အလွန်ရှားပါးသော တရုတ်တံဆိပ်ခေါင်း ဟောင်ကောင်ဒေါ်လာ ၇ သန်းနီးပါးဖြင့် လေလံတင်ရောင်းချ


အလွန်ရှားပါးသော တရုတ်နိုင်ငံထုတ် တံဆိပ်ခေါင်း တစ်ခုကို ဟောင်ကောင်တွင် လေလံတင် ရောင်းချရာ ဟောင်ကောင်ဒေါ်လာ (၆.၉)သန်း ရရှိခဲ့ကြောင်း သိရသည်။ ဟောင်ကောင်ရှိ လေလံ တာဝန်ခံများက တံဆိပ်ခေါင်းအတွက် အမြင့်ဆုံးဈေးကို ဟောင်ကောင်ဒေါ်လာ (၆.၉)သန်း [အမေရိကန်ဒေါ်လာ (၈၉၀,၀၀၀)ဝန်းကျင်]ထိ ပေးချေ ဝယ်ယူသွားကြောင်း ပြောကြားခဲ့သည်။

အဆိုပါ တံဆိပ်ခေါင်းကို (၃၂)ခုသာ ရိုက်နှိပ်ခဲ့သည်ဟု မှတ်တမ်းများ ရှိနေပြီး ကွင်မင်းဆက် အုပ်စိုးစဉ် (၁၈၉၇)ခုနှစ်က ထုတ်လုပ်ခဲ့ခြင်းဟု သိရသည်။ ယင်းသည် တရုတ်နိုင်ငံ၏ အရှားတကာ့ အရှားပါးဆုံး တံဆိပ်ခေါင်းဟောင်း တစ်ခုဟု အင်တာရက်စီယာ လေလံဌာနက ညွှန်းဆိုခဲ့သည်။

တောက်ပသည့် အနီရောင်ရှိသော တံဆိပ်ခေါင်းသည် တရုတ်နိုင်ငံတွင် ကံကောင်းခြင်းနှင့် အနာဂတ် လှပခြင်းတို့ကို ရည်ညွှန်းပြီး တရုတ်ဘာသာဖြင့် "ကွင်မင်းဆက် စာပို့ဝန်ဆောင်မှု၊ တစ်ဒေါ်လာ"ဆိုသော စာသားကို တရုတ်၊ အင်္ဂလိပ် ဘာသာများဖြင့် ရေးထိုးထားသည်။

(၃)ရက်ကြာ ကျင်းပပြီး တရုတ်၊ ဟောင်ကောင်နှင့် အာရှတိုက်မှ တံဆိပ်ခေါင်းများကို လေလံတင် ရောင်းချသော ပွဲမှ စုစုပေါင်း ဟောင်ကောင်ဒေါ်လာ (၇၁.၉)သန်းထိ ရရှိခဲ့ကြောင်း လေလံ စီစဉ်သူများက ဆိုသည်။

ပြီးခဲ့သည့်နှစ်၊ အောက်တိုဘာလက တရုတ်အမျိုးသား ခေါင်းဆောင်ကြီး ဒေါက်တာဆွန်ယက်ဆင်၏ ပုံကို မတော်တဆနှင့် အထက်အောက် ပြောင်းပြန် ရိုက်နှိပ်မိသော ရှားပါး တံဆိပ်ခေါင်း နှစ်ခုအတွက်လည်း ဒေါ်လာ (၇၀၀,၀၀၀)ဖြင့် ရောင်းချခဲ့ဖူးကြောင်း သိရှိရသည်။

Planet Myanmar Network

နန်းခင်ဇေယျာကို ရှမ်းပြည်နယ်အစိုးရ ဂုဏ်ပြု


ဇွန်လ ၃ ရက်တွင် ကျရောက်သည့် မြန် မာအမျိုးသမီးများနေ့ အခမ်းအနားကို တောင် ကြီးမြို့တွင် ပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသည့် မစ္စအင်တာနက် ဆုရှင် နန်းခင်ဇေယျာကို ရှမ်းပြည်နယ်အစိုး ရက ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့သည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ထူးချွန်အမျိုးသမီးအဖြစ် နန်းခင်ဇေယျာကို ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းဖြစ်သည်။ အခမ်းအနားတွင် ရှမ်းပြည်နယ် အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်ဝေကလည်း ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးရဲနိုင်အောင်လည်း တက်ရောက်ခဲ့သည်။

ရှမ်းပြည်နယ်အစိုးရ၏ ဂုဏ်ပြုခြင်းခံရသူ နန်းခင်ဇေယျာက တောင်ကြီးမြို့ မိဘမဲ့အမျိုးသမီး သင်တန်းကျောင်း သို့ သွားရောက် မည်ဟုလည်းဆိုသည်။ ဇွန်လအတွင်းက အဒေါ်ဖြစ်သူ၏ ရိုက်နှက်ခြင်းခံရကာ မိဘမဲ့ အမျိုးသမီးသင်တန်းကျောင်းသို့ ရောက်ရှိ နေသည့် မသက်ထားခင်ကိုလည်း တွေ့ဆုံမည်ဟု ဆိုသည်။

''အဓိကကတော့ သူ့ကို အားပေးချင်တယ်။ အပြစ်မဲ့တဲ့ ကလေးငယ်လေးကို စိတ်ဓာတ်ခွန်အားတွေ တက်လာအောင် အားပေးသွားမယ်။ ဒီလို ရိုက်ခံခဲ့တာ ကြားသိရ ရချင်းကတည်းက စိတ်ထဲမှာလုံးဝမကောင်းပါဘူး'' ဟု သူကဆိုသည်။

မသက်ထားခင်သည် တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက် နယ်မြေ ၅ တွင် နေထိုင်သည့် အသက် ၇ နှစ် အရွယ် မိဘမဲ့ ဖြစ်သည်။ ဇွန်လအတွင်းက အဒေါ်ဖြစ်သူ၏ ရိုက်နှက်ခြင်းခံခဲ့ရခြင်းကြောင့် တောင်ကြီးမြို့ လူမှုဝန်ထမ်းဦးစီးဌာနက မိဘမဲ့အမျိုးသမီးသင်တန်းကျောင်းသို့ ပို့ဆောင်ထားခြင်း ဖြစ်သည်။

ဂျွန်ချစ်ငြိမ်း
by Mizzima - News in Burmese

မူးယစ်ဆေးဝါး၊ လိုင်စင်မဲ့ကား ပြဿနာနှင့် ဆက်နွှယ်နေသူများကို ဆက်လက်ဖော်ထုတ်မည်

ရန်ကုန်- တပ်မတော်သား၊ ဆရာဝန်နှင့် ရဲအရာရှိများကို စစ်ဆေးနေသည့် မူးယစ်ဆေးဝါးနှင့် လိုင်စင်မဲ့ယာဉ်ပြဿနာများတွင်ဆက်နွှယ် နေသူများကို ရှာဖွေဖော်ထုတ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ သတင်းရရှိသည်။

မူးယစ်ဆေးဝါးနှင့် လိုင်စင်မဲ့ကားမှောင်ခိုရောင်းဝယ်ရာတွင် ပါဝင်ခဲ့သော ကလေးနှင့်တမူးခရိုင်ရဲ အရာရှိသုံးဦးအား မြန်မာနိုင်ငံရဲတပ် ဖွဲ့ဌာနချုပ်မှ စစ်ဆေးနေဆဲကာလမှာပင် ပျော်ဘွယ်နှင့် မိတ္ထီလာမြို့နယ်မှ ရဲအရာရှိနှစ်ဦး၊ တပ်မတော်သားတစ်ဦးနှင့် ဆရာဝန်တစ်ဦးတို့အား ထပ်မံဖမ်းဆီးခဲ့သည်။ မူးယစ်ဆေး ၀ါး ရောင်းဝယ်သုံးစွဲမှုဖြင့် စစ်ဆေးမှုခံယူနေရသူတို့က ရဲအရာရှိများနှင့် ပူးပေါင်းခဲ့သည်ဟု ၀န်ခံသောကြောင့် ဆက်စပ်နေသော ရဲ၊ စစ်သားနှင့် ဆရာဝန်တို့ကိုပါ သက်ဆိုင်ရာမြို့နယ်ရဲစခန်းများတွင် ခုံရုံးဖွဲ့စစ် ဆေးနေကြောင်းသတင်းရရှိသည်။

“အမှုကရှုပ်ထွေးပြီး ပါဝင်ပတ်သက်တဲ့ တပ်ဖွဲ့ဝင်တွေရော အရပ်သားတွေကိုပါ ဆက်လက်ဖော်ထုတ်သွားမှာပါ။ ဖမ်းဆီးထားသူတွေကို စစ်ဆေးနေဆဲဖြစ်ပြီး ပြစ်မှုထင်ရှားရင် ဥပဒေအတိုင်းတိတိကျကျအရေးယူသွားမှာပါ”ဟု နေပြည်တော်မူး ယစ်ဗဟိုတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

ပျော်ဘွယ်မှ ရဲအရာရှိများကို စစ်ဆေးစဉ် ရာထူးမှ ခေတ္တအနားပေး ၍ အကျယ်ချုပ်ဖြင့် စစ်ဆေးခဲ့သော် လည်း ကလေးနှင့်တမူးခရိုင်ရှိ ရဲအ ရာရှိသုံးဦးကိုမူ ဇွန် ၁၅ ရက်က ဖမ်းဆီးခဲ့ပြီး ၁၁ ရက်မြောက်ဖြစ်သော ဇွန် ၂၆ရက်တွင် မြို့နယ်ရဲစခန်းအ ချုပ်သို့ပြောင်းရွှေ့စစ်ဆေးခဲ့သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ စစ်ဆေးနေသော ရဲအရာရှိများမှာ ကလေး၊ တမူးနှင့် ပျော်ဘွယ်မြို့များမှဖြစ်ပြီး တပ်မတော်သားမှာ မိတ္ထီလာ မြို့ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ်မှ တပ်သားဖြစ်သည်။

တပ်ဖွဲ့ဝင်များ၏ မှားယွင်းသော လုပ်ရပ်များကို အရေးယူနိုင်ရန် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေကို ၁၉၉၅ ကပင် ပြဋ္ဌာန်းထားခဲ့ပြီး ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်မှုမရှိဘဲ အမိန့်ညွှန်ကြားချက်ကို မလိုက်နာသော တပ်ဖွဲ့ဝင်များကို အရေးယူသွားမည်ဟု မြန်မာနိုင်ငံ ရဲ
တပ်ဖွဲ့ဌာနချုပ်က ဇွန် ၁၉ ရက်တွင်သတင်းထုတ်ပြန်ခဲ့သည်။

တရားဥပဒေစိုးမိုးရေးတွင် အရေးပါသည့် တာဝန်များထမ်းဆောင်ရသော ရဲတပ်ဖွဲ့ဝင်များအနေဖြင့်အစိုးရအဖွဲ့၏ ကျန်ရှိနေသည့် ၃၁လ
အတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေးပိုင်းတို့တွင် အခြေခံကောင်းများချထားခဲ့နိုင်ရန်နှင့် တရားဥပဒေ စိုးမိုးရေး အလေးထား ဆောင်ရွက်သွားကြရမည်ဟု နိုင်ငံတော်သမ္မတဦးသိန်းစိန်က ဇွန် ၂၆ ရက်တွင် သမ္မတအိမ်တော်၌ ကျင်းပသော ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် စီမံကိန်းကော်မရှင် အစည်းအဝေး ဒုတိယနေ့တွင် ပြောကြားခဲ့သည်။

မျိုးစောင့်ဥပဒေ ထောက်ခံလက်မှတ် ၁ သန်းကျော်ပြီလို့ ဦးဆောင်သူတွေပြောကြား


အမျိုးစောင့်ဥပဒေ ပြဌာန်းနိုင်ရေးအတွက် ထောက်ခံကြောင်း လက်မှတ်တွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကောက်ခံနေရာ ဒီကနေ့ ဇူလိုင်လ ၄ ရက်နေ့အထိ ထောက်ခံထားတာ လက်မှတ်ပေါင်း တစ်သန်းကျော်သွားပြီလို့ ဦးဆောင်လှုပ်ရှားနေတဲ့ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူက မိန့်ပါတယ်။

ဒီအမျိုးစောင့် ဥပဒေထောက်ခံလက်မှတ်တွေရရှိဖို့ စုဆောင်းတဲ့နေရာမှာ နိုင်ငံရေးပါတီတွေက ကူညီပေးပြီး တစ်ချို့မြို့နယ်တွေမှာတော့ ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ တားဆီးမှုတွေကို ကြုံတွေ့ရတာရှိတယ်လို့ ဆရာတော် ဦးဝီရသူက မိန့်ပါတယ်။

အမျိုးစောင့်ဥပဒေ ပြဌန်းနိုင်ဖို့အတွက် ဆရာတော် ဦးဝီရသူနဲ့ သံဃာတွေ ဒကာ ဒကာမတွေက မန္တလေးမြို့မှာ လက်မှတ်တွေကို စုဆောင်းနေတာပါ။

အထက်မြန်မာပြည်အတွက် မစိုးရိမ်တိုက်သစ်ရဲ့ နာယကဆရာတော် ဦးဝီရသူက ဦးဆောင်ကောက်ယူနေတာဖြစ်ပြီး အောက်မြန်မာပြည်အတွက် ဆရာတော် ဦးပညာဝရက ဦးဆောင်ကောက်ယူနေတာဖြစ်ပါတယ်။

မန္တလေးမြို့မှာတော့ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့ကတည်းက အမျိုးစောင့်ဥပဒေ ထောက်ခံလက်မှတ်တွေကို ၃၇ လမ်းနဲ့၃၈ လမ်းကြားမှာရှိတဲ့ ၈၁ လမ်း နဲ့ ၄၁ လမ်းနဲ့ ၄၂ လမ်းကြားမှာရှိတဲ့ လမ်း ၈ဝ စတဲ့နေရာတွေမှာ မဏ္ဍပ်ဖွင့်လှစ်ပြီး ကောက်ယူနေတာ ဖြစ်ပါတယ်။

ကျောင်းဆရာမနှင့် ကျောင်းသူ တစ်ဦးအား တိုက်ခိုက် လုယက်မူနှင့် ပတ်သက်၍ သင်္ကာမကင်းသူ သားဖ နှစ်ဦးကို ကျောက်တော်တွင် ရဲက ဖမ်းဆီး


ဆေးရုံတင်ခါစတွင် သတိမရသေးသည့် ကျောင်းဆရာမလေး မဆန်းဆန်း (၂၀-နှစ်) မှာ သတိပြန်လည်လာ ပြီဖြစ်သည်။ photo credit : Zaw Hlaing

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် ယမန်နေ့ (ဇူလိုင်လ ၃ ရက်) နေ့က ကျောင်းဆရာမ တစ်ဦးနှင့် မူလတန်းကျောင်းသူ တစ်ဦးအား တိုက်ခိုက် လုယက်မူ တစ်ခု ဖြစ်ပွားခဲ့ရာ ယခုအခါ ၎င်း မူခင်းနှင့် ပတ်သက်ပြီး သင်္ကာမကင်းသူ သားဖနှစ်ဦးကို ရဲက ဖမ်းဆီးလိုက်သည်။

ဖမ်းဆီးခံရသူ (၂) ဦးမှာ အခင်း ဖြစ်ပွားရာ ကျောက်တော်မြို့နယ် ပီချောင်းဝရှိ မြင်းဂန်းကျေးရွာနှင့် တစ်ဘက်ကမ်းရှိ ပီစိရွာမှ ဖြစ်ကြောင်း ကျောက်တော်မြို့နယ် ရဲမြို့နယ်မှူး ရဲမှူး တင်မောင်က အတည်ပြု ပြောကြားသည်။

“ ပြစ်မူကို စုံစမ်းဖေါ်ထုတ်နေတုန်း ဖြစ်ပါတယ်။ အခု ပီစိ မူဆလင်ရွာက သားဖ နှစ်ဦးဖြစ်တဲ့ စန်းမောင်နဲ့ မာမောက်ချေတို့ သားအဖကို ဖမ်းထားပါတယ်။ အခု သင်္ကာမကင်းတဲ့ အတွက် ဖမ်းဆီးထားတာ ဖြစ်တဲ့ အတွက် ပြစ်မူ ကျူးလွန်တယ်လို့တော့ မှတ်ယူလို့ မရဘူး။ အခု စစ်ဆေးနေတုန်း ဖြစ်တဲ့ အတွက် အခု ဖမ်းဆီးခံထားရတဲ့ သူနှစ်ဦးနဲ့ ပတ်သက်ပြီး ဒီထက် ပိုမပြောလို့ မရပါဘူး” ဟု ဆိုသည်။

ယခုအခါ အဆိုပါ အမူနှင့် ပတ်သက်ပြီ ကျောက်တော်အမူမှတ် (ပ) ၈၀ / ၂၀၁၃ ပြစ်မူ ပုဒ်မ (၃၈၂) နဲ့ အမူဖွင့်ထားကြောင်း ရဲမှူးက ဆက်လက် ပြောဆိုသည်။

အခင်းဖြစ်ပွားစဉ်နှင့် ပတ်သက်ပြီး သူက ယခုလို ပြောသည်။

“ ဖြစ်တာ ၂၀၁၃ ဇူလို်င်လ ၃ ရက်နေ့ ညနေ ၈ နာရီခွဲခန့် အချိန်၊ ကျောက်တော်မြို့နယ် နဂါရာ အုပ်စု မြင်းဂန်းရွာမှာ  စပါးတောင်းနဲ့ စာပြနေတဲ့ ဆရာမ မသန်းသန်းနွယ် (၂၀) နှစ် ဖ ဦးသိန်းမောင်နဲ့ လေးတန်းကျောင်းသူ  မသန်းနွယ် (ဖ) ဦးကျော်သိန်းဦးတို့နှစ်ဦးဟာ စာပြပြီး တဲ့နောက် အဲဒီကလးမလေးကို အိမ်ပြန်လိုက် အပို့မှာ မသန်းနွယ်က နောက်ဖေး သွားချင်လို့ မသန်းနွယ် အိမ်နောက်ဖေး ကိုက် ၃၀ အကွာကို လိုက်ပို့တယ်။ အဲဒီက အပြန်မှာ လူနှစ်ဦးက တစ်ယောက်စီ ဖမ်းချုပ်ပြီး ချောင်းနားကို ခေါ်သွားတယ်။ နားကပ်တွေကို ဖြုတ်ပြီး ယူသွားပါတယ်။  ဖြစ်စဉ်က ဒါပါဘဲ” ဟု ပြောသည်။

အဆိုပါ အခင်း ဖြစ်ပွားပြီးနောက် အဆိုပါ အမျိုးသမီး နှစ်ဦးအား ရိုက်ပုတ်ပြီး ရေထဲသို့ ပစ်ချထားခဲ့သည်။ ကျေးရွာသားများက အသံကြားသဖြင့် နောက်ပိုင်းတွင် လိုက်လံ ရှာဖွေရာ ရေကမ်းစပ်မှ တွေ့ရှိပြီး သူမတို့နှစ်ဦးအား ကယ်တင်ကာ ကျောက်တော် ဆေးရုံသို့ ချက်ချင်း တင်ပို့ခဲ့ရသည်ဟု သိရသည်။

ယခုအခါ သူမတို့နှစ်ဦးစလုံး ကျောက်တော် ဆေးရုံတွင် တက်ရောက် ဆေးကုသနေရသည်ဟု ရဲမှူးက အတည်ပြု ပြောကြားသည်။

နိရဉ္စရာသတင်းဌာန


ရွှေတိဂုံဘုရား ဂေါပကနဲ့ သတင်းထောက် အပြန်အလှန် တရားစွဲမယ်

ထိုင်းဘုရင့်သမီးတော် ရွှေတိဂုံဘုရားပေါ်အလည်လာစဉ်က ဖြစ်ပွားခဲ့တဲ့ သတင်းထောက်တဦးနဲ့ ဘုရားဂေါပကအဖွဲ့အချင်းများမှုမှာ အပြန်အလှန် တရားစွဲဆိုသွားကြမယ်လို့ သိရပါတယ်။
ရိုက်ကူး - ကျော်ဇေယျာဝင်း ၊ အောင်စိုးထိုက် ၊ တင်ဆက် -အောင်စိုးထိုက်



ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမူ့ နဲ့ ရုပ်ရှင် သရုပ်ဆောင် မင်းအုပ်စိုးကို ထောင်ဒဏ် နဲ့  ငွေဒဏ် အပြစ်ပေး

ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမူ့ နဲ့ ရုပ်ရှင် သရုပ်ဆောင် မင်းအုပ်စိုးကို ထောင်ဒဏ် နဲ့  ငွေဒဏ် အပြစ်ပေး ချမှတ်လိုက်ပါတယ်။ ဒီသတင်းကို ခွန်ဘသာ တင်ဆက်ထားပါတယ်။ ရိုက်ကူး ဗိုဗိုသီဟ



ရောင်းမလား၊ ဈေးကောင်းပေးမယ်



ခြင်ကိုက်ခံရနိုင်ခြေ များသူများ


ခြင်မတွေက ကိုက်တာဖြစ်ပြီး ခြင် ထီးတွေက လူ့သွေးကို မစုပ်ယူပါဘူး။ ခြင်မတွေက သွေးစုပ်ယူပြီး မျိုးဆက်ပွား များတာ ဖြစ်ပါတယ်။ လူအများ စုဝေးနေ ချိန်မှာ ခြင်တွေက ဘယ်သူ့ကို ပိုပြီး ကိုက် တတ်သလဲ ဆိုတဲ့ အချက်ကို သိထားသင့် ပါတယ်။ ဒါမှ သာခြင်အကိုက် မခံရအောင် ရှောင်လွှဲနိုင်မှာ ဖြစ်ပြီး ခြင်ကြောင့် ရရှိ တတ်တဲ့ ရောဂါ ဝေဒနာတွေ ကင်းဝေး မှာ ဖြစ်ပါတယ်။

