ရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့နဲ့ နယ်စပ်မှာ တိုက်ပွဲဖြစ်ပွား၊ မြန်မာရဲ ၄ ဦးကျဆုံး


မြန်မာနယ်ခြားရဲတပ်ဖွဲ့နဲ့ မွတ်စလင် အကြမ်းဖက် လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ RSO တို့ ဒီနေ့ မနက် ၉  နာရီခွဲလောက်က ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် မိုင်တိုင်အမှတ် ၅၂ အနီးမှာ တိုက်ပွဲဖြစ်ခဲ့ရာ မှာ မြန်မာရဲတပ်ဖွဲ့က ရဲတပ်သား ၄ ဦးသေဆုံးခဲ့ပြီး ၁ ဦးဒဏ်ရာရကာ ၂ ဦးပျောက်ဆုံးနေတယ်လို့ အမည် မဖေါ်လိုတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် အရာရှိတစ်ဦးက RFA ကို အတည်ပြု ပြောပါတယ်။

မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၇ ဦးဟာ မိုင်တိုင် ၅၂ ခေါ် နတ်ရေကန်စခန်းဖက်ကို ဒီနေ့မနက်က သွားရောက်စဉ်မှာ အသင့်စောင့်နေတဲ့ RSO အင်အား ၆၀ လောက်နဲ့ ပစ်ခတ်မှုဖြစ်ခဲ့တာလို့ သိရပါတယ်။

RSO ခေါ် ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ခြမ်းမှာ ခိုလှုံနေတဲ့ အဖွဲ့အစည်း တစ်ခု ဖြစ်တယ်လို့လည်း သိရပါတယ်။

အခုလ ၁၃ ရက်နေ့ကလည်း မြန်မာနိုင်ငံ နယ်စပ်ခြံစည်းရိုးကို ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ၀င်ရောက်လာတဲ့ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့တဖွဲ့နဲ့  မြန်မာနယ်ခြားစောင့်တပ်တို့ မေလ ၁၃ ရက် မနေ့က မနက်အစောပိုင်းက အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

မောင်တောမြို့နယ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားမှတ်တိုင် အမှတ် ၃၉  အနီးမှာ RSO ရိုဟင်ဂျာ လက်နက်ကိုင် ၁၀ ဦးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ထိပ်တိုက်တိုးပြီး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မောင်တောခရိုင်ရဲတပ်ဖွဲ့က RFA ကို အတည်ပြု ပြောပါတယ်။

၁၅ မိနစ်ခန့် အပြန်အလှန်တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက်သမားတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ကို ပြန်လည်ဆုတ်ခွာသွားကြောင်း သိရပါတယ်။

RFA  

အခြေခံဥပဒေကို လွှတ်တော်တွင်း ကသာ ပြင်မယ်လို့ ဒေါ်အောင်ဆန်း စုကြည် ပြောကြား


၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တဲ့ပုဒ်မ ၄၃၆ ကို ပြင်ဖို့အတွက် လွှတ်တော်အတွင်းကသာ ကြိုးပမ်းသွားမှာဖြစ်ကြောင်းနဲ့ အဲဒီလိုပြင်နိုင်ဖို့အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လူထုဆီက လက်မှတ်တွေ လိုက်လံကောက်ယူသွားမှာဖြစ်ကြောင်း ဒီကနေ့ ပြောပါတယ်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်းမှာ ဒီကနေ့ ကျင်းပတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်တို့က ဟောပြောခဲ့ ကြပါတယ်။

အဲဒီမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘောထားကို အခုလို ကြေညာခဲ့တာ ဖြစ်ပါတယ်။

ပုဒ်မ ၄၃၆ ကို ပြင်ဆင်ခြင်းသည် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေး၊ တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေး စသည့် ပြည်ထောင်စုအရေးတို့နဲ့ ပတ်သက်နေတယ်၊ ဒါကြောင့် ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘောထားက ပုဒ်မ ၄၃၆ ကို ပြည်သူက ရွေးကောက်တင်မြောက် တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေရဲ့ သုံးပုံနှစ်ပုံနဲ့ ပြင်မယ်

ပုဒ်မ ၄၃၆ ကိုပြင်ဆင်ဖို့ တစ်တိုင်းပြည်လုံး အတိုင်းအတာနဲ့ လက်မှတ်တွေ ကောက်ယူသွားမှာဖြစ်ပြီး အချိန်ကာလ အားဖြင့် လာမယ့် မေလ ၂၇ ရက်နေ့ကနေ ဇူလိုင်လ ၁၉ ရက်နေ့အထိ နှစ်လနီးပါးကြာ ကောက်ယူသွားမှာဖြစ် တယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမျိုးအောင်က ဗိုလ်စိန်မှန်ကွင်းမှာ အခုလို ကြေညာခဲ့ပါတယ်။

“ကျနော်တို့ ဒီလက်မှတ်တွေကို တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံပြီးတော့ ကောက်ခံမှာပါ၊ ပြည်သူတွေ လက်မှတ်ရေးထိုးဖို့အတွက် ကျနော်တို့ လက်မှတ်စာအုပ်တွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မြို့နယ်ရုံးတွေနဲ့ ရပ်ကွက်ကျေးရွာရုံးတွေမှာ ထားရှိမှာဖြစ်ပါတယ်၊ တချို့ရပ်ကွက်တွေ ကျေးရွာတွေမှာ ကျနော်တို့ရုံး မရှိတဲ့အခါ ကျတော့ အဲဒီရပ်ကွက်ကျေးရွာတွေမှာရှိတဲ့ အဖွဲ့ဝင်တွေရဲ့အိမ်မှာ မြို့နယ်စည်းရုံးရေးအဖွဲ့တွေ ရပ်ကွက်ကျေးရွာ က ကျနော်တို့ အမှုဆောင်အဖွဲ့တွေရဲ့ ဆုံးဖြတ်ချက်နဲ့ တာဝန်ခံပြီးတော့ ထားရှိပေးမှာဖြစ်ပါတယ်၊ လက်ကမ်း စာစောင်နည်းတွေ ကြေငြာတဲ့နည်းတွေနဲ့ လက်မှတ်စာအုပ်ထားရှိတဲ့နေရာကို သိရှိအောင် ကြေညာဆောင် ရွက်ပေးမှာဖြစ်ပါတယ်“

ဗိုလ်စိန်မှန်ကွင်း လူထုဟောပြောပွဲကို ပရိသတ် တစ်သောင်းနီးပါးလောက် တက်ရောက်ခဲ့ကြပါတယ်။ ဒေါ်အောင် ဆန်းစုကြည်နဲ့ ကိုမင်းကိုနိုင်တို့ဟာ မနက်ဖြန်မှာတော့ မန္တလေး အောင်ပင်လယ်ကွင်းမှာ ပုဒ်မ ၄၃၆ ပြင် ဆင်ရေး ဟောပြောမှာ ဖြစ်ပါတယ်။

ကချင်ပြည်နယ် မိုးညှင်းမြို့မှာလည်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ ဦးဆောင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပွဲကို လာမယ့်မေလ ၁၉ ရက်နေ့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

ဟောပြောပွဲကို မိုးညှင်းမြို့အရှေ့ကျောင်းတိုက်က ရွှေသာလျောင်းကျောင်းမှာ ကျင်းပဖို့စီစဉ်ထားတယ်လို့ မိုးညှင်းမြို့ အခြေခံဥပဒေပြင်ဆင်ရေး ဟောပြောပွဲဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးစိန်အေးက RFA ကို ပြောပါတယ်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် အားကစားကွင်းမှာ ဒီကနေ့ ကျင်းပခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဟောပြောချက်ကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောချက်

အဲဒီလူထုဟာပြောပွဲမှာ ၈၈ မ်ျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်တို့ရဲ့ ဟောပြောချက်တွေကို RFA သတင်းထောက် ကိုကျော်ဇောဝင်း ကောက်နှုတ်တင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။

ကိုမင်းကိုနိုင်နဲ့ ဦးဝင်းမြင့်တို့ရဲ့ ဟောပြောချက်များ

RFA  

အမေရိကန်ရဲ့ ယုံကြည်မှုရအောင် အလုပ်နဲ့သက်သေပြမယ်လို့ အစိုးရပြောကြား


အမေရိကန်သမ္မတ အိုဘားမားက စီးပွားရေးပိတ်ဆို့မှု သက်တမ်းတိုးမြှင့်လိုက်တယ်ဆိုတာဟာ အမေရိကန် လွှတ်တော်ဖက်က ပြဌာန်းထားတဲ့ ဥပဒေကို သက်တမ်း တိုးတာသာဖြစ်ပြီး အိမ်ဖြူတော်ဖက်က ချမှတ်ခဲ့တဲ့ ပိတ်ဆို့အရေးယူမှုတွေ ဖယ်ရှားပြီးဖြစ်ကြောင်း နဲ့ မြန်မာအစိုးရအနေနဲ့ အမေရိကန်တွေဖက်က ယုံကြည်မှုရအောင် အလုပ်နဲ့သက်သေပြသွား မှာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ဒီနေ့ ပြောကြားလိုက်ပါတယ်။

ဒီနေ့ ရန်ကုန်မြို့ သိမ်ဖြူလမ်း ပြန်ကြားရေးဝန်ကြီး ဌာနရုံးမှာ ပြုလုပ်တဲ့ ပုံနှိပ်ထုတ်ဝေရေးနည်း ဥပဒေ ပြဌာန်းရေးဆွေးနွေးပွဲမှာ သတင်းထောက် တစ်ဦး အမေရိကန်က ပိတ်ဆို့မှု တစ်နှစ်သက်တမ်းတိုး လိုက်တာနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ဒုတိယ၀န်ကြီး ဦးရဲထွဋ်က အခုလို ဖြေကြားခဲ့တာပါ။

“အဓိကကတော့ ကျနော်တို့က ဒီပိတ်ဆို့မှုကို တတ်နိုင်သမျှ အကုန်လုံး ဖယ်ပေးစေချင်တယ်ဆိုတာက ဒါကျမှ ပြည်သူတွေရဲ့ လူမှုစီပွား ဖွံ့ဖြိုးတိုးတက်ရေးကို မြန်မြန်လုပ်လို့ရမှာ သို့သော် အခုအကုန်တော်တော် များများ ဖယ်ထားပြီးပြီ ဥရောပသမဂ္ဂဆိုရင် အားလုံးနီးပါး ဖယ်လိုက်တယ်၊ ကျနော်တို့ကတော့ လက်ရှိရှိတဲ့ အတိုင်းအတာနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် လုပ်လို့ရနေပြီ၊ တစ်ကတော့ သူတို့သက်တမ်းတိုးပေမယ့်လည်း ကျနော်တို့လုပ်စရာရှိတဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ရအောင်ဆက်လုပ်သွားမယ်၊ နှစ်ကတော့ ကျနော်တို့ရဲ့ လုပ်ဆောင်ချက်တွေကို သူတို့ပိုပြီးတော့ ယုံကြည်လာအောင် အလုပ်နဲ့သက်သေပြသွားမယ်”

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ ရှိပေမယ့်လည်း အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေဆဲဖြစ်ကြောင်း၊ နိုင်ငံရေးလုပ်ကိုင်ဆောင်ရွက်ခွင့်တွေ လမ်းပွင့်ကာစ အခြေအနေမှာပဲရှိသေးသလို၊ ရခိုင်ပြည်နယ် အပါအဝင် တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ၊ ပဋိပက္ခတွေ ဆက်လက်ပေါ်ပေါက်နေ ပြီး၊ နိုင်ငံရေးနဲ့  စီးပွါးရေးကဏ္ဍမှာ စစ်တပ်ရဲ့ အခန်း ကဏ္ဍ ဆက်လက်တည်ရှိနေဆဲဖြစ်တဲ့အတွက် အမျိုးသားအရေးပေါ်အက်ဥပဒေနဲ့ ဆက်လက်အရေးယူရန် လိုအပ်တယ်လို့ မိမိအနေနဲ့ ဆုံးဖြတ်ကြောင်း စတဲ့အချက်တွေနဲ့ အမေရိကန်သမ္မတ အိုဘားမားက မေလ ၁၅ ရက်နေ့က လက်မှတ်ရေးထိုးခဲ့တာလို့ သိရပါတယ်။

တပြိုင်နက်တည်းမှာပဲ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု ရှင်သန်ထွန်းကားပြီး နောက်ကြောင်းပြန် လှည့်မသွားအောင် အမေရိကန် ပြည်ထောင်စုအနေနဲ့ ဆက်လက်ကူညီသွားမှာဖြစ်တယ်လို့လည်း သမ္မတ အိုးဘားမားက ပြောပါတယ်။

RFA  

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလူတစ်ယောက်မဲတပြား ဆိုတဲ့ ဒီမိုကရေစီစနစ်ကိုပြောင်ပြောင်တင်းတင်းချိုးဖေါက်တဲ့ဥပဒေ


ကာချုပ်က ဆန္ဒမဲရဲ့ ၂၅% ကို တစ်ယောက်တည်း မောင်ပိုင်စီးထားတဲ့အပြင် ..... တပ်မတော်သားများကလည်း ပြည်သူနဲ့ အတူ မဲထည့်ပြန်သေးတဲ့နှစ်သီးစားအခြေခံဥပဒေ

.မြန်မာနိုင်ငံမှာ လူဦးရေး သန်း ၅၀ ရှိတယ် ထားဗျာ။ .. အဲဒီ ထဲမှာ ၁၅ သန်းက မဲမပေးနိုင်တဲ့ ကလေးသူငယ်တွေ၊ ဘုန်းကြီးတွေပေါ့။ ၃၅ သန်းက မဲပေးလို့ရတယ်။

အဲဒီ လူဦးရေမှာ လွှတ်တော် ကိုယ်စားလှယ် အယောက် ၁၀၀၀ ကို ရွေးတယ် ထားဗျာ။ ဒါဆို လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်ကို လူပေါင်း ၃ သောင်း ၅ ထောင်ကနေ ရွေးရတာ။

လူ ၃ သောင်း ၅ ထောင်ကို ကိုယ်စားလှယ် တစ်ယောက်နှုန်း။

တမတ်သားဆိုရင် ၃၅၀၀ x ၂၅၀ = ၈၇၅၀၀၀၀ ... မဲပေါင်း ၈ သန်း ၇သိန်း ၅ သောင်း စာနဲ့ ညီမျှတယ်။

အဲဒီ မဲပေါင်း ၈သန်းကျော်ကို ... ကာကွယ်ရေး ဦးစီးချုပ် တစ်ယောက်တည်းက မဲပေးနေတာ။

လူတစ်ယောက် .. မဲတပြား ဆိုတဲ့ ဒီမိုကရေစီ စနစ်ကို ပြောင်ပြောင်တင်းတင်း ချိုးဖေါက်နေတာ။

(ကိုထိုက်)
Dawnmanhon( ဒေါင်းမာန်ဟုန်) 

ကျောင်းသားတစ်ဦးအရိုက်ခံရသည့်ကိစ္စ မန္တလေး၌ ဆန္ဒပြ


မန္တလေး၊၊ မေ ၁၇။

ပြီးခဲ့သည့် မေ ၁၄ရက်က ပြည်ခရိုင် သဲကုန်းမြို့နယ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(ဗကသ)မှ ကိုကောင်းထက်ကျော်ကို ရဲတပ်ဖွဲ့မှ
ရိုက်နှက်ခဲ့သည်ကို ကန့်ကွက်သည့်အနေဖြင့် ဗကသ ကျောင်းသား နှစ်ဆယ်ခန့်က ယနေ့ညနေ ၄း၃ဝ အချိန်တွင် မန္တလေးမြို့၌ ဆန္ဒပြခဲ့ကြသည်။

မန္တလေးမြို့၇၃နှင့်၃၈လမ်းထောင့် Friendလဖ္ဘက်ရည်ဆိုင်အနီးတွင်စတင်စုဝေးကာ မန္တလေးတက္ကသိုလ်ရှေ့အထိ စီတန်းလှည့်လည်ခဲ့ခြင်းဖြစ်ပြီး မုံရွာခရိုင်၊ မိထ္ထီလာခရိုင်နှင့်
ကျောက်ဆည်ခရိုင် ဗကသများ ကလည်း မန္တလေး ဗကသနှင့် အတူ ပူးပေါင်းပါဝင်ခဲ့ကြောင်းသိရသည်။

ဆန္ဒပြပွဲအတွက် ခွင့်ပြုမိန့်မတင်ခဲ့ခြင်းနှင့် ပတ်သတ်ပြီး ဗကသ မှတ်တမ်းသုတေသနရေးရာကော်မတီမှ အဖွဲဝင်ကိုအောင်မှိုင်းဆန်းက “ခွင့်ပြုချက်မတင်တာက
ပုဒ်မ ၁၈ကို ကျွန်တော်တို့လက်မခံလို့ပါ အဲ့ဒီပုဒ်မကို ကျွန်တော်တို့တိုက်ဖျက်မယ် အရေးယူဆောင်ရွက်မယ်ဆိုရင်လည်း ကျွန်တော်တို့အားလုံးညှိနှိုင်းတိုင်ပင် ပြီး
တိုက်ပွဲဝင်သွားမှာပါ” ဟုပြောသည်။

ကိုကောင်းထက်ကျော် ရိုက်နှက်ခံရခြင်းအတွက် ကျောင်းသားတစ်ယောက်ကို လက်နက်နှင့် အကြမ်းဖက်ချင်းသည် စစ်မှန်သောဒီမိုကရေစီစနစ်နှင့် ကိုက်ညီမှုမရှိသည့်အတွက်
ပြည်သူနှင့်ကျောင်းသားတို့ နီုးနီုးကြားကြားရှိရန် နှင့် လယ်သမားအရေးဆက်လက်တိုက်ပွဲဝင်ပြီး ရဲဘော်ကောင်းထက်ကျော်အား ဝန်းရံ၍ တစ်ဗိုလ်ကျ တစ်ဗိုလ်တက်စနစ်ဖြင့်
ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဌ ကိုကျော်ကိုကို မှ ကြေငြာစာတမ်းတစ်စောင် ထုတ်ဝေခဲ့သည်။

အဆိုပါဆန္ဒပြပွဲတွင် သဲကုန်းသပိတ်စခန်းပြန်လည်ဖွင့်လှစ်ရန်၊ တစ်နိုင်ငံလုံးသိမ်းဆည်း လယ်ယာမြေများ ပြန်လည် ပေအပ်ရန်နှင့် ကျောင်းသားတစ်ဦးအား အကြမ်းဖက်သည်ကို
ကန့်ကွက်ဟောပြောခဲ့ကြောင်း သိရသည်။

ချမ်းမင်းဟန်
The Myanma Age 

အိမ်သာ အပိုင်စားသူများ


သော့ခလောက်ခတ်၍ပိတ်ထားသော အများသုံးသန့်စင်ခန်း (အိမ် သာ)များကို စာဖတ်သူတို့ တစ်နေ ရာမဟုတ်၊ တစ်နေရာ တွေ့ဖူး ကြလိမ့်မယ်ထင်ပါတယ်။ ရပ်ကွက်လူကြီးရုံး၊ စာကြည့်တိုက်၊ စာသင်ကျောင်း၊ ဆေးရုံ၊ တက္ကသိုလ်နှင့်ဌာနဆိုင်ရာတော်တော်များများမှာ အိမ်သာများကို သော့ ပိတ်ထားလေ့ရှိကြပါတယ်။ အိမ်သာတစ်လုံးထက်ပိုပြီးရှိတဲ့ တချို့နေရာတွေကျတော့ သန့်သန့်ရှင်းရှင်း၊ ကောင်းကောင်းမွန်မွန်ရှိတဲ့ အိမ်သာတွေကို သော့ပိတ်၊ ကျန် ယိုယွင်းညစ်ပတ်တဲ့ အိမ်သာတွေကို အများသုံးဖို့ဖွင့်ထားတတ်ကြပါတယ်။

ဘာဖြစ်လို့ ဒီလိုလုပ်ကြတာ လဲဆိုတဲ့ မေးခွန်းအတွက် အဖြေ များစွာရှိနိုင်ပါတယ်။ အိမ်သာကို ဖွင့်ခိုင်း၊ ပိတ်ခိုင်းဖို့အတွက် အ ခွင့်အာဏာရှိသူအပေါ်မှာလည်း  မူတည်ပါတယ်။ သူတစ်ဦးတည်း သီးသီးသန့်သန့် အသုံးပြုချင်လို့၊ တခြားသူတွေနဲ့ ရောရောယှက် ယှက် မသုံးချင်လို့၊ ညစ်ပတ်မှာ စိုးလို့၊ လူတန်းစား၊ ရာထူးအဆင့် အတန်းခွဲခြားချင်စိတ်ရှိလို့လည်း ဖြစ်နိုင်ပါတယ်။

မည်သို့ပင်ဆိုစေကာမူ အိမ် သာအလုံးရေနဲ့ ထိုအိမ်သာများ ကို အသုံးပြုမယ့် လူဦးရေဟာ မျှတလုံလောက်ဖို့လိုပါတယ်။ လူ ဦးရေများပြီး အိမ်သာအလုံးရေ နည်းပါးတဲ့နေရာတွေမှာ တစ်ဦး တစ်ယောက် (သို့မဟုတ်)လူနည်း စုသုံးစွဲဖို့ အိမ်သာအချို့ကို သော့ ပိတ်ထားမယ်ဆိုရင် လူသားမဆန်ဘူးလို့ ဆိုရပါလိမ့်မယ်။ အများဆိုင်ဘုံအိမ်သာတွေကို သော့ပိတ်ထားတတ်တဲ့ အလေ့အထဟာ အသိဉာဏ်ပညာရေချိန်မြင့်လူ့အဖွဲ့အစည်းကြားမှာ  မရှိကောင်းသောအရာလို့ ပြောချင်ပါတယ်။

ဒီနေ့ ကမ္ဘာ့လူ့အဖွဲ့အစည်း မှာ ကမ္ဘာလုံးဆိုင်ရာပြောင်းလဲ ဆက်နွှယ်မှုဖြစ်စဉ်နဲ့အတူ အချင်း ချင်းအပြန်အလှန်ဖေးမကူညီမှု၊ ချစ်ကြည်နွေးထွေးမှု၊ လေးစားယုံ ကြည်မှု၊ ကြင်နာစောင့်ရှောက်မှု များ ထွန်းကားပြန့်ပွားလျက်ရှိပါ တယ်။  တန်းတူရည်တူရှိမှုနဲ့ အဆင်ပြေချောမွေ့စေမှုကိုလည်း ရှေးရှုကြိုးပမ်းဖော်ဆောင်လျက် ရှိကြပါတယ်။ ခွဲခြားဆက်ဆံမှု၊ အခွင့်ထူးခံစားမှု၊ နိုင်လိုမင်းထက် ပြုမှု၊ ရန်လိုမုန်းတီးမှုများကို ဆန့် ကျင်ရှုတ်ချလျက်ရှိကြပါတယ်။

