မြ၀တီနေ့စဉ်သတင်းစာ (၆-၁-၂၀၁၄) တနင်္လာနေ့

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





မြန်မာတိုင်း(မ်) အမှတ်(၆၅၃)

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





Facebook အကောင့်အလွယ်တကူဖွင့်မယ်


ဒီပုံထဲမှာပြထားတဲ့ Web site လေးကနေပီး Facebook အကောင့်အလွယ်တကူဖွင့်လို့ရပါပီခင်ဗျာ။ ဒီနည်းကို သိပြီးသား ဆရာတွေလည်းရှိမှာပါ။ ကျွန်တော်လည်း မနေ့ကမှ ကလိရင်း ရသွားတာပါခင်ဗျာ။ Proxy ကျော်တဲ့နည်းပေါ့။ ဒီကိုနှိပ်ပါ အဲဒီကို ၀င်လိုက်ပီးရင် ပုံထဲမှာပြထားတဲ့ အကွက်ထဲမှာ facebook ကိုဖွင့်ပီး အကောင့်အသစ်လုပ်လုပ် Lock ကျနေတဲ့အကောင့်ကို မြန်မာပြည် ဖုန်းနံပတ်နဲ့ Verify လုပ်လုပ် အဆင်ပြေသွားပါပီ။ ကျွန်တော် စမ်းကြည့်တာတော့ Lock ကျနေတဲ့ အကောင့်တစ်ခုနဲ့ အကောင့်အသစ်တစ်ခုကို လွယ်ကူစွာဖွင့်လို့ပြီးစီးသွားပါပီ။ အဲ ဖုန်းနံပတ်နဲ့ Verify လုပ်တဲ့နေရာမှာ Send me Code ဆိုတာကို မရွေးပဲ Call me ဆိုတာကိုရွေးပေးပါ။ လူကြီးမင်းတို့ဆီကို ဖုန်းဝင်လာပါလိမ့်မယ်။ အဲဒါကို မှတ်ထားပီး verify လုပ်လိုက်ရင် အဆင်ပြေသွားပါပီ ခင်ဗျာ။ ကျွန်တော် သိသလောက်လေး Share ပေးတာပါ။ စမ်းကြည့်လိုက်ကြပါခင်ဗျာ။

Thiha Swe

Myanmar Times ( Issue-711 )

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





ရတနာပုံနေ့စဉ်သတင်းစာ (၆-၁-၂၀၁၄) တနင်္လာနေ့

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





မြန်မာတိုင်း(မ်) အမှတ်(၆၅၄)

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





ဖွံ့ဖြိုးရေးရန်ပုံငွေနှင့်ကျေးလက်ပြည်သူအလှူရှင်ပူးပေါင်းပြီးတံတားကြီးတည်ဆောက်


နမ်းမား၊  ဇန်န၀ါရီ ၆၊၊

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားဒေသ နန်းခမ်းရွာရှေ့ မီးရထားသံလမ်းအနီးတွင် မိုးညှင်းခရိုင်ကျေးလက် ဖွံ့ဖြိုးရေးရန်ပုံငွေ သိန်း၂၀၀ထဲမှ နန်းခမ်းတံတားအတွက် ချပေးသော ကျပ်သိန်း၄၀ကို နန်းမားဒေသနှင့် နန်းခမ်းကျေးရွာသားအလှူရှင်များ စုပေါင်းရန်ပုံငွေဖြင့် ကျပ်သိန်း၁၀၀ကျော်ကုန်ကျမည့် သံကူကွန်ကရစ် ရွှေနန်းခမ်း တံတားကို စတင်တည်ဆောက်နေကြောင်း နန်းမားအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ယခင်ကတည်ဆောက်ခဲ့သော ဆွေးမြေ့နေသည့် သစ်သားတံတားကို ခွင့်ပြုရန်ပုံငွေဖြင့် မတည်ပြီး တံတားဖြစ်မြောက်ရေး ကော်မတီဖွဲ့စည်းကာ သံကူကွန်ကရစ် တံတားသို့ ပြောင်းလဲတည်ဆောက်သွားမည်ဖြစ်ကြောင်း၊ တည်ဆောက်

မည့် တံတား၏ အကျယ်မှာ ပေ၂၀၊ အရှည်မှာ၅၅ပေရှိကြောင်း၊ ကျေးလက်ရွာသားများမှ နေ့စဉ် လူ၂၀အခမဲ့ လုပ်အားပေးပြီး ကျောက်၊ သဲများကို မှုံစုတ်စက်ဖြင့် သန့်စဉ်နကြောင်းတံတားဖြစ်မြောက်ရေး ကြီးကြပ်မှုကော်မတီ ဦးခင်မောင်ဌေးက ပြောသည်။

အဆိုပါကော်မတီမှ ၎င်းတံတားကြီးအပြင် နန့်စော်လော်ကျေးရွာနှင့် နန်းခမ်းရွာကြားရှိ ရွာချင်းဆက် ညောင်လေးပင်တံတားကြီးကို တစ်ပြိုင်တည်းတည်

ဆောက်သွားမည်ဖြစ်ကြောင်း၊ ညောင်လေးပင်တံတားကြီးကို သံကူကွန်ကရစ်ဖြစ်ပြီး အကျယ်၁၅ပေ၊ အရှည်၁၂ပေရှိကြောင်း၊ နိုင်ငံတော်မှ မတည်ပေး၍သာ တည်ဆောက်ဖြစ်သွားကြောင်း၊ ကျေးလက်ဒေသများအထိ ထိရောက်စွာ ပံ့ပိုးမှုများဆောင်ရွက်ပေးမှုကြောင့် ကျေးဇူးတင်ကြောင်း တံတားဖြစ်မြောက်ရေး ကော်မတီဥက္ကဌဦးကျော်ဝင်းမှပြောခဲ့သည်။

သီဟအောင်(ကချင်)
The Myanma Age

ဒီကေဘီအေ စစ်ဦးစီးချုပ် ကျန်းမာရေးသက်သာ


လည်ချောင်းဝေဒနာကြောင့် စင်ကာပူနိုင်ငံမှာ ဆေးကုသမှု ခံယူနေတဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ) စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောလားဘွယ် ဝေသနာ သက်သာလာပြီလို့ သိပါတယ်။

ဗိုလ်ချုပ်စောလားဘွယ်ဟာ ဒီဇင်ဘာလ ၃၁ ရက်ကတည်းက ရန်ကုန်ကနေတဆင့် စင်ကာပူနိုင်ငံ Lanigan ဆေးရုံမှာ ဆေးကုသမှု ခံယူနေတာပါ။

Saw Lar Bwelဗိုလ်ချုပ်စောလားဘွယ်ရဲ့ ရောဂါခြေအနေ သက်သာလာတယ်လို့ သိရကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးညိုအုန်းမြင့်က ပြောပါတယ်။

“အရင်တုန်းက သူစကားလည်း မပြောနိုင်ဘူး။ သူ့လည်ပင်းမှာများ တခုခုဖြစ်မလားလို့ စိုးရိမ်တာ၊ အခု ကျနော်ကြားရသလောက်တော့ သူကျန်းမာရေး ကြီးကြီးမားမား မရှိပါဘူးတဲ့။ သူ့ရဲ့ အသံပြွန် လမ်းကြောင်းမှာ အနာလေးတခုတွေ့တယ်။ အဲဒီ အနာကလည်း ဘာမှ ကြောက်စရာ မရှိပါဘူး။ ဒါပေမယ့် အဲဒါရောင်တဲ့အတွက် စကားပြောလို့ မရတာလို့ ကြားရပါတယ်။”

ဒီကေဘီအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားဘွယ်ဟာ လည်ချောင်းဝေဒနာ ခံစားရ တဲ့အတွက် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်နေ့ကတည်းက ရန်ကုန် မြောက်ဒဂုံမှာရှိတဲ့ ပင်လုံဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့တာပါ။

လူနာရှင်ရဲ့ဆန္ဒအရ စင်ကာပူမှာ ဆေးကုသလိုတဲ့အတွက် အစိုးရငြိမ်းချမ်ရေး ကိုယ်စားလှယ်အဖွဲ့ကနေပြီး နိုင်ငံကူးလက်မှတ်ရရှိရေး လုပ်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်စောလားဘွယ် ခေါင်းဆောင်တဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ) တပ်ဖွဲ့ဟာ နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ အစိုးရက ဖိအားပေးချိန်မှာ လက်မခံဘဲ အစိုးရကို ပြန်လည်တိုက်ခိုက်တဲ့ တပ်ဖြစ်သလို ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ဆန့်ကျင်ခဲ့တဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရသစ် လက်ထက်မှာ အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး ပြန်လည်လုပ်ဆောင်ခဲ့ပါတယ်။
DVB Burmese

ပြည်သူ့ရဲတပ်ဖွဲ့ကိုကူညီသူအား မူးယစ်သားကောင်များမှငွေ၁၀သိန်းပေးပြီး လက်ပစ်ဗုံးနှင့်ပစ်ခိုင်း


မိုးညှင်း၊  ဇန်န၀ါရီ ၆။

ကချင်ပြည်နယ်မိုးညှင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းချသုံးစွဲသူများအား ပြည်သူ့ရဲတပ်ဖွဲ့သို့ သတင်းပေးပို့သူ တစ်ဦး၏နေအိမ်သို့ မူးယစ်သားကောင်များက ဇန်န၀ါရီ၅ရက်ည(၈)နာရီခွဲခန့်တွင် လက်ပစ်ဗုံးနှင့်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများကဆိုသည်။

ပြည်သူ့ရဲတပ်ဖွဲ့ အားအစဉ်ကူညီဆောင်ရွက်နေသော တောင်သူဦးထွေး၏ နေအိမ်ကို အလျား၈လက်မ၊ရှေ့ခေါင်း အပိတ်အချင်း၂လက်မခန့်ရှိသော စိမ်းနုရောင် တရုတ်လက်လုပ် လက်ပစ်ဗုံးအဟောင်းဖြင့် ပစ်ခတ်ပြီး လူငယ်၎ဦးခန့် ဆိုင်ကယ်ဖြင့် ထွက်ပြေးခဲ့သည်။

တောင်သူဦးထွေးသည်ဇနီးနှင့်အတူနေအိမ်၌ တီဗီကြည့်နေစဉ် အိမ်ဝင်းတံခါးထရံသို့ ပစ်ပေါက်သံကြား၍ ထကြည့်ရာ နေအိမ်လှေခါးအတက်တွင် ယမ်းငွေ့ထွက်နေသော တရုတ်လက်ပစ်ဗုံးအား တွေ့ရသဖြင့် သက်ဆိုင်ရာသို့ ချက်ချင်းအကြောင်းကြားခဲ့သည်ဟု ဦးထွေးက ပြောသည်၊၊

မြို့နယ်ရဲတပ်ဖွဲ့မှရဲမှူး၊ မြို့မရဲစခန်းမှ ဒုရဲစခန်းမှူး ၊ နယ်ထိန်းခေါင်းဆောင်နှင့်အဖွဲ့၊ အရှေ့စုရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့  သွားရောက် စစ်ဆေးခဲ့ရာ ရဲစခန်းနှင့် ၁မိုင်ခန့်ကွာဝေးသော ဦးထွေး၏ ခြေတံရှည်အိမ် သွပ်မိုးပျဉ်ကာ တစ်ထပ် အိမ်ရှေ့သို့ လူငယ်(၄)ဦးခန့် ဆိုင်ကယ်နှစ်စီးဖြင့် လာရောက်ကာ ၀ါယာကြိုးမပါဘဲ ယမ်းအနည်းငယ်သာ ပါရှိသော လက်ကိုင်လက်ပစ်ဗုံးအား အိမ်ပေါ်သို့ ပစ်တင်ခဲ့သည်ဟု ဆိုသည်။

၎င်းလက်ပစ်ဗုံးသည် ယမ်းငွေများထွက်ပြီး မပေါက်ကွဲဘဲ ရှိနေကြောင်း၊ ဗုံးမကွဲသဖြင့် တပတ်လည် ပြန်လာကြည့်သူ ရဲဝင်းထွန်း(ခ) ဘရမ်ဆိုင်းကို မသင်္ကာသဖြင့် ဖမ်းဆီးစစ်ဆေးခဲ့သည်ဟု နယ်ထိန်းအဖွဲ့မှ ပြောခဲ့သည်။

အရှေ့စု(၄)လမ်းနေ ရဲဝင်းထွန်း၏ ထွက်ဆိုချက်အရ ၎င်းနှင့်အတူ ဂျာနော်၊ စိုးသီဟ၊ ရန်ပိုင်စိုးတို့အား ဖားကန့်မြို့နယ် ဂျာလျှံရွာနေ ဂျာဆိုင်းဆိုသူမှ ငွေ(၁၀)သိန်းပေး၍ ခိုင်းစေခဲ့ကြောင်း သိရသည်။ အသက်၁၈နှစ်ရှိအဘဦးထွန်းတင့်အောင်၏သား တရားခံရဲဝင်းထွန်းအား(ပ)၅/၁၃ဖြင့် အရေးယူထားပြီး ထွက်ပြေးလွတ်မြောက်နေသူများအား ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း နယ်ထိန်းခေါင်းဆောင်မှ ပြောသည်။

သီဟအောင်(ကချင်)
The Myanma Age

၆-၁၂-၂၀၁၄ နေ့ထုတ် မဇ္စျိမ သတင်းစာ

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





Weekly Eleven News Journal အတွဲ(၉) အမှတ်(၁၃)

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





Bi မွန်းတည့်နေ အတွဲ(၁) အမှတ်(၂)

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





လူတိုင်း စိတ်ဝင်စားနေတဲ့ ၅၉(စ)


အခြေခံ ဥပဒေ ပြင်ဆင်ရာတွင် မြန်မာနိုင်ငံသား တစ်ဦးဦးကို နိုင်ငံရေး ဦးဆောင်ခွင့်များ ကန့်သတ်ထားခြင်း မဖြစ်လိုဟု သမ္မတ ဦးသိန်းစိန်က ခရစ်နှစ်သစ်ကူး ရေဒီယိုမိန့်ခွန်းတွင် ပြောဆိုလိုက်သည်။ တိတိကျကျ ရည်ညွန်းခြင်း မရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည် သမ္မတလောင်းဖြစ်ခွင့် ဆိုင်ရာ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ကို ရည်ညွန်းလိုသည်မှာ ထင်ရှားကြောင်း ကောက်ချက် ဆွဲနိုင်သည်။
သို့သော် နောက်ထပ် စကားစုတစ်ခုကို သူထပ်ပြောသည်။
ကန့်သတ်ခြင်း မဖြစ်လိုသော်လည်း မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် အမျိုးသား အကျိုးစီးပွား တည်တံ့ခိုင်မြဲရေးကို ထိခိုက်စေမည့် အချက်များကို ကာကွယ်ရန် သင့်တင့် လျောက်ပတ်သော အခြေခံမူများ ထားရှိသင့်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တစ်ဆက်တည်း ပြောဆိုခဲ့သည်။

အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းများအတွက် အတန်အသင့် ခရီးပေါက်နိုင်မည့် လွှတ်တော်အတွင်း ကိုယ်စားလှယ် ဦးရေ အများဆုံးနှင့် တပ်မတော် ခေါင်းဆောင်ဟောင်းများဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အခြေခံဥပဒေပုဒ်မ ၅၉ (စ) အပါအဝင် အချက် ၇၃ ချက်ဖြင့် ပြင်ဆင်ထားသော အခြေခံဥပဒေနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များ ထွက်လာပြီး နောက်ပိုင်း ၄င်းက ယင်းသို့ သတိပေးလိုက်ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရန် ကန့်သတ်ထားသော ပုဒ်မ ၅၉ (စ) အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး များ၏ လုပ်ပိုင်ခွင့် ဇယား (၂) ကိုပါ ပြင်ဆင်ရန် ကြံ့ခိုင်ရေးပါတီက လွှတ်တော်တင်မည် ပြောဆိုလိုက်ခြင်းကြောင့် အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် အတန်အသင့် ခရီးပေါက်တော့မည်ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူများက သုံးသပ်လျက် ရှိကြသည်။
"လက်ရှိ နိုင်ငံရေးဦးဆောင်မှုနဲ့ ပတ်သက်တဲ့ ဝိရောဓိများကို ကိုင်တွယ် ဖြေရှင်းရာမှ နိုင်ငံရေးအကျပ်အတည်း တစ်ခုဆီသို့ ဦးတည် မသွားစေနိုင်ဖို့ အတွက် နိုင်ငံရေး ရွေးချယ်မှု မှန်ကန်စေဖို့ ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိပါတယ်" ဟု အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် ပြောကြားသော နှစ်သစ်ကူးမိန့်ခွန်းတွင် ယင်းသို့ မှတ်ချက်ပြုသည်။

ပြင်ဆင်လိုသည်ဟု အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီသို့ ပေးပို့ထားသော ထောင်ချီသော အချက်များအနက် ပုဒ်မ ၅၉ (စ) နှင့် ပြင်ဆင်ရေး အခန်းပါ ၇၅ ရာခိုင်နှုန်းကျော်မှာ အခြေခံ ဥပဒေ ပြင်ဆင်နိုင်မည် ဆိုသည့် အချက်များ ပြင်ဆင်ရန် အခက်ခဲဆုံး ဖြစ်နိုင်ကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောဆိုသည်။ ယင်းပြင်ဆင်ချက် များသည် NLD က မည်သို့ အကြံပြုမည်ဆိုသည့် အချက်ပေါ်တွင် မူတည်ကြောင်း ၄င်းက ဆိုသည်။

ဦးရဲထွန်းနှင့် ထပ်တူ ထင်မြင်ချက်ပေးသူမှာNLD ဗဟို ကော်မတီဝင် ဦးဝင်းမြင့်ဖြစ်သည်။ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးအခန်းပါ လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် လက်ခံ သဘောတူပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ အားလုံး၏ ထက်ဝက်ကျော် မဲဆန္ဒဖြင့်သာ ပြင်ဆင်ရမည်ဆိုသည့် အချက်ဖြစ်ကြောင်း ဦးဝင်းမြင့်က ဆိုသည်။

အချို့အချက်များကို လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်၏ မဲဆန္ဒဖြင့် ပြင်ဆင်နိုင် သော်လည်း ၅၉ (စ) အပါအဝင် ပုဒ်မ ၉၀ ကျော်ကိုမူ လွှတ်တော် ကိုယ်စားလှယ်သာမက ပြည်သူများ၏ မဲဆန္ဒများပါရှိရန် လိုအပ်သည်။

အခြေခံဥပဒေတွင် ပုဒ်မ ၄၅၇ ခု ရှိသည့်အနက် အရေးကြီးသည့် စုစုပေါင်းပုဒ်မ ငါးပုံတစ်ပုံကို ပြင်ဆင်ရန် လွှတ်တော်တစ်ခုတည်းဖြင့် မပြီးဘဲ ပြည်သူအထိ ပါရမည့်သဘော ဖြစ်နေသည်။ နေပြည်တော်တွင် မပြီးဘဲ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲပါ လိုအပ်လာပါက အချိန်ပို စားမည့်သဘော ဖြစ်နေသည်။

The Voice က မေးမြန်းခဲ့သော လွှတ်တော်ကိုယ်စားလှယ်များ သည်လည်း အချိန်ကို မမှန်းနိုင်ပေ။
"ပြင်ဆင်ချင်တဲ့စိတ် ရှိရင်၊ အားလုံး တညီတညွတ်တည်း ပြင်ရင်၊ တစ်နှစ်မပြောနဲ့ တစ်လ နှစ်လတည်းနဲ့ လွှတ်တော် အစည်းအဝေးခေါ်ပြီး ပြင်လို့ရတယ်။ ပြင်ဆင်ချင်တဲ့စိတ် မရှိရင်တော့ ၂၀၁၅ မပြောနဲ့ ၂၀၂၀ လည်း ပြီးမှာမဟုတ်ပါဘူး" ဟု ဦးဖုန်းမြင့်အောင်က ဆိုသည်။

အခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းများ အမြန်ဆုံး စတင်နိုင်ရန်အတွက် ဇန်နဝါရီလ ၇ ရက်နေ့တွင် အခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ အစည်းအဝေး ပြုလုပ်ကာ ပြင်ဆင်သင့်ရန်လေ့လာ သုံးသပ်မှု ပြုလုပ်ပြီး လေ့လာတွေ့ရှိချက် များကို ယခု ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းမည် ဖြစ်ကြောင်း အခြေခံဥပဒေလေ့လာ သုံးသပ်ရေး ကော်မတီထံမှ သိရှိရသည်။
အဆိုပါကော်မတီ အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် များနှင့် နိုင်ငံရေးပါတီ အသီးသီးက အကြံပြုချက်နှင့် အခြေခံဥပဒေ ပြင်ဆင်ချက်ပေါင်း သုံးသိန်းကျော်ကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း ယင်းကော်မတီက ထုတ်ပြန် ကြေညာထားသည်။

အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အကြံပြုလွှာပေါင်း ၂၈၂၄၇ စောင် လက်ခံရရှိပြီး အခြေခံဥပဒေပါ အခန်း ၁၅ ခန်းနှင့် ဇယား ငါးခုအတွက် ပြင်ဆင်ရန် အကြံပြုချက် စုစုပေါင်း ၃၂၃,၁၁၀ ခုကို လက်ခံ ရရှိထားကြောင်း အဆိုပါကော်မတီက ထုတ်ပြန်သည်။

အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပုဂ္ဂိုလ် အဖွဲ့အစည်း အသီးသီး၏ အကြံပြုချက် များနှင့် ကော်မတီ၏ လေ့လာ တွေ့ရှိချက် အစီရင်ခံစာ အတွက် အခြေခံဥပဒေ တစ်ခန်းချင်းစီ အလိုက် လေ့လာသုံးသပ်ရေး အဖွဲ့ငယ်များ ထပ်ဆင့်ဖွဲ့စည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။ အဆိုပါ ပြင်ဆင်ချက်များတွင် လက်ရှိ အာဏာရပါတီနှင့် လွှတ်တော်တွင်း ကိုယ်စားလှယ်နေရာ အများဆုံး ရရှိထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပုဒ်မ ၅၉ (စ) အပါအဝင် အချက် ၇၃ ချက်ကို တင်ပြထားသည်။

အခြေခံ ဥပဒေတွင် နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတများသည် မိမိ ကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါး သော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင်သားသမီး တစ်ဦးဦး သော်လည်းကောင်း၊ ထိုတရားဝင် သားသမီး တစ်ဦးဦး၏ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားသား လက်အောက်ခံသူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသား မဖြစ်စေရဟု ပြဋ္ဌာန်းထားသည်။

ယင်းအချက်ကို ကြံ့ခိုင်ရေးပါတီက နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ များသည် မိမိကိုယ်တိုင်သော်လည်း ကောင်း၊ မိမိ၏ မိဘ တစ်ပါးပါးသော်လည်း ကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ မိမိ၏တရားဝင် သားသမီး တစ်ဦးဦးသော်လည်းကောင်း၊ နိုင်ငံခြား အစိုးရ၏ ကျေးဇူးတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားသား လက်အောက်ခံသူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသား မဖြစ်စေရဟု ပြင်ဆင်လိုကြောင်း အဆိုပြုမည်ဟု ထုတ်ပြန်ထားသည်။

ယင်းသို့ ပြင်ဆင်ထားခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ဦးသည် ပြည်ပနိုင်ငံများတွင် နေထိုင်နေသောကြောင့် ထိုသို့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မည် မဟုတ်ကြောင်း ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဆိုသည်။

ဗဟိုချုပ်ကိုင်မှု လျှော့ချသည့် အနေနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေး ပါတီက ပြင်ဆင်ထားသည့် ပြည်နယ်နှင့်တိုင်း ဒေသကြီး ဥပဒေပြုခွင့် အခန်း(၁၅) ဇယား ၂ တွင် ရေနံ၊ ကျောက်မျက်ရတနာ၊ သစ်တော၊ ရွှေလုပ်ငန်းနှင့် သတ္တုတွင်း လုပ်ငန်းများမှာလည်း အသေးစားလုပ်ငန်း များသာ ခွင့်ပြုထားသဖြင့် တိုင်းရင်းသား ဒေသများ ဖွံ့ဖြိုးရေးအတွက် မလုံလောက်ကြောင်း တိုင်းရင်းသား အဖွဲ့အစည်း အချို့က ထောက်ပြထားသည်။

မည့်သို့ပင်ဖြစ်စေ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းများ ၂၀၁၄ ခုနှစ်အတွင်း စတင်ရတော့မည် ဖြစ်ပေသည်။ ထို့ကြောင့် အခြေခံဥပဒေ ပြင်ဆင်ရာတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အခြေခံ လုပ်ဆောင်ရမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတဦးသိန်းစိန်က ဆိုသည်။
အခြေခံဥပဒေကို နိုင်ငံရေး ဆွေးနွေးပွဲများက ထွက်ပေါ်လာသော ရလဒ်ကို အခြေခံပြီး ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ရေးသားခြင်းများ လုပ်ဆောင်သင့်ကြောင်း ၄င်းက အကြံပြုသည်။

"ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေပြုတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်မှု တည်ဆောက်ရေး အတွက် လိုအပ်တဲ့ အခြေခံဥပဒေ ပြင်ဆင်မှုများကို လုပ်ဆောင်ရာမှာ မိမိတို့အချင်းချင်း အပြန်အလှန် ယုံကြည်မှုအပေါ် အခြေခံတဲ့ဆွေးနွေး ညှိနှိုင်းမှုတွေ၊ ထားရှိနိုင်မယ့် သဘောထား ကြီးမှုတွေ၊ တောင်းဆိုမှုတွေကို အပြန်အလှန် နားလည် လက်ခံပေးနိုင်တဲ့ အခြေအနေတွေ၊ ဒါတွေက အဆုံးအဖြတ် ပေးသွားမှာ ဖြစ်ပါတယ်" ဟု ၄င်းကထပ်လောင်း ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ကမူ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အခြေခံ ၅၉ (စ)ကို ပြင်ဆင်ရာတွင် ကန့်သတ်မှုများ ပြုလုပ်ထားဆဲ ဖြစ်ပြီး အသက် ၂၁ ကျော်နေသည့် သားသမီးများ အတွက် ကန့်သတ်ထားခြင်းသည် ဥပဒေကျင့်ဝတ် ချိုးဖောက်ခြင်းသာ ဖြစ်ကြောင်း လွတ်လပ်သော အာရှအသံ RFA နှင့်တွေ့ဆုံစဉ် ပြောဆိုထားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ကြံ့ခိုင်ရေး ပါတီ ဗဟိုကော်မတီဝင် ဦးအောင်သိန်းလင်း ကမူ "၅၉ (စ) အတွက် အကြံပြုချက်ပဲ ရှိပါသေးတယ်။ ပြည်ထောင်စု (လွှတ်တော်) မှာ ဘယ်လို ဆုံးဖြတ်မယ်ဆိုတာ မသိရသေးဘူး။ ကျွန်တော်တို့ နိုင်ငံဟာ အင်အားကြီး နိုင်ငံနှစ်ခုကြား ရှိနေတယ်။ နောက်လာမယ့် မျိုးဆက်သစ်တွေ အတွက် စဉ်းစားရမယ်၊ ပြည်ပလွှမ်းမိုးမှု ဖြစ်နိုင်ခြေ ရှိတဲ့ အလားအလာ မရှိရင် အကောင်းဆုံးပေါ့" ဟု ပြောဆိုသည်။
New Myanmar Pyi

ကျေးလက် ဖွံ့ဖြိုးရေး ကျပ်ငွေ ဘီလီယံ ၃၀ ကျော် သုံးမည်


မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်

မြန်မာနိုင်ငံမှာ ကျေးရွာပေါင်း ၆ သောင်းကျော်ရှိတဲ့အနက် ကျေးရွာပေါင်း ၁ ထောင် ကျော်ရဲ့ ရေရရှိရေး၊ လျှပ်စစ်မီး ရရှိရေးနဲ့ အခြား ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ကျပ်ငွေ ဘီလီယံ ၃၀ ကျော် အသုံးပြုမယ်လို့ မွေးမြူရေး၊ ရေလုပ်ငန်းဦးဌာနနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ပြောပါတယ်။

ကျေးရွာတရွာအတွက် ကျပ်ငွေ သိန်း ၃၀၀ အသုံးပြုမှာ ဖြစ်ပြီး စီမံကိန်းကို အခု ၂၀၁၄ ဇန်န၀ါရီမှာ စတင်မယ်လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံထဲက ကျေးရွာတွေအားလုံးမှာ စီမံကိန်း အကောင်အထည် မဖော်နိုင်သေး ပေမယ့် ရွေးချယ်ထားတဲ့ ကျေးရွာတွေမှာ စတင် အကောင်အထည် ဖော်တာ ဖြစ်ပြီး စီမံကိန်းတွေ အောင်မြင်ရင် နောက်ထပ် အခြားကျေးရွာတွေမှာလည်း ဆက်ပြီး အကောင်အထည် ဖော်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီးက နေပြည်တော်မှာ လုပ်တဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ညှိနှိုင်းအစည်းအဝေးမှာ ပြောပါတယ်။
DVB Burmese

မဇ္ဈိမလှိုင်း ဂီတမှူး အကယ်ဒမီ ဇော်မျိုးထွဋ် ကားမောင်းရင်း နှလုံးသွေးကြောပိတ်ကာ ကွယ်လွန်


ဓာတ်ပုံ- အကယ်ဒမီ ဇော်မျိုးထွဋ်ဖေ့စ်ဘုတ်

ရန်ကုန်၊ မဇ္ဈိမ။ ။ မြန်မာနိုင်ငံ တေးဂီတလောကတွင် ထင်ရှားသည့် မဇ္ဈိမလှိုင်း တေးဂီတအဖွဲ့၏ ဂီတမှူုး အကယ်ဒမီ ဇော်မျိုးထွဋ် အသက်(၅၄) နှစ်သည် ဇန်န၀ါရီလ ၅ ရက် ၈နာရီ ၅၀ မိနစ်ခန့်က ရန်ကုန်မြို့တွင် ကားမောင်းရင်း ရုတ်တရက် ကွယ်လွန်သွားခဲ့သည်ဟု သူ၏ သားဖြစ်သူ ကိုလမင်းထွဋ်က မဇ္ဈိမကို ပြောသည်။“အဖေက နှလုံးသွေးကြောပိတ်ပြီး ဆုံးသွားတာပါ။ အရင်တုန်းလည်း ဒီလိုမျိုးတစ်ခါမှ မဖြစ်ဖူးဘူး။ဖြစ်ခဲ့လို့ရှိရင် ကြိုတင် ဆေးကုသလို့ ရတာပေါ့။ ရပ်ကွက်ထဲမှာပဲ ကားမောင်းရင်း အမေနဲ့ အတူတူ မုန့်သွားဝယ်တာ။ ရုတ်တ ရက်မောတယ်ဆိုပြီး ကားကိုလမ်းဘေးထိုးရပ်လိုက်တာ။ အဲဒီမှာ တစ်ခါတည်းအသက်ပါ ပါသွားတာပါ” ဟုပြောသည်။

ကွယ်လွန်သူ အကယ်ဒမီသုံးခုရရှိထားသူ ဂီတမှူး ဦးဇော်မျိုးထွဋ်၏ ဈာပနကို ဇန်န၀ါရီလ ၇ ရက်နေ့တွင် စီစဉ်မည်ဖြစ်သည်။

ဂီတမှူုး ဇော်မျိုးထွဋ်သည် မြန်မာနိုင်ငံတွင် ထိပ်တန်း ဂစ်တာသမား ဖြစ်သည့်အပြင် ဖခင်ဖြစ်သူ ဂီတပညာရှင် စန္ဒယားလှထွဋ်ထံမှ စန္ဒယားပညာလည်း ရရှိခဲ့သူဖြစ်သည်။

ဂီတမှူး ဇော်မျိုးထွဋ်သည် မြင့်မြတ်နှလုံးသား၊ ထာဝရအလင်းတန်းများ၊ နေကမွေးတဲ့လ စသည့် ရုပ်ရှင်ဇာတ် ကားများတွင် တေးဂီတဖန်တီးမှုဆိုင်ရာ အကယ်ဒမီထူးချွန်ဆု ၃ ဆုရရှိခဲ့သူ ဖြစ်သည်။ ကွယ်လွန်ချိန်တွင် ကိုနေလင်းထွဋ်(ခ)ရွှေထွဋ်နှင့် ကိုလမင်းထွဋ် သား နှစ်ဦး ကျန်ရစ်ခဲ့သည်။
Mizzima Burmese

မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) ရင်ထိုး အမှတ်တံဆိပ်များ ပြောင်းလဲခြင်း


မြို့နယ်ဂီတအစည်းအရုံးများတွင် လက်ရှိ အသုံးပြုလျက်ရှိသော ဂီတအစည်းအရုံး ရင်ထိုးအမှတ် တံဆိပ်နှင့် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)ဟု ဖော်ပြထားသော စာတမ်းပါ ရင်ထိုးတို့အား အသုံးပြုခြင်းများကို ၂၀၁၃ခုနှစ် ဒီဇင်ဘာလ(၃၁)ရက်နေ့ ရက်စွဲဖြင့် ရပ်ဆိုင်းလိုက်သည်။
၂၀၁၄ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့ ရက်စွဲမှ စတင်၍ ရင်ထိုးအမှတ်တံဆိပ်အသစ်များတို့ဖြင့် စတင် အသုံးပြုသွားကြရမည်ဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါ ရင်ထိုးအသစ်များကို မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)တွင် ရင်ထိုးတံဆိပ်တစ်ခုလျှင် ကျပ်(၁၅၀၀)နှုန်းဖြင့် ဝယ်ယူနိုင်ပါကြောင်းနှင့် မြန်မာနိုင်ငံဂီတအစည်းအရုံး အမှတ်တံဆိပ်ပါ အလံများ ကိုလည်း ဝယ်ယူရရှိခြင်း မရှိသေးလျှင်လည်း ဆက်သွယ်ဝယ်ယူနိုင်ပါရန် မြန်မာနိုင်ငံဂီတအစည်း အရုံး(ဗဟို)မှ ညွှန်ကြား ထားရှိပြီဖြစ်ကြောင်း သိရသည်။
သန်လျင်မြို့နယ်ဂီတအစည်းအရုံးမှ အဖွဲ့ဝင်များသည်လည်း မြို့နယ်ဂီတအစည်းအရုံးဥက္ထဌ (ဂီတစာဆို) သန်လျင်-စိုးသိန်းထံ၌ စာရင်းပေသွင်း၍ ဝယ်ယူနိုင်ပါကြောင်းနှင့် နှစ်စဉ်ကြေးများကိုလည်း အချိန်မှီ ပေးသွင်းနိုင် ကြပါကြောင်း ကြိုတင် အသိပေးကြေငြာချက်များထားရှိပြီဖြစ်ကြောင်း သိရသည်။

မြင့်မြတ်အောင်မြင်



အမည်=မောင်မျိုးမြင့်
ကလောင်အမည်=မြင့်မြတ်အောင်မြင်
မြန်မာနိုင်ငံဂီတအစည်းအရုံးအဖွဲ့ဝင်အမှတ်-(၄၄၂၂)
အဘအမည်=ဦးမျိုးသိန်း
ဖုန်း-၀၉.၄၂၁၀၂၂၅၇၈
အမှတ်(၁/၂)သာမည၊ကြံ့ခိုင်ရေးလမ်း၊မြို့သစ်အနောက်ရပ်ကွက်၊သန်လျင်မြို့နယ်။


By Myanmar CNN

သန်လျင်မြို့နယ် အောင်သုခပရိယတ္တိစာသင်တိုက် ကျောင်းဝင်းအတွင်းတည်ထားကိုးကွယ်သည့် ကိုးမုခ်ရှင် ဒီပါအေးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကြီးနှင့်ဆီမီးထွန်းညှိပူဇော်ပွဲ၊ ဆွမ်းတော်ကြီးတင်လှူပွဲ၊ ဘုရားအနေကဇာတင်လှူပွဲတို့နှင့် နိဗာန်ဈေးရောင်းပွဲတော်အား စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်


ရန်ကုန်တိုင်းဒေကြီး ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်ထန်းပင်ကုန်းရပ်ကွက် အောင်သုခ ပရိယ တ္တိစာသင်တိုက်ကျောင်းဝင်းအတွင်း တည်ထားကိုးကွယ်သည့် “ကိုးမုခ်ရှင်ဒီပါအေးစေတီတော်မြတ်ကြီး”၏ နှစ်စဉ် ကျင်းပပြုလုပ်မြဲ ဗုဒ္ဓပူဇနိယပွဲတော်ကြီးနှင့် ဆီမီးပူဇော်ပွဲ၊ဆွမ်းတော်ကြီးတင်လှူပွဲ၊ဘုရားအနေကဇာတင်ပွဲ၊နိဗာန် ဈေးရောင်းပွဲတော်တို့ဖြင့် နှစ်စဉ် စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
  အဆိုပါ ကိုးမုခ်ရှင်ဒီပါအေးစေတီတော်မြတ်ကြီး၏ နှစ်စဉ်ကျင်းပပြုလျက်ရှိသော ဗုဒ္ဓပူဇနိယပွဲတော်ကြီးနှင့် ဆီမီးပူဇော်ပွဲကို ဇန်နဝါရီလ(၁၂)ရက်နေ့မှ (၁၅)ရက်နေ့ အထိ နေ့စဉ် ညနေ(၆)နာရီမှ စတင် ထွန်းညှိပူဇော် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ဆွမ်းတော်ကြီးတင်လှူပွဲကို(၁၄)ရက်နေ့ နေ့လည်(၂)နာရီတို့တွင် စတင် ကျင်းပပြုလုပ်သွား မည်ဖြစ်၍ စတုဒီသာ ဘဲသားဆန်ပြုတ်ဖြင့် ဧည့်ခံကျွေးမွေးသွားမည်ဖြစ်ကြောင်း၊ ဘုရားအနေကဇာတင်ပွဲကို(၁၅)ရက်နေ့ နံနက်(၅)နာရီအချိန်တွင် အာရုဏ်ဆွမ်း+နေဆွမ်းတို့ဖြင့် ဆရာတော်သံဃာအပါး(၂၅)ပါးတို့ကို ကပ်လှူပေးသွား မည်ဖြစ်ပါ၍ နိဗာန်ဈေးရောင်းပွဲတော်ကို(၁၅)နေ့ ညနေ့(၃)နာရီအချိန်တွင် စတင်ကျင်းပပြုလုပ်သွားမည်ဖြစ်ပါ ကြောင်း သိရှိရပါသည်။


မြင့်မြတ်အောင်မြင်


အမည်=မောင်မျိုးမြင့်
ကလောင်အမည်=မြင့်မြတ်အောင်မြင်
မြန်မာနိုင်ငံဂီတအစည်းအရုံးအဖွဲ့ဝင်အမှတ်-(၄၄၂၂)
အဘအမည်=ဦးမျိုးသိန်း
ဖုန်း-၀၉.၄၂၁၀၂၂၅၇၈
အမှတ်(၁/၂)သာမည၊ကြံ့ခိုင်ရေးလမ်း၊မြို့သစ်အနောက်ရပ်ကွက်၊သန်လျင်မြို့နယ်။

By Myanmar CNN

မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)မှ နှစ်စဉ်ကျင်းမြဲဖြစ်သော ဂီတသက်ကြီး ပညာရှင်ကြီးများ ပူဇော် ကန်တောပွဲကို လာမည့်ဖေဖော်ဝါရီလတွင် ကျင်းပပြုလုပ်သွားမည်


မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)မှ နှစ်စဉ်ကျင်းပမြဲဖြစ်သော ဂီတသက်ကြီးပညာရှင်ကြီးများ ပူဇော် ကန်တောပွဲအခမ်းအနားကို ဖေဖော်ဝါရီလ(၁၇)ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါ ဂီတသက်ကြီး ပညာရှင်ကြီးများပူဇော်ကန်တောပွဲအတွက် ယခင်နှစ်များကဲ့သို့ အလှူငွေများ ပါဝင် လှူဒါန်းနိုင်ပါကြောင်းနှင့် ယင်း လှူဖွယ်ပစ္စည်းများနှင့် ငွေကြေးများကို ဇန်နဝါရီလ(၂၄)ရက်နေ့ နောက်ဆုံးထား၍
မိမိတို့၏ သက်ဆိုင်ရာ မြို့နယ်ဂီတအစည်းအရုံးဥက္ကဌများထံသို့ သွားရောက် လှူဒါန်းနိုင်ပါကြောင်း သိရှိရပါသည်။

မြင့်မြတ်အောင်မြင်


အမည်=မောင်မျိုးမြင့်
ကလောင်အမည်=မြင့်မြတ်အောင်မြင်
မြန်မာနိုင်ငံဂီတအစည်းအရုံးအဖွဲ့ဝင်အမှတ်-(၄၄၂၂)
အဘအမည်=ဦးမျိုးသိန်း
ဖုန်း-၀၉.၄၂၁၀၂၂၅၇၈
အမှတ်(၁/၂)သာမည၊ကြံ့ခိုင်ရေးလမ်း၊မြို့သစ်အနောက်ရပ်ကွက်၊သန်လျင်မြို့နယ်။

