နိုင်ငံတ၀န်း ရေလွှမ်းမှု အန္တရာယ် ကြုံနိုင်သည့် ဒေသများ တိုးလာရန်ရှိ


ကျော်ခ| July 30, 2013

ယမန်နေ့က ရေနစ်မြုပ်နေသည်ကို တွေ့ရှိရသည့် ထိုင်း-မြန်မာ နယ်စပ် မြ၀တီမြို့ (ဓာတ်ပုံ – ပြည်တော်မြင့် / ဧရာဝတီ)
ဘင်္ဂလား ပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းနေသဖြင့် မြန်မာနိုင်ငံ အတွင်း ရေလွှမ်းမိုးမှု အန္တရာယ်နှင့် ကြုံတွေ့ နိုင်သည့် ဒေသများ တိုးလာမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ပညာရှင်များက ယနေ့ ပြောဆိုလိုက်သည်။

ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ကယား ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကချင် ပြည် နယ် က နေရာတချို့တွင် ယခုလ ၂၃ ရက်နေ့မှစပြီး မိုးရွာသွန်းခဲ့ရာ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် တို့တွင် ရေလွှမ်းမှုဖြင့် ကြုံခဲ့ရသည်။ မိုးရွာသွန်းနိုင်သည့် ဖြစ်စဉ်ကြောင့် ကျန်ပြည်နယ်နှင့်တိုင်း ဒေသတချို့တွင်ပါ ရေလွှမ်းမှု အန္တရာယ်နှင့် ဆက် လက် ကြုံနိုင်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာ ဦးထွန်းလွင် ထုတ်ပြန်ထားသည်။

ဒေါက်တာ ထွန်းလွင် က “လောလောဆယ် ရေကြီးနိုင်တဲ့ ဒေသက ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ချင်းပြည်နယ် တောင်ပိုင်း၊ မကွေးတိုင်း အနောက်ပိုင်း၊ ဧရာဝတီတိုင်း တောင်ပိုင်း၊ ပဲခူးတောင်ပိုင်း၊ ရန်ကုန်တောင်ပိုင်း၊ မွန်ပြည်နယ်၊ ကရင် ပြည်နယ် တောင်ပိုင်းနဲ့ တနင်္သာရီမြောက်ပိုင်း အဲဒီဒေသတွေက ရေကြီးမှုအန္တရာယ် အများဆုံးနေရာပဲ၊ အဓိက ကတော့ မုတ်သုံ ကောင်းလို့ပါ၊ မိုးကတော့ သြဂုတ်လဆန်း ၄ ရက်နေ့ လောက် အထိ ကောင်းနိုင်ပါသေးတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ဒေါက်တာ ထွန်းလွင်သည် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယခင် ညွှန်ကြားရေးမှူးချုပ် ဖြစ်ခဲ့ပြီး မိုးလေဝသ အခြေ အနေ များကို စောင့်ကြည့်လေ့လာ၍ ၎င်း၏ အင်တာနက် ဝက်ဘ်ဆိုက်နှင့် လူမှုကွန်ရက် Facebook တို့မှတဆင့် ထုတ်ပြန်ပေး လျက် ရှိသည်။

ယခုလအတွင်း ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်း ရပ်ဝန်း ၄ ကြိမ်ဖြစ်ပွားခဲ့ရာ ထိုမှတဆင့် မုတ်သုံလေ အားကောင်းမှုဖြစ် လာပြီး မြန်မာနိုင်ငံတွင်းရှိ ပြည်နယ်နှင့်တိုင်း တချို့တွင် မိုးရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးချစ်ကျော် ကလည်း ပြောသည်။

ယခုအခါ ဘင်္ဂလား ပင်လယ်အော် အနောက်မြောက်ပိုင်း၌ ၅ ကြိမ်မြောက် လေဖိအားနည်း ရပ်ဝန်းတခု ဖြစ်ပေါ်လာနိုင်သော အခြေအနေတခုအား ယနေ့ မွန်းလွဲပိုင်းတွင် တွေ့မြင်နေရကြောင်း အဆိုပါ လေဖိအားနည်း ရပ်ဝန်း အားကောင်းလာပါက မြန်မာနိုင်ငံ တွင်း မိုးပိုမို ရွာသွန်းနိုင်ပြီး ရေလွှမ်းမှု ပိုလာနိုင်ကြောင်း ဦးချစ်ကျော်က ဆက်ပြောသည်။

သူက “ဒီလေဖိအားနည်းရပ်ဝန်းလေး ဖြစ်မယ့် တိမ်တိုက်ဟာ မဖြစ်ဘဲနဲ့ ပင်လယ်ထဲမှာပဲ မိုးရွာချပြီး ပျက်သွားတယ်ဆိုရင်တော့ အခုမိုးရွာနေတဲ့ ဖြစ်စဉ်ဟာ နောက် ၁ ရက် ၂ ရက်ဆိုရင်လျော့သွားပြီ၊ အဲဒါဆိုရင်တော့ ဘေးအန္တရာယ်က မြန်မြန်လွတ်မြောက် သွားမှာပေါ့”ဟု ဧရာဝတီသို့ ပြောသည်။

မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာန ၏ ယနေ့ညနေ ၃ နာရီခွဲ ထုတ်ပြန်ချက်အရ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ဆက်လက် တည်ရှိနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ ပိုမိုအားကောင်းလားကြောင်း နောက်ဆုံး ထုတ်ပြန်ချက်၌ တွေ့ရှိရသည်။

မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာန၏ ယနေ့အထိ ခန့်မှန်း ထုတ်ပြန်ချက်တွင် စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မန္တလေးတိုင်း တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ် တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းနှင့်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း ထုတ်ပြန် ထားသည်။

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် ဒေသအလိုက်နှင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်း ထုတ်ပြန်ထားပြီး မြန်မာ့ ကမ်းရိုးတန်း တလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ကြောင်းနှင့် မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တနာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

မိုးအဆက်မပြတ် ရွာသွန်းပြီး ရေကြီးမှုဖြစ်ပွားရာ နေရာများတွင် မြေပြိုမှု၊ မြစ်ရေလျှံမှု၊ လမ်းများပြိုကျ ပျက်စီးမှု၊ လယ်ကွင်းများ ရေမြှုပ်မှုနှင့် လူနှင့် တိရစ္ဆာန်များ ရွှေ့ပြောင်းခိုလှုံနေရမှုတို့ ရှိနေကြောင်း၊ ယမန်နေ့က တိုင်းထွာချက်အရ ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် နှင့် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တို့တွင် မိုးရေချိန် စံချိန်သစ် တင်သည်အထိ ရွာသွန်းခဲ့ပြီး ရေလွှမ်းခဲ့ကြောင်း ဦးချစ်ကျော် ကပြောပြသည်။

နိုင်ငံအတွင်း မိုးကြီးနိုင်ကြောင်း နိုင်ငံပိုင် သတင်းစာများ၊ ရုပ်သံများနှင့် ရေဒီယိုများမှတဆင့် ယခုလဆန်းပိုင်း ကတည်းက မကြာ ခဏ အသိပေး ကြေညာထားသကဲ့သို့ ပြည်တွင်း၊ ပြည်ပ သတင်းဌာနများနှင့်လည်း မိုးလေဝသ အခြေအနေများနှင့် ပတ်သက်ပြီး ဖြေကြားခဲ့ကြောင်း ယနေ့အထိ ရေကြီးမှုကြောင့် လူသေဆုံးမှု မရှိသေးကြောင်း အစိုးရ မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာန က ပြောသည်။

ထို့အတူ မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာန ၏ အင်တာနက် ဝက်ဘ်ဆိုက်တွင်လည်း ရာသီဥတု နောက်ဆုံးအခြေအနေများကို ထုတ်ပြန်ထားပြီး ဧရာဝတီ၊ ဒုဋ္ဌဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ ရွှေကျင်၊ သံလွင်၊ ပဲခူးနှင့် ငဝန်မြစ် များ၏ ရေကြီးနိုင်မှုအခြေအနေများ ကိုလည်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံအတွင်း မြို့များ၊ ကျေးရွာများနှင့် လမ်းများ မိုးရွာသွန်းမှုကြောင့် ရေကြီးမှုအန္တရာယ်နှင့် ရင်ဆိုင်နေရချိန်တွင် ထိုင်း-မြန်မာ နယ်စပ်ရှိ တာချီလိတ်မြို့နှင့် မြဝတီမြို့များတွင်လည်း ရေလွှမ်းမှု ဒဏ်ကိုခံနေရပြီး ဈေးဆိုင်များ၊ စားသောက်ဆိုင်များ နှင့် ကျောင်းများကို သွားလာရန် အခက်ကြုံနေကြကြောင်း စုံစမ်းသိရှိရသည်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်နှင့် မြဝတီမြို့တို့တွင် ရေကြီးမှုကြောင့် ထောင်နှင့်ချီသော ရေဘေးဒုက္ခသည်များ ရေဘေးလွတ် ရာသို့ သွားရောက်ခိုလှုံ နေကြရပြီး မြန်မာနိုင်ငံသား အများစု အလုပ်လုပ်ကိုင်နေကြသော ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင်လည်း ရေကြီးမှုကြောင့် စက်ရုံ၊ စားသောက်ဆိုင်၊ ဆောက်လုပ်ရေး လုပ်ငန်းနှင့် တောင်ယာလုပ်ငန်းများ လုပ်ကိုင်ရန် အခက်ကြုံနေရကြောင်းလည်း သိရသည်။

ကုန်းတွင်းအင်တာနက်ဆက်ကြောင်း ပြင်ဆင်ပြီးပါက အမြန်နှုန်းစောင့်ကြည့်မည် ပြန်လည်ကောင်းမွန်လျှင် ရေအောက်ဆက်ကြောင်း ပြုပြင်ရန်မလို

ချိုကို | အင်္ဂါနေ့၊ ဇူလိုင်လ ၃၀ ရက် ၂၀၁၃ ခုနှစ် ၁၉ နာရီ ၄၃ မိနစ်

ဇူလိုင် ၂၂ ရက်က စတင်ပြတ်တောက်ခဲ့သည့် Sea Me We 3 ရေအောက်အင်တာနက်ဖိုင်ဘာဆက် ကြောင်း ပြင်ဆင်မှုတွင် ကုန်းတွင်းအင်တာနက်ဆက်ကြောင်းကို ပြင်ဆင်ချိတ်ဆက်နေပြီဖြစ်ရာ ပြင် ဆင်ပြီးပါက အင်တာနက်မြန်နှုန်း ပြန်လည်ကောင်း၊ မကောင်းကို စောင့်ကြည့်သွားမည်ဖြစ်သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ပြင်ပဆက်သွယ်ရေးဌာန အင်ဂျင်နီယာချုပ် ဦးစိုင်းစောလင်းထွန်း က မဇ္ဈိမကို ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မူလက ထုတ်ပြန်ရာတွင် Sea Me We 3 အင်တာနက်ဆက်ကြောင်း မှာ ရေအောက်တွင် ပြတ်တောက်နေသည်ဟု ယူဆခဲ့သော်လည်း စစ်ဆေးမှုများအရ ကုန်းတွင်းတွင် တွေ့ရှိရသောကြောင့် ပြင်ဆင်မှုများကို ဇူလိုင်စတုတ္ထပတ်အတွင်းက စတင်ခဲ့သည်။ ပြင်ဆင်မှုသည် နှစ်ပတ်ခန့်ကြာ မြင့်ဖွယ်ရှိပြီး ပြင်ဆင်ပြီးနောက် အင်တာနက်မြန်နှုန်း ပြန်လည်မြင့်တက်လာပါက ပင် လယ်ရေအောက်ကေဘယ်လ်ဆက်ကြောင်းကို ပြင်ဆင်ရန် စစ်ဆေးရန်မလိုတော့ဟုလည်း အင်ဂျင်နီ ယာချုပ်က ပြောသည်။

ဦးစိုင်းစောလင်းထွန်းက “လက်ရှိတော့ ဖျာပုံနားမှာရှိတဲ့ ကုန်းတွင်းပိုင်းအင်တာနက်ဆက်ကြောင်းကေ ဘယ်လ်ကြိုးတွေကို ပြန်လည်ပြင်ဆင်ချိတ်ဆက်နေတယ်။ အဲဒီဆက်ကြောင်း ပြင်ဆင်ချိတ်ဆက်ပြီး ရင်တော့ အင်တာနက်မြန်နှုန်းကို စောင့်ကြည့်မယ်။ စောင့်ကြည့်လို့ အင်တာနက်မြန်နှုန်း ပြန်ကောင်း လာမယ်ဆိုရင် ရေအောက်ကေဘယ်လ်ဆက်ကြောင်းတွေဘက်မှာ ဘာပြဿနာမှမရှိနိုင်တော့ဘူး”ဟု ပြောသည်။

ကုန်းတွင်းအင်တာနက်ကေဘယ်လ်ဆက်ကြောင်း ပြင်ဆင်ရန်အတွက် စစ်ဆေးမှုများ ပြုလုပ်ရာတွင် ဖျာပုံမြို့မှ နှစ်မိုင်တစ်ဖာလုံ နှင့် နှစ်မိုင်ခြောက်ဖာလုံကြား ကုန်းတွင်းပိုင်း မြေအောက်တွင်မြုပ်ထားသော ပါဝါကေဘယ်လ်ကြိုးပေါက်ပြီး ပါဝါယိုစိမ့်မှု (Leakage) ဖြစ်ပေါ်နေသည့်အတွက် ပါဝါကေဘယ်လ်ကြိုး အရှည်မီတာ ၅၀၀ ကို အစားထိုးပြုပြင်နေပြီး ပြင်ပဆက်သွယ်ရေးဌာနက ကြီးကြပ်ပြုပြင် နေခြင်းဖြစ်သည်။

၎င်းက ဆက်လက်၍ “ပြည်တွင်းက အင်ဂျင်နီယာအဖွဲ့တွေနဲ့ ကုန်းတွင်းဆက်ကြောင်း ပြင်ဆင်နေ တယ်။ စင်ကာပူက SEA ME WE-3 ကေဘယ်လ်ပြုပြင်ရေးအဖွဲ့ကတော့ မလာသေးဘူး။ စောင့်ကြည့် နေတယ်။ ကုန်းတွင်းဆက်ကြောင်း ပြင်ဆင်စမ်းသပ်ပြီးလို့ မကောင်းသေးဘူးဆိုမှ အဲဒီအဖွဲ့ကနေလာပြီး ရေအောက်ဆက်ကြောင်းကို ထပ်မံစစ်ဆေးမှု ပြုလုပ်မှာပါ”ဟု ပြောသည်။

အင်တာနက်ဆက်ကြောင်း ချို့ယွင်းမှုကြောင့် အင်တာနက်လိုင်း နှေးကွေးမှုများ ဖြစ်ပေါ်နေပြီး အင်တာနက် အဓိကထား အသုံးပြုနေသည့် အိုင်တီကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်းများမှာလည်း အခက်အခဲ များရှိနေသည်ဟု ဆိုကြသည်။

ပြည်တွင်းတွင် SEA ME WE-3 ရေအောက်အင်တာနက်ဆက်ကြောင်းကို အဓိကသုံးစွဲနေရပြီး ယင်း ဆက်ကြောင်းကို အာရှနှင့် ဥရောပရှိ နိုင်ငံပေါင်း ၃၄ နိုင်ငံနှင့် အဖွဲ့အစည်း စုစုပေါင်း ၆၄ ခုက ချိတ် ဆက်အသုံးပြုနေသည်။ မြန်မာနိုင်ငံအနေဖြင့် SEA ME WE-3 ရေအောက်ကေဘယ်လ်ဆက်ကြောင်း အပြင် ကုန်းတွင်းနယ်စပ်ဖြတ်ကျော်ဆက်ကြောင်းနှင့် ဂြိုဟ်တုဆက်ကြောင်းများကို သုံးစွဲနေသည်။

ထို့ပြင် SEA ME WE-3 အင်တာနက်ဆက်ကြောင်း ပြတ်တောက်မှုများ ဖြစ်ပွားပါက အသုံးပြုနိုင်ရန် အတွက်လည်း SEA ME WE-5 အင်တာနက်ဆက်ကြောင်းကို ချိတ်ဆက်ရန် ညှိနှိုင်းဆွေးနွေးမှုများပြု လုပ်နေသည်။
Mizzima - News in Burmese

ဆိုင်ကယ်(၁)စီးနှင့်အတူ မသင်္ကာတွေ့ရှိအရေးယူ


ရန်ကုန်၊ ဇူလိုင် ၃၀

၂၈.၇.၂၀၁၃ ရက်နေ့ ၀၃၁၅ အချိန်တွင် အရှေ့ပိုင်းခရိုင်
အထူးမှုခင်းနှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင်များသည် ဆိုင်ကယ်ခိုးမှုများဖြင့်ပြစ်ဒဏ်ကျခံခဲ့ဖူးသူ သိန်းဇော်ဦး(ခ)ကတုံး၊ (ဘ)ဦးသိန်းဝင်း၊ ထမလုံကျေးရွာ၊ သန်လျင်မြို့နယ်နေသူအား ZHINENG-125 အမျိုးအစား အပြာအနက်စက်ကြားဆိုင်ကယ်
(၁)စီးနှင့်အတူ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မင်္ဂလာဈေးအတွင်း၌ မသင်္ကာတွေ့ရှိစစ်ဆေးရာ ပိုင်ဆိုင်ကြောင်းအထောက်အထား
တစ်စုံတစ်ရာပြသနိုင်ခြင်းမရှိသဖြင့် မင်္ဂလာတောင်ညွှန့်မြို့မရဲစခန်း (ပ)၅၂၄/၂၀၁၃၊ ပုဒ်မ ၃၇၉/၅၄ ဖြင့်အရေးယူဆောင်ရွက်
ထားရှိပါသည်။

အဆိုပါအမှုနှင့်ဖမ်းဆီးထားသူအား အခြားမြို့နယ်များအတွင်းမှ
ဖြစ်ပွားသည့် ဆိုင်ကယ်ခိုးမှုများနှင့် ပတ်သက်၍ တိုက်ဆိုင်စစ်ဆေးလျက်ရှိကြောင်းသတင်းရရှိပါသည်။

Yangon Police

မကွေးနည်းပညာတက္ကသိုလ် ကထိကလေးဦးက ရွာသားငါးဦးကို အမှုဖွင့်


ဝိုင်းအောင် | အင်္ဂါနေ့၊ ဇူလိုင်လ ၃၀ ရက် ၂၀၁၃ ခုနှစ် ၁၇ နာရီ ၀၅ မိနစ်

မကွေးမြို့နည်းပညာတက္ကသိုလ်မှ ကထိကလေးဦးက ရွာသားငါးဦးသည် ၎င်းတို့ကို ဆဲရေးတိုင်းထွာပြီး ထိုးကြိတ်သည်ဟု စွပ်စွဲကာမကွေးနယ်မြေ ရဲစခန်း၌ ဇူလိုင် ၂၈ ရက် နေ့လည်က လာရောက်တိုင်ကြားသဖြင့် အမှုဖွင့်ထားသည်ဟု ထိုရဲစခန်းက သတင်းထုတ်ပြန်သည်။

ယခုကိစ္စကို တိုင်ကြားသည့် ကထိကလေးဦးမှာ ဦးအောင်ကိုကိုကျော်၊ ဦးဟန်ထွန်းအောင်၊ ဦးအောင်ဇင်မြင့်နှင့် ဦးအေးငြိမ်းအောင်တို့ဖြစ်သည်ဟု ရဲစခန်းကအတည်ပြုထားသည်။

ကထိကလေးဦးသည် ဇူလိုင် ၁၆ ရက်က ဂိမ်းဆိုင်မှ နည်းပညာတက္ကသိုလ်သို့ ပြန်လာကြစဉ် ဘော်ဒါဆောင်တစ်ခု အနီးအရောက်တွင် လမ်းမပေါ်တွင် ဂစ်တာနှင့် ဘီယာပုလင်းများကို ဆောင်လာကြသော ကျောင်းအနီးရှိ ကန်ပြားအရှေ့ရွာမှ ရွာသားငါးဦးနှင့် ဆုံခဲ့ကြသည်ဟု ဆိုသည်။

ထိုသို့တွေ့ဆုံစဉ် ရွာသားများက ကထိကများကို "What is your name"ဟု အော်ဟစ်မေးမြန်းကြောင်း၊ ထို့ကြောင် ကထိကများက “မင်းတို့ ကျောင်းသားတွေလား” ဟု ပြန်မေးမိစဉ် ရွာသားများက မချေမငံဆဲ ရေးတိုင်းထွာမှုများ ပြုလုပ်ကြောင်းကထိကများက ရဲကို ထွက်ဆိုသည်။

ထို့နောက် ကထိကများကကျောင်းသို့ ပြန်လာစဉ် တက္ကသိုလ်အ၀အထိ ရွာသားများကနောက်မှ လိုက်လာပြီး ဆဲရေးတိုင်းထွာကာ ကထိကတစ်ဦးဖြစ်သည့် ဦးအောင်ကိုကိုကျော်၏ နောက်ကျောကို ဘီယာပုလင်းဖြင့် ပစ်ပေါက်သည်ဟုလည်း ကာယကံရှင်က ရဲကိုတိုင်တန်းထားသည်။

ထို့ပြင် အခြားကထိကတစ်ဦးဖြစ်သည့် ဦးဟန်ထွန်းအောင်ကိုလည်း ရွာသားများက လက်သီးများဖြင့် ချိန်ရွယ်ကာ “သတ်ပစ်ရင်တော့ မင်းတို့သေတော့မယ်”ဟု နှုတ်မှပြောကြောင်းလည်း သူတို့ကရဲဌာနတွင် ပြောကြားခဲ့သည်။

ထို့ကြောင့် ယခုကိစ္စနှင့် ပတ်သက်၍ ကထိကများက အသက် ၂၄ နှစ်အရွယ် ကိုအောင်စိုးမိုး၊ အသက် ၂၅ နှစ်အရွယ် ကိုအောင်ကိုမြင့်၊ အသက် ၂၇နှစ်အရွယ် ကိုအောင်လွင်၊ အသက် ၂၇ နှစ်အရွယ် ကိုအောင်ဆန်းမိုးနှင့် အသက်၂၅ နှစ်အရွယ် ကိုရန်နောင်စိုးတို့ ငါးဦးကို ဆဲရေးမှု၊ ထိုးကြိတ်မှုတို့ဖြင့် ရဲဌာန တွင်စွပ်စွဲတိုင်ကြားထားသည်။

မကွေးနယ်မြေ ရဲစခန်းကလည်း ကထိကများ၏ တိုင်ကြားမှုကို အမှုအမှတ်(ပ)၁၄၂/ ၂၀၁၃ ဖြင့် အမှုဖွင့်ထားပြီး စွပ်စွဲခံရသည့် ရွာသားငါးဦးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၁၄ ပြစ်မှုကျူးလွန်ရန် အားပေးကူညီမှု၊ ပုဒ်မ ၂၉၄ ဆဲရေးမှု၊ ပုဒ်မ ၃၂၃ နာကျင်စေမှု၊ ပုဒ်မ ၅၀၆ ရာဇ၀တ် မကင်းသောချောက်လှန့်မှုတို့ဖြင့် တရားစွဲဆိုရန် ဆောင်ရွက်မည်ဟု သတင်းထုတ်ပြန်သည်။
Mizzima - News in Burmese

PSY စက်တင်ဘာတွင် အယ်လ်ဘမ်အသစ် ထွက်မည်


လော့စ်အိန်ဂျလိစ်၊ ဇူလိုင် ၂၉

Gangnam Style သီချင်းနဲ့ ကမ္ဘာတစ်လွှား ကျော်ကြားခဲ့တဲ့ ကိုရီးယား ရက်ပ်တေးသံရှင် PSY ဟာ စက်တင်ဘာလမှာ အယ်လ်ဘမ်အသစ် ထွက်မယ်လို့ ကြေညာလိုက်ကြောင်း kpopstarz.com မှာ ဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာ PSY ဟာ အယ်လ်ဘမ်အသစ်အတွက် အမေရိကန် ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့မှာ ပြင်ဆင်မှုတွေ ပြုလုပ်နေ တယ်လို့ သိရပါတယ်။

PSY ဟာ ယခင်ထွက်ရှိခဲ့တဲ့ Gangnam Style နဲ့ Gentleman အယ်လ်ဘမ်တို့ကို သီချင်းတစ်ပုဒ်တည်းသာ ပါဝင်တဲ့ အယ်လ်ဘမ်အဖြစ် ဖြန့်ချိခဲ့ပေမယ့် အခုစက်တင်ဘာလမှာ ထွက်မယ့် အယ်လ်ဘမ် အသစ်မှာတော့ သီချင်းအများအပြား ပါဝင်နိုင်အောင် စီစဉ်နေတယ်လို့လည်း သိရပါတယ်။

လက်ရှိအချိန်မှာ အသက် ၃၅ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ PSY ဟာ ၂၀၀၀ ပြည့်နှစ်ကတည်းက ဂီတလောကထဲကို စတင်ခြေချခဲ့တာ ဖြစ်ပေမယ့် အောင်မြင်မှု ကြီးကြီးမားမား မရခဲ့ဘဲ သူ့ရဲ့ပထမဆုံး အယ်လ်ဘမ်ဟာလည်း အများပြည်သူ ကြည့်ရှုရန် မသင့်လျော်တဲ့ ပြကွက်တွေနဲ့ သီဆိုပုံတွေ ပါဝင်နေ တယ်ဆိုပြီး တောင်ကိုရီးယားအစိုးရရဲ့ ဒဏ်ရိုက်ခြင်းကို ခံခဲ့ရပါတယ်။

၂၀၁၂ ခုနှစ် ဇူလိုင်လမှာ Gangnam Style သီချင်းကို Youtube ကနေတစ်ဆင့် ဖြန့်ချိလိုက်တဲ့အခါကျမှ ကမ္ဘာကျော်သွားခဲ့ပြီး နိုင်ငံတကာက ဆုတံဆိပ်တွေ ဝိုင်းဝန်းချီးမြှင့်ရတဲ့အထိ အောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။

