ဒီတဲမှာ သရဲ… နေတယ်လေ… ဒီမှာသရဲရှိတယ်
`ဂျိမ်း…ဂျလိန်း ဂျိမ်း..ဝေါ..ဝေါ..ဝေါ´
မိုးမှာ သည်းကြီးမဲကြီး ရွာသွန်းနေလျှက် လေများကလည်း အ
ဆက်မပြတ်တိုက်ခတ်နေသောကြောင့် လေသံနှင်မိုးသံ တို့မှာရော
နှောနေခဲ့သည်။ ထိုအချိန်မှာ ညနေစောင်းမိုးချုပ်လုစ အချိန် ဖြစ်သည်။ ပတ်ဝန်းကျင်းကလည်းမှောင်မည်းစပြု နေပြီမိုးကလည်း
တိတ်မည့်ပုံမပေါ်ပေ။ သည့်အတွက်ကျွန်တော်ဘယ်မှာ နားခိုရ
မည်နည်း။ ကျွန်တော့်တွင် တစ်ကိုယ်လုံးကို လုံစေတဲ့ မိုးကအကျီင်္
ရှည်ကြီးတစ်ထည်မှလွဲ၍ ဘာမှမပါပေ။ လမ်းမှာလည်း တောလမ်း
လေးဖြစ်သည့် အလျှောက် ရွှံ့ဗွက်များမှာထူထပ်နေပေသည်။ ဒီ့အပြင် မိုးချုပ်နေတဲ့ လောကကြီးကို ကျွန်တော်အဘယ်သို့မျှ ပုံကန်ရ
မည်နည်း.. မိုးအတွက် အကာအကွယ်ယူရပေဦးမယ်။
တခြားမစဉ်းစားတော့ပဲ ကျွန်တော်၏မျက်စိများက နားခိုရန်နေရာ
ကောင်းကောင်းရဖို့ ဆော့ကစားရှာဖွေနေခဲ့ ပါသည်.။ မကြာမီ မှောင်လုနေသော ပတ်ဝန်းကျင် ထဲမှ မထင်ရှားသည့် ၀ိုးတိုးဝါးတား
အရာဝတ္ထု တစ်ခုကိုကျွန်တော်တွေ့လိုက် ရတယ်။ ထိုအရာသည်သက်မဲ့ ဖြစ်ဟန်တူသည်။ ကျွန်တော်၏ခြေလှမ်းများကို ခပ်မြန်မြန်လျှောက်ကာ `ဒါဟာငါ့အတွက် တည်းခိုစရာနေရာဖြစ်ကောင်း
ဖြစ်နိုင်တယ် ´ ဟုစိတ်ကရေ၇ွှတ်ရင်း မထင်မရှားမြင်နေရသော
အရာဝတ္ထုဆီကို ဦးတည်ခဲ့ ပါသည်။ အနားရောက်မှ တဲလေး
တစ်လုံးဖြစ်ကြောင်း သိလိုက်ရသည်။ ကျွန်တော် အတိုင်းမသိ ၀မ်းသာသွားခဲ့တယ်။
အဆိုပါတဲလေး၏ အမိုးမှာကောင်းမွန်၍ တဲအတွင်း၌ ခြောက်သွေ့
နေမည်ဟု တဲ လေး၏အသွင်အပြင်ကိုကြည့် ၍ကျွန်တော်ယူဆ မိ
လိုက်ခြင်းဖြစ်သည်။ တဲမှာလူနေဟန်ရှိမည်မတူ ။တံခါးမှာ သော့မ
ရှိပေမယ့်ဂျလက် ထိုးထားလေသည်။ မိုးမှာလည်းပို၍ပင် သည်း
လာသည်ဟုထင်ရပေသည်။ ထိုတဲအတွင်းမှာတစ်ညတာ တည်းခို
ရန် ဆုံးဖြတ်လိုက်မိသည်။ ကျွန်တော်တွေဝေမနေတော့ပဲ တံခါး
ဂျလက်ကို ဖွင့်ကာတဲ ထဲသို့ဝင်ခဲတယ်။
တဲအတွင်းမှာ မှောင်ပြီးထိုင်းမှိုင်းနေသည်ကိုတွေ့ရပေသည်။ အသင့်
့ပါလာသောမီးခြစ်ကို တစ်ချက်ခြစ်လိုက်ရာ တဲအတွင်းသို့ဝင်ရောက်သည့် မည်းနက်သောလမ်းကို မီးရောင်ဖြင့်မြင်တွေ့လိုက်ရပေသည်။ ခုလိုစိတ်ပျက်ဖွယ်ရာညမျိုး လူသူမရှိတဲ့ အရပ်တွင် ရှိသည်
့လမ်းကလေးမှ တစ်ဦးတစ်ယောက်ဖြတ်သွားမည်ကို အနည်း
ငယ်သာစိုးရိမ်ဖွယ်ရှိသော်လည်း တဲတံခါးဝကို လုံခြုံမှုရှိအောင် ဂရုတစိုက်ပိတ်လိုက်လေ၏။ ကျွန်တော်မီးခြစ်တစ်ချက်ထပ်ခြစ်ပြီး
အတွင်းလမ်းလေးအတိုင်းဝင်ရောက်ခဲ့ရာ အခန်းငယ်တစ်ခန်းကိုတွေ့ရလေသည်။
ထိုအခန်းငယ်တွင်လေကောင်းလေသန့်ရသောကြောင့် နေသာထိုင်သာရှိသွားခဲ့ တယ်။ ထို့ပြင်သံချေးတက်နေသော
မီးဖိုတစ်လုံးကို တွေ့ရှိရလေသည်။ ကျွန်တော်၏အတွင်းတွင်ခံ
ဝတ်ထားသော အကျီင်္မှ အပိုင်း တစ်ချို့ကို ပါလာသောဓားဖြင့် ဖြတ်ယူပြီး မီးမွှေးလိုက်ရာ မကြာမီအချိန်အတွင် မီးလင်းလာခဲ့သည်။
မီးဖို၏အနောက်ဖက်တွင် သစ်သားများပုံထားတာကြောင့် မီးမွှေးရန်
ကျွန်တော့်အတွက် အလုပ်ဖြစ်လိမ့်မယ်ဟု ထင်သည်.။ ကျွန်တော်
့၏ ဘွတ်ဖိနပ်ကု ချွတ်ကာ ခြောက်သွားစေရန် မီးဖိုဘေးတွင်ထောင်ထား လိုက်တယ်။ အားလုံးအဆင်ပြေသွားပြီဖြစ်သောကြောင့်
ကျွန်တော့် ၏ခန္ဒာကိုယ်ကို ကြမ်းပြင်ပေါ်သို့လှဲချလိုက်ပါသည်။
ခဏတာမှေးခနဲ အိပ်ပျော်သွားပေမယ်.. နိုးလာတဲ့ အခါ မီးဖိုမှမီး
များက ၀င်းလက်စွာတောက်လောင်နေသောကြောင့် ကျွန်တော်ကြာရှည်စွာ အိပ်မရပေ။
ထိုအပြင် ကျွန်တော်၏ ခန္ဒာကိုယ်ထုံထိုင်းကိုက်ခဲမှုကတစ်ကြောင်း ၊
ကြမ်းပေါ်တွင်လှဲ၍ အိပ်ရသဖြင့် တစ်ဦးတစ်ယောက်၏သွား လာ
လှုပ်ရှားသံများကို ကြားနေရသဖြင့် ကြာကြာမအိပ်နိုင်ခြင်းလည်းဖြစ်သည်။ တဖက်သို့ ကိုယ်ကို လှည့်ပြီး အိပ်မည်ပြုရာ အခန်းဆီသို့
့လာသည့် ခြေသံကိုကြားနေရသောကြောင့် ကျွန်တော်ထိတ်လန့်
သွားခဲ့ တယ်။ ပြတင်းပေါက်များက်ုပျဉ်ပြားနှင့် အသေပိတ်ထား
သည့်အပြင် အ၀င်တံခါးကိုလည်းကျွန်တော် သေချာပိတ်ခဲ့ ခြင်းဖြစ်၍ တဲအတွင်းသို့ ၀င်ရန်အပေါက်မရှိပေ။ ထို့ကြောင့် ကျွန်တော်
်အတော်အတန်ကြောက်လန့် သွားသော်လည်း ထ၍ရင်ဆိုင်ရ
သည်မှ တစ်ပါး အခြားမရှိပါတော့ချေ။ ထိုဝင်လာသောလူစိမ်းသည်
သွက်လက်ခြင်းမရှိ ၊မီးတောက်နေသောမီးဖို ဆီသို့တဖြေးဖြေး
လျှောက်၍သွားလေသည်။
သူသည်အခန်းထောင့်တစ်နေရာတွင်ရှိသော ကျွန်တော့်ကို သတိပြုမိဟန် မတူချေ။ ထိုလူမှာမီးဖို့ရှိရာသို့ တည့်မတ်စွာ လျှောက်သွား
ရင်း သူ၏စွတ်စိုနေသော လက်အစုံကို မီးကင်နေလေသည်။ ထို
လူကိုကျွန်တော် မျက်ချေမပြတ် သေသေချာချာ ကြည့်ပြီး အကဲခတ်နေမိသည်။ ထိုလူမှာခုလိုညမျိုးတွင် လူသားတစ်ယောက်ကြုံတွေ့ရသည့် စိုစွတ်မှုထက်ပင် ပို၍ ဆိုးဆိုးဝါးဝါး စိုစွတ် လျှက်ရှိသည်ကို တွေရပေသည်။ အ၀တ်အစားများက ဟောင်းနွမ်း စုတ်ပြတ်နေပြီး သူ့ခန္ဒာကိုယ်ပေါ်မှ ရေများဟာ ကြမ်းပြင်ပေါ်သို့ စီးကျ
လျှက်ရှိပေသည်။ ဦးထုပ်လည်းဆောင်းထားခြင်းမရှိပေ။ သူ့မျက်လုံးများအထက်ရှိ ထောင်နေသော ဆံပင်များမှ ရေစက်တို့က
မီးကျီခဲ များ အပေါ်သို့စီးကျနေသောကြောင့် တစ် ရှဲ..ရှဲ မြည်နေပေသည်။
ထိုလူကိုကျွန်တော် မြင်လိုက်သည်နှင် တစ်ပြိုင်နက် ဥပဒေဘောင်အတွင်း မှလူမဟုတ်ဟု ယူဆမိလိုက်သော်လည်း လူကြီးလူကောင်းတစ်ယောက်ဖြစ်မည်ဟု တဖန်တွေးယူမိလိုပြန်သည်။ ထို့ကြောင့်ကျွန်တော်ကပဲ သူ့ကို စတင်နူတ်ဆက်လိုက်လေရာ မကြာမီ ရင်းနှီးသွားကြပါသည်။ ကျွန်တော်က စကားစမိလိုက်သည်..။
`ကျွန်တော်တို့ လူသားတွေအတွက် တော့ သာယာတဲ့ မိုးလေ၀သ
ဆိုတာ ဘယ်မှာရှိနိုင်မှာလဲ မိတ်ဆွေရာ ။ ဒါပေမယ့် ဒီတဲကလေးက
ခြောက်ခြောက်သွေ့သွေ့ ရှိနေလို့ တော်သေးတယ်လို့ဆိုရမှာပေါ့ဗျာ´
တဲအပြင်ဖက်တွင် ရှိနေသော သေလုမျောပါး နေကြာပင်များနှင့်
အတိုင်းအဆမရှိ သန်စွမ်းနေကြသော ပေါင်းပင်ကြီးများသည် မိုး
ရေကြောင့် ယိမ်းထိုးနေကြလေသည်။
ထိုလူစိမ်းက
`တစ်ချိန်က ဒီတဲလေးဟာ သိပ်သန့်ရှင်းမှု မရှိခဲ့ဘူး။ ဒါပေမယ့် သာမာန် ဧည့်
ရိပ်သာလေ တစ်ခု ဖြစ်ခဲ့တယ်။ အခုတော့နေတဲ့ အမြဲနေတဲ့သူ မရှိ
တော့ဘူး´
သို့သော် သ**********များနေထိုင်သည့် နေရာတို့
တွင် တွေ့ရတတ်သော ဘူးခွံ၊ပုလင်းခွံ စသည်တို့ကို ဤတဲ အတွင်းတွင် လုံးဝမတွေ့ရပေ။
`ဒါနဲ့ … အဲ့ဒါတွေကို ဘာလို့မတွေ့တာလဲ…´
သူပြောခဲ့သလို သန့်ရှင်းမှုမရှိခဲ့ဘူး ဆိုရင် အခု ဘာကြောင့် အဲ့ အရာများ မတွေ့ရသနည်း။ ကျွန်တော်မေးခွန်း ထုတ်နေမိသည်။ ထိုလူက အဖြေစကား
မဆိုမီ မသက်သာသောဟန်ဖြင့် သက်ပြင်းကို လေးလေးပင်ပင်
ချကာ
`ဒီတဲမှာ သရဲ…နေတယ်လေ…ဒီမှာသရဲရှိတယ်´
ကျွန်တော်
်မယုံနိုင်သော အကြည့်နှင့် မျက်မှောင်ကြုတ်ပြီး သူ့ကိုကြည့်မိလိုက်သည်။
`အဲ့ဒီသရဲက အလွန်အစွမ်းထက်တာ၊ သူ့ဇာတ်လမ်း
အကျဉ်းကတော့ သူဟာ ဒီတဲအနောက်မှ ရှိတဲ့ ရေတွင်း ပျက်ထဲကို
ကိုယ်တိုင် ဆင်းသေလိုက်တာပဲ ..´
ကျွန်တော်စိတ်ဝင်စား သွားပြီးသူ့အနားကို တိုးသွားမိတယ်။
ဒီ့နောက်သူက ဆက်ပြီးပြောတယ်
`တွေ့တဲ့ လူတွေက ဆွဲတင်လိုက်တော့ သူ့တစ်ကိုယ်လုံး ရွှံ့တွေပေပြီးသေနေတယ်။ အဲ့ဒီ့သရဲက ဒီ
တဲပေါ်ကို တက်လိုက်ဆင်းလိုက်လုပ်နေတယ် ။ တစ်ခါ တခါ ဒီ
တဲထဲကို မိုးဝင်ခိုတဲ့ လူတွေဆိုရင် သူ့ခြေသံကြောင့် အိပ်ရေးပျက်ကြရတယ်..။ ´
ပြောရင်း ထိုလူစိမ်းက ထပ်ပြီး သက်ပြင်းချလိုက်ပြန်သည်။ ကျွန်တော်က-
`ဒါပေမယ်.. ကျွန်တော်တို့ကိုတော့ ဒီသရဲကခြောက်မှာ တော့ မ
ဟုတ်ပါဘူး ´
`ဟုတ်ကဲ့ ….ကျွန်တော်တို့ကိုသူက ခြောက်မယ်မထင်ပါဘူး´ သူ့
စကားအဆုံးတွင် ကျွန်တော်က ရယ်လိုက်ပြီး ….
`ဟား..ဟား.
.ဟားး… ဘယ်သူတွေဘာပဲပြောပြော ကျွန်တော်ကတော့ သရဲဆိုတာကို တစ်ခါမှမမြင်ဖူးပါဘူး´
ထိုလူစိမ်းက စိတ်ပျက်သည့်အသွင်ဖြင့် ကျွန်တော်ကို စူးစိုက်ကြည့်လေသည်။ ပြီးတော့.သူက……
` ဟုတ်ကဲ့ ခင်ဗျားဘယ်တော့မှမြင်ဘူးမှာ မဟုတ်ဘူး ။ ဒါပေ့မယ့်
…ဒီတဲမှာ ၀င်တည်းကြတဲ့ သူတွေအားလုံး သရဲမခြောက်ခံရတာမ
ရှိဘူး ။ အကုန်လုံးခြောက်ခံ ရတာကြီး ပဲ´
ထိုသူမည်သို့ပင်ပြောနေပါစေ ကျွန်တော်က မယုံကြည်ပါ။
`ကျွန်တော့်ကို အိပ်ရေးပျက်အောင်လုပ်နေတာ သရဲမဟုတ်ဘူး..။
မိတ်ဆွေ တဲပေါ်တက်လာလို့ ကျွန်တော်နိုးသွားတာ.. ´
ထိုအခါ ထိုသူက ကျွန်တော့်ကို လှောင်ပြောင်သလို ရယ်နေလေ
သည်။
`ဟား…ဟာ.း…ဟား…ဟား…ဟား´
သူ၏ကိုယ်မှစီးကျနေသော ရေထို့က အဆက်မပြတ် ကြမ်းပေါ်သို့ စီးကျ နေပေသည်။
သူ့ကိုယ်မှလည်း အနံ့ဆိုးများ ထွက်ပေါ်၍ လာလေပေသည်။
`ဘု ရားရေ….မိတ်ဆွေ ….အနေနဲ့ ဘယ်တော့မှ မခြောက်နိုင်တော့ဘူးလား…´ ဟု ကျွန်တော် ပြောလိုက်မိသည် ။
ထိုလူက အနည်းငယ်ရယ်လိုက်ပြီး ………
`မခြောက်တော့ဘူးတဲ့ လား …ဟ…ဟ….ဟ ကျွန်တော်က ဘယ်
တော့မှခြောက်မှာ မဟုတ်ဘူး ၊ ကျွန်တော်တို့လို လူတွေဟာ မိုးလေ၀သ ကောင်းကောင်း ၊ ဆိုးဆိုး နွေဖြစ်ဖြစ်၊ဆောင်းဖြစ်ဖြစ် ဘယ်တော့မှ ခြောက်တယ်ဆိုတာ မရှိဘူး.. ဒီမှာကြည့်လေဗျာ´
ပြောပြောဆိုဆိုနှင့် သူ၏ရွံများပေနေသော လက်အစုံကို မီးထဲသို့ ထိုးသွင်းပြီးကျွန်တော့်ကို စူးစိုက်ကြညိ့နေလေသည်။ ကျွန်တော် အခုမှ
သူပြောသမျှတွေသတိရ သွားပြီး ကျွန်တော့် ဘွတ်ဖိနပ်ကိုကောက်ယူကာ ကြောက်လန့်တကြားအော် ဟစ်ကာ မိုးသက်လေပြင်းကျနေသော ညအမှောင်ထဲသို့ ထွက်ပြေးခဲ့မိပါတော့သည်။
( ဖတ်ရှုပေးကြတဲ့ သူငယ်ချင်းများအားလုံး ကျေးဇူး အထူးတင်ရှိပါတယ်ခင်ဗျာ၊ နောက်ထပ် ဆက်ပြီး အားပေးကြပါဦး ခင်ဗျာ )
Credit by Ko Ye' Tayza Kyaw
ADMIN =) Htut Htet
မြန်မာနိုင်ငံသားများ ပြည်ပနိုင်ငံများတွင် ဗီဇာလျှောက်ရာ၌ တင်းကျပ်သော အခြေအနေများနှင့် ရင်ဆိုင်နေရ
 မြန်မာနိုင်ငံသားများ အနေဖြင့် နိုင်ငံခြား တိုင်းပြည်များသို့ ပြည်ဝင်ခွင့် လျှောက်ထားရာ တွင် တင်းကျပ်သော အခြေအနေ နှင့် ရင်ဆိုင်နေရကြောင်း နိုင်ငံ တကာ ပြည်ဝင်ခွင့် စစ်တမ်းတစ် စောင်၌ ဖော်ပြသည်။
နိုင်ငံတကာ အဖွဲ့အစည်း တစ်ခုဖြစ်သော Henley & Part-ners က ထုတ်ပြန်ခဲ့သော ကမ္ဘာ့ နိုင်ငံအသီးသီး၏ ပြည်ဝင်ခွင့် တင်းကျပ်မှု ညွှန်းကိန်းတွင် မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက် မှတ်မှာ ပြည်ပနိုင်ငံများသို့ ဝင်ရောက်ရာတွင် ဝင်ခွင့်ရရှိရန် ခက်ခဲနေခြင်း ဖြစ်သည်။
နိုင်ငံပေါင်း ၂၁၉ နိုင်ငံ၏ ပြည်ဝင်ခွင့်တင်းကျပ်မှုညွှန်းကိန်းကို အခြေခံ၍ အမှတ်ပေးထားသော စစ်တမ်းတွင် မြန်မာနိုင်ငံက အင်ဂိုလာ၊ အီရန်တို့နှင့်အတူ အဆင့်(၈၆)တွင် ရပ်တည်နေခြင်းဖြစ်ပြီး အီရတ်က အဆင့်(၉၂) နှင့် အာဖဂန်နစ္စတန်က အဆင့် (၉၃)ဖြင့် နောက်ဆုံးနေရာတွင် ရပ်တည်နေကြသည်။
မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများသည် နိုင်ငံခြား ပြည်ဝင်ခွင့် လျှောက်ထားရာ၌ အခက်အခဲများရှိနေပြီး အထူးသဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများသို့ သွားရောက်ရာတွင် ပိုမိုတင်းကျပ်သော စည်းမျဉ်းများနှင့် ရင်ဆိုင်နေရသည်။
‘‘နိုင်ငံကြီးတွေကို သွားမယ်ဆိုရင်တော့ ဗီဇာဝင်တဲ့အခါ အခက်အခဲရှိတယ်။ ကိုယ့်နိုင်ငံကလူတွေ သူတို့နိုင်ငံမှာ ပြောင်းရွှေ့ နေထိုင် အခြေချမယ်လို့ ထင်နေတယ်။ ပညာတတ်ဆိုရင် သူတို့က ပိုရစ်တယ်’’ဟု ပြည်ပနိုင်ငံများသို့ ခရီးသွားလာနေသော အမျိုးသမီးတစ်ဦးက ပြောသည်။
နိုင်ငံခြားသံရုံးများတွင် ပြည်ဝင်ခွင့်လျှောက်ထားရာ၌ အသွားအပြန် လေယာဉ်လက်မှတ်၊ အလုပ်ခေါ်စာ၊ ဖိတ်ခေါ်စာနှင့် ပိုင်ဆိုင်မှုအထောက်အထားများ တင်ပြရန် စည်းမျဉ်းများကို သံရုံးအများစုက သတ်မှတ်ထားသည်။
‘‘အမေရိကန်ဗီဇာလျှောက်တဲ့ ကျောင်းသားတွေ ဗီဇာရဖို့ မလွယ်ဘူး။ ယူကေတို့၊ သြစတြေးလျတို့ကတော့ မိဘရဲ့ဝင်ငွေက ဘယ်ကဝင်လည်းဆိုတဲ့အချက်နဲ့ ဘဏ်စာရင်းကို သေချာပြနိုင်ရင် ဘာကြောင့် အဲဒီနိုင်ငံကိုသွားမှာလဲဆိုတဲ့ အကျိုးအကြောင်းခိုင်လုံမှုကို ပြနိုင်ရင် ဗီဇာရတယ်။ စင်ကာပူကတော့ အဲဒီနိုင်ငံတွေလောက် မဆိုးဘူး။ အဓိကကတော့ ကျောင်းသားရဲ့မိဘက ကျောင်းသားကို စင်ကာပူမှာ ကျောင်းထားနိုင်မယ့် လုံလောက်တဲ့ ဝင်ငွေနဲ့ ဘဏ်စုငွေရှိဖို့ပဲ’’ဟု နိုင်ငံတကာပညာရေးဝန်ဆောင်မှု လုပ်ကိုင်နေသူတစ်ဦးက ပြောကြားသည်။
 ၂၀၁၃ ခုနှစ်ကို အခြေခံ၍ Henley & Partners က ထုတ်ပြန်ခဲ့သော ပြည်ဝင်ခွင့်တင်းကျပ်မှု ညွှန်းကိန်းတွင် စင်ကာပူနိုင်ငံက အဆင့်(၆)နှင့် မလေးရှားနိုင်ငံက အဆင့်(၉)တွင် ရပ်တည်နေပြီး ဖင်လန်၊ ဆွီဒင်နှင့် ဗြိတိန်နိုင်ငံ သားများသည် ကမ္ဘာ့တစ်လွှား ခရီးသွားလာမှုအတွက် အကောင်းဆုံး  နိုင်ငံကူးလက်မှတ်  ကိုင်ဆောင်ထားသူများအဖြစ် အဆင့် (၁)တွင် ရပ်တည်နေသည်။
နေလင်းထွန်း
7DAY DAILY
မြန်မာ့စီးပွားရေး ခြစားမှု စိုးရိမ်ရ၊ ကုလ ထုတ်ပြန်
ဒေါ်လာ တစ်သောင်းကျော် အပိုကြေး ပေးရတဲ့ လုပ်ငန်းတချို့လည်း ရှိနေ
မြန်မာ့ စီးပွားရေး လုပ်ငန်းတွေမှာ ခြစားမှု ပမာဏ စိုးရိမ်စရာ ကောင်းကြောင်း ကုလသမဂ္ဂက အင်္ဂ࿿ါနေ့က ထုတ်ပြန်လိုက်တဲ့ စစ်တမ်း တစ်ခုမှာ ရေးသား ထားပါတယ်။