By Myanmar CNN





ကမ္ဘာ့အသန်မာဆုံးကလေး ကြွက်သားတွေက ဗန်ဒိန်းတောင်အရှုံးပေးရ


အမေရိကန် နိုင်ငံ၊ မေရီလန်း ပြည်နယ် မှာ နေထိုင်တဲ့ အသက်(၁၄) နှစ်အရွယ်ရှိ ဂျက် ဟာ အလေးမ အားကစား နည်းကို ၀ါသနာ ပါပြီး၊ ကမ္ဘာ့ အသန်မာဆုံး ကလေး အဖြစ် စံချိန် တင်နိုင်ဖို့ ကြိုးစား လေ့ကျင့်နေ တယ်လို့ သိရ ပါတယ်။ ဂျက်ဟာ လက်ရှိအချိန်မှာ သူ့ရဲ့ ကိုယ် အလေးချိန်ထက် နှစ်ဆ ပိုမိုတဲ့အရာကို မ နိုင် စွမ်းရှိတယ်လို့ သိရပါတယ်။ အရပ်ငါးပေ၊ သုံး လက်မနဲ့ ကိုယ်အလေးချိန် (၁၁၉) ပေါင်ရှိပြီး အလေးချိန်ပေါင် (၁၂၃) အတန်းမှာ ကမ္ဘာ့ စံချိန်တင် အဖြစ် မ နိုင်ပြီး သူ့အနေနဲ့ ပြီးခဲ့တဲ့ နှစ်နှစ်ခွဲ လောက် ကတည်းက လေ့ကျင့်မှုတွေ အပြင်း အထန် ပြုလုပ်ခဲ့ တာဖြစ်ပါတယ်။

ဂျက်ဟာ အသက် (၁၂) နှစ်အရွယ် ကတည်းက ဖခင်ဖြစ်သူကို အားကျပြီး၊ အ လေးမ လေ့ကျင့်မှုတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။ ဂျက်ရဲ့ ဖခင်ဖြစ်သူ ခရစ်က သူ့သားဟာ တစ် နေ့မှာ ကမ္ဘာ့အသန်မာဆုံး ကလေး ဖြစ်ရမယ် လို့ပြောကြား ခဲ့ဖူးကြောင်း ဆိုခဲ့ပါတယ်။ ဂျက် ဟာ ဖခင်ဖြစ်သူ နဲ့အတူ ကိုယ်ကာယ လေ့ကျင့် ရုံမှာ နေ့စဉ် လေ့ကျင့်မှုတွေ ပြုလုပ်နေပြီး၊ သူ့ ကို မိုက်ဆာနီက လေ့ကျင့်ရေး ဆရာအဖြစ် ပြု လုပ်ပေးနေပါတယ်။ ဂျက်က သူ့ရဲ့ ဖခင်ဖြစ်သူ ကြောင့် သန်မာ ထွားကြိုင်းလို့ စိတ်ဖြစ်ပေါ် လာကြောင်း ဆိုခဲ့ပါတယ်။ အမေရိကန်မှာ ဂျက်တို့လို လူငယ် လူရွယ်တွေဟာ အလေးမ လေ့ကျင့်မှု တွေပြုလုပ်ပြီး ပြိုင်ပွဲဝင် နေကြပေ မယ့် ကျွမ်းကျင်တဲ့ ဆရာဝန်တွေကတော့ ငယ် ရွယ်နုပျိုစဉ်မှာ အလေးမ မှုတွေ ပြုလုပ်ပါက အန္တရာယ် ရှိနိုင်တယ်လို့ သတိပေး ထားပါတယ်။ ဂျက်ကတော့ အလေးမပြီး တဲ့နောက် မည်သည့် ဝေဒနာမှ မခံစား ရဘူးလို့ သိရပါတယ်။ ဂျက်ရဲ့ မိခင်ဖြစ်သူက သူ့ရဲ့ ကလေးဟာ အလေးမ အားကစား ကို အခြား အားကစားတွေ ထက် ပိုမို စိတ်ဝင်စား နေကြောင်း ပြောကြားခဲ့သလို၊ ဖခင်ဖြစ်သူ ကလည်း ကလေးငယ်တွေ ထိုင်ခုံ မှာထိုင်ပြီး တီဗွီဂိမ်း ကစားနေတာ ထက် လှုပ်ရှားမှုပြု လုပ်နေတာကို ပိုမို နှစ်သက်မိ ကြောင်း ပြောကြား ခဲ့ပါတယ်။
Messenger

ဦးခေါင်းတွင် သုံးလက်မသံချောင်းဝင်သွားသူ ကံကောင်းစွာ အသက်ရှင်ခဲ့


 ဇန်နဝါရီ ၆။

တရုတ်နိုင်ငံ ဂျီအန်ဆူပြည်နယ်မှ အသက် ၅၅နှစ်အရွယ် ယန်ယီကိုင်ဆိုသည့် အမျိုးသားတစ်ဦးသည် ဦးခေါင်းတွင် သုံးလက်မသံချောင်းတစ်ချောင်း မတော်တတဆ ထိုးစိုက်ဝင်သွားသော်လည်း အသက်မသေဘဲ ကံကောင်း ထောက်မစွာ ပြန်လည် သတိလည်လာပြီဖြစ်ကြောင်း သိရသည်။

ယန်ယိကိုင်သည် ဒီဇင်ဘာ ၂၉ရက်နေ့က သူ၏ အိမ်ကို ပြင်ဆင်နေစဉ် သံရိုက်ဖောက်စက်မှ သံချောင်းသည် လုပ်ဆောင်ချက် ချို့ယွင်းကာ ရုတ်တရက် ဆောင့်ထွက်လာပြီး သူ၏ ၀ဲဘက်မျက်လုံအနီးမှ ဖြတ်ကာ ဦးခေါင်းခွံ ထဲသို့ ဖောက်ဝင်သွားသည်။ နန်နင်းဆေရုံမှ ဦးနှောက်နှင့်အာရုံကြော ဆရာဝန်များခွဲစိတ်ကုသပြီးနောက် လေးရက်မြောက်တွင် ပြန်လည် သက်သာလာပြီဖြစ်းကြောင်း သိရသည်။

ကံကောင်းလွန်းသဖြင့် ဦးနှောက်ထိခိုက်ခြင်းမရှိသလို၊ အမြင်အာရုံကိုလည်း ထိခိုက်ခြင်း မရှိခဲ့ကြောင်း၊ သံရိုက်ဖောက်စက်ကို ဖွင့်လိုက်သည်နှင့် သံချောင်းက သေနတ်ကျည်ဆန်လို ထွက်လာခဲ့ကြောင်း မစ္စတာယန်က ပြောပြခဲ့သည်။

Ref: China daily
The Myanma Age

ဖြန့်ဖြူးသည့် ဆီပုံးများတွင် ကုမ္ပဏီတံဆိပ် ကပ်ရမည်


ဈေးကွက်ထဲ ရောက်နေတဲ့ မသန့်ရှင်းတဲ့ စားအုန်းဆီတွေကို ဘယ်ကုမ္ပဏီက တင်သွင်း သလဲ သိရအောင် ဖြန့်ချိတဲ့ ဆီပုံးကြီးတွေမှာ ကုမ္ပဏီတံဆိပ် ကပ်ပြီးမှ ဖြန့်ဖြူးဖို့ ညွှန်ကြားထားတယ်လို့ ဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒါပေမယ့် ပြည်သူတွေကို တိုက်ရိုက်ရောင်းချတဲ့ လက်လီ အရောင်းဆိုင်လေးတွေဟာ ဆီတွေကို ပုံးငယ်လေးတွေနဲ့ လှယ်ပြီး ရောနှော ရောင်းချလေ့ ရှိတဲ့အတွက် လက်တွေ့ စစ်ဆေးရာမှာ အခက်အခဲ ရှိနိုင်သေးတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံထဲ လက်ရှိ တင်သွင်းလာတဲ့ စားအုန်းဆီ အရည်အသွေးနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးမှာ အမတ်တချို့ရဲ့ မေးခွန်းထုတ်တာ ခံရပြီး စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီးက မသန့်တဲ့၊ အရည်အသွေး မပြည့်တဲ့ ဆီတွေ စစ်ဆေး တွေ့ရှိခဲ့ကြောင်း၊ ဒါပေမယ့် ပြန်ပြီး ပြုပြင်စေပြီး ဖြန့်ဖြူး ခွင့်ပြုခဲ့ကြောင်း ဖြေကြားခဲ့ပါတယ်။
DVB Burmese

တန်းခိုး ဆရာထွန်း စာပေဆု ဇန်န၀ါရီ ၁၁ ရက်နေ့ချီးမြှင့်မည်


ရခိုင်ပြည်နယ်မှ ဗြိတိသျှခေတ်က ထင်ရှားသော  တေးရေးစာဆို တန်းခိုးဆရာထွန်း စာပေဆု ချီးမြှင့်ပွဲကို ပုဏ္ဍားကျွန်းမြို့တွင် ယခုလ ၁၁ ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဟု သတင်း ရရှိသည်။

တန်းခိုးဆရာထွန်း စာပေဆုတွင် ဆောင်းပါးဆု၊ ကဗျာဆုနှင့် တေးရေးဆုများကိုပါ ချီးမြှင့်သွားမည်ဟု သိရသည်။

တန်းခိုးဆရာထွန်း ရေးသားခဲ့သော စာပေများသည်  ရခိုင်စာပေ အတွက် အဖိုး မဖြတ်နိုင်အောင် တန်ဖိုး ကြီးမားသဖြင့် ယခုကဲ့သို့ တန်းခိုးဆရာထွန်း စာပေဆုကို ချီးမြှင့်ရခြင်း ဖြစ်ကြောင်း သိရသည်။
Burmesenews narinjara

Huawei ဖုန်းတွေကို Cricket PST နဲ့ Firmware တင်ရအောင်


Mobile Software Service လေ့လာသူတွေအတွက် ဆောင်ထားသင့်တဲ့ ဆော့ဝဲလေးနဲ့ နည်းလေးတစ်ခုပါ။ ဒီနည်းလမ်းကို ကိုသိန်းထိုက် (Thein Htite) မှရေးသားတင်ပြထားပါတယ်။

-ပထမဦးဆုံး အဲ့ဆော့ဝဲလေးကို ဒေါင်းလိုက်ပါ >>>> Download Now

-ဆော့ဝဲကို စဖွင့်လိုက်တာနဲ့ဖုန်းမော်ဒယ်ရွေးခိုင်းပါလိမ့်မယ်။ ကျွန်တော်ကတော့ M860 ရွေးပါတယ် U8825d ဖန်ဝဲတင်ကြည့်တာ အဆင်ပြေပါတယ်။ (M860 မဟုတ်လဲ စိတ်ထဲထင်တာ တစ်ခု ရွေပေးလိုက်ပါ :D)

-ဖုန်းနဲ့ ကွန်ပျူတာနဲ့ ချိတ်လိုက်ပါ။ဖုန်း usb debugging ဖွင့်ထားဖို့တော့လိုပါမယ်။

-Cricket PST ရဲ့ tab တွေထဲက ပထမဦးဆုံး multiple ဆိုတဲ့ခလုတ်ကို နှိပ်ပါ။

-ပြီးရင် firmware ဆိုတာလေးကို အမှန်ခြစ်လိုက်ပါ ။

-ကိုယ်တင်မယ့် firmware ကိုရွေးပေးလိုက်ရုံပါပဲ။

-ဒုတိယ အနေနဲ့ scan ကို နှိပ်ပါ။

-ပြီးရင် start downlaod ကိုနှိပ်လိုက်ပါ



-ဖုန်းက အလိုအလျောက် ပန်းရောင် စကရင် ဆီရောက်ပြီး firmware တင်နေပါလိမ့်မယ်။

-100% ဆိုရင် ပြီးပါပြီ။ (ကျွန်တော်ပြောတာမရှင်းရင် screen shot ပြထားပါတယ် အောက်က လင့်မှာကြည့်လိုက်ပါ)

-ဖုန်းက restart ကျသွားပါလိမ့်မယ်။ မကျရင် battery ဖြုတ်လိုက်ပါ ။

င်္Firmware တင်လို့ပြီးသွားပြီဖြစ်ပါတယ်။


အင်ဒိုနီးရှား မီးတောင်ကြီး ပေါက်ကွဲမှု မျှော်မှန်းသည်ထက် ပိုကြီးနေ၍ အန္တရာယ်ဇုံ ထပ်တိုးသတ်မှတ်


 ဇန်နဝါရီ ၆။

အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းတွင်ရှိသော နိုင်ငံ၏အမြင့်ဆုံး ဆင်နာဘန်းမီးတောင်ကြီး၏ ပေါက်ကွဲမှုသည်  မျှော်မှန်းထား သည်ထက် အဆများစွာ အင်အားပြင်း ပေါက်ကွဲနေသဖြင့် ယနေ့တွင် အာဏာပိုင်များက အန္တရာယ်ဇုံသတ်မှတ်မှုကို ၅ကီလိုမီတာမှ ၇ကီလိုမီတာအထိ တပ်တိုးသတ်မှတ်လိုက်သည်။မီးတောင်ကြောင့် နေရပ်မှ စွန့်စွာရမည့်သူပေါင်းမှာ နှစ်သောင်းခန့်ရှိနေသည်။

ဒေသခံအစိုးရအဖွဲ့နှင့် အင်ဒိုနီးရှား အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အေဂျင်စီက ထပ်တိုးလာသည့် မီးတောင် ဘေးသင့်သော လူများစာရင်း များပြားလာသဖြင့် ခိုလှုံရာနေရာများကိုလည်း ထပ်မံတိုးချဲ့နိုင်ရန် ကြိုးပမ်းလျက်ရှိကြသည်။

အရေးပေါ်စီမံကိန်းအဖွဲ့က ခိုလှုံရန်နေရာသစ် ၁၁နေရာကို ထောက်ပံ့ပေးထားသော်လည်း ဒေသခံများကမူ သူတို့၏ ဆွေမျိုးများနှင့် မိတ်ဆွေများရှိသော အရပ်၌ပင် နေထိုင်လိုစိတ် များပြားနေခဲ့ကြသည်ကို တွေ့ရသည်။ မီးတောင်၏ တောင်စောင်းတွင် နေထိုင်ခဲ့ ပါနာမာဆာဘက်တိက သူတို့၏အိမ်နှင့် လယ်ယာများအတွက် စိုးရိမ်သော်လည်း လက်တလောတွင် ဘာမှ မတတ်နိုင်ဟု ညဉ်းညူ ပြောပြခဲ့သည်။

ယနေ့တွင်လည်း မီးတောင်မှ ထွက်သည့်မီးခိုးနှင့် ပြာမှုန်များသည် ကောင်းကင်အထက် မီတာ ၄၀၀၀ ကျော်အထိတိုင် တလူလူ ထွက်ကာ၊ တဂျိမ်းဂျိမ်းအသံများ ပေးလျက်ရှိသည်။ အမျိုးသားသဘာဝဘေးအန္တရာယ်လျော့နည်းသက်သာရေး အေဂျင်စီမှ ဆူတိုပိုပူရ်ဝိုက သူ၏သတ်တမ်းတွင်  အကြီးမားဆုံး မီတောင်ပေါက်ကွဲမှုဖြစ်သည်ဟု ဆိုသည်။

အင်ဒီုနိးရှားသည့် စတုတ္ထမြောက် ကမ္ဘာ့လူဦးရေအထူတပ်ဆုံး နိုင်ငံဖြစ်ပြီး အသက်ဝင်နေသည့် မီးတောင်ပေါင်းမှာ ၁၃၀ ကျော်အထိ ရှိနေသည်။ နိင်ငံသမိုင်းတွင် အဆိုးရွားဆုံး မီးတောင်ပေါက်ကွဲမှုသည် ၂၀၁၀ခုနှစ်က ဖြစ်ပွားခဲ့သည်။ ထိုစဉ်က ဂျာဗားအလယ်ပိုင်း လူနေများပြားသည့် ယော့ယာကာတာမြို့ အနီးက မာရာပီတောင်ပေါက်ကွဲမှုကြောင့် လူပေါင်း ၃၅၀ကျော် သေဆုံးခဲ့ဖူးသည်။

Ref: AFP
The Myanma Age

ရုပ်ရှင်ကြည့်ဖူးသူများ ဒါလေးကိုသိသလား

ပုံကိုကလစ်နှိပ်၍ ကြည့်ပါ။



Good Health

စစ်ဘေးဒဏ်ခံ တိုင်းရင်းသားများအတွက် ဂျပန်က ယန်း ၁၀ ဘီလီယံ ကူညီ


ပြည်တွင်း စစ်ဘေးဒဏ်ကို ခံစားရတဲ့ တိုင်းရင်းသားလူနည်းစုတွရဲ့ လူနေမှု အဆင့်အတန်း မြင့်မားလာစေဖို့အတွက် ဂျပန်က ထောက်ပံ့ကြေး ယန်းငွေ ၁၀ ဘီလီယံ ပံ့ပိုး ကူညီသွားဖို့ စီစဉ်နေတယ်လို့ အစိုးရသတင်းရင်းမြစ်ကို ကိုးကားပြီး ကျိုဒိုသတင်းဌာနမှာ ဒီနေ့ ရေးသားထားပါတယ်။

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား ဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေးကို ပိုမို အားကောင်းအောင် ကူညီဖို့အတွက် ရည်ရွယ်ပြီး ပေးတာလို့လည်း ဆိုပါတယ်။

စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမို အားကောင်းလာစေဖို့နဲ့ တိုးတက် ဖွံ့ဖြိုးရေးအတွက် မြန်မာကို ဂျပန်ယန်းငွေ ၁၅၀ ဘီလီယံကျော် ချေးငွေနဲ့ ထောက်ပံ့ငွေတွေကို ကူညီဖို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးက အာမခံထားပါတယ်။

အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ဖြစ်စဉ်အတွက် ဂျပန်က တိုင်းရင်းသားအဖွဲ့တွေကို အကူအညီတွေ ပေးဖို့လည်း ရည်ရွယ်ချက်ရှိနေပါတယ်။

အစိုးရမဟုတ်တဲ့ လူမှုရေးအဖွဲ့အစည်းတွေနဲ့ အကူအညီပေးရေးအတွက် ဂျပန်အစိုးရက လုပ်ဆောင်ဖို့ စီစဉ်နေပါတယ်။

အကူအညီတွေမှာ အစားအစာနဲ့ ဆေးဝါး ထောက်ပံ့တာတွေ၊ အခြေခံအဆောက်အဦတွေ ပိုအားကောင်းအောင် လုပ်ဆောင်တာတွေနဲ့ ထွက်ပြေး ရတဲ့သူတွေ ပြန်လည် အခြေချ နေထိုင်ရေးတွေမှာ ကူညီမှာ ဖြစ်ပါတယ်။

အကူအညီပေးရေး အစီအစဉ် အသေးစိတ်ကို အစိုးရနဲ့ တိုင်းရင်းသားတွေအကြား သဘောတူညီချက် ရရှိသွားရင် ကြေညာသွားမှာ ဖြစ်ပါတယ်။

အစိုးရစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေအကြားက ကာလကြာရှည် တိုက်ပွဲတွေကြောင့် ဒေသခံတွေအများစုဟာ တရုတ်နဲ့ ထိုင်း-မြန်မာနယ်စပ်တွေမှာ ခိုလှုံနေကြရပါတယ်။

လက်ရှိချိန်မှာတော့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရတို့အကြား ငြိမ်းချမ်းရေး အတွက် ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်။
DVB Burmese

သင့်ကျန်းမာရေး


( ကျန်းမာရေး ပညာပေးခြင်း )

အခုအချိန်ဟာ လူထု ဆက်သွယ်ရေး မီဒီယာ များကို ကျယ်ပြန့်စွာ အသုံးချ လာနိုင်တဲ့ အကျိုးဆက် အနေနဲ့ ကျန်းမာရေး ပညာပေးခြင်း လုပ်ငန်းများ ဖြင့် ကူးစက်ရောဂါ ကာကွယ်မှု အသိ ပညာပေးခြင်း လုပ်ငန်းများ ကိုလည်း  ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက် လာနိုင်တာ တွေ့ရတယ်။

