မောင်တောမြို့နယ်တွင် ပေါ်ပေါက်ခဲ့သော ဖြစ်စဉ်များနှင့် ပတ်သက်၍ နိုင်ငံတကာ စုံစမ်းရေး လက်မခံနိုင်ဟု ၀န်ကြီး ဦးဝဏ္ဏမောင်လွင် ပြော


ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာတွင် လူ ၄၀ ခန့် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ဦးဆောင်ကာ ကုလသမဂ္ဂ ကိုယ်စားလှယ်များ၊ နိုင်ငံခြား သံရုံးများမှ သံတမန်များအား ရှင်းလင်းပွဲကို ယမန်နေ့က နိုင်ငံခြားရေး ၀န်ကြီးဌာနတွင် ပြုလုပ်ကြောင်း သိရသည်။ ယင်း ရှင်းလင်းပွဲတွင် အမေရိကန် သံအမတ် ဒဲရစ်မစ်ချဲလ်က ဖြစ်စဉ်များအတွက် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကိုယ်စားလှယ်များ စေလွှတ်ရန် ပြောကြားရာ အဆိုပါ ဖြစ်စဉ်များသည် မြန်မာနိုင်ငံ၏ ပြည်တွင်းသာ ဖြစ်၍ လက်မခံနိုင်ကြောင်း ပြောဆိုသည်။

Irrawaddy ဧရာဝတီ သတင်း

ဗြိတိန်နိုင်ငံခြားရေးရာနှင့် ဓနသဟာယရေးရာ ဒုဝန်ကြီး Hugo Swire ရန်ကုန်တက္ကသိုလ်တွင် မိန့်ခွန်းပြောမည်


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဗြိတိန်နိုင်ငံခြားရေးနှင့် ဓနသဟာယရေးရာ ၀န်ကြီးဌာန ဒုဝန်ကြီး Hugo George William Swire MP တို့ ယမန်နေ့က နေပြည်တော်တွင် တွေ့ဆုံပြီး မြန်မာ-ဗြိတိန် တပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေး တိုးမြှင့်ရေး ဆွေးနွေးကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ Hugo Swire သည် မြန်မာနိုင်ငံသို့ ဒုတိယ အကြိမ်ရောက်ရှိလာခြင်း ဖြစ်ပြီး မြန်မာ အစိုးရ၀န်ကြီးများနှင့် လည်းကောင်း၊ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် လည်းကောင်းတွေ့ဆုံမည် ဖြစ်ကြောင်း၊ ဇန်န၀ါရီ ၂၉ တွင် ကချင်ပြည်နယ်သို့ သွားရောက်မည် ဖြစ်ပြီး၊ ၃၀ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်တွင် မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

Irrawaddy ဧရာဝတီ သတင်း

ဂစ်တာ ကြယ်စုံ (star များ) မြူးတဲ့ည







Guitar Instrumental Show မြင်ကွင်းများ (ဓာတ်ပုံ - ဂျေပိုင်/ ဧရာဝတီ)

“ဂီတမှာ နေရာဒေသ ခွဲခြားမှုမရှိ၊ ဂီတမှာ အမျိုးသားရယ် အမျိုးသမီးရယ် ခွဲခြားမှုမရှိ” ဆိုတဲ့ စကားကို ပြောလိုက်တဲ့ သူကတော့ အဆိုတော် ချစ်ကောင်းပဲ ဖြစ်ပါတယ်။ သူက မြန်မာ ဂစ်တာသူရဲကောင်းတွေ တွေ့ဆုံတဲ့ပွဲ၊ တနည်းအားဖြင့် မြန်မာပြည်က ဂစ်တာသူရဲကောင်းတွေရဲ့ အစွမ်းကုန် လက်စွမ်းပြ ကျဲကြတဲ့ ပွဲမှာ အစီအစဉ် တင်ဆက်သူအဖြစ် ပါဝင်သူပါ။ အဆိုတော် ချစ်ကောင်း အဲဒီပွဲမှာ ပြောလိုက်သလိုပဲ ရော့ခ် ဂီတကို နှစ်သက်ရင်ခုန်ကြတဲ့ ပရိသတ် အားလုံးဟာ တသွေးတည်း တသားတည်း စုစည်း ရောက်ရှိနေကြပါပြီ။

Guitar Instrumental Show ကြီးကို ရန်ကုန် မိုင်ဒါကွင်းမှာ ဇန်နဝါရီ ၂၆ ရက်နေ့က ပထမဆုံးအကြိမ်အဖြစ် အောင်မြင်စွာ ကျင်းပခဲ့ပြီးပါပြီ။ ဒီပွဲကို မျှော်လင့်နေခဲ့တဲ့ ပရိသတ်တွေကတော့ တဝကြီး ခံစားလိုက်ရတယ်လို့ ဆိုရပါမယ်။

ပရိသတ်တွေက တကယ့်ကို ဂစ်တာပရိသတ် စစ်စစ်တွေ၊ ဂစ်တာ ဝါသနာအိုးတွေ၊ ဂစ်တာကို အရူးအမူးချစ်သူတွေလို့ ဆိုရမှာပါ။ လူ ၄၀၀ ကျော်၊ ၅၀၀ ထက် မပိုပါဘူး။ ပရိသတ်ဘက်က ကိုယ်အားပေးလိုတဲ့ ဂစ်တာသမား ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ အေးအေးချမ်းချမ်းနဲ့ စိတ်ဝင်တစား အားပေးကြည့်ရှုကြတာ တွေ့ရသလို၊ ဂစ်တာ လက်စွမ်းပြ တီးခတ်သူတွေ ဘက်ကလည်း သူတို့ရဲ့ ပရိသတ်ကို သူတို့မှာ ရှိသမျှ စွမ်းအားတွေ အကုန်ချပြတဲ့ ပွဲလေး တပွဲပါပဲ။ ကြည့်ရှု နားထောင်သူကော တီးခတ်သူတွေပါ ညီတဲ့ ပွဲပါ။

မြန်မာပြည်မှာ ဘယ်တုန်းကမှ မလုပ်ခဲ့ဘူးတဲ့ ဒီလို ဂစ်တာသူရဲကောင်းတွေ တွေ့ဆုံတဲ့ ပွဲကို စီစဉ်တာကတော့ အရှေ့တောင် အာရှ တလွှားမှာ တူရိယာ ပစ္စည်းတွေ ရောင်းချနေတဲ့ ဆွီလီ ကုမ္ပဏီလို့ သိရပါတယ်။

ပွဲစတယ် ဆိုရင်ပဲ Lazy Club တေးဂီတဝိုင်းရဲ့ ဂစ်တာသမား နိုင်ဇော်ကို ချစ်ကောင်းက ဖိတ်ခေါ်လိုက်ပါတယ်။

ဂစ်တာသမားတွေက တယောက်ကို သီချင်း နှစ်ပုဒ်စီ တီးသွားတာပါ။ တယောက်နဲ့ တယောက် အကြားမှာ သူတို့ရဲ့ ဂစ်တာတွေကို ပြင်ဆင်ရတာ၊ တယောက်နဲ့ တယောက် Effect တွေကို အသုံးပြုပုံ ကွဲပြားတဲ့အတွက် စမ်းသပ်ပြင်ဆင် ရတာနဲ့ နည်းနည်းတော့ အချိန်ယူရပါတယ်။ အဲဒါကို နိုင်ဇော်က တောင်းပန်သလို၊ ချစ်ကောင်းကလည်း ပြင်ဆင်ချိန် ကြန့်ကြာမှုကို နားလည်းပေးကြဖို့ တောင်းပန်ပါတယ်။ ပရိသတ်ကတော့ “ရပါတယ်” ဆိုတာချည်းပါပဲ။

နိုင်ဇော်က မြန်မာ နိုင်ငံတော် သီချင်းကို တီးခတ်ပြီး ပွဲကို စတင်ဖွင့်လှစ်လိုက်ပါတယ်။ ပြီးတော့ “လမ်းပြပါ” လို့ အမည်ရတဲ့ သီချင်းကို တီးပြပြီး ပရိသတ်ကို နှုတ်ဆက် ထွက်ခွာသွားပါတယ်။ နိုင်ဇော်နဲ့ သုခုမ စက်ရုပ်များဆိုတဲ့ ဝိုင်း တီးခတ် အပြီးမှာတော့ Osider ဆိုတဲ့ တီးဝိုင်းနဲ့အတူ ဘိုဘိုရဲ့ လက်စွမ်းပြတီးခတ်သံကို ပရိသတ်တွေ နားဆင်ကြရပါတယ်။

ဒီပွဲလေးမှာ ထူးခြားတာကတော့ မိန်းကလေး ဝိုင်းတဝိုင်းကို အဆိုတော်ချစ်ကောင်းက မိတ်ဆက် ပေးလိုက်တာပါပဲ။ ဘိုဘိုရဲ့ လက်သံအပြီးမှာ စင်ပေါ်တက်လာတဲ့ အဖွဲ့ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ ဂစ်တာသူရဲကောင်း ချစ်စမ်းမောင် ခေါ် ဆရာချစ်ရဲ့ သမီး “ငယ်လေး” ပါဝင်တဲ့ မိန်းကလေး တီးဝိုင်းပါ။ သူတို့ဝိုင်းမှာ ဒရမ်၊ ဘေ့စ်၊ လိဒ် အကုန် မိန်းကလေးတွေ ချည်းပါပဲ။ တချိန်မှာ အဖေဖြစ်သူရဲ့ လက်သံကို မီကောင်း မီလာနိုင်မယ့် ငယ်လေးရဲ့ ဟန်ပန်ကတော့ ဆရာချစ်နဲ့ တထေရာတည်းပါပဲ။ ကရင်တိုင်းရင်းသားသံ ခပ်ဝဲဝဲ၊ ရိုးရှင်းတဲ့ ပြောဆိုဟန်နဲ့ ငယ်လေးက သူတို့ဝိုင်းကို မိတ်ဆက်ပေးပါတယ်။ သူတို့ရဲ့ လက်သံက စံချိန်မီတယ်လို့ မဆိုနိုင်သေးပေမယ့် မြန်မာပြည်မှာ တခေတ်တခါက “Venus” “ဧကရီ” စသည်ဖြင့် ရှိခဲ့ပြီး နောက်ပိုင်း လုံးဝပျောက်ကွယ်သွား ရာကနေ အခု မျိုးဆက်သစ်အနေနဲ့ မိန်းကလေး Band တခု ပေါ်ပေါက်လာမယ့် လမ်းစဖြစ်လို့ ကြိုဆိုရမှာပါ။

တဝိုင်းကို ၁၅ မိနစ်စီလောက် အချိန်ယူ တီးခတ်သွားပြီး ကြားထဲမှာလည်း ပြင်ဆင်ချိန်နဲ့မို့ တဝိုင်းကို မိနစ် ၂၀ စီလောက် ကြာတဲ့ ဒီပွဲမှာ လူပေါင်း ၂၀ ကျော်ရဲ့ တီးခတ်မှု ဖြစ်တာကြောင့် တယောက်ချင်းစီရဲ့ လက်သံတွေကို ခွဲခြား ဝေဖန်ပိုင်းဖြတ် ပြဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် ထူးခြားမှုရှိပြီး ပရိသတ် နှစ်ခြိုက်စိတ်ဝင်စားမှု ရရှိတဲ့ ဂစ်တာသူရဲကောင်း တွေကိုတော့ ဖော်ပြချင်ပါတယ်။

The Blesses ဆိုတဲ့ လူငယ်တွေနဲ့ စုစည်းထားတဲ့ Band လေးက အဆိုတော် ချစ်ကောင်း မိတ်ဆက်ပေးသလို ထူးထူးခြားခြား ဖျော်ဖြေသွားနိုင်တာ တွေ့ရပြီး ပရိသတ်လည်း သဘောကျ နှစ်ခြိုက်ပါတယ်။ ပြီးတော့ တဆက်တည်း လာတဲ့ Band က မန္တလေးက Dream Lavel လို့ အမည်ရတဲ့ တီးဝိုင်းဖြစ်ပါတယ်။ မန္တလေးက လာတီးတဲ့ တဝိုင်းတည်းသော Band ဖြစ်ပေမယ့် သူတို့ဝိုင်းက ဂစ်တာသမား ဆန်းဝင်းအောင်ရဲ့ လက်သံက အတော်ပြောင်တယ် ဆိုရမှာပါ။

“ရန်ကုန်မြို့မှာ အောင်မြင်ကျော်ကြားတဲ့ အဆိုတော် တော်တော်များများ မန္တလေးမှာ ဒီအဖွဲ့ကို အားကိုးရပါတယ်” လို့ ချစ်ကောင်းက မိတ်ဆက်ပါတယ်။

သူတို့အဖွဲ့မှာ ဒရမ်သမားက ဝေဖြိုးဖြစ်ပါတယ်။ ထူးထူးခြားခြား လိဒ်သမားတွေ တီးခတ်တဲ့ပွဲမှာ ဝေဖြိုးရဲ့ ဒရမ်လက်သံကို သတိမထားဘဲ မနေနိုင်ပါဘူး။ သူက ဂစ်တာသူရဲကောင်း ချစ်စမ်းမောင် တီးခတ်ချိန်မှာလည်း ဒရမ်ဝင်တီးပေးသူ ဖြစ်ပါတယ်။

ဂီတမှာ နေရာဒေသ ခွဲခြားမှု မရှိ၊ မိန်းကလေး ယောက်ျားလေး ခွဲခြားမှုမရှိ၊ ရင်ခုန်သံချင်းတူရင် ဂီတမှာ တသားတည်း ကျနိုင်တယ်ဆိုတဲ့ ချစ်ကောင်းရဲ့ စကားက ဒီနေရာမှာ လက်တွေ့မြင်ရပါတယ်။ ဂစ်တာသူရဲကောင်းတွေ လက်စွမ်းပြတဲ့ ဒီပွဲမှာ ပရိသတ်ကတော့ ယောက်ျား မိန်းမ၊ လူကြီး လူငယ်၊ နေရာ အသားအရောင် ခွဲခြားမှုမရှိဘဲ တသားတည်း ကျနေပါပြီ။

ပရိသတ်ကတော့ ဇွဲကောင်းကောင်းနဲ့ သူတို့ရဲ့ ဂစ်တာသူရဲကောင်း တွေကို မျှော်လင့်ရင်း၊ အသစ်မြင်တွေ့ရတဲ့ လူငယ် ဂစ်တာသူရဲကောင်းတွေကို ကြည့်ရှု အံ့သြရင်း မတ်တပ် အကြာကြီးရပ်ရလို့ ညောင်းညာကိုက်ခဲ နေတာကိုတောင် မေ့နေပုံရပါတယ်။

လူငယ် ဂစ်တာသမားထဲမှာ ဆန်နီဆိုတဲ့ ဂစ်တာသူရဲကောင်း တယောက်ကိုလည်း သတိပြုမိပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်လောက်က FMI စင်တာမှာ ဂျော်လီဘတ် ဂစ်တာဆိုင်က ကြီးမှူးကျင်းပတဲ့ လိဒ်ဂစ်တာပြိုင်ပွဲတုန်းက ငယ်ငယ်ရွယ်ရွယ်နဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၀၄ ခုနှစ်လောက်မှာ ဂီတလောကထဲ ဝင်ရောက်ခဲ့သူလို့ သိရပါတယ်။

ပရိသတ် သီးသန့်ရှိပြီး အသိအမှတ်ပြုခံရတဲ့ နောက်ထပ်တဦးကတော့ ရော့ခ်၊ ဟဲဗီး ရော့ခ်တွေ အကြားမှာ Blues ဂီတကို သေသေသပ်သပ်နဲ့ ကြည့်ရှုသူတွေ မင်တက်အံ့သြစေလောက်အောင် လက်စွမ်းပြသွားတဲ့ ဂစ်တာသမား ညီညီပဲ ဖြစ်ပါတယ်။ သူ့ပရိသတ်တွေကတော့ လူငယ်တွေထက် လူကြီးတွေ ပိုများပါတယ်။

တချိန်က နာမည်ကြီးခဲ့တဲ့ The Aces ဝိုင်းက လိဒ်ဂစ်တာသမား ပက်ထရစ်ကတော့ သူများနဲ့မတူ ကွဲပြားစွာနဲ့ ဂစ်တာတီးရင်း သီချင်းပါ သီဆိုသွားခဲ့ပါတယ်။ ဂစ်တာလေးကို သူ ဘယ်လောက်ချစ်တယ်၊ ရင်ခွင်ထဲမှာ ထည့်ထားရင် အမောပြေတယ် ဆိုတဲ့ အဓိပ္ပာယ်ရတဲ့ သူ့သီချင်းရဲ့ ခေါင်းစဉ်ကိုတော့ ပြောမသွားပါဘူး။ သူသီဆို တီးခတ်နေစဉ်မှာ အသုံးပြုနေတဲ့ မီးစက်တခု ချွတ်ယွင်းသွားတဲ့ အတွက် စင်ပေါ်မှာ အသံမပျောက်ဘဲ မှောင်မည်းသွားပါတယ်။

တကယ်တော့ တောက်လျှောက်ဆိုသလို ပရိသတ်ကို ကောင်းကောင်း အနှောင့်အယှက်ပေးခဲ့တာ ဆလိုက်မီးတွေပါလို့ ဆိုရင် ငြင်းမယ့်သူ ရှိမယ် မထင်ပါဘူး။ ရှိသမျှ မီးတွေကို ထွန်းလို့ရသမျှ အကုန်ထွန်း၊ ပရိသတ်ဘက်ကို ဆလိုက်မီးကြီးနဲ့ တည့်တည့်ထိုး၊ ဒီကြားထဲ့ စင်ထောင့်တထောင့်ကနေ ဘာကြောင့်မှန်းမသိ ဖြာထွက်နေတဲ့ အစိမ်းရောင် မီးတန်းကြီးက ရှိသေး၊ စိတ်မနှံ့သူက မီးခလုပ်တွေကို ဖွင့်လိုက်ပိတ်လိုက် လုပ်နေသလို ထင်ရတဲ့၊ အစီအစဉ် မကျနတဲ့ မီးစနစ်ကြောင့် ပရိသတ် အတော်ကလေး စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရပါတယ်။ ပရိသတ်က ကြည့်ကောင်းနေတုန်း မျက်နှာကို မီးနဲ့ တည့်တည့် ထိုးတာမျိုးလုပ်တာကတော့ အစီအစဉ် ညံ့ဖျင်းမှုတွေထဲက တခါပါ။ နောက်တခုကတော့ ပရိုဂျက်တာ ရှိပေမယ့် လုံးဝ မဖွင့်တာရယ်၊ နောက်ခံ ပိတ်ကားမှာ ပြချင်သလို ပြနေတဲ့ အရုပ်တွေရယ် … အဲဒီ အလွဲ အနည်းငယ်လည်း တွေ့ရပါတယ်။

ပက်ထရစ်က ဆိုတီးလုပ်ပြီးချိန်မှာ ကွယ်လွန်သူ မဇ္ဈိမလှိုင်း တေးဂီတဝိုင်းခေါင်းဆောင် ဇော်မျိုးထွဋ်ကို သိပ်သတိရကြောင်း၊ သူ့အတွက် အစီအစဉ်တွေလည်း ရှိကြောင်း ပြောပါတယ်။ တကယ်တော့ ကျင်းပနေတဲ့ ဂစ်တာသူရဲကောင်းများ တွေ့ဆုံတဲ့ ပွဲကို ဖြစ်မြောက်ဖို့ စီစဉ်သူတွေထဲမှာ အဲဒီ အကယ်ဒမီ ဇော်မျိုးထွဋ်လည်း ပါဝင်ပါတယ်။

ပျက်သွားတဲ့ မီးစက်ကို ပြန်လည် ပြုပြင်ဖို့ ခေတ္တနားနေတာကိုလည်း ပရိသတ်က စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပါတယ်။

၁၅ မိနစ်လောက် အကြာမှာတော့ အစီအစဉ်ကို ပြန်စပါပြီ။ မီးလည်း နည်းနည်း အဆင်ပြေသွားပါတယ်။ စူးရှတဲ့ မီးလုံးတွေကို ပရိသတ်ဘက် မထိုးတော့ပါဘူး။ အစီအစဉ် ပြန်စစချင်းမှာတော့ ဒီပွဲမှာ မပါဝင်နိုင်တော့တဲ့ အကယ်ဒမီ ဇော်မျိုးထွဋ်ရဲ့ ကိုယ်စား သားဖြစ်သူ ရွှေထွဋ်ကတီးခတ်ပါတယ်။ ဇော်မျိုးထွဋ် အလွမ်းပြေလို့ ပြောနိုင်သလို၊ သူ့တေးသွားတွေကြောင့် ဇော်မျိုးထွဋ်ကို ပိုလွမ်းစေပါတယ်။

ပန်းခရမ်းပြာ၊ မျက်သွယ် စတဲ့ ဇော်မျိုးထွဋ် တီးခတ်ခဲ့တဲ့ သီချင်းတွေကို ပေါင်းစပ်ပြီး ရွှေထွဋ်က တီးပြသွားတာပါ။ ပွဲက တဖြည်းဖြည်း အရှိန်မြင့်လာပေမယ့် ပရိသတ် မျှော်လင့်နေတဲ့ ထိပ်ဆုံးက ဂစ်တာသူရဲကောင်းတွေ အများကြီး ကျန်နေပါသေးတယ်။

နောက်ထပ် ပရိသတ် နှစ်ခြိုက်အားပေးတဲ့ တမူထူးသူကတော့ ဒဲရစ်မေလာပါပဲ။ ဆံပင်တွေ ဖြူနေပြီး သက်ကြီးပိုင်းကို ရောက်နေပြီ ဖြစ်ပေမယ့် သူ့ရဲ့ ဟန်ပန်ကတော့ လူငယ်လေး တယောက်လို မြူးကြွနေတာ တွေ့ရတယ်။ သူကတော့ ချယ်လို ဘေ့စ်နဲ့ တွဲဖက်ပြီး Juzz ဂီတကို ညက်ညက်ညောညော တီးပြသွားသူပါ။

မြန်မာပြည်က ဂစ်တာရူးသွပ်သူတွေ အားလုံး ကမ္ဘာမှာ ထိပ်ဆုံးက ဂစ်တာသမားတွေဖြစ်တဲ့ ဂျင်မီဟန်းဒရစ်၊ ဂယ်ရီမိုး၊ စတိဗ်ဗိုင်း၊ ဂျိုးစထရိန်နီ၊ မဲလ်စတင်းမ် အစရှိတဲ့သူတွေကို သက်ရှိ ပြဌာန်းစာအုပ်ကြီးတွေ သဖွယ် လေးစားကြပါတယ်။ သူတို့ရဲ့ ဂစ်တာဆိုလိုတွေကို မြန်မာပြည်က ဂစ်တာသမားတိုင်း လိုက်လံ တီးခတ်ရစမြဲပါ။

ပထမတပုဒ်မှာ လိဒ်ဂစ်တာကို သူကိုယ်တိုင် တီးပေမယ့်၊ နောက်ခံ အသံကို ပရိုဂရမ်နဲ့ တီးခတ်ပြီး ပါဖောမန့် သရုပ်ဆောင် အကအဖွဲ့ထည့်သွင်း တင်ဆက်တဲ့ အောင်သူ ဆိုတဲ့ ဂစ်တာသမားကိုလည်း မှတ်မှတ်သားသား ရှိပါတယ်။ သူက နောက် တပုဒ်မှာ တဦးတည်း နောက်ခံ ပရိုဂရမ်ဖွင့်ပြီး ဂယ်ရီမိုးရဲ့ သီချင်းတပုဒ်ကို သေသေသပ်သပ် တီးခတ်သွားခဲ့ပါတယ်။ အောင်သူလိုပဲ ပရိသတ် လက်ခံနှစ်ခြိုက်မှုကို ရခဲ့သူ တဦးကတော့ လိဒ်ဂစ်တာ သမား ရန်နိုင် ဖြစ်ပါတယ်။

