ဆယ်နှစ်ကျော်အကျဉ်းကျနေသော ရုရှားရေနံလုပ်ငန်းရှင်ဟောင်း ခိုဒေါကော့စကီး ဂျာမနီနိုင်ငံသို့ရောက်ရှိလာ


ဒီဇင်ဘာ ၂၀ ရက်က ဘာလင်ရှိုးနီဖယ်လ်လေဆိပ်သို့ရောက်ရှိလာသော မီခေးလ်ခိုဒေါကော့စကီး(ဝဲ)နှင့် ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဟောင်း ဟန်းစ်ဒိုင်ထရစ်တို့ နှုတ်ဆက်နေစဉ် KHODORKOVSKY RU/AFP
ရုရှားသမ္မတဗလာဒီမာပူတင်၏ မမျှော်လင့်သော လွတ်ငြိမ်းချမ်းသာခွင့်ရရှိပြီး နာရီပိုင်းအကြာမှာပင် အကျဉ်းထောင်အတွင်း ဆယ်နှစ်ကျော်နေခဲ့ရသော ရုရှားနိုင်ငံ၏ အကျော်ကြားဆုံး အကျဉ်းသားနှင့် ကရင်မလင်ဝေဖန်ရေးသမား ခိုဒေါကော့စကီးသည် ဂျာမနီနိုင်ငံသို့ ရောက်ရှိလာသည်။
ဂျာမနီအစိုးရနှင့် ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဟောင်းဟန်းစ်ဒိုင်ထရစ်တို့ကြားဝင်၍ ကန့်လန့်ကာနောက်ကွယ်မှစီစဉ်ခဲ့ပြီးနောက် ရေနံသူဌေးဟောင်းလည်းဖြစ်သူ ခိုဒေါကော့စကီးကို ရုရှားအနောက်မြောက်ပိုင်း အကျဉ်းထောင်မှ အစောင့်အရှောက်များဖြင့်လွှတ်ပေးခဲ့သည်။ ယင်းနောက်တွင် ခိုဒေါကော့စကီးသည်လေယာဉ်တစ်စီးပေါ်သို့တက်ကာ ဘာလင်မြို့ ရှိုးနီဖယ်လ်လေဆိပ်သို့ ဆိုက်ရောက်လာခဲ့သည်။ ကင်ဆာရောဂါခံစားနေရသော ၎င်းင်း၏မိခင်မာရီနာ(၇၉)နှစ်သည် လောလောဆယ်တွင် ရုရှားနိုင်ငံ၌ရှိနေသော်လည်း ဆေးကုသမှုခံယူရန် ဂျာမနီနိုင်ငံသို့ ထွက်ခွာလာမည်ဖြစ်သည်။
အကျဉ်းထောင်မှလွတ်မြောက်ပြီး ပထမဆုံးမှတ်ချက်ပေးရာတွင် တစ်ချိန်ကရုရှားနိုင်ငံ၏ အချမ်းသာဆုံးဖြစ်ခဲ့သူ ခိုဒေါကော့စကီးက လွတ်ငြိမ်းချမ်းသာခွင့်တောင်းခံခြင်းမှာ အပြစ်ကိုဝန်ခံ သည့်သဘောမဟုတ်ကြောင်း ပြောကြားသည်။ ၁၉၇၄ မှ ၁၉၉၂ ခုနှစ်အထိ ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဖြစ်ခဲ့သူ မာန်းစ်ဒိုင်ထရစ်ကိုကျေးဇူးတင်ကြောင်းလည်း ၎င်းကပြောသည်။ လွတ်ငြိမ်းချမ်းသာခွင့်အတွက် ပူတင်ထံသို့ နိုဝင်ဘာ ၁၂ ရက်တွင် တောင်းဆိုမှုလုပ်ခဲ့ကြောင်း ၎င်းကပြောကြားသည်။ သို့သော်ဒီဇင်ဘာ ၁၉ ရက်တွင်၎င်းအား ပူတင်၏လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် စီစဉ်ထားသော ကြေညာချက်ကို ၎င်း၏ရှေ့နေအဖွဲ့ပင်မသိရှိခဲ့ပေ။ ခိုဒေါကော့စကီးက မိခင်နာမကျန်းဖြစ်နေ၍ ညှာတာထောက်ထားမှုရှိရန် တောင်းဆိုခဲ့ကြောင်း ပူတင်ကကြေညာခဲ့သဖြင့် ရုရှားပြည်သူပြည်သားများကို အံ့အားသင့်စေခဲ့သည်။
—Ref: AFP
7 Day Daily

ထောက်လှမ်းရေးအစီအစဉ်များပြန်လည်သုံးသပ်မည်ဟု အိုဘားမားအရိပ်အမြွက်ပြောကြား


ဒီဇင်ဘာ ၂၀ ရက်က အိမ်ဖြူတော်တွင်ပြုလုပ်သော နှစ်ကုန်ဆုံးချိန်သတင်းစာရှင်းလင်းပွဲ၌ အကြောင်းအရာတစ်ခုကို အလေးအနက်ပြောကြားနေသော သမ္မတအိုဘားမား Larry Downing/reuters
လျှို့ဝှက်ထောက်လှမ်းခဲ့ကြောင်း ထုတ်ဖော်ပြောကြားမှုအများအပြားရှိခဲ့ပြီးနောက် အမေရိကန်အမျိုးသားလုံခြုံရေး အေဂျင်စီ ( NSA )၏ ထောက်လှမ်းရေးအစီအစဉ်များကို ပြန်လည် သုံးသပ်ကောင်းသုံးသပ်သွားမည်ဟု ကန်သမ္မတဘားရက်အိုဘားမားကပြောသည်။
လျှို့ဝှက်သတင်းများဖွင့်ချမှုအများအပြားရှိခဲ့သောကြောင့် ယင်းထောက်လှမ်းရေးအစီအစဉ်များနှင့်ပတ်သက်၍ အများပြည်သူစိုးရိမ်နေကြပြီး ယင်းအစီအစဉ်ကိုဆောင်ရွက်ရန်အခြားသော နည်းလမ်းတစ်လမ်းရှိနိုင်သည်ဟု ၎င်းကပြောသည်။ သို့သော် NSA ၀န်ထမ်းဟောင်း အက်ဒ၀ပ်စနိုးဒန်သည် လျှို့ဝှက်သတင်းအချက်အလက်များကို ဖွင့်ချခြင်းဖြင့် မလိုလားအပ်သော ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့သည်ဟု အိုဘားမားကပြောသည်။ စနိုးဒန်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်၊ မပေးနိုင်ဆိုသည်ကိုမူ ၎င်းကပြောကြားခဲ့ ခြင်းမရှိပေ။
စနိုးဒန်သည်မြောက်မြားစွာသော လျှို့ဝှက်အချက်အလက်များကို ၎င်းနှင့်အတူယူဆောင်ကာ အမေရိကန်နိုင်ငံမှ ပြီးခဲ့သည့်မေလအတွင်း ထွက်ပြေးသွားခဲ့သည်။ ၎င်းသည်အမေရိကန်နိုင်ငံတွင်း၌ သူလျှိုလုပ်မှုဖြင့် စွဲချက်ရင်ဆိုင်နေရပြီး ရုရှားနိုင်ငံတွင် ယာယီနိုင်ငံရေးခိုလှုံခွင့်ဖြင့် လက်ရှိနေထိုင်နေသည်။
အိမ်ဖြူတော်တွင်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခုအပြီး အိုဘားမားကယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ဖုန်းခေါ်ဆိုမှု အချက်အလက်ပေါင်း မြောက်မြားစွာစုဆောင်းခြင်းမှာ
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီကြောင်း ဖက်ဒရယ်တရားသူကြီးတစ်ဦးက ပြောကြားပြီးပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန် သမ္မတ၏အကြံပေးအဖွဲ့က အဆိုပြုထားသည်။ ယင်းစောင့်ကြည့်ထောက် လှမ်းခြင်းများက အကြမ်းဖက်တိုက်ခိုက်ရန် ကြံစည်မှုများကို တားဆီးနိုင်ခဲ့သည်ဆိုသော အထောက်အထား အနည်းငယ်သာတွေ့ခဲ့ရကြောင်း ယင်းတရားသူကြီးနှင့် အကြံပေးအဖွဲ့နှစ်ဖက်လုံးကပြောသည်။အိမ်ဖြူတော်အဖွဲ့၏တင်ပြချက်များနှင့် ပတ်သက်၍လာမည့်ဇန်န၀ါရီလအတွင်း တိကျသောကြေညာချက်တစ်ရပ် ထုတ်ပြန်သွားမည်ဟုအိုဘားမားကပြောသည်။
—Ref: BBC
7 Day Daily

မသန်စွမ်းအားကစားပြိုင်ပွဲ လက်မှတ်များ ပြိုင်ပွဲမစမီ သုံးရက်အလိုတွင် ရောင်းချမည်


မသန်စွမ်းအားကစားပြိုင်ပွဲတွင် ဆီးဂိမ်းဖွင့်ပွဲ၊ ပိတ်ပွဲကဲ့သို့ တင်ဆက်မှုအချို့ ပါဝင်မည် ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
(၇)ကြိမ်မြောက် အရှေ့တောင်အာရှ မသန်စွမ်းအားကစားပြိုင်ပွဲ၏ ဖွင့်ပွဲလက်မှတ်များကို ဇန်န၀ါရီ ၁၁ ရက်တွင် စတင်ရောင်းချပေးမည်ဖြစ်ပြီး အထူးတန်း ကျပ် ၅၀၀၀ နှင့် ရိုးရိုးတန်း ကျပ် ၃၀၀၀ သတ်မှတ်ထားကြောင်း သတင်းရရှိသည်။

၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁၄ ရက်တွင် ကျင်းပမည့် အရှေ့တောင်အာရှ မသန်စွမ်းအားကစားပြိုင်ပွဲအခမ်းအနားကို နေပြည်တော် ၀ဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး လာရောက်ကြည့်ရှုမည့် ပရိသတ်များအတွက် လက်မှတ်အစောင်ရေ ရှစ်ထောင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
““အထူးတန်းထိုင်ခုံ လေးထောင်နဲ့ ရိုးရိုးတန်းလေးထောင်အတွက် လက်မှတ်ကို ၀ဏ္ဏသိဒ္ဓိအားကစားရုံတွေမှာ ရောင်းပေးသွားမှာပါ””ဟု မြန်မာနိုင်ငံမသန်စွမ်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးအောင်မြင်ထွန်းက ပြောသည်။
မသန်စွမ်းအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဆီးဂိမ်းနည်းတူ ကမ္ဘာ့အဆင့်မီဖွင့်ပွဲအဖြစ် ကျင်းပနိုင်ရန်အတွက် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ဆီးဂိမ်းဖွင့်ပွဲ၊ ပိတ်ပွဲတွင် ပါဝင်ကပြခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအနက် နှစ်ထောင်ကျော်ကို မသန်စွမ်းအားကစားပြိုင်ပွဲ၊ ဖွင့်ပွဲ၊ ပိတ်ပွဲများတွင် ပါဝင်ကပြစေမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
““ဆီးဂိမ်းဖွင့်ပွဲ၊ ပိတ်ပွဲမှာ ကပြခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူ နှစ်ထောင်ကျော်ကို မသန်စွမ်းအားကစားဖွင့်ပွဲမှာ ပါဝင်ကပြစေမှာပါ။ မသန်စွမ်းတွေလည်း ဖွင့်ပွဲ၊ ပိတ်ပွဲမှာ ပါဝင်ကပြနိုင်စေဖို့ လေ့ကျင့်ပေးထားပါတယ်””ဟု ဦးအောင်မြင်ထွန်းက ဆက်ပြောသည်။
မသန်စွမ်းအားကစားပြိုင်ပွဲ ဖွင့်ပွဲ၊ ပိတ်ပွဲကို နေပြည်တော်ရှိ ပရိသတ်သုံးသောင်းဆံ့ ၀ဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအနှံ့အပြားရှိ မသန်စွမ်းအားကစားအဖွဲ့ ၁၂ ဖွဲ့ အတွက် လက်မှတ်အစောင်ရေ ၉၆၀ ခန့် ချန်ထားပေးထားကြောင်း၊ ပြိုင်ပွဲနှင့် ဖွင့်ပွဲ၊ ပိတ်ပွဲများ လာရောက်ကြည့်ရှုနိုင်ရန် သယ်ယူပို့ဆောင်ရေးကို ၀န်ကြီးဌာနက စီစဉ်ပေးထားကြောင်း သတင်းရရှိသည်။
အဆိုပါ မသန်စွမ်းအားကစားပြိုင်ပွဲ၊ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁၄ ရက် တွင် ကျင်းပသွားမည်ဖြစ်ပြီး ပိတ်ပွဲကို ဇန်န၀ါရီ ၂၀ ရက်တွင် ပြုလုပ်သွားမည်ဖြစ်သည်။ မသန်စွမ်းအားကစားပြိုင်ပွဲတွင် ကစားနည်း ၁၂ မျိုး ပါဝင်မည်ဖြစ်ပြီး အိမ်ရှင် မြန်မာနှင့် ထိုင်းနိုင်ငံတို့သာ ပြိုင်ပွဲအမျိုးအစားအားလုံး ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
7 Day Daily

ကစားသမားဘ၀မှ အနားယူခဲ့သည့် အောင်ကျော်မိုး နည်းပြဆက်လုပ်မည်


ပွဲစဉ်တစ်ခုတွင် အောင်ကျော်မိုး နံပါတ် (၁၉) ကို တွေ့ရစဉ် ဓာတ်ပုံ - Yadanarbon FC
ရတနာပုံအသင်းနှင့်အတူ အောင်မြင်မှုများ ရယူပေးခဲ့သည့် ဘောလုံးသမား အောင်ကျော်မိုးသည် ကစားသမားဘ၀မှ အနားယူပြီးနောက် နည်းပြဆရာအဖြစ် ကူးပြောင်းရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။

““ရတနာပုံအသင်းနဲ့လည်း စာချုပ်သက်တမ်း ပြည့်သွားပါပြီ။ ကျွန်တော့်အသက်လည်း ၃၅ နှစ် ရှိနေပါပြီ။ ဒါကြောင့် ကစားသမားဘ၀က အနားယူပါတော့မယ်။ ဒါပေမဲ့ ငယ်ငယ်ကတည်းက ဘောလုံးနဲ့ပဲ ကျင်လည်ခဲ့တာဆိုတော့ နည်းပြဘ၀နဲ့ ဘောလုံးလောကမှာ ဆက်လက်ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပါတယ်””ဟု ၂၀၀၉ မြန်မာလိဂ် စတင်ချိန်မှ ရတနာပုံအသင်းတစ်သင်းတည်းတွင်သာ ကစားခဲ့သည့် အောင်ကျော်မိုးကပြောသည်။
လက်ရှိတွင် စီလိုင်စင်နည်းပြလက်မှတ်ရရှိထားသူ အောင်ကျော်မိုးက ဘောလုံးအသင်းကို စိတ်ဝင်စားမှုရှိကြောင်း၊ နည်းပြသင်တန်းများကိုလည်း ထပ်မံတက်ရောက်သွားမည်ဖြစ်ပြီး နည်းပြဘ၀၌လည်း ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောသည်။
ရတနာပုံအသင်း၏ အသင်းခေါင်းဆောင်လည်း ဖြစ်ခဲ့သူ ကွင်းလယ်ကစားသမား အောင်ကျော်မိုးသည် ကစားသမားဘ၀တွင် ရတနာပုံအသင်းနှင့်အတူ မြန်မာလိဂ်အမှတ်ပေးချန်ပီယံဆု နှစ်ကြိမ်၊ မြန်မာလိဂ်ဖလားချန်ပီယံဆု တစ်ကြိမ်၊ AFC President's Cup ချန်ပီယံဆု တစ်ကြိမ် ရရှိခဲ့ပြီး ၂၀၁၀ ပြည့်နှစ်အတွက် မြန်မာလိဂ်အကောင်းဆုံး ဘောလုံးသမားဆုကိုလည်း ရရှိခဲ့သူဖြစ်သည်။
““ရတနာပုံအသင်းနဲ့က အမှတ်တရတွေအများကြီးပါပဲ။ အမှတ်တရတစ်ခုကိုပြောပြရရင် မုံရွာကွင်းမှာသွားကစားရတဲ့ ၂၀၁၀ မြန်မာလိဂ်ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်ဖြစ်ပါတယ်။ ရတနာပုံအသင်းအနေနဲ့ သရေကျလို့မရတဲ့အခြေအနေမှာ အဝေးကွင်းမှာ ဇေယျာရွှေမြေအသင်းကို အနိုင်ကန်ပြီး ချန်ပီယံဆုရယူနိုင်ခဲ့တဲ့ပွဲစဉ်ပါ””ဟု ရတနာပုံအသင်းနှင့် ပတ်သက်သည့် အမှတ်တရများထဲမှ တစ်ခုကို အောင်ကျော်မိုးက ပြောပြသည်။
အောင်ကျော်မိုးသည် ၁၉၉၇ ခုနှစ်၊ အင်ဒိုနီးရှားဆီးဂိမ်းတွင် လက်ရွေးစင်အသင်းနှင့်အတူ နိုင်ငံတကာပြိုင်ပွဲသို့ စတင်ဝင်ရောက်ကစားခဲ့ပြီး ၄င်း၏ လက်ရွေးစင်ကစားသမားဘ၀ဖြင့် နိုင်ငံတကာနောက်ဆုံးပွဲစဉ်မှာ ၂၀၁၀ ဆူဇူကီးဖလားပြိုင်ပွဲ ဖြစ်သည်။
““လက်ရွေးစင်ဘောလုံးသမားဘ၀နဲ့ ရွှေတံဆိပ်တစ်ခုပဲ ရဖူးပါတယ်။ ၂၀၀၆ ခုနှစ် မာဒေးကားဖလားပြိုင်ပွဲဖြစ်ပါတယ်။ အဲဒီအချိန်ကတော့ ကစားသမားဘ၀မှာ အပျော်ရွှင်ဆုံးအချိန်ဖြစ်ခဲ့ပါတယ်””ဟု လက်ရွေးစင်ဘောလုံးသမားဘ၀တွင်လည်း နာမည်ကောင်းရခဲ့သူ အောင်ကျော်မိုးက ပြောသည်။
7 Day Daily

အစိုးရအားမကိုးဘဲတွက်ခြေကိုက်အောင် ငါးမွေးမြူရန် ငါးလုပ်ငန်းအဖွဲ့ချုပ်တိုက်တွန်း

ငါးမွေးမြူရေးလုပ်ငန်းရှင်များ ကြုံတွေ့နေရသော အခက်အခဲများကို နိုင်ငံတော်က ပံ့ပိုးကူညီမှုများ လုပ်ဆောင်မပေးသောကြောင့် ငါးမွေးသူများအနေဖြင့် မိမိတို့ဘာသာ တွက်ခြေကိုက်အောင် မွေးမြူထုတ် လုပ်ကြရန် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တိုက်တွန်းထားကြောင်း သတင်းရရှိသည်။

ငါးမွေးသူများမှာ မွေးမြူထုတ်လုပ်ရောင်းချသော အဆင့်တိုင်းတွင် အခက်အခဲမျိုးစုံ ကြုံတွေ့နေရသဖြင့် ကူညီဖြေရှင်းပေးရန် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန လက်အောက်ရှိ ငါးလုပ်ငန်းဦးစီးဌာနသို့ အကြိမ်ကြိမ် တင်ပြခဲ့သော်လည်း ယနေ့တိုင် ပံ့ပိုးကူညီမှု မရရှိကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးနှင်းဦးက ပြောသည်။

““ကျွန်တော်တို့တွေက တင်ပြတဲ့အဆင့်ပဲ ရှိတယ်။ တင်ပြပြီးရင်လည်း ရနိုးနိုးနဲ့ မျှော်လင့်နေမိတယ်။ အခုဟာက ငါးလုပ်ငန်းဦးစီးဌာနဆိုရင် ငါးလုပ်ငန်းဆိုင်ရာတွေကို ဘာတစ်ခုမှ မပံ့ပိုးပေးနိုင်ဘူး။ ဒါကြောင့် ဒီနေ့ကစပြီး စီးပွားရေးဦးတည်ချက် ပြောင်းတော့မယ်။ နိုင်ငံတော်က အကူအညီတောင်းနေတာထက် ကိုယ့်ဘာသာ တွက်ခြေကိုက်အောင်လုပ်ဖို့ပဲ လိုတယ်။ အချင်းချင်းတော့ ညီညွတ်ကြဖို့လိုတယ်”” ဟု ဦးနှင်းဦးက ပြောသည်။

နိုင်ငံတော်မှ အကူအညီအပြင် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ကမ္ဘာဘဏ် စသည့် နိုင်ငံတကာ အဖွဲ့အစည်းအသီးသီးထံမှ အကူအညီရနိုးဖြင့် မျှော်လင့်ရင်း မွေးမြူရေးလုပ်ငန်းရှင်များ ဘ၀ပျက်ကိန်းဆိုက်နေကြောင်း မြန်မာနိုင်ငံ ငါးမွေးမြူရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသန်းလွင်ကလည်း ပြောသည်။

““ကျွန်တော်တို့တွေ ငါးထွက်ကုန်တိုးအောင် ကြိုးစားလုပ်ကိုင်နေရင်းက အကြွေးတွေပိနေပြီး ငါးမွေးမြူရေးလုပ်ငန်းရှင်တွေ လုပ်ငန်း ဆက်လက်ရပ်တည်နိုင်အောင်၊ ဦးမကျိုးသွားအောင်၊ ငါးမွေးမြူရေးလုပ် ငန်းဦးမော့လာအောင် ၀န်ကြီးဌာနက လုပ်ဆောင်ပေးတာ ဒီနေ့ထက်ထိ ဘာတစ်ခုမှ မရှိဘူး။ ကျွန်တော်တို့တွေကလည်း ဒီအလုပ်ပဲ လုပ်တတ်ကြတာဆိုတော့ ကျွန်တော်တို့ ငါးကန်တွေကို ဘယ်သူက လာသိမ်းသိမ်း လက်မခံဘူး။ တွက်ခြေကိုက်တဲ့နည်းလမ်းသုံးပြီး ရှိတဲ့ငွေနဲ့ တစ်ပိုင်တစ်နိုင်လုပ်ကြဖို့ပဲ ရှိတော့တယ်။ အရင်းအနှီး မနိုင်တာတွေကို တောင်းရင်းတောင်းရင်း မျှော်ရင်းမျှော်ရင်းနဲ့ ကျွန်တော်တို့ဘ၀တွေ ပျက်တော့မယ်ဗျာ”” ဟု ၎င်းကပြောသည်။

