အချုပ်ကျခံပြီး ရော်နယ်လ်ဒိုကို ပြေးဖက်လိုသေးသည့် ပရိသတ်


နောက်တစ်ကြိမ် ထောင်ထဲတွင် အိပ်ရလျှင်လည်း ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ပြေးဖက်ဦးမည်သာဖြစ်ကြောင်း အမေရိကန်မှ ဆယ်ကျော်သက် ဘောလုံးပရိသတ်လေး တစ်ဦးက ဂုဏ်ယူဝံ့ကြွားစွာ ပြောကြားလိုက်သည် ။ အသက်(၁၉)နှစ်ရှိ ရိုနယ်လ်ဂီဂျိုကာသည် အမေရိကန်တွင် ကစားသည့် ရာသီကြို ခြေစမ်းပွဲ တစ်ခုတွင် ဘောလုံးကွင်းထဲ ပြေးဝင်လာပြီး ၎င်းချစ်ခင်လေးစားသည့် ပေါ်တူဂီ လက်ရွေးစင် ကစားသမားကို ပွေ့ဖက်ခဲ့သည်။ ချယ်လ်ဆီးနှင့် ရီးယဲလ်မက်ဒရစ်တို့ ကစားသည့် အင်တာနေရှင်နယ် ချန်ပီယံဖလား ဗိုလ်လုပွဲတွင် ဂီဂျိုကာက ကွင်းထဲဝင်လာပြီး ရော်နယ်လ်ဒိုကို ပွေ့ဖက်ခဲ့သလို ရော်နယ်လ်ဒိုကလည်း ရင်းရင်းနှီးနှီးပင် စကားပြောခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်က လုပ်ရပ်ကြောင့် ဂီဂျိုကာကို ဒေသခံ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး အကျဉ်းထောင်ထဲတွင် ခေတ္တ ထိန်းသိမ်းထားခဲ့သည်။

ဂီဂျိုကာသည် အကျဉ်းခန်းထဲတွင် တစ်ညအိပ်ပြီးနောက် နောက်တစ်နေ့တွင် လွတ်မြောက်လာသည်။ ၎င်းက အခွင့်အရေး ထပ်ရလျှင်လည်း ထောင်အကျခံကာ ရော်နယ်လ်ဒိုကို ပြေးဖက်မည်သာဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။ "ရိုးရိုးသားသား ပြောရရင် ကွင်းထဲမှာ ကျွန်တော် ရော်နယ်လ်ဒိုကို ရှာကြည့်မယ်။ တွေ့ပြီဆိုတာနဲ့ သူ့ဆီ တန်းနေအောင် ပြေးသွားမှာပဲ။ ကျန်တဲ့ကိစ္စ နောက်မှရှင်းမယ်"ဟု ဂီဂျိုကာက ဆိုသည်။ ၎င်းက "ကျွန်တော်က သူ့ရှေ့မှာ ဒူးထောက်ပြီး လျှောချလိုက်သေးတယ်။ ဘောလုံးပွဲတွေမှာ ဂိုးသွင်းပြီးရင် သူကလည်း အဲဒီလို အောင်ပွဲခံတယ်လေ။ ကျွန်တော်က သူ့ပုံစံမျိုး လုပ်လိုက်တော့ ရော်နယ်လ်ဒိုက ရယ်တယ်ဗျ"ဟုလည်း တက်တက်ကြွကြွ ပြောကြားခဲ့သည်။

၎င်းက "ကျွန်တော် ရော်နယ်လ်ဒိုကို ပွေ့ဖက်နှုတ်ဆက်ခဲ့ပါတယ်။ သူဟာ ကျွန်တော့်ဘဝမှာ အကြီးမားဆုံး စံပြုစရာ ပုဂ္ဂိုလ်ပါလို့လည်း ပြောပြခဲ့တယ်။ သူ့ကို အမြဲတမ်း လေးစားနေတဲ့အကြောင်းရောပေါ့။ ရဲတွေလာဖမ်းတော့ ဒီရဲတွေ ကျွန်တော့်ကို မဖမ်းအောင် ပြောပေးပါလို့တောင် အော်လိုက်မိသေးတယ်။ သူက ကျွန်တော့်ကို နွေးနွေးထွေးထွေး ပွေ့ဖက်ခဲ့ပါတယ်။ ရော်နယ်လ်ဒိုနဲ့ ကျွန်တော် စကားပြောခွင့် ရခဲ့တယ်။ ဒါဟာ အင်မတန် ကြုံတောင့်ကြုံခဲလွန်းတဲ့ အခွင့်အရေးလည်း ဖြစ်ပါတယ်။ ဒါကို အရယူနိုင်မှတော့ အဖမ်းခံရတာလည်း တန်ပါတယ်"ဟုလည်း ဖွင့်ဟသွားသည်။
planet

Newworth ကုမ္ပဏီ မှ Marketing ဝန်ထမ်းများ ခေါ်ယူခြင်း

Job Description
marketing အတွေ့အကြုံ အနည်းဆုံး ၂ နှစ် ရှိရမည်။ အပြောအဆိုပြေပြစ်ကောင်းမွန်ရမည်။ ရုပ်ရည် သန့်ပြန် ပြီး ရိုးသားစွာလုပ်ကိုင်တတ်သူဖြစ်ရမည်။ အင်တာနက် ၀က်ဆိုက်နှင့် ပတ်သက်၍ marketing ဆင်းဖူးသူကို ဦးစားပေးမည်။ marketing incentive ခံစားခွင့်ရှိသည်။နယ် သို့မဟုတ် မြို့တွင်းတွင် ကောင်းမွန်စွာ ခရီးသွားလာနိုင်သူဖြစ်ရမည်။

How to Apply
လျှောက်ထားလိုသူသည် [email protected] သို့ CV အပြည့်အစုံနှင့် မျှော်မှန်းလစာ ထည့်သွင်းပေးပို့ ရပါမည်။ September 6 2013 နောက်ဆုံးထား၍ ပေးပို့ရပါမည်။

company website >>> New Worth - Myanmar Web Development

မြွေအာမခံ ထားပါက ငွေကျပ်ငါးရာ (တစ်ယူနစ်)အတွက် လျော်ကြေးငွေ ကျပ်ငါးသိန်း ခံစားခွင့်ရမည်


မြန်မာနိုင်ငံတွင် မြွေအန္တရာယ် ရှိသော ဒေသများစွာ ရှိပြီး ထိုဒေသ များမှာလည်း ကျေးလက်ဒေသများ ဖြစ်၍ တောင်သူ လယ်သမားများသာ
အများဆုံး ဖြစ်ကြသောကြောင့် မြွေအန္တရာယ် ဖြစ်လာပါက အသက် ဆုံးရှုံးမှု မဖြစ်စေရန် မြွေအကိုက်ခံရမှု အသက် အာမခံထားရှိပါက တစ်နှစ်စာ တစ်ယူနစ်အတွက် ငွေကျပ်ငါးရာသာ ကုန်ကျမည် ဖြစ်ပြီး မြွေကိုက် ခံရပါက ဆေးဝါးစရိတ် မစိုးရိမ်ရသည့် အပြင် အကယ်၍ အသက် သေဆုံးခဲ့ပါက မိသားစုအတွက် လျော်ကြေးရရှိမည် ဖြစ်ကြောင်း IKBZ အာမခံ လုပ်ငန်းမှ သိရသည်။

မြွေအသက် အာမခံအတွက် တစ်နှစ်စာကို တစ်ယူနစ် အတွက် ငွေကျပ်ငါးရာသာ ကုန်ကျမည် ဖြစ်ပြီး၁ဝ ယူနစ်အထိ အသက် အာမခံ ထားနိုင်သည်။

၁ဝ ယူနစ် အာမခံ ထားရှိထားသူမှာ အသက် သေဆုံးသွားပါက ၁ဝ ယူနစ် အတွက် ငွေကျပ် သိန်း ၅ဝ လျော်ကြေး ရရှိမည် ဖြစ်ကြောင်း ပုဂ္ဂလိက အာမခံ ကုမ္ပဏီတစ်ခုမှ အထွေထွေ မန်နေဂျာ တစ်ဦးက ပြောကြားခဲ့သည်။

မြွေကိုက်ခံရပြီး အသက်သေဆုံးမှု မရှိပါကလည်း ဆေးရုံစရိတ် အဖြစ် တစ်ယူနစ်ကို ငွေကျပ်ရှစ်သောင်း သတ်မှတ်ထားပြီး ၁ဝ ယူနစ်ထား ရှိသူများမှာ ဆေးရုံစရိတ် အဖြစ်

ငွေကျပ် ရှစ်သိန်း ရရှိမည် ဖြစ်ကြောင်း သိရသည်။ မြွေကိုက်ခံရမှုကြောင့် အသက် မသေဆုံးသော်လည်း အောက်တစ်ပိုင်း သေမှုများနှင့် ဒုက္ခိတ ဖြစ်သွားပါက တစ်ယူနစ် အတွက် လျော်ကြေးငွေကျပ် နှစ်သိန်းခွဲ ရရှိမည် ဖြစ်ပြီး ၁ဝယူနစ် ထားရှိသူများမှာ ငွေကျပ် ၂၅သိန်း ရရှိမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကျေးလက် ဒေသများမှ ပြည်သူများသည် အာမခံစနစ်ကို ကောင်းစွာ သဘော မပေါက်သေးသောကြောင့် အသက် အာမခံထားရှိမှု အလွန်နည်းပါးနေပြီး အသက်အာမခံ ထားရှိ မှုမှာ မိမိတို့၏ ဘဝအခြေအနေ ပျက်သွားလောက်သည် အထိ ဖြစ်နိုင်သော မီး၊ ရေ၊ မြွေ၊ မော်တော်ကားနှင့် အခြားသော ထိခိုက် သေဆုံးမှုများ အတွက် အာမခံစနစ် များစွာရှိနေပြီး ကျေးလက်နေ ပြည်သူများမှာ အာမခံ ထားရှိမှု၏ အကျိုးများကို သိရှိမှု နည်းပါးနေကြောင်း သိရသည်။

မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများတွင် မကြာခဏ မြွေကိုက်ခံရသော အဖြစ်များ ကြုံတွေ့နေရပြီး ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာ မြို့နယ်တွင်လည်း မြွေကိုက် ခံရမှုများ မကြာခဏ ဖြစ်ပေါ်နေသောကြောင့် မြွေဆိပ်ဖြေဆေးများ သွားရောက် လှူဒါန်း နေရကြောင်း လပွတ္တာမြို့နယ် အသင်းနာယက ဦးမြတ်ဦးက ပြောကြားခဲ့သည်။

မြ၀တီ

အင်ပါယာသတင်းစာမှ သတင်းထောက် ၇ ဦး အလုပ်ထုတ်ခံရသည့်ကိစ္စရှင်းလင်း


အင်ပါယာသတင်းစာတိုက်မှ သတင်းထောက် ၇ ဦး အလုပ်ထုတ်ခံရခြင်းနှင့်ပတ်သက်သောရှင်းလင်းပွဲ တစ်ရပ်ကို အလုပ်ထုတ်ခံသတင်းထောက်များဘက်မှ သြဂုတ်လ ၁၄ ရက်နေ့က MJN ရုံးခန်း၌ ပြုလုပ်ခဲ့သည်။

 သတင်းထောက် ၇ ဦးသည် သြဂုတ်လ ၃ ရက်နေ့က သတင်းစာတိုက်မှ ထုတ်ပယ်ခြင်းခံရခြင်းဖြစ်ပြီး၊ ၄င်းတို့မှာ ဇွန်လအတွက် ရသင့် ရထိုက်သည့် လစာကိုလည်း မရရှိခဲ့သည့်အပြင် ဇူလိုင်လအတွက်ရရန်ရှိသည့်လစာကို လကုန်ပြီး ၃ ရက်၌ တောင်းဆိုခဲ့ ရာ ပိုင်ရှင်ဖြစ်သူ ဦးကောင်းမြင့်ထွဋ်မှ ပေးအပ်ခြင်း မပြုပဲ အလုပ်မှထုတ်ပစ်ခဲ့ခြင်းဖြစ်သည်ဟု သတင်းထောက်တို့က ဆိုသည်။

 “ကျွန်တော်က လစာမရသေးတဲ့အကြောင်း ၀ှိုက်ဘုတ်မှာ သွားရေးတော့ ဘယ်သူရေးတာလဲဆိုပြီး၊ တစ်ယောက်ချင်း ထိုးမယ်ဆိုပြီး ရန်ရှာပါတယ်။ ဒါပေမယ့် ကျွန်တော်ကထိုင်ရာကမထပဲ သည်းခံလိုက်ပါတယ်”ဟု အလုပ်ထုတ်ခံရသူများ၌ ပါဝင်သည့် သတင်းထောက်ဇွဲက ပြောသည်။

အဆိုပါပွဲတွင် အလုပ်သမားအခွင့်အရေးချိုးဖောက်ခြင်းခံရသည်ဟုဆိုသည့် အင်ပါယာမှ သတင်းထောက် အဂ္ဂမင်း၊ အောင်ကိုကို၊ဇွဲနှင့်ဘာသာပြန်သတင်းထောက် ဇမ္ဗူထွန်းတို့မှ ၎င်းတို့ အလုပ်ထုတ်ခံရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။

“အင်ပါယာမှာ အလုပ်စလုပ်တုန်းက နှုတ်နဲ့ပဲ လက်ခံခဲ့တယ်ဆိုပေမယ့် အလုပ်စ၀င်တုန်းက ပြောတဲ့ လစာ၊ရာထူးတို့က တကယ်အလုပ်လုပ်တဲ့အခါမှာ ကွဲလွဲနေပါတယ်။ ဇွန်လမှာလည်း သတင်းစာရှုံးလို့ဆိုပြီး ၂၀ ရာခိုင်နှုန်းဖြတ်မယ်ပြောပြီး လုပ်ချင်လုပ် မလုပ်ချင်ရင် ထွက်တဲ့လို့ပြောပါတယ်”ဟု သတင်းထောက် ကိုအဂ္ဂမင်းက ပြောသည်။

အလုပ်ရုံစည်းကမ်းနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုအတွက် ဌာန ၁၅ ခုသို့ တိုင်ကြားစာပေးပို့ထားကာ ထိုဖြစ်စဉ်ကို မြန်မာဂျာနယ်လစ်ကွန်ရက်မှလည်း အပြင်းအထန်ရှုတ်ချထားပြီး ရပိုင်ခွင့်ရှိသည့် လစာများနှင့် နစ်နာကြေးများကို အလုပ် သမားဥပဒေများနှင့်အညီ ပေးဆောင်ရန် အင်ပါယာသတင်းစာတိုက်ပိုင်ရှင်သို့ တိုက်တွန်းထားသည်။

“အလုပ်ရှင်နဲ့ အလုပ်သမား ပြဿနာဆိုတာ မဆန်းပေမယ့် ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ အလုပ်သမားဥပဒေတွေ ကို သိစေချင်တယ်၊ နောက်ထပ်လည်း ဒီလိုအလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေ ထပ်ဖြစ်မလာစေဖို့ပါ”ဟု သတင်းထောက် ကိုအောင်ကိုကိုမှ ပြောကြားသည်။

အင်ပါယာမှ အလုပ်ရှင်ဦးကောင်းမြင့်ထွဋ်ကို မီဒီယာများမှ မေးမြန်းရာတွင် မထုတ်ပါဘူးဟုဆိုကာ အလုပ်ထုတ်ခံရသည့် လုပ်သားများအနေဖြင့် အလုပ်ပြန်လာလုပ်ချင်ရင် လာလုပ်နိုင်သည်ဟု ယခင်နေ့များက မီဒီယာများသို့ ပြောကြားထားကြောင်း သိရသည်။

ဦးကောင်းမြင့်ထွဋ်မှာ ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲကျင်းပစဉ်ကလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း တသီးပုဂ္ဂလ လွှတ်တော်အမတ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရာ ရှုံးနိမ့်ခဲ့သူဖြစ်သည်။

မြစ်မခ

လုပ်ကြံခံခဲ့ရခြင်းဖြစ်သည်ဟု သာကေတမှ မူးယစ်တွေ့ရှိမှုဖြင့် ဖမ်းဆီးခံရသူများဘက်က ရှင်းလင်း


မူးယစ်ဆေးမှုနှင့် ဖမ်းဆီးခြင်းခံခဲ့ရသည့် သာကေတမြို့နယ်နေမိသားစုဝင်များဘက်က မြန်မာ့ဂျာနယ်လစ် ကွန်ရက်ရုံးခန်းမ၌ သြဂုတ်လ(၁၅)ရက်နေ့ နေ့လည်ပိုင်းကသတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့သည်။

ဇူလိုင်လ ၇ရက်နေ့ ညပိုင်း၌ ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်အနော်မရပ်ကွက် ၇လမ်းတွင် ဖြစ်ပွား ခဲ့သော မူးယစ်ဆေး ဖမ်းဆီးခံခဲ့ရမှု၌အဆိုပါ မိသားစုဝင်တစ်ဦးနှင့် လာရောက်လည်ပတ်သည့်ဧည်သည် တစ်ဦးအားသာကေတမြို့မ အမှတ်(၁)ရဲစခန်းမှ ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍လုပ်ကြံဖမ်းဆီးမှုသာ ဖြစ်သည်ဟု  ဖမ်းဆီးခံ မိသားစုဝင်များက ယခုကဲ့သို့ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။



“ကျွန်မယောကျာ်းကိုမြ၀င်းဇော်နဲ့ကိုကျော်လင်းကိုလည်း ထိုင်ခိုင်းထားတယ်၊မင်းတို့လုံးဝမလှုပ်နဲ့ဆိုပြီး ကျွန်မ တို့အိမ်က ထပ်ခိုးပေါ်ကို ခုံခုပြီးတတ်ရှာတယ်၊ ကျွန်မကိုတော့ နောက်ဖေးအိမ်သာဘက်မှာ သွားရှာမယ်ဆိုပြီးလေးယောက်က ခေါ်သွားတယ်၊ ထပ်ခိုးပေါ်တတ်ရှာတဲ့လူကို ကျွန်မယောကျာ်းကသေချာကြည့်နေတယ်၊ အဲ့မှာရှာတဲ့လူက ဘယ်ဘက်ဘောင်းဘီ အိပ်ကပ်ထဲကနေအဲ့ဒီပစ္စည်းကို ထည့်လိုက်တာ ကျွန်မယောင်္ကျား မြင်လိုက်တယ်၊