ကြည့်ရှု နားဆင်တဲ့ ပရိသတ်ကလည်း လျှော့တွက်လို့ မရပါဘူး။ ပရိသတ်ထဲမှာ ဂစ်တာကို ကောင်းကောင်း တီးခတ် နိုင်သူတွေ ပါနိုင်သလို၊ ဂစ်တာကို ကိုယ်တိုင်မတီးခတ်တတ်ပေမယ့် ရူးသွပ်တဲ့အတွက် လေ့လာအား ကောင်းသူတွေလည်း ပါနိုင်ပါတယ်။ ဒါကိုလည်း စင်ပေါ်က ဂစ်တာသမား အများစုက ကြိုတွက်ထားကြမှာပါ။ တီးခတ်သူ အများစုဟာ ပရိသတ်ကို လေးလေးစားစားရှိတာ တွေ့ရပါတယ်။

တခြား ရှိုးပွဲတွေနဲ့ မတူတဲ့ အချက်ကတော့ ပရိသတ်ရဲ့ တောင်းဆိုမှု၊ တင်ပြမှုကို အစီအစဉ် တင်ဆက်သူ အပါအဝင် စက်သမားတွေကအစ လေးစား လိုက်နာပြင်ဆင်ပေးတဲ့ အချက်ပါပဲ။ အစပိုင်း တီးခတ်မှုတွေမှာ ပရိသတ်က “ဂစ်တာသံ နည်းတယ်ဗျို့” လို့ ဆိုလိုက်တာနဲ့ ချစ်ကောင်းက “ဂစ်တာသံ နည်းတယ်လို့ ပြောတယ်ဟေ့” ဆိုပြီး အကြောင်းကြား ပေးပါတယ်။ စက်သမားကလည်း ပြန်ချိန်ပေးပါတယ်။ ဒါကတော့ ချစ်စရာကောင်းတဲ့ ပရိသတ်နဲ့ စင်ပေါ်ကလူတွေရဲ့ ဆက်သွယ်မှုလို့ ဆိုရမှာပါ။

တီးခတ်ကြသူတွေထဲမှာ ထူးထူးခြားခြား ကွဲထွက်အောင် လက်စွမ်းပြနိုင်သူတွေ ပါသလို၊ သာမန်သူလိုကိုယ်လို လောက်ပဲ ပြသနိုင်သူတွေလည်း ပါပါတယ်။ တချို့ကလည်း ပါဖောမန့်နဲ့ ဆွဲဆောင်သလို၊ တချို့ကလည်း ဘာမှမပါဘဲ သူ့လက်သံကိုပဲ ယုံယုံကြည်ကြည်နဲ့ တင်ဆက်ပါတယ်။ တချို့က ကော်ပီတွေကို တီးခတ်ပြသလို၊ တချို့ကလည်း ကိုယ်ပိုင်သံစဉ်တွေကို တီးခတ်ပြပါတယ်။ ပရိသတ် ရင်ထဲ စွဲထင် သွားသူတွေကတော့ ထူးထူးခြားခြား ကောင်းတဲ့သူတွေရယ်၊ ထူးထူးခြားခြား ကိုယ့်ကိုယ်ကိုယ် ထင်တလုံး ကြော်ငြာထိုးပေမယ့် ပျင်းစရာ ကောင်းလောက်အောင် ညံ့တဲ့ သူတွေရယ်ပဲ ဖြစ်ပါတယ်။ ပျင်းစရာကောင်းအောင် ညံ့တဲ့သူက သိပ်တော့ မများလှပါဘူး။ မပြောပလောက်ဘူးလို့ ဆိုနိုင်ပါတယ်။

ပြာလွင်တဲ့ ကောင်းကင်နောက်ခံမှာ ကြယ်တွေ စုံစပြုပါပြီ။ ညဥ့်လည်း တဖြည်းဖြည်း နက်လာ၊ အအေးလည်း တဖြည်းဖြည်း ပိုလာပါပြီ။ စင်မြင့်ပေါ် တက်လာတဲ့ ဂစ်တာကြယ်ပွင့် တွေကတော့ မစုံသေးပါဘူး။ တချို့ကြယ်တွေက ခပ်မှိန်မှိန်၊ တချို့ကြယ်တွေကျတော့ တောက်တောက်ပပ၊ တချို့ကလည်း အစွမ်းကုန်တောက်ပဖို့ အားယူနေသူတွေ ဖြစ်ပါတယ်။

ဒီအထဲမှာ ကိုယ်ပိုင်သံစဉ်လည်းဖြစ်၊ ပရိသတ် အတွက်လည်း မက်ဆေ့ခ်ျ တခုခု ပါစေတဲ့ တီးခတ်မှုတွေနဲ့ “ဒါမျိုး ဖြစ်နေရမယ်” ဆိုတဲ့ မှတ်ချက်ရသူ တယောက်ကိုလည်း တွေ့ရပါတယ်။ သူကတော့ ရွှေသံစဉ် တီးဝိုင်းက နိုင်ငံရေး အကျဉ်းသားဟောင်း လိဒ်ဂစ်တာသမား ကိုဝင်းမော်ပါ။ သူကိုယ်တိုင် ဖန်တီးထားတဲ့ တေးသွား နှစ်ပုဒ်ဟာ အဓိပ္ပာယ်လည်း ရှိပြီး ရင်ထဲ စွဲကျန်ရစ်စေတဲ့ Mood အပြည့် တီးခတ်မှုတွေနဲ့ အံ့သြစရာ ကောင်းလှပါတယ်။

သူ့သီချင်းတပုဒ် နာမည်ကတော့ “ပျောက်ဆုံးနေသော ဝိဥာဉ်များ၏ သမိုင်း” လို့ အမည်ရပြီး ၈ လေးလုံးကာလက လမ်းမပေါ်မှာ ပျောက်ကွယ်သွားသူတွေရဲ့ ဝိဥာဉ်တွေအကြောင်း ဖော်ကျူးထားတာပါ။ နောက်တပုဒ်ကတော့ “ရွှေဝါရောင် တော်လှန်ရေး” လို့ အမည်ရပါတယ်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးက သံဃာတွေကို ဂုဏ်ပြုစပ်ဆိုထားတဲ့ တေးသွားပါပဲ။ နှစ်ပုဒ်လုံးကို ပရိသတ်က နှစ်ခြိုက်တာ တွေ့ရပါတယ်။

သန်းခေါင်ယံကို ကျော်လာချိန်မှာတော့ ပရိသတ်လည်း ခြေကုန်လက်ပန်း ကျစပြုလာပါပြီ။ ဒါပေမယ့် သူတို့ ကြည့်ချင်၊ နားထောင်ချင်တဲ့သူတွေ မစုံသေးလို့ မျှော်တလင့်လင့် ဖြစ်နေကြတုန်းပါပဲ။

အစီအစဉ် ကြေညာသူ ချစ်ကောင်းက “မက်တယ်ဇုန်” လို့ စရုံပဲရှိသေး အောက်က ပရိသတ်က “ဇော်လတ်၊ ဇော်လတ်” လို့ ဝိုင်းအော်ပြီး လက်ခုပ်တီးကြပါတယ်။ ပါဖောမန့် လုံးဝမပါပေမယ့် လှုပ်ခတ်အောင် တီးပြနိုင်တဲ့ ဂစ်တာသူရဲကောင်း တဦး အဖြစ် ပရိသတ် လက်ခံထားပြီးသား ဖြစ်တဲ့အတွက် အထူး ဖော်ပြစရာ မလိုတော့ပါဘူး။

ပရိသတ်နဲ့ ထပ်တူကျပြီး ငိုက်မြည်းနေတဲ့ မျက်လုံးတွေ ကျယ်သွားအောင် နိုင်ငံတကာတန်းဝင် ပါဖောမန့်တွေနဲ့ ပြသ တီးခတ်သွားသူကတော့ Haven Born က တိုးတိုးပါ။ သူ့နာမည်ကို ကြေညာစဉ်မှာလည်း ပရိသတ်က အားပါးတရ အားပေးပါတယ်။ Bad Man ရုပ်ရှင်ထဲက ဂျိုကာလို သူ့မျက်နှာကို ခြယ်သထားတဲ့ တိုးတိုးဟာ ပထမတပုဒ်မှာတော့ ခပ်အေးအေး လွမ်းမောဖွယ် ဂီတတခုကို ဖော်ကျူးပါတယ်။ ဒီသီချင်းမှာ သူ့ကိုကြည့်ရတာ G3 မှာတီးနေတဲ့ စတိဗ်ဗိုင်းကို မြင်ယောင်စေပါတယ်။ ဒီသီချင်းနဲ့ ပတ်သက်လို့ သူက ဒီပွဲမှာ မပါနိုင်တော့တဲ့ သူ့ဆရာအစ်ကို မဇ္ဈိမလှိုင်း ဇော်မျိုးထွဋ်ကို သတိရ လွမ်းဆွတ် တီးခတ်တယ်လို့ ဆိုပါတယ်။ တိုးတိုးရဲ့ နောက်တပုဒ်ကတော့ အမြူးအကြွ၊ အခုန်အပေါက်တွေနဲ့ ဂီတကော ပါဖောမန့်ပါ ကောင်းလွန်းလို့ ပရိသတ်အားလုံး တဝုန်းဝုန်း အားပေးကြတဲ့ အထိပါပဲ။ သူ့ပုံစံက တမင်လုပ်နေတာနဲ့ မတူဘဲ Mood ရဲ့ စေခိုင်းရာကို လုပ်နေပုံပါပဲ။ စင်ရှေ့ကို ခုန်ပေါက် ပြေးထွက်လာတာ၊ ဂစ်တာကို ကိုယ်ကနေဖြုတ်ပြီး ပုံစံမျိုးစုံ တီးတာ၊ နောက်ဆုံး အားမလိုအားမရ ဖြစ်လာပုံနဲ့ ဂစ်တာကို တစောင်းချ၊ အင်္ကျီကို ချွတ်ပြီး ဂစ်တာကြိုးတွေကို တဗြန်းဗြန်းရိုက်တာ၊ အဲဒီလို လုပ်ပေမယ့် ဂီတပုံစံတမျိုးအဖြစ် ပရိသတ် ခံစားရတာ၊ ဒါတွေကတော့ သူ့ရဲ့ ကျွမ်းကျင်မှုလို့ပဲ ဆိုရမှာပါ။

အေးအေးငြိမ်ငြိမ် တီးသွားတဲ့ ဘွိုင်းရဲ့ လက်သံကိုလည်း ပရိသတ် အသိအမှတ် ပြုကြပါတယ်။ ဝိုင်းအနေနဲ့ သီးသန့် မရှိပေမယ့် တကိုယ်တော် ဆက်ရှင် ဂီတသမားတွေ၊ လူအများစု မသိတဲ့ ရွက်ပုန်းသီး လိဒ်ဂစ်တာသမား တွေကို အဲဒီညမှာ တစုတစည်းတည်း တွေ့ရ နားဆင်ရပါတယ်။ လိဒ်သမားတွေ လက်စွမ်းပြတဲ့ ပွဲဆိုပေမယ့် ဝိုင်းတော်တော်များများမှာ ပါဝင် တီးခတ်ပေးတဲ့ ဒရမ်သမား ဖဦးထုပ်နဲ့ ဘေ့စ် ကိုမြတ်မိုးတို့ကိုလည်း ပရိသတ်က သတိပြုမိကြပါတယ်။

မနက် ၂ နာရီလောက်မှာတော့ ပရိသတ်အားလုံး မျှော်လင့်တောင့်တနေတဲ့ ခြောက်ကြိုးကဝေကို နိုင်နင်းသူ ဆရာချစ် (ချစ်စမ်းမောင်) ရဲ့ အလှည့် ကျရောက်လာပါတယ်။ သူ့နာမည်ကို မကြေညာဘဲ ချစ်ကောင်းက “ကျနော်တို့ ပွဲပြီးခါနီးမှာ တီးခတ်ပေးမယ့် ဂစ်တာသမား တဦးကို ကျနော် ဖိတ်ခေါ်ချင်ပါတယ်” လို့ ဆိုလိုက်တာနဲ့ ပရိသတ်က “ဝေး” ကနဲ့ အသံပြုပြီး ကွင်းထဲမှာ အနည်းငယ် ပြန့်ကျဲနေရာက စင်နားကို ပြန်ကပ်လာပြီး အားလုံးနီးပါး ဖုန်းတွေဖွင့်၊ တက်ပလက်တွေ ဖွင့်ပြီး ဗီဒီယို မှတ်တမ်းတင်ဖို့ ပြင်ကြတော့ တာပါပဲ၊ ပါးစပ်ကလည်း “ဆရာချစ်၊ ဆရာချစ်” လို့ အော်ဟစ်ကြပါတယ်။

ဆရာချစ်ကတော့ သူ့ရဲ့ ခြောက်ကြိုးကဝေ အခွေထဲက တေးသွားအမြူးတပုဒ်နဲ့ စဖွင့်ပါပြီ။ ပြီးတာနဲ့ တဆက်တည်း သူ ဂစ်တာ လဲနေချိန်မှာ မိုက်ကရိုဖုန်းကို ကိုင်ပြီး သူ့ရဲ့ ဘေ့စ်သမား၊ ဒရမ်သမား တွေနဲ့ မိတ်ဆက်ပေးပါတယ်။ ဘေ့စ် သမားကော၊ ဒရမ်သမားနဲ့ပါ မိတ်ဆက်ပေးပါတယ်။ သူတယောက်တည်း အစွမ်းပြတာ မဟုတ်ဘဲ၊ သူ့ရဲ့ ဘေ့စ်သမား၊ ဒရမ်သမား တွေကိုပါ အစွမ်းပြစေပါတယ်။ ဂီတလောကမှာ ရှေ့က လက်သံပြောင်သူတွေရဲ့ နေရာ ကွက်လပ် တခု ဖြစ်လာခဲ့ရင် အဲဒီကွက်လပ်ကို ဖြည့်ကြမယ့် လူငယ်တွေလို့ မျှော်လင့်နိုင်တဲ့သူတွေပါ။ ပထမသီချင်းကို တီးခတ်အပြီးမှာ သူ့ ကီးဘုတ်သမားက ကရင်တိုင်းရင်းသား ရိုးရာ တေးသွားတခုကို စတင် တီးခတ်ပါတယ်။ အဲဒီတီးခတ်မှုနဲ့အတူ နောက်ခံပိတ်ကားမှာ ကရင်အလံ ပေါ်လာပါတယ်။ ဆရာချစ်က စင်ရှေ့ကို ထွက်လာပြီး Mood အပြည့်နဲ့ စတင်လက်စွမ်းပြပါတယ်။ သူ့ရဲ့ အနှေးလက်စွမ်းပြမှု မှာလည်း ခြောက်ကြိုးကဝေထဲက သီချင်းတပုဒ်ပါပါတယ်။ ဒီသီချင်းကိုတော့ ဂစ်တာရူးသွပ်သူ အားလုံး သိပြီးသားပါ။ သူ့တေးသွားနဲ့အတူ ပရိသတ်က “ငါ … ပူလောင်ခြောက်သွေ့ … ရေဆာတဲ့နေ့ … ဂစ်တာလေး အလွမ်း … ပြေ” ဆိုပြီး သီချင်းတေးသွားကို လိုက်လံ ညည်းပါတယ်။ နောက်ဆုံးမှာတော့ သူ့သမီး ငယ်လေးရဲ့ ခေါင်းပေါ်မှာ ဂစ်တာကိုတင်ပြီး IC ပွဲတိုင်း ဂစ်တာလက်စွမ်းပြ တီးခတ်ရာမှာ မပါမဖြစ် မန်းတောင်ရိပ်ခို သီချင်းထဲက “မြနန္ဒာ” ခိုးရပ်စ် တေးသွားနဲ့ အဆုံးသတ်ပါတယ်။

ချစ်စမ်းမောင်ပြီးသွားတော့ ပရိသတ်တချို့က ပွဲပြီးပြီ အထင်နဲ့ လှည့်ပြန်မလို့ အလုပ်မှာ အစီအစဉ် တင်ဆက်သူ ချစ်ကောင်းက “ဟဲဗီးရော့ခ် ဆိုတဲ့ ဂီတအမျိုးအစားတခုကို မြန်မာပြည်က ပရိသတ်အတွက် စတင် မိတ်ဆက်ပေးခဲ့တဲ့ အင်ပါယာ တေးဂီတဝိုင်းရဲ့ လိဒ် ဂစ်တာသမား ဇော်မျိုးထွဋ်” ဆိုတာနဲ့ ပရိသတ်က စင်နားကို ပြန်ရောက်လာ ပြန်ပါတယ်။ ဇော်မျိုးထွဋ်က ရော့ခ် တပုဒ် Blues တပုဒ် တီးခတ်ပြသွားပါတယ်။ ဂစ်တာသူရဲကောင်းတွေရဲ့ တကိုယ်တော် လက်စွမ်းပြမှု ကတော့ ဒီတင်ပဲ ပြီးသွားပါပြီ။

ဒါပေမယ့် မပြီးသေးပါဘူး။ ဂစ်တာသူရဲကောင်းတွေ တွေ့ဆုံတဲ့ပွဲက အခုမှ စတာပါ။ မြန်မာပြည်မှာ နာမည်အကြီးဆုံး ဆိုတဲ့ ဂစ်တာသမား အားလုံးစုံညီ စင်မြင့်ပေါ် တက်လာကြပါပြီ။ တိုးတိုး၊ ဇော်မျိုးထွဋ်၊ ဇော်လတ်၊ ချစ်စမ်းမောင် စတဲ့ နာမည်ကျော် ဂစ်တာသမားတွေနဲ့ အတူ တကိုယ်တော် လက်စွမ်းပြခဲ့သူတွေ အားလုံး စင်ပေါ်ရောက်လာတာပါ။

ချစ်စမ်းမောင် တီးခတ်စဉ်က စင်ပေါ်မှာ မီးခိုးတွေ အမှုတ်လွန်သွားလို့ တီးခတ်သူကို မမြင်ရလောက်အောင် ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ပရိသတ်က အားလုံးတီးကြမယ့် အချိန်မှာ မီးခိုးတွေ မလွှတ်ဖို့ တောင်းဆိုပါတယ်။ ချစ်ကောင်းကလည်း ကြေညာ ပေးပါတယ်။ ပြောတဲ့အတိုင်း မီးခိုးတွေ မလွှတ်လို့ ဂစ်တာသမားတွေကို ကောင်းကောင်း ကြည့်ရပေမယ့် စင်ပေါ်တက်၊ ဂစ်တာသမားတွေကို ကွယ်လောက်အောင် ဓာတ်ပုံ အလုအယက် ရိုက်ကြသူတွေကြောင့် ပရိသတ် တော်တော်လေး စိတ်ကသိကအောင့် ဖြစ်ရပါတယ်။ ဒါပေမယ့် အေးအေးဆေးဆေးပါပဲ။

အုပ်စုလိုက် တီးခတ်မှုကတော့ ကွယ်လွန်သူ တေးရေးတေးဆို ထူးအိမ်သင်ရဲ့ “ရာဇဝင်များရဲ့ သတို့သမီး” နဲ့ စဖွင့်ပါတယ်။ ထူးခြားကတော့ ဂစ်တာသမား နှစ်ဦးဖြစ်တဲ့ ဇော်လတ်နဲ့ ရန်နိုင်တို့က သီချင်းဆိုကြတာပါ။ သူတို့ ဆိုအပြီး ဆိုလိုပိုဒ် အရောက်မှာတော့ ဂစ်တာသမား တယောက်ချင်း ဂစ်တာတွေ လဲလိုက်၊ လက်စွမ်းပြလိုက်နဲ့ သီချင်းတပုဒ်တည်းကို ၁၅ မိနစ်လောက် တီးခတ်ပါတယ်။ တကယ်ကို မကြုံစဖူး ထူးခြားတဲ့ ပွဲပါပဲ။ သီချင်းဆိုတဲ့ ဇော်လတ်နဲ့ ရန်နိုင်တို့လည်း မိုက်ကရိုဖုန်း ချပြီး လက်စွမ်းဝင်ပြပါတယ်။ တိုးတိုးက သူကိုယ်တိုင် တီးခတ်အပြီးမှာ ဟိုလူ၊ ဒီလူနဲ့ လက်ညှိုးထိုးပြီး တယောက်ချင်းစီကို တီးခတ်စေပါတယ်။

ရာဇဝင်များရဲ့ သတို့သမီး အပြီးမှာတော့ ဂစ်တာသမားတွေရဲ့ ပြဌာန်းသီချင်းတပုဒ်လို့ ဆိုနိုင်တဲ့ Deep Puple ရဲ့ Smoke on the water အင်ထရိုကို တီးခတ်ကြပါတယ်။ အင်ထရိုအပြီးမှာတော့ ဇော်လတ်က မိုက်ကရိုဖုန်းကို ဟန်ပါပါကိုင်ပြီး သီချင်းကို စတင်သီဆိုပါတော့တယ်။ ပရိသတ်က ဇော်လတ်ကို တော်တော်လေး သဘောကျကြတာ တွေ့ရပါတယ်။ သီဆိုအပြီးမှာ မိုက်ကရိုဖုန်း ကိုင်ရက်နဲ့ စက်ရုပ်ပုံစံ ကပြပါသေးတယ်။ ဒီမှာလည်း ဆိုလိုတွေ အများကြီး တယောက်တပုံစံစီ တီးခတ်ပြန်ပါတယ်။ ဂစ်တာ ကြယ်ပွင့်တွေ တယောက်နဲ့တယောက် ချစ်ချစ်ခင်ခင် စည်းစည်းရုံးရုံးနဲ့ တီးခတ် တင်ဆက်ကြတာ မြင်ရတဲ့ အတွက် ပရိသတ်ကလည်း တသားတည်း ဖြစ်နေပါတယ်။ အဲဒီအချိန်မှာ မနက် ၂ နာရီ ခွဲနေပါပြီ။ အစကတည်းက အုပ်စုလိုက် ၂ ပုဒ် တီးခတ်မယ်လို့ ကြားထားတဲ့အတွက် ဒီသီချင်းပြီးတာနဲ့ ပရိသတ်က ပြန်ကြဖို့ ပြင်ကြပါတယ်။

ဒါပေမယ့် အဲဒီအချိန်မှာပဲ ချစ်စမ်းမောင်က မိုက်ကရိုဖုန်းကို ကိုင်ပြီး “ပရိသတ်ကြီး အိပ်ချင်နေပြီလား။ ကျနော်တို့က ဒီအတိုင်းဆိုရင် ပရိသတ်ကို ဒုက္ခပေးသလိုတော့ ဖြစ်နေပါပြီ။ ဒါပေမယ့် အဆိုတော်ကို Announcer လုပ်ခိုင်းတာတော့ မတရားဘူးပေါ့ဗျာ၊ ဒီတော့ ကိုချစ်ကောင်းကို သူ့ရဲ့ အလှည့်သီချင်း ဆိုခိုင်းပြီး ဒီပွဲကို အဆုံးသတ်ချင်ပါတယ်” လို့ ပြောလိုက်ပါတယ်။

ချစ်ကောင်းရဲ့ “အသိုက်လည်း မရှိဘူး ကူးချင်ရာကို ကူး …” ဆိုတဲ့ အသံနဲ့အတူ ဂစ်တာ လက်စွမ်းပြသံတွေက ပွဲခင်းထဲမှာ ပြန့်လွင့်လို့ တဖြည်းဖြည်းဝေး ကျန်ရစ်ခဲ့ပါပြီ။ ကြယ်တွေလည်း လုံးဝ စုံသွားပါပြီ။ အဲဒီနေ့ကတော့ ကောင်းကင်မှာ ဂစ်တာ ကြယ်ပွင့်တွေ စုံညီတဲ့ ညပါပဲ။

