လက်ပံတောင်းအရေး တစ်ကိုယ်တော် ဆန္ဒပြသူကို ရဲကထိန်းသိမ်း


ရန်ကုန်မြို့၊ မြို့တော်ခန်းမအရှေ့မှာ ဒီနေ့မနက်က လက်ပံတောင်းအရေး တစ်ကိုယ်တော်ဆန္ဒပြနေတဲ့ မျိုးဆက်သစ်လူငယ်များအဖွဲ့ Generation Youth မှ ကိုကျော်သူအား ကျောက်တံတားရဲစခန်းမှ တာဝန်ရှိသူများက ခေါ်ယူထိန်းသိမ်းလိုက်ပါတယ်။
RFA Burmese

အပျင်းကြီးသူတွေအတွက် မျက်မှန်


အပျင်းကြီးတဲ့ သူတွေအတွက်လို့ ရွဲ့ပြောရမလိုဖြစ်နေပြီ။လူတွေများပေါက်
ပေါက်ရှာရှာစဉ်းစားတတ်ပါပေ့။ငယ်ငယ်က ကျွန်တော်တို့တွေ ကစားစရာ အဖြစ်ချောင်းကြည့်ပေါက် မှန်ဘီလူးလေးတွေ ကစားဖူးမှာပေါ့။

တည့်တည့်ကြည့်ရင် ဘေးဘက်ကမြင်ကွင်းတွေကိုလမ်းကြောင်းလွဲဖန်တီး
ထားတဲ့ မှန်ဘီလူးလေးတွေပေါ့။အခုတော့ စဉ်းစားဥာဏ်ရှိတဲ့ ဥာဏ်ကြီးရှင်
တွေက လူတွေကို ဇိမ်လေးနဲ့ငြိမ့်လို့ရအောင် ပြောင်းလည်းဖန်တီးပေးလိုက်
ပါတယ်။

ခက်ခက်ခဲခဲဖန်တီးထားတာမဟုတ်ပေမယ့် အသုံးတည့်လာဦးမယ့် လမ်းကြောင်းလွဲစာကြည့်မျက်မှန်ဖြစ်လာဦးမှာပါ။မျက်လုံးအနေထားကို စာအုပ်ရှိတဲ့ နေရာတွေကို ရွေ့ပြောင်းကြည့်ရှုစရာမလိုအောင် နဂိုအနေထား
အတိုင်း အဆင်ပြေအောင်ဖန်တီးပေးထားပါတယ်။

အိပ်နေရင်းနဲ့ တီဗီကြည့်တာတို့၊စာကြည့်တဲ့အခါ မျက်မှန်လေးတပ်ပြီး သက်သောင့်သက်သာ ကြည့်ရှုအဆင်ပြေစေမယ့် မျက်မှန်လေးပါ။

အွန်လိုင်စတိုးလိုနေရာမျိုးမှာတောင် ဝယ်ယူသူတွေအကြိုက်တွေ့ရေပန်းစား
တဲ့ အဆိုပါမျက်မှန် ပြည်တွင်းကိုရောက်ရင်ရောက်လာနိုင်ပါတယ်။
အခုဒီသတင်းကိုကြားပြီး လက်တဲ့စမ်းဖန်တီးတဲ့သူတွေလည်း ပေါ်ရင်ပေါ်လာ
နိုင်ပါတယ်။အဲကျရင်တော့ ဈေးမကြီးဖို့တော့မျှော်လင့်ပါတယ်။

အမေဇုန်အွန်လိုင်းစတိုးမှာ ၂၆ ဒေါ်လာနဲ့ရောင်းချပေးနေတယ်လို့တော့
သိရပါတယ်။

Ref:techblog
Khun Nay(August Myanmar Media Group)

ရခိုင် ပဋိပက္ခ ဘာသာရေး ပဋိပက္ခအဖြစ် မရှုမြင်ရန် ကင်တားနားဆို


ရန်ကုန်၊ သြဂုတ် ၁၉

ရခိုင်ပြည်နယ်တွင် လွန်ခဲ့သည့် နှစ်က ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကို ဘာသာရေး ပဋိပက္ခအဖြစ် မရှုမြင်ရန် အရေးကြီးကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ သောမတ်အိုဟေး ကင်တားနားက ပြောကြားသည်။

ကင်တားနား၏ ရခိုင်ပြည်နယ် ခရီးစဉ်နှင့် ပတ်သက်၍ သြဂုတ်လ ၁၄ ရက်နေ့က The Voice အပါအဝင် ပြည်တွင်း၊ ပြည်ပ မီဒီယာများ၏ ဆက်သွယ် မေးမြန်းမှုကို ၎င်းက ယင်းသို့ ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခများသည် ဖွံ့ဖြိုးမှု နည်းပါးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်း၊ လယ်ယာမြေ ပြဿနာများ အပါအဝင် အခြား ပြဿနာများစွာ ရှိနေသေး ကြောင်း၊ ပဋိပက္ခများသည် ဘာသာရေးနှင့် ဆက်နွှယ်သည့် ပြဿနာ တစ်ခုတည်းကို အဓိက အရင်းခံကာ ဖြစ်ပွားရခြင်း မဟုတ်ကြောင်း ၎င်းက ဆိုသည်။

“အဓိက သတိပြုမိရမှာက ဘာသာရေး ပဋိပက္ခတစ်ခုအဖြစ် မမြင်မိဖို့ပဲ” ဟု ကင်တားနားက တိုက်တွန်းသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများသည် သာမန် ရာဇဝတ်မှုမှ စတင် ဖြစ်ပွားခြင်း ဖြစ်ပြီး ပဋိပက္ခများ နောက်ကွယ်တွင် ကြိုးကိုင်နေသူများ ရှိနေကြောင်း အစိုးရက အကြိမ်ကြိမ် ပြောဆို ထားသည်။

ရခိုင်ပြည်နယ်တွင် စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပညာ သင်ကြားခွင့် ရရှိရေး ဖန်တီးပေးရန် နိုင်ငံတော်သမ္မတက ညွှန်ကြားချက်ဖြင့် လုပ်ဆောင်နေကြောင်း နိုင်ငံတော်သမ္မ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

“အထူးသဖြင့် ဘင်္ဂါလီ ကလေးတွေက သူတို့ ဘာသာရေး စာတွေကိုပဲ သင်ကြားကြတယ်။ အတန်းပညာ မူလတန်းတောင် မတတ်ကြဘူး။ အဲဒီကလေးတွေကို ပညာ သင်ကြားပေးပြီး အသိပညာ တိုးအောင် ဆောင်ရွက်သွားမယ်” ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများကို လူ့အဖွဲ့အစည်း နှစ်ခုကြား မျက်နှာစုံညီ ဆွေးနွေး အဖြေရှာကာ ယုံကြည်မှု တည်ဆောက်ပြီး ဖြေရှင်းရေးကသာ တစ်ခုတည်းသော နည်းလမ်း ဖြစ်ကြောင်း ကင်တားနားက ထပ်မံ ပြောဆိုသည်။

ရခိုင်ပြည်နယ်ရှိ ရခိုင်နှင့် ဘင်္ဂါလီ လူ့အဖွဲ့အစည်း နှစ်ခုကြား ငြိမ်းချမ်းစွာ အတူတကွ နေထိုင်ရေး အတွက် အပြန်အလှန် နားလည်မှု တည်ဆောက်ရေး၊ ပြန်လည် နေရာချထားရေး၊ အလုပ်အကိုင်များ ဖန်တီးပေးရေး စသည့် ကိစ္စများကို လုပ်ဆောင်နေကြောင်း ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဥက္ကဋ္ဌ တာဝန်ယူထားသည့် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟို ကော်မတီထံမှ သိရှိရသည်။

ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်း စစ်ဆေးရေး ကော်မရှင် အစီရင်ခံစာတွင် ဒုက္ခသည်များ၏ အခက်အခဲများ၊ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး၊ ပညာရေး၊ လူ့အဖွဲ့အစည်း နှစ်ခု သဟဇာတ ဖြစ်ရေး ကိစ္စများ၊ တရားဥပဒေ စိုးမိုးရေး ကိစ္စများနှင့် ပတ်သက်၍ လုပ်ဆောင်သင့်သော အချက်များ ကို အကြံပြုထားသည်။

အောက်တိုဘာတွင် ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများနှင့် ပတ်သက်၍ အစီရင်ခံစာ ရေးရန် ကင်တားနားသည် မြန်မာနိုင်ငံသို့ သြဂုတ်လ ၁၁ ရက်နေ့မှ ၂၁ ရက်နေ့ထိ လာရောက်ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် လူပေါင်း ၁၉၂ ဦး သေဆုံးပြီး လူပေါင်း တစ်သိန်းကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရသည်။
The Voice Weekly

မြန်မာ့ကမ်းလွန်မှာ ထိုင်း ကုမ္ပဏီက ဓာတ်ငွေ့သိုက် ထပ်မံတွေ့ရှိ


မြန်မာ့ ကမ်းလွန် မုတ္တမ ပင်လယ်ကွေ့အတွင်း ရေနံ နဲ့ သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ရေး M3 လုပ်ကွက်က အစမ်းတွင်း (၄) တွင်းမှာ ဓါတ်ငွေ့ ပမာဏအမြောက်အများ တွေ့ရှိကြောင်း ထိုင်းနိုင်ငံပိုင် PTTEP ရေနံ ကုမ္ပဏီက ပြောပါတယ်။

အဆင့်ဆင့်စမ်းသပ်ချက်တွေအရ အောင်သိင်္ခ အစမ်းတွင်းအမှတ် (၃) (၄) (၅ ) နဲ့ (၆) ကနေ တစ်နေ့ကို စုစုပေါင်း ဓာတ်ငွေ့ပမာဏ ကုဗပေ သန်းပေါင်း ၃၄.၅ သန်း ထုတ်ယူနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

ပထမဆုံး စ်မ်းသပ်တူးဖေါ်ခဲ့တဲ့ အောင်သိင်္ခ အစမ်းတွင်းအမှတ် (၄) မှာ ဓာတ်ငွေ့သိုက် တွေ့ရှိပေမယ့် ဓာတ်ငွေ့ ထွက်မလာခဲ့ဘူးလို့ သိရပါတယ်။

ဒါကလည်း ဓာတ်ငွေ့သိုက်ပေါ်က ထုံးကျောက်လွှာကို အက်စစ် နဲ့ တိုက်စား တဲ့ ကရိယာ ရဲ့ ချို့ယွင်း ချက်ကြောင့်လို့ ဆိုပါတယ်။

အောင်သိင်္ခ လုပ်ကွက်မှာ နောက်ထပ် ဓာတ်ငွေ့တွေ ရှိဦးမယ်လို့ PTTEP ရေနံကုမ္ပဏီက ခန့်မှန်းထားပြီး ၊ နောက်နှစ်မှာလည်း အစမ်းတွင်းတွေ ဆက်လက် တူးဖော်ရှာဖွေဦးမှာဖြစ်ပါတယ်။

ဒါ့ပြင် မြန်မာ့ကမ်းလွန်ပင်လယ်ပြင်မှာ စွမ်းအင်ရှာဖွေတူးဖော်နတဲ့ ဂျပန် Mitsui ရေနံရှာဖွေရေးကုမ္ပဏီ လုပ်ကွက်ရဲ့ (၂၀) ရာခိုင်နှုန်းကို လက်ခစား လုပ်ကိုင်နိုင်ရေးအတွက် မြန်မာအစိုးရဆီက ခွင့်ပြုချက်ရရှိအောင်ကြိုးစားနေပါတယ်။
RFA Burmese

အလိုအလျောက်ဓာတ်ပုံတွေကိုရိုက်ပေးမယ့် SoloShot Automatic Cameraman System


ဒီ System လေးကတော့တစ်ယောက်ထဲသမားတွေအတွက် အတော်လေးကို
အဆင်ပြေစေမှာဖြစ်သလို၊မိမိရဲ့ လုပ်ရှားမှုပုံရိုက်တွေကို အမိအရမှတ် တမ်းတင်စေလိုတဲ့ သူတွေအတွက် သင့်တော်စေမယ့် System ပါ။

Soloshot Automatic Cameraman System လို့ခေါ်ပြီး မိမိအသုံးပြုမယ့်
ကင်မရာနဲ့ချိတ်ဆက်အသုံးပြုရမှာပါ။အာရုံခံဆင်ဆာစနစ်နဲ့ အလုပ်လုပ်မှာ
ဖြစ်တဲ့ အဆိုပါ Cameraman System ဟာဆိုရင် အာရုံခံလက်ပတ်တစ်ခုကို အရိုက်ခံမယ့် သူကပတ်ထားရမှာဖြစ်ပြီး ပတ်ထားတဲ့သူ ဘယ်သွားသွား ကင်မရာကအလိုအလျောက် မှတ်တမ်းတင် ရိုက်ကူးပေးမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဘောလုံးအားကစားလုပ်တဲ့သူတွေ၊စကိတ်စီးတဲ့သူတွေ၊ဘယ်လိုအားကစားမျိုးပဲဖြစ်ဖြစ် မိမိရဲ့ ပုံရိပ်တွေကို မှတ်တမ်းတင်ရိုက်ကူးပေးမှာ
ဖြစ်ပါတယ်။

တစ်စက္ကန့် ကို ၄၀ ဒီဂရီနှုန်းအထိ လည်ပတ်လုပ်ဆောင်နိုင် မှာဖြစ်ပြီး ပြေးလွှားနေတဲ့ ပုံရိုပ်နောက်ကို တစ်နာရီ ၁၄၃ မိုင်နှုန်း အထိတောင် အဆိုပါ Soloshot Automatic System ကလုပ်ဆောင်နိုင် ပါတယ်။

ဒါကြောင့် စွမ်းဆောင်ရည်မြင့်တဲ့ ကင်မရာမျိုးနဲ့သာ အဆိုပါ System နဲ့ တွဲဖက်အသုံးပြုမယ်ဆိုရင် အဆင်ပြေစေမှာပါ။နာမည်ကြီးအမေဇုန်အွန်လိုင်း
စတိုးမှာရောင်းချပေးနေပြီး ကျသင့်မယ့်ဈေးနှုန်းက ၄၇၉ ဒေါ်လာဝန်းကျင်
ရှိတယ်လို့သိရပါတယ်။

မှတ်ချက်။ ။ကင်မရာရဲ့ လုပ်ဆောင်ချက်ကိုမြှင့်တင်ပေးသောစနစ်မဟုတ်ပါ။
တွဲဖက်အသုံးပြု လုပ်ဆောင်သောစနစ်သာဖြစ်သည်။

Ref:techblog
Khun Nay(August Myanmar Media Group)

