နိုဝင်ဘာလ (၂၇)ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ ၁၂၊ အမှတ် ၃၈


ဒီဇင်ဘာလ (၂)ရက်နေ့ ထုတ် The Voice Weekly Vol.9/No.47


နိုဝင်ဘာလ (၂၈)ရက်နေ့ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ - ၄၊ အမှတ် - ၁၇၃


နိုဝင်ဘာလ (၃၀)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ်သတင်းစာ၊ အတွဲ(၂)၊ အမှတ်(၃၈)


Gems of English Conversation ( 24 )


Just imagine
စိတ်ကူးကြည့်စမ်းပါ

Just to be on the safe side.
စိတ်ချရအောင်လို့ပါ

Let's go around the table.
စားပွဲဝိုင်းထိုင်ကြရအောင်

Calm down. Cool own.
စိတ်လျှော့ပါ စိတ်ထိန်း

Not to worried.
စိုးရိမ်စရာမလိုပါဘူး

Did you enjoy your meal?
စားလို့ကောင်းရဲ့လား

That's exciting .
စိတ်ဝင်စားစရာပဲ

Shopping is on my shoulder.
ဈေးဝယ်တာက ငါ့တာဝန်

Let's co-operate.
စည်းလုံးကြမယ်

Let's try.
စမ်းကြည့်ကြမယ်လေ

May I have a work.
စကားတစ်ခွန်းလောက် ပြောပါရစေ

No worth waiting.
စောင့်ရကျိုးမနပ်ဘူး

Words are not enough.
စကားနဲ့တောင်မလုံလောက်ဘူး

Don't get cross.
စိတ်မဆိုးပါနဲ့

Why don't you try it?
စမ်းကြည့်ပါလား ဟင်း

Don't be upset.
စိတ်ဓာတ်မကျပါနဲ့

Be calm.
စိတ်ကို လျှော့ပါ (စိတ်ထိန်း)

Don't be narvious.
စိတ်မလှုပ်ရှားပါနဲ့

Try it.
စမ်းကြည့်လေ

Don't feel a thing.
စိတ်မရှိပါနဲ့

Let's get started.
စ လိုက်ကြရအောင်လေ

The price is sky high.
ဈေးကကြီးလှချည်လား

Let's see.
စောင့်ကြည့်ကြသေးတာပေါ့ကွာ

Be patient.
စိတ်ရှည်ရှည်ထားစမ်းပါ

Don't get short tempered.
စိတ်မတိုပါနဲ့

Too bad.
စိတ်မကောင်းစရာပါလား

It's my fault.
စကား(ကတိ)တည်ပါတယ်နော်

May I have a word.
စကားလေးပြောပါရစေနော်

Try again.
စမ်းကြည့်အုံးလေ

Nothing to worry about it.
စိုးရိမ်စရာမလိုပါဘူး

A dream comes true.
စိတ်ကူးတာ တကယ်ဖြစ်လာတာပဲ

Have a talk.
စကားပြောကြအုံးနော်

အားလုံးကိုစေတနာထားလျှက်
မင်းမြတ်အာကာ
1.12.2013
မှတ်စုမှတ်ရာအင်္ဂလိပ်စာပညာ

ဆီးဂိမ်းစ်မတိုင်မီ မြို့ကြီး ၃မြို့တွင် Set Top Box စက်များ အခမဲ့ပေးဝေသွားမည်


ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲထားသည့် မြန်မာ့အသံနှင့် ရုပ်မြင်
သံကြားထုတ်လွှင့်မှုအစီအစဉ်များကို ဖမ်းယူနိုင်မည့် Set Top Box စက်များ
ကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များတွင် အခမဲ့ ပံ့ပိုးပေးသွားမည်
ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားထုတ်လွှင့်မှုအစီအစဉ်များကို ရိုးရိုး အင်
တာနာ ဖမ်းယူမှုမှ ဒစ်ဂျစ်တယ်စနစ်သို့ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ရက်
နေ့မှ စတင်ပြောင်းလဲခဲ့ပြီး အဆိုပါ ထုတ်လွှင့်မှုစနစ်သစ်ကို ဖမ်းယူနိုင်မည့်
စက်များကို အထက်ပါမြို့ကြီးသုံးမြို့တွင် အခမဲ့ ဖြန့်ချိသွားရန်စီစဉ်နေခြင်းဖြစ်သည်။

အဆိုပါဖြန့်ချိမည့် အစီအစဉ်ကို ဆီးဂိမ်းစ်ပြိုင်ပွဲ မကျင်းပမီ ဖြန့်ချိသွား
မည်ဖြစ်ကြောင်းသိရသည်။

ရိုးရိုးအင်တာနာစနစ်မှ နိုင်ငံတကာ အဆင့်မီ DVB-T2 စနစ်သို့ပြောင်း
လဲထုတ်လွှင့်နိုင်ရန်အတွက် ပထမအဆင့်အနေဖြင့် စက်ရုံ ၃ရုံကို ၂၀၁၂ ခုနှစ်
က စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ၊တစ်နိုင်ငံလုံးကို DVB-T2 စနစ်ထုတ်လွှင့် နိုင်ရန်အတွက် တစ်ဆင့်ပြီးတစ်ဆင့် တိုးချဲ့ဆောင်ရွက်သွား
မည်ဟုပြန်ကြားရေး ဝန်ကြီးဌာနမှသိရသည်။

ပထမအဆင့်အနေဖြင့် မြို့ကြီး၃မြို့ရှိ အိမ်ထောင်စု ၂၆၅၁၈၄ နှင့် လူမှု အဖွဲ့အစည်း ၃၉၇၆၀ ကို ဆီးဂိမ်းစ် ပြိုင်ပွဲမတိုင်မီ Set Top Box များကိုအခမဲ့ ပေးဝေသွားမည်ဖြစ်ကြောင်း ၊ယခုလို ပေးဝေရာတွင် အိမ်ထောင်စု တစ်စုအတွက် တစ်လဝင်ငွေတစ်သိန်းငါးသောင်းအောက် ရရှိသည့် အိမ်ထောင်စုများ ခံစားခွင့်ရရှိမည်ဖြစ်ကြောင်း ၊စီးပွားဖြစ်ဆောင်ရွက် နေခြင်းမဟုတ်သည့် အဖွဲ့အစည်း များ၊ ဆေးရုံ၊ ဆေးခန်း ၊စာသင်ကျောင်း၊ ဘူတာရုံ စသည့်အများပြည်သူများ
ကြည့်ရှုနိုင်မည့်နေရာများတွင် လည်းတပ်ဆင် ဆောင်ရွက်သွားရန်စီစဉ်ထားကြောင်းသိရသည်။

အေဝမ်း
TechSpace Journal

မလေးရှားရောက် မြန်မာများအတွက် အရေးပေါ် (သတိပေးချက်)


၁.၁၂.၂၀၁၃ (ညနေ ၄ နာရီ)

ယခုလက်ရှိ ၁.၁၂.၂၀၁၃ (ညနေ ၄ နာရီအချိန်မှာ) ကေအယ် မြို့ထဲလာမည့်
သူများသတိထားကြပါ။ ကိုတာရာယာ ကုန်တိုက်ဘေး (မက်ဒေါနားဆိုင် နှင့်
ကိုယ်တာရာယာဘေး လမ်းကြား) WMK 7468 ဗန်ကား ငွေရောင်ကားထိုးပြီး
ယခုဖမ်းနေတယ်။ လူတိုင်းကိုတော့ မဟုတ်ဘူး အနားကဖြတ်သွားတဲ့
သူတွေကို စစ်ပြီး အထောက်အထား မခိုင်လုံရင် ကားပေါ်ဆွဲတင်နေပါတယ်။

ဒီလို အဖမ်းခံရရင် အနည်းဆုံး ရင်းဂစ် ၅၀၀ ကနေ ၁၅၀၀ ထိတောင်းပါတယ်။
အချုပ်ထဲမှာ နီးစမ်ရာ ဆွေမျိုး သူငယ်ချင်းများမှ လိုက်ထုပ် ပေးရပါတယ်။
လာမထုပ်သူ မရှိရင်တော့ အချုပ်ထဲမှာပဲ နေရပါတယ်။
အသွားအလာ ဆင်ခြင်ကြပါ ခင်ဗျာ။

KL မြို့ထဲသွားရင် WMK 7468 ဗန်ကားငွေရောင် တွေ့ရင် မြန်မာများရှောင်ကြဉ်ရန်

ကိုတာယာရာကုန်တိုက်ရဲ့ဘေးနာက လမ်းကြားထဲ မြန်မာအလုပ်သမားများ
သွားလာသတိပြုစေချင်ပါသည်။ တရားမ၀င်တဲ့နိုင်ငံခြားသားများကို အကြောင်းပြုပြီး
အထောက်အထားမရှိတဲ့သူများနှင့် အထောက်အထား မခိုင်လုံသူတို့အား
ဖမ်းဆီးမှုပြုလုပ်ပြီးလျှင် အခကြေးငွေ ပေးလျှင် ပြန်လွှတ်ပေးသည်။

သို့ဖြစ်ပါ၍ အထောက်အထား မပြည့်စုံသူ (မခိုင်လုံသူ) များအနေဖြင့် ကေအယ်
(ကွာလာလမ်ပူ) ကားဂိတ် ၊ ရထားဂိတ် စသည့်နေရာများတွင် သွားလာပါက
ဂရုစိုက်ကြည့်ရှု၍ သတိထား သွားလာကြပါရန် အသိပေး အပ်ပါသည်။

ညအချိန် မတော် အပြင်ထွက် သွားလာခြင်းတို့ကိုလည်း တတ်နိုင်သရွေ့
ရှောင်ကြပါ။ (မလေးမှာ ရဲကြောက်ရ ၊ လူမိုက်များ ကြောက်ရ ၊ လုယက်သူများကို
ကြောက်ရနဲ့) နောက်တစ်ခုက မလေးမှာ Taxi စီးရင် ပိုပြီးဂရုစိုက်ပါ။

ဖုန်းရောင်းတာတွေ ဝယ်တာတွေ ဂရုစိုက်ပါ။ လမ်းတွေမှာ ဖုန်းတွေပြပြီး ရောင်းလျှင်
လုံးဝမဝယ်မိပါစေနဲ့ ဖုန်းအတုတွေပါ။ ဈေးပေါတယ် ဆိုပြီး မဝယ်မိပါစေနဲ့
နေ့စဉ် အလိမ်ခံရနေပါတယ်။

ကားပေါ်မှာ ဓားပြတိုက်တာတွေ မကြာခဏ ဆိုသလို မြန်မာများ ခံနေရတာ
စိတ်တော့ မကောင်းဘူး) ကိုယ်တိုင်လည်း ဘာမှ မလုပ်ပေးနိုင်ဘူး ....
ဒီတော့ မဖြစ်သင့်တာ မဖြစ်ရလေအောင် အားလုံး သတိထားကြပါ။

မလေးရောက် မြန်မာများအားလုံး သွားလေရော ဘေးရန်အန္တရာယ်များ
ကင်းဝေးပါစေလို့ ဆုတောင်းပေးပါတယ် ခင်ဗျာ ....

ကျေးဇူးတင်ပါတယ်။
နေဇော်လင်း

ဦးခင်ညွန့်သည် ရာဇဝတ်သား တရားခံ တစ်ဦး ဖြစ်သည်

 ဦးမြတ်ခိုင်ရေးတဲ့ ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွှန့်နဲ့ အင်တာဗျူး စာအုပ်မိတ်ဆက်ပွဲတွင် တွေ့ရသည့် ဦးခင်ညွှန့်၊ ဓာတ်ပုံ- ဂျေပိုင် / ဧရာဝတီ

ယခင် စစ်အစိုးရလက်ထက် နိုင်ငံရေးအကျဉ်းသားများသည် ဥပဒေချိုးဖောက်သော ရာဇဝတ်သားများ
ဖြစ်ပြီး ပြစ်မှုကျူးလွန်သူများ ဖြစ်သည်ဟု တချိန်က အများပြည်သူ ဖိန့်ဖိန့်တုန် ကြောက်ရွံ့ခဲ့ကြရသည်ထိ ရက်စက်စွာ ညှင်းဆဲခဲ့တတ်သော စစ်ထောက်လှမ်းရေးဌာန၏ အကြီးအကဲဟောင်း ဦးခင်ညွှန့်က ပြောဆို လိုက်ခြင်းသည် ကျက်သရေ တုံးလွန်းလှသည်။

ဦးခင်ညွှန့် ယင်းသို့ပြောကြားခြင်းမှာ ဦးမြတ်ခိုင်ရေးသားသော ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွှန့်နဲ့ အင်တာဗျူး စာအုပ် မိတ်ဆက်ပွဲတွင် ဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရစဉ် ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်ခံခဲ့ကြရ သည် ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများက ပြောဆိုနေခြင်းများကိုလည်း လက်မခံ ပယ်ချလိုက်သည့် အပြင် ယခင်စစ်အစိုးရလက်ထက် သူ ဦးဆောင်သော စစ်ထောက်လှမ်းရေးတပ်ဖွဲ့၏ တရားလက်မဲ့ လက်လွန်
ခြေလွန်မှုများကြောင့် အကျဉ်းထောင်အတွင်း အသက်သေဆုံးခဲ့သူများ၊ အသက်မသေသော်လည်း ဘဝပျက်ခဲ့ရသူများကို နှစ်သိမ့်တောင်းပန်ရန် ရှိ၊ မရှိ ဧရာဝတီ၏ မေးမြန်းချက်ကို “ကျနော်က ဘယ်သူ့ ကို တောင်းပန်ရမှာလဲ”ဟု ပြန်လည်တုန့်ပြန်ခဲ့သည်။

ဦးခင်ညွန့်သည် လူ့အခွင့်အရေး ချိုးဖောက်မှုများစွာ ကျူးလွန်ခဲ့သူ၊ အပြစ်မဲ့သူများကို ဖမ်းဆီးထိန်းသိမ်း ပြီး ထောင်တွင်း၌ လူမဆန်စွာ နှိပ်စက် ညှဉ်းပမ်းမှု များတွင် အဓိက တာဝန်ရှိခဲ့သူ ဖြစ်သည်။

သူ၏ ရေကြည်အိုင် စစ်ကြောရေး စခန်းမှာ နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော နှိပ်စက် ညှဉ်းပမ်းရေး စခန်း တခု ဖြစ်ခဲ့သည်။

၁၉၈၈ ခုနှစ် အရေးတော်ပုံမှ စတင်ရေလျှင် ထောင်အတွင်း နိုင်ငံရေးယုံကြည်ချက်ကြောင့် ဖမ်းဆီးခံ ရ သူ ၁၄၀ သေဆုံးခဲ့ရသည်အတွက် တာဝန်ရှိသည့်အထဲတွင် ဦးခင်ညွန့် ထိပ်ဆုံးမှ ပါသည်။

စာရေးဆရာ ဗိုလ်မှူးဟောင်း ဦးသော်က၊ ဦးတင်မောင်ဝင်း၊ ဦးမောင်ကို စသည့် ပုဂ္ဂိုလ်များ သေဆုံးခဲ့ရမှု များ ၌ သူ၏ ပရောဂ မကင်းခဲ့ပေ။ ထိုသူတို့သည် ဦးခင်ညွန့် ခေါင်းဆောင် ခဲ့သော ထောက်လှမ်းရေး အဖွဲ့၏ လူမဆန်စွာ နှိပ်စက်ညှဉ်းပမ်းမှုကြောင့် အကျဉ်းထောင်များအတွင်း ကွယ်လွန်သွားခဲ့ရသည်။

ထို့အပြင် နှိပ်စက်ညှင်းပန်းမှုများနှင့် ထောင်တွင်း၌ ကြမ်းတမ်းဆင်းရဲစွာ နေထိုင်ခဲ့ရခြင်းကြောင့် စိတ်ရော ကိုယ်ပါ နာလန်ပြန်မထူနိုင်တော့သူများ၊ မိသားစုဝင်များကိုလည်း ခြိမ်းခြောက်ခြင်း၊ စီးပွားပျက်အောင် လုပ်
ခြင်း၊ ပညာရေးအခွင့်အလမ်းများ ပိတ်ဆို့ခြင်းတို့ကိုလည်း တရားဥပဒေမဲ့ လက်လွတ်စပယ် ထင်တိုင်းကြဲ ခဲ့သေးသည်။

ယခု လက်ရှိတွင်လည်း ထောက်လှမ်းရေး အဖွဲ့၏ နှိပ်ကွပ်မှုဒဏ် မျိုးစုံ ခံစားခဲ့ရသော စိတ်ဒဏ်ရာရသူ များ၊ ဝေဒနာများဖြင့် နာလံ မထူခဲ့ရသူများ၊ အသက် သေဆုံးခဲ့ရသူများ၊ ထောင်တွင်း၌ နှစ်ပေါင်းများစွာ အချိန်ကုန်ဆုံးခဲ့ရသူများစွာမှာ မြန်မာနိုင်ငံ၏ ဒေသအသီးသီးတွင် ပုံစံ အမျိုးမျိုးဖြင့် ရှိနေကြဆဲ ဖြစ်သည်။

တိုင်းပြည်ရှေ့ရေး အကျိုးမျှော်၍ ပြန်လည်ရင်ကြားစေ့ရေး စိတ်ထားဖြင့် ခံစားခဲ့ကြရသမျှ မြိုသိပ်ထားရခြင်း ကို ဦးခင်ညွန့်က မလေးမစား စော်ကားမော်ကား ပြောဆိုလိုက်ပေပြီ။

စစ်ဝတ်စုံကို မချွတ်တမ်း ဝတ်ခဲ့ပြီး ၎င်းအာဏာရှိခဲ့သော ကာလတွင် တန်ခိုးထွားခဲ့သည့် ဗိုလ်ချုပ်ကြီး
ဟောင်း ဦးခင်ညွန့်ကို ယခုအခါ တိုက်ပုံအင်္ကျီဝတ်၍ လူထုရှေ့သို့ မျက်နှာပြောင်တိုက် ပွဲထုတ်သူကလည်း မရှား။

ထောက်လှမ်းရေး ခေါင်းဆောင်ဟောင်း ဦးခင်ညွန့် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့ပြီး
နောက် မော်နီတာ ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်က ဦးခင်ညွန့်နှင့် တွေ့ဆုံတိုင်း ပြောဖြစ်ကြသော စကားဝိုင်းပါ နိုင်ငံရေးနှင့် ရှေးဟောင်းနှောင်းဖြစ်များထဲမှ ဟိုတစ၊ ဒီတစကို ဂျာနယ်တွင် ဖော်ပြခဲ့ပြီး ယခု အခါ “ဗိုလ်ချုပ်ကြီးဟောင်း၊ ထောက်လှမ်းရေး ညွှန်ကြားရေးမှူးဟောင်း၊ နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်နှင့် အင်တာဗျူး” အမည်ရှိ စာအုပ်အဖြစ် ရိုက်နှိပ်ထုတ်ဝေကာ ရန်ကုန် ကရဝိတ်ခန်းမတွင် မိတ်ဆက်ပွဲကျင်းပရာ အာဏာရှင် ဦးနေဝင်း၏မြေး အပါအဝင် နီးစပ်သူများ တက်ရောက်ခဲ့ကြသည်။

ယင်းစာအုပ်ကို နောက်ကျောဖုံးတွင် “သမိုင်းဝင် အင်တာဗျူးများကို စုစည်းထုတ်ဝေထားခြင်း” ဟု ဖော်
ပြကြော်ငြာထားသော်လည်း အမှန်တရားများကို အရှိအရှိအတိုင်း မကွယ်မဝှက်၊ မထိန်မချန် ဖွင့်ဟခြင်း မဟုတ်ဘဲ ယခင်စစ်အစိုးရက အမှန်တရားကို ရှာဖွေဖော်ထုတ် တင်ပြနေခဲ့သော သတင်းဌာနများအား ရိုးစွပ်ခဲ့သော “မိုးလုံးပြည့် မုသာဝါဒ”ဟူသော စကားကို ဤနေရာတွင် ပြန်သုံးစွဲလျှင် အင်မတန် အံဝင် ဂွင်ကျလှသည်။

မြန်မာပြည်တွင် သမိုင်းကို အရုပ်ဆိုးစေသော လူ့အခွင့်အရေးချိုးဖောက်မှုများ အတွက် အဓိက တာဝန် ရှိသောသူတဦးဖြစ်သည့် ဦးခင်ညွန့်၏ အင်တာဗျူးမှ အဖြေစကားများသည် ဆင်သေကို ဆိတ်ရေဖြင့် ဖုံးရန် ကြိုးစားမှုသက်သက်မျှ ဖြစ်သည်။

