ဇွဲကပင်တောင်မှာ ကေဘယ်လ်ကား တပ်ဆင်မယ်

ကရင်ပြည်နယ် ဖားအံမြို.က ဇွဲကပင်တောင်မှာ ကေဘယ်လ်ကား တပ်ဆင်တော့မှာဖြစ်ပါတယ်။
ဒေါ်ညိုမာသက် သတင်းပေးပို့ ထားပါတယ်။



သုံးဖက်မြင်ရုပ်ကြွ တီဗီ တီထွင်အောင်မြင်


ပုံမှာမြင်တွေ့ရတဲ့အတိုင်းပါပဲ လူပုံစံအရွယ်အစားကို မျက်စိရှေ့ မှာ သိသိသာသာ မြင်စေမယ့် နည်းပညာ ဖြစ်ပါတယ်။

နည်းပညာအခေါ်အဝေါ်အရကတော့ Life-Size Holograms ဖြစ်ပြီး Star War, Star Trek ရုပ်ရှင် တွေထဲကလိုပဲ လူပုံစံအရိပ်အရောင်ကို ကိုယ့်မျက်စိရှေ့ မှာ ရှိပြီး စကားပြောနေသယောင် မြင်တွေ့ရစေမှာ ဖြစ် ပါတယ်။

ဖန်တီးသူကတော့ အမေရိကန်ပြည်ထောင်စု၊ လော့အိမ်ဂျလစ်မြို့ အခြေဆိုက် Provision 3D Media မှ ဖြစ်ပြီး Digital Box ကိုတီထွင်အောင်မြင်ခဲ့ပါတယ်။ ယင်း Box တစ်ခုကို ဈေးနှုန်း အမေရိကန်ဒေါ်လာ ၉သိန်းခွဲ ရှိတယ်လို့ ဆိုပါတယ်။ ဈေးတော့ မနည်းပါဘူး။ စမ်းသပ်မှုတစ်ခုအနေနဲ့ ထုတ်လုပ်ခြင်းဖြစ်တဲ့ အတွက် ဈေးကြီး သွားရခြင်း ဖြစ်ပါတယ်။ ၃ လက်မရွယ်ပုံရိပ်ကနေ ၅၂ လက်မ အရွယ်အထိမြင့်တဲ့ ပုံပန်းသဏ္ဍာန်ကို ဖော်ပြ ပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် Sci Fi ရုပ်ရှင်တွေကြည့်ရှုတဲ့အခါမျိုး သင့်လျော်ပြီး Game Console Industry အတွက်လည်း သင့်လျော်မယ့် ပစ္စည်းတစ်ခုလို့ ဆိုပါတယ်။ Xbox, Wii ဂိမ်းများက ကင်မရာက Sense ကိုကြည့်ပြီး ဖန်သားမျက်နှာပြင်မှာ ပေါ်စေတာ ဖြစ်ပါတယ်။ ယခုက မိမိမျက်စိရှေ့ မှာတင် Clone တစ်ကောင်လို မြင်ရစေမယ့် နည်းပညာ ဖြစ်ပြီး Face to Face Communication အထိ ရရှိဖို့တောင် ရည်မှန်း ထားတယ်လို့ ဆိုပါတယ်။

နောက် virtual communication စနစ်တွေမှာပါ အသုံးဝင်လာနိုင်မယ့် Hologram များဟာ လူမူနေထိုင်မှုဘဝကို အကြီးမားဆုံး ပြောင်းလဲစေမယ် လို့ ခန့်မှန်းထားကြကြောင်း သိရပါတယ်။
.
Ref: mashable
Aung Kham (TSJ Team)

သင့်ဇနီး ကိုယ်ဝန်ဆောင်သည်ကို ဂရုစိုက်သင့်သည့် အချက်များ


အမျိုးသမီး တစ်ယောက်အတွက် ကိုယ်ဝန်ဆောင် ချိန်ဟာ စိတ်လှုပ်ရှားမှုတွေ များစွာနဲ့ ပူပင် သောကတွေ ရှိနေတတ်ပြီး သူတို့ကို ပိုပြီး ဂရုတစိုက် ရှိတဲ့သူ၊ အထူးအဖြင့် ခင်ပွန်းသည်ရဲ့ ယုယ ကြင်နာမှု တွေကို ပိုလို အပ်ပါတယ်။ ကိုယ်ဝန်ဆောင် သည်တွေ အတွက် ကိုယ်ဝန်ဆောင်ချိန် ကိုးလတာ ကာလနဲ့ တချို့ အချိန်တွေမှာ ဖိစီးမှုတွေ၊ စိတ်ဒုက္ခ တွေနဲ့ ပြည့်နှက် နေတတ်ပါတယ်။

-ဇနီးသည်နဲ့ အတူ လမ်းလျှောက် ထွက်ရင်း သူ့ရင်ထဲက ပြောချင်နေတဲ့ စကားတွေကို နားထောင် ပေးပါ။ လေ့ကျင့်ခန်း ပြုလုပ်ဖို့ အတူ သွားတာမျိုး၊ ပန်းခြံထဲမှာ လမ်းလျှောက်တာ မျိုးတွေ ပြုလုပ်ပြီး နေပေးတာဟာ သင့်ဇနီး သည်ရဲ့ စိတ်ဖိစည်းမှုနဲ့ ဒုက္ခတချို့ကို ကုစားပေးရာ ရောက်ပါတယ်။ သူပြောချင်တဲ့ စကားတွေနဲ့ ဖြစ်ချင်တဲ့ ဆန္ဒတွေကို နားထောင်ရင်း ကိုယ်ကလည်း လိုက်လျှော ပြောဆိုပေးပါ။

- ကိုယ်ဝန်ဆောင် ချိန်မှာ အမျိုးသမီး တစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ တွေက အစ ပြောင်းလဲမှုတွေ ရှိလာပြီး တချို့ ကိုယ်ဝန်ဆောင် သည်တွေမှာ ဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာ တခြား ရောဂါတွေ ပါ ဖြစ်တတ်တဲ့ အတွက် အထူး ဂရုစိုက်ပေးဖို့ လိုပါတယ်။

၁။ကိုယ်ဝန်ဆောင် တာနဲ့ ဆရာဝန်နဲ့ တစ်ခါတည်း အပ်ပြီး ဆရာဝန်က ကိုယ်ဝန်ဆောင် သည်ရဲ့ အခြေအနေနဲ့ ပုံစံကို ကြည့်ပြီး လိုအပ်တဲ့ ညွှန်ကြား မှုတွေ ပေးမှာ ဖြစ်တဲ့အတွက် အဲဒီ ညွှန်ကြားမှုတွေကို အတိအကျ လိုက်နာ ပြုလုပ်ပါ။

၂။ ကိုယ်ဝန်ဆောင် အတွက် လိုအပ်တဲ့ အစားအစာနဲ့ အာဟာရတွေကို ဂရုစိုက် ကျွေးမွေးပါ။ လိုအပ်တဲ့ အာဟာရဆိုရာမှာ ဗီတာမင်၊ သတ္တုဓာတ်၊ အဆီဓာတ်၊ အသားဓာတ်၊ အမျှင်ဓာတ်နဲ့ ရေကို လုံလောက်စွာ ရရှိစေဖို့ လိုပါတယ်။ ကယ်လ်စီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ် ကြွယ်ဝတဲ့ အစားအစာ စတာတွေကလည်း ကလေးငယ် အတွက် အကျိုးရှိစေတာ ကြောင့် ဖြည့်စွက် ကျွေးမွေး သင့်ပါတယ်။

၃။ကိုယ်ဝန်ဆောင်နေချိန်မှာ အရက်နဲ့ ဆေးလိပ် သောက်သုံးခြင်းကို လုံးဝ မပြုလုပ်ဖို့နဲ့ သင်ကိုယ်တိုင်ကလည်း ကိုယ်ဝန်ဆောင်သည်ရဲ့ ဘေးမှာ ဆေးလိပ် မသောက်သင့်ပါ။

၎။လမ်းလျှောက်တာနဲ့ ရေကူးတာလိုမျိုး ပုံမှန် လေ့ကျင့်ခန်းတွေ ပြုလုပ် နိုင်အောင် ဂရုစိုက် ပြောဆိုပေးပါ။ ပုံမှန် လေ့ကျင့်ခန်း ပြုလုပ်တာဟာ ကြွက်သားကို ဖွံ့ဖြိုးစေပြီး ကလေးမွေးရ၊ ဖွားရလည်း လွယ်ကူ စေနိုင်ပါတယ်။

၅။သင့်ဇနီးဟာ လုပ်ငန်းခွင် ဝင်နေရသူဆိုရင် သင့်ဇနီးသည် အလုပ်နားတဲ့ ရက်တွေမှာ သီချင်း နားထောင်တာမျိုး၊ ရယ်စရာ ဟာသဇာတ်ကား ကြည့်တာမျိုးတွေ ပြုလုပ်ပြီး အပန်းဖြေ နိုင်အောင် စီစဉ်ပေးပါ။ ဒါမှမဟုတ် ဇနီးသည်နဲ့အတူ အချိန်ဖြုန်းတာမျိုး၊ မီးဖိုချောင် အတူဝင်တာ မျိုးတွေ ပြုလုပ်ပါ။

၆။နားလည်မှုနဲ့ အတူ ချစ်ခင်ကြင်နာပါ။ ဒါဟာ အရေးပါတဲ့ အချက်တစ်ခု ပါပဲ။ သင့်ဇနီးမှာ ဖြစ်ပေါ်နေတဲ့ စိတ်မချမ်းမြေ့မှု တွေကို သင်ကိုယ်တိုင်ကသာ အကောင်းဆုံး ဖြေရှင်း ပေးနိုင်မှာပါ။ နှစ်သိမ့်ပေးပါ။ ဒါဟာ သင့်ဇနီးအတွက် အကောင်းဆုံး အားဆေး တစ်လက် ဖြစ်စေမှာပါ။


လမင်းလေး

မြ၀တီ

ပန်ကာနှင့်အိပ်စက်ခြင်း


အိပ်မပျော်သူများအတွက် ပန်ကာနှင့်အိပ်စက်ခြင်းက ညင်သာစွာ လှုပ်သိပ်စေသလို ဖြစ်သည်။ သို့ သော် ဘေးထွက်ဆိုးကျိုးများက လူ တစ်ယောက်၏ကျန်းမာရေးကို ထိ ခိုက်စေသည်။ အိပ်စက်သူ၏ အသက် အရွယ်ပေါ်မူတည်ပြီး ကွဲပြားသော ကျန်းမာရေးဆိုးကျိုးများကို ဖြစ်ပေါ်
စေသည်။ အချို့က လက်ကပ်ခြင်း၊ နှာစေးခြင်း၊ ကျောအောင့်ခြင်း၊ အဆုတ်အအေးမိခြင်း၊ ခေါင်းကိုက် ခြင်း၊ ဇက်ခိုင်ခြင်း၊ ခြေထောက်
များ လေးခြင်းစသည်ဖြင့် အမျိုးမျိုးကွဲပြား တတ်သည်။ ထို့အပြင်-

(၁)အသံ
ပန်ကာမှ ထွက်သောအ သံကြောင့် အိပ်ချိန်တွင် နှောင်ယှက် မှုအသေးအမွှားကို ဖြစ်စေသည်။ ပန်ကာအသေးများက နှောင့်ယှက် မှုနည်းသော်လည်း၊ မျက်နှာကျက် ပန်ကာမျိုးက မိမိ၏အိပ်ချိန်ကို အနှောင့်အယှက်ပို၍ ဖြစ်စေသည်။

(၂)ရုတ်တရက်ကလေးများသေဆုံးမှုများ
ကျန်းမာရေးစောင့်ရှောက် မှုကွပ်ကဲရေးအဖွဲ့အစည်းတစ်ခု၏ ရှာဖွေတွေ့ရှိချက်အရ ကလေးအိပ် ခန်းတွင် ပန်ကာနှင့်အိပ်စက်ခြင်းဖြင့် ကလေးများ ၇၀%ခန့် ကျန်းမာ ရေးထိခိုက်စေခြင်း ၊ သေဆုံးခြင်းတို့ ကို ဖြစ်စေသည်ဟု သိရသည်။ အခန်းတွင်း လေဝင်လေထွက် ကောင်းပြီး ကာဗွန်ဒိုင်အောက်ဆိုက် ဒ်များကို ပြင်ပသို့ ထုတ်ပစ်နိုင်ခြင်းအား တားဆီး
သလို ဖြစ်ရပြီး ကလေးများ အသက်ရှူသွင်းခြင်း စနစ်ကို ထိခိုက်စေသည်ဟု သိရသည်။

(၃)ခြောက်သွေ့သောလေ
ပန်ကာမှ လေကို ခြောက် သွေ့စေသဖြင့် အိပ်စက်သူများသည် ယင်းလေကြောင့် ပါးစပ်မှ လြွေပန်ကို ခြောက်သွေ့စေပြီး ရေဆာစေသဖြင့် အပြည့်အဝ အိပ်စက်နိုင်ခြင်း မရှိချေ။

(၄)ဦးခေါင်းခွံအတွင်းရှိ လေ လမ်း ကြောင်း
နေ့အချိန် ပန်ကာတွင် ဖုန်များကပ်ညှိလေ့ရှိသည်။ သို့ဖြစ် ၍ ပန်ကာကို ဖွင့်လိုက်သောအခါ ဖုန်ကပ်နေသောပန်ကာမှ လေများ ကို အိပ်စက်သူ၏ ဦးခေါင်းခွံတွင် နှာခေါင်းပေါက်နှင့်ဆက်သွယ်ထား သောဦးခေါင်းအတွင်း လေလမ်း ကြောင်းကို ပိတ်စေသည်။ သို့ဖြစ်၍ ပန်ကာများကို ပုံမှန်ဆေးကြောပေး သင့်သည်။

ထူး
Health Updates Journal

အင်တာနက်လိုင်း နှေးကွေးမှုတွေကြောင့် သွင်းကုန်ထုတ်ကုန် လုပ်ငန်းရှင်တွေနဲ့ ဘဏ်လုပ်ငန်းတွေမှာ အချိန် ကြံ့ကြာမှုတွေနဲ့ ကြုံတွေ့

အင်တာနက်လိုင်း နှေးကွေးမှုတွေကြောင့် သွင်းကုန်ထုတ်ကုန် လုပ်ငန်းရှင်တွေနဲ့ ဘဏ်လုပ်ငန်းတွေမှာ အချိန် ကြံ့ကြာမှုတွေနဲ့ ကြုံတွေ့နေရပါတယ်။ ဦးအောင်ကြီးသတင်းပေးပို့ထားပါတယ်။


ရခိုင်ပြည်နယ်တွင် ဒုစရိုက်မှု များပြားလာ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း ကျွဲ နွား ခိုးမှုဖြင့် ဖမ်းဆီးခံထားရသူ ၇ ဦး (ဓာတ်ပုံ – မြန်မာ့အလင်း)

ရခိုင်ပြည်နယ်၏ မြို့နယ် ကျေးရွာ အများအပြားတွင် တရား ဥပဒေ စိုးမိုးမှု အားနည်းနေပြီး ခိုးမှု၊ လုယက်မှု၊ လူသတ်မှု စ သည့် ဒုစရိုက်မှုများ ပိုမိုများပြားလာနေကြောင်း သိရသည်။

ဒုစရိုက်မှု ထူပြောလာခြင်းနှင့်ပတ်သက်၍ ရခိုင်အခြေစိုက် အင်တာနက် လူမှုကွန်ရက် စာမျက်နှာများတွင် နေ့စဉ် တွေ့ရှိနေရ သည်။ ဒုစရိုက်မှုများသည် ယခင်ကလည်း ရှိခဲ့သည့်တိုင် ၂၀၁၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများအပြီး ပိုမိုများပြား လာသည်ဟု ဆိုရပေမည်။

ရခိုင်ဒေသတွင်း၌ အရေးအခင်းများ အပြီး တလလျှင် လူသတ်မှု ၁၀ မှုခန့် ဖြစ်ပွားလေ့ရှိပြီး တနှစ်လျှင် လူသတ်မှုပေါင်း ၁၀၀ ကျော်အတွက် တရားခံပေါင်း ၁၀၀ ကျော်ကို ဖမ်းဆီးအရေးယူနေရကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကလည်း မကြာသေး ခင်က ထုတ်ပြန် ပြောဆိုထားသည်။