PSY ကို အင်တာဗျူးတစ်ခုမှာ သူ့ရဲ့လက်ရှိအချိန်မှာ ဖြစ်ပေါ်နေတဲ့ စိတ်ခံစားချက်ကို မေးမြန်းတဲ့ အခါမှာတော့“ကျွန်တော့်အတွက်တော့ အခုအချိန်မှာ နေ့တိုင်းဟာ အိပ်မက်ထဲမှာ နေထိုင်နေရသလိုပါပဲ” လို့ ဖြေကြားခဲ့ပါတယ်။
The Voice Weekly

သရုပ်ဆောင်အလုပ်မှ မကြာမီအနားယူတော့မည်ဟု Pirates of The Caribbean မင်းသား ဂျွန်နီဒက်ပ် ဆို


နယူးယောက်၊ ဇူလိုင် ၂၉

နာမည်ကျော် ဟောလိဝုဒ်သရုပ်ဆောင် ဂျွန်နီဒက်ပ်က သရုပ်ဆောင်အလုပ်တွေကနေ မကြာမီ အနားယူတော့မယ်လို့ ပြောကြားခဲ့ကြောင်း film-news.co.uk မှာ ဖော်ပြထားပါတယ်။

အသက် ၅၀ အရွယ်ရှိပြီ ဖြစ်ပြီး လက်ရှိအချိန်မှာ အောင်မြင်မှုများစွာ ရရှိနေတဲ့ ဂျွန်နီဒက်ပ်က သူ့အနေနဲ့ ၂၀၁၅ မတိုင်မီ ရုပ်ရှင်ဇာတ်ကားအချို့မှာ ပါဝင်သရုပ်ဆောင်ဦးမှာ ဖြစ်ပေမယ့် သရုပ်ဆောင် အလုပ်တွေကနေ အနားယူဖို့ စဉ်းစားနေပြီလို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“အခုချက်ချင်းကြီး အနားယူတော့မယ်လို့တော့ ကျွန်တော်မပြောပါဘူး၊ ဒါပေမဲ့ သိပ်မကြာခင်မှာ အနားယူတော့မယ်လို့တော့ ကျွန်တော် ပြောနိုင်ပါတယ်” လို့ ဂျွန်နီဒက်ပ်က The Sun သတင်းစာကို ပြောကြားခဲ့ပါတယ်။

ဂျွန်နီဒက်ပ်ဟာ အသက် ၂၀ ကျော်အရွယ်မှာတင် A Nightmare on Elm Street ၊ 21 Jump Street စတဲ့ဇာတ်ကားတွေနဲ့ နာမည်ရလာခဲ့ပြီး Pirates of The Caribbean ဇာတ်ကားတွေ အပါအဝင် နာမည်ကျော်ရုပ်ရှင် ဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ကာ ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး သရုပ်ဆောင်အဖြစ် ၂၀၁၂ ခုနှစ်မှာ ဂင်းနစ်စံချိန် တင်နိုင်ခဲ့တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။

ဒါပေမဲ့ ကမ္ဘာတစ်ဝန်းမှာ ယခုရုံတင်ပြသလျက်ရှိတဲ့ ဂျွန်နီဒက်ပ်ရဲ့ ဇာတ်ကားသစ် Lone Ranger ကတော့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပြီး Box Office ရဲ့ ဝင်ငွေ အကောင်းဆုံး ဇာတ်ကားစာရင်းမှာလည်း အောက်နားမှာ သာ ရပ်တည်နိုင်ခဲ့ပါတယ်။

Lone Ranger ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးဖို့အတွက် ဒေါ်လာ ၂၁၅ သန်းကုန်ကျခဲ့ပြီး ကမ္ဘာတစ်ဝန်း ရုံတင်ပြသရာမှာတော့ ဒေါ်လာ ၁၆၅ သန်းသာ ရရှိခဲ့တဲ့အတွက် ထုတ်လုပ်သူတွေ အနေနဲ့လည်း အရှုံးပေါ်ခဲ့ပါတယ်။

Lone Ranger ဇာတ်ကား အောင်မြင်မှုမရတာကို စိတ်ပျက်မိသလားလို့ မေးတဲ့အခါမှာတော့ ဂျွန်နီဒက်ပ်က“ဟင့်အင်း မပျက်ပါဘူး။ ကျွန်တော်က ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး မျှော်လင့်ချက် အများကြီး မထားထားပါဘူး။ တခြားသူတွေကသာ မျှော်လင့်နေကြတာပါ” လို့ ဖြေကြားခဲ့ကြောင်း သိရပါတယ်။
The Voice Weekly

စပိန် မီးရထား တိမ်းမှောက်မှု မောင်းသူကို လူသတ်မှုပေါင်း ၇၉ မှုဖြင့် စွဲချက်တင်


စန်တီဂို၊ ဇူလိုင် ၂၉

စပိန်နိုင်ငံတွင် ပြီးခဲ့သည့် ရက်သတ္တတစ်ပတ်အတွင်း ဖြစ်ပွားခဲ့သော မီးရထား လမ်းချော် တိမ်းမှောက်မှုကြီးနှင့် ပတ်သက်၍ အဆိုပါ ရထားကို မောင်းနှင်သူအား လုပ်ငန်းဆိုင်ရာ မဆင်မခြင်မှုကြောင့် ဖြစ်သော လူသတ်မှု စုစုပေါင်း ၇၉ မှုဖြင့် စွဲချက်တင်လိုက်ရကြောင်း အာဏာပိုင်များ ၏ ပြောကြားချက်ကို CNN သတင်းဌာနက ရေးသား ဖော်ပြသည်။

စပိန်နိုင်ငံ စန်တီဂိုဒီကွန်ပိုစတာလာတွင် ဖြစ်ပွားခဲ့သည့် အဆိုပါ ရထား လမ်းချော် တိမ်းမှောက်မှုတွင် လူပေါင်း ၇၉ ဦး သေဆုံးခဲ့ရာ ယင်းအမှုနှင့် ပတ်သက်၍ တရားရုံးက ရထားမောင်းသူ ဖရန်စစ္စကို ဂျို့စ်ဂါဇွန်ဆိုသူအား အသက်မွေးဝမ်းကျောင်း လုပ်ငန်းဆိုင်ရာ မဆင်မခြင် လုပ်ကိုင်မှုကြောင့် လူ၇၉ ဦး သေဆုံးမှုဖြင့် ယင်းသို့ စွဲချက်တင်လိုက်ခြင်း ဖြစ်သည်။

သို့သော် လက်ရှိ အနေအထားတွင် တရားရုံးတော်က ဖရန်စစ္စကိုအား ခြွင်းချက်ဖြင့် လွှတ်ပေးထား ကြောင်း၊ ရထားမောင်း လိုင်စင်ကို ခြောက်လ တာမျှ ဆိုင်းငံ့ထားပြီး ၎င်းအနေနှင့် တရားရုံးတော်သို့ အပတ်စဉ် မဖြစ်မနေ သတင်းပေးပို့ရမည် ဖြစ်ကြောင်း စပိန် တရားရေး အာဏာပိုင်များက ပြော ကြားသည်။

ရထားမောင်းသူ အနေနှင့် အခြားနိုင်ငံများသို့ ထွက်ပြေး တိမ်ရှောင်ခြင်း မပြုရန် ၎င်း၏ နိုင်ငံကူး လက်မှတ်ကိုလည်း အာဏာပိုင်များက သိမ်းယူ ထားသည်။

ရထားမောင်းသူ ဖရန်စစ္စကိုသည် လွန်ခဲ့သည့် နှစ်ရက်ခန့်က ရဲတပ်ဖွဲ့ဝင် များ၏ စောင့်ရှောက်မှုဖြင့် ဆေးရုံသို့ တက်ရောက် ကုသမှု ခံယူခဲ့ပြီးနောက် ၎င်းအား တရားရုံးတော်သို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

အာဏာပိုင်များ အဆိုအရ မီးရထား၏ အချက်အလက် မှတ်တမ်းများကို ရဲတပ်ဖွဲ့က သိမ်းဆည်းထား ပြီး ရထား လမ်းချော်သည့်နေရာ (ရထားလမ်း အကွေ့နေရာ) အရောက်တွင် မောင်းနှင်ခဲ့သော မြန်နှုန်းကို စုံစမ်း ဖော်ထုတ် ရန် ကြိုးပမ်းလျက် ရှိသည်။

စပိန်နိုင်ငံ ပြည်ထဲရေးဝန်ကြီး ဂျော့ဖာနန်ဒက်ဇ်က ရထား လမ်းချော် တိမ်းမှောက်မှုတွင် မောင်းနှင်သူ၏ မှားယွင်းချက် ဖြစ်သည်ဟု ယုတ္တိရှိရှိ ဖော်ပြသည့် အချက်အလက်များ တွေ့ရှိရကြောင်း အတည်ပြု ပြော ကြားသော်လည်း အသေးစိတ် အချက်အလက်ကိုမူ ပြောဆိုခြင်း မရှိပေ။

တိမ်းမှောက်ခဲ့သည့် ရထားသည် မက်ဒရစ်မြို့မှ ဖာရိုးမြို့သို့ ခြောက်နာရီ ကြာမြင့်သည့် ခရီးစဉ် ပြီးဆုံးခါနီး အချိန်တွင် ယင်းဖြစ်ရပ်နှင့် ကြုံတွေ့ခဲ့ ရခြင်း ဖြစ်ကြောင်း၊ သေဆုံးသူများအနက် ၆၃ ဦးမှာ စပိန် နိုင်ငံသား များ ဖြစ်ကြပြီး တစ်ရာကျော် ဒဏ်ရာ ရရှိသွားကြောင်း နိုင်ငံပိုင် ရေဒီယိုက သတင်း ထုတ်လွှင့်သည်။
The Voice Weekly

လပြည့်ဝန်းပလာဇာရှေ့က မီးသတ်ကားများ

ရန်ကုန်မြို့ ဒဂုံမြို့နယ်  လပြည့်ဝန်းပလာဇာကို ဒီကနေ့ အင်္ဂါနေ့ နေ့ခင်း ၁ နာရီဝန်းကျင်မှာ မီးသတ်သမားတွေ ရောက်သွားပါတယ်။
အသေးစား မီးလောင်မှုတခု ဖြစ်ပွားခဲ့ပုံပါပဲ။







(ဓာတ်ပုံများ - ဂျေပိုင် / ဧရာဝတီ)

အနီးအနားမှာ အထင်ကရ အထက်တန်းကျောင်း ဒဂုံ ၁    ကျောင်းဆင်းကျောင်းတက်ချိန်လွန်သွားပေမယ့် မီးသတ်ကား အ၀င်အထွက်ကိစ္စများ နဲ့ အရေးပေါ်လှုပ်ရှားမှုတွေကြောင့် အဲဒီရှေ့မှာ ယာဉ်ကျောပိတ်ဆို့မှု ကာလအတန်ကြာ ဖြစ်ခဲ့တာ တွေ့ရပါတယ်။

ရန်ကုန်မြို့လယ်မှာ မီးမတော်တဆမှုတွေ ဖြစ်ပွားမှု မကြာခဏ ပေါ်ပေါက်တတ်ပေမယ့်လည်း အထပ်မြင့်တိုက်ခန်းတွေသာ အများစု ရှိတာကြောင့် အကြီးအကျယ် မီးလောင်မှု ဖြစ်ပွားလေ့ မရှိပါဘူး။

သမ္မတဟိုတယ်နဲ့ မနီးမဝေးမှာ တည်ရှိတဲ့ လပြည့်ဝန်းပလာဇာရှေ့ကို ဒီကနေ့ မီးသတ်ကား အများအပြား ရောက်သွားပေမယ့်လည်း ပုံမှာ တွေ့ရတဲ့အတိုင်း အမှုက ကြီးကြီးမားမား ဖြစ်ခဲ့ပုံ မရပါဘူး။

ရန်ကုန် အထပ်မြင့်တိုက်ခန်းတွေမှာ ဖြစ်လေ့ရှိတဲ့ မီးလောင်မှုတွေဟာ လျှပ်စစ်မီး မတော်တဆမှုတွေနဲ့ ဆက်စပ်နေလေ့ ရှိပါတယ်။



တေးသံရှင်လင်းလင်းနှင့် တွေ့ဆုံခြင်း


(သန့်ဇင်ဦး)

သံမဏိလိပ်ပြာ စီးရီး ထွက်ရှိပြီးနောက် ပရိသတ်များ၏ အားပေးမှုနှင့်အတူ ဝေဖန်မှုများပါ ကြုံတွေ့ခဲ့ရသော တေးသံရှင်လင်းလင်းနှင့် တွေ့ဆုံပြီး ဝေဖန်ခံရသည့် စစ်ဆန့်ကျင်ရေး သီချင်းအကြောင်း၊ ဝေဖန်မှုများအပေါ် သူ့အမြင်နှင့် သူ၏တစ်ကိုယ်တော် Show ပွဲ အကြောင်းကို The Voice မှ မေးမြန်းထားခြင်း ဖြစ်သည်။

The Voice ။ ။ သံမဏိလိပ်ပြာစီးရီး ထွက်ပြီးတဲ့ အချိန်မှာ ပရိသတ်တွေဆီက ဘယ်လို ဝေဖန်သံတွေ ကြားရလဲ။

L.L ။ ။ စီးရီးထွက်ပြီးတဲ့ အချိန်မှာ ကြားရတဲ့ ပရိသတ်တွေရဲ့ အသံကတော့ အားရပါတယ်။ ဒီခွေအပေါ်မှာ သူတို့မြင်တဲ့ အမြင်တွေ၊ သူတို့ထင်တဲ့အထင်တွေနဲ့ အပြုသဘောဆောင်စွာ ဝေဖန်တယ်ပေါ့နော်။ ပရိသတ်တွေရဲ့ ဝေဖန်မှုကို ကျွန်တော်အားရတယ်။ ကျေနပ်ပါတယ်။

The Voice ။ ။ ဒီစီးရီးနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ အပေါ်မှာရော လင်းလင်းရဲ့အမြင်က ဘယ်လိုရှိလဲ။

L.L ။ ။ ကျွန်တော့်အမြင်ကို အမှန်အတိုင်း ဝန်ခံရရင်တော့ ဒီစီးရီးနဲ့ ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ ပြောဆိုမှုတွေကို လက်ခံသလို၊ ဆိုးဆိုးဝါးဝါး ဝေဖန်မှုတွေကိုလည်း လက်ခံတယ်။ ကျွန်တော်တို့နိုင်ငံ လက်ရှိသွားနေတဲ့ပုံစံ၊ ဖြတ်သန်းနေတဲ့ အနေအထားအရ ဘယ်လိုပဲ ကောင်းတာလုပ်လုပ်၊ ဘယ်လိုပဲ ကောင်းတာပြောပြော ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ်၊ အုပ်ချုပ်သူအဖွဲ့နဲ့ ပြည်သူတွေကြားကို ခလောက်ဆန်ချင်တယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အမှောင်ခေတ်ကို ပြန်သွားစေချင်တယ်။ အဲဒီလိုမျိုး ဖြစ်စေချင်တဲ့လူတွေ တချို့က ပြည်တွင်းထဲမှာလည်း ရှိတယ်။ ပြည်ပမှာလည်း ရှိတယ်။ သူတို့ရဲ့အကွက်ကျကျ ဆွဲယူတွေးတောပြီးတော့ ဝိဝါဒ ကွဲပြားမှုတွေ ဖြစ်အောင်လုပ်ကြတာ။ ကျွန်တော့် ဒီခွေမှ မဟုတ်ဘူး။ ဘာသာရေးဘက်နဲ့ နွယ်ပြီး လုပ်တာတွေလည်း ရှိတယ်။ နိုင်ငံရေးဘက်နဲ့ နွယ်ပြီး လုပ်တာတွေလည်း မြင်နေရတယ်။ အဲဒီအတွက် ကျွန်တော်က ဒီကိစ္စတွေပေါ်မှာ သေချာ လိုက်ရှင်းပြစရာတော့ မလိုပါဘူး။ ပရိသတ်တွေက ကျွန်တော်ပေးချင်တဲ့ Message၊ ကျွန်တော်ပေးချင်တဲ့ ပန်းတိုင်ကို နားလည်ပြီး ကျွန်တော်နဲ့လည်း ရင်ခုန်သံတူတယ်ဗျ။ အမှောင်ခေတ်ကို ပြန်သွားချင်တဲ့ လူတစ်စုဆီက ထွက်ပေါ်လာတဲ့ ဝေဖန်မှုတွေ အပေါ်တော့ ကျွန်တော့်အနေနဲ့ ဘာမှပြောစရာ မရှိပါဘူး။ အဲဒီလိုဝေဖန်ခြင်းအားဖြင့် သူတို့စိတ်ထဲမှာ အခိုက်အတန့်ပဲဖြစ်ဖြစ် ပေါ့ပါးသွားတယ်ဆိုရင် ကျွန်တော်လည်း ကုသိုလ်ရပါတယ်။

The Voice ။ ။ အခုဆို Facebook လို လူမှုကွန်ရက်တွေကို လက်နက်အဖြစ် အသုံးချပြီး ဝါဒဖြန့်တဲ့ လုပ်ဆောင်မှုတွေလိုမျိုး ရှိလာတဲ့အတွက် Facebook ရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို လင်းလင်း သုံးသပ်ပေးပါဦး။

L.L ။ ။ Facebook ကိုတော့ ကျွန်တော်လည်း တစ်ခါတလေ သုံးပါတယ်။ သူ့ရဲ့ ကောင်းကျိုးကတော့ သတင်းမီဒီယာ Website တွေကို Like လုပ်ထားခြင်းအားဖြင့် ဂျာနယ် ထွက်မယ့်ရက် ကိုတောင် သိပ်စောင့်စရာ မလိုတော့ဘူး။ ဘယ်နားလေးမှာ မီးလောင်တယ်ဆိုရင် ချက်ချင်းတက်လာတယ်။ ကျွန်တော် Facebook သုံးရင် ကိုယ် Like လုပ်ထားတဲ့ သတင်း Website တွေကို လိုက်ဖတ်တယ်။ ဆိုးကျိုးကတော့ Facebook မှာ လူအများစုက တခြားနာမည်တွေ၊ ကိုယ့်ရဲ့ဓာတ်ပုံမဟုတ်ဘဲ တခြားတစ်ယောက်ရဲ့ ဓာတ်ပုံတွေနဲ့ သုံးကြတဲ့အခါကျတော့ သူဘယ်သူလဲဆိုတာ ကိုယ်မသိရဘူး။ သူ့စိတ်ထဲမှာ လတ်တလော ခံစားနေရတာတွေ၊ နှစ်ပေါင်းကြာရှည်စွာ ခံစားခဲ့ရတာတွေကို အလွယ်တကူ ရင်ဖွင့်လို့ရတယ်။အဲဒီမှာဆိုးရွားတဲ့၊ မိသားစုဖတ်လို့မရတဲ့ စာသားမျိုးတွေ ပါသွားတာရှိမယ်။ စည်းလွတ်၊ ဘောင်လွတ်တဲ့ စကားလုံးမျိုးတွေ ပါသွားတာ ရှိမယ်။ ဒါတွေကိုတော့ ကျွန်တော်ဆိုးကျိုးလို့ မြင်ပါတယ်။ ဒါတွေကို ဆိုးတယ်လို့ မြင်ပေမယ့် အကောင်းဘက်က ပြန်တွေးရင် ကျွန်တော်တို့ တစ်နိုင်ငံလုံးက နှစ်ပေါင်း ၂၀ ကျော်၊ ခုတင်အောက်ထဲဝင်ပြီး ကျိတ်ဆဲခဲ့ရတာ ဆိုတော့ ဒီလိုပြောလိုက်တဲ့အတွက် သူ့အနေနဲ့ စိတ်ထွက်ပေါက်လေး ရသွားတာပေါ့နော်။ ဒီလိုပြောလိုက်လို့ စိတ်ထွက်ပေါက်ရသွားပေမယ့် စည်းတွေ၊ ဘောင်တွေလွတ်ပြီး ပြောဆိုကြတာကိုတော့ ဆိုးတယ်လို့ မြင်ပါတယ်။

The Voice ။ ။ ဒီစီးရီးထဲမှာ ထူးခြားတဲ့ သီချင်းနှစ်ပုဒ်ဖြစ်တဲ့ သံမဏိလိပ်ပြာနဲ့ အိပ်မက်ထဲက စစ်သားကြီး သီချင်းတွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေဆီက ဘယ်လို တုံ့ပြန်သံတွေ ကြားရလဲ။

L.L ။ ။ ကျွန်တော် ပြန်ကြားရသလောက်တော့ ကိုယ့်ကိုကြိုက်တဲ့ ပရိသတ်တွေဆီကပဲ မို့လို့လားတော့ မသိဘူး။ ကောင်းတယ်ဗျ။ ဒါပေမဲ့ သူငယ်ချင်းတွေဆီကနေ တစ်ဆင့် ပြန်ကြားရတဲ့ အမှောင်ခေတ်ကို ပြန်သွားချင်တဲ့ လူတစ်စုရဲ့ ဝိဝါဒ ကွဲပြားစရာတွေနဲ့ ပတ်သက်လို့တော့ ပရိသတ်တွေက အမှန်အတိုင်း ဝေဖန်ပိုင်းခြားနိုင်ဖို့ လိုတယ်။ ကျွန်တော်ကတော့ ကျွန်တော်ရေးခဲ့တဲ့ သီချင်း၊ ကျွန်တော်လုပ်ခဲ့တဲ့ အလုပ်တွေကို ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ တာဝန်ယူနိုင်တယ်။ ဘယ်လို အခြေမနေမျိုးမှာမဆို၊ ဘယ်လိုပုံစံမျိုးနဲ့မဆို ကျွန်တော်က ဖြေရှင်းရဲတဲ့သတ္တိ အပြည့်ရှိတယ်။ ကျွန်တော် လုပ်ခဲ့တာတွေသည် အဆိုးမြင်တဲ့အနေနဲ့၊ ဝေဖန်ပုတ်ခတ်ချင်တဲ့ စိတ်နဲ့ လုပ်ခဲ့တာ တစ်ခုမှမပါဘူး။ အိပ်မက်ထဲက စစ်သားကြီး သီချင်းဆိုလည်း လူတစ်ဦးနဲ့တစ်ဦး တိုက်ခိုက်သတ်ပုတ်တဲ့ စစ်ပွဲတွေမရှိရင် ကမ္ဘာကြီးက ဘယ်လောက် ပျော်စရာကောင်းမလဲ ဆိုတဲ့ အနာဂတ်လေးကို အိပ်မက်မက်ပြီး ရေးထားတာ။ ဒီသီချင်းက စစ်သားမကောင်းကြောင်း ရေးတာလား။ စစ်ပွဲမကောင်းကြောင်း ရေးတာလား ဆိုတာကို ခွဲသိဖို့လိုတယ်။ အမှောင်ခေတ်ကို သွားချင်တဲ့လူတစ်စုရဲ့ ဝိဝါဒကွဲပြားစေမယ့် စကားတွေကို ယုံကြည်ပြီး ဒီသီချင်းက စစ်သားမကောင်းကြောင်း ရေးတာပဲဆိုတဲ့ အမြင်ကို ဆုပ်ကိုင်လိုက်ရင်တော့ အဆိုးဘက်ကို ရောက်သွားမှာပေါ့နော်။ ကျွန်တော်ရေးထားတဲ့ စာသားကတော့ ရှင်းရှင်းလေးပါ။ စစ်ပွဲတွေအားလုံးကို ရပ်ဆိုင်းစေချင်တယ်။ တစ်ကမ္ဘာလုံးမှာ စစ်မဲ့ဇုန်ဆိုတဲ့ ဆိုင်းဘုတ်လေးတွေ ချိတ်ပြီးတော့ အေးချမ်းတဲ့ ကမ္ဘာသစ်ကြီးဆီကို သွားချင်တဲ့အိပ်မက်နဲ့ ဒီသီချင်းကို ရေးထားတာ။

The Voice ။ ။ လင်းလင်းကိုယ်တိုင်က NLD ပါတီဝင်တစ်ယောက် ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြု စပ်ဆိုထားတဲ့ သံမဏိလိပ်ပြာ သီချင်းလည်း ဒီစီးရီးမှာ ပါတယ်ဆိုတော့ နိုင်ငံရေး ရပ်တည်ချက် တစ်ခုခုကြောင့် ဒီစီးရီးထုတ်လိုက်တာလို့ ဝေဖန်မှု တွေအပေါ်ရော လင်းလင်း ဘာပြောချင်လဲ။

L.L ။ ။ ကျွန်တော် ဒီစီးရီးကို ထုတ်ရတဲ့ ရည်ရွယ်ချက်က ရှင်းရှင်းလေးပါ။ ဒီခွေလေးမှာ ပရိသတ်တွေကို ပြောပြချင်တာတွေ အများကြီးပါတယ်။ စစ်တပ်ပဲဖြစ်ဖြစ်၊ NLD ပဲဖြစ်ဖြစ်၊ အုပ်ချုပ်သူလူကြီး အသိုင်းအဝိုင်း ပဲဖြစ်ဖြစ်၊ ပြည်သူတွေပဲဖြစ်ဖြစ် ကျွန်တော်တို့တွေအားလုံး လူမျိုးမခွဲ၊ ဘာသာမခွဲဘဲ ချစ်ချစ်ခင်ခင်နဲ့ အားလုံးမျှော်လင့်တဲ့ ပန်းတိုင်တစ်ခုကို သွားရအောင်ဆိုတဲ့ Message တစ်ခုကို ကျွန်တော်ပေးချင်တာ။ ဒီစီးရီးက အဖွဲ့အစည်း တစ်ခုအတွက်၊ လူတစ်စုအတွက်လည်း မဟုတ်ဘူး။ ဒီလိုဝေဖန်မှုတွေက ဒီခွေလေးကို သေချာနားမရှင်းသေးလို့ ထင်တယ်။ ဒီခွေထဲမှာပါတဲ့ စာသားတွေကို သေချာနားထောင် ခံစားလိုက်မယ်ဆိုရင် ကျွန်တော်ဆိုလိုချင်တဲ့ အဓိပ္ပာယ်ကို နားလည်မှာပါ။

