ဂါရ၀ပြုသူများ အဆင်ပြေရေးကို ဦးစားပေးခဲ့ခြင်းဖြစ်ပြီး ဘယ်မီဒီယာကိုမှ စော်ကားလိုစိတ်မရှိဟု ဝေဠုကျော်ပြော



အာဇာနည်နေ့တွင် အာ ဇာနည်ကုန်း အလေးပြုသောနေ ရာ၌  ကြက်ခြေနီအဖြစ် တာဝန် ထမ်းဆောင်သော ဝေဠုကျော်နှင့် မီဒီယာသမားတစ်ဦးတို့    က တောက်ကဆဖြစ်ခဲ့ပြီး  ၎င်းအ နေဖြင့် လာရောက်ဂါရ၀ပြုသူများ အဆင်ပြေစေရေးကိုသာ ဦးစား ပေးဆောင်ရွက်ခြင်းဖြစ်ကြောင်း သရုပ်ဆောင်ဝေဠုကျော်က ပြော သည်။

အာဇာနည်ကုန်းပေါ်တွင် ဒီဗီဘီသတင်းဌာနမှ သတင်း ထောက်တစ်ဦးကို အလေးပြုပြီး ပြန်ဆင်းရန် ပြောရာမှ ကတောက်ကဆဖြစ်ပြီး   သတင်းထောက် ကတ်ပြခိုင်းခဲ့ရာ သတင်းထောက် က မကျေနပ်သဖြင့် လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်တွင် ဖြစ်ခဲ့သည့်အ ကြောင်းအရာကို    ရေးတင်ခဲ့ ခြင်းဖြစ်သည်။

ထိုသို့ရေးခြင်းနှင့်ပတ်သက် ၍ ဝေဠုကျော်က လာရောက်ဂါရ ၀ပြုသည့် ပြည်သူများ အဆင်ပြေ ပြေ ဂါရ၀ပြုနိုင်ရေးအတွက်ကို သာ ဦးစားပေးဆောင်ရွက်ခဲ့ပြီး အားလုံးကို တစ်ပြေးညီ ဆက်ဆံ ခဲ့ကြောင်း ပြောသည်။

‘‘ဘယ်မီဒီယာကိုမှ စော် ကားလိုစိတ်မရှိပါဘူး။ သူဘယ် သူလဲဆိုတာလည်း   ကျွန်တော် မသိဘူး။ သူက ကျွန်တော့်ကိုပြော ပါတယ်။ သူက ဒီဗီဘီသတင်း ထောက်ပါတဲ့။ အဲဒါနဲ့ ကျွန်တော် က ကတ်ပြားလေးပြပါလို့ ပြောပါ တယ်။ သူ ကတ်ပြားပြလို့ သတင်း ယူမယ်ဆိုရင်   ယူခွင့်ပေးရမှာ လေ။ သူက ကတ်ပြားမရှိတော့ ဘူး၊ ပျောက်သွားတယ်ဆိုတော့ သူဘယ်သူလဲ ကျွန်တော်မသိဘူး လေ။ အဲဒါကြောင့် ဟိုဘက်က သွားရိုက်ပေးလို့ ကျွန်တော်ပြောခဲ့ တာ။ အဲဒီအပေါ်မှာ သူ့ဘက်က အကောင်းမမြင်တာတော့ ကျွန် တော်လည်း   မတတ်နိုင်ပါဘူး’’ ဟု ၎င်းက ပြောသည်။

မီဒီယာကတ်ပြားပြနိုင်သူကို မောင်းချပါက ၎င်း၏ အမှားဖြစ် ပြီး ၎င်းဘက်မှ မီဒီယာကတ်ပြား မပြနိုင်သောကြောင့် ဂါရ၀ပြု သည့်နေရာတွင် ဓာတ်ပုံရိုက်နေ သူများကဲ့သို့ ဂါရ၀ပြုသည့်နေရာ မှဆင်း၍ တစ်ဖက်တွင် သွား ရောက်ရိုက်ကူးရန် ပြောခဲ့ခြင်းဖြစ်ကြောင်း ဝေဠုကျော်ကပြောသည်။

ကြက်ခြေနီတစ်ဦးအနေ ဖြင့်   နိုင်ငံတော်ပွဲတိုင်းတွင်   ပါ ၀င်လေ့မရှိသော်လည်း အာဇာ နည်နေ့တွင် လာရောက်ဂါရ၀ပြု သူ အလွန်များသောကြောင့် အ ဆင်ပြေပြေ ဂါရ၀ပြုနိုင်ရန် စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်ဟု  ၎င်းက ပြော သည်။

ဝေဠုကျော်သည် ရန်ကုန် တိုင်း ကြက်ခြေနီအဖွဲ့တွင် တပ် ခွဲမှူးရာထူးဖြင့်   စည်းရုံးရေးမှူး တာဝန်    ထမ်းဆောင်လျက်ရှိ သည်။

7day daily

မန္တလေးပဋိပက္ခဖြစ်ပွားစေခဲ့သည့် အဓမ္မပြုကျင့်မှုကို စသုံးလုံးနှင့် စီအိုင်ဒီတို့ ပူးပေါင်းဖော်ထုတ်ဟုဆို



မန္တလေးပဋိပက္ခ ဖြစ်ပွားစေခဲ့သည့် အဓမ္မပြုကျင့်မှုကို စသုံးလုံးနှင့် စီအိုင်ဒီတို့ ပူးပေါင်းဖော်ထုတ်ခဲ့ကြကြောင်း မန္တလေးခရိုင်ဒုတိယရဲမှူးကြီး စိန်ထွန်းက မဇ္ဈိမကို ပြောသည်။

“ပျဉ်းမနားရဲစခန်းက စစ်ဆေးမှုပြုလုပ်ပြီးတော့ စသုံးလုံး၊ စီအိုင်ဒီတို့နဲ့ ပူးပေါင်းလုပ်ဆောင်တာ ဖြစ်ပါတယ်။ မန္တလေးခရိုင်အနေနဲ့ကတော့ ဖြစ်စဉ်အတွက် လိုအပ်တာတွေ လုပ်ဆောင်ပေးပါတယ်။ ဖမ်းဆီး အရေးယူမှု ချက်ချင်း မလုပ်ဆောင်တာက နှစ်ဖက်ဖြစ်တယ်။ တစ်ဖက်ကလည်း ဗုဒ္ဓဘာသာဖြစ်တယ်။ တစ်ဖက်ကလည်း အစ္စလာမ်ဘာသာဝင်တွေ ဖြစ်တယ်။ အဲဒါကနေ လူမျိုးရေးပဋိပက္ခမဖြစ်အောင် ထိန်းရင်းထိန်းရင်းကနေ လူစုလူဝေး ဖြစ်သွားတာပါ။ အခုဖြစ်စဉ်မှာ လိမ်လည်တိုင်တန်းတယ်လို့ စစ်ဆေးတွေ့ရှိထားပါတယ်” ဟု မန္တလေးခရိုင်ဒုတိယ ရဲမှူးကြီးစိန်ထွန်းက မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့က အဆိုပါဖြစ်စဉ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ လိမ်လည်တိုင်ကြားခဲ့သူ ဖြူဖြူမင်း(ခ) ကတုံးမက ဇူလိုင် ၉ရက်တွင် ပျဉ်းမနားမြို့နယ် တရားရုံး၌ အမှုဖြစ်စဉ်ကို ဖြောင့်ချက်ပေးခဲ့သည်ဟုဆိုသည်။

ထို့ပြင် ပျဉ်းမနားနှင့် ပြင်ဦးလွင်တို့တွင် တိုင်ကြားခဲ့သည့် သားမယားအဖြစ် ပြုကျင့်မှုများမှာ ဟေမာကျော်၏ ဦးလေးတော်စပ်သူ ခင်မောင်ဌေး(ခ)ကိုထွေးနှင့် ဆက်စပ်သက်သေ ဇင်မင်းထွန်း(ခ)ဇင်လေးနှင့် ဖိုးခွား(ခ) ပြားကြီး(ခ)တင်မင်းထက်တို့ကလည်း ယင်းအမှုများသည် လိမ်လည်တိုင်တန်းခဲ့ခြင်းသာဖြစ်ကြောင်း ချမ်းမြသာစည်မြို့နယ် တရားရုံး၌ ကြိုတင်ထွက်ဆိုချက်များပေးခဲ့သည်ဟု ဆိုသည်။

“လိမ်လည်တိုင်တန်းတဲ့ ကိစ္စတစ်ခုက ဒီလောက်အထိဖြစ်သွားတာတော့ မကောင်းဘူး။ ဥပဒေဘက်တော်သားတွေလည်း လျင်လျင်မြန်မြန်လုပ်ဖို့ လိုတယ်။ ဖြစ်စဉ်မှာ ဘေးတီးတဲ့သူတွေကို ဖော်ထုတ်ဖို့လည်း လိုတယ်။ မန္တလေးမြို့ လက်ရှိအနေအထားကလည်း ငြိမ်းချမ်းတဲ့အဆင့်တော့ မရောက်သေးပါဘူး။ တည်ငြိမ်တဲ့ အဆင့်ပဲရှိပါတယ်။ ဘာလို့လဲဆိုတော့ ညမထွက်ရ အမိန့်ရှိတဲ့အတွက်ပါ။ ညမထွက်ရအမိန့် ရုပ်သိမ်းပြီး စောင့်ကြည့်ဖို့လိုပါသေးတယ်”မန္တလေး မြို့ခံတစ်ဦးက ပြောသည်။

အဆိုပါကိစ္စ ကိုနေ ကဖေးနှင့် ဆန်း ကဖေးသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။ ဖြူဖြူမင်း(ခ)ကတုံးမ လိမ်လည်တိုင်ကြားခဲ့ခြင်းအပေါ် ပျဉ်းမနားမြို့မ ရဲစခန်း က(ပ)၂၉၃/၂၀၁၄ ပြစ်မှု ဆိုင်ရာဥပဒေ ပုဒ်မ ၃၇၆ အမှုကို ဇူလိုင်လ ၁၇ ရက်တွင် ပိတ်သိမ်းခဲ့သည်ဟုဆိုသည်။ လိမ်လည် တိုင်တန်းသူ ဖြူဖြူမင်းနှင့် ညွှန်ကြားစီစဉ်သူ မနုနုမြတ်တို့ကို ဖမ်းဆီးထားပြီး ရဲထွဋ် (ခ) သူရရဲထွဋ်မှာ ထွက်ပြေး တိမ်းရှောင်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

Mizzima

မှတ်သားဖွယ် အလှအပရေးရာ အဖြေရှာ



အလှပြင်တဲ့အခါ မကြာခဏတွေ့ ကြုံရလေ့ရှိတဲ့ ပြဿနာလေးတွေကိုရိုးရှင်း လွယ် ကူတဲ့နည်းလေးတွေနဲ့ အောက်ပါအတိုင်း အဖြေ ညှိလိုက်ကြရအောင်။

(၁) ပွထောင်နေတဲ့ ဆံပင်တွေအတွက် အုန်းဆီ-ခေါင်းလိမ်းဆီ က သပ်သပ် ရပ်ရပ်ဖြစ်စေသော်လဲဘဲ၊ ဆီ(လုံးဝ)မကြိုက်သူများ အတွက် baby hair
oil(ခေါ်)ကလေးခေါင်းလိမ်းဆီ လေးတွေလိမ်းပေးပါ(သို့ မဟုတ်)ဆံပင်ကို အပေါ်ကနေ hairspray ဖြန်းပေး ပါ။

(၂) နှုတ်ခမ်းဆိုးဆေးအနီရဲရဲတွေကို တခါတလေမှသုံးသူများက၊လက်မငြိမ်ဘဲဆိုးမိ တာကြောင့် အခန့် မသင့်ရင် ဆေးတွေဘေး သို့ ပြန့် သွားတတ်ပါတယ်။ အဲဒီ လိုမဖြစ်စေဖို့  ဦးစွာအနီရောင်နဲ့ အနီးစပ်ဆုံးတူတဲ့ နှုတ်ခမ်းဆိုးဆေး ခဲတံလိုင် နာဖြင့် နှုတ်ခမ်းကို အနားသတ်လိုင်းဖော်ရပါမယ်။ ပြီးမှ အနီရဲရဲနှုတ် ခမ်းနီကို ဆိုးပေးပါ။

(၃) ဆောင်းတွင်းမှာ အသားပပ်လို့ ခြေသလုံးတွေ ပက်ကျားအက်နေခြင်းအတွက်၊
ထွေထွေထူးထူးစဉ်းစားမနေပါနဲ့ ။ အုန်းဆီ ၃-စက်လောက်ကို လက်ထဲလောင်းချ၍
လက်ဖ၀ါး ၂-ဘက်ကိုပွတ်ကာ၊ ခြေသလုံးသားထဲစိမ့်ဝင်သွားအောင် ပွတ်သပ် လိမ်းပေးပါ။

(၄) အကြောင်းတခုခုကြောင့် လက်သည်းတွေပဲ့ထွက်တဲ့အခါ လက်သည်းညှပ် အလွယ်တကူမရှိဘူးဆိုပါစို့ ။ ဥပမာ ပဲ့နေသော လက်ညှိုးရဲ့ လက်သည်းကို လက်မရဲ့ လက်သည်းဖြင့် လက်သည်းချင်းပွတ်ကုတ်ပေးပါ(သို့ မဟုတ်) မိမိဝတ် ဆင်ထားတဲ့ ပိတ်စ ကြမ်းကြမ်းအ၀တ်ထည်ဖြင့် အဲဒီလက်သည်းကိုပွတ် တိုက်ပေးပါ။ (လက်သည်းညှပ်သေးသေးလေးတွေ၊ ဆံညှပ် နဲ့ တွယ်ဂျိပ် လေးတွေ vကို ခရီးသွား ဟန်လွှဲ အရေးပေါ်သုံးနိုင်အောင် ပိုက်ဆံအိတ်ထဲမှာ အမြဲဆောင်ထားသင့်ပါတယ်)

(၅) မျက်တောင်မွှေးကို အလှပြင်တဲ့ Mascara တွေကို
နည်းနည်းသာသုံးသင့်ပါတယ်။ Mascara အမျိုးအစားတွေက တခုနဲ့ တခု
မတူညီတာကြောင့် မိမိသုံးနေကျ အမျိုးအစားမဟုတ်တဲ့ ပစ္စည်းအသစ်ကိုဝယ်တဲ့အခါ
အရောင်းကောင်တာမှာ စမ်းသပ်၍သော် လည်းကောင်း၊ အရောင်းစာရေးကို
ပစ္စည်းအသုံးပြုနည်းမေးမြန်း၍သော်လည်းကောင်း လေ့လာပြီးမှဝယ်ပါ။ အကယ်၍
Mascara သုံးတာများသွားတဲ့အခါ မျက်တောင်မွှေးကိုသုံးတဲ့  ဘရက်ရှ်လေးဖြင့်
အသာအယာဖြီးလိမ်း သုတ်သင်ပါ။

(၆) အမျိုးသားများ မုတ်ဆိတ်မွှေးရိတ်တဲ့အခါ(သို
့မဟုတ်)အမျိုးသမီးတွေဂျိုင်းမွှေး နဲ့ ခြေသလုံးမွှေးရိတ်တဲ့အခါ အမွှေးရဲ
့လား ရာလမ်းကြောင်းအတိုင်း သင်တုန်းဓားကို အလိုက်သင့်ရိတ်ပေးရပါမယ်။
အကယ်၍ အမွှေးရဲ့ လားရာလမ်းကြောင်းနဲ့ ဆန့် ကျင် ရိတ်တဲ့အခါ
အရေပြားနာကျင်တတ်ပြီး မွှေးညှင်းပေါက်တွေပိတ်သွားတတ်ပါတယ်။
နာကျင်မှုသက်သာအောင်နဲ့  မွှေးညှင်းပေါက် တွေမပိတ်ရအောင် ရေဆွတ်၍ရိတ်ပေးပါ။

(၇) မျက်ခုံးမွှေးသွယ်သွယ်တန်းတန်းလေး ဖြစ်အောင် ဓား(သို
့မဟုတ်)ဇာဂနာဖြင့် အနားသပ်ညှိတဲ့အခါ တခါတရံ လက်လွန်ပြီး
မျက်ခုံးမွှေးတွေပါသွားတတ်ပါတယ်။ အဲဒီအခါ မိမိမျက်ခုံးမွှေးအရောင်နဲ
့အနီးစပ်ဆုံးဆင်တူတဲ့ မျက်ခုံးမွှေးဆွဲခဲတံကိုသုံး၍ လို အပ်တဲ့နေရာမှာ
မျက်ခုံးမွှေးဖြည့်ဆွဲပေးလိုက်ပါ။

(၈) အချို့  အမျိုးသမီးများက မိတ်ကပ်လိမ်းပြီးနောက် မိတ်ကပ်ညှိတဲ့
ဘရက်ရှ်(အမွှေးလေးတွေ)ကိုသုံးတတ်ကြပါတယ်။ အဲဒီ ဘရက်ရှ်တွေက ကြာလာတဲ့အခါ၊ အမွှေးလေးတွေလုံးခဲ၍ကျွတ်သွားတတ်ပါတယ်။ ဘရက်ရှ်သုံး လို့ ကောင်းစေဖို့ အတွက် ကလေးရေချိုးဆပ်ပြာ ပျော့စားဖြင့် ဆေးကြောသန့် စင်၍၊ ဘရက်ရှ်တံရဲ့ အမွှေးကိုအောက်သို့ ထား၍ တွဲလောင်းချိပ်ကာ (လုံးဝ) ခြောက် သွားတဲ့အထိ နေပူလှန်းပေးပါ။

(၉) အိုင်းလိုင်နာအရည်တွေ လေသလပ်ပြီး ပုလင်းဗူးလေးထဲမှာ ခြောက်ကပ်နေ တယ်ဆိုပါစို့ ။ ရေ ၁-စက် (သို့ မဟုတ်) ၂-စက် ထဲ့၍ ပုလင်းလေးကို နာနာလှုပ်ခါပြီး သုံးကြည့်ပါ။

