iPhone 5S လက်ဗွေစနစ်ဖောက်နိုင်လျှင် ဆုကြေးငွေရမည်







iPhone 5S လက်ဗွေလုံခြုံရေးစနစ်ကို ဖောက်နိုင်သူများကို တကယ် ဆုချ မှာပါ။ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၃၀၀၀ ရဖို့က သေချာနေပါတယ်။

ဆုချမယ့် ဝဘ်ဆိုဒ်က http://istouchidhackedyet.com/ ဖြစ်ပါတယ်။ ဆုကြေးငွေပေးအပ်မယ့်သူတွေက ပိုပိုပြီးတော့များလာပါပြီ။ ဒီတော့ iPhone 5S နဲ့ fingerprint ID touch ကို Hack ဖို့ကြိုးစားသူများလည်း များသထပ် များလာပြီ ဖြစ်ပါတယ်။ Fingerprint touch ID sensor မှာ Radio Frequency Scanner တစ်လွှာ ပါဝင်ပါသေးတယ်။ ယင်း အလွှာက ဖိလိုက်တဲ့ လက်က သွေးခုန်နှုန်း ရှိလား မရှိဘူးလားကို အာရုံခံပေးမှာ ဖြစ် ပါတယ်။ ဒီတော့ လက်ဖြတ်ပြီး Home button မှာ သွားဖိလည်း ဖုန်းက ပွင့်မှာ မဟုတ်ပါဘူး။ Apple က အဲ့လိုမျိုး လည်း စီမံဖန်တီးထားပါတယ်။

ဟာ့ဒ်ဝဲအရရော၊ firmware/software အရရော အားနည်းချက် လုံးဝ မရှိအောင် Apple က ဖန်တီးထားကြောင်း တရားဝင် ပြောကြား ထားပြီး သားပါ။ သို့ပေမယ့် ဇူကာဘတ်ရဲ့ Facebook Timeliine ကိုတောင် ပါလက်စတိုင်းက ဟက်ကာတစ်ယောက် ဝင်ဖောက် နိုင်ခဲ့သေးတာပဲ။ Apple ထုတ် iPhone ရဲ့  နောက်ဆုံးထွက် 5S ကိုလည်း အပြစ်ကင်းတယ်လို့တော့ ပုံသေ ပြောလို့ မရပါဘူး။ Fingerprint ID ဖောက်ချင်သူများ ဆုရမရ ကတော့ စောင့်ကြည့် ရအုံးမှာ ဖြစ်ပါတယ်။
.
အောင်ခမ်း (TSJ Team)
TechSpace Journal

သားနဲ့သမီးကို ဗုဒ္ဓဘာ သာပဲဖြစ်စေချင်တယ် ဆိုတဲ့ အကယ်ဒမီ မေဝင်းမောင်


အကယ်ဒမီမေဝင်းမောင်က ခင်ပွန်းဖြစ်သူ ကိုသက်ဝင်းနဲ့ ၁၉၉၃ ခုနှစ်မှာ အိမ်ထောင်ပြုဖြစ်ခဲ့ပြီး အခု ဆိုရင်တော့ သားတစ်ယောက်၊ သမီး တစ်ယောက်နဲ့ သာယာပျော် ရွှင်တဲ့ မိသားစုဘဝလေးကို ရရှိပိုင်ဆိုင်နိုင် ခဲ့ပါတယ်။ အမေရိကမှာ နေထိုင် နေချိန်အတွင်း အခုအချိန်ထိ ကလေး ထိန်းမခေါ်ဘဲ သားနဲ့သမီးကို အနီး ကပ်ကိုယ်တိုင်ပြု စုစောင့် ရှောက်နေ ကြောင်း သိရပါတယ်။

“သမီးလေး မေသန္ဒီက ၈နှစ် ပြည့်ခါနီးပါပြီ။ သားလေး  သိင်္ဂါ မောင်ကတော့ အခု ၅နှစ်ပဲပြည်သေး တယ်။ သမီးလေးက ဒီတစ်ခါကျောင်း ဖွင့်ရင် ၃တန်း၊သားလေးက သူငယ် တန်းတက်ရပါမယ်။ကျွန်မတို့ အခု အချိန်ထိ ကလေးထိန်းမထားပါဘူး။ ကလေးထိန်းတွေခေါ်လို့ရတယ်။ စိတ် ထဲမှာ စိတ်မချဖြစ်ပြီး ကိုယ်တိုင်ပဲ ထိန်းချင်တယ်။ ကျွန်မကိုယ်တိုင်ပဲ ကလေးတွေကို အချိန်ပြည့် ကြည့်ပါ တယ်။ ရုပ်ရှင်ရုံမှာ ရုပ်ရှင်သွားမကြည့် ဖြစ်တာတောင်ကြာပြီ။ သွားကြည့်ရင် လည်း ကလေးတွေကြည့်တဲ့ ရုပ်ရှင်
ဇာတ်ကားပဲ သူတို့နဲ့ ကြည့်ဖြစ်တယ်။ ကိုယ့် ဘာသာကိုယ် သတ်သတ်ရုပ်ရှင် မကြည့်ဖြစ်တာကြာပြီ။ သူတို့ဝါသ နာတဲ့အပိုင်းကို ပံ့ပိုးပေးသွားမယ်လို့ ရည်ရွယ်ပါတယ်။ သမီးလေးကို စန္ဒ ရားတီးလည်း သင်ပေးနေပါတယ်။ ဒီကိုလာတဲ့အခါမှာလည်း မအေးအေး မြင့်နဲ့ အကတွေ သင်ပေးပါတယ်။ ဒီတစ်ခေါက်တော့ အကအပြင် ပတ္တ လား ကိုလည်း နုတ်စ်နဲ့ မအေးအေး မြင့်ရဲ့အစ်မက သင်ပေးနေပါတယ်။ သူဝါသနာပါရင် ဆက်လုပ်ပေါ့။ ဝါ သနာမပါရင်တော့ လ ည်း တစ်မျိုး ပေါ့။ ကိုယ်ကတော့ အခြေခံေ လးရ အောင်သင်ပေးနေပါတယ်” လို့ ပြော ပါတယ်။ သမီးနဲ့သား မြန်မာစကား ကို နားလည် အောင်အိမ်မှာ မြန်မာလိုပဲ ပြောဖြစ်သလို၊ ဘုရားစာတွေလည်း သင် ပေးတယ် လို့ ပြောပါတယ်။

“အိမ်မှာတော့ မြန်မာလိုပဲ ပြော တယ်။ သူတို့နားလည်ပါတယ်။ သမီး လေးကနည်းနည်းပိုပြောနိုင် ပါတယ်။ သားလေးကျတော့ မြန်မာလို သိပ် မပြောနိုင်ဘူး။ နားေ တာ့လည်ပါ တယ်။ ဘုရားစာတွေကိုလည်း သင် ပေးပါတယ်”"သူတို့ကို ဗုဒ္ဓဘာသာတစ်ယောက်ပဲ ဖြစ် လာစေချင်ပါတယ်။အမေက ပုတီးစိပ်တော့ သမီးလေးကကလည်း တစ်ခါတလေ ပုတီးလိုက်စိပ်တယ်။ သိပ်တော့နားမလည် သေးဘူး။ ဘုရားဂုဏ်တော်၊အရဟံ၊ ဘဂဝါ စသဖြင့်သူ့အတွက် မှတ်ရလွယ် တာလေးတွေပါပဲ။ ဘုရားရှိခိုးမှာ လည်းသရဏဂုံသုံးပါးလုံးဆိုတတ် ပါတယ်။သားလေးကတော့ မရ သေးဘူး။သင်ပေးရဦးမယ်” လို့အကယ်ဒမီမေဝင်းမောင် က ပြောပါတယ်။

ခိုင်ဝေလွင်
popular

iPhone 5S အတွင်းမှာ ဘာထူးခြားပြောင်းလဲသွားလဲ





iFixit အမည်ရ ဝဘ်ဆိုဒ်က iPhone 5S အတွင်းပစ္စည်းပြောင်းလဲမှုများကို ဖွင့်ပြ သွားပါတယ်။

iFixit တို့ ပြောဆို ပြသချက်အရ အတွင်းမှာ ထူးထူးခြားခြား ပြောင်းလဲသွားမှု မရှိပါဘူး။ ကြိုးတစ်ချောင်းပိုလာတာ တစ်ခုပဲ ရှိတယ်လို့ ဆိုပါတယ်။ Touch ID Sensor နဲ့ Lightening Portကြား ဆက်သွယ်ထားတဲ့ ဝါယာကြိုး တစ်ခု သာ ပိုပြီး ဖုန်း ဟာ့ဒ်ဝဲ ပြင်သမားတွေ အထူးသတိထားရမယ့် အစိတ် အပိုင်း တစ်ခု ဖြစ်ကြောင်း ဆိုပါတယ်။

ဟာ့ဒ်ဝဲ တည်ဆောက်ပုံ ဒီဇိုင်း ပြောင်းလဲ မသွားပါဘူး။ Upgrade လုပ်ထား တဲ့ ပစ္စည်းများကို အသုံးပြုလိုက်ခြင်းသာ ဖြစ်ကြောင်း ဆိုပါတယ်။ ဥပမာ A6 ကနေ 64 bit A7 Chip ကို အသုံးပြုလိုက်တာမျိုး ဖြစ်ပြီး ကမ္ဘာ့ Processor အမြန်ဆုံး စမတ်ဖုန်းအဖြစ် အသိအမှတ်ပြုနိုင်ခြင်း ဖြစ်ပါတယ်။ အပြင် ဒီဇိုင်းအားဖြင့်လည်း ထူးထူးခြားခြား မပြောင်းလဲပါဘူး။ iPhone 5S 16 GB ပထမ သုံးလုံး ဝယ်ယူသူကို ၈ သိန်းခွဲနဲ့ ရောင်းချပေးမယ် လို့ ပြည်တွင်း မိုဘိုင်းဆိုင်တစ်ခုက အောက်ပါ လခ့်မှာ ကြော်ငြော ထားပါသေးတယ်။

http://goo.gl/TDaLcn

Aung Kham (TSJ Team)
TechSpace Journal

အမျိုးသမီးအသင်း၏အမှားများဆီးဂိမ်းမတိုင်မီ ပြင်ဆင်မည်


အာ ဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင် ပွဲထက် ဆီးဂိမ်းပြိုင်ပွဲကအဓိက ဖြစ်ပြီး အသင်းရဲ့ကစားပုံအမှား အယွင်းတွေကို ဆီးဂိမ်းပြိုင်ပွဲ မတိုင်မီ အချိန်မီပြင်ဆင်မည်ဟု အသင်းနည်းပြချုပ် ကုမာဒါက ပြောသည်။မြန်မာအမျိုးသမီးအသင်း နှင့် ဂျပန်အသင်းတို့ အုပ်စုဗိုလ် နေရာလုပွဲအပြီးတွင် ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

အမျိုးသမီးအသင်းအနေ ဖြင့် လက်ရှိကျင်းပနေသည့်အာ ဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင် ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခြင်းသည် ဆီးဂိမ်းအကြိုပြိုင်ပွဲအဖြစ် ကစား ခြင်းဖြစ်သော်လည်း အဓိကပစ် မှတ်မှာ ဆီးဂိမ်းပြိုင်ပွဲဗိုလ်စွဲနိုင် ရေးဖြစ်ကြောင်း သိရသည်။ယင်းနှင့်ပတ်သက်၍ နည်း ပြချုပ်ကုမာဒါက ''အခုလက်ရှိမှာ အသင်းရဲ့ကစားပုံအမှားအယွင်း တွေ ရှိနေတယ်။ ဒါကိုဆီးဂိမ်းပြိုင် ပွဲမတိုင်မီပြင်ဆင်ပေးမယ်။

အဓိက ပစ်မှတ်က ဆီးဂိမ်းပြိုင်ပွဲပါ''ဟု ၎င်းကပြောသည်။မြန်မာအမျိုးသမီးအသင်း နှင့် မြန်မာယူ-၂၃အသင်းတို့ ဆီး ဂိမ်းပြိုင်ပွဲတွင် အောင်မြင်မှုရရန် အတွက် နှစ်သင်းစလုံး၏အဓိက အားနည်းချက်မှာ တိုက်စစ်ဆုံးရှုံး ချိန်တွင် ခံစစ်သို့ကူးပြောင်းရာ၌ အမျိုးသားအသင်းရော အမျိုး သမီးအသင်းပါ အထနှေးခြင်း၊ တန်ပြန်တိုက်စစ်ဆင်ရာတွင် ဘော လုံးသမားများ လျင်မြန်စွာနေရာ မယူနိုင်ခြင်းတို့ဖြစ်သည်။

ဂျပန်ယူ-၂၃အသင်း နည်း ပြ ဟိုရီနိုဟီရိုယူကီက ''မြန်မာ အသင်းရဲ့ ရှေ့တန်းနဲ့နောက်တန်း ကစားသမားတွေက သိပ်ကောင်း ပါတယ်။ ဒါပေမဲ့ အသင်းရဲ့အဓိက အားနည်းချက်က ဘောလုံးဆုံးရှုံး သွားရင် ခံစစ်က သိပ်နှေးတယ်'' ဟု ယင်းက သုံးသပ်ပြောသည်။
အမျိုးသမီးအသင်းအနေ ဖြင့် ဆီမီးဖိုင်နယ်သို့တက်ရောက် နိုင်ခဲ့သော်လည်း ဩစတြေးလျ အမျိုးသမီးအသင်းနှင့် တွေ့ဆုံနေ ခြင်းဖြစ်သည့်အတွက် ဗိုလ်လုပွဲ တက်ရန် ခက်ခဲမည်ဖြစ်သည်။
Yangon Media Group

