လွှတ်တော်ကိုယ်စားလှယ်များ လစာတိုးတော့မည်


စိုးသန်းလင်း

နေပြည်တော်၊ မဇ္ဈိမ။ ။ လစဉ်ချီးမြှင့်ငွေ ကျပ်သုံးသိန်းခံစားနေကြရသည့် လွှတ်တော်ကိုယ်စားလှယ်များကို ၎င်းတို့၏လုပ်ငန်းတာဝန်များနှင့် ထိုက်တန်စွာ လိုက်လျောညီထွေရှိစေရန် ဥပဒေပြင်ဆင်သွားမည်ဟု ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းဝေးက မေလ ၂၈ရက်က အတည်ပြုခဲ့သည်။

"လွှတ်တော်ကိုယ်စားလှယ်များရဲ့ ဆွေးနွေးချက်တွေအရ ချီးမြှင့်ငွေ(လစာ)နဲ့ အသုံးစရိတ်တွေကို လွှတ်တော်တွင် သက်ဆိုင်ရာ လွှတ်တော်ကော်မတီတွေနဲ့ ညှိနှိုင်းဆွေးနွေးပြီး ဆက်လက်ဆောင်ရွက်သွားပါ့မယ်။ ဒီကိစ္စတွေဟာ လွှတ်တော်အခွင့်အရေး ကိစ္စသာ မဟုတ်ဘဲ နိုင်ငံအတွက်ပါ ဖြစ်တယ်ဆိုတာနဲ့ပတ်သတ်ပြီး ဆက်လက် ဆောင်ရွက်မှာဖြစ်ပါတယ်။ လွှတ်တော် အခွင့်အရေးကော်မတီရဲ့ အစီရင်ခံစာကို ယနေ့အစည်းအဝေးက မှတ်တမ်းတင်အတည်ပြုလိုက်ပါတယ်" ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောသည်။

ပြည်သူ့လွှတ်တော် အခွင့်အရေးကော်မတီ၏ အစီရင်ခံစာ၌ "လွှတ်တော်ကိုယ်စားလှယ်များသည် တစ်နှစ်လျှင် ခုနှစ်လမှ ရှစ်လခန့် လွှတ်တော်အစည်းအဝေးများ တက်ရောက်ခြင်းနှင့်
လွှတ်တော်ကော်မတီဆိုင်ရာ လုပ်ငန်းများကို နေပြည်တော်တွင် လာရောက်ဆောင်ရွက်ကြရကြောင်း၊ ကျန်လွှတ်တော်ပြင်ပ အချိန်များတွင်လည်း မိမိတို့၏ မဲဆန္ဒနယ်ကိစ္စများကို ဆောင်ရွက်ရကြောင်း၊ အဆိုပါတာဝန်များကို မအားမလပ် ဆောင်ရွက်နေရသော်လည်း ခံစားခွင့်ရရှိသော လစာ၊ ချီးမြှင့်ငွေနှင့် စရိတ်လုံလောက်မှုလည်းမရှိဘဲ နည်းပါးလှသည်ဟု လွှတ်တော်
ကိုယ်စားလှယ်အများစုက ဝေဖန်ပြောကြားလျက်ရှိနေပြီး လွှတ်တော်အခွင့်အရေးကော်မတီသို့ တင်ပြဆွေးနွေးမှုများရှိနေကြောင်း၊ ထို့ကြောင့် လွှတ်တော် ကိုယ်စားလှယ်များ၏ အကြံပြု
ဆွေးနွေးချက်များအပေါ် ပြည်သူလွှတ်တော်၏ သဘောတူညီချက်ရရှိပါက ဥပဒေကြမ်း ပူးပေါင်းကော်မတီနှင့် ပူးပေါင်းပြီး ဥပဒေ ပြင်ဆင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

Mizzima Burmese

မောင်တောနယ်စပ်မှာ တိုက်ပွဲဖြစ်၊ ဘင်္ဂါလီတစ်ဦး သေ

ဓါတ်ပုံ - Eleven Media Group

မောင်တောနယ်စပ် မိုင်တိုင်အမှတ် ၅၂ အနီးမှာ ဒီနေ့ နံနက်ပိုင်းက နယ်ခြားစောင့် ရဲနဲ့ ဘင်္ဂါလီ လက်နက်ကိုင်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

နယ်စပ်ခြံစည်းရိုးကို ချည်းကပ်လာတဲ့ ဘင်္ဂါလီလက်နက်ကိုင် တချို့နဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းပုန်းအဖွဲ့နဲ့ တွေ့တဲ့အခါ ဘင်္ဂါလီလက်နုက်ကိုင်တွေက စတင်ပစ်ခတ်ခဲ့ပါတယ်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့က ပြန်လည် ပစ်ခတ်တဲ့အတွက် ဘင်္ဂါလီတစ်ဦး သေဆုံးပြီးတော့ သူကိုင်တဲ့ သေနတ်နဲ့ ကျည် ၉၀ကျော်ကို ဖမ်းမိလိုက်ပါတယ်။

ကျန်တဲ့ သူတွေကတော့ လွှတ်မြောက်သွားပါတယ်။

မိုင်တိုင်အမှတ် ၅၂မှာ မေလ ၁၇ ရက်နေ့ကလည်း RSO ဘင်္ဂါလီ လက်နက်ကိုင်တွေက တိုက်ခိုက်တဲ့အတွက် ရဲ လေးဦး သေဆုံးခဲ့ပါတယ်။

မေ ၁၃ ရက်နေ့ကလည်း တစ်ကြိမ်ဖြစ်ပါတယ် အဲဒီအချိန်ကတော့ RSO က ဗိုလ်တစ်ဦး သေသွားခဲ့ပါတယ်။

Rakhine Citizen Journalists

နယ်သာလန်မှ အမျိုးသမီး အတွင်းခံ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ (သတင်း + ဓာတ်ပုံများ)


ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီး စတင်ကျင်းပရန် သီတင်းပတ် အနည်းငယ် လိုသေးသော်လည်း နယ်သာလန်တွင် ပြုလုပ်သည့် စိတ်ဝင်စားစရာ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ တစ်ရပ်တွင်မူ အိမ်ရှင်တို့

ထိန်းသိမ်းထားသူ ၂၅၀ ကျော် ထိုင်းစစ်တပ်ပြန်လွှတ်


ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ် စစ်အာဏာသိမ်းပြီးတဲ့နောက် ထိန်းသိမ်းထားသူတွေနဲ့ ပတ်သက်လို့ စိုးရိမ်စိတ်တွေ လျော့ကျစေဖို့ ကြိုးစားတဲ့အနေနဲ့ ထိန်းသိမ်းထားသူ အများစုကို ပြန်လွှတ်ပေးလိုက်ပြီလို့ ထိုင်းစစ်တပ်က ဒီကနေ့ ပြောဆို လိုက်ပါတယ်။

နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေနဲ့ ပညာရှင်တွေ အပါအ၀င် လူပေါင်း ၂၅၃ ယောက်ကို စစ်တပ်က ဆင့်ခေါ်ခဲ့တာဖြစ်ပြီး အခု ဒီအထဲက ၁၂၄ ယောက်ကို ပြန်လွှတ်ပေးလိုက်သလို၊ ၇၆ ယောက်ကိုတော့ ထိန်းသိမ်းထားဆဲဖြစ်ပြီး ကျန်တဲ့ ၅၃ ယောက်ကတော့ ဆင့်ခေါ်ချိန်မှာ ရောက်မလာခဲ့ဘူးလို့ ထိုင်းစစ်ဘက်ပြောခွင့်ရသူ Werachon Sukondhapatipak က ပြောသွားတာပါ။

စစ်တပ်က ပြန်လွှတ်ပေးလိုက်သူတွေရဲ့ မှတ်တမ်းရုပ်ပုံတွေနဲ့ စစ်တပ်က ဖိနှိပ်ဆက်ဆံခဲ့တာ မရှိပါဘူးလို့ ဒီလူတွေက ပြောဆိုတာတွေကိုလည်း ရုပ်မြင်သံကြားကနေ ပြသခဲ့ပါတယ်။ ဒီလို ပြသတဲ့အထဲမှာတော့ ရာထူးက ဖယ်ရှားခံရတဲ့ ၀န်ကြီးချုပ်ဟောင်း ယင်းလပ် ရှင်နာဝပ်ကို ထောက်ခံသူ ရှပ်နီ ဆန္ဒပြခေါင်းဆောင် Jatuporn Prompan လည်း ပါဝင်ပါတယ်။

အစိုးရကို ထောက်ခံသူ၊ ဆန့်ကျင်သူ နှစ်ဘက်စလုံးက ဆန္ဒပြသူတွေကတော့ စစ်တပ်က ဖမ်းဆီးမှုတွေ လုပ်သွားမယ်လို့ ခြိမ်းခြောက်ထားပေမဲ့လို့ ဒါကို အာခံပြီး ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ဆက်လက် ဆန္ဒပြခဲ့ကြပါတယ်။

နိုင်ငံရေး တင်းမာမှုတွေ ရှိနေတဲ့တိုင်အောင် မြို့တော် ဘန်ကောက်မှာတော့ အခြေအနေက ပုံမှန်အတိုင်း လည်ပတ်နေပါတယ်။ ည ၁၀ နာရီကနေ မနက် ၅ နာရီအထိ အပြင်မထွက်ရအမိန့်ကို လျှော့ပြီး ည ၁၂ နာရီကနေ မနက် ၄ နာရီအထိ အပြင်မထွက်ရ ဆိုပြီးတော့လည်း စစ်တပ်က အမိန့် လျှော့ပေါ့ပေးလိုက်ပါတယ်။

voa burmese

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)သမီးဖြစ်သူမှ ၎င်းပိုင် မြေဧကပေါ်တွင် ၀င်ရောက်လုပ်ကိုင်သူများကိုတရားစွဲ



သရက်ဇုန်စီမံကိန်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရန် တောင်သူများထံမှ သိမ်းယူထားသည့် လယ်ယာမြေဧက ၅,၀၀၀ တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ငြိမ်း)၏သမီးဖြစ်သူ ဒေါ်သန္တာရွှေမှ ၎င်းပိုင်
လယ်မြေဧက ၁၀၀ ကျော်တွင် တောင်သူတို့မှ ၀င်ရောက်လုပ်ကိုင်နေသည့်အပေါ် ပြည်ထဲရေးဝန်ကြီးဌာနသို့ တိုင်ကြားခဲ့ပြီးနောက် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရ သည်။

စီမံကိန်းအဖြစ် သိမ်းယူထားသည့် လယ်၊ ယာဧကများအနက်

နိုင်ငံတော် သမ္မတမှ

လယ် ၁၀ ဧကပိုင်ဆိုင်ပြီး တောင်သူ့ထံ လျော်ကြေးအဖြစ် လယ် တစ်ဧကလျင် ကျပ် ငါးသိန်းနှုန်း၊

ကာကွယ်ရေးဦးစီးချုပ်မှ

ဧက ၅၀ ၀န်းကျင်ခန့်ရှိပြီး လယ်တစ်ဧက ကျပ် ငါးသိန်းနှင့် ယာတစ်ဧကလျှင် ကျပ် ငါးသိန်းနှုန်း၊
လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌ၏ ဧက ၅၀ တွင် ၂၅ ဧကအား တောင်သူများထံ ပြန်ပေးအပ်ခဲ့သည်။

အိုးအိမ်နှင့်ခြံမြေ ဦးအောင်ဝင်းမှ လယ်တစ်ဧကလျှင် ကျပ်ငါးသိန်း၊ ယာ တစ်ဧကလျှင် ကျပ်သုံးသိန်းငါးသောင်းနှုန်းဖြင့် ညှိနှိုင်းဆဲဖြစ်ကာ ဦးသတိုးအောင်၏သမီးမှ လယ်နှင့်ယာ တစ်ဧကလျှင် ကျပ်ငါးသိန်းနှုန်းနှင့်
အသီးသီး ညှိနှိုင်းဆောင်ရွက်ပေးလျှော်ခဲ့သော်လည်း
ဒေါ်သန္တာရွှေဘက်မှ လျော်ကြေး တစ်စုံတစ်ရာညှိနှိုင်းပေးခဲ့ခြင်း မရှိသဖြင့် တောင်သူများက ၀င်ရောက်လုပ်ကိုင်ခြင်းဖြစ်သည်ဟု သိရသည်။

ဒေါ်သန္တာရွှေမှ ၂၀၁၃ ခုနှစ်တွင် ၎င်းပိုင်သောဧက ၁၀၀ ကျော်အား ခြံစည်းရိုးခတ်ခဲ့ပြီးနောက် လယ်ယာအတွင်း ၀င်ရောက်ထွန်ယက်လုပ်ကိုင်သူ တောင်သူ ၂၀ ဦးခန့်အား တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဥတ္တရသီရိမြို့နယ်၊ ဇလောင်းတောင်ရွာနေ တောင်သူ ကိုအောင်အောင်က “၂၀၁၀ ပြည့်နှစ်၊ ဇွန်လလောက်က သရက် ဇုန်စီမံကိန်းဆိုပြီး နိုင်ငံတော်ကနေ ရောက်လာတယ်ဗျာ။ ပြီးတော့ တောင်သူတွေကို
တောင်ပေါ်ကနေ မောင်းချတယ်။ ခုလက်ရှိ လုပ်နေတဲ့အကွက်တွေထဲကနေ ထွက်ပေး။ မထွက်ပေးရင် ရဲနဲ့ဖမ်းမယ်။ သစ်တောနဲ့ ဖမ်းမယ်ပေါ့ဗျာ။

အဲ့ဒီလို မောင်းချ တော့ တောင်သူတွေက ကိုယ့်ရွာကို ပြန်
ရောက်လာကြတယ်။ နောက်သူတို့ဘက်က သိမ်းပြီး ဘာမှမလုပ်တဲ့အတွက် သွားလုပ်တဲ့အခါ ပိုင်နက်ကျူးလွန်မှု (၄၄၇) နဲ့ဆိုပြီး တရားစွဲတယ်”ဟု ပြောသည်။

ယခုအခြေအနေများအရ ဥတ္တရ သီရိမြို့နယ်၊ ဇလောင်းကျေးရွာအုပ်စုရှိ သရက်ဇုန်စီမံကိန်းမှာ ဧက တစ်သောင်း ၀န်းကျင်ခန့်ရှိကြောင်း ဒေသခံတောင်
သူများမှ ပြောကြားသည်။ ပြည်ထဲရေးဝန်ကြီးဌာနအား တိုင်
ကြားမှုနှင့်ပတ်သက်၍ ပြည်ထဲရေးမှ လယ်ယာမြေများတွင်
မြေပြင်ကွဲလွဲချက်များရှိသဖြင့် ကွင်းဆင်းစစ်ဆေး၍ ပြန်လည်
တင်ပြရန် ကြေးတိုင်နှင့်မြေစာရင်းဌာနသို့ ပြောကြားခဲ့ရာ ငန်းစပ်ကျေးရွာ အုပ်ချုပ်ရေးမှူး အပါဝင် တောင်သူများအား တွေ့ဆုံ၍
မေးမြန်းခဲ့ကြောင်း ဒေသခံတောင်သူများ ထံမှ သိရသည်။

“လာစစ်တဲ့အခါ ကျွန်တော်တို့ ဖြစ်ချင်တာကတော့ ဗျာ။ လယ်၊ ယာမြေစစ်ဆေးရေးအဖွဲ့လာတယ်။ အဲ့ဒီအဖွဲ့ကို စစ်မယ်ဆိုလည်း စစ်မယ်ခေါ်လိုက်။ အခုဟာက အဲ့ဒီလိုခေါ်တာ မဟုတ်ဘူး။ ညှိနှိုင်းဖို့ဆိုပြီး
ခေါ်တယ်ဗျာ။

သူတို့ပြောသွားတာက ဒေါ်သန္တာရွှေ တိုင်စာကိုကြည့်ပြီးတော့ ဟုတ်သလား၊ မှန်သလားဆိုပြီး ပြောနေတော့ ကျွန်တော်တို့က တရားခံပုံစံသဘောမျိုးရောက်သွားတဲ့အတွက် စစ်ဆေးရေး အဖွဲ့
နဲ့ စကားတော့နည်းနည်း များကြတယ်ဗျာ။ ကျွန်တော်တို့က ဘယ်သူ့ဆီက ပစ္စည်းကိုမှ ခိုးထားတာ မဟုတ်ပါဘူး။

နိုင်ငံတော်က သရက်ဇုန်စီမံကိန်းအတွက်ဆိုပြီး သိမ်းထားတဲ့ လယ်၊ ယာတွေကို သူတို့က ခုထိဘာမှမလုပ်သေးတဲ့အတွက် ကျွန်တော်တို့က ကိုယ့်အကွက်ကိုယ် ပြန်ဝင်လုပ်ခြင်း ဖြစ်ပါတယ်”ဟု ဥတ္တရသီရိမြို့နယ်၊ ဇလောင်း တောင်ရွာနေ တောင်သူ ကိုမင်းထွန်းက ပြောသည်။

သိမ်းဆည်းထားသော တခြားခြံများ မှ ညှိနှိုင်းပေးမှုများ ရှိသော်လည်း ဒေါ်သန္တာရွှေကိစ္စမှာမူ တောင်သူများနှင့် ညှိနှိုင်းမှုများပြုလုပ်ခြင်းမရှိဘဲ ခြံစည်းရိုးခတ်ကာ လုပ်ကိုင်ခွင့်မပြုခြင်းကြောင့်ဖြစ်ကြောင်း ငန်းစပ်ကျေးရွာ၊
အုပ်ချုပ်ရေးမှူးက ပြဿနာဖြစ်ပွားရခြင်း အကြောင်းအရင်းကို မေလ ၁၃ ရက်နေ့က ပြောကြားခဲ့သည်။

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးနည်းဥပဒေများဆိုင်ရာ အခန်း(၅) အပိုဒ်ခွဲ ၄၅ တွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူသည် စတင်ခွင့်ပြုသည့်နေ့မှ လေးနှစ်တွင်း ပထမနှစ်အတွင်း (၁၅) ရာခိုင်နှုန်း၊ ဒုတိယနှစ်နှင့် တတိယနှစ်အတွင်း (၃၀) ရာခိုင်နှုန်းနှင့် စတုတ္ထနှစ်တွင် (၂၅)ရာခိုင်နှုန်းဖြင့် ရာနှုန်းပြည့် လုပ်ငန်းပြီးစီးသည်ထိ ဖော်ထုတ်လုပ်ကိုင်
ရမည်ဖြစ်ကြောင်း ပြဋ္ဌာန်း ဖော်ပြထားသည်။

၂၀၁၂ ခုနှစ်၊ မတ်လတွင် လယ်ယာ မြေဥပဒေ(Farmland Law) နှင့် (Vacant, Fal-law and Virgin Lands Management Law) မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲမှု ဥပဒေများအား လွှတ်တော်က အတည်ပြုပေးခဲ့ပြီး
လယ်ယာမြေဥပဒေ အခန်း (၃) တွင် ဖွင့်ဆိုထားသည့် လယ်ယာမြေဆိုသည်မှာလည်း လယ်မြေ၊ ယာမြေ၊ ကိုင်းမြေ၊ နှစ်ရှည်သီးနှံ စိုက်ပျိုးသော မြေ၊ သစ်သီးဝလံ၊ ပန်းမန်စိုက်ပျိုးသောမြေနှင့်
နုန်းတင်မြေနုကျွန်း မြေများအား လယ်ယာ မြေဟု သတ်မှတ်ထားကြောင်း သိရသည်။

- ပိုင်စိုးသူ
မြန်မာတောင်သူကြီးများဂျာနယ်


အင်းလျားကန်မှာ သည်နေ့မနက် ၈း၀၀နာရီခန့်က အမျိုးသားတစ်ဦးရဲ့အလောင်း တွေ့


အင်းလျားကန်မှာ သည်နေ့မနက် ၈း၀၀နာရီခန့်က အမျိုးသားတစ်ဦးရဲ့အလောင်း
တွေ့ရှိတယ်လို့လှိုင်မြို့နယ်စည်ပင်အုပ်ချုပ်ရးမှူးရုံးမှသိရပါတယ်။

ပါရမီလမ်းနဲ့ပြည်လမ်းထောင့်အရင်အမှတ်(၃)စစ်ဒေသရုံးအနီးကအင်းလျားကန်
ထဲမှာစည်ပင်သန့်ရှင်းရေးဝန်ထမ်းတွေကစတင်တွေ့ရှိတာဖြစ်တယ်လို့သိရပါတယ်။

သည်အလောင်းကသေဆုံးက၃၊၄ရက်လောက်ရှိနေပြီးအသက်၃၀၊၄၀ခန့်
အမျိုးသားဖြစ်တယ်လို့သိရပါတယ်။ပြင်ပဒဏ်ရာမရှိဘူးလို့ဆိုပါတယ်။
အဆိုပါအလောင်းကိုမရမ်းကုန်းရဲစခန်းကသေမှုသေခင်းဟုတ်မဟုတ်စစ်ဆေး
ဖို့သယ်ဆောင်သွားတယ်လို့သိရပါတယ်။

Author-ပို့ပို့မြင့်မွန်
The Modern News Journal

Pregnancy and Pain relief during labor ကလေးမွေးရင် မနာချင်


ကလေးမီးဖွးတဲ့အခါ တကယ်နာပါတယ်။ ဘယ်ကနာနာ နာတာကို ခံနိုင်ရည်က ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် တယောက်နဲ့ တယောက် မတူကြပါ။ သားဖွါးခန်းမှာ အံကျိတ်မွေးသွားတဲ့သူတွေ ရှိသလို လုံအောင် ပိတ်ထားတဲ့ အခန်းကကျော်အောင် အော်ရသူတွေလဲ မနည်းပါ။ သူများနာနေတာကို ကြည့်ရက်သူ မရှိသင့်ပါ။ နာတာ သက်သာစေအောင် (ပါရာစီတမော) ဘယ်နှစ်လုံးပေးပေး ကလေး မွေးချင်လို့ သားအိမ်ညှစ်တာကို သက်သာဘို့ဆိုတာ မဖြစ်နိုင်ပါ။ တချို့ဆေးရုံတွေကတော့ ဒီဆေးပေးပါတယ်။ နဲနဲသက်သာသက်သာ အနည်းဆုံး စိတ်သက်သာရင်လဲ အကျိုးရှိတာဘဲ မဟုတ်လား။ ထိရောက်တဲ့ အနာသက်သာနည်းတွေ ရှိပါတယ်။ ပြည့်စုံမှု နည်းတဲ့ နေရာတွေမှာတော့ ဒီနည်းတွေကို မလုပ်နိုင်ကြပါ။

1. Epidurals (အက်ပီဂျူရယ်) ခါးထုံဆေးသွင်းနည်း
Epidural ဆိုတာ Anaesthetic မေ့ဆေး (ထုံဆေး) နဲ့ Pain-killing drugs မနာစေတဲ့ဆေး ၂ မျိုး ရောထားတာဖြစ်တယ်။ ခါးရိုးမကြီးထဲကို ထိုးပေးနေရတဲ့ ဆေးသွင်းနည်းဖြစ်တယ်။ Dura ခေါ်တဲ့ ခါးရိုးမကြီးထဲက အာရုံကြောမကြီးကို ဖုံးနေတဲ့ အလွှာတခုရဲ့ အပြင်မှာ ဆေးထိုးရတယ်။ Dura က အတော်အတန် ခိုင်တဲ့အိတ် ဖြစ်တယ်။ ဆေးထိုးလိုက်တာနဲ့ ဗိုက်အောက်ပိုင်းတခုလုံး ဘာမှန်းမှ မသိအောင် ထုံသွားတော့မယ်။

• Anaesthetist မေ့ဆေး-ဆရာဝန်ကနေ လုပ်ပေးရတယ်။ ဆေးသွင်းမဲ့နေရာကို ရွေးပြီး Local anaesthetic ထုံဆေး အရင် ထိုးရသေးတယ်။ ဆေးထိုးအပ်ကို နေရာမှန်မှာထိုး၊ Catheter ပိုက်ကလေးတခု သွင်းပေးပြီး အပ်ကို ဖြုတ်ရတယ်။ ပြီးတော့ ထုံဆေးကို ပိုက်ကလေးကနေ သွင်းပေးနေတယ်။ ၉ဝ% ထိရောက်တယ်။