Irrawaddy ဧရာဝတီ သတင်း

ထိုင်းအစိုးရဖြုတ်ချရေး ဆက်လက်ဆန္ဒပြ


ထိုင်းနိုင်ငံတွင်း ၀န်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်ကို ဖြုတ်ချရေး ရည်မှန်းတဲ့ ဆန္ဒပြပွဲတွေ အတွင်း တိုက်ခိုက်မှုတွေကြောင့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေက လုံခြုံရေး စိုးရိမ်နေကြပေမယ့် ဒီနေ့ ဆက်လက်ဆန္ဒပြနေကြပါတယ်။

မြို့တော်ဘန်ကောက်အလယ်က လဒ်ဖရာအို ရပ်ကွက်မှာ ဒီနေ့မနက် အစောပိုင်းက ဗုံးနဲ့ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၂ ဦး ဒဏ်ရာရပါတယ်။ မျက်မြင်သက်သေ တယောက်ကတော့ ဒုတိယအကြိမ် တိုက်ခိုက်မှုကို ကြောက်ပြီးပုန်းနေကြဖို့ တခြားလူတွေကို အော်ဟစ်သတိပေးခဲ့တယ်လို့ ပြောပါတယ်။

တိုက်ခိုက်မှုတွေ ရှိပေမယ့် ရွေးကောက်ပွဲမတိုင်မီ ပြုပြင်ပြောင်းလဲမှု လုပ်ရေး တွန်းအားပေး မယ်လို့လည်း ဆန္ဒပြသူတွေက ပိုင်းဖြတ်ထားကြပါတယ်။

ဆန္ဒပြပွဲတွေနဲ့ မြို့တော်တွင်း လမ်းပိတ်မှုဖိအားတွေကို ရင်ဆိုင်နေရတဲ့ ထိုင်းအစိုးရဟာ ကန့်ကွက်မှုတွေကြားက ဖေဖော်ဝါရီ ၂ ရက်ရွေးကောက်ပွဲကို ဆက်လုပ်မယ်လို့ ဇန်န၀ါရီ ၂၈ ရက်နေ့က ဆုံးဖြတ်ခဲ့ပါတယ်။

ပညာရှင်တွေနဲ့ ဆန္ဒပြသူတွေကတော့ ဒီရွေးကောက်ပွဲဟာ အကြမ်းဖက်မှုတွေနဲ့ အုပ်ချုပ်မှုလုပ်ငန်းပိုင်း ရပ်ဆိုင်းတာတွေ ၆ လလောက် ဖြစ်နိုင်တယ်လို့ သတိပေးထားခဲ့တာပါ။

အကြမ်းဖက်မှုဘေးတွေ ရှိနေပေမယ့် ၀န်ကြီးချုပ်နဲ့ ရွေးကောက်ပွဲကော်မရှင် အရာရှိတွေ စစ်တပ်ကလပ်ထဲမှာ ဆွေးနွေးအပြီး ခုလို ဆုံးဖြတ်တာပါ။ ရွေးကောက်ပွဲကော်မရှင်ကတော့ တိုင်းပြည်ဟာ ရွေးကောက်ပွဲ ကျင်းပလို့ မရလောက်အောင် မတည်မငြိမ်ဖြစ်နေတယ်လို့ ဆိုပါတယ်။

အဂတိလိုက်စားမှုနဲ့ စွပ်စွဲခံထားရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း ကုဋေကြွယ်သူဌေးကြီး သက်ဆင် ရှင်နာဝပ် ကြိုးကိုင်တဲ့ နိုင်ငံရေးပါတီတွေက ၂၀၀၁ ခုနှစ်ကနေ ခုထိ ရွေးကောက်ပွဲတိုင်း အနိုင်ရခဲ့တာပါ။

ဆန္ဒပြသူတွေကတော့ သူရဲ့ နိုင်ငံရေးသြဇာလွှမ်းမှုကို တိုက်ဖျက်ရေး ပြုပြင်ပြောင်းလဲရေး တွေကို လုပ်ချင်နေကြပါတယ်။

DVB Burmese

ဘီလီယံ ၅၀၀ ကြွေးကျန် မတ်လ ၁၅ မတိုင်မီ အပြီးရှင်းမည်


သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးရဲ့ နှစ်အဆက်ဆက် ကြွေးကျန် ကျပ်ငွေ ဘီလီယံ ၅၀၀
ကိစ္စကို ဒုသမ္မတ ဦးဥာဏ်ထွန်း ဦးဆောင်ပြီး လာမယ့် မတ် ၁၅ ရက်နေ့မှာ အပြီး ဖြေရှင်းမယ်လို့ လွှတ်တော် ငွေစာရင်းပူးပေါင်းကော်မတီက အစီရင်ခံပါတယ်။

ဇန်န၀ါရီ ၂၈ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းတဲ့ အစီရင်ခံစာမှာ ဖြေရှင်းမယ့် နည်းနာတွေနဲ့ တကွ ဖော်ပြထားတာပါ။

ပုဂ္ဂလိက ကြွေးကျန်တွေဖြစ်နေရင် ဒီအတိုင်းတောင်းလို့ မရရင် ဥပဒေအရ ဆောင်ရွက်မယ်၊ ရဖို့ ပေးဖို့ ကိုက်ညီနေတာတွေကို စာရွက်ပေါ်မှာ စာရင်းလွှဲပြောင်းတဲ့ နည်းနဲ့ ဆောင်ရွက်မယ်၊ ရဖို့ ပေးဖို့ မကိုက်ညီတဲ့ ဌာနဆိုင်ရာ ကြွေးနဲ့ ပုဂ္ဂလိက ကြွေးကျန် တွေကို ဆုံးရှုံးမှုအဖြစ် သတ်မှတ်ပြီး စာရင်းကနေ ပယ်ဖျက်လိုက်မယ်လို့ ဖော်ပြထားပါတယ်။

ဒီငွေ ဘီလီယံ ၅၀၀ ကျော်ဟာ ၀န်ကြီးဌာန ၂၁ ခုနဲ့ နေပြည်တော် စည်ပင်က နိုင်ငံတော်ကို ပေးသွင်းဖို့ ကျန်နေတဲ့ ငွေတွေ ဖြစ်ပါတယ်။

DVB Burmese

စစ်အစိုးရခေတ် ကားစုစုပေါင်း ၃၀ ရာခိုင်နှုန်းကို သံရည်ကြိုစက်ပို့


စစ်အစိုးရခေတ်က တင်သွင်းသုံးစွဲခဲ့တဲ့ ကားစုစုပေါင်းရဲ့ ၃၀ ရာခိုင်နှုန်းကို သံရည်ကြို စက်ပို့ ဖျက်သိမ်းပြီးဖြစ်တယ်လို့ အကောက်ခွန်ဦးစီးဌာနက ထုတ်ပြန်တဲ့ သတင်းတွေအရ သိရပါတယ်။

ယာဉ်အိုနဲ့ ယာဉ်ဟောင်း ဖျက်သိမ်းရေး စီမံချက် စတင်တဲ့ ၂၀၁၁ အောက်တိုဘာ မတိုင်ခင် မြန်မာပြည်မှာ ကားစီးရေ စုစုပေါင်း ၂ သိန်း ၈ သောင်းကျော် ရှိတဲ့အနက် ကားစီးရေ ၈
သောင်းကျော်ကို ဖျက်သိမ်း စာရင်းသွင်းပြီးနောက် ပြည်ပကနေ ကားပြန်တင်သွင်းခွင့် ပေးခဲ့တယ်လို့ အကောက်ခွန်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ကားပြခန်းတွေအတွက် အပါအ၀င် ပြည်သူတွေကို ကားစီးရေ စုစုပေါင်း ၁ သိန်း ၇ သောင်းကျော် တင်သွင်းခွင့်ပြုခဲ့တဲ့အတွက် ၂ နှစ်ကျော်အတွင်း ကားစုစုပေါင်း ၂ သိန်း ၆ သောင်းနီးပါး တင်သွင်း ခွင့်ပြုခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအတွက် အကောက်ခွန်နဲ့ ကုန်သွယ်လုပ်ငန်းခွန် ဘီလျံ ၇၄၀ နီးပါး ရခဲ့ပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

DVB Burmese

အိန္ဒိယ အမျိုးသမီးရဲအရာရှိ ကင်းလှည့်အဖွဲ့


အိန္ဒိယနိုင်ငံ ဘိုပါးမြို့မှာ နီရာဘာယာ မိုဘိုင်းကင်းလှည့်ဝန်ဆောင်မှုကို လတ်တလောလေးမှာပဲ စတင်လိုက်ပါပြီ။ ၂၀၁၂ ခုနှစ်က နယူးဒေလီမြို့တော်မှာ ကျောင်းသူတဦး အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံခဲ့ရတာကို အစွဲပြုပြီး ဒီအမျိုးသမီး ကင်းလှည့်အဖွဲ့ကို အမည်တပ်ထားတာပါ။

ဒီအဖွဲ့ဟာ စိတ်ပူပန်သောက ရောက်နေရတဲ့ အမျိုးသမီးတွေကို ကူညီဖို့ ရည်ရွယ်ထားပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ခိုင်မာတဲ့ နည်းဗျူဟာတွေက အမျိုးသမီးတွေ အများကြီးကြားမှာ ကြောက်ရွံ့မှုတွေ ဖန်တီးဖြစ်ပေါ်နေခြင်းကို အဆုံးသတ်ပေးလိုက်ပါပြီ။

သူတို့အဖွဲ့ဟာ မနက်စောစောကနေ ညနေစောင်း အချိန်ထိ ဗန်ကားတစီးနဲ့ မြို့တစ်ဝိုက်ကို လှည့်လည်သွားလာနေတာပါ။ ဒီအဖွဲ့မှာ အမျိုးသမီး ရဲအရာရှိ ၆ ဦး ပါဝင်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ရာဇ၀တ်မှု မှတ်တမ်းရုံးအဆိုအရ မဒရာ ပရာဒက်ရှ်ပြည်နယ်ဟာ ၂၀၁၁ ခုနှစ်မှာ မုဒိမ်းမှုအရေအတွက် အများဆုံးလို့ ထုတ်ပြန်ထားပါတယ်။ ဒီကင်းလှည့်အဖွဲ့ဟာ အဲဒီမုဒိမ်းမှု အရေအတွက်ကို လျော့နည်းသွားစေဖို့ ရည်ရွယ်ထားတယ်လို့ စစ်ဆေးရေးမှူး ဗိုလ်ချုပ် အက်စ်ကေ ဂျာက ပြောပါတယ်။

“အိန္ဒိယနိုင်ငံဟာ လူဦးရေတ၀က်လောက်အတွက်တောင် လုံခြုံစိတ်ချရတဲ့နေရာ မဟုတ်ပါဘူး။ ၂၀၁၂ ခုနှစ်က အုပ်စုဖွဲ့ မုဒိမ်းမှု ဖြစ်ပြီးနောက်ပိုင်းမှာ ရာဇ၀တ်မှုတွေ ကျူးလွန်ခံရတဲ့ အိန္ဒိယအမျိုးသမီးတွေကြားမှာ သတိထားလာတာတွေ တိုးလာပါတယ်။ ဒါဟာ အဲဒီအမှုကို ဂုဏ်ပြုလိုက်ခြင်းပါပဲ။ သူတို့ရဲ့ ဆောင်ပုဒ်ကတော့ ‘အမျိုးသမီးများ၏၊ အမျိုးသမီးများအတွက် နဲ့ အမျိုးသမီးများအားဖြင့်’ ပါ။ ကျနော်တို့က အမျိုးသမီးတွေနဲ့ မိန်းကလေးတွေအတွက် အကူအညီတွေ စီစဉ်ပံ့ပိုးပေးချင်တာပါ။”

ဒါပေမယ့်လည်း ဒီကင်းလှည့်အဖွဲ့ လုပ်နေတာတွေက လွန်နေတယ်လို့ အတော်များများက ပြောကြပါတယ်။ အဲဒီအဖွဲ့ဟာ ပန်းခြံထဲမှာ မိန်းကလေးတွေနဲ့ ယောက်ျားလေးတွေ အတူတွဲ ထိုင်နေကြရင်ကိုပဲ အပြစ်ပေးကြပါတယ်။ ယောက်ျားလေးတွေကိုတော့ ထိုင်-ထ လုပ်ခိုင်းပြီး၊ မိန်းကလေးတွေကိုလည်း သူတို့တွေကို ကင်းလှည့်အဖွဲ့က ဖမ်းထားတယ်ဆိုတဲ့အကြောင်း သူတို့မိဘတွေဆီကို ပြောခိုင်းပါတယ်။

အသက် ၁၉ နှစ်အရွယ် ကျောင်းသား နီရာမလ် ပါသက်ခ်ဟာ ပန်းခြံထဲမှာ မိန်းကလေးတစ်ယောက်နဲ့ ထိုင်နေတုန်းက တခါ အဖမ်းခံခဲ့ရပါတယ်။ သူ့ကို ထိုင်-ထ လုပ်ခိုင်းပြီးတော့၊ ရဲစခန်းကို ခေါ်သွားခဲ့တယ်လို့ ပြောပါတယ်။

“ပန်းခြံထဲမှာ မိန်းကလေးတစ်ယောက်နဲ့ ထိုင်တာက ရာဇ၀တ်မှုတခုလို့ ထင်ပါသလား။ သူတို့ ဒီလို အရေးယူပိုင်ခွင့် ရှိတယ်လို့ မထင်ပါဘူး။ ကျနော်တို့ဟာ ကျနော်တို့ ဘယ်သူနဲ့ ထိုင်မယ်၊ လမ်းလျှောက်မယ် ဆိုတာကို လွတ်လွတ်လပ်လပ် ရွေးချယ်လို့ရတဲ့ လူ့အဖွဲ့အစည်းထဲမှာ နေနေတာပါ။ ဒီအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေက လုံးဝကို မှားယွင်းနေပါတယ်။”

ဒီကင်းလှည့်အဖွဲ့ခေါင်းဆောင် နာမီတာ ဆာဟူကတော့ သူတို့ဆောင်ရွက်ချက်တွေကို ကာကွယ် ပြောဆိုပါတယ်။

“ကျမတို့က စာရိတ္တပိုင်းတွေကို ထိန်းသိမ်းကြပ်မတ်ပေးနေတာ မဟုတ်ပါဘူး။ ဒီအဖွဲ့က မိန်းကလေးတွေကို ကာကွယ်စောင့်ရှောက်ဖို့ ဖွဲ့ထားတာပါ။ မိန်းကလေးတွေနဲ့ အမျိုးသမီးတွေကိုလည်း မမြင်ကွယ်ရာ၊ ဆိတ်ကွယ်ရာမှာ မထိုင်ကြဖို့ ကျမတို့ ပြောထားပါတယ်။ ဘာလို့လဲဆိုတော့ အဲလို ဆိတ်ကွယ်ရာ နေရာတွေက သူတို့ကို အနှောင့်အယှက်ပေးဖို့ အခွင့်အရေး ပိုရှိတတ်တယ်လေ။”

နောက်ထပ် ကောလိပ်ကျောင်းသူ အက်စ်မာခန်ကတော့ ဒီကင်းလှည့်အခွဲ့ဟာ လူငယ်တွေကြားမှာ အကြောက်တရားတွေကို ဖန်တီးနေတာသက်သက်ပဲလို့ ပြောပါတယ်။

“ကျမတို့ ဒီကင်းလှည့်အဖွဲ့ကိုတော့ တကယ်ကြောက်ပါတယ်။ လူငယ်စုံတွဲတွေကို အပြစ်တင်နေတာဟာ ဘိုပါလ်လို မြို့တမြို့မှာ အမျိုးသမီးတွေအပေါ် ဆန့်ကျင်ပြုမူတာတွေကို ပြောင်းလဲပစ်နိုင်မှာတော့ မဟုတ်ဘူး။ အဲဒီအစား ကြောက်ရွံ့မှုကိုပဲ သူတို့ ဖန်တီးပေးထားတာ။”

ဒီကင်းလှည့်အဖွဲ့ဟာ ဟိန္ဒူ အမာဂိုဏ်းအဖွဲ့အစည်းတချို့ကနေ အားပေးထောက်ပံ့မှု အပြည့်အ၀ ရရှိထားပါတယ်။

ဟိန္ဒူ လက်ယာဂိုဏ်း လူငယ်အဖွဲ့တခုဖစ်တဲ့ ဘာဂ်ျရန်င်ဒါလ်အဖွဲ့ဝင် အာရှူတို့ရှ် ဂျိုက်ဇ်ဝါလ်က “သူတို့လုပ်ဆောင်ချက်တွေကို ကျနော်ကတော့ ခိုင်ခိုင်မာမာကို ထောက်ခံပါတယ်။ သူတို့ဟာ ဒီမှာ အိန္ဒိယ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံတွေကို ထိန်းသိမ်းပေးဖို့ပါ။ အားလုံးခြုံပြောရရင်တော့ ဒီစုံတွဲတွေ လုပ်ချင်တာလုပ်ဖို့ လူတွေက ခွင့်မပြုသင့်ပါဘူး။ သူတို့ဟာ ပန်းခြံတွေထဲမှာ ညစ်ညစ်ညမ်းညမ်း ပြုမူနေကြတာတွေကို စေ့စပ်ဖျန်ဖြေပေးတာပါ။ ကျနော်တို့ ဒီလိုကိစ္စတွေကို ဖြစ်ဖို့ ခွင့်ပြုတော့မှာ မဟုတ်ပါဘူး။”

ဒါပေမယ့် တချို့အမျိုးသမီးတွေက ဒီအုပ်စုကို ဝေဖန်ကြပါတယ်။ မဟီလာ ဗီရိုဒီ အူသ်ပီဒန် မိုချာ အမျိုးသမီး အဖွဲ့တခုရဲ့ အဖွဲ့ဝင် ဗစ်ဂ်ျယာ ပါသက်က ခုလိုပြောပါတယ်။

“ပန်းခြံထဲမှာ ဒါမှမဟုတ် တခြားတနေရာရာမှာ ထိုင်တာဟာ ရာဇ၀တ်မှု မဟုတ်ဘူးဆိုတာ သူတို့ သဘောပေါက်သင့်တယ်။ ယောက်ျားလေးတaယာက်နဲ့ မိန်းကလေးတaယာက် အတူတူ ထိုင်နေကြရင် ဒါက သူတို့မှာ မကောင်းတဲ့ရည်ရွယ်ချက်တွေ ရှိနေတယ်လို့ ဆိုလိုတာမှ မဟုတ်တာ။ ဒီအဖွဲ့ကတော့ သူတို့ ခေါင်းလေး၊ ဘာလေး သုံးရတော့မယ်။”

အာရှဒေသ သတင်းဆောင်းပါးအတွက် သတင်းထောက် ရှူရီယာ နီယာဇီက မဒရာ ပရာဒက်ရှ်ကနေ သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။

DVB Burmese

တစ်နိုင်ငံလုံးအနေဖြင့် တန်ဖိုးနည်း မိုဘိုင်းဖုန်း လေးသန်းခန့် ရောင်းချပေးခဲ့ပြီး ရန်ကုန်တွင် ခုနစ်သိန်းခန့်ပါဝင်


တစ်နိုင်ငံလုံးအနေဖြင့် တန်ဖိုးနည်း မိုဘိုင်းဖုန်းဆင်းမ်ကတ် လေးသန်းခန့် ရောင်းချပေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ခုနစ်သိန်းခန့် ရောင်းချပေးခဲ့ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

၂၀၁၃ ဧပြီလမှ စတင်ကာ လောလောဆယ်အားဖြင့် လစဉ်တန်ဖိုးနည်း မိုဘိုင်းဖုန်းဆင်းမ်ကတ် ၃၆၀၀၀၀ ခန့်အား ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးသို့ ခွဲဝေချထားပေးလျက်ရှိကြောင်း၊ သို့သော်လည်း လုံလောက်အောင် ခွဲဝေချထားပေးနိုင်ခြင်း မရှိကြောင်း၊ ဝယ်လိုအားနှင့် ရောင်းလိုအား မျှတခြင်းမရှိသေးကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန်ပြောကြားသည်။ အချို့သော ကျေးရွာများတွင် တာဝါတိုင်များ မရှိသော်လည်း တန်ဖိုးနည်း ဆင်းမ်ကတ်များ ရရှိပါက မိမိနေရာ ဒေသတွင် ဆက်သွယ်ပြောဆို၍ မရနိုင်သော်လည်း ဆက်သွယ်မှုရှိသည့် နေရာများသို့ ယူဆောင်အသုံးပြုနိုင်သဖြင့် မိုဘိုင်းဆင်းမ်ကတ်များ ကျေးရွာများအထိ ပျံ့နှံ့ရောက်ရှိ သုံးစွဲလျက်ရှိသည်ဟု ဆိုသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ရရှိပြီးသုံးစွဲသူများ ဆုံးရှုံးမှုမရှိစေရန် တန်ဖိုးနည်း ဆင်းမ်ကတ်များအား ဆက်လက်၍ ထပ်မံတိုးချဲ့ ခွဲဝေချထားပေးမည်ဟုလည်း ဆိုသည်။ တန်ဖိုးနည်းဖုန်းများ စတင် ချထားပေးခဲ့ချိန်မှစ၍ လက်ရှိအချိန်ထိ ခွဲဝေချထားပေးမှုတွင် လစဉ် ရန်ကုန်တိုင်းဒေသကြီးတွင် အရေအတွက်အများဆုံး ဖြစ်သည်။ လက်ရှိ ရန်ကုန်တိုင်းဒေသကြီးတွင် မိုဘိုင်းတယ်လီဖုန်း ဆက်သွယ်မှု ကောင်းမွန်စေရေးအတွက် Swap and Expansion ဆောင်ရွက်လျက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန်ပြောဆိုသည်။ ဆင်းမ်ကတ်များအား ယခုထက် အရေအတွက်များများ ဖြန့်ဝေနိုင်အောင် လုပ်ဆောင်ပေးရန်နှင့် သို့မှသာ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်မည်ဖြစ်ကြောင်းကို ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆပ်ကော်မတီသို့ မေးမြန်းချက်အပေါ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဆက်သွယ်ရေးတာဝါတိုင်များကို မည်သည့်မြို့၊ မည်သည့်ရွာတို့တွင် ဦးစားပေးဆောင်ရွက်ရမည်ကို သက်ဆိုင်ရာအစိုးရအဖွဲ့နှင့် ညှိနှိုင်းပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိ ရန်ကုန်တိုင်းဒေသကြီးတွင် CDMA 800 MHz စခန်းသုံးခုကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။ ယခုလအတွက် တန်ဖိုးနည်း မိုဘိုင်းဆင်းမ်ကတ်များ ရောင်းချရန် စာရင်းကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန်ခဲ့ပြီးဖြစ်ရာ ရန်ကုန်တိုင်းဒေကြီးအတွက် စုစုပေါင်း ၈၈၀၀၀ ပါဝင်သည်။ ချထားပေးမည့် အမျိုးအစားများမှာ CDMA 800MHz, GSM, WCDMA အမျိုးအစားများဖြစ်ကြောင်း သိရသည်။

ထွန်းထွန်း
Internet Journal

အင်တာနက်ဘန်းဝစ်ရှ် 10 Gbps ထပ်မံတိုးချဲ့ အသုံးပြုနိုင်တော့မည်



အင်တာနက် ပြည်ပဆက်ကြောင်းမှ ချိတ်ဆက်မှုများကို တိုးချဲ့ဆောင်ရွက်ရာတွင် မကြာမီရက်ပိုင်းအတွင်း အင်တာနက်ကျောရိုး ဘန်းဝစ်ရှ် (Backbone Bandwidth) 10 Gbps ထပ်မံချိတ်ဆက်ပြီး အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။

““ရှိပြီးသား ကုန်းတွင်းနယ်စပ်ဖြတ်ကျော် ဖိုက်ဘာဆက်ကြောင်းပေါ်မှာ Capacity ထပ်တိုးလိုက်တဲ့ သဘောပါ။ လိုအပ်တဲ့လုပ်ငန်းတွေ အကုန်လုံးကိုတော့ အချောသပ်ပြီးသွားပါပြီ။

