက်နေ့ ကျတော့ ဆေးရုံက မောင်းချတဲ့
သဘောမျိုး။ အဲဒါကြောင့် ဆင်းလာရတာပါ”ဟု ကာယကံရှင်
အမျိုးသမီး မဆုဆုအောင်က ပြောသည်။

မဆုဆုအောင်အား Lazar World ကုမ္ပဏီမှ အလုပ်ထွက်ပြီး ငါးလ
အကြာတွင် ကုမ္ပဏီမှ ဖုန်းဆက်၍ ဇာတ်ညွှန်း အပိုင်းအစများ
ပြန်လည် တောင်းခံခြင်း ဖြစ်ကြောင်း ယင်းအချိန်တွင် မဆုဆုအောင်
သည် လက်ထပ်နေချိန် ဖြစ်နေ၍ မလာရောက်နိုင်သဖြင့် မတ်လ ၁၆ရက်နေ့တွင် ပုဒ်မ ၃၈၁ဖြင့် တရားစွဲဆိုခံရခြင်း ဖြစ်ကြောင်း
သိရသည်။

“ရဲစခန်း သက်သေထွက်ဖို့ ခေါ်တော့ သူ့ဘက်က သက်သေ နှစ်ယောက်
ကလည်း လိမ်လည်ပြီးတော့ ထွက်ဆိုတာပါ။ ညီမနဲ့တူတူ ဇာတ်ညွှန်းကို ရိုက်ရမယ့် တစ်ယောက်လဲရှိတယ်။ သမီးလိုပဲ ဇာတ်ညွှန်းကို ယူသွားပြီး
လေ့ကျင့်တယ်။ အခုထွက်ဆိုတဲ့ အချိန်ကျတော့ အိမ်မယူဘူးလို့ ထွက်ဆိုတယ်”ဟု မဆုဆုအောင်က ပြောသည်။

အဆိုပါ တရားစွဲဆိုသူမှ ယခင်က မဆုဆုအောင်အား ကားဖြင့်လိုက်ပို့ရင် “အရှေ့ကို လာထိုင်ပါ။ ဂါဝန် ၀ယ်ပေးမယ်။ အခုလို ၀ယ်ပေးမှာကိုလည်း ဘယ်သူမှ မသိစေနဲ့လို့ ပြောတယ်။ ရုံးမှာဆိုလည်း သူ့ရုံးခန်းထဲခေါ်ပြီး အလုပ်လုပ် ခိုင်းတာမျိုးလည်း ရှိပါတယ်။

အလုပ်ထွက်ခါနီး ကျတော့လည်း လုံးဝ မထွက်ရဘူးလို့ ပြောတယ်။ အလုပ်ထွက်တဲ့ အတွက် တရားစွဲမယ်
လို့လည်း ခြိမ်းခြောက်ခဲ့တယ်။ သမီးက နိုင်ငံခြားသွားမှာမို့လို့ အလုပ်
ထွက်မှာလို့ ပြောတော့ သူက ငါကိုယ်တိုင် နိုင်ငံခြားကို လိုက်ပို့ပေးပါမယ်။

ဒါကြောင့် အလုပ်မထွက်နဲ့လို့ ပြောခဲ့တယ်။ အလုပ်ထွက်ပြီး ငါးလ
လောက်ကြာ တဲ့အခါ နိုင်ငံခြား မထွက်ဖြစ်သေးဘဲ ယောက်ျား
ယူလိုက်တဲ့ အတွက် မခံမရပ်နိုင်ဖြစ်တာလို့ ထင်တယ်”ဟု ၎င်း၏ ထင်မြင်ချက်ကို ပြောသည်။

( ယနေ.ထုတ် Tomorrow သတင်းဂျာနယ်အမှတ်(ရ)မှသတင်း )
Kyaw Swar Myint

သင်္ကြန်မှာ သတိထားရမယ့် အချက်ခုနစ်ချက်



မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကို ပြည်သူတို့ပျော်ရွှင်စွာ ဆင်နွှဲကြရန် သုံးရက်သာ လိုပါတော့သည်။

ထူးခြားမှုအဖြစ် ယခုနှစ်တွင် ရန်ကုန်တစ်မြို့လုံး မဏ္ဍပ်အကြီး အသေး ၁၄၀ ကျော် တည်ဆောက်ခွင့် ရခဲ့ခြင်းကြောင့် တစ်ခေတ်တစ်ခါက နာမည်ကျော် ရန်ကုန်သင်္ကြန်ကို  ပြန်လည်ကြုံကြိုက် ရတော့မည် ဖြစ်သည်။

ယခုနှစ်သင်္ကြန်တွင် သင်္ကြန်မောင်မယ်တို့ အတွက် ပျော်ရွှင်မှုနှင့်အတူ စိန်ခေါ်မှု အသစ်များ ကလည်း စောင့်ကြိုနေပါသည်။ တစ်ခဏတာ သင်္ကြန်အပျော်တွင် တစ်ဘ၀စာ အမည်းစက်မစွန်းထင်းစေရန်နှင့် အပျော်လွန်ပြီး ရာသီဥတုကို သတိမပြုမိဘဲ အသက်ဆုံးရှုံးမှုများ မဖြစ်စေရန် အောက်ပါအချက်များကို သတိပြုရန်လိုအပ်သည်။

သင်္ကြန်ရေနှင့် အမြင့်ဆုံး

ခရမ်းလွန်ရောင်ခြည်အပူဒဏ်

အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်နှင့် အထက်ရှိသည့် မနက် ၁၀ နာရီမှ  ညနေ ၅ နာရီအတွင်း အမိုးအကာမဲ့ ရေကစားခြင်းကို ရှောင်ကြဉ်ပါ။ နေပူဒဏ်နှင့် ခရမ်းလွန်ရောင်ခြည်ကို အမှန်တကယ် ကာကွယ်နိုင်သည့် နေကာမျက်မှန်ကို တပ်ဆင်ပါ။ ရေကစားမဏ္ဍပ်များကို နေကျသည့်အချိန် ညနေ ၃ နာရီကျော်မှသာ ပြန်လည်ဖွင့်လှစ်သင့်သည်။ အရက်သေစာသောက်စားခြင်းက အပူဒဏ်ကို ပိုမိုခံစားရပြီး ကျန်းမာရေးကို ပြင်းထန်စွာ ထိခိုက်စေခြင်းကြောင့် ရှောင်ကြဉ်သင့်သည်။ ရေကစားသူများရော ရေပက်သူများပါ ခရမ်းလွန်ရောင်ခြည်ကို ခံနိုင်ရည်ရှိစေရန် SPF 15+ ပါသည့် နေရောင်ခံကရင်မ်များကို လိမ်းထားသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

သင်္ကြန်နှင့် အထူးတရားရုံး

သင်္ကြန်တွင်း မူးယစ်ဆေးဝါးသုံးစွဲမှု၊ ရောင်းဝယ်ဖောက်ကားမှုနှင့် ခိုက်ရန်ဖြစ်ပွားမှု စသည့်အမှုအခင်းများအတွက် မြို့နယ်တိုင်းတွင် အထူးတရားရုံးများကို ဖွင့်ထားသည်။  အထူးတရားရုံးသည် ချက်ချင်းအမှုစစ်၊ ချက်ချင်းပြစ်ဒဏ်ပေးနိုင်ခြင်းကြောင့် သင်္ကြန်တွင်းသွေးဆူပေါက်ကွဲလွယ်သော လူငယ်များအတွက် အထူးသတိပြုစရာဖြစ်သည်။ မဏ္ဍပ်များအနီးတစ်ဝိုက်တွင် တပ်ပေါင်းစုံပါဝင်သော ရဲကင်းနှင့် လုံခြုံရေးများ ချထားမည်ဖြစ်ပြီး မည်သည့်ပြစ်မှုကျူးလွန်သူကိုမဆို ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ ရဲမှူးကြီးမြင့်အေးကပြောသည်။

သင်္ကြန်မဏ္ဍပ်နှင့် နှစ်ကိုယ်ကြားအိပ်ခန်းများ

ယခုနှစ်တွင် မဏ္ဍပ်များ၏ ထူးထူးခြားခြား ၀န်ဆောင်မှုတစ်ခုအဖြစ် မဏ္ဍပ်တည်ဆောက်သူအချို့က VIP အမည်ခံ၍ နှစ်ကိုယ်ကြားအိပ်ခန်းများ ထည့်သွင်းတည်ဆောက်လာသည်။ သက်ဆိုင်ရာက ယင်းအခန်းများ ဖျက်သိမ်းခိုင်းထားပြီး သင်္ကြန်မတိုင်မီ ၁ ရက်အလိုတွင် လိုက်လံစစ်ဆေးမည်ဟု  ပြောကြားထားသော်လည်း မဏ္ဍပ်သို့ မိမိကလေးငယ်များကို စေလွှတ်မည့် မိဘအုပ်ထိန်းသူများ ထပ်ကြပ်မကွာ သတိပြုရမည့် အချက်တစ်ချက်ဖြစ်သည်။ VIP အခန်းများယူလိုလျှင် မဏ္ဍပ် Organizer နှင့် ဈေးညှိနှိုင်း၍ စုံတွဲများနားနိုင်ကြောင်း နီးစပ်ရာအချင်းချင်းသတင်းဝေမျှမှုများလည်း ရှိနေသည်။

 ‘‘မဏ္ဍပ်မှာ ဒီအခန်းတွေ ထည့်ဆောက်တာ ခွင့်ပြုလိုက်ရင် မြန်မာသင်္ကြန်က ရိုးရာပျက်သွားပြီ။ တစ်နှစ်တစ်ခါမို့ ဒါကို ခွင့်လွှတ်သင့်ပါတယ်လို့ပြောရင် ပြောတဲ့သူလည်း ကြံရာပါပဲ။ ဒီအခန်းထဲဝင်သွားပြီး အိမ်ပြန်ရောက်လို့ ရေချိုးလိုက်တာနဲ့ မိန်းကလေးတွေ အရင်အတိုင်းပြန်ဖြစ်သွားမယ့် ကိစ္စမဟုတ်ဘူး’’ ဟု ကလေးနှစ်ဦးဖခင် စာရေးဆရာနေနော်က ပြောသည်။