• မွေးဖွါးဖြစ်စဉ် (၃) ပိုင်းထဲမှာ ဘယ်အချိန်ဖြစ်ဖြစ် သုံးနိုင်တယ်။ တချို့က သားအိမ်ဝ ၅-၆ စင်တီမီတာ ပွင့်ချိန်မှာ ထိုးတယ်။ ၁ဝ စင်တီမီတာအထိ ပွင့်တာကို အစွမ်းကုန်ပွင့်ခြင်းလို့ သတ်မှတ်တယ်။
• ဒီထုံးဆေက ဘိန်းပါတဲ့ဆေးနဲ့ ကွာတာက ထုံပေမဲ့ High ခေါ်တဲ့ ဘိန်းသတ္တိမျိုး မရှိဘူး။ မနာပေမဲ့ အရာအားလုံးကို သိနေမယ်။
• သွေးတိုး ရှိနေသူတွေမှာလဲ သုံးနိုင်တယ်။
• သတိထားစရာတွေ ရှိတယ်။
- ကိုယ်အောက်ပိုင်းတခုလုံး ထုံနေလို့ မတ်တပ်မရပ်နိုင်ပါ။
- လုံးဝကြီးထုံမနေတာလဲ ရှိနိုင်တယ်။
- နေမကောင်းသလို၊ ခေါင်းမူးသလို၊ ယားသလို၊ ချမ်းသလိုဖြစ်နိုင်တယ်။
- အထဲက ကလေးကိုလဲ တောက်လျှောက် စစ်ဆေးနေရမယ်။
- မိခင်လောင်းကိုလဲ အသက်ရှူတာနဲ့ သွေးဖိအား စစ်နေရမယ်။
- မွေးရတဲ့အချိန် နဲနဲပိုကြာနိုင်တယ်။ ဆရာဝန်-ဆရာမကနေ ညှစ်ပါပြောတာနဲ့ ကိုယ့်ဖါသာသိတာနဲ့ မတူလို့ ဖြစ်တယ်။

o Synotocinon (Pitocin) drip ဆေးသွင်းတာလဲ သူများတွေထက် လိုနိုင်တယ်။
- ကလေးက ပုံမှန်ဆင်းလာသလို မဟုတ်တာလဲဖြစ်နိုင်တယ်။ ကူပေးရတတ်တယ်။ Forceps ညှပ်ဆွဲပေးတာ Ventouse (Vacuum device) လေဟာနယ်စုပ်နည်း လိုနိုင်တယ်။
- သွေးဖိအား ကျနိုင်တယ်။ Drip သွင်းပေးဘို့ လိုနိုင်တယ်။အဲလိုဖြစ်ရင် ကလေးဆီ အောက်စီဂျင်ရောက်တာ နည်းစေမယ်။ အရေးပေါ် ပြင်ဆင်မှု လုပ်ထားရမယ်။
- ဆီးသွားချင်နေတာ မသိလို့ ဆီးခြူပိုက် တပ်ထားရမယ်။ မွေးပြီးတဲ့နောက် ဆီးမသွားနိုင်သေးတာ ဖြစ်နိုင်တယ်။ ၁-၂ ရက် ပိုက်တပ်ထားရတတ်တယ်။
- ကိုယ်ပူနိုင်တယ်။ ပိုးဝင်တာနဲ့ ဆေးထိုးအပ်က အာရုံကြောထိတာလဲ အထူးသတိထားရမယ်။
- ခေါင်းကိုက်တာ ခံစားနေရတတ်တယ်။

2. Mobile epidural ဆေးလျှော့ထိုးပေးနည်း
(အက်ပီဂျူရယ်) ခါးထုံဆေးသွင်းနည်းလို လုံးဝ ထုံမနေလို့ အတော်အသင့် လှုတ်ရှားနိုင်တယ်။

3. Gas and air ဓါတ်ငွေ့နဲ့ လေ
Entonox ကို ခပ်လွယ်လွယ် လူနာတွေကိုယ်တိုင်က အဲလိုခေါ်ကြတယ်။ ဓါတုဗေဒသင်ဘူးသူတိုင်းသိတဲ့ Laughing gas ရယ်မောစေတဲ့ဓါတ်ငွေ့ Nitrous oxide နဲ့ Oxygen အောက်စီဂျင်ကို ၅ဝ-၅ဝ ရောသုံးတယ်။ သွား-ဆရာဝန်တွေလဲ သုံးကြတယ်။ Mouthpiece ဒါမှမဟုတ် Mask ကနေရှူပေးယုံဘဲ။ ဗိုက်စနာကတည်းက သုံးနိုင်တယ်။ တချို့က ဗိုက်နာနည်းစေလို့ဆိုပြီး မသုံးချင်ဘူး။ ဒါပေမဲ့ သုံးရတာ လွယ်တယ်။ အတိုင်းအဆ ကိစ္စမရှိဘူး။ ကလေးကိုလဲ မထိခိုက်ဘူး။ တချို့မှာ ပျို့ချင်တယ်။ နှုတ်ခမ်းခြောက်တယ်။ ရေ-ရေခဲပေးလို့ရတယ်။

4. Pethidine and Diamorphine (ပက်သဒင်း) နဲ့ (ဒိုင်-မော်ဖင်း)
ဘိန်းကနေထုတ်တဲ့ အားပြင်တဲ့ အနာသက်သာဆေးဖြစ်တယ်။ အသားဆေးထိုးရတယ်။ ၁ဝ မိနစ်နေရင် အစွမ်းပြတယ်။ High ခေါ်တဲ့ ဘိမ်းစွမ်းတော့ပြမယ်။ နေရတာ မကောင်းသလို နေနိုင်တယ်။ ခေါင်းမူးဝေဝေနေမယ်။ ကလေးဆီလဲ ဆေးရောက်တယ်။ (ပက်သဒင်း) က ရေတိုဖြစ်လို့ မွေးဖွါးခြင်း အဆင့် (၁) နောက်ပိုင်းကြမှ ထိုးသင့်တယ်။ ကလေးကိုလဲ သက်ရောက်မှု နည်းစေမယ်။

5. Meptazinol (မက်ပတာဇင်နော)
Meptid လို့လဲခေါ်တဲ့ ထိုးဆေးဖြစ်တယ်။ Pethidine နဲ့ Diamorphine လို ဆေးစွဲတာမဖြစ်စေဘူး။ သက်ရောက်တာ မြန်တယ်။ နေရတာ မကောင်းသလို နေနိုင်တယ်။ ခေါင်းမူးဝေဝေနေမယ်။ ကလေးကိုသက်ရောက်တာ နည်းတယ်။

6. Spinal block ခါးထိုးထုံဆေး
အခု သိပ်မသုံးတော့ဘူး။ ခါးကနေအောက်ပိုင်း ထုံသွားမယ်။ ဗိုက်ခွဲမွေးပေးနိုင်တယ်။ ညှပ်ဆွဲတာလဲ သုံးနိုင်တယ်။ ချက်ချင်း လမ်းမလျှောက်နိုင်သေးဘူး။ ဆီးမသွားနိုင်သေးဘူး။ နေမကောင်းသလို နေနိုင်တယ်။ ချမ်းနိုင်တယ်။ ယားနိုင်တယ်။ အချိန် အတော်ကြာ ခေါင်းကိုက်တာ ကျန်နေနိုင်တယ်။

7. Combined spinal epidural (CSE) ခါးထုံဆေး ၂ မျိုးတွဲနည်း
အရင်ဆုံး Fentanyl ထုံဆေးကို Spinal injection ထိုးမယ်။ နောက် Epidural catheter သွင်းထားမယ်။ ဆေးကိုတော့ စောစောကဆေး အစွမ်းကုန်ခါနီး ၁ နာရီ ၂ နာရီနေမှ သွင်းပေးမယ်။

Painless childbirth ဗိုက်မနာဘဲ ကလေးမွေးခြင်း http://dts-medicaleducation.blogspot.in/2011/02/painless-childbirth.html

Dr. တင့်ဆွေ

ယူကရိန်းဒိုနက်စ်လေဆိပ်တွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွား


မေလ ၂၆ ရက်က ယူကရိန်းတိုက်ခိုက်ရေးရဟတ်ယာဉ် Mi-24 တစ်စီး ဒိုနက်စ်နိုင်ငံတကာလေဆိပ် ပင်မအဆောက်အအုံရှိ သူပုန်များကို ပစ်ခတ်တိုက်ခိုက်နေစဉ် (Yannis Behrakis/REUTERS)
ယူကရိန်းနိုင်ငံ အရှေ့ပိုင်း တွင် သူပုန်များ သိမ်းပိုက်ထား သော အဓိကလေဆိပ်ကို ထိန်း ချုပ်ခွင့်ရရေး ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ယင်း မတိုင်မီ နာရီအနည်းငယ်ကပင် ယူကရိန်း ရွေးကောက်ခံသမ္မတ ပက်ထရိုပိုရိုရှန်ကိုက မိမိတို့နိုင်ငံ ကို ဆိုမာလီယာကဲ့သို့ အဖြစ်ခံ မည်မဟုတ်ဟု ပြောကြားသည်။

ယူကရိန်းတိုက်လေယာဉ် များနှင့် တိုက်ခိုက်ရေး ရဟတ် ယာဉ်များအား ဒိုနက်စ်လေဆိပ် အဆောက်အအုံကို သိမ်းပိုက် ထားသော ခွဲထွက်ရေး သေနတ် သမားများအား ဖယ်ရှားရေး ပစ် ခတ်ခဲ့ပြီးနောက် အပြန်အလှန် သဲ သဲမဲမဲ တိုက်ခိုက်မှုများဖြစ်ပေါ်ခဲ့ သည်။ ယခု တိုက်ခိုက်မှုများမှာ ဧပြီလစောစောပိုင်းက စတင်ခဲ့ သော စက်မှုထွန်းကားရာ ယူက ရိန်းအရှေ့ပိုင်း ပုန်ကန်ထကြွမှုကို  ချေမှုန်းရေး ယူကရိန်းအစိုးရ၏ အပြင်းထန်ဆုံး အင်အားသုံးမှုဖြစ် သည်။

တနင်္ဂနွေနေ့တွင် ကျင်းပခဲ့ သော သမ္မတရွေးကောက်ပွဲ၌ ပြတ်ပြတ်သားသား အောင်ပွဲခံခဲ့ သော ပိုရိုရှန်ကိုက ကိဗ်မြို့တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ပြီး အစိုးရတပ်ဖွဲ့များ၏ ထိုးစစ်မှာ ပိုမိုလျင်မြန်၍ ပိုမိုထိ ရောက်သင့်သည်ဟု ပြောကြားခဲ့ သည်။

‘‘အကြမ်းဖက် တိုက်ခိုက် ရေး စစ်ဆင်မှုဟာ နှစ်လ၊ သုံးလ ကြာမြင့်မနေသင့်ပါဘူး။ နာရီပိုင်း ပဲ ကြာသင့်ပါတယ်’’ ဟု ပိုရိုရှန် ကိုက ပြောသည်။

ဒိုနက်စ်လေဆိပ်အဆောက် အအုံမှ မီးခိုးလုံးများ တက်လာပြီး ပေါက်ကွဲသံများနှင့် စက်သေနတ် ပစ်သံများ ဆက်တိုက်ကြားနေရ သည်ဟု သတင်း ထောက်များက ပြောသည်။

ရွေးကောက်ပွဲ အနိုင်ရရှိ သော ဘီလီယံနာသူဌေးကို ပေါ် ပေါ်ထင်ထင် ဆန့်ကျင်ကြောင်း ပြသခြင်းအဖြစ် သေနတ်သမား အမြောက်အမြားက ဒိုနက်စ်လေ ဆိပ်ကို ၀င်ရောက်ခဲ့ကြသည်။

ထိုအတောအတွင်း ယူက ရိန်းရွေးကောက်ပွဲကော်မရှင် အ ကြီးအကဲက ပိုရိုရှန်ကိုအား သမ္မ တအဖြစ် ရွေးချယ်ခံရကြောင်း အတည်ပြုသည်။ ဆန္ဒမဲ ၉၀ ရာ ခိုင်နှုန်းခန့်ကို ရေတွက်ပြီးချိန် တွင် ပိုရိုရှန်ကိုသည် ထောက်ခံမဲ ၅၄ (၄၁ မှတ်) သာလွန်နေသည် ဟု ကော်မရှင်အကြီးအကဲ အိုခန် ဒေါစကီးက ပြောသည်။

ဒိုနက်စ်လေဆိပ်တွင် တိုက် ခိုက်မှုများ စတင်ပြီး ရှစ်နာရီကြာ မြင့်လာကာ ညဘက်ရောက်လာ သည့် အချိန်အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အနီးအ နား လူနေအိမ်ခြေနေရာများသို့ပါ ပျံ့နှံ့နေသည်။

‘‘လေဆိပ်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ လေယာဉ် တွေ၊ ရဟတ်ယာဉ်တွေလည်း ပါတယ်’’ ဟု ခွဲထွက်ရေးခေါင်း ဆောင် ဒင်းနစ်ပူရှီလင်က ရိုက် တာသတင်းဌာနအား ပြောကြား သည်။

ယူကရိန်း ရဟတ်ယာဉ် တစ်စီးကို ဖျက်ဆီးပစ်လိုက်သည် ဟုလည်း သူပုန်ခေါင်းဆောင်က ပြောသည်။

—Ref: Reuters
7day daily

ပြည်ခိုင်ဖြိုးပါတီသစ္စာဖောက်သဖွယ် ပြောဆိုခံနေရသည်ဆိုသည့် သူရဦးအောင်ကို


နေပြည်တော်- ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် နိုင်ငံရေးကိစ္စရပ်များတွင် ပွင့်လင်းစွာ ပြောဆိုမှုများကြောင့် ပါတီတွင်း သဘောထားတင်းမာသူအချို့က ဝေဖန်တိုက်ခိုက်မှုများ ပြုလုပ်နေကြပြီး သစ္စာဖောက်ဟူ၍ မပြောရုံ အခြေအနေ အရောက်ခံနေရကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် သူရဦးအောင်ကိုက ပြောကြားသည်။

ထို့ပြင် ယနေ့အထိ မည်သည့် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ သစ္စာခံအဖြစ် မပြုလုပ်ခဲ့ဖူးဘဲ နိုင်ငံတော်နှင့်နိုင်ငံသားများ၏ သစ္စာကိုသာ ခံယူခဲ့သည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ သူရဦးအောင်ကိုက ဆိုသည်။

‘‘ပြည်ခိုင်ဖြိုးပါတီ တည်ထောင်ခဲ့တဲ့ သမိုင်းကြောင်းနောက်ခံ ဘယ်လိုပင်ရှိစေကာမူ ပြည်ခိုင်ဖြိုးပါတီကလည်း နိုင်ငံတော်နဲ့ နိုင်ငံသားများအကျိုးအတွက် လုပ်ဆောင်နေတာဖြစ်လို့ ပါတီရဲ့သစ္စာကို ခံယူနေတယ်လို့ ပြောနိုင်ပါတယ်’’ ဟု သူရဦးအောင်ကိုက ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲလိုသူသည် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် မိမိတို့သာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင် ရှိနေကြောင်း သူရဦးအောင်ကိုက မီဒီယာသို့ ထုတ်ဖော်ပြောကြားမှု ရှိခဲ့သည်။

7day daily

စပိန်သည်သာ ကမ္ဘာ့အကောင်းဆုံး အသင်းဟု ဒီဂီယာမှတ်ချက်ပြု


စပိန်လက်ရွေးစင် အသင်းသည် ကမ္ဘာပေါ်တွင် အကောင်းဆုံး ဘောလုံးအသင်းဖြစ်ကြောင်း ဂိုးသမား ဒေးဗစ်ဒီဂီယာက မှတ်ချက်ပြု ပြောကြားလိုက်သည်။

၎င်းသည် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ချန်ပီယံဆုကို ကာကွယ်မည့် စပိန်အသင်း၌ ပါဝင်ရွေးချယ်ခြင်း ခံထားရသည်။ ယခင်က စပိန်ပထမအသင်းကြီးအတွက် တစ်ကြိမ်မျှ ပွဲမထွက်ဖူးသေးသည့် ဂိုးသမားလေးသည် ဘာစီလိုနာ ဂိုးသမား ဗစ်တာဗဲလ်ဒက်စ် ဒဏ်ရာရနေချိန်၌ နည်းပြ ဗင်းဆင့်ဒယ်လ်ဘော့စကေး၏ ဆင့်ခေါ်မှုကို ခံယူခွင့် ရခဲ့သည်။ မန်ချက်စတာ ယူနိုက်တက်နှင့်အတူ ပြီးခဲ့သည့် ရာသီက လက်စွမ်းပြခဲ့သည့် ဒီဂီယာက လက်ရှိ ကမ္ဘာ့အဆင့်(၁) နေရာတွင် ရပ်တည်နေသည့် စပိန်သည် အမှန်တကယ်လည်း ကမ္ဘာ့အကောင်းဆုံး အသင်းဖြစ်ကြောင်း ကြွေးကြော်ခဲ့သည်။

“လက်ရွေးစင် အသင်းက ကစားသမား တော်တော်များများဟာ ကလပ်အသင်း အဆင့်မှာ ပြီးခဲ့တဲ့ ရာသီက အခက်အခဲတွေ တော်တော်ကြုံခဲ့ပါတယ်။ ဒါပေမဲ့ စပိန်အသင်း အနေနဲ့ကတော့ ကမ္ဘာပေါ်မှာ အကောင်းဆုံးအဖြစ် ရှိနေဆဲပါပဲ။ ကမ္ဘာ့ဖလားမှာလည်း ကျွန်တော်တို့ ဆုဖလားကို ရယူနိုင်ဖို့ မျှော်လင့်ထားပါတယ်”ဟု ဒီဂီယာက ဆိုသည်။ ၎င်းက “အသက်(၂၁)နှစ်အောက် စပိန်လက်ရွေးစင် အသင်းမှာ နှစ်တော်တော်များများ ကစားခဲ့ပြီးမှ လက်ရွေးစင် အသင်းကြီးဆီ ရောက်လာတဲ့အတွက် ကျွန်တော် တကယ်ပဲ ပျော်ရွှင်မိပါတယ်။ အသင်းအတွက် ပွဲတချို့ ကစားခွင့်ရပြီး အကောင်းဆုံး စွမ်းဆောင်နိုင်အောင် ကြိုးစားသွားမှာပါ”ဟုလည်း ပြောကြားခဲ့သည်။

စပိန်သည် ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ပမာဏ လူ(၃၀)စာရင်းကို ရွေးချယ်ထားပြီ ဖြစ်သော်လည်း ဂိုးသမားနေရာတွင် အသက်(၂၃)နှစ်အရွယ် ဒီဂီယာနှင့် ရီးယဲလ်မက်ဒရစ်မှ အိုင်ကာကားဆီးလက်စ်၊ နာပိုလီမှ ပီပီရေနာတို့ (၃)ဦးသာ ပါဝင်နေသည်။ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် (၂၃)ဦး စာရင်းတွင် ဂိုးသမား(၃)ဦး မဖြစ်မနေ ပါဝင်ရန် သတ်မှတ်ထားရာ ၎င်းတို့(၃)ဦးသည် သေချာပေါက် ရွေးချယ်ခံထားရသည့် သဘောလည်း သက်ရောက်လာခဲ့သည်။ ဒီဂီယာက ဒဏ်ရြာော့င့် ကမ္ဘာ့ဖလားနှင့် လွဲခဲ့ရသည့် ဗဲလ်ဒက်စ်အတွက် စာနာမိကြောင်းလည်း ဆိုသည်။

“ကျွန်တော် ဗဲလ်ဒက်စ်နဲ့တော့ စကားမပြောဖြစ်သေးဘူး။ ဒါပေမဲ့ ခုလိုမျိုး သူဒဏ်ရာ ရသွားတယ်ဆိုတာ တကယ့်ကို စိတ်ပျက်စရာပါပဲ။ သူမြန်မြန် သက်သာလာပါစေလို့ ကျွန်တော် ဆန္ဒပြုပါတယ်”ဟုလည်း ဒီဂီယာက ပြောဆိုသွားသည်။

Ref: goal
soccer myanmar

ငရဲပြည် အတွေ့အကြုံ (တစ်ကယ့်ဖြစ်ရပ်မှန်)


မသိမမြင်သူတို့ ထူး၍မကြောက်ကြသော်လည်း၊ သိသူမြင်သူတို့ကား ငရဲဘေးကို လွန်စွာကြောက်ရွံ့တတ်ကြသည်။ အလောင်းတော် တေမိမင်းသားသည် ငရဲဘေးကိုမြင်၍ (၁၇)နှစ်တိုင်တိုင် ဆွံ့ထိုင်းအယောင် ဆောင်ခဲ့သည်။ သူ့မယားလိုချင်၍ သူ့လင်ကိုသတ်မည် တကဲကဲဖြစ်နေသော ပသေနဒီကောသလမင်းကြီးသည် ဒုသနသော အသံများကြားရသည်မှစ၍ ဗုဒ္ဓ၏အကျယ်တဝင့်ဟောပြမှုကြောင့် ယုတ်မာသောအကြံဆိုးကို စွန့်လွှတ်ခဲ့ဖူးသည်။ ယခုလည်း သက်ရှိဆိုလျှင် ခြင်၊ ပုရွက်ဆိတ်မှအစ ဘာကောင်ကိုမျှ မသတ်ရဲတော့သူ၊ ငရဲဘေးကို ကိုယ်တွေ့ကြုံခဲ့ရဖူးသူတစ်ဦးနှင့် မမျှော်လင့်ဘဲ ဆုံတွေ့ခဲ့ရသည်။

------------------------------------------------------------------------------


ကျနော့်နာမည် အောင်နိုင်ဦးပါ။ ကျနော် (၇)ရက်တိုင်တိုင် သတိလစ်ပြီး ငရဲပြည်ကို ရောက်သွားခဲ့တဲ့အကြောင်း တစ်နေ့ကပဲ ဆရာတော်ကို လျှောက်ထားဖြစ်ခဲ့ပါတယ်။ ခု ဆရာတော်နဲ့ အမှုဆောင်များရဲ့ တိုက်တွန်းမှုကြောင့် ယောဂီများ အားလုံးရဲ့ရှေ့မှာ ကျနော့်ကိုယ်တွေ့ ငရဲပြည်အကြောင်း ပြန်ပြောပြမှာ ဖြစ်ပါတယ်။ ကျနော့်အဖြစ်အပျက်တွေကို နားထောင်ပြီး ငရဲဘေးကလွတ်အောင် မကောင်းမှုတွေကိုရှောင်၊ ကောင်းမှုတွေကို ဆောင်နိုင်ကြစေဖို့ မျှော်လင့်ပါတယ်ခင်ဗျာ။

၂၀၀၂ ခုနှစ်၊ ဂျူလိုင်လ (၃)ရက်နေ့၊ (၁၃၆၄ -ခု၊ နယုန်လပြည့်ကျော် (၈)ရက်) နေ့က၊ ကျနော်ဟာ ဟုမ္မလင်းမြို့နယ်၊ မန်မော်ရွာမှာ ရောက်ရှိနေခဲ့ပါတယ်။ အဲဒီမှာ ရေချိုးမှားပြီး (၇) ရက်တိုင်တိုင် သတိလစ်သွားခဲ့ပါတယ်။ သတိလစ်သွားတယ်ဆိုပေမယ့် ကျနော်ကတော့ ကိုယ့်ကိုယ်ကို သတိလစ်တယ်လို့ မထင်မိပါဘူး။ ဧရာမ လူသန်ကြီးနှစ်ယောက်က ကျနေ့လက်မောင်းကို ကိုင်မပြီး ကျနော့်ကို ခေါ်သွားခဲ့တာပါ။ ကျနော်ဟာ သူတို့နောက်က ပါသွားချိန်မှာ ငိုနေတဲ့ ကျနော့်မိဘနှစ်ပါးနဲ့ သတိလစ်နေတဲ့ ကျနော့်ကိုယ်ခန္ဓာကိုယ်ကို ကျနော် အတိုင်းသား ပြန်မြင်နေခဲ့ရပါတယ်။


ကျနော့်ကို ကောင်းကင်ကနေ ဆွဲခေါ်သွားချိန်မှာ အောက်မှာ ရေပြင်ကြီးကို ဦးစွာ မြင်တွေ့ရပါတယ်။ ချင်းတွင်းမြစ်ရေပြင်ပါ။ ခဏကြာတော့ ဘာကိုမှ မမြင်ရတော့ပဲ ဟင်းလင်းပြင်ကြီးကိုသာ တွေ့မြင်ရပါတော့တယ်။ အဲဒီအချိန်မှာ သူတို့က ကျနော့်ကို တွန်းချလိုက်ကြပါတယ်။ ကျနော်ပြုတ်ကျသွားချိန်မှာပဲ ဧရာမခွေးကြီးနှစ်ကောင်က ကျနော့်နောက်ကို ပြေးလိုက်လာကြပါတော့တယ်။ ကျနော်ပြေးရင် သူတို့လိုက်တယ်၊ ကျနော်ရပ်ရင် သူတို့ရပ်နေတယ်။ ခွေးကြီးတွေရဲ့ မျက်လုံးတွေဟာ အနီရောင် တလက်လက်တောက်နေပါတယ်။ ကျနော်လည်း ကြောက်အားလန့်အားနဲ့ ပြေးရင်း ဗိမာန်တစ်ခုကို သွားတွေ့ပါတယ်။ အရမ်းလှတဲ့ဗိမာန်ကြီးတစ်ခုပါ။ ဗိမာန်ကြီးထဲကို ဝင်ပြေးမယ်လုပ်တော့ အစောင့်က ပေးမဝင်ပါဘူး။ ဗိမာန်ပိုင်ရှင်ဟာလည်း လူ့ပြည်မှာပဲ ရှိနေသေးတယ်လို့ သိရပါတယ်။