သမီးကို ဖခင်က အကြိမ်ကြိမ် အဓမ္မပြုကျင့်သည်ဟု အမှုဖွင့်


ဇော်ဇော်ထွေး | အင်္ဂါနေ့၊ သြဂုတ်လ ၂၀ ရက် ၂၀၁၃ ခုနှစ် ၁၂ နာရီ ၃၁ မိနစ်

သမီးကို အကြိမ်ကြိမ် အဓမ္မပြုကျင့်နေသည်ဟုသော စွပ်စွဲချက်ဖြင့် ဖခင်ဖြစ်သူကို အမှုဖွင့် တိုင်တန်းမှု တစ်ခု လှည်းကူးမြို့နယ် ညောင်နှစ်ပင် ရဲစခန်းတွင် သြဂုတ် ၁၈ ရက်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

မိခင်ဖြစ်သူသည် ဈေးရောင်းရာမှ ပြန်လာစဉ် သမီးဖြစ်သူ၏ မျက်နှာလန်းဆန်းမှုမရှိသဖြင့် မေးမြန်းရာမှ ဖခင်ဖြစ်သူက အကြိမ်ကြိမ် အဓမ္မကျင့်နေသည့်ကိစ္စကို ဖွင့်ဟခဲ့သည်ဟု ရဲစခန်း၏ ထွက်ဆိုချက်မှတ် တမ်းတွင်တွေ့ရသည်။

အဓမ္မကျင့်ခံရသည့် မိန်းကလေးငယ်မှာ အသက် ၁၆ နှစ်သာရှိသေးသည့် ကလေးငယ်တစ်ဦး ဖြစ်သည်ကိုလည်း ရဲမှတ်တမ်းတွင် တွေ့ရသည်။ အဆိုပါကလေးငယ်ကို ဖခင်ဖြစ်သူက လွန်ခဲ့သော လေးလခန့်မှစ၍ အလိုမတူဘဲ အကြိမ်ကြိမ် အဓမ္မကျင့်နေခဲ့သည်ဟုလည်း ကာယကံရှင်ကလေးငယ်က ပြန်ပြောသည်ဟု မိခင်ဖြစ်သူက ရဲကို တိုင်တန်းထားသည်။

ထိုအဖြစ်အပျက်ကို သြဂုတ် ၁၆ ရက်မှ စတင်၍ မိခင်ဖြစ်သူက သိရှိခဲ့ရာမှ ယခုကဲ့သို့ အမှုဖွင့်ခြင်းဖြစ်သည်ဟုလည်း ရဲမှတ်တမ်းတွင် တွေ့ရသည်။

သို့သော် ယင်းအမှုနှင့်ပတ်သက်၍ ညောင်နှစ်ပင်ရဲစခန်းမှ စခန်းမှူး ရဲအုပ်ပီတာအောင်ထံသို့ မဇ္ဈိမက ဆက်သွယ်
မေးမြန်းရာ “အဲဒီအမှုနဲ့ပတ်သက်ပြီး လိုက်လံစုံစမ်းနေတုန်းပါ။ တိုင်းကြားခံရသူက ဖခင်အရင်းဟုတ်၊ မဟုတ်လည်း
ပြောရခက်ပါတယ်။ စုံစမ်းဆဲ အခြေအနေမိုလို့ပါ” ဟု ပြန်လည် ဖြေကြားသည်။

သမီးဖြစ်သူကို အဓမ္မကျင့်သူဟု စွပ်စွဲခံထားရသော အမျိုးသားမှာ အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်ပြီး သူ့ကို ရဲများက ဖမ်းဆီးရန် စီစဉ်ဆောင်ရွက်နေပြီဖြစ်ပြီး ညောင်နှစ်ပင် ရဲစခန်းတွင် အမှုအမှတ် (ပ)၆/ ၂၀၁၃ ဖြင့် အမှုဖွင့် ထားသည်။

ဖမ်းမိပါကလည်း ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇၆ အဓမ္မပြုကျင့်မှုဖြင့် တရားစွဲဆိုမည်ဟု ရဲဌာန၏ သတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
Mizzima - News in Burmese

ပဲအိတ်ပေါ်တွင် ကုမ္ပဏီအမှတ်တံဆိပ်ကပ်ပြီး ရောင်းသည့်စနစ် ကျင့်သုံးမည်

ရန်ကုန်- ပဲလောကတွင် အရောင်းအ၀ယ်ပြုလုပ်ရာ၌ ရောင်းချသူက မိမိရောင်းချသည့် ပဲအိတ်ပေါ်တွင် ကုမ္ပဏီအမှတ်တံဆိပ်ကပ်၍ ရောင်းချသည့်စနစ် ကျင့်သုံးရန် စီစဉ်နေပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန မှသတင်းရရှိသည်။

ပြည်ပနိုင်ငံများသို့ ပဲတင်ပို့ ရောင်းချသည့်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်အတွက် အစိုးရ၊ ရောင်းသူနှင့်ဝယ်သူများ တွေ့ဆုံဆွေးနွေးရာတွင် ၀ယ်ယူသူများဘက်မှ တင်ပြလာသဖြင့် ထိုကဲ့သို့ ပြုလုပ်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ ညွှန်ကြားမှူးချုပ် ဦးတိုးအောင်မြင့်ကဆိုသည်။

“တစ်ပတ်တစ်ကြိမ် ပဲကုန်စည်ဒိုင်တွေကို သွားပြီးစစ်တဲ့အခါ ပဲအရည်အသွေးမကောင်းတာတွေ ထည့်ရောင်းတာတွေ့ရတယ်။ ဒါကြောင့် ၀ယ်တဲ့လူတွေကလည်း မာကင်(အမှတ်တံဆိပ်) ထည့်ပေးဖို့တောင်းဆိုတယ်”ဟု ဦးတိုးအောင်မြင့်ကပြောသည်။

“လုံးဝ ဖြစ်သင့်တဲ့ကိစ္စပဲ။ ဆန်မှာလုပ်နေတာကြာပြီ။ ပဲလောက ဆန်လောကထက် ရှုပ်ထွေးတယ်”ဟု ပြည်ပနိုင်ငံများသို့ ပဲတင်ပို့ရောင်းချသူ ဦးဇော်ဝင်းဦးက သုံးသပ်သည်။

ထိုကဲ့သို့ စနစ်မျိုးကျင့်သုံးပါက ပဲလောကအတွင်း အကြမ်း (Raw)နှင့် သန့်စင်ပြီး (RC)ဈေးကွက်ဟူ၍ ဈေးကွက်နှစ်မျိုး ဖြစ်ပေါ်နိုင်ကာ ပဲအရောင်းအ၀ယ်တိုးတက်မှုကို ဦးတည်လာနိုင်ကြောင်း ပခုက္ကူကုန်စည်ဒိုင် အတွင်းရေးမှူး ဦးဇင်မင်းထွန်းက ပြောသည်။

ပဲအရောင်းအ၀ယ်ပြုလုပ်ရာတွင် ငွေကြေးလိမ်လည်မှုများ မကြာခဏကြုံတွေ့နေရသဖြင့် သြဂုတ် ၁၅ ရက်မှစ၍ ကုန်လက်ခံစာရွက် (DO)ဖြင့် ရောင်းချမှုမပြုလုပ်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တားမြစ်ခဲ့သည်။

လက်ရှိတွင် ပြည်တွင်းပဲဈေးကွက်တွင် အရောင်းအ၀ယ်အေးနေပြီး ပြည်ပ၀ယ်လက်များကိုသာ အဓိကရောင်းနေရကြောင်း မြန်မာနိုင်ငံ ပဲနှမ်းအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးမင်းကိုဦးကပြောသည်။

“သြဂုတ်လထဲမှာ တစ်ပတ်ကို တန်ချိန် ၂၀၀၀ လောက် တိုးလာတယ်။ မတ်ပဲက တစ်ပတ်ကို တန်ချိန် ၂၀၀၀လောက်ကနေ ဒီလထဲမှာ တန်ချိန် ၅၀၀၀ လောက် တင်ပို့နိုင်ခဲ့တယ်”ဟု ဦးမင်းကိုဦးကဆိုသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပဲအရောင်းအ၀ယ်လောက ဖွံ့ဖြိုးတိုးတက်ရန်အတွက် သြဂုတ်လဆန်းမှစပြီး ပဲကုန်စည်ဒိုင်များသို့ တစ်ပတ်တစ်ကြိမ် သွားရောက်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
7Day News Journal

ယာဉ်စစ်ဆေးသည့် ရဲအရာရှိ ဓားထိုးခံရ

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်း အင်းလျား ကန်ရှေ့ရှိ ဖူဆန်ဘုံကျောင်းရှေ့တွင် သြဂုတ်လ ၁၈ ရက် ည ၁၀ နာရီ ၃၀ မိနစ်ခန့်က လုံခြုံရေးအတွက် မတ်တူးယာဉ်ကို စစ်ဆေးသည့် ရဲအရာရှိ တစ်ဦးကို အဆိုပါယာဉ်ပေါ်မှ အမျိုးသားတစ်ဦးက ဓားဖြင့်ထိုးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိများ အပါအဝင် ရဲတပ်ဖွဲ့ဝင် ရှစ်ဦးနှင့် အခြားအဖွဲ့အစည်းမှ တာဝန်ရှိသူများက ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် မတ်တူးယာဉ်ကို စစ်ဆေးစဉ် အဆိုပါ ယာဉ်မောင်းနှင်လာသူ ဗဟန်းရွှေတောင်ကြား ၂ ရပ်ကွက်၊ ကုက္ကိုင်းရိပ်သာလမ်းတွင်နေသူ အသက် ၃၆ နှစ်အရွယ် အမျိုးသားက ယာဉ်စစ်ဆေးသူများကို မချေမငံ ဆက်ဆံခဲ့ပြီး ယာဉ်ကို မောင်းနှင်သွားခဲ့ကြောင်း၊ ထို့နောက် ည ၉ နာရီ ၅၅ မိနစ်တွင် ယာဉ်စစ်ဆေးသူများထံ ပြန်လည် ရောက်လာကာ ရန်စပြောဆိုမှု ပြုလုပ်ခဲ့ပြီး ယာဉ်ကို ပြန်လည် မောင်းနှင်သွားကြောင်း ဗဟန်းမြို့နယ် ရဲစခန်းထံမှ သိရှိရသည်။

ထပ်မံ၍ ည ၁၀ နာရီခွဲတွင် ရောက်ရှိလာပြန်ပြီး ရဲတပ်ဖွဲ့ဝင်များကို မချေမငံ ပြောဆိုရန်စခြင်း၊ တံတွေးဖြင့်ထွေးခြင်း၊ ကားပေါ်မှဆင်းလာကာ ခြေထောက်ဖြင့် ကန်ခြင်းတို့ ပြုလုပ်ရာ ယာဉ်စစ်ဆေးသူများက ဝိုင်းဝန်းထိန်းသိမ်းစဉ် ယူလာသည့် အရိုးအသွား ရှစ်လက်မရှိ ဓားဦးချွန်ဖြင့် ရဲတပ်ဖွဲ့ဝင်များကို ထိုးခဲ့ရာ ဒုရဲအုပ် လင်းထွဋ်၏ ညာဘက်လက်ဖဝါး ပြတ်ရှဒဏ်ရာ ရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

မတ်တူးယာဉ် မောင်းနှင်သူ ဦးအောင်ဇေယျကို ပြည်သူ့ဝန်ထမ်းအား တာဝန်ဝတ္တရား နှောင့်ယှက်၍ နာကျင်စေမှု၊ ပြစ်မှုပုဒ်မ ၃၂၉/၁၃၊ လက်နက်ပုဒ်မ-၁၉ (င) ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

၎င်းကို ထပ်မံစစ်ဆေးချက်အရ အခြားပြစ်မှုကျူးလွန်မှု တစ်မှုဖြစ်သည့် ပြင်ပ၌ အမျိုးသမီးကို ကာယိနြေ္ဒပျက်စေရန် ပြုလုပ်ခဲ့သည့်အမှု ပေါ်ပေါက် သဖြင့် ပြစ်မှု ပုဒ်မ-၃၅၄ ဖြင့် ထပ်မံအမှုဖွင့် အရေးယူထားကြောင်း အထက်ပါ ထုတ်ပြန်ချက်အရ သိရသည်။

The Voice Weekly

ပြည့်တန်ဆာကိုခေါ်သည့် အမျိုးသားကြီး လုယက်ခံရ

ပြည့်တန်ဆာတစ်ဦးကို ပျော်ပါးရန်ခေါ်ယူခဲ့သည့် အသက် ၅၀ ကျော် အမျိုးသားကြီးတစ်ဦးကို ပြည့်တန်ဆာနှင့် အတူပါလာသူတို့က လုယက်မှုတစ်ခုကို သြဂုတ် ၁၈ ရက်က လှိုင်သာယာသောင်ကြီး ရဲစခန်းတွင် အမှုဖွင့် ထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

လှိုင်မြို့နယ်တွင် နေထိုင်သည့် အသက် ၅၃ နှစ်အရွယ် ဦးဩဩဩသည် သီရိမင်္ဂလာဈေးသစ်အနီးရှိ ဘီယာဆိုင်တွင် ဘီယာသောက်ပြီးနောက်ဆိုင်ထဲမှအထွက်တွင် အနီးတွင်ရှိသည့် ပြည့်တန်ဆာ မိန်းကလေးကို ပျော်ပါးရန်
ခေါ်ဆောင်ခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့နောက် အဆိုပါ မိန်းကလေးငယ်နှင့် အတူ အသက် ၂၀ ခန့်ရှိသည့် ယောက်ျားလေးနှစ်ဦးလည်း လိုက်ပါလာပြီး အငှားကားဖြင့် တည်းခိုခန်းလိုက်ရှာခဲ့သည်ဟုလည်း တရားလိုက ရဲကိုတိုင်တန်းရာတွင် ထွက်ဆို ထားသည်။

လှိုင်သာယာမြို့နယ် စက်မှုဇုန်အတွင်းသို့ ရောက်သောအခါ ဦးဩဩဩဩက အရက်မူးနေသဖြင့် မိန်းကလေးနှင့် အတူ ကားပေါ်မှဆင်း၍ အပေါ့အပါးသွားနေစဉ် အတူပါလာသည့် အမျိုးသားနှစ်ဦးက ဆောင့်တွန်းလှဲခဲ့ပြီး ဘေးလွယ်အိတ်ကို လုယူထွက်ပြေးသွားခဲ့သည်ဟု ရဲမှတ်တမ်းတွင် တွေ့ရသည်။ ယင်းအိတ်ထဲတွင် ငွေကျပ်နှစ်သိန်း၊ ဆင်းမ်ကတ်ပါ ဖုန်းတစ်လုံးနှင့် ကမ္ဘောဇဘဏ် ငွေထုတ်ကတ် တစ်ခုတို့ ပါရှိသည်ဟုလည်း မှတ်တမ်းတွင်
ဖော်ပြထားသည်။

ယင်းအမှုကို သောင်ကြီးရဲစခန်းက အမှု အမှတ်(ပ)၄၈၁/၂၀၁၃ဖြင့် အမှုဖွင့်ထားပြီး၊ သံသယရှိသူသုံးဦးကို ဖမ်းမိ ထားပြီဖြစ်ရာ ၎င်းတို့ကို ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၈၂ ဖြင့် တရားစွဲမည်ဟု တိုင်းရဲဌာနက သတင်းထုတ်ပြန်သည်။

