အသက် ၁၅ နှစ်အရွယ် မိန်းကလေးကို မုဒိန်းပြုကျင့်ခဲ့သူကို မြို့ခံလူထုက သတ်ပစ်


တောင် အာဖရိ က နိုင်ငံ ကိပ် တောင်း မြို့ မှာ အ သက် ၁၅ နှစ် အ ရွယ် မိန်း ကလေး တစ် ဦး ကို အဓမ္မပြု ကျင့် ခဲ့တယ် လို့ စွပ်စွဲခြင်း ခံရသူ ကို မြို့ခံ လူထု က မကျေ မနပ် ဖြစ် ကာ သတ် ပစ် ခဲ့ကြ တယ် လို့ ဒေး လီးမေးလ် သတင်း တစ်ရပ် မှာ ရေးသား ခဲ့ပါ တယ်။ အဓမ္မ ပြုကျင့် ခံရပြီး နောက် တစ် နေ့ မှာ ပြစ်မှု ကျူး လွန် သူ လို့ ယူဆ ရ တဲ့ အသက် ၃၂ နှစ် အရွယ် အမျိုးသား တစ် ဦး ကို မြို့ခံ တွေ က ဖမ်း ဆီး ခေါ် ဆောင် သွား ခဲ့ ပြီး ကျောက်ခဲ တွေနဲ့ ပစ်ပေါက် သတ်ပစ် ခဲ့တာ ဖြစ်ပါ တယ်။ ဒေသခံ တစ်ဦး က ပြစ်မှု ကျူးလွန် သူကို သတ်ပစ် ဖို့ စုဝေး တိုင်ပင် ခဲ့ကြောင်း၊ ဒီလို လူမျိုး ကို သတ် ပစ် လိုက်ခြင်း အ တွက် နောင် တ မရမိ ကြောင်း ပြော ကြား ခဲ့ပါ တယ်။

အသက် ၁၅ နှစ် အရွယ် မိန်း ကလေး နဲ့ သူငယ်ချင်း ဖြစ် သူ ဟာ အမျိုးသား နှစ်ဦး ရဲ့ အဓမ္မပြု ကျင့် မှု ကို ခံလိုက် ရတာ ဖြစ် ပါတယ်။ အဓမ္မပြု ကျင့် ခံရတဲ့ မိန်းကလေး တစ်ဦး ရဲ့ အဒေါ် က ကျွန်မ ရဲ့တူမ ကို အမျိုးသား နှစ်ဦး က ဓားထောက်ပြီး စော်ကား သွား တာဖြစ်ပါ တယ်။ ပြန်ပြော ရင် လည်း သတ် ပစ် မယ် လို့ ခြိမ်း ခြောက် သွားခဲ့ တယ် လို့ ဆို ခဲ့ပါ တယ်။ အခင်း ဖြစ်ပြီး နောက် တစ်နေ့ မှာ အဓမ္မ ပြု ကျင့် ခဲ့ သူ လို့ ယူ ဆ ရတဲ့ သူ ကို အရက် ဆိုင် မှာ တွေ့ ရှိ ပြီး ရိုးရာ အစဉ် အလာ အတိုင်း ကျောက် ခဲ နဲ့ ပစ် ခတ် သတ် ပစ် လိုက် တာဖြစ် ပါတယ်။ အသတ် ခံလိုက် ရတဲ့ မိသားစု က လည်း ပြန်လည် လက်စား ချေ မှု တွေ ပြုလုပ် နိုင် တာ မို့ အဓမ္မ ပြု ကျင့် ခံရတဲ့ မိန်းကလေး ရဲ့ မိသားစု ကို လုံခြုံ ရေး ပေးထား ရတယ် လို့ သိရ ပါတယ်။ အဓမ္မ ပြုကျင့် ခံရ တဲ့ မိန်းကလေး ရဲ့အစ်ကို က ပြန် လည် လက်စား ချေ တဲ့အနေ နဲ့ သတ် ဖြတ် မှု ကို ဦးဆောင် ခဲ့ တယ် လို့ စွပ်စွဲ ခံထား ရပေ မယ့် သူ့ ရဲ့ အမေဖြစ် သူ က အခင်း ဖြစ်တဲ့ အချိန် မှာ သား ဖြစ် သူ ဟာ အလုပ် ဆင်း နေ ကြောင်း ဆိုခဲ့ ပါ တယ်။ ဒီ လူသတ်မှု နဲ့ ပတ်သက်ပြီး စုံစမ်းမှု တွေ စတင်ပြု လုပ် နေ ပေမယ့် ရဲတပ် ဖွဲ့က ဖမ်း ဆီးမှု တော့ ပြုလုပ်ခြင်း မရှိသေး ဘူး လို့ သိရ ပါ တယ်။
By The Messenger

FRIENDLY MYANMAR အမည်ရှိ ဓါတ်ပုံစာအုပ် အာဆီယံထိပ်သီး အစည်းအဝေးတွင် ဖြန့်ဝေမည်


၂ဝ၁၄ ခုနှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံဥက္ကဋ္ဌ ထိပ်သီးအစည်းအဝေး (ASEAN SUMMIT) နှင့် ဆက်စပ်အစည်းအဝေးပွဲများ ကျင်းပချိန်တွင် တက်ရောက်လာသော နိုင်ငံအကြီးအကဲများ၊ ဝန်ကြီးများ၊ အထူးဧည့်သည်တော်များအား မေတ္တာလက်ဆောင်အဖြစ် ပေးအပ်မည့် (FRIENDLY MYANMAR) အမည်ရှိ ဓာတ်ပုံစာအုပ်အတွက် ဂျပန်နိုင်ငံ GRAFECITY INC မှ ဓာတ်ပုံပညာရှင် ဒါရိုက်တာ MR.PAUL BROMAN ခေါင်းဆောင်သော အဖွဲ့သည် ဒီဇင်ဘာလဆန်းမှစပြီး ရန်ကုန်မြို့ ဆူးလေ ဘုရားလမ်းရှိ (CENTRE POINT) ၂၃ ထပ်ပေါ်မှ ဓာတ်ပုံရိုက်ကူးမှုကို တွေ့ရသည်။ ၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၁ဝ ရက်တွင် နိုင်ငံတော်သမ္မတကြီး အနေဖြင့် အာဆီယံဥက္ကဋ္ဌ တာဝန်ကို ဘရူနိုင်းနိုင်ငံမှ လက်ခံရယူခဲ့ပြီး ဖြစ်သည့်အတွက် အာဆီယံဥက္ကဋ္ဌ တာဝန်သည် ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ မြန်မာနိုင်ငံ၏ မြေပေါ်သို့ ရောက်ရှိလာပြီ ဖြစ်သည်။ အစိုးရသစ်လက်ထက် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် ဖွံ့ဖြိုးတိုးတက်မှုများကို အာဆီယံအဖွဲ့ဝင် နိုင်ငံများအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် ထိပ်သီး အစည်းအဝေးများနှင့် ဝန်ကြီးအဆင့် အစည်းအဝေးပွဲများတွင် တက်ရောက် လာသော အာဆီယံနိုင်ငံများမှ အထူးဧည့်သည်တော်များအား FRIENDLY MYANMAR အမည်ရှိ ဓာတ်ပုံစာအုပ်ကို ပေးအပ်နိုင်ရန် မေတ္တာဖြင့် ဆောင်ရွက်ပေးမည့် GRAFECITY INC အစီအစဉ်ဖြင့် ဂျပန်နိုင်ငံတွင် နိုင်ငံတကာအဆင့်မီ ပုံနှိပ်စက်များဖြင့် ရိုက်နှိပ်မည်ဖြစ်သည်။ မေတ္တာလက်ဆောင် ပေးအပ်မည့် (FRIENDLY MYANMAR) ဓာတ်ပုံစာအုပ်တွင် အရည်အသွေးမြင့် အနုပညာမြောက် ဓာတ်ပုံများ ဖော်ပြနိုင်ရန် အတွက် ဂျပန်နိုင်ငံ GRAFECITY INC ၏ အစီအစဉ်ဖြင့် ဂျပန်နိုင်ငံမှ ဓာတ်ပုံပညာရှင် ဒါရိုက်တာ MR.PAUL BROMAN ခေါင်းဆောင်သော ဓာတ်ပုံပညာရှင် အဖွဲ့များသည် ဒီဇင်ဘာ ၇ ရက်မှစ၍ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် ကျေးလက်သဘာဝ အလှများကို လှည့်လည် ရိုက်ကူးသွားမည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး မြို့တော်ဖြစ်သည့် နေပြည်တော်တွင် ပြည်သူများနှင့် အများဆုံး ထိတွေ့မှုရှိသော နိုင်ငံတကာ ခေတ်မီအားကစားရုံများ၊ အပန်းဖြေနေရာများ၊ ရုံးအဆောက်အအုံများ၊ လူနေရပ်ကွက်ရှိ သစ်လွင်တောက်ပ လျက်ရှိသော တိုက်တာများနှင့် လူမှုစီးပွားဘဝ အမျိုးသားရေး ပုံရိပ်များကို ရိုက်ကူးမည်ဖြစ်သည်။ ထို့အပြင် ရန်ကုန်မြို့ရှိ သမိုင်းဝင် လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော် တစ်ဝိုက်တွင် ဝန်းရံနေသော မြို့ပြ၏ ဖွံ့ဖြိုးတိုးတက်မှုများနှင့် မန္တလေး၊ ပုဂံ၊ ညောင်ဦးရှိ ရှေးမူမပျက် ယနေ့တိုင်ရှိနေသည့် မြန်မာတို့၏ ယဉ်ကျေးမှု အမွေအနှစ် အနုပညာမြောက် စေတီပုထိုးတော်များကိုလည်း သွားရောက် ရိုက်ကူးသွားကြမည် ဖြစ်ကြောင်း သိရသည်ဟု ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။
khit lu nge

စကားပြောစက်များ တရားမဝင် ကိုင်ဆောင်ပါက အရေးယူမည်


စကားပြောစက် (Walkie-Talkie) များကို ခွင့်ပြုချက်မရှိဘဲ ကိုင်ဆောင်အသုံးပြုပါက အရေးယူခံရမည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ တရားဝင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယခုအခါ တချို့ပုဂ္ဂိုလ်၊ ဌာန၊ အဖွဲ့အစည်းများသည် လိုင်စင်နှင့် ခွင့်ပြုချက်မရှိဘဲ ဆက်သွယ်ရေး ဝန်ဆောင်မှုများကို လုပ်ကိုင်ခြင်းနှင့် ကန့်သတ်စက်ပစ္စည်းများ ဖြစ်သော လမ်းလျှောက်စကားပြောစက် (Walkie-Talkie) များ၊ HF/VHF ရေဒီယိုလွှင့်စက်များ အသုံးပြုခြင်းများကို တွေ့ရှိလာရကြောင်း သိရသည်။ ယင်းသို့ တရားမဝင် ဝန်ဆောင်မှုများ ဆောင်ရွက်ခြင်း၊ ဆက်သွယ်ရေးပစ္စည်းများကို အသုံးပြုခြင်းများကြောင့် အဆိုပါစက်ပစ္စည်းများမှ ထုတ်လွှင့်သော ရေဒီယိုလှိုင်းနှုန်းများသည် တရားဝင်ခွင့်ပြုထားသော ဝန်ဆောင်မှု လုပ်ငန်းများ၏ စက်ပစ္စည်းများကို လာရောက် နှောင့်ယှက်သဖြင့် ဝန်ဆောင်မှု အရည်အသွေးကို ကျဆင်းစေပြီး တရားဝင်လိုင်စင်ဖြင့် ကိုင်ဆောင်သည့် ရေဒီယိုလှိုင်းနှုန်း သတ်မှတ်ပေးခံထားရသည့် ပုဂ္ဂိုလ်၊ ဌာန၊ အဖွဲ့အစည်းများ၏ ဆက်သွယ်ရေး စနစ်ကိုပါ အနှောင့်အယှက် ဖြစ်စေသဖြင့် အဆိုပါထုတ်ပြန်ချက်ကို ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၁ ရက်က ယင်းကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ထုတ်ပြန်လိုက်မှုကြောင့် ယခုအခါ ပြည်တွင်းပြည်ပမှ ပုဂ္ဂိုလ်၊ ဌာန၊ အဖွဲ့အစည်းများ အနေဖြင့် ပြဋ္ဌာန်းပြီးဖြစ်သော ဆက်သွယ်ရေးဥပဒေနှင့်အညီ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်လိုပါက တရားဝင်လိုင်စင် လျှောက်ထားရတော့မည် ဖြစ်ကြောင်း သိရသည်။ လိုင်စင်နှင့် ခွင့်ပြုချက်မရှိဘဲ ဆက်သွယ်ရေး ဝန်ဆောင်မှုများ လုပ်ကိုင်ခြင်း၊ လိုင်စင်ဖြင့်သာ ခွင့်ပြုထားသော ဆက်သွယ်ရေး စက်ပစ္စည်းများကို လိုင်စင်မရှိဘဲ ကိုင်ဆောင်အသုံးပြုခြင်း မပြုလုပ်ရန် အသိပေးထားကြောင်း သိရသည်။ တရားမဝင် ဝန်ဆောင်မှု လုပ်ကိုင်ခြင်းနှင့် ဆက်သွယ်ရေး စက်ပစ္စည်းများ ကိုင်ဆောင်အသုံးပြုခြင်းကို တွေ့ရှိပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်ဟု ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။ "
khit lu nge

အီးယူ-မြန်မာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကာအကွယ်ပေးရေး သဘောတူစာချုပ် ချုပ်ဆိုမည်


ဥရောပသမဂ္ဂ(အီးယူ)နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တို့သည် မြန်မာနိုင်ငံနှင့် အီးယူနိုင်ငံများအကြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် နှစ်ဦးနှစ်ဖက် အကာအကွယ် ပေးနိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အကာအကွယ်ပေးရေး သဘောတူစာချုပ်တစ်ရပ် ချုပ်ဆိုသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။ “ကျွန်တော်တို့ မကြာခင် ဆွေးနွေးပွဲတွေ စတော့မှာပါ။ အားလုံး စီစဉ်ထားပါတယ်” ဟု ၎င်းက ဆိုသည်။ ယင်းသို့ ဥရောပသမဂ္ဂနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကာအကွယ်ပေးရေး သဘောတူစာချုပ် ချုပ်ဆိုခြင်းအားဖြင့် ဥရောပသမဂ္ဂနိုင်ငံများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် မြန်မာနိုင်ငံသို့ အလုံးအရင်းနှင့် ဝင်ရောက်လာမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ပိုမိုမြင့်တက်လာစေနိုင်ကြောင်း ၎င်းက ပြောကြားသည်။ အထူးသဖြင့် အဆိုပါ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကာအကွယ်ပေးရေး စာချုပ်ကို ချုပ်ဆိုရခြင်းမှာ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်လိုသည့် နိုင်ငံခြားသား ကုမ္ပဏီများအတွက် အခက်အခဲများ၊ စိန်ခေါ်မှုများကို အထိုက်အလျောက် အကာအကွယ် ပေးနိုင်ရန်အတွက် ရည်ရွယ်ကြောင်း ၎င်းက ထပ်လောင်း ရှင်းပြသည်။ ၂၀၁၂ ခုနှစ်အတွင်း ပထမဦးဆုံးအကြိမ် ဥရောပနိုင်ငံများသို့ သွားရောက်ခဲ့သော သမ္မတဦးသိန်းစိန် သဘောတူလက်မှတ် ရေးထိုးခဲ့သည့် ဥရောပ-မြန်မာ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဆိုင်ရာ သဘောတူညီချက်များအရ အဆိုပါ ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူညီမှုစာချုပ် ချုပ်ဆိုရန် နှစ်ဖက်အကြီးအကဲများက ပြင်ဆင်နေကြခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အမေရိကန်ပြည်ထောင်စု အခြေစိုက် ထိပ်တန်းမဂ္ဂဇင်း တစ်ခုဖြစ်သည့် Forbes မဂ္ဂဇင်းသည် ကမ္ဘာပေါ်တွင် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် အဆိုးရွားဆုံး ၁၀ နိုင်ငံတွင် မြန်မာနိုင်ငံ ပါဝင်ကြောင်း ထုတ်ပြန်ကြေညာထားသည်။ Forbes မဂ္ဂဇင်းက စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် နိုင်ငံအလိုက် အဆင့်သတ်မှတ်၍ နှစ်စဉ်ထုတ်ပြန်လေ့ရှိရာ စုစုပေါင်း ၁၄၅ နိုင်ငံ ရှိသည့်အနက် မြန်မာနိုင်ငံသည် အဆင့် ၁၄၃ ဖြင့် အဆိုးရွားဆုံး နိုင်ငံစာရင်းတွင် ပါဝင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ Forbes မဂ္ဂဇင်းသည် ကမ္ဘာ့ဘဏ်၊ ကမ္ဘာ့စီးပွားရေးဖိုရမ်၊ Transparency International, Freedom house, Heritage Foundation, Property Rights Alliance စသည့် အဖွဲ့အစည်းများက ထုတ်ပြန်သော အစီရင်ခံစာများ၊ သတင်းအချက်အလက်များအပေါ် မူတည်၍ နိုင်ငံအသီးသီးတွင် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် အကောင်းဆုံးနှင့် အဆိုးဆုံးအဆင့်များကို သတ်မှတ်ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့ထုတ် The Voice သတင်းစာတွင် ဖော်ပြထားပါသည်။ "
khit lu nge

မြန်မာနိုင်ငံ၏ ပထမဦးဆုံး နှစ်ထပ် ဘုရင့်နောင်ခုံးကျော်တံတားကြီး ဇန်နဝါရီ ၅ ရက်တွင် ဖွင့်လှစ်မည်


မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ကြီး ဖြစ်သည့် ရန်ကုန်မြို့တွင် ယာဉ်ကြော ကျပ်တည်းမှုများကို ဖြေလျှော့ပေးမည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံး နှစ်ထပ် ခုံးကျော်တံတားကြီးကို ယခုနှစ်ဆန်းပိုင်း ဇန်နဝါရီ ၅ ရက် နံနက် ၈ နာရီ ၁ဝ မိနစ်က အောင်မြင်စွာ ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ဘုရင့်နောင် နှစ်ထပ် ခုံးကျော်တံတားကို တာဝန်ယူ တည်ဆောက်ပေးသည့် First Myanmar Construction Co.,Ltd မှ စီမံကိန်းမန်နေဂျာ ဒေါ်စိုးစိုးတင် ထံမှ သိရသည်။ အဆိုပါ နှစ်ထပ် ခုံးကျော်တံတားကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံမှ First Myanmar Construction Co.,Ltd နှင့် ထိုင်းနိုင်ငံမှ PTC (Prestnessed) Thailand Co.,Ltd တို့က ၂ဝ၁၂ ခုနှစ် ဇွန် ၅ ရက်တွင် စတင်တည်ဆောက် အကောင်အထည်ဖော်ခဲ့ပြီး တည်ဆောက်မှုကာလ စုစုပေါင်း တစ်နှစ်ခွဲမျှ ကြာမြင့်ခဲ့၍ သတ်မှတ်ခွင့်ပြု ကာလအတွင်း အပြီးတည်ဆောက်နိုင်ခဲ့သည်။ ''ကျွန်မတို့ ဒီတံတားကို မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး နှစ်ထပ်တံတား ကြီးလည်းဖြစ်လို့ အထူးဂရုပြု တည်ဆောက်ပေးခဲ့ပါတယ်။ အခက်အခဲကတော့ အမျိုးမျိုးပါပဲ။ ဒီတံတားက လမ်းဆုံလမ်းခွလည်းကျ၊ ဘုရင့်နောင် ကုန်စည်ဈေးကြီးနဲ့လည်း မဝေးတော့ လူစည်ကားတဲ့နေရာ ဖြစ်နေတယ်။ ဒါကြောင့် နေ့ရောညပါ ဝန်ထမ်းအင်အားသုံးပြီး အချိန်နဲ့တစ်ပြေးညီ ပြီးစီးရေးကို အဓိကထား တည်ဆောက်ခဲ့လို့ သတ်မှတ်ကာလအတွင်း ပြီးစီးခဲ့တာပါ။ အခက်အခဲတွေ ရှိခဲ့သလို ကျွန်မတို့ နိုင်ငံရဲ့ အင်ဂျင်နီယာတွေ အနေနဲ့လည်း ပြင်ပနိုင်ငံက ပညာရှင်တွေနဲ့ အခုလိုပူးပေါင်း လုပ်ဆောင်ရလို့ အတွေ့အကြုံကောင်းတွေ အများကြီး ရခဲ့ကြပါတယ်။ နောက်လည်း ဒီထိုင်းကုမ္ပဏီနဲ့ပဲ တည်ဆောက်ရေး လုပ်ငန်းတွေကို ဆက်လုပ်သွားဖို့ အစီအစဉ်တွေ ရှိပါသေးတယ်။ အခုတော့ ဒီစီမံကိန်းကြီးကို အခုလာမယ့် ဇန်နဝါရီ ၅ ရက်မှာ ဖွင့်ပွဲလုပ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကို လွှဲပြောင်း ပေးအပ်မှာ ဖြစ်ပါတယ်'' ဟု ဒေါ်စိုးစိုးတင်က ပြောကြားခဲ့သည်။ ဘုရင့်နောင် နှစ်ထပ် ခုံးကျော်တံတားသည် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်တွင် တည်ရှိပြီး (ဘုရင့်နောင်လမ်း) ဒုတိယအလွှာ တံတားကို ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက်နှင့် (သမိုင်းဘူတာရုံလမ်း) တတိယထပ်အလွှာ ခုံးကျော်တံတားကို နိုဝင်ဘာ ၂၄ ရက်က စတင်၍ ယာဉ်များ သွားလာခွင့်ပြုခဲ့သည်။ (ဘုရင့်နောင်လမ်း) ဒုတိယထပ်အလွှာ ခုံးကျော်တံတားသည် အရှည် ၁၄၂၇ ပေ ၃ လက်မနှင့် အကျယ် ၅၇ ပေ ၉ လက်မရှိ လေးလမ်းသွား ဖြစ်သည်။ ချဉ်းကပ်လမ်း အလျားမှာ ၅၁၆ ပေ ၂ လက်မဖြစ်ပြီး တံတားခံနိုင်ဝန်မှာ ၇၅ တန်ဖြစ်သည်။ (သမိုင်းဘူတာရုံ လမ်း) တတိယအလွှာ ခုံးကျော်တံတားသည် အရှည် ၂၄၁၄ ပေ ၁ဝ လက်မနှင့် အကျယ် ၃၂ ပေ ၁ဝ လက်မ ရှိပြီး ခံနိုင်ဝန် တန် ၆ဝ ဖြစ်ပြီး ချဉ်းကပ်လမ်း အလျားမှာ ၃၉၃ ပေ ၉ လက်မ ရှိကာ နှစ်လမ်းသွား သံကူကွန်ကရစ် အမျိုးအစားများ ဖြစ်သည်။ နှစ်ထပ် ဘုရင့်နောင်ခုံးကျော်တံတား တည်ဆောက်မှု ကုန်ကျစရိတ်မှာ ငွေကျပ် ၂၆ ဒသမ ၆၂၆ ဘီလီယံ ဖြစ်ကြောင်း သိရသည်ဟု ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။
khit lu nge

ဂျီအက်စ်အမ်နှင့် WCDMA မိုဘိုင်းဖုန်းများ ၂၀၁၄ နှစ်ဆန်းပိုင်းတွင် တခြားနိုင်ငံများသို့ သယ်ဆောင် အသုံးပြုနိုင်မည်


မြန်မာနိုင်ငံအတွင်းမှ ဂျီအက်စ်အမ်နှင့် WCDMA မိုဘိုင်းဖုန်းများ ၂၀၁၄ နှစ်ဆန်းပိုင်းတွင် တခြားနိုင်ငံများသို့ သယ်ဆောင် အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ ယင်းကဲ့သို့ မိုဘိုင်းဖုန်း အသုံးပြုနိုင်ရန်အတွက် လက်ရှိအချိန်တွင် သယ်ဆောင်အသုံးပြုခွင့်ရှိမည့် နိုင်ငံများအတွက် စက်မှုပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးမှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ “ပြည်တွင်းက မိုဘိုင်းဖုန်းတွေကလဲ တခြားနိုင်ငံတွေကို ရောက်ရှိနေချိန်မှာ ကိုယ့်ဖုန်းနဲ့ကိုယ် အသုံးပြုနိုင်တော့မှာပါ။ အသုံးပြုလို့ရမယ့် နိုင်ငံတွေကတော့ အာဆီယံနိုင်ငံတွေ အပါအဝင် တခြားနိုင်ငံတွေပါ ပါဝင်မှာပါ။ အဲဒီအတွက် စမ်းသပ်မှုတွေ လုပ်နေတယ်။ လာမယ့် နှစ်ဆန်းလောက်မှာ စသုံးနိုင်မယ်” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်းဆက်သွယ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လက်ရှိ အော်ပရေတာ ၆၄ ဦး၏ ဂျီအက်စ်အမ်နှင့် WCDMA မိုဘိုင်းဖုန်းများသည် အာဆီယံနိုင်ငံ ၁၀ နိုင်ငံနှင့် တရုတ်၊ ကိုရီးယား၊ ဂျပန်၊ အိန္ဒိယ အပါအဝင် အစရှိသည့် နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၃၃ နိုင်ငံမှ မိုဘိုင်းဖုန်း သုံးစွဲသူများအနေဖြင့် မြန်မာနိုင်ငံတွင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။ ယင်းသို့ အသုံးပြုနိုင်ရန်အတွက် ပြင်သစ်နိုင်ငံ Orange ကုမ္ပဏီနှင့် International Roaming Services Agreement တို့ စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် International Roaming Service အသုံးပြုနိုင်ရန် ဆောင်ရွက်နေသည့် ကာလဖြစ်ပြီး ပြည်တွင်း၌ အော်ပရေတာလုပ်ငန်း လုပ်ကိုင်မည့် တယ်လီနော(မြန်မာ)နှင့် အော်ရီဒူး(မြန်မာ)တို့သည် ယင်းတို့၏ အော်ပရေတာမှ ဆင်းမ်ကတ်များ စတင်ရောင်းချချိန်တွင် ပြည်ပသို့ သယ်ဆောင်အသုံးပြုနိုင်ရန် စီစဉ်ထားကြောင်း သုံးစွဲမည့်သူများသို့ အသိပေး ကြေညာထားကြောင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။
khit lu nge

စီအာအိုင်၏ စိတ်ကြိုက်သတင်း ၁၀ ပုဒ် ရွေးချယ်မှုတွင် မြန်မာသတင်း တစ်ပုဒ်ပါဝင်


၂၀၁၃ ခုနှစ်အတွင်း စီအာအိုင် (China Radio International) မှ ထုတ်လွှင့်ခဲ့သော အရှေ့တောင်အာရှ ဒေသဆိုင်ရာ သတင်းများထဲမှ စိတ်ကြိုက်သတင်း ၁၀ ပုဒ် ရွေးချယ်ရာတွင် မြန်မာသတင်း တစ်ပုဒ် ပါဝင်ကြောင်း သတင်းရရှိသည်။ စိတ်ကြိုက်သတင်း ၁၀ ပုဒ် ရွေးချယ်မှုကို စီအာအိုင်နှင့် အရှေ့တောင်အာရှ နိုင်ငံများမှ မီဒီယာများ ပူးပေါင်း၍ အကဲဖြတ် ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ရွေးချယ်ခံရသော မြန်မာသတင်း တစ်ပုဒ်မှာ ‘မြန်မာ့လွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ အကဲဖြတ်ကော်မတီ ဖွဲ့စည်းရန်ဆုံးဖြတ်’ ဆိုသည့် သတင်း ဖြစ်သည်။ ယင်းသတင်း ၁၀ ပုဒ် ရွေးချယ်ရန်အတွက် ဦးစွာ စီအာအိုင်မှနေ၍ ၂၀၁၃ ခုနှစ်အတွင်း စီအာအိုင်မှ ထုတ်လွှင့်ခဲ့သော အရှေ့တောင်အာရှ ဒေသဆိုင်ရာ သတင်းများထဲမှ ၁၇ ပုဒ်ကို ပဏာမ ရွေးချယ်ခဲ့ကြောင်း၊ ယင်းသတင်း ၁၇ ပုဒ်ကို အရှေ့တောင်အာရှ နိုင်ငံများမှ မီဒီယာနှင့် မီဒီယာဆိုင်ရာ အဖွဲ့အစည်းတို့က ၎င်းတို့စိတ်ကြိုက် ၁၀ ပုဒ်စီ ရွေးချယ်ပေးခဲ့ကြကြောင်း၊ ယင်းသို့ ရွေးချယ်ပေးသည့်အထဲမှ မဲအများဆုံး ရရှိသည့် သတင်း ၁၀ ပုဒ်ကို စိတ်ကြိုက်သတင်း ၁၀ ပုဒ်အဖြစ် စီအာအိုင်မှ အပြီးသတ် ရွေးချယ်လိုက်ခြင်း ဖြစ်ကြောင်း စီအာအိုင်မှ သိရသည်။ ထိုသို့ ရွေးချယ်ရာတွင် စီအာအိုင်နှင့်အတူ အရှေ့တောင်အာရှ နိုင်ငံများမှ တစ်နိုင်ငံလျှင် မီဒီယာ (သို့) မီဒီယာဆိုင်ရာ အဖွဲ့တစ်ခုစီပါဝင်ပြီး မြန်မာနိုင်ငံမှ မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်းက ရွေးချယ်ပေးခဲ့ခြင်း ဖြစ်သည်။ တရုတ်နှင့် အာဆီယံနိုင်ငံများအကြား ကူးလူးဖလှယ်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ရန်အတွက် ယင်းသို့ သတင်းရွေးချယ်ပွဲကို ၂၀၀၉ ခုနှစ်မှစကာ နှစ်စဉ် ကျင်းပခဲ့ကြောင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့ထုတ် The Voice သတင်းစာတွင် ဖော်ပြထားပါသည်။ "
khit lu nge

မြန်မာသံရုံးကို ဖောက်ခွဲရန် ကြိုးစားသည့် သံသယရှိသူများကို ပစ်သတ်ဖမ်းဆီး


မြန်မာသံရုံးနဲ့ ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေကို ဖောက်ခွဲဖို့ ကြိုးစားတဲ့ စစ်သွေးကြွလို့ သံသယရှိသူ ၆ ဦးကို ပစ်သတ်လိုက်ပြီး ၁ ဦးကို ဖမ်းဆီးခဲ့တယ်လို့ အင်ဒိုနီးရှား အကြမ်းဖက် နှိမ်နှင်းရေးတပ်ဖွဲ့က ပြောပါတယ်။

အစောပိုင်းက ဖမ်းဆီးရမိတဲ့သူတွေဆီကနေ ရထားတဲ့သတင်းတွေအရ အင်ဒိုနီးရှား မြို့တော် ဂျကာတာ ဆင်ခြေဖုံးမှာ ပုန်းအောင်းနေတဲ့ ဗုံးဖောက်ခွဲဖို့ ကြိုးစားလုပ်ဆောင်နေတယ်လို့ သံသယရှိသူတွေနဲ့ ရဲတွေ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၃၁ ရက်နေ့က ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
၉ နာရီနီးပါး အပြန်အလှန်ပစ်ခတ်မှုဟာ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁ ရက်နေ့ မနက်မှာ အဆုံးသတ်သွားခဲ့တယ်လို့လည်း သတင်းတွေက ရေးပါတယ်။

အင်ဒိုနီးရှားရဲတပ်ဖွဲရဲ့ ပြောရေးဆိုခွင့်ရှိသူက အသတ်ခံရသူတွေက လက်နက်ချဖို့ ငြင်းဆန်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ကို သေနတ်တွေ၊ လက်လုပ်ဗုံးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ရဲအရာရှိ တဦး ခြေထောက်မှာ ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ကို ပစ်မှတ်ထားတဲ့ အကြမ်းဖက် လုပ်ရပ်တွေကို ငွေကြေး ထောက်ပံ့ပေးနိုင်ဖို့ ဓားပြတိုက်မှုတွေ ကျူးလွန်တဲ့အဖွဲ့က လူတွေ ဖြစ်နိုင်တယ်လို့လည်း သူက ပြောပါတယ်။

ဒီအုပ်စုဟာ ရဲတပ်ဖွဲ့ရဲ့ အလိုရှိဆုံးသူ ဖြစ်တဲ့ အဘူဝါဒါဆန်တိုဆို ဦးဆောင်တဲ့အဖွဲ့နဲ့ အဆက်အသွယ်ရှိတယ်လို့လည်း ဆိုပါတယ်။

ရဲတွေက လက်လုပ်ဗုံး ၆ လုံး၊ ပစ္စတို ၅ လက်၊ အမေရိကန် ဒေါ်လာ ၁ သောင်း ၆ ထောင် တန်ဖိုးရှိတဲ့ အင်ဒိုနီးရှားငွေ သန်း ၂၀၀ နဲ့ ဗုံးလုပ်တဲ့ ပစ္စည်းတွေကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီသေဆုံးသွားသူတွေဟာ မေလက မြန်မာသံရုံးကို စီးနင်းဖို့ ကြံစည်သူတွေနဲ့ ပတ်သက်ခြင်း ရှိ၊ မရှိ ရဲတပ်ဖွဲ့က ကြိုးစား စုံစမ်းနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၂၀ ရဲ့ လိပ်စာကို ပရင့်ထုတ်ထားတာကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။

သြဂုတ်လကလည်း ဂျကာတာက ဘုန်းကြီးကျောင်းမှာ အသေးစားပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပြီး လူတဦး ဒဏ်ရာရသွားခဲ့သလို အရင် ၂ ပတ်ကလည်း သံသယရှိသူ ၉ ဦး ဖမ်းဆီးနိုင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ပြောခွင့်ရတဦးက ပြောပါတယ်။

တောင်ဆူဒန် လူမျိုးရေးသတ်ဖြတ်မှု နှစ်ဖက်လုံးက ကျူးလွန်ဟု ကုလပြော


တောင်ဆူဒန်မှာ လူမျိုးရေးသတ်ဖြတ်မှုတွေကို ၂ ဖက်စလုံးက ကျူးလွန်နေကြတယ်လို့ ကုလသမဂ္ဂက ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁ ရက်နေ့က ပြောကြားလိုက်ပါတယ်။

တောင်ဆူဒန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ် ဟေးဒီ ဂျွန်ဆင် (Hilde Johnson) က ပြီးခဲ့တဲ့ ၂ ပတ်အတွင်း တဖက်နဲ့ တဖက်သတ်ဖြတ်မှုတွေ၊ ရက်စက်မှုတွေနဲ့ လူအခွင့်အရေး ချိုးဖောက်မှုတွေကို ၂ ဖက်စလုံးက ကျူးလွန်နေကြတာကို တွေ့ရတယ်။
ဒီကျူးလွန်မှုတွေ ဆက်ဖြစ်နေမယ်ဆိုရင် ဒီ နိုင်ငံသစ်အတွက် အန္တရာယ်ကြီးပါတယ်လို့ ပြောကြားခဲ့ပါတယ်။

၂ ဖက်ကိုယ်စားလှယ်တွေဟာ နှစ်သစ် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အီသီယိုပီးယားနိုင်ငံ အေဒစ် အဘာဘာ (Addis Ababa) မြို့ကို ဆိုက်ရောက်လာကြပါပြီ ဖြစ်ပါတယ်။

၂ ဖက်ကိုယ်စားလှယ်တွေ၊ အရှေ့အာဖရိက ဖွံ့ဖြိုးရေးနိုင်ငံများက ခေါင်းဆောင်တွေ၊ အိမ်နီးချင်းနိုင်ငံ ခေါင်းဆောင်တွေနဲ့ စုံစုံညီညီ တက်ရောက်ကြပါမယ်လို့ ဟေးဒီ ဂျွန်ဆင်က ဆက်လက် ပြောကြားခဲ့ပါတယ်။

အခု လောလောဆယ် ဒုက္ခသည်ပေါင်း ၆ သောင်း ၈ ထောင်ဟာ ကုလသမဂ္ဂရဲ့ စခန်းတွေမှာ လာရောက်ခိုလှုံနေကြပါတယ်။

ပြန်တဲ့သူနဲ့ အသစ်ရောက်လာတဲ့ ဒုက္ခသည်တွေကြောင့် အရေအတွက်က ပြောင်းလဲနေပြီး ဦးရေ ၇ သောင်း ၅ ထောင်အထိတောင် ဆောင်ရွက်ပေးရတဲ့အခြေအနေလည်း ရှိပါတယ်။

စခန်းတွေမှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေကိုပဲ အကာအကွယ်ပေးရတာတင် မကသေးပဲ အန္တရာယ်ရှိ နယ်မြေတွေက လူတွေကိုပါ အကာအကွယ်ပေးရပါတယ်လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိ သမ္မတ ဆယ်လ်ဗာ ကီယာ (Salva Kiir)နဲ့ ပြိုင်ဘက် ဒုတိယသမ္မတ မာချာ (Machar) တို့ရဲ့ ယှဉ်ပြိုင်မှုကနေ လူမျိုးရေးတိုက်ပွဲအသွင် ပြောင်းခဲ့ပြီး လူပေါင်း ၁ သိန်း ၈ သောင်းကျော် နေအိမ်တွေကို စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။

၂၀၁၁ ဇူလိုင်လကမှ ဆူဒန်နိုင်ငံကနေ လွတ်လပ်ရေးရရှိခဲ့တဲ့ တောင်ဆူဒန်နိုင်ငံဟာ ဆာဟာရတောင်ပိုင်းမှာ တတိယ ရေနံအကြွယ်ဝဆုံးနိုင်ငံငယ်တခု ဖြစ်ပါတယ်။
DVB Burmese

ကျဆုံး နိုင်ငံရေးအကျဉ်းသားများကို ဂုဏ်ပြု

ဓာတ်ပုံ - AAPPB


စစ်အစိုးရလက်ထက် အကျဉ်းထောင်တွေအတွင်း ကျဆုံးသွားခဲ့ကြတဲ့ နိုင်ငံရေးအကျဉ်း သားတွေအတွက် ပထမဆုံးအကြိမ် ဂုဏ်ပြုပွဲ အခမ်းအနားကို ရန်ကုန်မြို့ ရွှေဂုံတိုင် တော်ဝင်နှင်းဆီခန်းမမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။

၁၉၈၈ ခုနှစ်နောက်ပိုင်း အကျဉ်းထောင်နဲ့ စစ်ကြောရေးမှာ သေဆုံးသွားတဲ့ နိုင်ငံရေး အကျဉ်းသားပေါင်း ၁၆၆ ဦးရှိပြီး ပထမအကြိမ်အဖြစ် ၅၄ ဦးရဲ့ မိသားစုဝင်တွေကို ရွေးချယ်ပြီး ဂုဏ်ပြု ထောက်ပံ့မှုတွေ ပြုလုပ်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း-မြန်မာနိုင်ငံ (အေအေပီပီ-ဘီ) တွဲဖက်အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောပါတယ်။
ကျန်ရစ်တဲ့ မိသားစုတစုကို ကျပ် ၁၀ သိန်း ထောက်ပံ့ပေးအပ်ခဲ့သလို ပေးအပ်ရတဲ့ အကြောင်းအရင်းကို သူက အခုလို ပြောပါတယ်။

“ကျဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ကျနော်တို့ မမေ့ပါဘူး။ သူတို့ရဲ့ ရည်မှန်းချက်တွေကို ဒီမှာရှိနေတဲ့ လူတွေက ပန်းတိုင်ရောက်တဲ့အထိ ဆက်ပြီးတော့ ဆောင်ရွက်သွားမယ်။ ကျဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေ၊ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ ကျန်းမာရေးအရ နစ်နာဆုံးရှုံးခဲ့တဲ့ အနေအထားတွေကို ဒီပွဲလေးက တတ်နိုင်သလောက် ဖြေဖျောက်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ မိသားစုတစုကို ၁၀ သိန်းလောက် ထောက်ပံ့လိုက်ရင် တစုံတရာ အထောက်အကူဖြစ်မယ်ဆိုတဲ့ ရည်ရွယ်ချက်လည်း ဖြစ်ပါတယ်။”

ကျဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေဟာ စီးပွားရေး၊ ကျန်းမာရေးနဲ့ ပညာရေးအဘက်ဘက်မှာ ယိုယွင်း နောက်ကျနေတဲ့အတွက် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အကူအညီတွေ လိုအပ်တယ်လို့ ယူဆတဲ့အတွက် ဂုဏ်ပြုပွဲကို လုပ်ရတာလို့ သူက ပြောပါတယ်။

နောင်လည်း ဂုဏ်ပြုပွဲတွေ ဆက်လက် ပြုလုပ်ပြီး ဒီအကြိမ်မှာ မထောက်ပံ့နိုင်ဘဲ ကျန်နေတဲ့ မိသားစုဝင်တွေကို ထောက်ပံ့ပေးသွားမယ်လို့ ဆိုပါတယ်။

အခမ်းအနားကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နာယက ဦးတင်ဦး၊ ရှမ်းတိုင်းရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ်က ဦးခွန်ထွန်းဦး၊ ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးမင်းကိုနိုင်နဲ့ နိုင်ငံခြားသံတမန်တွေအပါအ၀င် လွှတ်တော်အမတ်များလည်း တက်ရောက်ခဲ့ပါတယ်။
DVB Burmese

၂၀၁၄ မြန်မာ့နိုင်ငံရေး ဘာတွေ ဆက်ဖြစ်နိုင်မလဲ – အမြင်သဘောထား

ဒေါက်တာ သောင်းထွန်း

၂၀၁၄ ခုနှစ် နှစ်သစ်မှာ မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွေ ဘာတွေ ဆက်ဖြစ်ဖို့ ရှိပါသလဲ။ မြန်မာ့အရေး လုပ်ကိုင်ဆောင်ရွက်သူတွေ၊ အစိုးရတာဝန်ရှိသူတွေ၊ နိုင်ငံရေးပါတီခေါင်းဆောင် တွေနဲ့ စာနယ်ဇင်းဆရာတွေရဲ့သဘောထားအမြင်တွေကို စုစည်းတင်ဆက်ပေးထားပါတယ်။

ပြည်ပမှာ အနေကြာ လှုပ်ရှားခဲ့ပြီး အခုလက်ရှိ ပြည်တွင်းမှာ ပြန်လည်လှုပ်ရှားနေတဲ့ ဒေါက်တာသောင်းထွန်းက တိုင်းပြည်အတွက် အရေးကြီးတဲ့ကိစ္စရပ်တွေ ဆောင်ရွက်ကြဖို့ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

“၂၀၁၄ မှာ တိုင်းပြည်အတွက် အရေးကြီးတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးကြရမှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးကိစ္စတွေ၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေ၊ အဲဒီမှာ တိုင်းရင်းသားတွေရဲ့ သဘောထားတွေ၊ တပ်မတော်ရဲ့သဘောထားတွေ၊ လက်ရှိအစိုးရရဲ့ သဘောထားတွေ၊ ဒါတွေဟာ အန်မတန် သိမ်မွေ့တဲ့ကိစ္စရပ်တွေပါ။ နိုင်ငံရေးဇာတ်ခုံပေါ်မှာ အဓိက ဇာတ်ကောင်တွေ ဖြစ်တဲ့သူတွေအနေနဲ့ တော်တော်လေး ချိန်ချိန်ဆဆ ညှိညှိနှိုင်းနှိုင်း၊ တိုင်းပြည်ရဲ့ အကျိုးကို ရှေးရှုပြီး လုပ်ကြမှ၊ ဒါမှမဟုတ် ကိုယ်အကျိုးစီးပွားကိုပဲ အသေ ဖက်တွယ်နေကြရင် ပွတ်တိုက်မှုတွေ ရှိနိုင်တဲ့အနေအထားပေါ့။ ဒါတွေကတော့ စိုးရိမ်စရာ ရှိတယ်။ ဒါတွေကို ကျော်ဖြတ်ရမှာပဲ၊ ပြောသင့်ရင်ပြောရမှာပဲ။”

အစိုးရအဖွဲ့အနေနဲ့တော့ ရလဒ်ကောင်းတွေ ပေါ်ထွက်လာအောင် ကြိုးပမ်းဖို့ ရှိတယ်။ ပြည်သူတွေ စိတ်ချမ်းသာအောင်လို့ အတက်နိုင်ဆုံး လုပ်ဆောင်သွားမယ်လို့ သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပြည်ထောင်စုဒုဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

သမ္မတရဲ့ ပြောခွင့်ရ  ဒုဝန်ကြီး ဦးရဲထွဋ်

“၂၀၁၄ မှာ အခု လက်ရှိအစိုးရက ပြီးခဲ့တဲ့ ၂ နှစ်ကျော် ၃ နှစ်အတွင်းမှာ ပြုပြင် ပြောင်းလဲရေးတွေကို ချက်ချင်း လက်နိုင်တဲ့ ရေတိုလုပ်ငန်းတွေကို လုပ်တယ်။ ရေရှည် လုပ်ငန်းတွေအတွက် လိုအပ်တဲ့ institution တွေနဲ့ မူဘောင်တွေ ချတယ်။ စီးပွားရေး လိုဟာမျိုးမှာတော့ အသေးစား စီးပွားရေး အခြေခံမှုတွေကို ပြုပြင် ပြောင်းလဲခဲ့တာတွေ ရှိတယ်။ အဲဒါတွေ တော်တော်များများက ပြည့်စုံသလောက်ရှိနေပြီလို့ ပြောလို့ ရနေပြီ။ ၂၀၁၄ မှာ ဒီထက် ပိုကောင်းတဲ့ ရလဒ်ကောင်းတွေ ပေါ်ထွက်လာဖို့ ရှိတယ်။”

၂၀၁၄ ဟာ ၂၀၁၅ ရွေးကောက်ပွဲအတွက်လည်း အရေးကြီးနေတော့ ဒီ ၂၀၁၄ မှာ ပြည်သူတွေ စိတ်ချမ်းသာစေမယ့် ကိစ္စရပ်တွေ ရှိနိုင်ပါသလား။

“ကျနော်တို့ သမ္မတကြီး ဦးဆောင်တဲ့ အုပ်ချုပ်ရေးအစိုးရအဖွဲ့အနေနဲ့ ပြည်သူတွေ စိတ်ချမ်းသာစေမယ့် ကိစ္စရပ်တွေ၊ နောက်တခါ ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်တွေရဲ့ ရလဒ်တွေကို ပြည်သူတွေ လက်ထဲကို ရောက်အောင် အတက်နိုင်ဆုံး ကြိုးစားသွားမှာပါ။ ကျန်တဲ့အဖွဲ့တွေနဲ့ ပတ်သက်လို့လည်း ဒီလို ကိစ္စရပ်တွေကို ဆောင်ရွက်သွားနိုင်ဖို့အတွက် အတက်နိုင်ဆုံး ပူးပေါင်း ဆောင်ရွက်သွားမှာပါ။”

အမျိုးသားဒီမိုကရေစီအင်အားစုရဲ့ ခေါင်းဆောင် ဦးခင်မောင်ဆွေက ထင်ရှားတဲ့ ဒီမိုကရေစီ ခေါင်းဆောင်တွေဟာ ညီညွှတ်ရေး ရအောင် မလုပ်နိုင်တဲ့အတွက် ပြောင်းဖို့ မမြင်ဘူးလို့ ၂၀၁၄ ကို ခန့်မှန်း သုံးသပ်ပြောကြားလိုက်ပါတယ်။

ဦးခင်မောင်ဆွေ

“ဒီမိုကရက်တစ်အင်အားစုတွေဟာ ၈၈ တုန်းက ထွက်ကြလာတဲ့ ဒီမိုကရေစီ လူ့အခွင့်အရေး ရေစီးကြောင်းက ထွက်ကြလာတာပဲ။ တဖက်ကလည်း ဒီမိုကရေစီအရောင် ပြောင်းလာတဲ့ စစ်အာဏာရှင် ခံတွင်းပေါက်က ထွက်ကြလာတဲ့ အင်အားစု၊ အဲဒီ အင်အားစု ၂ စုဟာ အားပြိုင်နေကြတယ်၊ အကြမ်းဖျင်းပေါ့။ အားပြိုင်နေကြတော့ ရှင်းရှင်းပြောရရင် ဒီမိုကရေစီ အင်အားစုတွေ အချင်းချင်းတောင် ညီညွတ်ချင်း မရှိဘူးဗျ။ ဒီမိုကရေစီထဲမှာ ထင်ရှား ကျော်ကြားတဲ့ ခေါင်းဆောင်တွေဟာ ညီညွတ်အောင် မလုပ်နိုင်ခဲ့ကြဘူး။ ဒီမိုကရေစီ အင်အားစု မညီညွတ်တဲ့အတွက် တပ်ပေါင်းစု မဖွဲ့နိုင်လို့ လွှတ်တော်ထဲမှာ စစ်အာဏာရှင်တွေဆီက ကျဆင်းလာတဲ့ ခေါင်းဆောင်တွေနဲ့ အဖွဲ့အစည်းတွေက အားကောင်း မောင်းသန် ဖြစ်နေတဲ့အတွက် ဘယ်လိုမှ ထင်သလောက် ရအောင် မပြောင်းနိုင်ဘူးဆိုတာကတော့ ဒီနေ့ လက်တွေ့ နိုင်ငံရေးဘ၀ရဲ့ မြင်ကွင်းပဲဗျ။”

ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ တပ်မတော်ဟာ ပြည်သူတွေ လိုလားတဲ့ဘက် ဘယ်လောက် ပါမလဲဆိုတာ ၂၀၁၄ မှာ အရေးတကြီး စောင့်ကြည့်ရလိမ့်မယ်လို့ နိုင်ငံရေးဆောင်းပါးရေးတဲ့ ဆရာထင်လင်းဦးက ပြောပါတယ်။

ဦးထင်လင်းဦး

“လက်တလော အခြေအနေမှာ တပ်မတော်ဘက်က ပြည်သူတွေအပေါ် ဘယ်လောက်ထိ မေတ္တာနဲ့ တုံ့ပြန်လာမလဲဆိုတာ အဓိက အရေးကြီးပါတယ်။ တပ်မတော်ဘက်ကလည်း ပြုပြင် ဖို့အတွက် လှုပ်ရှားလာနေတယ်ဆိုတာ ကျနော်တို့ သိရတယ်။ အဲဒီတော့ အရင်ရက်တွေတုန်းက ဟောပြောသွားတဲ့ပွဲတွေမှာ ကျနော်ကိုယ်တိုင်လည်း ပြောသလို ဆောင်းပါးတွေမှာလည်း ရေးသလို ဒီလက်ခုပ်က တဖက်တည်း တီးရသလို ဖြစ်နေပြီပေါ့။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ အန်အယ်လ်ဒီပါတီရယ်၊ လိုလားတဲ့သူတွေက ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုပြီး တောင်းဆိုနေကြတယ်။ အဓိက အရေးကြီးဆုံးဖြစ်တဲ့ တပ်မတော်ဘက်က ဘာမှ အသံမကြားရဘူး။ တဖက်တည်းတီးတဲ့ လက်ခုပ် ဖြစ်နေတယ်။ အင်မတန် စိုးရိမ်စရာကောင်းတယ်ဆိုပြီး ကျနော်တို့ ပြောခဲ့ကြတယ်။ ဒီရက်ပိုင်းထဲမှာကျတော့ တပ်မတော်ရဲ့လှုပ်ရှားမှုနဲ့ ပြောင်းလဲမှုတွေကို တွေ့လာရတယ်။ အခု ၁၅ ချက် ထွက်လာတယ်ဆိုတဲ့အထဲမှာလည်း ဘာတွေ ပါတယ်။ မပါဘူးဆိုတာထက် တုံ့ပြန်မှု ဖြစ်လာတယ်ဆိုတတည်းကိုက တော်တော်လေး အရေးပါတဲ့ပြောင်းလဲမှုတခုလို့ ကျနော်တို့ မြင်ရတယ်။ အဲဒီ ၁၅ ချက်ထဲမှာ ပြည်သူတွေ လိုလားတဲ့၊ တိုင်းရင်းသားတွေ လိုလားတဲ့ ပုဂ္ဂိုလ်ရေးထက် ပိုပြီးအရေးကြီးတဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးက ဘယ်နှချက်ပါမလဲ။ ဒါကို ရှေ့ဆက်ပြီး ကြည့်သွားရမယ်။ တပ်မတော်ဘက်က ပြည်သူတွေရဲ့ ကမ်းတဲ့လက်ကို တွေ့ပြီ။ လက်ကမ်းမှုကို တုံ့ပြန်လာပြီဆိုရင် ဒီပြဿနာက အေးအေးဆေးဆေးနဲ့ ပြေပြေလည်လည် ပြီးသွားမယ့် အခြေအနေ ရှိပါတယ်။”
DVB Burmese

တောင်ဆူဒန်အစိုးရနဲ့ သူပုန်အုပ်စု ငြိမ်းချမ်းရေးဆွေးနွေးဖို့ပြင်ဆင်


တောင်ဆူဒန်နိုင်ငံမှာ စစ်မက်ဖြစ်နေကြတဲ့ အဖွဲ့တွေက ကိုယ်စားလှယ်တွေဟာ အီသီယိုးပီယားနိုင်ငံမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ဖို့ စုရုံးရောက်ရှိလာကြပါတယ်။ တောင်ဆူဒန်မှာ ပြီးခဲ့တဲ့ ရက်သီတင်းပတ်တွေအတွင်း အပြန်အလှန် အကြမ်းဖက် တိုက်ခိုက်မှုတွေဖြစ်ခဲ့ပြီး၊ လူတစ်ထောင်ကျော် အသက်ဆုံးရှုံးခဲ့ကြရပါတယ်။

သမ္မတ Salva Kiir ရဲ့ ကိုယ်စားလှယ်တွေရော၊ သူပုန်ခေါင်းဆောင် Riek Machar ရဲ့ ကို်ယ်စားလှယ်တွေပါ အီသီယိုးပီယားမြို့တော် Addis Ababa ကို ဗုဒ္ဓဟူးနေ့က ဆိုက်ရောက် လာကြပါတယ်။ ကိုယ်စားလှယ်တွေနဲ့ စကားပြောမေးမြန်းခဲ့တဲ့ ဗွီအိုအေ သတင်းထောက် Marthe van der Wolf ကတော့ အခု ကြာသပတေးနေ့ အစောပိုင်းမှာပဲ ဆွေးနွေးမှုတွေ စတင်လိမ့်မယ်လို့ ပြောပါတယ်။

တောင်ဆူဒန်နိုင်ငံရဲ့ Jonglei ပြည်နယ် မြို့တော် Bor မှာတော့ ဗုဒ္ဓဟူးနေ့က အစိုးရတပ်တွေနဲ့ မစ္စတာမာချာကို ထောက်ခံတဲ့ တပ်တွေအကြား နောက်ထပ် တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ အစိုးရတပ်တွေကို Bor ကနေ တစိတ်အတပိုင်း ဆုတ်ပေးလိုက်ပြီလို့ Twitter စာမျက်နှာတခုမှာ တောင်ဆူဒန်အစိုးရက ပြောထားပါတယ်။ ဒါပေမဲ့လို့ ဆင်ခြေဖုံးအရပ်တွေမှာ တိုက်ပွဲတွေက ရှိနေတုန်းပါ။

တောင်ဆူဒန်နိုင်ငံမှာတော့ Jonglei ပြည်နယ်နဲ့၊ ရေနံထွက်တဲ့ Unity ပြည်နယ်တွေမှာ အရေးပေါ် အခြေအနေတွေကို သမ္မတ Kiir က ကြေညာထားပါတယ်။
VOA Burmese News

မလေးတွင် ပိတ်မိနေသည့် အလုပ်သမားများထဲက ၂၁ ဦး မြန်မာပြည်ပြန်မည်


မလေးရှားနိုင်ငံ ဆာဗား ဆာရ၀တ်ပြည်နယ် ရှင်ရန်းသင်္ဘောကျင်း အမှတ် ၂ ရှိ ဂိုထောင်တလုံးထဲမှာ ပိတ်မိနေတဲ့ မြန်မာအလုပ်သမား ၉၈ ဦးထဲမှ ၂၁ ဦးဟာ ပထမဆုံးအသုတ်အနေနဲ့ မြန်မာပြည်ကို ပြန်မှာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၂၉ ရက်နေ့မှာ မလေးရှားနိုင်ငံ ဆာဗား ဆာရာဝတ်ပြည်နယ်မှာ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးစိုးဝင်းနဲ့အတူ မြန်မာအလုပ်သမား ရှာဖွေရေး အေဂျင်စီမှ အေးဂျင့်များနဲ့ ကုမ္ပဏီပိုင်ရှင်တို့ ၂ ရက်ကြာ ဆွေးနွေးမှုအပြီး မြန်မာပြည်ကို ပြန်ဖို့ ပထမဆုံးအသုတ်အနေနဲ့ ၂၁ ဦးကို ပြန်လည်စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာအလုပ်သမား ၂၁ ဦးကို ဇန်န၀ါရီ ၄ ရက်နေ့မဟုတ်ရင် ၅ ရက်နေ့မှာ မြန်မာပြည်ကို လေယာဉ်နဲ့ ပြန်မှာဖြစ်ပါတယ်။

ရန်စပြုတဲ့ အင်ဒိုနီးရှားအလုပ်သမား ၂ ဦးကိုလည်း သက်ဆိုင်ရာရဲစခန်းနဲ့ ကုမ္ပဏီတို့က အမှုဖွင့်ထားကြောင်း မလေးရှားနိုင်ငံ မြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးစိုးဝင်းက ပြောဆိုပါတယ်။

“အခု ၂၁ ယောက်ကို ဇန်န၀ါရီ ၄ ရက်နေ့ ဒါမှမဟုတ် ၅ ရက်နေ့ တရက်ရက်မှာ ပြန်ဖြစ်မယ်။ လက်မှတ်ရထားပြီ။ လောလောဆယ်တော့ သက်ဆိုင်ရာ ရဲစခန်းကပဲ အမှုလုပ်ထားတယ်။ ရှင်းရန့် ကုမ္ပဏီက အမှုဖွင့်ထားတာ။ အလုပ်သမားတွေကိုတော့ ခေါ်ခေါ်မေးနေတယ်။”

မြန်မာအလုပ်သမား ၉၈ ဦးထဲက မိသားစုအခက်အခဲတွေကြောင့် မလေးရှားနိုင်ငံမှာ အလုပ်ဆက်လက်လုပ်ကိုင်လိုတဲ့ အလုပ်သမား ၉ ဦးကိုတော့ ကုမ္ပဏီပိုင် တခြား သင်္ဘောကျင်းမှာ ဆက်လက် လုပ်ကိုင်စေတယ်လို့ သိရပါတယ်။