ယခင်ကာလများက ငါးကန် ဧကတစ်ရာ လုပ်ကိုင်သူဆိုလျှင် ယခုအခါ လက်ထဲရှိ ငွေကြေးအရင်းအနှီးအဖြစ် တစ်ဆယ်ဧကဖိုးသာရှိပါက တစ်ဆယ်ဧကသာလုပ်ကိုင်ပြီး အမြတ်ရအောင် လုပ်ဆောင်ကြ တော့ရန် ဦးသန်းလွင်က ငါးမွေးတောင်သူများအား တိုက်တွန်းပြောကြားထားသည်။ ထိုသို့ လုပ်ဆောင်လာကြပါက ယခုနှစ်ကုန်ပိုင်းမှ စတင်ကာ အများပြည်သူစားသုံးရန် မွေးမြူရေး ငါးရှားပါးလာနိုင်ပြီး ငါး ဈေးနှုန်းများလည်း တက်လာဖွယ်ရှိကြောင်း ငါးဈေးကွက် ကျွမ်းကျင်သူများက ပြောသည်။

7 Day Daily

ရန်ဖြစ်ထိုးကြိတ်ရင်း လည်ပင်းနင်းမိ၍ အမျိုးသားတစ်ဦးသေ


အရက်အတူတူသောက်ရင်း စကားများ ရန်ဖြစ်ခဲ့ပြီး လည်ပင်းတက်နင်းမိ၍ လူသေဆုံးမှု မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၃၁ ရက် နေ့လယ်က လမ်း ၄၀ တွင် နေထိုင်သူ ဝေါလုံးဝတန်း (ခ) မွတ်ရတားသည် မင်္ဂလာတောင်ညွန့်မြို့နယ်နေ သူငယ်ချင်းဖြစ်သူ ရခိုင်လေး (ခ) မျိုးမင်းထွန်းနှင့် အရက်အတူတူသောက်ခဲ့ရာမှ စကားများရန်ဖြစ်ခဲ့ပြီး ဝေါလုံးဝတန်းအား ရခိုင်လေးက လက်သီးဖြင့်ထိုးပြီး ခြေထောက်ဖြင့် ကန်ခဲ့သည်။
““သူတို့က အရက်မူးပြီး ရန်ဖြစ်ကြတာ။ ရန်ဖြစ်ရင်း ထိုးလိုက်တာ လဲကျနေတဲ့အချိန် တစ်ယောက်က လည်ပင်းတက်နင်းမိသွားလို့ သေသွားတာ”” ဟု မင်္ဂလာတောင်ညွန့်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သေဆုံးသူမှာ ယာချိုစောင်း ဖူးရောင်ဒဏ်ရာနှင့် နှာခေါင်းသွေးထွက်ဒဏ်ရာများ ရရှိကာ ရန်ကုန်ဆေးရုံကြီးသို့တင်ပို့စဉ် သေဆုံးခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ရခိုင်လေး(ခ) မျိုးမင်းထွန်းအား ပြစ်မှုဆိုင်ရာ ပုဒ်မ- ၃၀၂ အရ လူသတ်မှုဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

7 Day Daily

ရွေးကောက်ပွဲကော်မရှင် ရုံးများတွင် တပ်မတော် အရာရှိ ၆၁ ဦးခန့်အပ် ယင်းကြောင့် ရွေးကောက်ပွဲတွင် တရားမျှတမှုမျိုးမဖြစ်နိုင်ဟု နိုင်ငံရေးပါတီတချို့ သုံးသပ်


ရန်ကုန် ၊ ဇန်နဝါရီ ၃ ။ ။ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်အ ဖွဲ့ခွဲရုံးများတွင် စစ်ဘက်ဆိုင် ရာအရာရှိ ၆၁ ဦးကို ခန့်အပ် လိုက်ခြင်းကြောင့် ရွေးကောက် ပွဲတွင် တရားမမျှတမှုမျိုး မဖြစ် နိုင်ဟု နိုင်ငံရေးပါတီများမှ သိ ရသည်။

၂၀၁၃ ခုနှစ် ဇွန်တွင် ရွေး ကောက်ပွဲကော်မရှင်များနှင့် နိုင်ငံရေးပါတီ များ တွေ့ဆုံရာ တွင်လည်း တပ်မတော်အရာ ရှိ ဟောင်းများ အား ရွေးကောက် ပွဲကော်မရှင်တွင် ခန့်အပ်ထား ခြင်းနှင့် ပတ်သက် ၍ ဆွေးနွေး ခဲ့ခြင်းများရှိခဲ့ကြောင်းနှင့် ယင်း ကဲ့သို့ ခန့်ထားခြင်းကြောင့် ရွေး ကောက်ပွဲတွင် တရားမမျှတမှု မျိုးမဖြစ်နိုင်ကြောင်း NDF ပါ တီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောသည်။

''ရွေးကောက်ပွဲကို တရား မျှတမှုရှိအောင် လုပ်ပေးမယ် လို့ ကော်မရှင် ဥက္ကဋ္ဌကြီးကတော့ အမြဲတမ်းပြောနေတာပဲလေ။ တပ်မတော်သားတွေ ကို ရွေး ကောက်ပွဲကော်မရှင်ရုံးမှာ ခန့် လိုက်လို့ ထူးခြားပြီးထိခိုက်မှာ မဟုတ်ဘူးလို့ မြင်ပါတယ်''ဟု NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင် ဆွေက ပြောသည်။

ယင်းကဲ့သို့ ခန့်အပ်လိုက် ခြင်းသည် ရွေးကောက်ပွဲကော် မရှင်အဖွဲ့များကို အင်အားတိုး ချဲ့ချထားခြင်းသာဖြစ်နိုင်ပြီး ရွေးကောက်ပွဲ တရားမျှတမှုအ ပေါ်ထိခိုက်နိုင်ခြင်းမရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ ဦးဉာဏ်ဝင်းက ပြောသည်။

''ရွေးကောက်ပွဲမှာ မျှတ တယ်။ မမျှတဘူးဆိုတာကတော့ တစ်ဦးချင်းစိတ်ထားပေါ်မှာပဲ မူတည်ပါမယ်။ ရွေးကောက်ပွဲ ကလဲ နီးနေတယ်ဆိုတော့ လုပ် ထုံးလုပ်နည်းတွေ နားလည် အောင် စောစောစီးစီးခန့်လိုက် တာ ကောင်းတယ်လို့ မြင်ပါ တယ်'' ဟု ဦးဉာဏ်ဝင်းက ပြော သည်။ တပ်မတော်သားများအား ကော်မရှင်တွင် ခန့်အပ်လိုက် ခြင်းသည် ရွေးကောက်ပွဲတွင် တရားမျှတမှုမရှိသည်များ ပြု လုပ်ရန် ကြိုတင်ပြင်ဆင်ခြင်း လည်းဖြစ်နိုင်ကြောင်း ဒီမိုက ရက်တစ်ပါတီဥက္ကဋ္ဌဌ ဦးသုဝေ က ပြောသည်။

''သူတို့လူတွေပဲ ကော်မ ရှင်မှာ ခန့်လိုက်တော့ ကြိုတင် ပြင်ဆင်မှုတစ်ခုလုပ်လိုက်သ လိုပဲပေါ့ဗျာ။ တရားမျှတမှုမရှိ တာတွေ ဖြစ်လာနိုင်တယ်''ဟု ဒီမိုကရစ်တစ်ပါတီဥက္ကဋ္ဌဌ ဦးသု ဝေက ပြောသည်။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂ရက်မှစတင်၍ ကာကွယ် ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်မှူး အဆင့်ရှိသူ ၅၈ဦးအား လက် ထောက်ညွှန်ကြားရေးမှူးအဖြစ် လည်းကောင်း၊ ဗိုလ်ကြီးအဆင့် ရှိသူသုံးဦးအား ဦးစီးအရာရှိ များအဖြစ်လည်းကောင်း ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်အဖွဲ့ ခွဲရုံးများ တွင် ခန့်အပ် လိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ အမိန့်ကြော်ငြာအမှတ် ၄၇/ ၂၀၁၃ အရ သိရသည်။

ငယ်ထွေး(ကလေး)

Yangon Media Group

ပုဒ်မ ၁၈ဖျက်သိမ်းရန် တစ်ကိုယ်တော်ဆန္ဒပြသူ တားဆီးခံရ


စနေနေ့၊ ဇန်နဝါရီ ၄ရက်၊ ၂၀၁၃ခုနှစ်။

နေပြည်တော်၊ မဇ္ဈိမ။ ။ခွင့်ပြုမိန့်မရှိဘဲ ဆန္ဒထုတ်ဖော်သဖြင့် အရေးယူသည့် ပုဒ်မ ၁၈ကို ဖျက်သိမ်းရန် နေပြည်တော်၊ ပျဉ်းမနားမြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှ အတွင်းရေးမှူး ကိုသာချိုက ဇန်နဝါရီလ ၄ရက် လွတ်လပ်ရေးနေ့ နံနက်က တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ခဲ့သည်။

ကိုသာချို(ခေါ်) ကိုကျော်မိုးဇော်က ပျဉ်းမနားမြို့ မြို့ဦးဓမ္မာရုံမှ စတင်ကာ ဗိုလ်ချုပ်လမ်းတလျောက် လမ်းလျောက်ဆန္ဒထုတ်ဖော်ခဲ့ရာ ရန်အောင်(၂) ဓမ္မာရုံရှေ့အရောက်တွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးသန်းမြင့်က လာရောက်တားဆီးခဲ့သည်။

"အခုလို ဆန္ဒထုတ်ဖေါ်တာကို လာရောက်တားဆီးတာ နိုင်ငံသားအခွင့်အရေး အရမ်းဆုံးရှုံးတယ်၊ ပုဒ်မ ၁၈ကို ပြင်ဆင်စရာတွေ အများကြီးရှိတယ်၊ ကျွန်တော်တို့ နိုင်ငံ ဒီမိုကရေစီ ဖော်ဆောင်ရာမှာ အင်မတန် လေးလံနေတာ သမ္မတ သိအောင်လို့ အခုလို ဆန္ဒထုတ်ဖော်တာပါ"ဟု ကိုသာချိုက မဇ္ဈိမကိုပြောသည်။

ယင်းသို့ တားဆီးသော်လည်း "၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပေးပါ" "ပုဒ်မ ၁၈ ဖျက်သိမ်းပစ်" "နေပြည်တော် ကောင်စီကို ရွေးချယ်ခံ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းပေးပါ" စသည်ကို ရေးသားထားသည့် ဗီနိုင်းကို ကိုင်ဆောင်ပြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်တုရှေ့အထိ ဆက်လက် ချီတက်ခဲ့သည်။

ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ရန် ကိုသာချိုက ပျဉ်းမနားမြို့နယ် ရဲစခန်းသို့ ခွင့်ပြုချက် တောင်းခံခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရသည်ဟု ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မဇ္ဈိမက ပျဉ်းမနားမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးသန်းမြင့်ကို မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။

နေပြည်တော်ကောင်စီအတွင်း၌ ဆန္ဒထုတ်ဖော်မှုသည် ယခုတစ်ကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်သည်။

အောင်သူရထွန်း
Mizzima Burmese

ကြေးမုံ သတင်းစာ (၄-၁-၂၀၁၄)

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





New Light of Myanmar သတင်းစာ (၄-၁-၂၀၁၄)

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





မြန်မာ့အလင်း သတင်းစာ (၄-၁-၂၀၁၄)

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





အမေရိကန်၏ ပထမဆုံး ဆေးခြောက်တရားဝင် လက်လီအရောင်းဆိုင်များကို ကော်လိုရာဒိုပြည်နယ်တွင် ဖွင့်လှစ်


ကော်လိုရာဒိုပြည်နယ် ဒင်ဗာမြို့တွင် ဆေးပေးခန်းတစ်ခုတွင် ဇန်န၀ါရီ ၁ ရက်က ဆေးခြောက်ရွေးချယ်နေသူတစ်ဦး (Photo:AFP)
အမေရိကန်တွင် ကော်လိုရာဒိုပြည်နယ်၌ ဆေးခြောက်လက်လီ အရောင်းဆိုင်များကို ဇန်န၀ါရီ ၁ ရက်က စတင်ဖွင့်လှစ်ခွင့်ပြုခဲ့ပြီးနောက် နိုင်ငံတွင်း၌ ဆေးခြောက်ကို ပထမဆုံး တရားဝင်ရောင်းချခွင့်ပြုသည့်ပြည်နယ် ဖြစ်လာခဲ့သည်။ စကိတ်အပန်းဖြေစခန်းများနှင့် တောင်ပေါ်ရှုခင်း မြင်ကွင်းများကြောင့် ကျော်ကြားသော အနောက်ဘက်ပြည်နယ် ကော်လိုရာဒိုတွင် အသက် ၂၁ နှစ်နှင့်အထက် ရှိသူများအား ဆေးခြောက် ၂၈ ဂရမ်အထိ ရောင်းချနိုင်သော လက်လီဆိုင် ၃၄၈ ဆိုင်အား လိုင်စင်ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။

ဝါရှင်တန်ပြည်နယ်တွင်လည်း ဆေးခြောက်ရောင်းချမှုများကို ဇွန်၌စတင်ခွင့်ပြုသွားမည်ဖြစ်ပြီး ဆိုင် ၃၀၀ ကျော် ဖွင့်လှစ်ဖွယ်ရှိသည်။

အပန်းဖြေရာတွင်သုံးသည့် ဆေးခြောက်များအား ကော်လိုရာဒိုပြည်နယ်တွင် ဇန်န၀ါရီ ၂ ရက်က ပထမဆုံး တရားဝင်ဝယ်ယူခဲ့သူမှာ အီရတ်စစ်ပြန် တစ်ဦးဖြစ်သည့် ဆီယန်အဇာရီတီဖြစ်သည်။

“ဒီထက်ပျော်စရာကောင်းတဲ့ အစီအစဉ် မရှိတော့ပါဘူး။ အခြားပြည်နယ်တွေမှာ ဆက်လက်လုပ်ဆောင်သွားဖို့အတွက် ကြီးမားတဲ့ ခြေလှမ်းတစ်ရပ်ပဲ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို လုံးဝလက်ခံပါတယ်” ဟု အဇာရီတီက ပြောကြားခဲ့သည်။

ဆေးခြောက်များအား တရားဝင်ရောင်းချခွင့် ပြုရေးအတွက် လှုံ့ဆော်တိုက်တွန်းခဲ့သူ အဇာရီတီက ဆေးခြောက်သည် စိတ်ဖိစီးမှုကြောင့်ဖြစ်သည့် အခြေအနေများကို လျော့ပါးသက်သာစေကြောင်း ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံသားများ အနေဖြင့် ဆေးခြောက်သုံးစွဲရန် ပိုမိုလိုလားလျက် ရှိသောကြောင့် အပန်းဖြေရန် ဆေးခြောက်သုံးစွဲမှုအား တရားဝင် အသိအမှတ်ပြုရေးအတွက် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ကော်လိုရာဒိုပြည်နယ်နှင့် ၀ါရှင်တန်ပြည်နယ်များတွင် ဆန္ဒခံယူမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ဆေးခြောက်ရောင်းချသည့်ဆိုင်များ ဖွင့်လှစ်ခြင်းကိုပါ ခွင့်ပြုလိုက်ခြင်းဖြစ်သည်။ ဆေးခြောက်ရောင်းချမှုမှ နှစ်စဉ်အခွန်ဒေါ်လာ ၆၇ သန်း ရရှိနိုင်ကြောင်း ပြည်နယ်အရာရှိများက ပြောကြားခဲ့သည်။ ဆေးခြောက်ကို ဆေးအဖြစ် သုံးစွဲမှုကို အမေရိကန်တွင် တရားဝင် ခွင့်ပြုထားပြီး ပြည်နယ် ၁၉ ခုတွင် စည်းမျဉ်းများ ပြဋ္ဌာန်းထားသည်။ ဆေးခြောက်ကို ဆေးဝါးအဖြစ် သုံးစွဲသည့် ဈေးကွက်သည် ၂၀၁၃ ခုနှစ်တွင် ဒေါ်လာ ၁ ဒသမ ၄ ဘီလျံထိ ရှိခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ၆၄ ရာခိုင်နှုန်း တိုးတက်မည်ဖြစ်ပြီး ဒေါ်လာ ၂ ဒသမ ၃၄ ဘီလျံထိ ရှိလာမည်ဟု ဈေးကွက်သုတေသနလုပ်ငန်း ArcView Market က ခန့်မှန်းထားသည်။

Ref:AFP
eleven media group

အီသီယိုးပီးယားတွင် တောင်ဆူဒန်အစိုးရနှင့် သူပုန်များ အပစ်အခတ် ရပ်စဲရေးအတွက် စတင်ဆွေးနွေး


ဒီဇင်ဘာ ၃၁ ရက်တွင် တောင်ဆူဒန်ရှိ Upper Nile ပြည်နယ်၌ လုံခြုံရေးစောင့်ကြပ်နေသော တောင်ဆူဒန် စစ်သားတစ်ဦး (Photo:AFP)
လူထောင်ပေါင်းများစွာ သေဆုံးစေခဲ့သည့် သုံးပတ်နီးပါးကြာ တောင်ဆူဒန် ပြည်တွင်းပဋိပက္ခကို အဆုံးသတ်စေရန် ရည်ရွယ်သော အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲအတွက် တောင်ဆူဒန်အစိုးရနှင့် သူပုန်တို့သည် အီသီယိုးပီးယားမြို့တော် အဒစ်အဘာဘာတွင် ဇန်န၀ါရီ ၁ ရက်က တွေ့ဆုံခဲ့ကြသည်။ ကယ်ဆယ်ရေး လုပ်သားများက တောင်ဆူဒန် ပဋိပက္ခကြောင့် ပြည်သူများ အကျပ်အတည်း ပိုမိုဆိုးရွားလာကြောင်း သတိပေးနေချိန်တွင် အစိုးရနှင့် သူပုန်ဘက်မှ စေ့စပ်ညှိနှိုင်းရေး အဖွဲ့များသည် အဒစ်အဘာဘာရှိ ဟိုတယ်ကြီးတစ်ခုတွင် စုဝေးခဲ့ကြသည်။

ယင်းသို့ နှစ်ဖက်စလုံးက ကိုယ်စားလှယ်အဖွဲ့များ စေလွှတ်ခြင်းမှာ တိုးတက်မှုလက္ခဏာ တစ်ခုဖြစ်သည်ဟု ကုလသမဂ္ဂ အထူးသံတမန် ဟေဒီဂျွန်ဆင်က ပြောကြားခဲ့သည်။ တောင်ဆူဒန်တွင် သီတင်းပတ် သုံးပတ်နီးပါး ကြာမြင့်လာပြီဖြစ်သော အကြမ်းဖက် ပဋိပက္ခကြောင့် လူ ၂၀၀၀၀၀ ခန့် နေအိမ်စွန့်ခွာ ပြေးခဲ့ရသည်။ ယင်းအခြေအနေတွင် ပြန်လည်ရင်ကြားစေ့ရေးအတွက် ညှိနှိုင်းဆွေးနွေးမှုများ အရေးတကြီး လိုအပ်နေသည်ဟု ဂျွန်ဆင်က ပြောကြားခဲ့သည်။

တောင်ဆူဒန် အပစ်အခတ်ရပ်စဲရေးအတွက် လုပ်ထုံးလုပ်နည်းများကို စောင့်ကြည့်စစ်ဆေးရာတွင် အာရုံစိုက်မည်ဟု ကြားဝင်စေ့စပ်ပေးနေသည့် အီသီယိုးပီးယား အစိုးရက ကြေညာခဲ့သည်။ တောင်ဆူဒန်အစိုးရနှင့် သူပုန်များသည် ဇန်န၀ါရီ ၂ ရက်တွင် စတင်တွေ့ဆုံ ဆွေးနွေးမည်ဖြစ်သော်လည်း တရားဝင် ဆွေးနွေးညှိနှိုင်းမှုများမှာ ရက်အတန်ကြာ စောင့်ဆိုင်းရဖွယ် ရှိသည်ဟု အီသီယိုးပီးယား နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

တောင်ဆူဒန်တွင် ဒုတိယသမ္မတဟောင်း ရိတ်မာခါသည် အာဏာသိမ်းရန် ကြိုးပမ်းနေသည်ဟု သမ္မတဆယ်လ်ဗာကီရာက စွပ်စွဲခဲ့သည့် ဒီဇင်ဘာ ၁၅ ရက်တွင် အကြမ်းဖက်ပဋိပက္ခများ စတင်ဖြစ်ပွားခဲ့သည်။ ယင်းစွပ်စွဲချက်ကို မာခါက ငြင်းဆန်ခဲ့ပြီး ဆယ်လ်ဗာကီရာသည် အတိုက်အခံများကို အကြမ်းဖက် နှိမ်နင်းနေသည်ဟု တန်ပြန်စွပ်စွဲခဲ့သည်။

ယင်းနောက် နိုင်ငံတစ်ဝန်း တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ရေနံရင်းမြစ် ကြွယ်ဝသည့် နိုင်ငံမြောက်ပိုင်း ဒေသအများအပြားကို သူပုန်များက သိမ်းပိုက်ခဲ့သည်။ ဂျောင်လေးပြည်နယ်မြို့တော် ဘော်ကိုလည်း သူပုန်များက ဒီဇင်ဘာ ၃၁ ရက်တွင် သိမ်းပိုက်ခဲ့ပြီး ယင်းဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။  

Ref:AFP

eleven media group

Miss Universe 2014 တွင်ပါဝင်ယှဉ်ပြိုင်ရန် တိုင်းနှင့်ပြည်နယ် ကိုယ်စားပြု အလှမယ်များ ရွေးချယ်၍ အချိန်ယူ လေ့ကျင့်ပြင်ဆင်မည်