နေပြည်တော် ပုဗ္ဗသီရိတွင် ရဲနှင့်ရွာသားများပဋိပက္ခဖြစ် ရဲတပ်ဖွဲ့ဝင်ငါးဦး ဆေးရုံရောက်


ရန်ကုန်- လယ်ယာမြေပြဿနာမှ အစပြု၍ ရဲတပ်ဖွဲ့ဝင်များနှင့် ရွာသားများ ပဋိပက္ခဖြစ်ပြီး ရွာသားများကဖမ်းဆီးထားသော ရဲတပ်ဖွဲ့ဝင်များကို ရဲအင်အားတစ်ရာကျော်ဖြင့် သွားရောက်ကယ်တင်ခဲ့ရသော ဖြစ်စဉ်တစ်ခု နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ပုဗ္ဗသီရိမြို့နယ် ၀ဲကြီးကျေးရွာတွင် စက်တင်ဘာ ၁၉ ရက် နံနက် ၂ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာမှ ၀ရမ်းထုတ်ထားသည့် ရွာသားခြောက်ဦးကို ရွှေသွင်းကုန်းရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက သွားရောက်ဖမ်းဆီးစဉ် ရွာသားအင်အား သုံးရာခန့်က ပြန်လည်ဝိုင်းရံကာ အဆိုပါရဲတပ်ဖွဲ့ဝင် ငါးဦးကို ဖမ်းဆီးချုပ်နှောင်ခဲ့ခြင်းဖြစ်ကြောင်း ပုဗ္ဗသီရိမြို့နယ်ရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။

“ရွာသားတွေက အင်အားအရမ်းများပြီး မင်းတို့ကို ပြည်သူတွေဝိုင်းထားပြီ။ လက်နက်ချပါလို့ ပြောတာ။ ရဲအရာရှိတွေကိုပါ ကြိုးတွေနဲ့ တုပ်ထားတာပါ”ဟု အထက်ပါရဲအရာရှိက ပြောသည်။

“ကျွန်တော့်ကို ဧည့်စာရင်းစစ်တယ်ဆိုပြီး ရဲနဲ့လူ ၃၀ ကျော်လောက်က အိမ်ပေါ်တက်လာတယ်။ လည်ပင်းကို လေး၊ ငါး ယောက်လောက်ကနင်းပြီး လက်ထိတ်ခတ်ခဲ့ပါတယ်”ဟု စက်တင်ဘာ ၁၉ ရက် နေ့လယ်ပိုင်းအထိ လက်ထိတ်တန်းလန်းဖြင့်ရှိနေသူ ကိုဇော်လတ်က ပြောကြားသည်။

၎င်း၏ဇနီးနှင့် သမီးတို့က အော်ဟစ်သောကြောင့် ဓားပြတိုက်သည်အထင်ဖြင့် ရွာသားများ ၀ိုင်းအုံလာကြရာ ရဲတပ်ဖွဲ့ဝင်များလည်း ထွက်ပြေးသွားကြကြောင်း ၀ဲကြီးရွာသားအချို့ထံမှ သိရသည်။

ဖမ်းဆီးခံထားရသော ရဲအရာရှိအချို့ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး နေပြည်တော် ခုတင်တစ်ထောင်ဆေးရုံတွင် တက်ရောက်ကုသနေရကြောင်း သတင်းရရှိသည်။ ရဲတပ်ဖွဲ့ဝင်များက ပစ်ခတ်မှုတစ်စုံတရာမပြုခဲ့ကြောင်း ဒေသခံရွာသားများထံမှ သိရသည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး မဖြေလိုပါဘူး။ ရဲတပ်ဖွဲ့ဝင်ငါးဦး ဆေးကုသမှု ခံယူနေရတယ်။ တစ်ယောက်ကတော့ ဒဏ်ရာပြင်းတယ်”ဟု ရွှေသွင်းကုန်း ရဲစခန်းစခန်းမှူးက ပြောသည်။

“တရားခံအိမ်ကိုဝင်ပြီးဖမ်းတာမှာ ဓားပြတိုက်နေပြီလို့ အိမ်ရှင်ကအော်တော့ ရွာသားသုံးရာကျော်လောက်ဝိုင်းပြီး ရဲတွေကို ဖမ်းချုပ်တာပါ။ ဖမ်းမိထားတဲ့ တရားခံတွေကိုလည်း ပြန်လုသွားပါတယ်”ဟု ပဋိပက္ခဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ရွှေသွင်းကုန်းရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်အင်အား သုံးဆယ်ခန့်ကို ကယ်တင်နိုင်ရန် ပျဉ်းမနားရဲစခန်း၊ နေပြည်တော်ခရိုင် ရဲတပ်ဖွဲ့မှူးရုံး၊ ကျည်တောင်ကန်ရဲစခန်း၊ လယ်ဝေးရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် အင်အားတစ်ရာခန့်ဖြင့် နံနက်လင်းချိန်တွင် သွားရောက်ကယ်တင်ခဲ့ရကြောင်း သိရသည်။
7Day News Journal

စင်ကာပူ ထိပ်တန်းခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမည်


မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် စင်္ကာပူနိုင်ငံမှ ထိပ်တန်းခေါင်းဆောင်များနှင့် စက်တင်ဘာ ၂၀ ရက်တွင် စင်ကာပူနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် သွားရောက်မည့် ခရီးစဉ်အတွင်း တွေ့ဆုံမည်ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်တစ်ခုတွင် ဖော်ပြထားသည်။

စက်တင်ဘာ ၁၉ ရက်က ထုတ်ပြန်ခဲ့သော စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်တွင်
ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူနိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်များဖြစ်ကြသော သမ္မတ Tony Tan Keng Yam, ၀န်ကြီးချုပ် Hsien Loong, ဂုဏ်ထူးဆောင် အကြီးတန်းဝန်ကြီးချုပ် ဂိုချောက်ထောင်၊ လွှတ်တော်ဥက္ကဋ္ဌ Halimah Yacob နှင့် နိုင်ငံခြားရေး ဒု-၀န်ကြီး Grace Fu တို့နှင့် တွေ့ဆုံသွားရန် ရှိသည်ဟု ဖော်ပြထားသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် စင်ကာပူနိုင်ငံ ထိပ်သီးအစည်းအဝေး (Singapore Summit) နှင့် စင်ကာပူ စီမံခန့်ခွဲရေးတက္ကသိုလ်တို့တွင် မိန့်ခွန်းများ ပြောကြားသွားမည်ဖြစ်သည်။ ယခုခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်၏ စင်ကာပူနိုင်ငံသို့ သွားရောက်သည့် ပထမဆုံး ခရီးစဉ်တစ်ခုလည်း ဖြစ်သည်။
Mizzima - News in Burmese

ဆယ်ဘီးကားတစ်စီး ဘရိတ်ပေါက်ပြီး ကား(၁၀)စီးကို ၀င်တိုက် (ဓါတ်ပုံ)

19.9.2013နေ့ ညနေ 3း00ခန့် က ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ ပြည်ထောင်စု လမ်းမကြီးပေါ်မှာ
မှာ ဆယ်ဘီးကားတစ်စီး ဘရိတ်ပေါက်ပြီး လမ်းတစ်လျှောက်မှာ ရှိတဲ့ ကား(၁၀)စီးကို ၀င်တိုက်သွားတဲ့ မြင်ကွင်း ဓါတ်ပုံများ။\









thithtoolwin

ဂျပန်နိုင်ငံက ဖြစ်ရပ်မှန် " ငှက်ပျောသီးနဲ့ရေ" ပဲလိုတဲ့ ၀ိတ်လျှော့ချနည်း


ခုဆို ဂျပန်မှာ ငှက်ပျောသီးဝယ်ယူ ရရှိနိုင်ဘို့ မနက်စောစောဈေးပြေးနေရပြီ ဆိုပဲ...
အရင်က လုံးဝ မထင်ရှားသာမာန် ငှက်ပြောသီးဟာ ခုချိန်မှာ ပိန်ရေးအတွက် အရမ်းကို အသုံးဝင်နေတယ်ဆိုတာ သိလာကြပြီးနောက်ပိုင်း... ငှက်ပြောသီးတင်သွင်းတဲ့ကုန်သည်တွေကလဲ... တင်သွင်းလို့ မလောက်နိုင်လောက်အောင် ဈေးကွက်က အရမ်းတောင်းဆိုလာကြတယ်တဲ့...
Hitoshi Watanabe ဆိုသူ အသက် ၃၁ နှစ်ရှိပြီ ဖြစ်တဲ့ ဘွဲ့ရအလုပ်လက်မဲ့လူငယ် တယောက်ဟာ ဒီနည်းဟာ အကောင်းဆုံးဆိုတာ ကို ၂၀၀၆ ခုနှစ်မှာ တွေ့ရှိခဲ့ တယ်တဲ့... သူ့ကောင်မလေး Sumiko ဆိုတဲ့မိန်းကလေးက ဆေးဆိုင်မှာ ဆေးရောင်းတဲ့ အလုပ်လုပ်ရင်း... တရုတ် တိုင်းရင်ဆေး ပညာ သင်ကြားခဲ့ရတာကတော့... ဘာဖိအားမှ ပေးစရာမလိုတဲ့ အရိုးရှင်းဆုံးပိန်နည်းကတော့ မနက်စောစောမှာ ငှက်ပြောသီးစားပြီး ရိုးရိုးရေတခွက်သောက်လို့ရှိရင် ဇီဝချေဖျက်နုန်း အလွန်မြင့်မားပြီး... နေ့လည်စာနဲ့ ညစာ ဘယ်လောက်စားစား..... ပိန်နိုင်ပါတယ်လို့ဆိုပါတယ်....
သူ့ကောင်မလေးပြောတဲ့အတိုင်း စားလိုက်တာ ၆လအတွင်းမှာ ၁၃ ကီလိုဂရမ်တောင်ကျတယ် လို့ဆိုပါတယ်...အဲတာ နဲ့ သူကောင်မလေးSumiko ကိုလက်ထပ်ပြီး ဒီဖြစ်ရပ်ကို MY SPACE ဂျပန်ဗားရှင်း MIXI မှာ ပို့စ်တင်ထားတယ် လို့ဆိုပါတယ်...
ဒီဇာတ်လမ်းလေးဟာ ပထမဆုံး Banana Diet Story အဖြစ်နဲ့ ထင်ရှားကျော်ကြား ခဲ့ပြီး စာအုပ်တောင် ထုပ်ခဲ့ရတယ်... အုပ်ရေ ၆ သိန်းတောင်ရောင်းခဲ့ရပါတယ်..
ဒီအကြောင်းပိုမို လူသိများလာရခြင်းအကြောင်းကတော့... တိုကျို အသံလွှင့်ဌာနက ထုပ်လွှင့်တဲ့ အော်ပရာ အဆိုတော်ဟောင်းကြီးKumiko Mori ကလည်း ငှက်ပြောသီး တန်ခိုးနဲ့ ၇ ကီလိုတောင်ကျတယ် ဆိုတဲ့အကြောင်း ထုတ်လွှင့်ပြသခဲ့တာလဲပါပါတယ်....

တခြားနည်းတွေနဲ့ ပိန်အောင် ပြုလုပ်ပေးသူတွေ မျက်ခုံးတောင်ပင့်သွားစေလောက်အောင် လွယ်ကူ မြန်ဆန် ပါတယ်တဲ့..... အစားလဲရှောင်စရာမလိုဘူး... အချိန်မှန်လဲ စားစရာမလိုဘူး.... ညဆို မစားပဲလဲနေစရာမလိုဘူး.... ဘာလေ့ကျင့်ခန်းမှလဲ လုပ်စရာမလိုပဲ မပင်ပန်းပဲ လွယ်လွန်းလို့ပါတဲ့....

ကဲကဲ... တို့ဆီမှာ အပေါများဆုံးကလဲ ငှက်ပြောသီး... ဘယ်နားသွားသွားရှိတယ်...ငှက်ပြောသီးစားပြီးရင် ရေရိုးရိုးလေးလဲသောက်ဘို့မမေ့နဲ့နော်....

Japan Goes Bananas for a New Diet

Keiko Akai is very annoyed. The attractive 21-year-old university student has been planning to do a banana diet for some time now, but she can't get started — and not for lack of trying. "I keep going to OK Store, my local supermarket every single day," she says. "In fact, I've just been there. There are no bananas on the shelves, and it's been like that for a month."

Akai has never weighed more than 100 pounds, and is so slim that her waist is swimming in Zara's smallest size XS skirt. She doesn't need to lose any weight. But Japanese girls obsessed with diets tend to jump at any trendy new ones, so, when Akai heard about a popular actress who'd lost 26 pounds through the Morning Banana Diet, she had to try it. And the dearth of bananas as her local supermarket, and many others, is testimony to the popularity of the new dieting fad.