အပြစ်ကင်းသူ တဦးကဲ့သို့ ဟန်ဆောင်၍ ပြည်သူလူထုရှေ့တွင် မျက်နှာပြောင်တိုက် လိမ်ညာတတ်သော စစ်ကောင်စီ အတွင်းရေးမှူး ၁ ခေတ်ကား သမိုင်းတွင် တခန်းရပ်ခဲ့ပြီးဖြစ်ကြောင်း ဦးခင်ညွန့် မျက်မှောက်ပြု မိပုံ မပေါ်သေး။

အသိုင်းအဝိုင်းကြီးခဲ့ပြီး ဘုန်းတန်ခိုးတောက်ပခဲ့သည့် ရွှေရောင်နေ့ရက်များကို ပြန်မျှော်လင့်နေပါက ဦးခင်ညွန့် အမှားကြီးမှားပြီဖြစ်သည်။

သမိုင်းကို ချန်လှပ်၍သော်လည်းကောင်း၊ သမိုင်းကို ပြောင်းပြန်လှန်၍သော်လည်းကောင်း ဖြေဆိုထားသော ဤစာအုပ်သည် အတိတ်က မှားယွင်းမှုများကို သင်ခန်းစာယူ ရှောင်ရှားပြီး အနာဂတ်တွင် ကောင်းရာမွန် ရာ များ ဖြစ်ထွန်းစေရေး ယခု ပစ္စုပ္ပန်တွင် သမိုင်းအမှန်ကို ကမ္ဗည်းတင်ရန် ကြိုးပမ်းနေခြင်းများအတွက် မည်သို့မျှ အထောက်အပံ့မဖြစ်ဟုသာ ဆိုရေးရှိက ဆိုလိုက်ရပေကြောင်း။

ဧရာဝတီ အယ်ဒီတာ့ အာဘော်
ဧရာဝတီ Myanmar News

Tech-Space-နည်းပညာဂျာနယ်-Vol-2-Issue-35


Sport View Journal Vol 2 No 47


Net Guide Journal Vol 3 Issue 12


ဆီးရီးယား ဓာတုလက်နက်များကို ပင်လယ်ပြင်၌ ဖျက်ဆီးမည်


ဒမတ်စကတ်၊ နိုဝင်ဘာ ၂၈

အမေရိကန် ရေတပ် ထောက်ပံ့ရေးသင်္ဘော MV Cape Ray ကို အသုံးပြုပြီး ဆီးရီးယား ဓာတုလက်နက်များကို ပင်လယ်ပြင်၌ ဖျက်ဆီးရန် စီစဉ်နေကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

သင်္ဘောပေါ်တွင် ရွေ့လျားဖျက်ဆီးရေး စက်ရုံတစ်ခု တည်ဆောက်ပြီး ဓာတုလက်နက်များကို ရေများနှင့် ရောနှောပြီး အန္တရာယ် မဖြစ်စေနိုင်သည့် အဆင့်အထိ ရောက်ရှိအောင် လုပ်ဆောင်သွားမည်ဟု စက်မှုလုပ်ငန်း အသိုင်းအဝိုင်းက ပြောကြားသည်။

ဆီးရီးယားနိုင်ငံတွင်းရှိ အဆိပ်အတောက် ပစ္စည်းများကို ဒီဇင်ဘာ ၃၁ ရက်နေ့ မတိုင်ခင် နောက်ဆုံးထားပြီး နိုင်ငံတွင်းမှ ဖယ်ရှားပေးရမည်ဟု ဓာတုလက်နက် တားဆီးရေးအဖွဲ့ (OPCW) က တောင်းဆို ထားသော်လည်း နိုင်ငံများက ယင်းတာဝန် ထမ်းဆောင်ရန် တွန့်ဆုတ်နေသည်။

ယင်းဓာတုပစ္စည်းများကို အာဘေးနီးယားနှင့် အခြားသော နိုင်ငံများသို့သွား ရောက်ပို့ဆောင်မည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့သော်လည်း မှန်ကန်မှု မရှိကြောင်း ၎င်းတို့က ငြင်းဆိုခဲ့သည်။

ထို့ကြောင့် ဓာတုလက်နက်များကို MV Cape Ray သင်္ဘောပေါ်သို့ တင်ဆောင်ပြီး ဟိုက်ဒရောလစ်စစ်နည်း (ရေသွင်းဖြိုခွင်းနည်း) အသုံးပြုဖျက်ဆီးမည် ဖြစ်ကာ စွန့်ပစ်ရေလီတာပေါင်း ၇ ဒသမ ၇ သန်းအထိ ထွက်ရှိမည်ဟု ခန့်မှန်းထားသည်။

ယင်း စွန့်ပစ်ပစ္စည်းများကို ကွန်တိန်နာပေါင်း ၄၀၀၀ ကျော်တွင် ထည့်သွင်း သိမ်းဆည်းထားမည်ဟု OPCW အဖွဲ့က ပြောကြားသည်။

ဓာတုလက်နက်များ ဖျက်ဆီးရာမှ ထွက်ရှိလာမည့် စွန့်ပစ်ပစ္စည်းများမှာ ပုံမှန် စက်မှုလုပ်ငန်း စွန့်ပစ်ပစ္စည်းများ ကဲ့သို့ပင် ဖြစ်ပြီး မည်သည့်အဖွဲ့က ယူဆောင် သိမ်းဆည်းမည်ကို သောကြာနေ့ နောက်ဆုံးထားပြီး အဆိုတင်သွင်းရမည် ဖြစ်သည်။

စွန့်ပစ်ပစ္စည်းများအရေးနှင့် ပတ်သက်ပြီးသာ ပြဿနာတက်နေခြင်း မဟုတ်ဘဲ ပြည်တွင်းစစ် ဖြစ်ပွားနေသော ဆီးရီးယား နိုင်ငံတွင်းမှ ဓာတုလက်နက်များ သယ်ထုတ်ရေးကိုလည်း မည်သည့် နိုင်ငံကမျှ လုပ်ဆောင်လိုခြင်း မရှိသည့်အတွက် နောက်ဆုံး ဆီးရီးယား တပ်မတော်ကပင် ဓာတုလက်နက်များကို နိုင်ငံတွင်းမှ သယ်ထုတ် ပေးခဲ့ရသည်။

ထို့ကြောင့် ဆီးရီးယား တပ်မတော်က သယ်ဆောင်လာသည့် ဓာတုလက်နက် များကို သူပုန်အဖွဲ့များက ကြားဖြတ်တိုက် ခိုက်သိမ်းယူ လိုက်ပါက မည်ကဲ့သို့သော အကျိုးဆက်များ ထွက်ပေါ်လာမည်နည်းဟု အချို့က မေးခွန်းထုတ်နေသည်။

ဖျက်ဆီးရမည့် ဓာတုလက်နက် ပမာဏတန် ၆၀၀ ကျော်အထိရှိပြီး နိုင်ငံတစ်ဝန်းလုံးရှိ ဒေသများတွင် ဆီးရီးယား တပ်မတော်က သိမ်းဆည်းထားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အချို့သော ဓာတုပစ္စည်းများ ဖြစ်သည့် ဆာရင်နှင့် VX ဓာတ်ငွေ့များမှာ လက်နက်ပုံစံဖြင့် တည်ရှိနေခြင်း မရှိသဖြင့် ၂၀၁၃ ခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် OPCW အတွက် လုပ်ငန်းအနည်းငယ် လွယ်ကူစေလျက်ရှိသည်။

OPCW အဖွဲ့က ဓာတုလက်နက် သိမ်းဆည်းရေး ပစ္စည်းများနှင့် ကွန်တိန်နာများကို လက်ဘနွန်နိုင်ငံမှတစ်ဆင့် ဆီးရီးယား နိုင်ငံတွင်းသို့ သယ်ဆောင်လာပြီး လာမည့် ရက်သတ္တတစ်ပတ်အတွင်း ဆီးရီးယား တပ်မတော်က ကွန်တိန်နာပေါင်း ၂၀၀ ကျော်ဖြင့် ထည့်သွင်းထားမည့် ဓာတုလက်နက်များကို မြေထဲပင်လယ် ဆိပ်ကမ်းမြို့သို့ သယ်ပို့ပေးမည် ဖြစ်သည်။
The Voice Weekly

ဘုန်းကြီးကျောင်းမှ ငွေနှင့် ရှေးဟောင်းပစ္စည်းများ ခိုးယူခံရ


Saturday, November 30, 2013

ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် ကွမ်းခြံကုန်းအုပ်စု ဂွေးတောက်ကွင်းရွာ ဝိသုဒ္ဓါရာမ ဘုန်းတော်ကြီးကျောင်းတွင် နိုဝင်ဘာလ ၂၇ ရက်နေ့ ညပိုင်းက ငွေနှင့် ရှေးဟောင်း ငွေဒင်္ဂါးများ ခိုးယူခံရကြောင်း ဒေသခံများထံမှ သိရသည်။

ခိုးယူခံရသည့် ပစ္စည်းများတွင် ငွေသားကျပ် ၂၃ သိန်းကျော်၊ ဂျော့ဘုရင် တံဆိပ်၊ ဝေလတံဆိပ်ပါ လွန်ခဲ့သည့် နှစ်ပေါင်း တစ်ရာကျော်က ရှေးဟောင်း ငွေင်္ဂါး အပြားသုံးဆယ်နှင့် ဒေါင်းတံဆိပ်ပါ ရှေးဟောင်း ငွေခွက်နှစ်ခုတို့ ဖြစ်ကြောင်း ဝိသုဒ္ဓါရာမ ကျောင်းတိုက် ဆရာတော် အရှင်ဦးသုဓမ္မာစာရက မိန့်ကြားသည်။

ကွမ်းခြံကုန်း ကျေးရွာအုပ်စု မူလတန်းကျောင်းတွင် ယင်းညက တရားပွဲ ရှိသဖြင့် ည ၇ နာရီ ဝန်းကျင်တွင် ကျောင်းမှ ထွက်သွားခဲ့ပြီး ပြန်ရောက်ချိန် ည ၁၀ နာရီ ဝန်းကျင်တွင် ကျောင်းတံခါး ပွင့်နေသည်ကို တွေ့ရှိရ၍ စစ်ဆေးကြည့်ရာမှ ယင်းပစ္စည်းများ ပျောက်ဆုံးနေသည်ကို သိရကြောင်း ဆရာတော်က မိန့်ကြားသည်။

ယင်းခိုးမှုကို ကွမ်းခြံကုန်းအုပ်စု အုပ်ချုပ်ရေးမှူးက တရားလို ပြုလုပ်ကာ အမှုဖွင့်ထားပြီး လေးမျက်နှာ ရဲတပ်ဖွဲ့စခန်းက (ပ) ၅၉/၂၀၁၃၊ ပုဒ်မ ၃၈၀ ဖြင့် အရေးယူထားကြောင်း ဟင်္သာတ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
The Voice Weekly

ဟောင်ကောင် ကူးတို့သင်္ဘော အမည်မသိအရာတစ်ခုကို အရှိန်နှင့် ၀င်ဆောင့်မိ၍ ၈၅ဦး ဒဏ်ရာရ


နိုဝင်ဘာ ၃၀။

နိုဝင်ဘာ ၂၉ရက် နံနက် ၁နာရီ ၁၅မိနစ်က ဟောင်ကောင်မှ အမြန်ကူးတို့သင်္ဘောတစ်စင်းသည် အမည်မသိ အရာဝတ္တုတစ်ခုနှင့် ၀င်ဆောင်မိခဲ့သဖြင့် လူပေါင်း ၈၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း
အာဏာ ပိုင်များက ဆိုသည်။

သွားလာရေးတွင် အရှိန်မြန်ရန် ရေယာဉ်ဝမ်းဗိုက်ကို ခပ်မြင့်မြင့်တည်ဆောက်ထားသော ယင်းကူးတို့ သင်္ဘောတွင်
ခရီးသည် ၁၀၅ဦနှင့် အမှုထမ်း ၁၀ဦး လိုက်ပါခဲ့သည်။
ယခုဖြစ်ရပ်ကြောင့် သင်္ဘောမှာစက်ပျက်သွားခဲ့ပြီး
ဟောင်ကောင်အရောက် ပြန်ဆွဲယူခဲ့ရသည်။


ဒဏ်ရာရသူမျာအနက် သုံးဦးမှာ စိုးရိမ်ရသော အခြေအနေတွင်
ရှိသည်။ သင်္ဘောမှာမူ ထူးထူးခြားခြား ပျက်စီးသွားခြင်း မရှိပေ။ အခင်းဖြစ်ရာတစ်ဝိုက်တွင် ရေကြောင်းသွားလာမှုများ ရပ်တန့်သွားခြင်းလည်းမရှိပါ။ ထူးခြားသည်မှာ ကူးတို့သင်္ဘောသည် မည်သည့်အရာနှင့် တိုးတိုက်မိသည်ကို စုံစမ်းစစ်ဆေး မရ
ဖြစ်နေသည်မှာ ဆန်းကျယ်လျှက်ရှိသည်။

ယခုဖြစ်ရပ်သည်လွန်ခဲ့သော တစ်နှစ်ကျော်ခဲ့က ကူးတို့နှင့်
လှေငယ်တစ်စီး တိုက်မိပြီးနောက် ဟောင်ကောင်၏ အကြီးမားဆုံး ရေကြောင်းဆိုင်ရာ အဖိတ်အဆင်ဖြစ်မှု လူပေါင်း ၃၉ဦးသေဆုံးသည့် မတော်တဆမှု နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်ဖြစ်ပွားခြင်း ကူးတို့တိုက်မှု တစ်ခု ဖြစ်သည်ဟု ကုမ္ပဏီက ဆိုသည်။

Ref: AFP
The Myanma Age

သမ္မတ ဦးသိန်းစိန်ရဲ့ ဒီဇင်ဘာ ရေဒီယို မိန့်ခွန်း


 သမ္မတ ဦးသိန်းစိန်၊ ဓာတ်ပုံ- ပြန်ကြားရေး ဝက်ဆိုက်

သမ္မတ ဦးသိန်းစိန်ရဲ့ အခါအားလျော်စွာ ရေဒီယိုမိန့်ခွန်းပြောလေ့ရှိတာမှာ အခု ဒီဇင်ဘာလ ၁ ရက်နေ့
ရေဒီယို မိန့်ခွန်းမှာတော့ အစိုးရ ၂ နှစ်ကျော် သက်တမ်း ဘယ်လို တိုးတက်မှုတွေ ဖော်ဆောင်နိုင်ခဲ့တာတွေ ကို အစချီပြီး ပြောထားပါတယ်။

လတ်တလော ကြိုးစား အကောင်အထည်ဖော်နေတဲ့ တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ လက်မှတ်ထိုးရေး၊ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ဖို့ မူဘောင်ချမှတ်ရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ကိစ္စတွေလည်း ထည့်သွင်း ပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့ အမျိုးသား နေ့ကို ထောက်ပြပြီး အမျိုးသားရေး ကိစ္စတွေလည်း ပြောဆိုသွားပါသေးတယ်။

မိဘပြည်သူများခင်ဗျား

ယခုလ ရေဒီယိုကနေ ပြည်သူလူထုထံ ဆက်သွယ်ပြောကြားတဲ့ အစီအစဉ်မှာ လက်ရှိမြန်မာနိုင်ငံ မှာ ဖြစ် ထွန်း နေတဲ့ နိုင်ငံရေး အပြောင်းအလဲများနဲ့ ပတ်သက်တဲ့ သဘောထားနှင့် ရပ်တည်ချက်အချို့ကို ရှင်းလင်း ပြောကြား သွားမှာဖြစ်ပါတယ်။

လက်ရှိ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရရှိထားတဲ့ နိုင်ငံရေး အပြောင်းအလဲများနဲ့ ဖြစ်စဉ်များဟာ ၂ နှစ်
ကျော် ကာလကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒီလို ရောက်ရှိလာတာနဲ့အညီ သိသာတဲ့ အဆင့် တစ်ခု သို့ ရောက်နေပြီဆိုတဲ့ အချက်ကတော့ ငြင်းဆိုလို့မရတဲ့ အချက်ပဲဖြစ်ပါတယ်။

ဒီအဆင့်ကို ရောက်ရှိလာအောင် ကျွန်တော်တို့ မြန်မာ့လူ့အဖွဲ့အစည်း တစ်ခုလုံးအနေနဲ့ အခက်အခဲပေါင်း များစွာ၊ ပြဿနာပေါင်းများစွာနဲ့ စိန်ခေါ်မှုများစွာ ရှိနေတဲ့ကြားထဲက ကြိုးစားတက်လှမ်း နိုင်ခဲ့ခြင်း ဖြစ်တယ် ဆိုတာကလည်း ငြင်းဆိုလို့မရတဲ့ အချက်ပါပဲ။

အခု ရရှိထားတဲ့ အဆင့်ဟာဆိုရင် မျိုးစေ့အဆင့်ကနေ အစို့အညှောက် ပေါက်တဲ့အဆင့်သို့ ရောက်ရှိ လာပြီ လို့ ပြောရမှာဖြစ်ပါတယ်။ အစို့အညှောက်ဘဝကနေ အဆင့်ဆင့် ရှင်သန်ကြီးထွားဖို့ ဆိုတာ ကတော့ ကျွန်တော်တို့ အားလုံး မဖြစ်မနေ ဆက်လက် လုပ်ဆောင်သွားရမယ့် အမျိုးသားရေး တာဝန်တစ်ရပ် ပဲ ဖြစ်ပါတယ်။

ဒီကိစ္စဟာ တခြားရွေးချယ်စရာ နည်းလမ်းမရှိဘဲ၊ လက်ရှိဖြစ်ထွန်းနေတဲ့ နိုင်ငံရေး အပြောင်း အလဲများ ခိုင်မာပြီး အသွင်ကူုးပြောင်းရေးကိစ္စအရပ်ရပ် လမ်းမှန်ကမ်းမှန်ဖြစ်စေဖို့ မိမိတို့အားလုံး မဖြစ်မနေ လုပ်ဆောင်ကြရမှာပဲ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်တွေ ဆက်လက်ရှင်သန်နိုင်ဖို့ဆိုတာ ကျွန်တော်တို့ မြန်မာ နိုင်ငံသားအားလုံးမှာ တာဝန်ရှိပါ တယ်။

နိုင်ငံရေးအပြောင်းအလဲများနဲ့ အသွင်းကူးပြောင်းဖြစ်စဉ်များ ဒီအဆင့်ကို ရောက်လာဖို့ဆိုတာ အစိုးရ တစ်ဖွဲ့ တည်းရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ ရောက်ရှိလာခြင်းမဟုတ်ဘဲ အစိုးရ လွှတ်တော်များ၊ နိုင်ငံရေး ပါတီများ နဲ့ နိုင်ငံရေးအစုအဖွဲ့များ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ စီးပွားရေး လုပ်ငန်းများနှင့် အသင်းအဖွဲ့ များ၊ တပ်မတော်နဲ့ နိုင်ငံသားတစ်ဦးချင်းစီက ကျရာကဏ္ဍကနေပြီး လွန်ခဲ့သည့် ၂ နှစ်ကျော် ကာလအတွင်း ဝိုင်းဝန်း အားထုတ်ကြိုးပမ်း လုပ်ဆောင်ခဲ့ကြလို့ ယခုလိုအခြေအနေကို တက်လှမ်း နိုင်ခဲ့တာ ဖြစ်ပါတယ်။

ယခု ၂ နှစ်ကျော် ကာလမှာ တက်လှမ်းနိုင်ခဲ့တဲ့ နိုင်ငံရေးဖြစ်ထွန်းမှုအဆင့်ဆင့်ကို ရေရာသေချာတဲ့ အသွင် ကူးပြောင်းရေး ဖြစ်စဉ်တစ်ရပ်အနေနဲ့ ခိုင်ခိုင်မာမာ ဖြစ်ပေါ်လာဖို့ဆိုရင် မိမိတို့ထားရှိရမယ့် တူညီတဲ့ ရည်မှန်းချက်တွေဟာလည်း ခိုင်မာတဲ့ ရပ်တည်ချက်တွေပါဝင်ဖို့ လိုအပ်ပါတယ်။

ဒါ့ကြောင့် ထားရှိရမယ့် တူညီတဲ့ ရည်းမှန်းချက်တွေဟာ လက်တွေ့ကျဖို့လည်း လိုအပ်ပြီး ကျွန်တော်တို့ အားလုံး ညီညီညွတ်ညွတ် ၀ိုင်းဝန်းကြိုးပမ်း တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။

