သစ်တင်ယာဉ်များ ကျိုင်းတုံကို ညအချိန်ဖြတ်၍ တရုတ်သို့ တင်ပို့ဟုဆို



ကျိုင်းတုံ၊ ဇွန် ၃

သံလွင်မြစ်ကို နည်းမျိုးစုံဖြင့် ဖြတ်ကျော်၍ တရားမဝင်သစ်များ သယ်ဆောင်လာသည့် သစ်တင်ယာဉ် များသည် ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့ကို ညအချိန် ဖြတ်သန်း၍ မိုင်းလားမြို့မှ တစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့လျက် ရှိကြောင်း ကျိုင်းတုံ ဒေသခံများနှင့် အဆိုပါ သစ်ကုန်သည်ကြီးများနှင့် နီးစပ်သူများထံမှ စုံစမ်းသိရှိရသည်။

သစ်ကုန်သည်များသည် ယခင်က ကျိုင်းတုံ-တာချီလိတ် လမ်းမှတစ်ဆင့် ကျိုင်းတုံမြို့ကို ဖြတ်သန်း သယ်ဆောင် ကြသော်လည်း လက်ရှိတွင် ကျိုင်းတုံ-တောင်ကြီးလမ်းရှိရာ ကျိုင်းတုံမြို့အဝင်၌ မြို့နယ် သစ်တောဦးစီးဌာနက နေ့ညမပြတ် စောင့်ဆိုင်းကာ တရားမဝင် သစ်တင်ယာဉ်များကို ဖမ်းဆီးနေ၍ ကျိုင်းတုံ-မိုင်းဆတ်လမ်းမှ ကျိုင်းတုံမြို့ကို ညအချိန် ဖြတ်သန်း သယ်ဆောင်နေခြင်း ဖြစ်ကြောင်း ယင်းသစ်ကုန်သည်ကြီးများနှင့် နီးစပ်သူ မြို့မိမြို့ဖတစ်ဦးက ပြောကြားသည်။

“အရင်ကဆို ကျိုင်းတုံ-တောင်ကြီး လမ်းကနေ ဝင်လို့ရတော့ လမ်းကြေးက တစ်စီး သိန်း ၃၀ ကျော်ပဲ ကုန်တယ်။ အခု အဲဒီလမ်းမှာ မြို့နယ် သစ်တောဦးစီးမှူး ကိုယ်တိုင် စခန်းထိုင်ပြီး ဖမ်းနေတော့ မိုင်းပျဉ်းကနေတစ်ဆင့် မိုင်းဆတ်-မိုင်းခုတ်-ကျိုင်းတုံလမ်းကနေ ညအချိန် ဝင်ရတယ်။ ဖြတ်ရတဲ့ ဂိတ်တွေကလည်း အရင်ထက် တိုးတောင်းလို့ ဂိတ်ကြေးတင် သိန်း ၆၀ လောက်ကုန်တယ်။ သစ်ကုန်သည်တွေကလည်း တရုတ်ပြည် ရောက်ရင် ပိဿာချိန်နဲ့ ရောင်းရတာ ဆိုတော့ သူတို့အတွက် ကျန်လို့ အန္တရာယ် ရှိပေမယ့် နည်းမျိုးစုံနဲ့ ပို့နေကြတာပဲ” ဟု ၎င်းကဆိုသည်။

ယင်းကဲ့သို့ တရားမဝင်သစ်များနှင့် သစ်တောထွက် ပစ္စည်းများ ကျိုင်းတုံမြို့ကိုဖြတ်ကာ တစ်ဖက်နိုင်ငံသို့ တရားမဝင် ပို့ဆောင်နေခြင်းကို စီမံချက်များ ရေးဆွဲပြီး လိုက်လံ ဖမ်းဆီးနေကြောင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် လက်ရှိဘဏ္ဍာနှစ်၏ နှစ်လအတွင်း တရားမဝင်သစ် ၆၅ တန်နီးပါး ဖမ်းဆီးရမိပြီး ဖြစ်ကြောင်း ရှမ်းပြည်နယ် သစ်တောဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးတင်သိန်းက ပြောကြားသည်။

“ရှမ်းပြည်နယ် အရှေ့ပိုင်းသစ်တော ဦးစီးဌာနမှာ ကျိုင်းတုံ-မိုင်းဆတ် ခရိုင်နဲ့ တာချီလိတ်-မိုင်းဖြတ်ခရိုင် ဆိုပြီး ခရိုင်နှစ်ခု ရှိပါတယ်။ အဲဒီခရိုင် နှစ်ခုထဲမှာတော့ ကျိုင်းတုံ-မိုင်းဆတ်ခရိုင် သစ်တောဦးစီးဌာနကတော့ တရားမဝင် သစ်ဖမ်းဆီးရရှိမှု အများဆုံးပဲ” ဟု ၎င်းကဆိုသည်။

ကျွန်း၊ သစ်မာနှင့် အခြားတရားမဝင် သစ်လုံးနှင့် သစ်ခွဲသားမျိုးစုံကို ကျိုင်းတုံ-မိုင်းဆတ် ခရိုင်သစ်တော ဦးစီးဌာနက ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်၌ ၂၄၆ ဒသမ ၅၂၃၂ တန်၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဧပြီလမှ မေလအထိ ၆၀ ဒသမ ၂၇၈၂ တန်၊ တာချီလိတ်-မိုင်းဖြတ်ခရိုင် သစ်တောဦးစီးဌာနက ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်၌ ၆၁ ဒသမ ၃၆၀၁ တန်၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်ဧပြီလမှ မေလအထိ ၄ ဒသမ ၁၆၁၁ တန်ကို ဖမ်းဆီးနိုင်ခဲ့ရာ ပြည်နယ်တစ်ခုတွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်၌ ၃၀၇ ဒသမ ၈၈၃၃ တန်နှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဧပြီလမှ မေလအထိ ၆၄ ဒသမ ၄၃၉၃ တန်ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ယင်းရှမ်းပြည်နယ် (ကျိုင်းတုံမြို့) သစ်တောဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်းသည် ဧရိယာ ၉,၆၅၆,၉၄၉ ဧကကျယ်ဝန်းပြီး သစ်တောကြိုးဝိုင်း ၁၁ ခု၊ ကြိုးပြင် ကာကွယ်တော ၁၆ ခု၊ သဘာဝ ထိန်းသိမ်းရေး နယ်မြေနှစ်ခု အပါအဝင် သစ်တော နယ်မြေ စုစုပေါင်း ၂,၀၄၅,၂၄၃ ဒသမ ၀၄ ဧကရှိရာ သစ်တောဖုံးလွှမ်းမှု ၅,၈၀၇,၁၂၃ ဧက (၆၀ ဒသမ ၁၃ ရာခိုင်နှုန်း) ရှိသည်။

The Voice Weekly

မြန်မာနိုင်ငံ အချုပ်အခြာအာဏာ ကာကွယ်ဖို့ လိုအပ်ပါက အသင့်ရှိနေဟု ဘူးသီးတောင် ဒေသခံများဆို




ရခိုင်တိုင်းရင်းသား လူမျိုးစုများ အနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို ကာကွယ်ရန် လိုအပ်ပါက ပါဝင်သွားရန် အသင့်ရှိသည်ဟု ဘူးသီးတောင် မြို့နယ်မှ ဒေသခံများက ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းမှာ ယခုရက်ပိုင်းအတွင်း ထွက်ပေါ်လာသော ဘင်္ဂလားဒေ့ နိုင်ငံမှ မြန်မာနိုင်ငံအား စစ်ကြေငြာသည်ဆိုသည့် သတင်းအပေါ် ဒေသခံများမှ ပြောကြားခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ အနေနဲ့ နိုင်ငံအတွက် လိုအပ်မယ်ဆိုရင်၊ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ကာကွယ်ဖို့ လိုအပ်တယ်ဆိုရင် အချိန်မရွေး ပါဝင်သွားဖို့ အသင့်ရှိနေပါတယ်”ဟု မောင်တောမြို့နယ်မှ ဦးထွန်းအောင်သိန်းက ပြောသည်။

ယခုလက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တပ်အင်အားများ တိုးမြှင့်ထားမှုနှင့် လုံခြုံရေး သတိရှိစေရန် တပ်လှန်ထားသလို မြန်မာနိုင်ငံ ဘက်မှာလည်း လုံခြုံရေး အင်အားများ ထပ်မံ တိုးမြှင့်ပြီးချထား ရခြင်းမှာ မိမိတို့ စည်းရိုးလုံခြုံရေး အရ ချထားခြင်း ဖြစ်ကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မဟုတ် မမှန်သော သတင်းများ တင်ခြင်းများလည်း ရှိနေကြောင်း သိရသည်။

“တစ်ဖက်နိုင်ငံနဲ့ တစ်ဖက်နိုင်ငံ ပစ်ခတ်မယ် ဆိုရင်လည်း စီးပွားရေး အရတော့ မဟုတ်ဘူး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံက RSOဆိုတဲ့ အကြမ်းဖက် သမားတွေကို လက်ခံထားတယ် ကျွန်တော်တို့ မြန်မာနိုင်ငံက RSO ဆိုတဲ့ အကြမ်းဖက် သမားတွေကို လက်မခံထားဘူး အဲ့ဒီအတွက် ကြားထဲကနေ အဲ့ဒီအဖွဲ့က ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံ စစ်မဖြစ်ဖြစ်အောင် လှုံဆော်နေတာကြောင့် ခုလို နှစ်နိုင်ငံ ပြဿနာ ဖြစ်ရတာပါ”ဟု ဒေသခံတစ်ဦးက သုံးသပ်သည်။

Tomorrow Journal

အိပ်မက်ထဲက မဇ္ဈိမ နှင့် အိန္ဒိယဒိုင်ယာရီ (၂)


ဇော်ဝင်းခိုင်

အာနန္ဒာနှင့်တွေ့ဆုံခြင်း

ဂယာလေဆိပ်ထဲကိုဝင်တာနဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်သူ့ ဆက်ဆံရေးအရာရှိ မစ္စတာအာနန် နဲ့အဖွဲ့က အဆင်သင့်ကြိုနေပါပြီ။ အသက် ၄၅ နှစ်ဝန်း ကျင်အရွယ်ရှိ အနည်းငယ်ဝဖိုင့်တဲ့ ခန္ဓာကိုယ်နဲ့အမြဲပြုံး ရွှင်နေတတ်တဲ့ မစ္စတာအာနန်ဟာ မြင်မြင်ချင်းပဲ သဘော ကောင်းသူ ကူညီတတ်ပြီး ဧည့်ဝတ်ကျေပွန်တတ်သူတစ် ဦးအဖြစ် အလွယ်တကူ သိနိုင်လောက်သူပါပဲ။ မစ္စတာ အာနန်ရဲ့စနစ်ကျတဲ့ စီမံခန့်ခွဲမှုကြောင့် ကျွန်တော်တို့အ ဖွဲ့ဟာ အခက်အခဲမရှိတည်းခိုရမယ့် ဂယာမြို့ထဲက The Royal Residency Hotel ကို ချီတက်ဖို့အဆင်သင့် ဖြစ်ပါပြီ။

ကျွန်တော်တို့ကားရဲ့ရှေ့မှာတော့ ကျွန်တော် တို့ကိုဂယာမှာရှိနေစဉ် မှာလုံခြုံရေးယူပေးမယ့် တပ်ဖွဲ့ ဝင်ခုနစ်ဦးပါ ဂယာရဲတပ်ဖွဲ့ဂျစ်ကားက အဆင် သင့်နေရာယူထားပါပြီ။ ကားလမ်းတစ်လျှောက် ဝဲယာရှုခင်းတွေဟာ အဆောက်အအုံတွေက လွဲရင် တကယ့်မြန်မာပြည်က မုံရွာဒေသကို ရောက်နေသလိုပါပဲ။ ဘယ်အရပ်မျက်နှာကို ပဲကြည့်ကြည့် ဆောက်လက်စ အဆောက်အ အုံတွေရယ် တကယ့်အထက်အညာဒေသမှာ ပေါက်တဲ့ တမာပင်၊ ထန်းပင်၊ ညောင်ပင်တွေ အစီအရီနဲ့ တကယ့်အညာဒေသလိုပါပဲ။

ချောမွေ့တဲ့နိုင်လွန်ကတ္တရာကားလမ်းမတွေထက်မှာ တော့ အိန္ဒိယ ထုတ်သုံးဘီးဆိုင်ကယ်တွေက အများဆုံး နေရာယူထားကြတာတွေ့ရပါ တယ်။

စာရေးသူတို့ တည်းဖို့စီစဉ်ထားတဲ့ဟိုတယ် တံခါးဝကိုဖြတ်ပြီးတာနဲ့ အိန္ဒိယရိုးရာမင်္ဂလာရှိစေတဲ့ ကြိုဆိုမှုအစီအစဉ်တစ်ခုဖြစ်တဲ့ ဧည့်သည်ကိုနဖူးမှာ အနီစက်တို့ ဦးခေါင်းထက်မှာ ပန်းတွေကြဲပြီး ဆီမီးနဲ့ မျက်နှာတစ်ဝိုက်ဝေ့ဝိုက်ပြီးကြိုဆိုခြင်း မင်္ဂလာအစီ အစဉ်ကိုကြုံတဲ့အခါဘဝတစ်သက်တာမှာ ပထမဆုံး ကြုံဖူးတာ ပါပဲ။

မစ္စတာအာနန္ဒာရဲ့ အစီအစဉ်နဲ့ပဲ ညနေ ၅ နာရီကနေညပိုင်းအထိ အေးအေးဆေးဆေး ဘုရား ဖူးနိုင်ဖို့ ကျွန်တော်တို့အဖွဲ့တွေပြင်ဆင်ကြပါတယ်။ မြန်မာအဖွဲ့တွေနဲ့ အတော်လေးထိတွေ့ဖူးပုံရတဲ့ မစ္စတာအာနန်ကိုတွေ့တွေ့ချင်းပဲ အာနန္ဒာလို့ကျွန် တော်တို့အဖွဲ့က အမည်သစ်ပေးလိုက်ကြတဲ့အခါ တိုက်ဆိုင်စွာပဲ ယခင်အဖွဲ့များကလည်း အာနန္ဒာ လို့ပဲခေါ်ကြပါသတဲ့။ ဘုရားမှာ အေးအေးဆေးဆေး ဘုရားရှိခိုး တရားထိုင်လို့ရအောင် စီစဉ်ထားပါသတဲ့။

ညနေ ၅ နာရီ (ဒေသစံတော်ချိန်) မှာ တည်း ခိုတဲ့ဟိုတယ်ကနေ ကားနဲ့စထွက်ဖြစ်ပြီး ဘုရားဖူးမယ်ဆို တဲ့အသိနဲ့ ကျွန်တော်တို့ အားလုံးတိုင်ပင်မထားကြဘဲ မြန်မာပုဆိုး၊ လုံချည်ကိုယ်စီနဲ့ မြန်မာဆန်ဆန် သပ်သပ်ရပ် ရပ်ဝတ်ထားကြတာ မြင်ရတဲ့မြင်ကွင်းကိုတော့ တစ်သက် မမေ့စရာပါပဲ။ ဗုဒ္ဓဘာသာဝင်များပီပီ မြတ်စွာဘုရားရှင် အပေါ် ကြည်ညိုသဒ္ဓါစိတ်တွေက အထင်းသားပေါ်လွင် နေပါတယ်။

ငယ်ရွယ်ကြပေမယ့်ဘာသာရေးအသိစိတ် ရှိကြတဲ့ ဂျာနယ်လစ်ညီငယ်၊ ညီမငယ်များကို ဒီနေရာက ပဲလေးစားဂုဏ်ယူမိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုပါ တယ်။ နောက်ထပ်ကျေးဇူးတင် ထိုက်သူတစ်ဦးကတော့ ဘဝမှာအမှတ်တရရှိစေမယ့် ဒီခရီးစဉ်အတွက်ကျွန်တော့် ကို အချိန်မီမြန်မာလုံချည်ကိုရအောင်ငှားပေးခဲ့တဲ့ ပြည် ထောင်စုနေ့စဉ်က ဆရာဦးစိန်တိုးကိုပါပဲ။ ဟိုတယ်ကနေ မဟာဗောဓိကိုရောက်ဖို့က ကားနဲ့ဆို ၁ဝ မိနစ်လောက် ပဲမောင်းရပါတယ်။ ကားလမ်းမဘေးတစ်လျှောက်လုံးမှာ တော့ မြေကွက်လပ်တွေ မပြီးပြတ်သေးတဲ့ဆောက်လက် စနေအိမ်တွေ ဆိုက်ကားတွေ၊ သုံးဘီးယာဉ်တွေ ကျွဲတွေ၊ နွားတွေ ရှုပ်ထွေးနေတဲ့ မြင်ကွင်းတွေကများပါတယ်။ အိမ်တိုင်းလိုလိုက အချောသတ်မထားတဲ့ နံရံတွေ၊ သံချောင်းတွေ ထိုးထိုးထောင်ထောင်နဲ့ဆိုတော့ စိတ်ဝင်စားလို့စပ်စုကြည့်တဲ့အခါ အများစုကအိမ်ဆောက် ပြီး နိုင်ငံတော်ကိုအခွန်အပြည့်ဆောင်ရမှာမို့ အခုလို မပြီးပြတ်သေးဘဲထားတဲ့အကျင့်ရှိပါသတဲ့၊ ပြည်နယ် အစိုးရကလည်း သက်ညှာတဲ့အနေနဲ့ဒါကိုခွင့်ပြုပေးထား တဲ့အကြောင်း သိခဲ့ရပါတယ်။

ဂယာမြို့ဟာ ရှေးခေတ်မာဂဓီတိုင်းအခေါ် ယခုဗီဟာပြည်နယ်ထဲမှာ တည်ရှိပါတယ်။ ဂယာဟာဒိစ တိတ်မြို့တစ်မြို့ဖြစ်ပြီး မြန်မာအများစုက ဗုဒ္ဓနဲ့မြို့ဂယာ ကိုတွဲပြီး ဗုဒ္ဓဂယာလို့ ခေါ်တတ် ကြပါတယ်။ သူတို့ဆီက အခေါ်ကတော့ Bodh Gaya လို့ခေါ်ကြတာတွေ့ရတယ်။

ဒီအခေါ်ကိုတော့ ဒီဒေသခံ တွေက ရှေးနှစ်ပေါင်းများစွာကတည်းက (ခရစ် ၁၃ရာစု) ခေါ်ဝေါ်သုံးစွဲခဲ့ကြတယ်လို့ဆိုပါတယ်။ လက်ရှိမှာတော့ ဗီဟာပြည်နယ်ဟာ အိန္ဒိယနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှု အနိမ့် ကျဆုံးဒေသတစ်ခုပါတဲ့၊ အိန္ဒိယသံရုံး ဒုတိယအကြီးအ ကဲကတော့ မြန်မာနိုင်ငံကချင်းပြည်နယ်နဲ့ခိုင်းနှိုင်းပါ တယ်။ ဆက်စပ်ပြီးဆောက်ထားတဲ့ အုတ်ညှပ်တစ်ထပ် တိုက်တွေ၊ အုတ်ြ<ွကပ် မိုးထားတဲ့ ရွှံ့အိမ်ငယ်တွေနဲ့ မြို့လယ်ကောင်က လယ်ကွင်းတွေ၊ ထန်းပင်တွေ၊ အမှိုက်ပုံတွေ၊ စည်းကမ်းမဲ့သွားလာနေတဲ့ ကျွဲနွားတွေဟာ ဂယာရဲ့ပုံရိပ် တွေကိုဖော်ညွှန်းနေတယ် လို့မြင်မိပါတယ်။ ဂယာရဲ့မြေဈေးကတော့ လောလော ဆယ်ဈေးကြီးနေတယ်လို့ဆိုပါတယ်။ တစ်ပေဈေးနှုန်း ဘယ်လောက်ရှိလဲလို့မေးတော့ တိတိကျကျပြန်ဖြေတဲ့ အဖြေကိုတော့မရခဲ့ပါဘူး။ ဒါပေမဲ့ ထူးခြားချက်တစ်ခု ကတော့ မြန်မာနိုင်ငံမှာလို အရက်ဆိုင်ဘီယာဆိုင်တွေ မှိုလိုပေါက်မနေတာကိုတွေ့ခဲ့ရတာပါဘဲ။

ကမာကူရဗုဒ္ဓရုပ်ပွားတော်မြတ်

စာရေးသူတို့အဖွဲ့ မဟာဗောဓိဘုရားကြီးကို ဝင်ရောက်မဖူးမြော်မီ ကမာကူရဗုဒ္ဓဆင်းတုတော်ကြီးကို ဝင်ရောက်ဖူးမြော်ကြပါတယ်။ ကြီးမြတ်တော်မူသော ဗုဒ္ဓဆင်းတုတော်လို့အမည်ရတဲ့ ဒီကျောက်ဆင်းတုတော် ကြီးကို ၁၉၈၃ ခုနှစ်မှာ တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမားကိုအမှူးပြုပြီး ဂျပန်နိုင်ငံက အလှူရှင်တွေကလှူဒါန်းခဲ့ကြတယ်လို့ဆိုပါ တယ်။

Óဏ်တော်အမြင့် ပေ ၈ဝ ရှိတဲ့ ထိုင်တော် မူ ပုံသဏ္ဌာန်ဂျပန်လက်ရာ ကမာကူရမြတ်စွာ ဘုရားဆင်းတုတော်ကြီးကို ၁၉၈၃ ခုနှစ် စက်တင် ဘာလမှာ စတင်တည်ထားကိုးကွယ်ခဲ့တာဖြစ်ပါ တယ်။ ၁၉၈၉ ခုနှစ် နိုဝင်ဘာလမှာ တည်ဆောက် ပြီးစီးခဲ့ပြီး တည်ဆောက်ချိန်ခြောက်နှစ်ကျော် ကြာမြင့်ခဲ့ပါတယ်။ ဂျပန်ပညာရှင်နဲ့ အိန္ဒိယ ပညာရှင်တို့ ပေါင်းစပ်တည်ဆောက်ထားတဲ့ ဆင်း တုတော် ကြီးရဲ့အတွင်းပိုင်းမှာ ကြေးဗုဒ္ဓဆင်းတု တော်ပေါင်း နှစ်သောင်းကျော်ထည့်သွင်း ဌာပနာ ထားပါသတဲ့။ ရုပ်ပွားတော်မြတ်ကြီးရဲ့ လက်ဝဲနဲ့ လက်ယာဘက်အရပ်တော်တို့မှာတော့ ပုံသဏ္ဌာန် တော်အမျိုးမျိုးနဲ့ သပ္ပာယ်စွာခယနေကြတဲ့ ရဟန်း တော်မြတ်တစ်ဖက်ငါးဆူစီတည်ရှိပြီး သပ္ပာယ်စရာ ကောင်းလှပါတယ်။ စာရေးသူတို့အဖွဲ့ကတော့စေတီ တော်ကြီးကို ဦးခိုက်ပူဇော်၊ အမှတ်တရဓာတ်ပုံရိုက်ကြ ပြီး မဟာဗောဓိစေတီတော်မြတ်ကြီး တည်ရှိရာ မဟာ အောင်မြေကို ဆက်လက်ချီတက်ကြပါတယ်။

ညနေခင်းရဲ့နေရောင်ပျောက်လုအချိန် လောက်မှာ စာရေးသူတို့အဖွဲ့ မဟာဗောဓိစေတီကို ရောက်ခဲ့ကြပြီးတယ်။ ဂယာရဲတပ်ဖွဲ့အစောင့် အရှောက်ကြောင့် အတားအဆီးမရှိ ကင်မ ရာပါသယ်ခွင့်ရခဲ့ပါတယ်။ ပုံမှန်ဆို မဟာဗော ဓိဘုရားကြီးအတွင်းက ဘူမိဖဿရုပ်ပွားတော် မြတ်ကြီးကို ဓာတ်ပုံရိုက်ခွင့်မရှိပါဘူးတဲ့။ မကြာသေး ခင်ကာလက ဗုံးထောင်ဖျက်ဆီးမှုကြောင့် ဘုရားကြီးအ ဝင်မှာ လုံခြုံရေးအဖွဲ့တွေက စနစ်တကျလုံခြုံရေးဆောင် ရွက်ပေးနေတာကိုတော့တွေ့မြင်ခဲ့ရပါတယ်။ ဘုရား ကြီးဂေါပကရုံးမှာ ကျွန်တော်တို့အဖွဲ့ခဏစုပြီးအချိန် နှစ်နာရီခွဲအတွင်း ဘုရားဖူးကြဖို့ညှိနှိုင်းကြပါတယ်။ အား လုံးကလည်း အေးအေးဆေး ဆေးဖူးမြော်ချင်ကြတော့ ညပိုင်း ၉ နာရီအထိ ဘုရားမှာနေကြဖို့တိုင်ပင်ကြ တယ်။ စာရေးသူဆန္ဒအရဆိုရင် တစ်ညလုံးတောင်နေချင် ပါတယ်။ ဘုရားဂေါပကက စီစဉ်ပေးတဲ့အင်္ဂလိပ်ဂိုက်က ဘုရားသမိုင်းကို စိတ်ရှည်လက်ရှည် ရှင်းပြပါနေတော့ တယ်။

ဆက်လက်ဖော်ပြပါမည်။

------------------------------------------------------------------------------------
ယခု တစ်ပတ်ထုတ် Flower News Journal

အတွဲ ၁၀ ၊ အမှတ် ၂၁ | (3-9 , 6 , 2014) တနင်္ဂနွေနေ့ထုတ် ဂျာနယ်

Yangon Media Group

တွန်းသင်္ဘောပေါ်တွင်အိပ်နေသူ အမျိုးသမီးတစ်ဦး သင်္ဘောနစ်မြုပ်စဉ် ပါသွားသဖြင့် ရေနစ်သေဆုံး