The Voice ။ ။ ဒီစီးရီးထဲမှာပါတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့အနေနဲ့ ရေးဖွဲ့ထားတဲ့ သံမဏိလိပ်ပြာ သီချင်းကို ဘယ်လို ရည်ရွယ်ချက်တွေနဲ့ ရေးထားတာလဲ။

L.L ။ ။ ကျွန်တော်တို့ အသက်ရှင်နေသရွေ့၊ မြေကြီးပေါ်မှာ ရပ်နေသရွေ့ စိတ်နဲ့တောင် မပြစ်မှားသင့်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို မေတ္တာဘွဲ့ တေးတစ်ပုဒ်အနေနဲ့ ဒီသီချင်းလေး ကိုရေးဖွဲ့ထားပါ။ ဒီသီချင်းလေးကို ကျွန်တော့်ပရိသတ်တွေ၊ ဒီသီချင်းလေးကို ကြိုက်တဲ့သူ တွေကြားထဲမှာ ပျံ့နှံ့စေချင်တယ်။ ဒီသီချင်းထဲမှာ သေချာခိုင်မာတဲ့ အမှန်တရားတွေကိုပဲ ကျွန်တော် ရေးဖွဲ့ထားတာ။ ဒီသီချင်းလေးကို ကျွန်တော်တို့ သေပြီးတဲ့နောက်မှာလည်း ကမ္ဘာတည်သရွေ့၊ မြန်မာတည်သရွေ့ ပရိသတ်တွေကြားမှာ ပျံ့နှံ့နေစေချင်တယ်။

The Voice ။ ။ ဒီစီးရီးကိုအားပေးကြတဲ့ ပရိသတ်တွေအတွက် လင်းလင်းဘာပြောချင်လဲ။

L.L ။ ။ ဒီခွေကို အားပေးကြ တဲ့အတွက် ပြောမပြတတ်အောင် ဝမ်းသာတယ်။ ပီတိလည်း ဖြစ်တယ်။ ကျေးဇူးလည်းတင်တယ်။ ကျွန်တော့်အခွေမှ မဟုတ်ဘူး။ တခြားအနုပညာရှင်တွေရဲ့ အခွေတွေကိုလည်း ကိုယ်ကြိုက်တယ်၊ နားထောင်ခံစားချင်တယ်ဆိုရင် ပရိသတ်တွေကို အားပေးပါလို့ မေတ္တာရပ်ခံချင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဂီတလောက အခြေအနေက နာလန်မထူနိုင်လောက်အောင် ဖြစ်နေပြီ။ ကျွန်တော့်အခွေကို အားပေးသလို တခြားအနုပညာရှင် တွေရဲ့ အခွေတွေကိုလည်း အားပေးရင် တော်တော်များများ ရပ်တည်သွားနိုင်မယ်လို့ ထင်တယ်။

The Voice ။ ။ လင်းလင်းလုပ်ဖို့ရှိတဲ့ တစ်ကိုယ်တော် Show ပွဲအကြောင်းလည်း ပြောပြပေးပါဦး။

L.L ။ ။ တစ်ကိုယ်တော် Show ပွဲကတော့ ကျွန်တော် ပထမဆုံးအကြိမ် လုပ်မှာပါ။ ဒီ Show ကို ဘဝမှာ မှတ်တိုင်တစ်ခုအနေနဲ့၊ အမှတ်တရ တစ်ခုအနေနဲ့ ကျန်သွားစေချင်တဲ့ ရည်ရွယ်ချက်တွေနဲ့ လုပ်မှာပါ။ ကျွန်တော်မှန်းထားတာတော့ အောက်တိုဘာ၊ နိုဝင်ဘာလောက်မှာ လုပ်ဖြစ်မယ်။ လုပ်မယ့်နေရာနဲ့ ရက်တွေသေချာရင် ကျွန်တော့်ပရိသတ်တွေနဲ့ မီဒီယာတွေကို အသိပေးမှာပါ။
The Voice Weekly

မြောက်ဥက္ကလာတွင် ချစ်တင်းနှောအပြီး အမျိုးသားတစ်ဦး သတိလစ်သေဆုံးသွား


ဇော်ဇော်ထွေး | အင်္ဂါနေ့၊ ဇူလိုင်လ ၃၀ ရက် ၂၀၁၃ ခုနှစ် ၁၇ နာရီ ၀၈ မိနစ်

တည်းခိုခန်းတွင် ချစ်သူနှင့် ချစ်တင်းနှောအပြီးတွင် အမျိုးသားတစ်ဦး သတိလစ်သေဆုံးခဲ့မှုတစ်ခု ဇူလိုင် ၂၈ ရက်က မြောက်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွားခဲ့ရာ ထိုကိစ္စကို မြို့နယ်ရဲစခန်းက အမှုဖွင့်ကာ စုံစမ်း စစ်ဆေးနေကြောင်း ရန်ကုန်တိုင်းရဲစခန်းက သတင်းထုတ်ပြန်သည်။

ရဲများက ယင်းနေ့ မွန်းလွဲ ၂ နာရီတွင် မြောက်ဥက္ကလာပ ဆေးရုံကြီးသို့ အမျိုးသားတစ်ဦး သေဆုံးပြီး ရောက်ရှိနေကြောင်း သတင်းရသဖြင့် သွားရောက်ကြည့်ရှုခဲ့ရာမှ ထိုကိစ္စစတင်ပေါ်ပေါက်ခြင်းဖြစ်သည် ဟုထုတ်ပြန်ချက်တွင် ပါရှိသည်။

သေဆုံးသူသည် အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်ပြီး ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး သူသည် မြောက်ဥက္ကလာပမြိှု့နယ် ဃ-ရပ်ကွက်ရှိ တည်ခိုခန်းတွင်သူ နှင့်အသက်အရွယ်တူ ချစ်သူနှင့် အတူ ဇူလိုင် ၂၈ ရက် မွန်းလွဲ ၁ နာရီကျော်အချိန်တွင် တည်းခိုနေထိုင်ခဲ့သည်ဟုလည်း ရဲများကအတည် ပြုထားသည်။

သေဆုံးသူသည် ချစ်သူမိန်းကလေးနှင့် နှစ်ကြိမ်ခန့် ချစ်တင်းနှောအပြီးတွင် သတိလစ်မေ့မြောသွားသဖြင့် ဆေးရုံသို့ ပို့ဆောင်ရာလမ်းတွင်ပင် သေဆုံးသွားခဲ့သည်ဟု ရဲများ၏စုံစမ်းစစ်ဆေးမှုရလဒ်များကို သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလောင်းတွင်ပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရသဖြင့် ၎င်းအမျိုးသားသေဆုံးရသည့် အကြောင်းအရင်း မှန်ကိုသေချာစွာစစ်ဆေးရန် မြောက်ဥက္ကလာပဆေးရုံကြီးကို အပ်နှံထားကြောင်း ရဲဌာနကဆိုသည်။

ယခုအမှုကို မြောက်ဥက္ကလာပရဲစခန်းမှ ဒုရဲအုပ်ဇော်မင်းခက်က တရားလိုပြုလုပ်တိုင်တန်းထားပြီး ရဲစခန်း ကလည်း အမှုအမှတ်(ပ)၂၉/၁၃ဖြင့် အမှုဖွင့်ထားပြီး ဆက်လက်စစ်ဆေးဆောင်ရွက်မည်ဟု ရဲစခန်းက ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

Mizzima News

၄၉ လမ်းထောင့် တိုက်ခေါင်မိုးထပ်က ပြည့်တန်ဆာလုပ်ငန်း ရဲဝင်ဖမ်းလိုက်ပြီ


ရန်ကုန်မြို့ ဗိုလ်တစ်ထောင်မြို့နယ် မဟာဗန္ဓုလမ်းနှင့် ၄၉ လမ်းထောင့်ရှိ တိုက်ခေါင်မိုးထပ်မှ ပြည့်တန်ဆာလုပ်ငန်းကို ဇူလိုင် ၂၈ ရက် ညနေက ရဲများဝင်ဖမ်းလိုက်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ရဲများက ထိုတိုက်ခန်းတွင် အနှိပ်ခန်းအမည်ခံကာ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်နေကြောင်း သတင်းရရှိသဖြင့် ၀င်ရောက်ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်ဟုလည်း ရဲဌာနကဆိုသည်။

ထိုတိုက်ခန်းတွင် ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်ရန် ရောက်ရှိနေသည့် အမျိုးသမီး ၁၃ ဦးကိုလည်း ဖမ်းဆီးရမိခဲ့ပြီး ဆိုင်တာဝန်ခံကိုလည်း ရဲများကဖမ်းဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ယခုကဲ့သို့ ၀င်ရောက်မဖမ်းဆီးမီ ရဲများက အသွင်ယူသက်သေနှစ်ဦးကို ကြိုတင်နံပါတ် မှတ်သားထားသော ငါးထောင်ကျပ်တန် စက္ကူနှစ်ရွက်ပေး၍ ထိုအနှိပ်ခန်းကိုသွားရောက်ပြီး ပျော်ပါးလိုသူအဖြစ် ဟန်ဆောင်ကာဝင်ရောက်စေခဲ့သည်ဟုလည်း ရဲဌာနက ဆိုသည်။

ရဲများ ၀င်ဖမ်းချိန်တွင် အသွင်ယူသက်သေများနှင့်အတူ မိန်းကလေးနှစ်ဦးကို အခန်းအတွင်း၌ ဖမ်းမိခဲ့သည်ဟုလည်း ရဲမှတ်တမ်းတွင် တွေ့ရသည်။

ယခုအမှုတွင် ပြည့်တန်ဆာလုပ်ကိုင်သည့် အမျိုးသမီး ၁၃ ဦးကို ဗိုလ်တစ်ထောင် ရဲစခန်းတွင် အမှုအမှတ် (ပ)၁၄၀/၁၃ဖြင့် အမှုဖွင့်ထားပြီး ၎င်းတို့ကို ပြည့်တန်ဆာပပျောက်ရေးဥပဒေ ၃(က)/(ခ)တို့ဖြင့် တရားစွဲမည်ဖြစ်ပြီး၊ ထိုလုပ်ငန်းကို ကြီးကြပ်လုပ်ကိုင်သူကို အမှုအမှတ်(ပ)၁၄၁/၁၃ဖြင့် အမှုဖွင့်ကာ ပြည့်တန်ဆာပပျောက်ရေးဥပဒေ ပုဒ်မ ၅(၁)ဖြင့် တရားစွဲမည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ပြည့်တန်ဆာလုပ်ငန်းသည် တရားဝင်လုပ်ကိုင်ခွင့် မရှိသည့်ကိစ္စဖြစ်ပြီး ရဲများက သတင်းရရှိသည်နှင့် ၀င်ဖမ်းလေ့ရှိသည်။

သို့သော် ဥပဒေကို လက်တစ်လုံးကြားလုပ်ကာ အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးနေသည့် အာဏာပိုင်အဖွဲ့အစည်းအချို့ကြောင့် ပြည့်တန်ဆာများ နစ်နာမှုများရှိနေသည်ဟု NLD အမတ် ဒေါ်စန္ဒာမင်းက ဇူလိုင် ၉ ရက်က ပြုလုပ်သည့် အောက်လွှတ်တော်တွင် ပြောကြားခဲ့ဖူးသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese

ပင်လယ်ရေအောက် ဖိုင်ဘာဆက်ကြောင်း ဆီမီးဝီး သရီး ပြင်ဆင်မှုပြီးစီး

ပင်လယ်ရေအောက် ဖိုင်ဘာဆက်ကြောင်း ဆီမီးဝီး သရီးကို ဇူလိုင် ၃၀ ရက်နေ့မှာ ပြင်ဆင်မှုပြီးစီးပြီဖြစ်လို့ သည်ညနေ(ဇူလိုင်၃၀) ၅း၀၀နာ၇ီကစပြီး ယခင်အင်တာနက်မြန်နှုန်းအတိုင်း ပြန်သုံးနိုင်ပြီလို့ မြန်မာဆက်သွယ်ရေးလုပ်ငန်း ဆီမီးဝီးသရီး ပြည်ပကေဘယ်လ်စတေရှင်မှ လက်ထောက်အင်ဂျင်နီယာ ဦးစိုးမြင့်ထံက သိရပါတယ်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ အပြည်ပြည်ဆိုင်ရာဆက်ကြောင်းတွေနဲ့ အဓိကချိတ်ဆက်ထားတဲ့ ပင်လယ်ရေအောက် ဖိုင်ဘာကေဘယ်လ် ဆီမီးဝီးသရီးဆက်ကြောင်းက ဇူလိုင်လ ၂၂ ရက်ညနေ ၅နာရီအချိန်မှာချို့ယွင်းမှုဖြစ်ခဲ့တယ်။ ပြုပြင်ဆဲကာလအတွင်း မြန်နှုန်း 5.5 GBPS ကိုပဲအသုံးပြုလို့ရခဲ့ပြီး အခုအချိန်မှာ ယခင်မြန်နှုန်း 11.5GBPS ကို အသုံးပြုနိုင်ပါပြီ။

The Modern News Journal

လပြည့်ဝန်းပလာဇာတွင် မီးလောင်မှုဖြစ်ပွား


ရန်ကုန်၊ ဇူလိုင် ၃၀

၃၀.၇.၂၀၁၃ ရက်နေ့ ၁၂၂၀အချိန် ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊
န၀ဒေးလမ်းနှင့်အလံပြဘုရား လမ်းရှိ လပြည့်ဝန်းပလာဇာ၏ (၆)လွှာ၊
အနောက်ဘက်(ယာ)ခန်း သဘောင်္ဆေးပုံးအခွံများနှင့် အဆောက်အဦး
ဆောက်လုပ်ပြုပြင်ရာတွင်ကာရံအသုံးပြုသည့် နိုင်လွန်ပိုက်ကွန်များထား
ရှိရာအခန်း ၌ မီးလောင်မှုဖြစ်ပွားသဖြင့်အဆိုပါနေရာသို့မီးသတ်ယာဉ်
(၁၁)စီး၊အုပ်ချုပ်မှုယာဉ်(၅)စီး၊အထောက်အကူပြုယာဉ်(၆)စီးတို့ဖြင့်
မီးငြိမ်းသတ်ခဲ့ရာ ၁၂၃၀ အချိန်တွင်မီးငြိမ်းသွားခဲ့ပါသည်။

အခင်းဖြစ်နေရာသို့ ရန်ကုန်တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာ
ဝန်ကြီး၊ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူး၊ ဒုတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ အကူတပ်ဖွဲ့ခွဲမှူး၊ အနောက်ပိုင်း
ခရိုင်ရဲတပ်ဖွဲ့မှူး၊ဒဂုံမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်တာဝန်ရှိသူတို့မှ ရောက်ရှိ
စစ်ဆေးခဲ့ပါသည်။

အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍ဆက်လက်စုံစမ်းစစ်ဆေးလျက်
ရှိကြောင်းသတင်းရရှိပါသည်။
Yangon Police

ငွေသိန်း ခြောက်ဆယ်ကျော် ပျောက်ဆုံးမှု ရှာဖွေ ဖမ်းဆီးရာမှ မန္တလေး ဆေးရုံကြီးတွင် လှည့်လည်ခိုးယူ နေသူအား ဖမ်းမိ


ကချင်ပြည်နယ် အမှတ်(၂)သတ္တုတွင်းဌာနမှ အထွေထွေ မန်နေဂျာ ၏ ငွေသိန်းခြောက် ဆယ်ကျော် ပျောက်ဆုံးမှု ရှာဖွေဖမ်းဆီး ရာမှ မန်းဆေး ရုံကြီးတွင် ယခင်ကထဲက လှည့်လည်ခိုးယူ နေသော အမှုများပါ  ပေါ်ပေါက်ခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဇူလိုင်၂၁ရက်နေ့ ညနေပိုင်းတွင်ဦး  ကချင်ပြည် နယ်၊ အမှတ်(၂) သတ္တတွင်း ဌာနသည်နေပြည်တော် အစည်းဝေးမှ မြစ်ကြီးနားသို့ ပြန်လာချိန် လမ်းခုလက်တွင် နှလုံးထိခိုက်မိပြီး မန်းလေးပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူခဲ့ကြောင်း၊ ၂၃ရက်နေ့တွင်ခွဲစိတ်ကုသခဲ့ပြီးနောက် နှလုံး
သွေးကြော ပိတ် ကု သဆောင်တွင် ဆက်လက်ကုသမှုခံယူခဲ့ကာ၂၅ရက်နေ့ ညနေ ၄နာရီခန့်တွင် ဆေးရုံ ကုတင်ဘေးစားပွဲပေါ်တွင် တင်ထားသော ငွေကျပ် ၆၃သိန်းခန့်ပါ ပြင်သစ်နိုင်ငံလုပ် ELLSE အမျိုးစားလက်စွဲ အိပ်အညိုရောင်မှာ ပျောက်ဆုံးလျှက်ရှိကြောင်း တွေ့ရှိရသဖြင့် ၄င်ကိုယ်တိုင် အမှတ်(၈)ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့သည်။

စခန်းမှ (ပ) ၃၀၁/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၈၀အရအမှုဖွင့်ဆောင်ရွက်ခဲ့ပြီး သံသယရှိသူအား လိုက်လံစစ် ဆေးရာသုံးနိုင်ဖြုန်းနိုင်သည့် အခြေနေ မရှိသော တရားခံဟု ယူဆရသူတစ်ဦးသည် စင်တင်ဆိုင်များနှင့် တခြားနေရာ များတွင် ငွေအများပြား သုံးစွဲနေသည်ကို တွေ့ရှိရသဖြင့် ၄င်းသံသယရှိသူအား ၄င်း၏အဒေါ်ရှိရာ ယာဉ်ပျံဘူ တာအနီးသို့ Taxi ဖြင့် ပြန်လာချိန်တွင် ဖမ်းဆီးစစ်ဆေးရာ သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည် ဟု ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။

တရားခံအား ဆက်လက်စစ်ဆေးရာ ယခင် ဆေးရုံကြီးတွင် ငွေများ၊ အားသွင့်ထားသည့် ဖုန်းများအား လှည့်လည် ခိုးယူနေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အမှုအား အမှတ်(၈)ရဲစခန်းမှ နောက်ထပ် ခိုးယူထားသည့်အမှုများရှိမရှိ ယနေ့ ၃၀-၇-၂၀၁၃ရက်နေ့ ညနေ ၄နာရီခွဲခန့်အထိ ဆက်လက် စစ်ဆေးနေဆဲဖြစ် ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖိုးလပြည့်
Popular Myanmar News Journal

တရားမ၀င် ကျွန်းခွဲသားများတင်ဆောင်လာသော ယာဉ်(၂)စီး အားဖမ်းဆီးရမိ


ရန်ကုန်၊ ဇူလိုင် ၃၀

၂၉.၇.၂၀၁၃ ရက်နေ့ ၁၅၄၅ အချိန် လှည်းကူးမြို့မရဲစခန်း၊
ထောက်ကြန့်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် သစ်တောဦးစီးဌာန၀န်ထမ်းများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သတင်းအရလှည်းကူး မြို့နယ်၊ ငွေနံ့သာကျေးရွာအနောက်ဘက်ရှိ
နှင်းဆီးလမ်းပေါ်တွင် ၇ခ/---- နှင့် ၈ဈ/----ဟိုက်အေ့စ်ယာဉ်(၂)စီး အားတွေ့ရှိစစ်ဆေးစဉ် အဆိုပါယာဉ်များပေါ်မှ လူ(၅)ဦးမှာ ထွက်ပြေးကြသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ ကောင်းထက်(၂၁)နှစ်၊ (ဘ)ဦးဇင်ဝင်း၊ မင်္ဂလာဒုံမြို့နယ် နှင့် ဌေးနိုင် (၄၃)နှစ်၊ (ဘ)ဦးတင်ထွန်း မင်္ဂလာဒုံမြို့နယ်နေသူတို့နှစ်ဦးအား ဖမ်းဆီးရမိခဲ့ပါသည်။

အဆိုပါယာဉ် (၂)စီးအား ဆက်လက်စစ်ဆေးရာ ၇ခ/---- ယာဉ်ပေါ်မှ တရားမ၀င်ကျွန်းခွဲသား ဆိုဒ်စုံ (၃၅)ချောင်း၊ (၁.၃၃၄)တန်၊ ၈ဈ/---- ယာဉ်ပေါ်မှ တရားမ၀င်ကျွန်းခွဲသားဆိုဒ်စုံ (၃၂)ချောင်း (၁.၀၃၈) တန်၊ စုစုပေါင်း(၂.၃၇၂)တန်၊ ဒေသပေါက်ဈေး (၂၈၄၆၄၀၀) ကျပ်အားတွေ့ရှိ၍ ကျွန်းခွဲသားများနှင့် ယာဉ်(၂)စီးအား သိမ်းဆည်းပြီး
ကောင်းထက် နှင့် ဌေးနိုင်တို့အပေါ် လှည်းကူးမြို့မရဲစခန်း
(ပ)၂၇၅/၂၀၁၃၊ သစ်တောဥပဒေပုဒ်မ ၄၃(က)ဖြင့်
အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိပါသည်။
Yangon Police

ချစ်တင်းနှောအပြီး အမျိုးသားတစ်ဦး သတိလစ်သေဆုံး


တည်းခိုခန်းတွင် ချစ်သူနှင့် ချစ်တင်းနှောအပြီးတွင် အမျိုးသားတစ်ဦး သတိလစ်သေဆုံးခဲ့မှုတစ်ခု ဇူလိုင် ၂၈ ရက်က မြောက်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွားခဲ့ရာ ထိုကိစ္စကို မြို့နယ်ရဲစခန်းက အမှုဖွင့်ကာ စုံစမ်း စစ်ဆေးနေကြောင်း ရန်ကုန်တိုင်းရဲစခန်းက သတင်းထုတ်ပြန်သည်။

ရဲများက ယင်းနေ့ မွန်းလွဲ ၂ နာရီတွင် မြောက်ဥက္ကလာပ ဆေးရုံကြီးသို့ အမျိုးသားတစ်ဦး သေဆုံးပြီး ရောက်ရှိနေကြောင်း သတင်းရသဖြင့် သွားရောက်ကြည့်ရှုခဲ့ရာမှ ထိုကိစ္စစတင်ပေါ်ပေါက်ခြင်းဖြစ်သည် ဟုထုတ်ပြန်ချက်တွင် ပါရှိသည်။

သေဆုံးသူသည် အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်ပြီး ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး သူသည် မြောက်ဥက္ကလာပမြိှု့နယ် ဃ-ရပ်ကွက်ရှိ တည်ခိုခန်းတွင်သူ နှင့်အသက်အရွယ်တူ ချစ်သူနှင့် အတူ ဇူလိုင် ၂၈ ရက် မွန်းလွဲ ၁ နာရီကျော်အချိန်တွင် တည်းခိုနေထိုင်ခဲ့သည်ဟုလည်း ရဲများကအတည် ပြုထားသည်။

သေဆုံးသူသည် ချစ်သူမိန်းကလေးနှင့် နှစ်ကြိမ်ခန့် ချစ်တင်းနှောအပြီးတွင် သတိလစ်မေ့မြောသွားသဖြင့် ဆေးရုံသို့ ပို့ဆောင်ရာလမ်းတွင်ပင် သေဆုံးသွားခဲ့သည်ဟု ရဲများ၏စုံစမ်းစစ်ဆေးမှုရလဒ်များကို သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလောင်းတွင်ပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရသဖြင့် ၎င်းအမျိုးသားသေဆုံးရသည့် အကြောင်းအရင်း မှန်ကိုသေချာစွာစစ်ဆေးရန် မြောက်ဥက္ကလာပဆေးရုံကြီးကို အပ်နှံထားကြောင်း ရဲဌာနကဆိုသည်။

ယခုအမှုကို မြောက်ဥက္ကလာပရဲစခန်းမှ ဒုရဲအုပ်ဇော်မင်းခက်က တရားလိုပြုလုပ်တိုင်တန်းထားပြီး ရဲစခန်း ကလည်း အမှုအမှတ်(ပ)၂၉/၁၃ဖြင့် အမှုဖွင့်ထားပြီး ဆက်လက်စစ်ဆေးဆောင်ရွက်မည်ဟု ရဲစခန်းက ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

Mizzima News

၄၉ လမ်းထောင့် တိုက်ခေါင်မိုးထပ်က ပြည့်တန်ဆာလုပ်ငန်း ရဲဝင်ဖမ်းလိုက်ပြီ

ဇော်ဇော်ထွေး
ရန်ကုန်မြို့ ဗိုလ်တစ်ထောင်မြို့နယ် မဟာဗန္ဓုလမ်းနှင့် ၄၉ လမ်းထောင့်ရှိ တိုက်ခေါင်မိုးထပ်မှ ပြည့်တန်ဆာလုပ်ငန်းကို ဇူလိုင် ၂၈ ရက် ညနေက ရဲများဝင်ဖမ်းလိုက်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ရဲများက ထိုတိုက်ခန်းတွင် အနှိပ်ခန်းအမည်ခံကာ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်နေကြောင်း သတင်းရရှိသဖြင့် ၀င်ရောက်ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်ဟုလည်း ရဲဌာနကဆိုသည်။

ထိုတိုက်ခန်းတွင် ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်ရန် ရောက်ရှိနေသည့် အမျိုးသမီး ၁၃ ဦးကိုလည်း ဖမ်းဆီးရမိခဲ့ပြီး ဆိုင်တာဝန်ခံကိုလည်း ရဲများကဖမ်းဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ယခုကဲ့သို့ ၀င်ရောက်မဖမ်းဆီးမီ ရဲများက အသွင်ယူသက်သေနှစ်ဦးကို ကြိုတင်နံပါတ် မှတ်သားထားသော ငါးထောင်ကျပ်တန် စက္ကူနှစ်ရွက်ပေး၍ ထိုအနှိပ်ခန်းကိုသွားရောက်ပြီး ပျော်ပါးလိုသူအဖြစ် ဟန်ဆောင်ကာဝင်ရောက်စေခဲ့သည်ဟုလည်း ရဲဌာနက ဆိုသည်။