လက်ရှိ မျိုးဆက်အတွက် သာမကဘဲ နောင်လာမယ့် မျိုးဆက်သစ်တွေ အတွက်ပါ ခိုင်မာတဲ့၊ အာမခံ ချက် ရှိတဲ့ နိုင်ငံရေးအနာဂတ် ပိုင်ဆိုင်ဖို့အတွက် လိုအပ်တဲ့ အခြေခံကောင်းများ ပါဝင်တဲ့ အုတ်မြစ်တွေ ချနေ
ခြင်း ဖြစ်တယ်လို့ ရှုမြင်ကြရမှာဖြစ်ပါတယ်။

နိုဝင်ဘာလ အတွင်းမှာ လုပ်ဆောင်ခဲ့တဲ့ နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များ၊ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များကို ဆက်လက် ရှင်းလင်းတင်ပြ လိုပါတယ်။ နိုဝင်ဘာလမှာ အရေးကြီးတဲ့ ကိစ္စတစ်ခုကတော့ EU-Myanmar Task Force ဆွေးနွေးပွဲများ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်ရေး၊ ရေရှည်ဖွံ့ဖြိုး တိုးတက်မှု ရှိပြီး ပြည်သူအများကို အကျိုးပြုတဲ့ အမျိုးသား စီးပွားရေးစနစ်တစ်ရပ် ပိုင်ဆိုင်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်တွေကနေတဆင့် အမျိုးသားစည်းလုံးညီညွတ်ရေး တည်ဆောက်မှုလုပ်ငန်းစဉ်များကို အကောင်အထည်
ဖော် ကြိုးပမ်း ဆောင်ရွက်ရေးကိစ္စတွေကို ကျွန်တော်တို့ အနေနဲ့ လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကာလ အတွင်း
ဆောင် ရွက်နေတာဖြစ်ပါတယ်။

ဒီလုပ်ငန်းစဉ်တွေအတွက် အောင်မြင်ဖို့ဆိုရင် ဒီမိုကရေစီစနစ် ရှင်သန်ရေးနဲ့ အမြစ်တွယ်ခိုင်မာရေး၊ မတူညီ ကွဲပြားမှုတွေ ရှိနေတဲ့ မိမိတို့ လူ့အဖွဲ့အစည်းမှာ တန်းတူရည်တူရှိမှုနဲ့ အပြန်အလှန်လေးစားမှုရှိရေး၊ လူများ စု က လူနည်းစုရဲ့ လိုလားချက် များကို အလေးထားရေး၊ ပွင့်လင်းလွတ်လပ်ပြီး တည်ငြိမ်မှုရှိတဲ့ နိုင်ငံရေး
ဖြစ်စဉ်နဲ့ နိုင်ငံရေးမှာ နိုင်ငံသား အားလုံးပါဝင်နိုင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးတက်
မြင့်မား လာရေးနဲ့ နိုင်ငံတကာ ရင်းနှီးမြှပ်နှံမှု အပါအ၀င် ကမ္ဘာ့စီးပွားရေးစနစ်နဲ့ ပြန်လည်ချိတ်ဆက် မိရေး ဆိုတဲ့ ကိစ္စရပ်များဟာ အထူးအရေးကြီးပါတယ်။

ဒီလုပ်ငန်းစဉ်တွေကို မြန်မာနိုင်ငံနဲ့ ဥရောပသမဂ္ဂနိုင်ငံများအကြား ထိထိရောက်ရောက် ပူးပေါင်း ဆောင် ရွက် နိုင်ဖို့အတွက် EU-Myanmar Task Force ကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

အခုလို ပူးပေါင်းဆောင်ရွက်ရာမှာ အစိုးရ၊ လွှတ်တော်များ၊ စီးပွားရေးလုပ်ငန်းရှင်များနဲ့ အသင်းအဖွဲ့ များ၊ နိုင်ငံရေးပါတီများနဲ့ နိုင်ငံရေးအစုအဖွဲ့များ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများနဲ့ လုံခြုံရေးအဖွဲ့အစည်းများ အချင်းချင်း အဆင့်ဆင့် အလွှာပေါင်းစုံ ချိတ်ဆက် လုပ်ဆောင်ဖို့ စီမံဆောင်ရွက်ထားတယ်လို့လည်း သိရှိရပါတယ်။

EU- Myanmar Task Force ကို ဖွဲ့စည်း နိုင်ခြင်းဟာ ဥရောပသမဂ္ဂနိုင်ငံများနဲ့ မြန်မာနိုင်ငံ အကြား ရေရှည် ခိုင်မာတဲ့ ဆက်ဆံရေးတစ်ရပ် အစပြု ထူထောင်ခြင်းလည်း ဖြစ်ပါတယ်။

ဒီကနေ့ အချိန်ကာလလို မြန်မာနိုင်ငံအနေနဲ့၊ သိက္ခာရှိတဲ့ မိသားစုဝင် နိုင်ငံတစ်နိုင်ငံအနေနဲ့ ကမ္ဘာ့မိသားစု
နိုင်ငံများ အကြား ပြန်လည်ဝင်ရောက်ဖို့ ကြိုးပမ်းနေချိန်မှာ အခုလို ဘက်စုံဆက်ဆံရေး ပုံစံတစ်ခု အစပြု
နိုင်ရေး ကြိုးပမ်းအားထုတ်ခဲ့ကြတဲ့ ဥရောပသမဂ္ဂမှ တာဝန်ရှိသူများနဲ့ မိမိအစိုးရ တာဝန်ရှိဝန်ကြီးများ၊ ၀န်ထမ်းများကိုလည်း မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။

ယခုလို ကိစ္စရပ်များကို ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြမယ်ဆိုရင်တော့ များမကြာမီကာလ မှာ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့ မိသားစုအလယ်မှာ သိက္ခာရှိတဲ့၊ တာဝန်သိတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နိုင်မှာ ဖြစ်တယ်လို့ ကျွန်တော့် အနေနဲ့ ယုံကြည်ကြောင်း အလေးအနက်ပြောကြားလိုပါတယ်။

ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များနဲ့ ပတ်သတ်လို့ လိုင်ဇာဒေသမှာ ကျင်းပပြုလုပ်ခဲ့တဲ့ တိုင်းရင်းသား အဖွဲ့
ပေါင်းစုံ ပါဝင်တဲ့ ဆွေးနွေးပွဲဟာ ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်မှာ အရေးကြီးတဲ့ သမိုင်းမှတ်တိုင် တစ်ခုပဲ ဖြစ်ပါတယ်။

ဒီ လိုင်ဇာဆွေးနွေးပွဲနဲ့ ဆက်စပ်ပြီး မြစ်ကြီးနားမြို့မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး
ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသားအဖွဲ့ပေါင်းစုံတို့ရဲ့ ဆွေးနွေးညှိနှိုင်းမှုများဟာ လည်း အောင်မြင်မှုရရှိပြီး တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ် ရပ်စဲရေးအတွက် အဆင့်ဆင့်
ဖြစ်ထွန်းမှုများ ဖြစ်တယ်ဆိုတာ တွေ့မြင်ရမှာဖြစ်ပါတယ်။

မြစ်ကြီးနားဆွေးနွေးပွဲများကို အခြေခံပြီး ဒီဇင်ဘာလမှာ တိုင်းရင်းသားအဖွဲ့ပေါင်းစုံ ဘားအံမြို့မှာ တွေ့ဆုံ
ဆွေးနွေး ဖို့ ဆုံးဖြတ်ချက် ချနိုင်ခဲ့တာကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ကြားကာလမှာ ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများ မြန်ဆန်သွက်လက်စေဖို့အတွက် တိုင်းရင်းသား အဖွဲ့အစည်းပေါင်းစုံက တာဝန်ပေးအပ်ထားတဲ့ အလုပ်အဖွဲ့တစ်ရပ် ဖွဲ့စည်းပြီး တိုင်းရင်းသား အဖွဲ့အစည်း
ပေါင်း စုံ အခြေပြုရာဒေသ အားလုံးကို သွားရောက်ညှိနှိုင်းလျှက် ရှိကြောင်းကိုလည်း သိရှိထား ပါတယ်။

အခုလို ဆောင်ရွက်မှုများဟာ မိမိတို့အားလုံး လက်တွဲပူးပေါင်း လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် အပေါ်မှာ တိုင်းရင်းသား အဖွဲ့အစည်း အားလုံးရဲ့ ထက်သန်သော စိတ်ရင်းစေတနာမှန်ကို ပြသနေခြင်း ဖြစ် တယ် လို့ ကျွန်တော့်အနေနဲ့ ရှုမြင်ပါကြောင်း ပြောကြားလိုပါတယ်။

အလျဉ်းသင့်လို့ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ စပ်လျဉ်းတဲ့ အချက်တစ်ချက်ကို ဒီနေရာမှာ ပြောကြားလိုပါတယ်။ ကျွန်တော့်အနေနဲ့ ၂၀၁၁ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့မှာ ငြိမ်းချမ်းရေးကို စတင်ဖိတ်ခေါ်ခဲ့ပါတယ်။

ဖိတ်ခေါ်ခဲ့တဲ့ အစဦး ကာလတွေမှာ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ်မှာ မယုံကြည်မှု၊ သံသယဖြစ်မှုတွေ များစွာ ရှိခဲ့ပေမယ့် လွန်ခဲ့တဲ့ နှစ်နှစ်တာကာလမှာ အပစ် အခတ် ရပ်စဲရေး အပါအဝင် ငြိမ်းချမ်းရေးဆိုင်ရာ လုပ် ငန်း စဉ်များ အဆင့်ဆင့် တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒီလို တက်လှမ်းနိုင်ခြင်းဟာ ပါဝင်ပတ်သက်သူ အားလုံး ရဲ့ စိတ်ရင်းစေတနာမှန်ကို အခြေခံတဲ့ အောင်မြင်မှုများလို့ ဆိုရမှာ ဖြစ်ပါတယ်။

ကျန်ရှိနေသေးတဲ့ သံသယတွေ၊ မယုံကြည်မှုတွေ၊ စိုးရိမ်ကြောင့်ကြမှုတွေကို ဖြေလျှော့ပြီး မှန်ကန် တဲ့ နိုင်ငံရေး နည်းလမ်းတွေနဲ့ တိုင်းရင်းသားများရဲ့ လိုလားချက်များကို ဆွေးနွေးညှိနှိုင်းဖို့ အခိုင်အမာ သံန္နိဋ္ဌာန် ချထားကြောင်းကိုလည်း ပြောကြားလိုပါတယ်။

ထပ်လောင်းပြောကြားလိုတဲ့ ကိစ္စကတော့ ယခု တစ်ကြိမ် ငြိမ်းချမ်းရေး ကမ်းလှမ်းတာဟာ စိတ်ရင်း
စေတနာ မှန်ကို အခြေပြုတဲ့၊ နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးညှိနှိုင်းဖို့ ဖြစ်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါ တယ်။

ဒီနိုင်ငံရေး နည်းလမ်းနဲ့ ဆွေးနွေးညှိနှိုင်းရန်အတွက် လုပ်ငန်းစဉ်အဆင့်ဆင့်ဖြစ်တဲ့ တပြည်လုံး အတိုင်း အတာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခြင်း၊ နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ မူဘောင် သဘော တူညီမှု ရယူခြင်းနဲ့ နိုင်ငံရေး ဆွေးနွေးပွဲများ စတင်ခြင်းတို့ကို အဆင့်ဆင့် လုပ်ဆောင်သွားကြဖို့ လိုအပ် မှာ ဖြစ်ပါတယ်။

အခြားဖြစ်ထွန်းမှု တစ်ရပ်အနေနဲ့ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ စုစည်းပြီး တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့အစည်းများနဲ့ စတင်ထိတွေ့ ဆွေးနွေးလျက်ရှိကြောင်း သိရှိရပါတယ်။

ယခုလို ဆွေးနွေး ညှိနှိုင်းမှုများကိုလည်း ကျွန်တော့်အနေနဲ့ ကြိုဆိုအားပေးလျက် ရှိကြောင်း ပြောကြားလိုပါ တယ်။

ဒါ့ကြောင့် ကျွန်တော့်အနေနဲ့ ဒီဇင်ဘာလထဲမှာ ကျင်းပမယ့် ဘားအံ ညီလာခံများကနေ အစွန်းတရားများ ကို ရှောင်နိုင်တဲ့ ဆွေးနွေးညှိနှိုင်းမှုများက တဆင့် ရလဒ်ကောင်းများ ရရှိပြီး ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းများ အဆင့်လိုက် တိုးမြှင့်လုပ်ဆောင်သွားနိုင်မယ်လို့ မျှော်လင့်လျှက် ရှိကြောင်း ပြောကြားလိုပါ တယ်။

လက်ရှိ အစိုးရလက်ထက်မှာ ချမှတ်ထားတဲ့ ဦးစားပေး လုပ်ငန်းစဉ် တစ်ရပ်ဖြစ်တဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်ရဲ့ အဓိက အစိတ်အပိုင်းများဖြစ်တဲ့ ကျေးလက်ဒေသ လျှပ်စစ်မီး ရရှိရေးနဲ့ သန့်ရှင်းသော သောက်သုံးရေရရှိရေး ကိစ္စရပ်များကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိပါတယ်။

ဒီကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ပြောကြားလိုတာကတော့ ကျေးလက်ဒေသ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးကို အမျိုးသား အဆင့် စီမံချက်များချမှတ်ပြီး ဦးစားပေးလုပ်ငန်းများအဖြစ် အကောင်အထည်
ဖော် ဆောင်ရွက်လျက် ရှိပါတယ်။

အမျိုးသား ကျန်းမာရေး တည်ဆောက်မှုရဲ့ အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်တဲ့ သန့်ရှင်းသော သောက် သုံးရေ ရရှိရေးအတွက် မိမိတို့နိုင်ငံမှာ ရှိနေပြီးဖြစ်တဲ့ ရေအရင်းအမြစ် များစွာကို ပေါင်းစည်းထား သည့်
ရေစီမံခန့်ခွဲမှု စနစ်နဲ့ ထိရောက်စွာ အသုံးချနိုင်ဖို့ အမျိုးသားရေး လိုအပ်ချက်အဖြစ် ဆောင်ရွက်နေခြင်း ဖြစ် ပါ တယ်။

ဒါ့အပြင် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြတဲ့ အခါမှာ ကျွန်တော့်အနေနဲ့ အရးကြီး ဆုံး အချက်လို့ ရှုမြင်တဲ့ ကိစ္စရပ်ကတော့ လက်တွေ့ နိုင်ငံရေး အခြေအနေကို ထင်ဟပ်တဲ့ စဉ်းစားတွေးခေါ်မှုတွေ၊ လုပ်ဆောင်မှုတွေနဲ့ နိုင်ငံရေးဦးဆောင်မှု ပေးခြင်းတို့ပဲ ဖြစ်ပါတယ်။

ဒီလို ကြိုးပမ်းဆောင်ရွက်ရာမှာ နိုင်ငံရေးခေါင်းဆောင်များ အားလုံးအနေနဲ့ ဒီမိုကရေစီ အရေး ကို
နှောင့်နှေးစေသည့် အစွန်းနှင့် မြန်ဆန် လွန်းသည့်အတွက် အလှမ်းကျယ် အလယ်လပ်တဲ့ အစွန်းနှစ်ပါး ကို ရှောင်ရှားပြီး မိမိတို့နိုင်ငံရဲ့ နောက်ခံ သမိုင်းကြောင်း၊ ယခု ပစ္စုပ္ပန်အခြေအနေနဲ့ အနာဂတ်အတွက် အကျိုးအပြစ်တို့ကို ရှုမြင်သုံးသပ်ကာ နိုင်ငံရေး ရင့်ကျက်မှုရှိရှိ၊ ဓမ္မဓိဋ္ဌာန်ကျကျနဲ့ ယခု ရရှိထားတဲ့ နိုင်ငံရေး အပြောင်းအလဲနဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များကို အားဖြည့်ရာ ရောက်စေမယ့် ချဉ်းကပ်မှုများနဲ့ ကိုင်တွယ် လုပ်ဆောင်ကြဖို့လည်း တိုက်တွန်း ပြောကြားအပ်ပါတယ်။

တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်နေ့ဟာ ဆိုရင် ၉၃ နှစ်မြောက် အမျိုးသားနေ့ပဲ ဖြစ်ပါတယ်။ ဒီအမျိုးသားနေ့ အခါသမယမှာဆိုရင် ကျွန်တော်တို့ဟာ အတိတ်ကာလမှာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ မှန်ကန်တဲ့ အမျိုးသားရေးစိတ်ဓာတ် ပြင်းထန်နိုးကြားလာမှုတွေဟာ ပြည်သူများအကြားမှာ နိုင်ငံရေး အသိစိတ်နိုးကြားမှုနဲ့ နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်လိုမှုတွေကို မြင့်မားလာခဲ့ စေတယ်ဆိုတာကို ပြန်လည် အမှတ်ရ ကြမှာပဲ ဖြစ်ပါတယ်။

မှန်ကန်တဲ့ အမျိုးသားရေးစိတ်ဓာတ်ကို အခြေခံပြီး စတင်ခဲ့တဲ့ နိုင်ငံရေးနိုးကြားမှု၊ ဒီနိုင်ငံရေး နိုးကြားမှုကို အခြေခံတဲ့ နိုင်ငံရေးဖြစ်စဉ်၊ အမျိုးသားစည်းလုံးညီညွှတ်မှုအားနဲ့ လွတ်လပ်ရေး ရယူနိုင်ခဲ့သလိုပါပဲ။ ကျွန်တော်တို့ မြန်မာနိုင်ငံသား အားလုံးအနေနဲ့ ယခုအချိန်မှာလည်း လွတ်လပ်ရေး ရယူစဉ်ကာလကလို အမျိုးသားစည်းလုံးညီညွှတ်မှု အားတစ်ခု တည်ဆောက်ပြီး မိမိတို့ မြင်တွေ့လိုတဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်အောင် ကြိုးစားဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ဒီလို ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်း ဖြစ်ပေါ်လာအောင်ဆိုရင် လက်ရှိရရှိထားတဲ့ နိုင်ငံရေးအပြောင်း အလဲများနဲ့ ဖြစ်စဉ်တွေ ဆက်လက်ရှင်သန်ဖို့ လိုပါတယ်။

ဒီလိုဆက်လက်ရှင်သန်မှလဲ ခိုင်မာတဲ့ အသွင်ကူးပြောင်းရေးအဆင့်ကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ယနေ့ ပြည်သူလူထု အများစု လိုလားတဲ့ ဒီမိုကရေစီစနစ် ပီပြင်စွာ ပေါ်ပေါက်လာစေရေးနဲ့ အမြစ်တွယ် ခိုင်မာစေရေးအတွက် လက်ရှိဖြစ်စဉ်တွေ ဆက်လက်ရှင်သန်အောင်၊ ခိုင်မာတဲ့ အသွင် ကူးပြောင်းရေး အဆင့်ဆင့်ကို တက်လှမ်း နိုင်အောင်၊ အမျိုးသားစည်းလုံး ညီညွှတ်မှုအားနဲ့ တည်ဆောက် သွားကြပါလို့ တိုက်တွန်းပြောကြားလိုပါတယ်။

နိဂုံးချုပ်အနေနဲ့ လာမယ့် ဒီဇင်ဘာလ (၁၁) ရက်နေ့မှာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့် ရခဲ့တဲ့ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကြီး ကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းမှာ ကျင်းပပြုလုပ်တော့မှာ ဖြစ်ပါတယ်။

နှစ်ပေါင်း (၄၄) နှစ်ကြာပြီးမှ ကျင်းပပြုလုပ်ခွင့်ရခဲ့တဲ့အတွက် ကျွန်တော်တို့ နိုင်ငံသားအားလုံး ငါတို့ လုပ်နိုင် တယ်လို့ ဂုဏ်ယူကြရမှာ ဖြစ်ပါတယ်။

အဝေးကနေ လာရောက်ကြတဲ့ မိမိတို့ရဲ့ အာဆီယံမိသားစုဝင် အားကစားသမားတွေကို ကူညီကြဖို့၊ ကာကွယ်စောင့်ရှောက်ကြဖို့ မိမိတို့မှာ တာဝန်ရှိပါတယ်။