ပြီးတော့ဘေးအိမ်က ကောင်မလေး မသန်းသန်းဝင်း ကလည်း လိုက်ကာ အနောက်ကနေမြင်လိုက်တယ်” ဟု ကိုမြ၀င်းဇော်၏ ဇနီးမစန္ဒာမိုးက ပြောသည်။ရှာဖွေသည့် အရပ်သားဝတ်စုံဖြင့်လာရောက်သူများမှ တစ်ဦးမှ ထပ်ခိုးပေါ်၌ရှာဖွေနေသူတစ်ဦးအား တွေ့ပြီလား ဟု မေးမြန်းရာ လေးကြိမ်မြောက်ရောက်မှထပ်ခိုးအပေါ်၌ ရှာနေတဲ့သူက တွေ့ပြီဆရာဟုပြော၍ ဖုန်းကင်မရာ နှင့်အ၀တ်စားထည့်ထားသည့် ကော်ပုံးအား ဓါတ်ပုံရိုက်ယူခဲ့ခြင်းဖြစ်သည်ဟု ၄င်းကဆက်ပြောသည်။

“ လက်ရှိ ရှိနေတဲ့အိမ်က အနောက်ကနေလည်း မြင်ရတယ်၊ ဘေးကနေလည်း မြင်ရတယ်၊ဘယ်ကကြည့် ကြည့် မြင်နေရပါတယ်၊ လာရှာတဲ့လူက ရဲမဟုတ်ဘူး၊ ရယကအဖွဲ့ဝင်မဟုတ်ဘူး၊ နယ်ခံရပ်ကွက်သားလည်း မဟုတ်ဘူး၊ သူက ခုံပေါ်ကနေတဆင့်ထပ်ခိုးပေါ်ကို တတ်ရှာတယ် ၊ အဲ့ဒီ ရှာတဲ့နေရာကို မိသားစုဝင်တွေကိုလိုက်ခွင့်မပေးဘူး၊ ကြည့်ခွင့်လည်း မပေးဘူး”ဟုဖမ်းဆီးခံရသူများအမှုမှန်ပေါ်ပေါက်စေရေး ကူညီဆောင်ရွက် ပေးနေသည့်ရန်ကုန်ပြည်သူအကျိုးဆောင်ကွန်ရက်အဖွဲ့ဝင် ကိုဝေဠု က ပြောသည်။

အဆိုပါအဖြစ်အပျက်နှင့်ပတ်သက်၍ သက်ဆိုင်ရာအာဏာပိုင် များ ရှေ့မှောက်၌ရှင်းလင်းပြောကြား ခဲ့သော်လည်း  ၄င်း၏ ပြောကြားမှုအပေါ် တာဝန်ရှိသူများမှထိထိရောက်ရောက်ဖြေရှင်းခဲ့ခြင်းမရှိဟု ဘေးအိမ်မှ မျက်မြင်သက်သေမသန်းသန်းဝင်းက ယခုကဲ့သို့ဆိုသည်။

 “ကျွန်မ အသုပ်သွားဝယ်ပြီးပြန်လာတော့  သူတို့အိမ်ရှေ့မှာကားတစ်စီးကိုတွေ့ပါတယ်၊ လူတစ်စုအိမ်ထဲကို ၀င်ရှာနေတာတွေ့ရပါတယ်၊ကျွန်မလည်းဘာဖြစ်တာလဲ သိချင်တော့၊ အဒေါ်အိမ်ပေါ်ထပ်က နေတတ် ကြည့်တယ်၊ကျွန်မစစချင်း အောက်ကိုကြည့်တယ်၊ နောက်တော့အပေါ်ကို ကြည့်တယ်၊ အဲ့ဒီမှာအပေါ်က လူက ပထမတော့ ရှာနေတယ်၊ ဘာရှာနေမှန်းတော့ ကျွန်မလည်း မသိဘူး၊နောက်တော့ ရှာနေတဲ့ ပစ္စည်း မတွေ့တာနဲ့ ဟိုကြည့်ဒီကြည့်လုပ်ပြီးမှဘောင်းဘီထဲက ပစ္စည်းကို ပုံးထဲ လှမ်းထည့်လိုက်တာ မြင်လိုက်တယ် “ ဟုမျက်မြင်သက်သေ မသန်းသန်းဝင်းက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ သာကေတမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ယခုကဲ့သို့ဆိုသည်။

 “ဖြစ်စဉ်အသေးစိတ်ကိုတော့ အဲ့ဒီညက ကျွန်တော်မပါလို့ အတိအကျမပြောနိုင်ဘူး၊ ဒါပေမယ့် စစ်ဆေး ပေါ်ပေါက်လို့ တရားရုံးမှာအမှုဖွင့်ဆောင်ရွက်နေပြီ၊ တရားရုံးကချတဲ့ အမိန့်အပေါ်မှာပဲ မူတည်ပါတယ်” ဟုသာကေတမြို့မ ရဲစခန်းမှတာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောသည်။

ထိုမူးယစ်ဆေးလက်ဝယ်တွေ့ရှိမှုနှင့်ပတ်သက်၍ ကိုမြ၀င်းဇော်နှင့်ကိုကျော်လင်းအား မယ(ပ) ၁၀/၁၃၊ မူး/စိတ်၊ ၁၅/၁၉(က)၂၁ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားသည်ဟု သိရှိရသည်။

ကိုမြ၀င်းဇော်မှာ ယခင်က မူးယစ်မှုဖြင့်ထောင်ဒဏ်(၅)နှစ်ကျခံခဲ့ဘူးသူဖြစ်သည်ဟု သိရှိရသည်။
မြစ်မခ

ပုရိသတို့အကြိုက် ကိုးရီးယားမင်းသမီးချောလေးများရဲ့ ဖက်ရှင်

ပုရိသတို့အကြိုက် ကိုးရီးယားမင်းသမီးချောလေးများရဲ့ ဖက်ရှင်









myanmarnewsupdat

လက်တလော နာမည်ကြီးနေသည့် မခင်ဝင့်ဝါ

Miss Supranational 2013 ကိုသွားရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံက မခင်ဝင့်ဝါ ဖြစ်ပါတယ်။











Pectoral implant လို့ခေါ်တဲ့ ရင်ဘတ်တစ်ခုလုံး ခွဲစိတ်ပြုပြင်ခြင်းဟာ ယောင်္ကျားလေးတွေမှာ အလှအပရေး ရာအတွက် ( ကျားမှ မပြောင်းခြင်း) ဖြစ်စေ ၊ ရောဂါတစ်ခုခုကြောင့်ဖြစ်စေ ( gynecomastia - အမျိုးသားတွင် ရင်သားကြီးခြင်း ) စသည်တို့ကြောင့်ခွဲစိတ်ပြုပြင်ခြင်းဖြစ်ပါတယ် ။ ရင်သားခွဲစိတ်ပြုခြင်ခြင်းမှာ ရင်သားတစ် ရှူးတွေ ကြီးအောင် လုပ်တဲ့ breast tissue expander ဟာ ရင်သားခွဲစိတ်ပြုပြင်ခြင်းအဆင့်မှာ ယာယီသုံးတဲ့ ပစ္စည်းတစ်ခုပဲဖြစ်ပါတယ် ။ လွန်ခဲ့တဲ့ ၁၉ ရာစုနှစ်တုန်းက breast implant device တွေကို ရင်သားရဲ့ အရွယ်အစား ၊ ပုံသဏ္ဍာန်နဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ရင်သား အာရုံခံစားမှု ( feel) စသည်တို့ကို ပြုပြင်ပြောင်း လဲရန်အတွက် အသုံးပြုခဲ့ကြပါတယ် ။ ၁၉၈၅ ခုနှစ်မှာတော့ ခွဲစိတ် ဆာဂျင် Vincez Czerny ဟာ လူနာရဲ့ ကိုယ်ပိုင် adipose တစ်ရှူး တွေ ၊ ဖယ်ထုတ်လိုက်တဲ့ အန္တရာယ်ရှိ benign lumbar lipoma တွေကိုအသုံးပြုပြီး ကျူမာတစ်ခုကနေ သူဖယ်ထုတ်လိုက်လို့ တစ်ဖက်နဲ့တစ်ဖက်ရင်သားမညီတဲ့ ပြဿနာကို ဖြေရှင်းခဲ့ခြင်းအားဖြင့် ခွဲစိတ် မှုကို ပြုလုပ်ခဲ့ပါတယ် ။ ၁၈၈၉ ခုနှစ်မှာတော့ ခွဲစိတ်ဆာဂျင် Robert Gersuny ဟာ ပါရာဖင် ထိုးဆေးထိုး သွင်းခြင်း ကိုစမ်းသပ်လုပ်ဆောင်ခဲ့တယ် ။ ၂၀ ရာစုအစောပိုင်းမှာတော့ ဆရာဝန်တွေဟာ breast implant filters တွေဖြစ် တဲ့ ivory ၊ ဖန်ဘောလုံး ၊ ရာဘာ ၊ နွားထီး အရိုးနု ၊ Terylene wool ၊ gutta-percha ၊ Dicora ၊ polyethylene အစရှိတို့ကို ဆက်လက် အသုံးပြုလာခဲ့ကြပါတယ် ။

Breast Implant သုံးမျိုး

၁ ။ saline impants ( saline အရည် ထည့်သွင်းထားခြင်း)
၂ ။ silicone implants ( ဆီလီကွန်ဂျယ် ထည့်သွင်းထားခြင်း)
၃ ။ Alternative- composition implants ( soy အဆီ ၊ polypropylene string ၊ et cetera စသည်တို့ ထည့်သွင်းခြင်း ) စတဲ့ သုံးမျိုးဖြစ်ပါတယ် ။

ရင်သားအတွင်းဆီလီကွန်ထည့်ခြင်းနှင့်ပတ်သတ်သော အမေးအဖြေများ
မေးခွန်း ၁ - ရင်သားထဲမှာ ဆီလီကွန် ထည့်တာက နှစ်နှစ်တစ်ကြိမ်လောက်ထုတ်ပြီးလဲရတယ်လို့ကြားရတယ် ။ ဟုတ်ပါ သလား ။

အဖြေ - ရင်သားကို ဆီလီကွန်ထည့်တာက အရွယ်အစားအမျိုးမျိုးရှိပါတယ် ။ ခွဲစိတ်ထည့်ပေးမယ် ။ ဆရာဝန် နဲ့ ဆွေးနွေး တိုင်ပင်ပြီးမှ ထည့်ကြတာပါ ။ ထည့်တာမှန်မယ် ၊ ခွဲစိတ်တာလည်းကောင်းမယ် ၊ ပုံစံလည်းကျ တယ်ဆိုရင် ပြန်ထုတ်ပြီးလဲစရာမလိုဘူး ။ တစ်သက်လုံးလဲစရာမလိုပါဘူး ။ နှစ်နှစ်တစ်ခါ လဲရတယ်ဆိုတာလည်း မဟုတ်ပါဘူး ။

မေးခွန်း ၂ - နှာခေါင်း ၊ နှုတ်ခမ်းတို့မှာ ထည့်သူတွေရော ထုတ်လဲဖို့ လိုပါသလား ။ တစ်ချို့ကလည်း တစ်သက် လုံး ထုတ်လဲစရာမလိုဘူးပြောပါတယ် ။ တိတိကျကျမသိကြပါဘူး ။ နှာခေါင်းမှာ ဆီလီကွန်ထည့်ထားရင် မထိ ခိုက် မိအောင် ဂရုစိုက်ရတယ်လို့လည်း ပြောကြပါတယ် ။ Accident တစ်ခုခုဖြစ်သွားခဲ့ရင် ဘာတွေ ဖြစ်နိုင် ပါသလဲ ။

အဖြေ - နှာခေါင်း ၊ နှုတ်ခမ်းတွေမှာ ထည့်တာကျတော့ ဆီလီကွန်မဟုတ်ပါဘူး ။ နှုတ်ခမ်းဆိုရင် Fat လို့ခေါ်တဲ့ အဆီ ကို ထိုးထည့်တာပါ ။ အဲဒီ Fat က ကိုယ့်ရဲ့အဆီပဲ ။ ဘယ်ကယူသလဲဆိုရင် အများသောအားဖြင့် တင်ပါး ကနေ ယူတာပါ ။ အဲဒါကိုစုပ်ယူပြီးသန့်စင်ရတယ် ။ အဲဒီသန့်စင်ထားတဲ့ အဆီကိုမှ လိုအပ်သ လို နှုတ်ခမ်းမှာ ပြန်ထိုးထည့်ပေးတာပါ ။ နှာခေါင်းမှာ ထည့်တာကလည်း ဆီလီကွန် အပျော့မဟုတ်ဘူး ။အမာထည့်ရတာ ။ သူ့အတွက် သပ်သပ်စီစဉ်ထားတဲ့ ပစ္စည်းရှိတယ် ။ အမာပြားလေးပေါ့ ။ ဒီတော့ ရင်သားရယ် ၊ နှုတ်ခမ်းရယ် ၊ နှာခေါင်း ရယ်မှာ ထည့်တဲ့ပစ္စည်းချင်းမတူဘူး ။ ထည့်ထားတာမှန်ရင် ခွဲစိတ်ပြုပြင် ထားတာက လည်း ကောင်း ရင်ပြန် လုပ်စ ရာမလိုဘူး ။ နှာခေါင်းမှာထည့်တာကျတော့ အမာပြားဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန် ထိခိုက်မိ တာမျိုးကိုတော့ ဂရုစိုက်ဖို့လိုတယ် ။ မတော်တဆ ထိခိုက်မှုမဆိုရာမှာ အခန့်မသင့်လို့ ပိုးဝင်တာ မျိုး တော့ ဖြစ် တတ်တယ် ။ နောက်ပြီးခွဲစိတ်ပြုထားတာပုံမကျရင် ပြန်ပြုပြင်ရတာမျိုးရှိပါတယ် ။ ခွဲတာမကောင်း လို့ အမာ ရွတ်ကျန်တာတို့ ၊ ပြန်ထုတ် ၊ ပြန်ပြင်လို့ ရရင် ပိုးဝင်တာမျိုးတွေတော့ဖြစ်တတ်ပါတယ် ။ ပုံပျက်တာ ၊ ကိုယ်လို ချင်တဲ့ပုံစံ မရတာမျိုးလောက်ပဲရှိပါတယ် ။ ထူးခြားတဲ့အန္တရာယ်တော့မရှိပါဘူး ။

(အရေပြားဆိုင်ရာ အထူးကုဆရာဝန်ကြီး ဒေါက်တာစိုးဝင်းဦးမှဖြေကြားပါသည်။)

Ref : wikipadia/breast implant
myanmarnewsupdate

ကိုယ့်အိမ်မှာ ကိုယ်မနေရဲတော့ပြီလား ?


ပြည်ကြီးတံခွန်မြို့နယ်၊ ဓဓ/၂၄၊ အေးသုခလမ်းနှင့် ၅၈လမ်း၊ (ဆ)ရပ်ကွက်မှာ အသက် (၂၀) နှစ်အရွယ် မဝင်းဇာနည်အောင်ဟာ အဝတ်ဖွတ်လျော် အလုပ်သမလေးပါ။ သူမယောကျာ်းက မြေသယ်လုပ်သားပါ။ဦးဝင်းမြင့်+ဒေါ်သန်းသန်းမြင့်တို့က ဒဒ/၈၊ အေးသုခလမ်းနှင့် လမ်း(၆၀)ကြား ဂျပန်ဘုရားအနီးမှာနေပါတယ်။ ငွေတိုးပေးစားသူများဖြစ်ပါတယ်။


မဝင်းဇာနည်အောင်က ဦးဝင်းမြင့်+ဒေါ်သန်းသန်းမြင့်တို့ထံမှာ ငွေငါးထောင် ချေးယူပါတယ်။ အတိုးငွေအဖြစ် ဥပုသ်တစ်ပတ်ကို တစ်ထောင်ကျပ်ပေးရပါတယ်။ အဲဒီလိုပေးလာတာ တစ်နှစ်နီးပါးရှိပါပြီ။ အရင်းငါးထောင်မဆပ်နိုင်မချင်း အတိုးပေးနေရတာပါ။နောက်ပိုင်း အတိုးမပေးနိုင်တော့ အတိုးရောအရင်းပါထပ်ပေါင်းပြီး တစ်သောင်းရှစ်ထောင် သတ်မှတ်ထားပါတယ်။ တစ်ပတ်ကို နှစ်ထောင်ကျပ် အတိုးပေးရပါတယ်။


26.7.2013 ရက်နေ့မှာ အတိုးငွေနှစ်ထောင်ကျပ် သွားပေးတဲ့အခါ ပါးအရိုက်ခံရပါတယ်။ မပေးနိုင်တာ သုံးပတ်ကျော်သွားလို့ပါ။ ရိုက်သူက ဒေါ်သန်းသန်းမြင့်ပါ။ဒီလိုနဲ့ 29.7.2013 ရက်နေ့မှာ သုံးထောင် ကျပ် ထပ်မံ ပေးလိုက်ပါတယ်။ ဦးဝင်းမြင့်က မဝင်းဇာနည်အောင်ကို ပါးရိုက်လိုက်ပြန်ပါတယ်။
မဝင်းဇာနည်အောင်က ကွက်စိပ်မှူး ဦးအောင်ငွေထံ သွားတိုင်ပါတယ်။ ဦးအောင်ငွေက ရပ်ကွက်ရုံးသို့ လွှတ်လိုက်ပါတယ်။