ကုလသမဂ္ဂ၊ OECD အဖွဲ့နဲ့ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှု လုပ်ငန်းရှင်များ အသင်းတို့ ပူးတွဲ လေ့လာခဲ့တဲ့ စစ်တမ်း အရ မြန်မာ့ စီးပွားရေး လုပ်ငန်းတွေရဲ့ ၆ဝ ရာခိုင်နှုန်း အထိဟာ ပါမစ် လိုင်စင်တွေ ရဖို့ လာဘ်ထိုး ရကြောင်း ရေးသား ထားပါတယ်။
လုပ်ငန်း ထက်ဝက်လောက်က အမေရိကန် ဒေါ်လာ ငါးရာ လောက်ထိ အပို ပေးဆောင်ရတယ်လို့ သိရပြီး ဒေါ်လာ တစ်သောင်းကျော် အပိုကြေး ပေးရတဲ့ လုပ်ငန်း တချို့လည်း ရှိနေပါတယ်။
ကျွမ်းကျင် လုပ်သား ရှားပါးမှုနဲ့ နည်းပညာ အခက်အခဲ တွေကလည်း မြန်မာ့ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် နောက်ထပ် စိန်ခေါ်မှုတွေ ဖြစ်နေပါတယ်။
BBC Burmese
တရုတ်မှာ လူကုန်ကူးခံရသူ ၁၅ ဦး မြန်မာပြည် ပြန်ရောက်
 တရုတ်ပြည်ကို လူကုန်ကူးခံရပြီး၊ မေလ ၂ ရက်မနက်က သူတို့ အလုပ် လုပ်ရတဲ့ ကျန်းရှီး ပြည်နယ် ကျီယန်းမြို့ IAG Sound Box စက်ရုံ ကနေပြန်လာတဲ့ ဧရာဝတီတိုင်း ပုသိမ်မြို့  အနောက် တောင်ဘက် ငရုပ်ကောင်းမြို့ နယ်ခွဲ ဘုရားချောင်းရွာက ရွာသား ၁၅ ယောက် ဟာ မြန်မာနိုင်ငံ မူဆယ်မြို့ ဘက်ကို မနေ့ က မေလ ၆ ရက်ည မှာ ပြန်ရောက်လာပြီလို့ စုံစမ်း သိရှိရပါတယ်။
အဲဒီလူ ၁၅ ယောက်ထဲက ကိုတင်အောင်မြင့်က သူတို့ ကို ရွှေလီမှာနေတဲ့ ကိုဘိုဝင်းဆိုသူက ကူညီလိုက်တဲ့အတွက် မြန်မာပြည်ပြန်ရောက်လာတဲ့ အကြောင်းအခုလိုပြောပါတယ်။
"သူက တရုတ်ငွေ ၁၅၆ဝ ကိုသူကစိုက်ပေးလိုက်တယ်၊သဘောကတော့ ကျနော်တို့ ၁၆ ယောက်ကို လိုက်ပြီးကယ်ထားလိုက်တာပေါ့ အဲ့ဒီနေရာမှာ ကျနော်တို့ကို ပိုက်ဆံလာပို့ပေးမဲ့ ဇော်မင်းထိုက်ကို ကိုကံနိုင်က ရွှေလီထဲ ကိုရောက်ပြီးရှာနေပြီ အဲ့ဒီမှာနေ့လည် ၁ နာရီဝန်းကျင်လောက်ရှိလိမ့်မယ် ကိုဇော်မင်းထိုက်နဲ့ အဆက်အသွယ်ပြန်ရတယ်ဖုန်းနဲ့ အဲ့ဒါနဲ့ ကျနော်တို့ကို ကယ်ထားတဲ့သူတွေကို ကျနော်တို့ ပြန်ပြီးတော့ငွေသွားပြန်ပို့တာပေါ့ မူဆယ်မှာညအိပ်နေတာပေါ့"
သူတို့ ၁၅ ယောက်ကို တရွာတည်းနေထိုင်တဲ့ ဒေါ်ဝင်းကြည်ဆိုသူက တရုတ်ပြည်မှာ လစာကောင်း တဲ့ အလုပ်အကိုင်ရမယ်လို့ ပြောဆို စည်းရုံးပြီးတဲ့နောက် တဦးကိုကျပ်ငွေ တသိန်းခွဲဆီအကျိုးဆောင်ခ ယူပြီး ဖေဖေါ်ဝါရီလက ပို့ လိုက်တဲ့အကြောင်းနဲ့  တရုတ်ပြည်က IAG Sound Box စက်ရုံမှာ လုပ်ခ နည်းနည်းနဲ့ အလုပ်လုပ်ရတဲ့အကြောင်း၊ ဒါ့အပြင် လစာကိုလဲပုံမှန်ရှင်းမပေးတဲ့အတွက် အခက်အခဲ တွေဖြစ် ပြီး နောက်ဆုံးမှာ သူတို့ လုပ်အားခတွေအကုန်မရပဲ မြန်မာပြည်ကိုပြန်လာ ကြတဲ့အကြောင်း RFA ကထုတ်လွှင့်ခဲ့ပြီးဖြစ်ပါတယ်။
RFA Burmese
ရန်ကုန်၊ ပုဂံ၊ ကျိုက်ထီးရိုး၊ ငွေဆောင်၊ မြ၀တီ၊မော်လမြိုင်သို့ ပုဂ္ဂလိက ရဟတ်ယာဉ်ပြေးဆွဲမည်
သွန်းမဒီ၊ ရန်ကုန်၊ မေ-၆
ရန်ကုန်၊ ပုဂံ၊ ကျိုက်ထီးရိုး၊ ငွေဆောင်၊ မြ၀တီနှင့် မော်လမြိုင်ဒေသ များသို့ ပုဂ္ဂလိက ရဟတ်ယာဉ် ပြေးဆွဲနိုင်ရန်စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ရဟတ်ယာဉ် ပျံသန်းနိုင်ရေး ၀န်ဆောင်မှု လုပ်ငန်းကို မြန်မာနိုင်ငံ၏ ပထမဆုံး ပုဂ္ဂလိကရဟတ်ယာဉ် ၀န်ဆောင်မှု လုပ်ငန်း အဖြစ်Global Integrated ServiceLtdမှ စီစဉ်ဆောင်ရွက်နေခြင်း ဖြစ်သည်။
'ကျွန်တော်တို့ ကုမ္ပဏီက မြန်မာနိုင်ငံရဲ့ ပထမဆုံး ပုဂ္ဂလိက ရဟတ်ယာဉ် ၀န်ဆောင်မှုလုပ်ငန်းကို လုပ်ဆောင် နိုင်ဖို့ စီစဉ်နေပါတယ်။ ပြေးဆွဲခွင့်ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မတီကို တင်ပြထားပါတယ်။ ရဟတ်ယာဉ်ဝန်ဆောင်မှု လုပ်ငန်းလုပ်ဆောင်နိုင်ဖို့ လိုအပ်ချက်တွေကို အကောင်အထည်ဖော်ပြီးလို့ ခွင့်ပြုချက်ရတာနဲ့ ကျွန်တော်တို့ ရဟတ်ယာဉ် လေးစင်းနဲ့ဝန်ဆောင်မှု လုပ်ငန်းစတင်မှာ ဖြစ်ပါတယ်။ ရဟတ်ယာဉ်ဝန်ဆောင်မှုကို ရန်ကုန်နဲ့ပုဂံမှာ စတင်လုပ်ဆောင်မှာ ပါ'ဟုGlobal Integrated Service Ltd မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ သည်။
ရဟတ်ယာဉ်ဝန်ဆောင်မှုလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါက မြန်မာနိုင်ငံသို့
လာရောက်လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသွားများ လက်ရှိ မြန်မာနိုင်ငံတွင်း လှည့်လည်ရာတွင်
ကြုံတွေ့နေရသည့် ပြည်တွင်းလေကြောင်း ခရီးစဉ်များ အဆင်မပြေမှုများရှိပါက ရွေးချယ်သွားလာ
နိုင်မည်ဖြစ်ကြောင်းသိရ သည်။
ထို့ပြင် ရဟတ်ယာဉ်ဖြင့် ဗီဒီယိုရိုက်ကူးခြင်း၊ လူနာတင်ခြင်း၊ ကယ်ဆယ် ရေးလုပ်ငန်းများကိုလည်း
လုပ်ဆောင်နိုင်မည်ဟု သိရသည်။
'လက်ရှိ ကျွန်တော်တို့နိုင်ငံကိုလာတဲ့ ကမ္ဘာလှည့် ခရီးသွားတွေ ခရီးစဉ်ရေးဆွဲသွားလာရာမှာ
အဓိကကြုံရတဲ့ အခက်အခဲက ပြည်တွင်းလေကြောင်း ခရီးစဉ်တွေရဲ့ အချိန်အပြောင်းအလဲ၊ အကြောင်း
အမျိုးမျိုးကြောင့် ခရီးစဉ်ပျက်တာတွေ စတဲ့ အဆင်မပြေမှုတွေ ရှိပါတယ်။ အခု ရဟတ်ယာဉ် ၀န်ဆောင်မှု
လုပ်ငန်းရှိလာရင် ကမ္ဘာလှည့်ခရီးသွားတွေ လိုရာခရီးဆက်နိုင်ဖို့ ရွေးချယ်စရာ ရှိလာမှာဖြစ်လို့ ကြိုဆိုပါတယ်'ဟု ဧည့်လမ်းညွှန်တစ်ဦးက ပြောကြားခဲ့သည်။
သွန်းမဒီ
စံတော်ချိန် နေ့စဉ်သတင်းစာ
သုတ်ကောင် မထုတ်နိုင်တဲ့ ယောင်္ကျားများအတွက် မျှော်လင့်ချက်
မျိုးရိုဗီဇချို့ယွင်းမှုကြောင့် မျိုးမအောင်နိုင်တဲ့ အမျိုးသားတွေရဲ့ အရေပြားကနေ ကနဦးဆင့် သုတ်ကောင် ဆဲလ်တွေကို သိပ္ပံပညာရှင်တွေက ဖန်တီးနိုင်ခဲ့ပါတယ်။ သန္ဓေတည်ဖို့ သဘာဝ သုတ်ကောင် လုံလုံလောက်လောက် မထုတ်နိုင်တဲ့ အမျိုးသားတွေရဲ့ အရေပြားကနေ ဖန်တီးရယူခဲ့တာပါ။
သုတ်ကောင် မထုတ်လုပ်နိုင်တဲ့ အမျိုးသားတွေအတွက် ဒီနည်းပညာနဲ့ နောင်အနာဂတ်မှာ မျှော်လင့်ချက်တွေ သယ်ဆောင်လာပေးနိုင်မယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ထားပါတယ်။
သုတ်ကောင် ဖွံ့ဖြိုးမှုနဲ့ အမျိုးသား သန္ဓေမအောင်မှု ကုထုံးများ အတွက် လေ့လာရာမှာ သုတေသီတွေအတွက် ကိရိယာသစ် တစ်ရပ်ဖြစ်စေခဲ့ပါတယ်။ ‘ကျွန်တော်တို့ရဲ့ ရလဒ်တွေဟာ သုတ်ကောင်ဆဲလ်ဖွံ့ဖြိုးမှုကို လေ့လာဖို့ စမ်းသပ်မော်ဒယ် စရလိုက်တာပါပဲ။ ဒါ့ကြောင့် ဆေးရုံမှာ ဆဲလ်အခြေပြု ကုထုံးတွေ လုပ်ဖို့ အသုံးချမှုနိုင်မှုတွေအတွက် အလားအလာ ရှိပါတယ်။ ဥပမာ အရေအတွက်များများနဲ့ အရည်အသွေးကောင်းကောင်း ထုတ်လုပ်နိုင်ဖို့ပေါ့။ သုတ်ကောင်ထုတ်လုပ်ရာမှာ ပြဿနာရှိတဲ့ အမျိုးသားတွေရဲ့ ဝှေးစေ့အတွင်းကို ဆဲလ်ရိုးတံက ရလာတဲ့ မျိုးစေ့ဆဲလ်တွေ တိုက်ရိုက် အစားထိုးနိုင်ဖို့ အလားအလာ ရှိပါတယ်။” လို့ Standford တက္ကသိုလ်က ဦးဆောင်သုတေသီ ဒေါက်တာ Reijo Pera ကပြောပြခဲ့ပါတယ်။
Ref:dailymail.co.uk
Trend Myanmar
စစ်တွေလေဆိပ်တွင် ခရီးသည် တစ်ဦး သင်္ကာမကင်း၍ ထိန်းသိမ်းခံရ
(နိရဉ္စရာ- ၇ မေလ ၂၀၁၄)
sittwe-airport
ရခိုင်ပြည်နယ် စစ်တွေလေဆိပ်တွင် ခရီးသည် တစ်ဦး သင်္ကာမကင်း ဖြစ်ခံရရာမှ စစ်တပ်က စစ်ဆေးရန် ခေါ်ဆောင်သွားသည်ဟု သတင်း ရရှိသည်။
ယင်းခရီးသည်မှာ စစ်တွေမြို့မှ မောင်သန်းမောင်ဆိုသူ ဖြစ်ကြောင်း မျက်မြင် တစ်ဦးက ပြောကြားသည်။
မောင်သန်းမောင်သည် အဲယားမန္တလေးဖြင့် ရန်ကုန်ကို လိုက်ပါရန် Boarding pass ဖြတ်ပြီး လေယာဉ်အား ခရီးသည်များနားနေဆောင်မှ စောင့်ဆိုင်းနေခဲ့ကြောင်း၊ ယင်းနောက် အိမ်သာထဲသို့ ၀င်ကာ အကျီင်္လဲကြောင်း၊ သူ့အမည်အား ဦးသန်းမောင်ဟု ခေါ်ဆောင်ကြောင်း၊ သူ့နာမည်မှာ မောင်သန်းမောင်ဖြစ်သဖြင့် ဦးသန်းမောင်မှာ သူ့နာမည်ဟု မထင်သဖြင့် နေမြဲတိုင်းနေကြောင်း၊ ယင်းနောက်ပိုင်းတွင် ခရီးသည်နားနေဆောင်တွင် အိပ်ပျော်သွားခဲ့ကြောင်း သိရသည်။
လေယာဉ်ပေါ်တွင် ခရီးသည်များတက်ရောက်ပြီးနောက် ခရီးသည် တစ်ဦး မပြည့်သဖြင့် လေယာဉ်တာဝန်ရှိသူများမှ လိုက်ရှာရာ မတွေ့သဖြင့် လေယာဉ်ပေါ်သို့ ရောက်ရှိနေသော ခရီးသည်များကို လေယာဉ်ပေါ်မှ လေဆိပ်နားနေဆောင်သို့ ပြန်ချပြီး လိုက်ရှာသော်လည်း မတွေ့ကြောင်း၊ နောက်ဆုံးတွင် မောင်သန်းမောင်အား အိပ်နေသည်ကို တွေ့ရသဖြင့် သူ့အား နိုးပြီး မေးမြန်းရာ အဲယား မန္တလေးနှင့် ရန်ကုန်သို့ သွားမည့်သူ ဖြစ်ကြောင်း၊ သို့သော်လည်း နောက်ပိုင်းတွင် လေယာဉ်ကွင်း လုံခြုံရေး ယူထားသော စစ်တပ်မှ သင်္ကာမကင်း ဖြစ်သဖြင့် စစ်ဆေးမေးမြန်းရန် မောင်သန်းမောင်အား ခေါ်ယူသွားသည်ဟု သတင်း ရရှိသည်။
Narinjara
ခိုးမှုကျူးလွန်သူများကို စုံစမ်းဖော်ထုတ်စစ်ဆေးခဲ့ရာမှ နေအိမ် ပြူတင်းပေါက်များကိုဖွင့်ကာ အတွင်းမှပစ္စည်းများကို ၀ါးလုံးတုတ်ဖြင့် ချိတ်ဆွဲ၍ခိုးယူခဲ့သည့်အမှုများ ထပ်မံပေါ်ပေါက်
ရန်ကုန်၊ မေ ၇
၁၉.၃.၂၀၁၄ ရက်နေ့ ၂၁၃၀ အချိန် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ မဖြူဖြူအောင်သည် မိသားစုနှင့်အတူအိပ်ယာဝင်ခဲ့ပြီး ၂၀.၃.၂၀၁၄
ရက်နေ့ ၀၄၀၀အချိန် အိပ်ယာမှနှိုးစဉ် အိပ်ခန်းတံခါးဘောင်တွင် ချိတ်ထားသော လက်ကိုင်အိတ်မှာပွင့်နေပြီး ပြူတင်းပေါက်တံခါးမှာ
လည်း အနည်းငယ်ပွင့်နေသည်ကို တွေ့ရ၍ စစ်ဆေးကြည့်ရာ
လက်ကိုင်အိတ်အတွင်းထည့်ထားသော ငွေကျပ်(၁၀၀၀၀)နှင့်
ရွှေဆွဲကြိုး(၁)ကုံး၊ ရွှေလက်ကောက်(၂)ကွင်း၊ ရွှေလက်စွပ်(၁)ကွင်း၊
ရွှေဟန်းချိန်း(၂)ခု၊ ရွှေနားကပ်(၁)ရံ၊ ကျောက်စိမ်း(၃)လုံး၊ ရွှေဖြတ်စ
(၁)ခု၊ လက်ပတ်နာရီ(၁)လုံးနှင့် လက်ကိုင်ဖုန်း(၁)လုံး၊ စုစုပေါင်း
တန်ဖိုး ငွေကျပ်(၁၈၉၀၈၀၀)ခန့်မှာ ပျောက်ဆုံးနေသည်ကို
တွေ့ရှိရသဖြင့် အရေးယူးပေးရန်တိုင်တန်းချက်အရ ဒဂုံမြို့သစ်
(ဆိပ်ကမ်း)မြို့မရဲစခန်း(ပ)၁၄၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၀ ဖြင့်အမှုဖွင့်
ကာ စုံစမ်းဆောင်ရွက်ခဲ့ပါသည်။
အမှုမှပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် ရန်ကုန်တိုင်း
ဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊အကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူ
ဌာနစုမှတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်ခဲ့ရာ ခိုးမှုဖြင့် ပြစ်ဒဏ်ကျခံပြီး လွတ်မြောက်လာသူဇော်လတ်၊ (၄၁)နှစ်၊ (ဘ)ဦးသန်းမောင်၊ (၁၀၇)ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေသူမှာ အမှုမှပါဆုံး
သွားသည့် ရွှေထည်ပစ္စည်းများကိုဝတ်ဆင်၍ လက်ကိုင်ဖုန်းကို
အသုံးပြုနေကြောင်း စုံစမ်းအတည်ပြုရရှိသဖြင့် ၁၉.၄.၂၀၁၄ ရက်နေ့ ၁၈၀၀အချိန်တွင် ၎င်း၏နေအိမ်သို့ ၀င်ရောက်ရှာဖွေဖမ်းဆီးခဲ့ပါသည်။
၎င်းအား စစ်ဆေးခဲ့ရာ ၂၀.၃.၂၀၁၄ ရက်နေ့ ၀၂၀၀ အချိန်ခန့်တွင် တစ်ရပ်ကွက်တည်းနေ ရွှေအိုးစည်နှင့်အတူ အခင်းဖြစ်နေအိမ်
အတွင်းသို့ဝင်ရောက်ကာ ပစ္စည်းများခိုးယူခဲ့ခြင်းဖြစ်ကြောင်း
ပေါ်ပေါက်ခဲ့သဖြင့် အမှုမှပါဆုံးသွားသည့် သက်သေခံငွေ၊ ဖုန်းနှင့်
ရွှေထည်ပစ္စည်း၊ တန်ဖိုးငွေကျပ်(၁၈၉၀၈၀၀)ကို ပြန်လည်
သိမ်းဆည်းနိုင်ခဲ့ပါသည်။
ဆက်လက်၍ ၎င်းအား အခြားခိုးမှုများကျူးလွန်ထားခြင်းရှိ/မရှိ
စစ်ဆေးခဲ့ရာ ၎င်းနှင့် ရွှေအိုးစည်းတို့(၂)ဦးသည် ယင်းနေ့ညပိုင်းတွင် အဆိုပါအမှုအားမကျူးလွန်မီအချိန်က ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်၊ A-3 လမ်းအတွင်းရှိ မြေညီထပ်တိုက်ခန်း
(၁)ခန်း၏ပြူတင်းပေါက်မှ လက်နှိုက်ကာ မှန်တင်ခုံတွင်တင်ထား
သော SAMSUNGအမျိုးအစား လက်ကိုင်ဖုန်း(၁)လုံးနှင့်
ငွေကျပ်(၁၂၀၀၀)တို့ကိုခိုးယူခဲ့ကြကြောင်း ပေါ်ပေါက်သဖြင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်း(ပ)၁၄၈/၂၀၁၄၊ ပြစ်မှု
ပုဒ်မ-၃၈၀/၅၄ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ပြီး သက်သေခံ
ပစ္စည်းများပြန်လည်သိမ်းဆည်းခဲ့ပါသည်။
အမှုများတွင် အတူပါဝင်ကျူးလွန်သူ ရွှေအိုးစည်(ခ)ထွန်းဇော်၊
(၂၃)နှစ်၊ (ဘ)ဦးမြင့်သိန်း၊ (၁၀၇)ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)
မြို့နယ်နေသူကို ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ၂၁.၄.၂၀၁၄ရက်နေ့ ၁၃၃၀ အချိန်တွင် ၎င်း၏နေအိမ်မှ ဖမ်းဆီးရမိခဲ့ပါသည်။
ဖမ်းဆီးရမိသူ ရွှေအိုးစည်(ခ)ထွန်းဇော်နှင့် ဇော်လတ်တို့(၂)ဦးအား အခြားခိုးမှုများနှင့်ပတ်သက်၍ တိုက်ဆိုင်စစ်ဆေးခဲ့ရာ ၎င်းတို့(၂)ဦး
သည် ၂၀၁၄ ခုနှစ်၊ မတ်လအတွင်းက ညပိုင်းအချိန်များတွင် ဒဂုံ
မြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ စစ်တောင်းအိမ်ရာရှိ မြေညီထပ်တိုက်ခန်း
တစ်ခန်း၏ပြူတင်းပေါက်အားဖွင့်ကာ အတွင်းရှိ မောင်နှံခုနှစ်ဖော်
ရွှေလက်စွပ်(၁)တွဲနှင့် လက်စွပ်(၁)ကွင်းတို့အား ၀ါးလုံးတုတ်ဖြင့် အပြင်မှချိတ်ဆွဲခိုးယူခဲ့ကြောင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်၊ (၃)လမ်း၊ (စီ)ဘလောက်ရှိ မြေညီထပ်
တိုက်ခန်းတစ်ခန်း၏ပြူတင်းပေါက်အားဖွင့်ကာ အတွင်းရှိ လက်ပတ်
နာရီ(၁)လုံးအား ၀ါးလုံးတုတ်ဖြင့် အပြင်မှချိတ်ဆွဲခိုးယူခဲ့ကြောင်း၊
