Password ပြောင်းလဲရန် သုံးစွဲသူ သန်းပေါင်းများစွာကို AOL တိုက်တွန်း


ဆိုက်ဘာတိုက်ခိုက်မှုတစ်ခုaကြာင့် အကောင့် နှစ်ရာခိုင်နှုန်း ထိန်းချုပ်ခံရပြီးနောက် ကုမ္ပဏီ၏ အီးမေးလ်အကောင့်ပိုင်ရှင်များ အနေဖြင့် ၎င်းတို့၏ password နှင့် လုံခြုံရေးမေးခွန်းများကို ပြောင်းလဲရန် AOL Inc က တိုက် တွန်းခဲ့သည်။


AOL ကုမ္ပဏီ၏ ပြောကြား ချက်အရ ဆိုက်ဘာတိုက်ခိုက်မှုအ တွက် ဖက်ဒရယ်အစိုးရက စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ဟက်ကာများသည် အီးမေးလ် လိပ်စာများ၊ စာတိုက်လိပ်စာများ encrypt လုပ်ထားသည့် password များနှင့် reset password လုပ်ရာတွင် အသုံးပြုသည့် လုံခြုံ ရေးမေးခွန်း အဖြေများကို ရယူခဲ့ သည်။

သို့သော်လည်း encrypt ပြုလုပ်ထားသည့် အချက်အလက် များ ပေါက်ကြားခဲ့သည့် အရိပ် အယောင်မတွေ့ကြောင်း AOL က ဆိုသည်။

ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိ သူတစ်ဦးကမူ စနစ်ပေါ်တွင် မှတ် ပုံတင်ထားသည့် အီးမေးလ်အ ကောင့်အရေအတွက်ကို ပြော ကြားရန် ငြင်းဆိုသည်။

AOL ၏ အဆိုအရ AOL လိပ်စာများမှ spoof email များ ထွက်ပေါ်လာကာ spam ပမာဏ အဆမတန် များပြားလာပြီးနောက် ယခုကဲ့သို့အချက်အလက် ပေါက် ကြားမှု ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ အီးမေးလ်များသည် ပေးပို့သူ၏ service provider မှ ထွက်ပေါ်လာခြင်းမဟုတ်ဘဲ ၎င်းတို့၏ လိပ်စာများကို ပြင်ဆင်ထားသည်။

7 Day Daily



ကြောင်တွေကို ချစ်ပြီး မွေးစားတတ်တဲ့ မျောက်ဝံမ Koko



Koko လို့ အမည်ရတဲ့ အသက် ၄၂ နှစ်အရွယ် မျောက်ဝံမကြီး ဖြစ်ပါတယ်။ အမေရိကန် ဆန်ဖရန်စစ္စကိုက တိရစ္စာန်ဥယျာဉ်မှာ နေထိုင်ပြီး အင်မတန် ဥာဏ်ကောင်းတဲ့ သတ္တဝါ ဖြစ်ပါတယ်။ သူ့ရဲ့ အထူးခြားဆုံး လုပ်ဆောင်ချက် တစ်ခုက ကြောင်တွေကို မွေးခြင်း ဖြစ်ပါတယ်။


ကြောင်တင် မကပဲ အခြားသော တိရစ္စာန်ငယ်လေး များကိုလည်း ချစ်တတ် ပါတယ်။ ဒါကြောင့် သူ့အတွက် မွေးစရာ တိရစ္ဆာန်ကို ဥယျာဉ်က ပေးထားပြီး သူကိုယ်တိုင် ပြုစု စောင့်ရှောင့် ပါတယ်။ သူဟာ အမေရိကန်ရဲ့ ခြေဟန်၊ လက်ဟန် ဘာသာ စကား၊ စကားလုံးပေါင်း ၁၀၀၀ ကျော်ကို နားလည်ပြီး ဥာဏ်အကောင်းဆုံး မျောက်ဝံ အဖြစ်လည်း စံချိန်တင်ထား ပါတယ်။

တစ်ခါတစ်လေကျရင်လည်း သူဟာ လူတွေကို လိမ်တတ်ပါ သေးတယ်။ အဲ့ဒီလို ထူးခြားမှုများစွာ ရှိနေတဲ့ သူမကို ပိုမို ကျွမ်းကျင် တတ်မြောက် သွား သင်ကြား ပေးလျက် ရှိကြောင်း သိရ ပါတယ်။
.
Ref: koko.org
အောင်ခမ်း (www.innewsmyanmar.com)

နေ့ထူးနေ့မြတ် များ၌ ခြွင်းချက်မရှိ အလုပ်ပိတ် ပေးရန် ညှိနှိုင်းမည်


အစဉ်အလာ နေ့ထူးနေ့မြတ်ကြီး များတွင် အလုပ်သမား များအား ခြွင်းချက် မရှိ အလုပ်ပိတ် ပေးရန် ညှိနှိုင်း ဆောင်ရွက် သွားမည်ဖြစ် ကြောင်း အလုပ်သမား ဒုတိယ ၀န်ကြီးက ပြောသည်။

ယမန်နေ့က လှိုင်သာယာ မြို့နယ်၌ ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အထိမ်းအမှတ် နှီးနှော ဖလှယ်ပွဲတွင် အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးတင်အောင်မှ အထက်ပါ အတိုင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။

““မေဒေးနေ့မှာ အလုပ် မပိတ်တဲ့ စက်ရုံတွေ ရှိတယ်လို့ ကြားသိရတယ်။ ဒီနေ့ဟာ အလုပ်သမားကြီး များအတွက် အရေးကြီးတဲ့ နေ့ထူးနေ့မြတ် ဖြစ်လို့ ပိတ်ပေးသင့်တယ်။ နောင်နှစ်တွေမှာ အစဉ်အလာ နေ့ထူးနေ့မြတ် ကြီးတွေမှာ လုံးဝ ပိတ်ဖို့ ညှိနှိုင်း ဆောင်ရွက် သွားမယ်”” ဟု ၎င်းက ပြောသည်။

ကုန်အမှာစာ များရှိ၍ အလုပ်ဆင်းရန် လိုအပ်သော စက်ရုံများ၊ ငါးပုစွန် အအေးခန်း စက်ရုံများသည် အလုပ်ပိတ်ရန် မလွယ်ကူဘဲ အဆိုပါ နေ့ရက်များတွင် အလုပ်သမားများ အား လုပ်ခနှစ်ဆ ပေး၍ အလုပ်ဆင်းစေ ကြောင်း လှိုင်သာယာ စက်မှုဇုန်များ ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က The Messenger သတင်းစာသို့ ပြောသည်။

““အလုပ်သမားတွေရော အလုပ်ရှင်တွေ ပါ ညှိညှိ နှိုင်းနှိုင်းနဲ့ အဆင်ပြေ ပါတယ်။ အအေးခန်းလို အဆိုင်းနဲ့ အလုပ် တွေက ရပ်ဖို့ မလွယ် ဘူး။ ၀န်ကြီးဌာနက ညွှန်ကြားရင်တော့ စက်ရုံတွေက လိုက်နာမှာပါ”” ဟု ၎င်းကပြောသည်။

စက်ရုံများမှ အလုပ်သမား များအား နေ့ထူးနေ့မြတ်ကြီး များတွင် မဆင်းမနေရ ဖိအားပေး ဆင်းခိုင်းမှုများ ရှိပြီး၊ အလုပ်မဆင်း ပါက အဆင့်ဆင့် ဖြတ်တောက်မှု များရှိကြောင်း အလုပ်သမား နှီးနှော ဖလှယ်ပွဲကို တက်ရောက်သည့် အလုပ်သမားများ ထံမှသိရသည်။

““အများပိတ်တဲ့ ပျော်ပွဲရွှင်ပွဲ နေ့တွေ အလုပ်ဆင်းရမယ် ဆိုရင် ဖျက်လို့ မရဘူး။ ဆင်းလို့ ပိုက်ဆံရတာ နည်းနည်း၊ မဆင်းရင် ပိုက်ဆံ အများကြီး ဖြတ်ခံရတာ”” ဟု စိုင်းမြတ်ထွန်း အောင် အထည်ချုပ် စက်ရုံမှ အလုပ်သမား တစ်ဦးက The Messenger သတင်းစာသို့ ပြောသည်။ (၁၂၄) ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ အလုပ်သမားနေ့ တွင် လှိုင်သာယာ စက်မှုဇုန်၌ပင် အလုပ်ဆင်းရသော စက်ရုံ (၂၀)ရှိကြောင်း သိရသည်။ Gallant Ocean အအေးခန်း စက်ရုံမှ တာဝန်ရှိသူ တစ်ဦးက မေဒေးနေ့တွင် အလုပ်ဆင်းရ သောကြောင့် စက်ရုံ အလုပ်သမားများကို ဆုကြေးအပြင် မုန့်ဖိုးပါ ပေးကြောင်း ပြောကြားသည်။
The Messenger


(၂)နှစ်အရွယ် မယားပါသမီးကို ပထွေးဖြစ်သူက မုဒိမ်းကျင့် သတ်ဖြတ်

(သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မြင်ကွင်း)

မိန်းကလေးငယ်၏ ပထွေးတော်စပ်သူသည် မိန်းကလေး၏ မိခင်မရှိချိန်၌ မိနစ်(၂၀)ကြာမျှ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။


ဩစတြေးလျ နိုင်ငံတွင် (၂)နှစ်အရွယ် မယားပါသမီးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသား တစ်ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။ အသက်(၂၃)နှစ်အရွယ် အမျိုးသားကို ဆစ်ဒနီမြောက်ပိုင်း၊ ကော့ဖ်ဟာဘားစ်အရပ်တွင် ဖမ်းဆီးကာ သောကြာနေ့တွင် လူသတ်မှု၊ မုဒိမ်းမှုများဖြင့် စွဲချက်တင်ခဲ့ကြောင်း ရဲများက ဆိုသည်။ မိန်းကလေးငယ်၏ ပထွေးတော်စပ်သူသည် မိန်းကလေး၏ မိခင်မရှိချိန်၌ မိနစ်(၂၀)ကြာမျှ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဧပြီလ (၂၀)ရက်နေ့က ဖြစ်ရပ်ကြောင့် မိန်းကလေးသည် ဆေးရုံသို့ တင်ပို့ခံရသော်လည်း နောက်ပိုင်းတွင် ကိုယ်တွင်းဒဏ်ရာများဖြင့် အသက်ဆုံးရှုံးသွားရှာသည်။


ရဲတပ်ဖွဲ့သည် ကြာသပတေးနေ့တွင်မူ မိန်းကလေး၏ ပထွေးအား ဖမ်းဆီးခဲ့သည်။ ၎င်းသည် မူးယစ်ဆေးဝါး သုံးစွဲမှုဖြင့်လည်း သီးခြားစွဲချက်တင်ခြင်း ခံခဲ့ရသည်။ စုံထောက်အရာရှိ ဒါရန်ဂျာမီဆန်က “ကလေးမလေးရဲ့ အစာအိမ်ထိ ထိုးနှက်ချက် တော်တော်များများ ခံထားရတယ်။ အဲဒီမှာတင် အတွင်းပိုင်း ဒဏ်ရာတွေ အများကြီး ရသွားပြီး သူကွယ်လွန်သွားရှာတာပါ။ သူ့အခြေအနေက မြန်မြန်ဆန်ဆန်ပဲ ဆိုးရွားသွားခဲ့တယ်။ ဧပြီလ (၂၁)ရက်နေ့မှာ ကလေးမလေး ကွယ်လွန်ခဲ့ပါတယ်”ဟု တရားရုံးတွင် ထွက်ဆိုခဲ့သည်။ ရဲတပ်ဖွဲ့၏ အဆိုအရ ကလေးမလေး၏ မိခင်သည် နေအိမ်အပြင်ဘက်သို့ အချိန်တိုလေးမျှ ထွက်ခွာသွားစဉ် ယခုတိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့ခြင်းဟု သိရသည်။ ပထွေးဖြစ်သူ အနေဖြင့် ယခုသီတင်းပတ်ကုန်တွင် စွဲချက်တင်မှုနှင့် စတင်ရင်ဆိုင်ရမည်ဖြစ်သည်။

Planet Myanmar Network

လိင်ပိုင်း ပုံတွေနဲ့ ငွေညှစ်တဲ့အဖွဲ့ ဖိလစ်ပိုင်မှာ ဖမ်းဆီး



ဖိလစ်ပိုင် ဆိုက်ဘာပြစ်မှု ဌာန အကြီးအကဲ သတင်းစာ ရှင်းလင်းစဉ်
ကမ္ဘာတဝန်း ချိတ်ဆက်ပြီး ဝက်ဘ်ကမ် တွေကနေ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပုံတွေ ရယူပြီး လူတွေကို ငွေညှစ် အကျပ်ကိုင်တဲ့ လူပေါင်း ၆၀ နီးပါး ပါဝင်တဲ့ အဖွဲ့ကို ဖိလစ်ပိုင်မှာ ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

အဲဒီ အဖွဲ့ဟာ လူမှုကွန်ရက် တွေကို သုံးပြီး လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို ဝက်ကမ်တွေကနေ တဆင့် ပို့ပေးလာအောင် လူတွေကို ဖျားယောင်း တိုက်တွန်း ခဲ့ကြတယ်လို့ Interpol နိုင်ငံတကာ ရဲတပ်ဖွဲ့နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ရဲတွေက ပြောပါတယ်။

အဲဒီ ပုံတွေ ရလာပြီးနောက် ပို့ပေးလာကြ သူတွေကို ငွေညှစ်ပြီး ငွေမပေးရင် သူတို့ ပုံတွေကို သူငယ်ချင်း၊ ဆွေမျိုးတွေဆီ အဲဒီ ပုံတွေ ပို့လိုက်မယ်လို့ အကျပ်ကိုင်ကြပါတယ်။

မနှစ်တုန်းက အဲဒီလို အကျပ်ကိုင် ခံခဲ့ရတဲ့ စကော့တစ်ရှ် ဆယ်ကျော်သက် တစ်ယောက် သူ့ကိုယ်သူ အဆုံးစီရင် သွားခဲ့ပါတယ်။

BBC

လူမှုကွန်ယက်ရှိ ဓာတ်ပုံများအား လူတိုင်းမနှစ်သက်ရခြင်း၏ အကြောင်း ၂၅ ချက်




အွန်လိုင်းမှတစ်ဆင့် ဓာတ်ပုံများ ဝေမျှခြင်းဟာ ယနေ့ခေတ်မှာ အရမ်းကို ခေတ်စားလာပါတယ်။ လူတိုင်းဟာ မပြောပလောက်တဲ့အရာတွေနဲ့ အဖြစ်အပျက်တွေကို လူမှုကွန်ယက်တွေမှာ များစွာ ဝေမျှလာကြပါတယ်။

မိမိတို့သတိထားရမှာက လူမှုကွန်ယက်ကြီးတစ်ခုလုံးဟာ ရှုပ်ထွေးပွေလီနေတဲ့ ဓာတ်ပုံများနဲ့ တဖြည်းဖြည်း ရှုပ်ထွေးလာနေတယ်ဆိုတာပါပဲ။ ဒါတွေဟာ အမှန်တကယ်တော့ အွန်လိုင်းမှာ ဝေမျှဖို့ မလိုအပ်ပါဘူး။ သင်တို့အနေနဲ့ အောက်ဖော်ပြပါ အကြောင်းအရင်းများနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ရှောင်ရှားကြဖို့ လိုအပ်ပါတယ်။

၁။ ယခင်က အပြင်ကို တစ်ခါမှ မထွက်ဘူးသူများ ရိုက်ကူးထားသောဓာတ်ပုံများ
၂။ ရာသီဥတုအခြေအနေကို Screenshot ရိုက်ကူးထားတဲ့ ဓာတ်ပုံများ
၃။ လှုံ့ဆော်မှုများနဲ့ပတ်သက်တဲ့ ဓာတ်ပုံများ
၎။ ဘ၀ကို အလေ့အကျင့်တစ်ခုဟု နားလည်ယူဆသည့်ဓာတ်ပုံများ
၅။ ကျန်းမာရေးလေ့ကျင့်မှု လုပ်ဆောင်နေသည့် ဓာတ်ပုံများ
၆။ ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာများကို ရိုက်ကူးထားသည့် ဓာတ်ပုံများ
၇။ ထိတ်လန့်ဖွယ်ဗွီဒီယိုများ
၈။ မည်သည့်အကြောင်းအရာမဆို ရိုက်ကူးထားသည့် ဓာတ်ပုံများ
၉။ အကြောင်းမရှိဘဲ မိမိကိုယ်ကိုယ် ရိုက်ကူးသည့် ဓာတ်ပုံများ
၁၀။ အစားအသောက်နှင့်ပတ်သက်ပြီး အမြင်မလှသည့် ဓာတ်ပုံများ
၁၁။ မိမိအစားအသောက်စားသောက်သည်ကို ပြန်လည် ရိုက်ကူးထားသည့်ပုံများ
၁၂။ အစားအသောက်စားသုံးပြီးနောက် ၎င်းစားကျွင်းစားကျန်များကို ရိုက်ကူးထားသည့်ပုံများ
၁၃။ စကားလုံးတစ်ထောင်လောက်ပင် တန်ဖိုးမရှိသည့် ဓာတ်ပုံများ
၁၄။ ညစ်ပတ်သည့် ပန်းကန်များကို ရိုက်ကူးထားသည့်ပုံများ
၁၅။ မိမိကိုယ်ကို အဆက်မပြတ် ရိုက်ကူးထားသည့် ပုံများ
၁၆။ လေယာဉ်ပေါ်မှ လေယာဉ်တောင်ပံကို ရိုက်ကူးထားသော ဓာတ်ပုံများ
၁၇။ လေယာဉ်ပြတင်းပေါက်ကို ရိုက်ကူးထားသည့်ဓာတ်ပုံများ
၁၈။ ကောင်းကင်နှင့်ပတ်သက်သည့် ဓာတ်ပုံများ
၁၉။ မွေးမြူထားသည့်ခွေးအား ရိုက်ကူးထားသည့် ဓာတ်ပုံများ
၂၀။ ဓာတ်ပုံတစ်ခုတည်းတွင် ပုံစံသုံးမျိုးဖြင့် ရိုက်ကူးထားသည့် ပုံများ
၂၁။ PicStitch Application ကို လုံးဝနားမလည်ဘဲ ရိုက်ကူးသည့် ဓာတ်ပုံများ
၂၂။ မိမိ မည်သည့် သီချင်းနားထောင်နေသည်ကို ရိုက်ကူးထားသည့် ဓာတ်ပုံများ
၂၃။ မိမိ လုပ်ငန်းခွင်သို့ရောက်ရှိကာ လုပ်ငန်းလုပ်ကိုင်နေသည်ကို တစ်ပါးသူသိလို၍ တင်သည့် ဓာတ်ပုံများ
၂၄။ ပျင်းစရာကောင်းသည့် Text မက်ဆေ့များ
၂၅။ နှုတ်ခမ်းစူကာ ရိုက်ကူးထားသည့် ဓာတ်ပုံများ
ဖြစ်ပါကြောင်း တင်ဆက်ပေးလိုက်ရပါတယ်။

MOI

RCSS/SSA တပ်မှ ပစ်ခတ်၍ “ဝ” တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခြင်းမှာ အောက်ခြေ ပြသနာဟု “ဝ” သဘောထား



ဟင်္သာနီ (မွန်မြေ)

စံခလပူရီ၊ မဇ္ဈိမ။ ။ “ဝ” တပ်ဖွဲ့မှ စစ်သည်တစ်ဦး သေဆုံးသည်အထိ ရှမ်းပြည်တောင်ပိုင်း တပ်မတော်(RCSS/SSA)မှ တပ်ဖွဲ့ဝင်များနှင့် ဖြစ်ပွားခဲ့သော ပစ်ခတ်မှုကို အောက်ခြေအဆင့်
ပြသနာဟုသာ သထောထားသည်ဟု “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က မဇ္ဈိမကို ပြောသည်။

“ဒါကတော့ မမျှော်လင့်ဘဲ ဖြစ်သွားတဲ့ ကိစ္စ၊ အောက်ခြေအဆင့် ပြသနာပါ၊ ဒီကိစ္စ ဆက်ပြီး မကြီးထွားသွားအောင် မပြန့်ပွား သွားအောင် နှစ်ဖက်လည်း ကိုယ့်တပ်၊ ကိုယ့်အဖွဲ့ကို ထိန်းချုပ်နိုင်အောင်
လုပ်ဖို့လိုတယ်၊ ဘာပဲပြောပြော တိုင်းရင်းသား ညီအစ်ကို အဖွဲ့အစည်းတွေပဲ” ဟု ပြောရေး ဆိုခွင့်ရှိသူ ဦးအောင်မြင့်က မဇ္ဈိမကို ပြောသည်။

ထိုပစ်ခတ်မှုမှာ ပြီးခဲ့သည့် ဧပြီလ (၅) ရက်နေ့၌ ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းပန် မြို့နယ် အတွင်းရှိ ဟိုပန်၊ ဟိုခင်းဟု ခေါ်သည့် ဒေသ၌ ဖြစ်ပွားခဲ့ပြီး ရှမ်းပြည်တောင်ပိုင်း တပ်မတော်၏ ပစ်ခတ်မှုကြောင့်
“ဝ” တပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးကာ တစ်ဦး ဒဏ်ရာရခဲ့သည်။