Mizzima - News in Burmese

အစိုးရအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် အောက်ခြေအထိ ဆင်းရန်လိုအပ်ကြောင်း အင်န်ဂျီအိုများဝေဖန်


ဆင်းရဲနွမ်း ပါးမှုလျှော့ချရေးနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရန်အတွက်အစိုးရ အနေဖြင့် အောက်ခြေအထိ ဆင်း ကာဆောင်ရွက်ရန်နှင့် ဗဟိုချုပ် ကိုင်မှုစနစ်ကို စွန့်လွှတ်ရန်လိုအပ် ကြောင်း ပြည်တွင်းရှိ လူမှုအဖွဲ့အ စည်းများက ဝေဖန်ပြောကြား လိုက်သည်။
နိုင်ငံတော်အစိုးရအနေ ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဟုဆိုကာ ထိုင်ခုံပေါ်ထိုင်နေရုံဖြင့် ရလဒ်ကောင်းရရှိမည် မဟုတ်ဘဲ အောက်ခြေရှိ ကျေးရွာများအထိ ဆင်းကာဆောင်ရွက်ရန် လိုအပ် ကြောင်း ယင်းတို့က သုံးသပ်ပြော သည်။
Country Agency of Development (ကျေးလက် ဖွံ့ဖြိုးရေးအဖွဲ့)မှ ဦးဝင်းလှိုင်ဦးက ''ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဆို ပြီး ချေးငွေထုတ်ချေးတယ်။ဘာမှ ဖြစ်မလာဘူး။ ချေးငွေထုတ်ချေး တဲ့သူတွေပဲ ချမ်းသာသွားတယ်။ အမှန်တကယ်ကျေးရွာတွေအ ထိဆင်းပြီးတော့ ဆောင်ရွက်သင့် တယ်''ဟု ပြောသည်။
လက်ရှိတွင် နိုင်ငံတော်မှ ကျေးလက်ဒေသဖွံ့ဖြိုးရေးအ တွက် မွေးမြူရေး၊ ရေလုပ်ငန်းဝန် ကြီးဌာနကို မွေးမြူရေး၊ ရေလုပ် ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနဟု အမည်ပြောင်းလဲ ဖွဲ့စည်းလိုက်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် တိုင်းဒေသကြီး နှင့် ပြည်နယ်များအလိုက် ဘဏ္ဍာ ငွေများကို မျှတစွာသုံးစွဲကာ ဆောင် ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနမှ သိရသည်။
မြန်မာ့လူမှုဘဝဖွံ့ဖြိုးတိုး တက်ရေးကွန်ရက်မှ ဦးနေမျိုးဇင် က ''လက်ရှိဖြစ်နေတာတွေကို အောက်ခြေအထိဆင်းကြည့်မှ သိနိုင်မယ်။ အဲကွန်းခန်းထဲက ထိုင်ခုံပေါ်မှာ ထိုင်နေရုံနဲ့တော့ ကျေးလက်ဒေသဖွံ့ဖြိုးဖို့ဆိုတာ ဖြစ်လာမှာမဟုတ်ဘူး''ဟု သုံးသပ် ပြောသည်။
ရက္ခိတလူမှုအဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ''ကျေး လက်ဒေသဖွံ့ဖြိုးဖို့ ဌာနဆိုင်ရာ တွေနဲ့ ဒေသခံတွေပူးပေါင်းဖို့လို တယ်။ ဒေသအာဏာပိုင်တွေက မီးစိမ်းပြမှ အင်န်ဂျီအိုတွေက လုပ် လို့ရတာတွေရှိတယ်။ အပေါ်က ပြောင်းနေပြီး အောက်ခြေက မ ပြောင်းလဲသေးတော့ မအောင် မြင်နိုင်ဘူး''ဟု ပြောသည်။
ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့်ပတ်သက်၍ မွေး မြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ပြည် တွင်းရှိလူမှုရေးအဖွဲ့အစည်းများ၊ အင်န်ဂျီအိုများ၊ ပညာရှင်များ၊ လုပ် ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး ပွဲကို ဩဂုတ် ၁ရရက်က ရန်ကုန် မြို့ရှိ မြန်မာ့ငြိမ်းချမ်းရေးစင်တာ တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ

အရပ် ၇ ပေ ၁၀ လက်မရှိ ကိုဝင်းဇော်ဦး အကြောင်း မှတ်တမ်းရိုက်ကူးရန် Discovery Channel မှ ကမ်းလှမ်း


ခွဲစိတ်ကုသရန် စင်ကာပူနိုင်ငံသို့ ရောက်ရှိနေသည့် ကိုဝင်ဇော်ဦးကို ဗီဒီယိုရိုက်ကူး နေသူများအား တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)
အရပ် ၇ ပေ ၁၀ လက်မရှိ ကိုဝင်းဇော်ဦးအကြောင်း မှတ်တမ်းတင် ရိုက်ကူးပြသရန် Discovery Channel မှ လာရောက် ကမ်းလှမ်းမှုများ ရှိနေကြောင်း သိရသည်။
ကိုဝင်းဇော်ဦးနှင့် ပတ်သက်သည့် အကြောင်းအရာများကို Discovery Channel တွင် ရိုက်ကူးပြသရန် အတွက် တစ်နှစ်စာချုပ် ချုပ်လိုကြောင်း ကမ်းလှမ်းမှုများ ရှိနေပြီး လက်ရှိ ကိုဝင်းဇော်ဦး၏ ကျန်းမာရေးနှင့် ပတ်သက်၍ တာဝန်ယူ လုပ်ဆောင်ပေးနေသူများ အနေဖြင့် အဆိုပါ ကမ်းလှမ်းမှုအပေါ် လက်ခံမှု ရှိမရှိကိုမူ အတည်မပြု နိုင်သေးကြောင်း သိရသည်။
ထို့ပြင် ကိုဝင်းဇော်ဦး စင်ကာပူနိုင်ငံသို့ ရောက်ရှိနေစဉ် ယင်းနိုင်ငံတွင် ထုတ်လွှင့်ပြသနေသည့် CHANNEL NEWSASIA ရုပ်သံလိုင်းနှင့် တရုတ်ဘာသာဖြင့် ထုတ်ဝေသည့် Lianhe Zaobao Newspaper မှလည်း လာရောက် သတင်းယူခဲ့သည်။
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ထုံးပေါက်ချိုင်း ကျေးရွာနေ အရပ် ၇ ပေ ၁၀ လက်မရှိ ကိုဝင်းဇော်ဦးတွင် Pituitary Gland အကြိတ်ကြောင့် Growth Hormone အထွက်လွန်ကာ ခန္ဓာကိုယ် အစိတ်အပိုင်းများ အလွန်အမင်း ကြီးထွားနေခြင်းဖြစ်ပြီး လိုအပ်သည့် ဆေးကုသမှုများ ပြုလုပ်နိုင်ရန် သြဂုတ် ၁၅ ရက်က စင်ကာပူနိုင်ငံသို့ ထွက်ခွာခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် စင်ကာပူ အထွေထွေရောဂါကု ဆေးရုံကြီးတွင် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
Eleven

မီးနီဖြတ်ခြင်း…(သို့) ရာသီလာစဉ်လိင်ဆက်ဆံခြင်း


အမျိုးသမီး၌ရာသီလာနေပါက လိင်ဆက်ဆံမှုပြုရန် ယောက်ျားတိုင်းလိုလိုပင် ၀န်လေးတတ်ကြပါသည်…။အကြောင်းမှာ ရာသီလာခြင်းသည်
လိင်အင်္ဂါများမှ အညစ်အကြေး ၊ မကောင်းသောသွေးများဆင်းခြင်းဟု ထုံးတမ်းအစဉ်အလာအရ ယူဆယုံကြည်ထားသောကြောင့်ဖြစ်သည်


အမှန်အားဖြင့် ရာသီလာခြင်းမှာ မိန်းမကိုယ်မှအညစ်အကြေး ၊ သွေးများစွန့်ထုတ်ခြင်းမဟုတ်ပဲ သဘာဝအရပဋိသန္ဓေမရှိ၍ သားအိမ်အတွင်းမှေး
ကြွေကျခြင်းသာဖြစ်သည်…။ သို့ဖြစ်၍ရာသီလာခြင်းကို မည်သို့မျှရွံရှာစက်ဆုပ်စရာအကြောင်းမရှိပေ…။

မိန်းမသဘာဝအရ ရာသီမလာမှီနှင့် လာနေစဉ်ကာလအတွင်း မိန်းမ၏လိင်အင်္ဂါများသည် သွေးဖြင့်ပြည့် လျက် ဖောင်းနေတောင့်တင်းနေ
တတ်ပါသည်။လိင်အင်္ဂါများတောင့်တင်းတိုင်း လိင်စိတ်ထကြွတတ်ရာ ဤအချိန်များ၌မိန်းမတို့၏ကာမဆန္ဒစိတ်သည်ပိုမိုတက်ကြွကြပေသည်။
သို့ပါ၍ရာသီလာနေစဉ်ကာလအတွင်း မိန်းမတို့၏သွေးသားဆန္ဒလိုအပ်ချက်အရ လိင်ဆက်ဆံမှုကို ကြိုဆိုတောင့်တနေတတ်ကြပေသည်။
ရာသီလာနေစဉ်အတောအတွင်း လိင်ဆက်ဆံဖို့ အခြေအနေမပေးပါက အနည်းဆုံး သူစိမ်းယောက်ျားတစ်ယောက်နှင့် ပွတ်သီးပွတ်သပ်နေလို
ခြင်းတော့ဖြစ်တတ်ပေသည်…။

သို့ရာတွင် ရာသီလာစဉ်လိင်ဆက်ဆံမှုပြုပါက မိန်းခလေးများအနေဖြင့် အောက်ပါအချက်များကိုသတိပြုရပေမည်..။
၁) သွေးဖြင့်တင်းနေသောမိန်းမလိင်အင်္ဂါများသည် လိင်ဆက်ဆံမှုပြုခြင်းကြောင့် သွေးပိုမိုများလာပြီး ရာသီသွေးပိုဆင်းနိုင်ပါသည်။
၂) သွေးသည်ရောဂါပိုးများအတွက် အစာလည်းဟုတ် ၊ တွယ်ကပ်နေရန်နေရာတစ်ခုလည်းဟုတ်ပေရာ ရာသီလာစဉ်လိင်ဆက်ဆံပါက မိန်းမ
အင်္ဂါများထဲသို့ ရောဂါပိုးများဝင်ရောက်ရန် အထူးလွယ်ကူပါသည်။ သို့ပါ၍ရာသီလာစဉ်လိင်ဆက်ဆံမှုပြုချင်ကြသော မိန်းမသားတို့အနေဖြင့်
မိမိနှင့်လိင်ဆက်ဆံသောယောက်ျား၏လိင်တံမှာ ကျန်းမာသန့်စင်ဖို့လိုပါသည်။ ရောဂါပိုးများ မခိုမကပ်ပဲ ကင်းစင်နေအောင် လိင်ဆက်ဆံမှု
မပြုမီ နှစ်ဦးစလုံးစင်ကြယ်သန့်စင်သွားအောင် သန့်ရှင်းရေးလုပ်ဖို့လိုပါသည်။ မိန်းမဖြစ်သူ၏လိင်အင်္ဂါများ မထိခိုက် မပွန်းပဲ့စေရန် ညင်သာစွာ
ဆက်ဆံသောနည်းကိုသုံးရပါမည်။
၃) ရာသီမလာမီ လိင်ဆက်ဆံပါက သားအိမ်ထိခိုက်လှုပ်ရှားစေနိုင်သော မိန်းမမှောက်ခုံ ၊ လေးဘက်ထောက်(Doggy Style)စသည့် ပုံစံများ
ဖြင့် မဆက်ဆံသင့်ပါ။ (ထိုသို့ပြုလုပ်ပါက မိန်းမ၏တင်ဆုံကွင်းအတွင်းသွေးပိုမိုဝင်စေသဖြင့် ရာသီလာသောအခါ သွေးပိုမိုဆင်းတတ်ပေသည်။
၎) လာရိုးလာစဉ်ထက်သွေးပိုမိုဆင်းနေပါက စိတ်ဆန္ဒပြင်းပြနေသော်လည်း လိင်ဆက်ဆံမှုကိုလုံးဝရှောင်ကြဉ်ရပေမည်။မနေနိုင်၍လိင်ဆက်
ဆံဖြစ်ပါက ပိပိအတွင်းသို့ လိင်တံနက်ရှိုင်းစွာဝင်စေသောနည်းကို ရှောင်ကြဉ်ရပါမည်။ (ဤအချက်ကိုမလိုက်နာပါက ရာသီအလာမရပ်ပဲသွေး
ဆင်းလွန်နိုင်ပါသည်။)
၅) မီးနီဖြတ်(ရာသီလာစဉ်လိင်ဆက်ဆံ)ပါက မဆက်ဆံမီနှင့်ဆက်ဆံပြီးစတွင် နှစ်ဦးစလုံး၏လိင်အင်္ဂါများ ၊လိင်အင်္ဂါများပတ်လည်တ၀ိုက်နှင့်
လက်များကို ဆပ်ပြာ ၊ ရေနွေးများဖြင့် စင်ကြယ်အောင်ဆေးကြောသုတ်သင်ရပါမည်။ ဤသို့သန့်ရှင်းပေးပါမှ မိန်းမ၏လိင်အင်္ဂါများအတွင်းသို့
ရောဂါပိုးများ ၀င်ရောက်ပျံ့ နှံ့ ခြင်းကို ကာကွယ်နိုင်သကဲ့သို့ ယောက်ျားဖြစ်သူ၏ကိုယ်အစိတ်အပိုင်းကိုလည်း ရာသီသွေးမပေစေပဲ သန့်ရှင်းစင်
ကြယ်စေမည်ဖြစ်သည်။ ရောဂါပိုးမ၀င်အောင် ကွန်ဒုံစွတ်၍မဆက်ဆံသင့်ပါ..။ အကြောင်းမှာ ၎င်းကွန်ဒုံများသည် ရောဂါပိုးမ၀င်ရောက်စေရန်
အကာအကွယ်မဖြစ်သည်သာမက နူးညံ့ သောယောနိကိုလည်း အလွယ်တကူပွန်းပဲ့စုတ်ပြဲစေနိုင်သဖြင့် ရောဂါပိုးပိုမိုကူးစက်စေနိုင်ပါသည်။
၆) မိန်းမ၏လိင်အင်္ဂါဇာတ် ၊ နှုတ်ခမ်းသားများနှင့် လိင်စေ့ကို ပွတ်တိုက်လှုံ့ ဆော်၍ ဆက်ဆံမှုမပြုသင့်ပါ။ ယောနိအင်္ဂါအတွင်းသို့လည်းလက်
ဖြင့်နှိုက်၍မလှုံ့ ဆော်သင့်ပါ။ လှုံ့ ဆော်ပါက အထက်ပါအင်္ဂါများ ဒဏ်ရာရ ပွန်းပဲ့စေနိုင်ပါသည်။
၇) လိင်ဆက်ဆံမှုပြုစဉ် ခပ်ကြမ်းကြမ်းမဆက်ဆံသင့်ပဲ ညင်သာစွာဆက်ဆံရပေမည်။ ခပ်ကြမ်းကြမ်းဆက်ဆံပါက ရာသီသွေးပိုမိုဆင်းနိုင်ပါ
သည်။ မိန်းမဖြစ်သူတွင် ခါးလည်းနာနိုင်ပါသည်။
သို့ရာတွင် ရာသီလာစဉ်လိင်ဆက်ဆံပါက သာမန်အချိန်ဆက်ဆံမှုနှင့်မတူပဲ အမျိုးသမီးများအနေဖြင့် ထူးကဲသောခံစားမှုအရသာများကိုရရှိနိုင်
ပေသည်။ သို့ဖြစ်၍မိန်းမအတော်များများသည် ရာသီလာစဉ်လိင်ဆက်ဆံလိုစိတ် အထူးရှိကြကြောင်းတင်ပြလိုက်ရပေသည်။

myanmarnewsupdate

စိတ်ဝေဒနာရှင် လူငယ်တစ်ဦး ကြိုးဆွဲချသေဆုံး

တောင်ငူခရိုင် ဖြူးမြို့နယ် သာယာကုန်းကျေးရွာ၌ သြဂုတ်လ ၁၆ ရက်နေ့ ညနေ ၆ နာရီခွဲ အချိန်ခန့်က အသက် ၁၉ နှစ်အရွယ် မွေးရာပါ စိတ်ကျန်းမာရေး ချို့တဲ့သူ လူငယ်တစ်ဦး ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း ဖြူးမြို့နယ် မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