ဘီယာသောက်ထားသူ

ဘီယာသောက် ထားတဲ့အခါ အရေ ပြားဓာတုဗေဒစနစ် ပြောင်းလဲသွားတဲ့အ တွက် ခြင်တွေ သဘောကျတတ်ပါတယ်။

ခြေထောက်အနံ့ဆိုးထွက်သူ

ခြေထောက် အနံ့ဆိုး ထွက်နေတဲ့အ ချိန်မှာ သင်းပျံ့နေချိန်မှာထက် ခြင်ကိုက် ခံရနိုင်ခြေ ၁၀ ဆ ပိုများပါတယ်။

ကိုယ်ဝန်ဆောင်ထားသူ

ကိုယ်ဝန်ဆောင် ထားချိန်မှာ ကာဗွန် ဒိုင်အောက်ဆိုက်တွေ ပိုအထွက်များပြီး ဝမ်းဗိုက်ဟာ ကိုယ်ဝန် မရှိချိန်ကထက် အ ပူချိန် ပိုမို မြင့်တက် နေပါတယ်။ ဒီအချက် က ခြင်ကိုက်ခံ ရနိုင်ခြေ များစေတဲ့ အချက်ပါ။

ဇွန်
BY GOOD HEALTH

HTC နောက်တစ်မျိုးထွက်မည် - HTC One Max


HTC One Max လို့အမည်ပေးထားတဲ့ စမတ်ဖုန်း တစ်မျိုးကို HTC One Mini နဲ့အတူ မကြာမီထွက်ရှိတော့မယ်လို့ O2 Germany မှ စတင် သတင်း လွင့်ခြင်း ဖြစ်ပါတယ်။

၅.၉ လက်မ မျက်နှာပြင် - Android 4.2.2 Jelly Bean OS ကို အသုံးပြုပြီး Proceossor 2.3 GHz quod-core Qualcomm Snapdragon 800 ကို အသုံးပြုပါတယ်။ လက်ရှိ နောက်ဆုံးပေါ် စမတ်ဖုန်းတွေမှာ အသုံးပြုနေတဲ့ Processor အမျိုးအစားပဲ ဖြစ်ပါတယ်။ ဘက်ထရီ 3300 mAh အားရှိ ပါတယ်။

HTC က တရားဝင်ကြေညာထားခြင်း မရှိသေးပေမယ့် မကြာမီ Officially မိတ်ဆက်တော့မယ့် HTC ရဲ့  စမတ်ဖုန်း မျိုးဆက်သစ်လို့ ဖော်ပြ ထား ပါတယ်။ ၎င်းကို HTC T6 လို့အမည်ခေါ်ဆိုကြောင်း သိရပါတယ်။
.
Ref: pocketlint
Aung Kham (TSJ team)

အိမ်နီးချင်းနိုင်ငံ အဆင်ပြေဖို့ သက်စွန့်ဆံဖျား



ထိုင်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး နှစ်ပါးသည် ကိုယ်ပိုင်လေယာဉ်တစ်စင်းပေါ်တွင် အကောင်းစား နေကာမျက်မှန်များ တပ်ဆင်ထား


ကိုယ်ပိုင်လေယာဉ်နှင့် ခရီးသွားနေသည့် ဘုန်းတော်ကြီးဗီဒီယို YouTube ပေါ် ရောက်ခဲ့သည့်နောက် ထိုင်းနိုင်ငံတွင် လူပြောသူပြော များလာသည့် အဆိုပါဘုန်းတော်ကြီး တစ်ပါး၏ ဘဏ်အကောင့်များကို အာဏာပိုင်များက ဆိုင်းငံ့ထားလိုက်ကြောင်း Bangkok Post တွင် ဖော်ပြသည်။


ထိုင်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး နှစ်ပါးသည် ကိုယ်ပိုင်လေယာဉ်တစ်စင်းပေါ်တွင် အကောင်းစား နေကာမျက်မှန်များ တပ်ဆင်ထားပြီး ကြိုးမဲ့ နားကြပ်များဖြင့် ရှိနေသည့် ဗီဒီယိုတစ်ခု YouTubeပေါ် ရောက်လာပြီးနောက် ယင်းကိစ္စကို ဝေဖန်မှုများ ဖြစ်ပေါ်လာခဲ့သည်။

ယင်းဘုန်းတော်ကြီးများ အနီးတွင် အကောင်းဆုံး တန်ဖိုးကြီး အမှတ်တံဆိပ် အိတ်များပါ ရှိနေရာ (၄၇)စက္ကန့်ကြာ ဗီဒီယိုအတွက် ထိုင်းဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ အစည်းအရုံးက စိစစ်မှုများ ပြုလုပ်မည်ဟု ကြေညာခဲ့ရသည်။

ထိုင်းနိုင်ငံသည် ဗုဒ္ဓဘာသာ အထွန်းကားဆုံး နိုင်ငံများအနက် တစ်ခုအဖြစ် တည်ရှိနေပြီး ဗုဒ္ဓပွင့်ထွန်းသည့် သာသနာနှစ် (၂၆၀၀)ပြည့်အတွက် အလေးအနက် ပြင်ဆင်မှုများ ပြုလုပ်လျှက် ရှိသည်။
ထိုင်းနိုင်ငံရှိ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ (AMLO)မှ အာဏာပိုင်များသည် ယခုအခါ ဘုန်းတော်ကြီး ဖရာဝီယာပိုလ် ဆက်ပိုလ်(ခေါ်) လောင်ပူနန် ခမ် ချက်တီကို ဘဏ်အကောင့်များကို စိစစ် ဆိုင်းငံ့ထားလိုက်ပြီ ဖြစ်သည်။

ဘဏ်အသီးသီးတွင် ၎င်းဖွင့်လှစ်ထားသည့် အကောင့်ပေါင်း (၁၆)ခုအနက် (၁၀)ခုတွင် စုစုပေါင်း ဘတ်ငွေ သန်း(၂၀၀)မျှကို အပ်နှံထားကြောင်းလည်း AMLOမှ တာဝန်ရှိသူများက ဆိုသည်။ သက်တော် (၃၄)နှစ် ရှိပြီဖြစ်သော ဘုန်းတော်ကြီးသည် ဘဏ်အကောင့် (၆)ခုအနက် ဘတ်ငွေ (၂)သန်းမျှကို အလွှဲအပြောင်း ပြုလုပ်ထားကြောင်းလည်း AMLO အကြီးအကဲ ဆူဝေနီ ဆဝမ်ဖိုလ်က ပြောကြားခဲ့သည်။

၎င်းက "ဘုန်းတော်ကြီးနဲ့ သူ့ရဲ့ ဆက်စပ်ကွန်ရက်ကို ငွေကြေး အလွှဲအပြောင်းတွေ လုံးဝ ဆက်မလုပ်ဖို့၊ လုပ်ရင် ဒါဟာ ငွေကြေးခဝါချမှုထဲ အကျုံးဝင်သွားမယ် ဆိုတဲ့အကြောင်း သတိပေးထားပါတယ်"ဟုလည်း ဆိုသည်။ အဆိုပါ ဘုန်းတော်ကြီးသည် ဆီဆာကက် ခတ္တရာရွမ်ရှိ ဝပ္ပခန္ဓိသံ ဘုရားကျောင်းမှ အကြီးတန်း ဆရာတော် တစ်ပါးဟုလည်း သိရသည်။

အချို့သော သတင်းမီဒီယာများက ယခုငွေကြေးများသည် တရားမဝင် မူးယစ်ဆေးဝါး ရောင်းချမှုများမှ ဆက်နွယ်ရရှိနေသည်ဟု ဖော်ပြခဲ့သော်လည်း AMLO က ယင်းသတင်းကိုရော၊ ငွေကြေးခဝါချမှုနှင့် ဆက်နွယ်သည်ဟူသော ကောက်ချက်ကိုပါ အတည်မပြုနိုင်သေးကြောင်း ငြင်းဆန်သွားခဲ့သည်။

Source: http://www.bangkokpost.com/learning/learning-from-news/358113/monk-bank-accounts-suspicious-amlo-says

Planet Myanmar Network

ဖခင်အရင်းဖြစ်သူက သမီးနှစ်ဦးအား သားမယားပြုကျင့်


မန္တလေး၊ ဇူလိုင် ၎

ဖခင်အရင်းဖြစ်သူမှ သမီးနှစ်ဦးအား သားမယားအဖြစ်ပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း မန်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာတွင်ဖြစ်ပွားခဲ့ပြီး အမှုဖြစ်စဉ်မှာပြီးခဲ့သောဇွန်လဆန်းပိုင်းက မ--------(၁၆)နှစ်နှင့်ညီမဖြစ်သူ မ-----တို့နှစ်ဦး နေအိမ်အပေါ်ထပ်တွင်အိပ်
နေစဉ် ဖခင်အရင်းဖြစ်သူဦး---မှ မ----၏ပခုံးအား လှုပ်နှိုးပြီး မအော်နှင့် အော်လျှင်သတ်ပစ်မည်ဟု ချိန်းခြောက်ပြောဆိုကာ သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း၊ အမဖြစ်သူနှင့် ယောင်းမတော်သူတို့အားပြောပြရာ အစ်မဖြစ်သူမှာလည်း ဖခင်ဖြစ်သူဦး--က လွန်ခဲ့သောတစ်နှစ်ခန့်က သားမယားအဖြစ် ပြုကျင့်ခံခဲ့ရဘူးကြောင်း ဖခင်ဖြစ်သူအား ကြောက်ရ်ျ မည်သူမှ မပြောပြခဲ့ကြောင်း ၊သားမယားအဖြစ် ပြုကျင့်ခံရစဉ် ၀တ်ဆင်ခဲ့သည့် ထဘီနှင့် အတွင်းခံဘောင်းဘီအား သိမ်းဆည်းထားပြီး မုံရွာမြို့တွင်နေထိုင်သူ ဦးလေးထံ ညီမနှစ်ဦးမှ ဖြစ်စဉ်အား ပြောပြရ်ျ ဦးလေးဖြစ်သူမှ မကျေနပ်၍့် သားမယားပြုကျင့်ခံရသူ မ---မှ တရားလိုပြုလုပ်ကာ ယခုလ ၃ရက်နေ့တွင် တိုင်တန်းခဲ့ကြောင်း ရဲမှတ်တမ်းများမှသိရသည်။

၎င်းအမှုအား တရာလိုနှင့်သက်သေထွက်ဆိုချက်များအရ တရားခံမှာ ပြစ်မှုကျူးလွန်ကြောင်း ပေါ်ပေါက်သဖြင့် အုန်းချောရဲစခန်းမှ (ပ)၈၃/၂၀၁၃ ပုဒ်မ ၃၇၆ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖိုးလပြည့်

Popular Myanmar News Journal


အိမ်ဖော်ကို သားမယား ပြုသည်ဆိုကာ ဟင်္သာတ ခရိုင် သာသနာရေးမှူး ဌာနဆိုင်ရာ အရေးယူမှုခံရ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်သာသနာရေးမှူး ဦးသန်းထွန်းသည်၎င်း၏အိမ်ဖော် အရွယ်မရောက်သေးသူ မ—–အား အလိုမတူဘဲသားမယား အဖြစ်ပြုကျင်ခဲ့သောကြောင့် အရေးယူပေးပါရန်မရွှန်းဝေသော် ၏ အစ်မ၀မ်းကွဲဖြစ်သူ ဟင်္သာတ မြို့၊ ဘုရားကြီးရပ်ကွက်နေ ဒေါ်—–က သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံတိုင်ကြား ခဲ့ခြင်းနှင့် ပတ်သက်၍ သာသနာ ရေးဝန်ကြီးဌာနက စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် စစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌသည် ဟင်္သာတခရိုင်အထွေထွေအုပ်ချုပ် ရေးရုံးမှာ ရုံးထိုင်ပြီး ဟင်္သာတမြို့ နယ်တရားရုံးမှ တရားလွှတ်တော် ရှေ့နေနှင့် အထက်တန်းရှေ့နေ၊ ဟင်္သာတမြို့နယ်၊ အမှတ် (၁) ရဲစခန်း၊ စခန်းမှူး၊ ဘုရားကြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့အပါ အ၀င်သက်သေ ၁၉ ဦးတို့ကို အသေးစိတ်စစ်ဆေးကြောင်း သိရှိရသည်။

အမှတ် (၁) ရဲစခန်းမှ ရန်ကုန်မြို့၊ ပုဇွန်တောင်၊ ၅၁ လမ်းရှီ ဆုပြည့်ဆေးခန်းအထိ သွားရောက်ပြီး စစ်ဆေးချက်များ ရယူခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်အရဦးသန်းထွန်းသည် သာသနာရေးဝန်ကြီးဌာန၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် လုပ်ဆောင်ခြင်း၊ ပြည်သူလူထု အကြည်ညိုပျက်ပြားစေနိုင်သည့် လုပ်ရပ်များကို လုပ်ဆောင်ခဲ့ကြောင်း တွေ့ရှိရသဖြင့် ၀န်ထမ်းစည်းမျဉ်း စည်းကမ်းအရ ထိရောက်ဆုံးသော ပြစ်ဒဏ်ချမှတ်သင့်ကြောင်း စုံစမ်း စစ်ဆေးရေးအဖွဲ့က တင်ပြခဲ့ကြောင်း သိရှိရပါသည်။

၎င်းအား မူလရာ ထူးတာဝန်မှယာယီရပ်ဆိုင်းထား ကြောင်းလည်း သိရသည်။ ဟင်္သာတခရိုင်သာသနာရေးမှူး ဦးသန်းထွန်းကို တရားစွဲဖို့ရဲတပ်ဖွဲ့ က မြို့နယ်ဥပဒေအရာရှိထံ တင်ပြထားပြီးဖြစ်ကြောင်း သိရ သော်လည်းအရေးယူဆောင်ရွက် မှုနှောင့်နှေးနေသောကြောင်း သိရသည်။

သမီးရည်းစားကိစ္စ နောက်ပြောင်ရာမှ လူသတ်မှုဖြစ်ပွား


ရန်ကုန်၊ ဇူလိုင် ၂

ရွှေပြည်သာမြို့နယ် (၅) ရပ်ကွက် ရွှေဘုန်းရှိန်လမ်းတွင် ဇူလိုင်လ ၁ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်က သူငယ်ချင်းနှစ်ဦး သမီးရည်းစားကိစ္စ နောက်ပြောင် အငြင်းပွားရာမှ လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်း သိရှိရသည်။

အသက် ၁၈ နှစ်အရွယ်ရှိ မောင်သူရ (ခ) ဇွဲနောင်ဖြိုးနှင့် အသက် ၂၂ နှစ်အရွယ် မောင်ရဲနောင် တို့သည် ရွှေဘုန်းရှိန်လမ်းတွင် သမီးရည်းစား ကိစ္စဖြင့် အငြင်းပွားရာမှ မောင်ရဲနောင်က အရှည် သုံးလက်မခွဲခန့်ရှိ ခလုတ်ဓားဖြင့် ထိုးသဖြင့် မောင်သူရ (ခ) ဇွဲနောင်ဖြိုးတွင် ဝဲရင်အုပ်ဘေးတွင် ထိုး သွင်းဒဏ်ရာ တစ်ချက် ရရှိကာ အင်းစိန် ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံး သွားခဲ့ကြောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူးက The Voice သို့ ပြောသည်။

“သူတို့က သူငယ်ချင်းတွေပါ။ သူငယ်ချင်း၏ ချစ်သူကို မင်း ကောင်မလေး ငါလိုက်မယ်ဆိုပြီး စရင်းနောက်ရင်းက အခုလို ဖြစ်သွားတာပါ” ဟု အမှုစစ် ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

မောင်သူရ (ခ) ဇွဲနောင်ဖြိုးနှင့် မောင်ရဲနောင်တို့သည် ရွှေပန်းထိမ်ဆိုင် တစ်ခုတွင် အလုပ် လုပ်ကိုင်ကြ သူ သူငယ်ချင်းများ ဖြစ်ပြီး အလုပ်မှအပြန် သူငယ်ချင်း နှစ်ဦး အပြန်အလှန် စနောက်ရာမှ ယခုကဲ့သို့ လူသတ်မှု အထိပါ ဖြစ်ပွားရခြင်းဖြစ်ကြောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောကြား သည်။

လူသတ်မှု ကျုးလွန်သည်ဟု တိုင်ကြားခံရသူ မောင်ရဲနောင်ကို မိနစ် ၃၀ အကြာတွင် ရပ်ကွက် နေထိုင်သူများနှင့် ရဲတပ်ဖွဲ့ဝင်တို့က ပူးပေါင်း ဖမ်းဆီးခဲ့ကြောင်း အဆိုပါ အမှုကို စစ်ဆေးသည့် ရဲအရာရှိက ရှင်းပြ   သည်။
ဓားဖြင့် ထိုးသူဟု စွပ်စွဲခံရသူ မောင်ရဲနောင်ကို (ပ) ၄၇၈/၁၃၊ ပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့် အရေးယူထား ကြောင်း ရွှေပြည်သာမြို့နယ် ရဲစခန်းမှ စုံစမ်း သိရှိရသည်။

The Voice Weekly

အနမ်းနဲ့ ကျမ်းမာရေး


သင့်မှာ ချစ်သူ ရှိပါသလား။ နောက်ပြီး ချစ်သူကိုရော မြတ်မြတ်နိုးနိုး နမ်းခဲ့ဖူး ပါသလား။
ပြီးတော့ ချစ်သူကို နမ်းခြင်းဟာ ကျန်းမာရေးကို အထောက်အကူ ပြုတယ်ဆိုတာ ကိုရော သိပါသလား။ ကဲ … စိတ်ဝင်စား တယ်ဆိုရင် အောက်မှာ ရေးထားတဲ့ အနမ်းနဲ့ ကျန်းမာရေး ဘယ်နည်း ဘယ်ပုံ ဆက်စပ်နေတယ် ဆိုတာကို ဆက်ပြီး ဖတ်ကြည့် ပေါ့နော်။

တကယ်တော့ လူတစ်ယောက်နဲ့ တစ်ယောက် နမ်းတယ် ဆိုတာ ခံစားချက် အရရော၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ အရပါ ချစ်ခင် နှစ်လိုခြင်းဆိုတဲ့ သက်ရောက်မှုကို ဖွင့်ဆိုတာ ဖြစ်ပါတယ်။ လူတစ်ယောက်ကို နမ်းပြီဆိုရင် နမ်းတဲ့လူက အနမ်းခံ ရတဲ့သူကို ချစ်ပါတယ် ဆိုတဲ့ အဓိပ္ပါယ် ပဲပေါ့။ ကဲ … ဒါဆို အနမ်းနဲ့ ပတ်သတ်တဲ့ Definiton လေး တစ်ခုလောက် ထုတ်ကြည့် ရအောင်။ သင်ကရော ဘယ်လိုမျိုး ဖွင့်ဆိုမှာလဲ။ အနောက်တိုင်း ယုံကြည်မှု အရတော့ နမ်းတယ် ဆိုတာ “နှစ်လိုဖွယ် ခံစား ဆက်ယှက်မှုကို ပါးစပ်က မပြောဘဲ နှုတ်ခမ်းချင်း ထိတွေ့ ပူးကပ်ပြီး ဖော်ပြတဲ့ ချစ်ခြင်းရဲ့ သင်္ကေတ” လို့ ဖော်ပြ ထားပါတယ်။

နောက်ပြီးတော့ တစ်ယောက်ကို တစ်ယောက် မြတ်မြတ်နိုးနိုး နမ်းရှုံ့ကြတဲ့ စုံတွဲတွေတိုင်း ကျန်းမာရေး အတွက် ကောင်းမွန်တဲ့ အချက်(၇)ခုကို အလိုလို ရရှိနိုင် တယ်တဲ့။ အဲဒီ(၇)ချက်က ဘာတွေလဲဆိုတော့ …

၁။ တစ်ယောက်ကို တစ်ယောက် နမ်းနေကြတဲ့ အခါ ချစ်သူစုံတွဲ နှစ်ယောက်လုံးရဲ့သွေးကြော တွေဟာ ပြန့်ကားသွားပြီး သွေးခုန်နှုန်း ကိုလည်း မြန်လာ စေပါတယ်။ ဒါ့ကြောင့် သွေးကြောတွေ ထဲမှာ ပိတ်ဆို့နေတဲ့ အဆီတွေကို ချေဖျက်ပစ်ပြီး သွေးထဲမှာရှိတဲ့ ကိုလက်စထရော ပမာဏကိုလည်း ကျဆင်း စေပါတယ်။

၂။ နမ်းနေတဲ့ အချိန်မှာ စုံတွဲနှစ်ယောက်လုံးရဲ့ မျက်နှာ ပေါ်မှာရှိတဲ့ ကြွက်သားမျှင် အခု(၃၀)လောက်ကို လှုပ်ရှား လာအောင် ဦးနှောက်က လှုံ့ဆော် ပေးပါသတဲ့။ ဒါကြောင့်လဲ မျက်နှာမှာ ရှိတဲ့ အရေပြားတွေမှာ ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကို ဖယ်ရှား သန့်စင်စေပြီး မျက်နှာ တစ်ပြင်လုံး ပိုမို ချောမွေ့ လာစေပါတယ်။ နောက်ပြီးတော့ မျက်နှာပေါ်မှာ ယှက်ဖြာနေတဲ့ ဆံချည်မျှင် သွေးလွှတ်ကြော တွေရဲ့ သွေးစီးဆင်းမှုကို ပိုပြီး ကောင်းလာ စေပါတယ်။