လူသားတိုင်း ဟာ မိမိတို့ရဲ့ ကျန်းမာရေး နဲ့ မိမိ မိသားစု ကျန်းမာရေးကို ဂရုစိုက်ကြ သလို ဘဝတူ လူသား အားလုံး ကလည်း မိမိတို့ ကျန်းမာရေး ကို ဂရုစိုက်ဖို့ တာဝန် ရှိတယ်။ ၁၉၈ဝ ပြည့်နှစ် လောက်ဆီက အေ့စ်ခေါ် ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ ဟာ ကြောက်ခမန်း လိလိ ပျံ့နှံ့ ခဲ့လို့ လူသားများ အဖို့ အတော်ကြီးကို တုန်လှုပ် ခဲ့ကြတယ်။ လူအချင်းချင်း ကူးစက်နိုင်တဲ့ နည်းလမ်းတွေ ဖြစ်တဲ့ မသန့်ရှင်းတဲ့ သွေးသွင်း မိခြင်း ၊ မသန့်တဲ့ ဆေးထိုးအပ် သုံးမိခြင်း ၊ မသန့်တဲ့ ခေါင်းရိတ်ဓား ၊ သွားပွတ်တံ ၊ လက်သည်းညှပ် စသည်တို့ ကနေ ကူးစက်ခံရခြင်း ၊ ရောဂါရှိသူနဲ့ လိင်တူ လိင်ကွဲ ဆက်ဆံမိခြင်း ၊ ရောဂါရှိတဲ့ မိခင်ထံမှ သန္ဓေသား သို့ ကူးစက်ခြင်း နည်းလမ်းများ နဲ့ ကူးစက် တတ်တယ် ဆိုတာကို သိလာကြပြီး မကူး စက်နိုင်အောင် ဆင်ခြင် နေထိုင်ခြင်း ၊ အေအာတီ ပေးခြင်း ၊ အေအိုင်ကလိုဗာ ပေးခြင်းဖြင့် အသက်ဆက် ရှင်သန် လာနိုင်ကြောင်း သိလာတဲ့ အခါမှာ ယခင် ကလောက် မကြောက်ရွံ့ ကြတော့ဘဲ လူသား အချင်းချင်း သာမန် အနေအထား အတိုင်း ဆက်ဆံ လာနိုင် ကြတယ်။ ဒါဟာ ကျန်းမာရေး အသိပညာ ပေးခြင်းက ရတဲ့ အကျိုး ကျေးဇူးကြောင့် ဖြစ်တယ်။

ခုခံအား ကျဆင်းမှု ကူးစက် ရောဂါလို ဆားစ်ရောဂါ ၊ ကြက်ငှက် တုပ်ကွေးရောဂါ ၊ ၀က်တုပ်ကွေး ရောဂါ စတဲ့ ကူးစက်ရောဂါ တွေကြောင့်လည်း ကြိုတင် ကာကွယ်နည်းနဲ့ ရောဂါ ထိန်းချုပ်ခြင်း သိရှိလာပြီး တဲ့နောက် လူ ၊ တိရစ္ဆာန် တို့ရဲ့ ဇီဝ လုံခြုံမှုရရှိကာ သေကျေ ပျက်စီးမှု လျော့နည်း ခဲ့သလို ရောဂါ ကုသဆေး ဖြစ်တဲ့ တော်မီဖလူ စားဆေးကို ပိုမို အဆင့်မြှင့် ထုတ်လုပ် လာနိုင် ခဲ့တယ်။ ဒီလိုပဲ ကလေးငယ်များ ၊ ကလေးဘ၀ ကာကွယ်ဆေး များ ထိုးနှံရေး လှုံ့ဆော်မှု ကြောင့် အသက် နှစ်လသား ၊ လေးလသား နဲ့ ခြောက်လသား အရွယ်မှာ ဆေးငါးမျိုးပါ ကာကွယ်ဆေး (ဆုံဆို့ ၊ ကြက်ညှာ ၊ မေးခိုင် ၊ ဦးနှောက် အမြှေးရောင် ၊ အသည်းရောင်ဘီ ) ဆေးများကို ထိုးနှံ စေသလို ပိုလီယို အစက်ချ ဆေးတိုက် ကျွေးခြင်း ၊ အဆုတ်ရောဂါ ကာကွယ်ဆေး ( ဘီစီဂျီ နဲ့ ၀က်သက် ကာကွယ်ဆေး တို့ပါ ထိုးနှံပေး ခြင်းဖြင့် မွေးကင်းစ ကလေး သေဆုံးနှုန်း ကိုလည်း လျော့ကျ စေခဲ့တယ်။

အရက်သေစာေ သာက်စားမှုနဲ့ မူးယစ်ဆေးဝါး ဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေ အတွက် အဓိက ထိုးနှက်ချက် ဖြစ်နေတယ်။ မည်သူမဆို အရက်ရဲ့ ဆိုးကျိုး ၊ ဆေးလိပ်ရဲ့ ဆိုးကျိုး ၊ မူးယစ်ဆေးဝါး ရဲ့ဆိုးကျိုးတွေကို သိနေပေမဲ့ တဒင်္ဂ ဖြေလျှော့ခြင်း ၊ မကောင်းမှန်း သိလျက်နဲ့ စွဲလမ်းခြင်း ၊ အလုပ်လုပ် ရမယ့် အချိန်မှာ အရက် ၊ မူးယစ်ဆေးဝါး ရလိုမှု အတွက် ဖြစ်ရသော ရာဇဝတ်မှု ၊ လူသတ်မှု တို့ကို အချိန်မီ ကျန်းမာရေး ပညာပေး နိုင်ခြင်း ၊ ဥပဒေအရ ထိရောက်စွာ နှိမ်နင်းခြင်း တို့ပြုလုပ်တဲ့ အခါမှာ ပြစ်မှု လျော့နည်း လာတယ်။

ကျန်းမာရေး ပညာပေးခြင်းမှာ တရားဟောဖို့ ကိုယ်စား ဆောင်ရွက် ပေးတာ မဟုတ်ပါ။ လူရယ်လို့ ဖြစ်လာရင် ကိုယ်တိုင် အမှားအမှန်နဲ့ အကောင်း အဆိုးကို ခွဲခြား ဆင်ခြင်ပြီး ဆုံးဖြတ်ချက် ချနိုင်အောင် အသိ ပညာပေးဖို့ ဖြစ်တယ်။ ထိရောက်တဲ့ လူထု ဆက်သွယ်ရေး မီဒီယာမှာ ပညာပေး လှုံ့ဆော်မှုကြောင့် ကျန်းမာရေး လုပ်ငန်းများ ထူးထူးခြားခြား အောင်မြင်မှု များ ရရှိလာတယ်။ သာဓက ပြောရရင် ဆေးကျောင်းပြီး နောက်ဆုံးနှစ်မှ ထိရောက်တဲ့ မီဒီယာသုံးပြီး ကလေးများ ကာကွယ်ဆေး ထိုးနှံရေး လုပ်ငန်း ဆောင်ရွက်နိုင်မှု အစီအစဉ်များ ၊ ပဏာမ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ပိုမို တိုးတက် အောင်မြင် လာတာဖြစ် ပါတယ်။ ။

ဒေါက်တာ လွင့်သန့် (ဆေး-၂)
Myawady Health

အလဲဗင်းသတင်းထောက် ထောင်ချခံရမှုနှင့်ပတ်သက်ပြီး ဆန္ဒပြခွင့် ပယ်ချ


အလဲဗင်းမီဒီယာဂရုပ်ဖ်ရဲ့ လွိုင်ကော်အခြေစိုက် သတင်းထောက်ကို ထောင်ဒဏ်ချမှတ်မှုနဲ့ ပတ်သက်ပြီး ဇန်န၀ါရီ ၇ ရက်နေ့ ဆန္ဒပြခွင့် တောင်းခံရာမှာ ရန်ကုန်မှာ ခွင့်ပြုခဲ့ပေမယ့် မန္တလေးမှာတော့ ဆန္ဒပြခွင့် မပေးခဲ့ပါဘူး။

သတင်းထောက် နော်ခိုင်ခိုင် အေးချိုကို ကယားပြည်နယ် လွိုင်ကော်တရားရုံးက ထောင်ဒဏ် ချမှတ်ခဲ့တာနဲ့ ပတ်သက်ပြီး တရားစီရင်ရေးမဏ္ဍိုင် တိမ်းစောင်း ဆုံးဖြတ်တယ်လို့ ယုံကြည်တဲ့အတွက် မန္တလေးအခြေစိုက် သတင်းထောက်တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ဆန္ဒပြခွင့်အတွက် လျှောက်ထားခဲ့တာကို ပယ်ချခဲ့တာ ဖြစ်ပါတယ်။

မှန်ကန်တဲ့ တရားစီရင်ရေး ချက်ချင်းလုပ်ဆောင်ပေး ခေါင်းစဉ်နဲ့ ဆန္ဒပြဖို့ မန္တလေးတိုင်း ဒေသကြီး အောင်မြေသာဇံမြို့နယ် ရဲစခန်းကို ဇန်န၀ါရီ ၁ ရက်နေ့က လျှောက်ထားခဲ့တာ ဖြစ်ပြီး ဇန်န၀ါရီ ၅ ရက်နေ့မှာ ဆန္ဒပြခွင့် မပေးတဲ့ အကြောင်းပြန်ကြားချက်ကို ရရှိခဲ့တယ်လို့ ဆန္ဒပြဖို့ စီစဉ်သူလည်းဖြစ် မန္တလေးအခြေစိုက် မန္တလေးခေတ်သတင်းဂျာနယ်က အယ်ဒီတာချုပ် ဦးမင်းဒင်က ပြောပါတယ်။

ဆန္ဒပြဖို့ ခွင့်မပေးတဲ့ ရဲစခန်းရဲ့ အကြောင်းပြချက်တွေနဲ့ ပတ်သက်ပြီး သူက အခုလို ပြောပါတယ်။

“သက်ဆိုင်ရာ အာဏာပိုင်တွေက ဆန္ဒပြခွင့်မပေးနိုင်တဲ့ အကြောင်းပြချက်က ၄ ခုပေးထားတယ်။ ကျနော်တို့ ပြမှာက တရားစီရင်ရေး မဏ္ဍိုင် တိန်းစောင်းတယ်ဆိုတာ ပြမှာဖြစ်တဲ့အတွက် ခေါင်းစဉ်ပေးထားတဲ့ ရည်ရွယ်ချက်က တရားစီရင်ရေး မဏ္ဍိုင်တိန်းစောင်းပြီး ဆုံးဖြတ်တဲ့အပေါ်မှာ ကျနော်တို့က ဆန္ဒပြမှာဖြစ်ပါတယ်။ အကြောင်းပြချက် ၄ ချက်က ၁ အချက် တရားစီရင်ရေး မဏ္ဍိုင်က လွတ်လပ်ပွင့်လင်းစွာ တရားစီရင်နေတယ်။ ၂ အချက်က တကယ်လို့သာ မြို့နယ်တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်ရင် ခရိုင်သော်လည်းကောင်း၊ အထက်ထက် အယူခံတွေ တင်ခွင့်ရနိုင်တယ်။ ၃ အချက်က တရားရေးဝန်ထမ်းတွေကို လာဘ်စား လာဘ်ယူ ပြုလုပ်ပြီး မှားယွင်းစွာ ဆုံးဖြတ်နေရင် ဥပဒေအရ အရေးယူနေတယ်ပေါ့။ ၄ အချက်က ဆန္ဒပြခွင့် တောင်းဆိုတဲ့ နေရာက အများပြည်သူသွားလာနေတဲ့ နေရာဖြစ်တယ် အဲဒီအတွက် ခွင့်မပြုနိုင်ဘူး။”

လူ ၂၀၀ ၀န်းကျင်နဲ့ ကျောင်းသွားရုံးတက်ချိန်ကို ရှောင်ရှားပြီး ၁၀ နာရီကနေ ၁၂ နာရီအကြား မန္တလေး ကျုံးတောင်ဘက်အခြမ်းမှာ လမ်းလျှောက် ဆန္ဒပြဖို့ တောင်းခံခဲ့တာလို့ သူက ပြောပါတယ်။

ဒီဇင်ဘာ ၂၆ ရက်နေ့က စတင် လျှောက်ထားခဲ့တာ ဖြစ်ပြီး အထောက်အထား မပြည့်တဲ့အတွက် ၃၁ ရက်နေ့မှာ တခါ ထပ်မံ လျှောက်ထားခဲ့တာပေမယ့် ဇန်န၀ါရီ ၁ ရက်နေ့မှ တရားဝင် လက်ခံခဲ့တာလည်း ဖြစ်ပါတယ်။

အောင်မြေသာဇံရဲစခန်း တာဝန်ရှိသူတဦးက ဆန္ဒပြဖို့ ခွင့်ပြုချက် မပေးတာကို ၀န်ခံ ပြောဆိုခဲ့ပြီး ခွင့်မပြုရတဲ့အကြောင်းကို အခုလို ပြောဆိုပါတယ်။

“တင်ပြထားတဲ့အချက်ကို သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေကို ဆက်တင်ထားတယ်။ ဆက်တင်ထားတော့ လူစည်ကားရာ လမ်းမကြီးဖြစ်နေတဲ့အတွက် အဲဒါကြောင့် ကျနော်တို့ ငြင်းပယ်ထားတာဖြစ်တယ်။ တင်ပြထားတဲ့ အချက် ၃ ချက်အပေါ်မှာက ပုဂ္ဂိုလ်စွဲနဲ့ တင်ပြထားခြင်းမဟုတ်ပဲ နိုင်ငံတ၀န်းလုံးအတွက် တင်ပြခြင်းဖြစ်တယ်လို့ ယူဆထားတယ်။ အဲဒါတွေနဲ့ ပတ်သက်လို့ ငြင်းပယ်ထားတယ်လို့ သိရတယ်။”

ဆန္ဒပြခွင့်အတွက် ဇန်န၀ါရီ ၆ ရက်နေ့ ညနေမှာ ချမ်းအေးသာဇံမြို့နယ်ကနေ ထပ်မံ ပြောင်းရွှေ့ လျှောက်ထားမယ့်အကြောင်း ဦးမင်းဒင်က ပြောပါတယ်။

ဆန္ဒပြခွင့် မပြုတဲ့အပေါ် ရှေ့နေ ဦးအောင်သိန်းက “ငြိမ်းချမ်းစွာ စုဝေးခွင့်၊ ဆန္ဒပြခွင့်ဆိုတာ အခြေခံ ဥပဒေက ပေးထားတဲ့ အခွင့်အရေးပဲ။ အဲဒီလို အခြေခံဥပဒေက ပေးထားတဲ့ အခွင့်အရေးကို လိုက်ပြီး ကန့်သတ်နေရင် ဘယ်လို လုပ် ကျနော်တို့ နိုင်ငံက ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ သွားနေပါတယ်ဆိုပြီးတော့ ပြောနေလို့ အဓိပ္ပါယ်ဘယ်လို ရှိမှာလဲ။ ဆန္ဒထုတ်ဖော်တယ်ဆိုတာက မိမိဆန္ဒကို ငြိမ်းချမ်းစွာ ထုတ်ဖော်ခွင့်ကို အခြေခံဥပဒေက ပေးထားပါလျှက်နဲ့ ပေးကားပေး၏ မရဆိုတဲ့ တတိုင်းတပြည် တရွာတပုဒ်ဆန်း လို ဖြစ်နေရင် မသင့်လျော်ဘူးလို့ မြင်ပါတယ်” လို့ ပြောပါတယ်။

သတင်းထောက် နော်ခိုင်ခိုင်အေးချို (ခ) မခိုင်ဟာ သတင်းရယူမှု ဖြစ်စဉ်တခုမှာ ပိုင်နက်ကျူးလွန်မှု၊ အသရေဖျက်မှု၊ ညစ်ညမ်းစွာပြောဆိုမှု ပုဒ်မတွေနဲ့ လွိုင်ကော်မြို့နယ် တရားရုံးရဲ့ လက်ခံ စွဲချက်တင်ခြင်းခံရပြီး ထောင်ဒဏ် ချမှတ်ခံရတာ ဖြစ်ပါတယ်။
ပုဒ်မ ၄၅၁ ပိုင်နက်ကျူးလွန်မှုအရ ထောင်ဒဏ် ၃ လ၊ ပုဒ်မ ၅၀၀ အသရေဖျက်မှုအရ ထောင်ဒဏ် ၁ လ၊ ပုဒ်မ ၂၉၄ (ခ) ညစ်ညမ်းစွာပြောဆိုမှုအရ ထောင်ဒဏ် ၁ လ တို့ကို တပေါင်းတည်း ကျခံစေဖို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၇ ရက်နေ့က အမိန့် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
DVB Burmese

ကျောက်တော်မြို့ ရေပေးဝေရေး ကျပ်သန်းပေါင်း ၃၇၄၀ သုံးစွဲမည်


ကျောက်တော်မြို့ ရေပေးဝေရေး အတွက် ပြည်နယ်အစိုးရ ရန်ပုံငွေကျပ်သန်းပေါင်း ၃၇၄၀ သုံးစွဲသွားမည်ဟု သတင်း ရရှိသည်။

၎င်းငွေဖြင့် အလျားပေ ၁၁၀၀၊ အမြင့် ၅၅ ပေရှိ ရှောက်ချောင်း ရေလှောင်တမံကို တည်ဆောက် သွားမည်ဟု ဆိုသည်။

၎င်းရေလှောင်တမံမှာ မြေသားတမံ အမျိုးအစားဖြစ်ပြီး နှစ်စဉ်ပျမ်းမျှ စီးဝင်ရေပမာဏ ၇၆၀၀ ဧကပေ၊ ရေဆင်းဧရိယာ ၁ ဒသမ ၅၁ စတုရန်းမိုင်၊ ကန်ရေဖြည့် ရေလှောင်ပမာဏ ဧကပေ ၁၆၀၀(၄၃၅ ဒသမ ၂ သန်း ဂါလန်)ရှိမည် ဖြစ်သည်ဟု ဆိုသည်။

ထုတ်ယူ သုံးစွဲရန် ရေထုတ်ပေးနိုင်သည့် ရေလှောင်ပမာဏ ၁၃၉၂ ဧကပေ(၃၇၈ ဒသမ ၆ သန်း ဂါလန်)ခန့် ဖြစ်သည်။

အဆိုပါ ရေလှောင်တမံမှ ၁၈ လက်မပိုင်ဖြင့် ဆက်သွယ်ပြီး ကျောက်တော်မြို့ရှိ ရေလှောင်ကန်သို့ ရေဖြည့်ပေးဝေ ဖြန့်ဖြူးသွားမည်ဟု သတင်း ရရှိသည်။
Burmesenews narinjara

ကိုယ်လုံးတီးနဲ့ သီချင်းဆိုရခြင်းအကြောင်းရင်းကို ပြန်ရှင်းပြီ


 Wrecking Ball သီချင်း လူကြည့်များရ ခြင်းက သီချင်းကောင်းတာ တစ်ခုတည်းတင်မဟုတ်တော့ပဲ အဝတ်အစားမပါတဲ့ MTV ဇာတ်ခန်း တစ်ချို့ ကြောင့်လည်း ဖြစ်ပါတယ်။ ဒီအတွက် သူ့ကို မေးမြန်းချက်ကို Miley Cyrus တစ်ယောက် ယခုလို ပြန်လည် ဖြေကြား ထားပါတယ်။

" ကျမ နံရံဖြိုတဲ့ တူကို နမ်းတယ်။ အဲဒါ နာကျင်မှုပေမယ့် အဲ့အချစ်ကို လိုချင် တပ်မက်နေဆဲဆိုတဲ့ အဓိပ္ပါယ်ကို ပြတယ်။ အချစ်ကြောင့် မိန်းကလေး တစ်ယောက် နာကျင်ခံစားရမှုက အပေါ်ယံ အရေပြားမှာ မြင်ရကောင်းမှ မြင် ရလိမ့်မယ်။ သို့ပေမယ့် အတွင်းက နာကျင်မှုကို ဘယ်သူမှ မသိဘူး။ ဒါကြောင့် အဝတ်မပါပဲ နာကျင်နေတဲ့ မိန်းကလေးတစ်ယောက်ကို မြင် သာ အောင် ဖော်ပြတယ်။ အနှစ်ချုပ်အားဖြင့် Wrecking Ball ဟာ အချစ်ကြောင့် စိတ်ပိုင်းဆိုင်ရာ အင်မတန် ထိခိုက်သွားတဲ့ မိန်းကလေး တစ်ယောက် အကြောင်းကို ဖော်ပြချင်တာပါ။ MTV မှာ ကျမမှာ အဝတ်မပါဘူး။ ဟုတ်တယ် ကျမ ဝမ်းနည်းကြေကွဲနေလို့ပဲ"
Yoyarlay