ကူညီစောင့်ရှောက်ပေးကြဖို့နဲ့ အားကစား ပြိင်ပွဲများမှာ နိုင်ငံကြီးသားပီသစွာ မျှမျှတတ အားပေးကြဖို့ တိုက်တွန်းပြောကြားရင်း နိဂုံးချုပ် အပ်ပါတယ်။

မိဘပြည်သူများ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။
ဧရာဝတီ Myanmar News

ရန်ကုန် မြန်မာ့အသံဝင်း၌ အထပ်မြင့် တာဝါနှစ်ခုဆောက်ရန် အိတ်ဖွင့်တင်ဒါ ခေါ်ယူ


ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ် မြင်သံကြား(ရန်ကုန်)ဝင်းအတွင်း အ ဆောက်အအုံ နှစ်လုံးနှင့် အထပ်မြင့် တာဝါနှစ်ခု တည်ဆောက်ရန် ပြည် တွင်း ဆောက်လုပ်ရေး ကုမ္ပဏီများသာမက နိုင်ငံတကာမှ ဆောက် လုပ်ရေးကုမ္ပဏီ များကိုပါ အိတ်ဖွင့်တင်ဒါ ခေါ်ယူသွား မည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံပိုင် ရုပ်သံလိုင်းဖြစ်သည့် မြန် မာ့ အသံနှင့် ရုပ်မြင်သံကြား ကို အသွင် သဏ္ဌာန်ရော၊ အနှစ်သာရပါ ယခင်နှင့် မတူဘဲ နိုင်ငံတကာ အဆင့်အတန်း မီစေရန် အဆင့်မြှင့်ပြောင်းလဲမှုများဆောင်ရွက်ရာတွင် အဆင့်အတန်းမြင့်မားသည့် အဆောက်အအုံများအပြင် နောက်ပိုင်း လိုင်းများ တိုးချဲ့ထုတ်လွှင့် ရန်ရှိသည့်အတွက် တာဝါများမှာလည်း မရှိမဖြစ် လို အပ်ခြင်းကြောင့် ဆော က် လုပ်ရခြင်းဖြစ်ကြောင်း မြန်မာ့အသံနှင့် ရုပ်မြင် သံကြားမှညွှန်ကြားရေးမှူး ဦးမြင့် အောင်က ပြောသည်။

အဆိုပါ မြန်မာ့အသံနှင့် ရုပ်မြင် သံကြားဝင်းသည် ဧရိယာအကျယ် စုစု ပေါင်း ၁၄ ဒသမ ၂၇ ဧကရှိပြီး လက်ရှိ တွင် ၈ ဧကကို အဆောက် အအုံ များ ဆောက် လုပ်သုံးစွဲ ထားပြီး ဖြစ်သည်။ ကျန်ရှိသော မြေဧက ၆ ဒသမ ၂၇ အနက် မူလအဆောက်အအုံများ ထိ ခိုက်မှု မရှိနိုင်သော မြေ ၄ ဧကပေါ်တွင် အဆောက်အအုံနှစ်လုံးနှင့် တာဝါနှစ်ခု ကို ဆောက်လုပ် မည်ဖြစ်သည်။လုပ်ငန်းပမာဏ ကြီးမားသဖြင့် ပြည်တွင်း ပြည်ပ လုပ်ငန်းရှင်များ အား လုံးကိုဖိတ်ခေါ်ထားသည်ဖြစ်ရာ တင်ဒါစည်းကမ်း အပါအဝင် လုပ်ငန်းစဉ်တစ်ခု လုံးကို အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်း များနှင့်ကိုက်ညီစေရန် အတိုင်ပင်ခံအဖွဲ့ အဖြစ် နိုင်ငံတကာ အသိအမှတ်ပြု Princewaterhouse Coorpers (PwC) အကြံပေးကုမ္ပဏီကို ငှားရမ်း၍ စာချုပ်ချုပ်ဆို ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ၎င်းက ပြောသည်။

အထက်ပါ အကြံပေးကုမ္ပဏီသည် နိုင်ငံပေါင်း ၁၅၉ နိုင်ငံရှိ မြို့ကြီးပေါင်း ၇၇၆ မြို့တွင် ရုံးခွဲများ ဖွင့်ထားပြီး ဝန်ထမ်းပေါင်း ၁၈ဝဝဝဝ ကျော်ဖြင့် လုပ် ငန်း လည်ပတ်လျက် ရှိသော ကုမ္ပဏီဖြစ်သည်။ တင်ဒါခေါ်ယူခြင်း၊ တင်ဒါ စည်း ကမ်းများ ဆွေးနွေးခြင်း အပါအဝင် နောက်ဆုံး တင်ဒါအောင်သော ကုမ္ပဏီ ဖြင့် လုပ်ငန်းဆောင်ရွက်ရန်အတွက် ဥပဒေနှင့် ညီသောလိုအပ် သည့် စာချုပ်များ ချုပ်ဆိုရန်အတွက် ၆ လခန့် ကြာ မြင့်မည် ဖြစ်ကြောင်း သိရသည်။

မြတ်စုငြိမ်း
Popular Myanmar News Journal

စက်စဲကမ်းခြေအောက်ဘက်ကမ်းတစ်လျှောက် တိုက်တေနီယမ် သတ္တုတူးဖော်ရန် သြစတြေးလျ ကုမ္ပဏီတစ်ခုက စမ်းသပ်လုပ်ဆောင်နေ


 မွန်ပြည် နယ်ရှိ စက်စဲကမ်းခြေအောက် ဘက်ကမ်းတစ်လျှောက်တွင် တိုက်တေနီယမ်သတ္တုများ တူး ဖော်ရန် ဩစတြေးလျကုမ္ပဏီ တစ်ခုက စတင်စမ်းသပ်မှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း သတ္တုတွင်းဝန်ကြီး ဌာနမှ ညွှန် ကြားရေး မှူးချုပ် ဦးဝင်းထိန်က ပြောကြားလိုက်သည်။

လက်ရှိအချိန်တွင် အဆို ပါကုမ္ပဏီကစတင်လေ့လာမှုများ လုပ်ဆောင်နေပြီး ရှေ့ပြေးကာ လအဖြစ် တစ်နှစ်သက်တမ်းပေး ထားကြောင်းသိရသည်။ ဦးဝင်း ထိန်က''အခုမှ စမ်းသပ်တိုင်းတာ မှုတွေလုပ်နေဆဲဖြစ်ပါတယ်။ လုပ်ဖြစ်မယ်၊ မလုပ် ဖြစ်မယ် ဆို တာကတော့ သူတို့အကျိုးအမြတ် ရှိမှလုပ်မှာပါ။ သူတို့ကတော့ တော်တော်စိတ်ဝင်စားပါတယ်။ နောက်ပြီး စက်ရုံကြီးတွေဆောက် တာမဟုတ်ဘူး။ အက်စစ်လဲမသုံး ဘူး။ အများဆုံးပေသုံးဆယ် လောက်ပဲတူးဖော်သွားမှာပါ''ဟု ပြော သည်။

တိုက်တေနီယမ်သတ္တု သည် မာပြီးပေါ့ပါးကာ အပူဒဏ် ခံနိုင်သောကြောင့် လျှပ်စစ်ပစ္စည်း များလုပ်ဆောင်ရာတွင် အသုံးဝင် သည့်ပစ္စည်းတစ်ခုဖြစ်ကြောင်း သိရသည်။    ''သူတို့ကို စမ်းသပ် ကာလ တစ်နှစ်ပေးထားပါတယ်။  အဆင်မပြေရင် တစ်နှစ်ပြီး တစ် နှစ်ထပ်တိုးလို့ရပါတယ်။ သူတို့ လုပ်မယ်ဆိုရင်လဲ အစိုးရနဲ့ပူး ပေါင်းလုပ်ဆောင်သွားရမှာပါ။နောက်ပြီး နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုဥပဒေတွေအတိုင်းပဲသွားရမှာ ပါ''ဟု ယင်းက ဆက်လက်ပြော ကြားခဲ့သည်။

မြန်မာနိုင်ငံတွင် တိုက်တေ နီယမ်သတ္တုထွက်ရှိသောနေရာ များမှာ မွန်ပြည်နယ်၊ ရခိုင်ပြည် နယ်နှင့် ကချင်ပြည်နယ်များဖြစ် ကြောင်းသိရသည်။ ယင်းနှင့်ပတ် သက်ပြီး နျူကလီးယားကျွမ်းကျင် ပညာရှင်တစ်ဦးက ''တိုက်တေနီ ယမ်က အသုံးဝင်တဲ့ သတ္တုပစ္စည်း တစ်ခုပါ။ အပူဒဏ်ခံနိုင်တယ်။ ပေါ့ပါးတယ်။ သူ့ကို လေယာဉ် ဆောက်လုပ်ရေးအပါအဝင်နေ ရာတော်တော်များများမှာအသုံး ပြုနိုင်တယ်။ တန်ဖိုးကြီးတယ်။ ရှားတယ်။ နိုင်ငံတိုင်းမှာမရှိဘူး'' ဟု ပြောသည်။ မြန်မာနိုင်ငံ ဘူမိစစ်တမ်းနှင့် သတ္တုတွင်းဝန်ကြီးဌာနမှထုတ် ပြန်ထားသောစာရင်းများအရ မြန်မာနိုင်ငံ၏ ၇၅ရာခိုင်နှုန်း၊ စတုရန်းမိုင်အားဖြင့် မိုင်၁၄၉၃၃၀ သည် သတ္တုထွက်ရှိရာဒေသဖြစ် ကြောင်း သိရသည်။

အောင်အောင်
Yangon Media Group

အရှေ့တရုတ်ပင်လယ်ရှိ လေကြောင်းကာကွယ်ရေးဇုန်သို့ တရုတ်က စစ်လေယာဉ်များ စေလွှတ်


30/Nov/2013

တရုတ်နိုင်ငံ အရှေ့တရုတ်ပင်လယ်ရှိ ၄င်း၏ အသစ်ကြေညာထားသော လေကြောင်းကာကွယ်ရေးဇုန်သို့ စစ်လေယာဉ်များ စေလွှတ်လိုက်ပြီဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာသတင်းတွင် ဖော်ပြသည်။ လွန်ခဲ့သော သီတင်းပတ်က ကြေညာခဲ့သည့် အဆိုပါ ကာကွယ်ရေးဇုန်သည် တရုတ်၊ ဂျပန်၊ ထိုင်ဝမ် (တရုတ်တိုင်ပေ)နှင့် တောင်ကိုရီးယား နိုင်ငံတို့၏ ပိုက်နက်နယ်မြေ အငြင်းပွားရာ ဒေသကို လွှမ်းခြုံထားသည်။ အဆိုပါ ကာကွယ်ရေးဇုန်သို့ ဖြတ်သန်းသော လေယာဉ်အားလုံးသည် ပျံသန်းရေး အစီအစဉ်များ ဖိုင်မှတ်တမ်း ပြုလုပ်ရမည်ဖြစ်ပြီး ယင်းတို့ကိုယ်တိုင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ အတည်ပြုခြင်း သို့မဟုတ် အရေးပေါ် အစီအမံများကို ရပ်ဆိုင်းခြင်း ခံရမည်ဖြစ်ကြောင်း တရုတ်တို့က ပြောကြားသည်။ သို့ရာတွင် ဂျပန်၊ တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် စစ်လေယာဉ်များ ၄င်းဒေသ၌ ရှိနေခဲ့ကြသည်။ ယင်းအခြေအနေကြောင့် စစ်ရေးတင်းမာမှုများ ဖြစ်လာနိုင်၍ စိုးရိမ်ပူပန်နေကြသည်။ အဆိုပါ လေကြောင်းကာကွယ်ရေးဇုန်အတွင်း ကင်းလှည့်လုပ်ငန်း ဆောင်ရွက်ရန် ဂျက်တိုက်လေယာဉ် အချို့နှင့် သတိပေး လေယာဉ်တစ်စင်း စေလွှတ်တပ်ဖြန့် ချထားပြီဖြစ်ကြောင်း လေတပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးချန်ကျင်းက ပြောကြားသည်။ တရုတ်လေတပ်အနေဖြင့် အမျိုးသား လုံခြုံရေးကို ကာကွယ်ရေန် လေကြောင်း သတိပေးမှုများ ဆက်လက် ပြုလုပ်မည်ဖြစ်ပြီး အစီအမံများ ချမှတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ၄င်းက ပြောကြားသည်။

BBC Burmese

ကမ္ဘာ့အသက်အငယ်ဆုံး မိခင်


ကမ္ဘာ့ အသက် အငယ်ဆုံး ကိုယ်ဝန်ဆောင် ကလေး မွေးခဲ့တဲ့ သူက Peru နိုင်ငံသူ Lina Medina ဖြစ်ပြီး အသက် ၅နှစ်၊ ၇လ၊ ၁၇ရက်နဲ့ သားကလေး မွေးခဲ့တာပါ။ ခုချိန်ထိ အသက် ရှင်နေဆဲ (အသက် ၈၀နှစ်) ရှိနေပါပြီ။ Lina ကရှားရှားပါးပါး Precocious Puberty လို့ခေါ်တဲ့ အခြေအနေ တစ်ခုနဲ့ မွေးဖွားလာ တဲ့သူ တစ်ယောက် ဖြစ်ပြီး အပျိုဝင်ချိန် စောပြီး သူ့ရဲ့ ခန္ဓာကိုယ်က လိင်ပိုင်းဆိုင်ရာ အစိတ်အပိုင်း တွေကလည်း အစောကြီး ဖွံ့ဖြိုးနေ ခဲ့တာပါ။ သူမရဲ့ မိဘတွေက သူမအသက် ၅နှစ်အရွယ်မှာ ဗိုက်ကြီးလာ တဲ့အတွက် ဆေးရုံကို ခေါ်သွားပြီး အစကတော့ tumor လို့ထင်ခဲ့ ပေမယ့် ဆရာဝန် တွေက သူမ ကိုယ်ဝန် ၇လရှိပြီလို့ ကောက်ချက် ချခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့ ကိုယ်ဝန်က ဘယ်သူနဲ့ ရသလဲ ဆိုတာတော့ မသိခဲ့ ရပါဘူး။ အစက သူမရဲ့ ဖခင်ကို သံသယ ရှိခဲ့ကြ ပေမယ့် သက်သေ မခိုင်လုံ တာကြောင့် ပြန်လွှတ် ပေးခဲ့ရ ပါတယ်။ သူမရဲ့ သားလေးကို Gerardo လို့နာမည် ပေးခဲ့ပြီး သူက ကျန်းကျန်းမာမာနဲ့ အသက် ရှင်ခဲ့ပေမယ့် အသက် ၄၀မှာ ရိုးတွင်းခြင်ဆီ ရောဂါ (Bone Marrow Disease) နဲ့ကွယ်လွန် ခဲ့ပါတယ်။

Myanmar Youth Media Club
ပြည်မြန်မာ

လုံးတုံကျေးရွာအုပ်ချုပ်ရေးမှူးအာဏာရှင်ဆန်ဆန်အုပ်ချုပ်နေ၍၀န်ကြီးထံတိုင်ကြားစာအပို့ခံရဟုဆို


Saturday, November 30, 2013

မိုးညှင်းမြို့နယ်အတွင်းရှိ မိုးညှင်းမြို့နှင့် ၃၇မိုင်ကွာဝေးသော အင်းတော်ကြီးဒေသလုံးတုံကျေးရွာ အုပ်ချုပ်ရေးမှူးသည်ကျေးရွာ
အတွင်း မဲစနစ်ဖြင့်ပြည်သူများရွေးချယ်တင်မြောက်လိုက်သော ဆယ်အိမ်မှူးများကိုခန့်ထားခြင်းမရှိဘဲ အာဏာရှင်ဆန်စွာ
အုပ်ချုပ်နေ၍ ဝန်ကြီးဌာနများသို့ အတိုင်ခံထားရသည်ဟု လုံးတုံကျေးရွာနေဦးဇော်ဝင်းက ပြောသည်။

ကျေးရွာ အုပ်ချုပ်ရေးမှူးသည် ကျေးရွာအတွင်း အမည်မဖော်ပြနိုင်သော ငွေတောင်းခံမှုများ၊ သံဃာတော်ကိုးကွယ်ရန်ကိစ္စတွင် မြို့နယ်မှသံဃနာယက
အဖွဲ့မှ လုံးတုံကျေးရွာအတွက် ချပေးခဲ့သော ဆရာတော်ကို
လက်ခံမည်ဟု လက်မှတ်ရေးထိုးခဲ့သော်လည်း ၎င်းတို့
ကိုးကွယ်လိုသော ဆရာတော်ကိုသာ ကျောင်းထိုင်တင်ခဲ့သဖြင့်
ဒကာ၊သံဃာတွေနှစ်ခြမ်းကွဲနေမှုများ၊ ဆေးရုံဓာတ်မှန်ခန်းဆောက်ရန်
ကျေးရွာပြည်သူများနှင့် ကော်မတီဖွဲ့ ပေါင်းစပ်ညှိနိုင်းခြင်းမရှိဘဲ အင်းဝဲယာကျေးရွာ၁၁အုပ်စုအားအလှူခံဖြတ်ပိုင်းနှင့်
အလှူခံခဲ့သည့် ကိစ္စများဟု တိုင်းတန်းကျသူများတွင် ပါဝင်သော ဒေသခံဦးပေါဌေးက ပြောခဲ့သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ လုံးတုံအုပ်ချုပ်ရေးမှူးအား
ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ရာ ဆက်သွယ်၍ မရရှိခဲ့ပေ။ လုံးတုံကျေးရွာရှိရွာသူရွာသားများ ကောင်းစားရေးအတွက်
အုပ်ချုပ်ရေးမှုးအား ပြောင်းလဲခန့်အပ်ပေးရန်သက်ဆိုင်ရာဌာန
အသီးသီးနှင့်ပြည်နယ် ၀န်ကြီးချုပ်ရုံးသို့ ဆက်လက်
တင်ပြထားကြောင်း ၎င်းအုပ်ချုပ်ရေးမှူးကို ကန့်ကွက်သူများက
ပြေကြသည်။

သီဟအောင်(ကချင်)
The Myanma Age 

ဂျပန်နိုင်ငံ အမေရိကန် စစ်အခြေစိုက် စခန်းအနီးတွင် ပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွား


Saturday, 30 November 2013

ဂျပန်နိုင်ငံ တိုကျိုမြို့ အမေရိကန် စစ်အခြေစိုက် စခန်းတစ်ခု အနီး၌ နိုဝင်ဘာ ၂၉ ရက်တွင် အမည်မသိ တိုက်ခိုက်သူများက လက်လုပ် လက်နက်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ သို့သော် ယင်းတိုက်ခိုက်မှုတွင် တစ်စုံတစ်ဦးမျှ ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်း နိုဝင်ဘာ ၂၉ ရက်တွင် ရဲတပ်ဖွဲ့ဝင်များက ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုသည် နိုဝင် ဘာ ၂၉ ရက် ဒေသ စံတော်ချိန် နံနက် ၁၁ နာရီခွဲတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းတိုက်ခိုက်မှုသည် မည်သူ၏ လုပ်ရပ်ဖြစ်ကြောင်း ကိုမူ အတိအကျ မသိရသေးကြောင်း၊ သို့ရာတွင် အဆိုပါ တိုက်ခိုက်မှုသည် အစွန်းရောက် လက်ဝဲယိမ်း ဝါဒီသမားများ၏ ချုံခို တိုက်ခိုက်မှု တစ်ခုဟု ယူဆရကြောင်း ရဲတပ်ဖွဲ့ဝင် များက ပြော ကြားသည်။

တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် နေရာမှ စတီးပိုက်နှစ်ခု၊ ဝါယာကြိုး နှစ်ခု၊ ဘက်ထရီ အစရှိသော ပစ္စည်းများကို တွေ့ရှိ ခဲ့ရခြင်းကြောင့် တိုက်ခိုက် သူများသည် တိုက်ခိုက်မှု များက ပြုလုပ်ခဲ့ရာတွင် ၎င်းတို့၏ လက်လုပ် လက်နက်များကို အသုံးပြု ခဲ့ကြသည်ကို တွေ့ရှိခဲ့ရကြောင်း တိုကျိုမြို့ ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောကြားသည်။
မြ၀တီ

လေပွခြင်း မဖြစ်အောင် ရှောင်ကြဉ် သင့်တဲ့ အစားအစာ (၆)မျိုး


Saturday, 30 November 2013

လေပွခြင်း (Bloating)က ကျန်းမာရေး ပြဿနာ အမျိုးမျိုး၊ မျိုးရိုး ဗီဇနှင့် ဆေးဝါးများ သောက်သုံး နေရခြင်း စသော အကြောင်းရင်း များကြောင့် ဖြစ်တတ် ပါတယ်။