"Large stores don't have any bananas from noon, and even Ito Yokado (a major supermarket chain) runs out of them after 3 p.m.," says Tomoyuki Horiuchi, sales representative of Tokyo Seika Boeki Co., Ltd., fruit and vegetables wholesale company. Hiromi Ohtaki of Dole Japan, a leading banana importer, sees the boom in sales as largely due to Morning Banana Diet — bananas don't normally sell well during summer, and this year's summer has been especially hot. Still, over the past 4 months, demand has driven Dole Japan to increase its banana imports by upward of 25%, and even then supplies could not keep pace with demand. "In a way this is an emergency," explains Ohtaki. "We've been importing bananas from the Philippines for the past 40 years, but this is the first time something like this happened to us, and we find it very difficult to cope."

The Morning Banana Diet regime is simple: A banana (or as many as you want) and room temperature water for breakfast; eat anything you like for lunch and dinner (by 8 p.m.). A three o'clock snack is okay, but no desserts after meals, and you have to go to bed before midnight. Sumiko Watanabe, a pharmacist in Osaka designed this stress-free diet to help increase the metabolism of her husband Hitoshi Watanabe, who had been rather overweight. In due course, Mr. Watanabe lost 37 pounds and introduced the diet on mixi, one of Japan's largest social networking services. Morning Banana Diet books published since March have sold over 730,000 copies, and some have been translated and published in South Korea and Taiwan. The diet became even more popular after a TV program featured a singer who had lost 15 pounds in just six weeks. It was literally the day after that program aired that the shortage of bananas first became evident. "Bananas suddenly flew off the shelves, there was a 70%-80% increase in weekly sales compared to the same period last year," says Takeshi Ozaki, a spokesperson of Life Corporation that runs 201 supermarkets throughout Japan.

Professor Masahiko Okada of Niigata University School of Medicine questions the hype around the banana diet. The human body has three essential nutrients — carbohydrates, fat and protein —, he says, and "the golden rule is to balance these three nutrients and a daily calorie intake. Once you understand that, you don't have to be swayed by the fad diet any more, whether it is a konnyaku (alimentary yam paste) or a banana diet." But a nation prone to dieting fads often ignores such sober advice.

According to Ministry of Finance, Japan's banana imports were 970,000 tons in 2007, mostly from Taiwan and the Philippines. "It takes from 10 to 15 months to harvest bananas, so it is not at all easy to meet a sudden increase in demand," says Dole's Ohtaki. Dole Japan is trying to make up the shortfall by negotiating distribution deals with Dole corporations in other countries. Supplying the spike in demand will be lucrative, because banana prices in Japan have risen about 20% as a result of supply shortages that have coincided with the diet fad.

Bananas are hardly the first fad diet to create shortages in Japan's consumer markets. During the 1970s, there were similar runs on black tea fungus, oolong tea and konnyaku; during the 1980s it was baby formula, banana and boiled egg; then, in the '90s, came apple, nata de coco, cocoa and chili pepper; and during this decade black vinegar, carrot juice, soy milk, beer yeast and toasted soybean flour (kinako). Last year's fermented soybean (natto) diet emptied supermarket shelves. Based on experience, Horiuchi predicts that the banana boom will last only another month or so. "In the past, there were all kinds of hit diets. But they never last, do they? So, we don't really want to end up with an uncontrollable banana surplus."

လူကြီးလူကောင်း (သို့မဟုတ်) လူကြီးလူမိုက်

တိုက်ခန်းနဲ့ နေရတာထက် မြေလေးနဲ့ ခြံလေးနဲ့နေချင်လို့ ဈေးနှုန်းတွေ တက်နေပေမယ့် ရန်ကုန်မြို့ မြို့နယ် အသစ်ရဲ့ ရပ်ကွက်တစ်ခုမှာ ၄ဝ x ၆ဝ မြေကွက်ေ လးတစ်ကွက် သွားဝယ်ခဲ့ တယ်။ ကိုယ့်ရှိတဲ့ ငွေလေးနဲ့ တစ်နိုင်  တစ်ပိုင်လေး ဝယ်ရတာမို့ ကိုယ်ဝယ် လိုက်တဲ့ မြေကွက်နဲ့ အိမ်ရှိတဲ့လမ်းက ရွှံ့ဗွက်တွေ ဗရပွနဲ့ အိမ်ကလည်း ချောင် ကျကျလေးပေါ့။ ကျွတ်တွေ မျှော့ကြီး တွေကတွယ်။ မိုးရွာရင် အိမ်ထဲအထိ ရေတွေကဝင်။ ဒါနဲ့ပဲ အိမ်ရှေ့ ရေမြောင်းဖော် ကွန်ကရစ်လေးခင်းဖို့ အုတ်၊ သဲ၊ ကျောက် မှာရပါတော့တယ်။ လိုအပ်တာလေး တွေ ပန်းရံနဲ့မှာပြီး အိမ်ပြန်လာ။ မကြာ ပါဘူး။
အိမ်အသစ်လေးမှာ အစောင့် ထားခဲ့တဲ့ အလုပ်သမားလေးက ဖုန်း ဆက်လာတယ်။ မိန်းမတစ်ယောက် အိမ်ရှေ့မှာ ထမီ မ,ပြီး လာအော်နေ တယ်တဲ့။ အုတ်၊ သဲ၊ ခဲကားတွေဝင်လို့ လမ်းတွေပျက်ကုန်တယ်ဆိုပြီး ရန်ရှာနေ တယ်တဲ့။ ဒါနဲ့ပဲ ချက်ချင်း ပြန်ပြေး ကိုယ်က လူသစ်ဆိုတော့ သူတို့ဘာပဲ ပြော ပြောသူတို့နဲ့ အဆင်ပြေဖို့ လိုတယ် မဟုတ်လား။ ဟိုရောက်တော့ ရန်ပြုပါ တယ်ဆိုတဲ့ ဆရာမကြီးတွေကို လုံ လောက်တဲ့ ပစ္စည်းဝယ်ပြီးတာနဲ့ လမ်း ပြန်ခင်းပေးပါ့မယ်၊ ကွန်ကရစ် လမ်းခင်း မယ်ဆို ရင်လည်း သုံးချိုးတစ်ချိုး မတည် ပါ့မယ်၊ ခဏလေးလောက်သည်းခံပေး ပါလို့ အဆင်ပြေအောင် ချော့မော့ ဖား လျားပြီး အုတ်ကျိုးတစ်စီးကို ၄၂ဝဝဝ ကျပ်နဲ့ဝ ယ်ပြီးကျေန ပ်အောင် သူတို့အိမ် ရှေ့လမ်းဘေးမှာ ချထားပေးခဲ့ပါတယ်။ သဲတွေလည်း စုပုံထားပေးခဲ့ပါတယ်။
ဒါပေမဲ့ ကိုယ်ဝယ်ပေးတဲ့ အုတ် ကျိုးတွေကို လမ်းသားပေါ် စုပုံပြီး နောက်ထပ်ဝင်လာမယ့် သဲကားတွေ ဝင်မရအောင် လုပ်ပြန်ပါတယ်။ သဲကား မောင်းတဲ့ ဒရိုင်ဘာက ကားအောက် ပိုင်းနဲ့ မလွတ်ဘူးဆိုလို့ ကားနဲ့ လွတ်ရုံ လေး သွားဖယ်ဖို့ သွားတာကို ငှက် အသိုက်ထဲ မြွေဝင်သလို ဆူညံပွက် ပြန် ရန်လုပ်ပြန်ရော။ ခဏလေးပါ ပြန် ထား ပေးပါ့မယ်ဆိုလည်း မရ။ သူတို့ကျေနပ် အောင် သူတို့နဲ့ ပြေလည်အောင် ကိုယ့် ဘက်က ကြိုးစားသမျှ သူတို့ဘက်က လူစွာလုပ်လွန်းလှတယ်။ မိုက်ကြေးခွဲ လွန်းလှပါ တယ်။ကိုယ့်ဗမာလူမျိုးအချင်းချင်း ဧည့် သည် မျက်နှာစိမ်းကို ကူညီဖေးမရမယ့် အစား ရွာခံရွာစား အမိုက်စားကြီးတွေ လုပ်ပြီး စရိုက်ဇယား ခင်းပြပုံများ သူတို့ ဘက်က ယောက်ျားတစ်ယောက်က တောင် သူ့ပစ္စည်း ဘယ်လို ထြ<ွက ကြောင်း ပါဝင်ပြီးကြော်ငြာနေသေးတော့ ကိုယ်လည်းပုထုဇဉ်ပီပီ သည်းခံနိုင်စွမ်း ကုန်ခဲ့ရတော့ တယ်။ကိုယ့်စကားရဲ့ နိဂုံးကတော့ လမ်း ကောင်းဖို့ ဘာမှ ထပ်မလုပ်ပေးနိုင် တော့ဘူးလို့။ တစ်ဆက်တည်းဝင်လာ တဲ့အတွေးကတော့ ငါတော့ အကုသိုလ် ဝင်ပြီဆိုတာ ပါပဲ။ ခဏနေတော့ ကိုယ့် ကို ဝိုင်းအာတဲ့အထဲမှာ ပါတဲ့ မျက်စိ အကြောလိုက်နေတဲ့ မိန်းမတစ်ယောက် က ဆိုင်ကယ်စီးပြီး ဟန်းဖုန်းစကားပြော ရင်း ထွက်သွား တာ တွေ့ရတယ်။ မြို့ လယ်မှာ နေခဲ့တော့ သိနေတာ တစ်ခု တော့ရှိတယ်။ အနှစ်မရှိတဲ့တော ကြက်ဆူပင် မင်းမူပြီလို့။ ဒါနဲ့ ကိုယ့်လူ ကိုယ် သေချာေ အာင် ပြန်မေးရပြန် တယ်။ လမ်းလူကြီးတွေ ဘာတွေ မပြောထားဘူးလားဆိုတော့ လမ်းလူကြီးကိုယ်တိုင်က အားလုံးကောင်း ဖို့လုပ် တာပဲ အေးအေးဆေးေ ဆးသာ လုပ် ညီလေးလို့ ပြော ပါတယ်တဲ့။ ကိုယ့် အစောင့်အလုပ်သမားက ပြန်ပြောပြ တော့မှစိတ်ချလက်ချဆက်လုပ်ကြတယ်။ ဒါပေမဲ့သည်လို စရိုက်မျိုးတွေကို ရွာနီး ချုပ်စပ် မြင်ဖူးေ တွ့ဖူးလို့ ကိုယ့်အလုပ် သမားတွေအတွက် စိုးရိမ်ပြီး ဧည့်စာရင်း တိုင်ဖို့မှာပြီး အိမ်ပြန်ခဲ့တယ်။ အိမ်ပြန် တော့ ည ၇ နာရီ ထိုးနေပါပြီ။
ည ၉ နာရီလောက် ကျတော့ ကြောက်လန့်တုန်ရီနေတဲ့ အသံနဲ့ အလုပ်သမားလေးက ဖုန်းဆက်လာ တယ်။ သူက ကိုယ့်ကို စကားပြောနေ တာကို အနောက်က အသံနက် ကြီးနဲ့ ဒေါသတကြီး ဆဲဆိုကြိမ်းမောင်းသံတွေ ပါရောထွေးပြီး ကြားနေရတယ်။ အလုပ် သမားလေး ပြောတာက ”အစ်မ ရေ ကျွန်တော် ဧည့်စာရင်း လာတိုင်တာကို ရုံးထဲတောင် မဝင်ရသေးဘူး။ အစ်မနဲ့ ညနေက စကားများတဲ့ မိန်းမတွေနဲ့ စကားရပ်ပြောနေတဲ့လူကို အဲဒီမိန်းမ တွေက သူပဲသူပဲဆိုပြီး ကျွန်တော့်ကို လက်ညှိုးထိုးတော့ အဲဒီလူက ကျွန်တော့် ကို မင်းက ၁ဝဝ၉ က ကောင်လား မင်း ကို တိုင်ထားတယ်။ မင်း ဟိုအခန်းထဲ ဝင်လို့ ကျွန်တော့်ကိုပြောတယ်။ ကျွန် တော်က ဧည့်စာရင်း လာတိုင် တာပါ၊ ကျွန်တော့်မှာ ဘာအပြစ်ရှိလို့လဲဆိုတာ ကို သူကထိုးမယ်ကြိတ်မယ် လုပ်နေ တယ်။ အရက်တွေလည်း မူးနေတယ်။ ကျွန်တော်ကြောက်လို့ အစ်မအမြန်လာ ပါတဲ့။
ကောင်လေး အဲလိုပြောတော့ သူ့ နောက်ကနေ ”ငါ..သား။ ကြိုက်တဲ့ ကောင်ခေါ်ခဲ့။ ..ပဲ။ မင်း အစ်မ လည်း..ပဲ။ ခေါ်လိုက် မင်းအစ်မပါ ခေါ်လိုက်။ စောက်ခွက်တွေ စုတ်သွား မယ်။ သတ္တိရှိတဲ့ကောင်လာခဲ့။ ကြိုက်တဲ့ နေရာတိုင်။ ..ပဲ။ ငါက ဒီရပ်ကွက်ရဲ့ အုပ်ချုပ်ရေးမှူးကွ” ကြားရတာနဲ့တင် ဒေါသတွေ မခံ ချင်စိတ်တွေက ဆူပွက် လာခဲ့ပြီ။ တစ် ယောက်တည်း စောင့်အိပ်ရသော အ လုပ်သမားလေးအတွက် စိုးရိမ်ရသော အခြေအနေကညွှန်နေလေပြီ။ ထို့ကြောင့် သူခေါ်သော အခန်းထဲသို့ မဝင်ရန် အန္တရာယ်ရှိသဖြင့် အမြန်ဆုံးထိုနေရာမှ ခွာရန်နှင့် အိမ်မပြန်ဘဲ ကုန်ပဒေသာ မှတ်တိုင်တွင် ထွက်ထိုင်နေရန် မှာကြား ပြီး ထိုနေရာသို့အလောတကြီး ပြန်ပြေး ရပြန်ပါ သည်။
မဖြစ်မနေသာ လာရသည်။ ကိုယ် လည်း ခပ်ကြောက်ကြောက်။ ကိုယ်ဝယ် ထားသော အိမ်သို့ပင် ကိုယ်မသွားရဲ တော့…။ ရပ်ကွက်လူကြီးတောင် မူး ရူးရိုင်းစိုင်းရန် လိုနေမှတော့ ချောင်ကျ သော ကိုယ့်အိမ်ထဲ ဘယ်လိုသတ္တိနဲ့ သွားရမှန်းမသိ။ သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးရုံးကလည်း အခုချိန် ပိတ် လောက်ပြီ။ ၁ဝ နာရီပင် ကျော်ေ နပြီဆို တော့ ဦးနှောက်က အလျင်အမြန် အဖြေရှာရတော့သည်။ ဒါနဲ့ပဲ သက်ဆိုင်ရာမြို့နယ် ရဲ စခန်းကို ရောက်ခဲ့သည်။  ဟိုရောက် တော့ ကြိုဆိုပုံတွေက မလှပ။ ကြည့်တဲ့ မျက်လုံးနဲ့ အမူအရာတွေက လိုလား ဟန် လုံးဝမပြ။ ပျူငှာဖို့ဝေးလို့ အမှု စစ်ကို စကားပြောနေတာတောင် စခန်း မှူးဆိုသူက ခင်ဗျားပါးစပ်ပိတ်ထား စမ်း။ သည်မှာ ကျုပ်မေးရဦးမယ်ဆိုပြီး အသားလွတ်ကြီး အဟောက်ခံရသည်။
”တစ်ခါမှမမြင်ဖူးမတွေ့ဖူးပဲနဲ့ ကျွန်မ ကို ဘာ့ကြောင့်ရန်လိုနေသလဲ ကျွန်မ သိပါရစေ။ ကျွန်မအားကိုးတကြီးနဲ့လာ ခဲ့တာ။ ကျွန်မတောင်ဘာတစ်ခုမှ မ ပြောရသေးဘူး။ လိုလားတဲ့မျက်နှာ ပေး လေးတောင်မှ မတွေ့ရဘူး” ဆိုတော့ အမှုစစ်က ကျွန်တော်တို့က ဘာလုပ် ပေးရမလဲတဲ့။ ပြဿနာတစ်ခုဖြစ်လာ ရင် ဘယ်လိုပုံဖြေရှင်း ကိုင်တွယ် ရမည် ကို မသိလေသော ရဲဝန်ထမ်းကောင်း များက မှုခင်းဖြစ်ပွားမှုနှုန်းကို လျော့ပါး စေသည်လား။ ဘာဖြစ်တယ်ဆိုတာ သေချာမမေး ရသေးဘဲ ရန်လို ဆက် ဆံနေပုံက မသိ စိတ်တွေကို ကြောက်အားပိုစေသည်။ ကိုယ်ဘယ်မှာရောက်နေကြောင်း တစ် ဦးတစ်ယောက်တော့ အသိပေးသင့် သည်ဟုယူ ဆပြီးသူငယ်ချင်း တစ်ယောက် ဆီ ဖုန်းဆက်ထားလိုက်သည်။ တော ခွေးကိုက်လို့ ကျားကိုတိုင်သလို ဖြစ်နေ ပြီဟု ထင်ခဲ့မိသည်။ထို့နောက် တိုင်ချက်ရေးပြီး ကျွန် မတို့ကိုပြန်ခိုင်းသည်။ ဧည့်စာရင်းလည်း မရှိသဖြင့် အခြေအနေအရ ရဲစခန်းမှ လိုက်ပါပို့ဆောင်ပေးပါရန် အသနားခံ တောင်းဆိုပြီး ကျွန်မဝယ်ထားသောအိမ် မှာအလုပ်သမားလေးကို ပြန်ပို့ထား ခဲ့ရသည်။
အချိန်က သန်းခေါင်ကျော် ညဥ့် ၂ နာရီခွဲ။
အစအဆုံးလိုက်ပါလာသော တက္ကစီ သမားကတော့ ပြောရှာသည်။ အရင် ထက်ပိုဆိုးလာတယ်။ လူပဲပြောင်းတယ်၊ မူမပြောင်းသေးဘူး အစ်မရေ။ ဒါမျိုး တွေ က နေရာ တိုင်းနီးပါးမှာ ရှိနေသေး တယ်တဲ့။ သူပြောတယ်ဆိုပေမယ့် ကိုယ် လည်း သည်အတိုင်းပဲ ပြောချင်နေတာ ကြာခဲ့ပါပြီ။ လူတိုင်းလူတိုင်း ပြည်သူ တိုင်း လည်း ခံစားနေ ရသေးတာ တူညီ နေပါဦးမည်။ အထက်ကပြောင်းပြီး အောက်က မပြောင်းဘူးလို့ ဝိုင်းဝန်းဝေဖန်သံတွေ ကြားနေရသည်။ အမှန်ကပြောင်းပေ မယ့် နှောင်းေ နပြီဖြစ်သည်။ လက်ပါးစေ တွေ၊ ကျွန်ပါးဝတွေ၊ အာဏာရူးတွေက ရပ်ကွက်ကင်းတဲစောင့်တွေအထိ ကူး စက်ပြန့်ပွားနေသည်။
အောက်ကပြောင်းတာ အပေါ်က မသိခြင်းလား။ အပေါ်ကပြောင်းတာကို အောက်ကမသိခြင်းလား။ သေချာတာ တစ်ခုကတော့ အရှိန်မသေသေးသော ပန်ကာဒလက်တွေ လို ခလုတ်ပိတ်တာမှ မကြာသေးပဲကိုးလို့။ အပေါ်ကလူက အောက်ကို လက် ယပ်ခေါ်နေသည်။ အောက်က လူက အပေါ်ကို မျှော်ကြည့်နေသည်။ သို့ သော် သူတို့ ရည် ရွယ်ချက်ကို မည်သူမှ မသိရ။ လက်သပ်မွေးဖို့ မြှားခေါ်သူ နှင့် လူနေခြုံကြား စိတ်နေဝတိံဖျား လုပ်နေ တဲ့သူတွေမှာ ပြည်သူ့အတွက် ကိုးရိုး ကားရားတွေနှင့် ”ကိုယ့် ခွင်ထဲ ဝင်တာ နှင့် အပိုင်ထုနှက်ချင်တဲ့သတ္တိရှိတွေ အာဏာပြချင်စိတ်တွေ ရှိနေပုံက အနာ ဂတ်အတွက် ရင်လေးစရာ။ လူကြီးလူ ကောင်းဖြစ်ဖို့ ငယ်စဉ်ကတည်းက မိမိ ကိုယ်ကိုပြုပြင်ထိန်းကျောင်းဖို့ လိုသည်။ တစ်စက်တစ်စက်နှင့်ကျသော ခေါင် တန်းမှ ရေသည်ကြာသော် ရေတစ်ပုံး ပြည့်တတ်ပါသည်။ မကောင်းတာလုပ် ပြီး နေရာရ လူရာဝင်နေသည်ကို အတု ခိုးမှားသူများ ပိုမိုတိုးပွားလာနိုင်သည်။ ယခင်ကတည်းက စိတ်ဓာတ်နိမ့်ပါးခဲ့ပြီး ကိုယ်ရည်ကိုယ်သွေး ညံ့ဖျင်းခဲ့သူများ၊ မပြုမပြင် မထုမဆစ်ဘဲ အလိုက်သင့် ပုံ ပေါ်ခဲ့သော အမြီးကျက် အမြီးစားများ၊ ရှေ့သွားနောက်လိုက်ညီခဲ့သော ကြွက် မြီးတန်းများ၊ ကြီးလေချဉ်လေ သံပရာမျိုးများကတော့ ပြည်သူလူထုအတွက် အကျိုးမများနိုင်အောင် တန်ခိုးထွားနေ ပြီဆိုရင်တော့ လူကြီးလူမိုက်အဖြစ်နဲ့ အော့နှလုံးနာစရာ။ သည်လို လူတွေ  အစဉ်အဆက်များခဲ့သည်။ ဆက်လက် ၍လည်း တိုး ပွားနေသည်။ ကောင်း အောင် ကြိုးစားချင်သူတွေအတွက် လည်း အခြေအနေပေးပုံမရ။
အမှန်အမှားကို ဝေဖန်ပိုင်းခြား နိုင်သော သမာသမတ်ရှိ၍ ပြဿနာများ ကို ပြေလည်အောင် ညှိနှိုင်းဖြေရှင်းပေး လျက် ပြည်သူတို့၏ စိတ်နှလုံးကို မြင့် မြတ်တည်ကြည်ေ စသော လေးစားအတု ခိုးဖွယ်စံပြလူကြီးလူကောင်းများ ပေါ များပါစေ။ ပြည်သူတို့၏ စိတ်နှလုံးကို ဖိနှိပ်ချုပ်ချယ်အနိုင်ကျင့်ရန်လိုသော၊အတုခိုးမှားနိုင်သော လူကြီးလူမို က် များ ကျဆုံးပါစေကြောင်း မြန်မာ ပြည်သူ ပြည်သားများအတွက် ဆုတောင်းလိုက် ပါသည်။
လေဒီဒိုင်းမွန်း
popularmyanmar