၃။ နောက်တစ်ခု ကတော့ ၀တဲ့သူတွေ စိတ်ဝင်စားမယ့် ကိစ္စပါပဲ။ (၅)စက္ကန့် ကြာအောင် တစ်ခါနမ်းတိုင်း ကိုယ်တွင်းမှာ သိုလှောင်ထားတဲ့ အဆီပမာဏ (၁၂)ကီလိုရီ လောင်ကျွမ်း စေတယ်ဆိုပဲ။ ဒါကြောင့် ၀ိတ်ကျချင်ရင် ရည်းစားကို များများ နမ်းကြပါ။

 ၄။ နောက်တစ်ခုကတော့ စိတ်နဲ့ဆိုင်ပါတယ်။ နမ်းခြင်းဟာ စိတ်ထဲမှာ ရှိနေတဲ့ ဖိစီးမှုတွေ၊ အားငယ်မှု တွေကို ချေဖျက်ပေးပြီး စိတ်ခွန်အား နိမ့်ကျခြင်း ဖြစ်ပေါ်လာအောင် လှုံ့ဆော် ပေးတဲ့ ဟိုမုန်းဓာတ် တစ်မျိုး ဦးနှောက်က ထုတ်ပေးတာ ကိုလည်း တားဆီး ပေးပါတယ်။ နောက်ပြီး ယုံကြည်မှု ပျောက်ဆုံးနေတဲ့ သူတွေတောင် ချစ်သူရဲ့အနမ်းကြောင့် ကိုယ့်ကိုယ်ကို အကြီးမြတ်ဆုံး သူရဲကောင်းကြီး တွေလို့ ထင်မှတ်လာတတ် တယ်လို့ သုတေသီတွေက အတည်ပြု ထားပါတယ်။ ဒါကြောင့် ချစ်သူရဲ့အနမ်းဟာ အကောင်းဆုံးသော စိတ်ပိုင်းဆိုင်ရာ

ကုထုံး တစ်ခုပါပဲ။

၅။ ပြီးတော့ အနမ်းဆိုတာ သဘာဝ ရောဂါ ကာကွယ်ဆေး တစ်မျိုး ပါပဲတဲ့။ ဆေးပညာ သဘောအရ လူတစ်ဦး ဆီမှာ ရှိနေတတ်ကြတဲ့ သဘာဝ ကိုယ်ခံစွမ်းအား တွေဟာ မတူညီကြပါဘူး။ ဒါပေမယ့် ချစ်သူနှစ်ဦး နမ်းကြတဲ့အခါ သူတို့ တစ်ယောက်ချင်းစီမှာ ရှိတဲ့ ကိုယ်ခံပဋိဇီဝ စွမ်းအားတွေဟာ တံတွေးကနေ တဆင့် ပေါင်းစပ် သွားပါတယ်။ အဲဒီကနေ တဆင့် ကိုယ့်ချစ်သူမှာရှိပြီး ကိုယ့်ဆီမှာမရှိတဲ့ ရောဂါကာကွယ်မှု စွမ်းအင်တွေ ကိုယ့်ခန္ဓာ ကိုယ်ထဲ ပေါင်းစပ် ရောက်ရှိ လာနိုင်ခြေဟာ ရာခိုင်နှုန်း(၈၀)ထိ ရှိတယ်ဆိုပဲ။ ဒီဖြစ်စဉ်ကို “အနမ်းဖြင့် ရောဂါကာကွယ်နည်း”လို့ စိတ်ပညာရှင် တွေက နာမည် ပေးထား ပါတယ်။

၆။ နောက်ပြီး အနမ်းဟာ လူရဲ့ဦးနှောက် စွမ်းဆောင်ရည် တိုးတက်လာအောင် စနစ်တကျ နှိုးဆွ ပေးပါတယ်။ ဘယ်လို အချိန်မျိုးမှာ သိသာလဲဆိုရင် ကိုယ့်ချစ်သူကို ပထမဆုံး အကြိမ် နမ်းဖူးတဲ့ အခါ ပေါ်ပေါက် လာတတ်တဲ့ ရှိန်းကနဲ၊ ဖိန်းကနဲ ခံစားမှုမျိုးမှာ ထင်ထင်ရှားရှား တွေ့နိုင် ပါတယ်တဲ့။ အဲဒီအခိုက်အတန့်မှာ လူတစ်ယောက်ရဲ့ ဦးနှောက် အရည်အသွေးဟာ ထိပ်ဆုံး အဆင့်ထိ တက်နေပြီးတော့ ကိုယ်ရည် ကိုယ်သွေးကလည်း အမြင့်မားဆုံး ဖြစ်နေတတ် တယ်လို့ ဆိုပါတယ်။

၇။ နောက်ဆုံး တစ်ခုကတော့ သင်ကိုယ်တိုင်ပဲ စမ်းကြည့်ပြီးမှ ယုံပါတော့။ အဲဒါက ဘာလဲဆိုတော့ … ချစ်သူကို နမ်းရတာ ရင်ခုန် ကြည်နူးစရာ ကောင်းတယ်တဲ့။ နောက်ပြီး ပျော်စရာလဲ ကောင်းပါတယ်တဲ့။ ဘယ်လိုလဲ။ ဟုတ်ရော ဟုတ်ရဲ့လား၊၊၊ အခု ရေးသား ဖော်ပြချက် အနမ်းကို ပြုစုရေးသားသူ ကမ္ဘာကျော် အချစ် သုတေသန ဆရာကြီး ဒေါက်တာ ၀ီလျံစတိုင်းဘတ်၏ ကိုယ်တွေ့များ ဖြစ်ကြောင်းပါ ခင်ဗျား။

Myawady Health

ကိုရီးယား မင်းသမီး၏ ငှက်ပျောသီး သုံးပြီး ကိုယ်အလေးချိန် လျှော့ချနည်း


ကိုယ်အလေးချိန် များလာတဲ့အခါ တခြား သူတွေက သင့်ခန္ဓာကိုယ် အနေအထားနဲ့ ပတ်သက်ပြီး စိတ်အလိုမကျတဲ့ အတွေးတွေ ဝင်လာ နိုင်ပါတယ်။ ဒီအချိန်မှာ လေ့ကျင့်ခန်း လုပ်ပြီး
အစားအသောက်ကို လျှော့ချ ချင်ပေမယ့် ဒီလို လိုက်နာဖို့ ခက်ခဲ နေကြပါတယ်။ ဒါကြောင့် ကိုရီးယား မင်းသမီးတွေရဲ့ ငှက်ပျောသီးနဲ့ ကိုယ်အလေးချိန် လျှော့ချနည်းကို ဖော်ပြ ပေးလိုက်ပါတယ်။ ငှက်ပျောသီးမှာပါတဲ့ အင်ဇိုင်းတွေက အစာချေ ဖျက်တဲ့ ဖြစ်စဉ်ကို ကောင်းမွန် စေပြီး ကိုယ်အလေးချိန်ကို လျှော့ချ ပေးကြောင်း သီအိုရီ တစ်ခု အရ သိရပါတယ်။ တခြား သီအိုရီ တစ်ခုအရ ငှက်ပျောသီးက ကြာကြာ ဗိုက်ပြည့်စေပြီး အဆီတွေကို လောင်ကျွမ်း စေတယ်လို့ ဆိုပါတယ်။

ငှက်ပျောသီးဖြင့် ဝိတ်ချနည်း

နံနက်စာ အဖြစ် ငှက်ပျောသီး ၁-၂လုံး စားပြီး ရေနှစ်ဖန်ခွက် သောက်လိုက်ပါ။ နေ့လယ်စာ ကိုတော့ သင်ကြိုက်ရာ စားနိုင်ပါတယ်။ ဒါပေမဲ့ အဆီ ပါဝင်မှုများတဲ့ အစာကို ရှောင်ပါ။ ဒီကြားထဲ ဗိုက်ဆာရင် ငှက်ပျောသီး တစ်လုံး စားနိုင်ပါတယ်။ ညစာကို ၈ နာရီမတိုင်ခင် သစ်သီးနဲ့ ဟင်းသီး ဟင်းရွက်တွေပဲ စားပါ။ နံနက်စာအဖြစ် ငှက်ပျောသီးနဲ့ အဆီနည်း ဒိန်ချဉ်ကို တွဲစား ပေးနိုင်ပါတယ်။ ဒါဆိုရင် ကယ်လိုရီ လောင်ကျွမ်းမှု မြန်ပြီး ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်မှာ ဖြစ်ပါတယ်။

ကြယ်စင်


စီးပွားရေး အဆင်မပြေမှုကြောင့် ကိုယ်ဝန်(၈)လ လွယ်ထားသည့် အမျိုးသမီးတစ်ဦး ဆွဲကြိုးချ သေဆုံး





“ကျား” ရော “မ” ပါ ကျန်းမာဖို့ ထိပ်ဖြတ် ကြပါစို့

`
မြန်မာနိုင်ငံ အကြောင်းက မစလိုက်ဘဲ မန်ချက်(စ်)တာ တက္ကသိုလ်မှာ ကျွန်တော် ဘွဲ့လွန် တတ်စဉ်က အဖြစ်အပျက်ကို စလိုက် ပါမယ်။
အီဒင်ဗရာမြို့သို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ အစီအစဉ်ဖြင့် ကျွန်တော် လေ့လာရေး သွားခဲ့စဉ်က အဖြစ်အပျက် အကြောင်းအရာ ဖြစ်ပါသည်။

ဂနိုကျရောဂါအကြောင်း

စိတ်ဝင်စားစရာ အကြောင်း အရာပါပဲ။ လူသိများတဲ့ ဂနိုကျ ရောဂါဟာ ယောက်ျား ရောဂါ၊ မိန်းမကိုပါ ရောဂါကူးစက် အဖြူဆင်း စေတယ် ဆိုတာကို လူတိုင်း၊ ဇနီးမောင်နှံတိုင်း သိပြီး ဖြစ်ပါတယ်။ လေ့လာရေး ခရီးထွက်ခဲ့စဉ် အင်္ဂလန်နိုင်ငံ အီဒင်ဗရာ ကာလသား ရောဂါ ဆေးရုံကြီး၌ တွေ့ရတာက ဝေဒနာရှင် တစ်ဦး အဖြူဆင်းနေတာ မှန်ကန် သော်လည်း ဆရာဝန်ကြီးက မင်းတို့ပြောတဲ့ ဂနိုရောဂါက ရိုးနေပါပြီ၊ ဂနို မဟုတ်ပါဘူးကွာလို့ ဆရာဝန်ကြီးက ပြောလိုက်ပါတယ်။

ဆရာဝန်ကြီး ပြောလိုက်သည်မှာ “ဂနိုဆင်တူရိုးမှား ရောဂါ” ဖြစ်ပါသတဲ့။ ဂနိုရောဂါ ဆင်တူရိုးမှား ရှိကြောင်း မန်ချက်(စ်)တာ တက္ကသိုလ်သို့ ကျွန်တော် လေ့လာရေး ခရီး ထွက်ခဲ့စဉ်မှာ သိခဲ့ရပါသည်။ “ဤဂနို ဆင်တူရိုးမှား”ဆိုတဲ့ ဆောင်းပါးကို မြန်မာနိုင်ငံမှ ကြေးမုံ သတင်းစာကြီး၌ ဆေးဆောင်းပါးကို မန်ချက်(စ်)တာ တက္ကသိုလ်မှ ကျွန်တော် ရေးလိုက်ပါတယ်။

ဦးပန်းငုံအကြောင်း

ဗဟို အမျိုးသမီး ဆေးရုံကြီးမှ ဆရာဝန်မကြီးက ကျွန်တော့် ဆောင်းပါး ပါတဲ့ရက် အတွင်း အဖြူဆင်းတဲ့ ဝေဒနာရှင် အမျိုးသမီးကို မေးလိုက်တဲ့ မေးခွန်းက လူနာကို စိတ်ဝင်စား သွားစေ ခဲ့ပါတယ်။ ဆရာဝန်မကြီး မေးလိုက်သည်မှာ “ရှင့်ယောက်ျားက ဦးပန်းငုံလား။ ဒေါက်တာ အောင်ခင်ဆင့် ရေးတဲ့ ဆောင်းပါးထဲမှာ အဖြူဆင်းတာ ဦးပန်းငုံကြောင့်လို့ ရေးထားလို့ပါ”ဆရာဝန်မကြီးက လူနာကို မပြည့်မစုံ ပြောလိုက်ပါသည်။

ဒုတိယဆောင်းပါးရေးဖြစ်ခဲ့

ဤအဖြူဆင်းတဲ့ အမျိုးသမီးက ကျွန်တော့ လိပ်စာ ရအောင်ရှာပြီး မန်ချက်(စ်)တာ တန်းပြီး စာရေး မေးလိုက်တာက ဦးပန်းငုံအကြောင်း ရေးမေး လိုက်ပါ၍ ဒုတိယ ဆောင်းပါး ကျွန်တော် ရေးဖြစ် လိုက်ပြန်ပါသည်။ ဦးပန်းငုံဆိုတာ ယောက်ျားသား များရဲ့ ရောဂါ မဟုတ်သော ရောဂါ တစ်ခုဖြစ်သည်။ မွေးကတည်းက ယောက်ျား ပန်းတံဟာ မပွင့်ပါဘူး၊ ထိပ်ဖုံးလျက် ငုံနေပါတယ်။

ပန်းငုံပျက်တာ ကျန်းမာမူ ပျက်ကွက်

ဤကဲ့သို့ ပန်းငုံနေတာဟာ ကျန်းမာရေး ပျက်ပြယ်ပြီး ရောဂါ ကူးစက်စေလို့ အိန္ဒိယ လူမျိုးတို့က ကလေးတွေကို အရွယ် မရောက်မီမှာ ထိပ်ဖြတ်ဖွင့် ကြပါတယ်။ ဤသို့ ခွဲစိတ် ပြုလုပ်ခြင်းကို (အိန္ဒိယ ရှင်ပြုတယ်)လို့ အများက ပြောကြပါတယ်။

မှန်ပါသည် ထိပ်ဖုံး ဖုံးနေ၊ ငုံနေပါ၍ ဤပန်းတံတား (နားနှင့်မနာ ဖဝါးနှင့်သာနာကြပါ ဆရာတို့) မသန့်မပြန့် ဖြစ်လာပြီး (…ချီး)ဟု ခေါ်တဲ့ အဖြူတွေက ဖုံးကပ်လာလို့ မကျန်းမမာဖြစ်၊ အဖြူဖတ် တွေဖြစ် အနံ့အသက်က မကောင်းဖြစ်လာ သမျှဟာ ယောက်ျားထိပ် ပတ်ပန်းငုံရောဂါ ပါပဲခင်ဗျာ။

ပန်းငုံလို့ ဇနီးအဖြူဆင်း

မြန်မာနိုင်ငံက စာရေး မေးလိုက်တဲ့ အမျိုးသမီးကိုလည်း ဒီမပွင့်တဲ့ ထိပ်ဖုံး၊ ထိပ်ပိတ် ရောဂါ၊ ဦးပန်းငုံ ရောဂါ မသန့်မပြန့်တဲ့ အဖြူတွေနဲ့ ယောက်ျားမှ ဇနီးသည် မိန်းကလေးသို့ စပ်ယှက်ရာမှ အဖြူတွေ ကူးစက်ပါ၍ အမျိုးသမီး အဖြူဆင်း ရောဂါ ဖြစ်ကြပါကြောင်း စာရေးပြီး ရှင်းပြလိုက်ရာမှ ဒုတိယ ဆောင်းပါး မြန်မာနိုင်ငံသို့ ရေးခဲ့ ဖူးပါသည်။

ပန်းတံ ရေဆေး ရောဂါ ကင်းဝေး

ဦးပန်းငုံတို့ အတွက် ပညာပေး ပြောပြ နိုင်တာကတော့ (၂)မျိုး (၂)စား ရှိပါတယ်။ အချိန်မရ၍ မခွဲမစိတ် ထိပ်မဖွင့် နိုင်သေးပါက နေ့စဉ် ပန်းတံကို ဖွင့်ဖွင့်ပြီး ရေဆေးပေးပါ။ မကြာခဏ ပန်းတံကို ရေဆေး ပေးခြင်းဟာ ယောက်ျား၏ အင်္ဂါ ကျန်းမာခြင်း ဖြစ်ကြောင်း ပထမ အဖြစ် ပြောရမည် ဖြစ်ပါသည်။

ရှင်ပြုတာ လိင်သန့်ရှင်း

ဒုတိယ ပြောရမှာက ခွဲစိတ်ပါ၊ ထိပ်ဖြတ်ပါ၊ ရှင်ပြု လိုက်ပါဆိုတဲ့ ပညာပေး ပါပဲ။ သို့ပါမှ ဇနီးရော၊ ခင်ပွန်းပါ အင်္ဂါ ကျန်းမာမည် ဖြစ်ပါသည်။ အဖြူဆင်း ရောဂါနှင့် ကင်းဝေး ကြပါမည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။

လိင်ကင်ဆာ အထိအတွေ့ရ

အင်္ဂါ မကျန်းမမာခြင်း ပြောရာမှာ ပြည့်ပြည့်စုံစုံ ပြောလိုက်ရမည် ဆိုပါက (..ချီး) ပန်းတံမှာ အတင်များပြီး မသန့်မပြန့် ဖြစ်ခဲ့ပါလျှင် အသက်ကြီး လာပါက ပန်းတံ ကင်ဆာ ဖြစ်တတ်သည့် အခြေခံ ရှိကြောင်း ပန်းတံ ကျန်းမာရေး ဂရု ပြုကြပါလို့ လိုရင်း ပြောလိုက် ပါရစေ။

အရေးကြီးတဲ့ အရသာ ဒီမှာ

ပန်းတံ ထိပ်ဖြတ်ရာမှာ အရေးကြီးတဲ့ ပြဿနာ(၂) မျိုးရှိ ပြန်ပါတယ်။ ထို့ကြောင့် အရသာရှိတာ မပျက်ကွက် သွားရလေအောင် အရေပြား ဖြတ်တဲ့ အခါမှာ အရေးကြီးသလို ထိပ်ဖုံး ဖွင့်ပြီး သန့်ရှင်းဖို့ ထိပ်ပွင့် နေအောင်လည်း လုပ်ဖို့က အရေးကြီးကြောင်း(၂) မျိုး(၂)စား ရှိပြန်ပါတယ်။

အဖြတ်များလျှင် အရသာပျက်

ထို့ကြောင့် ဖြတ်တိုင်း သန့်ရှင်းတယ်လို့ မဆိုနိုင်ပါဘဲ ပန်းတံ အရေပြား အဖြတ်မများလွန်း၊ မနည်းလွန်း ခွဲစိတ် ပေးတတ်ရေး ပညာကတော့ ဆရာဝန်ရဲ့ ပညာဖြစ်ကြောင်း ပြောလိုက် ပါရစေ။ ဦးပန်းငုံတို့ စဉ်းစား သတိထားရေး ပညာပေး ပါပဲခင်ဗျာ။

ဆရာဝန်များ သတိထားရ

ထိပ်ဖြတ် ခွဲစိတ်ခြင်း (CIRCUMCISION) ခွဲစိတ်နေသူ ဆရာဝန်များ တစ်ဦးကို တစ်ဦး သတိပေး စကား ပြောနေကြသည်မှာ “ဟေ့ကောင်၊ သိပ်များ မသွားစေနဲ့နော်”ဟု စိုးရိမ်စိတ်နဲ့ ပြောနေကြတာ ခွဲစိတ်ခန်း ထဲမှာ ကြားခဲ့ဖူး ပါကြောင်းပါ ခင်ဗျာ။

Ref : Myanmar News Week

ငှက်ပျောသီးခွံဖြင့် သွားကို ဖြူစေ


အလွယ်ကူဆုံး နည်းလမ်းပဲ ဖြစ်ပါတယ်။ တကယ် လည်း ငှက်ပျော်သီးခွံနဲ့ သွားကို ဖြူစေပါတယ်။
လုပ်ပုံလုပ်နည်း ငှက်ပျောသီးရဲ့  အတွင်းခံနဲ့ သွား ကို ပွတ်လိမ်းပေး ရမှာ ဖြစ်ပြီး ၂ မိနစ် အတွင်းကို ယခင်က ဝါနေတာတွေ၊ မဲနေတာတွေ သိသိသာ သာ လျော့နည်း သွားစေမှာ ဖြစ်ပါတယ်။ ဘာလို့ လည်း ဆိုတော့ ငှက်ပျောသီးမှာပါတဲ့
ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ မန်းဂနစ်စ် ဓာတ်များ က သွားမှာ ကပ်နေတဲ့ အညစ်အကြေး၊ ဂျိုးများကို ကွာစေပြီး ဖြူဝင်းစေလို့ ဖြစ်ပါတယ်။
ဒါကြောင့် ငှက်ပျောသီးခွံဟာလည်း အလွယ်ကူဆုံးနဲ့ သဘာဝအကျဆုံး သွားဖြူဆေး တစ်ခုဖြစ်တဲ့အတွက် ဗဟုသုတအနေနဲ့ မျှဝေပေးလိုက် ရပါတယ်။
အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ 