သေဆုံးသူ မောင်သက်နိုင်ဦးသည် အဆိုပါကျေးရွာတွင် နေထိုင်သူဖြစ်ပြီး အဆိုပါနေ့ ညနေ ၄ နာရီခန့်က နေအိမ်၌ ပျောက်ဆုံးနေသည့်အတွက် မိသားစုဝင်များက လိုက်လံရှာဖွေခဲ့ရာ ကျေးရွာအပြင်ဘက် လယ်ကွင်းထဲရှိ ကုက္ကိုပင်တစ်ပင်၏ သစ်ကိုင်းတစ်ခု၌ အရှည် ၆ ပေ၊ လုံးပတ် ၁ မတ်ရှိ အပြာနီကြား ပလတ်စတစ်ကြိုးကို လည်ပင်းတွင်ချည်လျက် ကြိုးဆွဲချသည့် အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ကျွန်တော်တို့ ရောက်တဲ့အချိန်မှာ လက်နှစ်ဖက်ကို တင်းတင်းဆုပ်ပြီး လျှာထွက်ပြီး သေဆုံးနေတာကို တွေ့ရပါတယ်။ ကလေးက ငယ်ငယ်လေးကတည်းက စိတ်ကျန်းမာရေး သိပ်မကောင်းဘူး” ဟု အဆိုပါရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ သေမှုသေခင်းအမှတ်စဉ် ၁၁/၂၀၁၃ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း ဖြူးမြို့နယ် မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

The Voice

အသက် ၃၀ မှာပြောင်းလဲလာတဲ့ အမျိုးသမီးများ ရင်သားအကြောင်း သိကောင်းစရာ(For Girl)


အပျိုဖော်ဝင်စကနေ သွေးမဆုံးခင်အချိန် အတွင်းမှာ ကင်ဆာမဟုတ်တဲ့ ရင်သား အဖုအကျိတ်ဖြစ်တာက တွေ့ရများလေ့ ရှိပါတယ်။ မြန်မာအမျိုးသမီး အများစုက ရင်သားစမ်းသပ်မှုကို ခံယူရမှာ ရှက်ရွံ့တတ်တာကြောင့် ဆရာဝန်ကို ပြသဖို့ အချိန်ဆွဲနေတတ်ကြ ပါတယ်။ သင်က အသက် ၃၀ အရွယ် ဖြစ်နေခဲ့ရင် ဒီအသက်အရွယ်မှာ ပြောင်းလဲဖြစ်ပေါ်နိုင်တဲ့ ရင်သားအကြောင်းကို သိထားဖို့ လိုပါတယ်။

ရင်သား အဖုအကျိတ်
မဟော်မုန်း အီစထရိုဂျင်က ရင်သားတင်းရင်းအောင် ထောက်ပံ့ပေးပါတယ်။ ရင်သားမှာ ကြွက်သားတွေ ပါဝင်မှုမရှိဘဲ အမျှင်တွယ်ဆက် တစ်သျူး၊ အဆီတစ်သျူး၊နို့ရည်ထုတ်နိုင်တဲ့ ဂလင်းတစ်သျူး စတာတွေနဲ့ ဖွဲ့စည်းထားပါတယ်။ အသက် ၃၀ အရွယ်မှာ အမျိုးသမီးတွေရဲ့ ရင်သားမှာ ကင်ဆာမဟုတ်တဲ့ အကျိတ်အဖုတွေ ဖြစ်နိုင်ပါတယ်။ ဒီထက် ငယ်ရွယ်သူတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ကင်ဆာမဟုတ်တဲ့ အဖုအကျိတ်လေးတွေ ဖြစ်တဲ့အခါ နာကျင်ပြီး အဖုအကျိတ်လေးကို လက်နဲ့ စမ်းကြည့်ရင် ဟိုဘက်ဒီဘက် ပြေးနေတတ်ပါတယ်။ နာကျင်မှုက ရာသီလာခါနီး အချိန်တွေမှာ နာတတ်ပြီး တချို့လည်း ရာသီလာပြီး နောက်ပိုင်းမှာလည်း နာကျင်တာကို ဆက်လက် ခံစားရနိုင်လို့ အရီဇီုးနားသိပ္ပံပညာရပ် စင်တာမှ ပါမောက္ခ လီရိုနာဒွန်းနေက ပြောပါတယ်။

ရင်သားကင်ဆာ ဖြစ်မှာ မစိုးရိမ်ပါနှင့်
ဒီအသက်အရွယ်မှာ အမျိုးသမီး အများစုက အိမ်ထောင်တစ်ခုရဲ့ မိခင်ကောင်းတွေ အဖြစ် သားသမီးတွေကို နို့ချိုတိုက်ကျွေးတာက ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ ဖြစ်နိုင်ရင် ကလေးကို အသက်ငယ်ငယ်နဲ့ နို့ဖြတ်လိုက်တာမျိုး မလုပ်ပါနဲ့။ အမျိုးသမီးတချို့က ကလေးကို နို့ချိုတိုက်ကျွေးတာကြောင့် ရင်သားတွေ လျော့ရိလျော့ရဲ ဖြစ်ပြီး တွဲကျလာမလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။ ကလေးငယ်ကို နို့ချိုတိုက်ကျွေးတာက ရင်သားတစ်သျူးတွေ လျော့ရဲမသွားစေပါဘူး။ နို့ချိုတိုက်ကျွေးချိန်မှာတော့ ရင်သားတွေ ကြီးလာတာကြောင့် အရေပြားပေါ်မှာ အကြောပြတ်ရာမျိုးတွေ ထင်နိုင်ပေမယ့် ကလေး နို့ဖြတ်လိုက်တဲ့အခါ ပုံမှန် အနေအထားကို ပြန်ရောက်သွားပါတယ်။ ၂၀၀၇ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ အမေရိကန် အစားထိုးခွဲစိတ်ကု ဆရာဝန်ညီလာခံမှာ နို့ချိုတိုက်ကျွေးတာကြောင့် ရင်သားလျော့ရဲမှု မရှိနိုင်ပါ။ ရင်သားကို ကောင်းကောင်း ထောက်ပံ့မပေးနိုင်တဲ့ ပွပွချောင်ချောင် ဘရာစီရာ ၀တ်တာ၊ ကလေးများများ ယူတာ၊ ဆေးလိပ် သောက်သုံးတာ၊ အသက်ကြီးတာတွေကသာ ရင်သား လျော့ရဲပြီး တွဲကျစေတယ်လို့ ဆိုပါတယ်။ အသက်ကြီးလာတဲ့အခါ ရင်သားမှာ နို့ရည်ထုတ်ဂလင်းတွေ နည်းပြီး အဆီတွေ များလာကာ တင်းရင်းမှုလည်း လျော့နည်းလာပါတယ်။

ရင်သား လျော့ရဲမှုမှ ကာကွယ်ရန်
ရင်သားမှာ ကြွက်သားတွေ မရှိတာကြောင့် တင်းရင်းဖို့ လေ့ကျင့်ခန်း လုပ်တာက ထိရောက်မှု မရှိဘူးလို့ ပညာရှင်တွေက ပြောပါတယ်။ တခိျု့ ဆရာဝန်တွေက လေ့ကျင့်ခန်းလုပ်ရာမှာ အမျိုးသမီး အားကစားသမားတွေ ၀တ်ဆင်တဲ့ ဘရာစီရာမျိုးကို ၀တ်ဆင်ပြီး လုပ်သင့်တယ်လို့ အကြံပြုပါတယ်။ ပြေးလွှားခုန်ပေါက် လုပ်ရတဲ့ လေ့ကျင့်နည်းတွေက ရင်သားမှာရှိတဲ့ အရွတ်တွေကို ဆွဲဆန့်သလို ဖြစ်ပြီး ရင်သားတင်းရင်းမှုကို လျော့နည်းစေတာ ကြောင့်ပါ။

ရင်သားကင်ဆာ ဖြစ်နိုင်ခြေ
အသက် ၃၀ ကနေ ၃၉ နှစ် အတွင်း အမျိုးသမီးတွေမှာ ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေ နည်းပါတယ်။ အမျိုးသမီး ၂၂၉ ယောက်မှာ တစ်ယောက်နှုန်းသာ ဖြစ်နိုင်ခြေ ရှိတယ်လို့ လေ့လာမှုတွေမှာ တွေ့ရပါတယ်။ မိဘမျိုးရိုးမှာ ရင်သားကင်ဆာ ဖြစ်ဖူးသူ ရှိရင်တောင် အသက်၃၀ မှာ ရင်သားဓာတ်မှန် ရိုက်ဖို့ မလိုသေးပါဘူး။ အသက်ငယ်တဲ့ မိန်းကလေးတွေရဲ့ ရင်သားမှာ တစ်သျှူးတွေနဲ့ တင်းတင်းရင်းရင်း ရှိတာကြောင့် ရင်သားဓာတ်မှန် ရိုက်ပြီး စစ်ဆေးလည်း ရင်သားမှာ ကင်ဆာရှိ၊ မရှိကို မသိရှိနိုင်ပါဘူး။ ဒါပေမဲ့ လစဉ် ရာသီလာခါနီး ရက်တွေမှာ လက်ချောင်းတွေနဲ့ ကိုယ်တိုင် စမ်းသပ်မှုကိုတော့ လုပ်သင့်ပါတယ်။ ရင်သားမှာ မသင်္ကာစရာ စမ်းသပ် တွေ့ရှိပါက ဆရာဝန်နဲ့ တိုင်ပင်ပြသပါ။

myanmarnewsupdate

နိုင်ငံရေး အကျဉ်းသားဟောင်းများကွန်ရက် တစ်နိုင်ငံလုံးမှာ ဖွဲ့မည်


လက်ကျန် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့နဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေရဲ့ မိသားစုဝင်တွေကို ထောက်ပံ့ကူညီဖို့အတွက် နိုင်ငံရေး အကျဉ်းသားဟောင်းများကွန်ရက်ကို တစ်နိုင်ငံလုံးမှာ ဖွဲ့စည်းသွားမယ်လို့ နိုင်ကျဉ်းအဖွဲ့ဝင်တွေက ပြောပါတယ်။

မနေ့က ကျင်းပခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ အစည်းအဝေးက ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ဝင် ဦးရဲအောင်က ပြောပါတယ်။

“ဒေသအသီးသီးမှာ နိုင်ငံရေးအကျဉ်းသားဟောင်းကွန်ရက် ပေါ်ပေါက်လာဖို့အတွက် ပံ့ပိုးကူညီခြင်းနဲ့ ချိတ်ဆက်ဆောင်ရွက်ခြင်းဆိုတဲ့ လုပ်ငန်းစဉ်တစ်ခုကို ကူညီပံ့ပိုးပေးသွားဖို့ပါပဲ၊ အဲဒီကွန်ရက်တွေနဲ့ ကျနော်တို့နဲ့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်ဖို့ပါပဲ၊ ဒါမျိုးတွေကို သူ့နယ်သူ့နယ်တွေမှာ ပေါ်လာအောင် ကျနော်တို့အနေနဲ့ ဝိုင်းဝန်းကူညီမယ်၊ ကိုယ်ပိုင်ရပ်တည်ချက်တွေနဲ့ ပေါ်လာအောင် ကျနော်တို့က တိုက်တွန်းပြီးတော့ ဖွဲ့စည်းသွားမယ့်သဘောပါ၊ ပြီးတော့မှ ကျနော်တို့နဲ့ အဲဒီအဖွဲ့အစည်းတွေ ချိတ်ဆက်ဆောင်ရွက်မှာဖြစ်ပါတယ်”

လက်ကျန် နိုင်ငံရေးအကျဉ်းသား အရေအတွက်ဟာ တစ်ရာကျော်ရှိနေသေးကြောင်း၊ လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီရဲ့ စာရင်းအရသိရပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား တစ်ထောင်နီးပါးလောက်ရှိပြီး နိုင်ငံရေးအကျဉ်းသားတွေအားလုံး ပြန်လွှတ်ပေးမယ်လို့လည်း သမ္မတဦးသိန်းစိန်က ပြောဆိုထားပါတယ်။
RFA Burmese

နိုင်ငံကူးလက်မှတ်မပါဘဲ မြန်မာနိုင်ငံသို့ ၀င်လာသည့် တရုတ်သုံးဦးကို ဖမ်းဆီး


ဇော်ဇော်ထွေး | တနင်္လာနေ့၊ သြဂုတ်လ ၁၉ ရက် ၂၀၁၃ ခုနှစ် ၁၂ နာရီ ၅၁ မိနစ်

နိုင်ငံကူးလက်မှတ်မပါဘဲ မြန်မာနိုင်ငံသို့ လာရောက်သည့် တရုတ်နိုင်ငံသား သုံးဦးကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖမ်းဆီးလိုက်ကြောင်း ရန်ကုန်တိုင်း ရဲ တပ်ဖွဲ့က မှုခင်းသတင်း ထုတ်ပြန်သည်။

၎င်းတို့ သုံးဦးသည် လေဆိပ်သို့ သြဂုတ် ၁၆ ရက် မွန်းလွဲတွင် တရုတ်လေကြောင်း ခရီးစဉ်အမှတ် စီဇက်- ၃၀၅၅ ဖြင့်
ရောက်ရှိလာခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့၏ မှတ်တမ်းတွင် တွေ့ရသည်။