ရဲများ ၀င်ဖမ်းချိန်တွင် အသွင်ယူသက်သေများနှင့်အတူ မိန်းကလေးနှစ်ဦးကို အခန်းအတွင်း၌ ဖမ်းမိခဲ့သည်ဟုလည်း ရဲမှတ်တမ်းတွင် တွေ့ရသည်။

ယခုအမှုတွင် ပြည့်တန်ဆာလုပ်ကိုင်သည့် အမျိုးသမီး ၁၃ ဦးကို ဗိုလ်တစ်ထောင် ရဲစခန်းတွင် အမှုအမှတ် (ပ)၁၄၀/၁၃ဖြင့် အမှုဖွင့်ထားပြီး ၎င်းတို့ကို ပြည့်တန်ဆာပပျောက်ရေးဥပဒေ ၃(က)/(ခ)တို့ဖြင့် တရားစွဲမည်ဖြစ်ပြီး၊ ထိုလုပ်ငန်းကို ကြီးကြပ်လုပ်ကိုင်သူကို အမှုအမှတ်(ပ)၁၄၁/၁၃ဖြင့် အမှုဖွင့်ကာ ပြည့်တန်ဆာပပျောက်ရေးဥပဒေ ပုဒ်မ ၅(၁)ဖြင့် တရားစွဲမည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ပြည့်တန်ဆာလုပ်ငန်းသည် တရားဝင်လုပ်ကိုင်ခွင့် မရှိသည့်ကိစ္စဖြစ်ပြီး ရဲများက သတင်းရရှိသည်နှင့် ၀င်ဖမ်းလေ့ရှိသည်။

သို့သော် ဥပဒေကို လက်တစ်လုံးကြားလုပ်ကာ အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးနေသည့် အာဏာပိုင်အဖွဲ့အစည်းအချို့ကြောင့် ပြည့်တန်ဆာများ နစ်နာမှုများရှိနေသည်ဟု NLD အမတ် ဒေါ်စန္ဒာမင်းက ဇူလိုင် ၉ ရက်က ပြုလုပ်သည့် အောက်လွှတ်တော်တွင် ပြောကြားခဲ့ဖူးသည်။

Mizzima - News in Burmese

ရန်ကုန် လပြည့်ဝန်းပလာဇာတွင် နေ့လည်ခင်း မီးလောင်


ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊
န၀ဒေးလမ်းနှင့်အလံပြဘုရား လမ်းရှိ လပြည့်ဝန်းပလာဇာ၏ (၆)လွှာ၊
အနောက်ဘက်(ယာ)ခန်း သဘောင်္ဆေးပုံးအခွံများနှင့် အဆောက်အဦး
ဆောက်လုပ်ပြုပြင်ရာတွင်ကာရံအသုံးပြုသည့် နိုင်လွန်ပိုက်ကွန်များထား
ရှိရာအခန်း ၌ယနေ့နေ့လည့် ၁၂၂၀အချိန် မီးလောင်မှုဖြစ်ပွားသဖြင့်အဆိုပါနေရာသို့မီးသတ်ယာဉ်
(၁၁)စီး၊အုပ်ချုပ်မှုယာဉ်(၅)စီး၊အထောက်အကူပြုယာဉ်(၆)စီးတို့ဖြင့်
မီးငြိမ်းသတ်ခဲ့ရာ ၁၂၃၀ အချိန်တွင်မီးငြိမ်းသွားခဲ့ကြောင်းYangon Policeမှသိရသည်။
အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍ဆက်လက်စုံစမ်းစစ်ဆေးလျက်
ရှိကြောင်းသိရသည်။

မြ၀တီ

မိုးအဆက်မပြတ် ရွာသွန်းနေလို့ ၈၅၀ မီတာအရှည် တံတားတစင်း ခါးလည်ပိုင်း ကျိုးကျသွား (ရုပ်/သံ)

30072013TUE ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူအနီးမှာ မိုးအဆက်မပြတ် ရွာသွန်းနေလို့ မွန်လူမျိုးတွေ နေထိုင်တဲ့ ၀င်းကရွာရှိ ၈၅၀ မီတာအရှည် တံတားတစင်း ခါးလည်ပိုင်း ကျိုးကျသွားခဲ့ပါတယ်။ မောင်တူး


DVB TV News

ဟိန္ဒူ ဗုဒ္ဓဘာသာဝင်တွေ စုပေါင်းပီး သံဃာတော်တွေကို ၀ါဆိုသင်္ကန်းသွားရောက်လှူဒါန်း

ဟိန္ဒူ ဗုဒ္ဓဘာသာဝင်တွေ စုပေါင်းပီး ဘီးလင်းမြို့ တောင်စွန်း ဓမ္မဒူတတောရကျောင်းတိုက်ကြီးမှာ သီတင်းသုံးဝါဆိုတော်မူကြတဲ့ သံဃာတော်တွေကို ၀ါဆိုသင်္ကန်းသွားရောက်လှူဒါန်းခဲ့ကြပါတယ်။ ကိုသီဟ သတင်းပေးပို့ထားပါတယ်။


DVB TV News

ခဖနောင့် နာအောင်လုပ်တဲ့ ဒေါက်မြင့်များ သတိထား


ခြေဖနောင့် နာအောင်လုပ်တဲ့ ဒေါက်မြင့်များ သတိထား လူတစ်ယောက်ရဲ့ ခြေဖဝါး မတ်တတ်ရပ် လမ်းလျှောက်ဖို့ရာ ခြေဖဝါး (ဖနောင့်မှ  ခြေချောင်းလေးတွေ အထိ) နှင့် ခြေသလုံး တိုင်တို့ ၉၀ ဒီဂရီ ရှိ ရပါတယ်။ ထို့အတူပဲ ခြေသပွတ် တိုင်နဲ့ ခြေဖဝါးကတော့ ၆၀ ဒီဂရီ ရှိရတယ်။ ဒါမှ လူတွေဟာ နေ့စဉ် ပုံမှန်လှုပ်ရှားမှုတွေ ပြုလုပ်နိုင် ပါတယ်။ ဒါပေမယ့် ဒေါက်မြင့်တဲ့ ရှူးဖိနပ်တွေက လူရဲ့ ခြေထောက် အနေအထားကို ရှေ့မှ ဖော်ပြခဲ့တဲ့ အနေအထား ဒီဂရီ တွေ ပြောင်းလဲစေတဲ့အတွက် သူတို့ ရဲ့ ပုံမှန်လုပ်ငန်းကို ထိခိုက်စေ ပါသတဲ့။

ခြေဖဝါးအစုံ ပုံမှန်မရှိစေ တော့ဘဲ ပျောက်သွားတဲ့ အတွက် လမ်းလျှောက် ရာတွင်လည်းကောင်း၊ ပြေးလွှားတဲ့ အခါတွင် လည်းကောင်း၊ ခြေဖဝါး ကူရှင်ဖြစ်နေစေတဲ့ အခုံးမရှိလို့ ဒူး တွေနဲ့ ခါးရိုးပေါ်မှာ မလိုအပ်ဘဲ ဖိအား တွေ သက်ရောက်စေပါ တော့တယ်။ သေးသေး ရှူးဖိနပ်စီးတဲ့ အမျိုးသမီး တွေ အသက်ရလာတာနဲ့အမျှ ဘာ ကြောင့် 'ငါဒူးနာ ရတာလဲ၊ ခါးနာရ တာလဲ' ဆိုတဲ့ မေးခွန်းရဲ့ အဖြေကို သိလာ ပါလိမ့်မယ်။

နောက်တစ်ချက် ကတော့ ခြေဖဝါးရှိ ခြေဆစ်ကလေး တွေ အားပြုလျှောက်ရလို့ ရောင်ရမ်း လာခြင်း၊ ခြေဖနောင့်အရွတ် ရောင် ရမ်းလာခြင်း၊ ခြေပူနာခေါ် အသားမာ တက်လာခြင်းနှင့် ခြေမအဆစ်ငေါပြီး နာကျင် လာခြင်းတို့ပါ တွဲဖက် ခံစား နိုင်ပါသတဲ့။ ဒေါက်မြင့်လေ ခြေသပွတ် တိုင်လယ်တာ၊ ခေါက်တာ၊ လဲကျလို့ အရိုးကျိုးတာစတဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်လာနိုင် ပါသေးတယ်။ အမျိုးသမီး တွေဟာ ဒေါက်မြင့်မြင့် ကြီးတွေစီးရင် ပိုကြည့်ကောင်းလာမှာ ပဲလို့ထင်ပြီး စီးလေ့ရှိပါတယ်။ အမှန် က ၂.၅ စင်တီမီတာထက် ပိုနိမ့်ပြီး ပိုကျယ်တဲ့ ဒေါက်မြင့်မျိုး စီးသင့်ပါ တယ်။

မေ

By Health Digest

ဝက်ခြံအတွက် အခြားကုထုံးများ


ဝက်ခြံအတွက် အခြားကုထုံးများ အရေပြားရှိ ဆံခြည်မျှင် အိတ်တွေမှာ အရေပြား ဆဲလ်သေ၊ ဘက်တီးရီးယားနဲ့ ဆီကြည်လို့ ခေါ်တဲ့ အဆီတွေ ပိတ်ဆို့တဲ့အခါ ဝက်ခြံဖြစ်ပေါ်လာတတ် ပါတယ်။ ချွေးပေါက်တွေမှာ ပိတ်ဆို့နေတဲ့ အညစ်အကြေးနဲ့ ပိုးမွှားတွေက ကြာလာရင် ဝက်ခြံ အဖုအပိမ့် အပြစ်အနာအဆာတွေ ဖြစ်လာတတ် ပါတယ်။

ဝက်ခြံအတွက် အာဟာရကုထုံး

တချို့အစား အသောက်တွေက အ ရေပြားမှာ အဆီတွေကို အလွန်အမင်း ထွက်ရှိစေတဲ့ အတွက် ရှောင်သင့်ပါတယ်။ အဆီထွက်ရှိမှု မြင့်မားစေတဲ့ အစားအ သောက်တွေက ကာဗိုဟိုက်ဒရိတ် (သကြား) နဲ့ ပြည့်ဝဆီပါတဲ့ အစာတွေ ဖြစ်ကြပါတယ်။ ဒီနေရာမှာ လူတစ်ယောက်နဲ့ တစ်ယောက် မတူတာက တချို့သူတွေမှာ ချောကလက် စားရင် ဝက်ခြံထွက်တတ်ပေမယ့် တချို့ လူတွေမှာ နွားနို့ထဲက အဆီကြောင့် ဝက်ခြံ ဖုဖြစ်စေနိုင်ပါတယ်။ ပင်လယ်စာနဲ့ အိုင် အိုဒင်းပါတဲ့ ဆားတွေလို အိုင်အိုဒင်းဓာတ် များတဲ့ အစားအသောက်တွေကိုလည်း ရှောင်သင့်ပါတယ်။

အခွံချွတ်မထားတဲ့ ကောက်နှံစာ၊ ဟင်းသီးဟင်းရွက်ပြုတ်၊ သစ်သီးနဲ့ ပဲအ မျိုးမျိုးကို စားတာကြောင့် အသားအရေ ကို ကျန်းမာလှပစေပါတယ်။ ခန္ဓာကိုထဲမှာ ဗီတာမင် ဒါမှမဟုတ် သတ္တုဓာတ်တစ်မျိုးမျိုး ချို့တဲ့ရင်လည်း ဖိစီးမှုကို တွန်းလှန်နိုင်စွမ်း လျော့နည်း ကာ ဝက်ခြံအဖုအပိမ့်တွေကို ဖြစ်စေနိုင် ပါတယ်။ ဝက်ခြံဖြစ်နေသူ ဒါမှမဟုတ် ဝက်ခြံဖြစ်လွယ်သူတွေ အဓိက မှီဝဲသင့် တဲ့ ဖြည့်စွက်ဆေးတွေကတော့ ဇင့် (သွပ်) ဓာတ်၊ ဆီလီနီယမ်၊ ဗီတာမင်အေ၊ ဗီတာ မင် B6 နဲ့ ဗီတာမင်အီးတို့ ဖြစ်ကြပါတယ်။

အမေရိကန်နဲ့ ဥရောပ လေ့လာမှုအ မျိုးမျိုးအရ ဇင့်(သွပ်)ဓာတ်ချို့တဲ့နေသူ တွေအနေနဲ့ ဝက်ခြံနဲ့ တခြားအရေပြားအ ပြစ်အနာအဆာဖြစ်နှုန်း မြင့်မားကြောင်း တွေပရပါတယ်။ ဝက်ခြံရှိသူ လူနာတွေ အနေနဲ့ ပုံမှန် ဇင့်(သွပ်) မှီဝဲပြီး နှစ်လအကြာမှာ ဝက်ခြံနဲ့ တခြားအဖုအပိမ့်တွေ ဖြစ်နိုင်ခြေ သိသိသာသာ လျော့နည်းမှု ရှိကြောင်း သိရသည်။ ဇင့်(သွပ်) ဓာတ် ရောင်ရမ်းမှုကို တွန်းလှန်နိုင်စွမ်း ရှိပြီး အရေပြားဓာတ်မတည့်မှုကို လျော့ကျ စေပါတယ်။ ဇင့်(သွပ်)ဓာတ်များပြားတဲ့ အစားအစာတွေက အခြောက်အခြမ်း လုပ်ထားတဲ့ ပဲအမျိုးမျိုး၊ ဂျုံ၊ ကမာ စတာ တွေ ဖြစ်ကြပါတယ်။

ဝက်ခြံအတွက် ဆေးဖက်ဝင်ကုထုံး

ဆးဖက်ဝင်ကုထုံးအများစုဟာ ဝက်ခြံအဖုအပိမ့်ဖြစ်စေတဲ့ ဘက်တီးရီး ယားပိုးတွေကို ကင်းစင်စေပါတယ်။ ဆေး ဖက်ဝင်အပင်တွေက ကိုယ်တွင်းစနစ်ကို သန့်စင်စေတဲ့အတွက် နောက်တစ်ကြိမ် ဝက်ခြံအဖုအပိမ့်တွေ မဖြစ်အောင် ကာ ကွယ်ပေးနိုင်ပါတယ်။ လက်ဖက်ဆီ ( Tea Tree Oil)

လက်ဖက်ဆီ ငါးရာခိုင်နှုန်းက ထုတ်ထားတဲ့ ဂျဲလ်ဟာ ဘန်ဇွိုင်းပါအောက် ဆိုက်လိုးရှင်း ငါးရာခိုင်နှုန်းလိုပဲ ဝက်ခြံကင်း စင်စေတယ်လို့ ဩစတြေးလျသုတေသီ တွေက ဆိုပါတယ်။ လက်ဖက်ဆီမှာ ဘက် တီးရီးယားသေစေတဲ့ အာနိသင်ရှိပြီး အလွန်အစွမ်းထက် ပါတယ်။

အခြားဝက်ခြံ ကုသနည်းများ

ရနံ့ကုထုံး - ချမိုမိုင်း၊ လာဗန်ဒါ စတဲ့ မရှိမဖြစ်ဆီတွေကို ကြက်သီးနွေးရေနဲ့ ဖျော်ပြီး စပရေးအနေနဲ့ ဖျန်းပက်ပေးတာ ကြောင့် စိတ်ဖိစီးမှုကို ပြေလျော့စေပြီး ဝက်ခြံသက်သာစေပါတယ်။

အအေးကုထုံး - ဝက်ခြံအဖုအပိမ့်ပေါ်ကို ရေခဲကပ်တဲ့ နည်း၊ ပင်လယ်ရေ စိမ် တဲ့နည်းနဲ့ အေးမြစိုစွတ်တဲ့ ပိတ်စနဲ့ ကပ် တဲ့နည်းတွေဟာလည်း ဝက်ခြံသက်သာ စေပါတယ်။

တရားထိုင်ခြင်း - စိတ်ဖိစီးမှုနဲ့ နာ့ဗ် ကြောတင်းအားတို့ကြောင့် ဖြစ်တဲ့ ဝက်ခြံ အဖုအပိမ့်တွေဟာ တရားထိုင်တာကြောင့် သက်သာစေပါတယ်။

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

By Good Health

တနေရာ တထိုင်တည်း ကြာကြာ ထိုင်နေရင် ကျန်းမာရေး ထိခိုက်နိုင်


တစ်ခါထိုင်ရင် သုံးလေး နာရီကျော် ကြာတဲ့သူ တွေကို လေ့လာ ခဲ့ရာ စောစော စီးစီး သေဆုံး နိုင်ခြေ မြင့်မား နေတယ်လို့ လေ့လာမှု နှစ်ခု အရ သိရပါတယ်။

အမေရိကန် လေ့လာမှုအရတစ်နေ့ ခြောက်နာရီထက် ပိုမိုထိုင်ပြီး လေ့ကျင့်ခန်း မလုပ်တဲ့ အမျိုးသမီးတွေက အချိန်မတိုင်မီ စောစောသေဆုံးနိုင်ခြေ ၇၀ရာခိုင်နှုန်းကျော် ပိုမို မြင့်မားကြောင်း၊ အမျိုးသား တွေမှာတော့ အချိန်မတိုင်မီ စောစောသေဆုံး နိုင်ခြေ ၅၀ ရာခိုင်နှုန်း ပိုမို မြင့်မားကြောင်း လေ့လာ တွေ့ရှိ ရပါတယ်။ သြစတြေးလျ လေ့လာမှု အရ လူတွေက အထိုင်များ လေလေ၊ ဘ၀ သက်တမ်းတိုဖို့ အခွင့်အလမ်း ပိုများလေလေ ဖြစ်တာကို တွေ့ရ ပါတယ်။

အထိုင်များသူတို့ အတွက် ဖြေရှင်းနည်း

အထိုင်များတဲ့ အလုပ်လုပ်ရသူတွေ အနေနဲ့ နာရီဝက်ကြာ ထိုင်ပြီးတိုင်း မတ်တပ်ရပ် ပေးဖို့ လိုပါတယ်။ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပါ။ ဖုန်းကိုရပ်ပြီး ပြောတာ၊ လက်ကိုင်ဖုန်းကို လမ်းလျှောက်ပြီး ပြောတာမျိုး လုပ်ပါ။ လုပ်ဖော်ကိုင်ဖက် တွေနဲ့ စကားပြောရာမှာ အီးမေး၊ ချက်တင်တွေနဲ့ ပြောမယ့်အစား သူတို့ဆီကို သွားရောက်ပြီး ပြောပါ။ နာရီများစွာ ကြာကြာ ထိုင်ပြီး အလုပ်လုပ်မယ့်အစား မကြာခဏ ရေသောက်လိုက်၊ အိမ်သာ သွားလိုက် (ဆီးသွားလိုက်) လုပ်ပေးပါ။

မြ၀တီ

နားနှင့် ပတ်သက်ပြီး မပြုလုပ် သင့်သော အရာများ


နားတွေမှာ သူဘာသာ သန့်စင် စေခြင်းနဲ့ သူဘာသာ ကာကွယ် နိုင်ခြင်းဆိုတဲ့ သဘာဝ သတ္တိရှိပြီး သားပါ။

 ဒါ့ကြောင့် နားတွေကို မမှန်ကန်တဲ့ နည်းတွေနဲ့ သန့်စင် ဆေးကြောမှု ပြုလုပ်တဲ့ အခါ နားမှာ ထိခိုက်ဒဏ်ရာ ရခြင်းနဲ့ နားတွင်း ကူးစက်ပိုး ဝင်ခြင်းဆိုတဲ့ ပြဿနာတွေ ဖြစ်စေ နိုင်ပါတယ်။

နားဖာချေးကို မကလော်ပါနဲ့

နားဖားချေး တွေဟာ နားရဲ့သူ့ဘာသာ သန့်စင်စေတဲ့ လုပ်ငန်းစဉ်ကို ကောင်းကောင်း အလုပ်လုပ် နိုင်အောင် ဆောင်ရွက် ပေးပါတယ်။ နားဖာချေး တွေဟာ ဆိုးဆိုးဝါးဝါး ပိတ်ဆို့ မနေရင် ကလော်ပြီး မဖယ်ရှား သင့်ပါဘူး။ အပြင် နားစည် အရေပြားရှိ ဂလင်းကနေ ထုတ်ပေးလေ့ ရှိတဲ့ နာဖာချေးတွေဟာ အရေးကြီးတဲ့ လုပ်ငန်း ဆောင်တာ တွေကို လုပ်ဆောင် နေပါတယ်။

နားစည်ရဲ့ အရေပြားကို ကာကွယ် ဖုံးအုပ်ပေးခြင်း၊ ရေကို တွန်းထုတ်ခြင်းနဲ့ နားတွင်း ပိုးဝင်တာနဲ့ ထိခိုက်ဒဏ်ရာ မဖြစ်အောင် ကာကွယ် ပေးခြင်းစတဲ့ လုပ်ငန်းတွေ အပြင် နားအတွင်း အရေပြား ခြောက်သွေ့ ယားယံခြင်း မဖြစ်အောင် ထိန်းသိမ်း ပေးပါတယ်။ ဒါ့ပြင် နားဖာ ချေးဟာ အပြင်ကနေ ဝင်လာတဲ့ ဖုန်နဲ့ ပိုးမွှားတွေကို နားစည်ထဲ မရောက်အောင် သယ်ယူ ထားပေး ပါတယ်။ အများအားဖြင့် နားဖာချေးဟာ သူ့အလိုလို ထွက်သွားလေ့ ရှိပါတယ်။ ဒါပေမဲ့ တချို့ လူတွေမှာတော့ အလိုလို ထွက်မသွားတဲ့ အတွက် နားဖာချေးကို ကလော်ပြီး ဖယ်ထုတ် ရတတ်ပါတယ်။

နားစည်ထဲ ဘာမှ မထည့်ပါနဲ့

နားအတွင်း ထဲကို ဝါဂွမ်းစ၊ လက်ချောင်း၊ ကလစ်လို ချွန်ထက်တဲ့ အရာတွေ မထည့်ပါနဲ့။ နားအတွင်းထဲ ပြင်ပ ပစ္စည်း ထည့်တာဟာ နားစည်ရဲ့ နူးညံ့တဲ့ အရေပြားကို ထိခိုက် ပျက်စီး စေသလို အခန့်မသင့်ရင် နားစည်ကို ပေါက်ပြဲ စေပါတယ်။ လူအများစုဟာ နားဖာချေး ထွက်သွားအောင် နားထဲကို ပြင်ပ ပစ္စည်း ထည့်ပြီး ကလော်ထုတ် တတ်ကြပါတယ်။

နားဖာချေး သိပ်မရှိဘဲ ပြင်ပ ပစ္စည်းဟာ နားစည် အထိ ရောက်သွားရင် နားကို မသက်မသာ ဖြစ်စေကာ ယာယီ နားမကြားတော့ တာမျိုး ဖြစ်သွား တတ်ပါတယ်။ နားစည် အရေပြား ခြစ်မိခြင်းနဲ့ နှာချေးဟာ နားစည် အတွင်းထဲ အထိ ရောက်ရှိသွားခြင်း တွေကြောင့် နားတွင်း ကူးစက်ပိုး ဝင်တဲ့ အန္တရာယ်လဲ များပါတယ်။

နားအတွင်းထဲ မဆေးကြောပါနဲ့

နားရဲ့ အပြင်ဘက်ပိုင်း ညစ်ပတ်နေရင် ဆပ်ပြာနဲ့ ရေစိုစွတ်နေတဲ့ နူးညံ့တဲ့ အဝတ်စသုံးပြီး ဆေးကြောပေးပါ။ ဒါပေမဲ့ နားအတွင်း ထဲကိုတော့ အဝတ်စ၊ လက်ချောင်းနဲ့ တခြားဘာမှ ထည့်ပြီး မဆေးကြောပါနဲ့။ ကလေးရဲ့ နားကို ဆေးကြော သန့်စင်ပေးချင်ရင်လည်း ဝါဂွမ်းစကို ဆပ်ပြာမပါတဲ့ ရေထဲထည့်ပြီး ဆေးကြော ပေးလို့ ရပါတယ်။ ဒါပေမဲ့ နားကို ခြောက်သွေ့အောင် ပြန်ပြုလုပ်ဖို့ အရေးကြီး ပါတယ်။ ရေကူးတဲ့ သူတွေမှာ နားခြောက်သွေ့အောင် အထူး ဂရုစိုက်ဖို့ လိုပါတယ်။ တကယ်လို့ နားတွင်း ပိုးဝင်ပြီး နာကျင် နေရင်တော့ ဆရာဝန်နဲ့ ပြပါ။

နားထဲက ပြင်ပ ပစ္စည်းကို အတင်းမဖယ်ရှားပါနဲ့

လူကြီးတွေကော ကလေးတွေမှာပါ နားထဲ ပြင်ပ ပစ္စည်း ဝင်နိုင်ပါတယ်။ လူကြီးတွေမှာတော့ နားကပ် ကျွတ်ပြီး မတော်တဆ နားထဲ ဝင်သွားတာ ဖြစ်တတ်ပြီး ကလေးတွေ ကတော့ စနောက်ချင်စိတ်၊ စပ်စုလိုစိတ်နဲ့ အခြားကလေးရဲ့ နားထဲ ဒါမှမဟုတ် ကိုယ့်နားထဲ ပြင်ပ ပစ္စည်း ထည့်တတ် ကြပါတယ်။