ရန်ကုန်၊ ဇွန် ၎

၃.၆.၂၀၁၄ ရက်နေ့ ၁၄၃၀ အချိန်တွင် အင်းစိန်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်
များသည် အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ အမှတ်(၁၈)သစ်ဆိပ်အနီး လှိုင်မြစ်အတွင်း အမျိုးသမီးအလောင်းတွေ့ရှိကြောင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်နေ ကျောက်ထမ်းအလုပ်သမဖြစ်သူ မအငယ်မ၊ (၁၈)နှစ်
ဖြစ်ကြောင်း တွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် ၂.၆.၂၀၁၄ ရက်နေ့ ၀၃၃၀ အချိန်ခန့်
တွင် အဆိုပါနေရာရှိ မြစ်အတွင်း၌ ကျောက်များချရန်ဆိုက်ကပ်ထား
သော ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနပိုင် တွန်းသင်္ဘောပေါ်၌ အိပ်နေစဉ် ရေတက်ချိန်တွင် သင်္ဘောကြိုးပြတ်၍ နစ်မြုပ်သွားရာတွင်
ပါသွားပြီး ရေနစ်သေဆုံးခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ အင်းစိန်မြို့မရဲစခန်းသေမှုသေခင်း
အမှတ်စဉ် (၃၁/၂၀၁၄) ဖြင့် ရေးဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက်
ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ကျပ်သန်းပေါင်း ၄၅၀၀၀ကျော်ဖိုးခန့်ရှိ ကြေးနီများ လက်ပံတောင်းမှ လစဉ်ထုတ်မည်ဟုဆို


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ပိုင်ခွင့်ရ မြန်မာ ၀မ်ပေါင်မိုင်းနင်းကော့ပါး လီမိတက်မှ စီးပွားဖြစ် ထုတ်လုပ်သည့် ကာလအတွင်း တစ်လလျှင် မြန်မာ ကျပ်သန်းပေါင်း ၄၅၀၀၀ကျော် တန်ဖိုးရှိ ကြေးနီများ ထုတ်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

“စံပယ်တောင်မှာ အပိုင်းသုံးပိုင်းခွဲပြီး ထုတ်လုပ်နေတယ်။ အခု အလယ်ပိုင်းကို ရောက်နေပြီ တစ်နေ့ကို မြေသားရော တန်ချိန် ၇၀၀၀လောက် တူးဖော် ထုတ်လုပ်နေတယ်” ဟု မြန်မာဝမ်ပေါင် မိုင်းနင်းကော့ပါး လီမိတက်မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

နိုင်ငံတော် အစိုးရ အနေဖြင့် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းမှ ကြေးနီ ထုတ်လုပ်မှုအား နှစ်၃၀ ခွင့်ပြုထားပြီး ယင်းစီမံကိန်းမှ ကြေးနီတန်ချိန်ပေါင်း ၅၆သန်း ထုတ်လုပ် ရရှိမည်ဟု ခန့်မှန်းထားကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ စီမံကိန်းမှ ထုတ်လုပ်ရရှိမည့် ကြေးနီများ အနေဖြင့် နိုင်ငံတကာ အသိအမှတ်ပြုထားသည့် အရည်အသွေး အထိ အဆင့်မီသည့် အတွက် ကြေးနီ နှစ်တန်ခွဲ တစ်ထုပ်လျှင် မြန်မာကျပ်ငွေ သိန်း ၁၅၀အထိ ရရှိမည်ဖြစ်ပြီး လက်ရှိ အချိန်တွင် စံပယ်တောင်မှ ကြေးနီထုတ်လုပ်လျက်ရှိသည်ဟု သိရသည်။

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းမှ ကျပ်သန်းပေါင်း ၄၅၀၀၀ကျော်ကို လစဉ် ထုတ်လုပ်မည့် စီမံကိန်း အနေဖြင့် တာဝန် ထမ်းဆောင်နေသည့် ဒေသခံ မြန်မာ ၀န်ထမ်းများအား တစ်လလျှင် ထောက်ပံ့ကြေး ကျပ်တစ်သိန်းဖြင့် ၁၈လတိတိ လုပ်ဆောင် ပေးရမည် ဖြစ်ပြီး ၁၈လ ပြည့်ပြီးမှသာ အမေရိကန် ဒေါ်လာ ၁၈၀သို့ တိုးချဲ့ပေးသွားမည်ဟုလည်း မြန်မာ ၀မ်ပေါင် ကုမ္ပဏီမှ သိရသည်။

“လစဉ် သန်းချီရနေတာတောင် မြန်မာဝန်ထမ်းတွေကို တစ်လ တစ်သိန်းပဲ ပေးတာကတော့ အတော် လူမဆန်တဲ့ လုပ်ရပ်ပဲ။ အဲဒါကို နိုင်ငံတော် အစိုးရက သေချာဖြေရှင်းပေးဖို့ လိုတယ်” ဟု ဒေသခံ တစ်ဦးက သုံးသပ်သည်။

မြန်မာဝမ်ပေါင် မိုင်းနင်းကော့ပါး လီမိတက် အနေဖြင့် လက်ရှိအချိန်တွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား မြေသားတူးဖော်မှု လုပ်ငန်းများ လုပ်ဆောင်နေပြီး စံပယ်တောင်တွင်လည်း အပိုင်းသုံးပိုင်း ခွဲ၍ ကြေးနီ ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
Tomorrow Journal

ဆေးနဲ့ တွဲဖက် မစားသင့်တဲ့ အစာများ



လူတွေ အများ စုက ဆေးကို ဘယ်အ ရည်နဲ့ မဆို သောက်ရင် ပြီးရော
ဆိုပြီး ဖြစ်သလို နေတတ် ကြပါ တယ်။ဒါပေမယ့် ဆေးတွေ မှာလည်း သူတို့နဲ့
တွဲဖက် စားမ သုံးသင့်တာတွေ ရှိပါတယ်။အဲဒါ တွေက တော့...

၁။ Grape Fruit Juice က ဆေးတွေကို ချေဖျက် စေပါ တယ်။

၂။Orange , tomato Juice ပိုးသတ် ဆေး ပိဋိဇီဝ ဆေးကို ခန္ဒာက စုပ်ယူခြင်း
ကို နှောက်ယှက် စေပါ တယ်။

၃။ အစိမ်း ရောင်ရှိ ဟင်းသီိး ဟင်းရွက် (ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ကညွန့်...) စတာ
တွေက vitamin-K ဓာတ်တွေ အများကြီး ပါဝင် ပါတယ်။vitamin-K များ
တာက သွေးကြဲ ဆေးကို သောက်သူတွေ အတွက် နှောင့်ယှက်ပါတယ်။

၎။ နို့ နဲ့ နို့်ထွက် ပစ္စည်း ဆိုရင် သံဓာတ်စုပ် ယူမှု နှောက်ယှက် စေတာကြောင့်
သံဓာတ် အားဆေး နဲ့ သံဓာတ် ချို့တဲ့သူဟာ နို့ နဲ့ နို့ထွက် သောက်ရာ
မှာ သတိထား သင့်ပါ တယ်။

၅။ Fibers က ဆေးစုပ် ယူမှု ပြောင်းလဲ စေပါ တယ်။ဆေးတိုင်းနဲ့ မတွဲသင့်ပါ
ဘူး။နှလုံးဆေး , Digitals ,Penicillin စတဲ့ ဆေး အချို့နဲ့ တွဲဖက် မစားသင့်

၆။ Coffee , Cola စတဲ့ ကာဖင်း ပါတဲ့ အစား အသောက်က ပန်း နာရင် ကျပ်
ဆေး အာနိ သင်နဲ့ တူပါတယ်။asthma ဆေး ဖြစ်တဲ့ thephylline စတာ
သောက်ရင် caffeine မသောက် သင့်ပါဘူး။နိုးကြား စေပါ တယ်။ဒါကြောင့်
ဆန့်ကျင်ဘက် ဆေးတွေကို မသုံးသင့်ပါဘူး။

၇။ Wine နဲ့ Cheese တွဲ ဖက်သောက်ရင် စိတ်ဓာတ် ကျရာမှာ သုံးတဲ့
Anti-depressant ဆေးရဲ့ မကောင်းတဲ့ အာနိသင် ထက်တောင် ပိုဆိုးနိုင်
ပါတယ်။ အခန့် မသင့် ရင် အသက်တောင် သေစေ နိုင်ပါ တယ်။

ကဲ...ဘယ်လိုပဲ ဖြစ်ဖြစ် နော် ဆေးတွေကို ရေနဲ့ သောက်တာ အန္တရာယ် အကင်း ဆုံးပါပဲ......

ံhealth digest

သမ္မတတာဝန် ဆက်ထမ်းရွက်ဖို့ ဦးသိန်းစိန်ကို ကေအဲန်ယူ တိုက်တွန်း


ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေဖိုး ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ ဒီကနေ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး နောင်သမ္မတသက်တမ်းမှာ ဆက်လက်တာဝန်ယူဖို့ တိုက်တွန်း ပြောကြားခဲ့ပါတယ်။

ကေအဲန်ယူကိုယ်စားလှယ်အဖွဲ့ဟာ မနက်ပိုင်းက ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပင်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပြီးနောက် နိုင်ငံတော်သမ္မတ ဦးသိန်စိန်နဲ့ သီးခြားစီ တွေ့ဆုံရာမှာ တိုက်တွန်းခဲ့တာဖြစ်တယ်လို့ ကိုယ်တိုင်တက်ရောက်တဲ့ ကေအန်ယူ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က ဒီဗွီဘီကို ပြောပါတယ်။

ဒီတွေ့ဆုံပွဲမှာ ကေအန်ယူ ဘက်က ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂျော်နီ အပါအ၀င် ၁၀ ဦးခန်းက တက်ရောက်ခဲ့ပါတယ်။ ကေအဲန်ယူ ကိုယ်စားလှယ် အဖွဲ့ဟာ ဇွန်လ ၂ ၃ ရက်နေ့က ကေအဲန်ယူ ဌာနချုပ်ကနေ ရန်ကုန်မြို့ကို ရောက်ရှိခဲ့တာဖြစ်ပြီး ဇွန်လနေ့မှာ နေပြည်တော် ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ မနက်ဖြန်မှာလည်း ပြည်သူ့လွတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

KNU အဖွဲ့ဟာ ၂၀၁၂ ခုနှစ်မှာ အပစ်အခတ်ရပ်စဲပြီး နှစ်ဘက်တပ်တွေအကြား တိုက်ပွဲကြိုးကြား ဖြစ်ပွားခဲ့ပေမဲ့ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ နောက်ပိုင်းမှာတော့ တိုက်ခိုက်တာတွေ လုံးဝ ရပ်ဆိုင်းခဲ့ပါတယ်။

ပဒိုမန်းငြိမ်းမောင်ကို ဒီဗွီဘီသတင်းထောက် နော်နိုရင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

dvb burmese

တရုတ်ပန်ဒါလေးများက ရေဘ၀ဲပေါလ်အစား ဘရာဇီးကမ္ဘာ့ဖလားဘောလုံးပွဲစဉ်များကို ခန့် မှန်းပေးသွားမည်



 ရေဘ၀ဲပေါလ်
ဒီတစ်ခါ ၂၀၁၄ ကမ္ဘာ့ဖလားမှာ နာမည်ကြီးလာမယ့်အကောင်ကတော့ ချစ်စရာကောင်းတဲ့ တရုတ်နိုင်ငံက ပန်ဒါလေးတွေပဲ ဖြစ်ပါတယ်။ ပြိုင်ပွဲကာလတစ်လျှောက် ပွဲစဉ်တွေရဲ့ ရလဒ်ကို ဒီပန်ဒါလေးတွေက ခန့် မှန်းပေး သွားမယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၀ ကမ္ဘာ့ဖလားမှာ ရေဘ၀ဲပေါလ်က ကမ္ဘာ့ဖလားပွဲစဉ်အများစုကို မှန်ကန်စွာ ခန့်  မှန်းပေးနိုင်မှုကြောင့် ကမ္ဘာကျော်ခဲ့ရပါတယ်။ ဒီတစ်ခါမှာတော့ သေဆုံးသွားပြီဖြစ်တဲ့ ပေါလ်နေရာမှာ ပန်ဒါလေး တွေကို တွေ့ မြင်ရလိမ့်မယ်လို့ သိရပါတယ်။

ပြည်နယ်မီဒီယာတွေရဲ့ အဆိုအရ ဘရာဇီးကမ္ဘာ့ဖလားပွဲစဉ်တစ်ခုလုံးရဲ့ ပြိုင်ပွဲရလဒ်တွေကို ခန့် မှန်းပေးဖို့  အတွက် ဖိတ်ခေါ်ကမ်းလှမ်းမှုကို တရုတ်နိုင်ငံ၊ Sichuan ခရိုင်နယ်က အမည်မဖော်ပြထားတဲ့ကလပ်တစ်ခုက လက်ခံခဲ့တယ်လို့ သိရပါတယ်။

ဘရာဇီးကမ္ဘာ့ဖလားကို ကျင်းပဖို့ တစ်ပါတ်လောက်သာ လိုတော့ပြီး ပန်ဒါလေးတွေက ပေါလ်ရဲ့ သရဖူကို အရယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။ ဒီပန်ဒါလေးတွေဟာ ပွဲစဉ်တစ်ခုမှာ ဘယ်အသင်း အနိုင် ရမလဲဆိုတာကို သက်ဆိုင်ရာနိုင်ငံအလံတွဲချည်ထားတဲ့ သစ်ပင်ပေါ် တက်ပြပြီး ခန့် မှန်းပေးသွားမှာဖြစ်တယ် လို့ သိရပါတယ်။ သစ်ပင်ပေါ်မှာ အစာထည့်ထားတဲ့ခြင်းတွေနဲ့ ပန်ဒါလေးတွေကို မျှားခေါ်မှာဖြစ်ပါတယ်။

ရေဘ၀ဲပေါလ်တုန်းကတော့ ကမ္ဘာ့ဖလားပွဲစဉ် နောက်ဆုံးဗိုလ်လုပွဲအပါအ၀င် ရှစ်ပွဲတိတိ မှန်ကန်အောင် ခန့်  မှန်းပေးနိုင်ခဲ့ပါတယ်။ ပေါလ်ဟာ ၂၀၁၀  ခုနှစ် အောက်တိုဘာလမှာ သဘာဝအလျောက် သက်တမ်းပြည့် သေဆုံးခဲ့ပါတယ်။





Ref: Metro.co.uk
Trend Myanmar

အစိုးရက ပြည်သူများထံပေးထားသည့် ဆေးရုံ၊ ကျောင်း၊ လမ်း၊ တံတားများ ဆောက်လုပ်ပေးရေးဆိုင်ရာ ကတိများအနက် ထက်ဝက်ခန့်ကိုသာ အမှန်တကယ်ဆောင်ရွက်ပေးကြောင်း လွှတ်တော်ကော်မတီ အစီရင်ခံစာတွင်ဖော်ပြ


(ဇွန် ၂ ရက်က ပြိုကျခဲ့သော ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ်ရှိ ပုတီးကုန်းအထက်တန်းကျောင်း)

အစိုးရအနေဖြင့် ပြည်သူများထံသို့ပေးထားသည့် ဆေးရုံ၊ ကျောင်း၊ လမ်း၊ တံတားများ ဆောက်လုပ်ရေးဆိုင်ရာ ကတိများအနက် ထက်ဝက်ခန့်ကိုသာ အမှန်တကယ်ဆောင်ရွက်ပေးကြောင်း ပြည်သူ့လွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဇွန် ၃ ရက်တွင်ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ တင်သွင်းသည့် ပြည်သူ့လွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။

ပြည်သူများ၏ လိုလားချက်များဖြစ်သော ဆေးရုံ၊ ကျောင်း၊ လမ်း၊ တံတားများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်မှတစ်ဆင့် အစိုးရထံတောင်းခံခဲ့ရာ အစိုးရမှ ဆောင်ရွက်ပေးမည်ဟု ကတိပြုသည့်လုပ်ငန်း စုစုပေါင်း ၂၂၁၇ ခုရှိခဲ့ပြီး အမှန်တကယ်ဆောင်ရွက်ပြီးသည့် လုပ်ငန်းမှာ စုစုပေါင်း ၁၁၅၁ ခုသာရှိနေကြောင်း ဖော်ပြထားခြင်းဖြစ်သည်။

အစီရင်ခံစာတွင် အစိုးရသစ်စတင်တာဝန်ယူပြီး လွှတ်တော်အစည်းအဝေးများ စတင်ကျင်းပပြီးနောက် ပထမပုံမှန်အစည်းအဝေးမှ အဋ္ဌမပုံမှန်အစည်းအဝေးအထိ အစိုးရအဖွဲ့မှ ကြယ်ပွင့်ပြမေးခွန်းများ ပြန်လည်ဖြေကြားရာ၌ ကတိပေါင်း ၆၁၈ ခုရှိခဲ့ကြောင်း၊ ၎င်းတွင် ဆေးရုံ၊ ကျောင်း၊ လျှပ်စစ်မီးရရှိရေး၊ လမ်းတံတားများနှင့် ပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများစွာ ပါဝင်ကြောင်း၊ ၎င်းကတိပေါင်း ၆၁၈ ခုအနက် ၄၁၅ ခုသာ အမှန်တကယ် ပြီးစီးပြီဖြစ်ကြောင်း အစိုးရအဖွဲ့ရုံးမှ ပေးပို့လာသည်ဟု ပါရှိသည်။

လွှတ်တော်သို့တင်သွင်းသည့် အဆိုများအတွက် အစိုးရမှပေးထားသည့် ကတိပေါင်း ၇၇ ခုရှိပြီး အစိုးရအဖွဲ့မှပေးပို့သည့် ပြီးစီးမှုသည် ၆၁ ခုသာရှိကြောင်း သိရသည်။

ထို့အပြင် လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်းများအတွက် ကြယ်ပွင့်မပြကတိအဖြစ် စုစုပေါင်း လုပ်ငန်းပေါင်း ၁၅၂၂ ခုကို အစိုးရမှပေးခဲ့သော်လည်း အမှန်တကယ်ပြီးစီးပြီဟု အကြောင်းကြားလာသည့် လုပ်ငန်းအရေအတွက်မှာ ၆၇၅ ခုသာရှိကြောင်း သိရသည်။

ထို့ကြောင့် ပြည်သူများ၏ လိုလားချက်များကို ကတိပေးပြီးသော်လည်း ထက်ဝက်မျှသာ ဆောင်ရွက်ပေးသဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်တွင် ဝေဖန်ခဲ့ကြသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးက ဆွေးနွေးရာတွင် ပြည်သူ့ကိုယ်စားလှယ်များက ပြည်သူ့ကိုယ်စား တင်ပြတောင်းခံခြင်းဖြစ်ကြောင်း၊ အစိုးရမှ ကတိပေးသည့်အတွက် ပြည်သူများထံ လိုအပ်ချက်များကို အစိုးရကလုပ်ပေးလိမ့်မည်ဟု ပြန်လည်ကတိပေးခဲ့ကြောင်း၊ သို့သော် အမှန်တကယ်တွင် မရလာသဖြင့် ပြဿ နာများရှိကြောင်း၊ ထို့ကြောင့် အစိုးရ၏ကတိများတည်ကြရန် ဆွေးနွေးခဲ့သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသိန်းအောင်က ပြည်နယ်များရှိအစိုးရမှ ဆောင်ရွက်ပေးသည့်လုပ်ငန်းများကို နှစ်ချီ အချိန်ယူဆောင်ရွက်နေသည်မှာ မဖြစ်သင့်ကြောင်း ဆွေးနွေးခဲ့သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ၀န်ကြီးဌာနများသည် ကတိဖြစ်သည်၊ မဖြစ်သည်ကို ကွဲကွဲပြားပြား ဆုံးဖြတ်နိုင်ခြင်းမရှိသော အဖြေများနှင့် ဖြေနေသည်ကို ဝေဖန်ပြောကြားခဲ့သည်။

ပညာရေးနှင့် ကျန်းမာရေးကဏ္ဍအတွက် တိုးမြှင့်ရရှိငွေအများစုသည် အသစ်ဆောက်လုပ်မှုများအတွက်သာ ကုန်ကျမှုများနေကြောင်း သိရသည်။ ယိုယွင်းဟောင်းနွမ်းလျက်ရှိသော ကျောင်းဆောင်ဟောင်းများ၊ အမှန်တကယ် ပြုပြင်ဖြည့်တင်းရန် လိုအပ်သောကိစ္စရပ်များတွင် အသုံးမပြုဘဲ မလိုအပ်သော ကျောင်းသစ်ဆောက်လုပ်ခြင်းသည် ဆောက်လုပ်ရေးကန်ထရိုက်နှင့် လာဘ်စားသူအချို့အတွက်သာ အကျိုးဖြစ်ထွန်းစေကြောင်း ဝေဖန်မှုများရှိနေသည်။ ကျန်းမာရေးကဏ္ဍတွင်လည်း ဆေးရုံ၊ ဆေးခန်းများ၌ လူထုအတွက် အမှန်တကယ်လိုအပ်ချက်များ ဖြည့်တင်းခြင်းထက် မဖြစ်မနေဆောက်လုပ်ရန် မလိုအပ်သေးသည့် တောင်ကြီးဆေးတက္ကသိုလ်သစ် ဆောက်လုပ်ခြင်းကဲ့သို့သော အသစ်ဆောက်လုပ်မှုများအတွက်သာ အကုန်အကျခံ လုပ်ဆောင်နေကြောင်း သိရသည်။

Eleven Media Group

ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်၏ ကမ်းလှမ်းမှုကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် လက်ခံ ၊ ဗီယက်နမ်နှင့် မြန်မာတို့ လာမည့် ဇူလိုင် ၂ ရက်တွင် ဗီယက်နမ်နိုင်ငံ၌ ခြေစမ်းကစားမည်


(၂၀၁၂ ဆူဇူကီးဖလားပြိုင်ပွဲတွင် ဗီယက်နမ်အသင်းဘက်သို့ ချေပဂိုးသွင်းယူအပြီး မြန်မာကစားသမားများ အောင်ပွဲခံနေစဉ်(ဓာတ်ပုံ - ညီညီစိုးညွန့်))

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် မြန်မာ့လက်ရွေးစင်အသင်းနှင့် ခြေစမ်းကစားရန်အတွက် ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ် (VFF) ၏ ကမ်းလှမ်းမှုကို သဘောတူလက်ခံလိုက်ပြီဖြစ်ကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင်အသင်းနှင့် ဗီယက်နမ် လက်ရွေးစင်အသင်းတို့၏ ခြေစမ်းပွဲကို လာမည့် ဇူလိုင် ၂ ရက်တွင် ဗီယက်နမ်နိုင်ငံ၌ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

VFF သည် ဆူဇူကီးဖလားပြိုင်ပွဲဝင်မည့် ဗီယက်နမ်လက်ရွေးစင်အသင်း ပြိုင်ပွဲအကြိုပြင်ဆင်မှုအဖြစ် ခြေစမ်းပွဲများကစားရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး မြန်မာအသင်းနှင့် ယှဉ်ပြိုင်ကစားရန် ကြိုးပမ်းခဲ့ခြင်းလည်း ဖြစ်သည်။ မြန်မာအသင်းနှင့် ဗီယက်နမ်အသင်းတို့သည် ပြီးခဲ့သည့် ၂ဝ၁၂ ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲ အုပ်စုအဖွင့်ပွဲတွင် တွေ့ဆုံခဲ့ပြီး ကြည်လင်း၏ ပယ်နယ်တီချေပဂိုးဖြင့် တစ်ဂိုးစီ သရေကျခဲ့ကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန်အတွက် လာမည့် ဇွန်လ တတိယပတ်တွင် လေ့ကျင့်မှုများ စတင်ပြုလုပ်မည်ဖြစ်ပြီး အသင်းကိုလည်း ပြန်လည်ဖွဲ့စည်းသွားမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ဗီယက်နမ်လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲမတိုင်မီ ဂျေလိဂ်ကလပ် ဆီရီဇိုအိုဆာကာအသင်းနှင့် ပြည်တွင်း၌ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ မြန်မာအသင်းမှာ ဆူဇူကီးဖလားပြိုင်ပွဲအတွက် ပြင်ဆင်သည့်အနေဖြင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ယခုဖွဲ့စည်းမည့်အသင်းကိုလည်း လက်ရွေးစင်အသင်းအတွက်သာ ဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာအသင်းသည် ဇွန် ၂၈ ရက်တွင် သုဝဏ္ဏကွင်း၌ ဆီရီဇိုအိုဆာကာအသင်း၊ ဇူလိုင် ၂ ရက်တွင် ဗီယက်နမ်လက်ရွေးစင်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ယင်းအသင်းကို ဆားဘီးယားလူမျိုးနည်းပြ အေဗရာမိုဗစ်က ကိုင်တွယ်သွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

ပင်လယ်စာ စားရင် သတိထားသင့် 



4.6.2014

ပင်လယ်ထွက် အစားအစာ (ပင်လယ်စာ) များအနက် အဆိပ်အတောက် ဖြစ်နိုင်သည့် အစာ မြောက်များစွာ ရှိ၏။ ယခင်က ဆိုလျှင် ပင်လယ်ထွက် အစားအစာများကို ကမ်းရိုးတန်းဒေသများတွင် နေထိုင်ကြသူ များသာ စားသောက်လေ့ ရှိကြ သဖြင့် ပင်လယ်စာကြောင့်အဆိပ်သင့်ခြင်းသည် ကမ်းရိုးတန်းဒေသများ အတွက် ပြဿနာဖြစ်ခဲ့၏။ သို့သော်ခေတ်မီ နည်းစနစ်များဖြင့် သားငါးများကို တာရှည်ခံအောင် သိမ်းဆည်း သယ်ပိုးနိုင်ပြီ ဖြစ်ရာ ပင်လယ်နှင့် ဝေးလံသည့် ဒေသများ၌လည်း ပင်လယ်စာ များကို လူအများ စားသုံးနိုင်ကြပြီဖြစ် ပေသည်။ ပင်လယ်စာ(Sea Foods)များ ကိုသာ သီးသန့်ချက်ပြုတ် ရောင်းချသည့် ဆိုင်များလည်း ခေတ်စား လာနေပြီဖြစ်ရာ ပင်လယ်စာနှင့်ပတ်သက်သည့် အန္တရာယ်များကို လူတိုင်း သိထားသင့်ပေသည်။

ပင်လယ်စာကိုအစားများသည့် ဂျပန်နိုင်ငံတွင် ပင်လယ်စာကြောင့် အဆိပ်သင့်ခြင်းသည် အစာ အဆိပ်သင့်မှု စုစုပေါင်း၏ သုံးပုံနှစ်ပုံခန့် ရှိကြောင်း သိရသည်။ ပင်လယ်စာများကို တင်သွင်း စားသုံးနေကြသည့်ကုန်းတွင်း နိုင်ငံများ၌လည်းပင်လယ်စာကြောင့် အစာအဆိပ်သင့်မှုများ တစထက်တစ များပြားလာနေကြောင်း သိရ ပါသည်။ ပင်လယ်စာ များကြောင့်အစာအဆိပ်သင့်ခြင်း ဖြစ်ရာတွင်အဓိကနည်းသုံးမျိုး ရှိလေသည်။