ရှမ်းပြည် တောင်ပိုင်း တပ်မတော် တပ်ဖွဲ့ဝင်များက “ဝ” တပ်ဖွဲ့ဝင်မှန်းမသိရှိသဖြင့် ပစ်ခတ်ခဲ့မိသည်ဟု ရှမ်းပြည်တောင်ပိုင်း တပ်မတော် ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်းက ပြောသည်။

“ကျွန်တော်တို့ အဖွဲ့က “ဝ” တပ်ဖွဲ့မှန်း မသိဘူး၊ အဲဒီ ဒေသမှာ ရွှေလာခိုးပြီး တူးနေတဲ့ အဖွဲ့တွေ ရှိတယ်၊ သတိပေးတာလည်း များပြီးလေ၊ အခုလည်း အဲဒီ အနေအထားမှာ တစ်ဖက်ကလည်း လက်နက်ကိုင်ထားတယ် ဆိုတော့ ပစ်ခတ်မှု ဖြစ်သွားတာပါ” ဟု ဗိုလ်မှူး စိုင်းလောဝ်ဆိုင်းက မဇ္ဈိမကိုပြောသည်။

“ဝ” တပ်ဖွဲ့နှင့် ရှမ်းပြည်တောင်ပိုင်း တပ်မတော်တို့အကြား အုပ်ချုပ်ရေး၊ နယ်နမိတ် သတ်မှတ်ချက်ကို သံလွင်မြစ်ဖြင့် သတ်မှတ်ထားပြီး “ဝ” တပ်ဖွဲ့က သံလွင်မြစ်၏ အရှေ့ခြမ်း၌ အခြေပြုကာ RCSS/SSAက သံလွင်မြစ်အနောက်ခြမ်းကို အခြေပြု အုပ်ချုပ်လျက် ရှိပါသည်။

အခင်း ဖြစ်ပွားခဲ့စဉ်၌ “ဝ” တပ်ဖွဲ့ဝင်များမှာ သံလွင်မြစ် အနောက်ဘက်ခြမ်းသို့ ကျော်ဝင်သွားကာ ရွှေလုပ်ကွက်တစ်ခု၌ လူခြုံရေး သွားယူပေးခဲ့စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က ပြောသည်။

“ကျွန်တော်တို့ အဖွဲ့ သံလွင်မြစ် အနောက်ဘက်က ရွှေလုပ်ကွက် တစ်ခုမှာ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေ လုံခြုံရေး သွားယူပေးတာ ဖြစ်တယ်၊ သူတို့ (ရှမ်းတောင် တပ်မတော်က) ဝင်တိုက်သွားတာ ဖြစ်တယ်” ဟု ဦးအောင်မြင့်က ပြောသည်။

ပဋိပက္ခ ဖြစ်ပွားခဲ့ပြီးနောက် ရက်အတန်ငယ်ခန့် နှစ်ဖက် စစ်ရေးအခြေအနေ တင်းမာခဲ့ကြသော်လည်း နောက်ပိုင်း ညှိနှိုင်းဖြေရှင်း နိုင်ကြပြီးလက်ရှိအခြေအနေတွင် ပုံမှန် စစ်ရေးဆက်ဆံမှု အခြေအနေသို့ ပြန်လည် ရောက်ရှိပြီဟု နှစ်ဖက်အဖွဲ့ ပြောရေး ဆိုခွင့် ရှိသူ များက ဆိုပါသည်။

“ဖြစ်ပြီး မှတော့ ဖြစ်သွား ပြီပဲ၊ ဘယ်တတ် နိုင်မလဲ၊ အကောင်းဆုံး ဖြစ်အောင် ညှိနှိုင်း ဖြေရှင်း နိုင်ခဲ့ ကြပါတယ်” ဟု ဦးအောင်မြင့်က ပြောသည်။

Mizzima Burmese

Hepatitis B vaccine အသဲရောင် (ဘီ) ပိုး ကာကွယ်ဆေး


ဘယ်သူတွေက ဘယ်တော့မှာ ထိုးသင့်ကြသလဲ

မိသားစုဝင်တစ်ယောက် အသည်းရောင် (ဘီ) ရောဂါရှိနေ၍၊ တစ်အိမ်တည်းနေဖခင် အရက်သောက်ပြီး အသဲတခြမ်း ပျက်နေသူ (လက်ရှိအချိန်ထိသွားနိုင်လာနိုင်) အသက် ၆၃နှစ်၊ ကျား အတွက် ဘီပိုးကာကွယ်ဆေး ထိုးသင့် မထိုးသင့် သိချင်လို့ပါ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရ

ကလေးတွေ
• မွေးကာစကလေးတိုင်း = မွေးမွေးခြင်း (ပ)၊ ၁-၂ လမှာ (ဒု)၊ ၆-၁၈ လမှာ (တ)။
• မိခင်မှာ (ဘီ) ပိုးရှိနေရင် မွေးမွေးချင်း Hepatitis B Immune Globulin အသဲရောင်-ဘီ (ဂလိုဗျူလင်) ထိုးဆေးပါထိုးပါ။
• အသက် ၁၈ နှစ်အောက်ကလေးတိုင်း ငယ်တုံးက မထိုးရသေးရင်ထိုးပါ။

လူကြီးတွေ = ပဌမအကြိမ်ထိုး၊ နောက် ၄ ပါတ် (တလ) မှာ ဒုတိယအကြိမ်ထိုး၊ နောက် ၅ လမှာ တတိယအကြိမ်ထိုးပါ။
• လိင်အတူနေဖက်မှာ (ဘီ) ပိုးရှိနေရင်၊
• လိင်တူဆက်ဆံယောက်ျားတိုင်း၊
• မူးယစ်ဆေးဝါးထိုးသူ၊
• လိင်အတူနေဖက် တယောက်မကထားသူ၊
• နာတာရှည် အသဲရောဂါရှိသူ၊ နာတာရှည်ကျောက်ကပ်ရောဂါရှိသူ၊
• ဆီးချိုရှိတဲ့ အသက် ၆ဝ ကျော်သူ၊
• လူ့သွေးနဲ့ အရည်တွေကို လုပ်ငန်းခွင်မှာ ကိုင်တွယ်နေကြရသူ၊
• (ဘီ) ပိုးရှိသူနေဲ့ တအိမ်ထဲနေရသူ၊
• အင်္ဂါမသန်စွမ်းသူတွေကို ကူညီစောင့်ရှောက်နေကြရသူတွေ၊
• ကျောက်ကပ်ဆေးနေရသူ၊
• (ဘီ) ပိုးအဖြစ်များရာဒေသကိုခရီးသွာရသူ၊
• HIV ပိုရှိနေသူ၊
• ကိုယ်ဝန်ဆောင်တွေ ထိုးချင်ရင်။

ဒေါက်တာတင့်ဆွေ
၂-၅-၂ဝ၁၄


တပ်မိသားစုများပင် တပ်ပိုင်မြေကျူးကျော်မှုဖြင့် တရားစွဲခံနေရ



မျိုးမင်းထွန်း-ဧရာဝတီတိုင်း (မြစ်မခ) ၊ ပုသိမ်၊

ဧရာဝတီတိုင်းဒေသကြီး ပုသိမ် မြို့နယ် ရွာသစ်ကုန်းရွာတွင် နေထိုင် သည့် အငြိမ်းစားတပ်မိသားစုငါးစုနှင့် လက်ရှိတပ်မတော်တွင် တာဝန်ထမ်း ဆောင်နေဆဲ မိသားစုတစ်စုကို အမှတ် ၃ဝ၈ ခြေလျင်တပ်ရင်းပိုင်မြေအတွင်း ကျူးကျော်နေထိုင်သည်ဟုဆိုကာ ပု သိမ်မြို့အမှတ်(၂) ရဲစခန်း၌ အမှုဖွင့် တရားစွဲဆိုထားကြောင်း သိရသည်။

ရွာသစ်ကုန်းကျေးရွာသည် အ မှတ် ၃ဝ၈ ခြေမြန်တပ်ရင်း၏ ရှေ့ ကားလမ်းတစ်ဖက်တွင်ရှိပြီး ကျေးရွာ တွင် အိမ်ခြေ ၁၈ဝ ခန့်ရှိရာမှ တပ် ပိုင်မြေအတွင်း ကျရောက်နေသည်ဆို သည့် နေအိမ်သုံးလုံးနှင့် ဥယျာဉ်သုံးခု အတွင်းရှိ ခြံမြေအချို့နှင့် လယ်မြေ များကို ကျူးကျော်သည်ဟုဆိုကာ ပုဒ်မ- ၄၄၇ ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာရဲစခန်းမှ သိရသည်။

''ခလရ ၃ဝ၈ က တပ်ထောက် ဗိုလ်ကြီးဘော်နီစိုးက တရားလိုလုပ်ပြီး ပိုင်နက်ကျူးလွန်မှုနဲ့ အမှုဖွင့်ထားတာ ပါ။ အခုက စစ်ဆေးပြီး ဥပဒေအကြံ ပေးကို ဧပြီ ၂၆ ရက်မှာ တင်ပေးရမှာ ပါ''ဟု ပုသိမ်မြို့ အမှတ်(၂) ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အမှုဖွင့်ထားခံရသည့် နေအိမ် အားလုံးသည် ယခင်တပ်မတော်တွင် တာဝန်ထမ်းဆောင်၍ အငြိမ်းစားယူ ခဲ့သူများ၊ ရှေ့တန်းတွင် တာဝန်ထမ်း ဆောင်၍ တိုက်ပွဲကျခဲ့သူများ၏ မိသား စုများ၊ ရှေ့တန်းတွင် မိုင်းကြောင့် ခြေ တစ်ဖက်ဆုံးရှုံးခဲ့သူ၏ မိသားစုများနှင့် လက်ရှိတပ်မတော်တွင် တာဝန်ထမ်း ဆောင်ဆဲ စစ်သည်မိသားစုများပါဝင် ကြောင်း သိရသည်။

၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလလယ် ခန့်မှစတင်၍ အဆိုပါမြေနေရာများ အား တပ်ပိုင်မြေများဟုဆိုကာ ဖယ် ရှားခိုင်းခဲ့ခြင်းဖြစ်ပြီး ယင်းမြေယာများ ပေါ်တွင် တပ်ပိုင်မြေဆိုသည့် ကျောက် စာတိုင်များအား လာရောက်စိုက်ထူခဲ့ ခြင်းဖြစ်သည်ဟု အမှုဖွင့်ခံထားရသူ များထံမှ သိရသည်။

''မတ် ၃၁ရက် နေ့လယ်ပိုင်းက သံတူရွင်းတွေ၊ ရဲတင်းတွေ၊ ဓားတွေ၊ လွှတွေအစုံနဲ့ အင်အားသုံးပြီး အိမ်တွေ ကို စဖျက်နေတုန်း ဘာကြောင့်လဲမသိ ဘူး။ မဖျက်တော့ဘဲ သူတို့စိုက်ထားတဲ့ ကျောက်တိုင်တွေကို တစ်တိုင်နဲ့တစ် တိုင် ကြိုးတွေဆွဲပြီးပြန်သွားတယ်။ ကျွန် တော်တို့အိမ်တွေကို ဖျက်တာနဲ့ပတ် သက်ပြီး ရဲစခန်းမှာအမှုသွားဖွင့်တယ်။ ရဲက မှတ်တမ်းပဲယူထားတယ်။ အမှုဖွင့် မပေးဘူး''ဟု ပုဒ်မ-၄၄၇ ဖြင့် တရား စွဲခံထားရသူ တပ်ကြပ်သိန်းလှအောင် က ပြောသည်။

အဆိုပါဖျက်သိမ်းစေရန် အမှုဖွင့် ခံထားရသူ အိမ်ထောင်စုများမှာ ဆင်းရဲ ချို့တဲ့သော အိမ်ထောင်စုများဖြစ်ပြီး ¤င်း တို့ဘက်မှ နေအိမ်များကို ဖျက်ဆီးရန် ကြိုးစားသဖြင့် ပြန်လည်အမှုဖွင့်ရန် ပြင်ဆင်ရာတွင်လည်း တပ်မှအရာရှိ ကြီးများက ခေါ်ယူခြိမ်းခြောက်မှုများ ပြုလုပ်သဖြင့် ဒုတိယသမ္မတ ဦးÓဏ် ထွန်းထံသို့ တိုင်ကြားစာများ ပို့ထား ကြောင်း ¤င်းတို့က ဆိုသည်။

အဆိုပါ မိသားစုခြောက်ဦးအ နက် ငါးဦးအား ပုသိမ်မြို့အမှတ်(၂) ရဲစခန်းတွင် (ပ) ၅၃/ ၂ဝ၁၄၊ ပုဒ်မ ၄၄၇ ပိုင်နက်ကျူးကျော်မှုဖြင့် အမှု ဖွင့်ထားပြီး အမှုစစ်အရာရှိ ဒုရဲအုပ် သိန်းမင်းဦးက တရားစွဲဆိုခံထားရသူ များအား စစ်ဆေးလျက်ရှိကြောင်းသိ ရသည်။

Yangon Times Journal | အတွဲ ၁၀ ၊ အမှတ် ၁၆

ရန်ကုန်တွင် မီးပျက်မှုများ ဆက်ရှိနေမည်ဟု တိုင်းလျှပ်စစ်ဝန်ကြီး ဝန်ခံ



မင်းဟိန်းထက် ၊ ရန်ကုန်၊

လျှပ်စစ်ဗို့အား ပြည့် သည့် ဓာတ်အားလိုင်းကြိုး လဲ လှယ်ခြင်းလုပ်ငန်းများ ကျန်ရှိ နေသောကြောင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များ တွင် မီးပြတ်ခြင်း၊ မီးအားနည်း ခြင်းများ ရှိနေသေးမည် ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးÓဏ် ထွန်းဦးက ဧပြီ ၂၈ ရက်တွင်ပြု လုပ်သည့် ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော် ပထမအကြိမ် အဋ္ဌမ ပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

၂ဝ၁၄ ခုနှစ် ဧပြီလမှ စ တင်၍ လျှပ်စစ်မီတာခများ တိုးကောက်တော့မည်ဖြစ်ရာ မီး ပြတ်တောက်ခြင်း၊ မီးအားနည်း ခြင်းများမရှိစေရန် မည်သို့ ဆောင်ရွက်ထားသည်ကို သိရှိ လိုကြောင်း ဒဂုံမြို့သစ်ဆိပ်ကမ်း မြို့နယ် မဲဆန္ဒ(၁)မှ လွှတ်တော် ကိုယ်စားလှယ်
ဦးသိန်းအောင် ကျော်၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

''ဓာတ်အားလိုင်းကြိုး အ ဟောင်းများကို အသစ်လဲလှယ် ခြင်း၊ ဗို့အားပြည့်နေသော လျှပ် စစ်ဓာတ်အားလိုင်းကြိုး လဲ လှယ်ခြင်းလုပ်ငန်းများ ကျန်ရှိ နေသဖြင့် မီးပြတ်တောက်မှု များ ဆက်လက် ရှိနေနိုင်သေး သော်လည်း ဘဏ္ဍာနှစ်အတွင်း အပိုင်းလိုက် လျာထားဆောင် ရွက်သွားမည် ဖြစ်ကြောင်း'' ဝန် ကြီး ဦးÓဏ်ထွန်းဦးက ပြော သည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမရှိစေရန်၊ လျှပ် စစ်ဗို့အားလျော့၍ အလှည့်ကျ ဓာတ်အားပြတ်တောက်မှု မရှိ စေရန် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများ တည် ဆောက်ပြီး ထုတ်လုပ်ပေးလျက် ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသ ကြီးအတွင်း ပုဂ္ဂလိကရင်းနှီးမြှုပ် နှံမှုအဖြစ် သာကေတ၊ ရွာမနှင့် လှော်ကားတို့တွင် ၅ဝဝ ဗြ မဂ္ဂါဝပ်သုံးလုံး၊ ၁၅ဝ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး အင်ဂျင် ဓာတ်အားပေးစက်များ၊ ထိုင်း နိုင်ငံအစိုးရမှ ပေးအပ်ထားသည့် ၁၂ဝ မဂ္ဂါဝပ်နှစ်လုံး၊ ၂၄ဝ မဂ္ဂါ ဝပ် ဓာတ်အားပေးစက်ရုံများ တည်ဆောက်ပေးထားပြီး ဖြစ် ကြောင်း ယင်းက ဆက်ပြော သည်။

ထို့ပြင် ဗို့အားပြည့်ဝစွာ အသုံးပြုနိုင်ရေးအတွက် ၆၆ ကေဗွီ ဓာတ်အားလိုင်း ၉၉ ဒသမ ၄၃၅ မိုင်၊ ၃၃ ကေဗွီဓာတ်အား လိုင်း ၇၇ဝ ဒသမ ၉၁၃ မိုင်၊ ၁၁ ကေဗွီဓာတ်အားလိုင်း ၁၁ဝ၈ ဒသမ ၉ဝ၂၊ ၆ ဒသမ ၆ ကေဗွီ ဓာတ်အားလိုင်း ၆၆၈ ဒသမ ၃၇၉ မိုင်၊ ၄ဝဝ ဗို့ ၃၃၁၆ ဒသမ ၂၆၆ မိုင် တိုးချဲ့တည်ဆောက် ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး ၏ လက်ရှိ လျှပ်စစ်ဓာတ်အား သုံးစွဲမှုမှာ နေ့ပိုင်းတွင် ၈၄၇ ဒသမ ၇၁ မဂ္ဂါဝပ်၊ ညပိုင်းတွင် ၇၇၉ ဒသမ ၈၄ မဂ္ဂါဝပ် အသုံး ပြုနေပြီး နွေရာသီကာလတွင် လက်ရှိသုံးစွဲမှုထက် အနည်းဆုံး ၅ဝ မဂ္ဂါဝပ် တိုးလာနိုင်ပြီး ၉ဝဝ မဂ္ဂါဝပ် အထိရှိနိုင်ကြောင်း ဝန် ကြီးဦးÓဏ်ထွန်းဦးက ဆိုသည်။

Yangon Times Journal

ကချင်တိုင်းရင်းသားတို့၏ ရိုးရာပုံပြင် - ဂျီနတ်မဒင်း


သူသူထက်လွင်

ကချင်တိုင်းရင်းသားများ၏ ကချင်ရိုး ရာပုံပြင်များအနက် နတ်များနှင့် ပတ်သက်သည့် ကချင်ကျေးလက်ပုံပြင်များမှာ စိတ်ဝင်စားဖွယ်ကောင်း
လှသည်။

'ဂျီနတ်မဒင်'ဆိုသည့် ကချင်ကျေးလက်ပုံပြင်လေးမှာ ထူးခြားလှပြီး ကချင်ဘာသာဖြင့် ဂျီနတ်မဒင်ဆိုသည်မှာ ဖောက် ဖျက်သူ (ကန့်သတ်ပိုင်းခြားထားသောသဘော)လို့ ဆိုလိုသည်။

အဆိုပါပုံပြင်လေးမှာ ဂျီနတ်(နတ်တွေအား လုံး)၊ မဒင် (ခြံစည်းရိုးခတ်ကန့်သတ်တာ)လို့ အဓိပ္ပာယ်ရပြီး လူနဲ့ နတ်တွေရဲ့ ပတ်သက်မှုကို နယ်နိမိတ်ပိုင်းခြား ကန့်သတ်ထားသောပုံပြင်လေးတစ်ပုဒ်ဖြစ်ပါသည်။

ရှေးကမ္ဘာကြီး စတင်ပေါ်ပေါက်လာချိန်တွင် လူ၊ နတ်နှင့် တိရစ္ဆာန်သတ္တဝါအားလုံးမှာ အတူ တကွနေထိုင်ကြပြီး ပြောဆိုသော ဘာသာစကား တူကာ နတ်များကို လူများက မြင်တွေ့နိုင်ကြသည်။
တစ်နေ့သောအခါတွင် နတ်သမီးအချော အလှ ကုမ္မာရီတစ်စုသည် ရေကန်တစ်ခုမှာ ရေချိုး ဆင်းနေချိန်တွင် လူသား ကာလသားလူပျိုတစ်စုက သွားရောက် ချောင်းမြောင်းကြည့်ရာ နတ်သမီး များက ရှက်ကြောက်ပြီး ရေနက်ပိုင်းသို့ ကူးပြေး ကြသည်။

ရေနက်ပိုင်းကိုပြေးသွားတဲ့ နတ်သမီးပျိုတစ်ပါး မှာ ရေနစ်သေဆုံးသွားသဖြင့် အဲဒီအကြောင်းကို နတ်သမီးများက မိဘများကို တိုင်ကြတဲ့အတွက် နတ်တွေက လူတွေကို မုန်းတီးလာကြသည်။

အဲဒီအချိန်ကစပြီး လူ၊ နတ်၊ တိရစ္ဆာန်တွေ တစ်စုတစ်စည်းတည်းနေထိုင်ကြရာမှ အုပ်စုကွဲပြီး သီးခြားစီ နေထိုင်လာကြကြောင်း သိရသည်။