ဒီလိုနဲ့ ပြေးရင်းလွှားရင်းကနေ ငရဲမင်းလို့ ပြောရမလားမသိပါဘူး။ အဝတ်အစားပြိုးပြိုးပြောင်ပြောင်ဝတ်ထားတဲ့ ခန့်ခန့်ငြားငြား လူကြီးတစ်ယောက်ရှေ့ကို ရောက်သွားပါတယ်။ သူ့လက်ထဲမှာ ရွှေရောင်စာအုပ်ကြီးတစ်အုပ်ကိုင်ထားပြီး နာမည်ဘယ်လိုခေါ်သလဲလို့ ကျနော့်ကို လှမ်းမေးပါတယ်။ အောင်နိုင်ဦးပါဆိုတော့ ကျနော့်ကိုခေါ်လာတဲ့သူတွေကို “မင်းတို့လူမှားခေါ်လာတယ်၊ သူ့ကို ပြန်ပို့ပေးလိုက်ပါ၊ ငရဲခန်းတွေကိုလည်း လိုက်ပြပေးလိုက်ဦး” ဆိုပြီး ပြောပါတယ်။ ပြီးတော့ “ မင်းသူငယ်ချင်း အောင်ကျော်ဦးကို ပြောလိုက်ပါ၊ လကွယ်နေ့၊ နေ့လည် မွန်းတည့်ချိန်မှာ သူ့ကို လာခေါ်မယ် လို့ ပြောလိုက်ပါ” ဆိုပြီးမှာပါတယ်။

အဲဒီမှာ ကျနော်ကို ပထမဆုံးလိုက်ပြကြတာက သန်းတုပ်ခဲ့တဲ့သူတွေ ခံစားနေရတဲ့နေရာပါ။ ငရဲခံရသူတွေကို ဧရာမ ကျောက်ပြင်ကြီးပေါ်ကို ပစ်တင်လိုက်ကြပြီးတော့ ဧရာမကျောက်လုံးကြီးတွေနဲ့ လှိမ့်ပြီး ကြိတ်နေကြတာပါ။ အရမ်းကြောက်စရာ ကောင်းပါတယ်။ နောက်တစ်နေရာကတော့ ဒယ်အိုးလို့ ပြောရမလားမသိပါဘူး။ ဒယ်အိုးလို့သာ ပြောရတာပါ၊ ကျနော်မြင်ခဲ့ရတာကတော့ မြစ်ကြီးတစ်မြစ်လိုပါပဲ၊ အခိုးတထောင်းထောင်းထနေတဲ့ သံရည်ပူတွေကြားထဲမှာ လူတွေ အပြည့်ပါပဲ၊ အော်ဟစ်ညည်းတွားပြီး ကူးခပ်နေကြရပါတယ်။ ကမ်းပေါ်တက်လာသူတွေကို ကမ်းထိပ်က စောင့်နေတဲ့ ငရဲထိန်းတွေက လှံနဲ့ထိုးချ၊ တင်းပုတ်တွေနဲ့ရိုက်ချကြတော့ ပြန်ပြီးဆင်းပြေးကြ၊ ပြန်ပြီးကူးခပ်ကြနဲ့ တကယ်ကို ကြောက်စရာကြီးပါ။

နောက်တစ်နေရာကတော့ လူတွေရဲ့ ခြေတွေလက်တွေ ခေါင်းတွေကို ဖြတ်လိုဖြတ်၊ ရင်ကိုခွဲပြီး အူတွေကို ထုတ်လိုထုတ်၊ နားနဲ့မနာ ဖဝါးနဲ့နာပါ၊ အင်္ဂါဇာတ်တွေကို ဖြတ်လိုဖြတ်နဲ့ ပိုပြီးတော့ ကြောက်စရာ ကောင်းပါတယ်၊ သူတို့ဟာ လူ့ဘဝတုန်းက ကာမေသုမိစ္ဆာစာရကံကို ကျူးလွန်ခဲ့သူတွေလို့ သိရပါတယ်။ နောက်တစ်နေရာမှာတော့ ဧရာမမြေပြင်ကျယ်ကြီးမှာ လူတွေဟာ အတုန်းအရုန်းလူးလဲအော်ဟစ် နေကြတာကို တွေ့ရပါတယ်၊ ငရဲထိန်းတွေက ဆူးချွန်တွေတပ်ထားတဲ့ ဧရာမဒလိမ့်တုန်းကြီးတွေနဲ့ သူတို့ကို ကြိတ်ချေနေကြပါတယ်၊ သေသွားလိုက်၊ ပြန်ရှင်လာလိုက်၊ ပြန်ခံရလိုက်နဲ့ တကယ်ကို ကြောက်စရာကြီးပါ။

နောက်တော့ ကျနော့ကို ပြန်ခေါ်လာကြပြီး တွန်းချလိုက်ကြပါတယ်၊ ကျနော်လည်း သတိရလာပြီး အဖေတို့ဆီက ရေတောင်းသောက်ရပါတယ်။ အဲဒီနေ့မှာမှ သတိမရရင် ကျတော့်ကို သင်္ဂြိုလ်ကြတော့မယ်လို့ ဆိုပါတယ်။ အော်.. မေ့လို့၊ ငရဲထိန်းကြီးနှစ်ယောက်က ကျနော့်ကို လာခေါ်ကြတုန်းမှာ အဝတ်ဖြူဝတ် သူတော်စင်ကြီးတစ်ယောက်ကို တွေ့ခဲ့ရပါသေးတယ်။ သူက “ကောင်းကောင်းလိုက်သွားပါ၊ မင့်လက်တွေကို ငါလှုပ်ပေးထားမယ်” လို့ ပြောပါတယ်။ ကျနော် သတိလစ်နေစဉ် ခုနစ်ရက်အတွင်း အသက်လည်းမရှူ၊ နှလုံးလည်း မခုန်ပေမဲ့ ကျနော့်လက်ချောင်းလေးတွေကတော့ ခုနစ်ရက်လုံးလုံး ကွေးလိုက်ဖြန့်လိုက် ဖြစ်နေခဲ့တယ်လို့ ဝိုင်းပြောကြပါတယ်။ ဒါကြောင့်မို့ သေပြီလို့ မဆုံးဖြတ်ရဲတာနဲ့ ခုလို (၇) ရက်တိုင်တိုင် စောင့်ကြည့်နေခဲ့ကြကြောင်း ပြောပြကြပါတယ်။ ကျနော့်အမေကဆို “လက်တွေမညောင်းဘူးလား သားရယ်” လို့တောင် မေးပါသေးတယ်။

ကျနော်လည်း ခုနစ်ရက်တိုင်တိုင် သတိလစ်မေ့မျောနေခဲ့တော့ လေသံသဲ့သဲ့လေးနဲ့ပဲ ပြောနိုင်ပါတော့တယ်။ အောင်ကျော်ဦးနဲ့ လူမှားခေါ်ခံရတာဖြစ်ကြောင်း၊ လကွယ်နေ့ မွန်းတည့်ချိန်မှာ သူ့ကိုလာခေါ်မယ်လို့ မှာလိုက်တဲ့အကြောင်း အမေတို့ကို ပြောပြတော့ အမေတို့က ပြန်မပြောဖို့ ပြောပါတယ်။ မတော်ရင် တရားစွဲခံရနိုင်တယ်လို့လည်း ပြောကြတဲ့အတွက်ရော၊ ကျနော်ကိုယ်တိုင်ကလည်း အားမရှိလို့ ပင်ပန်းနေတဲ့အတွက်ရော၊ အောင်ကျော်ဦးအကြောင်းကို နောက်ထပ် မပြောဖြစ်တော့ပါဘူး။ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူတို့ပြောလိုက်တဲ့အတိုင်း လကွယ်နေ့၊ မွန်းတည့်ချိန်မှာ အောင်ကျော်ဦးတစ်ယောက် ထမင်းစားနေရင်းကနေ နောက်ပြန်လန်ကျပြီး ဆုံးပါးသွားခဲ့ရှာပါတယ်။ ကျနော့်အဖြစ်အပျက်ကတော့ ဒါပါပဲခင်ဗျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။ ငရဲဆိုတာ တကယ်ရှိပါတယ်။ ငရဲဘေးကလွတ်အောင် ကြိုးစားနိုင်ကြပါစေ ခင်ဗျာ..။
------------------------------------------------------------------------

ယောဂီတစ်ဦး။ ။ နေပါဦးညီလေး၊ ညီလေးကို လာခေါ်တဲ့သူတွေက ဘယ်လိုပုံစံတွေလဲ။
အောင်နိုင်ဦး။ ။ အဝတ်အစားတွေ ဝင်းဝင်းဝါဝါနဲ့ ပြောင်ပြောင်လဲ့လဲ့တွေပါ။ လူကောင်ကတော့ အကြီးကြီးတွေပါ။
ယောဂီတစ်ဦး။ ။ ငရဲမှာ ဗိမာန်လှလှကြီး တစ်ခု တွေခဲ့တယ်ဆိုတာကရော ဘယ်လိုဖြစ်မလဲ။
စာရေးသူ။ ။ ထောင်မှူး ထောင်ပိုင်တွေလို၊ ငရဲပြည်မှာ အုပ်ချုပ်ကြီးကြပ်သူတစ်ဦးဦးရဲ့ နေရာဗိမာန် ဖြစ်ပါလိမ့်မယ်။

အောင်နိုင်ဦး။ ။ အရှင်ဘုရား၊ ငရဲပြည်ကိုရောက်သွားတာက တပည့်တော်ရဲ့ဝိဉာဏ်ကရောက်သွားတာလား၊ စိတ်ကထင်မြင်နေတာများလား ဘုရား။
စာရေးသူ။ ။ ဂတိနိမိတ်ထင်တာလို့ ပြောရမှာပါ။ ဒါပေမယ့် ဂတိနိမိတ်ထင်ပြီးမှ ကံအဟုန် မကုန်သေးတဲ့ အတွက် ပြန်ရှင်လာတယ်လို့ ပြောရမှာဖြစ်ပါတယ်။ ပြန်ရှင်လာသူတွေမှာလည်း အချို့က နာရီပိုင်းလောက်၊ အချို့က နှစ်နဲ့ချီပြီး ပြန်ရှင်လာသူတွေရယ်ဆိုပြီး အစားစားရှိနိုင်ပါတယ်။ ဝိဉာဏ်ကောင်၊ အသက်ကောင်၊ လိပ်ပြာကောင်မျိုးရှိပြီး အဲဒီဝိဉာဏ်၊ အသက်၊ လိပ်ပြာက ငရဲကို ရောက်ခဲ့တယ်လို့ မယူရပါဘူး။ ဗုဒ္ဓအဘိဓမ္မာအလိုအရ စိတ်ဟာ သိပ်ကိုဆန်းကြယ်ပြီး အမျိုးမျိုးသော အာရုံကိုယူနိုင်စွမ်း၊ ထင်မြင်နိုင်စွမ်းရှိတယ်လို့ မှတ်ရပါမယ်။

အောင်နိုင်ဦး။ ။ တပည့်တော်လက်တွေကို လှုပ်ပေးနေမယ်လို့ ပြောခဲ့တဲ့သူတော်စင်ကြီးကရော ဘယ်လိုပုဂ္ဂိုလ်မျိုး ဖြစ်နိုင်ပါမလဲဘုရား။
စာရေးသူ ။ ။ ဒကာလေးရဲ့ ကိုယ်စောင့်နတ် ဖြစ်နိုင်ပါတယ်။

(မှတ်ချက်။ ။ မလေးရှားနိုင်ငံ၊ ဂျိုဟိုးဘာရုမြို့၌ ၂၃-၁-၂၀၁၂ နေ့တွင် ဖွင့်လှစ်ခဲ့သော မိုးကုတ်ဝိပဿနာ တရားစခန်းဝင်၊ ယောဂီ ကိုအောင်နိုင်ဦး၏ ပြောပြချက်များနှင့် အမေးအဖြေအချို့ကို အစီအစဉ်ကျအာင် ပြန်လည်ရေးသားမျှဝေခြင်း ဖြစ်ပါသည်။ ငရဲခန်းပန်းချီများမှာ မုံရွာမြို့၊ ရပ်တော်မူဘုရားကြီး၏ အတွင်းနံရံများ၌ရေးဆွဲထားသော ပန်းချီကားများဖြစ်ပါသည်။)

မေတ္တာဖြင့်
အရှင်ဝိသာရဒ (ရမ္မာဝတီ)

Pregnancy and Painless childbirth ဗိုက်မနာဘဲ ကလေးမွေးခြင်း


ကလေး မွေးရတယ်ဆိုတာ တကယ်နာပါတယ်။ သားအိမ် ကြွက်သားတွေဟာ စိတ်ကနေ ထိန်းမရဘဲ မွေးခါနီးရင် ညှစ်လို့ နာရတာ ဖြစ်တယ်။ ဒီအနာမျိုးကို Painkillers အနာသက်သာဆေးတွေက မနိုင်ဘူး။ ဘိန်းပါတဲ့ Morphine အုပ်စုဆေး ကသာ ထိရောက်တယ်။ မွေးဖွါးဖြစ်စဉ် အစောပိုင်းမှာသာ သုံးရပြီး ဘေးထွက်ဆိုးကျိုး များလှတယ်။ သိပ်မသုံးကြပါ။

နာတာကလဲ စောစောပိုင်းမှာ နာလိုက်၊ နားလိုက်၊ နောက် နာတာကြာပြီး နားတာက တိုလာတယ်။ နာပုံ-နာနည်းကလဲ တိုးသထက် တိုးနာတယ်။ စောစောက စကားစမြီပြောနေတဲ့ လူနာ ရှုံ့မဲ့လာမယ်၊ နောက် အော်လာမယ်၊ အသံ ကျယ်သထက် ကျယ်လာတယ်။ မွေးပေးမဲ့ ဆရာဝန်-ဆရာမတွေက မသနားလို့တော့ မဟုတ်ပါ။ ကျေနပ်မှု ရနေကြတယ်။ ဘာလို့လဲဆိုတော့ မွေးလူနာဟာ မွေးဖွါးဖြစ်စဉ် ပုံမှန် ဖြစ်နေတာကို သတိထားနေလို့ပါ။ Progress တိုးတက်မှု ဖြစ်စဉ်က အတော် အရေးကြီးတယ်။ လူနာ အော်သံ တိတ်သွားရင် မကြိုက်ချင်ဘူး။ တနာရီတခါစမ်းလို့ သားအိမ်အဝဟာ လက် ၁လုံ၊ ၂ လုံး စသဖြင့် တိုးတိုး ပွင့်ရမှာက တန့်နေရင် မကြိုက်ချင်ဘူး။

အချက် (၇) ချက်ပြည့်စုံမှ ကလေး မွေးလမ်းကနေ ထွက်ပါမယ်။
1. Os full သားအိမ်အဝ လုံးဝပွင့်မယ်၊ ၁ဝ စင်တီမီတာ၊
2. Membranes rupture ရေမွှာပေါက်မယ်၊
3. Show သွေးနဲနဲနဲ့ အချွဲ ဆင်းမယ်၊
4. Desire to urinate and defecation ဆီးသွားချင်၊ ဝမ်းသွားချင် ဖြစ်လာမယ်၊
5. Anal pressure စအို ဝိုင်းလာမယ်၊
6. Bulge ညှစ်နေချိန်မှာ အပြင်ကစူလာနေတာ မြင်ရမယ်၊
7. Urge မဖြစ်မနေ ညှစ်ချင်လာမယ်။

မဖြစ်မနေ ညှစ်ချင်လာတယ်ဆိုတာကို မိခင်လောင်းက ထိန်းမရပါ။ နာမယ်မှန်း သိလျက်နဲ့ သူ့ခမြာ ညှစ်ပါမယ်။

အနာသက်သာဘို့ အထောက်အကူ ပေးနိုင်တာတွေ ရှိပါတယ်။ ရေ၊ သစ်သီးရည် များများ သောက်ပါ။ အုံးရည်သောက်ပါ။ အစားမာ လိုတာထက် ပိုမစားပါနဲ့။ ကလေးဖွါးနေတုံး ပျော်စရာ၊ ရီမောစရာတွေ ပြောဆိုပေးတာ ကောင်းတယ်။ တချို့က ဝါသနာပါရင် ကဘို့တောင် အကြံပေးတယ်။

ကလေးမွေးတာ အနာသက်သာအောင် လက်ခံထားတဲ့ နည်းတွေ ရှိတယ်။
1. အောက်စီဂျင် နဲ့ နိုက်ထရပ်စ်အောက်ဆိုက် အရောကို ရှူတာ ကလေးရော မိခင်လောင်းပါ စိတ်ချရတယ်။ ဒါပေမဲ့ နာတာအကုန် မသက်သာစေပါ။
2. Epidural analgesia (အပီဂျူရယ်) ခါးထုံဆေး၊ အထိရောက်ဆုံးနည်း ဖြစ်တယ်။ ကလေး-မိခင် စိတ်ချရတယ်။ တကမ္ဘာလုံးမှာ သုံးတယ်။ သုံးဘူးသူ ၈၅% မိခင်တွေက လိုလားနှစ်ခြိုက်ကြတယ်လို့ ဆိုတယ်။

Epidural analgesia (အပီဂျူရယ်) ခါးထုံဆေးနည်း
မေ့ဆေး-ဆရာန်ကသာ လုပ်ပေးမယ်။ ခါးရိုးမကြီးထဲမှာ ဦးနှောက်ကနေ အောက်ကို တန်းဆင်းနေတဲ့ အာရုံကြောမကြီး ရှိတယ်။ ခါးရိုးဆစ်တွေရဲ့နောက်က အထက်-အောက်တန်းနေတဲ့ ပြွန်လိုနေရာထဲမှာ အကာသုံးလွှာနဲ့ ဖုံးနေတာ ဖြစ်တယ်။ ဒီအာရုံကြောမကြီးကနေ ဘယ်-ညာ နှစ်ဘက်ကနေ အာရုံကြောတွေ ထွက်ပြီး ဆိုင်ရာဆိုင်ရာ နေရာတွေကို အလုပ်လုပ် ပေးနေတာပါ။ အဖုံးလွှာတွေထဲက အပြင်ဆုံးအလွှာရဲ့ အပြင်နေရာထဲကို Indwelling catheter (ကသီတာ) ဆေးထိုးပိုက် သေးသေးလေးနဲ့ သွင်းပြီး Diluted anaesthetic drugs ထုံဆေး ထိုးပေးရတယ်။ သတ်မှတ် ထားတဲ့ Lumber vertebrae ခါးရိုးဆစ် နှစ်ခုကြားကနေ ထိုးတာပါ။ Indwelling catheter ကို ဆွဲမထုတ်ဘဲ ထားရတယ်။ အောက်ပိုင်းက ထုံနေပေမဲ့ လူနာက လုံးဝ သတိကောင်းနေတယ်။

လုပ်စရာ လုပ်ပြီးတာနဲ့ Epidural catheter ကိုထုတ်တယ်။ ဆက်တော့ ထုံနေပါအုံးမယ်။ ဘာလုပ်လုပ် အန္တရာယ်ဆိုတာ ရှိတာပါ။ ဒီလိုလုပ်ရတာမှာ သွေးဖိအားကျမယ်၊ ကလေးကို သတိထားရမယ်၊ အဆင်မသင့်လို့ အာရုံကြောထိမှာကို သတိကြီးရတယ်။ တချို့မှာ ခေါင်းကိုက်နေတတ်တယ်။ ကလေးမွေးဖြစ်စဉ်ကို ကြည့်ပြီးမှ ဒီနည်းလုပ်မယ်-မလုပ်ဘူး ဆုံးဖြတ်ရတယ်။

ဒီနည်းကို Regular labor မွေးလမ်းက မွေးတာ၊ Cesarean Section ကလေး ဗိုက်ခွဲမွေးတာ Induced labors ကလေး တမင် မွေးလာအောင် လုပ်တာ၊ Forceps ညှပ်ဆွဲမွေးတာ၊ Vacuum လေဟာနယ်နဲ့ စုပ်မွေးတာတွေမှာ သုံးပါတယ်။

ကလေးမွေးတာမှာ မနာအောင် တမင်လုပ်ပေး မွေးတာကို Twilight sleep ခေါ်ကြတယ်။ အနုတ်ဘက်ကနေ ထောက်ပြတာတွေလဲ သိဘို့ သင့်ပါတယ်။
• မိခင်ဖြစ်မဲ့သူဟာ သူ့ရဲ့ Sense of responsibility တာဝန်ရှိတတ်မှုကို မေ့ထားရာကျတယ်။
• နောင်လဲဘဲ ကလေးဖွါးရတာ သာယာမှုလို့ ထင်မှတ်နိုင်တယ်။
• ခရစ်ယန် ဘာသာရေး ခေါင်းဆောင်တချို့က Sin against the will of God မကောင်းမှုလို့ ပြောတယ်။
• သဘာဝတရား မတားသင့်ဘူး။
• မွေးတဲ့အခါ သဘာဝအရ နာတာဟာ မိခင်နဲ့ကလေးကြား စည်းနှောင်မှုတခု ဖြစ်တယ်။
• ဗိုက်ခွဲမွေးရသူတွေမှာ ပိုလို့တောင် ရှိမယ်။
• ဒီလို စည်းနှောင်မှုမျိုး ဖခင်တွေက ဝယ်ယူမရနိုင်ကြပါ။
• ဆေးမှန်သမျှ ဘေးထွက်ဆိုးကျိုး မကင်းပါ။ ကုန်ကုန်ပြောရရင် (ပါရာစီတမော) ကနေ ကာရံမသင့်ရင် သေစေနိုင်တယ်လို့ ပြောရင် ငြင်းဘို့ ခက်တယ်။

မနာအောင် မွေးနည်းကို ၁၈၄၆ ကတည်းက စခဲ့တာပါ။ ဘုရင်မကြီး Queen Victoria ကလဲ အနာမခံနိုင်လို့ မေ့ဆေး-ထုံဆေး သုံးချင်ခဲ့တယ်။ Fanny Longfellow က ပဌမဆုံး မနာအောင် မွေးနည်းသုံးခဲ့တဲ့ အမေရိကန် First lady ဖြစ်တယ်။

ကလေးမွေးပြီးပြီးချင်း နောက်ကလေး မယူချင်တော့ပါဘူး ပြောသူ ရှိသလို၊ နုတ်အာကြမ်းသူတွေက သူနာနေတုံးမှာ သူ့ယောက်ျားကို ကျိန်ဆဲတတ်တယ်။ ကလေးကိုလဲ သန့်ရှင်း၊ သစ်လွင်နေတဲ့ အနှီးဖြူလေးနဲ့ပတ်ပြီး မိခင်လက်ထဲ အပ်လိုက်ရင်တော့ ပြုံးနိုင်သူတွေက များပါတယ်။

“ညီးကို မွေးပေးရတာ ဒို့အိပ်ရေး မပျက်ဘူး။ နောက် တယောက် မွေးရင်လဲ ဒီအချိန်ဘဲ လာခဲ့နော်” လို့ ပြောရင် -
“ဟုတ်ကဲ့ရှင့်” လို့ ဖြေပါတယ်။

Pain relief during labor ကလေးမွေးရင် မနာချင်

Dr. တင့်ဆွေ

မန္တလေးခရိုင်အတွင်း အမည်စာရင်း မပေါက်သည့် ကျူးကျော် ဘုန်းကြီးကျောင်းပေါင်း ၂၀၀ ကျော်ရှိဟုဆို


မန္တလေး၊ မေ ၂၇

မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင် ခုနစ်မြို့နယ်အတွင်း သာသနာရေး ဝန်ကြီးဌာနတွင် အမည်စာရင်း မပေါက်သည့် ကျူးကျော် ဘုန်းတော်ကြီးကျောင်းပေါင်း ၂၀၀ ကျော်ခန့် တွေ့ရှိရကြောင်း ပုသိမ်ကြီးမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဦးဇဋိလက The Voice သို့ မိန့်ကြားသည်။

ပုသိမ်ကြီးမြို့နယ် နှမ်းကြဲ ကျေးရွာအုပ်စု၊ ရေထွက် ကျေးရွာအုပ်စု၊ ရှင်တော် ကုန်းကျေးရွာအုပ်စု၊ ရေကြည် ကျေးရွာအုပ်စု လေးခုသည် မန္တလေးမြို့ နှင့် အလှမ်းဝေးသော ရန်ကင်းတောင် အနီးတွင် တည်ရှိပြီး တောင်တန်းများ ရှိသဖြင့် အသက်ကြီးမှ ရဟန်းပြုလာကြသော အချို့သော ရဟန်းတော်များသည် ဖြစ်သလို တဲများထိုး၍ သာသနာ့ အလံထောင်ကာ ကျောင်းများ တည်ဆောက်ကြကာ သာသနာရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက် မရရှိဘဲ နေထိုင်သီတင်းသုံးကြခြင်း ဖြစ်ကြောင်း ဆရာတော် ဦးဇဋိလက ထပ်မံမိန့်ဆိုသည်။

အဆိုပါ ကျူးကျော် ဘုန်းကြီးကျောင်းများတွင် ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပေါ်လာမည် ဆိုပါက အပြီးအပိုင် ဖျက်သိမ်းသည်အထိ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆရာတော်က ထပ်လောင်း မိန့်ကြားသည်။