(၁) ပထမနည်းမှာ ပင်ကိုသဘာဝအားဖြင့် အဆိပ်ရှိနေသော မစားကောင်းသည့် ပင်လယ်ငါး သို့မဟုတ်-ပင်လယ် သတ္တဝါကို စားမိခြင်း ဖြစ်သည်။ စားမိလျှင် အဆိပ်ဖြစ်ရန် သေချာ၏။ မစားကောင်းသည့် ပင်လယ်သတ္တဝါ၊ မစားကောင်းသည့် ပင်လယ်ငါးတို့ကို ခွဲခြားသိရှိထားခြင်းဖြင့် အဆိပ်မသင့်အောင် ကြိုတင်ကာကွယ်နိုင် ပါသည်။ အချို့သော ပင်လယ်သတ္တဝါများ၊ ပင်လယ်ငါးများသည် မိမိ၏ခန္ဓာကိုယ် တစ်နေရာတွင် အဆိပ်အတောက်ကို ကိုယ်တိုင် ထုတ်လုပ်၏။ သို့သော် အဆိပ်ထုတ်လုပ်သည့် ကလီစာ (Organ)ကို ဖယ်ထုတ်ပြီး အသားကိုစားလျှင်အန္တရာယ် မရှိပေ။ ထိုအချက်ကို မသိဘဲစားလျှင်မူ အဆိပ်သင့်မည်ဖြစ်၏။ ထိုအဆိပ်မျိုးသည် အပူပြင်းပြင်း ပေး၍ ချက်ပြုတ်လိုက်လျှင် ပြေပျောက်သွားတတ် ပါသည်။

(၂) ဒုတိယနည်းမှာ လူတို့ စားသုံးသည့် ပင်လယ်ငါး၊သို့မဟုတ်- ပင်လယ် သတ္တဝါသည် ပင်ကိုသဘာဝ အားဖြင့် စားကောင်းသော အစာ ဖြစ်၏။ အဆိပ်မရှိပေ။ သို့သော်ပင်လယ်ရေထဲ၌ အဆိပ်အတောက် ရှိသည့် ပင်လယ်ရေညှိ (Marine Algae) ကဲ့သို့ အမှုန်အမွှား သက်ရှိ ကောင်ကလေးများ (Micro-organisms) ရှိနေသည်။ယင်းကဲ့သို့ ပင်လယ် သတ္တဝါ (ဥပမာ-ခရု၊ ပင်လယ်ငါး)တို့ကို စားသုံးမိပြီး၊ ခရု၊ပင်လယ်သတ္တဝါတို့ကို လူတို့က တဖန် စားသုံးခြင်းဖြင့်အဆိပ်အတောက် များသည် လူတို့၏ ခန္ဓာကိုယ်ထဲသို့ ရောက်ရှိလာကြခြင်း ဖြစ်သည်။ ထိုအဆိပ်မျိုးကြောင့် ဖြစ်ရသည့် အစာအဆိပ်သင့်မှုမျိုးကို ကာကွယ်ထိန်းသိမ်းရန်ခက်ခဲ၏။ အကြောင်းမှာ မည်သည့်ဒေသမှ ပင်လယ်ရေညှိများက အဆိပ်အတောက် ဖြစ်စေနိုင်သည်ဆိုသည်ကို ကြိုတင်၍ မသိနိုင်သောကြောင့် ဖြစ်သည်။ ထို့ပြင် ယင်းတို့ကို ပင်လယ်ငါးနှင့် ပင်လယ် သတ္တဝါမျိုးစုံတို့က စားသုံးကြ ခြင်းဖြစ်ရာ ဘယ်လိုငါးမျိုး၊ ဘယ်လို ခရုမျိုးကိုစားလျှင် စိတ်ချရသည်။ ဘယ်လိုငါးမျိုး ဘယ်လို ခရုမျိုးကို စားလျှင် စိတ်မချရဟု ကြိုတင် တွက်ဆဖို့လည်း မလွယ်ပေ။ ပင်လယ်စာ တမျိုးတည်းက တရာသီတွင် အဆိပ်သင့်မှုများ ဖြစ်စေပြီး နောက် တရာသီတွင် အဆိပ်သင့်မှု မဖြစ်စေနိုင်ခြင်းက ကြိုတင် ကာကွယ်မှုပြုလုပ်ရန် ခက်ခဲစေပြန်၏။ ဤနည်းဖြင့် အဆိပ်သင့်နေသည့် ပင်လယ်သတ္တဝါတို့၏ အသားကို အပူပြင်းပြင်းနှင့် ချက်ပြုတ်သော်လည်းအဆိပ်အတောက်များ ပြေပျောက် မသွားတတ်ချေ။ အစာအိမ်ထဲ ရောက်သွားလျှင်လည်း အစာခြေ အင်ဇိုင်း (Digestive Enzymes)များက ထိုအဆိပ်အတောက်များကို မခြေဖျက်နိုင်ပြန်ပေ။ ဤအဆိပ်သင့်နည်းမှာ ဖြစ်ပွားလေ့ အရှိဆုံးနှင့် ကာကွယ်ရန်အခက်အခဲဆုံးနည်း ဖြစ်ပေသည်။

၃။ပင်လယ်စာကြောင့် အဆိပ်သင့်နိုင်သည့် နောက်တနည်းမှာ အစာထားသိုမှု စနစ်မကျခြင်း၊ သန့်ရှင်းမှု မရှိခြင်း တို့ကြောင့် အစာထဲတွင် ဗက်တီးရီးယား (Bacteria) ပိုးများပေါက်ဖွားပြီး အဆိပ်များ ထုတ်လုပ်ကြခြင်း ဖြစ်၏။ ဗက်တီးရီးယား များမှ ထုတ်လုပ်သည့်အဆိပ်များကို အစာခြေအင်ဇိုင်း (Digestive Enzymes) များက မဖျက်ဆီးနိုင်၊ တော်ရုံတန်ရုံ အပူပေး၍ ချက်ပြုတ်ရုံနှင့်လည်း ပျက်စီးမသွားတတ်ပေ။ အပူရှိန်ပြင်းပြင်းနှင့်ချက်ပြုတ်မှသာ ပျက်စီးသွားနိုင် ပါသည်။

(၁) ပင်ကိုသဘာဝ အားဖြင့် အဆိပ်ရှိသည့် ပင်လယ်ငါးနှင့် ရေသတ္တဝါများ---

လွန်ခဲ့သောနှစ်ပေါင်းများစွာ (ဘီစီ-၂၀၀၀၊ ၃၀၀၀ခန့်) ကပင် တရုတ်ပြည်၌ ငါးပူတင်း(Pufferfish) စားခြင်းကြောင့်အစာ အဆိပ်သင့်ခြင်းများ ဖြစ်ခဲ့သည်ဟု မှတ်တမ်းများရှိခဲ့ပါသည်။ ယနေ့ တိုင်အောင်လည်း ငါးပူတင်းကြောင့် အစာအဆိပ်သင့်ခြင်းများ ရှိနေဆဲပင်ဖြစ်၏။ အဆိပ်ကို ငါးပူတင်း၏ အသည်း၊ အူ၊ အရေပြား၊မ-မျိုးဥအိမ် (Ovary) နှင့်ဥများတွင်တွေ့ ရသည်။ ငါးပူတင်း မျိုးပေါင်း မြောက်များစွာ ရှိရာ အမျိုးအစား အားလုံးတွင် အဆိပ်ရှိသည်ဟု မဆိုလိုပေ။ အချို့ အမျိုးအစားများ မှာသာ အဆိပ်တွေ့ရ လေသည်။ ငါးပူတင်း မျိုးပေါင်း ၃၀-ခန့်အနက် ၂၈-မျိုးသည် တရုတ်နှင့် ဂျပန်ပင်လယ်ပြင်တွင် ကျက်စားနေပြီး အဆိပ်အပြင်းဆုံး ငါးပူတင်းများ ကိုလည်း ထိုဒေသများ မှာပင် တွေ့ရသည်။ အဆိပ်ပြင်းသည့် ငါးပူတင်းမျိုးများသည် စား၍လည်း အရသာ အရှိဆုံးဖြစ်ကြ ပြန်၏။ ဂျပန်နိုင်ငံတွင် အဆိပ်ပြင်းသည့်ငါးပူတင်းများသည် ပင်လယ်၌ ပျော်သည့် ပင်လယ်ငါးများသာဖြစ်ကြပြီး တရုတ်နိုင်ငံတွင်မူ ယင်းတို့သည် ဥချချိန်၌ မြစ်ချောင်းများ အတွင်းသို့ နယ်ကျူးကာ ရောက်ရှိ လာတတ်ကြသည်။ ငါးပူတင်းများသည် နွေရာသီတွင် အဆိပ် အနည်းဆုံးဖြစ်ပြီး ဆောင်းရာသီတွင် အဆိပ်ပိုများကာ ဥချချိန် မတိုင်မီ မိုးဦးရာသီတွင် အဆိပ်အပြင်းဆုံး ဖြစ်သည်ဟု ဆိုပါသည်။

ငါးပူတင်းအဆိပ်သင့်သူသည် မိနစ် အနည်းငယ်အတွင်း ခြေဖျားလက်ဖျား၊ နှုတ်ခမ်းနှင့်လျှာတွင် ထုံခြင်း၊ တရွရွဖြစ်ခြင်း တို့ကို ခံစားရတတ်သည်။ အချို့တွင် ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ရင်ခေါင်းအောင့်ခြင်း၊ ဝေဒနာများခံစားကြရ၏။ အချိန်ကြာလာသည့် အခါ အာရုံကြောနှင့် ကြွက်သားများ အားနည်း လာပြီး နောက်ဆုံးတွင်အသက်ပင် မရှူနိုင်တော့ပဲ သေဆုံးရတတ်လေသည်။

ငါးပူတင်းကဲ့သို့ပင်ကိုသဘာဝ အားဖြင့် အဆိပ်ရှိသည့် အခြားပင်လယ် သတ္တဝါများ ရှိနေပါသေးသည်။ ယင်းတို့မှာ ငါးမန်း (Shark) မျိုးနွယ် ငါးအချို့၊ ငါးပုပ်သင် (Mackerel) မျိုးနွယ်ငါးအချို့၊ ငါးလင်ပန်း (Lamprey) မျိုးနွယ် ငါးအချို့၊ ငါးစာလုပ် (Squid) မျိုးနွယ် ငါးအချို့၊ ရေဘဝဲ (Octopus) မျိုးနွယ် သတ္တဝါအချို့နှင့် လိပ်မျိုးနွယ်စု အချို့တို့ ဖြစ်ကြပါသည်။

(၂) အဆိပ်ရှိသည့် ပင်လယ်ရေညှိကို စားသည့် ငါးနှင့် ရေသတ္တဝါ များကြောင့် အစာအဆိပ်သင့်ခြင်း။
(က) ခရု (Shellfish) စား၍ အဆိပ်သင့်ခြင်း---
အဆိပ်ရှိသည့်ပင်လယ်ရေညှိ (Toxic Marine Algae) များကို စားသုံးထားသော ခရုများကို စားမိလျှင် ထိုသူကိုယ်တိုင် အဆိပ်သင့်ခြင်းအန္တရာယ်ကို ကြုံတွေ့ရမည် ဖြစ်သည်။ ကယ်လီဖိုးနီးယား မြောက်ပိုင်းနှင့်ကယ်လီဖိုးနီးယား အလယ်ပိုင်းမှ ဂျပန်နိုင်ငံထိ ပစိတ်ဖိတ်သ မုဒ္ဒရာကမ်းရိုးတန်း၊ အမေရိကန် ပြည်ထောင်စု မြောက်ပိုင်း အတ္တလန်တိတ် သမုဒ္ဒရာကမ်းရိုးတန်း၊ ဂျပန်နိုင်ငံ ကမ်းရိုးတန်း ဒေသများတွင် အဆိပ်ရှိသည့် ပင်လယ်ရေညှိများကို တွေ့ရှိရပါသည်။

ထိုအဆိပ်သင့်ခြင်းမျိုးတွင်အာရုံကြောများ အားနည်းခြင်း၊ အကြောသေခြင်း တို့သည် အဓိကလက္ခဏာများ ဖြစ်၏။ အဆိပ်သင့်ထားသည့် ခရုကိုစားပြီးမိနစ်အနည်းငယ်အတွင်း နှုတ်ခမ်း၊ လျှာနှင့် လက်ထိပ် ကလေးများတွင် ထုံကျဉ်မှု ဝေဒနာကို စတင်ခံစားရ တတ်သည်။ထို့နောက် ခြေထောက်၊ လက်ဖျံ၊ လက်မောင်း၊ လည်ပင်းတို့ပါထုံကျဉ်လာပြီး ခြေလက်လှုပ်ရှားမှု များလည်း မူမမှန်တော့ပဲ ဒယိမ်းဒယိုင်ဖြစ်လာ တတ်သည်။ သို့သော် လူနာသည်သတိကင်းလွတ်သွားခြင်း မရှိတတ်ချေ။ နောက်ဆုံးတွင် လူနာသည် အသက်မရှူနိုင်တော့ပဲ ၂-နာရီမှ ၁၂-နာရီအတွင်းသေဆုံးရလေတော့၏။ အဆိပ်သင့်ပြီး ၂၄-နာရီအထိ မသေဆုံးခဲ့ လျှင်မူ အသက်ရှင်ရန်အခွင့်အရေး ပိုများလေသည်။

ခရုစား၍အဆိပ်သင့်ခြင်းသည် ၁၉၇၃-ခုနှစ်အထိ ပဟေဠိသဖွယ် ဖြစ်ခဲ့သည်။ နှစ်ပေါင်းများစွာစားသုံးခဲ့ပြီး အန္တရာယ် တစုံတရာ မပေးခဲ့သော ခရုမျိုးကိုပင် စားမိသူများ အဆိပ်သင့်ကြရ၏။ ထိုခရုများကို ရက်သတ္တ သုံးပတ် ကာလအတွင်း စားသူတိုင်းအဆိပ်သင့်ခဲ့သော်လည်း နောက်ပိုင်းတွင် လုံးဝအဆိပ်မဖြစ်တော့ပြန်ပေ။ ၁၉၇၃- ခုနှစ်ရောက်မှသာ အဖြစ်မှန်ကိုသိကြရလေသည်။ ပင်လယ်ရေ၏ အပူချိန်၊ အငန်ဓာတ်၊ pH စသည့်ပတ်ဝန်းကျင် အခြေအနေများ သင့်တင့်လျောက်ပတ်သည့် အချိန်တွင် ထိုရေထဲ၌ အဆိပ်ရှိသည့် ပင်လယ်ရေညှိများ ပေါက်ဖွား ရှင်သန်ကြသဖြင့် ထိုရေညှိများကို စားသုံးမိသည့် ခရုများကြောင့် အစာအဆိပ် သင့်ကြခြင်း ဖြစ်၏။

ရက်သတ္တသုံးလေးပတ်ခန့် ကြာသည့်အခါ ပင်လယ်ရေ၏ အပူချိန်၊ အငန်ဓာတ်၊ pH စသည့် ပတ်ဝန်းကျင် အခြေအနေများ ပြောင်းလဲသွားပြီး ပင်လယ်ရေညှိများသေကုန်ကြသဖြင့် ခရုများလည်း အဆိပ်အတောက် ကင်းသွားကြ ပြန်တော့သည်။ ခရုများသည် ပင်လယ်ရေညှိ၏ အဆိပ်ကို ခံနိုင်ရည် ရှိကြ သော်လည်း ခရုကိုစားသုံးသည့်လူများကိုယ်တိုင်မှာ ခံနိုင်ရည် မရှိဘဲ အဆိပ်၏ဒဏ်ကို ခံကြရခြင်း ဖြစ်လေသည်။

(ခ) ဂဏန်းများ (Crabs), ကမာကောင်များ(Oysters)---
ဂျပန်ပင်လယ် ရေပြင်မှ ဖမ်းဆီးရမိသောဂဏန်းအချို့သည်လည်း အဆိပ်သင့်စေနိုင်ကြောင်း တွေ့ရှိထားပါသည်။ထိုဂဏန်းများသည် ခရုများကဲ့သို့ပင် အဆိပ်ရှိသည့် ပင်လယ်ရေညှိများကို စားသုံး ထားခြင်းကြောင့် လူကို အဆိပ်သင့်စေခြင်း ဖြစ်နိုင်သည်ဟုဆိုပါသည်။ ဂျပန်နိုင်ငံ Hamana ပင်လယ်အော်မှ ကမာကောင် အချို့သည်လည်း ယင်းတို့ စားသုံးထားသည့် ပင်လယ်ရေညှိ များကြောင့် လူတွင် အစာအဆိပ်သင့် ရောဂါ ဖြစ်စေနိုင်ကြောင်းသိရပါသည်။ ထိုကမာကောင်များစား၍ အဆိပ်သင့်သူများသည် ပထမ ရက်အနည်းငယ်အတွင်း ဗိုက်နာခြင်း၊ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ခေါင်းကိုက်ခြင်းဝေဒနာများ ခံစားကြရပါသည်။ ထို့နောက် အရေပြားနှင့် အစာအိမ် စသည့် ကလီစာများ၏အမြှေးပါး (Mucous Membrane) တို့မှ သွေးများယိုလာပြီး နောက်ဆုံးတွင် အသည်းပျက်၍ (acute yellow atrophy of the liver) သေဆုံးရတတ်လေသည်။

(ဂ) ပင်လယ်ငါးများ---
အနောက်အင်ဒီးစ် West Indies) ဒေသတွင် ပင်လယ်ငါး အချို့ကို စားပြီးလူများ အစာအဆိပ်သင့်ခဲ့ကြောင်းကို ၁၅၅၅-ခုနှစ်လောက်ကပင် မှတ်တမ်းများ ရှိခဲ့လေသည်။ ထိုငါးများသည်ပင်ကိုသဘာဝ အတိုင်း အဆိပ်ရှိနေခြင်း မဟုတ်ဘဲ အဆိပ်ရှိသည့် ပင်လယ်ရေညှိများကိုစားထားခြင်းကြောင့်သာ လူကို အဆိပ်သင့်စေခြင်း ဖြစ်ကြောင်းအထောက်အထားများတွေ့ရပါသည်။ကရစ်ဘီယမ်ပင်လယ်နှင့် ပစိဖိတ် သမုဒ္ဒရာအတွင်း အထူးသဖြင့် မြောက်လတ္တီတွဒ် ၃၅-ဒီဂရီနှင့် တောင်လတ္တီတွဒ်၃၅-ဒီဂရီကြား ကျွန်းများ တွင်လည်း ဤသို့ အဆိပ်သင့်မှုများ ဖြစ်တတ်၏။ငါးအမျိုး အနွယ်စုပေါင်း ၃၀၀-ကျော်သည် ဤနည်းဖြင့်အဆိပ်သင့် နိုင်ကြောင်း ဖော်ထုတ်တွေ့ရှိထား ပါသည်။Ciguatera Poisoning ခေါ် အဆိုပါ အစာ အဆိပ်သင့်ခြင်း သည် ပင်လယ်စာကြောင့် အစာအဆိပ်သင့်မှုSeafood Poisoning များအနက်အကြီးမားဆုံး ကျန်းမာရေးပြဿနာဖြစ်ကြောင်း သိရှိရသည်။

Ciguatera Poisoning ခေါ် ပင်လယ်ငါးကြောင့် အဆိပ်သင့်ခြင်း၏လက္ခဏာများမှာ နှုတ်ခမ်း၊ လျှာနှင့် လည်ချောင်းများ တရွရွဖြစ်နေရာမှ ထုံကျဉ်လာခြင်းဖြစ်၏။ တစ်တခါတစ်ရံ ပျို့ခြင်း၊ အန်ခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်း၊ ခေါင်းကိုက်ခြင်း၊ ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ကြွက်သားများ နာကျင်ခြင်း စသည့် ဝေဒနာများကိုလည်း ခံစားရတတ်သည်။နောက်ပိုင်းတွင် လမ်းမလျှောက်နိုင်သည်ထိ အားနည်းသွားတတ်၏။ အသက် သေဆုံးသည်ထိ ပြင်းထန်လေ့ မရှိသော်လည်း နှလုံးနှင့် သွေးလည်ပတ်မှုလုပ်ငန်း ပျက်ယွင်းသွား လျှင်မူ အသက်ဆုံးရှုံးမှုရှိနိုင်သည်ဟု သိရပါသည်။

(၃) ဗက်တီးရီးယားများကြောင့် ပင်လယ်စာ အဆိပ်သင့်ခြင်း---
ဗက်တီးရီးယားများကြောင့်ပင်လယ်အစာ အဆိပ်သင့်ခြင်း အမျိုးမျိုးရှိသည့်အနက်Clostridium Botulium ခေါ် ဗက်တီးရီးယားကြောင့် အစာအဆိပ်သင့်ခြင်းကို နမူနာထား၍ တင်ပြပါမည်။

Clostridium Botulinum အမျိုးအစား ငါးမျိုး ( A-မှ E ထိ) ရှိသည့်အနက် အမျိုးခွဲ (E)သည် အစာအဆိပ်သင့်မှု အများဆုံးဖြစ်စေသည့်ဗက်တီးရီးယားမျိုး ဖြစ်သည်။ အခြားအမျိုးကွဲများကြောင့် အစာအဆိပ်သင့်မှု ဖြစ်တတ် သော်လည်း ရှားပါ၏။CI.Bitulinum သည် အကောင်ဘဝ Vegetative Form နှင့် မျိုးအောင်းစေ့ဘဝSpore Form ဟူ၍ သဏ္ဍာန်နှစ်မျိုးဖြင့် တည်ရှိသည်။ မျိုးအောင်းစေ့များသည် မြေကြီးထဲ၌ ၄င်း၊ ပင်လယ်ကမ်းခြေ၊ ရေကန်များနှင့်မြစ်များ၏ ကမ်းတစ်လျှောက် နုံးမြေများထဲတွင်၎င်း ရှိနေကြ၏။ မျိုးအောင်စေ့များသည် ပတ်ဝန်းကျင် အပူချိန် ၃-ဒီဂရီမှ ၅-ဒီဂရီ စင်တီဂရိတ်အတွင်း၌ပင် အကောင်ဘဝသို့ ပြောင်းပြီးအဆိပ်များ ထုတ်လုပ်နိုင်သည်။ ၅-ဒီဂရီမှ ၃၀-ဒီဂရီ စင်တီဂရိတ်အတွင်း အပူချိန်တက်လာလေအကောင်ပေါက်ရန် အခွင့်ပို၍ သာလာလေဖြစ်၏။ ထို့ကြောင့် ရေထွက်အစားအစာတိုင်းသည်CI.Botulinum ဗက်တီးရီးယားပိုးဝင်ရောက်ပြီး အစာ အဆိပ်သင့်မှုဖြစ်ရန် အန္တရာယ် အမြဲရှိနေသည်ဟု မှတ်ယူနိုင်ပါသည်။

ဤပိုးကြောင့်အစာအဆိပ်သင့်လျှင် ရောဂါလက္ခဏာများကို များသောအားဖြင့် အစာစားပြီး ၁၂-နာရီမှ ၃၆-နာရီအတွင်း စတင်၍ တွေ့ရလေ့ရှိ၏။ သို့သော် စားပြီး သုံးလေးနာရီအတွင်း စောစွာ တွေ့နိုင်သကဲ့သို့ စားပြီး၁၀၈-နာရီကြာမှ နောက်ကျစွာ တွေ့ရသည်လည်း ရှိသည်။ ယေဘုယျအားဖြင့် ရောဂါလက္ခဏာ စောစောပေါ်လေအဆိပ်ပြင်းလေဟု မှတ်ယူနိုင်၏။ ပျို့ခြင်း၊ အန်ခြင်း ဖြစ်ခဲ့လျှင် အန်လိုက်ခြင်းကြောင့် အဆိပ်သင့်မှု သက်သာသွားနိုင်သည်။

အဆိပ်၏အဓိကပစ်မှတ်မှာ အာရုံကြောနှင့် ကြွက်သားများဖြစ်၏။ မျက်လုံးကြွက်သားများ ထိခိုက်မှုကြောင့် အရာဝတ္ထု တစ်ခုကို နှစ်ခုကဲ့သို့ မြင်ရခြင်းသည် အဆိပ်သင့်ခြင်း၏ ကနဦး ဝိသေသ လက္ခဏာတရပ်ပင် ဖြစ်သည်။ထို့နောက် မျက်ခွံများလေးလံ တွဲလာခြင်း၊ သူငယ်အိမ် ကျယ်လာခြင်း၊ လက်နှိပ်ဓာတ်မီးနှင့် မျက်စိကို ထိုးကြည့်သည့်တိုင် သူငယ်အိမ် မကျယ်တော့ခြင်း စသည့် လက္ခဏာများကို တွေ့ရတတ်သည်။လက်ချောင်း ကြွက်သားများ ထိခိုက်သဖြင့် အစာမမျိုနိုင်ခြင်း၊ အသံဝင်ခြင်း၊ အစာနှင့်အရည် များနှာခေါင်းနှက့်ပါးစပ်မှပြန်ထွက်လာခြင်း၊ လည်ပင်းကြွက်သားများ ထိခိုက်သဖြင့် ဦးခေါင်းကို မထောင်နိုင် ဇက်မခိုင်နိုင်ခြင်းတို့ ဆက်လက်ဖြစ်ပေါ် ခံစားရတတ်၏။ နောက်ဆုံးတွင် အသက်ရှူသည့် ကြွက်သားများ အလုပ်မလုပ်တော့သဖြင့် အသက်ရှူရပ်ပြီး သေဆုံးရတတ် သည်။ နှလုံးကြွက်သားများ အလုပ်မလုပ်တော့ သဖြင့် နှလုံးရပ်ပြီး သေဆုံးရသည်လည်း ရှိ၏။ ဤအဆိပ်သင့် သဖြင့် သေဆုံးမှုနှုန်းသည်၆၅-ရာခိုင်နှုန်းထိ ရှိကြောင်း သိရပါသည်။