ရန်ကုန်သင်္ကြန်များစွာကို ပျော်ရွှင်စွာဆင်နွှဲခဲ့ဖူးသော ထိုင်းရောက် စာရေးဆရာမင်းဒင်က ‘‘ဒီနှစ်ပိုပြီးစည်ကားမှာမို့ ဒုက္ခမများကြရလေအောင် ကိုယ်ပိုင်ဆင်ခြင်ဉာဏ်ကိုယ်စီနဲ့ ပျော်စေချင်တယ်။ သင်္ကြန်အပြီး လူ့ပြည်မှာ ကျန်းမာပကတိချမ်းသာသွားဆက်ပြီး အသက်ရှင်နေလိုကြသေးရင်ဖြင့် သတိနဲ့ပျော်ကြပါ။ သင်္ကြန်မပြီးခင် အတွင်းလူနာဘ၀ ရောက်နိုင်တာကို သတိချပ်ကြပါ။ မိန်းကလေးတွေ ဘ၀ပျက်မှာကို ကြိုတွေးကြပါ။ သည်းခံကြပါ။ ကိုယ့်ကိုယ်ကိုယ် ထိန်းကြပါလို့သာ မှာပါရစေ’’ ဟု၎င်းကဆိုသည်။

မြန်မာ့ယဉ်ကျေးမှုနှင့် သွေဖည်သည့်ဝတ်စားမှုများနှင့် တရားဥပဒေ

သင်္ကြန်တွင်း အမျိုးသမီးအချို့၏ လိင်အသားပေးအကများ၊ အဖော်အချွတ်ဝတ်စားဆင်ယင်မှုများကို ယဉ်ကျေးမှုဝန်ကြီးဌာနက တားမြစ်သည့် စည်းကမ်းချက်များ ထုတ်ထားသည်။ တစ်စထက်တစ်စ ရဲတင်းလာသော အဖော်အချွတ်ဝတ်စားမှုများ၊ ယဉ်ကျေးမှုနှင့် ဆန့်ကျင်သော အက၊ စုံတွဲများလူမြင်ကွင်း ဖက်ယမ်းနမ်းရှုပ်ခြင်းများ၊ အမျိုးသမီးအချို့ မူးယစ်ရမ်းကားခြင်းတို့ကို ပညာပေးအရေးယူမှု ပြုလုပ်မည်ဟု ရဲမှူးကြီးမြင့်အေးက ပြောသည်။

‘‘အမြင်မတော် ၀တ်စားဆင်ယင်မှုတွေကို မဏ္ဍပ်ထိုးတဲ့သူတွေပဲ အချင်းချင်း ပြန်ထိန်းပေးဖို့ မေတ္တာရပ်ခံပါတယ်။ စည်းကမ်းချက်တွေထုတ်ပြီး အရေးမယူဘူးတော့မဟုတ်ပါဘူး။ လုံးဝမထုတ်ရင် ပိုဆိုးကုန်မှာစိုးလို့ပါ။ နှစ်တိုင်းလည်း ဒီပြဿနာက ရှိနေတယ်။ ကျွန်တော်တို့ရှေ့မှာ စုံတွဲတွေ ဖက်ယမ်းနမ်းရှုပ်နေတာတွေ တွေ့ပါတယ်။ ဒါပေမဲ့ ၀င်တားရင် ကျွန်တော်တို့က ပွဲဖျက်တဲ့သူတွေ ဖြစ်ကုန်မယ်။ ဒီတော့ အချင်းချင်းထိန်းကြပါ’’ ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် သင်္ကြန်တွင်း သရုပ်ပျက်ဝတ်စားမှုများနှင့် လိင်အသားပေးအကများကို မဏ္ဍပ် Organizer များက ၀ိုင်းဝန်းထိန်းသိမ်းပေးရန်သာရှိပြီး မထိန်းသိမ်းသည့် မဏ္ဍပ်များကို မှတ်တမ်းယူထားမည်ဖြစ်သည်။

သင်္ကြန်နှင့် မူးယစ်ထောင်ချောက်

သင်္ကြန်တွင်း မသိနားမလည်သော အမျိုးသမီးများ အထူးသဖြင့် ဆယ်ကျော်သက်ကလေးငယ်များအတွက် မသမာသူအချို့က မူးယစ်ထောင်ချောက်ဆင်ရန် အသင့်ရှိနေသည်။ သတိလစ်စေရန် ပြုလုပ်နိုင်သည့် ဆေးဝါးများမှာ မေ့ဆေးအစွမ်းရှိပြီး ညစ်ညမ်းလက်ဖက်ရည်၊ ကော်ဖီစသည့် ညစ်ညမ်းဆေးဝါးများမှာ နည်းနည်းထည့်သောက်မိသည်နှင့် လိင်ပိုင်းမှာ မိမိကိုယ်ကိုယ် မထိန်းချုပ်နိုင်သည့်ဘ၀ကို ရောက်နိုင်ခြင်းကြောင့် အောက်ပါအချက်များကိုရှောင်ရန် ဒေါက်တာတင့်ဆွေက အကြံပြုသည်။

-သောက်စရာထဲမှာ ဆေးမှုန့်ထည့်တာတွေက အနံ့၊ အရောင်၊ အရသာ မသိနိုင်တာများတယ်။ ကိုယ့်ရှေ့မှာ ဖောက်ပေးတာကိုသာ သောက်ပါ။ ဒါလည်း ကြိုတင်ပြီး ဆေးထိုးအပ်နဲ့ မူးယစ်ဆေး၊ လိင်စိတ်ကြွဆေး ထည့်ထားတာမျိုးလည်း ရှိနိုင်တယ်။

-သောက်စရာ ဘယ်ကနေလာသလဲ သိနေအောင်လုပ်ပါ။

-ပုလင်း၊ ဘူး၊ ခွက်ကအစ ကိုယ့်ပါးစပ်ထဲရောက်တဲ့အထိ မျက်ခြည်မပြတ်ပါစေနဲ့။

-အများစုဝေး သောက်သုံးစရာထဲကဆို ပိုသတိကြီးကြပါ။

-မျက်စိအောက်က ခဏလေးပျောက်သွားတဲ့ ကိုယ့်ခွက်ကို ပြန်မသောက်ပါနဲ့။

-ခွက်ကို တစ်ခုခုနဲ့ ဖုံးပေးထားပါ။ အဖော်ကနေ ကိုယ့်အတွက် ဆိုင်ကနေမှာသောက်တာဆိုလည်း ဈေးရောင်းတဲ့သူတိုင်းကို မယုံပါနဲ့။ ဈေးရောင်းသူနဲ့ ကိုယ့်အဖော် ဆက်ဆံရေးကိုလည်း အကဲခတ်တတ်ပါ။ မျက်စပစ်ပြတာ၊ လက်ကုတ်တာ စတာမျိုးလည်း အဓိပ္ပာယ်ဖွင့်တတ်ပါစေ။

-တစ်နေရာမှာ ချထားပြီးသားကို ပြန်မသောက်ပါနဲ့။

-တစ်ခုခုသောက်ပြီး မူးဝေလာသလို၊ အိပ်ချင်လာသလို၊ စိတ်မူပြောင်းလာသလို တစ်ခုခုထူးတာနဲ့ ဆေးအကူအညီတောင်းဖို့ ချက်ချင်းလုပ်ပါ။ မသိသူတွေကနေ ကူမယ်ပြောတိုင်းလည်း မယုံပါနဲ့။ ရဲကို အကူအညီယူပါ။ ကြက်ခြေနီအကူအညီယူပါ။

သင်္ကြန်နှင့် စီးပွားရှာသူများ

သင်္ကြန်မဏ္ဍပ်များနှင့် အနီးတစ်ဝိုက်တွင် လိုင်စင်မရှိဘဲ အရက်သေစာများ ရောင်းချခွင့်ကို တားမြစ်ထားပြီး တွေ့ရှိပါက ပစ္စည်းရောလူပါ ဖမ်းဆီးသိမ်းဆည်းမည်ဖြစ်သည်။ ထို့ကြောင့် သင်္ကြန်ကာလမျှော်ကိုး၍ အရက်ဘီယာလက်လီရောင်းချကြမည့် ဈေးသည်များ အထူးဂရုပြုစေလိုသည်။

‘‘မနှစ်က သင်္ကြန်မှာ ကိုယ့်ဟာကိုယ် ဆိုက်ကားနင်းနေတာအကောင်း အင်းလျားကန်မှာ အရက်ဘီယာသွားရောင်းလိုက်တာ တစ်ရက်လောက်ပဲ မြိုးမြိုးမြက်မြက်ရသေး အဖမ်းခံရရော။ ကံကောင်းလို့ ထောင်မကျတာ။ ဒီနှစ်တော့ ရေသန့်နဲ့ အမြည်းလေးပဲ သွားရောင်းတော့မယ်’’ဟု စမ်းချောင်းမြို့နယ်မှ အနှေးယာဉ်လုပ်သားတစ်ဦးက ပြောသည်။

သင်္ကြန်နှင့် လုံခြုံရေး

ယခုအထိ သင်္ကြန်ပွဲတော်အတွက် မည်သည့်ခြိမ်းခြောက်မှု၊ သံသယရနံ့များ၊ သတင်းအစအနများ မရသေးသော်လည်း လုံခြုံရေးကို လုံးဝမပေါ့ဆရဲကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူက ဆိုသည်။ ၂၀၁၀ ခုနှစ် ဗုံးပေါက်ဖြစ်စဉ်ပြီးကတည်းက သင်္ကြန်မဏ္ဍပ်များတွင် CCTV များတပ်ထားပြီး ရိုက်ခွေကို နေ့စဉ် မဏ္ဍပ်ပိတ်သိမ်းပြီး ည ၈ နာရီအရောက် ပေးပို့ရမည်ဖြစ်သည်။ ယခုနှစ်တွင် မဏ္ဍပ်တိုင်းအနီးတစ်ဝိုက်တွင် အထူးမိုင်းရှင်းလင်းရေးအဖွဲ့ကို ထားရှိထားသည်။