သို့သော်လည်း ကျွန်ုပ်တို့ စားလိုက်တဲ့ အစားအစာတွေ ကြောင့်လည်း ဖြစ်စေ နိုင်ပါတယ်။ ကျွန်ုပ်တို့ဟာ ကျန်းမာ ရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို စားသော်လည်း ပန်းဂေါ်ဖီစိမ်းနဲ့ နို့စတဲ့ အစားအစာ တချို့ကြောင့် လေပွခြင်းကို ဖြစ်စေပြီး ခန္ဓာကိုယ်မှာ သက်သောင့် သက်သာ မရှိဘဲ မအီမသာ ဖြစ်စေပါတယ်။ ဒီမှာတော့ လေပွခြင်းကိုဖြစ်စေတဲ့ အစားအစာ ၆ ခုကို ဖော်ပြ ထားပါတယ်။

(၁) ပန်းဂေါ်ဖီစိမ်း

ဗီတာမင်တွေ၊ အမျှင်တွေ အပြည့် ပါသော်လည်း ပန်းဂေါ်ဖီစိမ်းက လေပွခြင်းကို ဖြစ်စေ ပါတယ်။ ပန်းဂေါ်ဖီစိမ်း ကို ဖြည်းဖြည်းချင်း စားခြင်းဖြင့် အစာခြေစနစ်အတွင်း ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချပါ။

(၂) သဘာဝမဟုတ်တဲ့ အချိုတွေ

ကယ်လိုရီ မတက်စေသော်လည်း လေပွခြင်းကိုဖြစ် စေတဲ့ သကြားဓာတ် အယ်လ်ကိုဟော တွေ ပါဝင် ပါတယ်။ ဒါကြောင့် သဘာဝ မဟုတ်တဲ့ အချိုတုတွေ စားသုံးခြင်း ကို လျှော့ချပါ၊ ဒါမှမဟုတ် လုံးဝ ရှောင်လိုက်ပါ။

(၃) ပီကေဝါးခြင်း

ပီကေဝါးခြင်းက အစာကြေစေပြီး သွားတွေကို ဖြူစေသော်လည်း အပိုလေတွေကို အစာခြေ စနစ် လမ်းကြောင်းထဲသို့ မျိုချမိသလိုဖြစ်စေပါတယ်။ ဒါကြောင့် ပီကေ ကို ဖြည်းဖြည်း ဝါးပြီး အပိုလေတွေ ဝင်လာမှု လျှော့ချပါ။

(၄) ပန်းဂေါ်ဖီ

အရသာရှိပြီး ကျန်းမာစေတဲ့ ပန်းဂေါ်ဖီဟာ အရမ်း ကောင်းတဲ့ ဟင်းသီး ဟင်းရွက်ဖြစ်ပြီး တစ်နှစ် ပတ်လုံးလည်း ရရှိနိုင်ပါတယ်။ ဒါပေမယ့် အဲဒီ ဟင်းသီး ဟင်းရွက်က ဗိုက်ထဲမှာ စူးစူး အောင့်အောင့် ဖြစ်တဲ့ ဝေဒနာမျိုး ကိုလည်း ဖြစ်စေပါတယ်။ ဒါတွေ သက်သာစေဖို့ တဖြည်းဖြည်းချင်း ဝါးစားပါ သို့မဟုတ် ရှောင်ကြဉ်ပါ။

(၅) ကာဗွန်ထည့်ထားတဲ့ ဖျော်ရည် အမျိုးမျိုး

တချို့နာမည်ကြီး ဆိုဒါတွေက အစာခြေခြင်းမှာ ကူညီသော်လည်း လေပွခြင်းကိုလည်း ဖြစ်စေ နိုင်ပါတယ်။ သင့်ရဲ့ အစာခြေစနစ် လမ်းကြောင်းကို ထိန်းသိမ်းဖို့အတွက် အမြှုပ်တွေပါတဲ့ အရည်တွေ သောက်ခြင်းကို ကန့်သတ်ပါ။

(၆) နို့

ဗီတာမင်တွေ၊ အာဟာရတွေ အများကြီးပြည့် နေသော်လည်း နို့က လေပွခြင်းကို ဖြစ်စေတဲ့ အဓိက အစား အစာတစ်ခုပါ။ Lactose နို့၊ သကြား မပါတဲ့ နို့ဒါမှမဟုတ် Almond နို့ကို သောက်ခြင်းဖြင့် နို့ရဲ့အရသာ မပျောက် စေဘဲ သောက်သုံး နိုင်ပါတယ်။

Ref:Health Digest
မြ၀တီ

Panasonic က NGO များကို နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်မီးအိမ် ၂၀၀၀ လှူဒါန်း


ရန်ကုန်၊ နိုဝင်ဘာ ၂၉

Panasonic က ပြည်တွင်းတွင် လူမှုရေးနှင့် ကျန်းမာရေး ကူညီစောင့်ရှောက်မှုများ ပေးအပ်နေသော ပြည်တွင်း ပြည်ပ NGO အဖွဲ့အစည်းငါးခုကို နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်မီးအိမ် ၂၀၀၀ လှူဒါန်းကြောင်း Panasonic ကုမ္ပဏီမှ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ အရာရှိချုပ် Mr.Hisakazu Maeda က ပြောကြားသည်။

Panasonic နှင့် ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ Japan Heart၊ Bridge Asia Japan၊ Greater Mekong Initiative နှင့် စေတနာ အဖွဲ့အစည်း ငါးခုသို့ လှူဒါန်းခြင်း ဖြစ်ပြီး သက်ဆိုင်ရာ နယ်ပယ်များသို့ အဆိုပါ အဖွဲ့အစည်းများက ဖြန့်ဝေမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ နေရောင်ခြည် စွမ်းအင်သုံး မီးအိမ်တွင်ပါသော ၃ ဒသမ ၅ ဝပ်ဘက်ထရီကို ဆိုလာပြားဖြင့် ချိတ်ဆက်ထားပြီး နေရောင်ခြည် ကောင်းစွာ ရရှိချိန်တွင် ခြောက်နာရီကြာ အားသွင်းထားရုံမျှဖြင့် ခြောက်နာရီမှ နာရီ ၉၀ အထိ သုံးစွဲနိုင်ပြီး USB အပေါက် ပါဝင်သောကြောင့် မိုဘိုင်းလ်ဖုန်း အပါအဝင် အခြားပစ္စည်းများကိုပါ ချိတ်ဆက် အားသွင်းနိုင်ကြောင်း သိရသည်။
“Panasonic က ဒီမီးအိမ်မျိုး အရေအတွက် ၃၀၀၀ ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လတုန်းကလည်း ပထမတစ်သုတ် လှူဒါန်းခဲ့ဖူးပါတယ်။ အဲဒီဟာတွေကို ဘေးအန္တရာယ် ကျရောက်ရာ ဒေသတွေ၊ ဘာသာရေး ပဋိပက္ခ ဖြစ်ပွားရာ ဒေသတွေကို ပံ့ပိုးနိုင်ခဲ့ပါတယ်” ဟု မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းဥက္ကဋ္ဌ ဒေါက်တာသာလှရွှေက ပြောကြားသည်။

အဆိုပါ မီးအိမ်များကို တစ်ခုလျှင် အမေရိကန်ဒေါ်လာ ၅၀ နှုန်းဖြင့် ၂၀၁၄ ခုနှစ်တွင် မြန်မာ့ဈေးကွက် အတွင်း၌ စတင်ဖြန့်ချိရောင်းချမည် ဖြစ်ပြီး လျှပ်စစ်မီး မရရှိသော ဒေသများသို့ လှူဒါန်းမှု များကိုလည်း ဆက်လက် လုပ်ဆောင်မည် ဖြစ်ကြောင်း Panasonic ကုမ္ပဏီထံမှ သိရသည်။

The Voice Weekly

တော်ဝင်မြန်မာ သစ်အချောထည် လုပ်သားများကို စမ်းချောင်း တရားရုံး စီရင်ချက်ချ


ရန်ကုန်၊ နိုဝင်ဘာ ၂၉

ခွင့်ပြုချက်မရဘဲ စီတန်းလှည့်လည် ခဲ့သည်ဟုဆိုကာ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ခံထားသည့် ရွှေပြည်သာမြို့နယ် ဝါးတရာ စက်မှုဇုန်ရှိ တော်ဝင်မြန်မာ သစ်အချောထည် လုပ်သား ခုနစ်ဦးအနက် ခြောက်ဦးကို နိုဝင်ဘာလ ၂၉ ရက်နေ့တွင် စမ်းချောင်းမြို့နယ် တရားရုံးက ထောင်ဒဏ်တစ်လ သို့မဟုတ် ငွေဒဏ် ကျပ်တစ်သောင်းစီ ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း ပြစ်ဒဏ်ချခံရသည့် လုပ်သားတစ်ဦးဖြစ်သူ ဦးနေလင်းဦးက ပြောကြားသည်။

အဆိုပါ ငွေဒဏ် ကျပ်တစ်သောင်း ပြစ်ဒဏ်ကို မကျခံပါက ထောင်ဒဏ် တစ်လ ပြစ်ဒဏ်ကို ကျခံရန် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ပြီး လုပ်သားများ အနေနှင့် ငွေဒဏ် ကျပ်တစ်သောင်းကို ပေးဆောင်ခဲ့ကြောင်း၊ တရားစွဲခံခဲ့ရသူ ခုနစ်ဦးအနက် ကျန်တစ်ဦးမှာ တရားရုံး မတက်သဖြင့် တရားခံပြေးအဖြစ် သတ်မှတ်ခံထားရကြောင်း ၎င်းကဆိုသည်။

လုပ်သားများကို ခွဲခြားဆက်ဆံခြင်း၊ အလုပ်ပြောင်းရွှေ့ခြင်း မပြုလုပ်ရန် အပါအဝင် လုပ်သား အခွင့်အရေးများအတွက် တော်ဝင် မိသားစု ကုမ္ပဏီပိုင်ရှင် ဦးကိုကိုထွေးနှင့် တိုက်ရိုက် တွေ့ဆုံရန် ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က လုပ်သား ၄၀၀ ခန့် လာရောက်ခဲ့ကြောင်း၊ ယင်းအနက် ဦးဆောင်သူ ခုနစ်ဦးကို စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့မှူးက ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခဲ့ပြီး တစ်နှစ်ကျော် အကြာတွင် ယင်းသို့ ပြစ်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

တော်ဝင် မိသားစု ကုမ္ပဏီသို့ လာရောက်မှုဖြင့် တရားစွဲဆို ခံထားရသူ လုပ်သား ခုနစ်ဦးတွင် အမျိုးသားလေးဦးနှင့် အမျိုးသမီးသုံးဦး ပါဝင်သည်။

တော်ဝင်မြန်မာ သစ်အချောထည် လုပ်သားများကို ပုဒ်မ ၁၈ ဖြင့် အင်းစိန်မြို့နယ်၊ ရွှေပြည်သာ မြို့နယ်နှင့် မရမ်းကုန်း မြို့နယ် တရားရုံးတို့ကလည်း လုပ်သား တစ်ဦးလျှင် ဒဏ်ငွေ တစ်သောင်းစီ ပြစ်ဒဏ်များ အသီးသီး ချမှတ်ပြီး ဖြစ်ကြောင်း ပြစ်ဒဏ် ချခံခဲ့ရသည့် အဆိုပါ စက်ရုံလုပ်သားများထံမှ သိရှိရသည်။

The Voice Weekly

တယ်လီနောက သုံးရက်အတွင်း လူတစ်ထောင်ကျော် အလုပ်အင်တာဗျူး ခေါ်မည်


ရန်ကုန်၊ နိုဝင်ဘာ ၂၉

တယ်လီနောမြန်မာက ဒီဇင်ဘာလ ၆ ရက်၊ ၇ ရက်နှင့် ၈ ရက်နေ့တို့တွင် အလုပ် လျှောက်ထားသူများထဲမှ ရွေးချယ်ခံရသူ တစ်ထောင်ကျော်ကို အင်တာဗျူး ခေါ်ယူ၍ ၇၀ ကျော်ခန့်ကို ဝန်ထမ်းခန့်အပ်မည် ဖြစ်ကြောင်း တယ်လီနောမြန်မာမှ ဝန်ထမ်းရေးရာ အရာရှိချုပ် Ms.Tipayarat Kaewsringarm က ပြောကြားသည်။

တယ်လီနောမြန်မာသည် ဒီဇင်ဘာ ၅ ရက်နေ့တွင် Telenor Career Seminar ပြုလုပ်မည် ဖြစ်ပြီး ဒေါက်တာ အောင်ထွန်းသက်၊ တယ်လီနောမြန်မာ အမှုဆောင် အရာရှိချုပ် Telenor Career Seminar နှင့် ဝန်ထမ်းရေးရာ အရာရှိချုပ် ဖြစ်သူ Ms.Tipayarat Kaewsringarm တို့က လူငယ်များနှင့် အလုပ်လျှောက်ထားရန် စိတ်ပါ ဝင်စားသူများကို ၎င်းတို့၏ အတွေ့အကြုံများကို ဟောပြော ပို့ချမည် ဖြစ်ကြောင်း၊ ဒီဇင်ဘာလ ၆ ရက်၊ ၇ ရက်နှင့် ၈ ရက်နေ့များတွင် ဝန်ထမ်း အင်တာဗျူးခြင်းနှင့် အင်္ဂလိပ်စာ Test များ ပြုလုပ်မည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။
“ဟောပြောပွဲမှာ CV ပါတင်လို့ရတာ ကောင်းတယ်။ ပညာရှင်တွေ ပြောတာကို နားထောင်ပြီး ကိုယ်တိုင် ဘာလုပ်သင့်လဲဆိုတာ ရွေးချယ်လို့ ရတာပေါ့” ဟု တယ်လီနော မြန်မာ၏ Marketing ဌာနတွင် အလုပ်လျှောက်ထားရန် ပြင်ဆင်နေသူ အသက် ၂၂ နှစ်အရွယ် ဒေါ်ဇာဇာလှိုင်က ဆိုသည်။

မြန်မာလူမျိုး ဝန်ထမ်း ၉၉ ရာခိုင်နှုန်းအထိ ခန့်အပ်မည်ဟု ကတိပေးထားသော တယ်လီနောမြန်မာက ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ စတင်နိုင်ရန် အစိုးရက ချထားပေးမည့် ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်း လိုင်စင်ကို စောင့်ဆိုင်းနေရဆဲ ဖြစ်သည်။

The Voice Weekly

ဂျပန်-အာဆီယံ နှစ် ၄ဝ ပြည့် ချစ်ကြည်ရေးပွဲတော်မှာ မြန်မာ့ဆိုင်းနဲ့ လက်စွမ်းပြမယ့် မြန်မာပြည်ကျောက်စိမ်း


ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ပြုလုပ်မယ့် ဂျပန်- အာဆီယံနှစ် ၄ဝပြည့် ချစ်ကြည်ရေး ပွဲတော်မှာ မြန်မာနိုင်ငံ ကိုယ်စားပြု အနေ နဲ့ မြန်မာပြည် ကျောက်စိမ်းက သွားရောက် ပြီး မြန်မာ့ ဆိုင်းကို တီးပြ ရမှာဖြစ်ပါတယ်။ ဒီဇင်ဘာ ၁ဝရက် နေ့မှာ ထွက်ခွာ မှာဖြစ်ပြီး ၁၁ရက်နေ့ မှာတော့ ပွဲကျင်းပ မှာဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ပွဲနဲ့ ပတ်သက်ပြီး မြန်မာပြည် ကျောက်စိမ်းက “လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား ၊ဗီယက်နမ် ၊မြန်မာ၊ ဂျပန် လောလောဆယ် ခြောက်နိုင်ငံပေါ့။ ကျန်တဲ့နိုင်ငံတွေ ကတော့ လှည့် ပြီးပြီ။ အာဆီယံနိုင်ငံက အကြီးအကဲတွေ တက်ကြ မှာပေါ့။ ကျွန်တော်တို့ ကတော့ မြန်မာ့ တူရိယာနဲ့ တင်ဆက် မယ်။

ကျန်တဲ့နိုင်ငံတွေ ကလည်း သူတို့တူရိ ယာတွေ နဲ့ပေါ့။ အားလုံးပေါင်းစပ်ပြီး တီးကြမယ်။ ရိုးရာ ယဉ်ကျေးမှုတွေကို တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဖလှယ်ပြီးတော့ တီးကြမှာပါ။ ဒီခရီးစဉ် အတွက်ကိုတော့ ၆လပိုင်း က တည်း က workshop တွေ လုပ်ခဲ့ရတယ်။ အရင်ဆုံး စပြီးတော့ သီချင်း ညှိနှိုင်း တာက ထိုင်းမှာပါ။ နောက်တစ်ခါက ဗီယက်နမ်မှာ တစ်ခါပါ ။နှစ်ခါ သီချင်း တိုက်ရတယ်။ ကိုယ့်နိုင်ငံ အတွက် ကိုယ့် ရိုးရာ ဂီတကို ထုတ်ဖော်ပြီး တီးခတ်ရ မှာပါ” လို့ပြောပြပါတယ်။ သဘင်ပေါ် မှာ သံယောဇဉ် ကြီးလွန်းတဲ့ မြန်မာပြည် ကျောက်စိမ်း က သဘင်နဲ့ ပတ် သက်ပြီး သဘင်ရွာကြီး ဖြစ်စေချင်တဲ့ ဆန္ဒ တွေရှိနေခဲ့ပြီး ဂျပန်- အာဆီယံနှစ် ၄ဝ ပြည့်ကို တက်ရောက်လာတဲ့ မြန်မာနိုင်ငံ ကအကြီးအကဲ တစ်ဦးဦးကို အခွင့် သာ လို့ စကားပြောခွင့် ရရင် သဘင်ရွာနဲ့ ပတ် သက်ပြီး တင်ပြသွားဖို့ စိတ်ကူးထား ကြောင်းလည်း ပြောပြပါတယ်။

လင်းအက္ခရာ
Popular Myanmar News Journal

အငှားယာဉ်မှ လမ်းလျှောက်နေသူများအား တိုက်မိသဖြင့် တစ်ဦးသေ (၃)ဦးဒဏ်ရာရရှိ


မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အငှားယာဉ်မှ လမ်းညွှန်ဆိုင်းဘုတ်အား တိုက်မိပြီး လမ်းလျှောက်နေသူများအား တိုက်မိသဖြင့် တစ်ဦးသေ (၃)ဦးဒဏ်ရာရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၃၀

၂၉.၁၁.၂၀၁၃ရက်နေ့ ၁၇၀၀အချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းအတိုင်း အနောက်မှအရှေ့သို့ ယာဉ်မောင်း ဇော်သန်း (ဘ)ဦးလှစိုး၊ ကန်တော်လေးရပ်ကွက်၊ မင်္ဂလာတောင်ညွန့်မြို့နယ်နေသူ မောင်းနှင်လာသည့် ၂ဂ/---- အီဇူဇူးဘောက် အငှားယာဉ်သည် မြန်မာ့မီးရထားဝင်းရှေ့ အရောက်ဝဲလက်လမ်းစပ်ရှိ လမ်းညွှန်ဆိုင်းဘုတ်အားတိုက်မိပြီး လမ်းလျှောက် နေသူ ဒေါ်နီနီဝင်း ၊ မနှင်းဧပရယ်သန့်၊ မစုမြတ်သီနှင့် မောင်နေလင်းတို့အား တိုက်မိခဲ့ရာ ဒေါ်နီနီဝင်းမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားပြီး မနှင်းဧပရာယ်တွင် ပြင်းထန်ဒဏ်ရာရရှိ၍ ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ (စိုးရိမ်ရ)အဖြစ်လည်းကောင်း၊ မစုမြတ်သီနှင့် မောင်နေလင်းတို့ တွင် ဒဏ်ရာအသီးသီးရရှိ၍ ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် ကုသရသောကြောင့် ယာဉ်မောင်း ဇော်သန်း မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းယာဉ်(ပ)၄၇/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၇၉/၃၃၈/၃၀၄-ကအရ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