လူဝင်မှု ကြီးကြပ်ရေးဥပဒေအရ ရဲများက ဖမ်းဆီးထိန်းသိမ်းခံရလိုက်ရသည့် တရုတ်နိုင်ငံသား သုံးဦးမှာ အသက် ၂၄ နှစ်အရွယ် တရုတ်လူမျိုး ရှောင်ကိုင်၊ အသက် ၂၁ အရွယ် ကိုးကန့်လူမျိုး ချီရီးဟွာနှင့် အသက် ၂၀ အရွယ် ကိုးကန့်လူမျိုး ကျားရွှင်တို့ဖြစ်သည်ဟု ရဲဌာနက အတည်ပြုထားသည်။

ထိုသူများအနက် ရှောင်ကိုင်နှင့် ချီရီးဟွာတို့သည် တောင်ယာလုပ်ကိုင်သူများ ဖြစ်ကြပြီး ကျားရွှင်ဆိုသူမှာတော့ ၀က်မွေးမြူရေး လုပ်ကိုင်သူဖြစ်သည်ဟုလည်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

၎င်းတို့သုံးဦးကို လေဆိပ်စစ်ဆေးရေး အဖွဲ့-၂ မှ ဒု-လ၀ကမှူး ဦးလင်းထက်က တရားလို ပြုလုပ်တိုင်တန်းထားပြီး မင်္ဂလာဒုံ ရဲစခန်းက အမှုအမှတ် (ပ)၅၁၆/ ၂၀၁၃ဖြင့် အမှုဖွင့်ထားသည်။

သူတို့ကို လူဝင်မှုကြီးကြပ်ရေး ဥပဒေ ပုဒ်မ ၁၃(၁)ဖြင့် တရားစွဲမည်ဟုလည်း တိုင်းရဲဌာန၏ မှုခင်းသတင်း ထုတ်ပြန်ချက်တွင်ပါ ရှိသည်။
Mizzima - News in Burmese

စစ်ခေါင်းဆောင်များ ရောင့်ရဲကြရန် ကာချုပ် ပြောပြီ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စနေနေ့မှာ    ပြင်ဦးလွင် တပ်နယ် အရာရှိများ၊ သင်တန်းသား အရာရှိများနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တာဖြစ်တယ် လို့ သိရပါတယ်။

ဒီမိန့်ခွန်းနဲ့ ပတ်သက်တဲ့ သတင်းကိုလည်း နောက်တနေ့ အစိုးရသတင်းစာများမှာ ဖော်ပြကြပါတယ်။

တပ်ထဲမှာ ဘယ်စစ်အရာရှိတွေက ရောင့်ရဲမှု အားနည်းနေလို့ ဒီလိုပြောလိုက်တယ် ဆိုတာတော့ မသိရသေးပါဘူး။

လက်အောက်ကို အလိုလိုက်ခြင်းဖြင့် အုပ်ချုပ်မှု ပြဿနာများ ဖြစ်ပွားလာနိုင်တယ် လို့လည်း မိန့်ခွန်းထဲ ထည့်ပြောထားပါတယ် တဲ့။
စစ်တပ်အတွင်း လက်အောက်ငယ်သားတွေ အရာရှိတွေ  တခုခု ဖြစ်နေလို့ ဒီလို မိန့်ကြားတာများလား ဆိုတာ အတွေးပွားစရာပါ။

အစိုးရသတင်းစာမှာ တွေ့ရတာကိုပဲ ကောက်နုတ်ဖော်ပြလိုက်ပါတယ်။
တပ်မတော်သားများသည် မိမိတို့ သဘောဆန္ဒအလျောက် တပ်မတော်သို့ ၀င်ရောက်တာဝန်ထမ်းဆောင်ကြသူများ ဖြစ်ပြီး ပင်ကိုယ်စိတ်ဓာတ် ကောင်းမွန်မှုကြောင့် ပေးအပ်လာသော တာဝန်ကို မည်သည့်နေရာ ဒေသတွက်မဆို အချိန်မရွေး ကျေပွန်စွာ ထမ်းဆောင်နိုင်ကြသူများ ဖြစ်ကြောင်း၊ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များ အနေဖြင့် ရောင့်ရဲ တင်းတိမ်စိတ် အမြဲမွေးမြူထားကြ စေလိုကြောင်း၊ ရိုးရိုးသားသား ကြိုးကြိုးစားစားဖြင့် မိမိ၏ လုပ်ငန်းတာဝန် အပေါ် စေတနာထား လုပ်ကိုင်သွားကြစေလိုကြောင်း၊ အလုပ်လုပ်ရတွင် မြင်နိုင်သော၊ လက်လှမ်းမီနိုင်သော ရည်မှန်းချက် ပန်းတိုင်ထားရှိပြီး ရည်မှန်းချက်ပန်းတိုက်သို့ ရောက်စေရေး အစီအမံ ပြုလုပ်ကာ လက်တွေ့ အကောင်းအထည်ဖော် ကြိုးစားအားထုတ်၍ အောင်မြင်အောင် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ လက်အောက်ကို အလိုလိုက်ခြင်းဖြင့် အုပ်ချုပ်မှု ပြဿနာများ ဖြစ်ပွားလာနိုင်၍ လက်အောက်ကို အလိုမလိုက်ဘဲ သတ်မှတ်စည်းကမ်းနှင့် အညီ ထိန်းသိမ်းသွားကြစေလိုကြောင်း၊ သို့မှာသာ အုပ်ချုပ်မှု ပြဿနာများ လျော့နည်းလာနိုင်မည် ဖြစ်ကြောင်း၊ အုပ်ချုပ်မှု ကိစ္စနှင့် ပတ်သက်၍ မှန်မှန်ကန်ကန်နှင့် နည်းလမ်းတကျ ဆောင်ရွက်သွားကြစေလိုကြောင်း၊ မိမိကွပ်ကဲ အုပ်ချုပ်ရသူများအပေါ် မျှတသော စိတ်ဖြင့် အမြဲတွေးခေါ်၍ ကိုယ်ချင်းစာတရားဖြင့် ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်ပေးသွားကြရန် လိုသည့်အပြင် ဥပဒေကို သိရှိနားလည်လိုက်နာပြီး စည်းကမ်းရှိကြရန် လိုကြောင်း
ဧရာဝတီ

ခရိုင်ရဲရုံးမှ စာရေးမကြီးအိမ်၌ လောင်းကစားဝိုင်းရှိသည်ဟု ဖေ့စ်ဘွတ်ခ်တွင် တွေ့သဖြင့် ရဲက ၀င်ရောက်ရှာဖွေ


ရေခဲ(ပြည်) | တနင်္လာနေ့၊ သြဂုတ်လ ၁၉ ရက် ၂၀၁၃ ခုနှစ် ၁၂ နာရီ ၅၄ မိနစ်

ပြည်မြို့၊ ရွာဘဲနယ်မြေတွင်ရှိသော ခရိုင် ရဲတပ်ဖွဲ့ရုံးမှ စာရေးမကြီး၏ အိမ်နှင့် သူ့ဆွေမျိုးတို့၏ အိမ်များတွင် လောင်းကစားဝိုင်းရှိသည်ဟု သံသယရှိသဖြင့် သြဂုတ် ၁၆ ရက် နံနက် ၁၁ နာရီတွင် ရဲများက ၀င်ရောက် ရှာဖွေခဲ့ကြောင်း အဆိုပါ ရဲစခန်းမှ စုံစမ်းရရှိသည်။

အံ့အားသင့်ဖွယ် ကောင်းသည်မှာ အဆိုပါသတင်းကို ရဲများက ဖေ့စ်ဘွတ် လူမှုကွန်ရက် အင်တာနက် စာမျက်နှာတွင် တွေ့သဖြင့် သံသယရှိပြီး ခရိုင်ရဲရုံးမှ စာရေးမကြီးနှင့် သူ့ဆွေမျိုးတို့၏ နေအိမ်များကို ၀င်ရောက်ရှာဖွေခြင်းဖြစ်သည်ဟု မြို့မရဲစခန်းမှူး ဒု- ရဲမှူး ၀င်းခိုင်က အတည်ပြုသည်။

“ရှာပြီးပြီ။ ဘာမှမရှိဘူး” ဟုလည်း ရဲများ ရှာဖွေပြီးသည့် အခြေအနေကို သူက ဆက်ပြောသည်။ သူနှင့် သူ့ ဆွေမျိုး များ၏ အိမ်ကို ရဲများက ထိုသို့ ၀င်ရောက်ရှာဖွေခံရသည်နှင့် ပတ်သက်၍ စာရေးမကြီး ဒေါ်စန်းစန်း အေးရွှေက “ဘာမှမလုပ်ဘဲ ကျွန်မအိမ်ကိုတော့ ၀င်ရှာခံရတယ်။ အင်တာနက် သတင်းဆိုတာ ဘယ်သူမဆို ရေးတင်လို့ ရတယ်။ တိကျသေချာစရာ မလိုဘူး။ ကျွန်မ ဂုဏ်သိက္ခာကျတယ်။ ရုံးမှာ ခေါင်းတောင်မဖော်နိုင်ဘူး” ဟု ဆိုသည်။

အဆိုပါ စာရေးမကြီးသည် လွန်ခဲ့သော ၁၈ နှစ်ကတည်းက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ပြည်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်ဟု ကာယကံရှင်က ပြောသည်။
Mizzima - News in Burmese

ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အာဏာမပြရန် သမ္မတ သတိပေး


မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ သြဂုတ်လ ၁၉ ရက် ၂၀၁၃ ခုနှစ် ၂၁ နာရီ ၅၇ မိနစ်

ရပ်ကွက် အုပ်ချုပ်ရေးမှူးများ အာဏာမပြရန် သမ္မတ ဦးသိန်းစိန်က သြဂုတ်လ ၁၉ ရက် နေပြည်တော်ရှိ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ
အဖွဲ့ချုပ်ခန်းမတွင် ပြုလုပ်သည့် ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွား မြှင့်တင်ရေး အခမ်းအနားတွင် ပြောသွားသည်။

"ကျေးရွာတွေဖွံ့ဖြိုးတိုးတက်ဖို့အတွက် လူထုကရွေးချယ်တင်မြှောက်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ တော်ဖို့ကောင်းဖို့ အရေးကြီးပါတယ်။ ရှေးဦးစွာ ကျေးရွာတွေမှာ တရာဥပဒေစိုးမိုးအောင်၊ လောင်းကစားဝိုင်းတွေ၊ အရက်ပုန်းချက်လုပ်တာတွေ၊ ချဲထီဒိုင်တွေ၊ မူးယစ်ဆေးဝါးတွေ မရှိအောင် ထိထိရောက်ရောက်လုပ်ရပါမယ်။ သို့မှာသာ ရာဇဝတ်မှု၊ မုဒိမ်းမှု၊ လုယက်မှု၊ ခိုးမှုတွေကင်းစင်ပြီး တရားဥပဒေစိုးမိုးတဲ့ ကျေးရွာတွေဖြစ်လာပြီး စီးပွားရေး၊ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတွေ တိုးတက်အောင်လုပ်ရမှာဖြစ်ပါတယ်။ တည်ငြိမ်အေးချမ်းမှုမရှိဘဲ၊ တရားဥပဒေစိုးမိုးမှုမရှိဘဲ၊ စည်းလုံးညီညွတ်မှုမရှိဘဲ ဘယ်လိုမှ တိုးတက်လာနိုင်မည်မဟုတ်ပါဘူး။ ရာထူးဆိုတာ အာဏာပြဖို့မဟုတ်ပါဘူး။" ဟု သမ္မတက ပြောသည်။

ယင်းအပြင် နေပြည်တော် ကောင်စီ ရှစ်မြို့နယ်အတွက် ချေးငွေ ကျပ် ၇၂၀၆.၇ သိန်း ထုတ်ချေးသွားမည်ဖြစ်ပြီး လက်တွန်းထွန်စက်၊ ထွန်စက်၊ ထော်လာဂျီ၊ ထရပ်ကား၊ အင်ဂျင်၊ မီးစက်၊ ရေစုပ်စက်၊ သုံးဘီးဆိုင်ကယ်၊ ပရိုဘောက်တက္ကစီကား၊ အပ်ချုပ်စက်၊ ဆိုက္ကားနှင့် မော်တော်ဆိုင်ကယ် စတဲ့ ပစ္စည်းတန်ဖိုး အပါအဝင် ကျပ်သိန်းပေါင်း ၁၂၅၈၂.၄၅ သိန်း ထုတ်ချေးပေးသွားမည်ဟု သမ္မက ပြောသည်။

သမ္မတ အလုပ်လုပ်ကြရန် တိုက်တွန်းရာတွင် "အလုပ်မလုပ်ဘဲ ရေသာခို အချောင်လိုက်စားနေကြရင်တော့ တစ်နေ့မှာ ဆင်းရဲမွဲတေမှုနဲ့ပဲ ပြန်ပြီး သံသရာလည်နေကြရအုံးမှာ ဖြစ်ပါတယ်။ ဒါကြောင့် အလုပ်လုပ်ကြပါ၊ ဥပဒေနဲ့ညီညွတ်တဲ့ ဘယ်အလုပ်ကိုမဆို ရှက်စရာ၊ကြောက်စရာမရှိပါဘူး၊ ဂုဏ်ရှိပါတယ်" ဟု ဆိုသွားသည်။
Mizzima - News in Burmese

ထိုင်းနဲ့ မြန်မာ ဒကာ၊ ဒကာမတွေ ပဋိပက္ခဖြစ်ခဲ့ရတဲ့ ၀ပ်ဆိုင်းမွန်း မြန်မာဘုန်းကြီး ကျောင်းမှာ မြန်မာသံဃာတော်ကို ကျောင်းထိုင် တင်မြှောက်တော့မည်


ထိုင်းနဲ့ မြန်မာ ဒကာ၊ ဒကာမတွေ ပဋိပက္ခဖြစ်ခဲ့ရတဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့က ၀ပ်ဆိုင်းမွန်း မြန်မာဘုန်းကြီး ကျောင်းမှာ ကျောင်းထိုင်အဖြစ် မြန်မာသံဃာတော်တပါးကို တင်မြှောက်တော့မှာဖြစ်ပါတယ်။ တင်ဆက်/ရိုက်ကူး- ရဲဝင့်သူ။
DVB TV News

ဘောလီးဝုဒ် ဝင်ငွေအကောင်းဆုံးဇာတ်ကားအဖြစ် Chennai Express ဦးဆောင်


ဟင်ဒီရိုးရာဟန် လွှမ်းသော အိန္ဒိယ ရုပ်ရှင်နယ်ပယ်တွင် အထူးတလည် လူကြိုက်များခဲ့သော ဇာတ်ကားသည် တမီးလ်တို့၏ ယဉ်ကျေးမှုနှင့် ဘာသာစကားကို ထင်ဟပ်စေသည့် ဖန်တီးမှု တစ်ခုလည်း ဖြစ်သည်။