Miss Universe 2014 တွင်ပါဝင်ယှဉ်ပြိုင်ရန်အတွက် တိုင်းနှင့်ပြည်နယ် အလှမယ်များ ရွေးချယ်ကာ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်တစ်ဦး ရွေးချယ်ပြီးနောက် အချိန်ယူ လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်ပေးသွားရန် စီစဉ်ထားကြောင်း Miss Universe Myanmar Organization မှ ဒေါ်စိုးယုဝေက ရှင်းပြခဲ့သည်။

Miss Universe ပြိုင်ပွဲသို့ ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်ရန်အတွက် ၂၀၁၃ ခုနှစ်အတွင်း ကိုယ်စားပြုအလှမယ် ရွေးချယ်ပွဲအား ပြုလုပ်ခဲ့သော်လည်း အချိန်တိုတောင်းမှုကြောင့် တိုင်းနှင့်ပြည်နယ်များမှ ဖိတ်ခေါ်နိုင်ခြင်း မရှိခဲ့သည့်အတွက် ၂၀၁၄ ခုနှစ်တွင် ဖိတ်ခေါ်ယှဉ်ပြိုင်စေရန် စီစဉ်ခြင်းဖြစ်သည်ဟု သိရသည်။ တိုင်းနှင့်ပြည်နယ် ကိုယ်စားပြု အလှမယ်များအနက်မှ မြန်မာကိုယ်စားပြု အလှမယ်တစ်ဦးကို ရွေးချယ်ပြီးနောက် Miss Universe ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် လိုအပ်သည်များကို လေ့ကျင့်ပြင်ဆင်စေမည်ဟု သိရသည်။

“ကျွန်မတို့အဖွဲ့ အနေနဲ့ Miss Universe ပြိုင်ပွဲကို မြန်မာနိုင်ငံအနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ကြာမြင့်ပြီးမှ ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်တာ ဖြစ်တဲ့အပြင် ပြင်ဆင်ချိန်ကလည်း နည်းပါးခဲ့တဲ့အတွက် တိုင်းနဲ့ပြည်နယ် ကိုယ်စားပြုမယ်တွေ ဖိတ်ခေါ်ဖို့ အချိန်မရခဲ့ပါဘူး။ ဒုတိယအကြိမ် ထပ်မံယှဉ်ပြိုင်မယ့် အခါမှာတော့ တိုင်းနဲ့ပြည်နယ် အလှမယ်တွေကို အချိန်ယူဖိတ်ခေါ်မယ်။ အဲဒီထဲကမှ တစ်နိုင်ငံလုံး ကိုယ်စားပြု အလှမယ် တစ်ဦးရွေးချယ်မယ်။ ပြီးရင်အချိန်ယူ လေ့ကျင့်ပြင်ဆင်မှုတွေ လုပ်ပေးပါမယ်။ တကယ်ပြိုင်ပွဲဝင်တဲ့အခါ ဘာတွေလိုအပ်ချက် ရှိလဲဆိုတာတွေကိုလည်း လက်တွေ့ယှဉ်ပြိုင်ခဲ့တဲ့ အတွေ့အကြုံကတစ်ဆင့် သိရှိပြီးပါပြီ။ ဒါကြောင့် အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ပေးသွားဖို့ စိတ်ကူးထားပါတယ်” ဟု Miss Universe Myanmar Organization မှဒေါ်စိုးယုဝေက ရှင်းပြခဲ့သည်။

Miss Universe ပြိုင်ပွဲသို့ မြန်မာနိုင်ငံ အနေဖြင့် နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်မှုအဖြစ် မြန်မာအလှမယ် မိုးစက်ဝိုင်က ပါဝင်ယှဉ်ပြိုင်ခဲ့ကာ ပရိသတ်များ၏ စိတ်ဝင်တစား အားပေးမှုကို ရရှိခဲ့သည်။

၂၀၁၄ ခုနှစ်တွင် ဒုတိယအကြိမ် သွားရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာကိုယ်စားပြု အလှမယ်ရွေးချယ်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
eleven media group

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် တစ်နိုင်ငံလုံးမှ အကျဉ်းသား ထောင်ချီလွတ်မြောက်


မြန်မာနိုင်ငံတစ်ဝန်း အကျဉ်းထောင် အသီးသီးမှ အကျဉ်းသားများ လွတ်မြောက်လာသည်ကို တွေ့ရစဉ်
၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် သေဒဏ်၊ ထောင်ဒဏ်နှစ် ၄၀ အထက်နှင့် နှစ် ၄၀ အောက်တို့၏ ပြစ်ဒဏ်ကို လျှော့ပေါ့ကျခံရန် နိုင်ငံတော်သမ္မတရုံးမှ ၂-၁-၂၀၁၄ ရက်စွဲပါ အမိန့်စာအမှတ် ၁/၂၀၁၄ ထုတ်ပြန်ချက်အရ ဇန်န၀ါရီ  ၃ ရက်မှစ၍ နိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်များမှ အကျဉ်းသားများကို လွှတ်ပေးခဲ့ကြောင်း သိရသည်။

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသားများ လွတ်မြောက်မည်ဟူသော သတင်းကြောင့် မိသားစုဝင်များက နံနက် ၄ နာရီကတည်းက စတင်ပြီး ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်ရှေ့တွင် လာရောက်စောင့်ဆိုင်းလျက်ရှိပြီး ညနေ ၄ နာရီအချိန်တွင် ပြစ်ဒဏ်၏ လေးပုံသုံးပုံ ကျခံပြီးဖြစ်သော အမျိုးသမီး၊ အမျိုးသားများကို အသုတ်လိုက်ခွဲ၍ လွှတ်ပေးခဲ့ရာ အကျဉ်းသား ၅၀၀ ခန့် လွတ်မြောက်ခဲ့ပြီး အများစုမှာ တစ်နှစ်ဝန်းကျင် ကျခံနေရသူများဖြစ်ကြောင်း သိရသည်။

ထို့အတူ ဆေးမှုဖြင့် ထောင်ကျနေသော သားဖြစ်သူကို လာရောက်ကြိုဆိုသော ဒလမြို့နယ်မှ အသက် ၆၇ အရွယ် အမျိုးသားတစ်ဦးက “သူက ၁၇ နှစ်ပဲ ရှိသေးတာ။ ဆေးရောင်းတဲ့သူကို သိလို့လိုက်ပြရင်း သူရောင်းတာပါဆိုပြီး အဖမ်းခံခဲ့ရပြီး ထောင် ၆ နှစ်ကျနေတာပါ။ အခုထောင်ထဲမှာ ၃ နှစ်ရှိပါပြီ။ အရင်တစ်ခေါက်က လျှော့ရက်လည်း ရထားပါတယ်။ အခုလို အကျဉ်းသားတွေကို ပြန်လည်လွှတ်ပေးတဲ့ သမ္မတကြီးကို ကျေးဇူးတင်ပါတယ်။ သူ့ပြန်လွတ်လာတော့ သူ့အတွက်ကုန်ကျနေတဲ့ ငွေတွေကို ဘုန်းကြီးဆွမ်းလောင်းတာတို့ ကုသိုလ်လုပ်လို့ ရတာပေါ့” ဟု ပြောကြားခဲ့သည်။

“မနက် ၁၀ နာရီလောက် ကတည်းက ရောက်နေတာပါ။ ယောက်ျားက ဖဲဝိုင်းမှာမိလို့ ထောင် ၆ လ ကျသွားပါတယ်။ အခုလွှတ်တဲ့ထဲမှာပါတော့ တစ်မိသားစုလုံး လာကြိုပါတယ်။ သူလွတ်လာတော့ ၀မ်းသာပါတယ်။ နောင်ကိုလည်း လောင်းကစားဝိုင်းမသွားဖို့ သင်ခန်းစာ ရလောက်ပါပြီ” ဟု ကျိုက်မရောမြို့နယ် တရာနာရွာမှ ခင်ပွန်းသည်ကို လာကြိုနေသော မိရင်ချမ်းက ပြောကြားသည်။

မော်လမြိုင်မြို့

ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်နည်းတူ မော်လမြိုင် အကျဉ်းထောင်မှ အကျဉ်းသား ၁၉၉ ဦး (ကျား-၁၆၅၊ မ-၃၄) ကိုလည်း ဇန်န၀ါရီ ၃ ရက် မွန်းလွဲ ၁ နာရီမှစ၍ လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ကြောင်း သတင်းရရှိသည်။

“လူသတ်မှုနဲ့ ထောင်ကျတာပါ။ ဒေါသအလျောက် လုပ်မိတာပါ။ အခုတော့ နောင်တရပါပြီ။ မိသားစုတွေက လာမကြိုနိုင်ပါဘူး၊ ထုံးဖိုကပါ။ ဒီကနေ ကားနဲ့ပို့မယ်လို့ သိရပါတယ်” ဟု အနှစ် ၂၀ ထောင်ဒဏ်ကျခံရသူ ကိုသာထူးက ပြောကြားသည်။

သထုံမြို့

အလားတူ သထုံအကျဉ်းထောင်မှ ၅၆ ဦး လွတ်မြောက်ခဲ့ပြီး အမျိုးသားအကျဉ်းသားများသာ ဖြစ်သည်ဟု သိရသည်။

ပခုက္ကူမြို့

ဇန်န၀ါရီ ၃ ရက်မှာပင် ပခုက္ကူ အကျဉ်းထောင်မှ တပ်မတော်အက်ဖြင့် ပြစ်ဒဏ်ကျခံနေရသူ သုံးဦးအပါအ၀င် ပြစ်ဒဏ်၏ လေးပုံတစ်ပုံခံစားပြီး အကျဉ်းသား ၇၁ ဦး ပြန်လည်လွတ်မြောက် လာခဲ့သည်။

ပခုက္ကူ အကျဉ်းထောင်မှ လွတ်မြောက်လာသူ ၇၁ ဦးတွင် အမျိုးသား ၅၉ ဦးနှင့် အမျိုးသမီး ၁၂ ဦးပါဝင်ပြီး တပ်မတော်အက်၊ လောင်းကစားမှု၊ ရဲစည်း၊ မူးယစ်နှင့် အခြားပြစ်မှုဆိုင်ရာ ပုဒ်မများဖြင့် ထောင်ကျနေသူများဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း)

ထို့အတူ ပဲခူးတိုင်း (အနောက်ခြမ်း) ဒေသကြီး အကျဉ်းထောင်သုံးခုမှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မများဖြင့် အကျဉ်းကျခံရသည့် အကျဉ်းသား ၄၉၂ ဦးကို ဇန်န၀ါရီ ၃ ရက် နံနက်က လွှတ်ပေးလိုက်ကြောင်း သိရသည်။

“ခုမနက် ၉ နာရီကနေစပြီး လွှတ်ပေးပါတယ်။ အကျဉ်းသားအားလုံး ၃၀၃ ဦး လွှတ်ပေးတာပါ။ နိုင်ငံရေး အကျဉ်းသားတော့ မပါဘူး” ဟု သာယာဝတီ အကျဉ်းဦးစီးဌာနမှ ၀န်ထမ်းတစ်ဦးက ပြောကြားသည်။

၎င်းမြို့များအပြင် ပြည်အကျဉ်းထောင်မှ အမျိုးသား ၁၀၀ ဦး၊ အမျိုးသမီး ၁၃ ဦး၊ ပေါင်းတည်အကျဉ်းထောင်မှ အမျိုးသား ၇၁ ဦး၊ အမျိုးသမီးငါးဦး အသီးသီး လွတ်မြောက်လာခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ကော့သောင်းမြို့

၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီ ၃ ရက် မွန်းတည့် ၁၂ နာရီတွင် ကော့သောင်းမြို့နယ်၊ ၉ မိုင်အကျဉ်းထောင်မှ အကျဉ်းသား ၁၀၇ ဦးအား နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် လွှတ်ပေးခဲ့သည်။

“မူလအပြစ်ဒဏ်ရဲ့ လေးပုံတစ်ပုံ လျှော့ရက်ပေးထားတာဆိုတော့ ကျန်တဲ့အပြစ်ဒဏ်တွေလည်း လျှော့ရက်ခံစားခွင့် ရကြပါတယ်။ သူတို့နေခဲ့တဲ့ကာလနဲ့ လျှော့ရက်တွက်လိုက်လို့ အကျုံးဝင်တဲ့သူတွေကို လွှတ်ပေးတာပါ။ ကျန်တဲ့သူတွေကတော့ ရက်ပြည့်မှ လွှတ်ပေးရမှာပေါ့။ အကျဉ်းသားအားလုံး လေးပုံတစ်ပုံ ခံစားခွင့်ပေးတယ်။ အကျဉ်းထောင်ထဲမှာပဲ နေရပြီး ချစ်ခင်နှစ်သက်တဲ့ သူတွေနဲ့ ဝေးနေရတော့ ဘယ်သူမှ မနေချင်ကြပါဘူး။ အခုလိုလွှတ်ပေးရတော့ ကျွန်တော်တို့လည်း တကယ့်ကိုဝမ်းသာပါတယ်” ဟု တနင်္သာရီတိုင်းဒေသကြီး၊ အကျဉ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအေးသွင်က ပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီးတွင် အကျဉ်းထောင်သုံးခုနှင့် ရဲဘက်စခန်း တစ်ခုရှိကာ ထားဝယ်အကျဉ်းထောင်မှ ကျား ၇၂ ဦး၊ မကိုးဦး၊ မြိတ်အကျဉ်းထောင်မှ ကျား ၈၆ ဦး၊ မ ၂၁ ဦးနှင့် ဆင်ဖြူရှင် ရဲဘက်စခန်းမှ ကျား ၉၃ ဦး၊ စုစုပေါင်း ၂၈၆ ဦး အပါအ၀င် တိုင်းဒေသကြီး တစ်ခုလုံးတွင် ၃၉၃ ဦးအား လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်ဟု ဆိုသည်။

“မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား ကျော်ကြားမှုနဲ့ ထောင် ၁၁ နှစ်ကျခဲ့တယ်။ ထောင်ကျတဲ့အချိန်မှာ ကိုယ်ဝန်ရှစ်လနဲ့ဆိုတော့ ထောင်ထဲမှာပဲ ကလေးမွေးခဲ့ရတယ်။ အခု သားကလေး နှစ်ခွဲကျော်သွားပါပြီ” ဟု လွတ်ငြိမ်းချမ်းသာခွင့် ရခဲ့သူ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

မြောင်းမြမြို့  

ယခုလို ပြစ်ဒဏ်များ လျှော့ပေါ့ပေးခဲ့မှုအရ မြောင်းမြအကျဉ်းထောင်မှ အကျဉ်းကျခံနေရသော ကျား ၁၂၅ ဦး၊ မ ၃၂ ဦး လွတ်မြောက်ခဲ့ပြီး သေဒဏ်မှ တစ်သက်တစ်ကျွန်းသို့ ပြောင်းလဲခဲ့သူ ကျားသုံးဦး၊ နှစ် ၄၀ အထက်မှ နှစ် ၄၀ သို့ ပြောင်းလဲကျခံရသူ ကျားတစ်ဦး၊ မလွတ်မြောက်သေးသော်လည်း လေးပုံတစ်ပုံအရ ခံစားခွင့်ရရှိသူ ကျား ၄၇၉ ဦး၊ မ ၇၁ ဦး ခံစားခွင့် ရရှိခဲ့သည်။                                    

သရက်မြို့

ထို့အတူ ဇန်န၀ါရီ ၃ ရက်၌ သရက်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားတစ်ဦး အပါအ၀င် အကျဉ်းသား ၂၀၀ ကျော် လွှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

လွှတ်ပေးခဲ့သော အကျဉ်းသားများထဲတွင် ရိုက်မှုလူသတ်မှု၊ ခိုးမှု၊ လောင်းကစားမှုများနှင့် အကျဉ်းကျနေသူ အများစု ပါဝင်ခဲ့ကြောင်း သိရပါသည်။

သရက်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား သုံးဦးရှိသည့်အနက် တစ်ဦးကို လွှတ်ပေးခဲ့ပြီး ယခုလွတ်မြောက်လာသူမှာ ကျောင်းသားဟောင်းတစ်ဦးဖြစ်ပြီး ကရင်တပ်မတော်မှ အရာခံဗိုလ်တစ်ဦး ဖြစ်သည်။

“ကျွန်တော့်ကို ၁၉၉၅ မှာ ဖမ်းပါတယ်။ အမှုတွေက လူသတ်မှု၊ ၃၀၂၊ ပုဒ်မ (၆)၊ ဓားပြမှု၊ ၃၉၅၊ မုဒိမ်းမှု ၃၇၆ နဲ့ ဖမ်းပါတယ်။ ကျွန်တော်မကျူးလွန်ဘဲနဲ့ သူတို့တပ်ချင်တဲ့ ပုဒ်မတွေတပ်ပြီး ထောင် ၅၇ နှစ် ချပါတယ်။ ထောင်ထဲမှာ ကျွန်တော့်မိတ်ဆွေနှစ်ဦး ကျန်ပါသေးတယ်။ စိုင်းဖုန်းနဲ့ ကိုအောင်ကိုလတ်ပါ။ သူတို့ကိုလည်း လွတ်စေချင်ပါတယ်။ ထောက်လှမ်းရေး ၂၁ ဦးက နိုင်ငံရေးအကျဉ်းသားအဖြစ် တောင်းဆိုတာကို ကန့်ကွက်ပါတယ်။ သူတို့က နိုင်ငံရေးအကျဉ်းသား မဟုတ်ပါဘူး” ဟု လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသား တစ်ဦးဖြစ်သူ ကိုစန်းကိုဦးက ပြောကြားသည်။

အခြားနိုင်ငံရေး အကျဉ်းသားများဖြစ်သော ကိုစိုင်းဖုန်း၊ ကိုအောင်ကိုလတ်တို့၏ မိသားစုဝင်များ လာရောက်ခဲ့သော်လည်း လွတ်မြောက်ခြင်း မရှိသေးသဖြင့် ၀မ်းနည်းရကြောင်း ပြောဆိုခဲ့သည်။ အဆိုပါ အကျဉ်းသားနှစ်ဦးအား တိုက်ပိတ်ထားကြောင်း ၎င်းတို့နှင့်အတူ နေခဲ့သော တောင်တွင်းကြီးမြို့မှ အမျိုးသားတစ်ဦးက ဆိုသည်။ ယခုလွတ်မြောက်လာသူများထဲတွင် ဆေးမှုနှင့် ထောင်ဒဏ်ကျခံနေသူ (DKB) မှ အမျိုးသမီးတစ်ဦးလည်း ပါဝင်ခဲ့ကြောင်း သိရသည်။
   
ဟင်္သာတမြို့

အလားတူ ဇန်န၀ါရီ ၃ ရက် နံနက်ပိုင်းတွင် ဟင်္သာတ အကျဉ်းထောင်မှ အကျဉ်းသား ၁၀၂ ဦး လွတ်မြောက်လာခဲ့ကြောင်း သတင်းရရှိသည်။

အမျိုးသမီး ၂၅ ဦး၊ အမျိုးသား ၇၇ ဦး စုစုပေါင်း ၁၀၂ ဦး လွတ်မြောက်ခဲ့ခြင်းဖြစ်ပြီး နံနက် ၈ နာရီခွဲမှစကာ သုံးသုတ်ခွဲ၍ တစ်ဆက်တည်း လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

ဟင်္သာတ အကျဉ်းထောင် ဦးစီးအရာရှိ (ထောင်မှူး) ဦးနေစိုးက “ဟင်္သာတထောင်မှာက နှစ်ကြီးသမား မရှိပါဘူး။ ၁၀ နှစ်အောက်တွေပဲ ရှိပါတယ်။ ရာဇ၀တ်မှုကြီး မရှိပါဘူး။ အဓိကကတော့ အသိပညာနည်းတဲ့အတွက် လုပ်မှားကိုင်မှားဖြစ်ပြီး ရောက်လာတဲ့ ကျေးလက်နေ ပြည်သူတွေက များပါတယ်။ ဒီတစ်ခါ လွတ်ငြိမ်းချမ်းသာခွင့်က တရားရုံးကပေးတဲ့ ပြစ်ဒဏ်ရဲ့ လေးပုံတစ်ပုံကို လျှော့ပေါ့ခံစားခွင့် ရတဲ့အတွက် လွတ်တဲ့သူရော၊ မလွတ်သေးဘဲ ကျန်ခဲ့ရသူတွေပါ တန်းတူညီမျှ ခံစားခွင့်ရှိမှာ ဖြစ်ပါတယ်။ ခြေချုပ်အထိ ခံစားခွင့် ပေးထားပါတယ်။ မလွတ်သေးဘဲ ကျန်ရှိသူတွေရဲ့ ပြစ်ဒဏ်လျှော့ပေါ့ ခံစားခွင့်ရထားတဲ့ စာရင်းတွေကိုလည်း ဒီနေ့မွန်းလွဲ ၂ နာရီအရောက် ညွှန်ချုပ်ရုံးကို ပေးပို့သွားဖို့ ရှိပါတယ်” ဟု ဖြေကြားသည်။

မိတ္ထီလာမြို့

နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် မိတ္ထီလာ အကျဉ်းထောင်မှ အကျဉ်းသား ၇၅  ဦး၊ အကျဉ်းသူ ၄၁ ဦး စုစုပေါင်း ၁၁၆ ဦး ဇန်န၀ါရီ ၃ ရက် နံနက်က လွတ်မြောက်လာခဲ့သည်။

“နိုင်ငံတော်ရဲ့ စေတနာကို အသိအမှတ် ပြုပေးခြင်းအားဖြင့် ပြန်သွားတဲ့ အချိန်ကစပြီး ဥပဒေစည်းမျဉ်း၊ စည်းကမ်းတွေကို တိတိကျကျ လိုက်နာပေးပါလို့ မှာကြားလိုပါတယ်” ဟု မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးစ၀်နေလင်းက လွတ်မြောက်အကျဉ်းသားများကို မှာကြားခဲ့ကြောင်း သိရသည်။