အထက်ပါအချက်များကို သတိပြုရှောင်ကြဉ်ရင်းဖြင့် တစ်နှစ်တစ်ခါ သင်္ကြန်ပွဲတော်ကို အန္တရာယ်ကင်းကင်း အပူအပင်မဲ့စွာဖြင့် ပျော်ရွှင်စေနိုင်ပါသည်။

အေးသူစံ
7Day News Journal အတွဲ (၁၃)၊ အမှတ်(၆)

အာဏာမသိမ်းလို၍ လွှတ်တော်တွင် တပ်မတော်ပါဝင်ဟု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ပြော




မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်သို့ ပြောင်းလဲရာတွင် တပ်မတော်သည် အာဏာပြန်လည် မသိမ်းလို၍ လွှတ်တော် တွင် ပါဝင်နေခြင်းဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ဟောင်း ဦးတင်အေးက ပြောဆိုလိုက်သည်။

ပုသိမ်မြို့ ဧရာရွေဝါခန်းမတွင် ဧပြီလ ၇ ရက်နေ့ ကပြုလုပ်သည့်ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများ၊နိုင်ငံရေးပါတီများနှင့်တွေ့ဆုံပွဲတွင် ဦးတင်အေးက ထိုသို့ ပြောဆို လိုက်ခြင်းဖြစ်ပြီး တပ်မတော် သည် ဒီမိုကရေစီရေချိန်မြင့်မားမှသာလျှင် လွှတ်တော်မှ ထွက်ခွာမည်ဟု ပြောဆိုသည်။

“တပ်မတော်သား ၂၅ ရာခိုင်နှုန်း လွှတ်တော်ထဲမှာရှိနေတယ်။ ရှင်းရှင်းပြောရရင် အာဏာမသိမ်းချင်လို့ ကျနော်တို့ လုပ်ထားတာ။ တပ်မတော်ဟာ အာဏာလိုချင်လို့ လွှတ်တော်ထဲပါတာ မဟုတ်ပါဘူး။ Negotiate
(စေ့စပ်ဆွေးနွေး ညိနှိုင်းခြင်း) လုပ်ဖို့ လွှတ်တော်ထဲပါတာပါ။ မပါဘူးဆိုရင် အာဏာပြန်သိမ်းရရင် မကောင်းလို့ ကျနော်တို့ပါတာ။ ဘယ်အချိန်ထွက်မလဲ။ ဒီမိုကရေစီရေချိန် မြင့်တဲ့အချိန် ထွက်သွားပါလိမ့်မယ်”ဟု ဦးတင်အေးကပြောဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြုပြင်စရာများရှိသည်မှာ မှန်ကန်သော်လည်း ကောင်းသည့် အချက် များစွာ ရှိကြောင်း၊ အချုပ်အခြာအာဏာထိပါးမည့်ကိစ္စများကို အလောတကြီး မပြင်ဆင်သင့်ကြောင်း၊

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် နိုဝင်ဘာ (သို့မဟုတ်) ဒီဇင်ဘာလအတွင်း ကျင်းပ သွားမည်ဖြစ်ပြီး လွပ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း၊ အစိုးရ အာဏာပိုင်များအနေဖြင့် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲဖြင့် ဘက်မလိုက်ဘဲ ကြားနေဖို့လိုအပ်ကြောင်း ဦးတင်အေးက ပြောဆိုခဲ့သည်။

“အရင်ကအတွေ့အကြုံတွေကို ကောင်းတာတွေယူပြီး၊ မကောင်းတာတွေကို ပြင်နေပါတယ်။ အဓိက, က ၂၀၁၅ အတွက်ပါ။ ၂၀၁၃ ခုနှစ်သည် Data Collection (အချက်အလက်ကောက်ယူ) ကာလ။ ၂၀၁၄ က Voter Education (မဲဆန္ဒရှင်ပညာပေး) ကာလဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲကို စနစ်ကျအောင် ကျနော် လုပ်ပေး ပါမယ်။ လွပ်လပ်ရမယ်။ တရားမျှတရမယ်”ဟု ၎င်းက ရှင်းပြသည်။

ဧပြီလ ၇ ရက်နေ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနှင့်တွေ့ဆုံပွဲသို့ ဧရာဝတီတိုင်း အစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးသိန်းအောင်နှင့် အစိုးရအဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီ အသီးသီး မှတိုင်းအဆင့်တာဝန်ရှိသူများနှင့် ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ အပါအ၀င် လူဦးရေ ၁၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

The Irrawaddy (Burmese Version)

မှတ်ပုံတင်ထားတဲ့ ဆေးဝါးတွေပဲ သုံးစွဲကြဖို့ ကျန်းမာရေးဌာန နှိုးဆော်



မြန်မာနိုင်ငံ ဆေးဝါး မှတ်ပုံတင်အမှတ် ဖော်ပြပါရှိတဲ့ ဆေးဝါးတွေကိုပဲ သုံးစွဲကြဖို့ ကျန်းမာရေး ၀န်ကြီးဌာနက ပြည်သူတွေကို နှိုးဆော် တိုက်တွန်း လိုက်ပါတယ်။

တရားမ ၀င်လမ်းကြောင်းက တဆင့် မြန်မာပြည်ထဲ ၀င်ရောက်နေတဲ့ ဆေးဝါးတွေ ရှိနေတာကြောင့် အခုလို ကြေညာ ချက်ထုတ်ပြန်ပြီး နှိုးဆော် တိုက်တွန်းရတာလို့ မြန်မာနိုင်ငံ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်ဟန်က ပြောပါတယ်။

“တချို့ဆေးဝါးတွေက ကျနော်တို့ဆီမှာ မှတ်ပုံမတင်ထားတော့လေ၊ ကျနော်ကတော့ မှတ်ပုံတင်ထားတဲ့ ဆေးဝါးတွေကို သုံးစွဲစေချင်ပါတယ်။ တချို့တွေက အောက်လိုင်းတွေက ၀င်တာတွေ ရှိတယ်။ ကျနော်တို့ဆီမှာရှိတဲ့ မှတ်ပုံတင်ထားဆေးတွေက အကုန်လုံးစစ်ထားတော့ ဒီဟာတွေက အကုန်လုံး စိတ်ချရတဲ့ အနေအထား ရှိပါတယ်။ အဲဒါတွေကြောင့် ဒါကို သုံးစွဲဖို့ဆိုပြီးတော့ တိုက်တွန်းနှိုးဆော်တာပါ။”

အခုလို နှိုးဆော်ချက် ထုတ်ပြန်သတိပေးတာဟာ ပထမ ခြေလှမ်းဖြစ်ပြီး တရားမ၀င် ၀င်ရောက် လာတဲ့ အစားအသောက်နဲ့ ဆေးဝါးတွေ မသုံးစွဲကြဖို့ ပြည်သူ့ကျန်းမာရေးပညာပေး လုပ်ငန်းတွေ ဆက်တိုက် လုပ်သွားဖို့ ရှိတယ်လို့လည်း ဒေါက်တာ မြင့်ဟန်က ပြောပါတယ်။

မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ်အနေနဲ ဆေးပုလင်းတွေအပေါ်မှာ ဥပမာ MM Reg No 1703 AA 4158 စသဖြင့် ဖော်ပြပါရှိတယ်။ ပြည်သူတွေ ဆရာဝန်တွေနဲ့ ကျန်းမာရေး ၀န်ထမ်းတွေ အနေနဲ့ မိမိတို့ သုံးစွဲနေတဲ့ ဆေးဝါးတွေဟာ အာနိသင် မရှိဘူးလို့ ယူဆရင် အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနကို နမူနာ ပေးပိုပြီး စစ်ဆေးနိုင်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကြေညာချက်က ဆိုပါတယ်။

ပြည်တွင်းကို တရားမ၀င် ၀င်ရောက်နေတဲ့ ဆေးဝါးတွေဟာ နယ်စပ်လမ်းကြောင်းတွေနဲ့ တပိုင်တနိုင် သယ်ဆောင်ရောင်းဝယ်မှုတွေကနေ ၀င်ရောက်နေကြတာဖြစ်ပြီး ဘယ်လောက် ပမာဏ ရှိနေတယ်ဆိုတာ ပြောဖို့ ခဲယဉ်းတယ်လို့လည်း ဆိုပါတယ်။

ကျန်းမာပညာဌာနက အငြိမ်းစား ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်လွင်ကတော့ ဆေးဝါးကျွမ်း ကျင်သူတွေက စနစ်တကျ ဆေးရောင်းချတဲ့စနစ်ရောက်ဖို့ အချိန်ယူ လုပ်ရလိမ့်အုန်းမယ်လို့ ပြော ပါတယ်။

“အခုလောလောဆယ်မှာတော့ ဆေးတွေက ဆိုင်ပေါ်မှာတင်ချင်သလိုတင်ပြီး ရောင်းချင်သလို ရောင်းနေသ၍ကတော့ ဒီဟာက လက်တွေ့မှာ သုံးလို့ရမှာ မဟုတ်ပါဘူး။ အဲဒီတော့ ကျနော်တို့က နိုင်ငံတကာအဆင့်ရှိတဲ့ ဆေးဝါးဆိုင်ရာ ဘွဲ့ရတွေနဲ့ ဆေးဆိုင်တွေကို ထိရောက်စွာ ကြီးကြပ်နိုင်ခွင့် မရှိသ၍ ပြည်သူလူတွေအနေနဲ့ ဒီလို ဆေးမျိုးတွေနဲ့ ကြုံနေရမှပဲ။ တဖက်ကလည်း လူထုအနေနဲ့ကလည်း စီးပွားချောင်လည်လာခြင်းမရှိသ၍ ဆရာဝန်မပါပဲ ဆေးသောက်ပြီးတော့ သက်သာရာ သက်သာကြောင်း ရှာတတ်ပါတယ်။ ဒီနှစ်ခုကို ပြေလည်အောင် အချိန် နည်းနည်း စောင့်ရလိမ့်မယ်။”

မြန်မာပြည်က အောက်ခြေပြည်သူလူထုအများစုဟာ နေထိုင်မကောင်းဖြစ်ရင်  နီးစပ်ရာ ဆေးဆိုင်နဲ့ ကွမ်းယာဆိုင်တွေမှာ ဆေးဝယ်သောက်ပြီး ကျန်းမာရေးပြဿနာကို အလွယ်တကူ ဖြေရှင်းနေကြတာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)