မကြာခင်ရက်ပိုင်းအတွင်းမှာပဲ အခုတိုးလိုက်တဲ့ Capacity ကို အသုံးပြုနိုင်တော့မှာပါ”” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
ပြည်ပဆက်သွယ်ရေးစခန်းမှ လက်ထောက်အင်ဂျင်နီယာ ဦးဇော်ဌေးက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် အင်တာနက်ပြည်ပဆက်ကြောင်းမှ ချိတ်ဆက်မှုများ ဆောင်ရွက်ရာ၌ အင်တာနက်ကျောရိုး ဘန်းဝစ်ရှ် 16.86 Gbps ချိတ်ဆက်ထားပြီး လက်ရှိတွင် 10 Gbps ကို ထပ်မံတိုးချဲ့မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန်ထားသည်။

ထိုကဲ့သို့ တိုးချဲ့ရန်အတွက် Internet Provider Transit အတွက် ဈေးပြိုင်စနစ်ဖြင့် အောင်မြင်ခဲ့သည့် မလေးရှားနိုင်ငံ အခြေ စိုက် Telekom Malaysia (TM) ကုမ္ပဏီထံမှ မြ၀တီနှင့် မဲဆောက်ကြား ချိတ်ဆက်ထားသည့် ကုန်းတွင်းနယ်စပ်ဖြတ်ကျော် ဖိုက်ဘာကေဘယ်ဆက်ကြောင်းမှ ချိတ်ဆက်မည်ဖြစ်ရာ စုစုပေါင်းအင်တာနက်ကျောရိုး Bandwidth 26.86 အသုံးပြုနိုင်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

အင်တာနက် ဘန်းဝစ်ရှ်ကို ပြည်ပဆက်ကြောင်းများမှ ချိတ်ဆက်ပြီး ဆောင်ရွက်ရာတွင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာအထိ SMW3 ရေအောက်ကေဘယ်ဆက်ကြောင်းမှ 6.24 Gbps ၊ မြ၀တီနှင့် ထိုင်း(မဲဆောက်)တို့ ကြား ကုန်းတွင်းနယ်စပ်ဖြတ်ကျော်
ဖိုက်ဘာဆက်ကြောင်းမှ 8.12 Gbps၊ မူဆယ်နှင့် တရုတ် (ရွှေလီ)တို့ကြား ကုန်းတွင်းနယ်စပ်ဖြတ်ကျော် ဖိုက်ဘာဆက်ကြောင်းမှ 2.5Gbps ပမာဏကို ချိတ်ဆက်ထားရာ လက်ရှိတွင် အင်တာနက်ကျောရှိ ဘန်းဝစ်ရှ် 16.86 Gbps ရှိနေပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန်သည်။

““လိုင်းကတော့ အရင်ကထက်စာရင် အရမ်းကောင်းလာမယ်တော့ မထင်ဘူး။ အခုထက်တော့ နည်းနည်းတော့ ပိုကောင်းလာမှာပေါ့။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သုံးဖို့ အကုန်ပေးမယ်ဆိုရင်တော့ အရင်ကထက်တော့ အဆင်ပြေလာနိုင်ပေမယ့် သက်ဆိုင်ရာဝန်ကြီးဌာနတို့ အရေးပေါ်အသုံးပြုဖို့ဆိုပြီး အပြည့်မပေးရင်တော့ အဆင်မပြေနိုင်ဘူး”” ဟု ကွန်ပျူတာပညာရှင်တစ်ဦးက ပြောသည်။

ပင်လယ်ရေအောက် အင်တာနက်ဆက်ကြောင်းအသစ်ကိုလည်း မလေးရှားနိုင်ငံနှင့် တိုးချဲ့ဆက်သွယ်နိုင်ရန် ဆွေးနွေးမှုများ
ဆောင်ရွက်နေကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ်တစ်ဦးက ပြောသည်။

ဆီးဂိမ်းအားကစားပြိုင်ပွဲမတိုင်မီကပင် အင်တာနက် Bandwidth တိုးချဲ့မှုများ ဆောင်ရွက်သော်လည်း လက်ရှိတိုင် မိုဘိုင်းအင်တာနက်လိုင်းများသာမက အခြားသော အင်တာနက်လိုင်းများဖြစ်သည့် Fiber ၊ WiMax နှင့် ADSL လိုင်းများလည်း လိုင်းကျဆင်းမှုများရှိနေဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။

7Day Daily

တရုတ်နှစ်သစ်ကူးကာလ ရွှေလီနှင့် ကြယ်ဂေါင်သို့ တရားမ၀င် ၀င်ရောက်သူများကို နေ့စဉ်ဖမ်းဆီး


တရုတ်-မြန်မာနယ်စပ်မြို့ ရွှေလီ၊ ကြယ်ဂေါင်ဒေသများတွင် တရုတ်နှစ်သစ်ကူးကာလအတွင်း ၀င်ထွက်ခွင့်လက်မှတ် မပါရှိသူများကို တရုတ်ရဲမှ နေ့စဉ် စစ်ဆေးဖမ်းဆီးနေကြောင်း သတင်းရရှိသည်။

ယင်းကဲ့သို့ ဖမ်းဆီးမှုမျိုးကို ယခင်လများအတွင်းက တစ်လလျှင် တစ်ကြိမ်၊ နှစ်ကြိမ်ခန့်သာ ပြုလုပ်လေ့ရှိသော်လည်း ယခုနှစ် တရုတ်နှစ်သစ်ကူးကာလ နီးလာချိန်တွင် ဖမ်းဆီးမှုများ ပိုမိုပြုလုပ်လာကြောင်း သိရှိရသည်။

““ဖမ်းတာက နေ့တိုင်းဖမ်းနေတာ၊ နံနက် ၆ နာရီကနေ ၁၀ နာရီအထိ တစ်ကြိမ်၊ ညနေ ၂ နာရီ နောက်ပိုင်းကနေ မိုးချုပ်ထိ မထင်ရင်မထင်သလို ဖမ်းနေတာ၊ ဖမ်းမိရင် တရုတ်ယွမ်ငွေ ၅၀၀ နဲ့ ပြန်ရွေးရတယ်။ မရွေးနိုင်ရင် တရုတ်ထောင်သုံးလကျခံရတယ်””ဟု ကြယ်ဂေါင်ဒေသတွင် ကျောက်စိမ်းလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးကပြောသည်။

ဖမ်းဆီးသည့်နေရာမှာ ကြယ်ဂေါင်ရွှေလီတံတားအလွန် နေရာနှင့် တရုတ်-မြန်မာနယ်စပ် စည်းရိုးခတ်ထားသော ဆင်ဖြူပေါက်သံဆန်ခါခိုးဝင်ပေါက်နေရာများ၊ စက်လှေဆိပ်များတွင် အဓိက ဖမ်းဆီးမှုပြုလုပ်လေ့ရှိကြောင်း သိရှိရသည်။

““မှတ်ပုံတင်မရှိတဲ့သူတွေက ခိုးပေါက်ကနေ၀င်ကြတယ်။ ခိုးပေါက်က သံဆန်ခါကာထားတဲ့နေရာမှာ လူဝင်ပေါက်လုပ်ထားတာ။ မိရင်မလွယ်ဘူး။ မရွေးနိုင်တဲ့လူတွေကို အလုပ်စခန်းတွေကို အပို့ခံရတယ်။ ဒီရက်ပိုင်း မိတဲ့သူတွေများတယ်””ဟု ရွှေလီမြို့အတွင်းရှိ အလှပြင်ဆိုင်တစ်ခုမှ မအေးနန်းက ပြောသည်။

တရုတ်-မြန်မာနယ်စပ်ဖြတ်သန်းခွင့်အတွက် ၆ ညအိပ် ၇ ရက် လက်မှတ်ကို  ငွေတစ်ထောင်ကျပ်ဖြင့် ပြုလုပ်ပေးနေသော်လည်း မှတ်ပုံတင်မရှိသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် နယ်ဒေသများမှ လာရောက်အလုပ်လုပ်သူများမှာ တစ်ခါတစ်ရံတွင် ၀င်ထွက်ခွင့်လက်မှတ်မပြုလုပ်ဘဲ ခိုးပေါက်များမှ ၀င်ထွက်လေ့ရှိရာ တရုတ်ရဲများက မကြာခဏ ဖမ်းဆီးလေ့ရှိသည်။ ယခု တရုတ်နှစ်သစ်ကူးကာလဖြစ်နေ၍ ဆက်တိုက်ဖမ်းဆီးမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း မူဆယ်ဒေသခံအချို့က သုံးသပ်ပြောကြားသည်။

Author: ကံသာ
7day Daily

အလုပ်ခေါ်စာအတုဖြင့် ထိုင်းသို့သွားရောက်သည့် မြန်မာလုပ်သား ၂ဝဝခန့် မဲဆောက်၌ သောင်တင်နေ


အလုပ်ခေါ်စာအတုဖြင့် ထိုင်းဘက် သို့သွားခဲ့သူ မြန်မာလုပ်သား နှစ်ရာ နီးပါးခန့် ဗီဇာမရသောကြောင့် ဒုက္ခ ရောက်နေ၍ ဖြေရှင်းပေးနေရကြောင်း အလုပ်သမား-အလုပ်အကိုင်နှင့် လူမှု ဖူလုံရေးဝန်ကြီးဌာနမှ နစ်နာသောအလုပ် သမားများ အရေးပေါ် တိုင်ကြားမှုကို လက်ခံဆောင်ရွက်ပေးနေသည့် စင်တာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်မြို့ပေါ်ရှိ ပုလဲမိုးအလုပ် အကိုင်ရှာဖွေရေး အေဂျင်စီမှတစ်ဆင့် ထိုင်းဘက်သို့ သွားရောက်ခဲ့သူ မြန်မာ လုပ်သားများမှာ ဇန်နဝါရီလ ၂၁ ရက်နေ့ ကတည်းက ဗီဇာမရ၍ မဲဆောက်တံတား အနီးပတ်ဝန်းကျင်တွင် သောင်တင်နေခဲ့ ပြီး လက်ရှိတွင် သက်ဆိုင်ရာ တာဝန်ရှိ သူများနှင့်ညှိနှိုင်း၍ဆောင်ရွက်နေကြောင်း ၎င်းထံမှ သိရသည်။

''အလုပ်သမားအဖွဲ့ချုပ် တာဝန် ရှိသူတွေ သွားနေကြပြီ။ ပို့တဲ့ကုမ္ပဏီကို လည်း အဆင်ပြေအောင် ဆောင်ရွက် ခိုင်းထားတယ်'' ဟု ၎င်းက ဆက်ပြောသည်။

ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းအဖွဲ့ချုပ်မှ အထွေ ထွေအတွင်းရေးမှူး ဦးကျော်က မြန်မာ ဘက်မှ ထိုင်းဘက်သို့ လုပ်သားများစေ လွှတ်ရာတွင် ယခုကဲ့သို့သော ဖြစ်ရပ်များ သည် မကြာခဏ ဖြစ်ပွားလေ့ရှိသော် လည်း ယခုတစ်ခေါက် ဖြစ်ပွား ခဲ့သော မြန်မာလုပ်သား အရေအတွက်သည် တစ် ကြိမ်တည်းနှင့် အများဆုံးဖြစ်သည်ဟု မှတ်ချက်ပြုသည်။

''ဒါမျိုးဖြစ်ခဲ့လို့ အလုပ်သမား အဖွဲ့ ချုပ်ကနေ လိုင်စင်ပိတ်ပြီး အရေးယူတာ တွေတောင်ရှိတယ်'' ဟု ၎င်းက ထပ်မံဆိုသည်။ လက်ရှိအချိန်တွင် ကုမ္ပဏီနှင့် သက်ဆိုင်ရာမှ ပိတ်မိနေသော အလုပ် သမားများကို နေရာရွှေ့ပြောင်းပေးနေသည်ဟု ဦးကျော်က ထပ်မံပြောသည်။ ''ဟိုဘက်ကတော့ အခုထိ လက်မ ခံသေးဘူး။ ကျွန်တော်တို့အနေနဲ့ ကလေး တွေ ပိတ်မိနေတာကို မလိုလားဘူး။ ဒါ ကြောင့် အမြန်ဖြေရှင်းပေးနေတယ်'' ဟု ၎င်းက ဖြေရှင်းပေးနေမှုကို ပြောသည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး အဓိကသက်ဆိုင်သည့် ပုလဲမိုးအလုပ် အကိုင်ရှာ ဖွေရေးအေဂျင်စီသို့ Popular News မှ မေးမြန်းရာ အလုပ်မအား၍ မဖြေကြား ပေးနိုင်ကြောင်း ဖြေကြားခဲ့သည်။

စိုင်းလှမင်း၊PN.051

Popular Myanmar News Journal

(၁၀၉)လိုင်းကားသန်လျင်၌လမ်းဘေးထိုးကျ ဆေးရုံသို့ပို့သည့် ရေပိုက်လိုင်း ပေါက်သွားခဲ့


ချစ်ဟန်ဝင်း၊ ရန်ကုန်၊ ဇန်န၀ါရီ-၂၈

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သန်လျင်မြို့ ဆေးရုံအောက်ကွေ့ မှတ်တိုင်အနီး၌ ဇန်န၀ါရီ ၂၈ ရက် နံနက်ပိုင်းက ရန်ကုန်အနောက်ပိုင်းခရိုင် (၁၀၉) ယာဉ်လိုင်း သန်လျင်-ရန်ကုန် ခရီးသည်တင်လိုင်းကား လမ်းဘေး ထိုးကျမှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဇန်န၀ါရီ ၂၈ ရက် နံနက် ၉ နာရီခန့်တွင် သန်လျင်-ရန်ကုန် ခရီးသည်တင်ယာဉ်သည် သန်လျင်မြို့ ဆေးရုံ ကွေ့ မှတ်တိုင်အနီး၌ ရန်ကုန်သို့သွားရန် မောင်းနှင်လာစဉ်ယာဉ်၏ စက်ပိုင်းဆိုင်ရာချွတ်ယွင်း မှုကြောင့် လမ်းဘေးဝဲဘက်သို့ ဦးခေါင်းပိုင်းထိုးကျသွားခဲ့ပြီး ဆေးရုံ သို့ပို့ပေးသည့် ရေပိုက်အား ထိခိုက်မိသဖြင့် ရေများဒလဟောပန်း ထွက်နေသည်ကို တွေ့ခဲ့ရသည်။

ယာဉ်လမ်းဘေးထိုးကျမှုကြောင့် ကားပေါ်တွင်ပါလာ သည့် ခရီးသည်များ ဒဏ်ရာ (ပွန်းရှ၊ ထိခိုက်)အနည်းငယ်ရရှိခဲ့ပြီး အခင်းဖြစ်ပွားရာနေရာသို့ သန်လျင်ယာဉ်ထိန်းရဲတပ်ဖွဲ့စု(၄၅) မှ ရဲအုပ်ကျော်ဝင်းနိုင်နှင့်အဖွဲ့
ရောက်ရှိစစ်ဆေးခဲ့သည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

နိုင်ငံသားမှတ်ပုံတင်ကတ်များ စမတ်ကတ် ပြောင်းလဲထုတ်ရန် ကွန်ပျူတာ ဆာဗာကွန်ရက်များ တည်ထောင်မည်


မန္တလေး၊ ဇန်နဝါရီ ၂၈

မန္တလေးတိုင်းဒေသကြီး အတွင်း နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို စမတ်ကတ် ပြောင်းလဲ ထုတ်ပေးနိုင်ရေး အတွက် ကွန်ပျူတာဆာဗာများ ယခုနှစ်တွင် အပြီး တပ်ဆင်မည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ ကွန်ပျူတာစနစ်အတွက် ပညာရှင်များနှင့် ပရိုဂရမ် ရေးဆွဲနေကြောင်း၊ ပရိုဂရမ်ပိုင်းများ ရေးဆွဲပြီးပါက မြို့နယ်ရုံးများတွင် မှတ်တမ်းတင်ထားသော Database များဖြင့် ချိတ်ဆက်ထားမည် ဖြစ်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို စမတ်ကတ်အဖြစ် ပြောင်းလဲပါက အချက်အလက်များ ရရှိရေးအတွက် အထောက်အကူ ပြုမည် ဖြစ်ကြောင်းနှင့် အဆိုပါ ဆာဗာမှတစ်ဆင့် စိစစ်ရေးကတ်ပြား လုပ်ရန်လိုအပ်နေသော မြို့ရွာများကို ဖော်ပြမည်ဖြစ်ပြီး၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား မပြုလုပ်ရသေးသူများ ကိုလည်း ဆက်သွယ် အကြောင်းကြားပေးသွား နိုင်ကြောင်း ၄င်းက ပြောကြားသည်။

"စမတ်ကတ်အဖြစ် ပြောင်းဖို့ဆိုရင် အချက်အလက်တွေ လိုအပ်တယ်။ အခုလုပ်မယ့် ကွန်ပျူတာဆာဗာ ကနေပြီး အချက်အလက်တွေကို ရုံးချုပ်က ဖြစ်စေ၊ သက်ဆိုင်ရာ ဌာနက ဖြစ်စေ အလွယ်တကူ ကြည့်လို့ရအောင် တည်ဆောက်မှာပါ။ အခု လောလောဆယ်တော့ ကွန်ပျူတာပရိုဂရမ် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်လုပ်ကိုင် ဆောင်ရွက်နေပါတယ်" ဟု ၄င်းကဆိုသည်။

အဆိုပါ ကွန်ပျူတာဆာဗာကို စင်ကာပူ နိုင်ငံ အခြေစိုက် ကုမ္ပဏီ တစ်ခုဖြစ်သည့် East Wind Solutions က နည်းပညာပိုင်း ကူညီပေးပြီး ကျပ်သိန်း ၁၀၀ ကျော်ကုန်ကျ စရိတ်ကို အလှူရှင်များက စုပေါင်းလှူဒါန်းခြင်း ဖြစ်ကြောင်း ၄င်းထံမှ သိရသည်။

"အဘိုး၊ အဘွား နာမည်နဲ့ မှတ်ပုံတင်နံပါတ် မသိလို့ အခုထိ မှတ်ပုံတင် မရှိသေးဘူး" ဟု ပြည်ကြီးတံခွန် မြို့နယ်မှ အသက် ၂၉ နှစ်အရွယ် ဦးမြတ်မင်းက ဆိုသည်။

မန္တလေးတိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဦးစီးဌာနသည် ကွန်ပျူတာဆာဗာ များကို မန္တလေးခရိုင်တွင် တည်ဆောက်ပြီးစီးပါက ပြင်ဦးလွင်၊ ကျောက်ဆည်၊ မြင်းခြံ၊ ညောင်ဦး၊ မိတ္ထီလာနှင့် ရမည်းသင်းခရိုင် တို့တွင်လည်း ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူ ထံမှ ထပ်မံ သိရှိရသည်။

နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို စမတ်ကတ်အဖြစ် ပြောင်းလဲရန်အတွက် နည်းပညာနှင့် ငွေကြေးအဓိက လိုအပ်နေ သေးသဖြင့် ထုတ်ပေးရန် မဖြစ်နိုင်သေးကြောင်း၊ နယ်မြို့များအထိ ကွန်ရက် ထားရှိရမည် ဖြစ်သဖြင့် ဘတ်ဂျက် လိုအပ်မည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်
အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

ဖမ်းဆီးထားသော လယ်သမားများ ပြန်လွှတ်ပေးရေး ပုသိမ်မြို့တော်ခန်းမရှေ့တွင် ဆန္ဒပြ


ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လယ်သမားအချို့ကို ပုဒ်မ ၄၂၇ နှင့် ၄၄၇ တို့ တပ်ကာ ဖမ်းဆီးချုပ်နှောင်ထား၍ ပြန်လွှတ်ပေးရန် လယ်သမား ၁၈၀ ကျော် သည် ဇန်န၀ါရီ ၂၈ ရက် မွန်းလွဲ ၂ နာရီတွင် ပုသိမ် မြို့တော်ခန်းမရှေ့၌ တရားဝင် ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။

““ကျွန်တော်တို့ကို ပုဒ်မနှစ်မျိုးတပ်ပြီး အချုပ်ခန်းထဲပို့ထားတာတွေနဲ့ တရားစွဲဖို့အတွက် လုပ်ထားတာတွေကို နိုင်ငံတော်က သိဖို့အတွက် အခုလိုတောင်းဆိုရတာပါ။ ဆန္ဒပြတဲ့နေရာမှာ ကျွန်တော်က ဟောပြောဖို့ စာတင်ထားတာကို တခြားသူက ဟောပြောခဲ့တဲ့အတွက် လာသတိပေးတာတော့ရှိတယ်””ဟု တရားဝင်ခွင့်ပြုချက်ဖြင့် တောင်းဆိုဆန္ဒပြရာတွင် ဦးဆောင်ပါဝင်သော လယ်သမားတစ်ဦးဖြစ်သည့် ကိုထွန်းထွန်းဦးက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မော်ကျွန်းမြို့နယ်၌ လယ်သမား ၁၉၅ ဦး၊ ကျောင်းကုန်းမြို့ နယ်၌ ၂၁ ဦး၊ လပွတ္တာမြို့နယ်၌ ခြောက်ဦး၊ ငပုတောမြို့နယ်၌ နှစ်ဦးတို့ကို ကုမ္ပဏီများက သိမ်းယူထားသော လယ်ယာမြေများကို ၀င်ရောက်ကျူးကျော်လုပ်ကိုင်သည်ဟုဆိုကာ ဖမ်းဆီးချုပ်နှောင်ထားသည်။ ၎င်းအပြင် အဆိုပါမြို့ နယ်များရှိ လယ်သမား ၂၉၀ ဦး ကို လည်း လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့က တရားစွဲရန် စီစဉ်နေကြောင်း ဆန္ဒပြရာတွင်ပါဝင်သော လယ်သမားအချို့က ပြောသည်။

““အဓိက ကတော့ မူလလက်ငုတ်လယ်သမားတွေကို ပြန်ပေးဖို့အတွက်ဖြစ်ပါတယ်။ လွှတ်တော်အသံဟာ ပြည်သူ့အသံဖြစ်တဲ့အတွက် လွှတ်တော်အမတ်တွေသိဖို့အတွက် အခုလို ခန်းမရှေ့မှာ လာပြီး ဆန္ဒထုတ်ဖော်တောင်းဆိုရတာဖြစ်ပါတယ်””ဟု ဆန္ဒထုတ်ဖော်ရာတွင်ပါဝင်သော လယ်သမားဦးကြည်လွင်က ပြောသည်။

ယခုကဲ့သို့ ဆန္ဒထုတ်ဖော် တောင်းဆိုရာတွင် ခရိုနီလယ်သမားများဖယ်ရှားရေး၊ မတရားသိမ်းဆည်းခံရသော လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် နိုင်ငံတော်အစိုးရက တာဝန်ယူ ဖြေရှင်းပေးရေး၊ အရင်းရှင်လယ်သမားများဘက်မှ ကာကွယ်သော လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ကို ဖြုတ်ချပေးရေး၊ လယ်ယာမြေကိစ္စရပ်များကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးရေး၊ ဧရာရွှေဝါကုမ္ပဏီက သိမ်းယူထားသော လယ်မြေများကို ဥပဒေနှင့်အညီ ပြည်ထောင်စုလွှတ်တော်က တင်ပြချက်အတိုင်း ပြန်ပေးရေး၊ လယ်သမားများကို မတရားစွဲဆိုထားသော ပုဒ်မများအား ပယ်ဖျက်ပေးရေးစသည်တို့ ရည်ရွယ်၍ ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြသည်။

Author: သူရကျော်

7day Daily


ခုံရုံး ဆုံးဖြတ်မည့်ကိစ္စ လွှတ်တော်ဘက်က မှန်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို



နေပြည်တော်၊ ဇန်နဝါရီ ၂၈

နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စု လွှတ်တော်အကြား အချင်းများနေသော ဥပဒေများကို အခြေခံဥပဒေနှင့် ညီညွတ်မှုရှိ မရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးမှ အဓိပ္ပာယ် ဖွင့်ဆိုပါက လွှတ်တော်ဘက်က မှန်မည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
“လွှတ်တော်ဘက်က မှန်မယ်လို့ ထင်ပါတယ်” ဟု ၎င်းကဆိုသည်။

နိုင်ငံတော်သမ္မတ လက်မှတ် ရေးထိုးပြီးဖြစ်သော ဥပဒေနှင့် လက်မှတ် ရေးထိုးခြင်းမရှိဘဲ အတည်ဖြစ်နေသော ဥပဒေ ရှစ်ခုတွင် အခြေခံဥပဒေနှင့် မညီသော အချက်များ ပါရှိနေသောကြောင့် အခြေခံဥပဒေနှင့် ညီညွတ်မှုရှိ မရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကို အဓိပ္ပာယ် ဖွင့်ဆိုစေမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေး အဖွဲ့က ဇန်နဝါရီ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။

အခြေခံဥပဒေ၏ အဓိပ္ပာယ် ဖွင့်ဆိုမှုသည် ခုံရုံးအပေါ်တွင် မူတည်နေသော်လည်း လွှတ်တော်၏ သြဇာလွှမ်းမိုးမှုကို သံသယ ဖြစ်လာနိုင်စရာ အကြောင်းရှိပြီး ၎င်းတို့၏ ဆုံးဖြတ်ချက်သည် နိုင်ငံတော်၏ တရားစီရင်ထုံး ဖြစ်နေသောကြောင့် သမိုင်းတွင်မည့်ကိစ္စ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ခုံရုံးအဖွဲ့ဝင်တွေရဲ့ သုံးပုံနှစ်ပုံက လွှတ်တော်က ခန့်ထားတာ ဖြစ်နေတယ်။ အမှီအခို ကင်းကင်းနဲ့ မှန်မှန်ကန်ကန် အဓိပ္ပာယ် ဖွင့်ဆိုနိုင်ခြင်းရှိ မရှိဆိုတာ မသိသေးဘူး” ဟု ၎င်းကဆိုသည်။

၂၀၁၂ ခုနှစ်အတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်ဟောင်း များကို စွပ်စွဲပြစ်တင်၍ ရာထူးမှ နုတ်ထွက်စေခြင်းသည် ခုံရုံး၏ လုပ်ပိုင်ခွင့်ကို လွှတ်တော်မှ ကျော်လွန်ရာ ရောက်ကြောင်း ၎င်းကပြောဆိုသည်။

နိုင်ငံတော်သမ္မတရုံး အနေနှင့် ဥပဒေရှစ်ခုကို ခုံရုံးသို့ပေးပို့ရန် ရက်အတိအကျ သတ်မှတ်ထားမှု မရှိသေးသော်လည်း သတင်းထုတ်ပြန်ထားသည့် အတိုင်း ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ်များကို မေးမြန်းရာတွင် ခုံရုံး၏ အဓိပ္ပာယ် ထွက်ဆိုမှု မရှိသေးသည့် အချိန်တွင် လွှတ်တော်ဘက်မှ ကိုယ်စားပြု၍ ဖြေဆိုရန် မဖြစ်နိုင်သေးကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကို (တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ) အပါအဝင် လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

The Voice Weekly

ဗုဒ္ဓကိုယ်တိုင် အကြိမ်ပေါင်း တစ်သောင်းကျော် ဟောခဲ့သည့် တရား



29-01-2014

မြတ်စွာဘုရားရှင်သည် နေ့စဉ်ဟောကြား သတိပေးမြဲဖြစ်သော တရားတစ်ပုဒ်ကို လေ့လာတွေ့ရှိရပါတယ်။
(၄၅)ဝါ နေ့စဉ် အကြိမ်ပေါင်း တစ်သောင်းကျော်ဟောခဲ့သော တရားတော်ဟု ဆိုရမှာဖြစ်ပါတယ်။

အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ = ရဟန်းတို့ မမေ့လျော့ မပေါ့မဆသော သတိတရားဖြင့် ပြည့်စုံကြပါစေ။

(၁) ။ ဗုဒ္ဓုပ္ပါဒေါ ဒုလ္လဘော လောကသ္မိံ = လောကမှာ ဘုရားပွင့်တော်မှုဖို့ ခဲယဉ်းတယ်။

(၂) ။ မနုဿတ္တဘာဝေါ ဒုလ္လဘာ = လူအဖြစ်ကို ရဖို့ခဲယဉ်းတယ်။

(၃) ။ ဒုလ္လဘာ သဒ္ဓါသမ္ပတ္တိ = ရတနာသုံးပါး ကံ၊ ကံရဲ့ အကျိုးကို ယုံကြည်မှုနှင့် ပြည့်စုံဖို့ ခဲယဉ်းတယ်။

(၄) ။ ပဗ္ဗဇိတဘာဝေါ ဒုလ္လဘော = ရှင် ရဟန်းအဖြစ်ကို ရခဲတယ်။

(၅) ။ သဒ္ဓမ္မဿနံ အတိဒုလ္လဘံ = သူတော်ကောင်းတရားကို ကြားနာရဖို့ ခဲယဉ်းတယ်။
(သုတ္တနိပါတ်အဋ္ဌကထာ)
.
.(ဓမ္မလရိပ်)


ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဒုချီရာတန်းမီးလောင်မှု ဘင်္ဂလီများ၏ကာက်ကျစ်မှုများပေါ်ပြီ




28.1.2014 ရက်နေ့ ညနေ ဒုချီးရားတန်းမီးလောင်မှုဖြစ်ပွားမှုမှာ မတော်တဆ လောင်ကျွမ်းမှုမဟုတ်ဘဲ ကျေးရွာနေ ဘင်္ဂလီကုလားများမှ အကွက်ကျကျစီစဉ်ပြီး သူတို့ကိုယ်တိုင် မီးရှို့မှုဖြစ်ကြောင်း၊

သူတို့အိမ်ခေါင် မိုးများပေါ်တွင် ဓါတ်ဆီစိမ် ကောက်ရိုးလိပ်များနှင့် ဖျာလိပ်များအား စီတန်းထားသည်တွေ့ရှိရကြောင်း၊ မီးမ လောင်ဘဲ ကျန်ရစ်ခဲ့သော အိမ်တချို့၏ ပုံများမှ သက်သေခံလျှက်ရှိသည်။

မနက်ဖန် ရောက်ရှိလာကြမည့် EU အဖွဲ့များထံတွင် သူတို့ရဲ့ တဲကုတ်သာသာရှိသော နေအိမ်များအား မီးရှို့ပြီး နေအိမ် အသစ်တောင်းမယ်ဆို တဲ့သဘောကို ဆောင်နေပါကြောင်း
တင်ပြအပ်ပါသည်။

Western Gate Guard
29.1.2014

Thit Htoo Lwin blog

ကမ္ဘာ့ရေတိမ်ဒေသနေ့ အထိမ်းအမှတ် မိုးယွန်းကြီး အင်းတွင် ရေတိမ်ဒေသ ပြခန်းဖွင့်မည်


ရန်ကုန်၊ ဇန်နဝါရီလ ၂၈

ကမ္ဘာ့ရေတိမ်ဒေသနေ့ (World Wetland Day) ကို ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် မိုးယွန်းကြီး အင်းတောရိုင်း တိရစ္ဆာန် ဘေးမဲ့တောအတွင်း ကျင်းပမည် ဖြစ်ပြီး ရေတိမ်ဒေသ ပြခန်းကိုလည်း ဖွင့်လှစ် ပြသထားမည် ဖြစ်ကြောင်း သဘာဝ ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါနေ့ အထိမ်းအမှတ်ပွဲများကို ၂၀၁၀ ပြည့်နှစ်မှစတင်၍ နေပြည်တော် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနတွင်သာ ကျင်းပခဲ့ရာမှ ယခုအကြိမ်တွင် ပထမဆုံးအကြိမ်အဖြစ် ပဲခူးတိုင်းဒေသကြီးရှိ မိုးယွန်းကြီးအင်း ဘေးမဲ့တောတွင် ကျင်းပခြင်း ဖြစ်ပြီး ယင်းပွဲအတွင်း ရေတိမ်ဒေသဆိုင်ရာ ဆွေးနွေးမှုများနှင့် ဓာတ်ပုံများ၊ အချက်အလက်များကို ပြခန်းဖွင့်လှစ်ကာ ပြသသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ရေတိမ်ဒေသနေ့ အခမ်းအနားသို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသော ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များ တက်ရောက်ကြမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ထူးခြားပြီး အရေးပါသည့် ရေတိမ်ဒေသများမှာ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်၊ အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊
မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ လန်ပိ အဏ္ဏဝါအမျိုးသား ဥယျာဉ်နှင့် မုတ္တမကွေ့တို့ ဖြစ်ကြောင်း သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနထံမှ သိရသည်။

မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကို ၁၉၈၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဧရိယာ အကျယ်အဝန်း အားဖြင့် ၂၅၆၀၀ ဒသမ ၀၀ ဧက ကျယ်ဝန်းကြောင်း သစ်တောဦးစီးဌာန စာရင်းများအရ သိရသည်။

The Voice Weekly Myanmar

ရေခဲဖုံးသော မြန်မာပြည်တစ်နေရာ


--------------
ရေးသားသူ- အန်ဒါဆက်မတ်ဇင်စကီး

မြန်မာနိုင်ငံ မြောက်ဖျားဒေသအကြောင်းကို မြန်မာပြည်သူတို့ ဘယ်လောက်အထိသိရှိပါသလဲ။ အနည်းအကျဉ်းမျှသာသိလျှင်သိ သို့တည်းမဟုတ် လုံးဝမသိရှိကြပါ။ ဒါကလည်း ထူးဆန်းလှသည်တော့မဟုတ်။ မြန်မာအများစုအတွက် ပူတာအိုသို့သွားရသည့်ခရီးသည် သူတို့၏စီးပွားရေးအခြေအနေအရ မတတ်နိုင်ကြ၍ပင်ဖြစ်သည်။မြန်မာဟိမ၀န္တာတောင်ဟုဆိုလိုက်လျှင် ဦးတေဇ၏ ရဟတ်ယာဉ်ပျက်ကျသည့်နေရာမျှလောက်သာ မြန်မာပြည်သူတို့ မှတ်မိထားကြသည်။ သို့တည်းမဟုတ် နှင်းများရှိသည့်နေရာ နှင်းများစွာရှိသည့်နေရာဟုသာ သိထားကြသည်။ ထို့ထက်မပိုပါ။

သို့သော် ယင်းအချက်က မြန်မာနိုင်ငံသားများက ၎င်းတို့၏ မိခင်နိုင်ငံနှင့်ပတ်သက်ပြီး ဗဟုသုတနည်းပါးလှသည့်အပေါ် အကြောင်းအခြေခံတော့လည်းမဟုတ်ပါ။ အကယ်၍ မြန်မာနိုင်ငံတွင် ပကတိအခြေအနေများသည် ပွင့်လင်းမှုရှိလာမည်ဆိုပါလျှင် ပညာရေးကို လိုလားတောင့်တကြသော မြန်မာများ၊ တိုင်းရင်းသားပေါင်းစုံ၏ ပညာမိုးကုပ်စက်ဝိုင်းကို အမြင်ကွဲပြားမှုအား လက်ခံနိုင်သော မီဒီယာများက ချဲ့ထွင်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။

၂၀၁၂ ခုနှစ်၊ မတ်လ ၂၃ ရက်တွင် မြန်မာဟိမ၀န္တာနှင့် သူ၏နောက်ဆုံး ရွာစွန်လေးသို့ ကျွန်တော်ခရီးရှည်ထွက်ခဲ့ပါသည်။

ပူတာအိုလေဆိပ်သည် ကျွန်တော့်ဘ၀တစ်လျှောက် မြင်ဖူးသမျှလေဆိပ်ထဲတွင် အသေးငယ်ဆုံးဖြစ်သည်။ အေး၍စိမ့်နေသောလေထု။ လေယာဉ်ကထွက်လိုက်သည်နှင့် တောင်တန်းကြီး၏လေထုကို ရှူရှိုက်လိုက်ရသလို ခံစားလိုက်ရသည်။ ဆောင်းရာသီတွင် ကြည်ပြာရှင်းလင်းနေသော ကောင်းကင်ကြောင့် နှင်းများဖုံးလွှမ်းနေသည့် တောင်ထိပ်ကို အဝေးမှမြင်နိုင်သည်။ ယခုလို မိုးရာသီဝင်လာချိန်တွင်တော့ အမြင်များက မှုန်မှိုင်း၍နေတော့သည်။

ပူတာအိုသည် ပျောက်ဆုံးနေသောမြို့နှင့်တူနေသည်။ အချိန်ကြာမြင့်စွာ မေ့လျော့ခံထားရဟန်ထင်ရသည်။ သို့သော် ယင်းမှာ အပေါ်ယံအမြင်သာဖြစ်သည်။ ကျွန်တော့်လို နိုင်ငံခြားသားကို မဆိုထားနှင့်။ ၁၉၈၀ ပြည့်နှစ်များဆီက ပူတာအိုတွင် တစ်နှစ်ကြာနေထိုင်ခဲ့ဖူးသည့် ကျွန်တော့်လမ်းညွှန်ကပါ “ဘာမှကို အပြောင်းအလဲမရှိဘူး။ ကားတွေနည်းနည်းလေးပိုများလာတယ်။ ဒီလောက်ပဲ”ဟုဆိုသည်။ သိသာမြင်သာသည့်အကြောင်းရင်းကတော့ ဝေးကွာလွန်းခြင်းနှင့် အထီးကျန်လွန်းခြင်းပင်ဖြစ်တော့သည်။

ဗြိတိသျှကိုလိုနီတို့က ယင်းအကြောင်းကို ကောင်းစွာသိရှိခဲ့ကြသည်။ မြင့်မားလှသောတောင်တန်းကြီးများနှင့် ၀န်းရံနေသည့် အမြင့်ပိုင်းဒေသ ပူတာအိုကို ယခင်က ခမ်တီလုံးဟု ခေါ်ဆိုခဲ့သည်။ သမိုင်းတစ်လျှောက်တွင် ရှမ်းနှင့်ကချင်များ နေထိုင်ခဲ့ကြပြီး ဗြိတိသျှများက ပထမကမ္ဘာစစ်မစတင်မီ ၁၉၁၄ ခုနှစ်ကျမှ သိမ်းပိုက်နိုင်ခဲ့သော မြန်မာနိုင်ငံ၏နောက်ဆုံးနယ်မြေဖြစ်သည်။ သမိုင်းပါ ကောလာဟလများအဆိုအရ အကယ်၍များ တရုတ်က ခမ်တီလုံးကို လုံး၀၀င်ရောက်သိမ်းပိုက်မည်ဆိုသောသတင်းကို ဗြိတိသျှများမရရှိခဲ့ပါလျှင် ဤဒေသကို ဗြိတိသျှတို့က လာရောက်သိမ်းခဲ့မည်မထင်ပါ။ တိဘက်ကို တောင်ဘက်ပိုင်းမှ ၀င်ရောက်နိုင်မည့် တံခါးပေါက်အဖြစ် မဟာဗျူဟာအရ အရေးပါသည်ဟု တရုတ်တို့က ယူဆခဲ့ကြောင်း ဗြိတိသျှတို့အတွက် စပိုင်လုပ်ပေးခဲ့သည့် အိန္ဒိယသားများက သတင်းပို့ပေးခဲ့သည်ဟုဆိုသည်။ ဗြိတိသျှတို့က ပို၍လျင်မြန်ပြီး ပို၍လည်း လူရည်လည်ပါသည်။ သူတို့၏ကျွမ်းကျင်သော သံတမန်နည်းပညာကိုသုံး၍ ကချင်တို့ကိုစည်းရုံးသိမ်းသွင်းပြီး ယင်းဒေသကို အုပ်ချုပ်ခွင့်ရယူခဲ့သည်။ ယင်းအတွက် သူတို့ကို အကျိုးအမြတ်များစွာ ပြန်လည်ပေးကမ်းခဲ့ပါသည်။ များမကြာမီပင် ဖို့ဟက်ဇ်အမည်ရှိ စစ်ဌာနချုပ်ကို တည်ဆောက်တော့သည်။ ၎င်းဒေသက ဗြိတိသျှ လက်ထောက်ကော်မရှင်နာမင်းကြီးလည်းဖြစ်ပြီး တပ်ဖွဲ့ပေါင်းများစွာ၏ ခေါင်းဆောင်လည်းဖြစ်သူ W.A. Hertz ကို အစွဲပြု၍ မှည့်ခေါ်ထားခြင်းဖြစ်သည်။

မြောက်ဖျားမှ တောရိုင်းဒေသ၊ မြင့်မားသောတောင်တန်းများနှင့် လမ်းများက အနောက်နိုင်ငံသားများနှင့် မြန်မာများအတွက် လူမသိသူမသိနေရာအဖြစ် ကျန်ရှိနေခဲ့သည်။ မှန်ပါသည်။ မြန်မာဘုရင်များကိုယ်တိုင်ပင် ယင်းဒေသကို လွှမ်းမိုးအုပ်ချုပ်နိုင်ခြင်းမရှိခဲ့ဖူးပါ။ သို့သော်ငြားလည်း ခမ်တီလုံးသည် နှစ်ပေါင်းရာချီပြီး တရုတ်တို့၏ အကြိမ်ကြိမ်တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ တရုတ်တို့က ဒေသခံများကို အခွန်ကောက်ခံပြီး သူတို့ကို ကျွန်များအဖြစ် ဖမ်းဆီးခိုင်းစေခဲ့သည်။

ကျော်ကြားသော ဗြိတိသျှရုက္ခဗေဒပညာရှင်နှင့် စူးစမ်းလေ့လာသူ ဖရန့်ကေ၀တ်သည် မြောက်ဖျားဆီက လူသူအရောက်အပေါက်မရှိသေးသည့် မလိခနှင့် နန်တာမိုင်ကို စူးစမ်းလေ့လာခဲ့သည့် ပထမဆုံးသော အနောက်နိုင်ငံသားဖြစ်သည်။ သူ၏ ၁၉၃၇-၁၉၃၉ ခုနှစ် စူးစမ်းလေ့လာရေးခရီးစဉ်အတွင်း မြန်မာနိုင်ငံ၏အမြင့်ဆုံး ခါကာဘိုရာဇီတောင် (ပင်လယ်ရေမျက်နှာပြင်မှ ၅၈၈၁ မီတာအမြင့်)၏ တောင်ဘက် တောင်ခြေပိုင်းကို ရောက်ရှိခဲ့သည်။ မြန်မာဟိမ၀န္တာ၏ လျှို့ဝှက်ချက်များကို ပြင်ပကမ္ဘာက သိရှိသွားခဲ့သည်။ ယင်းမတိုင်မီ ၁၉၃၀ ပြည့်နှစ်တွင် တော်ဝင်ဘူမိဗေဒအဖွဲ့က သူ၏ ထူးချွန်ပြောင်မြောက်သော စူးစမ်းလေ့လာမှုများအတွက် ဆုတံဆိပ်ချီးမြှင့်ခဲ့သည်။

၎င်းနောက် မြန်မာဟိမ၀န္တာသည် ကာလရှည်ကြာ အထီးကျန်ဖြစ်ခဲ့ပြန်သည်။ ၁၉၅၄ ခုနှစ်တွင် မြန်မာစစ်တပ်မှ ဗိုလ်မှူးကြီးစိုးမြင့် ဦးဆောင်သည့် ပထမဆုံးမြန်မာလေ့လာရေးအဖွဲ့သည် နိုင်ငံမြောက်ဖျားက ရွာစွန်နှင့် နှင်းဖုံးတောင်တန်းများဆီသို့ ရောက်လာသည်။ ၁၉၆၂ ခုနှစ်တွင် မြန်မာဆေးပညာရှင်များအဖွဲ့က နန်တမိုင်တောင်ကြားရှိ လူမျိုးစုများကိုလေ့လာခဲ့ပြီး သူတို့၏တွေ့ရှိချက်များကို ထုတ်ပြန်ခဲ့သည်။ နိုင်ငံခြားသားများက ဤနေရာသို့ ၁၉၉၀ နှစ်လယ်ပိုင်းများက ထပ်မံရောက်ရှိလာကြပြန်သည်။ ဂျပန်တောင်တက်သမား တာကာရှီအိုဇာကီသည် မြောက်ဖျားရွာစွန်ဖြစ်သည့် တဟွန်ဒမ်ရွာတွင်နေထိုင်သူ တိဘက်လူမျိုး နီယာမဂျာလဆန်နှင့်အတူ ပထမဆုံးအကြိမ်အဖြစ် ခါကာဘိုရာဇီတောင်ထိပ်သို့ ၁၉၆၆ ခုနှစ်က တက်ရောက်ခဲ့သည်။ နီယာမသည် ဤတောင်ကို ယခင်က မတက်ခဲ့ဖူးသော်လည်း တောင်တက်လမ်းကိုပြသခဲ့သည့် ပထမဆုံးသောလူသားဖြစ်သည်။ မွေးရာပါတောင်တက်ကျွမ်းသူ၊ အသိရှိသူဖြစ်ခြင်းတို့က အခက်အခဲများကို နောက်ဆုံးအချိန်အထိ ကျော်လွှားနိုင်စေခဲ့သည်။ နီယာမဂျာလဆန်မပါဘဲနှင့် အိုဇာကီတစ်ယောက် မည်သည့်နည်းနှင့်မျှ တောင်ထိပ်ပေါ်မရောက်နိုင်ခဲ့ဟု တောင်ကြားဒေသမှ လူများကပြောကြသည်။ သူတို့ပြောဆိုချက်ကို ကျွန်တော် ယုံကြည်သည်။ တစ်နှစ်အကြာ ၁၉၉၇ ခုနှစ်တွင် World Conversation Society မှ အမေရိကန်စူးစမ်းသူနှင့် သဘာဝထိန်းသိမ်းသူတစ်ဦးက မြန်မာသစ်တောဝန်ကြီးဌာန၏ ထောက်ပံ့မှုဖြင့်ရောက်လာသည်။ တစ်လကြာ ပင်ပန်းကြီးစွာသောခရီးအပြီး တိဘက်လူမျိုးများနေထိုင်သည့် တဟွန်ဒမ်ကိုရောက်လာခြင်းဖြစ်သည်။ သူ၏ခရီးလမ်းတွင် သတ္တ၀ါမျိုးစိတ်သစ်ကို တွေ့ရှိခဲ့သလို တောရိုင်းတိရစ္ဆာန်ကုန်သွယ်မှုနှင့် တိုးများလာနေသော အမဲလိုက်မှုများကြောင့် ဇီဝစနစ်ကို အန္တရာယ်ဖြစ်နေကြောင်းတွေ့ရှိခဲ့သည်။

ယင်းနောက်ပိုင်းတွင် ပြည်ပမှ လူအနည်းငယ်ကသာ ပထမဆုံးလမ်းပြအေဂျင်စီများ၏ အကူအညီဖြင့် ဤဒေသကိုလာရောက်ခဲ့ကြသည်။ ယင်းတောင်တန်းကြီးများဆီသို့ ခရီးစဉ်သည် လွန်စွာပင်ပန်းပါသည်။ ထိုဒေသတွင်နေထိုင်သော ရ၀မ် (သို့မဟုတ်) လီဆူးလူမျိုးတို့၏ ကျန်းမာမှုနှင့် ကြံ့ခိုင်မှုတို့ကို ကျွန်တော်သြချရပါသည်။ လမ်းများ၊ သယ်ယူပို့ဆောင်ရေးယာဉ်များမရှိဘဲ သူတို့သည် ပူတာအို (သို့မဟုတ်) တရုတ်နယ်စပ်များတွင် ဈေးဝယ်ရန်အတွက် သီတင်းပတ်နှင့်ချီပြီး ခြေလျင်သွားလာနိုင်ကြသည်။ အမှန်တော့ သူတို့သည် တောင်တက်သောဓလေ့တွင် အသားကျနေသူများဖြစ်ပြီး သူတို့၏လူနေမှုစနစ်တွင် တောင်တက်ခြင်းက အကျုံးဝင်နေပေသည်။ မည်မျှကြာကြာ ဆက်၍ဖြစ်နေပါမည်နည်း။ ယင်းကိုသိနိုင်ရန်လည်း ကျွန်တော်သွားရောက်ခဲ့သည်။