ဘယ်လိုမှ မရှိသင့်၊ မဖြစ် သင့်တဲ့ အိမ်သာသော့ခတ်ထားမှု လိုမျိုးလုပ်ရပ်တွေကို ကမ္ဘာ့လူ သားအများစုက သတိထားရှောင် ရှားနေချိန်မှာ စာရေးသူတို့ မြန်မာ့ မြေ၊ မြန်မာ့ရေနဲ့ ပညာ၊ ရာထူး ဌာနန္တရ၊ ငွေကြေးအင်အားကြီးသူ များရှိတဲ့ နေရာဌာနအသိုင်းအဝိုင်း တော်တော်များများမှာတွေ့နိုင်ပါ သေးတယ်။ စစ်ဆေးရေးလူကြီး မင်းများလာလျှင် အသုံးပြုဖို့၊ ဌာနအကြီးအကဲအသုံးပြုဖို့၊ သက်ဆိုင်သူများသာ အသုံးပြုဖို့ အိမ်သာများကို သော့ခတ်ထားလေ့ရှိနေတုန်းဖြစ်ပါတယ်။

‘‘သမီးတို့ကျောင်းက နှစ် ထပ်စာသင်ဆောင်တိုင်းမှာ အပေါ်ထပ်မှာ သန့်စင်ခန်းနှစ်ခန်း၊အောက်ထပ်မှာ နှစ်ခန်းပါပါတယ်။ သန့်စင်ခန်းတစ်ခန်းမှာ အိမ်သာခန်း သုံးခန်းစီရှိပါတယ်။ ဒါပေမဲ့ တချို့သန့်စင်ခန်းတွေကို ဆရာ၊ ဆရာမတွေပဲ အသုံးပြုဖို့သော့ပိတ်ထားပါတယ်။ ဥပမာ စာကြည့်တိုက်ဘေးက သန့်စင်ခန်းကို လုံးဝပိတ်ထားတယ်။ အဲဒီ အပေါ်က သန့်စင်ခန်းကို  မဟာတန်းကျောင်းသား၊  ကျောင်းသူတွေအတွက်ဆိုပြီး ပိတ်ထားတယ်။ ဒီအဆောင်မှာ စာသင်ကြ ရတဲ့ သမီးတို့လို ဘွဲ့ကြိုကျောင်းသား၊ ကျောင်းသူတွေနဲ့ စာကြည့်တိုက်လာတဲ့သူတွေအသုံးပြုဖို့ ကျန်တဲ့နှစ်ခန်းနဲ့ မလုံလောက်ပါဘူး’’လို့ မုံရွာစီးပွားရေးတက္ကသိုလ် ကျောင်းသူတစ်ဦးက ပြောပြပါတယ်။

အထူးသဖြင့် ရုံးဌာနဆိုင်ရာ များနဲ့ ဝန်ထမ်းအိမ်ရာတွေမှာ အရင်ရောက်သူ အရင်ယူစနစ်၊ ရာထူးကြီးသူ အခွင့်ယူစနစ်များနဲ့ အများသုံးအိမ်သာများကို အပိုင် စီးထားတတ်ကြပါတယ်။ အများ ဆိုင်အိမ်သာ၊ ရေချိုးခန်းတွေကို တစ်ဦးတစ်ယောက်တည်း၊ မိသားတစ်စုတည်း ရယူအသုံးပြု နေတာကိုလည်း တွေ့နိုင်ကြပါ တယ်။ လူအများဆိုင်အိမ်သာ တွေကို သော့ပိတ်တဲ့အလေ့အထ ဟာ ခိုင်မာစွဲမြဲပြီး ကျင့်သုံးနေဆဲ ဖြစ်တယ်လို့ ဆိုချင်ပါတယ်။

အညစ်အကြေးစွန့်ဖို့၊ ဆေး ကြောသန့်စင်ဖို့၊ အဝတ်အစား ပြင်ဆင်ဝတ်ဆင်ဖို့ သန့်စင်ခန်း များ မရှိမဖြစ်လိုအပ်ပါတယ်။ ကျန်းမာရေးအရလည်း လိုအပ်မှု အရေးကြီးပါတယ်။ မမြင်အပ်တဲ့ ကိစ္စများကို လွယ်လွယ်ကူကူဖြေ ရှင်းနိုင်ဖို့ ထားရှိပေးကြရတာ လည်း ဖြစ်ပါတယ်။ ကျောင်းသား၊ဆရာ မရွေး၊ ငယ်သားအရာရှိ မရွေး၊ လူငယ်လူကြီးမရွေး၊ ကျား/မ မရွေး နေ့စဉ်အသုံးပြုနေကြရတာလည်းဖြစ်ပါတယ်။ ဒီလို ဘာမဟုတ်တဲ့ အိမ်သာသော့ပိတ်ခြင်းများကြောင့် လူ့ပတ်ဝန်းကျင်မှာ အရုပ်ဆိုးလှပါတယ်။

စာရေးသူတို့ ဘာကြောင့် အိမ်သာတွေကို သော့ပိတ်ထား ကြသလဲ။ သော့ပိတ်ထားခြင်းခံ ကြရသလဲ။ ဒီလိုလုပ်တာ နောက် ဆုံးနည်းလမ်းလား စဉ်းစားကြဖို့ လိုပါတယ်။ အများစုက အိမ်သာ အသုံးပြုရာမှာ ညစ်ညစ်ပတ်ပတ် လုပ်တတ်ကြလို့လား။ အိမ်သာ လုံးရေ မလုံလောက်မှု အခက် အခဲများကြောင့်လား။ တစ်ကိုယ် ကောင်းဆန်မှုများကြောင့်လား။ ထိန်းသိမ်းရှင်းလင်းရေးဝန်ထမ်းနဲ့ စရိတ်စက ပြဿနာများကြောင့် လား။ ဘာပဲဖြစ်ဖြစ် အိမ်သာတွေ ကို သော့မခတ်ဘဲ အမြဲဖွင့်ထား ဖို့၊ သော့ခတ်ထားခြင်း မခံကြရ ဖို့ အားလုံးပူးပေါင်းတိုင်ပင်ဖြေ ရှင်းရမှာဖြစ်ပါတယ်။

‘‘အိမ်သာဆိုတာ သော့ပိတ် ထားရမယ့်နေရာမဟုတ်ပါဘူး။ အများပြည်သူ အချိန်မရွေးအသုံး ပြုနိုင်ရမယ်။ အဓိက အရေးကြီး တာက အနံ့အသက်ကင်းပြီး အမြဲ တမ်းသန့်ရှင်းနေရမယ်။ သာယာ စင်ကြယ်တဲ့ အိမ်သဖွယ်ဖြစ်နေရ မယ်။ အိမ်သာကို ဝင်ထွက်အသုံး ပြုသူတိုင်းကလည်း ကိုယ့်ကိုယ် ကိုယ် တန်ဖိုးထားတဲ့အနေနဲ့ စနစ်တကျ၊ စည်းကမ်းရှိရှိ သုံးစွဲကြရမယ်’’လို့ ပါမောက္ခဆရာကြီး တစ်ဦးက ပြောဖူးတာကို သတိရမိပါတယ်။

အိမ်သာသော့ပိတ်ခြင်း အပြင် အိမ်သာအရေအတွက် နည်းပါးခြင်း၊ လုံခြုံသန့်ရှင်းမှု အားနည်းခြင်းများကိုလည်း တွေ့ရတတ်ပါတယ်။ စာသင်ကျောင်းတွေ၊ ဝန်ထမ်းအိမ်ရာတွေ၊ ကယ် ဆယ်ရေးစခန်းတွေမှာ ပိုပြီးသိသာပါတယ်။ဝင်ငွေနည်းပါး အခြေခံလူတန်းစားအိမ်ခြေစိပ်စိပ်နေရာများ၊ လက်လုပ်လက် စား ဆင်ခြေဖုံးရပ်ကွက်များ၊ ကျေးလက်တောရွာများမှာ အိမ် သာသော့ပိတ်ခြင်းကို အတွေ့ရ နည်းနိုင်ပေမယ့် အိမ်သာမရှိခြင်း၊ အိမ်သာအသုံးမပြုခြင်း၊ ဖြစ်သလို တပိုတပါးသွားနေကြခြင်းကလည်း အမျိုးသားကျန်းမာရေး ကဏ္ဍအတွက် အလေးပေးထည့်သွင်းစဉ်းစားကြရမယ့် လက်ရှိ အနေအထားများဖြစ်တယ်ဆို တာကို ကြုံတုန်းပြောလိုက်ချင်ပါ တယ်။

ဥပမာ ရန်ကုန်မြို့တော်မှာ ဆိုရင် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ (Y.C.D.C)၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၏ စာရင်းဇယား များအရ ရွေ့လျားသန့်စင်ခန်း ကိုးခုအပါအဝင် အများပြည်သူသုံးသန့်စင်ခန်းပေါင်း ၂၆ ခုရှိကြောင်းသိရပါတယ်။ ပြီးခဲ့တဲ့ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ရန်ကုန်မြို့မှာ ရေကစား သူများအသုံးပြုနိုင်ရန် အခမဲ့ယာယီရွေ့လျားသန့်စင် ခန်း ၃၂ ခန်းထားပေးခဲ့ကြောင်း၊ ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ သင်္ကြန်ရေ ကစားမကဏ္ဍပ်များက မဏ္ဍပ် တစ်ခုလျှင် ယာယီရွေ့လျားသန့်စင်ခန်းတစ်ခုစီကို တစ်ရက်လျှင်တစ်သောင်းကျပ်ဖြင့် မဖြစ်မနေငှားရမ်းအသုံးပြုကြရကြောင်း သိရပါတယ်။

အလှူအတန်း၊ ပွဲလမ်း သဘင်၊ အခမ်းအနားတွေမှာ အိမ်သာစီစဉ်ထားရှိမှုများကလည်း အရေးကြီးပါတယ်။ အဆင်ပြေဖို့၊ လုံလောက်ဖို့၊ သန့်ရှင်းဖို့ သက်သက်သာသာ အသုံးပြုနိုင်ဖို့  စီမံခန့်ခွဲထားကြရမှာဖြစ်ပါတယ်။ အိမ်သာသုံးစွဲဖို့ကိစ္စလေးအတွက် မည်သူ့ကိုမျှ အပန်းမကြီးစေသင့် ပါဘူး။ အိမ်သာတွေကို အပိုင်စီး မထားသင့်ပါဘူး။ တချို့ဆိုင်ရာ ဆိုင်ရာ လုပ်ငန်းခွင်တည်ဆောက် ခြင်းစီမံကိန်းများမှာတော့ အ ထက်ဗဟိုက အိမ်သာဆောက်ဖို့ ချထားပေးတာ ငွေဆယ်သိန်းဆို ပေမယ့် အောက်ခြေမှာ တကယ် ဆောက်ထားတာက တစ်သိန်း တန်အိမ်သာလောက်ပဲဖြစ်နေ တာလည်းရှိတယ်လို့ မိတ်ဆွေ တစ်ဦးက ပြောပြပါတယ်။ ဒါမျိုး ကိုတော့ အိမ်သာရယ်လို့ ရုပ်လုံး အကောင်အထည်မပေါ်ခင် ကတည်းက အိမ်သာအပေါ်ကနေ အပိုင်စားထားသူများကြောင့်လို့ သာ ဆိုလိုက်ချင်ပါတော့တယ်။

လွင်ချန်ဖြိုး(နတ်မောက်)

လာအို ကာကွယ်ရေးဝန်ကြီး လေယာဉ်ပျက်သေဆုံး


လာအို အဆင့်မြင့်အရာရှိကြီးတွေ အပါအ၀င် လူ ၂၀ လောက် လိုက်ပါသွားတဲ့ လာအို စစ်တပ်လေယာဉ်တစင်း နိုင်ငံ့မြောက်ပိုင်းမှာ စနေနေ့ အစောပိုင်းက ပျက်ကျခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

လေယာဉ်ပျက်ကျမှုမှာ လာအို ကာကွယ်ရေးဝန်ကြီး တာဝန်ယူထားသူ ဒုတိယ၀န်ကြီးချုပ် ဗိုလ်ချုပ် Douangchay Phichit သေဆုံးသွားကြောင်းလည်း အတည်ပြုပါတယ်။ မြို့တော် Vientiane ရဲ့ မြို့တော်ဝန်လည်း လေယာဉ်ပျက်ကျမှုမှာ ပါဝင်ပြီး သေဆုံးခဲ့တယ်လို့ VOA လာအိုဌာနက ပြောပါတယ်။

လေယာဉ်ပျက်ကျမှုအတွင်း အနည်းဆုံး လူ ၃ ဦးလောက် အသက်ဘေးက လွတ်မြောက်ခဲ့တယ်လို့ တချို့သတင်းတွေက ပြောပေမယ်လို့ လေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက် အနည်းငယ်ပဲ ထုတ်ပြန်ထားပါသေးတယ်။

အရာရှိတွေနဲ့ တခြားလူတွေ လိုက်ပါစီးနင်းလာတဲ့ ရုရှားလုပ် Antonov AN 74-300 လေယာဉ်ဟာ အရင် လာအို ဘုရင့်တပ်ဖွဲ့တွေဆီကနေ အရိုးအိုးများလွင်ပြင်ဒေသ လွတ်မြောက်ခဲ့တဲ့အထိမ်းအမှတ် အခမ်းအနားတက်ရောက်ဖို့ သွားခဲ့တာဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

voa burmese

ပုဒ်မ ၄၃၆ကို တပ်မတော်သားများ စတင်ကန့်ကွက်ရန် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း


သိင်္ဂီထွန်း

ရန်ကုန်၊ မဇ္ဈိမ။ ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် တပ်မတော်သားများက စတင်ကာ ကန့်ကွက်လက်မှတ်များ ရေးထိုးကြရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်က မေလ ၁၇ရက် နံနက်က ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ ဗိုလ်စိန်မှန်ကွင်းတွင် ပြုလုပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ပြင်ဆင်ရေး ဟောပြောပွဲတွင် ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

"ပြည်သူတွေကို ကာကွယ်ဖို့၊ ပြည်သူတွေ အားကိုးနိုင်ဖို့ တိုင်းပြည်ရဲ့ သိက္ခာကို မြှင့်တင်ပေးနိုင်ဖို့ ထူထောင်ပေးခဲ့တဲ့ တပ်မတော်ပါ။ အဲဒါကို ကာကွယ်ရေးဦးစီးချုပ်ကစပြီး ကျန်တဲ့သူတွေအားလုံး သေသေချာချာ စဉ်းစားပါ။ ဒီ၄၃၆ကို လိုလိုလားလားနဲ့ လွှတ်တော်တွင်းကနေ ပြင်ဆင်နိုင်ဖို့အတွက် တပ်မတော်သားများကနေ စပြီးတော့ လက်မှတ် ရေးထိုးကြဖို့ တိုက်တွန်းအပ်ပါတယ်"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

သည့်အပြင် လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆သည် တပ်မတော်သားများအတွက် အထူးအခွင့်အရေးပေးထားသည့် ပုဒ်မ ဖြစ်သည်ဟုလည်း ၎င်းက ပြောကြားခဲ့သေးသည်။

"၄၃၆ဟာ တပ်မတော်သားတွေအတွက် အထူးအခွင့်အရေးပေးထားတဲ့ ပုဒ်မဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီ၄၃၆အရဆိုရင် တပ်မတော်သားတွေရဲ့ သဘောတူချက် မရှိဘဲနဲ့
ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက အဓိက ပုဒ်မတွေကို ပြင်လို့မရဘူး။ တပ်မတော်သားတွေကို မေတ္တာရပ်ခံချင်ပါတယ်။ စဉ်းစားကြည့်ပါ။ တခြားပြည်သူ ပြည်သားတွေထက် ပိုပြီးတော့
အခွင့်အရေးရနေတာဟာ တကယ်ပဲ ဝမ်းသာစရာကိစ္စ ဟုတ်ရဲ့လားဆိုတာ၊ ကိုယ်ကနေ လက်နက်အာဏာကြောင့် အထူးအခွင့်အရေးရတာဟာ သိက္ခာရှိရဲ့လား။ ကိုယ့်အတွက်
ကောင်းရဲ့လားဆိုတာ"ဟု ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းထုတ်လိုက်သည်။

ယင်းကဲ့သို့ အထူးအခွင့်အရေးကို ရရှိနေပြီး ထိုအခွင့်အရေးကို ခံယူနေခြင်းသည် မိမိကိုယ်ကို ယုံကြည်မှုမရှိရာ ရောက်သည်ဟုလည်း သူမက ဆိုသည်။

"ပြည်သူလူထုရဲ့ ထောက်ခံမှုရမယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်လို့ရှိရင် ဘယ်ဖွဲ့စည်းပုံ အခြေခံဥပဒေကမှ အထူးအခွင့်အရေး ပေးထားစရာ မလိုပါဘူး။ ကျွန်မကိုလည်း ဘာအထူး အခွင့်အရေးမှ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေထားတာကို လိုချင်ဘူး။ ပေးထားတယ်ဆိုရင်တောင်မှ ကျွန်မကို စော်ကားတယ်လို့ ကျွန်မက မြင်မှာပဲ။ အဲတော့ မှန်ကန်တဲ့ မာနသွေး
ရှိကြစမ်းပါ။ အထူးအခွင့်အရေး မလိုချင်စမ်းပါနဲ့။ အထူးအခွင့်အရေး လိုတယ်လို့ ထင်တာကိုက ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိတာပဲ"ဟု ဆိုသည်။

သည့်အပြင် ဒေါ်အောင်ဆန်းစုကြည်က မတ်လ ၂၆ရက်က သမ္မတဦးသိန်းစိန်၏ အစိုးရသက်တမ်း သုံးနှစ်ပြည့်အတွက် လွှတ်တော်ထဲ၌ ဟောပြောသည့် မိန့်ခွန်းကို လေ့လာရန်လည်း
တိုက်တွန်းလိုက်သည်။

ယင်းမိန့်ခွန်း၌ သမ္မတဦးသိန်းစိန်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆက်လက်တည်စေချင်သည့် သဘောရှိပြီး ဖွဲ့စည်းပုံနှင့် ပတ်သက်၍ ပြည်နယ်နှင့်တိုင်း တစ်ချို့နှင့် ဆိုင်သည့် ပုဒ်မများကို
ပြင်ပေးမည်ဟု ပြောခြင်းသည် တိုင်းရင်းသားများနှင့် စိတ်ဝမ်းကွဲအောင် လုပ်နေခြင်းလည်း ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သေးသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်မပြုခင်မှစကာ ယခုအချိန်အထိ ကန့်ကွက်ခဲ့သည်။ ၂၀၀၈ခုနှစ် မေလ နာဂစ်မုန်တိုင်းဖြစ်ပွားချိန်တွင် အတည်ပြုခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူလူထု ၉၈ရာခိုင်နှုန်းက ထောက်ခံကာ အတည်ပြုခဲ့သည်ဟု အစိုးရက ကြေငြာထားသည်။

"ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်ဟာ ကောင်းနိုင်မှာမဟုတ်ဘူးလို့ သိထားလို့ အစဉ်တစိုက် ကန့်ကွက်တာဖြစ်တယ်။ ၂၀၀၈မှာ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုခဲ့တဲ့ လူထုဆန္ဒ ခံယူပွဲကိုလည်း ကျွန်မတို့ ကန့်ကွက်ခဲ့ပါတယ်။ ကျွန်မတို့ အသိအမှတ် မပြုခဲ့ပါဘူး။ အဲဒီ့တုန်းက ၉၈ရာခိုင်နှုန်းနဲ့ ပြည်သူလူထုက သဘောတူတယ်လို့ ပြောတဲ့လူတွေကိုတော့
ပြောရက်လိုက်တာလို့ ပြောချင်ပါတယ်။ ဒီလို မဟုတ်တဲ့ကိစ္စကို ဟုတ်ပါတယ်လို့ ပြောရက်လို့ရှိရင် ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်အတွက် သိပ်ပြီး ကောင်းတဲ့ လက္ခဏာမဟုတ်ဘူးလို့ပဲ ပြောချင်ပါတယ်"ဟု
ဒေါ်အောင်ဆန်းစုကြည်က ဆိုလိုက်သည်။

ဟောပြောပွဲတွင် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်လူ့အဖွဲ့အစည်းမှ ခေါင်းဆောင် ဦးမင်းကိုနိုင်ကလည်း "အဲဒီ့ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ အဲဒီ့အချိန်က နိုင်ငံရဲ့ ထိပ်တန်းပုဂ္ဂိုလ်တွေ ပါဝင်ခဲ့တယ်လို့ ပြောပါတယ်။ ဟုတ်ပါပြီ ။ ထိပ်တန်းပုဂ္ဂိုလ်တွေဆိုတာ ဘယ်လိုလဲဆိုတာ ကျွန်တော်တို့ ကိုယ်တိုင်က အဲဒီ့အချိန်မှာ ထောင်ထဲမှာရှိပါတယ်။ ပြည်သူလူထု ချစ်တဲ့ခေါင်းဆောင်၊
ယုံကြည်တဲ့ ခေါင်းဆောင်က အဲဒီ့အချိန်မှာ အကျယ်ချုပ် ကျနေမကျနေ ပြည်သူလူထု မှတ်မိပါတယ်။ အဲလိုပဲ တိုင်းရင်းသားခေါင်းဆောင် အများစုဟာလည်း အကျဉ်းထောင်တွေထဲမှာ လှိမ့်ပိတ်ပြီးတော့ ပိတ်ခံရထားတဲ့ အချိန်မှာ။ ဒါဆိုရင် အဲဒီ့ဖွဲ့စည်းပုံ ရေးဆွဲတဲ့အခါမှာ ပါဝင်တဲ့ ထိပ်တန်းပုဂ္ဂိုလ်ဆိုတာ ဘယ်လိုလူတွေပါလိမ့်။ ပြည်သူလူထုကို ကိုယ်အသွေးအသားလို သဘောထားရမယ့်အစား ထစ်ခနဲရှိတာနဲ့ ပြည်သူလူထုကို အကြမ်းဖက်နှိမ်နင်းတဲ့ နေရာမှာ ထိပ်တန်းကျတဲ့ ပုဂ္ဂိုလ်တွေလား"ဟု မေးခွန်းထုတ်လိုက်သေးသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့တို့ ပူးပေါင်း၍ ပထမအကြိမ် ပြုလုပ်သည့်
ဟောပြောပွဲကို ရန်ကုန်မြို့ တာမွေမြို့နယ်၊ ဗိုလ်စိန်မှန်ကွင်းတွင် ပြုလုပ်ခဲ့သည်။ မေလ ၁၈ရက် နံနက် ၈နာရီခွဲတွင်လည်း မန္တလေးမြို့၊ အောင်ပင်လယ်ကွင်းတွင် ပြုလုပ်မည်ဖြစ်သည်။