ပျိုမေတို့သိစေဖို့ မှ ပြန်လည်မျှဝေပါသည်။

(တင်ထက်ထက်ဇော်……မျှဝေသည်)
(ကိုးကား…Women’s Tips)
*promise.pauk*

မြင်သမျှ … ကြားသမျှ



ဖြစ်တတ်တဲ့အကြောင်းတရားဆိုလည်း

ကျွန်တော်ပြောပြမယ်ဗျာ။ ဒါဟာ ကျွန်တော့် အမြင်သာဖြစ်လို့ သဘော ထား တိုက်ဆိုင်ချင်မှ တိုက်ဆိုင်ပါလိမ့် မယ်။ ဒါပေမဲ့ ပြောရမယ့်ကိစ္စမို့ လို့ ပြောရ တာပါ။ မကြာသေးခင်ကမှ ကျင်းပပြီးစီး သွားတဲ့ မြန်မာနဲ့ထိုင်း ရိုးရာလက်ဝှေ့ ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အခမဲ့ပြသခဲ့လို့ လူတိုင်းလောက်နီးနီး ကြည့်လိုက်ရမှာပါ။ ပွဲစဉ်ေ တွရော၊ လက်ဝှေ့သမားတွေပါ စွဲမက်စရာချည်းပါပဲ။ ကိုယ်တိုင်လည်း အားကစား သမားဖြစ်ခဲ့တာမို့ ဒီကစားပွဲကို အလွန်နှစ်သက်ခဲ့ပါတယ်။ ကျွန်တော့်အဖေ ကိုယ်တိုင် လက်ဝှေ့ဝါသနာအိုးမို့ လက်ဝှေ့ပွဲကို ကျွန်တော်တို့ စွဲလန်းတာသိပ်တော့ ပြောစရာမရှိပါဘူး။

လက်ဝှေ့ပွဲဆိုတာ ရန်သူနှစ် ယောက်က စိန်ခေါ်တိုက်ခိုက်ကြတာ မဟုတ်ပါဘူး။  ပညာရှင်နှစ်ဦးက ပန်းချီကားတစ်ချပ်ကို အတူရေးဆွဲကြသလို အနုပညာဆန်လှပါတယ်။ ဒါကြောင့် ဒေါသမောဟပါတဲ့သူဟာ ရှုံးနိုင်ခြေများလေ့ရှိပါတယ်။ အဲဒီနေ့မှာ ထိုးသွားတဲ့ စိုးလင်းဦးရဲ့ လက်ဝှေ့ပွဲအကြောင်းပြောချင်တာပါ။ စိုးလင်းဦးဟာ ကျွန်တော် သာ မက တစ်နိုင်ငံလုံး အသည်းကျော်လက်ဝှေ့ သမားပါ။ ဘာလို့လဲဆိုတော့ စိုးလင်းဦး ဟာ ကြောက်စိတ်ကင်းတယ်။ မာရည် မြင့်တယ်။ ဘယ်လောက်ပဲ လူကောင် ကွာပါစေ။ နောက်မဆုတ်တမ်း ထိုးတတ်တဲ့အပြင် ထိုးသတ်ပုံ အင်မတန်မှကို သန့်ရှင်းရိုးသားပါတယ်။

အဲဒီနေ့မှာ သူဟာ ထိုင်းလက်ဝှေ့ ကျော် ‘ပါဝိ’ နဲ့ ထိုးသတ်ရပါတယ်။ ပါဝိဆိုတာကလည်း သိကြတဲ့အတိုင်း မြန်မာအကြိုက်ဆုံး နိုင်ငံခြားသား လက်ဝှေ့ သမား ပါ။ မြန် မာနိုင် ငံက နာမည်ကြီးလက်ဝှေ့သမား အတော်များများ နဲ့ လာရောက်ယှဉ်ပြိုင်ပြီး မြန်မာအကြိုက်ဆုံး နိုင်ငံခြားသား လက်ဝှေ့ သမားအဖြစ် သတ်မှတ်ထားကြတာပါ။ သူတို့ နှစ်ယောက်ပွဲက ကြည့်ကောင်းတဲ့ပွဲတစ်ပွဲဖြစ်မယ်လို့ လူတိုင်း ယုံကြည်ကြပါတယ်။ ဒါပေမဲ့ အဲဒီပွဲဟာ ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ရပါတယ်။

ကျွန်တော် ပြောပြပါ့မယ်။ အဲဒီပွဲမှာ စိုးလင်းဦးဟာ ပါဝိကိုသုံးချီမှာနှစ်ကြိမ် အမှတ်စဉ်ရေတွက်ရသည်အထိ ထိုးလှဲထားပြီးပါပြီ။ အဲဒီအချိန်မှာပဲ ခုံဒိုင်ဆိုတဲ့သူက တားပြီး ”စိုးလင်းဦးက ပါဝိကို အလဲထိုးအနိုင်ယူရင် ဆယ့်ငါးသိန်းထပ်မံ ဆုချမယ်” ဆိုပြီးကြေညာလိုက်ပါတယ်။ အဲဒီကစပြီး ပွဲကပရမ်းပတာ ဖြစ်တော့ တာပါပဲ။ ပထမအကြိမ် စိုး လင်းဦးလက်နဲ့ ပါဝိမျက်လုံးခိုက်မိတယ်။ ဟုတ်တယ်။ တကယ်လည်း ခိုက်မိသွားတယ်။ ဒါကို ပရိသတ်က ပါဝိအမူပိုတာလို့ မြင်တယ်။ ထားပါ။ မမြင်ရတဲ့ အနေအထားကိုး။

နောက်တစ်ကြိမ် စိုးလင်းဦးက ပါဝိရဲ့မတော်ရာကို ဒူးနဲ့ တိုက်ပြီး တစ်ချက်ထပ်ကန်ထည့်လိုက်တယ်။ ဒါလည်းထားဦး မတော်တဆပေါ့။ အရှိန်လွန်သွားတာပေါ့။ ဒါ့ အပြင် လေးချီအပြီး ခေါင်းလောင်းသံကြားပြီးမှ စိုးလင်းဦးဟာ ပါဝိကို နှစ်ချက်ဆက်ထိုးပါသေးတယ်။ ဒါကတော့ များပြီပေါ့ဗျာ။ ကဲ..ဒါလည်းထားဦး။ ငါးချီရောက်တော့ စိုး လင်းဦးဟာ နိုင်ချင်စိတ်များပြီး ဘာလုပ်လို့ လုပ်ရမှန်းတောင် သိပုံမပေါ်တော့ဘူး။ အကွက်တွေ ပျောက်ပြီး ဘာလုပ်လို့လုပ်ရမှန်း တောင် မသိအောင်ပါပဲ။ တစ်ဖက်ပြိုင် ဘက် ဘယ်လိုနည်းနဲ့ပဲလဲလဲ။ မလဲလဲအောင်လုပ်ဖို့ အဆင်သင့် ရှိနေတဲ့ပုံပါပဲ။ ဒီလိုနဲ့ ငါးချီအပြီး ဒိုင်အတားမှာမှ ခြေနဲ့နှစ်ချက်ဆင့်ခတ်ပြီး ခေါင်းနဲ့ပါ တစ်ချက် တိုက် ချ လိုက်ပါတော့တယ်။

ဆိုပါတော့ဗျာ။ သုံးချီမှာ နှစ်ခါကျအောင် ထိုးလှဲထားတဲ့ လက်ဝှေ့သမားဟာ နောက်တစ်ခါကျအောင် ထိုးဖို့ဆိုတာ ဘယ်လောက်မှ မခဲယဉ်းတော့ပါဘူးဗျာ။ ဒါပေမဲ့ အဲဒီ အချိန်မှာ အလဲထိုးရင် ဆုတော်ငွေ ဆယ့်ငါးသိန်းဆိုတာက သူ့စိတ်ကို ပြောင်းလဲသွားစေတော့တာပါပဲ။ သူဟာ ပြိုင်ဘက်ကို ဘယ်လိုနည်းနဲ့ နိုင်နိုင်၊ နိုင်ဖို့သာ အဓိက ဖြ စ်ပေါ်သွားတာပါပဲ။ ဒီတော့ သူဟာပြိုင်ဘက်ကို ရန်သူလိုသဘောထား မိသွားပါပြီ။ ဒီတော့ပြိုင်ပွဲဟာ အဲဒီဆုကြေးငွေပေါ်လာတာနဲ့ ပရမ်းပတာစ ဖြစ်ပါပြီ။

ဆုပေးသူ(ကုမ္ပဏီနာမည် မပြောတော့ပါဘူး။) ကလည်း မြန်မာကို နိုင်စေချင်လို့ ဆုပေးတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ့်ရဲ့မက်လုံးတစ်ခုက အားကစား သမားရဲ့ စိတ်အခြေအနေကို ရုတ်ချည်းပြောင်းလဲ သွားစေပါတယ်။ ဆိုလိုတာကဗျာ။ ဆုပေးချင်ရင် ပွဲစမှာပေး။ ဒါမှမဟုတ် ပွဲပြီးမှပေး။ ပေးချင်ရင်မရဘူးလား ခင်ဗျာ။ အခု သူပေးလိုက်တဲ့ မက်လုံးတစ်ခုက အားကစားသမားရဲ့ စိတ်ကို ချက်ချင်း ပျက်စီးသွားစေပြီ မဟုတ်လား။ ခါတိုင်းပွဲတွေမှာ ကိုယ်နဲ့ယှဉ်ပြိုင်သူက ကိုယ့်ထက် အ သက်ကြီး ခဲ့ရင် ဂါရဝတရားနဲ့ ထိုင်ကန်တော့တတ်တဲ့ လက်ဝှေ့သမားရဲ့ စိတ်ကို အရိုင်းစိတ်ဝင်သွားစေတာပါပဲ။ တစ်သက်လုံး ရိုးသားခဲ့သမျှ မိနစ်ပိုင်းအ တွင်း မှာ ပြောင်း လဲသွားတော့တာပါပဲ။

ဆိုလိုတာက ဆုပေးဒဏ်ပေးစနစ်က မကောင်းဘူး မဟုတ်ဘူး။ ကောင်းပါတယ်။ ဒါပေမဲ့ နေရာကျဖို့လည်း လိုပါသေးတယ်။ မြန်မာဘောလုံးအသင်းပဲ ကြည့်ပါလား။ ဂိုး သွင်းသူကို ငါးသိန်းဆုချမယ်ဆိုတာနဲ့ ဘောလုံးသမားတွေက ဘယ်သူ့မှ မပေးတော့ဘူး။ ကိုယ်တိုင် ဂိုးသွင်းပြီး ငါးသိန်းရဖို့သာ ကြိုးစားနေကြတော့ ဘာဖြစ်လဲ ရှုံး တာပေါ့။ အခုလည်း ဒီလိုပေါ့။ ပွဲနိုင်တယ်။ ဂုဏ်သိက္ခာရှုံးတာပေါ့ဗျာ။ ဒါပါပဲ။ နောက်ပြီး လက်ဝှေ့ပွဲတွေမှာ နိုင်ငံတကာနဲ့ခြားနားစွာ ကြိုးဝိုင်းဒိုင်က ဘာသြဇာမှမရှိဘဲ လက်ဝှေ့သမားတွေကို အတင်းထိုးပဲ ထိုးခိုင်းနေတာပါပဲ။ မလုပ်ရဘူးလေဗျာ။ ပထမတန်း လက်ဝှေ့သမားတွေရဲ့ အင်အားဟာ သေတတ်တဲ့ ကိစ္စတွေ။

ဆယ်နှစ်၊ ဆယ်နှစ်

မကြာသေးခင်မှာပဲ ဂျာနယ်တစ်စောင်ရဲ့ သတင်းဖော်ပြမှုအတွက် သတင်းထောက်နဲ့ အယ်ဒီတာကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ဆယ်နှစ်စီ ချမှတ်လိုက်တယ်ဆိုတာ စိတ် မကောင်းစွာ ကြားရပါတယ်။ ရတဲ့လခက သိန်းဂဏန်းမပြည့်၊ ဆောင်းပါးရေးခ ထောင်ဂဏန်းလောက် ကလေးရပြီး အဲဒီဆောင်းပါးရဲ့ရလဒ် က ဆယ်နှစ်ဆိုတော့ ”တန်ရဲ့ လား” ဆိုတဲ့အတွေးမျိုး ဖြစ်မိပါတယ်။ အခု ပြစ်ဒဏ်က ပြစ်ဒဏ်တွေထဲက အမြင့်ဆုံး ပြစ်ဒဏ်စာရင်းထဲ ပါဝင်နေတာမို့ တုန်လှုပ်ရပါတယ်။ မဟုတ်တာတွေ လုပ်၊ မဟုတ် တာတွေ ပြောပြီး ဘာမှ မဟုတ်တဲ့ ပြစ်ဒဏ်ကျခံနေရသူနဲ့ နှိုင်းယှဉ်ရင် တနင့်တပိုးပါပဲ။

ဒီလိုသာ ပြစ်ဒဏ်တွေ ဆက်တိုက် ကျခံရရင် နိုင်ငံတော်တည်ဆောက် ရေးမှာ အဓိကပါဝင်နေတဲ့စတုတ္ထမဏ္ဍိုင်ဆိုတာ အရင်ဆုံး ပြိုလဲသွားမှာပါပဲ။ တချို့ကလည်း ဒီ လိုဖြ စ်နေရင် ဒီမှာ မရေးတော့ဘူး။ နိုင်ငံတကာပဲ ပို့တော့မယ်လို့ ဆိုသူလည်း ဆိုနေကြပါပြီ။ နိုင်ငံတကာပို့တာက ပိုလုံခြုံတယ်ဆိုတဲ့သဘော ဖြစ်မနေဘူးလားခင်ဗျာ။ ဘယ် လိုပဲဖြစ်ဖြစ်၊ အပြစ်ရှိရင်တောင် မျှတတဲ့ပြစ်ဒဏ်ဖြစ်ဖို့တော့ လိုတာပေါ့ဗျာ။ ဒီလိုဆိုပြန်တော့လည်း အယောင်ဆောင် သတင်းစာရှင်းလင်းပွဲ လုပ်တဲ့ လူကြီး ဘယ် လို ပြစ် ဒဏ်မျိုးကျမယ်ဆိုတာ သိချင်ပြန်တယ်။

အိမ်ဖော်ဆို မြန်မာမှ…

အခုတလော ကျယ်ကျယ်လွင့်လွင့်  ကြားနေရတာကတော့ မြန်မာအိမ်ဖော်ဇာတ်လမ်းပါပဲ။ အရှေ့တောင်အာရှရဲ့ အိမ်ဖော်တင်ပို့မှု အများဆုံးနိုင်ငံဆိုတာ ကလည်း နိုင်ငံရဲ့ စီးပွားရေးအခြေ အနေကို ဖော်ပြနေတော့တာပါပဲ။ တချို့နိုင်ငံရဲ့ ဈေးတွေအရှေ့မှာတောင် အိမ်ဖော်တွေဟာ ကလေးထိန်းပြခြင်း၊ အိမ်ရှင်းလင်းခြင်းများကို သရုပ်ပြလုပ်ပြီး ကြိုက်တာ ရွေးယူကြပါဆိုတဲ့ ဈေးခေါ်စနစ်နဲ့ အိမ်ဖော်ကို ရောင်းချနေပါသတဲ့။

အမှန် ပြန်စဉ်းစားကြည့်ပါ။ ဒါဟာ ကျွန်စနစ်ကို ပိုမိုထိရောက်ပေါ်လွင်အောင် ဖော်ပြလိုက်တာပါပဲ။ အဲဒီကျွန်တွေက ဘယ်ကသွားကြတာလဲ။ ဒါဆိုရင် အဲဒီလိုနိုင်ငံက ဘယ်လိုနိုင်ငံမျိုးပါလဲ။ ပြည်တွင်းမှာလည်း ပြဿနာပေါင်းစုံမို့ လုပ်စားလို့မရ။ ပြည်ပ ထွက်သွားတော့လည်း ကျွန်တွေလို သဘောထားခံရမို့ ပြောပြစရာတောင် မရှိတော့ပါဘူး။ ဒါကြောင့် ဖွံ့ဖြိုးတိုးတက်တယ်ဆိုတာ ဘာလဲဆိုတဲ့ မေးခွန်းထုတ်စရာပဲ ရှိပါတော့တယ်။

နောက်တစ်ပတ်ပေါ့ဗျာ။

အကြည်တော်

popular journal


အသံပျောက်ဆုံးနေတဲ့ ဆယ်ကျော်သက်ကို အသံပြန်ထွက်အောင် လုပ်ပေးနိုင်ခဲ့တဲ့ Harry Styles ရဲ့အံ့သြဖွယ်အနမ်း


ဟယ်ရီကတော့ နောက်တဖန် နာမည်ကြီးဖြစ်သွားပြန်ပါပြီ။ သူ့ရဲ့အနာရောဂါပျောက်သွားစေနိုင်တဲ့အနမ်းကြောင့် အသံမထွက်နိုင်တဲ့ကောင်မလေးတစ်ယောက် ရောဂါကုသပေးလိုက်ပါတယ်။

၁၅ နှစ်အရွယ်သာရှိတဲ့ Laura Yeates ဟာ သူမရဲ့လေချောင်းကနေ အသံမထွက်နိုင်တာ ခြောက်လကြာခဲ့ပါပြီ။ ဆေးကုသခံခြင်းမျိုးစုံခံခဲ့ရပေမယ့် ဘာမှထူးခြားမလာခဲ့ပါဘူး။ အမေဖြစ်သူမှ သူမအား Wembley Stadium မှာကျင်းပတဲ့ One Direction ရှိုးပွဲကို ကြည့်ဖို့ခေါ်သွားခဲ့ပါတယ်။ အဲဖျော်ဖြေပွဲမှာပဲ ဟေရီရဲ့အဝေးကလာတဲ့အနမ်းကြောင့် သူမပြန်ပြီး အသံပြန်ထွက်လာနိုင်ခဲ့တာဖြစ်ပါတယ်။

Laura က “အဲဖျော်ဖြေပွဲနေ့မှာ အခြားလူတွေလိုပဲ ပျော်ပျော်အော်ပြီးမနေနိုင်တဲ့အတွက် အရမ်းဝမ်းနည်းခဲ့ပါတယ်။ ဒါပေမယ့် စင်ရဲ့အနားကို ကျွမ်တို့ကပ်ပြီးရောက်သွားခဲ့တယ်။ ပြီးတော့ ဟယ်ရီကကျွန်မတို့ရပ်နေတဲ့နေရာနားရောက်လာပြီးတော့ ကျွန်မတို့အားလုံးရဲ့အပေါ်မှာ ရေလှမ်းဖြန်းလိုက်တယ်… ကျွန်မက သူသတိထားမိသွားအောင်ဆိုပြီး အော်ဖို့ကြိုးစားခဲ့တယ်… အဲချိန်မှာပဲ သူ့ရဲ့အနမ်းကို ကျွန်မရှိတဲ့ဘက်သို့ လှမ်းပြီးချွေလိုက်တဲ့အချိန်မှာပဲ ကျွန်မရဲ့အော်သံက ထွက်လာခဲ့ပါတယ်။” ဆိုပြီးတော့ ရှင်းပြခဲ့ပါတယ်။