“ကိုယ့်လယ်ကိုယ်လယ် ပြန်ထွန်လို့ ထောင်ခြောက်လ ကျခဲ့တာပါ။ လွတ်ရက်ကလည်း ဒီနေ့စေ့နေပါပြီ။ ကျွန်တော့်အပေါင်းအသင်းတွေ တစ်ခါတည်း မပါလို့ ၀မ်းနည်းရပါတယ်။ ဒေါ်သန္တာအောင်က သုံးနှစ်သုံးလကျတာ။ ဦးမင်းဆွေက နှစ်နှစ်ကျော်ကျတယ်။ သူတို့ကျန်နေသေးလို့ ၀မ်းနည်းနေပါတယ်” ဟု လွတ်မြောက်လာသော ဦးဘိုက ပြောပြသည်။

ကျိုင်းတုံမြို့

ဇန်န၀ါရီ ၃ ရက် ညနေ ၄ နာရီတွင် ကျိုင်းတုံမြို့အကျဉ်းဦးစီးဌာနမှ အကျဉ်းသား ၂၁၆ ဦးနှင့် အကျဉ်းသူ ၃၀ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ကြောင်း သိရသည်။  

မြင်းခြံမြို့

မြင်းခြံမြို့တွင် ဇန်န၀ါရီ ၃ ရက်က လက်ရှိပြစ်ဒဏ်ကျခံနေရသော အကျဉ်းသားများအား ၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် လက်ရှိပြစ်ဒဏ်၏ လေးပုံတစ်ပုံအား ပြစ်ဒဏ်မှ ပေါ့လျှော့ပေးခဲ့၍ အကျဉ်းသားဦးရေ ၂၃၈ ဦး လွတ်မြောက်ခဲ့ကြောင်း အကျဉ်းဦးစီးဌာနမှ ထုတ်ပြန်သော သတင်းများအရ သိရသည်။

မြင်းခြံအကျဉ်းထောင်တွင် အကျဉ်းသားဦးရေ ၂၃၈ ဦးပြစ်ဒဏ်လျှော့၍ လွတ်မြောက်ခွင့်ရရှိခဲ့ပြီး အမျိုးသား ၂၀၄ ဦး၊ အမျိုးသမီး ၃၄ ဦးဖြစ်ကြောင်း အကျဉ်းဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး

ထို့အတူ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ အကျဉ်းထောင်လေးခုနှင့် ရဲဘက်စခန်း နှစ်ခုတို့မှ အကျဉ်းသားပေါင်း ၈၄၀ ဦး လွတ်မြောက်ခဲ့ပြီး ပုသိမ်အကျဉ်းထောင်မှ ဦးမောင်ဝိတ်အပါအ၀င် အကျဉ်းသား ၂၅၄ ဦး လွတ်မြောက်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ပုသိမ်အကျဉ်းထောင်မှ ကျား ၂၀၈ ဦး၊ မ ၄၆ ဦး၊ မြောင်းမြအကျဉ်းထောင်မှ ကျား ၁၂၄ ဦး၊ မ ၃၂ ဦး၊ ဟင်္သာတအကျဉ်းထောင်မှ ကျား ၇၇ ဦး၊ မ ၂၅ ဦး၊ မအူပင် အကျဉ်းထောင်မှ ကျားဦးရေ ၇၀၊ မ လေးဦး၊ ဖျာပုံအကျဉ်းထောင်မှ ကျားဦးရေ ၇၀ ဦး၊ မ ၁၂ ဦးနှင့် ကစကဲ ရဲဘက်စခန်းမှ ကျား ၈၇ ဦး၊ ဆားမလောက် ရဲဘက်စခန်းမှ ကျား ၈၅ ဦး၊ စုစုပေါင်း ကျား ၇၂၁ ဦးနှင့် မ ၁၁၉ ဦးတို့အား အကျဉ်းထောင်အသီးသီးမှ ယင်းနေ့နံနက်ပိုင်းမှစ၍ အကျဉ်းထောင်အသီးသီးမှ လွှတ်ပေးခဲ့ကြောင်း သိရသည်။

အသက် ၄၀ နှစ်အရွယ်ခန့်ရှိသူ ဦးမောင်ဝိတ်က “စိတ်ထဲမှာ ခံစားရတာတွေ များလွန်းလို့ ဘာကိုစပြောရမှန်းတောင် မသိတော့ပါဘူး။ ပထမဆုံးတော့ ကျွန်တော်တို့ကို လွတ်ငြိမ်းချမ်းသာပေးခဲ့တဲ့ သမ္မတကြီးနဲ့ တာဝန်ရှိသူ အားလုံးကို ကျေးဇူးတင်ပါတယ်။ အတူနေခဲ့တဲ့ ကိုဇာဂနာကြီးကိုလည်း ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ပြင်ပလောက မီဒီယာကနေတစ်ဆင့်  မြင်တွေ့ကြားသိခွင့် ရခဲ့တယ်။ မီဒီယာအားလုံး ရှေရှည်ရပ်တည်နိုင်ပြီး နိုင်ငံအကျိုး သယ်ပိုးနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။ ကျွန်တော့်အနေနဲ့ ရှေ့ဆက်ပြီး ထမ်းပိုးနိုင်တဲ့ဝန် ကျွန်တော်လက်လှမ်းမီသမျှ အကောင်းဆုံး ကြိုးစားပြီး ဆောင်ရွက်သွားမှာပါ။ လေးလေးနက်နက် ကျွန်တော်ဆုတောင်းချင်တာကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံကြီးမှာ ကြီးနိုင်ငယ်ညှဉ်း နှိပ်စက်ခြင်းကင်းဝေးသော မြန်မာနိုင်ငံကြီး ဖြစ်ပါစေလို့ ဒီနေရာကနေ ကျွန်တော်ဆုတောင်းပါတယ်။ တကယ်တော့ မှန်ခြင်းမှားခြင်း၊ အပြစ်ရှိခြင်း-မရှိခြင်း၊ အရေးယူခံရခြင်း-မခံရခြင်းဆိုတာဟာ ဘယ်သူက ဆုံးဖြတ်တာလဲဆိုတဲ့ အပေါ်မှာပဲ မူတည်နေပါတယ်။ လောကသဘာဝအရ သမင်ဆိုရင် ကျားစားပါတယ်။ ကျားဆိုရင် ဆိုးတယ်လို့ အပြောခံရပါတယ်။ ကျားဆိုးတော့ မုဆိုးလာရပါတယ်။ ဒါဟာလည်း လောကသဘာဝပါပဲ။ နောက်ဆုံးတော့လည်း မနက်ဖြန်ဟာ နောက်တစ်နေ့ပါပဲ။ ဆိုးခြင်းဟာလည်း မမြဲပါဘူး။ ကောင်းခြင်းတွေလည်း မမြဲပါဘူး။ အားလုံးဟာ အနိစ္စပါပဲ။ လွတ်သင့်တဲ့ သူတွေတော့ အများကြီး ရှိသေးတယ်လို့ ကျွန်တော်မြင်ပါတယ်။ သူတို့ကို လွှတ်ပေးနိုင်ရင်တော့ မင်္ဂလာရှိတာပေါ့ဗျာ” ဟု အကျဉ်းထောင်ဝ၌ မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောပြသည်။

ဦးမောင်ဝိတ်မှာ လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် ဇန်န၀ါရီက မူးယစ်မှု ၁၅-၁၆ (င) ဖြင့် ထောင် ၁၅ နှစ် ကျခံရန် အမိန့်ချမှတ်ခံရပြီး ဧည့်စာရင်းမတိုင်မှုကြောင့် လ၀က ဥပဒေ ၁၃ (၁) ဖြင့် ထောင်သုံးနှစ်ကျခံရန် အမိန့်ချမှတ် ခံခဲ့ရသည်။ ပြစ်ဒဏ်အား သီးခြားစီ နှစ်ရပ်ပေါင်း ၁၈ နှစ်ကျခံရန် အမိန့်ချမှတ်ခံခဲ့ရပြီးနောက် ယနေ့ လွတ်ငြိမ်းချမ်းသာဖြင့် လွတ်မြောက်လာခဲ့ရာ ထောင်ထဲ၌ ငါးနှစ်ခွဲကျော် နေခဲ့ရသည်ဟု သိရသည်။  

ကလေးမြို့

ကလေးမြို့နှင့် တမူးမြို့နယ် အတွင်းရှိ ရဲဘက်စခန်းမှလည်း အကျဉ်းသား ၃၅၆ ဦး လွတ်မြောက်ကြောင်း သတင်းရရှိသည်။

eleven media group

လှိုင်သာယာ-တွံတေး လမ်းမပေါ်တွင် ကျူးကျော်အိမ် ဆောက်လုပ်နေထိုင်သူများကြောင့် လူမှုဘ၀ လုံခြုံရေး စိုးရိမ်ရသည့်အတွက် မူလနေထိုင်သူ ဒေသခံရွာသားများ ဆန္ဒပြ


လှိုင်သာယာ-တွံတေး လမ်းမပေါ်ရှိ ကျူးကျော်များကို ဆန္ဒပြနေကြသော ဒေသခံရွာသားများကို ဇန်န၀ါရီ ၃ ရက်နံနက်ပိုင်းက တွေ့ရစဉ်
လှိုင်သာယာ-တွံတေး လမ်းမပေါ်၌ ကျူးကျော်အိမ်များ ဆောက်လုပ်နေထိုင်သူများကြောင့် မိမိတို့၏ လူမှုဘ၀လုံခြုံရေး စိုးရိမ်ရသည့်အတွက်ဟုဆိုကာ အဆိုပါ လမ်းမပေါ်ရှိ ကျေးရွာငါးရွာတွင် မူလနေထိုင်သူ ဒေသခံရွာသားများက ဇန်န၀ါရီ ၃ ရက် နံနက်ပိုင်းက ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဆန္ဒပြပွဲကို လှိုင်သာယာ-တွံတေး လမ်းမပေါ်ရှိ ကျေးရွာငါးရွာဖြစ်သော တမာတကော၊ ခလောက်သိုက်၊ ပဒံရေကျော်၊ တမံကြီး၊ ကံရွာ စသည့်ကျေးရွာများမှ လူဦးရေ ၁၀၀ ခန့်ဖြင့် ဇန်န၀ါရီ ၃ ရက် နံနက် ၇ နာရီမှ ၈ နာရီဝန်းကျင်တွင် ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရပြီး ဥပဒေမဲ့ ကျူးကျော်ဆောက်လုပ် နေသူများကို ဥပဒေအရ အမြန်ဆုံး အရေးယူပေးပါရန်နှင့် မူလနေထိုင်သူ ဒေသခံများ၏ လူမှုဘ၀ လုံခြုံရေးကို ကာကွယ်ပေးပါရန် တောင်းဆိုခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ပန်းလှိုင်တံတား အဆင်းနှင့် လှိုင်သာယာ-တွံတေး လမ်းမပေါ်တွင် ကျူးကျော်ဆောက်လုပ် နေထိုင်သူများမှာ နေအိမ် ၁၂၀၀ ခန့် ရှိနေပြီဖြစ်ကြောင်း တွံတေးမြို့နယ် အုပ်ချုပ်ရေးမှူးထံမှ သိရပြီး အခိုင်အမာ ဆောက်လုပ်နေထိုင်သော နေအိမ် ၄၀၀ ခန့်နှင့် မြေကွက်တိုင်းတာပြီး ယာယီစည်းခတ်ကာ ဦးယူထားသောနေအိမ် ၈၀၀ ခန့် ရှိနေပြီဖြစ်သည်။

“သူတို့ထဲမှာ အချိန်မတော်တဲ့ ညဘက်တွေမှာဆိုလည်း ဆိုင်ကယ်တွေ တ၀ူးဝူးနဲ့ ရွာထဲကို ဖြတ်သွားဖြတ်လာလုပ်တဲ့ လူမိုက်အဖွဲ့တွေ ရှိပါတယ်။ အဲဒီလူတွေကြောင့် လူကြီးတွေဆိုရင် ညရေးညတာဆိုလည်း မလုံခြုံဘူး။ ကြောက်နေရတယ်ပေါ့ဗျာ။ တဖြည်းဖြည်းနဲ့ တဲတွေက တိုးတိုးလာပြီဆိုတော့ ပိုကြောက်ရပါတယ်။ ဒီဘက်က လုံခြုံရေးယူတဲ့ ဒေသခံ ရွာသားတွေနဲ့လည်း ရန်ဖြစ်တာ တွေကြုံရပါတယ်။ လုံခြုံမှုရှိအောင်နဲ့ ပြဿနာတွေ ထပ်မဖြစ်အောင် နည်းမှန်လမ်းမှန်နဲ့ ဖြေရှင်းပေးစေ လိုပါတယ်” ဟု ဆန္ဒပြပွဲတွင် ပါဝင်သူတစ်ဦးက ပြောကြားခဲ့သည်။

တွံတေးမြို့နယ်အပိုင် လှိုင်သာယာ-တွံတေး လမ်းမပေါ်ရှိ ကျူးကျော်နေထိုင်သူ အများစုသည် လှိုင်သာယာမြို့နယ်အတွင်းမှ ပြောင်းရွှေ့လာကြသူများဖြစ်ပြီး လက်ရှိအချိန်တွင် ကျူးကျော်နေထိုင်ရန် ဦးဆောင်သည့် အဖွဲ့အချို့က မြေကွက်များကိုပိုင်းကာ ကျပ်ရှစ်သောင်းမှ သုံးသိန်းအထိ ဈေးဖြတ်ပြီး ရောင်းချမှုများ ရှိနေကြောင်း သိရသည်။

“သူတို့ (ကျူးကျော်)တွေထဲမှာ ပိုက်ဆံမရှိတဲ့သူ ပါချင်လည်းပါမှာပေါ့။ ဒါပေမဲ့ ဦးဆောင်တယ်လို့ ထင်ရတဲ့ လူမိုက်အဖွဲ့တွေက မြေကွက်တွေပိုင်းပြီး လက်ညှိုးထိုး ရောင်းချနေတာ။ ကိုယ်ပိုင်ကားတွေနဲ့လည်း လာတာတွေ့ရတယ်။ အဲဒီမှာအခုဆို အိမ်ဆောက်ဖို့ ၀ါး၊ ဓနိရောင်းတဲ့ဆိုင်တွေတောင် ဖွင့်နေပြီ။ အဲဒီလူတွေက မြေကွက်တွေပြန်ရောင်းပြီး ပြန်သွားတယ်ထင်တယ်” ဟု တမာတကောကျေးရွာ အုပ်ချုပ်ရေးမှူးက The Daily Eleven သို့ပြောကြားသည်။

ကျူးကျော်နေထိုင်သူ အများစုမှာ ဧရာဝတီတိုင်းမှ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်သို့ မိသားစုလိုက် ပြောင်းရွှေ့လာကြခြင်းဖြစ်ပြီး လှိုင်သာယာရှိ အခန်းငှားခ နေထိုင်မှုစရိတ်မှာ တစ်နှစ်ထက်တစ်နှစ် များပြားလာသောကြောင့် ယခုကဲ့သို့ ကျူးကျော်နေရခြင်းဖြစ်ပြီး အများစုဖယ်ရှားပါက ၎င်းတို့လည်း ဖယ်ရှားပေးမည်ဖြစ်ကြောင်း စတင်ကျူးကျော် ဆောက်လုပ်စဉ် ဒီဇင်ဘာလလယ်ပိုင်းက The Daily Eleven သို့ဖြေကြားခဲ့သည်။

eleven media group

လာမည့်ဘဏ္ဍာနှစ်မှစ၍ သမ္မတ၏ လျှပ်စစ်ဓာတ်အားခ တိုးမြှင့်မည့် အစီအစဉ်အား ယခုလွှတ်တော် အစည်းအဝေးတွင် အာဏာရ၊ အတိုက်အခံနှင့် အခြားပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက်ဆွေးနွေးမည်


လာမည့်ဘဏ္ဍာနှစ်မှစ၍ သမ္မတ၏ လျှပ်စစ်ဓာတ်အားခ တိုးမြှင့်မည့် အစီအစဉ်အား ယခုလွှတ်တော် အစည်းအဝေးတွင် အာဏာရ၊ အတိုက်အခံနှင့် အခြားပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက်ဆွေးနွေးမည်ဟု သိရသည်။

နိုဝင်ဘာမှစ၍ လျှပ်စစ်ဓာတ်အားခများ တိုးမြှင့်ကောက်ခံမည့် အစီအစဉ်အား ရပ်ဆိုင်းလိုက်ပြီး လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ပြန်လည်ညှိနှိုင်း ဆွေးနွေးပြီးမှသာ ဆက်လက်ဆောင်ရွက်ရန် နိုဝင်ဘာ ၁၂ ရက်ကပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။

နိုဝင်ဘာ ၈ ရက်ကပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် မလှိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက်က လျှပ်စစ်ဓာတ်အားခများ ပြန်လည်လျှော့ချရေး ကိစ္စနှင့် ပတ်သက်၍ အရေးကြီးအဆိုတစ်ရပ် တင်သွင်းခဲ့သည်။ လွှတ်တော်ကိုယ်စားလှယ်များက အဆိုကိုထောက်ခံကာ ဓာတ်အားခ တိုးမြှင့်ကောက်ခံမှုအပေါ် ကန့်ကွက်ဆွေးနွေးခဲ့ကြပြီးနောက် လွှတ်တော်က ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

လွှတ်တော်က ဘာပြောထားလဲဆိုတော့ ဒါကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အစမှာ သက်ဆိုင်ရာ ၀န်ကြီးဌာနအနေနဲ့ ပြန်လည်သုံးသပ်ပြီး လွှတ်တော်ကို တင်ပြပေးရမှာပါ။ အခုသမ္မတပို့တဲ့ သ၀ဏ်လွှာအရ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အစမှာ တိုးမြှင့်ကောက်ခံမယ်ဆိုတဲ့ သဘောမျိုး သက်ရောက်တယ်။ လွှတ်တော်ကို ပြန်တင်ပြဖို့ မလိုတော့ဘူး ဆိုတာမျိုး ဖြစ်နေတယ်။ ကျွန်တော့်အမြင်ကတော့ လွဲနေတယ်။ ဒီကိစ္စကို နောက်လွှတ်တော်ကို ထပ်ဆွေးနွေးသွားမှာပါ
သို့သော် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် အစတွင် လျှပ်စစ်ဓာတ်အားခ နှုန်းထားများ တိုးမြှင့်ကောက်ခံရေး စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုဝင်ဘာ ၁၄ ရက် ရက်စွဲဖြင့် ပြည်ထောင်စု လွှတ်တော်သို့ သ၀ဏ်လွှာပေးပို့ခဲ့သည်။

အဆိုပါ သ၀ဏ်လွှာနှင့် ပတ်သက်၍ အဆိုတင်သွင်းသူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်က ပြည်ထောင်စုလွှတ်တော်က အတည်ပြု ဆုံးဖြတ်ခဲ့သည့် အကြောင်းအရာနှင့် နိုင်ငံတော်သမ္မတ၏ ဆုံးဖြတ်ချက်သည် မကိုက်ညီသဖြင့် ယခုကျင်းပမည့် လွှတ်တော်တွင် ဆက်လက်ဆွေးမည်ဟု လွှတ်တော်၌ သတင်းထောက်များအား ပြောကြားသည်။

“လွှတ်တော်က ဘာပြောထားလဲဆိုတော့ ဒါကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အစမှာ သက်ဆိုင်ရာ ၀န်ကြီးဌာနအနေနဲ့ ပြန်လည်သုံးသပ်ပြီး လွှတ်တော်ကို တင်ပြပေးရမှာပါ။ အခုသမ္မတပို့တဲ့ သ၀ဏ်လွှာအရ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အစမှာ တိုးမြှင့်ကောက်ခံမယ်ဆိုတဲ့ သဘောမျိုး သက်ရောက်တယ်။ လွှတ်တော်ကို ပြန်တင်ပြဖို့ မလိုတော့ဘူး ဆိုတာမျိုး ဖြစ်နေတယ်။ ကျွန်တော့်အမြင်ကတော့ လွဲနေတယ်။ ဒီကိစ္စကို နောက်လွှတ်တော်ကို ထပ်ဆွေးနွေးသွားမှာပါ” ဟု လျှပ်စစ်ဓာတ်အားခ နှုန်းထားများ လျှော့ချရေး အရေးကြီးအဆို တင်သွင်းခဲ့သူ မလှိုင်မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက်က ပြောကြားသည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက “၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အစတွင် လျှပ်စစ်ဓာတ်အားခ နှုန်းထားများ တိုးမြှင့်ကောက်ခံရေး စတင်ဆောင်ရွက်မယ်ဆိုတဲ့ နိုင်ငံတော်သမ္မတရဲ့ ဆုံးဖြတ်ချက်က ဆွေးနွေးဖို့ အကြောင်းတစ်ခု ဖြစ်နေပါတယ်။ လျှပ်စစ်ဓာတ်အားခကို ပြည်သူလိုအပ်တဲ့နှုန်းဖြစ်ဖို့၊ ပြည်သူတွေ နစ်နာမှုမရှိစေဖို့၊ ပြည်သူ့ဘက်က ရပ်တည်ပြီး ဆွေးနွေးပါမယ်” ဟု ပြောကြားသည်။

ထို့ပြင် လျှပ်စစ်ဥပဒေ၌ ပါဝင်သည့် ဓာတ်အားခနှုန်းထားများကို ၀န်ကြီးဌာနက ကိုင်တွယ်ရာတွင် အများပြည်သူ ထိန်းညှိမှုဖြင့် ဆောင်ရွက်နိုင်စေရေး ပါဝင်ဆွေးနွေးမည်ဟု ဦးမင်းသူက ပြောကြားသည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က “လျှပ်စစ်ဓာတ်အားခတွေကို ပြည်သူ့ဆန္ဒမပါဘဲ တိုးကောက်တာကို တခြားအကြောင်းပြစရာ ကြီးကြီးမားမားမရှိဘဲ ဆက်လက်တိုးကောက်နေမယ်ဆိုရင် ဆက်ပြီးကန့်ကွက်ရမှာပါပဲ” ဟု ပြောကြားသည်။  

လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနတွင် အရှုံးပေါ်သဖြင့် ဈေးနှုန်းတိုးမြှင့်မည့်အစား လက်ရှိဆောင်ရွက်နေသည့် အခြေအနေကို ပြန်လည်စိစစ်လေ့လာ သုံးသပ်သင့်ကြောင်း၊ လျော့နည်းနေသည့် လျှပ်စစ်ယူနစ် သန်းပေါင်း ၂၅၀၀ အား ဆယ်တင်နိုင်မည်ဆိုပါက တစ်ယူနစ် ၃၅ ကျပ်နှုန်းဖြင့်တွက်လျှင် ကျပ်ဘီလျံ ၈၆ ဒသမ ၅ ခန့် ပြန်လည်ဆယ်တင် ရရှိနိုင်မည်ဖြစ်ကြောင်း ကျားဖြူပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက သုံးသပ်ပြောကြားသည်။

