ညှိနှိုင်းမှု မပြေလည်သဖြင့် ကင်မရာစက်ရုံ ဝန်ထမ်း ၄၀၀ ခန့် အလုပ်ထွက်



မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ရတနာပုံ ဆိုက်ဘာစီးတီး အတွင်းရှိ ဝန်ထမ်းပေါင်း ၉၀၀ ကျော် ရှိသော BTC (Brust Transmission Co.Ldt.) ကင်မရာ စက်ရုံမှ ဝန်ထမ်း ၇၀၀ ခန့်သည် လုပ်ခလစာ တိုးမြှင့်ရေး အပါအဝင် အချက် ကိုးချက်အတွက် ဇွန် ၃ ရက် ရက်နေ့မှ ဇွန် ၅ ရက်နေ့ အထိ သုံးရက်ဆက်တိုက် ဆန္ဒပြ တောင်းဆိုရာ ညှိနှိုင်းမှု မပြေလည်သဖြင့် ဝန်ထမ်း ၄၀၀ခန့် အလုပ်ထွက်သွားကြောင်း အဆိုပါ ဆန္ဒပြ လုပ်သားများထံမှ စုံစမ်းသိရှိရသည်။ 

ယင်းဆန္ဒပြ အလုပ်သမားများက အလုပ်ချိန် ရှစ်နာရီ သတ်မှတ်ပေးရန်၊ အစိုးရ ရုံးပိတ်ရက်များတွင် တရားဝင် အလုပ်ပိတ် ပေးရန်၊ မူလ ရပိုင်ခွင့် မလျော့စေရန်၊ ရေ။မီး။အိမ်သာ ပြုလုပ်ပေးရန်၊ စည်းကမ်းချက် ထုတ်ပြန်ပါက ပွင့်လင်းမြင်သာမှု ရှိသည့် နေရာတွင် တရားဝင် ဆိုင်းဘုတ် ကပ်ပေးရန်၊ ဆန္ဒပြမှုကြောင့်ဌာနက ရွှေ့ပြောင်းခြင်း၊ အလုပ်မှ ထုတ်ပယ်ခြင်း မပြုရန်၊ လူမှုဖူလုံရေး ကတ်များ ထုတ်ပေးရန်၊ အခါအားလျော်စွာ အလုပ်ရှင်နှင့် လုပ်သမား ညှိနှိုင်း အစည်းအဝေး တစ်လလျှင် နှစ်ကြိမ် ပြုလုပ်ပေးရန်၊ အခြေခံလစာအပြင် ထပ်မံ၍ ကျပ်တစ်သောင်း တိုးမြှင့်ပေးရန် စသည့် အချက် ကိုးချက်ကို တောင်းဆိုခဲ့ကြောင်း ယင်းဆန္ဒပြမှုတွင် ပါဝင်သူ ကင်မရာ မှန်ဘီလူး ထုတ်လုပ်ရေးဌာနမှ အလုပ်သမားတစ်ဦးက The Voice သို့ ပြောကြားသည်။

အခြေခံလစာ၂၄,၀၀၀ ကျပ်အစား ၃၀,၀၀၀ ကျပ် တိုးပေးမည် ဖြစ်ကာ သက်သာစရိတ် ကျပ် ၇၀၀၀ ကိုလည်း ဇွန်လကုန်မှ စတင်ပေးမည် ဖြစ်ကြောင်း၊ ဇွန်လ၂၀ ရက် နေ့တွင် ရေ၊ မီး ပုံမှန် ပြုလုပ်
ပေးခြင်း၊ အစားအသောက် အမြန်ဆုံး ကောင်းမွန်အောင် ပြန်လည် ဆောင်ရွက်ပေးခြင်း၊ ရေအိမ်သာ၊ လျှပ်စစ်မီး ပြုလုပ်ခြင်းစသည့် အချက်များကို ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ဇွန်လ ၇ ရက်နေ့ နံနက် ၇ နာရီတွင် လုပ်ငန်းခွင်သို့ ပြန်လည် လာရောက်လုပ်ကိုင်ခြင်း မရှိသော အလုပ်သမားများကို မိမိဆန္ဒအလျောက် အလုပ်ထွက်သည်ဟု သတ်မှတ် ထားသော်လည်း အလုပ်ပြန်လုပ်ချင်သူများကို ယခုလကုန်အထိ လက်ခံ ပေးသွားမည် ဖြစ်ကြောင်း အဆိုပါ စက်ရုံ တာဝန်ရှိသူတစ်ဦးက
ပြောကြားသည်။