ဒုစရိုက်မှုများအနက် ခိုးမှုသည် အများဆုံးဖြစ်နေကာ ကျွဲ၊ နွားများ၊ အိမ်တွင်း ပစ္စည်း ခိုးမှုများ၊ လမ်းသွား လမ်းလာများကို လူခြေတိတ်သည့် နေရာ၌ ဓားထောက် လုယက်မှု စသည့် အမှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ပေါက်တောမြို့နယ်တွင် ဇူလိုင်တလတည်း၌ ကျွဲ ၂၈ ကောင်နှင့်နွား ၂၅ ကောင်ပျောက်ဆုံးမှု ဖြစ်ပွားကြောင်း ဇူလိုင်လ ၂၅ ရက်နေ့ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။

ထို့အပြင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းဖြစ်ပွားခဲ့သော ကျွဲခိုးမှုနှင့်ပတ်သက်၍လည်း ပေါက်တောမြို့နယ်မှ အယ်လာမူဆောင်း၊ ရော်ဘီလာလောင်၊ နူကာ လောင်၊ အူစသွင်ဂေါ်ဦး စသည့်တရားခံ ၇ ဦးကို ကျွဲခိုးမှုဖြင့် ဖမ်းမိထားကြောင်း အစိုးရသတင်း စာများ ၌ ဓာတ်ပုံများနှင့်တကွ ဖော်ပြထားသည်ကို တွေ့ရသည်။

ပေါက်တော ဒေသခံတဦးက“ဒီတကြိမ်ပဲ မိသေးတယ်၊ နွားတွေ၊ ကျွဲတွေကို ဘင်္ဂလားဒေ့ရှ်ဘက်က ဘင်္ဂါလီ တွေရော၊ ဒီဒေသမှာ နေသူတွေကပါ အုပ်စုဖွဲ့ခိုးတာတွေ အရင်လတွေကလည်း ရှိတယ်၊ ခိုးသူတွေက လူများတော့ ဒေသခံတွေ က ဒီအတိုင်း ကြည့်နေလိုက်ရတာတွေ ရှိတယ်၊ အာဏာပိုင်တွေကို တိုင်ရင်လည်း မြန်မြန်ဆန်ဆန် အရေးယူပေးတာမရှိဘူး” ဟု ဆိုသည်။

ထိုသို့ ခိုးမှု၊ လုယက်မှု၊ လူသတ်မှု စသည့် ဒုစရိုက်မှုများ တိုးပွားလာခြင်းသည် အစိုးရအဖွဲ့များ ဖြစ်သည့် ပြည်ထဲရေး ၀န်ကြီး ဌာန၊ စစ်တပ်၊ ပြည်နယ်အစိုးရ အဖွဲ့တို့အကြား အုပ်ချုပ်ရေးပိုင်း ဆိုင်ရာကိစ္စများတွင် ရောထွေးနေခြင်းကြောင့် ဖြစ်သည်ဟု သိရကြောင်း၊ ဗဟိုမှ တိုက်ရိုက်ကွပ်ကွဲသည့် ပြည်ထဲရေး လက်အောက်ခံ ၀န်ထမ်းများသည် ပြည်နယ် အစိုးရ၏ လမ်းညွှန်မှုကို လိုက်နာမှု အားနည်းကြောင်း ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော် က ဧရာဝတီ ကို ပြောသည်။

ထို့အတူ အောက်ခြေ ၀န်ထမ်းများအတွက် ဗဟိုအစိုးရမှ ဘတ်ဂျက်ငွေ လုံလောက်စွာ ချမပေးခြင်း၊ အရေးပေါ် အသုံး စ ရိတ် ဖြည့်ဆည်းပေးမှု မရှိခြင်းတို့ သည်လည်း  ပြဿနာများကို အချိန်မီ ဖြေရှင်းပေးနိုင်မှု မရှိဟု ဆိုရမည်ဖြစ်သည်။

“ဥပမာ မှုခင်းတခုဖြစ်တာနဲ့ ချက်ချင်းသွားမယ်ဆိုရင် ဆိုင်ကယ်နဲ့သွားရမယ့် နေရာမျိုးတွေ၊ စက်လှေတွေနဲ့ သွားရမယ့် နေ ရာ မျိုးတွေအတွက် လောင်စာဆီ မရှိလို့ ရုတ်တရက် မသွားနိုင်တာမျိုးတွေ ရှိတယ်လို့ ရဲဝန်ထမ်းတွေဆီက ကြားနေရတယ်”ဟု ဦးအောင်မြကျော် က ဆိုသည်။

ရခိုင်ပြည်သူအများစုသည် အရေးအခင်းနောက်ပိုင်း လုံခြုံရေးအတွက်သာ အာရုံစိုက်နေရသည့်အတွက် တခြားသော စီးပွားရေး၊ ပညာရေး စသည်တို့ကို အလေးထားမှု လျော့ကျလာသည်။ ထို့အတူ အလုပ်အကိုင်များ ရှားပါးနေကာ ရခိုင်ဒေသခံများ၏ အဓိကကျသည့် စိုက်ပျိုးရေး၊ ပင်လယ်ထွက်၍ တနိုင်တပိုင် ငါးဖမ်းခြင်း စသည့် အသက် မွေးဝမ်းကျောင်း လုပ်ငန်းများကို လည်း လုပ်ကိုင်နိုင်ခြင်း မရှိတော့ပေ။

“လုံခြုံရေး စိတ်မချရတော့ လယ်ကွင်းထဲသွားတာ၊ ငါးဖမ်းတာတွေ လုပ်ဖို့ တဦးတယောက်တည်း မသွားရဲကြတော့ဘူး၊ တ ယောက်တည်းသွားလို့ အသတ်ခံရတာ၊ ပြဿနာဖြစ်တာတွေလည်း အများကြီးကြုံနေရတယ်”ဟု မြောက်ဦးမြို့ခံ ဦးမောင် သန်း က ပြောသည်။

ရခိုင်ဒေသတွင်း အလုပ်အကိုင် ရှားပါးခြင်း၊ စီးပွားရေး မပြေလည်ခြင်း၊ အရက်သေစာ သောက်စားမှု၊ လောင်းကစားမှု  စသည့် အကြောင်းအရာတို့ကြောင့် ဒေသခံများအကြား ပြဿနာဖြစ်ပွားခြင်း၊ အမူးလွန်၍ မတော်တဆမှုကြောင့် လူသတ်မှု ကျူးလွန်မိခြင်း စသည့် ပြဿနာများ မကြာခဏ ဖြစ်ပွားနေသည်ကိုလည်း လူမှုကွန်ရက် စာမျက်နှာများ၌ တွေ့နေရသည်။

ပြည်နယ်အစိုးရ၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဝင်းမြိုင်ကမူ ခိုးမှု ပြဿနာသည် ယခင်ကလည်းရှိခဲ့ကြောင်း၊ လက်ရှိဖြစ်ပွားနေသည့် အမှုအခင်းများသည်လည်း ရခိုင်ပြည်နယ် တခုတည်းတွင်သာ ဖြစ်ပွားနေခြင်း မဟုတ်ဘဲ မြန်မာတနိုင်ငံလုံးတွင် ဖြစ်ပွားနေ ကျ ပြဿနာမျိုးသာ ဖြစ်ကြောင်း ပြောဆိုသည်။

“မှုခင်းဆိုတာ ကျနော်တို့ ရခိုင်ပြည်နယ်တခုတည်း ဖြစ်နေတာမှ မဟုတ်ဘဲ၊ နေရာတိုင်းမှာရှိပါတယ်၊ လူတွေက ကျ နော်တို့ကို အပြစ်ပြောဖို့ပဲသိတယ်၊ မှုခင်းတွေဖြစ်ရင် ဖြေရှင်းဖို့လည်း အကုန်အဆင်သင့်ရှိပါတယ်”ဟု ဦးဝင်းမြိုင်က ဆိုသည်။

အရေးအခင်းများအပြီး အလုပ်အကိုင်ရှားပါးလာမှုကြောင့် ရခိုင်ဒေသတွင်း မြို့နယ်၊ ကျေးရွာ အများအပြားတွင် အရက်ဆိုင် များ အဆမတန် တိုးပွားလာနေသည်ဟုလည်း ရခိုင်ဒေသခံများက ပြောဆိုကြသည်။ ပေါက်တောမြို့နယ်၊ ဖရုံကာကျွန်းရှိ ကျေးရွာတချို့၌ ဖျော်စပ် အရက်ဆီများ သောက်သုံး၍ လူ ၄ ဦး သေဆုံးပြီး ၁၀ ဦးကျော် မူးမော်အော့အန်မှု တခုပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သေးသည်။

ထို့အတူ ကျောက်ဖြူဒေသ၌ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းများကို ကြီးကြပ်တည်ဆောက်နေသည့် တရုတ် အမျိုးသားရေနံ ကော် ပိုရေးရှင်း(CNPC)ကုမ္ပဏီ တည်ရှိရာ မဒေးကျွန်းပေါ်တွင် ကျောက်တန်း၊ ရွာမ၊ ပြိန်ရွာ၊ ပန်းထိန်ဆည် စသည့် ကျေးရွာငယ် ၄ ရွာတွင် ယခင်က ၂ ဆိုင်ခန့်သာ ရှိခဲ့ရာမှ ယခုအခါ အရက်ဆိုင်ပေါင်း ၂၀ ကျော် အထိ တိုးပွားနေပြီဟု ဒေသခံများက ဆိုသည်။

ကျောက်ဖြူမြို့ပေါ်တွင်လည်း နေရာဒေသ အသီးသီးမှ လူမျိုးပေါင်းစုံ အခြေချနေထိုင်လာကြသကဲ့သို့ ခိုးမှုများသည်လည်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေကြောင်း၊ သို့သော် တရားခံများကိုမူ ဖမ်းမိခြင်း နည်းပါးကြောင်း မြို့ခံတချို့က ပြောသည်။

“အရင်က အသေးအမွှားပဲ ခိုးတာရှိပေမယ့် အခုက ဆိုင်ကယ်တွေပါ ခိုးလာကြတယ်၊ အရက်ဆိုင်တွေ၊ ပြည့်တန်ဆာ လုပ် ငန်းတွေလည်း တနေ့ထက်တနေ့ တိုးလာနေတယ်၊ မူးယစ်သောက်စားပြီး ပြဿနာ ဖြစ်ကြတာလည်း ခဏခဏပဲ”ဟု ကျောက်ဖြူ မြို့ခံ တဦးက ဆိုသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် မောင်တောဒေသတွင် အရေးအခင်းများကြောင့် လုံခြုံရေး တိုးချပေးထားသော်လည်း မောင် တော၊ ဘူးသီးတောင်၊ ရသေ့တောင် စသည့်မြို့နယ်များရှိ ဘင်္ဂါလီကျေးရွာများနှင့်နီးစပ်သည့် လယ်ယာမြေကို လုံခြုံရေးကြောင့် လုပ်ကိုင်လိုသူ နည်းပါးသည်ဟု သိရသည်။

ဒေသခံများ မလုပ်ကိုင်ရဲသည့် လယ်ယာမြေများကို ပြည်နယ်အစိုးရ၏ ကြီးကြပ်မှုဖြင့် စိုက်ပျိုးဌာန က လုပ်ဆောင်ပေးသွား မည်ဟု ပြည်နယ် အာဏာပိုင်တို့က ပြောဆိုထားသည်။

မောင်တောဒေသနှင့်နှစ်နိုင်ငံ နယ်စပ်ဒေသတလျှောက် လုံခြုံရေး တာဝန်ထမ်းဆောင်ခဲ့သော နစက အဖွဲ့ကိုမူ မကြာသေးခင် ကဖျက်သိမ်းလိုက်ပြီး ယခုအခါ ရဲတပ်ဖွဲ့က ပုံမှန်အတိုင်း လုံခြုံရေး တာဝန်ယူနေပြီဖြစ်ကြောင်း၊ လတ်တလောတွင် အခြေ    အနေ တည်ငြိမ်နေကြောင်း မောင်တော မြို့ခံများက ပြောသည်။

ရခိုင်ပြည်နယ် အပါအ၀င် မြန်မာနိုင်ငံ တ၀န်း၌ တရားဥပဒေ စိုးမိုးမှု အားနည်းနေသည်ဟု ဆိုကာ ငြိမ်းချမ်းရေးနှင့်တရား ဥ ပဒေ စိုးမိုးရေး ကော်မတီကို ဖွဲ့စည်းခဲ့သည်မှာ လအတန်ကြာပြီ ဖြစ်သော်လည်း ထိရောက်စွာ လုပ်ဆောင်နိုင်ခြင်း မရှိ သေး ပေ။

ဧရာဝတီ

တရုတ်ဟက်ကာများ Android ကို ခိုးဖောက်မှုအတွက်သုံး


ဝါရှင်တန်၊ ဇူလိုင် ၂၅

တရုတ်ဟက်ကာ များသည် အင်တာနက်နှင့် ကွန်ရက်ဆိုင်ရာ လုပ်ငန်းများတွင် မကောင်းမှုများ လုပ်ရန်အတွက် ခိုးဖောက် ဝင်ရောက်မှုများကို Android ဆော့ဖ်ဝဲများအား သုံးကာ အဓိက လုပ်ဆောင်နေ ကြကြောင်း ကွန်ပျူတာလုံခြုံရေး ဆိုင်ရာ ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Symantec ကပြောကြားသည်။

တရုတ်မှထွက်သည့် ဆော့ဖ်ဝဲနှစ်မျိုးကို လေ့လာသုံးသပ်ရာ၌ အခြား ကွန်ပျူတာ နှင့် မိုဘိုင်းလ်ပစ္စည်း များအား ကူးစက်ပြီး ခိုးဖောက် ဝင်ရောက်နိုင်ရန် စီစဉ်ထားသည် ကို တွေ့ရှိရကြောင်း ယင်းကုမ္ပဏီဝန်ထမ်း များက ဆိုသည်။

Google သည် ယင်းပြဿနာများကို ကြိုတင် သိရှိခဲ့သဖြင့် ဖယ်ရှားပေးခဲ့ပြီး ဖြစ်ကြောင်း၊ လွန်ခဲ့သည့် ရက်သတ္တ နှစ်ပတ်ခန့် ကတည်းက ယင်းဆော့ဖ်ဝဲများ မှတစ်ဆင့် လက်ကိုင်ဖုန်းများထံ ပျံ့နှံ့စေရန် စီစဉ်ထား သော်လည်း အကြံ မအောင်မြင်ခဲ့ကြောင်း Google က ထုတ်ဖော်ပြောကြားသည်။

မိမိတို့ပိုင် Google Play အွန်လိုင်း စတိုးမှတစ်ဆင့် ဆော့ဖ်ဝဲများကို Download ချယူပါက ခိုးဖောက်မှုများ ပြုလုပ်နိုင်သည့် ခြေရာခံမှု မလုပ်နိုင်ရန် ကာကွယ် တားဆီးနိုင် သော်လည်း အခြား Website များမှ Download ချယူခြင်းအတွက် အာမ မခံနိုင်ကြောင်း Google ကဆိုသည်။

Android ဆော့ဖ်ဝဲများတွင် Code များကို ဖြေနိုင်သည့် သင်္ကေတများ ပါနေသဖြင့် မိမိတို့ လုပ်ဆောင်ထားသည့် ဆော့ဖ်ဝဲ များကိုလည်း ဝင်ရောက်ကူးစက်မှု မရှိစေရန် သင်္ကေတ Code များကို ပြန်လည်ပြင်ဆင် ရေးသားခဲ့ရကြောင်း BlueBox အဖွဲ့က ထုတ်ဖော်ပြောကြားသည်။

ဟက်ကာများသည် Android အမည် တပ်ကာ Skullkey ဆိုသည့် ဗိုင်းရပ်စ် တစ်မျိုးကို ထုတ်လွှတ်နေကြောင်း၊ ယင်း ဗိုင်းရပ်စ်သည် ဖုန်းများအတွင်း ပျံ့နှံ့ဝင် ရောက်သွားပါက ဘာလုပ်လုပ် စောင့်ကြည့်နေကြောင်း၊ အထူးသဖြင့် စာပို့မှုများ၊ ဘဏ် လုံခြုံရေးဆိုင်ရာ နံပါတ်နှင့် Password များ ရိုက်ထည့်မှုကို ခြေရာခံနိုင်ကြောင်း Symantec အဖွဲ့က ထုတ်ပြန်ထားသည်။
The Voice Weekly

ဦးဝီရသူတရားပွဲ ဗုံးပေါက်ကွဲမှု NDF ပါတီ ကြေညာချက်ထုတ်


မန္တလေး၊ ဇူလိုင် ၂၅

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ရတနာဘုမ္မိ အနောက်ရပ်ကွက် ၃၆ လမ်း ၈၄x၈၅လမ်းကြားတွင် ဇူလိုင်လ၂၁ ရက်နေ့က ကျင်းပသော မစိုးရိမ်ကျောင်းတိုက် ဆရာတော်ဦးဝီရသူ တရားပွဲတွင် လက်လုပ်ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) အထက် မြန်မာနိုင်ငံက အဆိုပါ ဗုံးခွဲမှုလုပ်ရပ်ကို ဆန့်ကျင်ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ သည်ဟု ယင်းပါတီ ဗဟိုကော်မတီဝင် ဦးမြင့်ဦးက ပြောကြားသည်။