လျှပ်စစ်ဓာတ်အားခ တိုးမြှင့်မှုများအတွက် နိုင်ငံတစ်ဝန်းရှိ မြို့ကြီးအချို့တွင် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။

eleven media group

ရန်ကုန်တိုင်း ဒေသကြီး၌ ဒီဇင်ဘာ ၃၁ ရက်၌ ယာဉ်တိုက်မှု ရှစ်မှုဖြစ်ပွားပြီး လူလေးဦး သေဆုံးကာ ၁၆ ဦး ဒဏ်ရာရရှိ

နေ့သစ်ကူးနေ့ ညပိုင်းတွင် ဗဟန်းမြို့နယ်၌ ယာဉ်သုံးစီးတိုက်မှုကြောင့် ပျက်စီးသွားသော ယာဉ်တစ်စီးအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)

Published on: January 2, 2014

ရန်ကုန်တိုင်း ဒေသကြီးအတွင်း နှစ်သစ်ကူးနေ့ဖြစ်သော ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး၌ ယာဉ်တိုက်မှု ခုနစ်မှု ဖြစ်ပွားခဲ့ပြီး သုံးဦးသေဆုံးခဲ့ကာ ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်များမှာ ဒဂုံမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ ဆိပ်ကမ်းမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ ဗဟန်းမြို့နယ်၊ ဒေါပုံ၊ တွံတေးမြို့နယ်နှင့် မှော်ဘီမြို့နယ်တို့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်များအနက် ဖြစ်စဉ်တစ်ခုမှာ ယင်းနေ့ည ၁၁ နာရီ ၄၀ ခန့်တွင် ပုဇွန်တောင်မြို့နယ်၊ မဟာဗန္ဓုလလမ်းအတိုင်း ယာဉ်မောင်း(စုံစမ်းဆဲ) မောင်းနှင်လာသော DAIHATSU အဖြူရောင် အုတ်သဲကျောက်တင် ယာဉ်သည် မဟာဗန္ဓုလ တံတားအဆင်း ၄င်း၏ရှေ့မှ ယာဉ်တစ်စီးအား ရှောင်လိုက်စဉ် လမ်း၏ယာဘက်တွင် ရပ်တန့်ထားသော ပရိုဘောက် ခဲရောင်ယာဉ်အား တိုက်မိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ လမ်းနံဘေး ပလက်ဖောင်းပေါ်ရှိ တယ်လီဖုန်းတိုင်နှင့် ကိုလှမင်းထွန်း၊ ကိုကျော်ကျော်နိုင်တို့အား ဆက်လက်တိုက်မိပြီး သစ်ပင်အား ၀င်တိုက်ပြီးနောက် ရပ်တန့်သွားခဲ့ပြီး ယာဉ်မောင်းမှာ ထွက်ပြေးသွား ကြောင်းသိရသည်။

ယာဉ်တိုက်မှုကြောင့် ပုဇွန်တောင်မြို့နယ်နေ ကို.....မှာ အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။

ထို့အတူ မှော်ဘီမြို့နယ်တွင်လည်း ယင်းနေ့ည ၇ နာရီခန့်တွင် ထပရ ၃၂၃၊ မင်္ဂလာဒုံမြို့နယ် တပ်သားကျော်စွာဦး မောင်းနှင်လာသော တပ်မတော်ပိုင် တီအီးယာဉ်မှ ရှေ့ယာဉ်အား ကျော်တက်စဉ် တစ်ဖက်ယာဉ်ကြောသို့ ရောက်သွားပြီး မျက်နှာချင်းဆိုင်မှ မောင်းလာသော ကို.....၏ ဆိုင်ကယ်အား တိုက်မိခဲ့မှုကြောင့် ဆိုင်ကယ်စီးနင်းသူ ကို.....မှာ နဖူးဝဲဘက်အခြမ်း ကွဲအက်ပေါက်ပြဲကာ အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးသွားခဲ့ပြီး ဆိုက်ကယ်နောက်က စီးလာသူဦးမှာ ဒဏ်ရာများ ရရှိခဲ့ကာ ကျူးလွန်သူ ယာဉ်မောင်းအား ဖမ်းဆီးပြီး ၎င်း၏တပ်သို့ လွှဲပြောင်းအပ်နှံထားကြောင်း သိရသည်။

ယင်းအတူပင် မြောက်ဥက္ကလာပမြို့နယ် သံသုမာ လမ်းပေါ်တွင် မြောက်ဥက္ကပမြို့နယ်နေသူ ကိုဖြိုး (ခ)အောင်သန်းစိုး(၄၁)နှစ် မောင်းနှင်လာသည့် ဖူဆိုဘတ်စ်(၁၅၇)လိုင်း ခရီးသည်တင်ယာဉ်မှာ မဟာနွယ် စားသောက်ဆိုင်ရှေ့တွင် ရှေ့မှဟီးနိုး အငှားယာဉ်အား ၀င်တိုက်မိခဲ့ပြီး  ယာဉ်နောက်လိုက် ကို.....မှာ ဒဏ်ရာများ ရရှိကာ ဆေးရုံသို့ပို့စဉ် သေဆုံးခဲ့ကြောင်း သိရသည်။

ဗဟန်းမြို့နယ်တွင် နံနက် ၁ နာရီခွဲခန့်က ကမ္ဘာအေး ဘုရားလမ်းမပေါ် ပုလဲကွန်ဒိုရှေ့၌ ယာဉ်သုံးစီး မျက်နှာချင်းဆိုင်တိုက်မှု ဖြစ်ပွားခဲ့ပြီး သုံးဦးဒဏ်ရာ ရရှိခဲ့ကြောင်းလည်း သိရသည်။

ဆိပ်ကမ်းမြို့နယ် ကွန်ကရစ်လမ်းပေါ်တွင်လည်း  နစ်ဆန်း ၁၀ ဘီး အငှားယာဉ်မှ လမ်းဖြတ်ကူးသူ မ......(၁၂)နှစ်အား ပွတ်တိုက်မိခဲ့ပြီး ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ်၊ ဒေါပုံမြို့နယ် မဟာဗန္ဓုလ တံတားပေါ်၌ ညပိုင်းတွင် ယာဉ်မောင်းဌေးအောင် မောင်းနှင်လာသော ၅ခ/....(၂၁၀)ယာဉ်လိုင်း၊ ခရီးသည်တင် ယာဉ်သည် ဘရိတ်ပေါက်ကာ ယာဉ်ငါးစီးအား ဆင့်ကဲဝင်တိုက် မိခဲ့သည့်ဖြစ်စဉ်၊ တွံတေးမြို့နယ်တွင်လည်း ဆိုင်ကယ်အချင်းချင်း တိုက်မိပြီး အမျိုးသားတစ်ဦး သေဆုံးမှုဖြစ်စဉ်၊ ဒဂုံမြို့နယ်ရှိ ယောမင်းကြီးလမ်းတွင် တိုယိုတာ ဒိုင်နာထရပ်ယာဉ်မှ အရှိန်ဖြင့် ရွှေတိဂုံဘုရားလမ်း ဘက်သို့ကွေ့စဉ် ယာဉ်နောက်တွင် လိုက်ပါလာသည့် အမျိုးသားတစ်ဦး ပြုတ်ကျဒဏ်ရာ ရရှိခဲ့သည့် ဖြစ်စဉ်တို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်များမှ ယာဉ်မောင်းများအား သက်ဆိုင်ရာ ရဲစခန်းအသီးသီးမှ အမှုဖွင့်ထားပြီး အရေးယူရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

eleven media group

ရန်ကုန်မြို့ရှိ နေရာအနှံ့အပြားတွင် ကရင်နှစ်သစ်ကူး ပွဲတော်များ စည်ကားသိုက်မြိုက်စွာ ကျင်းပ


ကရင်အမျိုးသားနှစ်သစ်ကူး အထိမ်းအမှတ် ကရင်ဒုံးယိမ်းအကဖြင့် ဖျော်ဖြေနေသည်ကို ဇန်န၀ါရီ ၁ ရက် ည ၁၀ နာရီက တွေ့ရစဉ်
၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁ ရက် ကရင်နှစ်သစ်ကူး ပွဲတော်နေ့တွင် ရန်ကုန်မြို့ရှိ နေရာအနှံ့အပြားတွင် နှစ်သစ်ကူး ပွဲတော်များကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။ ထိုသို့ ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပရာတွင် အာလိန်ငါးဆင့် ဘုရားနှင့် အလုံမြို့နယ်ရှိ ကရင်ရွာတွင်လည်း ကရင်အမျိုးသား နှစ်သစ်ကူး ပွဲတော်ကို ယခင်နှစ်များနှင့်မတူ ထူးခြားသော အစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

အာလိန်ငါးဆင့်တွင် ကျင်းပသည့် ကရင်အမျိုးသားရိုးရာ နှစ်သစ်ကူးပွဲတော်ကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၂ ရက်အထိ ကျင်းပခြင်းဖြစ်ပြီး အဆိုပါပွဲတွင် ကရင်ရိုးရာအကများ၊ တေးသီချင်းများ၊ ကရင်ဒုံးယိမ်း အကများကို ကပြယှဉ်ပြိုင်ခဲ့ပြီး အားကစားနှင့် ပျော်ပွဲရွှင်ပွဲ များကိုလည်း ပျော်ရွှင်ဖွယ် ကျင်းပခဲ့ကြောင်း သိရသည်။

“အရင်နှစ်တွေကတော့ ကရင်နှစ်သစ်ကူးမှာ ပညာရည် ထူးချွန်ဆုပေးပွဲတွေပါတယ်။ ဒီနှစ်တော့ ဆီးဂိမ်းစ်မှာ ပါဝင်ယှဉ်ပြိုင်ပြီး ဆုရခဲ့တဲ့ အားကစားသမားတွေကို ဆုချီးမြှင့်ပွဲကို ထူးထူးခြားခြား ထည့်ထားပါတယ်။ တခြားထူးခြားတဲ့ ဖျော်ဖြေရေး အစီအစဉ် တွေကိုလည်း ထည့်သွင်းထားပါတယ်” ဟု ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ကျင်းပရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ထို့ပြင် ကရင်ရိုးရာ ယဉ်ကျေးမှု ပြခန်းများနှင့် ဓာတ်ပုံပြခန်းများကိုလည်း ပြသထားလျက်ရှိရာ ကရင်ရိုးရာ ယဉ်ကျေးမှု ပြခန်းတွင် ကရင်လူမျိုးများ၏ မင်္ဂလာဆောင် ၀တ်စုံများ၊ အသုံးအဆောင် ပစ္စည်းများနှင့် အခြားလက်မှု ပစ္စည်းများကို ပါဝင်ပြသထားကြောင်း သိရသည်။ ထို့ပြင် ဈေးရောင်းပွဲ တော်ကိုလည်း ကျင်းပလျက်ရှိပြီး ကရင်ရိုးရာ ၀တ်စုံများကို ၀ယ်ယူကြည့်ရှုသူ များပြားခဲ့ကြောင်း သိရသည်။

“ကျွန်တော်က ဧရာဝတီတိုင်းက လာတာပါ။ ဒီကရင် အမျိုးသားရိုးရာ နှစ်သစ်ကူး ပွဲတော်ကို လာရောက်တာ ဒီနှစ်နဲ့ဆို ငါးနှစ်ရှိပါပြီ။ ဒီမှာရှိတဲ့ ကစားနည်းတွေကို ၀င်ကစားမယ်။ ပြီးရင် ဈေးရောင်း ပွဲတော်ကို လျှောက်ကြည့်မှာပါ။ ကျွန်တော်က ကရင်လူမျိုးဆိုတော့ ကရင်နှစ်သစ်ကူးမှာ ပျော်ရွင်တာပေါ့” ဟု အာလိန်ငါးဆင့် ကရင်အမျိုးသားရိုးရာ နှစ်သစ်ကူး ပွဲတော်သို့ လာရောက် လည်ပတ်သည့် လူငယ်တစ်ဦးက ပြောကြားသည်။

ထို့ပြင် အလုံမြို့နယ်ရှိ ကရင်ရွာတွင်လည်း ကရင်ဒုံးယိမ်းအက ပြိုင်ပွဲများ၊ ဈေးရောင်းပွဲတော်များ၊ ပျော်ရွှင်ဖွယ် ကလေးကစားနည်း များကိုလည်း ကျင်းပခဲ့ကြောင်း သိရသည်။

eleven media group

ထန်းတပင်မြို့နယ်ရှိ နေအိမ်တစ်အိမ်အား အုပ်စုဖွဲ့ကာ ရဲအယောင်ဆောင်ပြီး ရွှေထည်ပစ္စည်းများနှင့် ငွေများလုယက်မှု ကျူးလွန်သူများအနက် သုံးဦးကို ကျောက်ဆည်မြို့နယ်အတွင်း ဖမ်းဆီးရမိ


မင်းသိန်းနိုင် အောင်ကျော်ထက်
ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်တွင် အုပ်စုဖွဲ့ ရဲအယောင်ဆောင်ပြီး ရွှေထည်ပစ္စည်းများနှင့် ပိုက်ဆံများ လုယက်သည့် ကျူးလွန်သူများအနက် သုံးဦးကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၄ ရက် ည ၁၁ နာရီခန့် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တက်သစ်နယ်မြေ ရဲစခန်းက အမှုဖွင့်ပြီး တိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့် ပူးပေါင်းရှာဖွေစုံစမ်းရာ မဆောင်းနှင်းအေး၏ အစ်ကိုဝမ်းကွဲတော်စပ်သူ သီဟအောင်အား သံသယတွေ့ရှိရသဖြင့် ၎င်းနှင့်ပတ်သက်၍ စုံစမ်းခဲ့ကြောင်း သိရသည်။

ထို့နောက် ဒီဇင်ဘာ ၂၄ ရက်တွင် သီဟအောင်၏ မရီးတော်စပ်သည့် မင်္ဂလာဒုံမြို့နယ် နေသူထံသို့ ဆွေမျိုးများဖြစ်သည့် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဆင်ဖြူရှင်ရပ်ကွက်နေ မြင့်အောင်၊ နိုင်နိုင် (ခ) စိုးမြင့်အောင်၊ သက်ပိုင် (ခ) ကျော်ဇင်မင်း၊ သန္တာစိုးတို့သည် ၎င်း၏နေအိမ်သို့ လာရောက်တည်းခို နေထိုင်ခဲ့ကြောင်း၊ သီဟအောင်နှင့် မြင့်အောင်တို့မှာ တယ်လီဖုန်းများဖြင့် သံသယဖြစ်ဖွယ် ဆက်သွယ်မှုများ ရှိခဲ့ကြောင်းနှင့် အခင်းဖြစ်ပွားပြီးချိန်တွင်လည်း ခရီးထွက်ခွာသွားခဲ့ကြောင်း သိရသည်။

ယင်းကြောင့် ၎င်းတို့ထွက်ခွာရာ လမ်းကြောင်းများကို လိုက်လံစုံစမ်းရာ ဇန်န၀ါရီ ၁ ရက် နေ့လယ်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ဇရပ်ဖြူကျေးရွာ၌ ရောက်ရှိတိမ်းရှောင်နေသော မြင့်အောင်၊ သက်ပိုင်၊ သန္တာစိုးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။  

ဒီဇင်ဘာ ၂၄ ရက် ည ၁၁ နာရီခန့်တွင် ထန်းတပင်မြို့နယ်၊ ရိုးလေးကျေးရွာနေ မ.....(၂၆)နှစ်၏ နေအိမ်သို့ အမည်မသိ အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးတို့ ရောက်ရှိလာခဲ့ပြီး ၎င်းတို့မှာ လှိုင်သာယာအမှတ်(၂) မြို့မရဲစခန်းမှ ရဲတွေဟု ပြောဆို၍ အိမ်ပေါ်သို့ တက်လာခဲ့ကြောင်း သိရသည်။

ယင်းနောက် အဆိုပါလူများထဲမှ တစ်ဦးက မ......၏ မောင်ဖြစ်သူ မောင်......နှင့် သူငယ်ချင်းဖြစ်သူကို မူးယစ်ရမ်းကားမှုဖြင့် ရဲစခန်းတွင် ဖမ်းဆီးထားပြီး အမှုမဖွင့်လိုက ငွေကျပ်ငါးသိန်း ပေးရမည်ဟု ပြောဆိုခဲ့ပြီး မပေးရင် ဒုက္ခရောက်မည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

ထို့နောက် မ....မှ နေအိမ်အိပ်ခန်း အတွင်းသို့ဝင်၍ ပိုက်ဆံအိတ်ယူဆောင်စဉ် ၎င်းတို့ထဲမှ အမျိုးသမီးဖြစ်သူက အိပ်ခန်းအတွင်း ၀င်လိုက်လာပြီး စစ်ဆေးရမည်ဟုဆိုကာ အိတ်ကိုကြည့်ရှုပြီး အဆိုပါအိတ်အား ယူဆောင်ကာ “ဒီပစ္စည်းတွေ ငါတို့ကိုမပေးရင် ဒုက္ခရောက်သွားမယ်။ ငါတို့ကို ဘာမှတ်လဲ။ အမှုထဲပါသွားမယ်” ဟု ပြောဆိုခြိမ်းခြောက်ကာ ၎င်းတို့အုပ်စုက အဆိုပါအိတ်အား ယူဆောင်သွားခဲ့ကြောင်း သိရသည်။

၎င်းတို့ယူဆောင်သွားသော အိတ်အတွင်း၌ ငွေကျပ် ၃၄ သိန်းကျော်နှင့် ငွေကျပ် ၃၆ သိန်းကျော် တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ ပါသွားကြောင်း သိရသည်။ ယင်းကြောင့် ရဲဝန်ထမ်း အယောင်ဆောင်ကာ ပစ္စည်းများ ယူဆောင်သွားသူများကို တက်သစ်ရဲကင်းစခန်းမှ (ပ) ၁၃၁/၁၃၊ ပြစ်မှုပုဒ်မ-၃၈၂/၁၇၀ ဖြင့် အမှုဖွင့်ပြီး သုံးဦးအား ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး ကျန်နှစ်ဦးမှာ လွတ်မြောက်နေသေးကြောင်း သိရသည်။

ယင်းကဲ့သို့ပင် ရဲယောင်ဆောင်ပြီး ရွှေထည်ပစ္စည်းများ လုယက်မှုများမှာ ဗဟန်းမြို့နယ်တွင် အောက်တိုဘာ ၂၆ ရက်တွင်တစ်ကြိမ်၊ အောက်တိုဘာ ၂၇ ရက်တွင် စမ်းချောင်းမြို့နယ်၌တစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
eleven media group

HR Journal (3-Jan-2014)

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





NetGuide Journal (4-Jan-2014)

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





အထက်မြန်မာပြည် သံဃာ့ညီလာခံ ကျင်းပမည်

မန္တလေး၊ ဇန်နဝါရီ ၃

မန္တလေးမြို့ပေါ်ရှိ ရဟန်းရှင်လူများဖြင့် အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသည့် အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေး အဖွဲ့က အထက်မြန်မာပြည် သံဃာအပါး ငါးထောင် ပါဝင်မည့် သံဃာ့ ညီလာခံကြီးကို ဇန်နဝါရီလ ၁၅ ရက်နေ့ (ပြာသိုလပြည့်နေ့) တွင် မန္တလေးမြို့ရှိ အတုမရှိ ကျောင်းတော်ကြီးတွင် ကျင်းပသွားမည် ဖြစ်ကြောင်း အဆိုပါ အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ပေါ်ပေါက်ရန် ဦးဆောင်သည့် ဆရာတော အရှင်ဝီရသူက မိန့်ကြားသည်။

အဆိုပါ သံဃာ့ညီလာခံကို မန္တလေးတိုင်းဒေသကြီးအတွင်း အထက်မြန်မာပြည် မြို့ကြီးများမှ အမျိုးဘာသာ၊ သာသနာကို စောင့်ရှောက်ထိန်းသိမ်းရန် စိတ်ပါ ဝင်စားသည့် သံဃာတော် အပါးငါးထောင်ကို ပင့်ဖိတ်ပြီး မန္တလေးမြို့တော်တွင် အမျိုးဘာသာ၊ သာသနာရုံးခန်း ဖွင့်လှစ်ခြင်း၊ ရှေ့ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အပါအဝင် ထင်ရှားသည့် အင်းစိန် ရွာမကျောင်းတိုက် ဆရာတော်နှင့် သီတဂူ ဆရာတော်ကြီးတို့၏ သြဝါဒ ခံယူခြင်း၊ အမျိုးဘာသာ သာသနာ ထိန်းသိမ်းခြင်းကို သတင်းမီဒီယာများမှ သတင်းဖြန့်ဝေခြင်း၊ ဘာသာလူမျိုး မတူသည့် ပုဂ္ဂိုလ်များ ကြောင့် ဒုက္ခရောက်သူများကို ဥပဒေနှင့် ငွေကြေးဆိုင်ရာ အကူအညီပေးမည့် အစီအစဉ်များကို တက်ရောက်လာသည့် သံဃာတော်များနှင့် လူပုဂ္ဂိုလ်များကို ချပြသွားမည် ဖြစ်ကြောင်း ဆရာတော်က ရှင်းပြသည်။

ယင်းအတုမရှိ ကျောင်းတော်ကြီးတွင် သံဃာ့ညီလာခံ ကျင်းပနိုင်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် သာသနာရေး ဦးစီးဌာန၊ ယဉ်ကျေးမှု ဦးစီးဌာနတို့သို့ ခွင့်ပြုချက် တောင်းခံထားကြောင်း ဆရာတော်က ထပ်လောင်း မိန့်ကြားသည်။
“သီတဂူဆရာတော်ကြီးနဲ့ အင်းစိန်ရွာမ ကျောင်းတိုက် ဆရာတော်ကြီးတို့က ပေးတဲ့ရက်ကို လုပ်ရတာပါ” ဟု အရှင်ဝီရသူက မိန့်ဆိုသည်။