E-အမျိုးအစားမဟုတ်သောCI.Botulinum ပိုးများနှင့်Staphylococcus Aureus ဗက်တီးရီးယားများသည်လည်းပင်လယ်စာ များတွင် တစ်ခါတစ်ရံ ဝင်ရောက်ပွားများပြီး အစာအဆိပ်သင့်ခြင်းကို ဖြစ်စေနိုင်ပါသည်။ ပင်လယ် စာကြောင့် အစာ အဆိပ်သင့်မှု အန္တရာယ်လျော့ပါးစေခြင်း---
* မစားကောင်းသည့်ပင်လယ်စာများကို သိထားသင့်သည်။
* မည်သည့်ပင်လယ်သတ္တဝါများသည်မည်သည့်အင်္ဂါ (ကလီစာ) မှ အဆိပ်အတောက်များထုတ်လုပ်တတ်သည်ကို သိထားသင့်သည်။
ပင်လယ်စာ(အသားစိမ်း၊ ငါးစိမ်း) များကို
* အလွန်အေးသောအပူချိန် (ရေခဲခန်း)တွင် သိမ်းဆည်းရမည်။
* ရေခဲခန်းမှထုတ်ပြီးလျှင် ချက်ပြုတ်ရန် ဟင်းအိုးထဲ မထည့်မချင်း ရေခဲသေတ္တာထဲ၌သာ ထားရမည်။
* အသား-ငါး အတုံးအတွင်းပိုင်းတွင် အပူချိန် ၇၀-ဒီဂရီ စင်တီဂရိတ် ကျော်သည်အထိမီးရှိန်ပြင်းပြင်းနှင့် ချက်ပြုတ်ရမည်။

ချက်ပြုတ်ပြီးပင်လယ်စားများကို ---
* မီးဖိုမှချပြီးပူပူနွေးနွေး စားသုံးသင့်သည်။
* ချက်ချင်းမစားသုံးဖြစ်လျှင် ရေခဲသေတ္တာထဲတွင် သိမ်းဆည်းထားပြီး မစားသုံးမီ (အပူချိန် ၇၀-ဒီဂရီ စင်တီဂရိတ်ကျော်ထိ) ပြန်၍ အပူပေး (နွေး)ပြီးမှသာစားသုံးရမည်။
* ချက်ပြုတ်ပြီးသောအသားတုံး၊ ငါးတုံးများကို တုံး,တစ်,လှီးဖြတ်လိုလျှင်သားစိမ်းငါးစိမ်းများ လှီးဖြတ်သည့် စဉ်းတီတုံးကို အသုံးမပြုဘဲ သီးသန့်စဉ်းတီတုံးကိုသာ သုံးရမည်။
* တစ်နေ့စာလောက်ငှရုံ ချက်ပြုတ်စားသုံး သင့်သည်။ ပိုနေလျှင် နောက်တစ်နေ့စားရန် ချန်မထားဘဲ သွန်ပစ်ရမည်ဟု အကြံပြုလိုပါသည်။

ဒေါက်တာ-လှကြည်

နယ်နိမိတ် လုံခြုံရေး အစွမ်းကုန် ကာကွယ်မည်


မြန်မာနိုင်ငံတွင်းကို လက်နက်ကိုင် ကျူးကျော်ဝင်ရောက် မှုတွေအတွက် မြန်မာအစိုးရအနေနဲ့ နိုင်ငံရဲ့ နယ်နိမိတ်နဲ့ အချုပ်အခြာအာဏာကို အစွမ်းကုန် ကာကွယ်ဖို့အတွက် လုံလောက်တဲ့ တားဆီးဟန့်တားမှုတွေကို  ဆောင်ရွက် သွားမှာဖြစ်ကြောင်း နိုင်ငံတော်သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ၊ ဒုတိယ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောကြား လိုက်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့က ရခိုင်ပြည်နယ် မောင်တောနယ်စပ်မှာ မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့တဲ့အပေါ် ဘင်္ဂလားဒေ့ရှ် စစ်တကောင်းဒေသ နယ်ခြားစောင့်တပ် အကြီးအကဲက နောက်ထပ် မြန်မာတပ်တွေက တိုက် ခိုက်လာခဲ့ရင် ချက်ချင်းလက်တုံ့ပြန်သွား မှာဖြစ်ကြောင်း ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းစဉ်မှာ ဦးရဲထွဋ်က ပြောကြား ခဲ့တာပါ။

"ဘယ်နိုင်ငံမဆို အကြမ်းဖက် သောင်းကျန်းသူရှိတဲ့ နယ်မြေထဲမှာ မိမိရဲ့နိုင်ငံဘက်အခြမ်းမှာ တခြားနိုင်ငံက လက်နက်ကိုင်တစ်ယောက်ကို တွေ့လို့ရှိရင် လိုအပ်တဲ့ တားဆီးဟန့်တားမှု လုပ်ရမှာပဲလေ၊ ဒီကိစ္စနဲ့ပတ်သက်လို့ သူတို့ကို တောင်းပန်စရာမရှိဘူး၊ သူတို့က အဲလိုပြောသလို၊ ကျနော်တို့နိုင်ငံအနေနဲ့လည်း နယ်နိမိတ်နဲ့ အချုပ်အခြာအာဏာကို ကာကွယ်နိုင်တဲ့ စွမ်းရည်ရှိသလို လုံလောက်တဲ့ လုပ်ဆောင်မှုတွေလုပ်ဖို့လည်း ကျနော်တို့ဆီမှာရှိပါတယ်၊ သို့သော်ဘာပဲဖြစ်ဖြစ် နယ်နိမိတ်ကိစ္စဆိုတာကတော့ ကျနော်တို့ ညှိနှိုင်းဆွေးနွေး ဖြေရှင်းရမှာပါ"

မေလ ၂၈ ရက်နေ့က မောင်တောနယ်စပ် မိုင်တိုင်အမှတ် ၅၂ အနီးမှာ အမည်မသိ လက်နက်ကိုင်တချို့  ဝင်ရောက်လာတဲ့အတွက် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကိုင်တစ်ဦး ကျဆုံးပြီး လက်နက်တစ်လက် သိမ်းဆည်းရခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက ဘင်္ဂလားဒေ့ရှ်နယ်မြေတွင်းက တပ်ဖွဲ့ဝင်တွေကို စတင်ပစ်ခတ်ရာက နယ်ခြားစောင့်တပ်ဖွဲ့ဝင် သေဆုံးခဲ့ကြောင်း ပြောဆိုခဲ့ပေမဲ့ မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုပယ်ချလိုက်ပြီး အဝါရောင်ပြောက်ကျားယူနီဖောင်း ဝတ်ဆင်ထားတဲ့ မွတ်စလင် ၂ ဦး  မြန်မာပိုင်နက်ထဲဝင်လာတဲ့အတွက် ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးလဲ  မကြာခင်မှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ကော်မတီ အစည်းအဝေးပြုလုပ် ဆွေးနွေးဖို့ရှိကြောင်းလည်း  ဦးရဲထွဋ်က ပြော ပါတယ်။

ဒုတိယဝန်ကြီး ဦးရဲထွဋ်ကို RFA မှ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။

ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်နဲ့ မေးမြန်းချက်

RFA Burmese

အကြည်အသာဖြစ်မလား၊ ကလီကမာဖြစ်မလား ပီအာ


ပီအာ” ဆိုသည်မှာ Proportional Representation ဖြစ်သည်။ အနီစပ်ဆုံးမြန်မာမှု ပြုရလျှင် အချိုးကျကိုယ်စားပြုစနစ် ဟု ဆိုနိုင်ပါသည်။ နိုင်ငံရေးပါတီများ၊
ရွေးကောက်ပွဲတွင်ရရှိသည့် မဲအရေအတွက် အရ၊ ဥပဒေပြုလွှတ်တော်တွင် အချိုးကျ ခွဲဝေယူရမည့်စနစ် ဖြစ်သည်။
ပီအာစနစ်ကို ဗြိတိသျှနိုင်ငံရေးဘောဂဗေဒပညာရှင် ဂျွန်စတုရပ်မီး(လ)က စတင်ဖော်ထုတ် ခဲ့ခြင်း ဖြစ်သည်။

စံတော်ဝင်ရွေးကောက်ပွဲစနစ်ဟုဆိုနိုင်သော “မဲအများဆုံးရသူက အနိုင်ရသည့်စနစ်” (First Past The Post )စနစ်မှာ၊ “နိုင်သူအကုန်ယူ” (winner takes all) သဘောဖြစ်ရာ
“အများစုနှင့် ဗိုလ်ကျသည်မျိုး” (tyranny of majority) ဖြစ်နိုင်၍၊ ပါတီငယ်များ အထူးသဖြင့် လူမျိုးစုပါတီများ ဘေးရောက် သွားနိုင်သောကြောင့်၊ ပီအာစနစ်ကို
အဆိုပြုလာခြင်းဖြစ်သည်။

ပီအာစနစ်ကို ပထမဆုံး အကောင်အထည်ဖော် ကျင့်သုံးခဲ့သည်မှာ ၁၈၅၅ ခုနှစ်က ဒိန်းမတ်နိုင်ငံတွင်ဖြစ်သည်။ ထို့နောက်တွင်မူ လူမျိုးများစွာဖြင့်
ပြည်ထောင်စုပုံသဏ္ဍာန်စုစည်းကြသော ဆွစ်ဇာလန်(၁၈၉၁)၊ ဘယ်လ်ဂျီယံ(၁၈၉၉)၊ ဖင်လန်(၁၉၀၆)တို့ လိုက်ပါကျင့်သုံးလာကြသည်။

လူမျိုးစု လူနည်းစုများရှိသော၊ ပါတီအများကြီးရှိသော နိုင်ငံများအတွက် ပိုမိုဒီမိုကရေစီနည်းကျသည့် ရွေးကောက်ပွဲ စနစ်ဟု ပညာရှင်များက
အသိအမှတ်ပြုကြသည်။ သို့သော်လည်း ၁၉၂၀ ပြည့်လွန်နှစ်များက ပေါ်ထွက် လာခဲ့သော ဂျာမန်ဝိုင်မာသမ္မတနိုင်ငံတွင် ပီအာစနစ်ကို ကျင့်သုံးခဲ့ရာမှ
ဟစ်တလာ၏ နာဇီပါတီ အာဏာရလာသော သမိုင်းကလည်း ရှိနေပြန်သည်။

ပီအာစနစ်၏ အားနည်းချက်မှာ၊ အစွန်းရောက်ပါတီများ အာဏာရလာနိုင်သည့် အလားအလာရှိသည်ဆိုသော ဝေဖန်ထောက်ပြချက်များလည်း ရှိနေသည်။
နောက်ပိုင်းတွင် FPTP နှင့် PR ကို ပေါင်းစပ်ကျင့်သုံးသည့်စနစ်လည်း ပေါ်လာသည်။ “တစ်စိတ်တစ်ပိုင်းအချိုးကျစနစ်” (Semi-Proportional System) ဟု ခေါ်သည်။
မြန်မာနိုင်ငံသည် လူမျိုးစုများးစွာမှီတင်းနေထိုင်ကြသော ပြည်ထောင်စုကြီးဖြစ်သည်။

လူမျိုးစုနိုင်ငံရေးပါတီများလည်း မနည်းမနောရှိသည်။ တိုင်းရင်းသားလူမျိုးများ၏ အရေးမှာ မြန်မာ့ဒီမိုကရေစီရေး၏ အသည်းနှလုံးနေရာတွင်ရှိသည်။  ပီအာစနစ်
လက်တွေ့ကျင့်သုံး ကြသောနိုင်ငံများ၏ အတွေ့အကြုံအရ၊ ဤစနစ်၏ လုပ်ထုံးလုပ်နည်းများမှာ၊ ရှုပ်ထွေးသည်နှင့်အမျှ၊ လက်ပေါက်စိပ်သည်ဟု သိရသည်။

တစ်စုံတရာရင့်ကျက်ပြီး၊ ဒီမိုကရေစီနိုင်ငံများအတွက် ကိစ္စမရှိ။ မြန်မာနိုင်ငံလို၊ သက်တမ်းအရရော၊ အတွေ့အကြုံအရပါ နုနယ်သေးသော အနေအထားနှင့်၊ လက်တွေ့ပြဿနာရှိနိုင်
မရှိနိုင် စဉ်းစားဖို့လိုပါလိမ့်မည်။ လက်ရှိအခြေအနေတွင် ဤစနစ်ကို ကျင့်သုံးမည်ဆိုပါက စွမ်းဆောင်ရည်အရရော၊ မရိုးသားမှုများကြောင့်ပါ အားနည်းချို့ယွင်းချက်များ ရှိလာနိုင်သည်။

ပီအာစနစ်က နိုင်ငံရေးပါတီများ ညှိနှိုင်းဆောင်ရွက် ကြရမည်ဖြစ်ရာ၊ ‘ဘုံတူညီချက်’ (Common ground) ရှာဖို့ ခက်နိုင်သည်။ ပီအာဖြစ်စေ၊ လက်ရှိ FPTP ဖြစ်စေ၊
ဤနှစ်ခုပေါင်းစပ်၍ဖြစ်စေ၊ မည်သည့်စနစ်နှင့် သွားသွား တပ်ပေါင်းစု နိုင်ငံရေး စိတ်ဓာတ်မပျောက်မှသာ၊ မြန်မာ့ဒီမိုကရေစီ ဝင်္ကပါလမ်းမှ ဖောက်ထွက်နိုင်လိမ့်မည်။

လက်ရှိကျင့်သုံးနေသော မဲအများဆုံးရရှိသူ အနိုင်ရရှိသည့် ရွေးကောက်ပွဲစနစ်အောက်တွင် ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် တိုင်းဒေသကြီး မဲဆန္ဒနယ်များတွင် အနိုင်ရရှိရန် အလားအလာ ကောင်းလျက်ရှိသည်။

ပြည်ခိုင်ဖြိုးပါတီသည် လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲနှင့် လက်ရှိရွေးကောက်ပွဲ စနစ်အောက်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့်
နိုင်ငံရေးစီးချင်းထိုးမည်ဆိုပါက မရှုမလှ အရေးနိမ့်နိုင်ဖွယ်ရှိနေသည်မှာ ငြင်းမရသော အမှန်တရားဖြစ်သည်။ အချိုးကျကိုယ်စားပြုမှုစနစ်ကို ၂၀၁၅ ခုနှစ်
အထွေထွေရွေးကောက်ပွဲတွင် ကျင့်သုံး လာနိုင်ပါက ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ဒီချုပ်ပါတီ၏ အနိုင်ရရှိနိုင်မှုကို ထိန်းညှိလာနိုင်မည့်အပြင် ၂၀၁၅ ခုနှစ် အလွန်
ပြည်ထောင်စုလွှတ်တော်တွင် ဒီချုပ် လွှတ်တော်ကိုယ်စားလှယ် များ၏ နေရာယူလာနိုင်မှု ကိုလည်း လျှော့ချနိုင်မည် ဖြစ်သည်။

အချုပ်အားဖြင့်ဆိုသော် ၂၀၁၄ ခုနှစ် လွှတ်တော်နိုင်ငံရေးသည် ဇာတ်ကောင်များစွာနှင့် ရှုပ်ထွေးဦးမည်ဖြစ်သည်။ ဖွဲ့စည်းပုံပြင်ဆင်ရေးခြေလှမ်းများ၊ လွှတ်တော်တွင်းဆွေးနွေးမှုများ၊
လွှတ်တော်ပြင်ပအသံများနှင့်အတူ ၂၀၁၄ ခုနှစ်သည် တတိတိကုန်ဆုံးသွားဖွယ်ရှိပြီး ၂၀၁၅ ခုနှစ် နှစ်ဦးပိုင်းတွင် ဖွဲ့စည်းပုံပြင်ဆင်ရေး၏ အသီးအပွင့်အချို့ကို မြင်တွေ့လာရ
နိုင်ဖွယ်ရှိနေသည်။

အချိုးကျကိုယ်စားပြုမှုစနစ် သို့မဟုတ် ပီအာစနစ်သည်လည်း အသက်ဝင်လာနိုင်ခြေမြင့်မားလျက် ရှိသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး၊
လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းများနှင့် နိုင်ငံရေးဆွေးနွေးရေးနှင့် ပီအာရွေးကောက်ပွဲစနစ်ပြောင်းလဲအသုံးပြုရေး တို့သည် မြန်မာ့နိုင်ငံရေးကို
ပြင်းပြင်းထန်ထန်ရိုက်ခတ်လာဦးမည်မှာ မလွဲဧကန်ဖြစ်သည်။ နိုင်ငံရေးပါတီများအနေဖြင့် ၂၀၁၄ ခုနှစ်ကို နိုင်ငံရေး သက်လုံ ကောင်းကောင်းနှင့် ဖြတ်သန်းနိုင်ရန်
လိုအပ်လျက်ရှိကြောင်း တင်ပြလိုက်ရပါသည်။

မင်းအဂ္ဂ
The Myanma Age

တူရကီရဲတပ်ဖွဲ့က ဆန္ဒပြသမားများအား မျက်ရည်ယိုဗုံးများဖြင့်ပစ်ခတ်၊လူစုခွဲနှိမ်နင်း


ဇွန်၊၄ရက်။

တူရကီရဲတပ်ဖွဲ့ဟာ ၂ဝ၁၃ ခုနှစ်၌ ဖြစ်ပွားခဲ့တဲ့ ဆူပူအုံကြွမှု
နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ဇွန် ၁ ရက်က အန်ကာရာမြို့ Kizilay ရင်ပြင်မှာ
ဆန္ဒပြမှု ပြုလုပ်တဲ့ ဆန္ဒပြသမားရာပေါင်းများစွာကို မျက်ရည်ယိုဗုံးနဲ့
မီးသတ်ပိုက်တွေ အသုံးပြုပြီး လူစုခွဲ နှိမ်နင်းခဲ့ပါတယ်။ ၂ဝ၁၃ ခုနှစ်
ဇွန်လတုန်းက အစ္စတန်ဘူလ်ပန်းခြံထိန်းသိမ်းစောင့်ရှောက်ရေးအတွက်
ငြိမ်းချမ်းစွာဆန္ဒပြမှုများအပေါ် ရဲတပ်ဖွဲ့က
အကြမ်းဖက်နှိမ်နင်းခဲ့တာကြောင့် ဆန္ဒပြသမား ရှစ်ဦးသေဆုံးခဲ့ရပါတယ်။
ဒါ့အပြင် မေ ၃၁ ရက်ကလည်း အစ္စတန်ဘူလ်မြို့မှာ ဆန္ဒပြသမားတွေနဲ့
ရဲတပ်ဖွဲ့တို့အကြား ပဋိပက္ခဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို
မျက်ရည်ယိုဗုံးများနဲ့ မီးသတ်ပိုက်တွေ အသုံးပြု နှိမ်နင်းခဲ့တယ်လို့
သိရပါတယ်။

Source; Xinhua
ဘာသာပြန် David
The Myanma Age

ပထမဆု - ဟာသ


လူတစ်ယောက်သည် မြို့လယ်တွင် အာပေါင်အာရင်းသန်သန်ဖြင့်
ထီဖွင့်ကံစမ်းမဲများ ကြော်ငြာနေသည်။
“ကိုင်း…ရပ်ကြည့်လို့ အမြတ်မရှိဘူး။ လှံထမ်းလာတာမြင်ရတယ်။
ကံထမ်းလာတာမမြင်ရဘူးလေ။ ဒါကြောင့် ကိုယ့်ကံအဆိုးအကောင်း သိချင်ရင် မဲတွေ
ဝယ်လိုက်ကြပါ။ တစ်စောင်မှ တစ်ရာထဲပါ”
“ဆုတွေက ဘာတွေပေါက်မှာတုန်းဗျ”
ပရိသတ်တစ်ယောက်က မေးလိုက်သည်။
“ဟုတ်ကဲ့၊ တတိယဆုက ချယ်ရီဝက်ဂွန်းကားသစ်တစ်စီးပါ၊ ဒုတိယဆုက
စာဖတ်နေသူကြီးနဲ့ ဆယ်မိနစ် အင်တာဗျူးခွင့်ရပါမယ်”
“ဟင်၊ အင်တာဗျူးခွင့်၊ ဟုတ်လား။ ကျုပ်က သူ့ဖင်ကို ကန်ချင်တာဗျ”
“ဟုတ်ကဲ့၊ အဲဒါက ပထမဆုပါခင်ဗျ”