Mizzima Burmese

နာဂဇာတ်ကား ရိုက်ကူးရေးအတွက် တားမြစ်ခံထားရတာမို့ ရိုက်ကူးရေးတန့်နေတယ်လို့ ဖွင့်ဟသွားတဲ့ ကြည်ဖြူသျှင်


ခင်ဆွေသက်

ဒါရိုက်တာတစ်ယောက်အနေနဲ့ သူဖန်တီးတဲ့ ဇာတ်ကားတော်တော်များများဟာ လူကြီးလူငယ်လူလတ်မရွေး ကလေးတွေကအစ ကြိုက်မဲ့ ဇာတ်အိမ်ဖန်တီးမှုတွေနဲ့ ကာတွန်းဆန်တဲ့ ကားလေးတွေနဲ့ပရိသတ်ရင်ထဲကို ၀င်ရောက်ဖို့ ကြိုးစားနေတဲ့ ဒါရိုက်တာ ကြည်ဖြူသျှင်ပဲ ဖြစ်ပါတယ်။ သူမရဲ့လတ်တလော ဇာတ်ကားဖန်တီးမှုအကြောင်းကို မေးမြန်းတီးခေါက်ကြည့်တဲ့အခါ ‘အခု ရိုက်ကူးနေတဲ့ ဇာတ်ကားနာမည်က မချစ်တတ်သူတို့အကြောင်းတဲ့။ မင်းသားက ကောင်းပြည့် မင်းသမီးက ကစ်ကစ်ပေါ့။ ၀တ္ထုက လွန်းထားထား (ဆေးတက္ကသိုလ်) ပါ။ ဇာတ်လေးက အိမ်နီးချင်း ကောင်လေးနဲ့ကောင်မလေးက က ပြိုင်ဖက်တွေ မတည့်ကြဘူး။ အဲဒီမှာ တက္ကသိုလ်တက်ရင်းနဲ့အိမ်ပွဲစား၊ ကားပွဲစားလုပ်တယ်။ မတည့်ကြဘူး။ သူတို့နှစ်ယောက်ရဲ့ခံစားမှုမှာ အချစ်ဆိုတာ မရှိဘူး။ ငွေက အရေးကြီးဆုံးပဲပေါ့။ အဲ့ဒီလိုဇာတ်ပုံစံလေးပါတဲ့။ ဒီကားလေးက ရန်ကုန်မှာပါပဲ။ ကရ၀ိတ်ပါမယ်။ ဇာတ်နဲ့သင့်တော်တဲ့ အိမ်တွေမှာ ရိုက်ဖြစ်မယ်။ အဓိက ကတော့ ရန်ကုန်မှာပါပဲ။ ခုက မိုးလဲကျပြီဆိုတော့ ရိုက်ရတာ သည်းထိတ်ရင်ဖိုပါပဲ။ ခု က ကောင်းပြည့်နဲ့လဲ လိုက်မဲ့ဇာတ်ကို ရှာတဲ့အချိန်မှာ ဒီဇာတ်လေးကိုတွေ့တော့ မင်းသမီးက ကစ်နဲ့ဆို လိုက်ဖက်မယ်ဆိုပြီး ရွေးချယ်ဖြစ်သွားတာပါ။ မင်းသားသစ်ကတော့ ထပ်တင်ဖို့ မရှိသေးပါဘူး။ နာဂကားနဲ့ပတ်သတ်ပြီး အကြောင်းကြောင်းကြောင့် မရိုက်ဖြစ်သေးဘူး။ ကြားထဲမှာလဲ ကားရိုက်တွေ ၀င်သွားတော့ မရိုက်ဖြစ်သေးတာပေါ့။ ခုရိုက်မယ်လဲဆိုရော တားထားတဲ့ အကြောင်းလေးတွေ ရှိနေတော့ ရိုက်ကူးရေး တန့်နေပါတယ်။ ဘာအကြောင်းလဲဆိုတာကိုတော့ မ မပြောချင်တော့ဘူး’လို့ သူမက ပြောပြခဲ့ပါတယ်။

Trend Myanmar

ထိုင်းနိုင်ငံ Slot Machine အဖွဲ့ရဲ့I Say Goodbye သီချင်းကို မြန်မာလိုသီဆိုထားတယ်ဆိုတဲ့ ဖြူဖြူကျော်သိန်း


ရော့ခ်သီချင်းတွေကို နှစ်ခြိုက်တဲ့ တေးသံရှင်ဖြူဖြူကျော်သိန်းကို နိုင်ငံခြားဖျော်ဖြေရေး ပွဲစဉ်တွေအကြောင်း မေးကြည့်တဲ့အခါ Plus Three တီးဝိုင်း၊ ဦးဂျေမောင်မောင်၊ မထွန်းအိန္ဒြာဗိုလ်တို့နဲ့အတူ အမေရိကားကို ဖျော်ဖြေရေး သွားဖို့ ရှိပါတယ်။ နောက်ပြီး ထိုင်းနိုင်ငံမှာ အောင်မြင်ကျော်ကြားနေတဲ့ ရော့ခ်ဂီတ အဖွဲ့Slot Machine ရဲ့ I Say Goodbye သီချင်းကို နှစ်နိုင်ငံ အနုပညာဖလှယ်တဲ့အနေနဲ့ မြန်မာဘာသာနဲ့ ပြန်ဆိုထားတယ်။ ဒီသီချင်းလေးကို ဆိုဖြစ်တာက ဇွန်လမှာ ထိုင်းနိုင်ငံက Slot Machine အဖွဲ့ရယ်၊ ကို Rဇာနည်ရယ်၊ ဖြူဖြူရယ်ပါမယ့် ရှိုးပွဲလေးတစ်ပွဲ မြန်မာနိုင်ငံမှာ လုပ်ဖို့ ရှိပါတယ်။ အဲဒီ့အတွက် နှစ်နိုင်ငံက အနုပညာရှင်တွေ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရအောင် Slot Machine အဖွဲ့ရဲ့ သီချင်းတစ်ပုဒ်စီကို ဖြူဖြူနဲ့ ကိုRဇာနည်တို့က မြန်မာဘာသာနဲ့ ပြန်ဆိုကြတာပါ။ ဖြူဖြူဆိုရတဲ့ I Say Goodbye သီချင်းကို တေးရေးဆရာ မင်းချစ်သူက မြန်မာလို ပြန်ရေးပေးထားပါတယ်။ ဒီသီချင်းကို လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ဘန်ကောက်မှာရှိတဲ့ BEC TERO စတူဒီယိုမှာ အသံသွားသွင်းခဲ့တယ်။ ဒီသီချင်းကို ထိုင်းနိုင်ငံမှာလည်း Single အနေနဲ့ ဖြန့်ချိမှာပါ။ ထိုင်းနိုင်ငံမှ Slot Machine တီးဝိုင်းအဖွဲ့သားတွေနဲ့ ၂၀၀၈ခုနှစ်တုန်းက ဘန်ကောက်မှာ ပြုလုပ်ခဲ့တဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး ဖျော်ဖြေပွဲနဲ့ ၂၀၁၂ခုနှစ်တုန်းက မြန်မာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ MTV EXIT ဖျော်ဖြေပွဲတွေမှာ ဆုံခဲ့ဖူးတယ်။ အိမ်နီးချင်းနိုင်ငံမှ အနုပညာရှင်တွေနဲ့ လက်တွဲ အလုပ်လုပ်ရတဲ့အတွက် ကိုယ့်အတွက် အတွေ့အကြုံသစ်တွေ၊ သင်ယူလေ့လာစရာတွေ ရှိသေးတာကို တွေ့ရတယ်။ Slot Machine အဖွဲ့က အပြင်းစား ရော့ခ်သီချင်းတွေကို သီဆိုတဲ့ အဖွဲ့ဖြစ်ပေမယ့် အဝတ်အစားကို ဖြစ်သလို မဝတ်ပဲ ဖက်ရှင်ကျကျ ဝတ်ဆင်တတ်တာကို သဘောကျမိပါတယ်။’လို့ သူမက ပြောပြသွားပါတယ်။

Trend Myanmar

လက်သွေးကြောကို အသုံးပြုပြီး ငွေထုတ်ယူဆောင်ရွက်နိုင်မယ့် ATM နည်းပညာသစ်ကို Hitachi မိတ်ဆက်


ကတ်ကို အသုံးပြုပြီး ATM စက်ကနေ ငွေထုတ်ယူတဲ့နည်းပညာဟာ မကြာခင် အတိတ်မှာ ကျန်ရစ်ခဲ့နိုင်ပါတယ်။

ဂျပန်နည်းပညာကုမ္ပဏီဖြစ်တဲ့ Hitachi နဲ့ ပိုလန် ဘဏ်လုပ်ငန်းဝန်ဆောင်မှုကုမ္ပဏီ Itcard တို့ ဟာ သူတို့ ရဲ့ နည်းပညာသစ်ဖြစ်တဲ့ ‘Finger Vein’ နည်းပညာကို ပိုလန်နိုင်ငံတစ်ကြောမှာ တပ်ဆင်အသုံးပြုလိုက်ပါပြီ။

ငွေထုတ်ယူမယ့်လူတွေဟာ သူတို့ ရဲ့ လက်ချောင်းကို စကင်ဖတ်မယ့်နေရာမှာ တင်ပေးရုံနဲ့ ကတ်မလိုဘဲ ၀န်ဆောင်မှုလုပ်ငန်းတွေကို ဆောင်ရွက်နိုင်ပါပြီ။ ကတ်ပျောက်ရှမှာ မပူရတဲ့အပြင်၊ လှို့ ဝှက်နံပါတ်မေ့တာ စတဲ့ ပြဿနာတွေလည်း ကြုံတွေ့ ရမှာမဟုတ်တော့ဘူးလို့ ဆိုပါတယ်။

ဒီနည်းပညာကို ဒီနှစ်အတွင်း ပိုလန်နိုင်ငံမှာရှိတဲ့ ATM ပေါင်း အနည်းဆုံး အလုံး ၁၇၃၀ မှာ တပ်ဆင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ လောလောဆည်တော့ တစ်ချို့ ဘဏ်တွေမှာ ဒီနည်းပညာကို စတင်စမ်းသပ်အသုံးပြုနေပြီဖြစ်ပါတယ်။

Hitachi ဟာ ဒီနည်းပညာကို UK နဲ့ တခြားနိုင်ငံတွေဆီလည်း ယူဆောင်လာမှာဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။

CCD ကင်မရာနဲ့ အနီအောက်ရောင်ခြည် ပေါင်းစပ်အသုံးပြုထားတဲ့ ဒီနည်းပညာဟာ ငွေထုတ်ယူမယ့်သူက လက်ချောင်းကို စကင်ဖတ်တဲ့နေရာပေါ်တင်လိုက်ရုံနဲ့ အနီအောက်ရောင်ခြည်က တစ်ဆင့် လက်ချောင်းသွေးကြောတွေရဲ့ ပုံစံကို ဖတ်ရှုမှာဖြစ်ပါတယ်။ လူတစ်ဦးတစ်ယောက်ချင်းစီမှာ မတူကွဲပြားတဲ့ လက်ချောင်းသွေးပြန်ကြောပုံစံရှိကြောင်း ဖော်ပြထားပါတယ်။

ဖတ်ထားတဲ့ သွေးပြန်ကြောပုံစံနဲ့ မူလ မှတ်သားထားတဲ့ ပုံစံကို တိုက်ယှဉ်ကြည့်ပြီး အသုံးပြုသူကို ခွဲခြားမှာ ဖြစ်ပါတယ်။

ဆွီဒင်တောင်ပိုင်း Lund မြို့ မှာလည်း ဒီနည်းပညာကိုစမ်းသပ်အသုံးပြုနေပြီး အောင်မြင်မှုရရှိရင် ATM စက်တွေမှာ တပ်ဆင်သွားမယ်လို့ သိရပါတယ်။

ဧပြီလအတွင်းမှာ ဆွီဒင်နဲ့ ပိုလန်နိုင်ငံက ဈေးဝယ်သူတွေဟာ လက်တစ်ချက် တင်လိုက်ရုံနဲ့ သူတို့ ရဲ့ ၀ယ်ယူ ကျသင့်ငွေတွေကို ပေးချေနိုင်တော့မှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

Ref: Dailymail.co.uk
Trend Myanmar

ဘာကြောင့်သာဓုခေါ်ကြတယ်


သာဓုခေါ်ဆိုခြင်းကို ပတ္တာနုမောဒနာ ကုသိုလ် ဟုခေါ်ပါသည်။

သူများပေးဝေသော ကောင်းမှုကို နှုတ်မြွက်သံချို သာဓုခေါ်ဆိုကြရခြင်းကြောင့် အလှူရှင်တို့နှင့်ထပ် တူ ကောင်းကျိုးတရားများ ဖြစ်ပွါးခံစားနိုင်ခွင့်ရှိကြ၍ (သာဓု) ခေါ်ဆိုကြသည်ဟု မှတ်သားသင့်ပါသည်။

သာဓုခေါ်ဆိုရကျိုးသူများပေးဝေသော ကောင်းမှု ကို နှုတ်မြွက်သံချို သာဓုခေါ်ဆိုကြရခြင်းကြောင့် အလှူရှင်တို့နှင့်ထပ်တူ ကောင်းကျိုးတရားများ ရရှိခံစားနိုင်ပါသည်။

ဤနေရာ၌ စဉ်းစားစရာအချက်အတော်များများရှိပါသည်။ ရှေးဦးစွာ ဗိမ္ဗိသာရမင်းကြီး နှင့်ပြိတ္တာများ အကြောင်းကိုအနည်းငယ်စဉ်းစားကြည့်ကြပါမည်။

ဗိမ္ဗိသာရမင်းကြီးသည် ဝေဠုဝန်ဥယျာဉ်တော်ကို ဘုရားမြတ်စွာ သာသနာတော်အတွက် ပေးလှူလိုက်ပြီး သည့်ညတွင်ပြိတ္တာအပေါင်း၏ ခြောက်လှန့်မှုမျိုးစုံကို ကြုံတွေ့ခဲ့ရသည်။

ဘုရားရှင်ထံလျှောက်ထားအပြီးတွင်မှ အတိတ်ဘ၀က ဆွေမျိုးတော်စပ်ခဲ့ကြသောပြိတ္တာများဖြစ်ကြောင်း သိရသည်။ သူတို့သည် ကဿပဘုရားလက်ထက်တော်မှသည် ဂေါတမဘုရားရှင် ရွှေလက်တော်အထိ
ဗိမ္ဗိသာရမင်းကြီးကောင်းမှုပြုအမျှပေးဝေမည့်နေ့ကို မျှော်လင့်ချက်ကြီးစွာဖြင့်စောင့်မျှော်နေခဲ့ကြသူ များဖြစ်ကြသည်။

ဗိမ္ဗိသာရမင်းသည် ကောင်းမှုကိုပြုကားပြုခဲ့ပါ၏။ သို့သော်သူတို့ကိုရည်စူး၍ အမျှပေးဝေမှုကိုကားမပြုခဲ့။ ထို့ကြောင့် သာဓုခေါ်ခွင့်၊ ကောင်းမှု၏အဖို့ကို ခံစားခွင့်မရခဲ့ကြပေ။ ( ဤနေရာ၌ ပထမဆုံးအချက် ကို ကောက်ချက်ချ မှတ်သားကြပါစို့)။

ကောင်းမှုရှင်က ရည်စူး၍ အမျှပေးဝေခြင်းမခံရလျှင် သာဓုခေါ်ခွင့်၊ ကောင်းမှု၏အဖို့ကို ခံစားခွင့်မရနိုင်။
နောက်တစ်နေ့ ကောင်းမှုပြုအမျှပေးဝေသောအခါ သာဓုခေါ်နိုင်ကြ၍ ပြိတ္တာများ စားနေ၀တ် အဆင်ပြေသွားခဲ့ကြပါသည်။

မိမိတို့ကိုရည်စူး၍ပြုသော ကောင်းမှုကို ကောင်းမှုရှင်တို့က နှုတ်မြွက်သံခြွေ အမျှပေးဝေသည့်အခါ သာဓုခေါ်နိုင်ပါလျှင် ကောင်းမှု၏အဖို့ကို ခံစားကြရသည်။

တစ်ဆင့်တက်၍စဉ်းစားဖွယ်သာဓုခေါ်က ကောင်းမှုရှင်တို့နှင့်ထပ်တူ ကုသိုလ်ရသည်ဆိုပါ က ကောင်းမှုပြု အပြီးတွင် ၄င်းပြိတ္တာတို့သာ သာဓုခေါ်ဆိုကြလိမ့်မည်မဟုတ်။ လူသားစစ်စစ်ဖြစ်သော မင်းကြီး၏အခြွေအရံများလည်း သာဓုခေါ်ဆိုကြမည်သာဖြစ်ပါ၏။

ထိုတွင် ကောင်းမှုရှင်ဖြစ်သော မင်းကြီး၌လည်းကောင်း၊ သာဓုခေါ်ဆိုကြသူ လူအပေါင်းတို့၌ လည်းကောင်း ကောင်းမှု၏အကျိုးဂုဏ်အင် အာနိသင်တစ်စုံတစ်ခုမျှကို ဒိဋ္ဌထင်ထင် မတွေ့မမြင်ကြရပါဘဲလျှက် အဘယ့်ကြောင့် သာဓုခေါ်ရှာ ထိုပြိတ္တာတို့ဆီမှာမှ ကောင်းမှု ၏အကျိုးကိုတွေ့မြင်ကြရပါသနည်း။ ( ကောင်းမှုရှင်ဖြစ်သော မင်းကြီး၌ ထိုကောင်းမှုကြောင့် မည်သည့် အ၀တ်တန်ဆာ၊ ရေတွင်းရေကန်။ ခြွေရံသင်းပင်း၊ ဆင်မြင်းရထား၊ စားသောက်ဖွယ်ရာမျှ တိုးပွါး၍ မလာပါဘဲလျှက် အဘယ့်ကြောင့် လက်ဝေခံသာဓုခေါ်ကြရသူပြိတ္တာတို့မှာမှ နတ်ဝတ်တန်ဆာ၊ စားစရာတို့ ဖြစ်ပေါ်၍လာရပါသနည်း။ ပြိတ္တာမဟုတ်သူ သာဓုခေါ်ဆိုကြသူ ထိုထိုလူတို့၌လည်း အဘယ်ကြောင့် ထိုအကျိုးပေးများထင်ရှားစွာ မရရှိကြပါသနည်း ဟုဆိုလိုပါသည်။)
( စာကြွင်းအဖြစ် သီရိလင်္ကာနိုင်ငံမှ အမျှပေးဝေပုံကို ဗဟုသုတမျှဝေလိုပါသည်)
ဦးဇင်းတို့ မြန်မာပြည်တွင် အမျှပေးဝေကြသောအခါ-----

( ၁) ကြားကြားသမျှ အမျှ၊ အမျှ၊ အမျှ ---ဟူ၍လည်းကောင်း၊

(၂) ကုသိုလ်---------- အမျှ၊ အမျှ၊ အမျှ ---ဟူ၍လည်းကောင်း၊
အမျှပေးဝေလေ့ရှိကြပါသည်။

သီရိလင်္ကာ၌ အမျှပေးဝေကြပုံမှာ-----
ဣဒံမေ ဉာတီနံဟောတု ၊ သုခိတာ ဟောန္တု ဉာတယော---ဟူ၍ အမျှပေးဝေကြပါသည်။
(အဓိပ္ပါယ်မှာ--"ဤကောင်းမှုသည် ဆွေမျိုးတို့အတွက် ဖြစ်ပါစေ၊ ဆွေမျိုးအပေါင်းတို့ ချမ်းသာကြပါစေ"
ဟူ၍ဖြစ်ပါသည်)

ကျေးဇူးတင်လျှက်.....