ယင်းကြေညာချက်တွင် နိုင်ငံရေး မတည်ငြိမ်စေရန် ခုတုံးလုပ် လုပ်ကြံခြင်းဖြစ်စေ၊ အစွန်းရောက် ဘာသာရေး အကြမ်းဖက်သမားများ၏ လုပ်ရပ်ဖြစ်စေ၊ ဗုဒ္ဓဘာသာဝင်များ တရားပွဲ ကျင်းပသည့် နေရာတွင် ဗုံးဖောက်ခွဲမှုဖြစ်ရပ်ကို အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) အထက်မြန်မာပြည်က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း အဆိုပါ ပါတီထံမှ သိရသည်။

အဆိုပါ ဆန့်ကျင်ရှုတ်ချခြင်း ကြေညာချက်ကို ဇူလိုင်လ ၂၆ ရက်နေ့ နံနက် ၈ နာရီပတ်ဝန်းကျင် အချိန်မှစ၍ ပုသိမ်ကြီးမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးတံခွန် မြို့နယ်အတွင်းရှိ လူစည်ကားရာ နေရာများတွင် ပြည်သူများထံသို့ ဖြန့်ဝေသွားမည် ဖြစ်ကြောင်း ဦမြင့်ဦးက ထပ်မံပြောကြားသည်။

ဇူလိုင်လ ၂၁ ရက်နေ့ ည ၉ နာရီခန့် က မဟာအောင်မြေမြို့နယ် ရတနာဘုမ္မိ အနောက်ရပ်ကွက်၊ ၃၆လမ်း၊ (၈၄x၈၅) လမ်းကြား၊ အေးမေတ္တာဆေးခန်းရှေ့ လမ်းဘေးတွင် ရပ်ထားသည့် ယာဉ်ပိုင်ရှင် ဒေါက်တာတင်မြင့်၏ ၇က/၃၀၂၀ တိုယိုတာကိုရိုလာ အဖြူရောင်ယာဉ် အနီးမှ ဗြောက်အိုးကွဲသံ ကဲ့သို့ အသံဖြစ်ပေါ်ပြီး ယာဉ်၏ နောက်ဘီးနှစ်ဘီးနှင့် ရှေ့ယာဘက်ဘီးတို့ ဘီးပေါက်ခဲ့ကာ အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသမီးလေးဦး အမျိုးသားတစ်ဦးနှင့် ကိုရင်တစ်ပါးတို့ ဒဏ်ရာရရှိခဲ့သည်။
The Voice Weekly

ဦးချစ်မောင်လမ်းပေါ်တွင် ယာဉ်(၃)စီးဆင့်တို

ယနေ့နံနက်ပိုင်းက တာမွေမြို့နယ်၊ ဦးချစ်မောင်လမ်းပေါ်တွင် ယာဉ်(၃)စီးဆင့်တိုက်ခဲ့
၁၀၅ယာဉ်လိုင်းမှ လမ်းပြောင်းပြန်မောင်းနှင်လာခြင်းကြောင့်ဖြစ်


လက်ခုပ်တီး၍ ချိတ်ဖြုတ်နိုင်သည့် ဘရာစီယာ အမေရိကန်ပညာရှင် တီထွင်



လက်ခုပ်တီး၍ ချိတ်ဖြုတ်နိုင်သည့် ဘရာစီယာကို အဆစ်ရောင် ဝေဒနာသည်များအတွက် ရည်ရွယ် ဖန်တီးထားခြင်းဖြစ်

လက်ခုပ်တီးလိုက်သည်နှင့် အလိုလို ချိတ်ဖြုတ်ပြီးသား ဖြစ်သွားသည့် အမျိုးသမီး အတွင်းခံ ဘရာစီယာ တစ်မျိုးကို အမေရိကန် ပညာရှင်တစ်ဦးက တီထွင်လိုက်ကြောင်း သိရသည်။ ဆန်ဖရန် ဆစ္စကိုတွင် နေထိုင်သည့် အမျိုးသား ဒီဇိုင်းပညာရှင် တစ်ဦးသည် ယခုလို ထူးထူးဆန်းဆန်း အတွင်းခံမျိုးကို တီထွင် ဒီဇိုင်းထုတ်လိုက်ခြင်း ဖြစ်သည်။ ဘက်ထရီ စွမ်းအင် ဖြည့်ထားရသည့် ဘရာစီယာသည် တစ်ဦးဦးက လက်ခုပ်တီးလိုက်သည့် အသံကို တုံ့ပြန်ကာ လျှပ်စစ်သံလိုက်လှိုင်း တစ်ခု တွန်းကန်ခြင်းဖြင့် ချိတ်ကို ပြုတ်သွားစေသည်ဟု ဆိုသည်။



လက်ခုပ်သံကို အာရုံခံသည့် စနစ်သည် သံလိုက်ကို အလှည့်အပြောင်း ဖြစ်စေပြီး ယခုလို ဖြစ်စဉ်တစ်ရပ်ထံ ဦးတည်စေရန် ဖန်တီးထားခြင်း ဖြစ်သည်။ အဆိုပါ ဘရာစီယာကို အဆစ်ရောင် ဝေဒနာသည်များအတွက် ရည်ရွယ် ဖန်တီးထားခြင်း ဖြစ်သည်။ ထိုအခြေအနေကြောင့် အဆစ်အမြစ်များ ရောင်ရမ်းနာကျင်တတ်သည့် အမျိုးသမီး တစ်ဦးသည် သူမ၏ အတွင်းခံကို ချွတ်ရာတွင် အခက်အခဲ ကြုံရနိုင်တော့မည် မဟုတ်ဟု ဆိုသည်။ ဒီဇိုင်းပညာရှင် ရန်ဒီ ဆာရာဖန်သည် ဆီးရီးယား ဈေးတန်းတစ်ခုတွင် အဆင့်မြင့် နည်းပညာသုံး ဘရာစီယာ အချို့ကို တွေ့ရှိပြီးနောက် ၎င်းကိုယ်ပိုင် စိတ်ကူးဖြင့် ဘရာစီယာသစ် တစ်မျိုးကို တီထွင်ခဲ့ခြင်းဟု သိရသည်။

အနောက်နိုင်ငံတွေ အနေနဲ့ အာရပ်ကမ္ဘာမှာ လိင်ပိုင်းဆိုင်ရာ ချုပ်တည်းပိတ်ပင်တဲ့ လူ့အဖွဲ့အစည်း တစ်ခုလို ရှုမြင်ကြပါတယ်။ ဒါပေမဲ့ အမျိုးသမီး အတွင်းခံ နည်းပညာတွေအတွက် ကြော်ငြာရာမှာတော့ သူတို့က ရှေ့တန်းကနေ ပွင့်ပွင့်လင်းလင်း မြင်သာလွန်းတယ်။ ဒီတော့ ကျွန်တော်ကလည်း အနောက်ကမ္ဘာရဲ့ ပထမဆုံး နည်းပညာသုံး ဘရာစီယာ တီထွင်သူ ဖြစ်လာဖို့ စဉ်းစားလိုက်ပါတယ်။ လက်ခုပ်တီးရုံနဲ့ ချိတ်ပြုတ်သွားတဲ့ ဘရာစီယာဆိုတာ အနောက်ကမ္ဘာရဲ့ ဘရာစီယာ နည်းပညာ ထိုးထွင်းဖန်တီးမှု တစ်ခုလို့ပဲ ယူဆကြပါစို့"ဟု ဆာရာဖန်က ပြောကြားသွားသည်။ ဆာရာဖန်၏ နည်းပညာသည် အဆစ်အမြစ်ရောင် ဝေဒနာရှင်များအပြင် ရုပ်ပိုင်းဆိုင်ရာ သန်စွမ်းမှု ချို့တဲ့နေသူများ အတွက်ပါ အသုံးဝင်မည်ဟု မျှော်လင့်ထားသည်။ လက်ခုပ်တီးခြင်းဖြင့် မီးခလုတ် အဖွင့်အပိတ် လုပ်နိုင်သော နည်းပညာမျိုးသည် (၁၉၈၀)ပြည့်လွန် နှစ်များကတည်းက တီထွင် အသုံးပြုပြီး ဖြစ်သည်။

ကျန်းမာရေးအတွက် စမတ်ကျကျ လမ်းလျှောက်ပါ


ချက်ကို ကျောရိုးဖက်သို့ ဆွဲ ဆန့်ပြီး လမ်းလျှောက်ကြည့်ပါ။ သင်၏ ဝမ်းဗိုက်
ကြွက်သားများကို တည် ငြိမ်စေရန် ခါးစည်း၊ ဗိုက်စည်းဖြင့် ထိန်း၍ ခပ်မတ်မတ် လျှောက်ပါ။ လမ်းလျှောက်စဉ် လက်ကိုလွှဲပါ။ တင်၊ပေါင်မှ
ကြွက်သားများကို ခြေနှင့်တတန်းတည်းဆန့်၍ လျှောက်ပါ။ ပေါင်အတွင်း
ဖက်ကြွက်သားများကို ဒူးနှင့်တတန်းတည်းထား၍ လျှောက် ခြင်းဖြင့်
ခြေထောက်၏ တည်ငြိမ်မှုကို ရရှိစေပြီး ခြေခွင်ခြင်း မဖြစ်စေပါ။

ခါးကို မတ်၍ လျှောက်မိ စေဖို့ အမြဲဂရုစိုက်ပါ။ ခါးမတ်ခြင်းဖြင့် ဝမ်းဗိုက်
သည်လည်း တပါးတည်း ဖြောင့်တန်းလာပြီး အပြင်တွင် တက် ကြွသည့်
အသွင်ကို ဆောင်စေပါမည်။ ခါးကိုင်းလျှောက်မိလျှင် မိမိ ကိုယ်ကို ချက်ချင်းပြုပြင်လိုက်ပါ။

ခြေဖျားကို ရှေ့သို့ ပစ်၍ လျှောက်ပါ။ ဘေးဘက်ကို ကားပြီးဘဲ သွား သွားသလို မလျှောက် မိစေဖို့ သတိပြုပါ။ ခြေလှမ်းတိုင်း ခန္ဓာကိုယ်
နှင့်ခြေထောက်ကို တတန်းတည်း ဖြစ် ပါစေ။ ခြေထောက်က ခန္ဓာကိုယ်၏အရှေ့ကို အရင်ရောက်နေသည့် ပုံစံ မျိုးမဖြစ်စေရန် ထိန်းလျှောက်ပါ။ Cat walk ပုံစံ မျဉ်းတပြေးတည်း လျှောက်ခြင်းမျိုးကို ကြိုးစားလျှောက် ခြင်းထက် ပုံမှန်ပခုံးကို ဖွင့်၍လျှောက်ပါ။ ဦးခေါင်း
အတွက် ခေါင်းပေါ်တွင် စာအုပ်ကိုတင်၍ လျှောက်ခြင်းကလည်း ခေါင်း၏
အနေအထားကို ကြည့်ကောင်းစေသဖြင့် လေ့ကျင့် လျှောက်လှမ်းကြည့်ပါ။

ထူး
Health Updates Journal

အမ်းမြို့နယ်တွင် ကျောင်းဆရာမ တစ်ဦး ရဲဒင်းဖြင့် ခုတ်သတ်ခံရ


ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် ကျောင်းဆရာမ တစ်ဦး ဇူလိုင်လ ၂၀ ရက်နေ့က ရဲဒင်းဖြင့် ခုတ်သတ် ခံခဲ့ရသည်။

သတ်ဖြတ်ခံရသူမှာ  အမ်းမြို့နယ်၊ ကင်းခြေအုပ်စု၊ ဝေချောင်း ကျေးရွာမှ  မူလတန်း ကျောင်းအုပ် ဆရာမ ဒေါ်မြင့်မြင့်ဇော် (၃၄) နှစ်  (ဘ) ဦးပီတာ ဖြစ်သည်။

ဒေါ်မြင့်မြင့်ဇော်အား ရဲဒင်းဖြင့် ခုတ်သတ်သူမှာ   ကြက်တင်းပစ်ကျွန်း ကျေးရွာနေ ကိုဝင်းစိုး (အသက်၂၈နှစ်) (ဘ) ဦးမောင်ယောင်းနှင့် ၄င်း၏ ညီဖြစ်သူ ကိုဝင်းဌေး တို့ ဖြစ်ကြသည်။

ကိုဝင်းစိုးတို့ ညီအစ်ကို နှစ်ဦးသည် ဇူလိုင်လ ၂၀ ရက်နေ့က ဒေါ်မြင့်မြင့်ဇော် နေထိုင်ရာ နေအိမ်ပေါ်သို့ တက်၍ ရဲဒင်းဖြင့် ခုတ်သတ်သွားခဲ့သည်ဟု နယ်မြေခံ တပ်တောင်ရဲစခန်းမှ ပြောသည်။

အခင်းဖြစ်ပွားခံပုံနှင့် ပတ်သက်၍ သေဆုံးသူ ဒေါ်မြင့်မြင့်ဇော်၏ ခင်ပွန်းဖြစ်သူ ဦးမောင်သန်းမြင့်က ယခုလို ပြောသည်။

“ အခင်းဖြစ်တဲ့နေ့ ညနေ ၄နာရီကျော်လောက်မှာ ရဲဒင်းကိုင်ပြီး ကိုဝင်းစိုးတို့ ညီအစ်ကိုနှစ်ယောက် ကျနော်တို့ အိမ်ကို ရောက်လာတယ်။ ငွေပေး ခိုင်းစေချက် အရ ကျနော့်ကို အပြတ်ရှင်းဖို့ သူတို့ လာရကြောင်း ပြောဆို ကြိမ်းဝါးနေလို့ ရွာသားတွေကို သွှားခေါ်ခဲ့တယ်။ ၅ မိနစ်လောက်အကြာ ကျနော် အိမ်ပြန်ရောက်တဲ့အခါ ကျနော့် အမျိုးသမီးကို ရဲဒင်းနဲ့  ခုတ်သတ် နေတာတွေ့ရလို့ ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ရွာသားတွေက ၀ိုင်းပြီး ထိန်းသိမ်း လိုက်ရတယ်” ဟု ပြောသည်။

အသတ်ခံရသူ ဆရာမ ဒေါ်မြင့်မြင့်ဇော်မှာ ထိုနေ့ညနေ ၄နာရီ ၄၄မိနစ်တွင် ဦးခေါင်းတွင် ဒဏ်ရာ ၆ချက်နှင့် ဒူးဒဏ်ရာ တစ်ချက်၊ စုစုပေါင်းဒဏ်ရာ ခုနစ်ချက်ဖြင့် ပွဲချင်းပြီးသေဆုံးခဲ့ပြီး၊ခင်ပွန်းဖြစ်သူ ဦးမောင်သန်းမြင့် မှလည်း ရဲဒင်းထိ၍ သွားနှစ်ချောင်းကျိုးကာ နှာခေါင်းဒဏ်ရာများရသွားခဲ့သည်။

ကိုစိုးဝင်းအား ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်သိ ပြည်သူများပူးပေါင်းမှုဖြင့် ကိုဝင်းစိုးအား ယင်းနေ့ညနေ ၇ နာရီတွင် တပ်တောင်ရဲစခန်းမှ ဖမ်းဆီးခဲ့ပြီး ၄င်း၏ ညီဖြစ်သူ ကိုဝင်းဌေး မှာ ထွက်ပြေး တိမ်းရှောင် သွားကြောင်း သိရသည်။

ဇူလိုင်လ ၂၃ ရက်နေ့က လူသတ်မှုဖြင့်အဖမ်းခံနေရသူ ကိုစိုးဝင်းအား အမ်းမြို့နယ် တရားရုံးတွင် ရုံးထုတ် ရမန်ယူခဲ့ကြောင်းလည်း တပ်တောင်ရဲစခန်း တာဝန်ကျ ရဲဝန်ထမ်းက နိရဉ္ဖရာကို ပြောသည်။

ပြစ်မှုကျူးလွန်သူအဖြစ်စွပ်စွဲခံရသူအားတပ်တောင်ရဲစခန်းမှ အမှုအမှတ် (ပ)၅၄/၂၀၁၃၊ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ အရ အရေးယူခဲ့ပြီး၊ တရားခံပြေးကိုဝင်းဌေးအား ပုဒ်မ၁၁၄ဖြင့် အမှုဖွင့်ကာ ၄င်းအား အမြန်ဆုံး ဖမ်းမိရေးအ တွက် အပူတပြင်း လိုက်လံ ရှာဖွေ ဖမ်းဆီးလျှက်ရှိကြောင်း တပ်တောင်ရဲစခန်းမှသိရသည်။