တင်ပါးကြီးခြင်းသည် ကျန်းမာရေး အတွက်ကောင်း


တင်ပါးကြီး ခြင်းသည် ကျန်းမာ ရေး အတွက် ကောင်းကြောင်း လေ့လာ ချက် အသစ်အရ သိရသည်။ တင်ပါးနှင့် ပေါင်လုံး ကြီးခြင်းသည် ဗိုက်ပူခြင်း ထက်စာလျှင် ကျန်းမာရေးကို ဆိုးရွား စေသော ကိုယ်လက်စထရော
အမျိုး အစားကို လျော့နည်းစေပြီး သွေးလွှတ်ကြော နံရံများ မာကြောမှုကို ကာကွယ် ပေးသည့် ကျန်းမာ ရေးအတွက် ကောင်းသော ကိုယ်လက် စထရော အမျိုးအစားကို မြင့်တက် စေကြောင်း လေ့လာချက် အသစ် များအရ သိရ သည်။ တင်ပါးလုံး ကြီးခြင်းသည် ဆီးချို ရောဂါ ဖြစ်နိုင် ခြေကိုလည်း လျော့ချ ပေးနိုင်သည်။

ယခု တွေ့ရှိချက် အသစ်သည် ယခင်တွေ့ ရှိချက်ဖြစ်သော မြေပဲတောင့်ပုံ ခန္ဓာကိုယ် ရှိခြင်းသည် အကျိုး ကျေးဇူးရှိကြောင်း တွေ့ရှိ ချက်ကိုလည်း ထောက်ခံရာ ရောက်သည်ဟု ဆိုသည်။ ယခု တွေ့ရှိချက်အရ ဂျနီဖာလိုပက်ဇ်သည် ခန္ဓာကိုယ်တွင် အဆီများက ဝမ်းဗိုက် ထက်စာလျှင် တင်ပါးနှင့် ပေါင်လုံးတို့တွင် စုဝေးနေ သောကြောင့် ပို၍ အသက်ရှည် လိမ့်မည်ဟု ဆိုသည်။

အောက်စဖို့ဒ် တက္ကသိုလ်မှ သုတေသန ပညာရှင်များသည် အတူတကွ ပူးပေါင်းကာ ခန္ဓာကိုယ် အောက်ပိုင်းနှင့် ပတ်သက်၍ ကျန်းမာရေးအတွက် အကျိုးရှိနိုင်မည့် အချက်များကို သုတေသန ပြုခဲ့ရာ ခန္ဓာကိုယ် အလယ်ပိုင်း ထက် အောက်ပိုင်းတွင် အဆီများ စုဝေးခြင်းက ကျန်းမာ ရေးအတွက် ပို၍ ကောင်းကြောင်း တွေ့ရှိ ခဲ့ရသည်။

သုတေသန ပညာရှင် ကန်စတန် တီနိုမန်လိုပိုးလောက်စ်က “ကျွန်မတို့ရဲ့ တင်ပါးနဲ့ ပေါင်တစ်ဝိုက်မှာ ရှိတဲ့အဆီတွေဟာ ဝမ်းဗိုက်တစ်ဝိုက်မှာ ရှိတဲ့အဆီတွေနဲ့ မတူပါဘူး။ ကျန်းမာရေး အတွက် ကောင်းတဲ့ ကိုလက်စထရောနဲ့ မကောင်းတဲ့ ကိုလက်စထရော ရှိသလိုပဲ ကောင်းတဲ့အဆီနဲ့ မကောင်းတဲ့အဆီဆိုတာ ရှိပါတယ်။

ခန္ဓာကိုယ်အောက်ပိုင်းမှာ ရှိတဲ့ အဆီဆဲလ်တွေဟာ ခန္ဓာကိုယ် အထက်ပိုင်းမှာ ရှိတဲ့ အဆီဆဲလ်တွေနဲ့ မတူပါဘူး” ဟုဆို၏ ယခုတွေ့ရှိချက်အရ လူတစ်ဦး၏ ခါးနှင့် တင်ပါးအချိုးသည် ကိုယ်အလေးချိန်နှင့် အရပ်အမြင့်အချိုးဖြစ်သော BMI ထက် နှလုံးရောဂါ ဖြစ်နိုင်ခြေကို ခန့်မှန်းရန် အသုံးဝင်သည်ဟု ဆိုသည်။ ဘီယွန်ဆေးနိုးသည် ဝသော်လည်း တင်ပါးနှင့် ပေါင်လုံးကြီးပြီး ကျန်းမာသူတစ်ဦး ဖြစ်သည်ဟု ဆိုသည်။

myawady health

ဗိုက်ပူနေပါက လိုက်နာသင့်သော နည်းလမ်းများ


ဗိုက်ပူ တာကြောင့် အဝတ်အစား ဝတ်ဆင်ရာမှာ စမတ်ကျနမှု မရှိသလို ကျန်းမာရေး ကိုလည်း ထိခိုက် စေနိုင်ပါတယ်။
ဒါကြောင့် ဗိုက်ပူနေပြီ ဆိုရင် လိုက်နာသင့်တဲ့ နည်းလမ်းတွေကို အကြံ ပြုလိုက်ပါတယ်။

(၁) ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ

သင့်ခန္ဓာကိုယ်က စံသတ်မှတ်ထားတဲ့ ကိုယ်အလေးချိန်ထက် များနေရင် အပို ကိုယ်အလေးချိန်တွေ လျော့ကျ စေဖို့ လုပ်ဆောင် ရပါတော့မယ်။ အဲဒီလိုဖြစ် ဖို့ဆိုရင် သင်စားတဲ့ ပမာဏထက် ကယ်လိုရီပိုမို လောင်ကျွမ်းအောင် လုပ်ဆောင် ပေးပါ။ ဝမ်းဗိုက်ဘက် ကက်သားတွေ သန်စွမ်းအောင် အိပ်ထမတင် လေ့ကျင့်ခန်း၊ အလေးမတဲ့ လေ့ကျင့်ခန်း၊ ထိုင်ထလေ့ ကျင့်ခန်း စတဲ့ လေ့ကျင့်ခန်းတွေ လုပ်တာက အကောင်းဆုံး နည်းပါ။ ဒါက ကိုယ်အလေးချိန် ကျစေတဲ့အပြင် ဝမ်းဗိုက်ကို ချပ်ရပ် စေပါတယ်။

(၂) အမျှင်ဓာတ်များများ စားပါ

အမျှင်ဓာတ် များများပါတဲ့ အစာကို စားတာကြောင့် လေပွ၊ လေထတာမျိုး မဖြစ်အောင် ကာကွယ် နိုင်ပါတယ်။ အမျှင်ဓာတ်ပါတဲ့ ကောက်နှံ တစ်ခုလုံးနဲ့ လုပ်တဲ့ အစာတွေက ဗိုက်မြန်မြန် ပြည့်စေပြီး ဟင်းသီး ဟင်းရွက်တွေက ကယ်လိုရီ ပါဝင်မှု နည်းပါး ပါတယ်။

(၃) ဆားလျှော့စားပါ

လူအများစုဟာ ဆိုဒီယမ်ကို လိုအပ်တာထက် နှစ်ဆပိုစား နေကြတယ်လို့ ကျွမ်းကျင်သူ တွေက အကြံပြု ထားပါတယ်။ ဆားအများကြီး စားတာကြောင့် သွေးတိုး စေနိုင်သလို လေပွ စေနိုင်ပါတယ်။ ဆားပါဝင်မှု များတဲ့ အဓိက ရန်သူက တာရှည် ခံအောင် ပြုပြင်ထားတဲ့ အစာတွေပါ။ ဒီအစာတွေ မစားခင် အာဟာရ တန်ဖိုးကို အရင် ဖတ်ကြည့်ပါဦး။ ဗိုက်သားချပ် ရပ်ဖို့အတွက် အကောင်းဆုံးက လတ်ဆတ်တဲ့ ပါဝင်ပစ္စည်းတွေကို သုံးပြီး အိမ်မှာ မိမိဘာသာ ချက်ပြုတ် ပြင်ဆင်ပြီး စားတာပဲ ဖြစ်ပါတယ်။ ရေများများ သောက်တာက ဆိုဒီယမ် ပမာဏကို လျော့ကျ စေပါတယ်။

(၄) အစာကို နည်းနည်းနှင့် မကြာခဏ စားပါ

ညစာကို များများ စားတာကြောင့် ဗိုက်ပူ နေတယ်ဆိုရင် နည်းနည်းနဲ့ မကြာ ခဏစားတဲ့ အလေ့အထကို ပြောင်းလဲ ကြည့်ပါ။ နေ့စဉ် အချိန် ၃-၄ နာရီကြာတိုင်း အစာနည်းနည်း စားပေးပါ။ ဒါဆိုရင် ဗိုက်ဆာတာနဲ့ အစာကို စားသင့်တာ ထက်ပိုစားမိတာမျိုး ဖြစ်နိုင်ခြေ နည်း သွားပါလိမ့်မယ်။

(၅) ဆရာဝန်နှင့် တွေ့ဆုံဆွေးနွေးပါ

ကိုယ်အလေးချိန် လျော့ကျပေမယ့် ခါးအတိုင်း အတာက လျော့ကျမှု မရှိဘူး ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။

credit to Myawady

ရန်ကင်း ၈ရပ်ကွက်ထဲက လမ်းနဲ့မလွတ်တဲ့ ဆိုင်ခန်းတွေ စည်ပင်က ဝင်ရောက်ဖျက်စီး


ရန်ကင်းမြို့နယ် ၈ရပ်ကွက်ထဲက စည်ပင်ဝန်ထမ်းအိမ်ရာဘေးက စည်ပင်လမ်းကို တိုးချဲ့ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ လမ်းဘေးက ဆိုင်ခန်းတွေကို မြို့တော်စည်ပင် ဇူလိုင် ၃ရက်နေ့မှာ မြေတူးစက်တွေနဲ့ စတင်ဖျက်စီးခဲ့ပါတယ်။



မန်ယူတောင်ပံကစားသမား နာနီကို ရိုးမား စိတ်ဝင်စား


မန်ချက်စတာ ယူနိုက်တက် တောင်ပံလူ လူးဝစ်နာနီကို ခေါ်ယူရန် အီတလီ စီးရီးအေကလပ် ရိုးမားအသင်းက စိတ်ဝင်စားနေကြောင်း သိရှိရသည်။ အသက်(၂၆)နှစ်ရှိ ပေါ်တူဂီ လက်ရွေးစင်သည် အသင်းနှင့် စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်တော့ပြီး ယခုနွေရာသီတွင် အိုးလ်ထရက်ဖို့ဒ်မှ ထွက်ခွာမည်ဟု ယူဆရသည်။

၎င်းသည် ပြီးခဲ့သည့် ရာသီက ဒဏ်ရာ ပြဿနာများကြောင့် ပွဲများများ မကစားခဲ့ရသလို မန်နေဂျာသစ် ဒေးဗစ် မိုယက်စ်၏ စိတ်ကြိုက် ကစားသမားလည်း ဖြစ်လာမည့် အခြေအနေ မရှိရာ အသင်းပြောင်းရန် အလားအလာ များနေသည်။ နာနီကို ပြင်သစ် တန်းတက်ကလပ် မိုနာကိုက ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ထားပြီး တူရကီကလပ် ဂါလာတာဆာရေးကလည်း စိတ်ဝင်စားနေသည်ဟု ယုံကြည်ရသည်။

ယခုအခါ ရိုးမားအသင်းကလည်း နာနီကို နှစ်သက် သဘောကျလာသည့်နောက် အဆိုပါ ကစားသမားအတွက် ကလပ်(၃)ခု အားပြိုင်ရမည့် အခြေအနေ ရှိလာသည်။ ယူနိုက်တက်သည် နာနီအတွက် ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် (၁၂)သန်းမျှ ရရှိရန် မျှော်လင့်နေသည်။

ယူနိုက်တက်သည် ယခုရာသီ အဓိက ကစားသမား နှစ်ဦးအဖြစ် နာနီနှင့် ဝိန်းရွန်နီတို့၏ အနာဂတ်အတွက် အဖြေရှာရန် လုပ်ဆောင်နေရသည်။ တိုက်စစ်မှူး ရွန်နီအနေဖြင့် မိုယက်စ်နှင့် ဆွေးနွေးရန် စီစဉ်ထားမှုမှာလည်း လတ်တလောတွင် ခေတ္တ ရွှေ့ဆိုင်းထားကြောင်း သိရှိရသည်။

Planet Myanmar Network

တရုတ်တွင် ပိတ်ပင်ထားသည့် ညစ်ညမ်းရုပ်ရှင်အား လူစည်ကားရာနေရာရှိ LED Screen ကြီးပေါ်တွင် မှားယွင်းပြသမိ


တရုတ်နိုင်ငံတွင် ‎#China လိင်မှုဆိုင်ရာ ညစ်ညမ်းပုံရိပ်များကြောင့် ပိတ်ပင်ထားသည့် ရုပ်ရှင်တစ်ခုကို လူစည်ကားသည့် နေရာမှ ‎#LED ‎#Screen ကြီးပေါ်တွင် ပြသမိခဲ့ကြောင်း သိရှိရသည်။ အများပြည်သူ သွားလာနေသော နေရာတွင် ထောင်ထားသည့် ကြီးမားလှသည့် LED Screenကြီးပေါ်တွင် ဆိုးဆိုးရွားရွား အပြာပုံရိပ်များ ထွက်ပေါ်လာခြင်းကြောင့် အများအတွက် အံ့ဩစရာ ဖြစ်ခဲ့ရသည်။

ဂျီလင်းခရိုင်ရှိ ရင်ပြင်တစ်ခုတွင် စိုက်ထူထားသော LED Screenကြီး၌ ‎#The ‎#Forbidden ‎#Legend: ‎#Sex ‎#and ‎#Chopsticks ဇာတ်ကားသည် (၁၀)မိနစ်မျှ ပြသနေခဲ့ရာ ဖြတ်သွားဖြတ်လာများ ပါးစပ် အဟောင်းသား ဖြစ်ခဲ့ရသည်။ ယင်းသည် LED Screenတွင် ထုတ်လွှင့် ပြသမှုများကို တာဝန်ယူထားသည့် ကုမ္ပဏီမှ ဝန်ထမ်း တစ်ဦး၏ အမှားကြောင့် ဖြစ်သည်။

နည်းပညာ ကျွမ်းကျင်သူ တစ်ဦးသည် ၎င်း၏ ကွန်ပျူတာဖြင့် ယင်းဇာတ်ကားကို ကြည့်ရှုနေခြင်းဖြစ်ပြီး အဆိုပါ ကွန်ပျူတာသည် LED Screenတွင် ပြသမှုကို တိုက်ရိုက် ချိတ်ဆက်ထားသည်ကို သတိမမူမိဘဲ ရှိနေခဲ့ခြင်းဟု သိရသည်။ ယွမ်မူဆိုသော အဆိုပါ ဝန်ထမ်းသည် ၎င်း၏ အမှားကို သတိပြုမိချိန်တွင် ကွန်ပျူတာကို ပိတ်သိမ်းပြီး ရုပ်ရှင်ဇာတ်ကား ကူးယူထားသည့် DVDကိုလည်း ပြန်ထုတ်ထားလိုက်သည်။

သို့သော်လည်း ယင်းမတော်တဆ ဖြစ်ရပ်အကြောင်း လျင်မြန်စွာ လူသိခဲ့ပြီး ဂျီလင်း ဘူတာအနီးတွင် လူအများက LED Screenကြီးကို ဓာတ်ပုံရိုက်ကာ အင်တာနက်ပေါ် လွှင့်တင်ခဲ့ကြသည်။ ပြီးခဲ့သည့် သီတင်းပတ်က ဖြစ်ရပ်အပေါ် ရဲတပ်ဖွဲ့က စုံစမ်းမှုများ ပြုလုပ်နေသော်လည်း အများစုကမူ ယင်းကို ဟာသအနေဖြင့်သာ သဘောထားကြကြောင်း သိရသည်။ ယင်းဇာတ်ကားသည် (၁၇)ရာစုနှစ် တရုတ်ဝတ္ထုရှည် #The ‎#Plum ‎#in #the ‎#Gloden ‎#Vase ကို အခြေခံ ရိုက်ကူးထားခြင်းဟုလည်း သတင်းများက ဖော်ပြခဲ့သည်။

Reposted by Thae su

Credit To >Planet Myanmar Network

Website ရေးနည်း၊ html, css, javascript, jquery အစ အဆုံး video သင်ခန်းစာ

Web Designer တစ်ယောက်ဖြစ်ဖို့အတွက်ဆို HTML, CSS, JavaScript, jQuery အစရှိတာတွေကို သိထားဖို့ လိုအပ်ပါတယ်။ ဒါတွေကို လေ့လာဖို့ကလည်း အွန်လိုင်းများ သင်ခန်းစာတွေ အများကြီးရှိပေမယ့်၊ အင်္ဂလိပ်လိုတွေဖြစ်နေတာကြောင့် လေ့လာဖို့၊ တတ်မြောက်ဖို့ အင်မတန် ခဲယဉ်းပါတယ်။

တစ်ချို့ မြန်မာလိုရေးထားတဲ့ သင်ခန်းစာတွေလည်းရှိပေမယ့်၊ စာနဲ့ရှင်းပြတာဆိုတော့ မျက်လုံးထဲ သိပ်မြင်သာမှာမဟုတ်ပါဘူး။ အခု ကျွန်တော် ပေးမယ့်လင့်ခ်ကတော့ မြန်မာလိုလည်းဖြစ်၊ video နဲ့ သေချာ၊ အသေးစိတ်၊ ဘာမှမတတ်တဲ့လူတစ်ယောက်ကအစ လုပ်တတ်အောင် ရှင်းပြထားတာဖြစ်လို့ ဒီသင်ခန်းစာတွေကို ကြည့်ပြီးရင် ကိုယ်တိုင် website တစ်ခုရေးနိုင်မယ်ဆိုတာ သေချာပါတယ်။ ဒါကြောင့် အကျိုးရှိမယ့်လင့်ခ်မို့လို့ ရှယ်လိုက်တာပါ။

အဲဒီသင်ခန်းစာတွေ ကြည့်ချင်တယ်ဆိုရင်တော့ အောက်ပါလင့်ခ်အတိုင်း သွားလိုက်ပါ။

သင်ခန်းစာဖတ်ရန် --> Myanmar Website Tutorials

မိန်းမလျာများအား အမေရိကန်အစိုးရက Green Card ထုတ်ပေး


မိန်းမလျာ များအား ခွဲခြားဆက်ဆံ မှုကို အဆုံးသတ်သည့် အနေဖြင့် လိင်တူ လက်ထပ်သည့် စုံတွဲများသည် Green Card လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း အမေရိ ကန် အစိုးရ ကပြောကြားခဲ့သည်။ မိန်းမလျာများအား Green Card ထုတ်ပေးမည် ဖြစ်ကြောင်း နိုင်ငံတွင်း လုံခြုံရေး ဒါရိုက်တာ ဂျန်းနက်နာ ပိုလီတန်နို က ပြောကြားသည်။

ဖက်ဒရယ် ဆိုင်ရာ အခွင့်အရေး များကို ချဲ့ထွင်ရန် နိုင်ငံအတွင်း လက်ထပ်ခဲ့သူ မိန်းမလျာများ အကျိုး ရှိစေရန် အတွက် တရားရုံးချုပ်မှ ၄င်းကတ်ထုတ် ပေးရန် လွန်ခဲ့သည့် သီတင်းပတ်က အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

တရားရုံးမှ ယင်းကဲ့သို့ အမိန့်ချ မှတ်ခဲ့ပြီးနောက် အဆိုပါ ကိစ္စရပ်များ အဆင်ပြေချောမွေ့စွာ လုပ်ကိုင်နိုင်ရန် သမ္မတ အိုဘားမားက ဖက်ဒရယ်အေဂျင် စီကို ညွှန် ကြားခဲ့သည်။

မိန်းမလျာများအား Green Card ထုတ်ပေးရန် တောင်းခံထားသည့် အသနားခံ စာများကို ပြန်စစ်ဆေးရန် အမေရိကန် နိုင်ငံသားနှင့် လူဝင်မှု ကြီးကြပ်ရေး ဌာန ကို ညွှန်ကြားခဲ့ကြောင်း ဂျန်းနက် က ပြောကြားသည်။
တရားရုံးချုပ်မှ ယင်းကဲ့သို့ အမိန့် ချမှတ်ခဲ့ပြီးနောက် အသနားခံစာ တင် ထားသည့် မိန်းမလျာ စုံတွဲသည် Green Card ကို ရရှိခဲ့ကြောင်း သိရသည်။

Green Card ကိုင်ဆောင်ထားသူ အနေဖြင့် အမေရိကန် နိုင်ငံတွင် နေထိုင်ခွင့်၊ အလုပ်လုပ်ကိုင်ခွင့်၊ စီးပွားရေး လုပ်ကိုင်ခွင့်နှင့် အမေရိကန် နိုင်ငံအတွင်း၌ ဗီဇာမလိုဘဲ ဝင်ထွက်သွား လာခွင့်ရမည်ဖြစ်သည်။