နတ်တွေက ဦးရေနည်းပါးပြီး လူတွေထက် မြန်တဲ့အတွက် အလွန်မြင့်တဲ့ တောင်ထိပ်တွေ၊ သစ်ပင်အမြင့်ကြီးတွေကို ဦးအောင် ရယူပိုင်ဆိုင် ကြပြီး လူတွေကတော့ နတ်တွေမလိုချင်တဲ့နေရာ တွေမှာပဲ နေထိုင်ကြရသည်။ လူနဲ့နတ် ကွဲပြား သွားတဲ့နောက် အပျင်းထူတဲ့နတ်တွေက လူတွေရဲ့ တောင်ယာခင်းတွေက သီးနှံတွေကို ခိုးစားကြပြီး ကျွဲ၊ နွားတွေကို ဆက်သခိုင်းတဲ့အပြင် လူတွေကို နိုင်သလောက်ညှဉ်းဆဲတဲ့ နတ်ဆိုးတွေဖြစ်လာကြ သည်။

လူတွေက မခံမရပ်နိုင်လို့ နတ်မင်းကြီးကို တိုင်ကြားထားသလို နတ်တွေရဲ့ဘေးရန်က ရှောင် ရှားနိုင်ရန် နည်းလမ်းရှာနေသလို နတ်တွေကလည်း နတ်သမီးသေတာကို အကြောင်းပြပြီး လူတွေကို မုန်းတီးကာ တိုးပြီး စော်ကားလာကြသည်။
နတ်တွေကိုတိုက်ခိုက်ဖို့ နတ်တွေဖြတ်ပြီးသွား မည့် တံတားရဲ့ထုပ်တွေကို အမှတ်တမဲ့ဖြတ်ထား လိုက်တဲ့အတွက် တံတားကျိုးကျပြီး နတ်တွေရေနစ် သေဆုံးကုန်သည်။

သေဆုံးသွားတဲ့ နတ်မိသားစုဝင်များကလည်း ပိုမိုနာကြည်းကာ လူတွေကို တွေ့ရာနေရာတွင် ခုတ်ထစ်သတ်ဖြတ်ရန် စစ်ကြေညာလိုက်ပြီး လူတွေ တောင်ယာသွားတိုင်း လမ်းကနေဖြတ်ပြီး သတ်ဖြတ် ရာ လူတော်တော်များများ သေဆုံးပြန်သည်။

နတ်တွေက စစ်ကြေညာလိုက်တယ်ဆိုကတည်း က နယ်တကာမှာရှိတဲ့လူတွေက တွေ့ရာနတ်ကို သတ်ဖြတ်ပစ်ရာ နတ်တွေလည်း ချောက်ကမ်းပါး သစ်ပင်အိုတွေကို ဟော်နန်းအဖြစ် ခိုကပ်ပုန်းအောင်း နေထိုင်ကြရသည်။ လူနတ်စစ်ပွဲက မပြီးဆုံးဘဲ တစ်ဦးကို တစ်ဦး သတ်ဖြတ်နေတဲ့အချိန်မှာပဲ လူ တွေဘက်က ကူညီမယ့် သတ္တဝါတစ်မျိုး ပေါ်လာ သည်။ အဲဒီသတ္တဝါမှာ ကချင်ဘာသာဖြင့် အန်ဂူး ဆကော်ြ-ွကှ့ေုတေ ၊ မြန်မာလို ပိုးနသန် ကောင် ပေါ်လာသည်။

ပိုးနသန်ကောင်သည် နတ်တွေကိုမုန်းတီးပြီး လူတွေကိုချစ်ခင်တဲ့အတွက် နတ်တွေက လူတွေကို သတ်ဖို့ လိုက်ရှာတဲ့အခါ နေရာပြောခိုင်းတိုင်း လူ တွေရှိတဲ့အရပ်ကို သိချင်လျှင် ပိုးနသန်ကောင်က သူ့ရဲ့ခြေထောက်တွေကို ရေတွက်ပေးမှပြောမည်လို့ ပြောသည်။ ခြေထောက်တွေအများကြီးရှိတဲ့ ပိုး နသန်ကောင်ရဲ့ ခြေထောက်အရေအတွက်ကို နတ် တွေက ဝိုင်းဝန်းရေတွက်ပေမယ့် ပိုးနသန်ကောင်က လှုပ်လှုပ်ရွရွလုပ်လိုက်တာနဲ့ အစကနေပြန်ရေရပြီးလူတွေရှိတဲ့အရပ်ကို မသိနိုင်ဘဲဖြစ်နေကြသည်။
လူတွေက နတ်တွေရှိတဲ့နေရာကိုမေးတဲ့အခါမှာတော့ ပိုးနသန်ကောင်က အမှန်အတိုင်းပြော သဖြင့် နတ်တွေ အစုလိုက်အပြုံလိုက် သေဆုံးလေ့ ရှိရာ နောက်ပိုင်းတွင် နတ်တွေက ပိုးနသန်ကောင် ကို ကြောက်လာကြသည်။
လူနတ်စစ်ပွဲ ပြင်းထန်လာပြီး လူတွေကလည်း နတ်တွေက လူတွေကိုဖမ်းစားခြင်း၊ ကောက်ပဲသီးနှံ တွေ ခိုးစားခြင်းကို မကျေနပ်နိုင်သလို နတ်တွေ ကလည်း သူတို့ကို လူတွေက ဆက်ပြီးမသတ်ကြဖို့ စတဲ့အချက်တွေကို သိကြားမင်းထံပေးပို့ရာ သိကြား မင်းက ယင်းအချက်တွေကို လူပုဂ္ဂိုလ်များထံ လာ ရောက်တောင်းဆိုသော်လည်း လူတွေက သိကြား မင်းကို ဆရာလာမလုပ်နဲ့ နတ်တွေကို အသေသတ် ပစ်မယ်ဆိုပြီး ကြုံးဝါးနေသဖြင့် သိကြားမင်းလည်း လက်လျှော့ပြီး ပြန်သွားရသည်။

အချို့ အားနည်းတဲ့နတ်တွေက သူတို့အသက် သေဆုံးမှာစိုးတဲ့အတွက် လူတွေဆီမှာ ကျွန်ခံပြီး နေထိုင်ကြရတာမျိုးရှိလာပြီး လူ
တွေက နေမကောင်းဖြစ်တိုင်း၊ မတော်တဆ ကိုယ့် ဘာသာကိုယ် ထိခိုက်ဒဏ်ရာရတိုင်း နတ်တွေလုပ် တယ်ထင်ကာ အိမ်မှာ ကျွန်လာခံတဲ့နတ်တွေကို နှိပ်စက်ကြပြန်သည်။
ယင်းကဲ့သို့ အဖြစ်အပျက်များကြောင့် နတ် ဦးရေတွေ လျော့ကျလာပြီး နတ်လောကမပြုန်းတီး၊ နတ်မျိုးမပြုတ်အောင် သိကြားမင်းက သူ့ရဲ့ကိုယ်ပိုင် တန်ခိုးသုံးကာ လူ၊ နတ်တွေရဲ့ လေးစားမှုကို ရရှိ အောင် ဆုံးဖြတ်ပေးလိုက်သည်။

လူတွေရဲ့မျက်ဆန်ကို နောက်ပြန်လှန်ပြီး နတ် တွေကို မမြင်နိုင်အောင် ကန့်သတ်ပိုင်းခြားလိုက်ပြီး နတ်တွေရဲ့မျက်စိကတော့ တန်ခိုးရှိတဲ့မျက်စိအဖြစ် အဝေးဆုံးအရပ်တွေ၊ စိတ်ကူးလိုက်တိုင်း သိနိုင် အောင်၊ ဖုံးကွယ်ထားတာတွေမြင်နိုင်အောင် ဖန် ဆင်းပေးလိုက်ရာ လူတွေကိုမြင်နိုင်ပြီး လူတွေကို ရှောင်တိမ်းနိုင်ကြသည်။
သိကြားမင်းက ပိုးနသန်ကောင်ကို လူတွေကို နတ်တွေရဲ့ရန်က ကာကွယ်ပေးမယ့်သတ္တဝါအဖြစ် ဖန်တီးပေးလိုက်သေးသည်။ လူတွေကိုကူညီပေးခဲ့ သည့် ပိုးနသန်ကောင်ကို နတ်တွေက နှိပ်စက်သတ် ဖြတ်ခြင်း မပြုနိုင်အောင် နတ်တွေမခံနိုင်တဲ့ အနံ့ တစ်မျိုးကိုပေးထားပြီး ပိုးနသန်ကောင်ရဲ့အနံ့ကြောင့် နတ်တွေ အနားမကပ်နိုင် ရန်မရှာနိုင်တော့ကြောင်း သိရသည်။

အဲဒီအချိန်ကစပြီး လူနဲ့နတ် တစ်ဦးအပေါ် တစ်ဦး လေးစားနေထိုင်ဖို့ မှာကြားခဲ့ပြီး ဒီလိုနဲ့ လူနဲ့ နတ်ကို ကန့်သတ်ပိုင်းခြားလိုက်တာကို ဂျီနတ်မဒင် လို့ ခေါ်ကာ ကချင်ကျေးလက်တောရွာများတွင် မလုပ်သင့်သည်ကိုလုပ်ကိုင်ပါက စည်းဖောက်သူ၊ ဂျီနတ်မဒင်(ဖောက်ဖျက်သူ)လို့ လူ့အသိုင်းအဝိုင်းက ရှုတ်ချကဲ့ရဲ့တတ်ကြောင်း သိရသည်။
ကချင်လူမျိုးများသည် မြန်မာနိုင်ငံမြောက်ဘက် ပိုင်းတွင် နေထိုင်ကြပြီး ကချင်မျိုးနွယ်စုပေါင်း ၁၂ မျိုးရှိကြောင်းနှင့် ရှေးယခင်က နတ်ကိုးကွယ်သော အယူအဆများရှိပြီး ယခုအခါ ဗုဒ္ဓဘာသာနှင့် ခရစ် ယာန်ဘာသာကို ကိုးကွယ်သူများ ပိုမိုများပြားလာ ကြောင်း တိုင်းရင်းသားကျေးရွာမှသိရသည်။
သို့ဖြစ်၍ကချင်လူမျိုးတို့၏ ဂျီနတ်မဒင်ကျေး လက်ပုံပြင်သည် သေးငယ်သောရန်ငြိုးတစ်ခုကို သင်ပုန်းမချေနိုင်သောကြောင့် နောက်ထပ် လူသား၊ နတ်ပေါင်းများစွာ ပျက်စီးစေနိုင်ကြောင်းနှင့် တိုင်း ရင်းသားအချင်းချင်းလည်း ရန်မီးရန်စကို သင်ပုန်း ချေကာ နောင်တတ ရားကင်းဝေးပါစေရန် ရည်ရွယ်လျက်ရေးသားဖော်ပြလိုက်ခြင်းပင်ဖြစ်ပါသည်။

ကျမ်းကိုး- လူထုဦးလှ၊
ကချင်ရိုးရာပုံပြင်၊ ဒုတိယတွဲ။
---------------------------------------------------------------------------
Yangon Times Journal | အတွဲ ၁၀ ၊ အမှတ် ၁၆


မေ ၃ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် – ဒေါက်တာ ထွန်းလွင်


မေ ၂ ရက်နေ့ မနက် ၇ နာရီ မိနစ် ၃၀ အချိန် ဖမ်းယူရရှိထားတဲ့တိမ်ပုံအရ ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာတော့ တိမ်အနည်းငယ်ဖြစ်ထွန်းနေပါတယ်။

မြန်မာနိုင်ငံပေါ်မှာကတော့ အရှေ့ပိုင်း၊ မြောက်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။ ကျန်ဒေသတွေမှာ တိမ်အနည်းငယ်ဖြစ်ထွန်းနေပါတယ်။

မေ ၃ ရက်နေ့

မြန်မာ့ပင်လယ်ပြင်အခြေအနေ ခန့်မှန်းချက်ကတော့ မြန်မာ့ကမ်းရိုတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်သာ ရှိနိုင်ပြီး လှိုင်းအမြင့် ၁ ပေကနေ ၂ ပေလောက် ရှိနိုင်ပါတယ်။

ပူရှိန်မြင့်တက်နိုင်မှုကတော့ ခရမ်းလွန်ရောင်ခြည် မြင့်တက်မှုတွေဟာ အညွန်းကိန်းတန်ဖိုး ၁၄ အောက်ကို ကျဆင်းနိုင်ပါတယ်။

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း အမြင့်ဆုံးတန်ဖိုး ၁၃ ဒဿ မ ၉ အထိ ရှိနိုင်တဲ့မြို့ကတော့ တောင်ကြီးမြို့ ဖြစ်ပါတယ်။ ကျန်ဒေသတွေကတော့ ၁၂ ကနေ ၁၃ ကျော်အထိ မြင့်တက်နိုင်ပါတယ်။

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း အနိမ့်ဆုံးတန်ဖိုး ၁၂ ဒဿသမ ၁ ကျရောက်နိုင်တာကတော့ မြစ်ကြီးနားမြို့ ဖြစ်ပါတယ်။

ခရမ်းလွန်ရောင်ခြည် မြင့်တက်မှုတွေဟာ အနည်းငယ်ကျဆင်းနိုင်ပေမယ့် လွန်ကဲ အဆင့်ဖြစ်တဲ့ အညွှန်းကိန်းတန်ဖိုး ၁၁ ကနေ ကျဆင်းနိုင်ခြင်းမရှိသေးပါဘူး။

ဒါကြောင့် ခရမ်းလွန်ရောင်ခြည် အန္တရာယ် ကျရောက်စေမယ့် အနေအထိုင်တွေကို မပြုလုပ်ဖို့ တိုက်တွန်း လိုက်ရပါ တယ်။

နေ့အပူချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်ဒေသတွေမှာ နေ့အပူချိန် ၃၁ ဒီဂရီစင်တီဂရိတ်ကနေ ၃၆ ဒီဂရီစင်တီ ဂရိတ်ခန့် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ၃၇ ဒီဂရီစင်တီဂရိတ် ကနေ ၄၂ ဒီဂရီစင်တီဂရိတ် ခန့် ရှိနိုင်ပါတယ်။
မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းတို့မှာ မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ၂၅ ရာခိုင်နှုန်းကနေ ၃၅ ရာခိုင်နှုန်းလောက် သေချာမှု ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းမှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု မရှိနိုင်ဘူးလို့ ခန့်မှန်းထားပါတယ်။

မိုးရွာသွန်းနို်င်မှု ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မန္တလေးတိုင်းတောင်ပိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ နေရာကွက်ကြား မိုးရွာနိုင်ပြီး သေချာမှု ၆၀ ရာခိုင်နှုန်းလောက် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ အများအားဖြင့် သာယာနိုင်ပါတယ်။

မိုးရေချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မကွေးတိုင်းတောင်ပိုင်း၊ မန္တလေးတိုင်းတောင်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ ၂၄ နာရီအတွင်း မိုးရေချိန် ၂ မီလီမီတာမှ ၁၀ မီလီမီတာလောက် မိုးရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မြို့တော်ကြီးတွေ ခန့်မှန်းချက်ကတော့ နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၇ ဒီဂရီစင်တီ ဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၆ ဒီဂရီစင်တီဂရိတ် လောက်ရှိနိုင်ပါတယ်။ မိုးအနည်းငယ် ရွာနိုင်ပါတယ်။

ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၉ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၅ ဒီဂရီ စင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ တိမ်အနည်းငယ် ဖြစ်ထွန်းနိုင်ပါတယ်။

မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၉ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ တိမ်အနည်းငယ် ဖြစ်ထွန်းနိုင်ပါတယ်။

DVB Burmese

မြန်မာ့ဆက်သွယ်ရေး အင်တာနက်သုံးစွဲမှု မြင့်မားရန် Bandwidth (၁ဝဝ) အထိ တိုးချဲ့ဆောင်ရွက်မည်ဟု ဆို



မြန်မာနိုင်ငံ၏ အင်တာနက်သုံးစွဲမှု ကောင်းမွန်တိုးတက်ရေးအတွက် အင်တာနက် Bandwidth ပမာဏကို ၁ဝဝအထိရောက်အောင် ဆောင် ရွက်သွားမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

''လတ်တလောအနေနဲ့ Bandwidth တိုးချဲ့ဖို့ အတွက် ဆောင်ရွက်ရ မယ့်အပိုင်းတွေကို လုပ်နေပါတယ်။ ဆောင်ရွက်ရမယ့် အပိုင်းတွေ ပြီးသွားရင်တိုးချဲ့မယ့်အပိုင်းကို လုပ်သွားမှာပါ''ဟု မြန်မာ့ဆက် သွယ်ရေး လုပ်ငန်း အဝေးဆက် ကြောင်းဌာနမှ အရာရှိတစ်ဦးကပြောသည်။

Bandwidth တိုးချဲ့မည့်အပိုင်းတွင် လုပ်ဆောင်မည့်ပမာဏကို အဆင့် လိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တစ်ပြိုင်နက် တည်းဆောင် ရွက်သွားမည်မဟုတ် ကြောင်း ၎င်းက ဆက်လက်ပြောသည်။

''ရနိုင်သလောက်တော့ တိုးချဲ့သွားမှာပါ။ Bandwidth တိုးမယ့်အပိုင်းမှာ လည်း လက်ရှိဆက်သွယ်ရေး အော်ပရေတာတွေ တိုးချဲ့ယူတာမျိုးမဟုတ် ဘဲ မြန်မာ့ဆက်သွယ် ရေးသီးသန့်အနေနဲ့ တိုးချဲ့မှာပါ''ဟု ၎င်းက ဆက်ပြောသည်။

တိုးချဲ့မည့်ပမာဏကို လက်ရှိအဓိကချိတ်ဆက်ထားသည့် SEA-ME-WE 3 အပြင် ကုန်းတွင်းဆက်ကြောင်းများ၊ အခြားဆက်ကြောင်းများမှ ယူဆောင်သွား မည်ဖြစ်ပြီး ဆက်ကြောင်းသစ်များကိုအကောင် အထည် ဖော်ဆောင်ရွက်ကာ တိုးချဲ့ဆောင်ရွက်မှုများပြီးမြောက်ပါက ထုတ်ပြန်ကြေညာပေးမည်ဟု သိရသည်။

မြန်မာနိုင်ငံ၏ လက်ရှိအင်တာနက် Bandwidth ပမာဏမှာ ၂၇.၃၆ ဝန်းကျင်ရှိပြီး ကျင်းပပြီးစီးခဲ့သည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းအပြီးတွင် အဆိုပါပမာဏ ကို တိုးချဲ့ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် မြန်မာ့ဆက် သွယ်ရေး လုပ်ငန်းအနေဖြင့်
အင်တာနက်စနစ်အတွက် ဖိုင်ဘာဆက်ကြောင်း SEA-ME-WE 3 အပြင် စင်ကာပူမှ အဓိကထားလုပ် ဆောင်မည့် ဖိုင်ဘာဆက်ကြောင်းသစ် SEA-ME-WE 5 ဆက်ကြောင်းကို နိုင်ငံပေါင်း ၁၈ နိုင်ငံနှင့် ပူးပေါင်းလုပ်ဆောင်ရန် သဘောတူညီထားသည်ဟု ဆက်သွယ်ရေးမှ သိရသည်။

အောင်ဇော်
Popular Myanmar News Journal


မှော်ဘီရှိ သားရေစက်ရုံဝန်ထမ်း ၃၃ ဦး အစာအဆိပ်သင့်




ကျော်စွာဝင်း

ရန်ကုန်၊ မဇ္ဈိမ။ ။ မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်၊ ကြာဂန်သင်္ချိင်းအနီးရှိ အသေးစားသားရေစက်ရုံ ၀န်ထမ်း ၃၃ ဦး အစာအဆိပ်သင့်ကာ မေလ ၂ရက် နံနက် ၈ နာရီ ၄၀ မိနစ်ခန့်တွင်
ရန်ကုန်မြို့၊ မြောက်ဥက္ကလာပ အထွေထွေရောဂါကုဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်ဟု ဆေးရုံအုပ် ဒေါက်တာဒေါ်သန်းလှက ပြောသည်။

"သူတို့က သားရေစက်ရုံဝန်ထမ်းတွေလို့ သိရပါတယ်။ စက်ရုံက ၀န်ထမ်းတွေကို မနက်တိုင်း နံနက်စာအဖြစ် ထမင်းကို ပဲပြုတ်နဲ့ကြော်တာတို့ ထမင်းပဲပြုတ်ဆီဆမ်းတို့ ကျွေးတာတွေရှိပါတယ်။

ဒါကလည်းနေ့တိုင်းကျွေးတာပါ။ ဒီနေ့ မနက်ကမှ ထမင်းကြော်စားပြီး မူးကြ အန်ကြဖြစ်လာပါတယ်။ အဲ့ဒါနဲ့ တစ်ခုခုမှားလားဆိုပြီး ဆေးရုံပို့ဖို့လုပ်တဲ့အခါ ကားသမားပါ မူးနေလို့ ပို့မရဖြစ်ခဲ့ရပါတယ်။ နောက်တော့မှ သာကေတက သားရေပို့ရန် လာတဲ့ကား ရောက်လာမှ အားလုံးကို အဲဒီ့ကားနဲ့ ဆေးရုံကိုပို့ခဲ့တယ်လို့ သိရပါတယ်”ဟု မြောက်ဥက္ကလာပမြို့နယ် အထွေထွေရောဂါကု ဆေးရုံတွင် ဆေးကုသမှု
ခံယူနေသည့် ဆေးရုံအုပ် ဒေါက်တာ ဒေါ်သန်းလှက ပြောသည်။