ကျန်ရှိနေတဲ့ အလုပ်သမား ၆၈ ဦးက ကုမ္ပဏီပိုင် ဂိုထောင်ထဲမှာ ဆက်လက် နေထိုင်ကာ စားသောက်ရေးကိုတော့ ကုမ္ပဏီက တာဝန်ယူထားပြီး မြန်မာပြည်ကို အသုတ်လိုက် ပြန်လည် ပို့ဆောင်မယ်လို့ သိရပါတယ်။

လုပ်ငန်းရှင် ကုမ္ပဏီဘက်က အလုပ်သမားစာချုပ်သက်တမ်းအရ လျော်ကြေး တောင်းဆို ထားလို့ နေရပ်ပြန်ဖို့ ကြန့်ကြာနေတာလို့ အလုပ်သမားတဦးဖြစ်တဲ့ ဦးနော်နော်က ပြောပါတယ်။

“ကျနော်တို့ကို သူတို့က လျော်ကြေးတောင်းတာပေါ့။ ကျနော်တို့ ကိုယ်တိုင်က မလုပ်ချင်လို့ ထွက်တာလည်း မဟုတ်ဘူး။ ကျနော်တို့အသက်အန္တရာယ် စိုးရိမ်ရလို့ ပြန်မှာ ဖြစ်တဲ့အတွက် လျော်လည်း မလျော်နိုင်ဘူး။ ကျနော်တို့မှာ ရှိတဲ့လစာက ၁၀၀၀ ကျော် တလစာပဲရှိတယ်။ ဘဏ်ကတ်တွေ အကုန်လုံးကို သံရုံးအဖွဲ့က တယောက်ကို ပေးထားတယ်။ သူက ၂၀ ဦးဆီ လွှတ်မယ်။ လွှတ်မယ့်အထဲမှာမှ ၂၀ ထဲမှာ ပါတဲ့လူရဲ့ ဘဏ်ထဲက ပိုက်ဆံကို တနေ့တည်းမှာ သွားထုတ်မယ်။ လေယာဉ်လက်မှတ်ကို ၀ယ်မယ်။ ပိုတဲ့ ပိုက်ဆံကို ပြန်ပေးမယ်။ အဲဒီလိုတော့ ပြောသံကြားတယ်။ လျော်တာတော့ လျော်လည်း မလျော်နိုင်ဘူး၊ လျော်စရာလည်း မရှိဘူး။ အဲဒါကြောင့်လည်း ကြန့်ကြာနေတာပါမှာပေါ့။ ဒီ ၁ လ ၀န်းကျင်မှာ ပြန်ရမယ်လို့ ထင်တာပဲ” လို့ ပြောဆိုပါတယ်။

ဒီဇင်ဘာ ၂၃ ရက်နေ့က မြန်မာအလုပ်သမား ၂ ဦးနဲ့ အင်ဒိုနီးရှားအလုပ်သမား ၂ ဦးတို့ အချင်းများရာကနေ အင်ဒိုနီးရှားအလုပ်သမား ၃၀၀ ကျော်က အသုံးအဆောင်ပစ္စည်းများကို မီးရှို့ဖျက်ဆီးပြီး ရန်ပြု တိုက်ခိုက်မှုကြောင့် သင်္ဘောကျင်းရှိ ဂိုထောင်တခုမှာ ပုန်းအောင်းနေကြရတာ ဖြစ်ပါတယ်။

မလေးရှားမှာ မြန်မာအလုပ်သမားဦးရေဟာ တရားဝင် ၃ သိန်းနဲ့ တရားမဝင် ၄ သောင်း ရှိတယ်လို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ စာရင်းအရ သိရပါတယ်။
DVB Burmese

မြန်မာ့သစ်လုံး ပြည်ပတင်ပို့မှု ရပ်ဆိုင်း


မြန်မာနိုင်ငံကနေ ပြည်ပကို သစ်တင်ပို့တဲ့နေရာမှာ သစ်အလုံးလိုက် တင်ပို့မှုကို ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်ကစလို့ အစိုးရက ခွင့်ပြုတော့မှာ မဟုတ်တဲ့အတွက် တရားမ၀င် သစ်ခိုးထုတ်မှုတွေ မရှိရလေအောင် ကုန်သည်တွေရဲ့ ပူးပေါင်းပါဝင်မှု လိုအပ်တယ်လို့ မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များအသင်းက ပြောပါတယ်။
သစ်အလုံးလိုက် တင်ပို့မှုကို ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်ကစလို့ အပြီးအပိုင် ရပ်စဲလိုက်တယ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။

ခုလို တားဆီးပိတ်ပင်မှုကို သဘာပတ်ဝန်းကျင်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ထောက်ပြပြောဆိုမှုတွေကြောင့် နိုင်ငံတော်သမ္မတနဲ့ သက်ဆိုင်ရာအစိုးရအဖွဲ့တို့ တွေ့ဆုံပြီး အစည်းအဝေးထိုင် ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များအသင်းရဲ့ အတွင်းရေးမှူး ဦးဘာဘာချိုက ပြောပါတယ်။
ဒါကြောင့် တရားမ၀င် သစ်ခိုးထုတ်မှုတွေ မရှိရလေအောင် မြန်မာ သစ်ကုန်သည်တွေ သာမက တဖက်နိုင်ငံက ကုန်သည်တွေအနေနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ လိုအပ်ကြောင်း ဦးဘာဘာချိုက ပြောပါတယ်။

“တရုတ်ပြည်မှာက သစ်ပင်မခုတ်ရဘူး၊ မြန်မာပြည်မှာက သစ်ပင်ခုတ်ရတယ်။ ခုတ်တဲ့သစ်ပင်တွေကို သူတို့ အတားအဆီးမရှိ ၀ယ်တာပေါ့။ မြန်မာနိုင်ငံမှာက တကယ်တမ်း သစ်ကို သစ်တောဌာနရဲ့ စာရွက်စာတမ်းမပါရင် သယ်လို့မရဘူး။ သူတို့ တရုတ်ပြည်မှာက မြန်မာပြည်က စာရွက်စာတမ်း မလိုဘူး။ သူတို့ဆီမှာရောက်ပြီး အခွန်ဆောင်လိုက်တာနဲ့ တရားဝင်ဖြစ်သွားတယ်။ သူတို့ဘက်ကလည်း ဒီလိုမလုပ်သင့်ဘူး။ မြန်မာပြည်သစ်တောဌာနကနေ အထောက်အထားမပါရင် မ၀ယ်ဘူးဆိုတဲ့ တာဝန်သိမှုကို ပြလိုက်တယ်ဆိုရင် ဒီကိစ္စတွေ လျော့နည်းသွားမှာပေါ့။”

မြန်မာနိုင်ငံမှာ အစိုးရအဆက်ဆက်က အထူးသဖြင့် န၀တနဲ့ နအဖစစ်အစိုးရလက်ထက်မှာ သစ်အလုံးလိုက် နိုင်ငံခြားတင်ပို့မှုကို အားထားပြီး နိုင်ငံခြားဝင်ငွေ ရှာဖွေခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့နှစ်တွေမှာဆိုရင် သစ်တောကဏ္ဍကနေ နှစ်စဉ် နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၆၀၀ နီးပါး ရှာဖွေပေးနိုင်တဲ့အနက် ၉၀ ရာခိုင်နှုန်းက သစ်အလုံးလိုက်တင်ပို့မှုကနေ ရရှိနေတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် နယ်စပ်လမ်းကြောင်းတွေကတဆင့် မြန်မာ့သစ်လုံးတွေ တရုတ်နိုင်ငံဆီ တရားမ၀င် တင်ပို့မှုတွေ ရှိနေပြီး တန်ဖိုးအားဖြင့် ၁ နှစ်ကို ပျမ်းမျှ အမေရိကန်ဒေါ်လာ သန်း၂၀၀ အထက်မှာ ရှိနေတာ ဖြစ်ပါတယ်။

ဒီအတွက် နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း မြန်မာနိုင်ငံမှာ သစ်အဆမတန် ထုတ်လုပ်မှုကြောင့် သစ်တော ပြုန်းတီးမှုတွေ ရှိနေတဲ့အပေါ် ထောက်ပြ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။ ဒါကြောင့် ဒီ သစ်တောပြုန်းတီးမှုက ဘယ်သူ့အပေါ်မှာ တာဝန်ပို ရှိသလဲဆိုတာ မေးစရာ ဖြစ်နေပါတယ်။

“သစ်လုံးတွေ ဘာကြောင့် တင်ပို့ခဲ့ရလဲဆိုတော့ ၀င်ငွေကို အခြေခံတဲ့ ထုတ်လုပ်မှုလို ဖြစ်သွားတာပေါ့။ တကယ်တော့ သစ်တောတွေမှာ သစ်တောများ ထာဝစဉ် တည့်တံ့စေနိုင်သော စီမံခန့်ခွဲမှုအရ ထုတ်လုပ်မှုဆိုတဲ့စနစ် ဦးတို့ဆီမှာ ရှိပါတယ်။ အဲဒီစနစ်အရ ထုတ်မယ်ဆိုရင် လူအများပြောနေတဲ့ သစ်တောပြုန်းတီးမှု၊ သစ်တောတွေ အရည်အသွေး ကျဆင်းတယ်ဆိုတဲ့ ကိစ္စတွေ မဖြစ်နိုင်ပါဘူး။ သို့သော်လည်း လွန်ခဲ့တဲ့ အစိုးရလက်ထက်မှာ ၀င်ငွေရရှိရေးကို ရှေ့တန်းတင်တယ်။ ၀င်ငွေ ဘယ်လောက်ရမလဲဆိုတဲ့နည်းကို လုပ်လိုက်တဲ့အခါမှာ အဲဒါကို မီအောင် သစ်တွေကို ထုတ်လိုက်ရတဲ့အတွက် သစ်တောတွေက ထုတ်ပေးနိုင်စွမ်း ရှိတာထက် လူသားတွေက ပိုထုတ်ခဲ့တဲ့အတွက် ပြဿနာတွေ ဖြစ်လာတာပါ။”

မြန်မာနိုင်ငံမှာ သစ်ထုတ်လုပ်မှုနဲ့ ပတ်သတ်လို့ ပြီးခဲ့တဲ့နှစ်တွေမှာဆိုရင် ၁ နှစ်ကို ကျွန်းသစ်က (ဟော့ပေါ့စတန်) တန်ချိန် ၃ သိန်းနဲ့ သစ်မာက (ဟော့ပေါ့စတန်) တန်ချိန် ၂ သန်း ခုတ်လှဲမှုတွေ ရှိခဲ့ပြီး လာမယ့်၂၀၁၅ ခုနှစ်ကစလို့ ၁ နှစ်ကို ကျွန်းသစ်က (ဟော့ပေါ့စတန်) တန်ချိန် ၆သောင်း နဲ့ သစ်မာက (ဟော့ပေါ့စတန်) တန်ချိန် ၁ ဒဿမ ၂ သန်းကျော် ထုတ်လုပ်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
DVB Burmese

HR Journal အမှတ်စဉ် (225)

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





7 Day News ဂျာနယ် အတွဲ(၁၂) အမှတ်(၄၃)

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





The Trade Times ( Vol-2, No-90 )

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





ရတနာပုံနေ့စဉ်သတင်းစာ (၂-၁-၂၀၁၄) ကြာသပတေးနေ့

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





အားကစားမြင်ကွင်းဂျာနယ် အတွဲ(၃) အမှတ်(၁)

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





ပြည်မြန်မာဂျာနယ် အမှတ်(၉၀၂)

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





သွားနှင့်ခံတွင်းပျက်စီးစေသည့်အမူအကျင့်များ


(၁) သွားတိုက်ကြမ်းခြင်း
ခပ်ကြမ်းကြမ်းတိုက်လေ ခံတွင်းပိုသန့်လေလို့ တော်တော်များများ ထင်တတ်ကြပါတယ်။ ကြမ်းကြမ်းတမ်းတမ်းသွားတိုက်ခြင်းဟာ သွားဖုံး ကိုပျက်စီးစေပါတယ်။

(၂) သွားတိုက်ဆေးအပြင်းစားသုံးခြင်း
အချို့သွားတိုက်ဆေးတွေဟာ သွားဖုံးကို တိုက်စားစေပါတယ်။ သွားတိုက်နေစဉ်သွားဖုံးများ ကျိန်းစပ်လာပါက သွားဆရာဝန်နှင့် တိုင်ပင်ပြီး သွားတိုက်ဆေးပြောင်းလဲ တိုက်ပါ။
(၃) မကြာခဏ ပလုတ်ကျင်းခြင်း
ဖျော်ရည်တစ်ခုခုသောက်ပြီး အစာတစ်ခုစားပြီးတိုင်း ပလုတ်ကျင်း ရုံနှင့် လုံလောက်ပါသည်။

(၄) သွားကြားထိုးခြင်း
သွားကြားညပ်လျှင် သွားကြားထိုးတံနှင့် မထိုးပါနှင့်။ အပ်ချည်ကြိုး ဖြင့်သွားကြားထဲထည့်၍ ပွတ်တိုက်ပါ။ အပ်ချည်ကြိုးသော်လည်းကောင်း၊ သွားကြားထုံးတံသော်လည်းကောင်း သွားကြားထဲရောက်လျှင် နာကျင်လာပါက ဆက်မလုပ်ပါနှင့်။

(၅) အက်ဆစ်ကဲသောပစ္စည်းများ ငုံ ခြင်း
သကြားလုံး၊ ချွဲပျော်ငုံဆေး၊ အချဉ်ဓာတ်ကဲသည့် ဆေးများကို ခံတွင်းထဲရေရှည်ငုံခြင်းသည် သွားများ၊ သွားဖုံးများ၊ သွားအမြစ်များကို ပျက်စီးမှုဖြစ်စေသည်။ ကလေးငယ်ကို တိုက်သည့် အပ်စပရင်ဆေးပြားကိုပင် ကြာရှည်ပုံပါက သွားပျက်စီးမှုဖြစ်စေသည်။

(၆) သံပရာသီး ငုံထားခြင်း
အက်ဆစ်ဓာတ်ကဲသော PH တန်ဖိုးနည်းသည့် အရည်များ အထူးသဖြင့် အချဉ်ရည်များသည် ရေရှည် ဆက်တိုက်ထိတွေ့ပါက သွားပျက်စီးစေသည်။ သစ်သီးနှင့် ဟင်းသီးဟင်းရွက်စားခြင်းသည် ကောင်းသည့် အကျင့်ဖြစ်သော်လည်း ပါးစပ်ထဲ ထည့်ငုံပါက သွားနှင့်ခံတွင်းကို ပျက်စီးစေသည်။

ဇော်ကို
Ref: RD
Health Updates Journal No. 98

တပ်သိမ်းမြေများ ပြန်ရရေး နောင်ချိုလယ်သမားများ ဆန္ဒပြ


ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်အတွင်းက တပ်သိမ်းလယ်ယာမြေတွေမှာ တရားဝင်ပြန်လည်စိုက်ပျိုးခွင့်ရရှိဖို့နဲ့ တရားစွဲဆိုခံထားရတဲ့ တောင်သူလယ်သမားတွေကို အမှုပိတ်သိမ်းပေးဖို့ ဒီနေ့ ဆန္ဒဖော်ထုတ်ပွဲပြုလုပ်ခဲ့ပါတယ်။

လယ်ယာမြေနဲ့ တောင်ယာမြေတွေကို အရင်စစ်အစိုးရလက်ထက်ကတည်းက သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။

လယ်သိမ်းခံရသူတွေနဲ့ တရားစွဲခံရတဲ့ တောင်သူတွေဟာ သက်ဆိုင်ရာတာဝန်ရှိသူတွေဆီကနေ တရားဝင်ဆန္ဒဖော်ထုတ်ခွင့်တောင်းဆိုပြီး ဒီနေ့မနက် ၉ နာရီကနေ ၁၀ နာရီအထိ ချီတက်လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။

ဆန္ဒပြရာမှာ ပါဝင်တဲ့ လယ်သမားတဦးက “ကျနော်တို့မြေ ကျနော်တို့ ပြန်ရချင်တယ်။ ကျနော်တို့ အဖေ၊ အမေလက်ထက်တွေတုန်းကတော့ မြေတွေကို ဘယ်အကွက် မင်းယူလိုက်ဆိုပြီး ပေးတယ်။ အခု ကျနော်တို့လက်ထက်မှာကျတော့ ဟိုကသိမ်း၊ ဒီကသိမ်း၊ အမြီးနုတ်၊ ခေါင်းနုတ်နဲ့ ဘာမှ မကျန်တော့ဘူး။ ကျနော်တို့ အခု ဖွတ်ကျားတောင်သူတွေ ဖြစ်နေပါတယ်” လို့ ပြောပါတယ်။

ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်တဲ့ အမျိုးသမီးတဦးကလည်း “အဓိက ဆန္ဒ ဖော်ထုတ်တာက တပ်ကို ဖော်ထုတ်တာပါ။ တပ်မှာ သိမ်းထားပြီး ပိုတဲ့မြေတွေ အများကြီးရှိပါတယ်။ ကျမတို့ အခုပြန်တောင်းတဲ့မြေတွေက တပ်နဲ့လည်း အလှမ်းဝေးတယ်၊ အမှန်တကယ်လည်း အသုံးမလိုဘူး၊ အဲဒါကြောင့် ပြန်တောင်းတာပါ” လို့ ပြောပါတယ်။

လယ်သိမ်းခံရပြီး တရားစွဲခံထားရတဲ့ ဒေသခံတောင်သူတဦးက “ကျမ ဒီနေရာမှာ စိုက်စားနေတာ အနှစ် ၄၀ ရှိပါပြီ။ ဘိုးဘွားမိဘ လက်ငုတ်ကို ကျမတို့က ပြန်ပြီး လုပ်စား ထိန်းသိမ်းနေတာပါ။ ဘယ်သူ့ကိုမှလည်း ပေါင်နှံ၊ ငှားရောင်း၊ ပေးကမ်းတာလည်း မလုပ်ခဲ့ဘူး။ အခုထိလည်း စိုက်ခင်း ရှိနေပါတယ်။ အဲဒါကို ကျူးကျော်တယ်လို့ တရားစွဲပါတယ်။ အခု ကျမတို့ကို တရားရုံး တင်ပါတယ်။ ဇန်န၀ါရီ ၈ ရက်နေ့မှာ ကျမတို့ တရားရုံးကို သွားရမယ်။” လို့ ပြောပါတယ်။

By ခွန်ဇော်ဦး(DVB Burmese)

မရမ်းကုန်းမြို့နယ် ပေါ်တော်မူစေတီတော် ဆင်းတုတော်မှ ယာဘက်မျက်လုံးတော်ပွင့်


ရန်ကုန်၊ ဒီဇင်ဘာ-၃၁

မရမ်းကုန်းမြို့နယ် အထက်ဗဟိုလမ်းရှိ ပေါ်တော်မူစေတီတော်၌ ယာယီ အပူဇော်ခံထားလျက်ရှိသော ဗုဒ္ဓဆင်းတု တော်မှဆံတော်များ ပေါ်ထွန်းလာပြီး ဒီဇင်ဘာ ၃၁ ရက် နံနက် ၉ နာရီ က ယာဘက် မျက်လုံးတော် ထပ်မံပွင့်တော်မူခဲ့ကြောင်း သတင်းအရ စံတော်ချိန်မှ သွား ရောက်ဖူးမြော် မှတ်တမ်းတင်ခဲ့သည်။