သိင်္ဂီဝင်း
Ref: AFP
Popular Myanmar News Journal

ကြန့်ကြာနေသော ရွှေဂုံတိုင်တံတား ဒီဇင်ဘာအပြီးဆောက်ရန် စည်ပင်တိုက်တွန်းမည်


ကြန့်ကြာနေသော ရွှေဂုံတိုင် တံတားတည်ဆောက်ရေးကို ယခုနှစ် ဒီဇင် ဘာတွင် အပြီးလုပ်ရန် တိုက်တွန်းသွား မည်ဟု ရန်ကုန်စည်ပင် အင်ဂျင်နီယာ ဌာန(လမ်းနှင့်တံတား)မှ တံတားများတည် ဆောက်မှု အပိုင်းကို အဓိက တာဝန်ယူ နေသည့် ဒုတိယဌာနမှူး ဦးစည်သူလွင် က ပြောသည်။

”ကြာနေတာကိုတော့ သက်ဆိုင် ရာလူကြီးတွေက မကြာဖို့ ညွှန်ကြားထား တယ်”ဟု ၎င်းက ပြောသည်။ရွှေဂုံတိုင်တံတားပြီးစီးမှု အခြေအ နေမှာ ပစ္စည်းများ ဝယ်ယူထားရှိမှုနှင့် လုပ်ငန်းဆောင်ရွက်ပြီးမှုကို ပူးပေါင်း တွက်ချက်ရသည့်အတွက် ၎င်းအနေ ဖြင့် ပြီးစီးမှုပိုင်းကို အဖြေ မပေးနိုင်သေး ကြောင်း ပြောသည်။ရွှေဂုံတိုင် တံတား တည်ဆောက် နေသည့်အတွက် လမ်းကြောပိတ်ဆို့ ခြင်း၊ ရေထွက်ရှိခြင်း၊ လမ်းအပေါက်များ များပြားလာခြင်းနှင့် တံတားတည် ဆောက်မှု အတွက် မြေဧရိယာ ယူထား သည်မှာ များပြားသည်ဆိုသည့် ပြည်သူ အချို့၏ အသံကို ကြားသိရသည်ဟု ၎င်းက ဆိုသည်။လမ်းအပေါက် များ ဖြစ်ပေါ်နေမှု အတွက် ညဘက်ပိုင်းတွင် ဖာထေးပေး ခြင်းကို သုံးကြိမ်တိုင် ပြုလုပ်ပေးပြီးဖြစ် ကြောင်း၊ သို့သော် လက်ရှိ အချိန်တွင် လည်း အပေါက်များရှိနေဆဲဖြစ်ကြောင်း၊ ယင်းကို ရာသီဥတုကောင်းမွန်ပါက ထပ်မံ ဖာထေးပေးသွားရန်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

”မိုးရွာနေရင်တော့ လမ်းပေါက် တွေမဖာနိုင်ဘူး။ မဟုတ်ရင် ည ၂ နာရီ ၃ နာရီလောက်ထိ ဖာပေးတယ်။ ရာသီ ဥတုပေါ်မူတည်တယ်။ နေ့လယ်ပိုင်း က တော့ ဖာပေးလို့မရဘူး။ လမ်းပိတ်မှာ စိုးလို့။ ဒါကြောင့်မို့ သဲနဲ့ ကျောက်တော့ ရောပြီး ခင်းပေးထားတယ်”ဟု အထက် ပါအရာရှိ က ပြောသည်။ ရွှေဂုံတိုင် ခုံးကျော်တံတားကို ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့ တွင် ပန္နက်တင်ခဲ့ခြင်းဖြစ်ပြီး Capital ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်နေခြင်း ဖြစ်သည်။

ရွှေဂုံတိုင်တံတားအပြင် ဘုရင့် နောင် တံတားကိုလည်း ယခုနှစ် ဒီဇင် ဘာတွင် အပြီးတည်ဆောက်ရန် ညွှန် ကြားထားကြောင်း ရန်ကုန်စည်ပင်မှ သိရသည်။၂ဝ၁၂ ခုနှစ်တွင် ရွှေတောင်ကုမ္ပ ဏီမှ အစောဆုံးတည်ဆောက် ခဲ့သည့် လှည်းတန်း ခုံးကျော်တံတားမှာ ၂ဝ၁၂ ခုနှစ် မတ်လ ၁ဝ ရက်နေ့တွင်ပန္နက်တင် ခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၃ ခုနှစ်ဧပြီလ ၁ဝ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ရာတည်ဆောက် မှုကြာမြင့်ချိန် ၁၃ လရှိခဲ့သည်။

ဝေမာထွန်း
Popular Myanmar News Journal

မြစ်ဆုံ စာချုပ်နှင့် ဒေသခံများ အနာဂတ်ကိစ္စ ဒု-ဝန်ကြီးဖြေကြားမှု မပြည့်စုံ


မင်းမင်း | ကြာသပတေးနေ့၊ ဇူလိုင်လ ၀၄ ရက် ၂၀၁၃ ခုနှစ် ၁၃ နာရီ ၁၆ မိနစ်

ရန်ကုန် (မဇ္ဈိမ)။   ။ မြစ်ဆုံစီမံကိန်း စာချုပ်နှင့် ပြောင်းရွှေ့ခဲ့ရသော ဒေသခံများ အနာဂတ်အရေးနှင့် ပတ်သက်၍ လွှတ်တော်တွင် မေးမြန်းမှုကို လျှပ်စစ်စွမ်းအား ဒု-ဝန်ကြီး၏ ပြန်လည်ဖြေကြားချက်မှာ ပြည့်စုံလုံလောက်မှု မရှိကြောင်း မေးခွန်းရှင် ဒေါ်ဒွဲဘူ က မဇ္ဈိမကို ပြောသည်။

ဒေသခံများ နေရာသစ်မြေမှာ အောက်ခံ ကျောက်မြေဖြစ်၍ စိုက်ပျိုးရန် အခက်အခဲရှိနေရာ ၎င်းတို့ အနာဂတ် အရေး မည်ကဲ့သို့ လုပ်ဆောင်ပေးမည်ကို မေးမြန်းရာတွင် “ကျမ မေးတာ သူ အကုန် ဖြေမသွားပါဘူး။ စာချုပ်အကြောင်း
မေးတာလည်း ရွှေ့ပြောင်းတဲ့ကိစ္စပဲ ဖြေသွားတယ်” ဟု အင်ဂျန်းယန်မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူ က ပြောသည်။

၎င်း၏ မေးမြန်းချက်များကို ဒု-ဝန်ကြီး ဦးမြင့်ဇော် က ပြန်လည်ဖြေကြားရာတွင် “သန်းပေါင်း တသောင်းခြောက်ထောင်ကျော် အကုန်ခံပြီး ရွာ ၅ ရွာကို ပြောင်းပေးခဲ့ကြောင်းနှင့် ပြည်နယ် အစိုးရနှင့် ညှိနှိုင်းပြီး ဆက်လက်ဆောင်ရွက်ပေးသွားမည်” ဟုသာ ပြန်လည်ဖြေကြားခဲ့သည်။

သို့သော် မည်သည့်အချိန်တွင် မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို ဒု-ဝန်ကြီးက ပြောဆိုသွားခြင်း မရှိပေ။

လက်ရှိ ဘဝ အာမခံချက် ကင်းမဲ့နေသည့် ဒေသခံများ အနာဂတ်အရေး အမြန်ဆုံး ဆောင်ရွက်မပေးပါက လွှတ်တော်တွင် ဆက်လက်တိုက်တွန်းသွားမည်ဟုလည်း ဒေါ်ဒွဲဘူက ဆိုသည်။

ရှင်သန်ရပ်တည်ရေးအတွက် နေရာသစ်တွင် ရုန်းကန်နေရပုံနှင့်ပတ်သက်၍ ဒေသခံတဦးဖြစ်သည့် ဦးဆိုင်းတူ က “သူတို့ ပေးတဲ့ရွာက ကျောက်ဆောင်ကျောက်ခဲတွေ ခံနေတယ်။ မြေကြီး မကောင်းတော့ စိုက်ရတာ အဆင်မပြေဘူး။ ကျန်းမာရေးနဲ့ တခြားစရိတ်အတွက်က တောထွက်ပြီး ကြိမ်ခုတ်တာတို့၊ ဟင်းသီးဟင်းရွက် ရှာတာတို့ လုပ်ရတယ်” ဟု မဇ္ဈိမကို ပြောသည်။

ရပ်ဆိုင်းထားသော မြစ်ဆုံဆည် တည်ဆောက်မှုမှာ လက်ရှိ အစိုးရ သက်တမ်းအတွင်းသာ ဖြစ်၍ နောက်လာမည့် အစိုးရအဆက်ဆက်တွင်လည်း အဆိုပါစီမံကိန်းအား အပြီးတိုင် ရပ်ဆိုင်းပေးရန် စီမံကိန်း လုပ်ဆောင်သည့် တရုတ် CPI ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ကိုမြအေး ဦးဆောင်သည့် အဖွဲ့က ဇွန်လ ၆ ရက်တွင် တောင်းဆိုခဲ့သည်။

ရေအားလျှပ်စစ် မီဂါဝပ် ၆,ဝဝဝ ထုတ်လွှတ်နိုင်မည့် မြစ်ဆုံ ရေကာတာ စီမံကိန်းကို ၂ဝဝ၇ ခုနှစ်မှစ၍ အမှတ် (၁) လျှပ်စစ်ဝန်ကြီး ဌာန၊ တရုတ် လျှပ်စစ်ဓါတ်အား ရင်းနှီးမြှပ်နှံမှု ကော်ပိုရေးရှင်း CPI နှင့် အေးရှားဝေါလ် ကုမ္ပဏီများက တာဝန်ယူကာ ပူးတွဲ တည်ဆောက်ခဲ့ရာ မြန်မာပြည်သူများ ကန့်ကွက်မှုကြောင့် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၃ဝ ရက်နေ့တွင် သမ္မတ က ရပ်ဆိုင်းစေခဲ့ရသည်။

Mizzima

သရုပ်ဆောင်ရဲတိုက် အမြန်လမ်းမပေါ်တွင် ဆေးခြောက်နှင့်ဖမ်းမိ


ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် ဇွန်န၀ါရီလ(၄) ရက်နေ့ နံနက် (၃)နာရီခန့်တွင် သရုပ်ဆောင်ရဲတိုက်ကို ဆေးခြောက် တစ်ကျပ်သားနှင့်အတူ ဖမ်းမိထားကြောင်း ပဲခူးတိုင်း ဒေသကြီး ကျောက်တံခါးရဲစခန်းမှ တာဝန်ရှိသူ က NewsWatch(စောင့်ကြည့်)သတင်းဂျာနယ်ကို ပြောကြားသည်။
၎င်းကို သတင်းပေးပို့ချက်အရ သွားရောက် စစ်ဆေးခဲ့ရာ ဆိုက်ကယ်တစ်စီးနှင့် ဆေးသုံးထားသည်ကိုတွေ့ရှိရပြီး၊ ဆေးခြောက် တစ်ကျပ်သား လက်ဝယ်တွေ့ရှိမှုကြောင့် မူးယစ် ပ၄/၂၀၁၃ ဖြင့်အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

ငြိမ်းချမ်းမေ
News Watch Journal

ဘာသာပေါင်းစုံ ဆွေးနွေးပွဲများ ပြုလုပ်ပေးပါက ပဋိပက္ခများ လျော့နည်းနိုင်မည်ဟု ဆို

ဖိုးစိုးသူ | ကြာသပတေးနေ့၊ ဇူလိုင်လ ၀၄ ရက် ၂၀၁၃ ခုနှစ် ၀၈ နာရီ ၅၅ မိနစ်

ဘာသာရေး ၊ လူမျိုးရေး ပဋိပက္ခများ မဖြစ်ပွားစေရန်အတွက် မြို့နယ်အလိုက် ဘာသာပေါင်းစုံမှ ဘာသာရေး ခါင်းဆောင် များ အရပ်ဘက်ဆိုင်ရာ အဖွဲ့စည်းများအနေ ဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ၊ ဘာသာရေးဆွေးနွေးမှုများ ပြုလုပ်ပေးရန် လိုအပ်ကြောင်း မြောက်ဥက္ကလာပမြို့နယ် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးအဖွဲ့ ကိုယ်စားလှယ် ဦးဆန်နီက ပြောသည်။

ယင်းသို့ ပြောကြားခြင်းမှာ ဇူလိုင် ၂ ရက်တွင် ရန်ကုန်မြို့၊ မြောက်ဥက္ကလာ ၁ ရပ်ကွက် အစ္စလာမ်ဗလီ ကျောင်းတွင် ပြုလုပ်သော ခရစ်ယာန်၊ ဗုဒ္ဓဘာသာ၊ မွတ်စ်စလင်၊ ဟိန္ဒူ ဘာသာရေးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားခြင်း ဖြစ်သည်။

ယင်းသို့ ဆွေးနွေးပွဲများ ပုံမှန် လုပ်ပေးပါက လက်ရှိဖြစ်ပွားနေသော ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများ လျော့နည်းသွားမည် ဖြစ်သည်ဟု ပွဲသို့ တက်ရောက်လာသော ဘာသာလေးခုမှ ခေါင်းဆောင်များက ပြောကြားသည်။

၎င်းက ''ဒီလို ဆွေးနွေးခြင်းအားဖြင့် ကိုးကွယ်တဲ့ ဘာသာအလိုက် တစ်ဖက်နဲ့ တစ်ဖက်ယုံကြည်မှုတွေ၊ လေးစားမှုတွေ ထားပေးလာနိုင်တယ်။ ပဋိပက္ခတွေ ထပ်ပြီး မဖြစ်နိုင်တော့ဘူး။ ဖြစ်မယ့်ကိစ္စတွေ ရှိရင်တောင် ဘာသာရေးခေါင်းဆောင်တွေ အနေ နဲ့ ညှိနိုင်းပြီး အချိန်မီ တားဆီးမှုတွေလုပ်ပေး နိုင်မယ်'' ဟု ပြောသည်။

ပဋိပက္ခများဖြစ်ပွားရာတွင် တရားဥပဒေအရ တရားဥပဒေ စိုးမိုးရေးကိုသာ အဓိကထား အရေးယူဆောင် ရွက်သင့်ကြောင်း ပွဲသို့တက်ရောက်လာသည့် အစ္စလာမ်ဘာ သာဝင်တစ်ဦးဖြစ်သည့် ဒေါက်တာမြင့်သိန်း က ဆိုသည်။

ပဋိပက္ခများ မဖြစ်ပွားစေရန်နှင့် ငြိမ်းချမ်း မှုရရှိစေရန်အတွက် မေတ္တာတရားနှင့်သည်းခံမှု ထားနိုင်ရန် လိုအပ်သည်ဟုလည်း ယင်း တွေ့ဆုံ ဆွေးနွေးပွဲတွင် မြောက်ဥက္ကလာပ မြို့နယ်မှ စိန်ပန်းကျောင်းတိုက် ဆရာတော် ဦးပညာသီရိက မိန့်ကြားတော်မူခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ် ဘာသာ ပေါင်းစုံငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးအဖွဲ့အနေဖြင့် တွေ့ဆုံဆွးနွေးမှုများကို လစဉ် အလိုက် ပုံမှန်ပြုလုပ်သွားမည်ဖြစ်ပြီး ယခု ဆွေးနွေးပွဲ အပြီးတွင် ဗလီကျောင်းတွင် သံဃာတော်များ အား ဆွမ်းကပ်ခဲ့သည်။

Mizzima

Ytalk က မလေးရှားသို့ တစ်လအခမဲ့ ဖုန်းခေါ်ရန် ရွေ့လျားမော်တော်ယာဉ် စီစဉ်မည်


ရန်ကုန်၊ ဇူလိုင် ၃

Ytalk မှတစ်ဆင့် မလေးရှားနိုင်ငံသို့ တစ်လအတွင်း အခမဲ့ ဖုန်းခေါ်ဆိုနိုင်ရန် ရွေ့လျား မော်တော်ယာဉ်ဖြင့် ရန်ကုန်မြို့တော် နေရာအနှံ့သို့ လှည့်လည် ဝန်ဆောင်မှု ပေးမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး ဝန်ဆောင်မှုကုမ္ပဏီ VMG Telecoms ကုမ္ပဏီမှ Marketing Executive ဒေါ်ဖြိုးမီမီရှိန်က The Voice သို့ ပြောကြားသည်။

“ရန်ကုန်မှာ လုပ်ဖြစ်တဲ့ အကြောင်းတော့ အင်တာနက် အဆင်ပြေတဲ့နေရာကို ဦးစားပေးတာပါပဲ။ တာမွေနဲ့ ဗဟန်းကတော့ ပါချင်မှပါမယ်။ အဲဒီမှာ Y-Talk ဆိုင်တွေရှိတော့ အဲဒီဆိုင်တွေမှာ အခမဲ့ သုံးနိုင်ပါတယ်” ဟု ၎င်းကရှင်းပြသည်။

Y talk Calling Center တွင် ခေါ်ဆိုသူ များပြားလာသည့်အတွက် အဆိုပါ Calling Center များတွင် သွားရောက် ခေါ်ဆိုနိုင်ခြင်း မရှိသူများ အဆင်ပြေစေရန် ရည်ရွယ်၍ ယခုကဲ့သို့ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

Y talk On the Road ဟု အမည်ပေးထားသော ယင်းအစီအစဉ်သည် အင်တာနက်စနစ် တပ်ဆင်ထားသော ရွေ့လျား မော်တော်ယာဉ်များ (Mobile Car) ဖြင့် မလေးရှားနိုင်ငံသို့ မိနစ် အကန့်အသတ်မရှိ အခမဲ့ ခေါ်ဆိုနိုင်သောစနစ် ဖြစ်သည်။

ယင်းအစီအစဉ်ကို Y talk Calling Center များတွင် ဇူလိုင်လ ၉ ရက်နေ့မှ ဇူလိုင်လ ၁၅ ရက်နေ့ထိ သတ်မှတ်ထားကြောင်း Mobile Car စနစ်ဖြင့် ဝန်ဆောင်မှုပေးခြင်းကိုမူ ဇူလိုင်လ ၉ ရက်နေ့မှ သြဂုတ်လ ၉ ရက်နေ့ထိ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ
Y talk Calling Center များနှင့် အလှမ်းဝေးသည့် နေရာများကို အဓိကထား ဝန်ဆောင်မှု ပေးမည်ဖြစ်ပြီး မော်တော်ယာဉ် ရပ်နားရာနေရာသို့ သွားရောက် ခေါ်ဆိုရမည်ဟု ယင်းကုမ္ပဏီထံမှ သိရသည်။

“အခမဲ့ဆိုတော့ တစ်ခါလောက်တော့ သုံးကြည့်မယ်။ Y talk နဲ့ တစ်ခါမှ မခေါ်ဖူးဘူး” ဟု မလေးရှားနိုင်ငံရှိ သားဖြစ်သူထံ ဆက်သွယ်မည့် မြောက်ဥက္ကလာပမြို့နယ် (၂) ရပ်ကွက် ယုဇနလမ်းတွင် နေထိုင်သူ ဒေါ်ဘေဘီကဆိုသည်။

ယင်းကုမ္ပဏီက ပြည်ပမှပြည်တွင်းသို့ ဆက်သွယ် ခေါ်ယူနိုင်ရန် သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းလျက်ရှိပြီး ဆက်လက်တိုးချဲ့ လုပ်ဆောင်မည်ဟု ယင်းကုမ္ပဏီထံမှ သိရသည်။

မလေးရှားနိုင်ငံသို့ အခမဲ့ ခေါ်ဆိုနိုင်သော ဝန်ဆောင်မှုကို Y talk Calling Center နှစ်ခုလုံးတွင် ဇွန်လ ၁၃ ရက်နေ့က စတင်ခဲ့ပြီး မူလက ဇွန်လ ၃၀ ရက်နေ့တွင် အဆုံးသတ်ရန် စီစဉ်ခဲ့သော်လည်း ယခုအခါ ဇူလိုင်လ ၁၅ ရက်နေ့အထိ အသုံးပြုခွင့် ပြုသွားမည်ဟု သိရသည်။

ယခင်က Y talk ဖြင့် မြန်မာနိုင်ငံမှ မလေးရှားသို့ ဖုန်းခေါ်ဆိုပါက ခေါ်ဆိုခ တစ်မိနစ်လျှင်၂၄ ကျပ် (အမေရိကန်ဒေါ်လာ ၀ ဒသမ ၀၂၉) ကျသင့်သည်။

ပြီးခဲ့သည့် လအတွင်း မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမားများ အကြမ်းဖက်ခံရမှုများ ဖြစ်ပေါ်ခဲ့ပြီး မြန်မာအလုပ်သမားများ နေရပ်ပြန်လာမှုများ ဖြစ်ပေါ်နေချိန်တွင် ယခု Y talk အခမဲ့ ခေါ်ဆိုနိုင်မှု ပေါ်ပေါက် လာခြင်း ဖြစ်သည်။

အီဂျစ်နိုင်ငံတွင် စစ်တပ်က အာဏာသိမ်းကာ သမ္မတ မိုဟာ မက်မော်စီ အစိုးရကို ဖြုတ်ချလိုက်ပြီးနောက် မော်စီကို လိုက်လံရှာဖွေ ဖမ်းဆီး


အီဂျစ်နိုင်ငံတွင် စစ်တပ်က အာဏာသိမ်းကာ သမ္မတ မိုဟာ မက်မော်စီ အစိုးရကို ဖြုတ်ချလိုက်ပြီးနောက် မော်စီကို လိုက်လံရှာဖွေ ဖမ်းဆီးပြီး ထိန်းသိမ်းချုပ်နှောင် ထားလိုက်ကြောင်းလည်း သတင်းများက ဆိုသည်။ မော်စီလက်ထက် ကာကွယ်ရေးဝန်ကြီးနှင့် လက်နက်ကိုင် တပ်ပေါင်းစု အကြီးအကဲအဖြစ် တာဝန်ယူခဲ့သည့် ဗိုလ်ချုပ် အက်ဘ်ဒဲလ် ဖာတား အယ်လ်ဆီဆီက နိုင်ငံပိုင် ရုပ်မြင်သံကြား ဌာနမှတစ်ဆင့် မော်စီကို ဖြုတ်ချကြောင်း သတင်းအား အတည်ပြု ကြေညာခဲ့သည်။