ဦးဇင်း (သီရိလင်္ကာ)
မေတ္တာဖြင့်ဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ 

တားမြစ်ထားသော်လည်း အမြန်လမ်းပေါ်တွင် ကုန်တင်ယာဉ်များ အတားအဆီးမရှိ ဖြတ်သန်းသွားလာနေ


မေ ၁၅ ရက် နံနက် ၁၁ နာရီကျော်က အမြန်လမ်းမ ၁၁၅ မိုင် တိုးဂိတ်မရောက်မီ လမ်းမကြီးဘေးတွင် မော်တော်ယာဉ်တင်ကားကြီးများ ခေတ္တရပ်နားထားသည်ကို တွေ့ရစဉ်

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် “မည်သည့် ကုန်တင်ယာဉ်မျှ ဖြတ်သန်းသွားလာခွင့်မရှိကြောင်း” ထုတ်ပြန်ကြေညာထားသည်။ သို့သော် မေ ၁၅ ရက် နေ့လယ် ၁၁ နာရီ ၅၄ မိနစ်အချိန်တွင် ရန်ကုန်ဘက်သို့ အလာ ၁၁၅ မိုင် တိုးဂိတ်မရောက်မီ လမ်းမကြီးဘေးတွင် မော်တော်ယာဉ်တင်ကားကြီးများ ခေတ္တရပ်နားထားသည်ကို တွေ့ရှိရသည်။ မော်တော်ယာဉ်တင်ဆောင်သော ၁၆ ဘီး၊ ၂၂ ဘီး ကားကြီးစုစုပေါင်း ၇ စီးအထိစုပေါင်း၍ ဖြတ်သန်းသွားလာနေခြင်း ဖြစ်သည်။ Super Seven Stars(SSS) ကုမ္ပဏီက Showroom ဖွင့်လှစ်ရောင်းချလျက်ရှိသော KIA အမျိုးအစားကားများကို မော်တော်ကားတင်သည့် ၁၆ ဘီး၊ ၂၂ ဘီးကားကြီးများဖြင့် ရန်ကုန်-မန္တလေးအမြန်လမ်းမပေါ်တွင် စည်းကမ်းဖောက်ဖျက် သယ်ဆောင် ဖြတ်သန်းလျက်ရှိခြင်း ဖြစ်သည်။ မည်သည့်ကုန်တင်ယာဉ်မျှ ဖြတ်သန်းသွားလာခွင့်မပြုရဟူသော စည်းကမ်းချက်ကို ထုတ်ပြန်ထားသည့် သက်ဆိုင်ရာအာဏာပိုင်များ၏ စည်းကမ်းလိုက်နာမှုမှာလည်း အရေးပါလျှက်ရှိသည်။ အမြန်လမ်းပေါ်တွင် အခြားသော ကုန်ကားအချို့၊ မြေသယ်ယာဉ်အချို့မှာလည်း ခွင့်ပြုမိန့်ရထားသကဲ့သို့ ဖြတ်သန်းသွားလာလျက်ရှိကြောင်း သိရသည်။”

Eleven Media Group

လာအိုလေယာဉ်ပျက်ကျမှုကြောင့် လာအိုကာကွယ်ရေးဝန်ကြီး နှင့် အခြားထိပ်တန်းအရာရှိများသေဆုံး


မဇ္ဈိမသတင်းဌာန

လာအိုစစ်ဘက်လေယာဉ်တစ်စီး မေလ ၁၇ရက်က ပျက်ကျခဲ့ရာ ထိုလေယာဉ်ပေါ်တွင် လိုက်ပါသွားခဲ့သော လာအို ကာကွယ်ရေးဝန်ကြီး အပါအဝင် ထိပ်တန်းအရာရှိ ၅ ဦး နှင့်
အခြားခရီးသည်များ သေဆုံးသွားခဲ့ကြောင်း ထိုင်းအာဏာပိုင်များက ဆိုသည်။

၎င်းတို့သည် လာအိုနိုင်ငံ အရှေ့မြောက်ပိုင်း Xiangkhouang ပြည်နယ်တွင် ကျင်းပမည့် အခမ်းအနား တစ်ခုသို့ သွားရောက်ခြင်းဖြစ်သည်ဟု ယူဆရပြီး ပျက်ကျသည့် လေယာဉ်သည် ယူကရိန်းနိုင်ငံ Antonov ကုမ္ပဏီမှ ထုတ်လုပ်သည့် လေတပ် ဂျက်လေယာဉ် တစ်စီး ဖြစ်သည်ဟု ဆိုသည်။

လေယာဉ်ပျက်ကျသောကြောင့် သေဆုံးသွားခဲ့သူများထဲတွင် လာအို ကာကွယ်ရေးဝန်ကြီး Douangchay Phichit အပြင်၊ အခြား ထိပ်တန်းအရာရှိ လေးဦးတို့လည်းပါဝင်သည်ဟု ထိုင်းကာကွယ်ရေးဝန်ကြီး Nipat Thonglek က အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့သည်။

လေယာဉ်ပျက်ကျသဖြင့် လာအိုထိပ်တန်း အရာရှိများ လည်း သေဆုံးသွားခဲ့ကြောင်းကို လာအို ထိပ်တန်းစစ်ဘက်အရာရှိ တစ်ဦးက သူ့အား အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး Nipat Thonglek က ပြောကြားခဲ့သည်။ လာအို ကာကွယ်ရေးဝန်ကြီး၏ ဈာပနကို ထိုင်းနိုင်ငံကိုယ်စား သူတက်ရောက်မည်ဟုလည်း Nipat Thonglek က ပြောခဲ့သည်။

လေယာဉ်ပေါ်တွင် ဗီယင်ကျန်း အုပ်ချုပ်ရေးမှူး နှင့် အခြား ထိပ်တန်း အရာရှိကြီးများ အပါအဝင် လူ ၂၀ ဦးခန့် လိုက်ပါသွားခဲ့ကြောင်း ဘန်ကောက်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

လေယာဉ်ပျက်ကျခဲ့ကြောင်း လာအို အစိုးရပိုင် သတင်းဌာနဖြစ်သည့် KPL က အတည်ပြုခဲ့ပြီး၊ အာဏာပိုင်များအနေဖြင့် အသက်ရှင်ကျန်ရစ်နိုင်ဖွယ် ရှိသူများကို ကယ်ဆယ်ရန် ကြိုးစားခဲ့ကြသည်ဟု
သတင်းထုတ်ပြန်ခဲ့သည်။

ပျက်ကျသွားခဲ့သော လေယာဉ်မှာ လာအိုလေတပ်၏ Antonov AN-74TK-300 အမျိုးအစားလေယာဉ်ဖြစ်ကြောင်း လာအို အစိုးရပိုင် သတင်းဌာနက ဆိုခဲ့သော်လည်း၊ လေယာဉ်ပေါ်တွင် လိုက်ပါသွားခဲ့သော ခရီးသည်စာရင်းနှင့် အသေအပျောက်စာရင်းတို့နှင့် ပတ်သတ်၍ အသေးစိတ် သတင်းအချက်အလက်များ ထုတ်ပြန်ခြင်း မရှိခဲ့ပေ။

Ref: AFP
Mizzima Burmese

နနွင်းကို သွားရောဂါအတွက် ကုသနိုင်ပါတယ်



နနွင်းဟာ တကယ်ကို တန်ဖိုးရှိသော ဆေးဘက်ဝက် အပင်တစ်မျိုး ဖြစ်ပါတယ်။
ရောဂါအမျိုးမျိုးကို သက်သာပျောက်ကင်းစေနိုင်ပြီး အဲဒီ အထဲကမှ သွားရောဂါ
အတွက် ကုထုံးလေး တစ်မျိုးကို မျှဝေပေး လိုက်ရပါတယ်။

နနွင်းမူန့်ကို ရေနွေးဖြင့် ဖျော်လိုက်ပါ။ ထိုဖျော်ပြီးသား အရည်ကို ငုံပေးခြင်း
အားဖြင့် သွားကိုက်ခြင်း ၊ သွားနာခြင်း ၊ သွားဖုံရောင်ခြင်း စတဲ့ သွားရောဂါ
အမျိုးမျိုးကို သက်သာစေနိုင် ပါတယ်။ နောက်တစ်နည်း ကတော့ ဆားများများ
ထည့်ပြီး သောက်ပေးခြင်း အားဖြင့် ထိုရောဂါတွေကို သက်သာစေနိုင် ပါတယ်။

နနွင်းမှုန့်ကို သွားကြားထဲ သိပ်ပေးခြင်း အားဖြင့်လည်း ရောဂါသက်သာစေနိုင်
ပါတယ်။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

ဖောက်ခွဲရေးယမ်းများတင်ဆောင်လာသည့် (၂၂)ဘီးကား ဆိုင်ကယ်နှင့် ယာဉ်တိုက်မိရာမှ လူတစ်ဦးသေ



သတင်း၊ ကိုတိုးကြီး
မြင်းမူ၊ မေ ၁၆
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ထီးစောင်းကျေးရွာ မျက်စိကုဆေးရုံးအနီး မုံရွာ - မန္တလေးကားလမ်း မိုင်တိုင် အမှတ် ၄၅/၀ နှင့် ၄၅/၁ အကြားနေရာတွင် မေလ ၁၅ ရက်နေ့ မနက် ၈ နာရီက ဖောက်ခွဲရေးယမ်းများ သယ်ဆောင်လာသည့် (၂၂)ဘီးကားသည် ဆိုင်ကယ်နှင့်တိုက်မိခဲ့ရာ လူတစ်ဦးသေဆုံးခဲ့ကြောင်း မြင်းမူမြို့ နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားရာအရပ်သို့ မြင်းမူမြို့မရဲစခန်းမှ ရဲအုပ် တင်မောင်ရွှေနှင့် အဖွဲ့ကသွားရောက် စစ်ဆေးခဲ့ကြသည်။ ထိုသူတို့၏ စစ်ဆေးပေါ်ပေါက်ချက်များအရ လားရှိုးမြို့၊ အမှတ်(၁၂)ရပ်ကွက်နေ ဦးရှာ ရွယ်(ခ) ဦးမောင်နိုင် ဆိုသူသည် CHENELONG (၂၂)ဘီးအမျိုးအစား ယာဉ်အမှတ် ၅င/ ၇၇… အဖြူရောင် ယာဉ်တစ်စီးပေါ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်း တောင် ကြေးနီစီမံကိန်းလုပ်ငန်းခွင်သုံး ဖောက်ခွဲရေးယမ်းများအား တင်ဆောင်၍ မောင်းနင်းလာစဉ် မြောင် မြို့နယ်၊ လွင်ကြီးကျေးရွာနေ ကိုကျော်ဝင်းမြင့် အသက်(၄၉)နှစ်ဆိုသူက ယင်ဇိုင်း 110 အမျိုးအစား ယာဉ် အမှတ် ၂၁ယ/၂၁….. ဆိုင်ကယ်အား လားရာတူယာဉ်ကြောအတိုင်း စီးနင်းလာစဉ် (၂၂)ဘီးကား၏ လက် ယာဘက်ရှေ့ဘီးတို့နှင့်ချိန်မိပြီး ဆိုင်ကယ်တိမ်းမှောက်ကာ ကားဘီးဖြင့်ကြိတ်မိပြီး အဆိုပါနေရာတွင်သေ ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆိုင်ကယ်စီးနင်းလာသူ ကိုကျော်ဝင်းမြင့်သေဆုံးခြင်းနှင့်ပတ်သက်၍ မြင်းမူမြို့နယ် ပြည်သူ့ဆေးရုံရှိ မှုခင်း ဆရာဝန်ကြီး၏ ဆေးစစ်ဆေးချက်များအရ သေဆုံးသူ ကိုကျော်ဝင်းမြင့် ဆိုသူမှာ ဦးခေါင်းကြေမွ၊ လည်ပင်း ရိုးကျိုးဒဏ်ရာများဖြင့်သေဆုံးသွားခဲ့ရခြင်းဖြစ်သည်ဟု မှုခင်းဆေးစာမှတ်တမ်းများတွင် မှတ်ချက်ပြုပေး ထားကြောင်း သိရသည်။
ထို့ကြောင့် မြင်းမူမြို့မရဲစခန်းက အဆိုပါယာဉ်တိုက်မှုအား ယာဉ်(ပ)၂၆/၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၄ - (က)အရ ရဲအုပ် တင်မောင်ရွှေမှ တိုင်တန်းအမှုဖွင့်ထားခဲ့သည်။ စီမံကိန်းလုပ်ငန်းသုံး သယ်ယူပို့ဆောင်ရေး ယာဉ်ကြီး များအနေဖြင့် အများပြည်သူ ယာဉ်အသုံးပြုမှု နည်းပါးသည့် ညအချိန်များတွင် ဖြတ်သန်းသွားလာသင့်ပြီး အများပြည်သူ ယာဉ်အသုံးပြုမှု များပြားသည့်အချိန်များတွင် သင့်လျော်သော ယာဉ်အန္တရာယ်ဘေးလွတ် သည့်နေရာများတွင် ရပ်နားထားသင့်ကြောင်း မုံရွာမြို့ခံ ဥပဒေပညာရှင် တရားလွှတ်တော် ရှေ့နေကြီးတစ် ဦးမှ အကြံပြုပြောကြားခဲ့သေးသည်။

ကိုတိုး ချင်းတွင်း

KIA က တပ်သားအဖြစ် ဖမ်းဆီးခဲ့သူ ၁၈ယောက် ပြန်လွတ်လာ


KIA က စစ်သားအဖြစ် စုဆောင်းခဲ့တဲ့ တန်ဖဲကျေးရွာတဝိုက်က ဖမ်းဆီးခဲ့သူ ၁၈ယောက်ကို မေလ ၁၅ရက်နေ့ ပြန်လွှတ်ပေးခဲ့ပြီး ၃ယောက်ကတော့ ထွက်ပြေးလွတ်မြောက်လာတယ်လို့ မြန်မာစစ်တပ် ထိပ်ပိုင်းအရာရှိတစ်ယောက်က ဆိုပါတယ်။ ကျန်လူတွေ လွတ်လာဖို့ ဘယ်လိုတွေ ပြင်ဆင်ထားလဲ။

မြစ်ဆုံနားတဝိုက်မှာ ဖမ်းဆီးခံထားရသူ ၃၉ယောက် လွတ်မြောက်ခဲ့ပြီး မေလ ၁၂ရက်နေ့က KIA က လွှတ်ပေးခဲ့သူနဲ့ ထွက်ပြေးလာသူပေါင်းက ၁၈ယောက်ရှိတဲ့အကြောင်း၊ ခန့်မှန်းခြေ ၁ဝယောက်လောက် ကျန်နေသေးပြီး အမျိုးသမီးတွေလည်းပါတယ်လို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့ ဗျူဟာမှူးက ဆိုပါတယ်။

မြစ်ဆုံလို အထင်ကရနေရာနားမှာ တပ်သားစုဆောင်းတာမျိုး၊ ဖမ်းဆီးတာမျိုး မလုပ်သင့်ဘူးလို့ဗိုလ်မှူး ကဆိုပါတယ်။ လွတ်မြောက်လာတဲ့ တပ်သားသစ်စုဆောင်းခံခဲ့ရသူရဲ့ မိခင် ဒေါ်ယုက သူ့သားက ကချင်လူမျိုး မဟုတ်တာကြောင့် လွတ်လာတာဖြစ်ပြီး နောင်ကို ဒီလိုမဖမ်းဆီးဖို့ KIA ကို တောင်းဆိုချင်တယ်လို့ ဆိုပါတယ်။

ပြန်လည်လွတ်မြောက်လာတဲ့ ၁၃နှစ်အရွယ် ကလေးတစ်ယောက်တော့ အသက်ငယ်လည်း စစ်သားလုပ်ရမယ်လို့ အတင်ပြောပြီး ခေါ်ဆောင်ခံခဲ့ရကြောင်းနဲ့ တောထဲမှာနေရတာ မပျော်သလို စစ်လည်း မတိုက်ချင်ဘူးလို့ ဆိုပါတယ်။

KIA က မြစ်ဆုံတဝိုက်မှာ မေလ ၃ရက်နေ့ကစပြီး တပ်သားစုဆောင်းရေးအဖြစ် ဖမ်းဆီးခဲ့သူ ၅၇ယောက်ရှိတယ်လို့ ဆိုပါတယ်။

Kamayut Media

မာနလေးတော့ ရှိကြစမ်းပါလို့ ဒေါ်အောင်ဆန်းစုကြည် ဘယ်သူတွေကို ပြောခဲ့လဲ


မြန်မာစစ်တပ်က ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေးမှာ အခရာကျတဲ့ ဆုံးဖြတ်နိုင်တဲ့ အခွင့်အာဏာကို ကိုင်စွဲထားတာဟာ အထူးအခွင့်အရေးတွေကို ရယူထားတာဖြစ်တာကြောင့် တပ်မတော်သားတွေ ကိုယ့်ကိုကိုယ် ပြန်စဉ်းစားဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါပြီ။ မှန်ကန်တဲ့မာနလေးတော့ ရှိကြပါလို့ ဘာ့ကြောင့်ပြောတာလဲ။

ပြည်သူလူထုရဲ့ ထောက်ခံမှုမယူဘဲ ဖွဲ့စည်းပုံထဲမှာ အထူးအခွင့်အရေးတွေကို ရယူထားတာဟာ ရှက်စရာဖြစ်တာကြောင့် မှန်ကန်တဲ့မာနထားဖို့၊ ပြည်သူတွေထက် ပိုသာနေတဲ့ အခွင့်အရေးတွေ ရယူနေတာ ဝမ်းသာစရာမဟုတ်ဘူးလို့ ရန်ကုန်မြို့ ဗိုလ်စိန်မှန်ကွင်းမှာ မေလ ၁၇ရက်နေ့က NLD နဲ့ ၈၈မျိုးဆက်တွေ ပူးပေါင်းပြုလုပ်တဲ့ လူထုဟောပြောပွဲမှာ ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို တိုက်ရိုက် ဖော်ပြလိုက်ပါတယ်။

ပြည်သူလူထုရဲ့ ထောက်ခံမှု ရမယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်တယ်ဆိုလို့ရှိရင် ဘယ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေကမှ အထူးအခွင့်အရေး ပေးထားစရာ မလိုပါဘူး။ ဘာအထူးအခွင့်အရေးမှ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးထားတာ မလိုချင်ဘူး။ ပေးထားရင်တောင်မှ ဒါကျွန်မကို စော်ကားတယ်လို့ မြင်ပါတယ်။ ကျွန်မဒီလောက်တောင်ညံ့လို့ ကျွန်မကို အထူးအခွင့်အရေးပေးထားရမှားလားလို့ ပြန်မေးမှာ။
မာနကလေး ရှိကြစမ်းပါ။ မှန်ကန်တဲ့ မာနကလေး ရှိကြစမ်းပါ။ အထူးအခွင့်အရေး မလိုချင်ပါနဲ့။ တပ်မတော်သားတွေကို ကျွန်မ မေတ္တာရပ်ခံချင်ပါတယ်၊ စဉ်းစားကြည့်ပါ။ တစ်ခြားပြည်သူပြည်သားတွေထက် အထူးအခွင့်အရေးရနေတာ တစ်ကယ်ပဲ ဝမ်းသာစရာဟုတ်ရဲ့လားလို့ စဉ်းစားကြည့်ပါ။

၈၈မျိုးဆက် ခေါင်းဆောင် ဦးမင်းကိုနိုင်ကလည်း လူထုခေါင်းဆောင်နဲ့အတူ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဟောပြောခဲ့ပြီး ပြည်သူလူထုရဲ့အင်အားနဲ့ အရေအတွက်ကို ပြတဲ့ပွဲမဟုတ်ဘဲ ပြည်သူကို အထင်သေးနေတဲ့သူတွေကို အရည်အချင်းပြတဲ့ပွဲဖြစ်တယ်လို့ ဆိုပါတယ်။

လူတစ်စုက လူထုကို အကြောက်တရားနဲ့ ခြိမ်းခြောက်ပြီး ဖွဲ့စည်းပုံ အတည်ပြုတာမျိုး မဖြစ်သင့်ဘဲ ပြည်သူလူထုကသာ ဖွဲ့စည်းပုံ ရေးဆွဲသင့်တယ်လို့ လူထုဟောပြောပွဲကို တက်ရောက်ခဲ့တဲ့ နာရေးကူညီမှုအသင်းက ဒေါ်သန်းမြင့်အောင်က ဆိုပါတယ်။

ပြည်သူလူထု သိန်းနဲ့ချီတက်ရောက်ခဲ့တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုဟောပြောပွဲကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈မျိုးဆက်ကျောင်းသားတွေ ပထမဆုံး ပူးပေါင်းကျင်းပတာဖြစ်ပြီး မန္တလေးမြို့မှာလည်း မေလ ၁၈ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပါတယ်။

ပုဒ်မ ၄၃၆ပြင်ဆင်ဖို့ လူထုဆန္ဒကောက်ယူမယ့် ရက်စွဲကို မေလ ၂၇ရက်နေ့ကနေ ဇူလိုင် ၁၉ရက်အထိ သတ်မှတ်ထားပြီး NLD ရဲ့ မြို့နယ်နဲ့ ပြည်နယ်တိုင်းရုံးတွေမှာ လက်မှတ်ထိုးဖို့ စာအုပ်တွေထားမှာဖြစ်ပြီး ပြည်သူတွေကိုယ်တိုင် သွားရောက်ရေးထိုးရမှာဖြစ်တယ်လို့ ဆိုပါတယ်။

Kamayut Media

ဒါဖတ်ပြီးမှ သင်္ဘောတက်ပါ

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထွက်လာသော သင်္ဘောတက်ရန်ပြင်ဆင်နေသူအချို့ကိုတွေ့ရစဉ်(ဓာတ်ပုံ−ကျော်ဇင်သန်း)

‘‘ ကျွန်တော် ပြန်လာချင်ပေမယ့် ပြန်လာဖို့ဆိုတာကအရမ်းခက်ခဲ တယ်။ ရင်းနှီးထားတဲ့ပိုက်ဆံတွေ နဲ့ လူတစ်ယောက်ရဲ့ အနာဂတ်အ တွက် ပြန်ချင်ပေမယ့် ကြိတ်မှိတ်ခံစားနေရတယ်’’ဟု မလေးရှားနိုင်ငံရှိ ကမ်းရိုးတန်းသွားသင်္ဘောတွင် လုပ်ကိုင်နေသူ ကိုမြတ်မင်း သူကပြောသည်။

သင်္ဘောသားအလုပ်အကိုင် ရှားပါးနေချိန်တွင် နိုင်ငံခြား သင်္ဘောလိုက်ရန်    ကိုမြတ်မင်းသူမှာ တစ်နှစ်ကျော်စောင့်ဆိုင်းပြီးနောက်ကြားပွဲစားကို  သိန်းသုံးဆယ်နီးပါး ပေး၍   သင်္ဘောလိုက်ခဲ့ရသူဖြစ် သည်။

သင်္ဘောလိုက်ရန်ထွက်ခွာခဲ့ စဉ်က မလေးရှားနိုင်ငံရှိ သင်္ဘော လိုင်းကြီးတစ်ခုတွင် လုပ်ရမည်ဟု ဆိုပြီး တကယ်တမ်းတွင် ကမ်းရိုး တန်းသွားသင်္ဘောပေါ်တွင်သာ အလုပ်လုပ်ခဲ့ရသည်။

‘‘ဟိုကိုရောက်တော့ ကိုယ် တွေလုပ်ရမယ့် သင်္ဘောကိုတွေ့ လိုက်တော့ ထိုင်ငိုတဲ့သူတောင်ရှိ တယ်။ သင်္ဘောမရွေးတက်မယ် ဆိုပေမယ့် အဲဒီလောက်စုတ်မယ် မထင်ထားဘူး။ လူသစ်ဆိုတဲ့စိတ် နဲ့ ခံနိုင်ရည်ရှိအောင်နေရင်းကြိုး စားရတယ်’’ဟု ကိုမြတ်မင်းသူက ပြောသည်။

မြန်မာနိုင်ငံတွင် သင်္ဘော သားအလုပ်အကိုင်မှာ ယခုနှစ်အ နည်းငယ်မှစ၍ သိသိသာသာရှား ပါးနေသည်။ လွန်ခဲ့သည့်နှစ်များ စွာက အလုပ်အကိုင်ကောင်းခဲ့ သော သင်္ဘောသားအလုပ်အကိုင် မှာ ယခုအခါတွင် သင်္ဘောသား လုပ်လိုသူဦးရေနှင့် ခေါ်ယူသော အလုပ်အကိုင်မှာ မျှတမှုမရှိဘဲ ဖြစ်နေသည်။

ပြည်တွင်း၌အလုပ်အကိုင် ရှားပါးချိန်တွင် ပြည်ပ၌ အခြားအ လုပ်များနှင့်စာလျှင် ငွေရရှိမှုများ ခြင်း၊ အလုပ်အလွယ်တကူရရှိ ခြင်း၊ ကမ္ဘာပတ်ရသည့်အလုပ် ဖြစ်သည့်အတွက် စွန့်စားလိုသော လူငယ်များအဆင်ပြေခြင်း စ သည်တို့ကြောင့် သင်္ဘောသားအ လုပ်အကိုင်ကို ပိုမိုရွေးချယ်လာ ကြသော်လည်း ယခုနှစ်အနည်း ငယ်တွင် အလုပ်အကိုင်ရှားပါး လာခြင်းဖြစ်သည်။