“အလုပ်သမား စုစုပေါင်း ၉၀၀ လောက်ရှိတယ်။ အခုချိန်မှာ ဘယ်လောက် ထွက်သွားတယ် ဆိုတာတော့ အတိအကျ ပြောလို့ မရဘူး။ ထွက်သွားပြီးမှ ပြန်လာတာတွေလည်း ရှိတယ်”ဟု အဆိုပါ တာဝန်ရှိက ဆိုသည်။

အခြေခံလစာကို ၆၀၀၀ ကျပ် ထပ်တိုးပေးမည် ဖြစ်ကာ သက်သာငွေအဖြစ် ၇၀၀၀ ကျပ် ပေးမည် ဖြစ်ပြီး ရေ၊ မီး၊ လျှပ်စစ်၊ အစားအသောက်စသည့် တောင်းဆိုထားသည့် အချက်များကို အမြန်ဆုံး ကောင်းမွန်အောင် ဆောင်ရွက်နေသည်ဟု သိရကြောင်း ဆန္ဒပြရာတွင် ပါဝင်ခဲ့ပြီး လက်ရှိ အဆိုပါ စက်ရုံတွင် လုပ်ကိုင်နေသူတစ်ဦးက ပြောကြားသည်။

“အခုစက်ရုံမှာ လူ ၄၀၀ လောက်က ပြန်သွားတယ်။ ဝန်ထမ်းတွေကို အစက ဇွန်လ ၅ ရက်နေ့မှာ လစာထုတ်ပေးမယ်။ တိုးမပေးဘူးလို့ ပြောတယ်။ တချို့တွေကလည်း စိတ်ဓာတ် ပြင်းထန်ပြီး ပြန်ကုန် ကြတယ်။ နောက်မှ ၆၀၀၀ ကျပ် တိုးပေးတယ်။ တချို့လည်း ပြန်လာတာရှိတယ်။ ဒါပေမဲ့ လူ ၃၀ လောက်ပဲ ရှိတယ်၊ ပြန်သွားတဲ့သူတွေက လစာတိုးပေးတာ သိလည်း ပြန်ကုန်ကြတာပါ။ ဒီလကုန်အထိ ပြန်လာတဲ့ သူတွေကိုတော့ လက်ခံပေးမယ် သိရတယ်” ဟု ယင်းကင်မရာ မှန်ဘီလူး စက်ရုံမှ အလုပ်သမားတစ်ဦးက ထပ်မံပြောကြားသည်။

ပြင်ဦးလွင်မြို့ ရတနာပုံ ဆိုက်ဘာစီးတီးရှိ BTC (Brust Transmission Co.Ldt.) ကင်မရာစက်ရုံသည် လုပ်သား ၉၀၀ ကျော်ဖြင့် မှန်ဘီလူး အစိတ်အပိုင်းများကို GE တံဆိပ်ဖြင့် ထုတ်လုပ်လျက် ရှိသည်။

သစ်ထူးလွင်

မလေးရှားမှ ပထမဆုံး ပြန်ရောက်လာသော အလုပ်သမားနှစ်ဦးနှင့် တွေ့ဆုံခြင်း

မလေးရှားနိုင်ငံတွင် အကြမ်းဖက်ခံရမှုကြောင့် မြန်မာအလုပ်သမား အချို့ ပြန်လာရန် စိုင်းပြင်းလျက် ရှိနေချိန် ဇွန်လ ၁၂ ရက်နေ့က မြန်မာနိုင်ငံသို့ ပထမဆုံး ပြန်လည်ရောက်ရှိလာသော အလုပ်သမား နှစ်ဦးနှင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တွေ့ဆုံ မေးမြန်းထား ပါသည်။ ၄င်းတို့ အလုပ်ရှင်၏ စီစဉ်ပေးမှုဖြင့် ပြန်လည် ရောက်ရှိလာခြင်း ဖြစ်ပြီး ကာယကံရှင်များ ဆန္ဒအရ အမည်နာမ ဖော်ပြနိုင်ခြင်း မရှိပါ။
Voice : မလေးရှားနိုင်ငံ ဘယ်ဒေသတွေမှာ အလုပ် လုပ်ခဲ့ကြတာလဲ။ 