ရဲစတိုင်း
The Myanma Age

လုပ်အားခ၊ လမ်းပိတ်ဆို့မှု နဲ့ နေ့စဉ်ဘဝ


ရုံးလှေကားပေါ်သို့ အမောတကော ပြေးတက်သွားသော်လည်း နောက်ကျသွားပြီဖြစ်ကြောင်း လက်ပတ်နာရီကိုကြည့်ရင်း မေဇော်ဦးတစ်ယောက် သိ လိုက်သည်။ အ များကြီးမဟုတ်။ ၂ မိနစ်စွန်းစွန်းသာ။ တစ်လအတွင်းပင် နှစ်ကြိမ်နောက်ကျပြီးဖြစ်ရာ ထိုနေ့နှင့်ပေါင်းလျှင်သုံး ကြိမ်ဖြစ်ချေသည်။ စုစုပေါင်းလုပ်အားခ တစ်ထောင့်လေး ရာ ဖြတ်ခံလိုက်ရပြီ ဖြစ် သည်။ ဒဂုံဆိပ်ကမ်းမြို့နယ်မှ ရန်ကုန်မြို့ထဲသို့ အလုပ်ဆင်းလာရသူတစ်ဦးအဖို့ နံနက် ၅ နာရီဆိုပါက အိပ်ရာက ထနေရပြီ။
”တကယ်ဆို ဒဂုံကနေ မြို့ထဲကို လမ်းမပိတ်ဘူးဆိုရင် တစ်နာရီ စွန်းစွန်း လေးပဲ ကြာတယ်”
သို့သော် ထိုတွက်ချက်မှုမှာ အလုပ် မဖြစ်တော့ကြောင်း မနက်အိပ်ရာထ သည်နှင့် ရုံးချိန်အမီရောက်ရန် လမ်းတွင်ပုံမှန်ကြာချိန်အပြင် လမ်းပိတ်မည့် အချိန်များ၊ ဘတ်စ်ကား မှတ်တိုင်မှာ ကျောက်ချရပ်နေမည့်အချိန်များကို ထည့်တွက်လာရသည်ဟု သူက မဲ့ပြုံးပြုံးရင်း ပြောသည်။ ယခုတော့ မြို့ထဲသို့ ရုံးချိန်မီ ရောက်ရန် နှစ်နာရီကျော်နီးပါးကို ကား ပေါ်တွင် စတေးခဲ့ရသည်။ လမ်းမှာ ကားပိတ်တာက ကိုယ်ထင်တာထက် ပိုကြာတဲ့နေ့ဆိုသေပြီဟု ဆိုသည်။  သူမကဲ့သို့ပင် နံနက်ရုံးချိန်နောက် ကျ၍ လစာဖြတ် ခံရ သည့် ဝန်ထမ်းများစွာ ဒုနဲ့ဒေး ရှိနေခြင်းက ခေတ်ကာလ၏ သင်္ကေတတစ်ခု ဖြစ်လာသည်။
ကြီးထွားနှုန်းမြန်ယာဉ်ကြောပိတ် ပြဿနာ
ရန်ကုန်မြို့လမ်းမများသည် လက်ရှိကားအစီးအရေအတွက်ဆိုလျှင် ပြည့်ကျပ်နေပြီဟု မဆိုနိုင်သေးကြောင်း ဂျပန်နိုင်ငံ JICA အဖွဲ့မှ အကြံပြုချက်အရ သိရသည်။ ထိုအချက် သည် လက်တွေ့နှင့် နှိုင်းယှဉ်ပါက အဘယ်ကြောင့်ကွာခြားနေရပါသနည်း။ ရန်ကုန်မြို့ကြီး၌ လူကျပ်၊ ကားကျပ်ဖြစ်နေသည်မှာ အစိုးရသစ် သက်တမ်း တစ်ခုလုံး နီးပါး ရှိတော့မည် ဖြစ်သည်ဟုလည်း ဆိုကြသည်။ မြို့ကြီးတစ်မြို့ ဖြစ်လာပါက ယာဉ်ကြောပိတ်မည့် ပြဿနာကြီးထွားလာမြဲ ဖြစ်သည်ဟု နိုင်ငံတော်သမ္မတရုံးမှ နိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင်က ပြောသည်။
မြန်မာနိုင်ငံတွင်သာမက ထိုင်းနှင့်စင်ကာပူနိုင်ငံတို့တွင်လည်း မြို့ပြဖွံ့ဖြိုးတိုးတက်ခါစတွင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားခဲ့သည်။ ဘန်ကောက်မြို့ တွင် ယခုထက်တိုင် ယာဉ်ကြောပိတ်ဆို့ မှု ပြဿနာ ရှိနေဆဲပင် ဖြစ်သည်။ ထိုင်းနိုင်ငံက ထိုပြဿနာကိုဖြေရှင်း ရန် မိုးပျံလမ်းများ တည်ဆောက်သည်။ မြို့ပတ်အမြန်လမ်းများ တည်ဆောက်ခဲ့သည်။ မိုးပျံရထား၊ မြေအောက်ရထားလမ်းများ တည်ဆောက်ပြီး အများပြည်သူ ခရီးသွားလာမှုကို အတိုင်းအတာတစ်ခုထိ အဆင်ပြေချောမွေ့စေခဲ့သည်။
စင်ကာပူနိုင်ငံတွင်လည်း မြို့လယ်ကောင်ကိုဖြတ်သော လမ်းမများကို ဦးစားမပေးဘဲ မြို့ပတ်လမ်းများကို ဦးစားပေး ဖောက်လုပ်ခဲ့ကြသည်။ သို့သော် မိုးရွာချိန်နှင့် ရုံးဆင်း၊ ရုံးတက်ချိန်ဆိုလျှင် ကားများတရွေ့ရွေ့သွားနေရဆဲကို စင်ကာပူ၏ နာမည်ကြီး အော့ချာ့(ဒ်)လမ်း (Orchard Road ) တွင် တွေ့နိုင်သည်။ရန်ကုန်တိုင်းဒေသကြီး ယာဉ် ထိမ်းတပ်ဖွဲ့က ယာဉ်ကြောပိတ်ဆို့မှု အဓိကနေရာ ၇၉ နေရာရှိသည်ဟု မေလ၂၄ရက် နေ့တွင် တရားဝင်ထုတ်ပြန်ကြေညာ ခဲ့သည်။
၎င်းတို့အနက် အဓိက ယာဉ်ကြောပိတ်နေရာများမှာ အနော်ရထာလမ်းမကြီး၊ ကမ္ဘာအေးဘုရားလမ်းမှ စက်မှု(၁) လမ်းဆုံ၊ တာမွေ ၅ ခွဆုံ၊ တာမွေ ဗလီထိပ်၊ ရန် ကင်း စင်တာရှေ့၊ သမိုင်းလမ်းဆုံ၊ ဆရာစံလမ်း၊ ချော်တွင်းကုန်း လမ်းဆုံတို့လည်း ပါဝင်လာကြသည်။ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရုံး က လည်း အောင်မင်္ဂလာအဝေးပြေးအနီး သုဓမ္မာ၊ ဝေဘာဂီနှင့် ရန်ကုန်မြို့၏ အချို့ လမ်းဆုံ၊ လမ်းခွနေရာများပါ ယာဉ်ကြောပိတ်အဓိကနေရာများဟု သတ်မှတ်ကြောင်း သ တင်းထုတ်ပြန်ခဲ့သည်။ ထိုကဲ့သို့ တရားဝင် ထုတ်ပြန်ကြေညာမှု မတိုင်မီကတည်းကပင် ထိုနေရာ များ၌ ယာဉ်ကြောပိတ်ဆို့မှု ဒုက္ခအစုစုကို ဘတ်စ်ကားစီး ခရီးသည်များ အ ငှားကားများနှင့် ကိုယ်ပိုင်ကားများ စီးနင်း လိုက်ပါသူတို့ကတွေ့ကြုံခဲ့ရသည်။ တွေ့ ကြုံနေရဆဲလည်း ဖြစ်သည်။ ”ဒါဟာ ရေရှည်မဖြစ်သင့်တဲ့ကိစ္စပါ။ ဘယ်သူတွေကို အဓိ ကလာထိခိုက်တာလဲဆိုတော့ လူထုကိုပါပဲ”ဟု မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၏ ဒုဥက္ကဋ္ဌလည်း ဖြစ်ပြီး လမ်းပိုင်းနှင့် ယာဉ်ကြောပိတ်ဆို့မှုများ အတွက် ဖြေရှင်းနို င် မည့် လမ်းများကို အစဉ်တစိုက် လေ့လာနေသူ အင်ဂျင်နီယာ ဦးအောင်မြင့်က ပြောဆိုသည်။
မြို့တွင်းသို့ ဦးတည်သည့် မြားများ
ကုန်စုံဆိုင်မှအစ အစိုးရရုံးများအလယ် ဘဏ်များအဆုံး အားလုံးနီးပါးမြို့လယ်တွင် အခြေချထားခြင်းကလည်း မြို့လယ်ကောင်သို့ ကားများ၊ လူများစုပြုံ ဝင်လာသည့် အ ချက်ဖြစ်သည်ဟု ဦးကိုကိုလှိုင်က ဆိုသည်။ မြို့လယ်ကောင်သို့ မော်တော်ယာဉ်လိုင်းများ တစ်နေရာတည်း ဦးတည်နေခြင်းကလည်း ယာဉ်ကြောပိတ်မှု ပြဿနာများထဲမှ အဓိ ကအချက်တစ်ချက်ဖြစ်ကြောင်း အင်ဂျင်နီယာ ဦးအောင်မြင့်က ထောက်ပြသည်။ လမ်းကြောင်းတူယာဉ်လိုင်းများ တစ်လိုင်းထက် ပိုကာရှိနေခြင်းကလည်း ယာဉ်ကြော ပိတ် မှု ပြဿနာများအနက် တစ်ခုဖြစ်ကြောင်း ဗန္ဓုလသယ်ယူပို့ ဆောင်ရေး မန်နေဂျင်းဒါရိုက်တာ ဦးမျိုးမြင့်က ဆိုသည်။
သို့သော် လိုင်းကားများအနေနှင့် လမ်းကြောတစ်ခုတွင် တစ်စီးနှုန်းသာရှိပါကမှတ်တိုင်တွင်ကြာမြင့်စွာရပ်ခြင်း၊ လူစောင့်တင်ပြီးမှသာ ထွက်ခွာခြင်း စ သည့်ပြဿများလည်း ရှိနိုင်သည်ဟု ခရီးသည်များက ဆိုကြသည်။ မှတ်တိုင်တွင် အချိန်ကြာမြင့်စွာ ရပ်တန့်၍ လူတင်ခြင်းဆိုသည်မှာ တစ်ရက်လျှင် ခရီးစဉ်အစ အဆုံး လေးခေါက် ပြေး ဆွဲနေနိုင် သည့် အခြေအနေမှာ ဖြစ်နိုင်သော်လည်း ယခုအခါ ခေါက်ရေနှင့်အတည်အကျပြေးဆွဲရန် မဖြစ်နိုင်တော့ ကြောင်း ၄၈ အထူးယာဉ်မောင်း ဦးဝင်း မောင်က တုံ့ပြန်ပြော ဆို သည်။
”ခေါက်ပြန်များများ ဆွဲနိုင်ရန် မစဉ်းစားနိုင်တော့ဘဲ ပထမဦးဆုံးခေါက်မှာ လမ်းမပိတ်ဖို့သာ ဆုတောင်းနေရတယ်။ ယခင်ကလိုလည်း ဝင်ငွေမကောင်းတော့ ပါ”ဟု ၎င်းက ထပ်မံပြောဆိုသည်။ မြို့တွင်း ပြေးဆွဲပေးနေသည့်ခရီးသည် တင်ယာဉ်လိုင်းပေါင်း ၃ဝဝ ကျော်ရှိပြီး ဘတ်စ်ကားစီးရေမှာလည်း ၅ဝဝဝ ကျော် ရှိသည်။ ရန်ကုန်တိုင်းအတွင်း မှတ်ပုံတင်ထားသည့် လူစီးယာဉ်ပေါင်း နှစ်သိန်းခုနစ်သောင်းကျော် ရှိလာပြီဟု ၂ဝ၁၄ ဧပြီလ စာရင်းဇယားများအရ သိရသည်။
”မြန်မာနိုင်ငံက အများပြည်သူ သယ်ယူပို့ဆောင်ရေးဟာ ချွေးနံ့တွေနဲ့ မွှန်ထူပြည့်နှက်နေတဲ့ ဘတ်စ်ကားပေါ်မှာ တိုးကြိတ်နေရတာပါပဲ။ မသက်သာပါဘူး။ ဒါကိုပဲလူ အများ စုက အားကိုး နေရပါတယ်။ ဆွစ်ဇာလန်နိုင်ငံမှာတော့ အများပြည်သူ သယ်ယူပို့ဆောင်ရေး ဆိုတာ ဆင်းရဲချမ်းသာ၊ တတ်နိုင်၊ မတတ် နိုင် အခြေအနေတွေပေါ်မှာ မူမတည် ဘဲ ဝန်ကြီးချုပ်ကအစ သာမန်လူတန်းစားအထိ (Public Transportation) ပြည်သူ့သယ်ယူ ပို့ဆောင်ရေးကိုသာ အသုံးပြုကြပါတယ်”ဟု Thura Swiss ကုမ္ပဏီ ဒေါက် တာ အောင်သူရက ပြောသည်။
လူတွေ ပြွတ်သိပ်နေတဲ့ ခရီးသည်တင်ဘတ်စ်ကားများ၊ အနော်ရထာလမ်းမပေါ်တွင် ပိတ်မိနေသည်မှာ နာရီဝက်ကျော်ရှိသည်။ သာကေတမှ ဘုရင့်နောင် သို့ နှစ်ဆင့် စီး သွားရမည့် အသက် ၅ဝ အရွယ် အင်ဂျင်နီယာဒေါ်ဆွေဆွေမြင့် တစ်ယောက်သက်ပြင်းရှည်များချလျက် ရှိသည်။ ရုံးရောက်လျှင် နေ့လယ်စာတန်းစားရသည့် အနေအ ထားဖြစ်နေပြီ ကားပေါ်တွင် လူငွေ့များတထောင်းထောင်း ထကာ ပူလောင်နေသည်ဟုလည်း သူမ က ညည်းတွားပြောသည်။တကယ်တမ်း သူမအနေဖြင့် လမ်းပိတ်၍ အချိန်မှန် မရောက်ခြင်းကြောင့် ရုံးလစာ ဖြတ်ခံရပေါင်း မနည်းဟုလည်း သူမက ဆိုသည်။ ထိုအသံများသည် ရန် ကုန်မြို့နေ ပြည်သူများ၏ ရင်တွင်းဖြစ် သံစဉ်များဖြစ်ကာ ဘယ်အချိန်အထိ ထိုကဲ့သို့ ညည်းတွားနေရဦးမည်နည်း။ ၂ဝ၃ဝ ရောက်လျှင် ရန်ကုန်လူဦးရေမှာ ၁ဝ သန်းခန့် ထိ တိုးပွားလာနိုင်ပြီး လူများလာသည်နှင့်အမျှ ကား လည်းများလာမှာ ဖြစ်သည်။

စမ်းသပ်ခံ ပြည်သူ့သယ်ယူ ပို့ဆောင်ရေးစနစ်
စီးပွားရေး တောင့်တင်းသော်လည်း လူတစ်ဦးလျှင် ကားတစ်စီးနှုန်း ဝယ်စီးရန်မှာ ဖြစ်သင့်သည့်အနေအထား မဟုတ်ကြောင်း ကမ္ဘာ့ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲ တိုင်းပြည် များတွင် လည်း ထိုအခြေအနေ မရှိကြောင်း ၎င်းတို့အတွက် မောင်းနှင်ရန် လုံလောက် သည့်လမ်းများရှိရန်လိုကြောင်းကို သမ္မတအကြံပေး ဦးကိုကိုလှိုင်က ပြောသည်။ ရန်ကုန် လူ ဦးရေ၏ လိုင်းကားစီးနှုန်းမှာ ၂ဝ၁၂-၂ဝ၁၃ ခုနှစ်များတွင် ၃၂ သန်းဖြစ်သည်ဟု ယခုနှစ်ထုတ်ပြန်သည့် စီးပွားရေးဆိုင်ရာအညွှန်းကိန်း (Eco- nomic Indicators) ထု တ်ပြန်ချက်အရ သိရသည်။ရန်ကုန်မြို့နေ ချမ်းသာကြွယ်ဝသည့် မိသားစုအချို့၌ အိမ်ရှိလူဦးရေ ထက်ကားပိုင်ဆိုင်မှုမှာ နှစ်ဆရှိသည်ဟု လသာမြို့နယ်သားတစ်ဦးက ဆို သည်။ ထိုအခြေအနေကို ပြည်သူ့သယ်ယူ ပို့ဆောင်ရေး (Public  Transportation) စနစ်ဖြင့်သာ ဖြေရှင်းနိုင်သည်။ တိုးတက်လာသော လူဦးရေနှင့်အပြိုင် အများသုံး လိုင်းကားများကို တိုးမြှင့်ပေးရမည်ဟု နိုင်ငံတော်သမ္မတအကြံပေးက ပြောသည်။
ရန်ကုန်မြို့ပတ်ရထားလမ်းကို အိမ်စောင့်အစိုးရလက်ထက်ကတည်းက ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်။ မြို့ တွင်းမှ ဆင်ခြေဖုံးရပ်ကွက်များသို့ သွား လာရေး လွယ် ကူစေရန်ရည်ရွယ်ဆောက် လုပ်ထားသည်။ တစ်နေ့လျှင် ခေါက်ရေ ၂ဝဝ ကျော်ပြေးဆွဲနေသည့် အဆိုပါ မြို့ပတ်ရထားမှာ စီးနင်းသူ တစ်နေ့လျှင် တစ်သိန်းကျော်ရှိသည်ဟု သိရသည်။ ယာဉ်ကြောပိတ်ပြဿနာများကို ဖြေရှင်းနိုင်ရန် ခရီးသွားပြည်သူများ စဥ့် အိုးတန်း-လှိုင်သာယာ ရေယာဉ်လမ်းကို ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့က ဖွင့် လှစ်ပြေးဆွဲပေးခဲ့သည်။ ၂ဝ၁၃ ခုနှစ် မေလတွင် FMI နှင့်ပြည်တွင်းရေကြောင်းတို့ ပူးပေါင်းကာ လှိုင်သာယာကားမှတ်တိုင်နှင့် သင်္ဘောဆိပ်အကြား အကြို အပို့ ပြု လုပ်ပေး ခဲ့သည်။
ထိုအစီအစဉ် မှာလည်း သင်္ဘောအစား ဘတ်စ်ကား စီးကြသူများသာများလေရာ ပြန်လည် ပိတ်သိမ်းခဲ့ရသည်။ နိုင်ငံတကာ၏ ယာဉ်ကြောပိတ် ပြဿနာ ဖြေ ရှင်း သည့်နည်း လမ်းမှာ ရေယာဉ်ခရီးစဉ်နှင့် ဖြေရှင်း၍မရ ကြောင်း ပြည်တွင်းရေကြောင်း မြစ်ဝကျွန်းပေါ်ဌာနခွဲမန်နေဂျာ ဦးသန့်ဇင်ဦး က ၎င်းအမြင်ကို ပြောပြသည်။ ”ကားမှတ် တိုင်အ ထိတော့ ဆိပ်ကမ်းလုပ်ပေးတော့မရဘူး”
သင့်ကြောင့် ကားလမ်းမပိတ်ပါစေနှင့်
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ၂ဝ၁၄ ခုနှစ် ဧပြီလအထိ (က) ကိုယ်ပိုင်ယာဉ်မောင်းလိုင်စင် သုံးသောင်းနီးပါးကိုလည်းကောင်း၊ (ဃ)အငှား ယာဉ်မောင်း လိုင်စင် တစ်သိန်းခြောက်သောင်းကိုလည်းကောင်း ထုတ်ပေးခဲ့သည်ဟု သိရသည်။ လမ်းပေါ်တွင် ပူပူနွေးနွေး လိုင်စင်အသစ်များကိုင်ကာ စိတ်ထင်တိုင်း မောင်းနေကြ သူ များ တိုးပွားလာကြောင်း အငှားယာဉ်မောင်းသက်တမ်း နှစ် ၂ဝ ကျော်ရှိသူ ဦးငွေစိုးက သူ့အတွေ့အကြုံ ကို ပြောပြသည်။တစ်သိန်းကျော် အရေအတွက် ရှိလာသည့် ယာဉ်ေ မာင်းများအနေဖြင့်ယာဉ်နှင့် လမ်းအပေါ်တွင် ပိုမိုကျွမ်းကျင် ပိုင်နိုင်မှုရှိရန်လိုအပ်ပြီးလမ်းစည်း ကမ်းနှင့်အညီမောင်းနှင်တတ်ရန်လည်း လိုအပ်လာကြောင်း အထူးသဖြင့် ယာဉ်ကြောပိတ်ချိန်တွင် အနည်းငယ်ချောင်မည့် လမ်းကြောကိုရွေးချယ်သွားလာနိုင်ခြင်းမရှိဘဲ ယာဉ်ကြောကျပ် လမ်းမကြီးများပေါ်တွင်သာ စုပြုံတိုးနေခြင်းက လည်း ပြဿ နာတစ်ခုဖြစ်သည်ဟု သက်တမ်းရင့် ယာဉ်မောင်းများက ထောက်ပြ သည်။
ယာဉ်ကြောပိတ်ဆို့မှုများသည် မီး ပွိုင့်စနစ် များပြားနေခြင်းကြောင့်လည်း ဖြစ်ပြီး နည်းနိုင်သမျှ နည်းအောင် ဆောင်ရွက်သင့်သည်ဖြစ်ကြောင်း သမ္မတ အကြံပေး ဦးကို ကို လှိုင်က ပြောသည်။ အင်ဂျင်နီယာအသင်း ဒုဥက္ကဋ္ဌ ဦးအောင်မြင့်ကမူ ”လူဖြင့် ထိန်းချုပ်ခြင်းထက် နည်းပညာအသုံးပြု၍သာ ဖြေရှင်းသင့်သည်”ဟု သုံးသပ်ပြော ဆို သည်။ ရန်ကုန်မြို့လယ်ကောင် နေရာများတွင် ယာဉ်ရပ်နားရန် နေရာများ တိတိကျကျပေါ်ပေါက်လာရန်လိုပြီ။ စည်းကမ်းမဲ့ ယာဉ်ရပ်နားခြင်းတို့ကလည်း ယာဉ် ကြော ပိတ် ပြဿနာ ကို ဖြစ်ပွားစေသည် ဟု ခရီးသွားများက ထောက်ပြပြောဆို လာကြသည်။
ကျောင်းဖွင့်ရာသီ၌ နာမည်ကြီး ကျောင်းများတွင် ကိုယ်ပိုင်ကျောင်းကြို ယာဉ်ငယ်များ၊ ယာဉ်ကြောပေါ်တွင် ထပ်ဆင့်ရပ်နားခြင်းကလည်း ယာဉ် ကြောပိတ် ဆို့မှုများ ကို ဖြစ်ေ စသည်ဟု နိုင်ငံတကာ ပညာရေး လမ်းကြောင်းအ တွက် အကြံပေးနေသည့်Crown Education မှ ဦးအောင်ကျော်ဆန်းက ပြောသည်။ နိုင်ငံတကာမှာလို အဝါရောင်ေ ကျာင်းကား အကြီးကြီးတွေလုပ်ပြီး ကျောင်းသူကျောင်းသားများများကို တစ်ခါတည်းနဲ့ သယ်ပို့ပေးနိုင်တာမျိုး လုပ်ရမည်။သို့သော် ရန်ကုန်မြို့တွင် ယခု ဇွန် လမှစကာ နံနက် ၈ နာရီမှ ၉ နာရီ ကြား နေ့လယ် ၁၂ နာရီ ၂ နာရီကြား၊ ညနေ ၅ နာရီအချိန်များတွင် နာမည်ကျော် ကျောင်းကြီးများရှေ့၌ ယာဉ်များ ပိတ် နေ သည် ကို ပြန် လည်တွေ့မြင် ရဦး မည် ဖြစ်သည်။
ဆေးမြီးတိုနှင့် ယာဉ်ကြောပိတ်ဆို့မှု
ရွှေဂုံတိုင်၊ လှည်းတန်း၊ ဘုရင့်နောင် ခုံးကျော်တံတား သုံးစင်းကို ၂ဝ၁၃ ခုနှစ်အတွင်း အပြီးသတ် တည်ဆောက် ခဲ့ကြသည်။ ယာဉ်ကြောပိတ် ဆို့မှုကို ဖြေ ရှင်း ရန် ဖြစ် သည်။ မြေနီကုန်း ခုံးကျော်တံတားအသစ် တစ်စင်းကိုလည်း ကျပ်ငွေ ၁၆ ဘီလျံ ကျော်သုံးစွဲပြီး ၂ဝ၁၄ -၂ဝ၁၅ ဘဏ္ဍာ နှစ်၌ တည်ဆောက် သွားဦးမည်ဟု ရန် ကုန် တိုင်းဒေ သကြီး အစိုးရအဖွဲ့အထူးအစည်းအဝေး ဆုံးဖြတ်ချက်အရသိရသည်။
”လမ်းပိတ်တဲ့ ပြဿနာကို ဖားခုံသလိုမျိုး တံတားထိုး ဖြေရှင်းလို့မရဘူး” ဟု အင်ဂျင်နီယာအသင်း ဒုဥက္ကဋ္ဌ ဦးအောင်မြင့်က ဝေဖန်ထောက်ပြထားသည်။ အိမ်နီးချင်း ထိုင်းနှင့် စင်ကာပူနိုင်ငံများတွင် ခုံးကျော်တံတားများ တည်ဆောက်ဖြေရှင်းသော်လည်း တစ်ဆက်တစ်ဆက်တည်း တံတားများဖြစ်၍ အမြန်လမ်းများသဖွယ် သွား လာနိုင်ကြ ခြင်းဖြစ် သည်။ ရန်ကုန်မှ ခုံးကျော်တံ တားများမှာ မီးပွိုင့်တစ်ပွိုင့်စာ ကျော် ဖြတ်သည့်အခြေအနေသာရှိသည်ဟု ယင်းက ပြောသည်။
နိုင်ငံတကာတွင်မူ ခုံးကျော်တံတား သာမက မြေအောက်ရထား၊ မြေအောက် လမ်းများနှင့် နှစ်ထပ်၊ သုံးထပ်ကားလမ်းများ၊ မြို့ပတ်အမြန်လမ်းများ ထားရှိပြီး ယာဉ်ကို အနှောင့်အယှက် မရှိစေရန် ပြုလုပ်ပေးထားခြင်း ဖြစ်သည်။ ၎င်းအစီအစဉ်များမှာ ငွေကြေးအရင်းအနှီးများ စွာ ကုန်ကျမည့်အရာများဖြစ်ကာ မြန်မာ နိုင်ငံအတွက် ခက် ခဲဦးမည်ဟု ပညာရှင်အများစုက တစ်ညီတစ်ညာတည်းပြောဆို ကြသည်။ မြန်မာနိုင်ငံတွင်မူ ခရီးသည်တင် အဝေးပြေးယာဉ်လိုင်းများကို အဝေး ပြေးဝင်းများပြုလုပ်ကာ မြို့ အစွန်တွင် ထားရှိပေးထားသော်လည်း အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် မကောင်း ခြင်းကြောင့် ခရီးသွားမည့်နှုန်းထားထက် မြို့တွင်းမှ အဝေးပြေးဝင်းသို့ သွားမည့် ကုန်ကျစရိတ် ပိုမိုမြင့်မားနေသည်ကို တွေ့ရသည်။ ”နေပြည်တော် ကားခ ၆ဝဝဝ။ မြို့ထဲကနေ အောင်မင်္ဂလာကို ၅ဝဝဝ။ အဲဒီလို ဖြစ်နေတယ်”ဟု သမ္မတ အကြံ ပေး ဦးကိုကိုလှိုင်က ပြောသည်။
လမ်းလျှောက်ဖို့ နေရာပေးပါ
”ရန်ကုန်ရဲ့ နေရာအတော်များများဟာ ကားတွေအတွက် ဖြစ်နေပြီး လမ်းလျှောက်မယ့် လူတွေအတွက် မဟုတ် တော့ဘူးဆိုတာ စိတ်မကောင်းကြီးစွာ တွေ့ရပါတယ်” Yangon Heritage Trust  မှ မြို့ ပြစီမံကိန်းအပိုင်းကို ကိုင်တွယ်ဆောင်ရွက်သူ Megan Quirk အား အယ်ဂျာဇီးယား မီဒီယာက မေးမြန်းရာ ဖြေကြား ခြင်းဖြစ်သည်။ ရန် ကုန်မြို့တွင် တက္ကစီအစီးရေ သုံးသောင်းကျော်ရှိနေပြီ။ အမေရိကန် နယူးယောက်မြို့၏ နှစ်ဆဖြစ်သည်ဟုလည်း ထောက်ပြထားသည်။လူများ လမ်းလျှောက်ရန် စင်္ကြံပ လက်ဖောင်းများမရှိခြင်း၊ စက်ဘီးစီးနင်းရန် ခွင့်မပြုခြင်းတို့ကလည်း ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းနိုင်မည့် နည်း လမ်းများအား ပိုမိုခက်ခဲစေ သည် ဟု ရေး သား ပါရှိ သည်။
ရန်ကုန်မြို့နေ ပြည်သူများကို လမ်းလျှောက်နိုင်ရန် ပံ့ပိုးပေးပါက ယာဉ်စီးမှုနှုန်း လျော့ကျသွားမည်ဖြစ် သည်။ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာ လည်း အဆင်ပြေသွားနိုင်သည်။ ထို့ ကြောင့် လမ်းလျှောက်သမားများအတွက် ပလက်ဖောင်းကျယ်ကျယ်ဝန်းဝန်း ဖန်တီးပေးသင့်ကြောင်း Yangon Heritage Trust  မှ ပညာရှင် တစ်ဦး ဖြစ် သည့် ဒေါက်တာ သန့်မြင့်ဦးက လူမှု ကွန်ရက် စာမျက်နှာနှင့် ဟောပြောပွဲများ တွင် အကြံဥာဏ်ပေးခဲ့သည်။ သို့သော် ရန်ကုန်မြို့တော် စည်ပင်သာယာရေးက လက်ရှိ လူ သွားပလက်ဖောင်းများကို ယာဉ်သွားလမ်းမများအဖြစ် ပြောင်းလဲ ချဲ့ထွင်နေသည်ကို ရန်ကုန်မြို့တွင်း မြို့နယ်များတွင် တွေ့ရသည်။
ယာဉ်ကြောပိတ်ဆို့မှုကြောင့် ပြည် သူများ နစ်နာဆုံးရှုံးရသည့် လုပ်အား ခများကို စီးပွားရေး ပညာရှင် ကိုသန်း စိုးက တွက်ချက်ပြထားသည်။ တစ်နေ့လျှင် ဘတ်စ်ကားစီးသူ သုံးသိန်းဆိုပါစို့၊ သူတို့၏တစ်နေ့ပျမ်းမျှ လုပ်ခကျပ်ငွေ ခုနစ်ထောင်ဖြင့် တွက်ချက်လျှင် တစ်နာရီလုပ်အားခမှာ ၈၇၅ ကျပ် ဖြစ်သည်။ ယာဉ်ကြောတစ်နာရီ ပိတ်ဆို့လျှင် လူ သုံးသိန်းအတွက် လုပ်အားခ သန်းနှစ်ရာကျော် ဆုံးရှုံးမည်ဟု ယင်းက တွက်ချက်ပြထားသည်။ ထိုကဲ့သို့ ဆုံးရှုံးနစ်နာနေသည်သာမက မိသားစု တွေ့ဆုံချိန်များ နည်းပါး လာခြင်း၊ ကိုယ်ပိုင်အချိန် လျော့နည်း လာခြင်းများလည်း ဖြစ်လာနေပြီဟု ကိုသန်းစိုးက ဆက်လက်ပြောသည်။
ခရီးသွားပြည်သူများ၏ စွမ်းအား၊ လုပ်အားခနှင့် အချိန်များဆုံးရှုံးနေခြင်းကို မည်သည့်အချိန်တွင် ဖြေရှင်းပေးနိုင်မည်နည်း။ ”နည်းမှန်လမ်းမှန်နဲ့ ဖြေရှင်းဖို့ အချိန်ရောက်နေ ပါပြီ။ မဟုတ်ရင်တော့ မကြာခင်တိုးပွားလာဦးမယ့် ကားတွေနဲ့ ရင်လေးစရာအနေအထားပါပဲ”ဟု အင်ဂျင်နီယာအသင်း ဒုဥက္ကဋ္ဌက ဦးအောင်မြင့်က သုံးသပ်ပြသည်။
သုတလင်း၊ မြတ်စုငြိမ်း၊ အိမ်စည်စိုးစံ