ရေကြောင်း ညွှန်ကြားမှုဦးစီး ဌာနတွင် တရားဝင်မှတ်ပုံတင် ထားသည့် သင်္ဘောသားဦးရေ သည် ခုနစ်သောင်းဝန်းကျင်ရှိ သော်လည်း နှစ်သောင်းဝန်းကျင် သာ သင်္ဘောတွင် လုပ်ကိုင်လျက် ရှိသည်။ ထို့ကြောင့် အလုပ်အ ကိုင်ရရှိမှုမှာ သုံးချိုးတစ်ချိုးသာရှိ နေကြောင်း ရေကြောင်းညွှန်ကြား မှုဦးစီးဌာန   ဒုညွှန်ကြားရေးမှူး ဦးသက်ဌေးကပြောသည်။

သင်္ဘောသားအလုပ်အကိုင် ဈေးကွက်မှာ နိုင်ငံတကာမှာပင် ကျဆင်းနေသည့်အတွက် သင်္ဘော သားအလုပ်အကိုင်ခေါ်ယူမှုများ နည်းပါးနေပြီး  ဥရောပရှိသင်္ဘော လိုင်းကြီးအချို့ပင် သင်္ဘောလျှော့ ချသည့်ဖြစ်စဉ်များလည်း   ရှိနေ သည်။

‘‘နိုင်ငံတကာမှာလည်း စီး ပွားရေးအခက်အခဲကြောင့် သ င်္ဘောတွေလျှော့တာတွေရှိတယ်။ အဲဒါကြောင့်လည်းအလုပ်အကိုင် ရှားလာတယ်။ ဖိလစ်ပိုင်မှာဆို သင်္ဘောသားအရေအတွက်သိန်း ဂဏန်းကျော်နေပြီ။   သူတို့က Supply များတော့ ဒီဘက်ကိုလာ ထိခိုက်တာလည်းပါတယ်’’ဟု ဦး သက်ဌေးကပြောသည်။

ထိုသို့အလုပ်အကိုင်ရှားပါး နေချိန်တွင် သင်္ဘောသားလူသစ် အများစုမှာ သင်္ဘောလိုက်ရန်အ ချိန်ကြာမြင့်စွာစောင့်ဆိုင်းနေရ ပြီး လုပ်သက်ရှိသူအရာရှိအချို့ ပင် အချိန်ကြာမြင့်စွာစောင့်ဆိုင်း နေရသည်။

ထိုသို့ သင်္ဘောသားအလုပ် အကိုင်ရှားပါးနေချိန်တွင် သင်္ဘော သားအများစုမှာ ကုန်ကျစရိတ် များထား၍ ရသည့်နည်းလမ်းဖြင့် မျက်စိစုံမှိတ်ကာ ရသောသင်္ဘော ဖြင့် လိုက်ခဲ့ရသည်။ သို့သော်လုပ် ငန်းခွင်တွင် ထင်သလိုဖြစ်မလာ ဘဲ ကိုမြတ်မင်းသူကဲ့သို့အခက်အ ခဲကြုံတွေ့နေသော သင်္ဘောသား များစွာရှိသည်။

‘‘အပြင်မှာ အလုပ်အကိုင်အ ခွင့်အလမ်းနည်းပါးလို့သာ ဒီလို အခက်အခဲတွေ၊ အမှုအခင်းတွေ ဖြစ်တာ။ ပွဲစားတွေကလည်းအ ခွင့်အလမ်းမက်လုံးတွေပေးပြီး ခေါ်တယ်။ အလုပ်ရှားလို့ ဒီလို ခေါင်းပုံဖြတ်တာတွေ    ဖြစ်လာ တာ’’ဟု    ဦးသက်ဌေးက  ပြောသည်။

ရေကြောင်းညွှန်ကြားမှုဦးစီး ဌာနတွင် တရားဝင်မှတ်ပုံတင် ထားသည့် သင်္ဘောသားစုဆောင်း ခြင်းနှင့် အလုပ်နေရာချထားခြင်း ဆိုင်ရာ ၀န်ဆောင်မှု ဆောင်ရွက် ပေးသော သင်္ဘောသားကိုယ်စား လှယ်လုပ်ငန်းလိုင်စင် (SRPS လိုင်စင်)ရကုမ္ပဏီမှာ ဧပြီ၁ရက် အထိ ၁၂၇ခုရှိကြောင်း သတင်းရ ရှိသည်။

တစ်ဖက်သင်္ဘောသို့ရောက် ရှိချိန်တွင် မထွက်မီက ပြောသည့် အခြေအနေနှင့်  ကွာခြားနေပြီး ကမ်းရိုးတန်းသွားသင်္ဘောနှင့်ငါး ဖမ်းသင်္ဘောများတွင်လုပ်ကိုင်ရ ခြင်း၊ သင်္ဘောပေါ်တွင် အလုပ် ချိန်မမှန်ခြင်း၊ လုပ်ခလစာအပြည့် အ၀မရရှိခြင်း၊ သင်္ဘောတွင် အ ခြားသင်္ဘောသားများနှင့်ခွဲခြား ဆက်ဆံခံရခြင်း၊    အစားအသောက်ခက်ခဲခြင်းစသည်တို့ကို  ကြုံတွေ့ရသည်။

မလေးရှားနိုင်ငံရှိသင်္ဘော ပေါ်သို့ ရောက်ရှိသွားသည့်သင်္ဘော သားအချို့မှာ ကုန်ကျထားသည့်  ငွေကြေးကျေရန်အတွက်ဖြစ်သ လို လုပ်ကိုင်နေကြရသော်လည်း  အချို့မှာ ငွေကြေးထပ်မံပေး၍ ကောင်းမွန်သည့်    သင်္ဘောသို့ ပြောင်းလဲလိုက်ကြသူများလည်း ရှိကြသည်။

ယင်းအဖြစ်အပျက်များမှာ မလေးရှားသင်္ဘောလိုင်းများတွင် အဖြစ်များပြီး ယခုနောက်ပိုင်းတွင် အီရန်၊ ဒူဘိုင်းစသည့် ITF မရှိ သည့် နိုင်ငံများတွင်ပါအဖြစ်များ လာကာ   သင်္ဘောသားအဖွဲ့အ စည်းများသို့ အကူအညီတောင်း သည်များလည်းရှိသည်။

‘‘သင်္ဘောသားလူသစ်တွေ ဆီက ငွေသိန်း ၃၀နီးပါးယူပြီး သ င်္ဘောပေါ်တင်ပေးလိုက်တယ်။ သင်္ဘောပေါ်ရောက်ရင် အဲဒီနိုင်ငံက ပွဲစားတွေနဲ့ပေါင်းပြီး အလုပ် ချိန် တိုးခိုင်းတာတွေ၊ အစားအ သောက်အခက်အခဲဖြစ်အောင် လုပ်တယ်။    သင်္ဘောသားတွေ မနေနိုင်တဲ့အခါမှ အိမ်ပြန်နိုင်ဖို့ နောက်ဆက်တွဲငွေတောင်းတာ တွေလုပ်တယ်’’ဟု   မြန်မာ့ပင် လယ်ရေကြောင်းအလုပ်သမား များအဖွဲ့ချုပ်မှ   တွဲဖက်အထွေ ထွေအတွင်းရေးမှူး ဦးရဲဝင်းထွန်း ကပြောသည်။

‘‘သင်္ဘောတက်တော့ အ လုပ်သင်စက်ခန်းအရာရှိနဲ့တက်ရ မယ်ပြောတယ်။ဟိုရောက်တော့အဆင်မပြေဘူး။ ပြန်လာဖို့လုပ် တော့လည်း ပိုက်ဆံထပ်ပေးခဲ့ရ သေးတယ်။ ကျွန်တော်တို့တွေပြန် တဲ့အချိန်ထိ မထွက်ရသေးဘူး။ ရေထဲမှာပဲရှိသေးတယ်’’ဟု အီ ရန်နိုင်ငံရှိ သင်္ဘောတွင်လုပ်ခဲ့ရ သည့် သင်္ဘောသားတစ်ဦးကပြော သည်။

အဆိုပါသင်္ဘောသားသည်  ထိုင်းသင်္ဘောတွင် သင်္ဘောတက် ရောက်ရန်အတွက် ကျပ်သိန်းသုံးဆယ် ကျော်ပေးခဲ့ရသော်လည်း  တကယ်တမ်းတွင်   အီရန်နိုင်ငံသင်္ဘောသို့   ရောက်ရှိခဲ့သူဖြစ် သည်။

‘‘သင်္ဘောသားတွေက မိသား စုနဲ့ပတ်ဝန်းကျင်ဖိအားတွေရှိတဲ့ အတွက် ဒီလိုင်းတွေပေါ်ရောက် သွားတယ်။ သင်္ဘောတက်ရရင် ပြီးရော ဟိုရောက်ရင်ဖြစ်သလို လုပ်မယ်ဆိုပြီးသွားကြတယ်။ ဟို မှာဖြစ်သလိုတောင်မနေရဘဲ အ ခက်အခဲတွေနဲ့ကြုံရတယ်။ တိုင် မယ်ဆိုတော့လည်း ITF ကိုယ်စား လှယ်မရှိတဲ့နေရာတွေဆိုတော့ ပို ခက်ခဲတယ်’’ဟု ဦးရဲဝင်းထွန်းက ပြောသည်။

သင်္ဘောသားများမှာလည်း သင်္ဘောလိုက်ရန်ပြင်ပတွင်သက် ဆိုင်ရာရာထူးအတွက် သင်တန်း များတက်ရောက်ရပြီး ယင်းသင် တန်းကြေးစရိတ်မှာလည်း ဘာ သာရပ်အလိုက်ကျပ်ဆယ်သိန်း ကျော်မှ သိန်းလေးဆယ်ကျော်အ ထိ ကုန်ကျစရိတ်ရှိနေသည်။

ထို့အပြင် သင်္ဘောသား လုပ်ခလစာကို ၂၀၁၃ ဒီဇင်ဘာ ကတည်းက ITF နှင့်ILO တို့က ပြဋ္ဌာန်းထားသော်လည်း လက်ရှိ အချိန်ထိ မြန်မာသင်္ဘောသားအ ချို့မှာ အဆိုပါနှုန်းထားအတိုင်း ရရှိခြင်းမရှိသေးပေ။

၂၀၁၃ ဒီဇင်ဘာတွင် ITF နှင့် ILO တို့ ပြဋ္ဌာန်းထားသည့် သင်္ဘောသားလုပ်ခလစာမှာ ကုန်းပတ်းကျွမ်းကျင်သင်္ဘောသား (AB)ရာထူးအတွက် အနိမ့်ဆုံးအ ခြေခံလစာ အမေရိကန်ဒေါ်လာ ၅၈၅သတ်မှတ်ထားပြီး အချိန်ပိုကြေး၊ ခွင့်ကြေးစသည်တို့ဖြင့် စုပေါင်းတွက်ချက်ရမည်ဟု ယင်းသတ်မှတ်ချက်တွင်ပါရှိသည်။

သို့သော် သင်္ဘောကုမ္ပဏီ များကလည်း အလုပ်ခေါ်ယူရာ တွင် သင်္ဘောသားလုပ်ခလစာကို စုစုပေါင်းနှုန်းထားဖြင့်သာခေါ်ယူ လျက်ရှိပြီး လက်ရှိတွင် သင်္ဘော သားအခြေခံလစာမှာ ဒေါ်လာ ၂၀၀နှင့် ၅၀၀ကြားသာရရှိနေ သေးကြောင်း သင်္ဘောသားအ လုပ်အကိုင်ရေးရာ ကျွမ်းကျင်သူ များကပြောသည်။

သင်္ဘောသားလူသစ်များမှာ သင်္ဘောပေါ်တွင် အခက်အခဲများ ကြုံတွေ့ရသည့်နည်းတူ လုပ် သက်ရှိအရာရှိအချို့ပင် သင်္ဘော ပေါ်တွင် လုပ်ခလစာမရရှိခြင်း၊ ပြဿနာတစ်စုံတစ်ခုဖြစ်ပါက ကု မ္ပဏီမှ တာဝန်ယူမှုမရှိသည့်ဖြစ် စဉ်များလည်းကြုံတွေ့မှုရှိလာ သည်။

‘‘ဘာပြဿနာပဲဖြစ်ဖြစ် သင်္ဘောသားကတော့ အခံဘက်က ပါပဲ။ ဒါအခုမှမဟုတ်ဘူး။အရင် ကတည်းကပဲ။ ဒီနောက်ပိုင်းမှ နည်းနည်းပွင့်လင်းလာတော့ ပြော ခွင့်ရလာတာ’’ဟု ဂျပန်နိုင်ငံပင် လယ်ပြင်တွင် သင်္ဘောချင်းတိုက် မိရာမှ အစပြု၍ လုပ်ခလစာခုနစ် လစာမရဘဲ ပြန်လာခဲ့ရသူ Cheif Officer ဦးအေးမြင့်ကပြောသည်။

     ထို့အပြင် မြန်မာသင်္ဘောသား များဈေးကွက်တွင် အလုပ်အကိုင် အခွင့်အလမ်းပိုမိုရရှိရန် သင်္ဘော သားတစ်ဦးချင်းစီ၏ အရည်အ ချင်းနှင့်လည်း သက်ဆိုင်သည်။

နိုင်ငံတကာသင်္ဘောလိုင်း များတွင် မြန်မာသင်္ဘောသားများ မှာ ဖိလစ်ပိုင်နိုင်ငံနှင့် အဓိကယှဉ် ပြိုင်နေရပြီး မြန်မာသင်္ဘောသား များ  စည်းမျဉ်းစည်းကမ်းလိုက် နာရန် လိုအပ်ပြီး အင်္ဂလိပ်စာအ ရည်အသွေးနှင့်  လုပ်ငန်းခွင်အ ရည်အချင်းကောင်းမွန်အောင်ပြု လုပ်ထားသင့်ကြောင်း   Unity သင်္ဘောကုမ္ပဏီ    မန်နေဂျင်းဒါ ရိုက်တာဦးထွန်းထွန်းက   ပြော သည်။

‘‘အလုပ်အကိုင်ရှားတယ်ဆို တာကလည်း ကုမ္ပဏီကြီးတွေက ချေးများလာတယ်။ အရည်အချင်း မြင့်တဲ့ သင်္ဘောသားတွေလိုချင် တယ်ဖြစ်လာတော့ အခွင့်အလမ်း နည်းလာတာပေါ့’’ ဟု ၎င်းက ဆက်လက်ပြောသည်။

ပြင်ပတွင်သင်တန်းတက် ရောက်၍ သင်္ဘောလိုက်သည့် သင်္ဘောသားများနှင့် နှိုင်းယှဉ်ပါက ရေကြောင်းတက္ကသိုလ်ဆင်း ကျောင်းသားများကို သင်္ဘော ကုမ္ပဏီများကကျောင်းမပြီးမီ လာရောက်ခေါ်ယူမှုများရှိသည့် အတွက် အလုပ်အကိုင်အခွင့်အလမ်းပိုမိုရှိနေသည်ဟု ရေကြောင်းတက္ကသိုလ်ဆင်းကျောင်း သားများကဆိုသည်။

ရေကြောင်းတက္ကသိုလ်တွင် ဘာသာရပ် ခုနစ်ခု၊ ဒီပလိုမာတန်း နှစ်ခုသတ်မှတ်သင်ကြားပေးနေ သည်။ ရေကြောင်းသိပ္ပံဘာသာ ရပ်၊ ရေကြောင်းအင်ဂျင်နီယာ ဘာသာရပ်နှင့် ရေကြောင်းလျှပ် စစ်နှင့်အီလက်ထရွန်နစ်ဘာသာ ရပ်တို့မှာ သင်္ဘောပေါ်တွင်လုပ် ကိုင်ရသည့် ဘာသာရပ်များဖြစ် သည်။

ယင်းဘာသာရပ်သင်ကြား သည့်ကျောင်းသားများမှာ ကျောင်း မပြီးမီ ကတည်းကပင် သင်္ဘော ကုမ္ပဏီများမှပညာသင်ဆုပေး၍ ကျောင်းပြီးပါက အလုပ်ခန့်သည့် အတွက် ယင်းကျောင်းသားများ မှာ အလုပ်အကိုင်ပိုရကြောင်း ရေကြောင်းတက္ကသိုလ်ပါမောက္ခ ချုပ်ရုံးမှဌာနခွဲမှူးဦးအောင်သူက ပြောသည်။

‘‘ရေကြောင်းတက္ကသိုလ်က နှစ်စဉ်ကျောင်းသားသုံးရာကျော် မွေးထုတ်ပေးနေတာ၊ အလုပ် အကိုင်ရရှိမှုက ခုနစ်ဆယ်ရာခိုင် နှုန်းအထက်မှာရှိတယ်လို့ ပြောလို့ ရပါတယ်။ သင်္ဘောလိုက်တဲ့ ဘာသာရပ်မှာဆိုရင် ရှစ်ဆယ် ရာခိုင်နှုန်းက ကုမ္ပဏီတွေကလာ ခေါ်ပြီး ကျန်နှစ်ဆယ်ရာခိုင်နှုန်းက သာ အပြင်မှာရှာရတာ။ သူတို့ လည်းလွယ်လင့်တကူရပါတယ်’’ ဟု ၎င်းကဆိုသည်။

ယခုနှစ်အတွင်း ပိုမိုဖြစ်ပွား လာသော အမှုအခင်းများအတွက် ရေကြောင်းညွှန်ကြားမှုဦးစီးဌာန မှ သင်္ဘောသားအလုပ်အကိုင်ကြီး ကြပ်ရေးဌာနခွဲနှင့် နိုင်ငံခြားရှိ ကု မ္ပဏီများကြား စာချုပ်ချုပ်ဆို ဆောင်ရွက်ခဲ့သောမြန်မာနိုင်ငံဒေသခံကိုယ်စားလှယ်ထားရှိဆောင်ရွက်သော လုပ်ငန်းများမှ သင်္ဘောသားစုဆောင်းခြင်းနှင့် အလုပ်နေရာချ ထားခြင်းဆိုင်ရာဝန်ဆောင်မှု ဆောင်ရွက်ပေးသော သင်္ဘော သားကိုယ်စားလှယ်လုပ်ငန်းလိုင် စင် (SRPS လိုင်စင်)ကိုပြောင်းလဲ ထုတ်ပေးခဲ့သည်။

ထို SRPS လိုင်စင်ကုမ္ပဏီ များသည် သင်္ဘောသားများအပေါ် တာဝန်ယူမှုပိုရှိစေရန်အတွက် စည်းကမ်းချက်များသတ်မှတ် ထားပြီး ချိုးဖောက်ပါက ကုမ္ပဏီ ပိတ်သိမ်းသည်အထိ အရေးယူ မည်ဟု ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသင်္ဘောသား ဌာနခွဲမှ ဦးတိုးမြင့်ကပြောကြား သည်။

 လတ်တလောတွင် စည်း ကမ်းဖောက်ဖျက်သည့် WGM, Parita နှင့် Glory Marime ကုမ္ပ ဏီတို့ကိုလုပ်ငန်းဆောင်ရွက်ခွင့် ရပ်ဆိုင်းထားကြောင်း ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။√‘‘အလုပ်အကိုင်ရှားတယ်ဆို တာကလည်း ကုမ္ပဏီကြီးတွေက ချေးများလာတယ်။ အရည်အချင်း မြင့်တဲ့ သင်္ဘောသားတွေလိုချင် တယ်ဖြစ်လာတော့ အခွင့်အလမ်း နည်းလာတာပေါ့’’ ဟု ၎င်းက ဆက်လက်ပြောသည်။

ပြင်ပတွင်သင်တန်းတက် ရောက်၍ သင်္ဘောလိုက်သည့် သင်္ဘောသားများနှင့် နှိုင်းယှဉ်ပါက ရေကြောင်းတက္ကသိုလ်ဆင်း ကျောင်းသားများကို သင်္ဘော ကုမ္ပဏီများကကျောင်းမပြီးမီ လာရောက်ခေါ်ယူမှုများရှိသည့် အတွက် အလုပ်အကိုင်အခွင့်အလမ်းပိုမိုရှိနေသည်ဟု ရေကြောင်းတက္ကသိုလ်ဆင်းကျောင်း သားများကဆိုသည်။

ရေကြောင်းတက္ကသိုလ်တွင် ဘာသာရပ် ခုနစ်ခု၊ ဒီပလိုမာတန်း နှစ်ခုသတ်မှတ်သင်ကြားပေးနေ သည်။ ရေကြောင်းသိပ္ပံဘာသာ ရပ်၊ ရေကြောင်းအင်ဂျင်နီယာ ဘာသာရပ်နှင့် ရေကြောင်းလျှပ် စစ်နှင့်အီလက်ထရွန်နစ်ဘာသာ ရပ်တို့မှာ သင်္ဘောပေါ်တွင်လုပ် ကိုင်ရသည့် ဘာသာရပ်များဖြစ် သည်။

ယင်းဘာသာရပ်သင်ကြား သည့်ကျောင်းသားများမှာ ကျောင်း မပြီးမီ ကတည်းကပင် သင်္ဘော ကုမ္ပဏီများမှပညာသင်ဆုပေး၍ ကျောင်းပြီးပါက အလုပ်ခန့်သည့် အတွက် ယင်းကျောင်းသားများ မှာ အလုပ်အကိုင်ပိုရကြောင်း ရေကြောင်းတက္ကသိုလ်ပါမောက္ခ ချုပ်ရုံးမှဌာနခွဲမှူးဦးအောင်သူက ပြောသည်။

‘‘ရေကြောင်းတက္ကသိုလ်က နှစ်စဉ်ကျောင်းသားသုံးရာကျော် မွေးထုတ်ပေးနေတာ၊ အလုပ် အကိုင်ရရှိမှုက ခုနစ်ဆယ်ရာခိုင် နှုန်းအထက်မှာရှိတယ်လို့ ပြောလို့ ရပါတယ်။ သင်္ဘောလိုက်တဲ့ ဘာသာရပ်မှာဆိုရင် ရှစ်ဆယ် ရာခိုင်နှုန်းက ကုမ္ပဏီတွေကလာ ခေါ်ပြီး ကျန်နှစ်ဆယ်ရာခိုင်နှုန်းက သာ အပြင်မှာရှာရတာ။ သူတို့ လည်းလွယ်လင့်တကူရပါတယ်’’ ဟု ၎င်းကဆိုသည်။