မည်သည့်အတွက်ကြောင့် အစာအဆိပ်သင့်ခဲ့သည်ကိုမူ တိကျသေချာစွာ မသိရသော်လည်း ဆေးရုံအတွင်းရှိ လူနာနှင့် နီးစပ်သူများ၏ ပြောကြားချက်အရ ထမင်းကြော်ထဲသို့ ဆားထည့်ရာတွင်
ဆားဗူးနှင့် ယမ်းစိမ်းဗူး မှားယူလာမိသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။

အဆိုပါ အစာအဆိပ်သင့်သူများ ဆေးရုံသို့ရောက်ရှိချိန်တွင် မူးဝေအော့အန်ခြင်း၊ သွေးပေါင်အတက်အကျ မြန်ဆန်စွာဖြစ်နေခြင်း၊ ခန္တာကိုယ်တစ်ကိုယ်လုံး ပြာနေခြင်း စသည့် လက္ခဏာများ
ဖြစ်နေခြင်းကြောင့် လူနာများ ခံစားနေရသည့်
ရောဂါအခြေအနေအပေါ်မူတည်ကာ အနီ၊ အ၀ါ၊ အစိမ်း စသည်ဖြင့် ခွဲခြားကုသမှုပြုလုပ်ခဲ့သည်ဟု ထိုဆေးရုံမှ သမားတော်ပါမောက္ခဒေါက်တာကိုကို
(ဆေးပညာဌာန)က ပြောကြားသည်။

ယင်းအစာအဆိပ်သင့်ခံ လူနာများကို ဆေးရုံရှိ သွေးထဲအောက်ဆီဂျင်ပါဝင်မှု တိုင်းတာခြင်း ကိရိယာများဖြင့် တိုင်းတာခြင်း၊ အသဲနှင့် ကျောက်ကပ်များကို စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပြီး သွေးထဲအောက်ဆီဂျင်
ပါဝင်မှုကို စစ်ဆေးတွေ့ရှိချက်အရ နိုက်ထရိုပွိုင်ဆင်ဟု ခေါ်သော အဆိပ်သင့်မှုဖြစ်ကြောင်း ဆေးပညာအရ ခန့်မှန်းထားသည်။ အစာအဆိပ်သင့်မှုကြောင့် သေဆုံးသူတစ်ဦးမျှမရှိဘဲ အခြေအနေအနည်းငယ် တည်ငြိမ်လာပြီဟု ဒေါက်တာ ဘုန်းရောင်က ပြောသည်။

အစာအဆိပ်သင့်သူများမှာ အမျိုးသမီး ၁၆ဦးနှင့် အမျိုးသား ၁၇ ဦးတို့ဖြစ်ပြီး လူနာအခြေအနေအပေါ် မူတည်၍ ၃ ရက်မှ ၅ ရက်အတွင်း သက်သာသူများကို ဆေးရုံမှဆင်းခွင့်ပေးမည်ဟု သိရသည်။

ပုံစာ- မှော်ဘီမြို့နယ် ညောင်နှစ်ပင်၊ ကြာဂန်သင်္ချိင်းအနီးရှိ အသေးစားသားရေစက်ရုံ ၀န်ထမ်း ၃၃ ဦး အစာအဆိပ်သင့်သဖြင့် မြောက်ဥက္ကလာပ ဆေးရုံမှ ဆေးရုံအုပ်နှင့် ဆရာဝန်များက မေလ ၂ရက် နံနက်ပိုင်းက သတင်းထောက်များအား ရှင်းလင်းပြောကြားစဉ်။

(ဓာတ်ပုံ- ကျော်စွာဝင်း)
Mizzima - News in Burmese



စေ့စပ်ကြောင်းလမ်းခြင်းဂယက် စာနယ်ဇင်းများမှတစ်ဆင့် ပြန်လည် ဖြေရှင်း သွားမည်ဟု ဆုပန်ထွာ ဆို


ရန်ကုန်၊ မေ ၁

နိုင်ငံပိုင်သတင်းစာ တစ်စောင်ဖြစ်တဲ့ ကြေးမုံသတင်းစာမှာ ဧပြီလ ၂၉ ရက်နေ့က ခင်ပွန်းလောင်း ကိုဥက္ကာကျော်ရဲ့ ဇနီးဖြစ်သည်ဆိုသူ ဒေါ်မဉ္ဇူအောင်က ရှေ့နေမှတစ်ဆင့် ကြေညာချက်ထုတ်ကာ ကန့်ကွက်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး လက်ရှိအချိန်မှာ ဖြေရှင်းဖို့ ဆန္ဒမရှိသေးပေမယ့် စေ့စပ်ကြောင်းလမ်းခြင်း ဂယက်နဲ့ ပတ်သက်ပြီး မကြာခင်မှာ စာနယ်ဇင်းများမှ တစ်ဆင့် ပြန်လည် ဖြေရှင်းသွားမှာ ဖြစ်ကြောင်း သရုပ်ဆောင် ဆုပန်ထွာက ပြောပါတယ်။

သားဖြစ်သူရဲ့ ကျန်းမာရေးကြောင့် အမေရိကန် ပြည်ထောင်စုမှာ ရောက်ရှိနေတဲ့ ဒေါ်မဉ္ဇူအောင်က ကိုဥက္ကာကျော်နဲ့ သရုပ်ဆောင် ဆုပန်ထွာ တို့ စေ့စပ်ကြောင်းလမ်းတဲ့ သတင်းကို ဂျာနယ်များ၊ ဝက်ဘ်ဆိုက်များနဲ့ Facebook များနှင့် မိတ်ဆွေများရဲ့ ပြောကြားချက်အရ ကြားသိရသလို၊ အမေရိကန်နိုင်ငံမှာ ထုတ်ဝေတဲ့ Myanmar Gazette စာစောင်မှာလည်း စေ့စပ်ကြောင်းလမ်းခြင်း သတင်းကို ထပ်မံတွေ့ရှိရကြောင်း၊ ကိုဥက္ကာကျော်ရဲ့ မိဘများကို ဆက်သွယ် မေးမြန်းရာမှာလည်း စေ့စပ်ကြောင်းလမ်းမှုမှာ ပါဝင်ပတ်သက်မှု မရှိသလို စေ့စပ်ခြင်းကို သဘောလည်း မတူဟု သိရှိခဲ့ရကြောင်း၊ ၎င်းနှင့် ကိုဥက္ကာကျော်တို့မှာ မြန်မာနိုင်ငံ၏ တည်ဆဲ ဥပဒေအရ လင်မယားအဖြစ် ပေါင်းသင်းခြင်း တရားဝင် တည်မြဲလျက် ရှိစဉ်မှာ ယခုကဲ့သို့ စေ့စပ်ကြောင်းလမ်းခြင်းမျိုးကို တရားဝင် ဇနီးတစ်ဦး အနေနှင့် ကန့်ကွက်ကြောင်း ဧပြီလ ၂၉ ရက်နေ့က ကြေးမုံသတင်းစာမှာ ဒေါ်မဉ္ဇူအောင်က ရှေ့နေကတစ်ဆင့် ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

“နိုင်ငံပိုင် သတင်းစာတွေထဲမှာ ကိုဥက္ကာကျော် ဘက်ကလည်း ရှေ့နေက တစ်ဆင့်ပြန်လည် ရှင်းသွားမယ်။ ပန်ပန် ကိုယ်တိုင်လည်း တစ်ဦးချင်း မဖြေကြားနိုင်တဲ့အတွက် ပန်ပန်ရဲ့ Facebook နဲ့ စာနယ်ဇင်းတွေက တစ်ဆင့် ပြန်လည် ရှင်းလင်း အသိပေးသွားပါမယ်” လို့ သရုပ်ဆောင် ဆုပန်ထွာက ပြောဆိုပါတယ်။

လတ်တလော အနုပညာ လှုပ်ရှားမှု အနေနဲ့ကတော့ ဒါရိုက်တာ အောင်ကိုလတ် ရိုက်ကူးတဲ့ နေရယ်၊ လရယ်၊ အမှန် တရားရယ် အမည်ရှိ ဇာတ်လမ်းတွဲမှာ သရုပ်ဆောင် နေယံ၊ ခင်ဇာခြည်ကျော်တို့နဲ့အတူ သရုပ်ဆောင်နေကြောင်း၊ ဂီတဘက်က ပရိသတ်တွေ အတွက်လည်း ဒုတိယမြောက် တစ်ကိုယ်တော် စီးရီးကို စတင်ပြင်ဆင်နေပြီ ဖြစ်ကြောင်း ဆုပန်ထွာက ထပ်လောင်း ပြောကြားပါတယ်။

အနုပညာ နယ်ပယ်အတွင်း တေးသံရှင် ထူးအယ်လင်းနဲ့ မီးမီးခဲတို့ ဧပြီလ ၃၀ ရက်က တရားဝင် ကွာရှင်းခွင့်ရကြပြီ ဖြစ်သလို သရုပ်ဆောင် လင်းဇာနည်ဇော်ကလည်း ရဲကိုကိုနဲ့ တရားဝင် ကွာရှင်းဖို့အတွက် လုပ်ဆောင်နေတယ်လို့ မီဒီယာတွေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

The Voice Weekly

ကျွန်ုပ်တို့အတွက်



(Written By - တင်ယုနွယ်)

"ဟေ့ ဒီမှာ မိနစ်ပိုင်းလေးပဲရှိသေးတယ် Like ၁၇ ခုတောင်တက်လာတယ်"

"အေးဟုတ်တယ်နော်"

နေဦး ဒီမှာစုပေါင်းရိုက်ထားတဲ့ပုံ ရှိသေးတယ်။ တင်လိုက်ဦး"

"အေးတင်လိုက်မယ် Like ဘယ်လောက်ရမလဲ မသိဘူးနော်"

ညနေခင်း အပြင်ထွက်လမ်းလျှောက်ရင်း ကောင်လေး၊ ကောင်မလေးခုနစ်ယောက်၊ ရှစ်ယောက်လောက်ရှိတဲ့ အုပ်စုလေးက ပြောတာကို လှမ်းကြားမိပါတယ်။ ကြားမိလိုက်တာနဲ့ အဲဒီအုပ်စုလေးဆီ အကြည့်ရောက်သွားပြီး ဘာတွေလုပ်နေလဲလှမ်းကြည့်လိုက်တော့ Touch Screen အကောင်းစား ဖုန်းလေးတွေကိုယ်စီနဲ့ ခေါင်းလေးတွေပူးပြီး အွန်လိုင်းပေါ် သူတို့တင်လိုက်တဲ့ပုံလေးကို အလုအယက် ထိုင်ကြည့်နေကြပါတယ်။

နောက် လူမှုကွန်ရက်မှာတွေ့လိုက်ရတဲ့ တစ်ကွက်ကာတွန်းသရုပ်ဖော်ထားရာမှာ အသုဘလိုက်ပို့ရင်း နောက်ခံသင်္ချိုင်းမြင်ကွင်းနဲ့ ပြုံးပြုံးလေးမျက်နှာထားလေးနဲ့ selfie ပုံတင်တာကို သရုပ်ဖော်ထားတာပါ။ ပုံလေးကိုကြည့်ပြီး သဘောကျမိပါတယ်။ နိုင်ငံတကာသတင်းတစ်ပုဒ်မှာ ဖတ်လိုက်ရတာကတော့ selfie ပုံကို တစ်နေ့ရာချီရိုက်ကာ ကိုယ့်ရုပ်ကိုကြည့်ပြီး မကျေနပ်ဘဲ စိတ်ပိုင်းဆိုင်ရာ ရောဂါရတယ်ဆိုတဲ့သတင်းတစ်ခုကိုလည်း ဖတ်လိုက်ရပါတယ်။ နည်းပညာခေတ်မှာ ကိုယ့်ဘာသာရိုက်ဖို့ မော်ဒယ်မြင့်ဖုန်းတွေမှာ front camera တွေနဲ့ပါလာပြီဖြစ်သလို နဂိုရှိရင်းစွဲထက် ပိုမိုကြည့်ကောင်းဖို့ ဆော့ဖ်ဝဲလ်တွေအသုံးပြုကာ ကိုယ့်ပုံကိုယ် မှတ်တမ်းတင်လာနိုင်ခဲ့ပါပြီ။

သူငယ်ချင်းတွေဆုံတဲ့ပွဲမှာ အမှတ်တရဓာတ်ပုံရိုက်တာကို သူငယ်ချင်းတစ်ယောက်က ၃၆၀ ဒီဂရီ ကင်မရာဆော့ဖ်ဝဲလ်ပါတဲ့ဖုန်းနဲ့ပဲ ရိုက်ဖို့ပြောသလို ဘယ်ဖုန်းအမျိုးအစားရဲ့ ၃၆၀ ဒီဂရီ ကင်မရာဆော့ဖ်ဝဲလ်က ပိုလှတယ်ဆိုပြီး အဲဒီဖုန်းနဲ့ပဲရိုက်ပေးဆိုကာ ရိုက်ပြီးတဲ့အခါ ပုံလေးကိုကြည့်ပြီး သူ့ဘာသာ သဘောကျနေပါတယ်။ ရိုက်ပြီးရင်တော့ ဘယ်နေရာ၊ ဘယ်သူတွေနဲ့ ဘာလုပ်နေလဲဆိုပြီး အချိန်နဲ့တစ်ပြေးညီ အွန်လိုင်းမှာ မှတ်တမ်းတင်ပါတော့တယ်။ တခြားသူတွေ ပြောဆိုနေတာ တစ်ဝက်လောက်ရောက်မှ ဘာပြောနေကြတာလဲမေးပြီး ပြန်ပြောခိုင်းပါတယ်။

လက်ရှိမှာလည်း ရန်ကုန်၊ မန္တလေးလိုမြို့ကြီးတွေမှာ အများစုဟာ လက်ဖက်ရည်ဆိုင်ထိုင်ရင်း၊ ဘတ်စ်ကားစီးရင်း၊ မိုဘိုင်းဖုန်းလေးတွေနဲ့ အွန်လိုင်းအသုံးပြုမှုကို နေရာစုံမှာတွေ့လာရပြီဖြစ်ပါတယ်။ ဒီလိုအသုံးပြုကြသလို အလုပ်ကပြန်လာ၊ ကျောင်းတက်ပြန်လာပြီး မိသားစုတွေစုံချိန်၊ အိပ်ချိန်တွေပါမကျန် ဖုန်းလေးတကိုင်ကိုင်နဲ့ အွန်လိုင်းဆက်အသုံးမပျက်တာကြောင့် မိသားစု ဒါမှမဟုတ် သူငယ်ချင်းတွေဆုံချိန် ရင်းရင်းနှီးနှီးပြောဆို ခင်မင်နေထိုင်ရမယ့်အချိန်မှာ တစ်ဦးတည်း သီးသန့်နေထိုင်နေသလိုတွေ ဖြစ်လာပါတယ်။ အသိသူငယ်ချင်း ကောင်လေးတစ်ယောက်ကတော့ သူတို့သူငယ်ချင်းတွေ လက်ဖက်ရည်ဆိုင်ထိုင်ရင် ဖုန်းမယူလာဖို့နဲ့ ယူလာရင်လည်း အွန်လိုင်းမကြည့်ကြေး သတ်မှတ်ထားတယ်လို့ ပြောပြပါတယ်။

ကမ္ဘာကြီးဟာ ရွာတစ်ရွာဖြစ်လာပြီလို့ဆိုကြပြီး စက္ကန့်ပိုင်းမလပ် ဖြစ်ပျက်နေတဲ့အရာတွေကို မျက်ဝါးထင်ထင် တွေ့နိုင်နေတဲ့ လူမှုကွန်ရက်ခေတ်မှာ ဘယ်သူတွေဘာလုပ်နေလဲ၊ ဘယ်သွားနေလဲ၊ ဘာစားနေလဲ စတဲ့ မေးခွန်းမလိုဘဲ အလိုအလျောက်ဖြေထားတဲ့ အဖြေတွေကိုတွေ့ရ၊ မြင်လာရပြီဖြစ်ပါတယ်။ မိမိတို့ဘာတွေလုပ်နေလဲဆိုတဲ့ Me &..ဆိုပြီး ကိုယ့်အကြောင်း စာစီစာကုံးရေးသလို ပုံနဲ့တကွ ဖော်ပြလာတဲ့ခေတ်ဖြစ်ပါတယ်။ ဒီလိုရေးသားနေမှုကြောင့် ကိုယ်ကိုယ်တိုင်ရော ပုံတွေတင်၊ ခံစားချက်တွေရေး မလုပ်ဘူးလားမေးရင် လုပ်ပါတယ်။ ဒါပေမဲ့ ကိုယ့်ဘာသာ စည်းသတ်မှတ်ထားပြီး အမှတ်တရ၊ အထိမ်းအမှတ်ဖြစ်မယ့် အကြောင်းအရာတွေလောက်သာတင်ပါတယ်။ ဒါ့အပြင် ကိုယ်တင်လိုက်တဲ့ ပုံနဲ့စာသားတွေကို like ဘယ်လောက်ရလဲလည်း ကြည့်ပါတယ်။ လူ့သဘာဝအတိုင်း ကိုယ့်ကို ဘယ်သူတွေသတိထားမိ၊ စိတ်ဝင်စားလဲဆိုတာသိလို၊ မြင်လို၊ သဘောကျတာကြောင့် ကိုယ်နဲ့ပတ်သက်တဲ့အကြောင်းတွေကို like လုပ်တဲ့အခါလည်း နှစ်သက်ကြပါတယ်။ ဒါ့ကြောင့် ကိုယ်တိုင်လည်း နှစ်သက်သဘောကျတာကို ၀န်ခံပါတယ်။ ဒါကိုကြည့်ရင် လူတိုင်းဟာသူများတွေထက် ကိုယ့်ကိုယ်ကိုယ်သာပို စိတ်ဝင်စားတာကို တွေ့ရမှာဖြစ်ပါတယ်။

စာပေဟောပြောပွဲတစ်ခုမှာ ဆရာမဂျူးက အခုခေတ်က အွန်လိုင်းမှာ ကိုယ့်ဘာသာ လက်ကလေးနှစ်ချောင်းထောင်၊ ပါးလေးဖောင်း၊ မျက်လုံးလေးပြူး၊ နှုတ်ခမ်းလေးစူကာ Me အကြောင်းကိုသာ စိတ်ဝင်စားပြီး We အတွက် စဉ်းစားမှုတွေနည်းလာတယ်ဆိုတာကို ပြောပြခဲ့ဖူးပါတယ်။ ကျဉ်းမြောင်းလာနေတဲ့ ကမ္ဘာ့ရွာခေတ်မှာ ကျွန်ုပ်အတွက်၊ ကျွန်ုပ်ပိုင်ဆိုင်မှု၊ ကျွန်ုပ်ပျော်ရွှင်မှု စတဲ့ကျွန်ုပ်ဆိုတဲ့ တစ်ယောက်ကောင်းအတွက်သာ လုပ်ကိုင်နေလို့ မရတော့ပါဘူး။ ကျွန်ုပ်တို့အတွက်၊ ကျွန်ုပ်တို့ပိုင်ဆိုင်မှု၊ ကျွန်ုပ်တို့ပျော်ရွှင်မှုတွေအတွက်ပါ စဉ်းစားပေးမှသာ ကမ္ဘာကြီးဟာ နွေးထွေး၊ ပျော်ရွှင်၊ သန့်ရှင်း၊ ကျန်းမာ၊ လှပ အဓွန့်ရှည်မှာဖြစ်ပါတယ်။
ဆိတ်သုဉ်း၊ ပျက်သုဉ်း၊ ညစ်နွမ်း၊ မလှပတဲ့ကမ္ဘာကြီးမှာတော့ ဘယ်သူမှ နေထိုင်လိုမယ်မထင်ပါ။ ဒါ့ကြောင့် ကျွန်ုပ်တို့ရဲ့ကမ္ဘာကြီးလှဖို့ ၀ိုင်းစဉ်းစားဖို့ တိုက်တွန်းရင်း .