ရပ်ကွက်ဥက္ကဋ္ဌ ဦးစိုးတင့်က လုပ်မယ့်လုပ်ရင် ထိထိရောက်ရောက်လုပ်လို့ ပြောပြီး အဆင့်မြင့်ရဲစခန်းကိုလွှတ်လိုက်ပါတယ်။မဝင်းဇာနည်အောင်ဟာ ခင်ပွန်းကိုပြောပြရင် ရန်ဖြစ်ကြမှာစိုးလို့ ဦးဝင်းမြင့်ရိုက်တာကို မပြောဘဲ၊ ဒေါ်သန်းသန်းမြင့်ရိုက်တာကိုဘဲ ပြောခဲ့ပြီး ရဲစခန်းကို ခြေလျှင်လျှောက်လာခဲ့ပါတယ်။ သူမရဲ့ ရင်သွေး (၂) နှစ်သားလေးကိုချီပြီး လမ်းလျှောက်ခဲ့တာ တစ်နာရီကျော်မှ ရောက်ပါတယ်။


အမည်မသိ ဒု-ရဲအုပ်တစ်ယောက်နှင့်တွေ့ပါတယ်။ ရဲကင်းမှူးကိုလွှတ်လိုက်မယ်ပြောပြီး ပြန်လွှတ်လိုက်ပါတယ်။ ဒါပေမယ့် ရဲကင်းမှူးရောက်မလာခဲ့ပါဘူး။30.7.2013 ရက်နေ့မှာ ဒေါ်သန်းသန်းမြင့်ရောက်လာပြီး "ငါ့ပိုက်ဆံ ပြန်ပေးဖို့ ပြင်ထား၊ ညည်းဘာသာ ဘယ်သွားတိုင်တိုင် မုဒိမ်းမှုနဲ့ပဲတိုင်တိုင် တိုင်ချင်ရာတိုင်" ပြောပြီး ကြိမ်းမောင်းသွားလို့ လင်းမယားနှစ်ယောက်လုံး တစ်ခြားအိမ်ပြောင်းရွှေ့ပြီး ခိုးအိပ်ကြရပါတယ်။


ဦးဝင်းမြင့်က ဗမာ/ဗုဒ္ဓဖြစ်ပေမယ့် ဒေါ်သန်းသန်းမြင့်နဲ့ အိမ်ထောင်ကျပြီးမှအစ္စလာမ်ဘာသာ ကူးပြောင်းထားသူပါ။ သူတို့လင်မယားရိုက်လို့ ခံခဲ့ရတဲ့သူတွေထဲမှာ………..
ဒေါ်ကြည် (၅၀) နှစ် ပန်းရောင်း။
မအေးသီ (၃၀) နှစ် ပန်းရောင်း။
ကိုဆန်းမင်းထွန်း (၃၀) နှစ် မြေသယ်။
မတာ (၃၃) နှစ် ပန်းရောင်း တို့လည်း ပါပါတယ်။


မတာဆိုရင် ငွေတစ်သောင်းချေးယူပြီး တစ်ပတ်သုံးထောင်ကျပ် အတိုးပေးခဲ့ရသူပါ။အတိုးမပေး နိုင်လို့ဆိုပြီး အကြော်ဝယ်ပြန်လာတဲ့ မတာကို ဒေါ်သန်းသန်းမြင့်က လက်ကိုချုပ်ပေးထားပြီး၊ ဦးဝင်းမြင့်က လက်တွေ ဆွဲဆောင့်ကာ ချွေးမဖြစ်သူက ဆံပင်တွေ ဆွဲဆောင့်၊ လက်တွေဆွဲဆောင့် ကြပါတယ်။သုံးယောက်လုံးက ကျောကုန်းကို လက်သီးဆုပ်နဲ့ ထုနှက်ကြပါတယ်။ အပြီးမှ ဒေါ်သန်းသန်းမြင့်က တွန်းလှဲပစ်လိုက်လို့ မတာလဲကျသွားပါတယ်။


အိမ်းနီးချင်းတွေပြေးလာတော့ သုံးယောက်လုံး အိမ်ထဲဝင်ပြေးကြပါတယ်။ဆယ်အိမ်ခေါင်း ဦးမြင့်အောင်က လုံးဝအတိုင်မခံလို့ ရပ်ကွက် ရုံးသွားတိုင်ပါတယ်။ ရပ်ကွက်ဥက္ကဋ္ဌ ဦးစိုးတင့်က "အထက်ထိ တက်နိုင်သလောက် တက်တိုင်ပါ သူတို့က လူတိုင်းကို အနိုင်ကျင့်နေတာ" ဟု ပြောပြီး အဆင့်မြင့်ရဲစခန်းကို လွှတ်ပါတယ်။


ရဲစခန်းရောက်တော့ ဒု-ရဲအုပ်တစ်ယောက်နဲ့တွေ့ပြီး အကြောင်းစုံ ရှင်းပြတိုင်ကြားရာ ဒု-ရဲအုပ်က တစ်ခွန်းတစ်လေမှ စကားမပြောဘဲနေလို့ ပြန်လာခဲ့ရပါတယ်။ခုတော့ သူတို့တစ်တွေ အားရှိသွားပါပြီ။ ရဲစခန်းကလည်း အမှုလက်ခံလိုက်ပါပြီ။ တရားမဝင် ငွေတိုးပေး၊ ငွေချေးစားတဲ့ ကုလားလင်မယား၊ စီ-တိုးနဲ့ နှိပ်စက်နေတဲ့ ကုလားလင်မယား၊ ဆင်းရဲသူ၊ ဆင်းရဲသားတွေကို အနိုင်ကျင့်နေတဲ့ ကုလားလင်မယားကို သူတို့ ရင်ဆိုင်ကြတော့မှာပါ။
သြော်……ဗမာပြည်မှာ ဗမာတွေ ကိုယ့်အိမ်မှာတောင် ကိုယ်မအိပ်ရဲရတဲ့ဘဝမျိုး… မတွေးဝံ့စရာ ပါလားနော်။ဗမာတွေကို အနိုင်မကျင့်ကြပါနဲ့ဗျာ၊ငွေပြန်မဆပ်နိုင်ရင် တရားစွဲကြပါလားဗျာ။
By MA ZAR NI AUNG
myanmarnewsupdate

အပေါ့အပါးသွားစဉ် ဓာတ်လိုက်သေဆုံး


သြဂုတ်လ ၁၄ ရက်နေ့ မရမ်းကုန်းမြို့နယ် (၁)ရက်ကွက်ရှိ ဘုရင့်နောင်ပွဲရုံဝင်း ရွှေလက်ျာ စားသောက်ဆိုင်၌ ည ၉ နာရီခန့်တွင် အမည်မသိ အမျိုးသားတစ်ဦး ဆိုင်အနောက်ဖက် အပေါ့သွားနေစဉ် ဓာတ်လိုက်သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းရဲဌာမှ သိရသည်။

သေဆုံးသူ အမျိုးသားသည် ရွှေလက်ျာ စားသောက်ဆိုင်တွင် လာရောက်စားသောက်ပြီး စားသောက်ဆိုင်၏ အနောက်သို့ အပေါ့အပါးသွားစဉ် ဆိုင်အနောက်တွင်ရှိသော အဲယားကွန်းအောက်ဒိုး (အပြင်လေစုပ်စက်) အား ကိုင်မိကာ ဓာတ်လိုက်၍ ရေမြောင်အတွင်းသို့ ပြုတ်ကျ သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်အား ဓမ္မတာအတိုင်း သေဆုံးမှုဟုတ်မဟုတ်အား စစ်ဆေးနိုင်ရန်အတွက် ဒုရဲအုပ် တင်နိုင်ဇော်မှ တရားလိုပြုတိုင်တန်းမှုအား ဘုရင့်နောင် မြို့နယ်ရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၁၁/၁၃ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
myanmar age

ကလေးများ၏ မဖွယ်မရာပုံများကို ဓာတ်ပုံခိုးရိုက်သည့် ကျောင်းအုပ်ထောင်နှစ် ၃၀ ကျ


က​​လေး​​များ​​၏ မဖွယ်မရာ ပုံရိပ်များ​​ကို လျှို့​​ဝှက်စွာ ဗီဒီယို ရိုက်ထား​​သည့်​​ မူ​ကြို​​ကျောင်း​​အုပ်​​ဟောင်း​ ​ တစ်ဦး​​ကို ​​ထောင်ဒဏ် နှစ်​​ပေါင်း​​ ၃၀ ချမှတ်လိုက်​​ကြောင်း​​ သိရှိရသည်။ ၎င်း​သည် ​​ယောက်ျား​​​လေး​​ငယ် တစ်ဒါဇင်ခန့်​​၏ ​​ရေချိုး​​ခန်း​​အတွင်း​​ ရှိ​​နေ​​သော ပုံများ​​ကို ခိုး​​ဝှက်ရိုက်ယူ​ထား​​ခဲ့​​သည်။
အ​​မေရိကန်၏ ပြည်နယ်ဆိုင်ရာ တရား​​သူ​ကြီး​​ လင်ဒါရီဒီက ဆီဂီ​​ဗေး​​မှ ​​ကျောင်း​​အုပ်​​ဟောင်း​​ ​​ရောဘတ်ဘရုကီကို ​​ထောင်ဒဏ် နှစ်​​ပေါင်း​​ ၃၀ ချမှတ်​​ကြောင်း​​ အတည်ပြု ​​ပြောကြား​​ခဲ့​​သည်။ အသက် ၄၃ နှစ်ရှိ ဘရုကီသည် က​​လေး​​သူ​ငယ် လိင်မှုပုံရိပ်များ​​ တရား​​မဝင် ခိုး​​၍ ရိုက်ထား​​မှုဖြင့်​​ ဩဂုတ်လက စွဲချက်တင်ခံရသည်။ ၎င်း​သည် က​​လေး​​များ​​၏ မဖွယ်မရာပုံ ၃၂၀၀၀ ​​ကျော်နှင့်​​ ဗီဒီယို ၁၂၀၀၀ ​​ကျော်ကိုလည်း​​ စု​​ဆောင်း​​ထား​​​ကြောင်း​​ FBI​​ အေး​​ဂျင့်​​များ​​က ဆိုသည်။
ဘရုကီသည် ၎င်း​၏​​ကျောင်း​​မှ ​​ကျောင်း​​သား​​ငယ်များ​​ကို ​​ချောင်း​​​မြောင်း​​ရိုက်ကူး​​ထား​​ခြင်း​​ဖြစ်သည်။ ၎င်း​သည် ​​ကျောင်း​​​ရေချိုး​​ခန်း​​ထဲတွင် ကင်မရာများ​​ ခိုး​​ဝှက်တပ်ဆင်ထား​​ကာ ဗီဒီယိုများ​​ ရိုက်ယူ​ပြီး​​ စုစည်း​​ထား​​ခြင်း​​ဟု သိရှိရသည်။
MyanmarNewsUpdate

မိန်းကလေးများမှ ယောက်ကျားလေးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်


ဇင် ​ဘာ​ဘွေ​နိုင်ငံ​တွင်​ ​အ​မျိုး​သ​မီး​များ​က​ ​အ​မျိုး​သား​များ​ကို​ အုပ်​စု​ဖွဲ့​ ​မု​ဒိမ်း​ကျင့်​သည့်​ ​ကိ​စ္စ​များ​ကြောင့်​ ​ရဲ​တပ်​ဖွဲ့​မှာ​ ​ခေါင်း​ခြောက်​နေ​ကြောင်း​ ​သိ​ရ​သည်​။ ​လွန်​ခဲ့​သော​ ​၁၁​ ​လ​အ​တွင်း​ ​အ​မျိုး​သား​ ​၆​ ဦး​မှာ​ ​အ​မျိုး​သ​မီး​များ​က​ ​အုပ်​စု​လိုက်​ ​မု​ဒိမ်း​ကျင့်​မှု​ ​ခံ​ခဲ့​ရ​သည်​။

ရဲ​ဌာ​န​က​ ​ထို​ကိ​စ္စ​အ​တွက်​ ​ရှက်​ပြီး​ ​ရဲ​မ​တိုင်​သော​ ​အ​မျိုး​သား​များ​လည်း​ ​ရှိ​နိုင်​ကြောင်း​ ​သုံး​သပ်​ပြော​ကြား​ခဲ့​သည်။ ​အ​သက်​ ​၂၆​ ​နှစ်​ရှိ​ ​ရဲ​သား​တစ်ဦး​သည်​ ​ဘူ​လာ​ဝါ​ယို​တွင်​ ​တာ​ဝန်​ထမ်း​ဆောင်​နေ​စဉ်​ ​အ​သေး​စား​ ​မီ​နီ​ဘတ်စ်​တစ်​စင်း​က​ ​အ​ကူ​အ​ညီ​တောင်း​သ​ဖြင့်​ ​သွား​ရောက်​ခဲ့​ရာ​ ​ကား​ထဲ​ရှိ​ ​အ​မျိုး​သ​မီး​ ​၃​ ဦး​က​ ၎င်း​အား​ ​ဝိုင်း​ချုပ်​ခဲ့​ကြ​သည်​။ ​ယင်း​သည်​ ​ရုန်း​ကန်​ရန်​ ​ကြိုး​စား​သော်​လည်း​ ​မျက်​နှာ​ကို​ ​မေ့​ဆေး​ဖြင့်​ ​အုပ်​ခံ​ရ​ပြီး​နောက်​ သ​တိ​လစ်​သွား​ကြောင်း​ ​ရဲ​တပ်​ဖွဲ့​ ​အ​ကြီး​အ​ကဲ​ ဩ​ဂက်​စ​တင်း​ချီ​ဟွာ​က​ဆို​သည်​။ ​ထို့​နောက်​ ​ထို​ရဲ​သား​ ​သ​တိ​ပြန်​ရ​လာ​ချိန်​တွင်​ ၎င်း​သည်​ ​မြို့​ပြင်​တော​အုပ်​ထဲ​ ​ရောက်​နေ​ပြီး​ ​အ​မျိုး​သ​မီး​ ​၃​ ဦး​က​ ​ယင်း​ကို​ ​လိင်​ဆိုင်​ရာ​ ​စော်​ကား​ပြု​မူ​နေ​သည်​ကို​ ​သ​တိ​ပြု​မိ​ခဲ့​သည်​။ ​ထို့​နောက်​ ​စိတ်​ကျေ​နပ်​သွား​သော​ ​အ​မျိုး​သ​မီး​များ​သည်​ ​ရဲ​သား​တွင်​ ​ပါ​လာ​သော​ ​ငွေ​ကြေး​အ​နည်းငယ်​နှင့်​ ​မို​ဘိုင်း​ဖုန်း​တို့​ကို​ ​ရ​ယူ​ကာ​ ၎င်း​အား​ ​မြို့​ပြင်​တွင်​ ​ထား​ခဲ့​ပြီး​ ​ထွက်​ပြေး​သွား​ကြောင်း​ ​ချီ​ဟွာ​က​ ​ပြော​ကြား​ခဲ့​သည်​။ ​ထို​သို့​သော​ ​လုပ်​ဆောင်​ချက်​နှင့်​ ​ပ​တ်​သက်​ပြီး​ ​အ​ကြောင်း​ရင်း​ကို​ ​မ​သိ​ရ​ဟု​ ​ချီ​ဟွာ​က​ဆို​သည်​။
ဇင် ​ဘာ​ဘွေ​ ဥ​ပ​ဒေ​အ​ရ​ ​မု​ဒိမ်း​မှု​သည်​ ​အ​မျိုး​သ​မီး​များ​ ​ပြု​ကျင့်​ခံ​ရ​မှ​သာ​ ​အ​ကျုံး​ဝင်​ပြီး​ ​အ​မျိုး​သား​များ​အ​တွက်​ ​သတ်​မှတ်​မ​ထား​ချေ​။ ပြီး​ခဲ့​သည့်​လ​က​လည်း​ ​အ​မျိုး​သ​မီး​ ​နှစ်ဦး​သည်​ ​အ​သက်​ ​၄၄​ ​နှစ်​အ​ရွယ်​ ​အ​မျိုး​သား​ ​တစ်ဦး​အား​ ၎င်း​တို့​နှင့်​ ​လိင်​ဆက်​ဆံ​ရန်​ ​အ​တင်း​ခိုင်း​စေ​ခဲ့​သည်​။ ​ထို​စ​ဉ်​က​ ​ယင်း​အ​မျိုး​သား​သည်​ ​အိပ်​ယာ​တစ်​ခု​ကို​ ​ဝယ်​လာ​ပြီး​ ​ကာ​ရိုး​အ​နောက်​ပိုင်း​ရှိ​ ​နေ​အိမ်​သို့​ ​သယ်​သွား​ချိန်​တွင်​ ​အ​မျိုး​သ​မီး​များ​က​ ​ယ​ခု​လို​ ​ခိုင်း​စေ​ခဲ့​ခြင်း​ဖြစ်​သည်​။
ယ​မန်​နှစ်​ ​နို​ဝင်​ဘာ​လ​က​လည်း​ ​အ​မျိုး​သ​မီး​ ​၂​ ဦး​သည်​ ​အ​သက်​ ​၁၈​ ​နှစ်​အ​ရွယ်​ ​ချာတိတ်​တစ်ဦး​ကို​ ​ဟာ​ရာ​ရာ​ရှိ​ ​ရို​မန်​ကက်​သ​လစ်​ ​ဘု​ရား​ကျောင်း​အ​တွင်း​ ​သော့​ခတ်​ပိတ်​ကာ​ ​မု​ဒိမ်း​ကျင့်​ခဲ့​ကြ​သည်​။ ယ​ခု​ကဲ့​သို့​ ​ရဲ​သား​တစ်ဦး​အား​ ​မီ​နီ​ဘတ်စ်​ပေါ်​ ​လိုက်​လာ​သည့်​ ​အ​မျိုး​သ​မီး​များ​က​ ​မု​ဒိမ်း​ကျင့်​ခဲ့​ကြောင်း​ ​သ​တင်း​ထွက်​ပေါ်​လာ​ပြီး​နောက်​ ​ပြည်​တွင်း​သ​တင်း​စာ​တစ်​စောင်​က​ ​လမ်း​ပေါ်​မောင်း​လာ​သည့်​ ​မီ​နီ​ဘတ်စ်​ကို​ ​အ​လု​အ​ယက်​ ​ဝိုင်း​တား​နေ​သည့်​ ​အ​မျိုး​သား​ ​အ​မြောက်​အ​မြား​ပုံ​ကို​ ​ကာ​တွန်း​ရေး​ဆွဲ​ ​သ​ရော်​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။
myanmarnewsupdates