ဘောလီးဝုဒ် ဝင်ငွေအကောင်းဆုံးဇာတ်ကားအဖြစ် Chennai Express ဦးဆောင်
Chennai Express ဇာတ်ကားသည် ယခုအခါ အိန္ဒိယ၏ ဘောလီးဝုဒ် ရုပ်ရှင်ရပ်ဝန်းတွင် အောင်မြင်မှု အကြီးအကျယ် ရရှိနေပြီ ဖြစ်သည်။ ဟင်ဒီရိုးရာဟန် လွှမ်းသော အိန္ဒိယ ရုပ်ရှင်နယ်ပယ်တွင် အထူးတလည် လူကြိုက်များခဲ့သော ဇာတ်ကားသည် တမီးလ်တို့၏ ယဉ်ကျေးမှုနှင့် ဘာသာစကားကို ထင်ဟပ်စေသည့် ဖန်တီးမှု တစ်ခုလည်း ဖြစ်သည်။ ထို့အပြင် ဘောလီးဝုဒ်၏ အကောင်းဆုံး ဇာတ်ကား တစ်ခုအဖြစ်လည်း သုံးသပ်ခံထားရသည်။ အဆိုပါ ဇာတ်ကားသည် (၅)ရက်အတွင်း အိန္ဒိယတွင် ဒေါ်လာ (၂၅)သန်းအထက် ရုံဝင်ကြေး ရရှိခဲ့ပြီး ဘောလီးဝုဒ်ဝင်ငွေအကောင်းဆုံး ဇာတ်ကားအဖြစ် ဦးဆောင်နေသည်။ ဇာတ်ကားကို ရိုက်ကူးရာတွင် ဒေါ်လာ (၁၃)သန်းသာ ကုန်ကျခဲ့သည်။

နာမည်ကျော်မင်းသား ရှာရွတ်ခန် ဦးဆောင် ပါဝင်သော ဇာတ်ကားသည် အဖိုးဖြစ်သူ၏ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးရသူ တစ်ဦး၏ ဖြတ်သန်းမှုများကို အခြေခံ ဖော်ကျူးထားသည်။ ထို့နောက်တွင် တမီးလ် တိုင်းရင်းသူ တစ်ဦးနှင့် တွေ့ဆုံခဲ့ပုံကို ဇာတ်လမ်းဆင်ထားခြင်း ဖြစ်သည်။ ခန်က "ဇာတ်ကားရဲ့ စိတ်ကူးစိတ်သန်း အားလုံးကို ကျွန်တော် သဘောကျတယ်။ အချစ်နဲ့ ဇာတ်မြူးဆန်ဆန် ရောစပ်မှုလေးက ချစ်စရာကောင်းတယ်လေ"ဟု ဆိုသည်။ အဆိုပါ ဇာတ်ကားတွင် အိန္ဒိယ တောင်ပိုင်း ဒေသမှ ရိုက်ကွင်းများကို အဓိက အခြေခံထားသည်။ Chennai Express ဇာတ်ကား အောင်မြင်မှုနှင့်အတူ အခြား တမီးလ်ဟန်လွှမ်းသည့် ဇာတ်ကားသစ် တစ်ခုပါ အောင်မြင်ရန်လည်း မျှော်လင့်လျှက် ရှိသည်။ Madras Cafe ဇာတ်ကားသည် မူဝါဒရေးရာဆန်ဆန် အတွေးအမြင်မျိုး ပါရှိနေပြီး ဩဂုတ်လကုန်တွင် ရုံတင်ပြသရန် မျှော်လင့်ထားကြောင်း သိရှိရသည်။
Planet Myanmar Network

Ooredoo က တယ်လီနော် ကုမ္ပဏီထက် နှစ်လစော၍ ဆင်းမ်ကတ်များ စတင်ရောင်းချမည်ဟု သိရ


မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးတင်ဒါ အောင်မြင်ထားသည့် ကုမ္ပဏီနှစ်ခုဖြစ်သည့် Ooredoo ကုမ္ပဏီနှင့် တယ်လီနော် ကုမ္ပဏီတို့တွင် Ooredoo က လိုင်စင်ရရှိ အပြီး ၆ လ အတွင်း မြို့ကြီးများတွင် ဖုန်းဆင်းမ်ကတ်များ စတင် ရောင်းချမည်ဟု သိရပြီး တယ်လီနော်က လိုင်စင်ရအပြီး ၈ လ အတွင်း ဆင်းမ်ကတ်များ ရောင်းချနိုင်မည် ဆိုထားသဖြင့် Ooredoo ဆင်းမ်ကတ်များကို နှစ်လစော၍ စတင်သုံးစွဲ နိုင်မည်ဖြစ်သည်။
''ကျွန်တော်တို့က ဆင်းမ်ကတ် စရောင်းတာနဲ့ 3G ဆင်းမ်ကတ်ကို စရောင်းမှာ ဖြစ်ပါတယ်။ မြို့ကြီးတွေမှာ စတင်ရောင်းချမှာဖြစ်ပြီး သိပ်မကြာခင် ကာလအတွင်းမှာ နယ်တွေမှာလည်း ဆင်းမ်ကတ်တွေ သုံးနိုင်အောင် လုပ်မှာဖြစ်ပါတယ်'' ဟု အဆိုပါကုမ္ပဏီ မှ မီဒီယာတာဝန်ခံ ကိုစိုးသူရက ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် ဆက်သွယ်ရေး ဥပဒေ ရေးဆွဲနေဆဲဖြစ်ပြီး အဆိုပါဥပဒေ ထွက်ရှိပြီး မကြာခင်တွင် နိုင်ငံခြားကုမ္ပဏီ များအတွက် ဆက်သွယ်ရေး လိုင်စင်ကို ချထားပေးဖွယ်ရှိသည်ဟု သိရသည်။
တယ်လီနော် ကုမ္ပဏီက လက်ရှိအချိန် တွင် ၀န်ထမ်းခေါ်ယူမှုများကို စတင်ပြုလုပ် နေပြီဖြစ်သည်။ တယ်လီနော်က ၎င်းတို့၏ ဆင်းမ်ကတ်များ စတင်ရောင်းချချိန်တွင် ငွေကျပ် ၁၅၀၀ ထက်နည်းသော ငွေကြေးဖြင့် ရောင်းချသွားမည်ဖြစ်ပြီး အင်တာနက်လိုင်းပါ တစ်ပါတည်း ပါရှိမည်ဖြစ်ကာ တစ်မိနစ်လျှင် ဖုန်းခေါ်ဆိုခ ၂၅ ကျပ်နှုန်း သတ်မှတ်သွားမည်ဟု သိရသည်။
Ooredoo ကုမ္ပဏီက 3G ဖုန်းဆင်းမ်ကတ်များကို ငွေကျပ် ၁၅၀၀ ကျပ်ဖြင့် စတင်ရောင်းချ သွားမည်ဖြစ်ပြီး တစ်မိနစ်လျှင် ဖုန်းခေါ်ဆိုခ ၃၅ ကျပ်မှ ၄၀ ကျပ်အတွင်း သတ်မှတ်သွားမည်ဟု ဆိုသည်။

ရွှေတိဂုံဘုရားပေါ်တွင် ပျောက်သွားသည့် ငါးကျပ်သားရွှေခွက်ကို အဘိုးအိုတစ်ဦးထံတွင် ပြန်တွေ့


ဇော်ဇော်ထွေး | တနင်္လာနေ့၊ သြဂုတ်လ ၁၉ ရက် ၂၀၁၃ ခုနှစ် ၁၂ နာရီ ၅၇ မိနစ်

ရွှေတိဂုံစေတီပေါ်တွင် ပျောက်ဆုံးသွားသည့် ဘုရားဖူးတစ်ဦး၏ အလေးချိန် ငါးကျပ်သားခန့်ရှိသော ရွှေခွက်တစ်ခု ကို နေ့တွင်းချင်းပင် အဘိုးအိုတစ်ဦးထံမှ ဘုရားလုံခြုံရေးအဖွဲ့က ပြန်လည်ရှာဖွေ တွေ့ရှိခဲ့သည် ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ယင်းအဖြစ်အပျက်သည် သြဂုတ် ၁၇ ရက်က ရွှေတိဂုံစေတီရင်ပြင် အင်္ဂါထောင့်၊ ပအိုဝ် တန်ဆောင်းတွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် တွေ့ရသည်။

ရွှေခွက်ပိုင်ရှင်သည် တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သည့် ဒေါ်သင်းသင်းဖြစ်ပြီး သူမသည် ရွှေခွက်ဖြင့် ရေချမ်း ကပ်ပြီး ဘုရားဝတ်ပြုနေစဉ် ပျောက်ဆုံးသွားခြင်းဖြစ်သည်ဟုလည်း ရဲက မှတ်တမ်းတင်ထားသည်။

ဒေါ်သင်းသင်းက ဘုရား ၀တ်ပြုပြီးနောက် ရွှေခွက်ကို မတွေ့တော့သောအခါ ဘုရားလုံခြုံရေးအဖွဲ့ကို အကြောင်းကြားပြီး လိုက်လံရှာဖွေခဲ့ကြသည်ဟုလည်း မှုခင်းမှတ်တမ်းတွင် တွေ့ရသည်။

ထိုသို့ လိုက်လံရှာဖွေရာ စေတီ၏ရာဟုထောင့် အောင်မြေနေရာတွင် အသက် ၇၅ နှစ်အရွယ်ရှိ အဖိုးအို တစ်ဦးထံမှ ပျောက်ဆုံးသွားသည့် ရွှေခွက်ကို ပြန်လည်ရှာဖွေ တွေ့ရှိခဲ့သည်ဟု ရဲဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

၎င်းအဖိုးအိုကို ဘုရားလုံခြုံရေး ရုံးခန်းသို့ ခေါ်ဆောင်မေးမြန်းရာ သူ့ကို တန်ခိုးရှင် ဘိုးတော်တစ်ဦးက မ,စပြီး ပေးသည်ထင်သဖြင့် ယူဆောင်ထားခြင်းဖြစ်ကြောင် ပြောဆို၍ ရွှေခွက်ကို မူလပိုင်ရှင်ထံသို့ ပြန်ပေးခဲ့သည်။

ရွှေခွက်ပိုင်ရှင် ဒေါ်သင်းသင်းကလည်း အမှုမဖွင့်လိုကြောင်းပြောသဖြင့် ဂေါပကအဖွဲ့က ရွှေခွက်ယူသွားသူ အဖိုးအိုကို ခံဝန်ကတိ လက်မှတ်ရေးထိုးစေပြီး ပြန်လွှတ်ပေးခဲ့သည်ဟု ရဲဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Mizzima - News in Burmese

နေအိမ်တွင် ကလေးငယ်(၂)ဦးတည်း ထားခဲ့ရာမှ (၈) လသားအရွယ် ကလေး ဗွက်အိုင်အတွင်း၌ သေဆုံး

ရန်ကုန်၊ သြဂုတ် ၁၉

၁၉.၈.၂၀၁၃ ရက်နေ့ ၁၆၀၀ အချိန်တွင် ပျော်ဘွယ်ကြီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဒလမြို့နယ်၊ မင်းရွာဆိပ်ကြီးကျေးရွာတွင် ကလေးတစ်ဦးရေနစ်သေဆုံးကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ
သေဆုံးသူမှာ မောင်ကျန်ကျောင်း၊(၈)လသား၊ (ဘ)ဦးမြင့်ကျော် ဖြစ်ပြီး၊ ၎င်းအား မိဘများအပြင်သွားနေချိန် နေအိမ်၌အစ်ကိုဖြစ်သူ
မောင်ကျော်ဝင်းထွန်း၊ ၁၂ နှစ်နှင့် အတူထားခဲ့ရာ အစ်ကိုဖြစ်သူမှာဘောလုံး သွား ကစားနေချိန် နေအိမ်ရှေ့ရှိရွှံ့ဗွက်အိုင်အတွင်း ဆင်းသွားခဲ့ရာမှ
မှောက်လျက်အနေအထားဖြင့် သေဆုံးနေခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့်
ပျော်ဘွယ်ကြီးနယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၉/၂၀၁၃)ဖြင့်
ရေးဖွင့်စုံစမ်းစစ်ဆေး လျက်ရှိကြောင်းသတင်းရရှိပါသည်။
Yangon Police

မော်စကိုတွင်ဖြစ်ပွားသည့် ခိုငှက် Zombie ရောဂါ လူများထံသို့လည်း ကူးစက်နိုင်


မီဒီယာများက ခိုများ၏ Zombie ရောဂါဟု အမည်ပေးထားသည့် အဆိုပါ ကူးစက်ရောဂါသည် ခိုပေါင်း အတော်များများကို သေဆုံးစေခဲ့

မော်စကိုတွင်ဖြစ်ပွားသည့် ခိုငှက် Zombie ရောဂါ  လူများထံသို့လည်း ကူးစက်နိုင်
ရုရှားနိုင်ငံ၊ မော်စကိုမြို့တော်ရှိ ခိုများကြား ပျံ့နှံ့ ကူးစက်နေသော ရောဂါတစ်မျိုးအတွက် ပညာရှင်များက အလေးထား စောင့်ကြည့်နေကြောင်း သိရှိရသည်။ မီဒီယာများက ခိုများ၏ Zombie ရောဂါဟု အမည်ပေးထားသည့် အဆိုပါ ကူးစက်ရောဂါသည် ခိုပေါင်း အတော်များများကို သေဆုံးစေခဲ့သည်။ အဆိုပါ ရောဂါ ကူးစက်ခံရသော ခိုငှက်များသည် သည်းထိတ်ရင်ဖို Zombie ဇာတ်ကားများထဲမှ ဖုတ်ကောင်များကဲ့သို့ အသိမဲ့စွာ လျှောက်သွားနေပြီး ကားများ၊ လူများကိုလည်း ကြောက်လန့်ရမှန်း မသိတော့ချေ။



ပြီးခဲ့သည့် သီတင်းပတ်က ရုရှား တိရစ္ဆာန် ဆေးဝါးကုသမှုနှင့် ရောဂါရှာဖွေ စောင့်ကြည့်ရေး ဌာနက ယင်းသည် ခိုများတွင် Newcastle Diseaseခေါ် ရောဂါတစ်မျိုး သက်ရောက်နေ၍ဟု ပြောကြားခဲ့သည်။ ယင်းရောဂါသည် လူများထံသို့လည်း ကူးစက်နိုင်ဖွယ် ရှိနေသည်။ မော်စကို တိရစ္ဆာန် ဆေးဝါးကုသရေး ကော်မတီက ခိုများ အများအပြား သေဆုံးခြင်းသည် Salmonella အစာအဆိပ်သင့်မှုကြောင့် ဖြစ်နိုင်ကြောင်း အစောပိုင်းက မှတ်ချက်ပြုခဲ့သည်။ ယင်းသည် အူလမ်းကြောင်းတွင် ပိုးမွှားဝင်ရောက်မှု တစ်ခုဟု ဆိုနိုင်ပြီး တိရစ္ဆာန်ရော၊ လူသားများတွင်ပါ ဖြစ်ပေါ်နိုင်သည်။ သုတေသီများသည် သေဆုံးသွားသော ငှက်များတွင် အသည်းနှင့် အစာအိမ် အူလမ်းကြောင်းများနှင့် ဒဏ်ရာ အနာများ တွေ့ရှိခဲ့ကြသည်။ မော်စကိုမြို့တော်၏ လူမှုရေးဌာန ဒုတိယ အကြီးအကဲ လီယိုနစ် ပီချတ်နီကော့ဗ်ကမူ ယခုကူးစက်မှုသည် အူလမ်းကြောင်း ပိုးဝင်မှု တစ်ခုသာဖြစ်ပြီး လူများသို့ သက်ရောက်နိုင်ခြေ မရှိဟု ပြောကြားထားသည်။