Eleven media group

ဆံပင်အရှည်မြန်ပြီး သန်စွမ်းစေဖို့အတွက် သင်မသိခဲ့တဲ့ အချက်များ (အပိုင်း-၁)




မေသော် on 2014-05-02 12:27    
အမျိုးသားတွေရော၊ အမျိုးသမီးတွေပါ တစ်ခါတစ်လေ ကိုယ်ညှပ်လိုက်တဲ့ ဆံပင်က အရမ်းတိုသွားလို့ ဒါမှမဟုတ် ကြည့်မကောင်းလို့ ဆံပင်မြန်မြန်ရှည်ချင်ကြတာမျိုးတွေ ရှိပါတယ်။ အဲ့ဒီလိုအချိန်မျိုးတွေမှာ ဆံပင်ရှည်မြန်စေတဲ့ အချက်ကလေးတွေကို သေသေချာချာ ဂရုစိုက်လုပ်ပေးမယ်ဆိုရင် သင့်ဆံပင်မှာ အရှည်မြန်ပြီး သန်စွမ်းလာမှာပါ။ ဆံပင်ရှည်မြန်စေဖို့ သိထားရမယ့် အချက်တွေကတော့

၁။ဆံပင်ညှပ်ပေးခြင်းက ဆံပင်ရှည်တာကို မြန်စေပါတယ်။

ဆံပင်ရှည်ချင်ပါတယ်ဆိုမှ ဆံပင်ညှပ်ခိုင်းနေတယ်လို့ မထင်လိုက်ပါနဲ့။ ကိုယ့်ရဲ့ပျက်စီးနေတဲ့ ဆံပင်အဖျားတွေ၊ အဖျားနှစ်ခွဖြစ်နေတာတွေကို ညှပ်ပေးခြင်းအားဖြင့် သင့်ဆံပင်ဟာ အရင်ထက်ပို လျှင်မြန်စွာရှည်ပြီး သန်စွမ်းလာပါလိမ့်မယ်။  အနည်းဆုံး သုံးလတစ်ခါလောက်တော့ ဆံပင်ညှပ်ဆိုင်သွားပြီး ပျက်စီးနေတဲ့ ဆံပင်အဖျားတွေကို ညှပ်ပေးသင့်ပါတယ်။

၂။ဆံပင်အတွက် အထောက်အကူဖြစ်စေတဲ့ အစားအသောက်ကို သေသေချာချာ စားပေးပါ။

ဆယ်မွန်ငါး၊ ကြက်ဥ၊ နေကြာစေ့၊ထောပတ်သီး၊ အာလူး စတာတွေက ဆံပင်ရှည်မြန်ဖို့အတွက် အထောက်အကူပြုတဲ့ အစားအစာတွေပါ။ ဒါတွေကို ပုံမှန်စားပေးဖို့ လိုပါတယ်။

၃။ဆံပင်သားကို အပူပေးခြင်းမျိုးတွေ ရှောင်ပါ။

ဆံပင်ကို ဖြောင့်စက်နဲ့ဆွဲတာမျိုးဟာ ဆံပင်သန်စွမ်းမှု နဲ့ ဆံပင်အရှည်မြန်ဖို့အတွက် ဟန့်တားထားတဲ့အရာတွေပါ။ ဒါ့ကြောင့် ဒရိုင်ယာမှုတ်တာတွေ၊ အပူချောင်းနဲ့ ဆံပင်ကောက်တာတွေ၊ ဆံပင်ဖြောင့်တာမျိုးတွေ တတ်နိုင်သမျှ ရှောင်ဖို့ လိုပါတယ်။

၎။နေ့တိုင်းခေါင်းမလျှော်ပါနဲ့။

နေ့စဉ်နေ့တိုင်း ခေါင်းလျှော်ရင် ဦးရေပြားက အဆီတွေ ခန်းခြောက်နိုင်ပါတယ်။ ဒါ့ကြောင့် တစ်ရက်ခြားပုံမှန် ခေါင်းလျှော်ပေးခြင်းလောက်သာ ပြုလုပ်သင့်ပြီး ခေါင်းလျှော်တဲ့အခါတိုင်း ဆံပင်ပျော့ဆေးကို အမြဲသုံးပေးပါ။

၅။ခေါင်းလျှော်တိုင်း ဦးရေပြားကို နှိပ်ပေးပါ။

ခေါင်းလျှော်ချိန်တိုင်း ဦးရေပြားကို လက်ချောင်းထိပ်လေးတွေနဲ့ နှိပ်ပေးခြင်းအားဖြင့် ဆံသားကို ပိုမိုအရှည်မြန်စေဖို့ အထောက်အကူပြုပေးတယ်လို့ သိရတာကြောင့် အနည်းဆုံးသုံးမိနစ်ခန့် အချိန်ပေးပြီး ဦးရေပြားကို နှိပ်ပေးပါ။

Ref:womenshealthmag.com
Trend Myanmar

အော်ရီဒူးက မြန်မာ့ဘောလုံးအားကစားကဏ္ဍ ရေရှည်ထောက်ပံ့ရန် အစီအစဉ်ရှိဟုဆို


ဘောလုံးအားကစားကို လူငယ်နဲ့ ကလေးတွေ စိတ်ဝင်စား ပါဝင်လာအောင် လုပ်ဖို့ စီစဉ်ထားတယ်လို့ အော်ရီဒူး မြန်မာရုံးရဲ့ ဈေးကွက်ရှာဖွေရေးဌာန အကြီးအကဲ လော့ဇီယား မက်ပါးဆင် Ms. Lorxia Mcpherson က ပြောပါတယ်။

Ooredooမြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှာ ဒီနေ့ ပြုလုပ်တဲ့ MMF Ooredoo Cup ၂၀၁၄ ရှုံးထွက်ဘောလုံးပြိုင်ပွဲ ဒုတိယအကျော့ ပွဲစဉ်အတွက် မဲနှိုက်တဲ့ပွဲမှာ ဒီဗွီဘီကို ပြောလိုက်တာ ဖြစ်ပါတယ်။

အော်ရီဒူးအနေနဲ့ လက်ရှိမှာ မြန်မာဘောလုံးအဖွဲ့ချုပ်က ကျင်းပတဲ့ ရှုံးထွက်ဘောလုံးပြိုင်ပွဲကို ကူညီထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။

မြန်မာနေရှင်နယ်လိဂ် ကျင်းပရေးဒါရိုက်တာ ဦးရဲမျိုးဟိန်းက အရင်နှစ်တွေနဲ့ မတူပဲ သုံးကျော့ ယှဉ်ပြိုင်နိုင်အောင် ရေးဆွဲထားတယ်လို့ ပြောပါတယ်။

အဲဒါကြောင့် MMF Ooredoo Cup ၂၀၁၄ ပြိုင်ပွဲဟာ ဧပြီလကနေ စက်တင်ဘာလအထိ ၆ လ ကြာမြင့်မှာ ဖြစ်ပါတယ်။


DVB Burmese

တောင်ကိုရီးယားတွင် မြေအောက်ရထား နှစ်စင်း တိုက်ခိုက်မှု ဖြစ်ပြီး လူပေါင်း ၇၀ ကျော် ဒဏ်ရာ ရရှိ



မေ ၂။

မြေအောက်ရထား နှစ်စင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် တောင်ကိုရီးယားမြို့တော် ဆိုးလ်တွင် လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း
သိရှိရသည်။

လူ ၇၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အရေးပေါ် ဝန်ဆောင်မှု ဌာနမှ ကြေငြာခဲ့သော်လည်း အချို့သော မီဒီယာများမှ ဒဏ်ရာ ရရှိသူပေါင်း
၁၇၀ ခန့် ရှိမည် ဖြစ်ကြောင်း သတင်းပို့ခဲ့သည်။

စက်ပိုင်းဆိုင်ရာ ပြဿနာရပ်များကြောင့် ဘူတာရုံနှစ်ခုကြား ရပ်တန့်ထားသော ရထားတစ်စင်းကို အခြား ရထားတစ်စင်းမှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း
ဖြစ်ကြောင်း ယွန်ဟပ် သတင်းဌာနမှ သတင်းတင်ဆက်ခဲ့သည်။

ဤပြဿနာ မဖြစ်မှီတွင်လည်း လူပေါင်း ၃၀၀ သေဆုံးခဲ့သည့် ကူးတို့သင်္ဘော နစ်မြုပ်မှုကြောင့် နိုင်ငံမှ ပူဆွေးဝမ်းနည်း ခဲ့ရသည်။

ဆီဝိုး ကူးတို့ သင်္ဘောသည် ဧပြီလ ၁၆ ရက်နေ့၌ အထက်တန်း ကျောင်းသားအများစုနှင့် ဆရာများ ပါဝင်သည့် လူပေါင်း ၄၇၆ ယောက်ကို
တင်ဆောင်လာချိန်တွင် နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။

ကယ်ဆယ်ရေး လုပ်ငန်းများ ကိုင်တွယ်ဆောင်ရွက်မှုအပေါ် ဝေဖန်မှုများနှင့် လူထုမှ ဒေါသထွက်မှုများအပေါ်တွင် တောင်ကိုရီးယား သမ္မတ
ပက်ဂျွန်ဟီးမှ ယခု သီတင်းပတ် အစောပိုင်းက ဝန်ချတောင်းပန်ခဲ့သည်။

Ref: BBC
The Myanma Age

"ပြည်သူတွေရင်ထဲက မေ့မရနိုင်တဲ့ ဒဏ်ရာ" မကြာမီ ထုတ်လွှင့်ပြသသွားပါမည်။

"ပြည်သူတွေရင်ထဲက မေ့မရနိုင်တဲ့ ဒဏ်ရာ" မကြာမီ ထုတ်လွှင့်ပြသသွားပါမည်။





Eleven Media Group

ဆီးချိုသမားများအတွက် ဂလူးကို့စ် (glucose) ပမာဏကို ထက်ဝက်အထိ လျှော့ချပေးမယ့် ဆေးစွမ်းကောင်း


ဆီးချိုသမားများအတွက် သဘာဝ ဆေးစွမ်းကောင်းတစ်လက်ကို မျှဝေချင်ပါတယ်။ ဆီးချိုရောဂါရှိသူတွေကို သေချာ စမ်းသပ်ပြီးမှ လက်တွေ့ ရလဒ်ကောင်းတွေ ရလာတဲ့အတွက် ရှယ်လိုက်ရတာပါ။ ဆေးနည်းလေးကတော့ အလွန်ရိုးရှင်းပါတယ်။

ဒီနည်းအတိုင်း ဆီးချိုရောဂါရှိတဲ့လူတွေကို စမ်းသပ်လို့ ရလာတဲ့ ရလဒ်ကတော့ အလွန်အံဩဖို့ကောင်းပါတယ်။ ပထမ ဝေဒနာရှင်တစ်ဦးဟာဆိုရင် ဒီဆေးမြီးတိုကို သောက်သုံးလိုက်တာ သွေးတွင် ဂလူးကို့စ် ပမာဏ ၃၀၀ ကနေ ၁၅၀ အထိ ထက်ဝက်လျော့ကျသွားပါတယ်၊ နောက်ဝေဒနာရှင် တစ်ဦးကတော့ ၁၉၅ ကနေ ၉၄ အထိ လျော့ကျသွားပါတယ်။

ဆေးနည်းကတော့ ရုံးပတီသီးလေးတွေကို အဖျားနဲ့ အရင်း (အညှာ) တွေကို ဖြတ်ထုတ်လိုက်ပါ။ ဖန်ခွက်ထဲရေထည့်ပြီး ခုန ဖြတ်ထုတ်လိုက်တဲ့ ရုံးပတီသီးတွေကို တစ်ညလုံး ရေစိမ်ထားလိုက်ပါ။ နောက်နေ့မနက်မှာတော့ ခွက်ထဲက ရုံးပတီသီးတွေကို ဖယ်ထုတ်လိုက်ပြီး ကျန်တဲ့ရေကို သောက်လိုက်ပါ။

ဒါ့အပြင် ရုံးပတီသီးစိမ်ရည်ကို သောက်သုံးခြင်းအားဖြင့် သွေးတွင်း ဂလူးကို့စ်ပမာဏကို ပုံမှန်ဖြစ်နေအောင် လုပ်ဆောင်ပေးမယ့် အင်ဆူလင်ကိုလည်း ကောင်းစွာ ထိန်းညှိပေးတယ်လို့ ဆိုပါတယ်။

Ygn News (www.YgnNews.com)

မေ့မရသော မေ ၂ ရက်



Author:
မင်းသန်းထိုက်(ဒေးဒရဲ)



မေ၂ ရက်ဆိုလျှင် ကျွန်တော်တို့ ဒေသကို နာဂစ်မုန်တိုင်းကြီး အလည်လာခဲ့တာ ခြောက်နှစ် တင်းတင်းပြည့်ပြီပေါ့။ ကြည့်စမ်း။ တိုက်ဆိုင်လိုက်တာ။ လွန်ခဲ့သည့် ခြောက်နှစ် မေ ၂ ရက်ကလည်း သောကြာနေ့။ ယခု ၂၀၁၄ မေ ၂ ရက်ကလည်း သောကြာနေ့။ ကျွန်တော် စဉ်းစားမိလိုက်တော့ စိတ်ထဲမှာ နည်းနည်းထိတ်သွား၏။ ရက်ပဲတိုက်ဆိုင်ပါစေ။ အဖြစ်သနစ်တွေတော့ မတိုက်ဆိုင်ပါစေနှင့်ဟု ကျိတ်ဆုတောင်းမိ၏။ မိုးလေဝသ သတင်းတွေထဲ ဘာမှထူးထူးခြားခြားမကြားမိ၍ နေ့နှင့် ရက်ဆိုတာ သည်လိုပဲ တိုက်ဆိုင်တတ်တာပါပဲလေ။ အချို့မွေးနေ့မွေးရက်ခဏခဏတိုက်သည့်သူတွေတောင် ရှိတာပဲဟု စိတ်ဖြေရ၏။

လွန်ခဲ့သည့်ခြောက်နှစ်။ မေ ၂ ရက်က ကိစ္စတစ်ခုဖြင့် ရန်ကုန်သို့ ကျွန်တော်နေ့ချင်းပြန်သွားခဲ့သည်။ ဒလဆိပ်ကမ်းရောက်တော့ ဟိုဘက်ကမ်းကူးသည့် အစိုးရကူးတို့သင်္ဘောမရှိ။ ဆိပ်ခံဗောကြီးများပင်မရှိ။ အကျိုးအကြောင်းစုံ စမ်းကြည့်တော့ သည်နေ့မုန်တိုင်းရှိ၍ ကူးတို့သင်္ဘောမထွက်ဟုသိရသည်။ လူတွေကတော့ အေးအေးဆေးဆေးပင်။ အစိုးရကူးတို့ မရှိတော့ စက်သမ္ဗန်ကလေးများဖြင့် ကူးကြသည်။ ကျွန်တော်လည်း ရန်ကုန်ဘက်ကမ်းကို အများနည်းတူ စက်သမ္ဗန်ကလေးများဖြင့်ကူးသည်။ ခါတိုင်းထက်ပင် ပိုတည်ငြိမ်နေသေးသည်ဟုထင်မိ၏။ အပြန်တွင်လည်း စက်သမ္ဗန်ကလေးဖြင့်ပင် ပြန်ကူးခဲ့၏။ မုန်တိုင်းရှိမှန်း သိသော်လည်း ရင်ထဲမှာစိုးရိမ်ထိတ်လန့်မှု စိုးစဉ်းမျှမဖြစ်ခဲ့ပါ။ အစိုးရကပြည်သူကိုသာ မုန်တိုင်း၏ပြင်းအား မည်မျှရှိနိုင်သည်။ မည်သို့အန္တရာယ်ရှိနိုင်သည်။ မည်သည့်အရာများ ကြိုတင် ဆောင်ရွက်ထားသင့်သည် စသည်ဖြင့် အသိပေးခြင်းမရှိသော်လည်း သူတို့၏ကူးတို့ပြေးဆွဲခြင်းလုပ်ငန်းကိုတော့ ရပ်နားထား၏။

ကျွန်တော်တို့ ပြည်သူတွေကတော့ မုန်တိုင်းနှင့်ပတ်သက်သည့် ဗဟုသုတလည်းမရှိ။ အတွေ့အကြုံလည်းမရှိ။ ရေဒီယို နှင့် ရုပ်မြင်သံကြားက ကြေညာပေးနေသည့် အဝါရောင်၊ အနီရောင်ဆိုတာတွေလည်း နားမလည်တော့ ခပ်အေးအေးပဲပေါ့။ တကယ်ဆိုလျှင် ကျွန်တော်တို့ ဖျာပုံ၊ ဒေးဒရဲ၊ ကွမ်းခြံကုန်းမြို့များသို့မေ ၂ ရက် ည ၉ နာရီကျော်မှ မုန်တိုင်းက လေတဖြူးဖြူးနှင့် စဝင်ခြင်းဖြစ်၏။ ည ၁၀ နာရီကျော်၊ ၁၁ နာရီကျော်မှ တဖြည်းဖြည်းကြမ်းလာပြီး မေ ၃ ရက် မနက်၂ ချက်တီးကျော်မှ ဝုန်းဒိုင်းကြဲခြင်းဖြစ်သည်။ ဟိုင်းကြီးကျွန်းကို မုန်တိုင်းဝင်တာက မေ ၂ ရက် မနက် ၅ နာရီ။ လပွတ္တာ၊ ဘိုကလေးကိုဝင်တော့ မနက်၁၀ နာရီဝန်းကျင်။ အစိုးရကသာ အပျက်အစီး၊ အဆုံးအရှုံး ဖြစ်နိုင်ခြေများနှင့် ကြိုတင်ရှောင်ရှားကြရန် နှိုးဆော်ပေးချင်လျှင် မေ ၂ ရက်နေ့ တစ်နေ့လုံး အချိန်ရပါသည်။

ဤသို့သာ နှိုးဆော်ပေးလျှင် ကျွန်တော်လည်း မေ ၂ ရက်ကျမှ အရေးပေါ်ထပြီး ခရီးသွားဖြစ်မည် မဟုတ်။ အခြားသူများလည်း ခရီးသွားမည့်အစီအစဉ်ရှိလျှင်ပင် ဖျက်လိုက်ကြမည်ဖြစ်သည်။ ယခု တော့ လပွတ္တာ၊ ဘိုကလေးဘက်မှာ နာဂစ်က ဖျက်အားပြင်းပြင်း နှင့် ဝင်ရောက်မွှေနှောက်တိုက်ခတ်နေချိန်မှာပင် ကျွန်တော်တို့ ဆီက ပြည်သူများက ရေလမ်းခရီး သွားနေကြဆဲဖြစ်၏။ မြေတိုင်းစာရေးလေးတစ်ယောက်ဆိုလျှင် ထိုနေ့ နံနက် ၁၀ နာရီလောက်ကမှ သူတာဝန်ကျရာ ပင်လယ်ပိုင်းက ရွာကလေးဆီ ဆင်းသွားသည်။ ရွာကနေ ထာဝရပြန်တက်မလာ နိုင်တော့။ ဆယ်တန်းဖြေထားသည့် တပည့်လေးတစ်ယောက်ဆိုလျှင်လည်း မြို့မှာ ကွန်ပျူတာသင်တန်းတက်နေရာမှ သူ့ရွာကို ထိုနေ့ကမှ ခဏပြန်သွားသည်။ သူ့မိသားစုက သင်္ဂြိုဟ်ခွင့်ပင်မရလိုက်။ မြို့ပေါ်ရပ်ကွက်တစ်ခုမှ မိသားစုတစ်စုသည်လည်း ထိုနေ့ကမှ အဘိုး၊ အဘွားများရှိရာရွာသို့ အလည်သွားကြ၏။ မိသားစုတစ်စုလုံး ပျောက်သွားသည်။

နာဂစ်နှင့်ပတ်သက်ပြီး အမှတ်ရစရာ၊ ကြေကွဲစရာတွေက အပုံအပင်။ ရေတွင်းကုန်း၊ သံဒိတ်ဘက်မှ မိန်းမတစ်ယောက် က ရေတွေဒလဟောတက်၊ လေတွေတရကြမ်းတိုက်နေချိန်မှာ တိုင်တစ်လုံးကို အမိအရဖက် တွယ်ပြီး ကလေးမွေးဖွားရသည်။ သူနာပြုမရှိ၊ လက်သည်မရှိ၊ ဝိုင်းဝန်းအားပေးမည့်သူမရှိ။ ရေထဲမှာ သူတစ်ယောက်တည်း။ လက်တစ်ဖက်က တိုင်ကိုဖက်တွယ်ထားရင်း ဗိုက်ထဲက ထွက်ကျလာသည့်ကလေးကို အခြားလက်တစ်ဖက်ဖြင့် ရေထဲမှာ ရမ်းသန်းဖမ်းဆွဲလိုက်သည်။ ကံအားလျော်စွာ ကလေး၏ ခြေတစ်ဖက်ကို ဆွဲမိလျက်သားဖြစ်နေသည်။ လူ့ပြည် မှာနေဖို့ ဇာတာပါလာတော့ သည်လောက် အသည်းအသန်ကြားမှာ မွေးသည့်ကလေးက မသေ။ ယောက်ျားကလေးမို့ မောင်နာဂစ်ဟု အရပ်က အမည်ပေးထားသည်။ ယခုဆို သူလည်း ခြောက်နှစ်သားရှိပေပြီ။ ဒါက အမှတ်ရစရာ။

ကြေကွဲစရာက ရွာတစ်ရွာမှ ကျောင်းဆရာမိသားစု၏ အဖြစ်သနစ်ဖြစ်သည်။ လေတွေတိုက်၊ ရေတွေတက်လာတော့ သူတို့အိမ်ထက်ပိုပြီး လုံခြုံစိတ်ချရမည့် ရွာဦးကျောင်းကို သွားမည်ဟု မိသားစုလိုက် အိမ်ပေါ်က ဆင်းကြသည်။ ရေကခါးလယ်သာသာရောက်နေပြီ။ ဆက်၍လည်း တရိပ်ရိပ်တက်နေသည်။ အိမ်နှင့် စပါးစည်ကြားကဖြတ်ပြီး ရွာလမ်းပေါ် သွားကြသည်။ ကလေးနှစ်ယောက်ကို လင်မယား နှစ်ယောက် တစ်ယောက်စီချီလို့။ ယောက်ျားက ရှေ့က၊ မိန်းမက နောက်က။ ယောက်ျားဖြစ်သူ အိမ်နှင့်စည်ကြားက လွတ်သွားချိန်မှာ လေဒဏ်၊ ရေဒဏ်ကြောင့် စည်က အိမ်ဘက်ကိုယိုင်သွားပြီး မိန်းမဖြစ်သူညပ်နေသည်။ ကလေးပါညပ်မသွားတာဘဲ ကံကောင်းသည်ဆိုရမည်။ ကလေးကို ယောက်ျားဆီပေးပြီး ကြိုးစားရုန်းထွက်သည်။ မရ။ ယောက်ျားမှာလည်း ကလေးနှစ်ယောက်ကို ပွေ့ချီထားရသဖြင့် မိန်းမကိုကူပြီး ဆွဲထုတ်မပေးနိုင်။ အနီးအပါးမှာလည်း ဘယ်သူမှမရှိ။ ရေကလည်း တဖြည်းဖြည်းတက်နေပြီ။ နောက်ဆုံးမိန်းမက ‘‘ကလေးနှစ်ယောက်ကို ခေါ်ပြီးသွားပါတော့။ အကုန်သေကုန်လိမ့်မယ်’’ဟု အော်ဟစ်တောင်းပန်သဖြင့် ကလေးနှစ်ယောက်ကိုငဲ့ပြီး ယောက်ျားဖြစ်သူမှာ ကြေကွဲဆို့နင့်စွာဖြင့် မိန်းမကိုထားပစ်ခဲ့ရသည်။