ရဲဇာနည်


သွေးပေါင် ကျခြင်းမှ ကာကွယ်ဖို့


ချွေးထွက်တွေ များပြီး သွေးတိုး မရှိတဲ့ လူတွေက သွေးပေါင် အရမ်းကျ ကျပါတယ်။

သွေးတိုးရင်တော့ သွေးပေါင်ကျအောင် လုပ်ရသလို သွေးပေါင် ကျရင်လည်း သွေးပေါင် ပြန်တက်အောင် လုပ်လို့ရပါတယ်။ ဒါပေမယ့် မကျခင်မှာ ကြိုတင်ကာကွယ်တဲ့ နည်းလမ်း လေးတွေကို သိထားရင်လည်း ကြိုတင်ကာကွယ် ထားနိုင်ပါတယ်။

မုန်လာဥ အစိမ်းကို ဖျော်ရည်လုပ်၍ သောက်ခြင်းသည် သွေးတွေကျစေရန် သွေးပေါင်ချိန် ထိန်းရန် အလွန် အကျိုးရှိသော ကုသမှု ဖြစ်ပါတယ်။ မုန်လာဥ ဖျော်ရည် တစ်ခွက်ကို တစ်နေ့ နှစ်ကြိမ် သောက်သုံးပါ။ အာဟာရဓာတ် ကြွယ်ဝစေဖို့ အတွက် ပရိုတင်း၊ ဗိုက်တာ မင်စီနဲ့ ဘီအုပ်စုများ ပါဝင်တဲ့ အစာများကို မှီဝဲခြင်းက သွေးအတက်အကျကို ကာကွယ်ချိန် ညှိပေး နိုင်ပါတယ်။

သွေးပေါင်ကျခြင်းကို ထိန်းသိမ်းဖို့ရာ ဆားကို အသုံးပြုပေးပါ။ သွေးပေါင်ချိန် ပုံမှန်ရှိသူ တစ်ယောက်ပင် ဖြစ်စေကာမူ ဆားပါဝင်သော အစားအသောက်ကို စားသုံးပေးပါ။ ဆားလက်ဖက်ရည် ဇွန်းတစ်ဝက်ခန့်ကို ရေတစ်ဖန်ခွက်နှင့် ဖျော်၍ နေ့စဉ် သောက်သုံး ပေးလျှင် ကောင်းမွန် ပါတယ်။

ခန္ဓာကိုယ်ထဲမှ ရေဓာတ် ဆုံးရှုံးလျှင်လည်း သွေးပေါင်ချိန် ကျစေပြန်ပါတယ်။ သွေးပေါင်ချိန် ကျနေသော လူကို အရည်များများ ၀င်နိုင်သမျှ ၀င်အောင် တိုက်ပေးခြင်းဖြင့် ရေဓာတ် ဆုံးရှုံးမှုမှ ကယ်ဆယ် နိုင်ပါတယ်။

အကယ်၍ သွေးပေါင် တိုးနေပါက မိသားစု ဆရာဝန်ထံမှာ အကြံညဏ်ရယူပြီး သင့်တင့် မှန်ကန်သည့် ဆေးဝါး သောက်သုံးမှု ၊ ကုသမှု ယူသင့်ပါတယ်။ မိမိဘာသာ ဆေးများ သောက်သုံးခြင်း၊ သောက်ရသည့် ပမာဏထက် ပို၍ သောက်ခြင်း များကိုလည်း ရှောင်ကြဉ်ပါ။

By Health Articles

ပလတ်စတစ်ဆာ ဂျရီနှင့် စိတ်ကျန်းမာရေး


ကာလရှည်ကြာ လေ့လာမှု တစ်ခုအရ ပလတ်စတစ် ဆာဂျရီ ပြုပြင်မှု ခံယူထားသော သူများသည် ဘဝတွင် ပိုမိုပျော်ရွှင် လာကြပြီး မိမိကိုယ်ကို ယုံကြည်မှုလည်း ပိုရှိလာကြောင်း တွေ့ရသည်။

ယင်းလေ့လာမှုအား University of Basel မှ စိတ်ပညာရှင် ပါမောက္ခ ဒေါက်တာJurgen Margrof မှ ဦးဆောင် လုပ်ကိုင်ခဲ့ခြင်း ဖြစ်ပြီး ခွဲစိတ်မှု ခံယူထားသူ ၅၅ဝဦး အပေါ်တွင် လေ့လာမှုများ လုပ်ခဲ့သည်။ လေ့လာခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ပလတ်စတစ် ဆာဂျရီ ခွဲစိတ်မှု ခံယူခြင်းနှင့် ကျန်းမာရေး ပြောင်းလဲမှု (စိတ်ကျန်းမာရေး၊ ဘဝတွင် နေပျော်မှု၊ စိတ်ကျဝေဒနာ)ကို လေ့လာရန် ဖြစ်သည်။

စိတ်ပညာရှင် များက ခွဲစိတ်မှုခံ ယူထားသော လူနာများအား ခွဲပြီးနောက် သုံးလ၊ ခြောက်လနှင့် ၁၂လ တို့တွင် အသီးသီး လေ့လာခဲ့ရာ လူနာ အများစုသည် မိမိတို့ မျှော်လင့်ထား သကဲ့သို့ ဖြစ်လာပြီး ဘဝ၌ ပိုမို နေပျော်လာကြောင်း တွေ့ရသည်။ ခွဲစိတ်ရန် ပြင်ပြီးမှ မခွဲဖြစ်သူများထက် ခွဲဖြစ်သူများသည် ပို၍ စိတ်ပူပန်မှု လျော့နည်းပြီး မိမိကိုယ်ကို ယုံကြည်မှု ပိုလာကြောင်း တွေ့ရလေသည်။

မိုင်ကိ

ref: MNT
Health Updates Journal

ဆောင်းရာသီတွင် အသားအရေ ခြောက်သွေ့ခြင်းမှ ကာကွယ် နိုင်ရန်


ယခုနှစ်ကဲ့သို့ အအေး လွန်ကဲသော ဆောင်းရာသီတွင် အသားအရေ
ခြောက်သွေ့ခြင်းမှာ မလွဲမသွေ ကြုံတွေ့ရမည့် ပြဿနာ တစ်ခု ဖြစ်သည်။

ဆောင်းရာသီတွင် အပူချိန် ကျဆင်းခြင်း၊ လေထုထဲ၌ ရေငွေ့ ပါဝင်မှု နည်းခြင်း၊ အေးစက်သော လေပြင်းများ တိုက်ခတ်ခြင်းတို့က သင့်အသား အရေရဲ့အဆီဓာတ်ကို ခန်းခြောက်စေပြီး အသားအရေ ခြောက်သွေ့ခြင်းကို ဖြစ်ပွား စေပါသည်။ ထို့ကြောင့် အသားအရေ ခြောက်သွေ့ခြင်း မဖြစ်စေရန်

(၁) အသားအရေကို ရေဓာတ်ပြန်လည် ဖြည့်တင်းပေးသော ပစ္စည်းများသုံးပါ။

ထိုကဲ့သို့ ရေဓာတ်ပြန် ဖြည့်ပေးသော (moisturizer) များကို ရွေးရာ၌ ရေကို အခြေခံသော ပစ္စည်းများထက် အဆီကို အခြေခံသော moisturizerကို ပိုသုံး သင့်ပါသည်။ သို့မှသာ ယင်းအဆီက သင့်ရဲ့အရေပြားပေါ်တွင် အလွှာပါး တစ်ခု ဖြစ်ပေါ်စေပြီး ရေဓာတ်ဆုံးရှုံးမှုကို အခြား လိုးရှင်း တွေထက် ပိုလျော့ နည်းစေပါသည်။

(၂) ရေများများသောက်ပါ။

ဆောင်းတွင်း၌ အသားအရေ ခြောက်သွေ့ခြင်းကို ကာကွယ်ရန် တစ်ရက်ကို ရေတစ် လီတာမှ နှစ်လီတာခန့် သောက်သုံး သင့်ပါသည်။ ထို့အတူ အရည်ရွှမ်း သောအသီးများ ဖြစ်သည့်ပန်းသီး၊ သခွားသီးကဲ့သို့ အသီးများအား စားသုံးသင့် ပါသည်။ ထိုအစာများက သင့်ရဲ့အစာ စားချင်စိတ်ကို ထိန်းချုပ် ပေးနိုင်သည့် အပြင် သင့်အသား အရေကို တစ်နေကုန် ရေဓာတ်ပြည့်ဝ နေစေ ပါသည်။

(၃) နေရောင်ကာ ခရင်မ်သုံးပါ။

နေရောင်ကာ ခရင်မ်ကို နွေရာသီမှာပဲ သုံးရမည့် ဆိုသည့်အတွေးကို ခေါင်းထဲက ထုတ်ပစ် လိုက်ပါ။ ဆောင်းရာသီ နေရောင် ကလည်း သင့်အသား အရေကို ပျက်စီး စေနိုင်ပါသည်။ ထို့ကြောင့် လမ်းမထွက်မီ နေရောင်ကာ ခရင်မ်ကို မျက်နှာနဲ့ အခြားနေရောင်နှင့် ထိတွေ့သည့် နေရာများကို လိမ်းထား သင့်ပါသည်။ အကယ်၍ အချိန်ကြာကြာနေ မည်ဆိုလျှင် ထပ်မံလိမ်း သင့်ပါသည်။

(၄) ငါးမှရရှိသော အဆီဆေးများကို သုံးပါ။

လေ့လာမှု တစ်ခုအရ ငါးမှရသော အိုမီဂါ-၃ အဆီဆေးလုံးက အလွန်အကျွံ ခြောက်သွေ့နေသော အသားအရေ ရှိသူများတွင်ပင် ရက်သတ္တပတ် အနည်းငယ်အတွင်း အသားအရေကို ပြန်လည် စိုပြည် လာကြောင်း တွေ့ရသည်။

(၅) အလွန်ပူသော ရေများကို ရှောင်ပါ။

ဆောင်းရာသီတွင် ရေနွေးကို အသုံးပြုခြင်းက အလွန်ဇိမ်ရှိ လှသော်လည်း ဆောင်းရာသီမှာ ရေနွေးကို သုံး၍ ရေချိုးခြင်း၊ မျက်နှာသစ်ခြင်းကို မလုပ်ရပါ။ ဤကဲ့သို့ လုပ်ခြင်းက မျက်နှာရှိ ဆံခြည်မျှင် သွေးကြောများ ပေါက်စေ၍ အဆီလွှာကို ပျက်စီးစေခြင်း၊ ရေဓာတ်ဆုံးရှုံးမှုကို အလွန်အကျွံ ဖြစ်စေပါသည်။ ထို့ကြောင့် ဂျိုဂျိုဘား (သို့မဟုတ်) ဗာဒံစေ့ဆီ အနည်းငယ်ခန့်ကို ချိုးမည့် ရေထဲသို့ ထည့်ပေးခြင်းက ဆောင်းရာသီမှာ သင့်အသား အရေကို အာဟာရ ပြည့်စေမှာပါ။

(၆) သင့်ရဲ့ ခြောက်သွေ့ကွဲအက်နေသည့် နှုတ်ခမ်းများကို မလျက်ပါနှင့်။

ဤကဲ့သို့ ပြုလုပ်ခြင်းက သင့်နှုတ်ခမ်းကို ပိုခြောက်စေပါသည်။ ဤကဲ့သို့ လျက်မည့်အစား နှုတ်ခမ်းဆီ၊ လိုးရှင်း သို့မဟုတ် သံလွင်ဆီနှင့် ပျားရည် အနည်းငယ် ရောပြီး နှုတ်ခမ်းကို သုတ်ထား သင့်ပါသည်။

(၇) လက်များကို ဂရုစိုက်ပါ။

အိပ်ရာ မ၀င်မီ လိုရှင်း တစ်မျိုးမျိုး သုံးပြီး အိပ်သင့် ပါသည်။

(၈) ခြေဖနောင့်ကွဲခြင်းကို ဂရုစိုက်ပါ။

ဆောင်းရာသီတွင် ခြေဖနောင့် ကွဲခြင်းက အလွန်နာကျင်သည့် ဝေဒနာကို ခံစား ရနိုင်ပါသည်။ ထိုနာကျင် နေခြင်းကို သက်သာစေရန် ရေနွေးနွေးထဲတွင် ခြေထောက်ကို စိမ်ပေး သင့်ပါသည်။ ထို့နောက် ခြေထောက်အား moisturizes (သို့မဟုတ်) မာဆက်ခရင်မ် တစ်မျိုးမျိုးအား လိမ်းပေးပြီး ညင်သာစွာ နှိပ်နယ် ပေးသင့်ပါသည်။ ခြေစွပ်ပွပွများနဲ့ ဖိနပ် ချောင်ချောင်များကို သုံးသင့်ပါသည်။

မိုင်ကိ

Ref: MNT
Health Updates Journal

ကျည်ဆန် ရထားသစ် ပုံစံ အရှေ့ ဂျပန်မီးရထား ကုမ္ပဏီ (JR East) ထုတ်ဖော် ပြသ


အရှေ့ဂျပန် မီးရထား ကုမ္ပဏီ (JR East) သည် တိုကျိုမြို့နှင့် ဂျပန် ပင်လယ်ကမ်းခြေကို ဆက်သွယ်မည့် မီးရထား လမ်းသစ်တွင် ပြေးဆွဲရန် E 7 အမျိုးအစားShinkansen ကျည်ဆန်ရထား၏ နောက်ဆုံးပေါ် ပုံစံ ကို နိုဝင်ဘာ ၂၈ ရက်တွင် Miyagi စီရင်စုရှိ ၎င်း၏ မီးရထားဝင်း၌ သတင်းထောက်များကို ထုတ်ဖော် ပြသခဲ့ကြောင်း နိုဝင်ဘာ ၂၉ ရက် အင် တာနက် သတင်းတစ်ရပ် အရ သိရသည်။

အဆိုပါ မီးရထားတွင် နှင်းဖယ်ရှားသည့် ရော်ဘာ ကိရိယာများ တပ်ဆင်ထားပြီး ထိုင်ခုံ ၁၈ လုံးပါ ဇိမ်ခံGran အတန်းအစား မီးရထားတွဲ တစ်တွဲပါရှိကြောင်း၊ ထိုင်ခုံ အားလုံးတွင် ကျည်ဆန် ရထားများ အတွက် ပထမဆုံး စနစ်ဖြစ်သော ကွန်ပျူတာ အားသွင်းနိုင်သည့် လျှပ် စစ် ပလပ်ပေါက်များ ပါရှိကြောင်း၊Hokuriku Shinkansen မီးရထားလိုင်းသည် ဂျပန်နိုင်ငံ အလယ်ပိုင်း Nagano မြို့နှင့် တိုကျိုမြို့ကို ဆက်သွယ်ထားသော လက်ရှိ Nagano Shinkansen မီးရထားလိုင်းကို တိုးချဲ့ထားခြင်း ဖြစ်ကြောင်း၊ ၎င်းရထားလမ်းသည် ကမ်းရိုးတန်း ဒေသ၏ အဓိကမြို့Kanazawa နှင့် တိုကျိုမြို့ကြားရှိ ရထားလမ်း ခရီးကို အကြမ်းဖျင်း အားဖြင့် ၄ နာရီ ကြာမြင့်ရာမှ ၂ နာရီ ၃ဝ မိနစ်ခန့်သာ ကြာမြင့်စေ မည် ဖြစ်ကြောင်းနှင့် ၎င်းရထားလမ်းကို ၂ဝ၁၅ ခုနှစ် မတ်လတွင် ဖွင့်လှစ်မည် ဖြစ်ပြီး တိုကျိုနှင့် Nagano မြို့တို့ အကြားရှိ ခရီးသည်များ အနေဖြင့် အဆိုပါ E 7 အမျိုးအစား ကျည်ဆန် ရထားများကို စီးနင်းနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ


ပန်းရောင် နှုတ်ခမ်းလေးတွေ ပိုင်ဆိုင်နိုင်ဖို့


နှုတ်ခမ်းတွေ မည်းနေတတ်ပြီး ပန်းရောင် နှုတ်ခမ်းလေး တွေကို ပိုင်ဆိုင်ချင်တယ် ဆိုတဲ့ ပျိုမေတွေ အနေနဲ့ နွားနို့အေးနဲ့ နနွင်းမှုန့်တို့ကို ရောစပ်ပြီး နှုတ်ခမ်းကို သုတ်လိမ်းပေးပါ...

ပြီးတော့ ငါးမိနစ်လောက် ဒီအတိုင်း ထားရပါမယ်... ဒီနည်းလမ်းအတိုင်း တစ်ပတ်လောက် လုပ်သွားမယ် ဆိုရင်ပဲ သင့်နှုတ်ခမ်း အရောင်အသွေးဟာ သိသာ ထင်ရှားစွာ ပြောင်းလဲ လာတာကို တွေ့ရပါလိမ့်မယ်။

လူအများစုဟာ သူတို့ရဲ့မျက်နှာနဲ့ ခန္ဓာကိုယ်ကို အစိုဓာတ် ထိန်းသိမ်း တတ်ကြပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ နှုတ်ခမ်းတွေကိုတော့ အာရုံစိုက်မှု အလွန်နည်းပါတယ်။ ဆောင်းရာသီမှာ နှုတ်ခမ်းဟာ အစိုဓာတ် ဆုံးရှုံးကာ ခြောက်ပြီး အခြပ်လိုက် ကွာတတ်ပါတယ်။ ဒါကြောင့် နှုတ်ခမ်းကို အဆီတောင့် (petroleum jelly) ဒါမှမဟုတ် နှုတ်ခမ်းဆိုးဆေးတွေ များများဆိုးပြီး ပျော့ပြောင်း မှုကို ထိန်းသိမ်းရပါမယ်။

အိပ်ရာ မဝင်ခင်မှာ ဗွီတွတ်(beetroot) ဖျော်ရည် နည်းနည်းကို နှုတ်ခမ်းမှာ လိမ်းပေးပါ။ ဗွီတွတ်တွေဟာ သဘာဝ အရောင်တင်ဆေး ဖြစ်တဲ့အတွက် မနက် အိပ်ရာထတဲ့ အချိန်မှာ သင့်နှုတ်ခမ်းတွေဟာ သဘာဝ အတိုင်း ပန်းရောင် သန်းနေပါလိမ့်မယ်။

နှင်းဆီအနီရဲ့ ပွင့်ချပ်တွေကို ကြေအောင်ကြိတ်ပြီး သင့်နှုတ်ခမ်းပေါ် သုတ်လိမ်းပါ။ သင့်နှုတ်ခမ်းတွေ နှင်းဆီရောင် သမ်းလာစေတဲ့ အပြင် နှုတ်ခမ်းတွေရဲ့ ကျန်းမာရေး အတွက်လည်း အထောက်အကူ ပြုစေပါတယ်။

နောက်တစ်နည်း ကတော့ ရှောက်သီးနဲ့ သကြားကိုသုံးပြီး သင့်နှုတ်ခမ်း အရေပြားကို ပေါင်းတင်တာပါပဲ။ ဒီနည်းအားဖြင့် အရေပြား အသေတွေကို ဖယ်ရှားပေးနိုင်တဲ့ အပြင် လက်ဖက်ရည်/ ကော်ဖီချိုးတွေကို ရှင်းလင်းပေးကာ သင့်နှုတ်ခမ်းကို နူးညံ့ပြီး ပန်းရောင် သမ်းစေမှာ ဖြစ်ပါတယ်။

သော်တာမောင်
မြ၀တီ

အသေးစား ကျားသစ်မျိုးနွယ်ဝင် ကြောင်မျိုးစိတ်သစ် တောင်အမေရိက တိုက်တွင် တွေ့ရှိ


တောင်အမေရိကတိုက်တွင် Oncillas အမည်ရှိ အသေးစား ကျားသစ် မျိုးနွယ်ဝင် ကြောင်မျိုး စိတ်သစ် တစ်မျိုးကို သုတေသီများက ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။

Oncillas မျိုးနွယ်ဝင် ကြောင်များသည် အပြင်ပန်း သွင်ပြင်တူညီမှု ရှိသော်ငြားလည်း ယင်းမျိုးနွယ်ဝင်များ အားလုံးသည် တူညီမှု မရှိကြောင်းနှင့် ယခုတွေ့ရှိသော မျိုး စိတ်သစ်သည် တောင်အမေရိကတိုက်ရှိ မတူကွဲပြားသော မျိုးစိတ်များ နေထိုင် ကျက်စားသည့် ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်းမှ အသေးစား ကျားသစ် မျိုးနွယ်ဝင် ကြောင်များ ဖြစ်သည်ဟု သုတေသီများက ပြောကြားထားသည်။