ဝိုင်သောက်ကြွေဖန်ခွက်လေး တစ်လုံးကို ဒေါ်လာ ၃၆ သန်းနဲ့ လေလံဆွဲဝယ်ယူ



Angel on 2014-04-09 17:56
တရုတ်နိုင်ငံ၊မင် မင်းဆက်ခေတ် ကြွေထည်လက်ရာ ၀ိုင်သောက်ခွက်လေးတစ်လုံးကို ဟောင်ကောင် လေလံပွဲမှာ ဒေါ်လာ ၃၆ သန်းနဲ့ ရောင်းချခဲ့ရပြီး စံချိန်သစ်တစ်ခုကို တင်နိုင်ခဲ့ပါတယ်။

အချင်း ရှစ်စင်တီမီတာသာရှိပြီး  သက်တမ်း ၅၀၀ ရှိနေပြီလို့ သိရပါတယ်။ လေလံတင်ရောင်းချတဲ့ အဖွဲ့ အစည်း ဖြစ်တဲ့ Sotheby အဆိုအရ ၂၀၁၀ တုန်းကလည်း တရုတ်ကြွေထည်ခွက်လေးတစ်လုံးကို စံချိန်တင် ဒေါ်လာ ၃၂ သန်းနဲ့  ရောင်းချခဲ့ဖူးတယ်လို့ သိရပါတယ်။

၁၄၆၅ ခုနှစ်ကနေ ၁၄၈၇ ခုနှစ်အထိ အုပ်စိုးခဲ့တဲ့ မင် မင်းဆက်ရဲ့ ချောင်ဟွာ ဧကရာဇ် လက်ထက်မှာ ဒီခွက်ကို သွန်းလုပ်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

Sotheby ရဲ့ ပြောကြားချက်အရ ဒီလို ခွက်မျိုး ကမ္ဘာပေါ်မှာ ၁၇ ခွက်သာရှိတော့ပြီး လေးခွက်က အရပ်သားဝယ်ယူသူ လက်ထဲမှာရှိကာ ကျန်တဲ့ ၁၃ ခွက်ကတော့ ပြတိုက်မှာ ရှိတယ်လို့ သိရပါတယ်။

ဒီ ခွက်ကို ၀ယ်ယူသွားသူကတော့ တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံးလူအယောက် ၂၀၀ စာရင်းမှာ ပါဝင်တဲ့ လုရီကွမ်း ဖြစ်ပြီး ဒေါ်လာ သန်းပေါင်း ၉၀၀ ကြွယ်ဝသူပါ။ ၂၀၁၂ ခုနှစ်က ရှန်ဟိုင်းမှာ ဖွင့်လှစ်ခဲ့တဲ့ သူ့ ရဲ့ ကိုယ်ပိုင်ပြတိုက် မှာ ဒီခွက်ကို ပြသသွားဖို့ ရှိတယ်လို့ သိရှိရပါတယ်။

Ref: bbc.com

Trend Myanmar

နာရေးကားနှင့် လူနာတင်ကားနှစ်စီးကို လိုင်စင်မဲ့ကားဟုဆိုကာ အဖမ်းခံခဲ့ရသော ညောင်လေးပင်မြို့နယ် မေတ္တာရှင်လူမူကူညီရေးအသင်းမှ အသင်းဝင်ခုနှစ်ဦး ယနေ့လွတ်မြောက်လာ




ရန်ကုန်၊ ဧပြီ ၉
နာရေးကားနှင့် လူနာတင်ကားနှစ်စီးကိုလိုင်စင်မဲ့ဟုဆိုကာ အဖမ်းခံခဲ့ရသော
ညောင်လေးပင်မြို့နယ် မေတ္တာရှင်လူမူကူညီရေးအသင်းမှ အသင်းဝင်ခုနှစ်ဦးယနေ့လွတ်မြောက်လာကြောင်းသိရသည်။
ညောင်လေးပင်မြို့နယ် သော်ဝိကျေးရွာမှ အဆိုပါအသင်းပိုင်ကားနှစ်စီးမှာလိုင်စင်မဲ့ကားဖြစ်သည်ဟုဆိုကာ မတ် ၂၆ ရက်တွင် အသင်းဝင်ခုနှစ်ဦးသည် သွင်းကုန်ထုတ်ကုန် ဥပဒေ ပုဒ်မ ၈ ၊ ပုဒ်မ ၁၀ တို့ဖြင့်အဖမ်းခံခဲ့ရခြင်းဖြစ်သည်။
ထိုသို့အဖမ်းခံခဲ့ရပြီးနောက် ယနေ့ ဧပြီ ၉ ရက်နေ့တွင်ညောင်လေးပင်မြို့နယ်တရားရုံးမှနောက်ဆုံးစီရင်ချက်အဖြစ်ထောင်ဒဏ်တစ်ပတ်နှင့် ဒဏ်ငွေတစ်သောင်း စီရင်ချက်ချခဲ့ကြောင်း ၊ချုပ်ရက်မှာ ၁၄ ရက်ဖြစ်နေ၍ အသင်းဝင်ခုနှစ်ဦးလုံး ယနေ့လွတ်မြောက်လာကြကြောင်း ၊ ရန်ကုန်နာရေးကူညီမူအသင်းအပါအ၀င်လူမူကူညီရေးအသင်းများကလည်း အားပေးရန်အတွက်ညောင်လေးပင်မြို့နယ်သို့ရောက်ရှိနေကြောင်း ရွာခံတစ်ဦးဖြစ်သည့် ဦးသန်းဝင်းကပြောသည်။MZ

Popular Myanmar News Journal

ရဲတိုက် ကို ထောင်ခြောက်နှစ် ချမှတ်ခြင်းအပေါ် အယူခံဝင်မည်


သရုပ်ဆောင် ရဲတိုက် ကို ကျောက်တံခါးမြို့နယ်တရားရုံးမှ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှု ဖြင့် ချမှတ်လိုက်သော ပြစ်ဒဏ် နှင့်ပတ်သက်၍ အယူခံဝင်သွား မည်ဖြစ်ကြောင်း ဆာတိုရီ ရုပ်ရှင် နှင့် ဗီဒီယိုထုတ်လုပ်ရေးမှ ဒါရိုက်တာ  ရီဇော်ကပြောသည်။

ယင်းအမှုကို  ဧပြီ ၇ ရက်က အဆိုပါတရားရုံးတွင် အပြီးသတ် စီရင်ချက်ချမှတ်ခဲ့ခြင်း ဖြစ်ပြီး သရုပ်ဆောင် ရဲတိုက် ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခဲ့ခြင်းဖြစ် သည်။

‘‘ရုပ်ရှင်သရုပ်ဆောင် မင်း သားတစ်ယောက်ဖြစ်တဲ့အတွက် သက်သေတွေက ရဲတိုက် ဘက်က လွယ်လွယ်ကူကူထောက်ခံထွက် ဆိုနေတာကို တွေ့ရတယ်လို့ တရားသူကြီးက သူရဲ့ သုံးသပ် ချက်မှာ ပြောသွားတယ်။ အဲဒါက သက်သေတွေရဲ့ ထွက်ချက်ကိုအ လေးထားပြီး မစဉ်းစားသလို ဖြစ် နေတော့ စိတ်မကောင်းဖြစ်ရ တယ်။ ဒါကြောင့် တရားသူကြီး ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ အယူခံ ၀င်သွားမယ်’’ ဟု ဒါရိုက်တာ ရီဇော်ကပြောသည်။

သရုပ်ဆောင်ရဲတိုက်ကို ပြီး ခဲ့သည့်နှစ် ဇူလိုင် ၄ ရက်က ပဲ ခူးတိုင်းဒေသကြီး ကျောက်တံခါး မြို့နယ်တွင် ဆေးခြောက်ဟု ယူ ဆသော အရွက်ခြောက်တစ်ကျပ် သားခန့် လက်ဝယ်တွေ့ရှိမှုဖြင့် စတင်ဖမ်းဆီး စစ်ဆေးခဲ့ပြီး ကျောက်တံခါးမြို့နယ် တရားရုံး တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါး များ ဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆/ (ဂ)ဖြင့် ရုံးတင်စစ်ဆေးခဲ့ခြင်းဖြစ် သည်။

သို့သော်ဆေးစစ်ရာတွင် အောင်မြင်ခဲ့သောကြောင့် ပုဒ်မ ၁၆(က)(မူးယစ်ဆေးဝါးလက် ၀ယ်တွေ့ရှိမှု)ဖြင့်သာ ဆက်လက် စစ်ဆေးခဲ့ပြီး ယခုကဲ့သို့ အမိန့်ချ မှတ်ခဲ့ခြင်းဖြစ်သည်ဟု ဒါရိုက် တာ ရီဇော်ကပြောသည်။

ရဲတိုက်သည် တောင်ငူ ထောင်၌ အပြစ်ဒဏ်ကျခံလျက်ရှိ ပြီး အယူခံဝင်ရန် သတ်မှတ်ထား သည့် တစ်လအတွင်း အမြန် ဆုံးအယူခံဝင်မည်ဟု ၎င်းက ပြောသည်။

ဧပြီ ၇ ရက် အမိန့်ချမှတ် သည့် ရုံးချိန်းအပါအ၀င် စုစုပေါင်းရုံးချိန်း ၂၀ ကျော်ရှိခဲ့ပြီး အချိန် ကာလ ကိုးလနီးပါး ကြာမြင့်ခဲ့ သည်။

Author: ဇွဲဉာဏ်
7Day Daily

နိုင်ငံခြားဘဏ်ခွဲ ဖွင့်ခွင့်ပေးမယ်လို့ ပြည်ထောင်စုဝန်ကြီး ပြော


မြန်မာနိုင်ငံမှာ ကိုယ်စားလှယ်ရုံး လာဖွင့်ထားတဲ့ နိုင်ငံခြားဘဏ်တွေထဲက သင့်တော်တဲ့ ဘဏ်တွေကို သိပ်မကြာခင် ဘဏ်ခွဲ ဖွင့်ခွင့်ပေးသွားဖို့ စီစဉ်နေတယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောပါတယ်။