မန္တလေး အတုမရှိကျောင်းတွင် အမျိုးဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး အသင်းက ကျင်းပပြုလုပ်မည့် အစည်းအဝေး အစီအစဉ်များသည် သံဃ မဟာနာယကများ၏ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းများနှင့် မဆန့်ကျင်ရန် ယင်းအဖွဲ့ကိုလည်း ခေါ်ပြောထားပြီး ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး သံဃမဟာ နာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ မိန့်ကြားသည်။

မန္တလေးမြို့တော်တွင် ကျင်းပသည့် ဘာသာရေးဆိုင်ရာ အခမ်းအနားများကို အတုမရှိ ကျောင်းတော်ကြီး၌ ကျင်းပခွင့်ရရန် မိုးတား ဆရာတော်နှင့် မြတောင် ဆရာတော်တို့က ဝန်ကြီးချုပ်ထံ မေတ္တာရပ်ခံချက်များ ရှိခဲ့သဖြင့် ယင်းသံဃာ့ ညီလာခံကို အတုမရှိ ကျောင်းကြီးတွင် ကျင်းပခွင့် ရနိုင်ကြောင်း မြို့ခံ သံဃာတော်များက ပြောကြားသည်။
“ဝန်ကြီးချုပ်ဆီ ခွင့်ပြုချက်တောင်းစာ ကျွန်တော်တို့ ဌာနကို မိတ္တူ ရောက်လာတယ်။ အဲ့ဒီမိတ္တူကို ရှေးဟောင်း ရုံးချုပ်ကို ပေးပို့ထားပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး ရှေးဟောင်း သုတေသန ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်းက ဆိုသည်။

အထက်မြန်မာပြည် သံဃာအပါး ၅၀၀၀ ကို စုစည်းပြီး သံဃာ့ညီလာခံ ကျင်းပမည့် အတုမရှိ ကျောင်းသည် မန္တလေးတောင်ခြေတွင် တည်ရှိပြီး မင်းတုန်းမင်းကြီး လက်ထက်တွင် တည်ဆောက်ခဲ့ကာ နဝတ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့)၊ နအဖ (နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) နှင့် လက်ရှိ အရပ်သား အစိုးရလက်ထက်တွင် ဘာသာရေး အခမ်းအနားများ ကျင်းပခဲ့ကြောင်း၊ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် လက်ပံတောင်းတောင် ထိခိုက်ဒဏ်ရာရ သံဃာများကို ယင်းအတုမရှိ ကျောင်းတွင် အစိုးရအဖွဲ့က တောင်းပန်ခဲ့ဖူးကြောင်း မှတ်တမ်းများအရ သိရသည်။

The Voice Weekly Myanmar

လူထုပုံရိပ်ဂျာနယ် ထုတ်ဝေသူကို ပြည်ထဲရေး ခေါ်ယူသတိပေး ။



လူထုပုံရိပ် သတင်းဂျာနယ်တွင် ဖော်ပြထားသည့် အယ်ဒီတာ့ အာဘော်နှင့် သတင်းရေးသားမှု အချို့အတွက် ယင်းဂျာနယ် ထုတ်ဝေသူကို ပြည်ထဲရေး ဝန်ကြီးဌာန ရန်ကုန်တိုင်း သတင်းတပ်ဖွဲ့ (S. က ဇန်နဝါရီလ ၃ ရက်နေ့တွင် ခေါ်ယူ သတိပေးလိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က အတည်ပြု ပြောကြားသည်။

ဇန်နဝါရီလ ၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ဝေသည့် လူထုပုံရိပ် သတင်းဂျာနယ် အတွဲ (၂) အမှတ် (၁၄) တွင် ဖော်ပြထားသည့် အရေးအသားအချို့မှာ အများပြည်သူ ဆူပူစေရန် လှုံ့ဆော်သည့် အရေးအသားမျိုး ဖြစ်နေပြီး တရားဥပဒေ စိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေးကို ပျက်ပြားစေနိုင်သဖြင့် ယင်းသို့ ခေါ်ယူ သတိပေးခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
“မှတ်ပုံတင် ထုတ်ပေးတဲ့ဌာနကလည်း ကျင့်ဝတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်လို့ ထောက်ပြ (ခေါ်ယူတွေ့ဆုံ) ဖို့ ရှိပါသေးတယ်” ဟု ဒုတိယဝန်ကြီးက ဆိုသည်။

လူထုပုံရိပ် သတင်းဂျာနယ်တွင် ဖော်ပြထားသည့် အယ်ဒီတာ့အာဘော်၊ တရားစီရင်ရေးအပေါ် သမ္မတဂုတ် ခွစီးဟုဆိုနှင့် ၂၀၁၄ တွင် မင်းပြောင်းမင်းလွဲ ဖြစ်နိုင်ဟူသည့် သတင်းဖော်ပြမှု သုံးခုအတွက် ထုတ်ဝေသူကို သတင်းတပ်ဖွဲ့ တိုင်းတာဝန်ခံ ဦးကျော်ကျော်ဟန်က ခေါ်ယူ သတိပေးခြင်း ဖြစ်ကြောင်း လူထုပုံရိပ် အမှုဆောင် စာတည်း ဦးခင်ဝင်းက ပြောကြားသည်။

အဆိုပါ ရေးသားမှုများမှာ ဥပဒေကြောင်းအရ အရေးယူနိုင်သည့် ကိစ္စရပ်များ ဖြစ်သည့်အတွက် ဂျာနယ်၏ ရေးသား ဖော်ပြမှုကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန် ဦးကျော်ကျော်ဟန်က ပြောဆိုခဲ့ပြီး ယခုအကြိမ်မှာ ခေါ်ယူဆွေးနွေးခြင်းသာ ဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း ထုတ်ဝေသူ၏ ပြန်လည် ပြောကြားချက်ကို ကိုးကား၍ ဦးခင်ဝင်းက ရှင်းပြသည်။
“ထုတ်ဝေသူကို ဓာတ်ပုံ ရိုက်ထားပြီး မနက်ဖြန်ထွက်မယ့် အစိုးရ သတင်းစာတွေမှာ သတင်းဖော်ပြမယ်လို့ ပြောတယ်” ဟု ၎င်းကဆိုသည်။

ဂျာနယ် ထုတ်ဝေသူကို ရဲတပ်ဖွဲ့က ခေါ်ယူသတိပေးခြင်းမှာ အစဉ်အလာမရှိဘဲ ယခင်က စာပေစိစစ်ရေးမှတစ်ဆင့် ပြောဆိုပြီး ယခုအချိန်တွင် စာနယ်ဇင်း ကောင်စီမှတစ်ဆင့် အကြောင်းကြားကာ သက်ဆိုင်ရာ အယ်ဒီတာအဖွဲ့ကို ခေါ်ယူ ဆွေးနွေးခြင်းမျိုးသာ ရှိကြောင်း၊ သတင်းတပ်ဖွဲ့၏ ခေါ်ယူ သတိပေးမှုကြောင့် လူထုပုံရိပ်၏ မူဝါဒကို ပြောင်းလဲမည် မဟုတ်ကြောင်း ဦးခင်ဝင်းက ထပ်လောင်း ပြောကြားသည်။

ဒုတိယဝန်ကြီး ဦးရဲထွဋ်ကမူ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ၏ စာနယ်ဇင်းဆိုင်ရာ ပြဿနာများကို ဝင်ရောက် ဖြေရှင်းမှုအပေါ် သက်ဆိုင်ရာ စာနယ်ဇင်း အဖွဲ့များက လိုက်နာမှု အားနည်းသည့်အပြင် ယင်းသို့ ခေါ်ယူသတိပေးခြင်းမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အရေးယူမှုကို တိုက်ရိုက် ကိုင်တွယ်ရသူ ဖြစ်သည့်အတွက် ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

သို့သော် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီသို့ ရောက်ရှိ အကြောင်းကြားလာသည့် အငြင်းပွားမှုများနှင့် ပတ်သက်၍ ကောင်စီက ၉၀ ရာခိုင်နှုန်းနှင့်အထက် ဖြေရှင်းနိုင်ခဲ့ပြီး ယင်းသို့ ဖြေရှင်းထားမှုကို စာရင်းဇယားနှင့် ထုတ်ပြနိုင်ကြောင်း၊ စာနယ်ဇင်း ကောင်စီ၏ ဖြေရှင်းမှုကို လိုက်နာမှု အားနည်းသည် ဆိုပါက အထောက်အထားနှင့် ပြသရန် လိုအပ်ကြောင်း ကောင်စီ အတွင်းရေးမှူးက ပြောဆိုသည်။

လူထုပုံရိပ် သတင်းဂျာနယ်ကို ခေါ်ယူ သတိပေးမှုနှင့် ပတ်သက်၍ မည်သို့ ဆက်လက် ဆောင်ရွက်မည်ကို ထုတ်ဝေသူနှင့် အယ်ဒီတာအဖွဲ့များ ဆွေးနွေး ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း အမှုဆောင် စာတည်း ဦးခင်ဝင်းက ပြောဆိုသည်။

ယင်းသို့ လူထုပုံရိပ် ဂျာနယ်ကို ပြည်ထဲရေးက တိုက်ရိုက်ခေါ်ယူ သတိပေးခဲ့သော်လည်း သတင်းမီဒီယာများ အကြား၌ပင် အငြင်းပွားမှုများ ဖြစ်ပေါ်နေသည့် သူရိယနေဝန်း ဂျာနယ်၏ ရေးသား ဖော်ပြမှုများ အတွက်မူ အစိုးရအဖွဲ့က တိုက်ရိုက် ကိုင်တွယ်မှုမရှိဘဲ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) ကိုသာ လိုအပ်သလို ညှိနှိုင်း ဆောင်ရွက်ရန် အကြောင်းကြားခဲ့သည်။

ယင်းအပေါ် ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်က လူထုပုံရိပ်၏ အရေးအသားမှာ အများပြည်သူနှင့် သက်ဆိုင်သဖြင့် တိုက်ရိုက်ခေါ်ယူ သတိပေးခြင်း ဖြစ်ပြီး သူရိယနေဝန်း၏ ဖော်ပြချက်များမှာ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်ခုနှင့် သက်ဆိုင်သည်များ ဖြစ်၍ သက်ဆိုင်သူ ကာယကံရှင်များ၏ တင်ပြ တိုင်ကြားမှုအပေါ် မူတည်၍သာ အရေးယူ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ အများပြည်သူနှင့် သက်ဆိုင်ခြင်း မရှိ၍ အစိုးရက တိုက်ရိုက် ဝင်ရောက် ကိုင်တွယ်မည် မဟုတ်ကြောင်း ရှင်းလင်း ပြောကြားသည်။

The Voice Weekly Myanmar

အရေးအကြီးဆုံး အသိမ်မွေ့ဆုံး အကဲဆတ်ဆုံး


စကားပလ္လင်
ယနေ့ဖြစ်ပေါ်နေသော “အခြေခံဥပဒေ ဒီဘိတ်” ကြီးတွင် “တပ်မတော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း” ကိစ္စကို အကျယ်လောင်ဆုံး ကြားနေရသည်။ ပြောရလျှင် “အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေးပြဿနာ” မှာ မြန်မာ့ ဒီမိုကရေစီရေး၏ “အရေးအကြီးဆုံး” အပိုင်းဖြစ်လေရာ ၂၅ ရာခိုင်နှုန်း ကိစ္စကို “တည်” ပြောနေကြသည်မှာ သူ့ဟာနှင့်သူ သဘာဝကျသည်ဟု ဆိုနိုင်ပါသည်။ သို့နှင့်တိုင် အဆိုပါကိစ္စမှာ အသိမ်မွေ့ဆုံးနှင့် အကဲဆတ်ဆုံးလည်း ဖြစ်နေပြန်ရာ ကျယ်ကျယ်ပြန့်ပြန့် ချင့်ချိန်ဆုံးဖြတ်ပါမှ တန်ကာကျလိမ့်မည် ဟုလည်း စဉ်းစားမိသည်။ ဤစဉ်းစားချက်ဖြင့်ပင် ယခုစာစုကို ရေးပါသည်။

ပျောက်ဆုံးကွင်းဆက်

စံတော်ဝင် မတ်စ်ဝါဒသမိုင်းကို ပြန်ကြည့်လိုက်လျှင် အလွန်စိတ်ဝင် စားစရာကောင်းသော “ဆက်ထုံး” တစ်ခုကို တွေ့ ရပါလိမ့်မည်။ ကားလ်မတ်၏ မူလဟောစာတမ်းနှင့် ပီအိုင်လီနင်၏ ပြင်ဆင်ချက်။ မတ်နှင့် အိန်ဂျယ်တို့က အမေရိကနှင့် အင်္ဂလန်တို့တွင် အရင်းရှင်စနစ်မှ ဆိုရှယ်လစ်စနစ်သို့ ငြိမ်းချမ်း စွာ ကူးပြောင်းနိုင်သည်ဟု ဟောစာတမ်းထုတ်ခဲ့သည်။ ဤနိုင်ငံနှစ်ခုတွင် အခြားသော ဥရောပနိုင်ငံ များမှာလို လက်နက်ကိုင် တပ်ဖွဲ့များနှင့် နိုင်ငံရေး အာဏာတို့ တိုက်ရိုက်ချိတ်ဆက်မှု မရှိသေးသောကြောင့် ဆိုခဲ့ပါအတိုင်း စစ်တမ်းထုတ်ခဲ့ကြခြင်း ဖြစ်သည်။

သို့တစေ ပထမကမ္ဘာစစ်ကြီးကို ဖြတ်သန်းပြီးသောအခါ နိုင်ငံအားလုံး နီးပါးမှာပင် လက်နက်ကိုင် တပ်ဖွဲ့များ၊ နိုင်ငံရေး အာဏာခွင်ထဲ ရောက်သွားသည်။ ဤအပြောင်းအလဲကို ထောက်ပြပြီး လီနင်က “လက်နက်ကိုင် တော်လှန်ရေးမှတစ်ပါး အခြားမရှိ” ဟု ပြင်ဆင် ရပ်ခံခဲ့ခြင်း ဖြစ်သည်။

ဒုတိယကမ္ဘာစစ်အပြီး ဂရိတော်လှန်ရေးမှာ အဆိုပါရပ်ခံချက်မှ ပေါ်ထွက်လာခြင်း ဖြစ်သည်။ သို့တိုင် ဂရိတော်လှန်ရေး မအောင်မြင်ခဲ့ပါ။ လီနင်စစ်တမ်းလည်း ထင်တိုင်းမပေါက် ဖြစ်သွားခဲ့သည်။ ဘာကြောင့်နည်း။

အမေရိကနှင့် အင်္ဂလန်အပါအဝင် စစ်ပြီးခေတ် ဖွံ့ဖြိုးပြီးနိုင်ငံကြီး များတွင် “အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေး” ပြဿနာကို ဒီမိုကရေစီ နိုင်ငံရေး စနစ်နှင့် လိုက်လျောညီထွေ ဖြစ်အောင် ဖြေရှင်းနိုင်သောကြောင့်ဟု ဆိုပါသည်။ ဆိုလိုသည်မှာ အကြောင်းကြောင်းကြောင့် နိုင်ငံရေး အဖွဲ့အစည်း သဘောဆောင်နေသော လက်နက်ကိုင် တပ်ဖွဲ့များကို “ပရော်ဖက်ရှင်နယ် အဖွဲ့အစည်း” အဖြစ် ပြန်လည် နေရာချပေး လိုက်နိုင်ခြင်းဖြစ်သည်။ ဤအတွက် ဟားဗတ်ပါမောက္ခ ဆမ်မျူရယ်ပီဟန်တင်တန်နှင့် သူ၏စာအုပ် ကို အမှတ်ပေးကြသည်။ ဟန်တင်တန်က ဤအရွေ့ကို “ပျောက်ဆုံးနေသော ကွင်းဆက်” (Missing Link) ဟု ဝိဂြိုဟ်ပြုခဲ့သည်။

ဒုတိယအလှည့်

သို့တိုင်အောင် ဟန်တင်တန်၏ အဆိုပါစာအုပ်နှင့် ဆိုခဲ့ပါ အယူအဆမှာ လွတ်လပ်ခါစ ဖွံ့ဖြိုးဆဲနိုင်ငံများ အတွက်ကား ကွက်တိ မဖြစ်ခဲ့ပါ။ ဤနိုင်ငံများရှိ လက်နက်ကိုင် တပ်ဖွဲ့များမှာ အမျိုးသားလွတ်လပ်ရေး လှုပ်ရှားမှုများ ထဲမှ သန္ဓေတည် မွေးဖွားလာခဲ့သည် ဖြစ်ရာ မူလကတည်းက နိုင်ငံရေး သဘောဆောင်နေသည်။ ထို့ထက် စစ်အေးတိုက်ပွဲ အထွတ်အထိပ်ကာလ (၁၉၆၀ တစ်ဝိုက်) အရောက်တွင် စစ်ဘက် အာဏာသိမ်းမှုများ အပြိုင်းအရိုင်း ပေါ်လာပြန်ရာ “စစ်ဘက်မှ နိုင်ငံရေးတွင် ပါဝင်လာသော” (Militarization of Politics) ခေတ်တစ်ခေတ်နှင့် ကြုံလိုက်ရပြန်သည်။
ဤကာလအတွင်း စစ်ဘက် အာဏာသိမ်းခဲ့သော နိုင်ငံများကို ကြည့်လိုက်လျှင် အမေရိကန် သို့မဟုတ် ဆိုဗီယက် ကျောထောက်နောက်ခံနှင့် သိမ်းခဲ့ကြသည်များ ရှိသည်။ တတိယအမျိုးအစား အာဏာသိမ်းမှု များကား စစ်အေးနှင့်မဆိုင် မည်သည့် ကျောထောက်နောက်ခံနှင့်မှ မဟုတ်။ ပြည်တွင်းစစ်ကို အကြောင်းခံ ပေါ်ထွက်လာခြင်း ဖြစ်သည်။

စစ်ဘောင် ကျယ်လာရာမှ ဒီမိုကရေစီဘောင် ကျဉ်းသွားပြီး နောက်ဆုံး ပျောက်ကွယ်သွားခြင်း ဖြစ်သည်။ စစ်အေးလွန်ခေတ် “စစ်ဘက်ပြန်လည် ဆုတ်ခွာသောခေတ်” (Demilitarization) သို့ ရောက်သောအခါ စစ်အေးနှင့် ဆက်စပ်နေသော စစ်ဘက်ပါဝင်မှုများ ချက်ချင်းဆိုသလို ပြန်ဆုတ်သွား သော်လည်း ပြည်တွင်းစစ် တန်းလန်း နိုင်ငံများတွင်မူ ဤမျှမလွယ်။ ဤကိစ္စကို အာရှနှင့် လက်တင်အမေရိက ဒီမိုကရေစီ အပြောင်းအလဲများနှင့် ယှဉ်တွဲ စဉ်းစားလာကြရသည်။

ဆိုခဲ့ပါ ပြည်တွင်းစစ် မပြီးပြတ်သေးသော နိုင်ငံများတွင် နိုင်ငံတော် ကာကွယ်ရေးသက်သက် တာဝန်ယူသော ပရော်ဖက်ရှင်နယ်အဖွဲ့အစည်း အဖြစ် တိုက်ရိုက်သွားဖို့ အခြေအနေမပေး။ ပြည်တွင်းလုံခြုံရေးပါ တာဝန်ယူ ကြရသော နီယိုပရော်ဖက်ရှင်နယ် ဆိုသည့် အဆင့်တစ်ဆင့် ကြားခံထားရ သေးသည်။ ဆိုရလျှင် ပိုရှည်ကြာနိုင်သလို ပို၍လည်း ခက်ခဲသိမ်မွေ့သည်။ အလောတကြီး အဆောတလျင် ကိုင်တွယ်မိလျှင် နောက်ကြောင်းပြန် အန္တရာယ်ရှိနိုင်သလို “ဘော်လကန်နိုက်ဇေးရှင်း” (အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲမှု) အန္တရာယ်လည်း ရှိသည်ဟု ဆိုသည်။ ပြည်တွင်းစစ်ပြဿနာ တစ်စုံတစ်ရာ ပြေလည်မှသာ ဆုတ်ခွာရေးအတွက် လမ်းစပေါ်နိုင်စရာ ရှိသည်။
“တဖြည်းဖြည်း ဆုတ်ခွာရေး” (Gradual Change) သာ ဖြစ်ဖို့များလိမ့်မယ်” ဟု ဆိုပါသည်။ ဤနေရာ တွင်လည်း ထိပ်တိုက် ရင်ဆိုင်ရေးထက် ညှိနှိုင်း အဖြေရှာရေးကသာ ပိုအလုပ်ဖြစ်လိမ့်မည်ဟု အတွေ့အကြုံများက လှစ်ပြ လျက်ရှိသည်။ အနီးစပ်ဆုံး ဆိုရလျှင် အင်ဒိုနီးရှား အတွေ့အကြုံ။ ၁၉၉၈ က စစ်ဘက်ပါဝင်မှု ၄၀ ရာခိုင်နှုန်းအထိ ရှိသည်။ ၁၉၉၉ တွင် ၂၅ ရာခိုင်နှုန်း။ ၂၀၀၄ ရောက်မှ အပြီးအပြတ် ဖယ်ရှားနိုင်ခဲ့သည်။

မြန်မာ့နိုင်ငံရေးပေါ် တင်ကြည့်

ဆိုခဲ့ပြီးသော ပညာရှင် စဉ်းစားချက်များနှင့် နိုင်ငံတကာ အတွေ့အကြုံ များကို မြန်မာ့နိုင်ငံရေးပေါ် တင်ကြည့်လိုက်လျှင် လက်တွေ့ကျသော အဖြေတစ်ခု ရကောင်းစရာ ရှိလိမ့်မည် ထင်သည်။ ဤနေရာတွင် “အခရာ” အကျဆုံး မှာ မြန်မာနိုင်ငံ၏ ပကတိအရှိပင်ဖြစ်သည်။ အဆိုပါ ပကတိအရှိကို စာရေးသူ ဉာဏ်မီသလောက် စာရင်း တို့ကြည့်ပါမည်...။