ရင့်ကျက်သူဖြစ်ဖို့



(၁) မဖြေချင်တဲ့ မေးခွန်းမျိုး အမေးခံရတဲ့အခါ မေးသူရဲ့မျက်လုံးကို စိုက်ကြည့်ပြီး ပြုံးပြပါ။

(၂) လမ်းလျှောက်ချိန် ကိုယ်ကို တည့်တည့်မတ်မတ် ထားပါ။ စိတ်ရှုပ်ချိန် လမ်းမှာတွေ့တဲ့ လူတွေကို နှုတ်မဆက်ချင်ရင် ခေါင်းညိတ်ပြုံးပြပါ။

(၃) သူငယ်ချင်းဆိုတဲ့ သတ်မှတ်ချက်က သင်အဆင်ပြေချိန် သူပျော်မယ်။ သင်အဆင်မပြေချိန် သင်နဲ့အတူ သူပူပန်မယ်။ ဒါကို သေချာမှတ်ထားပါ။

(၄) ကိုယ့်ဆုံးဖြတ်ချက် ကိုယ်ချပါ။ ဖြစ်လာသမျှ ခံယူဖို့ ပြင်ဆင်ပါ။ စမလုပ်ခင် လောကကြီးမှာ နောင်တ ကုဆေးဆိုတာ မရှိကြောင်း ကိုယ့်ကိုယ်ကိုယ် သတိပေးပါ။

(၅) ကိုယ်လုပ်ဆောင်ရမယ့်အလုပ်ကို ရာနှုန်းပြည့် ကြိုးစားပြီး လုပ်ပါ။

(၆) ကိုယ့်ကိုယ် "သေးသေးလေး"(နှိမ့်ချ)လို့ လက်ခံပြီး မျက်စိထဲမှာတော့ "လောက အကြီးကြီး"ကို ထည့်သွင်းထားပါ။

(၇) လူတစ်ယောက်ကို တကယ်ချစ်ရင် သူ့ကိုလွတ်လပ်ခွင့်ပေး၊ သွားခွင့်ပေးပါ။ တကယ်လို့ သင့်ကိုသူတကယ်ချစ်ရင် သင့်ဆီသူပြန်လာလိမ့်မယ်။

(၈) ကိုယ့်ကိုယ်ကာကွယ်ဖို့ ဘယ်တော့မှ ဆင်ခြေမရှာပါနဲ့။
အမှားနောက်က ဆင်ခြေတွေကို ဘယ်သူမှ နားမထောင်ချင်ကြဘူး။

(၉) ရမ်းသမ်းပြီး ဒေါသမထွက်နဲ့။ ဘယ်သူကမှ သင့်အပေါ် အကြွေးမတင်ဘူး။

(၁ဝ) မလိမ်ညာပါနဲ့။ အမှန်တရားဆိုတာ တစ်နေ့မှာ ပေါ်စမြဲပါ။

(၁၁) ဘယ်တစ်ဦးတစ်ယောက်ကိုမှ အထင်မသေးနဲ့။

(၁၂) အတိတ်ကို သင်မမေ့ချင်လဲရတယ်။ ဒါပေမဲ့ လက်လွတ်တတ်ရမယ်။

(၁၃) သင်ကိုယ်သင် တွေးထင်သလောက် သင်ဘယ်တော့မှ အရေးမပါနိုင်ဘူး။

(၁၄) ငွေကြေးနဲ့ ဖြေရှင်းလို့ရသမျှ ပြဿနာကို ပြဿနာလို့မခေါ်ဘူး။

(၁၅) "ချစ်တယ်" ဆိုတဲ့စကားကို ဘယ်အချိန်မှာပြောပြော၊ ဘယ်နေရာမှာပြောပြော ပြောပြီဆိုရင် တကယ့်စိတ်ရင်းနဲ့ပြောပါ။
"ဆောရီး"ဆိုတဲ့စကားကို ဘယ်အချိန်မှာပြောပြော၊ ဘယ်နေရာမှာပြောပြော ပြောပြီဆိုရင် တစ်ဘက်လူရဲ့မျက်လုံးကို ကြည့်ပြီးပြောပါ။