မောင်နီမိုး - နိရဉ္စရာသတင်းဌာန

ရာသီလာစဉ် ထူးထူးခြားခြား ဖြစ်တတ်သော ကျန်းမာရေး အခြေအနေများ


ဒူး ထိခိုက် ဒဏ်ရာရနိုင်ခြေ ပိုများပါတယ်

အမျိုးသမီးတွေက အမျိုးသားတွေထက် ဒူး ထိခိုက် ဒဏ်ရာရနိုင်ခြေ နှစ်ဆကျော် ပိုများကြောင်း၊ အဆိုပါ ထိခိုက်ဒဏ်ရာတွေဟာ ရာသီလာခါနီး အချိန်နဲ့ ရာသီလာနေစဉ် အတောအတွင်းမှာ ဖြစ်နိုင်ခြေများကြောင်း Shape.com က ဆိုပါတယ်။ အကြောင်းကတော့ အမျိုးသမီးတွေရဲ့ ဒူးတွေဟာ ရာသီစက်ဝန်းအတွင်း လှုပ်ရှားပုံ ပြောင်းလဲသွားတာကြောင့်ပါ။ သားဥကြွေချိန်မှာထက် ရာသီလာစဉ် အတောအတွင်း ခန္ဓာကိုယ် လှုပ်ရှားမှုကို ထိန်းချုပ်နိုင်စွမ်း လျော့နည်းတာကြောင့် ဒူး ထိခိုက်ဒဏ်ရာ ရတတ်ပါတယ်။

သတင်းကောင်း

အမျိုးသမီးတွေကို ဒူးအပေါ် သက်ရောက်တဲ့ဝန် လျော့ကျစေဖို့နဲ့ ကိုယ်နေဟန်ထားနဲ့ သန်စွမ်းမှုအဆင့် တိုးမြင့်စေဖို့ လေ့ကျင့်ခန်း လုပ်ခိုင်းတဲ့အခါ ဒူး ထိခိုက် ဒဏ်ရာရနိုင်ခြေ ၅၀-၆၀ နှုန်းအထိ လျော့ကျမှု ရှိတာကို တွေ့ရပါတယ်။

သွားဖုံးရောဂါ ဖြစ်နိုင်ခြေ ပိုများပါတယ်

သွားဖုံးတစ်သျှူးတွေမှာ အီစထရိုဂျင် Receptors အများအပြား ရှိနေတဲ့အတွက် ဟော်မုန်း အတက်အကျပေါ် တုန့်ပြန်မှု ရှိပါတယ်။ ဒါကြောင့် ရာသီလာချိန်မှာ ခံတွင်းဝေဒနာတွေ စတင် ဖြစ်ပေါ်လာတတ်ပါတယ်။ ရာသီမလာခင် အီစထရိုဂျင်အဆင့် မြင့်တက်မှု ရှိတာကြောင့် ကိုယ်တွင်းရောင်ရမ်းမှုအဆင့် မြင့်တက်ပြီး သွားနာတာလည်း ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒါကြောင့် သွားနှုတ်တာ၊ သွားဖာတာ စတဲ့ ကုသမှုတွေ ပြုလုပ်မယ်ဆိုရင် ရာသီလာပြီး နောက်ရက်တွေမှာ ပြုလုပ်သင့်ပါတယ်။

သွေးတွင်း ကိုလက်စထရောအဆင့် ပြောင်းလဲသွားပါတယ်

၂၀၁၀ ဟော်မုန်းဗေဒဆိုင်ရာ လေ့လာမှုတစ်ရပ်အရ သွေးကြောထဲက ကိုလက်စထရော အဆင့်ဟာ အီစထရိုဂျင်ဟော်မုန်း အဆင့်ပေါ်မူတည်ပြီး အပြောင်းအလဲရှိကြောင်း သိရပါတယ်။ အီစထရိုဂျင် ဟော်မုန်းအဆင့် မြင့်တက်နေချိန်မှာ ကောင်းတဲ့ ကိုလက်စထရော အဆင့်ကလည်း မြင့်တက်နေပါတယ်။ သားဥကြွေချိန်မှာ မကောင်းတဲ့ ကိုလက်စထရောနဲ့ ထရိုင်ဂလစ်စရိုက် အဆီတွေ လျော့ကျမှု စတင်ဖြစ်ပေါ်ပြီး ရာသီလာစဉ်မှာ အနည်းဆုံးအဆင့်ကို ရောက်ရှိသွားပါတယ်။

ချောင်းဆိုးတာ၊ အသက်ရှူကျပ်တာ ဖြစ်နိုင်ခြေ ပိုများပါတယ်

ပန်းနာရင်ကျပ်ရောဂါ၊ အဆုတ်ပွပန်းနာရောဂါနဲ့ တခြား အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာရှိတဲ့ အမျိုးသမီးတွေ အနေနဲ့ ရာသီလာချိန်အတွင်း ချောင်းဆိုးတာ၊ အသက်ရှူမဝတာ စတဲ့ လက္ခဏာတွေ ပိုသိသာလာပါတယ်။ အမျိုးသမီး လေးထောင်ကျော်ကို လေ့လာမှုတစ်ရပ်အရ မမျိုးဥ ကြွေပြီးချိန်မှာ ချောင်းဆိုးတဲ့ဝေဒနာ သိသိသာသာ မြင့်တက်လာကြောင်း၊ ရာသီစက်ဝန်းအတွင်း အသက်ရှူမဝတာနဲ့ သလိပ်ထ ချောင်းဆိုးတာတို့ ဖြစ်နိုင်ခြေများကြောင်း သိရပါတယ်။

ငွေကို မဆင်မခြင် သုံးစွဲနိုင်ခြေ ပိုများပါတယ်

မမျိုးဥကြွချိန်အတွင်း ဈေးဝယ်မထွက်ပါနဲ့။ ဈေးဝယ်သူတွေရဲ့ စိတ်အခြေအနေအကြောင်း လေ့လာမှု တစ်ရပ်အရ မမျိုးဥကြွေချိန်မှာ အဝတ်အထည် ဝယ်ချင်စိတ် ပိုများကြကြောင်း၊ အလှပြင်လိုစိတ် များပြီး ငွေကြေးသုံးစွဲမှု မြင့်မားကြောင်း သိရပါတယ်။

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
BY GOOD HEALTH

မြန်မာနိုင်ငံတွင် ညစ်ညမ်းကိစ္စဖြန့်ဖြူးမှုများ အရေးယူရန် အရေးတကြီးလိုအပ်နေ


ရန်ကုန်၊ ဇူလိုင် ၁၈

မြန်မာနိုင်ငံအတွင်း အင်တာနက်သုံးစွဲမှုများပြားလာသည့်နည်းတူ အင်တာနက် လူမှုရေးကွန်ရက်စာမျက်နှာများနှင့် ၀က်ဘ်ဆိုက်များကို အသုံးပြု၍ လိင်စပ်ယှက်မှုများကို ခိုးဝှက်ရိုက်ကူးထားသော ဗီဒီယိုမှတ်တမ်းများနှင့် ပြည့်တန်ဆာအချို့၏ အဖော်အချွတ်ပုံများကို ဖြန့်ဝေမှုများ များပြားလာ၍ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းရှိ လူငယ်များအတုယူ မှား၍မဖြစ်သင့်သော ကိစ္စရပ်များဖြစ်ပေါ်လာမည်ကို စိုးရိမ်လျက်ရှိကြသည်။

လတ်တလောကာလတွင် ရေပန်းစားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူနှစ်ဦး၏ လိင်ကိစ္စဗီဒီယိုမှတ်တမ်း အပါအ၀င် အနုပညာရှင်များ၏ လိင်ကိစ္စဗီဒီယိုမှတ်တမ်းများကို ခိုးဝှက်ရိုက်ကူး၍ အင်တာနက်တွင် ပျံ့နှံ့စေခြင်းဖြင့် မလိုလားအပ်သော လူမှုရေးဆိုးကျိုးများဖြစ်ပေါ်လျက်ရှိသည်။ ထို့သို့ လူမှုရေးဆိုးကျိုးများ ဖြစ်စေသည့် ဗီဒီယိုမှတ်တမ်းများကို ရိုက်ကူးဖြန့်ဝေသူများကို အရေးယူရန်ဆိုင်ရာဥပဒေပြဋ္ဌာန်းချက်များရှိ သော်လည်း သက်ဆိုင်ရာမှ အရေးယူဆောင်ရွက်မှုများလုံးဝမရှိဘဲ မသိကျိုးကျွန်ပြုလျက်ရှိကြောင်း ပြည်တွင်းဂျာနယ်အယ်ဒီတာတစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ထို့ပြင် အင်တာနက်လူမှုကွန်ရက်စာမျက်နှာများကို အသုံးပြု၍ နိုင်ငံတွင်းလုပ်ကိုင်လျက်ရှိသော ပြည့်တန်ဆာအချို့က ၄င်းတို့၏ အဖော်အချွတ်ပုံများကို အင်တာနက်တွင်တင်၍ ဖိတ်ခေါ်မှုများပြုလုပ်လျက် ရှိသည်။ ထိုလုပ်ဆောင်ချက်များအပေါ် သက်ဆိုင်ရာပြည့်တန်ဆာဥပဒေဖြင့် ရှာဖွေအရေးယူ၍ရသော်လည်း သက်ဆိုင်ရာမှဆောင်ရွက်ခြင်းမရှိ၍ ပိုမိုရဲတင်းစွာပြုလုပ်လာကြသည်။ အင်တာနက်လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့နေသော အဖော်အချွတ်ပုံများတွင် မြန်မာအမျိုးကောင်းသမီးအချို့ကို ခိုးဝှက် ရိုက်ကူးထားသည့် ပုံများလည်းပါရှိနေ၍ ထိုကာယကံရှင်အမျိုးသမီးများ၏ အရှက်နှင့်ဂုဏ်သိက္ခာကို ထိခိုက်လျက်ရှိသည်။

ထိုဖြစ်ရပ်များကြောင့် မြန်မာနိုင်ငံတွင်း အင်တာနက်အသုံးပြု၍ ညစ်ညမ်းကိစ္စရပ်များ ဖြန့်ဖြူးမှုတို့အပေါ် အစိုးရက သက်ဆိုင်ရာတည်ဆဲဥပဒေများအတိုင်း ရှာဖွေဖော်ထုတ် အရေးယူသွားရန် အရေးတကြီးလိုအပ် နေပြီဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်သူ ဦးတင်လှိုင်ကပြောသည်။

Myanmartandawsint Newspaper

အသက်ရှည်ချင်လျှင် အိမ်ထောင်ပြုပါ


သက်လတ်ပိုင်း ရောက်သည်အထိ တည်ငြိမ်သော သံယောဇဉ် နှောင်ဖွဲ့မှု ကင်းမဲ့ နေသူများသည် အရွယ် မတိုင်မီ သေဆုံးနိုင်သည့် အလား အလာများ ပိုမိုကြောင်း Duke တက္ကသိုလ် ဆေးပညာ ဌာန၏ လေ့လာ မှုတွင် ဖော်ပြ ထားသည်။

Duke တက္ကသိုလ် သုတေသီများက သုတေသနပြုလုပ်ရန် အမျိုးသား၊ အမျိုးသမီး ၄၈၀၂ ဦးကို ခေါ်ယူခဲ့သည်။ ၎င်းတို့အားလုံးမှာ မြောက်ကာရိုလိုင်းနား တက္ကသိုလ်၏ နှလုံးလေ့လာ သင်ကြားမှု သင်တန်းကို တက်ဖူးသူများ ဖြစ်ကြ သည်။ ထိုသင်တန်းသည် ၁၉၄၀ ခုနှစ်များ တွင်မွေးဖွား ခဲ့သူများ၏ ကျန်းမာရေးကို ခြေရာခံစောင့်ကြည့် နေခဲ့သည့် သင်တန်း တစ်ခုလည်း ဖြစ်သည်။

လက်ထပ်ထိမ်းမြားမှု၏ သက်လတ်ပိုင်း အရွယ်အပေါ် အကျိုး သက်ရောက် ပုံကို လေ့လာ ခဲ့ကြသည်၊ သုတေသန ရလဒ်များကို လွှမ်းမိုးမှု ရှိလာမည့် ကိုယ်ရည် ကိုယ်သွေး ပြဿနာများ၊ လူမှု စီးပွားရေး အခြေ အနေ တို့နှင့် ကျန်းမာရေးနှင့် မညီညွတ်သော အပြုအမူ စသည့် အချက်များကို ထိန်းချုပ် စစ်ဆေးမှုများ ပြုလုပ်ပြီးမှ သုတေသနတွင် ပါဝင်ရန် ရွေးချယ် ခဲ့ခြင်း ဖြစ်သည်။ သုတေသနတွင် တွေ့ရှိချက်အရ တစ်ကြိမ်တစ်ခါမျှ လက်မထပ်ဖူး သူများသည် လူရွယ်ဘဝမှ စ၍ ခိုင်မာသော ချစ်သံယောဇဉ် ထူထောင်လာ ခဲ့သော ဇနီးမောင်နှံ များထက် အရွယ်မတိုင်မီ သေဆုံးရန် နှစ်ဆ အလားအလာ များကြောင်း သိရသည်။

တစ်ကိုယ်တည်း နေသူများ၊ ဇနီးခင်ပွန်းဆုံးပါးသွား သူများသည် သက်ကြီး ရွယ်အို ဘဝအထိ အသက် မရှည်နိုင်သည့် အလားအလာ များပြားသည်။ ထိုသက်ရောက်မှုသည် ကျန်းမာရေးနှင့် ညီညွတ်စွာ ပြုမူနေထိုင်သူများ၊ လူမှုစီးပွားရေး အခြေအနေ ကောင်းမွန်သူ များ၌ ပါတွေ့ရ တတ်သည်။

လက်မထပ်ဘဲ အတူ နေထိုင်တဲ့ ပုံစံကို အာရုံစိုက် လေ့လာတာဟာ ကလေးတွေ တစ်ပြုံကြီး မွေးနေသူတွေ အတွက် အရေးပါတဲ့ လေ့လာမှု ဖြစ်လာနိုင်ပါတယ်။ ဒီလိုပုံစံ နေထိုင်သူ တွေဟာ စောစီးစွာ သေဆုံးမှုနှင့် ဆက်စပ်နေတဲ့ အတွက် စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးဆိုင်ရာ အထောက် အပံ့တွေ ပိုမို ပေးအပ် သင့်ပါတယ်။ သက်လတ်ပိုင်း အရွယ်မှာ လူမှုရေးအရ တွယ်တာ နှောင်ဖွဲ့မှုတွေကို လေ့လာခြင်း အားဖြင့် အရွယ်မတိုင်မီ သေဆုံးရတဲ့ အကြောင်းရင်း တစ်ခုကို တွေ့ရှိ လာရပါတယ်ဟု သုတေသန စာတမ်းပြုစု သူများက ထည့်သွင်း ဖော်ပြ ထားသည်။

သုတေသနကို အပြုအမူဆိုင်ရာ ဆေးပညာ ဂျာနယ် (journal Annals of Behavioral Medicine) တွင် ဖော်ပြထားသည်။

သီဟ
Source:MDI
Health Updates Journal

GTC ကျောင်းသား/သူ နှစ်ဦး၏ အင်တာနက်ဗီဒီယိုဖိုင် ကျောင်းတွင် ပရိုဂျက် တာဖြင့် ပြသမှုကြောင့် GTC ကျောင်းအုပ် နုတ်ထွက်စာတင်ထားရ


သန်လျင် နည်းပညာတက္ကသိုလ်တွင် ဖြစ်ပွားခဲ့သော အင်တာနက် စာမျက်နှာတွင် ပျံ့နှံ့နေသည့် ဗီဒီယိုတွင်ပါဝင်သူ နှစ်ဦးနှင့်မိသားစုများကို တွေ့ဆုံကာ ၎င်းဗီဒီယိုဖိုင်ကို ပရိုဂျက်တာဖြင့် ပြသခဲ့သည့်အတွက် နှစ်ဖက် မိသားစုဝင်များအပေါ် ထိခိုက်စေခဲ့သဖြင့် ပါမောက္ခချုပ်အား နုတ်ထွက် ခိုင်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မှပြောသည်။