မြန်မာကလေးများ အာဟာရချို့တဲ့မှု စိုးရိမ်အဆင့်ရောက်၊ ဆင်းရဲမှုထက် အသိပညာ နည်းပါးမှုကြောင့် ပိုများ (ရုပ်/သံ)





ပြောင်းလဲပြီးရင်း ပြောင်းလဲနေသော မြန်မာ့ပညာရေးလောက


ပညာရေးလောကထဲတွင် ကျင်လည် ကျက်စားနေတဲ့ ကျွန်မအတွက် ပညာရေးနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ၊ သတင်းစကားတွေကိုတော့ မက်မက်မောမောကို ဖတ်ဖြစ်ပါတယ်။ ဖတ်လိုက်တိုင်းလည်း ရင်တွေမောရပါတယ်။ ပညာရေးကို စမ်းသပ်လိုက်တာဖြင့် ကျွန်မတို့ ကျောင်းသူသက်တမ်း တစ်လျှောက်၊ အခု ကျွန်မတို့ ဆရာမ သက်တမ်း တစ်လျှောက်လုံးပါပဲ။ အခုလည်း တက္ကသိုလ်ဝင်တန်း (ဆယ်တန်း) အပြင် တစ်ဆယ့်တစ်တန်း၊ တစ်ဆယ့်နှစ်တန်း ထားကြမယ် ဆိုတဲ့သတင်းတွေ ကြားရသလို သင်ကြားနည်းစနစ်နဲ့ပတ်သက်လို့လည်း CCA ဆိုတာ စလာလို့နဲ့ တူပါတယ်။ သူငယ်တန်းနဲ့ ပထမတန်းမှာ စာမေးပွဲ မစစ်တော့ဘူးလို့လည်း ကြားသိရပြန်ပါတယ်။ တတ်မြောက်မှု စစ်ဆေးခြင်းဆိုတာပဲ လုပ်မယ်လို့ ကြားသိရပါတယ်။ အဓိပ္ပာယ်ကတော့ အလွတ်ကျက်စရာ မလိုတာကို အလွတ်မကျက်မှတ်စေဘဲ သင်ကြားလိုက်တာနဲ့ ပတ်သက်ပြီး ဘယ်လောက် တတ်သိသွားပြီလဲဆိုတာ စစ်ဆေးခြင်း ဖြစ်ဟန်တူပါတယ်။

တက္ကသိုလ်ဝင်တန်း မေးခွန်းကိုလည်း တစ်စုံတည်း ထုတ်တော့မယ် ဆိုတာလည်း သိရပြန်ပါတယ်။ ကျွန်မတို့ ဘယ်လိုဘယ်ပုံ သင်ကြားစနစ်တွေ၊ သင်ရိုးတွေ၊ စာမေးပွဲပုံစံတွေ ပြောင်းပြောင်း တကယ်တော့ ကျွန်မတို့ရဲ့ ပညာရေးဟာ စိတ်ကူးယဉ်ပညာရေး မဖြစ်သင့်တော့တာပါပဲ။ The Voice မှာ ပြုပြင်ပြောင်းလဲမည့် ခေတ်မီပညာရေးစနစ်နှင့် ကျူရှင်ကဏ္ဍ ဆောင်းပါးမှာ ဆောင်းပါးရှင်က မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်က မှတ်ဉာဏ်ကို ဦးစားပေး စစ်ဆေးတဲ့ ပညာရေးစနစ်လို့ဆိုပါတယ်။ အင်မတန်မှန်ပါတယ်။ ဘာကြောင့် အဲဒီလိုစနစ်မျိုး ဖြစ်သွားပါသလဲ။

အခုလက်ရှိ တက္ကသိုလ်တွေမှာ ပါမောက္ခကြီးတွေ ဖြစ်နေတဲ့သူတွေဟာ ကျွန်မလိုပဲ ငါးတန်းရောက်မှ အေ၊ ဘီ၊ စီ၊ ဒီ သင်ခဲ့ရတဲ့ မျိုးဆက်ပါ။ ကျွန်မတို့နဲ့ တစ်ခေတ်တည်း ဘွဲ့ရခဲ့တဲ့သူတွေဟာ မိမိတို့ သင်ယူအထူးပြုတဲ့ ဘာသာရပ်တွေ အားလုံးကို မြန်မာလိုချည်း သင်ခဲ့ရပါတယ်။ ဒါပေမဲ့ သူတို့ ဆရာဖြစ်တဲ့ အချိန်ကျတော့ နဝမတန်းကစလို့ အားလုံးအင်္ဂလိပ်လို ဖြစ်သွားပါတယ်။ အဲဒီအခါမှာ ဘာသာရပ်ကိုသာ ကျွမ်းကျင်ပြီး အင်္ဂလိပ်ဘာသာစကားကို မကျွမ်းကျင်တဲ့ ဆရာ၊ ဆရာမတွေဟာ အင်မတန်ကို အခက်အခဲ တွေ့ရပါတယ်။ ဒါပေမဲ့ ဆရာတွေအားလုံးဟာ မဖြစ်ဖြစ်အောင် သင်ကြားပို့ချခဲ့ရပါတယ်။ ကလေးတွေကလည်း အဋ္ဌမတန်းထိ အားလုံးမြန်မာလို သင်ကြားရာကနေ ကိုးတန်းလည်း ရောက်သွားရော အင်္ဂလိပ်လို သင်ယူရတဲ့အတွက် သူတို့မှာ ဘာသာရပ်ကို နားလည်ရင်တောင် ကိုယ်နားလည်တာကို နားလည်သလို ပြန်လည်ရေးသားနိုင်တဲ့ အင်္ဂလိပ်စာစွမ်းရည် မရှိရှာပါဘူး။ ကလေးတွေရဲ့ အဖြေလွှာကို စစ်ဆေးတဲ့ ဆရာမကရော ကလေးက သူနားလည်တာကို သူ့ဟာသူ အင်္ဂလိပ်လို ပြန်ရေးထားတာကို မှန်၊ မမှန် တကယ့်ကို အရည်အချင်း အပြည့်နဲ့ ပြန်စစ်ဆေးပေးနိုင်သလား ဆိုတော့လည်း မစစ်ဆေးနိုင်ပါဘူး။

ဒီတော့ ကလေးတွေဟာ ဘာသာရပ်တွေကို နားလည်ပေမယ့် ဘာသာစကား အခက်အခဲကြောင့် အလွတ်ကျက်မှတ် ဖြေဆိုရတဲ့ဘဝကို ရောက်သွားပါတယ်။ ဆရာ၊ ဆရာမကလည်း သူပေးထားတဲ့အတိုင်း ကျက်မှတ်ဖြေဆိုတဲ့သူကိုပဲ အမှတ်အပြည့် ပေးရဲတဲ့အတွက် အလွတ်ကျက်မှတ် ဖြေဆိုမှုကိုပဲ ကလေးတွေခမျာမှာ အားထားရတာမှ ၏၊ သည်၊ ၍ မလွဲ ကျက်မှတ်နိုင်အောင်ကို ကြိုးစားအားထုတ်လာတာကို တွေ့ရပါတယ်။ ကျောင်းက ဆရာ၊ ဆရာမတွေရဲ့ အင်္ဂလိပ်ဘာသာစကား အခက်အခဲ၊ ကျောင်းသူ ကျောင်းသားကိုယ်တိုင်ရဲ့ အင်္ဂလိပ်ဘာသာ အခက်အခဲတွေကြောင့် အလွတ်ကျက်မှတ်ပေးတဲ့ ကျူရှင်တွေကို တက်ရပါတယ်။ ကျူရှင်တွေမှာ ဆရာ၊ ဆရာမတွေက စာကိုရှင်းပြပြီးရင် သံချပ်တိုင်သလို တိုင်ပေးပြီး စာကျက်ပေးရရှာပါတယ်။ တချို့ဆရာတွေများဆိုရင် ကလေးစာကျက်ရ လွယ်အောင် ဇီဝဗေဒ ဘာသာရပ်ထဲက စာတွေကို သီချင်းအလိုက် ကလေးတွေ ထည့်ပေးပြီး သင်ပေးတဲ့အခါ စာကိုကျက်တာမျိုးထက် မြန်မြန် ဆန်ဆန်ရသွားတာကို တွေ့ရလို့ ကလေးတွေ တော်တော်များများ အဲဒီကျူရှင်ကို တက်ကြတာ ကျွန်မတွေ့ဖူးပါတယ်။

ဘာသာရပ်အလိုက် ဆရာတွေဟာ ကိုယ့်ဟာကိုယ် ကျူရှင်ခန်းတွေ ဖွင့်ရင်းက ဘာသာစုံကို တစ်နေရာတည်း တက်လို့ရအောင် ဘာသာစုံတွေ ဖွင့်လာကြတယ်။ နောက်ပိုင်းမှာ တက္ကသိုလ်က ဆရာ၊ ဆရာမတွေကို အိမ်မှာ ခေါ်သင်လာကြတယ်။ အဲဒီကနေတစ်ဆင့် စာကူကျက်ပေးမယ့် Guide တွေ ပေါ်လာတယ်။ Guide ခေါ်တဲ့အခါမှာလည်း တကယ်ကို ထူးထူးချွန်ချွန်နဲ့ အောင်ခဲ့တဲ့သူတွေကို ခေါ်ကြတာပါပဲ။ တကယ်တော့ Guide ဆိုတာ စာကူကျက်ပေးတာပါပဲ။ ဒါပေမဲ့ Guide လုပ်သက် ရင့်လာတော့လည်း အတွေ့အကြုံအရ သူကိုယ်တိုင်လည်း ဆရာတစ်ဦးလို သင်နိုင်ပါပြီ။ ဒါကြောင့်လည်း ဆရာဝန်တွေ ဦးစီးဖွင့်လှစ်တဲ့ တက္ကသိုလ်ဝင်တန်း ဘော်ဒါတွေ၊ ကျူရှင်ကျောင်းတွေ ပေါ်ထွက်လာခဲ့တာပေါ့။ သူတို့တွေဟာ ပညာရေးဘွဲ့ရတွေ မဟုတ်ပါဘူး။

နိုင်ငံခြားမှာ ပညာရေးဘွဲ့မရရင် ပညာသင်ကြားခွင့်မရတာ မှန်ပါတယ်။ ဒီတော့ ကျွန်မတို့ စဉ်းစားရမှာက နိုင်ငံခြားမှာ ပညာရေးဘွဲ့အတွက် ဘယ်လိုစည်းမျဉ်းစည်းကမ်းနဲ့ ဖွင့်လှစ်ထားတာလဲ။ ကျွန်မတို့ တိုင်းပြည်လို ဝန်ထမ်းပဲတက်ရောက်ခွင့်ရှိတယ် ဆိုတာမျိုး၊ တက္ကသိုလ်ဝင်တန်း အောင်ပြီးရင် လျှောက်ရတာမျိုးလား။ ဒါမှမဟုတ် ဝိဇ္ဇာ၊ သိပ္ပံ ဘွဲ့တစ်ခုရပြီးတာနဲ့ အသက်မွေးဝမ်းကျောင်းမှု အပေါ် မူတည်ပြီး တက်ရောက်ခွင့် ရှိတာမျိုးလား။ စသဖြင့် လေ့လာကြည့်ရမှာ ဖြစ်ပါတယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ စနစ်တွေက မတူတော့ နိုင်ငံခြားမှာ လုပ်တိုင်းလည်း လိုက်လုပ်မရတာမျိုးလည်း ရှိပါတယ်။

နောက်ပြီး ခေတ်စနစ်က ချပေးလိုက်တဲ့ ပညာရေးစနစ်ဟာ နိုင်ငံတော်မှာ ဘယ်လိုဘယ်ပုံနဲ့ အသုံးချဖို့လဲဆိုတာ အလွန်အရေးကြီးတဲ့ အချက်ပါ။ ဗြိတိန်နိုင်ငံ ပညာရေးမှာ အခြေခံပညာအဆင့်မှာ GCE အဆင့်ကို N level, O level, A level ဆိုပြီး ၈ တန်းအဆင့်၊ ၁၀ တန်း အဆင့်၊ ၁၂ တန်း အဆင့်ဆိုပြီး ခွဲခြားထားပါတယ်။ N level အဆင့်ကို အောင်မြင်ပြီးတဲ့သူ တွေဟာ သူ့အဆင့်နဲ့လိုက်မီတဲ့ အသက်မွေးမှုကျောင်းကို တက်လို့ရပါတယ်။ အရင်တုန်းက ကျွန်မတို့ ဆီမှာရှိခဲ့တဲ့ စက်မှုလက်မှု အထက်တန်းကျောင်းလိုဟာမျိုး ဖြစ်မှာပါ။ ဒီလိုအဆင့်ဆင့် သွားကြတာပါ။ စင်ကာပူမှာလည်း N level အောင်ပြီးတဲ့လူဟာ ITE ကိုဆက်တက်လို့ရသလို O level ပြီးတဲ့လူကလည်း Poly tech ကိုတက်ကြပြီး၊ A level ပြီးတဲ့သူကတော့ တက္ကသိုလ်ကိုတန်းပြီး တက်ခွင့်ရပါတယ်။ ထူးခြားတာက သူ့အဆင့်နဲ့ သူဆည်းပူးတဲ့ ပညာရပ်အလိုက်၊ အဆင့်အလိုက် လုပ်ငန်းခွင် ဝင်ခွင့်ရအောင် ဖန်တီးထားတာပါပဲ။ လုပ်သားအစားထိုးမှုလို့ ခေါ်မယ်ထင်ပါတယ်။

ကျွန်မတို့ တိုင်းပြည်မှာ အဲဒီလိုအဆင့်ဆင့်တွေ လုပ်ချင်ရင် အလုပ်အကိုင် အခွင့်အလမ်းကလည်း အဆင့်ဆင့် ဖန်တီးပေးရမှာပါ။ နိုင်ငံခြားက စနစ်ကောင်းတွေကို အတုခိုးတဲ့အခါလည်း တိုက်ရိုက်ယူသုံးလို့ မရသေးတာတွေကိုလည်း သတိပြုရမှာ ဖြစ်ပါတယ်။ ကျွန်မတို့အားလုံးက တိုင်းပြည်ကို တိုးတက်စေချင်ကြပါတယ်။ မတိုးတက်သေး တဲ့အတွက် မချင့်မရဲဖြစ်တဲ့ အခါလည်း ဖြစ်ကောင်း ဖြစ်မှာပါ။ ပညာရေးကို တိုးတက်စေချင်တယ်ဆိုရင် မတိုးတက်တာ ဘာကြောင့်လဲ ဆိုတာကို စဉ်းစားရမှာ ဖြစ်ပါတယ်။ ကလေးတွေ စာကို အလွတ်ကျက်မှတ်နေတာဟာ ဘာကြောင့် အလွတ်ကျက်မှတ် နေရသလဲ ဆိုတာကို အဖြေရှာရမှာ ဖြစ်ပါတယ်။ နေ့ရော၊ ညပါ ကျူရှင်တွေနဲ့ ပိနေရင် ဘာကြောင့် ဒီလိုပိကုန်တာလဲဆိုတာ အဖြေရှာရမှာပါ။ သူငယ်တန်းကလေးကို ကျူရှင်ထားတယ်ဆိုတာ ဘာကြောင့်လဲ။ မိဘက အိမ်စာလေး ကူလုပ်ပေးနိုင်လောက်အောင်ကို အချိန်မပေးချင်လို့လား၊ ဒါမှမဟုတ် အချိန်မပေးနိုင်တော့လို့လား။ ဒါမှမဟုတ် မတတ်ကျွမ်းလို့လား ...စသဖြင့် စဉ်းစားရမှာ ဖြစ်ပါတယ်။

ဘယ်လိုစနစ်တွေကိုပဲ ချမှတ်ချမှတ်၊ ဘယ်လိုသင်ရိုးတွေကိုပဲ သင်သင်၊ အခု ပညာသင်ယူနေတဲ့ ကလေးတွေဟာ တစ်နေ့ကျရင် ကျွန်မတို့ တိုင်းပြည်မှာ လုပ်ငန်းခွင်ဝင်မယ့် ကလေးတွေဆိုတာကို ဦးတည်ရမယ်လို့ ကျွန်မ မြင်ပါတယ်။ တိုင်းပြည်တိုးတက်အောင် တည်ဆောက်ရေးဆိုတာ တိုးတက်ပြီ ဆိုတဲ့ ကန့်သတ်ချက်တစ်ခု ရှိပါသလား။ တိုးတက်ပြီဆိုတဲ့ နေရာရောက်ရင် ရပ်ပစ်လိုက်ရမှာလား။ မဟုတ်ပါဘူး။ တိုးတက်မှုဟာ ရေစီးကြောင်းလိုပဲ စီးပြီးရင်း စီးနေရမှာပါ။ အခုတော့ ကျောင်းသားလူငယ်တွေဟာ စီးလျက်စ ပုပ်အဲ့နေတဲ့ ရေစီးကြောင်းထဲ စပြီးပါလာနေပါပြီ။ အရင်ဆုံး ပုပ်အဲ့နေတဲ့ ရေစီးကြောင်းလေး သန့်အောင် လုပ်ရပါဦးမယ်။ ပြီးတော့ တစ်နေ့ကျရင် သူတို့လေးတွေဟာ ရေစီးကြောင်းထဲက ကျောက်ဆောင်ကျောက်တန်းတွေကို ရင်နဲ့ ဆီးခံပေးရမယ့် လူကြီးတွေ ဖြစ်လာရဦးမယ် မဟုတ်ပါလား။

ဘာရာဒွါဂျာ (မြန်မာပြည်)
The Voice Weekly

မစ္စတာ ကင်တားနား အင်းစိန်ထောင်အခြေအနေ သွားရောက်လေ့လာ


မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်ကင်တားနားဟာ အင်းစိန်အကျဉ်းထောင်ကို ဒီကနေ့မနက်ပိုင်းက သွားရောက်လေ့လာခဲ့ပါတယ်။