 ‘‘ကျုပ်ဗျာ။ ကလေးနှစ် ယောက်ရှိနေလို့သာ။ နာဂစ်ပြီးခါစကများ ကျုပ်ကိုကျုပ်သတ်သေဖို့ ခဏခဏစဉ်းစားဖူးတယ်’’ ဟု ထိုကျောင်းဆရာက နောင်အခါ ပြန်ပြောင်းပြောပြပါသည်။

နာဂစ်မုန်တိုင်းတိုက်ပြီး ငါးရက်ကြာသည်အထိ ဘယ်တာဝန်ရှိသူမှ ရောက်မလာ။ ရပ်ကွက် တွေ၊ လမ်းတွေပေါ် ပိတ်ဆို့နေသော သစ်ပင်တွေ၊ အုန်းပင်တွေ၊ ဓာတ်တိုင်တွေကို ကျွန်တော်တို့ ပြည်သူတွေက ကိုယ့်အစီအစဉ် နှင့်ကိုယ် ဖယ်ရှားရှင်းလင်းရသည်။ နာဂစ်တိုက်ပြီး နှစ်ရက်အကြာ မေ ၄ ရက်မှာ ကျွန်တော်တို့ ရပ်ကွက် ချောင်ကြိုချောင်ကြားကို ပထမဆုံးရောက်လာသည်က ဩစတြေးလျနိုင်ငံသား ကမ္ဘာလှည့်ခရီးသည်တစ်ဦး။ ရပ်ကွက်ဆယ်အိမ်မှူးက ကျွန်တော့်ဆီခေါ်လာ၍ ခဏတွေ့လိုက်ရသည်။ သူတို့ကားကို ကွမ်းခြံကုန်း မရောက်မီ ဒေးဒနောမှာထားခဲ့ပြီး သည်ဘက်ကို ဆိုင်ကယ်ကယ်ရီဖြင့် လာခဲ့ခြင်းဖြစ်၏။ သူနှင့်အတူ ဂိုက်တစ်ယောက်ပါလာသည်။ ၁၂ မိုင်လောက်ရှိမည့်ခရီးကို ကယ်ရီခ တစ်ယောက်တစ်သောင်းခွဲပေးခဲ့ရသည်ဆို၏။ ဖုန်းတွေ၊ ကင်မရာတွေကို ဒလမှာ လုံခြုံရေးက သိမ်းထားလိုက်သဖြင့် သူသိချင်တာတွေမေးပြီး စာဖြင့်ရေးမှတ်သွားလေ၏။ နာဂစ်တိုက်ပြီး ခြောက်ရက်ကြာမှ မြို့ထဲမှာ အစိမ်းရောင် ယူနီဖောင်းဝတ်တွေ နေရာအနှံ့တွေ့ရသည်။ ပြည်သူတွေရှင်းလင်းပြီးသည့် အကြွင်းအကျန်တွေကို လိုက်ရှင်းနေကြ၏။

နာဂစ်ပြီးခါစမှာ အစားအသောက်ဈေးတွေက အဆမတန် ကြီးမြင့်လာသည့်အပြင် အလွယ်တကူဝယ်၍လည်းမရ။ သည်အထဲ ကျွန်တော်တို့ရပ်ကွက်က အနိမ့်ပိုင်းဆိုတော့ တော်တော် နှင့် ရေပြန်မကျသဖြင့် နှစ်ရက်လုံးလုံး ထမင်းချက်မရဘဲ အုန်းသီးချည်း ခွဲစားခဲ့ရသည်။ အိမ်ဆောက် ပစ္စည်းတွေကလည်း သွပ်တစ်ပေ ၁,၂၀၀၊ သံတစ် ပိဿာ ၄,၀၀၀၊ သစ်က အင်သားတောင် ရှစ်သိန်းဈေးဆိုတော့ ၂၀၀၈ ခုနှစ် တစ်နှစ်လုံး မိုးကာ အပြာစကြီးမိုးပြီး နေခဲ့ရသည်။ သည်အထဲ နာဂစ်ပြီးလို့ တစ်လတောင်မပြည့်ခင် အချို့ဒုက္ခသည်စခန်းမှာပဲ ရှိကြသေးသည်။ အိမ်ပြန်မဆောက်နိုင်ကြသေး။ အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲကို အတင်း ကတိုက်ကရိုက်၊ ဖုတ်ပူမီးတိုက်လုပ်သည်။ ဘယ်သူမှ သွားမပေးချင်ကြ။ ရာအိမ်မှူးတွေ၊ ဆယ်အိမ်မှူးတွေက အိမ်အထိလိုက်ခေါ်သည်။ တစ်အိမ်ကို တစ်ယောက်လိုက်ခဲ့လျှင် ရပါသည်ဟုဆို၏။ ကျွန်တော်ကတော့ ‘မင်းတို့ပေးချင်သလိုသာ ပေးလိုက်’ဟုပဲ ပြောလိုက်သည်။ ကိုယ်ကန့်ကွက်လည်း ဒါကြီးက အတည်ဖြစ်မည်ဆိုတာ သိနေမှတော့ ခြေညောင်းမခံတော့ဘူးဟုပဲ သဘောထားလိုက်၏။

ခုတော့ နာဂစ်ပေးခဲ့သည့် ဒုက္ခတွေက နှစ်ကာလကြာလာသည်နှင့်အမျှ တဖြည်းဖြည်းလျော့ပါးသွားခဲ့ပြီဖြစ်သည်။ နာဂစ်ထဲမှာ မွေးခဲ့သည့် မောင်နာဂစ်ကလေးပင် ယခုနှစ်ကျောင်းဖွင့်လျှင် ပထမတန်းတက်တော့မည်။ ဇနီးဆုံးပါးသွားသည့် ကျောင်းဆရာ၏ ကလေးတွေပင် အရွယ်ရောက်ကုန်ကြပြီ။ နာဂစ်၏ ဖွားဖက်တော် အခြေခံဥပဒေကြီးကတော့ နာဂစ်ဒေသတွင်သာမက တစ်ပြည်လုံးကို နှိပ်စက်၍ကောင်းဆဲဖြစ်၏။ တပြည်လုံးက ပြင်ဆင်ပေးဖို့ ဝိုင်းအော်နေတာတောင် သူ့ကိုမပြောသလိုမတုန်မလှုပ်။ သြော်.. နာဂစ်ထက်ပင် ဆိုးရွားလှချေတကား။  

7day daily

ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် ဖွဲ့စည်းပုံပြင်ရေး ပူးပေါင်း ဟောပြောမည်

ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)တို့ တွေ့ဆုံစဉ် -- ဓာတ်ပုံ - ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)

လာမယ့် မေလ ၁၇ ရက်နေ့ ရန်ကုန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပထမဆုံးအကြိမ် ပူးပေါင်းပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပူးပေါင်းဟောပြောမှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့က ဟောပြောပွဲအသေးစိတ်ကို လာမယ့် ၅ ၇က်နေ့ကျရင် ထုတ်ပြန်ကြေညာ သွားမယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူအဖွဲ့အစည်းက ဦးဂျင်မီက ပြောပါတယ်။
ရန်ကုန်ဟောပြောပွဲပြီးရင်တော့ မေလ ၁၈ ရက်နေ့မှာ မန္တလေးမြို့ လုပ်ဆောင်ဖို့ ရှိတာဖြစ်ပြီး အဓိကအားဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ထဲက ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဖြစ်တယ်လို့ ဦးဂျင်မီက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်က ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီးအပါအ၀င် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) က ခေါင်းဆောင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လုပ်ငန်းတွေကို ဆွေးနွေးခဲ့ပါ တယ်။ နောက်ဆက်တွဲ လှုပ်ရှားမှုအနေနဲ့ အခုလို ဟောပြောပွဲတွေ လုပ်ဆောင်မှာဖြစ်တယ်လို့ ဦးဂျင်မီက ဒီဗွီဘီကို ပြောပါတယ်။

DVB Burmese

အင်အားကြီးလာသည့် လူဆိုးဂိုဏ်းဝင်များကို အမေရိကန်အာဏာပိုင်များ ဖမ်းဆီး


အမေရိကန်နိုင်ငံမှာ အင်အားကြီးထွားလာနေတဲ့ ဆူရင်ညို (Surenos) လူဆိုးဂိုဏ်းဝင်တွေကို အမေရိကန်နိုင်ငံတ၀န်း အမေရိကန်အာဏာပိုင်တွေ လိုက်လံဖမ်းဆီးခဲ့ကြပါတယ်။

အမေရိကန်မြို့ကြီး ၁၇၉ မြို့မှာ တလကြာ စစ်ဆေးဖမ်းဆီးခဲ့တာမှာ ဂိုဏ်းသား စုစုပေါင်း ၆၃၈ ဦးကို ဖမ်းဆီးရမိခဲ့ပြီလို့ ဖမ်းဆီးမှုတွေကို လုပ်ဆောင်ခဲ့တဲ့ လူဝင်မှုနဲ့ အကောက်ခွန် ထိန်းသိမ်းရေးအာဏာပိုင်တွေက ပြောဆိုပါတယ်။

USဆူရင်ညိုလူဆိုးဂိုဏ်းဟာ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းက စတင်ပေါက်ဖွားလာပြီး မက္ကဆီကိုနိုင်ငံက မာဖီးယားဂိုဏ်းခေါင်းဆောင်တွေကို သြဇာခံကြတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိတဲ့ ဂိုဏ်းဝင် ၆၀၀ ကျော်မှာ ၄၀၀ ကျော်ဟာ ရာဇ၀တ်မှု ကျူးလွန်ခဲ့တဲ့ နောက်ကြောင်းရာဇ၀င်တွေရှိတယ်လို့ အမေရိကန်အာဏာပိုင်တွေက ပြောဆိုပါတယ်။

ဂိုဏ်းဝင် ၄ ချိုး ၃ ချိုးကို ဖမ်းဆီးရမိတာဖြစ်ပေမယ့် ဒါဟာ အစလေးပဲ ရှိသေးတယ်လို့ အကောက်ခွန်နဲ့ နယ်စပ်လုံခြုံရေး ကော်မရှင်နာမင်းကြီး သောမတ် ၀င်ကောစကီးက မေလ ၁ ရက်နေ့က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဖမ်းဆီးရမိတဲ့ ဂိုဏ်းဝင်တွေဆီက ထောက်လှမ်းရေးအချက်အလက်တွေကို ရရှိထားပြီး စစ်ဆေး ဖမ်းဆီးမှုတွေ ဆက်လက်လုပ်ဆောင်ဦးမယ်လို့ ပြောဆိုပါတယ်။

ဖမ်းဆီးခံရသူ လူဆိုးဂိုဏ်းဝင်တွေဟာ လူသတ်မှု၊ ခြိမ်းခြောက်လုယက်မှု၊ မူးယစ်ဆေးဝါး မှောင်ခိုမှုတွေကို ကျူးလွန်သူတွေဖြစ်တယ်လို့ အမေရိကန်အာဏာပိုင်တွေက ဆိုကြပါတယ်။

DVB Burmese

မြေသယ်ယာဉ်ပေါ်၌ အိပ်ပျော်နေသည့် လူငယ်တစ်ဦး မြေကြီးပိသေဆုံး


ဖြိုးဝေလင်း

ရန်ကုန်၊ မဇ္ဈိမ။ ။ မြောက်ဒဂုံမြို့နယ်၊ ကုန်းဘောင်အိမ်ယာအတွင်း၌ ရပ်ထားသောမြေသယ်ယာဉ်ပေါ်တွင် အိပ်ပျော်နေသူ လူငယ်တစ်ဦး မြေကြီးပိ၍ သေဆုံးခဲ့သောဖြစ်စဉ်တစ်ခု မေလ ၁ရက်၊ နံနက် ၉နာရီခွဲ အချိန်ကဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

မြေကြီးပိ၍ သေဆုံးသူမှာ အသက်(၁၆)နှစ်သာ ရှိသေးပြီး မြေကြီးချပေးစဉ် မြေညှိသောလုပ်ငန်းကို လုပ်ကိုင်သူဖြစ်သည်။

ဖြစ်ပွားပုံမှာ မြောက်ဒဂုံမြို့နယ်၊ စက်မှုဇုန်အတွင်း ကနောင်မင်းသားလမ်းဘေးရှိ General Enterprises Garment ကုမ္ပဏီဝင်းအတွင်းမှ ကိုဖြိုးမင်းလတ် မောင်းနှင်သော CAT-320 Backhoe နှင့် မြေကြီးများကိုယူကာ ဦးသန်းမြင့် မောင်းနှင်သော မြေသယ်ယာဉ်ပေါ်သို့ မြေကြီးများတင်ဆောင်စဉ် ယာဉ်ပေါ်၌အိပ်ပျော်နေသော မောင်ဝင်းသူမှာ မြေကြီးပိ၍ သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ရဲမှတ်တမ်းက ဆိုသည်။

သေဆုံးသူအား ယာဉ်မောင်း ဦးသန်းမြင့်က လိုက်လံရှာဖွေစဉ် မြေသယ်ယာဉ်ပေါ်ရှိ မြေကြီးပုံအကြားတွင် သေဆုံးသူ၏ ပုဆိုးစကို တွေ့ရှိသဖြင့် မြေကြီးပိသေဆုံး
နေသည်ကို သိရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုနှင့် ပတ်သက်၍ Backhoe ယာဉ်မောင်းနှင့် မြေသယ်ယာဉ် ယာဉ်မောင်းတို့ကို ဒဂုံမြောက်ရဲစခန်းမှ(ပ) ၂၃၁/၁၄ ၊ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့်အရေးယူထားပြီး ဖမ်းဆီး စစ်ဆေးလျက်ရှိသည်။

Mizzima Burmese

ကမ္ဘာ့ ဈေးအကြီးဆုံးမြို့ စင်္ကာပူဖြစ်လာပြီး ဈေးအပေါဆုံးမြို့မှာ မွမ်ဘိုင်းမြို့ဖြစ်



စင်္ကာပူမြို့သည် ၂၀၁၄ ခုနှစ်အတွင်း စားသောက်နေထိုင်ရန်ဈေးအကြီး ဆုံးမြို့ဖြစ် လာကြောင်း စီးပွားရေးထောက်လှမ်းရေးအဖွဲ့ (EIU) ၏ ဆန်းစစ်လေ့လာမှု က ဖော်ပြ သည်။


ကုန်ကျစရိတ်များခြင်း ၊ ဘက်စုံဝန်ဆောင်ခများမြင့်မားခြင်းနှင့် ခိုင်မာ သောငွေကြေး စနစ်ကြောင့် စင်္ကာပူမြို့သည်ကမ္ဘာ့ မြို့ကြီး ၁၃၁ မြို့ အနက် ဈေးအကြီး ဆုံးမြို့တော် အဖြစ် သတ်မှတ်ခြင်းခံရသည်။ စင်္ကာပူသည် အဝတ်အစားများ ဝယ်ရန် လည်း ကမ္ဘာ့ ဈေး အကြီးဆုံးမြို့ဖြစ်သည်။

၂၀၁၄ ခုနှစ်တွင် နေထိုင်ရန်ဈေးအကြီးဆုံး ကမ္ဘာ့ မြို့ကြီးငါးမြို့မှာ စင်္ကာပူ၊ ပါရီ၊အော်စလို၊ ဇူးရစ်နှင့် ဆစ်ဒနီတို့ဖြစ်ကြပြီး ကာရာကတ်စ်၊ ဂျီနီဗာ၊ မဲလ်ဘုန်းနှင့် တိုကျိုတို့သည် ပူးတွဲနံပါတ် (၆) နေရာကိုရရှိ ခဲ့ကာ ကိုပင်ဟေဂင်မြို့ သည် နေ ထိုင်ရန်ဈေးအကြီးဆုံးနံပါတ် (၁၀) ဖြစ်လာခဲ့သည်။ စင်္ကာပူမြို့သည် ၂၀၁၃ ခုနှစ် တွင် နေထိုင်ရန် ကမ္ဘာ့ ဈေးအကြီးဆုံးမြို့အဖြစ်သတ်မှတ်ခြင်းခံခဲ့ရသော တိုကျိုမြို့နေရာ ကို အစားထိုးဝင်ရောက်လာခြင်း ဖြစ်သည်။

(EIU) ၏ ၂၀၁၄ ခုနှစ်နေထိုင်မှုစရိတ်စစ်တမ်းသည် ကမ္ဘာ့ မြို့ကြီး (၁၃၁) မြို့ ကိုလေ့လာ ခဲ့ရာ အိန္ဒိယနိုင်ငံ၏အဓိကမြို့ကြီးများဖြစ်သော မွမ်ဘိုင်းနှင့် နယူးဒေလီမြို့ တို့သည် နေထိုင်စရိတ်အသက်သာဆုံး မြို့များအဖြစ် သတ်မှတ်ခြင်းခံရသည်။ (EIU) ၏ နေထိုင်စရိတ် အသက်သာဆုံးမြို့ကြီး (၁၀) မြို့စာရင်းတွင် မွမ်ဘိုင်း၊ ကရာချိ၊ နယူးဒေလီ၊ ဒမတ်စကတ်စ်မြို့များက ထိပ်ဆုံးမှရပ်တည်နေကြသည်။

Ref:asiareport
အောင်ခမ်း (www.innewsmyanmar.com)


ဘက်ဖိုးယာဉ်မှ မြေသယ်ယာဉ်ပေါ်သို့ မြေကြီးများတင်ဆောင်စဉ် ယာဉ်ပေါ်၌အိပ်နေသူကို ပိမိသဖြင့် သေဆုံး



ရန်ကုန်၊ မေ ၂

၁.၅.၂၀၁၄ရက်နေ့ ၁၉၃၀အချိန်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၁၆)ရပ်ကွက်၊ စက်မှုဇုန်ရှိ ကနောင်မင်းသားကြီးလမ်းဘေးတွင် မြေသယ်ယာဉ်ပေါ်၌ အမျိုးသားတစ်ဦး မြေကြီးပိ၍သေဆုံးကြောင်း သတင်းအရ သွာရောက်
စစ်ဆေးခဲ့ရာ သေဆုံးသူမှာ မောင်ဝင်းသူဦး၊ (၁၆)နှစ်၊ ဒဂုံမြို့သစ်
(အရှေ့ပိုင်း)မြို့နယ်နေသူဖြစ်ပြီး 3G---- Forland မြေသယ်ယာဉ်ပေါ်တွင်
မြေကြီးများပိ၍သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူမောင်ဝင်းသူဦးမှာ ဒဂုံမြို့သစ်(တောင်းပိုင်း)
မြို့နယ်နေ ယာဉ်မောင်း ဦးသန်းမြင့်၊(၅၅)နှစ်၊(ဘ)ဦးသန်းအောင် မောင်းနှင်
သော 3G---- Forland မြေသယ်ယာဉ်တွင် လိုက်ပါကာ မြေကြီးများချသည့်
အခါများ၌ မြေညှိသည့်အလုပ်ကိုလုပ်ကိုင်သူဖြစ်ကြောင်း၊ ၎င်းမှာ အခင်းဖြစ်
ချိန်က အဆိုပါနေရာရှိလုပ်ငန်းခွင်၌ မြေသယ်ယာဉ်ပေါ်တွင် အိပ်နေခဲ့
ကြောင်း၊ ထိုစဉ် သာကေတမြို့နယ်နေ ယာဉ်မောင်း ဖြိုးမင်းလတ်၊ (၂၁)နှစ်၊ (ဘ)ဦးသောင်းညွန့်မောင်းနှင်သည့် CAT ဘက်ဖိုးယာဉ်မှ မြေကြီးများကို Forland မြေသယ်ယာဉ်ပေါ်သို့ တင်ဆောင်ခဲ့ကြောင်း၊ ယင်းနောက်
မြေသယ်ယာဉ်မောင်းဖြစ်သူ ဦးသန်းမြင့်မှ မောင်ဝင်းသူဦးပျောက်ဆုံးနေ
သဖြင့် လိုက်လံရှာဖွေရာမှ ယာဉ်ပေါ်၌ မြေကြီးများပိ၍သေဆုံးနေသည်ကို
တွေ့ရှိခြင်းဖြစ်ကြောင်းသိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ယာဉ်မောင်း ဖြိုးမင်းလတ်နှင့် ဦးသန်းမြင့်တို့
(၂)ဦးအား ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်း(ပ)၂၃၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက် ရှိကြောင်းသတင်းရရှိ
ပါသည်။