Oncillas ကြောင်မျိုးနွယ်များသည် တစ်မူ ထူးခြားသော မျိုးစိတ်သစ်များ ဖြစ်ကြောင်းနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေ အရ ကာကွယ် စောင့်ရှောက်မှု ပေးရမည်၊ မပေးရမည် ဆိုခြင်းနှင့် စပ်လျဉ်း၍ လေ့လာမှု တစ်ရပ်ကို လုပ်ဆောင်လျက် ရှိကြောင်း ဘရာဇီး နိုင်ငံ Pontifical Catholic တက္ကသိုလ်မှ သုတေသီ တစ်ဦးဖြစ်ပြီး လေ့လာမှုတွင် ပါဝင်သူ အီဒူ အာဒိုအီဇီရစ်ခ်က ပြောကြားခဲ့ သည်။

ယင်းမျိုးစိတ် နှစ်ခုလုံးသည် ခန္ဓာကိုယ်တွင် အဝါရောင် အမွေးအမှင်များနှင့် အမည်းရောင် အကွက်များ ရှိပြီး အပင်ပေါ်သို့ သွက်လက် ချက်ချာစွာ တက်နိုင်ကြောင်းနှင့် ရှဥ့်ကဲ့သို့သော အသေးစား နို့တိုက်သတ္တဝါများနှင့်ငှက်များကို စားသောက် နေထိုင်ကြကြောင်း Michigan တက္ကသိုလ်၏ ပြောကြားချက်အရ သိရသည်။

ယင်းမျိုးစိတ် နှစ်ခုလုံးသည် တောင်အမေရိက တိုက်တွင် နေထိုင်ကျက်စားသော အသေးစား ကြောင်မျိုးနွယ်ဝင်များ အနက် တစ်ခုအပါအဝင် ဖြစ်ပြီး ခန္ဓာကိုယ် အလေးချိန်မှာ သုံးကီလိုဂရမ် ရှိကြောင်း သိရသည်။

ယခု ရှာဖွေတွေ့ရှိခဲ့သော မျိုးစိတ်သစ်ကို Leopardus guttulus ဟု အမည် ပေးထားကြောင်း သိရသည်။

မြ၀တီ

မကြာခဏ နုံးချည့်ညောင်းညာ တတ်သူတို့ စွမ်းအင် တိုးစေမည့် နည်းများ


မကြာခဏ နုံးချည့် ညောင်းညာပြီး ပင်ပန်း သလိုလို စွမ်းအင် မရှိသလိုလို ဖြစ်နေ ပါသလား။

ရိုးစင်းတဲ့ ဘဝ နေထိုင်မှု ပုံစံကို ပြောင်းလဲ ပေးလိုက်ရုံနဲ့ သင့်ဘဝမှာ စွမ်းအင်တွေ ပြန်ရှိ လာပါ လိမ့်မယ်။

(၁) ရေများများသောက်ပေးပါ

ရေဓာတ် ခန်းခြောက်မှု ဖြစ်ရင် ခန္ဓာကိုယ်ရဲ့ လုပ်ငန်း ဆောင်တာတွေကို ထိထိ ရောက်ရောက် လုပ်ဆောင်စွမ်း ကျစေတာကြောင့် နုံးချည့် ပင်ပန်း နေတတ်ပါတယ်။ ဒါကြောင့် မကြာခဏ ရေသောက် ပေးရပါမယ်။

(၂) ကဖင်းဓာတ်ကို သတိထားပါ

တစ်နေ့မှာ ကဖင်းပါတဲ့ အရည် (ဥပမာ- ကော်ဖီ၊ လက်ဖက်ရည်နဲ့ ကိုလာ) တို့ကို တစ်ခွက်၊ နှစ်ခွက် သောက်တာက စွမ်းအင် တိုးစေပြီး စိတ်ရွှင်လန်း စေပါတယ်။ ဒါပေမဲ့ ကဖင်းဓာတ်ကို များများ မှီဝဲတာ (ဥပမာ- တစ်နေ့ ခြောက်ခွက်ခန့်) က ရင်တုန်တာ၊ ကတုန်ကယင် ဖြစ်တာနဲ့ သက်လုံ ကျဆင်းတာ တို့ကို ဖြစ်စေ နိုင်ပါတယ်။

(၃) နံနက်စာကို ပုံမှန်စားပါ

နံနက်စာကို မှန်မှန်စားတာက ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်ကို ရရှိစေပါတယ်။ ဦးနှောက်ဟာ လောင်စာအဖြစ် ဂလူးကို့စ် ပေါ်မှာ မူတည် နေတဲ့ အတွက် ကာဗိုဟိုက်ဒရိတ် များများပါတဲ့ နံနက်စာကို စားပေးသင့်ပါတယ်။ အစာမစားဘဲ နေရင် သွေးတွင်း သကြားဓာတ်ကို လျော့ကျ စေတာကြောင့် နုံးချည့် နွမ်းနယ်မှု ဖြစ်လွယ် ပါတယ်။

(၄) အာဟာရပြည့်ဝအောင်စားပါ

ကောက်နှံ တစ်ခုလုံးနဲ့ လုပ်ထားတဲ့အစာ (ဥပမာ- ဆန်လုံးညို၊ ခေါက်ဆွဲညို)၊ အဆီနည်းနို့နဲ့ နို့ထွက် ပစ္စည်း၊ အဆီနည်းအသား၊ သစ်သီးနဲ့ ဟင်းသီး ဟင်းရွက်တို့ကို များများစားရင် အာဟာရ ပြည့်ဝ စေပါတယ်။ အဆီ၊ သကြားနဲ့ ဆားများတဲ့ အစာတွေကို လျှော့စားပါ။ အမျိုးသမီးတွေ အနေနဲ့ သံဓာတ် ချို့တဲ့မှုဖြစ်ရင် နုံးချည့် ညောင်းညာ တတ်တာကြောင့် အဆီနည်း အသားလို သံဓာတ် ပါဝင်မှုများတဲ့ အစာ စားပေး သင့်ပါတယ်။

(၅) ရက်တို အစာလျှော့နည်းများ မကျင့်သုံးပါနှင့်

ကိုယ်အလေးချိန် ကျဖို့အတွက် ရက်တိုတို အတွင်း အလေးချိန် ကျစေမယ့် အစာ၊ အဆီကျဆေး စတာတွေသုံးပြီး ကိုယ်အလေးချိန် မလျှော့ချပါနဲ့။ ဒီလို အစာ လျှော့တာကြောင့် ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်တွေကို မရရှိဘဲ နုံးချည့် ညောင်းညာ နိုင်ပါတယ်။

(၆) အိပ်ရေးဝဝအိပ်ပါ

တစ်ညကို ရှစ်နာရီလောက် အိပ်ချိန် ပေးသင့် ပါတယ်။ အိပ်စက် ချိန်မှာလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ လိုပါတယ်။ အိပ်ရာထဲ ရောက်တဲ့အခါ ပူပင်စရာ အတွေးတွေကို မေ့ပစ်ပြီး ဝင်လေထွက်လေ မှတ်တာ၊ ဘုရားစာ ရွတ်တာတို့နဲ့ အပန်းဖြေကာ အိပ်စက် အနားယူပါ။

(၇) အိပ်ဆေးမသောက်ပါနှင့်

အိပ်ဆေးတွေက အိပ်မပျော်တဲ့ ဝေဒနာအတွက် ရေရှည်ဖြေရှင်းနည်း မဟုတ်ပါဘူး။ ဒီဆေးတွေက အိပ်မပျော်တဲ့ အကြောင်းရင်းကို ကုသတာ မဟုတ်တဲ့ အတွက် ဘာကြောင့် အိပ်မပျော် ရတာလဲ ဆိုတာ အဖြေရှာပါ။ အိပ်မပျော်ဘဲ နုံးချည့် ညောင်းညာ နေရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ကျန်းမာရေး စစ်ဆေးမှု ခံယူသင့်ပါတယ်။

မြ၀တီ

သင်က နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ မြင့်မားသူလား


အောက်ပါ အချက်အလက်တွေထဲက တစ်ခုမဟုတ် တစ်ခု ရှိနေပါက နှလုံးနဲ့ သွေးကြော ဆိုင်ရာ ရောဂါတွေကို လက္ခဏာ မရှိသူတွေထက် ပိုမိုဖြစ်ပွား နိုင်ခြေ ရှိပါတယ်။

၁။ သွေးတိုးရောဂါရှိခြင်း

သင့်မှာ သွေးတိုးရှိတာက နှလုံးကို ထိခိုက်မှု ဖြစ်စေပြီး သွေးကြောတွေကို ပျက်စီးကာ သွေးကြောပိတ်ဆို့မှုတွေ ဖြစ်နိုင်ပါတယ်။

၂။ အမျိုးသားဖြစ်ခြင်း

အမျိုးသားတွေက အမျိုးသမီးတွေထက် နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ ပိုများ ပါတယ်။ ဒါပေမဲ့ သွေးဆုံးပြီး အမျိုးသမီးတွေကတော့ အမျိုးသားတွေထက် နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ ပိုများပါတယ်။

၃။ မျိုးရိုးရှိခြင်း

မိဘမျိုးရိုးမှာ နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါ တစ်ခုခု ရှိသူတွေဟာ တခြားသူတွေထက် နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါတွေ ဖြစ်ပွားနိုင်ခြေ ပိုမိုများပါတယ်။

၎။ အသက် ၄၀ ကျော်ခြင်း

အသက် ၄၀ ကျော်လာသူတွေဟာ အသက် ၄၀ အောက် အရွယ်တွေထက် နှလုံးနဲ့ သွေးကြောရောဂါတွေ ဖြစ်ပွားနိုင်ခြေ ပိုမိုများပါတယ်။

၅။ သွေးတွင်း ကိုလက်စထရော များခြင်း

သွေးတွင်းကို လက်စထရောများပါက သွေးကြောအတွင်းမှာ အဆီခဲတွေကို ဖြစ်စေပြီး သွေးကြောတွေ တဖြည်းဖြည်း ကျဉ်းစေပါတယ်။ သွေးကြောတွေ ကျဉ်းသွားတာကြောင့် နှလုံးဆီကို သွေးစီးဆင်းမှု နည်းသွားစေပြီး နှလုံး ရောဂါကို ဖြစ်စေပါတယ်။

၆။ ဆေးလိပ်သောက်ခြင်း

ဆေးလိပ်မှာ ပါဝင်တဲ့ နစ်ကိုတင်းက နှလုံးခုန်မြန်စေပြီး သွေးကြောတွေကို ကျဉ်းစေတာကြောင့် နှလုံးဆီ သွေးစီးဆင်းမှုကို လျော့နည်းစေပါတယ်။

၇။ ဆီးချိုသွေးချို ရောဂါရှိခြင်း

ဆီးချိုသွေးချို ရောဂါရှိသူတွေရဲ့ လေးပုံသုံးပုံလောက်က နောက်ဆက်တွဲ ဖြစ်ပွားတဲ့ နှလုံးနဲ့ သွေးကြောရောဂါတွေကြောင့် သေဆုံးခဲ့ကြပါတယ်။ ဆီးချိုသွေးချိုရောဂါ ဝေဒနာရှင်တွေဟာ သွေးချိုကို ထိန်းထားနိုင်တယ် ဆိုရင်တောင် နှလုံးနဲ့ သွေးကြောရောဂါတွေ ဖြစ်ပွားနိုင်ခြေ မြင့်မားပါတယ်။ သွေးချိုကို ထိန်းမထားနိုင်ခဲ့ရင်တော့ နှလုံးနဲ့ သွေးကြောတွေကို ဆိုးဆိုးရွားရွား ထိခိုက်နိုင်ပါတယ်။

၈။ အဝလွန်ခြင်း

အဝလွန်သူတွေဟာ အထူးသဖြင့် ခါးတစ်ဝိုက်မှာ အဆီများသူတွေဟာ နှလုံးနဲ့ သွေးကြောရောဂါတွေ ဖြစ်ပွားနိုင်ခြေ များပါတယ်။

၉။ အရက်သောက်ခြင်း

အရက်သောက်သုံးသူ အများစုဟာ သင့်တင့်တဲ့ ပမာဏကိုသာ သောက်သုံး သူ အလွန်နည်းပါတယ်။ အလွန်အကျွံ သောက်သုံးတာတွေကြောင့် နှလုံးနဲ့ သွေးကြောရောဂါ ဖြစ်နိုင်ခြေ များရတာပါ။

၁ဝ။ စိတ်ဖိစီးမှုများခြင်း

စိတ်ဖိစီးမှုများတာကြောင့် ခန္ဓာကိုယ်တွင်းမှ ထွက်လာတဲ့ ဟော်မုန်းတွေက နှလုံးနဲ့ သွေးကြောတွေကို ထိခိုက်စေပါတယ်။

၁၁။ လှုပ်ရှားမှုမရှိခြင်း

ပုံမှန်လေ့ကျင့်ခန်း လုပ်တာက နှလုံးနဲ့ သွေးကြောရောဂါတွေ ဖြစ်ပွားနိုင်ခြေ ကို လျှော့ချပေးပါတယ်။ ပုံမှန် လေ့ကျင့်ခန်း မလုပ်တာ၊ လှုပ်ရှားမှု မရှိတာ တွေက နှလုံးနဲ့ သွေးကြောရောဂါ ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေပါတယ်။ လေ့ကျင့်ခန်း လုပ်တာက သွေးတွင်းကို လက်စထရော ပမာဏနဲ့ သွေးပေါင် ကို လျှော့ချပေးပါတယ်။ ဒါ့အပြင် ဆီးချိုသွေးချို ရောဂါနဲ့ အဝလွန် ဖြစ်နိုင်ခြေ ကိုလည်း လျှော့ချပေးပါတယ်။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)
မြ၀တီ

ရန်ကုန် ကားဈေးကွက် အတွင်း မော်တော်ယာဉ် ဈေးနှုန်းများ ပျမ်းမျှငွေကျပ် ဆယ်သိန်းနီးပါး ကျဆင်း


ရန်ကုန် ကားဈေးကွက် အတွင်း မော်တော်ယာဉ် အရောင်းအဝယ်များ အေးစက်လျက် ရှိသည့်အပြင် ဈေးနှုန်းများပါ ဆက်တိုက် ကျဆင်း လျက် ရှိကြောင်း မော်တော်ယာဉ် အကျိုးဆောင်များ ထံမှ သိရသည်။

မော်တော်ယာဉ် ဝယ်ယူလိုသူများ အနေဖြင့် လက်ငင်းငွေချေ စနစ်ဖြင့် ပြင်ပကား ဈေးကွက်နှင့် ကားအရောင်း ပြခန်းများတွင် ဝယ်ယူခြင်း မရှိတော့ဘဲ အရစ်ကျ စနစ်ဖြင့် ရောင်းချသော နေရာများတွင်သာ ဝယ်ယူလျက် ရှိကြောင်း သိရသည်။

ရန်ကုန် ပြင်ပကား ဈေးကွက်အတွင်း အရောင်းအဝယ်မှာ မဖြစ်သလောက် အေးစက်လျက် ရှိပြီး မော်တော်ယာဉ် ဈေးနှုန်းများမှာ ပျမ်းမျှအားဖြင့် ငွေကျပ် ဆယ်သိန်းနီးပါး ကျဆင်းလာကြောင်း စုံစမ်း သိရသည်။

''ပြင်ပကား ဈေးကွက်မှာ အရောင်းအဝယ် မဖြစ်သလောက် အေးနေတယ်။ ဈေးနှုန်းတွေကလည်း ကျနေတယ်။ ရောင်းဖို့ချိတ်ထားတဲ့ သူတွေက များနေပြီး ဝယ်မယ့်သူက တော်တော်လေး နည်းနေတယ်။ အရစ်ကျ စနစ်နဲ့ ဝယ်တာကိုပဲ အလုပ်ဖြစ်နေတယ်'' ဟု ဝါရင့်ကားအကျိုးဆောင် ဦးမောင်မောင်က ပြောကြားခဲ့သည်။

အရစ်ကျ ဈေးနှုန်းဖြင့် ရောင်းချသည့် မော်တော်ယာဉ် ဈေးနှုန်းများမှာ ပြင်ပဈေးကွက် အတွင်းအရောင်းအဝယ် ဖြစ်ပေါ်နေ သည့် ဈေးနှုန်းထက် ငွေကျပ် ငါးသိန်းမှ ငွေကျပ် ခုနစ်သိန်း အထိ နည်းပါးသွားလျက် ရှိကြောင်း သိရသည်။

''အခု ကားဝယ်လိုတဲ့ သူတွေက ဈေးကွက်ထဲက မဝယ်ဘူး။ ကိုယ်တိုင် စလစ်ဝယ်ပြီး တင်သွင်းကြတယ်။ အဲဒီတော့ ပြင်ပဈေးကွက်ထဲမှာ အရောင်းအဝယ် မဖြစ်ဘူး။ဈေးနှုန်းတွေ ကျလာတယ်'' ဟုလုပ်သက်ရင့် ကားအကျိုးဆောင် တစ်ဦးက သုံးသပ် ပြောကြားခဲ့သည်။

မြ၀တီ

ထိုင်းဆန္ဒပြပွဲတွေ ထိန်းဖို့ စစ်တပ်ကို အကူခေါ်ပြီ


ထိုင်းနိုင်ငံ မှာ အတိုက်အခံတွေက ဆော်သြထားတဲ့ ဒီကနေ့ ကျင်းပမယ့် လူထုအုံကြွမှု မတိုင်ခင် ဘန်ကောက်မြို့က အဓိက နေရာတွေကို ကာကွယ် စောင့်ရှောက် နေရတဲ့ ရဲတွေကို လာရောက် အကူအညီပေးဖို့ စစ်သားတွေကို ပန်ကြားထားပါတယ်။

ဝန်ကြီးချုပ် ယဉ်လပ် ရှင်နာဝပ် ရာထူးက ဆင်းပေးအောင် ကြိုးပမ်းချက် တရပ် အနေနဲ့ ဒီနေ့ တနင်္ဂနွေနေ့မှာ အစိုးရ ဌာနချုပ်တွေ အပါအ၀င် ရုံးအဆောက်အဦတွေမှာ အင်နဲ့အားနဲ့ ၀င်ရောက် နေရာယူဖို့ ပြင်ဆင် နေတယ်လို့ အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားနေသူတွေက ပြောပါတယ်။

ဝန်ကြီးချုပ်က လုံခြုံရေး အတွက် ရဲတွေကို ကူဖို့ စစ်တပ်လိုမယ်လို့ မထင်ဘူးလို့ အရင်က ပြောခဲ့တာ ဖြစ်ပါတယ်။

မနေ့က စနေနေ့တုန်းက ဆန္ဒပြပွဲတွေမှာ အစိုးကို ဆန့်ကျင်သူတွေနဲ့ ထောက်ခံသူတွေကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပြီး အကြမ်းဖက် ရုန်းရင်းဆန်ခတ် ဖြစ်မှုတွေကြောင့် အနည်းဆုံး လူတယောက် သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ပါတယ်။

BBC Burmese

မထုတ်ဝေတဲ့ သတင်းစာတွေ လိုင်စင်ရုပ်သိမ်းမယ်လို့ ပြောကြား


ဒီနှစ် ဧပြီလ ၁ ရက်နေ့ကစပြီး ပြန်ကြားရေးဝန်ကြီးဌာနက သတင်းစာ ၃၁ စောင်ထုတ် ဝေခွင့်ပြုခဲ့ရာမှာ ဒီကနေ့ထိ ထုတ်ဝေခြင်းမပြုနိုင်တဲ့ သတင်းစာ ၁၅ စောင်ကို လာမဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ထုတ်ဝေကြဖို့ အကြောင်းကြားမှာဖြစ်ပြီး မထုတ်ဝေရင် လိုင်စင်ပိတ်သိမ်းသွားမယ်လို့ သိရပါတယ်။

ဒီကနေ့ နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာန မဏိရတနာ ကျောက်စိမ်းခန်းမမှာကျင်းပတဲ့ ၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲနဲ့ ပတ်သက်လို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထောက်တွေနဲ့တွေ့ဆုံတဲ့ သတင်းစာရှင်းလင်းပွဲမှာ မူပိုင်ခွင့်နဲ့ မှတ်ပုံတင်ဦးစီးဌာန ညွှန်ကြားရေမှူး ဦးအောင်ကျော်ဦးက ထည့်သွင်းပြောကြားတာဖြစ်ပါတယ်။