Popular Journal

ထိုင်းမှာ လက်သုံးချောင်း ထောင်တာကို တားမြစ်


စစ်တပ် အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ သူတွေကတော့ လက်သုံးချောင်း ထောင်ပြတဲ့ လှုပ်ရှားမှုကို ဆက်လုပ် သွားမယ်လို့ ဆို
စစ်တပ် အာဏာသိမ်း လိုက်တဲ့ ထိုင်းနိုင်ငံမှာ စစ် အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမူတွေ ထဲမှာ လက်သုံးချောင်း ထောင်ပြတဲ့ သင်္ကေတ ဟာလည်း စစ်တပ်ကို ဆန့်ကျင် တဲ သင်္ကေတ ဖြစ်တယ်လို့ ထိုင်းစစ်တပ်က သတ်မှတ် ပိတ်ပင် လိုက်ပါတယ်။

ဒီလို လုပ်တဲ့သူတွေကို အခြေအနေ စောင့်ကြည့်ပြီး ဖမ်းဆီး ထောင်ချနိုင်တယ်လို့ ထိုင်း အာဏာသိမ်း စစ်အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ်တွေက ပြောပါ တယ်။

ဘန်ကောက် က လူစည်ကားတဲ့ နေရာ တစ်ချို့ နဲ့ မိုးပျံရထား ဘူတာရုံတွေ မှာ ထိုင်းစစ်တပ် အာ ဏာသိမ်းမှုကို မလိုလားတဲ့ သူတွေက ညာဘက်လက်က လက်ညှိုး၊ လက်ခလယ်၊ လက်သူကြွယ် သုံးချောင်း ထောင်ပြတဲ့ ဆန့်ကျင် လှုပ်ရှားမှုတွေ လုပ်လာနေတာကို အခု ရက်ပိုင်း တွေ့နေရပါတယ်။

ဒါဟာ အမေရိကန် ဒါရိုက်တာ တစ်ဦး ရိုက်ကူးတဲ့ hunger games ဆိုတဲ့ ရုပ်ရှင်ကားထဲက စစ်တပ် အာဏာရှင်တွေကို ဆန့်ကျင်တဲ့ ပုံစံကို ကူးချပြီး အခုလို လုပ်ကြတာလို့ ပြောတာ ရှိသလို လွတ်လပ်မှု၊ တန်းတူ ညီမျှမှု၊ သဟာဇာတ ဖြစ်မှု ဆိုတဲ့ ပြင်သစ် သင်္ကေတကို ကိုယ်စားပြု တာလို့လည်း တချို့က ပြောပါတယ်။

ထိုင်းစစ်အစိုးရ ကတော့ ဒီလှုပ်ရှားမှုတွေကို စောင့်ကြည့်နေပြီး အရပ်ဝတ်တွေနဲ့ သတင်းသမားတွေ အယောင်ဆောင်ပြီး ဖမ်းဆီးတာတွေ လုပ်နေသလို စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဘယ်လှုပ်ရှားမှုကို မဆို ကူညီ အားပေးသူတွေ ကိုလည်း ထောင်ဒဏ် အထိ အပြစ်ပေး အရေးယူတာတွေ ရှိပါတယ်။

ဒါပေမယ့် ဆန့်ကျင်သူတွေဘက်ကတော့ နေ့စဉ် မနက် ၉ နာရီ၊ ၁ နာရီနဲ့ ညနေ ၅ နာရီ တို့မှာ စစ်တပ်နဲ့ ရဲ မရှိတဲ့ လူစည်ကားတဲ့ နေရာတွေမှာ ညာဘက် လက်ခလယ် သုံးချောင်း ထောင်ပြီး ဆန့်ကျင်ကြဖို့ နှိုးဆော် ထားပါတယ်။

BBC Burmese

တရုတ်မြန်မာ နယ်စပ်မျဉ်းပြန်သတ်မှတ်တာကို မကြေနပ်


လယ်ယာ ခြံမြေ တလက်မမှ ကျူးကျော်မခံဘူးလို့ ဒေသခံ လယ်သမားတွေက ပြော
ရှမ်းပြည်နယ် နမ့်ခမ်း မြို့နယ်နဲ့ ထိစပ်နေတဲ့ တရုတ် မြန်မာ နယ်စပ်မှာ နှစ်နိုင်ငံ နယ်ခြား မျဉ်း တိုင်းတာရေး တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ ရက်ပိုင်းက နယ်ခြားမျဉ်း ပြန်လည် တိုင်းတာ သတ်မှတ်လိုက်ရာမှာ မြန်မာဘက်က လယ်မြေ တချို့ တရုတ်နိုင်ငံ ဘက်ခြမ်းကို ပါသွားတဲ့ အတွက် ဒေသခံ လယ်သမားတွေ မကျေမနပ် ဖြစ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

မေလ ၂၇ ရက် ကနေ မေလ ၃၀ ရက်နေ့ အထိ နှစ်နိုင်ငံ နယ်ခြားမျဉ်း ပြန်တိုင်း ရာမှာ အရင်ရှိပြီးသား နယ်ခြား မှတ်တိုင် အဟောင်း နေရာတွေ ကနေ မြန်မာပြည် အတွင်းပိုင်း အထိ လာရောက် တိုင်စိုက်ပြီး နယ်ခြားမျဉ်း သတ်မှတ် လိုက်တဲ့ အတွက် မြန်မာ ဘက်ခြမ်းက လယ်မြေ ဧက ၁၅၀ နီးပါး လောက် တရုတ်ဘက် အခြမ်းကို ပါသွားမယ်လို့ ဆိုပါတယ်။

ဒေသခံ လယ်သမားတွေ က သူတို့မြေ တလက်မမှ မပေးဘူးဆိုပြီး အခုလို ဆန္ဒပြတဲ့ အထိ ဖြစ်ခဲ့ တာလို့ နမ့်ခမ်း ဒေသခံ စိုင်းမောက်စိုင်းက ပြောပါတယ်။

အဲဒီ နယ်ခြား တိုင် အသစ် နေရာတွေမှာ တရုတ်ဘက်က ညောင်ပင် အလတ် ၂ ပင် လာစိုက်ခဲ့တာကြောင့် ရွာသားတွေက ဆွဲနုတ်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလို သစ်သား တိုင်တွေ ထူတာဟာ တိုင်းတာမှု အတွက် အထောက် အကူ ဖြစ်အောင် ယာယီ ထူတာသာ ဖြစ်လို့ တိုင်တွေကို ဖျက်ဆီးတာတွေ မလုပ်ဖို့ မူဆယ် မြို့နယ် အုပ်ချုပ်ရေးမှူးက အစည်းအဝေး ခေါ်ပြီး ပြောကြားခဲ့ပါတယ်။

အခုလို တိုင်းတာမှု အသစ်နဲ့ ပတ်သက်လို့ မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူးကို ဘီဘီစီက ဖုန်းဆက် မေးမြန်းခဲ့ ပေမယ့်လည်း ဒီမြေတိုင်းတဲ့ ကိစ္စဟာ မြေပုံ နဲ့ တကွ ရှင်းပြမှ နားလည်မှာ ဖြစ်လို့ ဖုန်းနဲ့ ရှင်းပြဖို့ မဖြစ်နိုင်ကြောင်း ဖြေကြားသွားခဲ့ပါတယ်။

မြန်မာ အစိုးရ အဆက်ဆက် တရုတ် မြန်မာ နယ်ခြား သတ်မှတ်တဲ့ နေရာမှာ မြန်မာဘက်က နစ်နာတယ်ဆိုတဲ့ အငြင်းပွားဖွယ် ကိစ္စရပ်တွေ အရင်ကလည်း ရှိခဲ့ဘူးတာကြောင့် အခု ကိစ္စမှာလည်း ထပ်ပြီး နစ်နာမှုတွေ ဖြစ်လာမလား ဆိုပြီး ဒေသခံတွေ အကြား စိုးရိမ်မှုတွေ တိုးပွားလာနေတယ်လို့ သိရပါတယ်။

BBC Burmese

ယာဉ်တိုက်မှုကြောင့် အိန္ဒိယ အစိုးရသစ်၏ ဝန်ကြီးတစ်ဦး သေဆုံး


အိန္ဒိယ နိုင်ငံ၏ အစိုးရအဖွဲ့သစ်တွင် ပါဝင်ရွေးချယ်ခံထားရသည့် ဝန်ကြီးတစ်ဦးမှာ ယာဉ်တိုက်မှု တစ်ခုအတွင်း သေဆုံးသွားကြောင်း သိရှိရသည်။ ဂိုပီနက်သ် မွန်ဒီသည်  ဒေလီမြို့တော်တွင် ယာဉ်တိုက်မှုကြောင့် ကွယ်လွန်သွားကြောင်း အစိုးရအဖွဲ့က ကြေညာသည်။ အစိုးရအဖွဲ့၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးအဖြစ် တာဝန်ယူထားသော မွန်ဒီသည် မွေးရပ်ဒေသ မဟာရက်ဇ်ထရာသို့ ပြန်သွားရန်အတွက် လေယာဉ်ကွင်းသို့အသွား ယာဉ်တိုက်မှု ကြုံခဲ့ခြင်း ဖြစ်သည်။ သတင်းများက ၎င်းစီးနင်းလာသည့် မော်တော်ကားကို အခြားကား တစ်စင်းက ဖြတ်တိုက်သွားခြင်းဟု ဖော်ပြခဲ့ကြသည်။ AIIMS ဆေးရုံမှ ဆရာဝန်များက ဝန်ကြီးကို အသက်ပြန်ရှူလာနိုင်အောင် အစွမ်းကုန် အကူအညီပေးခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း ကြေညာသွားသည်။

မွန်ဒီသည် အသက်(၆၄)နှစ် အရွယ်ဖြစ်ပြီး ပြီးခဲ့သည့် သီတင်းပတ်ကမှ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ၏ အစိုးရသစ်တွင် ဝန်ကြီးရာထူး အပ်နှင်းခံခဲ့ရသူ ဖြစ်သည်။ ပို့ဆောင်ရေးဝန်ကြီး နီတင်ဂတ်ဒ်ကာနီက “အင်္ဂါနေ့မနက် အစောပိုင်းမှာ ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားပြီးတဲ့နောက် မွန်ဒီကို ဒေလီက ဆေးရုံတစ်ခုဆီ ခေါ်ဆောင်သွားပါတယ်။ ဒါပေမဲ့ မနက်(၈)နာရီလောက်မှာတော့ ဆရာဝန်တွေက သူ့ကို လက်လျှော့လိုက်ရပြီလို့ အသိပေးခဲ့ပါတယ်”ဟု ပြောကြားခဲ့သည်။ ဝန်ကြီးချုပ် မိုဒီက “ကျွန်တော့် သူငယ်ချင်းနဲ့ လုပ်ဖော်ကိုင်ဖက်ကောင်း တစ်ယောက်ကို ဆုံးရှုံးခဲ့ရတဲ့အတွက် အရမ်းကို တုန်လှုပ် ဝမ်းနည်းမိပါတယ်။ သူ့ကို လက်လွှတ်လိုက်ရတာဟာ နိုင်ငံနဲ့ အစိုးရအတွက် ကြီးမားတဲ့ အရှုံးတစ်ခုပါပဲ”ဟု ကြေညာသွားသည်။

Planet Myanmar Network

ဇွန်လ(၈)ရက်နေ့တွင် စတင်ဖြန့်ချီမည့် PSY၏ သီချင်းသစ် Hangover


တောင်ကိုရီးယား Hip Hopဂီတ အဆိုတော် PSY၏ သီချင်းဗီဒီယိုသစ် တစ်ပုဒ်ကို ရက်ပိုင်းအတွင်း ထုတ်ဝေမည်ဟု သိရှိရသည်။ Gangnam Style သီချင်းဖြင့် တစ်ကမ္ဘာလုံးအနှံ့ အောင်မြင်မှုများ ရရှိခဲ့သည့်နောက် PSYသည် ဇွန်လ(၈)ရက်နေ့တွင် နောက်ထပ် သီချင်းသစ်ကို ပရိသတ်များထံ မိတ်ဆက်သွားရန် စိုင်းပြင်းနေခြင်း ဖြစ်သည်။ အဆိုပါ သီချင်းသစ်သည် နာမည်ကျော် အမေရိကန် Hip Hopကြယ်ပွင့် Snoop Doggနှင့် ပူးပေါင်း ဖန်တီးထားခြင်းဟု Wall Street ဂျာနယ်က ဖော်ပြခဲ့သည်။ အမေရိကန်မှ Jimmy Kimmel Live အစီအစဉ်တွင် ယင်းသီချင်းသစ်ကို စတင်မိတ်ဆက်ပြီး ထိုမှတစ်ဆင့် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ဖြန့်ဝေသွားမည်ဟု ဆိုသည်။ သီချင်းသစ်ကို Hangoverဟု အမည်ပေးထားပြီး PSY၏ ယခင် Hip Hopဂီတ ချဉ်းကပ်ပုံများမှ အလုံးစုံ ကွဲပြားနေမည်ဟု ၎င်း၏ ကိုယ်စားလှယ်က Wall Streetသို့ ပြောကြားခဲ့သည်။

PSYသည် (၂၀၁၂)ခုနှစ်၊ ဇူလိုင်လက ထုတ်ဝေခဲ့သည့် Gangnam Style သီချင်းဖြင့် တောင်ကိုရီးယား ဂီတရပ်ဝန်းကို ကျော်လွန်ကာ တစ်ကမ္ဘာလုံး အတိုင်းအတာထိ လူသိများသော ဂီတကြယ်ပွင့်အဖြစ် တောက်ပခဲ့သည်။ အခြားသော သတင်းများအရ Gangnam Styleသည် YouTubeဝက်ဘ်ဆိုက်၏ သမိုင်းတစ်လျှောက် ကြည့်ရှုသူ (၂)ဘီလျံ ပြည့်မြောက်သည့် ဒုတိယမြောက် ဗီဒီယိုအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရသည်။ ဂျက်စတင်ဘီဘာ၏ Babyသီချင် အယ်လ်ဘမ်သည် ဖေဖော်ဝါရီလက YouTubeတွင် ကြည့်ရှုသူ အရေအတွက် (၂)ဘီလျံကိုကျော်လွန်ခဲ့ပြီး ယခုတစ်ဖန် အဆိုပါ စံချိန်ကို Gangnam Styleက လိုက်မီခဲ့ခြင်း ဖြစ်သည်။

Planet Myanmar Network

ကြိုးဝိုင်းထဲတွင် ချစ်သူကို လက်ထပ်ခွင့် တောင်းခံခဲ့သည့် လက်ဝှေ့သမား


ချန်ပီယံဘွဲ့ကို အောင်မြင်စွာ ထိန်းသိမ်းနိုင်သည့် နိုင်ပွဲအပြီးတွင် လက်ဝှေ့သမား တစ်ဦးက ၎င်း၏ ချစ်သူအား ကြိုးဝိုင်းထဲတွင်ပင် လက်ထပ်ခွင့် တောင်းခံခဲ့ကြောင်း သိရှိရသည်။ Cobraဟူသော

သဲမုန်တိုင်းများ တိုက်ခတ်နိုင်သေးကြောင်း တဟီရန်မြို့ခံများကို သတိပေး


အီရန်အစိုးရ အာဏာပိုင်များက ဆိုးရွားသည့် သဲမုန်တိုင်းများ နောက်ထပ် ကြုံလာရနိုင်ဆဲဟု တဟီရန်မြို့ခံများကို သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရှိရသည်။ တနင်္လာနေ့က အီရန်နိုင်ငံ၏ မြို့တော်တွင် အလွန်အင်အားကြီးမားသော သဲမုန်တိုင်းကြီး ဝင်ရောက် တိုက်ခတ်သွားရာ ယခုအချိန်ထိ အသေအပျောက် ပမာဏ (၅)ဦးထိ ရှိခဲ့ပြီး ဖြစ်သည်။ တဟီရန် သမိုင်းတစ်လျှောက် နှစ်ပေါင်း(၅၀)မျှအတွင်း အားအပြင်းဆုံး လေကြောင်းတိုက်ခတ်မှုများနှင့် ကြုံတွေ့စေခဲ့သည့် သဲမုန်တိုင်းကြီးသည် (၁၅)မိနစ်မျှ ကြာမြင့်ခဲ့ပြီး လူပေါင်း(၃၀)ကျော် ဒဏ်ရာများ ရရှိခဲ့သည်။

“သေသွားတဲ့ထဲက တစ်ယောက်က အပျက်အစီးတွေ လွင့်စင်ရာက ထိခိုက်မိပြီး ဆေးရုံရောက်လာတာ။ ဒါပေမဲ့ ဒဏ်ရာပြင်းလွန်းတော့ အသက်ဆုံးရှုံးသွားပါတယ်”ဟု ဆရာဝန် တစ်ဦးက IRNA သတင်းဌာနသို့ ပြောကြားခဲ့သည်။ တစ်နာရီလျှင် ကီလိုမီတာ (၁၂၀)လေတိုက်နှုန်းဖြင့် သဲမုန်တိုင်းကြီး တိုက်ခတ်သွားပြီးနောက် ယခုအခါ နောက်ထပ် သဲမုန်တိုင်းများကို ကြုံရနိုင်ဆဲဟု တဟီရန် မြို့ခံများအား အစိုးရက သတိပေးချက် ထုတ်ပြန် အသိပေးခဲ့သည်။

တဟီရန် မိုးလေဝသဌာန အကြီးအကဲ အာဟက်ဗာဇီဖားဟ်က “နောက်ထပ် သဲမုန်တိုင်းတွေ တိုက်ခတ်လာနိုင်ပါသေးတယ်။ ဒါပေမဲ့ လေတိုက်နှုန်းနဲ့ ကြာမြင့်ချိန်ကို ကြိုတင်ခန့်မှန်းဖို့တော့ မဖြစ်နိုင်သေးဘူး”ဟု ပြောကြားခဲ့သည်။ တနင်္လာနေ့ သဲမုန်တိုင်းများကြောင့် တဟီရန်တွင် အိမ်ခြေ (၅၀၀၀၀)ကျော် လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားခဲ့သည်။ သဲမုန်တိုင်းကြောင့် အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့သလို ပြူတင်းပေါက်မှန်များ ကွဲကြေကုန်ကာ ဆက်သွယ်ရေး မျှော်စင်များလည်း လဲကျခဲ့ကြောင်း သတင်းများက ဖော်ပြသွားသည်။

Planet Myanmar Network

နင်စေရင် ဇာတ်ကားဟာ ရင်မှာကျန်မယ့်ကားတစ်ကားလို့ ဖွင့်ဟလာတဲ့ ပြေတီဦး


ပရိသတ်တွေ စောင့်စားမျှော်လင့်နေတဲ့ နင်စေရင်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး အထူးပွဲမှာ တွေ့ဆုံခိုက် ဇာတ်ဆောင် မင်းသားတစ်ဦးဖြစ်တဲ့ ထပ်ဆင့်အကယ်ဒမီပြေတီဦးရဲ့ ရင်ဖွင့်စကားသံတွေကို တွေ့ဆုံမေးမြန်း ကြည့်ဖြစ်ခဲ့ရာ “ဒီကားလေးကို ခု ပရက်ရှိုးမှာ ပြန်ကြည့်ဖြစ်တဲ့ခါ တစ်ကားလုံးစာအတွက် ကျေနပ်အားရတယ်။ သိပ်မကြိုက်တဲ့ အခန်းရယ်လို့သိပ်မရှိဘူး။ ကိုယ်သရုပ်ဆောင်ထားသမျှရော၊ တခြားအနုပညာရှင်တွေရဲ့ သရုပ်ဆောင်မှုအပိုင်းကိုလဲ ကျေနပ်တယ်။ ဒီတစ်ကားလုံးကို ကိုယ်ကိုတိုင်လဲ ခက်ခက်ခဲခဲပင်ပင်ပန်းပန်းကြိုးစားထားတယ်။ အဲဒီအတွက် ဒီကားပေါ်မှာ ကျေနပ်ပါတယ်။ စိတ်ကြိုက်ဖြစ်တဲ့ ဇာတ်ဝင်ခန်းဆိုရင် တော်တော်များများ ရှိပါတယ်။ ကိုယ်ချစ်တဲ့ ကောင်မလေးကို ပြန်တွေ့ပြီး သူ့အိမ်ကို လိုက်သွားတဲ့နေရာက စလို့တော်တော်များများကို ကြိုက်ပါတယ်။ ကျန်တဲ့အခန်းတွေလဲ ကြိုက်တာပါပဲ။ ကိုဝိုင်းနဲ့ကလဲ ရိုမန့်စ်ကားလေးတွေ ပိုရိုက်ဖြစ်တယ်။ ဒီကားနဲ့ပတ်သတ်လို့အစစအရာရာပြင်ဆင်တာက ကိုဝိုင်းပေါ့။ ကျွန်တော်တို့က ဒီဇာတ်လမ်းကို သဘောတူပြီး လက်မှတ် ထိုးတာလောက်ပဲ လုပ်ရတာပါ။ ကြိုက်တယ်။ ရိုက်မယ်ဆိုတာက ကျွန်တော်တို့အပိုင်းပါ။ ကျန်တာကတော့ ကိုဝိုင်းပဲ စီစဉ်ပြီးရိုက်တာပါ။ ဒီဇာတ်ကားလေးမှာ အဓိက ပြချင်တာက ကောင်မလေးတစ်ယောက်ကို ရာနှုန်းပြည့် အသက်ပါပေးပြီး ချစ်တတ်တဲ့ကောင်လေး တစ်ယောက်အကြောင်းကို ရိုက်ပြထားတာပေါ့။ ဒီကားလေးက ပရိသတ်တွက် ရိုမန့်စ်လဲရမယ်။ အက်ရှင်အရသာလဲ ရမယ်။ ဒီဇာတ်ကားလေးမှာ အပြင်မှာလဲ ဒါမျိုးတွေက တကယ်ကို ရှိနိုင်တဲ့ဘ၀တွေပါ။ ဒီ့ထက်ပိုပြီး ထူးခြားသော၊ ဒီ့ထက်ပိုပြီးနက်နဲသော ဘ၀တွေလဲ ရှိနိုင်ပါသေးတယ်။ ဒါသဘာဝကျပါတယ်။ အစ်ကို ရုပ်ရှင်ကားကြီးဆို ဟာသရော၊ ဒီလိုကားမျိုးရော နှစ်ခုစလုံး သဘောကျတယ်။ ဒါပေမဲ့ ရင်ထဲမှာကျန်တာကတော့ ဒီလိုကားမျိုးပေါ့နော်။ အကယ်ဒမီဆိုတာကို စိတ်ထဲ မထည့်ထားဘူး။ အဓိက က ကိုယ်လက်ခံထားတဲ့ ကားတစ်ကားကို ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှအစွမ်းကုန် ကြိုးစားရိုက်ကူးမယ်။ ဒါပါပဲ။”လို့ သူက ဖွင့်ဟသွားပါတယ်။

Trend Myanmar

ဥရောပမှာ အမေရိကန် စစ်အင်အားဖြည့်တင်းဖို့ အိုဘားမား ကတိပေး


ဥရောပမှာရှိတဲ့ အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေအပေါ်မှာ အမေရိကန်အစိုးရက ထောက်ခံမှု ပေးသွားမယ်လို့ အမေရိကန်သမ္မတ Barack Obama က ပိုလန်နိုင်ငံမှာ ထပ်ပြီး အာမခံချက် ပေးခဲ့ပါတယ်။ တချိန်တည်းမှာပဲ အမေရိကန်အနေနဲ့ ရုရှားကို ခြိမ်းခြောက်ရန်ပြုဖို့ စိတ်မဝင်စားဘူးလို့လည်း သမ္မတ အိုဘားမားက ပြောပါတယ်။

သမ္မတနဲ့အတူ ခရီးထွက်နေတဲ့ ဗွီအိုအေအိမ်ဖြူတော်သတင်းထောက် Luis Ramirez က Warsaw မြို့တော်ကနေ အပြည့်အစုံ သတင်းပို့ထားတာကို မစုမြတ်မွန်က တင်ပြထားပါတယ်။

ရုရှားနိုင်ငံရဲ့ ရန်ရှိနေချိန်မှာပဲ အရှေ့ဥရောပနဲ့ ဥရောပအလယ်ပိုင်းမှာ အမေရိကန်တပ်တွေ ထားရှိမှုကို အားဖြည့်ဖို့ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ သုံးစွဲဖို့ အစီအစဉ်ကို သမ္မတ Barack Obama က ပိုလန်နိုင်ငံရောက်စဉ်မှာ ကြေညာခဲ့ပါတယ်။

“ကျွန်တော့်ရဲ့ခရီးစဉ်ကို ဒီမှာစရတာက ပိုလန်နိုင်ငံရဲ့ လုံခြုံရေးအတွက် အမေရိကန်ရဲ့ ထောက်ခံမှုကို ပြသဖို့ဖြစ်ပါတယ်။ အလားတူ ဥရောပအလယ်ပိုင်းနဲ့ အရှေ့ဥရောပက အမေရိကန် မဟာမိတ်နိုင်ငံတွေရဲ့ လုံခြုံရေးဟာ အမေရိကန် လုံခြုံရေးအတွက် အုတ်မြစ်ဖြစ်သလို သိပ်လည်း အရေးကြီးလှပါတယ်။”

ကွန်ဂရက်လွှတ်တော်ကို ဒေါ်လာ ၁ ဘီလီယံ အတည်ပြုပေးဖို့ သမ္မတ အိုဘားမား တောင်းဆိုထားတဲ့ အစီအစဉ်အရ ဥရောပတလွှားမှာ စစ်ရေးလေ့ကျင့်မှုတွေ တိုးမြှင့်ဖို့၊ အမေရိကန်တပ်တွေနဲ့ လက်နက်ပစ္စည်းတွေကို ပိုပြီး လှည့်လည်ထားရှိနိုင်ဖို့ ဖြစ်ပါတယ်။ Georgia၊ Moldova နဲ့ Ukraine နိုင်ငံတွေရဲ့ စစ်ရေးစွမ်းအင် တိုးမြှင့်စေဖို့နဲ့ ပင်လယ်နက်နဲ့ Baltic ပင်လယ်ထဲမှာ နေတိုးအဖွဲ့ ရေတပ်တွေ ဖြန့်ချထားမှုမှာ အမေရိကန်တပ်တွေ ပိုပြီး ပါဝင်နိုင်ဖို့အတွက်ကိုလည်း အာရုံစိုက်မှာ ဖြစ်ပါတယ်။