Yangon Police

သာကေတအ၀ိုင်းပတ်အတွင်း ယာဉ် (၄)စီးဆင့်ကဲတိုက်မှုဖြစ်ကာ ယာဉ်မောင်း (၁)ဦးဒဏ်ရာရ



ရန်ကုန်၊ မေ ၂

၁.၅.၂၀၁၄ ရက်နေ့ ၁၂၃၀ အချိန် သာကေတမြို့နယ်၊ သန်လျင်တံတား
ချဉ်းကပ်လမ်းအတိုင်း သန်လျင်တံတားဘက်မှ သာကေတအ၀ိုင်းဘက်သို့ ယာဉ်မောင်း အောင်ကျော်သူ (၃၉)နှစ်၊ (ဘ)ဦးထွန်းဝေ၊ (၁၃)ရပ်ကွက်၊
ရွှေပေါက္ကံ၊ မြောက်ဥက္ကလာပမြို့နယ်နေသူမောင်းနှင်လာသော ၂ဂ---၊ NISSAN DIESEL ၀ါ/စိမ်းရောင်၊ ဘိလပ်မြေဖျော်သည့်ယာဉ်သည် သာကေတအ၀ိုင်းအရောက် အ၀ိုင်းပတ်ယာဉ်ကြောအတွင်းသို့ဝင်စဉ် အ၀ိုင်းပတ်အတွင်း ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ ယာဉ်မောင်းဦးတင်ရှိန် (၅၂)နှစ်မောင်းနှင်နေသော 2B---မီနီဘတ်၊ မထသ-၃၅ ယာဉ်လိုင်း ခရီးသည်တင်ယာဉ်ကို ၀င်ရောက်တိုက်မိခဲ့ရာ မီနီဘတ်စ်ယာဉ်မှာ တိုက်ခံရ
သည့်အရှိန်ကြောင့် ၎င်း၏ရှေ့၌ ဦးနေ၀င်း မောင်းနှင်နေသော ခခ/--- ဗင် အဖြူရောင်အငှားယာဉ်နှင့် ဦးအေးနိုင် မောင်းနှင်နေသော BB---- ကယ်လ်ဒီနား အဖြူရောင် အငှားယာဉ်များကို ဆက်လက်တိုက်မိခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ် (၄)စီးပျက်စီးခဲ့ကာ မီနီဘတ်ခရီးသည်
တင်ယာဉ်မောင်း ဦးတင်ရှိန်တွင် ယာပုခုံးဖူးရောင်နာကျင်ဒဏ်ရာရရှိခဲ့၍ ရန်ကုန်ဆေးရုံကြီးတွင် ပြင်ပလူနာအဖြစ် ကုသခဲ့ရပါသည်။

ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း အောင်ကျော်သူ
အား သာကေတနယ်မြေရဲစခန်း ယာဉ်(ပ)၁၅/၂၀၁၄၊ ပြစ်မှုပုဒ်မ
၂၇၉/၃၃၇ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိ
ပါသည်။


Yangon Police

Collagen (ကိုလာဂျင်)


ဆရာရှင့် အခုနောက် ပိုင်း Thai ကဝင်တဲ့ Collagen 100000 အား ဆိုတဲ့ဖြည့်စွက်စာလို အမှုန့်လေးတွေဟာ သုံးစွဲမယ် ဆိုရင် side effect ရှိပါသလားရှင့်။ သမီး အခုသောက်နေလို့ပါရှင့်။ တချို့တွေပြောကြတာတော့ side effects ရှိတယ် ဆိုလို့ပါ။ သူ့ရဲ့ side effect လေးတွေ သိချင်ပါတယ်ရှင့်။

2. Sat, Sep 28, 2013 at 7:47 AM
သမီးအသက်၂၉ နှစ်ပါ။ အသားအရေအတွက် Collagen ပါတဲ့ဆေး သောက်နေပါတယ်။ ဆေးသောက်ရင် ဗိုက်နဲ့ရင်ဘတ် နဲနဲအောင့်တယ်။ collagen နဲ့ပတ်သတ်ပြီး သိချင်ပါတယ်။ အသက်ဘယ်လောက်ကစ သောက်သင့်ပါသလဲ။

(ကိုလာဂျင်) ကို မလှချင်တွေက အများဆုံး စိတ်ဝင်စားကြတယ်။ Collagen (ကိုလာဂျင်) ဆိုတာ ဓါတုပစ္စည်းတခု ဖြစ်တယ်။ လူနဲ့ တိရစ္ဆာန်တွေမှာရှိတယ်။ အသားနဲ့ ကြား (တစ်ရှူး) တွေထဲမှာ နေတယ်။ အရွတ်တန်၊ အဆစ်နားက အရွတ်၊ အရေပြား၊ အရိုး၊ အရိုးနု၊ သွေးကြော၊ အစာလမ်း၊ ဆံပင်၊ လက်-ခြေသည်း၊ ခါရိုးဆစ်ကြား နေရာတွေမှာရှိတယ်။ အရာရာကို ဆွဲစုထားသလိုနေစေတယ်။ ကိုယ်ထဲက (ပရိုတင်း) ရဲ့ ၂၅-၃၅% က (ကိုလာဂျင်) ဖြစ်တယ်။ အရေပြားထဲက တွယ်ဆက် (တစ်ရှူး) ထဲမှာရှိတာမို့ တင်းနေစေတယ်။ ဆန့်နိုင် ကျုံ့နိုင်စေတယ်။

အသက်ရလာရင် ကိုလာဂျင် ထုတ်လုပ်တာ အားနည်းလာတယ်။ အသားအရေတွေက ပါးလှပြီး ပြော့ဖတ်ဖတ် ဖြစ်လာကြတယ်။ ထိခိုက်တာကို ငယ်တုံးကလောက် မခံနိုင်တော့ဘူး။ အရေးအကြောင်းတွေပေါ်လာတယ်။ အရွတ်တွေ အဆစ်တွေလဲ အားနည်းလာတော့တယ်။

ဆေးပညာ နေရာအမျိုးမျိုးမှာ သုံးနိုင်တယ်။
1. Bone grafts အရိုးအစားထိုး၊
2. Cardiac applications နှလုံးအစားထိုး၊
3. Cosmetic surgery အလှအပခွဲစိတ်မှု၊
4. Tissue regeneration (တစ်ရှူး) အသစ်ပေါက်စေအောင်၊
5. Wound care management uses အနာ-ဒဏ်ရာ ကျစေအောင်။

ကြော်ညာတွေကလဲ အားကောင်းတယ်။
• Arterial strengthening သွေးကြောအားကောင်းအောင်၊
• Heart, prostate, lungs, liver, kidneys, blood vessels အတွင်းအင်္ဂါတွေအားကောင်းအောင်၊
• Joint rebuilding အဆစ်အားကောင်းအောင်၊
• Muscle tone ကြွက်သားအားကောင်းအောင်၊
• Skin toning and thickening အရေပြားအားကောင်းအောင်၊
• Thickening hair and nails လက်-လြေသည်းကောင်းအောင် စတာတွေကို ကောင်းစေမယ်လို့ ဆိုပါတယ်။

Chronic problems that can improve include နာတာရှည်ရောဂါတွေအတွက်လဲ ကောင်းပါသေးတယ်။
• Arthritis in joints အဆစ်နာ၊
• Autoimmune situations ခုခံအားကမောက်ကမဖြစ်ခြင်း၊
• Bladder weakness ဆီးအိမ်အားနည်းခြင်း၊
• Chronic fatigue အားနည်းခြင်း၊
• High blood pressure သွေးတိုး၊
• Obesity လူဝခြင်း၊
• Osteoporosis အရိုးအားနည်းရောဂါ၊
• Shallow breathing အသက်ရှူမဝခြင်း၊
• Skin problems အရေပြားရောဂါတွေ၊
• Splitting nails လက်-ခြေသည်းမကောင်းခြင်း။

Collagen supplements ကိုလာဂျင် အားဆေးအဖြစ်လဲ သုံးတာကြတယ်။ ၂ဝဝ၈ ကနေစပြီး Collagen type II ကို ပြောင်းသုံးလာတယ်။ အရည်၊ ဆေးပြား၊ ဆေးတောင့်၊ ဂျဲလ်၊ ပေါင်ဒါ အမျိုးမျိုးရောင်းတယ်။ Collagen type II is 500 mg capsules ကို တနေ့ ၂-၃ ကြိမ်အထိပေးတယ်။ အရေပြား ပိုကောင်းချင်လို့ ဒီဆေးသောက်သူတွေဟာ Vitamin C ဗီတာမင် (စီ) လဲ လိုမယ်။ ဗီတာမင် (အီး) လဲနာမယ်ကြီးတယ်။

Hydrolyzed Collagen ဆိုတာကိုသုံးတာများတယ်။ Oral pill စားဆေးကို joint mobility supplement အဖြစ်သုံးတယ်။ Lip Collagen Injection ထိုးဆေးကို အရေပြား အရေးအကြောင်းပေါ်တာသက်သာအောင် ထိုးပေးတယ်။ Collagen cream လိမ်းဆေးကိုလဲ အရေပြားမှာ လိမ်းရတယ်။ Catrix Collagen ဆိုတာက ပေါ်တာမကြာသေးဘူး။ အနာကျက်တာ မြန်စေအာင်သုံးတယ်။ မတည့်သူတွေ (အလာဂျီ) ရနိုင်တယ်။ ဆေးထိုးရင် နာမယ်။

ဒေါက်တာတင့်ဆွေ

အမျိုးသားများ ၀တ်ရန် သီးသန့် ဘရာစီယာ ထုတ်လုပ်၊ ၀တ်ဆင်ရတာ အရသာ အလွန်ကောင်းကြောင်းဆို


ဂျပန် ကုမ္ပဏီ တစ်ခု ဟာ အမျိုး သား တွေ ၀တ်ဆင် ဖို့ ဘရာ စီယာ နဲ့ အ တွင်း ခံ ဘောင်း ဘီ တွေ သီးသန့် ထုတ် လုပ် လိုက် တာမို့ အငြင်းပွား ဖွယ် ရာဖြစ်ခဲ့ ကြောင်း သိရ ပါ တယ်။ အမျိုး သား တွေဝတ်ဆင်ဖို့ ထုတ်လုပ် လိုက် တဲ့ ဘရာစီယာ နဲ့ အတွင်းခံ ဘောင်းဘီ ဟာ အမျိုး သမီး တွေ ၀တ်ဆင် တဲ့ ဒီဇိုင်း ပုံစံအတိုင်း ပြုလုပ် ထား တာ ဖြစ်ပါ တယ်။ ဒီပစ္စည်း ကို Wish Room ကုမ္ပဏီ က စတင် မိတ် ဆက် ရောင်းချ ခြင်းဖြစ် ပြီး ဂျပန် နိုင်ငံ က စတိုး ဆိုင် တွေ မှာ ၀ယ် ယူ ရရှိ နိုင် မှာ ဖြစ် ပြီး၊ ဘရာ စီယာ နဲ့ အ တွင်း ခံဘောင်း ဘီ တစ်စုံ ရဲ့ တန်ဖိုး က ပေါင် (၁၁ ဒသမ ၅၀) က နေ ပေါင် (၁၈) အ ထိ ရှိ မှာ ဖြစ် ပါ တယ်။ အမျိုးသား တွေ ဘရာ စီယာ ၀တ် ဆင် တာ ဖြစ်ရိုး ဖြစ်စဉ် မဟုတ် ပေမယ့် အမျိုး သမီး တွေ လို ထူး ခြား တဲ့ အတွေ့ အကြုံ ရ စေဖို့ ထုတ်လုပ် ခဲ့ခြင်း ဖြစ် ပါ တယ်။ ဒီ ကုမ္ပဏီ ဟာ ၂၀၀၈ မှာ အမျိုး သား အတွင်း ခံ ဘောင်း ဘီ တွေ ထုတ် လုပ် ခဲ့ပြီး အမျိုး သမီး အတွင်း ခံ ဘောင်း ဘီ တွေ ကို လည်း ရောင်း ချ ခဲ့ ဖူးတယ်လို့ သိရပါ တယ်။ Wish Room ကုမ္ပဏီ ရဲ့ တာဝန် ရှိသူ တစ်ဦး က ဘရာ စီယာ ၀တ် ဆင် ထား တဲ့ ခံစား မှု မျိုး က ဘယ် အရာ နဲ့မှ မတူ ကြောင်း၊ ဒီ အရသာ ဟာ အလွန် ကောင်း ကြောင်း ပြော ကြား သွား ခဲ့ ပါ တယ်။ အ မျိုး သား တွေ အတွက် သီးသန့် ထုတ်လုပ် ထားတဲ့ ဘရာ စီယာ အပေါ် စိတ်ဝင် စား မှု ပိုမို လာ လိမ့် မယ် လို့ ကုမ္ပဏီ က မျှော်လင့် ထား ပါ တယ်။
The Messenger

မလေးရှားအစိုးရက ပျောက်ဆုံးလေယာဉ်နှင့်ပတ်သက်ပြီး အစီရင်ခံစာထုတ်ပြန်


ပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်းပိုင်လေယာဉ်နဲ့ ပတ်သက်ပြီး စာမျက်နှာ ၅ မျက်နှာပါ အစီရင်ခံကို မလေးရှားအစိုးရက မေလ ၁ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

အရပ်ဘက်လေယာဉ်တွေကို အချိန်နဲ့ တပြေးညီ နောက်ယောင်ခံနိုင်မယ့် စနစ်တခုကို စတင်အသုံးပြုဖို့ အပြည်ပြည်ဆိုင်ရာ အရပ်ဘက်လေကြောင်းအဖွဲ့ကို မလေးရှားအာဏာပိုင်တွေက အစီရင်ခံစာထဲမှာ တိုက်တွန်းတောင်းဆိုထားပါတယ်။

၂၀၀၉ ခုနှစ်ကလည်း ပြင်သစ်လေကြောင်းပိုင်လေယာဉ်တစီးလည်း အခုလိုပဲ နောက်ယောင်မခံနိုင်ပဲ ပျောက်ဆုံးခဲ့တာကြောင့် ၅ နှစ်အတွင်း အရပ်ဘက်လေယာဉ်နှစ်စီး ပျောက်ဆုံးခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

လေယာဉ်ရဲ့နောက်ဆုံးအခြေအနေနဲ့ တည်နေရာကို အတိအကျစုံစမ်းထောက်လှမ်း နိုင်ခြင်း မရှိတာကြောင့် လေယာဉ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ကြီးမားတဲ့ အခက်အခဲ ဖြစ်ရတယ်လို့လည်း ဆိုပါတယ်။

အရင်က မလေးရှားအစိုးရက ထုတ်ပြန်ခဲ့ဖူးခြင်းမရှိတဲ့ အချက်အလက်တချို့ကိုလည်း အစီရင်ခံစာမှာ တည့်သွင်းအစီရင်ခံထားတာလည်းပါဝင်ပါတယ်။

လေယာဉ်မှူးတွေနဲ့ လေကြောင်းဆက်သွယ်ရေးဌာန နောက်ဆုံးပြောဆိုခဲ့တဲ့ အသံဖိုင်တွေကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ ပြန်လည်အားသွင်းနိုင်တဲ့ lithium batteries ဓာတ်ခဲ ၂ တန်ခွဲကိုလည်း လေယာဉ်ပေါ် သယ်ဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ လေယာဉ် ပျောက်ကြောင်းသိရှိခဲ့ပြီး ၄ နာရီကြာ မနက် ၅ နာရီခွဲတဲ့အထိ လေယာဉ်ရှာဖွေ ကယ်ဆယ်ရေးတွေ မစနိုင်ခဲ့ဘူးဖို့လည်း ဆိုပါတယ်။

ဒီအပတ်ထဲမှာပဲ လေကြောင်း၊ ရေကြောင်း လေယာဉ်ရှာဖွေရေး မအောင်မမြင်ဖြစ်ခဲ့ပြီး ရေအောက်ရှာဖွေရေးလုပ်ငန်းတွေကို စတင်လုပ်ဆောင်တော့မယ်လို့ သြစတြေးလျဝန်ကြီးချုပ် တိုနီအက်ဘတ်က ပြောဆိုခဲ့ပါတယ်။
လေယာဉ်ပျောက်မိသားစုဝင်တွေကို ထောက်ပံ့ကူညီမှုတွေကိုလည်း ရပ်ဆိုင်းတော့မှာ ဖြစ်လို့ မိသားစုဝင်တွေအိမ်ပြန်နိုင်ပြီလို့ မလေးရှားလေကြောင်းလိုင်းက မေလ ၁ ရက်နေ့က ကြေညာခဲ့ပါတယ်။


DVB Burmese

ဒီနှစ် မိုးရာသီမှာ လေဖိအားနည်းရပ်ဝန်း ၇ ကြိမ်ဖြစ်နိုင် -မေးမြန်းချက်


အခုနှစ် မိုးရာသီ မြန်မာနိုင်ငံမှာ လေဖိအားနည်းရပ်ဝန်း ၇ ကြိမ်လောက်ဖြစ်နိုင်ပြီး ၃ ကြိမ်လောက်ဟာ မုန်တိုင်း (သို့) မုန်တိုင်းငယ်တွေ ဖြစ်နိုင်တယ်လို့ မြန်မာနိုင်ငံ မိုးလေ၀သနဲ့ ဇလဗေဒဌာနက ခန့်မှန်းပြောကြားလိုက်ပါတယ်။

မိုးဇလဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးကို ဒီဗွီဘီ သတင်းထောက် ကိုပီတာအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

အပြည့်အစုံနားဆင်နိုင်ပါပြီ။


DVB Burmese

အာဖဂန်နစ္စတန်တွင် အသေခံဗုံးခွဲ၊ ၁၂ ဦး သေဆုံး


အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်းက ပန်ရှာပြည်နယ်မှာ ပြီးခဲ့တဲ့ မေ ၁ ရက်နေ့က အသေခံ ကားဗုံးပေါက်ကွဲလို့ လူအနည်းဆုံး ၁၂ ဦး သေဆုံးခဲ့ပါတယ်။

တာလီဘန်တွေကို ဆန့်ကျင်ပြီး များသောအားဖြင့် အေးချမ်းတည်ငြိမ်တဲ့ပြည်နယ်မှာ အခုလို အသေခံကားဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ပေါက်ကွဲမှုကြောင့် ရဲဝန်ထမ်း ၆ ဦးနဲ့ လမ်းဖောက်လုပ်ရေးလုပ်သား ၆ ဦးတို့ သေဆုံးခဲ့ကြတယ်လို့ အာဖဂန်ပြည်ထဲရေးပြောခွင့်ရက ပြောဆိုပြီး အရပ်သား ၃၀ လောက်လည်း ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

အာဖဂန်နစ္စတန်မြောက်ပိုင်းပြည်နယ်တွေဟာ တောင်ထူထပ်ပြီး တာလီဘန်တွေကို လက်မခံကြတဲ့ ပြည်နယ်တွေ ဖြစ်ပါတယ်။

၂၀၀၁ တာလီဘန်တွေကို အမေရိကန်ဦးဆောင်မှုနဲ့ ဖြုတ်ချခဲ့တုန်းက အရေးပါခဲ့တဲ့ မဟာမိတ်ပြည်နယ်တွေလည်း ဖြစ်ကြပါတယ်။

ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ အာဖဂန်ရွေးကောက်ပွဲကို တာလီဘန်တွေက အကြမ်းဖက်မယ် လို့ ခြိမ်းခြောက်ခဲ့ပေမယ့် ရွေးကောက်ပွဲဟာ ထိခိုက်မှုမရှိပဲ ငြိမ်းငြိမ်းချမ်းချမ်းပဲ ပြီးဆုံးခဲ့ပါတယ်။

DVB Burmese

မိတ္ထီလာမှာ နှစ်ဖက် ဆက်ဆံရေးပြန်လည် တိုးတက်



လွန်ခဲ့တဲ့ တနှစ်ကျော်က မိတ္ထီလာမှာ ဘာသာရေးပဋိပက္ခတွေ ဖြစ်ပွားခဲ့တာကြောင့်မူဆလင်နဲ့ဗုဒ္ဓဘာသာဝင်တွေရဲ့ ဆက်ဆံရေး ပျက်ပြားခဲ့ပေမယ့် ဒီနှစ်မှာတော့ နှစ်ဖက် ဆက်ဆံရေးပြန်လည် တိုးတက်လာပြီဆိုတဲ့ သတင်းကို ဦးမျိုးမင်းဦးက ပေးပို့ထားပါတယ်။



DVB TV News

မြန်မာ့ဘဏ္ဍာစနစ် ခေတ်မီရေး နိုင်ငံတကာ ဒေါ်လာ ၅၅ သန်းထောက်ပံ့


မြန်မာ့ဘဏ်လုပ်ငန်း။

မြန်မာနိုင်ငံမှာ အများပြည်သူနဲ့ သက်ဆိုင်တဲ့ ဘဏ္ဍာရေးစနစ် ခေတ်မီ လာစေဖို့ နိုင်ငံတကာအကူအညီအဖြစ် ဒေါ်လာ ၅၅ သန်း အကူအညီပေး မှာ ဖြစ်တဲ့အကြောင်း ကမ္ဘာ့ဘဏ်က ကြေညာ လိုက်ပါတယ်။ ပြည်သူ့ ဘဏ္ဍာ စီမံခန့်ခွဲမှုတွေမှာ ခေတ်မီလာစေဖို့ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ (IDA) ကချေးငွေအဖြစ် ဒေါ်လာသန်း ၃၀ မတည်ပြီး၊ ဗြိတိန် နိုင်ငံတကာဖွံ့ဖြိုးရေးဌာန (UKAID) က ဒေါ်လာ ၁၆ သန်းခွဲ၊ သြစတြေးလျနိုင်ငံက ၈ သန်းခွဲနဲ့ စုစုပေါင်း ၅၅ သန်း ထည့်ဝင်သုံးစွဲမှာ ဖြစ်တယ်လို့လည်း ကြာသပတေးနေ့က ကမ္ဘာ့ဘဏ်ရဲ့ ကြေညာချက်က ဖော်ပြခဲ့တာပါ။