ပဲစေ့လို၊ ခဲဖျက်လို ပစ္စည်းတွေ ဆိုရင် သူ့အလိုလို ပြန်ထွက် သွားဖို့ မလွယ်ပါဘူး။ အင်းဆက် ပိုးမွှားတွေလည်း နားထဲရောက်ပြီး ပိတ်မိ နေတာမျိုး ရှိတတ်ပါတယ်။ အဲဒီအချိန်မှာ ကိုယ့်ဘာသာ ပြင်ပ ပစ္စည်းကို ဖယ်ရှားဖို့ မကြိုးစားပါနဲ့။ ဆရာဝန်ထံ ချက်ချင်းသွားပါ။ ဆရာဝန်က နားထဲက ပြင်ပပစ္စည်းကို အထူးကိရိယာနဲ့ ဖယ်ရှားပေးမယ့် အပြင် နားထဲမှာ ထိခိုက် ဒဏ်ရာရှိ၊ မရှိ ဆန်းစစ်ကြည့်ရှုတာ လိုအပ်သလို ကုသပေးပါလိမ့်မယ်။

နားထဲ နားဖာချေးပိတ်ဆို့နေခြင်း

နားထဲ နားဖာချေး အလွန်အမင်း ပိတ်ဆို့နေပြီး ဖယ်ရှားဖို့လိုတဲ့ အခြေအနေတွေ ရှိပါတယ်။ ဖယ်ရှားဖို့ လိုတဲ့ လက္ခဏာရပ်တွေ ကတော့ နားအကြားအာရုံ ဆုံးရှုံးခြင်း၊ နားကိုက်ခြင်း၊ နားအူခြင်း၊ နားထဲပြည့်နေသလို ခံစားရခြင်း စတာတွေပါပဲ ဖြစ်ပါတယ်။ အဲဒီအခါ မိမိဘာသာ နားထဲက နားဖာချေး ထုတ်တာမျိုး မလုပ်ဘဲ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်နဲ့ ပြသလိုက်ပါ။

Ref: Good Health

ကလေးတွေ ပြည့်တန်ဆာ အဖြစ် အသုံးချခံနေရတာကိုFBIနှိမ်နင်း


အမေရိကန် ပြည်ထောင်စုမှာ ကလေးတွေ ပြည့်တန်ဆာ အဖြစ် အတင်း အဓမ္မ ရောင်းစားခံနေရတာတွေကို နှိမ်နင်းတဲ့ သူတို့အဆိုအရ အကြီးဆုံး စစ်ဆင်ရေး တခု ဆင်နွှဲခဲ့တယ်လို့ ဆိုပြီး ကလေး တရာကျော်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ အက်ဖ်ဘီအိုင် FBI ထောက်လှမ်းရေး အဖွဲ့ကြီးက ပြောပါတယ်။

အများအားဖြင့် မိုတယ် တည်းခိုခန်းတွေ ၊ လောင်းကစားဝိုင်းတွေနဲ့ ကုန်တင်ကား ရပ်နားရေးစခန်း တွေက ပြည့်တန်ဆာခေါင်း အယောက် ၁၅ဝ ကိုလည်း ဖမ်းဆီးခဲ့တယ်လို့ အက်ဖ်ဘီအိုင်က ဆိုပါတယ်။

သူတို့ဟာ လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုတွေ ၊ လူကုန်ကူးမှုတွေနဲ့ ဗဟို အစိုးရ ၊ ပြည်နယ် အစိုးရ ဆိုင်ရာ တရားစွဲဆိုမှုတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

အက်ဖ်ဘီအိုင် အဖွဲ့ လက်ထောက် ညွှန်ကြားရေးမှူးရဲ့ အပြောအရ ကလေးတွေကို ပြည့်တန်ဆာ အဖြစ်အသုံးချမှုဟာ အမေရိကန် တလွှားက ကလေးတွေကို ဆက်လက် ခြိမ်းခြောက် အန္တရာယ် ပေးနေတယ်လို့ ဆိုပါတယ်။

ဘီဘီစီ(မြန်မာပိုင်း)

ယာဉ်နောက်လိုက်၏ ဦးခေါင်း (၃၉) အထူးယာဉ် ကြိတ်


ရန်ကုန်၊ ဇူလိုင် ၂၉

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် ဘုရင့်နောင်လမ်းနှင့် ပါရမီလမ်းဆုံ မီးပွိုင့်တွင် ဇူလိုင်လ ၂၉ ရက် နံနက် ၈ နာရီ ၃၀ မိနစ်ခန့်က မ.ထ.သ (၃၉) အထူးယာဉ်မှ အသက် ၂၅ နှစ်ခန့်ရှိ ယာဉ် နောက်လိုက် တစ်ဦး ယာဉ်ပေါ်သို့ ခုန်တက်စဉ် ခြေချော်ကျကာ ၎င်း၏ ဦးခေါင်းကို အဆိုပါယာဉ် ၏ နောက်ဘီးဖြင့် ကြိတ်မိပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း လှိုင်မြို့နယ် ယာဉ်ထ...ိန်းတပ်ဖွဲ့စု (၁၆) ရုံးမှ ယာဉ်ထိန်း အရာရှိ တစ်ဦးက The Voice သို့ ပြောကြားသည်။

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်မှ လှိုင်သာယာ မြို့နယ်သို့ ပြေးဆွဲသော မ.ထ.သ (၃၉) အထူးယာဉ် သည် ပါရမီလမ်းသို့ ကွေ့ကြောမှ ကွေ့ဝင်ကာ ယာဉ်ကို ဂငယ်ကွေ့ ကွေ့၍ ဘုရင့်နောင်လမ်းမ ပေါ်သို့ ပြန်အတက် ယာဉ်နောက်လိုက်က ယာဉ်ပေါ် ခုန်တက်ရာ ခြေချော် ပြုတ်ကျပြီး ဦးခေါင်း ကို ကြိတ်မိခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

ဘုရင့်နောင် လမ်းမကြီးနှင့် ပါရမီလမ်းဆုံ မီးပွိုင့်တွင် မ.ထ.သ (၃၉) အထူးယာဉ် အများစုသည် မီးပွိုင့်မိပါက ပါရမီလမ်းအတွင်းသို့ ကွေ့ဝင်ကာ ပါရမီလမ်းအတွင်း ရောက်ပါက ဂငယ်ကွေ့ ပြန်ကွေ့ကာ ဘုရင့်နောင် လမ်းပေါ်သို့ ပြန်လည် ဝင်ရောက်လေ့ရှိကြောင်း အဆိုပါ မီးပွိုင့် တာဝန်ကျ ယာဉ်ထိန်းရဲ တစ်ဦးက ပြောကြားသည်။

ယာဉ်နောက်လိုက်သည် မောင်းဟု အော်ပြီး ယာဉ်ပေါ်သို့ ခုန်တက် စဉ် ဘောင်းဘီနှင့် တံခါး ငြိကာ တလိမ့်ခေါက်ကွေး ပြုတ်ကျပြီး တက်ကြိတ်ခံ ရခြင်း ဖြစ်ကြောင်း အဆိုပါ အနီးရှိ ကုန်တင် ယာဉ်မောင်း တစ်ဦးက ပြော ကြားသည်။

(၃၉) အထူးယာဉ်လိုင်းမှ ယာဉ်မောင်းသည် ယာဉ်ကို ထားကာ ထွက်ပြေး ခဲ့ပြီး ညနေ ၄ နာရီတွင် လှိုင်မြို့နယ် ပိတောက်ချောင်း ရဲစခန်းသို့ လာရောက် အဖမ်းခံခဲ့ကြောင်း အဆိုပါ ရဲစခန်းထံမှ သိရှိရသည်။

KHN

The Voice Weekly

လိင်နဲ့ ကျန်းမာရေး (၁၈နှစ်ပြည့်မှဖတ်ပါ)


1. Sex Relieves Stress စိတ်ဖိအားကျစေတယ်
လိင်ဆက်ဆံမှုပြုရင် Stress စိတ်ဖိအား နည်းပါးစေတယ်။ Blood pressure သွေးတိုးကိုလည်း ကျစေတယ်။ စကော့တလန် သုတေသန လုပ်သူတွေက ယောက်ျား ၂၂ ယောက်နဲ့ မိန်းမ ၂၄ ယောက်ကို လေ့လာခဲ့တဲ့ ရလဒ်တွေအရ ပြောတာ ဖြစ်ပါတယ်။ သွေးဖိအားမှာ ပိုအရေးပါတဲ့ Diastolic blood pressure အောက်ဂဏန်း ကျတာဖြစ်တယ်။ ပွေ့ဖက်မှုကနေတောင်မှ အမျိုးသမီးတွေမှာ သွေးတိုးကျတယ်လို့ဆိုတဲ့ လေ့လာမှုလဲ ရှိပါသေးတယ်။
2. Sex Boosts Immunity ခုခံအားတက်စေတယ်
Good sexual health ကောင်းမွန်တဲ့ လိင်ကျန်းမာရေးကနေ ကိုယ်ကာယ ကျန်းမာရေးကိုပါ တိုးတက်စေတယ်။ တပါတ် ၁-၂ ကြိမ် ဆက်ဆံမှုကနေ Antibody (အင်တီဘော်ဒီ) ခေါ်တဲ့ ခုခံအားမှာ အသုံးကျတာတွေ များလာတာကို တွေ့ရတယ်။ Immunoglobulin A (IgA) လို့ ခေါ်ပြီး ရောဂါပိုးဝင်ရင် ထွက်လာတယ်။ Wilkes University (ဝေါ်လကီစ်) တက္ကသိုလ်က ပညာရှင်တွေကနေ ကျောင်းသူ-ကျောင်းသား ၁၁၂ ယောက်ကို သူတို့ တံတွေး-နမူနာတွေ ယူပြီး စစ်ဆေးတယ်။ လိင်မှုပြုတာ တပါတ်မှာ ၁-၂ ကြိမ်ပြုသူတွေမှာ လုံးဝမလုပ်သူ၊ နည်းနည်းသာပြုသူတွေနဲ့ သိပ်များများ ပြုသူတွေထက် IgA ပိုရှိနေတာ တွေ့ရတယ်။
3. Sex Burns Calories (ကယ်လိုရီ) ကျစေတယ်
မိနစ် ၃ဝ ကြာ လိင်ဆက်ဆံမှုကနေ ၈၅ (ကယ်လိုရီ) ကုန်စေတယ်။ များတယ် မထင်ရပေမဲ့ အကြိမ်ပေါင်း ၄ဝ ကျော်ရင် ကယ်လိုရီပေါင်း ၃ဝဝဝ ကျော်တယ်။ တနည်းပြောရရင် ကိုယ်အလေးချိန် (၁) ပေါင်ကျစေတယ်။ American Association of Sexuality Educators and Therapists အမေရိကန် လိင်ကျန်းမာရေးပညာရှင် Patti Britton (ပက်တီ-ဘရင်တန်) က ပြောပါတယ် Sex is a great mode of exercise "(ဆက်စ်) ဟာ လေ့ကျင့်ခန်းကောင်း တခုဖြစ်တယ်။ ရုပ်ပိုင်းရော စိတ်ပိုင်းကိုပါ တိုးတက်စေတယ်။"
4. Sex Improves Heart Health နှလုံးကျန်းမာရေး အားပေးတယ်
အစဉ်အလာ ထင်တာတခုက နှလုံးရောဂါသည်ဟာ လိင်ဆက်မှုပြုတဲ့ခါ Stroke (စထုပ်ခ်) ရစေနိုင်မလား စိုးရိမ်တယ်။ ဒါပေမဲ့ Journal of Epidemiology and Community Health က သိပ္ပံပညာရှင်တွေ အဆိုအရ ယောက်ျားပေါင်း ၉၁၄ ယောက်ကို အနှစ် ၂ဝ ကြာလေ့လာမှုအရ အဲလိုမဖြစ်စေတာကို သိရတယ်။ တပါတ်မှာ ၁ ကြိမ် နဲ့ ၂ ကြိမ် ဆက်ဆံမှုပြုသူ ယောက်ျားတွေထဲက တဝက်မှာ Fatal heart attack သေစေနိုင်တဲ့ နှလုံး (အတက်ခ်) ရတာ နည်းကြတာကိုပါ သိလာရတယ်။
5. Sex Boosts Self-Esteem ကိုယ့်ကိုယ်ကို အထင်ကြီးစိတ် ပိုစေတယ်
University of Texas (တက္ကဆပ်စ်) တက္ကသိုလ်က ပြုစုထားတဲ့ လူတွေဘာလို့ လိင်ဆက်ဆံမှုပြုကြသလဲ ဆိုတဲ့ အကြောင်းတရား ၂၃၇ ပါးထဲမှာ ကိုယ်ကိုယ်ကို အထင်ကြီးစိတ်ဆိုတာလဲ ပါတယ်။ ဒီအချက်ကို (ကိန်းဘရစ်ခ်ျ) က ပညာရှင် Gina Ogden (ဂျီနာ-အော်ဒင်) ကလဲ ထောက်ခံချက်ပေးပါတယ်။ သူမပြောတာက ကိုယ့်ကိုယ်ကို အထင်ကြီးမှု ရှိသူတွေမှာ လိင်ဆက်ဆံတာဟာ ပိုကောင်းတယ်ဆိုတဲ့ အသိစိတ် ရချင်ကြလို့ဖြစ်တယ်။
6. Sex Improves Intimacy တယောက်နဲ့ တယောက် ပိုပြီးရင်းနှီးစေတယ်
Having sex လိင်ဆက်ဆံကြမယ်၊ Orgasms (အောဂဇင်) လဲ ရမယ်ဆိုရင် Oxytocin (အောက်စီတိုဇင်) ဟော်မုန်း ပိုထွက်လာမယ်။ နှစ်ယောက်သား ပိုပြီးခိုင်မြဲတဲ့ စည်းနှောင်မှုကို ရစေမယ်၊ ယုံကြည်မှု တည်ဆောက်ရာလဲ ကျတယ်။ University of Pittsburgh and the University of North Carolina တက္ကသိုလ် ၂ ခုက ပညာရှင်တွေ သွေးမဆုံးသေးတဲ့ အမျိုးသမီး ၅၉ ဦးကိုလေ့လာရာက အဖြေထုတ် လိုက်ပါတယ်။ အဲဒီအခါ ကိုယ်အဖေါ်အတွက် ရက်ရောမှုပါ ပိုလာကြသေးတယ်။
7. Sex Reduces Pain နာတာကိုသက်သာစေတယ်
Oxytocin (အောက်စီတိုဇင်) ဟော်မုန်း များလာနဲ့အတူ Endorphins (အင်ဒိုဖင်) လဲ တက်လာတယ်။ ဒါကနေ နာတာကို သက်သာစေမယ်။ “ခေါင်းကိုက်တာ၊ အဆစ်နာတာ၊ ရာသီမလာခင်နာတာ ဘာလို့နာနာ လိင်ဆက်ဆံပါ” လို့ အကြံပြုတယ်။ Bulletin of Experimental Biology and Medicine မှာ ရေးထားတာတခု ရှိတယ်။ လူ ၄၈ ယောက်ကို Oxytocin vapor အငွေ့ရှူခိုင်းပြီး လက်ထိပ်တွေကို ဆိတ်နည်းနဲ့ အနာခံနိုင်မှုကိုတိုင်းပြီး စမ်းသပ်ခဲ့တာဖြစ်တယ်။
8. Sex Reduces Prostate Cancer Risk ဆီးကျိတ်ကင်ဆာ အဖြစ်နည်းစေတယ်
ငယ်ရွယ်သူတွေ Ejaculations သုက်လွှတ်တာ အကြိမ်များသူတွေမှာ သူတို့ကြီးလာရင် ဆီးကျိတ်-ကင်ဆာ ဖြစ်မှာကို နည်းစေနိုင်တယ်လို့ British Journal of Urology International မှာ သြစတြေးလျှ ပညာရှင်တွေကနေ ရေးထားပါတယ်။ ရောဂါရှိပြီးသားလူတွေမှာတော့ ထူးခြားစေမှု မရှိတာတွေ့ရတယ်။ Journal of the American Medical Association မှာလဲ တလမှာ ၂၁ ကြိမ်နဲ့အထက် သုက်လွှတ်ကြ သူတွေဟာ အသက်ကြီးလာရင် ဆီးကျိတ်-ကင်ဆာ ဖြစ်တာ နည်းကြတယ်လို့ ရေးထားတယ်။
9. Sex Strengthens Pelvic Floor Muscles တင်ပါးဆုံတွင်းက ကြွက်သားတွေ အားကောင်းစေတယ်
အမျိုးသမီးတွေမှာ Kegel exercise (ကီဂယ်လ်) လေ့ကျင့်ခန်းလို့ခေါ်တဲ့ Pelvic floor muscle exercises လုပ်ရင် တင်ပါးဆုံတွင်းက ကြွက်သားတွေ၊ အရွတ်တွေ အားကောင်းစေတယ်။ သားအိမ်ကျတာ၊ ဆီးအိမ်ကျတာ၊ အစာဟောင်းအိမ် ကျတာကို မဖြစ်အောင် တားနိုင်တယ်။ ရှိနေရင်လဲ သက်သာစေမယ်။ တကယ်လို့ လိင်ဆက်ဆံနေချိန် အခိုက်အတန့်မှာ ဒီလေ့ကျင့်ခန်းမျိုး လုပ်ရင် စောစောကလို အားကောင်းစေ တာတွေအပြင် သာယာမှုကိုပါ ပိုပေးစွမ်းနိုင်တယ်။
10. Sex Helps You Sleep Better ကောင်းကောင်းအိပ်ပျော်စေမယ်
Orgasm (အော်ဂဇင်) ရလို့ ထွက်လာတဲ့ Oxytocin (အောက်စီတိုဇင်) ကြောင့် ပိုပြီးအိပ်ပျော်စေတယ်။ အိပ်စက်ခြင်းဟာ သွေးတိုးကျစေတယ်။ ကျန်းမာရေး ကောင်းစေတယ်။
ဒီဆေးစာမှာ အကျိုးဘက်ကနေကြည့်တာချည်းသာ ပါတယ်။ အားလုံးကောင်းပါသည်ခင်ဗျားလို့ မယူဆစေချင်ပါ။ သတိထားစရာတွေ ဆက်တွဲဖြစ်တတ်တာတွေ၊ ရှောင်သင့်တာတွေ မပါတာ သတိပြုပါ။
ဒေါက်တာတင့်ဆွေ (၁ဝ-၄-၂ဝ၁၂ )
ဒေါက်တာတင့်ဆွေ - လိင်နဲ့ ကျန်းမာရေး 

လမ်းမီးဓါတ်ကြိုးပြုတ်၍ ခန္ဓာကိုယ်ပေါ်ကျကာ တက်နင်းမိပြီး ဓါတ်လိုက်သေဆုံး


ရန်ကုန်၊ ဇူလိုင် ၃၀

၂၉.၇.၂၀၁၃ ရက်နေ့ ၁၆၃၀ အချိန် လှည်းကူးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လှည်းကူးဆေးရုံတွင် လူတစ်ဦးဓါတ်လိုက်၍
သေဆုံးရောက်ရှိလာကြောင်း သတင်းအရသွားရောက်စစ် ဆေးရာ
သေဆုံးသူမှာ လှည်းကူးမြို့နယ်၊ အင်းကြင်းကွင်းရွာနေ ရန်ရှင်း၊ (ဘ)ဦးသောင်းငွေ ဖြစ်ပြီး ကျောပြင်စုတ်ပြဲ၊ ယာခြေဖ၀ါးညိုမဲ၊ ယာလက်ဖျံစုတ်ပြဲ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရ
ပါသည်။

၎င်းသည် ၁၄၀၀ အချိန်တွင် အင်ကြင်းကွင်းရွာလမ်းလယ်တွင်ရှိနေစဉ် ခန္ဒာကိုယ်ပေါ်သို့ လမ်းမီး ဓါတ်ကြိုးပြုတ်ကျ၍ ကြိုးအားတက်နင်းမိကာ ဓါတ်လိုက်သေဆုံးခြင်းဖြစ်ကြောင်းသိရှိရသဖြင့် လှည်းကူးမြို့မရဲစခန်း
သေမှုသေခင်းအမှတ်စဉ် (၁၅/၂၀၁၃) ဖြင့် ရေးဖွင့်ကာစစ်ဆေး
ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။
Yangon Police

ရန်ကုန်မြို့တွင်း အမြန်ဘတ်စ်ကားလိုင်း စနစ်ကို ယခုနှစ်မှ စတင်မည်ဖြစ်ပြီး ကုမ္ပဏီများကို တင်ဒါခေါ်၍ လုပ်ကိုင်ခွင့်ပြုမည်


ရန်ကုန်တိုင်း ဒေသကြီးအတွင်း လက်ရှိပြေးဆွဲလျက်ရှိသည့် ခရီးသည်တင်ယာဉ် တစ်စီးပေါ်တွင် ခရီးသည်များ လိုက်ပါစီးနင်း လာသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဉာဏ်ဝင်းရှိန်)
ရန်ကုန်မြို့တွင်း အမြန်ဘတ်စ်ကား လိုင်းစနစ် ပြေးဆွဲခြင်းကို ယခုနှစ်အတွင်း စတင်မည်ဖြစ်ပြီး လုပ်ကိုင်လိုသည့် ကုမ္ပဏီများကို တင်ဒါခေါ်ယူ သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်၏ ပြောကြားချက်အရ သိရသည်။
ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှု များကြောင့် ခရီးသည်များ ဘတ်စ်ကားများ စီးနင်းရာတွင် အချိန်ကြာမြင့်စွာ စီးနင်းနေရပြီး လမ်းပေါ်တွင်သာ အချိန်များစွာ ကုန်ဆုံးနေရကြောင်း၊ ထို့အတွက် ခရီးသည်များ အချိန်ကုန် သက်သာစေရန် ရည်ရွယ်၍ အမြန်ဘတ်စ်ကားလိုင်း စနစ်ကို အကောင်အထည်ဖော်ရန် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အမြန်ဘတ်စ်ကားလိုင်း စနစ်ပြေးဆွဲရန်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အကောင်အထည် ဖော်မည်ဖြစ်ပြီး အဆိုပါ စနစ်အတွက် နည်းပညာ အထောက်အကူပြု အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ဖြစ်ကြောင်းနှင့် ယင်းအဖွဲ့တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် မ.ထ.သ (ဗဟို)စသည့် အဖွဲ့အစည်းများ ပါဝင်ကြောင်း သိရသည်။
''အမြန်ဘတ်စ်ကားလိုင်း စနစ်အတွက် ဒီမှာ အဆင့်မြင့် ကားကြီးတွေရှိတယ်။ အမြန်ဘတ်စ်ကားလိုင်း စနစ်မှာ ခရီးသည်တွေ သက်သောင့်သက်သာ ဖြစ်အောင် လုပ်ပေးထားတဲ့အပြင် Aircon လည်း ပါမှာဖြစ်ပါတယ်။ ယာဉ်စီးခကိုလည်း ခရီးသွားပြည်သူ ၀န်ထိုးဝန်ပိုး မဖြစ်စေမယ့် ကားခနှုန်းထားကို သတ်မှတ်ပေးသွားမှာ ဖြစ်ပါတယ်။ အဲဒီလို ကားခနှုန်းထား ဖြစ်အောင်လို့လည်း အဲဒီကားတွေအတွက် CNG ရအောင် လုပ်ပေးမယ်လို့ ပြောထားတယ်။ အဲဒီစနစ်ကို လုပ်ချင်တဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေကိုလည်း တင်ဒါခေါ်မယ်။ သင့်တော်တဲ့ ကုမ္ပဏီရှိရင် လုပ်ကိုင်ခွင့် ပြုသွားမယ်။ အစိုးရ အဖွဲ့ကတော့ ကြီးကြပ်ညွှန်ကြားမှုပဲ လုပ်သွားမယ်။ ဒီနှစ်အတွင်းမှာ ဒီစနစ်ကို စတင်နိုင်အောင်လို့ လုပ်သွားမှာ ဖြစ်ပါတယ်'' ဟု ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးဦးအောင်ခင်က ပြောကြားခဲ့သည်။
အမြန်ဘတ်စ်ကားလိုင်း စနစ်အတွက် မှတ်တိုင်များ သီးခြားသတ်မှတ်ခြင်း၊ မီးပွိုင့်များ ပြင်ဆင်ခြင်းတို့ကို ပြုလုပ်သွားရမည်ဖြစ်ပြီး အမြန်ဘတ်စ်ကားလိုင်းမှာ သုံးမိနစ်ခြား တစ်စီး ပြေးဆွဲမည် ဖြစ်ကြောင်း၊ လမ်းကြောင်းအနေဖြင့် ပြည်လမ်းအား ပဏာမ ရွေးချယ်အားပြီး ခရေပင်လမ်းခွဲမှ မြို့ထဲအထိ စတင်ပြေးဆွဲရန် စီစဉ်လျက် ရှိသည်ဟု သိရသည်။
''အမြန်ဘတ်စ်ကားလိုင်း စနစ်အတွက် ပြည်လမ်းကို ပဏာမရွေးထားတယ်။ ပြည်လမ်းက နည်းနည်ကျယ်တော့ လမ်းဘေးဝဲယာက ပလက်ဖောင်းတွေ အိမ်တွေ ထိခိုက်မှု မရှိနိုင်ဘူး။ အခြားလမ်းတွေ ဆိုရင်တော့ လမ်းဘေး ပလက်ဖောင်းတွေ၊ အိမ်တွေနဲ့ နီးတော့ ထိခိုက်မှု ရှိနိုင်တယ်။ စဆွဲမယ့် အတွေ့အကြုံပေါ် မူတည်ပြီး နောက်ပိုင်း ဆက်လုပ်သွားမှာ ဖြစ်ပါတယ်'' ဟု ဦးအောင်ခင်က ဆက်လက် ပြောကြားသည်။

EMG

ဒေါ်လာ သန်း ၁၃ဝ ကျော် ရတနာ အခိုးခံရ


ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက Cannes မြို့ Carlton ဟော်တယ် ကနေ အခိုးခံခဲ့ရတဲ့ ကျောက်မျက် ရတနာတွေရဲ့ တန်ဖိုးဟာ ဒေါ်လာ သန်း ၁၃ဝ ကျော်တယ်လို့ ပြင်သစ် တောင်ပိုင်းက တရားစီရင်ရေး ဆိုင်ရာ အာဏာပိုင်တွေက ယူဆ နေကြပါတယ်။

ဒီခိုးမှုဟာ တန်ဖိုးပမာဏ အကြီးမားဆုံး အဖြစ် စံချိန် တင်သွားခဲ့ပါတယ်။

မျက်နှာဖုံးစွပ် ထားတဲ့ တကိုယ်တော် သေနတ်သမားဟာ ဟော်တယ်ထဲကနေ ခြေကျင် ထွက်ခွာသွားခဲ့တာ ဖြစ်ပြီး ခိုးရာပါ ပစ္စည်း တခိျု့ကို လမ်းတလျှောက် ချသွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

ပထမတုန်းကတော့ အခိုးခံခဲ့ရတဲ့ ပစ္စည်း တန်ဖိုးကို ဒေါ်လာ သန်းငါးဆယ်လို့ မှန်းခဲ့ကြတာဖြစ်ပါတယ်။

ခိုးရာပါ ပစ္စည်းတွေကို အသေးစိတ် ကောက်ယူ တွက်ချက် ခဲ့ပြီးတဲ့နောက် အခု ခန့်မှန်းချက်သစ်ကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

၂ဝဝ၃ ခုနှစ် တုန်းက ဘယ်လဂျီယံ နိုင်ငံ Antwerp Diamond Centre စိန် ကူးသန်း ရောင်းဝယ်ရေး စင်တာ လုယက်မှုမှာ ဆုံးရှုံးခဲ့ရတဲ့ ပမာဏနဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက အခိုးခံခဲ့ရတဲ့ ကျောက်မျက်ရတနာတွေရဲ့ တန်ဖိုးဟာ အတူတူဘဲလို့ ဆိုကြပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

မြ၀တီတွင် သုံးနှစ်အတွင်း အဆိုးရွားဆုံး ရေလွှမ်းမိုးမှုကြောင့် လူသောင်းချီ ရေဘေးသင့်


မြ၀တီမြို့ အတွင်း ရေကြီးရေလျံမှု ဖြစ်ပေါ်နေစဉ်
မိုးရက်ဆက် ရွာသွန်းမှုကြောင့် သောင်ရင်းမြစ်ရေ မြင့်တက်ကာ သုံးနှစ်အတွင်း အဆိုးရွားဆုံး ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး လူသောင်းနှင့်ချီ၍ ရေဘေးသင့်နေကြောင်း သိရသည်။
ဇူလိုင် ၂၈ ရက် ညမှစ၍ မြ၀တီမြို့ရှိ ရပ်ကွက်အားလုံး၏ အနိမ့်ပိုင်း နေရာများ ရေနစ်မြုပ်လျက်ရှိကြောင်း သိရသည်။ မြ၀တီမြို့တွင်း ရပ်ကွက်တချို့ သုံးနှစ်ဆက်တိုက် ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့ရာ ယခုနှစ်သည် သောင်ရင်းမြစ် ရေတက်မှု အမြင့်ဆုံး ဖြစ်ကြောင်း၊ အမှတ်(၄)ရပ်ကွက်၊ ဘုရင့်နောင်လမ်းပေါ်ရှိ အထက်တန်း ကျောင်းကြီးနှင့် အမှတ်(၂) ရပ်ကွက်ရှိ အ-ထ-က(၂) အပါအ၀င် အခြားစာသင်ကျောင်းများပါ ရေလွှမ်းမိုးပြီး ကျောင်းများ ပိတ်ထားရကြောင်း သိရသည်။
မြ၀တီမြို့တွင်း ရပ်ကွက်တချို့ သုံးနှစ်ဆက်တိုက် ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့ရာ ယခုနှစ်သည် သောင်ရင်းမြစ် ရေတက်မှု အမြင့်ဆုံး ဖြစ်ကြောင်း၊ အမှတ်(၄)ရပ်ကွက်၊ ဘုရင့်နောင်လမ်းပေါ်ရှိ အထက်တန်း ကျောင်းကြီးနှင့် အမှတ်(၂) ရပ်ကွက်ရှိ အ-ထ-က(၂) အပါအ၀င် အခြားစာသင်ကျောင်းများပါ...