ဧပြီလအတွင်းက ညအချိန်များတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်အိမ်ရာရှိ မြေညီထပ်တိုက်ခန်းတစ်ခန်း၏
ပြူတင်းပေါက်အားဖွင့်ကာ အတွင်းရှိSAMSUNG အမျိုးအစား
လက်ကိုင်ဖုန်း(၁)လုံးကို လက်ဖြင့်အပြင်မှနှိုက်၍ခိုးယူခဲ့ကြောင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ စစ်တောင်းအိမ်ရာရှိ မြေညီထပ်
တိုက်ခန်းတစ်ခန်း၏ ပြူတင်းပေါက်အားဖွင့်ကာ အတွင်းရှိရွှေဆွဲကြိုး
(၁)ကုံးအား ၀ါးလုံးတုတ်ဖြင့် အပြင်မှချိတ်ဆွဲခိုးယူခဲ့ကြောင်းနှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ုဇနဥယျာဉ်မြို့တော်အိမ်ရာအတွင်း
ရှိ မြေညီထပ်တိုက်ခန်းတစ်ခန်း၏ပြူ တင်းပေါက်အားဖွင့်ကာ
အတွင်းရှိ LENOVO အမျိုးအစားလက်ကိုင်ဖုန်း(၁)လုံးကို လက်ဖြင့် အပြင်မှနှိုက်၍ခိုးယူခဲ့ကြကြောင်း ပေါ်ပေါက်ခဲ့သဖြင့် ဒဂုံမြို့သစ်
(ဆိပ်ကမ်း)မြို့မရဲစခန်း(ပ)၁၆၅/၂၀၁၄၊ ပြစ်မှုပုဒ်မ -၃၈၀/၅၄
ဖြင့်အမှုဖွင့်လှစ်ကာ သက်သေခံပစ္စည်းများသိမ်းဆည်းပြီး ၎င်းတို့
(၂)ဦးကို ထပ်မံအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ
ပါသည်။
Yangon Police
ကျောင်းသူတွေအတွက် ဒေါ်လာ ၃ သိန်း ဆုငွေထုတ်
မိန်းကလေးတွေကို ရောင်းစားမယ်လို့ ဘိုကိုဟာရမ် ခေါင်းဆောင်က ခြိမ်းခြောက်
နိုင်ဂျီးရီးယား မှာ ဘိုကိုဟာရမ် စစ်သွေးကြွတွေ ဖမ်းဆီးသွားတဲ့ ကျောင်းသူ ၂ ရာကျော် ပြန်လွတ်လာဖို့ သတင်းပေးနိုင်သူကို ရဲက ဒေါ်လာ သုံးသိန်းကျော် ဆုငွေ ပေးမယ်လို့ ကြေညာခဲ့ပါတယ်။
အရင်လက ဖမ်းသွားတဲ့ ဒီမိန်းကလေးတွေကို ကယ်တင်နိုင်ရေး အတွက် သေချာ တိကျအောင် ညွှန်ပြ သတင်းပေး နိုင်သူ ဘယ်သူ မဆိုကို ဆုငွေပေးမယ်လို့ အဘူဂျာ မြို့တော် ရဲရုံးချုပ်က ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
တနင်္ဂနွေ နေ့ကလည်း ဒေသတွင်း တခြား ရွာတွေကနေ နောက်ထပ် မိန်းကလေး ၁ဝ ယောက်ကို သေနတ်သမား တွေက ဖမ်းဆီး သွားခဲ့ပါတယ်။
BBC
မြန်မာအပေါ် ဆက်လက်ဒဏ်ခတ်ပိတ်ဆို့ရန် သမ္မတအိုဘားမားကို တောင်းဆို
မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အရေးပေါ် အခြေအနေ နိုင်ငံစာရင်းထဲမှာ ဆက်လက်ထည့်သွင်းဖို့နဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဆက်လုပ်ဖို့ အမေရိကန်သမ္မတ ဘားရတ်အိုဘားမားကို လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။
barack-obama-pic-reuters-980816429-145267၀ါရှင်တန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှား သူများအဖွဲ့ (USCB) နဲ့ တခြား လူ့အခွင့်အရေး အဖွဲ့ပေါင်း ၂၈ ဖွဲ့က ကြေညာချက်ထုတ်ပြန် တောင်းဆို လိုက်တာပါ။
၂၀၁၅ ရွေးကောက်ပွဲ လွတ်လပ်မျှတမှု သေချာစေဖို့အတွက် ဒီမိုကရေစီပြောင်းလဲ တိုးတက်မှုတွေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရေးကို အမေရိကန်က ထောက်ခံ တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းလုပ်ဖို့ အိုဘားမားက မြန်မာရင်းနှီးမြှုပ်နှံမှု ဒဏ်ခတ်တားမြစ် ချက်ကို သက်တမ်းတိုးရမယ်လို့ USCB မူဝါဒရေးရာ ညွှန်ကြားရေးမှူး ရေချယ်လ် ၀ဂ်လေက ကြေညာချက်မှာ ပြောပါတယ်။
ဒီပိတ်ဆို့ဒဏ်ခတ်မှု လုပ်ပိုင်ခွင့်သက်တမ်းက မေလကုန်ရင် ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ အရင်တပတ်ကလည်း အမေရိကန် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင် (USCIRF) က မြန်မာနိုင်ငံမှာ ဘာသာရေးဖိနှိပ်မှုတွေ ရှိဆက်ရှိနေတယ်ဆိုပြီး ပိတ်ဆို့မှု သက်တမ်းထပ်တိုးဖို့ ဖိအားပေးခဲ့ပါတယ်။
အရေးပေါ်အခြေအနေ သတ်မှတ်ထားတဲ့ နိုင်ငံတွေထဲမှာ မြန်မာကို ထည့်သွင်းလိုက်ရင်တော့ မြန်မာစစ်တပ်ထဲမှာ အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို တားမြစ်နိုင်မှာ ဖြစ်သလို တာဝန်ယူတဲ့ ရင်းနှီးမြှပ်နှံမှုဖြစ်ဖို့ လိုအပ်ချက်တွေကို ထုတ်ပြန်နိုင်တဲ့ လုပ်ပိုင်ခွင့်ကို ရရှိမှာလည်း ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးနဲ့ လူမှုတရားမျှတမှု ဖော်ဆောင်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဒေါက်တာ သောင်းထွန်းကတော့ အမေရိကန်ပြည်ထောင်စုအနေနဲ့ လတ်တလောမှာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်မယ့် အလားအလာ မမြင်ဘူးလို့ ပြောပါတယ်။
“သံတမန်ရေးအရ ပိုပြီးတော့ ညှိနှိုင်းမှု၊ ပြုပြင်ပြောင်းလဲမှုတွေကိုလုပ်ဖို့ တွန်းအားပေးမှု လုပ်မယ်ဆိုတဲ့အနေအထားမျိုးပဲ လုပ်မယ်လို့ ကျနော် သုံးသပ်မိပါတယ်။”
အမေရိကန် လူ့အခွင့်အရေးအဖွဲ့တွေကတော့ မြန်မာနိုင်ငံမှာ ဆက်လက် ဖမ်းဆီးမှုတွေ ရှိနေတာနဲ့ ဆက်ဖြစ်နေတဲ့ ပဋိပက္ခတွေ အပါအ၀င် တိုင်းရင်းသား လူနည်းစုဒေသက လူအခွင့်အရေး ချိုးဖောက်မှုတွေ၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုကို တားမြစ်ချင်တာတွေနဲ့ မြန်မာစစ်တပ်နဲ့ မြောက်ကိုရီးယား စစ်ရေး ဆက်ဆံမှုတွေကို အိုဘားမား အစိုးရအဖွဲ့က စိုးရိမ်ပူပန်စရာအဖြစ် ပြောဆိုခဲ့ပါတယ်။
၂၀၁၄ ခုနှစ်မှာလည်း သတင်းထောက်၊ လယ်သမား၊ တက်ကြွလှုပ်ရှားသူ၊ လူ့အခွင့်အရေး ကာကွယ်သူတွေနဲ့ တိုင်းရင်းသား လူနည်းစုတွေကို ဆက်လက် ဖမ်းဆီးနေတာကလည်း သတိပေးချက်တခု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
အစိုးရက ထိခိုက်လွယ်တဲ့ လူနည်းစုတွေအပေါ် လူ့အခွင့်အရေး မတော်မတရား လုပ်ဆောင်တာတွေ ဆက်ရှိနေတယ်လို့ ရခိုင်၊ ကချင် ရှမ်းပြည်မြောက်ပိုင်းက အခြေအနေကို ကိုးကားပြီး ထုတ်ပြန်ချက်က ရေးပါတယ်။
ဒါ့အပြင် အစိုးရက မြောက်ကိုရီးယားသံတမန်တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားသလို စစ်ရေးလက်နက် အစီအစဉ်တွေကို မြောက်ကိုးရီးယားနဲ့ လုပ်ဆောင်နေတယ်လို့လည်း ထောက်ပြဝေဖန်ထားပါတယ်။
DVB Burmese
အောင်မြင်မှုများ မကြာမီ ပြန်လည် ပိုင်ဆိုင်လာမည်ဟု ယူနိုက်တက် ပရိသတ်များအား ဂစ်ကတိပြု
မန်ချက်စတာ ယူနိုက်တက်၏ ခမ်းနားသော အချိန် ကာလများကို ပြန်လည် ပိုင်ဆိုင်လာစေမည်ဟု အသင်း၏ ယာယီမန်နေဂျာ ရိုင်ယန်ဂစ်က ပရိသတ်များအား ကတိပြု ပြောကြားခဲ့သည်။
ဒေးဗစ်မိုယက်စ် ထုတ်ပယ်ခံရပြီးနောက် ကစားသမား/မန်နေဂျာအဖြစ် အသင်းကို ထိန်းကျောင်း ကိုင်တွယ်ပေးနေသည့် ဝါရင့် ကစားသမားကြီးသည် ၎င်း၏ ဘောလုံးသမားဘဝ နှုတ်ဆက်ပွဲစဉ်ကို ယမန်နေ့ညက အိုးလ်ထရက်ဖို့ဒ် ပရိသတ် ရှေ့မှောက်တွင် ပါဝင်ကစားသွားခဲ့သည်။ ၎င်းပွဲထုတ်ခဲ့သည့် လူငယ်ကစားသမားလေး အချို့၏ စွမ်းဆောင်ရည်ကောင်းများဖြင့် ဟူးလ်စီးတီးကို (၃-၁)ဖြင့် အနိုင်ရသည့် ပွဲစဉ်အပြီး၌ အသက်(၄၀)အရွယ် ဝေလသားကြီးက “ကျွန်တော် ပြောချင်တာက အသင်းကို ဆက်ပြီးတော့ အားပေးနေကြဖို့ ဆိုတာပါပဲ။ အနာဂတ်ကို ခင်ဗျားတို့ ရိပ်ဖမ်းသံဖမ်း မြင်ပြီးကြပြီ ဖြစ်မှာပါ။ ကျွန်တော်တို့ဟာ လူငယ်တွေကို အမြဲတမ်း အခွင့်အရေးပေးလေ့ရှိပြီး ဆွဲဆောင်မှု ပြည့်ဝတဲ့ ကစားဟန်ကို ဖော်ဆောင်နေတာ ဖြစ်ပါတယ်”ဟု ပရိသတ်များအား ပြောဆိုခဲ့သည်။
၎င်းက “မကြာခင်မှာပဲ ကောင်းမွန်ခမ်းနားတဲ့ အချိန်တွေ ပြန်ရလာပါလိမ့်မယ်။ လောလောဆယ် အခြေအနေတွေက ခက်ခဲကြမ်းတမ်းလွန်းတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့ရဲ့ ထောက်ခံ အားပေးမှုတွေကို ပြောင်းလဲ မပစ်လိုက်ပါနဲ့။ လာမယ့်နှစ်ပိုင်းတွေမှာ ကျွန်တော်တို့ဟာ ခင်ဗျားတို့ဆီကို ပိုပြီး အားကောင်းတဲ့ အောင်မြင်မှုတွေ ဆောင်ယူလာပေးမှာ ဖြစ်ပါတယ်” ဟုလည်း ကတိပြုသွားခဲ့သည်။ ၎င်းက အသင်းအတွက် ခြေစွမ်းပြခဲ့သည့် လူငယ်ကစားသမားလေးများ ဖြစ်ကြသော တွမ်လောရင့်စ်နှင့် ဂျိမ်းစ်ဝီလ်ဆင် တို့၏ ပွဲဦးထွက် လှပမှုကိုလည်း ချီးကျူးသွားခဲ့သေးသည်။
“ချာတိတ်တွေ ကွင်းထဲမှာ အကောင်းဆုံး လုပ်ပြခဲ့တဲ့အတွက် ကျွန်တော်အရမ်းကို ပီတိဖြစ်မိပါတယ်။ ဝီလ်ဆင်က ကစားသမားကောင်း တစ်ယောက်ပါ။ စိတ်လှုပ်ရှားစရာ ကစားသမားမျိုးပေါ့။ သူဟာ ကျွန်တော်တို့နဲ့ လေ့ကျင့်ခန်း အတူဆင်းဖြစ်ကတည်းက မျက်ကွယ်ပြုလို့ မရတဲ့ အခြေအနေမျိုး ဖြစ်လာတယ်။ ဒီချာတိတ်နှစ်ယောက်လုံး သူတို့အသက် (၈)နှစ်ကတည်းက အသင်းကို ရောက်နေခဲ့တာပါ။ သူတို့တွေ ခြေစွမ်းပြနေတာကို မြင်ရတာ ပျော်စရာပါပဲ”ဟုလည်း ဂစ်က မှတ်ချက်ပြုသွားခဲ့သည်။
soccermyanmar
အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရပြီးနောက် ကြိမ်ဒဏ်ပေးခံရဖွယ်ရှိသည့် အင်ဒိုအမျိုးသမီး
အင်ဒိုနီးရှား နိုင်ငံတွင် အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်း ခံရသည့် အမျိုးသမီး တစ်ဦးအား လူမှုရေး ဖောက်ပြန်မှု စွဲချက်ဖြင့် ကြိမ်ဒဏ်ချမှတ်ခြင်း ခံရမည့် အရေးနှင့် ကြုံနေကြောင်း သိရှိရသည်။ အသက်(၂၅)နှစ်အရွယ် မုဆိုးမ တစ်ဦးသည် အိမ်ထောင်သည် အမျိုးသား တစ်ဦးနှင့် ဆက်နွယ်မှု ရှိနေသည်။ သူမသည် အသက်(၄၀)အရွယ်ရှိပြီး ကလေး(၅)ဦး၏ ဖခင်နှင့်အတူ အာချေးရှိ နေအိမ်တွင် ရှိနေစဉ် စေတနာ့ဝန်ထမ်း စုဖွဲ့ထားသည့် ဥပဒေစိုးမိုးရေး အဖွဲ့တစ်ခုက အတင်းဝင်ရောက်လာခဲ့သည်။ ထို့နောက် အမျိုးသားကို ကြိုးတုပ်ပြီး ရိုက်နှက် ကန်ကျောက်ခဲ့ကြသည်။
အမျိုးသမီးမှာမူ ပြစ်ဒဏ်ပေးသည်ဆိုသော အကြောင်းပြချက်ဖြင့် အုပ်စုလိုက် မုဒိမ်းကျင့်ခြင်း ခံရပြီးနောက် ဒေသတွင်းရှိ ဘာသာရေး ရဲဌာနသို့ ပို့ဆောင်ခဲ့သည်။ အာချေးသည် အင်ဒိုနီးရှားတွင် အစ္စလာမ်မစ် ရှာရီရာ ဥပဒေကို ကျင့်သုံးသည့် တစ်ခုတည်းသော ပြည်နယ်ဖြစ်သည်။ အမျိုးသမီး၏ နေအိမ်ထဲသို့ ဝင်ရောက်လာသူများတွင် အရွယ်ရောက်ပြီး အမျိုးသား (၇)ဦးနှင့် အသက်(၁၃)နှစ်အရွယ် ယောက်ျားလေး တစ်ဦးတို့ ပါဝင်သည်။ ယင်းအဖွဲ့သည် အမျိုးသမီးကို ဝိုင်းဝန်း မုဒိမ်းကျင့်ခဲ့သော်လည်း အဓိက တိုင်ကြားသည့် ကိစ္စမှာ အမျိုးသမီး၏ လူမှုရေး ဖောက်ပြန်မှုသာ ဖြစ်နေကြောင်းလည်း သိရသည်။
“အဲဒီအတွဲကို ကျွန်တော်တို့ ကြိမ်ဒဏ်ပေးစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့နှစ်ယောက်ဟာ ဘာသာရေး သတ်မှတ်ချက်တွေကို ဖီဆန်ဖောက်ပြန်တဲ့ လိင်ဆက်ဆံမှု ရှိခဲ့တယ်လေ”ဟု အာချေးပြည်နယ်၊ လန်ဆာမြို့ရှိ ဘာသာရေး ရဲတပ်ဖွဲ့ အကြီးအကဲ အီဘရာဟင်မ် လာတစ်ဖ်က ဂျကာတာတိုင်းမ် သတင်းစာသို့ ပြောကြားခဲ့သည်။ ၎င်းကပင် ယခုဖမ်းဆီးထားသည့် အမျိုးသားနှင့် အမျိုးသမီးတို့သည် ယခင်က အကြိမ်အချို့ အတူနေခဲ့ဖူးသည်ဟု ဝန်ခံခဲ့ကြောင်းလည်း ဆိုသည်။ အမျိုးသမီး အနေဖြင့် အုပ်စုလိုက် မုဒိမ်းကျင့်ခြင်း ခံရသည့်တိုင် ယင်းအခြေအနေသည် သူမ၏ လူမှုရေး ဖောက်ပြန်မှုအတွက် ပြစ်ဒဏ်ကို သက်သာလျော့ပါးစေမည် မဟုတ်ဟုလည်း သိရသည်။ ရှာရီရာ ဥပဒေအရ အဆိုပါစုံတွဲသည် လူအများရှေ့တွင် ကြိမ်ဒဏ်(၉)ချက်စီ ရိုက်နှက်ခံရမည် ဖြစ်သည်။ ထိုအတောအတွင်း ဒေသဆိုင်ရာ အကြီးမားဆုံး အစ္စလာမ်မစ် အဖွဲ့အစည်းဖြစ်သည့် နာဟ်လာတူလ် အူလာမာ၏ အကြီးအကဲ တူနော်ကူ ဖိုင်ဆယ်လ် အလီက ဝင်ရောက်ဖမ်းဆီးသူများကိုလည်း စွဲချက်တင် အပြစ်ပေးသင့်ကြောင်း ဝေဖန်ခဲ့သည်။
အူလာမာက ထိုသူများသည် အစ္စလာမ်မစ် ဥပဒေကို မိမိတို့စိတ်ကြိုက် ပုံစံဖြင့် ပြုမူပြောင်းလဲခဲ့ကြောင်း ဆိုသည်။ “ဒီလူရမ်းကားတွေကိုလည်း အပြစ်ပေးသင့်ပါတယ်။ သူတို့ဟာ အမျိုးသမီးကို မုဒိမ်းကျင့်ခဲ့ကြတယ်။ သူတို့ရဲ့ ပြစ်ဒဏ်က ပိုပြီးတော့ ကြီးလေးသင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလုပ်ရပ်ဟာ အာချေးမှာ ရှာရီရာ ဥပဒေ ကျင့်သုံးနေတာကို ရုပ်သိမ်းရစေမယ့် လှုံ့ဆော်မှုမျိုး ဖြစ်သွားနိုင်လို့ပဲ”ဟု အူလာမာက ဝေဖန်ခဲ့သည်။ ရဲတပ်ဖွဲ့သည် လူ(၂)ဦးနှင့် ဆယ်ကျော်သက် လူငယ်တို့ကို ဖမ်းဆီးထားပြီး ကျန်(၅)ဦးကိုလည်း လာရောက်အဖမ်းခံရန် တိုက်တွန်းထားသည်။
Planet Myanmar Network
ထိုင်းနိုင်ငံရေး သောင်မတင်ရေမကျ ဖြစ်နေဦးမယ် – ဦးဇင်လင်း
ထိုင်းဖွဲ့စည်းပုံခုံရုံးက ထိုင်းနိုင်ငံဝန်ကြီးချုပ် ယင်းလပ်ကို အာဏာအလွဲသုံးမှုနဲ့ ရာထူးက ဆင်းပေးဖို့ ဆုံးဖြတ်လိုက်ပြီးတဲ့နောက် ထိုင်းနိုင်ငံရေးအခြေအနေဟာ သောင်မတင်ရေမကျ ဖြစ်နေဦးမယ်လို့  မြန်မာ့သတင်းသမဂ္ဂ အတိုင်ပင်ခံ အယ်ဒီတာ ဦးဇင်လင်းက သုံးသပ်ပြောကြား လိုက်ပါတယ်။
ထိုင်းဖွဲ့စည်းပုံခုံရုံးအဖွဲ့ဝင် တရားသူကြီး  အားလုံးက ကန့်ကွက်သူမရှိဘဲ အပြစ်ရှိကြောင်း တညီတညွတ်တည်း ဆုံးဖြတ်ခဲ့တာမို့ ဥပဒေကြောင်းအရ မှန်တယ်လို့ ပြောရမှာ ဖြစ်ကြောင်းလည်း သူက ပြောပါတယ်။ ဦးဇင်လင်းကို ဆက်သွယ်မေးမြန်းထားပါတယ်။
DVB
အသံဖိုင်နားဆင်ရန်
ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူမျိုးများကို သန်းခေါင်းစာရင်း ဆက်ကောက်မည်
ရခိုင်ပြည်နယ်မှာရှိတဲ့ ဘင်္ဂါလီလူမျိုးတွေကို လာမယ့် မေလကုန်နောက်ဆုံးထားပြီး သန်းခေါင်စာရင်း ကောက်ယူမူတွေ ဆက်လက် ဆောင်ရွက်သွားမယ်လို့ လူဝန်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားလိုက်ပါတယ်။