လုပ်သား(၁) : ကျွန်တော်ကတော့ လာဝပ်မှာ နေတာပါ။ အခုလက်ရှိ အကြမ်းဖက်မှုတွေဖြစ် နေတဲ့ ကွာလာလမ်ပူနဲ့ သိပ်မဝေးပါဘူး။ 
လုပ်သား(၂) : ကျွန်တော်ကတော့ မလက်ကာမှာ နေခဲ့တာ။ မလေးရှားမှာ အလုပ်လုပ်တာ ကတော့ ၂ နှစ်ရှိပြီ။ 

Voice : မလေးရှားမှာရှိတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ အခုလက်ရှိ ကြုံတွေ့နေရတဲ့ ဒုက္ခ အခက်အခဲတွေကို ပြောပြပေးပါဦး။ 

လုပ်သား(၁) : ကျွန်တော်တို့နေတဲ့ အနီးတစ်ဝိုက်မှာတော့ ဆူပူမှုတွေ သိပ်မရှိပါဘူး။ ဒါပေမဲ့ လုံခြုံရေးကိုတော့ သိပ် စိတ်မချရဘူး။ ညဘက်ကျ ကျွန်တော်တို့ မြန်မာလုပ်သားတွေ အလှည့်ကျ ကင်းစောင့်ပြီး အိပ်ရတယ်။ အခု အကြမ်းဖက်မှုတွေ ဖြစ်နေတဲ့ ကွာလာလမ်ပူ အနီးတစ်ဝိုက်က မြန်မာ တွေဆိုရင် ညဘက် တံခါးသုံးထပ် ပိတ်ထားရတယ်။ တချို့နေရာတွေမှာ ညဘက်ဆိုရင် တံခါးလာ ခေါက်တယ်။ ဖွင့်မပေးရင် စပရေး ဖျန်းပြီးတော့ တံခါး မဖွင့်ဖွင့်အောင် လုပ်ကြတယ်။ အငွေ့နံ့ မခံနိုင် လို့ အပြင်ထွက်လာ ပြန်ရင်လည်း ဝိုင်းရိုက်ကြတယ်။ ပစ္စည်းလည်း လုကြတာမျိုးတွေ ရှိတယ်။ 
လုပ်သား(၂) : လုံခြုံရေးကိုတော့ အတတ်နိုင်ဆုံး သတိထားနေရတယ်။ ကျွန်တော်တို့နေတဲ့ ဘက်မှာ မဖြစ်ပေမယ့် သူငယ်ချင်းတွေဆီက အကြမ်းဖက်မှု သတင်းတွေကိုတော့ နေ့တိုင်း ကြားနေရတယ်။ တစ်လောကဆိုရင် အသတ်ခံရတဲ့သူက မလေးရှားရောက်တာ ရက်ပိုင်းပဲ ရှိသေးတယ်။ ကောလာဟလတွေ ရှိသလို၊ တကယ် ဖြစ်နေတာတွေလည်း ရှိတယ်။ နေ့လယ်ဘက်တောင် အပြင် မထွက်ရဲကြဘူး။
“ညဘက်ကျ ကျွန်တော်တို့ မြန်မာလုပ်သားတွေ အလှည့်ကျ ကင်းစောင့်ပြီး အိပ်ရတယ်...”
Voice : မလေးရှားကနေ ပြန်လာမယ့်သူ ဘယ်လောက်ထိ ရှိလဲ။ 