ဇူလိုင် ၂၉ ရက်နံနက်တွင် သောင်ရင်းမြစ်ရေ ပိုမိုမြင့်တက်လာကာ ချစ်ကြည်ရေး တံတားထိပ်နှင့် ဘုရင့်နောင် လမ်းမကြီးအထိ ရေနစ်မြုပ်ပြီး နေထိုင်သွားလာရန် ခက်ခဲနေကြောင်း သိရသည်။ မြ၀တီမြို့တွင် ရပ်ကွက်ငါးခုရှိရာ ယခင်နှစ်က ရပ်ကွက်(၄)ရှိ နေအိမ်များ ရေနစ်မြုပ်ခြင်း မရှိခဲ့သော်လည်း ယခုနှစ်တွင် ဘုရင့်နောင် လမ်းမဘေးရှိ နေအိမ်များ၊ ဈေးဆိုင်များ နစ်မြုပ်နေကြောင်း သိရသည်။
''ဇူလိုင် ၂၈ ရက် ညကတည်းက ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နေကြတာပါ။ အရင်နှစ်က ကယ်ဆယ်ရေး စခန်းဖွင့်ခဲ့တဲ့ နေရာတွေ ရေနစ်နေတယ်။ ဒါကြောင့် ကယ်ဆယ်ရေး စခန်းကို ကြခတ္တောကျောင်းမှာ နေရာချထားရတယ်။ သံတံတားလမ်းမှာ ရေများနေတဲ့အတွက် အရင်နှစ်က ကယ်ဆယ်ရေးစခန်း ဖွင့်ခဲ့တဲ့ ဖားခြောက်ကောင် ကျောင်းကိုလည်း သွားလို့ မရတော့ပါဘူး'' ဟု ကယ်ဆယ်ရေး လုပ်ငန်းတွင် ပါဝင်သည့် တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မြ၀တီမြို့ ရေလွှမ်းမိုးမှုကြောင့် အချို့အိမ်များ ခေါင်မိုးထိ မြုပ်သွားခဲ့ပြီး နေအိမ် ထောင်ပေါင်းများစွာရှိ လူပေါင်းသောင်းချီ ရေဘေးသင့်လျက်ရှိရာ မြ၀တီခရိုင်၊ မြို့နယ်၊ ရပ်ကွက် တာဝန်ရှိသူများနှင့် လူမှုရေးအသင်း အဖွဲ့များက ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်လျက် ရှိကြောင်းသိရသည်။ မိုးဆက်တိုက် ရွာသွန်းနေမှုကြောင့် သောင်ရင်းမြစ်ရေ လျော့ကျသွားခြင်း မရှိဘဲ ဆက်လက် မြင့်တက်လာဖွယ် ရှိသည်ဟု မြို့ခံများက ပြောကြားကြသည်။

ကိုရီးယားနိုင်ငံသားအား ပုံနှိပ်စက်ပစ္စည်းများမပို့၍ လိမ်လည်မှုဖြင့် အရေးယူ

ရန်ကုန်၊ ဇူလိုင် ၃၀

၁၇.၁.၂၀၁၃ ရက်နေ့တွင် ဗိုလ်တထောင်မြို့နယ်၊ (၂)ရပ်ကွက်နေ ဦးအောင်ကျော်ဦး၊ (ဘ)ဦးကျော်လှိုင်သည် ကိုရီးယားနိုင်ငံရှိ
M.S MYOUNG SHIN INDUSTRY CO.,Ltd မှ ဥက္ကဌဖြစ်သူ
Mr.YOON ထံ E-mail ဖြင့်ဆက်သွယ်ကာ ပုံနှိပ်စက်နှင့်ဆက်စပ်ပစ္စည်းများအား US ဒေါ်လာ ၁၅၅၈၀၀ ဖြင့်ဝယ်ယူရန်စာချုပ်ချုပ်ဆိုခဲ့ကာ ၎င်းပစ္စည်းများအတွက် US ဒေါ်လာ ၁၂၀၀၀၀ အား Mr.YOON လွှဲအပ်ခိုင်းသည့် ဘဏ်သို့လွှဲပေးခဲ့ပြီး ပစ္စည်းများအား ၂၀၁၃ ခုနှစ်မေလတွင်
နောက်ဆုံးထားပို့ပေးရန်သဘောတူခဲ့သော်လည်း ယနေ့အချိန်အထိ ပစ္စည်းများအားပို့အပ်ပေးခြင်းမရှိသည့်အပြင် US ဒေါ်လာများ
အားလည်း ပြန်လည်ပေးအပ်ခြင်းမရှိသဖြင့် ယခုမြန်မာနိုင်ငံတွင်
ရောက်ရှိနေ သည့် Mr.YOON အားအရေးယူပေးရန် ဦးအောင်ကျော်ဦးမှတိုင်တန်းခဲ့ရာ ပုဇွန်တောင်မြို့မရဲစခန်း
(ပ)၁၆၄/၂၀၁၃၊ ပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

သန်လျင် GTC အတွဲ၏ ဗီဒီယို အွန်လိုင်း ပေါ်တင်သူကို ရှာဖွေဖော်ထုတ်ပြီး ဥပဒေအရ အရေးယူမည်


 ရန်ကုန်နည်းပညာ တက္ကသိုလ် (သန်လျင်) ကျောင်းသူတို့အပေါ် သားသမီးချင်း စာနာသင့်
အင်တာနက် အွန်လိုင်း ပေါ်တင်သူကို ရှာဖွေဖော်ထုတ်ပြီး ဥပဒေအရ အရေးယူမည်

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ နည်းပညာတက္ကသိုလ်ကျောင်းစာသင်ခန်းအတွင်း ဖြစ်ပွားခဲ့သည့် ကျောင်းသားနှင့် ကျောင်းသူတို့၏ လူမှုရေးအရှက်ရစေသည့် ဗီဒီယိုအခွေနှင့်ပတ်သက်၍ အင်တာနက်စာမျက်နှာများနှင့် မီဒီယာအချို့တွင် ပျံ့နှံ့စေခဲ့ခြင်းသည် ကျောင်း၏ ဂုဏ်သိက္ခာနှင့် ၎င်းကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု ခံယူကြသော ကျောင်းသား၊ ကျောင်းသူများအား လုံး၏ကိုယ်စား မခံမရပ်နိုင်ကြသည့် ကျောင်းသား၊ ကျောင်းသူတစ်ဖွဲ့က ဇူလိုင် ၂၈ ရက် နံနက် ၁ဝ နာရီတွင် အဆိုပါတက္ကသိုလ် ကျောင်းရှေ့ရှိ လက်ဖက်ရည်ဆိုင်တစ်ခုအတွင်း၌ မီဒီယာများနှင့် တွေ့ဆုံကာ ရင်ဖွင့် ရှင်းလင်းပြောကြားခဲ့ကြသည်။

အထင်အမြင်သေးခံရ-
အဆိုပါဗီဒီယိုသည် အမှန်တကယ် ဖြစ်ပွားခဲ့သည်ဆိုသော်လည်း ယခုအခါ ၎င်းကိစ္စကိုအကြောင်းပြု၍ အမျိုးမျိုးပြစ်တင် ဝေဖန်ကဲ့ရဲ့မှုများပြုလုပ်လျက်ရှိပြီး ကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများကိုပါ အထင်အမြင်သေးစွာ သား သမီးချင်းမစာမနာ ဆက်ဆံလာကြသည်။ အထူးသဖြင့် ကျောင်းသူများမှာ ပို၍ခံစားရသည်ဟု ၎င်းတို့က ပြောပြကြသည်။

တရားဥပဒေအရ-
နှမချင်းမစာနာသော ယင်းဗီဒီယိုကို ခိုးကြောင်ခိုးဝှက်ရိုက်ကူးကာ အင်တာနက်ပေါ်တင်ခဲ့သူကိုလည်း မိမိတို့အစီအစဉ်ဖြင့် စုံစမ်းရှာဖွေ၍ တရားဥပဒေအရ အရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဟု ၎င်းတက္ကသိုလ်မှ ကျောင်းသားကျော်ဇင်ထက်က ပြောသည်။

စည်းကမ်းပိုင်း-
ထို့ပြင် ကျောင်းသား၊ ကျောင်း သူများ၏ စည်းကမ်းပိုင်းဆိုင်ရာများကိုလည်း ပိုမိုတင်းကျပ်ဆောင်ရွက်ရန် ၎င်းတို့ကလုပ်ဆောင်ကြမည်ဟု ဆိုသည်။

ပုံနှိပ်မီဒီယာပေါ်ရောက်လို့-
အဆိုပါဗီဒီယိုသည် အွန်လိုင်း စာမျက်နှာများပေါ်တွင် ပျံ့နှံ့ခဲ့ပြီးနောက် ယခုပုံနှိပ်မီဒီယာ အချို့၌ပင် တွေ့ရှိ လာရသည့်အတွက် ၎င်းတက္ကသိုလ်၌ ပညာသင်ကြားနေကြ သော ကျောင်းသားများအထူးသဖြင့် ကျောင်းသူများအတွက် အလွန်ထိခိုက်ပြီး ဂုဏ်သိက္ခာကျဆင်းစေသည်ဟု ကျောင်းသူ မသန္တာကပြောသည်။

၎င်းကိစ္စကို အပတ်စဉ်ထုတ်သတင်းဂျာနယ်တစ်စောင်က မျက်နှာဖုံးတွင် အကျယ်တဝင့် ဖော်ပြ ထားခြင်းကြောင့် ယခုကဲ့သို့ မီဒီယာများအား တွေ့ဆုံပြောကြားခြင်းဖြစ်ပြီး ဖော်ပြခဲ့သည့် ဂျာနယ်တိုက်သို့ လည်း ဆက်သွယ်အကြောင်းကြားထားသည်ဟု ၎င်းတို့ကပြောသည်။

ခိုးရိုက်-
ကျောင်းခန်းအတွင်း လူမှုရေး ကိစ္စကျူးလွန်နေသော ကျောင်း သားနှင့်ကျောင်းသူကို တစ်စုံတစ် ယောက်က မိုဘိုင်းဖုန်းကင်မရာဖြင့် ခိုးရိုက်ကူးကာ အင်တာနက် စာ မျက်နှာများထက်သို့လွှင့်တင်ခဲ့သည်။ ယခုအထက်ပါ ကျောင်းသားနှင့် ကျောင်းသူကိုလည်း ၎င်းတက္ကသိုလ် မှထုတ်ပယ်ခဲ့ပြီးဖြစ်သည် ဆိုသည်။

မြတ်သူအောင်(၂၈-၇-၂ဝ၁၃)

----------------------------------------------------------------
ဇူလိုင် ၂၉ ရက် (တနင်္လာနေ့)ထုတ် ရွှေနိုင်ငံသစ်သတင်းစာ၊
အတွဲ(၂)၊ အမှတ်(၀၁၄)

ကမ္ဘာကျော် Air Supply အဖွဲ့နှင့် လေးဖြူတို့ Iron Cross အဖွဲ့ ပူးပေါင်း ဖျော်ဖြေမည်


ရန်ကုန်၊ ဇူလိုင်၂၉

သြစတြေးလျနိုင်ငံမှ နာမည်ကြီး အဖွဲ့တစ်ဖွဲ့ဖြစ်သော Air Supply အဖွဲ့နှင့် မြန်မာနိုင်ငံမှ နာမည်ကျော် တေးဂီတအဖွဲ့ဖြစ်သော Iron Cross အဖွဲ့တို့ ပူးပေါင်း၍ ဖျော်ဖြေပွဲ တစ်ခုကို ရန်ကုန်မြို့ရှိ MCC ခန်းမ၌ သြဂုတ်လ ၁၅ ရက်နေ့ ည ၇ နာရီအချိန်တွင် ပြုလုပ်မည်ဖြစ်ကြောင်း ပွဲစီစဉ်သူ ထူးဖောင်ဒေးရှင်းမှ ဦးပေါ်မြင့်ဦးက ပြောကြားသည်။

“ဒီပွဲကို လုပ်ဖြစ်တာက Air Supply အဖွဲ့က asia tour ဆိုပြီးတော့ နိုင်ငံတွေ လှည့်ဖျော်ဖြေပွဲပုံစံ လုပ်တာကို ကျွန်တော်တို့ နိုင်ငံကိုလည်း လာရောက် ဖျော်ဖြေစေချင်လို့ မလေးရှားက Entertainment တစ်ခုနဲ့ ဆက်သွယ်ပြီး လုပ်ဖြစ်သွားတာပါ” ဟု ၎င်းက ပြောကြားသည်။

အဆိုပါ အဖွဲ့သည် မြန်မာနိုင်ငံသို့ သြဂုတ်လ ၁၄ ရက်နေ့တွင် ရောက်ရှိ မည်ဖြစ်ပြီး Kandawgyi Palace ဟိုတယ်တွင် တည်းမည် ဖြစ်ကြောင်း၊ ယင်းပွဲ ဖြစ်မြောက်ရန်အတွက် Bagan Entertainment နှင့် ထူး ဖောင်ဒေးရှင်းတို့ ပူးပေါင်း စီစဉ်ဖြစ်ပြီး ၎င်းတို့ လာရောက်စဉ် ကုန်ကျစရိတ်များကို တာဝန်ယူထားကြောင်း၊ Iron Cross အဖွဲ့ ပါဝင်ရခြင်း မှာ ထူးဖောင်ဒေးရှင်းက ကမ်းလှမ်းသောကြောင့် ပါဝင်ဖြစ်ကြောင်း၊ ဖျော်ဖြေ ချိန်ကို ၁ နာရီနှင့် ၁၅ မိနစ်ခန့် တစ်လှည့်စီ ဖျော်ဖြေမည် ဖြစ်ကြောင်း ထူးဖောင်ဒေးရှင်းမှ စီစဉ်သူ ဦးပေါ်မြင့်ဦးက ပြောကြားသည်။

“ဒီပွဲကို လက်ခံဖြစ်တာက ထူးဖောင်ဒေးရှင်းက ဦးစီးပြီးတော့ ပြည်တွင်း Band အနေနဲ့ ပါဝင်ပေးပါလို့ ကမ်းလှမ်းလာလို့ ပါဝင်ဖြစ်တာပါ။ ဒီအဖွဲ့ကို ကျွန်တော်တို့လို အရင်က မျိုးဆက်တွေပဲသိတာ များတယ်။အခု လူငယ်တွေ က သိပ်မသိကြဘူး။အခုလို နာမည်ကြီး အဖွဲ့ တစ်ဖွဲ့နဲ့ ပူးပေါင်း ဖျော်ဖြေရ မယ်ဆိုတော့ အရမ်း ဂုဏ်ယူပါတယ်။ ဒီပွဲမှာ ကျွန်တော်တို့က အဓိက မဟုတ်ပါဘူး” ဟု Iron Cross အဖွဲ့မှ ဂီတာ တီးခတ်သူ ဦးချစ်စမ်းမောင်က ဆိုသည်။

Air Supply အဖွဲ့၏ သီချင်းများကို မြန်မာနိုင်ငံမှ တေးသံရှင်များက မြန်မာ မှုပြုကာ သီဆိုခဲ့ကြပြီး ယင်းအနက် Making Love Out of Nothing At All သီချင်းကို တေးသံရှင် အေးချမ်းမေက ဇာတ်ဆရာအလိုကျ အမည်ဖြင့် သီဆိုခဲ့ရာ အောင်မြင်မှု ရရှိခဲ့သည်။

Air Supply အဖွဲ့ကို ၁၉၇၅ ခုနှစ်တွင် Chrissie Hammond၊ Russell Hitchcock၊ Graham Russel စသော အဖွဲ့သား သုံးဦးဖြင့် စတင် ဖွဲ့စည်း ခဲ့ပြီး တေးစီးရီး Album ၁၇ ချပ်နှင့် Single သီချင်းများစွာ ဖြန့်ချိထားသည်။ အဆိုပါ တေးစီးရီးများအနက် Lost in Love၊ The one that you love၊ Now& Forever နှင့် Greatest Hits စီးရီးများမှာ ကမ္ဘာတစ်ဝန်း ချပ်ရေ သန်း ၂၀ ကျော် ရောင်းချခဲ့ရသည်။
The Voice Weekly

" ခရီးလမ်းမပေါ်မှာကြွေလွင့်ခဲ့ရသော အနုပညာကြယ်ပွင့်များ"


၁၈၈၈ ခုနှစ် သြဂုတ်လ ၅ ရက်နေ့ နံနက်ခင်းတွင် ဂျာမနီနိုင်ငံသား ကား(လ်)ဖရီး ရစ်(ခ်ျ)ဘင့်(ဇ်)၏ဇနီးသည် ဘာသာဘင့်(ဇ်)သည် ဝက်ဂွန် Wagon ကားလေးကိုမောင်း၍ ၆၅ မိုင်ဝေးသော ပီဖိုဇိန်းမြို့သို့ သွားရောက်ခဲ့ခြင်းဖြင့်ကမ္ဘာပေါ် တွင်မော်တော်ကားကို လူတွေ စတင်စိတ်ဝင်တစားခဲ့လေသည်။ ထိုကားကို စက်မှုအင်ဂျင် နီယာကား(လ်)ဖရီးရစ်(ခ်ျ)ဘင့်(ဇ်) ဆိုသူ ဂျာမနီနိုင်ငံသားက ၁၈၈၅ ခုနှစ်တွင် တီထွင်ထုတ်လုပ်ကာ ၁၈၈၆ခုနှစ်ဇန်နဝါရီလ၂၉ရက် တွင်မှတ်ပုံတင် ခဲ့ခြင်းဖြစ်သည်။

သည်ကားကိုတီထွင်သူ ကားလ် ဖရီးရစ်(ခ်ျ)ဘင့်(ဇ်)ကို ၁၈၄၄ခုနှစ် နိုဝင်ဘာ ၂၅ ရက် နေ့တွင်ဂျာမနီနိုင်ငံ ဘာလင်မြို့ ကား(လ်)စ်ဂူဟီအရပ်တွင် မွေး ဖွားခဲ့သည်။ငယ်စဉ်ကပင် ပညာ ရေးကို အထူးစိတ်ဝင်စားသူဖြစ် ရာ အသက် ၉နှစ်သားအရွယ်မှာ ပင်လိုက်ဇီယမ်အ ရှေ့တိုင်းသိပ္ပံ ဌာန၌ သင်ကြားခဲ့ပြီး အ သက် ၁၅နှစ်သားအရွယ်မှာပင် စက်မှု အင်ဂျင်နီယာဘွဲ့ကို
ရရှိခဲ့သူ ဖြစ်သည်။ ၁၈၉၄ ခုနှစ် ဗီလိုအမျိုး အစား၊ ၁၉ဝ၉ခုနှစ်တွင် ဘလစ် ဇင်ဘင့်(ဇ်)ကားများကို ဆက် လက်တီထွင်နိုင်ခဲ့သည်။

ဤသို့ ဖြင့်ကမ္ဘာပေါ်တွင် မော်တော်ကားဆိုသောယာဉ်တစ်မျိုး ပေါ် ပေါက်လာခြင်း ဖြစ်လေသည်။

၁၈၉၃ ခုနှစ်တွင်တော့ မြန်မာနိုင်ငံ၌ လူဖြင့်ဆွဲရသည့် လန်ချားများပေါ်ပေါက်လာပြီး ၁၉ဝဝပြည့်နှစ်တွင်ကိုယ် ပိုင်မော် တော်ကားများ ပေါ်ပေါက်လာ ပြီဟု ဆိုပါသည်။ ၁၉ဝ၆ ခုနှစ်တွင်
ဓာတ် ရထားများ စတင်ပြေးဆွဲနေပြီ ဖြစ်သည်။ မန္တလေး မြို့မှာတော့ ၁၉ဝ၄ ခုနှစ်တွင်စတင်သည် ဟု သိရသည်။ ထို ဓာတ်ရထားကို ထရော် လီဘတ်(စ်)ဟုလည်း ခေါ်ကြပါသေးသည်။

မြန်မာနိုင်ငံတွင် RBT ကုမ္ပဏီက ဘတ်စ် ကားငါးစီးဖြင့် ၁၉၁၃ခုနှစ်တွင် ခရီးသည်ပို့ဆောင်ရေး ယာဉ် လိုင်းကို စတင်ခဲ့သည်ဖြစ်ရာ ယခုနှစ်သည်မြန်မာနိုင်ငံ၌ ဘတ်စ် ကားပြေးဆဲသည့်
နှစ်တစ်ရာ ပြည့်ခဲ့ပြီ ဖြစ်ပါသည်။ ၁၉၁၅ ခုနှစ်တွင်တော့ ရန်ကုန်မြို့မှာ အငှားယာဉ် ၂၈စီး၊ ကိုယ်ပိုင်ကား ၄၂၆စီး၊ မော်တော်ဆိုင်ကယ် ၁၃၉စီးမျှရှိ နေပြီဟုသိရသည်။ ၁၉၂၅ ခုနှစ်တွင် မော်တော် ယာဉ်လိုင်းသစ်များတိုးချဲ့ခဲ့ပြီးရန် ကုန်တက္ကသိုလ် နှင့်မြို့တွင်း သို့ ပြေးဆွဲသောကားခြောက်စီးရှိခဲ့ကြောင်းလည်း သိရသည်။

လမ်းမပေါ်တွင် မော် တော်ကားများဖြင့် ခရီးသည် များ၊ ကုန်စည်များ ပို့ဆောင်လာ နိုင်ခြင်းကြောင့်ခေတ်သစ်တစ် ခုဆီသို့ ပြောင်းလဲတိုးတက်လာ ခဲ့သလိုတစ်ဖက်တွင်လည်း မော် တော်ယာဉ်တိမ်းမှောက်ခြင်း၊ မော် တော်ကား တိုက်ခြင်းတို့ကြောင့် လူတွေအသက် အန္တရာယ်ထိခိုက် သေ ဆုံးမှုတွေလည်း ပေါ်လာရ ပါတော့သည်။ ထိုအထဲတွင် ထင်ပေါ်ကျော်ကြားသူတွေ၊ အနု ပညာရှင်တွေလည်း လမ်းမပေါ် ၌ ကြွေလွင့်ခဲ့ရသည်က အများအပြားပင် ဖြစ်လေသည်။