ဒီစီမံကိန်းနဲ့ အစိုးရက ဘဏ္ဍာငွေတွေကို စနစ်တကျ စီမံခန့်ခွဲပြီး အများပြည်သူ အတွက် ၀န်ဆောင်မှု ပေးရာမှာ ထိရောက်မှု ရှိစေဖို့ ရည်ရွယ်ထားတယ်လို့ လည်း ပြောပါတယ်။ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Jim Yong Kim ရဲ့ ဒီနှစ်ဆန်းပိုင်း မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာလည်း ဖွံ့ဖြိုးရေးအတွက် ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ဒေါ်လာသန်း ၂ ထောင် အကူအညီပေးမှာ ဖြစ်တဲ့အကြောင်း ကြေညာထားတာပါ။

အကူအညီတွေကိုတော့ မြန်မာနိုင်ငံသား အများစု မှီခိုအလုပ်လုပ်ကိုင်နေတဲ့ စိုက်ပျိုးရေးကဏ္ဍနဲ့ လျှပ်စစ်ဓာတ်အား ရရှိရေး၊ ကျန်းမာရေး စတဲ့ အများပြည်သူ ၀န်ဆောင်မှု ကဏ္ဍတွေမှာ သုံးစွဲမယ်လို့လည်း ပြောပါတယ်။ မကြာသေးခင်နှစ်တွေအတွင်း အပြောင်းအလဲတွေနဲ့အတူ နိုင်ငံတကာက ဖွံ့ဖြိုးရေး အကူအညီတွေ ပေးအပ်နေတဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုဟာ ၂၀၁၄ - ၂၀၁၅ မှာ တရုတ်နိုင်ငံထက်တောင် ပိုများပြီး ၇.၈% အထိ ရှိနိုင်တယ်လို့လည်း ကမ္ဘာ့ဘဏ်နဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) တို့က ခန့်မှန်းထားကြပါတယ်။

VOA

အာဖရိက ပဋိပက္ခ အာဖရိကတိုက်သားတွေ ဦးဆောင်ဖြေရှင်းရေး အမေရိကန်ထောက်ခံ




ကန်နိုင်ငံခြားရေးဝန်ကြီး အာဖရိကရောက်။ (မေ ၁၊ ၂၀၁၄)
အာဖရိကတိုက်မှာ ကြုံနေရတဲ့ အဆိုးရွားဆုံး ပဋိပက္ခတွေကို တိုက်ဖျက်ဖို့ အာဖရိကနိုင်ငံတွေရဲ့ ဦးဆောင်ကြိုးပမ်းမှုတွေကို အမေရိကန်က အားပေးမှာ ဖြစ်တဲ့ အကြောင်း နိုင်ငံခြားရေးဝန်ကြီး John Kerry ကပြောပါတယ်။ Central Africa သမ္မတနိုင်ငံက ရက်စက်လှတဲ့ အကြမ်းဖက်မှုတွေ၊ တောင်ဆူဒန် က အပြန်အလှန် သတ်ဖြတ်မှုတွေကို ဟန့်တားဖို့ ပူးပေါင်းဆောင်ရွက်ရေးဟာ အရေးကြီးတဲ့ အကြောင်းလည်း အီသီယိုပီယားနိုင်ငံရဲ့မြို့တော် Addis Ababa မှာ ကြာသပတေးနေ့က ၀န်ကြီးကယ်ရီ ပြောဆိုခဲ့တာပါ။

ခရစ်ယာန်စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် မွတ်ဆလင်တွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ Central Africa သမ္မတနိုင်ငံက အစိုးရတာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ အာဖရိကယူနီယံ ရုံးချုပ်ကို သွားရောက်ခဲ့ပါတယ်။ ကြာသပတေးနေ့ အစောပိုင်းမှာတော့ တောင်ဆူဒန်နိုင်ငံက လနဲ့ချီ ကြာမြင့်နေပြီဖြစ်တဲ့ တိုက်ပွဲတွေ အဆုံးသတ်နိုင်ရေး ဆွေးနွေးဖို့ အီသီယိုပီယား၊ ယူဂန်ဒါနဲ့ ကင်ညာနိုင်ငံခြားရေး ၀န်ကြီးတွေနဲ့လည်း တွေ့ဆုံခဲ့တာပါ။

နိုင်ငံခြားရေးဝန်ကြီးတွေ အားလုံးကတော့ တောင်ဆူဒန်မှာ တည်ငြိမ်မှုရှိစေဖို့ ဥပဒေနဲ့ညီတဲ့ အင်အားစုတခု လိုအပ်နေတယ်လို့လည်း တညီတညွတ်တည်း သဘောတူခဲ့ကြပါတယ်။ လူပေါင်း ၁ သန်းကျော် ဒုက္ခသည်တွေအဖြစ် ထွက်ပြေးနေရတဲ့ တောင်ဆူဒန် ပဋိပက္ခမှာ တာဝန်ရှိသူတွေအပေါ် ခရီးသွားလာခွင့် ကန့်သတ်ဖို့နဲ့ ဘဏ္ဍာရေးအရ ဒဏ်ခတ် အရေးယူမယ်လို့လည်း အမေရိကန်က သတိပေးထားတာပါ။

နိုင်ဂျီးရီးယားနိုင်ငံမှာ လူပေါင်းထောင်ချီ သေဆုံးမှုမှာ တာဝန်ရှိတယ်လို့ စွပ်စွဲထားတဲ့ အစ္စလာမ် စစ်သွေးကြွတွေနဲ့ ညှိနှိုင်းမှုတွေမှာ ကူညီမယ်လို့လည်း ၀န်ကြီးကယ်ရီကပြောပါတယ်။

VOA


စစ်မှုမထမ်း မနေရ အမိန့်အာဏာ ယူကရိန်း ပြန်လည်ကျေညာ



ရုရှားလိုလားသူ လက်နက်ကိုင်များ သိမ်းပိုက်ထားတဲ့ မြို့။ (မေ ၁၊ ၂၀၁၄)


ယူကရိန်းနိုင်ငံမှာ ရုရှားလိုလားသူ ခွဲထွက်ရေးသမားတွေရဲ့ အကြမ်းဖက်မှုတွေ တိုးလာနေတာကို ရင်ဆိုင်ဖို့အတွက် စစ်မှုမထမ်းမနေရ ဥပဒေကို ယူကရိန်းအစိုးရက  ပြန်လည် ကြေညာလိုက်ပါတယ်။  ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက  ရုရှားဘာသာ စကားပြောသူတွေ နေထိုင်တဲ့ မြို့ကြီး တဒါဇင်လောက်မှာ  အကြမ်းဖက်သူ ရုရှားလိုလားသူတွေက အဆောက်အဦးတွေကို သိမ်းပိုက်နေကြတာဖြစ်ပါတယ်။

ရုရှားနယ်နိမိတ်နားက ပြဿနာဖြစ်နေတဲ့ ဒေသတွေမှာ ချထားတဲ့  ယူကရိန်း စစ်တပ်တွေကို ပြန်ရုတ်သိမ်းပေးဖို့  ရုရှားသမ္မတ  Vladimir Putin တောင်းဆို အပြီး နာရီအတော်အကြာမှာပဲ  ကြာသပတေးနေ့က  ယူကရိန်း ယာယီသမ္မတ  အိုလက်စန်ဒါ တာချီနော့ဗ် (Oleksandr Turchynov) က အခုလို စစ်မှုမထမ်းမနေရ ကြေညာချက်ကို လက်မှတ်ရေးထိုးလိုက်တာဖြစ်ပါတယ်။

မစ္စတာ ပူတင်က ဝါရှင်တန်ဒီစီမှာ အမေရိကန်သမ္မတ Barack Obama နဲ့ သောကြာနေ့ တွေ့ဆုံမယ့် ဂျာမနီဝန်ကြီးချုပ်  Angela Merkel နဲ့ တယ်လီဖုံးနဲ့ ဆက်သွယ်ပြီး ပြောကြားစဉ်မှာ အခုလို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ယူကရိန်းက ဒေသ အားလုံးနဲ့ နိုင်ငံရေးအင်အားစုအားလုံး ပါဝင်တဲ့  တနိုင်ငံလုံးဆိုင်ရာ ကျယ်ပြန့်တဲ့  ဆွေးနွေး ပွဲ ကျင်းပဖို့ လိုအပ်ကြောင်းလည်း  မစ္စတာပူတင်က ဖိအားပေးပြောဆိုခဲ့တယ်လို့  ရုရှား Interfax သတင်းဌာနကရေးပါတယ်။

အရှေ့ပိုင်း ဒေသ ၂ခုက ရုရှားလိုလားသူတွေရဲ့ ခွဲထွက်ရေးလုပ်ဆောင်ချက်တွေ တနေ့တခြားတိုးလာနေတာမို့  ယူကရိန်းအစိုးရအနေနဲ့ အားကိုးရာမဲ့ ဖြစ်နေပြီလို့  နိုင်ငံခေါင်းဆောင်တွေ ပြောကြားအပြီး နောက်တနေ့မှာပဲ အခုလို  အသက် ၁၈ နှစ်ကနေ ၂၅ နှစ်အရွယ်ကြား လူငယ်တွေကို ပစ်မှတ်ထား တဲ့ ဒီစစ်မှုမထမ်းမနေရ ကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

VOA


MAI လေကြောင်းလိုင်း ၀န်ထမ်းနှစ်ဦးနှင့် ဖုန်းကုမ္ပဏီ ဒါရိုက်တာကို မှောင်ခိုမှုဖြင့် စသုံးလုံးက အမှုဖွင့်



ဇော်ဇော်ထွေး၊ ဖြိုးဝေလင်း

ဖုန်းကုမ္ပဏီမန်နေဂျင်းဒါရိုက်တာတစ်ဦးနှင့် MAI လေကြောင်းလိုင်းမှ ဌာနခွဲမန်နေဂျာအဆင့်ရှိ ၀န်ထမ်းနှစ် ဦးပါ စုစုပေါင်းလေးဦးကို တရားမ၀င်ကုန်ပစ္စည်းတင်သွင်းမှုဖြင့် အထူးစုံစမ်းစစ်ဆေးရေးဌာန (စသုံးလုံး) က အမှုဖွင့်တိုင်ကြားထားရာ မင်္ဂလာဒုံရဲစခန်းက ဧပြီ ၂၉ ရက်တွင် အမှုဖွင့်စစ်ဆေးနေသည်ဟု တိုင်းရဲ တပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ဖွင့်လှစ်ထားသည့် Mobile Mother ကုမ္ပဏီ မန်နေဂျင်း ဒါရိုက် တာ ဦးသက်ပိုင်ဖြိုး၊ Custom Agent ကိုဇေယျာမိုးနှင့် MAI လေကြောင်းလိုင်းမှ Cargo ဌာနခွဲမန်နေဂျာ ကိုဇော်မျိုးအောင်၊ လုံခြုံရေးမန်နေဂျာ ကိုဇော်မင်းလတ်တို့အပြင် ကယ်ရီသမား ကိုမြတ်အောင်ခိုင် ဆိုသူ တို့ကို အရေးယူပေးရန် စွပ်စွဲတိုင်တန်းထားခြင်း ဖြစ်သည်။

အမှုတွင် ဦးသက်ပိုင်ဖြိုးသည် အထက်ပါ သုံးဦးနှင့် ပူးပေါင်းသဘောတူညီချက်ဖြင့် ၂၀၁၃ ဇွန်လခန့်မှစ၍ တစ်လလျှင် သုံးကြိမ်နှုန်းဖြင့် မိုဘိုင်းဖုန်းဟန်းဆက်များနှင့် ဆက်စပ်ပစ္စည်းများကို တရားမ၀င်တင် သွင်းခဲ့ သည်ဟု မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

စင်ကာပူနိုင်ငံမှ ရန်ကုန်လေဆိပ်သို့ ၂၀၁၄ခုနှစ်၊ ဇန်န၀ါရီ ၁၅ ရက်က ဆိုက်ရောက်လာသည့် အပြည်ပြည် ဆိုင်ရာ မြန်မာ့လေကြောင်း MAI ခရီးစဉ်အမှတ် 8M -232 လေယာဉ်တွင် ကျပ်သိန်းပေါင်း ၃,၀၀၀ တန်ဖိုး ရှိ မိုဘိုင်းဟန်းဆက် ၆၂၅ လုံး၊ 16GB မန်မိုရီကတ် ၂၇၃ ခု၊ 8GB မန်မိုရီကတ် ၁,၀၀၀ခု၊ Blue tooth နား ကြပ် ၅၀ ခုတို့ကို စစ်ဆေးတွေ့ရှိထားသည်။
အဆိုပါ ပစ္စည်းများကို ကယ်ရီသမားဖြစ်သူ မြတ်အောင်ခိုင်မှ ခရီးဆောင်အိတ်များ၊ စက္ကူပုံးများတွင် ထည့်၊၍တင်သွင်းခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် အထက်ပါ လူငါးဦးတို့ကို စသုံးလုံးမှ ဦးစီးအရာရှိဖြစ်သူ ဦးစိုး လွင်က တရားလိုပြုလုပ်တိုင်တန်းထားခြင်း ဖြစ်သည်။

ယင်းတိုင်တန်းမှုကို ရဲစခန်းက (ပ) ၁၈၈/၂၀၁၄ဖြင့် အမှုဖွင့်ပြီး ပို့ကုန်/သွင်းကုန် ဥပဒေပုဒ်မ ၈/၁၀ ဖြင့် အရေးယူရန် တရားလိုဖြစ်သူ ဦးစိုးလွင်ကပင် စစ်ဆေးဆောင်ရွက်နေသည်ဟု သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။

အဆိုပါကိစ္စဖြင့်ပတ်သက်၍ MAI လေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဒေါ်အေးမရသာက “ဒီကိစ္စဖြစ်ခဲ့တာတော့ ဟုတ်ပါတယ်။ အဓိကတော့ ဟိုဘက်က သွင်းလာတဲ့အချိန်မှာ တာဝန်ကျနေတဲ့ လေကြောင်းဝန်ထမ်းတွေကို ထိတာပါ။ ဒီ ကိစ္စဖြစ်ဖြစ်ချင်းမှာပဲ ကျွန်မတို့လေကြောင်းလိုင်း ၀န်ထမ်းတွေ ကို ခေါ်ယူစစ်ဆေးမှုတွေ လုပ်နေတာပါ”ဟု ဆိုခဲ့သည်။
ထို့ပြင် MAI လေကြောင်းလိုင်းအနေဖြင့် ယင်းတို့လေကြောင်းလိုင်းကို အသုံးပြု၍ တရားမ၀င်ပစ္စည်းများ တင်သွင်းနိုင်ခြင်း မရှိစေရန် လေကြောင်းလိုင်းဝန်ထမ်းများကို သင်တန်းပို့ချမှုများ ပြုလုပ်သွားမည်ဟု ဆိုခဲ့သည်။
Mizzima

မွန်တိုင်းရင်းသားဝတ်စုံ ဝတ်ဆင်ခဲ့ခြင်း မရှိသည့် သတင်းသမားများ မွန်လူငယ်များ ကွန်ဖရင့်တွင် သတင်းယူခွင့် ပိတ်ပင်




မော်လမြိုင်၊ မေ ၁

မွန်ပြည်နယ် မော်လမြိုင် သာသနာ ၂၅၀၀ ဘုန်းကြီးကျောင်းတွင် မေလ ၁ ရက်နေ့က ပြုလုပ်ကျင်းပသည့် ပထမဆုံးအကြိမ် မွန်လူငယ်များကွန်ဖရင့် (Mon Youth Conference) ၌ သတင်းဌာန အသီးသီးက သတင်းထောက်များ မွန်တိုင်းရင်းသားဝတ်စုံ ဝတ်ဆင်ခဲ့ခြင်း မရှိသောကြောင့် သတင်းယူခွင့် မရခဲ့ကြောင်း မြန်မာ့အလင်း သတင်းစာတိုက်မှ သတင်းထောက် မုဒုံဆက်နေက ပြောကြားသည်။

သတင်းထောက်များသည် မည်သည့်ဌာန၊ မည်သည့်ဒေသ၊ မည်သည့် အဖွဲ့အစည်းတွင်မဆို သတင်းရယူရာ၌ ၎င်းတို့ အဖွဲ့အစည်းနှင့် တူသည့် ဝတ်စား ဆင်ယင်မှုဖြင့်သာ သတင်းယူရမည် ဆိုသည့် သက်မှတ်ချက် မည်သည့် သတင်းဌာနကမှ သက်မှတ်ထားခြင်း မရှိကြောင်း၊ သတင်းထောက်များသည် အဖွဲ့အစည်းများတွင် သတင်းယူပါက အဖွဲ့အစည်းများနှင့် ကွဲပြားခြားနားသည့် အရောင်အသွေးများဖြင့်သာ သတင်းယူလေ့ ရှိကြောင်း မြစ်မခ သတင်းအေဂျင်စီ မော်လမြိုင် တာဝန်ခံ သတင်းထောက်မှူး အိမ်ဇော်က ပြောဆိုသည်။

“သတင်းထောက်တွေက တရားမျှတမှု ရှိရမယ်။ ညီတူမျှမှု ရှိရတယ်။ အဲဒီ အချက်တွေလည်း ရှိတယ်ဆိုတော့ ဘယ်လူမျိုးပေါ်မှာမှ ဘယ်လိုမျိုးဆိုတဲ့ စိတ်မရှိဘူး၊ ဘယ်တိုင်းရင်းသား ဖြစ်စေ သတင်းထောက်မှာ အသားရောင် ခွဲခြားမှု မရှိဘူး၊ လူမျိုးရေး ခွဲခြားမှု မရှိဘူး၊ ဘာသာတရားအရ ခွဲခြားမှုတွေ မရှိဘူး၊ ဒါမျိုးဝတ်မှ ဝင်လို့ရမယ် ဆိုတာကတော့ မဖြစ်သင့်ဘူးလို့ ထင်တယ်” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

မွန်တိုင်းရင်းသား ဝတ်စုံဖြင့်သာ သတင်းယူရမည်ဟု သက်မှတ်ထားခြင်းသည် မွန်လူငယ်အများ အကြား မွန်ယဉ်ကျေးမှုနှင့် ပတ်သက်ပြီး ယဉ်ကျေးမှု ထိန်သိမ်းရမည် ဆိုသည့် ရည်ရွယ်ချက်ကြောင့် မွန်ကွန်းဖရင့် တက်ရောက်သူများကို မွန်တိုင်ရင်းသား ဝတ်စုံဖြင့်သာ တက်ရောက်ခွင့် ပြုရခြင်း ဖြစ်ကြောင်းနှင့် ယင်းသက်မှတ်ချက်ကို မွန်လူငယ်များ ကွန်ဖရင့် ဖြစ်မြောက်ရေး ကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် သက်မှတ်ထားခြင်းကြောင်း မွန်လူငယ်ဖိုရမ် အထွေထွေအတွင်းရေးမှူး မင်းဉာဏ်သိုက်ရာမာန်က ပြောကြားသည်။

သတင်းရယူရန်အတွက် မွန်တိုင်းရင်းသားဝတ်စုံ ဝတ်ဆင်ရမည်ဟု ဆိုထားခြင်းအပေါ် မွန်တိုင်းရင်းသား ဝတ်စုံ၏ ကုန်ကျငွေသည် ငွေကျပ် ၂၅၀၀၀ ခန့် ကုန်ကျမည် ဖြစ်သဖြင့် မွန်လုံခြည် တစ်ထည်ကို ၅၅၀၀ ကျပ်ဖြင့် ဝယ်ယူပြီး ဝင်ရောက် သတင်းယူခွင့် ပြုရန် တောင်းဆိုခဲ့ရကြောင်း ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) မှ သတင်းထောက် ကိုကျော်စိုးက ပြောသည်။

သတင်းသမားတစ်ဦး၏ သတင်းရယူပိုင်ခွင့်သည် ၎င်းဝတ်ထားသည့် ဝတ်စုံကိုကြည်ပြီး သတင်းရယူပိုင်ခွင့်ကို သက်မှတ်ကြခြင်း မဟုတ်ကြောင်းနှင့် သတင်းသမားများသည် လိုက်လျော ညီထွေမှု ရှိသည့် ဝတ်စုံကို ဝတ်ဆင်ကြခြင်းသာ ရှိသော်လည်း သက်မှတ်ဝတ်စုံ ဆိုသည့် အချက်က သတင်းသမားများအတွက် လုံးဝမသင့်လျော်ကြောင်း သံလွင်တိုင်း(မ်) ဂျာနယ် တာဝန်ခံအယ်ဒီတာ ဦးမင်းလတ်က သုံးသပ် ပြောဆိုသည်။

The Voice Weekly