Trend Myanmar

ကလေးအား တိပ်နဲ့ပတ် ဓာတ်ပုံရိုက်ကာ အင်တာနက်ပေါ်တင်ခဲ့သည့် မူကြိုဆရာမ



တရုတ်နိုင်ငံ Hebei ပြည်နယ်က မူကြိုဆရာမဟာ အင်တာနက်ပေါ် ကလေးတစ်ယောက်ရဲ့ ပုံကို တင်ခဲ့တာကြောင့် အကြီးအကျယ်ဝေဖန်ခံနေရပါတယ်။

သူ့တပည့်ဖြစ်တဲ့ ဒီကလေးရဲ့ခေါင်းနဲ့လက်များကို ပုံပါအတိုင်း ပလတ်စတစ်တိပ်နဲ့ အထပ်ထပ်ပတ်ပြီး တရုတ်နိုင်ငံရဲ့ လူကြိုက်များ မက်ဆေ့ဂ်ျအပ်ပလီကေးရှင်းဖြစ်တဲ့ WebChat ပေါ် တင်ခဲ့တာ ဖြစ်ပါတယ်။

Shanghaiist ရဲ့ဖော်ပြချက်အရ ဒီလူငယ်ဆရာမဟာ Yu Tian မူကြိုကျောင်းက ဆရာမတစ်ဦးဖြစ်ပါတယ်။
သူမဟာ ကျောင်းသားကလေးရဲ့ နှာခေါင်းနဲ့ မျက်လုံးတွေကိုသာချန်ပြီး ကျန်တဲ့နေရာအားလုံးကို တိပ်နဲ့ ရစ်ပတ်ခဲ့တာ ဖြစ်ပါတယ်။  ပြစ်ဒဏ်ပေးတဲ့အနေနဲ့ ဒီလိုလုပ်ခဲ့ပုံရပါတယ်။

အခန်းထောင့်မှာထိုင်နေတဲ့ ကလေးဟာ မသက်မသာနဲ့ ဒုက္ခရောက်နေပုံ ပေါ်ပေမဲ့ သူမသူငယ်ချင်းတွေကိုပြဖို့ သူမက ဓာတ်ပုံရိုက်ကာ WebCaht မှာ ရှယ်ယာ ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။
ဓာတ်ပုံဟာ တရုတ်ဆိုရှယ်ဝက်ဆိုက်ဒ် Weibo မှာပါ ပြန့်နှံ့သွားခဲ့ပြီး တရုတ်နိုင်ငံသားတွေ ဒေါသထွက်နေကြတယ်လို့ Apple Daily က ဖော်ပြခဲ့ပါတယ်။

တော်တော်များများက ဒီလိုပြစ်ဒဏ်ပေးမှုကြောင့် ကလေးဟာ ရုပ်ပိုင်းဆိုင်ရာ နာကျင်ရုံမက စိတ်ပိုင်းဆိုင်ရာပါ ဒဏ်ရာရသွားနိုင်တယ်လို့ ဆိုပါတယ်။
အချို့ကတော့ ဒီဆရာမကို ပြစ်ဒဏ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။



credit: phothutaw

ရန်ကုန်မှာနွှဲမယ့် ဖြူဖြူကျော်သိန်း တစ်ကိုယ်တော်ပွဲ


 ရော့ခ်အဆိုတော် ဖြူဖြူ ကျော်သိန်း၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို လာမည့်နိုဝင်ဘာ၁ရက်တွင် ရန်ကုန်မြို့ကမ်းနားဟိုတယ်၌ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘လုပ်ချင်နေတာတော့ ကြာ ပြီ။ ဒီရက်မှာ အဆင်ပြေလို့ လုပ် ဖြစ်တာပေါ့နော်။ ပရိသတ်ကလည်း မျှော်နေတာ ကြာပြီဆိုတော့လေ’’ ဟု ဖြူဖြူကျော်သိန်းကပြော သည်။ ယခုတစ်ကိုယ်တော်ဖျော် ဖြေပွဲသည် ငါးကြိမ်မြောက်ဖြစ်ပြီး လေးကြိမ်မြောက်တစ်ကိုယ် တော်ဖျော်ဖြေပွဲကို ၂၀၁၀ပြည့်နှစ်၊အောက်တိုဘာတွင်  အမျိုးသား ကဇာတ်ရုံ၌ ပြုလုပ်ခဲ့သည်။ ဖြူဖြူကျော်သိန်း၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲများကို ၂၀၀၆၊ ၂၀၀၇ ၊၂၀၀၈ ခုနှစ်တို့တွင် ကျင်းပခဲ့ဖူး သည်။

တစ်ကိုယ်တော်ဖျော်ဖြေ ပွဲတွင် Lazy Club တီးဝိုင်းနှင့် တွဲဖက် သီဆိုမည်ဖြစ်ပြီး အကအဖွဲ့Jade Dragon လည်း ပါဝင်မည်ဖြစ်သည်။ ပွဲနှင့် ပတ်သက်သော ကျန်အကြောင်းအရာ များကို ပွဲကျင်းပခါနီးမှ ကြေ  ညာပေးသွားမည်ဖြစ်ကြောင်း ဖြူဖြူကျော်သိန်းက ပြောသည်။

‘‘ဖြူဖြူကိုယ်တိုင်ပုံစံအသစ် တစ်ခုဖြစ်မှာ ဖြစ်တဲ့အတွက် စိတ် လှုပ်ရှားတယ်။ ပရိသတ်တွေ  အ တွက်လည်း အမြင်သစ်တစ်ခုဖြစ် မှာပါလို့။ ပွဲကတော့ တခြားအရင် လုပ်လေ့ရှိတဲ့ပွဲနဲ့မတူတဲ့ ပုံစံတစ် ခုတော့ဖြစ်မယ်။ ကိုယ့်ကိုယ်ကိုယ်လည်း လေးနှစ်ကြားထဲမှာ အများ ကြီးပြောင်းလဲသွားခဲ့တာရှိတယ်။ ဒီပွဲမှာတော့ ပရိသတ်အတွက် လည်းစိတ်ကျေနပ်မယ်၊ ကိုယ်ကိုယ်  တိုင်လည်းစိတ်လှုပ်ရှားစရာဖြစ် နိုင်မယ်လို့ ယုံကြည်တယ်’’ဟု ဖြူဖြူကျော်သိန်းကပြောသည်။

၎င်း၏ ငါးခွေမြောက်အယ် ဘမ်လ်‘‘နာမည်ကျန်နေရစ်မယ်’’ အခွေကို သြဂုတ်(သို့) စက်တင်ဘာတွင်  ထွက်ရှိနိုင်ရန်ပြင်ဆင်နေ ကြောင်း သိရသည်။

7day daily

ပါးနပ်မှုအတွက် သော့တစ်စုံ


သမီးရည်းစားဘ၀၊ အိမ်ထောင်သည်ဘ၀တွေမှာ လမ်းခွဲခြင်းဆိုတဲ့အရာက ယောကျာ်းဖြစ်သူတစ်ယောက်တည်းရဲ့ ဒေါသကြောင့်ချည်း
ဖြစ်ပေါ်လာတာမဟုတ်ပါဘူး ။
ဒီလိုပြောလို့ မနုဿက ယောကျာ်းတွေဘက်က ဘက်လိုက်တယ်လို့ မထင်လိုက်နဲ့နော်။ မိန်းကလေးတွေဘက်က ဘက်လိုက်လို့ ခုလိုမျိုး ကိုယ်ရှောင်ကြဉ်သင့်တဲ့ အချက်လေးတွေကို အားလုံးအတွက် ရေးသာတင်ပြပေးလိုက်ရတာပါ။

ဒါလေးကို ဖတ်မိတဲ့ ယောကျာ်းလေးတွေလည်း ကိုယ်ချစ်တဲ့ ချစ်သူကို ပြန်ပြီးဖတ်ခိုင်းပေးပါ။

မိန်းကလေးတွေကလည်း ကိုယ့်ချစ်တဲ့သူကို ကိုယ်ဘာတွေကျူးလွန်မိလဲဆိုတာကို ပြန်လည် ဆန်းစစ်ကြည့်ပြီး ပြုပြင်ကြည့်စေချင်ပါတယ်။

ခုခေတ်မှာ တော်တော်များများ စုံတွဲတွေဟာ ကွာရှင်းပြတ်စဲကြတာတွေရယ်၊ သမီးရည်းစားအတွဲတွေ လမ်းခွဲကြတာတွေဟာလည်း ထမင်းစား၊ ရေသောက် ကိစ္စတစ်ခုလိုမျိုးပဲ တစ်နေ့ထက်တစ်နေ့ ပိုပိုများလို့လာရပါတယ်။ လမ်းခွဲကြပြီဆိုကတည်းက ဘာအကြောင်းကြောင့်ပဲ ခွဲရခွဲရ ဘယ်သူမှ စိတ်ချမ်းသာကြမှာမဟုတ်ပါဘူး ။

တစ်ချို့အတွဲတွေမှာ ယောကျာ်းလေး သစ္စာ မရှိလို့ကြတာပဲဖြစ်ဖြစ် ၊ မိန်းကလေးက ရှုပ်တာပဲဖြစ်ဖြစ် ၊ အကြောင်းရင်းမျိုးစုံတွေနဲ့ အိမ်ထောင်သည်တွေမှာပါ ခွဲခွာခြင်းတွေဖြစ်ပေါ်လာရပါတယ် ။
တကယ်တော့ယောကျာ်းတော်တော်များဟာ ကွာရှင်းဖို့၊ လမ်းခွဲဖို့တို့ကို အလွယ်တကူပြောဖို့ သတ္တိမရှိကြပါဘူး။

ဒါပေမဲ့ မိန်းမတွေက သူတို့တွေမကြိုက်နိုင်တဲ့ အပြုမှုတွေရယ် သူတို့အထိနာလောက်တဲ့ ချက်ကောင်း တစ်နည်းအားဖြင့်ပြောရရင် သေကွင်းကို နှိပ်မိလိုက်တဲ့အခါ သူတို့မှာ ပြောမပြနိုင်တဲ့သတ္တိတွေ ထွက်ပေါ်လာရပြီး မိန်းမဆိုတာ အားနွဲ့တဲ့အမျိုး၊ ပြန်ငဲ့ကြည့်ရမဲ့အမျိုးဆိုတာကို မေ့လာကြပါတယ်။ ဒေါသတွေ ရှေ့ထားပြီးတဖြည်းဖြည်း တစ်ဦးကိုတစ်ဦး ထောက်ထားစရာမရှိရလောက်အောင် မျက်နှာပျက်စရာတွေဖြစ်ပေါ်လာရပြီး ညှိနှိုင်းလို့မရကြပဲ လမ်းခွဲဖို့ဖြစ်ပေါ်လာတတ်ကြပါတယ်။
ဒီနေ့တော့ မနုဿက ကိုယ့်ချစ်တဲ့သူအပေါ် ဘယ်လိုသေကွင်းတွေကို ရှောင်ရှားပြီး မလုပ်သင့်တာလေးတွေကို သတိပေးစကားများနဲ့ တင်ပြပေးလိုက်ပါမယ်နော်။

ဖတ်ရှုပြီး သာယာတဲ့ဘ၀လေးတွေကို ပိုင်ဆိုင်ကြတဲ့အခါ၊ အေးအေးချမ်းချမ်းနဲ့ လူမှုဘ၀ကို ပုံမှန်ဖြတ်သန်းနိုင်ကြတဲ့အခါ မနုဿကို ကျေးဇူးမမေ့နဲ့နော်။

#သေကွင်း(၁)
ယောကျာ်းလေးတွေ ပွဲတစ်ခုခုကိုကိုယ်မပါပဲ သွားပြီးဆင်နွဲတဲ့အခါ၊ သူငယ်ချင်းတွေနဲ့ တွေ့ဆုံစားသောက်တဲ့အခါ ၊ ရုံးကလုပ်ဖေါ်ကိုင်ဖက်တွေနဲ့ နှစ်ပတ်လည်ပွဲ အစရှိသဖြင့် ကိုယ်မပါရှိဘဲ သွားကြတဲ့အခါ နောက်ကျတဲ့အခါမျိုးတွေမှာ မိန်းကလေးတွေရဲ့ သံသယက ဒီရေအလား ၀င်လာတတ်ကြပါတယ်။ တကယ်တော့ သူက တစ်ဘက်မှာ မဟုတ်တာလုပ်ချင်လဲ လုပ်နေပါလိမ့်မယ် ဒါမှမဟုတ် တကယ်ပဲ သူငယ်ချင်းတွေနဲ့ ရိုးရိုးသားသားစားသောက်ချင်စားသောက်နေပါလိမ့်မယ်။ ဒါပေမဲ့ မိန်းမတော်တော်များများက သဘောထားမကြီးနိုင်ကြပါဘူး။

သံသယတွေနဲ့ အိမ်မှာ ဂယောက်ဂယက်ရိုက်နေတတ်ပြီး မကြာခဏဆိုသလို သူ့ဆီကို ဖုန်းခေါ်နေမိပါလိမ့်မယ်။ ပြီးရင် ဘယ်တော့ပြန်လာမှာလဲ ၊ ဘယ်သူနဲ့အခုရှိနေလဲ၊ ဟုတ်လို့လား။ ပြန်ခဲ့တော့ အစရှိသဖြင့် သူ့ကိုခဏခဏငြူစူနေမိပါ့လိမ့်မယ်။ တကယ်တော့ ဒီအပြုမှုဟာ ယောကျာ်းလေးတွေတော်တော်များများ မကြိုက်တတ်ကြပါဘူး။ လူရှေ့သူရှေ့ ခဏခဏစစ်ဆေးခံနေရရင် သူတို့သိက္ခာချတယ်လို့ထင်မိတတ်ကြပါတယ်။ သူငယ်ချင်းတွေက မယက တို့ဘာတို့ စနောက်တဲ့ဒဏ်ကိုလည်း သူတို့အောက်တယ်လို့ ယူဆတတ်ကြပါတယ်။ မကြာခဏ ဆက်တဲ့အခါသူ့မှာ လူကြီးနဲ့စားတဲ့အခါမျိုးတွေမှာ မျက်နှာပျက်ရပါတယ်။ အဲဒီမှာသူတို့ရဲ့ ဒေါသက ဖြစ်ပွားလာတတ်ကြပါတယ်။

ဒီလိုအခြေနေမှာ မိန်းကလေးကလည်း မပူရဘူးလားဆိုတော့ ပူပါ ဒါပေမဲ့ ကိုယ့်ရဲ့လူက ဘယ်လိုအကျင့်မျိုးရှိတယ်ဆိုတာကို လက်မတွဲခင်က ကြိုတင်လေ့လာထားပါ။ လက်တွဲပြီးရင်လည်း ယုံကြည်မှုတစ်ခုတည်ဆောက်ထားပြီး သူတို့သွားမဲ့လမ်းကို အတတ်နိုင်ဆုံး ခြေထိုးမခံမိအောင်နေပါ။
ယောကျာ်းလေးတွေကလည်း ပွဲတစ်ခုရှိမယ်ဆိုရင် ထိုက်သင့်သလို ကြိုတင်ပြောထားပါ။ ဘယ်သူနဲ့ဘယ်ဝါနဲ့။ နောက်ကျသွားရင်လည်း မတ်ဆေ့ခ်ျတစ်ကြောင်းလောက်ပဲဖြစ်ဖြစ် ကိုယ်ချစ်တဲ့သူကို စိတ်မပူအောင် ပို့ထားပြီး အကျိုးအကြောင်းလှမ်းပြောထားပါ။ ဒီလိုဆိုရင် နှစ်ဦးနှစ်ဘက်မှာ အပူပင်တွေလျော့သွားနိုင်ပြီး အေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းလို့ရသွားမှာပါ။

#သေကွင်း (၂)

ဘယ်တော့မှ ယောကျာ်းတစ်ယောက်စိတ်ဆိုးဒေါသထွက်နေချိန်မှာ မိန်းမသဘာဝ စိတ်ပူပန်လို့ပဲဖြစ်ဖြစ် ၊ သိလိုစိတ်ပြင်းပြလို့ပဲဖြစ်ဖြစ် ဘေးကနေကပ်ပြီး တဗြစ်တောက်တောက်ပြောမိတာမျိုးတွေ မေးမြန်းတာတွေ လုပ်တတ်ကြပါတယ်။ အဲဒီလိုအပြုမှုတွေက သူတို့တွေကို ပိုစိတ်ရှုပ်စေပြီး ကိုယ်ကတော့ စိတ်ပူလို့ မေးမြန်းနေပေမဲ့ သူတို့အတွက်ကတော့ ကိုယ်ကိုရှုပ်တယ်လို့ ထင်မိမှာပါပဲ။ တကယ်တော့ သူတို့တွေ ဒေါသထွက်လို့၊ စိတ်ညစ်နေတဲ့အချိန်တွေမှာ မိန်းမတွေ လုပ်ရမဲ့အလုပ်က သူ့ဘေးကထွက်ခွာသွားဖို့လည်းမဟုတ်ပါဘူး ။ အနားမှာ သူလိုအပ်တာလေးတွေကို ကြည့်ရှုဖြည့်ဆည်းပေးပြီး မျက်နှာရိပ်မျက်နှာကဲ လေးကြည့်ပြီး ဆောင်ရွက်စရာရှိတာကို ဆောင်ရွက်ပေးပါ။ သူကိုယ်တိုင် လိုလိုလားလား ဖြစ်ပျက်လာတဲ့ ပြဿနာကိုပြောပြလာရင်တော့ အေးအေးဆေးဆေးနဲ့ နားထောင်ပြီးမှ အကြံဥာဏ်ပေး၊ အားပေးတာမျိုးလုပ်ပါ။

#သေကွင်း (၃)