၁၉၃၉ ခုနှစ် ဒီဇင်ဘာ ၅ ရက် က ဖြစ်သည်။ ထိုနေ့သည် ၁၉ နှစ်မြောက်အမျိုးသားနေ့ လည်းဖြစ်ရာ စာရေးဆရာကြီး ပီမိုးနင်းသည် ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိမြန်မာ့အလင်း သတင်းစာတိုက်သို့ တိုက်သားဟောင်းတစ်ဦးအနေဖြင့် တက်ရောက်ခဲ့လေသည်။ အလှူရှင်က သတင်းစာတိုက် ဝန်ထမ်းများအား တစ်ဦးလျှင်ကျပ် ၂ဝ စီ ချီးမြှင့်ခဲ့သည်။ နံနက် ၁၁ နာရီ တွင် ဆရာကြီးပီမိုးနင်းသည် ဘုရင်မပန်းခြံ(ယခု မဟာဗန္ဓုလပန်းခြံ)ဘေးဆူးလေဘုရားလမ်း အတိုင်းလျှောက်လာစဉ် အချုပ်ထောင်ဝန်ထမ်းတစ်ဦးက နောက်မှ စက်ဘီးဖြင့် အရှိန်ပြင်းစွာဝင် တိုက်မိလေသည်။ ဆရာကြီးမှာ လဲကျသွားပြီးဒူးအပေါ်ပိုင်း အရိုးကျိုးသွားခဲ့သည်။ ရန်ကုန်ဆေးရုံကြီးတွင် တက်ရောက်ကုသရင်း ဆီးချိုရောဂါအခံကြောင့် ခြင်ဆီကိုထိခိုက်သွားပြီး ခြေထောက်ဖြတ်ရန် ပြင်ဆင်နေစဉ် ၁၉၄ဝပြည့်နှစ်ဇန်နဝါရီလ ၆ ရက်၌ ကွယ်လွန်သွားရှာပါသည်။

မြန်မာနိုင်ငံ အနုပညာလောကတွင် ၁၉၅၅ ခုနှစ်၊ စက် တင်ဘာလ ၁၅ရက်နေ့က မော် တော်ကားတိုက်၍ သေဆုံးခဲ့ ရသော အနုပညာရှင်ကြီးမှာ မျိုးချစ် ဂီတစာဆိုကြီးမြို့မငြိမ်း
ပင်ဖြစ်လေသည်။ ဆရာမြို့မငြိမ်းသည် ၁၉ဝ၉ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် မွေးဖွားခဲ့သူဖြစ်ရာ ကွယ်လွန်ချိန် တွင် အသက် ၄၆ နှစ်ကျော် ၄၇ နှစ်အရွယ်သာ ရှိသေးသည့် အတွက်
အနုပညာလောက အတွက်ဆုံးရှုံးမှုကြီး တစ်ရပ် လည်း ဖြစ်ပါသည်။

ဆရာမြို့မငြိမ်းသည် ၁၉၂၈ ခုနှစ်တွင် မန္တလေးမြို့မတူရိယာ အဖွဲ့ကိုဦးထော်လုံဆိုသူက တည်ထောင်စဉ်ကပင်
အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး ငယ်စဉ်က မောင်ဘ ငြိမ်း၊ နောင်ကိုကျော်ညိန်းမှ မြို့မ ငြိမ်းအမည်ဖြင့်ထင်ရှားခဲ့သူဖြစ် သည်။ မြို့မငြိမ်းသည် သီချင်း ပေါင်း ၂ဝဝကျော် ရေးစပ်ခဲ့ရာ ယင်းတို့အထဲတွင် မျိုးချစ်စိတ် နှင့်ဇာတိ မာန်တေးအမြောက် အမြားပါဝင်ခဲ့ပေသည်။ သူကွယ် လွန်ပြီး ၁ဝနှစ် အကြာ ၁၉၆၅ ခုနှစ်တွင် နိုင်ငံတော်က အလင်္ကာ ကျော်စွာဘွဲ့ကိုပေးအပ်ခြင်းခံရ သူလည်း ဖြစ်ပါသည်။

နာမည်ကျော် အဆိုတော်များထဲတွင်လည်း ကိုကျော်ရှိန်၊ ကိုသက်ဦး၊ ကိုလွှမ်းမိုးတို့မှာ ယာဉ်မတော်တဆမှုကြောင့် ကွယ်လွန်ခဲ့ရသလို နာမည်ကျော် စာရေးဆရာများထဲတွင်လည်း ဖိုးကျော်မြင့်၊မောင်လွန်းကြင်တို့ သည်လည်းယာဉ်မတော်တဆမှု ကြောင့်သေဆုံးခဲ့ရပါသည်။ အနုပညာရှင်များနှင့် ယာဉ်အန္တရာယ် မြန်မာနိုင်ငံ တွင် ၁၂ ပွဲခေါ် ဘုရားပွဲများတွင် လှည့်လည်ကပြကြရသော ဇာတ်ပွဲများရှိခဲ့ရာ ထိုဇာတ်သဘင်ပညာရှင်များမှာလည်း တစ်မြို့မှတစ်မြို့အကူးတွင် ဇာတ်ကား မှောက်၍ သေဆုံးခဲ့ကြသဖြင့် ဇာတ်ပါပျက်သွားရသောအဖွဲ့
များပင်ရှိခဲ့ဖူးပါသည်။

ရုပ်ရှင်သရုပ်ဆောင်(ဦး)မောင်မောင်မြင့်၏ သားဖြစ်သူ မင်းသားကို ပြေငြိမ်းမှာလည်း ရန်ကုန်မှမန္တလေးသို့အသွား တောင်ငူမြို့အနီး ခပေါင်းတံတားပေါ် ရထားအရောက်တွင် ပြုတ်ကျသေဆုံးခဲ့ပါသည်။ ထိုအချိန်က ကိုပြေငြိမ်းမှာရုပ်ရှင်လောကတွင် အလွန်ထင်ရှားကျော်ကြားနေချိန်လည်းဖြစ်၍ ရုပ်ရှင်ပရိသတ်များ အကြားဝမ်းနည်းကြေကွဲခဲ့ရသော ဖြစ်ရပ် တစ်ခုဖြစ်ခဲ့ပါသည်။

မော်တော်ဆိုင်ကယ်ဟာ သေမင်းတမန်လား

ယနေ့ကမ္ဘာပေါ်တွင် မော်တော်ဆိုင်ကယ်ကြောင့် အသက် ၂၅ နှစ်အောက် လူငယ် ၁ဝဝဝ ခန့်မှာ နေ့စဉ် သေဆုံးနေရသည် ဟုလည်းစာရင်းများအရ သိရပါသည်။မြန်မာနိုင်ငံ၌ တရား ဝင်မှတ်ပုံတင်ယာဉ်စီးရေ တစ် သန်းခန့်တွင် မော်တော်ဆိုင် ကယ်ကခြောက်သိန်း ငါးသောင်း ကျော်ပါဝင်နေသည်ဟု ဆိုပါ သည်။ အထူးသဖြင့် မန္တလေး တိုင်းဒေသကြီးသည် ယာဉ် တိုက်မှု အများဆုံးဖြစ်ပေါ် သောဒေသတစ်ခုဖြစ်နေပြီး ဆိုင် ကယ်ကြောင့်သေ ဆုံးမှုများပြား နေသည်ကိုလည်း တွေ့ရမည် ဖြစ် သည်။

ရန်ကုန်မြို့မှာတော့ သက်ဆိုင်ရာက ဆိုင်ကယ်စီး နင်းခွင့် ကန့်သတ်ထားသဖြင့် ဆိုင် ကယ်ကြောင့်သေဆုံး မှုနည်းပါး သည်ဟုဆိုနိုင်သော်လည်း ပြီး ခဲ့သည့် လအတွင်းကပင် မယ် လို ဒီဝေါမှ တစ်ဆင့်ဂီတစင် မြင့်ထက်သို့ ရောက်ရှိလာသူ လူငယ်တေးသံ ရှင် ကိုကိုမောင် မှာဆိုင်ကယ် အက် ဆီးဒင့်ဖြင့် သေ ဆုံး ခဲ့ရလေသည်။ ယနေ့ မြန်မာနိုင်ငံတွင် ယာဉ်မတော် တဆမှုများကြောင့် တစ်နေ့လျှင်
လူ၁ဝဦးသေဆုံးနေပြီးလူ ၅ဝ ကျော်ထိခိုက်ဒဏ်ရာရနေ ကြောင်း သိရပါသည်။

ယာဉ်ဟုဆိုရာတွင် ကုန်း လမ်း၊ ရေလမ်း၊ လေလမ်းဟု ခွဲခြားပြောဆိုကြည့် မည်ဆိုပါက မြန်မာနိုင်ငံတွင် ပြည်တွင်းလေ ကြောင်းလိုင်း ၈လိုင်း၊ ပြည်ပ လေကြောင်းလိုင်း ၂၂ လိုင်းက ပျံသန်းပို့ ဆောင်နေ သည်ကို တွေ့ရပြီး မတော်တဆမှုများ မှာလည်း စိုးရိမ်ဖွယ်အခြေ အနေတစ်ရပ်ဖြစ်နေသည်ကို တွေ့ရလေသည်။

၂ဝ၁ဝ ပြည့်နှစ်က မြန်မာ နိုင်ငံတွင် လေယာဉ်ပျံသန်းချိန် ၃၈၉၁၈နာရီရှိခဲ့ပြီး လေယာဉ် မတော်တဆမှု ၃၃ ခု၊ ၂ဝ၁၁ ခုနှစ်တွင် ပျံသန်းချိန် ၄၄ဝ၃ဝ နာရီရှိပြီး လေယာဉ်မတော် တဆမှု
၄၆ မှု၊ ၂ဝ၁၂ ခုနှစ်တွင် လေယာဉ်ပျံသန်းချိန် ၅၁၆၄၃ နာရီ၊ လေယာဉ်မတော်တဆမှု ၅၇မှုရှိခဲ့ရာ လေယာဉ်မတော် တဆမှုအကြိမ်ရေ တိုးလာသည် ကို တွေ့ရမည် ဖြစ်ပါသည်။

ရေလမ်းဘက်တွင်လည်း ပြည်တွင်း ရေကြောင်းပို့ဆောင် ရေးမှ ပြေးဆွဲပေးနေသည့် ရေ လမ်း ၁၈ ခုရှိပြီး ပုဂ္ဂလိကမှ ဝင် ရောက်ပြေးဆွဲနေသော ရေယာဉ် များလည်းရှိပါသည်။ ရေလမ်း ဘက်တွင်လည်း မကြာခဏဆို သလို ရေယာဉ်တိမ်း မှောက်နစ် မြုပ်ခြင်း၊သဘာဝအန္တရာယ်ဖြစ် သော မုန်တိုင်းကြောင့် တိမ်း မှောက်ခြင်းများဖြင့် အသက်
သေဆုံးမှုများရှိနေပါသည်။

ရန်ကုန်မြို့တွင် တစ်နေ့ လျှင် မီးရထားစီးခရီးသည် နှစ် သိန်းကျော်ကို ခေါက်ရေ ၂ဝဝ ခန့်ဖြင့် ပြေးဆွဲပေးနေရာ တစ် လလျှင်လေးကြိမ်ခန့်အထိ မတော် တဆမှုများဖြစ်ပေါ်နေကြောင်း
တာဝန်ရှိသူတစ်ဦးပြောပြချက် အရ သိရပြန်သည်။

ကုန်းလမ်းကတော့ လူ အများဆုံးအသုံးပြုသော ခရီး လမ်းပင်ဖြစ်သည်။ယနေ့မြန်မာ နိုင်ငံ ရန်ကုန်မြို့တော်တွင်ပင် ၂ဝ၁၂ ခုနှစ် စာရင်းများအရ မြို့တွင်းယာဉ်လိုင်း ၃၇၇ လိုင်း တွင် စီးတီးဘတ်စ် ၂၄ဝ၉ စီး၊ မီနီဘတ်စ်၃ဝ၅ စီး၊ဒိုင်နာ ၂ဝ၁ဝ စီး၊ ဟိုင်းလတ်၁ဝ၉၃စီး၊ ဘီအမ် ၆၄၄ စီး၊ စစ်ကျန်ဘတ်စ် ၁၉၄ စီး၊ ဂျစ် ၄စီးရှိကြောင်း သိရ သည်။ဤမျှများပြားသော ယာဉ် များကို အသုံးပြု ၍တစ်နေ့လျှင် ခရီးသည်သုံးသန်းခွဲ ခန့်ကယာဉ် စီး၍ခရီးနှင်နေကြရသည်။

အမြန်ရောက်ချင်ပေမယ့် အရောက် တော့မမြန်ချင်

တလောက မိတ်ဆွေတစ် ဦးကခရီးတစ်ခုကိုအမြန်ရောက် ချင်ပေမယ့် သေမင်းဆီကိုတော့ အရောက် မမြန်ချင်ကြောင်း ဆောင်းပါးတစ်ပုဒ် ရေးထား တာ တွေ့လိုက်ရသည်။ ဟုတ်ပါ သည်။ ကျွန်တော်တို့ အမြန် လမ်းမကြီးကဖြင့် အမြန်ရောက် ချင်သူများကိုလိုရာခရီး မရောက် စေဘဲ အရောက်မမြန်ချင် သည့် သေလမ်းသို့ အရောက်ပို့နေ သည်ကလည်း အသေအချာပင် ဖြစ်ပါ သည်။အမြန်လမ်း ကြောင့် ဖြစ်ပေါ်လာသောဝမ်းနည်း ကြေ ကွဲမှုတွေကလည်းမနည်းလှ။မေး ခွန်းထုတ်စရာများကလည်း အန မတဂ္ဂဖြစ်လို့နေသည်။

ရန်ကုန်-မန္တလေးအမြန် လမ်းမကြီးကို ၂ဝဝ၅ခုနှစ် အောက် တိုဘာလက စီမံကိန်းစတင်ခဲ့ သည်။ ရန်ကုန်- နေပြည်တော် အပိုင်းနှင့် နေပြည်တော် - မန္တ လေးအပိုင်းဟူ၍အကောင် အထည် ဖော်ခဲ့ရာရန်ကုန်- နေပြည်တော် လမ်းပိုင်း(အရှည် ၂ဝ၂မိုင် ၁ ဖာလုံ)ကို ၂ဝဝ၉ခုနှစ်မတ်လ ၂၅ရက်က ဖွင့်လှစ်နိုင်ခဲ့သည်။ အရှည် ၁၅ဝ မိုင် ၅ ဖာလုံ ရှိသော နေပြည်တော်-
မန္တလေး အပိုင်းကိုတော့ ၂ဝ၁ဝ ပြည့်နှစ် ဒီဇင်ဘာလ ၂၉ရက်က စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ စုစု ပေါင်း၃၅၂မိုင် ၆ဖာလုံ ရှိသည်။

ယာဉ်မောင်းချိန် ၇ နာရီဝန်း ကျင်ဖြင့်မောင်းနှင်နိုင်ကြပြီဖြစ် သည်။ဤခရီးကို ရထားဖြင့်သွား မည်ဆိုပါက ၃၈၅မိုင်မျှရှိရာ မိုင်ပေါင်း ၃ဝ ကျော်ကျုံ့သွားပြီ ဖြစ်သည်။တစ်ဖက်က အမြန် လမ်းမို့ မြန်လာသလို တစ်ဖက် ကလည်း ထိခိုက်သေ ဆုံး ဒဏ်ရာရ မှုတွေ က တစ်နှစ်ထက် တစ်နှစ် ပိုမိုများ ပြားလာ သည်မို့ စိုး ရိမ်ဖွယ်ပင် သည်။

အမြန်လမ်း မပေါ်မှ ယာဉ်မ တော် တဆမှုများကို ပိုင်းခြား စိတ်ဖြာကြည့်လျှင် ယာဉ်မောင်း သူအမှားကြောင့်ဖြစ်ရသည့် ယာဉ် တိုက်မှုက ၇၃ ရာခိုင်နှုန်းရှိသည် ဟုဆိုသည်။

လူတွေသေဆုံးမှု ကိုကြည့်လျှင်လည်း ၂ဝဝ၉ ခုနှစ် က ၄၇ဦး၊ ၂ဝ၁ဝတွင် ၃၈ ဦး၊ ၂ဝ၁၁တွင် ၄၇ဦး၊၂ဝ၁၂တွင်၅၄ဦး ရှိခဲ့သည်။ ၂ဝ၁၃ခုနှစ်တွင်လည်း မေ လ ၂၅ ရက်ကမန်းရွှေမြို့တော် ယာဉ်တိမ်းမှောက်မှုကြောင့် လူ ၁၂ဦး သေဆုံးပြီး အမြန်လမ်းမ ပေါ်၌တစ်ကြိမ်တည်းဖြင့် အများ ဆုံးသေဆုံးမှုဖြစ်ခဲ့သည်။

ဇူလိုင်လထဲမှာပင်ရန် ကုန်- မန္တလေး အမြန်လမ်းမကြီးပေါ် ၌ ယာဉ်မတော်တဆမှုကြောင့် လူငယ်အဆိုတော်ဆိုတေးမှာ ပြင်းထန်သော ထိခိုက်ဒဏ်ရာ များရရှိကာ မန္တလေးဆေးရုံကြီး တွင်အရေးပေါ်ခွဲ စိတ်ခဲ့ရပြီး ဆေး ကုသမှုခံယူနေရဆဲဖြစ်သည်။ ဆိုရလျှင် ၂ဝဝ၉ ခုနှစ် အမြန်လမ်းစတင်ဖွင့်လှစ်သည် မှ ယနေ့အထိ အမြန်လမ်းမပေါ် မှာ လူပေါင်း ၂ဝဝကျော် သေ ဆုံးခဲ့ရပြီးဖြစ်သည်။ ထိုအထဲတွင် နာမည်ကျော်အနုပညာရှင်တွေ ပါသည်။အတတ်ပညာရှင် တွေ ပါသည်။လေယာဉ်မယ်တွေပါ သည်။ နိုင်ငံကို တည်ဆောက် မည့်လူငယ်တွေပါသည်။

တိုင်း ပြည်အတွက် နစ်နာဆုံးရှုံးမှုများ ပင် ဖြစ်ပါသည်။ လမ်းမပေါ်မှာ ကြွေလွင့်ခဲ့သော ကြယ်ပွင့်တွေက များလှပါ ဘိ...။

သိန်းအေး

(လမ်းပန်းဆက်သွယ်ရေး နှင့် အန္တရာယ်ကင်းစင်ရေး အထူးပြုအချပ်ပိုမှ )
Popular Journal

လူမှုကွန်ယက် Facebook မှသိမှတ်ဖွယ်ရာများ


၁။ကျွန်တော်တို့တွေ အခုခေါ်ခေါ်နေတဲ့ Facebook ကိုယခင်တုန်းက
thefacebook လို့ခေါ်တယ်လို့ဆိုတယ်ဗျာ၊အဲဒီတုန်းကတော့
ဟားဗတ်တက္ကသိုလ် ကျောင်းသား၊ကျောင်းသူ တွေရဲ့  ကိုယ်ရေးအချက်
အလက်တွေနဲ့ မှတ်တမ်းများကိုသိမ်းဆည်းရန်သာ အသုံးပြုဖို့သာဖြစ်တယ်
လို့ဆိုတယ်၊၂၀၀၅ ခုနှစ်ရောက်မှ ကျွန်တော်တို့တွေခေါ်နေကျအသံ
ဖွဘွတ်(ခေါ်)Facebook လို့စတင်ခေါ်ဆိုတယ်လို့သိရတယ်ခင်ဗျ။


၂။ဟားဗက်မှာအသုံးပြုတဲ့ thefacebook ကိုလူတွေကျယ်ကျယ်ပြန့်ပြန့်
အသုံးပြုနိုင်ဖို့ Zuckerburg ကလုပ်ဆောင်ပေးခဲ့တယ်ဆိုပေမယ့်
စိတ်ကူးနဲ့အကြံဥာဏ်တွေကို ကူးချတယ်လို့ဆိုပြီး Facebook ကို အပိတ်ခံ
ရလုနီးတောင် ဖြစ်ခဲ့တယ်ဆိုပဲ၊
"အင်း....တကယ်လို့အပိတ်သာခံခဲ့ လို့က တော့ အခုလောက်ဆိုရင်
ကျွန်တော်တို့တွေ တွယ်တာလို့ခေါ်တဲ့ Twitter,LikeIn တို့နဲ့နှစ်ပါးသွား
နေလောက်ပြီ"

၃။Facebook ကိုအခြေခံပြီးတော့ ရိုက်ကူးတင်ဆက်ထားတဲ့ Social Network
ရုပ်ရှင်ကား Golden Globes ဆုလေးဆုတောင်ရခဲ့တယ်ဆိုပဲ။အဲဒီကားထဲ
မှာဆိုရင် Facebook နဲ့ပတ်သက်တဲ့နောက်ကြောင်းရာဇဝင်တွေ တရားရင်
ဆိုင်ရပြီး အပိတ်ခံရလုနီးဖြစ်ခဲ့တဲ့ အကြောင်းတွေ စုံစုံလင်လင်ပါတယ်လို့
ကြည့်ဖူးတဲ့ သူတိုင်းကတော့ ပြောကြတာပဲ။
"ကျွန်တော်ကတော့ မကြည့်ဖူးသေးဘူး အသံဖမ်းတရားနာလုပ်ထားတာ...
......"

၎။မြန်မာပြည်မှာ Facebook ကိုတစ်လ မိနစ်ဘယ်လောက်သုံးတယ်ဆိုတာ
တော့သိဘူး...တစ်ကမ္ဘာလုံးအတိုင်းတာနဲ့ မိနစ် ၇၀၀ တောင်သုံးကြတယ်
တဲ့....

၅။နိုင်ငံတကာမှာ Facebook ကြောင့်မို့လို့ ရာဇဝတ်မှုများစွာကိုတောင်
ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်တဲ့။
"မြန်မာပြည်မှာ Facebook နဲ့ရာဇဝတ်သားတွေကိုလိုက်ဖမ်းတယ်လို့တော့
ကြားဖူးသေးဘူး....ဘာလို့လည်းဆိုတော့ ဒီကရာဇဝတ်သားတွေက
ဖွဘွတ်ကို သိမှသိပဲကို..."

၆။Facebook ကိုအမြဲတမ်းနေ့စဉ်အသုံးပြုနေသူ ၁ ဘီလီယံတောင်ရှိတယ်
ဆိုပဲ၊ကျွန်တော်တို့လို နေ့စဉ် Facebook မှာရေးနေရတဲ့သူတွေကိုဆိုလိုတာ
နေမှာ....

၇။လူဦးရေ သန်း ၆၀၀ လောက်က Facebook ကိုဖုန်းနဲ့အသုံးပြုတဲ့။
"သူတို့များ ကွန်နက်ရှင်ကောင်းလို့ထင်ပါရဲ့ "

၈။အမေရိကန်မှာ Facebook ကိုလူဦးရေ ၁၆၆ သန်းကအသုံးပြုပြီး
ကမ္ဘာမှာသုံးစွဲမှုအများဆုံးဖြစ်၊
"အင်း....သိပ်တော့လည်း မထူးဆန်းပါဘူး...သူတို့ဆီမှာက လူဦးရေကများ
တာကိုး....မြန်မာပြည်မှာတောင် သုံးတဲ့သူ ၇ သိန်းလောက်ရှိသေးတာပဲ..
ဟုတ်ဖူးလား...နောက်ဆိုရင်ဒီထက်တောင်များအုန်းမှာ..အတည်ပြောနေ
တာနော်.."

၉။အဲ......ဖွဘွတ်မှာ အမျိုးသမီးတွေက အမျိုးသားတွေကိုတောင်ကျော်ပြီး
ဦးဆောင်နေပြီတဲ့ဗျ၊အမျိုးသမီးတွေက ပျမ်းမျှတစ်လကို Status Update
၂၁ ကြိမ်ပြုလုပ်လျက်ရှိပြီး အမျိုးသားတွေက ပျမ်းမျှ ၆ ကြိမ်သာရှိတဲ့။

"မီးနှုတ်ခမ်းနီးချိုးတာ လှရားဟင်....ဒီနေ့ ချော့ပင်ထွက်တယ်....."
ထွက်ပဲထွက်နိုင်လွန်းတဲ့ ချော့ပင်...Status Update မှာတွေ့နေရတာတွေကို
ပြောတာ.....

၁၀။ပြောလို့မဆုံးသေးဘူး Facebook မှာ Photo Uploaded ပေါင်း
သန်း ၂၅၀ တောင်ရှိတယ်တဲ့၊အဲဒါက နေ့စဉ်တဲ့နော်...နေ့စဉ်..
ဒီလိုဆိုရင် မနည်းဘူးပဲ.....တင်လိုက်တဲ့ Photo တွေ...

၁၁။အမေရိကန်မှာ အွန်းလိုင်းအရောင်းအဝယ်တွေကို ဖွဘွတ်နဲ့အသုံးပြု
တာက ၉၅%ရှိပြီး တွယ်တာနဲ့က ၆၂% ပဲရှိတယ်တဲ့....
"ငါတို့ ဖွဘွတ်ကိုလာယှဉ်လို့ဘယ်ရမလည်း....ဟွန်း...."

၁၂။အဲဒါကတော့ အဆန်းဗျ...အဆန်း...နေဆန်းဟုတ်ဘူးနော်........
ကျွန်တော့်အတွက် ထူးဆန်းလွန်းလို့ပါဗျာ...တစ်ကမ္ဘာလုံး
လွတ်လပ်စွာအသုံးပြုလို့ရနေတဲ့ Facebook ကိုတရုတ်၊ဗီယမ်နမ်၊အီရန်
တို့တွင်ပိတ်ပင်ထားတဲ့......
" မြန်မာပြည်မှာသုံးလို့ရတယ်ဆိုတော့ အတော်လေးကိုပျော်နေလို့ မဖြစ်
သေးဘူးဗျ...ဖွဘွတ်ကိုတချို့ကတလွဲတွေချည်းလုပ်နေလို့
ပိတ်မယ်လို့တော့ သဲ့သဲ့ လေးကြားနေရတယ်ဗျ..."ဒါကလည်း ဖြစ်သင့်
တယ်ပဲဆိုရမှာလားပဲ...အဲလိုဆိုရင်တော့ ကျွန်တော်တို့တော့ ငှက်ပီ....
ရေးစရာရှိတော့ဘူး....."