“၂၀၀၆ ခုနှစ်တုန်းကလည်း သောက်စား မူးယစ်နေပြီး အချင်းချင်း ခုတ်ကြထစ်ကြလို့ ကျူးကျော် ဘုန်းကြီးကျောင်း ၂၉ ကျောင်းကို သံဃနာယက အဖွဲ့က ရှင်းလင်းခဲ့ရဖူးတယ်။ အခုလည်း ပြဿနာ ပေါ်လာရင် အဲဒီ့ကျူးကျော် ဘုန်းကြီးကျောင်းတွေကို သံဃာ့ အဖွဲ့အစည်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဖယ်ရှင်းသွားမယ်” ဟု ဆရာတော်က မိန့်ဆိုသည်။

သာသနာရေး ဝန်ကြီးဌာနတွင် အမည်ပေါက် မဟုတ်သော ကျူးကျော် ဘုန်းကြီးကျောင်းများကို မြို့နယ် သံဃနာယက အဖွဲ့အနေနှင့် တိုင်းဒေသကြီး သံဃနာယကအဖွဲ့သို့ တင်ပြပြီး ဖျက်သိမ်းနိုင်ကာ တရားမဝင် ဘုန်းကြီးကျောင်းများကို ဖျက်သိမ်းခွင့် အာဏာသည် မြို့နယ် သံဃနာယကအဖွဲ့၏ လုပ်ပိုင်ခွင့် ဖြစ်ပြီး သာသနာရေး ဝန်ကြီးဌာနသည် မြို့နယ် သံဃနာယကအဖွဲ့က တင်ပြလာသော ကျောင်းများကို စိစစ်၍ ကျောင်းအဖြစ် ခွင့်ပြု မပြုကို ဆုံးဖြတ်နိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး သာသနာရေးမှူး ဦးနိုင်အောင်မိုးက The Voice သို့ ပြောကြားသည်။

“ကျောင်းအမည်စာရင်း ဖောက်တဲ့အခါမှာ မိမိရဲ့ ပညာအရည်အချင်း၊ မိမိကို ရဟန်းပြုပေးခဲ့တဲ့ ဥပဇ္ဈာယ်ဆရာရဲ့ ထောက်ခံစာ၊ ရပ်ကွက်ကျေးရွာအုပ်စု သံဃနာယကအဖွဲ့ရဲ့ ထောက်ခံစာ စတာတွေနဲ့ တင်ပြရင် မြို့နယ်သံဃနာယက အဖွဲ့ကလည်း ကျောင်းအဖြစ် ခွင့်ပြုပါတယ်။ သာသနာရေးကလည်း အသိအမှတ် ပြုပါတယ်၊ အခုဒီမှာ ရှိနေတာတွေက မနေ့က ရဟန်းဖြစ်တယ်။ ဒီနေ့ ကျောင်းလာထောင်တယ်။ လူလိုနေ လူလိုပြော လူလို အလှူခံနေတဲ့လူတွေ ဖြစ်နေတော့ ကျောင်းအမည်ပေါက် မရတာပါ။ ကျောင်းသာ ထိုင်ချင်နေတာ။ ငါးပါးသီလတောင် မပေးတတ်ဘူး။ ဒီလိုလူတွေကို ကျောင်းထောင်ခွင့်ပေးရင် ဘယ်လိုလုပ်ပြီး အဆင်ပြေမလဲ။ ဘုန်းကြီးတောင် ကျောင်းအမည် လျှောက်ထားဆဲပါ။ ဒီလို ပုဂ္ဂိုလ်တွေကို အမြန်ရှင်းလင်းသင့်တယ်” ဟု ကျောင်းအမည် လျှောက်ထားဆဲ နှမ်းကြဲကျေးရွာအုပ်စုမှ အသောက ကျောင်းတိုက် ဆရာတော် အရှင်ဝိမလက ဆိုသည်။

ကျောင်းထိုင် ရဟန်းတို့တွင် အင်္ဂါ ၅ ပါးနှင့် ပြည့်စုံမှသာလျှင် ကျောင်းထိုင် ဆရာတော်အဖြစ် သာသနာတွင် သတ်မှတ်ကာ အနည်းဆုံး ၁၀ ဝါ ပြည့်ရမည် ဖြစ်ပြီး ဘိက္ခုဝိဘင်း ဘိက္ခုနီဝိဘင်း တည်းဟူသော ဝိနည်းကံတို့ကို နားလည်ထားရမည် ဖြစ်ပြီး ဒကာ ဒကာမတို့ကို ရုပ်၊ နာမ်ဓမ္မတို့နှင့် ဆက်စပ်သော တရားဓမ္မတို့ကို ဟောပြောပြသနိုင်မှသာ သာသနာတော် ထုံးတမ်းများအရ ကျောင်းထိုင် ဆရာတော်အဖြစ် သတ်မှတ်ကြောင်း မိမိသဘောနှင့်မိမိ ရဟန်းပြုပြီး၊ ဥပဇ္ဈာယ် ဆရာနှင့် ကင်းကွာနေထိုင်ပြီး ကျောင်းထိုင် ဆရာတော်အဖြစ် နေထိုင်နေခြင်းသည် ဝိနည်းကံများ လုပ်ထုံးလုပ်နည်းများနှင့် မညီသကဲ့သို့ သာသနာတော်၏ ထုံးထမ်းစဉ်လာ ဓမ္မတာမဟုတ်ဘဲ၊ အလဇ္ဇီ ဒုဿီလတို့၏ အပြုအမူသာ ဖြစ်ကြောင်း မန္တလေးမြို့ မြဝတီမင်းကြီး ကျောင်းတိုက်၏ ပဓာန နာယက ဆရာတော် ဦးအရိယာဝံသာ ဘဝံသ (-စ-အ ဓမ္မာစရိယ ဝဋံသကာ ) က မိန့်ဆိုသည်။

The Voice Weekly

မောင်တောနယ်စပ်တွင် တိုက်ပွဲထပ်မံဖြစ်ပွား


ရခိုင်ပြည်နယ် မောင်တောနယ်စပ်မှာ ဒီနေ့ မနက်ပိုင်းက တိုက်ပွဲတခုဖြစ်ပွားခဲ့ပြီး ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေး အကြမ်းဖက်အဖွဲ့ (RSO) ကလို့ ယူဆရတဲ့ တပ်ဖွဲ့ဝင်တဦး သေဆုံးခဲ့ကြောင်း မောင်တောမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးဌေးလွင်က DVB ကို အတည်ပြု ပြောပါတယ်။

 မောင်တော-ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင် ၅၂ အနီးမှာ ဒီနေ့မနက် ၉ နာရီလောက်က ပြောက်ကျား ၀တ်စုံဝတ်ထားတဲ့ RSO တပ်ဖွဲ့ဝင် ၂ ဦးနဲ့ ကင်းလှည့်နေတဲ့ ရခိုင်ပြည်နယ် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တပ်စိတ်တစိတ်တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။

“RSO လို့ပဲ ယူဆတာပေါ့နော်။ ယူနီဖောင်းနဲ့ တပ်ဖွဲ့ဝင် ၂ ယောက်က ခြံစည်းရိုးနား ကပ်လာတယ်။ ကပ်လာတော့ လှုပ်ရှားတပ်စိတ်တစိတ်နဲ့တွေ့တယ်။ တွေ့ပြီးမှ အပြန်အလှန် ပစ်ခတ်မှု ဖြစ်တယ်။ ကြာတော့ မကြာပါဘူး။ မိနစ်ပိုင်းအတွင်းပဲ ဖြစ်ပွားတယ်လို့ သိရပါတယ်။ ဟိုဘက် တယောက်သေတယ်လို့ သိရပါတယ်။”
ဒီတကြိမ်နဲ့ဆို မောင်တောနယ်စပ်မှာ တိုက်ပွဲဖြစ်ပွားတာ ၃ ကြိမ် ရှိသွားပြီလို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၇ ရက်ကလည်း ဒီ မိုင်တိုင် ၅၂ အနီးမှာပဲ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နယ်ခြားစောင့်ရဲ တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ပါတယ်။

ဒီ့မတိုင်မီ မေလ ၁၃ ရက်မှာ နယ်စပ်မိုင်တိုင် ၃၉ အနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး RSO တပ်ဖွဲ့ဝင် ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာ ရရှိခဲ့တာပါ။

ရခိုင်ပြည်နယ်စပ်မှာ အခုလို တိုက်ပွဲတွေ ဖြစ်ပွားလာတာနဲ့ ပတ်သက်ပြီး သမ္မတပြောခွင့်ရ ဦးရဲထွဋ်ကို မေလ ၂၂ ရက်က ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ရာမှာ နှစ်နိုင်ငံနယ်ခြား ကော်မတီချင်း အရင် ဆွေးနွေးမယ်။ မရရင် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ တိုက်ရိုက်ဆွေးနွေးမယ်လို့ ပြောကြားခဲ့ပါတယ်။

အခုအချိန်အထိတော့ နှစ်နိုင်ငံနယ်ခြားကော်မတီ စည်းဝေးပွဲသတင်း ထွက်ပေါ်လာတာ မတွေ့ရသေးပါဘူး။
DVB Burmese

Tubal ligation အမျိုးသမီး သားသမီး မရတော့အောင် လုပ်ခြင်း


1. သမီးကအခု၃၇နှစ်ထဲမှာပါဒုတိယကိုယ်ဝန်ကအခု၇လထဲမှာပါ။ Og ကမေးနေတာ သားကြော ဖြတ်မလား မဖြတ်ဘူးလားတဲ့ ဆိုးကျိုးကောင်းကျိုး မသိလို့ သမီးမဖြေနိုင်ဘူးဖြစ်နေတာ။
2. ကြောက်တော့ ကြောက်တယ်။ မိန်းမတွေ သားကြောဖြတ်နဲ့ ပတ်သက်ပြီးတော့လည်း တင်ပြပေးပါဦးနော်။

အမျိုးသမီးများကို ရာသက်ပန် သား-သမီးမရအောင် လုပ်နည်း Permanent Sterilization ၂ နည်းရှိတယ်။ အများဆုံးသုံး-အများလည်း သိတဲ့နည်း ကတော့ သားအိမ်ပြွန်ကို ခြည်-ဖြတ်နည်းပါ။ သားအိမ်ပြွန်ထဲကို (စပရင်) လိုတခု ထည့်ပေးနည်းက နောက်တမျိုးပါ။ မြန်မာအမျိုးသမီးတွေ လက်လှမ်းမီကြမဲ့ ပဌမနည်းကိုဘဲ ရေးပါမယ်။

အမျိုးသမီးများဟာ အရွယ်ရောက်ချိန်ကစပြီး သွေးမဆုံးခင် အချိန်အထိ လစဉ်-လတိုင်း မ-မျိုးဥအိမ်ကနေ မ-မျိုးဥ တလုံး ထွက်ပေးနေတယ်။ ရာသီမှန်နေသူကို ပြောတာပါ။ ဥက တကယ်လို့ ကျားသုတ်ပိုး ဝင်လာမယ်ဆိုရင် သားအိမ်ပြွန်ခေါ်တဲ့ ချိုနဲ့လည်းတူတဲ့ နှစ်ချောင်းလည်းရှိတဲ့ အခေါင်းပါပြွန်ရဲ့ အပြင်ထိပ်ပေါက်နေ သားအိမ်ထဲကို ဝင်လာလိမ့်မယ်။ ပြွန်ထဲမှာ ဖူးစာဆုံ-ပေါင်းစပ်ရာကနေ သန္ဓေတည်-ကိုယ်ဝန်ဆောင်ရတယ်။ သူတို့တတွေ မတွေ့-မဆုံ-မပေါင်းစပ် နိုင်အောင် ပြွန်လမ်းကို အသေပိတ်လိုက်တဲ့နည်းက Tubal Ligation ဖြစ်ပါတယ်။

ဒီနည်းမှာလည်း ၂ နည်းရှိတယ်။ Laparoscope ပစ္စည်းကရိယာ စုံတဲ့နေရာမှာဆိုရင် အပြင်လူနာ အနေနဲ့၊ ထုံဆေးနဲ့ လုပ်လို့ ရတယ်။ တိုင်းပြည် အများအပြားမှာတော့ ဆေးရုံ ခဏတင်၊ ခါးထုံဆေးနဲ့ ခွဲပေးတတ်တယ်။ မကြာပါဘူး။ ခွဲပြီး ၇ ရက် ချုပ်ရိုးဖြေတာ မစောင့်ချင်ရင် စောစော အိမ်ပြန်လွှတ်မှာပါ။ ကလေးမွေးပြီး၊ ၂ ပါတ် အတွင်းခွဲရင် ဆရာဝန် အတွက် ပိုလွယ်တယ်။ သားအိမ်က မြင့်နေသေးတာမို့ အောက်အတွင်းထဲအထိ နှိုက်စရာ မလိုဘူး။ ဘယ်နည်းနဲ့ ခွဲခွဲ ခွဲစိတ်တဲ့ နေရာက နာတာသက်သာတာနဲ့ အိမ်ထောင်နဲ့အတူ ပြန်နေလို့ရတယ်။ ဗိုက်ခွဲမွေးရင်းလည်း လုပ်ပေးလို့ရတယ်။

၉၉့၅% ထိရောက်တယ်လို့ ဆိုတယ်။ ဒီအထဲမှာ သားအိမ်ပြင်ပ သန္ဓေတည်တာတော့ ကံမကောင်းရင် ဖြစ်နိုင်တယ်။ အတော်တော့ ရှားပါတယ်။ အဲလို ချည်-ဖြတ်ပြီးမှ ပြန်လိုချင်ပြန်လို့ နောက်ထပ် ခွဲစိတ်ပြုပြင်ရသူတွေမှာ အဲလိုဖြစ်တာ ပိုများတတ်တယ်။ နောက် ရှားတာလေးတွေလည်း ရှိသေးတယ်။ ရာသီဖြစ်စဉ်ေ ပြာင်းသွားလို့ လာတဲ့အချိန်မှာ နာတာ၊ ကြားရက် ဆင်းတာ၊ မလာဘဲ နေတာ။ ဒါလဲ ဖြစ်တဲ့သူ မများလှပါဘူး။

အားကောင်းချက်တွေ အရင် သိရအောင်။ ရာသက်ပန် ကလေးမရတော့ပါ။ ချက်ချင်း ထိရောက်တယ်။ မလိုချင်တော့တဲ့ ကလေးရမှာ ကြောင့်ကျမှု ကင်းသွားမယ်။ ကုန်ကျစရိတ် မများပါ။ မ-မျိုးဥအိမ် ကင်ဆာ ဖြစ်တာ နည်းတာကို တွေ့လာရတယ်။ သားကြောဖြတ်ထားသူ အမျိုးသမီးမှာ ဆက်ဆံစိတ်မျိုး ဘာမှ ထူးခြား ပြောင်းလဲစရာ မရှိပါ။ တချို့ဆိုရင် ကိုယ်ဝန်ရမှာမျိုး စိုးရိမ်စိတ် မရှိတော့တာမို့ ပိုလို့တောင် စိတ်ဖြစ်ပေါ်လာသေးပါတယ်။ အဲ့ ခင်ပွန်းအပေါ် သစ္စာ စောင့်ရပါလိမ့်မယ်။

အားနည်းချက်တွေလဲ သိထားပါ။ ခွဲစိတ်တာ ခံရမယ်။ ယောက်ျားတွေကို လုပ်ရတာထက် နည်းနည်း ရှုတ်ထွေးတယ်။ ပြန်ဆက်ချင်ရင် ပိုခက်တယ်။ ဆုံးဖြတ်ချက်ကို ခိုင်မာပြီးမှ လုပ်သင့်တယ်။ ဒါတောင် ယောက်ျားတွေကို လုပ်ကြတာထက် အဆ ၄ဝ အမျိုးသမီးတွေမှာ လုပ်နေကြပါတယ်။ လိင်ကတဆင့် ကူးစက်ရောဂါတွေကို မကာကွယ်ပါ။

တကမ္ဘာလုံးမှာ အမျိုးသမီး ၃၃% က ဒီနည်းလုပ်ထားကြပါတယ်။ ဖွံ့ဖြိုးဆဲ တိုင်းပြည်တွေမှာကြ ရာနှုန်းပိုများတယ်။ မြန်မာပြည်မှာ ဥပဒေအရ Sterilization board ကနေကျမှ လုပ်ခွင့်ရှိတယ်။ လူဦးရေများတဲ့ တိုင်းပြည်တွေမှာ အလကား လုပ်ပေးတယ်။ အားပေးတယ်။ တချို့ဆီမှာ အတင်းအဓမ္မ အလုပ်ခိုင်းတယ်။

ဒုက္ခသည် ဆေးခန်းမှာ ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် အလကား လုပ်ပေးပါ့မယ် ပြောထားတယ်။ ထည့်နိုင်ရင်တော့ နည်း-များမဆို အလှူငွေလေး ထည့်ပေါ့။ ဒါပေမဲ့ အခုထိ တယောက်မှ မလာပါ။ သူတို့ Destination တိုင်းပြည်တွေမှာ ကလေးပါရင် ချမ်းသာတယ် ကြားထားကြတာကိုး။

Dr. တင့်ဆွေ
၁၈-၈-၂ဝ၁ဝ

November 24, 2010 9:20 AM
Q: ကျနော့်အသက် ၅၅ နှစ်ရှိပါပြီ။ ကလေး ၂ ယောက်ရှိပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ကျနော်တို့ လင်မယား တိုင်ပင်ပြီး ကျနော် သားကြောဖြတ်ခဲ့ပါတယ်။

ဖြတ်ပြီးပြီးချင်းတော့ ဘာမှသိပ်မသိသာပါဘူး။ ယခု ပြီးခဲ့သော သုံးလကျော် လေးလခန့် မှစ၍ ပန်းသေသလို ဖြစ်နေပါတယ်။ ဆေးမသုံးဘူး၍ ဘာဆေးသုံးရမှန်း မသိပါခင်ဗျား။ ပျားရည်ဖြင့် ကြက်သွန်ဖြူ စားသော်လည်း မထူးခြားပါ။ စိတ်ပါလာ သော်လည်း ချက်ခြင်းပြန်ကျသွားပါသည်၊ ကျနော် ယခု ရောက်ရှိနေသော နေရာက (့) နိုင်ငံမှာ ဖြစ်ပါသည်။ ကျနော် ပုံမှန်စားနေရသော အစာအိမ်ဆေးရှိပါသည်၊ Histac, Neotac မြန်မာပြည်မှာတုန်းက စားတာပါ။ ယခု ထိုဆေးများ ဝယ်မရ၍ Ranidine 150mg ကို စားနေရပါတယ်။ သောက်နေရသော ဆေးများနှင့် ဖြစ်နေသော အခြေအနေနဲ့ သက်ဆိုင်သလား မသိပါ။ နောက် သားကြောဖြတ်ပြီးမှ ဖြစ်တာ ဆိုတော့ ဆိုင်သလား။ အသက်အရွယ်ကြောင့်လား။

A: သားကြောဖြတ်လို့ တိုက်ရိုက် ပန်းသေတာမျိုး မဖြစ်စေပါ။ သိပ်ကြီး မစိုးရိမ်ပါနဲ့။ ပြန်ကောင်းလာနိုင်ပါတယ်။ ကျား-ဟော်မုန်းက Testis အစေ့ကနေ ထွက်တာပါ။

လောလောဆယ် အကြံပေးချင်တာက Virgra ဆေးသောက်ပါ။ နာမည် အမျိုးမျိုးနဲ့ ဝယ်လို့ရတာတယ်။ အိန္ဒိယကလာတာ Vigora စသဖြင့်။ ဆေးရှာရလို့ ဘယ်လိုသောက်ရမလဲ မသိရင် မေးနိုင်ပါတယ်။ ၅ဝ-၁ဝဝ အားလာတယ်။ 50 mg ဆိုရင် တနေ့တွက် လုံလောက်တယ်။ အသုံးပြုချင်တဲ့နေ့၊ အချိန်မှာသာ ၁၅-၃ဝ မိနစ် ကြိုသောက်ယုံသာ လိုပါမယ်။

အစာအိမ်ဆေးတွေကလဲ အဲလိုမဖြစ်စေပါ။ အရွယ်ကလည်း သိပ်မကြီးသေးပါ။ တယောက်နဲ့ တယောက်တော့ မတူပါ။

စိတ်မှာ ရှင်းလိုက်ပါ။ ဒီစိတ်မျိုးက တခါတလ နည်းတတ်တယ်။ ပြန်တက်လာမှာ သေခြာပါတယ်။ ဆေးကလည်း အတော်ကို စွမ်းပါတယ်။

Pregnant after tubes are tied သားကြောဖြတ်ပြီး ကလေးပြန်ရချင်တယ် http://dts-medicaleducation.blogspot.com/2010/10/how-to-get-pregnant-after-tubes-are.html

Dr. တင့်ဆွေ

ခရီးသည်တင်ယာဉ်မောင်းများ ယာဉ်မောင်းစဉ်ဖုန်းပြောပါက တိုင်ကြားနိုင်



နေပြည်တော်၊ မေ ၂၇- ခရီးသည် တင်ယာဉ်မောင်းများ ယာဉ်မောင်း နေစဉ် ဖုန်းပြောပါက တိုင်ကြားနိုင် ပြီး စစ်ဆေးပေါ်ပေါက်ပါကထိရောက် စွာအရေးယူသွားမည်ဖြစ်ကြောင်း နေပြည်တော်အဝေးပြေးယာဉ်လိုင်း ထိန်းသိမ်းကြီးကြပ်မှုကော်မတီ (မထ သ)ဥက္ကဋ္ဌ ဦးဝင်းဆွေက ဒီမိုကရေ စီတူဒေးသတင်းစာသို့ ပြောကြား သည်။

''ကျွန်တော်တို့ယာဉ်မောင်းတွေ အတွက်ထုတ်ထားတဲ့ စည်းကမ်းချက် တွေထဲမှာလဲ ဒါကိုတရားဝင်ထည့် သွင်းထားပါတယ်။ ယာဉ်မောင်း တွေ ယာဉ်မောင်းနေစဉ်မှာ ဖုန်းမ ပြောဖို့၊ ခရီးသည်တွေအနေနဲ့ကလဲ မိမိစီးနင်းလာတဲ့ကားမှာ ယာဉ်မောင်း က ယာဉ်မောင်းနေစဉ်အတွင်းမှာ ဖုန်း ပြောနေတာတွေတွေ့ခဲ့ရင် ချက်ချင်း သက်ဆိုင်ရာယာဉ်ကြီးကြပ်ရေးကော် မတီရုံးတွေဆီကို အကြောင်းကြား တိုင်ကြားနိုင်ပါတယ်။ ဘယ်ယာဉ် လိုင်းက ယာဉ်အမှတ်ဘယ်လောက်၊ ဘယ်နေရာမှာ ဖုန်းပြောနေတယ် ဆိုတာကို ကျွန်တော်တို့အနေနဲ့ ဒီလို တိုင်းကားခဲ့ရင် ယာဉ်လိုင်းရော၊ ယာဉ် ရော ယာဉ်မောင်းကိုရော စစ်ဆေးသွား မယ်။ စစ်ဆေးပေါ်ပေါက်လာရင် ကျွန် တော်တို့ထိထိရောက်ရောက် အရေး ယူသွားမှာပါ''ဟု ယင်းကပြောကြား ခဲ့သည်။

နေပြည်တော်အဝေးပြေးယာဉ် လိုင်းအနေဖြင့် နေပြည်တော်အခြေ စိုက်ယာဉ်လိုင်းများမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များကို ယာဉ်မ တော်တဆမှုနည်းပါးရေးနှင့် ယာဉ် အန္တရာယ်ကင်းရှင်းရေးအတွက် ကြို တင်ကာကွယ်မှုများအနေနှင့် သင် တန်းများ စဉ်ဆက်မပြတ် ဆောင်ရွက် ပေးခြင်း၊ ယာဉ်ကြံ့ခိုင်မှုစစ်ဆေးခြင်း များကို စဉ်ဆက်မပြတ်ဆောင်ရွက် လျက်ရှိကြောင်း၊ သတ်မှတ် စည်းကမ်း ချက်များ လိုက်နာခြင်းမရှိသော ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ နှင့်ယာဉ်လိုင်းများကို ထိထိရောက် ရောက်အရေးယူမှုများ ပြုလုပ်လျက် ရှိကြောင်း ၎င်းကပြောကြားသည်။
''ယာဉ်မောင်းရင်း ဖုန်းပြော တာတွေဟာ ခရီးသည်တင်ယာဉ် ရယ်မှမဟုတ်ပါဘူး။ အခြားယာဉ် မော်တော်ဆိုင်ကယ်တွေကိုလဲ စစ် ဆေးအရေးယူသင့်တယ်။ ယာဉ်မောင်း ရင်းဖုန်းပြောတာ အများကြီးအန္တရာယ် ရှိပါတယ်။ ဒါတွေကို မီဒီယာတွေက ကျယ်ကျယ်ပြန့်ပြန့် ပညာပေးသင့် တယ်''ဟု ပြောကြားသည်။

MP [--Democracy today Daily Newspaper--]

#Democracytoday

လူတို့၏အရိုးကို စေတီတည်ကောင်းပါသလား




မေး။ အရှင်ဘုရား...ရုပ်ရှင်မင်းသားတစ်ဦးရဲ့ အရိုးပြာနဲ့စေတီတည်မယ် လို့ ကြားမိပါတယ်။ အဲဒါ ပုထုဇဉ်လူသားတစ်ဦးရဲ့အရိုးပြာနဲ့ စေတီတည် ကောင်းပါသလားဘုရား။