ရုရှား ကျန်းမာရေး သုတေသီ တစ်ဦးဖြစ်သူ ဂန်နာဒီ အိုနီရှက်ခ်ျကိုက "လောလောဆယ် မီဒီယာတွေမှာ ကူးစက်ရောဂါဆိုတဲ့ အသုံးအနှုန်းကို တွင်တွင်ကျယ်ကျယ် သုံးနှုန်းနေတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဘာမှ အတည်မပြုနိုင်သေးပါဘူး။ အရေးကြီးတာက ကလေးကစားကွင်းတွေ အနေအထားကို ကျွန်တော် အထူးတလည် စိုးရိမ်မိတယ်။ တကယ်လို့ နေအိမ်ခြံဝင်းထဲမှာ သေနေတဲ့ ငှက်တွေ တွေ့ရင် အဲဒီနေရာကို ပိုးသတ်ဆေးနဲ့ သေချာဆေးပစ်ရပါမယ်။ နောက်တစ်ချက်က ငှက်သေကို ကိုင်တွယ်တဲ့အခါမှာ ရော်ဘာလက်အိတ်ကို မဖြစ်မနေ သုံးပါ"ဟု ပြောကြားခဲ့သည်။ လူသားများတွင် ဖြစ်တတ်သည့် Salmonella သက်ရောက်မှုတွင်မူ (၅)ရက်မှ (၇)ရက်အတွင်း သက်သာ ပျောက်ကင်းသွားလေ့ ရှိသည်။ အဆိုပါ အခြေအနေတွင် လူများသည် အဆစ်အမြစ်များ နာကျင်တတ်သလို မျက်စိများ ကျိန်းစပ်ခြင်း၊ ဆီးသွားရာတွင် နာကျင်ခြင်းများ ဖြစ်ပေါ်တတ်ကြောင်း သိရှိရသည်။
Planet Myanmar Network

ဝန်ထမ်းခေါ်ယူသည့်  ပုံစံကို ပြောင်းလဲသင့်ပါပြီ


ကျွန်မက ဥပဒေ အထူးပြု ဘာသာရပ်နဲ့ ကျောင်းပြီးထားတဲ့  ကျောင်းသူ တစ်ယောက်ပါ လွန်ခဲ့တဲ့ 5.8.2013 ရက်နေ့ ထုတ် အခွင့်အလမ်းပါ Lin Technical Services Co,ltd ရဲ့ (office staff) ရာထူးအတွက် အလုပ်ခေါ်ဆိုမူကို သွားရောက်လျှောက်ထားခဲ့ပါတယ်။

ကျွန်မနေထိုင်ရာ လှိုင်မြို့ နယ် သံလမ်းကနေပြီး ဆိုင်ခွဲရှိရာ ရန်ကင်း ဈေးကွေ့ မှတ်တိုင်ကို သွားရောက်လျှောက်ထားရပါတယ်၊ သွားရောက် လျှောက်ထားစဉ်  Interview မခေါ်စဉ်ကတည်းက ရပ်ကွက်ထောက်ခံစာ ရဲစခန်းထောက်ခံ နှင့် အလုပ်သမား မှတ်ပုံတင်( လေဘာကဒ် ) မူရင်းတို့ ကိုတောင်းခံခဲ့ပါတယ်၊ ထိုမျှသာမကဘဲ မိဘနှစ်ပါးရဲ့ ထောက်ခံချက်ပါ ပါရှိမှ ရမယ်ဆိုလို့ ဖခင်ဖြစ်သူရဲ့ ထောက်ခံချက်ပါ ရယူပြုလုပ်ပေးခဲ့ရပါတယ်။

ဆိုင်ခွဲတွေ အများကြီးရှိတဲ့ အထဲကမှ  Interview မယ့်နေ့ 11.8.2013   ရက်နေ့  မှာ မနက် 083း0 အရောက်လာဖို့ အတွက်ဖုံးဆက်လာခဲ့ပါတယ်၊ ကျွန်မနေထိုင်ရာ သံလမ်းမှတ်တိုင်ကနေ သူတို့ ရုံးတည်ရှိရာနေရာကို ရောက်ရှိဖို့ အတွက် ( ၄၈) အထူးယာဉ်လိုင်း တစ်လိုင်းသာရှိပါတယ်၊ ဒါမှမဟုတ်ရင် တော့ သမိုင်းလမ်းဆုံ (သို့ မဟုတ် ) လှည်းတန်းလမ်းဆုံ ကနေနှစ်ဆင့်စီးမှာသာ ရောက်နိုင်မှာပါ   သူတို့ ခေါ်ယူမှု အချိန်မီရောက်ရှိနိုင်ရေး အတွက်  မနက် 07း00 လောက် ကတည်းက ကားစီးရပါတယ်  first  Interview  အပြီးမှာ ပြန်ဆက်သွယ်မယ်လိုပြောခဲ့ပြီး..second Interview ကို13.8.2013 ရက်နေ့ မနက်  083း0 အရောက်လာခဲ့ ထပ်မံချိန်းဆိုခဲ့ပါတယ်။

အဲဒီနေ့ က သူဌေးဆိုသူက အလုပ်ဝင်ချိန်မှာမနက် ( 083း0 ) ဖြစ်ပြီး ဆိုင်သို့ 08း00 အရောက်လာရမည်ဖြစ်ကြောင်း အလုပ်သိမ်းချိန်မှာတော့ အတိအကျမရှိကြောင်း ပြောကြားလာပါတယ်၊  ဒီဆိုင်မှာတာဝန်ထမ်းဆောင်ရမှာ  မဟုတ်ကြောင်းနှင့် ဆိုင်ခွဲရှိသမျှ ဘယ်နေရာမှာမဆို   ထမ်းဆောင်နိုင်ရမည်ဖြစ်ကြောင်း ပြောကြားလာရာ  ကျွန်မက  ထိုရုံးတည်ရှိနေရာများသည်  လိုင်းကားမှတ်တိုင် အနီးအဝေးကို ပြန်လည်မေးမြန်းခဲ့ပါတယ်၊  ဒါကိုသူဌေးဆိုသူက   “ကျွန်တော်က ငယ်ငယ်ကတည်းက လိုင်းကားမစီးတဲ့ အတွက်ကြောင့် လိုင်းကားဂိတ်နဲ့ အနီးအဝေး မစုံစမ်းထားပါဘူး ”လို့  နှစ်ကြိမ်တိတိပြန်လည်ပြောဆိုခဲ့ပြီး  interview ကို အဆုံးသတ်ခဲ့ပါတယ်။

ကျွန်မဒေါသတော်တော်ထွက်သွား ခဲ့မိပါတယ်၊ အပင်းပန်းခံ ငွေကြေး အကုန်ကျခံပြီး  အလုပ်လျှောက်ရတဲ့ ကျွန်မတို့ အခြေခံလူတန်းစား လူငယ်တွေအတွက်လည်း စိတ်မကောင်း ဖြစ်ရပါတယ်၊ ကျွန်မအလုပ်လျှောက်ထားစဉ်က ပေးထားခဲ့တဲ့ (  CV ) ထောက်ခံစာ မူရင်းတို့ ကို ပြန်လည်တောင်းယူပြီး ထိုရုံးခန်း ထဲကထွက်လာခဲ့ပါတယ်၊  အပြန်လမ်းတစ်လျှောက်လုံး စဉ်းစားလာမိခဲ့တယ်၊  ကျွန်မရဲ့မေးခွန်းဘာများ မှားယွင်း သွားခဲ့လည်းဆိုတာပေါ့  ဒါပေ့မယ့်  ဒီလိုမျိုး အဆင့်အတန်းခွဲခြားပြီး  ၀န်ထမ်းတွေကိုနှိမ်ချ ဆက်ဆံတတ်တဲ့ ဒီလိုသူဌေးမျိုးရဲ့ လက်အောက်က ၀န်ထမ်းမဖြစ်ခဲ့တာ  ကျွန်မအတွက်ကံကောင်းတယ်လို့ ဘဲ ဆိုရမှာပါ၊  အဲဒီအတွက်  ကျွန်မလိုမျိုး  ပညာတတ်များစွာ ကိုလူအခွင့်အရေးချိုးဖောက် စော်ကားကာ ၀န်ထမ်းခေါ်ယူနေတဲ့ ထို  Lin Technical Services Co,ltd ကို ညီငယ်ညီမငယ်တို့  သွားရောက်အလုပ်လျှောက်လွှာမတင်ကြဖို့ သတိပေး  အကြောင်းကြား လိုက်ရပါတယ် ။

 Lin Technical Services Co,ltd မှာ အလုပ်သွားလျှောက်ခဲ့သူ အမျိုးသမီး တဦး၏ ပေးစာ

ပဲလှော်ကြားက ဇာဂနာ


ဇာဂနာက သူဟာ ပဲလှော်ကြားကဆား ဖြစ်နေပြီလို့ ဧရာဝတီကို ပြောပါတယ်။ ဒီအကြောင်း ဧရာဝတီ မြန်မာပိုင်းစာမျက်နှာမှာ မစပ်စုက အသေးစိတ် ရေးသားထားပါတယ်။

အဲဒီသတင်းကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။ အထက်ဖော်ပြပါပုံက  မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ပေးစာ ဖြစ်ပါတယ်။ ဒါရိုက်တာတယောက်ကို ကန့်သတ်တဲ့အမိန့်စာပါ။ ဒီစာ ဒီကန့်သတ်ချက်ရဲ့ နောက်ကွယ်က ဇာတ်လမ်းမှာ ဇာဂနာ၊ မင်းကိုနိုင်၊ ကြည်ဖြူသျှင် စတဲ့ စတဲ့ အထင်ကရတွေ ပါဝင်နေပါတယ်။

ကဲ ... မစပ်စု ရေးသားချက်ကို ဖတ်ကြည့်ကြပါအုံး။

ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်ကို အနုပညာလုပ်ခွင့် ၃ လ ပိတ်လိုက်ပါပြီ။

တကယ်တော့ ရုပ်ရှင်အစည်းအရုံး အသစ် ဖွဲ့ပြီးတာ ၂ နှစ် မပြည့်သေးပါဘူး၊ တိတိကျကျ ပြောရရင်တော့ တနှစ်နဲ့ လေးလပဲ ရှိပါသေးတယ်။ ဒါပေမယ့် စစ်အစိုးရလက်အောက်ကလို အကျင့်ဟောင်းတွေ ပြန်ပေါ်လာပြီလားလို့ တွေးဖို့ကောင်းတဲ့ အဖြစ်အပျက်ကတော့ ပူပူနွေးနွေး ဖြစ်သွားခဲ့ပါပြီ။

စစ်အစိုးရ လက်ထက်တုန်းကတော့ သန်းဖေလေး၊ ဇာဂနာ၊ မောင်မျိုးမင်း (ရင်တွင်းဖြစ်)၊ အရိုင်း၊ ကျော်ရဲအောင်၊ မိုက်တီးတို့ကို ပိတ်ခဲ့ဖူးပါတယ်။ အခုတော့ ထူးထူးခြားခြား အစိုးရနဲ့ ကင်ကင်းရှင်းရှင်းပါ၊ NGO စစ်စစ်ပါ ဆိုတဲ့ ရုပ်ရှင် အစည်းအရုံးကြီးက အရင်က စစ်အစိုးရလက်ထက်ကစိတ် ပြန်ပေါက်သွားပြီးလားလို့ မေးရမလိုဖြစ်နေပါပြီ။

ပိုဆိုးတာက ဒီလို ညွန့်မြန်မာ ညီညီအောင်ကို ပိတ်ပစ်ဖို့ တိုင်တာ ဇာဂနာဆိုတဲ့ သတင်း ထွက်ပေါ်နေတာပါပဲ။ ကွယ်လွန်သူ စာရေးဆရာ မင်းလူ စကား ငှားသုံးရရင် “ဘာတွေ ဖြစ်ကုန်ကြပြီလဲ” ပေါ့။ ဒါပေမယ့် မစပ်စု သဘာဝအတိုင်း မေးမြန်းကြည့်ရပါဦးမယ်။

လူရွှင်တော် ဇာဂနာကို မစပ်စုက လှမ်းပြီး စပ်စုကြည့်လိုက်တော့ “ကြံကြီးစည်ရာဗျာ ကျနော် ဘယ်သူ့ကိုမှ ဘာကိစ္စနဲ့မှ မတိုင်တတ်ပါဘူး။ တိုင်လည်း မတိုင်ဖူးပါဘူး” လို့ ဖြေလာပါတယ်။ ဒါဖြင့် ညွန့်မြန်မာ ညီညီအောင်ကို အနုပညာ လုပ်ကိုင်ခွင့် ၃ လ ပိတ်တဲ့ကိစ္စ ဦးဇာဂနာ မသိဘူးလား ဆိုတော့မှ ဇာတ်ရည် လည်ပါတော့တယ်။

“ကျနော့်ဆီ မနေ့က စာရောက်လာတယ်။ ကိုညီအောင်ကို ၃ လ ပိတ်တဲ့စာ။ ကျနော် တော်တော် အံ့အားသင့်တယ်။ ကျနော်က န၀တ လက်ထက်မှာ ၃ နှစ် တခါ၊ ၅ နှစ်တခါ၊ ရာသက်ပန် တခါ အနုပညာ လုပ်ပိုင်ခွင့် ပိတ်ပင် ခံခဲ့ရတဲ့ကောင်ပါဗျာ။ ကျနော့်လိုမျိုး ဘယ်သူ့ကိုမှ အပိတ် မခံစေချင်ပါဘူး” လို့ သူ့ ခံစားချက်ကို ပြောပြပါတယ်။

ဖြစ်စဉ်ကတော့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ရေးတဲ့ ဇာတ်လမ်းကို လူရွှင်တော် ဇာဂနာက ဇာတ်ညွှန်းခွဲပြီး ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ထားတဲ့ “မမပြုံး ပြုံးစမ်းပါ” ဆိုတဲ့ ဇာတ်ကားကို ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်က ပိုင်ရှင်ဆီမှာ ခွင့်မတောင်းဘဲ ရိုက်ကူးလိုက်ရာက စတယ်လို့ သိရပါတယ်။