(၁၆) အပြင်ပုံပန်းသဏ္ဍာန်နဲ့ ဘယ်တော့မှ တစ်ဘက်သားကို မဆုံးဖြတ်နဲ့။ ပြောစရာရှိတာကို ဖြေးဖြေးပြောပါ။ တွေးစရာရှိတာကို မြန်မြန်တွေးပါ။

(၁၇) ကိုယ့်ကိုယ်အားလပ်ချိန်လေးပေးပြီး တစ်ယောက်ထဲ ထီးထီးနေကြည့်ပါ။

(၁၈) ကိုယ့်ပစ္စည်းမဟုတ်ရင် မယူပါနဲ့။ ဘယ်လောက်ပဲနှစ်သက် နှစ်သက် လက်လွတ်တတ်ဖို့ နားလည်ပါ။

(၁၉) ဇွဲကောင်းတဲ့ဆုံးရှုံးခြင်းဆိုတာ ဘယ်တော့မှမရှိနိုင်သလို လမ်းထက်ဝက်တင် လက်လျော့လိုက်တဲ့ အောင်မြင်ခြင်းဆိုတာလည်း မရှိဘူး။

(၂၀) လူသုံးယောက်ရှိရင် တစ်ယောက်က ကိုယ့်ထက်တော်သူဖြစ်တယ်။ ကိုယ့်ထက်ညံ့သူ မရှိဘူး။

"ငါ ကြိုးစားကြည့်ပြီးပြီးလား" လို့ ကိုယ့်ကိုယ်မေးကြည့်ပါ။ ဒီအချက်တွေကို လုပ်နိုင်ရင် သင် ရင့်ကျက်ပြီတဲ့....

Credit To: နိုင်းနိုင်းစနေ

သင့်အသားအရေခြောက်နေပါသလား


သင့်အရေပြားကိုနို့ဆွတ်ပေးပါ။နို့ထဲမှာပါတဲ့ လက်တစ်အက်စစ် က သေသွားတဲ့ အရေပြားဆဲလ်များကို ကွာကျစေတယ်။ဒါ့အပြင် အရေပြားရဲ့
 ရေငွေ့ထိန်းထားနိုင်တဲ့ စွမ်းရည်ကို တိုးတတ်စေနိုင်တယ်။အ၀တ်စတစ်ခုကို
 အေးတဲ့နို့ထဲစိမ်ပါ။ယင်းပိတ်စကို ထူးထူးခြားခြား ခြောက်သွေ့နေတဲ့၊ဒါမှမဟုတ် ကျိန်းစပ်နေတဲ့အရေပြားအပေါ် ၅ မိနစ်ကြာတင်ထားပါ။ နို့ရည်
 ကို ရေနဲ့ဆေးရာမှာ အသာအယာဆေးပါ။သို့မှသာလက်တစ်အက်စစ်အချို့
 အရေပြားပေါ်မှာကျန်နေမှာဖြစ်တယ်။

 အသားအရေခြောက်တာကို မြန်မြန်ပျောက်ဖို့ ရှားစောင်းလက်ပက်ဂျဲလ်
(Aloe Vera Gel) ကို သုံးပါ။ ယင်းဂျဲလ်ထဲမှာ သေသွားတဲ့ အရေပြားဆဲလ်
 များကို ဖယ်ရှားပစ်တဲ့အက်စစ်များ ပါဝင်တယ်။ ရှားစောင်းလက်ပက်ဂျဲလ်ကို
 ရဖို့အရွက်ကိုအောက်ခြေမှ ဖြတ်ယူပြီး ဓားဖြင့်ခွဲချလိုက်ပါ။ဂျဲလ်ကို ဇွန်း
 တစ်ချောင်းနှင့်ခြစ်ယူပါ။

Alpha Hydroxy အက်စစ် များပါတဲ့မွိုင်ချာရိုက်ဇာ (Moisturizer) တစ်မျိုးကို
 သုံးပါ။ယင်းတို့က အကြေးခွံလိုဖြစ်နေတဲ့အရေပြားများကို ဖယ်ရှားပေးပြီး
 အရေပြားကိုပျော့ပျောင်းစေတယ်။ယူရီးယား(Urea) ပါတဲ့လိမ်းဆေးတွေ
 ကလည်း အလားတူအကျိုးဆက်မျိုးရရှိစေပါတယ်။

 ဦးလှမြင့်(ဂန္ဓမာ)
Ref: RD Home Remedies
 Credit :ကျန်းမာရေးစာတိုများစုစည်းမှု

ငါးမန်းတွေ အတွက် ဝဋ်ကြွေးခံရသူ


ငါးမန်းတွေ အတွက် ဝဋ်ကြွေးခံရသူပတ်ဝန်းကျင် ထိန်းသိမ်းရေးတွေ အင်နဲ့အားနဲ့ လုပ်နေကြတဲ့ ခုခေတ်ကြီး ထဲမှာ ဗြိတိသျှ လူမျိုးပန်းချီဆရာမ တစ်ဦးကလည်း အဆန်းထွင် သလိုလုပ်ချလိုက် ပြန်ပါပြီ။ ဟောင်ကောင်မှာ ငါးမန်းတွေ သတ်ဖြတ်နေမှုကို ကာကွယ်ဖို့ သူမက ဆန္ဒပြတဲ့ အနေနဲ့ ငါးမန်း စွယ်ချိတ်ကြီးနဲ့ သူမကိုယ်သူမချိတ် ဆွဲပြခဲ့ပါတယ်။

 အဲ့ဒီ ကန့်ကွက်ဆန္ဒပြမှုကို အဏ္ဏဝါပြင်ထိန်းသိမ်း ရေးအုပ်စုဖြစ်တဲ့ ငါးမန်းများ ကယ်တင်ရေး အဖွဲ့က စီစဉ်ခဲ့တာဖြစ်ပါ တယ်။ အဲ့ဒီ ငမန်းကယ်တင်ရေး ဆန္ဒပြပွဲကို Lush Fresh Handmade အလှပြင်ပစ္စည်းလုပ်ငန်းက ထောက်ခံ
 အားပေး ခဲ့ပါတယ်။

 အဲ့ဒီ လုပ်ငန်းကုမ္ပဏီက ငါးမန်းများ ကာကွယ်ရေး ကမ္ဘာနှင့်အဝန်း လှုပ်ရှား
 မှုကို စတင်ပြုလုပ်နေ တာကိုလည်း တွေ့ရပါတယ်။ ပန်းချီ ဆရာမလေးက သူ့အသား အနာခံပြီး ဆန္ဒပြကန့်ကွက် တာဟာဖြင့် ငါးမန်းတွေကိုကယ် တင်နိုင်ဖို့အတွက် လူထုနဲ့ သက်ဆိုင် ရာလုပ်ငန်းရှင်တွေကို ကိုယ်ချင်း စာစိတ်ရှိဖို့ ဖော်ပြရာရောက် ပါတယ်။

Venus News Journal


မွေးနေ့အမှတ်တရအဖြစ် Playboy အတွက် ဓာတ်ပုံအရိုက်ခံမည့် ကိတ်မော့စ်




လာမည့်နှစ်၊ ဇန်နဝါရီ-ဖေဖော်ဝါရီ အထူးထုတ်သည် ကိတ်၏ မွေးနေ့နှင့်ရော၊ နာမည်ကျော် ကာလသားကြိုက် မဂ္ဂဇင်းကြီး၏ နှစ်(၆၀)ပြည့် မွေးနေ့နှင့်ပါ တိုက်ဆိုင်နေသည်။ ဗြိတိသျှ နာမည်ကျော် မော်ဒယ်လ်ကို အဆိုပါ အထူးထုတ်အတွက် Playboyက ချဉ်းကပ် ကမ်းလှမ်းခဲ့ပြီး ကိတ်ကလည်း လက်ခံခဲ့ခြင်း ဖြစ်သည်။
Planet Myanmar Network

တောင်ဥက္ကလာပမြို့နယ်တွင် စတိုးဆိုင်အတွင်းဝင်ရောက်ကာ ဓါးဖြင့်ထိုးသူနှင့် ပူးပေါင်းပါဝင်သူများအား ဖော်ထုတ်ဖမ်းဆီးရမိ



၁၀.၉.၂၀၁၃ရက်နေ့ ၂၁၃၀အချိန်ခန့်တွင် တောင်ဥက္ကလာပမြို့နယ်နေ
ဒေါ်ခိုင်သဇင်မျိုးသည် အတူနေ အစ်မဖြစ်သူ ဒေါ်မြင့်မြင့်ရှိန်နှင့်အတူ
နေအိမ်အောက်ထပ်ရှိ ၎င်းတို့ပိုင်စတိုးဆိုင်တွင်ရှိနေစဉ် အသက်(၅၀)နှစ်ခန့်ရှိ အမျိုးသားတစ်ဦးရောက်ရှိလာပြီး အချိုရည်ဗူးနှင့် ကလေးကစားစရာအရုပ်ဝယ်ယူလိုကြောင်းပြောဆိုသဖြင့်
ဒေါ်ခိုင်သဇင်မျိုးမှ အချိုရည်ဗူးသွားယူနေစဉ် အဆိုပါအမျိုးသားမှ
ကောင်တာတွင်ထိုင်နေသည့် အစ်မဖြစ်သူ ဒေါ်မြင့်မြင့်ရှိန်အား အသင့်ယူဆောင်လာသော ပလပ်စတစ်အိတ်ဖြူဖြင့်ပတ်ထားသည့် ချွန်ထက်သောအရာဖြင့်ထိုး၍ထွက်ပြေးသွားခဲ့ကြောင်း၊ဒေါ်ခိုင်သဇင်မျိုးမှ သူခိုး၊သူခိုးဟုအော်ပြီး နောက်မှလိုက်စဉ် အဆိုပါသူမှာ ခေါင်းရင်း(၃)အိမ်
ကျော်ခန့်၌ ရပ်ထားသည့် အမှတ်မသိ ဗင်အဖြူရောင်ယာဉ်ပေါ်သို့
တက်ကာ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း၊ အစ်မဖြစ်သူဒေါ်မြင့်မြင့်ရှိန်
တွင် ၀ဲ/ယာရင်အုံအောက်တွင်ထိုးသွင်း ဒဏ်ရာ(၂)ချက်၊
ဝဲဂျိုင်းအောက်တွင် ထိုးသွင်းဒဏ်ရာ(၁)ချက်တို့ရရှိကာ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတွင် အတွင်းလူနာ (စိုးရိမ်ရ)အဖြစ် တက်ရောက်ကုသနေရသောကြောင့် စုံစမ်းအရေးယူပေးပါရန်တိုင်တန်း ခဲ့၍ တောင်ဥက္ကလာပမြို့မရဲစခန်း(ပ) ၃၃၆/၂၀၁၃၊ ပုဒ်မ၃၂၆ ဖြင့်
အမှုဖွင့်ပြီး တရားခံအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏လမ်းညွှန်ချက်ဖြင့် ရဲမှူးသိန်းလွင်မှအနီးကပ်ကြီးကြပ်၍ အကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ခွဲ(၂)မှတပ်ဖွဲ့ဝင်များ၊ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊အထူးမှုခင်းနှိမ်နင်းရေးဌာနစုမှ
တပ်ဖွဲ့ဝင်များ၊ တောင်ဥက္ကလာပမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များပါဝင်သည့်
ပူးပေါင်းအဖွဲ့မှ အမှုနှင့်ပတ်သက်၍စုံစမ်းရရှိသည့် သတင်း
အချက်အလက်များ၊ အထောက်အထားရှာဖွေတွေ့ရှိချက်များအရ ၁၈.၉.၂၀၁၃ ရက်နေ့တွင် ပြစ်မှုကျူး လွန်သူများဖြစ်သည့်
ကြေးစား မြင့်အေး(ဘ)ဦးဖိုးကြည်၊ (လိပ်စာအတည်တကျမရှိသူ)နှင့် ဒါးပိန်မြို့နေသူများဖြစ်သည့် စီစဉ်ပေးသူလှမောင်(ဘ)ဦးသောင်းငွေ၊
ငွေပေးစေခိုင်းသူ သားအဖဖြစ်သည့် ဦးပေါက်(ခ)မြင့်လွင်၊(ဘ)ဦးပုနှင့်
၎င်း၏သားဖြစ်သူ ဇင်သန့်(ခ)ဇင်သန့်အောင် တို့(၄)ဦးအား စုံစမ်းရှာဖွေကာအသီးသီးဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ထံမှ ပြစ်မှုကျူးလွန်
စဉ်က အသုံးပြုခဲ့သည့် စူပါရုဗင် (တက္ကစီ)ယာဉ်နှင့် အခြားဆက်စပ်သက်သေခံပစ္စည်းများအား သိမ်းဆည်းရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူများအား စစ်ဆေးရာ အမှုမှ ဓါးဖြင့်ထိုးခြင်းခံရသူ
ဒေါ်မြင့်မြင့်ရှိန်နှင့် စားသောက်ဆိုင် ကိစ္စစကားများကာ
တောင်ဥက္ကလာပမြို့နယ်တရားရုံးတွင်အပြန်အလှန်အမှုရင်ဆိုင်နေသူ
မြင့်လွင် (ဒေါ်မြင့်မြင့်ရှိန်၏အစ်မဖြစ်သူဒေါ်ခင်ခင်စိန်၏ခင်ပွန်း) နှင့်
သားဖြစ်သူ ဇင်သန့်အောင်တို့သည် အမှုရှုံးမည် စိုးသောကြောင့် လှမောင်(မြင့်လွင်နှင့်ညီအစ်ကိုဝမ်းကွဲတော်သူ)နှင့် တိုင်ပင်ခဲ့ပြီး
လှမောင် မှလူငှား၍သတ်ရန်အကြံပေးကာ မြင့်အေးနှင့် ဆက်သွယ်
ပေးခဲ့ကြောင်း၊ (၆)လပိုင်းအတွင်းက လှမောင်မှ ထောက်ကြန့်လမ်းဆုံ
အနီးရှိ ဘီယာဆိုင်တွင် မြင့်လွင်နှင့် ဇင်သန့်အောင်တို့အား မြင့်အေးနှင့်
တွေ့ဆုံပေးကာ ဒေါ်မြင့်မြင့်ရှိန်အားသတ်ရန် ငွေကျပ်သိန်း(၅၀)ဖြင့်
ဈေးသတ်မှတ်ခဲ့ကြပြီး စရံအဖြစ်ငွေကျပ်(၄)သိန်းအား (၂)ခါခွဲပေး
ခဲ့ပြီးနောက် ဒေါ်မြင်မြင့်ရှိန်နှင့်ဈေးဆိုင်တို့အားမှတ်မိစေရန် မြင့်အေးအား (၂)ကြိမ်လိုက်လံပြသပေးခဲ့ကြောင်း၊ အချင်းဖြစ်နေ့ တွင်လှမောင်မှ
မြင့်အေးအားဆက်သွယ်ချိန်းဆိုပြီး ဇင်သန့်အောင်မှ ၎င်းပိုင် စူပါရုဗင်(တက္ကစီ)ယာဉ်အားမောင်းနှင်ကာ တောင်ဥက္ကလာပမြို့နယ်၊ နန္ဒ၀န်ဈေးရှေ့၊ သုမင်္ဂလာလမ်းပေါ်တွင် မြင့်အေးအား သွားရောက်
ခေါ်ဆောင်ခဲ့ကြောင်း၊ ဇင်သန့်အောင်မှလမ်းတွင် ၎င်း၏ယာဉ်နံပါတ်ကို တိပ်ဖြင့်ကပ်ကာအုပ်ထားခဲ့ကြောင်း၊ ဒေါ်မြင့်မြင့်ရှိန် နေထိုင်သည့် စတိုးဆိုင်အနီး သို့မြင့်အေးအား ပို့ဆောင်ပေးကာ လှမောင် နှင့်
ဇင်သန့်အောင်တို့မှ ယာဉ်ပါ်၌ အသင့်စောင့်နေခဲ့ကြကြောင်း၊
မြင့်အေးမှ ဒေါ်မြင့်မြင့်ရှိန်အား ဓါးဖြင့်ထိုးခဲ့ကာ ယာဉ်ရှိရာသို့ပြန်ပြေး
လာပြီး မောင်းနှင်ထွက်ပြေးလာခဲ့ကြကြောင်း၊ ယာဉ်ပေါ်၌
မြင့်အေးအား ငွေကျပ်(၅)သိန်းထပ်မံပေးခဲ့ပြီး သံသုမာလမ်းပေါ်တွင်
ချထားပေးခဲ့ကြောင်း၊ လှမောင်နှင့် ဇင်သန့်အောင်တို့မှ ယာဉ်နံပါတ်တွင် ကပ်ထားသည့် တိပ်အားခွာ၍ ဒါးပိန်မြို့သို့ ပြန်ခဲ့ကြကြောင်း၊
၁၃.၉.၂၀၁၃ ရက်နေ့တွင် မြင့်လွင်မှ ငွေကျပ်သိန်း(၃၀)အား လှမောင်မှတဆင့် မြင့်အေးထံသို့ထပ်မံပေးခဲ့သည်ကို စစ်ဆေးပေါ်ပေါက်
ခဲ့သဖြင့် အမှုဖြင့်ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