ဧပြီ ၆ ရက် နေပြည်တော် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း စင်တာမှာ လုပ်တဲ့ အာဆီယံ ဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ လွှတ်တော် အစည်းအဝေးကာလအတွင်း ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးစိုးမင်းက နိုင်ငံခြားဘဏ်တွေကို ဘဏ်ခွဲ ဖွင့်ခွင့်ပေးဖို့ကိစ္စနဲ့ ပတ်သက်ပြီး နဂိုက အဆင့် ၄ ဆင့်နဲ့ ဖြည်းဖြည်း အကောင်အထည် ဖော်သွားဖို့ အစီအစဉ် ရေးဆွဲထားပေမယ့် နောက်ပိုင်း မြန်မာနိုင်ငံထဲ ရင်းနှီးမြှုပ်နှံမှုလုပ်ထားတဲ့ နိုင်ငံခြားကုမ္ပဏီတွေနဲ့ မြန်မာကုမ္ပဏီတွေရဲ့ လိုအပ်ချက်အရ နိုင်ငံခြားဘဏ်ခွဲတွေ မြန်မြန်ဆန်ဆန် ခွင့်ပြုပေးဖို့ စီစဉ်နေတဲ့အကြောင်း၊ လက်ရှိ ကိုယ်စားလှယ်ရုံး ဖွင့်ထားတဲ့ ဘဏ် ၄၅ ခုထဲက သင့်တော်တဲ့ ဘဏ်တချို့ကို ရွေးချယ်ပြီး ဘဏ်ခွဲ ဖွင့်ခွင့်ပြုဖို့ စီစဉ်နေတယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။

DVB Burmese

ယူကရိန်းလွှတ်တော်တွင် ခွဲထွက်ရေးဝါဒကို ဆန့်ကျင်တဲ့ ဥပဒေကြမ်းကို အတည်ပြု

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ ရုရှလိုလားတဲ့အကြမ်းဖက် စီတန်း လှည့်လည်မှုဖြစ်ပွားစဉ်

ယူကရိန်းအရှေ့ဘက်ဒေသတွေမှာ ရုရှာလိုလားတဲ့အကြမ်းဖက် စီတန်း လှည့်လည်မှုတွေကို အဆုံးသတ်ဖို့ ပြီးခဲ့တဲ့ ဧပြီ ၈ ရက်နေ့က ယူကရိန်းလွှတ်တော်မှာ ခွဲထွက်ရေးဝါဒကို ဆန့်ကျင်တဲ့ ဥပဒေကြမ်းကို အတည်ပြုလိုက်ပါတယ်။

ဥပဒေအသစ်အရ ယူကရိန်းရဲ့ ပိုင်နက်အချုပ်အခြာ လွှမ်းမိုးမှုကို ချိုးဖောက်သူဟာ ၁ ကြိမ်ကို ထောင်ဒဏ် ၅ နှစ်အထိ ကျခံရနိုင်ပြီး နောက်တကြိမ် ထပ်ချိုးဖောက်ရင်တော့ ထောင်ဒဏ် ၁၀ နှစ် ကျခံရမှာ ဖြစ်ပါတယ်။

အစောပိုင်းကတော့ ယူကရိန်းရဲ့ အချုပ်အခြာပိုင်နက်ကို ကျူးကျော်သူအတွက် အများဆုံး ပြစ်ဒဏ်က ထောင်ဒဏ် ၃ နှစ် ဖြစ်ပါတယ်။
သစ္စာဖောက်မှုအတွက် ရာဇ၀တ်မှုပြစ်ဒဏ်ကိုလည်း ထောင်ဒဏ် ၁၂ နှစ်ကနေ ၁၅ နှစ်ထိ ပြင်းပြင်းထန်ထန် ချမှတ်ဖို့ လွှတ်တော်က တိုးမြှင့်လိုက်ပါတယ်။

အရင်ကတော့ ယူကရိန်းမှာ သစ္စာဖောက်မှုအတွက် အနည်းဆုံး ပြစ်ဒဏ်က ထောင်ဒဏ် ၁၀ နှစ်ပါ။

ဒန်ညက်ဇ်မြို့ လူဂန့်စ်မြို့နဲ့ ခါခေါ့ဗ်မြို့တွေမှာ အစိုးရအဆောက်အဦတွေကို သိမ်းပိုက်မှု အပါအ၀င် ယူကရိန်းအရှေ့ဘက်က ရုရှားလိုလားတဲ့ စီတန်းလှည့်လည်မှုတွေအပြီး ယူကရိန်း အစိုးရက ခွဲထွက်ရေးဝါဒကို တိုက်ဖျက်ဖို့ ကြိုးစားခဲ့တာပါ။

အစိုးရအဆောက်အဦထဲက ဆန္ဒပြသူတွေကို ပြန်နှင်ထုတ်ရာမှာ ရဲအရာရှိ အများအပြား ဆိုးဆိုးရွားရွား ဒဏ်ရာရခဲ့တယ်လို့ လွှတ်တော်ဥက္ကဋ္ဌ အလက်ဇန်ဒါ ဗလန်တီနောဗစ်ခ်ျ တာချီနော့ဗ်က ပြောပါတယ်။

အကျပ်အတည်းကို ထိန်းသိမ်းနိုင်ဖို့ ရဲတွေကတော့ သူတို့အလုပ်ကို ဆက်လုပ်မယ်လို့ သူက ဆက်ပြောပါတယ်။

လက်နက်ကိုင်တက်ကြွလှုပ်ရှားသူ လူအုပ်တွေက သူတို့မြို့တွေမှာ အရင်လက ရုရှားက ကျူးကျော် သိမ်းပိုက်ခဲ့တဲ့ ကရိုင်းမီးယားရဲ့ လူထုဆန္ဒခံယူပွဲလိုမျိုး ကျင်းပဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းကနေ ခွဲထွက်ပြီး ရုရှားနဲ့ ပူးပေါင်းဖို့ ကရိုင်းမီးယားမဲပေးသူ ၉၇ ရာခိုင်နှုန်းက မဲပေးခဲ့အပြီး ရုရုားသမ္မတ ဗလာဒီမာပူတင်နဲ့ ကရိုင်းမီးယားခေါင်းဆောင်တွေက ရုရှားပိုင်နက်ဖြစ်ကြောင်း မတ် ၁၈ ရက်နေ့က သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။

ယူကရိန်းအစိုးရကတော့ လူထုဆန္ဒခံယူပွဲကို အသိအမှတ်မပြုဘဲ ရုရှားရဲ့သိမ်းယူမှုကိုလည်း အခြေခံဥပဒေနဲ့ မညီဘူးလို့ ပြောခဲ့ပါတယ်။

DVB Burmese

ရန်ကုန်သင်္ကြန် လုံခြုံရေးအင်အား ၅၀၀၀ ကျော် အသုံးပြုမည်


ရန်ကုန်သင်္ကြန်တွင် လုံခြုံရေးဆောင်ရွက်ရန် ရဲနှင့်လုံခြုံ ရေးဝန်ထမ်းတပ်ဖွဲ့ဝင်အင်အား ၅၀၀၀ ကျော် အသုံးပြုမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

သင်္ကြန်မဏ္ဍပ်များရှိသည့် ကန်တော်ကြီးပတ်လမ်းတစ်ခုလုံး တွင် ရဲတပ်ဖွဲ့ဝင် ၃၂၈ ဦးဖြင့် အ များဆုံး လုံခြုံရေးဆောင်ရွက်မည် ဖြစ်ပြီး တိုင်းဒေသကြီးအနှံ့တွင် တိုင်းဒေသကြီးရဲတပ်ဖွဲ့အောက် ရှိ ရဲတပ်ဖွဲ့၊ ထွေအုပ်၊ မီးသတ်၊ ယာဉ်ထိန်း၊ အရန်တပ်ရင်း စသည့် တပ်ဖွဲ့ဝင်အင်အား ၅၀၀၀ ကျော်ဖြင့် လုံခြုံရေးပေး မည်ဖြစ်ကြောင်း ရဲမှူးကြီးမြင့် အေးက ပြောသည်။

‘‘သင်္ကြန်တွင်းမှာ တုတ်၊ ဓား၊ လက်နက်ဆောင်လာရင် လက် နက်ကိုင်ဆောင်မှုနဲ့ အရေးယူ မယ်။

ဒါပေမဲ့ တုတ်လောက်မိရင်တော့ တရားစွဲမနေတော့ဘူး။  တုတ် ကိုသိမ်းပြီး သတိပေးလိုက်မယ်။ ဓားကို အန္တရာယ်ရှိ လူသေစေ တဲ့ လက်နက်ပါရင် လက်နက်မှုနဲ့ တရားစွဲမယ်’’ ဟု ၎င်းက ပြော သည်။

မကြာမီက ပဋိပက္ခများ ဖြစ် ပွားခဲ့ခြင်းကြောင့် ဒေသန္တရ အမိန့် ထုတ်ပြန်ထားသည့် ရန်ကုန်တိုင်း ဒေသကြီး၊ လှည်းကူးမြို့နယ်နှင့် ရခိုင်ပြည်နယ်၊ စစ်တွေနှင့် သံတွဲ ကို သင်္ကြန်ကာလဖြစ်သော် လည်း အမိန့်အတိုင်းလိုက်နာရန် နှင့် တုတ်၊ ဓား လက်နက်ကိုင် ဆောင်ခြင်း တွေ့ရှိပါက ဥပဒေ အတိုင်းအရေးယူမည် ဖြစ် ကြောင်း သတင်းရရှိသည်။

ထို့ပြင် မဏ္ဍပ်တိုင်းတွင် လုံ ခြုံရေးအရ စီစီတီဗီ ကင်မရာ များတပ်ဆင်စေပြီး ကိုယ်ပိုင် မဏ္ဍပ်လုံခြုံရေးဝန်ထမ်း ငါးဦး ခန့်ထားရှိရန် စည်းကမ်းချက် ထုတ်ထားသည်။