၁၃။ဘီလီယံ ၈၀ တောင်တန်တယ်တဲ့....လက်ရှိ Facebook ရဲ့ တန်ဖိုးက
"ကယ်.....မှုပိုင်ဝယ်ချင်တဲ့ သူရှိတယ်ဆိုရင်တော့ စဉ်းစားလို့ရတာပေါ့
ဟုတ်ဘူးလား...."

၁၄။အလုပ်အရှုပ်ဆုံး ဝက်ဆိုဒ်အဖြစ် Google ပြီးရင် ဒုတိယနေရာမှာ
ကျွန်တော်တို့ရဲ့ ဖွဘွတ်ကြီးတဲ့ဗျာ...
"မြန်မာပြည်မှာတော့ လာမယှဉ်နဲ့ ဖွဘွတ်ကအလုပ်ရှုပ်ဆုံးပဲ...."

၁၅။ကမ္ဘာပေါ်မှာ ဖဲသမားတွေ၊လောင်းကစားသမားတွေ အများဆုံးဆိုတာ
Facebook ကငြင်းလို့မရအောင် သက်သေပြနေပြီ၊ဘာလို့လည်းဆိုတော့
Texas Hold’em Poker လို့ခေါ်တဲ့ဂိမ်းအမျိုးစားက Fan page အဖွဲ့ဝင်
သန်း ၇၀ ကြီးများတောင်ရှိတယ်တဲ့.....
Fan Page အဖွဲ့ဝင်အများဆုံးပေါ့ ဗျာ.......

၁၆။အောင်မငီး....အိုင်စလန်နိုင်ငံရဲ့  ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲဖို့
Facebook ကိုအသုံးပြုပြီး လုပ်ဆောင်ခဲ့ခြင်းဖြစ်.....
"အဲဒါမှ တေပီဆရာပဲ...လက်လန်တယ်.."

၁၇။Facebook ရဲ့  URL အဆုံးသတ်မှာ အင်္ဂလိပ်အမှတ်စဉ်(4)ကိုပါရိုက်ထည့်
မယ်ဆိုရင် တည်ထောင်သူ Mark Zuckerberg ရဲ့  Wall Page ကို
ဒါရိုက်ရောက်ရှိတယ်လို့ ပြောထားတယ်ဗျ...
"ကျွန်တော်လည်း ဘယ်ရမလည်း....စမ်းကြည့်တာပေါ့...ဒါပေမယ့်မရဘူး
ဖြစ်နေတယ်...ကျွန်တော်လုပ်တာပဲမဟုတ်လို့လား...သိတဲ့သူများရှိရင်...
ပြောခဲ့နော်...."

၁၈။ဒါကတော့ ကြေငြာချက်ဗျ..Facebook ကအသုံးပြုသူကိုယ်ရေးအချက်
အလက်တွေကို Hack နိုင်ရင် အကောင့်တစ်ခုအတွက် ဒေါ်လာ ၅၀၀
ချီးမြင့်မယ်တဲ့....မနည်းလွန်းဘူးလားလို့...အဲဒါကြောင့်မို့လို့....
Hack တော့ပါဘူး...
" အဲ....ခုမှသတိရတယ် မင်းသမီးအကောင့်တွေ အဟက်ခံရတယ်လို့ ဟိုတစ်
လောကကြားတယ်...အဲဒါသွားထုတ်လိုက်အုန်း...ဒေါ်လာ ၅၀၀..အဆင်ပြေ
ရင်တစ်ဝက်ခွဲပေး..."

ကယ်....ဒါတွေကတော့ ဖွဘွတ်နဲ့သိမှတ်ရသလောက် ဝေငှထားတာပါ...
ဖတ်ရှုတဲ့ သူတွေကျေးဇူးအထူးတင်တယ်ဗျ..စလုံးပေါင်းမှားရင်လည်း
မျက်လုံးမှာ ဆင်ဆာစနစ်တပ်ပြီး ပြင်ဖတ်ပေးပေါ့ဗျာ....

ခွန်နေ(August Myanmar Media Group)

သူရဦးရွှေမန်း ဇူလိုင်လ ၃၁ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် နာယကရာထူး လွှဲပြောင်းရယူမည်


နေပြည်တော်၊ ဇူလိုင် ၂၉

လွှတ်တော်တွင်း ကိုယ်စားလှယ် အရေအတွက် အများဆုံး ရရှိထားသ ည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ ဥက္ကဋ္ဌနှင့် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းသည် ဇူလိုင်လ ၃၁ ရက်နေ့ တွင် ပြည်ထောင်စုလွှတ်တော် နာယကအဖြစ် ရာထူး လွှဲပြောင်း ရယူမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

သူရ ဦးရွှေမန်းသည် ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌ ရာထူးကို ဇူလိုင်လ ၃၁ ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် အခမ်းအနားဖြင့် လက်ခံမည် ဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ဆက်လက် ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒုတိယ သမ္မတနှစ်ဦး၊ ပြည်ထောင်စု ဝန်ကြီး များနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ကို ဖိတ်ကြားထားပြီး တက်ရောက်ခြင်း ရှိ မရှိ ကိုမူ လွှတ်တော် သို့ အကြောင်းပြန်ထားခြင်း မရှိသေးကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုက ပြောကြားသည်။ 

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် နိုင်ငံတော် သမ္မတအဖြစ် တာဝန် ထမ်းဆောင်နိုင်ရန် ၂၀၁၅ ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင် မည်ဖြစ်ကြောင်း ဇူလိုင်လ ၁၈ ရက်နေ့က ဒုတိယအကြိမ် ပြောကြား ထားသည်။

ပြည်ထောင်စု လွှတ်တော် လက်ကျန် သက်တမ်း ၂ နှစ်ခွဲတွင် နာယကအဖြစ် တာဝန်ထမ်းဆောင်မည့် သူရဦးရွှေမန်းသည် ဇူလိုင်လ ၁၈ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်းကာ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ကျင်းပခဲ့ပြီး သူရဦးရွှေမန်း က ဒေါ်အောင်ဆန်းစုကြည် သမ္မတ ရွေးကောက်ပွဲ ဝင်ပြိုင်နိုင်ရန်အတွက် ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ပေးသွားမည် ဖြစ်ကာ လက်ရှိတွင် ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ကိုင်နေကြောင်း ပြောကြားထားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော် နာယကအဖြစ် ပထမ ၂ နှစ်ခွဲ သက်တမ်းကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ဆောင်ရွက် ရမည်ဖြစ်ပြီး လက်ကျန် သက်တမ်း ၂ နှစ်ခွဲတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ဆောင်ရွက်ရမည် ဖြစ်သည်။

ယခုလက်ရှိ ပြည်ထောင်စုလွှတ်တော် နာယက ရာထူးကို အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ထမ်းဆောင်နေသည်။
The Voice Weekly

ဘုရားအလှူခံပုံးအားခွဲ၍ ငွေများခိုးယူသူအား အရေးယူ


ရန်ကုန်၊ ဇူလိုင် ၂၉

၂၈.၇.၂၀၁၃ရက်နေ့ ၀၅၀၀အချိန် ဦးကျော်မင်း၊ အောင်တော်မူဆုတောင်း
ပြည့်ဘုရား ဂေါပကဥက္ကဌ၊ ဗဟန်းမြို့နယ်နေသူသည် ဗိုလ်စိန်မှန်ရပ်ကွက်၊
ဗိုလ်တေဇလမ်းနှင့် ရွှေဂုံတိုင်လမ်းထိပ်ရှိ အောင်တော်မူဆုတောင်းပြည့်
ဘုရားဝင်းတံခါးအားဖွင့်စဉ် ဘုရားဝင်းစေတီရှေ့ရှိအလှူခံပုံးကိုလူငယ်တစ်ဦး
မှ ကြေးစည်လက်ခတ်ဖြင့်ထုခွဲနေသည်ကိုတွေ့ရှိရသဖြင့်ရပ်ကွက်အုပ်ချုပ်
ရေးမှူးအဖွဲ့ နှင့်အတူစစ်ဆေးရှာဖွေရာ၎င်းမှာ ဇော်ထက်အောင်၊(ဘ)ဦးထွန်း
အောင်၊၀မ်းတွင်းမြို့နယ် နေသူဖြစ်ပြီး၎င်းဝတ်ဆင်ထားသောပုဆိုးခါးပုံစ
အတွင်းမှအလှူခံပုံးခွဲ၍ခိုးယူထားသောငွေစက္ကူ ရောရာ(၅၄၂၅)ကျပ်
အားတွေ့ရှိသောကြောင့် အရေးယူပေးပါရန်တိုင်တန်းခဲ့သဖြင့် ဗဟန်းမြို့မ
ရဲစခန်း(ပ) ၂၉၇/၂၀၁၃၊ ပုဒ်မ ၃၇၉ ဖြင့်အမှုဖွင့်လှစ်ကာ ဖမ်းဆီးအရေး
ယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ကညနက ယာဉ်အို၊ ယာဉ်ဟောင်းလက်မခံမှုကြောင့်ရန်ကုန်တွင် ယာဉ်ဟောင်းများဖြင့်သာ ပြေးဆွဲနေရဟုဆို


ဇူလှိုင်(၃၀) ရန်ကုန်

ရန်ကုန်မြို့ တွင်းပြေးဆွဲနေသော ဘတ်စ်ကား ယာဉ်အို၊ ယာဉ်ဟောင်းများနေ ရာတွင် ကားအသစ်များဖြင့်အစားထိုးပြေးဆွဲလိုသော်လည်း ကုန်း လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦး စီးဌာနမှ ပြောင်းလဲအပ်နှံခွင့်မပြု ခြင်းကြောင့် ယာဉ်ဟောင်းများဖြင့် သာ ပြေးဆွဲနေရခြင်းဖြစ်ကြောင်း မထသဌာနခွဲ(၇)မှ ယာဉ်ပိုင်ရှင် ဦးမင်းဇော်က ပြောသည်။
ဇူလိုင်၂၈ရက် ရန်ကုန်မြို့ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင်ပြုလုပ်သော မော်တော်ယာဉ်လိုင်းပေါင်းစုံထိန်း သိမ်းရေးကော်မတီ၊ ရန်ကုန်တိုင်း ဒေသကြီးအား ခေတ်စနစ်နှင့်အ ညီ ယာဉ်ပိုင်ရှင်များဖြင့် ပြန်လည် ဖွဲ့စည်းပေးနိုင်ရန် ဆန္ဒထုတ်ဖော် သတင်းစာရှင်းလင်းပွဲတွင်ပြော ခြင်းဖြစ်သည်။
ဦးမင်းဇော်က''ယာဉ်ပိုင်ရှင် တွေအနေနဲ့ မြို့တွင်းပြေးဆွဲနေ တဲ့ယာဉ်အိုတွေနေရာမှာ ယာဉ် အသစ်တွေ ပြောင်းလဲပြေးဆွဲဖို့ ငွေကြေးအရင်းအနှီးတတ်နိုင်ပေ မယ့် ကညန ကယာဉ်အိုယာဉ် ဟောင်း ပြောင်းလဲပေးခြင်းမရှိတဲ့ အတွက် အဟောင်းတွေနဲ့ပဲပြေး ဆွဲနေရတယ်''ဟု ပြောသည်။
လက်ရှိကုန်လမ်းပို့ဆောင် ရေးညွှန်ကြားမှူးဦးစီးဌာနတွင် ချက်ပလက်ကားများကိုသာအပ် နှံခွင့်ပြုထားပြီး ရန်ကုန်မြို့တွင်း ခရီးစဉ်တစ်ခု ၅၀ ကျပ်၊ ၁ဝဝကျပ် ဖြင့်ပြေးဆွဲနေသော ယာဉ်အိုယာဉ် ဟောင်းများကို အပ်နှံပြောင်းလဲ ခွင့်မရှိသေးကြောင်း မထသဌာန ခွဲ(၇)မှ ယာဉ်ပိုင်ရှင်ဦးအောင်ခိုင် ကပြောသည်။
ဦးအောင်ခိုင်က''ကညနက ယာဉ်ဟောင်းတွေကို စီအန်ဂျီအ ခက်အခဲကြောင့် ပြောင်းလဲအပ် နှံခွင့်မပြုနိုင်သေးဘူး။ ချက်ပလက် တွေပဲအပ်နှံခွင့်ပြုထားတယ်။ ယာဉ်ဟောင်းတွေကို အက္ခရာ လိုက်အပ်ရပေမယ့် တစ်ချို့ကပြန် မကျဘူး။ တစ်ချို့ယာဉ်ပိုင်ရှင်တွေ ကလည်း မအပ်ဘဲပြေးဆွဲနေကြ တဲ့အတွက် မြို့တွင်းယာဉ်တွေမှာ ယာဉ်အို၊ ယာဉ်ဟောင်းတွေများ နေတာ''ဟု ပြောသည်။
လက်ရှိရန်ကုန်မြို့တွင်း ပြေးဆွဲနေသော ဘတ်စ်ကား ယာဉ်ပေါင်း ၆ဝဝဝကျော်ရှိပြီး ယင်းအထဲတွင်ယာဉ်အို၊ ယာဉ် ဟောင်းအများဆုံးပါဝင်ကြောင်း ယာဉ်ပိုင်ရှင်များထံမှ သိရသည်။
ကုမ္ပဏီဝန်ထမ်းတစ်ဦး က''အခုလိုင်းတွေကို ထိုင်ခုံအပြည့် မပါဘူး။ တစ်ချို့ကားတွေဆိုရင် မိုးရွာရင် ကားထဲမှာထီးဆောင်းပြီး နေရတယ်။ အခုကားတွေတော့ တင်သွင်းခွင့်ပြုပြီး ပြည်သူအများ စုစီးနင်းကြတဲ့ကားတွေက မြင်မ ကောင်းအောင်စုတ်ပြတ်နေတယ်'' ဟု သုံးသပ်ပြောသည်။

Yangon Media Group
ဖြိုးလွင်အောင်

သေဆုံးသူ မိသားစုများက ဖြောင့်ကွယ် ကွယ်ခဲ့ပေမယ့်၊ တာဝန်သိ ပြည်သူများကြောင့် အမှုမှန်ပေါ်ခဲ့တဲ့ လူသေမှု




၂၈၊၇၊၁၃ရက်နေ့က ကသာမြို့နယ်၊ နမ့်စမ်းကျေးရွာ သုဿန် အတွင်းရှိ လွန်ခဲ့သော(၂)လမှ မြုတ်နှံထားခဲ့သော လူသေအလောင်းအား ပြန်လှယ်တူးဖေါ် စစ်ဆေးမှုကို ဒုတိယ တရားသူကြီး ဒေါ်ခင်မာဦး၊ ဒေါက်တာ ပြည့်ကျော်နှင့် ကသာမြို့နယ် စခန်းမှူး ဒုရဲမှူးမြင့်လွင်တို့မှ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ထိုသို့ စစ်ဆေးချက်အရ ၂၈၊၅၊၂၀၁၃ရက်နေ့က သေဆုံးခဲ့သော ဦးကျော်အေး(၅၉)နှစ်မှာ ဓမ္မတာအတိုင်း သေဆုံးခဲ့ခြင်း မဟုတ်ဘဲ ဦးခေါင်း နောက်ဘက်တွင် ကွဲအက်ဒါဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်ဟု သိရှိရပါသည်။

အမှုဖြစ်စဉ်မှာ ၂၈၊၅၊၂၀၁၃ရက်နေ့နံနက်(၈)နာရီအချိန်က ကသာမြို့နယ်အပိုင် ၊ မှတ်တိုင်အုပ်စု၊ နမ့်စမ်ရွာနေ ဦးကျော်အေးသည် နေအိမ်အတွင်း အရက်မူး၍ လဲကျသေဆုံး ခဲ့ပါသည်။

ထိုသေဆုံးမှုကို ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် ရွာလူကြီးများသည် အပိုင်ရဲစခန်းမှူး ဒုရဲအုပ်ထွန်းထွန်းလွင်ထံသို့ သတင်းပို့ခဲ့ရာ သေဆုံးသူ မိသားစုမှ ကျေနပ်မှုရှိလျှင် ရပ်ကွက်အုပ်ချုပ်ရေးမှူးထံတွင် အမှုမလုပ်လိုကြောင်း ၀န်ခံကတိ လက်မှတ်ထိုး၍ ရဲစခန်းသို့ အကြောင်းပြန်ကြားရန် ပြောဆိုခဲ့ပါသည်။

မိသားစုနှင့် ကျေးရွာရှိ ရပ်မိရပ်ဖများက ဦးကျော်အေး သေဆုံးရခြင်းသည် ပယောဂကြောင့် သေဆုံးခြင်း မဟုတ်ကြောင်း လက်မှတ်ရေးထိုး ခဲ့သောစာကို စခန်းမှူး ဒုရဲအုပ်ထွန်းထွန်းလွင်ထံ ပို့ပေးခဲ့ကြပြီး ထိုနေ့ညနေ (၅)နာရီအချိန်တွင် အလောင်းကို ကျေးရွာရှိ သုဿန်အတွင်း မြုတ်နှံလိုက်ကြပါသည်။

၁၅၊၆၊၂၀၁၃ရက်နေ့တွင် ထိုသေဆုံးမှုသည် သွေးရိုးသားရိုး သေဆုံးမှု မဟုတ်ကြောင်း ၊ ဓါးဒါဏ်ရာ(၂)ချက်ဖြင့် သေဆုံးခဲ့သည့် လူသတ်မှုဖြစ်ကြောင်း၊ ထိုသတင်းကို သေဆုံးသူ ဦးကျော်အေး ၏သား ကိုဖိုးဝယ်(၃၅/၁၃)နှစ်မှ ရွာထဲတွင် ပြောဆိုနေကြောင်း အမည်မဖေါ်လိုသည့် ရွာသားတစ်ဦးမှ ကသာမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ကျော်အောင်မြင့်ထံ ဖုန်းဆက် အသိပေး တိုင်ကြားခဲ့ပါသည်။

ထိုတိုင်ကြားမှုမှာ တိုင်ကြားသူ အမည်မဖေါ်ခဲ့သော်လည်း ရဲမှူးကျော်အောင်မြင့်မှ စုံစမ်းစစ်ဆေးရေး
အဖွဲ့ကို ဖွဲ့စည်းပေးပြီး စုံစမ်းစစ်ဆေးစေ ခဲ့ပါသည်၊ ဇူလိုင်လ(၁၀)ရက်နေ့တွင် မြို့နယ်မှူးထံ ဒုတိယတိုင်စာရောက်ရှိလာပြီး တိုင်တန်းသူ အမည်ပါ ပါရှိလာသဖြင့် ခရိုင်ရဲတပ်ဖွဲ့မှူးထံ တင်ပြသတင်းပို့၍ လမ်းညွန်မှု ခံယူခဲ့ပါသည်။

ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ စာအမှတ် ၁၀၃၉(၀၁)/၂၀၄ဖြင့် စာထွက်ပြီး ယခင်ဖွဲ့ပေးထားသော စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ဇူလိုင်လ(၁၃)ရက်နေ့အထိ စုံစမ်းတွေ့ရှိရမှု ပြန်လှယ်မတင်ပြသောကြောင့် ကသာမြို့နယ် စခန်းမှူး ဒုရဲမှူးမြင့်လွင်နှင့် အရာရှိ(၃)ဦးပါသော စစ်ဆေးရေး အဖွဲ့သစ်ကို ထပ်မံဖွဲ့စည်းကြောင်း အသိပေးခဲ့ပါသည်။

ထို့အဖွဲ့ကို မြို့နယ်မှူးမှ လူတွေ့ခေါ်ယူခါ (၇)ရက်အတွင်း ဖေါ်ထုတ် တွေ့ရှိချက်များကို ပြန်တင်ရန်နှင့် ချက်ချင်း စုံစမ်းစစ်ဆေးဖေါ်ထုတ်မှု ပြုလုပ်ရန် ညွန်ကြားခဲ့ပါသည်။

ထိုအဖွဲ့မှ သေဆုံးသူ ဦးကျော်အေး၏သားငယ် ကိုဖိုးဝယ်(ခ)ကိုဝင်းမြင့်ကို ခေါ်ယူစစ်ဆေးရာ ၂၈၊၅၊၂၀၁၃ရက်နေ့ မနက်က ညီမဖြစ်သူ မရွှေမြင့်မှ အဖေ ထမင်းလာမစားကြောင်း ပြောဆိုမှုအရ ဖခင်၏နေအိမ်သို့ သွားကြည့်ရာ နေအိမ်ပြူတင်းပေါက်အနီး လဲကျသေဆုံးနေသော ဖခင်၏ အလောင်းကို တွေ့ရှိခဲ့ကြောင်း၊ ဖခင်၏ ကိုယ်ခန္ဒာပေါ်တွင် ဒါဏ်ရာရှိ မရှိ ကြည့်ရှု့ရာ နောက်စေ့တွင် လက်သန်းခန့် ပေါက်နေသော ဒါဏ်ရာတွေ့ရပြီး ကြမ်းပြင်ပေါ်မှာလည်း သွေးကွက်များတွေ့ရကြောင်းနှင့် သေဆုံးပြီး ရက်(၂၀) အကြာမှာ ယောက်ဖဖြစ်သူ မြင့်ထွန်းက လုပ်ကြံတာဆိုသည့် သတင်းများ ထွက်ပေါ်လာကြောင်း၊ထိုသို့ ကြားရသော သတင်းကို ညီမဖြစ်သူ မရွှေမြင့်ကို မပြောခဲ့မိကြောင်း ထွက်ဆိုခဲ့ပါသည်။

သေဆုံးသူ ဦးကျော်အေး၏ သမီးဖြစ်သူ မရွှေမြင့်(ခ) မယ်သီကို ဆက်လက်စစ်ဆေးရာ ၂၈၊၅၊၂၀၁၃ရက်နေ့ မနက်က အရက်အလွန် သောက်လေ့ရှိသူ ဖခင်ဦးကျော်အေး ထမင်းလာ မစားသဖြင့် အစ်ကိုဖြစ်သူ ကိုဖိုးဝယ်အား ဖခင်ဖြစ်သူ၏ နေအိမ်သို့ သွားကြည့်ရန်ပြောပြီး မိမိမှာ ခင်ပွန်းဖြစ်သူ မြင့်ထွန်းရှိရာ ကြံခင်းသို့ သွားရောက်ပြီး ပြန်လာခဲ့ကြောင်း ရွာအရောက်တွင် ဖခင်ဖြစ်သူ ဦးကျော်အေးအမူးလွန်၍ လဲကျသေဆုံးကြောင်း ကြားရပြီး ဖခင်၏ အိမ်သို့ လိုက်သွားရာ အလောင်းပြင်ထားသည်ကို တွေ့ရကြောင်း၊ဖခင်သေဆုံးမှုမှာ ရာသီဥတု ပူသဖြင့် သွေးတိုးပြီး လဲကျသေဆုံးခဲ့သည်ဟု ထင်မိခဲ့ကြောင်း၊ တစ်စုံတစ်ဦး၏ ပယောဂကြောင့် သေဆုံးသည်ဆိုသော ပြောဆိုသံ မကြားခဲ့ရကြောင်း ထွက်ဆိုခဲ့ပါသည်။

ထိုအမှုတွင် အဓိကကျသော မရွှေမြင့်၏ ခင်ပွန်းဖြစ်သူ မြင့်ထွန်းအား စစ်ကြောရေး ပြုလုပ်ရာ မိမိသည် ၂၈၊၅၊၂၀၁၃ရက်နေ့ မနက်အစောပိုင်းက ကြံခင်းအတွက် ငွေလိုနေသဖြင့် ဇနီးဖြစ်သူ မရွှေမြင့်ထံ ငွေထုတ်ရန် အိမ်ပြန်လာခဲ့ကြောင်း၊ အိမ်တွင် မရွှေမြင့်ကို မတွေ့ရသဖြင့် ယောက္ခမဦးကျော်အေး၏နေအိမ်သို့ သွားသည် ထင်ပြီး သွားရှာခဲ့ကြောင်း၊ ယောက္ခမဦးကျော်အေး၏ နေအိမ်တွင် ဇနီးဖြစ်သူ ရှိမနေသဖြင့် လှည့်ပြန်ရန်ပြုလုပ်စဉ် ယောက္ခမဦးကျော်အေးမှ အရက် အလွန်မူးနေပြီး မိမိအား ရိုက်နှက်ရန်ရှာသောကြောင့် ယောက္ခမဦးကျော်အေး၏ ရင်ဘတ်ကို လက်ဖြင့် တွန်းလိုက်မိကြောင်း၊ယောက္ခမဦးကျော်အေး နောက်ပြန်လဲသွားသည်ကို တွေ့ရပြီး မိမိလည်း ကြံခင်းထဲသို့ ပြန်လာပြီး အလုပ်လုပ်နေကြောင်း၊ ညနေ ကြံခင်းမှ ပြန်လာသောအခါမှ ယောက္ခမ ဦးကျော်အေး သေဆုံးသည်ကို သိရကြောင်း မိမိပယောဂကြောင့် သေသည်ဟု မထင်ခဲ့ကြောင်း ၀န်ခံ ပြောဆိုခဲ့ပါသည်။

ထိုဖြစ်စဉ်နှင့်ပါတ်သက်၍ ကျေးရွာခွဲအုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်မှ ၁၄၊၇၊၂၀၁၃ရက်နေ့တွင် ကသာရဲစခန်းသို့ တိုင်ချက်ရေးသွင်းပြီး ကသာရဲစခန်းမှ(ပ)၂၂၀/၁၃အရ တရားခံ မြင့်ထွန်းအပေါ် ဥပဒေပုဒ်မ ၃၀၄(က)အရ အမှုဖွင့် အရေးယူလိုက်ကြောင်း သတင်းရရှိ ရပါသည်။

(ဟာဂျူလီ-ကသာ)