ပိုင်မင်းဦး (USA)

ဖြေ။ လောကမှာ စေတီတည်ပြီး ကိုးကွယ်သင့်တဲ့ ပုဂ္ဂိုလ်လေးမျိုးရှိပါ တယ်။ သမ္မာသမ္ဗုဒ္ဓဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ၊ စကြဝတေးမင်းတို့ဖြစ် ပါတယ်။ ဘုရားရယ်၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာများက ကိုးကွယ်သင့်တဲ့အ တွက် ထားပါတော့၊ လူပုဂ္ဂိုလ်တစ်ဦးသာဖြစ်တဲ့ စကြဝတေးမင်းက ဘာ ပြုလို့စေတီတည်ပြီး ကိုးကွယ်သင့်သလဲဆိုရင် သူ့ခေတ်သူ့အခါက လူ တို့ရဲ့စီးပွားချမ်းသာမှုကို ဆောင်ရွက်ပေးနိုင်ပြီး တရားနဲ့အညီ အုပ်ချုပ် မင်းလုပ်နေသူလည်းဖြစ်ပါတယ်။ လောကမှာ စကြဝတေးမင်းဟာ တစ်ဦး သာဖြစ်တဲ့အတွက် အံ့သြဖွယ်ရာလည်းဖြစ်၊ ထူးခြားတဲ့အရာလည်းဖြစ် ပါတယ်။ ဒါကြောင့် စေတီတည်ပြီးကိုးကွယ်သင့်တဲ့အထဲမှာ စကြဝတေး မင်းတစ်ဦးလည်းအပါအဝင်ဖြစ်ပါတယ်။

(ဒီ၊၂၊၁၁၇-၈။ အံ။၁။ ၇၆၊၅၆၇။ အံ၊ဋ္ဌ၊၂၊၅၁)

ယခုအခါ ပုထုဇဉ်ရဟန်းတော်များ ဆရာတော်များအား 'အရိုးအိုးစေတီ'တည်ထားကြတာကို တွေ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး သီလရှိတဲ့ပုထုဇဉ်ရဟန်းတော်များရဲ့အရိုးကို အရိုးအိုးစေတီအဖြစ် တည် ထားဖို့ ဘုရားရှင်က ခွင့်ပြုခဲ့မယ်ဆိုရင် သီလရှိတဲ့ပုထုဇဉ်ရဟန်းတော်များ မရေမတွက်နိုင်လောက်အောင် များပြားလှပါတယ်။ ပုထုဇဉ်အရှင်မြတ်များ ပျံတော်မူတဲ့အခါ အရိုးအိုးစေတီတည်ကြမယ်ဆိုရင် နေရာအနှံ့မရေမတွက် နိုင်လောက်အောင် များပြားလွန်းလှပါတယ်။ ဒီလိုသာဆိုရင် လူတွေကိုး ကွယ်နိုင်တော့မှာမဟုတ်တော့ဘူး။ ဒါကြောင့် ဘုရားရှင်က သီလရှိတဲ့ပုထု ဇဉ်ရဟန်းတော်များပျံတော်မူရင် အရိုးအိုးစေတီတည်ထားဖို့ အခွင့်မပေး ခဲ့ပါဘူး။ (အံ၊ဋ္ဌ၊၂၊၅၁) လူသာမန်ဆိုရင်တော့ ဆိုဖွယ်ရာမရှိတော့ပါ။


မေး။ အရှင်ဘုရား...ရဟန်းတော်များမှာ ဒါယကာ၊ ဒါယကာမတို့ရဲ့ပစ္စည်း လေးပါးအထောက်အပံ့ရမှသာ သာသနာပြုနိုင်ကြပါတယ်ဘုရား။ တစ်ခါ တစ်ရံ တချို့ရင်းနှီးတဲ့အိမ်တွေကို မလွှဲမရှောင်သာသွားရပါတယ်။ အဲဒီအခါ မျိုးမှာ ရဟန်းသံဃာတော်မျာြး<ွကလာမှန်းသိပါလျက် အဖက်မလုပ်၊ ခရီးဦး လည်းမကြိုဆိုတာ တွေ့ရပါတယ်။ ရဟန်းတော်များအတွက် စိတ်မကောင်း ရုံမှတစ်ပါး ဘာမှမတတ်နိုင်ပါ။ တပည့်တော်သိချင်တာက ဒီလိုအိမ်မျိုးကို နောက်တစ်ခါ သွားသင့်၊ မသင့်ဆိုတာ သိချင်ပါတယ်ဘုရား။

မနွယ်နွယ်အေး(ရန်ကုန်)

ဖြေ။ လူတွေဟာ အလုပ်ကိုအချိန်နဲ့လုပ်နေကြရတဲ့အတွက် ရဟန်းတော် များကို မအားလပ်တဲ့ကြားက ဧည့်ခံဖို့ရာ လုံးဝမဖြစ်နိုင်ပါ။ သူတို့ကိုယ်၌က ရဟန်းတော်များအား ကြည်ညိုကြတာရှိပါတယ်။ အကြောင်းကြောင်း ကြောင့် ဧည့်ဝတ်ချို့ယွင်းခဲ့ပေမယ့် ကြည်ညိုတဲ့ဒါယကာများက ရှိပါတယ်။ ဒါပေမဲ့ တချို့ကျတော့ ရင်းနှီးကျွမ်းဝင်ပြီးသားဒါယကာအိမ်ကိုသွားတဲ့ အခါ အဖက်မလုပ်၊ ခရီးဦးမကြိုဆို၊ လုံးဝကြည်ညိုမှုမရှိဘူးဆိုရင် နောက် တစ်ခါမသွားမိအောင် သတိထားရပါ့မယ်။ ဒါယကာများက ကိုယ့်ကို မကြည်ညိုဘူးဆိုရင်တော့ နောက်တစ်ခါသွားဖို့ရာ စဉ်းစားရပါလိမ့်မယ်။
ဒါကိုတော့ ခွဲခြားသိဖို့လိုပါလိမ့်မယ်။ ဒါနဲ့ပတ်သက်ပြီး အင်္ဂ္ဂုတ္တရနိကာယ်၊ ကုလသုတ်မှာ ဟောတော်မူထားပါတယ်။ ဒါတွေက (၁) မြတ်နိုးသဖြင့် ခရီးဦးမကြိုဆိုခြင်း၊ (၂) မြတ်နိုးသဖြင့် ရှိမခိုးကြခြင်း၊ (၃) မြတ်နိုးသဖြင့် နေရာထိုင်ခင်းမပေးကြခြင်း၊ (၄) ထင်ရှားရှိတဲ့ လှူဖွယ်ဝတ္ထုကို ရဟန်း တို့အား လျှို့ဝှက်ကြခြင်း၊ (၅) လှူဖွယ်ဝတ္ထုများစွာရှိပါလျက် အနည်းငယ် ကိုသာပေးလှူခြင်း၊ (၆) မွန်မြတ်သောလှူဖွယ်ဝတ္ထုရှိပါလျက် ရုန့်ရင်း ကြမ်းတမ်းသောလှူဖွယ်ဝတ္ထုကိုပေးလှူကြခြင်း၊ (၇) ရိုသေစွာမပေးလှူ ဘဲ မရိုမသေပေးလှူကြခြင်း၊ (၈) တရားနာရန် ရဟန်းထံသို့ မချဉ်းကပ် မနေထိုင်ကြခြင်း၊ (၉) ထိုရဟန်းဟောသောတရားများကို ရိုသေစွာမနာ ယူကြခြင်း။ အထက်ပါဖော်ပြခဲ့တဲ့ အင်္ဂါကိုးချက်နဲ့ပြည့်စုံတဲ့ ဒါယကာ အိမ်သို့ ရဟန်းတော်များ မသွားရောက်သင့်ပါ။ တကယ်လို့သွားခဲ့တောင် မှ ထိုင်နေဖို့မသင့်ပါ။

(အင်္ဂ္ဂုတ္တရနိကာယ်၊ နဝကနိပါတ်၊ ပဌမပဏ္ဏာသက၊ သီဟနာဒဝဂ်၊ ကုလသုတ်)

-----------------------------------------------------------------------------------
Flower News Journal

အတွဲ ၁၀ ၊ အမှတ် ၂၀ (မေလ ၂၅ ရက်နေ့ထုတ်)



သားအိမ်အ၀က အမြဲ ပွင့်နေသလား ပိတ်နေသလား(မိန်းကလေးများ ဖတ်ရန်ဆေးစာ)


ကိုယ်ဝန်ဆောင်နေတဲ့ အချိန်မှာ သားအိမ်အဝဟာ ပိတ်နေတယ်ဆိုတာ ဟုတ်လားရှင့်။ ကိုယ်ဝန်ပျက်/ဖျက်တဲ့သူဟာ သားအိမ် ပွင့်သွားလို့လား။ ပျက်ပြီးရင် သားအိမ်ဝက ပြန်ပိတ် သွားတာလားရှင့်။ ကိုယ်ဝန်ပျက်/ဖျက်ပြီးရင် သားအိမ်ဝက ပွင့်နေတဲ့ အတွက် ပိုးဝင်နိုင်တယ်လို့ ဆရာဝန်တွေက ပြောကြလို့ပါ။ ကိုယ်ဝန်ဆောင် မဟုတ်ပဲ သာမန် အမျိုးသမီးတွေမှာကော သားအိမ်ဝက ပွင့်နေလား ပိတ်နေတာလား သိချင်ပါတယ်။ သားအိမ် ပိုးဝင်တာ အတွက် သောက်ရတဲ့ ပိုးသတ်ဆေးက ပိုးတွေကို သေစေရုံပဲလား။ မျိုးဥထွက်မှုကိုကော ထိခိုက်စေနိုင်လား။

• သားအိမ်ဝဆိုတာ ဖြစ်ကတည်းက ပိတ်ထားတဲ့ပါးစပ်လိုနေတယ်။
• ရာသီဆင်းချိန်မှာ စိမ့်ထွက်သလောက်သာပွင့်တယ်။
• ကိုယ်ဝန်ဆောင်ရင် နဂိုအတိုင်သာ ပိတ်ထားတဲ့ ပါးစပ်လိုဘဲနေတယ်။
• ကိုယ်ဝန်ပျက်ရင် ပွင့်ပွင့်လာတယ်။ အတုံးအခဲ ဆင်းနိုင်လောက်အောင် ပွင့်တယ်။ လုံလောက်အောင် မပွင့်ဘဲ နေတာလဲရှိတယ် ပိုနာမယ်။ ရက်ပိုကြာမယ်။ အဲလိုလူနာကို သားအိမ်ခြင်တဲ့ အခါ ချဲ့ပေးပြီးမှ ခြစ်ထုတ် ရတယ်။ D and C လို့ခေါ်တယ်။ D ဆိုတာက ချဲ့ပေးတာ။ လေဟာနယ်ကရိယာနဲ့စုပ်ရရင်လဲ ကရိယာလေး ထည့်နိုင်အောင် ချဲ့ပေးရတတ်တယ်။
• ကိုယ်ဝန်တား (ကောပါးတီ) ထည့်ရင် တချို့ကို သားအိမ်ဝက လုံးဝမပွင့်ရင် နဲနဲလေး ချဲ့ပေးရတတ်တယ်။
• ကိုယ်ဝန်ရင့်လာလို့ တချို့က မလိုအပ်ဘဲ ပွင့်တာရှိတတ်တယ်။ Cervical incompetence ခေါ်တယ်။ သားအိမ်ဝကို ချုပ်ထားပေးပြီး တကယ်မွေးဖွါးတော့မှ ဖြုတ်ပေးရတာလဲ ရှိတယ်။
• ကလေး မီးဖွါးတော့မယ် ဆိုရင် ဗိုက်နာတာနဲ့ သားအိမ်ဝက စပွင့်လာမယ်။ လက်တချောင်းစာ၊ ၂ ချောင်းစာ စသဖြင့် ပွင့်ပွင့်လာတော့မယ်။ ၁ဝ စင်တီမီတာ အထိပွင့်ရင် ကလေးဖွါးနိုင်ပြီ။
• မီးဖွါဘို့ရာ ဗိုက်နာပေမဲ့ သားအိမ်ဝက လုံလောက်အောင်မပွင့်ရင် ပွင့်ဆေးပေးရတာလဲ ရှိတယ်။ သားအိမ်ဝက ပွင့်ပေမဲ့ လုံလောက်အောင်မနာရင် ဆေးသွင်းပေးရတယ်။ အဲဒီ ဖြစ်စဉ် ၂ ခု ဟန်ချက်ညီနေမှသာ ပုံမှန်မွေးဖွါးတာဖြစ်တယ်။
• သားအိမ်ဝဟာ မဟဘဲ ပိတ်ထားသလိုနေပေမဲ့ မျက်စိနဲ့ မမြင်နိုင်အောင်သေးတဲ့ပိုးတွေ ကောင်းကောင်းဝင်နိုင်တယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆိုရင် ကလေးက ရေမွာအိပ်ထဲနေလို့ လုံခြုံတယ်။ ရေမွာ အိတ်စောပေါက်သူတွေကို မြန်မြန် မွေးအောင် လုပ်ပေးရတယ်။ အချိန်ကြာရင် ပိုးဝင်တာနဲ့ အာဟာရနည်းတာ ကလေးမှာဖြစ်လာစေနိုင်တယ်။
• ရောဂါပိုးတွေဟာ သားအိမ်အဝ ပိတ်နေလဲ သားအိမ်နှုပ်ခမ်းခေါ်တဲ့ Cervix ကို ကူးစက်နိုင်တယ်။ လိင်ကတဆင့် ကူးစက်ရောဂါတွေဆိုတာ အဲဒီနေရာမှာဖြစ်ရတာများတယ်။ ရောဂါတွေဖြစ်လဲ သားအိမ်နှုပ်ခမ်းမှာသာ အဖြစ်များတယ်။ သားအိမ် ကိုယ်ထည်အထိရောက်တာက နည်းတယ်။ ကင်ဆာလဲ အဲလိုဘဲ။
• ပွင့် (ဟ) လာတဲ့ သားအိမ်ဝဟာ ကိုယ်ဝန်ပျက်လို့ဖြစ်ဖြစ်၊ သားအိမ်ခြစ်ပြီးလို့ ဖြစ်ဖြစ်၊ မွေးလမ်းကြောင်းကနေ ကလေးဖွါးလို့ ဖြစ်ဖြစ် ပြီးစီးတာနဲ့ ချက်ချင်းဆိုသလို ပြန်ပိတ်မယ်။ ဒါပေမဲ့ ကလေးဖွါးဘူးသူ တယောက်ဟာ မမွေးဘူးသူထက် ပိုသိသာမယ်။ တချို့ ကိုယ်ဝန်ဆောင်တွေဟာ တကယ်ကလေးမမွေးချင်သေးဘဲ နည်းနည်းဖြစ်ဖြစ် ဟနေတတ်တာရှိတတ်တယ်။ ရောဂါမဟုတ်ပါ။
• မျိုးဥထွက်မှုကိုတော့ ပိုးသေဆေးတွေက သက်ရောက်မှုမရှိပါ။ မျိုးဥထွက်တာက ဟော်မုန်းထွက်ခြင်းနဲ့ ဆိုင်တယ်။ ဗက်တီးရီးယားသေဆေးတွေ မလိုဘဲသောက်ရင် မှိုပိုးတွေ ပွါးလာနိုင်တယ်။ အဖြူဆင်းတာဖြစ်နိုင်တယ်။ ဆေးကြော သန့်ရှင်းတာမှာလဲ ပိုးသေဆေးတွေပါနေရင် အဲလိုဖြစ်နိုင်တယ်။

ဒေါက်တာတင့်ဆွေ

HIM


သည်းခံခြင်းသည် မြတ်၏



       သိကြားမင်းဟာ သရဘင်္ဂရသေ့ကို မေးခွန်းတစ်ခုမေးပါတယ်။ “အရှင်ရသေ့၊ အဘယ်သူရဲ့ ကြမ်းကြုတ်သော စကားကို သည်းခံခြင်းဟာ မြတ်ပါသလဲ”။ “သိကြားမင်း၊ ကိုယ့်ထက်အားကြီးမြတ်သူ ကိုယ်နဲ့တန်းတူသူ ကိုယ့်အောက်နိမ့်ကျသူတို့ရဲ့ ကြမ်းကြုတ်သော စကားကို သည်းခံခြင်းဟာ မြတ်တယ်လို့ ရှေးသူတော်ကောင်းတွေ ဆိုကြပါတယ်။”
       အရှင်ရသေ့၊ ကိုယ့်ထက်အင်အားကြီးသူ ကိုယ်နဲ့တန်းတူသူတို့ရဲ့ စကားကိုတော့ သည်းခံနိုင်ပါတယ်။ ကိုယ့်အောက် နိမ့်ကျသူတို့ရဲ့ ကြမ်းကြုတ်သောစကားကို အဘယ်သို့လျှင် သည်းခံနိုင်ပါမည်နည်း။”

       သိကြားမင်း...၊ လူ့သဘာဝအရ ကိုယ့်ထက်အင်အားကြီးသူကို ကြောက်လို့ သည်းခံတာလည်းရှိတယ်။ ကိုယ်နဲ့တန်းတူသူ ကိုတော့ ချုပ်ခြယ်ခြင်း၌ အပြစ်ကို မြင်လို့ သည်းခံတာ။ (တန်းတူဖြစ်နေလို့ အပြန်အလှန် ယှဉ်ပြိုင်မမိုက်ချင်လို့ သည်းခံတာလည်း ရှိတယ်။) ကိုယ့်အောက်နိမ့်ကျသူကိုကား (ကြောက်လို့လည်းမဟုတ်၊ ချုပ်ခြယ်ခြင်း၌ အပြစ်ကို မြင်လို့လည်းမဟုတ်၊ ကိုယ့်ထက် နိမ့်ကျတဲ့သူဆိုတဲ့ အသိနဲ့ မြင့်မြတ်တဲ့စိတ်ထားဖြင့် နားလည်ခွင့်လွတ်ပြီး သည်းခံတာဖြစ်လို့) မြတ်သောသည်းခံခြင်းလို့ ရှေး သူတော်ကောင်းတွေ ဆိုကြပါတယ်။
       လောကမှာ တစ်ခါတစ်ရံ အယုတ်၊ အလတ်၊ အမြတ်ခွဲခြားဖို့ ခတ်ခဲပါတယ်။ (အချို့သူယုတ်မာတွေက သူတော်ကောင်းပုံစံနဲ့ သွားလာကြတယ်။) အချို့သူတော်ကောင်းတွေက သူယုတ်မာအသွင်ဖြင့် သွားလာကြတယ်။ ထိုသို့ ခွဲခြားရန်ခတ်တဲ့အတွက် အားလုံးသော သူတို့ရဲ့ ကြမ်းကြုတ်တဲ့စကားကို သည်းခံခြင်းဟာ မြတ်တယ်လို့ ဆိုတာပါ။ တကယ်တော့ သည်းခံတဲ့နေရာမှာ ကြီးသူ၊ တန်းတူသူ၊ နိမ့်ကျသူ ဘယ်သူရဲ့ ကြမ်းကြုတ်တဲ့စကားပဲဖြစ်ဖြစ် မေတ္တာနဲ့ယှဉ်ပြီး သည်းခံတာက စိတ်ချမ်းသာပါတယ်။ အချို့များဟာ သည်းမခံနိုင်တဲ့အတွက်ကြောင့် (ဖေ့ဘုတ်မှာ) သူကဆဲရင် ပြန်ဆဲလိုက်တယ်။ ကိုယ်ဆဲတော့ သူကလည်း ပြန်ဆဲ တယ်။ ဒီလိုနဲ့ အဆဲသံသရာလည်တော့တာပါပဲ။ အချို့ဆိုရင် စကားတွေနဲ့ ထိုးဆွဖို့ လစာပေး ခိုင်းထားသလား အောက်မေ့ရ တယ်။ နောက်ဆုံးရလာဒ်ကတော့ ဆဲလို့ပြီးသွားပေမယ့် ကိုယ့်ရင်ထဲမှာ ဒေါသအပူမီးပဲ ကျန်ခဲ့တော့တယ်။  
       ဘယ်အရာမဆို ဒေါသနဲ့ ဖြေရှင်းလို့ မပြေလည်နိုင်ပါဘူး။ မေတ္တာ၊ ပညာနဲ့ယှဉ်ပြီး ဖြေရှင်းမှ ပြေလည်နိုင်တာပါ။
သရဘင်္ဂရသေ့က ဆက်ပြောပါတယ်။ “သိကြားမင်း...၊ သည်းခံခြင်းကြောင့် ရန်ငြိမ်းပါတယ်။ ရန်အေးငြိမ်းခြင်းအကျိုးကို သည်းခံတဲ့ သူတော်ကောင်းတို့သာ ရရှိနိုင်ပါတယ်။”။
       ဒါကြောင့် သည်းခံခြင်းဖြင့် ကိုယ်လိုရာခရီးကို ရောက်နိုင်ကြပါစေ။

ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ

ကျောင်းသားများ ရည်းစားမထားရ အခြေခံ ကျောင်းများ တွင် စည်းကမ်းချက်ထုတ်ပြန်

၂၀၁၃-၂၀၁၄ တက္ကသိုလ်  ဝင်စာမေးပွဲဖြေဆိုပြီး ပျော်ပျော်ရွှင်ရွှင်ထွက်လာကြသည့်   အ.ထ.က(၁) ဒဂုံမှ  စည်းကမ်းလိုက်နာကြသည့် ကျောင်းသား ကျောင်းသူများ ကို တွေ့ရစဉ်။ ဓာတ်ပုံ-ရဲနောင်(ဖယ်ခုံ)

ရန်ကုန်၊ မေ၂၇- ယခုနှစ်ကျောင်း ဖွင့်ရာသီတွင် တက်ရောက်ကြမည့် ကျောင်းသားများအနေဖြင့် ရည်း စားမထားရဆိုသည့် စည်းကမ်းသတ် မှတ်ချက်များအပါအဝင် အခြားသော စည်းကမ်း  သစ်များကို အခြေခံကျောင်း များတွင် တင်းကျပ်စွာ ထုတ်ပြန် ထား ကြောင်းသိရသည်။ လက်ရှိကျောင်း အပ်ရန် ရောက် ရှိလာကြသည့်ကျောင်းသားများကိုလည်းဆံပင်ဆေးဆိုးလာပါ က ကျောင်း အပ်လက် ခံခြင်းကိုပြုလုပ် ပေးမည်မဟုတ်ကြောင်း အမှတ်(၃)အခြေခံပညာဦးစီးဌာနမှ သိရသည်။

အခြေခံပညာကျောင်းများအ နေဖြင့်ယခင်နှစ်က ကျောင်းသားများ ကိုဖုန်းကိုင်ဆောင် အသုံးပြုခွင့်မပေး ခဲ့သော် လည်း ကျောင်းသား အချို့ ကိုင် ဆောင်ခဲ့ကြသဖြင့် ယခုနှစ်တွင် ကျောင်းသား များ အနေဖြင့် ကျောင်း သို့လက်ကိုင်ဖုန်းများ လုံးဝယူဆောင် လာခြင်းမပြုရန်၊ ရည်းစားမထားကြ ရန်၊ ကျောင်းသားတိုင်း ကျောင်း ခေါ်ကြိမ် ၇၅ရာခိုင်နှုန်း ပြည့်မီရန် လည်း စည်းကမ်း ထုတ်ပြန်ထား ကြောင်း ဗိုလ်တထောင်မြို့နယ်ရှိ အမှတ်(၅)၊ အခြေခံပညာအထက်တန်းကျောင်း မှ သိရသည်။
ယင်းနှင့်ပတ်သက်ပြီး ဗဟန်း မြို့နယ် အမှတ်(၂)အခြေခံပညာအ ထက်တန်းကျောင်းမှ ဆရာမတစ် ဦးဖြစ်သူဒေါ်မျိုးသီရိ (အမည်လွှဲ) က ''ကျောင်းသား ဆံပင်ဆေးဆိုး လာရင် ကျောင်း အပ်လက် မခံပေး ဘူး။ ပြန်လွှတ်တယ်။ ကျောင်းစည်း ကမ်းထဲမှာ တစ်ခါတည်း ပါပြီးသား ဖြစ်တဲ့အတွက် တခြားကျောင်းတွေလဲ ဒီလိုပဲ''ဟု ပြောသည်။
အဆိုပါ စည်းကမ်းများအနက် တချို့စည်းကမ်းချက်များမှာ ယ မန်နှစ်များကတည်းက ထုတ်ပြန်ထား ခြင်းဖြစ်သော်လည်း လိုက်နာမှုအား နည်းကြသည့်အပြင် စည်းကမ်းဖောက် ဖျက်သည့် ကျောင်းသား များကို အ ပြစ်ပေးအရေးယူရာတွင်လည်း ထိ ရောက်မှုမရှိခဲ့ခြင်းကြောင့် ယခုစာ သင်နှစ်တွင်ထပ်မံ၍ တင်းကျပ်စွာ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။