သူဟာ မနေ့က ကချင်ပြည်နယ် မြစ်ကြီးနား အကျဉ်းထောင်ကို သွားရောက်လေ့လာခဲ့သလို ကချင်ပြည်နယ် အစိုးရအဖွဲ့အပြင် ကချင်လွတ်မြောက်ရေးအဖွဲ့၊ ကေအိုင်အိုနည်းပညာ အကြံပေးအဖွဲ့တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့ကို သွားရောက်လေ့လာဖို့ စီစဉ်ခဲ့ပေမယ့် ခွင့်ပြုချက် မရခဲ့ဘူးလို့ သိရပါတယ်။

မစ္စတာ ကန်တားနား လိုင်ဇာကို သွားရောက်ခွင့်မရတာနဲ့ ပတ်သက်လို့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလမိုင်ဂွန်ဂျာက RFA ကို ခုလို ပြောပါတယ်။

“လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ လိုင်ဇာတဝိုက်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို လူကိုယ်တိုင် သွားရောက်တွေ့ဆုံချင်တဲ့ဆန္ဒ သူ့မှာရှိတာပေါ့လေ၊ သွားခွင့်တောင်းကြည့်တဲ့အခါမှာ ပြည်နယ်အစိုးရကနေပြီးတော့မှ ပြည်ထောင်စုအစိုးရက ခွင့်ပြုမိန့်မရှိဘူး၊ ဒါနယ်မြေလုံခြုံရေးအရ သွားခွင့်မပြုနိုင်ဘူး ဆိုတဲ့အတွက်ကြောင့်မို့ သူ့အနေနဲ့ မနေ့ကမသွားခဲ့ရဘူး”

မစ္စတာကင်တားနားဟာ ပြီးခဲ့တဲ့နှစ်ရက်က ရခိုင်ပြည်နယ်ကို သွားရောက်လေ့လာခဲ့သလို ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ ရခိုင်နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေ မွတ်စလင်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် မစ္စတာကင်တားနားဟာ ရှမ်းပြည်နယ်ကို သွားရောက်ပြီး အရပ်ဘက်အဖွဲ့ အစည်းတွေနဲ့လည်း တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။
RFA Burmese

ရန်ကုန်မြို့အတွင်း ဆိုင်ကယ် စည်းကမ်းမဲ့ စီးနင်းသည့် ရဲတပ်ဖွဲ့၊ စည်ပင်နှင့် လျှပ်စစ်ဝန်ထမ်းများကို အရေးယူမည်

သတ်မှတ်ထားသည့် ၀န်ကြီးဌာန ၀တ်စုံမ၀တ်ဆင်ဘဲ ဆိုင်ကယ်စီးနင်းသူ နှစ်ဦးကို ရွှေဂုံတိုင် မီးပွိုင့်အနီး တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)

ရန်ကုန်မြို့အတွင်း မော်တော်ဆိုင်ကယ် စီးနင်းခွင့် ပြုထားသည့် ရဲတပ်ဖွဲ့၊ စည်ပင်နှင့် လျှပ်စစ်ဝန်ထမ်းများ စည်းကမ်းမဲ့ စီးနင်းပါက စစ်ဆေးပြီး ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ရန်ကုန်မြို့အတွင်း မော်တော်ဆိုင်ကယ် စီးနင်းခွင့် ပြုထားသည့် ဌာနဆိုင်ရာများ အနေဖြင့် တစ်ဦးထက်ပိုပြီး စီးနင်းခွင့် မရှိကြောင်း၊ ဌာနဆိုင်ရာ၏ သတ်မှတ်ဝတ်စုံဖြင့် မောင်းနှင် သွားလာခြင်းနှင့် ဆိုင်ကယ်ဦးထုပ်ဆောင်း၍ ဦးထုပ်မေးသိုင်းကြိုး တပ်ဆင်ကာ စီးနင်းရမည် ဖြစ်ကြောင်း သိရသည်။
''မော်တော်ဆိုင်ကယ် စီးနင်းခွင့် ပြုထားတဲ့ ဌာနဆိုင်ရာတွေက သတ်မှတ်ထားတဲ့ စည်းကမ်းကို လိုက်နာမှု မရှိဘဲ မောင်းနှင်နေတဲ့ ၀န်ထမ်းတွေကို ထိထိရောက်ရောက် အရေးယူသွားမယ်။ သက်ဆိုင်ရာ ဌာနတွေ အနေနဲ့လည်း အရေးယူပေးဖို့ တင်ပြသွားမည့်အပြင် ကျွန်တော်တို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ အနေနဲ့လည်း ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်မှုတွေ ပြုလုပ်သွားပါမယ်'' ဟု ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)မှ ဒုတပ်ဖွဲ့ခွဲမှူးက သြဂုတ် ၁၄ ရက်တွင် ပြောကြားသည်။
ရန်ကုန်မြို့အတွင်း မော်တော်ဆိုင်ကယ် စီးနင်းခွင့် မရှိဘဲ မောင်းနှင်နေသည့် ဆိုင်ကယ် အစီးရေ ၅၈၀ ကျော်ကို ပြီးခဲ့သည့် ဇူလိုင်လအတွင်း ဖမ်းဆီး အရေးယူခဲ့ကြောင်း သိရသည်။
အလားတူ သြဂုတ် ၁ ရက်မှ ၁၁ ရက်ထိ လိုင်စင်ရှိ မော်တော်ဆိုင်ကယ် ၁၀၂ စီးနှင့် လိုင်စင်မဲ့ ၇၅ စီးကို အရေးယူခဲ့ကြောင်း ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)မှ သိရသည်။
ရန်ကုန်တိုင်း ယာဉ်ထိန်းရဲ တပ်ဖွဲ့တွင် ဖွဲ့စည်းပုံအရ ၁၄၄၂ ဦးထိ တိုးချဲ့သွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် ၀န်ထမ်းအင်အား ၉၀၀ ကျော် ရှိနေကြောင်း သိရသည်။
ရန်ကုန်မြို့ပေါ်ရှိ မြို့နယ် ၃၁ မြို့နယ်တွင် တပ်ဖွဲ့စုမှူးရုံးများ မြို့နယ်အလိုက် ထားရှိထားပြီး မြို့နယ် ၁၄ မြို့နယ်တွင် တပ်ဖွဲ့စုမှူးရုံး ခုနစ်ခု ထားရှိထားကြောင်း ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)မှ သိရသည်။
Eleven Media Group

ကျောက်ဖြူ တရုတ်ပိုက်လိုင်းအရေး လှုပ်ရှားသူတွေကို ပြည်နယ် အစိုးရ ခေါ်ယူတွေ့ဆုံ


ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်း ဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းရာ နေရာတစ်လျှောက်က ဒေသခံတွေရဲ့ နစ်နာမှုတွေကို ဖြေရှင်းပေးဖို့ကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဒေသခံတွေကိုခေါ်ယူပြီး ဒီကနေ့ နေ့လည်ပိုင်းက ကျောက်ဖြူမြို့မှာ ဆွေးနွေးခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင် ဦးဆောင်တဲ့ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေက အချက် (၃)ချက်ကို အဓိကထားဆွေးနွေးခဲ့တယ်လို့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့က ဦးထွန်းလွင်က RFA ကိုပြောပါတယ်။

ပြည်နယ်အစိုးရအနေနဲ့ ကျောက်ဖြူမြို့ပေါ်အပြင် ကျေးလက်ဒေသတွေမှာ မကြာခင် လျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက်သွားဖို့အပြင် ပိုက်လိုင်းတစ်လျှောက် သိမ်းဆည်းခံလယ်ယာမြေ ပြဿနာတွေကိုပါ ဖြေရှင်းပေးသွားမယ်လို့ ကတိပြုခဲ့ကြောင်းသိရပါတယ်။ ဒါပေမဲ့ ဘိုးဘွားပိုင်မြေနဲ့ စားကျက်မြေအမျိုးအစားမြေယာတွေ အသိမ်းခံထားရတဲ့ကိစ္စအပြင် ကျေးရွာတွေဆက်ပြီး လမ်းဖောက်လုပ်ရေး ကိစ္စရပ်တွေကိုတော့ ကတိပေးတာမရှိသေးဘူးလို့ ဦးထွန်းလွင်က ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂ ရက်နေ့က ကျေးရွာပေါင်း ၃၀ ကျော်က ဒေသခံတွေက သူတို့ရဲ့နစ်နာမှုတွေကို ဖြေရှင်းပေးဖို့အတွက် မြို့နယ်အာဏာပိုင်တွေထံ တောင်းဆိုခဲ့တဲ့နောက်ပိုင်း ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးတာဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
RFA Burmese

ဆရာချစ် လျှာစွမ်းပြ (၂၂ စက္ကန့် ရုပ်/သံ)




Mizzima - News in Burmese 

လိုင်ဇာလမ်းလျှောက်အဖွဲ့ကို နှစ်နာရီသာ လျှောက်ခွင့်ပြုပြီး ကျန်အချိန်ကို ယာဉ်နှင့်သွားခွင့်ပြု


တောင်ငူ၊ သြဂုတ် ၁၄

ကချင်ပြည်နယ် လိုင်ဇာမြို့သို့ လမ်းလျှောက်မည့် တောင်သူများကို တောင်ငူမြို့နယ် ရဲတပ်ဖွဲ့မှူးက သြဂုတ်လ ၁၂ ရက်နေ့တွင် တောင်ငူမြို့နယ်တွင်း ၂ နာရီသာ လမ်းလျှောက်ခွင့်ပြုပြီး ကျန်အချိန်များတွင် ယာဉ်နှင့်သာ ဆက်လက်ထွက်ခွာမည် ဖြစ်ကြောင်း လက်မှတ်ထိုးပြီး ခွင့်ပြုချက်ပေးခဲ့ကြောင်း လမ်းလျှောက်အဖွဲ့ ခေါင်းဆောင် ဦးခင်ဇော်က The Voice သို့ ပြောကြား သည်။

တောင်ငူခရိုင်အတွင်း တပ်ရင်းတပ်ဖွဲ့များနှင့် မြို့နယ်အုပ်ချုပ်ရေး အဖွဲ့အစည်းအချို့က အကြောင်းအမျိုးမျိုးဖြင့် သိမ်းယူခဲ့သော လယ်ယာမြေများ ပြန်လည်ရရှိရေးနှင့် တောင်သူများကို တရားစွဲဆိုမှုများ ပြန်လည် ရုပ်သိမ်းပေးရန်အတွက် လိုင်ဇာသို့ လမ်းလျှောက်ရန် မြို့နယ်အုပ်ချုပ်ရေး အာဏာပိုင် အဖွဲ့အစည်းများကို တရားဝင် တင်ပြပြီး ဖြစ်သော်လည်း သြဂုတ်လ ၇ ရက်နေ့တွင် လမ်းလျှောက်ခွင့် ချီတက်ခွင့် ပယ်ချခံရပြီး ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးကို ခွင့်ပြုချက် ထပ်မံတင်ပြရာတွင် ငြင်းပယ်ခဲ့ရာမှ ၂ နာရီသာ ခွင့်ပြုကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“လမ်းလျှောက် ချီတက်ခွင့်၊ စုဝေးခွင့်ဆိုင်ရာ ဥပဒေ နည်းဥပဒေများအရ တရားဝင် လျှောက်ထားလို့ သြဂုတ်လ ၁၂ ရက်နေ့က တစ်နာရီ စုဝေးခွင့်နဲ့ နှစ်နာရီ လမ်းလျှောက်ခွင့် ပေးခဲ့ပါတယ်” ဟု တောင်ငူမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ဦးဇော်မင်းက ရှင်းပြသည်။

တောင်ငူမြို့နယ်နှင့် အုတ်တွင်းမြို့နယ်မှ လယ်သိမ်းခံတောင်သူ ၁၄ ဦး၊ သံဃာတစ်ပါး အပါအဝင် လယ်ယာမြေ အကျိုးတော်ဆောင်တစ်ဦး စုစုပေါင်း ၁၆ ဦးသည် သိမ်းဆည်းခံ လယ်ယာမြေများ ပြန် လည် ရရှိရန်၊ တရားစွဲဆို ခံထားရသူ တောင်သူများကို တရားစွဲဆိုခြင်းမှ ပြန်လည် ရုပ်သိမ်းရန် တောင်းဆိုသည့်အနေနှင့် တောင်ငူမြို့မှ ၆၆၅ မိုင်ကွာဝေးသော ကချင်ပြည်နယ် လိုင်ဇာမြို့သို့ သြဂုတ်လ ၁၄ ရက် နံနက် ၈ နာရီခွဲတွင် တောင်ငူမြို့ ရန်ကုန်-မန္တလေးလမ်းဟောင်း မင်းကြီးညို ရုပ်တု ရင်ပြင်ရှေ့မှ စတင်ထွက်ခွာခဲ့ခြင်း ဖြစ်သည်။

တောင်ငူခရိုင်အတွင်း တပ်မတော် တပ်ရင်းတပ်ဖွဲ့များနှင့် မြို့နယ်အုပ်ချုပ်ရေး အဖွဲ့များက သိမ်းဆည်းထားသော လယ်ယာမြေဧက ၁၀၀၀ ကျော်ရှိပြီး ယခုနှစ် ဇွန်လတွင် ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့သည့် ဒေသခံတောင်သူ အယောက် ၆၀ ကျော်ကို နယ်မြေကျော်နင်းမှု အပါအဝင် ဝတ္တရား နှောင့်ယှက်မှုတို့ဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက တရားစွဲဆိုခံထားရကြောင်း တောင်ငူမြို့နယ် မြောက်ရေကြည် ကျေးရွာအုပ်စု သဲဖြူကျေးရွာမှ လယ်သိမ်းခံ တောင်သူ ဦးပွေးက ပြောကြားသည်။

အဆိုပါ လမ်းလျှောက်အဖွဲ့သည် ကချင်ပြည်နယ် လိုင်ဇာမှ ပြန်လည် ရောက်ရှိလာပါက တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုတို့မှ သိမ်းဆည်းခံ လယ်ယာမြေများပိုင်ရှင် တောင်သူများနှင့် ချိတ်ဆက်ကာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ လမ်းလျှောက် ချီတက်မည် ဖြစ်ကြောင်း တောင်သူအကျိုးဆောင် ဦးခင်ဇော်က ရှင်းပြသည်။

ယခုနှစ် ဇန်နဝါရီလ တတိယအပတ်တွင် ရန်ကုန်နှင့် မုံရွာမြို့တို့မှ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သူများ အဖွဲ့နှစ်ဖွဲ့သည် ရန်ကုန်နှင့် မုံရွာမြို့များမှ ကချင်ပြည်နယ် လိုင်ဇာမြို့အထိ မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းရေး ရရှိနိုင်ရန် ဆန္ဒဖော်ထုတ် လမ်းလျှောက်ခဲ့ကြသည်။
The Voice Weekly

တောင်ပြုန်းဘုရားပွဲ ငွေတောင်းသူများကို ဂေါပကအဖွဲ့ ဖယ်ရှားသွားမည်ဟုဆို


မန္တလေး၊ သြဂုတ် ၁၄

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် တောင်ပြုန်းရွာ ဘုရားပွဲတော်သို့ လာရောက် ငွေတောင်းရမ်း သူများနှင့် ကြဲချငွေကောက်သူများကို အဆိုပါ ဘုရားဂေါပက အဖွဲ့ကဖယ်ရှားသွားမည် ဖြစ်ကြောင်း တောင်ပြုန်းပွဲတော် ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌက ပြောကြားသည်။

အဆိုပါ တောင်ပြုန်း ပွဲတော်တွင် အနယ်နယ် အရပ်ရပ်မှ ရောက်ရှိလာသော တောင်းစားသူများနှင့် တောင်ပြုန်းကျေးရွာ အနီးဝန်းကျင်မှ အပျော်တမ်း ငွေကောက်သူများကို ပွဲတော်ကျင်းပရေး ကော်မတီ က သြဂုတ်လ ၁၄ ရက်နေ့မှ စတင်၍ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး ပွဲတော် လုံခြုံရေး ရဲဝန်ထမ်း၊ မီးသတ် ဝန်ထမ်းတို့နှင့် ပူးပေါင်းပြီး နေ့စဉ် ဖယ်ရှားရှင်းလင်းသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

အနယ်နယ် အရပ်ရပ်မှ တောင်ပြုန်းပွဲသို့ ဘုရားဖူးသူများကို ကားပေါ်မှ ငွေကြဲချခြင်း မပြုလုပ်ကြရန် ပွဲတော်အဝင် ဂိတ်ပေါက်မှ နေ့စဉ် အသံချဲ့စက်ဖြင့် သတိပေးနေသော်လည်း ပွဲတော် လာသူများမှာ ငွေများကို ကြဲမြဲ ကြဲချနေခြင်းကြောင့် ငွေကြေး တောင်းရမ်းသူနှင့် အပျော်တမ်း ငွေကောက်နေသူများ ပိုမို များပြားလာရခြင်း ဖြစ်ကြောင်း အဆိုပါ ဂေါပကအဖွဲ့ထံမှ သိရသည်။

“၂ နှစ်လောက် ရှိပြီ။ တောင်းတဲ့လူတွေနဲ့ အပျော်တမ်း ကောက်သူတွေ များလာတယ်။ မနက်ဖြန်က စပြီး ဖယ်ရှားမှာပါ။ ကလေးတွေကို မိဘနဲ့ ဆက်သွယ်ပြီး ပြန်အပ်မယ်။ နယ်ဝေးက လူတွေကို ပြန်လွှတ်မယ်” ဟု တောင်ပြုန်းပွဲတော် ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဦးတင်ဝင်းက ဆိုသည်။