လူတွေတော်တော်များများဟာ ကိုမြင့်နေတာထက် နိမ့်နေတာကို ပိုသဘောကျတတ်ပါတယ်။ ကိုယ်လှနေတယ်ဆိုရင်တောင် မနာလိုဖြစ်တတ်ကြပါတယ်။
ဒီမှာ နောက်တစ်ခုမှတ်သားရမှာကတော့ ဘယ်တော့မှ အိမ်ကလူတွေရှေ့မှာပဲဖြစ်ဖြစ် သူ့ရဲ့ သူငယ်ချင်းတွေရဲ့ရှေ့မှာပဲဖြစ်ဖြစ် ယောကျာ်းဖြစ်သူ ၊ ရည်းစားဖြစ်သူရဲ့ အားနည်းချက်ကို မထုတ်ဖေါ်ပါနဲ့။ ကိုယ့်ရဲ့လူကို ကိုယ်လေးစားမှ သူများကလည်း လေးစားကြမှာဖြစ်ပါတယ်။ ပြဿနာ တစ်ခုခု ရှိခဲ့ရင်တောင် လူရှေ့သူရှေ့ရှင်းလင်းတာထက် နှစ်ဦးသား အေးအေးဆေးဆေးနဲ့ အများရှေ့မှာ မဖြေရှင်းပါနဲ့။
လိုအပ်မှာသာ သူများအကူညီယူပြီး အကြံဥာဏ်ရယူပါ။ လူရှေ့ရှင်းလင်းရန်ဖြစ်ကြရင် ယောကျာ်းဖြစ်သူက ပိုပြီးရှက်ရမ်းလည်းရမ်းမှာဖြစ်သလို ၊ ကိုယ့်အရှက်လည်းကိုယ်ခွဲလိုက်သလို လည်းဖြစ်ပါလိမ့်မယ်။ မလိုသူတွေကလည်း ကိုယ်တွေအဆင်မပြေတာကို ကြည့်ပြီး ၀မ်းမသာရလေအောင် ဒီအချက်လေးကိုတော့ နှစ်ဦးလုံးဆင်ခြင်စေခြင်ပါတယ်။

#သေကွင်း (၄)

ယောကျာ်းဖြစ်သူရဲ့ မိဘ၊မောင်နှမ မကောင်းကြောင်း ပူညံငြူစူခြင်း မလုပ်မိပါစေနဲ့။ အသစ်တီထောင်ခဲ့တဲ့ အိမ်ထက် သူ့ကိုဖန်တီးခဲ့တဲ့ မိဘကိုတော့ ကိုယ့်ထက်ခင်တွယ်ပါလိမ့်မယ်။ ဒါကြောင့် ကိုယ်ကလည်း သူ့မိဘတွေ မကောင်းကြောင်းပြောတာထက် မသင့်တော်တဲ့အကြောင်းရှိရင်လည်း မကောင်းတာကို ဦးတည်ပြောတာမျိုးထက် ဘယ်လိုလေးဆို ပိုမကောင်းဘူးလား။ ဒီလိုလုပ်တော့ ကိုယ်က ဘယ်လိုဖြစ်တယ်ဆိုတာမျိုးကို အကျိုးသင့်အကြောင်းသင့် ယောကျာ်းဖြစ်သူကို ရှင်းပြပါ။ ကိုယ့်ရဲ့ မိဘ ၊ ကိုယ့်မောင်နှမ တွေ၊ ကိုယ့်အမျိုးတွေကို သူလာပြောရင်လည်း ကြိုက်မှာမဟုတ်သလို သူအောက်သွားရအောင်လည်း မပြောမိပါစေနဲ့။

#သေကွင်း (၅)

သူတို့အိပ်ကပ် ဒါမှမဟုတ် ပိုက်ဆံအိတ် ထဲမှာ အမြဲထည့်ထားတတ်တဲ့ အသေးသုံးပိုက်ဆံ ၊ ဟန်းဖုန်းကို သူရှေ့မှာပဲဖြစ်ဖြစ် ၊ ကွယ်ရာမှာပဲဖြစ်ဖြစ် မလှန်လှောမိပါစေနဲ့ ။ အချင်းချင်း အပြန်လှန်လေးစားခြင်းနဲ့ ၊ Privacy လေးတစ်ခု ကိုယ်စီရှိနေအောင် ဖန်တီးပေးပါ။ တကယ်လို့ မနေနိုင်မထိုင်နိုင် လှန်လှောကြည့်ပြီး မိန်းကလေးတွေ အများစုဖြစ်တတ်တာက မဟုတ်တာရော ဟုတ်တာရောစုပြီး သ၀န်တိုတာမျိုးတွေဖြစ်တတ်ကြပါတယ်။ ဒါကြောင့် ကိုယ်ကိုယ်တိုင်လည်း စိတ်ချမ်းသာရမယ်၊ ကိုယ်ချစ်တဲ့သူလည်း စိတ်ချမ်းသာဖို့အတွက် သူ့ရဲ့ တစ်ကိုယ်ရေ တစ်ကာယ ၀န်းကျင်လေးကိုတော့ သီးသန့်လွပ်လပ်ခွင့်ပေးပါ။

တကယ်တော့ မနုဿ ပြောချင်တာက တစ်ခုတည်းပါ မိန်းကလေးတွေ ပါးနပ်မှုနဲ့ ကိုယ်ချစ်တဲ့သူကို ချုပ်ကိုင်ပါ။ သံသယတွေ ၊ သ၀န်တိုမှုတွေ ၊ စိတ်မချမှုဆိုတဲ့ ကြိုးနဲ့ ချုပ်နှောင်ရင် ချုပ်နှောင်ခံရတဲ့သူက ပိုပြီးရုန်းထွက်ချင်ပါတယ်။ ကိုယ့်ရဲ့ပါးနပ်မှုလက်တစ်စုံက အလျော့အတင်းလေးနဲ့ ဥာဏ်ကိုလွှာပြီး ထိန်းကွပ်လိုက်မယ်ဆိုရင် သင်တို့နှစ်ယောက်အတွက် လမ်းခွဲစကားတွေ လည်းရှိတော့မှာမဟုတ်ပဲ ၊ သင်တို့နှစ်ယောက်ကြားမှာ ခြားနေတဲ့ တံခါးချပ်ဟာလည်း ရှိတော့မှာမဟုတ်ပါဘူး ။ ဒီတံခါးကို မိန်းကလေးဖြစ်တဲ့သင်ဟာ ပါးနပ်ခြင်းသော့တစ်စုံနဲ့ ဖွင့်ဟပေးပြီး ကိုယ်ချစ်တဲ့သူဆီသင်ကိုတိုင်လည်း လျှောက်လှမ်းနိုင်မှာဖြစ်သလို သင်ချစ်တဲ့သူဟာလည်း သင့်ဆီကို အပြေးတပိုင်းနဲ့သင့်ကိုပြန်လည် ဖက်တွယ်လာပါလိမ့်မယ်။

Credit: မနုဿ ရဲ့ စာမျက်နှာလေးများ

‘ဂီတဂုဏ်ဆောင်’ကိစ္စ ရဲရင့်အောင်ရှင်း



မဂ္ဂဇင်းမျက်နှာဖုံးတစ်ခု တွင် ဂီတဂုဏ်ဆောင်ရဲရင့်အောင် ဆိုသည့်ခေါင်းစဉ်ဖြင့်ဖော်ပြထား သောကြောင့် ပရိသတ်များ၏ဝေ ဖန်မှုခံနေရသည့်အဆိုတော်ရဲရင့် အောင်က ယင်းအကြောင်းအရာ နှင့်ပတ်သက်၍ ၎င်း၏ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင်ဖြေရှင်းထားသည်။

ဂီတဂုဏ်ဆောင်ရဲရင့်အောင် ဟုဖော်ပြခဲ့သောကြောင့် ၎င်း၏ လူငယ်ပရိသတ်များနှင့် ၎င်းကို အထင်လွဲနေသည့်ပရိသတ်များ အကြား ဖေ့စ်ဘွတ်ခ်ရန်ပွဲမှတစ် ဆင့် မလိုလားအပ်သည့်ပြဿနာ များဖြစ်လာမည်စိုးသောကြောင့် ဖြေရှင်းခြင်းဖြစ်သည်ဟု ရဲရင့် အောင်ကရေးသားထားသည်။

အဆိုပါမဂ္ဂဇင်းမျက်နှာဖုံးကို မဂ္ဂဇင်းမထွက်မီ တစ်လခန့် ကတည်းက ကိုယ်တိုင်တွေ့ရှိခဲ့ သော်လည်း အခွေကိစ္စနှင့်အခြား အလုပ်ကိစ္စများကြောင့် သတိ မထားဖြစ်ခဲ့ဘဲ ယခုကဲ့သို့ဖြစ်လာ မည်ဟုမတွေးခဲ့သည်မှာ ၎င်း၏ အမှားဖြစ်သည်ဟုရေးသားထား သည်။

‘‘ကျွန်တော့်မှာမကောင်းတဲ့ အချက်တွေရှိလိမ့်မယ်။ အား နည်းချက်တွေရှိလိမ့်မယ်။ အသက် (၂၁)နှစ်မပြည့်သေးတဲ့ လူငယ်တစ်ယောက်အနေနဲ့မရင့် ကျက်မှုတွေရှိလိမ့်မယ်။ ပြီးတော့ ကျွန်တော်ရိုင်းချင်ရိုင်းနေမိလိမ့် မယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ဆရာကြီးပါ၊ ပညာရှင်ကြီးပါလို့ အကုန်သိ၊ အကုန်တတ်နေပါ တယ်လို့ မဂ္ဂဇင်းမှာဖော်ပြခိုင်းရ လောက်အောင်တော့ မမိုက်မဲပါ ဘူး’’ဟု ရဲရင့်အောင်က ၎င်း၏ ဖြေရှင်းချက်တွင်ရေးသားထား သည်။ထို့ကြောင့် အဆိုပါခေါင်း စဉ်သည် ၎င်းတိုက်တွန်းမှုကြောင့် ရေးသားခြင်းမဟုတ်ကြောင်းကို ပရိသတ်များလက်ခံလျှင်ကျေနပ် ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ဆက်လက်ဖြေရှင်းမနေဘဲ သီချင်းများသီဆိုနိုင်ရန် ဆက်လက်ကြိုး စားမည်ဖြစ်ကြောင်း ရေးသား ထားသည်။

7 Day Daily

ဘယာနက ဟင်းတခွက် – အရှင်ဇ၀န (နိုင်ငံရေး အကျဉ်းသားဟောင်း)



အစားကောင်းစားရရင် မိတ်ဆွေတွေကို သတိရတတ်တယ်လို့ ပြောကြတယ်။ တကယ်က အစားကောင်း မစားရရင် မိတ်ဆွေတွေကို ပိုသတိရတတ်ပါတယ် ဆိုတာကိုပါ ဆက်ပြောရမယ် ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ငရဲခန်းက ဒုက္ခ ဒိုင်ယာရီတွေကို ပြန်လှန်လှောလိုက်ရင် ငန်တူးနေတဲ့ ပုံစံငပိပါမယ်၊ ရေတစ်မျိုးတည်းနဲ့ ပြုတ်ထားတဲ့ ဟင်းနုနယ် အရိုးစင်း တာလပေါဆိုတာ ပါမယ်။ စပါးလုံး နိုင်းခြင်းနဲ့ ထမင်း မာဂလောက်လည်းပါမယ်။ ဒါပဲလားဆိုတော့ ကြံဖန်ပြီး ဟင်းချက် စားရတဲ့ ဒုက္ခလည်း ပါမယ်။ ဟင်းချက်စားတာကိုများ ဒုက္ခဆိုတဲ့ စကားလုံးနဲ့ ဘာလို့များ တွဲသုံးတာလည်းလို့မေးရင် ဟင်းတစ်အိုးအတွက် ဒေါက်နဲ့ စိန်ခေါ် တိုက်ပိတ်တာနဲ့ ခြိမ်းခြောက်၊ ဂန်းပိုက်နဲ့ ရွယ်မိုးခံရမယ့် ဘေးကနေ စွန့်စွန့်စားစား လုပ်ရတဲ့ ကိစ္စမဟုတ်လား။ ဒါကြောင့် ဟင်းချက်ရတဲ့ ဒုက္ခလို့ ဒုက္ခနဲ့ ဟင်းချက်တာကို တွဲသုံးလိုက်ရတာပါ။ ဒီလို ဒုက္ခတွေနဲ့ ရင်းရတိုင်း အတူစား အတူသွားနေခဲ့ရတဲ့ ထောင်ပြင်ပက ရက်တွေကို ပြောမဆုံးဘူး။ သတိတရ ပြန်ပြော အဖြစ်ဆုံးထဲမှာ ပါမယ်ထင်တယ်။ ထောင်ဝင်စာ ပုံမှန်မလာတဲ့ သူတွေကတော့ ထောင်ကပေးတဲ့ ပုံစံငပိရယ်၊ တာလပေါရယ်ကို စားဝင်အောင် ပြင်ရတာပေါ့။ ပြင်တယ်ဆိုလို့ အထွေအထူးတော့ မဟုတ်ပါဘူး။ ကြံဖန် ရှာလို့ရထားတဲ့ အချိုမှုန့်ကို သင့်ရုံခတ်လိုက်တာပါပဲ။ ဘာပဲဖြစ်ဖြစ် ဒုက္ခတွေကို ဟာသနဲ့ ဆေးချလိုက်တော့ သောကတွေ ရင်ထဲက ကွာကျကုန် ရတာပါပဲ။

ထောင်ဝင်စာ ပုံမှန်မလာနိုင်တဲ့ အခန်းတစ်ခန်းမှာ ဟာသ ပြောတတ်တဲ့သူ တစ်ယောက်များ ရှိရင် သူ့အခန်းထဲကနေ စားသောက်ချိန်ဆို ဒီစကားလေးတွေ ကြားကြရနိုင်တယ်။

“ဟိုငါးမန်းတောင် ဟင်းချို အလယ်ချ ဆိတ်သားခါးပတ်နှင့် ငါးသလောက်ပေါင်းက ချန်ထားလို့ မရတော့ဘူး။ ကုန်အောင်စားပစ်” ဟင်းတစ်ခွက်ရဖို့ စီမံရတဲ့ အတားအဆီးတွေက များလှတယ်။ အပြင်လောကမှာတော့ ဟင်းတစ်ခွက် စီမံရတာကို အနုပညာ မြောက်တဲ့ ကိစ္စလို့ ပြောကြတယ်။ အလှအပ အပြင်အဆင် အထိ မရောက်ခင် ဟင်းတစ်ပွဲတည်း ပါဝင်ရမယ့် ရသမြောက် ဟင်းလျာထဲက အငန်အပေါ့၊ အချို၊ အဆိမ့်၊ အချဉ်၊ အစပ် ညီညွတ် မျှတမှုကို အနုပညာလို့ ပြောကြတာကိုး။ ကိုယ်ကလည်း အားကျမခံ ပြောလိုက်ချင်တယ်။ ထောင်ထဲက ဟင်းတစ်ခွက်မှာ ဘယာနက ရသ၊ ၀ီရ ရသတွေ ရောပြွမ်းထားတဲ့ စိတ်ခံစားမှုကနေ ပေါက်ဖွားလာတာမို့ ထောင်ထဲက ဟင်းတစ်ခွက်မှာလည်း အနုပညာတွေပါ ပါတယ်လို့ ပြောလိုက်ချင်တယ်။

ထောင်ထဲ စရောက်ခါစကတော့ ချက်ဟင်း ပူပူနွေးနွေးလေးတွေကို တစ်ခါစ်တခါ စားရတတ်တယ်။ ကိုယ်ကလည်း ရောက်စဆိုတော့ ဘယ်လို ပြုလုပ်ဖန်တီးလာခဲ့ကြတယ်ဆိုတာ သဘောမပေါက်ဘူး။ မသိဘူးလေ။ တကယ်က သူတို့တွေရဲ့ ကြိုးစားထားချက်မှာ ဟင်းတခွက်အတွက် သတ္တိတွေ မွေးပြီး ချက်ခဲ့ရတယ်ဆိုတာ နောက်မှ တဖြည်းဖြည်း သိလာရတယ်။

ဟင်းချက်နေတုန်း မိခဲ့ရင် ဒေါက်အခတ်ခံရနိုင်တယ်။ တိုက်အပိတ်ခံရနိုင်တယ်။ အဆင်မသင့်ရင် အရိုက်ခံရနိုင်သေးတယ်။ ပလပ်စတစ် တစ်ထပ် အ၀တ်စုတ် တစ်ထပ် ပတ်ထားတဲ့ လောင်စာနဲ့ သူတို့ချက်ခဲ့ကြမှန်း နောက်မှ သိရတယ်။ တစ်ယောက်က ချက်နေတုန်း နောက်တစ်ယောက်က ကင်းစောင့်ပေါ့။ များသောအားဖြင့်တော့ ထောင်ဝင်စာ ပုံမှန် မလာနိုင်သူတွေက ဒီလို စွန့်စားခန်းကို နေ့စဉ် ပြုလုပ်ကြရတာ။ ဦးဇင်းတို့ ထောင်ထဲ ရောက်ခါစ ရက်တွေမှာ 10-Dလို့ ခေါ်ကြတဲ့ ကျောင်းသားတွေက အများစု။ ဒီကျောင်းသားတွေက လူသစ်ဖြစ်တဲ့ ဦးဇင်းတို့ကို ဂရုတစိုက် ကူညီကြတယ်။ ဦးဇင်းတို့က ချစ်စနိုးနဲ့ အရှည်လေးလို့ခေါ်တဲ့ အောင်မျိုးကျော်ကို ဦးဇင်းတို့ တစ်ဖွဲ့လုံး ကျေးဇူးတင်ကြတယ်။ သူကနေ့စဉ် ဒိုင်ခံ ဟင်းတခွက် ဖန်တီးပေးတယ်။ သူ့အိမ်က အလျှံအပယ် ပုံမှန်လာနေပေမယ့် ထောင်ဝင်စာ မလာသူတွေရယ် လူသစ်တွေရယ်ကို ထောင်စကားနဲ့ ပြောရရင် ဒေါက်နဲ့ရင်း တိုက်နဲ့ရင်းပြီး သူချက်ကျွေးတယ်။