Ukraine နဲ့ပတ်သက်လို့ ရုရှားနိုင်ငံရဲ့ ဆောင်ရွက်မှုတွေကြောင့် ပိုလန်နိုင်ငံကလည်း သူ့ရဲ့ စစ်တပ်အင်အားကို တိုးချဲ့မယ်လို့ ပိုလန်သမ္မတ Bronislaw Komorowski ကလည်း ပြောကြားခဲ့ပါတယ်။ သမ္မတ အိုဘားမားကတော့ ရုရှားနဲ့ ပဋိပက္ခ မဖြစ်ချင်ဘူးဆိုတာကို အခုလို ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့က ရုရှားနိုင်ငံနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ထားရှိချင်ပါတယ်။ ရုရှားအပေါ် ခြိမ်းခြောက်ဖို့ကိုလည်း စိတ်မဝင်စားပါဘူး။ ရုရှားရဲ့ နယ်နမိတ်တလျှောက် ဖြစ်နေတာတွေက သူ့ရဲ့အကျိုးစီးပွားနဲ့လည်း သက်ဆိုင်နေတယ်။ Ukraine နဲ့လည်း ဟိုးအရင်ထဲက သမိုင်းဝင် ဆက်ဆံရေး ရှိခဲ့တယ်ဆိုတာကို အမေရိကန်က လက်ခံပါတယ်။ ဒါပေမဲ့ ပိုင်နက်တည်တံ့ခိုင်မြဲရေးနဲ့ အချုပ်အခြာအာဏာကို မထိပါးသင့်ဘူးဆိုတဲ့ မူအပေါ်မှာလည်း ကျွန်တော်တို့က ယုံကြည်ပါတယ်။”

ပိုလန်နိုင်ငံမှာ ကွန်မြူနစ်အုပ်ချုပ်မှုစနစ်ကို အဆုံးသပ်စေခဲ့တဲ့ အလုပ်သမားသမဂ္ဂတွေရဲ့ Solidarity လှုပ်ရှားမှုနဲ့ ရွေးကောက်ပွဲ အနိုင်ရခဲ့မှု နှစ်ပတ်လည်အခမ်းအနားကို ဗုဒ္ဓဟူးနေ့မှာ သမ္မတ အိုဘားမား တက်ရောက်မှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ အင်အားကြီး ၇ နိုင်ငံ ထိပ်သီး စည်းဝေးပွဲအတွက် Belgium နိုင်ငံ Brussels မြို့တော်ကို ခရီးဆက်ပါလိမ့်မယ်။

ဒုတိယကမ္ဘာစစ်မှာ နာဇီတပ်တွေကို အနိုင်ရဖို့ အဓိကျခဲ့တဲ့ ပြင်သစ်နိုင်ငံ နော်မန်ဒီကမ်းခြေကို မဟာမိတ်တပ်တွေ ရောက်ရှိနိုင်ခဲ့တဲ့ D Day နေ့ အနှစ် ၇၀ ပြည့် အခမ်းအနားတက်ရောက်ဖို့လည်း ပြင်သစ်နိုင်ငံကို သမ္မတအိုဘားမား ဆက်သွားမှာ ဖြစ်ပါတယ်။

VOA Burmese

ဒါးပိန်ဘူတာအနီး ပန်းပုထုသူ အမျိုးသားတစ်ဦး ရထားကြိတ်သေဆုံး


ရန်ကုန်-ပဲခူး မီးရထားလမ်းပိုင်းပေါ်ရှိ ဒါးပိန်ဘူတာအနီးတွင် ပန်းပုရုပ်များ ထုလုပ်သည့် အသက်(၃၅)နှစ်အရွယ် အမျိုးသားတစ်ဦး ရထားကြိတ်၍ သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု မေ ၂ ရက်၊ည ၁၀ နာရီကျော်အချိန်က လှည်းကူးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

ရန်ကုန်ဘက်မှ ပဲခူးဘက်သို့ မောင်းနှင်လာသည့် စက်ခေါင်းအမှတ်(DF-1246) ရန်ကုန်-ပဲခူးအမှတ်(၁၃) အဆန်ရထားသည် ဒါးပိန်ဘူတာအထွက် မိုင်တိုင် (၂၂ /၁၇)နှင့်(၂၂/၁၈) အကြားတွင် ရထားလမ်းဖြတ် ကူးသူ ကိုသန်းဇော်(၃၅)နှစ်ကို တိုက်မိခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ တိုက်မိမှုကြောင့် ကိုသန်းဇော်၏ ယာပခုံးမှ ဓားလွယ်ခုတ် အနေအထားဖြင့် ဦးခေါင်းပိုင်းနှင့် ပခုံး အထက်ပိုင်းပြတ်၊ ယာဘက်တံတောင် ပြတ်ရှဒဏ်ရာများ ရရှိပြီး အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွား ခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ ဒု-ရဲအုပ် ဇော်ဝင်းနိုင်က တရားလိုပြုလုပ်၍ ဒါးပိန်နယ်မြေရဲစခန်းက သေမှု သေခင်း အမှတ် စဉ်(၂/၁၄) ဖြင့် အမှုဖွင့်ထားပြီး သေဆုံးသူအလောင်းကို လှည်းကူးမြို့နယ် ဆေးရုံသို့ ပို့အပ်စစ်ဆေးလျက် ရှိသည်။

ဇွန်လ ၁ ရက်၊ နံနက် ၁၁ နာရီခွဲ ၀န်းကျင်က ရထားလာ၍ ဂိတ်ပိတ်ထားစဉ် အသက်(၄၂)နှစ်အရွယ် အမျိုး သားတစ်ဦး ရထားရှေ့မှဆိုင်ကယ်ဖြင့်ဖြတ်မောင်းရာ ရထားစက်ခေါင်းဖြင့် ချိတ်မိပြီးဒဏ်ရာများရရှိခဲ့သည့် ဖြစ်စဉ်တစ်ခု အင်းစိန်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်။

Mizzima Burmese

ထိမိပွတ်မိ ဦးရာလူဖြဲတဲ့ လမ်းမပေါ်ကပြဿ နာ


ရန်ကုန်တွင် တိုးပွားလာသော ကားစီးရေနှင့် စည်းမဲ့ကမ်းမဲ့မောင်းနှင်မှုများ နေ့စဉ်တိုးပွားလာသည့်အချိန်တွင် ယာဉ်မတော်တဆမှု ဖြစ်ပွားမှုနှုန်းက နေ့စဉ်မြင့်တက်လာဆဲဖြစ်သည်။

သီတင်းတစ်ပတ်လျှင် ယာဉ်တိုက်မှု ၄၀ ထက်မနည်း ဖြစ်ပွားနေသည့် ရန်ကုန်တွင် တစ်ဖက်နှင့်တစ်ဖက် ယာဉ်မတော်တဆမှုများ ဖြစ်ပွားပါက မိမိမှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ပိုင်ပိုင်နိုင်နိုင် ထိထိရောက်ရောက် ပြောဆိုနိုင်သူက အများအားဖြင့် လျော်ကြေးရနိုင်သည့် အခြေအနေကို ရန်ကုန်မြို့မှ ယာဉ်မောင်းများက သိရှိထားကြသည်။

ကားအာမခံထားသော အလေ့အထ အားနည်းသည့် မြန်မာနိုင်ငံတွင် ယခုကဲ့သို့ ယာဉ်ကြောရှုပ်ထွေးမှု တစ်နေ့တခြားဆိုးရွားလာပြီး နည်းလမ်းမကျသည့် ဖြေရှင်းမှုကြောင့် နှစ်ဦးနှစ်ဖက် နစ်နာမှုများက လမ်းမများပေါ်တွင် နေ့စဉ်ဖြစ်ပေါ်နေသည်။

‘‘ကိုယ့်ဘက်က မှားနေလည်း အလျော်ရအောင် တစ်ဖက်လူကို ဖိဟောက်လိုက်ရင် အလိုလိုနေရင်း ကိုယ့်ဘက်က အမှန်လိုဖြစ်သွားတာတွေလည်း ရှိတယ်’’ဟု လှိုင်သာယာနှင့် သီရိမင်္ဂလာဈေး မောင်းနှင်ပြေးဆွဲနေသည့် ကုန်တင်ယာဉ်မောင်း ကိုမြင့်နိုင်စိုးက သူ၏အတွေ့အကြုံကို ပြောပြသည်။

အစိုးရသစ်လက်ထက်တွင် လူတစ်ဦးလျှင် ကားတစ်စီး Free Permit ဖြင့် တင်သွင်းခွင့်ပြုပြီးနောက် နိုင်ငံ၏လူဦးရေ သန်း ၆၀ ကျော်အနက် ကားစီးနင်းနိုင်သူ လူဦးရေမှာ သိန်း ၃၀ ထိ ရှိလာပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ သိရသည်။

ထို့ကြောင့် ယခင်အစိုးရလက်ထက်က လူတန်းစားတစ်ရပ်နှင့် ငွေကြေးတတ်နိုင်သူအချို့သာ စီးနင်းနိုင်ခဲ့သည့် ကားအများစုမှာ လက်ရှိတွင် အနည်းဆုံး ကျပ်သိန်း ၈၀ မှ သိန်း ၁၀၀ နီးပါးဖြင့် ၀ယ်ယူစီးနင်းလာနိုင်ကာ ကားစီးရမှာလည်း မြင့်သထက်မြင့်လာသည်။

အထင်ကရလမ်းမကြီးများမှလွဲ၍ နည်းပညာမြင့် အသုံးပြုထားသည့် CCTV များ မရှိခြင်း၊ ရန်ကုန်တွင် ယာဉ်ထိန်းအင်အား မလောက်ငခြင်းများက ယာဉ်မတော်တဆမှုများ ဖြစ်ပွားပါက နှစ်ဦးနှစ်ဖက် ပြဿနာကို အဆင်ပြေသလို ကိုယ်တိုင်ဖြေရှင်းနေကြရမြဲ ဖြစ်သည်။

နိုင်ငံတကာတွင် ယာဉ်တိုက်မှုဖြစ်ပွားပါက နှစ်ဖက်ယာဉ်မောင်းအချင်းချင်း ဖြေရှင်းညှိနှိုင်းခြင်းမျိုး မပြုလုပ်ဘဲ နှစ်ဖက်လုံးမှ အာမခံထားသည့် ကုမ္ပဏီနှစ်ခုကသာ ဖြေရှင်းပေးနေခြင်းဖြစ်ပြီး ဖြေရှင်း၍မရသဖြင့် တရားရင်ဆိုင်ရမည်ဆိုပါက အာမခံကုမ္ပဏီနှစ်ခုကသာ ဆက်လက်တရားရင်ဆိုင်ကြသည်ဟု အောင်သစ္စာဦးအာမခံကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးဘထွန်းက ရှင်းပြသည်။

‘‘နိုင်ငံခြားမှာ ကားအချင်းချင်းတိုက်မိရင် အာမခံကုမ္ပဏီကို ဆက်သွယ်လိုက်ရုံပဲ။ အချိန်တန်ရင် ကိုယ်က လျော်ကြေးရမယ်’’ဟု ဦးဘထွန်းကဆိုသည်။

မော်တော်ယာဉ်အလုံးစုံအာမခံကို ပြည်ပနိုင်ငံအများစုတွင် မထားမနေရ ထားရှိရပြီး မြန်မာနိုင်ငံတွင်မူ မိမိစိတ်ကြိုက် နှစ်သက်မှသာ ထားရှိနိုင်သည်။ အလုံးစုံအာမခံကို ပုဂ္ဂလိကအာမခံကုမ္ပဏီ ၁၁ ခုက ဆောင်ရွက်လျက်ရှိပြီး တစ်စုံတစ်ရာ ထိခိုက်မှုဖြစ်ပွားပါက အာမခံကုမ္ပဏီနှင့် ချိတ်ဆက်ထားသည့် ၀ပ်ရှော့များသို့ သွားရောက်ပြုပြင်ပေးပြီး ကျသင့်ငွေကို ၀ပ်ရှော့က အာမခံကုမ္ပဏီသို့ တောင်းခံနိုင်သည်။

ပုဂ္ဂလိကအာမခံကုမ္ပဏီများတွင် တစ်လလျှင် မော်တော်ယာဉ်အလုံးစုံအာမခံ ၁၀ စီးမှ ၁၅ စီးအထိ အာမခံလျော်ကြေးပေးနေရပြီး အဆိုပါအာမခံအပေါ် စိတ်ဝင်စားမှုနှုန်း မြင့်တက်လာပြီဖြစ်ကြောင်း ပုဂ္ဂလိကအာမခံကုမ္ပဏီများက ဆိုသည်။

‘‘အာမခံထားရင် ကိုယ့်ဘက်ကမှားမှား၊ သူ့ဘက်ကမှားမှား ပျက်စီးဆုံးရှုံးသွားတဲ့အရာကို အလျော်ပြန်ရတယ်။ ကျွန်တော် ကားနှစ်စီးကို နောက်ကနေ ဆင့်တိုက်တုန်းက ရှေ့ကကားနှစ်စီးလုံးကို ကုမ္ပဏီကလျော်ပေးတယ်။ ပုံမှန်ကတော့ ကုမ္ပဏီအနေနဲ့ ရှေ့ကားတစ်စီးတည်းလျော်ရင် လုံလောက်ပါတယ်’’ ဟု Grand Guardian အာမခံကုမ္ပဏီမှ ယာဉ်တိုက်မှုဖြစ်၍ အလျော်ရခဲ့ဖူးသူ ကားပိုင်ရှင်တစ်ဦးက ဆိုသည်။

ထို့ကြောင့် ယာဉ်တိုက်မှုဖြစ်ပွားပါက ကားတစ်စီးချင်းစီ၏ အာမခံထားရှိခြင်းက နှစ်ဦးနှစ်ဖက်လုံးအတွက် မည်သူကမှားမှား၊ မှန်မှန် လျော်ကြေးရနိုင်သည့် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း အထက်ပါကားပိုင်ရှင်က ပြောသည်။

နိုင်ငံတကာတွင် ကားမတော်တဆမှုများ ဖြစ်ပွားပါက ဖြစ်ပွားသည့်နေရာတွင်ပင် ယာဉ်မောင်းက ကားကိုထားခဲ့ကာ အာမခံကုမ္ပဏီသို့ ဆက်သွယ်ပြီး ငါးမိနစ်အတွင်း သက်ဆိုင်ရာရဲက လာရောက်စစ်ဆေး မှတ်တမ်းရယူလေ့ရှိကြောင်း ထိုင်းနိုင်ငံတွင် ၂ နှစ်ကြာ မီဒီယာလုပ်ငန်းတစ်ခုတွင် လုပ်ကိုင်ခဲ့ဖူးသူတစ်ဦးက ဆိုသည်။

စင်ကာပူကဲ့သို့ နိုင်ငံမျိုးတွင် အများစုက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို လိုက်နာကြပြီး ယာဉ်တိုက်မှုဖြစ်ပွားပါက အာမခံကုမ္ပဏီဖြင့်သာ လျော်ကြေးကိစ္စကို ဆက်လက်ညှိနှိုင်းကြသည်ဟု စင်ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော ကိုဝေယံထက်ကပြောသည်။

‘‘ဒီမှာက မတော်တဆဖြစ်ရင်လည်း စည်းကမ်းတကျ ဖြေရှင်းတယ်။ မြန်မာနိုင်ငံနဲ့တော့ တခြားစီပဲ’’ဟု ကိုဝေယံထက်ကဆိုသည်။

ရန်ကုန်၌ လက်ရှိတွင် အများအားဖြင့် ယာဉ်မတော်တဆမှု ဖြစ်ပွားပါက အများစုက သက်ဆိုင်ရာရဲသို့ ဆက်သွယ်အကြောင်းကြားခြင်းမရှိဘဲ ယာဉ်မောင်းနှစ်ဦးက မိမိဘာသာမိမိ ညှိနှိုင်းဖြေရှင်းကြသည်ကများပြီး နှစ်ဦးနှစ်ဖက်ညှိနှိုင်း၍ အဆင်မပြေမှသာ ယာဉ်ထိန်းရုံးသို့ ဆက်သွယ်အကြောင်းကြားကြသည်ဟု ဒဂုံမြို့နယ်မှ လမ်းပြယာဉ်ထိန်းရဲတစ်ဦးက ၎င်း၏အတွေ့အကြုံကို ပြောပြသည်။

အဓိကအားဖြင့် ကားအချင်းချင်း ပွတ်ဆွဲခြင်း၊ ငြိခြင်းများ ဖြစ်ပေါ်ပါက ရန်ကုန်မှ ယာဉ်မောင်းအများစုသည် ယာဉ်မောင်းသူ နှစ်ဦးနှစ်ဖက်သာ ဖြေရှင်းပြီး ညှိနှိုင်းရန် လုံးဝအဆင်မပြေမှသာ ယာဉ်ထိန်းရဲ (သို့မဟုတ်) နယ်မြေရဲကို အကူအညီတောင်းခံ ဖြေရှင်းနေရသည်ဟု ကုမ္ပဏီကားမောင်းနှင်နေသူ ယာဉ်မောင်းကိုဇော်လတ်က ဆိုသည်။

‘‘တကယ်လို့ ယာဉ်မတော်တဆဖြစ်ရင် လူဆိုတာ ကိုယ့်ဘက်က အမှန်ပဲ ပြောကြမှာချည်းပဲ။ အခင်းဖြစ်တဲ့နေရာမှာ အဓိက မှတ်တမ်းသက်သေက အရေးကြီးဆုံးပဲ။ ဒါမှ လျော်ကြေးကိစ္စ ဖြေရှင်းတဲ့အခါမှာ မနစ်နာရမှာ’’ဟု ရန်ကုန်တိုင်းဒေသကြီး အမှတ်(၂) ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်မျိုးအောင်က ပြောသည်။

အဓိကအားဖြင့် ယာဉ်တိုက်မှုဖြစ်ပွားပါက မိမိတွင်ပါလာသည့် ဖုန်း (သို့မဟုတ်) ကင်မရာဖြင့် မှတ်တမ်းဓာတ်ပုံရိုက်ယူထားခြင်း၊ မူလနေရာမှ မပျက်ယွင်းအောင်ထားရှိခြင်း၊ ထိခိုက်ထားသည့်အနေအထား မပျက်ယွင်းအောင် ထားရှိခြင်းမျိုး ပြုလုပ်ထားသင့်ပြီး အချင်းများ ရန်စောင်မှုများ စတင်ဖြစ်ပွားပါက သက်ဆိုင်ရာနယ်မြေရဲသို့ ဆက်သွယ်အသိပေးသင့်ကြောင်း အထက်ပါရဲအုပ်က အကြံပြုပြောဆိုသည်။

‘‘ဖြစ်ပြီဆိုတာနဲ့ ခင်ဗျားလည်း မရွှေ့နဲ့ ကျွန်တော်လည်း မရွှေ့ဘူး။ ဒီတိုင်းထားမယ်ဆိုပြီး ရဲကိုဆက်သွယ်တာ ပိုကောင်းမယ်။ နယ်မြေရဲကမှတစ်ဆင့် ကျွန်တော်တို့ ယာဉ်ထိန်းရဲကို ဆက်သွယ်လာပါလိမ့်မယ်။ ဒါက လုပ်ထုံးလုပ်နည်းအမှန်ပါပဲ’’ဟု ရဲအုပ်မျိုးအောင်က ဆက်လက်ပြောကြားသည်။

‘‘တချို့က ကားမောင်းသက်တမ်းနုတော့ ကိုယ်ကမှန်တယ်၊ အလျော်လည်းရနိုင်တဲ့အခြေအနေ၊ ဒါပေမဲ့ မှန်နေရဲ့သားနဲ့ မှားနေတယ်ထင်ပြီး မဖြေရှင်းဘဲ ကားကို မောင်းပြေးကြတာ ကြုံဖူးတယ်’’ဟု အဆိုပါယာဉ်မောင်းကပြောသည်။

ယာဉ်မတော်တဆမှုဖြစ်ပွား၍ မိမိဘက်မှ မှန်သည်ဟု ဖြေရှင်းနိုင်ပါက တစ်ဖက်ယာဉ်မောင်း၏ ဝှီးတက်၊ အုံနာဘုတ်၊ လိုင်စင်တို့ကို သိမ်းဆည်းထားသင့်ပြီး တစ်ဖက်ယာဉ်မောင်းကို ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်တို့ကို ယူထားသင့်ကြောင်း ကိုဇော်လတ်က အကြံပြုပြောကြားသည်။

လိုင်စင်သိမ်းဆည်းရာတွင်မူ လက်ရှိတွင် လိုင်စင်အတုများ ပေါ်ပေါက်နေခြင်းကြောင့် စိတ်မချရနိုင်ဘဲ ဝှီးတက်၊ အုံနာဘုတ်၊ ကားနံပါတ်တို့ကို စိတ်ချစွာ မှတ်သားသိမ်းဆည်းထားသင့်ကြောင်း ၎င်းကဆိုသည်။

‘‘တစ်ဖက်က အရမ်းဖိဟောက်နေတာတွေ၊ ဆဲဆိုတာမျိုးတွေ ရှိလာရင် ကိုယ့်ဘက်က မှန်နေရဲ့သားနဲ့ ကြောက်စိတ်က၀င်လာပြီး သူပြောသမျှတွေလည်း လုပ်ပေးခဲ့ရဖူးတယ်။ ကားမောင်းတဲ့သက်တမ်း နုစဉ်တုန်းကပေါ့’’ဟု ကိုဇော်လတ်က သူ၏အတွေ့အကြုံကို ပြောပြသည်။

ယခုနောက်ပိုင်းတွင် ယာဉ်မောင်းအများစုမှာ အမျိုးသမီးယာဉ်မောင်း များပြားလာခြင်း၊ သက်တမ်းနုယာဉ်မောင်းငယ်များလည်း လိုင်စင်ရှိရုံဖြင့် ၀င်ရောက် မောင်းနှင်နေခြင်းတို့ကြောင့် ယာဉ်မတော်တဆမှုဖြစ်ပွားပါက ဖြေရှင်းရန် အခက်ကြုံနေရသည်ဟု အငှားယာဉ်မောင်း ကိုစိုးသိမ်းဝင်းက ပြောသည်။

ယာဉ်မတော်တဆမှု ဖြစ်ပွားပါက ပတ်ဝန်းကျင်၏ ၀ိုင်းအုံကြည့်ရှုမှု၊ တစ်ဖက်ယာဉ်မောင်း၏ နိုင်ထက်စီးနင်းပြောဆိုမှု၊ ကိုယ်ထိလက်ရောက် နှောင့်ယှက်ထိပါး ရန်စောင်မှုများ ဖြစ်ပေါ်လာပါက အကောင်းဆုံးဖြေရှင်းနည်းမှာ သက်ဆိုင်ရာ နယ်မြေရဲသို့ ဆက်သွယ်အကြောင်းကြားသင့်ကြောင်း အထက်ပါအငှားယာဉ်မောင်းက အကြံပြုသည်။

7day News Journal

ချင်းတောင်တန်းပေါ်မှ စွန့်စားခန်းများ


တောင်တက်လမ်းများအတိုင်း မောင်းနှင်လာသော ကားပေါ်တွင် လိုက်ပါလာရင်း မူးဝေေ၀ဖြစ်လာသဖြင့် မှေး၍လိုက်လာခဲ့သည်။ တစ်နေရာအရောက်တွင် ချင်းအမျိုးသမီး မရွန်းနိုင်ပါး စီးနင်းလာသောကားမှာ လေထဲတွင် နှစ်ပတ်သုံးပတ်လည်ကာ ပေတစ်ရာနက်သော ချောက်အတွင်းသို့ ထိုးဆင်းသွားခဲ့သည်။

‘‘ကျွန်မသိလိုက်တဲ့အချိန်မှာ ကားက လေထဲမှာ နှစ်ပတ်သုံးပတ်လည်နေပြီ။ ကျွန်မလည်းလန့်ပြီး အားခနဲအော်လိုက်တယ်။ နောက်ပိုင်း ဘာမှမသိတော့ဘူး။ သတိရချိန်မှာ ဆေးရုံရောက်နေပြီ’’ဟု အသက်မသေဘဲကျန်ခဲ့သူ မရွန်းနိုင်ပါးကပြောသည်။

မေလ ၂၃ ရက် ညနေက ဖလမ်းမြို့မှ ကလေးမြို့သို့အပြန် သိုင်းငင်းရွာအနီးအရောက်တွင် မရွန်းနိုင်ပါးအပါအ၀င် လူ ၁၂ ဦး စီးနင်းလာသော ကားသည် ပေတစ်ရာအနက်ရှိ ချောက်ထဲသို့ ထိုးကျသွားခဲ့သဖြင့် မရွန်းနိုင်ပါး၏ အသက်(၄)နှစ်အရွယ် လူမမည်ကလေးတစ်ဦးအပါအ၀င် လူငါးဦး အသက်ဆုံးရှုံးသွားခဲ့သည်။

အလားတူပင် မေလ ၁၂ ရက်ကလည်း ကလေးနှင့်ဟားခါးသို့ ပြေးဆွဲနေသည့် ရွှေခြင်္သေ့ခရီးသည်တင်ယာဉ်တစ်စီးသည် ဖလမ်းနှင့် ဟားခါးမြို့အကြား ရှန်လုံနှင့် တားရွာအနီး တိမ်းမှောက်ခဲ့သည်။ ထိုယာဉ်တိမ်းမှောက်ရာတွင်လည်း ကားပေါ်ပါ ခရီးသည် ၄၃ ဦးအနက် နှစ်ဦးဒဏ်ရာရပြီး ကားစပယ်ယာ သေဆုံးသွားခဲ့သည်။

ယင်းယာဉ်တိမ်းမှောက်မှုများ အပါအ၀င် မေလတစ်လအတွင်း ချင်းပြည်နယ်တွင် ယာဉ်မတော်တဆမှု ခုနစ်ကြိမ်ဖြစ်ပွားခဲ့ကာ လူရှစ်ဦးအထိ သေဆုံးခဲ့ကြောင်း ချင်းပြည်နယ်ရဲတပ်ဖွဲ့ရုံးမှ ထုတ်ပြန်ထားသည်။

ချင်းပြည်နယ်အတွင်း ယာဉ်တိမ်းမှောက်မှုများ မကြာခဏဖြစ်ပွားနေခြင်းမှာ ယာဉ်မောင်းများ၏ ပေါ့ဆမှုများပါသလို ကားလမ်းဖောက်လုပ်ထားရာတွင်လည်း တောင်တန်းများ၏ မြေသားများကြောင့်လည်းဖြစ်ကြောင်း ချင်းတောင်တန်းပေါ်တွင် ဖြတ်သန်းမောင်းနှင်သည့် အတွေ့အကြုံရှိ ယာဉ်မောင်းများက ပြောကြားသည်။