ဒုက္ခသည်စခန်းမှ ပြန်သူ လှေမှောက်၍ သေဆုံး


ဘင်္ဂလားဒေ့ခ်ျနိုင်ငံ တက်ကနက်မြို့ လေဒါ ဒုက္ခသည်စခန်းမှာရှိတဲ့ မိသားစုနဲ့တွေ့ဆုံပြီး မြန်မာဘက်ကိုပြန်တဲ့ ဘင်္ဂလီအမျိုးသား တစ်ဦး နတ်မြစ်အတွင်းလှေနစ်ရာကနေ သေဆုံးသွားခဲ့တယ်လို့ ကော့စ်ဘဇား သတင်းစာတွေမှာ ဖေါ်ပြပါတယ်။

သေဆုံးသွားတဲ့သူကတော့ ဂူနီမီယာ (၄၅) နှစ်ပြီး သူရဲ့အလောင်းကိုတော့ စနေနေ့ ညနေမှာ  တက်ကနက်မြို့နယ် နတ်တောင်ကျေးရွာ အနီးက နတ်မြစ်အတွင်း ဆယ်ယူရရှိခဲ့တယ်လို့ သိရပါတယ်။

သူဟာ လွန်ခဲ့တဲ့ ဒီဇင်ဘာလ ၃၀ ရက်နေ့က သူရဲ့ မိသားစုတွေနဲ့ တွေ့ဆုံပြီး ဘင်္ဂလာဒေခ်ျ့ကနေ မြန်မာဘက်ကို အပြန်မှာ လှေမှောက်သေဆုံးသွားပြီး  ၃ ရက်အကြာမှာ သူ့အလောင်းကို ဆယ်ယူရရှိတာ ဖြစ်တယ်လို့ ဆိုပါတယ်။
Burmesenews narinjara

အကြောင်းကိုသိသော ငါ


“လောက မှာ လူ့ မိုက်မဲမှု နဲ့ စကြဝဠာ နှစ်ခု ဟာ အဆုံး၊ အစ မရှိဘူး၊ ဒီထဲမှာ.. စကြဝဠာ အတွက်တော့ သူ သိပ်မသေချာသေးဘူး၊ လူသား မိုက်မဲမှု ကတော့ အတိုင်းမသိ ပါပဲ..” ဆိုတဲ့ သဘောမျိုး အိုင်းစတိုင်း ဆိုခဲ့ဖူးတယ်လို့ ပြောလေ့ရှိကြတယ်။

ပုဂံခေတ် ရှေးဦး မြန်မာစကားပြေ မှာကတည်းက ပါဠိ စကားလုံး “အနန္တ” ကို “အတိုင်းမသိ” လို့ ဘာသာပြန်ခဲ့တာတွေ့ရတော့ ဘာသာပြန်ယူပုံ အသုံး ကို သိပ်သဘောကျမိတယ်။

အတိုင်းမသိရင် အကျဉ်း၊ အကျယ် မသိတော့ဘူး၊ အထူအပါး နားမလည်တော့ဘူး၊ အကောင်း၊ အဆိုး မခွဲတတ်တော့ဘူး၊ အမှား၊ အမှန် မကွဲတော့ဘူး၊ အမြော်အမြင် မရှိတော့ဘူး.. စသည်.. စသည်.. ဘာဆိုဘာမှ မသိ၊ မရှိ၊ မိုက်မဲမှု က အဆုံး၊ အစ မရှိတော့သလို ဖြစ်သွားတယ်။

လူသား ရဲ့ မိုက်မဲမှု က တကယ့် အနန္တ၊ တကယ့် အတိုင်းမသိပါပဲ..။

ဗုဒ္ဓ  အဟော “အန္ဓီဘူတော အယံ လောကော” - “ဤလောကသည် အမိုက်အတိ၊ ကန်း၏” ဆိုတဲ့ အတိုင်းပါပဲ..။

သတ္တဝါတွေထဲမှာ အသိ ဉာဏ် အရှိဆုံးခံယူတဲ့ လူသား ရဲ့ လူ့သမိုင်းတလျှောက် မိမိရှင်သန် နေထိုင်ရာ ကမ္ဘာမြေကြီး၊ နဲ့ ယှဉ်တွဲရာ သတ္တ/ရုက္ခ လောက အပေါ် ပြုမူ ကျင့်ကြံပုံကို ကြည့်ရင် လူသားရဲ့ မိုက်မဲမှု အတိုင်းအတာ ကို သိနိုင်ပါတယ်။  ဒါ့အပြင် လူသားအချင်းချင်း အကြောင်းအမျိုးမျိုးပြ ခေတ်အဆက်ဆက် ကျူးလွန်၊ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေ၊ အမုန်းတွေ၊ ရန်ငြိုးတွေ ဟာလည်း လူသားရဲ့ မိုက်မဲမှု ပြယုဂ်တွေပါပဲ။

ဒီလို ကြီးကျယ်တဲ့ မိုက်မဲမှု တွေကို ထားလိုက်ပါဦး။  နေ့စဉ် သူသူ၊ ကိုယ်ကိုယ် အားလုံးနီးပါ ရံဖန်ရံခါ ကျူးလွန်တတ်တဲ့ မိုက်မဲမှုတွေကိုပဲ ကြည့်ပါ။

၂၁ ရာစု ခေတ်လူသား နိစ္စဓူဝ မြင်တွေ့၊ ကြုံဆုံနေရတဲ့ အင်တာနက် ခေတ် လာသမျှ သတင်း ကို တင်၊ တွေ့သမျှ သတင်းကို ယုံ၊ စဉ်းစား ဆင်ခြင် ကိုယ်ပိုင် တွေးခေါ်မှုဖြစ်စဉ် မဲ့နေတဲ့ အဖြစ်တွေကိုပဲ ကြည့်ရင် လူသားရဲ့ မိုက်မဲမှု က အတိုင်း မသိ၊ အတိုင်း မရှိကြောင်း သိနိုင်တယ်။

ဒီသဘောဟာ ကျောင်း စာသင်ခန်း အတန်းပညာ နဲ့ မဆိုင်ပါ။  အတန်းစာ က မဟာ ပညာကျော်၊ ပါရဂူ ဖြစ်ကောင်း ဖြစ်မယ်၊ ဒေါက်တာ ဖြစ်ကောင်း ဖြစ်မယ်၊ ကိုယ်ပိုင် ဆင်ခြင်ထုတ်နိုင်မှုစွမ်း မရှိတာကတော့ မရှိတာပါပဲ။

ပါဠိ က ပဲ လာတဲ့ “ပညာ” ကို အနက် ဖွင့်ရင် အကြောင်း-အကျိုး၊ အမှား-အမှန်၊ အဆိုး-အကောင်း ကို ခွဲခြမ်းစိတ်ဖြာ နားလည်ခြင်း လို့ ရမယ် ထင်တယ်။  ခွဲခြမ်းစိတ်ဖြာ ဆင်ခြင်မှု ဉာဏ် စိတ်အသိ Analytical Mind ဖြစ်စဉ် ကလာတဲ့ နားလည်မှု  Analytical Understanding က သာ အတွေး၊ အခေါ်၊ အမြော်အမြင် ဆင်ခြေတုံတရား ရှိတဲ့ ပညာဉာဏ် အမြင် “Wisdom” ကို ရနိုင်တယ်။

တွေးခေါ်ဆင်ခြင်ဉာဏ်ထုတ်မှု ဖြစ်စဉ် မပါတဲ့ လေ့လာမှု အသိ ဗဟုသုတ “Knowledge” တခုတည်း ကနေ အမှား၊ အမှန်၊ အဆိုး၊ အကောင်း၊ အကျိုး၊ အကြောင်း ခွဲခြား သိမြင် နားလည်နိုင်တဲ့ ဉာဏ်အမြော်အမြင် “Wisdom” ကို မရပါဘူး။

ဒါပေမယ့် ခက်တာက လူ့ သဘာဝ မှာ ကိုယ်ပိုင် စဉ်းစားတွေးခေါ် လိုမှု က အင်မတန် နည်းလှတယ်။  ဒါကြောင့်လည်း ဘာထရန် ရပ်ဆဲလ် က “တွေးမလား၊ သေမလား ဆိုရင် မတွေးဘဲ အသေခံကြမယ့်လူ အများစုပါ” ဆိုတဲ့ သဘောမျိုး ဆိုခဲ့ဟန် တူတယ်။

ဒီလို သဘောမျိုးကြောင့် ဗဟုသုတ ရှာမှီးလို၊ ဒါမှမဟုတ် ဗဟုသုတ ရှိလှပါရဲ့ ဆိုသူ အတန်းပညာတတ်များ ကိုယ်တိုင် ကျိုးကြောင်းဆင်ခြင်မှုမဲ့ကာ အပြောင်အပြက် သတင်းမှန်းမသိ၊ လံကြုတ် သတင်းမှန်း မသိ၊ နောက်ခံ အကြောင်းအရာ၊ ရည်ရွယ်ချက် တခုခုကြောင့် တင်တဲ့ သတင်းမှန်းမသိ အစ ရှိတဲ့ အွန်လိုင်း သတင်းမျိုးစုံ ကို မြင်သမျှ၊ တွေ့သမျှ တင်နေကြ၊ ယုံနေကြတာပဲပေါ့။

အင်္ဂလိပ်လိုလေးများ ရေးထားရင် ပညာတတ်ဆိုသူများ ပိုလို့တောင် ယုံယုံကြည်ကြည် တင်ကြပါသေးတယ်။

ဒါနဲ့ပဲ သြဇီဝန်ကြီးချုပ် အဆက်ဆက်လည်း မွတ်ဆလင်တွေကို တိုင်းပြည်က နှင်ထုတ်ခဲ့ကြ၊ ဂျက်ကီချန်းလည်း အွန်လိုင်းမှာ ခဏ ခဏ သေရ ဖြစ်ရတာပါ့။

အခုရက်ပိုင်း ရေပန်းစားနေတဲ့ သတင်းတပုဒ် ကို ဥပမာ ပြုဆိုရရင် Marijuana ကို အကန့်အသတ် နဲ့ တရားဝင် ရောင်းဝယ် ဖောက်ကား အသုံးပြခွင့် ပြုလိုက်တဲ့ Colorado ပြည်နယ် က လူ ၃၇ ယောက် သေမှု သတင်းလိမ် လိုမျိုးပေါ့။  ဒါမျိုးကို Hoax News, Spoof  News လို့ ခေါ်လေ့ရှိတယ်။  ရှင်းအောင် ဆိုရရင် သတင်းဖတ်သူ ကို အရူးလုပ်တာ၊ အပျော်အပြက် သဘော ဆိုကာ ခပ်တည်တည် နဲ့ လိမ်တဲ့ သတင်းမျိုးပါ။

ဒါမျိုးတွေကို ဗမာ့အွန်လိုင်းလောကသား များတင် အလိမ်ခံ၊ အရူးလုပ်ခံရတာမဟုတ်၊ ကမ္ဘာမှာလည်း အများကြီး တပြုံတခေါင်းပါပဲ။  ဒါကြောင့် “အန္ဓီဘူတော အယံ လောကော” ဆိုတာ သွေးထွက်အောင် မှန်တာပေါ့။  အလုံးစုံကို သိမြင်နှံ့စပ်တော်မူသော သဗ္ဗညုတဉာဏ်ရှင် ဘုရားဟော ဆိုတော့လည်း မှန်ပေမှာပေါ့။

ဒီနေရာမှာ တခု သတိချပ်စေချင်တာက ဒီလို လုပ်ကြံ ဇာတ်လမ်းတွေကို စာနယ်ဇင်း ခေါင်းစဉ် အောက်မှာရှိတဲ့ မီဒီယာ (အွန်လိုင်း + ပုံနှိပ်) က ဖော်ပြမှု မရှိသလောက် နည်းတယ် ဆိုတာပါ။  အရင်တခါ ဆိုခဲ့ဖူးတဲ့ လူပြိန်းကြိုက် “Tabloid Journalism” အဝါရောင်စာနယ်ဇင်းမှာကို ဖော်ပြလေ့မရှိပါ။  (နိုင်ငံတကာ ကို ဆိုလိုတာပါ၊ ဗမာ မပါ။)

ပုဂ္ဂလ သဘောဆောင်တဲ့၊ ဒါမှမဟုတ် အကျိုးတခုခု၊ ရည်ရွယ်ချက် တခုခုကြောင့် တည်ထောင်ထားတဲ့ စာနယ်ဇင်း သဘောမဟုတ်တဲ့ အွန်လိုင်းမီဒီယာ တွေက နေ ဒီလို Hoax News လံကြုတ်ဇာတ်လမ်းတွေကို ဖန်တီးတတ်ပါတယ်။

ဗမာ့စာနယ်ဇင်း က တော့ ဒါမျိုးထဲက တချို့ကို ကိုးကား Internet တို့၊ ကိုးကား Facebook တို့ လုပ်ကာ ပုံနှိပ်တတ်ကြပါသေးတယ်၊ ဗမာ့ စာနယ်ဇင်း အဆင့်အတန်း ကတော့ ပြောမဆုံးပေါင်၊ တောသုံးတောင် ပါပဲ။

လူကြိုက်များအောင် သတင်းလိမ်တင်တဲ့ Hoax Online Media မျိုးမဟုတ်ဘဲ နိုင်ငံတကာ က စာနယ်ဇင်း လို့ ခံယူတဲ့ မီဒီယာ အဖွဲ့အစည်းတွေက အဆင့်၊ အမျိုးစားအလိုက် မခိုင်မာတဲ့ သတင်းမျိုးတွေကို တင်ဆက်ရာမှာ ဘယ်လို မတူညီ၊ ကွဲပြား သတင်းတင်ပြကြတယ်ဆိုတာ ဥပမာ ပြုချင်ပါတယ်။  ဗမာ့ စာနယ်ဇင်း နဲ့ လူအမျး အတု ယူနိုင်အောင်ပါ။

ဗမာ့ စာနယ်ဇင်း က တတ်သိနားလည်သူ ပညာရှင် များ အခု ပြည်တွင်းမှာ မျိုးဆက်သစ် မီဒီယာသမားတွေ အတွက် စာနယ်ဇင်း သင်တန်း တွေ ပေးကြတယ်လို့ သိရ၊ ကြားရတယ်။  ဘာတွေ သင်သလဲ တော့ လက်လှမ်းမမီလို့ မသိပါ။  အကြောင်းအရာ ရွေးချယ်မှု၊ တင်ပြမှု၊ သတင်း ရေးသား တင်ပြပုံ နဲ့ ကျင့်ဝတ် ပိုင်းဆိုင်ရာတွေ သင်မှာပါပဲ။

ဒါတွေအပြင် စာနယ်ဇင်း ရဲ့ ဂုဏ်သိက္ခာ၊ ရပ်တည်မှု အဆင့်အတန်း အလိုက် အကြောင်းအရာ တခုတည်းပေါ်မှာကို သတင်းရေးသား တင်ပြပုံ၊ သတင်း အပေါ် ချည်းကပ်ပုံ မတူညီကြောင်း ကို နိုင်ငံတကာ မီဒီယာ မျိုးစုံရဲ့ မတူညီကွဲပြားတဲ့ နေ့စဉ်သတင်းတင်ဆက်ပုံတွေထဲက ထုတ်နှုတ် ဥပမာပြုရင်း စဉ်းစားဆင်ခြင်မှု ဉာဏ် ဖြစ်စဉ် ပါတဲ့ သတင်းရေးသားတင်ဆက်မှု၊ သတင်း စကားလုံး ရွေးချယ်မှု ပညာတွေကို ဗမာ လူငယ် စာနယ်ဇင်း သမားများ စနစ်တကျ လေ့လာ သင်ယူနိုင်ရင် ကောင်းမယ်။

ခုလတ်တလော ရေပန်းစားနေတဲ့ မြောက်ကိုးရီးယား အာဏာရှင် ရဲ့ ဦးလေးတော် ကို ခွေးစာကျွေး ကွပ်မျက်မှု သတင်း ကို အနောက်စာနယ်ဇင်းတွေ ရဲ့ တင်ပြပုံကို ဥပမာ ကြည့်ပါ။  လူအများကြား ပေါ်ပြူလာ ဖြစ်အောင် လုပ်တတ်တဲ့ Tabloid သတင်းစာ Daily Mail က ဟုတ်၏၊ မဟုတ်၏ သုံးသပ်မှု မပါဘဲ အပိုဆာဒါးတွေ၊ မဆိုင်တဲ့ ခွေး ပုံ ပြူးတူးပြဲတဲ ဓာတ်ပုံတွေ အသားပေး နဲ့ သတင်းရေးသားတင်တယ်။  နည်းနည်းပို သိက္ခာ၊ အဆင့်အတန်း ရှိတဲ့ BBC လို၊ Telegraph လိုမျိုးက ဆင်ခြင် သုံးသပ်မှု ပါတဲ့ သတင်းဆောင်းပါး ပုံစံ ပဲ ရေးသားတင်တယ်။

မြောက်ကိုးရီးယား လို တိုင်းပြည် ဘာမဆို ဖြစ်နိုင်တယ်၊ မှန်နိုင်တယ် ဆိုတာ စာနယ်ဇင်းကြီးတွေက သိတာပေါ့။  ဒါပေမယ့် အခြေမခိုင်တဲ့၊ အတည်ပြုလို့ မရနိုင်တဲ့ သတင်းမျိုး ကို တင်ဆက်ရာမှာ သတင်းဖတ်သူ ရှုထောင့်ပေါင်းစုံ က စဉ်းစား ဆင်ခြင်နိုင်အောင် ဆင်ခြင်မှု အမြင် ပါတဲ့ သတင်းဆောင်းပါးပုံစံပဲ တင်ဆက်ရတယ်။  သတင်းရင်းမြစ် အတိအကျ နဲ့ သတင်းအချက်အလက် Facts ချည်းပဲ ဖြန့်ချီရတဲ့ News Agency၊ News Bureau ကြီးတွေကျတော့ ဒါမျိုး သတင်း ကို တင်ဆက်လေ့ မရှိကြဘူး။  ဒါက သတင်းတင်ဆက်သူ ဘက်က သဘော။

သတင်းဖတ်သူ ဘက်က သဘော ကျလည်း စဉ်းစား ဆင်ခြင် သုံးသပ်လိုမှု၊ သို့မဟုတ် သုံးသပ်နိုင်မှု ရှိ/မရှိ အပေါ် မူတည်ပြီး ဒီလို သတင်းမျိုး ကို ဘယ် မီဒီယာ အတန်းအစား က တင်ပြပုံ နဲ့ အာဘော် ကို ဖတ်တယ်၊ ထပ်ဆင့် မျှဝေတယ် ဆိုတာ ကွာတယ်။

ဒီ ခွေးစာကျွေး သတင်းကို ကြည့်ရင် အစ မူလ ရင်းမြစ် အနေနဲ့ အရင်လတွေမှာ တရုတ် အစိုးရပိုင် သတင်းဌာန တခု မှာ စပါတယ်။  ဒါကို အခု ရက်ပိုင်းမှာ စင်္ကာပူ အစိုးရ သတင်းစာ က ထပ်ကိုးကား ယူသုံး တင်တယ်။  ဒီလိုနဲ့ အခု အနောက်မီဒီယာ တွေကပါ ဖော်ပြတယ်။

ဒီသတင်း နောက်ခံ အကြောင်းတွေမှာ တရုတ်အစိုးရ ရဲ့ မြောက်ကိုးရီးယား အပေါ် လက်ရှိ သဘောထား ပါတယ်၊ မြောက်ကိုးရီးယား ခေါင်းဆောင် အသစ် Kim Jong-Un က တရုတ် နဲ့ နီးစပ်သူ ဦးလေးတော် အပေါ် စစ် ခုံရုံတင် သေဒဏ်ပေးမှု ကို တရုတ် အစိုးရ ရဲ့ တုံ့ပြန်လိုတဲ့ သဘောထား ပုံစံ ပါတယ်၊ သတင်း ထပ်ဆင့် တင်ပြတဲ့ စင်္ကာပူ အစိုးရ အာဘော် စာနယ်ဇင်း ဘက်လိုက်လိုမှု ပါတယ်။  နိုင်ငံရေး ရည်ရွယ်ချက် နောက်ခံ သဘောတွေ အပြည့်ပါတဲ့ သတင်းမျိုး ဖြစ်တယ်။  ဒါမျိုး ကို နားလည်မှ အကျိုး/အကြောင်း ဂဃနဏ သိနိုင်မယ်။

ဒါတွေ အားလုံးကို တွေးခေါ် ဆင်ခြင် သုံးသပ် နိုင်မှ ဒီသတင်း နောက်ခံ ကားချပ်၊ ချဲ့ကား မှု ဘယ်လောက် ရှိ/မရှိ၊ အမှန် ဘယ်လောက် ပါ/မပါ ဆိုတဲ့ ဉာဏ်အမြော်အမြင်ပါ သိမြင်နားလည်မှု ကို သတင်းဖတ်သူ က ရမယ်။