ဦးဇင်းတို့ သာယာဝတီထောင်ရောက်တော့ လူသစ်တွေကို အထူး တင်းကြပ်ထားတယ်။ ထောင်ပြောင်းခါစဆိုတော့ အိမ်တွေကလဲ မသိကြသေးဘူး။ စားရေး အခက်အခဲကို ပထမဦးဆုံး ကြိုးစား ဖြေရှင်းကြည့်သူက ဒေါက်တာထွန်းသူ ဆရာက အင်းစိန်ထောင်မှာလဲ အနေကြာခဲ့သူ ဆိုတော့ လျှို့ဝှက် ဟင်းချက်နည်းတွေကို တတ်ထားပြီးသား။ ဒီတော့ နေ့လည် ထောင်ပိတ်ချိန်မှာ သူစွန့်စားမှု တစ်ခုကို ပြုလုပ်တယ်။ ပေးထားတဲ့ ထောင်ပုံစံ ဒန်ပုဂံပြားက ဟင်းချက်ဖို့ ဒယ်အိုးပေါ့။ ထောင်တွေမှာ နေ့လည် ၁၂နာရီထိုးကနေ ၂ နာရီအထိ ထောင်ပိတ်ထားတယ်။ ၀န်ထမ်းတွေက အပြင်ထွက်သွားတယ်။ အကျဉ်းသားတွေကို တိုက်ခန်းတွေထဲ ထည့်ပြီး သော့ပြန်ခတ်ထားတယ်။ အင်းစိန်ထောင်မှာ အမြဲဆင်းလို့ ခေါ်ပြီး၊ သာယာဝတီထောင်မှာတော့ ဘာယာလို့ခေါ်တဲ့ အကျဉ်းသားတွေသာ အခန်းထဲ ထည့်မပိတ်ဘဲ အပြင်မှာ ၁၂-၂ နာရီအတွင်း နေခွင့်ရတယ်။ သူတို့က သန့်ရှင်းရေး လုပ်ရတယ်။ ၅(ည)တွေ အတွက် ဝေယျာဝစ္စ လုပ်ပေးရတယ်။ တကယ်က သူတို့ကို အဲဒီအလုပ်တွေ အပြင် နိုင်ငံရေး အကျဉ်းသားတွေ လုပ်သမျှ သတင်းပို့ဖို့ သူတို့ကို ထားတာ။ တခြားထောင်တွေထက် သာယာဝတီထောင်က ချွန်တွန်း လုပ်သူ ပိုပေါတယ်။ ထောင် အခေါ် “အပ်”တွေတဲ့။ ငချွန်တွေပေါ့။ သူတို့ထဲက တစ်ယောက်က ကိုထွန်းသူ ဟင်းချက်တာကို ချက်ခြင်း သတင်းပို့တယ်။ တာဝန်ကျ ၀န်ထမ်းက ရုံးတင်မယ် ဘာညာပြောတော့ အားလုံးက ၀ိုင်းပြီး ရုံးမတင်ဖို့ ပြောကြတယ်။ ဒါနဲ့ သူ့ကို ရုံးမတင် ဖြစ်လိုက်ဘူး။ မီးဖိုဖို့ ကိစ္စက ငချွန်တွေကို မတွေ့အောင် လုပ်ဖို့ မလွယ်ဘူး။ ဒီတော့ ချက်ဟင်း မစားရတော့ဘူး။ လူဆိုတာ လိုအပ်ချက်တွေကို ကြံဖန် ကျော်ဖြတ်တတ်ခဲ့ကြတာ မဟုတ်လား။ အခုနည်းလမ်း အသစ် တစ်ခုရတယ်။ အဲဒါကတော့ တိုက်ရှေ့မှာ ရှိနေတဲ့ ချဉ်ပေါင်ရွက်တွေကို ခူးတယ်။ ပလတ်စတစ်အိတ်ထဲ ချဉ်ပေါင်ရွက်တွေကိုထည့်၊ သံစည်ပိုင်းပြတ်ထဲ ထည့်ယူလာတဲ့ တာလပေါ ဟင်းရည်ပူထဲကို ခုန ချဉ်ပေါင်ရွက်အိတ် ထည့်လိုက်တော့  ချဉ်ပေါင်ရွက်တွေ အကုန်လုံး ပြုတ်လိုက်သလို ဖြစ်သွားတယ်။ အဲဒီ ချဉ်ပေါင်ရွက်တွေကို ဇွန်းနဲ့ချေတယ်။ လိုအပ်တဲ့ ငပိထည့်တယ်။ အချိုမှုန့်ခပ်တယ်။ ငါးခြောက်ကြော်၊ ငပိကြော်လေးကို ချဉ်ပေါင်ရွက်မွှေထဲ လိုသလောက် ထည့်လိုက်ပြီး တာလပေါ ဟင်းရည်နဲ့ ရောလိုက်တော့ စားကောင်းတဲ့ ချဉ်ပေါင်ရွက် ချဉ်ဟင်းတစ်ခွက် ရသွားတယ်။

ဒီလိုနဲ့ ပြုတ်စားခဲ့ရတဲ့ ရက်တွေ မနည်းဘူး။ အဆာကောင်းကောင်းနဲ့ ရောလိုက်တော့လည်း စားဖြစ်တဲ့ ဟင်းတစ်ခွက်တော့ ဖြစ်သွားတာပဲ။ ၀န်ထမ်းတွေ ဘာယာတွေဆိုတာကလည်း စားရေး၊ သောက်ရေး ပြည့်စုံကြတာ မဟုတ်ဘူး။ ထောင်ပိုင်၊ ထောင်မှူးတွေက ခိုင်းလို့သာ အစပထမက တင်းကျပ်ထားပေမဲ့ နောက်ပိုင်းရှိတဲ့ ဟင်းတွေ ကျွေးမွေး၊ ပါလာတဲ့ မုန့်တွေ ဝေငှရင်း ရင်းနှီးသွားကြတယ်။ ဟမ်းကောချိုင့်ထဲ ဟင်းချက်စရာ အစုံထည့် ဖိုကြီးက ပြာပူထဲ နှစ်နာရီ၊ သုံးနာရီ သွားမြှုပ်ထားရင် ဟင်းတစ်ခွက်တော့ ဖြစ်လာတယ်။ ဒါတွေ ဘာယာတွေကို စည်းရုံးပြီး လုပ်ခိုင်းရတာပေါ့။ ပါလာတဲ့ ပစ္စည်းတွေကို ဟင်းချက်စရာ ပစ္စည်း ဖြစ်အောင် ကြံဖန်ကြရတယ်။ သကြားတို့၊ ထန်းလျက်တို့ဆိုရင် အချိုမှုန့် အစားသုံးဖို့ စီစဉ်ရတယ်။ မာရီ ဘီစကွတ်တို့၊ ရွှေကျီး မုန့်ကြွပ်တို့လို ဟာမျိုးကိုတောင် ဟင်းချက်စရာထဲ ထည့်လို့ရတဲ့ အထိ လုပ်ဖြစ်လာတယ်။ အန္တရာယ် ပေးမယ့် အနီးကပ်က လူတွေကို စည်းရုံး လိုက်နိုင်တော့ ကိုယ့်အခန်းထဲမှာ ကိုယ်ချက်လို့ရတဲ့ အထိ ဖြစ်လာတယ်။ တရားဝင်တော့ မဟုတ်ဘူးပေါ့။ အရာရှိ တစ်ဦးဦးတွေ့ရင် ပြစ်ဒဏ်ကျခံရနိုင်တယ်။ အပြင်က မုန့်ဟင်းခါးခြောက်တွေကို သွင်းတယ်။ ဟင်းကိုတော့ ပါလာတဲ့ ငါးကြော် ဒါမှမဟုတ် ငပိကြော် တမျိုးမျိုးနဲ့ မုန့်ဟင်းခါးဟင်း ဖြစ်အောင် ဖန်တီးတယ်။ ထောင်ဝင်းထဲမှာ စပါးလင်တွေက ပေါများတယ်။ စပါးလင်ကို ပါးပါးလှီး၊ ထောင်း။ ငါးကြော်ကို ထောင်းပြီးတော့ မာရီဘီစကွတ် ဒါမှ မဟုတ် ရွှေကျီးမုန့်ကြွပ် တစ်ခုခုကို အမှုန့်ဖြစ်အောင် လုပ်ထားတာကို ရေနဲ့ဖျော်ပြီးရော ကျိုလိုက်တော့ မုန့်ဟင်းခါးဟင်းက ရွှေခြည်နံ့လေးကို မွှေးလို့ ဟင်းချခါနီး ထန်းလျက်ခဲလေး တစ်ခဲနှစ်ခဲလောက်များ ထည့်လိုက်ရင် ဖျာပုံ တင်တင်အေးတို့၊ ခင်ထွေးရီတို့တောင် အရှုံးပေးသွားရမယ့် ဟင်းတစ်ခွက် ရတယ်။

ထောင်ထဲမှာ ခိုးပြီး ချက်စားရပေမယ့် အကောင်းဆုံးဖြစ်အောင် ကြံဖန်ပြီး ဖန်တီးကြတယ်။ တောင်ယာတွေ ကိုယ့်ဖာသာကိုယ် စိုက်ခွင့်ရတော့ သီးနှံမျိုးစုံကို စိုက်ကြတယ်။ အလျှံအပယ်ကို စားရတယ်။ ကိုက်လန်တို့ နိုကိုဥတို့ဆိုတာ အပြင်လောကမှာ ရှားပါး ပစ္စည်းဖြစ်ပေမယ့် ထောင်ထဲမှာတော့ ပေါများတယ်။ တစ်နေ့တာ ပုံစံထဲက ပိုနေတဲ့ ပန်းဂေါ်ဖီလို ဟာမျိုးကို ရှမ်းချဉ်လို ထည့်တယ်။ အမှုန့်ဖြစ်အောင် ထောင်းထားတဲ့ ထန်းလျက်နဲ့ သမအောင်မွှေပြီး ကော်ဘူးထဲမှာထည့် နေလှန်းထားလိုက်ရင် သုံးရက်လေးရက်လောက်ဆို စားကောင်းတဲ့ ရှမ်းချဉ်ကိုရတယ်။ ဒါကို အစိမ်းမစားချင်ရင် ကြော်ပြီးတော့ ဖြစ်ဖြစ်၊ ဟင်းချိုဖြစ်ဖြစ်လုပ်ရင် အပြင် ဟော်တယ်တွေမှာ ဈေးကြီးပေး စားရတဲ့ ကြံမဆိုင် ဟင်းချို၊ ကြံမဆိုင်ကြော် စားရတယ်။ မစားနိုင်တော့တဲ့ ချဉ်ဖတ်တွေကို အခြောက်လှမ်းထားလိုက်ရင် စွန်တန်ခြောက်ကို ရတယ်။ ဒီစွန်တန်ခြောက်တွေကို သေချာ သိမ်းထားပြီး လိုအပ်တဲ့အခါ ရေနွေးနဲ့ရော ကျိုပြီး စွန်တန်ဟင်းချို တစ်ခွက်ကို ရပြန်တယ်။ အချိန်ကာလနဲ့ အခြေအနေတွေက အခက်အခဲတွေကြားက ကျော်ဖြတ်နည်းတွေကို သင်ပေးခဲ့တယ်။ အခက်အခဲဆိုတာ ဘယ်လောက် ရှိနေပါစေ ကျော်ဖြတ်ရမယ့် နည်းလမ်းတွေကတော့ တစ်ခုမဟုတ် တစ်ခုရှိပြီးသားပါ။ ထောင်လို အန္တရာယ်တွေနဲ့ လက်တစ်လုံးလောက် နီးတဲ့ နေရာမှာတောင် ဖြတ်ကျော်နည်းတွေကို ရှာကြံလို့ရရင် အပြင်လောကက အခက်အခဲ ဆိုတာကို ဖြတ်ကျော် နည်းတွေက အမြောက်အမြား ရှိမှာပါ။ အပြင်လောကက လောကဓံနဲ့ အခက်အခဲ တစ်ခုခု ကြုံတိုင်း ထောင်ထဲက အန္တရာယ်တွေနဲ့ ကြောက်ကြောက် လန့်လန့် ကြားထဲက မဖြစ်ဖြစ်အောင် ချက်စားခဲ့ရတဲ့ ဟင်းတစ်ခွက်ကို သတိရနေတုန်းပဲ။

အရှင်ဇ၀န (နိုင်ငံရေး အကျဉ်းသားဟောင်း)

Tomorrow Jouranl

ကိုယ်ဝန်တားဆေး ဒီပို ထိုးပြီး ရာသီလာနေလို့ (အမျိုးသမီးများ ဖတ်ရန်)



လေးစားစွာဖြင့် မေးအပ်ပါသည် ဆရာ။ ကိုယ်ဝန်တားဆေး ၃ လ ခံဆေး ထိုးထားပြီး ရာသီနည်းနည်း စီလာနေတာ တပတ်လောက်ရှိပါပြီ ဆရာ။ သူများတွေက ၃ လဆေးက ရာသီ မလာဘူးပြောပါတယ်။ တစ်ခါမှမထိုးဘူးပါ။ ကလေးခွဲမွေးပြီး ၂ လ ကျော်မှ ထိုးတာပါ။ ရာသီလာနေတော့စိတ်ပူပြီး မေးတာပါဆရာ။ စိတ်မချရမှာစိုးလို့ပါ။

Depo ထိုးဆေး ကိုယ့်အတွေ့အကြုံတွေကို (အွန်လိုင်း) မှာပြောကြတဲ့ အမျိုးသမီး ၅ဝ ကိုရွေးပြီး မျှဝေလိုက်ပါမယ်။ ပြောသူအားလုံးက အမေရိကန်တွေပါ။ မြန်မာအမျိုးသမီးတွေပြောတာကိုလဲ သိချင်ပါတယ်ဗျာ။