''အရင်နှစ်တွေတုန်းကတော့ စည်းကမ်းသာထုတ်ထားတာ ဖုန်းတွေ ကို မိဘကလဲ ပေးလိုက်တယ်။ ကျောင်းသားကလဲ ယူလာတယ်။ ကျောင်းကလဲ အားလုံးကိုလိုက်မစစ်နိုင်ဘူး။ ဒီနှစ် ကတော့ တစ်ကြိမ်ဆိုသတိပေးမယ်။ နှစ်ကြိမ်ဆို သိမ်းမယ်။ ပြီးရင်မိဘ ခေါ်ခံဝန်ကတိထိုးခိုင်းမယ်''ဟု အ ထက်ပါဆရာမက ဆက်လက်ပြော သည်။
လသာမြို့နယ် အမှတ်(၂)အ ခြေခံပညာအထက်တန်းကျောင်းမှ တာဝန်ရှိသူတစ်ဦးက ဦးစီးဌာနမှ ထုတ်ပြန်ကြေညာ ထားသည့် ကျောင်း စည်းကမ်းများအတိုင်း လိုက်နာကြရန် ကျောင်း သားများ ကို သတိပေးထား ပြီးဖြစ်ကာ ယင်းကဲ့သို့ကျောင်း အပ်စဉ် ဆံပင်ဆေးဆိုးလာခြင်းကို အတန်း ကြီးကျောင်းသားများတွင် မတွေ့ရ သော်လည်ွးုတန်းမှ ကျောင်း သားအသစ်များ တွင်တွေ့ရ ၍ ဆေးပြန်ဆိုး ခိုင်းနေရသည်ဟု ပြောသည်။
ကျောင်းစည်းကမ်းချက်များ သည် ကျောင်းဝင်ခွင့်လျှောက်လွှာ နှင့်အတူပူးတွဲပါရှိပြီး ကျောင်းအပ် လက်ခံချိန်၌ ကျောင်း သားနှင့် ကျောင်း သားမိဘကို ဖတ်ရှုခိုင်းပြီး လိုက်နာ ရန်အသိပေးထား ပြီးဖြစ်ကြောင်း၊ အ ခြေခံပညာဦးစီးဌာန၏ ညွှန်ကြားချက် ဖြင့် ယင်းကဲ့သို့ထုတ်ပြန်ထားခြင်း ဖြစ်ကြောင်းသိရသည်။
ယင်းအပြင် ကျောင်းသား မိဘများအနေဖြင့်လည်း ကျောင်းကြို၊ ပို့ ချိန်များတွင် သရုပ်ပျက်အဝတ်အစား များမဝတ်ဆင်ကြရန် သတိပေးထား ကြောင်း အဆိုပါဦးစီးဌာနမှ ညွှန် ကြားရေးမှူး တစ်ဦးက ပြောသည်။
တချို့သော ကျောင်းသားမိခင် များသည် ကျောင်းလာပို့ချိန်၊ ကြိုချိန် များ၌ ကျောင်းသားကျောင်းသူများ အတုယူမှားစေနိုင်သော အမြင်မတင့် တယ်သည့် ဝတ်စားဆင်ယင်မှုမျိုး များအား တွေ့ရှိနေရ သည့် အတွက် ယင်းသို့သတိပေးထားခြင်းဖြစ် ကြောင်း သိရသည်။
''ကျောင်းကို ကျောင်းနဲ့တူ အောင်၊ ကျောင်းသားကိုကျောင်းသား နဲ့တူအောင် စည်းကမ်းတွေကိုတင်း ကျပ်စွာထုတ်ပြန် ထားပါ တယ်။ တချို့ ကျောင်းသားမိဘတွေဆိုရင် မတော် တရော်တွေ ဝတ်လာကြလို့ကျောင်း သားတွေတင်မကဘဲ ကျောင်းသား မိဘတွေ ကိုပါ သတိပေးနေရတယ်''ဟုအဆိုပါ ညွှန်ကြားရေးမှူးကပြော သည်။
သားသမီးများ ကို ကျောင်းပို့၊ေ ကျာင်းကြိုပြုလုပ်ကြသည့် မိဘများ နှင့်အုပ်ထိန်းသူများကို လည်း ကျောင်း နှင့်ဝန်းကျင်တွင် အမြင်မတင့်တယ် စေသော မြန်မာ့ရိုးရာဝတ်စားဆင် ယင်မှုနှင့် ကိုက်ညီမှုမရှိသော၊ ဘောင်း ဘီအတို၊အရှည်နှင့် စကတ်အတို များ ဝတ်ဆင်မှုများရှိနေ၍ သတိပေး၊ တားမြစ်မှုများ ပြုလုပ်နေကြရ ကြောင်းသိရသည်။
[--Democracy today Daily Newspaper--]
ချိုချိုသန်း

တရားရုံးကို ပုဂ္ဂလိကငှားရမ်းမှု ရှေ့နေများ ကန့်ကွက်ဆန္ဒပြ



ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်နဲ့စုပေါင်းတရားရုံးတို့ကို  ပုဂ္ဂလိက ကုမဏီတခုကို ငှားရမ်းလုပ်ကိုင်ခွင့်ပေးခြင်း မပြုဖို့ မြန်မာနိုင်ငံရှေ့နေများ ကွန်ရက်က ရန်ကုန်မြို့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ရန်ကုန်တရားလွှတ်တော်ချုပ်နဲ့ စုပေါင်းတရားရုံးတွေဟာ ထိန်းသိမ်းရမယ့် ရှေးဟောင်းအမွေအနှစ် အဆောက်အဦတွေ ဖြစ်တာကြောင့် ပုဂ္ဂလိကကို ငှားရမ်းလုပ်ကိုင်ခြင်းကို ရပ်ဆိုင်းဖို့ မြန်မာနိုင်ငံရှေ့နေများကွန်ရက်အဖွဲ့ဝင်  ရှေ့န  ၆၀ လောက်က ဒီနေ့မနက်ပိုင်းမှာ မဟာဗန္ဓုလပန်းခြံလမ်းကနေ စုပေါင်းတရားရုံးအထိ လမ်းလျှောက်ဆန္ဒပြ တောင်းဆိုခဲ့တာပါ။

ဆန္ဒပြတဲ့ရှေ့နေတွေက တရားရုံးအဆောက်အအုံ ဟိုတယ်မဖြစ်ရေး၊ ရှေးဟောင်း အထိမ်းအမှတ်အဆောက်အအုံများ ဥပဒေနဲ့အညီ ကာကွယ်ထား အစရှိတဲ့ ပိုစတာတွေ ကိုင်ဆောင် လမ်းလျှောက်ခဲ့ကြပြီး ဒီလိုပုဂ္ဂလိက ကုမ္ပဏီတခုကို လုပ်ကိုင်ခွင့်ပေးတာနဲ့ ပက်သက်ပြီး ကန့်ကွက်ကြောင်း ဟောပြောခဲ့ကြပါတယ်။

 အထက်တန်း ရှေ့နေတ ဦးဇော်မင်းလှိုင်က “ဒီနေ့ ဆန္ဒပြရတဲ့အကြောင်းအရင်းက တိုင်းပြည်အတွက် ဥပဒေ ပညာရှင်များအခန်းကဏ္ဍကနေ တိုင်းပြည်အတွက် ပြည်သူအကျိုးအတွက် လိုလားနေတဲ့ အများပြည်သူတွေကို တရားစီရင်တဲ့ ဂုဏ်သိက္ခာရှိတဲ့ တရားရုံးတွေဟာ ဒီလို မတော်တဲ့၊ မလျော်တဲ့ ဟိုတယ်တွေ အနေအထားကို ပြောင်းလဲတဲ့ အခြေအနေကနေ ပြန်လည်တောင်းယူဖို့အတွက် ဥပဒေပညာရှင်များအနေနဲ့ ပါဝင်ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ ယူဆလို့ ရှေ့နေ့များ ဆန္ဒထုတ်ဖော်ပွဲကို ဆင်နွှဲရခြင်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။

အဲ့ဒီရုံးနှစ်ရုံးကို ခေတ်အဆက်ဆက် နှစ်ပေါင်း ၁၀၀ ကျော်လောက် တရားရုံးအဖြစ် အသုံးပြုခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း အသုံးပြုနေဆဲဖြစ်ပါတယ်။

တရားလွှတ်တော်ရှေ့နေဦးကိုနီကတော့ အကြိမ်ကြိမ် ကန့်ကွက်ခဲ့ပေမယ့် ဖြေရှင်းပေးတာမျိုး မရှိလို့ နောက်တကြိမ် ဆန္ဒပြတာလို့ ပြောပါတယ်။

“ကျနော်တို့အနေနဲ့ ဆန္ဒထုတ်ဖော်တာ တောင်းဆိုတာ နည်းလမ်းက ကုန်သွားပြီ။ ကုန်သွားတဲ့အခါမှာ ဒီလိုလုပ်တာဟာ ဥပဒေနဲ့ မညီဘူး၊ တရားစွဲမယ်လို့ ကွန်ရက်က ဆုံးဖြတ်တယ်။ ဆုံးဖြတ်တော့ နို့တစ်စာ ပို့တယ်။ နို့တစ်စာ ပို့တော့လည်း သူတို့ဘက်က ပြန်လာတယ်။ ဒါက သူတို့ စီမံခန့်ခွဲပိုင်ခွင့်ရှိတယ်လို့ စာပြန်လာတယ်။ အဲဒီတော့ အဲဒီအနေအထားမှာ နောက်ဆုံးတော့ တရားစွဲရမယ့် အခြေအနေ ရောက်နေပြီ။ သို့သော်လည်းပဲ တရားစွဲရမယ့် အခြေအနေကို ကျော်နိုင်မလားဆိုပြီး ထပ်ပြီးတော့ ဆန္ဒတကြိမ်လောက် ထုတ်ဖော်ကြည့်ဦးမယ်ဆိုပြီး ဒီနေ့ ဒုတိယအကြိမ်ဆန္ဒထုတ်ဖော်တာပါ။”

ဆန္ဒပြတောင်းဆိုပြီး တလကြာအထိ ထူးခြားမှု မရှိရင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို တရားဆွဲဆိုသွားမယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

“တရားမအမှုတို့ ဘာတို့ဆိုတာ မစွဲခင်လည်း ညှိလို့ရတယ်။ စွဲနေတုန်းလည်း ညှိရတယ်။ အမှုပြီးခါနီးလည်း ညှိလို့ရတယ်။ အဲဒီတော့ ကျနော်တို့က စေ့စပ်ဆွေးနွေးရေးကို မျှော်လင့် တောင့်တနေပါတယ်။ ဒါပေမယ့် တဖက်ကလည်း တရားဥပဒေအရတော့ ကျနော်တို့က အရေးဆိုတာပေါ့ဗျာ။”

ဒီလိုဆောင်ရွက်ရတာဟာ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းတွေကို နိုင်ငံတော်ပိုင်၊ ပြည်သူပိုင်အနေနဲ့ ဆက်ပြီးထားနိုင်ဖို့ဖြစ်ပြီး ဒီတရားရုံးတွေကို ပုဂ္ဂလိကသို့ ငှားရမ်း လုပ်ကိုင်ခွင့်ပြုဖို့ အစိုးရက ဆုံးဖြတ်ခဲ့တဲ့အချိန်ကစပြီး ရှေ့နေများကွန်ရက်က ကန့်ကွက်မှုတွေ ပြုလုပ်ခဲ့တာပါ။

DVB Burmese

ဘာသာရေးကို နိုင်ငံရေးတွင် ပြည်ခိုင်ဖြိုးပါတီ အလွဲသုံးနေဟု အင်န်အယ်လ်ဒီပါတီ တိုင်ကြား


 ပုဒ်မ ၅၉(စ) မပြင်ဆင်ရေး ဆန္ဒထုတ်အပြီး ဗုဒ္ဓဆင်းတုတော်များမဲဖောက်ပေးခဲ့သည့် ဇလွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ လှုပ်ရှားမှုသည် ဘာသာရေးကို အလွဲသုံးရာ ရောက်သည်ဟု သက်ဆိုင်ရာမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံသို့ မေ ၂၆ ရက်တွင် အကြောင်းကြားစာပေးပို့ တိုင်ကြားလိုက်သည်။

NLD ၏ ပေးပို့စာတွင်

ပြည်ခိုင်ဖြိုးပါတီ၏ ဆန္ဒထုတ်ဖော်ပွဲမှာ“အစစ်အမှန်မဟုတ်ဘဲ ဘာသာရေးကို တမင်အကြောင်းပြ စည်းရုံး၍ ပြုလုပ်သည့်ပွဲ” ဖြစ်ကာ “ဖွဲ့စည်း ပုံအခြေခံဥပဒေပုဒ်မ ၄၀၇(ဃ) ပါ “ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားပြုခြင်း”ဟူသော အချက်နှင့် ညှိစွန်းနေသည်” ဟု ထည့်သွင်းရေးသားထားသည်။

မေလ ၁၅ ရက်က ဇလွန်မြို့တွင် ပြည်ခိုင်ဖြိုးပါတီကပြုလုပ်ခဲ့သည့် ပုဒ်မ ၅၉(စ)မပြင်ဆင်ရေးဆန္ဒ ထုတ် ဖော်ပွဲ ရည်ညွှန်းကာ ယင်းသို့ စာပေးပို့ခြင်းဖြစ်သည်။ပုဒ်မ ၅၉(စ)မပြင်ရန်ပြည်ခိုင်ဖြိုးပါတီဝင်များဦး ဆောင်ပြီး ဒေသခံငါးထောင်ခန့် ပူးပေါင်းပါဝင်သည့် ဆန္ဒပြပွဲအပြီး စီတန်းလှည့်လည်မှုတွင် ပါဝင်သူများကို ဗုဒ္ဓဆင်းတုတော်များ မဲဖောက်ပေးခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်က ဒီပွဲကို ရည်ရွယ်ပြီးဘုရားတွေကို ဆောင်ထားတာမဟုတ်ပါဘူးခင်ဗျ။ ကျွန်တော်ကပုံမှန် လုပ်နေတာခင်ဗျ။ ဒီတစ်ခါနဲ့ဆိုလေးခါလောက် ရှိပါပြီ။ ဒီနေ့တော့ အဆူရှစ်ရာ လောက်ပဲရှိတယ်” ဟု ဇလွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးချိုမြင့်ခိုင်က မဇ္ဈိမကို မေလ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

သို့သော် ၅၉(စ) မပြင်ဆင်ရေးအတွက် ဆန္ဒဖော်ထုတ်သည်ဟု မြို့ပေါ်တွင်လက်ကမ်းစာစောင်များ ဝေ ငှခဲ့သော်လည်း ကျေးရွာများ၌မူ ဘုရားဆင်းတုတော်များ ဝေပေးမည်ဟု ဖိတ်ကြားခဲ့သည်ဟု ကော်မ ရှင်အဖွဲ့ခွဲသို့ NLD က ပေးပို့သည့် စာတွင်ဖော်ပြထားသည်။ဆန္ဒပြပွဲသို့ ရောက်ရှိခဲ့သည့် ဇလွန်မြို့နယ်၊ ဥသျှစ်ကွင်းကျေးရွာအုပ်စု၊ တောင်ညိုလေးကျေးရွာမှ ဒေသခံတစ်ဦးက ၅၉(စ)မပြင်ဆင် ရန်ဆန္ဒထုတ်ဖော် မည်ဟု မသိဘဲ ဘုရားပင့်ရန်သာ သွားရောက်ခဲ့ခြင်း ဖြစ်သည်ဟု မေ ၁၆ရက်တွင် မဇ္ဈိမကို ပြောဆိုထားသည်။

“ကျွန်တော်တို့က ဘုရားပင့်ဖို့ သွားကြတာပဲ။ သူတို့ကလည်း အဲ့လိုမျိုး(ဆန္ဒထုတ်ဖော်ဖို့) ပြောပြီးတော့ လည်း မခေါ်ကြဘူးလေ။ ဘုရားပေးဖို့ဆိုတော့လည်း ကျွန်တော်တို့က သွားကြတာပေါ့။ ၅၉(စ)ဆန့်ကျင်ဖို့ ခေါ်မယ်ဆိုရင်တော့ ကျွန်တော်တို့က ဒီပုဒ်မတွေဘာတွေလည်း အကျွမ်းတ၀င်မရှိဘူးလေဗျာ။ ကိုယ်အ ကျွမ်းတ၀င်မရှိတဲ့ကိစ္စဆိုတော့ ကျွန်တော်တို့က သွားဖြစ်ချင်မှသွားဖြစ်မယ်” ဟု အဆိုပါ ဒေသခံက ဆို သည်။

ထို့အတူ အဆိုပါ စီတန်းလှည့်လည်မှုတွင် ပါဝင်သူများသည် ဆန္ဒပြရမည်ကိုမသိရှိဘဲ ဘုရားဆင်းတုတော် မဲဖောက်ပေးအပ်မည်ဟုသာ သိရှိသကဲ့သို့ ဒေသအချို့တွင် ဒန်ပေါက်ဝေမည်ဟု ကြေညာထားမှုကြောင့် သာ လာရောက်ခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် အသက် ၂၅ နှစ် ၀န်းကျင် အရွယ် ဇလွန်မြို့ခံ လူငယ်တစ်ဦးက ယင်းနေ့ညနေ၌ပင် မဇ္ဈိမကို ပြောဆိုထားသည်။

“တစ်အိမ်ကို ဘုရားမဲဖောက်ရအောင်ဆိုပြီးတော့ ခေါ်တာ။ မနက်ဖြန်မနက် ပြည်တော်ပြန်ဘုရားကြီးကို အရောက် လာခဲ့ပါဆိုပြီးတော့။ အဲ့ဒီမှာမသိဘဲနဲ့ပါသွားတဲ့သူတွေက အများကြီးပဲ” ဟု ဆိုသည်။

သို့သော် မြို့နယ်ပြည်ခိုင်ဖြိုး အတွင်းရေးမှူး ဦးချိုမြင့်ခိုင်ကမူ သမ္မတအရည်အချင်းသတ်မှတ်ခြင်းဆိုင်ရာ ပုဒ် မ ၅၉(စ) မပြင်ဆင်ရေးပူးပေါင်းဆန္ဒပြရန် ပါတီစည်းရုံးရေးမှူးများက ဒေသခံများကို ဖိတ်ခေါ်ခဲ့ခြင်း ဖြစ် သည်ဟု ပြောသည်။

ယင်းဆန္ဒပြပွဲ၌ “အမျိုးမစစ်ရင် အမျိုးမချစ်ဘူး၊ အမျိုးစစ်မှ အမျိုးချစ်မည်၊ အမျိုးဖျက်သူ အလိုမရှိနှင့် အမျိုးဘာ သာ သာသနာတိုးတက်စေဖို့ ၅၉ (စ) ထောက်ခံစို့” ဟူသော ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာဆန္ဒပြခဲ့ သည်။

အောင်မင်း၊ မင်းမင်း
Mizzima - News in Burmese

အခုချက်ချင်း ပါတီတွေထောင်ပြီး မြန်မြန် မှတ်ပုံသွားတင်ကြပါ


 ၁၉၉၀ ကျော် နှစ်ကာလများက ဖြစ်ပါတယ်။ အဲဒီအချိန် အစိုးရနဲ့ အပစ်ရပ်ထားတဲ့ ငြိမ်းအဖွဲ့အတော်များများ မြို့ပေါ်တက် စီးပွားရေးလုပ်ငန်းတွေ လုပ်ကြပါတယ်။ အဲဒီအဖွဲ့တွေ အထူးအခွင့်အရေးရအောင် စစ်ထောက်လှမ်းရေးအဖွဲ့တွေက အကူအညီ ပေးကြပါတယ်။ တချို့နေရာတွေမှာ ပေါင်းလုပ်ကြပါတယ်။ ကျောက်စိမ်းတူးလည်း ငြိမ်းအဖွဲ့၊ သတ္တုတူးလည်း ငြိမ်းအဖွဲ့၊ ကုန်သွယ်လည်း ငြိမ်းအဖွဲ့၊ ရေသန့်ထုတ်လည်း ငြိမ်းအဖွဲ့၊ ဓာတ်ဆီရောင်းလည်း ငြိမ်းအဖွဲ့၊ ငါးဒိုင်ဖွင့်လည်း ငြိမ်းအဖွဲ့ (မြစ်ကြီးနား)၊ နောက်ဆုံးကုန်ကုန် ကာရာအိုကေ၊ မာဆတ်ဖွင့်တော့လည်း ငြိမ်းအဖွဲ့ဆိုတာမျိုးအထိ အခွင့်ထူးတွေ ပေးခဲ့၊ ယူခဲ့၊ ရခဲ့ ကြပါတယ်။ အဲဒီအချိန်တုန်းက သာမန်ပြည်သူတွေကြားမှာ ပြက်ရယ်ပြုစရာ စကားတစ်ခု ရှိခဲ့ပါတယ်။ ဒီလိုမှန်းသိရင် ငါတို့မိသားစု လေးငါးယောက်လောက် တောခို၊ လက်နက်ကိုင်ပြီး အစိုးရနဲ့ငြိမ်းချမ်းရေးလုပ်ခဲ့ကြရင် ကောင်းသားဆိုတဲ့ စကားမျိုးဖြစ်ပါတယ်။ အခုခေတ်တွေစနစ်တွေ ပြောင်းပြီဆိုတော့ အဲဒီပြက်ရယ်ပြုခဲ့တဲ့ စကားခေတ်မမီတော့ဘူးလားလို့ မေးစရာရှိပါတယ်။ ခေတ်မီပါသေးတယ်ဆိုတာ ဒီကနေ့ ခပ်မြန်မြန် ရှင်းပြပါ့မယ်။

ပြီးခဲ့တဲ့ မေလ ၂၂ ရက်က ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကိုယ်တိုင် လက်မှတ်ထိုးပြီး နိုင်ငံတော်သမ္မတရုံးကို စာနှစ်စောင်ပေးပို့ ပါတယ်။ ပထမတစ်စောင်ကတော့ နိုင်ငံရေးပါတီတွေ ရုံးခန်းဖွင့်လှစ်နိုင်ရေး အဆောက်အအုံ၊ ဒါမှမဟုတ် မြေနေရာ ရရှိနိုင်ရေးအစိုးရအဖွဲ့က စီစဉ်ပေးဖို့ တင်ပြတဲ့ စာပါ။ စာမှာဖော်ပြထားတာကတော့ လက်ရှိမြန်မာနိုင်ငံမှာ နိုင်ငံရေးပါတီ ၆၅ ပါတီကို မှတ်ပုံတင်ပေးခဲ့ပြီဖြစ်တဲ့ အကြောင်း၊ ဒီပါတီတွေဟာ စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ် ဖော်ဆောင်ရေးမှာ အဓိကကျတဲ့ အင်အားစုတွေ ဖြစ်တဲ့အကြောင်း၊ ဒါပေမဲ့လည်း သူတို့ခမျာများ ပါတီဌာနချုပ်ဖွင့်ဖို့၊ ပြည်နယ်နဲ့ တိုင်းတွေမှာ ရုံးခန်းတွေ ဖွင့်လှစ်ဖို့ အခက်အခဲတွေ ရှိနေတဲ့အကြောင်း၊ ဒါကြောင့် နိုင်ငံတော်ပိုင် လစ်လပ်နေတဲ့ အဆောက်အအုံတွေ၊ တိုက်ခန်းတွေ၊ မြေကွက်တွေရှိရင် စီစဉ်ပေးစေလိုတဲ့ အကြောင်းတင်ပြထားတာ ဖြစ်ပါတယ်။ ဒါက တစ်စောင်ပါ။

နောက်တစ်စောင်ကတော့ နိုင်ငံရေး ပါတီတွေခမျာ ပါတီလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ၊ မဲဆွယ်စည်းရုံးရာမှာ အခက်အခဲတွေ တွေ့နေတဲ့အကြောင်း၊ ဒါကြောင့် သူတို့လုပ်ငန်းတွေ လွယ်ကူအဆင်ပြေစွာ လုပ်ကိုင်နိုင်ဖို့ တစ်ပါတီကို ကားငါးစီးလောက် အခွန်ကင်းလွတ်ပြီး တင်သွင်းခွင့်ပေးဖို့ဆိုပြီး ပါပါတယ်။

ဒါတွေဟာ ပါတီတွေအတွက် ၀မ်းသာစရာလား၊ ပြည်သူတွေနဲ့ တိုင်းပြည်အတွက် ကောင်းတဲ့လုပ်ရပ်လား ဆိုတာ ဆန်းစစ်ကြည့်ဖို့ လိုလာပါတယ်။ အားလုံးသိကြတဲ့အတိုင်း လက်ရှိ နိုင်ငံရေးပါတီ ၆၅ ပါတီထဲမှာ ပြည်ခိုင်ဖြိုးပါတီနဲ့ တစည ပါတီဟာ အရင်အစိုးရနှစ်ဆက်ကို ဆက်ခံခဲ့တဲ့ ပါတီတွေဖြစ်ပြီး ပါတီဝင်တွေတင်မက ပါတီပိုင် အဆောက်အအုံ၊ မော်တော်ကား၊ မြေကွက်၊ စီးပွားရေးလုပ်ငန်း၊ ဘဏ္ဍာငွေကြေး အားလုံးကို လက်ခံရရှိခဲ့တာပါ။ နိုင်ငံတော်ပိုင်ဆိုတာ ပြည်သူတွေ ပိုင်တဲ့ ပစ္စည်းဥစ္စာတွေပဲလို့ သတ်မှတ်ခဲ့ရင် အဲဒီနှစ်ပါတီဟာ ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုကို မတရားတဲ့နည်းလမ်းနဲ့ လက်ခံရယူခဲ့တာပါ။ တခြားပါတီတွေနဲ့ မတူတဲ့၊ မျှတမှု မရှိတဲ့နည်းလမ်းနဲ့ ရုပ်ဝတ္တုပစ္စည်းတွေ ရရှိထားတာပါ။ အားလုံးသိကြတဲ့အတိုင်း ပြည်ခိုင်ဖြိုး ပါတီဆိုသူတို့ ပါတီ ပိုင်ဆိုင်မှုကို ဖော်ပြလို့မရဲလောက်အောင် အများအပြား ပိုင်ဆိုင်ထားပါတယ်။ ထားပါ ဒါက အရင်စစ်အာဏာရှင်တွေက လက်နက်နဲ့ ခြိမ်းခြောက်ပြီး အရယူထားတာတွေလို့ ပြောရင် ရနိုင်ပါတယ်။