အဆိုပါ ရွေ့လျား တောင်းစားသူများမှာ ချောက်၊ ရေနံချောင်း၊ မင်းဘူး၊ မကွေး၊ မိတ္ထီလာစသော နယ်ဝေးများမှ အုပ်စုလိုက် ရောက်ရှိလာခြင်း ဖြစ်ပြီး ပွဲတော်အတွင်း လစ်လပ် နေရာများတွင် ယာယီ တဲထိုးကာ ပွဲတော် ပြီးသည်အထိ တောင်းရမ်းကြကာ ယင်းတောင်ပြုန်း ပွဲတော်ပြီးပါက ရတနာ့ဂူ နတ်ပွဲ၊ ပခန်းမင်းကြီးပွဲ စသဖြင့် ပွဲများသို့ လှည့်လည် တောင်းရမ်းကြကြောင်း အဆိုပါ တောင်းရမ်းသူ များထံမှ စုံစမ်း သိရှိရသည်။

“ယောက်ျားက အုတ်သယ်တဲ့ကားမှာ အလုပ်လုပ်တယ်။ ကားပေါ်က လိမ့်ကျပြီး လက်ကျိုးသွားတော့ ကလေး နှစ်ယောက်နဲ့ လုပ်ကိုင် မစားတတ်လို့၊ ကျောင်းတော်ရာက လာတောင်းတဲ့ အဖွဲ့က ခေါ်လို့ လိုက်လာတာ။ ကျောင်းတော်ရာအဖွဲ့မှာ လူ ၂၀ ကျော် ပါတယ်။ မနေ့က ၁၈၀၀ ရတယ်” ဟု မကွေးတိုင်းဒေသကြီး မင်းဘူး၊ စကုမြို့နယ်ရှိ ကျောင်းတော်ရာမှ လာရောက် တောင်းရမ်းနေသူ အသက် ၃၀ ကျော်အရွယ် ဒေါ်ကြည်က ဆိုသည်။

ပွဲတော်အတွင်းသို့ အနာကြီးရောဂါ ဝေဒနာရှင်များ လာရောက် တောင်းရမ်းပါက ၎င်းတို့ကို နေရပ် သို့မဟုတ် ဆေးရုံ ဆေးခန်းများသို့ ပို့ဆောင်ပေးကြောင်း ယင်းပွဲတော် တာဝန်ရှိသူက ဆက်လက် ရှင်းပြသည်။

မတ္တရာမြို့နယ် နံ့သာမြိုင် အနာကြီးရောဂါ ဝေဒနာရှင်များအတွက် ထားရှိသောရွာမှ အနာကြီး ဝေဒနာရှင် အများစု ပါဝင်သော လူ ၅၀၀ ဦးခန့်သည် ပွဲတော်အတွင်း မဝင်ရသဖြင့် ပွဲတော်အပြင် ကားလမ်းဘေး လယ်ကွင်းများတွင် တဲထိုး၍ အုပ်စုလိုက် နေကြပြီး ယင်းကျေးရွာများရှိ ထမင်း ရောင်းသူများက ၎င်းတို့ကို ပိုက်ဆံပေးသော်လည်း ထမင်း မရောင်းသဖြင့် နံ့သာမြိုင်ရှိ ဝေဒနာရှင်များ အတွက် ရောင်းသော ထမင်းဆိုင်ကိုပါ ရွှေ့လာရကြောင်း၊ စားစရိတ်အဖြစ် တစ်ရက်လျှင် ၁၂၀၀ ကျပ် ရှိပြီး သြဂုတ်လ ၁၃ ရက်နေ့အတွက် တောင်းရငွေသည် နေ့လယ်ပိုင်းခန့်အထိ ကျပ် ၂၀၀ ခန့်သာ ရသေးကြောင်း အဆိုပါကျေးရွာမှ အနာကြီး ဝေဒနာရှင် ဦးတင်ဇာလွင်က ပြောကြားသည်။

အဆိုပါ ဝေနာရှင်များထဲမှ ၅၀ ဦးခန့်သည် တောင်ပြုန်းပွဲ ပြီးပါက ရတနာ့ဂူပွဲသို့ ဆက်လက် အလှူခံ ထွက်မည် ဖြစ်ပြီး နယ်မြေဝေးခြင်း၊ နေထိုင်ရန် နေရာ မရှိခြင်းတို့ကြောင့် ဝေဒနာရှင် အများစုသည် ရတနာ့ဂူသို့ မသွားရောက်နိုင်ကြောင်း ၎င်းက ထပ်မံ ရှင်းပြသည်။

တောင်ပြုန်းပွဲတော် ကျင်းပရေး ကော်မတီ အနေနှင့် အနာကြီးရောဂါ ဝေဒနာရှင်များကို ပွဲတော် အတွင်းသို့ ဝင်ရောက်ခွင့် မပြုကြောင်းနှင့် နှစ်စဉ် တောင်ပြုန်းပွဲတွင် တောင်းရမ်း စားသောက်နေသူ ဦးရေ ၅၀၀ ကျော်မှ ၃၀၀၀ ခန့်အထိ ရှိပြီး တစ်နှစ်ထက် တစ်နှစ် ပိုမို များပြားလာကြောင်း အဆိုပါဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။

မိုးကြိုး (MDY)
The Voice Weekly

သတ္တုတွင်းဝန်ကြီးဟောင်းရဲ့ ဖွံ့ဖြိုးရေးအစီအစဉ် လက်ပံတောင်းဒေသခံများ လက်မခံ


သတ္တုတွင်းဝန်ကြီးဟောင်း ဦးသိန်းထိုက်(လက်ရှိပြည်ထောင်စု စာရင်းစစ်ချုပ်)က လက်ပံတောင်း တောင်ဒေသခံတွေနဲ့ ဒီကနေ့တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးတွေ လုပ်ပေးမယ်လို့ပြောခဲ့ပေမယ့် ဒေသခံတွေက လက်ခံခြင်းမရှိဘူးလို့ မိုးကြိုးပြင်ရွာဒေသခံတွေက ပြောပါတယ်။

ဦးသိန်းထိုက်နဲ့အဖွဲ့ဟာ ဒီကနေ့မွန်းလွဲ ၂ နာရီက မိုးကြိုးပြင်အလယ်ရွာဘုန်းကြီးကျောင်းမှာ ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲကို ဒေသခံလယ်သမားတွေ ရာနဲ့ချီပြီး တက်ရောက်ခဲ့ပါတယ်။ တွေ့ဆုံမှုနဲ့ပတ်သက်ပြီး မိုးကြိုးပြင်ရွာသူ မခင်ပြုံးက ခုလိုပြောပါတယ်။

“သူတို့က ဖွံ့ဖြိုးရေး ဘယ်လိုလုပ်ပေးမယ်ဆိုတာ ပြောပါတယ်ရှင့်၊ ကျမတို့ရွာက ဦးသန်းထွန်းကထပြီး ကျနော်တို့ရွာက ဖွံ့ဖြိုးရေးက အဓိကမကျပါဘူး၊ အဓိကကျတာ ထမင်းရှိဖို့ ဆန်ရှိဖို့က အဓိကကျတဲ့အတွက် ကျနော်တို့မြေတွေကို မရောင်းနိုင်ပါဘူးလို့ ပြောလိုက်ပါတင်ရှင့်၊ အဲလိုပြောလိုက်တော့ သူတို့ကဟောပြောပွဲကို သိမ်းသွားပါတယ်”

ဝန်ကြီးနဲ့လိုက်ပါလာတဲ့ တရုတ်လူမျိုးနှစ်ဦးကလည်း စကားပြန်ကတဆင့် လယ်သမားတွေကို လိုက်လံတွေ့ဆုံပြီး မြေယာလျော်ကြေးယူဖို့ ပြောဆိုတယ်လို့ဆိုပါတယ်။ အလားတူ လက်ပံတောင်းဒေသ စည်ပင်သာယာနယ်နိမိတ်က ဖျက်သိမ်းထားတဲ့ရွာနှစ်ရွာမှာ နေထိုင်လျက်ရှိသူများစာရင်းကို မြို့နယ်လဝကအဖွဲ့က စာရင်းလာကောက်ယူပါတယ်။ ဇီးတောရွာ ဘုန်းတော်ကြီးကျောင်းက ဆရာတော် ဦးအာလောကက ခုလိုမိန့်ပါတယ်။

"ဒီ ဇီးတော၊ ဆည်တဲဟာ တကယ်တော့ ပြည်ထဲရေးကနေပြီးတော့ ရွာဟောင်းမှာ နံမည်မရှိတော့ဘူးပေါ့၊ ဒါပေမယ့် တိုင်းရဲ့လဝကနေပြီးတော့ သွားတာသွားလိုက် ဒီစာရင်းထဲမပါပေမယ့် သူတို့က သူတို့အလုပ်သူတို့လုပ်တာ၊ ငါတို့က ငါတို့အလုပ်လုပ်ရမှာပဲဆိုပြီးတော့ သူတို့ပြောစကားအရ ဒီဇီးတော၊ ဆည်တဲကိုလာပြီးတော့ အိမ်ထောင်ခွဲလေးတွေအတွက် စာရင်းလာကောက်တယ်ပေါ့ဗျာ"

ခုလိုစာရင်းကောက်တာကို ဒေသခံတွေက လက်မခံတာကြောင့် လဝကအဖွဲ့ဟာ ရွာတွင်းမှာခေတ္တသာနေပြီး ပြန်လည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။
RFA Burmese

နေပြည်တော်မှကျားဖြူ ရန်ကုန်တိရစ္ဆာန်ရုံရောက်


ရန်ကုန်၊ သြဂုတ် ၁၄

ရန်ကုန် တိရစ္ဆာန်ဥယျာဉ်သို့ နေပြည်တော် ဆာဖာရီဥယျာဉ်မှ အရွယ်ရောက်ပြီး ကျားဖြူမတစ်ကောင် သြဂုတ်လ ၁၂ ရက်က ရောက်ရှိကြောင်း ရန်ကုန် တိရစ္ဆာန်ဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးတင်ရွှေက The Voice သို့ ပြောကြားသည်။

၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာ ၁၃ ရက်တွင် နေပြည်တော်၌ ပေါက်ဖွားခဲ့သည့် ကျားဖြူမကို စနိုးဟု အမည်ပေးထားပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ရောက်ရှိလာသည့် ကျားထီးနှင့် ကျားမတို့မှ မွေးဖွားခဲ့ခြင်းဖြစ်၍ အဆိုပါကျား၏ တန်ဖိုးကို မခန့်မှန်းနိုင်ကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါ ကျားဖြူမသည် ကိုယ်အလေးချိန်ပေါင် ၁၁၀ ခန့်ရှိကာ ခန္ဓာကိုယ်အရှည် လေးပေနှင့် အမြီးအရှည် သုံးပေခန့် ရှိကြောင်း၊ အသက် ၂ နှစ်နှင့် ရှစ်လရှိပြီဖြစ်ပြီး ၂၀၁၃ ဇူလိုင်လက မြိုင်လက္ခဏာ (Oestrus) များ တွေ့ခဲ့ရသဖြင့် အရွယ်ရောက်ပြီး ကျားမဖြစ်ကြောင်း ရန်ကုန် တိရစ္ဆာန်ဥယျာဉ်၌ ယခင်အစိုးရ တာဝန်ယူစဉ် ကာလကတည်းက တာဝန်ထမ်းဆောင်ခဲ့သည့် တိရစ္ဆာန် ဆေးကုဆရာဝန် ဒေါက်တာထွန်းမြင့်က ပြောကြားသည်။
“အသားစားသတ္တဝါ အကုန်လုံးကို ကျန်းမာရေးအရ အစာအိမ် အနားပေးတဲ့ Fasing Day အနေနဲ့ ဗုဒ္ဓဟူးနေ့တိုင်း အစာမကျွေးဘူး” ဟု ၎င်းကဆိုသည်။

ကျားဖြူမကို တစ်ရက်လျှင် ကာလတန်ဖိုး ၁၄,၅၀၀ ကျပ်ဖိုး အမဲသား သုံးပိဿာနှင့် ကြက်ဥငါးလုံး ရောနယ်၍ ကျွေးကြောင်း၊ လူနှင့်ယဉ်ပါးနေဟန် ရှိသော ကျားဖြူမသည် ခြံပြောင်းခါစဖြစ်၍ စိတ်ဖိစီးမှု အနည်းငယ်ရှိသည်ဟု ယူဆသဖြင့် ဗုဒ္ဓဟူးနေ့တွင် ကြက်သား နှစ်ပိဿာ ကျွေးကြောင်း ၎င်းက ရှင်းလင်းပြောကြားသည်။

အထက်ပါ ကျားဖြူသည် ရန်ကုန် တိရစ္ဆာန်ဥယျာဉ်၏ ၁၂ ကောင်မြောက်နှင့် လက်ရှိတစ်ကောင်တည်းသော ကျားဖြူဖြစ်ပြီး၊ မျိုးစိတ် ၁၃၀ တွင် ရန်ကုန် တိရစ္ဆာန်ဥယျာဉ်၏ ၁၃၃၄ကောင်မြောက် တိရစ္ဆာန် ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၅၈ ဒသမ ၁၆ ဧက အကျယ်အဝန်းရှိ ရန်ကုန် တိရစ္ဆာန်ဥယျာဉ်သည် ၁၀၇ နှစ် သက်တမ်းရှိပြီဖြစ်ပြီး ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁ ရက်မှစ၍ ထူးကုမ္ပဏီက နှစ်ရှည်လွှဲပြောင်း လုပ်ကိုင်ခွင့်ရခဲ့ခြင်း ဖြစ်သည်။
The Voice Weekly

ရေကြည်မြို့နယ်တွင် ယနေ့ညမှာရင်ချင်းဆက်အမွှာညီအမ ခွဲစိတ်မွေးဖွါးနိုင်ခဲ့


Author အေးလပြည့်

ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် သီတာကုန်းမြင့် တိုက်နယ်ဆေးရုံတွင် ယနေ့သြဂုတ်လ၁၅ရက်နေ့ ည ၇နာရီ ၂၅မိနစ် အချိန် တိုက်နယ်ဆရာဝန်ဒေါက်တာနေ၀င်းထွန်းနှင့်အဖွဲ့ မှ ရင်ချင်းဆက်အမွှာအား အောင်မြင်စွာ ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ပါသည်။ အမွှာမှာ မိန်းခလေးဖြစ်ပြီး မိဘများမှာ လေးမျက်နှာမြို့နယ် ၀က်ကုန်းကျေးရွာမှ ဦးဇော်မျိုးသက် နှင့် အမိ ဒေါ်အေးအေးမိုး တို့ ဖြစ်ကြပါသည်။ယခုညတွင်၎င်းညီအမအားရန်ကုန်မြို့ရန်ကင်းကလေး
ဆေးရုံကို ပို့ဆောင်မယ်လို့ သိရတယ်။
The Modern News Journal

မြို့မအားကစားကွင်း ဟိုတယ်စီမံကိန်း ဘားအံမြို့ခံများ ဆန့်ကျင်ကန့်ကွက်


ကရင်ပြည်နယ် ဘားအံမြို့၊ အမှတ် (၃) ရပ်ကွက်၊ ကမ်းနားလမ်းက အကျယ် ၃ ဧကကျော်ရှိတဲ့ မြို့မအားကစားကွင်းကို ပုဂ္ဂလိကကုမ္ပဏီတစ်ခုက ဟိုတယ်ဆောက်လုပ်ဖို့ စီစဉ်နေတဲ့အတွက် ဒေသခံတွေက မကျေနပ်တာကြောင့် ဒီနေ့နေ့လည်ပိုင်းက ဘားအံမြို့ အမှတ်(၁)ရပ်ကွက်၊ သရက်တောကျောင်းတိုက်မှာ ဆွေးနွေးပွဲကျင်းပပြီး ကန့်ကွက်ခဲ့ကြပါတယ်။

ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ကရင်ပြည်နယ် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ သတင်းထုတ်ပြန်ရေးတာဝန်ခံ အရှင်ဂမ္ဘီသာရက RFA ကို ပြောပါတယ်။

“၁၉၄၇ တုန်းက တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးအတွက် ကရင်ပြည်နယ်ကို စည်းရုံးရေးလာတုန်းက ဗိုလ်ချုပ်မိန့်ခွန်းပြောခဲ့တဲ့၊ ဘားအံမြို့ စတည်ကတည်းကရှိခဲ့တဲ့ ဘားအံမြို့ မြို့မအားကစားကွင်းမှာ ကုမ္ပဏီတွေက ဟိုတယ်ဆောက်လုပ်ဖို့အတွက် ဦးဇင်းတို့ ကန့်ကွက်ဖို့အတွက် အစည်းအဝေးပြုလုပ်တာပါ၊ အခုလောလောဆယ်တော့ ကွင်းပတ်ပတ်လည်မှာ သွပ်ပြားတွေနဲ့ ကာပြီးတော့အထဲမှာ အုတ်တွေ၊ သဲတွေ၊ သံချောင်းတွေပုံတယ်၊ နောက်ပြီးတော့ ဖောင်ဒေးရှင်းအတွက် မြေကြီးတွေတူးနေပြီ၊ ဒါကိုသဘောမတူဘူး၊ ကန့်ကွက်ကြောင်း ဦးဇင်းတို့ လက်မှတ်ထိုးပြီးတော့ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဆီ ပို့ပေးမှာပါ”

အခုပြုလုပ်တဲ့ ဆွေးနွေးပွဲကို ကရင်ပြည်နယ် သံဃာ့နာယက ဥက္ကဌ ဆရာတော်၊ ဇွဲကပင်တောင် ဆရာတော်အပါအဝင် မြို့ပေါ်မှာရှိတဲ့ ဘုန်းကြီးကျောင်းပေါင်း ၄ဝ ကျော်က ကျောင်းထိုင်ဆရာတော်အပါး ၄ဝ ကျော်နဲ့ ဒေသခံတွေ တက်ရောက်ခဲ့ကြပါတယ်။

ဆွေးနွေးပွဲမှာ အဲဒီဟိုတယ်စီမံကိန်းကို ကန့်ကွက်ကြောင်း လက်မှတ်တွေကို စုပေါင်းရေးထိုးခဲ့ကြပြီး ရရှိတဲ့လက်မှတ်တွေကို ကရင်ပြည်နယ် ဝန်ကြီးချုပ်ဆီပို့မှာဖြစ်တယ်လို့ သိရပါတယ်။
RFA Burmese