ပူတာအိုဈေးတွင် ပစ္စည်းများဝယ်ယူပြီးစီးချိန်တွင် လေးလံသောကုန်ပစ္စည်းများကို ပြင်ဆင်ထုပ်ပိုးကြသည်။ ကျွန်တော်၊ ကျွန်တော့်စကားပြန်၊ အစိုးရလမ်းညွှန်နှင့် ပေါ်တာကိုးယောက်တို့သည် တောလမ်းဆီကို ဦးတည်ပြီး နောင်မွန်းမြို့ဆီသို့ ခရီးစကြသည်။ လမ်းတွင် လေဆိပ်တစ်ခုကို ကျွန်တော်တို့ဖြတ်လာခဲ့သည်။ ပူတာအိုကို ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့နှင့် ဆက်သွယ်ပျံသန်းနိုင်ရန်အတွက် ယင်းလေဆိပ်ကိုပြုပြင်နေသည်။ လာမည့်နှစ်အနည်းငယ်တွင် ဤနေရာသည် ဟိုတယ်များ၊ ကမ္ဘာလှည့်ခရီးသွားများအတွက် အဆောက်အအုံအများအပြားနှင့် တောင်ပေါ်အပန်းဖြေစခန်းတစ်ခု ဖြစ်လာနိုင်သည်။

ဘုရားကျောင်း၊ ဘုရားရှိခိုးကျောင်းများက ရွာတိုင်းမှာရှိသည်။ ဤဒေသတွင် အများစုက ခရစ်ယာန်များဖြစ်သည်။ အမေရိကန်မစ်ရှင်မို့စ်မိသားစု၏ နှစ်ကာလရှည်ကြာ သာသနာပြုလုပ်ငန်းများ၏ အကျိုးဆက်ဖြစ်သည်။ ၁၉၅၀ နှစ်များမှစပြီး ၆၀ နှစ်များအထိ သူတို့၏သာသနာပြုချိန်ကို ကောင်းမြတ်သောအချိန်ကာလဟု ဒေသခံများက မှတ်ထားကြသည်။ ၎င်းနောက်ပိုင်းတွင် နိုင်ငံရေးပြဿနာများကြောင့် ပြန်လည်ထွက်ခွာသွားခဲ့ကြသည်။ သာသနာပြုများက သူတို့ကို သောက်စားခြင်းမပြုရန် တားမြစ်ခဲ့သည်။ ကျောင်းများ၊ ဆေးခန်းများ ဆောက်လုပ်ပေးခဲ့သည်။ စိုက်ပျိုးနည်းများ သင်ကြားပေးခဲ့သည်။ သစ်ပင်မျိုးသစ်များစိုက်ပျိုးခဲ့သည်။ ကျွန်တော့်ကို ဒေသခံများ လက်ဆောင်ပေးခဲ့သည့် နာမည်ကြီးကျွဲကောသီးသည် အမှန်စင်စစ် သာသနာပြုများက ပူတာအိုဒေသကို မိတ်ဆက်ပေးခဲ့သည်ဟုဆိုသည်။ ရ၀မ်နှင့် လီဆူးတရားဟောဆရာများသည် လူထုအတွင်း အတော်လေး ခံစားနေရဆဲဖြစ်သည်။ မို့စ်မိသားစုကမူ ယခုအခါ ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် နေထိုင်လျက်ရှိသည်။

တောလမ်းခရီးကြမ်း တစ်ပတ်ကြာမြင့်ချိန်တွင် ကျွန်တော်တို့သည် နန်တာမိုင်တောင်ကြားကို ကာရံထားသောတောင်ကို စတင်တက်ကြသည်။ လမ်းဖောက်လုပ်နေသည့် ရဲဘက်စခန်းနှင့် ကျွန်တော်တို့ ရုတ်တရက်ဝင်တိုးမိကြသည်။ နန်တာမိုင်တောင်ကြား၊ ပန်မန်ဒမ်ရွာဆီသို့ဦးတည်သည့်လမ်းကို ချဲ့ထွင်နေခြင်းဖြစ်သည်။ အစိုးရနှင့်ပူးပေါင်းပြီး မြန်မာပုဂ္ဂလိကများက ငွေကြေးထောက်ပံ့နေသည်။ အလွန်ခက်ခဲနေပုံရသော်လည်း အကယ်၍ ထိုလမ်းများ ဖောက်လုပ်ပြီးစီးသွားမည်ဆိုလျှင် အထီးကျန်နန်တာမိုင်တောင်ကြားသည် ပြင်ပကမ္ဘာအတွက် လမ်းပွင့်လာမည်ဖြစ်ပြီး အပြောင်းအလဲများက ဤနေရာမှလူများကို ရိုက်ခတ်လာမည်ဖြစ်သည်။ ယင်းအချက်သည် ထူးခြားလှသည့် ပြောင်းလဲမှုကြီးတစ်ခုပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တဟွန်ဒမ်ရွာကို နန်တာမိုင်တောင်ကြားက ကမ္ဘာကြီး၏ လာရောက်ရန်အခက်ခဲဆုံးရွာစွန်တစ်ခုဖြစ်စေခဲ့သည် မဟုတ်ပါလား။ အမေဇုံမြစ်ဝှမ်းတွင်ပင် ဝေးလံခေါင်သီသောရွာဆီသို့ လှေဖြင့်သွားလာနိုင်သေးသည်။ ဤနေရာတွင်မူ နန်တာမိုင်မြစ်က ကမ္ဘာ့ရေစီးအသန်ဆုံး၊ အကြမ်းတမ်းဆုံး လူသတ်မြစ်ဟုယူဆရသည်။ ဤစကားက ကျွန်တော့်ထံမှမဟုတ်ပါ။ ဤမြစ်အတွင်း ၂၀၀၃ ခုနှစ်က လှေစီးဆင်းခဲ့သော ကမ္ဘာ့ထိပ်တန်းကာယာကာခေါ် မြစ်ကြောင်းလှေခရီးကြမ်းစီးသူ၏စကားဖြစ်ပါသည်။ သူတို့အသက်ဘေးမှ သီသီလေးကပ်ပြီး လွတ်မြောက်ခဲ့ကြသည်။ သူတို့ထဲမှတစ်ဦးမှာ ကျွန်တော်၏ ရ၀မ်ဘာသာပြန်ဖြစ်ပြီး သူတို့အတွက် စကားပြန်လုပ်ပေးခဲ့သူဖြစ်သည်။

အပြောင်းအလဲများက လာရောက်ကြလိမ့်မည်။ ဤအထီးကျန်ဒေသကို ဒီမိုကရေစီဝင်ရောက်လာသည်ဟု လူများကလည်း ပြောဆိုကြလိမ့်မည်။ ဤနေရာတွင် အတိတ်က ဒီမိုကရေစီစနစ်ကို သိရှိခဲ့ကြသည်ဆိုသည်ကို သိရှိသူအနည်းငယ်သာရှိသည်။ ကချင်ဘာသာဖြင့် ဂမ်လာအိုဟုခေါ်သည်။ ဗြိတိသျှလူမှုရေးပညာရှင်အီးလိခ်ျက သူ၏ ၂၀ ရာစုလယ်တွင် ရေးသားခဲ့သည့် The Political systems of highland Burma စာအုပ်တွင် အသေးစိတ်ပုံဖော်ပြခဲ့သည်။ ဂမ်လာအိုစနစ်သည် ရီပက်ဘလေကန်စနစ်ပုံစံရှိသည့် တန်းတူညီမျှလူနေမှုစနစ် တစ်ခုဖြစ်သည်။ ယင်းသည် အုပ်ချုပ်သူလူတန်းစားဖြစ်သည့် ဂမ်ဆာအိုနိုင်ငံရေးစနစ်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ယခုအခါတွင် အဆိုပါအခေါ်အဝေါ်များကို ဒေသခံများ မေ့လျော့နေကြပြီ။ သို့သော် လူသားတို့၏ဘ၀များနှင့် လူမှုရေးအပြောင်းအလဲများသည် သံသရာစက်ဝိုင်းတစ်ခုလိုပင်ဖြစ်နေသည်ဆိုသည့် အမှန်တရားကို ကျွန်တော်တို့တွေ့ရသည်။ ဂမ်လာအိုသည် နန်တာမိုင်တောင်ကြားကို ဒီမိုကရေစီဟူသောအမည်ဖြင့် ပြန်လည်ရောက်ရှိလာသည်။

ဂါဝိုင်ရွာတစ်ဝိုက်တွင် မိုးသည်းထန်စွာရွာချလိုက်ချိန်တွင် ကျွန်တော်တို့ကို မျှော့အုပ်ကြီးက ၀ိုင်းဝန်းတိုက်ခိုက်ကြတော့သည်။ မုတ်သုံမိုးရာသီက တောင်ပြိုမှုအများအပြားဖြစ်စေပြီး လူပေါင်းများစွာကိုလည်း အတိဒုက္ခရောက်စေသည်။ ကျွန်တော်တို့သည် ဒါဇွန်ဒမ်ရွာသို့သွားရာလမ်းပေါ် ရောက်နေကြပြီး ပထမဆုံးအကြိမ်အဖြစ် ကျွန်တော့်ကိုယ်ပေါ်မှ စိုစွတ်ပေကျံနေသော တောလမ်းမှမြေမှုန့်များက ကျွန်တော့်ခန္ဓာကိုယ်နှင့်အတူ ကြမ်းတမ်းသောကျောက်တုံးကြီးများပေါ်သို့ ပြုတ်ကျသွားတော့သည်။

ဤကြမ်းရှသော ကျောက်ဆောင်တန်းများထဲတွင် ကျောက်တုံးတစ်တုံးနှင့်တိုက်မိလျှင်ပင် လဲကျသွားနိုင်သည့်အကြောင်းရှိသောကြောင့် ထိုအခိုက်မှာ တော်တော်လေးအန္တရာယ်ရှိသော အခိုက်အတန့်လည်းဖြစ်သည်။ ကံကောင်းစွာပင် ကျွန်တော် သွေးထွက်ရုံပဲထွက်ပြီး မတ်တတ်ရပ်ကာ တစ်လှမ်းချင်းလျှောက်လာနိုင်ခဲ့သည်။ အရိုးများမကျိုး၍ ကျွန်တော် ကံကောင်းပါသည်။ သို့သော် ကျွန်တော့် ရ၀မ်လူမျိုးဘာသာပြန်ကမူ ထိုအဖြစ်မျိုး ဤနေရာတွင် မကြာခဏဖြစ်လေ့ရှိသည်ဆိုသည်။ ငယ်စဉ်တုန်းကတော့ သူသည် တဟန်ဒမ် နောက်ဆုံးရွာသို့ အမဲလိုက်ရန်နှင့် မြေပြန့်ဒေသများတွင် ဈေးကောင်းရသော ဆေးမြစ်များကို ရှာဖွေစုဆောင်းရန် သွားရောက်ခဲ့ဖူးသည်။ ၀ယ်သူများကလည်း လက်တင်ဘာသာရုက္ခဗေဒအားဖြင့် အခေါ် CORDYCEPS SINENSIS ခေါ် ရှားပါးသည့် တောင်ပေါ်မှိုအမျိုးအစားကို ဈေးကြီးပေးဝယ်ရန် အသင့်ရှိနေကြသည်။ ထိုမှိုမှာ အံ့ဖွယ်အစွမ်းဖြင့် ကင်ဆာပင်ပျောက်သည်ဟု ယုံကြည်ကြသည်။ မှိုပွင့်သည် ထူးခြားသည့်နည်းလမ်းဖြင့် မျိုးပွားသည်။ မှိုပင်မှာ အင်းဆက်သားလောင်းထဲတွင် ပေါက်ဖွားပြီးနောက် သားလောင်းကိုသတ်ဖြတ်ရင်း ၄င်း၏ခန္ဓာအကြွင်းအကျန်များကို အခြောက်ခံစေရင်းဖြင့် မြေပြင်ထဲမှပွင့်လာခြင်းဖြစ်သည်။

ဒဇောင်းဒမ်တွင်တော့ ကျွန်တော်တို့ ကမ္ဘာ့သားရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့ World Conservation Society က မြန်မာအဖွဲ့ဝင်များကို တွေ့ခဲ့သည်။ ၄င်းတို့မှာ ဒေသခံလူမျိုးစုများ ထိုဧရိယာအတွင်း အမဲလိုက်မည်ကို တားမြစ်နိုင်ရန် ကင်းလှည့်စောင့်ကြည့်နေခြင်းဖြစ်ပါသည်။ ၁၉၉၇ တွင် မစ္စတာအလန်ရာဘင်နိုဗစ်၏ သုတေသနများကြောင့် ၁၉၉၈ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ဒေသခံများမှာ WCS ၏ အစီအစဉ်ကို ထောက်ခံကြောင်း ပြောသည့်ပုံ၊ တန်ဖိုးထားလေးစားသည့်ပုံမရှိကြပါ။ သူတို့ဘိုးဘေးများက ရာစုနှစ်များစွာလုပ်ခဲ့ပြီးခါမှ သူတို့လက်ထက်တွင် ဘာကြောင့်အမဲလိုက်ခြင်းကိစ္စ ရပ်တန့်ရမည်ကို နားမလည်ကြပါ။ ကျွန်တော့်မှာလည်း တစ်ဖက်ကနေ၍ ဤအမြဲစိမ်းသစ်တောသည် စိတ်ဝင်စားစရာ တိရစ္ဆာန်မျိုးစိတ်အရေအတွက်များဖြင့် ပေါများကြွယ်ဝနေသော်လည်း မကြာမီလောက်ကပင် ဒေသတွင်းနေထိုင်သည့်လူဦးရေမှာ သိသာစွာကျဆင်းသွားသည်ကို နားမလည်နိုင် ဖြစ်နေသည်။ ထို့နောက် မကြာမီ ကျွန်တော်အဖြေရသည်။ “သူတို့က နှစ်ပေါင်းများစွာ အမဲလိုက်လာကြတာ။ ဒါပေမဲ့ သူတို့အကျိုးအတွက်ပဲ လုပ်ခဲ့ကြတာ။ တရုတ်ပြည်ထဲမှာ ဈေးကွက်စီးပွားရေးပြောင်းလဲမှုတွေလုပ်တော့ တရုတ်တွေကပဲ တိရစ္ဆာန်အရေခွံတွေနဲ့ အင်္ဂါတွေကို ဈေးကောင်းပေးပြီး စ၀ယ်ကြတော့တာပဲ။ အဲဒီမှာ ဂေဟဗေဒကပ်ဆိုးရှုခင်း ပေါ်ထွက်လာတော့တာပါပဲ”ဟု ကျွန်တော့်လမ်းပြကပြောသည်။ ဤနေရာတွင် ဆင်ရိုင်းတစ်ကောင်မှ မြင်ရတော့မည်မဟုတ်တော့။ ရှိသမျှအကုန်လုံးကလည်း ပြီးခဲ့သည့်နှစ် ၂၀ အတွင်း သတ်ဖြတ်ခံရပြီး ပျောက်ကွယ်သွားခဲ့ပြီ။ ကျားများမှာလည်း အလွန်ရှားပါးလွန်းလှကာ ပုန်းအောင်းပြီးသာ တည်ရှိနေတော့သည်။ နှင်းတောင်ကျားသစ်များလည်း နည်းသထက်နည်းလာသည်။ ဒီကမ္ဘာမြေမှာ ဒါတွေကို ဘယ်သူရပ်မှာလဲ။

ကျွန်တော့်ခရီးတွင် ဖြတ်ကျော်ခဲ့သော နန်တမိုင်တောင်ကြားသည်လည်း ဗလာဟင်းလင်းဖြစ်နေပါပြီ။ ကျွန်တော့်အတွက် အထမ်းသမများအဖြစ် လိုက်ပါပေးကြသော မိန်းကလေးနှစ်ဦးမှာ ဒဇွန်ဒမ်တွင်ကြီးပြင်းခဲ့ကြသူများဖြစ်သည်။ သို့သော် ပြီးခဲ့သည့်ခုနစ်နှစ်ခန့်ကတော့ ကျောင်းတက်ရန် ပူတာအိုသို့ သူတို့ပြောင်းရွှေ့သွားခဲ့ကြသည်။ သိပ်မကြာခင် မိဘများလည်း သူတို့နောက်လိုက်ခဲ့ကြသည်။ ဤသည်မှာ တောင်ကြားမှရွာများ တဖြည်းဖြည်းပျောက်ကွယ်သွားရခြင်းအကြောင်းရင်းဖြစ်သည်။ လူများသည် ခက်ခဲသောတောင်ပေါ်အခြေအနေ၊ အမဲလိုက်ရခြင်း၊ ရွှေ့ပြောင်းတောင်ယာစိုက်ရန် ယာမီး ရှို့ရခြင်း စသောအလုပ်များကို ငြီးငွေ့လာပြီး နေသာသော ပူတာအိုလွင်ပြင်တွင် နိဗ္ဗာန်ဘုံတစ်ခုကို သွားရှာကြသည်။ မြို့ပြတည်ထောင်ခြင်းနှင့် လူဦးရေထူထပ်သိပ်သည်းလာခြင်းများက ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပေါ်နေပြီး မကောင်းသည့် အကျိုးဆက်များကိုလည်း စတင်စူးစမ်းလာကြပါပြီ။ ပြောင်းပြန်အံ့သြစရာ ဖြစ်ရသည်မှာ ထိုတောင်ကြားတွင် မကြာမီချမ်းသာသောသူဌေးများနှင့် ကြွယ်ဝသည့်အငြိမ်းစားပုဂ္ဂိုလ်များက အခြေချတော့မည်။ ဆူညံပြီး လူဦးရေထူထပ်သည့်မြို့ကြီးများနှင့် ဝေးကွာတိတ်ဆိတ်ငြိမ်းချမ်းသောနေရာတွင် နေထိုင်နိုင်ရန် ငွေအများအပြားသုံးကာ လာနေကြမည့်သူများဖြစ်သည်။

ခရီးစဉ် ၁၂ ရက်မြောက်နေ့တွင်တော့ ကျွန်တော်တို့ အရွန်ဒမ်ရွာတွင် ရပ်နားခဲ့ကြသည်။ ရွာလူကြီးက နွေးထွေးစွာကြိုဆိုသည်။ ခြံဝင်းများမှာ ရှင်းလင်းနေပြီး ခွေးများက ဟောင်နေကြသည်။ မတ်စောက်သည့် တောင်ကြောအောက်ဘက်တစ်နေရာတွင် သီချင်းဆိုသံ ကျွန်တော်ကြားခဲ့ရရာ ယင်းမှာ ဘုရားကျောင်းတစ်ခုဖြစ်သည်။ ကျောင်းအတွင်း အမျိုးသမီးများမှာ ဘယ်ဘက်ခြမ်းတွင်ထိုင်ပြီး အမျိုးသားများက ညာဘက်ခြမ်းတွင် ထိုင်နေသည်။ ပွဲပြီးတော့ ကျွန်တော်လည်း ကျောင်းထဲမှထွက်လာသည့် လူအုပ်နှင့် မျက်နှာချင်းဆိုင်ဝင်ပေါက်တံခါးမကြီးသို့ ရောက်သွားသည်။ ကျွန်တော့်အနားကို အကုန်လုံးဝိုင်းလာကြပြီး လက်ဆွဲနှုတ်ဆက်ကြသည်။ ရုတ်တရက်ပင် တစ်စုံတစ်ယောက်၏ လက်ဖ၀ါးအထိကို ကျွန်တော်ခံစားလိုက်ရသည်။ သို့သော် ထိုသူ့မျက်နှာကို ကျွန်တော်မမြင်။ ယင်းမှာ ဒါဝီဖြစ်ပါသည်။ ကမ္ဘာတွင် နောက်ဆုံးကျန်ရှိနေသော အာရှပစ်ဂမီလူမျိုးတစ်ဦးပင်။

စူးစမ်းရှာဖွေနိုင်ဖို့အကောင်းဆုံးနည်းကတော့ သူ့ကိုစကားပြောလာအောင်လုပ်ခြင်း ဖြစ်သည်။ သို့သော် သဘာဝအတိုင်းပင် သူက ရှက်နေပြီး ပြောချင်သည့်ပုံမရှိ။ ကျွန်တော် နည်းလမ်းရှာရတော့သည်။ သူ့ကို ကျွန်တော့်ခရီးစဉ်တွင် အထမ်းသမားအဖြစ် လိုက်ခဲ့မည်လားမေးရာ သူသဘောတူသည်။ သူက WCS ၏ ကန့်သတ်တားမြစ်ချက်များကြောင့် အမဲလိုက်ခြင်းကိုရပ်ထားရပြီး ငွေလိုနေသည်။

တစ်နေ့တည်းမှာပင် ကျွန်တော်တို့ စိုရွှဲစွာ၊ မောပန်းစွာဖြင့် နောက်ဆုံးရွာထဲသို့ ၀င်ရောက်သွားခဲ့ကြရသည်။ ရွာနောက်တွင်တော့ နှင်းများ၊ တောင်များနှင့် တိမ်များကိုသာ မြင်နိုင်တော့သည်။ နောက်တစ်နေ့တွင်တော့ ကံကောင်းစွာပင် နေရောင်က တောင်ကြားထဲကျရောက်လာ၍ ကျေးလက်ဒေသ၏ ပြတ်သားသော အရောင်များနှင့်ပုံရိပ်များကို မြင်တွေ့ရသည်။ ရွာလူကြီးအိမ်တွင် ကျွန်တော်အိပ်ခဲ့ပြီး ၄င်းမှာ တကာရှီအိုဇာကီနှင့်အတူ ခါကာဘိုရာဇီတောင်ကို တက်နိုင်ခဲ့သော တိဗက်လူမျိုး၏ညီဖြစ်သည်။ ၎င်းမှာရွာတွင် အချမ်းသာဆုံးဖြစ်ပုံရသည်။ ခရီးတစ်လျှောက် နောက်ဆုံးရွာသို့ရောက်ခါမှ အခန်းအလယ်တွင် တိဗက်မှသယ်လာသော တီဗီကြီးတစ်လုံးနှင့် ဂြိုဟ်တုရုပ်သံဖမ်းစက်စလောင်းတစ်ခုကို တွေ့လိုက်ရရာ အံ့သြစရာဖြစ်သည်။ ကျွန်တော်တို့အဖွဲ့လည်း ရွာတွင်အနားယူရန် ဆုံးဖြတ်ခဲ့ကြသည်။ ဒါဝီ၊ ကျွန်တော်နှင့် တဟန်ဒမ်မှ တိဗက်ကောင်လေးတို့မှာ တောင်တက်ရမည့်ခရီးအတွက် ပြင်ဆင်ရသည်။ ကျွန်တော်တို့အလွန်ဆိုးရွားစွာ မတ်စောက်နေသာ တောင်တက်လမ်းပေါ်သို့တက်ခဲ့ရပြီး ရင်ခေါင်းအထိနက်သော နှင်းခဲအပုံများကြားတွင်ရှိသော ကျောက်ဆောင်အောက်၌ အိပ်စက်ခဲ့ရသည်။ အရာရာတိုင်းမှာအေးခဲနေပြီး အမည်မရှိသော တောင်ထိပ်ဖျားမှ ကြည့်လိုက်လျှင် ကျွန်တော်တို့ အောင်မြင်စွာတက်နိုင်ခဲ့သော်လည်း ဘာမှမမြင်ရ။ ထူထဲသောမြူနှင်းများနှင့်။ မြင်ကွင်းရှင်းသွားသည့်အခါများတွင်တော့ တောင်ပိုင်းမှ ဆင်ခြေလျှောများပေါ်တွင် ကြီးမားလွန်းသော နှင်းထုကြီးများ။ ကျွန်တော်ကား ကမ္ဘာတွင် နောက်ဆုံးကျန်နေသော မထိတွေ့ရသေးသည့် တောရိုင်းမြေတစ်ခုကိုထိတွေ့ခဲ့ရပြီ။ ခါကာဘိုရာဇီတောင်ကိုတက်နိုင်ဖို့ ကျွန်တော် မြောက်ဘက်သို့ သုံးရက်ခန့် ချီတက်ရပေဦးမည်။