ပါမောက္ခချုပ် ဆရာမကြီးသည် ခန်းမအတွင်း ကျောင်းသားတချို့ခေါ်ယူကာ နှစ်ဖက်မိဘများနှင့် ကာယကံရှင်နှစ်ဦးရှေ့တွင် ၎င်းဗီဒီယိုဖိုင်ကို ပရိုဂျက် တာဖြင့် ပြသခဲ့ပြီး ယခုတစ်ကြိမ်ကို ကျောင်းသားအားလုံး နမူနာယူရန် ပြောကြားခဲ့ကြောင်း၊ နောက်တစ်ကြိမ် ထပ်မံဖြစ်ပွားလျှင် ကျောင်းမှ ထုတ်ပယ်သွားမည် ဖြစ်ကြောင်း စသည်ဖြင့် လုပ်ဆောင်ခဲ့သဖြင့် နှစ်ဖက် မိဘများအပေါ် သိက္ခာကျစေခဲ့သည့်အတွက် နုတ်ထွက်ခိုင်းထား ခြင်းဖြစ်သည်ဟု ပြောသည်။

အဆိုပါဖြစ်ရပ်များအပေါ် အတည်ပြုချက်ရရှိစေရန် သန်လျင်နည်းပညာ တက္ကသိုလ်သို့ သွားရောက် မေးမြန်းခဲ့ရာ ပါမောက္ခချုပ်နှင့် တွေ့ဆုံခွင့်မရရှိဘဲ အတည်ပြုပြန်လည်ဖြေကြားမှုများကိုလည်း ကျောင်းတွင်းရှိ ဆရာ/ဆရာမ များက ပြန်လည် ငြင်းပယ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးမှ ပညာရေးဝန်ကြီးဌာန အနေဖြင့် GTC ကျောင်းအပေါ် ထူးခြားသည့် စည်းကမ်းသတ်မှတ်ချက်များ ထုတ်ပြန် ထားခြင်း မရှိသေးကြောင်း၊ ယခုကြားသိရသည့် ဖြစ်စဉ်များသည် မှန်ကန် ကြောင်း၊ ၎င်းကျောင်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျောင်းဆရာ တစ်ဦးက ထိုကဲ့သို့ ပြောပြ ခဲ့ကြောင်း စသည်ဖြင့် အစိုးရရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကျောင်းအုပ်ဆရာကြီးတွေ ဒီကိစ္စကို ငြင်သာစွာ ကိုင်တွယ်ဖြေရှင်းသင့်တယ်။ အဲဒီ ဖြစ်စဉ်ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာတွေကိုလည်း လေးစားလိုက်နာသင့်တယ်။ ဒီလိုမျိုးအဖြစ်အပျက်တွေဟာ ဒီဟာတစ်ခုတည်း ပေါ်ပေါ်တင်တင်ကြီး ထွက်ပေါ်လာခဲ့တာ၊ အဲဒီလိုဖြစ်နေခဲ့တာ ဘယ်လောက်ဖြစ်နေကြတယ်ဆိုတာ မခန့်မှန်းနိုင်ဘူး၊ ကျွန်တော်တို့ အမျိုးသမီးတွေကလည်း ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းစောင့်ရှောက် တန်ဖိုးထားဖို့ လိုအပ်တယ်””ဟု တက္ကသိုလ်များ ကျောင်းသားသမဂ္ဂခေါင်းဆောင် ကျောင်းသားခေါင်းဆောင် ကိုစည်သူမောင် က ပြောသည်။

နည်းပညာတက္ကသိုလ်တွင် ပါမောက္ခချုပ် ဆရာမကြီးနုတ်ထွက်ခြင်း သတင်းသည် မှန်ကန်ကြောင်း၊ သို့သော် ပရိုဂျက်တာဖြင့် ပြသခြင်းကို ၎င်းတို့အနေဖြင့် မသိရှိကြောင်း စသည်ဖြင့် GTC ကျောင်းသားတချို့နှင့် ဆရာများ က ပြောကြားခဲ့သည်။

အင်တာနက်စာမျက်နှာတစ်ချို့နှင့် facebook စာမျက်နှာများပေါ်တွင် သန်လျင်နည်းပညာ တက္ကသိုလ်ကျောင်းခန်းမဆောင်အတွင်း ကျောင်းသား တစ်ဦးနှင့် ကျောင်းသူတစ်ဦးတို့၏ မဖွယ်မရာ ရုပ်သံဖိုင်များပျံ့နှံ့ခဲ့ပြီး အဆိုပါသတင်းနှင့်အတူ နောက်ဆက်တွဲသတင်းများလည်း ထွက်ပေါ်ခဲ့သည်။

ယခု GTC ကျောင်းသား/သူ နှစ်ဦး၏ ဖြစ်ရပ်အပါအ၀င် အင်တာနက် တွင်ဖြန့်ဝေခဲ့သော နာမည်ကြီးအနုပညာရှင်များ၏ လိင်ဆက်ဆံမှု ဗီဒီယိုဖိုင်များကို ဖြန့်ဝေသူတို့အား သက်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက် များရှိသော်လည်း ယင်းဥပဒေများအတိုင်း ဖော်ထုတ်အရေးယူမှုမရှိဘဲ ဒေါက်တာ ဆိတ်ဖွားကဲ့သို့ လွှတ်တော်အပေါ် အင်တာနက်မှတစ်ဆင့် ဝေဖန်သူကိုမူ အားသွန်ခွန်စိုက် ရှာဖွေဖော်ထုတ်ရန် ဆောင်ရွက်ခဲ့ခြင်း တို့သည် မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးမှုကို မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း၊ ယခုကဲ့သို့ မြန်မာအမျိုးသမီးများ၏ ဂုဏ်သိက္ခာကို ဖျက်ဆီးနေသူများအား ဖော်ထုတ်အရေးယူမှု မပြုလုပ်ခြင်းသည် မြန်မာအမျိုးသမီးများ၏ အနာဂတ်အတွက် ရင်လေးဖွယ်ရာ ဖြစ်နေကြောင်း ကို မြန်မာ့လူ့အဖွဲ့ အစည်းနှင့်နိုင်ငံရေးအသိုင်းအ၀ိုင်း၊ မီဒီယာအသိုင်း အ၀ိုင်းတို့က မေးခွန်းထုတ်နေကြခြင်းဖြစ်သည်။

ယခုကဲ့သို့ မေးခွန်းထုတ်မှုများနှင့် မြန်မာအမျိုးသမီးများ၏ ဂုဏ်သိက္ခာကိုထိခိုက်စေသည့် ဗီဒီယို၊ ဓာတ်ပုံတို့ကို အင်တာနက်တွင် ဖြန့်ဝေနေသူများအား ရှာဖွေဖမ်းဆီးဖော်ထုတ်ရန် တာဝန်ရှိ အစိုးရမှ ကြိုးပမ်းဆောင်ရွက် နေပြီဖြစ်ကြောင်း သတင်းရရှိမှု မရှိသေးပေ။

Myanmartandawsint Newspaper

ကမ္ဘာ့ သရဲအခြောက်ဆုံး ဆေးရုံ


Beechworth Lunatic Asylum ဆေးရုံဟာ ဗစ်တိုးရီးယားမြို့၊သြစတေးလျ မှာရှိပါတယ်။နှစ်ပေါင်း ၁၂၈ နှစ်ကျော်ပါပြီ။Mayday Hills Lunatic Asylum က မူလနာမည်ဖြစ်ပါတယ်။အဲဒီဆေးရုံဟာ စိတ်ကျန်းမာရေးဆေးရုံဖြစ်ပြီးတော့ ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။

ဒီဆေးရုံက လူနာတွေဟာ ထူးဆန်းစွာ မဖော်ထုတ်နိုင်ဘဲ သေဆုံးခဲ့ကြပြီးတော့ အချို့ကတော့ ဆေးရုံထဲမှာပဲ ထူးဆန်းစွာပျောက်ဆုံးပြီး နောက်ထပ်ပြန်မပေါ်လာတော့ပါဘူး။

ဒီဆေးရုံမှာ နှစ်ပေါင်း ၁၀၀ အတွင်း လူ ၉၀၀၀ ခန့် ထူးဆန်းစွာပျောက်ဆုံးခဲ့ကြပါတယ်တဲ့။၁၉၉၅ ခုနှစ်မှာ အစိုးရက အဲဒီဆေးရုံကို ပိတ်ပစ်ခဲ့ပါတယ်။ကမ္ဘာ့ သရဲအခြောက်ဆုံးဆေးရုံ၁၀ရုံစာရင်းမှာ နံပါတ် ၁ နေရာချိတ်ခဲ့ပါတယ်။

မောင်စိုင်း
(ကနောင်)
ဆေးရုံ

KIA ကားဝယ်လျှင် ကျပ် ငါးသိန်းဖိုး ဆီ အခမဲ့ ထည့်ခွင့်ရမည်


ရန်ကုန်၊ ဇူလိုင် ၂၅

တောင်ကိုရီးယားနိုင်ငံ KIA မော်တော်ကား ကုမ္ပဏီက ထုတ်လုပ်သည့် Sorento နှင့် Optima ကား များကို KIA Showroom တွင် သတ်မှတ် ကာလအတွင်း ဝယ်ယူပါက ကျပ် ငါးသိန်းဖိုး အခမဲ့ စက်သုံး ဆီ ထည့်ခွင့် ရရှိမည်ဖြစ်ကြောင်း အဆိုပါ ကားများကို တင်သွင်း ရောင်းချနေသည့် Super Seven Star Company(S.S.S) ၏ ဒါရိုက်တာ တစ်ဦးက ပြောကြားသည်။

အဆိုပါ ကားများသည် မြန်မာနိုင်ငံတွင် အခွန်အခ ကြီးမြင့်မှုကြောင့် ပြည်ပ ပေါက်ဈေးထက် ဒေါ်လာ တစ်သောင်း (ကျပ် ၉၅ သိန်း) ခန့် ဈေးပိုများမည်ဖြစ်ပြီး ကား တစ်စီးလျှင် မြန်မာ ကျပ်ငွေ သိန်း ၄၀၀ ခန့် ကျသင့်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

Sorento နှင့် Optima ကား အစီး ၆၀ ကို ယခုနှစ် ဇူလိုင်လ ၁၄ ရက်မှ သြဂုတ်လ ၁၄ ရက်နေ့အထိ ကျင်းပမည့် အခမဲ့ အရောင်းပွဲတော် ကာလ အတွင်း ဝယ်ယူပါက Max Energy ဆီဆိုင်တွင် တစ်ကြိမ်လျှင် ကျပ် နှစ်သောင်းနှုန်းဖြင့် ကျပ် ငါးသိန်းဖိုး အခမဲ့ ဆီထည့်ခွင့် ရရှိမည် ဖြစ်ကြောင်း၊ ဆီထည့်ခွင့် မယူသော ဝယ်သူများကို ကား တန်ဖိုးမှ ကျပ် ငါးသိန်း လျှော့ပေးမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြား သည်။

KIA ကုမ္ပဏီ၏ လက်ကမ်း စာစောင်များတွင် Sorento ခုနစ်ယောက်စီး ၂၂၀၀ စီစီ ဒီဇယ် အင်ဂျင်ကား များနှင့် Optima ငါးယောက်စီး ၂၀၀၀ စီစီ ဓာတ်ဆီ အင်ဂျင် ကားများ ဝယ်ယူပါက ကီလို ၅၀၀၀ အခမဲ့ ဆီထည့်ခွင့် ရရှိမည်ဖြစ်ကြောင်း ကြေညာထားသည်။

ထို့အပြင် KIA Service Center တွင် သုံးနှစ် အခမဲ့ ပြုပြင် ထိန်းသိမ်းခွင့်နှင့် Junction Center များတွင် ကျပ် သုံးသိန်းထိ အခမဲ့ ဈေးဝယ်ခွင့် ရရှိမည် ဖြစ်ကြောင်း၊ Junction Center မှပေးသော Lucky Draw ဆယ်ခု ထပ်မံ ရရှိမည်ဖြစ်ပြီး ထို Lucky Draw မှ မဲပေါက်ပါက Rio ကားအသစ် တစ်စီး ထပ်မံ ရရှိမည် ဖြစ်ကြောင်း Super Seven Star Company(S.S.S) ၏ ဈေးကွက် မန်နေဂျာ ဒေါ်ယွန်းမီမီက The Voice သို့ ပြောကြားသည်။

KIA Showroom မှ Promotion ပွဲများ ပြုလုပ်ခဲ့ဖူးသော်လည်း အခမဲ့ အရောင်းပွဲတော်မှာ ပထမဆုံး အကြိမ် ဖြစ်သည်ဟု ဒေါ်ယွန်းမီမီ က ပြောကြားသည်။

KIA Showroom ကို ၂၀၁၂ မေလတွင် မြန်မာနိုင်ငံ၌ စတင် ဖွင့်လှစ်ခဲ့ပြီး ကိုရီးယားနိုင်ငံမှ တစ်ဦး တည်းသော အရောင်း ကိုယ်စားလှယ်အဖြစ် ရရှိခဲ့ကာ မြန်မာနိုင်ငံ၏ တစ်ခုတည်းသော Brand New ကားများ ရောင်းချ ခွင့်ရသည့် ကုမ္ပဏီဖြစ်သည်ဟု Super Seven Star Company မှ သိရသည်။
The Voice Weekly

အစော်ကားခံရကြောင်း တိုင်ကြားပြီးနောက် ထောင်ဒဏ်ကျ ခံရသူ နော်ဝေအမျိုးသမီးအား လွတ်ငြိမ်းခွင့်ပေး


အဓမ္မစော်ကားခံရကြောင်းကို တိုင်ကြားခဲ့ပြီးနောက် ထောင်ဒဏ်ကျခံ ခဲ့ရသော ဒူဘိုင်း၌ လာရောက် အလုပ် လုပ်ကိုင်သူ နော်ဝေ အမျိုးသမီး တစ်ဦး ၏ ကိစ္စအား အများပြည်သူက ဝေဖန် ကန့်ကွက်သံများ ထွက်ပေါ်လာပြီး နောက် သူမအား လွတ်ငြိမ်းခွင့်ပေးခဲ့ ကြောင်း သိရသည်။

အသက် ၂၄ နှစ်အရွယ်Marte Dalelv ဆိုသူ အမျိုးသမီးသည် သူမ၏ အလုပ်ရှင်အား ပြစ်ဒဏ်ချမှတ်ရန် တိုင် ကြားခဲ့ပြီးနောက် လိုင်စင်မရှိဘဲ အရက် သောက်မှု၊ မုသား သက်သေခံမှု၊ ကာမပိုင် ယောက်ျားရှိ လျက်ဖောက်ပြန် မှုများဖြင့် တရားစွဲဆိုခံရပြီး လေးလကြာ ဒုက္ခသုက္ခများနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် လွတ်ငြိမ်းခွင့်ရခဲ့ခြင်း ဖြစ်သည်။

သူမသည် အဓမ္မစော်ကားခံရသည့် အကြောင်းကို ရဲတပ်ဖွဲ့အား တိုင်ကြားခဲ့ ပြီးနောက် ချက်ချင်းဖမ်းဆီးထိန်းသိမ်းခံ ရပြီး လေးရက်အကြာ တွင် နော်ဝေသံ တမန်များ၏ အကူအညီဖြင့် လွတ်မြောက် ခဲ့သည်။ သူမအား အာရပ်စော်ဘွားများ နိုင်ငံအတွင်း၌ ၁၆ လကြာ ထောင်ဒဏ် ကျခံရန် စီရင်ချမှတ်ခဲ့သော်လည်း လွတ် ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး အရက်သောက် သုံးမှု၊ အိမ်ထောင်ရေး ဖောက်ပြန်မှု များဖြင့် ၁၃ လကြာထောင်ဒဏ် ကျခံရ မည့် သူမ၏သူဌေးကိုလည်း လွတ်ငြိမ်း ခွင့်ပေးခဲ့သည်။

''မင်းကို လွတ်ငြိမ်းခွင့်ပေးလိုက်ပြီ လို့ ပြောတော့ ကျွန်မ တအားပျော်သွား တာ။ ပျော်စရာကောင်းတဲ့ အဆုံးသတ် တစ်ခုပါ။ ကျွန်မပတ်(စ်)ပို့လည်းပြန်ရ ပြီ။ ဒီနိုင်ငံကနေ အမြန်ဆုံးထွက်ခွာမှာ ပါ''ဟု သူမက ပြောကြားခဲ့သည်။

နော်ဝေနိုင်ငံခြားရေးဝန်ကြီး Barth Eide က ယင်းကဲ့သို့ လွတ်ငြိမ်း ခွင့်ပေးခဲ့ခြင်းအပေါ် ထောက်ခံခဲ့သော် လည်း ထောင်ဒဏ်ချမှတ်ခဲ့သည့် တရား ရုံး၏ မူလဆုံးဖြတ်ချက်ကို ပြစ်တင်ဝေ ဖန်ခဲ့သည်။ သူမသည် ဒိုဟာမှ ဒူဘိုင်း သို့ အလုပ်ဖြင့် လာရောက်ခဲ့ခြင်းဖြစ်ပြီး ကာတာသို့ ပြန်သွားရန် ဆုံးဖြတ်ချက် မချရသေးပေ။