မြန်မာလူငယ်တွေအကြား ကော်ရှူတဲ့ ပြဿနာ ဆိုးဝါးလာ




မူးယစ်ဆေးဝါးတစ်မျိုးလိုပဲ လူငယ်ထုကြားမှာ သုံးစွဲမှုများလာတဲ့ ကော်ရှူတဲ့အခြေအနေဟာ အခုဆိုရင် ကျောင်းသားကျောင်းသူတွေကြားထဲအထိ ကူးစက်နေပြီလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မူးယစ်အထူးတာဝန်ရှိသူတွေက ဒီကနေ့ ပြောကြားပါတယ်။

ဒီနေ့ ရန်ကုန်တိုင်း တာမွေမြို့နယ်က ကယ်တင်ခြင်းတပ် အသင်းတော်မှာကျင်းပတဲ့ မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေး ဟောပြောပွဲမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရန်ကုန်အရှေ့ပိုင်းခရိုင် မူးယစ်အထူးအဖွဲ့ ရဲအုပ်စန်းဦးက အခုလိုပြောပါတယ်။

“အမှိုက်ပုံတွေမှာ ပစ္စည်းအတိုအစကောက်တဲ့ အရွယ်မရောက်သေးတဲ့ ကလေးတွေပေါ့၊ မူးယစ်ဆေးဝါးကို ဝယ်မသုံးနိုင်ဘူး၊ ဒီကော်တွေကိုရှူနေတယ်၊ ရှူတော့မူးနောက်မူးနောက်ဖြစ်တယ်၊ အဲလိုကလေးတွေကစလိုက်တာ ကျောင်းသားတွေကြားထဲကို ရောက်လာတယ်”

လူငယ်တွေကြားထဲ သုံးစွဲမှုအများဆုံး ကော်အမျိုးအစားတွေကတော့ စက်ဘီးကျွတ်ဖာတဲ့ကော်၊ သစ်သားကပ်တဲ့ကော်၊ သံသတ္တုတွေ ကပ်တဲ့ကော်လို့ သိရပါတယ်။

အဲ့ဒီကော်ဗူးတွေကို အိမ်သုံးပစ္စည်းအရောင်းဆိုင်တွေ၊ ကားပစ္စည်း၊ ဆိုင်ကယ်ပစ္စည်း အရောင်းဆိုင်တွေနဲ့ သင်္ဘောဆေးဆိုင်တွေမှာ အလွယ်တကူဝယ်ယူလို့ ရနေတာကြောင့် မူးယစ်ဆေးအစားထိုးအဖြစ် သုံးစွဲကြတာဖြစ်တယ်လို့လည်း ဒီနေ့ပွဲရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
RFA Burmese

တစ်ရက်အတွင်း ကန်ဒေါ်လာ သန်း ၈၀၀ ဖိုး ရောင်းရတဲ့ Grand Theft Auto V ဂိမ်း




GTA ရဲ့  နောက်ဆုံးထွက်ရှိတဲ့ Open World Game - Grand Theft Auto V ဟာ တစ်ရက်အတွင်းမှာပဲ အမေရိကန်ဒေါ်လာ သန်း၈၀၀ ဖိုး ရောင်းချခဲ့ရကြောင်း သိရပါတယ်။

သမိုင်တစ်လျှောက် အချိန်တိုအတွင်း အမြန်ဆုံး ရောင်းချရတဲ့ ဂိမ်းအဖြစ် စံချိန်တင်လာတော့မယ့် အနေအထား တစ်ခုမှာ ဖစ်ပါတယ်။ လက်ရှိ စံချိန်က ၂၀၁၂ ခုနှစ် နိုင်ဝင်ဘာလက ထုတ်လုပ်ရောင်းချတဲ့ Black Ops 2 (Call of Duty) ဂိမ်းဖြစ်ပြီး ၁၅ ရက်အတွင်း အမေရိကန်ဒေါ်လာ ၁ ဘီလျံကျော်ဖို့ ရောင်းချနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်က Call of Duty Modern Warfare 3 ကတော့ ၁၆ ရက်အတွင်း ၁ ဘီလျံကျော်ဖိုး ရောင်းချရတဲ့ စံချိန်ဟောင်း တစ်ခု ရှိခဲ့ဖူးပါတယ်။

ဒီတစ်ခါ GTA နံပါတ် ၅ မြောက်ဂိမ်းက စံချိန်ထပ်ချိုးမယ့် အနေအထား တစ်ခုမှာ ရှိပါတယ်။ ဂိမ်းဟာလည်း တီထွင်ဖန်တီးရ ကမ္ဘာ့ကုန်ကျစရိတ် အများဆုံး ဂိမ်း အဖြစ် စံချိန်တင်တဲ့ အနေအထား တစ်ခုမှာ ဖြစ်ပါတယ်။ Take Two မှ အမေရိကန်ဒေါ်လာ ၂၆၅ သန်း အကုန်ကျခံပြီး ဖန်တီးထားတဲ့ ဂိမ်း ဖြစ်ပါတယ်။ ဒီတော့ GTA 5 ကို Standard Version က ၅၉.၉၉ ဒေါ်လာ၊ Special Edition ကို ၇၉.၉၉ ဒေါ်လာ၊ Collector’s Edition ကို ၁၄၉.၉၉ ဒေါ်လာ တန်ဖိုးနဲ့ ရောင်းချပါတယ်။ Xbox 360 နဲ့ PlayStation 3 အတွက်သာ ရရှိနိုင်သေးကြောင်း သိရပါတယ်။
.
Ref: mashable

Aung Kham (TSJ team)

ထူခြားတဲ့အရေပြားရောဂါသည်လေး


တရုတ်နိုင်ငံက Pan Xianhang လိုခေါ်တဲ့ 8နှစ်အရွယ်ကလေးကို
‘Fish Boy’ လိုခေါ်ကြပါတယ်။ထူခြားတဲ့အရေပြားရောဂါသည်လေးပါ။
ဦးခေါင်းကနေခြေချောင်းတွေအထိအရေပြားလေးတွေဟာခြောက်သွေ့ပြီးအဖတ်လိုက်လေးတွေဖြစ်နေတာဟာငါးကြေးခွံတက်နေသလိုဖြစ်နေပါတယ်။
ယားယံမှုလဲခံစားရပါတယ်။ကုသလိုမပျောက်သေးတဲ့အတွက်ကလေးအမေကတော့ယားယံမှုတွေကင်းပြီးပုံမှန်ကလေးတယောက်လိုကျောင်းတက်စေချင်နေပါတယ်။

K.K(ကနောင်)


Scientist Myanmar

တရုတ်ပြည် Shannxi province ပြည်နယ်မှာ အမဲသားအတု တန်ချိန် ကီလိုနှစ်သောင်း ဖမ်းဆီးရမိ


တရုတ်ပြည် ရှန်ဇီ (Shannxi province) မှာ အမဲသားအတု တန်ချိန် ကီလိုနှစ်သောင်း ဖမ်းဆီးမိကြောင်း၊ ဒီ အမဲသားအတုကို ၀က်သားကနေ ပြုလုပ်တာ ဖြစ်ကြောင်း၊ ဓါတုဆေးတွေနဲ့  ပြုလုပ် တာ ဖြစ်ကြောင်း၊ ဒီ အမဲသားအတုလုပ်တဲ့ စက်ရုံ ခြောက်ရုံကို ဖမ်းဆီးရမိပြီး၊ တရုတ် အမဲသားအတုကို ၀ယ်ယူစားသုံးတဲ့သူတွေဟာ အထူး ထိပ်လန့် နေကြောင်း တရုတ်သတင်းဌာနတွေဖြစ်တဲ့ Shanghaiist သတင်းနဲ့ JRJ သတင်းတို့ မှာ ဖေါ်ပြထားပါတယ်။

အတုတွေ များလွန်းတဲ့အထဲမှာ အစားအသောက်အတု ဆေးဝါးအတုဟာ အသက်အန္တရာယ်ရှိတာမို့  မြန်မာပြည်မှာ အတုတွေ သတိထားကြဖို့ ပါ။

Nik Nayman
Kayan Times

မြန်မာလူငယ်နှစ်ဦးပါဝင်ရေးသားထားသော Unity 4.x Game AI Programming စာအုပ်အား Amazon ၌ $40.49 ဖြင့်ဝယ်ယူနိုင်




မြန်မာလူငယ် Developer နှစ်ဦးဖြစ်သော ကိုအောင်စည်သူကျော်နှင့်
ကိုသက်နိုင်ဆွေတို့နှစ်ဦး ပါဝင်တွဲဖက်၍ Clifford Peters နှင့်အတူရေးသား
ထားသော နာမည်ကျော်ဂိမ်းအင်ဂျင်တစ်ခုဖြစ်သည့် Unity 4.x အား AI နည်း
ပညာများနှင့်ပေါင်းစပ်ကာ Unity 3D Project များအတွက် Game AI Scripting များရေးသားပုံကို C# ကဲ့သို့သော languageများဖြင့် Sample Projects များစွာသုံးပြီး ရေးသားထားသည်။