ယခုနှစ်အတွင်း ပိုမိုဖြစ်ပွား လာသော အမှုအခင်းများအတွက် ရေကြောင်းညွှန်ကြားမှုဦးစီးဌာန မှ သင်္ဘောသားအလုပ်အကိုင်ကြီး ကြပ်ရေးဌာနခွဲနှင့် နိုင်ငံခြားရှိ ကု မ္ပဏီများကြား စာချုပ်ချုပ်ဆို ဆောင်ရွက်ခဲ့သောမြန်မာနိုင်ငံဒေသခံကိုယ်စားလှယ်ထားရှိဆောင်ရွက်သော လုပ်ငန်းများမှ သင်္ဘောသားစုဆောင်းခြင်းနှင့် အလုပ်နေရာချ ထားခြင်းဆိုင်ရာဝန်ဆောင်မှု ဆောင်ရွက်ပေးသော သင်္ဘော သားကိုယ်စားလှယ်လုပ်ငန်းလိုင် စင် (SRPS လိုင်စင်)ကိုပြောင်းလဲ ထုတ်ပေးခဲ့သည်။

ထို SRPS လိုင်စင်ကုမ္ပဏီ များသည် သင်္ဘောသားများအပေါ် တာဝန်ယူမှုပိုရှိစေရန်အတွက် စည်းကမ်းချက်များသတ်မှတ် ထားပြီး ချိုးဖောက်ပါက ကုမ္ပဏီ ပိတ်သိမ်းသည်အထိ အရေးယူ မည်ဟု ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသင်္ဘောသား ဌာနခွဲမှ ဦးတိုးမြင့်ကပြောကြား သည်။

 လတ်တလောတွင် စည်း ကမ်းဖောက်ဖျက်သည့် WGM, Parita နှင့် Glory Marime ကုမ္ပ ဏီတို့ကိုလုပ်ငန်းဆောင်ရွက်ခွင့် ရပ်ဆိုင်းထားကြောင်း ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။

7day daily

အမြန်လမ်းတွင် ရာဇာမင်း ယာဉ်တိမ်းမှောက်မှု လူထိခိုက်သေမှု အမြင့်ဆုံးစံချိန်တင်


ရန်ကုန်၊ မေ ၁၆

ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းတွင် ငါးနှစ်ကျော် ကာလအတွင်း ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှု ခုနစ်ရာကျော်တွင် လွန်ခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် ရာဇာမင်း ယာဉ်တိမ်းမှောက်မှုမှာ လူထိခိုက်သေမှု အမြင့်ဆုံး ဖြစ်ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

ရန်ကုန်-နေပြည်တော်လမ်း စတင်ဖွင့်လှစ်ချိန် ၂၀၀၉ ခုနှစ် မတ်လမှ ၂၀၁၄ ခုနှစ် ဧပြီလ ၂၂ ရက်နေ့အထိ ငါးနှစ်ကျော် ကာလအတွင်း ယာဉ်မတော်တဆမှုပေါင်း ၇၃၀ ကျော် ဖြစ်ပွားခဲ့ရာ သေဆုံးသူပေါင်း ၃၆၇ ဦးနှင့် ဒဏ်ရာရရှိသူပေါင်း ၁၀၀၀ ကျော် ရှိခဲ့ကြောင်း တရားဝင် ထုတ်ပြန်ချက်များအရ သိရသည်။

မေလ ၁၂ ရက်နေ့ ည ၆ နာရီက နေပြည်တော်မှ ရန်ကုန်သို့ လူ ၄၄ ဦး တင်ဆောင်လာသည့် ရာဇာမင်းခရီးသည် တင်ယာဉ်သည် မိုင်တိုင်အမှတ် ၁၉၇ အရောက်တွင် လမ်းဘေးချော်ထွက်ကာ တံတားပေါ်မှ ပြုတ်ကျခဲ့သဖြင့် လူ ၁၃ ဦး ယင်းနေရာတွင် ပွဲချင်းပြီးသေဆုံး၍ တစ်ဦးမှာ ဆေးရုံတွင် သေဆုံးခဲ့ပြီး ကျန် လူ ၃၀ ဒဏ်ရာရရှိခဲ့သည်။

အဆိုပါ မတော်တဆမှု ဖြစ်ပွားခဲ့သည့် ရာဇာမင်းယာဉ်ကို မောင်းနှင်ခဲ့သည့် ယာဉ်မောင်း ဦးမင်းခန့် (ခေါ်) ထွန်းခန့်စိုးသည် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့က ရန်ကုန်မြို့တော် တောင်ဥက္ကလာပ မြို့နယ်အတွင်း ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သဖြင့် ယာဉ်မောင်းလိုင်စင် သုံးနှစ် ပိတ်သိမ်းခံထားရပြီး လိုင်စင်ပိတ် ခံထားရသည့် ကာလတွင် ရာဇာမင်းယာဉ်ကို မောင်းနှင်ခဲ့ခြင်း ဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ရုံးမှ သိရှိရသည်။

ယင်းဖြစ်ပွားမှုတွင် မဆင်မခြင် မောင်းနှင်ခြင်းနှင့် ခရီးသည်များ လုံခြုံစွာ သယ်ယူပို့ဆောင်ရာတွင် စနစ်တကျ ကြီးကြပ်ရန် အားနည်းခဲ့ခြင်းကြောင့် ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ် ပြေးဆွဲခွင့်ကို မေလ ၁၅ ရက်နေ့မှ ရပ်ဆိုင်းခဲ့ကြောင်း နေပြည်တော် ကုန်းလမ်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ ဆောင်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

နေပြည်တော်အထွက် စစ်ဆေးရေးဂိတ်မှအထွက် အမြန်လမ်းပေါ် ရောက်ချိန်တွင် ယာဉ်ယိမ်းယိုင်နေမှုကို သတိထားမိခဲ့ကြောင်း ယင်းယာဉ်ပေါ်တွင် လိုက်ပါလာသည့် အစိုးရဝန်ထမ်း အမျိုးသမီးတစ်ဦးက ပြောကြားသည်။
“မြန်လည်း မြန်တယ်။ ထိန်းမရဘူး ဆိုတာကို သိသာတယ်” ဟု ၎င်းးကဆိုသည်။

သေဆုံးသွားသည့် ခရီးသည်များသည် အထူးခရီးသွား အာမခံ ဝယ်ယူထားသူများ ဖြစ်သဖြင့် အာမခံလျော်ကြေး ကျပ်သိန်း ၃၀၊ အလုံးစုံ မော်တော်ယာဉ် အာမခံကြေး ၁၀ သိန်း၊ သူတစ်ပါးထိခိုက်မှု အာမခံ ကျပ်ငါးသိန်းစုစုပေါင်း တစ်ဦးစီအတွက် ကျပ် ၄၅ သိန်းစီကို မိသားစုများအား ဘဏ္ဍာရေး ဝန်ကြီးဌာနက မေလ ၁၄ ရက်နေ့တွင် ပေးအပ်ခဲ့သည်။

ရာဇာမင်းယာဉ် တိမ်းမှောက်မှုသည် ယာဉ်မတော်ဆမှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် အမြန်လမ်းတွင် အကျွတ်အလွတ်ပွဲ ကျင်းပပြီး တစ်ရက်ခန့် အကြာတွင် ဖြစ်ပွားခဲ့ပြီး ယင်းမတိုင်မီ အမြန်လမ်း ၁၁၆ မိုင်တွင် ဧပြီလ ၁၂ ရက်နေ့ ည ၂ နာရီကျော်က တောင်ပြာတန်း အဝေးပြေးယာဉ်နှင့် မတ်တူးယာဉ် တိုက်မိပြီး မီးလောင်ကျွမ်းကာ လူ ၁၃ ဦး သေဆုံးခဲ့သည်။

ယာဉ်တိမ်းမှောက်မှုများ မကြာခဏ ဖြစ်ပွားနေမှုကြောင့် အမြန်သေ လမ်းမကြီးဟု ဝေဖန်မှုများ ဟိုးလေးတကျော် ထွက်ပေါ်နေချိန် နေပြည်တော်၌ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၌ မေလ ၁၅ ရက်နေ့က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်တို့က ၃၃၆ မိုင် သုံးဖာလုံ ရှည်လားသည့် ယင်းအမြန်လမ်းသည် တစ်မိုင်လျှင် ကျပ် သန်း ၂၅၀၀ အကုန်အကျခံ၍ ဖောက်လုပ် ထားသော်လည်း အမြန်လမ်း၏ စံချိန်စံနှုန်း မမီသော ကွန်ကရစ်လမ်းသာ ဖြစ်နေသေးကြောင်း ဝန်ခံပြောဆိုကြသည်။

အမြန်လမ်း လေးလမ်းသွားကို စံချိန်စံညွှန်းမီ ရှစ်လမ်းသွားအဖြစ် ပြုလုပ်ပါက ကျပ် ဘီလီယံ ၅၅၀ ခန့် ထပ်မံကုန်ကျမည် ဖြစ်ပြီး အမေရိကန် အစိုးရ၏ နည်းပညာ အကူအညီဖြင့် ပြုပြင်ရန် စီစဉ်လျက်ရှိသော အမြန်လမ်းကို လမ်းတစ်ခြမ်းလျှင် ယာဉ်လေးစီး မောင်းနှင်နိုင်သည့် ရှစ်လမ်းသွားအဖြစ် ပြုလုပ်သွားမည် ဖြစ်ကြောင်း ဦးစိုးတင့်က ပြောကြားသည်။

“ရှစ်လမ်းသွားချဲ့ဖို့ထက် ရှိပြီးသားလမ်းကို နိုင်ငံတကာ စံနှုန်းအတိုင်း အရည်အသွေးမီ လုပ်ဖို့လိုပါတယ်။ နိုင်ငံတကာက ဟိုင်းဝေးလမ်းတွေလည်း ရှစ်လမ်းသွား မဟုတ်ပါဘူး။ လေးလမ်းကိုပဲ အန္တရာယ်ကင်းကင်းနဲ့ မြန်အောင် မောင်းနိုင်အောင် ဖောက်ထားတယ်။ တရုတ်နဲ့ ယိုးဒယားက လမ်းတွေမှာ တောင်အကွေ့တွေကို အရှိန်ချပြီး ကွေ့စရာ မလိုအောင် ဖောက်ထားတယ်၊ တံတား အတက်အဆင်းတွေမှာ ကားမခုန်ဘူး” ဟု ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် တစ်ဦးက ဝေဖန်ပြောကြားသည်။

သို့သော်လည်း အမြန်လမ်း ဖွင့်လှစ်လိုက်သည့် ငါးနှစ်ကျော် ကာလအတွင်း ယာဉ်မတော်တဆမှု များတွင် ယာဉ်မောင်း ပေါ့ဆမှုကြောင့် ၆၃ ဒသမ ၆၄ ရာခိုင်နှုန်း၊ ယာဉ်ကြောင့် ၂၃ ဒသမ ၈ ရာခိုင်နှုန်း၊ ရာသီဥတုကြောင့် ၀ ဒသမ ၄ ရာခိုင်နှုန်း ဖြစ်ပြီး လမ်းအရည်အသွေးကြောင့် ၁ ဒသမ ၁၆ ရာခိုင်နှုန်းသာ မတော်တဆမှုများ ဖြစ်ပွားခဲ့ကြောင်း အစိုးရအဖွဲ့၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

အမြန်လမ်းပေါ်တွင် ယာဉ်မတော်တဆမှု ဖြစ်ပွားနိုင်သည့် အခြေအနေများ လျော့ကျရန် အချက်ပြမီး ပြုလုပ်ခြင်း၊ ရောင်ပြန်များ တပ်ဆင်ခြင်း၊ လမ်းအချက်ပြ သင်္ကေတနှင့် မိုင်နှုန်းတိုင်း ကိရိယာ တပ်ဆင်ခြင်း လုပ်ငန်းများ၏ လုပ်ဆောင်ပြီးစီးမှု အခြေအနေမှာ ၂၀ ရာခိုင်နှုန်းခန့်သာ ရှိသေးကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

The Voice Weekly

ကွန်တိန်နာယာဉ်မှ လမ်းဖြတ်ကူးသူ အမည်မသိအမျိုးသားတစ်ဦးကို တိုက်မိသေဆုံး


၁၆.၅.၂၀၁၄ရက်နေ့ ၀၉၀၀အချိန် သာကေတမြို့နယ်၊ ရှုခင်းသာ လမ်းအတိုင်း ၅ ကွေ့ဘက်မှ သန်လျင်တံတားဘက်သို့ ယာဉ်မောင်း မဲသီး(ခ)ထွန်းနိုင်ဦး (၂၄)နှစ်၊ (ဘ)ဦးညိုပြာ၊ ဗိုလ်တထောင် မြို့နယ်နေသူ မောင်းနှင်လာသော ၆ဂ/--- JING GONG အမျိုးအစားကွန်တိန်နာ အစိမ်းရောင် ယာဉ်သည် ရှုခင်းသာ လမ်းမပေါ်ရှိ (၁၃)ဂိတ်အနီးအရောက် လမ်းဖြတ်ကူးသူ အသက် (၃၀)နှစ်ခန့်ရှိ အမည်မသိ အမျိုးသားတစ်ဦးကို ၀င်ရောက်တိုက်မိ ခဲ့ပါသည်။ အဆိုပါယာဉ်တိုက်မှုကြောင့် ၎င်းအမျိုးသားတွင် ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ၊ ယာတံတောင် ပွန်းစုတ်ဒဏ်ရာ၊ ယာပေါင်ပွန်း စုတ်ဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပါသည်။ ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း မဲသီး(ခ)ထွန်းနိုင်ဦး အား သာကေတနယ် မြေရဲစခန်း ယာဉ် (ပ)၁၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-ကဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိ ကြောင်းသတင်းရရှိပါသည်။

ရဲဇာနည် 

ကွန်ပြူတာ ပိတ်ထားလဲ computer date တွေ အချိန်တွေ မှန်နေ စေတဲ့ CMOS


ဘယ်သူတွေများ စဉ်းစားမိကြလဲ မသိဘူး။ ကွန်ပြူတာ၊ လပ်တော့တွေကို Power off လုပ်လိုက်ပေ မယ့် ပြန်ဖွင့်လိုက်တဲ့အခါတိုင်း အချိန်နဲ့ နေ့ စွဲတွေ၊ နှစ်တွေက သူ့အချိန်နဲ့ သူ မှန်နေတာကို မြင်တွေ့ ရမှာ ဖြစ်ပါတယ်။

အကြောင်းအရင်းကတော့ CMOS ကြောင့် ဖြစ်ပါတယ်။ အရှည်အားဖြင့် Complementary metal oxide semiconductor လို့ ခေါ်ပါတယ်။ သူက Microprocessor, microcontroller, Static RAM တို့အပြင် အခြားသော ဆားကစ်တွေအတွက်လည်း အသုံးပြုပါတယ်။ ရှင်းရင်နဲ့ မရှုပ်စေချင်လို့ လိုရင်းပဲ ပြောပါမယ်။ CMOS မှာ Energy store လုပ်နိုင်တဲ့ Battery ပါဝင်ပါတယ်။ CMOS Baterry လို့ ခေါ်ပါတယ်။ CMOS ဘက်ထရီက ဘာလုပ်သလဲဆို အထက်က ပြောခဲ့တဲ့ အချိန်၊နေ့စွဲ၊ နှစ်သက္ကရာဇ် တို့ကို မပြောင်းလဲအောင် ထိန်းသိမ်းပေးပြီး အခြားသော ကွန်ပြူတာကို ပိတ်လိုက်ပေမယ့် ဆက်တိုက် Run ဖို့လိုအပ်နေတဲ့ Program and Chip တွေကို ဆက်မောင်းပေးပါတယ်။

CMOS ဘက်ထရီ ကို စက်ရုံက ထုတ်ကတည်းက သွင်းပြီးသားပါ။ စွမ်းအင် အသုံးပြုမှုကလည်း မထင်ရ လောက်အောင် အင်မတန် နည်းပါးပါတယ်။ ဒါကြောင့် နှစ်လရှည်ကြာ အတော်ခံပါတယ်။ အချို့  ဆို ကွန်ပြူတာ ပျက်တဲ့အထိ Life Time တောင် အာမခံတာ ရှိပါတ်။ အကယ်၍ ကွန်ပြူတာရဲ့  Time and Date က မှားနေပြီဆိုရင် CMOS ဘက်ထရီ ပျက်နေပြီ သို့မဟုတ် အားကုန်နေပြီဆိုတာကို သိနိုင်ပါတယ်။ သူပျက်တယ်ဆိုရင် ကွန်ပြူတာ ဖွင့်တိုင်း CMOS မှာ အချိန်၊နေ့စွဲကို setup လုပ်ပေးနေရမှာ ဖြစ်ပါတ်။ ဒီတော့ CMOS ဘက်ထရီကို ပြန်လှဲရမှာပါ။

အများအားဖြင့် ကွန်ပြူတာ စဖွင့်ပြီး Boot တက်ချိန်မှာ Delet ကီးနှိပ်ပြီး CMOS ကို စိတ်ကြိုက် ဝင်ရောက် Option ပေး၊ Edit လုပ်နိုင်ပါတယ်။

Ref: hardwarelearning, wiki

Special Trick –

ကွန်ပြူတာ Time and Date ကို အမှားပေးပြီး Location ကိုပါ အမှာပေးထားရင် Log in လုပ်ရတဲ့ ဆိုဒ်အတော်များများ ဝင်လို့ မရပါဘူး။ ဥပမာ - Facebook, Google Mail တို့ကို ဝင်လို့ရမရ ကိုယ်တိုင် စမ်းသပ်ကြည့်နိုင်ပါတယ်။ ယင်း ဆိုဒ် Server များက Client ရဲ့  ကွန်ပြူတာ ဟာ ဘယ်ဒေကလာတယ်။ ဘယ် OS သုံးတယ်၊ ဘယ်အချိန် အစရှိသဖြင့် အခြေခံအချက်အလက်ကို ယူသုံးပါတယ်။ ဒါကြောင့် အဲဒါတွေ အမှာပေးထားရင် DNS တောင် Response မပေးပါဘူး။ Security ထိခိုက်နိုင်လို့ Log in ဆိုဒ် အများစုက set up လုပ်ထားတဲ့ Policy ဖြစ်ပါတယ်။

အားလုံး ဗဟုသုတ တိုးပွားစေဖို့ မျှဝေ ပေးလိုက် ရပါတယ်။
အောင်ခမ်း (ရိုးရာလေး)

NLD နှင့် ၈၈မျိုးဆက်တို့၏ မန္တလေးမြို့တွင်ပြုလုပ်မည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဆိုင်ရာ ဟောပြောပွဲ အချိန်ပြောင်းလဲသတ်မှတ်



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဆိုင်ရာ ဟောပြောပွဲကို မန္တလေးမြို့ အောင်ပင်လယ်အားကစားကွင်းတွင် မေ ၁၈ ရက် နံနက် ၁၀ နာရီမှ စတင်ပြုလုပ်ရန်စီစဉ်ထားသော်လည်း ဟောပြောပွဲကို မေ ၁၈ ရက် နံနက် ၈ နာရီ ၄၅ မိနစ်ဝန်းကျင်တွင် ပြုလုပ်ရန် အချိန်ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သတင်းရရှိသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ရန်ကုန်တိုင်းဟောပြောပွဲ ကျင်းပရေး ပူးပေါင်းကော်မတီဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုးညွန့်က ''ဒီနေ့ ရန်ကုန်ပွဲက ခြုံပြောရရင် အောင်မြင်ပါတယ်။ ဒီအပွဲအပြီးမှာ ကျွန်တော်တို့ ပူးတွဲအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်က ချက်ချင်းပဲ သူ့အိမ်မှာ ခေါ်ပြီးတော့ ဒီပွဲကို ပြန်သုံးသပ်ဖို့ရယ် ရှေ့လုပ်မယ့်ပွဲတွေအတွက် ဆွေးနွေးပါတယ်။ မန္တလေးမှာလုပ်မယ့် ပွဲအတွက်ကို ကျွန်တော်တို့က အချိန်ပြောင်းလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရည်ရွယ်ချက်ကတော့ ပြည်သူတွေကိုလည်း နေမပူစေချင်ဘူး။ ရဟန်းသံဃာတွေလည်း ဆွမ်းစားတာ နောက်မကျစေချင်ဘူး။ လေယာဉ်ပျံက ၇ နာရီခွဲကို တံတားဦးလေဆိပ်ကို ဆိုက်မယ်။ ပြီးရင် ကားတန်းက တန်းမောင်းမှာ။ တန်းမောင်းရင် ၈ နာရီခွဲရောက်မယ်။ အချိန်ကို လိုတိုးပိုလျှော့ ၁၅ မိနစ်လုပ်ထားတယ်။ မနက်ဖြန် မန္တလေးမှာ ၈ နာရီ ၄၅ စတင်ပါမယ်" ဟုပြောကြားသည်။

Eleven Media Group

မီတာခတိုးမြှင့်ကောက်ခံမှုကြောင့် စက်မှုလုပ်ငန်းတချို့နှင့် နေအိမ်တွေ ထိခိုက်မှုရှိ


မီတာခတိုးမြှင့်ကောက်ခံမှုကြောင့် ရန်ကုန်မြို့တွင်းက လျှပ်စစ်အသုံးပြုလည်ပတ်နေရတဲ့ လုပ်ငန်းတွေနဲ့ နေအိမ်တွေ အပေါ်သိသိသာသာ သက်ရောက်မှု ရှိနေပါတယ်။

ဧပြီလ ၁ ရက်နေ့ကစပြီး မီတာခတိုးမြှင့်ကောက်ခံဖို့ လွှတ်တော်မှာ အတည်ပြုလိုက်တဲ့ အကျိုးအဆက်ကြောင့် အခုမေလထဲမှာ ရန်ကုန်မြို့တွင်းက လုပ်ငန်းတွေမှာ ထိခိုက်မှုတွေ ရှိနေပါတယ်။

Electricအင်တာနက်ဆိုင်တွေ၊ ကွန်ပျူတာဂိမ်းဆိုင်တွေ၊ မော်တာအပြင်ဆိုင်တွေသာမက စက်မှုလုပ်ငန်း အကြီးစားတွေနဲ့ လေအေးပေးစက် အသုံးပြုတဲ့ အိမ်တော်တော်များများမှာ ငွေကြေးထိခိုက်မှု ရှိနေတာပါ။

အင်တာနက်ဆိုင်တွေက လုပ်ငန်းသုံးမီတာအနေနဲ့ မီတာခပေးဆောင်ရတဲ့အပြင် အင်တာနက် ၀န်ဆောင်ခ စရိတ်တွေသာမက အဲကွန်းကိုပါ တနေကုန် အသုံးပြုနေရလို့ ခုလို မီတာခတက်တဲ့ အခါ စရိတ်တွေ ပိုကျလာတာပါ။