လုပ်သား(၁) : ပြန်လာဖို့ကတော့ အများကြီးပဲ။ Overstay (ရက်လွန် နေထိုင်သူ) သမားတွေ ကတော့ ပြန်လာချင်ပေမယ့် အခက်အခဲ ရှိနေကြတယ်။ 
လုပ်သား(၂): မြန်မာပြည် ပြန်လာချင်တဲ့သူတွေ အများကြီးပါပဲ။ ကျွန်တော့် သူငယ်ချင်း တွေထဲမှာလည်း Overstay နဲ့ အလုပ် လုပ်နေကြသူတွေ အများကြီး။ အခု လက်ရှိ ဟိုမှာကြားတာ ကတော့ Overstay သမားတွေလည်း ပြန်လာလို့ရတယ် ကြားတယ်။ ဒါပေမဲ့ မြန်မာသံရုံးကို ရင်းဂစ် ၁၈၀ နဲ့ မလေးရှား Immigration (လ.၀.က) ကို ရင်းဂစ် ၄၀၀ ဒဏ်ကြေးပေးရင် တရားဝင် ပြန်ခွင့် ရမယ်လို့ ကြားမိတယ်။ 

Voice : အခုဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေက ကွာလာလမ်ပူ တစ်နေရာတည်းမှာပဲ ဖြစ်နေတာလား။ တခြားဒေသတွေ မှာရော အလားတူ အကြမ်းဖက်မှုတွေ ရှိနေလား။ 

လုပ်သား(၁) : အကြမ်းဖက်မှုတွေတော့ ရှိတယ်။ ဒါပေမဲ့ ပစ္စည်းလုတာ သက်သက်လောက်ပဲ ကြားမိတယ်။ ကွာလာလမ်ပူမှာတော့ အကြမ်းဖက် လူသတ်မှုတွေထိ ဖြစ်နေတယ်။ 
လုပ်သား(၂) : ကျွန်တော့်ကိုယ်တွေ့ မဟုတ်ပေမယ့် သူငယ်ချင်းတွေဆီကနေ ကြားရတာ ကတော့ အကြမ်းဖက်မှုတွေ ရှိတယ်လို့တော့ ကြားရတယ်။ 

Voice : MAI က လေယာဉ် လက်မှတ်ခကို တစ်ဝက်ဈေးနဲ့ ရောင်းချပေးတယ်လို့ သိရတယ်။ ညီလေးတို့ အခု ပြန်လာတဲ့ လေယာဉ် လက်မှတ်ခ ဘယ်လောက်တုံး။ 

လုပ်သား(၁) : တစ်ဝက်ဈေးနဲ့ မဟုတ်ပါဘူး။ အရင်ဈေး အတိုင်းပါပဲ။ ကျွန်တော်ဆိုရင် ပွဲစားက တစ်ဆင့် လက်မှတ်ဝယ်ရတာ ရင်းဂစ် ၃၀၀ ပေးရတယ်။ မြန်မာပြည်က အကူအညီပေးတဲ့ အဖွဲ့တွေ ရောက်လာပြီး ၅၀ ရာခိုင်နှုန်း လျှော့ပေးမယ် ကြားတယ်။ 
လုပ်သား(၂) : ကျွန်တော်ကတော့ သူဌေးကပဲ လေယာဉ်လက်မှတ် ဝယ်ပေးလိုက်တာမို့ ဘယ်လောက်ကျလဲ မသိပါဘူး။ 

Voice : မလေးရှားက ပြန်လာတဲ့ မြန်မာလုပ်သားတွေကို လုပ်ငန်းရှင်တချို့က အလုပ်အကိုင် အခွင့်အလမ်းတွေ ပေးမယ်လို့ ကြားမိတယ်။ ညီလေးတို့ကော အဲဒီနေရာတွေမှာ ဝင်လုပ်ဖို့ အစီအစဉ် ရှိလား။ 

လုပ်သား(၁) : တကယ်ဆိုရင်တော့ ကျွန်တော် ဝင်လုပ်ချင်တာပေါ့။ 
လုပ်သား(၂) : ကျွန်တော်က မကွေးတိုင်း ဆိတ်ဖြူမှာ နေတာဆိုတော့ အခြေအနေပေါ် ကြည့်ရဦးမယ်။
The Voice Myanmar