ယခုစာအုပ်တွင် အောက်ပါ အကြောင်းအရာများနှင့်ပတ်သက်ပြီးလေ့
လာနိုင်မည်ဖြစ်သည်။


Building finite state machines (FSMs)
Implementing a sensory system
Applying flocking behavior for a crowd
Executing your own A* pathfinding algorithm in Unity3D
Applying random and probability techniques in a betting game
Using the Unity3D pro feature, navigation graphs, for path finding
Learning about behavior trees and the Behave plugin
Implementing a racing game AI through the final chapter project

Sample Code များစွာနှင့် Projects များစွာကိုလည်းလေ့လာနိုင်မည်ဖြစ်
သည်။

Amazon Link

http://www.amazon.com/Unity-4-x-Game-AI-Programming/dp/1849693404/ref=sr_1_1?s=books&ie=UTF8&qid=1379621782&sr=1-1

-------------------------------------------------------------

Nyein Chan (TSJ Team)

ဦးသောင်းစုငြိမ်း Facebook မှ တဆင့်ပြန်လည်ဝေမျှပါသည်

Youtube ဘယ်လို ဖြစ်လာလဲ





Chat Hurley, Steve Chen, Jawed Karim လို့အမည်ရတဲ့ သူငယ်ချင်း ၃ ယောက် ရှိပါတယ်။ Hurley က ဒီဇိုင်း ပညာ သင်ကြားခဲ့သူ၊ Chen နဲ့ Karim ကတော့ Computer Science သင်ကြားခဲ့သူပါ။

၃ ယောက်စလုံးက Paypal ကုမ္မဏီတစ်ခုထဲမှာပဲ အတူတူလုပ်ကြပါတယ်။ ၂၀၀၅ ခုနှစ် နှစ်အစပိုင်း လောက်မှာပေါ့။ Chen ရဲ့  အဆောင်မှာ ပါတီပွဲ တစ်ခု ကျင်းပပြီး မလာနိုင်သူက Karim ဖြစ်ပါတယ်။ ဒါနဲ့ ပါတီပွဲက ဗီဒီယိုတွေ ကြည့်ချင်လို့ ဘယ်လိုလုပ်ရမလည်းအကြတ်တွေ့ ပါတယ်။ ဒါနဲ့ပဲ ဗီဒီယိုကို အွန်လိုင်းကနေ အလွယ်တကူ ကြည့်ရှုလို့ရမယ့် ဝဘ်ဆိုဒ်တစ်မျိုး ကို သုံးယောက်ပေါင်း ဖန်တီးပါတော့တယ်။

အစပိုင်းကတော့ သူငယ်ချင်း ၃ ယောက် အချင်းချင်း အသုံးပြုဖို့လုပ်ရာ ကနေ၊ အခြားသူငယ်ချင်း မိတ်ဆွေတို့ကို စမ်းပေးသုံးရင် နောက်ဆုံးတော့ လူတိုင်း အသုံးပြုနိုင်မယ့် ဝဘ်ဆိုဒ်လေး တစ်ခု ဖြစ်လာအောင် ကြိုးစား ဖန်တီး လိုက်ကြ ပါတယ်။ ၂၀၀၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က စတင်တဲ့ Youtube ဟာ ယနေ့မှာ ကမ္ဘာ့ လူကြည့်အများဆုံး Video Hosting Site ကြီးတစ်ခု ဖြစ်နေပါပြီ။ သက္ကရာဇ် ၂၀၀၆ ခုနှစ်မှာ Google သို့ရောင်းချလိုက်ပေမ့ယ် ဝဘ်ဆိုဒ်ဖန်တီးသူ ၃ ဦးစလုံးက ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း အသီးသီးနဲ့ အောင်မြင်နေပါပြီ။ Youtube မှာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေဆဲ ဖြစ်ပါတယ်။

စုပေါင်းလုပ်ကိုင်ခြင်းဖြင့် အောင်မြင်မှခု တစ်ခု ရနိုင်တယ်ဆိုတာကို Hurley, Steve နဲ့ Karim သူငယ်ချင်း ၃ ယောက်က သက်သပြသွားခဲ့ခြင်း ဖြစ် ပါတယ်။
.
Ref: wiki

အောင်ခမ်း ( TSJ Team )

မိခင်ကောင်းက ဆရာသမား ကောင်းထက် သာလွန်တယ်

ကလေးကို နှစ်သက်တယ် ဆိုတိုင်း သူ့ရဲ့ကောင်းကွက်ကိုပဲ ချီးမွမ်းရမယ်လို့ မဆိုပါဘူး။ သူ့ရဲ့ချွတ်ယွင်းချက် ကိုလည်း ဘယ်လိုကြည့်ရမယ် ဆိုတာ သိထားသင့် ပါတယ်။ သူ့ကို “နယူတန်နဲ့ တူတယ်”ဆိုတဲ့ အကြည့်နဲ့ သင်ကြည့်ခဲ့ရင် သူဟာ နယူတန်နဲ့ ပိုပိုတူလာ တတ်ပါတယ်။

ကျွန်မသမီး ကစ်ကစ်ကို “နယူတန်လို”လို့ ကျွန်မအမြဲပြော ဆိုတတ်တယ်။ ဒါဟာ ချီးကျူးတဲ့ စကားတစ်ခွန်း မဟုတ်ပါဘူး။ ဝေဖန်တဲ့ စကားပါ။ ဒါဟာ နေ့စဉ်ဘဝကို သူစိတ်ဝင်စားမှု မရှိတဲ့အခါ၊ အမှားအယွင်းသေးသေး မွှားမွှားကို ကျူးလွန်မိတဲ့ အခါ ကျွန်မ ဝေဖန်တတ်တဲ့ စကားလုံးဖြစ်တယ်။

ဒီစကားက ကစ်ကစ်ငယ်ငယ်ကကြည့်ခဲ့ဖူးတဲ့ ပုံပြင်တစ်ပုဒ်ကနေ လာတာဖြစ်တယ်။ ပုံပြင်ထဲမှာပြောထားတာက နယူတန်ဟာ သူလက်တွေ့စမ်းသပ်မှုအပေါ်မှာပဲ အာရုံစိုက်နေခဲ့တယ်။ တစ်ခါက မိတ်ဆွေတစ်ဦး သူ့ဆီအလည်ရောက်လာခဲ့တယ်။ နယူတန်က အလုပ်နဲ့လက်မခွာနိုင်ခဲ့ဘူး။ မိတ်ဆွေကစောင့်ရင်း စောင့်ရင်း နယူတန်အတွက်ပြင်ဆင်ထားတဲ့ ထမင်းကိုစားပြီး ထပြန်သွားခဲ့တယ်။ စမ်းသပ်ခန်းကနယူတန်ထွက်လာချိန် ထမင်းစားပွဲက ပြောင်းတလင်းခါနေခဲ့ပြီ။ ဒါကိုတွေ့တော့ နယူတန်က “အော်.. ငါ ထမင်းစားပြီးပြီပဲ”လို့ ကိုယ့်ဘာသာကိုယ်ရေရွတ်ပြီး စမ်းသပ်ခန်းထဲ ပြန်ဝင်သွားခဲ့တယ်။

အလုပ်တစ်ခုပေါ်မှာ ရူးသွပ်စွဲလမ်းတဲ့ ထူးချွန်သူ တစ်ဦးဟာ ဘဝမှာ တုံးတိတုံး အလုပ်ရပ်တွေကို ကြိမ်ဖန်များစွာ ပြုလုပ်မိတတ် ပါတယ်။ တချို့လုပ်ရပ်က လူရယ်စရာဖြစ်သလို တချို့လုပ်ရပ်က စိတ်ညစ်ဒေါသထွက်စရာဖြစ်တယ်။ အဆင့်ဆင့်လက်ဆင့်ကမ်းလာရာကနေ ဒါတွေဟာ ဂန္တဝင်ပုံပြင်တွေဖြစ်ခဲ့ပါတယ်။ အခု လက်ရှိလက်တွေ့ ဘဝမှာ ဒီလိုလူမျိုးထွက်ပေါ်ခဲ့ရင် လူအများက “စိတ်ဝင်စားမှု မရှိလို့” ၊ “မထူးချွန်လို့”လို့မြင်ပြီး စိတ်တို၊ စိတ်ညစ်ကြ ပါတယ်။ အထူးသဖြင့် ကလေးတွေကို သွန်သင်ဆုံးမတဲ့နေရာမှာ အတွေ့များ ပါတယ်။

ကလေးအများ စုရဲ့ငယ်ဘဝမှာ အရာတစ်ခုခုကို ရူးသွပ်ခုံမင်တာမျိုးရှိကြတယ်။ ဒါမှမဟုတ် စိတ်ဝင်တစားနဲ့ ကြက်က ဘယ်ကနေပထမဆုံးဖြစ်လာခဲ့သလဲလို့ တွေးတောတတ်ကြတယ်၊ ထမင်းစားဖို့ တကြော်ကြော်ခေါ်တဲ့ အမေ့အသံကိုတောင် မကြားနိုင်လောက်တဲ့အထိ ကစားပွဲထဲမှာ နစ်ဝင်တတ်ခဲ့တယ်၊ စိတ်ဝင်စားစရာကောင်းတဲ့ ရုပ်ပြစာအုပ်ကိုကြည့်ရင်း အိပ်သာတက်အပေါ့သွားဖို့၊ အိမ်စာလုပ်ဖို့တောင် မေ့တတ်ခဲ့ကြတယ်။ ကလေးငယ်အယောက်တစ်ထောင်မှာ ရူးသွပ်ခုံမင်တဲ့အရာ အမျိုးပေါင်းတစ်ထောင်ရှိနိုင်ပါတယ်။ လူကြီးအနေနဲ့ကြည့်ရင် ဒီအရာတွေဟာ စိတ်ဝင်စားစရာမကောင်းသလို ရိုးစင်းသာမန်ပါတယ်။ ကလေးငယ်တွေဟာ ကလေးဆန်တဲ့အတွက်ကြောင့်ရော ဘဝအတွေ့အကြုံမရှိတဲ့အတွက်ကြောင့်ပါ မကြာခဏဆိုသလို လူရယ်စရာဖြစ်တဲ့ လုပ်ရပ်တွေပြုမူမိတတ်ပါတယ်။ ပြဿနာလေးတချို့တောင် ဖန်တီးလိုက်တတ်ပါသေးတယ်။

ကလေးတွေအမှား လုပ်တတ်မှန်း၊ ကလေးတွေအမှားလုပ်မိချိန် ကလေးကို သေသေချာချာ ပြောပြရှင်းပြရမယ်မှန်း လူတော်တော်များများသိကြပါတယ်။ ဒါပေမယ့် တကယ်တမ်း ဒီလိုအဖြစ်မျိုးနဲ့ကြုံလာတဲ့အခါ ကလေးအပေါ် စိတ်တိုဒေါသထွက်တာ၊ အော်ငေါက်တာ ပြီးတော့ “ငါ အစောကြီးကတည်း ကပြောသားပဲ.. ဒါတောင် နင်က လုပ်သေးတယ်…..”၊ “ဘာလုပ်လုပ် နမော်နမဲ့ပါလား” ဆိုတဲ့စကားမျိုးနဲ့ ဆိုဆုံးမတတ်တယ်။ ကိစ္စပြီးရင် နောင်တရပြန်တယ်။ နောက်တစ်ခါ ဒီလိုအဖြစ်မျိုးနဲ့ကြုံလာပြန်ရင်လည်း ဒီလိုပဲ စိတ်တိုဒေါသဖြစ်ပြန်တယ်။

တချို့အုပ်ထိန်းသူတွေက “ငါက စိတ်ဆတ်တယ်၊ စိတ်သဘောထား မကောင်းဘူး”ဆိုတာမျိုးနဲ့ ကိုယ့်ကိုယ်ကို လွှတ်ငြိမ်းခွင့်ပေး တတ်ကြတယ်။ “စိတ်ဆတ်တယ်၊ စိတ်သဘောထား မကောင်းဘူး”ဆိုတာက အုပ်ထိန်းသူ အတွက် ပြဿနာအသေး အမွှားဖြစ်ကောင်းဖြစ်မယ်။ ဒါပေမယ့် ဒါဟာ ကလေးတစ်ယောက်ကို ဆိုးရွားတဲ့အကျိုးဆက်တွေ သယ်ဆောင်ပေးလာနိုင်ပါတယ်။ ကလေးပြုလုပ်မိတတ်တဲ့ “အသေးအမွှားအမှား”ဟာလည်း နာတာရှည်ရောဂါအဖြစ် အမြစ်တွယ်လာနိုင်ပါတယ်။ ဒါမှမဟုတ် ဒေါသကြီး တာမျိုး၊ ခေါင်းမာတာမျိုး၊ အမှားကိုမပြုပြင်ဘဲ အမှားကိုထပ်တလဲလဲ လုပ်တာမျိုး ဖြစ်လာနိုင်ပါတယ်။