သူမအား လွတ်ငြိမ်းချမ်းသာခွင့် ပေးရန် လူပေါင်း ၇၂ဝဝဝ က လက်မှတ် ရေးထိုးတောင်းဆိုခဲ့ပြီး Facebook ရှိ အသင်းအဖွဲ့များကလည်း သူမကို လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။

Ref:AFP
သိင်္ဂီဝင်း

ကွမ်းခြံကုန်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် တိုးမြစ်ရေတက်မှု သတင်း

ရန်ကုန်၊ ဇူလိုင် ၂၆

၂၅.၇.၂၀၁၃ ရက်နေ့ ၀၅၀၀ အချိန်တွင် မိုးသည်းထန်စွာ
ရွာသွန်းမှုနှင့် တိုးမြစ်ရေတက်မှုတို့ကြောင့် ကွမ်းခြံကုန်းမြို့နယ်၊ အင်းကွပ်ကျေးရွာ၊ အ.မ.က ကျောင်း၊ ဆိပ်ကြီးကျေးရွာ
အ.မ.က ကျောင်း၊ မယ်ဇလီစမ်းကျေးရွာ အ.မ.က ကျောင်းနှင့်
အင်္ဂပူကျေးရွာ အ.မ.က ကျောင်းတို့၏ ကျောင်းဝင်း အတွင်း
ရေ၀င်ရောက်မှုမရှိသော်လည်း ကျောင်းသား/သူများ သွားလာရာ တွင်အခက်အခဲရှိသည့်အတွက် ၂၅.၇.၂၀၁၃ ရက်နေ့နှင့်
၂၆.၇.၂၀၁၃ ရက်နေ့ (၂)ရက်အားပိတ်ထားခဲ့ပါသည်။

အဆိုပါကျောင်းပိတ်ရက်(၂)ရက်အား လာမည့်ကျောင်းပိတ်ရက်များ
တွင် အစားထိုးပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

မြို့ပေါ်ရပ်ကွက်ရှိ တော်ပုလွဲ အ.မ.က ကျောင်းမှာဖွင့်လှစ် ထားရှိသော်လည်း ကျောင်းပတ်ဝန်းကျင်တွင်
ရေများတက်နေသည့်အတွက် ကျောင်းသူ/သားအနည်းငယ် သာတက်ရောက်ခဲ့ပါသည်။

မြို့ပေါ်ရပ်ကွက်ရှိ လမ်းများတွင်လည်း ရေအမြင့်(၂)ပေအထိ တက်ရောက်လျက်ရှိကြောင်းနှင့် ရေမြင့်တက်မှုကြောင့်
လူ/တိရစ္ဆာန်/အဆောက်အဦးများ ပျက်စီးဆုံးရှုံးမှုမရှိကြောင်း
သတင်းရရှိပါသည်။
Yangon Police

တာမွေရာပြည့် အားကစားကွင်းပြန်လည်ဖော်ထုတ်ရေးအဖြစ်

ဒုတိယအကြိမ်စာနယ်ဇင်းရှင်းလင်းပွဲကို ယနေ့ နေ့လယ် ၂ နာရီတွင် တာမွေကြီး (ခ) ရပ်ကွက်၊ ၁၆၆ လမ်းရှိ၊ ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြသည်။

အများပြည်သူများ အပန်းဖြေအနားယူနိုင်သည့် အားကစားကွင်းကို မည်သည့်အကြောင်းနှင့်မှ အဆောက်အဦးဆောက်လုပ်ရန် မသင့်တော်သည့်အတွက်သက်ဆိုင်ရာဌာနအသီးသီးနှင့် ဆောက်လုပ်သည့်ကုမ္ပဏီမှတာဝန်ရှိသူများအနေဖြင့် ပြန်လည်စဉ်းစားပေးစေလိုကြောင်း ယင်းရပ်ကွက်ရှိ နှစ်ပေါင်း ၅၀ နီးပါးနေထိုင်ခဲ့သော ဦးမျိုးသန့်ကပြောသည်။

တာမွေရာပြည့်အားကစားကွင်းနှင့်ပတ်သက်၍ ပထမအကြိမ်စာနယ်ဇင်းရှင်းလင်းပွဲ ပြုလုပ်ခဲ့သော်လည်း စည်ပင်သာယာမှတုန့်ပြန်မှု မရှိသည့်အတွက် ယခုကဲ့သို့
ဒုတိယအကြိမ်အဖြစ် စာနယ်ဇင်းရှင်းပွဲ ပြုလုပ်ရခြင်းဖြစ်ပြီး ယင်းကိစ္စများနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာန အသီးသီးနှင့် ဆောက်လုပ်မည့်ကုမ္ပဏီသို့ စာတင်ထားကြောင်း ရပ်ကွက်တွင်နေထိုင်သူ ဦးသန်းဌေးကပြောသည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မှ တာမွေရာပြည့်ဈေးအဆင့်မြင့်ဈေးတည်ဆောက်ရေး စီမံကိန်းအဖြစ် အောင်ကောင်းကျော်
ကုမ္ပဏီတာဝန်ယူဆောက်လုပ်နေကြောင်း ယင်းရပ်ကွက်ရှိ ပြည်သူများကပြောသည်။

ရန်နိုင်
ပေါ်ပြူလာ

ကင်ဆာ တိုက်ဖျက်ရန် ဆေးသစ် ထုတ်လုပ်နိုင်ပြီဟု ကျူးဘား ကြေညာ


ကျူးဘားနိုင်ငံမှ သိပ္ပံပညာရှင်များသည် အခြားကင်ဆာ တိုက်ဖျက်သည့် ဆေးဝါးများနှင့် မတူသည့် ကင်ဆာ ဆေးသစ်တစ်မျိုးကို ထုတ်လုပ်ခဲ့ကြသည်ဟု ကျူးဘားနေ့စဉ်သတင်းစာ တစ်စောင်၌ ဖော်ပြထားသည်။

အဆိုပါ ကင်ဆာဖျက် ဆေးဝါးသစ်သည် ကျန်းမာရေးအတွက် အထောက်အကူပြုသည့် ဆဲလ်များကို ထိခိုက်ခြင်း မရှိစေဘဲ ကင်ဆာဆဲလ်၏ အမြှေးပါး အတွင်းသို့ ထိုးဖောက်ဝင်ရောက်ပြီး ၎င်းဆဲလ်ကို ဖျက်ဆီးနိုင်စွမ်း ရှိကြောင်း၊ အခြား ကင်ဆာဖျက် ဆေးဝါးများနှင့် မတူသည့် ကွဲပြားချက်မှာ ၎င်းဆေးသည် ကင်ဆာဆဲလ် အတွင်း ထိုးဖောက်ဝင်ရောက်၍ ဖျက်ဆီးနိုင်သည်သာမက ကျန်းမာသော ဆဲလ်များကိုလည်း အကျိုး ပြုစေနိုင်ကြောင်း ဓာတ်ခွဲခန်းမှ ဌာနမှူး ဂျို့စ်အန် တိုနီယိုဖရာဂါက ပြောကြားသည်။

လက်ရှိ ကင်ဆာဖျက် ဆေးများသည် ကင်ဆာဆဲလ်ကိုသာ တိုက်ခိုက်နိုင်စွမ်း ရှိသည်။ သို့ရာတွင် ဓာတ်ခွဲခန်း စစ်ဆေး ချက်များအရ ယခုဆေးသစ်မှာမူ ကင်ဆာဆဲလ်ကို ဖြိုခွင်းနိုင်သည့် အဆိပ် အာနိသင်ရှိသကဲ့သို့ ဆေးဝါးဗေဒဆိုင်ရာ အာနိသင်များလည်း ရှိကြောင်း၊ နောက်ပိုင်း တွင် ဆေးဝါးဆိုင်ရာ အဖွဲ့အစည်းများ၏ သဘောတူညီမှုဖြင့် လူသားများတွင် အသုံးပြု နိုင်တော့မည် ဖြစ်ကြောင်း ဖရာဂါက ထပ်လောင်း ပြောကြားသည်။

ကျူးဘား ကျန်းမာရေး ဝန်ကြီးဌာန၏ ပြောကြားချက်အရ ကျူးဘားနိုင်ငံတွင် ကင်ဆာကြောင့် သေဆုံးမှုသည် နိုင်ငံအတွင်း သေဆုံးမှု ပမာဏ၏ ၂၅ ရာခိုင် နှုန်းခန့် ရှိကြောင်း၊ ကင်ဆာရောဂါသည် ကျူးဘားနိုင်ငံ၏ နံပါတ် ၁ လူသတ် ရောဂါဖြစ်ကြောင်း သိရသည်။

မြ၀တီ

မြောင်းမြမြို့နယ် ပျဉ်ရွာမှာ လေပြင်းတိုက်

ဧရာဝတီတိုင်း မြောင်းမြမြို့နယ် ပျဉ်ရွာမှာ မနေ့ညနေ ၆ နာရီဝန်းကျင်က လေပြင်းတိုက်ခတ်ခဲ့တာကြောင့် တိုက်နယ်စာသင်ကျောင်းရဲ့ အမိုးတွေ ပျက်စီးသွားပြီး၊ ည ၁၀ နာရီဝန်းကျင်မှာတော့ ရွာနဘေးက ရွေးမြစ်မှာ ကမ်းပါးပြိုကျခဲ့တယ်လို့ သိရပါတယ်။

လေပြင်းကြောင့် စာသင်ကျောင်းက သွပ်အချပ် ၈၀ လောက် လန်ထွက်ပျက်စီးသွားတာကိုပြုပြင်ဖို့ မြို့နယ်အုပ်ချုပ်ရေးနဲ့ ရပ်မိရပ်ဖတွေ ပူးပေါင်းဆောင်ရွက်နေကြတယ်လို့ ရွာအကျိုးဆောင် ဦးခိုင်ရွှေက ပြောပါတယ်။

"ကျောင်းကမနေ့က လေပွေတိုက်လို့ သွပ်အချပ် ၈ဝ လောက်ပွင့်သွားတယ်၊ မြို့နယ်ထွေအုပ်တို့ ဌာနဆိုင်ရာပေါင်းစုံတော့ လာကြည့်တယ်လေ၊ ကျနော်တို့ ကျောင်းအကျိုးတော်ဆောင်နဲ့ ရပ်မိရပ်ဖဘက်ကတော့ ပြန်လည်ပြုပြင်တဲ့ လက်သမားခတို့ သစ်ဖိုးတို့လောက်ပဲ စိုက်ထုတ်ပြီးတော့ နှစ်ဘက်ပေါင်းလုပ်တယ်ပေါ့၊ ကမ်းပြိုတာကတော့ ၃၅ မိနစ်လောက်ကြာတယ်၊ ညက ၁ဝ နာရီဝန်းကျင်ပေါ့၊ အလျားကတော့ ၂၆၄၊ အနံ ၂ဝ ပဲ့ကျသွားတာပဲ၊ ကျေးရွာရယကရုံးကတော့ ခေါင်းရင်းခန်းလေး နည်းနည်းထိသွားတာပေါ့"

ပျဉ်ရွာတိုက်နယ်မှာ ကျေးရွာ ၁၄ ရွာရှိပြီး ရွာမှာရှိတဲ့ တိုက်နယ်စာသင်ကျောင်းမှာ မူလတန်းကနေ အထက်တန်းထိ ကျောင်းသား ၈၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

RFA Burmese

ငါးဖမ်းစက်လှေ၌ လူသေအလောင်း ပါရှိလာ


၂၄.၇.၂၀၁၃ ရက်နေ့ ၀၂၀၀ အချိန် ဆိပ်ကမ်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ရွှေဇာမဏီ(၁) ငါးဖမ်းစက်လှေတွင် လူသေအလောင်း တစ်လောင်း ပါရှိလာကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ဧရာဝတီတိုင်း ဒေသကြီး ပြင်စလူမြို့နယ် ကိုင်းတောကျေးရွာနေ ကိုကြည်တင် ၂၄နှစ်၊ လှေသား၊ (ဘ)ဦးစိန်သောင်း ဖြစ်ပြီး ၎င်းသည် ၂၃.၇.၂၀၁၃ ရက်နေ့ ၀၄၃၀ အချိန်ခန့်တွင် မြန်မာ့ပင်လယ်ပြင် ဧရာဝတီ ငါးဖမ်းကွက်၌ ပိုက်ဖေါ်ရန်အတွက် ရေထဲသို့ကျနေသော ခါးစည်းကြိုးအား ကုန်၍ဆွဲယူစဉ် လှိုင်းပုတ်ကာရေထဲသို့ပြုတ်ကျပြီး ပိုက်သားအုပ်မိသဖြင့် ရေမွန်းအသက်ရှုကြပ် သေဆုံးသွားကြောင်း ပဲ့နင်းကြီး ဦးကျော်စံလင်း (ဘ)ဦးမြသာ မှ ပြောပြသိရှိရပါသည်။

၎င်းလှေသား ကိုကြည်တင် သေဆုံးရသည့် အကြောင်းရင်းနှင့် ပတ်သက်၍ ဆိပ်ကမ်းမြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၃၀/၂၀၁၃)ဖြင့်ရေးဖွင့်ကာ စုံစမ်းစစ်ဆေး လျက်ရှိကြောင်း သတင်း ရရှိပါသည်။

Yangon Police

အကြမ်းဖက်ဝါဒနှင့်အကြမ်းဖက်လုပ်ရပ် ပြင်း ထန်စွာ ရှုတ်ချကြောင်း သီတဂူဆရာတော် အရှင်ဥာဏိ ဿရ ထုတ်ပြန်


အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက် လုပ်ရပ်မှန်သမျှကို ပြင်း ထန်စွာ ရှုတ်ချ ကြောင်း သီတဂူဆရာတော် အရှင်ဥာဏိ ဿရ (Ph.D., D. Litt) ဦးစီးသော သီတဂူအပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာ ပြုအဖွဲ့က ထုတ်ပြန်လိုက်သည်။

ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ် ထားရာနေရာ တစ်ခုဖြစ်သော ဗုဒ္ဓဘုရား ရှင် သဗ္ဗညုတရွှေဥာဏ်တော်ကို ရရှိ တော်မူရာ အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ် ရှိ မဟာဗောဓိစေတီတော် အနီးတစ်ဝိုက် ၌ ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က အကြမ်းဖက် သမားတချို့မှ အကြောင်းမဲ့ သက်သက် ယုတ်မာသိမ် ဖျင်းသော စိတ်ထားဖြင့် အကြမ်းဖက်မှု ကျူးလွန်ခဲ့သည့် လုပ်ရပ်အပေါ်သီတဂူ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာပြု (SIBMA)အဖွဲ့အနေဖြင့်အလွန်အမင်း ထိတ်လန့်တုန်လှုပ်ခဲ့ကြောင်း၊ ယင်း အကြမ်းဖက် သိမ်ဖျင်းသော လုပ်ရပ် သည် ''သည်းခံခြင်း နှင့် အကြမ်းမ ဖက်ခြင်း''တည်းဟူသော ဗုဒ္ဓဘုရားရှင် ၏ အဆုံးအမအနှစ်သာရနှင့် သာမက အခြားဘာသာကြီးလေးရပ် (ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ၊ ဂျူး)တို့၏ အဆုံးအမ နှင့် လည်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင် လျက်ရှိသည်ဟု သီတဂူအပြည်ပြည်ဆိုင် ရာ ဗုဒ္ဓဘာသာနာပြု (SIBMA)အဖွဲ့ ကခံယူကြောင်း၊ ဗုဒ္ဓဘုရားရှင်၏ အဆုံး အမများကို ကမ္ဘာ့ဘာသာကြီး လေးခုတို့ က ကမ္ဘာ့ငြိမ်းချမ်းရေးဆိုင်ရာ အမှန် တရားအဖြစ်လည်း လက်ခံသည်ဟု ယုံကြည်ကြောင်း၊ ယခုအကြမ်း ဖက် လုပ်ရပ်သည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို သာမက ကမ္ဘာ့ဘာသာ ရေးနှင့်ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းေ စာင့် ရှောက်ရေးကိုလည်း ခြိမ်းခြောက် အန္တရာယ်ပြုလျက်ရှိသည့် အတွက် သီတဂူ အပြည်ပြည်ဆိုင်ရာဗုဒ္ဓ သာသနာပြု(SIBMA) အဖွဲ့က ပြင်း ထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းဖော်ပြ ထားသည်။