ယာဉ်အားကျော်တက်မောင်းနှင်စဉ် တဖက်ယာဉ်ကြောမျက်နှာချင်းဆိုင်မှ ဆိုက္ကားအားတိုက်မိ၍ လူသေဆုံး

ရန်ကုန်၊ သြဂုတ် ၁၅

၁၅.၈.၂၀၁၃ ရက်နေ့ ၁၃၁၅ အချိန် သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်း
အတိုင်း ယာဉ်မောင်း တင်ချို(ဘ)ဦးလှအောင်၊ တိုက်ကြီးမြို့နယ်နေသူ
မောင်းနှင်လာသော ဈ/---- ဟီးနိုးခဲပြာရောင်ယာဉ် သည်
ငမိုးရိပ်(၁၀)လမ်းထိပ်အနီးအရောက် ၎င်း၏ရှေ့ရှိယာဉ်အားကျော်တက်
ရာမှ တစ်ဖက်ယာဉ်ကြောသို့ရောက်ရှိပြီး မျက်နှာချင်းဆိုင်မှ ကိုကျော်မျိုးအောင်(ဘ)ဦးကျော်၊ တောင်ဥက္ကလာပ မြို့နယ်နေသူ
နင်းလာသည့် ဆိုက္ကားအားတိုက်မိခဲ့၍ ဆိုက္ကားပျက်စီးခဲ့ကာ ကိုကျော်မျိုးအောင်တွင် ပွန်းပဲနာကျင်ဒဏ်ရာများရရှိသဖြင့် သင်္ဃန်းကျွန်း
စံပြဆေးရုံတွင်ပြင်ပလူနာအဖြစ်ကုသခဲ့ရပြီး ဆိုက္ကားပေါ်ပါခရီးသည် အမည်မသိ၊ အသက်(၅၀)နှစ်ခန့်အမျိုးသမီးမှာ ဦးခေါင်းကြေမွဒဏ်ရာဖြင့် အခင်း ဖြစ်နေရာတွင်သေဆုံးသွားခဲ့သောကြောင့် ယာဉ်အားမဆင်မချင်
မောင်းနှင်သူ ယာဉ်မောင်းတင်ချို အား သင်္ဃန်းကျွန်းမြို့မရဲစခန်း ယာဉ်(ပ)၂၅/၂၀၁၃၊ ပုဒ်မ ၂၇၉/၃၃၇/၃၀၄-က ဖြင့် ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

အစ္စလာမ် ဘာသာဝင်များ ဗုဒ္ဓဘာသာ ရဟန်းအပါး ၁ဝဝ ကျော်ကို ဆွမ်းကပ်


အစ္စလာမ်ဘာသာဝင်တွေရဲ့ အီးဒ်နေ့အထိမ်းမှတ်အဖြစ် မန္တလေးမြို့ အစ္စလမ်ဘာသာရေးအဖွဲ့က ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်မှာ သံဃာတော်အပါး ၁ဝဝ ကို ဒီနေ့ နေ့ဆွမ်းကပ်လှူခဲ့ပါတယ်။ ဒီပွဲကို ကြွရောက်ချီးမြှင့်ခဲ့တဲ့ ဆရာတော် ဦးတိက္ခဥာဏက RFA ကို ခုလို မိန့်ကြားပါတယ်။

“ဒီလိုအခမ်းအနားတွေလုပ်တာမှာ ဦးဇင်းတို့က တစ်ခုခုရည်ရွယ်ချက်ထားတာတော့မရှိပါဘူး၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပက္ခာဆိုတဲ့ ဗြာဟ္မစိုရ်တရားကို အဓိကထားပြီးတော့ လက်ကိုင်ထားတဲ့ သဘောမျိုးသာလျှင် ဦးဇင်းတို့ဒီမှာ ကြွရောက်ခြင်းဖြစ်ပါတယ်”

ဒီနေ့ နေ့ဆွမ်းကပ်လှူဒါန်းရခြင်းနဲ့ ပတ်သက်ပြီး မန္တလေးမြို့ အစ္စလာမ်ဘာသာရေးအဖွဲ့၊ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးနေဇော်လတ်က အခုလိုပြောပါတယ်။

“ဒီလိုကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ ကျနော်တို့ကတော့ ကျနော်တို့ဘာသာရဲ့ ပျော်ရွှင်ဖွယ်နေ့တစ်နေ့မှာ ကျန်တဲ့လူတွေကိုလည်း ပါဝင်စေချင်တာ ပျော်ရွှင်မှုကို မျှဝေစေချင်တဲ့ဆန္ဒပဲရှိတယ်၊ အဲဒီနောက်ကွယ်မှာ နောက်ထပ်ရည်ရွယ်ချက် ဘာမှမရှိဘူး၊ ကျနော်တို့ ဒီဘာသာရေး ပဋိပက္ခတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့အယူကတော့ ဒါအစ္စလာမ်ဘာသာနဲ့လည်း မဆိုင်ဘူး၊ ကျနော်တို့က ဒါအုပ်စုတစ်စုရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့် ဖြစ်လာတယ်လို့ ခံယူပါတယ်”

အဲဒီ ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို မန္တလေးမြို့က ဘာသာပေါင်းစုံခေါင်းဆောင်တွေ တက်ရောက်ခဲ့ပါတယ်။
RFA Burmese

လွှတ်တော်အမတ်တွေ အချိန်ကိုတန်ဖိုးထား ဆွေးနွေးကြဖို့ သူရဦးရွှေမန်း သတိပေး


လွှတ်တော်ဆိုတာ သာမန်အလုပ်ရုံဆွေးနွေးပွဲ ကျင်းပနေတာ မဟုတ်တဲ့အတွက် လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ဆွေးနွေးတဲ့အခါမှာ အချိန်ကိုတန်ဖိုးရှိရှိ အသုံးချတတ်ဖို့လိုတယ်လို့ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ သတိပေးပြောဆိုလိုက်ပါတယ်။

ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်ခံရမှုများကြောင့် ပြည်သူများနစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာအပိုင်း ( ၃ ) ကို လွှတ်တော်ကိုယ်စားလှယ်တွေ မဆွေးနွေးခင် အခုလို သတိပေးပြောဆိုလိုက်တာပါ ။

“လွှတ်တော်ဟာ သာမန်အလုပ်ရုံဆွေးနွေးပွဲ မဟုတ်ကြောင်းကို ကျနော်တို့အားလုံး နားလည်လက်ခံထားတာဖြစ်ပါတယ်၊ လွှတ်တော်ဟာ နိုင်ငံတော်နဲ့ နိုင်ငံသား အကျိုးစီးပွားများအတွက် ဆုံးဖြတ်ချက်များ သက်ဆိုင်ရာသို့ တိုက်တွန်းချက်များ နိုင်ငံနဲ့ နိုင်ငံသား အကျိုးစီးပွားများအတွက် ဥပဒေများပြုနေသည်ဖြစ်သည်ကို သတိပြုပြီး မိမိတို့ရဲ့ဆွေးနွေးမှုများဟာလည်း အချိန်ကိုတန်ဖိုးရှိရှိ အသုံးပြုဖို့လိုပါတယ်”

ဒါ့အပြင် ကိုယ်စားလှယ်တွေအနေနဲ့ ဆွေးနွေးတဲ့အခါမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ အမျိုးသား သွေးစည်းညီညွှတ်မှုကို မထိခိုက်စေဖို့နဲ့ လွှတ်တော်က ခွင့်ပြုထားတဲ့ အပြောအဆို အသုံးအနှုန်းများကိုသာ ပြောဆိုဆွေးနွေးဖို့ကိုလည်း သတိပေးပြောဆိုခဲ့ပါတယ်။

မကြာသေးခင်ကလည်း အမျိုးသားလွှတ်တော် အစည်းဝေးမှာ တပ်မတော်သား ကိုယ်စားလှယ်တွေက ဝင်ရောက်ဆွေးနွေးတာ မရှိခဲ့တဲ့ အတွက် အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က သတိပေးပြောဆိုခဲ့ဖူးပါတယ်။
RFA Burmese

Air Supply နဲ့ Iron Cross show ပွဲမှာ ဆရာချစ် လျှာစွမ်းပြ


ထူးဖောင်ဒေးရှင်းနှင့် Bagan Entertainment တို့ ပူးပေါင်းတင်ဆက်သည့် သြစတျေးလျနိုင်ငံမှ နာမည်ကြီး အဆိုတော်အဖွဲ့ Air Supply နှင့် Iron Cross တို့ ရန်ကုန်မြို့ MCC တွင် ပြုလုပ်သည့် သီဆိုဖျော်ဖြေသည့်ပွဲတွင် Iron Cross အဖွဲ့ဝင်များ ဖျော်ဖြေနေသည်ကို သြဂုတ်လ ၁၅ ရက်က တွေ့ရစဉ်။ အဆိုပါပွဲမှ ရရှိသည့် ငွေများကို နယ်စပ်ဒေသရှိ ဒုက္ခသည်များကို ကူညီမည်ဖြစ်သည်။ (ဓာတ်ပုံ - ဟောင်ဆာ၊ မဇ္ဈိမ)
Mizzima - News in Burmese

၂၂ စက္ကန့်် video ကို ကြည့်ရန် >> ဆရာချစ် လျှာစွမ်းပြ (၂၂ စက္ကန့် ရုပ်/သံ)

မကွေးတိုင်းဒေသကြီး ဥပဒေချုပ်အား တာဝန်မှ ရပ်စဲခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

(အမိန့်အမှတ်၊ ၃၅ / ၂၀၁၃

၁၃၇၅ ခုနှစ်၊ ဝါခေါင်လဆန်း ၉ ရက်

(၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်)

မကွေးတိုင်းဒေသကြီး ဥပဒေချုပ်အား တာဝန်မှ ရပ်စဲခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၄ ၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၁) ပါ ပြဋ္ဌာန်းချက်အရ မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးမောင်မောင်ဖြူတင့်အား လုပ်ငန်းတာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်ခြင်းကြောင့် တာဝန်မှ ရပ်စဲလိုက်သည်။


(ပုံ)သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

The Voice Weekly

လင်မယားချင်းစကားများစဉ် ခင်ပွန်းဖြစ်သူမှ ဇနီးသည်အား ဓါတ်ဆီဖြင့်ပက် မီးရှို့

၁၃.၈.၂၀၁၃ ရက်နေ့ ၂၀၀၀ အချိန် မင်္ဂလာဒုံမြို့နယ်နေဒေါ်မြင့်မြင့်သည်
နေအိမ်တွင်ရှိနေစဉ် မြေးဖြစ်သူရောက်ရှိလာပြီး ၎င်း၏ မိခင်နှင့်ဖခင်တို့
စကားများရန်ဖြစ်နေ၍ လိုက်ကြည့်ပေးရန်ခေါ်သဖြင့် ၎င်းတို့နေထိုင်သည့် မင်္ဂလာဒုံမြို့နယ်၊ ပြန်လည်နေရာချထားရေးရပ်ကွက်ရှိနေအိမ်သို့ လိုက်သွားခဲ့ပါသည်။

နေအိမ်သို့ရောက်ရှိစဉ် သမီးဖြစ်သူမ၀င်းဝင်းဆွေအား အိမ်နီးချင်းများမှ
ဆေးလူးပေးနေသည်ကိုတွေ့ရ၍မြေမြန်းခဲ့ရာ ခင်ပွန်းဖြစ်သူ သိန်းဝင်း(ခ)သံနိုင်(ဘ)ဦးခင်မောင်နှင့်စကားများစဉ် ခင်ပွန်းဖြစ်သူမှ ဓါတ်ဆီနှင့်ပက်ကာ မီးရှို့ခဲ့၍ မျက်နှာဝဲဘက်ခြမ်း၊ ရင်ဘတ်၊ လက်နှစ်ဖက်နှင့်ပေါင်နှစ်ဖက်တို့တွင် မီးလောင်ဒဏ်ရာများရရှိခဲ့ခြင်း
ဖြစ်ကြောင်းသိရှိခဲ့ရပါသည်။

ဒဏ်ရာရသူ မ၀င်းဝင်းဆွေအား မြောက်ဥက္ကလာပဆေးရုံတွင်
အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ်တင်ပို့ကုသခဲ့ရသဖြင့် သိန်းဝင်း(ခ)သံနိုင်
အားအရေးယူပေးရန်ဒေါ်မြင့်မြင့်မှတိုင်ကြားခဲ့၍ မင်္ဂလာဒုံမြို့မရဲစခန်း
(ပ)၅၀၉/၂၀၁၃၊ ပုဒ်မ ၃၂၆ ဖြင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိပါသည်။

မြ၀တီ

ရန်ကုန်လေဆိပ်ထက် သာမည့် မြန်မာနိုင်ငံ၏ ပင်မ၀င်ပေါက် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်

လေးနှစ်အတွင်း အပြီးတည်ဆောက်မည့် ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ပုံစံငယ်ကို တွေ့ရစဉ်

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးအား ၂၀၁၃ ခုနှစ် ဒီဇင်ဘာမှ စတင်ကာ လေးနှစ်တာ ကာလအတွင်း အပြီးတည်ဆောက်၍ မြန်မာနိုင်ငံ၏ ပင်မ၀င်ပေါက် လေဆိပ်အဖြစ် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အဓိက ၀င်ပေါက်တစ်ခု ဖြစ်သည့်အပြင် အကြီးဆုံး လေဆိပ်အဖြစ် သတ်မှတ်ရမည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီး တည်ဆောက်ရန် ကိုရီးယားနိုင်ငံမှ Incheon Airport Consortium အား ရွေးချယ်ခဲ့သည်။

Incheon Airport Consortium သည် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးအား မြန်မာနိုင်ငံ၏ အဓိကမြစ်ကြောင်း ဖြစ်သည့် ဧရာဝတီ မြစ်ကြောင်းကို အခြေခံ ရေးဆွဲထားကာ မေခ-မလိခ မြစ်နှစ်သွယ် ပေါင်းစည်းလာပြီး ဧရာဝတီမြစ်ကြီး ဖြစ်တည်လာသည့် ပုံစံအား အမှီပြု၍ လေယာဉ်ကွင်း ပုံစံငယ်ကို ထုတ်လုပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကိုရီးယား ကုမ္ပဏီသည် လေဆိပ်တည်ဆောက်ရေး လုပ်ငန်းလုပ်ကိုင်ရန် မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ပြီးချိန်ဖြစ်သည့် ၂၀၁၃ ဒီဇင်ဘာလမှစ၍ ၂၀၁၇ ဒီဇင်ဘာလတွင် အပြီးတည်ဆောက် ပေးရမည်ဖြစ်သည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီး တည်ဆောက် ပြီးစီးပါက မြန်မာနိုင်ငံ၏ ပင်မ၀င်ပေါက် လေဆိပ်အဖြစ် အသုံးပြုသွားမည်ဖြစ်ပြီး လက်ရှိရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ၀င်ထွက်နေသည့် နိုင်ငံတကာ လေကြောင်းလိုင်းများကို ဟံသာဝတီ လေဆိပ်သစ်ကြီးသို့ ပြောင်းရွှေ့သွားမည် ဖြစ်သည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးတွင် ခရီးသည်တင် လေယာဉ် အမျိုးအစားများတွင် အကြီးဆုံး ဖြစ်သည့် Airbus A 380 လေယာဉ်အထိ ဆင်းသက်နိုင်မည်ဖြစ်ကာ လေယာဉ်ဆိုက်ကပ် တံတား ၁၂ ခု၊ ခရီးသည်တင် လေယာဉ် ၃၇ စင်း၊ ကုန်တင်လေယာဉ် ရှစ်စင်းနှင့် ပြုပြင်ရေး လေယာဉ် ၁၅ စင်း စုစုပေါင်း လေယာဉ်စင်းရေ ၆၀ ရပ်နားနိုင်မည်...