ဒီကနေ့ နေ့လယ်ပိုင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာကျင်းပတဲ့ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှုနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားခဲ့တာပါ။
ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်ကို လာမယ့်သောကြာနေ့မှာ သွားရောက်ဖို့ ရှိနေပြီး ဘင်္ဂါလီ လူမျိုးတွေကို သန်းခေါင်စာရင်းကောက်ဖို့ ဆွေးနွေးသွားမှာဖြစ်တဲ့အကြောင်းနဲ့ မေလကုန်ရင် လုပ်ငန်းရပ်ဆိုင်းမယ်လို့ ပြောပါတယ်။
“အခုကျနော် သောကြာနေ့မှာ ရခိုင်ပြည်နယ်ကို ထပ်ပြီးသွားပါ့မယ်။ ကျနော် မေလ နောက်ဆုံးရက်အထိ ကြိုးစားဆောင်ရွက်သွားဖို့ ရှိပါတယ်။ အဲဒီ ရက်မှာ ကောက်လို့ မရရင်တော့ ဒီလုပ်ငန်းကို ရပ်တန့်မှာ ဖြစ်ပါတယ်။ သန်းခေါင်စာရင်းရဲ့ တကယ့် အနှစ်သာရကို ကျနော် ရှင်းပြပါ့မယ်၊ အဲဒီတော့ ရိုဟင်ဂျာဆိုတာ ကျနော်တို့ နိုင်ငံမှာ လက်ခံထားတာ မရှိပါဘူး။ ဘင်္ဂါလီလို့ ပြောရမှာ ခက်တယ် ဆိုရင် ဘင်္ဂါလီက မပြောနဲ့၊ ဒီဘက်ကလည်း ရိုဟင်ဂျာလို့ မပြောနဲ့၊ လူမျိုးကို မေးရင် မဖြေတဲ့နည်းနဲ့ လက်ခံပေးမယ်ဆိုရင်လည်း ကောက်ယူမယ်လို့ ကျနော်တို့ ကြိုတင်ကြေညာပြီးတော့ ပြန်လည် ကောက်ယူသွားမှာ ဖြစ်ပါတယ်။”
မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၃၀ အတွင်း ပြန်လည်စတင်တဲ့ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမှုကို မေလ ၃၀ ရက်နေ့ကနေ ဧပြီ ၁၂ ရက်နေ့အထိ ဆောင်ရွက်ခဲ့ပေမယ့် ရခိုင်ပြည်နယ်မှာရှိနေတဲ့ ဘင်္ဂါလီလူမျိုးတွေကို သန်းခေါင်စာရင်းကောက်ခံရာမှာတော့ လုံခြုံရေးကိစ္စနဲ့ ဘင်္ဂါလီတွေက ရိုဟင်ဂျာလူမျိုး သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့တဲ့အတွက် သန်းခေါင်စာရင်း ကောက်ခံရာမှု ရပ်ဆိုင်းခဲ့တာပါ။
ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကတော့ မြန်မာနိုင်ငံမှာ ဘင်္ဂါလီလူမျိုး ၁ သန်း ၃ သိန်းလောက်ရှိပြီး ရခိုင်ပြည်နယ်ကလွဲပြီး ကျန်တဲ့ပြည်နယ်တွေကို စာရင်းကောက်ခံရာကနေ ဘင်္ဂါလီလူမျိုး ၃ သိန်းကျော် ရရှိထားတယ်လို့ ပြောပါတယ်။
“ရခိုင်ပြည်နယ်ကလွဲပြီး ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ ဘင်္ဂါလီ ၃ သိန်းကျော် ကျနော်တို့ ကောက်လို့ ရပါတယ်။ ကောက်လို့ရတယ်ဆိုတာက ရိုဟင်ဂျာလို့ မထည့်တဲ့အတွက် ကောက်လို့ရတာပါ။ ရခိုင်ပြည်နယ်မှာ ကျနော်တို့ ခရိုင် ၅ ခုရှိပါတယ်။ ခရိုင် ၂ ခုက ဘင်္ဂါလီအနေနဲ့ အကောက်ခံပါတယ်။ ခရိုင် ၃ ခုပဲ ကျန်ပါတယ်။”
မေလ ၃၀ ရက်နေ့ကနေ ဧပြီ ၁၂ ရက်အထိ ဆောင်ရွက်ခဲ့တဲ့ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုကနေ ရရှိခဲ့တဲ့ အချက်အလက်တွေကိုတော့ လာမယ့်သြဂုတ်လမှာ ထုတ်ပြန်ဖို့ရှိနေတယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။
ကချင်ပြည်နယ်မှာလည်း စစ်ပွဲကြောင့် သန်းခေါင်စာရင်းကောက်ယူဖို့ ကျန်ရှိနေတဲ့ ကျေးရွာ ၂၀ ကျော်မှာလည်း သန်းခေါင်စာရင်း ကောက်ယူဖို့ရှိနေပြီး ကေအိုင်အေ ဗဟိုကို စာပို့ထားတဲ့ကြောင်း ကချင်ပြည်နယ်အပါအ၀င် မြန်မာတနိုင်ငံလုံးမှာ လုံခြုံရေးအရစာရင်း မကောက်နိုင်တဲ့ ကျေးရွာပေါင်း ၉၇ ရွာလောက် ရှိနေတယ်လို့ ၀န်ကြီး ဦးခင်ရီက ပြောကြားခဲ့ပါတယ်။
DVB Burmese
ထိုင်းဝန်ကြီးချုပ် မစ္စယင်လတ် နေရာမှာ ယာယီ အိမ်စောင့်အစိုးရ ၀န်ကြီးချုပ်အဖြစ် Niwatthamrong Bungsongphaisan ဒီကနေ့မှာ ခန့်အပ်
ထိုင်းဝန်ကြီးချုပ် မစ္စယင်လတ် နေရာမှာ ယာယီ အိမ်စောင့်အစိုးရ ၀န်ကြီးချုပ်အဖြစ် Niwatthamrong Bungsongphaisan ဒီကနေ့မှာ ခန့်အပ်လိုက်ပါတယ်။
အာဏအလွဲသုံးစားမှု စွဲချပ်နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေခုရုံးက ကြားနာ စစ်ဆေးပြီး မစ္စ ယင်လတ် အပါအ၀င် ၀န်ကြီး ၉ ဦးကို ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်တာပါ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုရုံး ဆုံးဖြတ်ချက်အရ ယင်လတ်ဟာ နိုင်ငံရေး လုပ်ပိုင်ခွင့် ၅ နှစ် ပိတ်ပင် ခံရမှာ ဖြစ်ပါတယ်။ ယင်လတ် ဖယ်ရှားခဲ့တဲ့ မစ္စတာ Thawil ကိုလည်း မူလူ ရာထူးဖြစ်တဲ့ ထိုင်းအမျိုးသား လုံခြုံရေးဌာန အကြီးအကဲ တာဝန်ကို ပြန်လည် ပေးအပ်လိုက်ပါတယ်။
ယင်လတ်ကတော့ သူ့အစိုးရက တိုင်းပြည်ကို ရိုးရိုးဖြောင့်ဖြောင့်ပဲ အုပ်ချုပ်ခဲ့တာ ဖြစ်တယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ ယင်လတ် အစိုးရကို ဆန့်ကျင် ဆန္ဒုပြတဲ့ သူတွေကတော့ ဖွဲ့စည်းပုံ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ပါတယ်။
Photo Ref: Bangkok Post
DVB TV News
မွန်နီကာ လူဝင်စကီးက သမ္မတကလင်တန်နှင့်ပတ်သက်ခဲ့မှု ပြန်လည်ဖွင့်ဟ
တချိန်က အမေရိကန် သမ္မတ အိမ်ဖြူတော်မှာ အကူဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ မွန်နီကာ လူဝင်စကီးက အဲဒီအချိန်က သမ္မတ ဘေးလ်ကလင်တန်နဲ့ ပတ်သက်ခဲ့တဲ့ ကိစ္စကို အချိန်အတန်ကြာ ရေငုံနုတ်ပိတ်နေခဲ့ပြီးနောက် ဒီနေ့ ပြန်လည်ဖွင့်ဟပြီး ဖြစ်ခဲ့တာတွေအတွက် နောင်တရတယ်လို့ ပြောပါတယ်။
၁၉၉၀ ပြည်လွန်နှစ်တွေမှာ ဟိုးလေးတကျော် ဖြစ်ခဲ့တဲ့  မွန်နီကာ အမှုဟာ သမ္မတ ဘေးလ် ကလင်တန်ကို ရာထူးကနေ ထွက်ရလု နီးနီး ဖြစ်ခဲ့ပါတယ်။
လက်ရှိအသက် ၄၀ အရွယ် မွန်နီကာက Vanity Fair magazine မှာ ဒီအချိန်ဟာ အတိတ်ကို ဖုံးကွယ်ထားရတာ အဆုံးသတ်ရမယ့် အချိန်ပဲလို့ ဖွင့်ဟပါတယ်။ ဖြစ်ခဲ့တဲ့ ဇာတ်လမ်းကို နောက်တနည်းနဲ့ အဆုံးသတ်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့လည်း ပြောပါတယ်။
သမ္မတ ကလင်တန်နဲ့ ဇာတ်လမ်းကြောင့် သူ့ဘ၀မှာ လမ်းကြောင်း ပြောင်းသွားခဲ့ရတယ်လို့လည်း ဆိုထားပါတယ်။ ဖြစ်ပြီးတဲ့နောက်မှာ ကလင်တန်ရဲ့ နေရာကို ကာကွယ်ဖို့အတွက် အသုံးချဘ၀ကို ရောက်ခဲ့ရတယ်လို့ မဂ္ဂဇင်း ၀က်ဆိုက်မှာ ဖော်ပြထားတဲ့ ဖွင့်ဟချက် တစိတ်တပိုင်း ကောက်နုတ်ချက်မှာ ဖော်ပြထားပါတယ်။
အလုပ်အကိုင်အခွင့်အလမ်း အမြောက်အမြားကို လက်လွှတ်ခဲ့ရပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံဖို့အထိ အကြိမ်ကြိမ် စဉ်းစားဖူးတယ်လို့ ဆိုထားပါတယ်။
မွန်နီကာနဲ့ အချစ်ဇာတ်လမ်းကြောင့် သမ္မတ ကလင်တန်ဟာ ၁၉၉၉ ခုနှစ်က အောက်လွှတ်တော်မှာ အယုံအကြည်မရှိ အဆိုနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။ အထက်လွှတ်တော်က လွတ်ငြိမ်းခွင့်ပေးလိုက်လို့ ကလင်တန်ဟာ ဒုတိယသက်တမ်း ဆုံးတဲ့ ၂၀၀၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ဟိုးလေးတကျော် ဖြစ်ပြီးနောက်မှာ မွန်နီကာဟာ လူမြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့ပါတယ်။ အဲဒီနောက် လန်ဒန် စီးပွားရေးတက္ကသိုလ်မှာ လူမှုစိတ်ပညာဘာသာရပ်နဲ့ မဟာဘွဲ့ ယူခဲ့ပြီး လော့အိန်ဂျလိ၊ နယူးယော့ခ်၊ ပေါ့လန်း၊ အာရေဂွန် တို့မှာ နေထိုင်ခဲ့ပါတယ်။
အင်တာနက်ကြောင့် တကမ္ဘာလုံးပျံ့နှံ့သွားပြီး အကြီးအကျယ် အရှက်ရခဲ့တယ်လို့ မွန်နီကာက ရေးသားထားပါတယ်။  အက်ဆေး အပြည့်အစုံကို ဇွန်လထုတ်  Vanity Fair magazine မှာ  ဖော်ပြမယ်လို့ သိရပါတယ်။
 ဒီဗွီဘီ 
ဗြိတိန်ဖျော်ဖြေပွဲတွင် အငြင်းပွားစရာ အခြေအနေများ ဖန်တီးခဲ့သည့် မိုင်လီ
ယခုနှစ် သူမ၏ ကမ္ဘာလှည့် ဖျော်ဖြေပွဲ အစီအစဉ်အတွက် ဗြိတိန်မြေသို့ ဆိုက်ရောက်လာပြီး ပထမဆုံး ဖျော်ဖြေသည့် အစီအစဉ်တွင်ပင် မိုင်လီဆိုင်းရပ်စ် အနေဖြင့် အငြင်းပွားဖွယ် အခြေအနေများကို ဖန်တီးခဲ့သည်။ ဝတ်စားဆင်ယင်ပုံနှင့် အပြုအမူပိုင်းများအတွက် ဝေဖန်မှုများ ကြုံနေရသည့် အမေရိကန် Popဂီတစတား အဆိုတော်သည် လန်ဒန်မြို့၊ O2အားကစားကွင်းကြီးတွင် ပြုလုပ်သော ဖျော်ဖြေပွဲ၌ ဒေါ်လာငွေများကို သီ၍ချုပ်ထားသည့် ဖက်ရှင်မျိုး ဝတ်စုံအပြင် မျက်စိအမြင် ရှုပ်ထွေးစရာ အဝတ်အစား အမျိုးမျိုးကို လဲလှယ်ဝတ်ဆင်သွားသည်။
ထို့အပြင် သီဆိုဖျော်ဖြေမှု အစီအစဉ် အတောအတွင်း လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်သည့် ပွင့်လင်းဆိုးရွားသော အမူအယာမျိုး (၁၀)ကြိမ်ထက်မနည်း လုပ်ပြသွားခဲ့သည်။ အဆိုးဆုံးမှာ လိင်တူချင်း ချစ်ကြိုက်ရန် မိန့်ခွန်းသဘောမျိုး တိုက်တွန်းပြောဆိုသွားပြီး ပရိသတ်များကို ဆေးသုံးသည့် အလေ့အကျင့် ပြုလုပ်ရန်ပါ စည်းရုံးသွားခြင်း ဖြစ်သည်။ “ရေသောက်တယ်။ ပြီးတော့ ပရိသက်ကို လှည့်ထွေးလိုက်သေးတယ်”ဟု မျက်မြင်တစ်ဦးက ဆိုသည်။
အခြားပရိသတ် တစ်ဦးက “သူက ပရိသတ်တွေကြားမှာ လိင်တူချစ်ကြိုက်တဲ့သူတွေ ပါလာရင် အချင်းချင်း ဖက်နမ်းလိုက်ကြပါလို့ တိုက်တွန်းတယ်။ ပြီးတော့ သူတို့ပုံတွေကို ကင်မရာချိန်ပြီး Screenအကြီးကြီးပေါ်မှာ ပြပေးမယ်။ ကိုယ့်စိတ်ထဲ ရှိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်း လုပ်ပြလိုက်ပါလို့ အော်နေခဲ့တယ်”ဟုလည်း ပြောကြားခဲ့သည်။ ထို့အပြင် မိုင်လီသည် ပရိသတ်များ အနေဖြင့် အရက်များများသောက်ပြီး ဆေးပြားများများသုံးရန် မျှော်လင့်ပါသည်ဟု အော်ဟစ်သွားသေးကြောင်းလည်း သိရှိရသည်။
Planet Myanmar Network
သံဝေဂရစဖွယ် မယားကိုစွဲလန်း၍ ပြိတ္တာဘ၀ရောက်သွားရှာသူတစ်ယောက်အကြောင်း
(ကိုစည်သူထွန်း Group ထဲမှာ share ထားပေးတဲ့ သံဝေဂ ရစရာ ဇာတ်လမ်းလေးပါ…)
လွန်ခဲ့သော အနှစ်သုံးဆယ်ကျော်ကာလက ဦးချမ်းသာ၊ ဒေါ်ခင်မီတို့ဟာ ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံး ရပ်ကွက်လေးမှာ အေးအေးချမ်းချမ်းနဲ့ ပျော်ရွှင်တဲ့မိသားစု အဖြစ်သူတို့ ဆွေမျိုးအသိုင်းအ၀ိုင်းကကော ရပ်ကွက်သူ၊ရပ်ကွက်သားတွေကပါ ချစ်ခင်ကြတဲ့ လေးစားကြတဲ့ မိသားစုလေးဖြစ်ခဲ့ပါတယ်။ ဦးချမ်းသာတို့မှာ ကိုယ်ပိုင်လုပ်ငန်းစီးပွားရေးလေး နဲ့ အချမ်းသာကြီးမဟုတ်တောင် မကြောင့်မကျ မတောင့်မတ ဘ၀မျိုးနဲ့နေနိုင်ကြပါတယ်။ သူတို့မှာ သားသမီးသုံးယောက် နဲ့ ဘ၀ကိုစိုးရိမ်ကြောင့်ကျစရာမလိုပဲ ပျော်ပျော်ကြီးဖြတ်သန်းခဲ့ကြတာပါ။
ဦးချမ်းသာက လည်း နံမည်နဲ့လိုက်အောင် အလှုအတန်း၊အပေးအကမ်းရက်ရော တတ်တာကြောင့်ခြွေရံသင်းပင်းလည်း အလွန်များလှပါတယ်။ လစဉ် သီတင်းသီလစောင့်တည်ခြင်း အပြင် အခါအခွင့် သင့်တိုင်းလင်မယားနှစ်ယောက် ၀ိပသနာတရားစခန်းတွေကို လည်းမကြာခဏ အလျှင်းသင့်သလို ၀င်ပြီး တရားအားထုတ်ကြပါသေးတယ်။ ဒါပေမဲ့ ခန္တာကိုယ်ကြီးနဲ့ဖွဲ့ စည်းထားတဲ့ လူပီပီ ရောဂါဝေဒနာကိုလည်း ခံစားကြရတာ ဓမ္မတာမို့ အသက်ငါး ဆယ်ကျော်ကျော်အရွယ်လေးနဲ့ နားမကျန်းဖြစ်ပြီးဦးချမ်းသာ သေဆုံးသွားခဲ့ရရှာပါတယ်။
ဦးချမ်းသာ သေဆုံးပြီးနောက် လေး၊ငါးရက်လောက်အကြာမှာ မိမိယောက်ျား ဦးချမ်းသာ မကျွတ်မလွတ်ပဲ ပြိတ္တာဘ၀ကို ရောက်ရှိနေပြီး အိမ်မှာသာတွယ်ကပ်နေတယ်ဆိုတာကို ဒေါ်ခင်မီ ခံစားသိရှိနေခဲ့ပါတယ်။ ညဘက်အိပ်ရင်မိမိအနား တစ်စုံတစ်ယောက်ရှိနေသလိုခံစားချက် များအပြင် ဦးချမ်းသာ အသက်ရှိစဉ်က သုံးစွဲခဲ့တဲ့ရေ မွေးနံ့ကို ရရနေတတ်ပါတယ်။ ရက်လည်တရားနာရင် ကျွတ်မှာပါလေဆိုပြီး ဒေါ်ခင်မီတွေးခဲ့ပေမဲ့ ရက်လည်တရားရားနာပြီး မိမိခင်ပွန်းဦးချမ်းသာကို အထူးနံမည်ဖိတ်ခေါ် တရားနာ၊ ရေစက်ချ အမျှဝေခဲ့ပေမဲ့ ဦးချမ်းသာရဲ့ အရိပ်အရောင်တွေဟာ ဆက်ပြီး ရှိနေ ဆဲပါပဲ။ ဒါနဲ့ တစ်လပြည့်တော့ တစ်ခါ ဦးချမ်းသာအတွက်ရည်စူးပြီး တရားနာ၊ ရေစက်ချပြီး အမျှဝေပြန်ပါတယ် ။ ဒီတစ်ခါလည်း ထူးမခြားနားပါပဲတဲ့။ ဒါနဲ့ မိမိချစ်လင်အတွက် ဘ၀ကူးကောင်းစေချင်သော စေတနာနဲ့ ဒေါ်ခင်မီအားမလျှော့ပဲ နှစ်လပြည့်မှာမှာလည်း ဘုရားသားတော် သံဃာတော်အရှင်မြတ်တွေကို ပင့်ဖိတ်ပြီး တရားနာ ၊ ရေစက်ချ အမျှဝေပြန်ပါတယ်။ ကျန်ကြားရက်တွေမှာလည်း မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးအားနံနက် အာရုံဆွမ်းကပ်တိုင်း ဦးချမ်းသာအတွက် ရည်စူးပြီးနေ့စဉ် အမျှဝေဆုတောင်း ခဲ့ပေမဲ့ ဦးချမ်းသာကတော့ ဆက်ပြီးရှိနေမြဲရှိနေတုန်းပါပဲတဲ့။ ဦးချမ်းသာဆုံးပြီး သုံးလလောက်မှာတော့ ဒေါ်ခင်မီတစ်ယောက် စိတ်ပြေလက်ပျောက် အဖြစ် ရပ်ကွက်အတွင်းမှာရှိတဲ့ သူငယ်ချင်းတွေနဲ့ မြန်မာပြည်တွင်း ဘုရားဖူးဖို့လိုက်လာခဲ့ဖြစ်ပါတယ်။ ဒေါ်ခင်မီတစ်ယောက်ကတော့ ဘုရားလည်းဖူးရင်း မိမိခင်ပွန်းကိုလည်းထို ဘုရားဖူးရတဲ့ ကုသိုလ်တွေကို ရပါစေကြောင်း ဆုတောင်းပြီးအမျှဝေနေခဲ့ပါတယ်။ ထိုအချိန်က မြန်မာပြည်အလယ်ပိုင်း မကွေးတိုင်းအတွင်းမှာရှိတဲ့ မြေလတ်မြို့လေးတစ်မြို့မှာ ရှိတဲ့ ဆရာတော်ဘုရားကြီးကလည်း ပရိတ်ရွတ်ရင် ရာဝင်အိုးလောက်ရှိတဲ့ နှမ်းဆီတွေနဲ့ စဥ့်အိုးကြီးတွေအတွင်းမှ ဆီများဆူဝေကျလာတယ်ဆိုပြီး နံမည်ကျော်နေခဲ့ပါတယ်။ ထိုဆရာတော် ဘုရားကြီးရဲ့ ဂုဏ်သတင်းကလည်းတော်တော်လေးကြော်ကြား နေခဲ့ပါတယ်။ ဒါနဲ့ မြန်မာပြည်အထက်ပိုင်းရှိဘုရားများကို ဖူးအပြီးအပြန်ထိုဆရာတော်ဘုရားကြီးကိုလည်း ၀င်ရောက်ဖူးမျှော်ကြရန် စီစဉ်ခဲ့ကြပြီး အပြန်မှာ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ မိတ်ဆွေတွေအိမ်မှာ ကားကိုခဏအပ်ခဲ့ကြပြီး ဧရာဝတီမြစ်ကိုဇက်နဲ့ ဖြတ်ကာ ကူးလာကြပြီး ဆရာတော်ဘုရားကြီးဆီကို ၀င်ရောက်ဖူးမျှော်ခဲ့ကြပါတယ်။ ဆရာတော် ဘုရားကြီးဆီဝင်ရောက်ဖူးမျှော်ကြရန် ခွင့်တောင်းကြပြီး ဆရာတော်ဘုရားကြီးသတင်းသုံးရာ ကျောင်းဆောင်အပေါ်ထပ်ကို တက်ခဲ့ကြပါတယ်။