ကမ္ဘာ့ဘာသာရေး ခေါင်းဆောင် များ အားလုံးအနေဖြင့်ကမ္ဘာ့ ဘာသာရေး နှင့် ယဉ်ကျေးမှုအမွေအနှစ်များကိုထိန်း သိမ်းစောင့်ရှောက်ကာ ကမ္ဘာကြီး၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကိုပါထိန်း သိမ်းစောင့်ရှောက်နိုင် မည့် နည်းလမ်း တစ်ခုကို ဝိုင်းဝန်းလက်တွဲရှာဖွေသွားရန် တိုက်တွန်းထား သည်။ အိန္ဒိယနိုင်ငံ အစိုးရ အနေဖြင့်လည်း ယခုကဲ့သို့မိုက်မဲ သော ပြစ်မှု ကျူးလွန်ခဲ့သူများကို ဖော် ထုတ်ပြီး ပြင်းပြင်းထန်ထန် အရေးယူ သွားရန်နှင့် ယခုကဲ့သို့ မလိုလားအပ် သည့် ဖြစ်ရပ်မျိုး ထပ်မံဖြစ်ပွားခြင်းမရှိ စေရေး အတွက် လိုအပ်သည့် အစီအမံ များ ချမှတ်ဆောင်ရွက်သွားပါရန်အထူး အလေးထားတောင်းဆိုကြောင်း၊ ကမ္ဘာ တစ်လွှားမှ ဗုဒ္ဓဘာသာဝင် အားလုံး အ နေဖြင့် ယခုကဲ့သို့ နာကြည်းဖွယ် အခြေ အနေမျိုးနှင့် ရင်ဆိုင်ရချိန်တွင် ဗုဒ္ဓ ဘုရားရှင်၏ အဆုံးအမဖြစ်သည့်သည်းခံ ခြင်းနှင့် အကြမ်းမဖက်ခြင်းကို မမေ့ မပျောက် စွဲစွဲမြဲမြဲ လိုက်နာကျင့်သုံးသွား ကြရန် အထူးအလေးထား တိုက်တွန်း ကြောင်း စသည်ဖြင့် သီတဂူဆရာတော် ကြီးနှင့် သီတဂူ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာပြုအဖွဲ့က လက်မှတ် ရေးထိုး ထုတ်ပြန်ထားသည်။

မိုးမြင့်

Popular Myanmar News Journal

ဆွာရက်ဇ်အတွက် အံ့အားသင့်ဖွယ် ကမ်းလှမ်းမှုပြုလုပ်ခဲ့သည့် အာဆင်နယ်


အောင်သုတ

အာဆင်နယ်အသင်းသည် လီဗာပူးလ်အသင်းမှ ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်အား မူလကပြောင်း ရွှေ့ကြေး ပေါင်သန်း ၄၀ ဖြင့် ကမ်းလှမ်းခဲ့ပြီး အဆိုပါကမ်းလှမ်းမှုအား လီဗာပူးလ်အသင်းမှပယ်ချခဲ့ပြီး နောက် အပိုတစ်ပေါင်တိုးပြီး ထပ်မံကမ်းလှမ်းမှုပြုလုပ်ခဲ့ကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။

ယခုနှစ်ရာသီတွင် တိုက်စစ်မှူးအင်အား ဖြည့်တင်းရန် ပြင်ဆင်နေသည့် အာဆင်နယ်အသင်းသည် ရီးယဲလ်တိုက်စစ်မှူး ဟီဂူအင်ကို မူလကခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း အဆင်မပြေခဲ့သောကြောင့် လီဗာပူးလ်တိုက်စစ်မှူး ဆွာရက်ဇ်အား ပစ်မှတ်ထားလာခဲ့ခြင်းဖြစ်ပြီး ပထမအကြိမ်အဖြစ် ပေါင်သန်း ၃၀ ဖြင့် ကမ်းလှမ်းခဲ့သည်။ သို့သော် လီဗာပူးလ်အသင်းမှ လက်မခံခဲ့သဖြင့် အသင်းစံချိန်တင်ကြေးဖြစ် သည့် ပေါင်သန်း ၄၀ ဖြင့် ထပ်မံကမ်းလှမ်းခဲ့သည်။ သို့ရာတွင် လီဗာပူးလ်အသင်းမှ ထပ်မံ ပယ်ချခဲ့ သဖြင့် ယခုနောက်ဆုံးတွင် ပေါင်သန်း ၄၀ ကို အပိုတစ်ပေါင်ထပ်ဆောင်းကာ ဆက်လက်ကြိုးပမ်း ခဲ့ခြင်းဖြစ်သည်။

လီဗာပူးလ်အသင်းကလည်း ဆွာရက်ဇ်အား ရောင်းချရန် အစီအစဉ်မရှိကြောင်း ကြေညာထားခဲ့သော် လည်း ဆွာရက်ဇ်ကမူ အန်ဖီးလ်မှ ထွက်ခွာလိုကြောင်း အစောပိုင်းက ထုတ်ဖော်ဝန်ခံထားခဲ့သည်။

ဆွာရက်ဇ်သည် လီဗာပူးလ်အသင်းအတွက် ခြေစွမ်းပြကစားနိုင်သော်လည်း မကြာခဏပြဿနာများဖြစ် ပွားလေ့ရှိခြင်းကြောင့် အသင်းတာဝန်ရှိသူများ၏ ငြိငြင်မှုနှင့် ရင်ဆိုင်ခဲ့ရသူလည်းဖြစ်သည်။ ၎င်းသည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်က အေဂျက်ဇ်အသင်းမှ လီဗာပူးလ်အသင်းသို့ ရောက်ရှိလာခဲ့ကတည်းကလက်ရှိ အချိန် အထိ ၉၆ ပွဲတွင် ၅၁ ဂိုးအထိ သွင်းယူပေးထားနိုင်သည်။ နောက်ဆက်တွဲသတင်းများအရ အာ ဆင်နယ်အသင်းသည် ၎င်းတို့၏ကမ်းလှမ်းမှုများ အကြိမ်ကြိမ်ပယ်ချခံရသော်လည်း အပြောင်းအရွှေ့ဖြစ် မြောက်လာမည်ဟု ယုံကြည်နေကြောင်း သိရသည်။
Mizzima - News in Burmese

အရက်လိုင်စင်ကြေး နှစ်ဆခန့်တက်မည်


ဟင်္သာတ၊ ဇူလိုင် ၂၄

ဧရာဝတီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက လက်ရှိ ထုတ်ပေးထားသော အရက်လိုင်စင်များကို အခွန်နှုန်းထား နှစ်ဆခန့် တိုးမြှင့်ကောက်ခံမည် ဖြစ်ကြောင်း စားသောက်ဆိုင် လုပ်ငန်းရှင်များထံမှ သိရသည်။

လိုင်စင်ကြေး မြှင့်တင်ပါက အခွန်ထမ်းနိုင်သည့်ဆိုင် ရှိသကဲ့သို့ အခွန်မထမ်းနိုင်သည့် ဆိုင်များလည်း ရှိနိုင်ကာ လက်ရှိ စားသောက်ဆိုင်လိုင်စင် အခွန်ကြေး (FR 17) မှာ ကျပ်ခြောက်သိန်းဖြစ်ပြီး အခွန်နှုန်း ထပ်တိုးပါက တစ်နှစ်စာကျပ်ဆယ်သိန်း ပေးဆောင်ရမည် ဖြစ်ကြောင်း ဟင်္သာတမြို့မှ စားသောက်ဆိုင်လုပ်ငန်းရှင် ဦးကျော်သူရက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် တိုးမြှင့်သည့် အခွန်နှုန်းထားများကို သဘောတူထားပြီး ဖြစ်သည်ဟု ကြားသိရပြီး ဧရာဝတီတိုင်း ဒေသကြီး ကျောင်းကုန်းမြို့တွင် FR 17 လိုင်စင်အတွက် နှစ်ဆတိုးကာ တစ်နှစ်စာ ကျပ် ၁၂ သိန်းနှုန်းဖြင့် သဘောတူထားသည်ဟု သိရှိရကြောင်း ၎င်းကဆိုသည်။

အရက်လိုင်စင်ကြေး တိုးမြှင့်ကောက်ခံရန် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က သဘောတူထားပြီး တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြထားကြောင်း ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မိုးအောင်က ပြောကြားသည်။

ဟင်္သာတမြို့နယ်တွင် လိုင်စင်ကြေးများကို ယခုနှစ်ဘတ်ဂျက်အတွက် နှုန်းဟောင်းအတိုင်း ကောက်ခံသွားရန် စီစဉ်နေကြောင်း ၎င်းကပြောဆိုသည်။
The Voice Weekly

မလေးရှားမယ် ကမ္ဘာ ပြိုင်ပွဲတွင် မူဆလင် အမျိုးသမီးများ တားမြစ်ခံရ


အစ္စလာမ်ဘာသာဝင် အမျိုးသမီး များ အလှမယ်ပြိုင်ပွဲဝင်ခြင်းမှာ အပြစ် (ဟာရမ်)ဖြစ်သည်ဟု ဖက်ဒရယ် ဒေ သန္တရဘာသာရေး ဆရာဝမ် ဇဟီဒီဝမ်က အွန်လိုင်းမှ ဝေဖန်မှုကြောင့် ဖိုင်နယ်အ ဆင့် မလေးရှားအလှ မယ် လေးဦးပြိုင် ပွဲမှ ထုတ်ပယ်ခံရကြောင်း The Star သတင်းစာမှ သိရသည်။

ထုတ်ပယ်ခံရသော ပြိုင်ပွဲဝင် လေးဦးမှာဆာယာအာမယ်လီယာ ဘား နဒ်ဝါဖာ ယောဘန်နာဒီကော့၊ မီရာရှိခ် နှင့် ကက်သရီနာ ရဒ်ဇွမ်တို့ဖြစ်ကြပြီး ထိုသီးသန့်တားမြစ်ချက်အား စာရွက် စာတမ်း မိတ္တူအနေဖြင့် ရရှိခြင်း မဟုတ်သော်လည်း ဘာသာရေးကို လေးစားသောကြောင့် ယင်းသို့ ထုတ် ပယ်လိုက်ရကြောင်းကို ပွဲစီစဉ် ကျင်းပ သူ အန်နာလင်းက ဆက်လက်ပြောကြား ခဲ့သည်။

အင်ဒိုနီးရှားကဲ့သို့ အစ္စလာမ်နိုင်ငံ မျိုးတွင်ပင် မယ်ကမ္ဘာပြိုင်ပွဲ ကျင်းပနိုင် လျှင် မလေးရှားနိုင်ငံတွင် မကျင်းပနိုင် ရသည့် အကြောင်း အရင်းကို သိချင်၍ ဘာသာရေး ဆရာဝမ်ဇဟီဒီကို တွေ့ဆုံ ဆွေးနွေးရန် ကြိုးစားခဲ့သည်ကိုလည်း သူမက ဖြည့်စွက်ပြောကြားသည်။

၂ဝ၁ဝ ပြည့်နှစ်က အမေရိကတွင် မယ်ကမ္ဘာဘွဲ့ရခဲ့သူ ရီမာဖကီးသည် ပထမဆုံး မူဆလင်မယ်ကမ္ဘာတစ်ဦးဖြစ် ပြီး ၂ဝဝ၆ ခုနှစ် အင်္ဂလန်မယ် ဟမ်မာ သာ ကိုဟီစတန်နီသည်လည်းအစ္စလာမ် ဘာသာဝင် တစ်ဦးဖြစ် သည်။ အလှ မယ်ပြိုင်ပွဲဝင်ခြင်းသည် Sexy အဝတ်အစားများ ဝတ်ပြရန် ဝင်ရောက် ခြင်းမဟုတ်ဘဲ ပညာတတ်အမျိုးသမီး တစ်ဦး၏ ပရဟိတ အလှူဒါနနှင့် လူ့ အရည် အသွေးကို ပြသရန်အတွက် ဖြစ်သည်ဟု ထုတ်ပယ်ခံရသူ ဘားနဒ်က ပြောကြားခဲ့သည်။

မလေးရှားမယ်ကမ္ဘာပြိုင်ပွဲ တစ်ခု လုံးတွင် ရေကူးဝတ်စုံဖြင့် ယှဉ်ပြိုင်ခွင့် မပြုဘဲ မလေးအမျိုးသမီးအားလုံး အား ကစားဝတ်စုံသာ ဝတ်ရမည့် စည်းကမ်း သည်ရှိပြီးသားဖြစ်သည်။ ကိုယ်ခန္ဓာ အစိတ်အပိုင်းများကို အလွန်အကျွံ ဖော် ချွတ်ရမည့်အခြေအနေမျိုးမဖြစ်ေ အာင် အဆင့်တိုင်းတွင် စီစဉ်ထားပြီးဖြစ် ကြောင်းကိုလည်း ပွဲမှ ထုတ်ပယ်ခံရသူ ဝါဖာက ပြောကြားသည်။

မူဆလင်အမျိုးသမီးများ မဖွယ် မရာဝတ်စားဆင်ယင်မှုကို တားမြစ် သည့် ဖာတဝါတားမြစ်ချက်၏ ဤပြိုင် ပွဲမျိုးအပေါ် သက်ရောက်မှုကို စိုးရိမ် သည်ဟု အစ္စလာမ်ညီအစ်မများ Sisters in Islam အဖွဲ့က ထုတ်ဖော် ပြောကြားခဲ့သည်။

၁၉၉၆ ခုနှစ်ကတည်းက ထုတ် ပြန်ထားသည့် ယင်းတားမြစ်ချက်ကို မလေးရှားအလှမယ်ပြိုင်ပွဲ စီစဉ်ကျင်းပ သူများ မသိရခြင်းအကြောင်း ရင်း မေးခွန်းထုတ်ပြီး ရာမဒန် ဥပုသ်လတွင် ပို၍ သတိထားသင့်ကြောင်းကို ပန်ဂျာရန်း ခရိုင် အမျိုးသမီး ပါလီမန် အမတ် အဇာလီနာအော့သ်မန် က ပြောခဲ့သည်။

Popular Myanmar News Journal

ဝန်ကြီးဌာန ရုံးဟောင်းလေးလုံးကို ဟိုတယ်အဖြစ် ပြောင်းလဲသွားမည်


ကိုလိုနီခေတ် လက်ကျန်အဆောက်အဦးတွေဖြစ်တဲ့ ဝန်ကြီးဌာနရုံးဟောင်း ၄ လုံးကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေထံ လွှဲပြောင်းပေးပြီး ဟိုတယ်လုပ်ငန်းတွေအဖြစ် ပြောင်းလဲအသုံးပြုသွားမယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင် အကြီးအကဲတွေက ဒီနေ့ပြောလိုက်ပါတယ်။

ဒီနေ့ရန်ကုန်မြို့ မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုကော်မရှင်ရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရင်းနှီးမြှပ်နှံမှုကော်မရှင် တွဲဘက်အတွင်းရေးမှူးလည်းဖြစ် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး သူရ ဦးသောင်းလွင်က ပြောခဲ့တာပါ။

"ဆူးလေဘေးနားက အဆောက်အဦးဟာ နောက်သုံး၊ လေးနှစ်ဆိုမရတော့ဘူး၊ ပြိုတောင်ပြိုနိုင်တယ်၊ အချိန်မီအောက်မှာ ဒေါက်ထောက်မှရမယ်၊ ယနေ့ရုံးဟောင်း အဆောက်အဦးအောက်မှာ ဝင်သွားတဲ့အခါကျတော့ ဒေါက်ထောက်ထားတာကိုတွေ့တယ်၊ ဒီဟာကိုပြင်ရင်ကို အနည်းဆုံးဒေါ်လာ ၁ဝ သန်းလောက်ကုန်မယ်စသဖြင့် ဒီလိုပြောတဲ့ပုဂ္ဂိုလ်တွေရှိပါတယ်”

မြန်မာနိုင်ငံဟာ ကမ္ဘာလှည့်ခရီးသွားတွေအတွက် ဟိုတယ်ဈေးနှုန်းတွေ မြင့်တက်နေတာကြောင့် လာရောက်လည်ပတ်လိုသူတွေအတွက် အခက်အခဲရှိသလို နိုင်ငံတကာအဆင့်မီ ဟိုတယ်တွေလည်း နည်းပါးနေသေးတယ်လို့ ဆိုပါတယ်။ ရင်းနှီးမြှပ်နှံမှုကော်မရှင်ရဲ့ ညွှန်ကြားရေးမှုးချူပ် ဦးအောင်နိုင်ဦးက အခုလိုပြောပါတယ်။

"ကျနော်တို့မှာ ဟိုတယ်အခန်းက နည်းနေပြီး လာတဲ့လူကများတော့ ဟိုတယ်ခတွေက အဆပေါင်းများစွာ တက်သွားတာဖြစ်ပါတယ်၊ ဒါကြောင့်မို့ ဟိုတယ်ကဏ္ဍနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က ရင်းနှီးမြှပ်နှံမှုတွေကို ဖိတ်ခေါ်တဲ့အနေအထားရှိပါတယ်”