သတင်း တင်ပြသူ ရဲ့ ဆင်ခြင်မှု ဖြစ်စဉ် အလုပ် ဘယ်လောက် လုပ်/မလုပ် ဟာ သတင်း တင်ဆက်ပုံ က ထင်ဟပ်နေသလို သတင်းစားသုံးသူ ရဲ့ ထပ်ဆင့် ဝေမျှမှု နဲ့ နားလည်နိုင်မှု စွမ်းရည် က လည်း တဦးချင်းရဲ့ တွေးခေါ်မှု ဖြစ်စဉ် လုပ်/မလုပ်၊ ပါ/မပါ အပေါ် မူတည်နေတယ်။

ဒါပေမယ့်.. အထက်မှာ ဆိုခဲ့သလိုပဲ.. လူတွေက တွေးမလား၊ သေမလား ဆိုရင် သေမယ့်သူက ခပ်များများ ရယ်ပါ။

ဒါကြောင့် မသိမှုတွေ၊ မိုက်မဲမှု၊ အမှန်တဝက် သိမှုတွေ၊ အကျိုး၊ အကြောင်း အလုံးစုံ ပြည့်ပြည့်စုံစုံ နားလည်နိုင်မှု နည်းမှုတွေက ကမ္ဘာ အနှံ့ တွေ့နေ၊ မြင်နေ၊ ကြားနေရဦးမှာပါပဲ။  ဒီထဲမှာ ကိုယ်ပိုင် စဉ်းစားတွေးခေါ်နိုင်စွမ်းကို လုံးဝ မျက်ကွယ်ပြုထားတဲ့ ဗမာ့ ပညာရေး က မဟာဝိဇ္ဇာ၊ မဟာသိပ္ပံ၊ ပါရဂူ နဲ့ “so-called” ဘွဲ့ရပညာတတ် တွေ ပါဝင်မှု ရာခိုင်နှုန်း များနေဦးမယ် ဆိုတာ ဝမ်းနည်းစရာပေမယ့် နားလည်နိုင်စရာပါပဲ။

ပါဠိ စကားလုံး “အန္ဓ” ကို မြန်မာလို ပြန်ရင် “ပညာမျက်စိ ကန်းသော၊ လူအ၊ လူပြိန်း” လို့ ရမယ် ထင်တယ်။  တွေးခေါ် ဆင်ခြင်၊ အကျိုး/အကြောင်း စဉ်းစားမှု က လာတဲ့ ပညာဉာဏ် ဆိုတဲ့  အလင်းမဲ့သူ ကို စာရွက်ပေါ်က အတန်းပညာ ဘယ်လောက် ရှိရှိ “လူ့ အန္ဓ” လို့ပဲ ခေါ်ရပါမယ်။  “လူပြိန်း” လို့ပဲ ခေါင်းစဉ်တပ်ရပါမယ်။  စိတ်ပျက်၊ အားလျော့ စရာတော့ မရှိပါ။  နိုင်ငံတကာ အတိုင်းအတာ နဲ့လည်း “လူပြိန်း” တွေ က အများစု ပါပဲ။

ဒါကြောင့်လည်း ကမ္ဘာ့ အရပ်အရပ် ရဲ့ အနုပညာ ဖျော်ဖြေမှု က စလို့ စာနယ်ဇင်း၊ မီဒီယာမျိုးစုံ အလယ် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး အတွေးအခေါ် အဆုံး “လူပြိန်းကြိုက်” တွေ ရေပန်းစား ပေါ်ပြူလာ ဖြစ်နေခြင်းပါပဲ။

နှစ်သစ် မှာ ဒီ အကြောင်းအရာမျိုး၊ ဒီသဘော ရေးရခြင်း က ဗမာပြည် ရဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ က အစ တိုင်းရင်းသား လူမျိုးစု ရေးရာ နဲ့ နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်း၊ စနစ် ပြဿနာ အထိမှာ တွေးခေါ်၊ မြော်မြင် ဆင်ခြင်မှု ပညာဉာဏ် အလုပ် မဲ့နေခြင်းက အဓိက အကြောင်းခြင်းရာ တရပ် ဖြစ်တယ်။

ဒါကြောင့် အခုလို သတင်း ဖတ်ပုံ၊ သတင်း မျှဝေပုံ၊ သတင်းကို နားလည်ပုံ အသေးအဖွဲ နိစ္စဓူဝ တွေ့ကြုံနေရတာလေးတွေကို ထုတ်နှုတ် ဆိုလိုက်တာပါ။

နိဂုံးချုပ် အနေနဲ့ နှစ်သစ်မှာ “New Year Resolution” ပြု ဆုံးဖြတ်ချက်ချ သန္နိဋ္ဌာန် ပြုလုပ်ဖို့ ဆန္ဒ ရှိရင် ပုဂံခေတ်တုန်းက သိင်္ဃသူ့သမီး သူ့ ဆုတောင်းစာ မှာ ထည့် ဆိုခဲ့သလို “အကြောင်းကိုသိသော ငါ ဖြစ်ရပါလို၏”  ဆန္ဒပြုစေချင်တယ်။

အကြောင်းကို မသိခြင်း၊ တွေးခေါ် မြော်မြင်မှု မရှိခြင်း၊ ဉာဏ်အလုပ် မပါခြင်း၊ ပညာမဲ့ခြင်း က ကမ္ဘာ မှာ၊ ဗမာ မှာ လူ့ အဝန်းအဝိုင်း မှာ “မိုက်မဲမှု အနန္တ” အတိုင်းမသိ၊ အတိုင်းမရှိ ဖြစ်နေခြင်း ရဲ့ အကြောင်းရင်းခံ ပါပဲ။  ဒီ အကြောင်း ကြောင့် အကျိုး ဆက် လောဘတွေ၊ ဒေါသတွေ၊ မောဟတွေ ထား၊ အငြိုးအတေးတွေ၊ အာဃာတတွေ တည်ဆောက်၊ အမုန်းတွေ ဖွဲ့၊ ပဋိပက္ခတွေဖြစ် ကာ လူ့ အဖွဲ့အစည်း ဆုတ်ယုတ်နေရခြင်းပါပဲ။

ဆိုတော့ “အကြောင်းကိုသိသော ငါ” ဖြစ်မှသာ “မိုက်မဲမှု အနန္တ” က အဆုံးသတ် နိုင်မှာပါ။

စာရေးသူ ကိုယ်တိုင်လည်း “အကြောင်းကိုသိသော ငါ” ဖြစ်ဖို့ ဒီနှစ်သစ်မှာ ထပ်မံ ကြိုးစားပါဦးမယ်..။

ငြိမ်းချမ်းအေး (မိုးမခ)

၀၅၊ ဇန္နဝါရီ၊ ၂၀၁၄

အမှုကြန့်ကြာနေမှုကြောင့် ဒေါ်ဘောက်ဂျာ ၆ လနီးပါး အချုပ်ကျခံနေရ


အမျိုးသားဒီမိုကရေစီအင်အားစု (အန်အယ်လ်ဒီ) ပါတီက ကချင်ပြည်နယ် ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာဟာ သူ့ကို စွဲဆိုထားတဲ့အမှုတွေကို တရားစီရင် အမိန့်ချမှတ်ခြင်း မရှိဘဲ ကြန့်ကြာနေတာကြောင့် အချုပ်မှာ  ၆ လနီးပါး အချုပ်ကျခံရတဲ့အတွက်  အမှုကို အမြန်ဆုံး ပြီးပြတ်အောင် ဆောင်ရွက်ပေးဖို့ ကာယကံရှင်နဲ့ သူ့ရဲ့ရှေ့နေဖြစ်သူက တောင်းဆိုလိုက်ပါတယ်။

ဒေါ်ဘောက်ဂျာကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လကတည်းက တရားမ၀င် ဆေးကုသမှုနဲ့ လူသေမှု အပါအ၀င် ပြစ်မှုသုံးမှုနဲ့ တရားစွဲဆိုပြီး ကချင်ပြည်နယ် ဖားကန့်ရဲစခန်းမှာ သီးသန့် အချုပ်ချထားတာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံတော် သမ္မတက နိုင်ငံရေးလှုပ်ရှားသူတွေရဲ့ အမှုတွေကို ပိတ်သိမ်ပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာပါ။ ဒါပေမယ့် ဒေါ်ဘောက်ဂျာကတော့ ပြန်လွတ်လာခြင်း မရှိသေးတဲ့အပြင် သူ့ရဲ့အမှုတွေဟာ အာမခံမရတဲ့ ပုဒ်မတွေဖြစ်တဲ့အတွက် အချုပ်က မလွတ်နိုင်ဘဲ ဖြစ်နေတာလို့ အလားတူ သူ့ရဲ့ ရှေ့နေဖြစ်သူ ဦးမြင့်သွင်က ပြောပါတယ်။

“လွတ်ငြိမ်းချမ်းသာခွင့်တွေနဲ့ ပတ်သတ်လို့ သူ့ကိစ္စပါ စုံစမ်းရင်းနဲ့ အမှုပိတ်တဲ့ထဲမှာ ပါလားလို့ ကြည့်တာ မပါသေးတော့ ခက်တယ်။ သတ်မှတ်တဲ့ ပုဒ်မတွေထဲမှာ မပါသေးဘူး ဖြစ်နေတယ်။ သူ့ကိုဆွဲထားတဲ့ ပုဒ်မတွေက နိုင်ငံရေးနဲ့ နွှယ်တဲ့ ပုဒ်မတွေမဟုတ်ပဲနဲ့ ၃၀၄ က ဆေးထိုးလို့ လူသေမှုရယ်၊ လိုင်စင်မရှိပဲနဲ့ အပ်ကိုကိုင်တယ်ဆိုပြီးတော့ ဆေးကောင်စီ ဥပဒေရယ်၊ ဆေးတွေက ယစ်မျိုးဥပဒေရယ်။ အဲလို ပုဒ်မတွေနဲ့ ဆွဲထားလို့ခင်ဗျ။”

အမှုကြန့်ကြာနေရတဲ့အတွက် နစ်နာဆုံးရှုံးမှုတွေနဲ့ ပတ်သက်ပြီး ဒေါ်ဘောက်ဂျာက ခုလို ပြောပါတယ်။

“အခုလိုကြန့်ကြာတာကလည်း တမင်သက်သက် ဆွဲဆန့်ထားစရာ အပိုင်းတွေလည်း တွေ့ရတာပေါ့။ ဥပဒေ အကြံပေးချက်ကနေ သူတို့ နောက်ဆုံးသက်သေကို ရက်ပေါင်း ၁၀၀ ကျော် ဆွဲဆန့်ထားတယ်။ အဲဒီ ရက်ပေါင်း ၁၀၀ ကျော်မှာ ဘာအမှုမှ မစစ်ဘဲနဲ့ ဒီတိုင်းပဲ အကြောင်းအမျိုးမျိုးပြပြီးတော့ ဆင့်စာ မရောက်တာတို့၊ ဘာတို့ နည်းမျိုးစုံနဲ့ပြောတယ်။ အဲဒီ့တော့ ဆင့်စာမရောက်ရင် ကျမ တနှစ်လုံးဖြစ်ဖြစ်၊ တသက်လုံးဖြစ်ဖြစ် ဒီတိုင်းစောင့်ရမှာလားလို့ မေးတော့လည်း သူတို့မှာ ဘာမှ မဖြေဘူး။ အဲဒီ့တော့ ခင်ဗျားတို့ အပြစ်ရှိတယ် ထင်ရင်လည်း မြန်မြန် အမိန့်ချလိုက်လို့၊ ကျမကို ဒီလို မဆွဲဆန့်ထားနဲ့။ ကျမ အချုပ်ခန်းထဲ နေနေတဲ့ လူတယောက်ဖြစ်တယ်။ ကျမအတွက် အရမ်း နစ်နာတယ်လို့။ အဲဒါကြောင့် အမြန်ဆုံးအမှုစိစစ်ပေးပါ။”

ဒေါ်ဘောက်ဂျာရဲ့ အမှုအတွက် ရုံးချိန်းပေါင်း ၃၀ နီးပါး စစ်ဆေးပြီးသွားပြီဖြစ်ပြီး  လာမယ့် ဇန်န၀ါရီလ ၉ ရက်နေ့မှာ ဖားကန့် မြို့နယ် တရားရုံးမှာ ထပ်မံ စစ်ဆေးဖို့ရှိနေပြီး စွပ်စွဲခံရသူ ဘက်ကတော့ အမှုပိတ်သိမ်းဖို့ ဆန္ဒရှိနေကြပါတယ်။

ဒေါ်ဘောက်ဂျာကို ဖမ်းဆီး အရေးယူနေမှုဟာ  တရားမ၀င်ဆေးကုမှု ပြဿနာကြောင့် မဟုတ်ဘဲ ၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီအမတ်  ယခု ပြည်ထောင်စု ၀န်ကြီးဖြစ်နေသူ ဦးအုန်းမြင့်နဲ့အကြား မဲရလဒ်နဲ့ ပတ်သက်တဲ့ ပြဿနာက အရင်းခံဖြစ်တယ်လို့ ရှေ့နေဖြစ်သူ ဦးမြင့်သွင်က ပြောပါတယ်။

“ဒီ ပထမ ရွေးကောက်ပွဲ ၂၀၁၀ အပြီးမှာ ပြည်ထောင်စုကော်မရှင်မှာ ဗိုလ်ချုပ် အုန်းမြင့်နဲ့ သူနဲ့ ဖားကန့်မှာပြိုင်တော့ ဒီအခု ဝန်ကြီးဖြစ်နေတဲ့ ဗိုလ်ချုပ်အုန်းမြင့်နဲ့က မဲက ဒေါ်ဘောက်ဂျာက သာတော့ ကန့်ကွက်လွှာတွေ တင်တာခင်မျ။ အဲဒီ့ ဗိုလ်ချုပ်အုန်းမြင့်ကို ကန့်ကွက်တဲ့ အချိန်မှာပဲ နောက်ပိုင်းက ဒေါ်ဘောက်ဂျာ ရွေးကောက်ပွဲ မဝင်ခင် တနှစ်လောက်က အဖြစ်အပျက်တွေကို လိုက်ရှာ ပြီးတော့ အမှုဆင်၊ အမှုဖွင့်တာပေါ့။ ဒါပေမယ် အဲဒီ့ ကော်မရှင်မှာပဲ ဗိုလ်ချုပ်အုန်းမြင့် နဲ့ ဒေါ်ဘောက်ဂျာနဲ့ ညှိနှိုင်းပြီး အဆင်ပြေသွားတဲ့အခါကျတော့ အဲဒီ့အမှုတွေက အကုန်ရပ်သွားပြီး  ဒေါ်ဘောက်ဂျာကို လိုက်ဖမ်းတာ အမှုစစ်တာ ဘာမှ မလုပ်တော့ဘူး။ ကြားထဲက ရွေးကောက်ပွဲမှာ ကော်မရှင်မှာ တင်တော့လည်း လက်ခံထားတာပဲ။ ဒါပေမယ့် မြို့နယ်ဥပဒေ အရာရှိဆီ တင်ခဲ့တာက ပိတ်သိမ်းခွင့် မကျခဲ့ဘူး။ အဲဒီ့တုန်းက ပိတ်သိမ်းပြီးလို့ တင်ခဲ့တာက မကျခဲ့ဘဲ အခုချိန် နိုင်ငံခြား ခရီးစဉ် ပြန်လာပြီးတော့မှ အဲဒီ့အမှုတွေ ပြန်ပေါ်လာပြီးတော့ တရားစွဲတယ်လို့ သိရပါတယ်။”

ဒေါ်ဘောက်ဂျာဟာ ရွေးကောက်ပွဲအလွန်ကာလမှာ  မြေသိမ်းခံရမှုကြောင့်  ဆုံးရှုံးနစ်နာတဲ့ လယ်သမားတွေအရေးနဲ့ ကလေးစစ်သားအရေး ကူညီဆောင်ရွက်ပေးမှုများ လုပ်ဆောင်နေတာဖြစ်ပြီး  ဇူလိုင်လ ၁၈ ရက်ညက ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

By ပီတာအောင် (DVB Burmese)

ကျွမ်းကျင်လုပ်သား ရှားပါးမှု အထည်ချုပ်ကဏ္ဍ အကြီးမားဆုံး ပြဿနာဟုဆို


ရန်ကုန်၊ ဇန်နဝါရီ ၅

လုပ်သားအင်အား များစွာကို အလုပ်အကိုင် အခွင့်အလမ်း ပေးထားနိုင်သည့် မြန်မာ့အထည်ချုပ် လုပ်ငန်းကဏ္ဍအတွင်း လုပ်ငန်းရှင်များ၏ အကြီးမားဆုံး ပြဿနာမှာ ကျွမ်းကျင်လုပ်သား ရှားပါးမှု ဖြစ်လာကြောင်း ပြည်တွင်း အထည်ချုပ် လုပ်ငန်းရှင် အသိုင်းအဝိုင်းထံမှ သိရသည်။

အထည်ချုပ်ကဏ္ဍသည် အမေရိကန်၏ စီးပွားရေး ပိတ်ဆို့မှုကြောင့် အနောက်နိုင်ငံများသို့ မတင်ပို့နိုင်ခဲ့ခြင်းသည် အကြီးမားဆုံး ပြဿနာ ဖြစ်ခဲ့ပြီး အစိုးရသစ် တက်လာပြီးနောက် စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းချိန်တွင် ကျွမ်းကျင်လုပ်သား ရှားပါးမှုမှာ အဓိကပြဿနာ ဖြစ်လာခဲ့သည်ဟု ၎င်းတို့က ဆိုသည်။

အလုပ်အကိုင် အခွင့်အလမ်း ရှားပါးသော မြန်မာနိုင်ငံတွင် အထည်ချုပ် ကဏ္ဍသည် အလုပ်အကိုင် များစွာကို ပေးထားနိုင်သော်လည်း စွမ်းအားမြင့် ကျွမ်းကျင် အထည်ချုပ် လုပ်သားရရှိမှုမှာ နည်းပါးလာကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောကြားသည်။
“ဗီယက်နမ်နဲ့ မြန်မာရဲ့ လုပ်သားစွမ်းအားက နှစ်ဆကွာပါတယ်။ တရုတ်နိုင်ငံနဲ့ဆို လေးဆကွာပါတယ်” ဟု ၎င်းက ရှင်းပြသည်။

ကျွမ်းကျင်လုပ်သား ရရှိရေးအတွက် အထည်ချုပ် လုပ်သားများကို သင်တန်းများ ပေးလျက်ရှိပြီး အခြေခံအဆင့် လုပ်သားတစ်ဦးအတွက် အချိန်သုံးလနှင့် ကျွမ်းကျင်လုပ်သား တစ်ယောက် ရရှိရေးအတွက် အချိန်တစ်နှစ်ခန့် လိုအပ်သည်ဟု မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

ယင်းအပြင် အထည်ချုပ်ကဏ္ဍရှိ လုပ်သားအများစုမှာ အမျိုးသမီးများ ဖြစ်နေခြင်းကြောင့် ရွှေ့ပြောင်း လုပ်ကိုင်ရသည့် ပြဿနာများ၊ ရန်ကုန်မြို့ရှိ လူနေမှုစရိတ် ကြီးမြင့်မှုနှင့် အမျိုးသမီးများကို ဥပဒေအရ အကာအကွယ် ပေးနိုင်မှု နည်းပါးခြင်း များသည်လည်း လုပ်သားအင်အား ရှားပါးခြင်းကို ဖြစ်ပေါ်စေကြောင်း အဆိုပါ အသင်းထံမှ သိရသည်။

လစာရရှိမှု နည်းပါးခြင်း၊ ရန်ကုန်မြို့တွင် အိမ်ခန်းခဈေးများ ကြီးမြင့်ခြင်း၊ စားစရိတ်နှင့် အခြားအထွေထွေ ကုန်ကျစရိတ် များကြောင့် အဆင်မပြေကြောင်း ဧရာဝတီတိုင်းဒေသကြီးမှ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် စက်မှုဇုန် ၅ ရှိ အထည်ချုပ် စက်ရုံတစ်ခုတွင် လုပ်ကိုင်နေသည့် အထည်ချုပ် လုပ်သား အမျိုးသမီး ဒေါ်ဝင်းဝင်းမာက ဆိုသည်။

မြန်မာ့ အထည်ချုပ်လုပ်ငန်းသည် ၂၀၁၁ ခုနှစ် ဝန်းကျင်ခန့်က လုပ်ခလစာ ပြဿနာများ၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုများနှင့်အတူ အလုပ်သမားများ၏ ဆန္ဒပြမှုများကြောင့် နာမည်ဆိုး ရှိခဲ့သည်။