ယခုအခါ ရဲတပ်ဖွဲ့များသည် မော်စီ၏ နိုင်ငံရေး အထောက်အပံ့များနှင့် ၎င်း၏ မဟာမိတ် မွတ်ဆလင် ညီအစ်ကိုတော်အဖွဲ့မှ ခေါင်းဆောင်များကို ရှာဖွေလျှက် ရှိသည်။ မော်စီကို ဆန့်ကျင်သည့် ဆန္ဒပြမှုများအတွင်း လူပေါင်း(၅၀)ကျော် သေဆုံးမှုများ ရှိခဲ့သလို အစိုးရကို ဆန္ဒပြသူများနှင့် ထောက်ခံသူများကြား ပဋိပက္ခများလည်း ကြီးထွားခဲ့သည်။

အီဂျစ်တွင် စစ်တပ်က အာဏာသိမ်းကြောင်း သတင်းကို ကြေညာပြီးနောက် မော်စီကို ထောက်ခံသူများက စစ်တပ်နှင့် လုံခြုံရေး တပ်ဖွဲ့များကို ဆန့်ကျင်ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။ ကိုင်ရိုတွင် မော်စီကို ဆန့်ကျင်သူများက ယခုသတင်းအတွက် ပျော်ရွှင်စွာ စုရုံး အောင်ပွဲခံပြီး မီးရှူးမီးပန်းများ ပစ်ဖောက်ကြသည်။ အလက်ဇန္ဒရီးယားတွင်မူ စစ်တပ်နှင့် မော်စီကို ထောက်ခံသူများကြား ပြဿနာများ ဖြစ်ပွားရာ မော်စီလိုလားသူ (၇)ဦး သေဆုံးခဲ့သေးသည်။

စစ်တပ်က ၎င်းတို့ လုံခြုံရေး ချထားသည့် နေအိမ်တွင် မော်စီနှင့် ၎င်း၏ နောက်လိုက်များကို ချုပ်နှောင်ထားကြောင်း မွတ်ဆလင် ညီအစ်ကိုတော်များအဖွဲ့မှ ထိပ်တန်းအဆင့်ရှိ အဖွဲ့ဝင် တစ်ဦးက ပြောကြားခဲ့သည်။ နောက်ပိုင်းတွင်မူ သမ္မတကို ကာကွယ်ရေး ဝန်ကြီးဌာနတွင် ပြောင်းရွှေ့ထားကြောင်းလည်း သိရသည်။ စစ်တပ်သည် မော်စီကို ဆန္ဒပြမှုများအတွက် တိတိကျကျ ဖြေရှင်းရန် (၄၈)နာရီ အချိန်ပေးခဲ့ပြီး မော်စီက လက်တွေ့ မလိုက်နာသည့်အခါ ယခုလို အာဏာသိမ်းခဲ့ခြင်း ဖြစ်သည်။

အာဏာသိမ်းမှု အပြီးတွင် ပြုလုပ်လာမည့် ရွေးကောက်ပွဲ၌ မွတ်ဆလင် ညီအစ်ကိုတော်များအဖွဲ့မှ အောင်မြင်မှု ပြန်ရလာမည်ကို စိုးရိမ်မှုများလည်း ရှိနေသည်။ မော်စီကို ထောက်ခံသူများသည် ကိုင်ရိုမြောက်ပိုင်းတွင် စုရုံးနေကြဆဲ ဖြစ်သည်။ ထောင်နှင့်သောင်းနှင့်ချီသော မော်စီ လိုလားသူများကြောင့် ယင်းနေရာတွင် သတင်းယူနေသူ မီဒီယာသမား အချို့ပါ ဆုတ်ခွာပြီး တိုက်ရိုက် ထုတ်လွှင့် ပြသမှုများ ရပ်ဆိုင်းခဲ့ရသည်။

အမေရိကန် သမ္မတ ဘာရတ် အိုဘားမားက လက်ရှိ အီဂျစ်နိုင်ငံရေး အခြေအနေအတွက် အလေးအနက် စိတ်ပူမိကြောင်း ဆိုသည်။ ထို့အပြင် မော်စီကို ဖြုတ်ချမှုသည် တစ်ဖက်သတ်ဆန်ကြောင်း ဝေဖန်ခဲ့သည်။ မေလက အမေရိကန် အစိုးရသည် အီဂျစ်ကို စစ်ဘက်ဆိုင်ရာ ထောက်ပံ့မှု ဒေါ်လာ (၁.၃)ဘီလျံ ပေးအပ်သွားရန် ဆုံးဖြတ်ခဲ့သော်လည်း လက်ရှိ အနေအထားတွင် အပြောင်းအလဲကို စဉ်းစားရဖွယ် ရှိနေသည်။ အီဂျစ် စစ်တပ်သည် အခြေအနေ လုံးဝ ငြိမ်သက်သည်အထိ မြို့ထဲတွင် စစ်ကားများ၊ တင့်ကားနှင့် သံချပ်ကာ ယာဉ်များကို ဖြန့်ကျက်ထားဖွယ် ရှိနေကြောင်းလည်း သိရှိရသည်။ 

ရှမ်းပြည်နယ် တောင်ပိုင်းတွင် တပ်မတော်နှင့် UWSA တို့ တင်းမာမှု ဖြစ်ပေါ်နေ


၂၀၁၃ ခုနှစ်၊ မတ် ၂၇ ရက်က (၆၈) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားကို နေပြည်တော်တွင် ကျင်းပခဲ့စဉ် (Photo:AFP)
ယခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ်တောင်ပိုင်း၊ တာချီလိတ်ခရိုင်၌ တပ်မတော်နှင့် ၀ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) တို့အကြား တင်းမာမှု ဖြစ်နေသော်လည်း တိုက်ပွဲဖြစ်ပွားနိုင်ခြေ နည်းပါးကြောင်း စစ်ရေးအကဲခတ်များက The Daily Eleven သို့ ဇူလိုင် ၃ ရက်တွင် ပြောကြားပါသည်။    
ပြီးခဲ့သည့် မေလအတွင်းက မိုင်းယွန်းမြို့နယ်ခွဲရှိ UWSA ပိုင် ရော်ဘာခြံ တစ်ခြံကို လာရောက်သိမ်းပိုက်သည့် အချိန်မှစ၍ နှစ်ဖက်တပ်များအကြား စစ်ရေးတင်းမာခဲ့ကြောင်းနှင့် ယခုလပိုင်းအတွင်း ရှမ်းပြည်နယ် တောင်ပိုင်းတွင်ရှိသော UWSA တပ်စခန်းများကို စာရင်းပြုစု တင်ပြရန်နှင့် တပ်စခန်းအချို့ ဆုတ်ခွာပေးရန် တပ်မတော်ဘက်မှ တောင်းဆိုမှုများ ရှိခဲ့သည့်အတွက် တင်းမာမှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိအချိန်တွင် မိုင်းတုံမြို့နယ်၌ရှိသော UWSA ၏ လွယ်ကောင်းမူ စခန်းကို တပ်မတော်မှ ဆုတ်ခွာခိုင်းထားပြီး UWSA ဘက်မှ ဆုတ်ခွာရန် ငြင်းဆန်ထားသဖြင့် ဇွန်လကုန်ပိုင်းမှ စတင်ကာ ထိုစခန်းကို တပ်မတော်မှ ၀ိုင်းထားဆဲဖြစ်ကြောင်း UWSA ၏ ပြင်ပဆက်ဆံရေးဌာန ဒုတိယတာဝန်ခံ ဦးဆမ်ခွန်းက ဇူလိုင် ၂ ရက်တွင် ရွှေဟင်္သာ သတင်းဌာနသို့ ပြောကြားခဲ့သည်။
"ပြီးခဲ့တဲ့ ဇွန်လအကုန်ပိုင်းကနေ ကနေ့အထိ တစ်ပတ်လောက်ရှိပြီး၊ ၀ိုင်းခံထားရ ဆဲပါ။ မဆုတ်တဲ့ စခန်းတွေ အားလုံးကို ၀ိုင်းတယ်။ တိုက်တော့ မတိုက်ဘူး။ ကျွန်တော်တို့ ခေါင်းဆောင်တွေကလည်း ဒီကိစ္စကို ဖြေရှင်းပေးဖို့ ကျိုင်းတုံမြို့ကို ရောက်နေတယ်။ အစိုးရဘက်ကတော့ ဖြေရှင်းပေးမယ်လို့ အကြောင်းပြန်ထားပေမယ့် ယခုအထိ ဘာမှမဖြေရှင်း ပေးသေးပါဘူး" ဟု ဦးဆမ်ခွန်း၏ ပြောကြားချက်ကို ရွှေဟင်္သာသတင်းတွင် ဖော်ပြထားသည်။
တပ်မတော်နှင့် UWSA တို့အကြား ယခုရက်ပိုင်းအတွင်း ဖြစ်ပွားနေသော အခြေအနေများနှင့် ပတ်သက်၍ နှစ်ဖက်စလုံးသို့ The Daily Eleven မှ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပေ။
သို့သော် တရုတ်-မြန်မာ နယ်စပ်နှင့် ထိုင်း-မြန်မာ နယ်စပ်တွင်ရှိနေသော စစ်ရေးအကဲခတ်များနှင့် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုအချို့မှ တာဝန်ရှိသူများက တပ်မတော်နှင့် UWSA အကြား တင်းမာမှုများ ရှိနေသည့်တိုင် တိုက်ပွဲဖြစ်နိုင်ခြေ မရှိကြောင်း သုံးသပ်ပြောဆို ကြပါသည်။
"သူတို့ကြားမှာ ပြဿနာ ရှိနေတာကတော့ တော်တော်ကြာပါပြီ။ အစိုးရဘက်ကလည်း မထိခလုတ်၊ ထိခလုတ် လုပ်တာတွေ ရှိထားပါတယ်။ အခုချိန်က မိုးတွင်းဖြစ်နေတဲ့အတွက် တိုက်ပွဲဖြစ်ဖို့ သိပ်မလွယ်ပါဘူး။ နောက်ပြီး နိုင်ငံတကာက စောင့်ကြည့်နေပါတယ်။ ဒါပေမဲ့ မူးယစ်ဆေးကိစ္စကို အကြောင်းပြုပြီး ဖိအားပေးတာတွေ ရှိလာနိုင်ပါတယ်" ဟု တရုတ်-မြန်မာ နယ်စပ်တွင် နေထိုင်နေပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ရင်းနှီးမှုရှိသူ ဦးအောင်ကျော်ဇောက ပြောကြားသည်။
တပ်မတော်နှင့် UWSA အကြား တင်းမာမှု ဖြစ်ပေါ်ရသည့် နောက်ခံအကြောင်းရင်း တစ်ရပ်မှာ UWSA ၏ "၀" တောင်ပိုင်းဒေသကို အစိုးရမှ ပြန်လည်ထိန်းချုပ်လိုသည့် ပြင်ဆင်မှုများကြောင့်ဟု စစ်ရေးအကဲခတ်များက ပြောကြားသည်။
UWSA အနေဖြင့် မြောက်ပိုင်းဌာနချုပ် ပန်ဆိုင်းတွင် အခြေစိုက် လှုပ်ရှားခဲ့ရာမှ ၁၉၉၄-၉၅ ခုနှစ်များအထိ ရှမ်းပြည်နယ်တောင်ပိုင်းတွင် လှုပ်ရှားခဲ့သော ခွန်ဆာတပ်များကို တိုက်ခိုက်ရာတွင် ပါဝင်ခဲ့ပါသည်။ ၁၉၉၆ ခုနှစ် ခွန်ဆာလက်နက်ချပြီးချိန်တွင် တာချီလိတ်၏ အနောက်တောင်ဘက်မှ ကယားပြည်နယ် အစပ်ထိ ဒေသများသို့ မြောက်ပိုင်းဌာနချုပ် ပန်ဆိုင်းမှ "၀" များအား ပြောင်းရွှေ့နေထိုင် စေခဲ့ရာမှ "၀" တောင်ပိုင်းဒေသ ပေါ်လာခဲ့ခြင်း ဖြစ်သည်။
"ခွန်ဆာ လက်နက်ချပြီးတော့ ပန်ဆိုင်းမှာ ရှိနေတဲ့ "၀" တွေကို တောင်ပိုင်းကို ရွှေ့ခိုင်းတယ်။ ၈၀၀၀၀ လောက် ရွှေ့ခိုင်းပေမယ့် ၉၀၀၀၀ နီးပါးလောက် တောင်ပိုင်းကို ရောက်သွားတယ်။ အဲဒီမှာ တရုတ်ဘက်က လူတချို့လည်း ပါလာတာပေါ့ဗျာ။ ဒေသက ရာသီဥတု၊ နယ်မြေအခြေအနေ ဆိုးရွားတာကြောင့်ရယ်၊ နောက်ပြီး တိုက်ပွဲကာလမှာ ကျဆုံးခဲ့ရတာတွေကြောင့် "၀" ဘက်က လေးငါးထောင်လောက် အသက်ဆုံးရှုံးပြီးမှ တောင်ပိုင်းကို ရခဲ့တယ်။ အဲဒီတော့ "၀" တွေဘက်က တောင်ပိုင်းကို လွယ်လွယ်နဲ့ ပြန်မပေးချင်ဘူးပေါ့ဗျာ" ဟု ဦးအောင်ကျော်ဇောက ပြောကြားသည်။

ရှမ်းပြည်နယ် အတွင်းရှိ "၀" တောင်ပိုင်းဒေသ (အ၀ါရောင်ခြယ်ထားသည့်) ဖော်ပြသည့် မြေပုံ
"၀" မြောက်ပိုင်း ပန်ဆန်းနှင့် "၀" တောင်ပိုင်းတို့ နှိုင်းယှဉ်ပါက "၀" တောင်ပိုင်းတွင် UWSA ၏ တပ်မဟာ ငါးခုရှိနေပြီး စစ်သည်အင်အား ၁၉၀၀၀ ကျော် ရှိနေကြောင်း သိရှိရပါသည်။
သို့ရာတွင် ၂၀၁၁ ခုနှစ် ၀န်းကျင်က တပ်မတော်မှ တိုးချဲ့ဖွဲ့စည်းခဲ့သော ခိုလမ်စစ်ဌာနချုပ် (သို့မဟုတ်) အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှာ "၀" မြောက်ပိုင်းနှင့် "၀" တောင်ပိုင်းတို့ အကြားတွင် ရှိနေသဖြင့် ဒေသနှစ်ခု ချိတ်ဆက်မှုကို အဆက်အသွယ် ဖြတ်နိုင်သည့် အခြေအနေရှိကြောင်း စစ်ရေးအကဲခတ်များက သုံးသပ်သည်။ ထို့အပြင် မိုင်းဖြတ်မြို့တွင် စကခ ၁၈၊ မိုင်းဆတ်မြို့တွင် စကခ ၁၄၊ မိုင်းပန်တွင် စကခ ၁၇၊ ကျိုင်းတုံတွင် တြိဂံဒေသ တိုင်းစစ်ဌာနချုပ်၊ လားရှိုးတွင် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် တောင်ကြီးတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တို့ ရှိနေသဖြင့် တပ်မတော်နှင့် UWSA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည် ဆိုပါက နှစ်ဖက်စစ်အင်အားများအရ တိုက်ပွဲပြင်းထန်နိုင်ခြေ ရှိသည့်အတွက် လက်ရှိအခြေအနေများကြောင့် တိုက်ပွဲဖြစ်နိုင်ခြေ နည်းပါးရခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ စစ်ရေးအကဲခတ်များက ပြောကြားခဲ့သည်။
"ဒါတွေအားလုံးက တပ်မတော်ရဲ့ အစီအမံတွေပါပဲ။ တစ်နှစ်ပတ်လုံး စစ်ဆင်ရေးကို ဘယ်အချိန်မှာ ဘာလုပ်ရမလဲ။ ရေရှည်လုပ်မလား။ ရေတိုလုပ်မလားဆိုတဲ့ စီမံချက်တွေ သူတို့မှာ ရှိထားပြီးသားပါ။ အခုလည်း RCSS/SSA နဲ့ အပေးအယူတည့်နေတဲ့ အချိန်မှာ "၀" နဲ့ တင်းမာသယောင် ဖြစ်လာတာပါ။ RCSS ကို တိုက်တုန်းကလည်း "၀" ရဲ့ အကူအညီနဲ့ တိုက်ခဲ့သလို အခု RCSS နဲ့ ပြေလည်နေချိန်မှာ "၀" ကို တိုက်မယ်ဆိုတဲ့ သတင်းတွေ ထွက်လာတာပါ။ တစ်ဖက်မှာ တောင်ပိုင်း "၀" နဲ့အဆင်မပြေ ဖြစ်နေတဲ့ အချိန်မှာ ရှမ်းပြည်တောင်ပိုင်း တပ်မတော်ရဲ့ အခြေအနေကိုလည်း စောင့်ကြည့်နေရမှာပါ။ ကစားပွဲ တစ်ခုလိုပါပဲ။ ဒါပေမဲ့ "၀" ဆိုတာက အစိုးရရဲ့ စီမံကိန်းကြီးတွေထဲက တစ်ဖွဲ့ဖြစ်တာကြောင့် ကြီးကြီးမားမား ဖြစ်လာလိမ့်မယ်လို့ မထင်ပါဘူး" ဟု ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်မြို့တွင် နေထိုင်နေသော ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့၏နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက The Daily Eleven သို့ ပြောကြားခဲ့သည်။
ကျိုင်းတုံနှင့် တာချီလိတ်မြို့တို့ရှိ UWSA ဆက်ဆံရေး ရုံးများကို ပိတ်လိုက်ကြောင်း ဇူလိုင် ၃ ရက် ညပိုင်းတွင် သတင်းများ ထွက်ပေါ်ခဲ့သည်။

"ကွန်ပျူတာမောက်စ်ကို တီထွင်ခဲ့သူ ကွယ်လွန်ရှာ"


ကယ်လီဖိုးနီးယား၊ ဇူလိုင် ၎

ကွန်ပျူတာမောက်စ်ကို တီထွင်ခဲ့သူ ဒေါက်ဂလပ်စ် အန်ဂျဲလ်ဘတ် သည် ဇူလိုင် ၃ ရက်ညက အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ သူ၏နေအိမ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်းသိရသည်။

သူ၏ တီထွင်မှုသည် ကွန်ပျူတာလောက၀ယ် ကြီးစွာသောပြောင်းလဲမှုဖြစ်စေခဲ့သဖြင့် ဆုငွေများချီးမြှင့်ခံခဲ့ရသည်။ သူ၏ ပထမဆုံးသော ကွန်ပျူတာမောက်စ် နမူနာပုံစံကို ၁၉၆၃ ခုနှစ်ကတည်းက တင်ပြခဲ့ပြီး၊ ယင်းမှာ သစ်သားဖြင့်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ကွန်ပျူတာမောက်စ်(mouse) ဆိုသည်မှာ အသုံးပြုသူ၏ရွေးချယ်မှုကိုလက်ဖြင့်လုပ်ဆောင်သောကိရိယာ(Manually Operated User Selection Equipment)ဆိုသည့် အင်္ဂလိပ်ဝေါဟာရကို အတိုကောက်ပြုထားခြင်းဖြစ်သည်။

မစ္စတာ ဒေါက်ဂလပ်စ် အန်ဂျဲလ်ဘတ် သည် ကွယ်လွန်ချိန်တွင် အသက် ၈၈ နှစ်ရှိနေပြီဖြစ်ကြောင်းသိရသည်။

PP
ref: CNN

အသားအရေ လှပချောမွေ့ရန်အတွက် နေ့စဉ် လိုအပ်ချက် ငါးမျိုး


အခုခေတ်မှာ အမျိုး သမီးတွေ သာမက အမျိုးသားတွေ ဟာလည်း အသား အရေ လှပအောင် ကြိုးစား လာကြပါပြီ။
အပြစ်အနာအဆာ ကင်းတဲ့ အသားအရေ အလှကို ပိုင်ဆိုင်တာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ လေးစားမှုကို တိုးစေတဲ့အတွက် အသားအရေ လှပရေးဆိုင်ရာ နေ့စဉ် အခြေခံ လိုအပ်ချက်တွေကို ရေးသား လိုက်ရပါတယ်

(၁) အင်တီအောက်ဆီးဒင့်

အင်တီအောက်ဆီးဒင့်တွေက နှလုံးသွေးကြော ကျန်းမာရေးကို ကောင်းမွန်စေသလို ကင်ဆာကိုလည်း ကာကွယ်နိုင်ပါတယ်။ သစ်သီးဝလံတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ပင်လယ်စာနဲ့ သံလွင်ဆီတွေထဲမှာ အင်တီအောက်ဆီးဒင့် အများအပြား ပါဝင်ပါတယ်။ အင်တီအောက်ဆီးဒင့်က ဆဲလ်ကောင်းတွေကို ထိခိုက်စေနိုင်တဲ့ ဖရီးရယ်ဒီကယ်တွေရဲ့ လုပ်ဆောင်မှုကို တွန်းလှန်ပေးပါတယ်။ ဒီလိုနည်းနဲ့ အရေပြား ဆဲလ်တွေကို ကျန်းမာစေတာ ဖြစ်ပါတယ်။ အင်တီအောက်ဆီးဒင့် နှစ်မျိုးဖြစ်တဲ့ ဗီတာမင်စီနဲ့ ဗီတာမင်အီးတို့က အရေပြားကို အောက်ပါနည်းတွေနဲ့ ကျန်းမာလှပစေပါတယ်။