အဆိုပါ ယာဘက်မျက်လုံးတော် ပွင့်တော်မူခဲ့သော ဗုဒ္ဓဆင်းတုတော်မှာ ဥာဏ်တော်ကိုးလက်မရှိပြီး ယခုနှစ်ဇူလိုင် ၁ ရက်က ဆံတော်များ ပေါ်ထွန်းခဲ့ ကြောင်း၊ ဆံတော်များထွက်ပေါ်ချိန်တွင် ဘုရားဒါယကာဖြစ်သူ ဦးခင်မောင်ဦးက အများပြည်သူ ဖူးမြော်ပူဇော်နိုင်ရန် မရမ်းကုန်းမြို့နယ် (၈) ရပ်ကွက် ရေကူးဘူတာ ရုံလမ်း ပညာ့သိပ္ပံဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ ပြောင်းရွှေ့အပူဇော်ခံထားကြောင်း၊ ယင်းပညာ့သိပ္ပံကျောင်းမှ မြို့တွင်း အပူဇော်ခံထွက်ရာ ၁၀ နေရာ အထိရှိပြီးဖြစ်ကြောင်း၊ ယခုအခါ၌ ပေါ် တော်မူစေတီတော်တွင် အပူဇော်ခံထားရှိရာမှ ယာဘက်မျက်လုံးတော် ပွင့်တော်မူခဲ့ကြောင်း ဘုရားဒါယကာ ဦးခင်မောင်ဦးက စံတော်ချိန်သို့ ပြောဆိုသည်။

" ဒီဘုရားက အရင်တုန်းက ရန်ကင်းဆည်မြောင်း ရုံးတည်ဆောက်ရေး (၆) က ဒုညွှန်ကြား ရေးမှူး ဦးဝင်းပိုအိမ်မှာ ကိုးကွယ်တဲ့ ဘုရား။ သူရာထူးတက်သွားတော့ကျွန်တော့်ကို ပေးခဲ့တာ။ (၂၀၁၂ )ခုနှစ်မှာ အိမ်မှာပင့်ပြီး ကိုးကွယ်ထားခဲ့တာ။ ၂၀၁၃ ခုနှစ် ဇူလိုင် ၁ ရက်က ဘုရား ဆံတော်တွေ စပွင့်ခဲ့တယ်။ ကျွန်တော် ၁၉ ရက်ကြာမှ အားလုံးကို ပြောပြခဲ့တာပါ " ဟု ဘုရားဒါယကာ ဦးခင်မောင်ဦးက ရှင်းပြသည်။

အဆိုပါ ဗုဒ္ဓဆင်းတုတော်အား ဒီဇင်ဘာ ၃၁ ရက် ညနေ ၄ နာရီတွင် ပညာ့သိပ္ပံဘုန်းတော်ကြီး သင်ပညာရေး ကျောင်းသို့ ပြန်လည်ပို့ဆောင် အပူဇော်ခံထားမည်ဟု သိရသည်။ ဗုဒ္ဓ ရုပ်ပွားတော်အား ပင့်ဆောင်ပူဇော်လို သူများသည် ဇန်န၀ါရီ ၄ ရက် နောက် ပိုင်းတွင် ဦးခင်မောင်ဦး-ဒေါ်ခင်စော ၀င်း ဖုန်း-၀၉- ၄၂၁၁၂၁၁၁၅ ရုံးရှေ့ မှတ်တိုင် လှိုင်သာယာ ဆည်မြောင်း အိမ်ရာတိုက် (၁) အခန်း (၁၅) သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

အိသန္တာမိုး
စံတော်ချိန် သတင်းစာ

အစာအိမ် အနာရှိနေပြီလား


 ဘေးကင်းတဲ့ အကိုက်အခဲပျောက်ဆေးကို လေ့လာပါ
အက်စ်ပရင်၊ နာပရောက်စန်၊ အိုင်ဗျူပရိုဖန်နှင့် NSAID  အမျိုးအစား အကိုက်အခဲပျောက်ဆေးတွေထက် ပါရာစီတမောက ပိုစိတ်ချရပါတယ်။ ပါရာစီတမောနှင့် မသက်သာလောက်အောင် ကိုက်ခဲနေတဲ့အခါ Proton Pump Inhibitor  အမျိုးအစား အစာအိမ်ဆေးဖြစ်တဲ့ Omeprazole  လိုဆေးမျိုးနှင့်တွဲသောက်ပါ။

အရက်နှင့် ကဖင်းအဖျော်ယမကာများလျှော့ပါ
အရက်နှင့် ကဖင်းဓါတ်ဟာ အစာအိမ်နှင့် အူနံရံများကိုကျိန်းစပ်စေတာကြောင့် ရောင်ရမ်းခြင်း၊ သွေးယိုခြင်းဖြစ်စေပါတယ်။ အစာအိမ်ထဲက အက်ဆစ်ပမာဏကိုပါ ရုတ်တရက် မြင့်တက်စေတာကြောင့် ဗိုက်အောင့်ခြင်း၊ ရင်ပူခြင်းဖြစ်စေတတ်ပါတယ်။

ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်ငွေ့မှာပါတဲ့ ဓါတုပစ္စည်းတွေဟာ အစာအိမ်နံရံကို အားလျော့စေတာကြောင့် ရှိရင်းစွဲအစာအိမ်နာကို ပိုဆိုးစေပြီး နောက်ထပ် အနာတွေတောင် ထပ်ဖြစ်စေပါ တယ်။
အစာရွေးပါ
အသားတုံး၊ အကြော်အလှော်၊ အဆီအစိမ့်တွေရှောင်ပါ။ အစာအိမ် အနာကို ပိုဆိုးစေသလို အစာအိမ် အက်ဆစ်ကို ပိုထွက်စေပါတယ်။ အစေ့အဆန်၊ ဂျုံ၊ ပြောင်း၊ အမျှင် ဓါတ်ကြွယ်ဝသည့် အစားအစာများ စားခြင်းက အစာအိမ်အက်ဆစ်ထွက်ခြင်းကို ပိုသက်သာစေပါတယ်။

အချိန်မှန်စားပါ
အစာအိမ်အနာရှိသူတစ်ဦးဟာ ကြုံသလိုစားလို့မရပါဘူး။ အချိန်မှန် မစားတဲ့အခါ အစာချေရည်ထွက်ရှိမှု ကမောက်ကမဖြစ်ပြီး အစာအိမ်အနာ ကထိုးအောင့်တတ်ပါတယ်။ အစာ နည်းနည်းနှင့် တစ်နေ့ ငါးကြိမ်ခြောက်ကြိမ်အချိန်မှန်ခွဲစားခြင်းက အစာအိမ်အက်ဆစ်လျော့ကျစေပါတယ်။

လိုအပ်လျှင်ဆေးသောက်ပါ
အစာအိမ်အနာတွေရဲ့ (၇၀) ရာခိုင်နှုန်းမှ (၉၀) ရာခိုင်နှုန်းဟာ Helicobacter Pylori  ဆိုတဲ့ဘက်တီးရီးယားကြောင့် ဖြစ်ရတာဖြစ်ပါတယ်။ အဆိုပါ ဘက်တီးရီးယားဟာ အစာစားပြီးချိန်နှင့် ညအချိန်များ များမှာ အစာအိမ်အနာကို ဆွတတ်ပါတယ်။ အစာအိမ်အနာကို အစာအိမ်ဆေးသောက်ရုံနှင့် မပျောက် တတ်ဘဲ ပိုးသတ်ဆေးတွေပါ အစုံအလင် သောက်ရတတ်ပါတယ်။

သီဟ
Ref:WikiHow
Health Updates Journal

SSPP တပ်များဖယ်ပေးရန် လားရှိုးတိုင်းမှူးတောင်းဆို


ဂျန္နဝါရီ ၂ ရက် ၂၀၁၃

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းရှိ SSPP/SSA တပ်များလှုပ်ရှားနေမှုကို ဖယ်ရှားပေးရန် လားရှိုးအခြေစိုက် ရမခ တိုင်းမှူးက ဒီဇင်ဘာ လနှောင်းပိုင်းက တောင်းဆိုလိုက်သည်။

၂၀၁၃ ဒီဇင်ဘာ ၃၀ ရက်က သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်စိုးက သီပေါမြို့နယ် နမ့်မဒေသဘက် လှုပ်ရှားနေသည့် သျှမ်းပြည် တပ်မတော် SSPP/SSA တပ်များ ဖယ်ရှားပေးရန် သျှမ်းပြည်တပ်မတော် လားရှိုးမြို့ ကိုယ်စားလှယ်ရုံး တာဝန်ခံ ဗိုလ်မှူးအောင်လတ်အား ခေါ်ယူပြော ကြားခဲ့ကြောင်းသိရသည်။

“ဘယ်နေ့ဘယ်ရက်နောက်ဆုံးထားပြီးတပ်ရုပ်ပေးရမယ်ဆိုတာတော့မပြောဘူး။ အဓိက ကတော့ သူတို့ လှုပ်ရှားသွားလာတဲ့ လမ်းကြောင်းမှာ ကျနော်တို့အင်အားရှိနေတော့ ထိပ်တိုက်ဖြစ်မှာစိုးလို့ ဖယ်ရှား ပေးပါလို့ ကျနော်တို့ရုံးတာဝန်ခံကို တိုင်းမှူးက ခေါ်ပြောတာ” - ဟု ပြောခွင့်ရ ဒုဗိုလ်မှူးကြီး စိုင်းလ ကပြောသည်။

“အဲဒီဒေသမှာ အခုမှ ကျနော်တို့သွားနေတာမဟုတ်ဘူး။ အရင်ကတည်းက လှုပ်ရှားသွားလာတာ၊ တပ်စ ခန်း ကြီးကြီးအခြေချနေထိုင်တာလဲမရှိ ဘူးလို့ဘဲ ပြန်ပြောခဲ့တာ၊ အထက်ကိုတော့ တင်ပြပေးပါ့မယ် လို့ ပဲပြောခဲ့တယ်” - ဟု ဗိုလ်မှူးစိုင်းအောင်လတ်က ပြောသည်။

မြန်မာအစိုးရတပ်သည် သျှမ်းပြည်တပ်မတော် အခြေချတပ်စခန်း၊ အခြေစိုက်တပ်စခန်းများနှင့် လှုပ် ရှား စစ်ကြောင်းများ တပ်ရုပ်ပေးရန်တောင်းဆိုသော်လည်း ၂၀၀၉ မှစ၍ ယနေ့အထိ SSPP/SSA ဌာနချုပ် အနီးတဝိုက် တိုးချဲ့အခြေချနေရာယူထားသည့် ၎င်းတို့၏ တပ်ရင်း ၂၀ ရင်းထက်မနည်း အင်အားထောင်ဂဏန်းကမူ တပ်ရုပ်ပေးခြင်းလုံးဝ မရှိသေးပေ။

သျှမ်းပြည်တပ်မတော် SSPP/SSAသည် နေပြည်တော်အစိုးရနှင့် ပြည်ထောင် စုအဆင့် ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးထားသည့်တပ်ဖွဲ့ဖြစ်သည်။ ဂျန္နဝါရီ ၂၈ ရက် ၂၀၁၂ လက်မှတ်ရေးထိုးစဉ်မှ စ၍ ယနေ့တိုင် တိုက်ပွဲပေါင်း အကြိမ် ၁၀၀ ကျော် ဖြစ်ပွားခဲ့သည်။
သျှမ်းသံတော်ဆင့်

မိတ္ထီလာကန်တော်ကြီး မြေဖို့ကျူးကျော် စစ်တပ်မှ တိုက်တာများ ဆောက်လုပ်နေ


မိတ္ထီလာ၊ ဇန်န၀ါရီ-၁

မိတ္ထီလာမြို့ သမိုင်းဝင်ကန်တော်ကြီး၏ ကန်နယ်နိမိတ်အတွင်း ကျူးကျော်၍ တိုက်တာများဆောက်လုပ်နေခြင်း၊ ရေဆိုးကန်အားမြေဖို့၍ ကျူးကျော်ကာ တိုက်တာအဆောက်အအုံများ ဆောက်လုပ်နေခြင်း၊ စစ်တပ်မှကန်မြေအတွင်း ၀ိုင်းကွက်များချထားမှုကြောင့် မိတ္ထီလာမြို့ (၈၈) အရပ်ဘက် အဖွဲ့အစည်းမှ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်အပါအ၀င် ၀န်ကြီးဌာနများ၊ မိတ္ထီလာ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ထံ ဇန်န၀ါရီ ၁ ရက်က တိုင်ကြားစာအသီးသီး ပေးပို့လိုက်သည်။

မိတ္ထီလာမြို့ ဈေးအရှေ့ပြင်နယ်မြေ စည်သူရပ်ကွက် မိတ္ထီလာ-မြင်းခြံ သွား မီးရထားသံလမ်းမြောက်ဘက် ပွဲစားတန်းတွင် ကန်မြေအတွင်း ကျူးကျော် ၍တိုက်တာများဆောက်လုပ်နေခြင်း၊မီးရထားလမ်း တောင်ဘက်ရှိ စည်သူရေဆိုးကန်ကြီးအားမြေဖို့၍ တိုက်တာများ ဆောက်လုပ်နေခြင်း၊ မိတ္ထီလာမြို့ ပေါက်ချောင်း (၂) ရပ်ကွက် ငါးကန်အနောက်ဘက်ရှိ ကန်မြေအား ခလရ(၇၉) တပ်မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မင်းထက်ဟိန်း က ၎င်း၏နှမဖြစ်သူ မပြည့်အပါအ၀င် ကန်မြေအတွင်း ပေ ၄၀ × ပေ ၅၀ အကွက် များ ၁၁ ကွက်ရိုက်၍ နေရာချထားခဲ့သည်ဆို၏။

၎င်းကန်မြေအတွင်းကျူးကျော်ဆောက်လုပ်ထားသော ၀ိုင်းကွက်များကို ခရိုင်အုပ်ချုပ်ရေးမှူး၏ တာဝန်ပေးချက်အရ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးလှိုင်၊ မြို့နယ်မြေစာရင်းမှူး ဦးသိန်းထွန်းဇော်၊ စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေးအထောက်အကူပြု ကော်မတီဝင်များ၊ မြို့မိ/မြို့ဖများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ ကွင်းဆင်းစစ်ဆေးပြီး သက်ဆိုင်ရာဌာနများသို့ တင်ပြထားသည် ဆို၏။ (၈၈) အရပ်ဘက်လူ့ အဖွဲ့အစည်းက ကန်မြေ၊ လမ်းမြေကျူးကျော်သူများအား အမြန်ဆုံးအရေး ယူဆောင်ရွက်ပေးရန် အချက် ၁၄ ချက်ပါ စာတမ်းအရ သိရသည်။

တင်လှိုင်
စံတော်ချိန် သတင်းစာ

Good Health ( No-468 ) (31-Dec-2013)

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





90:00 Minutes Sports ဂျာနယ် ( Vol-05, No-100 )

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





လွှတ်တော်လိုင်း အင်တာနက်မှ တိုက်ရိုက်ကြည့်ရန် - Hluttaw channel live stream


MRTV Channel အား အွန်လိုင်းမှ တိုက်ရိုက်ကြည့်ရန်





MITV Channel အား အွန်လိုင်းမှ Live ကြည့်ရန်


Myanmar Channel 7 အား online မှ live ကြည့်ရန်


မြ၀တီနေ့စဉ်သတင်းစာ (၂-၁-၂၀၁၄) ကြာသပတေးနေ့

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





MRTV - 4 Live Online ကြည့်ရန်


ရန်ကုန် ကရင်နှစ်သစ်ကူးပွဲတော် လူဦးရေ တစ်သောင်းကျော် တက်ရောက်


ရန်ကုန်၊ ဇန်နဝါရီ ၁

ရန်ကုန်မြို့တော် အင်းစိန်မြို့နယ် မဟာဆေးဝင်္ကပါ အာလိန်ငါးဆင့် ဘုရားဝင်းတွင် ဇန်နဝါရီလ ၁ ရက်နေ့က ကျင်းပပြုလုပ်သော ကရင်နှစ်သစ်ကူး ပွဲတော်သို့ ပရိသတ်ဦးရေ တစ်သောင်းကျော် တက်ရောက်ကြောင်း ရန်ကုန် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ (ရန်ကုန်) မှ အထွေထွေ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောကြားသည်။

အဆိုပါ ပွဲတော်တွင် ကရင်အမျိုးသား အလံတင်ခြင်းနှင့် အလေးပြုခြင်း၊ နှစ်သစ်ကူးနေ့ ဟောပြောပွဲများ၊ ကရင် သမိုင်းဆိုင်ရာ သတင်းနှင့် ပြန်ကြားရေး ပြခန်းနှင့် ကရင် ယဉ်ကျေးမှု ပြခန်းများ ဖွင့်လှစ်ပြသခြင်း၊ ကရင် အမျိုးသား လက်ဝှေ့ပြိုင်ပွဲ၊ အားကစားပွဲများနှင့် ကရင်ရိုးရာ ဒုံးအက ပြိုင်ပွဲများဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့သည်။
“ရန်ကုန်မှာ လုပ်ရတာ နေရာအခက်အခဲ ဖြစ်တယ်။ ဒါပေမဲ့ လူတစ်သောင်းကျော်တောင် လာတယ်ဆိုတော့ ကျေနပ်ပါတယ်” ဟု ကရင်အမျိုးသား နှစ်သစ်ကူး ပွဲတော် ကျင်းပရေး ဗဟိုကော်မတီ (ရန်ကုန်) မှ ကော်မတီဝင် ဦးကျော်ညွန့်က ပြောကြားသည်။

လူတစ်သောင်းကျော် တက်ရောက်မှုကြောင့် ပွဲတော်ပြုလုပ်ရာ ဘုရားဝင်းနှင့် ဘုရားဝင်းအနီး တစ်ညလုံး ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သည်ဟု ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ကျင်းပရေး ကော်မတီ၊ လုံခြုံရေးနှင့် သူနာပြု ဆပ်ကော်မတီမှ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ကရင် အမျိုးသား နှစ်သစ်ကူးပွဲကို ဒီဇင်ဘာ ၃၁ ရက်၊ ဇန်နဝါရီ ၁ရက်နေ့နှင့် ဇန်နဝါရီ ၂ ရက်တို့တွင် သုံးရက်တိုင်တိုင် ကျင်းပမည် ဖြစ်ပြီး ယခုနှစ် ကရင်နှစ်သစ်ကူး ပွဲတော်သည် ရန်ကုန်တွင် အကြိမ် (၅၀) မြောက် ကျင်းပခြင်း ဖြစ်ကြောင်း အဆိုပါ ကော်မတီထံမှ သိရှိရသည်။

ရန်ကုန်တွင် ကျင်းပသော ကရင် နှစ်သစ်ကူး ပွဲတော်သို့ အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးလျက်ရှိသော ကရင်လက်နက်ကိုင် တပ်ဖွဲ့များကို ဖိတ်ကြားခဲ့ခြင်း မရှိပေ။

The Voice Weekly Myanmar

မော်တော်ယာဉ်တင်သွင်းသူများ မထုတ်ယူသည့် ယာဉ် ၄၀၆ စီးအား နိုင်ငံပိုင်သိမ်းမည်


ရန်ကုန်၊ ဇန်န၀ါရီ ၂။

မော်တော်ယာဉ်တင်သွင်းသူများ တစ်နှစ်ကျော်ကြာသည် အထိ လာရောက်ထုတ်ယူခြင်းမရှိသော မော်တော်ယာဉ် ၄၀၆ စီးအားနိုင်ငံပိုင်အဖြစ် သိမ်းမည်ဖြစ်ကြောင်း ပို့ဆောင်ရေး ၀န်ကြီးဌာနမြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၂၀၁၁ ခုနှစ်မှ ၂၀၁၃ုနှစ် နှစ်ကုန်ပိုင်းအထိ လေလံစာရင်းဝင် မော်တော်ယာဉ် ၂၁၂၃ စီးရှိခဲ့ပြီး တစ်နှစ်ကျော်ကြာ လာရောက် ထုတ်ယူခြင်း မရှိသည့် ယာဉ် ၄၀၆ စီးကို နိုင်ငံပိုင်အဖြစ် သိမ်းယူ သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ယင်းယာဉ်များတွင် အိမ်စီးကားများသာ အများဆုံးပါဝင်ကြောင်း ဆိပ်ကမ်းမှ ထုတ်ယူသည့် မော်တော်ယာဉ် ပစ္စည်းများ ပျောက် ဆုံးမှု မရှိစေရေး ဆောင်ရွက်မှု ရှင်းလင်းတင်ပြသည့် အခမ်း အနားမှ သိရသည်။