1) Depo ဆေး မထိုးဘဲနေတာ ၁၅ လကြာတော့ ကိုယ်ဝန် ပျက်တယ်။
2) Depo ကို ၁၂ နှစ်ကြာထိုးထားပြီး ၈ လစောင့်နေတာ ကိုယ်ဝန် မရသေးပါ၊
3) ဆေးမထိုးတာ ၃ လကြာပြီ၊ ရာသီပြန်မှန်အောင်လို့ ဆရာဝန်က စားဆေး စားခိုင်းထားတယ်၊ ၁-၂ နှစ်နေမှ ကိုယ်ဝန်ယူဘို့ ဆရာဝန်က ပြောတယ်။
4) ၆ လထိုးထားတယ်။ အခု ၁ နှစ်နဲ့ ၁ဝ လရှိနေပြီ၊ ရာသီက မမှန်သေးဘူး၊ ဒီကြားထဲမှာ ရာသီ ၆ ခါဘဲ လာတယ်။
5) ၁ နှစ်ထိုးထားတယ်။ မထိုးတာ ၁၆ လရှိပြီ။ Clomid ဆေးကြောင့် မျိုးဥတော့ ထွက်တယ်။ ကိုယ်ဝန် မရသေးဘူး။
6) ၅-၆ နှစ် Depo ထိုးခဲ့တယ်။ ၁၃ လကြာတော့ ကိုယ်ဝန်ရပါတယ်။
7) Depo မထိုးတော့တာ ၄ လရှိပြီး ကလေး မရသေးဘူး။
၁ဝ လ ထိုးထားပြီး အခု Othro tricylen (Norgestimate/Ethinyl estradiol) သောက်နေရတယ်။ ရာသီပြန် မှန်အောင်လို့။ ၆ လ ရှိနေပြီ။ ကလေးထပ်လိုချင်သူတွေ မထိုးစေချင်ဘူး။
9) ၂ နှစ်ခွဲ ထိုးထားတယ်။ မထိုးဘဲ ၄ လနေတော့ ရာသီပြန်လာတယ်။ ဒါပေမဲ့ ၂ ပါတ်တခါ လာနေတာ ၃ လရှိပြီ။ ၁ နှစ် ကျော်စပြုပြီ၊ ကိုယ်ဝန် မရသေးဘူး။
10) ၁ နှစ်ကြာ ထိုးထားတယ်။ ဆရာဝန်က ပြောတယ် ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ ပျောက်အောင် စောင့်ရအုံးမယ်တဲ့။
11) Depo ၅ နှစ်ထိုးခဲ့တယ်။ ဆေးရပ်တာ ၁ နှစ်ကြာပြီ။ ကိုယ်ဝန်လဲမရသေးပါလား။ စိတ်ပိန်လိုက်တာ။
12) ၂ နှစ်ကြာ ထိုးခဲ့တယ်။ ၁၃ လရှိပြီ၊ ရာသီ တခါမှ မပေါ်သေးဘူး။ ဘယ်လောက်ကြာအုံးမယ်လဲ မပြောတတ်ဘူး။
13) သားလေးရပြီး ဆေးထိုးခဲ့တာ အခု သားက ၆ နှစ်ရှိပြီ။ ထိုးဆေးရပ်ပြီး Patch ပြောင်းသုံးနေတယ်။ ဒါကိုလဲ ဖြတ်လိုက်ပြီ။ ရာသီတော့ မှန်ပေမဲ့ ကိုယ်ဝန်မရသေးဘူး။ ခုဆို ၆ လရှိပြီပေါ့။
14) ၄ နှစ်ထိုးထားတယ်။ မထိုးတာက ၁ နှစ်ခွဲ။ မရသေးဘူး။ မရတော့မှာ သိပ်စိုးရိမ်နေတယ်။
15) ၇ နှစ်ထိုးခဲ့တယ်။ ၁ နှစ်စောင့်တော့ ကိုယ်ဝန်ပြန်ရပါတယ်။ ဒီကလေးမွေးပြီး ဆေးထပ်ထိုးနေတယ်။ ကြည့်အုံးမယ်လေ။
16) ဆေးမထိုးဘဲ နေခဲ့တာ ၄ လတော့ ရှိပြီ။ ၃ လနေတဲ့အထိ ရာသီမလာဘဲ အခု တပါတ်ခါ လာနေတယ်။
17) ကိုယ်ဝန်ပျက်ပြီး တခါဘဲ Depo ထိုးဘူးသေးတယ်။ ၈ လရှိပြီ ရာသီမလာဘူး။ လတိုင်း စိတ်ညစ်မိတယ်။
18) ၃ နှစ်ခွဲထိုးထားတယ်။ ကိုယ့်မျိုးပွါးစနစ်ကို ဒုက္ခပေးနေတာဘဲလို့ မြင်လာတယ်။ ဆရာဝန်ကတော့ ဘာမှ မဖြစ်ပါဘူး ပြောပေမဲ့ စိတ်ထဲမှာ သိနေတယ်။ ဆေးမထိုးတာ ၂ နှစ် နဲနဲကျော်ခဲ့ပြီ။ ကိုယ်ဝန် မရသေးဘူး။ ရာသီက ၆ လတော့ မှန်ပါရဲ့ နောက် ၂ လမှာ ၂ ပါတ်တခါ ဆင်းတာကလဲ များလိုက်တာ။ ကလေးမရတော့မှ သိပ်ပူတာဘဲ။ ဘယ်သူမှ မထိုးကြဘို့ ပြောချင်တယ်။
19) ကလေးဘယ်တော့မှ မယူတော့ဘူးဆိုပြီး Depo ဆေး ၂ နှစ်ကျော် ထိုးခဲ့တယ်။ အဲဒီကတည်းက သွေးမဆင်းဘူး။ ၁၉-၆-ဝ၆ မှာ ရပ်လိုက်တာ အခု ၁၃-၂-ဝ၇ အထိ ရာသီမလာသေးပါ။ လိင်စိတ်လဲ လုံးဝ လျှော့ကျသွားတယ်။
20) နောက် Depo ဆေးထိုးရက်က အောက်တိုဘာ ၂ဝဝ၆။ ကလေးယူချင်နေတယ်။ ရာသီက ပြန်မပေါ်သေးဘူး။ ကြွက်တက်တယ်။ အားကုန်သလို ဖြစ်နေတယ်။ အဲဒါ ကိုယ်ဝန်လား။ တခါမှ ကိုယ်ဝန်မရဘူးတော့ မသိဘူးပေါ့။ ရာသီမပေါ်ဘဲ ရတတ်သလားရှင်။
21) ကလေး ၂ ယောက်ရပြီး အောက်တိုဘာ ၂ဝဝ၅ မှာ Depo ထိုးတယ်။ ဧပြီ ၂ဝဝ၆ မှာ မထိုးတော့ဘူး။ ရာသီလဲ မလာဘူး။
22) နိုဝင်္ဘာ ၂ဝဝ၆ ကတည်းက ဆေးဆက်မထိုးတော့ဘူး။ သွေးပြန်ဆင်းပါတယ်။ ဆေးထိုးတုံးက လုံးဝမဆင်းခဲ့ဘူး။ အခု ၃ လ ကြာတော့ နောက်ကိုယ်ဝန်ရနေပြီ။
23) ကျမလဲ မထူးဘူး။ Depo မထိုးတာ ၂ဝဝ၆ ဒီဇင်္ဘာကတည်းက အခု ဖေဖေါ်ဝါရီအထိ သွေးမဆင်းဘူး။
24) ဆေးထိုးတာ ၂၃-၃-၂ဝဝ၇ မှာ ရပ်လိုက်တယ်။ အခု ၁၉ လရှိပြီ။ အရင် စားဆေးစားတုံးက ရာသီ ပြန်ဆင်းပါတယ်။ ရပ်တော့လဲ ကိုယ်ဝန် တန်းရတာဘဲ။
25) Depo ၂ နှစ်ထိုးခဲ့တယ်။ ဝလဲ ဝမလာပါဘူး။ ဆေးရပ်တော့ သွေးနဲနဲလေး ဆင်းတယ်။
26) ၈ နှစ် Depo ထိုးထားတယ်။ သွေးဆင်းများခဲ့တာ အတော်အဆင်ပြေတယ်လေ။ သြဂုတ် ၂ဝဝ၆ မှာ ရပ်လိုက်တယ်။ နောက်လ သွေးဆင်းတယ်။ အခု ဖေဖေါ်ဝါရီ။ ၂ ခါလောက် ရာသီထိန်လို့ စစ်တော့ ကိုယ်ဝန် မဟုတ်ဘူး။ နောက် သွေးဆင်းတာက များလိုက်တာ။
27) Depo ၁ ခါထဲ ထိုးဘူးတယ်။ ၁၉-၁-ဝ၇ မှာပါ။ ရာသီနဲနဲလေး လာတယ်။ နောက်လလဲ နဲနဲလေးဘဲ။
28) ၁၅ နှစ်သမီးကတည်းက ရာသီမှန်အောင် တားဆေးတွေသုံးခဲ့ရတယ်။ ၂ဝဝ၃ မှာ ထိုးဆေးထိုးတယ်။ သြဂုတ်မှာ ရပ်ပြီး ဖေဖေါ်ဝါရီအထိ ရာသီလာအောင်စောင့်ရတယ်။ ဘာဆေးမှမပါဘဲ ငယ်ကတည်းက သူ့ဖါသူဆင်းတာပါ။ အခု ကိုယ်ဝန် ရပါ့မလားလဲ မသိဘူး။
29) ၁ နှစ်တိတိ ထိုးဆေးသုံးတယ်။ နောက်ဆေး ထိုးရမဲ့ရက်လောက် နဲနဲဆင်းတယ်။ ကိုယ်ဝန်တော့ စောင့်ရတုံးဘဲ။
30) ၈ နှစ်လောက် ထိုးဆေးနဲ့ နေခဲ့တယ်။ ၂ဝ-၁ဝ-ဝ၅ မှာ နောက်ဆုံးထိုးတယ်။ ၆ ခါရာသီလာပြီး ရပ်သွားလို့ ဆရာဝန်က Provera pills ဆေးပေးတယ်။ ကြွက်တော့တက်တယ်။
31) ၁ နှစ် Depo ထိုးတယ်။ မထိုးတာလဲ ၁ နှစ်ရှိပြီ။ ရာသီက မဖြစ်စလောက်တော့ လာပါတယ်။
32) ၁ နှစ် ဆေးထိုးပြီးတော့ ဇန္နဝါရီကနေ အောက်တိုဘာအထိ ရာသီလာအောင် စောင့်ရတယ်။ ကိုယ်ဝန်တော့ စောင့်ရတုံးဘဲ။
33) မတ်လ ၂ဝဝ၅ မှာ သမီးမွေးပြီး ဆေးထိုးတယ်။ ဇွန် ၂ဝဝ၅ မှာ နားလိုက်တယ်။ ၂ဝဝ၆ စက်တင်္ဘာအထိ ရာသီလာဘို့ စောင့်ရတယ်။ ထိန်တာ ၂ လတော့ရှိပြီ ကိုယ်ဝန်ဖြစ်ကောင်းပါရဲ့။
34) သြဂုတ် ၁၉၉၅ မှာ ဆေးစထိုးခဲ့တယ်။ နိုဝင်္ဘာ ၂ဝဝ၃ မှာရပ်လိုက်တယ်။ ၂ဝဝ၄ ဒီဇင်္ဘာမှာ ရာသီပြန်လာတယ်။ အခု ဧပြီ ၂ဝဝ၇ ရှိပြီ ကိုယ်ဝန်လဲ မရသေးပါ။
35) ၁ဝ နှစ် Depo ထိုးခဲ့ပါတယ်။ သွေးက စောစောဆုံးမလို နေလို့။ အရိုးအားနည်းတာလဲ ရှိတယ်။ စိတ်မလာဘူး။ အရေပြား ပါးသလိုဘဲ။ ဆေးမထိုးတာ ၁၅ လရှိနေပြီ။ ရာသီ ၃ ခါလောက်တော့ လာတယ်ထင်တယ်။ ကလေး ရချင်တယ်။ ဒါပေမဲ့ ဆေးကြောင့် မရဘဲနေမလား မသိဘူး။
36) ၅ နှစ်ဆေးထိုးခဲ့ပါတယ်။ ၂ဝဝ၅ နိုဝင်္ဘာမှာ ရပ်လိုက်တယ်။ (မိုင်ဂရင်း) ဖြစ်လာတယ်။ စိတ်မူလဲ ပြောင်းနေတယ်။ ပြန်မှန်အောင် ၁၂ လစောင့်ရတယ်။ ခုထိလဲ ရင်သားနာတယ်၊ မောသလိုဘဲ။ နောင်တရနေမိတယ်။
37) ၁၁ နှစ်ထိုးခဲ့တယ်။ ဇွန် ၂ဝဝ၆ ကနောက်ဆုံးပေါ့။ ဆရာဝန်ကတော့ ၁ နှစ် ၁ နှစ်ခွဲကြာတခါ နားဘို့ပြောပါတယ်။ အောက်တိုဘာ ၂ဝဝ၆ ကစပြီးမှန်ပါတယ်။ ဆေးထိုးနေတုံး မကောင်းကျိုးလဲ မရ၊ ရာသီလဲမလာ၊ ကိုယ်ဝန်လဲ မရှိဘူး။ အခု တလရနိုးရနိုး စောင့်နေပါတယ်။ ဆေးက သူတို့ ကြော်ညာသလို ဖြစ်တာမို့ အပြစ်မတင်ချင်ပါ။
38) ၉ နှစ်ထိုးခဲ့တယ်။ ၁ နှစ်မှာ ရာသီ ၁ ခါဆင်းတယ်။ နောက် စားဆေး ပြောင်းခဲ့တယ်။ အဲတော့ ရာသီမှန်ပါတယ်။ ကိုယ်တယောက်ထဲ မဟုတ်တာ သိရလို့ တော်သေးရဲ့။
39) ၁၈ လထိုးထားတယ်။ မထိုးတာ ၁ လရှိပါပြီ။ ကိုယ်ဝန်ရမလားလို့ ဒါတွေဖတ်ရတော့ ဝမ်းနည်းမိတယ်။ အစက ဒီလို ဖြစ်တတ်တာ သိရင် မထိုးခဲ့ပါဘူး။ မပြောပြတဲ့ ဆရာဝန်တွေကို ဆဲချင်တယ်။
40) ၂ နှစ် Depo ထိုးထားတယ်။ ဧပြီ ၂ဝဝ၆ ကနောက်ဆုံးပါ။ နိုဝင်ဘာမှာ ကိုယ်ဝန်ရတယ်။ ဒီလောက် စောမယ် မထင်တာ အမှန်ပါ။ ရာသီလဲ မလာဘဲ ဆက်ရတာ။ ဒါကြောင့် ဒီဇင်္ဘာမှာ ဖျက်ပြစ်လိုက်တယ်။ ဖေဖေါ်ဝါရီမှာ ဆေးပြန်ထိုးတယ်။ ၅ဝ% ဟာ ၆ လ အတွင်း ကိုယ်ဝန်ပြန်ရတယ် ဆိုတယ်လေ။ ကိုယ်က ၅ဝ% ထဲ ပါမယ်ထင်တာဘဲ။
41) ၁ နှစ်ခွဲ ဆေးထိုးထားတယ်။ ရာသီမလာဘူး။ ဝလဲမလာဘူး။ အဲလိုမျိုး ၃ ခါရှိပါပြီ။ အပျိုပေါက်တုံးကတခါ၊ ပဌမ အိမ်ထောင်နဲ့တခါ။ အခု အိမ်ထောင်နဲ့ တခါပေါ့။
42) သူငယ်ချင်းက ပြောလို့ Depo ၂ ခါထိုးထားတယ်။ ကလေး ၂ ယောက်ရှိပါတယ်။ အခု ဆေးရပ်မယ်လို့ ဆုံးဖြတ်ထားတယ်။ ဆေးတခါ ထိုးပြီးတိုင်း ၁ လအကြာမှာ စိတ်မူပြောင်းနေတယ်။ နောက်လူတွေကို ဆေးထိုးဘို့ ကျမကတော့ အကြံမပေးချင်ဘူး။
43) အသက် ၁၆ မှာစထိုးပြီး ၁၉ နှစ်မှာရပ်တယ်။ အခု ၂၄ ရှိပြီ။ ကလေးမရှိသေးဘူး။ လတိုင်း သွေးစွန်တာကလွဲရင် ရာသီရယ်လို့ မလာပါ။ ကလေးမရတော့မှာတော့ အတော်စိုးရိမ်နေတယ်။ ကယ်ကြပါအုံး။
44) သမီးမွေးပြီး ကတည်းက ဆေးထိုးတယ်။ ဆေးရဲ့ဆိုးကြိုးတွေက သိပ်ဆိုးတာဘဲ။ (မိုင်ဂရင်း) ဖြစ်တယ်၊ ၃ လထဲ ၁၃ ပေါင် တိုးလာတယ်။ စိတ်မူပြောင်းတယ်၊ မျက်နှာတွေ နီမြန်းတယ်၊ မောနေတယ်၊ ကိုက်ခဲတယ်၊ အိပ်မပျော်ဘူး။ မေလထဲ ထိုးရမှာ မထိုးတော့ဘူး။ ကလေးရချင်သေးတယ်။ သမီးကို အဖေါ်ရစေချင်တယ်လေ။ သွေးကလဲ စွန်းယုံဘဲ။ ကံဆိုးချင်တော့ သားအိမ်ကင်ဆာ ဖြစ်တော့ ဒီနှစ် ဖေဖေါ်ဝါရီမှာ ခွဲရတယ်။ ကလေး ယူလို့လဲ မရတော့ဘူး ထင်တယ်။
45) ၃ နှစ်ရှိပြီထင်တယ် ဆေးထိုးတာ။ ကျမ အသက်က ၁၅ နှစ်ဘဲ ရှိသေးတာ။ အခုတော့ ၂ဝ ပေါ့။ အခု စားဆေးသုံးနေတယ်။ ရာသီလာတယ်။ ဆိုးတယ်နော်။ ကျန်းမာရေး အာမခံ မရှိတော့ဘူး။ ဆေးမထိုးတော့ဘူးပေါ့။ ကိုယ်ဝန်ပျက်-ဖျက်တာလဲ အဆန်း မဟုတ်ဘူး မဟုတ်လား။ အိမ်ထောင်လဲ မကျသေးဘဲ၊ ကိုယ်ဝန်မပျက်ဘူးတဲ့သူ တယောက်မှ မတွေ့သေးဘူး။ ဆေးထိုးပြီး ၁ နှစ်နေတာတောင် ကိုယ်ဝန် မရတာလဲ များလှတယ်။ အစိုးရကို ဆန္ဒပြကြတာ ကောင်းမယ်ထင်တယ်။
46) ၂ဝဝ၄ တုံးက Depo ထိုးတယ်။ ၂ဝဝ၆ မှာ နားလိုက်တယ်။ ကလေး ယူမလို့ပေါ့။ ကံဆိုးချင်တော့ ဆေးကနေ ကျမ အထဲက မျိုးဥအိမ် ခဲသွားပြီတဲ့။ အလုပ်မလုပ်တော့ဘူးတဲ့။
47) ၂ဝဝ၅ ဧပြီမှာ သမီးမွေးပြီးကတည်းက Depo ထိုးတယ်။ လွယ်တယ်ထင်တာကိုး။ ကျန်းမာရေး အာမခံ မရှိတော့တာနဲ့ ဒေသခံဌာနသွား ဆေးအလကား ရတာမေးရတယ်။ ကလေးလိုချင်တာနဲ့ ၂ဝဝ၆ ဇွန်မှာ နောက်ဆုံး ထိုးပြီး ရပ်လိုက်တယ်။ ရာသီပြန်လာတယ်။ အစက ကလေးမရတော့နိုင် ဖြစ်တတ်တာ မသိခဲ့ဘူး။ ဘုရားသခင်ဘဲ အားကိုးရတော့မှာဘဲ ထင်တယ်။
48) ဇူလိုင် ၂ဝဝ၆ မှာ နောက်ဆုံးထိုးတယ်။ အခု သြဂုတ် ရာသီမလာလူး။ အရင်လက အစက်နဲနဲစွန်းတာဘဲရှိတယ်။ ကိုယ်ဝန်လက္ခဏာတွေ အကုန်ရှိပေမဲ့ စစ်တော့ မဟုတ်ဘူးတဲ့။ ပျို့တယ်၊ အားယုတ်တယ်။ ရင်သားတင်းတယ်။ စားချင်တာ စားမရဘူး။ လူတိုင်းကလဲ ကျမကို ကိုယ်ဝန်ရှိပြီ ထင်ကြတာပေါ့။ ဘယ်လောက်စောင့်ရမလဲ မသိဘူး။ ဆေးကို ၂ နှစ်ခွဲ ထိုးခဲ့တာပါ။
49) နောက် Depo ထိုးမဲ့ရက်က သြဂတ်စ် ၁ဝ ရက်။ ထိုးမလား-မထိုးဘူးလား စဉ်းစားနေတယ်။ အခုလို ပြောကြတာတွေ ဖတ်ရတော့ မထိုးတော့ပါဘူးရှင်။
50) ကိုယ်ဝန်ပျက်ပြီး Depo တခါဘဲ ထိုးဘူးသေးတယ်။ ၁၈-၁-ဝ၇ တုံးကပေါ့။ ဧပြီမှာ ထိုးရမှာ မထိုးတော့ဘူး။ ၂၇-၄-ဝ၇ က လာတဲ့ရာသီက မရပ်တော့ဘူး။ ဆရာဝန်က Tranexamic pills ဆေးပေးတယ်။ ကိုယ်ဝန် မရသေးပါ။ ကျမလိုဘဲ ဖြစ်ကြသလားဟင်။

 ဒေါက်တာတင့်ဆွေ
HIM

လေယာဉ်ပစ်ချမှု ရုရှားနဲ့အပေါင်းပါတွေကို အရေးယူပေးဖို့ မလေးရှားပြည်သူတွေ တောင်းဆို


မလေးရှားလေယာဉ် ပေါ်မှာ ပါသွားတဲ့ ဘယ်လ်ဂျီယံကလေးငယ် Steven Noreilde ရဲ့ ဓာတ်ပုံနဲ့ လွမ်းသူ့အမှတ်တရများ။


မလေးရှားနိုင်ငံသားအများအပြားဟာ နိုင်ငံပိုင် ခရီးသည်တင်လေယာဉ်ပစ်ချခံခဲ့ရမှုနဲ့ ပတ်သက်ပြီး ရုရှားနိုင်ငံနဲ့ ရုရှားကိုလိုလားတဲ့ ခွဲထွက်ရေး သူပုန်တွေအပေါ် ထိထိရောက်ရောက် အရေးယူ အပြစ်ပေးဖို့ သူတို့ရဲ့အစိုးရနဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေကို တောင်းဆိုနေကြပါတယ်။

တချို့ကလည်း စီးပွားရေးအရ အရေးယူဒဏ်ခတ် ပိတ်ဆို့ဖို့ တောင်းဆိုကြပါတယ်။

ကြာသပတေးနေ့က ယူကရိန်းနိုင်ငံအရှေ့ပိုင်း ရုရှားနယ်စပ်အနီးမှာ လေယာဉ်ပစ်ချခဲ့မှုအပေါ် သူပုန်တွေနဲ့ ယူကရိန်းအစိုးရတို့ကြားမှာ အပြန်အလှန် စွပ်စွဲနေကြတာပါ။ ရုရှားအစိုးရကိုတော့ လေယာဉ်ပျက်နဲ့ပတ်သက်ပြီး လုံလောက်တဲ့ စစ်ဆေးဆောင်ရွက်မှုတွေ ပြုလုပ်နိုင်အောင် ပြည့်ပြည့်၀၀ ဆောင်ရွက်မပေးဘူးဆိုပြီး စွပ်စွဲကြပါတယ်။