ယမန်နှစ်က ရန်ကုန်သင်္ကြန် လုံခြုံရေးကို ရဲတပ်ဖွဲ့ဝင်အင်အား ၃၅၀၀ ဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ် သည်။ ယခုနှစ်သင်္ကြန်လုံခြုံရေး ကို အထူးလုံခြုံရေးအဆင့်သို့ မြှင့် ထားပြီး သင်္ကြန်ပွဲတော်ကို အေးချမ်းစွာပြီးဆုံးသွားစေရေး ပြည်သူများပါဝင်ပူးပေါင်းကြရန် နှိုးဆော်ထားသည်။

Author: အေးသူစံ
7Day Daily

မိုင်းရှူးးရတနာမြေတွင် မီးလောင်မှုကြောင့် နေအိမ်နှင့်ဆိုင်ခန်းတွေ ၄၀ နီးပါးဆုံးရှုံး


ရှမ်းပြည်တောင်ပိုင်း ပတ္တမြား ကျောက်မျက်ထွက်ရှိတဲ့ မိုင်းရှူးတောင်ပေါ်မှာ ဒီနေ့ မနက်က မီးလောင်မှု တခု ဖြစ်ပွားပြီး လူနေအိမ်အပါအ၀င် ဈေးဆိုင်ခန်းပေါင်း ၄၀ နီးပါး မီးထဲပါသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုင်းရှူးမြို့ အရှေ့ဘက်က လွယ်ဆောင်ထောက်တောင်ပေါ်မှာ ဒီနေ့ မနက် ၉ နာရီက မီးလောင်တဲ့အတွက် သူရဲ့ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်အပါအ၀င် တခြား လူနေအိမ်ခြေ ဈေးဆိုင် ၃၉ လုံး မီးထဲပါသွားတယ်လို့ ဦးအောင်မြင့်သိန်းက ဒီဗွီဘီကို ပြောပါတယ်။

“အဓိက ဖြစ်စဉ်ကတော့ ၀ါယာရှော့လို့ပဲ လောလောဆယ် သတ်မှတ်လို့ ရတယ်။ အဲဒီအိမ် မှာက လူမရှိဘူး။ ကလေးတွေပဲ ရှိတယ်။ ဈေးရောင်းတဲ့ ဆိုင်ဆိုတော့ လူကြီးတွေက ကုန်ထုတ်နေတယ်။ မီးသတ်ကားက ပျက်နေပါတယ်။ ကျနော်တို့ ကိုယ်ထူကိုယ်ထ မီးစက်က ရေကုန်သွားတော့ ငြိမ်းလို့ မရတော့လို့ အကုန်လုံး လောင်သွားတာဗျ။ ကျနော်က အဲဒီ အိမ် မီးလောင်လို့ ငြိမ်းပေးမယ်ဆိုပြီးတော့ ရေပိုက်မီးစက်နဲ့ ထုတ်ပြီး စက်နှိုးပြီးတော့ ရေဖြန်းတာပေါ့။ ကိုယ့်အိမ်ကို အဓိက မထားနိုင်ဘူးလေ။ အဲဒီအိမ်တအိမ် မလောင်ဘူးဆိုရင် ကျန်တဲ့ အိမ်တွေ မလောင်အောင်တော့ တားကြည့်တာပဲ။ နောက်ဆုံး မနိုင်တော့လည်း ကျနော်တို့လည်း ဘယ်လိုမှ မတတ်နိုင်ဘူး။ ကိုယ့်အိမ်က ပစ္စည်းလည်း မထုတ်နိုင်ဘူး။”

အဲဒီဒေသဟာ တောင်ပေါ်လမ်းကြမ်းတဲ့အတွက် ဆိုင်ကယ်ကိုသာ အသုံးများပြီး မိုင်းရှူးမြို့ပေါ်က မီးသတ်ကားတွေလည်း တက်နိုင်မှာ မဟုတ်ဘူးလို့ သူက ဆက်ပြောပါတယ်။

အခြားသူတွေရဲ့ ဆုံးရှုံးမှုပမာဏကို မသိရပေမယ့် သူ့ဆိုင်ကို အသစ်ပြန်ဆောက်မယ် ဆိုရင် ကျပ်သိန်းပေါင်း ၆၀ ကျော် ကုန်ကျမှာ ဖြစ်ပြီး ဆိုင်ထဲက လျှပ်စစ်ပစ္စည်းနဲ့ အိမ်ဆောက်ပစ္စည်းတွေတော့ ကျပ်သိန်း ၁၀၀ လောက် ဆုံးရှုံးတယ်လို့ သူက ဆက်ပြောပါတယ်။

မီးလောင်သွားတဲ့ အိမ်တွေဟာ အများအားဖြင့် ဆိုင်ခန်းနဲ့ တွဲနေတာ ဖြစ်ပြီး ကုန်စုံဆိုင်၊ ဆေးဆိုင်၊ အလှပြင်ဆိုင်၊ ကက်ဆက်ခွေနဲ့ တီဗွီအရောင်းဆိုင်၊ လျှပ်စစ်ပစ္စည်းဆိုင်၊ သစ်သီးအရောင်းဆိုင်နဲ့ ပန်းဆိုင်တွေ ပါဝင်ကာ ပထမဆုံး မီးစလောင်တဲ့ ကုန်စုံဆိုင်ဆိုရင် သိန်း ၅၀၀ လောက် ဆုံးရှုံးမယ်လို့ ဦးအောင်မြင့်သိန်းက ခန့်မှန်းပြောဆိုပါတယ်။

မီးလောင်မှုကြောင့် အိမ်မဲ့ရာမဲ့ဖြစ်သူပေါင်း ၁၀၀ ကျော် ရှိပြီး တခြားအသိမိတ်ဆွေ အိမ်တွေမှာ ခိုလှုံနေရကြောင်း၊ လူ ထိခိုက်သေဆုံးမှု မရှိကြောင်း၊ မွန်းတည့် ၁၂ နာရီအထိ ဘယ်အုပ်ချုပ်ရေး အာဏာပိုင်တွေမှ ရောက်လာတာ မရှိဘဲ ဦးပိုင်ကုမ္ပဏီတခုကတော့ ကျပ်ငွေ ၂ သိန်း ၃ သောင်း လာကူသွားတယ်လို့ သူကဆက်ပြောပါတယ်။

မိုင်းရှုးမြို့ အရှေ့ဘက် ၁၈ မိုင်အကွာမှာရှိတဲ့ လွယ်ဆောင်ထောက်ဒေသဟာ အရင်က တောနက်ထဲမှာ ရှိပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်က ကျောက်နီပတ္တမြားတွေ အမြောက်အများ တူးဖော် တွေ့ရှိခဲ့တာကြောင့် ကျောက်တူးသမားတွေ၊ ဈေးဆိုင်ခန်းတွေနဲ့ မြို့ရွာအသွင် ပြောင်းခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ လူနေဆိုင်ခန်းတွေ သောင်းနဲ့ချီ ရှိပြီး သူတို့နေရာနဲ့ အထက်ဘက်မှာ လွန်ခဲ့တဲ့ ၇ နှစ်က မီးလောင်မှုကြောင့် နေအိမ်ဆိုင်ခန်းတွေ ရာနဲ့ချီ မီးထဲပါ သွားခဲ့ပါတယ်။

By နန်းမြနဒီ (ဒီဗွီဘီ)


ဓာတ်ပုံ - Citizen Journalist

သင်္ကြန်အကြို ထိုင်းတောင်ပိုင်းတွင် ဗုံးပေါက်ကွဲမှုများဖြစ်ပြီးနောက် လုံခြုံရေးတိုးမြှင့်


မကြာမီကျင်းပ တော့မည့် ထိုင်းသင်္ကြန်မကျ ရောက်မီ တစ်ပတ်အလို ပြီးခဲ့ သည့် နှစ်ရက်က ထိုင်းတောင်ပိုင်းယာလာ ပြည်နယ်တွင် ပြီးခဲ့ သည့်နှစ်ရက်အတွင်း ဗုံးခွဲတိုက် ခိုက်မှုများဖြစ်ပွား၍ လုံခြုံရေး တိုးမြှင့်မှုများ ပြုလုပ်ထားသည်။

တနင်္လာနေ့က ယာလာအုပ် ချုပ်ရေးနယ်အတွင်းရှိ ကုန်တိုက် ကြီးတစ်ခု၌ ဗုံးပေါက်ကွဲမှုဖြစ်ပွား ပြီး မီးလောင်ခဲ့ရာ ဘတ်ငွေသန်း ၃၀၀ ဖိုးခန့် ပျက်စီးခဲ့ရသည်။ အဆိုပါ ဆရီဆမ်မိုင်ကုန်တိုက် မှာ ဒေသတွင်း စားသုံးကုန်များ ရောင်းချရာအကြီးဆုံးကုန်တိုက် ကြီးဖြစ်ပြီး တောင်ပိုင်း ပြည်နယ် များဖြစ်သည့် ယာလာ၊ နာရာသီ ၀ပ်နှင့် ပတ္တနီ ပြည်နယ်သုံးခုသို့ ကုန်စည်များဖြန့်ဖြူးရာ ပင်မ နေရာတစ်ခုလည်းဖြစ်သည်။ ကုန်တိုက်နှင့်ကပ်လျက် စတိုး ဆိုင် တစ်ခုမှာလည်း တနင်္လာနေ့ နံနက်က ပစ်မှတ်ထားတိုက်ခိုက် ခံရသည့်နေရာ လေးခုတွင် တစ်ခု အပါအ၀င်ဖြစ်ခဲ့သည်။

ယာလာပြည်နယ်အုပ်ချုပ် ရေးမှူးက တနင်္ဂနွေနှင့် တနင်္လာ နှစ်ရက်ဆက်တိုက် ပေါက်ကွဲခဲ့ သည့် ဗုံးများကို အုပ်စုတစ်ခု တည်းက ပြုလုပ်ခဲ့ခြင်းဖြစ် ကြောင်း စုံစမ်းရေးမှူးများ၏ တွေ့ရှိချက်ကို ကိုးကားပြောကြား သည်။ ၎င်းက တိုက်ခိုက်မှုတွင် ကားဗုံးနှင့် ဆိုင်ကယ်ဗုံးများ ပါ ၀င်ပြီး ကြိုတင်ပြင်ဆင်ပြုလုပ်ခဲ့ ခြင်းဖြစ်ကြောင်း၊ သင်္ကြန်အကြို ကာလတွင် ဒေသစီးပွားရေး ပျက် ပြားအောင် လုပ်ဆောင်ခြင်းဖြစ် ကြောင်း ဆိုသည်။