“ဆိပ်ကမ်းကို ကားတွေရောက်တာ နှစ်လကျော်သွားလို့ လာမထုတ်ရင်လေလံစာရင်းသွားမယ်၊ တစ်နှစ်အတွင်းမှာ လာထုတ်ရင် လေလံစာရင်း ထဲကနေ ဖြတ်ပေးမယ်၊ တစ်နှစ် ကျော်သွားတဲ့ ကားတွေကို နိုင်ငံပိုင်သိမ်းမယ်”ဟု ပို့ဆောင်ရေး ၀န်ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးမှ ဦးဆောင်ညွှန်ကြား ရေးမှူး (ပူးတွဲတာဝန်ခံ) က ပြောကြားသည်။

မော်တော်ယာဉ်တွင်တပ်ဆင်ထားသော ပစ္စည်းများ ပျက်စီး ပျောက်ဆုံးမှုလျော့နည်းစေရန် ဆိပ်ကမ်းအသီးသီး၌ လုံခြုံရေးများ တိုးမြှင့် ချထား ပေးခြင်း၊ ဆိပ်ကမ်းသို့ သင်္ဘောကပ်လျှင် ကပ်ချင်း တင်သွင်းသူများကို ကိုယ်တိုင် စစ်ဆေးခွင့်ပေးခြင်း၊ CCTV ကင်မရာများတပ်ဆင်ခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပို့ဆောင်ရေး ၀န်ကြီးဌာနပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

မော်တော်ယာဉ်တင်သင်္ဘောများ ဆိုက်ကပ်သည့် ဆိပ်ကမ်း ခုနှစ်ခုရှိသည့်အနက် သီလ၀ါဆိပ်ကမ်းအတွင် အများဆုံး ဆိုက်ကပ်ပြီး မော်တော် ယာဉ် တင်သွင်းသူများမကျေနပ်ပါက Complain Center များကို ဆူးလေ ဆိပ်ကမ်းတံတား၊ ဗိုလ်အောင်ကျော်ဆိပ်ကမ်းတံတား၊ အေးရှားဝေါ ဆိပ်ကမ်းတံတား၊ MITT နှင့် MIPL တို့တွင် ဖွင့်လှစ်ထားပေးကြောင်း သိရသည်။

ရေးသားသူ- သက်သက်မိုးသူ၊ မျိုးပပစန်း
တည်းဖြတ်- အေးငြိမ်းသူ
People power

သားသတ်လိုင်စင် (စီ)စနစ် ဖျက်သိမ်း


လာမည့်နှစ် ရန်ကုန်တွင် သိန်းရာ ဂဏန်းပေးရသော တိရစ္ဆာန်သားသတ် ခွင့် လိုင်စင် (စီ)စနစ်အား ဖျက်သိမ်းကာ ဈေးခုံ စနစ် (သို့မဟုတ်)ခေါင်းခွန် စနစ် ဖြင့် ပြုလုပ် သွားမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်မှ သိ ရသည်။

သားသတ်ခွင့် လိုင်စင်(စီ) ရရှိရန် အတွက် သိန်းရာဂဏန်းပေးရပြီး မွေးမြူ သူများမှာ ၄င်းတို့ ချုပ်ကိုင်သော ဈေး နှုန်းအောက်တွင် ရှိခြင်း၊ ယင်းကြောင့် မွေးမြူထုတ်လုပ် သူများအတွက် အကျိုး အမြတ်နည်းသော သားသတ်ခွင့် လိုင် စင် (စီ)ကို ပြုပြင်ပြောင်းလဲရန် အချိန် တန်ပြီဖြစ်ခြင်းကြောင့် ဖျက်သိမ်းလိုက် ခြင်း ဖြစ်ကြောင်း သိရသည်။

မွေး/အဖွဲ့ချုပ်မှ အကြံပေးဒေါက် တာ သန်းလှက ”လိုင်စင်(စီ)အောက် မှာ ရောင်းချနေရတဲ့ မွေးမြူသူတွေဟာ လုပ်ငန်းတိုးချဲ့ချင်စိတ်မရှိတော့ဘူး။ သူ တို့က မွေးမြူတဲ့ သူတွေကို ဈေးနှိမ်ပြီး ပေးကြတယ်”ဟု ပြောသည်။

တိရစ္ဆာန်သားသတ်ရုံမှ ထွက်ရှိ သော အသားများကို မြို့နယ် စည်ပင်နှင့် မွေး/ကုဦးစီးဌာနတို့ရှိ တာဝန်ရှိသူများ က စားသုံးရန်သင့်သော အသား၊ အစိတ် အပိုင်းနှင့် စားသုံးရန်မသင့်သောအသား၊ အစိတ်အပိုင်း တို့ကို စစ်ဆေးပေးလျက် ရှိကြောင်း သိရသည်။

ဈေးခုံ စနစ်သို့မဟုတ် ခေါင်းခွန် စနစ်ဆိုပါက ဈေးပိုပေးသော မည်သူနှင့် မဆို ရောင်းချ၍ ရကြောင်း၊ မွေးမြူသူ များ ဈေးပိုရလာမှသာ လုပ်ငန်းတိုးချဲ့ လာနိုင်မည်ဖြစ်ေ ကြာင်း မွေး/အဖွဲ့ချုပ် မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ခေတ်မီ မွေးမြူရေး စနစ်ဖွံ့ဖြိုးတိုး တက်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုများ ဝင် လာရန်လိုအပ်ကြောင်း၊ ထို့ပြင် ဈေး ကွက်ကောင်းများ ဖန်တီးပေးမှ သာ မွေး မြူသူများမှာ အသေးစားမှ အလတ်စား လုပ်ငန်းများအဖြစ် ကူးပြောင်းလာနိုင် မည်ဖြစ်ကြောင်း သိရသည်။

ထက်ထက်မိုးမြင့်
Popular Journal

မြစ်ဆုံ စီမံကိန်း သို့မဟုတ် အနာဂတ်မြန်မာအစိုးရအတွက် ချိန်ကိုက်ဗုံး


မြန်မာပြည်မြောက်ပိုင်းက ကချင် ပြည်နယ်တွင် ”အောင်မြင်သာ” စံပြ ကျေးရွာသည် လွန်ခဲ့သည့် ၃ နှစ်ခန့်အ ထိ အကောင်အထည် မဆိုထားဘိ။ အမည်သညာပင် မရှိေ သး။ ထို့ပြင် လက်ရှိ ကျေးရွာ သူ၊ ကျေးရွာသားများ ကလည်း ထိုစံပြရွာများ တည်ဆောက် ခြင်းကို ဘယ်တုန်းကမှ အလိုမရှိခဲ့ပါ။

”အောင်မြင်သာ”သည် ဧရာဝတီ မြစ်အစပြုရာ မြန်မာပြည်မြောက် ပိုင်း မြစ်ဆုံဒေသတွင် တည်ဆောက်မည့် ကမ္ဘာ့အကြီးဆုံးစာရင်း ဝင် မြစ်ဆုံရေ အားလျှပ်စစ်စီမံ ကိန်းကြောင့် ရေလွှမ်း မိုးခံရမည့် ကျေး ရွာပေါင်း ၂ဝ ကျော်မှ လူပေါင်း ၂၇ဝဝ ကျော်အတွက် အစိုးရ က တည်ဆောက်ပေးသော စံပြကျေးရွာ နှစ်ရွာအနက်မှ တစ်ရွာဖြစ် သည်။

မြစ်ဆုံ ဆည်စီမံကိန်းကြောင့် ရေ လွှမ်းမိုးခံရမည့် တန်ဖရဲရွာမှ အသက် ၃၈ နှစ်အရွယ် အမျိုးသမီးဆိုင်းပန်သည် အောင်မြင်သာရွာ သို့ ပြောင်းရွှေ့ ခဲ့ရ သော်လည်း သူမ၏ အသက်မွေးဝမ်း ကျောင်းအတွက် ထိုရွာက ဘာမှ အ ထောက်အကူမပြုနိုင်ခဲ့။ဆည်စီမံကိန်း ကြောင့် နေရင်းကျေးရွာကို စွန့်ခွာခဲ့ရ သည်။ မြစ်ဆုံအနီးမှ ၁ဝ ဧကခန့် ကျယ်ဝန်းသော ဒညင်းခြံ ဖျက်ဆီးခံခဲ့ရ သည်။ အားကိုးစရာ အမျိုးသား မရှိ တော့သော မုဆိုးမ ဆိုင်းပန်သည် က လေး သုံးယောက်အတွက် မြစ်ဆုံတွင် ရေသန့်နှင့် အချိုရည် ရောင်းချပြီး အ သက်ဆက် နေရသည်။

”ဒညင်းခြံကလည်း ဖျက်ဆီးခံ လိုက်ရပြီဆိုတော့ ပြန်မလိုချင်တော့ဘူး။ အဲဒီခြံက ၁ဝ နှစ်လောက် ပြုစုထားရ တာ။ ပြန်ရလို့ ပြန်စိုက်ရရင် လည်း နောက်ထပ် ၁ဝ နှစ် ၁၅ နှစ်လောက် အချိန်ယူရဦးမယ် ဆိုတော့ ဖြစ်နိုင်ရင် လျော်ကြေးပဲ လိုချင်တယ်”ဟု ဆိုင်းပန် က ပြောသည်။ ဆည်တည်ဆောက်ရေး စီမံကိန်းကို ရပ်ဆိုင်းထားသည့်အ တွက် လျော်ကြေးငွေပေးချေမှုကိုလည်း ရပ် ဆိုင်းထားသဖြင့် သူမ၏ ခြံမြေအတွက် လျော်ကြေးမရသေးဟုလည်း ဆိုသည်။

သူမ၏ နေရင်းရွာ တန်ဖရဲကား တားမြစ်မြို့တော်တစ်ခုသဖွယ် ဖြစ်နေ ပြီး ရွာခံအချို့ကမူ နေရင်းတန်ဖရဲရွာသို့ ပြန်လည်ပြောင်းရွှေ့နေထိုင်နေကြလေ ပြီ။ သို့ရာတွင် အာဏာပိုင်တို့က ယင်း ကို တရားဝင် ခွင့်ပြုထားခြင်း မဟုတ်။ ယာယီ သဘောနေထိုင်ခွင့် ပြုခြင်းသာ ဟု ထုတ်ပြန်ထားသည်။

ယခင်စစ်အစိုးရ လက်ထက်က ချုပ်ဆိုခဲ့သော စာချုပ်အရ ၂ဝဝ၉ ခုနှစ် တွင် မြစ်ဆုံရေကာတာတည်ဆောက်ရေး လုပ်ငန်းကို စတင်ခဲ့ပြီး ၂ဝ၁၇ ခုနှစ်တွင် အပြီးသတ်ရန် ရည်မှန်းထားသည်။ ဆည်တည်ဆောက်ရေး အတွက် အဓိက ကန်ထရိုက်တာမှာ

China Power Invesment ကော်ပိုရေးရှင်း (CPI) ဖြစ် ပြီး မြစ်ဆုံဆည်သည် ကမ္ဘာ့နံပါတ် ၁၅ ခုမြောက် အကြီးဆုံး ဆည်စီမံကိန်း ဖြစ် သည်။ ယင်း စီမံကိန်းမှ ထုတ်ယူ ရရှိမည့် လျှပ်စစ်၏ ၉ဝ ရာခိုင်နှုန်းကို တရုတ်နိုင် ငံ ယူန်ပြည်နယ်သို့ တင်ပို့ရမည် ဖြစ် သည်။

မြန်မာနိုင်ငံ၏ နှလုံးသည်းပွတ် သဖွယ်ဖြစ်သော ဧရာဝတီမြစ်ကြီးအစပြု ရာ မေခနှင့် မလိခမြစ်တို့ ဆုံရာဖြစ်သော ဧရာဝတီမြစ်ဆုံကို ပိတ်ကာ တည် ဆောက်မည့် ရေ ကာတာစီမံကိန်းကို ကချင်လွတ်မြောက်ရေး အဖွဲ့အစည်း ဖြစ်သော (ကေအိုင်အို၊ ကေအိုင်အေ)ကလည်း ကန့်ကွက်ခဲ့ပါသည်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် အခွင့်အ ရေးတန်းတူခွင့်အတွက် နှစ်ပေါင်းများ စွာ လက်နက်ကိုင် တော်လှန်ခဲ့သည့် ကေအိုင်အေသည် မြစ်ဆုံဆည်စီမံကိန်း အတွက် ၁၇ နှ စ်ကြာတည်မြဲခဲ့သော အ ပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခံရ သည်။

၂ဝ၁၁ ခုနှစ်တွင် ကေအိုင်အေ တပ်ဖွဲ့ဝင်များက တရုတ်နိုင်ငံနှင့် က ချင်ပြည်နယ်သို့ ဆက်သွယ်ထားသော ပို့ဆောင်ရေးလမ်းကြောင်းကို ပိတ်ဆို့ပြီး မြစ်ဆုံဆည် တည်ဆောက်ရေးလုပ်ငန်း သုံးပစ္စည်းပို့ဆောင်နေမှု ကို ရပ်ဆိုင်းစေ ခဲ့သည်။ ပို့ဆောင်ရေးလမ်းကြောင်းအ တွက် အဓိက ကျသော တံတားတစ်စင်း ကိုလည်း ဖောက်ခွဲ ဖျက်ဆီးခဲ့သည်။ ယင်းလုပ် ရပ်ကြောင့်ပင် အစိုးရနှင့် ၁၇ နှစ်ကြာ အပစ်ရပ်သဘောတူညီချက် ပျက်ပြယ်ခဲ့ရသည်ဟု ကေအိုင်အို ပြော ရေးဆိုခွင့်ရှိသူ ဗိုလ်မှူးလနန်က ပြော သည်။

၂ဝ၁၁ ခုနှစ်ဇွန်လတွင် တစ်ကျော့ ပြန် ကချင်ဒေသ တိုက်ပွဲများ ဖြစ်လာခဲ့ ရသည်။ ထိုဖြစ်ရပ်၏ အကျိုးဆက်က တိုက်ပွဲများ နှစ်နှစ် ကျော် ကြာလာ ခဲ့ပြီး နေရပ်စွန့်ခွာ ထွက်ပြေးရသူ ကချင်ဒုက္ခ သည် နှစ်သိန်းနီးပါး အထိရှိလာပြီဖြစ် သည်။

မြစ်ဆုံရေကာတာ စီမံကိန်းအ တွက် သဘောတူစာချုပ်ကို လက်မှတ် ရေးထိုးစဉ်က စစ်အစိုးရလက်ထက်ဖြစ် ၍ မည်သူမျှ ပွင့်ပွင့်လင်းလင်း ဝေဖန် ပြောကြားခွင့် မရခဲ့။ သို့ရာတွင် လွတ် လပ်ပွင့်လင်းလာခြင်းနှင့်အတူ မြစ်ဆုံ စီမံကိန်း၏ ကောင်းကျိုးဆိုးကွက်များ အပေါ် ပြည်သူတို့၏ ဝေဖန်၊ ကန့်ကွက် မှုကား ပြင်းထန်လာခဲ့သည်။ ထို့ကြောင့် သမ္မတဦးသိန်းစိန်က မြစ်ဆုံစီမံကိန်း အား ၄င်းတို့အစိုးရလက်ထက်တွင် ရပ် နားထားမည်ဟု ၂ဝ၁၁ ခုနှစ် စက်တင် ဘာလတွင် ထုတ်ပြန်ကြေညာခဲ့သည်။

သို့ရာတွင် ဗိုလ်မှူး လနန်က သမ္မတ၏ အမိန့်ဒီဂရီသည် ရပ်ဆိုင်း ထားခြင်းမျှသာဖြစ်ပြီး အပြီးတိုင် ရပ် ဆိုင်းခြင်း မဟုတ်ခြင်းက မရိုးသားမှုတစ် ခု ဖြစ်ကြောင်း ဆိုသည်။”ကျွန်တော်တို့က ဒီစီမံကိန်း ကို အပြီး ရပ်ဆိုင်းသွားစေချင်တာ” ဟု ၄င်းက ဆိုသည်။

ယနေ့အချိန်အထိ ကေအိုင်အေ က အစိုးရနှင့် အပစ်ရပ် လက်မှတ် မရေးထိုးနိုင်သေးခြင်းသည် မြစ်ဆုံ ဆည်စီမံကိန်း အပေါ်တွင်လည်း မူ တည်နေသည်ဟု ၄င်းက ဆိုသည်။

ယခင်အစိုးရလက်ထက်သာမက ယခုအစိုးရလက်ထက်တွင်လည်း နီး ကပ်သော ဆက်ဆံရေးရှိနေသည့် တရုတ်တို့က ဤစီမံကိန်းအား မလွဲမ သွေ အကောင် အထည်ဖော်ရန် ကြိုးစား နေကြပါသည်။ ထို့အတွက် ဘက်ပေါင်း စုံမှ ကြိုးစားနေပြီး ထင်ရှားသော ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့၏ တရုတ် ပြည်ခရီးစဉ်တွင်လည်း တရုတ်အာဏာ ပိုင်တို့က မြစ်ဆုံစီမံကိန်းပြန် လည်စတင် ရေးအတွက် ကူညီပေးရန် ကမ်းလှမ်းခဲ့ သည်ဟု သိရသည်။

”သူတို့က ဖြစ်နိုင်မယ်ဆိုရင် အခု ချက်ချင်းပဲ ဒီစီမံကိန်းကို ပြန်စချင်နေ တာ”ဟု ၈၈ ခေါင်းဆောင် ကိုမြအေးက ပြောသည်။

”မြန်မာပြည်သူတွေဟာ ဒီစီမံ ကိန်းကို ဘယ်နည်းနဲ့မှ ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူးဆိုတာ သူတို့ကို ရှင်းရှင်းလင်းလင်း ပြောပြခဲ့တယ်”ဟု ၄င်းက ဆိုသည်။

မြန်မာသည် လျှပ်စစ်ဓာတ်အားလို အပ်ချက် များပြားနေသော နိုင်ငံဖြစ် ပြီး နိုင်ငံလူဦးရေ၏ ၃ဝ ရာခိုင်နှုန်းသာ လျှပ်စစ်ဓာတ်အားရယူသုံးစွဲခွင့် ရနေ ကြသည်။ ထိုသို့သော အခြေအနေတွင် စာချုပ်အသစ်ဖြင့် မြစ်ဆုံစီမံကိန်းကို အ ကောင်အထည်ဖော်ပြီး လျှပ်စစ်လိုအပ် ချက်ကို ဖြည့်ဆည်းပေး လျှင် ဖြစ်နိုင်ဖွယ် ရာ ရှိသော်လည်း လက်ရှိ အစိုးရက ပါး နပ်သည်။ သူတို့က လူထုအငြိုအငြင်မခံ ဘဲ နောင်လာမည့် ၂ဝ၁၅ ရွေးကောက် ပွဲအလွန် အစိုးရအတွက် ချိန်ကိုက်ဗုံး တစ်လုံး ထားပေးခဲ့ပါသည်။