စိတ်ဆိုးဒေါသထွက်ကြသူအများစုဟာ မွတ်ဆလင်ဘာသာဝင်တွေဖြစ်ကြပြီး သေဆုံးသွားသူတွေကို ဘာသာရေး ထုံးစံအတိုင်း အမြန်ဆုံး မြေမြှုပ်သင်္ဂြိုဟ်နိုင်ဖို့ မဆောင်ရွက်နိုင်တဲ့အတွက် ဖြစ်ပါတယ်။ လေယာဉ်ပေါ်မှာ လိုက်ပါလာသူ ၂၉၈ ယောက်အနက် ၄၃ ယောက်ဟာ မွတ်ဆလင် ဘာသာဝင် အများစုနေထိုင်တဲ့ မလေးရှားနိုင်ငံသားတွေနဲ့ ၁၂ ဦးဟာ မွတ်ဆလင်ဘာသာဝင် အများဆုံးရှိတဲ့ အင်ဒိုနီးရှား နိုင်ငံသားတွေဖြစ်ကြပါတယ်။

မလေးရှားနိုင်ငံသားတွေဟာ ရုရှားသမ္မတ မစ္စတာ ဗလာဒီမီယာ ပူတင်ကို ဝေဖန်ပြစ်တင်နေကြပြီး နိုင်ငံရေးသမား အများစုကလည်း ဘယ်သူဘယ်ဝါရယ်လို့ တိုက်ရိုက် စွပ်စွဲတာမျိုးမရှိပေမဲ့ စိတ်ဆိုးဒေါသထွက်နေကြပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

ဘဝလက်တွဲဖော်ကို ကိုယ့်ဆုံးဖြတ်ချက်နဲ့ သေချာလေ့လာ ရွေးချယ်သွားမယ်လို့ ဆိုတဲ့ စံရတီမိုးမြင့်




အနုပညာလမ်းကြောင်းမှာ ဖြေးဖြေးနဲ့မှန်မှန် ကြိုးစားနေတဲ့ စံရတီမိုးမြင့်နဲ့တွေ့ဆုံခိုက် သူမရဲ့ လတ်တလောအနုပညာရှင်အကြောင်းကို  “အခု လတ်တလောမှာတော့ ဗီဒီယိုဇာတ်ကားတွေ ဆက်တိုက်ရိုက်ဖြစ်နေပါတယ်။ တစ်ကားနဲ့ တစ်ကား မတူအောင်လို့ ကာရိုက်တာအစုံ ရိုက်ဖြစ်နေပါတယ်။ စံရတီ ပရိသတ်တွေအတွက် ဇာတ်ကားတစ်ကား ရိုက်တိုင်း ဇာတ်ဝင်ခန်းတစ်ခန်း ရိုက်တိုင်း သေချာကြိုးစားရိုက်ကူးနေပါတယ်။ အခုတလောမှာတော့ အရမ်းဟာသဆန်တဲ့ ပုံစံလေးတွေ မရိုက်ဖြစ်ဘူး။” လို့ သူမက ပြောပါတယ်။

အခုလက်ရှိ အချစ်ရေးနှင့်ပတ်သက်ပြီးတော့လည်း သူမက “ဒီအရွယ်မှာတော့ အိမ်ထောင်ပြုဖို့ အစီအစဉ်မရှိသေးပါဘူး။ အိမ်ထောင်ပြုတယ် ဆိုတာပြောရတာ လွယ်ပေမယ့် လက်တွေ့မှာ အခက်အခဲတွေရှိတယ်။ တစ်ယောက်နဲ့တစ်ယောက် နားလည်ပြီး သစ္စာရှိဖို့ကလည်း လိုသေးတယ်။ ပြီးတော့ ငွေကြေးလည်း ထိုက်သင့်သလောက်တော့ ရှိဖို့လိုမယ်ထင်ပါတယ်။ အခု စံရတီအသက် ၂၀ပဲရှိသေးတာဆိုတော့ အိမ်ထောင်ရေးကို အသက်၂၆နှစ်လောက်မှ စဉ်းစားမှာပါ။ ဖူးစာပါမှ အိမ်ထောင်ပြုဖို့ ဖြစ်လာမှာပါ။ အရင်ကဆို ရည်းစားဦး၊ ချစ်သူဦးကို ယူရမယ်ဆိုတဲ့ စိတ်ကူးရှိတယ်။ နောက်ပိုင်းတော့ ဒီလိုမျိုးမရှိတော့ဘူး။ ကိုယ့်ဘဝအတွက် လက်တွဲဖော်ကို ကိုယ့်ဆုံးဖြတ်ချက်နဲ့ သေချာလေ့လာပြီး ရွေးချယ်ခွင့်ရှိသလို ရွေးချယ်သင့်ပါတယ်”တဲ့။

Trend Myanmar

သင်သတိမထားမိတဲ့ ရွံစရာကောင်းတဲ့ အရာများ




သတိမထားမိပေမယ့် တကယ်စစ်ဆေးကြည့်လိုက်မှ ရွံစရာကောင်းတဲ့အရာတွေ ပတ်ဝန်းကျင်မှာ အများကြီးရှိပါတယ်။ အဖြစ်အများဆုံးနဲ့ သင့်အနေနဲ့ ရှောင်ဖို့သိပ်မခက်ခဲတဲ့အချက်တွေကို စုစည်းပေးထားပါတယ်။

၁။ Birthday Cake ပေါ်ထွန်းထားတဲ့ ဖယောင်းတိုင်မီးမှုတ်ခြင်း

ပျော်စရာကောင်းတဲ့ အပြုအမှုဖြစ်ပေမယ့် မှုတ်ထုတ်လိုက်တဲ့ လေထဲမှာ တံတွေးအမှုန်တွေ အများကြီး ပါသွားပါတယ်။ နှာစေး၊ချောင်းဆိုး၊ ခံတွင်းရောဂါအထိ ကူးနိုင်ပါတယ်။ အဲဒါကြောင့်  ဖယောင်းတိုင်မှုတ်မယ့် ကိတ်ကို ဘေးမှာ အသေးတစ်လုံးထားပြီး မှုတ်ခိုင်းသင့်ပါတယ်ဆိုပြီး ဆရာဝန်တစ်ယောက်မှ အကြံ ပေးထားပါတယ်။

၂။ ရေချိုးခန်းထဲ ကော်ဖီခွက်ယူသွားခြင်း

တစ်ခုခုကျန်ခဲ့လို့ဆိုပြီး ရေချိုးခန်းထဲဝင်ရင်း ကော်ဖီခွက်ပါ အမှတ်မထင် ယူသွားတတ်ကြပါတယ်။ ဒါသေချာစဉ်းစားမယ်ဆိုရင် ရွံစရာအရမ်းကောင်းပါတယ်။ ပြန်ထွက်လာတဲ့အချိန်မှာ အဲဒီကော်ဖီခွက်ကိုပဲ စားပွဲပေါ်တင်ပြီး ပြန်သောက်တယ်။ ရေချိုးခန်းထဲက ဘက်တီရီးယားတွေအားလုံး ကော်ဖီခွက်အတူ သင့်ပါးစပ်ထဲ ရောက်နေပြီဆိုတာ သင်သတိထားမိမှာ မဟုတ်ပါဘူး။

၃။ နားကြပ်မျှပြီး အသုံးပြုခြင်း

သင်နားလည်လောက်ပြီထင်ပါတယ်… ပြောချင်တာကတော့ နှာဖာချေးကိစ္စပါပဲ။ ရွံဖို့ကောင်းရုံတင် မဟုတ်ပါဘူး… ရောဂါကူးနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်နားကြပ်ကို ဘယ်သူ့ကိုမှ မျှပြီး အသုံးပြုခွင့် မပေးသင့်ပါဘူး။

၎။ ဘူဖေးမှ ဗိုက်အပြည့်နဲ့ ပြန်လာခြင်း

ဘူဖေးကနေ ဗိုက်အပြည့် အမျိုးစုံစားသောက်ပြီးမှ ဝမ်းသာအားရ ပြန်လာကြတာ အားလုံးမြင်တဲ့ အတိုင်းပါပဲ။ ဒါပေမယ့် သူတို့ကို အားကျစရာ မကောင်းတဲ့အချက်တွေကို သူတို့ သတိထားမိမလားမသိဘူး။ လူစုံ အရွယ်စုံ ဇွန်းတစ်ချောင်းကို လက်တစ်ရာလောက်ကိုင်ပြီးမှ စားတဲ့အစားအစာထဲ ရောဂါပိုးမပါပဲ သန့်ရှင်းနေမလားဆိုတာ စဉ်းစားစရာပါပဲ။

Ref:today.com
Trend Myanmar

AGD ဘဏ်မှာ၆၀%အစုရှယ်ယာဝင်ထားတဲ့ ကိုကျော်နေ၀င်းနှင့်အင်တာဗျုး



ကျနော်တို့ ပြန်ထွက်လာပြီးတဲ့နောက်ပိုင်းမှာ ဘယ်လိုမျိုး တိုင်းပြည်ကို အကျိုးပြုလို့ 
ရမလဲ စဉ်းစားတယ်။ ဘာတွေ့ လဲဆိုတော့ ကျနော်တို့ မိသားစုကို စုစုစည်းစည်း
ဖြစ်အောင်၊ မိသားစုအချင်းချင်း ပြန်တွေ့ အောင် လုပ်ပေးတာ ယခင်ဗိုလ်ချုပ်ကြီး
သိန်းစိန်။ သူက ကျနော်တို့ ကို အခုလိုမျိုး နေနိုင်အောင် လုပ်ပေးတယ်။
ဒါ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလည်း မဟုတ်ဘူး။ သူလုပ်ပေးတဲ့အတွက် ဗုဒ္ဓဘာသာ
နည်းလမ်းအရ သူ့ ကျေးဇူး ကျနော့်မှာ ရှိသွားပြီ။ ဒီတော့ ကျနော်သူ့ ကို ကျေးဇူးဆပ်
ချင်တယ်။ ကျေးဇူးတင်ပါတယ်ဆိုပြီး ညတိုင်းထိုင်ကန်တော့နေမယ့်အစား လက်တွေ့ 
အကောင်အထည်ဖော်ချင်တယ်။ လက်တွေ့  အကောင်အထည်ဖော်ချင်တယ်ဆိုတော့
သူဘာလုပ်ချင်လဲ၊ တိုင်းပြည်မှာ လုပ်ပေးဖို့  သူ့ စိတ်ထဲမှာ ဘာတွေရှိနေလဲဆိုတာ
သိဖို့  ပထမကြိုးစားရတယ်။ သူလုပ်ပေးချင်တာတွေ အများကြီးဘဲ။

ကျနော်တို့ လို မိသားစုမျိုးနဲ့  ကိုတေဇလို လူတွေ လုပ်တယ်ဆိုတာ အံ့သြစရာလည်း
ဖြစ်သလို စိတ်ဝင်စားစရာလည်း ဖြစ်တယ်။ ဘာလို့ လုပ်နိုင်လဲဆိုတော့ ကျနော်တို့ မှာ
တပ်မိသားစုတွေ၊ ကျနော့်အဖိုးက သနက (၄)ဆိုတဲ့ တပ်ရင်းမှာ တပ်ရင်းမှူး လုပ်ခဲ့
တယ်။ အဲဒီအချိန်မှာဘဲ ကိုတေဇရဲ့ အဖေ အဲဒီတုန်းက ဗိုလ်မှူးကြီးမြင့်ဆွေက
အဲဒီတပ်မှာ တပ်စုမှူးလေ။ အဲဒီတော့ ကျနော်တို့ က ရင်းနှီးမှု ရှိခဲ့တယ်။ နောက်ပိုင်း
မှာလည်း တပ်မတော် ထောက်လှန်းရေးကို ကျနော့်အဖိုး တည်ထောင်တဲ့အချိန်မှာ
ကိုတေဇ အဖေရဲ့  Input တွေ ပါခဲ့တယ်။ တပ်မတော် ထောက်လှန်းရေးတင်မကဘူး၊
တပ်မတော်ရဲ့ တည်ထောင်မှုမှာလည်း ကူညီမှုတွေ အများကြီး ပေးခဲ့တယ်။
ကိုတေဇအဖေ တပ်က အနားယူပြီး နောက်ပိုင်းမှာလည်း ကျနော့်အဖိုးက သူ့ ကို
BPI ဆေးဝါးထုတ်လုပ်ရေးအတွက် နိုင်ငံတော်က လိုအပ်တဲ့နေရာမှာ ပြန်ပြီးအသုံးပြု
ခဲ့တယ်။ ကိုတေဇအဖေက တိုင်းပြည်အတွက် တတပ်တအား လုပ်ပေးခဲ့တယ်။
ဒါမျိုးတွေက ကျနော်တို့ မှာ ရှိတယ်။ ကိုတေဇကို အမြင်တွေက လက်ရှိ ဒီမိုကရေစီ
ဖြစ်နေချိန်မှာ သူ့ ကို မကောင်းဘူးလို့  မြင်ခွင့်လည်းရှိတယ်။ ကောင်းတယ်လို့ လည်း
မြင်ခွင့်ရှိတယ်။ သူအရင်က လုပ်ခဲ့တဲ့ ကောင်းမှုဆိုးမှုက ကျနော်နဲ့ မဆိုင်ဘူး။
သူ့ သမိုင်းဘဲ။ အရင်က သူနဲ့ ကျနော်ကြားမှာ ဘာမှ မရှိဘူး။ တပ်မိသားစု ဆိုတာဘဲ
ရှိတယ်။ ထောင်ထဲမရောက်ခင် လွန်ခဲ့တဲ့ (၁၂) နှစ်လောက်က သူနဲ့ ကျနော်
အလုပ်လုပ်ခဲ့တာ ဘာမှ မရှိဘူး။ ဘာမှလည်း မပက်သက်ဘူး။ ဒီဘက်နောက်ပိုင်းမှာ
ပြီးခဲ့တာတွေ အားလုံး ပြီးခဲ့ပြီ။ ဒီဘဏ်ကို လုပ်မယ်ဆိုတဲ့အချိန်မှာ ကိုတေဇနဲ့ 
စကားပြောကြည့်တော့ ရည်ရွယ်ချက်တူတယ်။ လက်တွဲလုပ်လို့ ရတယ်။ အိုကေ၊
ဒါ ပုဂ္ဂိုလ်ရေးအရပါ။

ကျနော်က စီးပွားရေးသမားဖြစ်တဲ့အတွက် အကုန်လုံးနဲ့  အဆင်ပြေပြေ နေသွား
မယ်။ စီးပွားရေးနဲ့  နိုင်ငံရေးမှာ တခုကွာတာက နိုင်ငံရေးမှာက ခုံတစ်လုံးဘဲ
ရှိတာ။ အဲဒီခုံကို ၀ိုင်းလုရတာ။ စီးပွားရေးကကျတော့ ဒီလုပ်ငန်းတခုကို တွဲလုပ်မယ်
ဆိုလို့ ရှိရင် သိန်းတစ်ရာရရင် ကိုယ်ထည့်သလောက် ကိုယ်ရတယ်။ အခုဆို
ကျနော့်ဘဏ် ကျနော် (၆၀)ရာခိုင်နှုန်းထည့်ရင် ကျနော် (၆၀)ရာခိုင်နှုန်း အမြတ်ရ
မယ်။ အကို (၁၀)ရာခိုင်နှုန်းထည့်ရင် (၁၀)ရာခိုင်နှုန်းရမှာဘဲ။ နိုင်ငံရေးနဲ့  ကွာတယ်။
နိုင်ငံရေးကျတော့ ခုံက တစ်လုံးဘဲ ရှိတာ။ အားလုံးက ၀ိုင်းလုနေရတာ။ စီးပွားရေးက
ကျတော့ ပေါင်းလုပ်ရတာ။

နောက်ကြောင်းက ဖြစ်ခဲ့တာ အရမ်းများတဲ့အတွက် အခုအချိန်အထိ သို့ လော
သို့ လော ဖြစ်နေတာပေါ့ဗျာ။ နိုင်ငံရေးပလက်ဖောင်း ယူနေပြီလားလို့ ၊ ဒါမှမဟုတ်ရင်
ဂိုဏ်းတခုဖွဲ့ နေပြီလားတို့ ၊ ပွင့်ပွင့်လင်းလင်း ပြောရရင် စကော်ပီယံဂိုဏ်းကိုရော
ဘာလုပ်နေလဲ၊ ညာလုပ်နေပြီလဲဆိုတာ သိချင်ကြမှာပေါ့။ ကျနော် အသေးဆုံး
စပြောမယ်။ စကော်ပီယံကို ကျနော်မပါဘူး။ ဘာလို့ မပါလဲ၊ ကျနော် အဲဒီလောက်
အဆင့် မဟုတ်ဘူးဗျ။ ရိုးရိုးပြောရရင် ဂိုဏ်းထောင်ပြီးမှ နာမည်ကြီးအောင်လုပ်ရမယ့်
အဆင့် မဟုတ်ဘူး။ အမှန်အတိုင်းပြောရရင် စကော်ပီယံဆိုတာ ဘာမှမဟုတ်ဘူးဗျ။
အပွင့်လင်းဆုံးပြောရရင် စကော်ပီယံဆိုပြီး လူတွေက စွတ်ပြီး အထင်ကြီးနေကြတာ။

အဲဒီမှာပါတဲ့လူတွေ ထောင်ထဲမှာ တွေ့ ခဲ့တာဘဲ။ သူတို့  ဘာမှ ဒီလောက်ကြီး
ဂျိုပါနေတာ မဟုတ်ဘူး။ စူပါမင်းလို အတောင်ပါနေတာလည်း မဟုတ်ပါဘူး။
အဲဒီလောက်ကြီး လူဝင်ဆံ့လောက်တာ မဟုတ်ပါဘူး။ သူတို့ ပြောသလောက်လည်း
မလုပ်ခဲ့ပါဘူး။ လုပ်လို့ လည်း မရဘူးဗျ။ လူတယောက်ကို သတ်တယ်ဆိုတာ
လွယ်တာမှ မဟုတ်တာ။ ဖုံးထားလို့ ရတာလည်း မဟုတ်ပါဘူး။ တခုတော့ရှိတာပေါ့
ဗျာ၊ ငါးလောင်းပြိုင် လူသတ်မှုမျိုး မပေါ်တာတော့ ကျနော်လည်း မသိဘူး။ ဒါကတော့
ဘာကြောင့်လဲဆိုတော့ လုပ်တဲ့သူဘဲ သိမှာဘဲ။ နောက်ဆုံး ကိုယ့်ကိုယ်ကိုယ်တောင်
ငါတော်တော် ကံကောင်းတာဘဲ၊ ထောင်ထဲရောက်နေတာ။ ငါထောင်ထဲမရှိရင်
ငါသတ်တာလို့  ပြောဦးမှာလို့ ၊ အဲဒီလိုပေါ့ဗျာ။ ကျနော့်အနေနဲ့  ဒါဆွေးနွေးစရာ
မဟုတ်ဘူး။ ဒါပေမယ့် မေးတဲ့လူ အရမ်းများတယ်။ အခုအချိန်အထိ စကော်ပီယံလို
ဘာလိုလို ပြောနေလို့  ပြောတာ။ စိတ်ပူစရာ စကားထဲ ထည့်ပြောလောက်ရမယ့်
အဖွဲ့ လည်း မဟုတ်ဘူး။