''လက်ရှိ ပင်မ၀င်ပေါက်ဖြစ်တဲ့ ရန်ကုန်လေဆိပ်မှာ ၀င်ထွက်နေတဲ့ နိုင်ငံတကာ လေကြောင်းလိုင်းတွေကို ဟံသာဝတီ လေဆိပ်သစ်ကြီး ပြီးတဲ့အခါမှာ ပင်မ၀င်ပေါက်အဖြစ် ပြောင်းရွှေ့ အသုံးပြုသွားမှာ ဖြစ်ပါတယ်'' ဟု လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောကြားသည်။

ကိုရီးယားနိုင်ငံမှ Incheon Airport Consortium သည် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးအား ပထမအဆင့် အနေဖြင့် ခရီးသည် ၁၂ သန်း ၀င်ဆံ့နိုင်မည့် လေဆိပ်၊ ပြေးလမ်း၊ လေဆိပ်လုပ်ငန်းနှင့် ဆက်စပ်သည့် ၀န်ဆောင်မှု လုပ်ငန်းများအား ၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် အပြီးတည်ဆောက် ပေးရမည်ဖြစ်သည်။

ဒုတိယအဆင့် အနေဖြင့် ခရီးသည် သန်း ၃၀ ၀င်ဆံ့နိုင်မည့် လေဆိပ် အဆောက်အအုံနှင့် ဆက်စပ် အဆောက်အအုံများ၊ ဟိုတယ်များ၊ ရှော့ပင်းမောလ်များ၊ ကုန်တိုက်ကြီးများနှင့် လူနေတိုက်ခန်းများ ဆက်စပ်လုပ်ငန်းများ ပါဝင်တည်ဆောက် သွားမည်ဖြစ်သည်။ ယင်းအပြင် ဟံသာဝတီ လေဆိပ်တွင် တစ်နှစ်လျှင် တန် ၇၀၀၀ ဆံ့ ကုန်လှောင်ရုံ တစ်ခုအား တည်ဆောက် သွားမည်ဟု သိရသည်။

ကိုရီးယားနိုင်ငံမှ တည်ဆောက်မည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးတွင် ခရီးသည်တင် လေယာဉ် အမျိုးအစားများတွင် အကြီးဆုံး ဖြစ်သည့် Airbus A 380 လေယာဉ်အထိ ဆင်းသက်နိုင် မည်ဖြစ်ကာ လေယာဉ်ဆိုက်ကပ် တံတား ၁၂ ခု၊ ခရီးသည်တင် လေယာဉ် ၃၇ စင်း၊ ကုန်တင်လေယာဉ် ရှစ်စင်းနှင့် ပြုပြင်ရေး လေယာဉ် ၁၅ စင်း စုစုပေါင်း လေယာဉ်စင်းရေ ၆၀ ရပ်နားနိုင်မည်ဟု သိရသည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးသည် ခရီးသည်နှင့် ကုန်စည်ပို့ဆောင် ရေးအတွက် နိုင်ငံအသီးသီး၊ ဒေသအသီးသီးသို့ ပြောင်းလဲစီးနင်းနိုင်မည့် လေဆိပ်တစ်ခု အဖြစ်လည်း အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

Eleven 

ကမ္ဘာ့ဖလားအတွက် အားကစားကွင်းများ အချိန်မီ မပြီးစီးမှုကို ဝန်ကြီး စိုးရိမ်


ဝန်ကြီး အယ်လ်ဒို ရီဘီလိုက ၎င်းအနေဖြင့် နိုင်ငံအတွင်းမှ ဘောလုံးကွင်း (၅)ခု၏ ဆောက်လုပ်ရေး လုပ်ငန်းခွင် အခြေအနေကို အားမရဟုလည်း ဆိုသည်။ ယခုနှစ် ဒီဇင်ဘာလတွင် ကွင်းအားလုံး အသုံးပြုရန် အသင့်အနေအထား ဖြစ်နေစေလိုပါက လက်ရှိ ဆောက်လုပ်နေ သည့် နှုန်းထက် ပိုမိုမြန်ဆန်စွာ လုပ်ဆောင်ရန် လိုအပ်ကြောင်းလည်း ရီဘီလိုက ဆိုသည်

ဘရာဇီးလ်နိုင်ငံ၊ အားကစားရေးရာ ဝန်ကြီးဖြစ်သူက မိမိအနေဖြင့် ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ဆောက်လုပ်နေသည့် အားကစားကွင်းများ လုပ်ငန်းခွင် နှောင့်နှေး ကြန့်ကြာနေခြင်းအပေါ် စိုးရိမ်မိကြောင်း ဝန်ခံခဲ့သည်။ ဝန်ကြီး အယ်လ်ဒို ရီဘီလိုက ၎င်းအနေဖြင့် နိုင်ငံအတွင်း မှ ဘောလုံးကွင်း (၅)ခု၏ ဆောက်လုပ်ရေး လုပ်ငန်းခွင် အခြေအနေကို အားမရဟုလည်း ဆိုသည်။ ယခုနှစ် ဒီဇင်ဘာလတွင် ကွင်းအားလုံး အသုံးပြုရန် အသင့်အနေအထား ဖြစ်နေစေလိုပါက လက်ရှိ ဆောက် လုပ်နေ သည့် နှုန်းထက် ပိုမိုမြန်ဆန်စွာ လုပ်ဆောင်ရန် လိုအပ်ကြောင်း လည်း ရီဘီလိုက ဆိုသည်။ ဘရာဇီးလ်သည် (၂၀၁၄)ခုနှစ်၊ ကမ္ဘာ့ ဖလားနှင့် (၂၀၁၆)ခုနှစ်၊ ရီယိုဒီဂျနေရိုး အိုလံပစ် ပြိုင်ပွဲတို့အတွက် ပြင် ဆင်နေခြင်း ဖြစ်သည်။

လက်ရှိတွင် အားကစားကွင်းကြီး (၆)ခု တည်ဆောက်မှုတွင် (၁)ခုသာ သတ်မှတ်လျာထားချက်အတိုင်း ပြီးစီးသေးသည်။ ဆော်ပေါ်လိုရှိ အားကစားရုံမှာ (၈၄)ရာခိုင်နှုန်း အပြီးသတ်ခဲ့ပြီဖြစ်ပြီး ယခုနှစ်ကုန်တွင် အချိန်မီ ဖွင့်လှစ်နိုင်ဖွယ် ရှိသည်။ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအတွက် ဘရာဇီးလ်၏ ပြင်ဆင်မှုများအပေါ် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)ကလည်း အတန်ငယ် ဖိအားပေးနေပြီ ဖြစ်သည်။ မန်နာရက်စ်၊ ကူရီတီဘာ၊ကွီရာဘာ၊ ပေါ့တ်အလီဂရီနှင့် နေတယ်လ်တို့တွင် ဆောက်လုပ်နေသော ကွင်းကြီးများမှာမူ လုပ်ငန်းခွင် ပြီးပြတ်မှု (၇၁)ရာခိုင်နှုန်းမှ (၇၉)ရာခိုင်နှုန်းသာ အသီးသီး ရှိကြသည်။

ရီဘီလိုက ဒါဟာ သတိထားရမယ့် အခြေအနေပါ။ လက်ရှိ နှုန်းအတိုင်း လုပ်နေလို့ မရတော့ပါဘူး။ ကျွန်တော်တို့ အချိန်မီ ပြီးစီးမှာ မဟုတ်ဘူးဟု ဆိုသည်။ ၎င်းကအရှိန်မြှင့် လုပ်ဆောင်နိုင်ဖို့ ဆိုတာက ဖြစ်နိုင်ခြေတွေ ရှိပါတယ်။ ကျွန်တော်တို့ သတ်မှတ်ရက်အမီ အပြီးသတ်ဖို့ လိုအပ်နေပါပြီဟုလည်း ဆက်လက် ပြောကြားခဲ့သည်။ ရီဘီလိုက ကွင်းများ ဆောက်လုပ်မှုအတွက် တာဝန်ယူထားသည့် ကုမ္ပဏီများ အနေဖြင့် ယခင်သဘောတူညီချက်ထက် ပိုမို၍ အစိုးရထံမှ ထောက် ပံ့စရိတ်ကို ရရှိမည်ဟု မမျှော်လင့်ရန်လည်း သတိပေးခဲ့သည်။အစိုးရက အသုံးစရိတ် တိုးမြှင့်ပေးမှာ မဟုတ်ပါဘူး။ ရှင်းရှင်းလေးပါ။ လုပ်သား(၁၀)ယောက်နဲ့ (၂)လကြာမယ့် အလုပ်ကို လုပ်သား(၂၀)ခန့်ပြီး (၁)လနဲ့ပြီးအောင် လုပ်လို့ရတာပဲလေဟု ရီဘီလိုက ပြောဆိုသွားသည်။ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ယခင်ကွင်းဟောင်းများကိုပါ မွမ်းမံပြင်ဆင်ပြီး စုစုပေါင်း ဘောလုံးကွင်း (၁၂)ခု အသုံးပြုသွားရန် စီစဉ်ထားကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

ရန်ကုန်တွင် တစ်ရက်အတွင်း လူသေမှု ခြောက်မှုဖြစ်

ရန်ကုန်တိုင်းအတွင်း၌ သြဂုတ် ၁၃ ရက် တစ်ရက်တည်းအတွင်း လူသေမှုခြောက်မှု ဖြစ်ပွားခဲ့ပြီး ထိုအမှုများ၏ ထက်ဝက်မှာအခြေအနေမဲ့ နေထိုင်သူများ အာဟာရချို့တဲ့၍ သေဆုံးရခြင်းဖြစ်သည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ယင်းလူသေမှုများသည် ဒလမြို့နယ်တွင် နှစ်မှု၊ မင်္ဂလာဒုံမြို့နယ်တွင် နှစ်မှု၊ တောင်ဒဂုံမြို့နယ်တွင် တစ်မှုတို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူစုစုပေါင်း ခြောက်ဦးအထိ ရှိခဲ့သည်။

ဒလမြို့တွင်ဖြစ်ပွားခဲ့သော လူသေမှုဖြစ်စဉ်တစ်ခုသည် ရက်ကွက်အတွင်း အခြေအနေမဲ့ သွားလာနေသူ အသက် ၅၀ အရွယ်ခန့် ပိန်ချုံးချိနဲ့နေသော အမျိုးသားကြီးတစ်ဦးသေဆုံးခဲ့ခြင်းဖြစ်ပြီး ၎င်းသည် သေဆုံးချိန်တွင် အရက်အလွန် အကျွံသောက်ထားပြီး လမ်းဘေးပလက်ဖောင်းတွင် အိပ်စက်လျက် သေဆုံးနေခြင်းဖြစ်သည် ရဲမှတ်တမ်းတွင် တွေ့ရသည်။

နောက်တစ်မှုမှာလည်း အသက် ၆၀ အရွယ်အမျိုးသားကြီးတစ်ဦးသည် ဒလမြို့နယ် နားနေဆောင်တစ်ခုတွင် နံရံကို မှီထိုင်ပြီး သေဆုံးနေခြင်းဖြစ်ပြီး ၎င်းသည်အားအင်ချိနဲ့၍ အာဟာရပြတ်လတ် သေဆုံးသည့် လက္ခဏာရှိသည်ဟု ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိထားသည်။

တောင်ဒဂုံတွင်ဖြစ်ပွားခဲ့သည့် လူသေမှုမှာ အိမ်ရာအတည်တကျမရှိဘဲ လှည့်လည်သွားလာနေသော အသက် ၄၅ နှစ်အရွယ် တီဘီရောဂါသည်တစ်ဦးသည် တိုက်ခန်းတစ်ခု၏ ဘေးတွင် သေဆုံးနေခြင်းဖြစ်သည်ဟု ရဲကဆိုသည်။

ထို့အတူပင် ပူဖောင်းရောင်းချ စားသောက်သည့် အသက် ၅၇ နှစ်အရွယ် အမျိုးသားတစ်ဦးသည် မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးရပ်ကွက်အတွင်းရှိ အောင်စည်းခုံဘုရား ဈေးတန်းရှေ့ မြေကွက်လပ်တွင် အိပ်စက်နေစဉ်
သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ရဲကမှတ်တမ်းတင်ထားသည်။

၎င်းသည်သေဆုံးချိန်တွင် အရက်သေစာသောက်စားထားသည်ဟု ရဲများကဆိုထားပြီး ကနဦး စစ်ဆေးချက်များအရ သူသည် တွေ့ရာနေရာတွင် ၀င်ရောက်အိပ်စက်တတ်သူဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်မြို့တွင် ဖြစ်ပွားခဲ့သော လူသေမှုမှာမူ အမျိုးသား နှစ်ဦးငါးမျှားရင်း ရေနစ်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ရဲဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အထက်ပါလူသေမှုများနှင့်ပတ်သက်၍ ရဲများကအလောင်းများကို စစ်ဆေးရန် ဆေးရုံသို့ပို့ဆောင်ကာ သေဆုံးသည့် အကြောင်းအရင်းကို တိကျစွာသိနိုင်ရန် စုံစမ်းနေဆဲဖြစ်သည်ဟုလည်း ဆိုသည်။

ယခုနှစ် ဇန်န၀ါရီ ၁ ရက်မှ မေ ၁၆ ရက် အထိ လေးလကျော်ကာလ
အတောအတွင်း ရန်ကုန်တိုင်းတွင် သေမှုသေခင်းပေါင်း ၄၅၇ မှုထိဖြစ်ပွားခဲ့ပြီး ယင်းသေဆုံးမှုများအနက် ရေနစ်သေဆုံးမှု ၈၉ မှု၊ မိမိကိုယ်ကို အဆုံးစီရင်မှု ၈၂ မှုရှိပြီး ကျန်အမှုများမှာရောဂါကြောင့် သေဆုံးခြင်းဖြစ်သည်။

Mizzima - News in Burmese

ပုသိမ်မြို့ ၀န်ကြီးချုပ်နှင့် အိမ်ချင်းကပ်လျက် တိုင်းလွှတ်တော်ဥက္ကဋ္ဌအိမ် ဖောက်ထွင်းခိုးယူခံရ


ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးများအိမ်ရာ အတွင်းရှိ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ သီရိပျံ ချီ ဦးတင်စိုး နေထိုင်သော နေအိမ်၌ ဖောက်ထွင်း ခိုးယူမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ဖောက်ထွင်းမှုတွင် စိန်ထည် ပစ္စည်းများ အပါအ၀င် အဖိုးတန် ပစ္စည်းများစွာ ခိုးယူခံခဲ့ရပြီး ၎င်းအမှုအား ပုသိမ်မြို့ အမှတ်(၂) ကိုးသိန်းရဲစခန်းသို့ တိုင်ကြားထားကြောင်း သိရှိရသဖြင့် သွားရောက် စုံစမ်းရာ လူကြီးအမှု ဖြစ်သဖြင့် စခန်းမှူး ရဲအုပ် ဦးစိန်လင်းကိုယ်တိုင် ကိုင်တွယ်ထားကြောင်း၊ စခန်းမှူးက အဆိုပါအမှုအတွက် အခင်းဖြစ် နေရာသို့ သွားရောက် စစ်ဆေးနေပြီး ဖုန်းပိတ်ထားပါသဖြင့် စခန်းမှူး ပြန်ရောက်မှသာလျှင် ဆက်သွယ်ရန်နှင့် အမှုဖွင့်ထားသော (ပ)နံပါတ်နှင့် ပုဒ်မတို့အား စခန်းမှူးထံ ခွင့်ပြုချက် မယူရသေး၍ ထုတ်ပြန်၍ မရသေးကြောင်း တာဝန်ကျ ဒုရဲအုပ်တစ်ဦးက ပြောသည်။

၎င်းအမှုနှင့် စပ်လျဉ်း၍ နေ့စဉ်ထုတ် Daily Eleven သတင်းစာတွင် ပုသိမ်မြို့ အမှတ်(၂) ရဲစခန်း မှ (ပ) ၁၂၇/၁၃ ပြစ်မှု ပုဒ်မ ၃၈၁ ဖြင့် အဆိုပါနေအိမ်တွင် အိမ်အကူအဖြစ် အလုပ်လုပ်ကိုင်နေသူ မ.......၊ အသက် ၂၁ နှစ်၊ ဟင်္သာတမြို့နယ် နေသူအား ပုသိမ်မြို့၊ အမှတ် ၂ ရဲစခန်းတွင် တရားစွဲဆိုကာ အမှုမှန် ပေါ်ပေါက် ရေး အတွက် စစ်ဆေး အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌ နေအိမ်၌ ကာလ တန်ကြေးအားဖြင့် ကျပ်သိန်း ၁၂၀ ကျော်ခန့် တန်ဖိုးရှိသော ရွှေနှင့် လက်ဝတ်ရတနာ ၁၇ မျိုးပျောက် ဆုံး ခဲ့ကြောင်း စသည်ဖြင့် ရေးသား ဖော်ပြထားသည်။

လွှတ်တော်ဥက္ကဋ္ဌ ဦးတင်စိုး နေအိမ်သည် သီတာလမ်း (တောင်ပေါ်လမ်း)နှင့် ပုသိမ်မုံရွာ လမ်းထောင့် ပုသိမ်လေဆိပ်အနီးရှိ အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ အိမ်ရာဝင်း အတွင်းတွင် ရှိပြီး ၀န်ကြီးချုပ် ဦးသိန်းအောင်နှင့် အိမ်ချင်းကပ်ရှိကာ ၂၄ နာရီအပြည့် လုံခြုံရေး ၀န်ထမ်းများ ထားရှိသည့် အိမ်ရာဝင်း ဖြစ်သည်။ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၏ လက်ရှိ ခံစားလျက်ရှိသော တရားဝင်လစာမှာ မြန်မာငွေ ကျပ် ၆ သိန်းဖြစ်၍ ဆုံးရှုံးခဲ့သော ငွေကြေးကျပ်သိန်း ၁၂၀ အမှန်တကယ်ဖြစ်သည် ဆိုပါလျှင် လပေါင်း ၂၀ စာ လစာနှင့် ညီမျှပြီးယခင်က တိုင်းအစိုးရအဖွဲ့ စိုက်ပျိုးရေးဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သော ဗိုလ်ချုပ်(ငြိမ်း) သီရိပျံချီ ဦးတင်စိုး တိုင်းလွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရ၍ တာဝန်ထမ်းဆောင်နေသည်မှာ တစ်နှစ် မပြည့်သေးကြောင်း သိရှိရသည်။

မြန်မာသံတော်ဆင့်


လျှပ်စစ်ဝါယာ ရှော့ဖြစ်၍ အိမ်တစ်လုံး မီးလောင် လူတစ်ဦးသေဆုံး


ဆိပ်မူမြို့ရပ်ကွက်(၄)ရှိ ဦးလောဟန်၏ (၂)ထပ် ပျဉ်ထောင်နေအိမ်တွင် ည ဆယ်နာရီခွဲခန့၌ လျှပ်စစ် ၀ါယာကြိုးမှရှော့ ဖြစ်၍ အိမ်အပေါ်ထပ်တစ်ခုလုံး မီးလောင်ကျွမ်းခဲ့ပြီး အိမ်ပိုင်ရှင် ဦးလောဟန်၏

ကိုယ်ပေါ်တွင် လျှပ်စစ်ဝါယာကြိုး ပြုတ်ကျကာ ဓာတ်လိုက် သေဆုံးနေကြောင်း သိရသည်။ ၎င်း၏သမီးဖြစ် သူသည် ကြောက်လန့်၍ ထွက်ပြေးရာ ယခုချိန်ထိ ရှာမတွေ့သေးကြောင်းလည်း ဆက်လက် သိရသည်။

ရပ်ကွက်လူထုမှဝိုင်း၍ ငြိမ်းသတ်ကြရာ ၁၀း၄၅တွင် မီးငြိမ်းခဲ့သော်လည်း အိမ်သုံးပရိဘောဂများနှင့် အိမ်ပေါ်ထပ် တစ်ခုလုံးမီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။ ဖားကန့်မြို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ လာရောက်ခဲ့သော်လည်း လမ်းများအခက်အခံကြောင့် မီးလောင်ပြီးမှသာ ရောက်ရှိခဲ့ကြောင်း မီးငြိမ်းသတ်သူများက ပြောကြသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာမှ စစ်ဆေးဆောင်ရွက်လျက် ရှိနေကြောင်းလည်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

Myanmar Age