၂ဝ၁၅ အလွန်တွင် ပေါ်ပေါက် လာမည့် အစိုးရကို အရပ်ဘက် အသွင် ပြောင်း ပြည်ခိုင်ဖြိုးပါတီက ဦးဆောင် သည်ဖြစ်စေ၊ နိုဘယ် ငြိမ်းချမ်းရေးဆု ရှင် ဒေါ်အောင်ဆန်း စုကြည်၏ NLD ပါတီက ဦးဆောင်သည်ဖြစ်စေ ရပ်ဆိုင်း ထားသော မြစ်ဆုံစီမံကိန်းကို ပြန်လည် စတင်ရန် ကြိုးစားသည်နှင့် လူထုဆန့် ကျင်မှုကို ခံရတော့မည်။ မြန် မာပြည်သူ တို့က လျှပ်စစ်မီး မရသည့် အမှောင်ထဲ တွင် နေနိုင်သော်လည်း တရုတ်တို့ကမူ ချုပ်ဆိုထားပြီး စာချုပ်များအရ ဤစီမံ ကိန်းကို မရအရ အကောင်အထည် ဖော် ကာယူနန်ပြည်နယ်ကို လျှပ်စစ် ထောက်ပံ့ရန် စီစဉ်ပေလိမ့်မည်။

”ဒီစီမံကိန်းဟာ နောင်အစိုးရ အတွက် စနက်တံတပ်ထားတဲ့ ဗုံးတစ် လုံးလိုပါပဲ”ဟု ထိုအခါတွင် မြန်မာပြည် အနေနှင့် အကျပ်အတည်းတစ်ခုကို ရင် ဆိုင်ရမည်က သေချာသည်ဟု မြန်မာ့အ ရေး ကျွမ်းကျင်သူ ဘာတေးလင့်တနာ သုံးသပ်ခဲ့သည်။

ကျော်ရဲလင်း
Ref: Myitsone Dam Project: a time bomb for next Myanmar Government by DPA.
Popular Journal

ကမမောင်း ကရင် နှစ်သစ်ကူးပွဲတော် မိုးပျံပူဖောင်း ဂက်စ်အိုးပေါက်၊ ကလေးငါးဦးသေဆုံး


ရန်ကုန်၊ ဇန်န၀ါရီ ၁

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ကမမောင်းမြို့နယ် အမှတ် (၄) ရပ်ကွက် ကိုးနဝင်း ဘုန်းကြီးကျောင်းတွင် ဒီဇင်ဘာလ ၃၁ ရက်ည ၁၁ နာရီ ၄၅ မိနစ်က ကရင် နှစ်သစ်ကူး အကြိုပွဲတော် ကျင်းပနေစဉ် မိုးပျံပူဖောင်း ဂက်စ်အိုး ပေါက်ကွဲခဲ့ရာမှ အသက် ၁၅ နှစ်အောက် ကိုရင်တစ်ပါး အပါအဝင် အသက် ၇ နှစ်မှ ၁၅ နှစ်ကြား ကလေးငါးဦး သေဆုံးခဲ့ကြောင်း မျက်မြင် တွေ့ရှိသူ ဦးစောစံညွှန့်က The Voice သို့ ပြောကြားသည်။

“ပေါက်ကွဲမှု ဖြစ်ပြီး ပွဲခင်းထဲမှာ လူတစ်ယောက်မှ မရှိတော့ဘူး ပွဲခင်းက ခြောက်ကပ်ပြီး အလောင်း သုံးလောင်း တွေ့တယ်၊ ဒဏ်ရာရတဲ့ လူခြောက်ဦးထဲမှ ဆေးရုံရောက်မှ နှစ်ယောက် ထပ်ဆုံးသွားတယ်” ဟု လူနာများကို ဆေးရုံသို့ လိုက်လံ ပို့ဆောင်ခဲ့သူ ဦးစောစံညွှန့်က ရှင်းပြသည်။
အဆိုပါ ပွဲတော်တွင် ထက်ကောင်းကင် ဇာတ်သဘင်ကပြ ဖျော်ဖြေနေသည့် နေရာအနီးတွင် မိုးပျံပူဖောင်း ရောင်းသူ အမျိုးသားတစ်ဦး၏ ဂက်စ်အိုး အဆို့ပွင့်ပြီး အပေါ်သို့ တက်သွားကြောင်း၊ ယင်းနောက် ပွဲခင်းထဲသို့ ဂက်စ်အိုး ပြုတ်ကျလာပြီးနောက် ပေါက်ကွဲ ခဲ့ကြောင်း ကမမောင်း မြို့နယ်တွင် နေထိုင်သူ ဦးစောစံညွန့်က ၎င်း၏ တွေ့ရှိခဲ့မှုကို ပြန်လည် ဖြေကြားသည်။

ဂက်စ်အိုး ပေါက်ကွဲမှုကြောင့် ကိုရင်တစ်ပါး၊ ယောက်ျာလေးနှစ်ဦး၊ မိန်းကလေး နှစ်ဦးတို့ နေရာတွင် သေဆုံးခဲ့ပြီး ဒဏ်ရာရသူ အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦး အပါအဝင် စုစုပေါင်း လေးဦးကို ကမမောင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် တင်ပို့ ကုသထားပြီး လူနာများမှာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း ကရင်ပြည်နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
“မနေ့က လူသုံးထောင်လောက် ရှိပေမယ့် ဒီနေ့ ဒုံးယိမ်းပြိုင်ပွဲ လာကြည့်တဲ့သူ ၁၀၀ ကျော်လောက်ပဲ ရှိတော့တယ်” ဟု ဦးစောစံညွန့်က ပြောကြားသည်။

အဆိုပါ ဂက်စ်အိုး ပေါက်ကွဲမှုကြောင့် မိုးပျံပူဖောင်း ရောင်းသူ အဒူဇာဟစ် (ခ) စိုးစိုးကို ဖမ်းဆီးကာ (ပ) ၂/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၂၈၆/၃၀၄ (က)/၃၃၈ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

The Voice Weekly Myanmar

ကြံခိုင်ဖွံ့ဖြိုးရေး ပြော စကား ဒေါ်အောင်ဆန်းစုကြည် ပယ်ချ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တင်ပြတဲ့ အချက်တွေထဲမှာ သမ္မတရဲ့ အရည်အချင်းနဲ့ ပတ်သက်ပြီး သား သမီးတွေ မြန်မာနိုင်ငံသား ဖြစ်ရမယ်လို့ သတ်မှတ်အကြံပြုခဲ့တာဟာ ဥပဒေနဲ့ ကိုက်ညီမှု လုံးဝမရှိဖူးလို့ ဝေဖန်ပြောကြား လိုက်ပါတယ်။

" တရားဥပဒေအရ ၂၁ နှစ်ကျော်ရင် ကိုယ်ကပိုင်ဆိုင်တော့တာမှမဟုတ်ပဲ၊ သူတို့ကလူကြီးဖြစ်ပြီ သူတို့ဘဝကို သူတို့ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်၊ ဥပဒေအရဆိုရင် ဘာမှ မတော်တော့ဘူးလို့ ဒီလိုပဲ ပြောရမှာပဲ ဘာမှလည်း တာဝန်မရှိတော့ဘူး၊ အဲ့တော့ ၂၁ နှစ်ကျော်နေတဲ့ သားသမီးတွေဟာ သူတို့ဘာသာ သူတို့ ဘာနိုင်ငံသား ခံယူခံယူ၊ ကိုယ်နဲ့မဆိုင်သင့်ဘူး၊ အဲ့လိုဆိုင်အောင်လို့လုပ်ထားတာကိုက ဒီမိုကရေစီစံနှုန်းနဲ့လည်း မညီဘူး၊ ဒါတမင်သက်သက် လုပ်ထားတာပေါ့နော်"

RFA က သီးသန့်တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ညနေပိုင်း ဆက်သွယ်မေးမြန်းရာမှာ အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။

ဆက်လက်ပြီး မြစ်ဆုံစီမံကိန်းကို ပြန်လည် စတင်နိုင်ရေး အတွက် ၂ဝ၁၅ တက်လာမယ့်အစိုးရနဲ့ ညှိနိုင်းမယ်လို့ တရုတ် ကုမ္ပဏီက ဒီရက်ပိုင်း ပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး တကယ်လို့ ရွေးကောက်ပွဲမှာ NLD ပါတီအနိုင်ရရင် အဲဒီလိုဆောင်ရွက်မှာလားလို့ မေးမြန်းခဲ့ရာမှာတော့ ညှိနှိုင်းရေးမှတပါး တခြားနည်းလမ်း မရှိဖူးလို့ ဒေါ်အောင်ဆန်းစုကြည် ကပြောဆိုပါတယ်။

" မညှိနှိုင်းလို့ ဘယ်နဲ့လုပ်မလည်း၊ ဘာကြောင့်လည်းဆိုတော့ အခုအစိုးရက တကယ်တော့ ဒီစီမံကိန်းကြီးကို တန်းလန်းကြီးထားပြီးတဲ့ သဘောပဲ၊ အခုအစိုးရထဲက လူအများစုဟာ အရင်အစိုးရထဲမှာ ပါခဲ့တာပဲ၊ ဒီမြစ်ဆုံ စီမံကိန်းကို သဘောတူခဲ့တုံးကလည်း ဒီအစိုးရအဖွဲ့ဝင်တွေပဲ ဒါပေမယ့် ဒီမြစ်ဆုံစီမံကိန်းကို ၅ နှစ်ရပ်ထားတယ်ဆိုတာ နောက်လာမယ့်အစိုးရမှပဲ တာဝန်ယူတော့လို့ ပြောတဲ့သဘောမျိုးဖြစ်နေတာပေါ့ အဲ့ဒါတော့ အမကမကြိုက်ဘူး၊ အစိုးရတိုင်းဟာ တာဝန်ယူရဲတဲ့ သတ္တိရှိရမယ်၊ တာဝန်ယူနိုင်တဲ့ အရည်အချင်းရှိရမယ်"

ဒါ့အပြင်လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ဘဝပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတော်က ပံ့ပိုးကူညီပေးဖို့ကိစ္စကို လွှတ်တော်ပြန်လည် စတင်တဲ့အခါ NLD က ဆွေးနွေးတင်ပြမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

RFA Burmese

နှစ်သစ်ကူးည အုပ်စုလိုက် ခိုက်ရန်ဖြစ်ပွားမှု တစ်ဦးသေဆုံး


နှစ်သစ်ကူးညအချိန် လူငယ်တစ်စုနှင့် အမျိုးသားသုံးဦး စကားများရန်ဖြစ်ပြီး အရက်ပုလင်းကွဲများဖြင့် ရိုက်နှက်ခဲ့၍ အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ရွှေပြည်သာမြို့နယ်၊ ၁၀ ရပ်ကွက်ရှိ ဘုရင့်နောင်လမ်းနှင့်ပြည်တော်သာပတ်လမ်းဆုံတွင်  ဇန်န၀ါရီလ ၁ရက် နံနက် ၂ နာရီအချိန်က အမျိုးသားရှစ်ဦး ဂစ်တာတီးသီချင်းဆိုနေစဉ် လမ်းဖြတ်သွားသည့် အခြားအမျိုးသားသုံးဦးနှင့် စကားများရန်ဖြစ်ခဲ့သည်။ ထိုသို့ အပြန်အလှန်ထိုးကြိတ်ကာ ရန်ဖြစ်နေစဉ် အမျိုးသားရှစ်ဦးတို့က အရက်ပုလင်းများဖြင့် ရိုက်နှက်ခဲ့ပြီး အဆိုပါပုလင်းကွဲများဖြင့် ထိုးခဲ့၍ အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

““သေသွားတဲ့ကောင်လေးတွေက အင်းစိန်ပြန်တာ။ သူတို့က အင်းစိန်က သူတို့သူငယ်ချင်းတွေဆီလာတာ။ ဟိုကောင်တွေက နောက်ကနေရန်စတော့ စကားများကြတာ။ နဂိုကတည်းက သူတို့ချင်းမသိကြပါဘူး။ သေသွားတဲ့သူက ဗိုက်ထိပြီးဆုံးသွားတာ။ အခု လိုက်ဖမ်းတုန်းပဲ။ မမိသေးဘူး””ဟု ရွှေပြည်သာမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

သေဆုံးသူကို အင်းစိန်ဆေးရုံသို့ပို့စဉ် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

သေဆုံးမှုနှင့်ပတ်သက်၍ အဆိုပါရှစ်ဦးကို သက်ဆိုင်ရာမြို့နယ်ရဲစခန်းတွင် ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၀၂ အရ လူသတ်မှုဖြင့် အမှုဖွင့်အရေးယူထားပြီး ၎င်းတို့အား ဖမ်းဆီးရမိရေး စုံစမ်းလျက်ရှိသည်။

7 Day Daily

ဒေါ်အောင်ဆန်းစုကြည်၏ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပြောကြားချက်များ



ပြောင်းလဲသင့်တာမပြောင်းခြင်းကမတည်ငြိမ်အောင်လုပ်တာဖြစ်
ခြေထောက်နှစ်ဖက်ကြိုးချည်ထားပြီးအပြေးပြိုင်တာမျိုးမဖြစ်စေလို
မိမိ၏သိက္ခာကိုမိမိတန်ဖိုးထားသူပုဂ္ဂိုလ်များရှိသည်ဟုယုံကြည်
===================================
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်
====================================

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ချင်ပါတယ်လို့ တရားဝင်ပြောတာပါ။ ခိုးကြောင်ခိုးဝှက်ပြင်ချင်သလို၊ မပြင်ချင်သလို လုပ်နေတာမဟုတ်ပါဘူး။ ပွင့်ပွင့်လင်းလင်းပြင်ချင်ပါတယ်လို့ ပြောတာပါ။ အဲဒီလိုပြောခြင်းဟာ ကျွန်မတို့အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်မှသာလျှင် တိုးတက်နိုင်မယ် ဆိုတာ ကျွန်မတို့ယုံကြည်လို့ပဲ။ ယုံကြည်လို့လုပ်တဲ့ဟာကို တချို့က တိုင်းပြည်ကို မတည်ငြိမ်အောင်လုပ်တယ်လို့ ဝေဖန်တဲ့သူတွေရှိပါတယ်။ ကျွန်မကပြောချင်တယ်။ နိုင်ငံတစ်နိုင်မှာ ဥပဒေဘောင်အတွင်းကနေပြီး တော့ ပြည်သူလူထုပြုပြင်ပြောင်းလဲချင်တဲ့ကိစ္စတွေကို ပြုပြင်ပြောင်းလဲ နိုင်အောင်လို့ ထိန်းသိမ်းမထားနိုင်ရင် ထိန်းသိမ်းမထားနိုင်သူတွေရဲ့ အားနည်းချက်ပဲလို့ ကျွန်မဒီလိုပဲဆိုချင်တယ်။ ကျွန်မတို့အနေနဲ့ မတည်ငြိမ် အောင်လုံးဝမလုပ်ဘူး။ ကျွန်မဘယ်တုန်းကမျှ ပြည်သူကို ဆူပူဖို့လှုံ့ဆော် ခဲ့တာမရှိဘူး။ အကြမ်းဖက်ဖို့နေနေသာသာ ဆူပူဖို့ကိုလှုံ့ဆော်ခဲ့တာ တစ်ခါ မှ မရှိဘူး။ ကျွန်မကိုယ်တိုင်လဲမလုပ်ခဲ့ဘူး။ ကျွန်မတို့ရဲ့အဖွဲ့ချုပ်ကလဲ မလုပ်ခဲ့ဘူး။ ကျွန်မတို့အဖွဲ့ချုပ်ဝင်တွေက ကျွန်မတို့ပြည်သူတွေဆူပူအောင် လှုံ့ဆော်တယ်၊ အကြမ်းဖက်အောင်လှုံ့ဆော်တယ်ဆိုရင် ကျွန်မတို့အဖွဲ့ချုပ်ရဲ့ စည်းမျဉ်းစည်းကမ်းနဲ့မကိုက်ညီတာကြောင့်မို့လို့ အဖွဲ့ထဲကနေအထုတ်ခံ ရမှာဖြစ်ပါတယ်။

ကျွန်မတို့ဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အကြမ်းဖက်မှုလမ်းစဉ်ကို လုံးဝ မသွားဘဲနဲ့ နိုင်ငံကိုပြုပြင်ပြောင်းလဲချင်တဲ့ နိုင်ငံရေးပါတီတစ်ခုဖြစ်ပါ တယ်။ ကျွန်မတို့ကို နိုင်ငံကိုမတည်ငြိမ်အောင်လုပ်တယ်လို့ ပြောတဲ့ပုဂ္ဂိုလ် များဟာ ပြုပြင်ပြောင်းလဲသင့်တာကိုမပြုပြင်မပြောင်းလဲခြင်းဟာ ပိုပြီး တော့ မတည်ငြိမ်အောင်လုပ်တာဖြစ်တယ်ဆိုတာကို ပိုပြီးတော့သဘော မပေါက်ဘူးလို့ ကျွန်မတို့ထင်တယ်။