ထိုသို့ ချိန်ကိုက်ဗုံးများ ပေါက်ကွဲပြီးနောက် အာဏာပိုင် များသည် ပစ်မှတ်ဖြစ်နိုင်သည့် နေရာများကို တင်းကျပ်စွာ စစ် ဆေးနေပြီး လုံခြုံရေးတပ်လှန့် မှုများကို အမြင့်ဆုံးအဆင့်သို့ တပ်လှန့်ထားကြောင်း ဆိုသည်။

ယာလာကုန်သည်ကြီးများ အသင်း ဥက္ကဋ္ဌ နော့ပွန်စီရာဝန်က လည်း တိုက်ခိုက်မှုများကြောင့် စီးပွားရေးအကျိုးသက်ရောက်မှု များမှာ ဆယ်စုနှစ်အတွင်း အထိ ခိုက်ဆုံးဖြစ်ကြောင်း ဆိုသည်။

တနင်္ဂနွေညနေက ယာလာ မြို့လယ်တွင် ဗုံးပေါက်ကွဲမှု ကြောင့် တစ်ဦးသေဆုံးခဲ့ပြီး ၂၈ ဦး ဒဏ်ရာရခဲ့သည်။

—Ref: ANN/The Nation

7Day Daily


ထိုင်းနိုင်ငံတောင်ပိုင်း ယာလာပြည်နယ်မှ ဗုံးပေါက်ကွဲရာနေရာတွင် မီးလောင်မှုတစ်ခု ကို ငြှိမ်းသတ်နေသော မီးသတ်သမားများ (STRINGER/REUTERS)

ဘင်္ဂလာဒေခ်ျ့ UN ဒုက္ခသည်စခန်းတွင် လုပ်သေနတ်နှင့် လူတစ်ဦးဖမ်းမိ


UN အသိအမှတ်ပြု ဒုက္ခသည် စခန်းမှ ရခိုင်ပြည်နယ်သို့ ၀င်ရောက်ပြီး ရာဇ၀တ်မူများ ကျူးလွန်နေသူဟု ယူဆခံရသူ ဒုက္ခသည် တစ်ဦးကို လုပ်သေနတ် တစ်လက်နှင့် အတူ ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့ ( BGB) က ဖမ်းဆီးလိုက်သည်။

ဖမ်းဆီးခံရသူမှာ အသက် (၄၇) နှစ်အရွယ် သူတို့ အခေါ် (ရိုဟင်ဂျာ) ဘင်္ဂလီ လူမျိုး အာဘဒူလ်ဟာမီး ဆိုသူဖြစ်သည်။ ယင်းမှာ UN အသိအမှတ်ပြု ဒုက္ခသည် တစ်ဦး ဖြစ်ပြီး အခန်းနံပါတ် ၁၂၂၅/၄တွင် နေထိုင်ကာ အမည်မှာ အာဘဒူလ်ဟာမီး ဖြစ်သည်။

သူ့အား ယမန်နေ့ နံနက်ပိုင်းက ဘင်္ဂလာနယ်ခြားစောင့်တပ်မှ သွားရောက် ဖမ်းမိ ခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေခ်ျ့ နိုင်ငံထုတ် ဒေသထုတ် သတင်းစာများက ဖော်ပြသည်။

နောက်ထပ် တရားခံနှစ်ဦးမှာ ဖမ်းဆီးနေစဉ် ထွက်ပြေးလွတ်မြောက်သွားသည်ဟု ဆိုသည်။

သူတို့ကို ဖမ်းဆီးနိုင်ရန် တက်ကနက်ရဲစခန်းတွင် အမှူဖွင့်ထားကြောင်း အမှတ် ၄၂ နယ်ခြားစောင့် တပ်ရင်းမှ အရာရှိတစ်ဦးက ဆက်လက် ပြောဆိုသည်။

ဘင်္ဂလားဒေ့ခ်ျနိုင်ငံတွင် UNHCR မှ ဖွင့်လှစ်ထားသော ဒုက္ခသည် စခန်းများမှ ဘင်္ဂလီ(ရိုဟင်ဂျာ)ဒုက္ခသည်များ အချို့သည် ရခိုင်ပြည်နယ် အတွင်းသို့ မကြာခဏ ၀င်ရောက်ပြီး ရာဇ၀တ်မူများကို ကျူးလွန်ကြသည်ဟု နယ်စပ် ဒေသခံများက ပြောသည်။

ထိုသို့ ကျူးလွန်ပြီးနောက် ပြန်လည်ပြီး ဘင်္ဂလာဒေခ်ျ့သို့ ၀င်ရောက်လာကာ ဒုက္ခသည်စခန်းများတွင် ခိုလုံ နေထိုင်ကြသည်ဟု ဆိုသည်။

မြန်မာဘက်ကမှ လူသတ်၊ ဓါးပြမူများဖြင့် ထွက်ပြေးသွားသူ အချို့မှာလည်း ဘင်္ဂလာဒေခ်ျ့ဘက်သို့ ထွက်ပြေးသွားကာ ယင်းဒုက္ခသည် စခန်းများတွင် ခိုလုံကြသည်ဟု အရပ်ဘက်က လာသော သတင်းများတွင် ဖေါ်ပြသည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးမှ တရားဝင် အသိအမှတ်ပြုထားသည့် နော်ဝါပါရာ နှင့် ကော့တော့ပလောင် ဒုက္ခသည်စခန်း၂ ခု ရှိပြီး ဒုက္ခသည် အရေအတွက်မှာ စုစုပေါင်း ၃၀၀၀၀ ခန့်ရှိကြောင်း သိရသည်။

၁၉၉၂ ခုနှစ်က စခန်း (၂) ခုကို စတင်ထူထောင်စဉ် လူဦးရေ ၇၀၀၀ ခန့်သာရှိခဲ့သော ၎င်းစခန်းများ၏ လူဦးရေမှာ မွေးဖွားနုန်း မြန်ဆန်ခြင်းကြောင်း ယခုကဲ့သို့ ဒုက္ခသည် အရေအတွက် အဆမတန် တိုးပွားနေခြင်း ဖြစ်ကြောင်း ဒုက္ခသည် စခန်းနှင့် ပတ်သက်သော အစီရင်ခံစာ တစ်ခုတွင် ရေးသား ဖေါ်ပြထားသည်။

ယင်းဒုက္ခသည်စခန်းမှ ဒုက္ခသည်များကို မြန်မာနိုင်ငံကို ပြန်ပို့ရေး အတွက် ကလေးငယ်များကို မြန်မာစာ သင်ကြားပေးသည်ဟုလည်း သိရသည်။

(နိရဉ္စရာ- ၉ ဧပြီလ ၂၀၁၄)

သင်္ကြန်တွင် ပဋိပက္ခမဖြစ်ရန် ရဲတပ်ရင်းအားလုံး ထုတ်သုံးကာ လုံခြုံရေးတာဝန်ယူမည်

၂၀၁၃ ခုနှစ် မြန်မာအတာသင်္ကြန်ကာလအတွင်း ရန်ကုန်မြို့ ပြည်လမ်းတစ်နေရာတွင် လုံခြုံရေးတာဝန် ယူထားသည့် ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ ယခုနှစ် ရန်ကုန်သင်္ကြန်တွင် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများ မဖြစ်ပွားစေရန် ရန်ကုန်ရှိ ရဲတပ်ရင်းအားလုံးကို ထုတ်သုံးပြီး လုံခြုံရေးတာဝန်ယူသွားမည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။ (ဓါတ်ပုံ - မဇ္ဈိမ)

သင်္ကြန်ပွဲတော်ကာလတွင် ရန်ကုန်တိုင်းအတွင်း ဘာသာရေးလူမျိုးရေးပဋိပက္ခများမဖြစ်စေရန် တိုင်း အတွင်းရှိ ရဲတပ်ရင်းအားလုံးကို ထုတ်သုံးကာ မြို့နယ်စခန်းများကိုလည်း အရန်အဖြစ် စုဆောင်းဖွဲ့စည်း ထားပြီး လုံခြုံရေးတာဝန်ယူ ဆောင်ရွက်မည်ဟု ရန်ကုန်တိုင်းနယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူး ကြီးတင်ဝင်းက မဇ္ဈိမကို ပြောသည်။

“အင်အားအနေနဲ့တော့ ရှိတဲ့အင်အားကို ထုတ်နုတ်ပြီးတော့ ဒီမှာအင်ပြည့်အားပြည့် သုံးရမှာဖြစ်ပါတယ်။ အရန်ကောဘာကော အကုန်သုံးမှာပါ။ ဒီသင်္ကြန်ကာလမှာ ရဲတပ်ရင်းတွေကို အကုန်ထုတ်သုံးသွားမှာပါ” ဟု ၀န်ကြီးက ပြောသည်။

မှော်ဘီရဲတပ်ရင်း နှစ်ခု၊ ရွှေပြည်သာ ရဲတပ်ရင်း၊ လှိုင်သာယာရဲတပ်ရင်း၊ ရွှေမြရာ ရဲတပ်ရင်း၊ ပဲခူးရဲတပ် ရင်း၊ မင်္ဂလာဒုံ ရဲတပ်ရင်းများရှိ ရဲတပ်ရင်းခုနစ်ခုစလုံးရှိ ရဲအင်အားအကုန်ထုတ် အသုံးပြုသွားမည် အပြင် မြို့နယ်ရဲစခန်းများရှိ ရဲများဖြင့်လည်း လုံခြုံရေးအတွက် တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်သည်။

“ဒီကြားထဲဖြစ်တဲ့အပေါ် မူတည်ပြီးတော့ အင်အားတိုးချမှာပါ။ ထူးခြားလာရင် ထူးခြားသလို ကျွန်တော်တို့ အရန်အဖွဲ့တွေ ထိုးထည့်ပြီးတော့ ဆောင်ရွက်ပေးသွားမယ်”ဟုလည်း ၎င်းက ပြောသည်။