‘‘ချင်းတောင်တန်းပေါ်မှာ ကားမောင်းရတာ တစ်ပေတောင် အမှားမခံဘူး။ နောက်ကို ပြန်မလိမ့်ခင် ဘရိတ်အုပ်ရင်ရတယ်။ နောက်ကို နည်းနည်းလောက် ပြန်လိမ့်ပြီဆိုရင်တော့ ဘယ်လိုမှ ထိန်းလို့မရတော့ဘူး။ ချောက်ထဲကျတာပဲ။ ကားတစ်စီးနဲ့တစ်စီး ရှောင်ရှင်လည်း ကားသမားက ၀ါရင့်မှ။ ယာဉ်အကူကလည်း မပျင်းမှ။ မဟုတ်ရင် မြေအငှားပေါ် ရပ်လိုက်မိတာနဲ့ တောင်အောက်ကို ပြုတ်ကျတော့တာ’’ဟု ချင်းတောင်တန်းပေါ်တွင် မောင်းနှင်သည့် ၀ါရင့်ယာဉ်မောင်း ဦးပူးမားမာန်ကပြောသည်။

ချင်းတောင်တန်းပေါ်တွင် ကားမောင်းတော့မည်ဆိုပါက ကားမောင်းတတ်ရုံမျှဖြင့် မလုံလောက်၊ လမ်းပိုင်းများကိုလည်း အလွတ်ရနေသင့်သည်ဟု ဦးပူးမားမာန်က အကြံပြုသည်။

ချင်းတောင်တန်းပေါ်တွင် တစ်နာရီမိုင် ၃၀ နှုန်းသည် ကားဒရိုင်ဘာများအတွက် အမြန်ဆုံးပင် ဖြစ်သည်။ ဖလမ်းနှင့် ဟားခါးအကြား လမ်းကောင်းသည်ဟုဆိုသော လမ်းပိုင်းတွင်ပင် အလွန်ဆုံး ကီလိုမီတာ ၅၀ အထိသာ မောင်းနှင်ကြရသည်ဟု ယာဉ်မောင်းများကပြောသည်။

‘‘မိုးတွင်းဆိုရင် တောင်တန်းတွေပေါ်မှာ လမ်းကို တစ်တောင်ကျော်ကျော်လောက်သာ မြင်ရတော့လောက်အောင် မှောင်မည်းနေတာတွေရှိတယ်။ အရင်တုန်းက ကောင်းနေပြီး မိုးရွာမှမထင်မှတ်ထားဘဲ မြေပြိုပြီး သွားလို့မရတာကိုမသိဘဲ မောင်းလို့ရတယ်ထင်ပြီး မောင်းတဲ့အခါ ကားမှောက်တာတွေလည်း တွေ့ရတယ်’’ဟု ဟားခါး-ကလေး ခရီးသည်တင်ယာဉ်မောင်း ကိုဘောင်းဘီက သူ့အတွေ့အကြုံကို ပြောပြသည်။

ချင်းပြည်နယ်အတွင်း သွားလာရေးအတွက်သုံးသော လမ်းပိုင်းများ ပျက်စီးနေသည်များကို ကောင်းမွန်အောင် ပြုပြင်ရန် ပြည်နယ်အစိုးရက ဘတ်ဂျက်အများဆုံးချကာ အသုံးပြုလျက်ရှိသည်။

ချင်းတောင်တန်းများသည် တစ်ခုနှင့်တစ်ခု ဆက်စပ်မနေခြင်း၊ တောင်တန်းများသည် သက်နုကျောက်များဖြင့် ဖွဲ့စည်းထားသဖြင့် မိုးတွင်းရောက်လျှင် မြေပြိုမှုများ အမြဲလိုကြုံတွေ့နေရပြီး တစ်နေရာတည်းကိုပင် သုံးကြိမ်အထိ ပြန်ပြုပြင်ရသည်များရှိသည်။

ထို့ကြောင့် အသစ်တည်ဆောက်ရသည်ထက် ထိုသို့ရာသီဥတုဒဏ်ကြောင့် ပျက်စီးခဲ့သောလမ်းပိုင်းများကို ပြန်လည်ပြုပြင်နေရခြင်းကြောင့်ပင် ဘတ်ဂျက်မလောက်ငမှုများ ကြုံတွေ့နေရသည်ဟု ချင်းပြည်နယ် ဆောက်လုပ်ရေးဝန်ကြီး ဦးငွန်ဆန်းအောင်က ပြောကြားသည်။

ချင်းတောင်တန်းများပေါ်တွင် ဖြစ်ပွားနေသော ယာဉ်တိမ်းမှောက်မှုများမှာ လမ်းအရည်အသွေး မကောင်းမှုကြောင့်လည်း ပါသလို ယာဉ်မောင်းများ၏ အားနည်းချက်ကြောင့်လည်း အသက်စတေးခဲ့ရသည့် နမူနာများစွာ ရှိခဲ့သည်။

‘‘ချင်းပြည်နယ်မှာဖြစ်တဲ့  ယာဉ်မတော်တဆမှုတွေကို လေ့လာမယ်ဆိုရင် ယာဉ်မောင်းတွေရဲ့ အားနည်းချက်တွေ အများကြီးတွေ့တယ်။ တောင်တန်းမှာ ကားမောင်းရတာ ပင်ပန်းတော့ သောက်စားပြီးမောင်းတာ။ အန္တရာယ်မရှိလောက်ဘူးဆိုပြီး ပေါ့ပေါ့ဆဆနဲ့ မောင်းတဲ့အခါမျိုးမှာ ဖြစ်တတ်လေ့ရှိတယ်’’ဟု ရဲအရာရှိကြီးတစ်ဦးက မှတ်ချက်ပြုသည်။

ချင်းပြည်နယ် ကားလမ်းမများထက်တွင် ခရီးသွားလာရခြင်းနှင့်ပတ်သက်ပြီး အသက်(၄၅)နှစ်အရွယ် ကိုပူးပါပွီက ‘‘ဒီလမ်းတွေပေါ်မှာ ခရီးသွားတော့မယ်ဆိုရင်  ကျွန်တော့်အသက်ကို ဘုရားသခင်ဆီမှာ အပ်နှံထားတယ်။ လူတွေအသက်ကို မကြာခဏရန်ရှာတတ်တဲ့ ဒီလမ်းမကြီးအကြောင်း တွေးမိရင် သိပ်စိတ်နာတယ်’’ဟု ပြောကြားသည်။

ချင်းတောင်တန်းက လမ်းမများထက် သွားလာရင်း မထင်မှတ်ထားသော အချိန်များတွင် မရွန်းနိုင်ပါးကဲ့သို့ ရင်နစ်သည်းချာများနှင့် ချစ်ရသောဆွေမျိုးများ ဆုံးရှုံးလိုက်ရသည့်အဖြစ်များ မနည်းတော့။

ချင်းပြည်နယ်သူ၊ နယ်သားများအတွက်မူ အန္တရာယ်များလှသော ချင်းတောင်တန်းပေါ်က လမ်းပိုင်းများတွင် လိုရာခရီးရောက်ရန် အသက်များကို ယာဉ်မောင်းများ လက်အပ်ကာ သွားလာနေကြရဦးမည်သာ ဖြစ်ပါသည်။

7day daily

ကျွန်မ . . . ကားစပယ်ယာ




ရန်ကုန် အင်းစိန်လမ်းပေါ်ရှိ လှည်းတန်းမှတ်တိုင်သို့ ထိုးဆိုက်လာသည့် ၄၈ အဲကွန်း အထူးဘတ်စ်ကားပေါ် ပြေးတက်သော ခရီးသည်အချို့ ကားခလိုက်လံကောက်ခံသည့် ယာဉ်နောက်လိုက်ကြောင့် တအံ့တသြ အထူးအဆန်း ဖြစ်နေကြပုံရသည်။ ကျောလယ်ခန့်ဆံပင်ကို စုစည်းချည်နှောင်ထားပြီး ခဲနှင့်အပြာရင့်ရောင် တွဲစပ်ထားသော ယာဉ်နောက်လိုက်ဝတ်စုံ ခပ်ပွပွကို ၀တ်ဆင်ထားသူမှာ အမျိုးသမီးတစ်ဦး ဖြစ်နေခြင်းကြောင့်ပင်။

သူမသည် ဗိုလ်တထောင်မှ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်သို့ ပြေးဆွဲသည့် ၄၈ အဲကွန်း အထူးယာဉ်လိုင်းမှ ခန့်အပ်ထားသော ပထမဆုံး အမျိုးသမီးယာဉ်နောက်လိုက်များထဲမှ ယာဉ်နောက်လိုက် မနီနီစိုးဖြစ်သည်။ ငါးပေခန့် အရပ်ကလေးနှင့်မလိုက် ပိန်သွယ်သွယ် ခန္ဓာကိုယ်ကလေးနှင့် ကားတစ်စီးလုံး ရှေ့နောက်ဝဲယာမကျန် လွန်းကလေးလို ပြေးလွှားလှုပ်ရှားနေသည်။

မနီနီစိုးက ယာဉ်နောက်လိုက်လုပ်သက် တစ်လခန့်သာရှိသေးသော်လည်း ယာဉ်စီးခငွေများကို ၀ါရင့်ယာဉ်နောက်လိုက်တစ်ဦးသဖွယ် လက်ခလယ်နှင့် လယ်ညှိုးကြားညှပ်၍ သိမ်းဆည်းထားသည်။ ယာဉ်မောင်းဒရိုင်ဘာထံ လမ်းကြောင်း ရှင်း၊ မရှင်း အဲကွန်းအေး၊ မအေး အနေအထားတွေကို သက်သောင့်သက်သာ သတင်းပို့နေပြီး သူ့ကို စူးစမ်းနေသော ခရီးသည်များ၏ မျက်လုံးများကို တုံ့ပြန်ပြုံးပြလိုက်သေးသည်။

‘‘ကားပေါ်စရောက်ရောက်ချင်း ဖြစ်ပါ့မလား စိုးရိမ်စိတ်ရှိတယ်။ ရှက်တယ်။ ယာဉ်နောက်လိုက် ယူနီဖောင်းဝတ်လိုက်တော့ စိတ်ထဲဘာမှမရှိတော့ဘူး။ ခရီးသည်တွေကတော့ ကိုယ့်ကိုတွေ့တော့ ဟာခနဲ၊ ဟင်ခနဲ ဖြစ်ကြတယ်။ အံ့သြကြတယ်။ ရယ်ပြကြတယ်’’ဟု မနီနီစိုးက ယာဉ်နောက်လိုက်ဘ၀ ကနဦးအတွေ့အကြုံများကို ပြောပြသည်။

စလုပ်စဉ်က အမျိုးသားယာဉ်နောက်လိုက်များကဲ့သို့ မပါးနပ်သည့်အတွက် ကားခပိုက်ဆံပိုငွေကို ချက်ချင်းပြန်မအမ်းနိုင်ခြင်း၊ ယာဉ်စီးခကို အသံကျယ်ကျယ်နှင့် အော်မတောင်းရဲခြင်း၊ ယာဉ်စီးခ တမင်မပေးသည့် ခရီးသည်များကို အတင်းမတောင်းရဲခြင်း၊ ခရီးသည်က စိတ်တိုင်းမကျ၍ ဟောက်ခြင်း၊ ယှဉ်ပြိုင်မောင်းလာသည့် နောက်ကား၊ ရှေ့ကားနံပါတ်များကို မမှတ်မိခြင်း၊ မှတ်တိုင်နာမည်များ အော်ဟစ်သတိပေးဖို့ နှုတ်မရဲခြင်းတို့ ကြုံတွေ့ရသည်။

‘‘ခရီးသည်ဦးလေးကြီးတစ်ယောက်ဆို သူ့ကို ငွေချက်ချင်းမအမ်းလို့ဆိုပြီး ညီမကို ဟောက်လိုက်တာ လန့်ဖျပ်သွားတယ်။ နားထင်နားရင်း ပူထူသွားတယ်။ ဒါပေမဲ့ အေးအေးဆေးဆေး ပြန်ပြောပြပါတယ်။ မအမ်းသေးဘူးဆိုတာ ဦးလေးက အခုမဆင်းသေးလို့ မပေးသေးတာပါ၊ စိတ်မဆိုးပါနဲ့လို့ပဲ ပြောရဲတယ်။ ကျန်တာတော့ မပြောရဲဘူး။ ကြောက်တယ်’’ ဟု ယင်းအဖြစ်အပျက်ကိုပြောနေစဉ် ပြန်လည်သတိရသည့်အတွက် မနီနီစိုး မျက်ရည်များ ရစ်ဝဲလာသည်။

မိသားစုခုနစ်ယောက်အနက် အငယ်ဆုံးသမီး မနီနီစိုးက ဆယ်တန်းအထိ ပညာသင်ပြီးနောက် ဇာထိုးပန်းထိုးအလုပ်ဖြင့် ဘ၀ရပ်တည်ရာကနေ ရပ်ကွက်ထဲက လိုင်းကားယာဉ်မောင်းမိတ်ဆွေ၏ ကူညီမှုဖြင့် ၄၈ ယာဉ်နောက်လိုက်ဖြစ်လာခဲ့သူ ဖြစ်သည်။

‘‘သူများနိုင်ငံမှာ အမျိုးသမီးယာဉ်နောက်လိုက်တွေရှိတယ်။ မြန်မာပြည်က ဒီလိုလုပ်မယ်ဆိုတော့ စိတ်ဝင်စားတယ်။ အလုပ်သွားလျှောက်တော့ ဂိတ်က ယောက်ျားတွေတောင် အံ့သြတယ်။ ကျွန်မတို့ကလည်း ဖြစ်အောင်လုပ်မယ်ဆိုပြီး ယာဉ်ပိုင်ရှင်ကိုပြောတယ်။ ဒီနေ့လျှောက် မနက်ဖြန် ကားပေါ်စတက်တာပဲ’’ဟု မနီနီစိုးကဆိုသည်။

ယောက်ျားသားများသာ လုပ်နိုင်သောအလုပ်ဟု အလိုအလျောက် နားလည်ထားကြသော ကာယခွန်အားဦးစားပေး ယာဉ်နောက်လိုက် (စပယ်ယာ)အလုပ်မှာ ရုတ်တရက်ဆိုလျှင် အမျိုးသမီးများနှင့် မအပ်စပ်သယောင်ပင်။ သို့သော် မနီနီစိုး အပါအ၀င် အမျိုးသမီး ၂၀ ဦးမှာ ၄၈ အဲကွန်းအထူးယာဉ်တွင် ယာဉ်နောက်လိုက်အဖြစ် တာဝန်ထမ်းဆောင်နေကြပြီ ဖြစ်သည်။ မနီနီစိုးတို့ကို တွေ့ဆုံအားကျ၍ အလုပ်လာလျှောက်သူ အမျိုးသမီးများ၏ လျှောက်လွှာများကို နေ့စဉ်လက်ခံနေရကြောင်း ၎င်းတို့၏ယာဉ်ပိုင်ရှင် ကိုတရုတ်လေးက ပြောသည်။

‘‘ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေးမှာ ၀န်ဆောင်မှုကောင်းကောင်းပေးနိုင်တဲ့ ယာဉ်လိုင်းမရှိတော့ အဲကွန်းဖွင့်တဲ့ယာဉ်လိုင်းလုပ်ဖို့ စိတ်ကူးတယ်။ အဲဒီမှာ ခရီးသွားမိဘပြည်သူကို ချိုချိုသာသာ ပြောဆိုဆက်ဆံဖို့ ယာဉ်လုပ်သားလိုလာတယ်။ ဒါမျိုးက အမျိုးသမီးတွေနဲ့ပဲ သင့်တော်တယ်။ သူတို့အတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းပေါ်လာမယ်။ ဒါကြောင့် စပြီးခန့်ဖြစ်တာပါ’’ဟု ကိုတရုတ်လေးက ပြောသည်။

အမျိုးသမီးယာဉ်နောက်လိုက်များကြောင့် ၀န်ဆောင်မှုပိုင်းတွင် သိသိသာသာ ချီးကျူးခံရပြီး ခရီးသည်များ စိတ်ကျေနပ်မှုရှိကြောင်း တုံ့ပြန်မှုများ ပြန်ကြားရသည့်အတွက် ၎င်းတို့ကို အလုပ်ခန့်ရတာ ထိုက်တန်သည်ဟု ကိုတရုတ်လေးကဆိုသည်။

မြန်မာနိုင်ငံ၏ လက်ရှိအနေအထားမှာ ဘွဲ့ရပညာတတ်များပင် အလုပ်တစ်နေရာရဖို့ ရုန်းကန်ကြိုးစားရသည်။ အထူးသဖြင့် ပညာရေးအခြေခံအားနည်းသော အမျိုးသမီးများဆိုလျှင် တစ်နေ့လုပ်ခလစာ နှစ်ထောင်ခန့်ရဖို့ ရုန်းကန်နေရသည်။ ထို့ကြောင့် စားပြီးသောက်ပြီး စရိတ်ငြိမ်း တစ်နေ့ အနည်းဆုံး ၀င်ငွေငါးထောင်ခန့် ရရှိသည့် ယာဉ်နောက်လိုက်အလုပ်မှာ အမျိုးသမီးများအတွက် အလုပ်အကိုင်အခွင့်အလမ်းတစ်ခုအဖြစ် ပေါ်ထွက်လာသည်။

နဂိုပန်းထိုးသည့်အလုပ်ထက် ၀င်ငွေနှစ်ဆပိုရသောကြောင့် ယာဉ်နောက်လိုက်လုပ်ဖြစ်ခဲ့ကြောင်း မနီနီစိုးက ပွင့်ပွင့်လင်းလင်း ပြောသည်။

‘‘တော်ရုံတန်ရုံ ကျန်းမာရေးကောင်းတယ်၊ ခံနိုင်ရည်ရှိတယ်ဆိုရင် ဒီအလုပ်က အထည်ချုပ်ထက်စာရင် စရိတ်ငြိမ်းဖြစ်တော့ လုပ်စေချင်တယ်။ တစ်လ၀င်ငွေ တစ်သိန်းခွဲတော့ကျော်တယ်။ အရင်ပန်းထိုးတဲ့ အလုပ်ထက်လည်း နှစ်ဆလောက် ၀င်ငွေပိုရတယ်’’ဟု မနီနီစိုးက တွက်ချက်ရှင်းပြသည်။

မြန်မာ့ယဉ်ကျေးမှုနှင့် လူမှုဓလေ့အရ အမျိုးသမီးများ ယာဉ်နောက်လိုက်လုပ်ခြင်းအပေါ် မျက်လုံးစိမ်းဖြင့် ကြည့်ကောင်းကြည့်သူများ ရှိနိုင်သော်လည်း ရေရှည်တွင် ခရီးသွားပြည်သူများ၏ အဆင်ပြေလုံခြုံမှု၊ သက်သောင့်သက်သာဖြစ်မှုတို့ကြောင့် အမျိုးသမီးယာဉ်နောက်လိုက်များကို ဈေးကွက်အရ တောင်းဆိုမှုများပင် ရှိလာနိုင်ကြောင်း အမျိုးသမီးအရေးလှုပ်ရှားသူ မခင်လေးကပြောသည်။

‘‘အမျိုးသမီးတွေကို အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်တဲ့အတွက် အစ်မတို့ကတော့ ကြိုဆိုတယ်။ အမျိုးသမီးတွေဟာ ပင်ကိုစိတ်က အေးချမ်းပြီး ပြဿနာမဖြစ်ချင်တဲ့သူတွေ ဖြစ်တဲ့အတွက် ယာဉ်တိုက်မှုတို့ ကားပြိုင်မောင်းတာတို့လို ပြဿနာတွေလည်း မရှိနိုင်ဘူး။ ခရီးသည်တွေကိုလည်း ကာယိနြေ္ဒပျက်အောင် ကားပေါ်အတင်းဆွဲတင် ဆွဲချတာမျိုး အမျိုးသားတွေလို မလုပ်ကြတဲ့အတွက် ဈေးကွက်ကတောင် သူတို့ကို တောင်းဆိုလာလိမ့်မယ်’’ဟု ၎င်းကပြောသည်။

မနက် ၄ နာရီထိုးသည်နှင့် အိမ်နှင့် သုံးမှတ်တိုင်ရှိ ယာဉ်လိုင်းပိုင်ရှင်အိမ်ထံ ဘ၀တူယာဉ်နောက်လိုက် အမျိုးသမီးတစ်စုနှင့်အတူ မနီနီစိုးတို့ သွားကြသည်။ ၄၈ ဂိတ်ရောက်လျှင် မိမိတို့ကားက ရထားသည့် ဘုံပိုက်ဆံဖြင့် နံနက်စာ ၀၀လင်လင် စားသောက်ကြသည်။ ထို့နောက် ဗိုလ်တထောင်ဂိတ်ရောက်သည်နှင့် တန်းစီ၊ ရှေ့ကားမရှိလျှင် ချက်ချင်းပြန်ထွက်၊ နေ့လယ်ထမင်းစားချိန်တွင် ရှေ့ကားမထွက်ခင် ထမင်းအသည်းအသန်စား။ တစ်နေ့ မြို့ထဲအတက်လေးကြောင်း ပြည့်အောင်ဆွဲ။ ည ၁၀ နာရီတွင်တော့ ယာဉ်မောင်းနှင်သူ အပါအ၀င် ယာဉ်နောက်လိုက်နှစ်ဦးတို့က ၀င်ငွေခွဲဝေပြီးသည်နှင့် အလုပ်စခန်းသိမ်းကြောင်း မနီနီစိုးက တစ်နေ့တာလှုပ်ရှားမှုကို ပြောပြသည်။

၁၉၆၀ ပြည့်နှစ်မတိုင်မီ ၀န်ကြီးချုပ်ဦးနုလက်ထက်က တိရစ္ဆာန်အရုပ်အမည်များဖြင့် မြို့တွင်းပြေးဆွဲသည့် ဘတ်စ်ကားများတွင်  အမျိုးသမီးလက်မှတ်ရောင်းများကို ခန့်ထားခဲ့ဖူးသည်။ သို့သော် ယင်းဘတ်စ်ကားကြီးများမှာ အမျိုးသား၊ အမျိုးသမီးများကို သံဆန်ခါဖြင့် ကာရံခွဲခြားထားပြီး လက်မှတ်ရောင်းမှာ ကျား၊ မ သီးသန့်ဖြစ်သည်။ ယခု ၄၈ ယာဉ်လိုင်းတွင်တော့ ကျား၊ မ ခွဲခြားမှုမရှိဘဲ တစ်တန်းတည်း ၀န်ဆောင်မှုပေးရခြင်းဖြစ်သည့်အတွက် ပထမဆုံး အမျိုးသမီးယာဉ်နောက်လိုက်ဟုပင် ဆိုရမည်။

ခရီးသည်ယောက်ျားလေးအများစုကလည်း မနီနီစိုးတို့ကို ညီအစ်ကိုမောင်နှမသဖွယ် ပျော်စေပြက်စေ စနောက်မှုသာရှိပြီး ကာယိနြေ္ဒပျက်ယွင်းလောက်အောင် နှောင့်ယှက်မှုများ မပြုကြပေ။

‘‘ယောက်ျားလေး အုပ်စုလိုက်တက်လာရင် ကျွန်မတို့ကို ကြည့်ပြီးစကြတယ်။ အစ်မရေ ကျွန်တော့်အစ်မတွေလည်း စပယ်ယာလုပ်ချင်တယ် ပြောပေးပါတို့။ အစ်မတို့ကို လေးစားတယ်တို့။ ငါတို့နိုင်ငံလည်း နိုင်ငံတကာအဆင့်မီဖြစ်သွားပြီတို့ အဲဒီလို မကြားတကြားရော သိသိသာသာရော စကြတယ်။ အရမ်းဆိုးဆိုးဝါးဝါးတော့ မရှိကြဘူး’’

ဘယ်သူမှားမှား ကိုယ့်အမှား။ ခရီးသည်နှင့် အဆင်ပြေအောင် သည်းခံရမည်ဟု သူဌေးမှာကြားချက်အတိုင်း လိုက်နာသည်။ ကားဆွဲကောင်းရင် ကောင်းသလို ကျပ်ငါးထောင်မှ ရှစ်ထောင်၊ ကိုးထောင်အထိရသော အလုပ်ကို သူမစွန့်လွှတ်နိုင်။ သို့သော် နံနက် ၄ နာရီကနေ ည ၁၀ နာရီအထိ နေ့စဉ်လှုပ်ရှားရသော ဒီအလုပ်ကို ဘယ်အထိ ဆက်လုပ်နိုင်မလဲဆိုတာတော့ သူသေချာမပြောနိုင်သေး။

‘‘အိမ်ကလည်း ဘယ်လောက်ထိ လုပ်နိုင်မလဲကြည့်မယ်တဲ့။ ကျွန်မကတော့ ပညာယူချင်သေးတယ်။ ကားလည်း ကိုယ်တိုင်မောင်းချင်တယ်။ အမျိုးသမီးမော်တော်ပီကယ်တွေ၊ ရဲမေတွေဆို အားကျတယ်။ အခုကားလိုက်တော့ သူငယ်ချင်းတွေနဲ့ ပြန်တွေ့တယ်။ သူတို့က ကျွန်မကိုလေးစားတယ်။ ဂုဏ်ယူတယ်။ လုပ်ရဲတယ်နော်’’တဲ့။

ယာဉ်နောက်လိုက်အလုပ်ကြောင့် မနီနီစိုးတွင် အလုပ်အကိုင်အဆက်အသွယ်များ ပိုမိုရရှိလာသည်။ ဘုရားဖူးယာဉ်လိုင်းများ၊ အဝေးပြေးယာဉ်လိုင်းများက ၎င်းတို့ထံတွင် ယာဉ်အကူမယ်လာလုပ်ဖို့ ကမ်းလှမ်းကြသည်။ မနီနီစိုးကတော့ ယာဉ်နောက်လိုက်ဘ၀တွင် အတွေ့အကြုံများစွာ ယူလိုသေးသည်။

အနာဂတ်အတွက် သူ့မျှော်မှန်းချက်ကလည်း သိပ်များများစားစားတော့ မဟုတ်ပါ။ ကားလုပ်ငန်းနှင့် နီးစပ်သည့် ဘ၀တိုးတက်ရေးကို သူကရှာဖွေပြီးသားဖြစ်သည်။

‘‘လမ်းကြောင်းတွေကို ကျွမ်းကျင်တဲ့ အမျိုးသမီးတက္ကစီယာဉ်မောင်း လုပ်ချင်တယ်။ ယာဉ်ပိုင်ရှင်ကလည်း ကားမောင်းသင်ပေးမယ် ပြောတယ်။ အခုလည်း ကားကြီးကို စက်တွေနှိုးတတ်ပြီ။ ကားအကြောင်းလည်း နည်းနည်းပါးပါးသိနေပြီ’’

7day daily