တချိန်တည်းမှာပဲ ရန်ကုန်တိုင်း စုပေါင်းတရားရုံးကြီးကိုလည်း တရုတ်ကုမ္ပဏီဖြစ်တဲ့ Flying Tiger ကုမ္ပဏီကို ဟိုတယ်အဖြစ် လုပ်ကိုင်ခွင့်ပြုထားပြီးဖြစ်တာကြောင့် ရှေ့နေများကွန်ရက်က အစိုးရနဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်တို့ကိုလည်း တရားစွဲဖို့ ပြင်ဆင်နေကြောင်း ရှေ့နေများကွန်ရက်က တရားဝင်စာတင်ထားတယ်လို့ သိရပါတယ်။
RFA Burmese

Google ရဲ့  Nexus 7 Tablet အမှန်တကယ်လာပြီ


ယခင်ထွက်ပေါ်နေတဲ့ သတင်းများအတိုင်း အမှန်တကယ် Android
Version 4.3 နဲ့ထွက်ရှိလာခဲ့ပါပြီ။ယခင်က ခန့်မှန်းထားတဲ့ ဈေးနှုန်းအတိုင်း
ဒေါ်လာ ၂၃၀ နှင့် ၂၇၀ ဝန်းကျင်နဲ့ဖြန့်ချိမယ်လို့ကြေငြာထားပါတယ်။

မျက်နှာပြင်အကျယ် ၇ လက်မနှင့် သာမန် tablet တွေအသုံးပြုထားတဲ့
1280 x 800, 216ppi Resolution ထက်မြင့်တဲ့ 1920 x 1200 full HD
မျက်နှာပြင် 323ppi ကိုအသုံးပြုထားပါတယ်။

Processor အနေနဲ့ 1.4GHz quad-core Qualcomm Snapdragon S4 Pro chip ကိုအသုံးပြုထားပြီး ရှေ့ကင်မရာ 1.2MP နှင့် နောက်ကင်မရာ 5MP
အသုံးပြုထားပါတယ်။

အပါးလွှာဆုံးအနေနဲ့ ယခင် ထွက် ရှိပြီး Nexus ထက် ၂ မီလီမီတာ ပိုပါးသွားပြီး RAM 2GB အသုံးပြုထားပါ
တယ်။ပုံစံနှစ်မျိုးထုတ်လုပ်ထားပြီး 32GB အတွက် ကန်ဒေါ်လာ
၂၃၀(ပေါင် ၁၅၀)နှင့် 64GB အတွက် ကန်ဒေါ်လာ ၂၇၀(ပေါင် ၁၇၅)နဲ့
စက်တင်ဘာ ၁၃ ရက်နေ့ ဗြိတိန်မှာ စတင်ဖြန့်ချိတော့မယ်လို့သိရပါတယ်။

Ref:Stuff Uk
Khun Nay(August Myanmar Media Group)

ခန္ဓာကိုယ် တစ်ပိုင်းကို ဖြုတ်ပြီး လမ်းလျှောက်ပြခဲ့သော အမိုက်စား မှော်ဆရာ


မှော်ဆရာတစ်ယောက်ဟာ သူ၏ ခန္ဓာကိုယ်ကို တစ်ပိုင်းဖြုတ်၍
အချိန်အတော်ကြာကြာ လမ်းလျှောက်ပြခဲ့ပါတယ်။ အလွန်ပင် အံ့သြဖွယ် ကောင်းသော ပြကွက်ဖြစ်ပါတယ်။

၎င်းမှော်ဆရာဟာ သူ၏ခြေထောက်နှစ်ချောင်းကို လက်ဖြင့်ကိုင်၍
လမ်းလျှောက်ပါတယ်။ မှော်ဆရာဟာ ဟာသပြကွက်များကိုလည်း
ပြခဲ့ပါတယ်။ လမ်းလျှောက်နေစဉ် ဗီဒီကိုလည်း ရိုက်ကူးထား ခဲ့ပါတယ်။
ထို့ကြောင့် အောက်ပါလင့်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။


သူအခုလို ခန္ဓာကိုယ် တစ်ပိုင်းကို ဖြုတ်ပြီးလမ်းလျှောက် ပြတာဟာ
မြင်ရသူတွေအဖို့ကတော့ အလွန်ပင် ထူးဆန်းလှပါတယ်။
သူ့အနေနဲ့ကတော့ အခက်အခဲမရှိ လွယ်ကူစွာ လျှောက်ပြနိုင်ခဲ့ပါတယ်။

Kyaw Lin Naing ( MM Social Sky )



လုပ်ငန်းအတွက် (၇) ချက်


(၁) ကိုယ့်ဆီ ၀င်လာတဲ့ငွေရဲ့ ဆယ်ပုံတစ်ပုံကို အမြဲတမ်းချန်ထားပါ။

(၂) ကိုယ့်ဆီဝင်လာသော ငွေများကို စနစ်တကျ စီမံခန့်ခွဲသုံးစွဲပါ။ ငွေဝင်တဲ့ လမ်းကြောင်းတွေကို သိထားဖို့လိုသလို ထွက်တဲ့လမ်းကြောင်းတွေကို ဂဃနဏ သိထားဖို့လည်း လိုတယ်။ မလိုအပ်ဘဲ ထွက်နေတဲ့ လမ်းကြောင်းတွေရှိရင် အမြန်ဆုံး ပိတ်ပစ်ရန် လိုသည်။ အဲဒီလို မလုပ်ရင် အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေမည်။

(၃) ငွေတွေကို သက်မဲ့လို သဘောမထားရပါဘူး။ သူတို့အချင်းချင်း ရင်းနှီးပြီး တိုးပွားမယ့် နေရာတွေကို ပို့ရမယ်။ နွားတွေ၊ ကြက်တွေ အုပ်လိုက် မွေးသလိုပါပဲ။ သူတို့အချင်းချင်း မိတ်တွေလိုက်ကြ၊ ဥတွေဥကြ၊ အကောင်တွေ ထပ်ပွားကြပေါ့။ ကိုယ်က ငွေမရှာဘဲ ငွေငွေချင်း ပြန်ရှာသွားတာပေါ့။ ငွေကို သေတ္တာထဲ ထည့်သိမ်းထားရင် အကြောသေပြီး လေဖြတ်တဲ့လူလို ငွေတွေ လေဖြတ်သွားလိမ့်မယ်။ အင်အားမရှိတော့ဘူး။

(၄) အလုပ်လုပ်ရာတွင် လောင်းကစားမဆန်ရဘူး။ မြတ်ချင်မြတ်၊ ရှုံးချင်ရှုံး ဆိုတဲ့ သဘောမျိုး မလုပ်ရဘူး။ သေချာတာလောက်ကိုပဲ လုပ်ရမယ်။ မြတ်ရင်တော့ အများကြီးမြတ်မယ်၊ ရှုံးရင် ကုန်သွားမယ်ဆိုတာမျိုးကို ဘယ်သူက ဘယ်လောက် အပြောကောင်းကောင်း မလုပ်ရဘူး။ မပိုင်တဲ့အလုပ်၊ မကျွမ်းကျင်တဲ့အလုပ်မှာ ဘာရင်းနှီးမြှုပ်နှံမှုမှ မလုပ်ရဘူး။ ( သူများပြောတာကို မယုံနဲ့၊ ကိုယ့်မျက်စိနဲ့ တွေ့တာတောင် တစ်ဝက်ပဲယုံ )

(၅) အိမ်ငှားမနေနဲ့ - အိမ်ပိုင်ဖြစ်အောင်လုပ်၊ ကြိုးစား၊ ဆိုင်မငှားနဲ့။ အပိုင်ဖြစ်အောင် ကြိုးစား။ ငှားတာဟာ ကြာတော့ စရိတ်ထောင်းတယ်။ စိတ်လည်း ရှုပ်ရတယ်။ သေးတာကြီးတာ ပဓာန မဟုတ်ဘူး။ ကိုယ်ပိုင်ဖြစ်အောင် ကြိုးစားဖို့ပဲ။ အဲဒီ အပေါက်ဟာ ငွေအထွက်ဆုံးပဲ။

(၆) မမျှော်မှန်းနိုင်တဲ့ အနာဂတ်အတွက် ပြင်ဆင်မှုတွေ လုပ်ရမယ်။ ( မတ်တတ်စာပဲ ရှိတယ်၊ တုံးလုံးစာ မရှိဘူး လို့ မပြောရအောင် ပြင်ဆင်ထားပါ )

(၇) ကြိုးစားမှုကို ဘယ်တော့မှ မလျှော့နဲ့။ ( အားပေးတဲ့ ဖောက်သည်တို့၊ အားပေးတဲ့ ပရိသတ်တို့ဆိုတာ စိတ်ချရတာမျိုးမဟုတ်ဘူး။ ကိုယ့်ထက် တော်တဲ့၊ ကောင်းတဲ့လူရှိရင် အဲဒီကို သွားကြမှာ )

မင်းသိင်္ခ ၏ “ရေမျောကမ်းတင် အောင်ဗဒင်” စာအုပ်မှ ပြန်လည်ဖော်ပြပါသည်။
credit to> ရေးမိ ရေးရာလေးများ.

လုံခြုံရေးအခြေအနေကြောင့် ပရိသတ်များ ပွဲမပြီးခင် ဗထူးကွင်းအတွင်းမှ ထွက်ခွာခဲ့ရဟု ရန်ကုန်အသင်း သတင်းထုတ်ပြန်

ဇူလိုင်လ ၂၃ ရက်က ကစားခဲ့သည့် ရတနာပုံအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့၏ မြန်မာ နေရှင်နယ်လိဂ်ပွဲစဉ်တွင် လုံခြုံရေးအခြေအနေကြောင့် ပရိသတ်များထိခိုက်ဒဏ်ရာရရှိမည်ကို စိုးရိမ် သဖြင့် ပွဲမပြီးခင်အချိန်မှာပင် ဗထူးကွင်းအတွင်းမှ ထွက်ခွာစေခဲ့ကြောင်း ရန်ကုန်ယူနိုက်တက်အသင်း က တရားဝင်သတင်း ထုတ်ပြန်ခဲ့သည်။

ရတနာပုံနှင့် ရန်ကုန်အသင်းတို့မှာ မြန်မာနေရှင်နယ်လိဂ်တွင် အအောင်မြင်ဆုံး ကလပ်အသင်းများ ဖြစ်သည်နှင့်အညီ တွေ့ဆုံသည့် ပွဲစဉ်တိုင်း၌ ပြိုင်ဆိုင်မှု ပြင်းထန်လေ့ရှိသည်။

အဆိုပါပွဲစဉ်တွင် ရတနာပုံ ပရိသတ်များက ရန်ကုန်ပရိသတ်များအား အရာဝတ္ထုပစ္စည်းများဖြင့် ပစ် ပေါက်ခဲ့ပြီး လုံခြုံရေးအင်အားမှာလည်း အလွန်နည်းခဲ့ကြောင်း ရန်ကုန်ယူနိုက်တက်အသင်း မီဒီယာ ဌာနမှ ကိုမျိုးမြင့်သောင်းက မဇ်္ဈိမသို့ ပြောသည်။

“ကွင်းထဲမှာ ရန်ကုန်အသင်း ပရိသတ်တွေအတွက် နေရာပေးထားတာက ၁၅ ပေပတ်လည်လောက်ပဲ ရှိတယ်။ ရတနာပုံ ပရိသတ်တွေနဲ့ ရန်ကုန်ပရိသတ်တွေကြားမှာ ပိုက်ကွန်တစ်ခုပဲ ကာထားတယ်။ ပိုက် ကွန်ကလည်း လူတစ်ယောက်ရဲ့ အရပ်တစ်ဝက်လောက်ပဲ ရှိတယ်။ နှစ်ဖက်ပရိသတ်ကြားမှာရှိတဲ့ လုံခြုံ ရေးအင်အားကလည်း ၁၀ ယောက်လောက်ပဲရှိမယ်။ အိမ်ရှင်ရတနာပုံ ပရိသတ်တွေက ရန်ကုန်ပရိသတ် ကို ဆဲတာတွေ အရာဝတ္ထုတွေနဲ့ ပစ်ပေါက်တာတွေ လုပ်လာတာကြောင့် အသင်းအတွင်းရေးမှူးက ပရိသတ်လုံခြုံရေးအတွက် စိုးရိမ်ပြီးပွဲချိန်မိနစ် ၆၀ လောက်မှာ ကွင်းထဲက ထွက်ခွာစေခဲ့တာပါ”ဟု ၎င်းက ဆိုသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ရတနာပုံအသင်း မီဒီယာတာဝန်ခံ ဦးသိန်းသန်းတိုးကို မဇ်္ဈိမမှ ဆက်သွယ် မေးမြန်းခဲ့ရာ “ရတနာပုံ ပရိသတ်တွေ အရာဝတ္ထုနဲ့ ပစ်ပေါက်ခဲ့တယ်ဆိုတာ အနည်းအကျဉ်းပါ။ အရမ်း ဆိုးရွားတဲ့ အနေအထားမဟုတ်ပါဘူး။ လုံခြုံရေးကိုလည်း အပြည့်အ၀ပေးထားပါတယ်။ ရန်ကုန် ပရိ သတ်တွေ ကွင်းထဲက ထွက်သွားတဲ့ အချိန်မှာ ကျွန်တော်တို့ နိုင်နေတာလေ။ ဘာကြောင့် ပြဿနာ ရှာရမှာလဲ။ သူတို့ အတွင်းရေးမှူး ကိုကျော်လင်းထွေးကိုလည်း ဒီလိုမလုပ်ဖို့ ကျွန်တော်တို့ တောင်းပန် ခဲ့ပါသေးတယ်။ ဒါပေမဲ့ သူတို့သဘောနဲ့သူတို့ ကွင်းထဲက ထွက်ခဲ့တာပါ” ဟု ပြန်လည် ဖြေကြားသည်။

ထို့အပြင် အဆိုပါပွဲစဉ်၌ မီဒီယာ တာဝန်ခံအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သော မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် မီဒီယာဌာနမှ ဦးထွန်းထွန်းအောင်ကလည်း “ အခြေအနေက ပွဲမပြီးခင် ကွင်းထဲကထွက်သွား ရလောက်တဲ့အထိ မဆိုးပါဘူး။ နှစ်ဖက်ပရိသတ်ကြားထဲမှာ ကျွန်တော်ရှိပါတယ်။ ဆဲတာဆိုတာက တော့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်တိုင်းမှာ ဖြစ်နေကျပါ။ ရန်ကုန်အသင်းပရိသတ် တွေ ပွဲဆက်ကြည့်မယ်ဆိုရင် လုံခြုံရေး အပြည့်တာဝန်ယူပေးမယ်လို့ကျွန်တော်တို့ ပြောခဲ့ပါသေးတယ်။ ဒါကို သူတို့က လက်မခံဘဲ တံခါးဖွင့်ခိုင်းလို့ ကျွန်တော် ကိုယ်တိုင်တံခါးဖွင့်ပေးခဲ့တာပါ။ ပြန်သွားတဲ့ ရန်ကုန်ပရိသတ်တွေရဲ့ လုံခြုံရေးကိုလည်း စီစဉ်ပေးခဲ့ပါတယ်” ဟု မဇ်္ဈိမသို့ပြောသည်။ ရတနာပုံ-ရန်ကုန်ပွဲစဉ်ကို ရန်ကုန်မြို့မှ ရန်ကုန်ပရိသတ် ၂၀၀ ခန့် မန္တလေးသို့ လိုက်ပါအားပေးခဲ့ပြီး ပရိသတ်များ ၏ ကုန်ကျစရိတ်ကို အသင်းမှ ပြန်လည်ပေးအပ်သွားမည်ဟုလည်း ရန်ကုန်အသင်းပိုင် ၀ဘ်ဆိုဒ်တွင် ကြေညာထားသည်။

Mizzima

ဓားပြတိုက်နေစဉ် ထငိုသော ကလေးငယ်ကို ဓားပြဖြစ်သူက နို့ ဘူးဖျော်တိုက်ကာ ချော့သိပ်

ဓားပြတစ်ဦး ဓားပြတိုက်နေစဉ် ၄င်းဓားပြတိုက်နေသော အိမ်မှကလေးငယ် အိပ်ရာမှ နိုးကာထ အော်ငိုလေသည်။ ထိုအခါ ၄င်းက ၄င်းကြိုးတုပ် ချည်နှောင်ထားသော မိခင်ဖြစ်သူကို ကလေးအငိုတိတ်ရန် မည်သို့ လုပ်ရမည် ဆိုသည်ကို လှမ်းမေးလိုက်လေသည်။ ---



ပြည်မြန်မာ