နောက်တခုက နိုင်ငံရေး ပလက်ဖောင်းပေါ့။ လက်ရှိ ရှိနေတဲ့ နိုင်ငံရေး၊ လက်ရှိ
ဖွဲ့ စည်းပုံနဲ့  နိုင်ငံရေးကို လုံးဝ စိတ်မ၀င်စားဘူး။ ဒါ ကျနော် အမှန်အတိုင်း ပြောတာ၊
ပါလည်း မပါချင်ဘူး။ ကျနော် စီးပွားရေးသမားတယောက်အပြင် ကျနော်တို့ က
ယုံကြည်ချက်နဲ့ လုပ်တာ။ ကျနော်တို့ တိုင်းပြည်မှာ ယုံကြည်ချက်မရှိရင် ဘာမှ
လုပ်လို့ မရဘူး။ ကျနော် ဒီအခြေခံဥပဒေကိုရော၊ ဒီနိုင်ငံရေးကိုပါ ယုံကြည်ချက်
မရှိဘူးဗျ။ ဒါ အပွင့်လင်းဆုံး အမှန်အတိုင်းပြောတာ။ ဘယ်လိုအနေအထားနဲ့ 
ဒီအခြေအနေကို ရောက်လာတာလဲဆိုတာ ကျနော်တို့  ထောင်ထဲကကောင်ပါ။
ကျနော်သိတာ နည်းနည်းလေးပါ။ ဘယ်လိုဖြစ်လာလဲဆိုတာ အပြင်ကလူတွေ
အသိဆုံးပါ။ ဘယ်လိုပြောရမလဲဗျာ၊ ကျနော် နောက်ဆုံးတခုပြောရရင် စီးပွားရေး
တခုလုပ်လို့  ရှုံးမယ်ဆိုရင် ကျနော် ပိုက်ဆံ မထည့်ဘူးလေ။ ဒါဘဲ။ ဒါကြီးက
တချိန်မှာ တဖက်နဲ့ တဖက်လို့ ဘဲ ပြောမယ်ဗျာ။ တဖက်ကလည်း ဒီလှေကြီးကို
ဒီကမ်းကို မရောက်ရောက်အောင် သွားမယ်ဆိုပြီး သွားနေတယ်။ နောက်တဖက်က
လည်း မရရတဲ့နည်းနဲ့  လှေဝမ်းကို ဖောက်နေတယ်။ ပေါက်လည်း တော်တော်
ပေါက်နေပါပြီ။ ဟိုကလည်း စွတ်လှော်နေတယ်။ အဲဒီအပေါ်ကိုတက်ရင် ဖြုတ်ရင်
ကိုယ်ပါ ပါသွားမှာ။ အဲဒီလောက်အထိ ကျနော် မရူးဘူးဗျ။ နိုင်ငံရေး မလုပ်ဘူးဆိုတာ
အဲဒါလည်းပါတယ်။

နောက် စိတ်လည်းမ၀င်စားဘူး။ တခုတော့ ရှိတာပေါ့နော်။ လက်ရှိ ဦးဆောင်နေတဲ့
ဦးသိန်းစိန်တို့ ၊ ဦးရွှေမန်းတို့  တပ်မတော်မှာ အဆင့်ဆင့် ဖြတ်ကျော်လာတာ။
ဒီနေရာကို ဗြုန်းခနဲဆိုပြီး ရောက်လာတာ တယောက်မှ မပါဘူး။ သူတို့ တွေသည်
တိုင်းပြည်ကို သူတို့ အိမ်လည်းမဟုတ်၊ သူတို့ ရွာလည်းမဟုတ်တဲ့ တောင်ကုန်းလေး
တခုမှာ လူလေး လေးငါးယောက်နဲ့  လေးငါးဆယ်လ တာဝန်ယူပြီး ကင်းစောင့်နေခဲ့
ဖူးတဲ့နေ့ တွေလည်း အများကြီးဘဲ။ သူတို့ တွေသည် တိုင်းပြည်ကို တကယ်ချစ်လို့ 
တကယ်လုပ်နေတာ။၊ ဒီနေရာကို ရောက်နေတာလို့  ယူဆတယ်။ ဒါကြောင့် သူတို့ 
ဦးဆောင်နေတာဘဲ။ ကိုယ့်အနေနဲ့  လုပ်စရာမလိုဘူးလို့  ယူဆတယ်။ နောက်တခု
ကြီးကြီးစုလို လူမျိုးသည် ဘ၀မှာ သူဘယ်လောက်ပေးဆပ်ခဲ့ရသလဲ။ ဒီလိုပေးဆပ်ဖို့ 
ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူးလေ။ သူတို့ လို လူတွေကလည်း တိုင်းပြည်ကို
ဦးဆောင်မယ်ဆိုပြီး တာဆူနေကြတာ၊ လုပ်ပြနေကြတာ၊ ကျနော်တို့  မလိုပါဘူး။
တဖက်တလမ်းက ဘဏ်တွေနဲ့ ကူညီတာလည်း ရပါတယ်။ ကျနော် အခုလို
ရှင်းပြနေတာ ကြီးကြီးကျယ်ကျယ် ရှင်းပြနေတာ မဟုတ်ဘူး။ ကျနော်တို့  နိုင်ငံရေး
မလုပ်ဘူးလို့ ပြောရင် ဘယ်သူမှ မယုံဘူး။ ဒါ အပွင့်လင်းဆုံးပြောတာ၊ ဘာကြောင့်
မလုပ်တာလဲဆိုတာကို ရှင်းပြတာ။ အခု လုပ်နေတာ အားလုံးက ပုန်းလျှိုးကွယ်လျှိုး
လုပ်စရာ ဘာမှမရှိဘူး။

ကျနော်တို့ ထောင်ကလွတ်လာပြီး နှစ်ပတ်လောက်အကြာမှာ ဗိုလ်ချုပ်အောင်မင်းတို့ 
ငြိမ်းချမ်းရေးစင်တာမှာ ခေါ်တွေ့ တယ်။ ဦးအောင်မင်းက နိုင်ငံရေးလုပ်ရင် လုပ်ပါ၊
ကျောင်းတက်ရင်လည်း တက်ပါ၊ ပတ်စ်ပို့ ထုတ်ပေးမယ်လို့  ပြောတယ်။ ကျနော်တို့ 
ကလည်း အခါအားလျော်စွာ လုပ်နေတာတွေ တင်ပြတယ်။ ဦးလှမောင်ရွှေကတဆင့်၊
ဦးအောင်မင်းကတဆင့် တင်ပြတယ်။ နောက်တခါ ၀န်ကြီး ဦးစိုးသိန်းကိုလည်း
စီးပွားရေးလုပ်နေတာတွေ ပြောတယ်။ ကျနော် အခုပြောနေတာတွေအားလုံး သူတို့ 
အကုန်သိပါတယ်။ သတင်းပို့ ပြီးမှ လုပ်တာပါ။ နောက်တခုကလည်း သွားတာလာတာ
ကအစ SB က ဗိုလ်မှူးကြီးကျော်ကျော်ဟန်ကို သတင်းပို့ တယ်။ နောက်တခါ
စစ်/လုံက ဗိုလ်မှူးကိုကိုမောင်ကို ကျနော် သတင်းပို့ တယ်။ သွားတယ်။ ကျနော်
ညာစရာ မရှိဘူး။ အားလုံး အဆင်ပြေတယ်။

ဦးတေဇနဲ့ မတွေ့ ခင်၊ ကျနော် ထောင်ထဲမရောက်ခင် အလုပ် စလုပ်ခါစ၊
နှစ်နှစ်သုံးနှစ်နဲ့  ကျနော် ထောင်ထဲ ရောက်သွားတာကိုး။ အဲဒီတုန်းက Key Player
တွေက ဦးခင်ရွှေတို့ လို လူမျိုးတွေ ခင်ပါတယ်။ အဲဒီတုန်းက Pepsi ကိုဖိုးနီလို
လူမျိုးတွေ၊ အဲဒီတုန်းက ကျောက်မျက်မှာ တော်တော်နာမည်ကြီးတဲ့ ကျနော်တို့ 
ခေါ်တာတော့ ဦးချောင်လို့ ခေါ်တယ်။ သူက ယိုးဒယားလူမျိုး။ သူဆိုရင် ကျနော်နဲ့ 
အလုပ်တွေ အများကြီးလုပ်ဖူးတယ်။ နောက် ကျနော့်အမှုကိစ္စဖြစ်တော့ ရှေ့ နေ
ငှားတာကအစ အကုန်လုံး သူဘဲတာဝန်ယူထားတာပေါ့။ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေ။
နောက် မောင်ဝိတ်တို့ လို လူမျိုးတွေ။ ကျနော် အရမ်းခင်တဲ့၊ အရမ်းတွဲဖြစ်တဲ့
ဗိုလ်ချုပ်ညွန့် တင်ရဲ့ သား မျိုးညွန့် ဆိုတာ အဲဒီတုန်းက Key Player တွေပေါ့ဗျာ။

ဒီဘက်ခေတ်ရောက်လာတော့လည်း ကျနော်လွတ်လာတော့ ဆရာကျောင်း
ဦးအောင်ကိုဝင်းပေါ့။ သူနဲ့ တွေ့ တယ်။ ကျနော်တို့ ထောင်ထဲမှာရှိနေတုန်းကလည်း
ဆရာကျောင်းက ကျနော့်ညီလေးကို သေချာစောင့်ရှောက်ပေးထားတယ်။၊
အလုပ်တွေလည်း အတူတူလုပ်ကြတယ်။ ဒါရှက်စရာ မဟုတ်ပါဘူး။ ကျနော့်
ကျေးဇူးရှင်တွေပါ။ ကျနော်မရှိတုန်း ကျနော့်ညီကို စောင့်ရှောက်ထားတယ်ဆိုတာ
ကျနော်ဦးလေးလိုပါဘဲ။ ဦးအောင်ကိုဝင်း (ဆရာကျောင်း)နဲ့ တော့ ရံဖန်ရံခါ
တွေ့ ပါတယ်။ နောက် ကိုဇော်ဇော်ဆိုလည်း ကျနော်ထောင်ထဲမရောက်ခင်ကတည်း
က ရင်းနှီးတာပါ။ သူနဲ့ တော့ စီးပွားရေးလုပ်ငန်းလုပ်ထားတာ ဘာမှမရှိပါဘူး။
နောက် ကိုအောင်သက်မန်း (သူရဦးရွှေမန်း၏ သား)တို့ နဲ့ လည်း ခင်ပါတယ်။
ကိုယ့်တပ်မိသားစုတွေဘဲလေ။ ဗိုလ်ချုပ်ကြီး သူရတင်အောင်မြင့်ဦးသားနဲ့ လည်း
ရင်းနှီးပါတယ်။ ရင်းနှီးတာက သူက ကျနော့်အကိုရဲ့ ကျောင်းနေဖက် သူငယ်ချင်း။
အကုန်လုံးနဲ့ လည်း အဆင်ပြေပါတယ်၊ ဘယ်သူနဲ့ မှလည်း ကျနော်ပြဿနာဖြစ်ထား
တာ မရှိပါဘူး။ ဦးခင်ရွှေဆိုလည်း အခုထိ ခင်ပါတယ်။ သူ့ ကိုတော့ ဂျာနယ်တွေမှာ
တွေ့ လိုက်တယ်။ ဒါပေမယ့် ဒါဟာ ဘာမှ မဆိုင်ဘူးလေ။ ကျနော် ဦးလေးလို
ခင်တာပါ။ ဒီထဲမှာမပါလို့  ကျန်တဲ့လူတွေနဲ့  ကျနော်ပြဿနာတက်ထားတယ်လို့ 
ဆိုလိုတာ မဟုတ်ပါဘူးနော်။

ကျနော်တို့  ဗုဒ္ဓဘာသာအရ ဦးသိန်းစိန်ကတော့ ကျနော့်ကျေးဇူးရှင်ပါ။ ကျေးဇူးရှင်
ဖြစ်တဲ့အတွက် ဦးသိန်းစိန်ကို ကျနော်မကြိုက်ရင်တောင် မကြိုက်ဘူးလို့  မပြောဘူး၊
မပြောတော့ဘူး။ ဒါ ကိုယ့်ကျေးဇူးရှင် ဖြစ်သွားပြီလေ။ အဲဒီတော့ သူကောင်းကောင်း
မကောင်းကောင်း ကျနော်ကတော့ ကိုယ့်ကျေးဇူးရှင် ကျေးဇူးရှင်လို့ ဘဲ ပြောရတော့
မယ်။ ဦးသိန်းစိန်ကိုတော့ ဖယ်ထားလိုက်ပါ။ နောက် သူရဦးရွှေမန်းတို့ ၊ ကိုယ်ကျေးဇူး
တင်ထိုက်တဲ့လူတွေ ကျနော်ဖယ်လိုက်ပြီနော်။ သူတို့ တွေ အတိုက်အခံ အများကြီး
လုပ်ပြီး ကျနော်တို့ ကို လွှတ်ရတာ။ အဲဒီတော့ သူတို့ ကို ဖယ်ထားပါ။

အစိုးရအဖွဲ့ က အရှိန်အဟုန်မြှင့်နေတယ်ဆိုတာ အမှန်ဘဲ။ ဒါပေမယ့် လိုအပ်တဲ့နေရာ
တွေ ပြောပါဆိုရင် အားလုံးက လိုအပ်တယ်။ ဘာကြောင့် အားလုံး လိုအပ်နေသေးလဲ
ဆိုတော့၊ ဒါ ကျနော့်ရဲ့  ခံစားချက်ပါ။ အားလုံးတော့ ကျနော် မသိဘူးပေါ့။ ကျနော်တို့ 
က ထောင်သေးသေးလေးကနေပြီးတော့ မြန်မာနိုင်ငံဆိုတဲ့ ထောင်ကြီးထဲ ရောက်သွား
တာ။ အကုန်လုံး ဘာမှ လုပ်ခွင့် မရှိသေးတာ။ သေချာပြန်စဉ်းစားကြည့်ပါ။ ရထားတဲ့
Freedom ဆိုတာက ဒါ ကျနော့်ရင်ထဲက ခံစားချက်ပါ၊ ထောင်သေးသေးလေးကနေ
လွတ်ပြီး ထောင်ကြီးကြီးထဲ ရောက်တာ၊ ဒါပါဘဲ။ အဲဒီလိုပြောကြေးဆို အကိုတို့ ရော
လွတ်လပ်ပြီလား၊ လုပ်ခွင့်ရှိပြီလား။ ဘယ်သူမှ လုပ်ခွင့်မရှိတဲ့ ထောင်သေးသေးလေး
ကနေ ထောင်ကြီးကြီးထဲ ရောက်နေကြတာ။

မေး။ ။ Messenger

ဖြေ။ ။ ကျော်နေ၀င်း

(Messenger ဂျာနယ် အတွဲ ၅၊ အမှတ် ၈ တွင် ပါရှိသော “ကျော်နေ၀င်းနှင့်
အင်တာဗျူး” မှ မြန်မာ့စီးပွားရေး ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ဗိုလ်နေ၀င်းမြေး
ကျော်နေ၀င်းတို့ မှ ကန်ဒေါ်လာ ၄ ဒသမ ၉ ဘီလီယံ မြှုပ်နှံရန် လုပ်ဆောင်နေခြင်း၊
စစ်ခရိုနီ တေဇပိုင် AGD ဘဏ်၏ ပိုင်ဆိုင်မှု ၆၀ ရာခိုင်နှုန်းမှ ၈၅ ရာခိုင်နှုန်းအထိ
ဝယ်ယူရန် ပြင်ဆင်ခြင်း စသည့် စီးပွားရေးဆိုင်ရာ ဖြေဆိုမှုများကို ချန်လှပ်ထားပြီး
နိုင်ငံရေးနှင့် သက်ဆိုင်သည့် အပိုင်းများကိုသာ ထုတ်နုတ်ဖော်ပြခြင်းဖြစ်သည်)

Messenger

ဒေသအချို့တွင် ရေကြီး၊ မြေပြိုနိုင်၍ ကြိုတင်ပြင်ဆင်ရန် ဒေါက်တာထွန်းလွင်သတိပေး



နာဆာဂြိုဟ်တုများ၏ တိုင်းတာ ချက်များအရ မြန်မာနိုင်ငံရှိ ဒေသ  ခြောက်ခုတွင် ရေဖုံးလွှမ်းရန်အ လားအလာများနေပြီး ဒေသနှစ်ခု တွင် မြေပြိုကျရန်အလားအလာ များနေသည့်အတွက် ကြိုတင်ပြင် ဆင်မှုများပြုလုပ်ရန် မိုးလေ၀သ ပညာရှင်ဒေါက်တာထွန်းလွင်က သတိပေးပြောကြားလိုက်သည်။

ရေဖုံးလွှမ်းရန်အလားအ လာများနေသော ဒေသခြောက်ခု မှာ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးတိုင်း ဒေသကြီးနှင့် မွန်၊ ရခိုင်တောင်ပိုင်း၊ ရှမ်းတောင်ပိုင်းတို့ဖြစ်သည်။
မြေပြိုကျရန်အလားအလာ များနေသော ဒေသများမှာ ကချင် ပြည်နယ်မြောက်ပိုင်းနှင့် ရခိုင် ပြည်နယ်တောင်ပိုင်းတို့ဖြစ်ပြီးသ တိထားကြရန်၊ လိုအပ်သောကြို တင်ပြင်ဆင်မှုများပြုလုပ်ရန်လို အပ်ကြောင်းဒေါက်တာထွန်းလွင် က ၎င်း၏ဖေ့စ်ဘွတ်ခ်တွင် ဇူလိုင် ၂၀ည ၁၁နာရီခွဲဝန်းကျင်တွင်ရေး သားသတိပေးထားသည်။

နာဆာဂြိုဟ်တုများ၏ ဇူလိုင် ၂၀တိုင်းတာချက်များအရ ပြည် နယ်နှင့်တိုင်းဒေသကြီးဆယ်ခု တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ သည်။

7day daily