မလေးမှ ပြန်မည့် မြန်မာလုပ်သားများအား Golden Myanmar လေကြောင်းလိုင်းမှ အခမဲ့ စီးနင်းခွင့် ပြုမည်


မလေးရှားနိုင်ငံတွင် အလုပ်သွားရောက် လုပ်ကိုင်နေသော မြန်မာ မိသားစုများ ဘန်ကောက် နှင့် စင်ကာပူမှ ပြန်မည် ဆိုပါက Golden Myanmar လေကြောင်းလိုင်းမှ အခမဲ့ စီးနင်းခွင့် ပြုမည် ဖြစ်ကြောင်း သိရသည်။
Golden Myanmar လေကြောင်းလိုင်းသည် ဘန်ကောက် ၊ စင်ကာပူ ၊ ရန်ကုန် – မန္တလေး ခရီးစဉ် ပြေးဆွဲနေခြင်းကြောင့် ရန်ကုန် နှင့် မန္တလေး ခရီးစဉ် နှစ်ခုလုံး အား အခမဲ့ စီးနင်းခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။စီးနင်းလိုသူများ သည် မလေးရှား နိုင်ငံတွင် အလုပ်သွားရောက် လုပ်ကိုင်ေ နသူများဖြစ်ကြောင်း မြန်မာ သံရုံးထောက်ခံချက် ပါရှိရမည် ဖြစ်ပြီး လေယာဉ်လက်မှတ် အခမဲ့ ပေးမည် ဖြစ်သော်လည်း လေဆိပ် ၀န်ဆောင်ခ များကို စီးနင်းသူမှ ပေးဆောင်ရမည် ဟု Golden Myanmar လေကြောင်းလိုင်းမှ တာဝန်ရှိသူက ပြောသည်။
Golden Myanmar လေကြောင်းလိုင်းကို ဆက်သွယ်လိုပါက စင်ကာပူ ဖုန်း နံပါတ် ၀၀၆၅ – ၉၁၈၂၉၃၉၀ ၊ ဘန်ကောက် ဖုန်းနံပါတ် ၀၀၆၆ -၂၁၃၄၇၉၃၈ / ၂၁၃၄၇၉၃၉ / ၈၄၉၉၀၆၀၉၀ သို့ ဆက်သွယ်နိုင်ပြီး Email ဖြင့် ဆက်သွယ် မည် ဆိုပါက www.gmairlines.com သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

popular myanmar




တပ်မတော်ပါဝင်မှ စစ်မှန်သောငြိမ်းချမ်းရေး ဖော်ဆောင်နိုင်မည် ဟု ဗိုလ်ချုပ်ကြီးယွတ်ဆစ်ပြော

မန်မာအစိုးရတပ်မတော်ပါဝင်မှ စစ်မှန်သောငြိမ်းချမ်းရေး ဖော်ဆောင် နိုင်မည် ဖြစ်ကြောင်း ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ပြောသည်။

”ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့က အဘက်ဘက်က ပါဝင်ဖို့လိုပါတယ်။ ဒါပေမဲ့တပ်(တပ်မတော်)ကတော့ အဓိ ကကျတဲ့ အခန်းကဏ္ဍမှာ ရှိပါ တယ်”ဟု ၄င်းက ပြောသည်။၎င်း၏ ၃ ရက်ကြာနေပြည်တော် ခရီးစဉ်တွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်နှင့် တွေ့ ဆုံခဲ့ခြင်းမရှိခဲ့သော်လည်း ၄င်း အနေဖြင့်လည်း တွေ့ဆုံရန်ဆန္ဒရှိခဲ့ ကြောင်း ဆိုသည်။