20s အင်တာနက်နဲ့ ကွန်ပျူတာဂိမ်းဆိုင်က ကိုရယ်ကျော်သီဟ ကတော့ မီတာခတွေ တက်လာပေမယ့် တခြားဆိုင်တွေလည်း အင်တာနက်အသုံးပြုခ မတက်တော့ သူတို့လည်း တိုးမတောင်းလို့ ၀င်ငွေ ယခင်လတွေကထက် လျှော့သွားတယ်လို့ အခုလို နှိုင်းယှဉ်ပြပါတယ်။

“တလကို မီတာခ နှစ်သိန်းလောက်ပေးရတယ်။ ၀င်ငွေက တလအများဆုံးရမှ ၉ သိန်းပေါ့။ မီတာခ နှစ်သိန်းလောက်ပေးရတော့ ဘယ်ကိုက်တော့မလဲ။”

လုပ်ငန်းရှင်တွေကတော့ မီတာခတိုးပေးနေရပေမယ့် မီးပုံမှန်လာဖို့ကိုလည်း မျှော်လင့်နေကြ ပါတယ်။ အကြီးစားစက်မှုလုပ်ငန်းတချို့မှာတော့ မီတာခတက်တာကြောင့် ကုန်ထုတ်လုပ်မှုပိုင်း ကုန်ကျစရိတ်တွေက ယခင်ကထက် သုံးစလောက်တက်သွားတယ်လို့ ပလပ်စတစ်လုပ်ငန်းရှင်မ များ အသင်းမှ ဦးဝင်းမြင့်က ပြောပါတယ်။

“မီတာခ တက်တော့ ကုန်ထုတ်စရိတ်တွေက ပိုကျသွားတယ်။ ဒီတလဆိုရင် ၃ ဆ တက်သွားတယ်။ အခုကတော့ ပထမလပေါ့။ စာရင်းချုပ်ရင် ရှုံးမှာပါ။ အဲဒီလို ရေရှည်ဖြစ်ရင် ငါတို့ စက်ရုံပိတ်ရမှာပေါ့။”

မီတာခတွေ ဒီလိုတိုးမြှင့်လိုက်ပေမယ့် ဈေးကွက်အတွင်းမှာ ဈေးနှုန်းချက်ခြင်းတက်လို့ မရကြောင်း ဈေးမတက်အောင် ချိန်ဆနေရကြောင်း မီတာသုံးတာကိုလည်း ယခင်ကထက် မကုန်သင့်တဲ့ နေရာတွေမှာ မကုန်အောင်ချွေတာမျိုး ကြိုးအဟောင်းတွေ ပြန်လဲတပ်တာမျိုးတွေ စသဖြင့် လုပ်ကြဖို့ စီစဉ်ထားရကြောင်း ဆက်ပြောပါတယ်။

ကြည့်မြင်တိုင်မှာနေတဲ့ မဆွေဆွေကတော့ အရင်ကထက် ဒီလ မီတာခ နှစ်ဆလောက် တက်သွားတယ်လို့ ဆိုပါတယ်။

“ရာသီဥတုက ပူတဲ့အခါကျတော့ အဲကွန်းက မသုံးလို့မရတဲ့အခါမှာ သုံးရတာပေါ့။ ဒါပေမယ့် မနက် ချက်ပြုတ်တဲ့အချိန်ရယ် အလုပ်သမားတွေ အလုပ်သွားတဲ့အချိန်ရယ် အဲဒီအချိန်တွေ ပိတ်ထားရတာပေါ့။ မီတာခတိုးကောက်တာတော့ ဘယ်ကျေနပ်မလဲ။ ဒါပေမယ့် တခုရှိတာက အဲဒီလိုမျိုးတိုးကောက်ပြီးတော့မှ မီးတော့ မဖြတ်နဲ့ပေါ့ကွယ်။”

ဂန္ဓမာ ဆောက်လုပ်ရေးကလခစားဝန်ထမ်းတစ်ဦး ဖြစ်တဲ့ကိုကျော်လင်းမြင့်ကတော့ မီတာခတိုးတာကို လက်မခံကြောင်း ငွေသုံးစွဲတာချုံ့ရကြောင်းခုလိုဆိုပါတယ်။

“လခစားတွေအနေနဲ့ နည်းနည်းတော့ ထိတယ်။ လစာကနည်းတော့ မီတာခတက်လာတော့ ကျနော်တို့ စားဝတ်နေရေးနဲ့ အိမ်လခနဲ့ မီတာခနဲ့ ရေခနဲ့ အဲဒီလိုမျိုး အခက်အခဲတော့ ဖြစ်တာပေါ့။ မီတာခ တိုးကောက်တာတော့ သဘောမကျဘူး။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းပြည်အနေအထားနဲ့ လက်လုပ်လက်စားတွေ များတဲ့အခါကျတော့ မီတာခ တိုးကောက်တာ သဘောမကျဘူး။ ”

ပြီးခဲ့တဲ့ ဧပြီလ ၁ ရင်နေ့ကစပြီး အိမ်သုံး ယူနစ် ၁ဝဝ အထိ ၁ ယူနစ်ကို ၃၅ ကျပ်၊ ယူနစ် ၂ဝဝ အထိ ကျပ် ၄ဝ၊ ယူနစ် ၂ဝဝ အထက် ကျပ် ၅ဝ နှုန်း စက်မှုနဲ့ စီးပွားရေး လုပ်ငန်းသုံးမီတာတွေအတွက် ယူနစ် ၅ဝဝ အထိ ၇၅ ကျပ်၊ ယူနစ် ၁ သောင်းအထိ ၁ဝဝ ကျပ်၊ ယူနစ် ၅ သောင်းအထိ ၁၂၅ ကျပ်၊ ယူနစ် ၂ သိန်း အထိ ၁၅ဝ ကျပ်နဲ့ ယူနစ် ၂ သိန်းကနေ ၃ သိန်းအထိ ၁၂၅ ကျပ် အဖြစ် ကောက်ခံနေတာပါ။

အခုလို နှုန်းထားအသစ်နဲ့ တိုးမြှင့်ကောက်ခံတာတောင် အစိုးရဟာ ၁ ယူနစ်ကို ၅၂ ပြား၊ ၁ နှစ် ကို ကျပ်ငွေ သန်း ၇၇ဝ ရှုံးဦးမယ်လို့ လွှတ်တော်မှာ တွက်ချက်ပြထားကြောင်း သိရပါတယ်။

DVB Burmese

ဘရာဇီးမှ ကမ္ဘာ့ဖလား ဆန္ဒပြမှုများ


မေလ ၁၇။

ကမ္ဘာ့ဖလားကို ကျင်းပရာတွင် ကုန်ကျမှုများကို ဆန့်ကျင်သည့် အနေဖြင့် ဘရာဇီးရှိ ဆော်ပေါ်လိုနှင့် ရီယိုဒီဂျနေရီရိုမြို့များတွင် ချီတက်ဆန္ဒပြနေကြသည့်
ထောင်ပေါင်းများစွာသော ဆန္ဒပြသူများကို ဖြိုခွဲရန်အတွက် အကြမ်းဖက်မှု နှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ မျက်ရည်ယိုဗုံးများကို သုံးစွဲခဲ့ကြသည်။

ဆန္ဒပြသူများမှ တာယာများကို မီးရှို့ခဲ့ကြပြီး လမ်းများကို ပိတ်ဆို့ခဲ့ကြသည်။ အချို့သူများမှ ခဲများဖြင့် ပစ်ခတ်ခဲ့ကြသည်။

ဘီလျံဒေါ်လာပေါင်းများစွာကို လူမှုရေး စီမံကိန်းများ၊ အိမ်ယာစီမံကိန်းများအတွင် အသုံးမပြုဘဲ လာမည့်လအတွင်း ကျင်းပမည့် ဘောလုံးပြိုင်ပွဲအတွက်
အသုံးပြုမှုအတွက် ဒေါသထွက်ရကြောင်း ဆန္ဒပြသူများမှ ပြောဆိုခဲ့သည်။

ဆန္ဒပြမှုများသည် မြို့တော် ဘရာဇီးလီးယား အပါအဝင် အခြားသော မြို့များတွင်လည်း ဖြစ်ပေါ်ခဲ့သည်။ ကျောင်းဆရာ၊ ဆရာမများ၊ ပြည်သူ့ဝန်ထမ်းများ
သည်လည်း ဆန္ဒပြမှုတွင် ပါဝင်လျက် ရှိသည်။

ရီယိုမြို့တွင်လည်း အဓိက လမ်းမကြီးပေါ်တွင် ကားများ ပြည့်ကျပ်နေသည့်ကြားမှ ရာပေါင်းများစွာသော ဆန္ဒပြသူများ ချီတက်လျက် ရှိကြသည်။ ဇူလိုင် ၁၃
ကမ္ဘာ့ဖလား နောက်ဆုံး ဗိုလ်လုပွဲကို ရီယိုမြို့တွင် ကျင်းပမည် ဖြစ်သည်။

ဘရာဇီး၏ အကြီးဆုံး မြို့ဖြစ်သော ဆော်ပေါ်လိုတွင် ဆန္ဒပြသူများမှ ရဲတပ်ဖွဲ့နှင့် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်မှု နှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ
မျက်ရည်ယိုဗုံးများသုံးကာ ဖြိုခွဲခဲ့ရသည်။

ပြီးခဲ့သော နှစ်အတွင်းကလည်း ကမ္ဘာ့ဖလား ဘောလုံးပွဲကို လူအများအပြား ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ ယခုနှစ် ဆန္ဒပြသော လူဦးရေမှာ ပြီးခဲ့သော
နှစ်ကထက် များစွာ လျော့နည်းလျက် ရှိသည်။

သို့ရာတွင် ကမ္ဘာ့ဖလား နီးကပ်လာသည်နှင့်အမျှ ပိုမိုကြီးမားသော ဆန္ဒပြမှုများကို ပြုလုပ်သွားမည် ဖြစ်ကြောင်း ဆန္ဒပြသူများမှ ကတိပေး ပြောဆိုခဲ့ကြသည်။

ပြီးခဲ့သောနှစ် ဇွန်လအတွင်းက ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် စရိတ်စက မြင့်မားမှု၊ အကျင့်ပျက် ခြစားမှုများနှင့် ပြည်သူ့ ဝန်ဆောင်မှု
နိမ့်ကျခြင်းများအတွက် လူပေါင်း တစ်သန်းခန့် ဆန္ဒပြခဲ့ကြသည်။

ယခုနှစ်အတွင်း ကမ္ဘာ့ဖလားပြိုင်ပွဲ လက်ခံကျင်းပရမှုနှင့် သမ္မတနေရာ ရွေးကောက်ပွဲတို့ ရှိခြင်းကြောင့် အဖွဲ့အစည်းများမှ အစိုးရအား ဖိအားပေးဆောင်ရွက်ရန်
အခွင့်အလမ်း ဖြစ်ပေါ်လျက် ရှိကြောင်း ဆော်ပေါ်လိုရှိ BBC သတင်းထောင် ဂယ်ရီဒတ်ဖီမှ ပြောဆိုခဲ့သည်။

ပြီးခဲ့သော ၂၄ နာရီအတွင်းတွင် လူပေါင်း ၂၃၄ ယောက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း ဒေသတွင်း သတင်းမီဒီယာများမှ ဖော်ပြထားသည်။

Ref: BBC
The Myanma Age

ဇူးမြတ်ထက်၏ ကားမတော်တဆမှုသတင်း ကောလဟာလသာ ဖြစ်ကြောင်း သိရ


ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော် ဇူးမြတ်ထက် ရန်ကုန်-မန္တလေး အမြန်လမ်းမိုင်တိုင် အမှတ် (၁၉၉/၄) တွင် ယာဉ်တိမ်းမှောက်ဆိုသည့် သတင်းထွက်ရှိမှုနဲ့ပတ်သတ်ပြီး ဇူမြတ်ထက်ကို ယနေ့ မနက်ပိုင်းက ဆက်သွယ်မေးမြန်းခဲ့ရာအဆိုပါသတင်းသည် ကောလဟာလသာ
ဖြစ်ကြောင်းပြောပြခဲ့သည်။

အဆိုပါသတင်းထွက်ရှိချိန်တွင် ဇူးမြတ်ထက်သည် အလုပ် ကိစ္စနဲံ.နယ် သို.ရောက်ရှိနေကြောင်းသိရပြီး အဆိုပါသတင်းကို ဇနီးဖြစ်သူ ထက်ထက်မိုးဦးက ဆက်သွယ်ပြောပြမှသိရသည်ဟုပြောပြခဲ့သည်။

သိမ့်သိမ်.


Popular Journal 

အိန္ဒိယရွေးကောက်ပွဲမှာ ဂူဂျရတ်ပြည်နယ် အုပ်ချုပ်ရေးမှူး အနိုင်ရတာကြောင့် ပြည်သူတွေ အောင်ပွဲခံ


၂၀၁၄ အိန္ဒိယရွေးကောက်ပွဲမှာ ဟိန္ဒူအမျိုးသားဝါဒီ၊ ဂူဂျရတ်ပြည်နယ် အုပ်ချုပ်ရေးမှူး နာရမ်ဒရာ မော်ဒီက နှစ်ပေါင်း ၃၀ အတွင်း မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် အိန္ဒိယနိုင်ငံတ၀ှမ်း အိန္ဒိယပြည်သူတွေ အောင်ပွဲခံနေကြပါတယ်။

အိန္ဒိယ၀န်ကြီးချုပ်သစ်အဖြစ် ရွေးကောက်ခံရတဲ့ မော်ဒီဟာ မကြာခင်မှာ ဂူဂျရတ်ပြည်နယ်ကနေ မြို့တော်ဒေလီမှာ သွားရောက်ပြီး အောင်ပွဲခံချီတက်ပွဲ သွားရောက်တော့မှာလည်း ဖြစ်ပါတယ်။ လက်ရှိဝန်ကြီးချုပ် မန်မိုဟန်ဆန်းကတော့ ကွန်ဂရတ်ပါတီက ရွေးကောက်ပွဲမှာ အပြတ်အသတ် ရှုံးနိမ့်ခဲ့တာကြောင့် ၀န်ကြီးချုပ်ရာထူးကနေ နှုတ်ထွက်မယ်လို့ မျှော်လင့်ရပါတယ်။

ဝန်ကြီးချုပ်သစ်မော်ဒီက အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးကို ပြန်ပြီးဦးမော့လာအောင် ဆောင်ရွက်မယ်လို့ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးစဉ်အတွင်း အိန္ဒိယပြည်သူတွေကို ကတိပေးထားပါတယ်။

ရွေးကောက်ပွဲမဲရလဒ်တွေအရ ဘီဂျေပီပါတီတခုထဲက အနည်းဆုံးရရမယ့် အမတ်နေရာ ၂၇၂ ကို ကျော်လွန်ခဲ့တာကြောင့် မဟာမိတ်ပါတီတွေမပါပဲနဲ့တောင် အစိုးရဖွဲ့နိုင်ပြီဖြစ်ပါတယ်။ မဟာမိတ် ပါတီတွေရဲ့ အမတ်နေရာတွေပါထည့်တွက်ရင် အမတ်နေရာ ၃၃၀ ကျော်ရရှိမှာဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၀၂ ခုနှစ်က ဂူဂျရတ်ပြည်နယ်မှာဖြစ်ပွားခဲ့ ဘာသာရေးအဓိကရုန်းတွေကို မတားဆီး မဟန့်တားနိုင်ခဲ့တာကြောင့် သူ့ရဲ့ခေါင်းဆောင်မှုအပေါ် သံသယရှိတဲ့ ပြည်သူတွေ လည်း အများအပြားရှိပါတယ်။ ဂူဂျရတ်အရေးအခင်းမှာ လူအနည်းဆုံး ၁၀၀၀ လောက်သေဆုံးခဲ့ပြီး အများစုက မွတ်စလင်တွေဖြစ်ကြပါတယ်။

မော်ဒီကတော့ စွပ်စွဲချက်တွေကို ငြင်းဆန်ထားပြီး တရားစွဲအရေးယူခံရတာလည်း မရှိခဲ့ပါဘူး။ မော်ဒီ အိန္ဒိယ၀န်ကြီးချုပ်အဖြစ်ရွေးကောက်ခံရမှုကို အမေရိကန်သမတ အိုဘားမား နဲ့ ဗြိတိန်ဝန်ကြီချူုပ် ဒေးဗစ်ကင်မရွန်းတို့အပါအ၀င် ကမ္ဘာ့ခေါင်းဆောင်တွေက ကြိုဆိုခဲ့ကြပါတယ်။

ပါကစ္စတန်ဝန်ကြီးချုပ် နာဝပ်ရှရစ်ကလည်း ဘီဂျေပီပါတီရဲ့အောင်မြင်မှုကို ဂုဏ်ပြုခဲ့ပါတယ်။ ကွန်ဂရက်ပါတီကတော့ အဂတိလိုက်စားမှုတွေ၊ အခုနောက်ပိုင်းနှစ်တွေမှာ ထိရောက်တဲ့ စီမံအုပ်ချုပ်မှု၊ ခေါင်းဆောင်မှုမပေးနိုင်ခဲ့ဘူးဆိုတဲ့စွဲချက်တွေကြောင့် အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့ပြီးနောက်ပိုင်း ရွေးကောက်ပွဲသမိုင်းတလျှောက်မှာ မဲရရှိမှုအနည်းဆုံးဖြစ်ခဲ့ပါတယ်။

dvb burmese

အလုပ်ခွင်မှာ ၀ိတ်မတက်စေဖို့အတွက် နည်းလမ်းကောင်း (၅) ချက်




မေသော် on 2014-05-16 17:28    
အလုပ်ခွင်မှာ တစ်နေ့လုံး ထိုင်ပြီးအလုပ်လုပ်ရတာမို့ ခါးတွေလည်းတုတ်၊ အစားသောက်ဆိုလည်း ပြီးပြီးရော စားလိုက်တာပဲ။ အဲ့ဒါကြောင့် ခုဆိုရင် ၀ိတ်တွေလည်း တက်လာပြီလို့ ဆိုလေ့ရှိတဲ့ ပျိုမေတွေအတွက် အလုပ်ခွင်မှာ ဘာတွေဘယ်လိုပြုမူနေထိုင်ရ မလဲ၊ အစားအသောက်နဲ့ ပတ်သက်ပြီး ဘယ်လိုရွေးချယ်စားသောက်ရမယ်ဆိုတာ ပြောပြပေးလိုက်ပါတယ်။

၁။နေ့လည်စာအတွက် အသီးအရွက်တွေ ယူလာပြီး စားပေးပါ။ အသီးအနှံ၊ အသီးအရွက်တွေမှာ ဗီတာမင်တွေ ကြွယ်ဝလှတဲ့အပြင် အဆီလည်း မတက်တာကြောင့် ပျိုမေတွေ နေ့လည်စာကို အသီးအရွက်တွေ စားသုံးဖို့ ပြောချင်ပါတယ်။ အသီးအရွက်သုပ်ဖြစ်ဖြစ်၊ ရိုးရိုး အသီးအရွက်တွေချည်း စားတာပဲဖြစ်ဖြစ် နေ့လည်စာအတွက် စဉ်းစားမယ်ဆိုရင် အဆီလည်းကျ၊ ပိုက်ဆံလည်း စုပြီးသာဖြစ်ပြီပေါ့။

၂။နေ့လည်နေ့ခင်းမှာ လှုပ်ရှားမှုတစ်ခုခု လုပ်ပေးပါ။ မနက်ခင်းတစ်ခုလုံး အလုပ်တွေရှုပ်နေလို့၊ ဒါမှမဟုတ် ထမင်းစားပြီးချိန်မှာလည်း အလုပ်တွေဆက်တိုက်ရှုပ်နေတယ်ဆိုရင်တော့ ကော်ဖီသောက်ချိန်ဆိုပြီး အနားပေးတဲ့အချိန်မှာ ထိုင်ခုံမှာ ပေကပ်ထိုင်မနေပဲ လမ်းလျှောက်ပေးတာမျိုး၊ လေ့ကျင့်ခန်းသဘောမျိုး ခေါင်းဟိုဘက်လှည့်၊ ဒီဘက်လှည့်လုပ်ပေးတာမျိုး ၊ jogging ခုန်ပေးတာမျိုးလေးတွေ လုပ်ပေးပါ။ နေ့လည်နေ့ခင်းမှာ ချွေးထွက်သွားတယ်ဆိုရင် ဒါဟာ ခန္ဓကိုယ်က ကယ်လိုရီတွေ လောင်ကျွမ်းသွားတာမို့ ဒါကောင်းတဲ့အချက်ပါပဲ။

၃။အစားအသောက်စားပြီးတိုင်း ခံတွင်းသန့်ရှင်းရေးလုပ်ပါ။ နေ့လည်စာ စားတာပဲဖြစ်ဖြစ်၊ မုန့်စားတာပဲဖြစ်ဖြစ် အစားတစ်ခုခုစားပြီးတိုင်း ပလုတ်ကျင်းတာမျိုး၊ ခံတွင်းသန့်ရှင်းရေးလုပ်တာမျိုးတွေ လုပ်ပေးသင့်ပါတယ်။ အဲ့ဒီလို ပါးစပ်သန့်ရှင်းရေးလုပ်ထားတယ်ဆိုရင် အစာနောက်တစ်ခုစားဖို့ရှိနေရင်တောင် လွယ်လွယ် ကူကူ မစားဖြစ်တော့ပါဘူး။

၎။ရုံးကရေခဲသေတ္တာထဲက အစားအစာတွေကို သန့်ရှင်းလတ်ဆတ်မှု ရှိမရှိ ကြည့်ပြီးမှစားပါ။ တစ်ခါတစ်လေ အလုပ်ကသူငယ်ချင်းရဲ့ ဘတ်ဒေးကိတ်ကြီးကို ရေခဲသေတ္တာထဲ ထိုးထည့်ထားပြီး ရက်တွေကြာမှ ပြန်စားကြတာမျိုးတွေ၊ တခြား အစားအစာတွေဆိုရင်လည်း ရက်ကြာမှ စားဖြစ်တာမျိုးတွေ မဖြစ်ပါစေနဲ့။

၅။ရေကို တစ်နေ့လုံး နည်းနည်းချင်းစီ သောက်သောက်ပေးပါ။ အလုပ်စားပွဲပေါ်မှာ ရေဗူးတစ်ဗူးချထားပြီး နည်းနည်းချင်းစီ သောက်ပေးနေပါ။ ရေဟာ ကယ်လိုရီ မရှိတာကြောင့် သောက်သင့်သလို ဗိုက်ထဲကို ရေ၀င်သွားတာကြောင့် အစားအသောက်စားမယ်ဆိုရင်တောင် ဗိုက်တင်းနေတာမို့ မစားဖြစ်တော့ဘူးလေ။ ဒါဟာလည်း ကောင်းတဲ့ အချက်ပါပဲနော်။