“တကယ်က ဒီဇာတ်ကားရဲ့ မူလ ပိုင်ရှင် အစစ်အမှန်၊ ဇာတ်လမ်းရေးသူက မင်းကိုနိုင်ပါ။ ကျနော်က ဇာတ်ညွှန်း၊ ဒါရိုက်တာက ကြည်ဖြူသျှင်။ တိုင်ချင်းတိုင် မင်းကိုနိုင်က တိုင်ရမှာ။ ဘာကြောင့် ကျနော့် နာမည် အလွဲသုံးစား လုပ်ရသလဲ ကျနော် မသိဘူး။ ကိုညီအောင်က သူ ကျနော်တို့ဆီက ခွင့်မတောင်းဘဲ ဒီဇာတ်လမ်းကို ရိုက်မိပါတယ်လို့ လွန်ခဲ့တဲ့ လေးလလောက်က ကျနော်နဲ့ မင်းကိုနိုင် မန္တလေး ရောက်နေတုန်း ဖုန်းဆက် တောင်းပန်တယ်။ ကျနော်ကလည်း ရပါတယ်ဗျာ၊ ပိုင်ရှင်ဖြစ်တဲ့ မင်းကိုနိုင်ကို ပြောပေးပါ့မယ်လို့ ပြောလိုက်တယ်။ သူကလည်း ကားရိုက်တာ ခဏ ရပ်ထားမယ်လို့ ပြောတယ်။ ဖြစ်ချင်တော့ ဒီဇာတ်လမ်းကို ကြည်ဖြူသျှင်က မင်းကိုနိုင်ဆီကနေ ၀ယ်ပြီး ဗီဒီယို ရိုက်ပြီးနေပြီ။ ဒီတော့ ကိုညီအောင်ကို ခဏစောင့်ပါ၊ ကြည်ဖြူသျှင်ရဲ့ကား ထွက်ပြီးတော့မှ ဆက်လုပ်ပေါ့လို့ ပြောလိုက်တယ်။ ဒါလည်း အစည်းအရုံးက ချထားတဲ့ မူပဲလေ။ အခုတော့မှ ကျနော်က တိုင်လို့ ဆိုတာတော့ ဘယ်ကောင်းပါ့မလဲ။ ကျနော် ဘယ်သူ့ကိုမှ မတိုင်ဘူး။ ကိုညီအောင်က ဇူလိုင် ၂၇ ရက်နေ့ ငြိမ်းချမ်းရေးပွဲတော် လုပ်တုန်းကတောင် သူ့အနေနဲ့ ခွင့်မတောင်းဘဲ လုပ်ခဲ့မိတာ တောင်းပန်တယ်” လို့ ဆိုပါတယ်။

ဒါနဲ့ မစပ်စုလည်း ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်ကို မေးကြည့်မိပါတယ်။ သူ့အဆိုအရတော့ ဒီကားက နှစ်ခါ ရိုက်ထား ပြီးသား၊ ပထမ တခါက ဒွေးနဲ့ ထွန်းအိန္ဒြာဗို သရုပ်ဆောင်တယ်၊ ဒုတိယ တခါကတော့ သူရိုက်ပြီး ထွန်းထွန်းနဲ့ နန္ဒာလှိုင် သရုပ်ဆောင်တယ်လို့ သိရပါတယ်။

“ကျနော် ရိုက်တုန်းက မင်းကိုနိုင် ဆီကနေ ကျပ်တသိန်းနဲ့ ၀ယ်ရိုက်တာ။ ကိုဇာဂနာ ၀ယ်ပေးတာ။ ကျနော့် ကားမှာ ဇာတ်လမ်း ပေါ်ဦးထွန်းလို့ စာတန်းထိုး ဖော်ပြခဲ့ပါတယ်။ မင်းကိုနိုင်လို့ မဖော်ခဲ့ရတာ ခွင့်မပြုလို့ပါ၊ ဒီတုန်းက ၂၀၀၆ ခုနှစ်လေ။ အခု ဟိန်းဝေယံနဲ့ ရိုက်ဖို့ ဇာတ်လမ်းစိတ်ကြိုက် ရှာတာမတွေ့တော့ ဒီကားဟောင်းလေး ပြန်ရိုက်မယ်၊ လူတွေလည်း မေ့လောက်ပြီ။ ဦးသူရနဲ့ ကျနော်နဲ့က ညီအစ်ကိုလို ခင်နေတော့ နောက်မှ ခွင့်တောင်းတော့မယ် ဆိုပြီး ရိုက်လိုက်တာ။ ဖြစ်ချင်တော့ ကြည်ဖြူသျှင်က ကိုမင်းကိုနိုင်ဆီက ၀ယ်ပြီးသား၊ ရိုက်ပြီးသား ဖြစ်နေတယ်” လို့ ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်က ပြောပါတယ်။

စာရေးသူ ကာယကံရှင်ကလည်း ကျေနပ်တယ်၊ ဇာတ်ညွှန်းဆရာကလည်း ဘာမှမပြောဘူး၊ ပြောခွင့်လည်း မရှိဘူး။ ဒါရိုက်တာ ကိုယ်တိုင်ကလည်း ရှေ့ကားပြီးမှ နောက်ကား လိုက်ပါ့မယ်၊ ကျော်မတက်ပါဘူး ဆိုထားရက်နဲ့ ဘာကြောင့် ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်ကို ပိတ်ရတာလဲ ဆိုတာကိုတော့ ဒါရိုက်တာက သူ မသိကြောင်းဘဲ ပြောရင်း ရယ်ပါတယ်။

လူရွှင်တော် ဇာဂနာ ကတော့ “ကျနော် မကျေနပ်တာ ဒါပဲ။ ကျနော်က တိုင်လို့လည်း မရဘူး၊ တိုင်ခွင့်လည်း မရှိဘူး။ ဆိုင်လည်း မဆိုင်ဘူး၊ ဒါကို ကျနော့်နာမည် အလွဲသုံးစား လုပ်တာ မကြိုက်ဘူး။ ဒီလို ပိတ်တာ ဆို့တာ အရွံမုန်းဆုံးပဲ။ ပိတ်တာ (ပြိတ္တာ) အစည်းအရုံး ဖြစ်နေပြီ။ ဒီစနစ်မကြိုက်လို့ ကျနော်ကိုယ်တိုင် တိုက်ခဲ့ပါတယ်၊ ဘီလူးသတ်တဲ့ မင်းသားက ဘီလူး ဖြစ်သွားတာကိုးဗျာ” လို့ ဆိုလာပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရုပ်ရှင်အစည်းအရုံးက ဥက္ကဋ္ဌ ဦးလူမင်းရော၊ ဒု ဥက္ကဋ္ဌ ဦးအေးကြူလေးကိုပါ ဖုန်းနဲ့ ဆက်သွယ် မေးမြန်း ခဲ့ပေမယ့် အစည်းအရုံးသာ လာခဲ့ဖို့ပြောနေတော့ မစပ်စုကလည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကနေ လှမ်းပြီး ဆက်သွယ် ရတဲ့သူ ဖြစ်နေတာကြောင့် မေးမြန်းလို့ ရသမျှနဲ့ပဲ တင်းတိမ်ကျေနပ်လိုက်ရပါတယ်။

ဒါပေမယ့် အခုလို ပိတ်တာဆို့တာတွေ လုပ်နေတဲ့ ကိစ္စ၊ ဦးဇာဂနာက တိုင်ကြားတယ်လို့ သတင်းထွက်ပေါ် နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ လူရွှင်တော် ဇာဂနာ ကိုယ်တိုင် အစည်းအရုံးဆီ မေးမြန်းဆက်သွယ်တယ်လို့ သိရပါတယ်။

“ကျနော် ဖုန်းဆက် ကြည့်ပါတယ်။ ကိုလူမင်းက နေပြည်တော် ရောက်နေလို့ သူမသိဘူး တဲ့၊ အခုမှ ရုံးကို သွားနေတာတဲ့၊ မေးပြီး အကြောင်းပြန်ပါ့မယ် တဲ့။ ဦးအေးကြူလေး ကတော့ ဒါရိုက်တာ ကိုယ်တိုင်က လာပိတ်ခိုင်းတာပါ၊ မာန်ထက်ချီ ထုတ်လုပ်ရေး ပိုင်ရှင် ဦးဝင်းကို (သရုပ်ဆောင် ဟိန်းဝေယံရဲ့ အဖေ) က ကြည်ဖြူသျှင်ရဲ့ ကားထက် စောပြီး ထွက်ချင်တယ်လို့ တင်ပြလာတယ် တဲ့။ ဒါနဲ့ပဲ ညွန့်မြန်မာ ညီညီအောင်ရဲ့ ကားကို စောထွက်လို့မရအောင် ဒါရိုက်တာကို အနုပညာ လုပ်ကိုင်ခွင့် သုံးလ ပိတ်လိုက်ရတာတဲ့ဗျာ။ ကျနော့် အဖြစ်ကတော့ ပဲလှော်ကြား ဆားညပ်တာပေါ့ဗျာ” လို့ ဇာဂနာက မစပ်စုကို ပြောပြခဲ့ပါတယ်။
ဧရာဝတီ

တိုင်း/ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့များအတွက် ဥပဒေလိုတယ်လို့ပြော


သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အုပ်ချုပ်ရေး အဖွဲ့အစည်းတွေမှာ တာဝန်ထမ်းဆောင်နိုင်မယ့် အရည်အချင်းတွေကို ဥပဒေပြဌာန်းထားတာမရှိခြင်းဟာ ဒီမိုကရေစီစနစ်နဲ့ မကိုက်ညီကြောင်း သင်္ဃန်းကျွန်းမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ဒီနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အဆိုတင်သွင်းခဲ့ပါတယ်။

ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေဟာ ဥပဒေအရ တာဝန်ထမ်းဆောင်နေကြတာ ဖြစ်ပေမယ့် တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်ကနေ မြို့နယ်အထိ ဥပဒေလိုအပ်နေသေးတယ်လို့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က အဆိုတင်သွင်းခဲ့တာပါ။

ဒါ့အပြင် သက်ဆိုင်ရာမြို့နယ်နဲ့ ခရိုင်အုပ်ချုပ်ရေးအဆင့် တာဝန်ရှိသူတွေဟာ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု အားနည်းနေသေးတယ်လို့ သူကထောက်ပြခဲ့ပါတယ်။
RFA Burmese

မုံရွာမြို့တွင် အိမ်ထောင်ရေးပြဿနာကို ဓားကိုင်ပြီးဖြေရှင်ခဲ့ရာမှ လူသတ်မှုဖြစ်ပွား


မုံရွာ၊ သြဂုတ် ၁၉ ရက်နေ့

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့၊ ဇလုပ်ကျေးရွာအုပ်စု ၊ ကံပြားလေးရွာ သုဿန်ဟောင်း၏ မြောက်ဘက်အနီးရှိ ရေကန်ဟောင်းကြီး(ရေမရှိ) အတွင်း၌ ယခုလ ၁၉ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်က လူသတ်မှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း ဒေသခံ ပြည်သူများ၏ ဆက်သွယ်ပြောကြား ချက်များအရ သိရသည်။

အဆိုပါ သတင်းအချက်အလက်များအား အတည်ပြုနိုင်ရန်အတွက် သက်ဆိုင်ရာ ရဲဌာနသို့ ဆက်သွယ်မေးမြန်းခဲ့ရာ “ အိမ်ထောင်ရေး ပြဿနာကို ဓားကိုင်ပြီးဖြေရှင်ခဲ့ရာက အခုလို လူသတ်မှု ဖြစ်ပွားခဲ့ရတာပါ..” ဟု ရဲအရာရှိတစ်ဦးမှ တုန့်ပြန် ပြောကြားသည်။

အိမ်ထောင်ရေးပြဿနာကိစ္စရပ်များဖြစ်သည့်အတွက် အမည်၊အသက်၊ နေရပ်၊ အလုပ်အကိုင် စသည်တို့ကို စုံလင်စွာ သိရှိထားသော်လည်း သတင်းစာကျင့်ဝတ်သိက္ခာများအရ ဖော်ပြရေးသားခြင်းမပြုလုပ်ရန် ဆုံးဖြတ်ထားပါသည်။

သို့သော် ဓားဒဏ်ရာများဖြင့် သေဆုံးနေသူမှာ မုံရွာမြို့ အိုးဘိုတောင်ရပ်ကွက်နေ မောင်ကျော်စွာဝင်း အသက် ၂၇ နှစ် ဆိုသူဖြစ်ကြောင်း ကနဦးသတင်းများအရ သိရှိရသည်။ လူထုအား သတင်းအမှန်ပေးရန် သတင်းစာဆရာတို့တွင် တာဝန် အပြည့်အ၀ရှိသော်လည်း ဒေသဂုဏ်သိက္ခာ၊ လူမှုဂုဏ်သိက္ခာများကိုထောက်ရှု့၍ ဤမျှလောက်ပင် ရေးသားတင်ပြလိုက်ရ ခြင်းဖြစ်ပါသည်။

သတင်း + ဓာတ်ပုံ = ကိုတိုး(ချင်းတွင်း)

ကုလကိုယ်စားလှယ် လားရှိုးမြို့မှ အစ္စလာမ်ခေါင်းဆောင်များနဲ့ ဆွေးနွေး


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Quintana ဟာ မနေ့က ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ လားရှိုးမြို့ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ပြီးခဲ့တဲ့မေလပိုင်းကဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုကိစ္စတွေနဲ့ ပတ်သက်ပြီး မနေ့က လားရှိုးမြို့ Golden Hill ဟိုတယ်မှာ အစ္စလာမ် ဘာသာရေးခေါင်းဆောင် ၉ ဦးနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ ဦးဇော်မင်းနိုင်က ပြောပါတယ်။

“ဒီကိစ္စမှာ စစ်တပ်ကပါသလား ဒါမှမဟုတ် ရဲကပါသလား ဒါမှမဟုတ် ဘုန်းတော်ကြီးတွေပါသလား အဲဒါတွေမေးပါတယ်၊ ဒီမြို့ပေါ်မှာ တကယ်တမ်း အကြမ်းဖက် ဖျက်ဆီးတဲ့အချိန်မှာ သင်္ကန်းတော့စည်းထားတာတွေ့တယ်၊ ဒါပေမယ့် အဲဒါတွေ ဘုန်းကြီးအစစ်မဖြစ်နိုင်ဘူး ဆိုတဲ့အကြောင်းကိုပဲ ကျနော်တို့ပြောပါတယ်၊ သူက ကုလသမဂ္ဂကို လူ့အခွင့်အရေးကိစ္စတင်တဲ့အချိန်မှာ ဒီအကြောင်းအရာတွေအကုန်လုံးကို ပြည့်စုံအောင်တင်မယ့်အကြောင်း ပြောပါတယ်”

မစ္စတာ ကင်တားနားဟာ လားရှိုးမြို့က မထွက်ခွာခင် ဒေသခံ တအောင်းအမျိုးသားများအဖွဲ့၊ တအောင်းအမျိုးသမီးများအဖွဲ့တို့နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
RFA Burmese