၁။ မြန်မာ့တပ်မတော်မှာ ၁၃၀၀ ပြည့်အရေးတော်ပုံတွင် သန္ဓေတည်ပြီး ရဲဘော်သုံးကျိပ် အဖြစ် မွေးဖွားကာ ဖက်ဆစ်တော်လှန်ရေးဖြင့် အသက်ဝင်လာသည်။
၂။ မြန်မာ့လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်းမှာ မြန်မာ့တပ်မတော်ကို စတင် အုတ်မြစ်ချခဲ့သော ခေါင်းကိုင်ဖခင်ကြီးလည်း ဖြစ်သည်။
၃။ သို့တစေ တပ်မတော်က နိုင်ငံတော်အာဏာကို တိုက်ရိုက်ချုပ်ကိုင် ခဲ့ရာက အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေး ယိုယွင်းခဲ့ရသည့် ကာလမှာလည်း ရာစုဝက်နီးပါး ခန့်ရှိသည်။ ယခုထိလည်း အကင်း မသေတတ်သေး ...။
၎။ မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်မှာ နှစ်ပေါင်း ၆၀ ကျော်ခဲ့ပြီဖြစ်ရာ ကမ္ဘာ့ အရှည်ကြာဆုံး စစ်ပွဲစာရင်း ဝင်သည်။
၅။ လက်ရှိ တောတွင်းလက်နက်ကိုင် အင်အားမှာ တစ်သိန်းအထက် ရှိသည်ဟု သိရသည်။ အစိုးရရော၊ တောတွင်းကပါ ဖွဲ့စည်းခဲ့ကြသော ကာကွယ်ရေး အဖွဲ့ပေါင်း ၅၀၀၀ ကျော်ရှိသည် ဟုလည်း ဆိုသည်။
၆။ မြန်မာ့လက်နက်ကိုင် အဖွဲ့အစည်း အားလုံး (အစိုးရရော၊ တောတွင်းပါ) မှာ ပြည်တွင်းစစ် နောက်ခံပေါ် တည်ဆောက်ထားသော အင်စတီကျူးရှင်းများ ဖြစ်နေသည်။ ဆိုင်ရာဆိုင်ရာ အကျိုးစီးပွားများနှင့်လည်း ဆက်စပ်နေသည်။
၇။ လက်ရှိ မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲမှာ ကနဦးတံခါးဖွင့် အဆင့် (Political Opening) မျှသာရှိသေးရာ အလွန် အကဲဆတ်သော အနေအထားတွင် ရှိနေဆဲဖြစ်သည်။

ဤသို့ဆိုလျှင် ဘာလုပ်ကြမည်နည်း။ ဆန္ဒထက် အမြော်အမြင်က ပိုအရေးကြီးလိမ့်မည် ဟု သဘောရပါကြောင်း ...။

(စာညွှန်း - Civil – Military Relations and Democracy (Larry Diamond))
The Voice Weekly Myanmar

ဖေ့စ်ဘွခ်ကြောင့် ကိုယ့်ရဲ့အလှတရားတွေကို ဖော်ထုတ်ခွင့်ရတယ်လို့ ဆိုတဲ့ ဘေဘီမောင်



ဆက်စီကျတယ်ဆိုပြီး ဖေ့စ်ဘွခ်နဲ့ အွန်လိုင်းမှာ နာမည်ကြီးနေသူတွေထဲမှာ ဘေဘီမောင်လည်း တစ်ယောက်အပါအ၀င်ပါပဲ။ သူနဲ့တွေ့ဆုံခိုက် အနုပညာလှုပ်ရှားမှုတွေကို မေးကြည့်လိုက်တဲ့အခါ ‘အခုလတ်တလော ကားတွေ ဆက်တိုက်ရိုက်ဖြစ်နေပါတယ်။ စည်ဖြိုးတို့ ဇေရဲ့ထက်တို့ အောင်ရဲလင်းတို့နဲ့ ရိုက်ဖြစ်တယ။် ပြီးတော့ HIV ပညာပေးဇာတ်လမ်းတိုလေးတွေလဲ ရိုက်ဖြစ်တယ်။ ဘေဘီမောင်က သူငယ်ချင်းခန်းကလွဲရင် ကျန်တာရိုက်ပါတယ်။ ဘာလို့လဲဆိုတော့ ရိုက်ဖို့လာပြောတဲ့ အခါကျရင် ကိုယ့်အတွက် ပရိသတ်လဲ သတိထားမိမယ်။ နေရာလေးလဲရမယ် ဆိုရင် ရိုက်ပါတယ်။ ပြီးတော့ မော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့အတွက် ရှိုးပွဲတွေလဲ လျှောက်ဖြစ်တယ် ပြက္ခဒိန်တွေလဲ ရိုက်ဖြစ်တယ။် အခုရိုက်နေရတာကတော့ စည်ဖြိုးနဲ့မော်ဒယ်လ်တွေအများကြီးနဲ့ပေါ့။ အားလုံးပေါင်း ၉ယောက်လောက်ပါတယ်။ အဲဒီထဲမှာ ညီမက တက်တူးဆွဲပြီး အလန်းပဲပေါ့။ နိုင်ငံခြားက ပြန်လာတယ်။ အဲဒါကိုစည်ဖြိုးက သူ့ရဲ့ရည်းစားနဲ့မှားတဲ့ပုံစံလေးပေါ့ ။

ကားနာမည်က တက်တူးနှင့်သူဧ။်ချစ်သူများတဲ့။ ဒီကားလေးကို လက်ခံဖြစ်တာက ရေလဲကူးရတယ်။ ကိုယ့်ရဲ့အလှတွေကိုလဲ ဖော်ထုတ်ခွင့်ရတယ်ဆိုတော့ ညီမ ကာရိုက်တာနဲ့လိုက်တယ်လေ။ ပရိသတ်လဲကြိုက်ကြမှာပါ။ အဓိကက အလှအပတွေကို ပြသခွင့်ရတဲ့အတွက် ကိုယ့်ရဲ့ရှိတဲ့ အလှတွေက ဒီကားမှာပြခွင့်ရတဲ့အတွက် ပရိသတ်တွေကြိုက်ကြမှာပါ။ အခုက ၂၀၁၄ လဲရောက်လာပြီဆိုတော့ ကိုယ့်ရဲ့ အနုပညာတွေကို ပရိသတ်အတွက် တတ်နိုင် သလောက်ချပြရမှာပေါ့။ အရင်ကလိုမဟုတ်တော့ဘူး။ ကားရိုက်တွေဆိုပိုစိတ်ဝင်စားလာတယ်။ အရင်ကဆို လာငှားရင်တောင် လုပ်ရဲပါ့မလားဆိုတဲ့အတွေးနဲ့မလုပ်ဖြစ်ဘူး။ ကြာလာတဲ့အမျှ အလုပ်အကြောင်းတွေကို ပိုပြီးသိလာတယ်ပေါ့။ ညီမကို စသိသွားတာကတော့ ဖေ့စ်ဘွခ်ပေါ့။ သူ့ကြောင့်လဲ ကိုယ့်အလှတရားကို ဖော်ထုတ်လို့ရတယ။် အဲဒါကြောင့်မို့လူ ပိုသိသွားတာပါ။ ညီမရဲ့ ချစ်သူကတော့ ဒီအနုပညာလောကထဲကပါပဲ’လို့ သူမအကြောင်းတွေကို ပြည့်ပြည့်စုံစုံ ပြောပြခဲ့ပါတယ်။

ခင်ဆွေသက်
Trend Myanmar

၁၀တန်းကျောင်းသူအား ၃ရက်အတွင်းဖုန်းဖြင့်ရည်းစားစကားပြောပြီး တွေ့ဆုံ၍ သားမယားပြုကျင့်




မန္တလေး၊ ဇန်န၀ါရီ ၎
့် ၁၀တန်းကျောင်းသူတစ်ဦးအား ၃ရက်အတွင်း
ဖုန်းဖြင့် ရည်းစားစကား ပြောကာ
အပြင်တွင် ခေါ်ယူ တွေ့ဆုံ၍လက်ထပ်ပေါင်းသင်းမည်ဟုဆိုကာ သားမယားပြုကျင့်ခဲ့သူအား
ကျောင်းသူ၏မိခင်မှ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း
မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
ဖြစ်ပွားပုံမှာ မိတ္တီလာမြို့၊ အထက(---)မှ ကျောင်းသူ မ---အား၊ ပျော်ဘွယ်မြို့နေမောင်------ဟုဆိုသူ က
ဖုန်းဖြင့် ရည်းစားစကားပြောဆိုခဲ့ပြီး ၃ရက်ခန့်အကြာတွင် အပြင်မှာ တွေ့ဆုံရန်ချိန်းဆိုခဲ့ကြောင်း
အဆိုပါမောင်-----ဆိုသူမှ ဆိုင်ကယ်ဖြင့်လာရောက်ခေါ်ဆောင်သွားခဲ့ပြီး
အင်းကုန်းရပ်ကွက်အတွင်းရှိ Love Story အအေးဆိုင်မှ အခန်းတစ်ခန်းသို့ခေါ်ဆောင်ကာ လက်ထပ်ယူမည်ဟု ပြောဆို၍
သားမယားအဖြစ် နေထိုင်ခဲ့ပြီးနောက် ကျောင်းသို့ ဆိုင်ကယ်ဖြင့် ပြန်လည် လိုက်ပို့ခဲ့ကြောင်း ရဲမှတ်တမ်းများတွင်ဖော်ပြထားသည်။
အဆိုပါကျောင်းသူမှာ အိမ်သို့ပြန်လာရာတွင် မျက်နှာမကောင်းသဖြင့် မိခင်မှမေးမြန်းရာ ဖြစ်စဉ်အား ရှင်းပြခဲ့ကြောင်း
မိခင်ဖြစ်သူမှ မတ္တီလာမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည်။
ထို့ကြောင့်ရဲစခန်းမှ ပြစ်မှုကျူး လွန်သူဟု ယူဆရသူ မောင်--အား (ပ)၁၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၆၃/၃၆၆အရ
အမှုဖွင့်အရေးယူထားကြောင်း တိုင်းဒေသ ကြီးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။plp

Popular Myanmar News Journal

နိုင်ငံရေးအရ ဖိနှိပ်သည့် ဥပဒေများ ရပ်တန့်ရန် ၈၈ မျိုးဆက်များ တရားဝင် ဆန္ဒဖော်ထုတ်မည် ။




နိုင်ငံရေးအရ တဖက်သတ် ဖိနှိပ်ချုပ်ချယ်သည့် ဥပဒေများနှင့် ကန့်သတ်မှု၊ အရေးယူမှုများကို ရပ်တန့်စေရန် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက ဇန်နဝါရီ ၅ ရက်နေ့တွင် တရားဝင် ဆန္ဒဖော်ထုတ်မည် ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဆန္ဒဖော်ထုတ်ရာတွင် ၈၈ မျိုးဆက် ခေါင်းဆောင်များ ဖြစ်ကြသော မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုဂျင်မီ စသည့် ပုဂ္ဂိုလ်များလည်း ပါဝင်ကြမည် ဖြစ်ကြောင်း၊ ပြည်သူလူထု အပေါ် နိုင်ငံရေးအရ တဖက်သတ် ဖိနှိပ် ချုပ်ချယ်သည့် ဥပဒေများ၊ ကန့်သတ်မှု၊ အရေးယူမှုများကို ရပ်တန့် လာစေရန်အတွက် ဆန္ဒထုတ်ဖော်မည် ဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုမာကီးက ဧရာဝတီသို့ ပြောသည်။

ဇန်နဝါရီ ၅ ရက်နေ့ ညနေ ၃ နာရီမှ ၅ နာရီအတွင်း ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံအနီးတွင် ၈၈ မျိုးဆက်များ ဖြစ်ကြသည့် မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုဂျင်မီနှင့် ကိုမာကီး အစရှိသည့် ပုဂ္ဂိုလ်များ အပါအဝင် လူအင်အား ၂၀၀ ကျော်က ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ကြမည်ဟု သိရသည်။

“အစိုးရက လွတ်ငြိမ်းချမ်းသာခွင့် ပေးတယ် ဆိုပေမယ့် လယ်ယာမြေ ကိစ္စမှာ ပိုင်နက် ကျူးလွန်မှုနဲ့ တရားစွဲ ခံထားရတဲ့ သူတွေ ပြန်မလွတ်ကြသေးဘူး။ ကျနော်တို့ မှန်းထားတာကတော့ ဆန္ဒပြတဲ့ နေရာမှာ လူ ၁၀၀၀ လောက်တော့ ပါလာလိမ့်မယ် ထင်တယ်” ဟု ကိုမာကီးက ပြောသည်။

ယင်းသို့ တရားဝင် ဆန္ဒဖော်ထုတ်ရန် ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးသို့ ၈၈ အဖွဲ့အစည်းက တင်ပြထားသည့် လူအင်အား ၃၀၀ အစား လူအင်အား ၂၀၀ သာ ဆန္ဒပြခွင့် ပြုထားကြောင်း၊ ဆန္ဒထုတ်ဖော်မည့် နေ့ကို ဇန်န၀ါရီ ၄ ရက်အစား ၅ ရက်တွင် ခွင့်ပြုပေးလိုက်ကြောင်းကို ဇန်န၀ါရီ ၃ ရက် နေ့လယ် ၁၂ နာရီကျော်တွင် အကြောင်းပြန်လာသည်ဟု ၎င်းက ဆိုသည်။

ယင်းနေ့တွင် ၈၈ မျိုးဆက် ကျောင်းသားများဖြစ်သော ကိုပြုံးချို၊ ကိုမာကီးနှင့် ဒေါ်မီးမီးတို့က ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ အပါအဝင် ဒီမိုကရေစီ နိုင်ငံတော်နှင့် မသင့်လျော်ဘဲ ပြည်သူလူထုအပေါ် နိုင်ငံရေးအရ တဖက်သတ် ဖိနှိပ် ချုပ်ချယ်သည့် ဥပဒေများနှင့် ကန့်သတ်မှု၊ အရေးယူမှုများ အကြောင်းကို ဟောပြောသွားမည်ဟု သိရသည်။

အလားတူ တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့နယ်ရှိ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက ဇန်နဝါရီ ၄ ရက်တွင် ပုဒ်မ ၁၈ ဖျက်သိမ်းရေး အတွက် ဆန္ဒထုတ်ဖော်ခွင့် တင်ပြခဲ့သော်လည်း မြို့နယ်ရဲစခန်းက ချက်ချင်းပယ်ချ လိုက်ကြောင်း အဆိုပါ အဖွဲ့အစည်းမှ ဦးလှမောင်က ဧရာဝတီသို့ ပြောသည်။

“၈ ရက်နေ့မှာ ဆန္ဒထုတ်ဖော်ခွင့် ရဖို့ ဒီနေ့ပဲ ထပ်တင်လိုက်တယ်။ ပထမတခါ တင်ပြတုန်းက နေရာနဲ့ အချိန်ကြောင့် ခွင့်မပြုခဲ့ဘူး” ဟု ၎င်းက ဆိုသည်။

ဆန္ဒထုတ်ဖော်ခွင့် ရပါက မြိတ်မြို့နယ် ပုလဲရတနာ ခန်းမတွင် လာမည့် ဇန်နဝါရီ ၈ ရက်တွင် ပုဒ်မ ၁၈ ဖျက်သိမ်း ပေးရေးအတွက် မြိတ်မြို့နယ် ၈၈ မျိုးဆက်များက တောင်းဆိုသွားမည် ဖြစ်ကြောင်း သိရသည်။

ဧရာဝတီ သတင်း

ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံပေါ်က ဆုံးမစာ အချက်၂၀


၁) ဒီအချိန်မှာ အိပ်ငိုက်နေလျှင် မင်း အိပ်မက်မက်လိမ့်မည်။ ဒီအချိန်မှာ ကြိုးစားလျှင် မင်းအိပ်မက် အကောင်ထည်ဖော်နိုင်မည်။

၂) ငါ လစ်လျှူခဲ့သောယနေ့သည် မနေ့က နောက်ရက်တွင် ပျက်စီးလိုသောသူ၏ဆုတောင်းခြင်းပင်။

၃) အချိန်နှောင်းပြီဟု ထင်လိုက်သောအချိန်သည် အစောဆုံး အချိန်ပင်ဖြစ်သည်။

၎) ယနေ့အလုပ်ကို နောက်နေ့အထိမဆွဲပါနှင့်။

၅) စာကြိုးစားချိန် ပင်ပန်းတာဟာ တခဏပါ။ မကြိုးစားလိုက်ပါမှ တသက်တာပင်ပန်းမှာ။

၆) သင်ယူတာဟာ အချိန်မရှိတာမဟုတ်ဘူး။ ကြိုးစားအားထုတ်မှုမရှိတာပါ။

၇) စိတ်ချမ်းသာမှုဟာ အဆင့် သတ်မှတ်ထားတာ ရှိချင်မှရှိလိမ့်မည်။ အောင်မြင်မှုမှာတော့ရှိတယ်။

၈) သင်ယူတာဟာ လူ့ဘ၀ရဲ.အားလုံးမဟုတ်ပါ။လူ့ဘ၀ရဲ. တစ်စိတ်တစ်ပိုင်းလေးကိုတောင်မှ မအောင်မြင်နိုင်ဘူး ဆိုရင် ဘာလုပ်နိုင်ဦးမှာလဲ။

၉) မရှောင်ဖယ်နိုင်တဲ့ ပင်ပန်းဆင်းရဲမှုများကို ခံစားပါ။

၁၀) သူများထက်ပိုစော၊ ပို ကြိုးစားနိုင်မှအောင်မြင်မှုအရသာကို ခံစားရမှာ။

၁၁) ဘယ်သူမှ လွယ်လွယ်ကူကူနဲ့မအောင်မြင်နိုင်ဘူး၊ ဒါဟာ ကိုယ့်ရဲ. ပြည့်စုံသော ပင်ကိုယ်ထိန်းနိုင်စွမ်းအားနှင့် မလျှော့သော ဇွဲ လုံ့လတို့မှ ရရှိလာတာ။

၁၂) အချိန်ဟာအမြဲတမ်းကုန်ဆုံးနေတယ်။

၁၃)ဒီနေ့ယိုသောသားရည်သည်နောက်နေ့၏မျက်ရည်ဖြစ်လိမ့်မည်။

၁၄) ခွေးလိုသင် လူကြီးလူကောင်းလို ကစားပါ။

၁၅) ဒီနေ့ မသွားလျှင် နောက်နေ့ပြေးရလိမ့်မည်။

၁၆) အနာဂတ်ကို ရင်နှီးမြုပ်နံနေတဲ့သူဟာယခုလက်တွေ့ကိုသစ္စာရှိသူပါ။

၁၇) ပညာရည်အဆင့်အတန်းဟာ ၀င်ငွေ အဆင့်အတန်း ကို ကိုယ်စားပြုတယ်။

၁၈) တနေ့တာကုန်ဆုံးသွားလျှင် ပြန်မလာတော့ပါ။

၁၉) အခုတောင်မှ သင်၏ပြိုင်ဖက်သည် စာရွက်ကို အဆက်မပျက်လှန်နေပြီ။

၂၀) အကျပ်အတည်းအခက်အခဲမရှိလျှင် အကျိုးအမြတ်မရနိုင်ပါ။

မြ၀တီ

Facebook သုံးသူတွေ အတွက်သိထားသင့် တဲ့ အချက် (၈) ချက်



ကျနော်တို့ Facebook သုံးသူတိုင်း Facebook ရဲ့ အဓိကကျတဲ့ အချက်တွေကို သိပ်ပြီး မသိကြပါဘူး။ လူဟောင်းလောက်ပဲ နားလည်ကြပါတယ်။ အခု တင်ထားတာလေးကို သေခြာလေးဖတ်ကြည့် လိုက်ပါ။ သာမန် အနေအထားလောက်တော့ နားလည်တဲ့ သူတယောက်ဖြစ်လာပါမယ်။ မသိသေးတဲ့သူအတွက် ရည်ရွယ်ပြီး တင်ပေးလိုက်တာပါ။

(၁) တစ်စုံတစ်ယောက်ကို Block လုပ်ရန်Setting ထဲက Privacy Setting မှာ Block List ကို တွေ့ ရမှာပါ။ အဲဒီမှာ သင် Blockလုပ်ချင်သူရဲ့ Emial ရိုက်ထည့်ပြီး Remove လုပ်ရုံပေါ့။ Friend Requestထပ်ပို့ မှပဲ သင်တို့  သူငယ်ချင်း ဖြစ်နိုင်ပါတော့မယ်။

(၂) Comment တွေဖျက်ဖို့ Remove Button နဲ့  ခပ်လွယ်လွယ် ဖယ်ရှားလိုက်ရုံပေါ့။

(၃) သင့်ပုံ သူများ မမြင်စေချင်ရင်ကိုယ့် Profile Photo မှာ သူများ Tag ချိတ်ပေးတဲ့ ပုံတွေ များနေမယ်ဆိုရင် RemoveTag လုပ်ဖို့  လိုပါတယ်။ ကိုယ့်ရဲ့ Tag လုပ် ထားတဲ့ Photo ကိုဖွင့်လိုက်ပါ။ အဲဒီ Photo (ပုံ) အောက်မှာ Tag ချိတ်ထားတဲ့ကိုယ့်နာမည်ဘေးမှာ Photo နဲ့  Remove Tag ဆိုတာ တွေ့ ရပါမယ်။ Remove Tagလုပ်ရုံပါပဲ။ ဒါဆိုရင်သင့်ကို Tag လုပ်ထားတဲ့ ပုံတွေ မရှိတော့ပါဘူး။

(၄) ကိုယ့်ရဲ့ ပုံတွေ ဗွီဒီယိုတွေရဲ့ Privacy ကို ပိုပြီး စိတ်ချရအောင်Account ထဲက Privacy Settings က Profile Information ကို သွားပါ။ အဲဒီမှာ Bio, Birthday, Religions, Photo,Post, Allow Friends To Post My Wall, Comments စသဖြင့် ကိုယ့် Friendsတွေပဲ တွေ့ စေချင်တာလား။ တခြားလူတွေပါ မြင်စေ ချင်သလားဆိုတာ ရွေးပါ။Privacy Level မှာ Only Me, Block Specific People စသဖြင့် ကြိုက်ရာတစ်ခုခု လုပ်ပါ။ Preview My Profile ကို ရွေးပြီး Check ကြည့်ပါ။

(၅) သင့်နာမည်ကို Facebook ရဲ့ Search မှာ မတွေ့ စေချင်ရင်Settings ထဲက Privacy Setting ထဲက Search ကိုရှာပါ။ အဲဒီမှာ Only Friends ကို ရွေးချယ်ပါ။ ခုဆိုရင် သင့် Friendsတွေကပဲ သင့်ကို ရှာတွေ့ မှာပါ။

(၆) Facebook Layout ပြောင်းရန်Page Rage Super Profile က Facebook ရဲ့ Application ဖြစ်ပြီး သင့် Facebook Profile ရဲ့ Skin ကို ပြောင်းလဲပေးပါလိမ့်မယ်။ Yontoo Lages အမည်ရှိ Add on software တစ်ခုကို Installလုပ်ရမှာ ဖြစ်ပြီး ဒါက Facebook ရဲ့ Layout ကို ပြောင်းပေးမှာပါ။

(၇) Friends List ကို ဖျောက်ချင်ရင်Privacy Settings ထဲက Friends ဆိုတဲ့ Options မှာ “Every One” လား၊ “Friends ofFriends” လား၊ “Only Friends” လား၊ “Customize” လား တစ်ခုခု စိတ်ကြိုက်ရွေးလိုက်ပေါ့။

(၈) Game မကစားတော့ဘူးဆိုရင်Facebook ရဲ့ Farmville ကို သင်က အရင်က ဆော့ခဲ့ပေမဲ့ အခုတော့ ဆော့ဖြစ်တော့ဘူး ဆိုပါတော့။ဒါပေမဲ့ လက်ဆောင် များစွာ က နေ့ စဉ် ရောက်ဆဲပါ။ ဒီပြသနာအတွက် ApplicationSetting ကို ၀င်ပါ။ အဲဒီထဲက Game ကို (x) နဲ့  Remove လုပ်လိုက်ပါ။

ဇော်မင်းသန်း
မြ၀တီ

ဗောက်ထခြင်း (Dandruff)


လူတိုင်းလူတိုင်း ဗောက်ထတဲ့ ပြဿနာရှိတတ်ကြပြီး မကြာခဏ ယားယံတာနဲ့ ကုတ်ရတဲ့ သံသရာလည်ပတ်နေတတ်တယ်လို့ အရေပြားအထူးကု ဆရာဝန်တွေက ပြောပါတယ်။ ဗောက်ထတာကို ဂရုမစိုက်ဘဲထားရင် ဗောက်ဖတ်တွေ ထူထပ်လာပါတယ်။ ဒါကြောင့် ယားယံလာပြီး ကုတ်မိတတ် ပါတယ်။ ပြင်းပြင်း ထန်ထန် ကုတ်တာကြောင့်အနာဖြစ်သွားပြီး ရောဂါပိုးတွေ ဝင်ရောက်နိုင်ပါတယ်။ ဒီသံသရာကို ရှောင်ရှားနိုင်အောင် အောက်ပါ နည်းလမ်းတွေကို အသုံးပြုပါ။

မကြာခဏ ခေါင်းလျှော်ပါ...