ရန်ကုန်မြို့တွင် (၁၁)ကြိမ်မြောက် ရခိုင်သင်္ကြန်ပွဲတော်ကို ကျင်းပမည်ဖြစ်ရာ ပွဲတော်အတွက် လုံခြုံရေးယူ ပေးရန် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အကူအညီတောင်းထားသည်ဟု ရိုးရာ သင်္ကြန်ပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာစံလှကျော်က ပြောသည်။

“လုံခြုံရေးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အကူအညီတောင်းထားတယ်။ ပွဲကျင်းပရေး ကော်မတီအောက်မှာ လည်း လုံခြုံရေးကော်မတီ ဖွဲ့ထားတယ်။ နောက်ပြီး စီစီတီဗီကင်မရာ ရှစ်လုံးတပ်ဆင်မယ်၊ အ၀င်ပေါက် တွေမှာ စစ်ဆေးမယ်”ဟု ဒေါက်တာစံလှကျော်က မဇ္ဈိမကိုပြောသည်။

ရခိုင်ရိုးရာသင်္ကြန်ကို နံ့သာသွေး ပွဲတော်၊ ဘုရားရေသပ္ပာယ်ပွဲတော်တို့ကို ရွှေတိဂုံဘုရားအလယ်ပစ္စယံရှိ ရခိုင်ဓမ္မာရုံတွင် ကျင်းပမည်ဖြစ်ပြီး သင်္ကြန်ရေလောင်းပွဲတော်ကို ရန်ကုန်မြို့သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏ ကွင်းတွင် ကျင်းပမည်ဖြစ်သည်။

လှည်းကူး
ဧပြီ ၄ ရက်က ပဋိပက္ခဖြစ်ပေါ်ခဲ့သည့် လှည်းကူးမြို့နယ်တွင် လက်ရှိပုံမှန်အနေအထားရောက်ရှိသော် လည်း သင်္ကြန်ကာလတွင် လုံခြုံရေးတိုးမြှင့်ချထားမည်ဖြစ်သည်။ လှည်းကူးမြို့နယ်တွင် ခိုက်ရန်ဖြစ်ပွားမှု များ ထပ်မံကြုံတွေ့လာပါက သွားရောက်ဖြေရှင်း ဆောင်ရွက်နိုင်ရန် လုံခြုံရေးအဆင်သင့် စီမံထားသည်ဟု ဦးတင်ဝင်းက ဆိုသည်။


မိတ္ထီလာ
၂၀၁၃ ခုနှစ်၊ မတ်အတွင်းက ပဋိပက္ခများဖြစ်ပေါ်ခဲ့ပြီး သင်္ကြန်ပွဲတော်ကျင်းပနိုင်ခြင်းမရှိသည့် မိတ္ထီလာတွင် မူ ယခုနှစ်သင်္ကြန်ပွဲတော် ကျင်းပမည်ဖြစ်ပြီး နေရာအလိုက် ရဲတပ်ဖွဲ့ ၃၅ ဖွဲ့ကို အလှည့်ကျ တာဝန်ပေးကာ လုံခြုံရေးယူသွားမည်ဟု မိတ္ထီလာခရိုင်ဦးစီးအရာရှိ ဦးမြင့်အေးက မဇ္ဈိမသို့ ပြောသည်။

“အင်အားခွဲတမ်းတွေ ဘယ်လိုချထားတယ်ဆိုတာကတော့ လုံခြုံရေးအရ သိခွင့်မပေးထားဘူး။ ဘယ်လိုနေ ရာတွေမှာချမယ်ဆိုတာလည်း ပြောခွင့်မပေးထားဘူး။ ဒါပေမဲ့ လုံခြုံရေးနေရာတွေကတော့ အတိအကျ ထွက်ရှိပြီးပြီ။ ဒုက္ခသည်စခန်းတွေမှာရှိတဲ့ သူတွေလည်း နေခင်းပိုင်းတွင် ပုံမှန်အချိန်အတိုင်း ထွက်ခွင့်ရရှိ မယ်”ဟု ဦးမြင့်အေးက ပြောသည်။



လားရှိုး
၂၀၁၃ ခုနှစ်၊ မေလအတွင်း ပဋိပက္ခများ ဖြစ်ပေါ်ခဲ့သည့် လားရှိုးမြို့တွင်မူ မဏ္ဍပ်ရှစ်ခု တည်ဆောက်ခွင့် ပြုထားပြီး လုံခြုံရေးအပြည့်အ၀ တာဝန်ယူဆောက်ရွက်သွားမည်ဟု ခရိုင်ရဲတပ်ဖွဲ့ဝင်တို့က ဆိုသည်။ “ပဋိ ပက္ခဖြစ်ပွားခဲ့တဲ့ နေရာတွေမှာ နောက်ထပ်မဖြစ်ပွားအောင် လှည့်ကင်းများဖြင့် ဆောင်ရွက်နေတယ်။ နောက်ပြီး ၀ိုင်းပတ်ပိတ်ဆို့စနစ်နဲ့ ဆောင်ရွက်နေတယ်။ ပြစ်မှုကျူးလွန်ခဲ့တဲ့နေရာတွေမှာ လုံခြုံရေး ယူထား တယ်။ ဘယ်နေရာတွေမှာ နေရာယူထားတယ်ဆိုတာ ပြောလို့မရဘူး။ ရှိတဲ့ ရဲအင်အားနဲ့ လုံခြုံရေးတာဝန် ယူဆောင်ရွက်နိုင်တယ်”ဟု လားရှိုးမြို့နယ် ဒု-ရဲအုပ် ထွန်းထွန်းက ပြောသည်။

ရခိုင်ပြည်နယ်ရှိ မြို့ကြီးများ
ရခိုင်ပြည်နယ်ရှိ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် မြို့အများစုတွင် သင်္ကြန်ပွဲတော်အတွက် ပြင်ဆင်နိုင်ခြင်း မရှိသေးဟု ရခိုင်ပြည်နယ် မြို့နယ်အသီးသီးသီးမှ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့ဝင်များက ဧပြီ ၈ ရက် တွင် မဇ္ဈိမကို ပြောသည်။

ရခိုင်ပြည်နယ် ခရီးသွားမြို့ဖြစ်သော မြောက်ဦး၊ မောင်တော၊ စစ်တွေမြို့ အပါအ၀င် သံတွဲမြို့များတွင် သင်္ကြန်မဏ္ဍပ်များ ဧပြီ ၈ ရက်အထိ စီစဉ်ဆောက်လုပ်ခြင်းမရှိသေးဟု ဒေသခံများက ဆိုသည်။

“ပုဒ်မ ၁၄၄ လည်းထုတ်ပြန်ထားတော့ သင်္ကြန်မဏ္ဍပ်တွေ ယိမ်းအကတွေ ဒီနှစ်မလုပ်ဖြစ်တော့ဘူး”ဟု သံတွဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးလွင်က မဇ္ဈိမ ကို ပြောသည်။ ငပလီမြို့နယ်ခွဲတွင်မူ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားခြင်း မရှိသည့်အတွက် ဟိုတယ်များ၏ အစီအစဉ်ဖြင့် မဏ္ဍပ်များ ဆောက်လုပ်မည် ဖြစ်ပြီး ငပလီကမ်းခြေ လုံခြုံရေးကိုမူ တင်းကျပ်စွာချထားပေးမည် ဟုလည်း ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ် သင်္ကြန်မဏ္ဍပ်များတွင် ညအချိန်များတွင်မူ ရိုးရာယိမ်းအကများဖြင့် မဏ္ဍပ်များတွင် ဖျော်ဖြေ လေ့ရှိကာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသဖြင့် ထိုပျော်ပွဲရွှင်ပွဲများကို သံတွဲမြို့အပါအ၀င် မြို့နယ်အချို့တွင် ကျင်းပနိုင်မည်မဟုတ်ဟု ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်းက ပြောသည်။

“ရခိုင်ပြည်နယ်မှာဖြစ်တဲ့ ပြဿနာတွေကြောင့် ပြည်သူတွေ သင်္ကြန်ပွဲတော်ကိုတောင် စည်စည်ကားကား မကျင်းပနိုင်တာ သုံးနှစ်လောက်ရှိပြီ”ဟု ဦးအောင်ကျော်ညွှန့်က ပြောသည်။

သံတွဲမြို့တွင်းမှ လူငယ်တစ်ဦးဖြစ်သည့် “ကိုမင်းမင်းစိုးက မြို့တစ်မြို့လုံးမှာ မဏ္ဍပ်တစ်ခုတောင် မဆောက် ဘူးဆိုတော့ သင်္ကြန်မရှိတာနဲ့အတူတူပဲ။ သင်္ကြန်မှာပျော်ဖို့ အားခဲထားတဲ့ လူငယ်တွေက ဘာလုပ်ရမှာ လဲ”ဟု ပြောသည်။

“အရင်နှစ်တွေကဆို မြောက်ဦးမှာ မဏ္ဍပ်ပေါင်း ၂၀ က ၃၀ ကြား ဆောက်တယ်။ ပြီးခဲ့တဲ့နှစ်ကတော့ ၁၀ ခုလောက်ပဲ ဆောက်တယ်၊ ဒီနှစ်တော့ မဆောက်သေးဘူး”ဟု ကိုထွန်းထွန်းက မဇ္ဈိမကိုပြောသည်။

ပြည်
ပြည်ခရိုင်အတွင်းရှိ မြို့နယ်ခြောက်ခုတွင်မူ လုံခြုံရေးအင်အား ၇၀၀ ကျော် ချထားမည်ဟု ခရိုင်ရဲမှူး ခင် မောင်သန်းက ပြောသည်။ “ပြည်ခရိုင်တစ်ခုလုံးမှာ အဓိကတော့ ပြည်မြို့မှာဖြစ်တယ်။ မဏ္ဍပ်တိုင်း ရပ် ကွက်တိုင်းမှာ လုံခြုံရေး အပြည့်အ၀ယူ ပေးမယ်”ဟု ပြောသည်။

မဇ်ၥိမ