တပ်ပိုင်းကိစ္စရပ်များ အပြန်အ လှန် ယုံကြည်မှု တည်ဆောက်နိုင်မှ အပစ်အခတ်ရပ်စဲရေး သဘောတူလက် မှတ်ရေးထိုးပြီးနောက် ပိုင်း ပြန်လည် ဖြစ်ပွားလျက်ရှိသော နှစ်ဖက်တိုက်ပွဲများ လျော့ကျ
သွားမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။ ”အပြန်အလှန် ယုံကြည်မှုအား နည်းလို့ အပြန်အလှန် သံသယတွေထား နေတုန်းမို့ ဒီလိုတိုက်ပွဲတွေ ဆက်ဖြစ် နေတာပါ”ဟု ဒုတိယဗိုလ်ချုပ်ကြီး ယွက်ဆစ်က ပြောသည်။

တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များဆွေး နွေးနိုင်ရန် နိုင်ငံတော်အစိုးရဘက်မှ တပ်မတော်ပိုင်းဆိုင်ရာ ပြောရေးဆို ခွင့်ရှိသူတစ်ဦးအား ကေအိုင်အိုနှင့် ၃ ရက်ကြာ တွေ့ဆုံဆွေးနွေးမှုအပြီးမေလ ၃ဝ ရက်တွင် ထုတ်ပြန်ပြောဆိုခဲ့ သည်။သို့သော် အခြေခံဥပဒေ၌ပေးထား ချက်များနှင့် တပ်မတော်ပိုင်း ဆိုင်ရာ ကဏ္ဍတွင် အဓိကဖြစ်သော ကာကွယ် ရေးဦးစီးချုပ်သာ အဆိုပါလက်နက်ကိုင် အဖွဲ့အစည်းများနှင့်တိုက်ရိုက် တွေ့ ဆုံ ဆွေးနွေးမည် ဆိုပါက ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်း ပိုမိုမြန်ဆန်လာ မည်ဖြစ်ကြောင်း နိုင်ငံရေးရာ ကျွမ်းကျင် သူအချို့က ဆိုသည်။

”အပြန်အလှန်ယုံကြည်မှု တည် ဆောက်နိုင်ဖို့နဲ့ နယ်မြေဆက်စပ်နေတဲ့ တပ်တွေ တစ်ဖက်နဲ့တစ်ဖက် ညှိနှိုင်း ဆောင်ရွက်နိုင်ဖို့ ဆက်ဆံရေးရုံး ခွဲတွေ ကို ကျွန်တော်တို့ ထပ်မံဖွင့်လှစ်ပေးသွား မှာပါ”ဟု နိုင်ငံတော်သမ္မတ ရုံးဝန်ကြီး ဦးအောင်မင်းက ပြောသည်။အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အ စည်းများသည် လက်မှတ်ရေးထိုးပြီး နောက်ပိုင်း ဒေသတွင်း ဖွံ့ဖြိုးေ ရးဆောင် ရွက်ရန်ကိစ္စများ ဆောင်ရွက်နိုင်သော် လည်း တပ်ပိုင်းဆိုင်ရာ နေရာချထားရေး နှင့်တပ်ပိုင်းဆိုင်ရာအသွင်ကူးပြောင်း ရေးလုပ်ငန်း စဉ်များတွင် အခက်အခဲ များ ကြုံတွေ့နေရဆဲဖြစ်ကြောင်း သိရ သည်။

ဥာဏ်လင်းအောင်
Popular Myanmar News Journal

Air Mandalay ဝါယာရှော့ခ် ဖြစ်၍ မြေပြင်သို့ ပြန်ဆင်း

မ်ာလမြိုင်-ကော့သောင်း ခရီးစဉ် ပျံသန်းသည့် မြန်မာ့
လေကြောင်းပိုင် လေယာဉ် လမ်းချော်မှု ဖြစ်ပွားပြီး နှစ်ရက်အကြာတွင် ရန်ကုန်မှ စစ်တွေ မြို့သို့ ပျံသန်းမည့် Air Mandalay မှ Flight နံပါတ် (၆၁၁) လေယာဉ် အမျိုးအစား ATR 42 သည် ရန်ကုန် လေဆိပ်မှ ထွက်ခွာပြီး မိနစ်ပိုင်း အကြာ လေယာဉ်အတွင်း ဝါယာရှော့ခ်
ဖြစ်ပွားမှုကြောင့် မြေပြင်သို့ ပြန်လည် ဆင်းသက်ခဲ့ရကြောင်း အဆိုပါ လေယာဉ်နှင့် လိုက်ပါ စီးနင်းခဲ့သည့် ခရီးသည်တစ်ဦးက The Voice သို့ ဆက်သွယ် ပြောကြားသည်။