Ref:womenshealthmag.com
trend myanmar

မော်တော်ကားများအရောင်းစင်တာတွင် ပြသခြင်းမပြုမီ တစ်စီးချင်းစီ၏ ကိုယ်ထည်နံပါတ်၊ ဘောင်နံပါတ်၊ အင်ဂျင်နံပါတ်နှင့်ရောင်းချမည့်ဈေးနှုန်းကို ကြီးကြပ်ရေးကော်မတီသို့တင်ပြရန် သတ်မှတ်ထား


မော်တော်ကားများ အရောင်းစင်တာတွင် ပြသခြင်းမပြုမီ တစ်စီးချင်းစီ၏ ကိုယ်ထည်နံပါတ်၊ ဘောင်နံပါတ်၊ အင်ဂျင်နံပါတ်နှင့် ရောင်းချမည့် ဈေးနှုန်းကို ကြီးကြပ်ရေးကော်မတီသို့ တင်ပြရန် သတ်မှတ်ထားကြောင်း မော်တော်ကား အရောင်းစင်တာ ဖွင့်လှစ်ခွင့်စည်းကမ်းချက်များ (၂၀၁၄ ခုနှစ်အတွက်) မှ သိရှိရသည်။

တင်သွင်းရောက်ရှိလာသည့် မော်တော်ကားများကို အရောင်းစင်တာတွင် ပြသခြင်းမပြုမီ မော်တော်ကားတစ်စီးချင်း၏ ကိုယ်ထည်နံပါတ်၊ ဘောင်နံပါတ်၊ အင်ဂျင်နံပါတ်များနှင့် ရောင်းချမည့် ဈေးနှုန်းများကိုပါ ဖော်ပြ၍ မော်တော်ယာဉ်တင်သွင်းခြင်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီသို့ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။ တင်သွင်းလာသော မော်တော်ယာဉ်များကို မော်တော်ကား အရောင်းစင်တာ ဖွင့်လှစ်မည့်လုပ်ငန်းရှင်က ဆိပ်ကမ်းမှရွေးယူပြီးပါက သတ်မှတ်ခွင့်ပြုထားသည့် မော်တော်ကားအရောင်းစင်တာတွင် ပြသရောင်းချခွင့်ပြုမည် ဖြစ်သည်။ ပြည်ပမှ တင်သွင်းလာသော
မော်တော်ကားများကို ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါက မော်တော်ကားအရောင်းစင်တာ ဖွင့်လှစ်ရောင်းချသည့်ကုမ္ပဏီက အကောက်ခွန်၊ ကုန်သွယ်ခွန်၊ ဆိပ်ကမ်းခွန် စသည့် အခွန်အခများကို ပေးဆောင်ပြီးမှ ရွေးယူရမည်ဖြစ်ကြောင်း သတ်မှတ်ထားသည်။

တင်သွင်းလာသည့် မော်တော်ကားများသည် မော်တော်ကား၏ ကိုယ်ထည်၊ ဘောင်၊ ဘီးခွင်စသည်တို့နှင့် ပတ်သက်၍ သတ်မှတ်ထားချက်များကို ပြင်ဆင်ပြောင်းလဲထားသည့်ယာဉ်များအား တင်သွင်းခွင့်မပြုကြောင်း သိရသည်။ မော်တော်ကား
အရောင်းစင်တာများတွင် ပြသရောင်းချမည့် မော်တော်ယာဉ်များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် အမျိုးအစား၊ ထုတ်လုပ်သည့်ခုနှစ်အတိုင်း ရောင်းချရန် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

Internet Journal

ပြည်သူက သမင်ဆိုပါက ယာဉ်မတော်တဆမှုများသည် ကျား . . .ဘဏ္ဍာကို စားလေသည် "



မြန်မာနိုင်ငံတွင် သုံးနှစ်ခွဲ တာ ကာလအတွင်း ယာဉ်မတော် တဆမှုကြောင့် သေဆုံးသူ ဦးရေ တစ်သောင်းကျော်နှင့် ပျက်စီး ဆုံးရှုံးမှု တန်ဖိုးမှာ ကျပ်သိန်းပေါင်း ငါးသောင်းကျော် ရှိသွားပြီဟု နေပြည်တော် ယာဉ်ထိန်းရဲ ဌာန ချုပ် မှတ်တမ်း များက ဖော်ပြ လိုက်သည်။

အဆိုပါ ယာဉ်တိုက်မှုများ ၏ ပျက်စီး ဆုံးရှုံးမှုမှာ လူ့အသက် အပါအဝင် ရုပ်ဝတ္ထုများ၏ တန်ဖိုးသာဖြစ်နေပြီး ထိခိုက်ဒဏ်ရာ ရစာရင်း မပါသေးဟု ယင်းဌာန တပ်ဖွဲ့မှူးက သတင်း အချက်အလက် များကို ကိုးကား ကာ ဆိုသည်။ အဆိုပါ အချက်များက အရပ်သား အစိုးရသစ် ဟုဆိုသည့် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် တစ်နှစ် နှင့်တစ်နှစ် တိုးတက်လာသည့် ကိန်းဂဏန်း များထဲတွင် မော် တော်ယာဉ် မတော်တဆမှုကြောင့် ဖြစ်ပေါ်ခဲ့သော ဆုံးရှုံးမှု တန်ဖိုး များလည်း ပါဝင်နေသည် ကို သက်သေ ထူနေသကဲ့သို့ ဖြစ်သည်။

၎င်းအပြင် ထိုအချက်အလက် များက တစ်နှစ်ထက် တစ် နှစ် မြင့် တက်နေကြောင်း ယာဉ်ထိန်း ရဲဌာနချုပ် တရားဝင် ကိန်းဂဏန်း များအရ သိရသည်။

၂ဝ၁၁ ခုနှစ်က ယာဉ် မတော်တဆမှု ဖြစ်ရပ်ကြောင့် ကျပ်သိန်းပေါင်း တစ်သောင်း ငါးထောင့်ကိုးရာ ငါးဆယ့်ခုနစ်သိန်း ကို ဆုံးရှုံးခဲ့သည်။ ယင်းဖြစ်ရပ်က အမှုပေါင်း ကိုးထောင့် ခုနှစ်ရာခြောက်ဆယ့်နှစ် မှုပေါ်တွင် အခြေပြုခဲ့ရာ ၂ဝ၁၂ ခုနှစ် တွင် မူယခင်နှစ်ကထက် အမှုပေါင်း ၁၈၈၇ မှု ထပ်တိုးသွား ပြီး ကျပ်သိန်းပေါင်း တစ်ရာသုံးဆယ့် ရှစ်သိန်းကျော် လျော့ကျခဲ့ သော်လည်း ၂ဝ၁၃ တွင်မူ ၂ဝ၁၁ ကထက် သိန်းပေါင်းငါး ထောင့်သုံးရာကျော် မြင့်တက်သွားခဲ့ပြန်ခြင်းကို စာရင်းများ အရ သိရသည်။ ထိုစာရင်းများအရ မြင့်တက်နေခြင်းကိုသာဆက် တိုက် တွေ့ရခြင်းသည်ပင် ကာကွယ်မှုနှင့် ဆုံးရှုံးမှု လျော့ပါး အောင် ထိန်းသိမ်းရန် အတွက်လည်း သ တိပေးခေါင်းလောင်း သံဖြစ်လာနေပြီ ဖြစ်သည်။

ပြည်သူ့ လွှတ်တော် ပြည်သူ့ ရေးရာ စီမံခန့်ခွဲမှု ကော်မတီ အဖွဲ့ ဝင် ဒေါက်တာ အောင်မိုးညိုက ”စည်းကမ်းမဲ့မှု ဖြစ်ရပ်တွေ ကြောင့် မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးခဲ့ရတဲ့ ငွေတွေ ပဲ၊ ဒါတွေ မဆုံးရှုံး ခဲ့ရင် နိုင်ငံရဲ့ စီးပွားရေးအပေါ် အတိုင်းအတာတစ်ခုထိအ ထောက်အကူပြုနိုင်မယ်” ဟု ပြောသည်။

ယခု၂ဝ၁၄ ခုနှစ်၏ လေးလတာ ကာလတွင်လည်း ယာဉ်မတော် တဆကြောင့် ကျပ်သိန်းပေါင်း ခုနစ်ထောင့် ခုနှစ်ရာ သုံးဆယ့်
သုံးသိန်းခန့် ဆုံးရှုံးခဲ့ ရပြန်ကြောင်း မှတ်တမ်းများက ဆိုပြန်သည်။

ယင်းကဲ့သို့သော သုံးနှစ်ခွဲတာ ကာလ အတွင်း ဆုံးရှုံးမှု များသည် အမှုပေါင်း ၃၈၉၇၉ မှုကို အခြေပြုပြီး လူပေါင်း ၁၁၄ဝ၁ သေဆုံးခဲ့ ရသည်။ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း က ဆုံးရှုံးမှုကို လူ့အသက် တန်ဖိုးနှင့် ထပ်ပေါင်းလိုက်ပါက ဆုံးရှုံးမှုကအလွန် ကြီးသွားနိုင် လိမ့်မည်ဟု မှတ် ချက်ပြုသည်။

”ဒီလို ယိုစိမ့်မှုတွေကို ဘယ်လို ပိတ်မလဲ၊ အရေးတကြီးအဖြေရှာဖို့လိုပြီ”
ဟု ၄င်းကဆက်ပြောသည်။

ပြည်သူ့လွှတ်တော် ပြည်သူ့ငွေ စာရင်းကော်မတီ အဖွဲ့ ဝင်ဖြစ်သူ ဦးမင်းဆွေ က ၃နှစ်ခွဲတာ ကာလ အတွင်း ဆုံးရှုံး သွားသော ငွေ ကျပ် သိန်းပေါင်း ငါးသောင်းက ဝန်ထမ်း နည်းသော သမဝါယမ ဝန်ကြီး ဌာန၊ အားကစား ဝန်ကြီးဌာန တို့ကဲ့သို့သော ဝန်ကြီးဌာန တစ်ခု၏ တစ်နှစ်ပတ်လုံး လစာနှင့် အသေးသုံးသာမန်အသုံးစရိတ် တို့ကို ပေးအပ်နိုင်သည်ဟု နှိုင်းယှဉ်ပြသည်။

”ခုပြည်သူ့လွှတ်တော်က ဒေသ ဖွံ့ဖြိုးရေး လုပ်ဖို့ကို တစ် မြို့နယ် ကျပ်သိန်း ၁ဝဝဝ ချပေးနေတယ်လေ။ ငွေကျပ် သိန်းပေါင်း ၅ဝဝဝဝ က မြို့နယ် ၅ဝ အတွက် ဖွံ့ဖြိုးရေးတွေ လုပ်နိုင်တယ်” ဟု ၄င်းက ပြောသည်။

အာဆီယံနိုင်ငံ များနှင့်နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံ၌ ယာဉ်အစီးရေ တစ်သိန်းတွင် လူပေါင်း ၁ဝ၇ ဒသမ ဝ၆ ယောက် တစ်နှစ် အတွင်း သေဆုံး နေကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက သတင်း ထုတ်ပြန်ပေးထားသည်။ ဘရူနိုင်း၊ စင်ကာပူ၊ မလေးရှား တို့ထက် ယာဉ်တိုက်မှု များပြီး လူသေဆုံးမှု က သုံးဆကျော် များနေသည် ဟုလည်း ထည့်သွင်း ထုတ်ပြန်ထားသည်။ အမှတ်(၂) ယာဉ်ထိန်း တပ်ဖွဲ့ခွဲမှူး ဒုတိယ ရဲမှူးကြီး လင်းထွတ်က ထိုကဲ့သို့ များပြား ရခြင်း မှာ မော် တော် ယာဉ် များပြား၍ ဖြစ်သလို ယာဉ်မောင်းများ ၏ မဆင် မခြင်မောင်းနှင် မှုကြောင့်လည်း ဖြစ်သည်ဟု သုံးသပ်သည်။

နေပြည်တော် ယာဉ်ထိန်းဌာနချုပ်မှ ရဲမှူးကြီးကျော်ထွေး က ”စည်းကမ်းလေး ရှိပြီး သတိလေး ကပ်လိုက်တာနဲ့ ပစ္စည်း လည်း မဆုံးရှုံးဘူး၊ နောက်ဆက် တွဲ ဘေးတွေ နဲ့ မတွေ့တော့ ဘူး။ ဒါပေမဲ့ စည်းကမ်းဖောက်ဖျက်သူတွေက ရှိနေတော့ ယာဉ် မတော်တဆမှုတွေက မဖြစ်တဲ့နေ့ ရယ်လို့ မရှိဘူး”ဟု
ပြောသည်။

အစိုးရသစ် လက်ထက် အတွင်း ယာဉ်မတော်တဆဖြစ်မှု က နေ့စဉ် ၃၄ မှုနှုန်း ဖြစ်နေသည်။ ယင်းအတွက် နေ့စဉ် လူ ၉ ဦးက သေဆုံးနေ ရသည်။ နေပြည်တော် ယာဉ်ထိန်း ဌာန ချုပ်မှ ရဲမှူးကြီး ကျော်ထွေးက ”အရွယ်ကောင်းတွေ၊ တိုင်းပြည် အတွက် တကယ့်ကို အင်အား ပေးနိုင်တဲ့ သူတွေအသက်ပေး နေရတာ၊ နှမြောတယ်”ဟု ဆက်ပြောသည်။

သေဆုံးမှုနှင့် အတူ ထိခိုက် ဒဏ်ရာရမှုက ၃ နှစ်ခွဲတာ ကာလတွင် ၇ဝ၁၂ဝ ဦး ရှိပြီး နေ့စဉ် အချိုးချ လိုက်ပါက တစ် ရက်လျှင် ၅၇ ဦးနှုန်းက မသန်စွမ်းသူ၊ ကိုယ်အင်္ဂါ ထိခိုက်သူတို့ ဖြစ်ကုန်နေကြရသည်ဟု ၄င်းက ထပ်လောင်းဆိုသည်။

မော်တော်ယာဉ် နည်းပညာ ဆိုင်ရာကျွမ်းကျင်သူ ဦးသက်ဝင်းက ”သေဆုံးမှာကို မကြောက် တာလား လို့ မေးကြည့်ချင် တယ်”ဟု မေးခွန်း ထုတ်လိုက်သည်။

မြန်မာတွင် ထိုသို့သော စည်းကမ်း ဖောက်ဖျက် မှုများကို လွယ်လွယ်နှင့် ပြုနိုင်ရန် ထိန်းထားသော ဥပဒေများက အား လျော့နေသလားဟု ၄င်းက နောက်ထပ်မေးခွန်း ထုတ်သည်။

အမှတ်(၂) ယာဉ်ထိန်း တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်း ထွတ်က ”အမှန်ပြောမယ်။ တော်တော်လေး အားလျော့နေတယ်။ စည်းကမ်း ဖောက်ဖျက်ချင် တိုင်း ဖောက် ဖျက် လို့ ရအောင် ကို ဥပဒေတွေက အားလျော့နေတယ်”ဟုပြောသည်။

လူ မသေသမျှ ကာလပတ်လုံး၊ မတော်တဆ မှုဟုသာ ဖြစ် နေ လျှင် ပေးအပ်သော ပြစ်ဒဏ်က နောက် တစ်ကြိမ် ထပ်မလုပ် နိုင်လော က်အောင် မဟန့်တားနိုင်ဟု ၄င်းက ဆက်ပြောသည်။

ယခင်ကထက် ယာဉ်အစီးရေ အဆမတန်တိုးပွားလာ နေချိန်တွင် ယာဉ် အစီးရေနှင့် ယာဉ်ထိန်း အရေအတွက်မမျှမှု ကလည်း စည်းကမ်းထိန်းမှု အပေါ် သက်ရောက်မှု ရှိလာသည်ဟု ၄င်းက မှတ်ချက်ပြုသေးသည်။

”ရန်ကုန်မှာ မှတ်ပုံတင် ထားတဲ့ ယာဉ်က ၃၅ဝဝဝဝ ကျော်ပြီ။ ယာဉ်ထိန်းက ၈ဝဝ။ ဒါကရုံးထိုင်ပါ ပါတယ်နော်။ အချိုးချရင် ရဲတစ်ယောက် ကို ကားအစီး ၅ဝဝ ကျော် တာဝန် ယူနေရတယ်။ မလုံလောက်တော့ လွတ်ပြီပေါ့ဗျာ” ဟု ဒုတိယ ရဲမှူးကြီးလင်းထွတ်က ပြောသည်။

ဒီမိုကရေစီ ခေတ်တွင် စည်းကမ်း လိုက်နာမှုရှိမှသာ သေ ဆုံး၊ ထိခိုက် ဒဏ်ရာရမှု လျော့ကျမည် ဖြစ်ပြီး စည်းကမ်း လိုက်နာမှု နည်းနေ လျှင် လျော့ကျမှု ရှိမည် မဟုတ် ဟု ၄င်းက လက်ရှိ အနေအထား ကို ပြောသည်။ ၂ဝ၁၁ ထက် ၂ဝ၁၂ က အမှုပေါင်း ၁၈၈၇ မှု တိုးတက် သွားပြီး လူသေမှုက ၅၁၅ ဦး ပိုသွားခဲ့သည်။ ၂ဝ၁၃ တွင်လည်း၂ဝ၁၂ ကထက် အမှု ၂၂၅၈ တက်ခဲ့ပြီး၊၂၈၆ ဦး ပိုမို သေဆုံးခဲ့သည်။ ယခု ၂ဝ၁၄ ဧပြီ အထိ စာရင်းအရ လူပေါင်း ၁၆၅၂ ဦး သေဆုံးပြီး ဖြစ်သည်။

ထိုကဲ့သို့ ယာဉ်မတော်တဆမှုများအပေါ် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ ဖြိုး တိုးတက်ရေး ကော်မတီမှ အတွင်းရေးမှူး ဦးဝင်းမြင့်က

”စည်းကမ်းရှိမှုကို ပြည်သူက ပါဝင်မှရမည်”ဟု ဆိုသည်။ သို့သော် ၄င်းဆက်လက် ပြောလိုက်သည်က ”Accident က မရှိဘူးဆိုတာ မဖြစ်နိုင်ဘူး။ ဒါကို သုံညဖြစ် ဖို့လည်း မဖြစ်နိုင်ဘူး။ ဥပမာ အကောင်းမြင်တဲ့ လူက လေယာဉ်ကို ထွင်ပြီး အဆိုးမြင်တဲ့ လူက လေထီးကို ထွင်တယ်လေ။ ယာဉ် မတော်တဆမှု လုံးဝလျော့ကျ သွားဖို့က နောက်ဘုရားပွင့်မယ် ဆို ရင်တောင် မဖြစ်နိုင်ဘူး”ဟု ဖြစ်သည်။

ဇေဝေယံ

Popular Myanmar News Journal

မုံရွာမြို့နယ်တွင် ခရီးသည်တင်မှန်လုံးယာဉ်များဖြင့် တမလန်းသစ်များအား တရားမ၀င် သယ်ဆောင်ပို့


သတင်း + ဓာတ်ပုံ = ကိုတိုးကြီး
မုံရွာ၊ မေ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ခရီးသည်တင် မှန်လုံယာဉ်များဖြင့် တမလန်းသစ်များအား တရား မ၀င် သယ်ယူပို့ဆောင်လျက်ရှိနေကြောင်း မေလ ၁၇ ရက်နေ့မနက် ၁၀ နာရီက မုံရွာခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိ ယရဲမှူးကြီး ချင်းစိန်မှ ပြောကြားလိုက်သည်။
“ တမလန်းသစ်များကို ခရီးသည်တင် မှန်လုံယာဉ်နဲ့ တရားမ၀င် သယ်ဆောင်လာတယ်လို့ သတင်းရတဲ့ အတွက် ဒီကနေ့မနက်ပိုင်းမှာဘဲ ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးလိုက်ပါတယ်..’ ဟု ဒုတိယရဲမှူးကြီး ချင်းစိန် မှ ဆက်လက်၍ ပြောပြသည်။
ခရီးသွားလုပ်ငန်းများကို အကြောင်းပြုလျက် တရားမ၀င်သစ်ဆောင်မှုများရှိလာသည့်အတွက် မုံရွာမြို့နယ်ရဲ တပ်ဖွဲ့မှူး ရဲမှူး ကြူအင်း၊ ခရိုင်မှုခင်း(အထူး)နှိမ်းနင်းရေးအဖွဲ့ခေါင်းဆောင် ရဲအုပ် လင်းထက်နိုင် တို့၏အဖွဲ့မှ မုံရွာ - ယာကြီး - ကလေးဝ အဝေးပြေးကားလမ်းမကြီးနှင့် မုံရွာ - ဘုတလင်- ရေဦး အဝေးပြေးကားလမ်းမ ကြီးများတွင် အချိန်ပြည့် စောင့်ကြပ် ဖော်ထုတ်ဖမ်းဆီးလျက်ရှိကြောင်း သိရသည်။
ထိုအဖွဲ့မှ ယင်းကဲသို့ စောင့်ကြပ်ဖမ်းဆီးလျက်ရှိရာ မေလ ၁၇ ရက်နေ့ မနက် ၈ နာရီအချိန်က မုံရွာ - ယာကြီး - ကလေးဝ လမ်းအတိုင်း ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ယာကြီးကျေးရွာမှ မုံရွာမြို့သို့ မောင်းနင် လာသည့် အောင်ကမ္ဘာ မော်တော်ယာဉ်အသင်း စာတမ်းပါ ခရီးသည်တင် မှန်လုံယာဉ် ဟီနိုးရိမ်းဘို ခြောက်ဘီးယာဉ် အမျိုးအစား ယာဉ်အမှတ် 2B / 58…အား မုံရွာမြို့နယ် အလုံနယ်မြေရဲကင်းစခန်းဝင်းအ တွင်း၌ သတင်းအ ရရှာဖွေစစ်ဆေးခဲ့ရာ တမလန်းသစ် ဓာရွှေတုံး(၁၇)တုံး၊ သစ်တန်ချိန် တစ်တန်ကျော် ခန့်အား တရားမ၀င် သယ်ဆောင်လာသည်ကို သက်ဆိုင်ရာမှ စီစစ်တွေ့ရှိခဲ့ရသည့်အတွက် ဖမ်းဆီးအရေး ယူခဲ့ခြင်းဖြစ်သည်။


ကိုတိုး ချင်းတွင်း