ဒီလို မမျှမတဖြစ်နေပြီဆို ကျန်ပါတီတွေဟာ သူတို့ပါတီ ရပ်တည်ရေးအတွက် အသည်းအသန် ရုန်းကန်ရ ပါတော့တယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကာလမှာ ပါတီ ၃၇ ပါတီ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ အမှန်ပြောရရင် စစ်အစိုးရက တစ်ဖက်သတ် ဥပဒေ၊ စည်းကမ်းချက်တွေနဲ့ စိတ်ကြိုက်ကျင်းပပေးတဲ့ အဲဒီရွေးကောက်ပွဲမှာ ၀င်ပြိုင်မယ့်ပါတီ ဒီလောက်များတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ရွေးကောက်ပွဲ စည်ကားအောင်၊ ပါတီတွေ အများကြီး ၀င်ပြိုင်တယ် ထင်ရအောင် စစ်အစိုးရက တိတ်တဆိတ် ထောက်ပံ့ထားတဲ့ ပါတီတွေလည်း အဲဒီအချိန်က မှတ်ပုံတင်ရွေးကောက်ပွဲ ၀င်ခဲ့ကြပါတယ်။ ရန်ကုန်မှာတင် အဲလို ပါတီ ရှစ်ပါတီရှိပါတယ်။ တချို့ပါတီတွေကိုဆိုရင် နာမည်ကြီး လမ်းတစ်ခြမ်းခင်းသူကြီးက သူ့ရဲ့ဌာနပိုင် တိုက်ခန်းတွေမှာ ရုံးခန်း ဖွင့်ခွင့်ပေးတဲ့အထိ ထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။ ပြောရရင် အရင်စစ်အစိုးရဟာ ရွေးကောက်ပွဲကို ပါတီများများ ၀င်တယ်ထင်အောင် အလံရှူးပါတီတွေ ပေါ်ပေါက်အောင် လုပ်ခဲ့တာပါ။

အခုလည်း အစိုးရအတွက် အဲလို နိုင်ငံရေးပါတီမျိုးတွေ လိုအပ်နေပါသေးတယ်။ သူတို့တွေဟာ ပြည်သူလူထုထောက်ခံမှု မရတဲ့တိုင်၊ လွှတ်တော်ထဲလည်း တစ်ယောက်မှ မရောက်တဲ့တိုင်၊ ကိုယ်ကျိုးစီးပွားကလွဲပြီး ပြည်သူလူထု ကောင်းရာကောင်းကျိုး ဘာမှမလုပ်တဲ့တိုင် အင်န်အယ်လ်ဒီလို အတိုက်အခံပါတီကြီးကို ထိန်းတဲ့နေရာမှာတော့ ကောင်းကောင်းအသုံးကျပါတယ်။ ဒါပေမဲ့ ခက်တာက အဲဒီပါတီတွေ ဆက်လက် ရပ်တည်နိုင်ရေး အရင် ၂၀၁၀ တုန်းကလို ပုန်းလျှိုးကွယ်လျှိုး ထောက်ပံ့မှု လုပ်ပေးလို့ မရနိုင်တော့တာပါ။ လုပ်ခဲ့ရင် သတင်းဌာနတွေကို ပေါက်ကြားပြီး ဖော်ထုတ်ခံရရင် အကြီးအကျယ် အရှက်ကွဲနိုင်ပါတယ်။ ဒါကြောင့် အခုနောက်ဆုံးပေါ်နည်းနဲ့ ပါတီအားလုံးကို ရုံးခန်းအတွက် မြေနေရာတွေ၊ တိုက်ခန်းတွေ၊ အဆောက်အအုံတွေ ပေးဖို့၊ တစ်ပါတီ ကားပါမစ်ငါးစောင် ပေးဖို့ဆိုတာမျိုး ကြံစည်လာတာ ဖြစ်ပါတယ်။ တကယ်လို့သာ ဦးတင်အေး တင်ပြချက်အတိုင်း သမ္မတဦးသိန်းစိန်က ခွင့်ပြုလိုက်ရင် အဲဒီ အလံရှူးပါတီတွေလိုမျိုးကို အစိုးရက လာဘ်ထိုးပြီးသား ဖြစ်သွားနိုင်ပါတယ်။ (ဒီနှစ်မျိုးစလုံးသာ တကယ်ရရင် တစ်ပါတီဆီကို သိန်းထောင်ချီ လာဘ်ထိုးမှုဖြစ်လာနိုင်ပါတယ်။) ဖြစ်သင့်တာက နိုင်ငံရေး ပါတီတွေကို ဒီလို ဒီလို အခွင့်အရေးတွေ ပေးမယ်ဆိုရင် ဥပဒေပြဋ္ဌာန်းပြီး ဒါမှမဟုတ် လက်ရှိဥပဒေထဲမှာ ဖြည့်စွက်ချက် ထည့်၊ ပြင်ဆင်ပြီးမှ ဥပဒေနဲ့အညီပေးဖို့ လိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌကတော့ အရင်စစ်အစိုးရက လုပ်ခဲ့တဲ့ နည်းနာတွေအတိုင်း မလုပ်ကောင်း မကိုင်ကောင်း မကြံအပ် မစည်ရာကြံစည်နေပါပြီ။ သမ္မတဦးသိန်းစိန်က အဲဒါကို အကောင်အထည် ဖော်ပေးမလားဆိုတာ စောင့်ကြည့်ကြရပါဦးမယ်။ ကိုယ်ကျိုးရှာ အလံရှူးပါတီ တချို့ကတော့ ၀မ်းသာ ထောက်ခံကြိုဆိုကြပါလိမ့်မယ်။ ဒီအတွက် ပြည်သူလူထုကြီးကို တိုက်တွန်းလိုတာက လူမြန်မြန်စုကြပါ၊ ရွေးကောက်ပွဲ ကော်မရှင်ဆီသွားပြီး နိုင်ငံရေးပါတီအဖြစ် မြန်မြန် မှတ်ပုံသွားတင်ကြပါ၊ နောက်ကျရင် မြေကွက်၊ တိုက်ခန်း၊ အဆောက်အအုံနဲ့ ကားပါမစ်တွေဝေတဲ့ဆီမပါဘဲ ကျန်ရစ်နိုင်ပါကြောင်း အကျိုးမျှော်ပြီး နှိုးဆော်လိုက်ရပါတယ်။

စည်သူအောင်မြင့်
Mizzima - News in Burmese

လူကုန်ကူးမှု၊ လိင်ဆက်ဆံမှုဖြင့် ထိုင်းသံဃာတော် ၅ ပါး ဖမ်းဆီးခံရ


  ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် နဲ့ လမ်းပွန်းခရိုင်မှာ လူကုန်ကူးမှု၊ အသက်မပြည့်သေးတဲ့ လူငယ်တွေကို သွေးဆောင်ဖြားယောင်းပြီး လိင်ဆက်ဆံမှုတွေနဲ့ ထိုင်းသံဃာ ၅ ပါးကို ဖမ်းဆီးထားတယ်လို့ ဒေးလီးနယူး ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

ချင်းမိုင်ခရိုင် မယ့်လိမ်း၊ မယ့်တိုင် နဲ့ လမ်းပွန်းခရိုင် ဘန့်ထိမြို့နယ်က ကျောင်းတိုက် ၅ ခုမှာ သီတင်းသုံးတဲ့ အဲဒီကိုယ်တော်တွေဟာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဇွန်လကတည်းက လူကုန်ကူးမှုနဲ့ လူငယ်တွေကို ဖြားယောင်း လိင်ဆက်ဆံမှုတွေ ကျူးလွန်ခဲ့တာဖြစ်ကြောင်း၊ သက်သေအထောက်အထားတွေ ပြည့်စုံအောင် စုံစမ်းထောက်လှမ်းပြီးကာမှ သူတို့တွေကို ဖမ်းဆီးလိုက်တာလို့ အမှတ် ၅ ခရိုင်ရဲတပ်ဖွဲ့က မေလ ၂၇ ရက်နေ့  သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒီအမှုကို လိုက်လံစုံစမ်းခဲ့ရပုံနဲ့ ပတ်သက်ပြီး အမှတ် ၅ ရဲစခန်း ဒုရဲမှူးကြီး ဒမ်းရုန်းဆဒ်ဒီ ကစ်သီပရဖတ်က ပြန်လည်ရှင်းပြရာမှာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် နိုဝင်ဘာလက ချင်းမိုင်ရာ့ခ်ျဖတ် တက္ကသိုလ်ရှေ့မှာ လိင်ပိုင်းဆိုင်ရာ လှည့်ဖြား ကျူးလွန်ခံရသူ  အသက် ၁၄ နှစ်ရွယ် (အေ) ဆိုသူ လူရွယ်တဦးကို ကယ်တင်ရာက စတင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတုန်းက အေဆိုသူ လူရွယ်ရဲ့ ထွက်ဆိုချက်အရ သူ့ကို ဦးဇင်းတပါးက လိမ်လည်လှည့်ဖြားပြီး မယ့်လိမ်းမြို့နယ်က တည်းခိုအိမ်တအိမ်မှာ တည်းခိုခိုင်းခဲ့ကြောင်း၊  အဲဒီမှာ အခြားလူငယ် ၈ ဦးပါရှိခဲ့ကြောင်း၊ သူ့ကို ခေါ် လာတဲ့ ဦးဇင်းက အခြားဘုန်း ကြီးတွေကို သွားခေါ်လာပြီး လိင်ပိုင်းဆိုင်ရာကျူးလွန်စေကာ တဦးကို ဘတ် ၃၀၀ ကနေ ၅၀၀ ထိ မုန့်ဖိုးပေး ခဲ့တယ်လို့  လူငယ်က ပြောကြောင်း ဒုရဲမှူးက ရှင်းပြပါတယ်။

လူငယ်က အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေး စောင့်ရှောက်ကာကွယ်ရေးအဖွဲ့ကို တိုင်ကြားခဲ့ပြီး အဲဒီအဖွဲ့နဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ အဲဒီဦးဇင်းနဲ့တကွ သံသယရှိတဲ့ ဘုန်းကြီးတွေကို လိုက်လံစောင့်ကြည့် စုံစမ်းခဲ့တယ်လို့ ဆိုပါတယ်။

စုံစမ်းချက်အရ အခြား အသက် ၁၅ နှစ်အောက် မိန်းကလေးတွေပါ အခကြေးငွေပေးပြီး လိင်ပိုင်းကျူးလွန်တာ သိရှိရကြောင်း ၀င်ရောက်ဖမ်းဆီးစဉ်ကလည်း ညစ်ညမ်းဗွီစီဒီခွေနဲ့ လိင်ဆက်ဆံမှုဆိုင်ရာ သက်သေခံပစ္စည်းတွေပါ ဖမ်းဆီးရမိတယ်လို့ ဒုရဲမှူးက သတင်းထောက်တွေကို ပြောကြားသွားပါတယ်။

By ဒီဗွီဘီ

သမီးရည်းစားတတွဲအား ပြည်သူ့စစ်ဝတ်စုံဖြင့် လူ ၂ ယောက် ဖမ်းဆီးရိုက်နှက်

ဓါတ်ပုံ-အရိုက်ခံရသူ နောင်ဇန့်ရွာသူ


မေလ ၂၈ ရက် ၂၀၁၄

သျှမ်းပြည်မြောက်ပိုင်းမူစယ်မြို့နယ် ဇယ်လန့်အုပ်စု နမ့်ဇန့်ရွာတွင် သမီးရည်းစားစုံတွဲအား ဌာနေ ပြည်သူ့ စစ် ဝတ်စုံဝတ်ဆင်ထားသည့် တပ်ဖွဲ့ဝင်က ဖမ်းဆီးရိုက်နှက်သဖြင့် ၂ ဦးစလုံး ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

“ နမ့်ဇန့်ရွာက လော်ဂျာနဲ့ မာပန် သမီးရည်းစားက ည ၁၀ နာရီကျော် ရွာစပ်က တဲတခုမှာ ချိန်းတွေ့ကြ တယ်။ အဲ့ဒီအချိန်မှာ ပြည်သူ့စစ်ဝတ်စုံနဲ့လူ ၂ ယောက်က သူတို့၂ ယောက်ကိုတွေ့ပြီး ဖမ်းဆီးလက် ထိပ်ခတ်တယ်။ ကောင်လေးကို ပါးစပ်တွေပိတ် မျက်လုံးတွေပိတ်စည်းထားတယ်။ အရိုက်ခံရလို့ ၂ ယောက်စလုံးမှာ တကိုယ်လုံး ညိုမည်း ဒဏ်ရာတွေနဲ့။ သူတို့ ၂ ယောက်လုံးရဲ့ လက်ဝတ်ရတနာတွေ ချွတ်ယူပြီး သူတို့ရဲ့ အဝတ်အစားတွေကိုလည်း စုတ်ပြတ်အောင် ဖြတ်ညှပ်ထားတယ်။” ဟု မူစယ်မြို့နယ် လုံးအိုက်ကျော် ကပြောသည်။

အဆိုပါ လူငယ်အတွဲထံမှ ငွေကျပ် ၃ သောင်းကျော်နှင့် အဖိုးတန် ရွှေလက်စွပ် ၃ ကွင်းကိုပါ ပြည်သူ့ စစ်တပ်ဖွဲ့က ဓါးပြတိုက်ယူဆောင်သွားခဲ့ကြောင်း လွှတ်မြောက်လာသည့်လူငယ်စုံတွဲက ပြောပါသည်။

“ ပြည်သူ့စစ် ၂ ယောက်က နောင်စန့်ရွာကဘဲ။ သူတို့ကို မြင်ဖူး သိဖူးနေတာဘဲ တယောက်က ဗမာ တယောက်က တအာင်း၊ ကောင်မလေးကို ပြည်သူ့စစ်တယောက်က အဓမ္မပြုကျင့်မလို့ဆွဲလားရမ်းလား လုပ်တော့ တအာင်းက ဗမာကိုပြောတယ်။ ကောင်မလေးက ငယ်သေးလို့ မလုပ်ပါနဲ့ တားတယ်။ ဗမာတယောက်က နားမထောင်ဘူး။ ဒါပေမယ့် ကောင်မလေးက အလျှော့မပေးဘူး။ အတင်းရုန်းကန် ထွက်ပြေးတယ်။ ပြည်သူ့စစ် ၂ ယောက်က လိုက်ရိုက်လို့ မျက်လုံးတွေမှာ မျက်နှာတွေ မှာပါ မည်းညို နေတာ။ မုဒိန်းကျင့် မခံရတာကံကောင်းသွားတယ် ” ဟု လူငယ် ၂ ဦး၏ ပြောပြချက်အတိုင်း အမျိုး တော်စပ်သူတဦးက သျှမ်းသံတော်ဆင့်အား ပြန်လည်ပြောပြသည်။

နမ့်ဇန့်ရွာသည် မူစယ်-နမ့်ခမ်း အသွားလမ်း ဇယ်လန့်အုပ်စုအတွင်းတွင်တည်ရှိပါသည်။ အဆိုပါဒေသ တွင် နမ့်ခမ်းမြို့ မြို့မပြည်သူ့စစ်လက်အောက်ခံ နမ့်ဇန့်ရွာအခြေစိုက် ပြည်သူ့စစ်ကပင် လှုပ်ရှားနေခဲ့ ပါသည်။

သို့သော်အဆိုပါပြည်သူ့စစ်၏လက်ချက် ဟုတ်မဟုတ်ကိုမူ သျှမ်းသံတော်ဆင့်မှ သီးခြားအတည်ပြုချက် မရရှိသေးပေ။

သျှမ်းသံတော်ဆင့်



Samsung ရဲ့ ဖုန်း ဟန်းဆက်မလိုဘဲ သုံးနိင်မည့် စမတ်နာရီ


အရင် ထွက်ရှိခဲ့ကြတဲ့ စမတ်နာရီ တော်တော်များများ ဟာ ဖုန်းကနေတစ်ဆင့် ဆက်သွယ်ပြီး ဖုန်းခေါ်ဆိုမူတွေ၊ မတ်ဆေ့ပို့တာ စတဲ့ လုပ်ဆောင်မူတွေကို ပြုလုပ်နိင်တာဖြစ်ပါတယ်။ ဆမ်ဆောင်း ဟာ သူရဲ့ ပြိုင်ဘက်တွေကို ထိုထက်မက ထိုးဖောက်ဖို့အတွက် စမတ်နာရီ နဲ့ ချိတ်ဆက်စရာမလိုဘဲ နာရီ တစ်လုံးကို လက်မှာ ပတ်ထားရုံနဲ့ အားလုံးကို ဆောင်ရွက်အဆင်ပြေစေတဲ့ စမတ်နာရီ တစ်မျိုးကို ပြုလုပ်လျက်ရှိတယ်လို့ Wall Street ဂျာနယ်ရဲ့ သတင်းတွေအရ သိရပါတယ်။ ခေါ်ဆိုမူတွေကို လက်မှာ ပတ်ထားတဲ့ စမတ်နာရီကနေတစ်ဆင့် တိုက်ရိုက်ခေါ်ဆိုနိင်မှာ ဖြစ်ပြီး ဖုန်းလာပါကလည်း ပါးစပ်နားကပ်လိုက်တာနဲ့ ဖုန်းကိုင်နိင်တာမျိုး ဖြစ်ပါတယ်။

နည်းပညာဇုန်တွေထဲမှာ စမတ်နာရီတွေဟာ ကြီးမားတဲ့ နေရာယူမူတွေကို ပိုင်ဆိုင်ထားတဲ့နည်းတူစွာ၂၀၁၄ခုနှစ်ရဲ့ခိုင်မာဖွံ့ဖြိုးမူအတွက် နှစ်တစ်တစ်နှစ်ကို ဦးဆောင်မှာ ဖြစ်ပါတယ်။ ထိုဖုန်းနာရီ ( စမတ်နာရီ) တွင် Samsung ရဲ့ ကိုယ်ပိုင် Tizen စမတ်နာရီ
Operationစနစ်ကိုသုံးမှာဖြစ်ပြီးဘာနာမည်ပေးမယ်ဆိုတာကတော့မသိရှိရသေးပါဘူး။

ဆမ်ဆောင်းဟာ စမတ်နာရီ ဈေးကွက်မှာ ပထမဦးဆုံး Galaxy Gear ကရိယာတွေဖြင့် စတင် ချပြခဲ့ပြီး သူရဲ့ ဒုတိယ ဗားရှင်း မျိုးဆက်ဖြစ်တဲ့ Gear2 ဟာဆိုရင်တော့ ယခင်ထက်ပိုပြီးပေါ့ပါးလာတာကို တွေ့ရပါတယ်။ ယခု ဖုန်းနာရီတွင်လည်း ယခင်က မော်ဒယ်လ်များထက် ပိုပြီး ကောင်းမွန်မယ်လို့ မျှော်လင့် ရပါတယ်။

Aung Heine ...
Smart Pro Journal

Skype ဘာသာပြန်ထောက်ကူမူ ဒီနှစ်ကုန်တွင် ရရှိနိင်တော့မည်


လူတစ်ယောက်နဲ့ တစ်ယောက်
ဘာသာစကားခြားနားမူ ဘောင်တွေကို ကျော်ဖြတ်ပေးတဲ့ အလွန် ကောင်းမွန်အသုံးဝင်လှတဲ့ ၀န်ဆောင်မူလေးပါပဲ။
ကိုယ်နဲ့ ဘာသာစကား မတူတဲ့ ကမ္ဘာ့ပေါ်မှာ ရှိတဲ့ နိင်ငံပေါင်းစုံက လူတွေနဲ့ အဆင်ပြေပြေစကားပြောနိင်လာတော့မှာ ဖြစ်ပါတယ်။
Skype Translator လို့ခေါ်တဲ့ ဒီဝန်ဆောင်မူလေးကို မနေ့မေလ ၂၇ ရက်နေ့ညကကျင်းပခဲ့တဲ့ Code conference မှာ ကြေငြာမိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။

ဘာသာစကား ခြားနားတဲ့ မည်သူကိုမဆို ခေါ်ဆိုပြောကြားနိင်ပြီး ကွန်ပျူတာ Screen ပေါ်က အောက်ခြေမှာ ပြန်ဆိုမူတွေကို ပြန်ကြားပေးကာ တစ်ဖက်လူ
ကို မြင်တွေ့စေပါမယ်။ နားကလည်း ကိုယ် ရွေးချယ်ထားတဲ့ ဘာသာရပ်အလိုက် ကြားနေနိင်မှာ ဖြစ်ပြီး အတော်ကို ပြည့်စုံတဲ့ ၀န်ဆောင်မူလေးပါပဲ။ အခြားလူရဲ့ ပြောကြားခြင်း စကားဆုံးအောင်တော့ စောင့်ဆိုင်းဖို့ လိုမှာဖြစ်ပါတယ်။ ထောက်ပံပေးထားတဲ့ ဘာသာစကားတွေအတွက်တော့ ကုမ္ပဏီက ပြောကြားခြင်း
မရှိသေးရကာ အကောင်းဆုံး ၀န်ဆောင်မူတစ်ခုဖြစ်မည်လို့ မျှော်လင့်ရပါတယ်။

Aung Heine ..
Smart Pro Journal

ဖိုက်ဘာဆက်ကြောင်း ချိတ်ပြီးချိန်၌ Wi-Fi စနစ် လျှောက်သည့် ကုမ္ပဏီများ လုပ်ကိုင်ခွင့်ရမည်


မြန်မာတစ်နိုင်ငံလုံး၏ အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် Wi-Fi အင်တာနက်စနစ်ကို အသုံးပြုနိုင်ရန်အတွက် ဖိုက်ဘာဆက်ကြောင်း ချိတ်ဆက်မှုများကို ပြုလုပ်ပြီးပါက လျှောက်လွှာတင်ထားသည့် ကုမ္ပဏီများကို တရားဝင်လုပ်ကိုင်ခွင့်များ ချထားပေးမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။

ယခုလက်ရှိတွင် မန္တလေး-မြစ်ကြီးနား၊ မန္တလေး-မူဆယ်နှင့် တောင်ကြီး-တာချီလိတ်အစရှိသည့် ဖိုက်ဘာဆက်ကြောင်းများကို ချိတ်ဆက်မှုများပြုလုပ်နေပြီဖြစ်ပြီး ရန်ကုန်အပါအဝင် အခြားသောမြို့ကြီးများနှင့် နယ်မြို့များတစ်လျှောက် အင်တာနက် ဆက်သွယ်မှုကွန်ရက်များကို ဆက်လက်ချိတ်ဆက်မှုများ ဆက်လက်ပြုလုပ်သွားမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တစ်နိုင်ငံလုံးရှိ လူနေထူထပ်သောနေရာများအတွက် အဓိကရည်ရွယ်သည့် ယင်း Wi-Fi စနစ် အင်တာနက်ဝန်ဆောင်မှုကို ပုဂ္ဂလိကကုမ္ပဏီများအနေဖြင့် ယခုဘဏ္ဍာနှစ်အတွင်း လုပ်ကိုင်နိုင်ရန် ဆောင်ရွက်ပေးနေကြောင်း သိရသည်။ အဆိုပါ ဖိုက်ဘာဆက်ကြောင်း ချိတ်ဆက်မှုများ အပြီးသတ်ဆောင်ရွက်ပြီးပါက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် Wi-Fi အင်တာနက်စနစ်ကို ဝန်ဆောင်မှုပေးနိုင်မည့် ကုမ္ပဏီများကို အပြီးသတ်ရွေးချယ်သွားမည်ဖြစ်သည်ဟု အထက်ပါတာဝန်ရှိသူက ဆက်လက်ပြောကြားသည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနသည် တစ်နိုင်ငံလုံး၌ ကြိုးမဲ့အင်တာနက်စနစ်ဖြစ်သည့် Wi-Fi ဆက်သွယ်မှုကွန်ရက် ဝန်ဆောင်မှုကို ပေးနိုင်မည့် ပုဂ္ဂလိကကုမ္ပဏီများကို ပြီးခဲ့သည့်နှစ်က ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်ထိ လျှောက်ထားသည့် ကုမ္ပဏီအရေအတွက် တစ်ရာခန့်ရှိကြောင်း သိရသည်။