သူတို့လူအုပ် ၀င်ဝင် လာခြင်း ဆရာတော် ဘုရားကြီးမှ မျက်လွှာကို ပင့်ကြည့်ပြီး “ အော်..အော်…ဒကာကြီးတို့လာတာ…ရှစ်ယောက်တောင်မှကိုး” လို့ ပြောလိုက်ပါတယ်။ ဒေါ်ခင်မီတို့ လည်းဇဝေဇ၀ါဖြစ်သွားကြပြီး မိမိလူတွေကိုပြန်ကြည့်လိုက်ပါတယ်။ အမှန်တော့ ဒေါ်ခင်မီတို့ ဘုရားဖူးထွက်လာကြတာ ခုနှစ်ယောက်တည်းသာရှိတာပါ။ ဒါနဲ့ ဒေါ်ခင်မိတို့ထဲက အသက်နဲနဲကြီးတဲ့သူတစ်ယောက်က လက်အုပ်ချီပြီး “မှန်လှပါ…တပည့်တော်တို့..ခုနှစ်ယောက်ပါ ဘုရား” လို့ ပြန်လျှောက်တော့ ဆရာတော် ဘုရားကြီးက လှေကားထိပ်က တံခါးနားကို လှမ်းကြည့်ပြီး “ဘုန်းကြီး မြင်တာတော့………နောက်တစ်ယောက် ထပ်ပါလာပါသေးတယ်” လို့ ပြန်မိန့်ပါတယ်။ ဒီတော့မှာ ဒေါ်ခင်မီလည်း သဘောပေါက်သွားပြီး မျက်ရည်သွင်သွင် ကျလာကာ “မှန်လှပါ………..တပည့်တော်မ ယောက်ျားကိုချမ်းသာဖြစ်ပါလိမ့်မယ် ဘုရား…တပည့် တော် အမျိုးသားဟာ လွန်ခဲ့တဲ့ သုံးလလောက်က ကွယ်လွန်သွားခဲ့တာပါ..တပည့်တော် စိတ်ထင် မကျွတ်မလွတ်ပဲ တပည့်တော်နောက်ကို လိုက်လိုက်နေတယ်လို့ ထင်ပါတယ် ဘုရား” ဟု လက်အုပ်ချီကာ လျှောက်ထားပြောဆိုပါတယ်။ ဒီတော့မှ ဘုရားဖူးအဖွဲ့တွေလည်း မျက်စိပြူးကာ တစ်လမ်းလုံးနောက်က မမြင်ရတဲ့ပရ လောကသားလိုက်လာပါလား ဆိုတဲ့အသိနဲ့ ကြောက်လန့်ကုန်ကြပါတယ်တဲ့။ ဒါနဲ့ဆရာတော်ဘုရားကြီးက ဒေါ်ခင်မီကိုကြည့်ပြီး ဆက်မိန့်ပါတယ်။ “မပူပါနဲ့ ဒကာမကြီး..ဒီဒကာကြီးဟာ…ကျွတ်ချိန်တန်လို့ ..ဘုန်းကြီးဆီထိ ရောက် အောင် လိုက်လာနိုင်တာပဲ…ကဲ..ကဲ…ဒကာကြီးကို ဘုန်းကြီးမေးချင်တာရှိတယ်.. တရားလည်း ဟောချင်တယ်…ဒကာမကြီး သဘောတူလား” လို့ ပြန်မေးပါတယ်။ဒီတော့ ဒေါ်ခင်မီလည်း ၀မ်းသာအားရ နဲ့ “သဘောမတူစရာမရှိပါဘူး..ဘုရား” လို့ ပြန်လျှောက်ပါတယ်။ ဒါနဲ့ ဆရာတော် ဘုရားကြီးက တံခါးဘက်ကို လှမ်းကြည့်ကာ “ကဲ..ဒကာမောင်ချမ်းသာ…မင်းသင့်တော်တဲ့ သူတစ်ယောက်ယောက်ကတစ်ဆင့်.. စကားပြောကြတာပေါ့…မင်းအကြောင်းကို ကျန်တဲ့ သူတွေလည်းသိပြီး သံဝေဂ ယူနိုင် အောင် မင်းသင့်တော်မဲ့ စကားပြောနိုင်မဲ့တစ်ယောက်ယောက်ဆီကနေဆက်သွယ် ပြီး ပြောကြတာပေါ့” လို့ အမိန့်ရှိလိုက်ပြီး…အခန်းတွင်းမှာ ခဏတာမျှငြိမ်သက် တိတ်ဆိတ်သွားခဲ့ပါတယ်။
ဆယ်မိနစ်လောက် အချိန်လောက်ကြာမှ ဒေါ်ခင်မီရဲ့ ခန္တာကိုယ်ဟာ လှုတ်ရမ်းပြီး သိသိသာသာ တုန်ယင်လာခဲ့ပါတယ်။ ပြီးတော့မျက်ရည် ဖြိုင်ဖြိုင်ကျကာ ခေါင်းကြီးကိုအတင်း ငုံ့ပြီးထိုင်နေပါတယ်။ ဒီတော့မှ ဆရာတော်ဘုရားကြီးက ဦးချမ်းသာဝင်ရောက်ပူးကပ်နေတဲ့ ဒေါ်ခင်မီကို လှမ်းကြည့်ပြီး “ဒကာကြီး…ရဟန်း သံဃာ ကိုတွေ့တာတောင် မရှစ်ခိုးတော့ဘူးလား” လို့ မိန့်တော့မှ ဆရာတော်ကြီးကို လှမ်းကြည့်ပြီး ဦးသုံးကြိမ်ချပြီး ကန်တော့ပါတယ်။ ဆရာတော် ဘုရားကြီးက “ဒီဘ၀မှာတောင် ရဟန်းသံဃာကို ကိုးကွယ်ရမှန်းသိသေးရင် ဒကာကြီးရဲ့အတိတ်ဘ၀ကပါရမီက လည်းနဲမှာမဟုတ်ဘူး…ဘာလို့ နိမ့်ကျတဲ့ ဒီလြိုပိတ္တာ ဘုံမှာရောက်နေရတာလည်း” လို့ ဦးချမ်းသာဝင်ရောက်ပူးကပ်နေတဲ့ ဒေါ်ခင်မီဘက်ကို လှည့်ပြီးမေးပါတယ်။ ဒေါ်ခင်မီက ဘာမှ ပြန်မပြောပဲ ငြိမ်နေပါတယ်။ နောက် ဆရာတော်ဘုရားကြီးက နောက်ထပ်ပြန်ပြီး ထပ်မေးကာမှ “ တပည့်တော်..ရောဂါသည်းတော့ ..အရင်က ကျင့်ခဲ့ဘူးတဲ့ ၀ိပသနာတရားတွေကို ပြန်ဆင်ခြင်ပြီး ခန္တာကိုယ်ကို ထွက်လေ၊ ၀င်လေနဲ့ သတိကပ်နေခဲ့ပါတယ် ဘုရား။ ဒါပေမဲ့ တပည့်တော်ရဲ့ အမျိုးသမီးက တပည့်တော်ရဲ့ လက်ကိုဆုတ်ကိုင်ပြီး အားပေးစကားပြောနေတဲ့ အချိန်မှာတော့ တပည့်တော်ရဲ့စိတ်ထဲမှာ ငါတော့ငါ့မိန်းမကို ခွဲခွာရတော့မယ်ဆိုပြီး ၀မ်းနည်းစိတ်ဖြစ်လာခဲ့တဲ့ အချိန်အခိုက်လေးမှာပဲ တပည့်တော် သေဆုံးခဲ့ပါတယ် ဇနီးကို စွဲလမ်းစိတ်နဲ့ ဇနီးသည်အနားက မခွာပဲတစ်ကောက်ကောက်လိုက် နေခဲ့ပါတယ် တပည့်တော်ကို အမျှဝေတာလည်း ကြားရပါတယ်..ဒါပေမဲ့..တပည့်တော် သာဓုခေါ် လိုက်ရင် ဇနီးနဲ့ဝေးရမှာ ကြောက်လို့သာဓုမခေါ်ခဲ့တာပါ…ဘုရား” လို့ ပြန်ပြီးလျောက်ပါတယ်။
ဒါနဲ့ဆရာတော်ဘုရားကြီးက ”ငါ့တောင်ပေါ်ကို တော်ရုံတန်ရုံ လာလို့ မရဘူး ဒကာကြီးလာလို့ရတယ်ဆိုတာ ဒကာကြီးရဲ့ ကုသိုလ်ကံအဟုန်က တော်တော်ကြီးခဲ့လို့ပဲ…” လို့ပြန်မိန့် ပြီးဦးချမ်းသာကို တရားဟောပါတယ်။ ခုလိုနိမ့်ကျတဲ့ ပြိတ္တာဘုံဘ၀ကို တွယ်မက်မနေရန်နဲ့ အရင်ဘ၀ကသာ ဇနီး မောင်နှံပေမဲ့ ခုဘ၀ခြားနေလို့ ဘာမှမဆိုင်တော့ ကြောင်း ရှင်ပြပြီးတရားဟောပါတယ်။ ဒါပေမဲ့ဇနီးသည်ကို တွယ်မက်နေတဲ့ ဦးချမ်းသာ ကို တော်တော်အချိန်ယူပြီး ဟောပြောလိုက်ရပါတယ်။
တစ်နာရီကျော်ကျော်လောက် ဟောပြောတရားပြ ပြီးချိန်မှာတော့ ဦးချမ်းသာက ပြိတ္တာဘ၀ကို စွန့်လွှတ်ပြီး သာဓုခေါ် ပါမည့်အကြောင်း ဇနီးသည်ကိုဆက်ပြီး မခင်တွယ်ပဲ နောက်ကဆက်မလိုက်တော့ပါဘူး ဆိုသည့်အကြောင်း..ကတိပေးကာ ဆရာတော်ဘုရားကြီးအားဦးသုံးကြိမ်ချပြီး ဦးချမ်း သာ၏ ၀ိဥာဉ်စွဲကပ်နေသော ဒေါ်ခင်မီမှာလည်း ထိုင်နေရာမှာ ဘေးကိုတစ်စောင်းလေးဖြည်းညှင်းစွာလဲကျကာ သတိခဏမျှမေ့သွားပါတယ်။ နောက်ဆယ်မိနစ်လောက်အကြာ မှ သတိပြန်လည်လာပါတယ်။ ဒီတော့မှ ဆရာတော်ဘုရားကြီးက ဒေါ်ခင်မီကို “ဒကာမကြီး…ဒကာမကြီးခင်ပွန်းအတွက် စိတ်မပူတော့နဲ့ ..ဒီနေ့ညနေ မြို့ထဲကိုဆင်းပြီး လှုဖွယ် ပစ္စည်းတွေနဲ့ ထီး၊ သင်္ကန်း၊ ဖိနပ်တွေ သွားဝယ်ပြီး သံဃာတော်တွေကို ဒကာကြီး မောင်ချမ်းသာကို ရည်စူးပြီးလှုလိုက်ပါ။ ပြီးတော့ နံနက်အာရုံဆွမ်း ယာဂု ကိုလည်း ဒကာကြီး မောင်ချမ်းသာကိုရည်စုးပြီး ဘုရားရှင်နဲ့တစ်ကွ သံဃာတော်အရှင်မြတ်တွေကို လှုပေးပါ” လို့ပြန်မိန့်ပါတယ်။ ဒါနဲ့ ဒေါ်ခင်မီတို့ လူစုလည်း ကျောင်းကလူတွေခေါ်ပြီး လေးမိုင်လောက် ဝေးတဲ့ မြို့ထဲကို ဆင်းကာ လှုဖွယ်ပစ္စည်းတွေ ၀ယ်ကာ ထိုညက ကျောင်းမှာ ပဲ အိပ်လိုက်ကြပါတယ်။ နောက်နေ့ အာရုံဆွမ်း ယာဂုဆွမ်းကို ဘုရားကိုရည်စူးပြီးကပ်လှုကာ ဆရာတော်ဘုရားကြီးနဲ့ တစ်ကွသံဃာတော် များကိုအာရုံဆွမ်းကပ်လှုပြီး သင်္ကန်း စတဲ့ လှုဖွယ်ပစ္စည်း တွေနဲ့ ကပ်လှုပူဇော်ကာ ဦးချမ်းသာကို နံမည်တပ်၍ အမျှဝေပြီး သာဓု ခေါ်ကြပါတယ်။ ထူးဆန်းစွာပဲ သာဓု သုံးကြိမ်ခေါ်အပြီးမှာတော့ အမည်မဖော်နိုင်တဲ့ အမွှေးနံ့သင်းသင်းလေးက ကျောင်းတိုက်အပေါ်ထပ်တစ်ထပ်လုံးမွှေးနေ ခဲ့ပါတယ်။ ဆရာတော် ဘုရားကြီးက “ ဒကာကြီးတော့ ကောင်းရာဘုံဘ၀ ကိုရောက်သွားပါပြီ…ဒကာမကြီး” လို့ အမိန့်ရှိလိုက်ချိန်မှာတော့ ဒေါ်ခင်မီရဲ့ ရင်ထဲမှာ ၀မ်းသာ ၀မ်းနည်းခံစားချက်တွေနဲ့ မျက်ရည်တွေလည်လာပြီး ကိုချမ်းသာရေ နှုတ်ဆက်လိုက်ပါတယ် လို့တိုးတိုးလေးရေ ရွတ်ရင်း…………။ ကဲ….ရွာသူ ရွာသားတွေလည်း အသေမဦးခင် ဥဏ်ဦးကာ ကျွတ်တန်းဝင်နိုင်ကြပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ မှက်ချက်။ ဆရာတော်ဘုရားကြီးနှင့် ဦးချမ်းသာ ပြောသောစကားလုံးအမေးအဖြေ များတွင် အချို့အကြောင်းအရာများသည် ဆန်းကြယ်လွန်းသောကြောင့် မဖော်ပြတော့ ပဲ အကျဉ်းခြုံးကာ အတိုချုပ်ပြီးရေးလိုက်ပါသည်။ c
From: :မောင်မိုးတိမ်
ရွှေစည်းခုံဘုရားရှိ ရှေးမူလက်ရာ သွပ်ပန်းချီကားများကို ယဉ်ကျေးမှုဝန်ကြီးဟောင်း ဦးခင်အောင်မြင့်က အမျိုးသားပြတိုက်တွင်ထားရန် တောင်းယူမှုကြောင့် ပန်းချီကားအသစ်များဖြင့် အစားထိုးထားရ
ရွှေစည်းခုံဘုရားရှိ ရှေး မူလက်ရာ သွပ်ပန်းချီကားများကို ယခင် ယဉ်ကျေးမှုဝန်ကြီးဦးခင်အောင်မြင့် (ယခု အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ) လမ်းညွှန် ချက်ဖြင့် အမျိုးသားပြတိုက်(နေပြည်တော်) တွင်ထားရှိရန် တောင်းယူခဲ့သောကြောင့် ပန်းချီကားအသစ်များ အစားထိုးထားရသည် ဟု ပုဂံရွှေစည်းခုံဂေါပကအဖွဲ့မှ ပြောသည်။
''ရွှေစည်းခုံ ပန်းချီကားဖြစ်စဉ် က ဗိုလ်ချုပ်ခင်အောင်မြင့်(ယခုအမျိုးသား လွှတ်တော်ဥက္ကဋ္ဌ) ယဉ်ကျေးမှုဝန်ကြီး ဖြစ် တုန်းက ရွှေစည်းခုံပန်းချီကားဦးစောမောင် ရဲ့ကားတွေကို အမျိုးသားပြတိုက်(နေပြည် တော်)မှာပြချင်တယ်။ လွှဲပေးစေချင်တယ်။ ကျွန်တော်တို့သာမက အာနန္ဒာဘုရားက ပန်းချီကားတွေကိုလဲ လွှဲပေးပါလို့ စာထုတ် တယ်။ ကျွန်တော်တို့ ပေးလိုက်ရတယ်။ အ ကုန်မပေးဘူး။ တချို့တစ်ဝက် ၁၄ ချပ် ပေး လိုက်တယ်။ ဟောင်းလောင်းကြီး ဖြစ်နေ လို့ ပန်းချီကားအသစ်တွေ အစားထိုး ပြန် ချိတ်ပေးတာပါ။
ကမ္ဘာပေါ်မှာ ရှေးဟောင်း အမွေအနှစ်တွေ တစ်စုတစည်းတည်း ရှိတဲ့ နေရာဆိုလို့ ပုဂံပဲရှိပါတယ်။ ရှေးဟောင်း အမွေအနှစ်တွေ မရှိတော့ရင် ဘယ်ဧည့် သည်မှ ပုဂံကို လာတော့မှာမဟုတ်ပါဘူး'' ဟု ရွှေစည်းခုံဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးဝင်းမောင်မြင့်က ပြောသည်။
ပုဂံဒေသတွင် ရှေးဟောင်းလက် ရာများ မရှိတော့ပါက ပုဂံဒေသသို့ ခရီး သွားဧည်သည့်များ လာရောက်ခြင်း ရပ်ဆိုင်း သွားနိုင်သဖြင့် ပုဂံရှိ ယဉ်ကျေးမှုလက်ရာ များကို မရွှေ့ပြောင်းသင့်ကြောင်းနှင့် ရွှေ စည်းခုံဘုရားတွင် ပန်းချီကား စုစုပေါင်း ၆၉ ချပ်ရှိသည့်အနက် ပန်းချီကား ၁၄ ကား ကို ပေးလိုက်ရခြင်းဖြစ်သည်။
''ရှေးဟောင်းပစ္စည်းဆိုတာ နေ ရာမရွှေ့ရဘူး။ သူ့နေရာနဲ့သူ ထားရတယ်။ ဥပဒေအရ မရွှေ့ရဘူး။ နိုင်ငံတကာမှာလဲ လက်မှတ်ထိုးထားရတယ်။ ရွှေ့မယ် ပြောင်း မယ်ဆိုရင် အထောက်အထား ခိုင်ခိုင်လုံလုံ ရှိရမယ်။ ပုဂံက အမွေအနှစ်လက်ရာတွေ ကို ယူဆောင်တာက အာဏာရှင်ဆန် တယ်''ဟု ရှေးဟောင်းသုတေသနပညာရှင် ဒေါက်တာပြည့်ဖြိုးကျော်က ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ပုဂံဒေ သခံများဖြစ်သော ပုဂံချစ်သူအဖွဲ့မှ ကိုမင်း နိုင်အောင်က ''ကျွန်တော်တို့ ပုဂံရွှေစည်း ခုံဘုရားမှာ ရှေးပန်းချီကားတွေမရှိတော့ဘူး။ ပန်းချီကားအသစ်တွေ အစားထိုးထားတယ်။ ပန်းချီကားအဟောင်းနဲ့ အသစ်တွေကို ရော ထားပါတယ်။ အဲဒီပန်းချီကားတွေက ရှေး ပန်းချီကားတွေဖြစ်လို့ တန်ဖိုးဖြတ်လို့ မရ နိုင်ပါဘူး။ အဲလိုမျိုး မလုပ်သင့်ပါဘူး။ ဒီနေ ရာက ရှေးပစ္စည်းကို လိုသလိုနေရာရွှေ့လို့ ရနေတယ်ဆိုတာ အာဏာရှင်ဆန်သလို ဖြစ်နေပါတယ်''ဟု ပြောသည်။
ယင်းပန်းချီကားများကို ရွှေစည်း ခုံဘုရားသာမက ပုဂံအာနန္ဒာဘုရားမှ လည်းပေးရန် အစိုးရသစ်မတက်မီ အချိန် တွင် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပုဂံရှေးဟောင်း သုတေသနဦးစီးဌာနမှ ရုံးစာများ ထုတ်ပြန် ပြီး တောင်းယူခဲ့ကြောင်းနှင့် ရွှေစည်းခုံဘုရား အရှေ့ဘက်စောင်းတန်းတွင် သွပ်ပန်းချီကား ၂၈ ချပ်၊ တောင်ဘက်စောင်းတန်းတွင် ပန်း ချီကား ၁၇ ချပ်၊ ဆုတောင်းပြည့် ဘုရား အတွင်းတွင် ပန်းချီကား ၁ဝ ချပ်၊ စနေ ထောင့် အာရုံခံတိုက်အတွင်း ပန်းချီကား ၁၄ ချပ် စုစုပေါင်း ၆၉ချပ်ရှိခဲ့ကြောင်း၊ လက် ရှိအခြေအနေတွင် တောင်ဘက်စောင်းတန်း တွင် မူလပန်းချီကား ၁ဝ ကားအစား ထိုး ထားသော ကားခြောက်ကားနဲ့ လစ်လပ်နေ သော ပန်းချီကားနေရာ တစ်နေရာရှိနေ ကြောင်းသိရသည်။
Yangon Media Group
နိုင်ဂျီးရီးယား ကျောင်းသူ ၂၀၀ ကျော်ကို ကယ်တင်ရန် အမေရိကန်ကူမည်
ကျောင်းသူများကို ကယ်တင်ပေးရန် နိုင်ဂျီးရီးယားတွင် ဆန္ဒပြခဲ့ကြစဉ်
နိုင်ဂျီးရီးယားနိုင်ငံမှာ ပြန်ပေးဆွဲခံထားရတဲ့ ကျောင်းသူ ၂၀၀ ကျော်ကို ဘိုကိုဟာရမ် စစ်သွေးကြွအဖွဲ့ လက်ထဲကနေ ကယ်တင်ဖို့ ဘာမဆို အကူအညီပေးသွားမယ်လို့ အမေရိကန် သမ္မတ ဘာရတ်အိုဘားမားက အန်ဘီစီ သတင်းဌာနနဲ့ မေးမြန်းချက်မှာ ပြောကြားလိုက်ပါတယ်။
နိုင်ဂျီးရီးယားသမတ ဂွတ်လခ် ဂျွန်နသန်ကလည်း အမေရိကန်ရဲ့ အကူအညီကို ကမ်းလှမ်းတာကို လက်ခံထားတယ်လို့ ပြောပါတယ်။
“အခြေအနေဟာ အတော်ဆိုးတယ်၊ ဘိုကိုဟာရမ် အကြမ်းဖက်အဖွဲ့ဟာ နိုက်ဂျီးရီးယားမှာ အပြစ်မဲ့အရပ်သား ရာပေါင်းများစွာကို သတ်ဖြတ်နေတာ အတော်ကြာနေပြီ။ အမေရိကန်က ဘိုကို ဟာရမ်ကို ဒေသတွင်း အဆိုးဆုံး အကြမ်းဖက်အဖွဲ့အဖြစ်  သတ်မှတ်ထားတာ ကြာပြီ။”
နိုင်ဂျီရီးယားနိုင်ငံ ဘော်နို ပြည်နယ်ထဲက ချီဘွခ်ရွာမှာ ဧပြီလ ၁၄ ရက်နေ့က အထက်တန်း ကျောင်းသူတွေကို ကားနဲ့ တင်ပြီး ကင်မရွန်းနဲ့ နယ်စပ် တောဘက်ကို ခေါ်ဆောင်ပြီး ပျောက်ဆုံးနေတာ ဖြစ်တယ်။
ဘိုကိုဟာရမ် ခေါင်းဆောင်က မိန်းကလေးငယ်တွေကို ကျွန်အဖြစ် ရောင်းစားမယ်လို့ မေ ၅ ရက်နေ့က ခြိမ်းခြောက်ခဲ့ပါတယ်။
ကျောင်းသူတွေကို အမြန်ဆုံး ကယ်တင်ဖို့ နိုင်ဂျီးရီးယားနိုင်ငံမှာသာမက အမေရိကန်ပြည်ထာင်စု၊ ၀ါရှင်တန်ဒီစီ၊ နယူးယော့ခ်မြို့မှာလည်း ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။