The Voice Weekly Myanmar

နိုင်ငံတကာသုံး ငွေပေးချေကတ်များ သုံးစွဲမှု မြင့်တက်ဟုဆို


ရန်ကုန်၊ ဇန်န၀ါရီ ၅

နိုင်ငံတကာ ငွေပေးချေ လုပ်ငန်းများနှင့် ပြည်တွင်း ပုဂ္ဂလိကဘဏ်များ ပူးပေါင်း အကောင်အထည် ဖော်ထားသော နိုင်ငံတကာတွင် သုံးစွဲနိုင်သည့် Easi Travel Master Card နှင့် Multi-Currency Travel Visa ကတ်သုံးစွဲမှုများ တဖြည်းဖြည်း မြင့်တက်လျက် ရှိကြောင်း ပုဂ္ဂလိကဘဏ် လုပ်ငန်းရှင်များက ပြောကြားသည်။

သမဝါယမဘဏ်က ၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်း စတင်အကောင်အထည် ဖော်သည့် Easi Travel Master Card သုံးစွဲသူ ခြောက်ထောင်ကျော် ရှိနေပြီ ဖြစ်ပြီး ဒီဇင်ဘာ လဆန်းပိုင်းတွင် အကောင်အထည် ဖော်ခဲ့သည့် Easi Multi-Currency Travel Visa ကတ် သုံးစွဲသူ ၁၀၀၀ ကျော်အထိ တိုးတက်လျက် ရှိကြောင်း သမဝါယမဘဏ် လီမိတက် အမှုဆောင် အရာရှိချုပ် ဦးကျော်လင်းက ပြောကြားသည်။

အမေရိကန်ဒေါ်လာ၊ စင်ကာပူ ဒေါ်လာ၊ ယူရိုစသည့် ငွေကြေးသုံးမျိုး ထည့်သွင်း သုံးစွဲနိုင်သည့် Multi-Currency Travel Visa ကတ် မြန်မာနိုင်ငံတွင် ပထမဆုံး အကောင်အထည် ဖော်ခဲ့သည့် မြန်မာ့ ရှေ့ဆောင် ဘဏ်တွင်လည်း အဆိုပါကတ်ကို သုံးစွဲသူဦးရေမှာ ငါးရာကျော် ရှိပြီး ကတ်လုပ်ရန် လျှောက်ထားထားသူ တစ်ထောင်ကျော် ရှိကြောင်း အဆိုပါဘဏ် ဒုတိယအုပ်ချုပ်မှု ဒါရိုက်တာ ဦးကျော်စိုးမင်းက The Voice သို့ ပြောကြားသည်။
“ကတ်တွေက နိုင်ငံခြားမှာပဲ သုံးလို့ရတော့ နိုင်ငံခြားသွားမယ့် သူတွေပဲ ကြိုလျှောက်ကြတယ်” ဟု ၎င်းကဆိုသည်။

ဘဏ်ဝန်ဆောင်မှုများ စားသုံးမှု နည်းပါးနေသေးသည့် မြန်မာနိုင်ငံတွင် ကတ်ငွေပေးချေမှုစနစ် အကျိုးကျေးဇူးများကို သိရှိလာပါက သုံးစွဲမှုများ ပိုမို မြင့်တက်လာမည် ဖြစ်ကြောင်း ဘဏ်လုပ်ငန်းရှင်များက ဆိုသည်။

၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ATM ကတ်များကို ပြည်တွင်းတွင် စတင်သုံးစွဲမှုရရှိပြီး ၂ နှစ်အကြာ ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် နိုင်ငံတကာရှိ ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ATM စက်များနှင့် အွန်လိုင်းစတိုးများတွင် ဈေးဝယ်နိုင်သည့် Travel ကတ်များကို စတင်သုံးစွဲခွင့် ရလာခြင်း ဖြစ်သည်။

The Voice Weekly Myanmar

ဒေါ်အောင်ဆန်းစုကြည်နှင့် မာလာလာ တွေ့ဆုံမည်


ဒေါ်အောင်ဆန်းစုကြည်နှင့် ပါကစ္စတန် ကျောင်းသူလေး မာလာလာယူဆပ်ဇာအိတို့ လာမည့် ဇန်န၀ါရီ ၁၀ ရက်နေ့တွင် တွေ့ဆုံမည် ဖြစ်ကြောင်း Indian Today ၏ သတင်းတရပ်တွင် ဖော်ပြထားသည်။ အိန္ဒိယနိုင်ငံ ပူနေးမြို့တွင် ၃ ရက်ကြာ ကျင်းပမည့် အိန္ဒိယကျောင်းသားများ ပါလီမန် (ISP) တွင် မာလာလာက ဟောပြောပို့ချမည်ဟု မျှော်လင့်ရ ကြောင်း၊ ထို့အတူ ဒေါ်အောင်ဆန်းစုကြည်လည်း မိန့်ခွန်းပြောကြားဖွယ် ရှိကြောင်း သိရှိရသည်။ ပါကစ္စတန် အမျိုးသမီးများ ပညာသင်ယူခွင့် ရရှိရေး ကြိုးပမ်းသည့် အသက် ၁၆ နှစ် အရွယ်ရှိ မာလာလာသည် ၂၀၁၂ ခုနှစ်က တာလီဘန် အကြမ်းဖက် သမားများ၏ ပစ်ခတ်ခံပြီးနောက် ကမ္ဘာတ၀န်းက ၎င်းအား လေးစား အသိအမှတ်ပြု လာခြင်း ဖြစ်သည်။

ခလရ(၃၁)တပ်ရင်းက တပ်သားတစ်စု မုဒိန်းမှု ကျူးလွန်


မွန်ပြည်နယ် ရေးမြို့နယ် ခေါ်ဇာမြို့နယ်ခွဲ  ကျုံညဲကျေးရွာနေ နိုင်ဖဒွတ်-မိကျင်ဝိုင်း တို့ ၏ သမီး မိပရွဲမွန် ကို   ခလရ(၃၁) တပ်ရင်းမှ တပ်သား သိန်းဝင် အပါအ၀င်(၃)ဦးက  (၂၄.၁၂.၂၀၁၃)ရက်နေ့ ညနေ ၇ -နာရီတွင် အဓမ္မပြုကျင့် ခဲ့ကြောင်း သိရပါတယ်။

နိုင်ဖဒွတ်-မိကျင်ဝိုင်း တို့ အိမ်ကို ခလရ (၃၁) မှ သက်ကယ် ဖက်ထိုးရန် ငှားရမ်းထားပြီး (၂၄.၁၂.၂၀၁၃)ရက်နေ့ ညနေ ၇ -နာရီတွင် တပ်သား သိန်းဝင်းအပါ (၃)ဦးတို့သည် သက်ကယ်ဖက် ဆင်းယူစဉ်တွင် နိုင်ဖဒွတ် နှင့်  မိကျင်ဝိုင်း တို့ နေအိမ်မှာ သမီးဖြစ်သူ မိပရွဲမွန်ကို အဓမ္မပြုကျင့်ခဲ့တာလို့ ဆိုပါတယ်။

သမီးဖြစ်သူ ငိုယိုးပြေးလာတာကို အဖေ နိုင်ဖဒွတ် တွေ့သွားပြီး အကြောင်းစုံ သိရှိကာ အုပ်ချုပ်ရေးမှူး နိုင်ထွန်းကြည် နေအိမ်သို့ ဖြစ်စဉ်အားလုံး အကြောင်းကြားခဲ့ပါတယ်။

ဖြစ်စဉ်ကို သိရှိပြီးသည်နှင့် ကျုံညဲကျေးရွာ အုပ်ချူပ်ရေးမှူး နိုင်ထွန်ကြည်က ရပ်မိ ရပ်ဖ အနည်းငယ်နှင့် မိပရွဲမွန်တို့ မိသားစုအား ခေါ်ကာ တပ်ရင်း(၃၁) အားသွားရောက်တိုင်းတန် ခဲ့ရာ တပ်ရင်းရုံးက တာဝန်ရှိသူများက နှစ်နာကျေး ငွေကျပ် ငါးသိန်း(၅၀၀၀၀၀)ကျပ် ပေးကာ ခြိမ်းခြောက်ပြီး  ကျေးအေးလွှာအား အတင်း လက်မှတ်ထိုးခိုင်းပေမဲ့လည်း မိပရွဲမွန် မိသားစုမှ လက်မခံခဲ့ဘူးလို့ သိရပါတယ်။

ဒါပေမဲ့ လျော်ငွေကို ရပ်မိရပ်ဖမှ လက်ခံခဲ့ပြီး (၂.၁.၂၀၁၄) နေ့တွင် မိပရွဲမွန် မိသားစု အားပေးပို့  ခဲ့ကာ ဤဖြစ်စဉ်နှင့် ပတ်သက်ပြီး အကြောင်းတစ်စုံ တစ်ခု ပေါ်ပေါက်ခဲ့ပါက ရွာမှနှင်းထုတ်မည်ဟု မိသားစုအား ခြိမ်းခြောက်ခဲ့ကြောင်း ရပ်မိရပ်ဖတွေက Myanmar News Now ကို ပြောပါတယ်။

ခလရ(၃၁)မှ ယခုလို ကိုယ်ထိလက်ရောက် မုဒိန်းမှု ကျူးလွန်းခြင်းသည် လည်းကောင်း ၊ ကျူးလွန်ပြီး ကာယကံရှင်အပေါ် ခြိမ်းခြောက်မှု ပြုလုပ်ခဲ့သည်ကို လည်းကောင်း၊ နိုင်ငံတော်၏ ငြိမ်းချမ်ရေး တည်ဆောက်မှု လမ်းစဉ်အား များစွာထိခိုက်စေသဖြင့် ဥပဒေအရ ထိရောက်စွာ အရေးယူ ဆောင်ရွက် ပေးပါရန် ကာယကံရှင် မိသားစုနှင့် ရပ်မိရပ်ဖ တွေက Myanmar News Now ပြောဆိုထားပါတယ်။
thithtoolwin

သံဃာတစ်ပါးထံမှ သိန်း ၁၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


ရန်ကုန် ၊ မဇ္ဈိမ ။ ။ တက္ကစီ စီးလာသည့် သံဃာတော် တစ်ပါးထံမှ ကျပ်သိန်း တစ်ရာ တန်ကြေးရှိသည့် မူးယစ်ဆေးဝါးများကို ဇန်နဝါရီ ၅ ရက် ညနေက သင်္ဃန်းကျွန်းမြို့နယ်တွင် ဖမ်းဆီးရမိခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ညနေ ၃ နာရီ ၄၅ အချိန်က မူးယစ်နှိမ်နှင်းရေး ရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံရဲတပ်ဖွဲ့ဝင်များက လေးဒေါင့်ကန်လမ်းနှင့် ဗဟိုလမ်းထောင့်တွင် ကြိုတင်သတင်းအရ စောင့်ဆိုင်း ဖမ်းဆီးခဲ့ကြခြင်းလည်း ဖြစ်သည်။

စောင့်ဆိုင်းနေစဉ် ပရိုဘောက် အဖြူရောင်အငှားယာဉ်အား ငှားစီးလာသူ ရဟန်းဝတ် ဦးခေမိန္ဒ(ခ)စိုးဖြူအောင် (၄၅)နှစ်နှင့် ကိုကိုဝင်း (၃၉)နှစ်ဆိုသူတို့ကို ထိန်းသိမ်းပြီး ငမိုးရိပ်အုပ်ချုပ်ရေးမှူးရုံးတွင် ခေါ်ဆောင် စစ်ဆေးခဲ့ကြသည်။

ထို့ကြောင့် ဦးခေမိန္ဒ လွယ်ထားသော ထိုင်းစာတန်းပါ အဝါရောင်လွယ်အိတ်အတွင်းမှ အစိမ်းရောင် ကြွပ်ကြွပ်အိတ်အတွင်း အဖြူရောင်ပလပ်စတစ်များနှင့် ထုပ်ထားသော ICE (၅၀၀) ဂရမ်ကို တွေ့ရှိ သိမ်းဆည်းနိုင်ခဲ့သည်။

အဆိုပါ ICE မူးယစ်ဆေးဝါးများမှာ တစ်ဂရမ်သည် ကာလတန်ဖိုး (၂၀၀၀၀)ကျပ် ရှိသဖြင့် စုစုပေါင်းတန်ဖိုးငွေကျပ် သိန်း(၁၀၀) တန်ကြေးရှိသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

ယင်းအပြင် အဆိုပါ သံဃာထံမှ လက်ကိုင်ဖုန်း (၁)လုံးတို့ကို သိမ်းဆည်းနိုင်ခဲ့သည့်အပြင် ဦးကိုကိုဝင်းထံမှလည်း လက်ကိုင်ဖုန်း (၁)လုံးတို့ကို သိမ်းဆည်းခဲ့သည်။

လက်ရှိတွင် မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိသည့် ရဟန်းကို မြို့နယ်သံဃာ့နာယကအတွင်းရေးမှူး ဆရာတော် က လူဝတ်လဲပေးခဲ့ပြီး ဥပဒေအရ အရေးယူမှု ပြုနိုင်ရန် အပ်နှံပေးခဲ့သည်။

ထို့ကြောင့် ဦးခေမိန္ဒ(ခ) စိုးဖြူအောင်နှင့် ဦးကိုကိုဝင်းတို့အပေါ် အရေးယူပေးရန် ရဲအုပ် ဝင်းနိုင်မှ တရားလိုပြုလုပ်တိုင်တန်းခဲ့သည်။

ယင်းတိုင်တန်းမှုကို မြို့နယ်ရဲစခန်းက (ပ) ၁/၂၀၁၄ဖြင့် အမှုဖွင့်ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတက်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉ (က)/၂၁ တို့ဖြင့် တရားစွဲတင်နိုင်ရန် ဖမ်းဆီးစစ်ဆေးနေသည်။

ဇော်ဇော်ထွေး
Mizzima Burmese

ဒဂုံငမိုးရိပ်တံတားအနီး ဂက်စ်လိုင်းပေါက်ရာမှ မီးလောင်ကျွမ်းမှုဖြစ်


ရန်ကုန်၊ မဇ္ဈိမ ။ ။ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ငမိုးရိပ်တံတား (သင်္ကန်းကျွန်း) အဆင်း အမှတ် ၂ လမ်းမကြီးဘေးရှိ ချမ်းသာကွန်ကရစ် ကုမ္ပဏီအနီးတွင် ဂက်စ်ပိုက်လိုင်းပေါက်၍ ဇန်နဝါရီ ၅ရက် ည ၁၁ နာရီခန့်က မီးလောင်မှု ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။

"မီးတောက်နေတဲ့ ဘေးမှာ ထရန်စဖောင်မာရှိတယ်။ ဖောက်ဆိုတဲ့ အသံကြားတယ်။ မီးသတ်ကားတွေ လာတာ နောက်ကျတယ်။ အဲဒီနားမှာ ရေကလည်းမရှိဘူး။ သဲကလည်း မရှိဘူး။ ပြည်သူအနေအနဲ့ ကြည့်ရုံသက်သက်ပဲရှိတယ်။ မီးလောင်မှုဖြစ်ရင် အနီးရှိလူတွေက ဖုန်းဆက်ပါ။ မီးလောင်တဲ့ နေရာမှာဘိလပ်မြေစက်ရုံတစ်ခုပဲရှိတယ်။ အိမ်ခြေစိပ်တဲ့ နေရာမှာဆို စိုးရိမ်ရတယ်" ဟု မီးလောင်မှုကို ရဲစခန်းသို့ အကြောင်းကြားခဲ့သည့် ပြည်သူတစ်ဦးက ပြောသည်။

မီးလောင်ကျွမ်းမှုသည် ဂက်စ်ပိုက်လိုင်း ယိုစိမ့်ကာ ဂက်စ်များပျံ့နှံ့နေစဉ် လမ်းသွားလမ်းလာတစ်ဦး၏ ပေါ့ဆမီးကြောင့် မီးလောင်မှု စတင်ဖြစ်ပွားရခြင်းကြောင်း မီးသတ်ဦးစီးဌာနက တာဝန်ရှိသူက ခန့်မှန်းပြောဆိုသည်။ မီးလောင်မှုကြောင့် 185mm ကေဘယ်ကြိုးနှင့် 5mခန့်ကြိုး နှစ်ချောင်း မီးလောင်ခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုးမှာ ငါးသိန်းဖိုးခန့်ရှိသည်ဟု မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။

ယင်းမီးလောင်မှုကို ငြှိမ်းသတ်ရန် မီးသတ်ယာဉ် ၂၃ စီး၊ မီးသတ်စက်ယာဉ် ၂ စီး၊ အထောက်အကူပြုယာဉ် ၄ စီး၊ ကွက်ကဲမှုယာဉ် သုံးစီး၊ သန္ဒေမီးသတ်တပ်ဖွဲ့ဝင် ၁၆၂ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၆၂ ဦး၊ ကြက်ခြေနီတပ်ဖွဲ့ဝင် ၆၀ ဦး တို့ဖြင့် သွားရောက်မီးငြှိမ်းသတ်ရာ ဇန်န၀ါရီ ၆ရက် နံနက် ၁နာရီတွင် မီးငြိမ်းသွားခြင်း ဖြစ်သည်ဟု ဆိုသည်။ မီးငြိမ်းသတ်ရာတွင် ရေဂါလန် ၁၇၂၅၀၀၊ Foam ဆေးရည်ဂါလန် ၃၀ အသုံးပြုခဲ့သည်။

အဆိုပါမီးလောင်မှု ဖြစ်စဉ်တွင် အရေးယူခံရသူမရှိဟု ဆိုသည်။

Written by နန်းမြင့်
Mizzima Burmese

ရန်ကုန်နည်းပညာ တက္ကသိုလ်တွင် ဂျပန်ဧည့်ပါမောက္ခ နှစ်ရာကျော် လာရောက်ပို့ချမည်


ရန်ကုန်၊ ဇန်နဝါရီ ၅

တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး သူများထဲက ထူးချွန် ကျောင်းသားများအတွက် သီးသန့် ဖွင့်လှစ်ထားသော ရန်ကုန် နည်းပညာတက္ကသိုလ်တွင် လာမည့် ငါးနှစ်အတွင်း ဂျပန်နိုင်ငံမှ ဧည့်ပါမောက္ခ နှစ်ရာကျော် လာရောက် ပို့ချရန် သဘောတူညီမှု ရရှိထားကြောင်း ရန်ကုန်နှင့် မန္တလေး နည်းပညာ တက္ကသိုလ်များ အဆင့်မြှင့်တင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးညီလှငယ်က ပြောကြားသည်။

ဂျပန် ဧည့်ပါမောက္ခများကို ဘာသာရပ်အလိုက် စေလွှတ်ပေးရန် ဂျပန်အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) က စီစဉ်ပေးခြင်း ဖြစ်ပြီး အင်ဂျင်နီယာ ဘာသာရပ် အားလုံးအတွက် ရည်ရွယ်ကြောင်း၊ တက္ကသိုလ်၏ လိုအပ်ချက်ပေါ် မူတည်ပြီး စေလွှတ်ပေးရန် သဘောတူညီထားကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။
“နိုင်ငံခြားက ဆရာတွေ စေလွှတ်တဲ့အခါ တကယ်ကျွမ်းကျင်တဲ့ ဆရာတွေ လွှတ်တာမျိုး ရှိတယ်။ ဆရာ ဖြစ်ခါစလေးတွေ လွှတ်တာမျိုးတွေလည်း ရှိတယ်။ အဲ့ဒီတော့ တကယ်ကျွမ်းကျင်တဲ့ ဆရာတွေ ဖြစ်နေဖို့တော့ လိုတာပေါ့” ဟု အင်ဂျင်နီယာ ကျောင်းသားဟောင်း တစ်ဦးက The Voice သို့ ပြောဆိုသည်။

သင်ကြားရေးအတွက် ရန်ကုန်နည်း ပညာတက္ကသိုလ်သည် တိုကျိုနည်းပညာ တက္ကသိုလ် အပါအဝင် ဂျပန်တက္ကသိုလ် ခြောက်ခုနှင့် နားလည်မှု စာချွန်လွှာ ရေးထိုးထားပြီး အင်ဂျင်နီယာ ဘွဲ့ရကျောင်းသားများအတွက် အမေရိကန်၊ ဗြိတိန်နှင့် အီတလီနိုင်ငံ ကုမ္ပဏီများက ကမ်းလှမ်းမှုအချို့ ရှိကြောင်း အဆိုပါ တက္ကသိုလ် အသိုင်းအဝိုင်းထံမှ သိရသည်။