ဗီတာမင်စီ - အရေပြားတင်းရင်း ပြည့်ဖြိုးစေတဲ့ ကော်လာဂျင်တွေကို တည်ဆောက် ပေးပါတယ်။ အခွံချွတ်မထားတဲ့ ကောက်နှံစာ၊ ပန်းသီးနဲ့ ချဉ်တဲ့ သစ်သီးတွေထဲမှာ ဗီတာမင်စီ ပါဝင်ပါတယ်။

ဗီတာမင်အီး - ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားထိခိုက်မှုကို တွန်းလှန်ပေးနိုင်ပြီး အရေပြား ဆဲလ်အမြှေးပါးတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဂျုံစေ့ဆီ၊ ဗာဒံစေ့နဲ့ မြေပဲ ထောပတ် တွေထဲမှာ ဗီတာမင်အီး ပါဝင်ပါတယ်။ အသားအရေကို လှပစေတဲ့ အင်တီ အောက်ဆီးဒင့် တွေက ဆီလီနီယမ်၊ သိုင်ယာမင်၊ ဘီတာကယ်ရိုတင်းနဲ့ ဇင့်(သွပ်)တို့ ဖြစ်ပါတယ်။

(၂) နေကာခရင်မ်

နေကာခရင်မ်ကို ပုံမှန်လိမ်းပေးရင် အရေပြား ကင်ဆာ အပါအဝင် အရေပြား အပြစ် အနာအဆာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့မှုကြောင့် အရေပြား အိုမင်းမှု ဖြစ်တတ်သလို အရေးကြောင်းထင်တာနဲ့ အရေပြား လျော့တွဲ ကျတာတို့လည်း ဖြစ်နိုင်ခြေ များပါတယ်။ ဒါကြောင့် နေကာခရင်မ်ကို ပုံမှန်လိမ်းပေးရင် အရေပြားကို အရွယ်မတိုင်ခင် အိုမင်းမှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အပြင်မသွားခင် အနည်းဆုံး မိနစ် ၂ဝ အလိုမှာ နေကာခရင်မ်လိမ်းပါ။ ရေကူးရင် ဒါမှမဟုတ် ချွေးထွက်များရင် နေကာခရင်မ်ကို ထပ်မံလိမ်းပေးရပါမယ်။

(၃) မရှိမဖြစ် ဖက်တီးအက်စစ်

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တချို့မှာ မရှိမဖြစ် ဖက်တီးအက်စစ် (EFA) ပါဝင် ပါတယ်။ ဒါကရေနဲ့ အာဟာရဓာတ်တွေကို စုပ်ယူထားနိုင်တဲ့ အဆီဓာတ်အခြေခံ ဆဲလ်အမြှေးပါးတွေကို တည်ဆောက်ပေးလို့ပါ။ အရေပြားမှာ အဆီရှိတာကြောင့် ခရမ်းလွန် ရောင်ခြည်ကြောင့် ထိခိုက်မှုနဲ့ လေထုညစ်ညမ်းမှုတို့ မဖြစ်အောင် အရေပြားကို ကာကွယ် ပေးနိုင်ပါတယ်။ အရေပြားဟာ ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့မှုများလွန်းရင်၊ ရေဓာတ်ခမ်း ခြောက်လွန်းရင် အရေပြားကနေ ဆီကြည်ထွက်နှုန်းများပြီး အရေပြားကို ခြောက်သွေ့တာ၊ ရောင်ရမ်းတာနဲ့ အပြစ်အနာအဆာ ထင်တာတို့ ဖြစ်နိုင်ခြေ များပါတယ်။ သင့်အသားအရေကို ကြည့်ကောင်းစေတဲ့ မရှိမဖြစ် ဖက်တီးအက်စစ်တွေက အိုမီဂါ ၃ ဖက်တီးအက်စစ်နဲ့ အိုမီဂါ ၆ ဖက်တီးအက်စစ်တို့ ဖြစ်ကြပါတယ်။ ကြက်၊ ဝက်၊ ဘဲ၊ ကောက်နှံစာနဲ့ ဟင်းချက်ဆီတွေထဲမှာ အိုမီဂါ ၆ ပါဝင်ပြီး ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး၊ ပဲနီစေ့၊သီဟိုဠ်စေ့ တွေထဲမှာ အိုမီဂါ ၃ ပါဝင်မှု များပါတယ်။

(၄) ရေ

လူ့ခန္ဓာကိုယ်ကို ရေတွေနဲ့ တည်ဆောက် ထားပါတယ်။ ရေဟာ ခန္ဓာကိုယ်ထဲက အဆိပ်တွေကို ထွက်ရှိစေသလို ဆဲလ်တွေထဲကို အာဟာရဓာတ်တွေ စုပ်ယူရရှိဖို့နဲ့ အစာခြေ စနစ်ကောင်းကောင်း လှုပ်ရှားနိုင်ဖို့ လုပ်ဆောင် ပေးပါတယ်။ အသက်ရှူထုတ်တာနဲ့ ချွေးထွက်တာ တို့လို ခန္ဓာကိုယ်ရဲ့ အခြေခံ လုပ်ငန်းဆောင်တာတွေကြောင့် ဆဲလ်တွေထဲက ရေထွက်ရှိ သွားတတ်ပါတယ်။ ဒီလိုဆုံးရှုံးသွားတဲ့ ရေတွေအစား ပြန်လည် ဖြည့်တင်းနိုင်ဖို့ ရေများများ ပြန်လည် သောက်ပေးရပါမယ်။ ရေအလုံ အလောက်မရှိရင် ရေဓာတ်ခန်း ခြောက်တာနဲ့ အဖုအပိမ့် ထွက်တာတို့လို အသား အရေ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ရေဟာ အရေပြားဆီက အညစ်အကြေးတွေကို ဖယ်ရှားပေးတဲ့ အပြင် အရေပြားကို စိုပြည်တင်းရင်း စေပါတယ်။ ဒီလို အရေပြား လှပဖို့အတွက် တစ်နေ့ အနည်းဆုံး ရေရှစ်ဖန်ခွက်လောက် သောက်ပေးသင့်ပါတယ်။

(၅) မျက်နှာသစ်ဆပ်ပြာ

စနစ်တကျ သန့်စင်တာက အသားအရေ ထိန်းသိမ်းမှုအတွက် အခြေခံနည်း တစ်ရပ်ဖြစ်ပါတယ်။ အရေပြားကို သန့်စင်ပေးတာကြောင့် ဖုန်မှုန့်နဲ့ အမှိုက်သရိုက်တွေ၊ ချွေးပေါက်ပိတ် စေတဲ့ အဆီတွေကို ကင်းစင်စေရုံသာမက သန့်စင်ထားတဲ့ အရေပြားထဲ အစိုဓာတ်ထိန်း ခရင်မ်နဲ့ နေကာခရင်မ်စတဲ့ အလှကုန်တွေ လိမ်းရင် ပါဝင်ပစ္စည်းတွေက အရေပြား အတွင်းထဲအထိ ရောက်ရှိသွားနိုင်ပါတယ်။ မျက်နှာသစ်ဆပ်ပြာ ရွေးချယ်ရာမှာ အသားအရေ အမျိုးအစားကို အခြေခံပြီး ရွေးချယ်ရပါမယ်။ အလွန်ခြောက်သွေ့တဲ့ အရေပြား အတွက် ခရင်မ်အမျိုးအစား သန့်စင်ဆပ်ပြာ၊ ခြောက်သွေ့တဲ့၊ ထိခိုက်လွယ်တဲ့ အရေပြား အတွက် အယ်လ်ကိုဟောမပါတဲ့ သန့်စင်ဆပ်ပြာ၊ အဆီပြန်တဲ့ အရေပြားအတွက် ဝက်ခြံ ကင်းစေတဲ့ သန့်စင်ဆပ်ပြာတို့ကို ရွေးချယ်ပြီး သုံးသင့်ပါတယ်။ မျက်နှာသန့်စင်ဆေး လိမ်းပြီး အနည်းဆုံး စက္ကန့် ၂၀ ခန့် ထားကာ နှိပ်နယ်ပြီးမှ ရေနဲ့ဆေးကြောပေးရမှာ ဖြစ်ပါတယ်။


"ဆင်ဆာ လွတ်လပ်ခွင့် ရှိပေမယ့် မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်"


ဆင်ဆာ လွတ်လပ်ခွင့် ပေးလိုက်သည့် အချိန် ဖြစ်သော်လည်း မြန်မာလူမျိုး မျက်စိဖြင့် ကြည့်ရှု အဆင်ပြေမည့် ဇာတ်လမ်းမျိုးကို ရိုက်ကူး ပါကြောင်း သရုပ်ဆောင် စံရတီမိုးမြင့် က ပြောသည်။

''မြန်မာ မျက်စိနဲ့ ပြန်ပြီး ကြည့်လို့ရတဲ့ ဇာတ်မျိုးတွေကို ရိုက်တယ်။ ဆင်ဆာ လွတ်လပ်ခွင့် ပေးလိုက်တဲ့ အချိန်မှာ အရင်က မရိုက်ဖူးတဲ့ ပုံစံမျိုးကို ရိုက်လာကြ တယ်။ မြန်မာနိုင်ငံ ဖြစ်တဲ့အတွက် မြန်မာမျက်စိ နဲ့ကြည့်လို့ အဆင်ပြေအောင် ရိုက်ဖို့ပဲလိုပါတယ်။ လုံးဝ မရိုက်ရဘူးလို့ ပြောတာမျိုး မဟုတ်ပါဘူး။ အနုပညာသမား ဆိုတာ ကတော့ ပရိသတ်ကို အဆန်းအပြားလေးတွေ ချပြချင်တဲ့ စိတ်လေးတွေတော့ ရှိတယ်။ ကိုယ်ရွေးချယ်တဲ့ ဇာတ်လမ်းပေါ်မှာ အကောင်းဆုံး ဖြစ်အောင် ဘယ်လို သရုပ်ဆောင် ရမလဲဆိုတာပဲ ရှိတယ်။ ဒီဟာလေးကို အကောင်းဆုံး ဘယ်လို လုပ်မလဲ ဆိုတာကိုပဲ ညှိနှိုင်းခွင့်ပဲရှိကြတယ်။ အဲဒီအတွက် စံရတီ တို့ က မြန်မာ မျက်စိနဲ့ ကြည့်လို့ အဆင်ပြေမယ့် ဇာတ်လမ်းတွေကို အားလုံးနဲ့ တိုင်ပင်ပြီး ညှိလုပ်ဖြစ်တယ်။ တိုင်ပင်ပြီး လုပ်တယ်။ ကိုယ်ကသာ အရာရာကို အကောင်းဆုံး တင်ပြ ရိုက်ပြနိုင်ရင် ပရိသတ်တွေ လည်း ကြိုက်ကြမှာပါ'' ဟု စံရတီမိုးမြင့်က ပြောသည်။

''စံရတီ အရင်က ရိုက်ခဲ့တဲ့ ဇာတ်တွေဆိုရင် သိပ်ပြီး အားမရခဲ့တာတွေ ရှိတယ်။ နောက်ပိုင်းတော့ ကိုယ့်ဘက်က အစအဆုံး သေချာလေး ကြိုးစားပြီး လုပ်တယ်။ ပရိသတ် တွေ ကလည်း အားပေး လာကြတယ်။ အဲဒီအပေါ် မှာလည်း ကျေနပ်တယ်။ ကိုယ့်ရဲ့ ဇာတ်ကားလေးတွေ ကိုလည်း ပြန်ပြီး ကြည့်တယ်။ ကြည့်တဲ့ အခါမှာ လည်း ပရိသတ် တစ်ယောက် လို ပြန်မကြည့်ဘူး။ ကြည့်ဖြစ်တာ နည်းတယ်။ ကိုယ်ကျတော့ အိုက်တင်က အစ မိတ်ကပ် အဆုံး ကိုယ့်ဘာသာကိုယ် အသေးစိတ် ပြန် ကြည့်တယ်။ ထောင့်ပေါင်းစုံက ပြန်ပြီး ကြည့်ဖြစ်တယ်။ ကိုယ့်ရဲ့ လိုအပ်ချက်လေးတွေ ကိုလည်း ကြည့်ပြီး မှတ်ထားတယ်။ အထောက်အကူ လေးလည်း ရတယ်။ ကိုယ့် ကိုယ်ကိုယ်လည်း ပြန်ပြီး လိုအပ်တာလေးတွေ ရှိရင်လည်း ပြန်ပြင်တယ်''ဟု ၄င်းက ဆိုသည်။

ဒါရိုက်တာ ဗန်းကြီး၏ တံခါးတစ်ချပ်ကို ဇာတ်ကားမှာ စံရတီမိုးမြင့်က ဇေရဲထက် နှင့် ပါဝင် ရိုက်ကူးနေပြီး ၄င်း ဇာတ်ကားထဲမှာ စံရတီမိုးမြင့်က ဇေရဲထက် ရဲ့ဇနီး အဖြစ် သရုပ်ဆောင်ထားသည်။

လွင်လွင်ထွန်း
ပေါ်ပြူလာ

အာဇာနည်နေ့ ရုပ်မြင်သံကြားမှ ဥသြသံ ထုတ်လွှင့်မည် မဟုတ်ဟု ပြန်ကြားရေး ဒုဝန်ကြီးဆို


နေပြည်တော်၊ ဇူလိုင် ၃

အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီး များ၏ ဂုဏ်ကျေးဇူးကို အမှတ်တရ သတိရပြီး အစဉ်အလာအတိုင်း ဂုဏ်ပြုနိုင်ရန် ပြည်ထောင်စုအစိုးရက မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဥသြဆွဲသံကို ပြန်လည် ထုတ်လွှင့်ရန် အစီအစဉ်မရှိကြောင်း ပြန်ကြားရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေးက ပြောကြားသည်။

ဇူလိုင်လ ၃ရက်နေ့တွင် ကျင်းပသော ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ ဥသြဆွဲသံ ပြန်လည် ထုတ်လွှင့်ရန် အစီအစဉ် ရှိ မရှိ မေးမြန်းရာ ၎င်းက ယင်းသို့ ပြန်လည် ဖြေကြားခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ၁၉၆၁-၆၂ ခုနှစ်များမှ စတင်ကာ နှစ်စဉ် ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်တိုင်း မြန်မာ့အသံ ရေဒီယို အစီအစဉ် မှ နှစ်မိနစ်ကြာ ဥသြဆွဲ၍ မော်တော်ယာဉ်နှင့် ပြည်သူများက ရပ်တန့် ဂုဏ်ပြုခဲ့သော်လည်း နောက်ပိုင်း ကာလများတွင် အဆိုပါ အစီအစဉ်ကို ဆက်လက် ဆောင်ရွက်ခြင်း မရှိတော့ကြောင်း ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားသည်။

ကမ္ဘာတွင် အာဇာနည်နေ့ ကျင်းပသည့် နိုင်ငံ ၁၆ နိုင်ငံရှိပြီး အဆိုပါ နိုင်ငံများ တွင် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဥသြဆွဲခြင်း၊ ယာဉ်နှင့် လူများက ဥသြသံ ကြားလျှင် ရပ်တန့် အလေးပြုခြင်းများ မရှိကြောင်း ဦးပိုက်ထွေးက ထောက်ပြသည်။

မြန်မာနိုင်ငံတွင် အာဇာနည်နေ့၌ ဥသြဆွဲခြင်း အစီအစဉ် ကို ပြန်လည် ဆောင်ရွက်မည်ဆိုပါက ရရှိလာမည့် အကျိုးကျေးဇူး ထက် ပြည်သူ အချို့အတွက် အဆင်မပြေမှုများ ထည့်သွင်း စဉ်းစား ရမည်ဖြစ်ပြီး ပြည်သူ့ သဘောထား အမြင်ကို အခြေခံထား ဆောင်ရွက် သင့်သည့်အတွက် ဥသြဆွဲခြင်း အစီအစဉ် ဆောင်ရွက်ရန် မရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

အာဇာနည်နေ့တွင် အာဇာနည်ကြီးများ၏ ဂုဏ်ကျေးဇူးကို သတိရနေရန်သာ အဓိကဖြစ်ပြီး အဆင်ပြေသည့် အချိန်တွင် လွှတ်တော်က သက်ဆိုင်ရာသို့ ထပ်မံ တိုက်တွန်းရန်ရှိကြောင်း ပြည်သူ့ လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ပြောကြားသည်။

လာမည့် ဇူလိုင်လ ၁၉ ရက်နေ့တွင် (၆၆) ကြိမ်မြောက် အာဇာနည်နေ့ကို ကျင်းပမည်ဖြစ်ပြီး သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် (၆၅) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက် အလေးပြုခဲ့သည်။

ရခိုင်ပဋိပက္ခ ဖြေရှင်းရေး ကူညီပေးသွားမယ်လို့ နယူးဇီလန် ကတိပြု


ရခိုင်ပြည်နယ်အတွင်းမှာ အုပ်စုနှစ်ခုအကြားဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဘယ်ပုံဘယ်နည်းနဲ့ ဖြေရှင်းဆောင်ရွက်သင့်တယ်ဆိုတာကို နယူးဇီလန်နိုင်ငံအနေနဲ့ အလေးအနက်ထား စဉ်းစားသွားမယ့်အပြင် လိုအပ်တာတွေလည်း မြန်မာအစိုးရကို ကူညီပေးသွားမယ်လို့ နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး Murray McCully က ဒီကနေ့ပြောကြားလိုက်ပါတယ်။

နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီးဟာ ဒီနေ့ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့တာပါ။

"ရခိုင်ပြည်နယ်အတွင်းမှာဖြစ်ခဲ့တဲ့ ပဋိပက္ခတွေအတွက် ဖြေရှင်းဆောင်ရွက်သင့်တာတွေကို နယူးဇီလန်နိုင်ငံအစိုးရနဲ့ နယူးဇီလန် ပြည်သူတွေက အလေးအနက်ထား စဉ်းစားဆွေးနွေးသွားဖို့ရှိပြီး မြန်မာအစိုးရကိုလည်း လိုအပ်တာတွေ ကူညီပေးသွားမှာဖြစ်ပါတယ်" လို့ ပြောသွားတာပါ။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရရဲ့ အခက်အခဲတွေကို စာနာနားလည်မိသလို သူ့ရဲ့ရခိုင်ပြည်နယ်ခရီးစဉ်ဟာ အခြေအနေတွေကို လေ့လာရေးသက်သက် လာရောက်တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

Mr. McCully ဟာ ရေတိုရေရှည်မှာ ဘယ်လိုဆောင်ရွက်သင့်တယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း စစ်တွေမြို့မိမြို့ဘတွေ၊ နိုင်ငံရေးပါတီတွေနဲ့ နေ့လည်ပိုင်းမှာ စစ်တွေဟိုတယ်မှာ သီးသန့်တံခါးပိတ် ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် စစ်တွေမြို့ပေါ်မှာရှိတဲ့ စက်ရုံစု၊ ခေါင်းဒုတ်ကာ၊ ဒါးပိုင်၊ မှန်ဇီစတဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာခဲ့ပါတယ်။

ရန်ကုန်-ဒလ မြစ်ကူးတံတား ဆောက်မည့်သတင်းကြောင့် ဒလဘက်ရှိ အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ အဆမတန် မြင့်တက်