အမေရိကန်စစ်တပ်က စစ်သားတွေ ထောက်လှမ်းရေးတွေနဲ့ ညှိနှိုင်းရေးမှူးတွေ ပါဝင်တဲ့ အဖွဲ့တဖွဲ့ကို စေလွှတ်မယ်လို့ အိမ်ဖြူတော်က မေ ၆ ရက်နေ့မှာ ကြေညာထားပါတယ်။ ယူကေ အစိုးရကလည်း အကူအညီပေးမယ်လို့ ကမ်းလှမ်းထားပါတယ်။
DVB Burmese
Finger trap online beauty trend လက်ညှိုးတိုင်း အွန်လိုင်း အလှဗေဒ
• ခုတလောခေတ်စားနေတဲ့သတင်းလေးတခုပါ။ ဆိုရှယ်မီဒီယာပေါ်မှာ တရုပ်မလေးတွေက မျက်နှာအလှကို လက်ညှိုးနဲ့ အကဲဖြတ်ကြသတဲ့။
• Finger trap test လက်ညှိုးထောင်ချောက်လို့ခေါ်တယ်။ Beauty and Ugliness Identification Method
ခြင်ဆေးခွေ တစ်ခွေက ဆေးလိပ် အလိပ်တစ်ရာ သောက်သည့် ဆိုးကျိုးနှင့် ညီမျှပါတယ်
ခြင်ဆေးခွေ တစ်ခွေက ဆေးလိပ် အလိပ်တစ်ရာ သောက်တာနှင့် ညီမျှပါတယ်
တကယ်အရေး ကြီးပါတယ်။ သိလည်း သိသင့်တဲ့ အရာတစ်ခုပါ။ အဲဒါကတော့ ခြင်ဆေးခွေ တစ်ခွေက ဆေးလိပ် အလိပ်တစ်ရာ သောက်တာနှင့် ညီမျှတယ်ဆိုတာပဲ ဖြစ်ပါတယ်။
ခြင်ဆေးခွေ အခွေတစ်ရာ၏ အနံ့ကို ခံရသူတွေတိုင်းဟာ ကင်ဆာဖြစ်ဖို့ အတော်လေး အာသန်နေပါပြီ။ ဒါကြောင့် ခြင်ဆင်ခွေ အသုံးပြုခြင်းကို ရှောင်နိုင်ရန်
ဗဟုသုတ ရရှိစေရန် ရေးသားလိုက်ရပါတယ်။
အခြားသူများကို Share လုပ်၍ ပြန်လည် မျှဝေလိုက်ပါနော်။
ကျော်လင်းနိုင် (ကျန်းမာရေးနှင့် အလှအပ သတင်းများ )
စကားများရန်ဖြစ်ခဲ့သည်ကိုမကျေမနပ်ဖြစ်ပြီး အစ်ကိုဖြစ်သူမှ ၀ါးလုံးပိုင်းဖြင့် ရိုက်နှက်ခဲ့၍ ညီဖြစ်သူ သေဆုံး
ရန်ကုန်၊ မေ ၇
၆.၅.၂၀၁၄ ရက်နေ့ ၀၆၄၅ အချိန်ခန့်တွင် ထန်းတပင်မြို့နယ်၊
ဝါးတရာကျေးရွာနေ ဦးကျော်ငွေမှ ၎င်းသည် နေအိမ်တွင်ရှိနေစဉ် တစ်ရွာတည်းနေ သားကြီးဖြစ်သူ စန်းမောင်မှာ ရောက်ရှိလာပြီး
နေအိမ်ပေါ်သို့ နောက်ဖေးပေါက်မှတက်သွားကာ အိမ်ပေါ်တွင်
ထိုင်နေသူ အတူနေသားငယ်ဖြစ်သူ ၀င်းရွှေ၏ ရင်ဘတ်ကို ၀ါးလုံးပိုင်းဖြင့်(၁)ချက်ရိုက်နှက်ခဲ့ကြောင်း၊ ပြီးနောက်စန်းမောင်
မှာ နေအိမ်ပေါ်မှဆင်းသွားပြီး လမ်းမပေါ်မှနေ၍ ၀င်းရွှေအား စိန်ခေါ်နေခဲ့ကြောင်း၊ ၀င်းရွှေမှာရိုက်နှက်ခံခဲ့ရသဖြင့် ၀ဲဘက်
ရင်အုံ၌ ဖူးရောင်ဒဏ်ရာရရှိကာ သတိမရဖြစ်နေပြီးနောက်
သေဆုံးသွားခဲ့ကြောင်း၊ သားဖြစ်သူများဖြစ်ကြသည့် စန်းမောင်နှင့်
ဝင်းရွှေတို့မှာ ၅.၅.၂၀၁၄ ရက်နေ့က နေအိမ်ရှေ့လမ်းမပေါ်တွင် အရက်မူးကာစကားများကြစဉ် ၀င်းရွှေမှ စန်းမောင်အားလက်သီးဖြင့်
ထိုးခဲ့သည့်ကိစ္စအပေါ် စန်းမောင်မှမကျေနပ်ဖြစ်ကာ ယခုကဲ့သို့
ကျူးလွန်ခြင်းဖြစ်ကြောင်းနှင့် စန်းမောင်အား အရေးယူပေးပါရန် တိုင်တန်းလာခဲ့ပါသည်။
တိုင်တန်းချက်အရ တက်သစ်နယ်မြေရဲစခန်း (ပ)၇၀/၂၀၁၄၊
ပြစ်မှုပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်ကာ စန်းမောင်၊ (၄၀)နှစ်၊
(ဘ)ဦးကျော်ငွေအားဖမ်းဆီးပြီး အရေးယူဆောင်ရွက်လျက်
ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police 
ကြောက်မက်ဖွယ်ရာ မီးလေပွေ ဖြစ်ပေါ်မှုကို အမိအရဓာတ်ပုံရိုက်ကူးနိုင်ခဲ့
လယ်သမားတစ်ယောက်ဟာ သူရဲ့လယ်ယာမြေကို မီးရှို့ နေတုန်း လေပွေတစ်ခု တိုက်ခတ်ပြီး အခုလို မီးလေဆင်နှာမောင်း တစ်ခုအဖြစ် အသွင်ပြောင်းသွားခဲ့တာပါ။
“ သူ့ အသံနဲ့ အပူချိန်က အရမ်းပြင်းထန်ပြီး ကြောက်ဖို့ ကောင်းပါတယ်။ ဒါက အချိန်တော်တော်ကြာရှိနေမယ် ထင်ပေမယ့် မိနစ်အနည်းငယ်ပဲကြာပြီး ပျောက်ကွယ်သွားခဲ့တာပါ”
ဒီပုံကို The Weather Channel အစီအစဉ်က သူ့ ရဲ့ Facebook စာမျက်နှာမှာ ပြန်လည်ဖော်ပြခဲ့ပြီး ဒီအပတ်အတွင်း အမေရိကန်ပြည်ထောင်စုမှာ အပူချိန် စံချိန်တင်မြင့်တက်လာမှုနဲ့ ဒီလို မီးလေဆင်နှာမောင်း တွေရဲ့ ရန်ကလည်း မေ့မထားသင့်တဲ့အကြောင့် ဖော်ပြခဲ့ပါတယ်။
မီးလေပွေတွေဖြစ်ပေါ်လာပုံအကြောင်း ရှင်းလင်းပြထားတဲ့ စာမျက်နှာတစ်ခုဆီလည်း The Weather Channel က လမ်းညွှန်ပေးခဲ့ပါတယ်။
အရမ်းပြင်းထန်တဲ့ တောမီးလောင်ကျွမ်းမှု အရှိန်မြင့်လာရကနေ အခုလို အရှိန်နဲ့ လည်ပတ်နေတဲ့ လေပွေတွေ ကို ဖြစ်ပေါ်စေပါတယ်။ လေရဲ့ လည်ပတ်မှုအရှိန်က တစ်စုတစ်စည်းတည်း မီးလျှံရှိရာကို တိုးဝင်ပြီး မီးညွန့်  တွေကို အပေါ်တက်စေကာ အခုလို မီးလေပွေတွေကို ဖြစ်ပေါ်စေပါတယ် ဆိုတဲ့ အကြောင်းကို မိုးလေ၀သပညာရှင် Jon Erdman က ရှင်းလင်းပြခဲ့ပါတယ်။
ဒီမီးလေပွေတွေဟာ အရမ်းကျဉ်းမြောင်းပေမယ့် အမြင့်ပေ ၁၀၀ လောက်အထိ မြင့်တက်ပြီး အန္တရာယ်ရှိနိုင်ကြောင်း သတိပေးထားပါတယ်။
Ref: huffingtonpost.com
Trend Myanmar
ငွေကျပ် (၁၈၄၂)သိန်းခန့် တန်ဖိုးရှိ လက်ဝတ်ရတနာများနှင့် ငွေများ ခိုးယူခံရသည့်အမှုအား ဖော်ထုတ် ဖမ်းဆီးရမိ
ရန်ကုန်၊ မေ ၇
၂၆.၃.၂၀၁၄ရက်နေ့ ၂၄၀၀အချိန်ခန့်တွင် စမ်းချောင်းမြို့နယ်နေ
ရတနာကုန်သည် ဒေါ်နွယ်နွယ်ဦးသည် နေအိမ်အပေါ်ထပ်တွင် ရတနာပစ္စည်းများကိုစစ်ဆေးပြီး
ပါရာစီတမောလ် နဲ့ ပက်ပစီ ( ဖတ်ဖြစ်အောင်ဖတ်ပါ )
အားလုံးသိအောင်ဖော်ပြပေးလိုက်ပါတယ်။အားလုံးသတိထားနိုင်အောင်
လို့ ပါ။
ကိုကာကိုလာ-ပက်စီ-ကုတ် တွေအကြောင်းကိုလူတိုင်းနှီးပါးသိပြီးကြမယ်လို့ထင်ပါတယ်။
မသိသေးတဲ့သူတွေအတွက်ကတော့သတင်းထူးပါဘဲဗျာ-
ဒီကနေ့ ဂျစ်တူးအကိုရဲ့ သူငယ်ချင်းတစ်ယောက် စင်္ကာပူကိုရောက်လာခဲ့ ပါတယ်။အပျော်ထွက်-ဈေးဝယ်လာ တာတော့မဟုတ်ပါဘူး။
သူမရဲ့ ချစ်ဆုံးယောက်ျားဆုံးသွားလို့ အပူနဲ့ လာခဲ့ ရသူပါ။
လက်ထပ်ထားတာမှတစ်နှစ်တောင်မပြည့်သေးပါဘူးတဲ့ ။သူကကျောင်းဆရာမဆိုတော့ခွင့်ယူဖို့ အလုပ်ထွက်ဖို့ ဆိုတာတော်တော်ခက်လို
့ယောက်ျားရှိတဲ့နေရာမှာလည်းမလိုက်လာနိုင်။
ယောက်ျားကလည်း သူမနှင့်အတူလိုက်မနေနိုင်ဆိုတော့ မယ် တစ်ရွာမောင်တစ်မြို့ အနေဝေးနေကြတာပေါ့။
နောက်နှစ်ဆိုရင် တော့အတူတူနေလို့ ရပါပြီ။(ဒီလိုအတွေးကလေးတွေနဲ့ ဆရာမလေးတစ်ယောက်ပျော်နေခဲ့တာပေါ့)
ဒါပေမဲ့အခုတော့သူမအပျော်တွေဘယ်တွေရောက်နေကုန်ပြီမသိတော့ပါဘူး။
ဆရာမလေးယောက်ျားတစ်ယောက်မြန်မာနိုင်ငံထုတ်အကြောဖြေဆေးနဲ့ ပက်စီသောက်မိလို့ သေဆုံးသွား ပါတယ်။မနက်ဖြန်ဆိုရက်လည်နေ့ ပေါ့။
ဒီလိုသတင်းတွေကြားနေရတာတော်တော်များနေပါပြီ။
ပြီးခဲ့တဲ့သုံးပတ်လောက်ကလည်းပါတာစီတစ်မော့နဲ့ကိုကာကိုလာသောက်မိလို့ သေသွားတဲ့ မြန်မာအမျိုးသား တစ်ယောက်လည်းဆုံး ပါးသွားပါပြီ။
သူ့ခေါင်းတွေကိုက်လွန်းလို့ ပါတာစိတစ်မော့ကိုသောက်တယ် တဲ့(ဆေးရက်စွဲမကုန်သေးပါဘူး) နဲနဲကြာတော့ရင်တွေပူ လွန်းလို
့ဆိုပြီးကိုကာကိုလာသောက်လိုက်တယ်(သူ့အမျိုးသမီးကိုယ်တိုင်ရေခဲသတ္တာ
ထဲကယူပေးလိုက်တာပါ)။
ခဏနေတော့ပါးစပ်ထဲကအမြုတ်တွေထပြီးမူးလဲသွားလို
့ဆေးရုံကိုပို့လိုက်ရပါတယ် အဲဒီဆေးရုံသွားတဲ့လမ်းမှာ ဘဲအသက်ဆုံးသွားခဲ့ပါတယ်။
အရင်ဆုံးကြားရတဲ့သတင်းကတော့ ဂျစ်တူးတို့သူငယ်ချင်းအ ရင်းခေါက်ခေါက်ကိုယ်တိုင်ပါဘဲ။
ကုန်လွန်ခဲ့တဲ့သုံးလလောက်ကဖြစ်ခဲ့တာပါ။
မြန်မာနိုင်ငံထုတ်ညော်ထွက်တဲ့ဆေးတစ်မျိုးကိုသောက်ပြီးတော်တော်ကလေးကြာမှပက်စီကိုသောက်လိုက်တာ တခါတည်းအသက် ပါ ပါသွားလိုက်တာပါ။
ကြားခါစမယုံမကြည်ဖြစ်မိပါတယ်။
ဒီလောက်သန်သန်မာမာကျန်းမာရေးအထူးဂရုစိုက်တဲ့သူတစ်ယောက်သေ
တယ်ဆိုတော့ဘယ်လိုမှမယုံကြည်မိပါဘူး။တကယ်တန်းမီးခိုးငွေ့တွေ
အဖြစ်ကြုံရတော့မယုံကြည်လို့မရတော့ ပါဘူး။
နီးစပ်ရာသက်ဆိုင်ရာသူငယ်ချင်းအပေါင်းတသင်းများကိုစကားတိုး
တိုးပြောပေးပါ။
အထက်ပါအကြောင်းအရာတွေကိုပါ။မဖြစ်အောင်တားလို့ ရပါတယ်။တစ်ယောက်ကြည့်လို့ တစ်ယောက်သိ ရင်တစ်ယောက်အသက် ကိုကယ်တင်ရာရောက်ပါတယ်။
ဘလော့တွေအားလုံးကဖြစ်ဖြစ် – ပြန့်ပွားအောင်
သိသူများအောင်ဖေါ်ထုတ်ပေးကြပါ။
လူအသက်တစ်ချောင်းကယ်ကောင်းပါတယ်ဗျာ-
တစ်ယောက်အားနဲ့မရပါဘူးအများသိဖို့ အများမှာတာဝန်ရှိပါတယ်။
သင်သိတာကလေးကိုမျှဝေသိစေခြင်းဖြင့်ကုသိုလ်ယူကြပါ။
Credit: original article owner
ရိုးသလိုနဲ့ ဆန်းပြားတတ်တဲ့ ခြေစွယ်ငုပ်နာ
ခြေစွယ်ငုပ်နာဆိုတာလူတိုင်းလိုလိုနဲ့ မစိမ်းတဲ့ဝေဒနာပါ။ ဒါပေမဲ့ ဒီဝေဒနာဟာ ရိုးမလိုနဲ့ ဆန်းတတ်ပါတယ်။ သမားရိုးကျပဲဆိုပြီးပေါ့ဆထားလို့မရတဲ့ ကျန်းမာရေးပြဿနာတစ်ရပ်ပါ။ ခြေစွယ်ငုပ်နာ(Ingrown Nail) က
သမ္မတအိုဘားမား၏ သမီးများ စီးနင်းလာသည့် ယာဉ်တန်း အား နောက်ယောင်ခံသည့် ယာဉ်မောင်းအား ဖမ်းမိ
ဝါရှင်တန် မေ ၇
ယမန်နေ့က အမေရိကန် ပြည်ထောင်စု သမ္မတ ဘားရတ်အိုဘားမား၏ သမီးနှစ်ဦးကို တင်ဆောင်လာသော ယာဉ်တန်းကို ကားတစ်စင်း ကနေ နောက်ယောင်ခံလိုက်သည့်အတွက်
ရွှေဂုံတိုင်တံတားအဆင်းတွင် ပရိုဘောက်စ်ကား မီးလောင်
ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းရွှေဂုံတိုင် ခုံးကျော်တံတားအဆင်း ဟာမစ်တစ်မှတ်တိုင်အနီးတွင် Probox(ပရိုဘောက်) အမျိုးအစားခဲရောင် ကုမ္ပဏီပိုင် ကားတစ်စီး
မိုင်တိုင် ၂၆ မှာ ခြောက်တဲ့ သားအမိ သရဲ
ကျွန်တော်က လားရှိုးသားဆိုတော့ လားရှိုးသားတွေ ထုံးစံအတိုင်း ဆိုင်ကယ် ကယ်ရီ စီးဖူးတာပေါ့..။ တရုတ်ပြည် ရွှေလီ၊ ကြယ်ခေါင်ထဲက တရုတ်ဆိုင်ကယ်တွေကို မြန်မာနိုင်ငံထဲကို တရားမ၀င်တဲ့ နည်းလမ်းနဲ့ စီးကြတာပေါ့ဗျာ…၊ မြန်မာနိုင်ငံထဲကို ကျွန်တော်တို့ လားရှိုးမြို့ကနေ ဖြတ်ပြီး တစ်နိုင်ငံလုံးကို ဖြန့်တယ်..။ ဆိုင်ကယ် ကယ်ရီ မစီးဖူးရင် လားရှိုးသား မစစ်ဘူးလို့တောင် ဆိုရမလားပဲ..။ တစ်ချို့က ကျတော့ ငွေရဖို့အတွက်စီးတယ်..။ တစ်ချို့က သူငယ်ချင်းအပေါင်းအပေါ်နဲ့ အပျော်အဖြစ် စီးကြတယ်..။ ကျွန်တော် တစ်ခါက တရုတ်ပြည်နယ်စပ်ကို လိုက်လည်ချင်တာနဲ့ပဲ ဆိုင်ကယ် ကယ်ရီ စီးဖြစ်ခဲ့တယ်..။
မနက် ၈း၀၀ နာရီလောက် သူငယ်ချင်း ၈ ယောက် ဗင်ကားတစ်စီးထဲမှာ လူကြပ်ညပ်သပ်စွာစီးပြီး မူဆယ်ကို ဆင်းခဲ့တယ်..။ ပြီးတော့ နယ်စပ်ဂိတ်မှာ ၀င်ခွင့်ကဒ်လုပ်ရတယ်..။ ၀င်နေကျလူတွေကတော့ လုပ်စရာမလိုပါဘူး..။ ကျွန်တော်က အခုမှ လိုက်လို့သာ လုပ်ရတာ..။ သိပ်မပေးရပါဘူး..။ မြန်မာငွေ တစ်ထောင့်ငါးရာလား နှစ်ထောင်လားပဲ..။ ပြီးတော့ တရုတ်နိုင်ငံရွှေလီထဲမှာ ရှိတဲ့ ဆိုင်ကယ် ကုမ္ပဏီမှာ သယ်မယ့် ဆိုင်ကယ်တွေယူပြီး သူငယ်ချင်းတွေ ဟိုတယ်မှာ အိပ်ကြတယ်..။ သူငယ်ချင်း ရှစ်ယောက်လုံး တစ်ခန်းထဲယူတယ်.. ခုတင်ဆက်ပြီး အိပ်ကြတာ..။ တရုတ် ဟိုတယ်တွေက လည်တယ်..။ ဘယ်နှစ်ယောက် အိပ်အိပ် တစ်ခန်းဈေးပဲ ယူတယ်..။ တစ်ယောက်ချင်းဆီ တွက်ကြည့်လိုက်ရင် သိပ်မကျဘူး..။ နှစ်ထောင်လားပဲ..။ အဲ့ဒီတော့ တစ်ညလုံး ဟိုလည် ဒီလည်နဲ့ ၀ယ်ချင်တာတွေ ၀ယ်ပြီး ညနက်မှ ဟိုတယ်ပြန်အိပ် မနက်စောစော ၅း၀၀ နာရီလောက် ထပြီး လားရှိုးကို ဆိုင်ကယ် တစ်ယောက် တစ်စီး စီးပြီးတော့ ပြန်ကြတယ်..။
အတိုချုံး ပြောရရင် ဟိုကွေ့ ဒီကျော် ဟိုပေးဒီပေးနဲ့ လားရှိုးကို ညနေ ၃း၀၀ နာရီလောက် ပြန်ဝင်လာတယ်..။ အမှန်ဆို ဒီလောက် မကြာဘူး..။ မိုးတွင်းဆိုတော့ ကွင်းလမ်းတွေက လမ်းချော်နေတာမို့လို့ ဒီလောက်ကြာသွားတာ… လားရှိုး ရောက်ပြီး ဆိုင်ကယ်အပ်မယ်ဆိုမှ ပြသနာတက်တယ်..။ ငွေထုတ်ပေးမယ့် ပိုင်ရှင်က မန်းလေးဆင်းသွားပြီတဲ့.. မန်းလေးကို လိုက်ခဲ့ပါတဲ့… မန်းလေးထိ စီးစရိတ်ပိုပေးပါ့မယ် ပြောတယ်…။ ကျွန်တော်က မလိုက်ချင်တော့ဘူး.. လူလည်း ပင်ပန်းနေပြီ.. ဒါပေမယ့် ကျွန်တော်မလိုက်ရင်လည်း ဒီဆိုင်ကယ်ကို ဘယ်သူက မောင်းသွားမှာလဲ…။ သူငယ်ချင်းတွေကလည်း ဆက်စီးပေးဖို့ ၀ိုင်းပြောကြတယ်..။ ပြီးတော့ အဲ့ဒီအချိန်က မန်းလေးမှာ စွယ်တော် အပူဇော်ခံနေတဲ့အချိန်…. ဒါဆိုလည်း မန်းလေးကို စွယ်တော်ဖူးရင်း လိုက်သွားလိုက်အုံးမယ်လို့တွေးပြီး သူငယ်ချင်း ၈ ယောက် ည ၁၀း၀၀ နာရီလောက်မှာ မန်းလေး ဆက်ဆင်းကြတယ်…။ ဇာတ်လမ်းက အဲ့ဒီမှာ စတာပဲ…။
ဆိုင်ကယ် ကယ်ရီ စီးပုံက သမ္ဘာရင့် ၀ါရင့် ဆရာကြီး နှစ်ယောက်ကို ရှေ့ပိတ်နဲ့ နောက်ပိတ်ထားပြီး စီးကြတယ်..။ ရှေ့က လမ်းရှင်း မရှင်း ကြည့်ပြီး နောက်ဆုံးက ဆိုင်ကယ် ပျက်တာတို့ ဘီးပေါက်တာတို့ကို လုပ်ပေးတယ်.. ကျွန်တော်တို့က အလယ်ကပေါ့..။ ကျွန်တော်ကတော့ နောက်ဆုံး ဆိုင်ကယ်နဲ့ ကပ်လျက်မှာ စီးတယ်..။
ဒီလိုနဲ့ စီးလာလိုက်တာ မြို့တွေ တစ်မြို့ပြီး တစ်မြို့ ကျော်လာလိုက်တာ ဘယ်နေရာ ရောက်နေမှန်းတောင် မသိဘူး..။ လမ်းတစ်လျှောက်လုံး မှောင်မဲနေပြီး ရှေ့မှာ ဆိုင်ကယ်မီးကလွဲလို့ ဘာမှ မမြင်ရဘူး..။ ဆိုင်ကယ်တွေကလည်း မောင်းလာတာ အရှိန်ရတာနဲ့ မြန်လာလိုက်တာ တစ်စီးနဲ့ တစ်စီး တော်တော်လေး ကွာလာကြတယ်..။ ကျွန်တော်က ဒီလမ်းကို အခုမှ စမောင်းဖူးတာ ဆိုတော့ သိပ်မစီးရဲ ဘူး.. ဖြေးဖြေးမြန်မြန်ပဲ နောက်ဆုံး ဘိတ်အစီးနဲ့ မကွာအောင် မောင်းနေလိုက်တယ်..။ ခဏကြာတော့ ကျွန်တော့် နောက်က နောက်ပိတ် ဆိုင်ကယ် ရပ်သွားတာကို နောက်ကြည့်မှန်ထဲကနေ မြင်လိုက်ရတယ်..။ ကျွန်တော် ချက်ချင်း နောက်လှည့်ပြီး သူ့ဆီကို သွားလိုက်တယ်.. တစ်လမ်းလုံး မှောင်မဲ နေပြီး ကျွန်တော်တို့ နှစ်စီးထဲ … မှတ်မှတ်ရရ အချိန်က ည ၁း၁၅ မိနစ် တိတိ…။
“ဟရောင်…၊ ဘာဖြစ်တာလဲ…”
“မသိဘူးကွ…၊ ဆိုင်ကယ် ထိုးရပ်သွားလို့….”