ယခုကဲ့သို့ တစ်နိုင်ငံလုံးရှိ အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် ကြိုးမဲ့အင်တာနက်စနစ် လွှင့်တင်နိုင်ရန်အတွက် လျှောက်ထားသော ပုဂ္ဂလိကကုမ္ပဏီများအနက်မှ ကုမ္ပဏီနှစ်ဆယ့်ခုနစ်ခုကိုသာ ရွေးမည်ဖြစ်သည်။

ပြည်တွင်းအင်တာနက် ဆက်သွယ်ရေးဝန်ဆောင်မှုများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအပြင် ပုဂ္ဂလိကကုမ္ပဏီများဖြစ်သည့် ရတနာပုံတယ်လီပို့နှင့် Red Link Communications တို့က ပေးနေသည်။ သို့သော် အစိုးရနှင့်ပုဂ္ဂလိကတို့၏ လက်ရှိအင်တာနက် ဝန်ဆောင်မှုအရည်အသွေးများသည် ကောင်းမွန်ခြင်းမရှိသေးဘဲ သုံးစွဲသူများ၏ ဝေဖန်မှုများနှင့် မကြာခဏကြုံတွေ့နေရသည်ဟု စုံစမ်းသိရသည်။


ယုဇနကိုကို
Internet Journal

ဆေးလိပ်သောက်သူများကို အသိတရားပေးမည့် Smart Lighter


ယနေ့အချိန်အခါတွင် ကျွန်ုပ်တို့လူသားများအတွက် ကျန်းမာရေးအား အထောက်အကူဖြစ်စေရန် ခြေလှမ်းများ၊ အလေးချိန်များ၊ ကယ်လိုရီများ အစရှိသည်တို့ကို ခြေရာခံထောက်လှမ်းနိုင်မည့် ပစ္စည်းကိရိယာများ အများအပြားကို တီထွင်ထုတ်လုပ်ထားသလို ယခုအခါတွင်လည်း ကျန်းမာရေးကို ထပ်မံအထောက်အကူဖြစ်စေမည့် မီးခြစ်တစ်မျိုးကို တီထွင်ထုတ်လုပ်ခဲ့ပါသည်။

၎င်းမီးခြစ်သည် သင့်အနေဖြင့် တစ်နေ့တာ ဆေးလိပ်သောက်သုံးမှုကို မှတ်တမ်းတင်ဖော်ပြပေးနိုင် သောကြောင့် သောက်သုံးမှုပမာဏများလေ သင့်အတွက်အရှက်တစ်စုံတစ်ရာ၊သို့မဟုတ် အသိတစ်စုံတစ်ရာ ကို ဖြစ်ပေါ်စေပြီး ဆေးလိပ်သောက်သုံးမှုကို လျော့ချလာစေခြင်းဖြင့် သင့်ကျန်းမာရေးကို သွယ်ဝှိုက်အထောက် အကူဖြစ်စေနိုင်မည် ဖြစ်သည်။ ၄င်းမီးခြစ်အား Quitbit ဟုခေါ်ပြီး Zippo မီးခြစ်နှင့်ပုံသဏ္ဍာန်ဆင်တူကာ အသုံးပြုသူမှ ဆေးလိပ် တစ်ကြိမ်သောက်တိုင်း မှတ်တမ်းတင်ထားရှိမည် ဖြစ်ပေသည်။ မီးခြစ်တွင် ပါဝင်သော အခြေခံအချက်အလက်များမှာ အတိုင်းအတာအရွယ်အစား 67 x 43 x 10 mm ၊ ဘက်ထရီ Rechargeable Lithium Polymer၊ အလေးချိန် 72 g၊ ချိတ်ဆက်နိုင်မှု Bluetooth Low Energy (4.0)၊ အသုံးပြုနိုင်မှု iOS 5 နောက်ပိုင်း နှင့် Android 4.3 အထက်၊ ဈေးနှုန်းမှာ မူလပထမ ကနဦးရောင်းချမှု အနေဖြင့် အမေရိကန်ဒေါ်လာ ၇၉ ဖြစ်ပြီး ဇွန်လနောက်ပိုင်းတွင် အမေရိကန်ဒေါ်လာ ၁၄၉ ခန့်ရောင်းချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။


ယခုတီထွင်ခဲ့သည့် App အနေဖြင့် တစ်နေ့တာလုံးတွင် ဆေးလိပ်သောက်ခြင်းကြောင့် ကုန်ဆုံးရသော ပိုက်ဆံတန်းဖိုးကိုပါ ဖော်ပြပေးနိုင်သလို၊ မီးခြစ်ပိုင်ရှင် အနေဖြင့်မည်သည့်အချိန်များတွင် ဆေးလိပ်ကို ပိုမို သောက်သုံးလေ့ရှိကြောင်းကိုပါ သိရှိစေနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် Facebook နှင့် Twitter တို့တွင်ရှိသော Quitbit Community တွင်လည်း မိမိတို့၏ အခြေအနေ အချက်အလက်များကို အခြားသူငယ်ချင်းများ သိရှိစေရန် အလို့ငှာ ရှယ်ယာလုပ်နိုင်မည်လည်း ဖြစ်ပေသည်။

Quitbit ကို ဘော်စတွန်အခြေစိုက် ဒီဇိုင်နာ Ata Ghofrani ဆိုသူမှ တီထွင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ၄င်းမီးခြစ်ရှိ မီးညှိစနစ်သည် ကားတွင် ပါဝင်သော မီးညှိစနစ်နှင့် ဆင်တူပါသည်။ Quitbit ၏ရှေ့ကိုယ်ထည် ပိုင်းတွင် LED မီးသီးကို တပ်ဆင်ထားကာ ၄င်းမှ နောက်ဆုံးဆေးလိပ် သောက်သုံးရန် မီးညှိနေစဉ်အတွင်း ယခင်ဆေးလိပ်အရေအတွက်ကို ဖော်ပြပေးနေမည်ဖြစ်ကြောင်း သိရှိရပါသည်။

================

Ref:DM
WorldWide(BMSTU)
TechSpace Journal

3D map Myanmar (Burma)


မြန်မာ့နိုင်ငံရဲ့မြေပုံ၊ လမ်းအနေအထားတွေ၊ အဆောက်အဦပုံစံတွေကို 3D အနေနဲ့ ကြည့်ရှုနိုင်စေမယ့် အဆင့်မြင့် App လေးပဲဖြစ်ပါတယ်။ 3D၊ 2D ပုံစံနှစ်မျိုးစလုံး အသုံးပြုနိုင်မှာဖြစ်ပြီး 3D နဲ့ 2D သံလိုက်အိမ်မြှောင် စနစ်လည်းပါဝင်ပါတယ်။ ကိုယ်သိလိုတဲ့နေရာကို စာဖြင့်ရောပုံနဲ့ပါ ရှာဖွေကြည့်ရှုနိုင်မှာ ဖြစ်တဲ့အပြင် ကိုယ်ရောက်ရှိနေတဲ့နေရာကို ကြည့်ရှုနိုင်မှာဖြစ်ပြီး  ကိုယ်သွားချင်တဲ့နေရာကို လမ်းညွှန်ပြသပေးတဲ့ စနစ်တွေလည်း ထောက်ပံ့ပါဝင်ပါတယ်။ ဒီ App ရဲ့ ဖိုင်ဆိုဒ်အရွယ် အစားကတော့ 2.4MB ရှိပြီး Android Version 2.3.3 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ PlayStore ကနေ အခမဲ့ရယူ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Google Paly မှ download လုပ်ရန်
တိုက်ရိုက် Download လုပ်ရန်

-ရဲထွဋ်ဝင်း
Internet Journal

ကင်ဆာဆရာဝန်တွေ ဆေးမရှိတဲ့အခါ


“ဆရာ၊ ဒေါ်ဂျမ်းက ပြောတယ်။ ဒီတစ်ခါတော့ ငွေမလောက် လို့ ဆေးမ၀ယ်နိုင်တော့ဘူးတဲ့။ဘာဆေးနဲ့ လဲပေးရမလဲ ဆရာ။”
“ဆရာ၊ Docetaxel က ပစ္စည်းပြတ်နေတယ်။ ဆေးသွင်းရမယ့် ရက်ချိန်းကလည်း ပြည့်နေပြီ။ဘယ်လို လုပ်ရမလဲ။”
“ဆရာ၊ ဒီလူနာက ဆေး လေးခါသွင်းပြီးပြီ။ အကျိတ်တွေက မသေးသွားဘူး။ ဆေးပြောင်းရတော့မယ် ထင်တယ်။”
“ဆရာ၊ လူနာဦးလှရဲ့ သမီးက လာပြောနေတယ်။ ဆေးဖိုးက များလွန်းတော့ ဆေးကို နည်းနည်းလျော့ပြီး သွင်းလို့ရမလားတဲ့။ ကင်ဆာဆေးဖိုးချည်း တစ်လကို တစ်သိန်းလောက် ကျနေတော့ငါးသောင်းလောက်ဖြစ်အောင် ဆေးကို လျှော့လို့ရရင် လျှော့ပေးပါတဲ့ဆရာ။”

ကင်ဆာဆောင်ထဲ နေ့စဉ်ကြားနေကျ စကားတွေ။ ဆရာဝန်ကို ခေါင်းကိုက်ဝေဒနာ စွဲကပ်စေသည့်စကားတွေ။ ဒီလူနာတွေ ကိစ္စဖြေရှင်းပြီးရင် အခန်းဝမှာ ကွက်ကြည့် ကွက်ကြည့်နှင့် စောင့်နေသည့် ဆေးကုမ ဏီမှ ၀န်ထမ်းတွေရှိသေးသည်။။ ဆေးကုမ ဏီမှဆိုသော်လည်း ဆရာဝန်လေးတွေပါ။သူတို့ ကုမ ဏီမှ ဆေးတွေက ဈေးကြီးသည်။ သိန်းကျော်တန်တွေ များသည်။ သို့ပေမယ့် သည်လိုအမျိုးအစားဆေးတွေ ကို အမေရိကန်မှာ၊ စင်္ကာပူမှာ၊ထိုင်းမှာ သွားဝယ်ရင် သည့်ထက် ပိုဈေးကြီးသည်။ နှစ်ဆ၊သုံးဆလောက် ပင် ဈေးပိုများတတ်သည်။

၂၀ရာစုအကုန်ပိုင်းလောက် ကင်ဆာကုသမှုသမိုင်းမှာ ဆေးဝါးအသစ်အဆန်းတွေ အများကြီးပေါ်သည်။ ယနေ့ ဆေးဝါးသုတေသနလုပ်ငန်းများ၏ အဓိက မောင်းနှင်အားမှာ ကင်ဆာဆေးသုတေသနတွေဖြစ်သည်။ စပွန်ဆာပေးသူများက ဒိတ်ဒိတ်ကျဲကင်ဆာဆေးကုမ္ပဏီ ကြီးတွေ။ ဆေးတွေက ကောင်းသလို ဈေးတွေ ကလည်း ကောင်းသည်။ ကင်ဆာလူနာသက်တမ်းတွေ သိသာစွာ ရှည်လျား
လာသည်။ ကင်ဆာသည် သေမိန့်မဟုတ်ဟူသော အားပေးသံတွေ ညံလာသည်။ ဒါက ဒီကနေ့ ကင်ဆာဆေးပညာ၏ မျက်မှောက် အနေအထား။

သည်အချိန်မှာမှ ကျွန်တော်တို့ ကင်ဆာဆရာဝန် ဖြစ်လာရသည်။ “ခေတ်မီမီ ကမ္ဘာကြည့်ကြည့်မြင်” ပြီး ကမ္ဘာ့ကင်ဆာဆေးလော က၏ အခြေအနေတွေကို ကြား၊သိနိုင်ဖို့ အမြဲတမ်းကြိုးပမ်းနေကြသည်။ ယနေ့ ကျွန်တော်တို့ ကင်ဆာဆောင်များထဲမှာ သုံးနေသည့် ကင်ဆာဆေးတွေက ၂၀ရာစု အလယ်ပိုင်းလောက်က ပေါ်ခဲ့သည့်ဆေးတွေ။ အာနိသင်တွေ ရှိနေကြတုန်း။ ဥပမာ ၁၉၅၀ပြည့်လွန်နှစ်များက ပေါ်ပေါက်ခဲ့သည့် Methotrexate ဆေးဆိုရင် အခုထိ ဒေါင်ဒေါင်မြည် အသုံးတော်ခံနေဆဲ။

၂၀ရာစု အကုန်ပိုင်းမှာ ပေါ်ပေါက်လာသည့် Targeted ကင်ဆာဆေးများ သည်လည်း မြန်မာပြည်ဈေးကွက်အတွင်း ၀င်ရောက်လာနေပြီ။ သို့ပေမယ့် ဈေးကောင်းလှသည်။ အများပြည်သူတို့ လက်လှမ်းမမီ။ ပြသနာတော့ သိပ်မရှိ။ ကင်ဆာအတော်များများက မူလဆေးအဟောင်းများနှင့်လည်း အလုပ်ဖြစ်နေသေးသည်။ အဲ..တစ်ချို့သော လူနာများမှာတော့ သူတို့ဖြစ်သည့် ကင်ဆာအမျိုးအစားက Targeted ဆေးအကောင်းစားများနှင့် ကုသသင့်သော ကင်ဆာတွေဖြစ်နေတတ်သည်။ထိုအခါမျိုးမှာ ဆေးကုသစရိတ်မတတ်နိုင် ရင်တာ့ ထိုလူနာတွေ သနားဖို့ကောင်းပါသည်။ မတတ်နိုင်။ အသက်ကို ဥစ္စာစောင့်သော ခေတ်ပေကိုး။

ကင်ဆာဆရာဝန်တွေကို ခေါင်းကိုက်စေသည်က Targeted ကင်ဆာဆေးတွေ မ၀ယ်နိုင်၊မသုံးနိုင်သည့် ပြသနာမဟုတ်။ ပုံမှန်မူလလက်ဟောင်းကင်ဆာဆေးများကိုပင် ကိုယ့်လူနာတွေကမသုံးနိုင်သည့်ပြသနာပါ။ ဆောင်းပါးအစမှာ ဖော်ပြခဲ့သည့် မေးခွန်းစကားတွေက ကျွန်တော်တို့ နေ့စဉ်ကြုံနေရသည့် မေးခွန်းတွေ။ ကင်ဆာဆေးများ၏ သဘောက ရက်ချိန်းမှန်ရမည်။ ဆေးပမာဏ ပြည့်မီရမည်။ ကင်ဆာ ဆဲလ်သစ်တွေ ပွားမလာနိုင်ခင် အချိန်ကာလကို တွက်ချက်ပြီး ဆေးသွင်းရသည့်သဘောသဘာဝရှိတာမို့ အချိန်ကိုက်ပေးနိုင်ဖို့လိုသည်။ဆေးတွေကို အလွယ်တကူပြောင်းလဲ အစား
ထိုးလို့လည်းမရ။

လူနာတွေအများကြီးနှင့် စမ်းသပ်ကုသထားခဲ့သော ဆေးသုတေသနရလာဒ်အဖြေ များကိုကိုးကားပြီး ကျွန်တော်တို့ ဆေးကုနေကြတာဖြစ်ပါသည်။ဒါ့ကြောင့် တော်ရုံနှင့် ကိုယ်အပတ်တကုပ်ရှာဖွေရွေးချယ်ထားခဲ့သည့် ကင်ဆာဆေးသွင်းကုထုံးတစ်ခုကို အလွယ်တကူပြောင်းမပစ်ချင်ပါ။ ဒီလိုပြသနာတွေကို ကျွန်တော်တို့ ရွှေပြည်မှာပဲ ကြုံနေရတာလား။ ချမ်းသာသောတိုင်းပြည်များမှာတော့ သည်လိုပြသနာတွေ မရှိဘူးထင်သည်။ထိုသို့ ထင်ခဲ့မိသည်။

ကျွန်တော့် အထင်မှားမှန်း အမေရိကန်က ဆေးပညာဂျာနယ်တစ်ပုဒ် ဖတ်ပြီးသောအခါ
သိလိုက်ရသည်။အမေရိကန်ပြည်ထောင်စုမှာလည်း ၂၀၀၆ခုနှစ်မှစတင်လျက် ကင်ဆာဆေးရှားပါး
ပြတ်လပ်မှုနှုင် ကြုံတွေ့နေရသည်။ဆေးပြတ်လပ်ရသည့် အကြောင်းရင်း
ကတော့အများကြီးရှိသည်။ရှုပ်လည်းရှုပ်ထွေးသည်။ ကင်ဆာဆေးများ ပုံမှန်မရသည့်အတွက် လုံးဝပျောက်ကင်းအောင်ကုသနိုင်သည့် လင်ဖိုးမားအကျိတ်ကင်ဆာတွေ အမြစ်မပြတ်ဖြစ်ကုန်သည်။ဒါက ကင်ဆာကုသရေးမှာထိပ်တန်းအကျဆုံးဆိုသည့် အမေရိကမှာဖြစ်နေတာတွေ။

ကင်ဆာဆေးပုံမှန်မရသည့် ပြသနာကို အမေရိကန်ကင်ဆာဆရာဝန်တွေ ဘယ်လိုဖြေရှင်းကြသလဲ။ဒါကို ကျွန်တော်သိချင်သည်။၂၀၁၂ခု၊စက်တင်ဘာလမှ ၂၀၁၃၊မတ်လအတွင်း အမေရိကန်ကင်ဆာဆရာဝန် ၂၁၄ဦးပါဝင်သည့် စစ်တမ်းတစ်ခုကောက်ယူလိုက်သည်။ထိုဆရာဝန်များ၏ ၈၂.၇%သည် ကင်ဆာဆေးမလုံလောက်မှုကြောင့် Standard ဖြစ်မည့်၊အကောင်းဆုံးဟူသည့် ကင်ဆာဆေး
များကို မသုံးစွဲနိုင်ခဲ့ကြဟု စစ်တမ်းများအရသိလာရသည်။သည်လိုဆိုတော့လည်း ကိုယ့်မှာအဖော်ရှိသားပဲဟု ဖြေတွေးနိုင်သည်။

ဆေးမရှိသည့်အခါ အမေရိကန်ကင်ဆာဆရာဝန်တွေ ဘာလုပ်ကြသလဲ။ လေ့လာကြည့်ကြမည်။

နည်းလမ်း(၁)ကင်ဆာကုသဆေးညွှန်းကို လုံးဝပြောင်းလဲလိုက်ကြသည်။ ကင်ဆာဆေး နှစ်မျိုး၊သုံးမျိုးလောက်ပါတတ်သည့် ကုထုံးတစ်ခု လုံးကို ပြောင်းလဲပစ်လိုက်တာဖြစ်သည်။

နည်းလမ်း(၂) ဆေးညွှန်းကိုတော့ မပြောင်း။ ဆေးညွှန်းထဲမှာ ပါသည့်၊ ပြတ်လပ်နေသည့် ဆေးနေရာမှာ တခြားကင်ဆာဆေး
တစ်မျိုးကို အစားထိုးလိုက်ကြသည်။

နည်းလမ်း(၃) ကင်ဆာဆေးသွင်းကုသမှုကို ဆေးပြန်ရသည်အထိ စောင့်ဆိုင်းရန် ရက်ရွှေ့ဆိုင်းလိုက်ရသည်။ အန္တရာယ်ကြီးသော လုပ်ဆောင်ချက်ဖြစ်ပါသည်။ကင်ဆာဆဲလ်တွေ အထိန်းအကွပ်မရှိပွားသွားနိုင်သည်။

နည်းလမ်း(၄) ဆေးအညွှန်းထဲမှာပါသည့် ကင်ဆာဆေးပမာဏကို လျော့ချပစ်လိုက်သည်။

နည်းလမ်း(၅) ဆေးမရှိသည့်အဆုံး ဆက်လက်မကုတော့ပဲ ရပ်လိုက်တာမျိုးဖြစ်သည်။

အထက်ပါနည်းလမ်းအနက် နည်းလမ်း(၁)နှင့် (၂)က ကင်ဆာဆရာဝန် ၇၅%လုပ်ဆောင်နေကြရသည့် နည်းလမ်းများဖြစ်ပါသည်။ Standard ဖြစ်သော၊ အဆင့်မီစံချိန်စံညွှန်းမီ ကုထုံးတွေ မဟုတ်ပေမယ့် အဆင့်မီနည်းပါး အောင်မြင်မှုရ
နိုင်သည့် ကုထုံးများကို အစားထိုးပေးကြရတာဖြစ်ပါသည်။ ကင်ဆာဆေးများ၏ သဘောသဘာဝက ခန္ဓာကိုယ်အလေးချိန်နှင့် တွက်ချက်ပြီး ပေးရသည်။ ဆေးသွင်း အကြိမ်တိုင်းမှာ ပေါင်ချိန်ပြီး သွင်းမည့်ဆေးပမာဏကို တွက်ချက်ရသည်။ ဈေးကြီးသဖြင့် ဆေးကို လျှော့ပေးလို့မရ။တတ်နိုင်သမျှ ပြည့်ပြည့်၀၀
ပေးမှလုံလောက်သည့်အာနိသင်ကိုရမည်။ တစ်ခုတော့ ရှိသည်။ လူနာက ကျောက်ကပ် ၊နှလုံး၊အသည်းစသည့်ကိုယ်တွင်းအင်္ဂါတွေ အားနည်းရင်တော့ ကင်ဆာဆေးပမာဏကို လျှော့ပေးရတာရှိပါသည်။

သေချာသည်ကတော့ ကိုယ့်မျက်စိရှေ့ရောက်လာသည့် ကုသပျောက်ကင်းနိုင်သည့် ကင်ဆာလူနာများကို ဘယ်ကင်ဆာဆရာဝန် ကမှ ဆေးမကုပေးပဲ မနေဟူသည့်အချက်ဖြစ်သည်။ ရနိုင်သလောက်ရှာကြံ၊အလှူခံပြီး ပျောက်နိုင်သည့် ကင်ဆာလူနာကိုတော့ဖြင့် ကုသပေးရပါသည်။ ကုလို့မပျောက်နိုင်၊အဆင့် လွန်ကင်ဆာလူနာတွေ ငွေကြေးမတတ်နိုင်ဆိုရင်တော့ လပိုင်းမျှသာ အသက်ဆွဲဆန့်နိုင်မည့်
ကင်ဆာဆေးများကို ထိုးဖို့၊သွင်းပေးဖို့ ကျွန်တော်တို့ဆရာဝန်တတွေ မတိုက်တွန်းလိုကြတော့ပြီ။

အရေးကြီးဆုံးတစ်ချက်က လူနာ၊လူနာမိသားစုဝင်များအား ကုသမှုအစီအစဉ်ကို အမြဲတမ်းရှင်းပြ၊နားလည်ချက်ယူနေဖို့ဖြစ်ပါသည်။လူနာနှင့် စကားမပြောရင် နားလည်မှုလွဲမည်၊မလိုလားအပ်သည့် ပြသနာတွေဖြစ်နိုင်သည်။

ကျွန်တော်သည် ပတ်ဝန်းကျင်မှာ ကြားနေရသည့် လူမှုရေး၊ဘာသာရေးဆိုင်ရာများမှ လှူဒါန်းမှုများကို သာဓုခေါ်မိသည်။ မတတ်နိုင် သည့် ကင်ဆာလူနာများအတွက် အနည်းဆုံးရသင့်သည့် ကင်ဆာဆေးဝါးကို လူနာတိုင်းပေးနိုင်ဖို့ အလှူရှင်တွေ ပေါ်ပေါက်လာရင် ကောင်း မှာပဲဟုလည်း တွေးမိပါသည်။
ဒါမှမဟုတ် ဆိုင်ရာဌာနများက အစီအစဉ်တွေချမှတ်ပေး၊ လှူဒါန်းသူများ၏ အလှူကို သင့်တော်သည့်နေရာမှာ သုံးစွဲနိုင်ဖို့ စီမံပေး။ သည်လိုဆိုရင်ဖြင့် အလွန်ကောင်းပါလိမ့်မည်။

ကင်ဆာကုသမှုသည် ကုန်ကျစရိတ်များပါသည်။ လုံးဝရောဂါပျောက်ကင်းမှုကလည်း နည်းသည်။ရေရှည်ကုသရမည့် ကင်ဆာမျိုးတွေက ပိုများသည်။သည်တော့ လုံးဝကုသပျောက်ကင်းနိုင်သည့် ကင်ဆာရောဂါများကို ပထမဦးစားပေး၊ တစိတ်တပိုင်းပျောက်ကင်းမည့် ကင်ဆာရောဂါများကို ဒုတိယဦးစားပေး
စသည်ဖြင့် မတတ်နိုင်သည့် ကင်ဆာလူနာများကို မသေသင့်မသေထိုက်ပဲ မသေကြရလေအောင် ကင်ဆာ ဆေးဝါးများ အခမဲ့ပေးနိုင်ရေးအတွက် တစ်နိုင်ငံလုံးအဆင့်ဖြင့် အကောင်အထည်ဖော်သင့်ပြီဟု ဆင်ခြင်မိပါသည်။ တနေ့တခြားအဖြစ်များလာနေပြီဖြစ်သည့် ကင်ဆာရောဂါကို အောင်မြင်စွာကုသနိုင်ရေးအတွက်အလေးပေးရမည့် အချိန်ရောက်ပြီဖြစ်ပါကြောင်း။

ဆေးပညာဆိုင်ရာဆောင်းပါးများ