“ယခင်ခွင့်ပြုခဲ့တဲ့ သတင်းစာတွေအနက်က ထုတ်ဝေခွင့် စတင်ဆောင်ရွက်နိုင်စရာမရှိတဲ့ သတင်းစာ ၁၅ စောင်ရှိပါတယ်၊ သူတို့ရဲ့ထုတ်ဝေခွင့် လက်မှတ်သက်တမ်းဟာ ၃၁ ရက် ၁၂ လမှာ ကုန်ဆုံးမှာဖြစ်ပါတယ်၊ သတင်းစာတစ်စောင် စတင်ထုတ်ဝေဖို့ ပြင်ဆင်ချိန်ကာလဟာ ဒီလောက်ဆိုရင် လုံလောက်တဲ့အချိန်ဖြစ်ပါတယ်၊ စတင်ထုတ်ဝေခြင်းမရှိတဲ့ သတင်းစာတွေကို ကျနော်တို့ ၃၁ ရက် ၁၂ လ နောက်ဆုံးထားပြီးတော့ အကြောင်းကြားမှာဖြစ်ပါတယ်၊ တကယ်လို့ ထုတ်ဝေနိုင်ခွင့်မရှိခဲ့လို့ရှိရင် ထုတ်ဝေခွင့်ကို ပိတ်သိမ်းသွားမှာဖြစ်ပါတယ်”

လက်ရှိမှာလည်း ထုတ်ဝေခွင့်ရထားတဲ့ ဂျာနယ် ၃၂ စောင်နဲ့ မဂ္ဂဇင်းအစောင် ၂၀ ရှိနေဆဲဖြစ်ပြီး အဲဒီဂျာနယ်တွေနဲ့ မဂ္ဂဇင်းတွေဟာ ကာလစည်းကမ်းသတ်မှတ်ချက်ထက် ကျော်လွန်နေပြီဖြစ်တဲ့အတွက် လာမဲ့ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ စတင်ထုတ်ဝေတာတွေမရှိရင် ထုတ်ဝေခွင့် ပိတ်သိမ်းသွားမယ်လို့လည်း ပြောခဲ့ပါတယ်။

RFA Burmese

အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တရားဥပဒေစိုးမိုးရေး ဒေါ်စု အလေးထားပြော


သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ Monash တက္ကသိုလ်မှာ ဥပဒေဂုဏ်ထူးဆောင်ဘွဲ့ ယူစဉ်။

သြစတြေးလျနိုင်ငံကိုရောက်နေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံတွင်း အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ တရားဥပဒေစိုးမိုးရေး မရှိမဖြစ် အရေးတကြီးလိုအပ်နေတယ်လို့ မီးမောင်းထိုး ပြောဆိုသွားခဲ့ပါတယ်။သူမရဲ့ခရီးစဉ် လေးရက်မြောက်နေ့မှာ Monash တက္ကသိုလ်က ပေးအပ်ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ နောက်တစ်ခုကို လက်ခံရယူချိန် အခုလို ပြောဆိုလိုက်တာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြစတြေးလျခရီးစဉ်နောက်ဆုံးရသတင်းတွေကို မဆုမွန်က တင်ပြပေးထားပါတယ်။

သြစတြေးလျနိုင်ငံ Melbourne မြို့ Monash တက္ကသိုလ်ကနေ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဥပဒေဆိုင်ရာ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ (Honorary Doctorate of Law) ကို နိုဝင်ဘာလ ၃၀ ရက်နေ့ မှာ ချီးမြှင့်ပေးအပ်လိုက်ပါတယ်။  ဆုလက်ခံရယူပြီးတဲ့နောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်က ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံတွင်း အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ တရားဥပဒေစိုးမိုးရေး အပြန်အလှန် ဆက်စပ်နေတယ်လို့ မိန့်ခွန်းပြောကြားခဲ့ပါတယ်။

“ကျမတို့နိုင်ငံမှာ ပြန်လည်သင့်မြတ်ရေးဟာ အပြင်းအထန်လိုအပ်နေပါတယ်။ ပြန်လည်သင့်မြတ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ကျမ ပြောရတာဟာ လွှတ်တော်ထဲက တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဋ္ဌ အနေနဲ့သာ မဟုတ်ပါဘူး။ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့ဟာ အပြန်အလှန် ဆက်စပ်နေတယ်ဆိုတာ ကျမ အလေးအနက် ယုံကြည်နေလို့ ဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေးရဲ့ အသီးအပွင့်ကို အမှန်တကယ် ခံစားချင်တယ်ဆိုရင် ပြန်လည်သင့်မြတ်ရေးဟာ မရှိမဖြစ် လိုအပ်တဲ့အရာ ဖြစ်ပါတယ်။”

လွှတ်တော်တွင်း တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌဖြစ်သူဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင်း တရားဥပဒေစိုးမိုးရေး အားနည်းနေတယ်ဆိုတာကိုလည်း ထောက်ပြပြောဆိုသွားခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ တရားဥပဒေဆိုတာဟာ ပြည်သူအများစုကို ဖိနှိပ်ချုပ်ချယ်ဖို့၊ နှိပ်ကွပ်ဖို့၊ ကန့်သတ်ဖို့၊ သူတို့ရဲ့ကိုယ်စွမ်း၊ ဉာဏ်စွမ်းတွေကို ပြသနိုင်မယ့် အလားအလာတွေကို ပိတ်ပင်တားဆီးဖို့ တည်ရှိနေတာ ဖြစ်ပါတယ်။ အခုအခါမှာ ကျမတို့ တရားဥပဒေဆိုတာဟာ သူတို့ကို ကာကွယ်ဖို့၊ အချင်းချင်း သဟဇာတ ဖြစ်စေဖို့၊ လုံခြုံမှုပေးဖို့၊ လွတ်လပ်မှုပေးဖို့၊ ငြိမ်းချမ်းရေးဖော်ဆောင်ပေးဖို့၊ တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဆောင်ပေးဖို့ ရှိနေတယ်ဆိုတာကို လူထု နားလည်လာအောင် လုပ်ဆောင်ရမှာဖြစ်ပါတယ်။”

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ရှိလာတဲ့အချိန် နိုင်ငံတွင်း တရားဥပဒေစိုးမိုးမှုရှိဖို့ အရေးတကြီးလိုအပ်တယ်ဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အလေးအနက်ထားပြောဆိုသွားခဲ့ပါတယ်။

“ကျမတို့ဟာ နိုင်ငံရေးနဲ့လူမှုရေးတိုးတက်မှုတွေအတွက်သာမက စီးပွားရေး ဖွံ့ဖြိုးမှုအတွက်လည်း တရားဥပဒေစိုးမိုးရေးကို လိုအပ်ပါတယ်။ မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ မျှော်လင့်ချက်နဲ့ စိတ်ဝင်စားမှုတွေ အများကြီးရှိလာပါတယ်။ ကျမတို့ပြည်သူလူထုအနေနဲ့ ဒီနိုင်ငံဟာ ကျန်ကမ္ဘာအနှံ့မှာ သိပ်တွေ့ရခဲတဲ့ အောင်မြင် ပျော်ရွှင်မှုပန်းတိုင်ကို ရောက်ရှိနိုင်မယ့်နိုင်ငံဖြစ်ဖို့ မျှော်လင့်နိုင်ပါတယ်။”

သြစတြေးလျနိုင်ငံကို ငါးရက်တာ ခရီးစဉ်အဖြစ်ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်း စုကြည်ဟာ ဒီဇင်ဘာလ (၁) ရက်နေ့မှာ ကျရောက်မယ့်  ကမ္ဘာ့  AIDS နေ့ အခမ်းအနားကို ဂုဏ်ထူးဆောင်ဧည့်သည်တော်အဖြစ် တက်ရောက်ဖို့ရှိတယ်လို့ သြစတြေးလျနိုင်ငံက မြန်မာ့အရေးလှုပ်ရှားသူ ဒေါက်တာမြင့်ချိုက ပြောပါတယ်။

“မနက်ဖြန် ဒီဇင်ဘာလ (၁) ရက်နေ့၊ မနက် ၉ နာရီခွဲမှာ မဲလ်ဘုန်းမြို့က Dandenong ဘတ်စ်ကက်ဘောကွင်းကြီးထဲမှာ မြန်မာမိသားစုတွေနဲ့ တွေ့ပြီးတော့ မိန့်ခွန်းပြောဖို့ ရှိပါတယ်။ နာရီပိုင်း သိပ်မကြာခင်မှာပေါ့လေ- ကုလသမဂ္ဂ (၂၅) နှစ်မြောက် ညီလာခံကြီးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ကုလသမဂ္ဂ AIDS သံအမတ်ကြီးအဖြစ်နဲ့ အဖွင့်အမှာစကား ပြောကြားမယ်လို့ သိရပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်အတွင်း သြစတြေးလျဝန်ကြီးချုပ်အပါအဝင် လွှတ်တော်အပါအဝင် ထိပ်ပိုင်းအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့သလို သြစတြေးလျတက္ကသိုလ်တွေက ပေးအပ်ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့တွေကို လက်ခံရယူခဲ့ပြီး မြန်မာ့နိုင်ငံရေး လက်ရှိအခြေအနေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကိစ္စတွေကိုလည်း အလေးအနက်ထား ပြောဆိုဆွေးနွေးခဲ့ပါတယ်။ သြစတေးလျရောက် မြန်မာမိသားစုတွေနဲ့လည်း တွေ့ဆုံပြီး မြန်မာ့အရေးသိလိုသမျမေးမြန်းချက်တွေကိုလည်း ဖြေကြားခဲ့ပါတယ်။

VOA Burmese News

ဘာသာရေးယုံကြည်မှု ထိခိုက်တဲ့ ဆိုင်းဘုတ်ကိုင် ဆန္ဒပြသူတွေကို အရေးယူမည်


အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ရဲ့ မြန်မာနိုင်ငံခရီးစဉ်အပေါ် ကန့်ကွက်ဆန္ဒပြခဲ့တာတစ်ခုနဲ့ ဆက်စပ်ပြီး ပြည်ထဲရေး ၀န်ကြီးဌာနက အရေးယူဖို့လုပ်နေပါတယ်။ ဆန္ဒပြသူတွေက ခွင့်ပြုချက်မယူထားတဲ့ ဆိုင်းဘုတ်ကို ကိုင်ဆောင်ခဲ့ပြီး အဲဒီဆိုင်းဘုတ်ဟာ ဘာသာရေးယုံကြည်မှုကို စော်ကားရာရောက်တဲ့ ဆိုင်းဘုတ်ဖြစ်တယ်လို့ ပြန်ကြားရေး ၀န်ကြီးဌာနရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ဒီလိုဖြစ်ရပ်မျိုးကို အရေးယူဖို့ လုပ်သလို ပြဿနာတွေရဲ့ တကယ့် အခြေခံအကြောင်းရင်းတွေကိုလည်း ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းဖို့ တိုက်တွန်းတာမျိုးရှိပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက ဆက်သွယ်စုံစမ်း တင်ပြပေးထားပါတယ်။

ဘာသာရေးယုံကြည်မှုကို စော်ကားရာရောက်တဲ့ ဆိုင်းဘုတ်ကို ကိုင်ဆောင် ဆန္ဒပြလို့ အရေးယူမယ်ဆိုတာဟာ သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီး နောက်ပိုင်း ဒါ ပထမဆုံးအကြိမ်ဖြစ်ဖွယ်ရှိပါတယ်။ အခုပြောနေတဲ့ ဆန္ဒပြပွဲကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာ OIC အဖွဲ့ရဲ့ခရီးစဉ်ကို ကန့်ကွက်ဆန္ဒပြခဲ့တဲ့ပွဲပါ။

အခုလိုအရေးယူမယ်ဆိုတာဟာ ဘာသာတစ်ခုနဲ့တစ်ခုအကြားမှာ နားလည်မှု လွဲမှားတာတွေ ထပ်တိုးမလာအောင်၊ အစွန်းရောက် အယူအဆတွေ ပိုပြီးဆိုးမလာအောင် တားဆီးဖို့ တာဝန်ရှိသူတွေက ကြိုးစားတာလို့ မြင်နိုင်ပေမဲ့ ပဋိပက္ခတွေရဲ့ တကယ့် အခြေခံ အကြောင်းရင်းတွေကိုလည်း ဒီ့ထက်ပိုပြီး ထိထိရောက်ရောက်ဖြေရှင်းဖို့ လိုအပ်တယ်လို့ ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ RNDP ရဲ့ အထွေထွေအတွင်းရေးမှူး ဦးလှစောက ဗွီအိုအေကို ပြောပါတယ်။

“ဒီဟာက ပြဿနာရဲ့ အစွယ်အပွားလေးတွေပါ။ ဒီအစွယ်အပွားလေးတွေကို လိုက်ပြီးတော့ ရှင်းတယ်ဆိုတာ - ဒီပြဿနာရဲ့အခြေခံကြီးကို သူက လိုက်ရှင်းဖို့ လိုပါတယ်။ ဥပမာ- လူမျိုးရေး အဓိကရုဏ်းတွေဖြစ်တယ်၊ ဘာသာရေးဆန်တဲ့ မငြိမ်မသက်မှုတွေ ဖြစ်တယ်၊ အဲဒီမှာ ဖွလိုက်တာ ရှိတယ်၊ ဆွနေတာတွေ ရှိတယ်။ တချို့ဟာတွေက မကြီးသင့်၊ မကြီးထိုက်တာတွေ ရှိတယ်။ အဲဒီဟာတွေက- အင်မတန်ကြီးကြီးမားမား ကိစ္စတွေကိုလည်း အကုန်လုံး ကိုင်တွယ်ရမှာပေါ့။ ဒီစာကြောင်းလေးတစ်ကြောင်းကိုပဲ အကြောင်းပြုပြီးတော့ ပြဿနာကိုလုပ်မယ်၊ ကိုင်တွယ်မယ်ဆိုရင်တော့ လုပ်ရင်တော့ ကောင်းပါတယ်။ ဒါပေမဲ့ ဒိထက်ကြီးကျယ်တဲ့ ပြဿနာတွေ ရှိသေးတယ်ခင်ဗျ။ အများကြီး ရှိပါတယ်။”

ဆန္ဒပြသူတွေ ကိုင်ဆောင်ခဲ့တဲ့စာတမ်းမှာ ဘာပြောထားတယ်ဆိုတာကို ပြန်ကြားရေးဝန်ကြီးဌာနရဲ့သတင်းမှာ အတိအကျ ပြော မထားပါဘူး။ ဒါကိုသိရဖို့ တာဝန်ရှိသူတွေကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမဲ့လည်း မရခဲ့ပါဘူး။ အဲဒီဆန္ဒပြပွဲကို ရိုက်ယူထားတဲ့ သတင်းဓာတ်ပုံတွေ အရကတော့ ဆန္ဒပြသူတွေထဲမှာ သံဃာတော်အများစု ပါဝင်တာကို တွေ့ရပါတယ်။ ဒီလိုဖြစ်ရပ်မျိုးတွေကို ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်ပေမဲ့ တာဝန်ရှိသူတွေရဲ့ တချို့ဖြေရှင်းပုံတွေကိုတော့ အားမရဘူးလို့ ဦးလှစော က ပြောပါတယ်။

“ဥပမာ- ကျနော်တို့ရခိုင် အတွေ့အကြုံဆိုလို့ရှိရင် ကိုင်တွယ်ဖြေရှင်းသင့် တာတွေကို မကိုင်တွယ်ဘူး၊ ပြည်နယ်အစိုးရဟာ။ တချို့ဟာတွေဆိုရင် ဟ-ပေးတယ်၊ ဖွပေးတယ်လို့တောင် ယူဆနိုင်စရာအကြောင်းလေးတွေ ကျနော် တွေ့ရတယ်။ အဲဒီတော့ နောက်ဆုံးမှာဗျာ။ ကျနော် ရခိုင်အကြောင်း ပြောမယ် ဆိုလို့ရှိရင် ပြည်နယ်အစိုးရတွေဟာ အဲဒီ ပြဿနာတွေကို မကိုင်တွယ်တတ်ဘူး၊ ကိုင်တွယ်ရဲတဲ့သတ္တိလည်း မရှိတဲ့အခါကျတော့ နောက်ဆုံး ဘယ်လိုဖြစ်သွားလဲ ဆိုတော့ စိတ်ခံစားမှုနဲ့တုံ့ပြန်တဲ့ ရခိုင်လူထုကပဲ တကယ့်လူကြမ်းလို ဖြစ်သွားပြီးတော့ နိုင်ငံတကာမျက်နှာစာမှာ ရခိုင်တွေကပဲ အဆိုးတွေပေါ့ဗျာ- မိုက်မိုက်ကန်းကန်းတွေ၊ ဟိုဟာဆန့်ကျင်၊ ဒီဟာဆန့်ကျင်တဲ့ဟာမျိုးတွေ ဖြစ်သွားတယ်။”

အခု အရေးယူမယ့်ဆိုတဲ့ကိစ္စမှာ ဆန္ဒပြဖို့ ခွင့်ပြုချက်ထဲမပါတဲ့ စာတမ်းကို ကိုင်ဆောင်တဲ့အတွက် ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ ငြိစွန်းနေသလို စာတမ်းကလည်း ယုံကြည်ကိုးကွယ်တဲ့ ဘာသာကို စော်ကားသလိုဖြစ်နေတဲ့အတွက် ပုဒ်မ ၂၉၅ နဲ့လည်း အရေးယူနိုင်တယ်လို့ မြန်မာနိုင်ငံရှေ့နေများကွန်ယက်က အတွင်းရေးမှူး ရှေ့နေကြီး ဦးသိန်းသန်းဦးက ဗွီအိုအေကိုပြောပါတယ်။

“ပြစ်မှုဆိုင်ရာ ဥပဒေမှာတော့ ကျနော်တို့က ပြုလုပ်မှု တရပ်တည်းကို နှစ်ကြိမ်အပြစ်ပေးဖို့ မရဘူး၊ တူညီတဲ့ ပြစ်ဒဏ်တစ်ရပ်တည်းအတွက် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၇၁ မှာ ကန့်သတ်ထားတယ်။ သို့သော် ဒီဟာက နှစ်ခုဖြစ်နေတယ်။ တကယ်တန်းက စာတန်းကိုင်တာတော့ စာတန်းတစ်စောင်တည်းပဲ။ သို့သော် အဲဒီစာတန်းက ခွင့်ပြုမိန့်မယူခဲ့တဲ့အတွက် အခုနက ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဥပဒေနဲ့သွားငြိတာ အဲဒီအချက်ကငြိတယ်။ တချိန်တည်းမှာပဲ အဲဒီပါတဲ့စာသားက သူတစ်ပါး ကိုးကွယ်တဲ့ ဘာသာ၊ သာသနာကိုစော်ကားတဲ့အတွက် ၂၉၅/က နဲ့ သွား အကျုံးဝင်တာပေါ့။ ပြုလုပ်မှုက တစ်ခုတည်းပါပဲ၊ ၂၉၅/က ကတော့ ရာဇသတ်ကြီးမှာ ပါတဲ့ဟာပေါ့။ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် အက်ဥပဒေကတော့ အထူးဥပဒေပေါ့။ အဲဒီနှစ်ခုစလုံးက ပြစ်မှုတစ်ခုတည်း သွားမြောက်တော့ - ဒါပေမယ့် ကျူးလွန်မှုက တစ်ခုတည်းပါပဲ။ ဖြစ်သင့်တာကတော့ နှစ်ခုခွဲပြီးတော့ စွဲလည်း တစ်ခုတည်းနဲ့ အပြစ်ပေးသင့်တာပေါ့။”

ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေထဲက ပြဌာန်းချက်တွေကို ချိုးဖောက်ရင် ၆ လက်ထက်မပိုတဲ့ ထောင်ဒဏ် ဒါမှမဟုတ် ကျပ် ၁၀,၀၀၀ ထက်မပိုတဲ့ငွေဒဏ်ကို ချမှတ်နိုင်ပြီး ပုဒ်မ ၂၉၅ ကို ချိုးဖောက်တယ်လို့ ထင်ရှားရင် နှစ်နှစ်ထိ ထောင်ဒဏ်နဲ့ ငွေဒဏ် နှစ်ရပ်စလုံးကိုချမှတ်နိုင်တယ်လို့ ရှေ့နေကြီးဦးသိန်းသန်းဦးက ရှင်းပြပါတယ်။ အဲဒီဆန္ဒပြကန့်ကွက်ပွဲတွေကို ဦးဆောင် စီစဉ်ခဲ့သူတွေဟာ ဘယ်သူဘယ်ဝါတွေ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေး ပါဘူးခင်ဗျား။

VOA Burmese News