“ဆီပြတ်တာလား..”
“မဟုတ်ဘူးကွာ.. ငါရှာကြည့်တာတော့ ဆိုင်ကယ်ဘာမှ မဖြစ်ဘူး.. ပလပ် လစ်သွားတာလား မသိဘူး..၊ ဒါဆိုရင်တော့ သွားပီ.. ဟိုကောင်တွေရော…”
“သွားတာ မှုန်နေတာပဲ… မြင်တောင်မမြင်တော့ဘူး…”
“ဒုက္ခပဲကွာ.. ဖုန်းလိုင်းက မရနဲ့… ဒီနေရာမှာမှ လာဖြစ်ရတယ်လို့…”
“အမ်.. ဒီနေရာက… ဘာဖြစ်လို့လဲ…”
“ဟာ… ဟိုမှာ မိုင်တိုင် ၂၆ ကြီး မင်းမမြင်ဘူးလား…”
“အောင်မလေးဗျ….”
ကျွန်တော် တစ်ကယ်ကိုလန့်သွားခဲ့သည်။ လမ်းဘေးမိုင်တိုင် အမှတ်က ၂၆ တဲ့..၊ ဘေးမှာက စေတီ တစ်ဆူတောင် ရှိသေး…၊ ပြင်ဦးလွင်က နာမည်ကြီး မိုင်တိုင်အမှတ် ၂၆ပေါ့..၊ တစ်လောက ရုပ်ရှင်ရိုက်ဖို့ ကန်တော့ပွဲ လုပ်တော့တောင် ၀င်ပူးတယ်ဆိုပဲ…. ပြီးတော့ အဲ့ဒီ အမျိုးသမီးနဲ့ ကလေးက သူတို့ကိုသတ်ပြီး ပိုက်ဆံယူသွားတဲ့ ယောက်ျားလေး နှစ်ယောက်ကို အခုချိန်ထိ ဒီနေရာကနေ စောင့်နေတယ်လို့ကြားဖူးတယ်… တွေးရင်း ကျွန်တော့် တစ်ကိုယ်လုံး ကြက်သီးမွေးသီးတွေ အလိပ်လိုက် ထလာတယ်..။
“ဟရောင်… ငါကြောက်တယ်ကွာ… ငါတို့ ဘာလုပ်ကြမလဲ အခု…”
“ဘာလုပ်ရမလဲကွ.. ဆိုင်ကယ်ကို ဆွဲရမှာပေါ့..၊ မင်းနောက်ကနေစီး..၊ ငါရှေ့ကနေ ဆိုင်ကယ်နဲ့ဆွဲမယ်…”
“ဟာ… ငါနောက်ကနေ မစီးရဲဘူး…”
“ဒါဆိုမင်းရှေ့က ဆွဲတတ်လို့လား..”
“ဟာ.. ငါမှ မဆွဲဘူးတာ…”
“ဘာမှမဖြစ်ပါဘူးကွာ.. ဒီနေရာက နာမည်သာကြီးတာ.. ငါတို့ ဖြတ်သွားဖြတ်လာ လုပ်လာတာ နှစ်ချီနေပြီ.. တစ်ခါမှ အခြောက်မခံရဖူးဘူး… စိတ်ကိုသာ တစ်ခြားနေရာပို့ထား..”
ကျွန်တော်လည်း ဘာမှမတတ်နိုင်တော့…. ဒီကောင်က ကြိုးနဲ့ သူ့ဆိုင်ကယ်ခေါင်းကို ကုန်းချီလိုက်သည်။ သူခါးကုန်းလိုက်တော့ သူ့နောက် မလှမ်းမကမ်းမှာ ရပ်နေတဲ့ သားအမိ နှစ်ယောက်ကို ကျွန်တော် ရုတ်တရက် မြင်လိုက်ရတယ်…။
“အား….၊ အောင်မလေးဗျ..… သရဲ….”
“ဟရောင်…ဘာဖြစ်နေတာလဲ…..”
“မင်း …..မင်း…. နောက်မှာ…မင်းနောက်မှာ….”
ကျွန်တော့် သူငယ်ချင်းနောက်လှည့်ကြည့်လိုက်သည်။ ဘာမှ မရှိတော့…
“ဟရောင်.. မင်း စိတ်ကို တစ်ခြားနေရာပို့ထား…၊ ဘာသရဲမှ မရှိဘူး..၊ မင်းစိတ်က မင်းကို ပြန်ခြောက်နေတာ..”
ဒီသားအမိကို ကျွန်တော် တွေ့လိုက်ရတာတော့ သေချာကျွန်တော်သိသည်။ ကျွန်တော်လည်း ဘာမှမတွေးတော့ပဲ သူ ဆိုင်ကယ် ခေါင်းကို ကြိုးချည်နေတာကို သေချာငုံ့ကြည့်နေလိုက်သည်။
“ကဲ..ပြီးပြီ…၊ မင်းဒီဆိုင်ကယ်ကို ခေါင်းထိန်းပြီး လိုက်ခဲ့ပေတော့..၊ ငါရှေ့ကနေ ဆွဲမယ်..” ပြောပြောဆိုဆို နဲ့ သူ ထပြီး ကျွန်တော့်ဖက်ကို လှည့်ကြည်လိုက်သည်။
“အောင်မလေးဗျ….” ကျွန်တော့်မျက်နှာကို မျက်လုံးပြူး မျက်ဆံပြူးကြည့်ပြီး အသားကုန် ကုန်းအော်တော့တယ်..။
“ဟရောင်… ဘာဖြစ်တာလဲ… ငါ…ငါ့ကို လန့်အောင် မလုပ်နဲ့နော်…”
“အား…. မလာနဲ့…. ငါနား မလာနဲ့….. အမလေး…သရဲ….သရဲ….” ကျွန်တော့် သူငယ်ချင်း အော်ရင်းနဲ့ ဘောင်းဘီထဲက သေးတောင် ထွက်ကျလာသည်။
ကျွန်တော် နောက်လှည့်ကြည့်သည်။ ဘာမှမတွေ့..။ ဒါဆို ဒီကောင် ဘာကိုကြည့်ပြီး ကြောက်နေတာလဲ..။
“ဟရောင် ဘာဖြစ်တာလဲလို့…. မင်းပဲ သရဲ မခြောက်ဘူးဆို…ငါ့ကို မစနဲ့တော့…”
“မလာနဲ့…. မလာနဲ့….အမေရေ…. ဂစ်…ဂစ်…ဂစ်….” ကျွန်တော့်ကို မျက်လုံးပြူး မျက်ဆံပြူးကြည့်ရင်း တက်ပါ တက်သွားသည်။ ဟာ… ဒါဆိုရင်တော့ ဒီကောင် စတာ မဟုတ်တော့ဘူး.. ငါ့မျက်နှာကို ဘာလို့ ဒီလောက်တောင် ကြောက်နေရတာလဲ..။ ကျွန်တော် ဆိုင်ကယ်ဘက်မှန်လေးကိုင်ပြီး ကျွန်တော့် မျက်နှာကို ကြည့်လိုက်သည်။ ကျွန်တော် တွေ့လိုက်ရတာက…
ဖြူဖတ်ဖြူရော်နဲ့ နဖူးမှာသွေးတွေ ပေနေတဲ့ ရုပ်ဆိုးဆိုး မိန်းမကြီးတစ်ဦး မျက်နှာ….. သူ့မျက်နှာတွေကတော့ ဒဏ်ရာ ပလတွေနဲ့ ဒါပေမယ့် သူမရဲ့ နှုတ်ခမ်းတွေကတော့ ပြုံးလို့…….။
နောက်နေ့ ကျွန်တော် သတိရလာတော့… ကားတစ်စင်းပေါ်မှာ…၊ လမ်းပေါ်မှာ လဲကျနေလို့ တွေ့တဲ့ ကားက ခေါ်တင်လာတာတဲ့..။ ဒီဖြစ်ရပ်တွေကို ကျွန်တော်တို့ ပြန်ပြောပြတော့ ယုံတဲ့သူတွေ ရှိသလို မယုံတဲ့သူတွေ လည်းရှိသည်။ ကျွန်တော်နှင့် သူငယ်ချင်းကတော့ နောက်ခါ ဆိုင်ကယ် ကယ်ရီဆိုရင် အဖြေက တစ်သံတည်း ပဲ ထွက်လာတော့သည်။
“ဟင့်အင်း….”
Credit: အောင်ထွန်းဦး
ပြောင်းဖူးခြံ အတွင်း တစ်ရက်တည်း ဗုံး နှစ်ကြိမ် ပေါက်ကွဲ တောင်သူ (၃) ဦးဒဏ်ရာ ရ
ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ် ၀မ်ဖွီးကျေးရွာအုပ်စု နှင့် စုံလောကျေးရွာအုပ်စု တို့တွင် မေလ (၄) ရက်နေ့ က ပြောင်းဖူးခြံအတွင်း ဗုံးပေါက်ကွဲ မှု (၂)ကြိမ်ဖြစ်ပွားခဲ့သည်။
ဗုံးပေါက်ကွဲ မှုသည် ၀မ်ဖွီးကျေးရွာအုပ်စု၊ ၀မ်ဖွီးကျေးရွာ SSNA (ခွဲထွက်) မိုင်းယွန်း တပ်စခန်း ဟောင်းအနီး ပြောင်းဖူး စိုက်တောင်သူ များက ပြောင်းခြံအတွင်း အလုပ်လုပ်နေစဉ် မေလ(၄)ရက်နေ့ နံနက် (၁၁)နာရီ အချိန်တွင် ဗုံးဟု ခေါ်ဆိုနိုင်သော အလုံးတစ်လုံးကို တွေ့သဖြင့် အိုက်ဂီး အသက်(၁၄)နှစ် အရွယ် ပလောင် တိုင်းရင်းသား တစ်ဦးက ဓါးဖြင့် ခုတ်လိုက်ရာ ပေါက်ကွဲသွားသဖြင့် အိုက်ဂီး မှာ ခြေသလုံးတွင် ဒဏ်ရာ ရရှိခဲ့ပါသည်။ အလားတူစွာ စုံလောကျေးရွာအုပ်စု၊ နမ့်မော်ပျဉ်ကျေးရွာ တွင်လည်း မေလ(၄)ရက်နေ့ ၊ နံနက် (၁၁း၄၀) အချိန်တွင် ပြောင်းဖူးခြံအတွင်း မြေပေါက်နေသော ပလောင်တိုင်းရင်းသူ အေးခမ်း နှင့် အေးဆီ တို့က ဗုံးဟုခေါ်ဆိုနိုင်သော အလုံးတစ်လုံးကို ပေါက်ပြားဖြင့် ပေါက်မိသဖြင့် ပေါက်ကွဲမှုဖြစ်ပွားရာ (၂)ဦးလုံး ဒဏ်ရာရရှိခဲ့ပါသည်။
အဆိုပါ ဒဏ်ရာ ရသူ (၃)ဦး အား မိုင်းကိုင်မြို့နယ်၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသမျှ များခံ ယူလျှက် ရှိပါသည်။ ဒဏ်ရာရသူ (၃)ဦး စလုံး စိုးရိမ်ဖွယ်အခြေအနေမရှိကြောင်း သိရှိရပါသည်။
MOI Webportal Myanmar
ကမ္ဘာ့နိုင်ငံပေါင်း (၂၀၀) ကျော်သို့ အွန်လိုင်းမှတစ်ဆင့် မိုဘိုင်းဖုန်းသို့ SMS ပေးပို့နိုင်မည့် Myan Talk VOIP ဝန်ဆောင်မှုသစ် စတင်
အွန်လိုင်းမှတစ်ဆင့် ဖုန်းခေါ်ဆိုနိုင်သော VOIP ဝန်ဆောင်မှုတစ်ခုဖြစ်သည့် Myan Talk ဝန်ဆောင်မှုကို စတင်လိုက်ကြောင်း သတင်းရရှိသည်။
Myan Talk မှာ မိမိခေါ်ဆိုလိုသော ကမ္ဘာ့နိုင်ငံအသီးသီးရှိ ကြိုးဖုန်းများနှင့် မိုဘိုင်းဖုန်းများသို့ ချိတ်ဆက်၍ ဖုန်းခေါ်ဆိုနိုင်ရန်အတွက် ဆောင်ရွက်ထားသော VOIP ဝန်ဆောင်မှုဖြစ်သည်။ နိုင်ငံအသီးသီးမှလည်း မြန်မာနိုင်ငံသို့ ဈေးသက်သာစွာဖြင့် အပြန်အလှန် ခေါ်ဆိုနိုင်မည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံပေါင်း ၂၀၀ ကျော်သို့ ခေါ်ဆိုနိုင်မည်ဖြစ်ကာ Myan Talk အကောင့်တွင် မှတ်ပုံတင်လုပ်ရုံဖြင့် ပထမဦးဆုံး စမ်းသပ်ခေါ်ဆိုနိုင်ရန် မြန်မာကျပ်ငွေ ၁၀၀ ကို ထည့်သွင်းပေးထားကြောင်း၊ မိမိအသုံးပြုလိုသည့် ငွေပမာဏကို ကြိုတင်ထည့်သွင်းပေးရန်သာ လိုမည်ဖြစ်ကြောင်း၊ အသုံးပြုခြင်းအတွက် လစဉ်ကြေး၊ နှစ်စဉ်ကြေးပေးစရာမလိုကြောင်း သိရသည်။ ဖုန်းခေါ်ဆိုနိုင်သည့် အကောင့်သည် သက်တမ်းလွန်ရက်စွဲ (Expire Date) ရှိမည်မဟုတ်ကြောင်း တာဝန်ရှိသူက ပြောသည်။
“အဓိကဝန်ဆောင်မှုကတော့ VOIP ဖုန်းခေါ်မှုအပြင် ထူးခြားတာက e-Commerce Website တွေအတွက် မြန်မာဖုန်းတွေနဲ့ ကမ္ဘာအနှံ့ရှိဖုန်းတွေကို တိုက်ရိုက် Mobile SMS ပို့လို့ရမှာဖြစ်ပါတယ်” ဟု Myan Talk မှ တာဝန်ရှိသူက ပြောသည်။ Myan Talk အား Windows, Android, iOS, BlackBerry, Nokia Symbian, Window Phone များမှတစ်ဆင့် ခေါ်ဆိုနိုင်မည်ဖြစ်ကြောင်း သိရသည်။ အင်တာနက်ရှိရုံဖြင့် ကွန်ပျူတာမလိုအပ်ဘဲ Myan Talk \ Internet Phone Adapter များ အသုံးပြု၍လည်း ခေါ်ဆိုနိုင်မည်ဖြစ်ကြောင်း ဆိုသည်။ မြန်မာနိုင်ငံအတွင်းရှိ GSM, WCDMA, CDMA 800MHz, CDMA 450MHz, MEC Tel ဖုန်းစသည့် ဖုန်းအမျိုးအစားအားလုံး Myan Talk အကောင့်ရှိရုံဖြင့် အွန်လိုင်း SMS ပေးပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။
ကမ္ဘာနေရာအနှံ့ရှိ မည်သည့် မိုဘိုင်းဖုန်းအမျိုးအစားကိုမဆိုလည်း Myan Talk Account ဖြင့်လည်း အွန်လိုင်း SMS ပေးပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။ Web Developer များ၊ Application Developer များအနေဖြင့်လည်း Myan Talk ကို အသုံးပြု၍ အွန်လိုင်း SMS လုပ်ဆောင်ချက်အား ထည့်သွင်းအသုံးပြုနိုင်ကြောင်း ဆိုသည်။ ခေါ်ဆိုခခန့်မှန်းနှုန်းထားများအနေဖြင့် မလေးရှားနိုင်ငံသို့ တစ်မိနစ်လျှင် ၁၁ ကျပ်၊ စင်ကာပူနိုင်ငံသို့ တစ်မိနစ်လျှင် ၈ ကျပ်၊ တရုတ်နိုင်ငံသို့ တစ်မိနစ်လျှင် ၈ ကျပ်၊ ထိုင်းနိုင်ငံသို့ တစ်မိနစ်လျှင် ၁၁ ကျပ် အစရှိသည်ဖြင့် ခေါ်ဆိုနှုန်းထား အတိအကျကို ဖော်ပြပေးထားကြောင်း တွေ့ရသည်။ Myan Talk အား Desktop, Laptop, Mobile Phone, Tablet များမှတစ်ဆင့် အလွယ်တကူ ခေါ်ဆိုနိုင်မည်ဖြစ်သည်။
အဆိုပါ ဝန်ဆောင်မှုနှင့် ပတ်သက်၍ www.myantalk.com တွင် အသေးစိတ်ဖတ်ရှုနိုင်မည်ဖြစ်သည်။ ဝန်ဆောင်မှုအသုံးပြုရာတွင် ဝက်ဘ်ဆိုက်၌ ငွေဖြည့်သွင်းလိုပါက MyanPay Online စနစ်ဖြင့် ငွေဖြည့်သွင်း၍ ရရှိနိုင်ကြောင်း သိရသည်။ Myan Talk Account User Name ကို ဖြည့်စွက်ကာ မိမိဖြည့်သွင်းလိုသော Top Up Amount ကို ရွေးချယ်အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ယင်းနောက် MyanPay Express Checkout Buttom ကို နှိပ်၍ အော်ဒါမှာယူနိုင်ပြီး MyanPay ဖြင့် အွန်လိုင်းငွေပေးချေမှုစနစ် ပြုလုပ်ကာ ငွေပေးချေရမည်ဖြစ်ကြောင်း သိရသည်။ မိမိပေးပို့လိုက်သော Payment ကို တစ်ဖက်မှ လက်ခံရရှိပြီးသည်နှင့် တစ်ပြိုင်နက် Myan Talk Account ထဲသို့ VOIP Credit များ ချက်ချင်းရရှိမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်း
Internet Journal
ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ ရှောင်ကြဉ်ရမယ့် အချက်များ
ကျန်းမာရေးအတွက် ကိုယ်လက်လေ့ကျင့်ခန်းလုပ်တယ်၊ GYM ဆော့တယ်ဆိုပါစို့။ အဲ့ဒီလို လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ ဘယ်လိုအရာမျိုးတွေ လုပ်သင့်တယ်၊ ရှောင်သင့်တယ်ဆိုတာမျိုးကို သိထားမှသာ ကိုယ်လုပ်လိုက်တဲ့ လေ့ကျင့်ခန်းရဲ့ အကျိုးသက်ရောက်မှုကို ခံစားရမှာပါ။ ဒါ့ကြောင့် လေ့ကျင့်ခန်းလုပ်ပြီးတိုင်း ဘယ်လိုအရာတွေ သတိထားရမယ်ဆိုတာ ပြောပြပေးလိုက်ပါတယ်။
၁။လေ့ကျင့်ခန်းကို အပြင်းအထန်လုပ်ပြီးချိန်မှာ တန်းပြီး ရပ်လိုက်တာမျိုးမလုပ်ပါနဲ့။
လေ့ကျင့်ခန်းလုပ်ထားတာကြောင့် မြန်နေတဲ့ နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန်ဟာ ချက်ချင်းကြီး ပြောင်းလဲသွားတာမျိုး မဖြစ်အောင် အနည်းဆုံး  အေရိုးဗစ်လေးကပြီး အဆုံးသတ်ပေးတာတို့၊ ဒါမှမဟုတ်လည်း treatmill ပေါ်မှာ လမ်းလျှောက်ပေးတာလောက် လုပ်ပြီးမှသာ လေ့ကျင့်ခန်းကို အဆုံးသတ်လိုက်ပါ။