လိုအပ်ရင် နေ့တိုင်းခေါင်းလျှော်ပေးပါ။ မကြာခဏ ခေါင်းလျှော်တာကြောင့် ဗောက်ထတာကို အလွယ်တကူ ထိန်းနိုင်ပါတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။


ခေါင်းလျှော်ရည် အပျော့စားသုံးပါ...

ဗောက်ထတာဟာ အဆီပြန်တဲ့ဦးရေကြောင့်ဖြစ်တာမို့ ခေါင်းလျှော်ရည် အပျော့စား (ဗောက်ပျောက်ဆေး မပါဝင်တဲ့ ခေါင်းလျှော်ရည်) နဲ့ နေ့စဉ်ခေါင်းလျှော်ပေးပါ။ ခေါင်းလျှော်ရည်ကို ရေနဲ့ဆတူရောစပ်ပြီး အသုံးပြုပေးရင် အဆီပြန်တာ သက်သာနိုင်ပါတယ်။

ဗောက်ပျောက် ခေါင်းလျှော်ရည်သုံးပါ...

ပုံမှန်ခေါင်းလျှော်ရည်တွေနဲ့ ဗောက်မပျောက်ခဲ့ရင် ဗောက်ပျောက်တဲ့ Formular ပါဝင်တဲ့ ခေါင်းလျှော်ရည် အသုံးပြုပါ။ ဆီလီနီယမ် ဆာလဖိတ် ဒါမှမဟုတ် ZincPyrithineပါဝင်တဲ့ ခေါင်းလျှော်ရည်တွေဟာ ဦးရေပြား cell ပွားများနှုန်းကို နှေးကွေးစေတဲ့အတွက် ထိရောက်မှုအမြန်ဆုံးပါ။Salicylicacidနဲ့ ဆာလဖာပါဝင်တဲ့ ခေါင်းလျှော်ရည်တွေဟာ ဗောက်ဖတ်ပျော်ဝင်နိုင်တဲ့အတွက် အလွယ်တကူ ဆေးကြောလို့ရပါတယ်။Antibacteriaပါဝင်တဲ့ ခေါင်းလျှော် ရည်တွေဟာ ဘက်တီးရီးယား ပေါက်ဖွားမှုနှုန်းကိုနည်းစေပြီး Tar ပါဝင်ရင် Cell ကြီးထွားမှု နှေးကွေးသွားပါတယ်။

ကြမ်းကြမ်းတမ်းတမ်း အသုံးမပြုပါနဲ့...

ဗောက်ပျောက်ခေါင်းလျှော်ရည်တွေဟာ နေ့စဉ်သုံးဖို့ ပြင်းလွန်းတာကြောင့် ရိုးရိုးခေါင်းလျှော်ရည်နဲ့ တစ်ရက်ခြားစီ အသုံးပြုသွားပါ။

ဆံပင်အရောင်ဖျော့သူများ သတိထားပါ...

သင့်ဆံပင်အရောင်ဖျော့နေရင်Tarပါဝင်တဲ့ ခေါင်းလျှော်ရည် အသုံးပြုပါက ဆံပင်အရောင်ကျွတ်နိုင်တာကြောင့် သတိထားသုံးပါ။

နှစ်ကြိမ်လျှော်ပါ...

ဗောက်ပျောက်ခေါင်းလျှော်ရည်နဲ့ နှစ်ကြိမ်လျှော်ပါ။ ပထမတစ်ကြိမ် ရေပန်းအောက် ရေဝင်ချိုးစဉ်မှာ ခေါင်းလျှော်ရည်နဲ့ခေါင်းကို အမြှုပ်ထအောင် ပွတ်ပေးပါ။ ရေချိုးအပြီးမှာ ခေါင်းကိုရေဆေးချပါ။ ဒါမှ ခေါင်းလျှော်ရည်နဲ့ အာနိသင်ပြနိုင်ဖို့ အချိန်ရမှာပါ။ ဒုတိယအကြိမ် ခေါင်းလျှော်ရည်ထည့်ပြီး ခေါင်းထပ်လျှော်ပါ။

Shower Cap ဆောင်းပါ...

ဗောက်ပျောက်ခေါင်းလျှော်ရည်ရဲ့ ထိရောက်မှု ပိုရှိစေဖို့ ခေါင်းကို အမြှုပ် ထအောင်ပွတ် အပြီးမှာShowerCapနဲ့တစ်နာရီခန့် ဆောင်းထားပါ။ ပြီးမှရေဆေးချပါ။

ခေါင်းလျှော်ရည် ပြောင်းသုံးပါ...

ခေါင်းလျှော်ရည် တစ်မျိုးသုံးပြီး သင့်ဗောက်တွေပျောက်သွားရင် ဆက်လက် အသုံးပြုပါ။ ဒါပေမဲ့ သင့်အရေပြားဟာ အဲဒီအမျိုးအစားကိုယဉ်ပါးသွားလို့ ဗောက်ပြန် ထရင် နောက်တစ်မျိုးပြောင်းသုံးပါ။

ဦးခေါင်းကို နှိပ်ပေးပါ...

ခေါင်းလျှော်နေစဉ် သင့်လက်ချောင်းတွေ အသုံးပြုပြီး ဦးရေပြားကို နှိပ်ပေးပါ။ ကုတ်တော့ မကုတ်ပါနဲ့။ အနာပေါက်နိုင်ပြီး ဗောက်ထတာထက် ပိုဆိုးသွားနိုင် လို့ပါ။

ပျော့ဆေးသုံးပါ...

ဗောက်ပျောက်ခေါင်းလျှော် ရည်တွေဟာ ထိရောက်မှုရှိပေမယ့် ဆံပင်ကြမ်းလာနိုင် တာမို့ ခေါင်းလျှော်ပြီးတိုင်း ပျော့ဆေး (Conditioner) အသုံးပြုပါ။

နေရောင်ခြည် ခံယူပါ...

နေရောင်ခြည်နဲ့အနည်းငယ်ထိတွေ့တာဟာ ဗောက်ထတာအတွက် ကောင်းမွန်တာကြောင့် နေ့စဉ်နေရောင်ခြည်နဲ့ မိနစ် ၃၀ ခန့် ထိတွေ့ပါ။ နေရောင်ကာ လိမ်းဆေးလိမ်းဖို့တော့ မမေ့ပါနဲ့။

စိတ်ဖိစီးမှု လျှော့ချပါ...

စိတ်ဖိစီးမှုများရင် ဗောက်နဲ့ အရေပြားရောဂါတွေ ပိုဆိုးရွား လာတတ်တာကြောင့် တရားထိုင်တာနဲ့ လေ့ကျင့်ခန်းလုပ်တာလိုမျိုးစိတ်ဖိစီးမှု ဖြေနိုင်တဲ့နည်းလမ်းတွေ အသုံးပြုပါ။ ဗောက်အတွက် သိပ်ပြီး မစိုးရိမ်ပါနဲ့။

သံလွင်ဆီသုံးပါ...

ဦးရေအဆီပြန် လွန်းတာကြောင့် ဗောက်ပြဿနာ ဖြစ်ပေမယ့် သံလွင်ဆီကို အောက်ပါအတိုင်းအသုံးပြုရင် ဗောက်ဖတ်တွေ ပျော့ပျောင်းသွားပြီး ကွာကျလာ နိုင်ပါတယ်။ သံလွင်ဆီ အနည်းငယ်ကို မီးငွေ့ငွေ့နဲ့ အပူပေးပါ။ ဦးခေါင်းကို ရေဆွတ်ထားပြီး သံလွင်ဆီကို ဦးရေပြားအပေါ်ပွတ်ပေးပါ။မိနစ်၃၀ခန့် ထားပြီးနောက် ဗောက်ပျောက် ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ပါ။

*ဆရာဝန်နဲ့ ဘယ်အချိန်ပြမလဲ...

- ဗောက်ပျောက် ခေါင်းလျှော်ရည်ကိုပုံမှန်အသုံးပြုပေမယ့် ဗောက်ဖတ် ထူထူတွေ ဖြစ်နေခဲ့ရင်

- အဝါရောင်သန်းတဲ့ ဗောက်မျိုးတွေဖြစ်နေခြင်း

- အနီရောင်အကွက်ထနေခြင်း၊ အထူးသဖြင့် လည်ပင်း တစ်လျှောက်မှာ

- ဦးရေပြား ပွန်းပြီး ပူလောင်နေရင်

---------------------------------
နှင်းဆီဖူးလေးများ-Love BUDS

ကိုယ်ဝန် ရှိ/မရှိ ဆီးစစ်ခြင်း နဲ့ သွေးစစ်ခြင်းအကြောင်း သိကောင်းစရာ



သီဟနိုင် on 2014-01-03 17:40

ကိုယ်ဝန် ရှိ/မရှိ စစ်ဆေးဖို့ရာ ဆီးစစ်ခြင်းနဲ့ သွေးစစ်ခြင်း ဆိုပြီး နှစ်မျိုးရှိပါတယ်။ စစ်ဆေးမှု နှစ်မျိုးစလုံးက human chorionic gonadotropin (hCG) လို့ခေါ်တဲ့ ဟော်မုန်းတည်ရှိမှုကို ရှာဖွေစစ်ဆေးမှုပါပဲ။ သားအိမ်လွှာမှာ သားလောင်းက သွားကပ်တာနဲ့ များမကြာမီမှာပဲ အချင်းကနေ အဲ့ဒီ့ဟော်မုန်းကို ထုတ်ပါတယ်။ ပြီးတော့ hCG ဟော်မုန်းတွေဟာ သန္ဓေစတည် စတည်တဲ့ရက်အနည်းငယ်အတွင်းမှာပဲ အလျှင်အမြန်ဖြစ်တည်လာပါတော့တယ်။ ဟော်မုန်းတွေ အလျှင်အမြန်ပြောင်းလဲ လာတာကြောင့် သန္ဓေတည်ခြင်းလက္ခဏာအများစု ဖြစ်လာတာပါ။

ဆီးစစ်ခြင်း။

ဆီးစစ်တာကို မတူညီတဲ့ နည်းလမ်းနှစ်မျိုးနဲ့ စစ်ဆေးနိုင်ပါတယ်။ ပြီးတော့ အိမ်မှာပဲဖြစ်ဖြစ်၊ ဆေးရုံသွားပြပြီး ဖြစ်ဖြစ် စစ်ဆေးနိုင်ပါတယ်။ ပထမနည်းလမ်းကတော့ ဆီးကို ခွက်တစ်ခုနဲ့ခံ၊ ဆီးစစ်တံကို နှစ်ထားပါ (ဆီးစစ်တံမှာပါတဲ့ စစ်ခွက်ထဲကို အစက်ချပြွန်နဲ့စုပ်ပြီး ထည့်ပါ)။ နောက်တစ်မျိုးကတော့ ဆီးသွားပြီး ဆီးစီးကြောင်း အလယ်အရောက်မှာ ဆီးစစ်တံနဲ့ ခံထားလိုက်တာပါပဲ။

အဖြေထွက်လာဖို့အတွက် အချိန်ဘယ်လောက်စောင့်တယ်ဆိုတဲ့ အပေါ်မှာမူတည်ပြီးတော့လည်း စစ်ချက်တွေက ပြောင်းပါတယ်။ ဆီးစစ်တံရဲ့ အရောင်ပြောင်းမယ်၊ လိုင်း(အရစ်)ပေါ်မယ်၊ သင်္ကေတ (အနုတ် ဒါမှမဟုတ် အပေါင်း) ပေါ်ဖို့ စောင့်ဆိုင်းရပါမယ်။

စစ်ဆေးမှုတိုင်းအတွက် ဆီးစစ်တံအိတ်ခွံမှာ ညွှန်ကြားချက်တွေ ပါရှိပါတယ်။ တိကျတဲ့အဖြေရဖို့ ညွှန်ကြားချက်တွေအတိုင်း လုပ်ဖို့လိုအပ်ပါတယ်။ ဆီးစစ်ဖို့ ဆီးယူတဲ့အခါမှာ စထွက်တဲ့ဆီးကို မယူပဲ အလယ်ဆီးကိုယူဖို့ ဆရာဝန်တွေက ညွှန်ကြားထားပါတယ်။

ဘယ်အချိန်မှာ ဆီးစစ်ရမလဲ။

ကိုယ်ဝန် ရှိ/မရှိ ဆီးစစ်မစစ်ခင် ဓမ္မတာ စပျောက်တဲ့နေ့ထိ စောင့်ဖို့ ဆရာဝန်အများစုက အကြံပေးထားပါတယ်။ ကိုယ်ဝန် စတည်ပြီး ၂ပတ်ခန့်အကြာမှာ စသိရလေ့ရှိပါတယ်။

ဆီးစစ်တာ ဘယ်လောက်ထိ တိကျပါသလဲ။

ဆီးစစ်တာကို ညွှန်ကြားချက်တွေအတိုင်း မှန်မှန်ကန်ကန် စစ်နိုင်မယ်ဆိုရင် ၉၇ ရာခိုင်နှုန်း တိကျမှုရှိပါတယ်။

ဆီးစစ်တံ အသုံးပြုပြီး ကိုယ်ဝန်စစ်ဆေးတာ ကောင်းပါတယ်။ အိမ်မှာတင် စစ်လို့ရပြီး ကုန်ကျစရိတ်လည်း သက်သာလို့ပါ။ အဖြေ မြန်မြန်ထွက်တယ်၊ အသုံးပြုရတာလည်းလွယ်ကူတယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ ညွှန်ကြားချက်အတိုင်း မတိကျဘူး၊ စစ်ဆေးချိန်ဟာ အရမ်းစောနေမယ်ဆိုရင်တော့ ရလာတဲ့ အဖြေက တိကျမှာ မဟုတ်ပါဘူး။

ဆီးစစ်ပြီးလို့ ကိုယ်ဝန်မရှိဘူးလို့ အဖြေထွက်နေတဲ့ မိန်းကလေးတစ်ယောက်မှာ သန္ဓေတည်ခြင်းလက္ခဏာ (ဓမ္မတာ ပျောက်တာ၊ ပျို့အန်တာ၊ ရင်သား ပျော့ပြီး ဒဏ်ဖြစ်တာ) တွေရှိနေသေးတယ်ဆိုရင်တော့ နောက်တစ်ပတ် စောင့်ပြီး နောက်တစ်ကြိမ်ထပ်စစ်ပါ။ ဒါမှမဟုတ် ဆရာဝန်ပြပြီး ကိုယ်ဝန်ရှိမရှိ သွေးစစ်ဆေးမှုလုပ်ပါ။

သွေးစစ်ခြင်း။

သွေးစစ်နည်း နှစ်မျိုးရှိပါတယ်။ အရေအတွက်အရ (quantitative) သွေးစစ် တိုင်းတာမှုနဲ့ သွေးထဲက hCG ပမာဏကို တိုင်းတာနိုင်ပြီး အရည်အသွေးအရ (qualitative) သွေးစစ်တိုင်းတာမှုနဲ့ ဆိုရင်တော့ ကိုယ်ဝန် (ရှိ/မရှိ) ဆိုတဲ့ ရိုးရှင်းတဲ့အဖြေတစ်ခုကို ရမှာပါ။

ကိုယ်ဝန် ရှိ/မရှိ သွေးစစ်ခြင်းရဲ့ အားသာချက်။

-ဆီးစစ်တာ ထက်ပိုပြီး ကိုယ်ဝန်ဖြစ်နိုင်ခြေကို ၇ရက်မှ ၁၂ရက်ထိ စောသိနိုင်ပါတယ်။ (ဒါပေမဲ့ ကိုယ်ဝန် မရှိဘူးလို့အဖြေထွက်ပြီး သန္ဓေတည်မှု လက္ခဏာတွေ ပြနေသေးတယ်ဆိုရင်တော့ ဓမ္မတာစပျောက်တဲ့ ရက်ကို စောင့်ပြီး ထပ်စစ်ရဦးမှာပါ။)

-သွေးထဲမှာရှိတဲ့ hCG ဟော်မုန်းပါဝင်မှု အတိုင်းအတာကို သိနိုင်ပါတယ်။ (ဆရာဝန်တွေက အဲ့ဒီ့အတိုင်းအတာကို ကြည့်ပြီး သန္ဓေတည်မှုမှာ ဖြစ်တတ်တဲ့ ပြဿနာတွေရဲ့ အတိအကျကို ခြေရာခံနိုင်ပါတယ်။)

သွေးစစ်ခြင်းရဲ့ အားနည်းချက်။

-ဆီးစစ်တာထက် ငွေကုန်ကြေးကျများတယ်။ (ဆရာဝန် စစ်ဆေးခနဲ့ ဓာတ်ခွဲခန်း ကုန်ကျစရိတ်)

-အဖြေထွက်ဖို့ အချိန်ယူရတယ်။

-ဆေးရုံ၊ ဆေးခန်းမှာသာ စစ်ဆေးနိုင်တယ်။

မြ၀တီ

ပေါက်ကရလေးဆယ် ဟာသများ


==============
1. ကျေးညိုနှင့် အင်္ဂလိပ်စာ
==============
ဆရာ .. ။ ။ Ox ဆိုတာ ဘာတုန်း?
ကျေးညို ။ ။ နွားထီး
ဆရာ .. ။ ။ Ford ဆိုတာကရော?
ကျေးညို ။ ။ ဖို့ဒ် ဆိုတာ ကား
ဆရာ .. ။ ။ ငင်... ဒါဆို Oxford ဆိုတာကရော... ?
ကျေးညို ။ ။ Ox ကနွားထီး၊ Ford က ကားဆိုတော့၊ Oxford က နွားဆွဲတဲ့ ကား၊ ကျနော်တို့ရွာမှာတော့ နွားလှည်းပေါ့
ဆရာ .. ။ ။ ဘုရား ဘုရား...

=========
2. ဒဏ်ရာနေရာ
=========
လူနာ ။ ။ ကျနော့်လည်ပင်းကို သွေးစုပ်ဖုတ်ကောင် ကိုက်သွားတယ်လို့ချည်း ထင်နေတယ်
ဆရာ ။ ။ ဒီ ရေတစ်ခွက်သောက်လိုက်
လူနာ ။ ။ ဒါဆို ပျောက်မှာလား ဆရာ
ဆရာ ။ ။ ဟင့်အင်း... လည်ပင်းက ရေထွက်ကျလာတော့ အပေါက်ဘယ်မှာလဲ သိအောင်လို့

=============
3. မေတ္တာထားတယ်လား
=============
နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ရပ်ကွက်လူကြီးတစ်ယောက် သေဆုံးသွားတယ်။
သူ့ရဲ့ နာရေးမှာ လူစည်လိုက်တာမှ အုန်းအုန်းကို တိုက်လို့။
ဒါနဲ့...
အဲဒီနာရေးကို ရောက်နေတဲ့ သတင်းထောက်က မေးမြန်းစပ်စုတယ်... ...
"ခင်ဗျားတို့က ဘယ်ကလဲ"
"ကျုပ်တို့က ဒီရပ်ကွက်ကပဲ"
"တစ်ရပ်ကွက်လုံး လာတယ်နော်၊ ရပ်ကွက်လူကြီးကို အတော်ချစ်ပုံရတယ်"
"အာ... သွားစမ်းပါ၊ ကျုပ်တို့က သူ တကယ်သေ/မသေ လာကြည့်တာ"

Credit >>>> သန်၎ကို-ဘာသာပြန်သည်။