ဒါဝီကတော့ တစ်ခါတလေတွင် နောက်ဆုံးအသက်ရှင်ကျန်ရစ်သော ထရုံလူမျိုးတစ်ဦးအဖြစ် ထင်ရပါသည်။ အသက် (၆၂) နှစ်အရွယ်ရောက်နေသည့်အချိန်တွင် သူသည် ထရုံနှမများနှင့်အတူ နေထိုင်နေပါသည်။ သူ့ဇနီးမှာမူ ပျားရည်ရှာရင်း တောင်စောင်းတစ်ခုမှလိမ့်ကျကာ ဆုံးပါးသွားခဲ့ပြီဖြစ်သည်။ သူပြောသည့်စကားက ရ၀မ်နှင့် ထလူဒေသီယစကားများနှင့် ကွဲပြားသည်။ ၁၉၆၂ တွင် မြန်မာဆေးအဖွဲ့တစ်ခုက အရွန်ဒမ်ရှိ သူ့လူမျိုးစုရှိရာသို့ လာရောက်စစ်ဆေးကြည့်ရှုခဲ့ရာတွင် ကလေးတစ်ဦးသာဖြစ်နေပါမည်။ ထိုစဉ်က ထိုနေရာတွင် ထရုံလူမျိုးဦးရေ ၈၀ ခန့် အသက်ရှင်နေထိုင်နေကြကြောင်း အဖွဲ့ကတွက်ချက်ခဲ့သည်။ အခုတော့ ယင်းမှ လူလေးဦးသာ အသက်ရှင်ကျန်ရစ်ပါတော့သည်။ အထီးကျန်အဆက်ပြတ်နေမှုက သူတို့ကို မျိုးဆက်ပြတ်တောက်သွားစေခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မျိုးဗီဇအရ ချို့ယွင်းအားနည်းမှုကြောင့် ၁၉၅၀ ပြည့်နှစ်များအတွင်း ငလျင်ကြီးတစ်ရပ် လှုပ်ခဲ့မှုများကြောင့်ဖြစ်သည်။ အကြီးမားဆုံးကြုံဖူးသည့်ငလျင်ဟု ယုံကြည်ရသည့် ထိုငလျင်ကြောင့် တောင်ကွဲသွားမှုများက သူတို့ကို ဆွေမျိုးများနှင့် အဆက်ပြတ်သွားစေခဲ့သည်။ သို့သော် အမှန်တရားက အမြဲပဲရှုပ်ထွေးပါသည်။ ဟိမ၀န္တာတောင်ကြောကြီး၏ ဟိုဘက်အခြမ်းတွင်တော့ တိဗက်ဒရန်လူမျိုးစုဖြစ်သည့် သူ့ဆွေမျိုးများက သူတို့ပုံစံအတိုင်း၊ ဘာသာစကားနှင့် ဓလေ့များအတိုင်း နေထိုင်နေကြပါသည်။ သူတို့ တစ်ခါက တောင်ထိပ်ဖျားပေါ်တွင်ဆုံကြရာ သူက ထိုသူများကို “ဘယ်သွားမလို့”ဟုမေးရာ သူတို့က “မင်းတို့ တောင်ကြားထဲဝင်ပြီး ယာမြေလုပ်ဖို့ နေရာရှာမလို့”ဟု ပြောကြသည်။ သူကလည်း “အဲဒီမသွားနဲ့။ တိရစ္ဆာန်တွေလည်းမရှိတော့ဘူး။ မြေလည်းမရှိတော့ဘူး”ဟု ပြောလိုက်သည်ဆိုသည်။
သို့သော် ဒါဝီ့ကိုကြည့်ရသည်မှာ စိတ်ဓာတ်ကျပုံမပေါ်ပါ။ “လူတွေက ပေါက်ကရတွေပြောနေကြတာ။ ကျွန်တော်က နောက်ဆုံးကျန်တဲ့ ထရုံလူမျိုးတဲ့။ အရွန်ဒမ်မှာရှိတဲ့ ရွာသားအားလုံးက သူတို့ကိုယ်သူတို့ ထရုံလူမျိုးလို့ပဲပြောနေကြတာ။ ကျွန်တော်တို့က အကုန်သွေးနှောထားတာ။ ထရုံနဲ့ ထလူတွေနဲ့ ရ၀မ်တွေနဲ့လေ”ဟု ပြုံးပြီးပြောပါသည်။

7Day News Journal

လိုအပ်ပါက မြန်မာပြည်ကို ကာကွယ်ရန် အသင့်ရှိဟု ရခိုင်တပ်မတော် စစ်ဦးစီးချုပ်ဆို



အခြေ အနေအရ လိုအပ်လာပါက  ရခိုင်ပြည်နယ်အပါ အဝင် မြန်မာ ပြည်ကို ကာကွယ်ရန် အသင့်ရှိ သော်လည်း အမှားအယွင်း အဖြစ်မခံနိုင်ဟု  ရခိုင်တပ်မ တော် စစ်ဦးစီးချုပ်ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်က ဆို သည်။

၂၀၁၁ခုနှစ် ဇွန်လမှ စတင်ဖြစ်ပွားခဲ့သည့်  ပဋိပက္ခ ဖြစ်စဉ်များနှင့်ပတ်သက်၍ ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်ပြီး ပဋိပက္ခဖြစ်စဉ်များ၏နောက် ကွယ်မှ ကြိုးကိုင်ကာသွေးထိုး လှုံ့ဆော်မှုများမှာ တိုင်းပြည် ၏အချုပ်အခြာကို မလေးစား ရာရောက်သည်ဟု ၎င်းင်းက KNU ဌာနချုပ်၌ ဇန်နဝါရီ ၂ဝမှ ၂၆ရက်အထိ ကျင်းပခဲ့ သော ဒုတိယအကြိမ် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း များညီလာခံ၌ ပြောကြားခဲ့ ခြင်းဖြစ်သည်။

““တရားသည် မတရား သည်ဆိုတာထက် ဘင်္ဂါလီမှန် ပါတယ်လို့ တစ်ဘက်သတ်ပြော ဆိုတာတွေရှိတယ်။ ဒါက တိုင်း ပြည်ရဲ့ အချုပ်အခြာကိုမလေး စားတာပါ။ ပြီးတော့ ကိုယ့် ဘက်က အစစအရာရာအား နည်းတာလဲပါတယ်။ တပ်မ တော် တစ်ရပ် က တစ်ပွဲထိုးတော့ မဟုတ်ဘူး။ လိုအပ်လာရင် တိုင်းပြည်ကို ကာကွယ်ဖို့အသင့် ပဲ။ ဒါပေမဲ့ဒေါသအလျောက် လုပ်လို့တော့ မရဘူးပေါ့။ ဘာ လို့လဲဆိုတော့ အမှားအယွင်းအ တွက် ကျွန်တော်တို့မှာ နောက် ဆုတ်စရာ မြေမရှိ ဘူး ဗျ””ဟု ဗိုလ်မှူးချုပ်ထွန်းမြတ်နိုင်က ဆိုသည်။

အဆိုပါ ဖြစ်စဉ်များအ တွင်း၌ အစိုးရ၏ကိုင်တွယ်ဖြေရှင်းမှုအားနည်းခဲ့သည့် အ ပြင် ယခုလုပ်ဆောင်နေသည့် တစ်နိုင်ငံလုံးအတိုင်းအတာ အရအပစ်ရပ်ရေး၌ အစိုးရ ၏ပြောဆိုလုပ်ဆောင်မှုများ မှာ အပြင်ပန်းဆန်ပြီး အနှစ် သာရမရှိသည့် အချက် များ ကို တွေ့ရကြောင်းလည်း ၎င်းင်းက ဝေဖန်ပြောဆိုခဲ့သည်။

““ကျွန်တော်တို့က လူရှေ့ သူရှေ့မှာ လက်မှတ်ထိုးပြပြီး ညာနေဖို့ မဟုတ်ဘူး။ ကိုယ့် နိုင်ငံပြဿနာကို အမှန်တကယ် ဖြေရှင်းပြီးပြီလား။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ လူတွေပျော်ရွှင် နေကြပြီလား။ ငါတို့ အနာဂတ် အတွက် ခိုင်မာတဲ့ ငြိမ်းချမ်း ရေးလမ်း ကြောင်းတွေ ပွင့်ပြီ လားဆိုတဲ့အပေါ်မှာ အနှစ်သာ ရရှိရှိ ပြောဆိုလုပ်ကိုင်ဖို့လို တယ်။ အခုအစိုးရဘက်က ပြောဆိုနေတာတွေက အပြင် ပန်းဆန်နေတယ်””ဟု စစ်ဦးစီး ချုပ်ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင် က ပြောသည်။

အစိုးရအနေဖြင့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ အ စည်းများနှင့်အပစ်အခတ်ရပ် စဲရေး  လက်မှတ်ရေးထိုးရာ၌ တိုင်းရင်းသားအဖွဲ့အစည်း တချို့နှင့်သာ တွေ့ဆုံဆွေးနွေး မည်ဆိုသည့်အချက်နှင့် ကျန် ရှိနေသည့် တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရန် အင်အား ကြီးသည့် လက်နက်ကိုင်အဖွဲ့ အစည်းများ၏ ဆန္ဒပါမှရမည် ဆိုသည့်အချက်နှင့် ပတ်သက် ၍ ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ် သည်။

သို့သော် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း များအားလုံးပါဝင်၍ အပစ်အ ခတ်ရပ်စဲရေးလက်မှတ်ထိုး နိုင်ရန်အတွက် လုပ်ဆောင် သွားမည်ဖြစ်ပြီး ဆွေးနွေးပွဲအ တွင်းပါဝင်လာရန်မှာ ကျန်ရှိ နေသည့် တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့ အစည်း များ၏ သဘောသာဖြစ်ကြောင်း တစ် နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့(NCCT) ဒု တိယအဖွဲ့ခေါင်းဆောင် ဗိုလ် ချုပ်ဂွမ်မော်က ပြောသည်။ မြန်မာနိုင်ငံတွင် အစိုးရ တပ်မတော်မဟုတ်သည့် တိုင်း ရင်းသား လက်နက် ကိုင်အဖွဲ့ များအပါအဝင် လက်နက်ကိုင် အဖွဲ့အစည်းပေါင်း ၁ဝဝကျော် ရှိကြောင်း လက်နက်ကိုင်အဖွဲ့အ စည်းများထံမှ ထွက်ပေါ်သည့် စာရင်းများအရ သိရှိရသည်။

မျိုးသူ (မြစ်မခ)
yangonmedia

မြိတ်ပေါ့ဆမီးအိမ် ၈၀ ကျော် လောင်ကျွမ်း


Dawei Watch၊ မြိတ်၊ ဇန်န၀ါရီ-၂၈

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် မြိတ်မြို့တစ်ဖက်ကမ်း ကျွန်းစုမြို့နယ် ပထော်ပထက်ကျွန်း၌ ဇန်န၀ါရီ ၂၇ ရက် ည ၁၀ နာရီ ၄၅ မိနစ်ခန့်က
ပေါ့ဆမီးကြောင့် နေအိမ် ၈၀ ကျော် မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးထွန်းကုမ္ပဏီပိုင် သစ်အချောထည်စက်ရုံအနီး ပြည့်ဖြိုးထွန်း အလုပ် သမားများနှင့် တရုတ်သစ်စက် အလုပ်သမားများနေထိုင်သည့် ဆင်မယဉ်သာ
စံပြရပ်ကွက် လုံးချင်းအိမ်ရာကွင်းအတွင်း အလျား ၁၂ ပေ၊ အနံ ၁၅ ပေရှိ ပျဉ်ခင်း၊ သွပ်မိုး၊ ၀န်ထမ်းနေအိမ် ၈၂ လုံး လောင်ကျွမ်းခဲ့ကြောင်း၊ ရပ်ကွက်နေ ဦးစည်သူ၊ ဒေါ်အေး အေးဖြူတို့၏နေအိမ် နောက်ဖေးရှိ မီးကျွင်း မီးကျန်မှ တစ်ဆင့်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေး ၀န်ထမ်းများက ပြောသည်။

ယင်းမီးလောင်မှုကြောင့် အိမ်ထောင်စုပေါင်း ၇၄ စုနှင့် လူဦးရေ ၄၁၆ ဦး ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့ပြီး ယင်းအိမ်ထောင်စုများကို သက်ဆိုင်ရာတာဝန်ရှိ သူများက ဆင်မယဉ်သာ ဘုန်းတော်ကြီးကျောင်း၌ ယာယီကယ်ဆယ်ရေး စခန်း ဖွင့်လှစ်ပေးထားပြီး ရေသန့်ဘူး၊ ထမင်းဘူးနှင့် စားစရာများကို လတ်တလော ထောက်ပံ့ကူညီပေးထားကြောင်း ကျွန်းစု မြို့နယ်မှ ရဲတပ်ဖွဲ့မှ ဒုရဲအုပ်အောင်မြင့်ဌေးက ပြောဆိုသည်။

ဆုံးရှုံးမှုတန်ဖိုးမှာ နေအိမ် ၈၂ လုံးနှင့်အိမ်တွင်း အသုံးအဆောင်ပစ္စည်းများ အပါအ၀င် တန်ဖိုး ကျပ်သိန်းတစ်ထောင်ကျော်ခန့် ရှိမည်ဟု ဆင်မယဉ်သာ စံပြရပ်ကွက် ၀န်ထမ်းအိမ်ရာနေ အမျိုးသားတစ်ဦးက ပြောပြသည်။

' မီးလောင်တာက အဒေါ်တို့ အိမ်နားက ကပ်လျက်လောင်တယ်လေ၊
ဘာမှမသယ်နိုင်ပါဘူး။ ကလေးတွကိုပဲ အရင်ခေါ်ပြီး ထွက်ပြေးခဲ့ရတယ်။ အ၀တ်အစားတွေတောင် မသယ်နိုင်ခဲ့ဘူး ' ဟု အသက် (၄၀) ကျော် အမျိုးသမီးတစ်ဦးက ပြောသည်။

ပေါ့ဆမီးသည် စတင်လောင်ကျွမ်းခဲ့သည့် အချိန်မှစပြီး မြိတ်မြို့ပေါ်ရှိ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာ ပြည်သူလူထုများ စုစုပေါင်း အင်အားတစ်ထောင်ကျော် ရေသယ်ယာဉ်များနှင့် မီးသတ်စက်များဖြင့် ၀ိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ည ၁ နာရီ တွင် မီးလုံးဝ ငြိမ်းသွားကြောင်း ဒုရဲအုပ် အောင်မြင့်ဌေးက ရှင်းပြသည်။

ပေါ့ဆမီးကြောင့် လောင်ကျွမ်းခဲ့သည့် နေအိမ် ပိုင်ရှင် ဒေါ်အေးအေး ဖြူအား ကျွန်းစုမြို့နယ် မြို့မရဲစခန်းမှ (ပ) ၅/၂၀၁၄ ပြစ်မှု ပုဒ်မ (၂၈၅) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ၎င်းက ပြောဆိုသည်။

Netguide နည်းပညာဂျာနယ် ( Vol-3, Issue-21 )

အကျယ်ချဲ့ကြည့်ရန်





အန္တရာယ်ရှိသောအစားအစာ ဆယ်မျိုး


မြေပဲ(သို့) မြေပဲမှုန့် ၊ ပဲသိးအမျိုးမျိုး ၊ ကြီးမားသောပင်လယ်ငါးအမျိုးမျိုး ၊ Bubble Tea ၊ ငါးသေးသေး
အမျိုးမျိုး ၊ Salad ။ ဝက်ကျောက်ကပ် ၊ ပုဇွန် ၊ ပြည်ကြီးငါး ၊ ကော်ဖီမှုန့်တို့ဖြစ်ပါတယ် ။
❉ မြေပဲတွင်Aflatoxin ဆိုတဲ့အဆိပ်က သာမန်တွေ့ရှိရတဲ့ဒြပ်ဖြစ်ပါတယ် ။
အဲဒီအဆိပ်က အသည်းကင်ဆာကိုဖြစ်စေတဲ့အဆိပ်ပြင်းတစ်မျိုးဖြစ်တယ် ။
မြေပဲ ၊ မြေပဲယို စားသုံးရာတွင်လည်းအထုးသတိပြုသင့်ပါတယ် ။
❉ ပဲသီးအမျိုးမျိုး ကို အဆက်မပြတ် ဆွတ်ခုးနိင်တာမို့ ပိုးသတ်ဆေးများ လွန်ကဲစွာ ပဲသီးများတွင် ကျန်ရှိနေနိင်ပါတယ် ။ဒါကြောင့်မို့ပဲသီးရဲ့အပြင်ဖက်ကို သေချာ ပွတ်သပ်ဆေးကြောပါ ။
Soda (စား ဆော်ဒါ ကိုရေနှင့်ဖျော်ပြီး ) ရေထဲမှာ ၅မိနစ် စိမ်ထားပါ ။
ရေနိင်နိင်ဆေးခြင်းဖြင့်ပိုးသတ်ဆေးများကိုဖယ်ရှားနိင်ပါတယ် ။
❉ Bubble Tea (Pearl milk tea ) ထဲမှာပါတဲ့ လဖက်ခြောက်ထဲမှာ ပိုးသတ်ဆေးများပါဝင်နိင်တယ် ။ Pearl ကို မပုတ်သိုး မပျက်အောင် ဆေးများထည့်ထားတတ်ပါတယ် ။ ရေခဲတွင် ဗက်တီးရီးယားပိုးများရှိနေတတ်ပြီး လွန်ကဲသောသကြားများပါဝင်တယ် ။
Pearl လုံးတွေကို ကြွပ်တဲ့အရသာရှိအောင် ဆေးများထည့်ထားတာမို့
" ဓာတု ပာင်းရည် " နဲ့ တုတယ် ။
❉ကြီးမားသောပင်လယ်ငါးများ (swordfish, tuna, sharks....etc) တွင် မာကူရီ ဒြပ် ( Mercury ) ပါတာမို့ သတိထားစားသုံးသင့်ပါတယ် ။
❉ငါးအသေးအမျိုးမျိုး (အထုးသဖြင့်) ငါးခြောက်များတွင်လွန်ကဲသောဆားဒြပ်နဲ့ အရောင်းလှဖို့ ချွတ်ဆေးများ ၊ အရောင်တင်ဆိုးဆေး များကို သုံးတတ်တာမို့သတိထားသင့်ပါတယ် ။
❉ salad ထဲမှာပါဝင်သောပာင်းသီးပာင်းရွှက်များတွင် Parasites(ကပ်ပါးကောင်) ၊ ပိုးသတ်ဆေး များကျန်ရစ်နေတတ်တာမို့
အစိမ်းစားတာထက် အကျက်စားတာက ပိုသင့်တော်ပါတယ် ။
❉ စားကြွင်းစားကျန်များကို စားသောဝက်များက
အလွယ်တကူ ကျောက်ကပ်ရောဂါများဖြစ်တတ်တယ် ။
❉ ပုဇွန် ကို ကြွပ်စေဖို့ Borax ( လက်ချား) ဖြင့်စိမ်ထားတာမို့
(မပုတ်သိုးစေတဲ့စွမ်းအားရှိတယ် ။) ကျောက်ကပ်ကိုထိခိုက်နိင်ပါတယ် ။
❉ ပြည်ကြီးငါး ကို မပုတ်သိုး မပျက်အောင် ဆေးစိမ်ထားတတ်မို့
ကျန်းမာရေးကိုထိခိုက်နိင်ပါတယ် ။
❉ မှိုတက်နေသောကော်ဖီစေ့မှာ Ochratoxin ဆိုတဲ့ဒြပ်က အဆိပ်ဖြစ်တာမို့ကော်ဖီမှုန့်ကြိတ်သောက်မိလျှင် ကျောက်ကပ်ကိုထိခိုက်စေနိင်ပါတယ် ။ ဒါကြောင့်မို့လတ်ဆတ်သောကော်ဖီမှုန့်ကို ဖျော်သောက်သင့်ပါတယ် ။။။။။
ချစ်ခင်လေးစားရသောသူငယ်ချင်းတို့
ခေတ်နဲ့အညီ အစားအသောက်တွေကလည်း စားချင်စဖွယ် ၊ စားကောင်းအောင် ချက်ပြုတ်နည်းကလည်းစုံ ။ သဘာဝမပာုတ်သော
ပာင်းခတ်အမွေးအကြိုင်များကိုထည့်သုံးတာလည်း ကျင့်သားဖြစ်နေပြီ ။
အငန် အဆီအစိမ့်အချို နည်းနည်းလျှော့လိုက်တာနဲ့ အရသာမရှိတော့ဘုး ၊
စားမကောင်းဘုးဆိုပြီး စိတ်အလိုလိုက်မိတော့ ကျန်းမာရေးကို ထိခိုက်မယ်ဆိုတာ မတွေးမိတော့ဘုး ။ နေထိုင်စားသုံး အလေ့အထ တွေ
ခေတ်မှီလာတာနဲ့အမျှ ရောဂါ တွေပေါင်းစုံ ပေါ်ထွက်လာတာကိုတွေ့ရတယ် ။ ရောဂါထဲမှာ အမြဲ ပထမက ကင်ဆာ ပါပဲ ။ လုလတ်ပိုင်းအရွှယ်
ဖြစ်တတ်တာက သွေးတိုး နဲ့ဆီချို ==> အခြေအနေဆိုးလျှင် ကျောက်ကပ်ဆေး ရတဲ့ ဝေဒနာရှင်တွေများလာတာကိုတွေ့ရတယ် ။ သွေးတိုးနဲ့ဆီချိုက မျိုးရိုး အလိုက် ဖြစ်နိင်သလို အနေအထိုင် အစားအသောက် နဲ့လည်း ဆိုင်ပါတယ် ။ ဘဝမှာကျန်းမာရေးကအရေးကြီးတာမို့ဂရုစိုက်ပါ ။
သူငယ်ချင်းများအားလုံးကျန်းမာပါစေ
Jin Li Chao

ဂေါတမ မြတ်စွာဘုရားရှင်ရဲ့ အသံတော်ကို သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ

ပုံကိုနှိပ်၍ ရှင်းရှင်းလင်းလင်းဖတ်နိုင်ပါသည်။



ကွန်ပျူတာ သမားများ အတွက် ကိုယ်တွေ့ ခါးနာ ပျောက်ဆေးနည်း


ကွန်ပျူတာ သုံးတာ ကြာပြီ ဆိုတော့ ခါးနာ ရောဂါလည်း ဖြစ်လာ တာပေါ့။

ဒီနှစ်ပိုင်းမှာ ခါးက ပိုနာ လာတယ်။ ဆေးနည်းက နက္ခတ္တ ရောင်ခြည်ကနေ ရထားတာ ကြာလှပြီ။ အမှုအမှတ်မဲ့ မစမ်းကြည့် ဖြစ်ဖူး။ အခုတော့ စမ်းမှ ဖြစ်မယ်ဆိုပြီး -

အာလူးကြီး တစ်လုံးကို ခပ်ပါးပါး အလွှာတွေ ရအောင် လွှာပြီး ညအိပ်ယာ ၀င်တော့ နာနေတဲ့ ခါးပေါ်မှာ စီပြီး ကပ်လိုက်တယ်။ အားကစားသမားတွေ သုံးတဲ့ အလပ်စတစ် ပတ်တီး ပတ်ပြီး အိပ်လိုက်တယ်။ မနက်ကျတော့ ခါးနာ နေတာ ယူပစ်သလို ပျောက်သွားတယ်။ အံ့ရောပဲ ...