အနှစ်နှစ်ဆယ်နီးပါး ရပ်နားထားသော ရန်ကုန် နည်းပညာ တက္ကသိုလ်ကို ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် ပြန်လည် ဖွင့်လှစ်ခဲ့ပြီး ဘွဲ့ကြိုကျောင်းသား၊ ကျောင်းသူ အပါအဝင် ပါရဂူတန်းများအတွက် ပြည်ပ တက္ကသိုလ်များနှင့် ကျောင်းသား ဖလှယ်ရေး အစီအစဉ် များလည်း ဆောင်ရွက်လျက် ရှိသည်။

The Voice Weekly Myanmar

၂၀၁၄ တွင် GSM လိုင်း လေးသန်း တိုးချဲ့မည်ဟုဆို


ရန်ကုန်၊ ဇန်နဝါရီ ၅

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက ၂၀၁၄ ခုနှစ်အတွင်း မြန်မာ တစ်နိုင်ငံလုံးတွင် GSM/UMTS (Universal Mobile Telephone System) မိုဘိုင်းလ်ဖုန်းလိုင်းလေးသန်း ထပ်မံတိုးချဲ့မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ အကြီးတန်း အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။
“ဒီတိုးချဲ့တဲ့ လုပ်ငန်းတွေ အပြီးသတ်ဖို့ကို ဇွန်၊ ဇူလိုင်လောက်တော့ အပြီးသတ်နိုင်မယ်လို့ မှန်းထားတယ်” ဟု ၎င်းကဆိုသည်။

ယင်းမိုဘိုင်းလ်ဖုန်းလိုင်း လေးသန်းတွင် GSM စနစ်နှင့် 3G စနစ်နှစ်မျိုးလုံး ပါဝင်မည် ဖြစ်ပြီး အဆိုပါလိုင်းများ အားလုံးပြီးပါက မြန်မာတစ်နိုင်ငံလုံးတွင် တယ်လီဖုန်းလိုင်း အရေအတွက် ခန့်မှန်းခြေ ၁၀ သန်းခန့် ရှိလာမည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနထံမှ သိရသည်။

ယခုရက်ပိုင်းအတွင်း ဖုန်းလိုင်းများ မကောင်းရခြင်းမှာ လိုင်းတိုးချဲ့နေခြင်းကြောင့် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း မိုဘိုင်းလ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“လိုင်းတိုးချဲ့တာက ပြဿနာ မဟုတ်ပါဘူး။ လိုင်းတိုးချဲ့တိုင်း ဒီလိုခေါ် မရပြုမရ ဖြစ်နေရင်တော့ ရေရှည်မှာ မကောင်းဘူး” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အငြိမ်းစားအရာရှိ ဦးသန်းဦးက ဆိုသည်။

The Voice Weekly Myanmar

ပြည်သူများ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်နိုင်မည့် သီးသန့်နေရာများ တစ်နိုင်ငံလုံးတွင် ပြုလုပ်ပေးရန် ဦးမင်းကိုနိုင် တောင်းဆို


ရန်ကုန် ၊ ဇန်နဝါရီ ၅ ။ ။ ပြည်သူများ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်နိုင် ရန်အတွက် သီးသန့်နေရာများ ကို တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ပြုလုပ်ပေး ရန် ၈၈မျိုးဆက်(ငြိမ်း /ပွင့်)မှ ဦးမင်းကိုနိုင်က တောင်း ဆိုလိုက်ကြောင်း သိရသည်။ ဒီမိုကရေစီ စံနှုန်းများနှင့် ကိုက်ညီမှုမရှိသည့် ဥပဒေများကို ပယ်ဖျက်ပေးရန်အတွက် ဇန်နဝါရီ ၅ရက်က မဟာဗန္ဓုလ ပန်းခြံဘေးနှင့် ယခင် တရားရုံးချုပ်ဟောင်းကြားရှိနေ ရာ၌ပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

''ပြည်သူလူထု အခွန်အခ မတတ်နိုင်ဘူးဆိုတာကို အဲဒီမှာ စုရုံးခွင့်၊ ဟောပြော နိုင်ခွင့်အတွက် နေရာတွေကို မြို့တိုင်းရွာတိုင်းမှာ ရှိအောင် ကျွန်တော်တို့ပြန်တောင်း ဆိုရမယ်။ တောင်းကိုတောင်းရ မယ်။ နိုင်ငံသားအခွင့်အရေးအ ပြည့်အဝ ရဖို့ဆိုရင် ကျွန်တော်တို့ ထုတ်ဖော်နရမယ်။ နေရာပေး ပါ။ စည်ပင်သာယာကပေးမလား၊ အိုးအိမ်ကပေးမလား ဘယ်သူပေး ပေး၊ အုပ်ချုပ်တဲ့အစိုးရပေးမလား။ ဘယ်သူပေးပေး ပြည်သူလူထုနေ ရာတွေကို ပြန်ပေးဖို့တောင်းဆိုပါ တယ်''ဟု ဦးမင်းကို နိုင် က တောင်း ဆိုခဲ့သည်။

ပြည်သူလုထု ဆိုသည်မှာ တိုင်းပြည်၏ အရှင်သခင်ဖြစ်သည့် အတွက် အရှင်သခင်ကျေနပ်မှုမ ရှိသည့်အကြောင်းအရာကို ချက် ချင်း ပြောဆိုတောင်းဆိုနိုင်ရန်အ တွက်နေရာလိုအပ်ကြောင်း ယင်း က ဆက်လက်ပြောသည်။ ''ဥပဒေဆိုတာ ပြည်သူ ရဲ့ အပေါ်က ကျလာတာဖြစ်နေတယ်။ နောက်နောင်မှာ ဥပဒေဆိုတာ ပြည်သူက ပြဋ္ဌဌာန်းတာဖြစ်အောင် လို့ ကျွန်တော်တို့အားလုံးဝိုင်းဝန်း ပါဝင်ပူးပေါင်း ကြိုးစားသင့်တယ်'' ဟု ဦးကိုကိုကြီးက ပြောသည်။

၈၈မျိုးဆက်(ငြိမ်း/ပွင့်)မှ ဦးမြအေးက ''ဒီနေ့ပွဲဟာ နောင် လာမယ့် ဆန္ဒပြပွဲတွေအတွက်အ တုယူစရာဖြစ်လာမှာပါ။ ကျွန်တော် တို့ပြည်သူတွေဟာ စည်းရှိကမ်း ရှိဆန္ဒပြတတ်တယ်ဆိုတာ ကြွေး ကြော်တဲ့ပွဲဖြစ်ပါတယ်''ဟု ပြည်သူ လူထုအား ဟောပြော ခဲ့သည်။ အဆိုပါဆန္ဒပြမှုသည် ၈၈ မျိုးဆက်(ငြိမ်း/ပွင့်)မှ ဦးဆောင် ခြင်းဖြစ်ပြီး ゞင်းတို့မှဦးဆောင်မှု ဖြင့် လူမှုအဖွဲ့အစည်းပေါင်း ၅၉ဖွဲ့ မှ ပူးပေါင်းပါဝင်ခဲ့ကြခြင်းဖြစ်ပြီး သက်ဆိုင်ရာမှာ တရားဝင်ခွင့်ပြု ချက်ဖြင့် ပြုလုပ်ခဲ့ကြ ခြင်းဖြစ် သည်။

ထို့ပြင် လွှတ်တော်ကိုယ်စား လှယ်များလည်း တက်ရောက်ခဲ့ပြီး ပြည်သူများက တခဲနက်အားပေး ထောက်ခံခဲ့ကြကာ ဦးမင်းကိုနိုင် က တက်ရောက်လာသောပြည်သူ များသို့ ''ဒီထဲမှာ ၃ဝဝဝရလို့တက် တဲ့သူတွေပါလား။ တစ်အိမ်တစ် ယောက်နှုန်း ဖြင့် မတက် မနေရ၊ မတက်ရင် တည်ဆဲဥပဒေအရအ ရေးယူမယ်ဆိုလို့ တက်တဲ့သူများ ပါသလား''ဟု မေးမြန်းခဲ့သည်။ ယင်းဆန္ဒပြပွဲအား ယခင် က ဇန်နဝါရီလ၄ရက်(လွတ်လပ် ရေးနေ့)တွင် ပြုလုပ်ရန်ခွင့်ပြုမိန့် တင်ခဲ့သော်လည်း သက်ဆိုင် ရာ မှ ညှိနှိုင်းမှု ကြောင့် ယခုကဲ့သို့ ဇန် နဝါရီ၅ရက်သို့ ပြောင်းလဲပြုလုပ် ခဲ့ခြင်းဖြစ်သည်။

ရွှေရည်မဉ္ဇူ၊ နန်းသီတာဝင်း
Yangon Media Group

ဆိုင်းဘုတ်နိုင်ငံ


”အလုပ်မရှိက ဘဝမရှိနိုင်၊ ဘဝ ကို အလုပ်ဖြင့်တည်ဆောက်”၊ ”သင့် အားနေရာတိုင်းတွင် စစ်ဆေးနေသည်”၊ စည်းကမ်းမှန်သမျှ လိုက်နာကြ”၊ ”သင့် ကြောင့် သူတစ်ပါး မိသားစု မပြိုကွဲပါစေ နှင့်”၊ ” စည်းကမ်းလိုက်နာပါ၊ နေရာ တိုင်းမှာ လျှို့ဝှက်ဖမ်းဆီးနေသည်”၊ ”ဘယ်သူမှားမှား၊ ကိုယ်ကရှောင်”၊ ”အ ပြုံးနှင့်မေတ္တာ ပေါင်းစပ် ဝန်ဆောင် ပါ”၊ ”အမျိုးသမီးများကို ဦးစားပေးပါ၊ စောင့် ရှောက်ပါ၊ တန်ဖိုးထားပါ”၊ ”ဆေးလိပ် မသောက်ရ၊ ကွမ်းမစားရ”၊ ”ကျေနပ်မှု မရှိက ဖုန်း ….ကိုတိုင်ပါ”၊ ”မြို့တွင်း တစ်နာရီမိုင် (၂ဝ)ထက် ပိုမမောင်းရ”၊ ”သင့်အား အိမ်ပြန်ချိန်တွင် သင်၏ဇနီး၊ သားသမီး၊ မိဘ၊ ညီအစ်ကိုမောင်နှမ များက စောင့်ကြိုနေသည်” ဤသည် တို့မှာ ရန်ကုန်မြို့ တွင် ပြေး ဆွဲနေသော ခရီးသည်တင်ယာဉ်တစ်စီးအတွင်း ချိတ် ဆွဲထားသော ဆိုင်းဘုတ်များဖြစ်ပါ သည်။

ထို့အတူ ရုံးဌာနများ၊ ကျောင်း များ၊ မီးရထားသင်္ဘောများတွင်လည်း အလားတူ မိမိတို့နှင့်သက်ဆိုင်သည်၊ မသက်ဆိုင်သည်အပထား ဆိုင်းဘုတ် များရေးဆွဲထားသည်မှာ မျက်စိရှုပ်စရာ ပင်ဖြစ်ပါသည်။ အမြင်ကောင်းရုံသာ ဖြစ်ပါသည်။ တစ်ခုမျှမလိုက်နာပါ။ တစ်ခုမျှလည်းမထိရောက်ပါ။ ဒါက လည်း အားလုံးအသိပင်ဖြစ်ပါ သည်။အစိုး ရကျောင်းတစ်ကျောင်း ဝင် သွားလျှင် ပထမတွေ့ရသည်က ”ပညာ ရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့”ဟူ၍ အင်္ဂလိပ်၊ မြန်မာနှစ် ဘာ သာဖြင့် ရေး ထိုးကာ ဆိုင်းဘုတ်အကြီးကြီးတစ်ခုကို ကျောင်းတိုင်းတွင် တွေ့ရသည်မှာ ရာစု နှစ် နှစ်ဝက်ခန့်ပင်ဖြစ်ပါသည်။ ခေတ်မီ ဖွံ့ဖြိုးတိုးတက်ေ သာ နိုင်ငံေ တ်ာကြီး ဖြစ် မဖြစ်တော့မသိပါ။ တိုင်းပြည်ကအဆင်း ရဲဆုံးနိုင်ငံဘဝ ရောက်ရှိခဲ့ပါသည်။

ဒါကလည်း ယင်းခေတ်၏ စနစ် အခြေအနေအရဟု ကျွန်တော်သဘော ပေါက်ပါသည်။ ကွန်မြူနစ်နိုင်ငံ၊ စစ် အာဏာရှင်နိုင်ငံတို့သည် သူတို့၏စည်း ရုံးလှုံ့ဆော်ရေးမှာ ဆိုင်းဘုတ်ကြီးကြီး ဆောင်ပုဒ်များများ စိုက်ထူဖို့ပင် ဖြစ်ပါ သည်။ လမ်းတစ်လမ်းဖောက်မည်၊ လမ်း အချောခင်းမည်ဆိုလျှင် ကနဦးဆိုင်း ဘုတ်က ”နိုင်ငံတော်အကြီး အကဲ၏ လမ်းညွှန်မှုဖြင့် ဤလမ်းကိုဖောက်လုပ် သည်”ဟု ပထမဆိုင်းဘုတ်တင်လိုက် သည်။ ဤသို့တင်လိုက်လျှင် မည်သူမျှ လည်း မနှောင့်ယှက်တော့၊ မလွတ်မ က င်းဖြစ်တာများကိုလည်း အလွယ်တ ကူဖယ်ရှားနိုင်ပါသည်။ ဒါက စစ်အစိုးရ လက်ထက်က ဖြစ်ပါသည်။

သို့သော် ယခုတိုင် ဆိုင်းဘုတ်က မငြိမ်သေးပါ။ ယခင်က နိုင်ငံတော် အကြီးအကဲ၊ ယခုတော့ သမ္မတကြီး၏ လမ်းညွှန်မှုဖြင့်ဟု လွယ်လွယ်သုံးကာ လုပ်ကိုင်နေကြပြန် ပါ သည်။ သမ္မတ ကြီးက လမ်းညွှန်မှုပြု၊ မပြုတော့မသိပါ။ ကာယကံရှင်များသာ သိပါမည်။ အချို့ ကိစ္စများတွင် သမ္မတကြီးကို လိုတာထက် ပိုပြီး အမွှန်းတင်ရာရောက်ေ နပါ သည်။ ဟိုတစ်လောက သမ္မတကြီး နိုင်ငံခြားက ပြန်လာတော့ ပြည်သူပိုင်သတင်းစာ များတွင် ဒီမိုကရေစီသူရဲကောင်းပုံစံရေး သားသဖြင့် အချို့သော မီဒီယာများ ၏ ထောက်ပြဝေဖန်ခြင်းကို ဖတ်ရှုလိုက်ရ ပါသည်။

”လာဘ်ပေးလာဘ်ယူမပြုရ”ဆိုင်း ဘုတ်အောက်တွင် လာဘ်ယူနေသည်။ ”ဈေးမရောင်းရ၊ တွေ့ရှိက ဒဏ်ငွေ ၁ဝဝဝဝ”ဆိုင်းဘုတ်အောက်တွင် ဈေး ရောင်းနေသည်။ ”အမှိုက်မပုံရ တွေ့ရှိ က ဒဏ်ငွေ ၁ဝဝဝဝ” အောက်တွင် အမှိုက်ပုံကြီး ဟီးထနေသည်။ ”အဝေး ပြေးကားလမ်းပေါ် ဆိုင်ကယ်မစီးရ၊ တွေ့ရှိက ဥပဒေအရအရေးယူမည်” ဆိုင်းဘုတ်အောက်တွင် ဆိုင်ကယ်စီးနေ သည်။ အခြားရေးလျှင် ကုန်ဖွယ်ရာမရှိပါ။ ကျွန်တော့်ဆိုလိုရင်းက ကျွန်တော်တို့ တိုင်းပြည်သည် ဆိုင်းဘုတ်ကိုနေရာ တကာသုံး သည်။ ပေါ်လစီကိစ္စသုံး သည်။ အကြီးအကဲလမ်းညွှန်မှု သုံး သည်။ ဒို့တာဝန်အရေး (၃)ပါးသုံးသည်။ ဌာနဆိုင်ရာအမိန့်ကြော်ငြာသုံးသည်။ အဖွဲ့အစည်း၏ေ ဆာင်ပုဒ် သုံးသည်။ ရန် ကုန်မြို့နှင့်တကွ နယ်မြို့များတွင်ပါ တွေ့ရသည်။ သို့သော် တစ်ခုမျှ မထိ ရောက်ပါ။

ဒို့တာဝန်အရေး(၃)ပါးကို ကျွန် တော်ရုပ်မြင်သံကြား၊ သတင်းစာ၊ ရေဒီ ယို၊ ဆိုင်းဘုတ်များတွင် အစဉ်တွေ့သိ ကြားမြင်နေရသည်။ နေ့စဉ်ထုတ် အစိုးရသတင်းစာများတွင် လည်း မျက် နှာဖုံးထိပ်ဆုံးက ဦးဦးဖျားဖျားနေ့တိုင်း ဖတ်ရပါသည်။ သို့သော် ပြည်တွင်း ငြိမ်း ချမ်းရေးကို ယခုတိုင်မတည်ဆောက် နိုင်၊ ဒုတိယအချက်ဖြစ်သည့် ”တိုင်းရင်း သားစည်းလုံးညီညွတ်မှု မပြိုကွဲရေး”ကို ယခုတိုင် မတည်ဆောက်နိုင်ပါ။ ပါးစပ် က အော်နေရုံနှင့် မပြီးပါ။ ဆိုင်းဘုတ် ထောင်နေရုံဖြင့် မပြီးပါ။ အမှန်တကယ် ညီညွတ်ရေး တည်ဆောက်နိုင်ရပါမည်။ ကြားကောင်းရုံ မဖြစ်သင့်ပါ။ ညှိနှိုင်း နေတာလည်း အစိုးရသက်တမ်း တစ် ဝက်ကျော်ပြီ။

ယခုတိုင်မပြီးပြတ်သေးပါ။ အပစ်အခတ်ရပ်စဲရေး (၁၄)ဖွဲ့ထက်မပို ပါ။ အကောက်အကောက်ချင်း ချိတ်လို့ ပဲဖြစ်ဖြစ်၊ အကောက်နှင့်အဖြောင့်ချိတ် လို့ပဲဖြစ်ဖြစ် ယခုတိုင် ညှိနှိုင်းမရတာက တော့ ”တိုင်းရင်းသား စည်းလုံးညီညွတ် မှုမပြိုကွဲရေး”ဆောင်ပုဒ်ကို စိန်ခေါ်နေ တာဖြစ်ပါသည်။ အဖြောင့်အဖြောင့်ချင်း ညှိနှိုင်းလျှင်တော့ ယခုလောက် ဆို ပြေ လည်ဖို့ကောင်းပြီဖြစ်ပါသည်။ ဘယ်သူ  မှား၊ဘယ်သူမှန်တာကိုတော့ ကျွန်တော် မဝေဖန်ပါ။ ဒါပေမဲ့ အစိုးရကဦးစားပေး ရေးပြီး အမြဲကြွေးကြော်နေ သည့် ဒို့ တာဝန်အရေး(၃)ပါး ဆောင်ပုဒ်ကိုတော့ အားနာဖို့ကောင်းပြီဖြစ်ပါသည်။ ယခု တော့ ကျွန်တော်မြန်မာဗီဒီယိုကား မကြည့်၍ မသိတော့ပါ။ ဟိုတုန်းကဆို လျှင် ဗီဒီယိုဇာတ် ကားဖွင့်လျှင် ”ဒို့တာ ဝန်အရေးသုံးပါး” ”နိုင်ငံရေးဦးတည် ချက် (၄) ရပ်”ကို အရင်ကြားရသည်။ ယခုတော့ ”ဒို့တာဝန်အရေးသုံးပါး”က တော့ပါဦးမည်။ ”နိုင်ငံရေးဦးတည် ချက် (၄)ရပ်”ကတော့ ဖွဲ့စည်းပုံ အခြေခံဥပ ဒေပေါ်ပေါက်ပြီးဖြစ်၍ ပါမည်တော့ မဟုတ်ပါ။

ထို့ကြောင့် ကျွန်တော့်ဆောင်းပါး ကို နိဂုံးချုပ်ရလျှင် လူကြားကောင်းရုံ၊ ရုပ်ပြကောင်းရုံသက်သက်ဖြင့် ”ဆိုင်း ဘုတ်နိုင်ငံ”အဖြစ်သာမကြိုးပမ်းဘဲ ”အ လုပ်နိုင်ငံ”အဖြစ် ကူးပြောင်းကြိုးပမ်းကြ ဖို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါသည်။

ဘိုကြီး
Popular Journal