ပြုပြင်သင့်တဲ့ကိစ္စကို မပြုပြင်တာ ဘာတွေကြောင့်လဲ စဉ်းစားကြည့် ရင် အဂတိတရားလေးပါးနဲ့ အများကြီးဆိုင်နိုင်တယ်။ ဥပမာ ဆန္ဒာဂတိ၊ ကိုယ့်ဆန္ဒကြောင့် ကိုယ့်ဆန္ဒဆိုတော့ ကိုယ်က အထူးနေရာတစ်ခုကိုယူထားချင်လို့၊ ဒါမှမဟုတ်သြဇာအာဏာကို လက်မလွှတ်ချင်လို့ အဲဒီလိုဆန္ဒတွေ ကြောင့်မို့လို့ ပြုပြင်ပြောင်းလဲသင့်တာကို မပြုပြင်မပြောင်းလဲဘူးဆိုလို့ရှိရင် အဂတိမကင်းဘူးလို့ပဲဆိုရမှာပဲ။
နောက်တစ်ခုက ဒေါသ၊ ဥပမာ- ဒီမိုကရေစီလိုလားတဲ့သူတွေကို လိုလားရကောင်းလား၊ ပြောင်းချင်တဲ့ သူတွေကို ပြောင်းရကောင်းလားပေါ့။ တို့နဲ့ တန်းညှိချင်ရကောင်းလား၊ အဲလို ဒေါသတွေ မလိုမုန်းတီးစိတ်တွေ၊ တချို့ကျတော့ ခပ်ပွင့်ပွင့်လင်းလင်းပြောရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရသွားမှာကို အင်မတန်မှ မလိုလားကြဘူး။
ကျွန်မတို့အဖွဲ့ချုပ်က အာဏာရယူဖို့ဆိုပြီး ဖွဲ့စည်းထားတာမဟုတ်ဘူး။ ဒီမိုကရေစီရယူဖို့ဆိုပြီး ဖွဲ့စည်း ထားတာ။ ဒီမိုကရေစီစနစ်ဆိုတာ ဘာလဲဆိုပြီး အားလုံးသုံးသပ်လိုက်ကြပါ။ ဒီမိုကရေစီစနစ်မှာ နိုင်ငံရေး ပါတီများဟာ အစိုးရဖြစ်ဖို့အတွက် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ပြီးတော့ ပြည်သူလူထုရဲ့ ဆန္ဒကို ရယူတာပဲ။ ပြည်သူလူထုက သဘောတူတယ်၊ ဒီနိုင်ငံရေးပါတီကို၊ ငါတို့ ဒီနိုင်ငံရေးအဖွဲ့အစည်းကို ၊ ဒီပုဂ္ဂိုလ်တွေကို၊ ငါတို့ တိုင်းပြည်ကိုဦးဆောင်မှုပေးဖို့ အခွင့်အရေး ငါးနှစ်လောက်ပေးလိုက်ဦးမယ်ဆိုတဲ့ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ အဲဒီဆုံးဖြတ်ချက်အရ ပါတီတစ်ခုကအစိုးရဖွဲ့နိုင်ရင်ဖွဲ့တယ်။ ဒီလိုဖွဲ့ချင်တာဟာ အမှားမဟုတ်ဘူး။ ကိုယ့်အစိုးရ လုပ်တာကျတော့ ဘာမှမပြောဘဲ အကောင်းချည်းပြောပြီး သူများအစိုးရလုပ်ချင်ရင်တော့ လောဘလို့ပြောရင် မတရားဘူးလို့မြင်တယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရဖြစ်ရင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အုပ်ချုပ်ရေး အာဏာ ရရင် ကလဲ့စားချေမယ်၊ ဒဏ်ပေးမယ်၊ ရန်ပြုမယ်။ ဒီလိုစိတ်တွေရှိပါတယ်။ အဲဒါကတော့ ကိုယ့်စိတ်နဲ့ကိုယ် နှိုင်းရင်တော့မသိဘူး။ ကျွန်မတို့မှာတော့ လုံးဝမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့လိုလားတာ ညီညွတ်ပြီး တော့ တိုးတက်တဲ့နိုင်ငံကြီးတစ်ခု လိုလားတာ၊ ညီညွတ်ပြီးတော့ တိုးတက်တဲ့နိုင်ငံဖြစ်ဖို့ဆိုတာဟာ ကျွန်မတို့ကြားထဲမှာ မေတ္တာတရားရှိရမယ်။ ကျွန်မတို့ဟာ မေတ္တာတရားပွားအောင်လုပ်ရမယ်။ အချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရအောင်၊ အပြန်အလှန်လေးစားမှုရအောင်လို့ ကြိုးစားရမယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲရေးနဲ့ပတ်သက်တဲ့အခါမှာ ဥပဒေအရ တပ်မတော်နဲ့ပြည်သူတွေကြားမှာ မညီမျှတာတွေကို ထောက်ပြသွားတာတွေဟာ ကျွန်မတို့က တပ်မတော်ကိုမလိုလားလို့မဟုတ်ဘူး။ တပ်မတော် အပေါ်မှာ ကျွန်မတို့ကနေပြီးတော့စိတ်ထားမမှန်လို့မဟုတ်ဘူး။ တကယ်ဆိုရင် ကျွန်မတို့ကစိတ်ထား အင်မတန် ကိုမှန်လို့၊ တပ်မတော်ကို ပြည်သူလူထုနဲ့တစ်သားတည်းဖြစ်စေချင်လို့ ဒီဟာတွေကိုထောက်ပြတာဖြစ်ပါတယ်။
ရွေးကောက်ပွဲဟာ လွတ်လပ်ဖို့ဆိုတာတော့ ဖြစ်နိုင်ပါတယ်။ ပြောချင်တာက ပြည်သူတွေမဲပေးတဲ့နေရာမှာ လွတ်လွတ်လပ်လပ်မဲပေးပိုင်ခွင့်အခြေအနေများပါတယ်။ သို့သော်လည်း တရားမျှတမှုဆိုတာကတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့တော့ ဘယ်နည်းနဲ့မှတော့မဖြစ်နိုင်ပါဘူးလို့ ဖြေပါတယ်။
ကျွန်မကတော့ အပြေးပြိုင်တယ်ဆိုလို့ရှိရင် သူ့ကိုတော့ ခြေထောက်နှစ်ဖက်ချည်ထားပြီးမှ အပြေးပြိုင်မယ့် ဟာမျိုး ကျွန်မမလုပ်ချင်ဘူး။ ကျွန်မသိက္ခာအတွက် ကျွန်မမလုပ်ချင်ဘူး။ နိုင်ရုံနဲ့ သိက္ခာရှိတာမဟုတ်ပါဘူး။ နိုင်ပုံနိုင်နည်းက အများကြီးစကားပြောပါတယ်။ တပ်မတော်ထဲမှာရော၊ တခြား အဖွဲ့အစည်းတွေထဲမှာရော၊ တခြားနိုင်ငံရေးပါတီတွေမှာရော ကိုယ့်ရဲ့သိက္ခာကို ကိုယ်တန်ဖိုးထားတဲ့ ပုဂ္ဂိုလ်တွေရှိတယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာလည်း လူအမျိုးမျိုးရှိမှာပဲ၊ တခြားပါတီအဖွဲ့အစည်း တွေမှာလည်း လူအမျိုးမျိုးရှိမှာပဲ၊ ဒီတော့ကိုယ့်သိက္ခာကိုယ်တန်ဖိုးထားတဲ့ပုဂ္ဂိုလ်များဟာ ၂ဝ၁၅ကျလို့ရှိရင် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမပြင်ဘဲနဲ့ ရွေးကောက်ပွဲမဝင်သင့်ဘူးလို့ ကျွန်မတို့မြင်တယ်။
ကိုယ့်ဘက်ကိုအလေးသာမှုလုပ်ထားပြီးမှ ဝင်တယ်ဆိုတာဟာ မသင့်လျော်ဘူး။ ဥပမာ-ဖွဲ့စည်းပုံအခြေခံ ဥပဒေဘယ်လိုပဲဖြစ်ဖြစ် ပြည်သူလူထုရဲ့ဆန္ဒကို ထောက်ထားပြီးဝင်မယ်ဆိုရင် ကျွန်မတို့ကစွန့်စားပြီးဝင်ရမှာ၊ မမျှတတဲ့အခြေအနေမှာ စွန့်စားပြီးဝင်ရမှာ၊ ကျွန်မတို့က သိက္ခာကျစရာဘာမှမရှိဘူး။ အထက်စီးယူပြီးဝင်တဲ့ သူတွေအတွက်တော့ သိက္ခာမရှိဘူးလို့ ကျွန်မပြောချင်တယ်။ ကျွန်မတို့နိုင်ငံရေးစနစ်တစ်ခုကိုပြောင်းချင်ရင် အေးအေးချမ်းချမ်းနဲ့၊ နိုင်ငံရေးနည်းတွေနဲ့ပြောင်းလဲတာ အကောင်းဆုံးပဲလို့ကျွန်မယုံကြည်ပါတယ်။

(၁၅-၁၂-၂ဝ၁၃ ရက်နေ့ သာယာဝတီမြို့နယ်လူထုဆန္ဒသဘောထားရယူပွဲဟောပြောချက်မှ)

The Union Daily

သူရဦးရွှေမန်း၏ အခြေခံ ဥပဒေပြင်ဆင်ရေး ပြောကြားချက်များ


==========================
နေပြည်တော် ဇန်နဝါရီ ၁
==========================
မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှု သုံးနှစ်ကျော်ကာလတွင် အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုမှာ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စဖြစ်သည်။ အခြေခံဥပဒေပြင်ဆင်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးက အဆိုတင်သွင်းထောက်ခံခဲ့ရာ လွှတ်တော်ကကန့်ကွက်သူမရှိ အတည်ပြုခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ရေးပူးပေါင်းကော်မတီကို ဖွဲ့စည်းဆောင်ရွက်နိုင်ခဲ့သည်။ ယခုအခါ အဆိုပါကော်မတီက လေ့လာသုံးသပ်ချက်များနှင့် အကြံပြုချက် ၃၂၃၁၁ဝ လက်ခံရရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော်နာယက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌသူရဦးရွှေမန်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်တို့၏ အနီးကပ်ဆုံး ဆွေးနွေးပြောကြားချက်များကို လေ့လာသုံးသပ်နိုင်ပါရန် အောက်ပါအတိုင်း ကောက်နုတ်စုစည်းဖော်ပြလိုက်ပါသည်။

ပြည်ထောင်စုလွှတ်တော်နာယက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌသူရဦးရွှေမန်း
==================================

နိုင်ငံတော်အတွက် အလွန်အရေးကြီးသောကိစ္စဖြစ်၍ တိုင်ပင်ညှိနှိုင်း အဆုံးအဖြတ်ပေးရန် အစည်းအဝေးခေါ်ယူရခြင်းဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ နိုင်ငံတော်အစိုးရနှင့် ပြည်သူများအကြား ထားရှိချုပ်ဆိုသော ကတိစာချုပ်ကြီးလို့လည်း ပညာရှင်များက ပြောဆို သတ်မှတ်ထားပါတယ်။

ဤကိစ္စအတွက် မိမိတို့ပါတီတွင် တာဝန်ရှိလာပြီဖြစ်ပါတယ်။ အနိုင်ရ ပါတီ၊ အနိုင်ရအစိုးရဖြစ်၍ စိတ်စေတနာကောင်းများထားရှိပြီးလုပ်နည်း လုပ်ဟန်မှန်ကန်စွာဖြင့် အထူးကြိုးစားဆောင်ရွက်သွားရန် လိုအပ်ပါတယ်။
ဘာပဲလုပ်လုပ် ပြည်သူနှင့်နိုင်ငံတော်၏အကျိုးစီးပွားကိုရှေးရှုဆောင်ရွက်နေသော မိမိတို့ပါတီသည် ပြည်တွင်း နိုင်ငံရေး၊ ကမ္ဘာ့နိုင်ငံရေး၊ ပြည်သူများ၊ ညီနောင်ပါတီများ၊ အခြားလူမှုအဖွဲ့အစည်းများ၏ ဆန္ဒသဘောထား အမှန်အကန်များကို အလေးအနက်ထား စဉ်းစားသုံးသပ်ဆောင်ရွက်သွားရန်လည်း လိုအပ်မှာဖြစ်ပါတယ်။

မိမိတို့ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် အသင်းဘဝကပင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည် ဆောက်ရေးအဖွဲ့ (နဝတ)၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(နယက)ခေတ်တစ်လျှောက် တပ်မတော်အစိုးရနဲ့အတူ နိုင်ငံတော်တည်ငြိမ်အေးချမ်းအောင်ပါဝင်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းအားလုံးနီးပါးနှင့်လည်း ပစ်ခတ်တိုက်ခိုက်မှုများရပ်စဲအောင် နှစ်ပေါင်း ၁၆ နှစ်ကျော်အထိ ဆောင်ရွက်နိုင်ခဲ့ပါတယ်။

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ဦးဆောင်ပါဝင်ရေးဆွဲအတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။ ထို့ကြောင့်ပင် တပ်မတော်အစိုးရမှ ပြည်သူ့အစိုးရသစ်သို့ နိုင်ငံတော်အာဏာကို ညင်သာချောမွေ့စွာဖြင့်လွှဲပြောင်း ပေးနိုင်ခဲ့ပြီး ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ်ကျင့်သုံးဆောင်ရွက်နိုင်အောင် မိမိတို့ပါတီက အဓိကအခန်းကဏ္ဍမှပါဝင်ဆောင်ရွက်နိုင်ခဲ့ပါတယ်။
ဤအတွေ့အကြုံ အစဉ်အလာနှင့်အတူ နိုင်ငံတော်ကိုငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်အဖြစ် ထူထောင်သွားရမှာဖြစ်ပါတယ်။
ဤစနစ်နှင့်လုပ်ငန်းစဉ် ဆက်လက်ကျင့်သုံးပြီး အောင်မြင်ရှင်သန်ရေးဆောင်ရွက်ရာတွင် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းစွာရှိနေရန်လိုအပ်ပါတယ်။ ယင်းကိစ္စများတွင် မိမိတို့ပါတီဝင်များ၌တာဝန်ရှိပါတယ်။ထို တာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ရန်အတွက် လာမည့် ၂ဝ၁၅ ခုနှစ်အတွင်း ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲတွင် မိမိတို့ပါတီမှ အောင်မြင်မှုရရှိရန်လိုအပ်ပါတယ်။
မိမိတို့ပါတီသည် ပြည်သူ့သဘောထား ဒို့အလေးထား၊ ပြည်သူ့အခွင့်အရေး ဒို့ဦးစားပေး၊ ပြည်သူ့လိုအပ်ချက် ဒို့ဆောင်ရွက်ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ပြည်သူများကို အခြေပြုရမည်ဖြစ်ပါတယ်။

တစ်နည်းအားဖြင့် ပြည်သူများ၏လိုအင်ဆန္ဒများ၊ ပြည်သူများ၏အခွင့်အရေး၊
ပြည်သူများ၏ လိုအပ်ချက်အဖုံဖုံကို ဆောင်ရွက်ပေးမည်ဟု ဆောင်ပုဒ်ဖြင့်ကတိပြုသန္နိဋ္ဌာန်ချထားခြင်းဖြစ်ပါတယ်။မိမိတို့ပါတီကို ဗဟိုဦးစီးစနစ်မှ
ပါတီတွင်းဒီမိုကရေစီကို စနစ်တကျကျင့်သုံးပြီး ပါတီတွင်းစည်းလုံး ညီညွတ်ရေး၊ ပြည်သူနှင့်တစ်သားတည်းဖြစ်စေရေး
အတွက် ဆောင်ရွက်နိုင်ရန် ပထမအကြိမ် ပါတီညီလာခံ ကျင်းပပြီး လက်တွေ့နယ်ပယ်တွင် စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။

ပါတီတွင်းစည်းလုံးညီညွတ်ရေးအတွက် ပါတီ၊ လွှတ်တော်၊ အစိုးရ၊ တပ်မတော်တို့ကို ဆောင်ရွက်ခဲ့ရာ တွင် ထိုက်သင့်သလောက်အောင်မြင်မှုရှိသော်လည်း မျှော်လင့်ထားသလောက် မရရှိသေးသည်ကို ဝန်ခံပြောဆို ရမည်ဖြစ်ပါတယ်။ ယနေ့အချိန်သည် မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးသည့်အချိန်ဖြစ်သလို ပါတီအတွက် ဂုဏ်သိက္ခာရှိစွာရပ်တည်ပြီးပါတီရှင်သန်အောင်မြင်ရေးအတွက် အလွန်အရေးကြီးသည့်အချိန်လည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ပြည်တွင်းသာမက ကမ္ဘာ့နိုင်ငံများကပါ စိတ်ဝင်စား စွာ စောင့်ကြည့်နေကြပါတယ်။ မလုပ်တတ်မကိုင်တတ်လျှင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် အမျိုးသား ပြန်လည်သွေးစည်းရေးတွင်လည်းကောင်း၊ မှန်ကန်စွာမဖော်ဆောင်နိုင်လျှင် မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲ ရေးအတွက်လည်းကောင်း များစွာအခက်အခဲရှိနိုင်ပါတယ်။ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကိုထိခိုက် နိုင်ပါတယ်။ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ရပ်တန့်နှောင့်နှေးနိုင်ပါတယ်။ မမျှော်မှန်းနိုင်သော ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ပါတယ်။ ထိုအဖြစ်မျိုးများမဖြစ်ရလေအောင် အစဉ်အလာရှိသော မိမိတို့ပါတီ၊ အနိုင်ရထား သောပါတီ၊ အနိုင်ရအစိုးရတို့က ဆင်ခြင်တုံတရားအပြည့်၊ ဥာဏ်ပညာအမြော်အမြင်အပြည့်၊ စိတ်ကောင်း စေတနာအမှန်တို့ဖြင့် ဆောင်ရွက်ပေးရန်လိုပါတယ်။

ထိုသို့ဆောင်ရွက်နိုင်ရေးမှာ ယနေ့ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းထားရှိသော ဖွဲ့စည်းပုံအခြေခံ ဥပဒေလေ့လာသုံးသပ်ရေးပူးပေါင်းကော်မတီ၏တင်ပြချက်အပေါ် ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက် သည်လည်းကောင်း၊ ပြည်သူများ၏ ဆုံးဖြတ်ချက်များသည်လည်းကောင်း အလွန်အရေးကြီးပါတယ်။ ဤ အခွင့်အရေးကို မိမိတို့ပါတီ၊ မိမိတို့အစိုးရနှင့် လုပ်ဖော်ကိုင်ဖက်ညီနောင်ပါတီများက မှန်မှန်ကန်ကန်ကျင့်သုံး နိုင်လျှင်၊ မှန်မှန်ကန်ကန်ကျင့်သုံးတတ်လျှင် မိမိတို့အမှန်တကယ်မျှော်
လင့်လိုလားသည်ဆိုသော ငြိမ်းချမ်း သာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်ပေါ်ပေါက်လာမှာဖြစ်ပါတယ်။

တိုင်းရင်းသားစည်းလုံးညီညွတ်မှုမရရှိဘဲ၊ အမျိုးသားပြန်လည်သင့်မြတ်ပြီး သွေးစည်းညီညွတ်မှုမရှိဘဲ၊ တရားဥပဒေစိုးမိုးမှုနှင့် တည်ငြိမ်အေးချမ်းမှုမရှိဘဲနှင့် ယင်းမှတစ်ဆင့် ပြည်တွင်းငြိမ်းချမ်းရေးမရနိုင်ပါ။ ဤအချိန် ဤကာလအတွင်း တည်ငြိမ်အေးချမ်းမှုမရှိခြင်းများကြောင့် မမျှော်မှန်းနိုင်သော ကိစ္စရပ်များဖြစ်ပေါ် လာပါက တိုင်းပြည်နာမည်။ ပြည်သူများနစ်နာဆုံးရှုံးမှုများဖြစ်လာမည်။ ဒါကြောင့် ပြည်သူ့မျက်နှာကိုကြည့်ရ မည်။ တိုင်းပြည်မျက်နှာကိုကြည့်ရမည်။ လူတစ်စု၊ လူတစ်ဖွဲ့၊ ပါတီတစ်ခုအတွက် ကြည့်၍မဖြစ်ပေ။ ဒါကြောင့် ပြည်သူ့မျက်နှာကိုကြည့်၊ တိုင်းပြည်မျက်နှာကိုကြည့်၊ ပြည်သူ့အကျိုးစီးပွားကိုကြည့်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို သုံးသပ်ပြင်ဆင်ခြင်းအပါအဝင်
နိုင်ငံတော်နှင့်ဆိုင်သော အခြားကိစ္စရပ်များကို ဆောင်ရွက်ရာ၌ သတိကြီးစွာဖြင့်ဆောင်ရွက်ရန်လိုသလို ကောင်းစေဖို့အတွက် ပြောင်းလဲသင့်တာတွေကို ရဲဝံ့စွာဆောင်ရွက်သွားရန်လည်းအရေးကြီးပါတယ်။
ကောင်းစေဖို့အတွက် ပြောင်းလဲသင့်တာတွေကို ဆောင်ရွက် ရာတွင် အစဦးတွင်တင်ပြထားသည့်အတိုင်း ပါတီသည် ပြည်သူ့သဘောထားနှင့်ဆန္ဒများကို အလေးထား၊ ပြည်သူ့အခွင့်အရေးကို ဦးစားပေး၊ ပြည်သူများ၏ လိုအပ်ချက်ကို ဦးထိပ်ပန်ဆင်ဆောင်ရွက်ပါမှ မိမိတို့ နိုင်ငံတော်နှင့် ပြည်သူအပေါ်ထားရှိသော သစ္စာတရားနှင့်ကတိစကားများ ကျေပွန်နိုင်မည်ဖြစ်ပါတယ်။ပါတီသည် ပြည်သူနှင့်နိုင်ငံသားများအတွက်ဖြစ်သည်ကို မိမိတို့ အလေးအနက်ထားရှိဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊ ညီနောင်လုပ်ဖော်ကိုင်ဖက်ပါတီများ၊ ပြည်သူများကပါ မိမိတို့ပါတီနှင့် ပါဝင်ပူးပေါင်းဆောင်ရွက် သွားကြရန် ဤနေရာက ဖိတ်ခေါ်လိုက်ပါကြောင်းပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။

(၂၈-၁၂-၂ဝ၁၃ ရက်နေ့ ပါတီဗဟိုကော်မတီအစည်းအဝေးအဖွင့်အမှာစကားမှ)

The Union Daily