ဒလ-တွံတေး လမ်းမကြီးပေါ်ရှိ ရောင်းမည့်အိမ် တစ်အိမ်အား တွေ့ရစဉ် (ဓာတ်ပုံ-သက်ထား)
ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက်မည့် သတင်းကြောင့် ဒလဘက်ရှိ အိမ်၊ ခြံ၊ မြေဈေးနှုန်းများ ယခင်က ကျပ်သိန်းရာဂဏန်းသာ ရှိခဲ့ရာမှ ယခုအခါ ကျပ်သိန်း ၅,၀၀၀ ၀န်းကျင်အထိ ဈေးမြင့်တက်လာကြောင်း ဒလမြို့ရှိ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းများမှ သိရသည်။
ဒလ-တွံတေး လမ်းမကြီးဘေးရှိ ပေ ၄၀_၆၀ အိမ်နှင့်မြေကွက်၊ ဂရန်စာချုပ်အပါ ဈေးနှုန်းမှာ အနည်းဆုံး ကျပ်သိန်း ၁၅၀၀ မှ ကျပ်သိန်း ၅,၀၀၀ အထိ ပေါက်ဈေးရှိပြီး အတွင်းပိုင်းတွင်မူ ကျပ်သိန်း ၅၀၀မှ ၇၀၀ အထိ ပိုင်ဆိုင်မှု စာချုပ်ပေါ်တွင် လည်းကောင်း၊ မြေနေရာ အကျယ်အ၀န်းပေါ် မူတည်၍ လည်းကောင်း ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။ ယခင်ကမူ ယခုမြင့်တက်လျက်ရှိသည့် ဈေးများထက် ထက်ဝက်ခန့်သာ ရှိခဲ့ကြောင်း အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းများက ပြောကြားသည်။
"အရောင်းအ၀ယ်က ရက်တိုင်းလိုလို ဖြစ်နေတယ်။ အများဆုံး လာဝယ်ကြတာ စီးပွားရေး လုပ်ငန်းရှင်တွေ များတယ်။ အခုလို ဈေးမြင့်တက်တာ နှစ်ပတ်လောက်ပဲ ရှိပါသေးတယ်။ ဈေးတွေက ဒီထက်မြင့်ဖို့ပဲ ရှိတယ်။ ရောင်းတဲ့သူကလည်း လိုချင်တဲ့ဈေးကို စိတ်ကြိုက်ခေါ်ပြီး ၀ယ်တဲ့သူကလည်း ဈေးကိုခေါ်သလောက် ပေးတယ်။ တံတားစီမံကိန်းရယ်၊ မြို့ပတ်လမ်း စီမံကိန်းရယ်နဲ့ တိုက်ရိုက်ကျနေတဲ့ မြေနေရာတွေက ပိုအရောင်းအ၀ယ် ဖြစ်တယ်။ ကျန်စစ်သား ရပ်ကွက်ထဲက အမှိုက်ပုံမြေ နေရာကိုတောင် ကိုရီးယားလူမျိုး တစ်ယောက်က ကျပ်သိန်းသုံးထောင်နဲ့ အပြတ်ဝယ်သွားတယ်" ဟု ဒလမြို့နယ်ရှိ Fuji Real Estate အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှ အကျိုးဆောင် ကိုရဲဝင့်စိုးက ပြောကြားသည်။
ဒလမြို့နယ်တွင် တံတားဆောက်မည့် သတင်းများအရ အချက်အချာ အကျဆုံးဟု ယူဆလျက်ရှိသည့် ကျန်စစ်သားရပ်ကွက်၊ တပင်ရွှေထီးရပ်ကွက်၊ သပြေကုန်းရပ်ကွက်၊ ကမာကဆစ်ရပ်ကွက် စသည့်ရပ်ကွက်များမှာ ဈေးများအဆမတန် မြင့်တက်လျက်ရှိကြောင်း သိရသည်။
"ကျန်စစ်သား၊ တပင်ရွှေထီး အဲဒီရပ်ကွက်တွေမှာရှိတဲ့ အိမ်ခြံမြေတွေက ရောင်းအားအကောင်းဆုံးပဲ။ တံတားခြေရင်းလို့ သေချာသလောက် ယူဆရတဲ့အတွက် မျှော်လင့်ချက် တစ်ခုကြောင့် ၀ယ်တဲ့သူများတယ်။ လမ်းမတန်းမှာဆိုရင် အိမ်ခြံမြေတွေက ကုန်သလောက် ရှိနေပြီ။ အကွက်သေးတွေပဲ ၀ယ်လို့ရတယ်" ဟု မချို (ဒလ) အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ မချိုက ပြောကြားသည်။
လက်ရှိဒလမြို့နယ် အတွင်းရှိ အချက်အချာကျသော နေရာများရှိ အိမ်ခြံမြေ ဈေးနှုန်းများမှာ ကျန်စစ်သား ရပ်ကွက်တွင် ခြံသီးသန့်ပေ ၅၀ ပတ်လည်လျှင် ကျပ်သိန်း ၇၀၀၊ ပေ ၄၀_၆၀ အိမ်အပါအ၀င် ကျပ်သိန်း ၁၂၀၀ မှ ၁၅၀၀၊ ပေ ၂၅_၅၀ ကျပ်သိန်း ၄၀၀ မှ ၅၀၀၊ ဒလ-တွံတေး လမ်းမပေါ်တွင် ခြံသီးသန့် ကျပ်သိန်း ၃၀၀၀ မှ ၆၀၀၀၊ ဒလ-တွံတေး လမ်းမတန်းအတွင်း ဘက်ခြမ်းတွင်မူ ကျပ်သိန်း ၂၀၀၀ အထိ ဈေးမြင့်တက်လာပြီး ယခင်က မူယင်းဈေးများထက် ထက်ဝက်သို့မဟုတ် သုံးပုံတစ်ပုံခန့်သာ ပေါက်ဈေးရှိခဲ့ကြောင်း သိရသည်။
ထိုသို့မြင့်တက်မှုများမှာ တံတားဆောက်မည့် စီမံကိန်းကြောင့် စီးပွားရေး လုပ်ငန်းရှင် အများစုမှ လိုက်လံဝယ်ယူ ခြင်းကြောင့်ဖြစ်ပြီး ဈေးကစားမှုများ ဖြစ်ပေါ်ကာ ဈေးထပ်မံမြင့်တက် လာနိုင်ကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက သုံးသပ်သည်။
ရန်ကုန်-ဒလ မြစ်ကူးတံတား စီမံကိန်းကို ကိုရီးယားသမ္မတနိုင်ငံမှ မြန်မာ-ကိုရီးယား ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် တာဝန်ယူ တည်ဆောက်မည်ဖြစ်ကာ ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်အကောင်အထည် ဖော်မည်ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

From: EMG

ဘာအရေးကြီးဆုံးလဲ (ကာတွန်း - ကျော်သူရိန် / ဧရာဝတီ)



ငါးနှစ်အရွယ်ကလေးငယ်ကို ဓမ္မတာမဟုတ်သည့်(စအိုပေါက်) နည်းဖြင့် အဓမ္မပြုကျင့်ခံရ



ကဲ...ပျိုမေတို့ သကြားတစ်ဇွန်းနဲ့ မျက်နှာကို နုပျိုချောမွတ် စေရန်


အဆင့် (၁) သင်နှစ်သက်ရာ မျက်နှာသစ် ဆပ်ပြာကို သုံးပါ။ ရေနွေးနွေးဖြင့် မျက်နှာသစ် ပေးပါ။
အဆင့် (၂) သကြားအနု (Granulated Sugar) ကိုစားပွဲတင်ဇွန်း (၁)ဇွန်း ထည့်ပါ။

အဆင့်(၃) မျက်နှာတစ်ပြင်လုံးကို စက်ဝိုင်း ပုံသဏ္ဍာန်ဖြင့် ညင်သာစွာ ပွတ်ပေးပါ။ (မျက်လုံး ပတ်ဝန်းကျင် တစ်ဝိုက် မပါပါ)

အဆင့် (၄) သကြားမှုန့်များမှ အလိုအလျောက် တာဝန်ယူမည် ဖြစ်သဖြင့် မျက်နှာကို လုံးဝ လုံးဝ ကြမ်းတမ်းစွာ မပွတ်ပါနှင့်။

အဆင့် (၅) လိုအပ်ပါက ရေနွေးနွေး အနည်းငယ် ထပ်ထည့်ပေးပါ။ ရေအရမ်း များပါကလည်း သကြားများ အရည်ပျော် သွားနိုင်ပါတယ်။

ဒီအတိုင်း ၁၅ မိနစ်၊ ၂၀ မိနစ်ခန့် ထားပါ။

အဆင့် (၆) ရေအေးဖြင့် မျက်နှာ သစ်ပေးပါ။ မျက်နှာ ချွေးပေါက်များ ပိတ်သွားစေရန် ဖြစ်ပါတယ်။

အဆင့် (၇) ထို့နောက် မျက်နှာကို မျက်နှာသစ် တာဝါ အသန့်ဖြင့် ညင်သာစွာ သုတ်ပေးပါ။

အဆင့် (၈) သင့်စိတ်ကြိုက် Moisturizer ကိုအသုံးပြုပေးပါ။

မှတ်ချက်။ ။ မျက်စိအတွင်း မဝင်အောင် အထူးဂရုစိုက်ပါ။ အရမ်းပူပြီးစပ်ပါတယ်။

Doaru Cosmetics

လွှတ်တော်နဲ့ အစိုးရ အပြန်အလှန်ပြောဆိုမှုဟာ ဒီမိုကရေစီရဲ့ လက္ခဏာဖြစ်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ယခုရက်ပိုင်းအတွင်း လွှတ်တော်နဲ့ အစိုးရအကြား အပြန်အလှန် ရေးသားပြောဆိုနေကြတာတွေဟာ ဒီမိုကရေစီနိုင်ငံတစ်ခုမှာ အုပ်ချုပ်ရေးမဏ္ဏိုင်နဲ့ ဥပဒေပြုမဏ္ဏိုင်တွေ အပြန်အလှန်ထိန်းသိမ်းတဲ့ လက္ခဏာမျှဖြစ်ပြီး စိုးရိမ်ပူပန်စရာ ပြဿနာတစ်ရပ် မဟုတ်ပါဘူးလို့ RFA ကို ပြောဆိုလိုက်ပါတယ်။

"လွှတ်တော်ဆိုတာကတော့ မေးမှာပဲလေ၊ အပြန်အလှန်ပြောတာဆိုတာကတော့ ထူးထူးဆန်းဆန်း မဟုတ်ပါဘူး၊ ဒါကို တစ်ချို့က စိတ်ပူစရာလို့ မြင်တာပေါ့၊ အစိုးရနဲ့ လွှတ်တော် တစ်ယောက်နဲ့ တစ်ယောက် ထိန်းသွားတာက သဘာဝကျပါတယ်"

RFA က ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ညနေပိုင်း ဆက်သွယ်မေးမြန်းရာမှာ အခုလိုဖြေကြားလိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က အစိုးရနဲ့ လွှတ်တော်အကြား ပွင့်လင်းမြင်သာမှု အတိုင်းအတာတစ်ခုအထိရှိကြောင်း ပြည်သူ့လွှတ်တော်မှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း မကြာခင်ရက်ပိုင်းက လာရောက်ရှင်းလင်းခဲ့တာကို ဥပမာပြု ပြောဆိုခဲ့ပါတယ်။

တဆက်တည်းမှာပဲ ကျူးကျော်အိမ်ယာတွေကို အင်အားသုံးဖယ်ရှားမှုတွေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ ဒီပြဿနာဖြေရှင်းရာမှာ အစိုးရအနေနဲ့ ဥပဒေရှုထောင့်အပြင် လူမှုရေးရှုထောင့်ကပါ ထည့်သွင်းစဉ်းစားဖို့လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။

"ကျူးကျော်နေထိုင်ခဲ့တာ အင်မတန်မှကြာပြီဆိုရင် အဲဒီလိုကြာတာကို ထည့်သွင်းစဉ်းစားရမယ်၊ ဥပဒေရေးရာအရ သူတို့ကကျူးကျော်မို့လို့ ဒီဟာကို ချက်ချင်းဖယ်ရမယ်လို့ ဒီလိုလုပ်လို့ မဖြစ်ဘူး၊ နှစ်ပေါင်းများစွာ နေခွင့်ပေးတာတွေကို စဉ်းစားပေးရမယ်"

ဒါ့အပြင် လတ်တလောဖြစ်ပွားနေတဲ့ ဘာသာရေး လူမှုရေးပြသနာတွေကို ဖြေရှင်းရေးအတွက် ညှိနှိုင်းတိုင်ပင်ဖြေရှင်းတတ်တဲ့ အလေ့အကျင့် လိုအပ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

မုံရွာမြို့ပေါ်ရှိ ကေတီဗီနှင့် အမျိုးသမီး အနှိပ်ခန်းများအား ဖမ်းဆီး


မုံရွာ၊ ဇူလိုင် ၎

မုံရွာမြို့၊ အိုဘိုတောင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၌ရှိသော ၀ိုင်ပါဝါ ကေတီဗီနှင့် အမျိုးသမီး အနှိပ်ခန်းဆိုင်အား ယခုလ ၃ ရက်နေ့ည ၁၂ နာရီကျော်အချိန့်က ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ က ၀င်ရောက်ဖမ်းဆီးခဲ့ကြောင်း၊ ၎င်းဖမ်းဆီးရာတွင် စစ်ဘက်ဆိုင်ရာ အကြီးတန်းအရာရှိတစ်ဦးမှလည်း လာရောက်အနားယူနေသည်ကို ရဲတပ်ဖွဲ့ဝင်များမှ တွေ့ရှိခဲ့ရကြောင်း သိရသည်။

နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများနှင့် အထူးစည်ကားလျက်ရှိသော မုံရွာမြို့ကြီးသည် ခေတ်မီဖွံ့ဖြိုးလာ သည်နှင့်အမျှ တရားမ၀င်အနှိပ်ခန်းများတည်ထောင်လုပ်ကိုင်သူ များပြားလာလျက်ရှိရာ လူမှုရေးဦးတည်ချက် လုပ်ငန်းစဉ်များအား ပျက်ပြားစေနိုင်ကြောင်း မုံရွာမြို့ခံ မြို့မိ၊မြို့ဖတစ်ဦးမှ ပြောပြသည်။
“ တရားမ၀င် အမျိုးသမီးအနှိပ်ခန်းဆိုတာ ဘာသာတရားရဲ့ အယူဝါဒနဲ့လည်း လျော်ကန်မှုမရှိသလို လူတွေ ရဲ့ကိုယ်ကျင့်တရားကိုလည်း ထိခိုက်စေနိုင်ပါတယ်..” ဟု ၎င်း မြို့ခံက ဆက်လက်၍ ပြောသည်။

မုံရွာမြို့တွင်းရှိ အိုးဘိုတောင်မြို့သစ်၊ ရတနာပုံ၊ သလ္လာ၊ ထန်းတော၊ စက်မှုဇုန် စသည့်ရပ်ကွက်ကြီးများတွင် ရောင်းစုံမီးလုံး၊မီးပန်းများထွန်းညှိ၍ အချိုရည်မျိုးစုံမှအစ ဘီယာ၊ အရက်မျိုးစုံရောင်းချခြင်းနှင့်အတူ ကာရာအိုကေ (KTV) ဆိုင်ခန်းကြီးများ ဖွင့်လှစ်ထားရာ အချို့သော လုပ်ငန်းပိုင်ရှင်များသည် တရားမ၀င် အမျိုးသမီးအနှိပ်ခန်း လုပ်ငန်းများပါ ပူးတွဲဖွင့်လှစ် လုပ်ကိုင်နေခြင်းဖြစ်သည်။
အမိ မြန်မာနိုင်ငံတော်ကြီးသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ ဦးတည်ချက်(၁၂)ရပ်အား ရေးဆွဲချမှတ်၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေခြင်း ဖြစ်သည်။ ၎င်း ဦးတည်ချက်(၁၂)ရပ်ရှိ လူမှုရေး ဦးတည်ချက်(၄)ရပ်တွင် တစ်မျိုးသားလုံး၏ အကျင့်စာရိတ္တမြှင့် မားရေး၊ အမျိုးဂုဏ် ဇာတိဂုဏ်မြှင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အမျိုးသားရေး လက္ခဏာများ မပျောက် ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး စသည့်လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တရားမ၀င် အမျိုးသမီး အနှိပ်ခန်းများ ဖွင့်လှစ်လုပ်ကိုင်နေခြင်သည် နိုင်ငံတော်၏ လူမှုရေး ဦးတည်ချက် လုပ်ငန် စဉ်များအား ထိခိုက်နစ်နာစေနိုင်ကြောင်း နိုင်ငံရေးလေ့လာစမ်းစစ်သူများက ဝေဖန်ပြောဆိုလျက်ရှိကြောင်း သိရ သည်။
“ တရားမ၀င် အမျိုးသမီးအနှိပ်ခန်းတွေက လူငယ်တွေအတွက် ပြဿနာဖြစ်တည်ရာ ရပ်ဝန်းတစ်ခုဖြစ် နေပါတယ်..။ အချို့ဆိုင်တွေဆိုရင် မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေနိုင်တဲ့ 88 ဆေးဝါးဆိုတာတောင် ၀ယ်ယူ လို့ရနိုင်ပါတယ်..” ဟု အမျိုးသားရေး စရိုက်လက္ခဏာများအား မပျောက်ပျက်အောင် လေ့လာစမ်းစစ်နေသူ သမိုင်း ပညာရှင် ပါမောက္ခတစ်ဦးမှ ဆိုသည်။

တက်သစ်စ အမျိုးသမီးငယ်လေးများအား အအေးခန်းအတွင်းထားရှိပြီး တရားမ၀င်းအနှိပ်ခန်းလုပ်ငန်း များ လုပ်ကိုင်နေခြင်းသည် အမျိုးသမီးလေးများ၏ ယုံကြည်မှုကိုတည်ဆောက်ရန် အခွင့်အလမ်းကောင်းများဖြစ် သည့်အတွက် လူကုန်ကူးမှုဘေးအန္တရာယ်များကိုလည်း လက်ရပ်ခေါ်နေသော လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း သိရ သည်။

“ တရားမ၀င် အမျိုးသမီး အနှိပ်ခန်းတွေကို ထိရောက်စွာ အရေးယူနိုင်ဖို့ဆိုရင် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့၊ ဖွဲ့စည်းထားရှိရပါ့မယ်။ တရားဝင် လုပ်ကိုင်ခွင့် လုပ်ငန်းလိုင်စဉ် ချပေးထားတဲ့ ကာရာအိုကေ (KTV) ဆိုင်ခန်းကြီး များဟာ သက်ဆိုင်ရာက သတ်မှတ်ထုတ်ပြန်ပေးထာတဲ့ စည်းမျဉ်း၊ စည်းကမ်းနဲ့ ကိုက်ညီမှုရှိ မရှိဆိုတာ ဆယ်အိမ် စု အုပ်ချုပ်ရေး စနစ်အရ အခြေခံအကျဆုံး သတင်းအချက်အလက်များ စုံစမ်းရ ရှိနိုင်ရန်အတွက် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှုးများက မဖြစ်မနေ အဲ့ဒီပူးပေါင်းအဖွဲ့မှာ ပါဝင်ဖို့လိုအပ်ပါတယ်။

စားသောက်ဖွယ်ရာများ ရောင်းချနေခြင်းနှင့်ပတ်သက်လို့ စီစစ်ဆောင်ရွက်နိုင်ဖို့ နဲ့ စားသောက်ဖွယ်ရာ လုပ်ငန်းလိုင်စင်များအပေါ် အမှန်တကယ်လိုက်နာမှုရှိ၊ မရှိဆိုတာ စီစစ်နိုင်ဖို့လည်း မြို့နယ်စည်ပင်သာယာရေး ဌာနက ပါဝင်ဖို့လိုအပ်ပြန်ပါတယ်။ ကာရာအိုကေ (KTV) ဆိုင်ခန်းကြီးများကို လုပ်ကိုင်ခွင့် ပေးမည်ဆိုပါက အခန်းဖွဲ့ စည်းပုံ၊ ပတ်ဝန်းကျင်အနေအထား စတဲ့အခြေအနေတွေဟာ လိုင်စင်ချမှတ်ပေးဖို့ သင့်မသင့်ဆိုတာ သက်ဆိုင်ရာ မြို့နယ် ဗီဒီယိုကြီးကြပ်ရေး အဖွဲ့က ပူးပေါင်းအဖွဲ့မှာ ပါဝင်နေရပါ့မယ်။ လျှပ်စစ်ဓာတ်အား သုံးစွဲနေမှုနဲ့ ပတ်သက်လို့လည်း စီစစ်နိုင်ဖို့ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ဌာနက ပါရှိနေဖို့လိုအပ်ပါတယ်။ လုပ်ငန်းလိုင် စင်များနှင့်ပတ်သက်ပြီးတော့ တိုင်းဒေသကြီးအတွက် အမှန်တကယ် အခွန်ပေးဆောင်ထားခြင်းရှိ မရှိဆိုတာ စီစစ် ဖို့လိုအပ်တာကြောင့် ပြည်တွင်းအခွန်ဦးစီးဌာနလည်း အဲ့ဒီပူးပေါင်းအဖွဲ့မှာ အဖွဲ့ဝင်အဖြစ်နဲ့ရှိနေဖို့လိုအပ်ပါတယ်။ ပူး ပေါင်းအဖွဲ့ကနေ သတင်းအရ အရှောင်တခင်ဝင်စစ်လို့ ဥပဒေနဲ့မလျော်ညီတာတွေကို တရားစွဲဖို့အတွက်လည်း ရဲ တပ်ဖွဲ့ဝင်များက ပူးပေါင်းအဖွဲ့ရဲ့ တစ်ထောင့်တစ်နေရာက ပါဝင်ဖို့လိုအပ်ပါတယ်” ဟု မုံရွာမြို့ခံ ဥပဒေပညာရှင် တရားလွှတ်တော်ရှေ့နေကြီးတစ်ဦးမှ မှတ်ချက်ပြု ပြောပြသည်။

အဆိုပါ တရားမ၀င် အမျိုးသမီး အနှိပ်ခန်းများ လုပ်ကိုင်နေခြင်းသည် တစ်မျိုးသားလုံး၏ အကျင့်စာရိတ္တနှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ ယဉ်ကျေးမှုအမွေအနှစ်များနှင့် အမျိုးသားရေး စရိုက်လက္ခဏာများ ပုံရိပ်ကိုပါ ထိခိုက်စေ နိုင်ပြီး တိုင်းဒေသကြီး၏ အခွန်ဘဏ္ဍာများကိုလည်း ဆုံးရှုံးနစ်နာစေသည့်အတွက် ကာရာအိုကေ ဆိုင်ခန်းများ စနစ်တကျရှိရေးနှင့် တရားမ၀င်အနှိပ်ခန်းများ ပပျောက်ရေးတို့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ပူးပေါင်း လုပ်ဆောင်ကြရန် လိုအပ်လျက်ရှိကြောင်း မုံရွာမြို့ခံ မြို့မိ၊မြို့ဖ တစ်ဦး၏ ပြောပြချက်များအရ သိရှိရသည်။

Monywa Times