ဇွန်လ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲက ယင်းလေယာဉ်သည် ရန်ကုန်လေဆိပ်မှ စစ်တွေသို့ ထွက်ခွာခဲ့ရာ ပျံသန်းချိန် ငါးမိနစ်ခန့် အကြာတွင် ခုံနံပါတ် (၂) အတန်း ဘယ်ဘက်မှ ဝါယာရှော့ခ် ဖြစ်ကာ မီးပွားများ ထွက်လာပြီး ညှော်နံ့များ ထွက်လာသဖြင့် လေယာဉ်မယ်က မီးသတ်ဘူး ယူ၍ ဖျန်းကာ ရန်ကုန်လေဆိပ်သို့ ပြန်လည် ဆင်းသက်ခဲ့ရာ
မြေပြင်သို့ မွန်းလွဲ ၃ နာရီတွင် ပြန်လည် ရောက်ရှိလာကြောင်း၊ ခရီးသည်များကို တောင်းပန်စကား ပြောကြားကာ ခရီးစဉ်
ပြန်လည်စတင်ရန် ခေတ္တစောင့်ဆိုင်း စေခဲ့ကြောင်း ၎င်း၏ အတွေ့အကြုံကို
ပြောပြသည်။

“လေယာဉ် စက်ချို့ယွင်းတာ မဟုတ်ပါဘူး။ လျှပ်စစ်နဲ့ ပတ်သက်ပြီး
ဖြစ်တာပါ။ အခုအင်ဂျင်နီယာ တွေ သွားပြုပြင်နေပါတယ်။ ပြီး သွားပါပြီ၊ မကြာခင် ပြန်ထွက်တော့မှာပါ” ဟု Air Mandalay လေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးက The Voice ၏ ဆက်သွယ် မေးမြန်းမှုကို
ပြန်လည် ဖြေကြား သည်။

လေယာဉ် ပြန်လည် ထွက်ခွာရန် ခရီးသည်များကို ခေါ်ယူနေပြီ ဖြစ်ကြောင်း၊ အဆိုပါ လေယာဉ်ဖြင့်ပင် ၄ နာရီကျော်ခန့်တွင် ပြန်လည် ထွက်ခွာမည်ဟု ကြားသိရကြောင်း ယင်းလေယာဉ်နှင့် လိုက်ပါစီးနင်းမည့် ခရီးသည်တစ်ဦးက ညနေ ၄ နာရီခန့် တွင် ဆက်သွယ် ပြောကြားခဲ့သည်။

Air Mandalay လေကြောင်းလိုင်းသည် လေယာဉ် သုံးစင်းဖြင့် မြောက်ဦး၊ မန္တလေး၊ ဟဲဟိုး၊ ထားဝယ်၊ မြိတ်၊ ကော့သောင်း၊ နေပြည်တော်၊ စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲမြို့တို့သို့ ပျံသန်း ပြေးဆွဲ ပေးလျှက် ရှိကြောင်း ယင်းလေကြောင်းလိုင်း ထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

ပြည်တော်ပြန်မည့် မြန်မာလုပ်သားများ၏ လျော်ကြေးကိစ္စပါ ဒုဝန်ကြီးများက ဖြေရှင်းမည်ဟုဆို

မလေးရှားမှ မိခင်နိုင်ငံသို့ ပြန်လာမည့်မြန်မာများက ၎င်းးတို့၏ အလုပ်ရှင်များကို လျော်ကြေးပေးရမည့် ကိစ္စကို မလေးရှားသို့သွားသည့် ဒုဝန်ကြီးနှစ်ဦးက ဖြေရှင်းပေးလိမ့်မည်ဟု အလုပ်သမားဝန်ကြီးဌာန၏ ဒုညွှန်မှူး ဒေါ်အေးမွန်စိုးက မဇ္ဈိမကို ပြောသည်။