၂။အကြောလျှော့ဖို့လည်း မမေ့ပါနဲ့။
လေ့ကျင့်ခန်းလုပ်ပြီးတိုင်း အကြောပြန်လျှော့ပါ။ မလုပ်ခင်လျှော့ထားရင်တောင် လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ အကြောပြန်လျှော့ဖို့ လိုကိုလိုပါတယ်။
၃။လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ အစားစားပေးဖို့ လိုပါတယ်။
လေ့ကျင့်ခန်းလုပ်တဲ့အခါ ချွေးမထွက်ခင် လောင်စာတစ်ခုအနေနဲ့ အစာစားဖို့ လိုတယ်ဆိုတာ အားလုံးသိထားပြီးသားပါ။ လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါမှာလည်း ကြွက်သားတွေ သာမာန်စေဖို့အတွက် ပရိုတင်းဓာတ်ပြည့်ဝတဲ့ အစာတွေ စားပေးပါ။
၎။လေ့ကျင့်ခန်းလုပ်တုန်းက ၀တ်ထားတဲ့ အင်္ကျံတွေကို လေ့ကျင့်ခန်းပြီးတာနဲ့ ချွတ်လဲပါ။
ချွေးတွေစိုနေတဲ့ အ၀တ်အစားတွေဟာ ကိုယ့်ကိုရောဂါပိုးတွေ လွယ်လွယ်ကပ်စေနိုင်တာကြောင့် လေ့ကျင့်ခန်းလုပ်ပြီးတာနဲ့ လဲပစ်လိုက်ဖို့ လိုပါတယ်။
၅။လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ ရေချိုးဖို့လိုအပ်ပါတယ်။
လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ ချွေးတွေ၊ ချွေးနံ့တွေဟာ ဘက်တီးရီးယားတွေကို ဖိတ်ခေါ်နေတဲ့အရာတွေဖြစ်တာကြောင့် ရေချိုးပစ်လိုက်တာ အကောင်းဆုံးပါပဲ။
၆။လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ သောက်စားတာမျိုးတွေ မလုပ်ပါနဲ့။
လေ့ကျင့်ခန်းတော့ လုပ်ပါရဲ့။ ပြီးတာနဲ့ ဘားတွေသွား၊ အရက်ဆိုင်ရောက်သွားတယ်ဆိုရင်တော့ ကောင်းကျိုးထက်၊ ဆိုးကျိုးကိုသာ ပိုခံစားရမယ်ဆိုတာ မမေ့ပါနဲ့။
၇။အိပ်ရေး၀၀ အိပ်ပါ။
အိပ်ချိန်ကို ဘယ်အချိန်ဆိုပြီး သတ်မှတ်အိပ်ပါ။ အိပ်ရေးမ၀တဲ့သူဟာ ခန္ဓာကိုယ်ကျန်းမာသန်စွမ်းဖို့လည်း မလွယ်ကူတာကြောင့်ပါ။
Ref:womenshealthmag.com
Trend Myanmar
လန်ဒန်ရဲ့ Wembley အားကစားကွင်းမှာ ပထမဆုံးဖျော်ဖြေရမယ့် ရပ်ပ်ပါ Eminem ဖြစ်လာ
သီဟနိုင် on 2014-05-07 11:59    
Eminemက သမိုင်းတွင်အောင် လုပ်လိုက်ပြန်ပါပြီ။ လန်ဒန်ရဲ့ Wembley အားကစားကွင်းမှာ Eminem ဟာ ပထမဆုံး ဖျော်ဖြေရမယ့် ရပ်ပ်ပါ ဖြစ်လာပါတယ်။ The Beatles, Pink Floyd နဲ့ The Rolling Stones တို့လည်း ပါဝင်သီဆိုကြမယ့် ကျော်ကြားလှတဲ့ ပွဲကြီးပါ။
ဒီရှိုးပွဲကြီးဟာ ဟစ်ပ်ဟော့ပ်အတွက် အောင်နိုင်မှုကြီးဖြစ်သလို၊ Eminem အတွက် ဧရာမ အောင်မြင်မှုကြီးလည်း ဖြစ်ပါတယ်။ ဗြိတိန် အာဏာရှင်တွေက Eminem ကို လန်းန်မှာ ဂီတပွဲအကြီးကြီး မလုပ်စေချင်ခဲ့ကြပါဘူး။ Eminemဟာ Hyde Park မှာ ဖျော်ဖြေဖို့ အစပိုင်းမှာ လျာထားခဲ့ပေမယ့် အတည်ပြုချက်တော့ မရခဲ့ပါဘူး။
“Hyde Parkမှာ ဖျော်ဖြေဖို့ ထောက်ခံချက်မရနိုင်ဘူးဆိုတာ ကျွန်တော်ကြားပါတယ်။ ပြီးတော့ ဒီနှစ်နွေရာသီ၊ လန်ဒန်မှာ ဖျော်ဖြေဖို့ကို ပိုပြီးစိတ်လှုပ်ရှားသွားတာပေါ့။ ကျွန်တော့်ကို တစ်ခုခုလုပ်စေဖို့ အလွယ်ကူဆုံး နည်းလမ်းက ကျွန်တော် မလုပ်နိုင်ဘူးလို့ ပြောခံရတာပဲ။” လို့ Eminem ကပြောပါတယ်။
ဒါပေမဲ့ Wembley အားကစားကွင်းက တခြား ရပ်ပ်ပါတွေကိုရော တံခါးဖွင့်ပေးမှာလား။ အချိန်ကပဲ ပြောပြသွားပါလိမ့်မယ်။
မေလ ၉ရက်နေ့မှာ လက်မှတ်တွေကို ရောင်းချပေးမှာဖြစ်ပြီး ဇူလိုင်လ ၁၁ရက်မှာ ဂီတပွဲကြီးကို ကျင်းပသွားမှာပါ။
Ref:theboombox.com
Trend Myanmar
သမ္မတနှင့် ၀န်မင်းများ၏ ဒီဇိုင်နာ
အေးသူစံ
အတွဲ (၁၃)၊ အမှတ်(၉)
ရှစ်ပေပတ်လည်အခန်းကျဉ်းလေးထဲက ဂျပန်ထုတ်အပ်ချုပ်စက်ပေါ်မှာ အင်္ကျီကော်လာစတစ်ကို သေသပ်စွာ ချုပ်လုပ်နေသူတစ်ဦး။ ပူပြင်းလွန်းသော ရာသီကြောင့် မျက်နှာတစ်ပြင်လုံးတွင် ချွေးသီးချွေးပေါက်တွေကအပြည့်။ သို့သော် အထည်စကို အနုပညာမြောက်စွာ ပုံဖော်နေသည့် သူ့လက်များ။ စက်နင်းနေသည့် ခြေထောက်များက စည်းချက်ညီညီ လှုပ်ရှားသက်ဝင်နေသည်။
သူကား စက်ချုပ်ဆရာ ဦးမောင်အေးပင်။ အနောက်တိုင်းဝတ်စုံနှင့် စစ်ယူနီဖောင်းများ ချုပ်ရာတွင် မြန်မာပြည်ရှိ နာမည်ကျော်စက်ချုပ်ဆရာများထဲမှ တစ်ဦးဖြစ်ပြီး နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် အစိုးရ၀န်ကြီးများအတွက် အနောက်တိုင်းဝတ်စုံများကို တာဝန်ယူချုပ်လုပ်ပေးလျက်ရှိသည်။
သမ္မတဦးသိန်းစိန်သည် ရန်ကုန်မြို့လယ်ကောင်က ဖက်ရှင်ပဲလေ့စ်အပ်ချုပ်ဆိုင်တွင် ပိတ်စနှင့် ကိုယ်တိုင်းတို့ကိုပေး၍ ပုံမှန်အပ်နှံလေ့ရှိပြီး ထိုဆိုင်က ဦးမောင်အေးလို ပညာရှင်ကို လခပေး၍ တစ်ဆင့်ပြန်လည်အပ်နှံလေ့ရှိသည်။
‘‘သမ္မတကို တစ်ခါမှ ကိုယ်တိုင်မတိုင်းဖူးဘူး။ ဒါပေမဲ့ သူ့အတွက်ချုပ်ရတာများတော့ သူ့ကိုယ်တိုင်းကို အလွတ်တောင်ရနေပြီ။ အခုနောက်ဆုံး ဂျပန်သွားတုန်းက အနောက်တိုင်းဝတ်စုံနှစ်စုံ ချုပ်ပေးထားတယ်’’ဟု သမ္မတ၏ကိုယ်တိုင်းကို နှုတ်ကအလွတ်ရွတ်ပြရင်း ဦးမောင်အေးကပြောသည်။
ဖက်ရှင်ပဲလေ့စ်က ဦးမောင်အေးထံ အပ်နှံချုပ်လုပ်စေသလို သမ္မတအား စပွန်ဆာပေးချင်သူများ လာအပ်ကြသည်များလည်းရှိသည်။
‘‘သမ္မတကိုယ်တိုင်းကို သိနေတော့ သမ္မတကို ကန်တော့ချင်တဲ့သူတွေက ချုပ်ပေးဖို့ လာအပ်တာလည်း ရှိပါတယ်’’ဟု ၎င်းကဆိုသည်။
ယခင်စစ်အစိုးရလက်ထက် ဖက်ရှင်ပဲလေ့စ်ဆိုင်တွင် လက်ခစားဝန်ထမ်းလုပ်ခဲ့စဉ် ဒုတိယဗိုလ်ချုပ်ကြီးမောင်အေး၊ ဗိုလ်ချုပ်ကြီးခင်ညွန့်၊ ဗိုလ်ချုပ်စောမောင် အပါအ၀င် စစ်ဗိုလ်ချုပ်ကြီးများအတွက် ယူနီဖောင်းဝတ်စုံများစွာ ချုပ်ပေးခဲ့ရသည်။
စစ်ဗိုလ်ချုပ်ကြီးများအတွက် ၀တ်စုံချုပ်ရာတွင် ကြုံတွေ့ခဲ့ရသည့် အမှတ်တရအဖြစ်အပျက်များကို သူကပြန်ပြောင်းပြောပြသည်။
‘‘သူတို့ PSO တွေက မှာတာပဲလုပ်။ ဘာစကားမှမပြောနဲ့ဆိုပြီး ပြောခွင့်လည်းမပေးဘူး။ ဗိုလ်ချုပ်ကြီးတွေကို ကိုယ်တိုင်းတိုင်းနေချိန်မှာ စိတ်ပူတာ၊ စိုးရိမ်တာတော့မရှိပါဘူး။ ကျွန်တော့်ပညာ ကျွန်တော်ယုံတယ်’’ဟု ယခု Right 2 အမည်ဖြင့် ကိုယ်ပိုင်အပ်ချုပ်ဆိုင်ကို အင်းစိန်ရွာမတွင် ဖွင့်လှစ်ထားသော ဦးမောင်အေးက ယုံကြည်မှုအပြည့်ဖြင့်ပြောသည်။
ထိုသို့ နိုင်ငံ့ခေါင်းဆောင်ကြီးများ၏ အ၀တ်အစားများကို ဖန်တီးချုပ်လုပ်ပေးနေသော သာကေတသား ဦးမောင်အေးမှာ ငယ်စဉ်က ဖခင်၏ လက်ငုတ်လက်ရင်းဖြစ်သော စက်ချုပ်အလုပ်ကို လုံးဝစိတ်မ၀င်စားပေ။ ကလေးသဘာဝ လည်ရင်းပတ်ရင်း ရပ်ကွက်အတွင်းရှိ မူးယစ်ဆေးဝါးရောင်းသည့်အိမ်ကို ၀င်ထွက်သွားလာမိရာမှ ဆေးခြောက်လာဝယ်သော လူမိုက်ကြီးများနှင့် ပေါင်းသင်းမိသည်။
အရွယ်နှင့်မလိုက် ဆေးခြောက်အသယ်အပို့လုပ်ခြင်းဖြင့် ငွေလေးငါးခြောက်ကျပ် လွယ်လွယ်ကူကူရသည့်ဘ၀ကို သာယာခဲ့သည်။ လွယ်လွယ်ရ၊ လွယ်လွယ်ဖြုန်းရင်းက ရန်ကုန်ခါးပိုက်နှိုက်လောကတွင်လည်း ကျင်လည်ခဲ့သည်။
၁၉၈၀ မှ ၈၈ ကာလအထိ ခါးပိုက်နှိုက်လောကတွင် ‘‘ကုလားမဟေ့’’ဆိုလျှင် မသိသူမရှိ။ ရန်ကုန်ကို ဒီလိုခါးစောင်းတင်ခဲ့သော မောင်အေးဖြစ်သည်။
ခါးပိုက်နှိုက်ဆရာတစ်ဆူဖြစ်သော်လည်း တစ်ခါမှ ခါးပိုက်နှိုက်မှုဖြင့် ထောင်မကျ။ ခိုးမှု၊ မသင်္ကာမှု၊ လူရိုက်မှုတို့ဖြင့်သာ ထောင်ကျခဲ့သည်။ ၁၉၈၈ အရေးအခင်းအပြီးတွင် ဆရာတော်ဦးဝိမာလနှင့် တွေ့ဆုံပြီးနောက် ဗုဒ္ဓ၏အဆုံးအမများ၊ တရားတော်များကို ယုံကြည်သက်ဝင်လိုက်စားလာကာ ခါးလောကကို အပြီးတိုင်စွန့်လွှတ်၍ စက်ချုပ်ဆရာဘ၀ကိုသာ ယတိပြတ်ရွေးချယ်ခဲ့သည်။
သူချုပ်ပေးလိုက်သော ၀တ်စုံများကို အကြီးအကဲများက တစ်ခါမှ Complain မတက်ခဲ့ဖူးပေ။ သို့သော် မောင်အေးထံ အပ်နေရာမှ အခြားလူကို စက်ဆိုင်ကြီးများက ပြောင်းအပ်လျှင်တော့ ပြဿနာတက်တတ်သည်ဟု ဆိုပါသည်။
‘‘စက်ဆရာပြောင်းတာနဲ့ လူကြီးတွေက ချက်ချင်းသိတယ်။ ဘောင်းဘီက ထိုင်လိုက်တာနဲ့ ဖိနပ်အပေါ်တက်လာပြီး ခြေစွပ်ပေါ်လာတာတို့၊ ထိုင်ခါနီး ဘောင်းဘီဆွဲတင်ရတာတို့ ဖြစ်တာပေါ့။
ကိုယ်ချုပ်ပေးထားတဲ့ သမ္မတတို့၊ ၀န်ကြီးဦးအုန်းမြင့်တို့၊ ဦးမြင့်လှိုင်တို့ဆို တီဗီမှာတွေ့ရင် တစ်ချိန်လုံးဂရုစိုက်ကြည့်တယ်။ ကိုယ်ချုပ်ပေးတာကို သူတို့ဝတ်ထားတာ ဘယ်နေရာလိုအပ်နေလဲ။ နောက်တစ်ခါ ဘယ်လိုပိုကောင်းအောင်ချုပ်မလဲ အမြဲလေ့လာတယ်’’
သူ့လက်ရာကို လူကြိုက်များရခြင်းက ဂျပန်နည်းဖြင့် ပိတ်စညှပ်ခြင်း(Cutting)ပိုင်း ကျွမ်းကျင်၍ ဖြစ်သည်။ Cutting ကျွမ်းကျင်သပ်ရပ်မှုကြောင့် သူချုပ်သည့် အနောက်တိုင်းဝတ်စုံများမှာ ခန္ဓာကိုယ်ပေါ်တွင် အမြဲသပ်ရပ်စမတ်ကျနေတတ်သည်။
စက်ဆရာဘ၀အမှတ်တရအဖြစ်ဆုံးက ၁၉၈၄ ခုနှစ်တွင် အင်ဒိုနီးရှားသမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ၃၆ လမ်းထိပ်က အခမီးအပ်ချုပ်ဆိုင်တွင် အနောက်တိုင်းဝတ်စုံ လာအပ်သည်။ ထိုစဉ်က မောင်အေးမှာ အခမီး၏ လက်ခစားစက်ချုပ်သမား။ ညနေမှလာအပ်သည့်ဝတ်စုံကို မနက်ဖြန်မနက် ၇ နာရီယူမည်ဆို၍ တစ်ညလုံးမအိပ်ဘဲ ချုပ်ပေးခဲ့ရသည်။
‘‘မနက်ခြောက်ခွဲမှာ အင်ဒိုသမ္မတက လာဝတ်ကြည့်တယ်။ ကြိုက်လို့ Tailor ခေါ်ပါဆိုပြီး အဲဒီတုန်းက ဒေါ်လာတစ်ရာ မုန့်ဖိုးပေးသွားတယ်။ ဒါပေမဲ့ ကျွန်တော်က လက်ခစားဆိုတော့ အဲဒီပိုက်ဆံ ဆိုင်ရှင်ပဲယူထားတယ်’’
သူချုပ်ပေးရသူထဲတွင် မင်းသားနေအောင်၊ လွင်မိုး၊ အဆိုတော်ဇော်ဝင်းထွဋ်၊ မျိုးကြီးတို့လို အနုပညာသမားများလည်း ပါဝင်သည်။
‘‘၁၉၈၄ မှာရိုက်တဲ့ မီလာရှီကာစိုင်းဗေဒါတစ်ကားလုံး နေအောင်ဝတ်တဲ့အ၀တ်အစားတွေ ကျွန်တော်ချုပ်ပေးခဲ့တာပေါ့’’ဟု ဆိုသည်။
ထိတ်ထိတ်ကြဲလူကြီးပိုင်းနှင့် နာမည်ကျော်များအတွက် ၀တ်စုံချုပ်လုပ်ပေးရသော ဦးမောင်အေးတွင် ငွေကြေးဥစ္စာပိုင်ဆိုင်မှုက သိပ်များများစားစားမရှိ၊ နာမည်ကြီးဆိုင်ကြီးတွေကဲ့သို့ ငွေသိန်းထောင်ပေါင်းများစွာ မရင်းနှီးနိုင်၍ မောင်အေးအပါအ၀င် စက်ဆရာပညာရှင်အချို့ ယခုထိဆိုင်ကြီးတွေ၏ လက်ဝေခံအလုပ်သမားအဆင့်ကနေ မတက်နိုင်သေး။
အသက်ငါးဆယ်ကျော်စအရွယ်တွင် သားသမီးတွေ လက်လွတ်သွားပြီဖြစ်၍ ဆိုင်ကြီးတွေ မျက်နှာကြည့်ပြီး ၀န်ထမ်းဘ၀ဖြင့် မကျင်လည်လိုတော့။ ထမင်းတစ်နပ်အတွက် ရှစ်ပေပတ်လည် ဆိုင်ခန်းကျဉ်းလေးငှားပြီး တစ်နိုင်တစ်ပိုင်အပ်ထည်လေးများ နားနားနေနေလက်ခံချုပ်ရင်း တစ်ဖက်က ရပ်ရေးရွာရေး၊ လူမှုရေးလုပ်သည်။ လူကောင်းဖြစ်အောင် လမ်းညွှန်ပေးသော ဗုဒ္ဓအဆုံးအမကို နာယူကျင့်ကြံအားထုတ်ပြီး ဘ၀ကို သက်သောင့်သက်သာဖြတ်သန်းရန် ရည်ရွယ်ထားသည်ဟုဆိုသည်။
‘‘ဆိုးခဲ့ဖူး၊ မိုက်ခဲ့ဖူးပြီ။ အလုပ်တွေလည်း အများကြီးလုပ်ခဲ့ဖူးပြီ။ လူငယ်တွေကို မှာချင်တာက ဆိုးတဲ့မိုက်တဲ့ဘ၀ ဘယ်တော့မှ ကောင်းကောင်းအိပ်လို့မပျော်၊ စားလို့မ၀င်ဘူး။ ကျွန်တော့်လို အသက်မွေးဝမ်းကျောင်းမတတ်လည်း သမ္မာအာဇီဝအလုပ်ကို ကြိုးစားကြည့်ကြပါ’’
7day daily