အာလူးထဲမှာ ပါတဲ့ ဓါတ်သဘာဝ တွေက အရေပြား ကနေ ခါးနာတဲ့ နေရာကို ၀င်သွားလို့ ဒါမှမဟုတ် ခါးနာ ဆီကနေ အာလူးက စုပ်ယူ လိုက်လို့  ပျောက်သွားတယ် ထင်တယ်။

နွယ်မြက် သစ်ပင် ရိုးရာ ဆေးမြီးတို လေးတွေလည်း အထင် မသေးကြနဲ့ ဗျို့ ။


ချစ်ကြည်စွာဖြင့် - ဧကံသ

ခေတ်သစ် ချစ်တီးတွေ အကြောင်း


အိနိ္ဒယ ချစ်တီးတွေ မြေပြန်တောင်း

သတင်းဂျာနယ်တစောင်မှာ အိနိ္ဒယက ချစ်တီးကုလားတွေက သူတို့ လယ်မြေတွေ ပြန်ပေးဖို့ မြန်မာအစိုးရထံ တောင်းဆိုသွားမယ်ဆိုတဲ့ သတင်းဖတ်ရတော့ ပြုံးမိပါတယ်။
တရက်တည်းလိုမှာပဲ ဖတ်ရတဲ့ သတင်းတပုဒ်ကျတော့ ဖတ်ပြီး မချိပြုံး မပြုံးနိုင်ပါ တော့တယ်။

ဧရာဝတီတိုင်းထဲက လယ်သမား ၄၀၀ ကျော် တရားစွဲဆိုခံနေရပြီး ၇၀ လောက် ထောင်ဒဏ်ကျခံနေရတယ် ဆိုတဲ့ သတင်းပါ။ ဒါနဲ့ တောင်သူလယ်သမား ကွန်ရက်တွေ လိုက် မေးကြည့်တော့ မြန်မာပြည်မှာ အသားမမည်းတဲ့ ချစ်တီးတွေ ရှိနေတုန်းဆိုတာ သိလိုက်ရတော့ ပြုံးတောင် မပြုံးနိုင်တော့ပါဘူး။

ဖြစ်နေပုံတွေက လယ်ယာမြေ မှတ်ပုံတင်လက်မှတ်တွေ ချပေးခါနီး ၃ လလောက် အတောအတွင်း ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အဲဒီ ၃ လလောက်အတွင်းမှာကိုပဲ လယ်သမားတွေ ရာနဲ့ချီပြီး တရားစွဲခံ ထောင်ဒဏ်ကျခံရ လယ်မဲ့ယာမဲ့တွေ ဖြစ်ကြရတာပါ။

လယ်သမားဆိုတာက လယ်လုပ်တော့မယ်ဆို နီးစပ်ရာ လုပ်ငန်းရှင်တွေထံက ငွေကြေး ချေးငှား စိုက်ပျိုး ကြရတာပါ။ အတိုးနဲ့ ချေးတာကိုပဲ တချို့ လုပ်ငန်းရှင်တွေက အတိုးနဲ့တင် မကျေနပ်နိုင်တော့ဘဲ လယ်မြေ မှတ်ပုံတင် ချခါနီးမှာ လယ်ပါ အပိုင်သိမ်းဖို့ လုပ်ခဲ့ကြပါတယ်။

တောင်သူလယ်သမားများနဲ့ မြေယာလုပ်သားများသမဂ္ဂက ဦးအောင်မိုးဝင်းက “လယ်သမားတွေက ငွေကြေးမတတ်နိုင်တဲ့ အခါကျတော့ လုပ်ငန်းရှင်တွေဆီက ငွေကြေးတွေ ယူရတယ်၊ အဲဒီငွေကြေး အပေးအယူ ကိစ္စတွေ ရှိတယ်၊ လယ်ယာမြေ မှတ်ပုံတင်ခါနီးကျတော့ လုပ်ငန်းရှင်တွေကနေပြီး မြေစာရင်းတွေနဲ့ ပေါင်းတယ်၊ နောက် တရားရုံးတွေနဲ့ ပေါင်းတယ်၊ ဒီဟာက အမှန်တကယ်ကတော့ ငွေကြေး အပေးအယူနဲ့ ပတ်သက်လို့ရှိရင် တရားမလမ်းကြောင်းနဲ့ ငွေရလိုမှုနဲ့ သာလျှင် အမှုတရားစွဲပြီး တောင်းသင့်တယ်၊ ဒါပေမဲ့ တော်တော်များများ ဖြစ်နေတာ အဲလို မဟုတ်ဘူး၊ အသာလေး ငွေကို ထိုးပေးလိုက်ပြီးတော့ အဲဒီမှာ စပါးပေးတို့ တင်းတိုးတို့ အဲဒီလို ပြန်ပြီး မဆပ်နိုင်တဲ့ ပုံစံမျိုးတွေ လုပ်တယ်၊ နောက်တချို့ဆိုရင် လက်မှတ်ကို စာရွက်ဗြောင်မှာ ထိုးခိုင်းတယ်၊ လယ်သမားတွေက အလုပ်ချိန် ကျလာပြီဆိုရင် သူရဲ့ ယုံကြည်မှုအရ ထိုးပေးလိုက်တာပဲ၊ ပြီးတော့ စာရွက်ဗြောင်မှာ ရေးချင်ရာ ရေးလိုက်တာပဲ၊ ရေးချင်တာရေးပြီး အာဏာပိုင်နဲ့ ပေါင်းပြီး အခုလို လယ်ယာမြေတွေ မှတ်ပုံတင်ရမယ့် အချိန်မှာ သူက ဘာလုပ်လဲဆိုတော့ ဥပမာ ဦး ၅၀ ကို သူကိုင်ထားပြီး ၂ ယောက် ၃ ယောက်လောက်ကို တရားရုံးနဲ့ပေါင်း ငွေပေးပြီးတော့ တရားစွဲပြီး အတင်း ထောင်ချလိုက်တယ်၊ အဲဒီလို ချရင်းနဲ့ လယ်သမားကို ကြောက်အောင် လုပ်လိုက်ပြီး နောက်လူတွေဆီက လယ်တွေ သိမ်းလိုက်တယ်၊ အဓိက ဖြစ်တဲ့ ပြဿနာက အဲဒါပဲ။”

နောက်တမျိုးက အသိမ်းခံထားရတဲ့ လယ်မြေတွေ ပြန်ပေးမယ်ဆိုတဲ့ သတင်းကြားပြီး လယ်မြေ ပြန်မရသေးတော့ အဲ့ဒီ လယ်တွေမှာ ၀င်ရောက် ထွန်ယက်စိုက်ပျိုးလို့ တရားစွဲ ခံကြရတာ ဖြစ်တယ်လို့ ပြောပါတယ်။

ပုဒ်မ ၄၄၇ ကျူးကျော်ဝင်ရောက် စိုက်ပျိုးမှု၊ ပုဒ်မ ၄၂၇ အကျိုးစီးပွား ဖျက်ဆီးမှုတွေနဲ့ တရားစွဲခံနေရတာ ဖြစ်ပါတယ်။
ဒီလိုတွေ ဖြစ်နေတာကို သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရက လက်ပိုက်ကြည့် နေသလား။ တချို့ကိစ္စတွေမှာ အုပ်ချုပ်ရေးပိုင်းက ဆင်းလာပြီး ဖြေရှင်းပေးခဲ့တာ ရှိပေမယ့် သက်ဆိုင်ရာက ၄၊ ၅ ရက်နေ ပြန်သွားပြီး ၁ ပတ်၊ ၁၀ ရက်ကြာတော့ ပြန်လုပ်တာပဲ၊ အုပ်ချုပ်ရေးပိုင်းက တရားစီရင်ရေးပိုင်းကို ၀င်ရောက် စွက်ဖက်တာမျိုး မရှိသလို တရားစီရင်ရေးပိုင်းက တော်တည့်ဖြောင့်မတ် မှန်ကန် လုပ်သလားဆိုတော့ လုပ်တာ မတွေ့ရဘူးလို့ တရားရင်ဆိုင်နေရတဲ့ မော်ကျွန်းမြို့နယ်ထဲက လယ်သမား ဦးအောင်မြင့်က ပြောပါတယ်။
တရားစွဲ အချုပ်ချတဲ့နေရာမှာ အိမ်ထောင်ဦးစီး လုပ်သူတင်မကဘဲ အရွယ်မရောက်သေး တဲ့ ကလေးသူငယ်တွေနဲ့ အသက်အရွယ် ကြီးမြင့်နေပြီဖြစ်တဲ့ အဘိုးအိုတွေပါ အကုန်ဆွဲ ထည့်တာမျိုးတွေ လုပ်တာလို့လည်း ပြောပါတယ်။ လယ်မြေ သိမ်းယူရုံတင်မက လူကိုပါ ဖမ်းပြီး ထောင်ချပစ်နေတာပါ။

လွှတ်တော်ထဲ မျှော်လိုက်ပြန်တော့
လယ်မြေအရေး လွှတ်တော်ထဲ ညံခဲ့ပုံကြည့်ရင်လည်း အတော်ပြောစရာဖြစ်ခဲ့တာ တွေ့ရပါတယ်။

ဇန်န၀ါရီ ၂၁ ရက်က ပြုလုပ်ခဲ့တဲ့ လွှတ်တော်မှာ လယ်မြေပြဿနာ ဖြေရှင်းပြီးကြောင်း သမ္မတက လွှတ်တော်နာယကထံ ပေးပို့တဲ့ သ၀ဏ်လွှာနဲ့ ပတ်သက်ပြီး အမတ် ၁၁ ယောက်က မကျေမချမ်း ထကန့်ကွက်ခဲ့ပါတယ်။

လွှတ်တော်က ဖွဲ့ပေးထားတဲ့ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေး စုံစမ်းရေးကော်မရှင် အစီရင်ခံစာအပိုင်း ၁၊ ၂နဲ့ ၃ တွင် ပါရှိသော အမှုတွဲများနဲ့ ပတ်သက်ပြီး အမှုပေါင်း ၇၀၀ ကျော်မှာ ၄၀၀ ကျော် ရှင်းပြီးပါပြီလို့ သမ္မတရဲ့ သ၀ဏ်လွှာမှာ ဖော်ပြပါတယ်။

လယ်ယာမြေ အမှုတွဲများအပေါ် တိုင်းဒေသကြီးနဲ့ ပြည်နယ်များအလိုက် ဖြေရှင်း ဆောင်ရွက် ပြီးစီးမှုများ ပါဝင်တဲ့ သမ္မတရဲ့ သ၀ဏ်လွှာကို လယ်ယာစိုက်ပျိုးရေး ဒုဝန်ကြီး ဦးအုန်းသန်းက ဆောင်ရွက်ပြီးစီးမှု ရာခိုင်နှုန်းများပါ ထည့်သွင်းပြီး လွှတ်တော်မှာ ဖတ်ကြား ရှင်းလင်းမှုအပြီး လွှတ်တော်အမတ် ၁၁ ဦးတို့က အစိုးရအဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေဟာ ပွင့်လင်း မြင်သာမှု မရှိရုံမက မှန်ကန်တိကျမှုလည်း မရှိဘူးလို့ ဝေဖန်ထောက်ပြ ဆွေးနွေးခဲ့ကြတာပါ။

ကော်မရှင်ဥက္ကဋ္ဌ လုပ်တဲ့ ဦးတင်ထွဋ် ကိုယ်တိုင် ထပြောတာက သူတို့ ကော်မရှင်က ပေးပို့ထားတာ အမှုပေါင်း ၅၀၀၀ ကျော်တယ်၊ အခု ဖြေရှင်းပေးပြီးပြီသာ ပြောတယ်။ ဘယ်လယ်သမားမှ လယ်မြေပြန်ရတာ မကြားသေးဘူးလို့ ပြောသွားတာပါ။

တခါ ပုသိမ်အမတ် ဦးဝင်းမြင့်ကလည်း တနိုင်ငံလုံးမှာ ပေါ်ပေါက်နေတဲ့ လယ်ယာမြေ အငြင်းပွားမှုများ၊ သိမ်းဆည်းခံရမှုများနဲ့ ပတ်သက်ပြီး ဒုတိယသမ္မတ ဦးဥာဏ်ထွန်း ဦးဆောင်တဲ့ မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီက ၂ လအတွင်း လယ်မြေ အမှုပေါင်း ၄၁၈ မှု ရှင်းလင်း ပြီးစီးခဲ့ကြောင်း သမ္မတရဲ့ သ၀ဏ်လွှာပါ အချက်အလက်များဟာ တကယ့်မြေပြင်တွင် ဖြစ်ပျက်နေတဲ့ ပကတိအခြေအနေတွေနဲ့ များစွာ ကွာခြားနေကြောင်း၊ ပုသိမ်မြို့နယ်မှာ အနောက်တောင်တိုင်းစစ်ဌာနချုပ်က သိမ်းယူခဲ့တဲ့ လယ်ယာမြေများနဲ့ ပတ်သက်ပြီး ဒေသခံ ပြည်သူတွေ တရားစွဲခံနေရတယ်လို့ ဆွေးနွေး ပြောကြားသွားတာလည်း ကြားလိုက်ရပါတယ်။

တပ်သိမ်းမြေတွေ မူလပိုင်ရှင်တွေကို ပြန်ပေးမယ်ဆိုပြီး စာတွေ ရောက်ခဲ့ပါတယ်။ တောင်သူတွေဆီကို ပို့တာပါ။ လက်တွေ့မှာတော့ မြေတွေ ပြန်မအပ်တဲ့အပြင် အဲဒီ တောင်သူတွေဟာ ကျူးကျော်မှုနဲ့ တရားစွဲခံနေရပါတယ်။ ပေးကားပေး၏ မရ ဖြစ်နေရုံမကဘဲ တရားရုံးမှာပါ အမှု ရင်ဆိုင်နေကြရတဲ့အတွက် သူတို့ အားကိုးလို့ ရမယ်ထင်တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌဆီကို စာတင်ထားပါတယ်လို့ ဦးဝင်းမြင့်က ပြောသွားပါ သေးတယ်။

ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်စန္ဒာမင်းကလည်း လယ်ဆည် ဒုတိယ၀န်ကြီး ရှင်းပြသွားတဲ့ မြေယာကော်မရှင် အစီရင်ခံစာပါ ၁၊ ၂နဲ့ ၃ အရ နေပြည်တော်မှာ အမှုပေါင်း ၁၁၁ မှု ရှိတယ်ဆိုတာ ဘယ်ဟာကိုများ ပြောတာပါလဲ။ ကျမတို့ ဇမ္ဗူသီရိမြို့နယ် တခုတည်းက တင်ထားတာတောင် အမှုတွဲပေါင်း ၁၀၀ ကျော် ရှိပါတယ်။ တခုမှ ရှင်းလင်း ပြီးစီးခြင်းလည်း မရှိသေးပါဘူး။ သက်ဆိုင်ရာ ကိုယ်စားလှယ်တွေကလည်း ဒီလို ဖြေရှင်းပေးတယ် ဆိုတာကို သိရှိထားခြင်း မရှိပါဘူး။ ဒါကြောင့် နေပြည်တော် လယ်ယာမြေ အမှုတွဲ ၇ မှုပဲ ရှင်းဖို့ ကျန်ပါတယ်ဆိုတဲ့ ဒီအဖြေကို ကျမအနေနဲ့ ကန့်ကွက်ပါတယ်လို့ ပြောခဲ့ပါတယ်။

ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးတင်မောင်ဦးကတော့ ၀န်ကြီး ရှင်းသွားတဲ့ အနေအထားနဲ့ လက်တွေ့နဲ့ အများကြီး ကွာခြားပါတယ်။

ရွှေပြည်သာမှာ ဧကပေါင်း သောင်းနဲ့ချီ သိမ်းခဲ့ပါတယ်။ ပြည်သူတွေရဲ့ လိုလားချက်က သိမ်းတဲ့မြေအတွက် ထိုက်သင့်တဲ့ လျော်ကြေး ပေးဖို့ပါ။ ဒုတိယက စီမံကိန်း မလုပ်ဖြစ်တဲ့ မြေပိုတွေကို ပြန်ပေးဖို့ ဖြစ်ပါတယ်။ အခု တကယ်ဖြစ်နေတာက မြေပိုတွေ ပြန်မရတဲ့အပြင် အဲ့ဒီ မြေပိုတွေမှာ ကျူးကျော်တွေ မြေချပါမစ်တွေနဲ့ တရားဝင် ချပေးနေတာတွေ ဖြစ်လာပါတယ်။ ဒီအမှုတွေ တခုမှ မပြီးသေးပါဘူး လို့ ထောက်ပြ ဆွေးနွေးခဲ့ပါတယ်။

တပ်ပိုင် ဆိုတာတွေ ခေတ်စားလာနေ
သမ္မတလည်း အောက်ခြေ၀န်ကြီးဌာနက တက်လာတဲ့အပေါ် လက်မှတ်ထိုးပြီး လွှတ်တော်ဆီ သ၀ဏ်လွှာ ပို့လိုက်တာ တော်တော် လွဲနေပြီလို့ ၀ိုင်းပြောတာ ခံလိုက်ရတာပါပဲ။ သမ္မတကိုယ်တိုင်တောင် ဒီလို အနှပ်ခံနေရတော့ အောက်ခြေ လယ်သမားတွေ ခိုကိုးရာမဲ့ အနိုင်ကျင့် ခံနေရတာ ဘာဆန်းပါမလဲ။ လွှတ်တော်ထဲ လယ်မြေပြဿနာ ပြောဆိုဆွေးနွေးကြရင် တပ်မတော်ဆိုတာလည်း ပါပါနေတာ တွေ့ကြ ရပါတယ်။ မနေ့တနေ့ကပဲ သတင်းတပုဒ် ဖတ်လိုက် ရပါတယ်။

“သင်္ဃန်းကျွန်း၊ မိကျောင်းကန်မြေတွင် စစ်မှုထမ်းဟောင်း အိမ်ရာများ ဆောက်လုပ်ရန် ရှိသဖြင့် ပြန်လည် စွန့်လွှတ်ပေးရန် အစီအစဉ် မရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ အိတ်ပိတ်ဖြေ။
“သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်မြေတွင် စစ်မှုထမ်းဟောင်းအိမ်ရာများ ဆောက်လုပ်ရန် ရှိသဖြင့် ပြန်လည် စွန့်လွှတ်ပေးရန် အစီအစဉ် မရှိကြောင်း သင်္ဃန်းကျွန်း မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွှန့်ထံ အိတ်ပိတ် ဖြေကြားခဲ့သည်။”

မနေ့တနေ့ကပဲ ဒေါ်အောင်ဆန်းစုကြည် တောင်ကြီးမှာ ဟောပြောပွဲ လုပ်မယ့် ကွင်းနေရာ ဟာ တပ်ပိုင်ကွင်းမို့ ခွင့်မပြုနိုင်ဘူးဆိုတဲ့ သတင်းတပုဒ် ဖတ်လိုက်ရပြန်ပါတယ်။ တပ်ပိုင် တပ်ပိုင်နဲ့ တပ်ပိုင်တွေ များများလာတာ ကောင်း၊ မကောင်း ခေါင်းအေးအေးထား စဉ်းစားကြဖို့ သင့်ပါပြီ။

မောင်ထင်ရဲ့ ငဘ တွေ ရှင်သန်နေတုန်း
၁၉၄၇ ခုနှစ်၊ လွတ်လပ်ရေး ကြိုးပမ်းမှုကာလ စာရေးဆရာကြီး မောင်ထင်ရဲ့ “ငဘ” ၀တ္ထုရှည်ကြီး ပုံနှိပ်ထုတ်ဝေခဲ့တဲ့အချိန် လယ်သမားတွေဘ၀ အခုလို ရေးသားဖော်ပြခဲ့ပါတယ်။
“ခေတ်သစ်ကို တို့ဗမာအစိုးရဟူသော အမည်ခံ ကျီးအာသီး စစ်အုပ်ချုပ်ရေး ရောက်လာသောအခါ အနည်းငယ် အသက်ရှုချောင်သလို ထင်ခဲ့သည်။ ၀ါဆိုနဲ့ ၀ါခေါင်လ ရောက်လာလျက်နဲ့ လယ်သမားတို့သည် လယ်ကို မလုပ်ရလျှင် ငတ်သေဖို့သာ ရှိတော့သည်။

“မိမိတို့၏ ဒုက္ခကို သူတပါးက ကယ်တင်ပေးလိမ့်မည် ဟု မျှော်လင့် တောင့်တနေကြပါလျှင် ကမ္ဘာသာလျှင် ကုန်လိမ့်မည်။ ဒုက္ခကား ကုန်မည်မဟုတ်၊ အထူးသဖြင့် မိမိတို့ တိုင်းရင်းသား အချင်းချင်း ဖယ်၍ တိုင်းတပါးသားကို အားကိုးလျှင် ဒုက္ခအပေါင်းထဲမှ ထွက်မြောက်မည်ဟု ထင်မြင်မိပါက “ငဘ” ကို သတိရကြပါဟု ပြောရစ်ရန် လောကဇာတ်ခုံပေါ်၌ ငဘကို ပုဏ္ဏားက နှိပ်စက်ခဲ့သည်၊ နှိပ်စက်ခြင်း ခံရသူသည် နှိပ်စက်သူအား “ဘုန်းကြီးပါစေ၊ သက်ရှည်ပါစေ” ဟု ဆုတောင်းသည်ကို ကျနော် မကြားဖူးပါ။

“ငဘ သည် ပုထုဇဉ်ဖြစ်၍ ပုဏ္ဏားကို စိတ်ထဲ၌ ကြိတ်၍ ရေရွတ်မိပေလိမ့်မည်။ သို့သော် နှိပ်စက်တတ်သော ပုဏ္ဏားတယောက်ကို စိတ်၌ စွဲလမ်း၍ ပုဏ္ဏား တမျိုးလုံးကို ဆန့်ကျင်လိုသော အာဃာတသည် ငဘတွင် မရှိ။ ငဘ၏ သားစဉ် မြေးဆက်တို့က ငဘ ခံခဲ့ရပုံကို သံဝေဂ ယူ၍ မိမိတို့၏ လွတ်မြောက်ရာ လွတ်မြောက်ကြောင်းကို အမျိုးသားချင်း စောင့်ရှောက်တတ်သော ဓလေ့ဖြင့် လူမျိုးနှင့် နိုင်ငံကို ကာကွယ်ရန်ကိုသာ ငဘက လမ်းညွှန်ပေးခဲ့သည်။ ယင်းကဲ့သို့ ယထာဘူတ ကျအောင် စဉ်းစား ဆင်ခြင် နိုင်ကြပါလျှင် မြန်မာနိုင်ငံသည် အနာဂတ်၌ ကျရောက် နိုင်သော အန္တရာယ် အသွယ်သွယ်တို့မှ ကင်းရှင်း နိုင်လိမ့်မည် ထင်ပါသည်” လို့ ဆရာမောင်ထင်က ရည်ရွယ်ရင်းထားခဲ့တာ အခုထိ ရှင်သန်နေတုန်းပါဗျာ။ ခေတ်သစ် ချစ်တီးတွေတော့ ရှင်သန်ခွင့် မပေးသင့်တော့ကြောင်းပါ။
(ပြည်သူ့ခေတ်ဂျာနယ် အတွဲ – ၄၊ အမှတ် – ၁၈၂ ဆရာကိုရွှေအောင် ဆောင်းပါး)

By ရွှေအောင် (DVB Burmese)