ကလေးငယ်ကြီးပြင်း ရင့်သန်ဖို့ “အမှားလုပ်မိ”တာဟာ လိုအပ်ကြောင်း အုပ်ထိန်းသူတွေ သိထား သင့်ပါတယ်။ သူတို့ကိုယ်တိုင် ဘဝမှာတွေ့ကြုံရတဲ့ အတွေ့အကြုံနဲ့ သင်ခန်းစာတွေက သင်နှုတ်ခမ်းက အကြိမ်တစ်ရာမက ပြောဆိုဆုံးမနေတဲ့ စကားတွေထက် သူတို့ကိုပိုမှတ်မိစေပါတယ်။ “အမှားလုပ်”တယ်ဆိုတာ ကြီးပြင်းရာလမ်းတစ်လျှောက်မှာ ကလေးငယ်တွေ သင်ကိုသင်ယူရတဲ့ သင်ခန်းစာတစ်ခုပါ။ အမှားလုပ်မိရင်း သင်ခန်းစာယူရင်းနဲ့ သူတို့ကိုယ်သူတို့ ပြန်ဆန်းစစ်တာမျိုး၊ ဆင်ခြင်တာမျိုး၊ တွေးတောတာမျိုး လုပ်နိုင်ပါလိမ့်မယ်။

ကလေးတွေ တစ်ခါတလေ လုပ်မိတဲ့ “အမှား”တွေထဲက အုပ်ထိန်းသူကို အချိန်ကုန်၊ ငွေကုန်ကြေးကျဖြစ်စေခဲ့ရင် ဒီအချိန်၊ ဒီငွေကြေးတွေဟာ ကလေးငယ်ကြီးပြင်းဖို့အတွက် ပေးဆပ်လိုက်ရတဲ့ အဖိုးအခလို့မှတ်ယူပြီး ကလေးရဲ့ကြီးပြင်းရင့်သန်မှု၊ အောင်မြင်မှု၊ ထူးချွန်မှုတွေနဲ့ ပြန်လဲယူနိုင်ပါတယ်။ ကစားစရာကားသစ်တစ်စင်းကို သူဖျက်ပစ်လိုက်တာဟာ လေယာဉ်ငယ် တစ်စီးကို သူတီထွင်လိုစိတ်၊ ဖန်တီးလို စိတ်ကို နှိုးဆွပေးလိုက် တာလည်းဖြစ်နိုင်တယ်။ ဒီကနေ့ သူဟင်းကြော်တာ တူးသွားတာဟာ မနက်ဖြန်မှာ ဒီထက်ကောင်းတဲ့ ဟင်းတစ်ခွက်ကို သူချက်နိုင်ဖို့ လည်းဖြစ်တယ်။ ကလေးငယ် လုပ်ခဲ့မိတဲ့ အမှားတွေကို တည့်မတ်မှန်ကန် တဲ့အကြည့်နဲ့ ကြည့်ပေးခြင်း အားဖြင့် ဒါဟာ သူတို့အတွက် ပိုကောင်းအောင် လုပ်ဆောင်ခွင့်ရတဲ့ နောက်ထပ် အခွင့်အရေး တစ်ခုလို့ ခံစားမိမှာပါ။ ဒီလိုခံစား မိတာနဲ့ ရင်ထဲက ဒေါသမီးတွေလည်း ငြိမ်းသွားပါလိမ့်မယ်။ “နယူတန်လို”ဆိုတာက ကလေးငယ်ရဲ့ပြဿနာကို အုပ်ထိန်းသူတွေ ဘယ်လိုဖြေရှင်းသလဲ၊ ဘယ်လိုနည်းလဲ ဝေဖန်သွန်သင်ဆုံးမ သလဲဆိုတာပဲဖြစ်တယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာSingapore Summit ကို တက်ရောက်ဖို့ မနက်ကိုးနာရီမှာ မြန်မာနိုင်ငံက ထွက်ခွာမည်


မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ Singapore Summit ကို တက်ရောက်ဖို့ အတွက် မနက်ဖြန် သောကြာနေ့ မနက်ကိုးနာရီမှာ မြန်မာနိုင်ငံက ထွက်ခွာမှာ ဖြစ်ပြီး ဒီခရီးစဉ်ဟာ စက်တင်ဘာ ၂၄ ရက်နေ့ထိ ကြာမြင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ခရီးစဉ်အတွင်း လက်ရှိ ဝန်ကြီးချုပ် လီရှန်လွန်း၊ ဝါရင့် နိုင်ငံရေးသမား ဂိုချုပ်ထောင်တို့နဲ့ တွေ့ဆုံမှာ ဖြစ်သလို Spore Management University မှာ Mindset in Leadership ခေါင်းစဉ်နဲ့ ဟောပြောမှာဖြစ်ကြောင်း သိရပါတယ်။

BBC Burmese

အသားအရေအတွက် နနွင်းမှုံ့၏ အစွမ်း





နနွင်းမှုန့်မှာ အမျိုးမျိုးသော ကျန်းမာရေး အကျိုးကျေးဇူး တွေရှိတဲ့ အပြင် အသား အရေ ပြဿနာတွေကိုလည်း ဖြေရှင်းပေးနိုင်စွမ်း ရှိပါတယ်။ နနွင်းမှုန့်ဟာ အရေပြား ကျန်းမာရေးနဲ့ အသားအရေ လှပမှု တို့အပေါ် ဘယ်လိုကောင်းကျိုးတွေ ပေးစွမ်းနိုင် သလဲဆိုတာ ဖော်ပြ ပေးလိုက်ပါတယ်။


နေလောင်ဒဏ် သက်သာစေခြင်း

နနွင်းမှုန့်ဟာ နေပူဒဏ်ခံရတာကြောင့် ဖြစ်တဲ့ အရေပြားထိခိုက်မှုနဲ့ အရေပြား အရောင် ညစ်နွမ်းမွဲခြောက်မှုတို့ကို သက်သာစေပါတယ်။

ဝက်ခြံပျောက်စေခြင်း

နနွင်းမှုန့်ဟာ အရေပြားရှိ ဘက်တီးရီးယားပိုးတွေကို ကင်းစင်စေတဲ့အတွက် ဝက်ခြံကို ပျောက်စေပါတယ်။

အိုမင်းမှုကို နှေးကွေးစေခြင်း

နနွင်းမှုန့်မှာ အင်တီအောက်ဆီးဒင့်တွေ ပါဝင်တာကြောင့် အသားအရေ အိုမင်းတဲ့ ဖြစ်စဉ်ကို နှေးကွေးစေပါတယ်။

အသားအရေ ဝင်းပစေခြင်း

နနွင်းမှုန့်ကို လိမ်းပေးတာနဲ့ စားတာဟာ အသားအရေကို ကြည်လင် တောက် ပစေပါတယ်။ မျက်နှာအသားအရေကိုလည်း အဖုအပိမ့်ကင်းကာ ဝင်းပစေပါတယ်။

အရေပြားပြဿနာများကို သက်သာစေခြင်း

နနွင်းမှုန့်မှာ နှင်းခူ၊ ဆိုးရီးယေးစစ်နဲ့ နီမြန်းယားယံတဲ့ အရေပြားပြဿနာတွေကို သက်သာစေတဲ့အစွမ်း ရှိပါတယ်။ အရေပြားမှာ ဖြစ်ပေါ်တဲ့ အကြောပြတ် ရာတွေကိုလည်း မှိန်ဖျော့သွားစေပါတယ်။ အသားအရေ ကျန်းမာလှပရေးအတွက် နနွင်းမှုန့်

အသုံးပြုနည်း

နနွင်းမှုန့်ကို စားမည်ဆိုလျှင် - နနွင်းမှုန့် လက်ဖက်စားဇွန်း တစ်ဇွန်းနဲ့ သကြား လက်ဖက်စားဇွန်း တစ်ဇွန်းကို ရေနွေးပူပူထဲ ထည့်မွှေကာ စားပေးပါ။ နေ့စဉ် မှန်မှန် စားပေးပါက အသားအရေက ဖြည်းဖြည်းချင်း ပိုမိုလှပလာပါလိမ့်မယ်။
နနွင်းမှုန့်ကို လိမ်းမည်ဆိုလျှင် - နနွင်းမှုန့်ကို ရေနဲ့စေးပျစ်တဲ့ အနှစ်ရတဲ့အထိ မွှေပြီးအရေပြားပေါ် လိမ်းပေးပါ။ အချိန် ၁၀ မိနစ်ကြာရင် ရေနဲ့ ဆေးချရမှာ ဖြစ်ပါတယ်။

ကြယ်စင်
Myawady News

Sedona ဟိုတယ် ဝက်ဘ်ဆိုက် ဟက်ခံရခြင်းမဟုတ်ကြောင်း တာဝန်ရှိသူ မှပြောကြား




ဆီဒိုးနားဟိုတယ်တွင်လျှို့ဝှက်ကင်မရာတပ်ဆင်ပြီးရိုက်ကူးထားသည့်ဗွီဒီယိုဖိုင်တစ်ခုဖြန့်နှံ့လျက်ရှိပြီးအချိန်ကိုက်ဆီဒိုနားဟိုတယ်၏ Website အား Hack ခံရသည်ဟု သတင်းများထွက်ပေါ်လာခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီးဆီဒိုးနားဟိုတယ်ရဲ့ အိုင်တီဌာနမှ Website Hack ခံရခြင်းမဟုတ်ကြောင်းပြောပါတယ်။

" Website Hack ခံရတယ်ဆိုတာ မဟုတ်ပါဘူး။ ပြင်ဆင်မှုတွေလုပ်ဖို့ရှိတဲ့ အတွက်ချထားတာပါ။ နိုင်ငံတကာကရော ဒီနိုင်ငံကမြို့တွေက ဆီဒိုးနားဟိုတယ်တွေရဲ့ Website တွေကိုတစ်ပေါင်းတည်းစုပေါင်းပြီး Website တစ်ခုပြုလုပ်ဖို့အတွက်ပါ။ Hack ခံရတာမဟုတ်ပါဘူး။ " လို့ IT Executive ကိုဘိုဘိုဦးကပြောပါတယ်။

လျှို့ဝှက်ကင်မရာဖြင့်ရိုက်ကူးထားသည်ဆိုသော ဗွီဒီယိုသည် ဆီဒိုးနားဟိုတယ် Website မှရယူထားသည့်ဟူသည့် သတင်းများလည်းလူမှုကွန်ယက်များတွင်ဖြန့်နှံ့လျက်ရှိပြီးအဆိုပါသတင်းများမှာလည်းမှန်ကန်မှုမရှိကြောင်းကိုဘိုဘိုဦးမှဆိုသည်။

"ဆီဒိုးနားဟိုတယ်ရဲ့ Website ကဗွီဒီယိုစတာတွေတင်တဲ့ လူမှုကွန်ယက်မဟုတ်ပါဘူး။ ဒီ Website ကရတယ်ဆိုတာလုံးဝမဟုတ်ပါဘူး " ဟု IT ဌာနမှကိုဘိုဘိုဦးမှပြောသည်။

အဆိုပါ ဗွီဒီယိုနှင့်ပတ်သက်၍မေးမြန်းရာ ၎င်းအနေဖြင့်မည်သည့် တစ်စုံတရာမှပြောဆိုလိုခြင်းမရှိကြောင်းကိုဘိုဘိုဦးမှဆက်ပြောပါတယ်။
လူမှုကွန်ယက်များတွင်ပုဂ္ဂိုလ်ရေးအတွင်းရေးကိစ္စများနှင့်ပတ်သက်ပြီးသတင်းလွှင့်ခြင်းများသည်သက်ဆိုင်ရာကုမ္ပဏီများ၏အမည်ဂုဏ်သတင်းညှိုးနွမ်းစေရန်ဆောင်ရွက်ကြခြင်းဖြစ်တယ်လို့သံသယဖြစ်မိကြောင်းအိုင်တီပညာရှင်တစ်ဦးကသုံးသပ်ပါတယ်။

" Website တွေကို hack တယ်ဆိုတာအကြောင်းအမျိုးမျိုးတော့ရှိတာပေါ့။ အခုလိုကိစ္စမျိုးကျတော့ဒါဟာဒီကုမ္ပဏီတွေရဲ့ဂုဏ်သိက္ခာကျဆင်းစေဖို့ရည်ရွယ်လုပ်ဆောင်လာတာလို့သံသယရှိပါတယ်။ ဒါမှမဟုတ် ဗွီဒီယိုပါလူပုဂ္ဂိုလ်တွေကိုရည်ရွယ်တာလားဆိုတာမသိရပါဘူး။

ဘာပဲပြောပြောဒီလိုတွေဖြစ်ရတယ်ဆိုကတည်းကနည်းပညာပိုင်းရဲ့လုံခြုံမှုကိုဂရုပြုဖို့လိုအပ်ပါလိမ့်မယ်။ နောက်တစ်ခုကတစ်ဦးတစ်ယောက်ချင်းကလည်း ဒီလိုမျိုးတွေမဖြစ်ရအောင်၊ အရှက်မရ ရအောင်ဆင်ခြင်သင့်ပါတယ်" လို့ အိုင်တီပညာရှင်တစ်ဦးမှသုံးသပ်ပါတယ်။

အဆိုပါဆီဒိုးနားဟိုတယ် Website ကို hack ခံရသည်ဟုသတင်းများ ထွက်ပေါ်လာချိန်တွင် Blink Hacker Group (BHG) မှဖြစ်သည် ဟုပြောဆိုမှုများရှိခဲ့ပြီး ဆီဒိုးနားဟိုတယ်ဘက်မှလည်းကောင်း၊ BHG ဘက်မှအွန်လိုင်းစာမျက်နှာများတွင်လည်းကောင်းမဟုတ်မှန်ကြောင်းငြင်းဆိုထားပါတယ်။

Smart Pro Journal