မလေးရှားနိုင်ငံရှိ မြန်မာလုပ်သားများကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ မိခင်နိုင်ငံသို့ပြန်ရန် အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များက ထောက်ပံ့မှုများပြုလုပ်လျက်ရှိသော်လည်း လတ်တလော ၎င်းတို့ ပြန်လာပါက အလုပ်ရှင်များကို လျော်ကြေး ပေးရမည်ဖြစ်သဖြင့် ပြန်လာရန်အခက်အခဲ ရှိနေသည်ဟု ပြောကြသည်။

အလုပ်သမားများအနေဖြင့် မိမိသဘောဖြင့် လုပ်ငန်းခွင်ကိုစွန့်ကာ နေရပ်သို့ ပြန်လိုပါက မလေးရှားအစိုးရ ကို ပေးသွင်းထားရသော အလုပ်သမားအခွန်၊ လေယာဉ် လက်မှတ်ခ စသည်တို့ကို အလုပ်ရှင်ထံ
လျှော်ကြေးပေးရမည်ဟု ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတို့က ဆိုကြသည်။

မြန်မာလုပ်သားများ၏ ထိုလျော်ကြေးကိစ္စများကို မြန်မာများ အကြမ်းဖက်ခံနေရမှုနှင့် ပတ်သက်၍ မလေးရှား သို့သွားမည့် အလုပ်သမားနှင့် နိုင်ငံခြားရေးဌာနမှ ဒုဝန်ကြီးနှစ်ဦးက ဖြေရှင်းပေးမည်ဟု အလုပ်သမား ဝန်ကြီးဌာနမှ ဒုညွှန်မှူးက ရှင်းပြခြင်းဖြစ်သည်။ "ဟိုဘက်က အစိုးရ၊ ကုမ္ပဏီ၊ တွေနဲ့ ညှိနှိုင်းဖြေရှင်းမှာပါ" ဟု ဒုညွှန်မှူး ဒေါ်အေးမွန်စိုးက ဆိုသည်။

မလေးရှားတွင် မြန်မာများအတွက် အလုပ်ရှာပေးနေသည့် သုခစုစံ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီမှ
ဒေါ်ဥမ္မာမြင့် က စာချုပ်မပြည့်မီ ပြန်လာမည့် မြန်မာလုပ်သားများပေးချေရမည့်လျော်ကြေးသည် မလေးရှား ရင်းဂစ်ငွေ နှစ်ထောင်ခန့်ရှိသည်ဟု ဆိုသဖြင့် မြန်မာကျပ်ငွေနှင့်ဆိုလျှင် ခြောက်သိန်းကျော် ကျသင့်သည်။

မလေးရှားနိုင်ငံတွင် လတ်တလောဖြစ်ပွားနေသော အကြမ်းဖက်မှုများကြောင့် မြန်မာအလုပ်သမားများ
ပြန်လာရန်MAI လေကြောင်းလိုင်းက လေယာဉ်လက်မှတ်ဈေးနှုန်းကို တစ်လတိတိ ထက်ဝက်လျှော့ချ
ပေးနေပြီး၊ ဧရာဝတီဖောင်ဒေးရှင်းမှ လူဦးရေတစ်ထောင်အတွက် လေယာဉ်လက်မှတ်ဖိုး ကျခံပေးခဲ့သည်။

ထူးထရေးဒင်းပိုင်ရှင် ဦးတေဇကလည်း မလေးရှားရောက် မြန်မာများပြည်တော်ပြန်ရန် ကန်ဒေါ်တစ်သိန်း လှူဒါန်းထားသည်။

အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီး ဒေါ်ဝင်းမော်ထွန်းနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးဇင်ယော် တို့သည် မလေးရှားရောက် မြန်မာနိုင်ငံသားများ အကြမ်းဖက်ခံနေရမှုနှင့် ပတ်သက်၍ စီမံဆောင်ရွက်ရန် ဇွန် ၁၁ ရက် ညနေ ၄ နာရီ ၄ဝ မိနစ်က မြန်မာနိုင်ငံမှ မလေးရှားသို့ ထွက်ခွာသွားပြီဖြစ်သည်။

Mizzima